“တန်ပြန်ရေငုပ်သင်္ဘောစစ်ဆင်ရေး” ... အပိုင်း(၂)
-----------------------------------------------------
ASW နည်းစနစ်များ ကြံဆလာမှု
အမေရိကန်ရေတပ်အနေဖြင့် ပထမကမ္ဘာစစ်အတွင်းသို့မ၀င်ရောက်မီ ၁၉၁၅ ခုနှစ်ကပင် ASW နှင့်ပက်သက်ပြီး နည်းစနစ်များရှာဖွေရန် ဘုတ်အဖွဲ့ကို တည်ထောင်ပြီးဖြစ်သည်။ ၁၉၁၇ ခုတွင် စစ်ကြီးအတွင်းသို့ ဝင်ရောက်လာပြီးနောက် ရေငုပ်သင်္ဘော ထောက်လှမ်းရေးစနစ်များနှင့်ပက်သက်၍ အာရုံစိုက် လုပ်ဆောင်လာခဲ့သည်။ အရပ်ဖက်အဖွဲ့အစည်းဖြစ်သော U.S National Research Council အနေဖြင့် ဗြိတိသျှ၊ ပြင်သစ်ပညာရှင်များနှင့် တွေ့ဆုံရာတွင် ရေအောက်တွင် အသံလှိုင်းထုတ်လွှင့်ခြင်းကို အသုံးပြုရန်စတင်ကြံဆလာခဲ့သည်။ ထိုမှ ပဲ့တင်လှိုင်းများထုတ်လွှင့်သောနည်းပညာ Supersonic ဆိုသည့်ဝေါဟာရကို စတင်သုံးစွဲလာခဲ့ပြီး လေ့လာခဲ့သော်လည်း စစ်ကြီးပြီးဆုံးချိန်အထိ စမ်းသပ်ဆဲအဆင့်သာ ဖြစ်ခဲ့သည်။
၁၉၁၇ ခု အစပိုင်းတွင်မူ ဗြိတိသျှ တော်ဝင်ေ၇တပ်မတော်အနေဖြင့် ပင်လယ်ကြမ်းပြင်တွင် Indicator Loops ဟုခေါ်သော သံမဏိကြိုးရှည်များကို ချထားသောနည်းစနစ်ကို စတင်အသုံးပြုလာသည်။ ထိုစနစ်တွင် ရေငုပ်သင်္ဘောများ ဖြတ်သန်းသွားသောအခါ ရေအောက်ရှိ Cable မှသံလိုက်စက်ကွင်းဖြင့် ထောက်လှမ်းနိုင်ပြီး ကမ်းစပ်ရှိစခန်းမှ Cable တွင် ပူးတွဲတပ်ဆင်ထားသော မိုင်းများကိုဖေါက်ခွဲခြင်းဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်သည်။ Depth Charge များအသုံးပြု၍ ပထမဆုံးနှစ်မြုပ်ခံရသော Submarine မှာ ဂျာမန် U-68 ဖြစ်သည်။ ဗြိတိသျှသင်္ဘော HMS Farnbrough က အိုင်ယာလန်နိုင်ငံအလွန် ရေပိုင်နက်ထဲတွင် ၁၉၁၆ခု မတ်လ ၂၂ ရက်နေ့၌ နစ်မြုပ်ပစ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရေအနက် ပေ၂၀၀ ခန့်အထိ ထိရောက်စွာအသုံးချလာနိုင်ပြီး ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ မပြောင်းလဲပဲသုံးစွဲခဲ့သော နည်းစနစ်ဖြစ်လာသည်။ သင်္ဘောပေါ်မှရေအောက်သို့ Hydrophone များချကာ Submarine များ၏အသံကို ထောက်လှမ်းရန်ကြံဆခဲ့သော်လည်း စစ်ကြီးပြီးဆုံးသွားသောကြောင့် ရပ်တန့်သွားခဲ့သည်။
Image may be NSFW.
Clik here to view.
ရေယာဉ်ပျံများ(Seaplanes)နှင့် လေသင်္ဘောများကိုလည်း ထောက်လှမ်းရန် အသုံးပြုခဲ့ကြသည်။ တိုက်ခိုက်မှုအနည်းငယ်ပြုလုပ်နိုင်ခဲ့သော်လည်း ၄င်းတို့၏ အဓိကအသုံးဝင်မှုမှာ ရေငုပ်သင်္ဘောများကို ရေအောက်သို့ ပြန်လည်ငုပ်လျှိုးစေခြင်းဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ မတိုက်ခိုက်နိုင်ရန် တားဆီးနိုင်စွမ်းသာ ဖြစ်ခဲ့သည်။ လှုပ်ရှားသွားလာနေသော အရပ်ဘက်နှင့် စစ်ဘက်ရေယာဉ်များကို ရေငုပ်သင်္ဘောများ၏ရန်မှ အထိရောက်ဆုံး ကာကွယ်နိုင်သောနည်းလမ်းမှာ အုပ်စုလိုက်သွားလာစေပြီး စစ်ရေယာဉ်များက Escort / Naval Convoy အဖြစ် အပြင်စည်းမှနေကာ စောင့်ရှောက်ခုတ်မောင်းစေခြင်း ဖြစ်သည်။ထိုနည်းလမ်းဖြင့် ဗြိတိသျှကျွန်းစုအနီးတစ်ဝိုက် ရေပိုင်နက်တစ်လျှောက်တွင် ဂျာမန်ရေငုပ်သင်္ဘောများကြောင့် နစ်မြုပ်ဖျက်ဆီးခံရသော ရေယာဉ်အရေအတွက်ကို ၂၅ % မှ ၁ % အထိ လျှော့ချနိုင်ခဲ့သည်။
ပထမကမ္ဘာစစ်ကာလအတွင်း ASW Warfare အတွက် Explosive များကို ပစ်ချသောနည်းစနစ်နှင့် လေယာဉ်မှကြဲချသောဗုံးများကို အထူးတလည် မွမ်းမံခဲ့ကြသည်ကို တွေ့ရသည်။ Q-Ships ဟုခေါ်ဆိုသော Merchant Ship အသွင် ဖန်တီးထားသည့် စစ်ရေယာဉ်များလည်း ပေါ်ထွက်လာခဲ့ပြီး ASW Warfare အတွက် သီးသန့်တည်ဆောက်ထားသော ရေငုပ်သင်္ဘောများလည်း တပ်တော်ဝင်လာခဲ့ကြသည်။ ထို့အပြင် ဗြတိသျှေ၇တပ်မတော်တွင် ရေငုပ်သင်္ဘော Signal များကို ဖမ်းယူရန်နှင့် ကြားဖြတ်ဖမ်းယူရန် ၁၉၁၄ ခုနှစ် အောက်တိုဘာတွင် Room 40 ခေါ် 40 O.B. (Old Building) ဆိုသည့် Department တစ်ခုလည်း တိုးချဲ့ခဲ့သည်။ထိုနည်းစနစ်များနှင့် အခြားမတော်တဆမှုများကြောင့် ပထမကမ္ဘာစစ်အတွင်း ဂျာမန် U-Boat ၃၆၀ အနက်မှ ၁၇၈ စီး ဖျက်ဆီးနစ်မြုပ် ခံခဲ့ရသည်။
ပထမကမ္ဘာစစ်အတွင်း ASW ဆိုင်ရာ မဟာဗျူဟာအားနည်းချက်များ
ပထမကမ္ဘာစစ်အတွင်း ရေတပ်စစ်ရေးပရိယာယ်နှင့် စစ်နည်းဗျုဟာ အခန်းကဏ္ဍတွင် Submarine များ၏ အရေးပါမှုကို လျော့တွက်ခဲ့ကြောင်း တွေ့ရသည်။ တော်ပီဒိုတင်ရေယာဉ်များကဲ့သို့သာ သဘောထား၍ ရှောင်တခင်တိုက်ခိုက်မှုများအဖြစ်သာ မျှော်လင့်ထားခဲ့ကြပြီး စစ်ဗျူဟာတစ်ခုအဖြစ် ပုံပေါ်မလာနိုင်ဟု တွက်ဆခဲ့ကြသည်။ စစ်ရေယာဉ်များ၏ အမြန်နှုန်း မြင့်မားခြင်းနှင့် Zig-Zag ပုံပြု မောင်းနှင်ခြင်းတို့ဖြင့် ရှောင်တိမ်းနိုင်မည်ဟု ယူဆခဲ့ကြသလို ဆိပ်ကမ်းများတွင်လည်း သမရိုးကျအတားအဆီးနံရံများဖြင့်သာ ကာကွယ်ရန်စီစဉ်ခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သိုလျှော့တွက်မှုများက Submarine များ၏ လွှမ်းမိုးနိုင်မှုကို ပိုမိုအားသာစေခဲ့ပြီး စစ်နည်းဗျူဟာရေးရာတွင် အလွန်ခြိမ်းခြောက်နိုင်သော Platform တစ်ခုအဖြစ် တိုးတက်လာခဲ့စေသည်။
Image may be NSFW.
Clik here to view.
-----------------------------------------------------
ASW နည်းစနစ်များ ကြံဆလာမှု
အမေရိကန်ရေတပ်အနေဖြင့် ပထမကမ္ဘာစစ်အတွင်းသို့မ၀င်ရောက်မီ ၁၉၁၅ ခုနှစ်ကပင် ASW နှင့်ပက်သက်ပြီး နည်းစနစ်များရှာဖွေရန် ဘုတ်အဖွဲ့ကို တည်ထောင်ပြီးဖြစ်သည်။ ၁၉၁၇ ခုတွင် စစ်ကြီးအတွင်းသို့ ဝင်ရောက်လာပြီးနောက် ရေငုပ်သင်္ဘော ထောက်လှမ်းရေးစနစ်များနှင့်ပက်သက်၍ အာရုံစိုက် လုပ်ဆောင်လာခဲ့သည်။ အရပ်ဖက်အဖွဲ့အစည်းဖြစ်သော U.S National Research Council အနေဖြင့် ဗြိတိသျှ၊ ပြင်သစ်ပညာရှင်များနှင့် တွေ့ဆုံရာတွင် ရေအောက်တွင် အသံလှိုင်းထုတ်လွှင့်ခြင်းကို အသုံးပြုရန်စတင်ကြံဆလာခဲ့သည်။ ထိုမှ ပဲ့တင်လှိုင်းများထုတ်လွှင့်သောနည်းပညာ Supersonic ဆိုသည့်ဝေါဟာရကို စတင်သုံးစွဲလာခဲ့ပြီး လေ့လာခဲ့သော်လည်း စစ်ကြီးပြီးဆုံးချိန်အထိ စမ်းသပ်ဆဲအဆင့်သာ ဖြစ်ခဲ့သည်။
၁၉၁၇ ခု အစပိုင်းတွင်မူ ဗြိတိသျှ တော်ဝင်ေ၇တပ်မတော်အနေဖြင့် ပင်လယ်ကြမ်းပြင်တွင် Indicator Loops ဟုခေါ်သော သံမဏိကြိုးရှည်များကို ချထားသောနည်းစနစ်ကို စတင်အသုံးပြုလာသည်။ ထိုစနစ်တွင် ရေငုပ်သင်္ဘောများ ဖြတ်သန်းသွားသောအခါ ရေအောက်ရှိ Cable မှသံလိုက်စက်ကွင်းဖြင့် ထောက်လှမ်းနိုင်ပြီး ကမ်းစပ်ရှိစခန်းမှ Cable တွင် ပူးတွဲတပ်ဆင်ထားသော မိုင်းများကိုဖေါက်ခွဲခြင်းဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်သည်။ Depth Charge များအသုံးပြု၍ ပထမဆုံးနှစ်မြုပ်ခံရသော Submarine မှာ ဂျာမန် U-68 ဖြစ်သည်။ ဗြိတိသျှသင်္ဘော HMS Farnbrough က အိုင်ယာလန်နိုင်ငံအလွန် ရေပိုင်နက်ထဲတွင် ၁၉၁၆ခု မတ်လ ၂၂ ရက်နေ့၌ နစ်မြုပ်ပစ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရေအနက် ပေ၂၀၀ ခန့်အထိ ထိရောက်စွာအသုံးချလာနိုင်ပြီး ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ မပြောင်းလဲပဲသုံးစွဲခဲ့သော နည်းစနစ်ဖြစ်လာသည်။ သင်္ဘောပေါ်မှရေအောက်သို့ Hydrophone များချကာ Submarine များ၏အသံကို ထောက်လှမ်းရန်ကြံဆခဲ့သော်လည်း စစ်ကြီးပြီးဆုံးသွားသောကြောင့် ရပ်တန့်သွားခဲ့သည်။
Image may be NSFW.
Clik here to view.

ပထမကမ္ဘာစစ်ကာလအတွင်း ASW Warfare အတွက် Explosive များကို ပစ်ချသောနည်းစနစ်နှင့် လေယာဉ်မှကြဲချသောဗုံးများကို အထူးတလည် မွမ်းမံခဲ့ကြသည်ကို တွေ့ရသည်။ Q-Ships ဟုခေါ်ဆိုသော Merchant Ship အသွင် ဖန်တီးထားသည့် စစ်ရေယာဉ်များလည်း ပေါ်ထွက်လာခဲ့ပြီး ASW Warfare အတွက် သီးသန့်တည်ဆောက်ထားသော ရေငုပ်သင်္ဘောများလည်း တပ်တော်ဝင်လာခဲ့ကြသည်။ ထို့အပြင် ဗြတိသျှေ၇တပ်မတော်တွင် ရေငုပ်သင်္ဘော Signal များကို ဖမ်းယူရန်နှင့် ကြားဖြတ်ဖမ်းယူရန် ၁၉၁၄ ခုနှစ် အောက်တိုဘာတွင် Room 40 ခေါ် 40 O.B. (Old Building) ဆိုသည့် Department တစ်ခုလည်း တိုးချဲ့ခဲ့သည်။ထိုနည်းစနစ်များနှင့် အခြားမတော်တဆမှုများကြောင့် ပထမကမ္ဘာစစ်အတွင်း ဂျာမန် U-Boat ၃၆၀ အနက်မှ ၁၇၈ စီး ဖျက်ဆီးနစ်မြုပ် ခံခဲ့ရသည်။
ပထမကမ္ဘာစစ်အတွင်း ASW ဆိုင်ရာ မဟာဗျူဟာအားနည်းချက်များ
ပထမကမ္ဘာစစ်အတွင်း ရေတပ်စစ်ရေးပရိယာယ်နှင့် စစ်နည်းဗျုဟာ အခန်းကဏ္ဍတွင် Submarine များ၏ အရေးပါမှုကို လျော့တွက်ခဲ့ကြောင်း တွေ့ရသည်။ တော်ပီဒိုတင်ရေယာဉ်များကဲ့သို့သာ သဘောထား၍ ရှောင်တခင်တိုက်ခိုက်မှုများအဖြစ်သာ မျှော်လင့်ထားခဲ့ကြပြီး စစ်ဗျူဟာတစ်ခုအဖြစ် ပုံပေါ်မလာနိုင်ဟု တွက်ဆခဲ့ကြသည်။ စစ်ရေယာဉ်များ၏ အမြန်နှုန်း မြင့်မားခြင်းနှင့် Zig-Zag ပုံပြု မောင်းနှင်ခြင်းတို့ဖြင့် ရှောင်တိမ်းနိုင်မည်ဟု ယူဆခဲ့ကြသလို ဆိပ်ကမ်းများတွင်လည်း သမရိုးကျအတားအဆီးနံရံများဖြင့်သာ ကာကွယ်ရန်စီစဉ်ခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သိုလျှော့တွက်မှုများက Submarine များ၏ လွှမ်းမိုးနိုင်မှုကို ပိုမိုအားသာစေခဲ့ပြီး စစ်နည်းဗျူဟာရေးရာတွင် အလွန်ခြိမ်းခြောက်နိုင်သော Platform တစ်ခုအဖြစ် တိုးတက်လာခဲ့စေသည်။
Image may be NSFW.
Clik here to view.

ထို့အပြင်ေ၇တပ်စစ်နည်းဗျူဟာ စဉ်းစားချမှတ်သူများကိုယ်တိုင်ကပင် ရေငုပ်သင်္ဘောများ၏ လှုပ်ရှားစစ်ကစားနိုင်စွမ်းကို အထင်အမြင်သေးခဲ့ပြီး ကမ်းရိုးတန်းကာကွယ်ရေးတွင်သာ အသုံးဝင်မည်ဟုတွက်ဆ၍ ပင်လယ်သွားရေယာဉ်စုများတွင် ASW အတွက် သင့်တင့်သော ထောက်ပံ့ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းမရှိခဲ့ပေ။ ပင်မတိုက်ပွဲဝင်ရေယာဉ်စုများ၏ စစ်ကစားနိုင်မှုကို များစွာအနှောင့်အယှက် ဖြစ်လာမည်ဟုလည်း မယုံကြည်ခဲ့ကြချေ။ သို့သော် စစ်ပွဲ၏ပထမ ၆ လ အတွင်းတွင်ပင် မှားယွင်းကြောင်း သိရှိခဲ့ရသည်။ ဂျာမန်ရေငုပ်သင်္ဘော SM U-9 က ဗြိတိသျှကရုဇာစစ်သင်္ဘောသုံးစင်းအား တစ်နာရီအတွင်း နစ်မြုပ်ပစ်လိုက်သည့် ဖြစ်ရပ်က သက်သေပြခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း Submarine ၏ မဟာဗျူဟာအရေးပါမှုသည် တိုက်ပွဲဝင်စစ်ရေယာဉ်များကို နစ်မြုပ်ဖျက်ဆီးခြင်းက ဒုတိယရည်မှန်းချက် ( Secondary Role)သာဖြစ်ပြီး အဓိကရည်မှန်းချက်(Primary Role) မှာ ထောက်ပံ့ပို့ဆောင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကုန်တင်ရေယာဉ်များကို ဖျက်ဆီးခြင်းဖြင့် ရန်သူ၏စီးပွားရေးနှင့် SLOC ကို ချွတ်ခြုံကျစေခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်တိုင်အောင် Primary Role မှာ မပြောင်းမလဲ ရှိနေခဲ့သည်ကို တွေ့နိုင်သည်။
၁၄၉၀ ခုနှစ်တွင် လီယိုနာဒိုဒါဗင်ချီ က ရေအောက်တွင် အလုံပိတ်ထားသော ပြွန်တစ်ခုဖြင့် နားထောင်ပါက ရေအောက်မှအသံများကို နားထောင်နိုင်ကြောင်း မှတ်တမ်းတင်ခဲ့သည်။ လင်းပိုင်းနှင့် လင်းနို့များသည် အသံလှိုင်းများထုတ်လွှတ်ကာ ပြန်လည်နားထောင်၍ သွားရာလမ်းရှိအရာများကိုထောက်လှမ်းခြင်းနှင့် အချင်းချင်းဆက်သွယ်ခြင်းတို့ ပြုလုပ်ကြကြောင်း လေ့လာသိရှိခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် တိုက်တန်းနစ်သင်္ဘော နစ်မြုပ်ပြီးနောက် ရေပေါ်နှင့်ရေအောက် ထောက်လှမ်းရေးနည်းပညာအပေါ် အာရုံစိုက်မှု များပြားလာခဲ့သည်။ ရေအောက်အနက် တိုင်းတာသောစနစ်ကို တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ပြီး တစ်လခန့်အကြာတွင် တီထွင်နိုင်ခဲ့ပြီး ၁၉၁၃ တွင် Echo Sounder ကို စတင်စမ်းသပ်နိုင်ခဲ့ပြီ ဖြစ်သည်။ကနေဒီယန်အင်ဂျင်နီယာ Reginald Fessenden က ၁၉၁၂ ခုနှစ် အစပိုင်းတွင် ဆိုနာစနစ်တစ်ခုကို စတင်စမ်းသပ်ခဲ့ပြီး ၁၉၁၄ ခုနှစ် အရောက်တွင် ထိုစနစ်ကို အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် သင်္ဘောပေါ်တွင် စတင်စမ်းသပ်နေပြီ ဖြစ်သည်။ ပထမကမ္ဘာစစ်ပြီးနောက်တွင် US Navy နှင့် Royal Navy တို့မှ ဖျက်သင်္ဘောများတွင် ASDIC ဟုခေါ်သော Active Sonar စနစ်များ စတင်တပ်ဆင်ခဲ့ပြီး ထိုစနစ်များကိုလည်း အမြောက်အမြားထုတ်လုပ်ခဲ့သည်။ ထို့အပြင် တော်ပီဒိုများကိုလည်း တိုးတက်အောင်ကြံဆခဲ့သည်။သို့သော် ASW Warfare နည်းစနစ်များမှာ စမ်းတ၀ါးဝါးအခြေအနေတွင်သာ ရှိနေခဲ့သေးသည်။
စိုးသီဟအောင်
(ကိုစိုးသီဟအောင်သည် ပညာသင်ကြားဆဲ အရပ်ဘက်ကျောင်းသားတစ်ဦးဖြစ်ပြီး ဤဆောင်ပါးကို ဝါသနာအလျောက် လေ့လာရေးသားထားခြင်း ဖြစ်ပါသည်။ထို့အတွက် ပိုမိုပြည့်စုံစေရန်နှင့် လိုအပ်ချက်များရှိပါကလည်း ထောက်ပြဝေဖန်ပေးနိုင်ပါရန် အကျိုးဖြစ်စေသော မည်သည့် Comment မျိုးကိုမဆို ကြိုဆိုမျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။)
(5 photos)၁၄၉၀ ခုနှစ်တွင် လီယိုနာဒိုဒါဗင်ချီ က ရေအောက်တွင် အလုံပိတ်ထားသော ပြွန်တစ်ခုဖြင့် နားထောင်ပါက ရေအောက်မှအသံများကို နားထောင်နိုင်ကြောင်း မှတ်တမ်းတင်ခဲ့သည်။ လင်းပိုင်းနှင့် လင်းနို့များသည် အသံလှိုင်းများထုတ်လွှတ်ကာ ပြန်လည်နားထောင်၍ သွားရာလမ်းရှိအရာများကိုထောက်လှမ်းခြင်းနှင့် အချင်းချင်းဆက်သွယ်ခြင်းတို့ ပြုလုပ်ကြကြောင်း လေ့လာသိရှိခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် တိုက်တန်းနစ်သင်္ဘော နစ်မြုပ်ပြီးနောက် ရေပေါ်နှင့်ရေအောက် ထောက်လှမ်းရေးနည်းပညာအပေါ် အာရုံစိုက်မှု များပြားလာခဲ့သည်။ ရေအောက်အနက် တိုင်းတာသောစနစ်ကို တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ပြီး တစ်လခန့်အကြာတွင် တီထွင်နိုင်ခဲ့ပြီး ၁၉၁၃ တွင် Echo Sounder ကို စတင်စမ်းသပ်နိုင်ခဲ့ပြီ ဖြစ်သည်။ကနေဒီယန်အင်ဂျင်နီယာ Reginald Fessenden က ၁၉၁၂ ခုနှစ် အစပိုင်းတွင် ဆိုနာစနစ်တစ်ခုကို စတင်စမ်းသပ်ခဲ့ပြီး ၁၉၁၄ ခုနှစ် အရောက်တွင် ထိုစနစ်ကို အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် သင်္ဘောပေါ်တွင် စတင်စမ်းသပ်နေပြီ ဖြစ်သည်။ ပထမကမ္ဘာစစ်ပြီးနောက်တွင် US Navy နှင့် Royal Navy တို့မှ ဖျက်သင်္ဘောများတွင် ASDIC ဟုခေါ်သော Active Sonar စနစ်များ စတင်တပ်ဆင်ခဲ့ပြီး ထိုစနစ်များကိုလည်း အမြောက်အမြားထုတ်လုပ်ခဲ့သည်။ ထို့အပြင် တော်ပီဒိုများကိုလည်း တိုးတက်အောင်ကြံဆခဲ့သည်။သို့သော် ASW Warfare နည်းစနစ်များမှာ စမ်းတ၀ါးဝါးအခြေအနေတွင်သာ ရှိနေခဲ့သေးသည်။