တတိတိ ဖဲ့ချွေခံနေရသော မြန်မာပြည်...... ၂
သုဝဏ္ဍဘူမိ...... ထိုင်းတွေက သုဝဏ္ဍဘူမိကို ရှေးခေတ် ထိုင်းပြည် လို့ promote လုပ်နေတာကြာပြီ Tai Siam (Shan) လို့ တရုတ်ကခေါ်။ ကွေ့ရှမ်း လို့မြန်မာ ကခေါ်။ ရှမ်းကြီးလို့ မြန်မာရှမ်း တွေကခေါ်တဲ့ မြန်မာပြည်က နေ ပုဂံခေတ်မှာ ခွဲထွက် သွားတဲ့ ရှမ်း ပြည်ဆိုတာ လက်မခံချင်တော့ နှစ်ပေါင်း ၅၀၀၀ ကျော်က ရှိခဲ့ တယ်လို့ Legend ဖြစ်တဲ့ မွန်ခမာ တွေရဲ့ သုဝဏ္ဍဘူမိ ကို ထိုင်းပြည် ဖြစ်တယ် လို့ ရာဇဝင်ကို ပေါ်တင် ခိုးတာ ပဲ။ ဒါပေမဲ့ သုဝဏ္ဍဘူမိ ဟာမွန်ပြည်နယ် မှာရှိဖို့ များကြောင်း သမိုင်း အထောက်အထား က ပို များ နေလို့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံး သလိုဖြစ် နေ တယ်။ ဒါပေမဲ့ အာရှ သမိုင်းမသိသူ များက တော့ သုဝဏ္ဍဘူမိ လေဆိပ်ကြီး လောက် ပဲ မြင်ဘူးတော့ အမှတ်မှား ကုန်ရော......
ပဒေါင်းလူမျိုးတင် မဟုတ်သေးဘူး....... မြန်မာနိုင်ငံက ဆလုံ လူမျိုး (Sea Gypsy) တွေကို ထိုင်းဖက်ခေါ် ရွာတည်ပေးရင်း တတိတိနဲ့ ခေါ် (ခိုး) နေတာ တော်တော်ကြပြီ....... ၂၀၀၄ ဆူနာမီ ကယ်ဆယ်ရေးထဲက ဘိတ် / ထားဝယ် စကားကိုပြောတတ်တဲ့ ဆလုံရွာတွေ အများကြီး ဖူးခက်နားမှာ တွေ့ခဲ့တယ်...... ဘယ်လိုရောက်လာလဲ မေးတော့ ထိုင်းသူဌေးက ခေါ်လာတာလို့ ပြောကြတယ်..... ပြီးတော့ ထုံးစံအတိုင်း Thai Sea Gypsy ဆိုပြီး ပြစားကြတာပဲ....... Google မှာ ရှာကြည့်ရင်တောင် တွေ့ရမယ် ကြေငြာတွေ...... ဆလုံကို ထပ်မပါသွားစေချင်ရင်တော့ မြန်မာ တခုခုလုပ်ရတော့မယ်......
နောက်တစ်ခုက မိုင်းရှုးကျောက်....... မိုင်းရှုးကထွက်တဲ့ သက်နု ပတ္တမြားကို ထိုင်းမှာ Heat Treated (မြန်မာအခေါ် မီးဖုတ်ကျောက်) လုပ်ပြီး ထိုင်း ပတ္တမြားလို့ မှတ်ပုံတင် ရောင်းစားနေတာ ကြာပေါ့...... မြန်မာကျောက်တွင်းသူဌေး ရတာ နှစ်ပြားတစ်ပဲ...... ထိုင်းက မြတ်တာ ဆယ်ဆ မကဘူး..... Origin ပါ အခိုးခံရတယ်..... နောက်ဆို လာလိမ့်မယ်.....
Credit to Ko Wanna More