Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
တပ်မတော်သားနှင့် ပါရမီဖြည့်ဘက်
$
0
0
တပ်မတော် သားတွေနဲ့ပါရမီဖြည့်ဖက်တွေကို လိုက်ပုတ်ခတ်နေလို့
သူတို့ဘဝအကြောင်း နည်းနည်းလောက် ပြောချင်တယ်
တပ်မတော်သားတွေ …………
အရွယ်ငယ်စ ဥမမယ် စာမမြောက် လူလားမြောက်စအရွယ်ထဲက
မိဘရင်ခွင်ကိုစွန့်ခွာပီး တိုငိးပြည်ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ စစ်ပညာနဲ့ အသိပညာ အလုံးစုံကို ကြိုးပမ်းသင်ယူ နေပူလဲ မရှောင် မိုးရွာလဲ မနား နှင်းဝေလဲ မကွေးနိုင်ဘဲ တင်းကြပ်တဲ့ စစ်စည်းကမ်းရဲ့အောက်မှာ ကျောသားရင်သားမခွဲခြား
ပုံသွင်းလေ့ကျင့်ပီး အချိန်တစ်ခုကို ပေးဆပ်ခဲ့တာ...
အချိန်တန်လို့ သင်တန်းဆင်းရင် လေ့ကျင့်သားပြည့်ဝတဲ့ စစ်သားကောင်းတစ်ယောက်ရဲ့လမ်းကို စတင်လျှောက်လမ်းဖို့ ခွန်အားပြည့်နဲ့ လောကဇတ်ခုံကို ရဲရဲဝင့်ဝင့် တက်လှမ်းနိုင်ပီ ...သူတို့တွေအားလုံးမှာ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို ပေးလှူပါမည် ဆိုတဲ့ အသိတစ်ချက် သံမှိုစွဲနှလုံး သွင်းလျက်ရှိပီ...သစ္စာလေးချက်ဦးထိပ်ရွက်ပီးးးနိုင်ငံစည်းကို သွေးနဲ့တားရပါစေ တားဖို့ အဆင်သင့်ရှိနေပီ………
တပ်မတော်သားတွေက……………
ထားရာနေ စေရာသွား ဆေးစက်ကျရာ အရုပ်ထင်ဖို့ ကျရာတာဝန် ဦးထိပ်ရွက်လို့ တိုင်းပြည်အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး အချုပ်အချာအာဏာ တည့်တံခိုင်မြဲရေးအတွက် အားကျိုးမာန်တက် ဆောင်ရွက်ကြသည်... မိဘ ထံ တစ်နှစ်နေလို့ တစ်ခေါက်မရောက် အိမ်နဲ့အစိမ်းကားဆုံးသားအဖြစ် ရင်နာနာနဲ့ ခံယူလိုက်ရပီ...မိဘ မောင်နှမဆွေမျိုးတွေ နာမကျန်းရင်တောင် အဝေးက ဆုတောင်းပေးရုံ ကျေနပ်ရတဲ့သူတွေပါ...မိဘအသက်ကို မမီလိုက်လို့ ကြိတ်ငိုလိုက်ရတဲ့ စစ်သားကြီးတွေလည်းအများကြီးပါ စစ်သားလဲ နှလုံးသားနဲ့ သွေးသားနဲ့ဖွဲ့စည်းထားတာမို့ လွမ်းတတ်တယ် ဆွေးတတ်တယ် ခံစားတတ်ပါတယ် ချစ်သူကိုတောင် စိတ်ချမ်းသာအောင် မထားပေးနိုင်လို့ စွန့်ခွာခံရ ရင်လဲ ကိုယ်အပြစ်ပါလို့ စစ်စခန်းက လွမ်းရုံပါ အချစ်ရေးထက် စစ်ရေးခက်တဲ့ သားကောင်းဇာနည် တိုင်းပြည်ရဲ့အားမို့ သစ္စာစောင့်သိရုံကလွဲရင် ရွေးရန်မရှိတဲ့ဘဝပါ......
တပ်မတော်သားတွေက..............
ကျဉ်ဖူးကျဉ်ဆံ တစ်ဝီဝီကြားမှာ မကြောင့်မရွှုံ ရှေ့ကိုတိုးလို့ အဖျက်ရန်စွယ်မှန်သမျှကို သုတ်သင်ရှင်းလင်းနေရတာပါ မိုင်းဒဏ် ဗုံးဒဏ် လက်နက်ကြီးဒဏ်တွေကြားမှာ အသက်ကိုဖက်နဲ့ထုတ်လို့ အသက်နဲ့ခန္ဓာ တိုင်းပြည်အတွက် ပေးလှူဖို့ အဆင့်သင့်နှလုံးသွင်းထားသူတွေပါ...သရဏဂုံတင်ပီးသား ဘယ်အချိန် ဘယ်လိုဆိုတာ ကြိုမသိနိုင်တဲ့ နေမြင် ညပျောက် သမားတွေပါ....ရဲဘော်ရဲဘက်အချင်းချင်း ကူညီဖေးမလို့ တစ်ယောက်ကျရင် တစ်ယောက်က ဝမ်းနည်းယူကျုံးမရ ခံပြင်းဒေါသနဲ့ တောက်တစ်ခေါက်ခေါက် ကျေနပ်လိုက်ရသူတွေပါ သူတို့မှာ လက်စားချေဖို့ စိတ် အလျင်းမရှိဘဲ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်လိုတဲ့စိတ် တစ်ခုထဲနဲ့ ရန်သူကိုချေမှုန်းရတာမို့ သူတို့ရဲ့ အတ္တက အရောင်းဆင်းကင်းမဲ့တဲ့ အဖြူရောင် အတ္တပါ....နှုတ်ဆက်ချိန်မရလိုက်တဲ့ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်အတွက် သွေးမျက်ရည် နှလုံးအိမ်က ကြွေကျရုံအပြင် မတတ်နိုငိတဲ့ဘဝတွေပါ......
တိုင်းပြည်အတွက် အရိုးနဲ့လဲ တံတိုင်းကာရဲတယ် .....
သွေးနဲ့လဲ စည်းတားရဲတယ်.....
စစ်ခွေးလို့ ပုတ်ခတ်ရင်တောင် တိုင်းပြည်စည်းရိုး စစ်ခွေးစောင့်ရှောက်တယ်လို့ဂုဏ်ယူဝင့်ကြွားကျွေးကြော်ဝံ့တယ်.....
ရဲရဲတောက်စိတ်ဓါတ်နဲ့ မြန့်မာ့သွေး အပြည့်စီးဆင်းမြစ်ဖျားခံနေတဲ့ ပြည်ချစ်ဇာနည်ဖွားတွေပါ.....
သူတို့ရဲ့ ပါရမီဖြည့်ဖက်တွေက…………
အသိုင်းအဝိုင်း ဘယ်လိုတားပစေ...ချစ်တဲ့သူဇာနည်ဖွားနောက် ကောက်ကောက်ပါအောက် လိုက်ရဲတဲ့သူတွေပါ....မီးမရှိ ရေမရှိ လမ်းပန်းဆက်သွယ်ရေး ဘယ်လောက်ခက်ခက် မောင့်အပါးက တစ်ဖဝါးမခွားလိုက်ပါကြတယ် ....တပ်မိသားစုနဲ့လိုက်လျောညီထွေပေါင်းသင်း ဆက်ဆံတတ်ကြတယ် ....တပ်လုပ်ငန်းတွေ ဘယ်လောက်ပင်းပန်းပါစေ ငိုတစ်ခါ ရီတစ်လှည့် ကြံကြံခံ ရင်ဆိုင်ကျော်လွှားကြတယ် ...စွန့်ခွာပစ်ပြေးဖို့ စိတ်ကူး မြူတစ်မှုန့်စာတောင် စိတ်မကူးဘဲ အခက်အခဲမှန်သမျှ ခါးစီးခံ ဖြေရှင်းလို့ ချစ်တဲ့သူအတွက် ပါရမီဖြည့်ရသူတွေပါ.....
သူတို့ရဲ့ပါရမီဖြည့်ဖက်တွေက................
ချစ်တဲ့သူ ရှေ့တန်းမှာ အန္တရာယ်ကင်းဖို့ နောက်တန်းမှာ ဆုတောင်းမေတ္တာပို့သလို့ ဘေးကင်းဖို့သာဆုတောင်းနေတတ်သူတွေပါ....ဘယ်ယတြာ ဘယ်ဗေဒင် မှန်တယ်ထင်ရာအကုန် မမောနိုငိမပန်းနိုငိ တက်ကြွစွာ လုပ်ဆောင်ရတာအမောပါ....ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်လဲ အသက်ရှင်ဖို့မျှော်လင့်ချက်မို့ ယုံကြည်ရာအကုန်လုပ်နေရတဲ့ အရူးတစ်ပိုင်းပါဘဲ....ဘုရားမှာ ဆုတောင်းတိုင်း ချစ်တဲ့သူနဲ့ သူရဲ့ရဲဘော်ရဲဘက်တွေ အန္တရာယ်ကင်းဖို့သာ ဆုတောင်းတတ်သူပါ....ပါရမီဖြည့်ဖက်တွေကို လိုရာဆုတောင်းခိုင်းရင် "ချစ်တဲ့သူအန္တရာယ်ကင်း၍အမြန်ပြန်လာနိုင်ပါစေ "လို့ဆုတောင်းမှာ မလွဲဧကန်ပါဘဲ....
နောက်တန်းကိုဘေးကင်းကင်းပြန်ရောက်ဖို့ ချစတဲ့သူအတွက် စိတ်ပူနေရတဲ့ ပါရမီဖြည့်ရသူတွေပါ........
ချစ်တဲ့သူ စစ်သားနဲ့ဆို ဘယ်နေရာဖြစ်ဖြစ်လိုက်ရဲတယ် ....
ချစ်တဲ့သူ စစ်သား ကျိုးပါစေ ပြတ်ပါစေ ကန်းပါစေ အနားကစွန့်ခွာမသွား စောင့်ရှောက်ရဲတယ်......
ချစ်တဲ့သူကို ဆုံးရှုံးရင်တောင် တိုင်းပြည်အတွက် အသက်ပေးဝံ့သူလို့ ဂုဏ်ယူရဲတယ်....
တပ်မတော်သားတွေ တိုင်းပြည်အတွက် လူသတ်တာကို အကုသိုလ်လို့ သက်မှတ်ရင် သူတို့ကိုချစ်တဲ့ ကျမတို့ ရဲရဲကြီး အကုသိုလ်ဖြည့်ဖက် ဖြစ်ရဲပါတယ်...
သူတို့ကိုယ်တိုင်ရွေးချယ်ထားတဲ့ အန္တရာယ်မကင်းတဲ့လမ်းကို သူလက်ကိုဆုတ်လို့ ရဲရဲကြီး လိုက်ရဲပါတယ်.....
သူတို့ရဲ အရောင်းအဆင်းကင်းတဲ့ အဖြူရောင်အတ္တကို လေးစားလွန်းလို့ အတ္တရှင်ရဲ့ ဇနီးကောင်း အဖြစ် လက်မထောင် ဂုဏ်ယူဝံ့ကြွားနေမှာပါ....
ပါရမီဖြည့်ဖက်လို့သတ်မှတ်ပါစေ အကုသိုလ်ဖြည့်ဘက်လို့ သတ်မှတ်ပါစေ လူသတ်ကောင် မယား စစ်ခွေးမယား ပြောချင်တိုင်း ပြောပါစေ....ဒါတွေက ဘယ်သူအတွက်ပေးဆပ်နေရလဲ ပြောနေတဲ့ သူတွေ အသိဆုံးဖြစ်မှာပါ....မျက်စိမှိတ် နားပိတ် အတင်းဇွတ်ငြင်း အပစ်တင် နေလဲ အပစ်မယူတော့ပါဘူး...
သံသရာ အလှည့်အပြောင်းမှာ စစ်မှုမထမ်းမနေရစနစ် ဖြစ်ခဲ့ပါရင် ရဲရဲကြီး မနွဲစတမ်း ကပြနိုငိပါစေလို့ ဘဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်.......
မိတ်ဆွေများခင်ဗျာ- အနည်းငယ်တင်ပြခွင့်ပြုပါ။
$
0
0
မိတ်ဆွေများခင်ဗျာ-
==============
အနည်းငယ်တင်ပြခွင့်ပြုပါ။
ကျနော်သည်တပ်မတော်သားတစ်ဦးဖြစ်ခဲ့ဘူးသူတစ်ဦးဖြစ်၍
တပ်မတော်အပေါ်ယခင် ယခု အနာဂတ် တို့ တွင်မည်သည့်အခါမျှ
သစ္စာဖေါက်ဖျက်မည့်သူတစ်ဦးမဟုပ်ပါမိမိ၏အသက်နှင့်ထပ်တူ
တပ်မတော်ကိုချစ်မြက်နိုးသူတစ်ဦးဖြစ်ကြောင်းဦးစွာတင်ပြလိုပါတယ်ခင်ဗျာ။
တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့ချိန်မှသည်အငြိမ်းစားယူခဲ့သည့်အချိန်အထိ
မည်သည့်ပြစ်မှုမျိုးကိုမျှကျူးလွန်ခဲ့ခြင်းမရှိ၍မိမိ၏တပ်မတော်သားဘဝကိုယ်ရေး
ရာဇဝင်ဖိုင်တွင်မှင်နီတစ်စက်မျှမရှိခဲ့သူတစ်ဦးဖြစ်ပါသည်။
ထိုနည်းတူစွာလက်ရှိအချိန်ကာလတွင်ကျနော့်အနေဖြင့်သာမာန်ပြည်သူတစ်ဦးသာဖြစ်၍
သမ္မတကြီးဦးဆောင်၍ဒီမိုကရေစီစံနစ်ပြုပြင်ပြောင်းလဲရေးဖေါ်ဆောင်မှုခရီးလမ်းအတွင်း
သာမာန်ပြည်သူများ၏စိတ်ခံစားချက်များ/လိုအင်ဆန္ဒများ/လွပ်လပ်စွာထုတ်ဖေါ်ပြောဆို/
ရေးသားလိုမှုများကိုရာနှုန်းပြည့်ကိုယ်ချင်းစာနားလည်ပေးနိုင်သူတစ်ဦးဖြစ်ပါသည်။
ဤနေရာတွင်ကျနော့်၏တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ်ထားရှိသောယုံ
ကြည်ချက်အချို့ ကိုအကျဉ်းမျှတင်ပြလိုပါသည်ခင်ဗျာ။
လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင်ပါဝင်လှုပ်ရှားနေကြသည့်နိုင်ငံရေးပါတီ/့အဖွဲ့ အစည်းများ
တွင်ပြည်ခိုင်ဖြိုး၊NLD၊တပ်မတော်တို့ သည်အဓိကနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်ပါ
ဝင်ကပြလျှက်ရှိပြီးတိုင်းရင်းသားပါတီများနှင့်အခြားအဖွဲ့ အစည်းများသည်တင်ပြပါတပ်မတော်/
ပါတီအဖွဲ့ အစည်းတို့ ၏မျှခြေကိုထိန်းသိမ်းသွားမည့်ပါတီ/အဖွဲ့ အစည်းများဟုယူဆမိပါသည်။
အထက်ဖေါ်ပြပါနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်ကပြလျက်ရှိသည့်ပါတီ/အဖွဲ့ အစည်း
များအနက်ပြည်ခိုင်ဖြိုးမှလက်ရှိသမ္မတဦးသိန်းစိန်၊NLDမှဒေါ်အောင်ဆန်ုးစုကြည်နှင့်တပ်မတော်
တို့ သည်တစ်ဦးနှင့်တစ်ဦးတစ်ဖွဲ့ နှင့်တစ်ဖွဲ့ တွန်းကန်ခြင်းနိယာမကိုရှောင်ဖယ်ကြပြီးဆွဲငင်ခြင်းနိ
ယာမကိုကိုင်စွဲအသုံးချနိုင်မှာသာလျှင်ပြည်သူအားလုံးမျှော်လင့်တောင့်တလျက်ရှိသောအေးချမ်း
တည်ငြိမ်ပြီးဖွံ့ ဖြိုးတိုးတက်သည့်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်
မည်ဟုစွဲမြဲစွဲယုံကြည်မိပါသည်။
၎င်းပါတီ/အဖွဲ့ အစည်းတို့ အနက် ၊တစ်ဖွဲ့ ဖွဲ့ ကိုအခြားတစ်ဖွဲ့ ဖွဲ့ မှနေ၍၊
ယခုလိုဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသက်တမ်းကာလအလွန်နုနယ်၍ပြည်သူပြည်သားအား
လုံးဒီမိုကရေစီကျင့်စဉ်နှင့်စံနှုန်းများကိုကျင့်သားမပြည့်ဝသေးသည့်အချိန်မျိုးတွင်မြန်မာ့နိုင်ငံရေး
ဖြစ်စဉ်အတွင်းမှတွန်းဖယ်ရန်ကြိုးစားမည်ဆိုပါကတိုင်းပြည်အတွက်လွန်စွာအန္တရယ်ကြီးသော
နိုင်ငံရေးအကျပ်အတည်းတစ်ခုအတွင်းသို့ သက်ဆင်းသွားနိုင်သည်ဟုလည်းယုံကြည်မိပါသည်။
သို့ ဖြစ်ပါ၍ကျနော့်အနေဖြင့်လူမှုမီဒီယာfacebookကိုအသုံးပြုရာ၌တိုင်းပြည်၏Main Political
Playerတို့ အခြင်းခြင်းတစ်ဦးနှင့်တစ်ဦးတစ်ဖွဲ့ နှင့်တစ်ဖွဲ့ တို့ အကြားနားလည်မှု/အထင်အမြင်
လွဲမှားစေနိုင်သည့်အရေးအသားများကိုမည်သည့်အခါမျှရေးခြင်း၊တစ်ဆင့်မျှဝေခြင်း၊
ထင်မြင်ချက်ပေးခြင်းတို့ ကိုပြုလုပ်လိုသောဆန္ဒအလျဉ်းမရှိပါ။တိုင်းပြည်၏Main Political Player
များအကြားတွင်တစ်ဦးနှင့်တစ်ဦး၊တစ်ဖွဲ့ နှင့်တစ်ဖွဲ့ အပြန်အလှန်နာလည်ပြီးခိုင်မာသောယုံကြည်မှု
များတည်ဆောက်နိုင်စေရေးပေါင်းကူးတံတားတစ်ခုသဖွယ်၊တိုင်းပြည်နှင့်ပြည်သူလူထုအားလုံးအ
တွက်အကျိုးရှိစေနိုင်သည့်အပြုသဘောဆောင်သောအရေးအသားများကိုရေးသားခြင်း၊တစ်ဆင့်မျှဝေခြင်း၊ထင်မြင်ချက်/အကြံပြုချက်များပေးခြင်းတို့ ကိုသာရေးသားဖြန့် ဝေဆွေးနွေးမှူ
များတစ်စိုက်မတ်မတ်ပြုလုပ်သွားမည့်သူတစ်ဦးဖြစ်ပါသည်။တစ်ဦးတစ်ယောက်/တစ်ဖွဲ့ အတွက်ဘက်လိုက်၍ဝါဒဖြန့် ချိမှုများကိုလည်းဘယ်သောအခါမှရေးသားလိမ့်မည်မဟုပ်သလိုအ
များညီ၍လည်း"ဤ"ကိုကျွဲပါဟုမိမိ၏အသိဥာဏ်ကိုစတေး၍အများမိုးခါးရေသောက်တိုင်းလိုက်
သောက်မည့်သူတစ်ဦးလုံးဝမဟုပ်ကြောင်းကိုလည်းအတိအလင်းတင်ပြအပ်တယ်ခင်ဗျာ။
ထို့ ကြောင့်ကျနော့်အားဘက်တစ်ဘက် ဘက်သို့ အားပေးထောက်ခံခြင်းမပြုသဖြင့် ဘက်အားလုံး
မှနေ၍လော်ဘီလုပ်နေသူများ၏မုန်းတီးခြင်း၊ကန့် ကွက်ခြင်း၊နှောင့်ယှတ်ခြင်းစသည့်အနှုတ်လက္ခ
ဏာဆောင်သည့်အရာဟူသမျှကိုလည်းခံယူရန်အဆင်သင့်ဖြစ်ပါ၍မိတ်ဆွေစာရင်းမှဆောလျဉ်စွာ
ပယ်ဖျက်ပေးနိုင်ကြပါရန်တစ်ပါတည်းတင်ပြလိုပါတယ်ခင်ဗျ။ကျနော်နှင့်အမြင်သဘောထားတူသူ
များဖြင့်သာကျနော်ယုံကြည်သည့်အမျိုးသားသွေးစည်းညီညွတ်ရေးကိုရှေ့ ရှုသည့်အရေးအသား
များကိုဆက်လက်ရေးသားဖြန့် ဝေသွားပါမယ်ခင်ဗျာ။ကျနော်ရေးသားခဲ့သမျှကိုလည်းကျနော့်
နေဖြင့်အချိန်မရွေးတာဝန်ယူ/တာဝန်ခံနိုင်သူဖြစ်ပါ၍မည်သူမဆိုကျနော့်ကိုအချိန်မရွေးဆက်သွယ်
ပါ၊ကျနော်ရေးသားခဲ့သည်များသည်တိုင်းပြည်အတွက်အကျိုးယုတ်စေနိုင်သည်ဆိုပါကတောင်းပန်
ရန်ဝန်မလေးသလိုတာဝန်ယူရန်လည်းနှောင့်နှေးနေမည်မဟုပ်ပါခင်ဗျာ။
ကျနော့်အနေဖြင့်နိဂုံးချူပ်တင်ပြလိုသည်မှာ-
၁။ကျနော်သည် တစ်ဦး/တစ်ဖွဲ့ ၏ဆန့် ကျင်ကန့် ကွက်ခြင်းကိုမကြောက်ပါ။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုဆိတ်သုန်းပျက်စီး၍ပြည်သူအများလိုလားတောင့်တ
နေသည့်ဖွံ့ ဖြိုးတိုးတက်သည့်ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ မရောက်မှာကိုကြောက်ပါသည်။
၂။တစ်ဦး/တစ်ဖွဲ့ နှင့်ဘက်လိုက်ပူးပေါင်းနိုင်ခြင်းမရှိ၍၎င်းတို့ ၏ကျနော့်အကျိုးပျက်စီးစေမည့်အရေး
ဟူသမျှကိုမကြောက်ပါ။
တိုင်းပြည်အမျိုးသားသွေးစည်းညီညွတ်ရေးပျက်စီးမည်ကိုလွန်စွာကြောက်ရွံ့သူတစ်ဦးဖြစ်ပါသည်။
၃။ကျနော့်Cover Photoသည်ကျနော့်၏အတွင်းအဇ္ဈတကိုဖေါ်ကျူးထားခြင်းသာဖြစ်၍ကျနော်ယုံကြည်သည့်ဒီမိုကရေ
စီဖြစ်ပြီး၎င်းCover Photoနှင့်သဘောထားမတိုက်ဆိုင်သူများအနေဖြင့်ကျနော့်ကိုမိတ်ဆွေစာရင်းမှ
ပယ်ဖျက်နိုင်ပါကြောင်းလေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ။
၎။ကျနော်နိုင်ငံရေးသမားတစ်ဦးမဟုပ်ပါ၊
နိုင်ငံအရေးစိတ်ဝင်စားသူသာမာန်ပြည်သူတစ်ဦးသာဖြစ်ပါသည်
အမျိုးသားသွေးစည်းညီညွတ်ရေးထက်အရေးကြီးတာဘာမှမရှိပါ။
စာဖက်သူမိတ်ဆွေများအားလုံးကိုယ်ကျန်းမာပြီးစိတ်ချမ်းသာနိုင်ကြပါစေလို့ ဆန္ဒပြုလျက်-
သဗ္ဗေသတ္တာ ဝေနေယျာ
မိမိကိုယ် ကိုယ်ဝေဖန်ပါ။
ငြိမ်းချမ်းလူ
၂၉-၄-၂၀၁၃
၁၂း၃၆နာရီ
ရန်ကုန်မြို့ ။
အဖွတ်ခံနေ့ရက်များ(၁)
$
0
0
by Ma Nandar (Notes) on Tuesday, January 15, 2013 at 11:24pm
ဒီစာကို မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြသော လူငယ်များ၊ ဂျပန်ကို အလုပ်လာလုပ်ချင်သော လူငယ်များအတွက် အဓိကဦးတည်၍ ရေးပါသည်။
စင်စစ် အလုပ်လို့ ဆိုလိုက်ရင် ကျွန်ုပ်မြန်မာပြည်မှာရှိစဉ်က ဝန်ထမ်းမလုပ်ဖူးပါ။ မိဘတခြမ်းမဲ့သွားတဲ့အချိန် အသက်(၂၀)ကို ပါးပါးလေးကျော်ချိန်လောက်ကစပြီး ကိုယ်တိုင် တပိုင်တနိုင် ပြည်တွင်းခရီးသွားလာရေး လုပ်ငန်းလေးတခုနဲ့ အခြားအရောင်းအဝယ်လေး နည်းနည်း ပါးပါးလောက်ပဲ လုပ်ခဲ့ဖူးပါတယ်။ ဒါနဲ့များ ခင်ဗျားက ကြီးကြီးကျယ်ကျယ် အလုပ်အကြောင်း ရေးမလို့လား..လို့ စောဒက တက်ဖွယ်ရှိပါတယ်။
ကျွန်ုပ်ဆိုလိုချင်တဲ့ အလုပ်ဆိုတာက ဘယ်စီးပွားရေးကို ဘယ်လို လုပ်ပါလို့ အကြံဥာဏ်ပေးချင်တာမဟုတ်ပါ။ ပေးလည်း မပေးတတ်ပါ။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ထဲမှာတောင် အလုပ်မျိုးစုံ နှံ့စပ်အောင် မလုပ်ဖူးသူတယောက်၊ ဝန်ထမ်းအလုပ် တခါမှ မလုပ်ဖူးသူတယောက်ဟာ အင်မတန်မှ အလုပ် လုပ်ပါတယ်ဆိုတ၊ဲ့ ကမ္ဘာ့အလုပ်လုပ်ဆုံး လူမျိုးများလို့ မှတ်တမ်းတင်ခံရတဲ့ တိုင်းပြည်တပြည်ကို ရောက်သွားတဲ့အခါ ဘယ်လိုတွေဖြစ်တယ်၊ ဘယ်လိုတွေ တွေ့ကြုံရတယ်ဆိုတဲ့ အတွေ့အကြုံတွေကို ပြန်ရေးပြခြင်းဖြစ်ပါတယ်။
ဘယ်သူ့ကိုမှ ဘယ်လို လုပ်ပါလို့ ဆရာမလုပ်လိုပါဘူး။ ကျွန်ုပ်ရဲ့ အဖြစ်အပျက်အတွေ့အကြုံများထဲမှ လိုလျှင်ယူနိုင်ရန်သာ ရေးသားခြင်းဖြစ်ပါသည်။ “လောကတွင် ယူသော်ရ၏”
ကျွန်ုပ်ဂျပန်ကို စရောက်တော့ ၂၀၀၂ခုနှစ်ပေါ့။ မြန်မာပြည်မှာ ဂျပန်စကားသင်ခဲ့တာက (၆)လ။ ရောက်ရောက်ခြင်းနေ့ လာကြိုတဲ့ ဂျပန်ကို ကျွန်ုပ်က “ အစစအရာရာ ကူညီတဲ့အတွက် ကျေးဇူးပါ “လို့ ဂျပန်လို ပြောတာကို သူနားမလည်ဘူး။ အဲသည့်တုန်းက ကျွန်ုပ်ရဲ့ ဂျပန်စာ၊စကားအရည်အသွေးကို မိတ်ဆွေခန့်မှန်းမိအောင် ပြောပြတာပါ။
ရောက်ပြီး တလလောက်အထိ မက်ဒေါနယ်ဆိုင်က ဂျပန်မလေးတွေ ပြောတဲ့စကားကို နားမလည်လို့ ကိုယ်ကြိုက်တဲ့ အရွယ်အစား၊ ဟန်ဘာဂါအပြင် တခြားစားစရာသောက်စရာတွေကို ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင်၊ သူတို့ နားလည်အောင် ပြန်ပြောတတ်ဖို့ အဲသည့်တုန်းက ကျွန်ုပ်ထက် ဂျပန်စာ စကားရတဲ့ အမကို ဟန်ဘာဂါစားချင်ရင် ခေါ်သွားရတယ်။ တယောက်တည်း သွားလို့မရဘူး။
ကုန်တိုက်တွေမှာ တဝက်ဈေးချနေပါပြီတဲ့ ကြေငြာသံစကားကိုနားမလည်၊ တဝက်ဈေးဆိုတဲ့ စာကပ်ထားတာကို မဖတ်တတ်လို့ သူများတွေ စုပြုံတိုးမှ လိုက်တိုးခဲ့ရဖူးတယ်။ အလုပ် လုပ်ဖို့ဆိုတာဝေးစွ။
ကျွန်ုပ်ကို ကျွန်ုပ်အမနဲ့အကိုလုပ်သူက တခြားဗမာအတော်များများ လုပ်သလို ရောက်ရောက်ခြင်း ဗမာအသိမိတ်ဆွေတွေရှိတဲ့ ဂျပန်စားသောက်ဆိုင်တွေမှာ စကားနားလည်လည် မလည်လည်၊ ဗမာအခံရှိတာပဲဆိုပြီး ပန်းကန်ဆေးလောက်၊ တောက်တိုမယ်ရလောက်တော့ ရတယ်ဆိုပြီး အတင်းထိုးမထည့်ဘူး။ ကိုယ့် ကိုယ်ပိုင်အရည်အချင်းနဲ့ အလုပ်ရှာနိုင်အောင် ကြိုးစားလို့ပဲပြောတယ်။ အဲသည့်အတွက် အချိန် (၃)လပေးထားတယ်။
(၃)လောက် ကျွန်ုပ်ကို အလုပ်မလုပ်ခိုင်းဘဲ ဂျပန်ရဲ့ အစစအရာရာကို လေ့လာခိုင်းတယ်။ ဒီလိုနဲ့ ဂျပန်ရောက်ပြီး (၃)လကြာတော့ ကျွန်ုပ်အလုပ် လုပ်ချင်လာတယ်။ ဂျပန်မှာ အလုပ်မလုပ်ဘဲနေရတာ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံသလို ခံစားလာရတယ်။
ဒါနဲ့ လမ်းထိပ်က ဂျပန်ရိုးရာ ခေါက်ဆွဲဆိုင်မှာ အလုပ်နေရာလွတ်ကြောင်း ကပ်ထားတဲ့စာကို ဖတ်တတ်လာတော့ အမကိုပြောတယ်။ အဲသည့်ဆိုင်မှာ အလုပ် လုပ်ချင်တယ်လို့။
အမက ဆိုင်ဖုန်းနံပါတ်ကို နှိပ်ပြီး ကျွန်ုပ်ကို ထိုးပေးလိုက်တယ်။ ဖုန်းခေါ်သံဆုံးလို့ တဖက်က ဖုန်းကိုင်လိုက်တယ်ဆိုရင်ဘဲ ခရားရေလွှတ် တရပ်စပ်ပစ်လွှတ်လိုက်တဲ့ ဂျပန်စကားသံတွေကို ကျွန်ုပ် တလုံးဆိုတလုံးမှ နားမလည်ခဲ့ဘူး။ နောက်ပိုင်းမှ နားလည်လာရတာက ဂျပန်မှာ လုပ်ငန်းတခုက ဖုန်းကိုင်တဲ့လူက ဟဲလို(မိုရှိ မိုရှိ)လို့ ထူးလေ့မရှိဘူး။
ဖုန်းကိုင်ပြီဆိုတာနဲ့ “ ဖုန်းဆက်တာ ကျေးဇူးတင်ပါတယ်ခင်ဗျာ(ရှင်) ဆိုပြီး တဆက်တည်း ကိုယ်လုပ်နေတဲ့ လုပ်ငန်ရဲ့နာမည်နဲ့ လုပ်ငန်းအမျိုးအစားကိုပါ ထည့်ပြောပြီး ဖုန်းကိုင်လေ့ရှိတယ်။ ဥပမာ…..ဖုန်းခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ(ရှင်) လမင်းကုမ္ပဏီရဲ့မြေနီကုန်း ခေါက်ဆွဲအရောင်းဆိုင်ခွဲဘယ်လောက်က ဖြစ်ပါသည်…စသဖြင့်ပေါ့။
အဲလို စကားမျိုးကို ၂စက္ကန့်နဲ့၃စက္ကန့်လောက် အကြားမှာ ပြောလေ့ရှိတယ်။ ဒီတော့ ကျွန်ုပ်လည်း ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဒါနဲ့ အလုပ် လုပ်ချင်လို့ပါလို့ စွတ်ပြောချလိုက်တယ်။
တဖက်က “ဟင်…ဘာပြောတာလဲခင်ဗျာ” လို့ ပြန်မေးတယ်။ ကျွန်ုပ်အသံထွက်ကို သူနားလည်ပုံမရဘူး။ ကျွန်ုပ်လည်း အလုပ် လုပ်ချင်လို့ပါလို့ ထပ်ပြောတော့ တဖက်က နိုင်ငံခြားသားမှန်း သဘောပေါက်သွားပုံရတယ်။ ပြီးတော့ ဂျပန်စာစကား ကောင်းကောင်းမတတ်မှန်းလည်း ချက်ချင်းသိသွားပုံရတယ်။ သိမှာပေါ့လေ။ ကျွန်ုပ်စပြောကတည်းက အစဉ်မှ မကျဘဲကိုး။ တကယ်ဆို အဲလိုမပြောရဘူး။ ဒါနဲ့ ကျွန်ုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ဖုန်းချလိုက်ရတော့တယ်။
ဘေးမှာ ကျွန်ုပ်ကို ထိုင်ကြည့်နေတဲ့ အမက ပြုံးတယ်။ နောက်ပြီး ကိုယ်ဘယ်လောက်လိုသေးတယ်ဆိုတာ သိပြီလားလို့ မေးတယ်။ ဒါပေမယ့် သူက အဲသည့်အလုပ်ကို ကျွန်ုပ်အနေနဲ့ နောက်တကြိမ်ဖုန်းဆက်ပြီး ပြောတယ်။ ဒီမှာတင်ပဲ ဂျပန်မှာ သာမာန်နေ့စား၊လရှင်း အလုပ် လိုချင်လို့ ဖုန်းနဲ့ဆက်ပြီး အလုပ်လုပ်လိုကြောင်းပြောရင် ယျေဘုယအားဖြင့် အောက်ပါအတိုင်း ပြောရတယ်ဆိုတာကို ကျွန်ုပ်နားလည်သွားရတော့တယ်။
တဖက်က ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ အများအားဖြင့် ကြားရတဲ့ စကားသံကတော့
( MAIDO ARIGATO GOZAIMASU. ……….KAISHA………TEN …….DESU) (သို့) (ODENWA ARIGATO GOZAIMASU . ……….KAISHA………TEN …….DEGOZAIMASU) စသဖြင့် ကြားရတတ်ပါတယ်။
ဒီအခါမှာ မိမိက ကိုယ့်ကိုကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အရင် မိတ်ဆက်ရပါတယ်။
ဥပမာ(ကျမကတော့ မြန်မာလူမျိုး နန္ဒာဖြစ်ပါတယ်၊ ဂျပန်မှာ ဂျပန်ဘာသာစကား သင်တန်းကျောင်းလာတက်တဲ့ ကျောင်းသားတယောက်ဖြစ်ပါတယ်။ အခု လူကြီးမင်းတို့ အလုပ်မှာ နေရာလွတ်ရှိတယ်လို့ ကြေငြာထားတာကိုတွေ့ရလို့ ဖုန်းဆက်ခြင်းဖြစ်ပါတယ်။ အလုပ် ကိစ္စနဲ့ပတ်သက်ပြီး အခုလောလောဆယ် ဖုန်းပြောလို့ရနိုင်ပါသလားရှင်) စသဖြင့် အဲလို အရင်ဆုံး ကိုယ့်အခြေအနေကို ပြည့်ပြည့်စုံစုံ ပြောနိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဒီလောက်ဆိုရင် တဖက်က ကိုယ့် ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု skillကို ခန့်မှန်းလို့ရလောက်ပြီ။ သူတို့အလုပ်အတွက် အဆင်ပြေနိုင်တယ်ဆိုရင် သူတို့ဆက်ပြောလိမ့်မယ်။ ဒါမှမဟုတ်လည်း အခုလောလောဆယ် တာဝန်ခံမရှိသေးဘူး။ နောက်ဘယ်လောက်ကြာမှ ပြန်ဆက်ပါဆိုတာမျိုးကိုလည်း ပြောတတ်တယ်။
တဖက်က စကားဆက်ပြောတယ်ဆိုကြပါစို့။ တဖက်က မေးတော့မယ်။ မေးတတ်တဲ့ ယေဘုယျ မေးခွန်းတွေကတော့
(၁) အခု ဘယ်မှာနေလဲ
(၂) အသက်ဘယ်လောက်လဲ
(၃)ကျောင်းသားဆိုလည်း ကျောင်းက ဘယ်မှာလဲ
(၄) ဒီမှာ ဘယ်အချိန်တွေ၊ ဘယ်နှစ်ရက်လောက် လုပ်ချင်တာလဲ
(၅)ဂျပန်ကို ရောက်တာကြာပြီလား….စသဖြင့် ဖုန်းနဲ့ပြောရင်တော့ အဲသည့်လောက်တော့ မေးလေ့ရှိပါတယ်။
သူတို့မေးသမျှကို ကိုယ်က တခွန်းမေး တခွန်းဖြေကို ၂ခါထပ်မေးစရာမလိုဘဲ ချောချောချူချူဖြေနိုင်လို့ သူတို့စိတ်ဝင်စားရင် အင်တာဗျူးလာဖို့ ခေါ်ပါလိမ့်မယ်။ ဒီအခါမှာ အလုပ်လျှောက်လွှာတစောင်နဲ့ passport size အရွယ်ဓါတ်ပုံ(၂)ပုံ၊ ကိုယ့်ရဲ့ နိုင်ငံခြားသားကဒ်၊ passport၊ကျောင်းသားကဒ် စတာတွေ ယူလာခဲ့ဖို့လည်း မှာပါလိမ့်မယ်။
အင်တာဗျူးလာဖို့ ခေါ်တဲ့ စကားကို ကိုယ်ကနားလည်ရင် သူတို့လာခိုင်းတဲ့အချိန်၊နေရာကို သေသေချာချာ မှတ်ထားပြီး အချိန်တိတိကျကျရောက်ဖို့ အရမ်းအရေးကြီးပါတယ်။
ဂျပန်မှာ လူတယောက်ရဲ့ တန်ဖိုးနဲ့ အရည်အချင်းကို သတ်မှတ်ရာမှာ အချိန်လေးစားတတ်ခြင်းဟာလည်း အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။
မြန်မာပြည်မှာသာ အဲသည်လို အချိန်လေးစားမှုကို လူ့တန်ဖိုးတခုအဖြစ်၊ လူ့အရည်အချင်းတခုအဖြစ် ထည့်သတ်မှတ်နေမယ်ဆိုရင် မြန်မာတွေအတော်များများဟာ တန်ဖိုးမရှိတဲ့လူတွေ ဖြစ်ကုန်မယ်ထင်တယ်။
လူချင်းတွေ့လို့ အင်တာဗျူးပြီဆိုရင်တော့ မေးတတ်တာတွေက
(၁) ဂျပန်ကို ဘာဗီဇာနဲ့လာလဲ (ဖုန်းထဲမှာပြောပြီးလည်း ထပ်မေးတာများတယ်)
(၂) ဂျပန်ကို လာတဲ့ရည်ရွယ်ချက်ကဘာလဲ
(၃) ဒီအလုပ်ကို ဘာလို့ လုပ်ချင်တာလဲ
(၄) ဘယ်လောက်ကြာကြာ လုပ်ဖို့ ရည်ရွယ်လဲ
(၅) တခြား ဘယ်နေရာတွေမှာ လုပ်ဖူးသေးလဲ
(၆) တလကို ဒီအလုပ်ကနေ ဘယ်လောက်လောက်ရဖို့ ရည်မှန်းထားလဲ
(၇) ဂျပန်မှာ ဘယ်သူတွေနဲ့နေလဲ
(၈) အိမ်ကနေ ဒီကို ဘာလိုလာလဲ၊ ဘယ်လောက်ကြာလဲ…စသဖြင့် မေးပါတယ်။
အမှန်က အဲသည့် မေးခွန်းတွေအတွက် အဖြေတွေက ကိုယ်ယူလာတဲ့ အလုပ်သမားလျှောက်လွှာထဲမှာ အကုန်ဖြည့်ပြီးသားပါ။ သူတို့က ဂျပန်စာ စကားကို ဘယ်လောက် အသွားအပြန် ပြောတတ်လဲဆိုတာကို Speaking, Hearing, listening တွေကို စမ်းသပ်ခြင်းပါ။
စောစောက ခေါက်ဆွဲဆိုင်ကို ပြန်ဆက်ကြပါစို့။ ကျွန်ုပ်အမက ကျွန်ုပ်အယောင်ဆောင်ပြီး ဖုန်းနဲ့ပြောလိုက်တော့ ချောနေတဲ့အခ့ကျတော့ ဟိုဘက်က သဘောကျပြီး လူတွေ့ အင်တာဗျူးဖို့ ခေါ်ပါလေရော။ အလုပ်သမား လျှောက်လွှာကိုလည်း အမကပဲ ဖြည့်ပေးတာ။ ဒါနဲ့ပဲ ကျွန်ုပ်တယောက် လျှောက်လွာကြီး ခပ်တည်တည်ကိုင်ပြီး သတ်မှတ်ရက်မှာ အင်တာဗျူးခံဖို့ သွားပါလေရော……
ဆက်ရေးပါဦးမည်
နန္ဒာ(ဂျပန်)
အဖွတ်ခံနေ့ရက်များ (၂)
$
0
0
 ပန်းဂျူံခေါက်ဆွဲညို (SOBA  蕎麦)နှင့် ဂျူံခေါက်ဆွဲအဖြူ(UDON うどん)
by Ma Nandar (Notes) on Thursday, January 17, 2013 at 7:02pm
မြန်မာပြည်မှာ ဝန်ထမ်းနေရာ တခုခုအတွက် ကိုယ်တိုင်လက်တွေ့ အင်တာဗျူးမခံဖူးပေမယ့် အခုခေတ် မြန်မာဇါတ်လမ်းအချို့မှာတော့ မင်းသမီးက အင်တာဗျူးသွားလိုက်ရင် မင်းသားလုပ်သူ သူဌေးက ခန့်လိုက်တာပါပဲ။ မင်းသမီးကလည်း နေရင်းထိုင်ရင်းကို အရမ်းထက်မြက်ပြီး တော်နေတယ်ဆိုပါတော့။
ဂျပန်ရောက်ခါစ သက်တမ်း(၃)လ ကျွန်ုပ်ကတော့ဖြင့် အမလုပ်သူက ကျွန်ုပ်ယောင်ဆောင်ဖုန်းဆက်ပြီး၊ ကျွန်ုပ်ကိုယ်စား ဂျပန်ဘာသာဖြင့် ရေးပေးလိုက်တဲ့ အလုပ်လျှောက်လွှာကို မကျိုးမကျေအောင် ဂရုစိုက်ထည့်လာပြီး လမ်းတလျှောက်မှာလည်း အမ နှုတ်တိုက်လေ့ကျင့်ပြီး Question out ပေးလိုက်တဲ့ ဘာမေးရင် ဘယ်လိုဖြေဆိုရမယ်ဆိုတာတွေကို စိတ်ထဲကရွတ်ရင်း ဆိုင်ရှေ့ရောက်သွားပါတော့တယ်။
ဆိုင်ရှေ့ရောက်တော့ ကျွန်ုပ်နဲ့ သက်တူရွယ်တူ အသက်(၂၅)နှစ်ကျော်ကျော်လောက်ရှိမယ့် အမျိုးသမီးတယောက်ကိုတွေ့တယ်။ အင်တာဗျူးခေါ်ထားလို့ လာတဲ့ မြန်မာလူမျိုး နန္ဒာဖြစ်ပါတယ်လို့ ပြောလိုက်တယ်။ ဂျပန်မှာ စကားပြောရင် (ဦး၊ကို၊မောင်၊မ၊ဒေါ်) သဘောမျိုးဖြစ်တဲ့ (စံ)ဆိုတဲ့ ဝေါဟာရကို ကိုယ့်ကိုကိုယ်ပြောရင် ထည့်မပြောရပါဘူး။ အမျိုးသမီးက ကျွန်ုပ်က ဖြတ်ခနဲ ခြေဆုံးခေါင်းဆုံး တချက်ကြည့်ပြီး ဆိုင်အနောက်ခန်းကို ခေါ်သွားတယ်။
ကျွန်ုပ်ကို ထိုင်ခိုင်းပြီး သူမ ဘာမှ မပြောခင်မှာပဲ ဒီဆိုင်မရောက်ခင် ၂ဆိုင်အလိုလောက်ကတည်းက အိတ်ထဲက အဆင်သင့်ထုတ်ထားတဲ့ လျှောက်လွှာစာအိတ်ကို လက်၂ဖက်နဲ့ ခပ်သွက်သွက်လေး လှမ်းပေးလိုက်တယ်။
အဲလို လုပ်ရတာအကြောင်းရှိတယ်။
ဘာလို့လဲဆိုတော့ အကယ်၍ သူမ တခုခု ပြောလိုက်လို့ ကျွန်ုပ်နားမလည်တဲ့စကားဆိုရင် အင်တာတောင်မဗျူးရသေးဘဲ အမှတ်က လျော့တော့မယ်လေ။ ဒီလောက်တော့ လည်တာပေါ့။ ဘယ်ရမလဲ မြန်မာပဲဟာ။ သူတို့ထက် လည်လို့ ဂျပန်လာပေါ့နော့်။
ကျွန်ုပ်လှည့်ကွက်ကို မသိတဲ့ အမျိုးသမီးကတော့ ကျွန်ုပ်ကို တယ်အလိုက်သိတာပဲဆိုတဲ့ အပြုံးနဲ့ တချက်ပြုံးပြီး စာအိတ်ကိုလှမ်းယူ ဖေါက်ဖတ်ပါတော့တယ်။ ဒီ့နောက်မှာတော့ အမ အတွေ့အကြုံတွေအရ သင်လိုက်တဲ့ အတိုင်းကိုပါပဲ။ မေးခွန်းတိုးတယ်ပဲ ဆိုရမလားပဲ။ ဒါမေး ဒါဖြေ ဒီလိုမေး ဟိုလိုဖြေနဲ့ အဆင်ကို ချောနေတာပဲ။ နောက်အတွေ့အကြုံတွေများလာမှ သိလာရတာကတော့ ဂျပန်တွေဟာ ပုံစံခွက်ထဲကို မထွက်ဘူးဆိုကိုပါပဲ။
ဒါနဲ့ပဲ ဂျပန်ရောက်ပြီး (၃)လအကြာမှာတော့ ကျွန်ုပ်ရဲ့ အင်ပလင် အင်တာဗျူးဟာ အူကြောင်ကြားစွာနဲ့ အောင်မြင်သွားပြီးတော့ အလုပ်ရသွားတယ် ဆိုပါတော့။ တစ်နာရီကို ယန်း၈၀၀ (အဲသည့်တုန်းက မြန်မာငွေ ၇ထောင်နီးပါး)၊ တနေ့ကို (၄)နာရီနဲ့ တပါတ်ကို (၆)ရက်ပေါ့။ တလကို ယန်း ၇သောင်း၆ထောင့်၈ရာ(မြန်မာငွေ ၇သိန်းကျော်ကျော်)လောက်ရပါတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်ကျော်က မြန်မာငွေ (၇သိန်း)ပေါ့။
ဒါပေမယ့် အဲသည့်အချိန်မှာ ကျွန်ုပ်တို့နေတဲ့ အိမ်ခန်းက တလကို ယန်း ၈သောင်း၇ထောင်၊ ရေဖိုး လျှပ်စစ်မီးဖိုး ဂက်စ်ဖိုး ဖုန်းဖိုး က တလကို ကျွန်ုပ်တယောက်စာဆိုရင် ယန်း (၁)သောင်းလောက်ကျတယ်။ ကျောင်းလခ မပါသေးဘူး။ စားစရိတ် မပါသေးဘူး။ ခရီးစားရိတ် မပါသေးဘူး။ အဝတ်အစားဖိုး မပါသေးဘူး။
အဲသည့်တုန်းက ကျွန်ုပ်အမနဲ့အကိုသာ မရှိရင် ခွက်လက်ဆွဲကာ တောင်းစားပါလည်း ဂျပန်ဟာ သူတောင်းစား အားပေးတဲ့ နိုင်ငံမဟုတ်လေတော့ အဆင်ပြေမယ်မထင်ဘူး။
ဒီလိုနဲ့ ကျွန်ုပ်အဲသည့်ဆိုင်မှာ ခေါက်ဆွဲပြုတ်ရတယ်။ ပွက်ပွက်ဆူပြီး အငွေ့တထောင်းထောင်းထနေတဲ့  (၂)ပေ ပတ်လည်လောက်ရှိတဲ့ လေးထောင့်ရေနွေးကန်ထဲမှာ ပန်းဂျူံခေါက်ဆွဲအညို နဲ့ ဂျပန်လုပ် ဂျူံခေါက်ဆွဲအဖြူ၂မျိုးကို တမျိုးစီ စတီးဇကာထဲမှာထည့်ပြီး ရေနွေးကန်ထဲမှာ ၃မိနစ်လောက် စိမ်ရတယ်။ စစိမ်ပြီး ၁မိနစ်လောက်ကြာရင် တူနဲ့ တချက်မွှေပေးရတယ်။
အငွေ့က တထောင်းထောင်းထနေတော့ ခေါက်ဆွဲဇကာထဲကို တူနှစ်ပြီး မွှေလိုက်ရင် ကိုယ့်လက်ကိုယ် မမြင်ရတော့ဘူး။ စတီးဇကာရဲ့ အပေါက်က ၃လက်မလောက်ပဲ ကျယ်မယ်။ သူတို့က တူအရှည် သုံးခိုင်းပေမယ့် တူအရှည်ကို ကျွန်ုပ်ကောင်းကောင်း ကျွဒီအခါမှာ ရေနွေးထဲစိမ်ထားတဲ့ စတီးဇကာနှုတ်ခမ်းနဲ့ ကျွန်ုပ်လက်နဲ့ မိတ်ဆက်တဲ့ အကြိမ်ပေါင်း မနည်းခဲ့ဘူး။ အပူလောင်ရာပေါ် အပူလောင်ဆင့်ပြီး အရေပြားက အရည်ကြည်ဖုထချိန်၊ အသားနီလန်ချိန်တောင် မရတော့ပါဘူး။
ခေါက်ဆွဲရလာပြီဆိုရင်လည်း စွပ်ပြုတ်ရည်ထဲ မထည့်ခင် ရေစင်အောင် ဇကာကို မြှောက်မြှောက်ပြီး ရေကိုစင်နေအောင် အားကုန်လွှဲခါရတယ်။ ညာညောင်းရင် ဗယ်ပြောင်းသုံးလို့ ညာဗယ်လှည့်ကာ ရေခါသောအခါ ကျွန်ုပ်လက်မောင်း ကြွက်သားများဟာ ညအိပ်ရာဝင်ရင် တဆစ်ဆစ်နဲ့ နောက်နေ့အလုပ်မသွားနဲ့တော့လို့ တဗျစ်ဗျစ် တတောက်တောက် ပြောနေသလိုပဲ။
ဒီလိုနဲ့ တလလောက်ကြာတဲ့အခါမှာတော့ ရေနွေးပူတွေဟာလည်း ခပ်နွေးနွေးဖြစ်လာသလို ခံစားရတယ်၊ ရေစစ်နည်းကိုလည်း အားကုန်မသုံးဘဲ ရေစင်အောင် စစ်တတ်လာတယ်။ ကိုယ့်အလုပ်ကိုယ် နည်းနည်းလေး နိုင်နင်းစပြုလာတော့ ကျွန်ုပ်ထုံးစံအတိုင်း ပတ်ဝန်းကျင်ကို စပ်စုတော့တာပေါ့။
အလုပ်ထဲရောက်ပြီးမှ သိရတာကတော့ ကျွန်ုပ်ကို အင်တာဗျူးတဲ့ အမျိုးသမီးက အလုပ်ရှင်ရဲ့ သမီးဆိုပဲ။ ဒီတော့ သူက အမျိုးသမီး ဆိုင်ခေါင်း ဆိုပါတော့။ ဂျပန်မှာက ယေဘုယျအားဖြင့် မိန်းကလေးအချင်းချင်းဆို မချိုဘူး။ ယောကျာင်္းလေးအချင်းချင်းဆို ချဉ်တယ်။ မိန်းကလေးနဲ့ ယောကျာင်္းလေးဆိုရင်တော့ ချိုချဉ်လေးဖြစ်သွားတော့ အဆင်ပြေသွားတဲ့ သဘောလေးတွေ ရှိတတ်တယ်။
အခု အလုပ်မှာတော့ ကျွန်ုပ်ကို ဆိုင်ခေါင်းအမျိုးသမီးက မရက်စက်ဘူး။ ကျွန်ုပ်နားမလည်တာတွေကို သင်ပေးတယ်။ ကျွန်ုပ်ကလည်း အလုပ်ကို Dictionary ယူသွားတယ်။ Dictionaryကို သုံးပြီး ကျွန်ုပ်နဲ့သူနဲ့ communication လုပ်ကြတယ်။ သူက မရက်စက်ဘူးဆိုပေမယ့် သဘောတော့ အကောင်းကြီး မဟုတ်ဘူးပေါ့။ ခပ်တည်တည် ခပ်တန်းတန်းပဲ။
တနေ့မှာတော့ ဆိုင်ကို လူတယောက်လာတယ်။ အတိအကျဆိုရရင် အရပ်မြင့်မြင့် ဂျပန်အမျိုးသား ခပ်ဖြောင့်ဖြောင့် တယောက်လာတယ်။ အဲသည့်လူကို သူမ မြင်လိုက်တဲ့အချိန်မှာ သူမမျက်လုံးဟာ တလကျော်ကျော်လောက် အတောအတွင်း ကျွန်ုပ်တခါမှ မမြင်ဖူးတဲ့ မျက်လုံးမျိုး ဖြစ်သွားတယ်။
အဖျား၂ဖက်က အမြဲလိုလို အောက်ကို ကုပ်နေတဲ့ သူမနှုတ်ခမ်းစွန်းတွေဟာလည်း ကြေးစည်အနားစွန်းများလိုပဲ အပေါ်ကို ကော့တက်သွားတယ်။ သူမသွားတွေ အားလုံးနီးပါး ဖြူဖွေးကြောင်းကိုလည်း အဲသည့်နေ့မှ ကျွန်ုပ် ကောင်းကောင်းကြီး သိလိုက်ရတယ်။ ဂျပန်စရောက်ကတည်းက ကြားရတဲ့ ဂျပန်သံထဲမှာ အဲသည့်လူကို နှုတ်ဆက်တဲ့ သူမရဲ့ အသံလောက် ချွဲပစ်တဲ့အသံ တခါမှမကြားဖူးဘူး။
ဘာတွေ ဘယ်လို နှုတ်ဆက်မှန်း၊ ပြောနေမှန်းတော့ အဲသည့်တုန်းက ကျွန်ုပ်နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် နားလည်လိုက်တာတခုကတော့ ဒီလူဟာ လူကောင်ကြီးနေပေမယ့် (small) ဖြစ်နေတယ် ဆိုတာကိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ အမျိုးသားနဲ့ကလေးကို ကျွန်ုပ်နဲ့ မိတ်ဆက်ပေးဖူးတယ်လေ။ ဒီလောက်တော့ လည်တာပေါ့။ ဘယ်ရမလဲ မြန်မာပဲဟာ။ သူတို့ထက် လည်လို့ ဂျပန်လာပေါ့နော့်။
သည့်နောက်မှာတော့ သူမဟာ အရှိန်မသေသေးတဲ့ ဖရိုဖရဲမျက်နှာကို ချွေးသုတ်ချင်ယောင်ဆောင်ပြီး Tissueနဲ့ကာပြီး ကျွန်ုပ်ကို ဆိုင်ခဏကြည့်ထားနော်လို့ဆိုတယ်။ သူမက ဆိုင်ကြည့်ထားလို့ဆိုပေမယ့် ကျွန်ုပ်စိတ်မတော့ သူတို့နောက်ကိုပဲ လိုက်ကြည့်ချင်နေမိပါတယ်။
ဆိုင်ကလည်း ပိတ်ခါနီးပြီမို့ ဒီအချိန်လူသိပ်မလာတော့တာကို သိလို့ပဲ ကျွန်ုပ်တယောက်တည်းကို စိတ်ချလက်ချ ထားသွားသလားတော့ မပြောတတ်ဘူးပေါ့လေ။
ဒါပေမယ့် သူမအတွက် ကျွန်ုပ်ကို စိတ်ချလက်ချ ထားသွားတာဟာ ကိစ္စမရှိပေမယ့် သူမစိတ်ချလက်ချ ထားမသွားသင့်တဲ့ ကိစ္စကတော့ သူမရဲ့ (Big)ကြီး ဘယ်အချိန်ရောက်လာမလဲဆိုတာကိုပဲလေ။
ဆိုင်ပိတ်ချိန် လာကြိုတတ်တာလည်း ၃ခါလောက်တော့ တွေ့ဖူးတယ်။ ဒါပေမယ့် အဲသည့်အချိန်မှာ ကျွန်ုပ်လည်း သူမရဲ့ Big ကြီးကို သတိမရဘဲ စောစောက သူတို့၂ယောက်ပြောတဲ့ စကားတွေကို မှတ်မိသလောက်၊ နားလည်သလောက် ပြန်စဉ်းစားနေချိန်မှာပဲ " ဗြုန်း " ဆို Big ကြီးဟာ ဗွားကနဲ ဆိုင်ရှေ့မှာ View မှာ ပေါ်လာပါတော့တယ်။
ဆက်ရေးပါဦးမည်။
နန္ဒာ
ကျွန်ုပ်သုံးခဲ့ရသော ခေါက်ဆွဲပြုတ်စကာများ
ဒီစာကို မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြသော လူငယ်များ၊ ဂျပန်ကို အလုပ်လာလုပ်ချင်သော လူငယ်များအတွက် အဓိကဦးတည်၍ ရေးပါသည်။ ကမ္ဘာ့အလုပ်လုပ်ဆုံး လူမျိုးများလို့ မှတ်တမ်းတင်ခံရတဲ့ တိုင်းပြည်တပြည်ကို ရောက်သွားတဲ့အခါ အခြေခံ လူတန်းစားတယောက်ရဲ့ အလုပ်ခွင်တွင်း တွေ့ကြုံရသော စီးပွားရေး၊ လူမှုရေး ပြဿနာများထဲမှ သင်ခန်းစာများ၊ အတုယူစရာများ၊ ရှောင်ကျဉ်စရာများအား လိုလျှင်ယူနိုင်ရန်သာ ရေးသားခြင်းဖြစ်ပါသည်။ “လောကတွင် ယူသော်ရ၏”။
အဖွတ်ခံနေ့ရက်များ (၃)
$
0
0
by Ma Nandar (Notes) on Friday, January 18, 2013 at 7:03pm
"တာဝန်ယူခြင်းနဲ့ အခွင့်အရေး ခံစားရခြင်း၊ တာဝန်ကိုမှီပြီး အခွင့်အရေးယူခြင်းဟာ တူမလိုလိုနဲ့ လုံးဝ ကွဲပြားခြားနားတယ်။"
ဂျပန်လူမျိုးတို့ရဲ့ လူနေမှုစရိုက်ပတ်ဝန်းကျင်မှာ အိမ်ထောင်ရှိပြီးသား ယောကျာင်္းအငယ်အနှောင်းထားတာ၊ အိမ်ရှင်မတယောက် အမြှောင်နေတာတွေဟာ စာဖွဲ့ရလောက်အောင် ပြောပလောက်တဲ့ အကြောင်းကိစ္စတွေ မဟုတ်တော့ဘူး။ ဝင်ငွေကောင်းတဲ့ အိမ်ထောင်ရှင် ဂျပန်အမျိုးသားတယောက် smallရှိတာ မဆန်းဘူး။ မရှိရင်သာ ထူးဆန်းစွာ ချီးမွမ်းခြင်းခံရမှာ။
ခေတ်မီဖွံ့ဖြိုးတိုးတက်လာခြင်းရဲ့ ဘေးထွက်ဆိုးကျိုးလို့ပဲ ပြောရမှာပေါ့။
ဒါပေမယ့် ကျွန်ုပ်ကြားဖူးသလောက်၊ ကျွန်ုပ်နဲ့ သိကျွမ်းတဲ့ ဂျပန်မှာနေထိုင်ပြီး ဂျပန်အမျိုးသမီးနဲ့ အိမ်ထောင်ကျနေတဲ့ မြန်မာအမျိုးသားတွေကတော့ အဲဒီလို အငယ်အနှောင်း ပေါ်တင်ကြီးရှိတာမျိုး မကြားဖူးသလောက်ပါပဲ။
ဘယ်လို အကြောင်းနဲ့ပဲ ယူယူ ကိုယ်တရားဝင် လက်ထပ်ထားတဲ့ ဂျပန်အမျိုးသမီးကိုတော့ သစ္စာရှိရှိ မယားမှတ်မှတ် ပေါင်းကြတာတွေ့ရတယ်။
ဒါဟာ မြန်မာတို့ရဲ့ အစဉ်အလာကြီးမားတဲ့ ယဉ်ကျေးမှုအဆုံးအမရဲ့ လွှမ်းမိုးမှုပေါ့။ ဒါကြောင့်လည်း မြန်မာအမျိုးသားများဟာ ဂျပန်အမျိုးသမီးများကြားမှာ မျက်နှာပွင့်ကြတယ်။ မြန်မာယောကျာင်္းဆို မခါးဘူး။ ကျွန်ုပ်အသိ တချို့ဂျပန်အမျိုးသမီးတွေဆို ကျွန်ုပ်ကိုပြောတယ်။ မိတ်ဆက်ပေးနော် မြန်မာယောကျာင်္း အသိရှိရင် မိတ်ဆက်ပေးနော်တဲ့။
ဘာပဲပြောပြော ကျွန်ုပ်ကတော့  အဲဒီလို လူမျိုးခြားအလည်မှာ ဂုဏ်ယူစရာဖြစ်အောင် နေပေးတဲ့ မြန်မာအမျိုးသားများကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးလည်း ကိုယ့်သိက္ခာ၊ ကိုယ့်လူမျိုးသိက္ခာကို စောင့်ထိန်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ကျွန်ုပ်အလုပ်ရှင် ဂျပန်အမျိုးသမီးကတော့ အရင်စာနံပါတ်(၂)မှာ ဖေါ်ပြခဲ့သလိုပဲ အလုပ်များရတဲ့အထဲ ရံဖန်ရံခါမှာ smallနဲ့ bigကြားမှာ ဗျာများရသေးတယ်။ ကျွန်ုပ် ရိပ်မိသွားမှန်းသိလို့ ကျွန်ုပ်ကိုဆို အလုပ်တွေ သိပ်မခိုင်းတော့ခြင်း၊ ကိတ်မုန့် ခဏခဏ ကျွေးပြီး အလုပ်ထဲက အင်မတန်မှ အတင်းပြောတဲ့ အဖွားကြီးတွေနဲ့ မရောဖို့ကိုလည်း ပြောရသေးတယ်။
ကျွန်ုပ်ရဲ့ ပင်ကိုယ်အကျင့်က ကျွန်ုပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ လူမှန်သမျှကို စိတ်ဝင်စားတယ်။ သိထားချင်တယ်။ အဲဒီလို တတ်နိုင်သမျှ သိထားခြင်းဖြင့် အဲသည့်လူနဲ့ဆက်ဆံရေးမှာ အရမ်းအသုံးဝင်တယ်။ အဲဒါကြောင့် သိထားချင်ခြင်းပဲဖြစ်တယ်။ အတင်းပြောဖို့ အပုပ်ချဖို့ ကျွန်ုပ်စိတ်မဝင်စားဘူး။ ကျွန်ုပ်ကိုလာပြောရင်လည်း အချိန်ရရင် နားထောင်နေလိုက်တာပဲ။ အလုံးစုံကိုလည်း ဘယ်တော့မှ ယုံလေ့မရှိဘူး။
ဒါပေမယ့် ကျွန်ုပ်အလုပ်ရှင် အမျိုးသမီးနဲ့ကျတော့ အချိန်ရရ မရရ နားထောင်ရမှာက ကျွန်ုပ်အလုပ်လို ဖြစ်လာရော။ သူကလည်း ဘယ်တုန်းက ပြောချင်နေမှန်းမသိတဲ့ သူ့ခံစားချက်တွေကို Dictionaryအားကိုးနဲ့ ကျွန်ုပ်ကို နေ့တဓူဝ ပြောပြပါလေရော။ တခုတော့ ကောင်းတယ်။ သူအဲလိုပြောတဲ့အချိန်ဆို ကျွန်ုပ် အလုပ် လုပ်စရာမလိုဘူး။ (အဲသည့်တုန်းကအတွေးပေါ့နော်)
တနေ့မှာတော့ ဆိုင်မှာလူရှင်းခိုက် ကျွန်ုပ်လည်း ကိတ်မုန့်တလုံးကို ဖြေးဖြေးချင်းဖဲ့စားရင်း သူရင်ဖွင့်တာကို နားလည်လိုက် နားမလည်လိုက်နဲ့ပဲ နားထောင်နေလေရဲ့။ ထိုအချိန်မှာပဲ သူ့အဖေ သူဌေးရောက်လာပြီး ကျွန်ုပ်တို့ကို အချောင်ခိုနေတယ်ဆိုပြီး ဆူပါလေရော။
ဂျပန်က စားသောက်ဆိုင်ပဲဖြစ်ဖြစ်၊ စက်ရုံအလုပ်ရုံပဲဖြစ်ဖြစ်၊ စာရေးစာချီပဲဖြစ်ဖြစ် အလုပ်ချိန်မှာ လက်ကအလုပ် လုပ်နေရင်းနဲ့ စကားပြောခွင့်ရှိပေမယ့် ဒီအတိုင်း ဘာမှ မလုပ်ဘဲ ရပ်စကားပြောတာ ထုံးစံမရှိဘူး။ အလုပ်နဲ့လက်နဲ့ ပြတ်လေ့မရှိကြဘူး။
အခုတော့ ကျွန်ုပ်က လက်ထဲမှာ မုန့်တန်းလန်း၊ သူ့သမီးကလည်း လက်ထဲမှာ Dictionaryကြီး တန်းလန်းနဲ့ မိတော့တာပေါ့။ သူဌေးက တူးတူးခါးခါး စူးစူးဝါးဝါး ဆူပါလေရော။ သားအဖချင်းမို့ သူဌေးပြောသမျှကို သူ့သမီးက မနာပေမယ့် ကျွန်ုပ်က နာတယ်။ အလုံးစုံ နားမလည်ပေမယ့် နှလုံးတုန်တက်အောင် နာတယ်။
“ကျမက ဦးလေးသမီးပြောလို့ ရပ်နားထောင်နေရတာ၊ တကယ်ဆို ဦးလေးသမီးရဲ့ ရင်တွင်းဖြစ်တွေကို စိတ်မဝင်စားဘူး၊ မုန့်ကလည်း သူကျွေးလို့စားတာ၊ ဦးလေးသမီးနဲ့ အကြိုက်မလိုက်ရင် ကျမကို အလုပ်ထဲမှာ ဂွင်ထဲကနေ ဦးလေးသမီးက ပညာပြတော့ ကျမပဲ ခံရမှာလေ။ ဆူစရာရှိရင် ကိုယ့်သမီးကိုယ်ဆူပါ့လား “ လို့ အားရပါးရ ပြောလိုက်ချင်တာပေါ့နော်။
ဒါပေမယ့် တကယ်တမ်းမှာ ကျွန်ုပ် အဲဒီလို ဘယ်ပြောတတ်ပါ့မလဲ။ ကိုယ်နားမလည်တဲ့ ဘာသာစကားတခုရဲ့ ဆူသံပူသံဟိန်းဟံဟောက်သံတွေဟာ နားလည်တာထက်တောင် ပိုပြီးအခံရခက်သေးတယ်ဆိုတာကို အဲသည့်အချိန်မှာ ပထမဦးဆုံး တွေ့ကြုံခံစားလိုက်ရတာပဲ။ ရင်ထဲက စူးပြီးအောင့်လာတယ်။
မကျေနပ်စိတ်၊ မခံချင်စိတ်ကြောင့် ဖြစ်ရတဲ့ ဒေါသအပူမီး၊ ပြန်မပြောနိုင်တဲ့အတွက် ဖြစ်ရတဲ့ ဝမ်းနည်းလောင်မြိုက်မှု အပူမီးတွေကြောင့် ကျွန်ုပ်ရင်ဘတ်ထဲက အောင့်လာတယ်။ နောက်ဆုံးတခွန်း မေးသလိုလို ဆူသလိုလို ခပ်ငေါက်ငေါက် ပြောလိုက်တဲ့ စကားကို ကျွန်ုပ်နားလည်တယ်။
အဲသည့်လူကြီးက “ ငါပြောနေတာကြားလား၊ နားလည်လား၊ နားလည်ရင် ဟုတ်ကဲ့ လို့ ပြန်ပြော “တဲ့။ ဒီအခါမှာတော့ ကျွန်ုပ်လည်း တချိန်လုံး ခေါင်းငုံ့ပြီး အဆူခံနေရာကနေ အဲသည့် လူကြီး မျက်နှာကို မော့ကြည့်လိုက်တယ်။ နောက်သူ့မျက်လုံးကို ကြည့်ပြီး တခွန်းပဲ ပြောလိုက်တယ်။
“ ငါနားလည်ပါတယ်၊ အဲဒါကြောင့် ငါ အလုပ်က ထွက်တယ် “ လို့။
ဒီ့နောက်မှာတော့ ပြောပြောဆိုဆိုပဲ အတွင်းခန်းထဲဝင်ပြီး Time card သွားရိုက်လိုက်တယ်။ အဝတ်လဲတယ်။ ပြက္ခဒိန်ကို သူတို့ ၂ယောက်ကြားကို ယူလာပြီး လခပေးမယ့်ရက်ကို လက်နဲ့ထောက်ပြပြီး အဲသည့်နေ့ ငါ့ပိုက်ဆံလာယူမယ်လို့ ပြောလိုက်တယ်။ အဲသည့်တုန်းက လခဆိုတဲ့ ဝေါဟာရကိုတောင် အခုလို သွေးပူနေချိန်မှာ မစဉ်းစားဘဲနဲ့ မပြောတတ်သေးဘူး။
သူတို့၂ယောက်က ကျွန်ုပ်ကို ဘာတွေလဲ မသိဘူးပြောကြတယ်။ နားထောင်ချင်စိတ်မရှိတော့လို့ ဆိုင်ရဲ့ မှန်တံခါးကို တွန်းဖွင့်ပြီး ထွက်လာတဲ့ အချိန်မှာတော့ အံ့သြခြင်း၊ နားမလည်ခြင်း ၊စိတ်ပျက်ခြင်းတို့နဲ့အတူ ဘယ်လိုလူမျိုးပါလိမ့် ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ကျွန်ုပ်ကျောပြင်ကို ကြည့်နေတဲ့ သူတို့ ၂ယောက်ကို တွေ့လိုက်ရတယ်။
အဲသည့်အချိန်တုန်းက ကျွန်ုပ်ရဲ့စိတ်ဓါတ်၊ ကျွန်ုပ်ရဲ့အတွေးအခေါ်နဲ့ ကျွန်ုပ်ရဲ့အတွေ့အကြုံတွေဟာ မြေကြီးထဲက ထွက်ပြီး ကမ္ဘာမြေလောကကို ရောက်ခါစ မျှစ်စို့ပေါက်စနုနုလေးလောက်ပဲ ရှိသေးပါလားဆိုတာကို အဲသည့်တုန်းက ကိုယ့်ကိုယ်ကို မသုံးသပ်တတ်ခဲ့ဘူး။
ကိုယ့်ကိုယ်ကို ကြွေးကျော်လိုက်တာက ငါမာတယ်ပေါ့။ မြေသားမာမာကြီးထဲက ထိုးထွက်ပေါက်လာတဲ့အတွက် ငါဟာ မြေကြီးထက်မာတယ်ဆိုတဲ့ သဘောမျိုးကိုပဲ မြင်တယ်။ ကိုယ့်ကိုယ်ကိုပဲ မြင်တယ်။ ကိုယ်တယောက်တည်းပဲ မြေကြီးကို ဖေါက်ထွက်လာရသလိုလိုပေါ့။ ကိုယ့်ဘေးမှာ အလွန်မြင့်မားစွာ အပြိုင်းအရိုင်းတည်ရှိနေကြတဲ့ ဝါးပင်များဟာ မျှစ်ဘဝကလာတယ်ဆိုတာကို နားမှ မလည်သေးပဲကိုး။
တာဝန်ယူခြင်းနဲ့ အခွင့်အရေး ခံစားရခြင်း၊ တာဝန်ကိုမှီပြီး အခွင့်အရေးယူခြင်းဟာ တူမလိုလိုနဲ့ လုံးဝ ကွဲပြားခြားနားတယ်ဆိုတာကို ကျွန်ုပ်မစဉ်းစားတတ်ခဲ့ဘူး။
အဲသည့်တုန်းကတော့ ငါမမှားဘူး။ ငါမှန်တယ်ပေါ့။
အလုပ်ကတော့ (၃)လပဲ ခံတယ်။ ပြုတ်သွားပြီ။ အဲ….မှားလို့ ထွက်လိုက်တယ် ဆိုပါတော့။
ဆက်ရေးပါဦးမည်။
နန္ဒာ
ဒီစာကို မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြသော လူငယ်များ၊ ဂျပန်ကို အလုပ်လာလုပ်ချင်သော လူငယ်များအတွက် အဓိကဦးတည်၍ ရေးပါသည်။ ကမ္ဘာ့အလုပ်လုပ်ဆုံး လူမျိုးများလို့ မှတ်တမ်းတင်ခံရတဲ့ တိုင်းပြည်တပြည်ကို ရောက်သွားတဲ့အခါ အခြေခံ လူတန်းစားတယောက်ရဲ့ အလုပ်ခွင်တွင်း တွေ့ကြုံရသော စီးပွားရေး၊ လူမှုရေး ပြဿနာများထဲမှ သင်ခန်းစာများ၊ အတုယူစရာများ၊ ရှောင်ကျဉ်စရာများအား လိုလျှင်ယူနိုင်ရန်သာ ရေးသားခြင်းဖြစ်ပါသည်။ “လောကတွင် ယူသော်ရ၏”။
“သည်မိုးမှောင်တုန်း မောင်ပုန်းပါရစေ ခင်”
$
0
0
by Soe Min (Notes) on Sunday, May 12, 2013 at 3:22am
“အနောက်တောင်ဆီက ရွာမလိုဟန်ပြင် မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင်စစ်မျက်နှာဖွင့် တိမ်ခိုးဝင့်ကာနှင် မှိုင်းမှိုင်းရိပ်ရောင် စွန်တောင်ဆင် ပြိုမှာလေလားမိုးရဲ့ငြှိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင်။” တဲ့။
        ခါတိုင်းလည်းနားထောင်နေကျ သီချင်းကလေးပါပဲ။ ဒါပေမယ့် ဒီနေ့တော့ ကိုစောညိမ်း သီချင်းလောက် ဟတ်ထိတာကိုမရှိတော့ဘူး။ အနောက်တောင် မုတ်သုန်လေကြီးက အားကောင်းနေလို့ ဆိုင်ကလုန်း မုန်တိုင်းကြီးအဖြစ်ဘင်္ဂလားပင်လယ်အော်ထဲကို ၀င်လာပြီဆိုပဲ။ ဧရာမကြီး ဆင်လောက်ကြီးတာတောင် မကဘူး။ နံမယ့်ကိုကမဟာဆင်တဲ့။ ဖေ့စ်ဘုတ်ပေါ်က မဟာကြောင်လောက်တော့ သနားတယ်။ ဘင်္ဂလားကို မုတ်သုန်ဝင်တာလောက်ကတော့အဆန်း မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်ဆို ၀င်နေကျမို့ အညာမှာ ကလေးတွေဆိုတဲ့သီချင်းလေးတောင် မှတ်မိသေး။
“လေတွေမိုးတွေ လာပါလို့ ကဆုန်လပြည့်ကျော်။ လူပျိုလေးတွေလာပြန်တော့ ခုံဖိနပ်နဲ့ဆော်။” တဲ့။ အိမ်မြောက်ဘက်က မန်ကျည်းပင်ကြီးတွေ သီးမှည့်ကြွေတဲ့လေဦးမိုးဦးလည်း ဖြစ်တယ်။ ထွေးညိုကလေး မတ်တတ်ပေါက်ရင်း သစ်ကိုင်းပိတာလည်း ဒီအချိန်ပဲ။တပေါင်းတန်ခူး မိုးသားကြူးတုန်းကလာတဲ့ လေရူးလေပွေမျိုး မဟုတ်ဘူး။ လေနဲ့အတူ မိုးပါခေါ်လာတဲ့မိုးသက်လေပြင်း လို့ ခေါ်တယ်။ ကဆုန်နယုန် ဆွေ့ဆွေ့ခုန် ဆိုလောက်အောင် အပူပြင်းဆုံး ဥတုမို့လို့မိုးကို မျှော်နေသော်ငြားလည်း လာမယ့်လာတော့ မိုးကလည်း အငြှိုးကြီးနဲ့ အရွဲ့တိုက်သလိုရွာတာ။ ဒါကြောင့်မို့ မေဦးမိုးဟာ ၀မ်းသာအယ်လဲ ကြိုမိသော်ငြား စိုးနှောင့်ဗျာပွေလည်းမကင်းဘူး။ သည်နှစ်တော့ မုန်တိုင်းသတင်းကို ဟိုးအရင်တုန်းကလို မသိလိုက်မသိဘာသာ နေလို့မရတော့ဘူး။ ရခိုင်ဘက်ကို ၀င်မှာတဲ့ ဆိုရုံနဲ့တင် ရခိုင်မှာရှိတဲ့သူတွေကို သိသိ မသိသိအစိမ်းအကျက်မရွေး စိတ်ပူမိတယ်။ အထူးသဖြင့်တော့ အမ်းပတ်လည်ကလူတွေအတွက်ပေါ့။
         ကိုယ်နေခဲ့တဲ့နှစ်နှစ်အတွင်းမှာတော့ တောင်ကြားထဲမှာ ရှိတဲ့ အမ်းဟာ လေကွယ် မိုးကွယ် အရပ်မို့လို့စစ်တွေ၊ ကျောက်ဖြူတို့လောက် ကျွမ်းသဒ္ဒါလန်နေအောင် မုတ်သုန်ဒဏ် မခံရပါဘူး။ ဒါပေမယ့်မိုးကတော့ နင်လားငါလား သည်းသည်းမည်းမည်း ရွာတယ်။ ရန်ကုန်မှာ ဆောင်းနေကျ ခေါက်ထီးလှလှလေးတွေဟာရခိုင်မှာ ဟန်ပြလောက်တောင် အသုံးမ၀င်ဘူး။ လေတစ်ချက်အဝေ့နဲ့တင် လန်ထွက်သွားမှာ။ တဝေါဝေါတ၀ုန်းဝုန်း ရွာတဲ့မိုးထဲမှာ ပဒုမ္မာရွှေကြာရိုးကို ထီးလုပ်လို့မိုးတယ်ဆိုတာ ပျော်စရာကောင်းလို့သက်သက်ပဲ။ ရေကတော့ ဘာနဲ့ကာကာ တုတ်တုတ်ရွှဲမှာ။ ဒီလို မိုးထဲလေထဲမှာ ဆိုင်ကယ်ကလေးနဲ့ကျောက်ဖြူအထိ သွားဖူးပါတယ်။ ရွှံ့တွေဗွက်တွေ၊ ကျိုးနေတဲ့ တံတားလေးတွေကနေ ဆိုင်ကယ် တဗိုင်းဗိုင်းလဲအောင်သွားရတာခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ ပျော်စရာကောင်းသလိုပါပဲ။ ရမ်းဗြဲနဲ့ ကျောက်ဖြူအကြားမှာမိုးလေ၀သတိုင်းတာတဲ့ စခန်းတစ်ခုရှိတယ်။ နှစ်တိုင်း မုန်တိုင်းတွေ ၀င်နေကျမို့ ထားပေးတာတဲ့။ဒါပေမယ့် တောက်တဲ့ဟောတဲ့ ဗေဒင်လိုပါပဲ မှန်တဲ့အခါမှန်ပြီး မမှန်တဲ့အခါ မမှန်ဘူးတဲ့။ခေတ်နဲ့ အမှီမလိုက်နိုင်တဲ့ စက်ကိရိယာပစ္စည်းတွေကြောင့်လည်း ပါချင်ပါမှာပေါ့။ မနှစ်ကတုန်းကလည်းတီဗီသတင်းထဲက မုန်တိုင်းသတိပေးချက်တွေကို ဂရုတစိုက် လိုက်နားထောင်ပါတယ်။ ခုလိုပဲ။ ဘူးသီးတောင်မောင်းတောဘက် ၀င်သွားမှ သက်ပြင်းသက်မချနိုင်တယ်။ တကယ်ဝင်တဲ့အချိန်က ကြေငြာတဲ့အချိန်ထက်တစ်ရက်စောနေတာတစ်ခုပဲ။ မုန်တိုင်းက ညက ပြီးသွားပြီ။ နောက်တနေ့မှာ သတိပေးချက်တွေ ဆက်လာနေတော့ထပ်လာဦးမယ် မပြီးသေးဘူးမှတ်နေတာ။ ဘာပဲပြောပြော ရေရှားလို့ အမ်းချောင်းထဲဆင်းစိမ်နေရာကပြိုမှာလေလားမိုးရဲ့ ဖြစ်လာတာမို့ စိတ်ချမ်းသာတာတော့ အမှန်ပါပဲ။ တံစက်မြိတ်က ရေတံလျှောက်မှာကတော့လေးတပ်ပြီး ပိုက်သွယ်လိုက်ရင် တိုင်ကီအုတ်ကန် လျှံနေအောင်ကိုရတယ်။ ကြည်လင်စိမ့်အေးနေတာပဲ။ဖုန်တသောသောမြင်ကွင်းကလည်း ဆာဗစ်စင်ကထွက်လာတဲ့ ကားအသစ်ကလေးလို လန်းလန်းကြည်ကြည် စိမ်းစိမ်းတောက်တောက်သစ်လာတယ်။ ဖား၊ ခရု၊ ပုရစ်၊ ပုဇွန်တွေ ပေါတော့မယ်။ အိမ်ထဲကို တောက်တဲ့ကြီးတွေ ၀င်ဝင်လာပြီးသူတို့အသံတွေ ညံနေအောင် ကြားရတော့မယ်။
          မိုးကြောင့်ခြေခင်းလက်ခင်းတွေ ပျက်သွားတဲ့အခါ ဆေးရုံကို သေကောင်ပေါင်းလဲလူနာတွေက လွဲလို့ ဘယ်သူမှမလာကြတော့ဘူး။ ရိုးမပေါ်မှာဆို ပိုဆိုးတယ်။ လမ်းတွေ ပြိုကုန်ပြီလေ။ ထမင်းဆိုင်တွေကတောင်နေ့တိုင်း ချက်မထားတော့ဘူး။ ကားဝင်မယ် ဖုန်းဆက်တော့မှ ကမန်းကတမ်း ချက်ပြုတ်ပြင်ဆင်တော့တယ်။ကားက နေ့တိုင်းမှ မ၀င်နိုင်တော့ပဲကိုး။ ရန်ကုန် စစ်တွေကို ကားစီးရတဲ့ခရီးသည်တွေဘ၀ဟာ သနားစရာလည်းကောင်း၊  ပျော်စရာလည်း ကောင်းပါတယ်။ အမ်းရောက်ရင် ဈေးလည်ခေါင်က ဆိုင်ခုံကလေးတွေပေါ်မှာဖြစ်သလိုကျောခင်းပြီး အိပ်ရရှာတယ်။ ထမင်းဆိုင်မှာ ရေမိုးချိုးလို့ ရတယ်။ တစ်ခွက်တစ်ဖလားစားစားသောက်သောက် နဲ့ ခရီးဆက်ကြတာပေါ့။ အန္တရာယ်များပေမယ့်လည်း သည်ခရီးကို သည်နည်းနဲ့ပဲအရောက်လှမ်းရပါတယ်။ သည်အချိန် သည်ရာသီဆိုရင် ရခိုင်မှာ အကြောင်းပြချက်တစ်ခုတည်းနဲ့ပဲခရီးသွားလာကြတော့တယ်။ မဖြစ်မနေမို့တဲ့။ အဲဒီအကြောင်းပြချက် မရှိပဲနဲ့တော့ သူသူကိုယ်ကိုယ်အိုးမကွာ အိမ်မကွာ သာသာယာယာ အေးအေးဆေးဆေး မိုးစည်းစိမ်စံစားလို့ နေကြတာပေါ့။
          တကယ်တော့ရခိုင်သူ ရခိုင်သားမှန်ရင် မိုးကြောက်တဲ့အထဲတော့ မပါပါဘူး။ သူတို့ဆီမှာ မိုးရာသီဆိုတာတစ်နှစ်မှာ ခြောက်လလောက် ရွာနေတာ မဟုတ်လား။ မြောက်ဦးက ဘုရားပုထိုးတွေတောင် လေဒဏ်မိုးဒဏ်ကြံ့ကြံ့ခံနိုင်တယ်။ မုန်တိုင်းဆိုတာကလည်း ကြီးတာနဲ့ သေးတာပဲ ကွာမယ်။ နှစ်တိုင်းတော့ကြုံတွေ့နေကျပါ။  သွားရေးလာရေးက ကုန်းလမ်းခက်ပေမယ့်ရေလမ်းက မြေပုံထဲမှာ တွေ့ရသလို ပင်လယ်ပြင်ကျယ်ကြီးထဲ ထွက်ရတာ မဟုတ်ဘူး။ မြစ်ဝကျွန်းပေါ်လိုပဲကျွန်းနုချောင်းဝ ရေတက်ရေကျနဲ့ စက်တပ်လှေကလေးတွေ လူးလာခေါက်တုံ့ သွားကြတယ်။ တို့ဘိုးတော်ဘတော်များကသာဒီကနေ့ထိ မီးမထွန်းပေးနိုင်သေးတာ။ ပေါက်ဖော်ကြီးတွေ ကျေးဇူးကြောင့် ဆိုင်ကယ်တွေလည်းမရှားဘူး။ စက်လှေကလေးတွေကလည်း လက်မညောင်းဘူး။ ဆေးရုံမှာလည်း မီးစက်ကလေးတွေ ထွန်းနိုင်တယ်။တို့ရွာသားတွေ အားလုံး ထွေလာဂျီပဲ စီးကြတယ်။ ကိုယ့်အရပ် မှာ ကိုယ့်ဇာတ်နဲ့ စိတ်ညစ်လှတယ်တော့မရှိပါဘူး။ လှည်းနေနေ၊ လှေအောင်းအောင်း၊ မြင်းဇောင်းထဲမှာပဲ ခွေခွေ၊ ပိတ်သတ်ကြီးကတော့အဆင်ပြေပါတယ်ဗျ။  ဓါတ်ငွေ့ပိုက်ကြီး တရုတ်ပြည်ရောက်မှတို့၊စစ်တွေရေနက်ဆိပ်ကမ်းကြီး အိန္ဒိယထိ ရထားလမ်းပေါက်မှတို့ဆိုတာက “ဘုရားငုတ်တို ရောင်တော်လွှတ်မှပုံတော်ဆင်ဝတ်ကြပါစို့ မောင်ကြီးရေ တော့” လို့ပဲ မရေမရာ တေးထားရတာ။
          ကိုယ်ကိုယ်တိုင်ကရခိုင်လူမျိုး မဟုတ်သော်ငြား နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ရခိုင်မှာ နေလာဖူးတဲ့အခါ ရခိုင်ပြည်နယ်ကြီးနဲ့ပတ်သက်လာရင် ပူစရာရှိလည်း ပူတာပဲ။ တိုးတက်စေချင်တဲ့ စေတနာလည်း ရှိတာပဲ။ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးဆိုတာကတော့ ကိုယ်တိုင်ကိုယ်ကျ ခံစားဖူးတဲ့ အခြေခံလိုအပ်ချက်မို့ပြောမနေတော့ပါဘူး။ ပြောလည်း ထူးမှထူးပဲနဲ့။ သူတို့လည်း လုပ်နေရှာသားပဲ။ ရန်ကုန် စစ်တွေလမ်းမကြီးဆိုတာ အစက မရှိဘူး။ အခုလည်း ဖောက်တုန်း။ မပြီးသေးဘူး။ စိုင်တင်၊ သူဌေး၊ အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းတွေကလည်း တစ်ခုမှသာ မီးမလင်းသေးတာ ဘတ်ဂျက်ကလေးကျရင် ထလုပ်လိုက်၊မပါပြန်တော့ ရပ်ထားလိုက်နဲ့ အင်ဂျင်နီယာကလေးတွေဆို ဘယ်လောက်သနားဖို့ကောင်းသလဲ။ တောထဲတောင်ထဲငတ်တလှည့်ပြတ်တလှည့်။ ငှက်ဖျားက ထူပါဘိ။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဆိုတာကတော့ကိုယ်တွေလုပ်ပေးနိုင်တာဆိုလို့ အစည်းအဝေးတွေပဲ ရှိတယ်။ တစ်လတစ်ခါ ပျော်ပျော်ပါးပါးအစည်းအဝေး ခေါ်ကြတာပေါ့။ ကာဖီတောင် မတိုက်နိုင်ပါဘူး။ အစည်းအဝေးပြီးမှ ရုံးရှေ့ လက်ဘက်ရည်ဆိုင်အမေရိကန်လို သောက်ကြတာ။ ပြောစရာမရှိ အရင်အပတ်က အဆိုပြန်တင်လေ။ သူလည်း မမှတ်မိ၊ ကိုယ်လည်းမမှတ်မိ။ သည်လူသည်လူတွေ တွေ့လိုက်ရင် မာကြောင်းသာကြောင်း သိရတာပေါ့။ အမ်းမြို့နယ်မှာအစည်ကားဆုံး ဌာနဆိုင်ရာ သုံးခုတော့ ရှိတယ်။ ကြေးတိုင် နဲ့ မြေစာရင်းရယ်၊ ထွေ/အုပ်ရယ်၊မောင်စံဖားတို့ ဆေးရုံရယ်။ တောင်ယာတွေ အသိမ်းခံရလို့ မြေတိုင်းပြီးရင် လျော်ကြေးထုတ်မယ်။လက်စနဲ့ အောင့်ထားသမျှ ရောဂါလေးတွေ ဆေးရုံဝင်ပြကြမယ်။
          ခုလိုမုန်တိုင်းသတိပေးထားတဲ့အခါဆိုရင်ဌာနဆိုင်ရာတွေလည်း ကယ်ဆယ်ရေးအတွက် အသင့်ပြင်ထားကြရတယ်။ ရေကြီးရေလျှံ၊ ဆိုင်ကယ်မှောက်။သွပ်မိုးလန်၊  မိုးကြိုးပစ်၊ ၀မ်းရောဂါ၊ မြွေပါးကင်းပါးတွေခါတိုင်းထက် ပိုလာတာကိုး။ မိုးထဲလေထဲ မွေးလူနာများလည်း အရောက်နောက်ကျတော့မယ်။ ဒီအချိန်ကြီးကျမှအမ်းဆေးရုံမှာ ရှင်နည်းရာ အဂ္ဂလူထွက်တာ စိတ်မကောင်းပါဘူး။ ကိုယ့်နေရာမှာ အစားမ၀င်သေးဘူး။ကျောက်ဖြူမှာလည်း ဆာဂျင်မရှိလို့ အိုဂျီမမလေး မူးတောင်လဲသတဲ့။ သူ့အိမ်ကကိုကို ရင်ထုမနာသာဓုခေါ်ထားတာ ဖတ်လိုက်ရတယ်။ တကယ်တော့ ရခိုင်တစ်ပြည်လုံးမှာ အထူးကုရှိတဲ့နေရာက စစ်တွေ၊ကျောက်ဖြူ၊ သံတွဲ၊ အမ်း ပြီးရင် ဘူးသီးတောင်၊ မောင်းတောပဲ ရှိတယ်။ ဒါက နေရာပြောတာ။လူက မေးစရာမလိုဘူး။ ဆေးခန်းကောင်းကောင်း ထိုင်လို့ရတဲ့နေရာဆို ဆရာဝန်ရှိမယ်။ ရခိုင်တွေသီချင်းဆိုသလို အိပ်စိုက်စား အိပ်စိုက်စား ဆိုတဲ့နေရာဆို ဆရာဝန်တွေ ပြေးမှာပေါ့။ ဒီနေရာမျိုးမှာဆရာဝန်တစ်ယောက်ရဲ့ အတ္ထိပစ္စယောဟာ လူနာပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ် ဖြစ်မှန်းကိုကိုယ်ကိုယ်တိုင်နေဖူး ကုဖူးတဲ့အခါ သိလာပါလိမ့်မယ်။ ဒီအချိန်ဒီအခါ လှေဆိပ်ရှိတဲ့ ကဇုကိုင်း၊ကမ်းထောင်းကြီးကနေ အမ်းကိုရောက်အောင်လာချင် ကားငှားခချည့်ပဲ ရှစ်သောင်းရှိတယ်။ အမ်းရောက်လို့ဆရာဝန်မရှိဘူး။ မကွေးကို သွားပါ ဆိုရင် နောက်ထပ် နှစ်သိန်း ထပ်ကုန်မယ်။ ဆရာဝန်မျက်နှာမမြင်ရခင်ကတည်းက အိမ်တိုင်တွေ ကျွတ်ကုန်ပြီ။ ဒီစကားကတော့ ကိုယ့်ဘာသာ အမှတ်ယူချင်လို့ပြောတဲ့စကား မဟုတ်ပါဘူး။ ကိုယ့်လိုပဲ အမ်းမှာ တပိန်ပိန်တလိန်လိန်နဲ့ မဖြစ်ဖြစ်အောင်နေပြီး ဆေးကုနေသူ ဘ၀တူဆရာဝန်တွေကို အားပေးချင်တဲ့စကားပါ။ အမ်းမှာနေတဲ့အတွက် လူနာတွေကလည်းကျေးဇူး သိတတ်ချင်မှ သိတတ်ပါလိမ့်မယ်။ (အခန့်မသင့်ရင် တိုင်တောင်တိုင်တတ်သေး) ၀န်ကြီးဌာနကြီးကလည်းအသိအမှတ်ပြုချင်မှ ပြုပါလိမ့်မယ်။ (စိတ်သာချ။ နိုင်ငံခြားလွှတ်ချင် ရန်ကုန်ကလူတွေချည့်ပဲခေါ်မှာ။ ခင်ဗျားတို့ သိတောင် သိလိုက်ရမယ် မဟုတ်) ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကြီးကဆိုခင်ဗျားတို့ကို နံမယ်တောင် သိမှာ မဟုတ်ဘူး။ (အမ်းကနေ သူတို့ ရခိုင်ပြည်နယ်အကြောင်းစာရေးနေသော ဖုတ်လေသည့်ငပိတောင် ရှိတယ်လို့ မကြားဖူးကြဘူး) အမ်းက ပြန်လာရင် လိုရာဆုတောင်းစေဆိုတဲ့အမိန့်တောင် ဗေကင်စီမရှိရင် ပြည့်သေးဘူးဗျ။ သိုက်နန်းရှင်များလို ကိုယ့်နေရာ စတေးဖို့လူစားမရရင်လည်း စောင့်ရတယ်။ အဲသဟာတွေကို မျှော်မြင်နေသမျှ ကာလပတ်လုံး မထွေးနိုင် မအံနိုင်စိတ်ဆင်းရဲခြင်းကြီးစွာရတတ်တယ်။ ဒါကြောင့် အဲဒါတွေ အကုန်လုံး မေ့ထားပြီး ဒီနေရာ ငါမရှိရင်တော့သူတို့ ဒုက္ခပါပဲ လို့သာ သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းလိုက်ပါ။ ကုသိုလ်ဆိုတာ စေတနာသာပါပစေ။ဘယ်သူပေးပေး မပေးပေး၊ ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု မရမရှိပါဘူး။ လောလောဆယ်လည်း ပီတိစိတ်ကလေးနဲ့စိတ်ဝမ်းငြိမ်းချမ်းသွားတယ် မဟုတ်လား။
         ပထ၀ီသဘောတရားအရအီကွေတာက မြောက်ဘက်ကို ကျွံဝင်လာတဲ့ နေအပူရှိန်ကြောင့် အိန္ဒိယသမုဒ္ဒရာထဲမှာ လေဖိအားနည်းရပ်ဝန်းတွေဖြစ်ပေါ်လာစမြဲပဲ။ အဲသည်ကမှ မုတ်သုန်လေတွေ အားကောင်းလာရင် ဘင်္ဂလားပင်လယ်အော်ထဲကို မုန်တိုင်းငယ်ကလေးတွေအဖြစ်ဝင်လာတာ။ တခါတရံမှာတော့ အရှိန်အဟုန်ပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးတွေ အဖြစ် ပြောင်းတဲ့အခါလည်းပြောင်းသွားတတ်တာပေါ့။ ဖောက်ပြန်လာတဲ့ ရာသီဥတုကြောင့် မုန်တိုင်းတွေ အလာစိပ်လာတာလည်းခန့််မှန်းထားပြီးသားပါ။ အဲသည် မုန်တိုင်းတွေရဲ့လားရာဟာ အဓိကအားဖြင့် ဘင်္ဂလားနဲ့ ရခိုင်နယ်စပ်ကနတ်မြစ်ဝဆီကို ဖြစ်တတ်တယ်လေ။ ဒါကြောင့် စစ်တကောင်းမြို့ဟာ ကမ္ဘာပေါ်မှာ မိုးရေချိန်လက်မအများဆုံး မြို့အဖြစ် စံချိန်တင်ထားဆဲပေါ့။ စစ်တွေ၊ ကျောက်ဖြူသားတွေအတွက် မုန်တိုင်းဆိုတာနေသားကျလာပြီးသားပါ။ လောလောဆယ်မှာတော့ လေပြင်းမုန်တိုင်းထက်စာရင် လူပြင်းမုန်တိုင်းကိုပဲကြောင့်ကျကြီးစွာ သောကပွားနေကြရလိမ့်မယ် ထင်ပါတယ်။ အစီရင်ခံစာတွေလည်း ထွက်ပြီးပြီ။“ပါပလားဟေ့ ဖိုးထောင်ရေ့” ဆိုရင် ခုထက်ထိ “မပါသေးဘူး ၀ါနုရေ့” လို့ပဲ အော်ရဦးမယ်။အဲသည်လူတွေဟာ ဘင်္ဂလားနိုင်ငံမတည်ခင်ကတည်းက သည်မှာဘက်ကမ်းမှာ ပေါက်ဖွားလာတယ်လို့ ငြင်းချင်လည်းငြင်းပါ။ ထားပါတော့။ သူတို့လည်း မနေ့တနေ့ကအထိ အေးအေးချမ်းချမ်းနေနေကြတယ် မဟုတ်ဘူးလား။ဘာဖြစ်လို့ သည်ကနေ့ကျကာမှ ဟနုမာန်အမြီး ဓါတ်ဆီဆွတ်ထားသလို ခုန်ဆွခုန်ဆွ ဖြစ်လာရပါသလဲ။သူတို့ကို အတန်းအစားသတ်မှတ်ချက်အရ ဒုက္ခသည်တွေ အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတယ်ဆိုရင်တောင်အဲသည် ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးရတဲ့ ပစ္စည်းကိရိယာတွေထဲမှာ လက်နက်ကြီးငယ် မပါသင့်ပါဘူး။ကုလသမဂ္ဂ နံမယ်ခံထားရင် စစ်ဖြစ်အောင် လှုံ့ဆော်တဲ့ သဘောထား ရှိစရာလားဗျ။ ငြိမ်းချမ်းရေးအဖွဲ့ကြီးဆို။ဒါပေမယ့် အဖွဲ့အစည်း တံဆိပ်ကပ်ကားကြီးနဲ့ လက်နက်ကြီးငယ် ဖြန့်ဝေလှုံ့ဆော်တဲ့သူကို အစစ်အဆေးအမေးမြန်းမရှိ၊ငြိမ်းချမ်းရေး သံတမန်ကြီးများတောင် ခန့်ရဦးမယ်ဆိုတော့ အဲဒါ ဘာစကားပြောတာပါလိမ့်။ပြောတဲ့သူဟာ ကိုယ့်နေရာ ကိုယ့်ရာထူး၊ ကိုယ့်လုပ်ငန်းရဲ့ သဘောသဘာဝကိုမှ နားလည်ပါလေစလို့ သံသယပွားရပါတယ်။ သူလိုလူမျိုးတွေ ရှိနေတဲ့ အဖွဲ့အစည်းကြီး ဘယ်နိုင်ငံအကြားက ပဋိပက္ခကိုမှဖြေရှင်းနိုင်စွမ်း မရှိတော့တာလည်း မအံ့သြတော့ပါဘူး။ မိတ်ဆွေကြီးတို့အဖွဲ့အစည်းရဲ့အနာဂတ်ကိုလည်း လွန်စွာမှပင် စိုးရိမ်မကင်း ဖြစ်မိပါကြောင်းဗျာ။ သဗ္ဗေသတ္တာ အဝေရာ ဟောတု။အဗျာပဇ္ဇာ ဟောတု၊ သုခိအတ္ထာနံ ပရိဟာရန္တု။ အဲသည်လူကြီးတစ်ယောက်တော့ နည်းနည်းမှ ဟိုဒင်းမပြုပါစေသတည်း။
သန်း ၆၀ နှင့် ဘာသာရေး ပလက်ဖောင်း
$
0
0
..............................
................
(ပေါ်လင်းဦး)
ယခုဆောင်းပါး ရေးရသည်မှာ ဘာသာရေးကို တို့ထိရသဖြင့် အမှန်ပင် လက်တွန့်ချင်စရာ ကောင်းလှ၏။ လက်လည်း တွန့်ပါ၏။ သို့သော် တင်ပြသင့်သော အမြင်တစ်ခုဟု ရိုးရိုးသားသား ယုံကြည်သောကြောင့် ရေးဖြစ်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ စာရေးသူ၏ အမြင်သက်သက်ကို တင်ပြ ခြင်းသာ၍ စာရေးသူနှင့် တိုက်ဆိုင်သူလည်း ရှိနိုင်သလို၊ မတိုက်ဆိုင်သူ လည်းရှိနိုင်သည်ကို ကြိုတင်မျှော် လင့်ထားကြောင်း ဦးစွာဖော်ပြအပ်ပါသည်။
ယနေ့ မြန်မာပြည်၏ ကံကြမ္မာ အနိမ့်၊ အမြင့်ကို ဗေဒင်သာမေးချင် တော့သည်။ တစ်ပူမပြီးသေး...။ နောက်တစ်ပူက အသင့်။ ကံပင် နိမ့်နေသည် လော။ စိုးရိမ်စရာ ကောင်းလာ၏။ စိတ်ပူစရာ ကောင်းလာ၏။ တစ်ဦး တစ်ယောက် သို့မဟုတ် တစ်ဖွဲ့ဖွဲ့က ရည်ရွယ်ချက်ရှိရှိ လုပ်နေသလားဟုပင် တွေးချင်စရာ။
နောက်ပြန်လှိုင်း ... နောက်ပြန်လှိုင်း အကြောင်းကို စာရေးသူတို့ ပြောကြသည်။ တွင် တွင် ပြောကြသည်။ အလားတူ စိုးရိမ်ကြသည်။ ကြောက်ကြ သည်။ စစ်အစိုးရ..စစ်အုပ်ချုပ်ရေး ..။ စာရေးသူတို့ ကြုံခဲ့ဖူးသည်။ တွေ့ခဲ့ဖူး သည်။ တိုင်းပြည် တိုးတက်ရေး အတွက် စစ်အုပ်ချုပ် ရေးဖြင့် မဖြစ်နိုင်သည်ကို စာရေးသူတို့ စာတွေ့မဟုတ်။ လက်တွေ့အသိဖြင့် သိခဲ့ပြီးပြီ။ ထို့ကြောင့်
စစ်အုပ်ချုပ်ရေးသို့ ပြန်မသွားလိုသည်မှာ သဘာဝကျသည်။ စစ်အုပ်ချုပ်ရေး ဟူသည် တည်ငြိမ်မှုကို ဦးစားပေးသော အုပ်ချုပ်မှုပုံစံဖြစ်ရာ နိုင်ငံဖွံ့ဖြိုးရေး ကိစ္စများ နှောင့်နှေးဖင့်နွှဲ့ရသည်မှာ သီအိုရီပင်ဖြစ်၏။
သို့သော် ယနေ့ အခြေအနေ အရပ်ရပ်အရ ဆိုရလျှင်...။ နောက်တစ်ဖန် စစ်အုပ်ချုပ်ရေးသို့ တွန်းပို့နိုင်သည့် ပြဿနာများ တစ်ခုပြီးတစ်ခု ပေါ်လာချေ၏။ ဆက်တိုက်ဆိုသလို ဖြစ်လာ၏။ ယင်းတို့အနက် အစိုးရိမ်ရဆုံးမှာ ဘာသာရေး မီးစပင်ဖြစ်သည်။ ကျန်သော ပြဿနာတို့ကား အတိုင်း အတာတစ်ခု အထိ ထိန်းသိမ်းနိုင်သေး၏။ သို့သော်လည်း ဘာသာရေးမီးစ ကား ထိုသို့မဟုတ်။ လောင်မိလျှင် ဆက်တိုက် လောင်တတ်၏။ ကူးစက်ရန်လည်း လွယ်ကူသော ပင်ကိုယ်သတ္တိရှိ၏။ သို့ဖြစ်ရာ မိတ္ထီလာအရေး ကဲ့သို့သော ဘာသာရေးပဋိပက္ခများမှာ ယနေ့ သန်း ၆၀ ၏ ရှေ့ရေးကို ကြီးမားစွာ ခြိမ်းခြောက်လျက် ရှိပေသည်။ စစ်အုပ်ချုပ်ရေးကို နောက်တစ်ကြိမ် လက်ယပ် ခေါ်နေသကဲ့သို့ ရှိနေသည်။သို့ဖြစ်ရာ နိုင်ငံတည်ငြိမ်မှုကို မလိုလားသော သူတို့အနေဖြင့် အလွယ်တကူ အတို့အရှို့ လုပ်နိုင်သော အပေါက်ကား ယင်းအပေါက်ပင် ဖြစ်နေတော့သည်။
မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစည်း နေထိုင် သောနိုင်ငံဖြစ်၏။ အသေးစိတ် ဆိုရလျှင် လူမျိုးပေါင်း ၁၃၅ မျိုး စုပေါင်း နေထိုင်သလို.. ကိုးကွယ်မှုဘာသာပေါင်း လေးမျိုး စုစည်းနေထိုင်ကြခြင်းလည်း ဖြစ်သည်။ ဤသည်မှာ ပေးထားချက်ဖြစ်သည်။ မြန်မာပြည်၏ ပေးထား ချက်ဖြစ်သည်။
နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ချဉ်းကပ်ရာတွင် ပေးထားချက်များကို ကျော်ခွစဉ်းစား၍မရ။ ပြည့်ပြည့်စုံစုံ ထည့်သွင်းစဉ်းစားရန် လိုသည်။ သို့ဖြစ်ရာ ပြည်ထောင်စုစစ်စစ် နိုင်ငံတစ်ခုဖြစ်နိုင်ရန် အတွက် ၁၃၅ မျိုးစလုံး ကြည်ဖြူ လက်ခံသော နိုင်ငံရေးပလက်ဖောင်း တစ်ခု လိုသလို၊ ကိုးကွယ်မှု လေးမျိုးစလုံး ကြည်ဖြူစွာ ယှဉ်တွဲနေနိုင်သော ဘာသာရေးပလက်ဖောင်း တစ်ခု လည်းလိုသည်။
စာရေးသူတို့သည် ကိုးကွယ်မှုနှင့် ပတ်သတ်လျှင် “သူမှားသည် ၊ ကိုယ်မှန်သည်” ဟု အခြေခံအားဖြင့် ချဉ်းကပ်လေ့ ရှိကြသည်။ ယင်းကား မည်သည့် ဘာသာဝင်မဆို ချဉ်းကပ်လေ့ရှိသော ပုံစံ ဖြစ်သည်။ လူ့သဘောအရ သဘာဝလည်းကျပါသည်။ သို့သော် ယင်းချဉ်းကပ်မှု ပုံစံသည် အခန့် မသင့်လျှင် မှားသူနှင့် မှန်သူမှာ ရန်ဖက်၊ ရန်သူအဖြစ် ရှုမြင်သွားစေနိုင်သည့် လမ်းကြောင်းအထိ တွန်းပို့နိုင်ပါသည်။ ယနေ့မြန်မာနိုင်ငံ တွင်လည်း ဘာသာရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာပင်ဖြစ်စေ ၊ အစ္စလာမ်ပင်ဖြစ်စေ၊ ဟိန္ဒူပင်ဖြစ်စေ၊ ခရစ်ယာန်ပင်ဖြစ်စေ ယင်းပုံစံဖြင့်သာ ချဉ်းကပ်နေကြခြင်း ဖြစ်ပါသည်။ ငါနှင့်မတူ ၊ ငါ့ရန်သူ ဆိုသော သဘောတရားနှင့် အတူတူပင် ဖြစ်သည်။
ဤစာစု အနေဖြင့်မူ အရိုးစွဲနေသော ယင်းချဉ်းကပ်မှုပုံစံ နေရာတွင် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို မထိပါးသော ၊ ကိုးကွယ်မှု မတူသူ များအကြား ကြည်ဖြူစွာ အတူလက်တွဲ နေထိုင်နိုင်မှုကို အထောက်အကူ ဖြစ်စေသော သာသာရေးအမြင် ပလက်ဖောင်းအသစ် တစ်ခုကို အစားထိုး နိုင်ရန် ရည်ရွယ်လိုခြင်းဖြစ်သည်။
စာရေးသူ အနေဖြင့် တင်ပြရလျှင် လူတို့သည် ကိုးကွယ်မှုနှင့် ပတ်သတ်လျှင် “သူမှားသည် ၊ ကိုယ်မှန်သည်” ဟု အများအားဖြင့် ချဉ်းကပ် လေ့ရှိသော်လည်း စေ့စေ့ပေါက်ပေါက် လေ့လာလျှင် ယင်းအမြင်မှာ လွန်စွာ အခြေမခိုင်လှသည် ကိုလည်း တွေ့ရသည်။ အကယ်၍ သင်သည် ခရစ်ယာန် မိဘနှစ်ပါးမှ မွေးခဲ့သော် ယနေ့ကိုးကွယ်နေသော ဘာသာမှာ ခရစ်ယာန် ဖြစ်ရန် ၉၉ ရာနှုန်း သေချာမည်ဖြစ်ပြီး ကျန်ဘာသာ တရားများကို မှားသည် ဟုယုံကြည်သူ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ဗုဒ္ဓဘာသာဝင် မိဘနှစ်ပါး မှ မွေးခဲ့သော် ယနေ့ကိုးကွယ်နေသော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ရန် ၉၉ ရာနှုန်း သေချာမည်ဖြစ်ပြီး ကျန်ဘာသာတရားများကို မှားသည်ဟု ယုံကြည်သူ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် အစ္စလာမ် မိဘနှစ်ပါးမှ မွေးခဲ့သော် ယနေ့ကိုးကွယ်နေသော ဘာသာမှာ အစ္စလာမ်ဘာသာဝင် ဖြစ်ရန် ၉၉ ရာနှုန်း သေချာမည်ဖြစ်ပြီး ကျန်ဘာသာတရား များကို မှားသည်ဟု ယုံကြည်သူ ဖြစ်လိမ့်မည်။
မိမိ၏ ယုံကြည်မှုသည် မိမိအကြောင်းနှင့် မိမိဖြစ်လာသကဲ့သို့ ၊ အခြားသော သူတို့၏ ယုံကြည်မှုသည်လည်း သူ့အကြောင်းနှင့် သူဖြစ်လာခြင်းသာ ဖြစ်သည်။ ထိုထက် ပွင့်ပွင့်လင်းလင်း ဆိုရသော် ယုံကြည်ကိုးကွယ်မှု ဟူသည်မှာ အများစုအတွက် မိမိရွေးချယ်မှု မဟုတ်ရဘဲ ၊ ကြမ္မာရဟတ် ဆေးစက်ကျရာ အရုပ်လိုက် ထင်နေရခြင်းသာဖြစ်သည်။ မိမိဘာသာ တရားကို ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်ခြင်းမှာ မှန်ကန်သင့်မြတ်၏။ သို့သော် အခြားဘာသာတရား များကို ရှုတ်ချပုတ်ခတ်ခြင်းမှာ အလျှင်း မလုပ်သင့်သော ကိစ္စဖြစ်ပေသည်။ သူ့ဂုဏ်နှိမ့်မှ ၊ ကိုယ့်ဂုဏ် မြင့်လာမည်ဟု မှတ်ယူခြင်းမှာ အမှန်မပြည့်ဝခြင်းပင်။
ဤတွင် စာရေးသူ သဘောကျသည့် My Name is Khan ဘောလိဝုဒ် ရုပ်ရှင်ကားကို ကိုးကားချင်ပါသည်။ စာရေးသူသည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သော်လည်း ဤရုပ်ရှင်မှ ပေးချင်သည့် မက်ဆေ့ခ်ျကို စာရေးသူ သဘောကျသည်။ သဘောတူသည်။ အမှန်မှာမူ မည်သည့် ဘာသာဝင် အုပ်စုတွင် မဆို လူကောင်းရှိသလို ၊ လူဆိုးလည်းရှိသည်။ စိတ်ဓာတ်ရေးရာ အဆင့် အတန်းရှိသူ ရှိသလို၊ အောက်တန်းကျသူလည်း ရှိသည်။ ငြိမ်းချမ်းစွာ ကိုယ့်မိသားစုနှင့် အေးအေးချမ်းချမ်း နေချင်သူရှိသလို ၊ တို့မီး ရှို့မီးတို့ကို ဝါသနာ ပါသူတွေလည်း ရှိသည်။ အတ္ဘပရ မျှတသူများရှိသလို၊ လောဘဇောသမား များလည်းရှိသည်။ ဆင်ခြင်တုံတရားပြည့်ဝသူများရှိသလို အဆင်ခြင်မဲ့ သူများလည်းရှိသည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာဝင်များထဲတွင်လည်း ကောင်းသူ နှင့် ဆိုးသူဟူ၍ရှိသလို ၊ အစ္စလာမ်များတွင်လည်း ကောင်းသူနှင့် ဆိုးသူဟူ၍ ရှိသည်ကို လက်ခံရမည်။ ၄င်းသည် အရှိတရားပင်ဖြစ်သည်။ ဟိန္ဒူ ကိုးကွယ်သူ များထဲတွင်လည်း လူကောင်းနှင့် လူဆိုးရှိနိုင်သလို ၊ ခရစ်ယာန်များ ထဲတွင် လည်း အလားတူရှိနိုင်သည်မှာ သဘာဝကျသလို အမှန်တကယ်လည်း ဟုတ်ပေသည်။
ဤချဉ်းကပ်မှု ပုံစံသည် “သူမှားသည် ၊ ကိုယ်မှန်သည်” ဟု သူ့ဘက် ၊ ကိုယ့်ဘက် ခွဲခြား စဉ်းစားခြင်းမဟုတ်ပေ။ မိမိတစ်ဖက်တည်းကို “လူကောင်း၊ လူဆိုး” ခွဲခြားစဉ်းစားခြင်းနည်း ဖြစ်သည်။ ဘာသာရေး အုပ်စုတိုင်းတွင် ကောင်းသူရော၊ ဆိုးနေသူရော ရှိနေသည်မှာ လက်တွေ့အမှန် တရားလည်း ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် မည်သည့် ဘာသာဝင်ပင်ဖြစ်စေ ကောင်းသူ များ အချင်းချင်းပူးပေါင်း မနေနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင် ပင်ဖြစ်စေ အေးအေး ချမ်းချမ်း နေလိုသော သူများအချင်းချင်း အတူယှဉ်တွဲ မနေနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ မျှတသူများ အချင်းချင်း အတူယှဉ်တွဲ မနေနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင် ပင်ဖြစ်စေ သမာသမတ်ကျသူများကို မကြည်ဖြူနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ ရက်ရောပေးကမ်းသူများကို မလိုလား နိုင်စရာ အကြောင်းမရှိ။ မည်သည့်ဘာသာဝင် ပင်ဖြစ်စေ စိတ်နှလုံး မြင့်မြတ်သူများကို မလေးစားနိုင်စရာ အကြောင်းမရှိပေ။
သို့သော် အကြောင်းရှိသည်ကား။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ တို့မီး၊ ရှို့မီး လုပ်တတ်သော သူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ပင် ဖြစ်စေ ဆင်ခြင်တုံတရား မဲ့သူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ပင် ဖြစ်စေ ဖျံကျတတ်သော သူများကို အလိုမရှိ။မည်သည့် ဘာသာ ဝင်ပင်ဖြစ်စေ ကတုံးပေါ်ထိပ်ကွက် လုပ်တတ်သောသူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ အောက်တန်းစား စရိုက် ရှိသူများကို အလိုမရှိ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ ဘနဖူး သိုက်တူးသူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ဖြစ်စေ ကောက်ကျစ်သောသူများ ယုတ်မာတတ်သော သူများ၊ မရိုးဖြောင့်သူများ၊ လူ့အသိုင်းအဝိုင်းအတွက် အဆိပ်အတောက် ဖြစ်စေနိုင်သော သူများကို အလိုမရှိပေ။
ထိုလက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူ များကြောင့် ငြိမ်းချမ်းစွာ နေထိုင်လိုသူတို့ အနှောင့်အယှက်ဖြစ်ရသည်။ လက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူ များကြောင့် သင့်မြတ်စွာ အတူနေလို သူတို့ စိတ်သောကဖြစ်ရသည်။ လက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူ များကြောင့် ဘာသာတစ်ခုနှင့် တစ်ခု အကြား ပယောဂဝင်ရသည်။ လက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူများကြောင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား နားလည်မှုတို့ ကွဲလွဲရသည်။ အနည်းငယ်သော လက်တစ်ဆုပ်စာကြောင့် သင့်မြတ် စွာ နေနိုင်သူများ အိုးမဲ့အိမ့်မဲ့ ဖြစ်ရသည်။ ကျီးလန့်စာစားဖြစ်ကြရသည်။ တောပြေး တောင်ပြေး ပြေးကြရသည်။ ဟိုပုန်း ဒီခို နေကြရသည်။ သေသူ သေရသည်။ ကြေသူ ကြေရသည်။
ထို့ကြောင့် ပြဿနာ တစ်ရပ်အား ချဉ်းကပ်ရာတွင် "ဘယ်ဘာသာဝင်တွေကြောင့်" ဟု လက်ညှိုးမထိုးစေလိုဘဲ "ဘယ်လိုသူတွေကြောင့်" ဟုသာ ရှုမြင်စေချင်ပါသည်။ တစ်ဆက်တည်း တင်ပြရလျှင် "အစွန်းရောက် မျိုးချစ်စိတ်သည် ဒီမိုကရေစီ၏ ထောင်ချောက်ဖြစ်သည်" ဆိုသော စကားကို သန်း ၆၀ တို့ သတိပြုစေချင်သည်။
နိဂုံချုပ်အားဖြင့် တင်ပြရလျှင် ယနေ့ကြုံတွေ့နေရသော ပြဿနာ အရပ်ရပ်တွင် ဘာသာရေး ပဋိပက္ခသည် အန္တရာယ် အကြီးဆုံးမီးစ ဖြစ်သည် ဟု ဆိုချင်ပါသည်။ ဒီမိုကရေစီခရီးအတွက် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးနှင့် အလွန်တူသည်။ ပေါက်ကွဲလျှင်လည်း လောင်ကျွမ်းလွယ်သလို၊ ကူးစက်မှုလည်း မြန်နိုင်သည်ဖြစ်ရာ ယင်းမီစ ကို သပ်သပ်ရပ်ရပ် ထိန်းသိမ်းနိုင်ရန် မဟာဗျူဟာ တစ်ခုကို မဖြစ်မနေ စဉ်းစားဖော် ထုတ်ရန်လိုပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ယင်းအတွက် အထောက်အပံ့တစ်ခု ဖြစ်စေရန် အလို့ငှာ ရည်စူး၍ ဤအယူအဆကို ဘာသာရေးပလက်ဖောင်း တစ်ခုအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။ အကယ်၍ ယင်းပလက်ဖောင်းသာ လူတိုင်း လျှောက်နိုင်လောက်အောင် ဖွံ့ဖြိုးလာပါက ကိုးကွယ်မှု မတူသူများပင် ဖြစ်လင့်ကစား ငြိမ်းချမ်းစွာနေလိုသူများ အကြားနားလည်မှု တစ်စုံတစ်ရာ ဖွံ့ဖြိုး လာနိုင်မည် ဖြစ်ပါကြောင်း။
ကျွန်ုပ်တို့ အလိုရှိအပ်-တောင့်တအပ်-ဆိုက်ရောက်အပ်တဲ့ အရာ
$
0
0
by Ko Navana (Notes) on Sunday, May 12, 2013 at 11:21am
ယခင်အစိုးရလက်ထက်က လူမှုရေးဦးတည်ချက်လေးရပ်-စီးပွားရေးဦးတည်ချက်လေးရပ်- ပညာရေးဦးတည်ချက်လေးရပ် စသဖြင့် ရှိခဲ့တယ်။
ဘယ်ပညာရှိက.. အဲဒါတွေကို တွေးခေါ်ဖေါ်ထုတ်ခဲ့သလဲဆိုတာ သေချာမသိပေမယ့် ဘက်ပေါင်းစုံက လိုအပ်ချက်တွေကို အရေအတွက်အတူတူ (၄)ချက်စီ ကွက်တိဖြစ်
အောင်တော့ သူအတော်ကြိုးစားခဲ့ဟန်ရှိတယ်..။
တကယ်တော့.. စီးပွားရေးလိုအပ်ချက်နဲ့ ပညာရေးလိုအပ်ချက်.. တူချင်မှ တူမှာပေါ့။ စီးပွားရေးဦးတည်ချက်က.. (၄) ရပ်ပဲ ရှိပေမယ့်.. ပညာရေးက (၁၀) ရပ်လည်း ရှိသင့် ရှိရမှာပေါ့..။
အဓိကနဲ့ သာမည ကွဲရင်.. ကိန်းဂဏန်းတစ်ခုအပေါ်မှာ မျှချက်ညီချင်တဲ့စိတ် ရှိဖို့ မလိုဘူး..။ တိုင်းပြည်အတွက် အလွန်အင်မတန်အရေးကြီးတဲ့ ဦးတည်ချက်တွေဟာ စာရွက်ပေါ်မှာ ညီညာဖျဖျဖြစ်နေဖို့မှ မဟုတ်ဘဲ..။
တကယ်က.. မထင်မှတ်ထားဘဲ.. မြန်မာပြည်ရဲ့  အဖက်ဖက်က လိုအပ်ချက်တွေက အံ့သြလောက်အောင် ဘုရားသခင်အလိုတော်အရ.. (၄) ရပ်စီဖြစ်နေတာဗျ.. ဆိုရင်တော့.. ဟဲဟဲ.. ထားလိုက်ပါလေ..။
ဒါပေမယ့်.. အဲ့ဒီဦးတည်ချက်တွေဟာ ကျွန်တော်တို့အတွက် ဖြစ်သင့်တဲ့ ဦးတည်ချက် တွေဆိုတာတော့ လက်သင့်ခံရပါမယ်..။
ဆိုပါစို့..
-တမျိုးသားလုံး၏ စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တမြင့်မားရေး
-တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ ပညာရေးမြင့်မားရေး... စတဲ့ ဦးတည်ချက်တွေ
ဟာ ဘယ်စံနစ်ဘယ်ခေတ်အောက်မှာမဆို.. မြန်မာပြည်သူတွေအတွက် ထားရှိအပ်တဲ့
ဦးတည်ချက်တွေပဲ..။
အဲဒီဦးတည်ချက်တွေဟာ အရင်အစိုးရတွေနဲ့အတူ စွန့်ပစ်လိုက်ရမယ့် ဦးတည်ချက်တွေ မဟုတ်ပါဘူး..။ မြန်မာ့မြေမှာ မြန်မာပြည်သူတွေရှိနေသမျှ အလိုရှိအပ်-တောင့်တအပ်- ရောက်ရှိအပ်တဲ့ ဦးတည်ချက်တွေမို့.. မျက်ခြေမပြတ်
သင့်တဲ့ ဦးတည်ချက်တွေပါ..။
မဆလခေတ်မှာ အထက်တန်းကျောင်းတွေ ရပ်ကွက်တွေထဲ.. လွတ်လပ်ရေး ပြိုင်ပွဲ
ပျော်ပွဲရွှင်ပွဲတွေ ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြတယ်..။ ပြေးခုန်ပစ်ပြိုင်ပွဲမျိုးစုံ ကျွန်တော်တို့ ကျောင်းသားလူငယ်တွေ.. ပြည်သူပြည်သားတွေ ၀င်ပြိုင်ခဲ့ကြတယ်။
ရပ်ရွာကအစပြုလို့.. မြို့နယ်-တိုင်း- နိုင်ငံတော်အဆင့်အထိ ပြိုင်ပွဲတွေ ရှိခဲ့တယ်..။ ပြည်နယ်နဲ့တိုင်း ဘောလုံးပြိုင်ပွဲတွေဆိုရင် တတိုင်းတပြည်လုံး တီဗွီမပေါ်သေးပေမယ့် ရေဒီယိုကနေတဆင့်.. ထမင်းမေ့ဟင်းမေ့ အားပေးခဲ့ကြတယ်။
ဆိုလိုတာက.. မဆလခေတ်ပြည်သူတွေရဲ့  ရင်ထဲမှာ.. အားကစားစိတ်ဓါတ် တွေ ဒီကနေ့မျက်မှောက်ခေတ်ထက် ရှင်သန်ဖြစ်ထွန်းခဲ့တာတော့ အသေအချာပဲ..။
ကျွန်တော်တို့ငယ်စဉ် စနေတနင်္ဂနွေကျောင်းပိတ်ရက်ဆို.. ရေဒီယိုကလာတဲ့..'' မောင်ညီမလေးတို့ရေ ''  တို့ အစချီတဲ့ ပုံပြင်ကို တစ်ပတ်တစ်ကြိမ် တခုတ်တရ မျှော်ခဲ့-နားထောင်ခဲ့ကြရတယ်..။
အခုတော့.. အဲ့ဒါတွေ မရှိရှာတော့ဘူး..။ ပြည်သူတွေရင်ထဲ ကျန်းမာကြံ့ခိုင်ရေး စိတ်ဓါတ် မကျန်တော့သလို.. ကလေးငယ်တွေခမျာ့လည်း ဘာပုံပြင်မှ နားမထောင်ရ တော့ဘူး..။
ဒီကြားထဲ ခေတ်အရွေ့ကို မလွန်ဆန်နိုင်တော့.. လူငယ်လူရွယ်တွေရဲ့  စိတ်ဓါတ် ရေးရာ ယိုယွင်းပျက်စီးမှုကလဲ.. အဖက်ဖက်က တွန်းအားတွေ ပေးလာတယ်။
ကျောင်းသားလူငယ် ဆယ်ယောက်မှာ ကိုးယောက်လောက် ဘာအားကစားမှ မယ်မယ်
ရရ မလုပ်တော့ဘူး..။ ကိုးတန်းဆယ်တန်းလောက် ရောက်ရင်  အရက်-ဘီယာ-ဆေးလိပ် သောက်တတ်လာတယ်..။
ပြေးခုန်ပစ်အစား.. အင်တာနက်-တီဗွီဂိမ်း-ဗွီဒီယို-ရုပ်ရှင်တွေမှာ အချိန်တွေ ပိုကုန်လာ
တယ်..။ အင်တာနက်မှာ ကောင်းမွန်တာတွေ တပုံတပင်ရှိပေမယ့်.. တလွဲသုံးတာ
တွေဖက်ပဲ လူငယ်တွေပိုယိုင်လာတယ်..။
ဒါတွေကို ဒီအတိုင်းပဲ.. ကျွန်တော်တို့ ကြည့်နေကြတော့မှာလား..။ တမျိုးသားလုံး ဆိုင်ရာ ကျွန်တော်တို့ရဲ့  လက်ရှိဦးတည်ချက်တွေက ဘာလဲ..။ လက်တွေ့ အကောင်
အထည်ဖော်ဆောင်မှုတွေကရော ဘာတွေလဲ..။
နေ့ရှိသရွေ့ လူငယ်တွေ ထိတွေ့ယဉ်ပါးနေတဲ့ သတင်းစာတွေ-ဂျာနယ်တွေ-တီဗွီအစီအစဉ်တွေ- အင်တာနက်တွေ-၀တ္ထု-ကာတွန်းတွေ- ရေဒီယိုအသံလွှင့် အစီအစဉ်တွေထဲမယ်..
တမျိုးသားလုံးရဲ့  စိတ်ဓါတ်နဲ့အကျင့်စာရိတ္တမြင့်မားရေး
တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ ပညာရေးမြင့်မားရေး....
အစရှိတာ.. ဘယ်နှစ်ရာခိုင်နှုန်းလောက် ပါသလဲ..။ ပါရော ပါရဲ့ လား..။ ပါဖို့ရော အစီ အစဉ်ရှိရဲ့ လား..။
ဆိုတော့..
မဆလခေတ်က.. မနက်စောစော '' ကျန်းမာရေး လေ့ကျင့်ခန်းစ- တစ်နှစ်သုံးလေး ငါးခြောက်ခုနှစ်ရှစ် တမျိုးပြောင်း '' ဆိုတဲ့ ရေဒီယိုလေ့ကျင့်ခန်းလိုမျိုး လိုက်လုပ်ရယ် မယ်တော့ မဟုတ်ပါဘူး..။
ဒါပေမယ့်.. တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ဖို့အတွက်တော့ အားကစားကို ပြည်သူ့တွေ
ရင်ထဲ .. အထူးသဖြင့် လူငယ်တွေစိတ်ထဲ.. ဒီထက်ဒီ.. ရှင်သန်ပေါက်ဖွားအောင်တော့
ကျွန်တော်တို့ လုံးပမ်းကြရပါ့မယ်..။
မဆခေတ်တုံးကလို '' မောင်ညီမလေးတို့ရေ '' အစချီတဲ့ ပုံပြင်တွေ ပြန်လွှင့်ဖို့ လိုကောင်းမှလိုမှာဖြစ်ပေမယ့်..  တီဗွီပရိုဂရမ်တွေ-အက်ဖ်အမ်အစီအစဉ်တွေထဲမယ်.. လူငယ်တွေရင်ထဲ တခုတ်တရမျှော်လင့်စောင့်စားရတဲ့.. နှလုံးသားအာဟာရ-စိတ်ဓါတ်ရေးရာ ခိုင်ကျဉ်ရေး.. စတဲ့ ပရိုဂရမ်တွေ လုံလောက်အောက်ပါဖို့ ကောင်းပါတယ်..။
ပန်းတိုင်မဲ့သောလမ်း.....
$
0
0
 Photo: ပန်းတိုင်မဲ့သောလမ်း.....  ယနေ့ မိမိတို့၏ လက်ရှိတာဝန်ထမ်းဆောင်နေမှုကို မြင်တွေ့၊ကြားသိ၊လေ့လာ တွေးတောပါက မယောင်ရာဆီလူးများ များနေသည်ကို မြင်ရပါသည်။ ယောင်မှာစိုးလို့လည်း ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ  ပင်မလုပ်ငန်းတာဝန်များကို အဓိကထားမလုပ်ကြရပဲ ရည်မှန်းချက်ပျောက်နေသော မဲ့နေသော တာဝန်များကိုသာ များသောအားဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြရခြင်းပင် ဖြစ်သည်။ ရလာဒ်ကား အချိန်၊ ငွေ၊ လုပ်အား ဖြုန်းတီးနေသကဲ့သို့ မြင်ရပေသည်။အချိန်ကြာလာတော့ စိတ်ဓါတ်ကို အုံနဲ့ကျင်းနဲ့ ထိခိုက်လာသည်။ လူတစ်ယောက်တွင် စိတ်ဓာတ်အင်အား ဆောင်ကာ ရွေ့လျားလုပ်ဆောင်နေသည်ကို ငြင်းနိုင်မည်မထင်ပေ။ အဆိုးဆုံးမှာ မသက်ဆိုင်သော လုပ်ငန်းများကို ကာလကြာ နေ့တဓူဝ ဆောင်ရွက်နေသောကြောင့် စိတ်ဓာတ်ချို့ယွင်းလာခြင်းပင် ဖြစ်သည်။ ၄င်းအခြေအနေကို အမြန်ဆုံး ရှောင်လွှဲနိုင်ရန် နှင့် လိုအပ်နေသော စိတ်ဓါတ်များအတွက် မည်သို့ Motivate လုပ်သင့်သည်ဆိုသည်ကို မလွဲမသွေ ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါသည်။  ဤတွင် မှတ်မှတ်ရရရှိနေသော  စာတိုစာစတစ်ခုကို ပြန်လည်ခံစား ကြည့်မိပါသည်။ “တရားသောစစ်သည် မတရားသော ငြိမ်းချမ်းရေးထက် ပိုကောင်း၏” ဟူ၍ ဖြစ်ပါ၏။သို့ပါက စေတနာဖြင့် ကောင်းရာကောင်းကြိုး အကြံပြုမှုသည် စေတနာမဲ့စွာ တိတ်ဆိတ်နေခြင်းထက် ပိုကောင်းသည်ဟုဆိုပါက မှန်နိုင်ပါမည်လော။ အတ္တကို ရှေ့တန်းတင်ကာ မပြောမဆို၊ ဆွေးနွေးအကြံပြုမှု မလုပ်ခြင်းကိုလည်း မည်သို့ သုံးသပ်သင့်ပါသနည်း။ ထိုသို့သောလူများကို မည်သို့ ပြုပြင် ပြောင်းလဲသင့်ပါသနည်း။ အကယ်၍ ပြောဆို ဝေဖန် အကြံပြုမှုများကိုလည်း Management Level အသီးသီးမှ လက်ခံနိုင်ပါရဲ့လား။   တဖန် လူသားတစ်ယောက်အနေဖြင့် စဉ်းစားကြည့်ကြပါစို့ ။ လူတိုင်းတွင် အသုံးပြုနိုင်သော အရည်အချင်း ကိုယ်စီရှိကြသည်ဆိုပါက မှားအံ့မထင်။ ထိုအရည်အချင်းများကို နေရာမှန်ကန်စွာ အသုံးချရန်မှာ စီမံခန့်ခွဲသူများ၏ အလုပ်ဟု ယူဆရပါမည်။ လူတို့၏အရည်အချင်းများကို မသုံးတတ်ရုံသာမက ထိုအရည်အချင်းများကို ယုတ်လျော့သွားစေပါက ကွပ်ကဲနိုင်မှုနှင့် စီမံခန့်ခွဲနိုင်မှု စွမ်းရည်ကို မည်သို့ အကဲဖြတ်ကြပါမည်နည်း။ ထိုအတွက် နေ့စဉ်များပြားလှသော လုပ်ငန်းတာဝန်များနှင့်သာ နစ်မျောလည်ပတ်မနေဘဲ ပြင်ပရှုထောင့်မှကြည့်၍ သုံးသပ်ကြည့်သင့်သည်ဟု ထင်မြင်မိပါသည်။ မည်ကဲ့သို့သောအဖွဲ့အစည်းမျိုး တည်ဆောက်လိုသနည်းဟု မိမိတို့ကိုယ်ကို ပြန်လည်မေးမြန်းရပေမည်။ သေချာပြတ်သားသော အဖြေရရှိပါက ၄င်းကို မိမိတို့၏ ရည်မှန်းချက်အဖြစ် ထားရှိ အကောင်အထည်ဖော်သွားရပေမည်။ သို့မဟုတ်ပါက ပန်းတိုင်မဲ့သောလမ်းကို စမ်းတဝါးဝါး ဆက်လျောက်ရင်းဖြစ်သာ ဒေသတွင်းတွင် မဆိုထားဘိ ပြည်တွင်း အဖွဲ့အစည်းများကြားမှာပင် နောက်ကျကျန်ရစ်ကာ မျက်နှာငယ်ရမည်။ ထို့ကြောင့် လွန်စွာနောက်မကျသေးကြောင်း စေတနာထား ဖော်ပြအပ်ပါသည်။  ကိုစေ  ( ကိုစေတနာ (ကိုစေ) အမည်ဖြင့် MYANMAR NAVY သို့ ပေးပို့လာခြင်းဖြစ်ပြီး စာရေးသူ၏ ဆန္ဒအရ Post တင်ပေးလိုက်ပါသည်။ အမျိုးမျိုးသော အခြေအနေများကြောင့် အချိန်အနည်းငယ် နောက်ကျသည်ကို နားလည်ပေးပါရန်။)  Photo: Zaw Myo Thant (MWD)
 Photo: Zaw Myo Thant (MWD)
Myanmar NAVY
ပန်းတိုင်မဲ့သောလမ်း.....
ယနေ့ မိမိတို့၏ လက်ရှိတာဝန်ထမ်းဆောင်နေမှုကို မြင်တွေ့၊ကြားသိ၊လေ့လာ တွေးတောပါက မယောင်ရာဆီလူးများ များနေသည်ကို မြင်ရပါသည်။ ယောင်မှာစိုးလို့လည်း ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ ပင်မလုပ်ငန်းတာဝန်များကို အဓိကထားမလုပ်ကြရပဲ ရည်မှန်းချက်ပျောက်နေသော မဲ့နေသော တာဝန်များကိုသာ များသောအားဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြရခြင်းပင် ဖြစ်သည်။ ရလာဒ်ကား အချိန်၊ ငွေ၊ လုပ်အား ဖြုန်းတီးနေသကဲ့သို့ မြင်ရပေသည်။အချိန်ကြာလာတော့ စိတ်ဓါတ်ကို အုံနဲ့ကျင်းနဲ့ ထိခိုက်လာသည်။ လူတစ်ယောက်တွင်စိတ်ဓာတ်အင်အား ဆောင်ကာ ရွေ့လျားလုပ်ဆောင်နေသည်ကို ငြင်းနိုင်မည်မထင်ပေ။ အဆိုးဆုံးမှာ မသက်ဆိုင်သော လုပ်ငန်းများကို ကာလကြာ နေ့တဓူဝ ဆောင်ရွက်နေသောကြောင့် စိတ်ဓာတ်ချို့ယွင်းလာခြင်းပင် ဖြစ်သည်။ ၄င်းအခြေအနေကို အမြန်ဆုံး ရှောင်လွှဲနိုင်ရန် နှင့် လိုအပ်နေသော စိတ်ဓါတ်များအတွက် မည်သို့ Motivate လုပ်သင့်သည်ဆိုသည်ကို မလွဲမသွေ ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါသည်။
ဤတွင် မှတ်မှတ်ရရရှိနေသော စာတိုစာစတစ်ခုကို ပြန်လည်ခံစား ကြည့်မိပါသည်။ “တရားသောစစ်သည် မတရားသော ငြိမ်းချမ်းရေးထက် ပိုကောင်း၏” ဟူ၍ ဖြစ်ပါ၏။သို့ပါက စေတနာဖြင့် ကောင်းရာကောင်းကြိုး အကြံပြုမှုသည် စေတနာမဲ့စွာ တိတ်ဆိတ်နေခြင်းထက် ပိုကောင်းသည်ဟုဆိုပါက မှန်နိုင်ပါမည်လော။
အတ္တကို ရှေ့တန်းတင်ကာ မပြောမဆို၊ ဆွေးနွေးအကြံပြုမှု မလုပ်ခြင်းကိုလည်း မည်သို့ သုံးသပ်သင့်ပါသနည်း။ ထိုသို့သောလူများကို မည်သို့ ပြုပြင် ပြောင်းလဲသင့်ပါသနည်း။ အကယ်၍ ပြောဆို ဝေဖန် အကြံပြုမှုများကိုလည်း Management Level အသီးသီးမှ လက်ခံနိုင်ပါရဲ့လား။
တဖန် လူသားတစ်ယောက်အနေဖြင့် စဉ်းစားကြည့်ကြပါစို့ ။ လူတိုင်းတွင် အသုံးပြုနိုင်သော အရည်အချင်း ကိုယ်စီရှိကြသည်ဆိုပါက မှားအံ့မထင်။ ထိုအရည်အချင်းများကို နေရာမှန်ကန်စွာ အသုံးချရန်မှာ စီမံခန့်ခွဲသူများ၏ အလုပ်ဟု ယူဆရပါမည်။ လူတို့၏အရည်အချင်းများကို မသုံးတတ်ရုံသာမက ထိုအရည်အချင်းများကို ယုတ်လျော့သွားစေပါက ကွပ်ကဲနိုင်မှုနှင့် စီမံခန့်ခွဲနိုင်မှု စွမ်းရည်ကို မည်သို့ အကဲဖြတ်ကြပါမည်နည်း။ ထိုအတွက် နေ့စဉ်များပြားလှသော လုပ်ငန်းတာဝန်များနှင့်သာ နစ်မျောလည်ပတ်မနေဘဲ ပြင်ပရှုထောင့်မှကြည့်၍ သုံးသပ်ကြည့်သင့်သည်ဟု ထင်မြင်မိပါသည်။ မည်ကဲ့သို့သောအဖွဲ့အစည်းမျိုး တည်ဆောက်လိုသနည်းဟု မိမိတို့ကိုယ်ကို ပြန်လည်မေးမြန်းရပေမည်။ သေချာပြတ်သားသော အဖြေရရှိပါက ၄င်းကို မိမိတို့၏ ရည်မှန်းချက်အဖြစ် ထားရှိ အကောင်အထည်ဖော်သွားရပေမည်။ သို့မဟုတ်ပါက ပန်းတိုင်မဲ့သောလမ်းကို စမ်းတဝါးဝါး ဆက်လျောက်ရင်းဖြစ်သာ ဒေသတွင်းတွင် မဆိုထားဘိ ပြည်တွင်း အဖွဲ့အစည်းများကြားမှာပင် နောက်ကျကျန်ရစ်ကာ မျက်နှာငယ်ရမည်။ ထို့ကြောင့် လွန်စွာနောက်မကျသေးကြောင်း စေတနာထား ဖော်ပြအပ်ပါသည်။
ကိုစေ
( ကိုစေတနာ (ကိုစေ) အမည်ဖြင့် MYANMAR NAVY သို့ ပေးပို့လာခြင်းဖြစ်ပြီး စာရေးသူ၏ ဆန္ဒအရ Post တင်ပေးလိုက်ပါသည်။ အမျိုးမျိုးသော အခြေအနေများကြောင့် အချိန်အနည်းငယ် နောက်ကျသည်ကို နားလည်ပေးပါရန်။)
ပြည်သူလူထုရေရှည်အကျိုးစီးပွားလား၊ နိုင်ငံတော်ပွဲစားကြီးလား
$
0
0
စစ်အစိုးရလက်ထက်ကတည်းက အာဏာကိုဗဟိုပြု၊သေနတ်ပြယူ၊ သိမ်းယူ၊ ဥပဒေပညာရှင်များကို ခိုင်းယူ၊ ထားခဲ့တဲ့အိမ်ခြံမြေ၊ လယ်မြေ၊ ယာမြေ၊ တောမြေ၊ တောင်မြေ။ မြေလွတ်မြေရိုင်း၊ သစ်တောကြိုးဝိုင်းများ သည် ယခုအချိန်အခါသမယ သို့မဟုတ်ဆက်ထုံးဖြေကာလ အရောက်မှာတော့ ပြဿနာပေါင်း သောင်းခြောက်ထောင်၊ အမယ်ဘုတ် ချည်ခင်လို ရှင်းလို့ မကုန်၊ တောင်ပုံယာပုံ၊ အဖြစ်သို့ပေါ်ပေါက်လျှက်ရှိနေပြီး ၊နိုင်ငံတ၀ှမ်း ပြဿနာလွှမ်းလျှက် ရှိနေပါတော့သည်။ 
လက်ရှိအစိုးရ၊လက်ထက်တွင်လည်းခွေးအမြီးကောက်၊ သံပြောင်းစွပ်ဆိုတဲ့အတိုင်းစစ်အစိုးရရဲ့ မင်းသား မျက်နှာဖုံး ကျွတ်စပြုလာပုံကတော့ရှမ်းပြည်နယ်တောင်ပိုင်း အင်းဒေသဟော်တယ် ဇုံပြဿနာမှာ အင်းခြံတွေမှာအင်းသားတွေ ဓါးမဦးချသားစဉ် မြေးဆက်လုပ်ကိုင်စားသောက်လာခဲ့လို့ ပညာတတ်တွေ မနည်းမွေးထုတ်နိုင်ခဲ့ပါတယ်။ နိုင်ငံအကျိုး၊ ဘာသာသာသနာအကျိုးထမ်းပိုးနိုင်ခဲ့ကြပါတယ်။
နိုင်ငံတော်လက်မှတ်ကိုင်ဆောင်ပြီးတော့ အစိုးရအဖွဲ့ လူလည်ကျပုံများကတော့ဖြင့်
နိုင်ငံတော်လို့ပြောလိုပြော၊ အစိုးရဆိုပြီးတော့ လုပ်လို့လုပ်၊ပြည်သူကို အရှိန်အာဝါသနဲ့ဟောက်စား၊
ငေါက်စားလုပ်ပြီး။ ဥပဒေပြ၊အာဏာနဲ့သိမ်းယူပြီး၊ ဆန္ဒပြမှုတွေဖြစ်ပေါ်လာမှ စစ်ဗျူရိုကရက် အရင်းရှင်ကြီးများ၏ သားသမီး တွေရဲ့ဘိနပ်ဖိုး၊ မုန့်ဖိုးသာသာရှိတဲ့လျှော်ကြေးနဲ့ ကမ်းလှမ်းလာကြတယ်။
ဘာတဲ့မြေတစ်ဧက (၅) သိန်းတဲ့။
ခေတ်သစ်အစိုးရကသိမ်းယူထားတဲ့မြေယာတွေကိုခရိုနီများကိုလေလံပေးရောင်းချတဲ့ဈေးကြတော့
သိန်း(၇၅၀)၊သိန်း(၈၅၀)၊သိန်း(၉၅၀)ဆိုပြီးရောင်းချခဲ့တယ်။ဒါဟာဖြစ်သင့်၊လုပ်သင့်၊ပါသလား၊ဒါဟာပြည်သူလူထုရေရှည်အကျိုးစီးပွားတဲ့လား၊စစ်ခရိုနီ၊စစ်ဗျူရိုကရက်တွေရဲ့ရေရှည်အကျိုးစီးပွားလားဆိုတာကို တော့စာနာစိတ်ရှိတဲ့လူတိုင်း၊ဥပဒေကိုနားလည်တဲ့လူတိုင်း၊ဟာ
ဒါဟာမတရားမှုလား၊တရားမှုလား ဆိုတာကိုတော့မေးနေစရာလိုမည်မထင်တော့ပါ။
ဒဲ့ဒိုးပြောရရင်တော့နိုင်ငံတော်ဆိုတဲ့စကားလုံးနဲ့ပြည်သူကိုချိန်းခြောက်ပြီးပြည်သူထံမှ(၅)သိန်းနဲ့ဥပဒေပြ တိုက်ယူ၊လုယူပြီးတော့ခရိုနီတွေကိုတော့သိန်း(၇၅၀/၈၅၀/၉၅၀)နဲ့ရောင်းစားတာဟာခေတ်သစ်အစိုးရရဲ့ ဥပဒေပြ၊ အမြတ်ကြီးစား၊ခေါင်းပုံဖြတ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံးနိုင်ငံတော်ပွဲစားကြီးပါဘဲ။
ဒါအပြင်သူတို့ကပြောလိုက်သေးတယ်။ဘာတဲ့
ဒီမှာဟောတယ်ဇုံကြီးဖြစ်လာရင်၊နိုင်ငံတကာကရင်နှီးမြှုပ်နှံ့မှုတွေလာကြမယ်၊အဲဒီအခါမှာခင်ဗျားတို့တွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးပေါ်ပေါက်လာမယ်။ဒါဟာနိုင်င့တော်အစိုးရကပြည်သူလူထုရေရှည်အကျိုးစီးပွားကိုရှေးရူပြီးအစိုးရကစိတ်ကောင်းစေတနာအပြည့်နဲ့လုပ်ဆောင်ပေးနေတာဖြစ်တယ်တဲ့။
အပြောကတော့ရွှေမန်း၊ကတော့ချိုမိုင်မိုင်ပါဘဲ။
သြော်ချလောက်ပါရဲ့ခင်ဗျာ………ဓါးနဲ့ကျောချခံခဲ့ရတဲ့နှစ်ပေါင်းလည်းမနည်းတော့ပါဘူး။
စဉ်းစားကြည့်ကြပါဦးခင်ဗျာ…….
ဟော်တယ်ဇုံတွေကြောင့်အလုပ်အကိုင်အခွင့်အလမ်းတွေဆိုတာဒီလူတန်းစားတွေဆိုတာသေစာရှင်စာ လောက်သာဖတ်တတ်ရေးတတ်တဲ့လူတွေ၊အတွက်ဒီဝန်ဆောင်မှုလုပ်ငန်းတွေအတွက်အိမ်သာဆေး၊ပန်း ကန်ဆေး၊ညစောင့်၊အလုပ်အကိုင်အခွင့်လမ်းများသာပေါ်ပေါက်လာနိုင်ပါတယ်။ကိုယ့်ထီး၊ကိုယ်နန်းနဲ့သား စဉ်မြေးဆက်လုပ်ကိုင်စားသောက်လာတဲ့ဘ၀ကနေကျွန်ဘ၀ကိုမသေခင်အရှင်လတ်လတ်ဘ၀ကူးရမည့် ကိန်းပါ။ကြံ့ဖွံ့အစိုးရကတော့ပြည်သူလူထုကိုပထမအနုနည်းနဲ့ချောမော့စည်းရုံးပါတယ်။စည်းရုံးလို့ရတဲ့လူတချို့က တော့
“ အဘတို့ကတော့စာလည်းမတတ်၊ထောင်ထဲလည်းမနေရဲတော့၊ရတာလေးဘဲယူလိုက်မယ်” ဆိုပြီးရတာယူတဲ့လူတချို့လည်းရှိပါတယ်။
စည်းရုံးလို့မရတဲ့လျှော်ကြေးမယူတဲ့လူတွေကိုတော့ မတရားတဲ့ဥပဒေတွေတစ်ခုပြီး တစ်ခုထုတ်၊တရားစွဲ၊ အမှုချိန်းပါတယ်။ ဆင်းရဲပြီးရိုးသားတဲ့အင်းသူ၊ အင်းသား တွေအလုပ်အကိုင်ပျက်အောင်၊ တစ်စုတစ်စည်းထဲ မဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
နိုင်ငံတော်လုံခြုံရေးကို ဗန်းပြပြောဆိုပြီး၊ အမှုရင်ဆိုင်ရတဲ့ တရားရုံးများကို ပထမညောင်ရွှေတရာရုံး၊ ဒုတိယတောင်ကြီးတရားရုံး၊ နောက်ကလောတရာရုံးဆိုပြီး ဟိုရွေ့ဒီပြောင်းလုပ်ကာ တရားစွဲဆိုနေတာဟာ Rule of law (တရားဥပဒေစိုးမိုရေးလား)၊ တရားသူကြီးတွေကလည်းအထက်မှ ညွှန်ကြားလာမည့် စာအိပ်ကို မျှော်ပြီးတော့အလုပ်လုပ်နေကြတုန်းပါဘဲ။ ဒါမျိုးတွေသည်၊မီးကုန်ရမ်းကုန်မိုက်ရိုင်းခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်း အချိန်အခါတုန်းကနဲ့ ထပ်တူထပ်မျှလိုပါဘဲ။
ပွင့်လင်းစွာပြောရရင်တော့
“ အုပ်ချုပ်ရေးကတရားစီရင်ရေးကို လွှမ်းမိုချုပ်ကိုင်နေတုန်းပါဘဲ”
တနည်းပြောရရင်တော့ စစ်အစိုးရအတွက်တော့ ပိုနေမြဲ၊ကျားနေမြဲပါ။
Master Po and The Tiger. ပါဘဲ။
ပြည်သူလူထုအနေနဲ့ကတော့ဖွတ်ကျောပြာစု၊ ဖွတ်မင်းနောင်တော်၊ ဖွတ်တကာ့ထိပ်ခေါင်၊ ကမ္ဘာ့စံချိန်ဆောင်ပါဘဲခင်ဗျာ။
အင်းသူ/အင်းသားအများစုအနေနဲ့ကတော့
“မကျေလည်မပြေလည်မချင်း၊ ဆန္ဒပြတောင်းဆိုမယ်၊ မိုးမကျခင်ထွန်းတုံးတိုက်ပွဲဆင်နွဲမယ်ဆိုပြီး တိုက်ပွဲဝင် နေကြပါတယ်။ အဲဒီလိုတိုက်ပွဲဆောင်နေကြတဲ့သူများကို၊ ပုဒ်မ၁၈၈/ပုဒ်မ၃၅၃ဆိုပြီး အုပ်ချုပ်ရေးကအမိန့်ပေး ၊တရားရေးကဆောင်ရွက်ပေးဆိုတဲ့ မှုအတိုင်းအနိုင်ပြု၊ ဗိုလ်ကျစိုးမိုးနေကြတာကိုတော့ ဘယ်သူတွေကိုအားကိုးလို့ အားကိုးရမည်မှန်းမသိတော့ပါ။ တရားဥပဒေစိုးမိုးရေး၊ခေါင်းဆောင်ကြီးလည်း ဘယ်သဝေထိုးနေတုန်းမသိပါ။
အဲဒီသပိတ်ဆောင် အုပ်စုရဲ့တောင်းဆိုချက်များကတော့
(၁) ယာမြေသိမ်းခံအင်းသူ၊အင်းသားတွေကို စွဲဆိုထား တဲ့မတရားတဲ့ ပုဒ်မဖြစ်တဲ့ပုဒ်မ (၁၈၈) နဲ့ ပုဒ်မ (၃၅၃) တိုကိုချက်ချင်းရုတ်သိမ်းပေးရန်။
(၂) ကလောတရားရုံးသို့ ရွေ့ပြောင်းအမှုရင်ဆိုင်ရခြင်းကို ဖျက်သိမ်းပေးရန်
(၃) ခေတ်သစ်အစိုးရကသိမ်းယူထားတဲ့ မြေယာများကို ကာလတန်ကြေးနဲ့လျှော်ကြေးပေးရန်။ဖြစ်တယ်။
ဒီတော့အင်းသူ၊အင်းသားတွေအနေနဲ့ဒီတောင်းဆိုချက်တွေမရရင်ဘာဆက်လုပ်ကြမလဲလို့မေးကြည့် လိုက်တော့
““ ငတ်ပြီးတော့မသေ၊တိုက်ပြီးတော့သေမယ်၊” တဲ့။
မောင်သာမြား
http://www.lubo601.com/2013/05/blog-post_4803.html မှကူးယူဖော်ပြပါသည်။
အခြေခံဥပဒေ ဘာတွေပြင်မလဲ ဘယ်လိုပြင်မလဲ |ကျော်ဝင်း|
$
0
0
by Kyaw Win (Notes) on Sunday, May 12, 2013 at 10:20pm
အခြေခံဥပဒေ
ဘာတွေပြင်မလဲ
ဘယ်လိုပြင်မလဲ
|ကျော်ဝင်း|
ချဉ်းကပ်ပုံနှစ်မျိုး
          အခြေခံဥပဒေ ကိစ္စတွင်သာမဟုတ်၊ နိုင်ငံရေးပြဿနာများနှင့်ပတ်သက်လျင်၊ ချဉ်းကပ်ပုံနှစ်မျိုးရှိသည် ဟု ရေဘူယျဆိုနိုင်ပါလိမ့်မည်။ ‘နှုန်းစံအခြေပြုချဉ်းကပ်နည်း’(Normative approach) နှင့် ‘လက်တွေ့အခြေပြု ချဉ်းကပ်နည်း’ (Pragmatic approach) တို့ဖြစ်သည်။
          နှုန်းစံအခြေပြုချဉ်းကပ်နည်းက၊ မိမိတန်ဖိုးထားရာစံနှုန်းများကိုအသေကိုင်သည်။ အဆိုပါစံနှုန်းနှင့် ကိုက်ညီလျင်၊ ထောက်ခံမည်၊ ကြိုဆိုမည်။ မကိုက်ညီလျင်ဆန့်ကျင်မည်၊ ကန့်ကွက်မည်။ လက်တွေ့ဖြစ်နိုင်ခြေ ကို ထည့်သွင်းစဉ်းစားခြင်းမရှိချေ။လက်တွေ့အခြေပြုချဉ်းကပ်နည်းကမူ၊ မိမိတန်ဖိုးထားရာ စံနှုန်းများကို အသေမကိုင်၊ လုံးဝပြစ်ပယ်သည်တော့မဟုတ်။‘အနာဂတ်အမြင်’ (vision) အဖြစ် သဘောယူပြီး၊ လက်ရှိပကတိအရှိကို အခြေတည် စဉ်းစားသည်။ အလုပ်ထောင့်မှကြည့်၍ ဖြစ်နိုင်ခြေကိုရှာသည်။ မတူချေ။
          နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်လျင် ထောင့်အစေ့ဆုံး၊ စံကိုက်အကျဆုံးအဖြစ်၊ သူ့ခေတ်သူ့အခါက အလွန်ကျော်ကြားခဲ့ဖူးသည်မှာ၊ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြား၊ ဂျာမဏီ၏ ဝိုင်မာသမ္မတနိုင်ငံ အခြေခံဥပဒေဖြစ်ပါသည်။သို့နှင့်တိုင် ဤအခြေခံ ဥပဒေအောက်မှာပင် ‘ရွေးကောက် တင်မြှောက်ခံရသော အာဏာရှင်’(elected dictator) တစ်ယောက်ပေါ်ထွက်လာခဲ့သည်။ ဟစ်တလာ ဖြစ်ပါသည်။ ‘နှုန်း’ တွေ၊ ‘စံ’တွေအရ မည်မျှပင် ကောင်းမွန်ပါစေ.. ၊ လက်တွေ့ကျင့်သုံးပုံဟန်မကျလျင် ဖြစ်ချင်သလိုဖြစ်သွားနိုင်သည့်သာဓက … ။
          အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေမှာ၊ စတင်ခါစကအားနည်းချက်တွေ အတော်ရှိသည်။ တောင်ပိုင်းပြည်နယ်များ၏ အခြေခံဥပဒေမှာဆိုလျင်၊ ရက်စက်ကြမ်းကြုတ်သော‘ကျွန်စနစ်’ ကိုပင် ခွင့်ပြုထားသည်။ သို့တစေ ကျွမ်းကျွမ်းကျင်ကျင် ကျင့်သုံးပြီး၊ ပါးပါးနပ်နပ်ပြင်ဆင်နိုင်သောအခါ၊အကောင်းဆုံး အခြေခံဥပဒေတစ်ခုအဖြစ် အများက သိမှတ်လက်ခံနေရချေပြီ။ အခြေခံဥပဒေ တစ်ခုအနေနှင့်‘စံကျ’၊ ‘စံကိုက်’ မဟုတ်သည့်တိုင်၊ လက်တွေ့အလုပ်လုပ်ရင်း အမြှော်မြင်ရှိရှိ ပြုပြင်နိုင်လျင်၊အကောင်းဘက်သို့ ဦးတည်နိုင်သည့် သာဓက ။
၂၀၀၈ အခြေခံဥပဒေနှင့် တုန့်ပြန်မှုများ
          မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ၊ဒီမိုကရက်တစ်နှုန်းစံများအရ ကြည့်လျင်၊ ပြောစရာနှင့် ဆိုစရာချည်းဖြစ်ပါသည်။ ဤအဖြစ်ကို၂၀၁၀ ရွေးကောက်ပွဲဝင်၊ ဒီမိုကရက်တစ်ပါတီများ မသိ၍မဟုတ်။ ကောင်းကောင်းသိကြသည်သာဖြစ်သည်။သို့တစေ၊ သူတို့က၊ နှုန်းစံများဖြင့်မကြည့်။ အလုပ်ထောင့်မှကြည့်ပြီး ‘နိုင်ငံရေးအဖွင့်ကျားကွက်’(political opening) တစ်ခု သို့ ဦးတည်သွားနိုင်စရာရှိ သည်ဟု တွက်ဆသည်။ သို့အတွက် ရွေးကောက်ပွဲလမ်းကြောင်းကိုရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
          သို့နှင့်တိုင် ‘နိုင်ငံရေးဓလေ့’(political culture) မှာပင်၊ နှုန်းစံအစွဲကြီးသော၊ မြန်မာနိုင်ငံတွင် ဤအယူအဆနှင့် ဤအတွက်အချက်ကိုလူကြိုက်မများခဲ့ပါ။ ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) အပါအဝင်၊ နိုင်ငံရေးအင်အားစုတော်တော်များများက၊ ‘ရွေးကောက်ပွဲသပိတ်မှောက်ရေး’ ဖြင့် တုန့်ပြန် ခဲ့ကြသည်။ NLD က၊၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၍၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်၍၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကိုလက်မခံနိုင်၍ (အချက်သုံးချက်ကြောင့်) ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
          သို့တစေ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ၊NLD ပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲသပိတ်မှောက်ရသည့် အကြောင်း ၃ ချက်အနက်၊၂ ချက်ရပြီဖြစ်၍၊ မရသေးသောကျန်တစ်ချက် (အခြေခံဥပဒေပြင်ဆင်ရေး) ကို လွှတ်တော်တွင်းမှဆောင်ရွက်နိုင်ရန်၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အမှန်စင်စစ်၊ရခဲ့ပြီဆိုသော ၂ ချက်ထဲမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ပြင်ပေးခဲ့သည်မှာကားအမှန်ပင်ဖြစ်သည်။ (အမှန်တော့၊ ပြင်မပေးလည်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ်စေ့ခဲ့ပြီဖြစ်၍တားဆီးလို့ရတော့သည်မဟုတ်ပါ။)
          နောက်တစ်ချက်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုလိုက်ပြီ - ဆိုသည်ကိုမူ၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နှင့်ကိုကို(စက်မှုတက္ကသိုလ်) တို့၏ အင်တာဗျူးဖြင့်သာဓက တင်သည်။ အဆိုပါ အင်တာဗျူးတွင်၊ ဦးခင်အောင်မြင့်က“၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလို့ပဲ၊ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင်ကြေငြာပေးခဲ့တာပေါ့ဗျာ”…စသဖြင့် ဖြေသွားခဲ့သည်။ (ဤမျှနှင့် - အမှန်တကယ်အသိအမှတ်ပြုရာ ရောက်ပါ၏လော… ၊ စဉ်းစားစရာ…။ ) ထားတော့။
          မည်သို့ပင်ရှိစေ၊ NLD ရွေးကောက်ပွဲလမ်းကြောင်းပေါ်ရောက်လာသည်မှာ၊မြန်မာ့ဒီမိုကရေစီရေး အတွက်၊ အလွန်အားကောင်းသော ဖြည့်ဆည်းမှုဖြစ်လာသည်မှာ အမှန်ပင်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ‘လက်တွေ့အခြေပြု ချဉ်းကပ်မှု’ ဘက်ရောက်လာသည်ဟု ဆိုချင်သည်။သူ့ဆောင်းပါးတစ်ပုဒ်မှ အသုံးအနှုံးအတိုင်းဆိုရလျင် ‘တော်လှန်ရေးလမ်းကြောင်း’ မှ ‘တည်ဆောက်ရေးလမ်းကြောင်း’ဘက်ရွေ့လာသည်ဟု သဘောရပါသည်။ လွှတ်တော်ထဲရောက်ပြီးနောက်ပိုင်းတွင်လည်း၊ ရွေးကောက်ပွဲမဲဆွယ်ကာလက ‘ကြွေးကျော်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေး’ ဆိုသည်ထက်၊ လက်တွေ့ဖြစ်နိုင်သည်များကိုဦးစားပေးဆောင်ရွက်လာသည်ကို တွေ့ရသည်။
၂၀၁၅ နိုင်ငံရေးအကျပ်အတည်း
          လက်တွေ့တွင်၊ အခြေခံဥပဒေ ပြင်ဆင်ရေးကို စတင်အဆိုပြုတင်ပြလိုက်သည်မှာ၊အာဏာရပါတီဟု ဆိုနိုင်သော USDP ပါတီမှ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ သို့တိုင်အောင်၊ဘာတွေပြင်မည်၊ ဘယ်လိုပြင်မည်ဆိုသည်ကိုကား သဲသဲကွဲကွဲမသိရသေးပါ။ ကော်မတီဖွဲ့ပြီး၊ လေ့လာသုံးသပ်ဆဲအဆင့်ဖြစ်ပါသည်။ မည်သူက အဆိုပြုတင်ပြသည်ဖြစ်စေ၊ အခြေခံဥပဒေကို အသေမကိုင်ဘဲ ပြင်သင့် ပြင်ထိုက်သည်များကိုပြင်ရမည်ဆိုသော၊ စဉ်းစားချက်ကိုမူ၊ ကြိုဆိုကြရပါလိမ့်မည်။ ပြောရလျင်၊ မည်သည့် အခြေခံဥပဒေမှ၊ရာနှုန်းပြည့် ပြီးပြည့်စုံသည်မရှိပါ။ လက်တွေ့ အလုပ်လုပ်ရင်း အဟန့်အတား အခက်အခဲများရှိလျင်၊ ပြင်ကြရမည်သာ ဖြစ်ပါသည်။
          စာရေးသူမှတ်မိသလောက်၊ နိုင်ငံတကာပညာရှင်များထဲမှ၊အခြေခံဥပဒေ ပြင်ဆင်ရေးကို ပထမဆုံး အဆိုပြုခဲ့သူမှာ၊ စတင်းဖို့ (ဒ) တက္ကသိုလ်မှ၊ ‘လာရီဒိုင်းမွန်း’ ဟုထင်သည်။ သူက၊ ၂၀၁၅ တွင် ကြုံတွေ့ ဖွယ်ရာရှိသည့် နိုင်ငံရေးအကျပ်အတည်းကိုထောက်ပြပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စဉ်းစားကြဖို့၊ သူ့ဆောင်းပါးတစ်ပုဒ်တွင် အကြံပြုခဲ့သည်။(၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ်၊ Journal of Democracy ပါ ‘The Need for a PoliticalPact’ ဆောင်းပါး။ စာရေးသူဘာသာပြန်ပြီး)
သူ၏အလိုအရဆိုလျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွေ့အကြုံအရ၊၂၀၁၅ ရွေးကောက်ပွဲသာ၊ လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့လျင် NLD အပြတ်အသတ်အနိုင်ရဖို့ များလိမ့်မည်ဟုဆိုသည်။အကယ်၍ ဤအတိုင်း ဖြစ်ခဲ့လျင် ၁၉၉၀ ရွေးကောက်ပွဲ ကံကြမ္မာမျိုးမတိုးနိုင်ပါသလော - မေးခွန်းထုတ်သည်။၂၀၀၈ အခြေခံဥပဒေအရ၊ တပ်မတော်မှ အများစုနေရာ ယူထားသော၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက၊အရေးပေါ်အခြေအနေကြေငြာနိုင်သည့် အချက်ကိုလည်း ထောက်ပြသည်။ ဤအချက်များအရ၊ ဖြစ်ကောင်းဖြစ်လာနိုင်သည့်နိုင်ငံရေးအကျပ်အတည်း ကို ကျော်လွှားနိုင်ရန် အစိုးရအဖွဲ့မှ ‘သဘောထားပျော့ပြောင်းသူများ’(soft liners) နှင့် အတိုက်အခံဘက်မှ ‘အစွန်းမရောက်သူများ’ (moderates) အခြေခံဥပဒေကိုပြန်လည်ညှိနှိုင်းဆွေးနွေးကြဖို့ အကြံပြုခဲ့ခြင်းဖြစ်ပါသည်။
          အဆိုပါဆောင်းပါးမှာပင်၊ ဆိုခဲ့ပါ ၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကိုရှောင်ရှားနိုင်ရေးအတွက် နည်းလမ်းတစ်သွယ်အဖြစ် ‘အချိုးကျကိုယ်စားပြုစနစ်’ (PR - စနစ်)ကျင့်သုံးဖို့ အဆိုပြုခဲ့သည်လည်းရှိသည်။ သို့နှင့်တိုင် NLD က PR စနစ်ကို လက်မခံနိုင်ဟုသတင်းများထွက်နေလေရာ၊ အကယ်၍ ဤသတင်းသာ မှန်ခဲ့လျင် PR စနစ်သည်ပင်လျင်၊ နောက်ထပ်အကျပ်အတည်းတစ်ခုဖြစ်ကောင်း ဖြစ်သွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေ၊ ဒီမိုကရေစီအပြောင်းအလဲအတွက် နိုင်ငံရေးပဋိညဉ်တစ်ရပ် ပေါ်ထွက်လာစေရန်၊ နှစ်ဘက်သဘောထားပျော့ပြောင်းသူများကြား၊ ညှိနှိုင်းဆွေးနွေးအဖြေရှာကြပါ - ဆိုသော လာရီဒိုင်းမွန်း၏ အကြံပြုချက်မှာကား၊ လက်တွေ့ဖြစ်နိုင်ချေရှိလေမည်လားစဉ်းစားမိသည်။
အနည်းဆုံးညိလမ်းကြောင်း
          ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် (သူမ၏ အသုံးအနှုန်းအရ)တည်ဆောက်ရေးလမ်းကြောင်းသို့ သိသိသာသာ ရွေ့လာခြင်း၊ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၊ (အမြင်အရ) ဆက်ဆံရေး အထူးကောင်းမွန်နေခြင်း၊ထို့ထက် လက်ပံတောင်းကော်မရှင်အစီရင်ခံစာထွက်ခါစလောက်က၊ လျှံထွက်လာသော၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်ဝေဖန်ချက်တစ်ခုတွင်ပါသည့် “ဒေါ်စုက၊ သူသမ္မတဖြစ်ဖို့ စစ်ဗိုလ်တွေကို လိုက်လျောလွန်းနေတယ်”ဆိုသော စွပ်စွဲချက် …။ ဤအချက်များကို ဆက်စပ်စဉ်းစားကြည့်လိုက်သောအခါ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရ၊ လွှတ်တော်တာဝန်ရှိသူများကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိနေမည်လား -  တွေးစရာရှိသည်။ ပြောရလျင် ‘နားလည်မှု’ တစ်ခုခုပင်၊ရှိကောင်းရှိလေမည်လား (ကံသေ ကံမ မဟုတ်သည့်တိုင်) စဉ်းစားစရာရှိလာသည်။
          ဤနားလည်ချက်မှာ၊ ဘယ်အရာဖြစ်လိမ့်မည်ဆိုသည်ကို၊တိတိပပ မပြောနိုင်သည့်တိုင်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်ကောင်းပတ်သက်နိုင်ပါသည်။ဤသို့ ယူဆနိုင်လောက်သည့် သတင်းအချက်အလက်အချို့လည်း ရှိသလောက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က၊ သမ္မတဖြစ်ဖို့ရည်မှန်းချက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုလာခြင်း။ သမ္မတကလည်းပြည်သူလူထုလိုလားလျင်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်- ဆိုသည့် သဘောပြောဖူးခြင်း။မကြာသေးခင်ကပင်၊ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက၊ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက်အခြေခံဥပဒေပါ၊ သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများကို ပြောင်းလဲပြင်ဆင်ဖို့ သဘောပြောဆိုလာခြင်း…စသည် များဖြစ်ပါသည်။
          အကယ်၍ ဤမှန်းဆချက်သာ မှန်ခဲ့လျင်၊ ၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှား နိုင်စရာရှိ၍၊ ကြိုဆိုအပ်သည်ဟု သဘောရပါသည်။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနှင့်နိုင်ငံရေးအာဏာ ရယူလိုသည်မှာ၊ လွန်စွာမှပင် သဘာဝကျသည်ဟု ယူဆသည်။ “တော်လှန်ရေး၏အဓိကပြဿနာမှာ၊အာဏာ” ဆိုသော ‘လီနင်’ ၏ စကားရှိသည်မဟုတ်ပါလော … ။ (ဤကိစ္စနှင့် ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်နေကြသူများမှာ လက်ဝဲနွယ်များဖြစ်၍၊ လီနင်ကို ကိုးကားရခြင်းဖြစ်ပါသည်။ ဤကား - စကားချပ်)
          ထို့ထက်၊ စာရေးသူအာရုံညွတ်သော အယူအဆ တစ်ရပ်ရှိသည်။Minilateralism ၊ ‘အနည်းဆုံးညှိလမ်းကြောင်း’ဆိုပါစို့။ အားလုံးပါဝင်ညှိနှိုင်းဆွေးနွေးကြသည့် Multilateralism မှာ သီအိုရီအရ ကောင်းပါ၏။လက်တွေ့အဖြေပေါ်ဖို့ သိပ်မလွယ်။ အမှန်တကယ်အဆုံးအဖြတ်ပေးနိုင်မည့် လူပုဂ္ဂိုလ်အနည်းငယ်မျှ၊ညှိနှိုင်း ဆွေးနွေးအဖြေရှာကြသည့် Minilateralism ကသာ အလုပ်ဖြစ်လိမ့်မည် ဟုထင်သည်။ ဦးသိန်းစိန်၊ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် … ၊ သူတို့အချင်းချင်းနားလည်မှုဖြင့် အကျပ်အတည်းကိုကျော်နိုင်လျင်မကောင်းပါသလော … ။ ကောင်းသည်ဟုယုံသည်။
တိုင်းရင်းသား လူမျိုးစုများအရေး
          ယနေ့ မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ၊ နိုင်ငံရေး၊စီးပွားရေးပြုပြင်ပြောင်းလဲမှုများသာမက၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တစ်နည်း ပြည်တွင်းစစ်ရပ်စဲရေးပါအကျုံးဝင်သည့် သုံးပွင့်ဆိုင် အခင်းအကျင်းဖြစ်သည်။ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလမ်းပြမြေပုံတစ်ခုလည်းချမှတ်ဖော်ထုတ်ပြီး ဖြစ်ပါသည်။ အဆိုပါလမ်းပြမြေပုံ တတိယအဆင့်တွင်၊ လူမျိုးစု လက်နက်ကိုင်အင်အားစုများသာမက၊ဆက်စပ်ပတ်သက်သူ အားလုံးစုစည်းပြီး၊ ရေရှည်တည်တန့်ခိုင်မြဲမည့် နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ရယူနိုင်သည်အထိ ကြိုးပမ်းမည်ဟုဆိုသည်။ ဤအဆင့်တွင် လိုအပ်ပါက၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအထိပါဆွေးနွေးညှိနှိုင်းကြမည်ဟု လမ်းဖွင့်ထားပြီးဖြစ်ပါသည်။
          ယခုဆိုလျင်၊ ဒုတိယ အဆင့်စတင်နေပြီဖြစ်၍ ၂၀၁၅မတိုင်မီတတိယအဆင့်သို့ ရောက်ကောင်း ရောက်သွားနိုင်သည်။ အဆိုပါတတိယအဆင့်ဆွေးနွေးကြတော့မည်ဆိုလျင်၊စကားလုံး တစ္ဆေကြောင့် သော်လည်းကောင်း၊ အစိုးရိမ်လွန်မှုကြောင့်သော်လည်းကောင်း၊ ပြောခွင့်၊ဆိုခွင့်၊ ဆွေးနွေးခွင့်မရခဲ့သော ၊ ဖက်ဒရယ်စနစ်အကြောင်းကိုလည်း ပြောကြဆိုကြ ဆွေးနွေးကြရတော့မည်ဖြစ်သည်။၂၀၀၈ အခြေခံဥပဒေမှာ၊ ဖက်ဒရယ်သဘောများ အတော်အတန်ပါသော်လည်း အစိုးရ၏ပေးထားချက်သာဖြစ်လေရာ၊လူမျိုးစုများဘက်မှ၊ ဖြည့်စွက်၊ ပြင်ဆင်လိုသည်များ၊ သဘာဝကျစွာရှိလာနိုင်ပါသည်။
          လွှတ်တော်ကပြင်ဆင်မည့် အခြေခံဥပဒေတွင်၊ တိုင်းရင်းသားလူမျိုးစုများအရေးနှင့်ဆက်စပ်နေသောအချက်များ (ဥပမာ - ဇယား ၁၊ ၂၊ ၃ နှင့် ၅) ပါမပါ မသိရသေးပါ။ အကယ်၍ ဤအချက်များကို ပြင်ဆင်မည်ဆိုလျင်ငြိမ်းချမ်းရေးလမ်းပြမြေပုံအဆင့် ၃ နှင့် ဆက်စပ်ဆောင်ရွက်ဖို့လိုမည်ထင်ပါသည်။ ဤသို့မဆက်စပ်ဘဲ၊သီးခြားဆောင်ရွက်မည်ဆိုပါက၊ လွှတ်တော်မှ အတည်ပြုပြဌန်းလိုက်သော ပြင်ဆင်ချက် ဖြစ်လျင်သော်မှ၊အများလက်ခံနိုင်မည့်အဖြေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ အကြောင်းမူ၊ ယနေ့တည်ဆဲ လွှတ်တော်တွင်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှ မှတ်ပုံတင်ကြသော နိုင်ငံရေးပါတီများ မပါကြသေးသလို၊လူမျိုးစုလက်နက်ကိုင်အဖွဲ့များလည်း မပါသေးသောကြောင့် ဖြစ်ပါသည်။ ဤကိစ္စမှာ၊ ပြည်ထောင်စုကြီးတည်တန့်ခိုင်မြဲရေးနှင့် တိုက်ရိုက်ဆက်စပ်နေရာ၊ လူမျိုးစုအားလုံးစုံစုံညီညီပါဝင်သည့်all inclusive ညီလာခံမျိုးဖြစ်ဖို့လိုပါလိမ့်မည်။
၂၅% ကိစ္စ
          နောက်ဆုံးအနေနှင့်၊ လူပြောများသည့် တပ်မတော်ကိုယ်စားလှယ်၂၅ % နှင့်ပတ်သက်သော၊ စာရေးသူအမြင်ကို တင်ပြပါမည်။ ပြောရလျင် ဤကိစ္စမှာ၊ မြန်မာ့ဒီမိုကရေစီရေး၏အသိမ်မွေ့ဆုံး၊ အခက်ခဲဆုံးအပိုင်းဟု ဆိုနိုင်လောက်သော ‘စစ်ဘက်-အရပ်ဘက်’ ဆက်ဆံရေးပြဿနာဖြစ်လေရာ၊စိတ်လိုက်မာန်ပါ၊ အစောတလျှင် မဆုံးဖြတ်သင့်ဟုသဘောရပါသည်။
          တပ်မတော်အနေနှင့်၊ ၎င်း၏အဖွဲ့အစည်းဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်၊အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုအခန်းမှ ပါဝင်ရေးဆိုသည်ကို ရပ်ခံထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ၊ အဆိုပါရပ်ခံချက်ကို တရားဝင်ပြဌာန်းထားသည့် သဘော ဖြစ်ပါသည်။ ဒီမိုကရက်တစ်စံနှုန်းများအရဆိုလျင်၊အရပ်ဘက်ကစစ်ဘက်အပေါ် လွှမ်းမိုးနိုင်မှသာ၊ စစ်မှန်သော ဒီမိုကရေစီဟု ဆိုရပါလိမ့်မည်။ သို့နှင့်တိုင်၊ရာစုဝက်မျှ ကြာမြင့်ခဲ့သော၊ စစ်ဘက်အုပ်စိုးမှုမှ ထိုးထွက်ခါစ နိုင်ငံတစ်ခုအနေနှင့်၊ဒီမိုကရက်တစ်စံနှုန်းများနှင့် အညီ ချက်ခြင်းပြောင်းလဲပစ်ဖို့ဆိုသည်မှာ၊ ဖြစ်နိုင်ခြေအလွန်နည်းပါသည်။
          ထို့ထက်ဆိုခဲ့ပါရပ်ခံချက်အတွက်၊ တပ်မတော်၏အကြောင်းပြချက်မှာ၊ ကြိုက် မကြိုက် အသာထား၊ ငြင်းဖို့ခက်သည့်အနေအထားတွင်လည်းရှိနေသည်။လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ အင်အားအကြီးဆုံး ဗကပ မရှိတော့သည့်တိုင် တော်လှန်ပုန်ကန်နေကြသောလက်နက်ကိုင်အင်အားစုစုပေါင်းမှာ၊ ယခုအထိ တစ်သိန်းအထက်ရှိနေဆဲဟု သိရသည်။ လူဦးရေနှင့်အချိုးချကြည့်လျင် သူပုန်အများဆုံးတိုင်းပြည်ဖြစ်နေသည်။ ထိုမျှမက၊ အစိုးရသစ်သက်တမ်း၂ နှစ်သာသာကာလအတွင်း၊ ထိပ်တက်လာသော လုံခြုံရေးပြဿနာများကလည်း ရှိနေပြန်သည်။ ပြောရလျင်- ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှသာ၊ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးပုံမှန်ဖြစ်ဖို့ လမ်းပွင့်နိုင်ပါလိမ့်မည်။
          အမှန်စင်စစ်၊ တပ်မတော်ကို ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းအဖြစ်၊ပြောင်းလဲပုံဖော်နိုင်ရေးမှာ၊ ဒီမိုကရေစီအတွက် အရေးကြီးသည့်တိုင်၊ ရေရှည်ဆောင်ရွက်ရမည့်သဘောရှိသည်။ အချိန်မတိုင်မီ အလောတကြီးဆောင်ရွက်လိုက်လျင်၊ လက်ရှိပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက်၊အကြီးမားဆုံး စိန်ခေါ်ချက်ပင်ဖြစ်လာနိုင် စရာရှိသည်။ လက်ရှိစစ်ဘက်၊ အရပ်ဘက် အင်အားချိန်ခွင်လျှာအရ၊တပ်မတော်၏ သဘောတူကြည်ဖြူမှုမရလျင်၊ ၂၅% ကိစ္စမှာ၊ လက်တွေ့ဖြစ်နိုင်လိမ့်မည်မဟုတ်ပါချေ။အန္တရာယ်ကြီးသော နိုင်ငံရေးမီးရှုးမီးပန်းသာ ဖြစ်ဖို့များပါလိမ့်မည်။
          ယခုစာစုကို ‘ဒီမိုကရက်တိုင်ဇေးရှင်း’ ပညာရပ်၏ခေါင်းကိုင်ဖခင် တစ်ဦးဟု ဆိုနိုင်လောက်သော ပါမောက္ခ ဂီယာနိုဒီယာ၏ သတိပေးစကားဖြင့် နိဂုံးချုပ်အပ်ပါသည်။ယခုလို … ၊
“ဒီမိုကရေစီအပြောင်းအလဲမှာ၊လက်တွေ့မဖြစ်နိုင်သေးတာက မစမိပါစေနဲ့။ အကျိုးရလဒ်ထွက်ဖို့ အခွင့်အလမ်း အကောင်းဆုံးနယ်ပယ်မှာအာရုံစိုက်ပါ။ ဒါက စပါ… ။”
ကျော်ဝင်း
၁၂၊ မေ ၂၀၁၃
“ နိုင်ငံသားတိုင်း လေ့လာသင့်ပါသည် ”
$
0
0
ဘင်္ဂလီကိစ္စ ဒေါက်တာ ဒေါ်ရင်ရင်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း တိုင်းရင်းသားနှင့် နိုင်ငံသား မတူညီပါ။ နိုင်ငံသားဖြစ်ခွင့်ရှိသူဖြစ်လျှင် ပေးပါမယ်။ ဦးဆုံး ဒီနိုင်ငံရဲ့စကားကို ပြောတတ်အောင် ကြိုးစားပါ။ သို့သော် တိုင်းရင်းသားဖြစ်ခွင့် မရှိပါ။ ဘင်္ဂလီဟာ ဘင်္ဂလီပါပဲ။ "သမိုင်းကို လိမ်လည်ခြင်းဟာ နိုင်ငံကို စော်ကားခြင်းပဲဖြစ်တယ်။" လင်းဦး(စိတ်ပညာ)
စောင်းမပြောတဲ့စောင်း ၂
$
0
0
by Mg Han (Notes) on Friday, May 10, 2013 at 7:39pm
မမမေရေ အပိုင်း၁မှာတုန်းက မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူလို့လားရယ်လို့ အဝေးချစ်ချစ်ရတဲ့ ပဉ္စသိင်္ခနဲ့ သူရိယဝစ္ဆသာ နတ်သမီးလေးအကြောင်းဆွေမျိုးစပ်ပြခဲ့ပြီးပြီနော်။ သိကြားမင်းက ဈာန်ဝင်စားနေတဲ့ ဘုရားရှင်ကို ဖူးချင်လို့အရင်လွှတ်လိုက်တဲ့ ပဉ္စသိင်္ခဟာ မနီးမဝေး တစ်နေရာမှာ သူ့စောင်းကို တီးပြီး သူ့ကျူကျူတေးတွေဖွင့်ထုတ်နေတာပေါ့လေ။ သူဆိုတဲ့ စာသားတွေက အလန်းကြီးတွေ မမမေရဲ့။ တစ်ပုဒ်ချင်း တစ်ပုဒ်ချင်းမှာအသဲခိုက်သွားလောက်မယ့် အဓိပ္ပါယ်တွေနဲ့ပေါ့။ အဲတာတွေကို အသံကောင်းကောင်း စောင်းသံငြိမ့်ငြိမ့်လေးနဲ့ဆိုတော့စဉ်းစားသာကြည့်တော့ မမမေ ကျနော် ရေးမပြတတ်အောင်ပေါ့။ ကျနော်သာမက ရှေးကရေးခဲ့တဲ့ ဆီးဘန်နီဆရာတော်တို့ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့တောင် သဘောလောက်ပဲ ရေးပြနိုင်တာပေါ့။ ကျနော်ကတော့ မမမေသဘောကျအောင် ခေတ်စကားလုံးတွေနဲ့ အရွှမ်းလေးတွေနဲ့ ပြောပြမယ်နော်။ မမမေ ပျော်ရင် ကျနော်ပျော်ပါတယ်။
ပထမဆုံးလာတာ စောင်းညှိတဲ့ အပိုဒ်မမမေရဲ့။ လမိုင်းသွင်းတဲ့ သဘောမျိုး၊ အပျိုတော်ထွက်တဲ့သဘောမျိုးလိုပဲ။ သူ့နေရာ တကျ နေရာယူအပြီးမှာ ဗေလုဝ နတ်စောင်းကို ရင်ဝယ်သွင်းပြီး စောင်းကြိုးတစ်ချောင်းချင်းကိုလက်ခတ်ရင်း ဆိုတဲ့ အပုဒ်ပေါ့
(၁) စောင်းညှိသီချင်း
ဗုဒ္ဓူ ပသံဟိတာ
ဓမ္မူ ပသံဟိတာ
သံဃူ ပသံဟိတာ
အရဟန္တူ ပသံဟိတာ
ကာမူ ပသံဟိတာ။
ယခုသီဆိုသည့် သီချင်းဂါထာတို့သည် ဗုဒ္ဓ၏ဂုဏ်ကျေးဇူးတို့ကို စွဲမှီရည်စူးခြင်းဖြစ်စေသတည်း။ ဓမ္မတရားတော်တို့ကို စွဲမှီရည်စူးခြင်း ဖြစ်စေသတည်း၊ သံဃာတို့ကို ရဟန္တာတို့ကို စွဲမှီရည်စူးခြင်းဖြစ်စေသတည်း ၊လောကစည်းစိမ် ကာမဂုဏ်တို့ အကြောင်းကို စွဲမှီရည်စူး၍ဖြစ်စေသတည်းတဲ့။ အဲဒီမှာ ဂုဏ်ကျေးဇူးဆိုရာမှာတင်တဲ့ကျေးဇူး၊ ဆပ်တဲ့ကျေးဇူး စတာတွေကို တင်ဆိုလိုတာမဟုတ်ပဲ လောကကို ခြယ်လှယ်တဲ့၊ ဘယ်သူမှမကင်းနိုင်တဲ့ ပက်သက်ဆက်နွယ်ရတဲ့ ကြီးမားတဲ့ ဂုဏ်သိတ္တိသဘောတွေကိုပါ သူကညွန်းဆိုတာ မမမေရဲ့။ ဘုရားဂုဏ်ကိုယုံတယ်။ တရားဂုဏ်လဲယုံတယ်။ သံင်္ဃာနဲ့ ရဟန္တာတို့ရဲ့ ဂုဏ်ကိုလဲယုံတယ် ဒါအပြင် သူမပယ်မသတ်နိုင်သေးတဲ့လောက သံသရာ ကျင်လည်သူတို့ အတွက် ကြီးမှာလှတဲ့ ခြယ်လှယ်မှုကို ဖြစ်စေတဲ့ ကာမဆိုတဲ့ ဂုဏ်ကိုလဲသူကယုံပါတယ်တဲ့။
သည်လိုမမမေရဲ့ ကာမဂုဏ်ဆိုတာနဲ့ မဟုတ်တာကို စိတ်ကူးကမပြေးနဲ့ဦး၊ လူ့ဘုံနတ်ဘုံ စတာတွေကိုက ကာမဘုံတွေ မမမေရဲ့။ ကာမ ဆိုတာ စွဲလမ်းစေသောလို့ အဓိပ္ပါယ်ပြန်ရင် ကျနော်တို့တတွေဟာ စွဲလမ်းစရာအဖုံဖုံကြားမှာ ပျော်တလှည့်၊ငိုတစ်ခါ မေ့မျောနေကြသူတွေပေါ့။ အပြင်ကာမပစ္စည်း၆မျိုး (အဆင်း၊အသံ၊အနံ့၊အရသာ၊ထိစရာ၊ တွေးစရာ) အတွင်းကာမပစ္စည်း၆မျိုး (မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်၊ စိတ်) ထိလိုက်တိုင်းဖြစ်လာတဲ့၊ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အတွေးအကြံ ကာမအာရုံ ၆မျိုးအားလုံးပေါင်းကို မလွတ်အောင် စွဲလမ်းကြတော့တာကိုး။ သည်လိုစွဲလမ်းစရာ သတ္တိရှိတာတွေကို ကာမဂုဏ်လို့ ခေါ်တာ မမမေရဲ့။ ကာမဂုဏ်ကို ကာမဘုံမှာနေသ၍ သောတပန်အရိယာများတောင် မပယ်နိုင်မရှောင်နိုင်သေးဘူးတဲ့။ ဒါပေမယ့် သူ့နောက်က အဝိဇ္ဇာနောက်ဆက်တွဲ ဒိဌိနောက်ဆက်တွဲတွေ ပါမလာနိုင်အောင်တော့ သူတို့ထိမ်းနိုင်တာပေါ့။(တရားကိစ္စတော့ မမမေပိုသိသူမို့ ကျော်လိုက်စို့နော် မောင်ဟန်ကတရားနဲ့ဝေးပါတယ်) အဲသလောက် အားကြီး အားကောင်းတဲ့ ကာမဂုဏ်ကို ကမာဘုံသား တစ်ယောက်အနေနဲ့ဂုဏ်တထူး အထူးထည့်ပြီး သူယုံတယ်လို့ ဆိုတာမမမေရဲ့။ ဘာလို့လဲဆို ကာမဘုံမှာက ကာမဂုဏ်ကိုက အကြီးအကျယ်ခြယ်လှယ်တဲ့ ဟာတစ်ခုဖြစ်နေတာကိုး။ သည်တော့ သည်ကိစ္စဟာလဲ ဟိုလူကြီးပြောတဲ့ တရုတ်ကို ကြောက်ရပါတယ်ဆိုသလို ခံရခက်ပေမယ့် ကိုယ်မှ မပယ်သတ်နိုင်သေးတော့လဲ ဂုဏ်တထူးတင်လို့ဆိုရသပေါ့နော်။
(၂) စောင်းသံ
ဝန္ဒတေ ပိတရံ ဘဒ္ဒေ။
တိမ္ဗရုံ သူရိယဝစ္ဆသေ၊
ယေန ဇာတာသိကလျာဏီ၊
အာနန္ဒ ဇနနီမမ။
ဒုတိယအပုဒ်ကလဲ အလာကြီးမမမေရဲ့။ ကီးညှိပီးသွားလို့ တင်းတင်းတောင်တောင် စလုပ်တော့။ ယောက်ခမကြီးရဲ့ ဖုန်းဆက်လိုက်ရမလားဆိုတာ ရှိသေးတယ်မို့လား၊ သမီးကို ပိုးတာကို သူခိုးရယ်လို့ ဝိုင်းဘေလိုက်တာတွေ၊ အလိမ္မာသုံးလို့ ရဲစခန်းဖုန်းဆက်တာတွေ၊ လှေခါးခြေမှာ ဆူးတွေကြဲလို့၊ လှေခါးဦးမှာ ဘီလူးတွေစောင့်လို့၊လှေခါးခုံမှာ ဂဠုန်တွေစောင့်လို့ ရှိလိမ့်မယ့် ယောက်ခမလောင်းကြီးနဲ့ ချစ်သူ့ရည်းစားရဲ့တပည့်တပန်းတွေကိုလဲ လန့်ရရှာမှာပေါ့။ ဒါ့ကြောင့် လမိုင်းသွင်း ကီးညှိပီးတဲ့အခါ လာမယ့်ရန်ပြန်စေဖို့၊လာမယ့်ဘေးဝေးစေဖို့၊ တိုက်မယ့်ခလုပ် ဆုတ်စေဖို့၊ နုတ်ချို လျိုတစ်ပါးနဲ့ တေးသွားနဲ့ကျူးလို့ပိုင်ရာဆိုင်ရာနဲ့ ရိုသေထိုက်သူတွေကို သူရိုသေပါကြောင်း ပြောတာမမမေရဲ့။
သူရိယဝစ္ဆသ အိုနှမ သင်သည် နှာရု, မံသ, သရ, အဋ္ဌိ, ပရိမဏ္ဍလ ငါးဝကလျာ ဖြင့် အစုံအစုံမှာ ပြည့်စုံခြင်းဖြစ်၍သင့်အလှဂုဏ်၏ ကျော်ကြားသမှုနှင့် ပြည့်စုံသောကြောင့် ငါသည် ချစ်ခင်ခြင်း စွဲလမ်းခြင်းဖြစ်၏။ (နှာရုဆိုတာ အကြော၊ မံသ ဆိုတာ အသား၊ အဋ္ဌိ ဆိုတာ အရိုး၊ ပရိမဏ္ဍလ ဆိုတာ ဝတ်စားဆင်ယင်တာ၊ သရဆိုတာတော့ မသိဘူး မမမေရဲု့ခြယ်သတာကို ဆိုလေမလားပဲ၊ ဆိုတော့ အသားလေးက ဝင်းဝါ၊ မြကြောစိမ်းဖြာ၊ အဆစ်အပေါက်ပြေပြစ်ပြီး အခြယ်အသ အဆင်အပြင်ကလဲ ဆိုစရာမရှိတဲ့ နတ်သမီးလေးပေါ့နော့်) ထိုငါ၏ ချစ်ခင်စုံမက် ဆွဲလမ်းခြင်းကို ဖြစ်စေတတ်သော ကောင်းခြင်းငါးဖျာနှင့် ပြည့်စုံသည့် သင် သူရိယဝစ္ဆသာသည် သင့်အဖ တိမ္ဗရုဒေဝ ဂန္ဓဗ္ဗနတ်မင်းကို မှီ၍ အစွယ်အပွားအနေဖြင့် ဖြစ်လာသည်ဖြစ်သောကြောင့် သင့်ခမည်းတော် တိမ္ဗရုဒေဝ ဂန္ဓဗ္ဗနတ်မင်းကို ငါကန်တော့၏တဲ့။ ပိုင်လိုက်တဲ့ ပဉ္စသိင်္ခနော်။ သည်ကန်တော့တဲ့ အပိုဒ်ကလေးကို သူ့စောင်းလက်သံ တေးသံသာနဲ့ အပိုင်ညှို့ပြီး အသံကောင်းကောင်းနဲ့ဆိုလိုက်တာ ဘယ်လောက် တာသွားသလဲ။ အတိုချုပ်လိုက်ရင် သမီးလိုချင်တယ်။ ခင်ဗျားကို ကျုပ်ရှိခိုးတယ်ဆို နပန်ချည်းပဲ အတွယ်ခံရမှာပေါ့။ သမီးကြိုက်လို့ အဖေကို အာခံ၊ လျောက်ပြန်သံပေးလာလုပ်တယ်။ရန်များကို ကိုယ်ရှင်းမယ်လုပ်လို့ ဟိုကပြန်ကြိုက်ရအောင်ကလဲ သူ့မှာ လက်ရှိရည်းစားနဲ့မို့လား။ ယောက်ခမက ဘာမှမလုပ်ရင်တောင် အရင်ကိုကို့ တပည့်တွေက သခင်အားရ ကျွန်ပါးဝလိုက်မှဖြင့်စောင်းနဲ့လူ(အဲလေနတ်) အိုးစားကွဲတော့မပေါ့။
သည်တော့ ဦးရီးမှာသည်လောက်လှတဲ့ သမီးရှိတာ ကျနော်ဖြင့် မသိခဲ့ရပါဘူး၊ ဦးရီးသမီးကလောက်လှတာ ရှေးဘဝကုသိုလ်နဲ့ယခုဘဝ စိတ်သဘောဖြူလို့ပါ။ ဒါကလဲ ဦးရီးတို့ အဆုံးမကောင်းပေလို့ပေါ့။ မိကောင်းဖခင် သားသမီးပီသပါပေတယ်လို့တစ်ဘက်လှည့်နဲ့ ပြောလိုက်သလိုပါပဲ။ ခုလဲ သည်လိုကောင်းခြင်းငါးဖျာနဲ့ ပြည့်စုံတဲ့ နတ်သမီးလေးဟာနတ်မင်းကြီးရဲ့ သွေးကနေ ဆင်းသက်လာတာမို့ အခက်အပွားကိုဖြစ်စေတဲ့ ပင်စည်ဟာ ပိုလို့သာမဲ့ဂုဏ်သတ္တိတွေရှိပေမယ်လို့ ရည်စူးဦးတင်ပါတယ်ဆိုတော့။ ယောက်ခမကြီးရဲ့ ဖုန်းဆက်လိုက်ရမလားကို ငြိမ်းပြီးသားဖြစ်တဲ့အပြင် သမီးရဲ့လက်ရှိရည်းစား ရန်ရှာလာမှာကိုလဲ "သူ့ဟာသူ သီချင်းဆိုတာပဲ ဆိုပါစေကွာ၊ငါ့အိမ်ရှေ့မှာ ရုတ်ရုတ် ရုတ်ရုတ် မဖြစ်ခံပါနဲ့" လို့ ပြောလာမယ့် ယောက်ခမကြီးရဲ့ နုတ်ထွက်ကို တစ်ဘက်လှည့်နဲ့ လှည့်ယူလိုက်တာပါပဲ။ သူ့သမီးလေးရဲ့ နားအကြားမှာလဲ ကိုယ်ကမင်းမှမင်းပဲ? မင်းနဲ့နီးဖို့ဆို ဘယ်သူတားတား ဓါးကြည့်ထားလို့ ဂိုဏ်းမချန် ဟောဟောဒိုင်းဒိုင်းသမားမဟုတ်ရှာဘူး၊ ငါ့အဖေနဲ့ပါ ရေရှည်မှာ အဆင်ပြေလောက်တယ်ဆိုတဲ့ အမှတ်တစ်မှတ်ယူသွားမှာပေါ့ကွယ်။ ပြိုင်ဘက်ရန်ကိုလဲကာ၊ နတ်သမီးလေးဆီကလဲ တစ်မှတ်ယူ၊ ယောက်ခမဆီက တစ်မှတ်ယူ တစ်ပုဒ်ထဲနဲ့ ၃ချက် ထိအောင်ပစ်သွားတဲ့စာသားအင်္လာကာ ဂီတတွေပေါ့။ သိကြားမင်းနားနေတော့ သည်လို ဒီပလိုမက်တစ်တွေ တက်လာတာထင်ပါရဲ့ကွယ်။သင်တန်းဆင်း စာသိတော့ ဟုတ်ဟန်မတူဘူး မမမေရဲ့။
(၃) စောင်းသံ
ဝါတောဝ သေဒတံ ကန္တော၊
ပါနိယံဝ ပိပါသတော။
အင်္ဂီရသိံ္မ ပိယာမေသိ၊
ဓမ္မော အရဟတံ ဣဝ။
တတိယ အပိုဒ်ကတော့ သူက သူရိယဝစ္ဆသလေးကို ဘယ်လို ချစ်တယ်ဆိုတာ စပြောတာ မမမေရဲ့။ အတိုကတော့အပူဖိစီးလို့ ချွေးဒီဒီးကျသူတို့သည် လေပြေလေးညှင်းကို တောင့်တတယ်။ ရေငတ်မွတ်သူသည် ရေကြည်ရေအေးကိုတောင့်တတယ်။ ရဟန္တာမြတ်တို့သည် တရားဓမ္မကိုအစဉ်တောင့်တတယ်။ သူကလဲ ကိုယ်ရောင်ဆင်းနဲ့ ပြည့်စုံတောက်ပတဲ့သူရိယဝစ္ဆသ နတ်သမီးလေးကို တောင့်တပါတယ်တဲ့။ သူရင်ထဲက အပူမီးကြောင့်လဲ လေပြေနဲ့တူတဲ့သူရိယဝစ္ဆသလေးကို တောင့်တပါတယ်။ သေရေးရှင်ရေးလို ဘဝမှာ ရေအသက်တစ်မနက်လို့ဆိုတဲ့ ရေငတ်သလိုဝေဒနာကြောင့်လဲ သူရိယဝစ္ဆသလေးကို တောင့်တပါတယ်။ ဒါပေမယ့် ချွေးထွက်သူ ချွေးတိတ်ရင်၊ ရေငတ်သူရေငတ်ပြေရင် သူက သူရိယဝစ္ဆသလေးကို မလိုချင်တော့မယ့် ဟာမျိုး မဟုတ်ကြောင်းကို ရဟန္တာအရှင်မြတ်တွေကနိဗ္ဗာန်ကို မျက်မှောက်ပြုထားပီးသော်ငြား တရားဓမ္မတွေကို မပြတ်တောင့်တသလို သူကလဲ သူရိယဝစ္ဆသလေးကို လိုနေတာပါပဲတဲ့။ တစ်ဘက်က သူ့ဥပမာအပေးတွေကို ပြန်ထောက်လာရင် ထောက်လာလို့ မရအောင် သူဆိုတဲ့တေးချင်းက အဟနဲ့ အပိတ်နဲ့ ချိတ်နဲ့ မမမေရဲ့။
(၄) စောင်းသံ
အာတုရေဿဝ ဘေသဇ္ဇံ၊
ဘောဇနံဝ ဇိဂစ္ဆတော။
ပရိနိဗ္ဗာယိ မံ ဘဒ္ဒေ၊
ဇလန္တမိဝ ဝါရိနာ။
ရောဂါရှိသူကို ဆေးပေး၍ ပျောက်စေသကဲ့သို့၊ ဆာလောင်မွတ်သိပ်သူကို အစားအစာပေး၍ ဆာလောင်မှုကိုဖြေဖျောက်စေသကဲ့သို့၊ ရေသည် အလျံအညီးညီးဖြင့် လောင်သော မီးကို ငြိမ်းစေသကဲ့သို့ ချစ်နှမ၏တုန့်ပြန်ချစ်ခြင်း မေတ္တာနှင်း၍ ချစ်နှမကို ချစ်မိလို့ ဖြစ်ရတဲ့ ဝေဒနာကို၊ တမ်းတ မွတ်သိပ်မှုကြောင့်ဖြစ်ရတဲ့ ဆောင်လောင်မှုကို၊ ချစ်ခြင်းကြောင့်ဖြစ်လာရတဲ့ သောကမီးတွေကို အို သူရိယဝစ္ဆသမင်းငြိမ်းလှည့်ပါပေါ့။ ကိုယ့်အတွက် အသက်ကယ်ဆေးဟာလဲမင်းပဲ၊ ကိုယ့်အတွက် အစားအစာဟာလဲမင်းပဲ၊ ကိုယ့်ရင်ထဲကမီးကို ငြိမ်းမယ့် ရေအလျင်ကလဲ မင်းပါပဲပေါ့။
(၅) စောင်းသံ
သီတောဒကံ ပေါက္ခရဏိံ၊
ယုတ္တံ ကိဉ္ဇက္ခရေဏုနာ၊
နာဂေါ ဃမ္မာဘိတတ္တောဝ၊
သြဂဟေ တေ ထနုဒ္ဓရံ။
နေပူရှိန်ရဲ့ နှိပ်စက်ခြင်းဒဏ်ကို အပြင်းအထန်ခံရတဲ့ ဆင်ပြောင်ကြီးဟာ ကြာရိုးကြာစွယ်တွေနဲ့ပြည့်နေတဲ့ရေအိုင်ထဲကို ဆင်းလို့ ကြာပန်းတွေခူး၊ ကြာစွယ်တွေကိုချိုးလို့ ကြာတောထဲမှာ လူးခတ်ကစားရရင် သိပ်ကိုချမ်းသာတဲ့ ချမ်းသာခြင်းကို ရသလို။ မြင်မြင်ချင်းစွဲလမ်းချစ်တဲ့ တစ်ဖက်သက်ချစ်မိလို့ဒုက္ခကြီးစွာရောက်နေတဲ့ ပဉ္စသိင်္ခနတ်သားလေးဟာ သူ့အတွက် နတ်ရေကန်ဖြစ်တဲ့ သူရိယဝစ္ဆသ ဆိုတဲ့နတ်သမီးလေးရဲ့ ရင်ခွင်ထဲကိုဝင် ကြာပန်း၊ ကြာဖူးတွေနဲ့တူတဲ့ နတ်သမီးလေးရဲ့ ရင်ခွင်ထဲကအရာတွေနဲ့ ပျော်ပါးမြူးတူးကစားရရင်ဖြင့် သူ့ဘဝရဲ့ ကြီးစွာသော ချမ်းသာခြင်းကို ရရပါလိမ့်မယ်တဲ့။ ဆင်ဆိုတာ သူ့ရဲ့ အရေပြားထူထူကြီးတွေကို သိပ်အားကိုးတာ မမမေရဲ့။ အဲဒီအရေပြားထူထူကြီးတွေကပဲသူ့ကိုပြန်ဒုက္ခပေးတာက ပူလွန်းအေးလွန်းတာကို မခံနိုင်ဘူးလေ။ ဆင်တွေဟာ ပူလာမောလာရင် နားရွက်ကိုအလျင်မပြတ်ခတ်လေ့ရှိတယ်။ ခွေးလေးတွေ ပူလာရင် လျာထုတ်ထားရသလိုပေါ့။ သူ့ရဲ့မွှေးညင်းပေါက်တွေကခန္ဓာကိုယ်ရဲ့ အပူအအေးကို လျင်လျင်မြန်မြန်ကြီး ထိန်းပေးဖို့ ရေငွေ့ထုတ်တဲ့ ချွေးပျံမယ့်စနစ်ကောင်းကောင်း မပိုင်ဆိုင်ထားပဲကိုး။ သည်တော့ ပူလာပြီဆိုရင် ဆင်တွေဟာ ရေကန်ထဲကိုဆင်းကြရတယ်။ ဆင်းတဲ့ရေကန်ဟာလဲ ကြာရိုးကြာရွက်၊ ကြာစွယ်တွေနဲ့ ပြည့်နေတဲ့အခါ၊ ရေထဲကိုဆင်းသွားတဲ့ဆင်ကြီးဟာ သူ့မျက်စိရှေ့က ကြာရွက်တွေကို နှာမောင်းကြီးနဲ့ဖယ်လိုက်၊ ကြာရွက်တွေဖယ်လိုက်လို့အခိုင်လိုက် ထွက်လာတဲ့ ကြာဖူးတွေ ကြာပန်းတွေကို နှာမောင်းကြီးနဲ့ပွေ့လိုက်၊ ရေတွေစုတ်ပီးသူ့ကိုယ်ပေါ်ဖြန်းလိုက်၊ တစ်ခါ ရေကန်ထဲကို ငုပ်ဆင်းလိုက်၊ သူ့ကို ရစ်ပတ် ပွတ်သပ်လာတဲ့ကြာစွယ်ကြာရိုးတွေကို နှာမောင်းနဲ့ချီပြီး စားလိုက်၊ ကြာပန်းတွေကလဲ မွှေးပျံ့လို့၊ မွှေးပျံ့နေတဲ့ကြာတောထဲမှာ ဆင်ကြီးတစ်ကောင် ရေကစားနေရသလို သူရိယဝစ္ဆသ ရဲ့ ရင်ခွင်အစုံကြားမှာ သူက ကစားချင်တာတဲ့။ သူရိယဝစ္ဆသနတ်သမီးတော့ ဘယ်လိုတွေ စိတ်အမြင်မှာ ထင်နေမလဲ မသိဘူးနော်။
(၆) စောင်းသံ
အစ္စင်္ကုသောဝနာဂေါဝ၊
ဇိတံမေ တုတ္တတောမရံ၊
ကာရဏံ န ပဇာနာမိ၊
သမေတ္တာ လက္ခဏူရုယာ။
မုန်ရစ်သောဆင် ဘာကိုမှမမြင်တော့သလို၊ သူလဲ ဘာကိုမှ ဆင်ခြင်ထိမ်းသိမ်းနိုင်စွမ်း မရှိတော့တဲ့အရူးကြီးလိုဖြစ်နေရပါပြီတဲ့။ မုန်ဆိုတာ တိရိစ္ဆာန်တွေမှာ သူ့ရာသီနဲ့သူဖြစ်တတ်တဲ့ လိင်စိတ်ကိုပြောတာ မမမေရဲ့။ သတ္တဝါတွေမှာ အသက်ရှင်လိုစိတ်ရယ်၊ အသက်ဆက်လိုစိတ်ရယ် ၂ခုလို့ အလိမ္မာနဲ့ပြောလို့ရတယ်။ အဲသည်၂ခုနဲ့ကြုံလာရင် သေသေကြေကြေ သူ့ရဲ့ တုန့်ပြန်မှုတွေက အလွန်အင်မတန်ပြင်းထန်သတဲ့။ သိမှုနယ်ပယ်ကို ကျော်ပြီး မသိစိတ်ရဲ့ စေရာနဲ့ မသုံးဘူးတဲ့ အားအင်တွေနဲ့ တုန့်ပြန်တတ်တယ်။ အသက်ဆက်လိုစိတ်ဆိုတာကတော့ မျိုးဆက်ထားလိုတဲ့ ဟိုစိတ်ပေါ့မမမေရယ်။ မုန့်သာဝေစားမယ်၊ အချစ်ကိုတော့ ဝေမစားနိုင်ဘူး၊ အချစ်ချင်းတူရင် စစ်ခင်းယူမယ်ဆိုတဲ့ စိတ်မျိုးပေါ့။ အဲသလိုဖြစ်တာဟာအခြားမှာမဟုတ်ပဲ ဆင်မှာဖြစ်တဲ့ မုန်ယိုတဲ့ အခါနဲ့ကို နိုင်းတာမမမေရဲ့။ နှောင်ကြိုးတွေတည်။ ချွန်းတွေနဲ့ ဘယ်လိုအုပ်အုပ်၊ လှံတွေနဲ့ဘယ်လိုထိုးထိုး၊ တုတ်တိုနဲ့ ဘယ်လိုနှက်နှက်၊ ဆင်မနောက်ကို လိုက်မယ်ဆိုတဲ့ မုန်ထနေတဲ့ အင်အားကြီးတဲ့ ဆင်ကြီးထိန်းမရသလို သူ့ရဲ့ အချစ်တွေဟာသူရိယဝစ္ဆသ အပေါ်မှာ ဘယ်လိုမှ ထိန်းမရတော့ပါဘူးတဲ့။ အဲဒါဘယ်တုန်းကတည်းက စသလဲဆိုရင် သူရိယဝစ္ဆသရဲ့ပေါင်ကို မြင်လိုက်ရကတည်းကပါတဲ့။
သည်နတ်သမီးကလဲ ဘယ်လိုဝတ်လို့ သည်ပေါင်ကို ပဉ္စသိင်္ခမြင်သလဲ မသိပါဘူး မမမေရယ်။ ခုခေတ်ကိုအတိုအပြတ်တော့ မဟုတ်ဘူးထင်ပါရဲ့။ မျက်စိထဲ မြင်ရသလောက် မိန်းမတွေဟာ ဘယ်လိုပဲ လုံအောင်ဝတ်ဝတ်သူတို့အလှကိုတော့ ပေါ်အောင် ဖေါ်နိုင်တဲ့ ဖက်ရှင်ဆိုတဲ့ အမြင်တော့ ရှိကြပုံပါပဲ။ သဘောရှိအဟောသိကံ အိုးပင်းသည်ဒလဟော ဖေါ်ထားမယ့် ပုံထက်၊ ခြေကလေးအလှမ်း၊ ကကွက်ကလေး အကြွမှ လှစ်ကနဲပေါ်သွားတာမျိုးဖြစ်မယ်မမမေရဲ့။ မမြင်ဘူးလို့ မူးမြစ်ထင်(ရွှေဘို၊ဝက်လက်လူတွေနဲ့ သတ်ရတော့မှာပဲ) တစ်သက်မှာတစ်ခါမှ ဂလောက်လှတဲ့ ပေါင်မျိုးမမြင်ဘူးပါဘူးရယ်လို့ ဖြစ်သွားရတဲ့ လှစ်ကနဲမြင်ကွင်းမျိုးထင်ရဲ့။နတ်သမီးတွေ ဘယ်လိုကသလဲတော့ မမြင်ဘူးတော့ ရှင်းရခက်ပါသလေ။ ပေါင်တံအလှကို ဖေါ်ရာမှာ အလုံးအထည် အရှည် သဏ္ဍန်ကိုသာမက အသားရောင်ကိုပါ ထည့်သွားလေတော့ ဧကန်နတော့ ဧကန်နပေါ့လေ။ အတွေ့အကြုံနဲသူမို့ဘယ်လိုက ဘယ်လိုရယ်လို့ ရှင်းမပြနိုင်တာ ခွင့်လွှတ်ပါ။ စာထဲအရကတော့ ရွှေစိုင်နဲ့လုပ်ထားတဲ့ပွတ်တိုင်က ချကာစ ပွတ်လုံးလေးလို အဆစ်အပေါက် အလုံးအထည် ပြေပြစ်လွန်းတယ်လို့ ဆိုတယ်မမမေရဲ့။ဆင်နှာမောင်းသဏ္ဍန်ရှိသော ပေါင်တံလို့တော့ ငယ်ငယ်က သိဘူးတာပဲ။ သည်ထဲမှာတော့ အထူးမဆိုတားပါဘူး၊အဲသည်ပေါင်ကို အဲသလိုမြင်လို့ သူ့ခဗျာ အဲသလိုဖြစ်နေရတယ်ပေါ့ ဒါပါပဲ။ အပေါ်၂ပိုဒ်အရတော့မြင်မြင်ချင်းမှာတင် ချစ်တာထက် ပိုကုန်တယ်နဲ့ တူပါရဲ့ မမမေရယ်။ သည်ပေါင်ကို သူဘာလုပ်ချင်သလဲတော့ ရေးထားဘူးမမမေရဲ့။
(၇) စောင်းသံ
တယိ ဂဓိတ စိတ္တောသ္မိ၊
စိတ္တံ ဝိပရိနာမိတံ၊
ပဋိဂန္တု န သက္ကောမိ၊
ဝင်္ကဃသ္တော အမ္ဗုဇော။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မူရင်းပြန်ဆိုချက်ကလေးကို ပြောပါရစေဦး၊
“နတ်မေနှမ။ မယ့်မောင်ငါသည်။ သင်ချစ်ဆွေနှမ၌။ အမြဲသက်သက် စွဲမက်သော စိတ်ရှိသည်၊ ဖြစ်ပြီ။အဖျားကော့ညိတ်၊ သံမျှားချိတ်ကို၊ စိတ်ရှိတိုင်း မျိုမှားသော။ ရေ၌ဖြစ်ပွားသော ငါးသည်။တဖန်အသစ်၊ ပြန်နစ်ခြင်းငှာ။ ရုန်းအံ့ကြိုးပမ်း၊ မစွမ်းနိုင်ရှာသကဲ့သို့။ ပမာသို့မူ၊ထို့အတူ။ မယ့်မောင်ငါ၏၊ စိတ်သည်။ ဘောက်ပြန်၏။ ဆုတ်နစ် တဖန်၊ ပြကတေ့ ဖြစ်ပြန်ခြင်းငှာ။လုံ့လကြံ့ခိုင်၊ မစွမ်းနိုင်။” တဲ့။
“နတ်မေနှမ”တဲ့ ဘယ်လောက်လှသလဲဟင်မမမေ။ သူတို့များကျတော့လဲ ဘယ်ထဲကနေ သည်ဝေါဟာရတွေ နိုက်ထုတ်သလဲမသိပေါင်မမမေရယ်။ သည်အပိုဒ်မှာတော့ သူရိယဝစ္ဆသ ကို မြင်မြင်ချင်း ချစ်ခြင်းတွေ ပိုမိတဲ့ပဉ္စသိင်္ခလေးခင်ဗျာမှာ ငါးမြှားချိတ်ကို မြိုမိတဲ့ငါးလိုပဲတဲ့။ ငါးစာကိုမြင်ပြီး ချိတ်ကိုမြိုလိုက်တဲ့အခါစူးကနဲဒဏ်ရာပေါ်တာနဲ့ သူ့ကို ရေပေါ်ဆွဲမတင်ခင်မှာ သေရေးရှင်ရေး အသည်းအသန်ရုန်းပေမယ့်ဘယ်လိုမှ မလွတ်နိုင်တော့တဲ့ ဥပမာပေါ့။ ရေနက်ထဲကသာ သူ့လုံခြုံရာလို့ သိသွားပေမယ့် အာခေါင်မှာချိတ်ဆွဲနေတဲ့ သံချိန်နဲ့ ရေပေါ်က တင်းထားတဲ့ ကြိုးကြောင့် ဘယ်လိုမှ ရေနက်ရာကို မငုပ်နိုင်တော့ကြောင်းပေါ့။
စဉ်းစားကြည့်ပေါ့မမမေ၊သူရိယဝစ္ဆသလေးကို ကြိုက်လှချီရဲ့လို့ ဖြစ်ပြီးကာမှ ရည်းစားလက်ရှိ၊ နတ်စစ်သူကြီးသမီး ဂုဏ်ရှိန်ညီးညီး အသိုင်းအဝိုင်းကြီးထဲကလို့ သိလိုက်ရတဲ့အခါ သူ့နေရာ သူအစာ မဟုတ်ကြောင်း၊ သူနဲ့ မသင့်တော်ကြောင်း ဆင်ခြင်မိမှာပေါ့။ ဒါပေမယ့် ချစ်မိတဲ့အဖြစ်ဟာ နှလုံးသားကို သံချိတ်နဲ့ဖေါက်ချိတ်ထားသလိုဖြစ်ပြီး ကာမဘုံသားမို့ ကာမဂုဏ်ဆိုတဲ့ ကြိုးက ခိုင်ခိုင်တည်းထား၊တဏှာရာဂက တင်းတင်းချည်ထားတော့ မသင့်တော်ဘူး၊ မဟုတ်ဘူးလို့ ဘယ်လိုဆင်ခြင်ပေမယ့် သည်ကြိုးတွေ(ကြာကန်နဲ့တူတဲ့ရင်နှစ်မွှာ၊ ရွှေပွတ်တိုင်တွေလို ပေါင်နှစ်သွယ်၊ ငါးသွယ်သော ဝင်းလက်ပြည့်စုံမှု)သည်သံချိတ်တွေက သူ့နှလုံးသည်းပွတ်ကို ရုန်းလိုက်တိုင်း စူးနစ်မှာပေါ့။ မြင်လျင်မြင်ခြင်းမှာပဲ ရင်တွင်းနံရံတွေမှာ သံပူနဲ့ခြစ်သလို သူကိုယ်တိုင်အဆင်ခြင်မဲ့ ရေးထိုးလိုက်တဲ့ ဘယ်လိုမှ ဖျက်မရတဲ့ သူရိယဝစ္ဆသ ဆိုတဲ့ နာမည်ဟာ ဆင်ခြင်ဥာဏ်တွေနဲ့ဝေးရာကို တစ်ရစ်ပြီးတစ်ရစ် ဆွဲခေါ်တော့မှာပေါ့။ မုန်ယိုတဲ့ဆင်ကြီး၊ ရေငတ်တဲ့ဆင်ကြီး၊အင်ကြီးအားကြီးနဲ့ ဆင်မရှိရာ၊ ကြာကန်သာရှိရာ ဆင်ခြင်မဲ့စွာ သွားနေသလို သူ့ရဲ့ နှလုံးသားထဲကအချစ်တွေဟာ သူရိယဝစ္ဆသ ဆိုတဲ့ သူမမှီတဲ့ သူ့လမင်းလေးရှိရာကို အရှိန်နဲ့အဟုန်နဲ့ သွားနေတာကို အင်မဲ့အားမဲ့ ဖြစ်နေတဲ့ ပဉ္စသိင်္ခလေးခင်ဗျာ “မသင့်တော်ဘူး၊ မဖြစ်နိုင်ဘူး”ဆိုတဲ့ ကျိုးကြောင်းလျော်တဲ့ ပညာရှိသုံးသပ်နည်းတွေက မတားနိုင်။ သည်လို လွန်ဆွဲရင်း ခြေကန်ပီး ဒရွတ်တိုက်ပါနေပုံဟာ သံချိတ်ဆူးတဲ့ငါး ရေနက်ထဲကို ပြန်ရုန်း နေရသလိုပါပဲ သူတဖြေးဖြေးနဲ့ မောလာ လက်ပန်းကျလာ တဲ့အကြောင်းကိုဖွဲ့ထားတာပေါ့။
ကျန်တဲ့ အပိုဒ်တွေကိုတော့ နောက်နေ့မှ ဆက်ကြရအောင်နော်။ အပိုင်း၃ကို မျှော်ပါပေါ့။
ကျန်းမာချမ်းသာကြပါစေ။ ကျနော်မောင်ဟန်ပါ။
စောင်းမပြောတဲ့စောင်း ၃(ဇာတ်သိမ်း)
$
0
0
by Mg Han (Notes) on Monday, May 13, 2013 at 6:22pm
မမမေရေ ဒုတိယပိုင်းမှာပဉ္စသိင်္ခရဲ့ စောင်းကြိုးညှိ၊ အပျိုးနဲ့၊ သူရဲ့ ကနဦး အပိုဒ်လေးတွေကို ရေးပြခဲ့ပြီးပြီနော်။အဲဒီအပိုဒ်တွေအထိ သူက သူရိယဝစ္ဆသာနတ်သမီးလေးကို ဘာကြောင့် ဘယ်လိုကြိုက်ကြောင်း၊ သူ့အချစ်ဟာသူ့အသိစိတ်ရဲ့ အလွန်ကို ရောက်နေတာဖြစ်ကြောင်း ဗေလုဝ နတ်စောင်းနဲ့ အသံကောင်းကောင်း တီးလဲတီးဆိုလဲဆိုပြလိုက်တာ စောင်းသံနဲ့ သီချင်းသံ ဘယ်လိုနေမယ် မသိပေမယ့် စာသားအလန်းတွေနဲ့ချည်းပေါ့နော်။ခုကျန်တဲ့ အပိုဒ်လေးတွေ ဆက်ပြောပြမယ် မမမေ။ ပီးခဲ့တဲ့ အပိုဒ်မှာ သူရဲ့ အချစ်နဲ့ အသိဆင်ခြင်ဥာဏ်တွေလွန်ဆွဲကြတာမှာ သူ့ဟာ ငါးမြှားချိတ်မိတဲ့ ငါးလိုဖြစ်နေရပါတယ်လို့ ဆိုခဲ့တယ်။ ဆက်တဲ့အပိုဒ်ကိုလဲ ကြည့်ပါဦး
(၈) စောင်းသံ
ဝါမူရု သဇမံ ဘဒ္ဒေ၊
သဇမံ မန္ဒလောစနေ။
ပလိသဇမံ ကလျာဏီ၊
ဧတံမေ အဘိ ပတ္တိတံ။
ပန်းပွတ်စင်ကချခါစ သဏ္ဍန်ရှိပြီး ရွှေစိုင်ရွှေသားလို ချောမွှတ်ဝင်းမာပေမယ့် ငှက်ပျောပင်ပျိုကဲ့သို့ပြောင်းသွဲ့နုအိလွန်းသည့် ပေါင်တံရှိသည့် သူရိယဝစ္ဆသာချစ်နှမ ငါ့လည်ပင်းကို ဖက်လော့။ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံလျက် ကိုယ်ရောင်ကိုယ်ဝါတောက်ပလျက် တစ်ဘက်သူကို မထိတရီကြည့်လေ့ရှိသောချစ်နှမ၊ ငါ့လည်ကိုဖက်၍ ဂရုဏာသက်သော အကြည့်ဖြင့် ကြည့်ပါ။ ထိုအချင်းအရာကို ယောင်ငါးလုံးပိုင်သောငါနတ်သားသည် ကြိမ်ဖန်များစွာ တောင့်တ၏။ အတိုချုပ်လိုက်ရင် “ချစ်လေး စောင့်ငှဲ့ကြည့်ဦး”ပေါ့မမမေရယ်။ အရင် အပိုဒ်တွေက ဆိုခဲ့သလို အပူဒဏ်ခံနေရတဲ့ ဆင်ပြောင် ကြာအပြည့် ရေအိုင်ကိုမြင်သလို၊ မုန်ရစ်သောဆင် ဆင်မကိုမြင်သလို၊ ချိတ်မြိုတဲ့ငါး ရေနက်ထဲ ပြန်မသွားနိုင်သလိုဖြစ်နေတဲ့ သူ့ကို သနားဂရုဏာလေးနဲ့ တစ်ချက်ကလေးတော့ ကြည့်ပါဦးပေါ့လေ။ တောင်းပန်တိုးလျိုးတဲ့သဘောထင်ပါရဲ့။ ပေါင်ရယ်။ ကိုယ်ရောင်ကိုယ်ဝါရယ် သူ့ကို မထီတရီ(မတူသလို မတန်သလို) ကြည့်တာရယ်ကိုတော့ထည့်ဆိုသွားသေးသပေါ့။ သည်ပေါင်နဲ့ပဲ ပဉ္စသိင်္ခေ-ာက်ရမ်းကြွေသွားတာ ဖြစ်လောက်တယ်။ သူကြွေချက်ကလဲပေါင်မှာချည်းပဲ နိုင်းလောက်ရှိတယ်နော်။
(၉) စောင်းသံ
အပ္ပကော ဝတ မေသန္တော၊
ကာမော ဝလ္လိတ ကေသိရာ။
အနေကဘာဝေါ သမပါဒိ၊
အရဟန္တောဝ ဒက္ခိဏာ။
သည်အပိုဒ်ကိုမူခွဲ ၂မျိုးပြန်ကြတယ် မမမေရဲ့။ သူရိယဝစ္ဆသာလေးရဲ့ ဆံကေသာ အလှကို ဖေါ်ကျူးပြီး၊ အချစ်အနဲအများကို ရဟန္တာကို လှူတဲ့ အလှူပစ္စည်းနဲ့ ပြန်ရတဲ့ အကျိုးကို နှိုင်းပြီးရေးထားတာ။ ဘယ်သူကဘယ်သူ့ကို ချစ်တဲ့ အချစ်လဲတော့ မသိဘူးပေါ့လေ။ ပါဠိမတတ်တော့လဲ ထင်သလို အဆင်ချောသလိုပြန်ပြလိုက်ပါ့မယ်။ မှန်ဖို့ထက် ဖတ်ကောင်းဖို့က ပိုလိုတယ်မို့လား။ အဖျားကော့ကော့ ကျော့ရှင်းကေသာရှိသော သူရိယဝစ္ဆသာတဲ့ ထိုကေသာနှင့် တောက်ပအဆင်းကြောင့် မင့်အပေါ်မှာထားတဲ့ ငါပဉ္စသိင်္ခရဲ့ကာမဆန္ဒ ချစ်စိတ်တွေဟာ နိုးကြွလာရပါတယ်တဲ့။ ပေါင်အရင်တော့ ကေကိုမြင်ပုံပါပဲ။ နောက်တော့မှသာပေါင်က ရှေ့တန်းရောက်သွားတာ။ အဖျားကော့ကော ဆံကေသာတဲ့ တစ်ဖြောင့်ထဲ စက်ဆွဲ အဖြောင့်မဟုတ်ဘူးနော်။ဘယ်တော့မှ မညှပ်ပဲ တယုတယနဲ့ မွေးထားတဲ့ ဆံပင်ဆိုတာ အဖျားသွယ်သွယ်ကော့ကော့လေး တွေဖြစ်မယ်ထင်တယ် မမမေ။ ဆံပင်ဖျားလေးတွေ ကော့ရင် ဆံပင် မသန်ဘူးလို့လဲ ဆိုကြတယ်။ သိပ်မသန်တဲ့ ဆံပင်ကော့ကော့လေးတွေကိုပဲသူပိုချစ်သွားတာလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့်သူက အဲသလို ဆံနွယ် အဖျားကော့လေးတွေကအစ ချစ်ရပေမယ့်သူရိယဝစ္ဆသာရဲ့ သူ့အပေါ် တုန်ပြန်ချစ်မယ့် အချစ်ဟာ နဲလွန်းပါတယ်တဲ့။ သို့မဟုတ် သူ့လိုဘဝမျိုးကိုသူရိယဝစ္ဆသာ တုန့်ပြန်ချစ်လာနိုင်မယ့် အခွင့်ရေးမျိုးဟာ နဲပါးလွန်းတယ်လို့ ဆိုရမလားပေါ့လေ။ရဟန္တာတစ်ပါးကို အလှူပြုရင် အလှူပစ္စည်းထက် သဒ္ဒါရဲ့ အကျိုးကြောင့် အဆပေါင်းရာထောင် အကျိုးကျေးဇူးရသလိုပါပဲတဲ့။သည်လိုပါပဲ သူရိယဝစ္ဆသာဆိုတဲ့ နတ်သမီးလေးရဲ့ တုန့်ပြန်အချစ်ဟာ ဘယ်လိုနဲသော်လည်း (သို့မဟုတ်)အခွင့်အရေး အလွန်နဲသော်လည်း သူ့ရဲ့ ချစ်ခြင်းမေတ္တာကတော့ (သို့မဟုတ်) သူရဲ့ သူရိယဝစ္ဆသာတုန့်ပြန်အချစ်ပေါ်မှာထားတဲ့ မျှော်လင့်ချက်ကတော့ ရဟန္တာကို လှူတဲ့ အလှူရဲ့ အကျိုးလိုပဲ ကြီးမားပါတယ်။ ညောင်စေ့လေးလောက်သာမျှော်လင့်စရာရှိသော်လည်း ညောင်ပင်ကြီးလောက် ချစ်မိပါပြီပေါ့လေ။ ဒါမှမဟုတ်ရင်လဲ သူကဆံကောသာကို ပြောချင်တာနဲ့ သူရိယဝစ္ဆသာ သူ့ကို မချစ်တာ ပြောချင်တာ သက်သက်၊ ရဟန္တာရဲ့ အလှူအကျိုးကိုပြောချင်တာသက်သက်လဲ ဖြစ်နိုင်လောက်တယ်။ ဘာလို့ဆို နောက်တစ်ပုဒ်ကြောင့်ပေါ့။
(၁၀) စောင်းသံ
ယံမေအတ္ထိ ကတံပုညံ၊
အရဟန္တေသု တာဒိသု။
တံမေ သဗ္ဗကလျာဏီ၊
တယာ သဒ္ဓိံ ဝိပစ္စတံ။
အကျွနိုပ်တွင် သူတော်ကောင်း အကျင့်မြတ်၊ သည်းခံတတ်ကုန်သော ရဟန္တာတို့အပေါ် လှူခဲ့ဘူးသောကောင်းမှုအထူးသည် ရှိသည်ဖြစ်သော် ထိုကောင်းမှုတို့ အကျိုးသည် ချစ်ရပါသော သူရိယဝစ္ဆသာနှင့်ပေါင်းဖက်ရခြင်း အတွက် ဖြစ်ပါစေသားတဲ့။  သူမကြံတတ်တဲ့အဆုံး ဘုရားကု ကုတဲ့ သဘောထင်ပါရဲ့လေ။ ဒါပေမယ့် ကောင်းမှု အထူးထူးကို သည်တစ်ဦးတည်းအတွက်ရည်စူးဆုတောင်းခြင်းဟာ သူရဲ့ အစွန်းဆုံးသော မိုက်မဲခြင်းနဲ့ ချစ်မိပါင်္ပြီဆိုတာကိုပြတဲ့အကောင်းဆုံးဥပမာပေါ့လေ။ နောင်သံသရာမှာ ဘာပဲဖြစ်ဖြစ် သည်ဘဝ သည်ခဏမှာ သူရိယဝစ္ဆသာလေးနဲ့ပေါင်းဖက်ရရင် ကျေနပ်ပါပြီတဲ့။ ၂ကိုယ်တူ ချစ်တဲ့ဘဝမဟုတ်တော့ သံသရာဘဝေဘဝမှာ မယ်နဲ့မောင်တူယှဉ်တွဲရပါလိုရဲ့လို့ သူ့ခဗျာ ဆုတောင်းခွင့်မရှိသေးတဲ့ဘဝကိုး၊ တစ်ဘက်သက် အချစ်မို့နီးစပ်ခွင့်ကိုပဲ ပုံအောရရှာတဲ့ဘဝ။ ဆုတောင်းကြမ်းလိုက်တာနော်။
(၁၁) စောင်းသံ
ယံမေအတ္ထိ ကတံပုညံ၊
အသ္မိံ ပထဝီ မဏ္ဍလေ။
တံမေ သဗ္ဗကလျာဏီ၊
တယာ သဒ္ဓိံ ဝိပစ္စတံ။
သည်အပိုဒ်လဲ သည်လိုပါပဲ။ ပြုသမျှသော ကုသိုလ်အထူးထူးတို့အတွက် မဟာပထဝီမြေကြီးသည် သက်သေရှိ၏။ထိုပြုပြုဘူးသမျှသော ထိုကုသိုလ်တို့သည်လဲ သူရိယဝစ္ဆသာနှင့် ပေါင်းဖက်ရခြင်းအတွက် ဖြစ်စေသတည်းပေါ့။
(၁၂) စောင်းသံ
သကျပုတ္တောစ ဈာနေန၊
ဧကောဒိ နိပကောသတော။
အမတံ မုနိ ဇိဝိသာနော၊
တမဟံ သူရိယဝစ္ဆသေ။
အိုသူရိယဝစ္ဆသာ၊ လူ့ပြည်တွင် သကီဝင်မင်းမျိုးလဲဖြစ်၊ စင်္ကြဝဒေးမင်းလဲ ဖြစ်လုဆဲဆဲ သိဒ္ဒထသည်မြတ်သောပညာလဲရှိ၊ ဈာန်လဲရ၊ သတိလဲရှိသည့်တိုင် ဦးစွက ဘုရားဆုပန်ခဲ့သည့်အတိုင်း များစွာကြာမြင့်သောသံသရာပတ်လုံး နိဗ္ဗာန်လမ်းကို ရှာမှီးလျက် ကျင်လည်တော်မူသည်။ ထိုအတူ ငါပဉ္စသိင်္ခသည်လဲသင်သူရိယဝစ္ဆသာ ချစ်နှမကို မြင်ပြီးနောက် ဦးစွကပင် သင့်ရင်ငွေ့ကိုလှုံ ရွှေလက်တွဲရစေကြောင်းဆန္ဒဖြစ်သည်။ နောက်သံသရာ အချိန်များစွာတိုင်းတွင် ထိုဆန္ဒဖြင့်သာ ကျင်လည်နေ၏တဲ့။ ဘာဆိုင်တုန်းဆိုဘာမှမဆိုင်ဘူးနော်။ ဟိုက သံသရာလွတ်ကြောင်း နည်းလည်းကောင်းဖြစ်တဲ့ နိဗ္ဗာန်တက်လမ်းကိုလူအများနားလည်အောင် ပြောနိုင်တဲ့ သဗ္ဗညုတဥာဏ်အတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှာရင်း ကျင်လည်တာ။ဘုရားမဖြစ်ခင် ဘုရားလောင်းတော် ဘဝတွေရဲ့ သဗ္ဗညုတ ဥာဏ်ကိုရလိုစောနဲ့ သံသရာကျင်လည်သလိုပဲတဲ့သူရိယဝစ္ဆသာကို မြင်ပြီးနောက်မှာလဲ သူဟာ သူရိယဝစ္ဆသာကို ရလိုတာ တစ်ခုတည်းနဲ့ သံသရာကိုကျင်လည်ဖို့ အဆင်သင့်ပါပဲပေါ့။ မတော်မရော် ငရဲမကြောက်၊ သူငရဲကြီးမှာဆိုးလို့ ကျမပြန်ကြိုက်လိုက်ရပါတယ်တဲ့အားနာစိတ်ကလေးကိုများ ရည်ရွယ်ပြီး ဆိုလိုက်သလား မသိဘူးနော်။
(၁၃) စောင်းသံ
ယထာပိ မုနိနေႏၵယ်၊
ပတြာ သေမၺာဓိ မုတၱမံ။
ဧဝံ နေႏၵယ်ံ ကလ်ာဏီ၊
မိႆဘာဝံ ဂေတာ ယထာ။
အိုချစ်နှမ သုရိယဝစ္ဆသာ ဗုဒ္ဓရှင်တော်မြတ်သည် ဝိသုဒ္ဓိ၇ပါး တရားမြတ်ဖြင့် လိုလားအပ်သောနိဗ္ဗာန်ကို မျက်မှောက်ပြုကာ သဗ္ဗညုတဥာဏ်အလင်းကို ရလျင်  “အနေက ဇာတိ သံသာရံ”အစချီသော ဥဒါန်းဂါထာကို ကျူးရင့်ရလောက်အောင်ဝမ်းမြောက်ခြင်းကြီးစွာဖြစ်သကဲ့သို့၊ ငါပဉ္စသိင်္ခသည်လဲ သင်သူရိယဝစ္ဆသာကို ရလျင် ဝမ်းမြောက်ခြင်းကြီးစွာဖြစ်ပါလိမ့်မယ်တဲ့။  အို နှိုင်းရက်လေတယ်နော်။သူ့ဟာသူ ဟိုဒင်းက ဟိုဟာပုလို့ ဟိုဟာမကို လိုချင်တာနဲ့ တို့ဘုရားဥာဏ်တော်၊ ဂါထာတော်တွေသီချင်းထဲထည့် သွားကျူတာ။ သံသရာလွတ်လမ်း တရားတော်မြတ်တွေ၊ ဥာဏ်တော်အဟုန်တွေနဲ့ကိုများသင်းရဲ့ ပေါင်ကြားတိုးလမ်း၊ နွားဖြစ်ရေးလမ်းစဉ်တွေနဲ့ လှည်းကျိုးထမ်းချင်တဲ့ကိစ္စမှာဒင်းဖွန်ကြောင် စမုန်ထ၊ ဟိုသင်းနံ့ကလေးရဖို့အရေး ဖေါဖေါသီသီကြီးသုံးချပလိုက်တာ သိကြားမင်းနားနေတဲ့ကောင်မို့ပေါ့။ မဟုတ်လို့ကတော့ လူ့ပြည်က သာသနာချစ်တွေ၊ သာသနာစောင့် တပ်မတော်တွေ လွှတ်လိုက်ရင်သင်းခုချိန်လောက်ဆို ဟွင်းဟွင်း...။
ဒါကိုပြောရရင် အဖြစ်ပျက်လေး တစ်ခုကို ပြောမှရမယ်။ သည်သီချင်းစဖြစ်လာဖို့ ဖြစ်စေတဲ့ပဉ္စသိင်္ခက သူရိယဝစ္ဆသာကို စမြင်တဲ့ သိကြားမင်းရဲ့ ကပွဲသဘင်ကျင်းပတဲ့ အချိန်ဟာ ဗုဒ္ဓဘုရားရှင်ဟာသမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူပြီးကာစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းပါးအနီး အဇပါလပ ဆိတ်ကျောင်းညောင်ပင်မှာသတင်းသုံးနေစဉ်ကာလကိုး။ သည်တော့ သူ့သီချင်းရေးစပ်ပြီးလို့ သူရိယဝစ္ဆသာ လေသာဆောင်ကိုမျှော်ပြီးတီးခတ်နေမယ့်ကာလဟာ အဲဒီတုန်းက လောကမှာ ဘုရားပွင့်ပြီဆိုတာ အတော်များများ မသိကြသေးတဲ့အချိန်အခါပေါ့၊ဘုရားဆိုတာဘာတုန်း၊ သူကဘာတုန်းလို့ ဘုရားရဲ့ အမျိုးတွေကတောင် ငါတို့လက်ပေါ်ကြီးလာတဲ့ကောင်လေးပါကွာလို့မကန်တော့ပဲ နေဆဲကာလဖြစ်မှာပေါ့။ ရေမီးအစုံ တန်ခိုးဗြာဒိတ်တွေပြလို့ သူ့ရဲ့ လက္ခဏာရေးသုံးပါး၊သံသရာလွတ်ကြောင်းတရားတွေကို ပေါ်ပြီးသား ဘုရားလို့ ခံယူထားသူတွေ၊ ရှေးရိုးအစွဲ မွန်မြတ်တယ်ဆိုတဲ့သူတော်စဉ်ကျင့်စင် သမား ဂရုကြီးတွေ၊ ဈာန်ရ၊ တန်ခိုးရှိ ပညာတတ် ဂိုဏ်းဆရာကြီးတွေနဲ့အကျိတ်အနယ် ဆွေးနွေးတရားဟောရတုန်း အချိန်ပေါ့၊ နောက်တော်ပါ သံင်္ဃာတန်းနဲ့ ဘယ်ကိုလှမ်းလှမ်းလက်အုပ်မိုးလို့ ကြိုမယ့် သာဝကတွေ မရှိသေးတဲ့ သာသနာစက်ဝန်း သန္ဓေတည်ခါစဆိုတော့ ဥက တက္ကတွန်းတို့ကလမ်းမှာတွေ့ရင် “အသားရေကလဲ လန်း၊ ဝတ်ပုံစားပုံလဲထူး၊ သွားပုံလာပုံကလဲ သိပ်စမတ်ကျ၊ ကိုယ်နေဟန်နဲ့အကြည့်ကလဲ အမျိုးမြတ်ပုံရတယ်။ ငါ့သျှင်ဘယ်ဂိုဏ်းကတုန်း၊ ငါ့သျှင်ဆရာ ဘယ်သူတုန်း” မေး၊ဘုရားက ဘုရားပါ၊ ငါ့မှာဆရာမရှိဘူး လို့ဖြေတာတောင်၊ "ဟုတ်မှာပဲ၊ ဟုတ်မှာပဲ သည်လိုလူမျိုးသည်လိုတော်တယ်ဆိုတာဟုတ်မှာပဲ" ဆိုပြီး လမ်းဆက်လျောက်သွားတဲ့ ကာလပေါ့။ သည်တော့ ပဉ္စသိင်္ခရဲ့ စောင်းသီချင်းဟာလူ့ပြည်မှာ ပွင့်တဲ့ ဘုရားရဲ့ လူသိနဲသေးတဲ့ ကိစ္စတွေကို အပ်တူဒိတ် အတွင်းစည်းကျကျ ရေးစပ်ထားတဲ့သီချင်းပေါ့။ ၃၁ဘုံမှာ ဂေါတမဆိုတာ ဘာလဲ၊ဘယ်လဲ ကြားဖူးနားဝနဲ့ ပုလဲနားကပ် အကဲခတ်နေတဲ့ကာလမှာအပေါ်ရံ အမျိုးအနွယ်သာမက သံသရာတို့၊ နိဗ္ဗာန်တို့၊ ပါရမီတို့၊ စတဲ့ အတွင်းကျကျပညာပါပါဝေါဟာရတွေကိုပါ ထည့်ရေးပြီး ဗုဒ္ဓအပေါ်မှာရှိတဲ့ သူ့ရဲ့သိမှု၊ ဗုဒ္ဓတရားတော်တို့ထဲက သူ့ရဲ့ကောက်နုတ်မှုတွေ၊နောက်ပြီး အားလုံးက ကြားဖူးယောင်သာရှိတဲ့ ဗုဒ္ဓအကြောင်းကိုပါ ထဲထဲဝင်ဝင် သီကုံးထားတော့တော်ရုံနားထောင်သူ ရင်ထဲမှာ သူက ခုပွင့်တဲ့ ဘုရားနဲ့ ဘာများလဲ ဆိုတဲ့ အဌာဖမ်းထားတဲ့သဘောပေါ့လေ။ထဲထဲဝင်ဝင် နားထောင်သူများကျတော့လဲ သည်မောင်ရင် ခုခေတ်အစားဆုံး ဗုဒ္ဓတရားတော်တွေနဲ့မဝေးတဲ့အပြင် အတော်သိမြင်နှံ့စပ်ပါ့ဂလားပေါ့။ သူရိယဝစ္ဆသာလေးလဲ အပျိုရံသင်းပင်းတွေနဲ့လက်ဖက်စားရင်း နေကြာစိစားရင်း ပြောကြတဲ့အခါ "ခုငါ့လာကြောင်နေတဲ့ ဘဲလေးက အလုပ်သာမယ်မယ်ရရမရှိတာဖေ့ဘုတ်ပေါ်မှာတော့ နိုင်ငံရေး၊ ဘာသာရေး၊ ကွန်ပြူတာ ဘာလာလာ ဆရာကျတဲ့ ပုံပဲအေ့။ သူ့သီချင်းထဲမှာအတော်များများ ပါအောင်ထည့်ဆိုထားတာ။ စလစ်ဗျစ်တီထင်တယ်အေ့” ပေါ့လေ။ အဲလေ ရောကုန်ပါပီ။အဲသလိုပါပဲ။ အဲဒီခေတ်ရဲ့ ဟော့တော့ပစ်ဟာ လောကမှာ ဘုရားပွင့်တဲ့အကြောင်းပေါ့။ အဲဒီပွင့်တဲ့ဘုရားအကြောင်းနဲ့ တရားတော်တွေ တစွန်းတစကို ဆီလျော်အောင် သူ့သီချင်းထဲ ထည့်သွားနိုင်တာဟာသူ့ရဲ့ ဗျူဟာတစ်ကွက်ပဲ ဆိုပါတော့လေ။
(၁၄) စောင်းသံ
သက္ကော စေမေ ဝရံဒဇ္ဇာ၊
တာဝတိံသာ နမိဿရော။
တာဟံဘဒ္ဒေ ဝါရေယျာဟေ၊
ဧဝံ ကာမော ဒဠော မမ။
ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာခဲ့ရင်
ဒုတိယအရာကို ငါ.. ငြင်းတယ်…တဲ့။ တာရာမင်းဝေရဲ့ မီးတောက်ရစ်သမ်ထဲက အပိုဒ်လေးလိုပေါ့၊ခုဟာကလဲ သူ့ဆရာ သိကြားမင်းက သူအုပ်ချုပ်တဲ့ နတ်ပြည်၂ထပ်နဲ့ သူ့ရဲ့ နတ်စည်းစိမ် အကုန်လုံးသူ့ကိုပေးမယ် ဒါကိုယူမလား သူရိယဝစ္ဆသာလေးကိုယူမလား ဆိုရင်တောင် သူကတော့ သူရိယဝစ္ဆသာလေးကိုပဲယူမယ်တဲ့။
နတ်ပြည်၂ထပ်လုံးရှိပေမယ့်၊ “မင်းမရှိတဲ့ဘဝတွေ မနေချင်ဘူး၊ မင်းမရှိတဲ့နေ့တွေ မလိုချင်ဘူး”ပေါ့လေ။“မင်းမှမင်းပဲ”ပေါ့။ မိုက်လိုက်တဲ့ ပဉ္စသိင်္ခနော်။ သူသိကြားမင်းနေရာရမှတော့ လက်ညိုးထိုးရာရေဖြစ်နေပေါ့ကို အချစ်မှာ မျက်စိမရှိရှာတော့ကန်းလိုက်လေခြင်း နော်။ ချဉ်ပေါင်နဲ့ ဝက်သား၊ချဉ်ပေါင်ဟင်း သူရိယဝစ္ဆသာကိုရွေးတဲ့ ငမိုက်သား၊ ဝက်သားနဲ့ ဒညင်းသီး သူရိယဝစ္ဆသာဒညင်းသီးကို ရွေးတဲ့ ငမိုက်သား၊ သံသရာအဆက်ဆက် ပြုပြုခဲ့သမျှ ကုသိုလ်အဟုန်ကို သည်တစ်ယောက်နဲ့ပေါင်းရဖို့ ကုန်ချင်ကုန်ပစေဆိုတဲ့ ငမိုက်သား၊ တစ်ခါတစ်ခါတော့ သူလိုလိုက်မိုက်ကြည့်ချင်သားပဲမမမေရယ်။ မိုက်ရတာ လွယ်တယ်ဆိုပေသည့် မိုက်တတ်ဖို့ကလဲ လိုသေးသကိုးနော်။ အမှန်တော့ သီချင်းကဒီမှာတင်ပြီးပီ မမမေရဲ့။ ဒါပေမယ့် ပဉ္စသိင်္ခရဲ့ လုပ်ကွက် နောက်တစ်ပုဒ်ကိုကြည့်ဦး။
(၁၅) စောင်းသံ
သာလံ ဝ နစိရံ ဖုလ္လံ၊
ပိတရံ သ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ၊
ကဿတေ တာဒိသီပဇာတိ။
ပထမဆုံး အပိုဒ်လိုပဲ ယောက်ခမကြီးကို ရှိခိုးတဲ့ ဟာပဲ။ ဒါပေမယ့် သူကနဲနဲလေးထူးတယ်။ ပထမဆုံးကတီးခွင့်ရဖို့ ရှိခိုးတာ။ ခုဟာက သီချင်းဆုံးသွားလို့ ရှိခိုးတာ။ သူ့သိချင်းကို အဆုံးထိအောင်နားထောင်ပေးတဲ့ (နားလည်တယ်ဆိုရင်) ပညာရှိလွန်းတဲ့ သူရိယဝစ္ဆသာရေပေါ့။ ခုလို အလေး၊အပေါ့၊အလျော့၊အတင်း၊အပြင်း၊အသာ၊အညံ့ သံစဉ်၇ဖြာပါသည့် ဗေလုဝဂီတစောင်းသံနှင့်အတူ သင့်ကိုချစ်ကြောင်း တေးသီချင်းတို့ကိုသီဆိုခွင့်ရရှိခြင်းကြောင့် ကောင်းခြင်းငါးဖျာ ဥာဏ်ကြီးစွာသော အသင်သူရိယစ္ဆသာကို ဖြစ်စေသောပင်လုံးကျွတ်ပွင့်သည့် အင်ကြင်းပင်ကြီး၏ အခေါင်အထွဋ်ကဲ့သို့ ဂုဏ်ကျက်သရေဝေဆာနေသည့်သင့်ခမည်းတော် တိဗ္မရုနတ်မင်းကို ငါကန်တော့၏တဲ့။
အဆိုတော်တွေ သီချင်းဆုံးတဲ့အခါ “ဖေဖေမေမေ၊ဆရာသမား၊ ကြွရောက်လာသော လူကြီးမင်းများနဲ့တကွ၊ ၃၁ဘုံ ကျင်လည်ကြကုန်သော လူနတ်ဗြဟ္မာ အားလုံးတို့ကိုကျေးဇူးတင်ပါတယ်”လို့ (ဟယ်ရောကုန်ပါပီ) ပြောသလိုပါပဲ။ သူဆိုချင်ရာ ဆိုပေမယ့်  သူက ကျေးဇူးအထူးသိတတ်သူလို့ ပြသွားတာပေါ့။ သည်နေရာမှာလဲ၇ှင်းရဦးမယ်။ ကျေးဇူးဆိုတာ ဆပ်တဲ့ကျေးဇူး၊ တင်တဲ့ ကျေးဇူးတင်မဟုတ်ဘူး၊ အဲဒီအချိန်ကဗုဒ္ဓဟောကြားနေတဲ့ “အကြောင်းအားလုံးတို့သည် အကျိုးကြောင့်ဖြစ်တယ်။” “ဘယ်အရာမှ အကြောင်းမဲ့မဖြစ်ဘူး၊လောကကြီးထဲမှာ နေသမျှ သံသရာထဲမှ ကျင်လည်သမျှ သတ္တဝါမှန်သမျှဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ကြတယ်။အမှီသဟဲပြုကြတယ်။ ဂုဏ်ကျေးဇူးပြုကြတယ်။ ဒီအကြောင်းတရားတွေကို နားလည်ကြ၊ ဒါမှ ဘယ်အကျိုးကိုဖြစ်စေတာဘယ်အကြောင်းဆိုတာ သိမယ်။ ကောင်းသောအကျိုးဖြစ်စေချင် ကောင်းသောအကြောင်းကို ပြုကြ၊ မကောင်းသော အကျိုးမရချင်ရင်မကောင်းသော အကြောင်းကို မပြုကြနဲ့” ဆိုတဲ့တရားတွေ အစပျိုးတွင်တွင်ဟောနေတဲ့အချိန်၊ တစ်လောကလုံးက လူပညာရှိ၊ နတ်ပညာရှိတွေဟာ “သည်လိတ်တက်စ်ဘုရား ဂေါတမကတော့ သည်လိုဟောတယ် ဘယ်လိုသဘောရသလဲ”လို့  တိုးတိုးတမျိုးမျိုး ကျယ်ကျယ်တစ်ဖုံဓမ္မလှိုင်းရဲ့ ပုတ်ခတ်မှုကြောင့် ဆင်ခြင်ဥာဏ်တွေ ပညာတွေ၊ အတွေးအခေါ်တွေ၊ မှန်သမျှတွေကို မှုန်တိုင်းအဆင်ခံနေရတဲ့အချိန်မှာ ပဉ္စသိင်္ခက လုပ်ပြသွားတာနော်။
သည်လိတ်တက်၊ သည်မို့စ်အဒ်ဘန့် ဖီလော်ဆော်ဖီကို သူအသုံးချပြီး သီချင်းထဲ ထည့်ဆိုသွားတာ။ သူကြိုက်တဲ့ သူရိယဝစ္ဆသာဆိုတာဘယ်လိုတော်တာ၊ ဘယ်လိုလှတာ၊ သူကဘယ်လိုကြိုက်တာ။ ဒါပေမယ့် ဒီသူရိယဝစ္ဆသာဟာ တိဗ္မရုနတ်မင်းရဲ့သမီးဖြစ်လို့ သူ့ကျေးဇူးရှိတယ်။ သူရိယဝစ္ဆသာရှိလို့ သူကချစ်တယ်။ သူကချစ်လို့ ဗေလုဝစောင်းကြီးနဲ့အကောင်းဆုံးလို့ သူဖန်တီးတဲ့ ဂီတတွေ သူတီးခဲ့တယ်။ ဒါကို သူသီဆိုခွင့်ရခဲ့တယ်။ ဒါကိုနားဆင်ပေးတဲ့ သူရိယဝစ္ဆသာကျေးဇူးကြီးတယ်။ ဒါပေမယ့် သူရိယဝစ္ဆသာက နတ်မင်းကြီးရဲ့သမီးဖြစ်လို့နတ်မင်းကြီးရဲ့ ကျေးဇူးလဲရှိတယ်။
နတ်မင်းကြီးမှာသာ သူရိယဝစ္ဆသာဆိုတဲ့ သမီးလေးမရှိခဲ့ရင်၊ ဒါမှမဟုတ် မလှခဲ့ရင်၊ ဒါမှမဟုတ်သူမမြင်ခဲ့ရင်၊ ဒါမှမဟုတ် မြင်ပေမယ့် မချစ်ခဲ့ရင် သူသီချင်းမဆိုဘူး၊ သည်လိုဂီတလက်သံကောင်းတွေမထွက်ဘူး၊ ထွက်သည်၇ှိဦး နတ်မင်းကြီးကသာ ဆိုခွင့်မပေး နှောက်ယှက်ခဲ့ရင် သူဂီတကိုလဲသီဆိုပြသခွင့်မရဘူး၊ သူရိယဝစ္ဆသာလေးလဲ နားဆင်ခွင့်မရဘူး၊ ဒါကြောင့် ချစ်သော သူရိယဝစ္ဆသာလေးအတွက်ချစ်ရပါသော ပဉ္စသိင်္ခက ဖန်တီးတင်ဆက်ပေမယ့် ကျေးဇူးတင်ထိုက်သူ စင်စစ်ဖြစ်တဲ့ တိဗ္မရုနတ်မင်းကြီးကိုဦးစွာတစ်ခါ အဆုံးမှာတစ်ခါ ကန်တော့ပန်းဆင်ပြီး နောက်ဆုံးပေါ် ဖီလော်ဆော်ဖီဖြစ်တဲ့ ဟော့အဖြစ်ဆုံးဂေါတမဗုဒ္ဓရဲ့ တရားကိုသုံးပြပြီး သူ့ယောက်ခမလောင်းကို ကန်တော့ပြသွားတာပေါ့။ အဲဒီအချိန်ကသူ့မယားလိုချင် သူ့လင်လှံနဲ့ထိုးတဲ့ အယူအဆတွေ လွှမ်းနေတုန်းမှာ ချစ်တာမချစ်တာထား သီချင်းလေးဆိုလို့ရတာကိုက ကျေးဇူးအထူးပါလို့ ချုပ်လဲချုပ် ပညာခန်းလဲပြ၊ ဗုဒ္ဓအကြောင်းကိုလဲ အမွှမ်းတင်လိုက်တာကာလံ၊ဒေသံအားဖြင့် အတော့်ကို တော်ကီလန်းတဲ့ ပဉ္စသိင်္ခပေါ့နော်။ ဒါကို အကောင်းဆုံးနတ်စောင်းနဲ့အတော်ဆုံး နတ်သားလေးက တီးလဲတီး ဆိုလဲဆိုဆိုတော့ စာသားတွေလန်းတယ်ဆိုတာ တကယ့်သီချင်းရဲ့ပုံတစ်ရာတစ်ပုံလောက်သာ တို့တယ်ထိတယ်ဆိုယုံလေး သိခွင့်ရတဲ့သဘောပေါ့။
အဲသည်သီချင်းကိုဘုရားရှင်ရဲ့ မနီးမဝေးမှာ တီးနေလိုက်တာ သီချင်းဆုံးတော့ ဈာန်ဝင်စားရာက ထလာတဲ့ဘုရားရှင်က 'ပဉ္စသိခ သင်၏ စောင်းသံသည် သီချင်းသံနှင့် ကိုက်ညီပေ၏၊ သီချင်းသံသည်လည်းစောင်းသံနှင့်ကိုက် ညီပေ၏၊ သင်၏ စောင်းသံသည် သီချင်းသံကို မလွန်ပေ၊သီချင်းသံသည်လည်း စောင်းသံကိုမလွန်ပေ။ ပဉ္စသိခ သင်သည် ဘုရားနှင့်စပ်သောတရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သော ကာမဂုဏ် နှင့်စပ်သောဤဂါထာတို့ကို အဘယ်အခါက သီကုံးထားသနည်း''ဟု မေးသတဲ့။
သည်တော့မှ ပဉ္စသိင်္ခက “အသျှင်ဘုရားသမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူပြီးကာစ ဥရုဝေလတောနေရဉ္ဇရာမြစ်ကမ်းပါးအနီးအဇပါလပညောင်ပင်၌ သီတင်းသုံးနေတော်မူလျက် ရှိစဉ်အခါ အကျွန်ုပ်သည်တိမ္ဗရုဂန္ဓဗ္ဗနတ်မင်းကြီး၏သမီး ဘဒ္ဒါမည်သော သူရိယဝစ္ဆသာကိုချစ်ကြိုက်နေပါ၏။အသျှင်ဘုရား ထိုသူငယ်မသည်ကား ရထားထိန်း မာတလိ၏သား သိခဏ္ဍီမည်သောအခြားသူကိုချစ်ကြိုက်နေပါ၏။
အသျှင်ဘုရား အကျွန်ုပ်သည်ထိုသူရိယဝစ္ဆသာကို မည်သည့်နည်းနှင့်မျှ မရနိုင်သောအခါ ဗေလုဝ ပဏ္ဍုစောင်းကို ယူ၍တိမ္ဗရုဂန္ဓဗ္ဗနတ်မင်းကြီး၏ ဗိမာန်သို့ ချဉ်းကပ်လျက် ဗေလုဝပဏ္ဍုစောင်းကို တီးခဲ့ပါ၏၊ဘုရားနှင့် စပ်သော တရားနှင့်စပ်သော သံဃာနှင့်စပ်သော ရဟန္တာတို့နှင့်စပ်သောကာမဂုဏ်နှင့်စပ်သော ဤဂါထာတို့ကို သီဆိုခဲ့ပါ၏”
သီချင်းဆုံးသော် ဘဒ္ဒါမည်သော သူရိယဝစ္ဆသာသည် အကျွန်ုပ်အားဤစကားကို ဆိုပါ၏-
''အရှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကိုမျက်မှောက်မဖူးမြော်ရသေးပါ၊ သို့သော်လည်းတာဝတိံသာ နတ်သားတို့၏ သုဓမ္မာသဘင်၌အကျွန်ုပ် ကနေစဉ် ထိုမြတ်စွာဘုရားအကြောင်းကို ကြားခဲ့ရပါသည်၊ အရှင် သင်သည်ထိုမြတ်စွာဘုရားကို ပြောဆိုချီးကျူးသည့်အတွက် ယနေ့ အကျွန်ုပ်တို့အားပေါင်းဆုံမိခြင်းဖြစ်ပါစေလော့''ဟု ဆိုပါ၏။ အသျှင်ဘုရား အကျွန်ုပ်တို့သည် ထိုသူငယ်မနှင့်အတူထိုမျှသာ ပေါင်းဆုံခဲ့ရပါ၏။ ထိုမှ နောက်၌ ယခုတိုင်အောင် မပေါင်းဆုံရတော့ပါ လို့လျောက်သတဲ့။
သည်နောက်တော့ သိကြားမင်းနဲ့ နတ်အပေါင်းတို့အခါမဟုတ် ဖူးမျှော်ဖို့ ရောက်ရှိစောင့်စားနေကြောင်း လျောက်တာပေါ့။ နောက်တော့သိကြားမင်းက ဝင်၊ ဘုရားရှင်ဆီ သူသေတော့မယ့် အကြောင်းလျောက်၊ သည့်နောက်တော့ ဂေါပကနတ်သားဝတ္ထု ကိုဟော၊ ဘုရားနဲ့ သိကြား အမေးဖြေတွေလုပ်လို့ ဝေနာကမ္မဌာန်းကို ရှု၊ သိကြားမင်းကြီးသည်နားတင်ပင် စုတေ၊ သည်နားတင်ပင် သိကြားမင်းပြန်ဖြစ် သိကြား ကွန်စတီကျူးရှင်းကြီးစကင်းတိုင်းမ် သက်တမ်းအသစ်ပြန်တိုး သိကြားမင်းကြီးလဲ သောတပန်နတ်ကြီးဖြစ် တော်ရုံများသိတောင် မသိလိုက်ကြဘူးတဲ့။(လူ့ပြည်မှာတော့ ကောင်စီနာမည်ပြောင်းတာတို့၊ ဘောင်းဘီချွတ်ပြီး ခေါင်းပေါင်းပြောင်းရတာတို့ ရှိသေးတယ် နတ်ပြည်ကတော့ အွန်သည်စပေါ့ပဲ) ဂေါပကနတ်သား ဝထ္ထုဆိုတာကတော့ ဖူးတွေရတဲ့သူ၊ ပြုရသော ကုသိုလ်ထက်ကိုယ်တိုင်ကျင့်ရတဲ့ အကျင့်က သာလို့ အကျိုးပေးသာတယ်။ သံသရာကျင်လည်ရာမှာ ဒါန၊သီလထက်ပိုလို့ အထက်တန်းကျပြီး တကယ့်ကို စိတ်ချရတာကတော့ ဝိပဿနာအလုပ် တကယ့်ကိုရင်ထဲရှိတဲ့တရားအသိဆိုတဲ့ အကြောင်းပေါ့ မမမေရယ်။ဒါတွေထားပါတော့ မောင်ဟန် တရားနဲ့ဝေးပါတယ်။
အဲတာတွေ ပြီးတော့ သိကြားမင်းကြီးက သူ့ရဲ့ စကင်းတိုင်းမ်သိကြားဘဝအစမှာ ငါ့ကိုသည်လို ဘုရားရှင်နဲ့ တွေ့ခွင့်ရအောင် ဝင်တွေ့ပေးတာ ပဉ္စသိင်္ခပဲ။သူ့တီးတဲ့သီချင်း၊ သူဖန်တီးတဲ့ဂီတကလဲ ဘုရားရှင်ချီးကျူးလောက်အောင် ကောင်းပေတယ်။လိုချင်တဲ့ သူရိယဝစ္ဆသာနဲ့ပေးစား၊ ယောက်ခမတိဗ္မရုတ် ရဲ့ရာထူးကို ပဉ္စသိင်္ခကိုပေးပျော်ရွှင်စွာ ဇာတ်ပေါင်းလိုက်တာပေါ့လေ။ အရင်ရည်းစားရှိနေ၊ဖခင်ဂုဏ်သိက္ခာလဲငဲ့နေရတဲ့ သူရိယဝစ္ဆသာလဲ သိကြားမင်းအမိန့်ဆိုတော့ငြင်းရလွယ်သွားတာပေါ့။ ခုချိန်မှာတော့ ပဉ္စသိင်္ခဆိုတာ ဗေလုဝလေးပိုက်ပြီးဒေါင်ဒေါင်ဒင်ဒင်နေတဲ့ သိကြားပြာတာ မဟုတ်တော့ဘူး မမမေရဲ့။ လောကပါလစတုမဟာရာဇ်နတ်မင်းကြီးလေးပါး ထဲက အရှေ့အရပ်မှာနေတဲ့ ဓတရဋ္ဌ နတ်မင်းရဲ့ လက်ရုံး ဂန္ဓဗ္ဗနတ်စစ်သူကြီးဖြစ်နေပီပေါ့။
သူရိယဝစ္ဆသာလေးကို ပိုးတုန်းက ပေါက်ခဲ့တဲ့ သည်တစ်ပုဒ်နဲ့ပဲသူ့အနုပညာအလုပ်တွေကို ရပ်ထားလိုက်ရ ထင်ပါရဲ့ မမမေရယ်။ နတ်ရေးပြည်ရာနတ်ဗိုလ်ချုပ်ကြီးတစ်ပါးဖြစ်လာတော့ သူချစ်ရတဲ့ သူရိယဝစ္ဆသာလေးကိုလဲ ဒေါင်ဒေါင်ဒင်ဒင်လုပ်ပြနိုင်တော့ဘူးထင်ပါရဲ့။ သူရိယဝစ္ဆသာလေးလဲ နတ်ဗိုလ်ချုပ်ကြီးရဲ့ကတော်ဖြစ်ပေမယ့် သူလဲ ဓတရဠနတ်မင်းကတော်ကြီးရဲ့ အိမ်မှာနေရင်း အဝတ်လျော်၊မီးပူထိုး၊ဈေးဝယ်၊ ဟင်းချက်၊ ကလေးသေးတည်၊နင်းနှိပ်၊  ဗါရိယတွေနဲ့ အားတော့မယ် မထင်ပါဘူးလေ။"ငါသေခါနီးလို့ အစောတလျင်စေတယ်။ ဒင်းကျူချက်ဖွင့်နေဦးဟ" လို့ အလိမ္မာသုံးလို့သိကြားမင်းက ဆော်ထည့်လိုက်တာဖြစ်မယ်။ အရင်ကလို အကောင်ငယ်ငယ်ဆိုတော့ ဒေါင်၂ဒင်၂အချိန်ရသေးတယ်။ ခုတော့ မိန်းမလဲ မဟာအိမ်ဖေါ်ကြီးဖြစ်၊ ပဉ္စသိင်္ခလဲ ခေါ်တိုင်းလာ၊အအားမပေး၊ သောကဝေနေရမယ့် နေရာရောက်၊ သတိရလို့ ဘသိကြားက အခေါ်တော်ရှိတယ်ဆိုကြားဖေါက်သွားရဦးမယ်မို့လား။ သူ့ဆုတောင်းနဲ့သူဆိုတော့ပဉ္စသိင်္ခနတ်ဗိုလ်ချုပ်ကြီးခဗျာလဲ သူရိယဝစ္ဆသာလေးကို ပိုင်တော့ပိုင်ရရှာပါရဲ့ဆင်ကြီးရေအိုင်လူးသလို၊ ရင်ခွင်ထဲဝင် ကြာပန်းတွေချိုးနိုင်မချိုးနိုင်ရွှေပွတ်လုံးပေါင်၂သွယ်ကို ဟဝှာ ပြုနိုင်မပြုနိုင်တော့ မသိဘူးမမမေရေ လူ့ပြည်စောင့်ရှောက်ရေးတာဝန်တွေနဲ့ သူ့ခဗျာ စောင်းမပြောနဲ့ လေကလေးတောင် ချွန်နိုင်ရှာရဲ့လားမသိတော့ပါဘူး။ အဲသည်တစ်ပုဒ်နောက်တော့ ဘာမှထပ်ဆိုတာ မတွေ့တော့ဘူး။ ကျားကြီးတော့လဲခြေရာကြီးသကိုး။ဒါပေသည့် ကျားချေးကတော့ ကြောင်ချေးနဲ့ သိပ်ခြားမယ်မထင်ပါဘူးလေ။    ။
ကျန်းမာချမ်းသာကြပါစေ။ ကျနော်မောင်ဟန်ပါ။
ဦးဟယ်ရီလွင်၏ ခင်ခင်ကိုပြောချင်သော ပုံပြင်များ အပိုင်း၁၊၂ကို ကိုးကားရေးဖွဲ့ပါသည်။
http://harrylwin.blogspot.ru/2012/01/blog-post_21.html
ဖွံ့ ဖြိုးမှု ဇတ်ကောင်များ နှင့် ချဉ်းကပ်နည်းများ
$
0
0
by Athenian Ahnyarthar (Notes) on Saturday, May 11, 2013 at 1:37pm
မတူကွဲပြားသောဖွံဖြိုးမှုအဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်ချဉ်းကပ်နည်းများသည် တစုံတရာသော ဖွံ့ ဖြိုးမှုဆိုင်ရာပေါ်လစီများနှင့် ချိတ်ဆက်နေလေ့ရှိသည်။ အမှန်တကယ်တော့ ဖွံ့ ဖြိုးမှု သီအိုရီနဲ့ ပေါ်လစီတို့ သည် အငြင်းပွားရဆုံးသော အကြောင်းအရာများလည်းဖြစ်၏။တကယ့်မြေပြင်ပေါ်ရှိ ဖွံ့ ဖြိုးမှု ပေါ်လစီများသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ သန်းပေါင်းများစွာသော လူတို့၏ဘ၀များပေါ် အကျိုးသက်ရောက်နေပေရာ ဖွံ့ ဖြိုးမှုနှင့်ပတ်သက်သော ဝေဖန်ဆွေးနွေးမှုများသည်ဤပေါ်လစီများနှင့်ဆက်စပ်ပတ်သက်ခြင်းမရှိပါက အချည်းနှီးသော ငြင်းခုန်မှုများသာဖြစ်နေပေလိမ့်မည်ကိုလည်း သတိချပ်ရပေမည်။
ဇတ်ကောင်များ (Actors in Development)
ဖွံ့ ဖြိုးမှုကိုချဉ်းကပ်သည့် နည်းလမ်းမျိုးစုံတို့ တွင် အမျိုးမျိုးသော ဇတ်ကောင်များပါဝင်နေ၍ ရွေးချယ်ကျင့်သုံးသောချဉ်းကပ်နည်းအပေါ်မူတည်လျှက် ဇတ်ဆောင်ရွေးချယ်မှုလည်း ကွာခြားနိုင်ပေသည်။ ဤဇတ်ဆောင်တို့အကြား အခွင့်အာဏာဖြန့် ဖြူးမှု (power distribution) သည် ၎င်းတို့ ၏ ပါဝင်ဆောင်ရွက်မှုနှင့် အနေအထား (agency)ကိုပြဋ္ဋာန်းပေးသည်။ တနည်းအားဖြင့် လူတစ်ဦး (သို့ ) လူအုပ်စုတစ်စုသည် ၎င်းတို့ ၏ရွေးချယ်မှုဖြင့်ဆုံးဖြတ်နိုင်ခွင့် မည်ရွေ့ မည်မျှရှိသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ သည် အဓိကဇတ်ဆောင်ဟုတ်မဟုတ်နှင့်၎င်းတို့ ၏ ပါဝင်ဆောင်ရွက်မှုအနေအထား (agency) သိနိုင်ပေသည်။ အခြားသောအစွန်းတဖက်တွင်မူပါဝင်ဆောင်ရွက်မှုအနေအထား (agency) ကင်းမဲ့ခြင်းဟူသည် လွတ်လပ်သောစိတ်ဆန္ဒ (freewill) အလျင်းမရှိဟု ဆိုလို၍ လူတစ်ဦး၏ အပြုအမူကို အခြားသောဇတ်ကောင်များက ထိမ်းချုပ်ထားသည်ဟုအဓိပ္ပါယ်ရပေသည်။
ဖွံ့ ဖြိုးမှုတွင်ဇတ်ဆောင်တို့  ပါဝင်သော အတိုင်းအတာမှာ တသီးပုဂ္ဂလတစ်ဦးချင်းစီမှသည် ကုလသမဂ္ဂကဲ့သို့ ကြီးမားလှသည့်နိုင်ငံတကာအဖွဲ့ ကြီးများထိ စကေးနယ်ပယ်ပြန့် ပြောလှပေသည်။ ဤ၌ သတိပြုရမည့်အချက်မှာ စကေးနယ်ပယ်ကြီးမားခြင်းနှင့်အြဇာသက်ရောက်နိုင်မှုနယ်ပယ် တိုက်ရိုက်ဆက်စပ်မှုမရှိခြင်းပင်။ ဥပမာအားဖြင့်စကေးအားဖြင့် အနိမ့်ဆုံးဖြစ်သည့် တသီးပုဂ္ဂလတစ်ဦးသည်ပင် ၎င်း၏ နိုင်ငံရေးနှင့် စီးပွားရေးအနေအထားကြောင့် မယုံနိုင်လောက်စွာ အြဇာရောက်လွှမ်းမိုးသည့်နယ်ပယ်ကျယ်ပြန့် နိုင်၏။ အခြားတဖက်တွင်လည်းတစ်စုံတစ်ယောက်သောသူသည် ၎င်း၏မိသားစုအတွင်း၌ပင် များစွာအြဇာညောင်းခြင်းမရှိသည်ကိုတွေ့ ရနိုင်ပေသည်။ဥပမာ- အမေရိကန်ပြည်ထောင်စု၏ သမ္မတနှင့် ကီလီမန်ဂျာရိုးတောင်ပေါ်မှ အမျိုးသမီးလယ်သမားတစ်ဦးတို့ သည် စကေးအားဖြင့်အနိမ့်ဆုံးဖြစ်သည့် တစ်ဦးချင်းအဆင့်များသာ။ သို့ ရာတွင် အဖြစ်အပျက်များအပေါ် ၎င်း တို့၂ ဦး၏ အြဇာသက်ရောက်နိုင်မှုနှင့် ၎င်းတို့ ၏ ဘ၀ရွေးချယ်ပိုင်ခွင့်များများစွာကွာခြားကြမည်မှာ သိသာထင်ရှားလှတော့၏။
ဖွံဖြိုးမှုဇတ်ကောင်များကိုဖေါ်ပြရသော်- တစ်ဦးချင်း (individual)၊ အိမ်ထောင်စု (Household)၊ ရပ်ရွာ(Community)၊ အစိုးရ (Government)၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ(Non-Governmental Organizations, NGOs)၊ ပုဂ္ဂလိက ကုမ္မဏီများ (Private Companies) နှင့်ကုလသမဂ္ဂ/ကမ္ဘာ့ဘဏ်/ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ တို့ ကဲ့သို့  (Multi-lateralOrganizations) များစသည်တို့ ဖြစ်သည်။
ချဉ်းကပ်နည်း (Approaches to Development)
ဖွံဖြိုးမှုအကြောင်း ငြင်းခုန်မှုများမှာ ရှုပ်ထွေးပွေလီလှသလို သီအိုရီတို့ မှာလည်း များလှသောင်းသောင်းပင်ဖြစ်၏။ သို့ သော်လည်း တကယ်လက်တွေ့ တွင်ကား အာဏာပါဝါပိုရှိသောဇတ်ဆောင်များမှ ထောက်ခံအားပေးသော သီအိုရီ အချို့ တို့ ကိုသာ ကျယ်ကျယ်ပြန့် ပြန့် ကျင့်သုံးတတ်ကြသည်ကိုတွေ့ ရလေသည်။ စင်စစ် များပြားလှစွာသော ဖွံ့ ဖြိုးမှုအိုင်ဒီယာများသည်အတူတကွတည်ရှိခဲ့ကြပြီး အချင်းချင်းလည်း ပဋ္ဋိပက္ခဖြစ်တတ်ကြပြီးလျှင် အငြင်းပွားဖွယ်အချက်များဖြင့်လည်းအတိပြီးကြ၏။ သို့ ပင်ဖြစ်လင့်ကစား ဖွံ့ ဖြိုးမှုသို့ ချဉ်းကပ်ခဲ့ပုံနည်းလမ်းအသွယ်သွယ်ကို အောက်ပါအတိုင်းသက္ကရာဇ်အလိုက်စဉ်၍ တကြောင်းတည်းသောလမ်းဖြင့် တစတစ ပေါ်ထွန်းလာသကဲ့သို့  လေ့လာနိုင်ပေသည်။
(၁၉၅၀ နှစ်များ)။   ။ 
၁၊ “မော်ဒန်ပြုခြင်း သီအိုရီများ(Modernization Theories)” ==> တိုင်းပြည်အားလုံးသည် ဥရောပ    မော်ဒယ်ကို လိုက်နာသင့်သည်။
၂၊ “အဆောက်အအုံသီအိုရီများ(Structuralist Theories)” ==> တောင်ကမ္ဘာခြမ်းတိုင်းပြည်များ အနေဖြင့် ပြည်တွင်းစီးပွားရေးကြီးထွားမှုဖြစ်စေရန်ကမ္ဘာ့စီးပွားရေး (global economy) တွင်ပါဝင်ပတ်သက်ခြင်းကို ကန့် သတ်ရန်လိုအပ်သည်။
(၁၉၆၀ နှစ်များ)။   ။
၁၊ “Modernization Theories”
၂၊“ မှီခိုရမှု သီအိုရီများ(Dependency Theories)” ==> တောင်ကမ္ဘာခြမ်းတိုင်းပြည်များ ဆင်းရဲရခြင်းမှာ မြောက်ခြမ်းတိုင်းပြည်များ၏ကိုယ်ကျိုးရှာအမြတ်ထုတ်မှုများကြောင့်ဖြစ်သည်။
(၁၉၇၀ နှစ်များ)။   ။
၁၊ “Dependency Theories”
၂၊ “အခြေခံလိုအပ်ချက်ဖြည့်ဆည်းရေး (BasicNeeds Approaches)” ==> အစိုးရနှင့် နိုင်ငံတကာအကူအညီပေါ်လစီများသည် ကမ္ဘာ့ဆင်းရဲသားတို့၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းရေးကို ဦးတည်ရမည်။   
၃၊ “မာလသူးလက်သစ် သီအိုရီများ(Neo-Malthusain theories)” ==> စီးပွားရေးနှင့် ဂေဟဗေဒ ဘေးဒုက္ခများကိုရှောင်ရှားနိုင်ရန်စီးပွားရေးကြီးထွားမှု၊ ရင်းမြစ်သုံးစွဲမှုနှင့် လူဦးရေးတိုးနှုန်းတို့ ကို ထိန်းချုပ်ရမည်။
၎၊ “ အမျိုးသမီးများနှင့်ဖွံ့ ဖြိုးမှု(Women and Development)”  ==> ဖွံ့ ဖြိုးမှုသည် ကျား/မ မတူမှုအပေါ်ကွဲပြားစွာ သက်ရောက်သည်ကို သိရှိနားလည်လာသည်။
(၁၉၈၀ နှစ်များ)။   ။
၁၊ “လစ်ဘရယ်လက်သစ် သီအိုရီများ(Neo-liberalism Theories)”  ==> က) လွတ်လပ်သောဈေးကွက်ကို ဖန်တီးရန်စီးပွားရေးအပြုအမူများတွင် အစိုးရပါဝင်မှုမှ ဆုတ်ခွာရမည်။  ခ) အောက်ခြေအဆင့်(grass-root level) ၌ဒေသအခြေအနေ (local context) နှင့် ရိုးရာအသိပညာတို့ (indegineous knowledge) အား ထဲ့သွင်းစဉ်းစားရမည်။ ဂ) ရေရှည်တည်တံ့သောဖွံ ဖြိုးမှု (Sustainable Development) အလို့ ငှာ အနာဂတ်မျိုးဆက်တို့၏ သဘာဝပတ်ဝန်းကျင်ပျက်ဆီးမှုများမဖြစ်စေရန် လက်ရှိမျိုးဆက်တို့ ၏ လိုအပ်ချက်များအားချိန်ဆ၍ သုံးစွဲရမည်။
၂၊ “လိင်ခွဲခြားခြင်း နှင့်ဖွံဖြိုးမှု(Gender and Development)” ==> လိင်ခွဲခြားမှုနှင့် ဖွံ့ ဖြိုးမှုအဆက်အစပ်ကို ပိုမိုသိရှိနားလည်လာသည်။
(၁၉၉၀ နှစ်များ)။   ။
၁၊ “Neo-liberalism”
၂၊ “ဖွံ့ ဖြိုးမှုလွန် (Post-development)”==> ဖွံ့ ဖြိုးမှုကိုယ်၌သည်ပင်လျှင်ကိုလိုနီဝါဒ (colonialism) နှင့် ဥရောပ ဗဟိုပြုဝါဒ (Eurocentrism)ကို ကိုယ်စားပြုနေသဖြင့်၎င်းကို အောက်ခြေအဆင့်မှ စိန်ခေါ်တွန်းလှန်သင့်သည်။        
၃၊ (SustainableDevelopment)
၎၊ “ယဉ်ကျေးမှုနဲ့ ဖွံ့ ဖြိုးမှု (Cultureand Development)” ==> ဖွံ့ ဖြိုးမှုဖြစ်စဉ်ဖြစ်ရပ်များသည် မတူကွဲပြားသော လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အုပ်စုများအပေါ် ကွဲပြားစွာ သက်ရောက်သည်ကို ပိုမိုသိရှိနားလည်လာသည်။
(၂၀၀၀ နှစ်များ)။   ။
၁၊ “Neo-liberalism” ==> ကမ္ဘာလုံးပြုခြင်း(globalization)သဘောတရားများ ဖြင့်ပိုမိုဆက်စပ်ပတ်သက်လာသည်။
၂၊ (Sustainable Development)
၃၊ (Post-development)
၎၊ Grassroots Approaches
--------------------------------------------------------------------------------------------------
KatieWillis ရေးသား၍ Routledge တိုက်ထုတ်ဖြစ်သည့် “Theories and Practices ofDevelopment” စာအုပ်ကို အဓိကမှီငြမ်းပြု၍ ရေးသားထားပါသည်။ ရွက်ပုန်းသီး လီကွမ်းယူးမျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။
“ကိုလိုနီဝါဒနှင့် ဖွံ့ ဖြိုးမှုအလွန်”
$
0
0
by Athenian Ahnyarthar (Notes) on Monday, May 13, 2013 at 10:52am
ဖွံဖြိုးမှုအကြောင်းကိုပြောဆိုကြလျှင် ကိုလိုနီပြုခြင်း အကြောင်းမှာမပါမဖြစ်ပါလာစမြဲဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာ့အဆင်းရဲဆုံးသောနိုင်ငံအများစုမှာ တစ်ချိန်တစ်ခါက ကိုလိုနီအဖြစ် တိုင်းတပါးသားတို့၏ ကျွန်ပြုသိမ်းပိုက်ခံခဲ့ကြရခြင်းကြောင့်ဖြစ်၏။ ချွင်းချက်အဖြစ် ကိုလိုနီမဖြစ်ခဲ့ဖူးသောအီသိယိုပီးယား နိုင်ငံနှင့် အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ဖူးသော စူပါ ပါဝါအမေရိကန်တို့ ကိုတွေ့နိုင်ပေ၏။ ဒုတိယကမ္ဘာစစ်အပြီး ၂၀ ရာစုအစတွင် ကိုလိုနီဖျက်သိမ်းရေးများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသောကြောင့် ယနေ့ ကမ္ဘာကြီးတွင် ကိုလိုနီနယ်ပယ်များ မရှိသလောက်ပင်။သို့ ပင်သော်ငြား ဖွံ့ ဖြိုးမှုသီအိုရီများနှင့် လက်တွေ့ လုပ်ငန်းလုပ်ဆောင်ချက်များတွင်မူကိုလိုနီဝါဒ၏ သဘောသဘာဝနှင့် ဆိုးမွေ၊ကောင်းမွေတို့ ကိုထဲ့သွင်းစဉ်းစားရစမြဲဖြစ်၏။
ကိုလိုနီဝါဒ (Colonialism)
ကိုလိုနီဝါဒဟူသည်“နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားတို့ နှင့် ၎င်း၏နယ်နမိတ်များအား အခြားသောတိုင်းတပါးနိုင်ငံများမှနိုင်ငံရေးအရ ထိန်းချုပ်ခြင်း”ဟု အလွယ်အားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမည်။ ဤတွင် အဆိုပါတိုင်းတပါးသားများသိသိသာသာအခြေချနေထိုင်မှုများလည်း ရှိနိုင်၍ မရှိခြင်းလည်းဖြစ်နိုင်ပါသည်။ ဤသို့ နိုင်ငံရေးအားဖြင့်ထိန်းချုပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ အာဏာချိန်ခွင်လျှာမညီမျှမှု (global powerdifferentials) ကိုထင်ဟပ်၍ အသိမ်းပိုက်ခံ နယ်မြေများအပေါ်၌ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလွှမ်းမိုးမှုများကိုဖြစ်ပေါ်စေလေသည်။
ဖွံ့ ဖြိုးမှုသီအိုရီများနှင့်ပတ်သက်၍ကိုလိုနီဝါဒအကြောင်းထဲ့သွင်းဆွေးနွေးရခြင်း၌ အကြေင်းရင်းသုံးခုရှိပေသည်။ ပထမအကြောင်းရင်းမှာ ကိုလိုနီပြုခြင်းသည်ကမ္ဘာကြီး၏ အစိတ်အပိုင်းနေရာဒေသတို့ အား ပိုမို၍ချိတ်ဆက်မိစေခြင်းဖြစ်၏။ ကမ္ဘာ့ဒေသများနှင့်တိုင်းပြည်များအကြား ကမ္ဘာ့အတိုင်းအတာ အားဖြင့် (global scale) ကူးလူးဆက်ဆံကြခြင်းနှင့်စုစည်းနှောင်ဖွဲ့ မှုများကို  ဖွံ့ ဖြိုးမှုသီအိုရီများစွာတွင်နည်းလမ်းမျိုးစုံဖြင့်ထဲ့သွင်းတည်ဆောက်ကြပေသည်။ ဤသို့ ကမ္ဘာ့အစိတ်အပိုင်းများ ချိတ်ဆက်မိခြင်းမှာကိုလိုနီဝါဒတစ်ခုတည်းကြေင့်ဟု မပြောဆိုနိုင်သော်လည်း ၎င်းကိုလိုနီဝါဒသည် ယနေ့ ခေတ်အကျယ်လောင်ဆုံးပြောဆိုနေကြသည့်ကမ္ဘာလုံးပြုခြင်း (globalization) အတွက်မူ သော့ချက်အခြင်းအရာတစ်ခုဖြစ်ပေသည်။
ဒုတိယအကြောင်းရင်းမှာကိုလိုနီပြုခြင်းဖြစ်စဉ်တွင် ပါဝင်သော အာဏာဆက်ဆံရေး (power relation) ကြောင့်ဖြစ်၏။အမှန်စင်စစ် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအားဖြင့် ဥရောပနိုင်ငံတို့ မှ အခြားကမ္ဘာ့အစိတ်အပိုင်းတို့အား ထိန်းချုပ်နိုင်မှုသည် အနှီဥရောပနိုင်ငံတို့ ၏ ပိုမိုသာလွန်သော အာဏာပါဝါကိုပြဆိုပေသည်။ဤကဲ့သို့ အဖိနှိပ်ခံနှင့် ထိန်းချုပ်သူတို့ အကြား အာဏာမညီမျှမှု (powerinequalities) သည် ကမ္ဘာ့မြာက်ခြမ်းနှင့် တောင်ခြမ်းတိုင်းပြည်များအကြား မတူညီသည့် ဖွံ့ဖြိုးမှုအတွေ့ အကြုံ များကို ဖြစ်စေသည်သာမက  ယနေ့ ခေတ်လွတ်လပ်ပြီဟု ဆိုနိုင်သော တောင်ပိုင်းတိုင်းပြည်များ၏လွတ်လပ်ခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဋန်းခွင့်များကိုပင် နည်းလမ်းများစွာဖြင့် ဆက်လက်၍ ကန့်သတ်နေပြန်သေး၏။ ဤသို့ သော ဖြစ်စဉ်ကိုပင် “ခေတ်သစ်-ကိုလိုနီဝါဒ (neo-colonialsim)”ဟုကင်ပွန်းတပ်ကြခြင်းလည်းဖြစ်၏။ တောင်ပိုင်းတိုင်းပြည်တို့ မှာ ဥပဒေအရ လွတ်လပ်ရေးရပြီဟုပြောဆိုနိုင်သော်လည်းကမ္ဘာ့အာဏာဆက်ဆံရေးတွင် (global power relation) တွင် မြောက်ကမ္ဘာခြမ်းမှ တောင်ကမ္ဘာခြမ်းအပေါ်လွှမ်းမိုးချုပ်ကိုင်မှု ရှိမြဲရှိဆဲပင်ဖြစ်သည်ဟု ဆိုလိုပါသည်။ ဥပမာအားဖြင့် ကမ္ဘာ့မြောက်ခြမ်းတိုင်းပြည်များသည်တောင်ပိုင်းတိုင်းပြည်များ၏ ဆုံးဖြတ်လုပ်ဆောင်ချက်များအပေါ် ကော်ပိုရေးရှင်းကြီးများ(TNCs=Trans-National Corporations) မှ၎င်း၊ ကမ္ဘာ့ဘဏ် (World Bank) ကဲ့သို့ သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ၎င်း ၀င်ရောက်ခြယ်လှယ်နိုင်သောကြောင့်ဖြစ်သည်။
နောက်ဆုံးအကြေင်းရင်းမှာကိုလိုနီဝါဒသည် သက်ဆိုင်ရာ ကိုလိုနီနိုင်ငံတို့ ၏ လူမှုရေးအဆောက်အဦးများ၊ နိုင်ငံရေးနှင့်ဘောဂဗေဒ စံနစ်များ နှင့် ယဉ်ကျေးမှု စံနှုန်းများကို ပြောင်းလဲစေခဲ့သောကြောင့်ဖြစ်၏။ဤသို့ သောအပြေင်းအလဲများသည် လွတ်လပ်ရေးပြီးသည့်တိုင်အောင် ဆက်လက်သက်ဆိုးရှည်နေလေ့ရှိ၏။ဤနေရာတွင် ကိုလိုနီနိုင်ငံတို့ သည် ကိုလိုနီနယ်ချဲ့ ၏ အာဏာအတိုင်းအဆ၊ ကျွန်ပြုသိမ်းပိုက်ခြင်းမခံရမှီကတင်ကူးအခြေအနေများ (pre-conditions)၊ ကိုလိုနီပြုခြင်းခံရသည့် အချိန် စသည့်အချက်များအပေါ်တွင်မူတည်၍ကိုလိုနီဘ၀အတွေ့ အကြုံများ ကွဲပြားခြားနားကြပေသည်။
[…ဗိုလ်ချုပ်တို့အရယူခဲ့သော အင်္ဂလိပ်တို့ ၏လွတ်လပ်ရေးကတိက၀တ်ကို စီးပွားရေးအရမလွတ်လပ် ဟုဝေဖန်ခဲ့သည့်ကွန်မြူနစ်တို့ ၏ စာတမ်းကို သတိရပါလေ…။ဤကားစကားချပ်…]
ဤသို့ လက်သစ်ကိုလိုနီဝါဒ(neo-colonialism) ပုံစံအားဖြင့် ဆက်လက်တည်ရှိနေမှုသည်ပင်လျှင် “အနောက်ကမ္ဘာ(Western)” (သို့ ) “မြောက်ကမ္ဘာခြမ်း (Northern)” ၏ လုပ်နည်းလုပ်ဟန်များသာ ပိုမိုကောင်းမွန်သည်၊မမှားနိုင်၊ စံပြအဖြစ်ယူရမည် ဟူသော အမြင်ကို ခိုင်မာစေသကဲ့သို့ ရှိတော့၏။ ဤသည်ကိုပင်လက်မခံ၊ ဆန့် ကျင်တွန်းလှန်ရန်အားထုတ်ခဲ့သော သီအိုရီအမြင်ကား “ ဖွံ့ ဖြိုးမှုအလွန်သီအိုရီ”ဟုမြန်မာပြန်ဆိုသော် ရနိုင်အံ့သည့် “Post-Development” ချဉ်းကပ်နည်းပင်ဖြစ်တော့သည်။
ဖွံ့ ဖြိုးမှုအလွန် (Developmentas Discourse)
Escobar အလိုအရတောင်ကမ္ဘာခြမ်းတိုင်းပြည်များ၏ ဖွံ့ ဖြိုးမှု ရယူရန်ကြိုးပမ်းမှုဟူသမျှမှာ ဥရောပဗဟိုပြုဝါဒ(Eurocentrism) ၏ယူဆချက်များ အတိုင်းလိုက်နာလုပ်ဆောင်နေမှုတို့ သာဖြစ်ပေသည်။ ဤသို့ အားဖြင့်“ဖွံ့ ဖြိုးမှု“ “Development” ဟူသောအရာသည် ကမ္ဘာကြီး၏ နယ်ပယ်ဒေသများစွာတို့ ကို မြောက်ကမ္ဘာခြမ်းမှလွှမ်းမိုးထားသော နိုင်ငံရေးနှင့်၊ စီးပွားရေး စံနစ်အတွင်းသို့ သွတ်သွင်းလာပြီးလျှင်အကျိုးဆက်အနေဖြင့် ဒေသခံတိုင်းရင်းသားတို့ ၏ ယဉ်ကျေးမှုထုံးတမ်းဓလေ့များ ပျောက်ကွယ်သွားခြင်း၊သဘာဝပတ်ဝန်းကျင်ထိခိုက်ယိုယွင်းလာခြင်း၊ တောင်ပိုင်းသားများအကြား နိမ့်ကျသိမ်ငယ်စိတ်များဝင်ရောက်လာခြင်းစသည့်ဆိုးကျိုးများကိုဖြစ်ပေါ်စေပေတော့သည်။ [The God must be Crazy ဇတ်ကားမှ ပုလင်းခွံတစ်လုံးဖြင့်အလုပ်ရှုပ်သွားသော အာဖရိကန်တစ်ဦး အကြောင်းနှင့် ယှဉ်၍ စဉ်းစားသော်ရကောင်း၏။ ဤကား စကားချပ်]
--------------------------------------------------------------------------------------------------
KatieWillis ရေးသား၍ Routledge တိုက်ထုတ်ဖြစ်သည့် “Theories and Practices ofDevelopment” စာအုပ်ကို အဓိကမှီငြမ်းပြု၍ ရေးသားထားပါသည်။ ရွက်ပုန်းသီး လီကွမ်းယူးမျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။
လွတ်လပ်ပြီး မျှတပါစေ ဥပဒေ........
$
0
0
အခြေခံဥပဒေမှာကို ပြဌန်းထားပြီးသားတစ်ခုရှိတယ်။ ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင်တဲ့ သမ္မတကြီးကအစပုဂ္ဂိုလ်တွေ၊ လူကြီးတွေအပါအ၀င် တာဝန်ထမ်းဆောင်စဉ်ကစပြီး ပိုင်ဆိုင်မှုပစ္စည်းစာရင်း ကြေငြာရမယ်၊ တင်ထားရမယ်ဆိုတာ အခြေခံဥပဒေမှာကို ပါတယ်။
ပြည်ထောင်စု တရားလွှတ်တော်မှာရှိတဲ့ တရားသူကြီးတွေက တစ်ချို့ ဟာကို မပြင်ချင်ဘူး။ အဟောင်းအတိုင်းပဲ ဆက်ပြီးစွဲကိုင်ချင်တယ်။ တည့်တည့်ပြောရရင်တော့ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုကို အတိုင်းအတာတစ်ခုအထိ သူတို့ လက်ရဲဇက်ရဲ လုပ်လို့ ရနေတယ်။ ပြင်ဖို့ တင်လိုက်တဲ့အခါမှာ စနစ်ဟောင်းသမားတွေကြိုက်တဲ့လူကို သူတို့ ကလာညှိတာ။ ညှိပြီးတော့ မဲကိုကန့် ကွက်ပေးတာ။ ( တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုရဲ့  တွေ့ ဆုံမေးမြန်းခြင်းမှ ထွက်ပေါ်လာတဲ့ စိတ်ဝင်စားစရာ စကားသံတွေပါ။ )
သမ္မတတစ်ဦး၊ ဒါမှမဟုတ်-ကာကွယ်ရေးစစ်ဦးချုပ်တစ်ဦးအနေနဲ့ ကျွန်တော်ဟာ ကျွန်တော်ဖြစ်ချင်တာ လုပ်ချင်တာကို ဖွတ်အတင်းလုပ်လို့မရပါဘူး ။ အဲသလိုလုပ်နိုင်ရင် သိပ်ကောင်းမှာပဲ လို့ တွေးရုံသာ တွေးတတ်နိုင် ခဲ့ပါတယ်။ တရား သူကြီးတစ်ချို့ကိုလည်း ကျွန်တော် ခန့်ထားပါတယ်။ ဒါပေမဲ့ ၊ ဘယ်လိုတရားစီရင်ရမလဲဆိုတာ သူတို့ကို ကျွန်တော် ပြောလို့မရပါဘူး ။ ဘာကြောင့်လဲဆိုတော့ ဆင်းရဲတဲ့ ကလေးတစ်ဦးကနေ သမ္မတအထိ အမေရိကန်မှာ လူတိုင်း လူတိုင်းအတွက် သာတူညီမျှဥပဒေ ရှိလို့ပါ။ ဒါကြောင့် ၊တရားသူကြီးတစ်ဦးက သူ့ဘာသာသူ ကျွန်တော် ဥပဒေ လိုက် နာသလား မလိုက်နာဘူးလာဆိုတာ စစ်ဆေးနိုင်ပါတယ်။ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါဟာ လူကြီးမင်းတို့ မလွဲ မသွေ လှမ်းကိုင်ရမယ့် အနာဂတ်ပါပဲ လို့  ဇန်န၀ါရီ ၁၆ ရက်က ရန်ကုန်တက္ကသိုလ်မှာ အိုဘားမားပြောခဲ့ပါတယ်။ အမေရိကန် သမ္မတတစ်ယောက်ရဲ့ တရားဥပဒေဆိုတာနဲ့ ပတ်သက်တဲ့ ဂုဏ်ယူစရာ ရှင်းလင်းချက်ပါ။ ရှက်တတ်မယ်ဆိုရင်တော့ ကျွန်တော်တို့  တိုင်းပြည်က အာဏာရှင်တွေ လဲသေလိုက်လို့  ရတာပေါ့ဗျာ။
တရားဥပဒေအထက်မှာ ဘယ်သူမှမရှိပါဘူးလို့ ....ပြည့်သူ့ လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းကလည်း ရဲရဲဝင့်ဝင့်တော့ အာမခံခဲ့ပါတယ်။ တရားဥပဒေအထက်မှာ လွှတ်တော်ရှိနေပါတယ်လို့  မထော်မနန်း ပြောဆိုစွပ်စွဲမိတဲ့ ဆိတ်ဖွားကိုလည်း စုံစမ်းရေးကော်မရှင်တွေ ဘာတွေဖွဲ့ ပြီး အင်တိုက်အားတိုက် မနားမနေ ၊ ရှာဖွေဖော်ထုတ်ပစ်လိုက်တာ အခု သိရပြီလို့ လည်း ပြောပါတယ်။ သိပ်အရေးကြီးလို့ နဲ့ တူပါရဲ့ ။ အခုထိတော့ ဘယ်သူဘယ်ဝါဆိုတာကို ဖွင့်ဟမပြောနိုင်သေးဘူးလို့  ဆိုပါတယ်။ ဥပဒေရဲ့ တန်ဖိုး၊ တရားမျှတမှုရဲ့ အသက်သွေးကြောကို အာမခံပါတယ်ဆိုတဲ့ လွှတ်တော်ဥက္ကဌကြီးနဲ့  ကိုယ်စားလည်တော်ကြီးတွေကို မှ မကြံဝံ့ မစည်ရာ မိုက်မိုက်မဲမဲ ပျက်ရယ် သွားပြုရဲပေတာကိုး။ ရှာကြဖွေကြရ၊ တရားမျှတမှုကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းဖို့ အတွက် ၊ တရားဥပဒေနဲ့ အညီ ၊ တရားသဖြင့် ၊ မျှမျတတ အရေးယူကြရမှာပါ။ ဒါမှပဲ အဲဒီတရားဥပဒေ ဆိုတာကြီးက သူ့ အထက်မှာ ဘယ်သူမှမရှိပဲ ရပ်တည်နိုင်မှာပါ။
အဲဒီ အချိန် ၊အစည်းအဝေးတွေမှာတော့ ဘယ်အမှု စစ်ဆေးတာ ဘယ်လိုပေါ်ပေါက်လို့ ၊ ဘယ်လို အခြေအနေကို ရောက်ပါပြီ၊။ ဘယ်တော့ပြီးပြတ်ပါမယ် ဆိုတဲ့အကြောင်း ဖိုင်တွဲလေးတဖျပ်ဖျပ်လှန်လှောပြီး တရားသူကြီးက ယို့ယို့လေး ရှင်းပြနေတာကို တွေ့ဖူး ကြပါလိမ့်မယ်။ ရာဇသတ်ကြီးတောင်မှ ကောင်းကောင်း မမြင်ဖူးတဲ့သူက ၊ စတိုင်နဲ့ထိုင်နားထောင်ပြီး မြန်မြန်စစ်လိုက်လေဗျာ ထိရောက်တဲ့ ပြစ်ဒဏ်ပေးဗျာ ၊ပြီးရင်အစီရင်ခံ စာတင်ပါ၊ အမျိုးသမီးရေးရာကိုလည်း မိတ္တူပေး လိုက်ဦး၊ဆိုတာလည်း ကြားခဲ့ဖူးပါလိမ့်မယ်။တစ်ချို့သောသူတွေက လွတ်လပ်တဲ့ တရားစီရင်မှုဆိုတာကို ဂုဏ်တင်ပြောနေတဲ့အချိန်မှာ ၊တစ်ချို့သောသူတွေက တရား သူ ကြီးကိုထိန်းချုပ်တာ ၊ဖိအားပေးတာ စွက်ဖက်လွှမ်းမိုးနိုင်တာကို မသိမသာ အရသာခံပြီး ၊အံ့အားသင့်စရာကောင်းလောက်အောင်ဂုဏ်တု ဂုဏ်ပြိုင် လုပ်နေကြတယ်။ တရားစီရင်ရေး ဆုံးဖြတ်ချက်တွေ ဆိုတာ အခွင့်အာဏာရှိသူများထံကသာပဲ စီးဆင်းလာတယ်လို့ ထင်ရပါတယ်။
အမျိုးသားစာပေဆု ရထားတဲ့စာရေးဆရာ တက္ကသိုလ်စိန်တင်က ဒီအပတ် Hot News ဂျာနယ်မှာ မထော်မနန်း ရေးသားစွပ်စွဲထားသေးတယ်။ ဘယ်ခေတ်နဲ့ မှ မတူတော့အောင် စာပေကင်ပေတိုင်တွေ ဘာတွေကို ဖယ်ရှားပြီး စုတ္ထမဏ္ဍိုင်တွေ၊ ပဉ္စမမဏ္ဍိုင်တွေကို ဒီလောက်မြေတောင်မြှောက်ပေးပြီး ရေးကြရှာပါစေလို့  လွှတ်ပေးထားတဲ့ သမ္မတကြီးမျက်နှာကိုမှမထောက် ရေးခွင့်လေးရတုန်း အမှန်တွေစွတ်ရေးနေတာ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး။ အားလုံးအောက်ကပါလို့  ပြောနေတာကို သူမို့ မကြောက်မလန့်  လျှောက်ရေးနေတာ။ တစ်ချို့ ဟာတွေက ဒီတိုင်းပြည်မှာ မှန်တိုင်းလည်း ပြောမဖြစ်တာတွေရှိတယ်ဆိုတာကို ဒီအသက်အရွယ်ရောက်နေတာတောင် အထာကမနပ်သေးဘူးရယ်။ ကားတွေမှာ အထူးသဖြင့်ကားအကောင်းစားကြီးတွေစီးနိုင်ကြတဲ့သူတစ်ချို့ ကြတော့ ကားမှာမှန်အမည်းရောင်ကြီးတွေကပ်ပြီး သွားခွင့်ရနေတာကို ရေးထားတာပါ ။ သူ့ ကားကြတော့ မရလို့ တဲ့ ။ တရားဥပဒေက ကွက်ကြားမိုးရွာတတ်တဲ့အကြောင်း သူမို့ မကြောက်မလန့်  လျှောက်ရေးနေတာ။
တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဌကြီးကလည်း ပြောနေပြီ။ နှစ်တွေအကြာကြီး ၊ ဒီလောက်တောင်ကမ္ဘာပေါ်မှာ ပြောစမှတ်တွင်အောင် အချိန်ယူရေးဆွဲထားရတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးထဲမှာ ပါထားပြီးသားပါဆိုတာတောင် ၊ အဲဒီဥပဒေအတိုင်းဆောင်ရွက်ဖို့  သမ္မတမယ် လွှတ်တော်ရဲ့  အမိန့် မရဘူးတဲ့။ ခွင့်မပြုဘူးတဲ့။ အခြေခံဥပဒေကို မပြင်ချင်တဲ့အထဲမှာ ပြည်ထောင်စု တရားလွှတ်တော်က တရားသူကြီး အချို့ လည်းပါနေပါတယ်လို့  ဥက္ကဌကြီးသူရဦးအောင်ကိုက ပြောသွားသေးတယ်။ ဥပဒေအရအငြင်းပွားမှုတွေကို ဖြေရှင်းဆုံးဖြတ်ပေးရမယ်ဆိုတဲ့ ဥပဒေခုံရုံးတောင်မှပဲ သူ့ ဆီအရင်မတင်လို့ ၊ ငါ့ဆီအရင်မပို့ လို့ တို့ ၊ ငါပြောသလို မလိုက်နာလို့ ၊ မရလို့ တို့ နဲ့  တစ်ဖွဲ့ လုံးတောင် နှုတ်ထွက်စေလိုက်ပြီကို။
ပြည်သူတွေကတော့ ဥပဒေရဲ့ အထက်မှာ ဘယ်သူဘယ်ဝါရှိမရှိ သေသေချာချာ မသိကြပါဘူး။ သိလည်းမသိချင်ကြပါဘူး။ မတော် ယုံလို့ အားကိုးချင်မိမှ ဒုက္ခလှလှက အသာနေမှာမှ မဟုတ်တာ။ မြန်မာပြည်မှာက တစ်ချို့ အရာတွေကြတော့လည်း နောက်ကြောင်းပြန် အရေးမယူရဘူးရယ် ဘာရယ်လို့  အသေအချာ ချုပ်ထားကြပြီး ၊ တစ်ချို့ ကိစ္စတွေ၊ လူတွေကြတော့ ထောင်အကြွေးကျန် ဘာညာ ဆိုတာကလည်း ရှိနေသေးတာရယ်ဆိုတော့ ကိုယ်နဲ့ လက်လှမ်းမမှီတာ၊ မအပ်စပ်တာတွေကို မသိချင်၊ စိတ်မ၀င်စားချင်ပဲ ၊ဥပဒေအထက် ဘယ်သူရှိမရှိ စူးစမ်းမနေပဲ ဘေးကင်းအောင်နေတတ်မှ ရတာရယ်။ ငြိမ်ဝပ်ပိပြားနေအောင် ဥပဒေကဲ့သို့  အာဏာတည်သောအမိန့် ဆိုတာတွေနဲ့  အကျဉ်းနည်းဖြင့် စစ်ဆေးသည်တို့ ၊ ခဏလိုက်ခဲ့ပါ ဆိုပြီး၊ ပြန်မရတော့အောင် လာခေါ်ခံရတာတွေတို့ ၊ တရားရုံးတောင် ရိုးရိုးတရားမဟုတ်ဘူး၊ အထူးတရားရုံးဆိုတာတွေတို့ နဲ့  စစ်ဥပဒေဆိုတာကြီးအောက် မဲမဲမြင်ရာကြောက်ပြီး ပိပြားနေအောင် နေခဲ့ကြရတာ။ တရားဥပဒေဆိုတာရဲ့  လက်တံက ကျွန်တော်တို့ ပြည်သူတွေနဲ့  လက်လှမ်းမမှီတဲ့ အဝေးမှာ ရှိခဲ့တာက တော်တော်လေး ကြာနေခဲ့ပါပြီ။
သာတူညီမျှ ဆိုရှယ်လစ်ကြမယ်ဆိုတုန်းက တရားစီရင်ရေးရဲ့  ချိန်ခွင်ညှာညီညွတ်မျှတဖို့ အတွက် ဆိုပြီးတော့ ဦးနေ၀င်းကြီးက တရားရေးအဖွဲ့  ဆိုတာတွေနဲ့  စီရင်စေခဲ့တာပါ။ အဲဒီအဖွဲ့ မှာ ဥပဒေကျွမ်းကျင်တဲ့ ပညာရှင်တွေက စာရေးလုပ်ရတယ်။ တရားရေးအဖွဲ့ ဥက္ကဌသက်တမ်းက လေးနှစ်တစ်ကြိမ်ရွေးတယ်။ အခြေခံမူက တင်းပြည့်ပါတီဝင် ဖြစ်ရမယ်။ အဲဒီတော့ ကာရံမသင့်ရင် ရပ်ကွက်ထဲက ၁၀တန်းမအောင်တဲ့သူတို့ ၊ ဆိုက်ကားဆရာတို့ ၊၁၀၉/၁၁၀ တို့ လည်း ဖြစ်ချင်ဖြစ်ကြတာရယ်။ အဖွဲ့ ဝင်တွေထဲလည်း အဲဒီလိုပဲ။ အဲဒီလိုနဲ့  တရားစီရင်လာလိုက်ကြတာ ဘယ်လောက်မျှတ ခိုင်ခန့် တဲ့ဥပဒေဖြစ်မလဲဆိုတာ မြင်ယောင်ကြည့်လို့  ရနေပါတယ်။ အဲဒီလိုမျိုးက၂၇ နှစ်ပါ။ ဒီလိုတိုင်းပြည်မှာ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား၊ စည်းကမ်း၊ တရားမျှတမှု၊ ကိုယ်ချင်းစာတရား၊ မျှော်လင့်ချက်၊ ကြိုးစားအားထုတ်လိုမှု၊ အနာဂတ်တွေ တစ်ခုမကျန် အားလုံး ပျက်စီးသွားလိမ့်မယ် ဆိုတာ ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး။
မခံနိုင်တဲ့အဆုံး တစ်နိုင်ငံလုံးပေါက်ကွဲပစ်လိုက်ကြတာ ကျားထက်ဆိုးတဲ့ ရှင်ကြီးဝမ်းထဲ၊ ပြည်သူတွေ ရောက်ခဲ့ကြရပြန်ရော။ နောက်လာတဲ့ဝန်မင်းက သာ၍ သာ၍ ကဲဆိုတာလိုမျိုးနဲ့  နောက်ထပ် ၂၄ နှစ်မှာ ယခင်အမိန့် အားဤ အမိန့်ဖြင့် လွှမ်းမိုးလိုက်သည်။ ၁/၈၈ မှသည် မျဉ်းစောင်းတွေများစွာ၊ ခုနှစ်ပေါင်းများစွာမှာ အမိန့် ကြေငြာချက်တွေကို မရပ်မနား လက်ခံကြောက်ရွံ့ နေခဲ့ကြရတာ။ စစ်ဥပဒေရယ်၊ ဥပဒေကဲ့သို့  အာဏာတည်သော အမိန့် ရယ်နဲ့  နှစ်မျိုးတည်းသိပြီး ငြိမ်ငြိမ်ဝပ်ဝပ် နေလာခဲ့ကြရတာ။
၂၀၀၈ ဥပဒေဆိုတာလည်း တစ်အိမ်တစ်ယောက် မထွက်မနေရနဲ့  သူ့ သဘောသူဆောင်ပြီး အသက်ဝင်လာတာပါပဲ။ အဲဒါတောင် သူတို့ အကြိုက် သူတို့ ထုတ်ထားတဲ့ဥပဒေတောင် ၊ တစ်ချို့ ဟာတွေအသက်ဝင်ဖို့ ၊ သမ္မတခင်မျာ လွှတ်တော်ခွင့်ပြုချက် မရရှာဘူးရယ်။ ဆင်းရဲချမ်းသာ ကွာဟချက်တို့ ၊ ဆူကြုံနိမ့်မြင့်တို့ က သာမာန်ပြည်သူတွေထဲမှာတင် ရှိနေတာမဟုတ်ပဲ ၊ သူတို့ ကြားမှာလည်း ရှိနေတော့ တစ်ချို့ အရာတွေအတွက်ကြတော့ သဘောညီပေးလိုက်ဖို့ က ခက်တာပေါ့လေ။
တရားသူကြီးတွေကတော့ ပြောပါတယ်။ လွတ်လပ်တဲ့တရားစီရင်ရေး ဖြစ်ပါရစေတဲ့။ အိုဘားမား မိန့် ခွန်း အသဲခိုက်ရလွန်းပါတယ်တဲ့။ သူတို့ ကို ဘယ်လိုလုပ်လိုက်ပါ ဆိုတဲ့အမိန့် တွေကို သိသိသာသာ တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ မပေးစေချင်တော့ပါဘူးတဲ့။ တရားဥပဒေရဲ့  နောက်ကွယ်မှာ တရားသူကြီးနဲ့  တရားဥပဒေပဲ ရှိပါရစေတဲ့။ ဥပဒေနဲ့ ပဲ အညီအညွတ် ဆုံးဖြတ်ချင်ပါတယ်တဲ့။
တာဝန်ရှိသူတွေကပြောပါတယ်။ တရားသူကြီးတွေရဲ့  လာဘ်စားမှုတွေကို ပြင်းပြင်းထန်ထန် အရေးယူဖော်ထုတ်မယ်တဲ့။ တရားသူကြီးတွေတရားစီရင်တာ မမှန်ကန်တဲ့အခါ ပြန်လည်အရေးယူဖို့  ဥပဒေအသစ် ပြဌာန်းမယ်တဲ့။ တိုင်ကြပါတဲ့။
စတုတ္ထမဏ္ဍိုင်ကပြောပါတယ်။ စောင့်ကြည့်ဖော်ထုတ်သွားမယ်တဲ့။သတင်းပေးပါတဲ့။
လွှတ်တော်ကပြောပါတယ်။ အခြေခံဥပဒေကို ပြင်မယ်တဲ့။ ဘာကိုလဲ ဘယ်အပိုင်းလဲတော့ မသိရသေးပါဘူး။
ပြည်သူကတော့ ပြောပါတယ်။ ဥပဒေရှိအောင် လုပ်ပေးပါ။ ဥပဒေ အသက်ဝင်လာအောင် လုပ်ပေးပါ။ ဥပဒေရဲ့ အောက်မှာ သာတူညီမျှ၊ တစ်ပြေးညီနေထိုင်ခွင့်ရအောင် လုပ်ပေးပါ။ ဥပဒေ တရားမှတအောင်လုပ်ပေးပါ။ ဥပဒေ ရှင်သန်အောင်လုပ်ပေးပါ။ ဥပဒေ လွတ်လပ်ရေး ပေးပေးပါ တဲ့။
ပြည်ချစ်သူ
13.5.2013
Ref>>>>>ပြေလွင်မြင့် ....အိုဘားမား သန်း၆၀
vol-9,No-18 The Voice
vol-3,No-139 Hot News
စစ်သားလည်း လူပါပဲ
$
0
0
Naing Soe and Aungpyeisan Aung shared Ohn Mar Oo's photo.
စစ်သားလည်း လူပါပဲ    မြန်မာနိုင်ငံမှာ စစ်သည်လေးသိန်းနီးပါးရှိတယ်လို့ သိရတယ်။ စာရင်းအတိအကျတော့ တစ်ခါမှ မမြင်ဘူးပါ။    စစ်သည်လေးသိန်းမှာ အနဲဆုံးတစ်သိန်းလောက် အိမ်ထောင်သည်တွေဖြစ်ဖို့ များပါတယ်။ ဘာ့ကြောင့်ဒီလိုကောက်ချက်ဆွဲလဲဆိုတော့ တပ်ထဲက စစ်သားလေးယောက်မှာ တစ်ယောက်က အနဲဆုံး အိမ်ထောင်သည်ဖြစ်လို့ ပါပဲ။    အိမ်ထောင်သည်ဆိုတော့ ခလေးတွေလည်းရှိပါတယ်။    စစ်သား သားသမီးလေးသိန်းပဲရှိတယ်လို့ သတ်မှတ်ပါစို့ ။ ဒီလေးသိန်းသော အင်အားဟာ ဘယ်မှာကျောင်းတက်လဲ၊ ပြီးတော့ ဘယ်လိုအဆင့်မြင်ပညာတွေသင်ရလဲဆိုတာကိုလေ့လာကြည့်တော့ သူတို့ ရဲ့ အဆင့်မြင့်ပညာရေးဟာ တပ်ထဲက အလယ်တန်းကျောင်းမှာတင်ကုန်ဆုံးပါတယ်။    တက္ကသိုလ်ထိရောက်တဲ့ စစ်သားသမီးဟာလက်ချိုးရေလို့ ရသလို၊ နိုင်ငံခြားတက္ကသိုလ်ကြီးတွေမှာ ပညာသင်ကြားနေတဲ့ စစ်သားသမီးတွေဟာလည်း မရှိသလောက်ပါပဲ။    တွေ့ ခဲ့ဘူးတဲ့ နိုင်ငံခြားမှာပညာသင်ကြားနေတဲ့ စစ်သားသားသမီးဆိုလို့ ဗိုလ်ချုပ်အဆင့်ရှိတဲ့ သားတွေသမီးတွေကိုပဲတွေ့ ရတယ်။ သူတို့ အပြင် ညွန်မှုးသားသမီးနဲ့ စက်ရုံမှုးသားသမီးတွေကိုလည်း တွေ့ ရတယ်။    စစ်သားဟာ ၀န်ထမ်းဖြစ်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေလည်းဝန်ထမ်းဖြစ်သလို၊ အရပ်ဘက်က မန်နေဂျာကစလို ညွန်မှုးတွေလည်း ၀န်ထမ်းတွေပါပဲ။ ၀န်ထမ်းခြင်းတူပေမဲ့ ဘာ့ကြောင့်များ အောက်ခြေက စစ်သားသားသမီးတွေဟာ သူတို့ လိုအဆင်မြင့်ပညာတွေ သင်ဖို့ အခွင့်မလန်းမရတာလဲ။ သင်ရဖို့ နေနေသာသာ ၁၀-တန်းတောင် မအောင်တာများပါတယ်။    ဒီအင်အားစုတွေဟာလည်း တိုင်းပြည်အတွက်အင်မတန်အရေးကြီးတဲ့ လူသားတွေပါ။ ဒါပေမဲ့ သူတို့ အဖေတွေဟာ ရာထူးနဲ့ လုပ်ပိုင်ခွင့်မရှိတော့ အားလုံးသိတဲ့အတိုင်း စုတ်ပြတ်ပြီးနေရပါတယ်။    ယနေ့ အချိန်အထိ တပ်ထဲက စစ်သားသားသမီးတွေကို မည်သည့်နိုင်ငံရေးသမားကမှ သူတို့ ဘ၀တွေအတွက် ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်တာကို မတွေ့ ခဲ့ဘူး။ အပြင်ကအရပ်သားတွေအတွက်ကမှ ပိုလို့ ရွေးချယ်စရာ အခွင့်အလမ်းများနေတယ်။ ဒီနေရာမှာ အရပ်သားလည်း လူပဲ။ စစ်သားလည်း လူပဲ။ လူချင်းတူပေမဲ့ စစ်တပ်ကိုမုန်းတီးမှု့ များနေတော့ ဘာမှမဆိုင်တဲ့ စစ်သားသားသမီးတွေဟာ ကြားမှာမြေဇာပင်ဖြစ်တာပဲအဖတ်တင်တယ်။    ဒီလိုဖြစ်နေတဲ့အခြေအနေကို မြှင့်တင်ဖို့ ကျိုးစားတဲ့ စစ်ဗိုလ်လည်း မရှိခဲ့ဘူး။    သူတို့ သားသမီးတွေ နိုင်ငံခြားမှာပညာသင်ဖို့ လောက်ပဲ သိတယ်။ နိုင်ငံရေးသမားထောင်ထွက်တွေရဲ့ သားသမီးတွေကို နိုင်ငံခြားကို ပို့ နိုင်အောင်လော်ဘီလုပ်တဲ့ နိုင်ငံရေးသမားပဲတွေ့ တယ်။ ခွဲခြားဆက်ဆံခံရတဲ့အထဲမှာ အဓိကလူတွေကတော့ တပ်ထဲက ကျောင်းမှာတက်နေတဲ့ ခလေးတွေပဲ။    တပ်ထဲကနေရာ အတော်များများကို မြန်မာပြည်ရောက်တုန်းလေ့လာခဲ့တယ်။ တပ်ဆိုတာ မြို့ ပေါ်မှာတည်နေတဲ့တပ်က အင်မတန်ရှားပါတယ်။ အထိုင်တပ်လောက်ပဲရှိတယ်။ ဒီတော့ တောထဲမှာနေ တောထဲမှာပဲ ဘ၀ကို အဆုံးသတ်ရပါတော့တယ်။    သံတောင်က တပ်ကြပ်ကြီးနဲ့ တွေ့ တော့ သူကခြေထောက်ပြတ်နေတယ်။ တပ်က ပေးမထွက်လို့ ၊ ရခိုင်ဘက်ကိုရွှေ့ ရတယ်။ ခြေထောက်ပြတ်နေတော့ ရှေ့ တန်းမှာအသုံးမ၀င်ဘူး။ ဒီတော့ သူ့ ကို ရခိုင်ဘက်က တပ်က တပ်တွင်းဆံသဆိုင်မှာ တာဝန်ပေးတယ်။ စစ်တိုက်တော်တဲ့ တပ်ကြပ်ကြီး ဆံပင်ညှပ်သမားလုပ်ပေါ့တဲ့။ ဘာဆိုင်လို့ လဲ။ ဘာမှမဆိုင်။ ဒါပေမဲ့ စစ်သားဆိုတော့ ညှပ်ဆိုတော့လည်း ညှပ်ပါတယ်။ ပြောင်းဆိုတော့လည်းပြောင်းပါတယ်။    သူနဲ့ အတူ ၁၂-နှစ်အရွယ် ခလေးနှစ်ယောက်နဲ့ ပိန်လှီနေတဲ့မိန်းမလည်း ရောင်နောက်ဆံထုံးပါ ပြောင်းရပါတယ်။ ပြောင်းရွှေ့ စရိတ်ကို ခဏချေးငှားပြီးသုံးလို့ ဆိုပြီး တပ်ရေးဗိုလ်ကြီးကပြောတော့ သူ့ မိန်းမခင်ဗျာ.....အမျိုးတွေဆီကိုပြေးပြီး ချေးငှားရတော့တယ်။    ချေးလို့ ရတဲ့မြန်မာငွေငါးသောင်းနဲ့ ရခိုင်ပြည်နယ်ဘက်ကို သူတို့ မိသားစု သံသေတ္တာအဟောင်းလေးသုံးလုံးကို ထမ်းပြီး၊ ပြောင်းရတဲ့နေ့ ကဆိုရင် မျက်ရည်တောင်ဆို့ ကြတယ်။    ဒီမှာတင် ခလေးနှစ်ယောက်ရဲ့ ပညာရေးက တို့ လို့ တန်းလန်းနဲ့ ။ ရခိုင်ရောက်ရင် အသစ်ကပြန်စကြရအုံးမဲ့ ပညာရေးပါ။ သူတို့ ခလေးတွေရဲ့ ပညာရေးကို တပ်ကြပ်ကြီးက အဓိကမစဉ်းစားအားဘူး။ ဟိုရောက်ရင် ထမင်းကောနပ်မှန်ပါ့မလားဆိုတာကိုပဲ သူတို့ အဓိကစဉ်းစားကြတယ်။    သူ့ လို စစ်သားတွေ အများအပြား ဟိုပြောင်းရ ဒီပြောင်းရဖြစ်တာအပြင်၊ ရှေ့ တန်းမှာ ကျသွားတဲ့ ရဲဘော်တွေရဲ့ သားသမီးတွေဆိုရင် ကျောင်းတက်မှန်ဖို့ နေနေသာ တပ်တွင်းလိုင်းကနေ အမြန်မပြောင်းရရေးကိုသာ ဆုတောင်းကြပါတယ်။    အပြင်မှာနေစရာအိမ်မှ မရှိတာ။    တပ်ထဲမှာ လိုင်းခန်းတွေလွတ်နေတာ အတော်များတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်သားတွေနဲလာလို့ ပါ။   တပ်ရေးဗိုလ်ကြီးလို့ ခေါ်တဲ့ အသက်နှစ်ဆယ်ကျော် သုံးပွင့်နဲ့ လူငယ်လေးဟာ တပ်မှုးလိုဖြစ်နေတဲ့တပ်တွေများလာပြီ။ တပ်မှုးက ဘယ်ရောက်သွားလဲလို့ မေးတော့ တပ်မှုးက တပ်ကိုအုပ်ချုပ်ဖို့ နေ့ တိုင်းမအားဘူးလို့ ပြောတော့ ဒီတပ်မှ မပျက်ရင် ဘယ်တပ်ကပျက်မှာလဲ။ ခလေးတွေရဲ့ ပညာရေးနဲ့ ဘ၀တိုးတက်ရေးမပြောနဲ့ ။ ရဲဘော်တွေရဲ့ ယူနီဖောင်းတောင် မမှန်တာအားလုံးအသိပဲ။ ဒါပေမဲ့ ဒီအခြေအနေကိုတိုးတက်အောင် ဘယ်သူကမှ မပြင်ကြပါဘူး။   နိုင်ငံခြားက စစ်သားတွေကိုတွေ့ ဘူးတယ်။ ရှေ့ တန်းမှာ ကျသွားရင် ကျန်ရစ်သူတွေကောင်းစားပါတယ်။ ခလေးတွေရဲ့ ပညာရေးကို အစိုးရကဘွဲ့ ရတဲ့အထိတာဝန်ယူပေးသလို၊ စားဝတ်နေရေးအတွက်လည်း ပင်စင်က လောက်ပါတယ်။    တပ်ထဲမှာ တက်ကျွမ်းတဲ့ပညာကိုလည်း အပြင်မှာအသိအမှတ်ပြုအောင်လုပ်ပေးထားတော့ လက်သမားလုပ်တက်တဲ့ ဆရာကြီးဟာ တပ်ကထွက်ရင် အပြင်လောကမှာ အလုပ်ကောင်းကောင်းရပါတယ်။    ဒါပေမဲ့ မြန်မာပြည်က စစ်တပ်ကတော့ တွေးကြည့်ရင် ရင်နာလို့ မဆုံးဘူး။    တော်လှန်ရေးပလိတ်လို့ ခေါ်တဲ့ တပ်မတော်နေ့ မှာတော့ နိုင်ငံခြားလုပ်တင့်ကားတွေ၊ ဒုံးကျည်တွေကို ကြွားရတာလည်း အားလုံးအသိပါ။ နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ အတိုက်အခံခေါင်းဆောင်ကြီးတွေကတော့ ရှေ့ ဆုံးခုံမှာ တခဏ်းတနားနဲ့ လက်ခုတ်တွေတီးပါတယ်။ သူတို့ က ဒါပဲမြင်တာကိုး။   သူတို့ မမြင်တာက တော်လှန်ရေးပလိတ်မှာ သုံးလေးငါးလ မိသားစုကိုပြစ်ပြီး၊ ယူနီဖောင်းနှစ်စုံလောက်ရဖို့ အတွက် နေပူထဲမှာလေ့ကျင့်ရတာကိုပါ။ မလုပ်ချင်လည်း လုပ်ရတယ်။    ညဘက် ကင်းစောင့်နေတဲ့ ရဲဘော်တွေရဲ့ မျက်နှာကိုကြည့်တော့ အားလုံးက မူးနေပြီ။ အရာရှိတွေဘယ်ရောက်သွားလဲဆိုတော့ ဂျော်နီဝက်ကားနဲ့ ဖဲရိုက်လို့ ကောင်းနေတယ်။ ဒီပုံနဲ့ ဒီတပ်မှ မပျက်စီးရင် ဘယ်တပ်ကပျက်အုံးမှာလဲ။    ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ စပ်ဖြဲဖြဲနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေကို ခန်းခန်းနားနားနဲ့ လက်ဆွဲနုတ်ဆက်နေတဲ့အချိန်မှာ အောက်ခြေက ရဲဘော်၊ ရဲဘော်မယားနဲ့ သူတို့ သားသမီးတွေဟာ ကျောင်းမမှန်၊ အစားအသောက်မမှန်နဲ့ ပိန်လိန်နေတဲ့ ရုပ်တွေဖြစ်လို့ ဗျာ။ တပ်ထဲကကျောင်းမှာ သင်နေတဲ့ဆရာမတွေကိုကြည့်တော့လည်း ပိန်လိန်ပြီး၊ ရုပ်က မွဲခြောက်ခြောက်နဲ့ ။    ၀န်ထမ်းတိုင်းဟာ လခစားတွေဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့ အလုပ်ကြတဲ့လူချည်းပါပဲ။ တာဝန်ကြီးတာနဲ့ ငယ်တာပဲ ကွာပါတယ်။ သူပုန်အချို့ ကတော့ စစ်သားတွေကို ကြေးစားစစ်သားလို့ နှိမ်ပြီးခေါ်တယ်။ အားလုံးသောလူတိုင်းဟာ ထမင်းစားရဖို့ ကြေးမစားရင် ချီးစားရမှာလို့ မေးရတော့မလိုပဲ။    လူတိုင်းမှာမျှော်လင့်ချက်နဲ့ အသက်ရှင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်ကြီးပျင်းခဲ့ရတဲ့ တပ်ထဲက မိသားစုတွေရဲ့ ဘ၀ဟာ မျှော်လင့်ချက်မဲ့နေတဲ့ လောကကြီးပါဗျာ။    ခင်ဗျားတို့ အားလုံး တစ်ချက်လောက်တော့ လှည့်ကြည့်ပေးပါလို့ တိုက်တွင်းပါရစေ။    ဘုန်းကျာ် (ၾသစေတ်းလ်)  မှတ်ချက်။ ။ စာရေးသူရဲ့ အဖေသည် မင်္ဂလာဒုံအခြေစိုက် ပင်မခဲယမ်းမီးကျောက်တပ်မှ တပ်ကြပ်ကြီးတစ်ဦးဖြစ်သည်။ စာရေးသူသည် တပ်ထဲမှာမွေး၊ တပ်ထဲမှာကြီးပျင်းခဲ့ပြီး၊ အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် ဆယ်တန်းကိုနှစ်ခါကျခဲ့ဘူးပါသည်။
မြန်မာနိုင်ငံမှာ စစ်သည်လေးသိန်းနီးပါးရှိတယ်လို့ သိရတယ်။ စာရင်းအတိအကျတော့ တစ်ခါမှ မမြင်ဘူးပါ။
စစ်သည်လေးသိန်းမှာ အနဲဆုံးတစ်သိန်းလောက် အိမ်ထောင်သည်တွေဖြစ်ဖို့ များပါတယ်။ ဘာ့ကြောင့်ဒီလိုကောက်ချက်ဆွဲလဲဆိုတော့ တပ်ထဲက စစ်သားလေးယောက်မှာ တစ်ယောက်က အနဲဆုံး အိမ်ထောင်သည်ဖြစ်လို့ ပါပဲ။
အိမ်ထောင်သည်ဆိုတော့ ခလေးတွေလည်းရှိပါတယ်။
စစ်သား သားသမီးလေးသိန်းပဲရှိတယ်လို့ သတ်မှတ်ပါစို့ ။ ဒီလေးသိန်းသော အင်အားဟာ ဘယ်မှာကျောင်းတက်လဲ၊ ပြီးတော့ ဘယ်လိုအဆင့်မြင်ပညာတွေသင်ရလဲဆိုတာကိုလေ့လာကြည့်တော့ သူတို့ ရဲ့ အဆင့်မြင့်ပညာရေးဟာ တပ်ထဲက အလယ်တန်းကျောင်းမှာတင်ကုန်ဆုံးပါတယ်။
တက္ကသိုလ်ထိရောက်တဲ့ စစ်သားသမီးဟာလက်ချိုးရေလို့ ရသလို၊ နိုင်ငံခြားတက္ကသိုလ်ကြီးတွေမှာ ပညာသင်ကြားနေတဲ့ စစ်သားသမီးတွေဟာလည်း မရှိသလောက်ပါပဲ။
တွေ့ ခဲ့ဘူးတဲ့ နိုင်ငံခြားမှာပညာသင်ကြားနေတဲ့ စစ်သားသားသမီးဆိုလို့ ဗိုလ်ချုပ်အဆင့်ရှိတဲ့ သားတွေသမီးတွေကိုပဲတွေ့ ရတယ်။ သူတို့ အပြင် ညွန်မှုးသားသမီးနဲ့ စက်ရုံမှုးသားသမီးတွေကိုလည်း တွေ့ ရတယ်။
စစ်သားဟာ ၀န်ထမ်းဖြစ်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေလည်းဝန်ထမ်းဖြစ်သလို၊ အရပ်ဘက်က မန်နေဂျာကစလို ညွန်မှုးတွေလည်း ၀န်ထမ်းတွေပါပဲ။ ၀န်ထမ်းခြင်းတူပေမဲ့ ဘာ့ကြောင့်များ အောက်ခြေက စစ်သားသားသမီးတွေဟာ သူတို့ လိုအဆင်မြင့်ပညာတွေ သင်ဖို့ အခွင့်မလန်းမရတာလဲ။ သင်ရဖို့ နေနေသာသာ ၁၀-တန်းတောင် မအောင်တာများပါတယ်။
ဒီအင်အားစုတွေဟာလည်း တိုင်းပြည်အတွက်အင်မတန်အရေးကြီးတဲ့ လူသားတွေပါ။ ဒါပေမဲ့ သူတို့ အဖေတွေဟာ ရာထူးနဲ့ လုပ်ပိုင်ခွင့်မရှိတော့ အားလုံးသိတဲ့အတိုင်း စုတ်ပြတ်ပြီးနေရပါတယ်။
ယနေ့ အချိန်အထိ တပ်ထဲက စစ်သားသားသမီးတွေကို မည်သည့်နိုင်ငံရေးသမားကမှ သူတို့ ဘ၀တွေအတွက် ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်တာကို မတွေ့ ခဲ့ဘူး။ အပြင်ကအရပ်သားတွေအတွက်ကမှ ပိုလို့ ရွေးချယ်စရာ အခွင့်အလမ်းများနေတယ်။ ဒီနေရာမှာ အရပ်သားလည်း လူပဲ။ စစ်သားလည်း လူပဲ။ လူချင်းတူပေမဲ့ စစ်တပ်ကိုမုန်းတီးမှု့ များနေတော့ ဘာမှမဆိုင်တဲ့ စစ်သားသားသမီးတွေဟာ ကြားမှာမြေဇာပင်ဖြစ်တာပဲအဖတ်တင်တယ်။
ဒီလိုဖြစ်နေတဲ့အခြေအနေကို မြှင့်တင်ဖို့ ကျိုးစားတဲ့ စစ်ဗိုလ်လည်း မရှိခဲ့ဘူး။
သူတို့ သားသမီးတွေ နိုင်ငံခြားမှာပညာသင်ဖို့ လောက်ပဲ သိတယ်။ နိုင်ငံရေးသမားထောင်ထွက်တွေရဲ့ သားသမီးတွေကို နိုင်ငံခြားကို ပို့ နိုင်အောင်လော်ဘီလုပ်တဲ့ နိုင်ငံရေးသမားပဲတွေ့ တယ်။ ခွဲခြားဆက်ဆံခံရတဲ့အထဲမှာ အဓိကလူတွေကတော့ တပ်ထဲက ကျောင်းမှာတက်နေတဲ့ ခလေးတွေပဲ။
တပ်ထဲကနေရာ အတော်များများကို မြန်မာပြည်ရောက်တုန်းလေ့လာခဲ့တယ်။ တပ်ဆိုတာ မြို့ ပေါ်မှာတည်နေတဲ့တပ်က အင်မတန်ရှားပါတယ်။ အထိုင်တပ်လောက်ပဲရှိတယ်။ ဒီတော့ တောထဲမှာနေ တောထဲမှာပဲ ဘ၀ကို အဆုံးသတ်ရပါတော့တယ်။
သံတောင်က တပ်ကြပ်ကြီးနဲ့ တွေ့ တော့ သူကခြေထောက်ပြတ်နေတယ်။ တပ်က ပေးမထွက်လို့ ၊ ရခိုင်ဘက်ကိုရွှေ့ ရတယ်။ ခြေထောက်ပြတ်နေတော့ ရှေ့ တန်းမှာအသုံးမ၀င်ဘူး။ ဒီတော့ သူ့ ကို ရခိုင်ဘက်က တပ်က တပ်တွင်းဆံသဆိုင်မှာ တာဝန်ပေးတယ်။ စစ်တိုက်တော်တဲ့ တပ်ကြပ်ကြီး ဆံပင်ညှပ်သမားလုပ်ပေါ့တဲ့။ ဘာဆိုင်လို့ လဲ။ ဘာမှမဆိုင်။ ဒါပေမဲ့ စစ်သားဆိုတော့ ညှပ်ဆိုတော့လည်း ညှပ်ပါတယ်။ ပြောင်းဆိုတော့လည်းပြောင်းပါတယ်
သူနဲ့ အတူ ၁၂-နှစ်အရွယ် ခလေးနှစ်ယောက်နဲ့ ပိန်လှီနေတဲ့မိန်းမလည်း ရောင်နောက်ဆံထုံးပါ ပြောင်းရပါတယ်။ ပြောင်းရွှေ့ စရိတ်ကို ခဏချေးငှားပြီးသုံးလို့ ဆိုပြီး တပ်ရေးဗိုလ်ကြီးကပြောတော့ သူ့ မိန်းမခင်ဗျာ.....အမျိုးတွေဆီကိုပြေးပြီး ချေးငှားရတော့တယ်။
ချေးလို့ ရတဲ့မြန်မာငွေငါးသောင်းနဲ့ ရခိုင်ပြည်နယ်ဘက်ကို သူတို့ မိသားစု သံသေတ္တာအဟောင်းလေးသုံးလုံးကို ထမ်းပြီး၊ ပြောင်းရတဲ့နေ့ ကဆိုရင် မျက်ရည်တောင်ဆို့ ကြတယ်။
ဒီမှာတင် ခလေးနှစ်ယောက်ရဲ့ ပညာရေးက တို့ လို့ တန်းလန်းနဲ့ ။ ရခိုင်ရောက်ရင် အသစ်ကပြန်စကြရအုံးမဲ့ ပညာရေးပါ။ သူတို့ ခလေးတွေရဲ့ ပညာရေးကို တပ်ကြပ်ကြီးက အဓိကမစဉ်းစားအားဘူး။ ဟိုရောက်ရင် ထမင်းကောနပ်မှန်ပါ့မလားဆိုတာကိုပဲ သူတို့ အဓိကစဉ်းစားကြတယ်။
သူ့ လို စစ်သားတွေ အများအပြား ဟိုပြောင်းရ ဒီပြောင်းရဖြစ်တာအပြင်၊ ရှေ့ တန်းမှာ ကျသွားတဲ့ ရဲဘော်တွေရဲ့ သားသမီးတွေဆိုရင် ကျောင်းတက်မှန်ဖို့ နေနေသာ တပ်တွင်းလိုင်းကနေ အမြန်မပြောင်းရရေးကိုသာ ဆုတောင်းကြပါတယ်။
အပြင်မှာနေစရာအိမ်မှ မရှိတာ။
တပ်ထဲမှာ လိုင်းခန်းတွေလွတ်နေတာ အတော်များတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်သားတွေနဲလာလို့ ပါ။
တပ်ရေးဗိုလ်ကြီးလို့ ခေါ်တဲ့ အသက်နှစ်ဆယ်ကျော် သုံးပွင့်နဲ့ လူငယ်လေးဟာ တပ်မှုးလိုဖြစ်နေတဲ့တပ်တွေများလာပြီ။ တပ်မှုးက ဘယ်ရောက်သွားလဲလို့ မေးတော့ တပ်မှုးက တပ်ကိုအုပ်ချုပ်ဖို့ နေ့ တိုင်းမအားဘူးလို့ ပြောတော့ ဒီတပ်မှ မပျက်ရင် ဘယ်တပ်ကပျက်မှာလဲ။ ခလေးတွေရဲ့ ပညာရေးနဲ့ ဘ၀တိုးတက်ရေးမပြောနဲ့ ။ ရဲဘော်တွေရဲ့ ယူနီဖောင်းတောင် မမှန်တာအားလုံးအသိပဲ။ ဒါပေမဲ့ ဒီအခြေအနေကိုတိုးတက်အောင် ဘယ်သူကမှ မပြင်ကြပါဘူး။
နိုင်ငံခြားက စစ်သားတွေကိုတွေ့ ဘူးတယ်။ ရှေ့ တန်းမှာ ကျသွားရင် ကျန်ရစ်သူတွေကောင်းစားပါတယ်။ ခလေးတွေရဲ့ ပညာရေးကို အစိုးရကဘွဲ့ ရတဲ့အထိတာဝန်ယူပေးသလို၊ စားဝတ်နေရေးအတွက်လည်း ပင်စင်က လောက်ပါတယ်။
တပ်ထဲမှာ တက်ကျွမ်းတဲ့ပညာကိုလည်း အပြင်မှာအသိအမှတ်ပြုအောင်လုပ်ပေးထားတော့ လက်သမားလုပ်တက်တဲ့ ဆရာကြီးဟာ တပ်ကထွက်ရင် အပြင်လောကမှာ အလုပ်ကောင်းကောင်းရပါတယ်။
ဒါပေမဲ့ မြန်မာပြည်က စစ်တပ်ကတော့ တွေးကြည့်ရင် ရင်နာလို့ မဆုံးဘူး။
တော်လှန်ရေးပလိတ်လို့ ခေါ်တဲ့ တပ်မတော်နေ့ မှာတော့ နိုင်ငံခြားလုပ်တင့်ကားတွေ၊ ဒုံးကျည်တွေကို ကြွားရတာလည်း အားလုံးအသိပါ။ နိုင်ငံခေါင်းဆောင်ကြီးတွေနဲ့ အတိုက်အခံခေါင်းဆောင်ကြီးတွေကတော့ ရှေ့ ဆုံးခုံမှာ တခဏ်းတနားနဲ့ လက်ခုတ်တွေတီးပါတယ်။ သူတို့ က ဒါပဲမြင်တာကိုး။
သူတို့ မမြင်တာက တော်လှန်ရေးပလိတ်မှာ သုံးလေးငါးလ မိသားစုကိုပြစ်ပြီး၊ ယူနီဖောင်းနှစ်စုံလောက်ရဖို့ အတွက် နေပူထဲမှာလေ့ကျင့်ရတာကိုပါ။ မလုပ်ချင်လည်း လုပ်ရတယ်။
ညဘက် ကင်းစောင့်နေတဲ့ ရဲဘော်တွေရဲ့ မျက်နှာကိုကြည့်တော့ အားလုံးက မူးနေပြီ။ အရာရှိတွေဘယ်ရောက်သွားလဲဆိုတော့ဂျော်နီဝက်ကားနဲ့ ဖဲရိုက်လို့ ကောင်းနေတယ်။ ဒီပုံနဲ့ ဒီတပ်မှ မပျက်စီးရင် ဘယ်တပ်ကပျက်အုံးမှာလဲ။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ စပ်ဖြဲဖြဲနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေကို ခန်းခန်းနားနားနဲ့ လက်ဆွဲနုတ်ဆက်နေတဲ့အချိန်မှာ အောက်ခြေက ရဲဘော်၊ ရဲဘော်မယားနဲ့ သူတို့ သားသမီးတွေဟာ ကျောင်းမမှန်၊ အစားအသောက်မမှန်နဲ့ ပိန်လိန်နေတဲ့ ရုပ်တွေဖြစ်လို့ ဗျာ။ တပ်ထဲကကျောင်းမှာ သင်နေတဲ့ဆရာမတွေကိုကြည့်တော့လည်း ပိန်လိန်ပြီး၊ ရုပ်က မွဲခြောက်ခြောက်နဲ့ ။
ဝန်ထမ်းတိုင်းဟာ လခစားတွေဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် ပိုက်ဆံရဖို့ အလုပ်ကြတဲ့လူချည်းပါပဲ။ တာဝန်ကြီးတာနဲ့ ငယ်တာပဲ ကွာပါတယ်။ သူပုန်အချို့ ကတော့ စစ်သားတွေကို ကြေးစားစစ်သားလို့ နှိမ်ပြီးခေါ်တယ်။ အားလုံးသောလူတိုင်းဟာ ထမင်းစားရဖို့ ကြေးမစားရင် ချီးစားရမှာလို့ မေးရတော့မလိုပဲ။
လူတိုင်းမှာမျှော်လင့်ချက်နဲ့ အသက်ရှင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်ကြီးပျင်းခဲ့ရတဲ့ တပ်ထဲက မိသားစုတွေရဲ့ ဘ၀ဟာ မျှော်လင့်ချက်မဲ့နေတဲ့ လောကကြီးပါဗျာ။
ခင်ဗျားတို့ အားလုံး တစ်ချက်လောက်တော့ လှည့်ကြည့်ပေးပါလို့ တိုက်တွင်းပါရစေ။
ဘုန်းကျာ် (ၾသစေတ်းလ်)
မှတ်ချက်။ ။ စာရေးသူရဲ့ အဖေသည် မင်္ဂလာဒုံအခြေစိုက် ပင်မခဲယမ်းမီးကျောက်တပ်မှ တပ်ကြပ်ကြီးတစ်ဦးဖြစ်သည်။ စာရေးသူသည် တပ်ထဲမှာမွေး၊ တပ်ထဲမှာကြီးပျင်းခဲ့ပြီး၊ အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် ဆယ်တန်းကိုနှစ်ခါကျခဲ့ဘူးပါသည်။
ရှေးရိုးစံထားသီအိုရီများနှင့် စီးပွားရေးကြီးထွားမှု
$
0
0
by Athenian Ahnyarthar (Notes) on Tuesday, May 14, 2013 at 10:29am
ရှေးရိုးစံထားသီအိုရီများ (classical theories)
ဖွံဖြိုးမှုသီအိုရီအများစုမှာ ၁၉၄၅ နောက်ပိုင်း တွင်မှပေါ်ထွန်းလာကြသော်လည်း ၎င်းတို့ သည်ရုတ်ခြည်းအလိုအလျောက်ထွက်ပေါ်လာသည်မဟုတ်။ ၁၈ ရာစုဥရောပတိုက်ရှိ စီးပွားရေး၊နိုင်ငံရေးနှင့်လူအဖွဲ့ အစည်းဗေဒဆိုင်ရာ စဉ်းစားကြံဆမှုများကိုအခြေပြု၍ တစတစ ဖွံဖြိုးထွက်ပေါ်လာကြခြင်းဖြစ်သည်။၎င်းတို့ အနက် စီးပွားရေးဖွံဖြိုးမှုနှင့် ပတ်သက်သော တွေးခေါ် ယူဆချက်များကိုအလွှမ်းမိုးနိုင်ဆုံးသော သီအိုရီသမားများ အနက် တစ်ဦးမှာ အဒမ်စမစ် (Adam Smith) ဖြစ်သည်။
၎င်း၏ ကျော်ကြားလှသောလက်ရာဖြစ်သည့် “နိုင်ငံတို့ ၏ဥစ္စာဓန” ဟုအလွယ်ခေါ်ကြသည့် “An Inquiry into the Nature and Causes of the Wealth of Nations”  မှာ ၁၇၇၆ တွင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်သည် ထိုအချိန်က အနောက်ဥရောပ၏ ကုန်သွယ်မှု (trade) နှင့် စီးပွားရေးမူဝါဒ (economic policies)တွင် ကြီးစိုးလွှမ်းမိုးထားသည့်  ကုန်သည်ဝါဒ (mercantile) ကို စိန်ခေါ်ထားခြင်းဖြစ်သည်။
ထိုအချိန် ၁၈ ရာစုဥရောပတွင် စီးပွားရေးကြီးထွားမှုအတွက် အဓိကမောင်းနှင်အားမှာ ကုန်သွယ်မှု (trade) ဖြစ်၍ ကုန်သည်များ- အထူးသဖြင့် အရှေ့ ဥရောပ ကုမ္ပဏီ (the East India)ကဲ့သို့ သော ကြီးမားလှသော ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကြီးများ (large trading companies)- မှာ နိုင်ငံအစိုးရတို့ နှင့် နှိုင်းယှဉ်ရလောက်အောင်ပင် တန်ခိုးထွားကြလေသည်။ အနှီကုန်သည်တို့ သည် ၎င်းတို့ ၏ အကျိုးစီးပွားကို ကာကွယ်ရန်အလို့ ငှာ ကုန်သွယ်မှုတွင် ၎င်းတို့ အသာစီးရစေမည့် ကာကွယ်ရေးအစီအမံများ (protection measures) ကိုထောက်ခံအားပေးကြလေသည်။ ဤသို့ အစီအမံများဆိုရာတွင် ပြည်ပကုန်ပစ္စည်းများ (goods produced outside the country) အပေါ်၌ တင်သွင်းခွန်မတန်တဆမြှင့်တင်ထားခြင်း (high import tariffs) အား ဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ (domestically produced goods) သည် အဆိုပါ နိုင်ငံခြားမှတင်သွင်းလာသည့် ကုန်ပစ္စည်းများထက် စားသုံးသူများအမြင်တွင် ပို၍ဈေးချိုသယောင် ပြုလုပ်ထားလေ့ရှိကြသည်။ ဤသို့ ”များနိုင်သမျှများများရောင်း၊ နည်းနိုင်သမျှနည်းနည်းဝယ်”  ဆိုသည့် မိမိအကျိုးစီးပွားကာကွယ်သည့် ကုန်သွယ်မှုဝါဒ (protectionism) ကိုအလွယ်အားဖြင့် “ကုန်သည်ဝါဒ (mercantilism)” ဟုကင်ပွန်းတပ်ခဲ့ကြခြင်းဖြစ်သည်။
မည်သို့ ဆိုစေ Smith အတွက်မူ ဤလုပ်ထုံးလုပ်နည်းသည် ပြည်သူပြည်သားတို့ ၏ကြွယ်ဝမှုနှင့် တိုင်းပြည်၏ စီးပွားရေးကြီးထွားမှုအတွက် အန္တရယ်ကြီးတစ်ခုဖြစ်၍ ကုန်သွယ်လူတန်းစားလက်တစ်ဆုပ်စာအတွက်သာ အကျိုးရှိသည်ဟု မြင်လေ၏။ Smith ၏တင်ပြချက်မှာ စီးပွားရေးဖွံ့ ဖြိုးမှုအတွက်ဆိုလျှင် ကုန်သွယ်မှု (trade) ဆိုသည်ထက် ထုတ်လုပ်မှု (production) ကိုပိုမို၍ အာရုံစိုက်ရန်ဖြစ်ပေသည်။ ဤ၌  အထူးမှတ်သားရမည့်အချက်မှာ လုပ်အားခွဲဝေခြင်း (divisions of labor) သည် ထုတ်လုပ်နိုင်မှု (productivity) ကိုတိုးတက်စေ၍ အကျိုးဆက်အားဖြင့် စီးပွားရေးကြီးထွားမှု (economic growth) နှင့် ကြွယ်ဝမှု (wealth creation) ကို တပါတည်း ဖန်တီးလိမ့်မည်ဟူ၍ဖြစ်သည်။ လုပ်အားခွဲဝေခြင်းဟူရာ၌ ထုတ်လုပ်မှုဖြစ်စဉ်တစ်ခုလုံးကို လူတစ်ဦးတည်းမှအစအဆုံးပြီးဆုံးအောင်လုပ်မည့်အစား မြောက်များလှစွာသော အဆင့်(stages)များ အဖြစ်ခွဲစိတ်လိုက်ပြီး လူများစွာမှ ၎င်းတို့ နှင့်သာသက်ဆိုင်သည့်အဆင့်တစ်ခုတည်းကိုသာ အသီးသီး ခွဲခြား လုပ်ကိုင်စေခြင်းပင်ဖြစ်သည်။ အကျိုးဆက်အားဖြင့် လုပ်သားတို့ သည် တစ်ခုတည်းသာအာရုံစိုက်ရသည့်အတွက် ၎င်းတို့ လုပ်ကိုင်ရသည့် အလုပ်တွင်များစွာ ကျွမ်းကျင်လာပြီး များများပိုထုတ်လုပ်လာနိုင်တော့သည်။
စမစ်ကဲ့သို့ ပင် သြဇာလွှမ်းမိုးမှုကြီးလှသည့် အခြားသော ရှေးရိုးစံထားဘောဂဗေဒပညာရှင်မှာ ၁၈ ရာစုနှေင်းပိုင်းမှ ၁၉ ရာစုအစောပိုင်းထိရှင်သန်နေထိုင်ခဲ့သော David Ricardo ပင်ဖြစ်ပေသည်။ ရီကာဒိုမှာ လွတ်လပ်သောကုန်သွယ်မှု (free trade) ကိုအပြည့်အ၀ထောက်ခံခဲ့သူဖြစ်၍ “နှိုင်းယှဉ်အကျိုး” သီအိုရီ (comparative advantage theory) ကိုထုတ်ဖေါ်ခဲ့ပေသည်။ ၎င်း၏ သီအိုရီအရ တိုင်းပြည်များသည် မိမိတို့ ၏ အားသာချက်များရှိသည့် ကုန်စည်များ ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်း၌သာ (producing and selling) ဂရုထားရမည်ဟု ဆိုလေ၏။ အဆိုပါ အားသာချက်များဟူသည် မြေ၊ သဘာဝရင်းမြစ်များ၊ ဈေးပေါလုပ်သား၊ နည်းပညာ၊ စသည့်အရာများဖြစ်၏။ ဥပမာ- နည်းပညာရှိသောဂျပန်အတွက် ကားထုတ်လုပ်ခြင်းသည် နှိုင်းယှဉ်အကျိုး (comparative advantage) ရှိသောနယ်ပယ်ဖြစ်၍ မြန်မာပြည်အတွက်မူ စပါးစိုက်ကာ ဂျပန်သို့ ဆန်တင်ပို့ ခြင်းသည် နှိုင်းယှဉ်အကျိုးရှိသော ကိစ္စဖြစ်ပေသည်။
တနည်းအားဖြင့် ဤနှိုင်းယှဉ်အကျိုးသည် တကမ္ဘာလုံးအတိုင်းအတာအားဖြင့် လုပ်အားခွဲဝေခြင်းဖြစ်စေသည်ကို တွေ့ ရပေမည်။ စမစ်၏ လုပ်အားခွဲဝေခြင်းမှာ ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုအတွင်းတွင်သာဖြစ်၍ ရီကာဒို၏ သီအိုရီအရမူ တိုင်းပြည်များအကြား လုပ်အားခွဲဝေခြင်း သို့ မဟုတ် ကမ္ဘာလုံးဆိုင်ရာလုပ်အားခွဲဝေခြင်း (global division of labor) ပင်ဖြစ်တော့သည်။ တနည်းအားဖြင့် ကမ္ဘာ့တိုင်းပြည်တို့ သည် အရာရာအားလုံးကို ထုတ်လုပ်ဖို့ ကြိုးစာသည်ထက်  မိမိတို့ နှိုင်းယှဉ်အကျိုးရှိသော ကုန်စည်ကိုသာ အထူးပြုထုတ်လုပ်ခြင်းသည် စီးပွားရေးအရပို၍အဓိပါယ်ရှိကာ ပို၍အကျိုးကျေးဇူးဖြစ်ထွန်းစေသည်ဟု ဆိုလိုပေသည်။ အဘယ်ကြောင့်ဆိုသော် နှိုင်းယဉ်အကျိုးရှိရာ၌အထူးပြုထုတ်လုပ်ခြင်းအားဖြင့် ထုတ်လုပ်မှုသည် ပိုမို၍ စွမ်းဆောင်ရည်ရှိ (efficient) ကာ၊ ရှားပါးသည့်ရင်းမြစ်များ (scarce resources) ကို ထိထိရောက်ရောက် (effectively) နှင့် ခြွေတာသုံးစွဲရာရောက်ပြီးလျှင် စီးပွားရေးကြီးထွားမှု (economic growth) အတွက် လိုအပ်သည့်စွမ်းရည်များ (capacities)လည်းမြင့်တက်လာပေလိမ့် မည်။
စီးပွားရေးကြီးထွားမှု သီအိုရီ(Economic Growth Theory)
စမစ်နှင့်ရီကာဒိုကဲ့သို့ သော ရှေးရိုးစံထား ဘောဂဗေဒပညာရှင်များ ယုံကြည်ထောက်ခံခဲ့ကြသည့် ဈေးကွက်သည်သာ လူသားတို့ ၏ ပျော်ရွှင်ချမ်းမြေ့မှုများ နှင့် ရင်းမြစ်များအားထိထိရောက်ရောက် အသုံးပြုနိုင်သည့် အကောင်းဆုံးသော ယန္တရားဖြစ်သည်ဟူသည့် အဆိုကို ချေဖျက်နိုင်မည့် စီးပွားရေးအကျပ်အတည်းများ ၂၀ ရာစုအစောပိုင်းကာလများတွင်ဖြစ်ပွားလာခဲ့သည်။ ထင်ရှားလှသည့် ၎င်းအဖြစ်အပျက်တို့ မှာ ၁၉၂၉ ဝေါစထရိပြိုလဲမှု (Wall Street Crash) နှင့် ၁၉၃၀ နှစ်များအတွင်းက အမေရိကား၏ အကြီးအကျယ်စီးပွားရေးကျဆင်းမှု (Great Depression) တို့ ပင်ဖြစ်သည်။ ဤအဖြစ်အပျက်များမှာ အစွန်းရောက်ဈေးကွက်ပျက်ယွင်းမှု (extreme market failure) ကြောင့် မျှခြေ (market equilibrium) သို့ မရောက်နိုင်တော့ပဲ အဆုံးတွင် စီးပွားပျက်ကပ်အတွင်းသို့ သက်ဆင်းခဲ့ရခြင်းပင်။ သို့ ဖြင့် ဘောဂဗေဒပညာရှင်များသည် နိုင်ငံတို့ ၏စီးပွားရေးတစ်ခုလုံးအပေါ် အသွင်သစ်ဖြင့်သိမြင်နားလည်ရန်ကြိုးစားအားထုတ်လာကြရတော့၏။
၎င်းတို့ အနက် အထင်ရှားဆုံးသူမှာ John Maynard Keynes ဖြစ်၍ ၎င်းသည် ၁၉၃၆ တွင် “The General Theory of Employment, Interest and Money” ဟူသောစာအုပ်ကိုထုတ်ဝေခဲ့လေသည်။ ဤစာအုပ်တွင် ကိန်းသည် စမစ်နဲ့ သူ၏နောက်လိုက်များ ယုံကြည်လက်ခံထားသည့် လွတ်လပ်သောဈေးကွက် (free market) သည်သာ အပြုသဘောဆောင်သော တွန်းအား (positive force) ဖြစ်သည်ဟူသော အဆိုကို စိန်ခေါ်ထားလေသည်။ ကိန်းက တင်ပြသည်မှာ စီးပွားရေးကြီးထွားမှုအတွက် သော့ချက်ကျသောအရာမှာ အမှန်အကန်ရင်းနှီးမြှုပ်နှံမှု (real investment) ဖြစ်၍ ဤရင်းနှီးမြှုပ်နှံမှုသည် အခြေခံအဆောက်အဦအသစ်များတည်ဆောက်သည့် ပရောဂျက်များ (new infrastructure projects) တွင် မြှုပ်နှံခြင်းဖြစ်ရမည့်အပြင် အဟောင်းများအား အစားထိုး (replacement)သော ရင်းနှီးမြှုပ်နှံမှုမဖြစ်ရပေ။ ဤသို့ သော အမှန်တကယ်ရင်းနှီးမြှုပ်နှံမှု (real investment) သည်သာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်၍ (job creation)၊ ကြွယ်ဝမှုဖြစ်စေခြင်း (wealth creation) ကိုလည်း မြှောက်ဖေါ်ကိန်းအကျိုးသက်ရောက်မှု (multiplier effect) အားဖြင့် တိုးပွားစေလိမ့် မည်ဟူ၍ တင်ြပခဲ့သည်။ တနည်းအားဖြင့် စီးပွားရေးကြီးထွားမှု(economic growth) အတွက် အပြုသဘောတွန်းအားအဖြစ် အမှန်တကယ်ရင်းနှီးမြှုပ်နှံမှု (real investment) ကို လွတ်လပ်သောဈေးကွက် (free market) နေရာ၌ အစားထိုးတင်ပြခဲ့ခြင်းဖြစ်ပေသည်။
ဆက်လက်၍ သတိပြုရမည်မှာ မြှောက်ဖေါ်ကိန်းအကျိုးသက်ရောက်မှုသည် ပြောင်းပြန်အားဖြင့် အပျက်သဘောလည်းသက်ရောက်နိုင်ပေရာ (negative effect) အမှန်တကယ်ရင်းနှီးမြှုပ်နှံမှု အဆင့် (level of real investment) ကျဆင်းလျော့နဲလာခြင်းသည် အဆုံးတွင် အောက်သို့ စိုက်၍၀က်အူရစ်လည်သည့်အတိုင်း တဖြည်းဖြည်းဖြင့် စီးပွားပျက်ကပ်အတွင်းသို့ သက်ဆင်းကျရောက်ပေလိမ့်မည်။
သည့်အပြင် ကိန်းသည် ရှေးရိုးဘောဂဗေဒပညာရှင်များနှင့်ဆန့် ကျင်စွာ စီးပွားရေးကြီးထွားမှုအတွက် အစိုးရ၏အခန်းကဏ္ဍကို သော့ချက်ကျသောနေရာအဖြစ် ရှုမြင်ခဲ့လေသည်။ ဈေးကွက်အားတစ်ကိုယ်တော်ကြဲခိုင်းခြင်း၊ သူ့ ချည်းသက်သက်လည်ပတ်စေခြင်းထက် ဘဏ်တိုးနှုန်းများကစားခြင်း၊ အစိုးရအသုံးစရိတ်များတိုးခြင်းလျော့ခြင်း စသည့် ငွေကြေးမူဝါဒ (monetary policies)ကိရိယာများ ဖြင့် ရင်းနှီးမြှုပ်နှံမှုအားမြှင့်တင်ရန် အစိုးရပိုင်းမှနေ၍ ၀င်ရောက်စွက်ဖွက်ရမည်ဟု ဆိုခဲ့ပေသည်။ ဥပမာအားဖြင့် လမ်းတစ်ခုအား အစိုးရမှနေ၍ တာဝန်ယူဖေါက်လုပ်သည်ဆိုပါစို့ ။ ဤသို့ လမ်းဖေါက်ခြင်းသည် လမ်းဖေါက်သမားတို့ အား အလုပ်ရရှိစေသည်သာမက လမ်းဖေါက်လုပ်ရေးပစ္စည်းများနှင့်လက်နက်ကိရိယာများရောင်းချသူများပါ အလုပ်ရရှိစေမည်ဖြစ်သည်။ သည့်အပြင် အဆိုပါလုပ်သားများမှ လုပ်အားခငွေများသုံးစွဲကြဦးမည်ဖြစ်ပေရာ ၎င်းသုံးစွဲမှုများသည် အခြားသောသူတို့ ၏ အလုပ်အကိုင်များအားနှင့် ကုမ္ပဏီများအား ထောက်ပံ့ရာရောက်၍ ကုမ္ပဏီများမှ ရရှိလာသည့်အမြတ်အစွန်းကို ထပ်မံ၍ ရင်းနှီးမြှုပ်နှံကြပေလိမ့်ဦးမည်။ ဤသို့ အားဖြင့်စီးပွားရေးတစ်ခုလုံးကြီးသည်လည်ပတ်ကာ စီးပွားရေးကြီးထွားမှုကို ရရှိပေလိမ့် မည်။ ဤသည်ကို မြှောက်ဖေါ်ကိန်းအကျိုးသက်ရောက်မှု (multiplier effect) ဟုခေါ်၍ ၎င်းကိုအောက်ပါအတိုင်းသံသရာလည်နေသည့် ကွင်းဆက်များအဖြစ်မြင်နိုင်ပေသည်။
အစိုးရ (သို့ ) ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ==> တိုက်ရိုက်အလုပ်အကိုင်ဖန်တီးခြင်း ==> တိုးမြင့်လာသောအလုပ်သမားများ၏ အသုံးစရိတ်များ ==> သွယ်ဝိုက် အလုပ်အကိုင်ဖန်တီးခြင်း ==> ပြည်တွင်းရှိတိုးတက်လာသော ကုန်စည်နှင့်ဝန်ဆောင်မှု ၀ယ်လိုအား ==> အစိုးရ (သို့ ) ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု
စင်စစ် ကိန်းသည် အစိုးရအသုံးစရိတ်ကို အကျပ်အတည်းများ ယဉ်ပါးအောင်မွေးမြူ (taming the crises) ရာလက်နက်အဖြစ်အသုံးပြုနိုင်သည်ဟု တင်ပြခဲ့ခြင်းပင်ဖြစ်လေသည်။ ထို့ အပြင်Keynes မှ တောင်ပိုင်းတိုင်းပြည်များ၏ စီးပွားရေးနှင့်ဘောဂဗေဒအခြေအနေများအကြောင်း တိတိပပရေးသားထားခဲ့ခြင်းမရှိသော်လည်း  အစိုးရများ၏အပြုမူမှုများနှင့်ပတ်သက်သော သူ၏တွေးခေါ်ယူဆချက်များမှာ စစ်ပြီးခေတ် ဖွံ့ ဖြိုးရေးလုပ်ငန်းများတွင် ထဲ့သွင်းကျင့်သုံးလာကြသည်ကိုတွေ့ ကြရပြန်ပေသည်။
--------------------------------------------------------------------------------------------------
Katie Willis ရေးသား၍ Routledge တိုက်ထုတ်ဖြစ်သည့် “Theories and Practices of Development” စာအုပ်ကို အဓိကမှီငြမ်းပြု၍ ရေးသားထားပါသည်။ ရွက်ပုန်းသီး လီကွမ်းယူး မျိုးဆက်သစ်များအတွက် ရည်ရွယ်ပါသည်။ 
6Unlike· · ·
မဟာဆန်မုန်တိုင်းကယ်ဆယ်ရေးလုပ်င န်းများအတွက် မြန်မာ့တပ်မတော်အသင့်ပြင်ထား
$
0
0
Mg Mg Waves and Lu Bo shared Myanmar Online News's photo.
မဟာဆန်မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများအတွက် မြန်မာ့တပ်မတော်အသင့်ပြင်ထား Tuesday, May 14, 2013  ယခုလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ၀င်ရောက်မည်ဟု ယူဆထားသော မဟာဆန်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ ဒေသအတွင်းရှိတပ်ဖွဲ့ဝင်များအပြင် ရေတပ်နှင့် လေတပ်တို့ကိုလည်း အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။  မဟာဆန်မုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို စ၀င်မယ်လို့ သတင်းကြား ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ဒေသအတွင်းမှာရှိတဲ့ တပ်တွေကို ကယ်ဆယ်ရွှေ့ပြောင်းရေးတွေ အမြန်ဆုံးလုပ်ဖို့ ညွှန်ကြား ထားပြီး ဖြစ်ပါတယ်။ အခုလဲ မုန်တိုင်းဝင်မဲ့ဒေသက အန္တရာယ်ရှိနိုင်တဲ့ ဒေသကလူတွေကို ခြေလျင်တပ်ရင်း တပ်ဖွဲ့တွေ အကူအညီနဲ့ အန္တရယ်ကင်းတဲ့နေရာကို ရွှေ့ပြောင်းရေးတွေ လုပ်နေပါပြီ။ မုန်တိုင်း ကျရောက်ချိန်နဲ့ မုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာလဲ အမြန်ဆုံး ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ ညွှန်ကြား ထားပါတယ်ဟု ပြောဆိုခဲ့သည်။  ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ဒေသခံခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးတစ်ဦးကလဲသဘာဝဘေးအန္တရာယ်ကျရောက်လာရင် ပြည်သူကို အမြန်ဆုံး ကာကွယ်ပေးဖို့ တပ်မတော်အကြီးအကဲတွေက ညွှန်ကြား ထားပြီးသားမှ အရင်ကြုံခဲ့တဲ့ မုန်တိုင်းတွေ တုံးကလဲ ကျွန်တော်တို့ တပ်ထဲက မုန်တိုင်းကြောင့် ပျက်စီးသွားတာတွေကို လှည့်မ ကြည့်နိုင်သေးဘဲ ပြည်သူလူထုကယ်ဆယ်ရေးကို အရင်ဆုံး ဦးစားပေးဆောင်ရွက်ရပါတယ်ဟု ပြောဆိုသွားသည်။ မြန်မာ့တပ်မတော် အနေဖြင့် မုန်တိုင်းကျရောက်နိုင်သော နေရာများအတွင်း လိုအပ်ပါက အကူအညီ ပေးနိုင်ရေးနှင့် ဆေးဝါးကုသပေးနိုင်ရေးတို့အတွက် လေယာဉ်၊ ရဟတ်ယာဉ်နှင့် စစ်သင်္ဘောများကို အသင့်ပြင်ထားကြောင်း အစိုးရမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။  မင်္ဂလာဒုံလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်မောင်းနှင်သည့် အရာရှိကြီးတစ်ဦးကလဲ ကျွန်တော်တို့ တပ်မတော်(လေ)က ကုန်တင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအားလုံး မုန်တိုင်းကယ်ဆယ်ရေးအတွက် ၂၄ နာရီ အသင့်စောင့်နေ ရပါတယ်။ လေတပ်က လေယာဉ်တွေ ရဟတ်ယာဉ်တွေ အားလုံးနီးပါး သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့ရင် နာရီပိုင်းအတွင်း ကယ်ဆယ်ရေးစတင်နိုင်အောင် ပြင်ဆင်ထားပါတယ်ဟု ပြောဆိုသွားသည်။  ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထက်တွင် မြန်မာ့တပ်မတော် အနေဖြင့် သဘာဝဘေူးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများအား ယခင် ကထက် ပိုမိုဆောင်ရွက်လာကြောင်း ယခင်အထောက်အထားများအရ သိရှိရသည်။  အောင်စိုး(စစ်တွေ)
မဟာဆန်မုန်တိုင်းကယ်ဆယ်ရေးလုပ်င
န်းများအတွက် မြန်မာ့တပ်မတော်အသင့်ပြင်ထား
Tuesday, May 14, 2013
ယခုလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ၀င်ရောက်မည်ဟု ယူဆထားသော မဟာဆန်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ ဒေသအတွင်းရှိတပ်ဖွဲ့ဝင်များအပြင် ရေတပ်နှင့် လေတပ်တို့ကိုလည်း အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။
မဟာဆန်မုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို စ၀င်မယ်လို့ သတင်းကြား ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ဒေသအတွင်းမှာရှိတဲ့ တပ်တွေကို ကယ်ဆယ်ရွှေ့ပြောင်းရေးတွေ အမြန်ဆုံးလုပ်ဖို့ ညွှန်ကြား ထားပြီး ဖြစ်ပါတယ်။ အခုလဲ မုန်တိုင်းဝင်မဲ့ဒေသက အန္တရာယ်ရှိနိုင်တဲ့
ဒေသကလူတွေကို ခြေလျင်တပ်ရင်း တပ်ဖွဲ့တွေ အကူအညီနဲ့ အန္တရယ်ကင်းတဲ့နေရာကို ရွှေ့ပြောင်းရေးတွေ လုပ်နေပါပြီ။ မုန်တိုင်း ကျရောက်ချိန်နဲ့ မုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာလဲ အမြန်ဆုံး ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ ညွှန်ကြား ထားပါတယ်ဟု
ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ဒေသခံခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးတစ်ဦးကလဲသဘာဝဘေးအန္တရာယ်ကျရောက်လာရင် ပြည်သူကို အမြန်ဆုံး ကာကွယ်ပေးဖို့ တပ်မတော်အကြီးအကဲတွေက ညွှန်ကြား ထားပြီးသားမှ အရင်ကြုံခဲ့တဲ့ မုန်တိုင်းတွေ တုံးကလဲ ကျွန်တော်တို့ တပ်ထဲက မုန်တိုင်းကြောင့် ပျက်စီးသွားတာတွေကို လှည့်မ ကြည့်နိုင်သေးဘဲ ပြည်သူလူထုကယ်ဆယ်ရေးကို အရင်ဆုံး ဦးစားပေးဆောင်ရွက်ရပါတယ်ဟု ပြောဆိုသွားသည်။ မြန်မာ့တပ်မတော်
အနေဖြင့် မုန်တိုင်းကျရောက်နိုင်သော နေရာများအတွင်း လိုအပ်ပါက အကူအညီ ပေးနိုင်ရေးနှင့် ဆေးဝါးကုသပေးနိုင်ရေးတို့အတွက် လေယာဉ်၊ ရဟတ်ယာဉ်နှင့် စစ်သင်္ဘောများကို အသင့်ပြင်ထားကြောင်း အစိုးရမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
မင်္ဂလာဒုံလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်မောင်းနှင်သည့် အရာရှိကြီးတစ်ဦးကလဲ ကျွန်တော်တို့ တပ်မတော်(လေ)က ကုန်တင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအားလုံး မုန်တိုင်းကယ်ဆယ်ရေးအတွက် ၂၄ နာရီ အသင့်စောင့်နေ ရပါတယ်။ လေတပ်က လေယာဉ်တွေ ရဟတ်ယာဉ်တွေ အားလုံးနီးပါး သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့ရင် နာရီပိုင်းအတွင်း ကယ်ဆယ်ရေးစတင်နိုင်အောင် ပြင်ဆင်ထားပါတယ်ဟု ပြောဆိုသွားသည်။
ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထက်တွင် မြန်မာ့တပ်မတော် အနေဖြင့် သဘာဝဘေူးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများအား ယခင် ကထက် ပိုမိုဆောင်ရွက်လာကြောင်း ယခင်အထောက်အထားများအရ သိရှိရသည်။
အောင်စိုး(စစ်တွေ)
Viewing all 1811 articles
Browse latest View live