Quantcast
Viewing all articles
Browse latest Browse all 1811

တစ်ခါတုန်းကတက္ကသိုလ်မှာ အပိုင်း(၁၅)

Image may be NSFW.
Clik here to view.
Photo: တစ်ခါတုန်းကတက္ကသိုလ်မှာ အပိုင်း(၁၅)               ကျွန်မတက္ကသိုလ် တက်စဉ်က ကျွန်မနောက်ကို အတင်းလိုက်ပြီး ကပ်တွယ်နေတဲ့ ကောင်လေးတွေ ရှိခဲ့ပါတယ်။ ကျွန်မကတော့ လုံးဝဂရုမစိုက်ပါဘူးးး ခပ်မာမာပါပဲ။ အဲ့ဒီလူတွေထဲက ထူးခြားတဲ့ လူနှစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။ ပထမတစ်ယောက်ကတော့ ရတနာပုံ တက္ကသိုလ်ကပါ။သူက ကျွန်မရှိတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်ကို လာပြီး မျက်နှာငယ်လေးနဲ့ ကျွန်မကို နှုတ်ဆက်လေ့ ရှိပါတယ်။ကျွန်မက မျက်နှာသာပေးတာနဲ့ အတင်းဝင်ရောတော့မယ် ဆိုတာ သိသာပါတယ်။ ဘာလို့လည်း ဆိုတော့ သူက ကျွန်မညီမလေးကို နှစ်သက်သဘောကျနေ လို့ပါပဲ ခ်ခ်။ ညီမလေးက သူ့ကို လက်မခံတော့ သူ့ရဲ့ဗျူဟာခွဲ တစ်ခုအရ ကျွန်မက တဆင့် သွယ်ဝိုက်ပြီး ချဉ်းကပ်ဖို့ ကြိုးစားတာပါ။             နောက်တစ်ယောက်ကတော့ ကျွန်မတို့ ကျောင်းက လူဆိုတော့ ရှောင်ရခက်ပါတယ်။ ဒီကလည်း အရှောင်ကျွမ်းတော့ သူ့ခမျာ ရက်အနည်းငယ်လောက် အခက်တွေ့ နေပါတယ်။ သူနဲ့ကျွန်မက တက္ကသိုလ်မရောက်ခင် တရုတ်ကျောင်း ကတည်းက သူငယ်ချင်း တွေပါ။ သူကလည်း တရုတ်ကျောင်းမှာ ကျွန်မနဲ့တွဲတဲ့ သူငယ်ချင်း(ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ)ကို သဘောကျလို့ ကျွန်မကို အောင်သွယ်လုပ်ခိုင်း နေတာပါ။ ဒါကြောင့် အတင်းအကျပ်ကို လိုက်ကပ်ခံ ရတော့တာပါပဲ။ ကျွန်မဘယ်လောက် တောင် စွံသလဲဆိုတာ ခုလောက်ဆို သဘောပေါက်ကြရောပေါ့ ဟိဟိ။ ဒီလိုနဲ့ ကလေးကလားတွေ ခိုးခိုး ခစ်ခစ်တွေနဲ့ နေရင်းထိုင်ရင်းးး တက္ကသိုလ်ကျောင်းသူ ဘဝ ပြီးဆုံးသွားပါတယ်။              တလွဲမာနကြီးခဲ့တဲ့ ကျွန်မဟာ မိဘအပေါ် မမှီခိုဘဲ ကိုယ်ပိုင်အလုပ် လုပ်မယ်လို့တွေးတော့ ငွေအားနဲ့ အဆက်အသွယ်အားတွေ မရှိပါဘူးးးးး ဒါနဲ့ငါ့ပညာနဲ့ငါ လုပ်ကိုင်ရှာဖွေ မယ်လို့တွေးပြီးးး တိုးဂိုက်အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ အားကစားကို ကျန်းမာရေးကြောင့် ရပ်နားလိုက် ကတည်းက ပညာသည်သာ ငါ့ကမ္ဘာလို့ တွေးပြီးးး သည်းဂျီး မည်းဂျီး သင်ယူမှုတွေ လုပ်ခဲ့ပါတယ်။နိုင်ဂျားတက္ကသိုလ်တွေက စကော်လာလေး တွေကိုလည်း မျှော်လင့်ရှာဖွေရင်းပေါ့။မြန်မာပြည်အတွက် ရှားပါးခက်ခဲလှတဲ့ စကော်လာဆုလေးကို လူတွေအများကြီးနဲ့ အကြိမ်ပေါင်း များစွာ အကြိတ်အနယ် ယှဉ်ပြိုင်လုယက်ရင်း တစ်ကြိမ်မှာတော့ ကြွက်ကန်း ဆန်အိုးတိုးပြီးးး ကျွန်မရရှိခဲ့ပါတယ်။             ရွှေဝါရောင် တော်လှန်ရေးကြီးဟာ ကျွန်မဘဝကို တော်တော်ကြီး ပြောင်းလဲစေခဲ့ပါတယ်။ အဲ့ဒီအရေးတော်ပုံမှာ ကျွန်မက သံဃာတော်တွေနဲ့ အတူတူတွဲပြီး ရဲရဲတောက် မပါဝင်ခဲ့ပါဘူးးးးခ်ခ်။ ဒါပေမယ့် အထင်တော့မသေးလိုက်ပါနဲ့...၃၅လမ်းမှာ မီးခိုးဗုံးပစ် ဖြိုခွင်းတော့ အိမ်ကမသိအောင် ဆိုင်ကယ်နဲ့ အသာထွက်။ ဓါ့ပုံရိုက်ခံရပြီး ညမှလာဖမ်းလည်း ဖမ်းပါစေတော့ မတတ်နိုင်ဘူးးးဆိုပြီးး ထွက်ပြေးလာတဲ့ ကိုရင်လေးတွေကို ဆိုင်ကယ်ပေါ် တစ်ကြိမ်ကို နှစ်ယောက်နှုန်းတင်ပြီး ပေါက်မြိုင်တိုက်ရောက်အောင် သုံးခါကျော့ပြီး ပို့ပေးခဲ့ပါတယ်……(တယ်တော်တဲ့ ငါပါလားးးးခ်ခ် )။               အဲ့ဒီမှာပဲ နိပွန်သတင်းထောက်ကြီး သတင်းယူရင်း ကျည်ဆန်သင့်သွားတော့ ကျွန်မကိုစကော်လာပေးတဲ့ နိပွန်အဖွဲ့အစည်းကလည်း အမျက်တော်ရှပြီး မြန်မာ့မြေပေါ်က ပျောက်သွားလိုက်တာ ကျွန်မလည်း ထီပေါက်ပြီး လက်မှတ်ပျောက်သွားသလို ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ခမည်းတော်ဖျားက မကြည့်ရက်တော့လို့ သူကပဲ ကျွန်မကို စကော်လာပေးမယ်။ ကျောင်းသွား တက်ချည်။ဒါပေမယ့် USAတွေ UKတွေတော့ မပို့နိုင်ဘူးးး စင်္ကာပူပဲသွားးးး လို့ အမိန့်ချပါတယ်။ အဲ့ဒီမှာပဲ အေဂျင်စီက အပြောတစ်ကျောင်း အပို့တစ်ကျောင်းတွေ လုပ်ပြီး နှစ်ပေါက် တစ်ပေါက်ရိုက်တာခံရ ပါတယ်။ ဒယ်ဒီခမည်းဖျားကြောင့် သိန်း၇၀ မဆုံးလိုက်ပေမယ့် ကျွန်မမှာ အချိန်နဲ့ စိတ်ဓါတ်တွေ ဆုံးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မရဲ့ ဝါသနာနဲ့ကိုက်ညီမယ့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ ခေါ်နေတယ်... သွားတက်ချည်လို့ဖေဖေဘုရားက မြွက်ကြားပါတယ်။               မြန်မာ့ခရီးသွား လုပ်ငန်းကြီး ချွတ်ခြုံကျပြီး တိုးဂိုက်တွေ တပ်ပျက်နေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းကြီး တစ်ခုအတွက် စကားပြန် ဝင်ပေးရာကနေ မထင်မှတ်ဘဲ မြန်မာ့သစ်တောထွက် ရှားပါးသံယံဇာတတွေ တရားမဝင် ရောင်းချကုန်သွယ်တင်ပို့နေတဲ့  မှောင်ခိုဈေးကွက်တွေကို ကျွန်မကရှာဖွေဖော်ထုတ် ပေးသလိုဖြစ်နေခဲ့တဲ့ အတွက် အန္တရာယ်များတဲ့လက်ရှိလုပ်ငန်းကို ရပ်စဲပြီး ပညာရေးအဝန်း အဝိုင်းတစ်ခုကိုပဲ  ပြန်သွားချင် လွန်းနေပါပြီ။ ဒါနဲ့ပဲ ဖေဖေ့အကြံအစည်ကို သဘောတူပြီး တက္ကသိုလ် ကျောင်းသူဘဝကို မြန်မာပြည်တွင်းမှာပဲ ပြန်စခဲ့ပါတယ်။             တိုင်းပြည်ရဲ့ အဖိုးတန်ပစ္စည်းတွေကို ဘယ်နည်းဘယ်ပုံ မှောင်ခိုသမားတွေက စုဆောင်းသလဲ??? ဘယ်ဒေသတွေကနေ ရရှိသလဲ???? ပစ္စည်းအမျိုးအစားတွေနဲ့ ဈေးနှုန်းသတ်မှတ်ချက် ဘယ်လိုရှိလဲ??? ဘယ်လမ်းကြောင်းတွေကနေ ခိုးထုတ်ကြသလဲ???? စတဲ့ဒေတာတွေကို အဲ့ဒီနိုင်ငံတကာ အဖွဲ့အစည်းမှာ ဒါလော်ယူပြီး တာဝန် ထမ်းဆောင်နေတဲ့ ဘိရုမာ လူမျိုး တာဝန်ရှိသူတွေက မစုံစမ်း မဖော်ထုတ်နိုင်တာ သုံးနှစ်ပြည့်သွားတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မက မတောက်တစ်ခေါက် ပညာလေးနဲ့ စကားပြန် ဝင်လုပ်မိပါတယ်။ ဒီမှာပဲ ဟိုကိစ္စသိလားးးး ဟိုဟာက ဘာလဲ???? ဒါက ဘယ်မှာလဲ????စတဲ့ မေးခွန်းတွေကို အသိလွန်ပြီး တက်ကြွစွာ ဖြေဆိုရာကနေ ခြေကျွံသွားခဲ့တာပါ။ ကျွန်မအတွက် အဆက်အသွယ်၊ လုပ်ပုံကိုင်ပုံ၊ ရောင်းရေးဝယ်တာ စတဲ့ အရာတွေမှာရော ကိုယ်နဲ့အစိမ်းသက်သက် ဂွင်တစ်ခုအကြောင်းတွေရော သိလာပြီး ဗဟုသုတတွေ စုံလာပါတယ်။              အဲ့ဒီအလုပ်ခွင်မှာလည်း ကျွန်မက ပျော်ပိုက်နေပါတယ်။ ကျွန်မမသိတဲ့ အရာတစ်ခုကို သိအောင်ဘယ်လို လုပ်ယူရမလဲ??? ဝင်ပေါက်လုပ်လို့ ရမယ့်အားနည်းချက်တွေက ဘယ်မှာလဲ??? ဒီနေရာက မရရင် ဘယ်နေရာက ရနိုင်မလဲ??? ဒီလိုတွေ တွေးတောလုပ်ကိုင် ရတာကို ကျွန်မက ပျော်ရွှင်နေတာပါ။ နောက်ပိုင်းတိတိကျကျ သိဖို့တွေ လိုလာတော့ ကျွန်မက ဈေးကွက်မှာ တရားဝင် ရောင်းဝယ်ဖောက်ကားလို့ရတဲ့ ပစ္စည်းအမျိုးအစား တစ်ခုကို ကိုယ့်ငွေနဲ့ကိုယ်(ဖေဖေ့ဆီက ပိုက်ပိုက်တောင်းပြီး ဝယ်တာ။) ဘလက်မားကက်ကနေ ဝယ်ယူလိုက် အပြင်ဈေးကွက်ထဲမှာ ပြန်ရောင်းလိုက်နဲ့ ရတဲ့အမြတ်ကို ကျွန်မယူပြီးးး အရင်းငွေကို ဖေဖေ့ပြန်ပေးလိုက်...လိုရင် ပြန်တောင်းလိုက်နဲ့ လုပ်ရင်းးး ကိုယ်တိုင်ဘလက် မားကက်ထဲ မှာ တပိုင်းတစ ကျင်လည်ရင်း သတင်းနှိုက်ပါတယ်။ ပညာရှင်တွေ လိုချင်တဲ့ အချက်အလက် အသေးစိတ် သာမကပဲ တခြားသော အံ့အားသင့်ဖွယ် အချက်အလက်တွေပါ ရရှိလာခဲ့ပါတယ်။              ထပ်ပြီးသိလာရတဲ့ ဟာသတစ်ခုကတော့ အဲ့ဒီအဖွဲ့အစည်းနဲ့ ချိတ်ဆက် လုပ်ကိုင်ပေးတဲ့ ဝန်ကြီးဌာနတစ်ခုဟာ နိုင်ငံခြား အော်ဒါတစ်ခုကို လက်ခံပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို အဲ့ဒီနိုင်ငံက လာမဝယ်တဲ့ အပြင် အဆက်သွယ်ပါ ဖြတ်ထားလို့ အကျပ်ရိုက်နေပါတယ်။ ပစ္စည်းတွေလည်း အပုံလိုက် ဖြစ်နေပါတယ်။ နိုင်ငံရေး ဘောဂဗေဒတွေ၊ အင်တာနေရှင်နယ် ထရိတ်တွေ အသာထားအုံးးးး ဈေးမရောင်းတတ်ဘဲ... ရောင်းရေးဝယ်တာ စည်းကမ်းတွေ လောက်တောင်မသိဘဲ.... တိုင်းပြည်စီးပွားရေးကို ကြုံသလို ရှာဖွေလုပ်ကိုင်ပေးနေကြတဲ့ စေတနာတွေကို သိလာရတော့ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကိုယ်စား အရမ်းကို ကျေးဇူးတင်ပြီး ဂုဏ်ယူမိလာပါတယ် ဟိဟိ။              ဒါနဲ့ အဲ့ဒီပစ္စည်းတွေကို နိုင်ဂျားကိုသော်လည်းကောင်း ဘလက်မားကက်ကိုသော်လည်းကောင်း ရောင်းချပေးဖို့ ကျွန်မကို အကူအညီတောင်းလာပါတယ်။ ကျွန်မက အဖွဲ့အစည်းရယ် ဘလက်မားကက်ရယ် ဂါးဗားမန့်ရယ် သုံးပွင့်ဆိုင် အခြေအနေကြားမှာ အလုပ်လုပ် နေလိုက်တာ ကိုယ့်အနေအထားဟာ ဘယ်ရောက်လို့ ဘာဖြစ်နေမှန်းကို မသိတော့ပါဘူးးးး။ အဲ့ဒီအခြေအနေကနေ နှုတ်ထွက်ပြီးးးးး တက္ကသိုလ်ပုရဝုဏ်ကို ပြန်ရောက်လာခဲ့ပါတယ်။               ကြာသပတေးနေ့ အတန်းပြီးတာနဲ့ ညနေကြုံတဲ့ကား စီးပြီး အိမ်ပြန်ရပါတယ်။ တနင်္ဂနွေညမှ ရန်ကုန်သွားတဲ့ အိတ်စ်ပရက် ကားနဲ့ ပြန်တင်ပေးပြီးးး ကျောင်းပေါက်ဝက စက်မှုဇုံမှာ ဆင်းရပါတယ်။ ပိုက်ပိုက်ကိုလည်း တစ်ပါတ်စာ ချိန်ပြီး ပေးတာဆိုတော့ အိမ်မပြန်ချင်လို့လည်း မရပါဘူးးး သူများတွေလို သိမ်ကိုးသိမ် အဖူးသွားတာ အပါအဝင် ဘယ်မှ လည်ပတ်ဖို့ ဖလမ်းဖလမ်းထဖို့ ပိုက်ပိုက်ကို မရှိတာပါ။ ကျွန်မ မဟာတန်း ပထမနှစ် အပြီး ဒုတိယနှစ်အစလောက်မှာတော့ အချစ်ကို စပြီးတွေ့ရှိ ခဲ့ပါတယ်။ဒါနဲ့မေလဲ့ဆီ ဖုံးဆက်ပြီးးးး "ဟေ့ကောင်!!! ကြီးမှဝက်သက်ပေါက်ရင် ဘာဆေးသောက်ရလဲ???" လို့လှမ်းမေးခဲ့ ပါတယ်။" မေလဲ့က တဟားဟားနဲ့ ရယ်ပြီးးး"အဲ့ဒီရောဂါက ဆေးမရှိဘူးးး ကံကောင်းအောင်သာ ဘုရားမှာ ဆုတောင်းးး။ နေပါအုံးးးး မကြီးမငယ်နဲ့ ဒီအရွယ်ကြီး ရောက်မှ အချစ်ကို စတွေ့ရသလားးးး သူများတွေလို ဆယ်ကျော်သက်တုန်းက ဘာလုပ်နေဒုန်းးး" "ဟင်!!!! ကံမကောင်းခဲ့ရင်ရော ဘယ်လိုလုပ်ရမှာလဲ???" "ကိုယ်ခံအားကောင်းအောင် ကြိုးစားထားပေါ့ကွ။ ဒီရောဂါက ဆေးမရှိဘူးးး အခန့်မသင့်ရင် သေတတ်တယ်...ဟိဟိ။"             "ဒုက္ခပဲ။ ကိုယ့်ဘာသာ နေတာကနေ ဘယ်လိုဖြစ် လို့ သံယောဇဉ်တွေ တွယ်ကုန်ပါလိမ့်!!!" "ဟေ့ယောင် အူကြောင်ကြောင် မလုပ်နဲ့နော်။ အချစ်တို့ ယောက်ျားတို့ ဆိုတာ ကင်းအောင်နေနိုင်ရင် ကင်းကင်းသာနေ။" "ဟိုတုန်းက နင့်ရဲ့အချစ်နဲ့ပတ်သတ်တဲ့ ရင်ဖွင့်မှုတွေကို ငါက ဘယ်လိုပဲ လှည့်ပတ်ပြီး စဉ်းစား စဉ်းစား နားမလည်နိုင်ခဲ့လို့ ဟာသလုပ်ခဲ့မိတာပါ တူနယ်ဂျင်းရယ်။ ဘာမှန်းညာမှန်း သူ့အကြောင်းလည်း ကောင်းကောင်းမသိဘဲ တစိမ်းယောက်ျားတစ်ယောက်ကို ချစ်စရာလားးးလို့တွေးပြီးးးး နင်တို့ဘာလို့အဲ့လောက်ချစ်နေမှန်းကို နားမလည်ခဲ့တာပါဟယ်။ အခုလေ စဉ်းစားစရာမလိုအောင်ကို နှလုံးသားထဲကနေ အလိုလို နားလည်ခံစား ပေးတတ်နေပါပြီဟယ်။ အာ့ဒါ ဂယ်ပြောတာပါ " "ငါက အိမ်ထောင်ပြုပြီး နင့်ကိုမှ အိမ်ထောင်မပြုနဲ့လို့ ငါမပြောချင်ဘူး နေနေ။ ငါ့ဘဝမှာ အပျိုဘဝကို နောက်ကြောင်းပြန် လှည့်လို့ ရခဲ့မယ်ဆိုရင် ငါဘယ်တော့မှ ဘယ်သူနဲ့မှ အိမ်ထောင်ပြုဖြစ်မှာ မဟုတ်တော့ဘူးးးး အပျိုကြီးဘဝကိုပဲ ကျေကျေနပ်နပ် ခံယူပြီး နေသွားမယ်လို့ ဆုံးဖြတ်မှာပါ။" "တိန်..." တခြားသော အိမ်ထောင်ကျကုန်တဲ့ သူငယ်ချင်းတွေကလည်း ဒီလိုအဓိပ္ပါယ် ရတဲ့စကားတွေချည်းပဲ ပြောခဲ့ကြပါတယ်။                           ဆရာတင်မိတာ မှားတာပဲ။ အစကတော့ ချစ်တတ်လှချည်ရဲ့ဆိုတဲ့မိန်းမ။ ခုများတော့ အားကိုးခါမှ အချိုးတွေပြောင်း နေတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူးးးး။သာမီးက ရင်ခုန်ခြင်းတွေ၊ စိတ်လှုပ်ရှားခြင်းတွေနဲ့… အချစ်နဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ချင်ခါမှ တစ်ချိန်က အချစ်ဆရာမဂျီးတွေဟာ အိမ်ထောင်တွေကျပြီးးး အချိုးတွေ ပြောင်းကုန်လိုက်ကြတာ....ဟင့်ဟင့် သမီးသိပ်ကို အားငယ်ခဲ့ရတာပါပဲ။ တစ်ကောင်ကြွက် ဖြစ်ဖို့ကို ဇာတာပါလာဟန် တူပါတယ်.... အရေးအကြောင်းဆို အားကိုးစရာ လူမရှိပုံများးး မိန်းကလေးချင်းကို အဖော်ပြုစရာ မရှိတာပါ။ကျွန်မကအချစ်ကံ မကောင်ခဲ့ပါဘူးးး အချစ်ကြောင့် ဝမ်းနည်း စိတ်ညစ်ပြီး အသည်းတွေမီးလိုပူပြီး လောင်ကျွမ်းခဲ့ရ ပါတယ်။ ဒါ့ကြောင့် အဲ့ဒီအချိန်ကာလနဲ့ အချစ်အကြောင်းတွေကို ကွပ်လပ်မဟုတ်ပေမယ့် ကွပ်လပ်ကဲ့သို့ စာမျက်နှာတွေအဖြစ် ချန်ထားခဲ့ချင်ပါတယ်။                ကျွန်မအတွက် မဟာတန်း တက်ရစဉ်ကာလတွေဟာ သားရိုင်းလှောင်အိမ်ထဲမှာ အရိုင်းစိုင်း အရက်စက်ဆုံးသော တိရစ္ဆာန်တွေနှင့် အတူတူ သင့်တင့်အောင် ပေါင်းပြီးးး ပျော်ရွှင်စွာ နေထိုင်ရမယ်လို့ အမိန့်ချပြီး ပိတ်ထည့်ခံရသလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးးး ရှင်သန်ဖို့ရာ အသည်းအသန်ရုန်းကန် တိုက်ခိုက်ခဲ့ရပါတယ်။ စိတ်ညစ်ညူးဖွယ် ကိစ္စတွေကို ချန်လှပ်ပြီး ရယ်စရာကိစ္စလေး တွေကိုပဲ ပြောပြချင်ပါတယ်။ တစ်ချိန်တုန်းက ကျုံးဘေးမှာ လမ်းလျှောက်ရင်း သူကြီးက.."နေနေ… ဟိုတစ်ယောက်ကို သိတယ်မလားးးး? " "သိတယ်လေ အမ။ ဘာဖြစ်လို့လဲ???" "သူကငါနဲ့တစ်ခန်းထဲ နေတာရော နင်သိလားးး???" "တိဘူးးးအမ။" "အဲ့ကောင်က စာမလုပ်ဘူးးး သွားလာလည်ပတ် ပျော်ပါးနေတာ။ စာမေပွဲနားနီးရင် ပျားတုပ်ရော။ ဟိုတစ်ရက်က အသည်းအသန် စာတွေကျက်ရင်း ငါ့ကိုလာနှိုးတယ်ဟာ။ မနက်၃နာရီလောက်ရှိပြီ။ သူကြီးရေလုပ်ပါအုံးးး အို အန် အီးးး အုန်းဆိုတာဘာလဲ???တဲ့။ငါလည်း အိပ်ချင်မူးတူးနဲ့ ထပြီး စဉ်းစားတာ မရတော့ ဒေရှင်နယ်ရီ ကောက်လှန်တော့ အို အန် အီးးး ဝမ်းးး ဆိုတာလည်းမြင်ရော စိတ်ဆိုးဆိုးနဲ့ ဆဲထားတယ် သိလားးးး ဟားဟားဟားးးး" "အမအိပ်နေတာကို မနာလိုလို့ လုပ်တာနေမှာပါအမရယ်။ ဒါလောက်တော့ မသိစရာလားးး"                 ဝဋ်ဆိုတာ တကယ်လည်ပါတယ်။ ကျွန်မအတွက် အစိမ်းသက်သက် ဖြစ်နေတဲ့ နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒ၊ ပတ်ဘလစ် ပေါ်လစီ၊ ဘဏ်လုပ်ငန်းဆိုင်ရာတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဟာ စက်မှုလုပ်ငန်းတွေကို ဖျက်ဆီးအလဲထိုးရာ မရောက်အောင် ဘယ်လို ဘဲလန့်စ် ယူမလဲ??? ဘယ်လိုပေါ်လစီတွေ ချမှတ်ပြီး ထိန်းသိမ်းမလဲဆိုတာတွေ။ စီးပွားရေး၊နိုင်ငံရေးနဲ့ တရားစီရင်ရေး ဆိုင်ရာတွေမှာ ထည့်သွင်းစဉ်းစားရမယ့် ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်ဆိုင်ရာတွေ။ နိုင်ငံတကာ ကုန်သွယ်မှုတွေ၊ အာစီယံနိုင်ငံတွေရဲ့ ကုန်သွယ်မှုနဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ သဘောတူညီချက်တွေ…, …, …, …" ဒါတွေကို သင်ယူရတော့ ရှိတဲ့အဘိဓါန်စာအုပ် တွေနဲ့ မလုံလောက်တော့ပါဘူးးး                 ကျွန်မဟာ ညဘက်ဆို အဘိဓါန်စာအုပ်ပုံကြီးကို ဘေးမှာချပြီးးး စာကြည့်ရပါတယ်။အစောဆုံး အိပ်ချိန်ဟာ ည၁၂နာရီပါ။ ပုံမှန်ည၂နာရီလောက်မှ အိပ်ပါတယ်။ပထမအဆင့် စာကိုဖတ်ပါတယ်။ ဒုတိယအဆင့် ပြန်ဖတ်ရင်းနဲ့ မသိတဲ့ စာလုံးအသစ်တွေကို လိုက်ကာပန် ဆွဲပါတယ်။ လိုက်ကာပန်ဆွဲလိုက်ရင် စာမျက်နှာတစ်ခုလုံးဟာ စိမ်းစိမ်းတောက် သွားလေ့ရှိပါတယ်။ စိမ်းစိမ်းတောက်တာ မကြိုက်တော့ အဝါရောင်လေးပြောင်း ကိုင်တော့လည်း ဝါဝါတောက် ကုန်ပြန်ပါတယ်။ နောက်ဆုံးတော့ ကိုယ့်ရဲ့ ဗော့ကပ်အားနည်းညံ့ဖျင်းမှုကို ကိုယ်တိုင်အသိအမှတ်ပြု ဝန်ခံလိုက်မှပဲ စိမ်းစိမ်း ဝါဝါ လက်ခံနိုင်သွားပါတော့တယ်။               အဲ့ဒီနောက်မှာ အဘိဓါန် စာအုပ်ကို အမြန်လှန်ပြီး စာလုံးတွေ ရှာရပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်က တွေ့ရခဲပါတယ်။ ပြီးရင် ကိုယ့်ဘာသာ သဘောပေါက်အောင် နှင့် ပါမောက္ခတွေကို ပြန်ရှင်းနိုင်အောင် ထပ်ပြန်တလဲလဲ ဖတ်ရပါတယ်။ ခေါင်းတွေလည်း ထူပူနေလေ့ရှိပါတယ်။တစ်ချိန်မှာတော့ "ပီအာ အီး အက်စ် အက်စ် ယူ အာ အီးးး ပရီရှူးရား တဲ့။ ဘာဂျီးပါလိမ့်?? ငါဒီစာလုံးကို ကောင်းကောင်းသိပါတယ်။ ဘာပါလိမ့်??? ကဲ..စဉ်းစားရင် ကြာပါတယ်။ လိုက်ကာပန်ဆွဲထားခဲ့ပြီး အဘိဓါန်ကျမ်းမှာပဲ ရှာတော့မယ်။"                 အဘိဓါန်စာအုပ်ကို လှန်လိုက်တော့ ပီ အာ အီး အက်စ် အက်စ် ယူ အာ အီးးး ပရက်ရှာ=ဖိအားးးး။ "ဟမ်…ဖျားဖျားးး ငါ့ဦးနှောက်တွေမှ မှန်သေးရဲ့လားးးး ဒီစလုံးကို ကလေးသွား မေးတောင်သိတယ်။ ဒီလောက်တောင် ဖြစ်လှတာ အိပ်ပြီအေ။ စာကြည့်တော့ဘူးးးး ရှက်ထှာ။" ကျောင်းတက်ရတာက အညာမြို့တစ်ခုရဲ့ အစွန်က လယ်ကွင်းပြင် မှာ တက်ရပါတယ်။ ရာသီဥတုရော၊ ရေ မြေ လေ ရော အရမ်းကြမ်းတမ်းပါတယ်။ နယ်ခံလူတွေကလည်း ကြမ်းပါတယ်။ ကျောင်းရောက်လာတဲ့ ကျောင်းသား အများစုတွေလည်း လပိုင်းအတွင်းမှာ နယ်ခံတွေနဲ့ အတူတူ ခွက်ပုန်းဆိုင်၊ဘီယာဆိုင် ထန်းရည်ဆိုင် တွေမှာ အတူတူသောက်ရင်း တက္ကသိုလ်ကျောင်းသားစိတ် ပျောက်ကုန်ပါတယ်။ တစ်နေကုန် အရမ်း ပူပြီးရင် ညဘက်ဆို မိုးကြိုးတွေ ပစ်ပြီး မိုးတွေထစ်ချုန်းရွာလေ့ ရှိပါတယ်။ အခန်းထဲကနေ လျှပ်စီးတန်းတွေ တဝင်းဝင်းကို မြင်နေရပါတယ်။ လယ်ကွင်းပြင်မှာ ထီးတည်းရှိနေတဲ့ ကျောင်းကြီးကို မည်းတူးသွားအောင် ပစ်ထည့်လိုက်ရင် အေးတာပဲလို့ ခဏခဏ တွေးမိခဲ့ပါတယ်။ တကယ်လည်း ခဏခဏ ပစ်ခံရပါတယ်။ ဒါပေမယ့် မိုးကြိုးလွှဲတွေ တပ်ဆင်ထားတော့ ဘာမှမဖြစ်ပါဘူးးး။              တက္ကသိုလ် ပရဝုဏ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပျင်းလို့မှ နားနေစရာ၊ လည်ပတ်စရာ၊ စိတ်အပမ်းဖြေ စရာ၊ အားကစား လုပ်စရာ ဘာမှမရှိပါဘူးးး။ ကျွန်မတို့က တနေကုန် ထိုင်ပြီး စာလုပ်ရပါတယ်။ ညလည်းထိုင်ပြီး စာကျက်ရပါတယ်။ကိုယ်တွေလက်တွေ ညောင်းပြီး ဇက်ကျောတွေ တအားတက်ပါတယ်။ ဒီတော့ညနေခင်းနဲ့ မနက်စောစောမှာ အညောင်းပြေ လမ်းလျှောက်ရင်း ဟိုနားဒီနား သွားချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အတွက် လုံခြုံမှု လုံးဝမရှိပါဘူးး။ အသေးစားစော်ကား ရန်စမှုတွေကို အပြင်ထွက်တိုင်း ကြုံရလေ့ရှိပါတယ်။  တခြားမိန်းကလေးတွေက မဖြုံပေမယ့် ကျွန်မက တော်တော်တင်းပါတယ်။ ဒီတော့ ကျွန်မက လူကြားထဲ ထွက်ခဲပါတယ်။                ညနေဘက်ဆို တစ်ယောက်ထဲ ဆိုင်ကယ်နဲ့ ထွက်ပြီးးး အနောက်ဘက် ခပ်လှမ်းလှမ်းမှာရှိတဲ့ ရွာအစပ်က အသစ်မွမ်းမံထားတဲ့ ရှေးဟောင်း ထနောင်းကန် ဘုရားကြီးဆီ သွားပြီး အမွှေးတိုင်ကပ် ဖယောင်းတိုင်လှူ ဗောဓိပင်ရေလောင်းးး ပန်းအိုးတွေ ဆေးပေးးး အဲ့လိုကုသိုလ်လုပ်ရင်း အပမ်းဖြေပါတယ်။ အဲ့ဒီထဲမှာ ဘုန်းကြီးလို့ ပြောဖို့ခက်တဲ့ သင်္ကန်းခေါင်းမြီးခြုံကြီးနဲ့ ကြောင်တောင်တောင် လူတစ်ယောက်ကို မကြာခဏတွေ့ရပါတယ်။ ဘုရားမှာက လူရှင်းပါတယ်။ ဘုရားပုရဝုဏ်နဲ့ လယ်ကွင်းအစပ်က သစ်ပင်အုပ် လေးတွေမှာသာ အတွဲလေးနည်းနည်း ပါးပါး တွေ့ရပါတယ်။ မျက်ကမ်းတစ္ဆေမကြောက် ဆိုသလိုပဲ ကျွန်မဟာ ကြောက်ရမှန်းမသိဘဲ အဲ့ဒီလိုနေခဲ့တာ အကြာကြီးပါပဲ။ တစ်ခုသော နွေရာသီမှာ စိတ်ရူးပေါက်နေသူ တစ်ဦးက အမအရင်းကို ပေါက်တူးနဲ့ ခုတ်သတ်မှု ဖြစ်ပါတယ်။ ဘေးကဝင်ဆွဲတဲ့ သူကိုပါ ထပ်သတ်ပါတယ်။ ပြီးတော့ပုန်းအောင်းနေပါတယ်။အဲ့ဒီပုဂ္ဂိုလ်က နွေရာသီ အဲ့အချိန်ရောက်တိုင်း အဲ့လိုပဲ လူသတ်လေ့ရှိပါတယ်တဲ့။ ဘယ်သူလဲဆိုတော့ ကျွန်မညနေတိုင်း သွားလေ့ရှိတဲ့ ထနောင်းကန်ဘုရားက သင်္ကန်းရုံထားတဲ့ လူကြီးပါတဲ့။                အမငီးးး ကြောက်တာ။ အဲ့ဂတည်းက ဘုရားသွားဖို့ မပြောနဲ့ ညနေကျောင်းဆင်းရင်တောင် အဆောင်ပြင် မထွက်ရဲတော့ဘူးလေ…ဟိဟိ။ အဲ့ဒီစိတ္တဇ လူသတ်သမားကို ဖမ်းမမိသေးတဲ့ သုံးရက်တာ ကာလဟာ ခြောက်ခြားဘွယ်ရာ အလွန် ကောင်းပါတယ်။ ကျွန်မတို့ ကျောင်းရဲ့ဝန်းကျင် စက်မှုဇုန် တစ်ခုလုံးဟာ တိတ်ဆိတ်ငြိမ်ကျ သွားပါတယ်။ကြားနေကြ ဂစ်တာသံနဲ့ သီချင်းသံတွေ တိတ်ကုန်ပါတယ်။ ခါတိုင်းဆို အဆောင်ရှေ့မှာ မိုးအလင်းထိ ဂစ်တာဝိုင်း မပျက်ရာကနေ ခုများတော့ဂစ်တာသံကို မကြားရတော့တာပါ။                 အခန်းတံခါး ဖွင့်လိုက်ရင် ကုတင်အောက်ကနေများးးးး စိတ္တဇလူကြီး ထွက်လာလေမလားးး ကုတင်အောက်ကို မစစ်ဆေးဘဲ မအိပ်ရဲ ခဲ့ပါဘူးးးးခ်ခ်။ ညဘက် တစ်ရေးနိုးးး အိမ်သာသွားရင် ပက်ပင်းကြီး တိုးလေမလားးးး ညဘက်ဆို ရေကိုမသောက်ရဲဘဲ နွေခေါင်ခေါင်မှာ ရေငတ်ခံခဲ့ပါတယ်။ကျွန်မတို့ စာသင်ခန်းဘက်က လူပြတ်တော့ စာသင်နေတုန်းများးးး အခန်းထဲဝင်လာလေ မလားးးး နဲ့။ ဒီလိုအချိန်မှာ ကျွန်မအနေနဲ့ စိတ်သက်သာရာ သက်သာကြောင်း အတွက် မျှောင့်လင့်တမ်းတမိတဲ့ လူကတော့…………………………………………………………………………………………………………………………………………… အသံကြောင်ဂျီးတွေနဲ့ အဆောင်ရှေ့အာပြဲ ကြီးနဲ့ လာအော်ဆိုတဲ့ မောင်ကျောင်းသားတွေကိုပါပဲ။ ခါတိုင်းဆိုရင် အဲ့လိုလာဆိုတဲ့ လူတွေကိုရော အဆောင်သံပန်းတံခါးကနေ မတ်တပ်ရပ်ပြီးးး နားဆင်အားပေးလိုက်၊ ရေဗူးတွေ မုန့်တွေ ပေးလိုက်လုပ်နေတဲ့ အဆောင်သူတွေရောကို ကျွန်မက အပျိုကြီး ပီပီ ကြည့်မရခဲ့ပါဘူးးး။ ဒီလိုအချိန်မှာ အဆောင်ရှေ့ ဂစ်တာလာတီးတဲ့ ဘယ်သူကိုမဆို ကိုယ်တိုင်ထွက်ပြီး ရေဗူးတွေ၊ မုန့်တွေတင်မကဘူးးး ခြင်ဆေးခွေပါ ပေးဖို့ ပြင်ဆင်ပြီး စောင့်နေတာပါ။ သကောင့်သားများက အန္တရာယ်နံ့ကို ကိုယ့်ထက်ပို ရတတ်တော့ ဘူသူမှ လာပြီး သီချင်းမဆိုကြပါဘူးးးးခ်ခ်။                   ဆက်လက်ဖော်ပြပါမည်                     နေထက်ထက်အောင်


ကျွန်မတက္ကသိုလ် တက်စဉ်က ကျွန်မနောက်ကို အတင်းလိုက်ပြီး ကပ်တွယ်နေတဲ့ ကောင်လေးတွေ ရှိခဲ့ပါတယ်။ ကျွန်မကတော့ လုံးဝဂရုမစိုက်ပါဘူးးး ခပ်မာမာပါပဲ။ အဲ့ဒီလူတွေထဲက ထူးခြားတဲ့ လူနှစ်ယောက် အကြောင်းကို ပြောပြချင်ပါတယ်။ ပထမတစ်ယောက်ကတော့ ရတနာပုံ တက္ကသိုလ်ကပါ။သူက ကျွန်မရှိတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်ကို လာပြီး မျက်နှာငယ်လေးနဲ့ ကျွန်မကို နှုတ်ဆက်လေ့ ရှိပါတယ်။ကျွန်မက မျက်နှာသာပေးတာနဲ့ အတင်းဝင်ရောတော့မယ် ဆိုတာ သိသာပါတယ်။ ဘာလို့လည်း ဆိုတော့ သူက ကျွန်မညီမလေးကို နှစ်သက်သဘောကျနေ လို့ပါပဲ ခ်ခ်။ ညီမလေးက သူ့ကို လက်မခံတော့ သူ့ရဲ့ဗျူဟာခွဲ တစ်ခုအရ ကျွန်မက တဆင့် သွယ်ဝိုက်ပြီး ချဉ်းကပ်ဖို့ ကြိုးစားတာပါ။

နောက်တစ်ယောက်ကတော့ ကျွန်မတို့ ကျောင်းက လူဆိုတော့ ရှောင်ရခက်ပါတယ်။ ဒီကလည်း အရှောင်ကျွမ်းတော့ သူ့ခမျာ ရက်အနည်းငယ်လောက် အခက်တွေ့ နေပါတယ်။ သူနဲ့ကျွန်မက တက္ကသိုလ်မရောက်ခင် တရုတ်ကျောင်း ကတည်းက သူငယ်ချင်း တွေပါ။ သူကလည်း တရုတ်ကျောင်းမှာ ကျွန်မနဲ့တွဲတဲ့ သူငယ်ချင်း(ကွန်ပျူတာ တက္ကသိုလ်ကျောင်းသူ)ကို သဘောကျလို့ ကျွန်မကို အောင်သွယ်လုပ်ခိုင်း နေတာပါ။ ဒါကြောင့် အတင်းအကျပ်ကို လိုက်ကပ်ခံ ရတော့တာပါပဲ။ ကျွန်မဘယ်လောက် တောင် စွံသလဲဆိုတာ ခုလောက်ဆို သဘောပေါက်ကြရောပေါ့ ဟိဟိ။ ဒီလိုနဲ့ ကလေးကလားတွေ ခိုးခိုး ခစ်ခစ်တွေနဲ့ နေရင်းထိုင်ရင်းးး တက္ကသိုလ်ကျောင်းသူ ဘဝ ပြီးဆုံးသွားပါတယ်။

တလွဲမာနကြီးခဲ့တဲ့ ကျွန်မဟာ မိဘအပေါ် မမှီခိုဘဲ ကိုယ်ပိုင်အလုပ် လုပ်မယ်လို့တွေးတော့ ငွေအားနဲ့ အဆက်အသွယ်အားတွေ မရှိပါဘူးးးးး ဒါနဲ့ငါ့ပညာနဲ့ငါ လုပ်ကိုင်ရှာဖွေ မယ်လို့တွေးပြီးးး တိုးဂိုက်အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ အားကစားကို ကျန်းမာရေးကြောင့် ရပ်နားလိုက် ကတည်းက ပညာသည်သာ ငါ့ကမ္ဘာလို့ တွေးပြီးးး သည်းဂျီး မည်းဂျီး သင်ယူမှုတွေ လုပ်ခဲ့ပါတယ်။နိုင်ဂျားတက္ကသိုလ်တွေက စကော်လာလေး တွေကိုလည်း မျှော်လင့်ရှာဖွေရင်းပေါ့။မြန်မာပြည်အတွက် ရှားပါးခက်ခဲလှတဲ့ စကော်လာဆုလေးကို လူတွေအများကြီးနဲ့ အကြိမ်ပေါင်း များစွာ အကြိတ်အနယ် ယှဉ်ပြိုင်လုယက်ရင်း တစ်ကြိမ်မှာတော့ ကြွက်ကန်း ဆန်အိုးတိုးပြီးးး ကျွန်မရရှိခဲ့ပါတယ်။

ရွှေဝါရောင် တော်လှန်ရေးကြီးဟာ ကျွန်မဘဝကို တော်တော်ကြီး ပြောင်းလဲစေခဲ့ပါတယ်။ အဲ့ဒီအရေးတော်ပုံမှာ ကျွန်မက သံဃာတော်တွေနဲ့ အတူတူတွဲပြီး ရဲရဲတောက် မပါဝင်ခဲ့ပါဘူးးးးခ်ခ်။ ဒါပေမယ့် အထင်တော့မသေးလိုက်ပါနဲ့...၃၅လမ်းမှာ မီးခိုးဗုံးပစ် ဖြိုခွင်းတော့ အိမ်ကမသိအောင် ဆိုင်ကယ်နဲ့ အသာထွက်။ ဓါ့ပုံရိုက်ခံရပြီး ညမှလာဖမ်းလည်း ဖမ်းပါစေတော့ မတတ်နိုင်ဘူးးးဆိုပြီးး ထွက်ပြေးလာတဲ့ ကိုရင်လေးတွေကို ဆိုင်ကယ်ပေါ် တစ်ကြိမ်ကို နှစ်ယောက်နှုန်းတင်ပြီး ပေါက်မြိုင်တိုက်ရောက်အောင် သုံးခါကျော့ပြီး ပို့ပေးခဲ့ပါတယ်……(တယ်တော်တဲ့ ငါပါလားးးးခ်ခ် )။

အဲ့ဒီမှာပဲ နိပွန်သတင်းထောက်ကြီး သတင်းယူရင်း ကျည်ဆန်သင့်သွားတော့ ကျွန်မကိုစကော်လာပေးတဲ့ နိပွန်အဖွဲ့အစည်းကလည်း အမျက်တော်ရှပြီး မြန်မာ့မြေပေါ်က ပျောက်သွားလိုက်တာ ကျွန်မလည်း ထီပေါက်ပြီး လက်မှတ်ပျောက်သွားသလို ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ခမည်းတော်ဖျားက မကြည့်ရက်တော့လို့ သူကပဲ ကျွန်မကို စကော်လာပေးမယ်။ ကျောင်းသွား တက်ချည်။ဒါပေမယ့် USAတွေ UKတွေတော့ မပို့နိုင်ဘူးးး စင်္ကာပူပဲသွားးးး လို့ အမိန့်ချပါတယ်။ အဲ့ဒီမှာပဲ အေဂျင်စီက အပြောတစ်ကျောင်း အပို့တစ်ကျောင်းတွေ လုပ်ပြီး နှစ်ပေါက် တစ်ပေါက်ရိုက်တာခံရ ပါတယ်။ ဒယ်ဒီခမည်းဖျားကြောင့် သိန်း၇၀ မဆုံးလိုက်ပေမယ့် ကျွန်မမှာ အချိန်နဲ့ စိတ်ဓါတ်တွေ ဆုံးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်မရဲ့ ဝါသနာနဲ့ကိုက်ညီမယ့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ ခေါ်နေတယ်... သွားတက်ချည်လို့ဖေဖေဘုရားက မြွက်ကြားပါတယ်။

မြန်မာ့ခရီးသွား လုပ်ငန်းကြီး ချွတ်ခြုံကျပြီး တိုးဂိုက်တွေ တပ်ပျက်နေချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းကြီး တစ်ခုအတွက် စကားပြန် ဝင်ပေးရာကနေ မထင်မှတ်ဘဲ မြန်မာ့သစ်တောထွက် ရှားပါးသံယံဇာတတွေ တရားမဝင် ရောင်းချကုန်သွယ်တင်ပို့နေတဲ့ မှောင်ခိုဈေးကွက်တွေကို ကျွန်မကရှာဖွေဖော်ထုတ် ပေးသလိုဖြစ်နေခဲ့တဲ့ အတွက် အန္တရာယ်များတဲ့လက်ရှိလုပ်ငန်းကို ရပ်စဲပြီး ပညာရေးအဝန်း အဝိုင်းတစ်ခုကိုပဲ ပြန်သွားချင် လွန်းနေပါပြီ။ ဒါနဲ့ပဲ ဖေဖေ့အကြံအစည်ကို သဘောတူပြီး တက္ကသိုလ် ကျောင်းသူဘဝကို မြန်မာပြည်တွင်းမှာပဲ ပြန်စခဲ့ပါတယ်။

တိုင်းပြည်ရဲ့ အဖိုးတန်ပစ္စည်းတွေကို ဘယ်နည်းဘယ်ပုံ မှောင်ခိုသမားတွေက စုဆောင်းသလဲ??? ဘယ်ဒေသတွေကနေ ရရှိသလဲ???? ပစ္စည်းအမျိုးအစားတွေနဲ့ ဈေးနှုန်းသတ်မှတ်ချက် ဘယ်လိုရှိလဲ??? ဘယ်လမ်းကြောင်းတွေကနေ ခိုးထုတ်ကြသလဲ???? စတဲ့ဒေတာတွေကို အဲ့ဒီနိုင်ငံတကာ အဖွဲ့အစည်းမှာ ဒါလော်ယူပြီး တာဝန် ထမ်းဆောင်နေတဲ့ ဘိရုမာ လူမျိုး တာဝန်ရှိသူတွေက မစုံစမ်း မဖော်ထုတ်နိုင်တာ သုံးနှစ်ပြည့်သွားတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မက မတောက်တစ်ခေါက် ပညာလေးနဲ့ စကားပြန် ဝင်လုပ်မိပါတယ်။ ဒီမှာပဲ ဟိုကိစ္စသိလားးးး ဟိုဟာက ဘာလဲ???? ဒါက ဘယ်မှာလဲ????စတဲ့ မေးခွန်းတွေကို အသိလွန်ပြီး တက်ကြွစွာ ဖြေဆိုရာကနေ ခြေကျွံသွားခဲ့တာပါ။ ကျွန်မအတွက် အဆက်အသွယ်၊ လုပ်ပုံကိုင်ပုံ၊ ရောင်းရေးဝယ်တာ စတဲ့ အရာတွေမှာရော ကိုယ်နဲ့အစိမ်းသက်သက် ဂွင်တစ်ခုအကြောင်းတွေရော သိလာပြီး ဗဟုသုတတွေ စုံလာပါတယ်။

အဲ့ဒီအလုပ်ခွင်မှာလည်း ကျွန်မက ပျော်ပိုက်နေပါတယ်။ ကျွန်မမသိတဲ့ အရာတစ်ခုကို သိအောင်ဘယ်လို လုပ်ယူရမလဲ??? ဝင်ပေါက်လုပ်လို့ ရမယ့်အားနည်းချက်တွေက ဘယ်မှာလဲ??? ဒီနေရာက မရရင် ဘယ်နေရာက ရနိုင်မလဲ??? ဒီလိုတွေ တွေးတောလုပ်ကိုင် ရတာကို ကျွန်မက ပျော်ရွှင်နေတာပါ။ နောက်ပိုင်းတိတိကျကျ သိဖို့တွေ လိုလာတော့ ကျွန်မက ဈေးကွက်မှာ တရားဝင် ရောင်းဝယ်ဖောက်ကားလို့ရတဲ့ ပစ္စည်းအမျိုးအစား တစ်ခုကို ကိုယ့်ငွေနဲ့ကိုယ်(ဖေဖေ့ဆီက ပိုက်ပိုက်တောင်းပြီး ဝယ်တာ။) ဘလက်မားကက်ကနေ ဝယ်ယူလိုက် အပြင်ဈေးကွက်ထဲမှာ ပြန်ရောင်းလိုက်နဲ့ ရတဲ့အမြတ်ကို ကျွန်မယူပြီးးး အရင်းငွေကို ဖေဖေ့ပြန်ပေးလိုက်...လိုရင် ပြန်တောင်းလိုက်နဲ့ လုပ်ရင်းးး ကိုယ်တိုင်ဘလက် မားကက်ထဲ မှာ တပိုင်းတစ ကျင်လည်ရင်း သတင်းနှိုက်ပါတယ်။ ပညာရှင်တွေ လိုချင်တဲ့ အချက်အလက် အသေးစိတ် သာမကပဲ တခြားသော အံ့အားသင့်ဖွယ် အချက်အလက်တွေပါ ရရှိလာခဲ့ပါတယ်။

ထပ်ပြီးသိလာရတဲ့ ဟာသတစ်ခုကတော့ အဲ့ဒီအဖွဲ့အစည်းနဲ့ ချိတ်ဆက် လုပ်ကိုင်ပေးတဲ့ ဝန်ကြီးဌာနတစ်ခုဟာ နိုင်ငံခြား အော်ဒါတစ်ခုကို လက်ခံပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို အဲ့ဒီနိုင်ငံက လာမဝယ်တဲ့ အပြင် အဆက်သွယ်ပါ ဖြတ်ထားလို့ အကျပ်ရိုက်နေပါတယ်။ ပစ္စည်းတွေလည်း အပုံလိုက် ဖြစ်နေပါတယ်။ နိုင်ငံရေး ဘောဂဗေဒတွေ၊ အင်တာနေရှင်နယ် ထရိတ်တွေ အသာထားအုံးးးး ဈေးမရောင်းတတ်ဘဲ... ရောင်းရေးဝယ်တာ စည်းကမ်းတွေ လောက်တောင်မသိဘဲ.... တိုင်းပြည်စီးပွားရေးကို ကြုံသလို ရှာဖွေလုပ်ကိုင်ပေးနေကြတဲ့ စေတနာတွေကို သိလာရတော့ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကိုယ်စား အရမ်းကို ကျေးဇူးတင်ပြီး ဂုဏ်ယူမိလာပါတယ် ဟိဟိ။

ဒါနဲ့ အဲ့ဒီပစ္စည်းတွေကို နိုင်ဂျားကိုသော်လည်းကောင်း ဘလက်မားကက်ကိုသော်လည်းကောင်း ရောင်းချပေးဖို့ ကျွန်မကို အကူအညီတောင်းလာပါတယ်။ ကျွန်မက အဖွဲ့အစည်းရယ် ဘလက်မားကက်ရယ် ဂါးဗားမန့်ရယ် သုံးပွင့်ဆိုင် အခြေအနေကြားမှာ အလုပ်လုပ် နေလိုက်တာ ကိုယ့်အနေအထားဟာ ဘယ်ရောက်လို့ ဘာဖြစ်နေမှန်းကို မသိတော့ပါဘူးးးး။
အဲ့ဒီအခြေအနေကနေ နှုတ်ထွက်ပြီးးးးး တက္ကသိုလ်ပုရဝုဏ်ကို ပြန်ရောက်လာခဲ့ပါတယ်။

ကြာသပတေးနေ့ အတန်းပြီးတာနဲ့ ညနေကြုံတဲ့ကား စီးပြီး အိမ်ပြန်ရပါတယ်။ တနင်္ဂနွေညမှ ရန်ကုန်သွားတဲ့ အိတ်စ်ပရက် ကားနဲ့ ပြန်တင်ပေးပြီးးး ကျောင်းပေါက်ဝက စက်မှုဇုံမှာ ဆင်းရပါတယ်။ ပိုက်ပိုက်ကိုလည်း တစ်ပါတ်စာ ချိန်ပြီး ပေးတာဆိုတော့ အိမ်မပြန်ချင်လို့လည်း မရပါဘူးးး သူများတွေလို သိမ်ကိုးသိမ် အဖူးသွားတာ အပါအဝင် ဘယ်မှ လည်ပတ်ဖို့ ဖလမ်းဖလမ်းထဖို့ ပိုက်ပိုက်ကို မရှိတာပါ။ ကျွန်မ မဟာတန်း ပထမနှစ် အပြီး ဒုတိယနှစ်အစလောက်မှာတော့ အချစ်ကို စပြီးတွေ့ရှိ ခဲ့ပါတယ်။ဒါနဲ့မေလဲ့ဆီ ဖုံးဆက်ပြီးးးး "ဟေ့ကောင်!!! ကြီးမှဝက်သက်ပေါက်ရင် ဘာဆေးသောက်ရလဲ???"လို့လှမ်းမေးခဲ့ ပါတယ်။"မေလဲ့က တဟားဟားနဲ့ ရယ်ပြီးးး"အဲ့ဒီရောဂါက ဆေးမရှိဘူးးး ကံကောင်းအောင်သာ ဘုရားမှာ ဆုတောင်းးး။ နေပါအုံးးးး မကြီးမငယ်နဲ့ ဒီအရွယ်ကြီး ရောက်မှ အချစ်ကို စတွေ့ရသလားးးး သူများတွေလို ဆယ်ကျော်သက်တုန်းက ဘာလုပ်နေဒုန်းးး""ဟင်!!!! ကံမကောင်းခဲ့ရင်ရော ဘယ်လိုလုပ်ရမှာလဲ???""ကိုယ်ခံအားကောင်းအောင် ကြိုးစားထားပေါ့ကွ။ ဒီရောဂါက ဆေးမရှိဘူးးး အခန့်မသင့်ရင် သေတတ်တယ်...ဟိဟိ။"

"ဒုက္ခပဲ။ ကိုယ့်ဘာသာ နေတာကနေ ဘယ်လိုဖြစ် လို့ သံယောဇဉ်တွေ တွယ်ကုန်ပါလိမ့်!!!""ဟေ့ယောင် အူကြောင်ကြောင် မလုပ်နဲ့နော်။ အချစ်တို့ ယောက်ျားတို့ ဆိုတာ ကင်းအောင်နေနိုင်ရင် ကင်းကင်းသာနေ။""ဟိုတုန်းက နင့်ရဲ့အချစ်နဲ့ပတ်သတ်တဲ့ ရင်ဖွင့်မှုတွေကို ငါက ဘယ်လိုပဲ လှည့်ပတ်ပြီး စဉ်းစား စဉ်းစား နားမလည်နိုင်ခဲ့လို့ ဟာသလုပ်ခဲ့မိတာပါ တူနယ်ဂျင်းရယ်။ ဘာမှန်းညာမှန်း သူ့အကြောင်းလည်း ကောင်းကောင်းမသိဘဲ တစိမ်းယောက်ျားတစ်ယောက်ကို ချစ်စရာလားးးလို့တွေးပြီးးးး နင်တို့ဘာလို့အဲ့လောက်ချစ်နေမှန်းကို နားမလည်ခဲ့တာပါဟယ်။ အခုလေ စဉ်းစားစရာမလိုအောင်ကို နှလုံးသားထဲကနေ အလိုလို နားလည်ခံစား ပေးတတ်နေပါပြီဟယ်။ အာ့ဒါ ဂယ်ပြောတာပါ ""ငါက အိမ်ထောင်ပြုပြီး နင့်ကိုမှ အိမ်ထောင်မပြုနဲ့လို့ ငါမပြောချင်ဘူး နေနေ။ ငါ့ဘဝမှာ အပျိုဘဝကို နောက်ကြောင်းပြန် လှည့်လို့ ရခဲ့မယ်ဆိုရင် ငါဘယ်တော့မှ ဘယ်သူနဲ့မှ အိမ်ထောင်ပြုဖြစ်မှာ မဟုတ်တော့ဘူးးးး အပျိုကြီးဘဝကိုပဲ ကျေကျေနပ်နပ် ခံယူပြီး နေသွားမယ်လို့ ဆုံးဖြတ်မှာပါ။""တိန်..."တခြားသော အိမ်ထောင်ကျကုန်တဲ့ သူငယ်ချင်းတွေကလည်း ဒီလိုအဓိပ္ပါယ် ရတဲ့စကားတွေချည်းပဲ ပြောခဲ့ကြပါတယ်။

ဆရာတင်မိတာ မှားတာပဲ။ အစကတော့ ချစ်တတ်လှချည်ရဲ့ဆိုတဲ့မိန်းမ။ ခုများတော့ အားကိုးခါမှ အချိုးတွေပြောင်း နေတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူးးးး။သာမီးက ရင်ခုန်ခြင်းတွေ၊ စိတ်လှုပ်ရှားခြင်းတွေနဲ့… အချစ်နဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို ရင်ဖွင့်တိုင်ပင်ချင်ခါမှ တစ်ချိန်က အချစ်ဆရာမဂျီးတွေဟာ အိမ်ထောင်တွေကျပြီးးး အချိုးတွေ ပြောင်းကုန်လိုက်ကြတာ....ဟင့်ဟင့် သမီးသိပ်ကို အားငယ်ခဲ့ရတာပါပဲ။ တစ်ကောင်ကြွက် ဖြစ်ဖို့ကို ဇာတာပါလာဟန် တူပါတယ်.... အရေးအကြောင်းဆို အားကိုးစရာ လူမရှိပုံများးး မိန်းကလေးချင်းကို အဖော်ပြုစရာ မရှိတာပါ။ကျွန်မကအချစ်ကံ မကောင်ခဲ့ပါဘူးးး အချစ်ကြောင့် ဝမ်းနည်း စိတ်ညစ်ပြီး အသည်းတွေမီးလိုပူပြီး လောင်ကျွမ်းခဲ့ရ ပါတယ်။ ဒါ့ကြောင့် အဲ့ဒီအချိန်ကာလနဲ့ အချစ်အကြောင်းတွေကို ကွပ်လပ်မဟုတ်ပေမယ့် ကွပ်လပ်ကဲ့သို့ စာမျက်နှာတွေအဖြစ် ချန်ထားခဲ့ချင်ပါတယ်။

ကျွန်မအတွက် မဟာတန်း တက်ရစဉ်ကာလတွေဟာ သားရိုင်းလှောင်အိမ်ထဲမှာ အရိုင်းစိုင်း အရက်စက်ဆုံးသော တိရစ္ဆာန်တွေနှင့် အတူတူ သင့်တင့်အောင် ပေါင်းပြီးးး ပျော်ရွှင်စွာ နေထိုင်ရမယ်လို့ အမိန့်ချပြီး ပိတ်ထည့်ခံရသလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးးး ရှင်သန်ဖို့ရာ အသည်းအသန်ရုန်းကန် တိုက်ခိုက်ခဲ့ရပါတယ်။ စိတ်ညစ်ညူးဖွယ် ကိစ္စတွေကို ချန်လှပ်ပြီး ရယ်စရာကိစ္စလေး တွေကိုပဲ ပြောပြချင်ပါတယ်။ တစ်ချိန်တုန်းက ကျုံးဘေးမှာ လမ်းလျှောက်ရင်း သူကြီးက.."နေနေ… ဟိုတစ်ယောက်ကို သိတယ်မလားးးး? ""သိတယ်လေ အမ။ ဘာဖြစ်လို့လဲ???""သူကငါနဲ့တစ်ခန်းထဲ နေတာရော နင်သိလားးး???""တိဘူးးးအမ။""အဲ့ကောင်က စာမလုပ်ဘူးးး သွားလာလည်ပတ် ပျော်ပါးနေတာ။ စာမေပွဲနားနီးရင် ပျားတုပ်ရော။ ဟိုတစ်ရက်က အသည်းအသန် စာတွေကျက်ရင်း ငါ့ကိုလာနှိုးတယ်ဟာ။ မနက်၃နာရီလောက်ရှိပြီ။ သူကြီးရေလုပ်ပါအုံးးး အို အန် အီးးး အုန်းဆိုတာဘာလဲ???တဲ့။ငါလည်း အိပ်ချင်မူးတူးနဲ့ ထပြီး စဉ်းစားတာ မရတော့ ဒေရှင်နယ်ရီ ကောက်လှန်တော့ အို အန် အီးးး ဝမ်းးး ဆိုတာလည်းမြင်ရော စိတ်ဆိုးဆိုးနဲ့ ဆဲထားတယ် သိလားးးး ဟားဟားဟားးးး""အမအိပ်နေတာကို မနာလိုလို့ လုပ်တာနေမှာပါအမရယ်။ ဒါလောက်တော့ မသိစရာလားးး"

ဝဋ်ဆိုတာ တကယ်လည်ပါတယ်။ ကျွန်မအတွက် အစိမ်းသက်သက် ဖြစ်နေတဲ့ နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒ၊ ပတ်ဘလစ် ပေါ်လစီ၊ ဘဏ်လုပ်ငန်းဆိုင်ရာတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဟာ စက်မှုလုပ်ငန်းတွေကို ဖျက်ဆီးအလဲထိုးရာ မရောက်အောင် ဘယ်လို ဘဲလန့်စ် ယူမလဲ??? ဘယ်လိုပေါ်လစီတွေ ချမှတ်ပြီး ထိန်းသိမ်းမလဲဆိုတာတွေ။ စီးပွားရေး၊နိုင်ငံရေးနဲ့ တရားစီရင်ရေး ဆိုင်ရာတွေမှာ ထည့်သွင်းစဉ်းစားရမယ့် ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်ဆိုင်ရာတွေ။ နိုင်ငံတကာ ကုန်သွယ်မှုတွေ၊ အာစီယံနိုင်ငံတွေရဲ့ ကုန်သွယ်မှုနဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ သဘောတူညီချက်တွေ…, …, …, …"ဒါတွေကို သင်ယူရတော့ ရှိတဲ့အဘိဓါန်စာအုပ် တွေနဲ့ မလုံလောက်တော့ပါဘူးးး

ကျွန်မဟာ ညဘက်ဆို အဘိဓါန်စာအုပ်ပုံကြီးကို ဘေးမှာချပြီးးး စာကြည့်ရပါတယ်။အစောဆုံး အိပ်ချိန်ဟာ ည၁၂နာရီပါ။ ပုံမှန်ည၂နာရီလောက်မှ အိပ်ပါတယ်။ပထမအဆင့် စာကိုဖတ်ပါတယ်။ ဒုတိယအဆင့် ပြန်ဖတ်ရင်းနဲ့ မသိတဲ့ စာလုံးအသစ်တွေကို လိုက်ကာပန် ဆွဲပါတယ်။ လိုက်ကာပန်ဆွဲလိုက်ရင် စာမျက်နှာတစ်ခုလုံးဟာ စိမ်းစိမ်းတောက် သွားလေ့ရှိပါတယ်။ စိမ်းစိမ်းတောက်တာ မကြိုက်တော့ အဝါရောင်လေးပြောင်း ကိုင်တော့လည်း ဝါဝါတောက် ကုန်ပြန်ပါတယ်။ နောက်ဆုံးတော့ ကိုယ့်ရဲ့ ဗော့ကပ်အားနည်းညံ့ဖျင်းမှုကို ကိုယ်တိုင်အသိအမှတ်ပြု ဝန်ခံလိုက်မှပဲ စိမ်းစိမ်း ဝါဝါ လက်ခံနိုင်သွားပါတော့တယ်။

အဲ့ဒီနောက်မှာ အဘိဓါန် စာအုပ်ကို အမြန်လှန်ပြီး စာလုံးတွေ ရှာရပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်က တွေ့ရခဲပါတယ်။ ပြီးရင် ကိုယ့်ဘာသာ သဘောပေါက်အောင် နှင့် ပါမောက္ခတွေကို ပြန်ရှင်းနိုင်အောင် ထပ်ပြန်တလဲလဲ ဖတ်ရပါတယ်။ ခေါင်းတွေလည်း ထူပူနေလေ့ရှိပါတယ်။တစ်ချိန်မှာတော့ "ပီအာ အီး အက်စ် အက်စ် ယူ အာ အီးးး ပရီရှူးရား တဲ့။ ဘာဂျီးပါလိမ့်?? ငါဒီစာလုံးကို ကောင်းကောင်းသိပါတယ်။ ဘာပါလိမ့်??? ကဲ..စဉ်းစားရင် ကြာပါတယ်။ လိုက်ကာပန်ဆွဲထားခဲ့ပြီး အဘိဓါန်ကျမ်းမှာပဲ ရှာတော့မယ်။"

အဘိဓါန်စာအုပ်ကို လှန်လိုက်တော့ ပီ အာ အီး အက်စ် အက်စ် ယူ အာ အီးးး ပရက်ရှာ=ဖိအားးးး။ "ဟမ်…ဖျားဖျားးး ငါ့ဦးနှောက်တွေမှ မှန်သေးရဲ့လားးးး ဒီစလုံးကို ကလေးသွား မေးတောင်သိတယ်။ ဒီလောက်တောင် ဖြစ်လှတာ အိပ်ပြီအေ။ စာကြည့်တော့ဘူးးးး ရှက်ထှာ။"ကျောင်းတက်ရတာက အညာမြို့တစ်ခုရဲ့ အစွန်က လယ်ကွင်းပြင် မှာ တက်ရပါတယ်။ ရာသီဥတုရော၊ ရေ မြေ လေ ရော အရမ်းကြမ်းတမ်းပါတယ်။ နယ်ခံလူတွေကလည်း ကြမ်းပါတယ်။ ကျောင်းရောက်လာတဲ့ ကျောင်းသား အများစုတွေလည်း လပိုင်းအတွင်းမှာ နယ်ခံတွေနဲ့ အတူတူ ခွက်ပုန်းဆိုင်၊ဘီယာဆိုင် ထန်းရည်ဆိုင် တွေမှာ အတူတူသောက်ရင်း တက္ကသိုလ်ကျောင်းသားစိတ် ပျောက်ကုန်ပါတယ်။ တစ်နေကုန် အရမ်း ပူပြီးရင် ညဘက်ဆို မိုးကြိုးတွေ ပစ်ပြီး မိုးတွေထစ်ချုန်းရွာလေ့ ရှိပါတယ်။ အခန်းထဲကနေ လျှပ်စီးတန်းတွေ တဝင်းဝင်းကို မြင်နေရပါတယ်။ လယ်ကွင်းပြင်မှာ ထီးတည်းရှိနေတဲ့ ကျောင်းကြီးကို မည်းတူးသွားအောင် ပစ်ထည့်လိုက်ရင် အေးတာပဲလို့ ခဏခဏ တွေးမိခဲ့ပါတယ်။ တကယ်လည်း ခဏခဏ ပစ်ခံရပါတယ်။ ဒါပေမယ့် မိုးကြိုးလွှဲတွေ တပ်ဆင်ထားတော့ ဘာမှမဖြစ်ပါဘူးးး။

တက္ကသိုလ် ပရဝုဏ်မှာ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပျင်းလို့မှ နားနေစရာ၊ လည်ပတ်စရာ၊ စိတ်အပမ်းဖြေ စရာ၊ အားကစား လုပ်စရာ ဘာမှမရှိပါဘူးးး။ ကျွန်မတို့က တနေကုန် ထိုင်ပြီး စာလုပ်ရပါတယ်။ ညလည်းထိုင်ပြီး စာကျက်ရပါတယ်။ကိုယ်တွေလက်တွေ ညောင်းပြီး ဇက်ကျောတွေ တအားတက်ပါတယ်။ ဒီတော့ညနေခင်းနဲ့ မနက်စောစောမှာ အညောင်းပြေ လမ်းလျှောက်ရင်း ဟိုနားဒီနား သွားချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အတွက် လုံခြုံမှု လုံးဝမရှိပါဘူးး။ အသေးစားစော်ကား ရန်စမှုတွေကို အပြင်ထွက်တိုင်း ကြုံရလေ့ရှိပါတယ်။ တခြားမိန်းကလေးတွေက မဖြုံပေမယ့် ကျွန်မက တော်တော်တင်းပါတယ်။ ဒီတော့ ကျွန်မက လူကြားထဲ ထွက်ခဲပါတယ်။

ညနေဘက်ဆို တစ်ယောက်ထဲ ဆိုင်ကယ်နဲ့ ထွက်ပြီးးး အနောက်ဘက် ခပ်လှမ်းလှမ်းမှာရှိတဲ့ ရွာအစပ်က အသစ်မွမ်းမံထားတဲ့ ရှေးဟောင်း ထနောင်းကန် ဘုရားကြီးဆီ သွားပြီး အမွှေးတိုင်ကပ် ဖယောင်းတိုင်လှူ ဗောဓိပင်ရေလောင်းးး ပန်းအိုးတွေ ဆေးပေးးး အဲ့လိုကုသိုလ်လုပ်ရင်း အပမ်းဖြေပါတယ်။ အဲ့ဒီထဲမှာ ဘုန်းကြီးလို့ ပြောဖို့ခက်တဲ့ သင်္ကန်းခေါင်းမြီးခြုံကြီးနဲ့ ကြောင်တောင်တောင် လူတစ်ယောက်ကို မကြာခဏတွေ့ရပါတယ်။ ဘုရားမှာက လူရှင်းပါတယ်။ ဘုရားပုရဝုဏ်နဲ့ လယ်ကွင်းအစပ်က သစ်ပင်အုပ် လေးတွေမှာသာ အတွဲလေးနည်းနည်း ပါးပါး တွေ့ရပါတယ်။ မျက်ကမ်းတစ္ဆေမကြောက် ဆိုသလိုပဲ ကျွန်မဟာ ကြောက်ရမှန်းမသိဘဲ အဲ့ဒီလိုနေခဲ့တာ အကြာကြီးပါပဲ။ တစ်ခုသော နွေရာသီမှာ စိတ်ရူးပေါက်နေသူ တစ်ဦးက အမအရင်းကို ပေါက်တူးနဲ့ ခုတ်သတ်မှု ဖြစ်ပါတယ်။ ဘေးကဝင်ဆွဲတဲ့ သူကိုပါ ထပ်သတ်ပါတယ်။ ပြီးတော့ပုန်းအောင်းနေပါတယ်။အဲ့ဒီပုဂ္ဂိုလ်က နွေရာသီ အဲ့အချိန်ရောက်တိုင်း အဲ့လိုပဲ လူသတ်လေ့ရှိပါတယ်တဲ့။ ဘယ်သူလဲဆိုတော့ ကျွန်မညနေတိုင်း သွားလေ့ရှိတဲ့ ထနောင်းကန်ဘုရားက သင်္ကန်းရုံထားတဲ့ လူကြီးပါတဲ့။

အမငီးးး ကြောက်တာ။ အဲ့ဂတည်းက ဘုရားသွားဖို့ မပြောနဲ့ ညနေကျောင်းဆင်းရင်တောင် အဆောင်ပြင် မထွက်ရဲတော့ဘူးလေ…ဟိဟိ။ အဲ့ဒီစိတ္တဇ လူသတ်သမားကို ဖမ်းမမိသေးတဲ့ သုံးရက်တာ ကာလဟာ ခြောက်ခြားဘွယ်ရာ အလွန် ကောင်းပါတယ်။ ကျွန်မတို့ ကျောင်းရဲ့ဝန်းကျင် စက်မှုဇုန် တစ်ခုလုံးဟာ တိတ်ဆိတ်ငြိမ်ကျ သွားပါတယ်။ကြားနေကြ ဂစ်တာသံနဲ့ သီချင်းသံတွေ တိတ်ကုန်ပါတယ်။ ခါတိုင်းဆို အဆောင်ရှေ့မှာ မိုးအလင်းထိ ဂစ်တာဝိုင်း မပျက်ရာကနေ ခုများတော့ဂစ်တာသံကို မကြားရတော့တာပါ။

အခန်းတံခါး ဖွင့်လိုက်ရင် ကုတင်အောက်ကနေများးးးး စိတ္တဇလူကြီး ထွက်လာလေမလားးး ကုတင်အောက်ကို မစစ်ဆေးဘဲ မအိပ်ရဲ ခဲ့ပါဘူးးးးခ်ခ်။ ညဘက် တစ်ရေးနိုးးး အိမ်သာသွားရင် ပက်ပင်းကြီး တိုးလေမလားးးး ညဘက်ဆို ရေကိုမသောက်ရဲဘဲ နွေခေါင်ခေါင်မှာ ရေငတ်ခံခဲ့ပါတယ်။ကျွန်မတို့ စာသင်ခန်းဘက်က လူပြတ်တော့ စာသင်နေတုန်းများးးး အခန်းထဲဝင်လာလေ မလားးးး နဲ့။ ဒီလိုအချိန်မှာ ကျွန်မအနေနဲ့ စိတ်သက်သာရာ သက်သာကြောင်း အတွက် မျှောင့်လင့်တမ်းတမိတဲ့ လူကတော့…………………………………………………………………………………………………………………………………………… အသံကြောင်ဂျီးတွေနဲ့ အဆောင်ရှေ့အာပြဲ ကြီးနဲ့ လာအော်ဆိုတဲ့ မောင်ကျောင်းသားတွေကိုပါပဲ။
ခါတိုင်းဆိုရင် အဲ့လိုလာဆိုတဲ့ လူတွေကိုရော အဆောင်သံပန်းတံခါးကနေ မတ်တပ်ရပ်ပြီးးး နားဆင်အားပေးလိုက်၊ ရေဗူးတွေ မုန့်တွေ ပေးလိုက်လုပ်နေတဲ့ အဆောင်သူတွေရောကို ကျွန်မက အပျိုကြီး ပီပီ ကြည့်မရခဲ့ပါဘူးးး။ ဒီလိုအချိန်မှာ အဆောင်ရှေ့ ဂစ်တာလာတီးတဲ့ ဘယ်သူကိုမဆို ကိုယ်တိုင်ထွက်ပြီး ရေဗူးတွေ၊ မုန့်တွေတင်မကဘူးးး ခြင်ဆေးခွေပါ ပေးဖို့ ပြင်ဆင်ပြီး စောင့်နေတာပါ။ သကောင့်သားများက အန္တရာယ်နံ့ကို ကိုယ့်ထက်ပို ရတတ်တော့ ဘူသူမှ လာပြီး သီချင်းမဆိုကြပါဘူးးးးခ်ခ်။

ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်
— with Maung Paing and 54 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>