Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်တော်ရေးသည့် မောင်ပိုင့်အကြောင်း အပိုင်း(၄)

Image may be NSFW.
Clik here to view.
Photo: ကျွန်တော်ရေးသည့် မောင်ပိုင့်အကြောင်း အပိုင်း(၄) …………………………. (၁)  " မင်းတို့ တပ်ထဲကို ၀င်လာတော့ တပ်ထိပ်မှာ တပ်ရဲ့ဂိတ်တံခါးကို ဖြတ်ကျော်ခဲ့ရတယ် မဟုတ်လား "  " ဟုတ်ကဲ့ "  " အေး မင်းတို့ရဲ့ အရပ်သား စိတ်ဓာတ်တွေကို အဲဒီဂိတ်မှာ ထားခဲ့လိုက်တော့၊ တပ်ထဲကို  ခြေချပြီ၊ တပ်ထဲရောက်လာပြီဆိုရင် စစ်သားစိတ်ဓာတ်မွေးရတော့မယ် "  ကျွန်တော်တို့ သင်တန်းကျောင်းကိုရောက်ရှိပြီး စစ်ပညာနည်းပြဆရာက ကျွန်တော်တို့ကို တန်းစီပြီး ပြောခြင်းဖြစ်သည်။  စစ်သားစိတ်ဓာတ်နှင့် အရပ်သားစိတ်ဓာတ် ဘာကွာခြားသနည်း။  တပ်မတော်၏ အသက်သည် စည်းကမ်းလိုက်နာခြင်း၊ အမိန့်နာခံတတ်ခြင်းဖြစ်သည်။  ကိုယ်လုပ်ချင် တာကို လုပ်ချင်သလို လုပ်၍မရ။  အဆင့်ဆင့်တင်ပြပြီးမှသာလျှင် လုပ်ခွင့်ရှိသည်။  စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှုသည် အလွန်အရေးကြီးပေသည်။    ကျွန်တော်တို့ရောက်ရှိပြီး ၃ ပတ်မျှကြာမြင့်သည့်အချိန်မှ သင်တန်းစတင်ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။  ထိုကြားကာလတွင် မိဘဆွေမျိုးများ၊ သူငယ်ချင်းများကို လွှမ်းဆွတ်မှုဒဏ်တော်တော်ခံစားခဲ့ရပါသည်။  သီတင်းကျွတ် လပြည့်ညနှင့်လည်း ကြုံကြိုက်နေချိန် တစ်နယ်တစ်ကျေးသို့ ရောက်ရှိနေချိန်တွင် ကျွန်တော်မျက်ရည်ကျသည် အထိ ရင်တွင်းလှိုက်မောစွာ ခံစားခဲ့ရသည်။  ခံစားရမှုသည် ကျွန်တော်တစ်ယောက်ထဲ ဖြစ်နေသည်မဟုတ်နိုင်ပါ။  သင်တန်းတက်ရန်အတွက် သင်တန်းသား ၁၀၀ ကျော်မျှ ရောက်ရှိနေပြီဖြစ်သည်။ ထိုအထဲတွင် ကျွန်တော့်လို မိဘနှင့် ခွဲခွာ၍တစ်နယ် တစ်ကျေးတွင် လာရောက်သူများ အများအပြားရှိနေမည်ပင်ဖြစ်သည်။  ထိုသို့ သူစိမ်းများနှင့် ပေါင်းသင်း ဆက်ဆံရသည့်အခါမှ တစ်ဦးနှင့် တစ်ဦးပိုမိုသံယောဇဉ်ဖြစ်လာကြသလို တစ်ဦးနှင့် တစ်ဦး ငယ်ပေါင်းကြီးဖော် သမျှဖြစ်လာကြတော့သည်။   Comradeship  ဆိုသည်မှ ရဲဘော်ရဲဘက် စိတ်ဓာတ်ဟူ၍ ဖြစ်သည်။  ရဲဘော်ရဲဘက် စိတ်ဓာတ်ဆို သည်မှာလည်း ဒုက္ခသုက္ခကြားထဲ ရောက်နေသူချင်း အတူလက်တွဲ၊ အတူအနစ်နာခံ၊ အတူစွန့်လွှတ်ပြီး အန္တရာယ်ကို အတူရင်ဆိုင်ခဲ့မှသာ ရဲဘော်ရဲဘက်စိတ်ဖြစ်သည်ဟု ပြောနိုင်သည်။   တပ်မတော်တွင် ရဲဘော်ရဲဘက်စိတ်ကို " ရဲဘော်စိတ်ဟူသည်မှာ ရဲဘော်အချင်းချင်းအပေါ် ထားရှိ အပ်သော သံယောဇဉ်တရား၊ မေတ္တာတရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်"ဟု အနက်ဖွင့်ဆိုထား ပါသည်။  မည်သို့ပင်ဆိုစေ အခြေခံသင်တန်းတက်ချိန်မှစ၍ အချင်းချင်း ရိုင်းပင်ကူညီကြရင်း၊ စကြနောက်ကြ ရင်း၊ ရန်ဖြစ်ကြရင်းဖြစ် ဘ၀မှာ အချင်းချင်း ချစ်ခင်စိတ်၊ မေတ္တာစိတ်၊ ငဲ့ညှာစိတ်များ ဖြစ်ပေါ်လာရသည်ပင်ဖြစ် သည်။  (၂)  တပ်မတော်ထဲသို့ရောက်ရှိပြီး လက်ရှိ တာဝန်ထမ်းဆောင်နေချိန်ထိကို ပြန်လည်တွက်ဆကြည့် မိသည့်အခါ တပ်မတော်မှ ရရှိသည့် အကျိုးကျေးဇူးများစွာရှိသလို နာကြည်းစရာလည်း များစွာရှိပါသည်။  ငယ်စဉ်အခါက စိတ်ကူးမျှပင် မရှိခဲ့ဘူးသည့် အရပ်ဒေသများကို ရောက်ရှိနေထိုင်ခဲ့ဘူးပြီ။  မိတ္ထီလာ၊ ပြင်ဦးလွင်၊ သံတောင်၊ ကလော၊ တောင်ကြီး၊ မြစ်ကြီးနား စသည့်ဒေသများသို့ သွားရောက်ခဲ့ဘူးသည်။  ကိုယ့် ဘ၀အနေအထားနှင့်ကား ရောက်ရှိဖို့ မလွယ်လှသည့် နေရာများဖြစ်သည်။  ထို့အပြင် ရပ်ဝေးမြေတွင် တာဝန်ထမ်းဆောင်ပြီး မိဘနှင့်ခွဲရသည့်အချိန်မှ မိဘ၏ အေးမြသည့်ရင်ခွင် မိဘကျေးဇူးတို့ကို ပိုမိုခံစားလာရသည်ဟု ကျွန်တော်ထင်ပါသည်။  မိဘကျေးဇူးကို ပိုသိလာသည်ဟုပင် ဆိုပါ စို့။ နောက်တစ်ချက်မှာ တစ်နယ်စီဖွားအရပ်ဒေသများမှ မိတ်ဆွေအပေါင်းအသင်းများဖြင့် ပေါင်းသင်းရခြင်း၊ အချင်းချင်းရိုင်းပင်းစိတ်များမွေးဖွားလာခြင်း၊ တစ်ဦးနှင့် တစ်ဦး စောင့်သိအပ်သော သစ္စာတရား၊ မေတ္တာတရား များဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။  ကျွန်တော့်ဘ၀အတွက် အလွန်အရေးကြီးသည့် ရလဒ်တစ်ခုရှိပါသေးသည်။  ဤသည်မှာ စာဖတ်ဖြစ် ခြင်းပင်ဖြစ်သည်။  စာအုပ်သည် ထာဝရမိတ်ဆွေမဟုတ်ပါလား။  သို့အတွက် မည်သည့်နေရာ၊ မည်သည့် အချိန်တွင်ဖြစ်စေ စာအုပ်သည် မိတ်ဆွေကောင်းဖြစ်သည့်အတွက် ကျွန်တော် စာအုပ်တွေဖြင့် ပိုမိုပေါင်းဖက် ဖြစ်သည်ဟု ဆိုရမည်ပင်။  သို့အတွက်ကြောင့်လည်း မောင်ပိုင်အဖြစ် စာလေးတွေ ရေးလာနိုင်ခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။ တစ်နည်းဆိုသော် မောင်ပိုင်ကို မွေးဖွားဖို့ စတင်အခြေတည်သည်လည်း ဆိုနိုင်မည်ဖြစ်ပါသည်။ (၃)  ''အနန္တောအနန္တ ငါးပါးမှာ ဆရာပါပေမဲ့ စစ်ကြောင်းကဆရာတော့ မပါဘူး"  ၃၀-၁၀-၂၀၀၀ ရက်နေ့တွင် သင်တန်းစတင်ဖွင့်လှစ်သည်။  သင်တန်းတက်ရတယ်ဆိုလျှင်ပဲ ယခင် စီနီယာများ၏ အသံများကို တဆင့်ပြန်လည်ကြားရပါသည်။  အဘယ်ကြောင့် ကန်တော့ခံထဲတွင် စစ်ကြောင်း ဆရာများမပါဟု ရှေ့စီနီယာများက ဆိုခဲ့ကြလေသနည်း။  စစ်ပညာဆိုသည်မှာ ပင်ပန်းသည်၊ ကြမ်းတမ်းသည်၊  တိုင်းပြည်ကာကွယ်ရေးဟု ဆိုစေကာမူ လူသတ် ပညာပင်ဖြစ်သည်။ သို့အတွက် အနုအရွအလှအပများ သင်ကြားပေးနေခြင်းမဟုတ်။  ဒီတော့ စစ်ကြောင်းဆရာ များကိုယ်တိုင်က အနည်းငယ်တော့ကြမ်းပေမည်။  သို့မှသာလည်း မတစ်ထောင်သားတွေကို ထိန်းကျောင်း သင်ကြားပို့ချနိုင်မည်မဟုတ်ပါလား။  တစ်ခါတစ်ခါ ကြမ်းတမ်းခြင်း၊ ကိုယ့်စိတ်နှင့်မကိုက်ညီခြင်းတို့ကြောင့် စစ်ပညာနည်းပြဆရာများကို ဆရာဂိုဏ်မ၀င်ဟု ဆိုခဲ့ကြခြင်းဖြစ်နိုင်သည်။  ကျွန်တော့်အဖို့ကတော့ ပညာရပ်တစ်ခုသင်ကြားရခြင်းအတွက် ပို့ချပေးခဲ့သော ဆရာသည် ဆရာပင်ဖြစ်သည်။  ဒီအချိန်ထိလည်း စစ်ကြောင်းကဆရာများကို လေးစားလျက်၊ တန်ဖိုးထားလျက်ရှိပါသည်။  တပ်မတော်၏ အခြေခံအသက် သိုမဟုတ် အခြေခံအတတ်ပညာသင် ဤ စစ်ကြောင်းနည်းပြများအပေါ်တွင် များစွာမူတည်နေပါသည်။    စည်းကမ်းရှိမှု၊ စုပေါင်းဆောင်ရွက်နိုင်မှုစသည်တို့ကို သရုပ်ပေါ်လွင်စေသည့် တန်းစီ၊ ညာညှီသည်က အစ သေနတ်ဖြုတ်၊ တတ်၊ ပစ်အထိ၊ စစ်နည်းဗျူဟာ၊ ကိုယ်ကာယကြံ့ခိုင်ရေး စသည့် စသည့်ပညာရပ်အထွေ ထွေကို သင်ကြားရသည်။ ပညာရပ်တွေကို နောင်အချိန်မှစဉ်းစားမိလာသည်အခါ စစ်ပညာသည် နိုင်ငံသား တိုင်းတတ်ထားသင့်သည် ပို၍ ထင်မြင်လာပါသည်။    ဦးကျော်ဟိန်းပြောခဲ့သလို လက်ညှိုးလေးကွေးတတ်ဖို့ ၁၀ နှစ်၊ ၁၀ နှစ် သွားသင်လိုက်ဦးဆိုသလို လူတစ်ယောက်ကို သေနတ်တစ်လက်ပစ်ခြင်းသည် မခက်ခဲဟု ထင်စရာရှိပါသည်။  တကယ်တမ်းပစ်ကြည့် သည့်အခါမလွယ်လှကြောင်းတွေ့ပါမည်။ (ခေါင်းကိုတေ့ပြီးပစ်တာကိုမဆိုလို)  သင်တန်းတွင် အမှတ်ရစရာများအနက် တစ်ခုမှာ (၃၀)ရက်နေ့ သင်တန်းစဖွင့်ပြီး (၃၁)ရက်နေ့တွင် လစာထုတ်သည့်အခါ ကျွန်တော်တို့အဖွဲ့ လစာပါလာခြင်းဖြစ်သည်။  ထိုအချိန်က လစာမှာ ၃၀၀၀ ရသည်ဟု ထင်သည်။  ကိုယ့်ခွန်ကိုယ့်အားဖြင့် ပထမဆုံး စရသည့် လစာ ထုတ်ရသည့် အခါတော်တော်ပျော်ရွှင်မိသည်။ ကိုယ့်လုပ်စာကိုယ်စားနေတာဟူသော မာနလေးတောင် အဲဒီအချိန်က ၀င်လာမိမလားမသိပါ။  နောက် တစ်လတွင်မတော့ လစာဖြင့် မလောက်ငှသည့်အတွက် အိမ်မှ ထပ်မှာရသည်။  ညီအစ်ကိုနှစ် ယောက်အတွက် မှတ်မှတ်ရရ ၆၀၀၀ ပို့ပေးသည်။  ဤသည်မှာလည်း ကျွန်တော်အဖို့ အိမ်မှ ပိုက်ဆံနောက်ဆုံး မှာခြင်းဖြစ်သည်။  နောက်ထပ် ယခုအချိန်အထိ အိမ်မှ ငွေပို့ရခြင်းမရှိပါ။  ကိုယ့်ဝင်ငွေထွက်ငွေ ညီနိုင်အောင် ကျွန်တော်ကြိုးစားနေထိုင်ခဲ့ပါသည်။(ဒီနေရာမှာပြောစရာရှိတာက တက္ကသိုလ် ပထမနှစ်နှင့် တတိယနှစ်များ မတွင်တော့ အိမ်က ပိုက်ဆံဖြင့် တက်ရခြင်းဖြစ်ပါသည်)  အင်း အပိုင်း(၅)သို့ ဆက်ရပေဦးမည်…. မောင်ပိုင် ၂၅-၁၂-၂၀၁၃။

………………………….
(၁)
 
"မင်းတို့ တပ်ထဲကို ၀င်လာတော့ တပ်ထိပ်မှာ တပ်ရဲ့ဂိတ်တံခါးကို ဖြတ်ကျော်ခဲ့ရတယ် မဟုတ်လား "
"ဟုတ်ကဲ့ "
"အေး မင်းတို့ရဲ့ အရပ်သား စိတ်ဓာတ်တွေကို အဲဒီဂိတ်မှာ ထားခဲ့လိုက်တော့၊ တပ်ထဲကို ခြေချပြီ၊ တပ်ထဲရောက်လာပြီဆိုရင် စစ်သားစိတ်ဓာတ်မွေးရတော့မယ် "
ကျွန်တော်တို့ သင်တန်းကျောင်းကိုရောက်ရှိပြီး စစ်ပညာနည်းပြဆရာက ကျွန်တော်တို့ကို တန်းစီပြီး ပြောခြင်းဖြစ်သည်။ စစ်သားစိတ်ဓာတ်နှင့် အရပ်သားစိတ်ဓာတ် ဘာကွာခြားသနည်း။
တပ်မတော်၏ အသက်သည် စည်းကမ်းလိုက်နာခြင်း၊ အမိန့်နာခံတတ်ခြင်းဖြစ်သည်။ ကိုယ်လုပ်ချင် တာကို လုပ်ချင်သလို လုပ်၍မရ။ အဆင့်ဆင့်တင်ပြပြီးမှသာလျှင် လုပ်ခွင့်ရှိသည်။ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှုသည် အလွန်အရေးကြီးပေသည်။
 
ကျွန်တော်တို့ရောက်ရှိပြီး ၃ ပတ်မျှကြာမြင့်သည့်အချိန်မှ သင်တန်းစတင်ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။ ထိုကြားကာလတွင် မိဘဆွေမျိုးများ၊ သူငယ်ချင်းများကို လွှမ်းဆွတ်မှုဒဏ်တော်တော်ခံစားခဲ့ရပါသည်။ သီတင်းကျွတ် လပြည့်ညနှင့်လည်း ကြုံကြိုက်နေချိန် တစ်နယ်တစ်ကျေးသို့ ရောက်ရှိနေချိန်တွင် ကျွန်တော်မျက်ရည်ကျသည် အထိ ရင်တွင်းလှိုက်မောစွာ ခံစားခဲ့ရသည်။
 
ခံစားရမှုသည် ကျွန်တော်တစ်ယောက်ထဲ ဖြစ်နေသည်မဟုတ်နိုင်ပါ။ သင်တန်းတက်ရန်အတွက် သင်တန်းသား ၁၀၀ ကျော်မျှ ရောက်ရှိနေပြီဖြစ်သည်။ ထိုအထဲတွင် ကျွန်တော့်လို မိဘနှင့် ခွဲခွာ၍တစ်နယ် တစ်ကျေးတွင် လာရောက်သူများ အများအပြားရှိနေမည်ပင်ဖြစ်သည်။ ထိုသို့ သူစိမ်းများနှင့် ပေါင်းသင်း ဆက်ဆံရသည့်အခါမှ တစ်ဦးနှင့် တစ်ဦးပိုမိုသံယောဇဉ်ဖြစ်လာကြသလို တစ်ဦးနှင့် တစ်ဦး ငယ်ပေါင်းကြီးဖော် သမျှဖြစ်လာကြတော့သည်။
 
Comradeship ဆိုသည်မှာ ရဲဘော်ရဲဘက် စိတ်ဓာတ်ဟူ၍ ဖြစ်သည်။ ရဲဘော်ရဲဘက် စိတ်ဓာတ်ဆို သည်မှာလည်း ဒုက္ခသုက္ခကြားထဲ ရောက်နေသူချင်း အတူလက်တွဲ၊ အတူအနစ်နာခံ၊ အတူစွန့်လွှတ်ပြီး အန္တရာယ်ကို အတူရင်ဆိုင်ခဲ့မှသာ ရဲဘော်ရဲဘက်စိတ်ဖြစ်သည်ဟု ပြောနိုင်သည်။
 
တပ်မတော်တွင် ရဲဘော်ရဲဘက်စိတ်ကို "ရဲဘော်စိတ်ဟူသည်မှာ ရဲဘော်အချင်းချင်းအပေါ် ထားရှိ အပ်သော သံယောဇဉ်တရား၊ မေတ္တာတရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်"ဟု အနက်ဖွင့်ဆိုထား ပါသည်။ မည်သို့ပင်ဆိုစေ အခြေခံသင်တန်းတက်ချိန်မှစ၍ အချင်းချင်း ရိုင်းပင်ကူညီကြရင်း၊ စကြနောက်ကြ ရင်း၊ ရန်ဖြစ်ကြရင်းဖြစ် ဘ၀မှာ အချင်းချင်း ချစ်ခင်စိတ်၊ မေတ္တာစိတ်၊ ငဲ့ညှာစိတ်များ ဖြစ်ပေါ်လာရသည်ပင်ဖြစ် သည်။
 
(၂)
 
တပ်မတော်ထဲသို့ရောက်ရှိပြီး လက်ရှိ တာဝန်ထမ်းဆောင်နေချိန်ထိကို ပြန်လည်တွက်ဆကြည့် မိသည့်အခါ တပ်မတော်မှ ရရှိသည့် အကျိုးကျေးဇူးများစွာရှိသလို နာကြည်းစရာလည်း များစွာရှိပါသည်။
ငယ်စဉ်အခါက စိတ်ကူးမျှပင် မရှိခဲ့ဘူးသည့် အရပ်ဒေသများကို ရောက်ရှိနေထိုင်ခဲ့ဘူးပြီ။ မိတ္ထီလာ၊ ပြင်ဦးလွင်၊ သံတောင်၊ ကလော၊ တောင်ကြီး၊ မြစ်ကြီးနား စသည့်ဒေသများသို့ သွားရောက်ခဲ့ဘူးသည်။ ကိုယ့် ဘ၀အနေအထားနှင့်ကား ရောက်ရှိဖို့ မလွယ်လှသည့် နေရာများဖြစ်သည်။
 
ထို့အပြင် ရပ်ဝေးမြေတွင် တာဝန်ထမ်းဆောင်ပြီး မိဘနှင့်ခွဲရသည့်အချိန်မှ မိဘ၏ အေးမြသည့်ရင်ခွင် မိဘကျေးဇူးတို့ကို ပိုမိုခံစားလာရသည်ဟု ကျွန်တော်ထင်ပါသည်။ မိဘကျေးဇူးကို ပိုသိလာသည်ဟုပင် ဆိုပါ စို့။ နောက်တစ်ချက်မှာ တစ်နယ်စီဖွားအရပ်ဒေသများမှ မိတ်ဆွေအပေါင်းအသင်းများဖြင့် ပေါင်းသင်းရခြင်း၊ အချင်းချင်းရိုင်းပင်းစိတ်များမွေးဖွားလာခြင်း၊ တစ်ဦးနှင့် တစ်ဦး စောင့်သိအပ်သော သစ္စာတရား၊ မေတ္တာတရား များဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။
 
ကျွန်တော့်ဘ၀အတွက် အလွန်အရေးကြီးသည့် ရလဒ်တစ်ခုရှိပါသေးသည်။ ဤသည်မှာ စာဖတ်ဖြစ် ခြင်းပင်ဖြစ်သည်။ စာအုပ်သည် ထာဝရမိတ်ဆွေမဟုတ်ပါလား။ သို့အတွက် မည်သည့်နေရာ၊ မည်သည့် အချိန်တွင်ဖြစ်စေ စာအုပ်သည် မိတ်ဆွေကောင်းဖြစ်သည့်အတွက် ကျွန်တော် စာအုပ်တွေဖြင့် ပိုမိုပေါင်းဖက် ဖြစ်သည်ဟု ဆိုရမည်ပင်။
 
သို့အတွက်ကြောင့်လည်း မောင်ပိုင်အဖြစ် စာလေးတွေ ရေးလာနိုင်ခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။ တစ်နည်းဆိုသော် မောင်ပိုင်ကို မွေးဖွားဖို့ စတင်အခြေတည်သည်လည်း ဆိုနိုင်မည်ဖြစ်ပါသည်။
 
(၃)
''အနန္တောအနန္တ ငါးပါးမှာ ဆရာပါပေမဲ့ စစ်ကြောင်းကဆရာတော့ မပါဘူး"
၃၀-၁၀-၂၀၀၀ ရက်နေ့တွင် သင်တန်းစတင်ဖွင့်လှစ်သည်။ သင်တန်းတက်ရတယ်ဆိုလျှင်ပဲ ယခင် စီနီယာများ၏ အသံများကို တဆင့်ပြန်လည်ကြားရပါသည်။ အဘယ်ကြောင့် ကန်တော့ခံထဲတွင် စစ်ကြောင်း ဆရာများမပါဟု ရှေ့စီနီယာများက ဆိုခဲ့ကြလေသနည်း။
 
စစ်ပညာဆိုသည်မှာ ပင်ပန်းသည်၊ ကြမ်းတမ်းသည်၊ တိုင်းပြည်ကာကွယ်ရေးဟု ဆိုစေကာမူ လူသတ် ပညာပင်ဖြစ်သည်။ သို့အတွက် အနုအရွအလှအပများ သင်ကြားပေးနေခြင်းမဟုတ်။ ဒီတော့ စစ်ကြောင်းဆရာ များကိုယ်တိုင်က အနည်းငယ်တော့ကြမ်းပေမည်။ သို့မှသာလည်း မတစ်ထောင်သားတွေကို ထိန်းကျောင်း သင်ကြားပို့ချနိုင်မည်မဟုတ်ပါလား။
 
တစ်ခါတစ်ခါ ကြမ်းတမ်းခြင်း၊ ကိုယ့်စိတ်နှင့်မကိုက်ညီခြင်းတို့ကြောင့် စစ်ပညာနည်းပြဆရာများကို ဆရာဂိုဏ်မ၀င်ဟု ဆိုခဲ့ကြခြင်းဖြစ်နိုင်သည်။ ကျွန်တော့်အဖို့ကတော့ ပညာရပ်တစ်ခုသင်ကြားရခြင်းအတွက် ပို့ချပေးခဲ့သော ဆရာသည် ဆရာပင်ဖြစ်သည်။ ဒီအချိန်ထိလည်း စစ်ကြောင်းကဆရာများကို လေးစားလျက်၊ တန်ဖိုးထားလျက်ရှိပါသည်။ တပ်မတော်၏ အခြေခံအသက် သိုမဟုတ် အခြေခံအတတ်ပညာသင် ဤ စစ်ကြောင်းနည်းပြများအပေါ်တွင် များစွာမူတည်နေပါသည်။
 
စည်းကမ်းရှိမှု၊ စုပေါင်းဆောင်ရွက်နိုင်မှုစသည်တို့ကို သရုပ်ပေါ်လွင်စေသည့် တန်းစီ၊ ညာညှီသည်က အစ သေနတ်ဖြုတ်၊ တတ်၊ ပစ်အထိ၊ စစ်နည်းဗျူဟာ၊ ကိုယ်ကာယကြံ့ခိုင်ရေး စသည့် စသည့်ပညာရပ်အထွေ ထွေကို သင်ကြားရသည်။ ပညာရပ်တွေကို နောင်အချိန်မှစဉ်းစားမိလာသည်အခါ စစ်ပညာသည် နိုင်ငံသား တိုင်းတတ်ထားသင့်သည် ပို၍ ထင်မြင်လာပါသည်။
 
ဦးကျော်ဟိန်းပြောခဲ့သလို လက်ညှိုးလေးကွေးတတ်ဖို့ ၁၀ နှစ်၊ ၁၀ နှစ် သွားသင်လိုက်ဦးဆိုသလို လူတစ်ယောက်ကို သေနတ်တစ်လက်ပစ်ခြင်းသည် မခက်ခဲဟု ထင်စရာရှိပါသည်။ တကယ်တမ်းပစ်ကြည့် သည့်အခါမလွယ်လှကြောင်းတွေ့ပါမည်။ (ခေါင်းကိုတေ့ပြီးပစ်တာကိုမဆိုလို)
သင်တန်းတွင် အမှတ်ရစရာများအနက် တစ်ခုမှာ (၃၀)ရက်နေ့ သင်တန်းစဖွင့်ပြီး (၃၁)ရက်နေ့တွင် လစာထုတ်သည့်အခါ ကျွန်တော်တို့အဖွဲ့ လစာပါလာခြင်းဖြစ်သည်။ ထိုအချိန်က လစာမှာ ၃၀၀၀ ရသည်ဟု ထင်သည်။ ကိုယ့်ခွန်ကိုယ့်အားဖြင့် ပထမဆုံး စရသည့် လစာ ထုတ်ရသည့် အခါတော်တော်ပျော်ရွှင်မိသည်။ ကိုယ့်လုပ်စာကိုယ်စားနေတာဟူသော မာနလေးတောင် အဲဒီအချိန်က ၀င်လာမိမလားမသိပါ။
 
နောက် တစ်လတွင်မတော့ လစာဖြင့် မလောက်ငှသည့်အတွက် အိမ်မှ ထပ်မှာရသည်။ ညီအစ်ကိုနှစ် ယောက်အတွက် မှတ်မှတ်ရရ ၆၀၀၀ ပို့ပေးသည်။ ဤသည်မှာလည်း ကျွန်တော်အဖို့ အိမ်မှ ပိုက်ဆံနောက်ဆုံး မှာခြင်းဖြစ်သည်။ နောက်ထပ် ယခုအချိန်အထိ အိမ်မှ ငွေပို့ရခြင်းမရှိပါ။ ကိုယ့်ဝင်ငွေထွက်ငွေ ညီနိုင်အောင် ကျွန်တော်ကြိုးစားနေထိုင်ခဲ့ပါသည်။(ဒီနေရာမှာပြောစရာရှိတာက တက္ကသိုလ် ပထမနှစ်နှင့် တတိယနှစ်များ မတွင်တော့ အိမ်က ပိုက်ဆံဖြင့် တက်ရခြင်းဖြစ်ပါသည်)

အင်း အပိုင်း(၅)သို့ ဆက်ရပေဦးမည်….
မောင်ပိုင်
၂၅-၁၂-၂၀၁၃။
— with Khin Soe Lwin and 18 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>