Quantcast
Viewing all articles
Browse latest Browse all 1811

“တန်ပြန်ရေငုပ်သင်္ဘောစစ်ဆင်ရေး” ... အပိုင်း(၄)

 Image may be NSFW.
Clik here to view.
Myanmar NAVY's photo.
“တန်ပြန်ရေငုပ်သင်္ဘောစစ်ဆင်ရေး” ... အပိုင်း(၄)
-----------------------------------------------------
တိုးတက်လာသော Submarine နည်းပညာ

ဒုတိယကမ္ဘာစစ်ကြီး ပြီးခါနီးတွင် ဂျာမန်တို့၏ရေငုပ်သင်္ဘောနည်းပညာမှာ အတော်အတန် တိုးတက်လာခဲ့သည်။ နည်းပညာဆိုင်ရာ အဆင့်မြှင့်ထားသော Type XXI Submarine များသည် တပ်တော်ဝင်နိုင်ခဲ့ခြင်းမရှိသော်လည်း အလုံးစုံနီးပါး တည်ဆောက်ပြီးပြီဖြစ်သဖြင့် စစ်ပြီးချိန်တွင် မဟာမိတ်နှင့်ဆိုဗီယက်တို့လက်ထဲသို့ သိမ်းပိုက်ခံခဲ့ရသည်။ အထူးသဖြင့် ရေငုပ်သင်္ဘောများကို ရေထဲတွင် ပိုမိုအချိန်ကြာကြာနေနိုင်အောင် ဒီဇိုင်းထွင်ထားသော Air Independent Propulsion (AIP) လေမဲ့မောင်းနှင်ခြင်းစနစ်များ၏ ကနဦးနည်းပညာများကို ဆိုဗီယက်တို့ ပိုင်ဆိုင်လာခဲ့သည်။ ထို Tpye XXI များကို Advanced လုပ်ထားသော Wiskey Class နှင့် Zulu Class များသည် စစ်အေးတိုက်ပွဲကာလ အစောပိုင်းတွင် အမေရိကန်၏ အဓိကတိုက်စစ်အင်အားတစ်ခုဖြစ်သော Strike Carrier Group များကို အမြဲတစေခြိမ်းခြောက်နေသာ Asset များဖြစ်လာခဲ့သည်။ ၄င်းတို့တွင် ကုန်းပတ်တင်အမြောက်များမပါရှိတော့ပဲ Battery များကိုအားသွင်းရန်လည်း ရေပေါ်သို့တက်စရာမလိုပဲ Snorkel များမှတဆင့် အားသွင်းလာနိုင်ခဲ့သည်။

စစ်အေးကာလ ASW

ထိုနည်းပညာမြင့်မားလာသော ဒီဇယ်ရေငုပ်သင်္ဘောများကို ရင်ဆိုင်ရန် ASW နည်းပညာများလည်း အလိုက်သင့်တိုးတက်လာခဲ့သည်။ အထူးသဖြင့် သင်္ဘောတင်ရဟတ်ယာဉ်များသည် ASW Warfare တွင် အရေးပါသောနေရာမှ ပါဝင်လာခဲ့ပြီး ASW Heli များ၏အစကာလဟု ဆိုနိုင်ပေသည်။ ထိုရဟတ်ယာဉ်များမှ ပစ်လွှတ်နိုင်သော ဒုံးပျံစနစ်များလည်း ပေါ်ထွန်းလာသည်။ စစ်အေးကာလအတွင်းတွင် ဆိုဗီယက်တို့၏ရေငုပ်သင်္ဘောတပ်ဖွဲ့များနှင့် အမေရိကန်ရေတပ်တို့အကြား ASW Warfare တွင် မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်ခဲ့မှုများ ရှိခဲ့သလို ထိုသက်ဆိုင်ရာတပ်ဖွဲ့များသည် အမြဲတစေတပ်လှန့်ထားခံရပြီး ကင်းလှည့်နေရသောကာလ ဖြစ်သည်။ နှစ်ဖက်ရေတပ်အရာရှိများကိုယ်တိုင်က ကြောင်နှင့်ကြွက်တိုက်ပွဲဟု နာမည်ပြောင်ပေးခဲ့သည်အထိ အမြဲလှုပ်ရှားနေခဲ့ပြီး အထူးသဖြင့် နျူကလီးယား တိုက်ချင်းပစ်ဒုံးပျံတင်ရေငုပ်သင်္ဘောများ တပ်တော်ဝင်လာပြီးနောက် အခြေအနေများ ပိုမိုတင်းမာလာခဲ့သည်။ တစ်ဖက်က ကနဦးစတင်တိုက်ခိုက်ပါက အချိန်မဆိုင်းပဲလက်တုံ့ပြန်ရန် ဆိုဗီယက်တို့ဖက်က နျူကလီးယားဒုံးတပ် Submarine များကို အမေရိကန်ရေပိုင်နက်အနီး နိုင်ငံတကာရေပြင်တွင် အမြဲကင်းလှည့်နေစေခဲ့သလို အမေရိကန်တို့ဖက်ကလည်း နျူကလီးယားဒုံးတင် Long-Range Bomber များကို အမြဲတပ်လှန့်ထားခဲ့သည့်ကာလ ဖြစ်ခဲ့သည်။ ထိုဆိုဗီယက်ရေငုပ်သင်္ဘောများကို တန်ပြန်ရန် အမေရိကအနေဖြင့် Submarine Launched Ballistic ASW Rocket System အထိ အဆင့်မြင့်တင်ရန် ကြိုးပမ်းခဲ့သည်ကိုလည်း တွေ့ရသည်။

ထိုကဲ့သို့ ခြိမ်းခြောက်မှုများကိုတန်ပြန်ရန် အပြိုင်အဆိုင်ကြိုးစားခဲ့ကြသဖြင့် ယနေ့ကာလတွင်ပင် အနောက်တပ်ဖွဲ့၏ ASW Tactics နှင့် လက်နက်များမှာ ရုရှားထက်သာလွန်နေသလို ၀က်ဝံကြီး၏ တာဝေးလေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် လက်နက်များမှာလည်း NATO ကို ခြိမ်းခြောက်နေဆဲဖြစ်နေသည်ကို တွေ့ရပေမည်။ထို့အပြင် Kilo နှင့် Amur စသကဲ့သို့သော တိတ်ဆိတ်လွန်းသည့် မျိုးဆက်သစ်ရေငုပ်သင်္ဘောများကို တတိယနိုင်ငံများအနေဖြင့် ဈေးကွက်တွင်လွယ်ကူစွာရရှိနိုင်ခြင်းက ကမ္ဘာ့ရေတပ်များရှိ Surface Fleet များ၏ တိုက်ပွဲဝင်စစ်ကစားနိုင်မှုအပေါ် များစွာကန့်သတ်လာသည်ကို တွေ့ရပြီး နိုင်ငံများ၏ Sea Denial Capability သည် များစွာတိုးတက်လာသည်ကို တွေ့ရသည်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများ၏ စီးပွားရေးအသက်သွေးကြောသည် ပင်လယ်ရေကြောင်းမှတစ်ဆင့် ပို့ဆောင်လျက်ရှိသော ကုန်စည်များနှင့်ရေနံထောက်ပံ့မှုများအပေါ် များစွာမူတည်နေသဖြင့် နိုင်ငံများ၏ EEZ တစ်လျောက် ရေပိုင်နက်စိုးမိုးနိုင်စွမ်းသည် ထိုစီးဆင်းမှုအား များစွာကန့်သတ်လာသည်ကို တွေ့ရသည်။ ထို့အပြင် Land Attack Cruise Missile များကို ရေငုပ်သင်္ဘောများပေါ်မှတစ်ဆင့် ပစ်ခတ်နိုင်ခြင်းက Coastal Naval Base များနှင့် အခြားအရေးကြီးပစ်မှတ်များအား လေကြောင်းတိုက်ခိုက်မှုထက် ပိုမိုထောက်လှမ်းရခက်ခဲပြီး ထိရောက်သော Surprise Attack ပြုလုပ်နိုင်လာစေသည်။

ဖောက်ကလန်စစ်ပွဲ

ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် သမရိုးကျ ဒီဇယ်ရေငုပ်သင်္ဘောများသာမက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများပါ ပါဝင်တိုက်ခိုက်ခဲ့သော ဖောက်ကလန်စစ်ပွဲတွင် Submarine များ၏ အရေးပါအရာရောက်မှု တွေ့ရှိနိုင်မည် ဖြစ်သည်။ အာဂျင်တီးနားဘက်မှ ဒီဇယ်ရေငုပ်သင်္ဘော ၂ စီးနှင့် အင်္ဂလန်ဘက်မှ ဒီဇယ်နှင့် နျူကလီးယားသုံး ရေငုပ်သင်္ဘောများ ပါဝင်ဆင်နွဲခဲ့သည်။ သို့သော် အာဂျင်တီးနားဘက်မှတစ်စီးမှာ ချို့ယွင်းသွားသဖြင့် တစ်စီးသာတိုက်ပွဲဝင်ခဲ့သည်။ စစ်ပွဲမစတင်မီ ကျွမ်းကျင်သူများမှ အာဂျင်တီးနား ဒီဇယ်ရေငုပ်သင်္ဘောတစ်စီးမှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမည်မဟုတ်ဟု ဆိုသောထင်မြင်ချက်မှာ စစ်ပွဲတစ်လကျော်ကြာသည်အထိ ထိုရေငုပ်သင်္ဘောကို ထောက်လှမ်းမမိဘဲ Depth Charge အလုံး ၁၅၀ ကျော်ပစ်ချခဲ့ပြီးနောက်တွင် မှားယွင်းကြောင်းသိလာခဲ့သည်။ ထို့အပြင် တော်ဝင်ရေတပ်မတော်အနေဖြင့် ၄င်းတို့၏ စစ်သင်္ဘောများကို အာဂျင်တီးနား Submarine မှ စတင်တိုက်ခိုက်လာသည်ကိုလည်း လုံးလုံးလျားလျား မကာကွယ်နိုင်ခဲ့ချေ။ သို့သော် ကံကောင်းထောက်မစွာပင် အာဂျင်တီးနား Submarine ၏ ပစ်လွှတ်ပြွန်များချို့ယွင်းမှုကြောင့် ထိုဗြိတိသျှစစ်ရေယာဉ်များ မဆုံးရှုံးခဲ့။ စုစုပေါင်း Frigate နှင့် Destroyer ၁၀ စီးခန့်၊ လေယာဉ်တင်သင်္ဘော ၂ စီး၊ ရယတ်ယာဉ် ၄၆ စီးခန့်သည် ထိုအာဂျင်တီးနား Submarine တစ်စီးတည်းကိုသာ အမြဲအလေးထား ရှာဖွေနေခဲ့ရသည်ဟု ဗြိတိသျှ Admiral Woodward က နောက်ပိုင်းတွင် ထုတ်ဖော်ခဲ့သည်။ ဗြိတိသျှ Nuclear Powered Sub HMS Conquerer ၏တိုက်ခိုက်မှုကြောင့် အာဂျင်တီးနားကရူဇာစစ်သင်္ဘော General Belgrano နစ်မြုပ်ပြီးနောက် အာဂျင်တီးနားရေတပ်သည် ၄င်း၏စစ်ရေယာဉ်များကို အလျင်အမြန်ပင်ဆုတ်ခွာစေခဲ့ပြီး စစ်ပွဲအတွက် ထိရောက်သောထောက်ပံ့မှု မလုပ်နိုင်တော့ချေ။

တိုးတက်ပြောင်းလဲနေသော ASW ဆိုင်ရာ စနစ်များ

အသံလှိုင်းအသုံးပြု Sonar အာရုံခံစနစ်။ မိခင်သင်္ဘောမှ အသံလှိုင်းထုတ်လွှတ်ပြီး ရေငုပ်သင်္ဘောနှင့်ထိတွေ့ကာ ပြန်လာသောအသံကို ပြန်လည်ဖမ်းယူသော Active Sonar နှင့် ရေငုပ်သင်္ဘောများမှ ထုတ်လွှတ်သောအသံလှိုင်းကို ဖမ်းယူထောက်လှမ်းသော Passive Sonar ဟူ၍ ခွဲခြားနိုင်သည်။ သင်္ဘော၏ ကိုယ်ထည်တွင်တပ်ဆင်ထားသော Hull-mounted Sonar နှင့် ရေယာဉ်၏ဆူညံမှုကြောင့်ဖြစ်သာ Signal Interference ကိုလျော့ချရန် ရေယာဉ်၏အနောက်တွင် ချထားသော Towed Array Sonar ဟု ၍လည်း ကွဲပြားသည်။ထို Active Sonar များကိုတန်ပြန်ရန်အတွက် ရေငုပ်သင်္ဘောများတွင် အသံလှိုင်းအမြင့်များသုံးကာ ရန်သူကပစ်မှတ်ဟု ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်နိုင်သော Countermeasure စနစ်များကိုလည်းကောင်း၊ Passive Sonar များကို တန်ပြန်ရန် အသံလှိုင်းထုတ်လွှတ်သော ကိရိယာများကိုပစ်လွှတ်ခြင်းနှင့် ရေငုပ်သင်္ဘော၏ကိုယ်ထည်တွင် အသံကိုစုပ်ယူသော အထူးသုတ်ဆေးများ သုတ်ခြင်းဖြင့်လည်းကောင်း ပြုလုပ်ကြပေသည်။

Sonobuoys များ။ ရေမျက်နှာပြင်ပေါ်သို့ လေကြောင်းမှတဆင့်ကြဲချသော ရေအောက်ထောက်လှမ်ရေးကိရိယာများဖြစ်သည်။ ရေမျက်နှာပြင်နှင့်ထိတွေ့သောအခါ ရေဒီယို Transmitter က ရေမျက်နှာပြင်ပေါ် ကျန်နေခဲ့ပြီး ၄င်းနှင့်ချိတ်ဆက်ထားသော ထောက်လှမ်းရေးကိရိယာဖြစ်သည့် Hydrophone (ရေအောက်အသံဖမ်းယူထောက်လှမ်းသောကိရိယာ) က ရေအောက်မြုပ်သွားကာ ရေငုပ်သင်္ဘောများ၏လှုပ်ရှားမှုကို Transmitter မှတဆင့် လေယာဉ် (သို့) ရဟတ်ယာဉ်သို့ ပြန်လည်ပေးပို့သောစနစ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်တွင် တော်ဝင်ရေတပ် ကမ်းခြေစောင့်တပ်ဖွဲ့က High Tea ဟူသော Code Name ဖြင့် ၄င်း Program ကိုစတင်အသုံးပြုခဲ့ပြီး ကနဦးကန့်သတ်ချက်များရှိခဲ့သော်လည်း နောင်တွင်အသုံးဝင်လာခဲ့သည်။

Sonobuoys များကို အမျိုးအစား (၃) မျိုးခွဲခြားနိုင်သည်-
(၁) Active Sonobuoys များ။ Active Sonar ကဲ့သို့ပင် အသံထုတ်လွှတ်ပြီး ထောက်လှမ်းသောစနစ်ဖြင့် အလုပ်လုပ်သည်။ ပင်မထိန်းချူပ်သောလေယာဉ်မှ လိုအပ်သလို အဖွင့်အပိတ်လုပ်နိုင်သောစနစ်များ၊ ပစ်မှတ်၏ ရည်ညွှန်းရပ်နှင့် လားရာကိုပါ ပူးတွဲထောက်လှမ်းနိုင်သောစနစ်များ စသည်ဖြင့် တိုးတက်လာခဲ့သည်။
(၂) Passive Sonobuoys များ။ Passive sonar နှင့် အလုပ်လုပ်ပုံတူညီသည်။
(၃) Special Purpose Sonobuoys။ ပင်လယ်ရေအောက်အခြေအနေကို လေယာဉ်၊ သင်္ဘော (သို့) ဂြိုလ်တုသို့ ထောက်ပံပေးရာတွင်သုံးသော အမျိုးအစားဖြစ်သည်။ လေ့လာရေးနှင့် တိုင်းတာရေးလုပ်ငန်းများတွင် အသုံးများသည်။ ရေငုပ်သင်္ဘောများကို ထောက်လှမ်းရာတွင် Grid ပုံစံ (သို့) Triangle ပုံစံဖြင့် Field တစ်ခုလုံးခြုံငုံမိအောင် Deploy လုပ်ခြင်းဖြစ်ပြီး ရန်သူကို စဉ်ဆက်မပြတ် ထောက်လှမ်းနိုင်အောင် စီစဉ်ထားခြင်းဖြစ်သည်။ Hydrophone များ၊ ရေအောက်အသံလှိုင်းများကြောင့်ဖြစ်သော ဖိအားကိုတိုင်းတာခြင်းအားဖြင့် ရေအောက်မှအသံကို တိုင်းတာခြင်းဖြစ်သည်။ စစ်အေးကာလအတွင်း အမေရိကန်ရေတပ်မှ ဆိုဗီယက်ရေငုပ်သင်္ဘောများ၏ လှုပ်ရှားမှုကိုထောက်လှမ်းရန် ပင်လယ်ရေအောက်တွင် ထို Hydrophone များကိုချထားခဲ့ပြီး Signal များကို Cable များမှတဆင့် ဖမ်းယူခဲ့သည်။ ယနေ့ထိတိုင်လည်း ASW Warfare ၏ အရေးပါသော နည်းစနစ်တစ်ခုအဖြစ် တည်ရှိဆဲဖြစ်သည်။

ဂြိုလ်တု။ ရာသီဥတုခန့်မှန်းရာတွင်သုံးရန်ဟု အကြောင်းပြကာ လွှတ်တင်ခဲ့သော ဂြိုလ်တုများမှတဆင့် ပင်လယ်ရေအောက်ကြမ်းပြင်အခြေအနေ၊ လက်ရှိ ဆားငန်မှုနှုန်းနှင့် ရေစီးကြောင်းပြောင်းလဲမှုကို Real-Time သုံးသပ်ခြင်းအားဖြင့် ရန်သူရေငုပ်သင်္ဘောများ၏ လက်ရှိတည်နေရာနှင့် မိမိရေငုပ်သင်္ဘောမှ ပစ်လွှတ်သောတော်ပီဒို၏ လမ်ကြောင်းကို ထိန်းကျောင်းရန်အထိ ကြိုးပမ်းလာကြောင်း တွေ့ရသည်။ သို့သော် ထိုကြိုးပမ်းမှုသည် Atlantic Ocean ကဲ့သို့ တိတ်ဆိတ်သော ရေနက်ပိုင်းစစ်ဆင်ရေးနယ်ပယ်များတွင်သာ ထိရောက်ပြီး လက်ရှိနှင့် နောင်အနာဂတ်စစ်ဆင်ရေးများ၏ အာရုံစိုက်ရာဖြစ်သော ကမ်းနီးရေတိမ်ပိုင်းတွင်မူ အရာမရောက်ပေ။ ရေတိမ်သည့်အပြင် Acoustic Sonar များအနေဖြင့် ကမ်းခြေမှလာသော ဆူညံသံများကြောင့် ရေငုပ်သင်္ဘောမှ အသံကို ခွဲခြားထောက်လှမ်းရန် မလွယ်ကူပေ။ ထို့ကြောင့် Littoral ASW Warfare သည် လက်ရှိတွင် အလွန်ခက်ခဲပြီး ရှုပ်ထွေးသော စစ်ဆင်ရေးအဖြစ် တည်ရှိနေဆဲဖြစ်သည်။

အခြားထောက်လှမ်းအာရုံခံစနစ်များ

- Low frequency spread-spectrum electromagnetic surface wave devices
- Active spread-spectrum magnetic techniques
- Hydrodynamic pressure wave detection (ရေငုပ်သင်္ဘောကြောင့်ဖြစ်သော ရေဖိအားပြောင်းလဲမှုကို တိုင်းတာသောစနစ်များ)
- Blue-green laser airborne and satellite LIDAR
- Radar များ
- Electronic countermeasures and Acoustic Countermeasures such as noisemakers
- Passive acoustic countermeasures such as concealment and design of sound-absorbing materials to coat reflecting underwater surfaces
- Magnetic anomaly detection (MAD) (ရေငုပ်သင်္ဘောများကြောင့်ဖြစ်သော ကမ္ဘာ့သံလိုက်စက်ကွင်းမူမမှန်မှုကို တိုင်းတာခြင်း)
- Active and (more commonly) passive infra-red detection (ရေငုပ်သင်္ဘော၏ အပူကြောင့်ထွက်သော အနီအောက်ရောင်ခြည်မှတစ်ဆင့် တိုင်းတာခြင်း)

လက်နက်နှင့်စနစ်များ

လက်နက်စနစ်များအနေဖြင့် အမည်နာမ ထူးခြားစွာပြောင်းလဲခြင်း မရှိသော်လည်း Precision / Accuracy / Integrated / Speed and Range / Effectiveness စသည်တို့ များစွာတိုးတက်လာပြီး Platform မျိုးစုံမှ အသုံးပြုလာနိုင်သည်။ US Navy ၏ အဆိုအရ “ Sensor over Weapon. Network over Platform” ဟူ၍ ဖြစ်သည်။လက်နက်စနစ်များမှာ-
- Mines
- Torpedoes, acoustic, wire-guided, and wake homing.
- Depth charges
- Rockets
- Missiles
- Anti-submarine net
- Ramming
( ဆက်လက်ဖော်ပြပါမည်)

စိုးသီဟအောင်

(ကိုစိုးသီဟအောင်သည် ပညာသင်ကြားဆဲ အရပ်ဘက်ကျောင်းသားတစ်ဦးဖြစ်ပြီး ဤဆောင်ပါးကို ဝါသနာအလျောက် ဘာသာပြန်လေ့လာရေးသားထားခြင်း ဖြစ်ပါသည်။ထို့အတွက် ပိုမိုပြည့်စုံစေရန်နှင့် လိုအပ်ချက်များရှိပါကလည်း ထောက်ပြဝေဖန်ပေးနိုင်ပါရန် အကျိုးဖြစ်စေသော မည်သည့် Comment မျိုးကိုမဆို ကြိုဆိုမျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>