Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာမည်
$
0
0
Myanmar Online News's photo.
ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာမည် Monday, June 03, 2013  နှစ်ပေါင်း ၅၀ ကျော်အတွင်း ဗြိတိန် တပ်မတော်ခေါင်းဆောင် တစ်ဦး၏ ပထမဦးဆုံးခရီးစဉ် အဖြစ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချတ်သည် ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။  ၎င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။  ဗြိတိန် ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး နှစ်ရက်ကြာ နေထိုင် မည် ဖြစ်ကြောင်း ဗြိတိန်သတင်းဌာန Sky News တွင် ဖော်ပြထားသည်။  သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်တို့ ယခုရက်ပိုင်း အတွင်း တွေ့ဆုံသွားမည် ဖြစ်ပြီး ခရီးစဉ် အသေးစိတ်ကိုမူ တပ်မတော်က တာဝန်ယူ စီစဉ်ခြင်း ဖြစ်၍ ထုတ်ပြန်နိုင်ခြင်း မရှိ ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။  မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် များကို အနီးကပ် စောင့်ကြည့် လေ့လာနိုင်ရန် နိုင်ငံရေးအရ သာမက စစ်ရေးတွင်ပါ ထိပ်တန်းခေါင်းဆောင် အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံခြင်း အားဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုကို ပိုမို နားလည်နိုင်မည်ဟု ဗြိတိန် အစိုးရက သုံးသပ်ထားကြောင်း Sky News တွင် ဖော်ပြထားသည်။ အရပ်သား အစိုးရ စတင်တာဝန်ယူပြီးနောက် ၂၀၁၂ ဧပြီလ အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာရောက် လည်ပတ်ခဲ့ကာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။  ယင်းနောက် တစ်လ အကြာ ဥရောပသမဂ္ဂ ၏ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှု အချို့ကို တစ်နှစ်ကြာဆိုင်းငံ့ ပေးခဲ့သည်။  The Voice
ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံလာမည်
Monday, June 03, 2013
နှစ်ပေါင်း ၅၀ ကျော်အတွင်း ဗြိတိန် တပ်မတော်ခေါင်းဆောင် တစ်ဦး၏ ပထမဦးဆုံးခရီးစဉ် အဖြစ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချတ်သည် ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗြိတိန် ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး နှစ်ရက်ကြာ နေထိုင် မည် ဖြစ်ကြောင်း ဗြိတိန်သတင်းဌာန Sky News တွင် ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်တို့ ယခုရက်ပိုင်း အတွင်း တွေ့ဆုံသွားမည် ဖြစ်ပြီး ခရီးစဉ် အသေးစိတ်ကိုမူ တပ်မတော်က တာဝန်ယူ စီစဉ်ခြင်း ဖြစ်၍ ထုတ်ပြန်နိုင်ခြင်း မရှိ ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် များကို အနီးကပ် စောင့်ကြည့် လေ့လာနိုင်ရန် နိုင်ငံရေးအရ သာမက စစ်ရေးတွင်ပါ ထိပ်တန်းခေါင်းဆောင် အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံခြင်း အားဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုကို ပိုမို နားလည်နိုင်မည်ဟု ဗြိတိန် အစိုးရက သုံးသပ်ထားကြောင်း Sky News တွင် ဖော်ပြထားသည်။
အရပ်သား အစိုးရ စတင်တာဝန်ယူပြီးနောက် ၂၀၁၂ ဧပြီလ အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာရောက် လည်ပတ်ခဲ့ကာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။
ယင်းနောက် တစ်လ အကြာ ဥရောပသမဂ္ဂ ၏ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှု အချို့ကို တစ်နှစ်ကြာဆိုင်းငံ့ ပေးခဲ့သည်။
The Voice
မြန်မာတို့နှင့် အိမ်နီးချင်း မိတ်ဆွေများ အကြောင်း
$
0
0
by Win Minthein (Notes) on Saturday, June 1, 2013 at 1:22pm
          ရေးမယ်လို့ ကြံထားတာ  ကြာပါပြီ။ ဟိုချိန်ဒီချိန်နဲ့ နေ့ရွှေ့  ညရွှေ့  ရွေ့လာတာ အတော်ကြာခဲ့ပြီပေါ။ အခုတော့ တကယ်ရေးဖြစ်ပါပြီ။  ကျွန်တော်  နားလည်မိသလောက်  ကျွန်တော့်အမြင်ကို  တင်ပြချင်း  သတ်သတ်မျှသာဖြစ်ပါတယ်။
          ယနေ့  ကျွန်တော်တို့ မြန်မာပြည်ဟာ  တံခါးပိတ်ဝါဒမှ သည်  တံခါးဖွင့်ချင်းဆီသို့  ကူးပြောင်းရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
တစ်ချိန်က ပိတ်ခဲ့သမျှရဲ့  ဆိုးကျိုး ဆိုးပြစ်တွေကို  တံခါးဖွင့်မှပဲ  ဟာကနဲ  ဟင်ကနဲ  နှင့် ရင်နင့်အောင် ခံစားလိုက်ရတယ်လို့ဆိုရင်  ကျွန်တော်လွန်လေမလား  မသိပါ။
         အဟုတ်ကို  ရင်နင့်အောင် ခံစားလိုက်ရပါတယ်။  တစ်ချိန်က တံခါးပိတ် ၀ါဒရဲ့အောက်မှာ  ကျွန်တော်တို့ဟာလည်း
မွေးကတည်းက စတေးခံခဲ့ရတဲ့  သားကောင်းတွေလိုပါပဲဗျာ။ တကယ်ကို ဘာမှ မသိခဲ့ပါ။ မသိချင်းမှ စ၍  မတတ်ချင်းဆီသို့
ရောက်မှန်းမသိ ရောက်ခဲ့ရပါတယ်။  ကျွန်တော်တို့ တတွေ  အိပ်မောကျခဲ့စဉ်မှာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေဟာ  အပြိုင်
အဆိုင်နဲ့  ရှေ့သို့သာဆိုတဲ့မူဝဒများနဲ့ တိုး၍ တိုး၍ သိ ၊ တိုး၍ တိုး၍ တတ် ၊ တိုး၍ တိုး၍ ကြီးပွားချမ်းသာကုန်ကြပါသည်။
         အသိပညာ အတတ်ပညာ ကွာခြားချက်က ပို၍ပို၍ ကြီးမား လာလေလေ တွေးခေါ်မျှော်မြင်နိုင်စွမ်း  က ပို၍ ပို၍ ကွာခြား
လာလေလေပင်  ဖြစ်နေတာ့သည်။ ကျွန်တော် အပါအ၀င် လူလတ်ပိုင်းသို့ ရောက်နေကြပြီ ဖြစ်သော သူအတော်များများဟာ
တစ်ချိန်က တံခါးပိတ်ချင်းရဲ့ အောက်မှာ ၀ိုးတ၀ါး အတွေ ၀ိုးတ၀ါး အသိများနှင့်သာ အချိန်အတော်ကြာကြာ ဘ၀ကို ဖြတ်သန်း
ခဲ့ကြရပါတယ်။ ဆယ်တန်းအောင် အောင်အရင်လုပ် ။ ဆယ်တန်းအောင်ရင် အမှတ်ကောင်းကောင်းရမှနော်။ ဒါမှ အင်ဂျင်နီယာ
ဆရာဝန် လိုင်းကိုလိုက်။ အင်ဂျင်နီယာ ၊ ဆရာဝန်ဖြစ်မှ ဆိုတဲ့ အတွေးအခေါ်အောက်မှာ နစ်မျောခဲ့ကြရပါ။
         နိုင်ငံတစ်နိုင်ငံ ထူထောင်ဖို့အတွက် အင်ဂျင်နီယာ ၊ ဆရာဝန်မှလား။ မဟုတ်သေးပါ။ အသိပညာရှင်များ အများကြီး လိုပါ
သည်။ ဒီလိုဆိုရင် မင်းက အင်ဂျင်နီယာ၊ ဆရာဝန်တွေဟာ  အတတ်ပညာရှင် သက်သက်တွေလို့ ပြောတာလားဟု စော်ဒက တက်
စရာရှိပါသည်။ တကယ်တော့ ပထ၀ီဟာလည်း အတတ်ပညာတစ်ခုပါ။ သမိုင်းဟာလည်း အတတ်ပညာတစ်ခုပါ။ အင်ဂျင်နီယာပညာ
ဟာလည်း အတတ်ပညာတစ်ခုသာ ဖြစ်ပါတယ်။ ဆရာဝန်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။
       အတတ်ပညာကို ကြိမ်ဖန်များစွာ လေ့လာသင်ယူပြီး အတွေ့အကြုံများနှင့်ပေါင်းစပ်ပါမှ ။ ထိုးထွင်းသိမြင်နိုင်တဲ့အသိပညာ ဖြစ်လာတာပါ။
       လက်ရှိအနေအထားမှာ ကျွန်တော်တို့အတွက် ပထ၀ီ၊ သမိုင်း ၊ စီးပွားရေး ဘာသာရပ်တွေမှာ ထိုးထွင်းသိမြင်နိုင်တဲ့  အသိ
ပညာရှင် ဘယ်လောက်ရှိ နေပြီလဲ။
        ကျွန်တော်တို့ ပတ်ဝန်းကျင် အိမ်နီး ချင်းတွေဆီမှာ ပထ၀ီ၊ သမိုင်း ၊ စီးပွားရေး ဘာသာရပ်တွေကို ထိုးထွင်း သိမြင်တဲ့
ပညာရှင်တွေ  ဘယ်လောက်များနေပြီလဲ။
        ကျွန်တော် တွေးမိတာလေး ချရေးကြည့်ပါ့မယ်။
        ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံနှင့်  တစ်ချိန်က သဘောတူစာချုပ်ဟုဆိုသော စာချုပ်များစွာ ချုပ်ဆိုခဲ့ပါတယ်။
ဘယ်သူတွေ သဘောတူသလဲတော့  ကျွန်တော်မသိပါ။  ကျွန်တော်သိတာလေးတော့  ချရေးပါ့မယ်။
        အိမ်နီးချင်နိုင်ငံအကြောင်းပေါ့။
       အဲဒီ အိမ်နီးချင်းနိုင်ငံဟာ ၁၉၉၀ ၀န်းကျင်မှာ အပြောင်းအလဲများစွာ နဲ့ တံခါးစဖွင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စီးပွားရေး
လည်း တစ်ဟုန်ထိုးတိုးတက်လာပြီး ကမ္ဘာ့ စီးပွားရေး ဈေးကွက်မှာ အင်အားကြီး အဖြစ်နှင့် ရပ်တည်လာ နိုင်ခဲ့ပါတယ်။ ယခုဆိုလျင်
ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံများ  ဖြစ်သော အမေရိကန်၊ ဂျပန်တို့နှင့် အပြိုင်  ဈေးကွက်ကို စိုးမိုးလာခဲ့ပြီ  ဖြစ်ပါတယ်။
ဆက်လက်၍လည်း  မိမိ၇ဲ့ ပြိုင်ဘက်များကို အလဲထိုး ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရေရှည်မှာ ဈေးကွက်တစ်ခုလုံးကို  စိုးမိုး
ထားနိုင်ဖို့ အတွက် နှစ်ရှည် စီမံကိန်းများ  ချမှတ်ကာ ဆောင်ရွက် နေပါတယ်။
       အဆိုပါနိုင်ငံရဲ့  နှစ်ရှည်စီမံကိန်းများထဲမှာ  ကျွန်တော်တို့ချစ်တဲ့ အမိမြေဟာလည်း တစ်စိတ်တစ်ပိုင်းသာမက  အဓိက နေရာ
ကနေ ပါဝင်လာပါတော့သည်။ သို့ဆိုပါလျှင် မြန်မာပြည်ဟာ  ဘယ်လောက်တောင် အရေးပါလာပါသလဲ။
           ကမ္ဘာ့စီးပွားရေး  ပြိုင်ဆိုင်မှုမှာ စားသုံးသူအတွက် ဈေးနှုံး ဟာ အဓီကဖြစ်လာပါတယ်။ ဒါကြောင့် ထုတ်လုပ်သူများဟာ
မိမိတို့ရဲ့  ကုန်ပစ္စည်းကို  စာရိတ်စက  သက်သာစွာ ထုတ်လုပ်နိုင်လေလေ ဈေးကွက်ကို အသာစီးနဲ့ ကြိုးကိုင်နိုင်လေလေဖြစ်
ပါတယ်။ ကုန်ပစ္စည်း ထုတ်လုပ်မှု မှာ  အဓိက ကျတဲ့ အကြောင်းတစ်ချက်က တော့ စွမ်းအင်ပါပဲ။ ကုန်ထုတ်လုပ်ဖို့အတွက်  လိုအပ်
တဲ့  စွမ်းအင်ကို ကုန်ကျစာရိတ်  သက်သက်သာနဲ့ ရရှိလေလေ အမြတ်အစွန်းများလာလေလေပါပဲ။
         ယနေ့ကမ္ဘာကြီးမှာ စက်များ လည်ပတ်ဖို့အတွက် အဓိက အသုံးပြုနေတဲ့ လောင်စာစွမ်းအင်ကို ရေနံကနေ အဓိက ရရှိပါတယ်။ အခြား သော လျှပ်စစ်စွမ်းအင်စတာတွေလည်း ရှိပါတယ်။ သို့အတွက်ကြောင့် အိမ်နီးချင်းနိုင်ငံဟာ စွမ်းအင် ဖူလုံရေး
နှင့် စွမ်းအင် လုံခြုံရေးကို သူနိုင်ငံအတွက် အမျိုးသား အကျိုးစီးပွားအဖြစ် သတ်မှတ်ပြီး စီမံကိန်းချ ဆောင်ရွက်လာပါတယ်။
အဆိုပါ အိမ်နီးချင်းနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေသည်ဆိုသော်လည်း ၁၀၀ % မဟုတ်သေးပါ။ နိုင်ငံရဲ့ အရှေ့ဖက် ကမ်းခြေဒေသ နှင့် အလယ်ပိုင်း၏အရှေ့ဖက် ဒေသ၊ အရှေ့တောင်ဖက်ဒေသ များတွင်သာ ဖွံ့ဖြိုးတိုးတက်မှု ရှိနေချင်းသာဖြစ်ပါတယ်။ အနောက်အလယ်ပိုင်းဒေသ၊ အနောက်ဖက်ခြမ်းရှိ ပြည်နယ်များ အားလုံး၊ မြောက်ဖက် ကုန်းတွင်းပိတ် ပြည်နယ်များအားလုံးဟာ
ဖွံ့ဖြိုးတိုးတက်မှု  နောက်ကျဆဲမှာပဲ ရှိပါသေးတယ်။
         ဒါကြောင့် တရုတ်နိုင်ငံဟာ ဒီဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက် သွားဖို့ ရှိပါတယ်။  ဆယ်စုနှစ် ၂ ခုအတွင်းလောက်မှာ  အဆိုပါဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက်  အပြီး တည်ဆောက်သွားရန် ရည်မှန်းချက် ရှိဟန်တူပါတယ်။
သည်အခါမှာ လောင်စာစွမ်းအင်ဟာ အဓိက နေရာကနေ ပါဝင်လာပါတယ်။ သို့အတွက် ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည်ဟာ
အရေးပါမှန်းမသိပဲ  အရေးပါလာခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့မသိမဟုတ်၊ သိခဲ့ပါတယ်။ ယောင်ဝါးဝါးသာသိခဲ့ပါတယ်။ တကယ်
ဘယ်လိုနေရာကနေ အရေးပါမှန်း မသိခဲ့ပါ။
         ယနေ့ အိမ်နီးချင်း နိုင်ငံဟာ  လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ  လိုအပ်တဲ့ စွမ်းအင်အရင်းအမြစ်များကို  လိုက်လံရှာဖွေခဲ့ပါတယ်။  ကမ္ဘာ့ စွမ်းအင် အရင်းအမြစ်  အတော်များများဟာ အရှေ့ အလယ်ပိုင်း ဒေသမှာ ရှိနေပါတယ်။
အဆိုပါအရင်းအမြစ် များကိုလည်း  အမေရိကန်နှင့် အခြားအနောက် ဥရောပ နိုင်ငံများမှ လွမ်းမိုးချုပ်ကိုင်ထားပြီး သားဖြစ်နေပါတယ်။  သို့အတွက်ကြောင့်  အိမ်နီးချင်း နိုင်ငံဟာ အာဖ၇ိကားတိုက်နှင့် တောင်အမေရိက သို့ ရေနံအရင်းအမြစ်
ရှာဖွေရေး လုပ်ခဲ့ရပါတယ်။  ရလည်း ရခဲ့ပါတယ်။ သို့ပါသော်လည်း အဆိုပါ ရေနံစွမ်းအင်များကို အမိမြေသို့ သယ်ယူရေးမှာ
များစွာ အခက်အခဲကြုံနေရပါတယ်။ အာဖရိကားမှ  ရေနံများကို သယ်ယူလိုပါက အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ နှစ်ခုကို
အရင်ဖြစ်ပြီး နိုင်ငံ၏အရှေ့ဖက် ဆိပ်ကမ်းများသို့  သယ်ရပါမည်။ ထိုမှတဆင့် ကုန်းတွင်း လမ်းကြောင်းများဖြင့် နိုင်ငံ၏အလယ်ပိုင်းသို သယ်ရပါမည်။ ထိုအခါ စွမ်းအင်အတွက် မည်မျှ ကုန်ကျစာရိတ် မြင့်တက်သွားပါမည်နည်း။
ပိုဆိုးသည်က မလာကာရေလက်ကြားကို ဖြတ်၍ သယ်ယူရသည်မှာ လုံခြုံရေးအရ များစွာ အန္တရယ်ရှိပါသည်။ မလာကာရေလက်
ကြားကို ပိတ်ဆို့ထားယုံမျှနှင့်  ကိစ္စအားလုံးပြတ်သွားနိုင်ပါသည်။
     သို့ပါသောကြောင့် အိမ်နီချင်း နိုင်ငံဟာ ရေနံစွမ်းအင်ကို အချိန်အတိုဆုံး၊ ကုန်ကျစာရိတ်အသက်သာဆုံး၊ လုံခြုံရေးအရ အာမခံချက်အရှိဆုံး လမ်းကြောင်းကို ရွေးချယ်လာပါတယ်။ အဲဒီလမ်းကြောင်းကတော့ မြန်မာပြည်ကို ဖြတ်ပြီး သယ်ယူချင်းပါပဲ။
ကျောက်ဖြူမှစ၍ မြန်မာပြည်ကို ဖြတ်ကာ ယူနန်နယ်အထိ တိုက်ရိုက် ပိုက်လိုင်းဖြင့် သယ်ယူရန် စီမံကိန်းဟာ အိမ်နီးချင်းတို့အ
တွက် အသက်တမျှအရေးကြီးသော စီမံကိန်း တစ်ခုဖြစ်လာပါတော့သည်။ အဆိုပါ ပိုက်လိုင်း စီမံကိန်းဟာ ဓါတ်ငွေ့တစ်ခုတည်းကို
သယ်ယူရန်အတွက်သာမဟုတ်ပဲ အာဖရိကားနှင့် တောင်အမေရိကတိုက်မှ သယ်ယူလာသော ရေနံစိမ်းများကိုပါ ကုန်းတွင်းသို့
တိုက်ရိုက် သယ်ယူရေးအတွက် မဟာဗျူဟာမြောက်ရေးဆွဲထားသော စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဦးတည်ဘွားတို့၏အနာဂတ်ကို
အဆုံးအဖြတ်ပေးနိုင်တဲ့ စီမံကိန်းတစ်ခုပါ။ အိမ်နီးချင်းတို့ တိုင်းပြည်အတွက် နေရှင်နယ် အင်းထရက်စ် တစ်ခုပါ။ သိပ်မကြာခင်သောကာလမှာ ရှမ်းကုန်းပြင်မြင့်နှင့် နီးစပ်တဲ့ အိမ်နီးချင်းတို့ရဲ့  ပြည်နယ်တစ်ခုမှာ ရေနံ၊ဓါတ်ငွေ့စက်ရုံတွေ အပြိုင်း
အရိုင်းနဲ့ ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ရေနံချက်စက်ရုံများရဲ့ နောက်ဆက်တွဲ ကောင်းကျိုး၊ ဆိုးကျိုးများကိုတော့
ပညာရှင်များက သိပ်မကြာခင်မှာ သုံးသပ်ရေးသား  လာမယ်လို့ထင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း
အိမ်နီးချင်းတို့အတွက် လောင်စာသယ်ယူစာရိတ် ၅၀% လျော့ကျသွားစေမှာ  ဖြစ်တဲ့အတွက် ဘီလီယံပေါင်းများစွာ အကျိုးများ
စေမည့်  စီမံကိန်းတစ်ခုဖြစ်ပါတယ်။ တနည်းဆိုသော် အပွန်းအပဲမခံနိုင်သော  အမျိုးသားအကျိုးစီးပွားတစ်ရပ် ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေး  ဈေးကွက်ကိုလည်း များစွာသက်ရောက်စေတဲ့  စီမံကိန်းတစ်ရပ်ဖြစ်ပါတယ်။
       ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ အစိပ်အပိုင်းတစ်ရပ်အနေနှင့်  ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကိုလည်း ပူတွဲအနေနှင့်
ဆောင်ရွက်ခဲ့ပါတယ်။  စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ  တန်ချိန် ၅၀၀၀၀ - ၁၀၀၀၀၀ ရှိသော ရေနံတင်သင်္ဘောများနှင့်
ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်ရန် ရည်ရွယ်ချက် ရှိမည်ဟုထင်ပါတယ်။  ကျောက်ဖြူတွင် တည်ဆောက်နေသော ရေနံ
လှောင်ကန်များကို မူတည်ပြီး ဖြစ်ပေါ်လာသော အမြင်များဖြစ်ပါတယ်။ ဓါတ်ငွေ့လှောင်ကန်များဟု စော်ဒကတက်စရာရှိပါတယ်။
ဓါတ်ငွေ့လှောင်ကန်များတည်ဆောက်ပုံနှင့်  ရေနံလှောင်ကန်များ တည်ဆောက်ပုံကို နားလည်သော ပညာရှင် အင်ဂျင်နီယာများမှ
ဝင်ရောက်ဆွေးနွေးပေးပါဟု မေတ္ထာရပ်ခံလိုပါတယ်။
      ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ ကုန်သေတ္တာတင် သင်္ဘောများ ဆိပ်ကပ်ရန်ဟု တင်ပြထားခဲ့ပါတယ်။  တန်ချိန်များစွာ
ရှိတဲ့ ကုန်သေတ္တာတင် သင်္ဘောတွေအတွက် ဟုဆိုပါလျှင် တို့မြန်မာပြည်အတွက် ဒီလို ကုန်သေတ္တာတန်ချိန် သိန်းသန်းချီပြီးကိုင်
တွယ်မည့် ဆိပ်ကမ်းကြီးတွေ လိုလို့လားဟုမေးလာစရာရှိပါသည်။ လိုပါသည်။ ရှိထားလျှင်ကောင်းပါသည်။ သို့သော် ကျွန်တော်တို့၏ထုပ်လုပ်မှု  စွမ်းအင်သည် နောင် နှစ် ၂၀ အတွင်း မည်သို့မှ သိန်းသန်းချီသော ကုန်ပစ္စည်တင်ပို့သည့်အဆင့်အတန်းသို့ ရောက်မလာနိုင်သေးပါ။ သို့သော် ရရှိလာမည့် စွမ်းအင် အ၇င်းအမြစ်များပေါ်တည်မှီပြီး
လူဦးရေ  သန်း ၃၀၀၀ သို့ရောက်လုနီးနေသော  အိမ်နီးချင်းတို့အတွက်သည်ကား  ပြေလည်ရုံသက်သက်အဆင့်သာ ရှိနေပါလိမ့် အုံးမည်။
        လွန်ခဲ့သော နှစ် ၁၀၀ မှစ၍ နောင်လာလတ္တံသော နှစ်များစွာအထိ ကမ္ဘာပေါ်တွင်  အထိရောက်ဆုံး ကုန်စည် သယ်ယူပို့ဆောင်ေ၇း လမ်းကြောင်းဟာ ရထားလမ်းသာလျှင်ဖြစ်ပါတယ်။  စဦးတည်ဆောက်စာရိတ်မြင့်မားသော်လည်း
နှစ်အနည်းငယ်အတွင်း  တည်ဆောက်စာရိတ်ကြေပါသည်။ အဘယ်ကြောင့်ဆိုသော်  ရထားတွဲ တစ်တွဲဖြင့်  ကုန်စည်
တန်ချိန်များစွာကို  အလျှင်အမြန်သယ်ယူနိုင်၍  ဖြစ်ပါသည်။ ထို့အပြင် ရထားတွဲ တစ်တွဲ၏တည်ဆောက်မှု  စာရိတ်သည်
သင်္ဘော တစ်စီး  တည်ဆောက်  စာရိတ်ထက် များစွာ  သက်သာပါသည်။ လောင်စာလိုအပ်ချက်လည်း  များစွာသက်သာပါ
သည်။
    အဆိုပါ အကြောင်းအချက်များကြောင့်  အိမ်နီးချင်းတို့၏ ကုန်းတွင်း  ပြည်နယ် တစ်ခုမှ ကျောက်ဖြူသို့ ရထားလမ်း စီမံကိန်း
ဆိုသော စီမံကိန်းတစ်ရပ်ပေါ်ထွက်လာခဲ့ပါသည်။  အဆိုပါစီမံကိန်းကြောင့်  ကုန်းတွင်းပိတ်ပြည်နယ်များမှ  ကုန်စည်များသည်
သယ်ယူပို့ဆောင်ရေး  စာရိတ် ၅၀% ထက်မနည်း သက်သာစွာဖြင့်  ကမ္ဘာ့ဈေးကွက်သို့  ရောက်လာပါလိမ့်မည်။
ဘီလီယံပေါင်းများစွာ  အကျိုးအမြတ်ရရှိပါမည်။  မည်သို့မျှ အပွန်း အပဲ မခံနိုင်သော အမျိုးသာ အကျိုးစီးပွားတစ်၇ပ်  ဖြစ်လာပြန်ပါသည်။
    စတုတ္ထမြောက် ရည်မှန်းချက် စီမံကိန်းတစ်ခုကတော့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း များ ဖြစ်ပါသည်။ အဘယ်မျှ အကျိုးများပါသနည်း။ ဧရာဝတီ မြစ်ဆုံစီမံကိန်း  ကြောင့် အနည်းစပ်ဆုံး ဦးတည်ဘွားတို့ ပြည်နယ်ကြီးအတွက် စွမ်းအင်ဖူလုံသွား
ပါမည်။  ကုန်ကျစာရိတ် များစွာ သက်သာသွားပါမည်။ သို့အတွက်ကြောင့် အပွန်းအပဲ့မခံနိုင်သော အမျိုးသား အကျိုးစီးပွား
တစ်ရပ်  ဖြစ်လာခဲ့ပါသည်။
              သို့သော်လည်း အမှတ်မထင် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲတွင်  အိမ်နီးချင်းတို့  အငိုက်မိခဲ့ပါသည်။ မြန်မာပြည်
သူအပေါင်းမှ  သဘောမတူ လက်မခံသော ဧရာဝတီ မြစ်ဆုံစီမံကိန်းကို သမတဦးသိန်စိန်  အစိုးရမှ မိမိတို့၏သက်တမ်းအတွင်း ရပ်
ဆိုင်းထားမည်ဟု  ကြေငြာခဲ့ပါသည်။  အမှတ်မထင်  အငိုက်မိခဲ့ချင်းဖြစ်ပါသည်။ အတော်လည်း အထိနာခဲ့ရပါသည်။
              ဧရာဝတီ မြစ်ဆုံစီမံကိန်းတွင် အငိုက်မိခဲ့သော  အိမ်နီးချင်းတို့သည်  ကျန်သော အပွန်းအပဲ့မခံနိုင်သော  အမျိုးသား
အကျိုးစီးပွား  များကို  ကာကွယ်ရန်အတွက်  နည်းလမ်းပေါင်းဆုံဖြင့် ကာကွယ်ကြမည် ဆိုသည်ကို  မေးခွန်းထုတ်စရာပင်လိုမည်
မဟုတ်ဟု  ထင်မြင်မိပါသည်။
             တဖက်တွင်  ဘီလီယံပေါင်းများစွာ  အကျိုးအမြတ်ရစေမည့်  စီမံကိန်းများအတွက် ကျွန်တော်တို့ မြန်မာပြည်အတွက်လည်း  ထိုက်သင့်သော  အဖိုးအခရရှိရန်လိုအပ်ပါသည်။  ဤစီမံကိန်းများသည်  ကမ္ဘာ့အခင်းအကျင်းများကိုပါ
ပြောင်းလည်း  သွားစေနိုင်သော  အကြောင်းအချက်များကြောင့်  လိမ္မာပါးနပ်  စွာနှင့်  ကိုင်တွယ်ဖြေရှင်းတတ်ရန်လည်း များစွာလို
အပ်ပါသည်။  ပန်းပြားပင်ကဲ့သို့  မကျင့်မိလျှင်လည်း  ဘေးဒုက္ခရောက်တတ်ပါသည်။  စုဖုရားလတ်ကဲ့သို့ ရာဇမာန်တက်ခဲ့လျင်လည်း  အချုပ်အခြာအာဏာကို  ထိပါးတတ်ပါသည်။ လိမ္မာပါးနပ်စွာ  ကျင့်ကြံတတ်ဖို့ များစွာလိုပါမည်။
             ရာဇ၀င်တွင် သမိန်ဗရမ်းသည် ချိုင်းကြား ချပ်ကြိုးပြတ်သည်မှ  ချက်ကြိုးပြတ်ရာကို  လှံနှင့်ထိုး၍  လိုရင်းကို ပြီးစေခဲ့ပါသည်။  အမတ်တိန် က  ရာဇာဓိရာဇ်ကို ဆက်ဆံသကဲ့သို့လည်း  နှုတ်ရေးကြွယ်စွာ သော်လည်းကောင်း  အရှည်ကို ကြိုတင်မျှော်၍  လိမ္မာပါးနပ်စွာ ဆက်ဆံတတ်ရန်လိုအပ်  သည်ဟု ထင်မြင်မိပါသည်။
            အနာဂတ်မြန်မာပြည်နှင့်  နောင်လာနောက်သား  သားစဉ်မြေးဆက်တို့  ကောင်းစားရေးအတွက် ပထ၀ီ၊ သမိုင်း၊ စီးပွား
ရေး ၊ နိုင်ငံရေး ပထ၀ီ၊ လူမှုရေး ပထ၀ီ ၊ ဥပဒေရေးရာ စသည် စသည် ဘာသာရပ်တို့တွင် အတတ်ကို တတ်ယုံသာလျှင်မဟုတ်
အသိဥာဏ်တစ်ခု  ဖြစ်လာသည်အထိ တတ်သိလိမ္မာသော  လူငယ်လူရွယ်များ အမြောက်အများ မွေးထုတ်နိုင်ပါစေလို့ ဆုတောင်း
ပါတယ်။ ယနေ့ခေတ်  အမိမြန်မာပြည်အတွက်  အဓီကလိုအပ်နေသည်မှာ  တော်လှန်ရေးသမားများမဟုတ်ပဲ မည်သို့မည်ပုံ လုပ်
ကိုင် ဆောင်ရွက်ရမည်ကို တတ်သိ နားလည် ကျွမ်းကျင်သော ထူထောင်ရေးသမားများသာလျင်  လိုအပ်နေပြီဟု ထင်မြင်မိပါသည်။
( စာကြွင်း - အခွင့်ကြုံခဲ့ပါက မြန်မာပြည်နှင့်  ဆာမူရိုင်းတို့ အကြောင်းကို ဆက်လက်ရေးသားပါမည်။)
             - ကိုယ့်ပိုင် Note တစ်ခုအနေနှင့် မိမိအမြင်ကိုသာ ရေးသားထားပါသဖြင့် အချက်အလက်ပိုင်းအရသော်လည်းကောင်း
               အရေး အသားအရသော်လည်းကောင်း အားနည်းချက်များရှိပါသည်။ ဖတ်မိသော သူငယ် ချင်းမိတ်ဆွေများအတွက်
              ငြီးငွေ့ စဖွယ်ဖြစ်ပါက နားလည် ခွင့်လွတ်သီးခံပေးပါရန် အနူးအညွတ်တောင်းပန်အပ်ပါသည်။)
" တပ်မတော် …..ဘာလဲ….ဘယ်လဲ… - ၁၃ "
$
0
0
၁၉၉၃ ဇန်န၀ါရီ ၉ ရက်နေ့ …..
ရန်ကုန်မြို့ အလုံလမ်း သမတအိမ်တော် အစည်းအဝေးခန်းမမှာ….
တပ်မတော် အစိုးရ ဦးစီးတဲ့  .......
ကိုယ်စားလှယ်အတော်များများဟာ….
ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ အတွက် …….
အမျိုးသားညီလာခံကို ကျင်းပလျက် ရှိပါတယ်…….။
ဒါဟာ ……
ရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ တပ်မတော်ကြား ……
အဏာ ချိန်းပြောင်းလွှဲအပ်ရေး အတွက် ဆွေးနွေးပွဲ ဖြစ်သလို ……
နိုင်ငံရေးပါတီတွေ အနေနဲ့ …..
အနာဂတ်မှာ တပ်မတော်ရဲ့  အနေအထားကို ……
အာမခံချက် ဘယ်လိုပေးမလဲ ဆိုတာ …….
အပြန်အလှန် ညှိနိုင်းကြတဲ့ ပွဲလည်းဖြစ်ပါတယ်……..။
ကနဦးမှာ…..
ရွေးကောက်ပွဲ အနိုင်ရပါတီ …….
မဲရထားသော အခြား ပါတီ ကိုယ်စားလှယ်တွေနဲ့ …….
တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များပါ ပါဝင်ခဲ့ ပေမယ့်……
ထိန်းသိမ်းခံထားရတဲ့ ပါတီခေါင်းဆောင်ကို ……..
ဇူလိုင်လအတွင်း …..
နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးခဲ့ ပြီးတဲ့ နောက်…….
၁၉၉၅ နိုဝင်ဘာရဲ့ နေ့ တစ်နေ့ မှာ …..
ရွေးကောက်ပွဲ အနိုင်ရပါတီရဲ့  ညီလာခံကိုယ်စားလှယ် ၈၆ ဦးဟာ…..
အမျိုးသား ညီလာခံကို သပိတ်မှောက်ခဲ့ ပါတယ်……။
တပ် စကားနဲ့ ပြောရရင်တော့ …..
အခြေအနေ ဖန်တီးနိုင်ခွင့် ကိုယ့်ဆီမှာ မရှိပဲ ……
ရန်သူကို ထိုးစစ်သွားဆင်သလို ဖြစ်ခဲ့ပြီး…....
တပ်မတော် အစိုးရ ကတော့ …..
သပိတ်မှောက်ပြီး သုံးရက်အကြာမှာ…..
ကိုယ်စားလှယ် ၈၆ ဦးလုံးကို ……
ညီလာခံက ထုတ်ပြစ်လိုက်တာနဲ့ ပဲ……
တုန့် ပြန်ခဲ့ ပါတယ်……။
အနှစ်လေးငါးဆယ် တိုက်ပွဲတွေကြားမှာပဲ …..
တိုက်ရင်းခိုက်ရင်း ကြီးထွားလာပြီး…..
အရပ်ဖက် နိုင်ငံရေးပါတီတွေကို ......
သတိနဲ့ ပဲ ဆက်ဆံဖို့ …..
အကြောင်းဖန်လာတဲ့ တပ်မတော်တစ်ခု အတွက်.....
ဒီလို သဘောထား တင်းတင်းမာမာ တုန့် ပြန်တာဟာ ….
သိပ်မထူးဆန်းလှပေမယ့်……
..............
ပြည်သူအများစု ထောက်ခံတဲ့ ……
ပညာတတ်ခေါင်းဆောင် အများအပြားပါဝင်တဲ့ ……
အရပ်ဖက် နိုင်ငံရေးပါတီကြီး တစ်ခုအနေနဲ့ တော့….
ဒီ သဘောထား တင်းမာလှတဲ့ …….
ညီလာခံကို သပိတ်မှောက်တဲ့ ဆုံးဖြတ်ချက် ရဲ့ အကျိုးဆက်ကို …..
နောက်ထပ် ၁၇ နှစ်တိတိ ….
နင့်နေအောင် ခံရပါတော့မယ်…..။
၁၇ နှစ်အတွင်း ……
ပါတီရဲ့ အင်အား အများစု ဟာ…..
ချိနဲ့ ပြုန်းတီးသွားအောင် ချေမှုန်းခံခဲ့ ရပြီး….
နောင် ၁၇ နှစ်အကြာမှာလဲ …..
၁၉၉၅ ခုနှစ်ကထက်….
ပိုမို ဆိုးရွားတဲ့ အခြေအနေမျိုးကိုပဲ ….
အလျော့ပေး လက်ခံခဲ့ရ ပါတော့တယ်…….
ဒါဟာ……စစ်တပ်က ……
၂၂ နှစ် လောက်ကြာအောင် နေရာယူဖြစ်သွားစေတဲ့  …
အကြောင်းပေါင်း များစွာထဲက တစ်ခုလို့ လဲ ……….
ဆိုနိုင်ပါတယ်………………….…။
အမျိုးသားညီလာခံဟာ ……
တကယ်တော့ …..
ဖွဲ့ စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ ဆိုတဲ့ ......
မှတ်ချက်ထက်စာရင်…..
တပ်မတော်အနေနဲ့  ……
အနာဂတ်နိုင်ငံရေးခရီးမှာ …….
သူ့ ကို အားအင်ချိနဲ့ သွားအောင် မဖြိုခွဲပါဘူးဆိုတဲ့  အာမခံချက်မျိုး…...
များပြားလှတဲ့  …….
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ အားလုံးကို ……
တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ …….
တစ်စုတစ်စည်းတည်း စနစ်တကျ ထားရှိဖို့ ဆိုတဲ့ .....
ကတိက၀တ်မျိုး……
ပြည်နယ်တွေအနေနဲ့  …….
ဘယ်တော့မှ ခွဲမထွက်သွားပါဘူး ဆိုတဲ့ .....
သဘောတူညီချက်မျိုးကို …..
ခိုင်ခိုင်မာမာရချင်တာပဲ ဖြစ်နိုင်ပြီး ……
..............
ဒီ အချက်တွေ ထည့်သွင်းရေးဆွဲထားမယ့် ……
နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို…..
နောက်လာမယ့် အစိုးရများက ……
အလွယ်တကူ ပြင်ပြစ်လို့ မရနိုင်ဖို့ ….
ဥပဒေပြု လွှတ်တော်တွင်းမှာ ……
တပ်မတော်သားအမတ် ရာခိုင်နူန်းတစ်ခုကို ….
အချိန်အတိုင်းအတာတစ်ခုအထိ …….
ထည့်သွင်းထားခဲ့ ဖို့ ……
ရည်ရွယ်တာပဲ ဖြစ်နိုင်ပါတယ်…………။
တပ်မတော်နေရာက စဉ်းစားရင်…..
သူတို့ အကြိမ်ကြိမ် လှံစွပ်ထိုးသိမ်းပိုက်….
တပ်ရင်းလိုက် ပြုတ်လုနီးပါး …..
ရင်းနှီး တည်ဆောက်ထားတဲ့  စခန်းတွေဟာ …..
အနာဂတ်ကာလမှာ……
အာဏာရပါတီက ……
လူကြိုက်များတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပ….
လက်ခုပ်သံတဖြောင်းဖြောင်းလျံကျ……
တစ်ယောက်နဲ့ တစ်ယောက် လက်ဆွဲနူတ်ဆက်…..
ဓာတ်ပုံတွေ တဖျတ်ဖျတ်ရဲ့ နောက်ဆက်တွဲအဖြစ်.....
တောင်ကုန်းပေါ်က ပြန်ဆုတ်လာတဲ့  ….
နောက်ဆုံး စစ်သည် အောက်မရောက်ခင်……
တောင်ကုန်း တစ်ဖက်က လက်နက်ကိုင်တပ်တွေက…..
ဝင်ရောက်နေရာယူနေတဲ့  မြင်ကွင်းမျိုးကို…..
သူတို့ အကြိမ်ပေါင်း များစွာ ကြည့်ခဲ့ ရပေါင်း များလှပါပြီ…..
မအောင်မြင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ …..
တောင်လိုပုံနေတဲ့ မြန်မာပြည်မှာ….
စခန်းတစ်ခုထဲကို လေးငါးခြောက်ခါ ပြန်သိမ်းရင်း……
ကျဆုံးခဲ့ ရတဲ့ စစ်သည်အရေအတွက်ဟာ….
အဲဒီတောင်လောက် နီးပါးမြင့်နေရပြီဆိုတာ …
သူတို့ ဖြတ်သန်းလာတဲ့  သမိုင်းက …..
သူတို့ ကို ကောင်းကောင်း သင်ပြထားခဲ့ ပြီးလဲ ဖြစ်ပါတယ်…....။
တပ်မတော် အနေနဲ တော့……
အုပ်ချုပ်ရေးအာဏာကို ….
ဆုပ်ကိုင်ထားလို့ မရဘူးဆိုတာ ……
ရှင်းရှင်းလင်းလင်း နားလည်ပုံရပေမယ့် …..
သူတို့ လိုချင်တဲ့ ကတိက၀တ်မျိုး ……
သူတို့ လိုချင်တဲ့ အာမခံချက်မျိုး…..
သူတို့ ရပ်တည်မှု ကို ခြိမ်းခြောက်မယ့် ……
နိုင်ငံရေး အခင်းအကျင်းမျိုးနဲ့ တော့……
အာဏာကိုလွှဲပေးဖို့ မဖြစ်နိုင်ဘူး ဆိုတာ……
တပ်မတော် အနေနဲ့ ယတိပြတ်…..
ဆုံးဖြတ်ထားပြီး ဖြစ်ပုံရပါတယ်…....….။
( အပိုင်း ၁၄ နောက်ရက် ဆက်တင်ပါမည် )
— with James Mint and 59 others.
“သေခါနီးတစ်ယောက်၏ ဂယောက်ဂယက်အတွေးများ”
$
0
0
by Soe Min (Notes) on Saturday, June 1, 2013 at 11:50pm
          ဖေ့စ်ဘုတ်ပရိုဖိုင်းပုံမှာ လိမ္မော်ရောင်တီရှပ်နဲ့ ငယ်ငယ်တုန်းကပုံကြီး တင်ထားတယ် လို့ ပြောကြတာကို မခံနိုင်လို့ “ဘယ်ကဟုတ်ရမှာလဲ။ အဲဒါ ဘူတန်ရောက်စက မီးပူတိုက်ရင်း ၀က်ကင်နဲ့ ရိုက်တင်ထားတာ။” လို့ မကြွားသော်ဝါရာရှိ ပြန်ပြန်ချေခဲ့တာတောင်မှ အခုဆို လေးနှစ်ကျော်လာခဲ့ပြီကော။ လေးနှစ်ဆိုတဲ့အချိန်ဟာ လူတစ်ယောက်ကို ကောင်းကောင်းကြီး ပြောင်းလဲသွားစေနိုင်သားပဲ။ အဲသည်အရှေ့က ၁၆ နှစ်စာမှာ မသိသာပေမယ့် သူ့နောက်ပိုင်း လေးနှစ်တာကတော့ တော်တော်သိသာသွားခဲ့ပြီ။
ရုပ်ဆင်းသွင်ပြင်က နေ့တိုင်းမှန်ထဲမှာ မြင်နေကျမို့ သိပ်မပြောင်းလဲပါဘူးဆိုတာတောင် သိသိသာသာ ပြောင်းလဲလာတာတွေကိုလည်း မသိချင်ယောင်ဆောင်ထားလို့ မရတော့ဘူး။ ခန္ဓာကိုယ်ကို တည်ဆောက်ထားတဲ့ ဆဲလ်တွေအားလုံး အကျပိုင်းကို ရောက်လာပြီ။ အရင်တုန်းကဆို တစ်လတစ်ခါ မညှပ်ဖြစ်ရင် ဘုတ်သိုက်ကြီးဖြစ်လာတဲ့ ဆံပင်တွေလည်း နှစ်လလောက် မညှပ်ဖြစ်တာတောင် သိပ်မသိသာတော့ဘူး။ လက်သည်းခြေသည်းညှပ်ရတဲ့ အချိန်အပိုင်းအခြားလေးတွေတောင်မှ ပိုပိုခြားလာတယ်။ ခုရက်ပိုင်း မျက်စိနာဖြစ်တော့ ဆယ်ရက်လောက်ကြာတာတောင် မပျောက်သေးဘူး။ ဆေးမျိုးကိုစုံလို့။ ငယ်ငယ်ကဆို ပွဲကြည့်မီ လေးနာရီမျက်စဉ်း နဲ့ လေးငါးခါလောက် ခပ်လိုက်ရုံပဲ။ (ညနေလေးနာရီက ခပ်လိုက်ရင် ညပွဲကြည့်အမီ ပြန်ကောင်းသတဲ့) ဟိုးတလောက လက်ကျိုးတုန်းကလည်း တော်တော်နဲ့ ပြန်မကောင်းဘူး။ ငယ်ငယ်ကကြာတဲ့အချိန်ထက် နှစ်ဆမကပိုကြာတယ်။ အပွန်းအပဲ့ ဒဏ်ရာကလေးတွေကအစ အနာရွတ်ပျောက်အောင် တစ်လကျော်ကြာတယ်။ ရွှေတိဂုံဘုရားပေါ်သွားတဲ့အခါ သားအဖနှစ်ယောက် ဘုရားဝတ်ပြုပြီး ပြန်အထမှာ ကိုယ်ကသူ့လို ၀ုန်းကနဲဆတ်ကနဲ ခုန်မထနိုင်တော့ဘူး။ လက်ကလေးနဲ့ထောက်ကာ၊ ဒူးကလေးကိုကိုင်ကာနဲ့ မသိမသာ ထူပြီးထရတယ်။ ခြေလက်ခန္ဓာက အဆစ်အမြစ်တွေဟာ သံချေးကိုက်စပြုနေတဲ့ တံခါးပတ္တာများလို အဖွင့်အပိတ် ကြပ်တပ်တပ် ဖြစ်နေပြီ။ ကိုယ့်သက်တမ်းကိုယ် ခြောက်ဆယ်နဲ့တွက်ထားတာမို့ အခုဆိုရင် နောက်ဆုံးကျန်တစ်စိတ်ထဲဝင်လာခဲ့ပြီ။ မကောင်းတော့တဲ့၊ မချိုမြိန်တော့တဲ့၊ မလတ်ဆတ်တော့တဲ့ လေးစိတ်တစ်စိတ် လို့တော့ သဘောမထားသော်လည်းပဲ အဲဒါတွေအားလုံး အမှန်တရားအဖြစ် လက်ခံရတော့မယ်။
             သေချာတာကတော့ အဲသည်တစ်စိတ်ကို သေခါနီးတစ်စိတ်လို့ ခေါ်ရင် မမှားဘူး။ ခေါက်ကနဲ နဲ့ ရုတ်တရက် မဟုတ်လို့ကတော့ ဒါပြီးရင် သေဖို့ပဲ ကျန်တော့မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သေခါနီးပြီဆို ရိက္ခာယူဖို့ စဉ်းစားရတော့မှာပေါ့လေ။ နေ့ဖို့ညစာတောင် နပ်မမှန်ရတဲ့အထဲ ဘယ်ဆီနေမှန်းမသိတဲ့ နောက်ဘ၀အတွက် မပြင်နိုင်ကြတာကတော့ သူသူကိုယ်ကိုယ်ပါပဲ။ ခေတ်ကာလ ရွှေညီအကိုများ အားလုံးလိုလို မနက်ဖြန်ကို မယုံကြည်ကြသူများချည့် ဖြစ်ကုန်ပြီ။ ကိုယ့်ဆီမှာရှိတဲ့ သေခါနီးကြီးတွေ ဘယ်နေရာမှာ ရိက္ခာယူနေကြသလဲ ဆိုတာတော့ ပြောစရာမလို။ လူတိုင်းသိနေတယ် မဟုတ်လား။ သူတို့ယူတဲ့ရိက္ခာက သေရင်ထားပစ်ခဲ့ရမှာစိုးလို့ ရှိသမျှစည်းစိမ် အကုန်ခံစားပြီး သည်ဘ၀သည်ကိုယ်နဲ့ ရသလောက် စံသွားမယ်ဆိုတဲ့အယူ။ နောက်ဘ၀တင်မယ့်ကြွေးကို နောက်ကိုယ်နဲ့ခံမယ် လို့ သဘောထားကြတာ။ ခုတော့ ကိုယ့်အလှည့်ရောက်တော့မယ်။ မသေခင် ဘာရိက္ခာတွေ ပြင်ဆင်ထားရမလဲ။ ဘာတွေထားခဲ့ပြီး ဘာတွေသယ်သွားမလဲဆိုတာ ဖဲသမားများ ၀မ်နင်ခေါ်တဲ့အချိန် အပုံထိန်းရိုက်သလို ထိန်းထိန်းသိမ်းသိမ်းလေး သုံးသပ်မိပါတယ်။
             လူ့သက်တမ်း သုံးချိုးနှစ်ချိုးမှာ ဘာတွေစုမိထားပြီလဲ။ ဘာတွေဖြစ်လာခဲ့ပြီလဲ။ လို့ ပြန်တွေးကြည့်တော့ ဥစ္စာပစ္စည်းအနေနဲ့ကြည့်ရင် ဘာတစ်ခုမှ ဟုတ်ဟုတ်ငြားငြား မရှိပါဘူး။ လစဉ်ဝင်ငွေနဲ့ထွက်ငွေကို အလျဉ်မီရုံကလေး ချင့်ချိန်သုံးနေရတယ်။ မတ်တတ်စာအပြင် တုံးလုံးစာတောင် မရှိ။ ပူပင်နေရတဲ့ဘ၀ မဟုတ်တာပဲ ရှိတယ်။ ဒါပေမယ့် သည်အသက်သည်အရွယ်ထိအောင် မလုပ်သင့်မလုပ်ထိုက်ဘူးလို့ ကိုယ့်ဘာသာယူဆထားတဲ့အလုပ်တွေကို ငွေကြေးအတွက်ရော၊ အကြောက်တရားနဲ့ပါ မလုပ်ခဲ့မိသေးဘူးလို့ တွေးလိုက်ရင် လက်ခမောင်းတောင် ခတ်လိုက်ချင်သေး။ နောက်ဘ၀မှာ ပေးဆပ်စရာ ငရဲကို စစ်စစ်ပေါက်ပေါက် ပြန်တွေးကြည့်ရင် ဆေးကျောင်းသားဘ၀တုန်းက ပိုးဟပ်ကလေးတွေ၊ ဖားကလေးတွေ သတ်ခဲ့ဖူးတယ်။ ခြင်တဖတ်ဖတ်ရိုက်ဖူးတယ်။ သွန်သင်ဆုံးမပေးသော မိဘဘိုးဘွား ဆရာသမားများ ဂုဏ်ကျေးဇူးကြောင့် သည်ဘ၀မှာ “ကောက်ကျစ်သော”၊ “ယုတ်မာသော”၊ “ကိုယ့်အကျိုးစီးပွားအတွက် လူတဘက်သား ဒုက္ခရောက်စေတတ်သော”၊ “လှည့်ပတ်လိမ်ညာတတ်သော”၊ “ဟန်ဆောင် ရက်စက်တတ်သော” သူတစ်ယောက်တော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ ခုမှ သေသေချာချာ ပြန်စဉ်းစားကြည့်မိတာ။ အဲလိုလူတွေ အများကြီး ကြုံတွေ့ခဲ့ရဖူးတယ်။ အခုလည်း မျက်စိအောက်မှာ မြင်နေရတယ်။ သူတို့တတွေ ဘာကြောင့် ဘာအတွက် သည်လိုလုပ်နေကြသလဲတော့ မတွေးတတ်ဘူး။ ဒါပေမယ့် ဘယ်လိုအကြောင်းနဲ့မှ သူတို့လုပ်နေတဲ့အလုပ်တွေကို မလွှဲသာမရှောင်သာ အတူပါဝင် လုပ်ဆောင်နေရတဲ့ဘ၀မှာ ကိုယ်မပါဘူး ဆိုတဲ့အသိဟာ ဘယ်လောက် ၀မ်းသာစရာကောင်းသလဲ။ အတိတ်ဘ၀က ကုသိုလ်ကံကြောင့် သည်ဘ၀မှာ အကုသိုလ်ကင်းသော လူမှုအသိုင်းအ၀ိုင်းမှာ အကုသိုလ်ကင်းရာကင်းကြောင်း အဆုံးအမနဲ့ ကြီးပြင်းခွင့်ရခဲ့တယ်။ လူဖြစ်မရှုံးတဲ့ ဘ၀ကိုရခဲ့တယ်။ သံသရာအတွက် အကြွေးမတင်ဘူး။ သည်နှစ်ခုနဲ့တင် ခုဘ၀ကို ကျေနပ်စရာကောင်းနေပြီပေါ့။
            လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တော့ ဘုရားဒကာထင်ကြတာချည့်ပါပဲ။ သေတော့မှသာ မယားဘယ်နှစ်ယောက် အမွေလုရသလဲ လူသိရှင်ကြား ဖြစ်လာတာ။ ဒါတောင် ခိုးစားတဲ့ အိမ်ကမိအေးတွေ မပါသေးဘူး။ လူတစ်ယောက်ရဲ့ သီလ နဲ့သိက္ခာကို လူပုံအလယ်မှာ မြင်ရတဲ့အတိုင်း၊ သူ့ပါးစပ် သူများပါးစပ်က ထုတ်ဖော်ပြောဆိုနေတဲ့အတိုင်း ယုံလို့ ဘယ်ရမလဲ။ ဘယ်သူမှ မတွေ့တဲ့ ဆိတ်ကွယ်ရာမှာ သူဘယ်လိုစောင့်စည်းသလဲ။ စိတ်ရင်းအမှန်ပေါ်လာတဲ့အချိန်မှာ သူဘယ်လို ပြုမူသလဲဆိုတာကို ကြည့်ရပါသတဲ့။ ဒါပေမယ့် ဘယ်သူတွေ သိသိ မသိသိ ကိုယ့်ဘာသာကိုယ်တော့ မသိပဲ ဘယ်နေပါ့မလဲ။ ကိုယ့်စရိုက်အမှန်ကို သူများတွေသိမှာစိုးလို့ ဖုံးဖိလိမ်ညာရတဲ့သူတွေဟာ သူများတွေ ယုံတာ မယုံတာအပထား၊ သူ့ဘာသူအရင်ဆုံး ယုံကြည်သွားပြီး ငါက အမှန်၊ စေတနာနဲ့လုပ်နေတာ၊ ဘာကြောင့် ဘာအတွက် လုပ်နေတာဆိုပြီး ဆင်ခြေတွေနဲ့ ဖုံးဖိလှည့်စားမိပါတယ်။ ဒေ၀ဒတ်တောင် သူ့ကိုယ်သူအဟုတ်ကြီးမှတ်ပြီး သံဃာသင်းခွဲတဲ့အထိ မိုက်တွင်းနက်သေးတယ် မဟုတ်လား။ ကိုယ်လည်းပဲ ကိုယ့်ဘ၀ကိုယ် သုံးသပ်တဲ့အခါမှာ ငါ့ခမျာကလေး ဘာဖြစ်လို့ သည်အမှားတွေ ကျူးလွန်လိုက်ရပါတယ် ဆိုတဲ့ အကြောင်းပြချက်တွေကို မရှာပဲ ငါဘာတွေ လုပ်ခဲ့မိပါလိမ့်လို့ ဘေးကထွက်ပြီး ပြန်တွေးပါတယ်။ တမင်မဟုတ်သော်လည်း သူများကို စိတ်ညစ်အောင် လုပ်ခဲ့မိတာတွေကတော့ ရှိပေလိမ့်မယ်။  ကိုယ့်စိတ်ညစ်အောင် လာလုပ်တဲ့သူတွေလည်း အများကြီးပဲ ဥစ္စာ။ (သူများ သောက်မြင်ကပ်အောင် လုပ်တဲ့နေရာမတော့ ပြိုင်စံရှားဗျ) ဒါပေမယ့် သူများဒုက္ခရောက်အောင်တော့ တစ်ခါမှ မလုပ်ဖူးတာ သေချာတယ်။ ကိုယ့်ကိုဒုက္ခရောက်အောင် လာလုပ်တဲ့သူရော မရှိဘူးလား လို့ စဉ်းစားကြည့်လိုက်တော့ မရှိပါဘူး။ လူဆိုတာ ကိုယ်နဲ့ ကိုယ့်ရဲ့ အတိတ်ကံကသာ ကိုယ့်ကို ဒုက္ခပေးလို့ရတာ လို့ ယုံကြည်တာကိုး။ ဒါကြောင့် သည်ဘ၀မှာ အမုန်းကြွေး ဘယ်သူ့ကိုမှ မတင်ဘူး။ ကျေးဇူးကြွေး၊ မေတ္တာကြွေးတွေ ဆပ်မကုန်အောင် တင်ခဲ့တာပဲ ရှိတယ်။
             ဘာတွေထားခဲ့မလဲ ဆိုပြန်တော့လည်း ခုချိန်ထိ ဟုတ်ဟုတ်ငြားငြား ထားရစ်စရာ ဘာမှ မရှိပါဘူး။ ကြွေးဟောင်းမဆပ်နိုင်ရုံတင် မဟုတ်ဘူး။ ကြွေးသစ်လည်း ဖြစ်ဖြစ်မြောက်မြောက် မချနိုင်သေးဘူး။ ကိုယ်မရှိတဲ့နောက် သမီးအတွက် ဘာတွေချန်ထားချင်သလဲဆိုရင် အတွေးအခေါ်နဲ့ ဆင်ခြင်တုံတရားတွေ ထားခဲ့ချင်တယ်။ ဘာသာရေးအဆုံးအမနဲ့ မြန်မာစရိုက်ကလေးတွေ ပေးခဲ့ချင်တယ်။ ရွှေပေါ်မြတင် တပင်တိုင်မြနန်း နဲ့ မထားခဲ့ချင်ဘူး။ ကိုယ့်အားကိုယ်ကိုး လွတ်လွတ်လပ်လပ် ပျော်ရွှင်ကျန်းမာတဲ့ မိန်းမပျိုကလေးတစ်ယောက်ပဲ ဖြစ်စေချင်တယ်။ ဘာပဲပြောပြော ကိုယ်မရှိတဲ့နောက် သမီးလေးဖတ်ဖို့စာတွေ အထိုက်အလျောက် ရေးခဲ့ပြီးပြီ။ ပြောချင်တဲ့စကား၊ ထားချင်တဲ့အမှာတွေလည်း နားလည်နိုင်လာတဲ့ တစ်နေ့သောအခါအတွက် ရေးရစ်ခဲ့ပြီ။ တစ်နေ့ကျရင် အဲသည်စာတွေဖတ်ပြီး သမီးလေး ရယ်တဲ့အခါလည်း ရယ်လိမ့်မယ်။ ပြုံးတဲ့အခါလည်း ပြုံးလိမ့်မယ်။ ငိုချင်လည်း ငိုပေါ့။ သူ့အဖေဖြတ်သန်းခဲ့တဲ့ ခေတ်အခါက သည်လိုကိုး လို့ သဘောပေါက်လာမှာတော့ အမှန်ပဲ။ လောလောဆယ်မှာတော့ “ဘာတွေရေးထားမှန်းမသိပါဘူး။” “ဖတ်လို့လည်း မကောင်းပဲနဲ့။” “ကာတွန်းပဲ ရေးပါလား။” လို့ အားပေးနေတဲ့သမီးလေးဟာ သူ့အဖေကို စာတွေဆက်ရေးနေစေဖို့ တွန်းအားလည်းပေးတယ်။ အဲသည်စာတွေထဲမှာ အဆိပ်အတောက်တွေ မပါစေဖို့ အသိတရားကိုလည်း ပေးတယ်။ အမှန် နဲ့အမှား၊ တရားမှု နဲ့ မတရားမှုတွေ အကြားမှာ ဘယ်လိုရပ်တည်ရသလဲဆိုတာ သူကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံအရ သိလာပါလိမ့်မယ်။ သူ့အဖေ ဘယ်လိုလူစားမျိုးလဲ ဆိုတာကိုတော့ အဲဒီစာတွေကတဆင့် အကဲခတ်နိုင်လိမ့်မယ် မျှော်လင့်ရတာပဲ။
             နောက်ဘ၀အတွက် သယ်သွားစရာ ကောင်းမှုကုသိုလ်တွေကော ဘယ်လောက်လုပ်ခဲ့ပြီလဲ လို့ သယ်စရာအထုပ်ကလေးကို တစ်ခါပြန်ချိန်ကြည့်ပြန်တော့ တယ်ပြီး အားရကျေနပ်လောက်စရာ မရှိပါဘူး။ မဟုတ်တာ မလုပ်ရုံပဲ ရှိသေးတယ်။ ဟုတ်တာတွေလည်း မလုပ်ရသေးဘူး။ ဒါနရော သီလရော ဘာဝနာပါ သူငယ်တန်းအဆင့်က မတက်သေးဘူး။ ၀ိပဿနာဘက်မှာဆို သမာဓိတောင် မတည်သေးဘူး။ (သောတာပန်တည်နေပြီဆိုတဲ့ အဆိုတော်ရုပ်ရှင်မင်းသမီးတွေကို အားကျမိပါရဲ့) ခုနေများ သေသွားလို့ကတော့ ငရဲတော့ ကျချင်မှကျမယ်။ နတ်ပြည်တော့ မရောက်နိုင်တာ သေချာတယ်။ မေ့ပင်အောက်မ၀င်ခင် သေသေချာချာ စဉ်းစားတာတောင်မှ လောက်လောက်လားလား ပြစရာကုသိုလ် ဘာတစ်ခုမှ မရှိဘူး။ ညောင်စေ့ကလေးတွေ မွစာကျဲပြီး ဘယ်ဟာကိုမှ အမည်ဖော်လို့ မရတာ။ ဘယ်ညောင်စေ့မှ အပင်ပေါက်လာတာလည်း မမြင်မိဘူး။ သည်တော့မှ မသေခင် တော်တော်စုဆောင်းယူရမယ့် ကုသိုလ်ကြွေးတွေကို မြင်မိပါတော့တယ်။ အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦးဆို သေမင်းကို အချိန်ပိုတောင်းပြီး လုပ်ကိုလုပ်ရမယ့်အလုပ်ကတော့ တရုတ်အားထားရဦးမယ်ဆိုတဲ့ အလုပ်ပါပဲ။ နောင်ဆိုတဲ့ကိစ္စတွေဟာ နောက်တစ်နာရီတောင် သေချာတာမဟုတ်ဘူး။ ဒါမပါပဲ သံသရာလျှောက်ခဲ့ပေါင်းများပြီ။ နောင်ဘ၀မှာ ငရဲမကျဖို့ သေချာပေါက်ပြောနိုင်ရအောင် ကိုယ်လည်း ဘယ်တုန်းကမှ သောတာပန်တည်ထားတာ မဟုတ်ဘူး။ နောင်မှလို့ ပြောပြောပြီး နေ့ရွှေ့ညရွှေ့ ရွှေ့လာခဲ့တာ ဘယ်လိုမှ မသေချာတော့ဘူးဆိုတဲ့အသိက ခုရက်ပိုင်းအတွင်းမှာ တော်တော်ခိုင်မာလို့ လာပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ်တို့ ဗုဒ္ဓသာသနာတော်ကြီးက နောင်ဘ၀ထိအောင် မစောင့်နိုင်တော့တာ သိသာထင်ရှားလာမှကိုး။
            အဘွားတွေလက်ထက်တုန်းကတော့ မြန်မာတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဆုံကြရင် မြန်မာ့အသိုင်းအ၀ိုင်းလယ်မှာ မျက်နှာပန်းလှတဲ့ဘ၀က ကျောင်းဒကာ ကျောင်းအမ၊ ဘုရားဒကာ ဘုရားအမ ဘ၀ပါပဲ။ အနည်းဆုံးတော့ ရဟန်းဒကာ ရဟန်းအမဖြစ်မှ သေရင်တောင် ရွှေထီးကလေး ရံလို့ရတယ်။ ရွာမှာ အမယ်ကြီးအိုမှန်ရင် ဥပုသ်နေ့ ဘုန်းကြီးကျောင်း မရောက်တဲ့သူ မရှိဘူး။ ရွာမှာ ဘုန်းကြီးဆိုတာ သူကြီးအထက်က အာဏာတည်တယ်။ သွားရင်းလာရင်း ဘုန်းကြီးရဟန်းတွေ့ရင် အရိပ်တောင် မနင်းမိအောင် ရှောင်တယ်။ အဖေအမေလက်ထက်ကျတော့ အိမ်မှာ ခံဆွမ်းရပ်ဆွမ်း ရှိတယ်။ ကျောင်းကို ပို့ဆွမ်းရှိတယ်။ အိမ်မှာ မနက်လင်းတာနဲ့ ပရိတ်ခွေ တရားခွေဖွင့်တယ်။ အပတ်စဉ်မပျက် ဘုရားတက် ပုတီးစိတ်တယ်။ ကိုယ့်လက်ထက်ရောက်တဲ့အခါမှာတော့ အိမ်ကဘုရားတောင် ရေဆွမ်းပဲ ကပ်နိုင်တယ်။ ဘုန်းကြီးဆိုတာ ဆွမ်းကျွေးရှိမှ အိမ်ပင့်ကပ်နိုင်တဲ့ဘ၀ ရောက်လာတယ်။ ညအိပ်ယာဝင် ပုဆိန်ပေါက် ဦးသုံးကြိမ်ချဖို့ မေ့တယ်။ လက်ထောက်ဆရာဝန်ဘ၀က ကျီးနဲ့ဖုတ်ဖုတ် ဆေးခန်းကလေးမှာ ငုတ်တုတ်ထိုင်တုန်းကမှ ပရိတ်ကြီး ၁၁ သုတ်ကို ကုန်အောင် ရွတ်ဖြစ်သေးတယ်။ ပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ်သာ ဟုတ်လှပြီ မှတ်နေတာ။ ဘုရားဝေး တရားဝေး နဲ့ ကြီးလေမိုက်လေ ကြီးမိုက်တွေထဲမှာ ကိုယ်ရှေ့ဆုံးက ပါနေတယ်။ ကိုယ့်သမီးလက်ထက်ကိုရောက်တဲ့အခါ အိမ်မှာအာရုံဆွမ်းကပ်ရင် သူက အိပ်ယာက မထသေးဘူး။ မွေးနေ့ နဲ့ နာရေးမဟုတ်ရင် ဘုန်းကြီးကျောင်းဆိုတာ သွားစရာလို့ သူမထင်ဘူး။ နှစ်တွေ ကြာလာတာနဲ့အမျှ ကိုယ်တို့ဘ၀ဟာ သာသနာနဲ့ ကင်းကွာလာတယ် မဟုတ်ဘူးလား။
           သာသနာဘက်ကလည်း သိသိသာသာကြီးကို ပြောင်းလဲလာတာ ကြောက်ခမန်းလိလိပါပဲ။ ဆရာဒကာဆက်ဆံရေးတွေက ဆန်ပေးဆေးရတဲ့ Service Business ဖြစ်မှန်းမသိဖြစ်လာတယ်။ အိမ်ပင့်ဆွမ်းကပ်၊ ၀တ္ထုသင်္ကန်းလှူ၊ ပရိတ်နာ၊ ရေစက်ချပြီးရင် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ တာဝန်ကျေသွားပြီ လို့ ယူဆတယ်။ ပရိတ်ရွတ် တရားနာအလုပ်လောက်ကို အာရုံမစိုက်ပဲ ငြိမ်ငြိမ်ထိုင်နားထောင်လိုက်ရုံနဲ့ အန္တရာယ်ကင်း ဘေးရှင်းသွားမယ် လို့ ယုံနေတယ်။ ယုံကြည်မှ အကျိုးပေးတာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုး တရားနာပရိသတ်ကြီးရဲ့သဘောထားအမှန်ကို ဘူတန်ရောက်တုန်းက သဘောပေါက်ခဲ့တယ်။ သူတို့က အိမ်မှာ အန္တရာယ်ကင်းအောင် ဘုန်းကြီးတွေပင့်ပြီး သုံးရက်လုံးလုံး ပဌာန်းရွတ်သလိုရွတ်စေတယ်။ ဆွမ်းကွမ်း အဖျော်ယမကာ လိုလေသေးမရှိ ဖြည့်ဆည်းပြီး အိမ်ရှင်ရော ဧည့်သည်ပါ ကုန်းနေအောင် ရှိခိုးတယ်။ ဧည့်သည်ထမင်းကျွေးပြီးတာနဲ့ ဘေးချင်းကပ်အခန်းထဲမှာ ကက်ဆက်ဖွင့်ပြီး ဒစ္စကိုကကြရော။ ဘုန်းကြီးတွေက သူတို့ဘာသူတို့ဆက်ရွတ်နေရုံနဲ့ သူတို့အိမ်ထဲ သရဲမိစ္ဆာ မလာနိုင်တော့ဘူးပေါ့လေ။ တို့ဆီမှာလည်း နှစ်ဆန်းတစ်ရက်နေ့ဆိုရင် ကိုယ့်အရပ်ထဲ သရဲမလာအောင် ဘုန်းကြီးတွေပင့်ပြီး ကမ္မ၀ါဖတ်ကြတာ သည်သဘောပါပဲ။
           သည်ကနေ့ခေတ် တရားပွဲတွေ စည်ကားလာပုံမျိုးကလည်း ၀မ်းသာမိသော်ငြား စိတ်ထဲမှာ ကြောက်ကြောက်လာတယ်။ ကြာနီကန်ဆရာတော် ဘယ်လိုအဖြစ်ဆိုးရရှာသလဲဆိုတာ အဲသည် ဓမ္မကထိကဆရာတော်ကလေးတွေကို ပြောပြချင်မိတယ်။ အဟောအပြောကောင်းတာ သံသယမရှိပေမယ့် ကံထရိုက်စံနစ်နဲ့ တစ်ပွဲပုတ်ပြတ် ဘယ်ဈေးဆိုတာမျိုးကြီး ကြားမိတော့ ပြည်တန်ပတ္တမြား ရက်တက်ရည်နဲ့ လဲစားတဲ့ ကောသလ္လအိပ်မက်ကို မေ့လို့မရပြန်ဘူး။ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာတွေ ဘယ်လောက်များမများ မသိပေမယ့် လမ်းပိတ်ကားပိတ် ကိုယ်စိတ်အနှောက်အယှက်ဖြစ်မယ့်သူတွေက ဘာသာခြားတွေချည့်ပဲတော့ ဟုတ်မယ် မထင်ပါဘူး။ ဒီအဖြစ်အပျက်ကို ကိုယ်ချင်းစာမိသွားတာကတော့ ကာလကတ္တား မြန်မာဘုန်းကြီးကျောင်းမှာတည်းတုန်းက
ကျောင်းပတ်ပတ်လည် လော်စပီကာအကြီးကြီးတွေ ဟိုဘက်ကလာဖွင့် သည်ဘက်ကလာဖွင့်လုပ်ကြတဲ့ ၀တ်ပြုဆုတောင်းပွဲတွေကြောင့် ဆရာတော်ခမျာ ထွက်လည်းပြေးလို့မရနဲ့ ဒုက္ခကြီးစွာ ရောက်တဲ့အကြောင်း ပြောပြတဲ့အခါမှာပါ။ ကိုယ်တိုင်လည်း လမ်းသွားနေရင်းက မြို့လည်ခေါင် လူအစည်ဆုံးနေရာတွေမှာ ဖွေးဖွေးလှုပ်နေအောင် လမ်းပိတ်ပြီး ၀တ်ပြုပွဲလုပ်နေကြတဲ့အခါမှာ ဘာသာရေးအထွဋ်အမြတ်ဆိုတဲ့သဘောထက် အင်အားပြတဲ့ရည်ရွယ်ချက်က တော်တော်သိသာထင်ရှားနေတာ တွေ့လိုက်ရပါတယ်။ ကိုယ့်ဆီမှာ သည်လို အလေ့အထမျိုးနဲ့ “သွေးအေးလို့ မနေသင့်ပြီ။” ဆိုပြီး သွေးမဆူဆူအောင် နှိုးဆော်နေတာလည်း ဟိုဘက်ကလူတွေနဲ့ ဘာမှ မခြားသလိုပါပဲ။
           သာသနာတော် မငြှိုးနွမ်းရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေတာကတော့ ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် အခုထိန်းသိမ်းနေတဲ့နည်းကတော့ မဟုတ်သေးပါဘူး။ မြန်မာလူမျိုးတွေဟာ ဘာသာတရားကိုင်းရှိုင်းတာကတော့ ဘယ်ကျောက်စာရှာဖတ်ဖတ် သိသာပါလိမ့်မယ်။ ဒါပေမယ့် ကျောက်စာတွေရဲ့ အဆုံးသတ်မှာ သူပြုတဲ့ ကုသိုလ်ကို နှောက်ယှက်ဖျက်ဆီးမယ့်သူတွေအတွက် ကျိန်စာတွေ တိုက်ထားခဲ့တာလည်း ဖတ်ရမှာပါ။ ဘုရားရှင်ရဲ့သာသနာတော်မှာ ငါဘုရားထားခဲ့သော သာသနာအား နှောက်ယှက် ဖျက်ဆီးပိတ်ပင်သူတို့အား ဘယ်လိုဆိုးကျိုးငရဲ ခံစားရစေဆိုတဲ့ စကားမျိုးကို ဘယ်ကျမ်းဂန်ကမှ မထွက်ပါဘူး။ ဘယ်ဘာသာကို ကိုးကွယ်ယုံကြည်သူပဲဖြစ်ဖြစ် သံသရာမှ လွတ်ရာလွတ်ကြောင်းကို ရှာလိုလျှင် မည်သူမဆို “လာလှည့်၊ ကြည့်လှည့်၊ ကျင့်လှည့်” လို့ပဲ ဖိတ်ခေါ်ပါတယ်။
          အိန္ဒိယမှာ သာသနာကွယ်ပျောက်လို့ သံဃာတော်တွေ ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ခဲ့ရတယ်ဆိုတာကို သွေးချောင်းစီးနေတဲ့ သမိုင်းမှတ်တမ်းတွေမှာ ဖတ်လို့ ရနိုင်ပါသေးတယ်။ ဒါပေမယ့် သာသနာတော်ဆိုတာ အင်ပါယာများလို မြေပုံပေါ်မှာ အရောင်ခြယ်ပြီး သိမ်းပိုက်ချဲ့ထွင်လို့ ရတဲ့အရာမျိုးလို့ ဗုဒ္ဓဘာသာဝင်တွေက မယုံကြည်ပါဘူး။ နှလုံးသားထဲမှာ အသွေးအသားထဲမှာ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာရမယ့် ယုံကြည်မှုတစ်ခုလို့သာ သဘောပေါက်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးမှာ ဘုရား၊ တရား၊ သံဃာကို ယုံကြည်သက်ဝင်ခြင်း ကင်းမဲ့သွားတဲ့နေ့ဟာ သာသနာကွယ်ပျောက်တဲ့နေ့ပါပဲ။ အဲဒီရက်ကိုရောက်ဖို့ သိပ်တော့ မလိုတော့ပါဘူး။ အဲဒါ သူများဘာသာတွေက အတင်းဝင်လာပြီး ၀ါးမြိုအနိုင်ကျင့်လို့ မထင်ပါနဲ့။ မိမိကိုယ်၌က သက်ဝင်ယုံကြည်မှု သဒ္ဒါတရား အားနည်းသွားလို့ပါ။ မေတ္တာသုတ်ရွတ်တဲ့ ဘုန်းကြီးတွေကို လမ်းမပေါ်တုတ်နဲ့ရိုက်တာလည်း မြန်မာတွေပါပဲ။ ငွေကြာရံ မစိုးရိမ်ကို မြေလှန်သလိုလှန်ပြီး ထမီစုတ်ရှာ တီဗီထဲရိုက်ပြတာလည်း မြန်မာတွေပါပဲ။ အခုလက်ရှိမှာ ကြည့်ဦးမလား။ ၀ီစီသံနဲ့ အဆုတ်အတက် သွက်လက်ညီညာစွာ ဘူဒိုဇာပါ တမဟုတ်ချင်းတက်မောင်းပြီး ၁၅မိနစ်နဲ့ အိမ်အပြီးဖြိုနိုင်တဲ့ ဥက္ကံဆရာတော်များဟာလည်း ထေရ၀ါဒသင်္ကန်းများနဲ့ ဖြစ်ပါတယ်။ သိန္နီနယ် လားရှိုးက ရွာဖြိုးအုံ့ဆင် ခါမိုးဟုတ်မထင်ဆိုတဲ့ ဘုန်းဘုန်းများကရော ကံဦး၊ မန်ဆူ၊ ပန်အုပ်က တွေ့နေကျရုပ်တွေလည်း မဟုတ်ပဲနဲ့။ ဒီပုံစံနဲ့ဆိုရင်တော့ နောက်ဘ၀ နေနေသာသာ ၂၀၁၅ ထိအောင် သာသနာတည်ဖို့ မနည်းကြိုးစားရဦးမယ် ထင်ပါတယ်။ (အာဏာနဲ့ သာသနာကို လက်မရွံ့တမ်း လဲဝံ့သူတွေ ဒု နဲ့ ဒေး)  စုတေစိတ်ကျလို့ နောင်ဘ၀ကျမှဆိုရင်တော့ မရှိတော့ဖို့များပါတယ်။
             ကိုယ့်ကိုယ်ကိုယ် သေခါနီးပြီလို့ သတိထားမိလို့ တရားဓမ္မနှလုံးသွင်းပြီး ငြိမ်းအေးရာရှာချင်တဲ့သူအဖို့ အခွင့်အရေးဆိုတာ နောက်တစ်ခါ လာစရာ မကျန်တော့ပါလား လို့ တွေးမိတာပါ။ သူများအကြောင်းလည်း မပြောတတ်ပါ။ စပ်မိစပ်ရာ ကွိစိကွစတော့ ဖြစ်ကုန်ပါပြီ။ သည်စာကိုဖတ်ပြီး သေခါနီးကြီးတွေကို မျက်စိထဲမြင်ယောင်လာမယ် ဆိုရင်တော့ ဟိုးအပေါ်ထောင့်က လိမ္မော်ရောင်တီရှပ်ဝတ်ထားတဲ့ ကလေးရုပ်မပျောက်တပျောက် သေခါနီးကလေးကိုပဲ မြင်ယောင်ပြီး ကလော်တုပ်လိုက်ပါနော်။ တခြားလူတွေ လျှောက်လျှောက် မတွေးနဲ့။ သူတို့က နေဦးမှာ အကြာကြီး။ အခုမှ အကွက်တွေက ခင်းလို့ကောင်းတုန်း။ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်လည်း လုပ်တယ်။ ချစ်စရာ့အရွယ် ဆွဲစားမယ်လည်း တတ်တယ်။ ဘယ်သူ့ကိုမဆို “ဟဲ့အကောင်။ လူ့ပြည်ငြီးပလား။ နတ်ထီးပျော်တော့။” လို့ မိန့်လိုက်ရင် တစ်ခွန်းရယ်။ သေပြီဆရာတောင် ဆက်ရေးနိုင်မှာ မဟုတ်ဘူး။ သေဖော်သွားမညှိပါနဲ့။ ကွကိုယ် အေးဆေးသေတာပဲ ကောင်းပါတယ်နော့။ အပုံမဝေးဘု ရောက်လုပါပြီလေ။
ရေတပ်သားတဦးရဲ့… ပွဲဦးထွက် ရင်ခုန်သံ
$
0
0
ကျနော် ပင်လယ်ပြင်ကို ပထမဆုံး စထွက်ဖူးတဲ့ ခရီးစဉ်မှာပေါ့..။
မှတ်မှတ်ရရဆိုသလို အဲဒီအခေါက်မှာ ကျောက်ဆူးရေမျောတာနဲ့ကြုံလိုက်ရပါတယ်။
ကျနော်တို့လိုက်ပါလာတဲ့ စစ်ရေယာဉ်-အင်းယား ရန်ကုန်မြစ်အတိုင်း ခုတ်မောင်းလာပြီး ဒဂုံမီးပြ မရောက်မီ ရေလယ်တနေရာမှာ ခေတ္တ ကျောက်ချရပ်နားလိုက်ပါတယ်။
ရတနာ ရေနံစင်လုံခြုံရေး တာဝန်ယူဖို့ ပင်လယ်ပြင်စစ်ဆင်ရေးခရီးစဉ်တွေ ကျနော်လိုက်ပါရတိုင်း အဲဒီနေရာ တဝိုက်မှာ စစ်ဆင်ရေး အဝင်/အထွက် စစ်ရေယာဉ်ချင်း တာဝန်လွှဲပြောင်းလေ့ရှိတာ ကြုံရတတ်ပါတယ်။
အဲဒီနေရာကနေ မြစ်ကမ်းတဖက်ကို လှမ်းမျှော်ကြည့်လိုက်ရင် လက်ခုပ်ကုန်း ကမ်းခြေအလှကို အတိုင်းသား မြင်နေရတယ်။ ညနေချမ်း နေဝင်ခါနီးအချိန် ရွှေအိုရောင်တောက်ပနေတဲ့ ဆည်းဆာအလှရပ်ဝန်း အောက်မှာ ရေပေါ်လျှပ်ပြေး လှိုင်းကလေးတွေက ကမ်းစပ်ကို အိအိလေး ပုတ်ခတ်ကစားနေတဲ့ မြင်ကွင်းလှလှလေးကို ရေယာဉ်ပေါ်ကနေ အားမလိုအားမရ တစိမ့်စိမ့် ငေးမော ရှုစားနေချိန်….
Look out တာဝန်ကျ ရဲဘော်ဆီမှ  ‘ရေယာဉ် ကျောက်မျောနေပြီ’ ဆိုတဲ့ သတိပေးသံက .. ရေယာဉ်ပေါ်မှာ ရှိနေတဲ့ အဆင့်အတန်းဝင်အားလုံးကို တပ်လှန့်လိုက်သလိုပါပဲ..။
ရေတပ်ခရာ အချက်ပေး မှုတ်သံနဲ့အတူ ရေယာဉ် တခုလုံး လှုပ်လှုပ်ရှားရှား အာရုံများသွားကြတယ်။ ထမင်းစားနေသူတွေလည်း စားလက်စ ပန်းကန်ကို ဒီအတိုင်း ပစ်ထားခဲ့ပြီး ရေယာဉ်ကုန်းပတ်ပေါ် ပြေးတက် လာကြတယ်။
ဒီရေကျချိန်ဖြစ်နေတော့ ရေယာဉ်ဟာ ပင်လယ်ဘက်ဆီကို တရွေ့ရွေ့မျောပါနေတာပါ။ မြစ်ဝပိုင်း ရေပြင်ကျယ် ဖြစ်နေတာမို့ အတားအဆီးမရှိ လွတ်လွတ်လပ်လပ်ကြီး လွင့်မျောနေတယ် ထင်ရပေမဲ့ ကျနော်တို့ရေယာဉ် မျောပါနေတဲ့ အောက်ဘက် လမ်းကြောင်းတည့်တည့်မှာ ရေလယ်မီးပြတခုရှိနေတာ တွေ့လိုက်ရတယ်။
အားလုံးရဲ့ အသိအာရုံမှာ စိုးရိမ်စိတ်တွေ တိုးလျှိုးဝင်ရောက်လာနေကြပြီ။ ရေယာဉ်ကျောက်ချတဲ့ နေရာနဲ့ မီးပြ.. ရေမိုင် ၁ မိုင်ကျော် အလှမ်းဝေးပေမဲ့ အခုလို ကျောက်မျောနေတဲ့အခါမှာတော့ အန္တရာယ်ဟာ ကိုယ်နဲ့နီးရာကို တဖြည်းဖြည်းချဉ်းကပ်လာသလို ခံစားနေကြရတယ်။
‘လက်တို ငါးရိုးမျက်’ ဆိုတဲ့ မြန်မာစကားပုံတခုဟာ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ခံစားချက်နဲ့ ကွက်တိလို့ ဆိုချင် ပါတယ်။ ရေယာဉ် မျောပါနေတဲ့ လမ်းကြောင်းပြောင်းသွားအောင် တုတ်ထောက်လို့လည်းမရ၊ တက်နဲ့လှော်လို့ လည်း မဖြစ် .. ။ ဖြစ်ပျက်နေသမျှကို လက်ပိုက်ကြည့်မနေရုံမှတပါး စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရ ရင်တမမ ဖြစ်နေရတဲ့ အနေအထားပါ….။
တခုတည်းသော နည်းလမ်းက အချိန်မီ ရေယာဉ်စက်နှိုးနိုင်ဖို့ပါပဲ။ ရေယာဉ်တစီး စက်မကြီးနှိုးဖို့ဆိုတာက ဆိုင်ကယ်၊ မော်တော်ကားတွေလို တချက်တည်း ‘ဒေါက်ဝူး’ လုပ်လို့ရတာ မဟုတ်။ ခုဟာက အသေးစား ဓာတ်ဆီအင်ဂျင် မဟုတ်တဲ့အပြင် ဒီဇယ်အင်ဂျင်ဖြစ်နေတာတောင်မှ အကြီးစားအင်ဂျင်ပါ။ ကျနော်က ရေယာဉ် အတွေ့အကြုံ မရှိတဲ့အပြင် စက်ပိုင်းဆိုင်ရာ ပညာသည်လည်း မဟုတ်ပေမဲ့ လုပ်ဆောင်ချက် အကြမ်းဖျင်းကို တော့ မြင်တွေ့နေရပါတယ်။ ပထမဆုံး လေပေါင်ဖြည့်ဖို့ မီးစက်နှိုးရတယ်။ မိနစ်အနည်းငယ်ကြာ လေပေါင်ဖြည့် ပြီးမှ အဲဒီ လေဖိအား pressure နဲ့ စက်မကြီး အင်ဂျင် start လုပ်ရပါတယ်။ အဲဒီမှာ တခါတည်းနဲ့ အင်ဂျင်စက် မနိုးဘူးဆိုရင် နောက်တခါ လေပေါင်ပြန်ဖြည့်..။ အချိန်ထပ်စောင့်…။
ဘယ်သူ့ကိုမှ မျက်နှာငဲ့ညှာ စောင့်ဆိုင်းမနေဘဲ တရွေ့ရွေ့ပုံမှန်စီးဆင်းနေတဲ့ ရေအလျင်ကို မကျေမနပ် ငြူစူအံကြိတ် နေကြရုံကလွဲပြီး ဘယ်သူမှ မတားဆီးနိုင်။
ကျောက်ချရပ်နားတဲ့ နေရာမှာတုန်းက မီးပြတည်ရှိရာ ဘွိုင်နဲ့ တဖျတ်ဖျတ် မီးအလင်းရောင်လေးကို မှုန်မှုန် ရေးရေးသာ မြင်ခဲ့ရပေမယ့် …. အခုတော့ တဖြည်းဖြည်းနီးကပ်လာတာမို့ ပီပီပြင်ပြင် မြင်တွေ့စပြုလာပါပြီ။ ဝန်းကျင်တခုလုံး အမှောင်ထုက လုယူသိမ်းပိုက်လာချိန်မှာ ရေယာဉ် Crew တွေရဲ့ စိုးရိမ် ပူပန်မှုကို အားပို စေပါတယ်။
စစ်ရေယာဉ်မှူး ဗိုလ်မှူး မိုးကျော်ဆွေ ခမျာလည်း Wheel House ထဲမှာ စီစဉ်ညွှန်ကြားနေရာက တချက် တချက်မှာ Wheel House အပြင်ဘက် ထွက်ကာ ရေပြင်ကိုငေးကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေပုံ ရပါတယ်။ ကျနော်တို့တတွေကတော့ Oerlikon Deck ပေါ်ကနေ Look out ကြည့်ပေးရင်း ရေယာဉ် မြန်မြန် စက်နိုးပါစေလို့သာ ဆုတောင်းနေရပါတယ်။  
အကယ်၍ အချိန်မီ ရေယာဉ်စက်မနှိုးနိုင်လို့ မီးပြကို ဝင်အောင်းမိမယ်ဆိုရင် နောက်ဆက်ဖြစ်လာမယ့် အကျိုးဆက်တွေက မသေးလှပါ။
ရေယာဉ်နဲ့ မီးပြဘွိုင် ဝင်တိုက်မိပြီး ရေယာဉ်ကိုယ်ထည် ထိခိုက်ပျက်စီးသွားနိုင်တယ်။ ရေယာဉ်တက်မ၊ ပန်ကာတွေနဲ့ ဘွိုင်ကိုထိန်းထားတဲ့ ရေအောက်ဆိုင်းကြီး ငြိပြီး ရေယာဉ်ကိုယ်ထည် တိမ်းစောင်းသွားနိုင်တယ်။ နောက်တခုက… ကျောက်ကြိုးကို အချိန်မီ ရစ်မတင်နိုင်ရင် ကျောက်ကြိုးနဲ့ ရေအောက်ဆိုင်းကြိုး ရစ်ပတ် သွားနိုင်တယ်။ ဒါတွေက ကျနော်သိသလောက် ခန့်မှန်းကြည့်တာပါ။ ဒီထက်မက ဆိုးကျိုးတွေလည်း ဖြစ်လာ နိုင်ပါသေးတယ်။
ရေယာဉ် စတင်ကျောက်မျောချိန်ကတည်းက ကျောက်ကြိုးကို ရစ်မတင်ဘဲ ဒီအတိုင်းထားတာ တွေ့ရပါတယ်။ ဘာကြောင့်ဆို ကြိုးတန်းလန်း ကျောက်ဆူးက ရေအောက်ကြမ်းပြင်မှာ ဒရွတ်တိုက်လိုက်ပါနေတဲ့အတွက် ရေအောက် ကြမ်းပြင်က အမာခံတခုခုနဲ့ ချိတ်မိသွားရင် ရေယာဉ်မျောတာ ရပ်တန့်သွားနိုင်လို့ပါ။
တကြိမ်မှာတော့ ရေယာဉ်ဟာ တုန့်ခနဲ ဖြစ်သွားပါသေးတယ်။ အဲဒီအခိုက်မှာ အားလုံး စိတ်သက်သာရာ ရသွားကြတယ်။ ဒါပေမဲ့ အခိုက်အတန့်လေးမျှသာ။ ကျောက်က ထိထိမိမိ မချိတ်မိလို့လား မသိ.. မျောမြဲတိုင်း ဆက်လက်မျောပါ နေပါတော့တယ်။
ကံဆိုးချင်တော့ အဲဒီလို အချိန်မှာ ကျနော်တို့ ရေယာဉ်အနီး ဖြတ်သန်း သွားလာ ခုတ်မောင်းနေတဲ့ လောက်လောက် လားလား ရေယာဉ်တစီးကိုမှ မတွေ့မမြင်ရတာပါပဲ။ အကယ်၍ ရှိခဲ့မယ်ဆိုရင် သူတို့ကို အကူအညီတောင်းပြီး ရေယာဉ်စက်နှိုးဖို့ ပြင်ဆင်ချိန်နဲ့ နေရာရွှေ့ဖို့ အခွင့်အရေး ရနိုင်ပါတယ်။ အခုတော့ ရေပြင်တခုလုံး လှိုင်းပုတ်သံ ကလွဲလို့ ငြိမ်ချက်သား ကောင်းလျက် လစ်လျူရှုထားတဲ့ ပုံပါပဲ။
မီးပြနဲ့ တိုက်မိတော့မယ့်အရေး စိုးရိမ်ထိတ်လန့် နေရတဲ့ကြားက ပတ်ပတ်လည် ရေပြင်ကိုလည်း သတိမလပ် စောင့်ကြည့်နေရပါသေးတယ်။ တံငါသည်တွေ ချထားတဲ့ မျှောပိုက်နဲ့ ရေယာဉ်ပန်ကာ ရစ်ပတ်မိသွားမယ့် အန္တရာယ်ကို တွေးပူရတာပါ။ အဲလိုဖြစ်ရင် စက်မကြီး နှိုးလို့ရလာတဲ့တိုင် ရေယာဉ်ခုတ်မောင်းဖို့ မဖြစ်နိုင်ပါ။
ရေယာဉ်တခုလုံး စကားသံတွေ တိတ်ဆိတ်နေပေမဲ့ နှလုံးခုန်သံတွေကတော့ တဒိတ်ဒိတ် ပဲ့တင်ထပ် နေပါတယ်။ ရေလယ်မီးပြနဲ့ ဝင်တိုက်မိလို့ ရေယာဉ်တစုံတခု ချွတ်ယွင်းပျက်စီးသွားပြီ ဆိုရင်တော့ ကျနော်တို့ရဲ့ပင်လယ်ပြင် စစ်ဆင်ရေးခရီးဟာ ဒီနေရာကပဲ အောင်မြင်စွာ တပ်ခေါက်ပြန်ရပြီး ရေယာဉ်တစီးလုံး စုံ/ခုံ ထိတော့မယ့်ကိန်းနဲ့ မလွဲဧကန် အသေအချာ တိုးရမှာပါ။  
သံလှောင်အိမ် အကာအရံထဲမှာ လက်ခနဲ လက်ခနဲ မြင်တွေ့နေရတဲ့ မီးလုံးရဲ့အရောင်ဟာ ကျနော်တို့ကို ပြုစား တော့မယ့် ပင်လယ်ကဝေ စုန်းမီးတောက် အလား စူးစူးဝါးဝါး ခြောက်လှန့်နေသ ခံစားရပါတယ်။   ပင်လယ်ပြင် ကိုမှ မရောက်သေး… မာယာများသော   အဏ္ဏဝါရေပြင်ရဲ့ လှောင်ပြောင်ကျီစယ်ခြင်းကို ခံနေရပြီလား..။ 
ထူးထူးကဲကဲ ဘာမှ မတတ်နိုင်တော့ပါ။ ရေယာဉ်စက်မကြီး နှိုးသံတချက်ကြားလိုက်သော်လည်း အင်ဂျင် လည်ပတ်သံ ထွက်ပေါ်မလာတာကြောင့် အမောမပြေ ချွေးပြန်တာသာ အဖတ်တင်ရပါတယ်။ ဒီတော့လည်း နောက်တကြိမ် လေပေါင်ပြည့်မယ့် အချိန်ကို စောင့်ဆိုင်းရင်း မီးပြဘွိုင်ကို ရေယာဉ်နဲ့ ဝေးရာဆီရောက်အောင်…  (စိတ်ထဲကနေ) အားမာန်အပြည့်နဲ့ တွန်းထုတ်နေမိတယ်။    
ရောက်လာမယ့် ဘေးက မဝေးလှတော့ပါ… မီးပြတည်ရှိရာ ရေလယ်ဘွိုင်ဆီမှ လှိုင်းပုတ်သံကိုပင် သဲ့သဲ့လေး ကြားနေရပါပြီ…. ခန့်မှန်းခြေ ကိုက် ၁၀၀ အတွင်းကို ရောက်နေပြီလို့ ထင်ရပါတယ်။ ကျနော်တို့အတွက် စက္ကန့် ပိုင်းလောက် ကာလတို အချိန်လေးသာ ကျန်ရှိပါတော့တယ်။  
ကဲ…. မရှောင်မလွှဲသာတော့မယ့် အတူတူ ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ကြဖို့ ဆုံးဖြတ်ရင်း တွေဝေ မှိုင်ငေး နေကြချိန်…………… ရေယာဉ်စက်ခန်းဆီမှ  ကျယ်လောင်မြည်ဟီးလှတဲ့ စက်မကြီး နိုးထလာသံကို ကြားလိုက်ရတဲ့ အခါမှာတော့ ……………..
 ‘ဝေး….’ ‘ဟေး….’ ခနဲ ကျယ်လောင်စူးရှစွာ ဟစ်ကြွေး လိုက်သံက ရေယာဉ်စက်သံကို ဖုံးလွှမ်းသွားတယ်။ မီးပြဘွိုင်ကို နှုတ်ဆက် လက်ပြသူလည်း ရှိရဲ့။  ကုန်းပတ်ပေါ်မှာရှိနေတဲ့ အရာရှိ/စစ်သည်အားလုံး ပျော်မဆုံး မော်မဆုံး  ကခုန်မြူးထူးကုန်ကြတယ်။
အန္တရာယ်ကျလုဆဲဆဲ ပွတ်ကာသီကာ အချိန်လေးအတွင်းမှာ မေခလာနတ်သမီး ကျနော်တို့ကို စောင့်ရှောက် ကယ်မ လိုက်ပြီလေ…။
နေမင်းသူ
၎-၀၆-၂၀၁၃
အဲဒါ ကျွန်တော်တို့ တိုင်းပြည်
$
0
0
by Pyay Chit Thu (Notes) on Monday, June 3, 2013 at 11:42pm
ဒီနေ့  ခေါင်းပေါ်တင်ထားမယ်။ ဒုတိယ ဘုရားသခင်လို  ကိုးကွယ်မယ်။ သွားလေရာ နင်းဖြတ်သွားဖို့  ပုခုံးတွေကို တံတားလိုထိုးပေးမယ်။  တစ်ခါတစ်လေလေးပဲဖြစ်ဖြစ်ကိုယ့်အကြိုက်နဲ့   မတိုက်ခဲ့ရင်တော့  ကြီးစွာရန်သူ စွဲမှတ်ယူတတ်တဲ့တိုင်းပြည်။
ညှိုးညှိုးငယ်ငယ် ပုံရိပ်အသွင်နဲ့  သနားစဖွယ်ရုပ်ရည်အဆင်းမြင်လိုက်ရရင်၊  သူ ရာဇ၀င်မှာဘယ်လောက်ယုတ်ကန်းခဲ့လဲ အကုန်မေ့လိုက်တယ်။  သူ့ ကြောင့် ဘ၀ပျက်ခဲ့တဲ့သူတွေရေတွက်လို့  မကုန်လဲ ဘဘကြီး  သနားပါတယ်တွေ ဘာတွေ ဖြစ်ကုန်တတ်ကြတဲ့ တိုင်းပြည်။
တိုင်းပြည်အတွက်  သိပ်ကြီးမားတဲ့ အန္တရာယ်ကောင်ကြီးပါလို့   ဘယ်လောက်ပြောနေပါစေဘုန်းကြီးဝတ်နေသတဲ့ ဆိုလိုက်ရင်ပဲ တစ်သံသရာစာ လုံလောက်တဲ့ သူ့ အကုသိုလ် အတုန်းအခဲလွယ်လွယ်ကူကူပဲ စုတ်သပ် ပေးလိုက်ကြသေးတယ်။
ထောင်အပြင်မှာ  တစ်နှစ်လောက် တွေ့ နေလိုက်ရတာနဲ့   သူတို့ တွေ ထောင်ထဲမှာ နေပေးခဲ့ကြရတဲ့  နှစ် ၂၀ စာကို မေ့ပြစ်ပေးလိုက်ကြရုံမကဘူး   သူတို့ ဘာလုပ်လုပ်  မုန်းတဲ့မျက်စေ့တွေနဲ့ ကြည့်ပြီး  အမျက်အအီ  ကြီးတတ်ကြတဲ့ တိုင်းပြည်။
အရှည်ကို  မြင်နိုင်တဲ့သူက  အရှည်အတွက်တွေးနေ ပြောနေလဲ  ကလေးတွေ ရန်ဖြစ်သလိုမျိုး ကိုယ့်အမေ ကိုယ့်ဖက်အရင် ပါပေးတာမျိုးကိုပဲ လိုချင်ကြတယ်။ အရှည်တွေးပြီး  အမေဖြောင့်မတ်ရင်  ကိုယ့်အမေကိုယ်လည်း  ဆန္ဒ ..ဆန္ဒ  ..ပြ...ပြ..လို့  လုပ်တတ်သေးတဲ့တိုင်းပြည်။
ဒီမိုကရေစီ ဆီကို သွားနေပါတယ်ပြောပြီး  မိန့် ခွန်းနားထောင်ဖို့   အမိန့် ပေးခေါ်လို့  ရပြီး  ပေါ်တင်အိပ်နေတတ်တဲ့ တိုင်းပြည်။
အကြာကြီး အောင့်အီးလာခဲ့ရတဲ့ နှစ်ချို့ ဆန္ဒတွေအတွက်  နဲနဲမှ  ထပ်မအောင့်အီးနိုင်တော့တဲ့တိုင်းပြည်။
မလေးရှားမှာ  ဘာမှမဖြစ်ပါဘူးလို့   ပြောရေးဆိုခွင့် ဆိုတဲ့ နေရာကို အကျုံးဝင်သလား၊ အကျုံးမ၀င်ဘူးလား  တရားဝင် မကြေငြာပဲ  FB စာမျက်နှာတွေပေါ်မှာ ရေးချင်ရာတွေရေးပြီး ဗြောင်ညာ နေသော  ပြောရေးဆိုခွင့် ရှိသူကြီး  ရှိတဲ့တိုင်းပြည်။
အွန်လိုင်းမှာ  မမှန်တာတွေ ပြောရင် ကြိုက်သလောက်ပြောခွင့် ၊ ရေးခွင့်၊ အပုတ်ချခွင့်ရှိပြီး ၊ မှန်တာတွေပြောရင်တော့ လွှတ်တော်မှာ ခုံဖွဲ့   မယောင်ရာ ဆီလူးတတ်တဲ့တိုင်းပြည်။
လမ်းတွေအဆင့်မမှီလို့  မမှီဘူးပြောတာကို  ၊ ကားတွေမှောက်လွန်းနေလို့  မှောက်လွန်းနေပါတယ်ပြောတာကို၊ လူတွေ သေလွန်းလှနေလို့  သေနေပါတယ်ပြောတာကို ပြောရေးဆိုခွင့်ရှိတဲ့သူကြီးက ငြင်းတဲ့တိုင်းပြည်။
ဘုန်းကြီးတွေကို သေနတ်နဲ့ ပစ်သတ်၊ ဘုန်းကြီးတွေကို မီးခိုးဗုန်းဆိုဆို...မီးလောင်ဗုန်းပြောပြော ဆိုတဲ့ဟာတွေနဲ့  မီးရှို့ သတ်ပြီးတဲ့နောက်  ဘုန်းကြီးတွေကလည်း  တရားကျောင်းတွေဆီကနေ  ဓါးတွေကိုင်၊ ဒုတ်တွေကိုင် ၊ မီးဒုတ်တွေကိုင်ပြီး  တရားမျှတမှုကို  ရှာဖွေဖောင်ဆောင်ဖို့ အတွက် မတရားမှုတွေကို ကျူးလွန်လာနေကြတဲ့ တိုင်းပြည်။
မိဘပြည်သူများခင်မျာ...ဆိုပြီး ခဏခဏ  အညာခံရလို့  ဆေးမတိုးတော့တဲ့ တိုင်းပြည်။
သမ္မတကလွှတ်ရင် ပြည်ထဲရေးက ပြန်ဖမ်းပြီး၊ သမ္မတကခန့် ရင် လွှတ်တော်ကဖြုတ်တတ်တဲ့ တိုင်းပြည်။
ခေတ်သစ် အပေးအယူ နိုင်ငံရေးကစားကွက်တွေထဲ  လိုတိုးပို လျှော့   အလွှတ်ခံနေကြရတဲ့  နိုင်ငံရေးအကျဉ်းသားတွေ ရှိနေတဲ့ တိုင်းပြည်။
ဖုန်းကလေး ဈေးလျှော့ရောင်းဖို့ အရေး  သမ္မတကိုယ်တိုင်  ခေါ်ယူ ညှိုနှိုင်း ဆုံးဖြတ်ပေးရတဲ့တိုင်းပြည်။
ဒီမိုကရေစီခေတ်မှာ  ပွင့်လင်းမြင်သာမှု ရှိစေရမယ်ဆိုတဲ့  သမ္မတကြီးရဲ့ အပြောတွေကို  ၁၅၀၀ တန်ဖုန်းကိစ္စကတော့ ကျွန်တော်လည်း  တစ်စုံတစ်ရာ  ဆုံးဖြတ်ဖို့  အသာထားလို့  ၊ သိခွင့်တောင်မှ မရပါဘူးရယ်လို့   ဆက်သွယ်ရေး ၀န်ကြီး ဆိုသူကတရားဝင်  ဖွင့်ဟ ၀န်ခံရတဲ့တိုင်းပြည်။
ဆက်သွယ်ရေး ၀န်ကြီးရဲ့  လာဘ်စားမှုအရှုပ်တော်ပုံကြီး ဆိုပြီးတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်လို့  အုတ်အော်သောင်းတင်း သတင်းတွေကြီးပြီးမှ ပုရွက်ဆိတ် တောင်  မဖမ်းရဲလို့  အသာဇာတ်မြှုပ်လိုက်ရတဲ့ တိုင်းပြည်။
လူကြီးသားတွေ  ဥပဒေ ကျူးလွန်ရင်လည်း  အရေးယူမှာပဲဆိုတဲ့  ၀န်ကြီးရဲ့ အရှက်ကို  အင်တာနက် စာမျက်နှာတွေ၊ သတင်းမီဒီယာတွေရဲ့ အပေါ်မှာ  ခဏခဏ  အရှက်ခွဲပြကြတဲ့လူကြီးကြီးတွေရဲ့  သားတွေ  အများအပြားရှိနေတဲ့ တိုင်းပြည်။
အဲဒါကျွန်တော်တို့  ရွှေပြည်ပါတဲ့။ အဲဒါ ကျွန်တော်တို့  တိုင်းပြည်ပါတဲ့။ အဲဒါ ကျွန်တော်တို့ ရဲ့ အိပ်မက်တွေ  မြေမြှုပ်သင်္ဂြုလ်  ပစ်လိုက်ရတဲ့ နေရာပါတဲ့ ။
ပြောရရင်တော့  တစ်ထောင့်တစ်ည ပုံပြင်ထက် ရှည်တော့မှာမို့ .... နောက်မှ အပိုင်း ( ၂ ) ဆက်ပါတော့မယ်။
နောက်ကွယ်ပံ့ပိုးသူများရဲ့စကားများ
$
0
0
 Photo
Maung Paing
ကျွန်တော်က လူကြီးမဖြစ်သေးလို့ပဲလား..
လူကြီးတွေခံစားတာကို မခံစားတတ်သေးတာလား...
ဘာပဲဖြစ်ဖြစ် ပံ့ပိုးသူတွေရဲ့ စကားသံတွေဟာ ကြားနေရပါတယ်..
ဆိုပါစို့
ပွဲတစ်ပွဲလုပ်တယ် ညစာစားပွဲဖြစ်ဖြစ်...
အခမ်အနားတစ်ခုဖြစ်ဖြစ်..
ပထမဆုံးက သူတို့တွေရဲ့လုံခြုံရေး(အထက်လူကြီတွေ)
အောက်ကလူတွေ သူတို့အသက်အတွက် စောင့်ရှောက်ပေးနေရတာ...
နောက်တစ်ချက်က
သူတို့စားသောက်နိုင်ရေး....
ငွေကုန်ကြေးကျများပြီး အပင်ပန်းခံချက်ပြုတ်ဝယ်ချမ်း...စုဆောင်း
တကယ်ပွဲလုပ်တော့
အောက်ခြေကလူတွေ အမှိုက်သိမ်းတာကအစ
အောင်မြင်အောင်လုပ်ရတယ်။
ပြီးတော့ ဂုဏ်ပြုခံပြီးစားသောက်ပျော်ပါးတာက သူတို့...
သူတို့ခဏတာအတွက်
ကုန်ကျတဲ့ငွေကြေး သိန်းပေါင်းများစွာ..
လူတွေရဲ့ အချိန်...လုပ်အား...
ဒါတွေ...ဒါတွေ...
ပြီးတော့...ဟိန်းချင်ဟောက်ချင်
ထမင်းတစ်လုတ်...အ၀တ်တစ်ဆုတ်ပေးရကောင်မှန်းမသိ...
နောက်ကွယ်က စကားသံတွေက
ငိုသံတွေလား....ကြေကွဲသံတွေလား...
သြော်
လူအများရဲ့ဘ၀အမောတွေပြေပျောက်ကြပါစေလို့.....
Photo
Like· ·
အမုန်းခံ ရေးတဲ့စာ
$
0
0
 Photo: Yin Yin Hnoung ဒီစာကို အမုန်းခံရေးပါမယ်။ မကျေနပ်သူများဆဲချင်ဆဲသွားကြပါ။ဘလော့ချင်ဘလော့သွားကြပါ။ ဒါပေမယ့် ဒီစာကိုဖတ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ သင့်ဦးနှောက်ကို သင်နဲ့ အတူ တပါတည်းဆောင်ယူပြီးမှဖတ်ပါလို့ ကြိုတင်မေတ္တာရပ်ခံပါရစေ။  ဝံသာနုစီးပွားရေးကို အားပေးကြဖို့ လှုံ့ ဆော်မှုတွေဟာ အခုမှပေါ်ပေါက်လာတာမဟုတ်ပါဘူး။ သီပေါမင်းပါတော်မူပြီး ၁၉၀၀ခုနှစ်ပတ်ဝန်းကျင်က မန္တလေးမှာ ဓာတ်ရထားပြေးဆွဲမှုတွေ စတင်ပါတယ်။  ပိုင်ရှင်ကတော့ အိန္ဒိယအမျိုးသား မနန့်ဂျီ ဆိုသူဖြစ်ပါတယ်။ မြန်မာလျှာနဲ့ အခေါ်ရလွယ်အောင်ပြောင်းလိုက်တော့ မနှင်းဆီဓာတ်ရထားဖြစ်လာပါတယ်။ အဲ့ဒီမှာ မျိုးချစ်စိတ်ပြင်းထန်သူ မြန်မာအမျိုးသားအချို့ က မြန်မာလူမျိုးပိုင် သယ်ယူပို့ ဆောင်ရေးစနစ်တီထွင်ဖို့ အကြံဖြစ်လာကြတယ်။ ဒီလိုနဲ့  မြန်မာလက်သမားများတီထွင်ကြံဆပြီး ရာလေး ကျားစီးစက်ဘီးကို ဘေးတွဲတပ်လိုက်ရာက ဆိုက်ကားဖြစ်လာပါတယ်။ ဆိုက်ကားမှာ ဘာညာသာရကာလှုံ့ ဆော်မှုစာတန်းတွေမချိတ်ဆွဲပေမယ့် ဒါဟာ မြန်မာအမျိုးသားပိုင်မှန်းသိတဲ့အတွက် အားပေးကြရာက တွင်ကျယ်လာပါတယ်။ မနှင်းဆီဓာတ်ရထားကတော့ သံလမ်းရှိရာပဲပြေးဆွဲနိုင်တဲ့အတွက်ံအလုပ်မဖြစ်တော့ဘဲ ချောင်ကြိုချောင်ကြားတိုင်း လွယ်လွယ်ဝင်ရောက်နိုင်တဲ့ ဆိုက်ကားက နေရာယူလိုက်ချိန်မှာတော့ မနှင်းဆီဓာတ်ရထား ခေတ်ပျောက်သွားပါတော့တယ်။  ဒါပေမယ့် ဝံသာနုစိတ်တစ်ခုတည်းနဲ့ စီးပွားရေးတစ်ခုဟာ ကြာရှည်မခံနိုင်ပါဘူး။ ရေရှည်မှာ စွမ်းဆောင်ရည်သာတဲ့ပြိုင်ဘက်နဲ့ တွေ့ ရင် ရှုံးနိမ့်တတ်ပါတယ်။ အခုဆို နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့မန္တလေးမှာ တချိန်က တွင်ကျယ်ခဲ့တဲ့ စက်ဘီး ဆိုက်ကားတွေအစားဆိုင်ကယ်က နေရာယူလာပါပြီ။ ဘယ်လောက်ပဲ ဝံသာနုစိတ်ရှိသူလို့ပြောပြော လက်ရှိမှာတော့ ဆိုင်ကယ်က ဆိုက်ကားထက် ပိုတွင်ကျယ်တယ်ဆိုတာ လက်ခံရတော့မှာပါ။  ဒီလိုပါပဲ။ အခုချိန်ဟာ မြန်မာနိုင်ငံရဲ့ တောက်ပတဲ့အနာဂတ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့စတင်နေချိန်လည်းဖြစ်ပါတယ်။ ၂၀၁၃မှာ SEA Gameပြိုင်ပွဲ ၂၀၁၄မှာ ASEAN ဥက္ကဌရာထူး ၂၀၁၅မှာ ASEAN FREE TRADE AREA စတင်တော့မယ်။ နိုင်ငံတကာနဲ့ အများကြီးဆက်ဆံရတော့မယ် ဘာတွေအဆင်သင့်ဖြစ်ပြီလဲ တို့ မြန်မာ။  ဂျပန်လိုမျိုး ကားကို အဓိကပို့ ကုန်လုပ်ဖို့  ကိုးရီးယားလို အီလက်ထရောနစ်ပစ္စည်းကို အဓိကပို့ ကုန်လုပ်ဖို့  အဲ့လိုအခြေအနေမျိုးရောက်အောင်တော်တော်ကြိုးစားရပါလိမ့်မယ်။ Made in MYANMAR ဆိုတဲ့တံဆိပ်တစ်ခုကို နိုင်ငံတကာမှာ နေရာတစ်နေရာရဖို့ ဆိုတာ ၉၆၉တံဆိပ်ကပ်ရုံနဲ့ဖြစ်လာမှာမဟုတ်ပါဘူး။ ၇၈၆လိုအော်နေရုံနဲ့လည်းမပြီးပါဘူး။ ၉၆၉နဲ့ ၇၈၆ဆိုတဲ့ comparative ဆန်ဆန် ဘာသာရေးဗန်းပြတဲ့စီးပွားရေးနဲ့တော့ အလုပ်မဖြစ်ပါဘူး။ နိုင်ငံတကာနဲ့ competitiveယှဉ်ပြိုင်ရမယ့် စီးပွားရေးခေတ် ဖြစ်လာရပါတော့မယ်။  ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးဟာ ဘာသာရေးတံဆိပ်အောက်မှာကပ်ရုံနဲ့  နိုင်ငံတကာ စံညွှန်းမီသွားမှာမဟုတ်ပါဘူး။ အများကြီးကြိုးစားရပါလိမ့်မယ်။  အများကြီးအားထုတ်ရပါလိမ့်မယ်။ ကိုယ့်ကုန်ပစ္စည်းကို ဘာသာရေးတံဆိပ်အောက်ကနေရောင်းချနေခြင်းထက် တကယ်ကို အဆင့်အတန်းမီမီ အရည်အသွေးပြည့်ပြည့်ထုတ်ကုန်တွေနဲ့ နိုင်ငံတကာကိုထိုးဖောက်ရတော့မယ့် အချိန်ရောက်နေပါပြီ။  တရုတ်နိုင်ငံကနေ ဆိုင်ကယ်တွေ တင်သွင်းလာတော့ (အောမီးသောဖော)ဆိုတဲ့စာတန်းတွေ ကပ်ပြီး ဝင်လာတာမဟုတ်ပါဘူး။ သယ်ယူပို့ ဆောင်ရေးမှာ ဆိုက်ကားထက်ပိုလျင်မြန်တဲ့အတွက် ဆိုက်ကားတွေ အလိုလိုနေရာပျောက်ပြီး မန္တလေးဟာ ဆိုင်ကယ်မြို့ တော်ကြီးဖြစ်လာတာပါ။ ဒီအချက်ကိုသတိမူကြစေချင်ပါတယ်။  ငါတို့ မြန်မာတွေ မျက်စိပွင့်ကြပါတော့။ နားဖွင့်ကြပါတော့။ ဘာသာရေးမှိုင်းတွေအောက်က ရုန်းထွက်ကြပါတော့။ အိမ်ကြက်ချင်း အိုးမည်းသုတ်ထားတော့ တခြားခြံကကြက်တွေမြင်ရင် ရယ်စရာဖြစ်မနေပေဘူးလား။ အခုပြောတဲ့စာကိုလည်း လက်ခံချင်မှလက်ခံပါ။ ကိုယ်ပိုင်ဦးနှောက်နဲ့ ပဲ စဉ်းစားဆုံးဖြတ်ကြပါ။ များများတွေးလို့  ဝေးဝေးကြည့်တတ်ကြပါစေလို့ ပဲ ဆုတောင်းရင်း ဒီစာကို နိဂုံးချုပ်လိုက်ပါတယ်။
Yin Yin Hnoung
ဒီစာကို အမုန်းခံရေးပါမယ်။
မကျေနပ်သူများဆဲချင်ဆဲသွားကြပါ။ဘလော့ချင်ဘလော့သွားကြပါ။
ဒါပေမယ့် ဒီစာကိုဖတ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာ သင့်ဦးနှောက်ကို သင်နဲ့ အတူ တပါတည်းဆောင်ယူပြီးမှဖတ်ပါလို့ ကြိုတင်မေတ္တာရပ်ခံပါရစေ။
ဝံသာနုစီးပွားရေးကို အားပေးကြဖို့ လှုံ့ ဆော်မှုတွေဟာ အခုမှပေါ်ပေါက်လာတာမဟုတ်ပါဘူး။
သီပေါမင်းပါတော်မူပြီး ၁၉၀၀ခုနှစ်ပတ်ဝန်းကျင်က မန္တလေးမှာ ဓာတ်ရထားပြေးဆွဲမှုတွေ စတင်ပါတယ်။
ပိုင်ရှင်ကတော့ အိန္ဒိယအမျိုးသား မနန့်ဂျီ ဆိုသူဖြစ်ပါတယ်။
မြန်မာလျှာနဲ့ အခေါ်ရလွယ်အောင်ပြောင်းလိုက်တော့ မနှင်းဆီဓာတ်ရထားဖြစ်လာပါတယ်။
အဲ့ဒီမှာ မျိုးချစ်စိတ်ပြင်းထန်သူ မြန်မာအမျိုးသားအချို့ က
မြန်မာလူမျိုးပိုင် သယ်ယူပို့ ဆောင်ရေးစနစ်တီထွင်ဖို့ အကြံဖြစ်လာကြတယ်။
ဒီလိုနဲ့  မြန်မာလက်သမားများတီထွင်ကြံဆပြီး ရာလေး ကျားစီးစက်ဘီးကို ဘေးတွဲတပ်လိုက်ရာက ဆိုက်ကားဖြစ်လာပါတယ်။
ဆိုက်ကားမှာ ဘာညာသာရကာလှုံ့ ဆော်မှုစာတန်းတွေမချိတ်ဆွဲပေမယ့် ဒါဟာ မြန်မာအမျိုးသားပိုင်မှန်းသိတဲ့အတွက် အားပေးကြရာက တွင်ကျယ်လာပါတယ်။
မနှင်းဆီဓာတ်ရထားကတော့ သံလမ်းရှိရာပဲပြေးဆွဲနိုင်တဲ့အတွက်ံအလုပ်မဖြစ်တော့ဘဲ
ချောင်ကြိုချောင်ကြားတိုင်း လွယ်လွယ်ဝင်ရောက်နိုင်တဲ့ ဆိုက်ကားက နေရာယူလိုက်ချိန်မှာတော့ မနှင်းဆီဓာတ်ရထား ခေတ်ပျောက်သွားပါတော့တယ်။
ဒါပေမယ့် ဝံသာနုစိတ်တစ်ခုတည်းနဲ့ စီးပွားရေးတစ်ခုဟာ ကြာရှည်မခံနိုင်ပါဘူး။
ရေရှည်မှာ စွမ်းဆောင်ရည်သာတဲ့ပြိုင်ဘက်နဲ့ တွေ့ ရင် ရှုံးနိမ့်တတ်ပါတယ်။
အခုဆို နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့မန္တလေးမှာ တချိန်က တွင်ကျယ်ခဲ့တဲ့ စက်ဘီး ဆိုက်ကားတွေအစားဆိုင်ကယ်က နေရာယူလာပါပြီ။
ဘယ်လောက်ပဲ ဝံသာနုစိတ်ရှိသူလို့ပြောပြော လက်ရှိမှာတော့ ဆိုင်ကယ်က ဆိုက်ကားထက် ပိုတွင်ကျယ်တယ်ဆိုတာ လက်ခံရတော့မှာပါ။
ဒီလိုပါပဲ။
အခုချိန်ဟာ မြန်မာနိုင်ငံရဲ့ တောက်ပတဲ့အနာဂတ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့စတင်နေချိန်လည်းဖြစ်ပါတယ်။
၂၀၁၃မှာ SEA Gameပြိုင်ပွဲ
၂၀၁၄မှာ ASEAN ဥက္ကဌရာထူး
၂၀၁၅မှာ ASEAN FREE TRADE AREA စတင်တော့မယ်။
နိုင်ငံတကာနဲ့ အများကြီးဆက်ဆံရတော့မယ်
ဘာတွေအဆင်သင့်ဖြစ်ပြီလဲ တို့ မြန်မာ။
ဂျပန်လိုမျိုး ကားကို အဓိကပို့ ကုန်လုပ်ဖို့ 
ကိုးရီးယားလို အီလက်ထရောနစ်ပစ္စည်းကို အဓိကပို့ ကုန်လုပ်ဖို့ 
အဲ့လိုအခြေအနေမျိုးရောက်အောင်တော်တော်ကြိုးစားရပါလိမ့်မယ်။
Made in MYANMAR ဆိုတဲ့တံဆိပ်တစ်ခုကို နိုင်ငံတကာမှာ နေရာတစ်နေရာရဖို့ ဆိုတာ ၉၆၉တံဆိပ်ကပ်ရုံနဲ့ဖြစ်လာမှာမဟုတ်ပါဘူး။
၇၈၆လိုအော်နေရုံနဲ့လည်းမပြီးပါဘူး။
၉၆၉နဲ့ ၇၈၆ဆိုတဲ့ comparative ဆန်ဆန် ဘာသာရေးဗန်းပြတဲ့စီးပွားရေးနဲ့တော့ အလုပ်မဖြစ်ပါဘူး။ နိုင်ငံတကာနဲ့ competitiveယှဉ်ပြိုင်ရမယ့် စီးပွားရေးခေတ် ဖြစ်လာရပါတော့မယ်။
ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးဟာ ဘာသာရေးတံဆိပ်အောက်မှာကပ်ရုံနဲ့  နိုင်ငံတကာ စံညွှန်းမီသွားမှာမဟုတ်ပါဘူး။
အများကြီးကြိုးစားရပါလိမ့်မယ်။
အများကြီးအားထုတ်ရပါလိမ့်မယ်။
ကိုယ့်ကုန်ပစ္စည်းကို ဘာသာရေးတံဆိပ်အောက်ကနေရောင်းချနေခြင်းထက် တကယ်ကို အဆင့်အတန်းမီမီ အရည်အသွေးပြည့်ပြည့်ထုတ်ကုန်တွေနဲ့ နိုင်ငံတကာကိုထိုးဖောက်ရတော့မယ့် အချိန်ရောက်နေပါပြီ။
တရုတ်နိုင်ငံကနေ ဆိုင်ကယ်တွေ တင်သွင်းလာတော့ (အောမီးသောဖော)ဆိုတဲ့စာတန်းတွေ ကပ်ပြီး ဝင်လာတာမဟုတ်ပါဘူး။
သယ်ယူပို့ ဆောင်ရေးမှာ ဆိုက်ကားထက်ပိုလျင်မြန်တဲ့အတွက် ဆိုက်ကားတွေ အလိုလိုနေရာပျောက်ပြီး မန္တလေးဟာ ဆိုင်ကယ်မြို့ တော်ကြီးဖြစ်လာတာပါ။
ဒီအချက်ကိုသတိမူကြစေချင်ပါတယ်။
ငါတို့ မြန်မာတွေ မျက်စိပွင့်ကြပါတော့။
နားဖွင့်ကြပါတော့။
ဘာသာရေးမှိုင်းတွေအောက်က ရုန်းထွက်ကြပါတော့။
အိမ်ကြက်ချင်း အိုးမည်းသုတ်ထားတော့ တခြားခြံကကြက်တွေမြင်ရင် ရယ်စရာဖြစ်မနေပေဘူးလား။
အခုပြောတဲ့စာကိုလည်း လက်ခံချင်မှလက်ခံပါ။
ကိုယ်ပိုင်ဦးနှောက်နဲ့ ပဲ စဉ်းစားဆုံးဖြတ်ကြပါ။
များများတွေးလို့  ဝေးဝေးကြည့်တတ်ကြပါစေလို့ ပဲ ဆုတောင်းရင်း ဒီစာကို နိဂုံးချုပ်လိုက်ပါတယ်။
ဘာသာရေးပဋိပက္ခများကို ဆန့်ကျင်သင့်သည့် အကြောင်းရင်း ၇ ချက်
$
0
0
Photo: ဒါဖတ်ပြီးမှ အကြမ်းဖက်ဖို့ စဉ်းစားပါ ဘာသာရေးပဋိပက္ခများကို ဆန့်ကျင်သင့်သည့် အကြောင်းရင်း ၇ ချက်  ရေးသားသူ- ရဲမိုး  ဒီမနက် ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူတစ်ဦးက တက်နင်းခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူတစ်ဦးက သံဃာတော်တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက်ခဲ့ပါသလား။ ဘာမှအရေးယူဆောင်ရွက်မှုမပြုလုပ်မီ ဒီဆောင်းပါးကိုအရင်ဖတ် ကြည့်ပါ။  ဆက်တိုက်ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေးပဋိပက္ခများက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တစ်စစီဆုတ်ဖြဲပစ်ဖို့ ကြိုးစားနေသည်။ ဆယ်စုနှစ်ငါးစုခန့် မျက်စိလည်လမ်းမှားနေခဲ့ပြီး လမ်းကြောင်းပြန်တည့်ဖို့ ကြိုးစားနေသည့် လူ့အဖွဲ့အစည်းကို နောက်ပြန်လှည့်ဖို့အားထုတ်သည့် ပြဿနာဖြစ်သည်။  ဘာကြောင့် ဘာသာရေးလူမျိုးရေးပဋိပက္ခများကို ပြည်ထောင်စုသားတိုင်းက အပြင်းအထန်ဆန့်ကျင်သင့်သည် ယခုပဋိပက္ခများကပြည်ထောင်စု အနာဂတ်ကို ဘယ်လို ခြိမ်းခြောက်နေသည်ဆိုသည့် အကြောင်းရင်းခုနစ်ချက်ကို ဖော်ပြပါမည်။   ၁။ ပြည်ထောင်စုဟူသည် လူနည်းစုများ၏ နေအိမ်လူနည်းစု မွတ်ဆလင်များကို တိုက်ခိုက်ခြင်းသည် ပြည်ထောင်စုတွင်းရှိ အခြားသော လူနည်းစုများကြားမှာလည်း မလုံခြုံစိတ်ကို ပျံ့နှံ့စေသည်။ လူနည်းစုများဖြစ်သည့် ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များ အပါအ၀င် တိုင်းရင်းသား အားလုံး၏ စိတ်တွင် တစ်နေ့လူအများစုနှင့် ပြဿနာဖြစ်လျှင် အကာအကွယ်မဲ့ အနိုင်ကျင့်ခံရမည်ဆိုသည့် မလုံခြုံသည့်စိတ်က ပြည်ထောင်စု စိတ်ဓာတ်ကို အပြင်းအထန်ထိခိုက်စေပါသည်။ ပြည်ထောင်စုမပြိုကွဲရေးကို ရာသက်ပန်ကြွေးကြော်နေခဲ့သည့် တပ်မတော်နှင့် ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် ဖွဲ့ စည်းထားသော အစိုးရအဖွဲ့တွင် တာဝန်ရှိပါသည်။ တိတ်ဆိတ်နေသော အတိုက်အခံသည်လည်း လူနည်းစုများ၏ အခွင့် အရေးအတွက်တာဝန်ရှိပါသည်။  ၂။ အဝေးရောက် မိသားစုဝင်များအင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများအပါအ၀င် မွတ်ဆလင်နိုင်ငံအသီးသီးနှင့် ကမ္ဘာတစ်လွှားမှာ အလုပ်လုပ်ကိုင်၊ အခြေချနေထိုင်နေကြသည့် မြန်မာတို့အတွက် လုံခြုံရေးအရ စိုးရိမ်စရာအကောင်းဆုံးအခြေအနေ ရင်ဆိုင်နေရသည်။ ပြည်တွင်းမှအစွန်းရောက် သူ၊ မသမာသူအချို့ကြောင့် ပြည်တွင်းပြည်ပမိသားစုဝင်အများအပြား စိုးရိမ်ပူပန်နေကြရသည်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ပြည်တွင်းသို့ ငွေပြန်လွှဲမှုသည် ဒေါ်လာ ဆယ်ဘီလီယံ အနည်းဆုံးရှိနိုင်သည်ဟု The Economist မဂ္ဂဇင်းကြီး၏ ဆောင်းပါးတစ်စောင်ကဆိုသည်။ ဤငွေပမာဏသည် မြန်မာနိုင်ငံက နှစ်စဉ်ရောင်းချနေသည့် သဘာဝဓာတ်ငွေ့မှ ရရှိသည့်ငွေထက် အမြောက် အမြားပိုပါသည်။ ပြည်သူအများစုကို ထမင်းကျွေးနေသည့် ကဏ္ဍဖြစ်သည်။  ၃။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ နှစ်ငါးဆယ်ကျော် ခေတ်နောက်ကျကျန်နေခဲ့ပြီး နိုင်ငံတကာအကူအညီနှင့် ပြန်လည်ဖွံ့ဖြိုးအောင် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကြမ်းဖက်မှုရှိနေသည့် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ဖွံ့ဖြိုး တိုးတက်အောင်လုပ်၍မရပါ။ နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ ရနေသည့်တိုင် ဆင်းရဲမွဲတေမှုကို ခ၀ါမချနိုင်သည့် နိုင်ငံအများ အပြား ရှိသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နှစ်လျှင်နိုင်ငံတကာမှ အကူအညီပျမ်းမျှ ၁ ဒသမ ၂ ဘီလီယံဒေါ်လာရရှိနေသည်။  သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းများပေါ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် နှစ်စဉ်ဆုံးရှုံးနေသည့် စရိတ်က ၁ ဒသမ ၂ ဘီလီယံဒေါ်လာရှိနေသည်။ မထင်မှတ်သည့် ပြဿနာတစ်ခုတည်းကြောင့် နိုင်ငံတကာကအကူအညီအားလုံးကို ဆုံးရှုံးနေသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ ဘာသာရေး၊ လူမှုရေးပဋိပက္ခများကို မထိန်းချုပ်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ကိုင်ဖို့မဖြစ်နိုင်ပါ။  ၄။ ဗုဒ္ဓဘာသာ၏ ပုံရိပ်ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာဗုဒ္ဓဘာသာနှင့် သံဃာတော်များအပေါ် ထားရှိသည့် လေးစားယုံကြည်မှုအပေါ် ယခုပဋိပက္ခများက ထိခိုက်မှုရှိပါသည်။ နိုင်ငံတကာက၀ိုင်းဝေဖန်၍ အကဲဆတ် ပြန်လည်ရန်တွေ့မည့် အစား မိမိလူ့အဖွဲ့အစည်းအတွင်းမှာ အနိုင်ကျင့်အကြမ်းဖက်မှုများ မရှိစေဖို့ ကြိုတင်တားမြစ်နိုင်မှသာ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လိမ့်မည်။ “လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ”  ၅။ ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်စွာနေထိုင်ခြင်း မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှတိုက်ငယ်၏ လူဦးရေထက်ဝက်ကျော် သည် အစ္စလာမ်ဘာသာဝင်များဖြစ်ပါသည်။ ဘာသာရေးအခြေခံသည့် မီးကိုမွှေးလျှင် ကိုယ့်နိုင်ငံသာမကဘဲ ဒေသတွင်းမှာမည်မျှကူးစက်လောင် ကျွမ်းမည်ကို ဆင်ခြင်တွေးတော၍ ရနိုင်လိမ့်မည်။   အာဆီယံဥက္ကဋ္ဌလုပ်မည်ဆိုလျှင် ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်သည့်ကျင့်ကြံမှုကို ပြသဖို့လိုသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအခွင့်အရေးမှ မြန်မာနိုင်ငံအနေဖြင့် ရစရာအများအပြားရှိသည်။ မိုက်မဲသည့် လုပ်ရပ်များဖြင့် ထိုအခွင့်အရေးကို မဆုံးရှုံးသင့်ပါ။  ၆။ တရားဥပဒေစိုးမိုးရေးမည်သည့် အကြောင်းပြချက်နှင့်မဆို တရားဥပဒေကို ချိုးဖောက်ဖို့ ကြိုးစားအားထုတ်မှုသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ ပျံ့နှံ့မှုလွယ်ကူသည်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေသည် လူ့အဖွဲ့အစည်းအတွင်းတွင် အခြားသောတရားဥပဒေချိုးဖောက်မှုအမျိုးမျိုး ကို ရက်ရောစွာ ဖိတ်ခေါ်နေသည်။ ပြည်သူအချင်းချင်း နှိပ်စက်ဖိနှိပ်မှုသည် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာသူဌေးကြီးများနှင့် နိုင်ငံ ဖြတ်ကျော်အဖွဲ့အစည်းများကိုလည်း ပြည်သူများအပေါ် မတရားဖိနှိပ်မှုပြုလုပ်ဖို့ အားပေးတိုက်တွန်းသယောင်ဖြစ်သည်။ဥပဒေအထက်မှာ မည်သူမှ မရှိရပါ။  ၇။ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ အထက်ပါ အချက်ခြောက်ချက်ကို ဖတ်ပြီးသည့်တိုင် နားမ၀င်သေးသူများအတွက် နောက်ဆုံးအချက် နံပါတ်ခုနစ်ဖြင့် သတိပေးဖို့ ကြိုးစားပါမည်။ အကြမ်းဖက်မှုနှင့် မငြိမ်သက်မှုသည် စစ်တပ်အုပ်ချုပ်ရေးကို တိုက်ရိုက်ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ နှစ်ငါးဆယ်သည် လုံလောက်သော ခြောက်အိပ်မက်ရှည်တစ်ခုဖြစ်ပြီး ထိုအိပ်မက်ကို ပြန်မက်ချင်သူ အများအပြားရှိမည်ဟုမထင်ပါ။ တပ်မတော်သားများအပါအ၀င် ဖြစ်ပါသည်။  အရပ်ဘက်ကိစ္စများတွင် တပ်မတော်မပါဝင်ဘဲ ဖြေရှင်းနိုင်သည့် အစွမ်းအစ ကျွန်တော်တို့မှာရှိကြောင်း သက်သေပြဖို့လိုပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သက်သေပြဖို့ ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိသည်။   ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရေးသားသူ- ရဲမိုး
ဒီမနက် ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူတစ်ဦးက တက်နင်းခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူတစ်ဦးက သံဃာတော်တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက်ခဲ့ပါသလား။ ဘာမှအရေးယူဆောင်ရွက်မှုမပြုလုပ်မီ ဒီဆောင်းပါးကိုအရင်ဖတ် ကြည့်ပါ။
ဆက်တိုက်ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေးပဋိပက္ခများက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တစ်စစီဆုတ်ဖြဲပစ်ဖို့ ကြိုးစားနေသည်။ ဆယ်စုနှစ်ငါးစုခန့် မျက်စိလည်လမ်းမှားနေခဲ့ပြီး လမ်းကြောင်းပြန်တည့်ဖို့ ကြိုးစားနေသည့် လူ့အဖွဲ့အစည်းကို နောက်ပြန်လှည့်ဖို့အားထုတ်သည့် ပြဿနာဖြစ်သည်။
ဘာကြောင့် ဘာသာရေးလူမျိုးရေးပဋိပက္ခများကို ပြည်ထောင်စုသားတိုင်းက အပြင်းအထန်ဆန့်ကျင်သင့်သည် ယခုပဋိပက္ခများကပြည်ထောင်စု အနာဂတ်ကို ဘယ်လို ခြိမ်းခြောက်နေသည်ဆိုသည့် အကြောင်းရင်းခုနစ်ချက်ကို ဖော်ပြပါမည်။
၁။ ပြည်ထောင်စုဟူသည် လူနည်းစုများ၏ နေအိမ်လူနည်းစု မွတ်ဆလင်များကို တိုက်ခိုက်ခြင်းသည် ပြည်ထောင်စုတွင်းရှိ အခြားသော လူနည်းစုများကြားမှာလည်း မလုံခြုံစိတ်ကို ပျံ့နှံ့စေသည်။ လူနည်းစုများဖြစ်သည့် ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များ အပါအ၀င် တိုင်းရင်းသား အားလုံး၏ စိတ်တွင် တစ်နေ့လူအများစုနှင့် ပြဿနာဖြစ်လျှင် အကာအကွယ်မဲ့ အနိုင်ကျင့်ခံရမည်ဆိုသည့် မလုံခြုံသည့်စိတ်က ပြည်ထောင်စု စိတ်ဓာတ်ကို အပြင်းအထန်ထိခိုက်စေပါသည်။ ပြည်ထောင်စုမပြိုကွဲရေးကို ရာသက်ပန်ကြွေးကြော်နေခဲ့သည့် တပ်မတော်နှင့် ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် ဖွဲ့ စည်းထားသော အစိုးရအဖွဲ့တွင် တာဝန်ရှိပါသည်။ တိတ်ဆိတ်နေသော အတိုက်အခံသည်လည်း လူနည်းစုများ၏ အခွင့် အရေးအတွက်တာဝန်ရှိပါသည်။
၂။ အဝေးရောက် မိသားစုဝင်များအင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများအပါအ၀င် မွတ်ဆလင်နိုင်ငံအသီးသီးနှင့် ကမ္ဘာတစ်လွှားမှာ အလုပ်လုပ်ကိုင်၊ အခြေချနေထိုင်နေကြသည့် မြန်မာတို့အတွက် လုံခြုံရေးအရ စိုးရိမ်စရာအကောင်းဆုံးအခြေအနေ ရင်ဆိုင်နေရသည်။ ပြည်တွင်းမှအစွန်းရောက် သူ၊ မသမာသူအချို့ကြောင့် ပြည်တွင်းပြည်ပမိသားစုဝင်အများအပြား စိုးရိမ်ပူပန်နေကြရသည်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ပြည်တွင်းသို့ ငွေပြန်လွှဲမှုသည် ဒေါ်လာ ဆယ်ဘီလီယံ အနည်းဆုံးရှိနိုင်သည်ဟု The Economist မဂ္ဂဇင်းကြီး၏ ဆောင်းပါးတစ်စောင်ကဆိုသည်။ ဤငွေပမာဏသည် မြန်မာနိုင်ငံက နှစ်စဉ်ရောင်းချနေသည့် သဘာဝဓာတ်ငွေ့မှ ရရှိသည့်ငွေထက် အမြောက် အမြားပိုပါသည်။ ပြည်သူအများစုကို ထမင်းကျွေးနေသည့် ကဏ္ဍဖြစ်သည်။
၃။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ နှစ်ငါးဆယ်ကျော် ခေတ်နောက်ကျကျန်နေခဲ့ပြီး နိုင်ငံတကာအကူအညီနှင့် ပြန်လည်ဖွံ့ဖြိုးအောင် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကြမ်းဖက်မှုရှိနေသည့် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ဖွံ့ဖြိုး တိုးတက်အောင်လုပ်၍မရပါ။ နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ ရနေသည့်တိုင် ဆင်းရဲမွဲတေမှုကို ခ၀ါမချနိုင်သည့် နိုင်ငံအများ
အပြား ရှိသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နှစ်လျှင်နိုင်ငံတကာမှ အကူအညီပျမ်းမျှ ၁ ဒသမ ၂ ဘီလီယံဒေါ်လာရရှိနေသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းများပေါ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် နှစ်စဉ်ဆုံးရှုံးနေသည့် စရိတ်က ၁ ဒသမ ၂ ဘီလီယံဒေါ်လာရှိနေသည်။ မထင်မှတ်သည့် ပြဿနာတစ်ခုတည်းကြောင့် နိုင်ငံတကာကအကူအညီအားလုံးကို ဆုံးရှုံးနေသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ ဘာသာရေး၊ လူမှုရေးပဋိပက္ခများကို မထိန်းချုပ်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ကိုင်ဖို့မဖြစ်နိုင်ပါ။
၎။ ဗုဒ္ဓဘာသာ၏ ပုံရိပ်ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာဗုဒ္ဓဘာသာနှင့် သံဃာတော်များအပေါ် ထားရှိသည့် လေးစားယုံကြည်မှုအပေါ် ယခုပဋိပက္ခများက ထိခိုက်မှုရှိပါသည်။ နိုင်ငံတကာက၀ိုင်းဝေဖန်၍ အကဲဆတ် ပြန်လည်ရန်တွေ့မည့် အစား မိမိလူ့အဖွဲ့အစည်းအတွင်းမှာ အနိုင်ကျင့်အကြမ်းဖက်မှုများ မရှိစေဖို့ ကြိုတင်တားမြစ်နိုင်မှသာ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လိမ့်မည်။
“လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ”
၅။ ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်စွာနေထိုင်ခြင်း မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှတိုက်ငယ်၏ လူဦးရေထက်ဝက်ကျော် သည် အစ္စလာမ်ဘာသာဝင်များဖြစ်ပါသည်။ ဘာသာရေးအခြေခံသည့် မီးကိုမွှေးလျှင် ကိုယ့်နိုင်ငံသာမကဘဲ ဒေသတွင်းမှာမည်မျှကူးစက်လောင် ကျွမ်းမည်ကို ဆင်ခြင်တွေးတော၍ ရနိုင်လိမ့်မည်။
အာဆီယံဥက္ကဋ္ဌလုပ်မည်ဆိုလျှင် ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်သည့်ကျင့်ကြံမှုကို ပြသဖို့လိုသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအခွင့်အရေးမှ မြန်မာနိုင်ငံအနေဖြင့် ရစရာအများအပြားရှိသည်။ မိုက်မဲသည့် လုပ်ရပ်များဖြင့် ထိုအခွင့်အရေးကို မဆုံးရှုံးသင့်ပါ။
၆။ တရားဥပဒေစိုးမိုးရေးမည်သည့် အကြောင်းပြချက်နှင့်မဆို တရားဥပဒေကို ချိုးဖောက်ဖို့ ကြိုးစားအားထုတ်မှုသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ ပျံ့နှံ့မှုလွယ်ကူသည်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေသည် လူ့အဖွဲ့အစည်းအတွင်းတွင် အခြားသောတရားဥပဒေချိုးဖောက်မှုအမျိုးမျိုး
ကို ရက်ရောစွာ ဖိတ်ခေါ်နေသည်။ ပြည်သူအချင်းချင်း နှိပ်စက်ဖိနှိပ်မှုသည် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာသူဌေးကြီးများနှင့် နိုင်ငံ ဖြတ်ကျော်အဖွဲ့အစည်းများကိုလည်း ပြည်သူများအပေါ် မတရားဖိနှိပ်မှုပြုလုပ်ဖို့ အားပေးတိုက်တွန်းသယောင်ဖြစ်သည်။ဥပဒေအထက်မှာ မည်သူမှ မရှိရပါ။
၇။ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ အထက်ပါ အချက်ခြောက်ချက်ကို ဖတ်ပြီးသည့်တိုင် နားမ၀င်သေးသူများအတွက် နောက်ဆုံးအချက် နံပါတ်ခုနစ်ဖြင့် သတိပေးဖို့ ကြိုးစားပါမည်။ အကြမ်းဖက်မှုနှင့် မငြိမ်သက်မှုသည် စစ်တပ်အုပ်ချုပ်ရေးကို တိုက်ရိုက်ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ နှစ်ငါးဆယ်သည် လုံလောက်သော ခြောက်အိပ်မက်ရှည်တစ်ခုဖြစ်ပြီး ထိုအိပ်မက်ကို ပြန်မက်ချင်သူ အများအပြားရှိမည်ဟုမထင်ပါ။ တပ်မတော်သားများအပါအ၀င် ဖြစ်ပါသည်။
အရပ်ဘက်ကိစ္စများတွင် တပ်မတော်မပါဝင်ဘဲ ဖြေရှင်းနိုင်သည့် အစွမ်းအစ ကျွန်တော်တို့မှာရှိကြောင်း သက်သေပြဖို့လိုပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သက်သေပြဖို့ ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
မြန်မာတို့အတွက် အင်ဒိုနီးရှားသင်ခန်းစာ
$
0
0
 Photo: မြန်မာတို့အတွက် အင်ဒိုနီးရှားသင်ခန်းစာ ======================  မြန်မာ့ခေါင်းဆောင်များသည် စီးပွားရေးနှင့် နိုင်ငံရေးအပြောင်းအလဲများစွာကို အားသွန်စိုက်နေချိန်တွင် လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မူဆလင်များ သို့မဟုတ် ရိုဟင်ဂျာများအရေးကိုလည်း ကြားဝင်ဖြေရှင်းနေရသည်။  အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့ကူးပြောင်းခဲ့သည့် အီရတ်၊ ယူဂိုဆလားဗီးယားအစရှိသော နိုင်ငံအများအပြားပင် ဤသို့သော လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများကို ကြုံတွေ့ခဲ့ကြရသည်သာဖြစ်သည်။  မြန်မာနိုင်ငံအတွက်မူ အနီးဆုံး နှိုင်းယှဉ်လေ့လာနိုင်စရာ နမူနာတစ်ခုရှိနေပါသည်။  လွန်ခဲ့သော ၁၅ နှစ်တိတိ ဒီအချိန်မျိုးတွင် စီးပွားရေးပြသနာများနက်ရှိုင်းစွာဖြစ်ပေါ်နေပြီး နိုင်ငံရေးဆန္ဒပြမှုများ သီတင်းပတ်ပေါင်းများစွာ ပေါ်ပေါက်နေသော အင်ဒိုနီးရှားနိုင်ငံတွင် စစ်အာဏာရှင် ဆူဟာတိုသည် နှစ် ၃၀ ကြာဆုပ်ကိုင်ထားခဲ့သောအာဏာမှ နှုတ်ထွက်ခဲ့ရသည်။  ထို့နောက် လပိုင်း၊ နှစ်ပိုင်းအတွင်း မူဆလင်အများစုနေထိုင်သော အင်ဒိုနီးရှားကျွန်းဆွယ်များပေါ်တွင် လူမျိုးကွဲနှင့် မျိုးနွယ်စုများအကြား အဓိကရုဏ်းများ ပေါ်ပေါက်လာသည်။ ဂျကာတာတွင် တရုတ်လူမျိုးများကို ဆန့်ကျင်မှုများဖြစ်ပွားခဲ့သည်။ ဘော်နီယိုကျွန်းတွင် ဒေးယာခ်လူမျိုးများနှင့် မက်ဒါးရက်စ်ဒေသခံများအကြား တိုက်ခိုက်ခဲ့ကြသည်။ မာလာကူးကျွန်းတွင် မူဆလင်များက ခရစ်ယာန်များအပေါ် ဂျီဟတ်စစ်ပွဲဆင်နွှဲခဲ့သည်။ အချို့က တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲထွက်သွားမှာကိုပင် စိုးရိမ်ခဲ့ကြသည်။   သို့သော်ယခုအချိန်တွင်တော့ အင်ဒိုနီးရှားကို လှူပ်ရှားတက်ကြွသော ဒီမိုကရေစီနိုင်ငံအဖြစ် ရှူမြင်နေကြပြီဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံဧ။် ကိုယ်ပိုင်ပြုပြင်ပြောင်းလဲမှုများအတွက် သင်ခန်းစာအချို့ကို ထုတ်နှုတ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။  သံစုံတီးဝိုင်းကြီးနှင့် နိုင်ငံတော်ကြီး တည်ဆောက်ခြင်း ------------------------------------------------------- တိုရန်တိုတက္ကသိုလ်မှ နိုင်ငံရေးပညာရှင် ဂျက်ကီဘာထရန်းက အင်ဒိုနီးရှားတို့သည် နယ်သာလန်ကိုလိုနီအဖြစ်မှ တော်လှန်ခဲ့ချိန်ကပင် အကွဲကွဲ အပြားပြားသောလူထုကို စတင်စုစည်းနိုင်ခဲ့သည်ဟု ဆိုပါသည်။ အင်ဒိုနီးရှားတို့ဧ။် အမျိုးသားလှူပ်ရှားမှုသည် နိုင်ငံတော်သစ်တည်ဆောက်ရေးမျှော်လင့်ချက်ဖြင့် ဒေသအားလုံးရှိလူများကို ပေါင်းစည်းပေးခဲ့သည်။  မြန်မာနိုင်ငံတွင် ဂျပန်နှင့် အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်သော လှူပ်ရှားမှုများဧ။် အချက်အချာမှာ ဗမာလူများစုတို့ဧ။် စုစည်းမှုဖြစ်သည်။ ဗြိတိသျှတို့သည် သွေးခွဲအုပ်ချုပ်ရေးကို အသုံးပြုပြီး ကရင်ကဲ့သို့ ခရစ်ယာန်လူနည်းစုများနှင့် ဗမာများအတွင်း အောင်မြင်စွာသွေးထိုးပေးနိုင်ခဲ့သည်။  နိုင်ငံတည်ဆောက်ရေးကို တညီတညွတ်ထဲမကြွေးကြော်နိုင်ခဲ့သော မြန်မာနိုင်ငံသည် လူနည်းစုများက ပြည်ထောင်စုကို ပါဝင်ပူးပေါင်းနိုင်စေရန် ဖယ်ဒရယ်မူကဲ့သို့သော ဖော်မြူလာကိုလည်း အကောင်အထည်မဖော်နိုင်ခဲ့ဟု ဘာထရန်းကဆိုသည်။ အကျိုးဆက်အနေဖြင့် နယ်စပ်ဒေသအများစုသည် သူပုန်များထိန်းချုပ်မှုအောက်တွင်ရှိနေသည်။  စစ်တပ်နှင့် နိုင်ငံတော်ကို ခွဲခြားထားခြင်း ------------------------------------------ အင်ဒိုနီးရှားသည် တပ်မတော်သားများကို အစိုးရအတွင်းမှ အောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့သည်။ တပ်မတော်စီးပွားရေးလုပ်ငန်းများကို ဖျက်သိမ်းခဲ့ပြီး ရဲတပ်ဖွဲ့ကိုလည်း တပ်မတော်မှ သီးခြားခွဲထုတ်နိုင်ခဲ့သည်။  ဒီမိုကရေစီအခြေခံအဆောက်အဦးများကို အရှိန်မြှင့်တည်ဆောက်နိုင်ခြင်းသည် တပ်မတော်ကို စစ်တန်းလျားသို့ပြန်သွားနိုင်ရန် ပိုမိုမြန်ဆန်စေသည်။ သတင်းစာလွတ်လပ်ခွင့်သည် ပြည်သူလူထုဧ။် လိုလားချက်ဖြစ်သော ပိုမိုကောင်းမွန်သည့်အုပ်ချုပ်ရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို အသံကျယ်လောင်စွာ ပေါ်ထွက်စေသည်။ အစိုးရသည် နိုင်ငံရေးပါတီများအားကန့်သတ်ခြင်းကို ရုတ်သိမ်းပေးခဲ့ပြီး ဆူဟာတို ပြုတ်ကျပြီးနောက် ကျင်းပခဲ့သော ၁၉၉၉ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၄၈ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆူပူမှုများနှင့် မဲခိုးမှုများ နဲပါးခဲ့ပြီး ၈၀%ကျော် မဲထည့်ခဲ့ကြသည်။  ဒီလုပ်ငန်းစဉ် မပြီးဆုံးသေးပါဟု တစ်ချို့က ဆိုကြသည်။ သတိပြုမိသည်မှာ မြန်မာနှင့် အင်ဒိုသမ္မတနှစ်ဦးစလုံးသည် တပ်မတော်သားဟောင်းများ ဖြစ်နေကြပါသည်။  မြန်မာတပ်မတော်သည် အရေးပေါ်အာဏာသိမ်းခွင့်ကို ချုပ်ကိုင်ထားဆဲဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်ကိုလည်း လုံးဝထိန်းချုပ်ထားသည်။ အခြေခံဥပဒေတွင် တပ်မတော်သား ၂၅% လွှတ်တော်ထဲမှာ ပါဝင်နေပြီး အသက်တမျှအရေးပါသော စွမ်းအင်နှင့် နိုင်ငံတကာကုန်သွယ်မှုကဲ့သို့ စီးပွားရေးကဏ္ဍများကို ထိန်းထားသည်။  ထို့အပြင် သမ္မတဦးသိန်းစိန်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရန် ကြေငြာခဲ့သော်လည်း ကချင်စစ်သားများကို ဗမာစစ်တပ်က ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သမ္မတရုံးဝန်ကြီးဖြစ်သူက သမ္မတသည် စစ်တပ်အပေါ် သြဇာအာဏာရှိကြောင်း ပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကမူ တပ်မတော်သည် မြန်မာ့နိုင်ငံရေးထဲတွင် ပါဝင်ပတ်သက်နေရဦးမည်ဟု ဆိုပါသည်။  ဗဟိုအာဏာချုပ်ကိုင်မှုကို လျော့ချခြင်း ----------------------------------------- ဆူဟာတိုပြုတ်ကျချိန်အတွင်း အိမ်နီးချင်းထိုင်းနိုင်ငံဧ။် ငွေကြေးဈေးကွက်ပြိုလဲမှုကြောင့် အာရှစီးပွားရေးအကျပ်အတည်းပေါ်ပေါက်ခဲ့သည်။ အင်ဒိုနီးရှားစီးပွားရေးကိုလည်း ထိခိုက်ခဲ့ရာ ပြည်နယ်များဧ။် တောင်းဆိုမှုအရ ဂျကာတာအစိုးရသည် ပြည်ထောင်စုအစိုးရဧ။် အသုံးစားရိတ်ထက်ဝက်ခန့်ကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။  နှစ်ပေါင်း ၂၅ နှစ်ခန့် တော်လှန်တောင်းဆိုခဲ့ပြီးနောက် ဂျကာတာသည် အနောက်ပိုင်းအကျဆုံး ဒေသတစ်ခုကို ရှာရီယာခေါ် အစ္စလာမ်ဥပဒေဖြင့် အထူးအုပ်ချုပ်ခွင့် ပေးအပ်ခဲ့ရသည်။ အခြားသော အနောက်ပိုင်းဒေသတစ်ခုတွင်မူ  တောင်းဆိုမှုနည်းသေးသောကြောင့် မအောင်မြင်သေးပေ။   မြန်မာနိုင်ငံသည် တော်လှန်တိုက်ခိုက်နေမှုများကို ရပ်တန့်ပစ်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးအပ်နိုင်ရေးကို ဆွေးနွေးကြရလိမ့်မည်။ ဤသို့တိုက်ခိုက်မှုများသည် တစိတ်တစ်ပိုင်းအားဖြင့် ကျောက်စိမ်း၊ ရေအားလျှပ်စစ်နှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတည်းဟူသော သယံဇာတအရင်းအမြစ်များအပေါ် ထိန်းချုပ်ထားလိုခြင်းကြောင့်လည်းဖြစ်သည်။  လူမျိုးကွဲအုပ်စုများတိုက်ခိုက်ကြရာတွင် ဤကဲ့သို့သော စီးပွားရေးကိစ္စများကို တစ်ခါတစ်ရံ သတိမပြုမိပဲရှိတတ်ကြသည်။ ဘာထရန်းက ထောက်ပြသည်မှာ အာဏာရှင်တို့ဧ။်ပြိုကွဲမှုသည် အနာဂတ်အတွက် မသေချာ၊ မရေရာမှုများကို အဆက်မပြတ်ပေါ်ပေါက်စေသောကြောင့် အုပ်စုကွဲများသည်  ပိုမိုခိုင်မာတောင့်တင်းသော အနာဂတ်နေရာများ ရယူနိုင်ရေးအတွက် အပြင်းအထန်ပြိုင်ဆိုင်လေ့ရှိကြသည် ဟုဆိုသည်။  နိုင်ငံတွင်းရှိ ဘာသာရေး -------------------------- လွတ်လပ်ရေးရပြီးနောက် အင်ဒိုနီးရှားသည် အစ္စလာမ်နိုင်ငံအနေနှင့် ရပ်တည်မည်လား၊ နိုင်ငံရေးနှင့် ဘာသာရေးမရောထွေးပဲ ရပ်တည်မည်လားဟု ရွေးစရာပေါ်ခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံရေးနှင့် ဘာသာရေးကွဲပြားသောနိုင်ငံတစ်ခုအဖြစ်ရပ်တည်ခဲ့ပြီး အစွန်းရောက်အစ္စလာမ်လက်နက်ကိုင်များကို နှိမ်နင်းခဲ့သည်။ အင်ဒိုနီးရှားဧ။် အစ္စလာမ်နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနှစ်ခုအတွင်း မဲအရေအတွက် ၃၈%မှ ၂၅ % သို့ လျော့ကျသွားခဲ့သည်။ အထူးသဖြင့် ဆွန်နီအစွန်းရောက်အုပ်စုဒေသများတွင် ဖြစ်သည်။  မြန်မာတို့ကမှူ ထောက်ခံမှုရရန်အတွက် ဘာသာရေးကိုအသုံးချနေသည်ကို ထင်ထင်ရှားရှားမြင်နေရသည်။ စစ်အာဏာရှင်တို့သည် ရှေးဘုရင်များကဲ့သို့ ဗုဒ္ဓဘာသာဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ကျောင်းကန်များတည်ဆောက်ခြင်း၊ ရဟန်းတို့ကို အလှူငွေဆက်ကပ်ခြင်းတို့ဖြင့် ထောက်ခံမှုရစေခဲ့သည်။  စင်္ကာပူတက္ကသိုလ်မှ ဥပဒေကျောင်းသူ မယ်လီဆာက မြန်မာနိုင်ငံဧ။် အခြေခံဥပဒေတွင် ဗုဒ္ဓဘာသာကို အထူးနေရာတစ်ခုပေးထားပြီး လူနည်းစုတို့က နိုင်ငံရေးအငြင်းပွားမှုမြင့်တက်လာသည်နှင့်အမျှ ထိုအချက်ကို မေးခွန်းထုတ်ကြလိမ့်မည်ဟု ဆိုသည်။  မြန်မာသည် အင်ဒိုနီးရှားဧ။် နောက်တွင် ပြတ်ကျန်ရစ်နေသည်မှာ တုန်လှူပ်အံ့သြစရာမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီပြုပြင်ရေးများကို စတင်ဆောင်ရွက်ခဲ့သည်မှာ ၂ နှစ်သာရှိပါသေးသည်။  လက်ရှိတွင် မြန်မာအစိုးရသည် အရပ်သားအုပ်ချုပ်ရေးသို့ အပြည့်အ၀လွှဲပြောင်းပေးအပ်ရန် သံဓိဌာန်ချထားကြောင်းပြသနိုင်မှု မရှိသေးခြင်း၊  လူနည်းစုများအတွက် တန်းတူအခွင့်အရေးနှင့် လူများစုအတွက် ဒီမိုကရေစီအခွင့်အရေးတို့ကို အာမခံချက်မပေးနိုင်သေးခြင်းတို့ကို လေ့လာသူများက စောင့်ကြည့်နေကြသည်။ ဤအချက်များမပါဝင်လျှင် ပြုပြင်ပြောင်းလဲမှုများသည် မသေချာ၊ မရေရာပဲ နောက်ကြောင်းပြန်လှည့်နိုင်ပါသည်။  http://www.npr.org/blogs/parallels/2013/05/21/185815047/as-myanmar-reforms-indonesnia-offers-some-lessons
Thanda Win
မြန်မာ့ခေါင်းဆောင်များသည် စီးပွားရေးနှင့် နိုင်ငံရေးအပြောင်းအလဲများစွာကို အားသွန်စိုက်နေချိန်တွင် လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု မူဆလင်များ သို့မဟုတ် ရိုဟင်ဂျာများအရေးကိုလည်း ကြားဝင်ဖြေရှင်းနေရသည်။
အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့ကူးပြောင်းခဲ့သည့် အီရတ်၊ ယူဂိုဆလားဗီးယားအစရှိသော နိုင်ငံအများအပြားပင် ဤသို့သော လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများကို ကြုံတွေ့ခဲ့ကြရသည်သာဖြစ်သည်။
မြန်မာနိုင်ငံအတွက်မူ အနီးဆုံး နှိုင်းယှဉ်လေ့လာနိုင်စရာ နမူနာတစ်ခုရှိနေပါသည်။
လွန်ခဲ့သော ၁၅ နှစ်တိတိ ဒီအချိန်မျိုးတွင် စီးပွားရေးပြသနာများနက်ရှိုင်းစွာဖြစ်ပေါ်နေပြီး နိုင်ငံရေးဆန္ဒပြမှုများ သီတင်းပတ်ပေါင်းများစွာ ပေါ်ပေါက်နေသော အင်ဒိုနီးရှားနိုင်ငံတွင် စစ်အာဏာရှင် ဆူဟာတိုသည် နှစ် ၃၀ ကြာဆုပ်ကိုင်ထားခဲ့သောအာဏာမှ နှုတ်ထွက်ခဲ့ရသည်။
ထို့နောက် လပိုင်း၊ နှစ်ပိုင်းအတွင်း မူဆလင်အများစုနေထိုင်သော အင်ဒိုနီးရှားကျွန်းဆွယ်များပေါ်တွင် လူမျိုးကွဲနှင့် မျိုးနွယ်စုများအကြား အဓိကရုဏ်းများ ပေါ်ပေါက်လာသည်။ ဂျကာတာတွင် တရုတ်လူမျိုးများကို ဆန့်ကျင်မှုများဖြစ်ပွားခဲ့သည်။ ဘော်နီယိုကျွန်းတွင် ဒေးယာခ်လူမျိုးများနှင့် မက်ဒါးရက်စ်ဒေသခံများအကြား တိုက်ခိုက်ခဲ့ကြသည်။ မာလာကူးကျွန်းတွင် မူဆလင်များက ခရစ်ယာန်များအပေါ် ဂျီဟတ်စစ်ပွဲဆင်နွှဲခဲ့သည်။ အချို့က တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲထွက်သွားမှာကိုပင် စိုးရိမ်ခဲ့ကြသည်။
သို့သော်ယခုအချိန်တွင်တော့ အင်ဒိုနီးရှားကို လှူပ်ရှားတက်ကြွသော ဒီမိုကရေစီနိုင်ငံအဖြစ် ရှူမြင်နေကြပြီဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံဧ။် ကိုယ်ပိုင်ပြုပြင်ပြောင်းလဲမှုများအတွက် သင်ခန်းစာအချို့ကို ထုတ်နှုတ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
သံစုံတီးဝိုင်းကြီးနှင့် နိုင်ငံတော်ကြီး တည်ဆောက်ခြင်း
-------------------------------------------------------
တိုရန်တိုတက္ကသိုလ်မှ နိုင်ငံရေးပညာရှင် ဂျက်ကီဘာထရန်းက အင်ဒိုနီးရှားတို့သည် နယ်သာလန်ကိုလိုနီအဖြစ်မှ တော်လှန်ခဲ့ချိန်ကပင် အကွဲကွဲ အပြားပြားသောလူထုကို စတင်စုစည်းနိုင်ခဲ့သည်ဟု ဆိုပါသည်။ အင်ဒိုနီးရှားတို့ဧ။် အမျိုးသားလှူပ်ရှားမှုသည် နိုင်ငံတော်သစ်တည်ဆောက်ရေးမျှော်လင့်ချက်ဖြင့် ဒေသအားလုံးရှိလူများကို ပေါင်းစည်းပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ဂျပန်နှင့် အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်သော လှူပ်ရှားမှုများဧ။် အချက်အချာမှာ ဗမာလူများစုတို့ဧ။် စုစည်းမှုဖြစ်သည်။ ဗြိတိသျှတို့သည် သွေးခွဲအုပ်ချုပ်ရေးကို အသုံးပြုပြီး ကရင်ကဲ့သို့ ခရစ်ယာန်လူနည်းစုများနှင့် ဗမာများအတွင်း အောင်မြင်စွာသွေးထိုးပေးနိုင်ခဲ့သည်။
နိုင်ငံတည်ဆောက်ရေးကို တညီတညွတ်ထဲမကြွေးကြော်နိုင်ခဲ့သော မြန်မာနိုင်ငံသည် လူနည်းစုများက ပြည်ထောင်စုကို ပါဝင်ပူးပေါင်းနိုင်စေရန် ဖယ်ဒရယ်မူကဲ့သို့သော ဖော်မြူလာကိုလည်း အကောင်အထည်မဖော်နိုင်ခဲ့ဟု ဘာထရန်းကဆိုသည်။ အကျိုးဆက်အနေဖြင့် နယ်စပ်ဒေသအများစုသည် သူပုန်များထိန်းချုပ်မှုအောက်တွင်ရှိနေသည်။
စစ်တပ်နှင့် နိုင်ငံတော်ကို ခွဲခြားထားခြင်း
------------------------------------------
အင်ဒိုနီးရှားသည် တပ်မတော်သားများကို အစိုးရအတွင်းမှ အောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့သည်။ တပ်မတော်စီးပွားရေးလုပ်ငန်းများကို ဖျက်သိမ်းခဲ့ပြီး ရဲတပ်ဖွဲ့ကိုလည်း တပ်မတော်မှ သီးခြားခွဲထုတ်နိုင်ခဲ့သည်။
ဒီမိုကရေစီအခြေခံအဆောက်အဦးများကို အရှိန်မြှင့်တည်ဆောက်နိုင်ခြင်းသည် တပ်မတော်ကို စစ်တန်းလျားသို့ပြန်သွားနိုင်ရန် ပိုမိုမြန်ဆန်စေသည်။ သတင်းစာလွတ်လပ်ခွင့်သည် ပြည်သူလူထုဧ။် လိုလားချက်ဖြစ်သော ပိုမိုကောင်းမွန်သည့်အုပ်ချုပ်ရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို အသံကျယ်လောင်စွာ ပေါ်ထွက်စေသည်။ အစိုးရသည် နိုင်ငံရေးပါတီများအားကန့်သတ်ခြင်းကို ရုတ်သိမ်းပေးခဲ့ပြီး ဆူဟာတို ပြုတ်ကျပြီးနောက် ကျင်းပခဲ့သော ၁၉၉၉ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၄၈ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆူပူမှုများနှင့် မဲခိုးမှုများ နဲပါးခဲ့ပြီး ၈၀%ကျော် မဲထည့်ခဲ့ကြသည်။
ဒီလုပ်ငန်းစဉ် မပြီးဆုံးသေးပါဟု တစ်ချို့က ဆိုကြသည်။ သတိပြုမိသည်မှာ မြန်မာနှင့် အင်ဒိုသမ္မတနှစ်ဦးစလုံးသည် တပ်မတော်သားဟောင်းများ ဖြစ်နေကြပါသည်။
မြန်မာတပ်မတော်သည် အရေးပေါ်အာဏာသိမ်းခွင့်ကို ချုပ်ကိုင်ထားဆဲဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်ကိုလည်း လုံးဝထိန်းချုပ်ထားသည်။ အခြေခံဥပဒေတွင် တပ်မတော်သား ၂၅% လွှတ်တော်ထဲမှာ ပါဝင်နေပြီး အသက်တမျှအရေးပါသော စွမ်းအင်နှင့် နိုင်ငံတကာကုန်သွယ်မှုကဲ့သို့ စီးပွားရေးကဏ္ဍများကို ထိန်းထားသည်။
ထို့အပြင် သမ္မတဦးသိန်းစိန်မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရန် ကြေငြာခဲ့သော်လည်း ကချင်စစ်သားများကို ဗမာစစ်တပ်က ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သမ္မတရုံးဝန်ကြီးဖြစ်သူက သမ္မတသည် စစ်တပ်အပေါ် သြဇာအာဏာရှိကြောင်း ပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကမူ တပ်မတော်သည် မြန်မာ့နိုင်ငံရေးထဲတွင် ပါဝင်ပတ်သက်နေရဦးမည်ဟု ဆိုပါသည်။
ဗဟိုအာဏာချုပ်ကိုင်မှုကို လျော့ချခြင်း
-----------------------------------------
ဆူဟာတိုပြုတ်ကျချိန်အတွင်း အိမ်နီးချင်းထိုင်းနိုင်ငံဧ။် ငွေကြေးဈေးကွက်ပြိုလဲမှုကြောင့် အာရှစီးပွားရေးအကျပ်အတည်းပေါ်ပေါက်ခဲ့သည်။ အင်ဒိုနီးရှားစီးပွားရေးကိုလည်း ထိခိုက်ခဲ့ရာ ပြည်နယ်များဧ။် တောင်းဆိုမှုအရ ဂျကာတာအစိုးရသည် ပြည်ထောင်စုအစိုးရဧ။် အသုံးစားရိတ်ထက်ဝက်ခန့်ကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။
နှစ်ပေါင်း ၂၅ နှစ်ခန့် တော်လှန်တောင်းဆိုခဲ့ပြီးနောက် ဂျကာတာသည် အနောက်ပိုင်းအကျဆုံး ဒေသတစ်ခုကို ရှာရီယာခေါ် အစ္စလာမ်ဥပဒေဖြင့် အထူးအုပ်ချုပ်ခွင့် ပေးအပ်ခဲ့ရသည်။ အခြားသော အနောက်ပိုင်းဒေသတစ်ခုတွင်မူ တောင်းဆိုမှုနည်းသေးသောကြောင့် မအောင်မြင်သေးပေ။
မြန်မာနိုင်ငံသည် တော်လှန်တိုက်ခိုက်နေမှုများကို ရပ်တန့်ပစ်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးအပ်နိုင်ရေးကို ဆွေးနွေးကြရလိမ့်မည်။ ဤသို့တိုက်ခိုက်မှုများသည် တစိတ်တစ်ပိုင်းအားဖြင့် ကျောက်စိမ်း၊ ရေအားလျှပ်စစ်နှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတည်းဟူသော သယံဇာတအရင်းအမြစ်များအပေါ် ထိန်းချုပ်ထားလိုခြင်းကြောင့်လည်းဖြစ်သည်။
လူမျိုးကွဲအုပ်စုများတိုက်ခိုက်ကြရာတွင် ဤကဲ့သို့သော စီးပွားရေးကိစ္စများကို တစ်ခါတစ်ရံ သတိမပြုမိပဲရှိတတ်ကြသည်။ ဘာထရန်းက ထောက်ပြသည်မှာ အာဏာရှင်တို့ဧ။်ပြိုကွဲမှုသည် အနာဂတ်အတွက် မသေချာ၊ မရေရာမှုများကို အဆက်မပြတ်ပေါ်ပေါက်စေသောကြောင့် အုပ်စုကွဲများသည် ပိုမိုခိုင်မာတောင့်တင်းသော အနာဂတ်နေရာများ ရယူနိုင်ရေးအတွက် အပြင်းအထန်ပြိုင်ဆိုင်လေ့ရှိကြသည် ဟုဆိုသည်။
နိုင်ငံတွင်းရှိ ဘာသာရေး
--------------------------
လွတ်လပ်ရေးရပြီးနောက် အင်ဒိုနီးရှားသည် အစ္စလာမ်နိုင်ငံအနေနှင့် ရပ်တည်မည်လား၊ နိုင်ငံရေးနှင့် ဘာသာရေးမရောထွေးပဲ ရပ်တည်မည်လားဟု ရွေးစရာပေါ်ခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံရေးနှင့် ဘာသာရေးကွဲပြားသောနိုင်ငံတစ်ခုအဖြစ်ရပ်တည်ခဲ့ပြီး အစွန်းရောက်အစ္စလာမ်လက်နက်ကိုင်များကို နှိမ်နင်းခဲ့သည်။ အင်ဒိုနီးရှားဧ။် အစ္စလာမ်နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲနှစ်ခုအတွင်း မဲအရေအတွက် ၃၈%မှ ၂၅ % သို့ လျော့ကျသွားခဲ့သည်။ အထူးသဖြင့် ဆွန်နီအစွန်းရောက်အုပ်စုဒေသများတွင် ဖြစ်သည်။
မြန်မာတို့ကမှူ ထောက်ခံမှုရရန်အတွက် ဘာသာရေးကိုအသုံးချနေသည်ကို ထင်ထင်ရှားရှားမြင်နေရသည်။ စစ်အာဏာရှင်တို့သည် ရှေးဘုရင်များကဲ့သို့ ဗုဒ္ဓဘာသာဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ကျောင်းကန်များတည်ဆောက်ခြင်း၊ ရဟန်းတို့ကို အလှူငွေဆက်ကပ်ခြင်းတို့ဖြင့် ထောက်ခံမှုရစေခဲ့သည်။
စင်္ကာပူတက္ကသိုလ်မှ ဥပဒေကျောင်းသူ မယ်လီဆာက မြန်မာနိုင်ငံဧ။် အခြေခံဥပဒေတွင် ဗုဒ္ဓဘာသာကို အထူးနေရာတစ်ခုပေးထားပြီး လူနည်းစုတို့က နိုင်ငံရေးအငြင်းပွားမှုမြင့်တက်လာသည်နှင့်အမျှ ထိုအချက်ကို မေးခွန်းထုတ်ကြလိမ့်မည်ဟု ဆိုသည်။
မြန်မာသည် အင်ဒိုနီးရှားဧ။် နောက်တွင် ပြတ်ကျန်ရစ်နေသည်မှာ တုန်လှူပ်အံ့သြစရာမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီပြုပြင်ရေးများကို စတင်ဆောင်ရွက်ခဲ့သည်မှာ ၂ နှစ်သာရှိပါသေးသည်။
လက်ရှိတွင် မြန်မာအစိုးရသည် အရပ်သားအုပ်ချုပ်ရေးသို့ အပြည့်အ၀လွှဲပြောင်းပေးအပ်ရန် သံဓိဌာန်ချထားကြောင်းပြသနိုင်မှု မရှိသေးခြင်း၊ လူနည်းစုများအတွက် တန်းတူအခွင့်အရေးနှင့် လူများစုအတွက် ဒီမိုကရေစီအခွင့်အရေးတို့ကို အာမခံချက်မပေးနိုင်သေးခြင်းတို့ကို လေ့လာသူများက စောင့်ကြည့်နေကြသည်။ ဤအချက်များမပါဝင်လျှင် ပြုပြင်ပြောင်းလဲမှုများသည် မသေချာ၊ မရေရာပဲ နောက်ကြောင်းပြန်လှည့်နိုင်ပါသည်။
http://www.npr.org/blogs/parallels/2013/05/21/185815047/as-myanmar-reforms-indonesnia-offers-some-lessons
Concept နှင့် Process
$
0
0
Concept နှင့် Process
============
( ဤစာစုခေါင်းစဉ်သည် (၁၂.၀၇.၁၀ ) The Voice weekly ဂျာနယ်တွင် ဖော်ပြခဲ့ပြီး မြန်မာ့နိုင်ငံရေးလောကတွင် အကြီးအကျယ်အငြင်းပွားခဲ့ရသော၊ အင်တာနက်ပေါ်တွင် အပြင်းအထန်တိုက်ခိုက်ခံခဲ့ရသည့်
အပြင် ဂျာနယ်ကို ၂ ပတ်ပိတ်အရေးယူခံခဲ့ရသော ကွယ်လွန်သူ ဆရာနေ၀င်းမောင်ဧ။် ဆောင်းပါးခေါင်းစဉ်ဖြစ်ပါသည်။ ထိုဆောင်းပါးကို ဖတ်ရှူစဉ်က အကြောင်းအရာအပေါ် မျက်ရည်လည်မိသည်အထိ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ရသော်လည်းခေါင်းစဉ်ကိုမူ ကောင်းစွာနားလည်ခဲ့ခြင်းမရှိပါ။ယနေ့မှ ဆရာဘာကိုဆိုလိုသည်ကို တွေးမိပါသောကြောင့် ဆရာဧ။် ဥာဏ်အမြှော်အမြင်နှင့် တိုင်းပြည်ချစ်စိတ်ကို လေးမြတ်သောအားဖြင့် အသုံးပြုပါသည်။Thanda Win )
Concept
-----------
အခြေခံအတွေးအယူ ဆိုသည်မှာ လူတိုင်း၊ နေရာတိုင်းတွင်ရှိမြဲဖြစ်သည်။ ဥပမာ -- မြန်မာများသည် ကံ ကံဧ။်အကျိုးဟု လွယ်ကူစွာလက်ခံတတ်ပုံမျိုးဖြစ်သည်။ လတ်တလောအငြင်းပွားနေသော သားဖွားနှုန်းဆိုင်ရာ ဒေါ်အောင်ဆန်းစုကြည်ဧ။် မှတ်ချက်စကားတစ်ခွန်းသည် ထိုအခြေခံအတွေးအယူများနှင့် ကောက်ယူပုံမတူညီမှုများကြောင့် ၀ိရောဓိများဖြစ်ပေါ်နေသည်။
ထိုကိစ္စတွင် မည်သူမှ ငြင်းမရသော အရှိတရားမှာ ရခိုင်ဒေသရှိ ဘာသာခြားများတွင် ကြောက်ခမန်းလိလိ မြင့်မားနေသော သားဖွားနှုန်းဖြစ်သည်။ ထိုနှုန်းထားသည် ဘာသာရေးကြောင့်ဖြစ်သည်ဟုကား တထစ်ချကောက်ယူရန်ဖြစ်နိုင်မည် မထင်ပါ။ ယနေ့ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း လက်လုပ်လက်စားများဧ။် မွေးဖွားနှုန်းသည်လည်း အထိုက်အလျောက်မြင့်မားသည်သာဖြစ်သည်။ လွန်ခဲ့သော နှစ် ၆၀ ကျော်က မွေးဖွားခဲ့သော ကျွန်မဧ။် ဖခင်တွင်လည်း မောင်နှမ ၈ ယောက်ရှိသည်။ ဆိုလိုသည်မှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်အရေးမျိုးစုံ ပါဝင်ပေါင်းစပ်နေသော သိမ်မွေ့ခက်ခဲလှသည့် ပြသနာသာဖြစ်သည်။ ထိုပြသနာဧ။် အဓိက Concept မှာ ထိုမွေးဖွားနှုန်းကို အထိုက်အလျောက်လျော့ချရန်ဖြစ်သည်
ထိုသို့လျော့ချခြင်းသည် နိုင်ငံရေးကြောင့်မဟုတ်။ လူမျိုးရေးကြောင့်မဟုတ်။ ဘာသာရေးကြောင့်လည်းမဟုတ်သည့်အပြင် တရားမ၀င် အခြေချနေထိုင်နေခြင်းကြောင့်လည်း မဟုတ်ချေ။ ထိုသို့မဖြစ်မနေလျော့ချရန်လိုအပ်ခြင်းသည် ထိုဘာသာခြားများဧ။် တဦးချင်း၊ မိသားစုတစ်စုချင်းအတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးတို့ကို မြှင့်တင်ရန်အတွက်သာဖြစ်သည်။ လွန်ခဲ့သောနှစ် ၆၀ ကျော်က အဖိုးတစ်ဦးထဲသာ လခစားဝင်ငွေရှိသော်လည်း မိသားစု ၁၁ ဦးရှိသည့်အိမ်ထောင်ကို ကောင်းစွာကျွေးမွေးပြုစုနိုင်သည့်အပြင် လူလတ်တန်းစားများအဖြစ် တင့်တယ်စွာ နေထိုင်နိုင်ခဲ့ကြသည်။ ယခု မွေးဖွားနှုန်းမြင့်နေသော ဘာသာခြားများတွင်ကားထိုသို့မဟုတ်သည်မှာ ထင်ရှားလှပါသည်။ ဤအချက်ကိုလည်း မည်သို့မှ အငြင်းမထွက်။
အငြင်းပွားနေသော စကားလုံးသည် လူ့အခွင့်အရေး ဟူ၍ဖြစ်သည်။ ကလေးများပြားသော်လည်း ၀င်ငွေမရှိသော အိမ်ထောင်စုဧ။် ဒုက္ခကို မိသားစုဝင်များထက် သိနိုင်သူရှိမည်မဟုတ်ချေ။ အထူးသဖြင့် သားသမီးအများအပြားကို ဆက်တိုက်မွေးဖွားရသော အမျိုးသမီးဧ။် ဒုက္ခကို မည်သူမှ ကိုယ်ချင်းစာနိုင်မည်ဟု မထင်ပါ။ ကိုယ်ဝန်ဆောင်မိခင်သည် တစ်နေ့ သင်္ချိုင်းကုန်း မျက်စောင်း ၃ ခါထိုးသည်ဟူသော အဓိပ္ပါယ်ကို မြန်မာစကားမတတ်စေကာမူ ဘာသာခြားအမျိုးသမီးသည် ဘ၀နှင့်ရင်းကာ နားလည်ပြီးသားဖြစ်လိမ့်မည်။ လူ့အခွင့်အရေးဟူသောစကားလုံးသည် အတိအကျသုံးရလျှင် ထိုအမျိုးသမီးဧ။် အခွင့်အရေးဖြစ်သည်။ မွေးလိုက မွေးနိုင်သည်။ မမွေးလိုက နေနိုင်သည်။ မည်သည့်ဗလီဆရာမှ၊ မည်သည့်ဆွေမျိုးမှ၊ ကုန်ကုန်ဆိုရလျှင် ခင်ပွန်းသည်မှပင် ၀င်ရောက်စွက်ဖက်ခွင့် မရှိချေ။
ထိုသို့သောရွေးချယ်ခွင့် ထိုဒေသတွင် ရှိလိမ့်မည်ဟု မထင်ပါ။ ထိုသို့သာ လွတ်လပ်စွာရွေးချယ်ခွင့်ရ၍ သန္ဓေတားဆီးခြင်းသည် ဘာသာရေးနှင့် မသက်ဆိုင်ဟု ကောင်းစွာနားလည်မှသာ မွေးဖွားနှုန်းလျော့ချခြင်း ရည်မှန်းချက် အောင်မြင်ပေါက်ရောက်နိုင်မည်။ လူမှုဘ၀ကို ဆည်တန့်နိုင်မည်။ ဒေသတွင်းဖြစ်ပေါ်နေသော တင်းမာမှုများကို အထိုက်အလျောက်လျော့ချနိုင်လိမ့်မည်။
Process
----------
မည်သို့အကောင်အထည်ဖော်မည်နည်း။
အင်္ဂလိပ်စကားယူသုံးရလျှင် Very Good question!
အဖြေခက်သောမေးခွန်းဖြစ်သည်။ အဖြေမရှိသည်တော့ မဟုတ်ချေ။
လက်ရှိအာဏာပိုင်များသည် တစ်အိမ်ထောင် ကလေးနှစ်ယောက်ထက်ပိုမယူရဟူသော အမိန့်ကို ထုတ်ပြန်ထားသည်ဟု သိရသည်။ အမိန့်ထုတ်ရန်လွယ်သည်။ အမိန့်ကို လိုက်နာရန်မူ လွန်စွာခက်ခဲသည်။ ရခိုင်ဒေသရှိ ဘာသာခြားများသည် စစ်မှုထမ်းများ မဟုတ်ကြချေ။ စစ်မှုထမ်းများဧ။် မိသားစုဝင်များ မဟုတ်ကြချေ။ တပ်ရင်းမှုးမှ မင်း မိန်းမ အိမ်ပြန်ပို့လိုက်ဟု အလွယ်တကူ အမိန့်ပေးသည်ကို လိုက်နာကြမည့်သူများလည်း မဟုတ်ကြချေ။ အရပ်သားအုပ်ချုပ်ရေးကို ကောင်းစွာနားမလည်သော အံဝင်ခွင်ကျမဖြစ်သော စစ်ဘက်အုပ်ချုပ်ရေးပုံစံသည် ဤမျှ သိမ်မွေ့လှသော ပြသနာဧ။် အဖြေမဟုတ်သည်မှာ သေချာသည်။
ထိုသို့အမိန့်မျိုး၊ ဥပဒေမျိုးကို အိမ်နီးချင်းပေါက်ဖော်ကြီးထံတွင် ကျင့်သုံးအောင်မြင်နေသည်။ သို့သော် တရုတ်နိုင်ငံသည် ကမ္ဘာသိကွန်မြူနစ်နိုင်ငံဖြစ်၍ မြန်မာနိုင်ငံလောက်ပင် သတင်းစာလွတ်လပ်ခွင့်မရသေးသော နိုင်ငံဖြစ်နေသည်။ ထို့အပြင် ဤအမိန့်သည် သူ့နိုင်ငံသားအားလုံးအတွက် တစ်ပြေးညီဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးခွဲခြားဖိနှိပ်ခြင်းမဟုတ်ပေ။ တစ်နည်း လူမြင်တင့်တယ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဧ။် လွှတ်တော်သို့တင်ပြချက်များထဲတွင် အမိန့်ဆိုသည်မှာ ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဥပဒေအနေနှင့် ကျင့်သုံးရန်လိုအပ်သည်ဟုဆိုလျှင် လွှတ်တော်ထဲတွင် ဆွေးနွေးတင်ပြ ဥပဒေပြုရမည်ဟူတွေ့ရသည်။ တစ်နည်းအားဖြင့် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့သဘောဖြင့် ပြုလုပ်၍မရ။ ထို့ထက်ပို၍ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင်လျှင် အဆိုပါကိစ္စတွင် သူ့သဘောထားတစ်ခုထဲဖြင့် မဖြစ်နိုင်။ လူ့အခွင့်အရေးထူးချွန်ဆုကြီးကိုရှေ့တန်းတင်၍မရ။
ထိုသို့လွှတ်တော်တွင်ဆွေးနွေးမည်ဆိုလျှင် အဆိုပါဒေသဧ။် အခြေအနေအရပ်ရပ်နှင့် အခင်းအကျင်းများကို ပြည်သူတစ်ရပ်လုံးသို့ ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်သည်။ မဲဆန္ဒရှင် ပြည်သူများဧ။် အမြင်သဘောထားကို ကိုယ်စားလှယ်များမှ တစ်ဆင့် လွှတ်တော်တွင်း မတူညီသောအမြင်များ၊ ရှူထောင့်များ၊ အတွေးအယူများကို အခြေအတင် ဖြန့်ကျက်နိုင်သည်။ သို့မှသာ ရခိုင်ဒေသတစ်ခုထဲနှင့်သာမဟုတ်ပဲမြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ကြီးလေးလှသော ဤအရေးကို နိုင်ငံသားအားလုံး ၀ိုင်းဝန်းအဖြေရှာနိုင်ကြလိမ့်မည်။
မြန်မာတို့သည် အမျိုးချစ်သည်။ တိုင်းပြည်ကိုကောင်းစေလိုသောစိတ်ထား၊ ကိုယ့်ဒေသကို အခြေမြင့်လိုသောစိတ်ထား လူတိုင်းမှာရှိသည်။ ထို့အတူ စိတ်ခံစားချက်ပြင်းထန်သည်။ စိတ်ဓါတ်တက်လွယ်၊ ကျလွယ်သည်။ မိမိအစုအဖွဲ့ကို ကာကွယ်လိုစိတ်ပြင်းထန်သည်။ မည်သို့ပင်ဖြစ်စေ တိုင်းပြည်တစ်ခုလုံးအရေးကို အရှည်မျှော်တွေးလျက် သတိ၊ ပညာဖြင့် ၀ိုင်းဝန်းပဲ့ကိုင်နိုင်မည်ဆိုလျှင် မည်သည့်ပြသနာအတွက်မဆို အဖြေရှိပါသည်။
( ယခုရေးသားထားချက်များသည် ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အရေးမျှသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဧ။် ဥာဏ်အမြှော်အမြင်ကို ရော်ရမ်းမှန်းဆခြင်းသာဖြစ်ပါကြောင်း။ )
Thanda Win
Thanda Win ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။
သေနတ်ကြီးနဲ့ လာတဲ့ဧည့်သည်..
$
0
0
by Bo Zaw Naing (Notes) on Tuesday, June 4, 2013 at 11:56am
"ဆရာ၊ဆရာ... ဧည့်သည်၊ ဧည့်သည်.." ဆိုပြီး ဆရာမလေးများက အူယား ဖားယားဖြင့် ပြေးဆင်းလာကြသည်..။
ဧည့်သည်လာတာများ အဲလောက်ကြီး အသည်းအသန် လုပ်စရာလား၊ ဘယ်သူလဲပေါ့..။
"ဆရာ..ဟို.. အသစ်ရောက်နေတဲ့ ဗိုလ်ကြီး------ ရောက်နေတာ..။ ကျွန်မတို့တော့ လစ်ပြီဆရာရေ..။"
          အနှီဗိုလ်ကြီး---- အား အရှင်လတ်လတ်သာ မမြင်ဖူးသေးတာ..၊သတင်းက သင်းပျံ့ပျံ့မွှေး..။ ဟိုတစ်နေ့က ရွာထဲဆင်းလာပြီး သေနတ်ထောင် ဖေါက်သွားသတဲ့..။တပ်ထဲမှာလဲ တစ်ရေးနိုးရင် လျှောက်ပစ်နေလို့ ဘယ်သူမှ မကပ်ရဲကြဘူးတဲ့..။ ဒီနေ့ ဆေးရုံကိုမဲကျလေသောအခါ သတ္တိခဲဆရာမများက ကျွန်တော့်ကို တစ်ယောက်ထဲ "စိမ်းရက်လေအား" သွားကြလေရဲ့..။ ကဲ..ဘယ်တတ်နိုင်မှာလဲ..။ နောင်ခါလာ နောင်ခါဈေးပေါ့..။ လောလောဆယ် "လာမယ့် ဘေးပြေးတွေ့"(အဲလေ) "လာမယ့်ဧည့်သည် ပြေးတွေ့" ရုံပဲပေါ့...။
          ဧည့်ခန်းထဲမှာ ထိုင်နေသော ဗိုလ်ကြီး--- မှာအသားဖြူဖြူ၊ လူပုံက ခပ်နွဲ့နွဲ့၊ မျက်နှာက ပြုံးစပြုံးစနှင့်မို့ နာမည်ကြီးသလောက်လဲမဟုတ်ပါလားလို့တောင် ထင်မိသေးဗျ..။ ဂဏာမငြိမ်သည့်ပုံစံနှင့် လက်ဖ၀ါးနှစ်ဘက်ကို ဆုတ်ခြေပွတ်နေသဖြင့်သကောင့်သားမှာ စိတ်လှုပ်ရှား နေသလား ဒါမှမဟုတ် ပြောရခက်တဲ့အကြောင်း တစ်ခုခုများ ရှိနေမလား..။
          သို့ပေမယ့် သူ့မှာ လာရင်းအကြောင်းရင်း ထူးထူးခြားခြားမရှိပါဘူး..။ သူ့အကြောင်း၊ ကိုယ့်အကြောင်း မိတ်ဆက်ကြတာပေါ့ဗျာ...။ ဒီဆေးရုံကို မရောက်ခင်ကျွန်တော်တာဝန်ကျခဲ့တဲ့ ပြည်နယ်မှာ သူလည်းအကြာကြီး နေဖူးကြောင်းပြောပြီး ဟိုနေရာ ရောက်ဖူးလား၊ဒီနေရာ ရောက်ဖူးလား မေးပါတယ်..။
"ရဲဘော်ဘ၀ထဲက အဲဒီမှာ ကျွန်တော် တောက်လျှောက်နေလာတာ..။ တိုက်ပွဲတွေက ကြမ်းပါ့.. အရင်တုန်းကပိုဆိုးတာပေါ့..။ သွားရင်း၊ လာရင်း ဒီနေရာရောက်ရင် ဘယ်သူကျခဲ့တာ၊ ဟိုနေရာမှာ ဘယ်သူကျခဲ့တာဆိုတာပြန်ပြန်မှတ်မိ နေသေးတယ်..။"
          သူ့ရဲ့တိုက်ပွဲတွေ အကြောင်းပြောရင်း တဖြည်းဖြည်းနဲ့တရှူးရှူး ဖြစ်လာပြီး မာန်ပါလာပါသည်..။ (ကျွန်တော့် စိတ်ထဲမှာတော့ အင်း.. ဇာတ်လမ်းတော့စပြီ...၊ ဘယ်လို စကားဖြတ်ရမှန်း မသိ..။) ပြောနေရင်း ရုတ်တရက် "၀ှီးကနဲ" ဆိုဆွဲထုတ်လိုက်တာ ၉ မမ ပစ္စတိုသေနတ်ကြီး ... ခင်ဗျ..။ တကယ့်တိုက်ပွဲထဲ ရောက်နေတဲ့အလား ချွေးတွေထွက်၊ အသားတွေ နီမြန်းလာ၊ပြူးကြောင်ကြောင် မျက်လုံးအစုံနဲ့ သေနတ်ကြီးကို ဟိုရမ်း၊ ဒီရမ်း..။ ဟိုတစ်ပွဲမှာတုန်းကရန်သူကို ဘယ်လိုပစ်လိုက်တာ၊ နောက်တစ်ပွဲမှာတော့ ဘယ်လို..၊ "Saving PrivateRyan" ထဲက တွမ်ဟင့်ခ်တို့ သရုပ်ဆောင်တယ်ဆိုတာ.. ပျင်းတာပေါ့ဗျာ..။ အခုထိ သူ့အိုက်တင်တွေမျက်စိထဲ ပြန်မြင်ယောင်လို့ရသေး..။
          ကျွန်တော်လည်း ကြောက်တာပေါ့ဗျာ..။ ဆောင်းတွင်းကြီးမှာချွေးတွေကို ပြန်လို့..။ မိတ်ဆွေတို့ပဲ စဉ်းစားကြည့်လေ..။ ကျည်ထွက်သွားလို့ကတော့ မကောင်းသူထိပ်၊ကောင်းသူထိပ်၊ ပြီးမှနောက်ကိစ္စကနောက်..။ အခုမှတော့ ဘာမှလည်း လုပ်မရ..။ ထပြေးမှ လန့်ပြီး တကယ်ပစ်ထည့်လိုက်ရင် ကိုယ်ကျိုးနည်းလိမ့်မယ်..။သေတစ်နေ့၊ မွေးတစ်နေ့ပေါ့..။ သူ့ဟာသူ တစ်ယောက်တည်း အားကောင်း၊ မောင်းသန် ပြောနေရင်းနဲ့မှဖြတ်ကနဲဆို သတိဝင်လာပုံရပြီး
"ဆရာရယ်အားနာလိုက်တာ..။ ကျွန်တော်က ဒီအကြောင်းတွေ တွေးလိုက်ရင် မျက်စိရှေ့မှာ တကယ့်တိုက်ပွဲတွေကိုပြန်တွေ့နေတာ..၊ အခုနောက်ပိုင်း နေ့တိုင်းနီးပါး ကျွန်တော့်ရဲဘော်ဟောင်းတွေကို မြင်နေရတယ်"လို့ ပြောပါတယ်..။ ကျွန်တော်ကလည်း "သေနတ်ကြီးကို အရင်သိမ်းလိုက်ပါဦး..။ ဗိုလ်ကြီးရဲ့တိုက်ပွဲတွေကတကယ့်ကို သဲထိပ်ရင်ဖိုပါပဲ" လို့ပြန်ပြောခဲ့ရတာပေါ့ဗျာ..။ (တကယ်လည်း သဲထိပ်ရင်ဖိုပါပဲ..။ကျည်မထွက်သွားတာ ကံကောင်း..)
          သူ့ကိုချော့ပြီးတော့ "ဗိုလ်ကြီးရေ..အဲဒီလို အမြဲတမ်း မြင်နေတာ မကောင်းဘူးဗျ..။ ဆေးဗိုလ်ကြီးတွေနဲ့ မပြောကြည့်ဘူးလား"ဆိုတော့.. လစဉ်ပြနေတာ တစ်နှစ်လောက်ရှိတော့မယ် ၊ နောက်နှစ်လ ပြန်သွားပြရမှာ ဖြစ်ကြောင်း၊ပေးထားတဲ့ ဆေးတွေကလည်း ရတစ်လှည့်၊ မရတစ်လှည့်..၊ အပြင်က ၀ယ်ရတာလည်း မလွယ်ကြောင်း ပြောပါတယ်..။(Anti- Depressent တွေ နေမှာပေါ့.) ကျွန်တော်က လောလောဆယ် သောက်ဆေးရှိနေလားဆိုတော့.. ရှိပါတယ်တဲ့..။ အဲဒါနဲ့ သူ့ကိုအရက်မသောက်ဖို့၊ ဆေးတွေကို မပြတ်စေဖို့ ပြောလိုက်ပါတယ်..။ခဏနေတော့ ပြန်တော့မယ်ဆိုပြီး ထပြန်သွားလေရဲ့..။ ၀မ်းသာလိုက်တာဗျာ.. မပြောပါနဲ့..။ နေပါဦးလို့တစ်ခွန်းမှ မတားမိလိုက်ပါ..။
          နောက်ရက်ကျမှ တပ်ရင်းမှူးကြီးကို
"အဘရယ်... အရူးကိုမှ ခေါ်လာရသလား" ဆိုတော့ တပ်ရင်းမှူးကပြုံးပြီး
"ဆေးအဆင့်နှိမ့်ဖို့ကတင်ထားတာ ကြာပြီဗျ..။ ပြန်မကျလာသေးလို့..။ တပ်ရင်းမှာလည်း သူ့ကိုဘယ်သူမှ မနိုင်ဘူး၊စိတ်ပေါက်ရင် ယောင်ယောင်ပြီး လျှောက်ပစ်နေလို့ ခေါ်လိုက်ရတာ..။ သူကကိုယ့် တစ်ယောက်ပဲကြောက်တာလေ..။ မနေ့က ဒေါက်တာတို့ဆီသွားတာ ပြန်ရောက်မှ သိလိုက်တယ်..။ အားနာလိုက်တာ ဒေါက်တာရယ်..။ကိုယ်တာဝန်နဲ့ အပြင်သွားတုန်း လစ်ထွက်သွားတာ..။ ကျန်တဲ့ အငယ်တွေကျတော့ သူ့ကိုကြောက်ကြတယ်..။နောက်ဆိုရင် ပိုပြီး ဂရုစိုက်ပါ့မယ်..။" လို့ ပြောရှာပါတယ်..။ (ဘာတွေလုပ်သွားသေးလဲလို့မေးတော့.. "တောင်ပြော၊ မြောက်ပြောပါပဲ.." လို့ပဲ ဖြေလိုက်ပါတယ်...။ သေနတ်ကြီးတရမ်းရမ်း လုပ်သွားသည့်အကြောင်းတော့ မပြောလိုက်ပါ..။)
"တပ်ထဲမှာ လျှောက်ပစ်နေတာက တော်သေးတာပေါ့..။ အဘရဲဘော်တွေက အရှောင်အတိမ်း ကျွမ်းပြီးသားမလား..။(ကြုံတုန်း ကစ်လိုက်တာ..) သူ့နားထင် သူတေ့ပြီး ပစ်ထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ"ဆိုတော့ တပ်ရင်းမှူးကြီးလည်း လန့်သွားပုံရသည်..။ နောက်ထပ်တစ်ပါတ်လောက်ကြာတော့ သူ့ကိုနောက်တန်းပြန်ပို့...၊ပြီးတော့ ကုတင်- ၁၀၀ မှာပဲ တွဲထား..။ နောက်ပိုင်းတော့ မသိတော့ပါဘူး..။ အခုလောက်ဆိုအနှီဗိုလ်ကြီးလည်း တပ်ထဲမှာ မရှိလောက်တော့ပါ..။ Rဇာနည်လို ဇလုပ်သံကြီးနဲ့ပဲ ဟစ်ပစ်လိုက်ချင်ပါတယ်.."သူ့မှာယဉ်ယဉ်လေးရူး..!!!"
          သူ့လိုမျိုး "Post Traumatic Stress Disorders" နဲ့ နောက်ဆက်တွဲတွေက အတော်များဆိုပဲ..။ အထူးသဖြင့် သူရို့လို ရဲဘော်တွေထဲမှာပိုများလိမ့်မယ် ထင်ပါတယ်..။ သူ့အလိုလို ပျောက်သွားတတ်ပေမယ့် Stress တွေ သိပ်များ၊သိပ်ကြာသွားရင် ကိုယ်ကိုယ်တိုင်ကော၊ ပတ်ဝန်းကျင်ကိုကော အန္တရာယ် ရှိတတ်ပါသတဲ့..။ လည်ပင်းကြိုးကွင်းစွပ်တာ၊အမြင့်ပေါ်ကနေ ခုန်ချတာကစလို့ ပါးစပ်ထဲ သေနတ်ပြောင်းထည့်ပြီး ခလုတ်နှိပ်လိုက်တာ..၊ အထက်အရာရှိကိုပြန်ပစ်တာတွေ စုံလို့ပါပဲ ကြားကြားနေရတာ..၊ အများစုဟာ ဒီလို Stresses တွေကို သေချာManage မလုပ်နိုင်ခဲ့လို့ ဖြစ်ပါမယ်...။
          Traumatic Stress ဆိုလို့ စစ်သားနဲ့ပဲ ဆိုင်တယ်မအောက့်မေ့ပါနဲ့..။ သိုးဆောင်းပြည် အရူးကု ဆရာဝန်များအသင်းက ဖြစ်နိုင်တဲ့အကြောင်းတွေရေးပြထားတာ အများကြီးဗျ..။ ကားမှောက်တာ၊ ဘေးအန္တရာယ် ကြုံရတာ၊ အကြမ်းဖက်ခံရတာ၊အလုပ်ပြုတ်တာ စသဖြင့်.. ကုန်ကုန်ပြောရရင် သူများတွေ စိတ်ညစ်စရာပြောတာ နားထောင်ရင်းနဲ့တောင်ရနိုင်သတဲ့..။ (ပန်းရံဆရာကြီး မာ့ခ် ဇူကာဘာ့ခ်ကြီး ဖန်တီးလိုက်သော ဤအုတ်နံရံကြီးမှာလည်းStress တက်စေသည့်အကြောင်းထဲမှာ ပါလိမ့်မည်..။   ။ စကားချပ်)
          တစ်လောကမှ ကိုရီးယား မင်းသား၊ မင်းသမီးတွေနောက်ဘ၀ ကူးသွားတဲ့အကြောင်း ခဏခဏ ကြားနေကြရတာ..။ အခုဆို ကျွန်တော်တို့လည်းCelebrities တွေ ဖြစ်လာပြီမို့ ကိုယ်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ရုံကျလိမ့်မယ်..။ဟုတ်တယ်မလား..။ ဒီကဆရာဝန် အများစုက အရက်ဖြတ်တာလောက်သာ ကျွမ်းတာ၊ ကျန်တဲ့ စိတ္တကျန်းမာရေး ပြဿနာတွေကျ သိပ်ကျွမ်းကျင်တာမဟုတ်ဘူး..။တကယ်ကျွမ်းကျင်တဲ့ဆရာများကို တိုင်ပင်ရမှာ ကျတော့လည်း ရှက်လို့..၊ အဲဒီလို မြုံထားရင်းမြုံထားရင်းနဲ့ပဲ တကယ့်ကို "ကိုယ့်မှာ ယဉ်ယဉ်လေး ရူး" သွားနိုင်ကြောင်းပါ..ခင်ဗျား..။
(အရင်အကောင့်မှာ ရေးခဲ့တဲ့ အဟောင်းတွေပါ..။ ဘာရယ်မဟုတ်ပါဘူး.. မဖတ်ရသေးတဲ့ သူငယ်ချင်းများအတွက် အမှတ်တရပေါ့..။ Lecture ကလည်း Stress အကြောင်း သင်နေတာကိုးး.. :P)
ဘ၀ခြေရာ
$
0
0
 ဘ၀ခြေရာ  “ ဟယ်ဒီကောင်လေး ခြေထောက်ပေကြီးနဲ့ တက်လာပြန်ပြီ ” “ တစ်အိမ်လုံးလဲနင့်ခြေရာတွေ ပေပွနေတာပဲ ”  ကျွန်တော်ငယ်ငယ် အဲဒီလိုခဏခဏအပြောခံရသည်။  ဖိနပ်စီးဖို့အမြဲပြောခံရသလို ခြေပြောင်နဲ့ ဆော့ခဲ့သမျှ ပေရေနေတဲ့ ခြေထောက်တွေက အမေ့ရဲ့ ပြောင်လက်နေတဲ့အိမ်ကြမ်းပြင်ကို နင်းမိတော့တာပဲလေ။ အသက်ကလေးနည်းနည်းရလာတော့..  “ ဖအေ့ခြေရာနင်းတဲ့သားပဲ။ တော်တယ် ကြိုးစား..” လို့အားပေးအားမြောက်ပြုခံရသလို “ ခြေရာခြင်းလာမတိုင်းနဲ့ကွ မင်းကဘာမလို့လဲ ”လို့ လိမ့်ပိတ်အပြောခံရတာတွေကလည်း မနည်းမနော မဟုတ်လား။  ဒီလိုပါပဲ ယုံကြည်ချက်၊ ခံယူချက်မှန်မှန်နဲ့ ရဲရဲရင့်ရင့်လျှောက်ခဲ့တဲ့ နင်းခဲ့တဲ့ခြေရာတွေ၊ မော်ဒယ် တစ်ယောက်လို လှလှပပ ကြွကြွရွရွနင်းခဲ့တဲ့ခြေရာတွေ၊ အမူးသမားတစ်ယောက်လို အိုးနင်းခွက်နင်း သိုင်းကွက်နင်းတဲ့ ခြေရာတွေ …  အဲဒီလို ခြေရာတွေ.. ပေနေတဲ့ခြေရာတွေ…တိုင်းတာတဲ့ခြေရာတွေ..ကွက်တိကွက်ကြားခြေရာတွေ ကျွန်တော်တို့ နင်းလျှောက်ခဲ့တဲ့ခြေရာတွေ။ အသက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ ခြေလှမ်းပေါင်းများစွာ လျှောက်ခဲ့ကြမည်။ လျှောက်ခဲ့သည့် ခြေလှမ်းများနည်းတူ ခြေရာပေါင်းလည်းနည်းတော့မယ်မထင်ပါ။  ကျွန်တော်တို့ အထွဋ်အမြတ်ထားကိုးကွယ်သည့် ဘုရားရှင်၏ခြေရာသည် လောကတစ်ခွင်တွင် နှိုင်းယှဉ်စရာမရှိသည့် ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ ခြေရာမဟုတ်ပါလား။  မြတ်စွာဘုရားရှင်၏ ခြေရာကို ဖူးမြော်မိသည်နှင့် မြတ်စွာဘုရားရှင် ဖြည့်ခဲ့သည်ပါရမီ၊ ပြုလုပ်ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များအား ပြန်လည်မြင်ယောင်ကြည်ညိုမိပါသည်။  ကျွန်တော်တို့ ပုထုဇဉ်လူသားတွေအဖို့ ဘ၀ခရီးမှာ လမ်းမှန်ကမ်းမှန် တည့်တည့်မတ်မတ် လျှောက်ခဲ့သည်များလည်းရှိနိုင်သလို မမြင်မကမ်း ဆင်ကန်းတောတိုးသလို တောင်နင်းမြောက်နင်း လျှောက်ခဲ့သည်များလည်း ရှိပေသည်။  ကျွန်တော်တို့ နင်းခဲ့၊ ဖြတ်ခဲ၊ ကျန်ခဲ့သည့် ခြေရာများသည် ကျွန်တော်တို့၏ ဘ၀၊ ကျွန်တော်တို့၏ စိတ်နေသဘောထားများကို ပြောပြနေပေသည်။   ကျွန်တော်တို့ ခြေလှမ်းများသည် ယုံကြည်ရာကို ရဲရဲရင့်ရင့် လျှောက်ခဲ့သည့် နင်းခဲ့သည်ခြေရာများလား..  စနစ်မရှိ စည်းကမ်းမကျ ရောက်ချင်ရာရောက် နင်းလျှောက်ခဲ့သည့် ခြေရာများလား..  တစ်ခါ တစ်ခါ  လောကကြီးကို အရွဲ့တိုက်ပြီး ခြေတစ်ပေါင်ကျိုးဖြင့် ခုန်လျှောက်ခဲ့သည် ခြေရာများလား..  မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ခြေရာများလည်း ထပ်ခဲ့လေပြီ။ နင်းခဲ့လေပြီ။ ကျွန်တော်တို့၏ ကျန်ခဲ့သည့် ခြေရာများသည် လှပသည်ဖြစ်စေ၊ မလှပခဲ့သည်ဖြစ်စေ ကျန်ခဲ့ပေပြီ။  ဘ၀၏ ခြေရာများဖြစ်ခဲ့လေပြီ။  ကျွန်တော်တို့ရှေ့လျှောက်မည့် ခြေရာများကတော့ အရေးကြီးပေပြီ။  ခြေလှမ်းမှန်စွာလှမ်းလျှောက်ပါမှ ခြေရာတို့သည် တည့်မှန်ပေမည်။ ထို့အတူ ခြေထောက်များသန့်ရှင်းနေမှသာ ခြေရာတို့ လှပနေပေမည်။  ကျွန်တော်တို့ မှားယွင်းနေသော စိတ်များကိုပြင်ရမည်။ မှားယွင်းသော ခြေဦးတည်ရာများကိုပြင်ရမည်။  မသန့်ရှင်းသောစိတ်များကို ဆေးကြောရမည်။ မသန့်ရှင်းသော ခြေထောက်များကို သန့်ရှင်းအောင်လုပ်ရမည်။  သို့မှသာ ကျွန်တော်တို့၏ ဘ၀ခြေရာများသည် သန့်ရှင်းလှပ၍ မှန်ကန်ဖြောင့်တန်း နေမည်မှာ မလွှဲဧကန်သာဖြစ်ပါပေတော့သည်။  ကျွန်တော်တို့ ဘ၀ခြေရာများလှပအောင် ကြိုးစားရပေတော့မည်။  မောင်ပိုင် ၄-၆-၂၀၁၃ (အင်္ဂါ)။
“ ဟယ်ဒီကောင်လေး ခြေထောက်ပေကြီးနဲ့ တက်လာပြန်ပြီ ”
“ တစ်အိမ်လုံးလဲနင့်ခြေရာတွေ ပေပွနေတာပဲ ”
ကျွန်တော်ငယ်ငယ် အဲဒီလိုခဏခဏအပြောခံရသည်။ ဖိနပ်စီးဖို့အမြဲပြောခံရသလို ခြေပြောင်နဲ့ ဆော့ခဲ့သမျှ ပေရေနေတဲ့ ခြေထောက်တွေက အမေ့ရဲ့ ပြောင်လက်နေတဲ့အိမ်ကြမ်းပြင်ကို
နင်းမိတော့တာပဲလေ။
အသက်ကလေးနည်းနည်းရလာတော့..
“ ဖအေ့ခြေရာနင်းတဲ့သားပဲ။ တော်တယ် ကြိုးစား..” လို့အားပေးအားမြောက်ပြုခံရသလို
“ ခြေရာခြင်းလာမတိုင်းနဲ့ကွ မင်းကဘာမလို့လဲ ”လို့ လိမ့်ပိတ်အပြောခံရတာတွေကလည်း မနည်းမနော မဟုတ်လား။
ဒီလိုပါပဲ ယုံကြည်ချက်၊ ခံယူချက်မှန်မှန်နဲ့ ရဲရဲရင့်ရင့်လျှောက်ခဲ့တဲ့ နင်းခဲ့တဲ့ခြေရာတွေ၊ မော်ဒယ် တစ်ယောက်လို လှလှပပ ကြွကြွရွရွနင်းခဲ့တဲ့ခြေရာတွေ၊ အမူးသမားတစ်ယောက်လို အိုးနင်းခွက်နင်း သိုင်းကွက်နင်းတဲ့ ခြေရာတွေ …
အဲဒီလို ခြေရာတွေ.. ပေနေတဲ့ခြေရာတွေ…တိုင်းတာတဲ့ခြေရာတွေ..ကွက်တိကွက်ကြားခြေရာတွေ
ကျွန်တော်တို့ နင်းလျှောက်ခဲ့တဲ့ခြေရာတွေ။
အသက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ ခြေလှမ်းပေါင်းများစွာ လျှောက်ခဲ့ကြမည်။
လျှောက်ခဲ့သည့် ခြေလှမ်းများနည်းတူ ခြေရာပေါင်းလည်းနည်းတော့မယ်မထင်ပါ။
ကျွန်တော်တို့ အထွဋ်အမြတ်ထားကိုးကွယ်သည့် ဘုရားရှင်၏ခြေရာသည် လောကတစ်ခွင်တွင် နှိုင်းယှဉ်စရာမရှိသည့် ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ ခြေရာမဟုတ်ပါလား။
မြတ်စွာဘုရားရှင်၏ ခြေရာကို ဖူးမြော်မိသည်နှင့် မြတ်စွာဘုရားရှင် ဖြည့်ခဲ့သည်ပါရမီ၊ ပြုလုပ်ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များအား ပြန်လည်မြင်ယောင်ကြည်ညိုမိပါသည်
ကျွန်တော်တို့ ပုထုဇဉ်လူသားတွေအဖို့ ဘ၀ခရီးမှာ လမ်းမှန်ကမ်းမှန် တည့်တည့်မတ်မတ် လျှောက်ခဲ့သည်များလည်းရှိနိုင်သလို မမြင်မကမ်း ဆင်ကန်းတောတိုးသလို တောင်နင်းမြောက်နင်း လျှောက်ခဲ့သည်များလည်း ရှိပေသည်။
ကျွန်တော်တို့ နင်းခဲ့၊ ဖြတ်ခဲ၊ ကျန်ခဲ့သည့် ခြေရာများသည် ကျွန်တော်တို့၏ ဘ၀၊ ကျွန်တော်တို့၏ စိတ်နေသဘောထားများကို ပြောပြနေပေသည်။
ကျွန်တော်တို့ ခြေလှမ်းများသည် ယုံကြည်ရာကို ရဲရဲရင့်ရင့် လျှောက်ခဲ့သည့် နင်းခဲ့သည်ခြေရာများလား..
စနစ်မရှိ စည်းကမ်းမကျ ရောက်ချင်ရာရောက် နင်းလျှောက်ခဲ့သည့် ခြေရာများလား..
တစ်ခါ တစ်ခါ
လောကကြီးကို အရွဲ့တိုက်ပြီး ခြေတစ်ပေါင်ကျိုးဖြင့် ခုန်လျှောက်ခဲ့သည် ခြေရာများလား..
မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ခြေရာများလည်း ထပ်ခဲ့လေပြီ။ နင်းခဲ့လေပြီ။ ကျွန်တော်တို့၏ ကျန်ခဲ့သည့် ခြေရာများသည် လှပသည်ဖြစ်စေ၊ မလှပခဲ့သည်ဖြစ်စေ ကျန်ခဲ့ပေပြီ။ ဘ၀၏ ခြေရာများဖြစ်ခဲ့လေပြီ။
ကျွန်တော်တို့ရှေ့လျှောက်မည့် ခြေရာများကတော့ အရေးကြီးပေပြီ။ ခြေလှမ်းမှန်စွာလှမ်းလျှောက်ပါမှ ခြေရာတို့သည် တည့်မှန်ပေမည်။ ထို့အတူ ခြေထောက်များသန့်ရှင်းနေမှသာ ခြေရာတို့ လှပနေပေမည်။
ကျွန်တော်တို့ မှားယွင်းနေသော စိတ်များကိုပြင်ရမည်။ မှားယွင်းသော ခြေဦးတည်ရာများကိုပြင်ရမည်။ မသန့်ရှင်းသောစိတ်များကို ဆေးကြောရမည်။ မသန့်ရှင်းသော ခြေထောက်များကို သန့်ရှင်းအောင်လုပ်ရမည်။
သို့မှသာ ကျွန်တော်တို့၏ ဘ၀ခြေရာများသည် သန့်ရှင်းလှပ၍ မှန်ကန်ဖြောင့်တန်း နေမည်မှာ မလွှဲဧကန်သာဖြစ်ပါပေတော့သည်။
ကျွန်တော်တို့ ဘ၀ခြေရာများလှပအောင် ကြိုးစားရပေတော့မည်။
မောင်ပိုင်
၎-၆-၂၀၁၃ (အင်္ဂါ)။
— with Seaman Nayminthu and Shwe Eaim Si.
ဒီတစ်ခါနောက်မကျသေးဘူးဟေ့
$
0
0
by သက္က မိုးညို (Notes) on Wednesday, June 5, 2013 at 8:36am
၁-၁။ မိတ်ဆွေတစ်ယောက်၏ “တပ်မတော်နှင့် ပတ်သက်သော စာစု” ကိုဖတ်၍ ဤစာကိုရေးပါသည်။ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ထားသော ထိုမိတ်ဆွေ၏ “ရည်ရွယ်ချက်ကို ကန့်ကွက်ရန် မရှိသော်လည်း” အချို့သော အချက်များတွင် အကောက်အယူကွဲနေသဖြင့် ဆိုအပ်သည်ဟု ယူဆ၍ ဆိုပါသည်။ ထိုစာစုကို တုံ့ပြန်ခြင်း မဟုတ်ပဲ အခြားဘက်မှ ဆင်ခြင်ရန်အကြောင်းများကို ချပြခြင်းဟုသာ ယူဆစေချင်ပါသည်။
၁-၂။ အမျိုးသားရင်ကြားစေ့ရေးတွင် တပ်မတော်သည် အင်မတန် အရေးပါသောနေရာတွင်သာမက အင်မတန် သိမ်မွေ့သောနေရာတွင်ပါ “ပါဝင်ကပြ အသုံးတော်ခံ” နေသည်ဖြစ်ရာ အင်မတန် သတိကြီးစွာ ကိုင်တွယ်မှသာလျှင် အောင်မြင်နိုင်မည်ဟု ယူဆရပါသည်။ ထို့အတူ အနာကို အနာမှန်းသိ၍  ကုသပျောက်ကင်းချမ်းသာခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အနာကို ဖုံးကွယ်ထားခြင်းဖြင့် “မြုံသွားကာ” တချိန်ချိန်တွင်မှ ပေါက်ကွဲကာ ဒုက္ခရောက်မည့် အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်၏ အခန်းကဏ္ဍကို စစ်ဆေးကြည့်ရန် လိုအပ်လာပါပြီ။
၂-၁။ မြန်မာ့တပ်မတော်သည် အင်မတန် “ထူးခြား” သော တပ်မတော်ဖြစ်ပါသည်။ ဂျပန်ပြည်တွင် သန္ဓေတည်၍ ထိုင်းမြေပေါ်တွင် ဖွားမြင်သည်။ ဆရာကိုလည်း ကာပြန်ခဲ့ရသည်။ ရန်သူကိုလည်း ပူးပေါင်းခဲ့ရသည်။ ပြည်သူ့ဖခင် ဗိုလ်ချုပ်တည်ထောင်ခဲ့သဖြင့် ပြည်သူ့အချစ်တော် ဖြစ်ခဲ့ဖူးသလို ပြည်သူ့-----လည်း ဖြစ်ခဲ့ဖူးသည်။ သမိုင်းဖြစ်ရပ်များကို စစ်ဆေးရာတွင် သူတစ်လူ ငါတစ်မင်း ကိုယ့်ဘက်ကို ယက်ပြောကြမည်ဖြစ်သောကြောင့် ငြင်းပယ်၍ မရသော အချက်အလက်များကိုသာ သုံးပါမည်။ နောက်ခံအကြောင်းရင်းကို ဆန်းစစ်လျှင်မူ လိုရာဆွဲ၍ ပြောကြပါလိမ့်မည်။
၂-၂။ ၁၉၈၈ မတိုင်မှီ အကြမ်းဖျင်းမျှသာ ပြောလိုပါသည်။ တပ်မတော်သည် နိုင်ငံတော် အာဏာကို နှစ်ကြိမ်သိမ်းခဲ့သည်။ (တစ်ကြိမ်က လွှဲအပ် တာဝန်ယူခိုင်းသည်ဟုဆိုသည်၊ မသေချာ၊ နောက်ခံသက်သေများစွာရှိပါသည်၊ အကျယ်မချဲ့ပါ။ ပြန်လည်ရှာဖွေဖတ်ရှုပါ။) အာဏာကို ရယူပြီးနောက် လူဝတ်လဲကာ ဆိုရှယ်လစ်လူ့ဘောင်ကြီး ထူထောင်ကြရာတွင် ပြည်သူတွေကြား အနာများစွာရခဲ့သည်။ “ခေါင်းကိုနာနာရိုက်”ဟု ကျောင်းသားများ ကြားခဲ့ရသည်။ “ဓား ဓားချင်း လှံလှံချင်း” ဟု စိန်ခေါ်ခံခဲ့ရသည်။ “စစ်တပ်ဆိုတာ တည့်တည့်ပစ်တယ်”ဟူသော တရားနာခဲ့ရသည်။ ထားပါ။ ပြီးသည်က ပြီးခဲ့ပါပြီ။ သွားသူလည်း သွားခဲ့ပါပြီ။သို့သော်..
၂-၃။ တစ်ဖက်တွင်လည်း “ရန်ကုန် အစိုးရ” ဟုခေါ်ရလောက်အောင် သူပုန်များ (အမှန်စင်စစ် သူပုန်ဟု ပြောရသည်ကိုပင် အားနာရပါသည်။ ယုံကြည်ချက်ဖြင့် လက်နက်ကိုင်သူများဖြစ်ပါသည်။ တပ်မတော်မှ ခွဲထွက်ခဲ့ရသော လွတ်လပ်ရေးကြိုးပမ်းသူများ တပုံကြီးပါပါသည်) ၀ိုင်းနေသော တိုင်းပြည်ကို ကယ်တင်ခဲ့ရသည်မှာ တပ်မတော်ဖြစ်ပါသည်။ ထို့အပြင် ထိုကယ်တင်မှု ထဲတွင်ရွပ်ရွပ်ချွံချွဲပါခဲ့သော (ဗိုလ်မှူးချုပ်ကျော်ဇော ကဲ့သို့သော) ပုဂ္ဂိုလ်များပင်လျှင် နောက်ပိုင်း ဒုက္ခရောက်ခဲ့သည်ကိုလည်း မေ့၍ မဖြစ်ပါ။ ငြိမ်းချမ်းရေး အကြိမ်ကြိမ်ဆွေးနွေးခဲ့ပါသည်။ မအောင်မြင်ပါ။ ဤသည်ကိုလည်း စဉ်းစားရပါမည်။ မဖြစ်နိုင်သော တောင်းဆိုချက်များ (နှစ်ဘက်လုံးက) တောင်းဆိုလျှင် မည်သည့်ငြိမ်းချမ်းရေးမှမအောင်မြင်ပါ။ ထိုအခါ အားကြီးသူက အရင်လျော့မှသာ တစ်ဖက်မှ စိတ်ချနိုင်ပါမည်။ လက်နက်အရင်အပ်ပါ၊ ပြီးမှ ကြည့်စီစဉ်မည်ဆိုလျှင် မည်သူမှ စိတ်ချလက်ချ အလင်းမ၀င်ပါ။
၃-၁။ ၈၈ ကာလတွင်မူ တပ်မတော်က တိုင်းပြည်ကို “ကယ်တင်” ခဲ့ရသည်။ ပေးဆပ်မှု အတော်ကြီးသော ကယ်တင်နည်း ဖြစ်ပါသည်။ ယူနီဖောင်းချွတ်ထားသော တပ်မတော်ခေါင်းဆောင်ဟောင်းများထံမှ ယူနီဖောင်းဝတ်ထားသော လက်ရှိတပ်မတော်ခေါင်းဆောင်များ အာဏာကိုလွှဲယူလိုက်ပါသည်။ သို့သော် ထို စက်တင်ဘာ ၁၈ မတိုင်မီ ကပင် အရေးအခင်းကို နှိမ်နင်းရာတွင် တပ်မတော်သားများပါဝင်နေကြောင်း သက်သေများစွာရှိပါသည်။ တရားမ၀င်နှိမ်နင်းရာမှ တရားဝင်နှိမ်နင်းခြင်းဖြစ်ပါသည်။
၃-၂။ အာဏာသိမ်းကာစ တပ်မတော်ကို “သဘောရိုး” ဟု ယူဆနိုင်စရာ အကြောင်းများစွာရှိပါသည်။ သဘောရိုးဟု မယူဆနိုင်လျှင်ပင် မူလပါတီဟောင်း “မဆလ” ကို အယုံအကြည်လွန်လွန်းခဲ့သည်ဟု ဆိုနိုင်သည်။ ပထမဆုံးကျင်းပပေးသော ရွေးကောက်ပွဲသည် တရားမျှတမှု ရှိသင့်သလောက်ရှိခဲ့ခြင်း ကို ကြည့်ပါ။ မဆလ တစ်ဖြစ်လဲ “တစည” သည် အယ်အန်ဒီကို ခွက်ခွက်လန် ရှုံးသွားသောအခါ တွင်မှ ခေါင်းမီးတောက်သွားခြင်းဟု ထင်ပါသည်။ (ထင်ပါသည်ဟု အလေးအနက်ဆိုပါသည်၊) ထိုအခါတွင်မှ ”အချိန်ဆွဲ” မည့် နည်းလမ်းများကို ရှာဖွေလာခဲ့သည်။ သည်ကြားထဲတွင်….
၃-၃။ ထိုစဉ်က အန်အယ်ဒီရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ “နိုင်ငံရေး အပါး မ၀” သေးသော နုနုနယ်နယ် များဖြစ်သည့်အားလျော်စွာ အင်မတန်ကြီးမားသော အမှားများ ကျူးလွန်ခဲ့ပါသည်။ လက်ရှိအာဏာကိုင်ထားသူကို “နျူရင်ဘက် စစ်ခုံရုံး” ကဲ့သို့ စကားကို သွားစခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် တူပါသည်။ ပြည်သူ့ထောက်ခံမှုကြောင့် “မြောက်” နေခြင်းလည်း ဖြစ်နိုင်သလို ကိုယ်ရင်ဆိုင်နေရသူကို လျော့တွက်ထားခြင်းလည်း ဖြစ်ဟန်တူပါသည်။ သို့သော် ထိုသို့ စကားမမှားလျှင်ပင် အာဏာကို လွယ်လင့်တကူ လွှဲပေးရေးသည် မသေချာပါ။
၎-၁။ ထိုအချိန်က လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် “ကျန်းမာရေးကြောင့်” ဟုဆိုကာ အနားယူသွားခြင်းသည် လက်ကျန်ရှိသမျှသော ရိုးသားမှုများရေစုန်မျောသွားခြင်း ဖြစ်ပါသည်။ အချို့က အမျိုးသားညီလာခံကို အန်အယ်ဒီ သပိတ်မှောက်ခြင်းသည် တပ်မတော်ကို စိန်ခေါ်လိုက်ခြင်းဟု ယူဆကြပါသည်။ သို့သော် အမျိုးသားညီလာခံ စတင်ကျင်းပကတည်းက “အချိန်ဆွဲရေး” နည်းလမ်း စတင်နေပြီ ဖြစ်သောကြောင့် သပိတ်မှောက်သည်ဖြစ်စေ၊ မမှောက်သည်ဖြစ်စေ ရလာဒ်ထူးမည်မဟုတ်ပါ။ အကြိမ်ကြိမ်နား၊ အကြိမ်ကြိမ်ခေါ်ခဲ့သော ညီလာခံ၊ “နိုင်လူအင်အား” များစေရန် စီစဉ်ထားသောညီလာခံ၊ လိုချင်သမျှ အချက်များကို မရမချင်း စီစဉ်ထည့်သွင်းထားသော ညီလာခံ၊ ထိုညီလာခံ အကြောင်း မှတ်တမ်းများ ထင်းထင်း ကျန်ပါသေးသည်။ မျက်စိမှိတ်မငြင်းစေချင်ပါ။ ထိုအတော်အတွင်း ”အမျိုးသား နိုင်ငံရေး” ကိုလုပ်ပါမည်ဟု ကြွေးကျော်ထားသော “ပြည်ခိုင်ဖြိုး” ကိုလည်း ဇွတ်အသက်သွင်းနေသည်မှာ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားပါသည်။
၎-၂။ အတိုက်အခံခေါင်းဆောင်ကလည်း အကျယ်ချုပ် အကြိမ်ကြိမ်ကျ၊ နိုင်ငံတကာစီးပွားရေးပိတ်ဆိုမှုများလည်းရောက်လာ၊ ထိုအနေအထားသည် စစ်ခေါင်းဆောင်များ “ဟန်ချက်ပျက်ရမည့်အစား” ပြည်သူသည်သာထိခိုက်ပါသည်။ နိုင်ငံသည်သာ ထိခိုက်ပါသည်။ တပ်မတော် ခေါင်းဆောင်များနှင့် “ပေါက်ဖေါ်ကြီးများ” သည် အချိန်ရှိခိုက် လုံ့လစိုက်ကြပါသည်။ နိုင်ငံရေး ဖိနှိပ်မှုသည်လည်း တင်မိုး စာတစ်အုပ်တွေ့ရုံ၊ မောင်သာရ စာတစ်အုပ်တွေ့ရုံနှင့် လေးငါးဆယ်နှစ် ပြေးမလွတ်ပါချေ။ စာနယ်ဇင်းလွတ်လပ်ခွင့်တွင်လည်း “မင်းသုဝဏ်၊ တင်မိုး” စသည့်နာမည်များမှားယွင်း ပါလျှင်ပင် မင်နက်နှင့် ဖုံးအုပ်ပေးရပါချေသည်။
၎-၃။ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ကိစ္စများတွင်ပင် ရက်ရက်စက်စက် နှိမ်နင်းခဲ့သော ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို အတည်ပြု၊ နာမည်မထင်ရှားသော လူငယ်တစ်ယောက်ကို ကာကွယ်ရေးဦးစီးချုပ်လွှဲအပ်ကာ အာဏာကို လက်ရှိသမ္မတလက်ထဲထည့်ကာ လွှတ်တော်ထဲတွင် တပ်မတော်သားလေးပုံတစ်ပုံထည့်သွင်း၍ ကန့်လန့်ကာနောက် ၀င်သွားခြင်းသည်ပင်လျှင် သိမ်မွေ့သော အရှုပ်အထွေးများ၏ အစပင်ဖြစ်သည်။
၅-၁။ ယခုအစိုးရအဖွဲ့သည် ပြည်ခိုင်ဖြိုးမှ ဖြစ်သော်လည်း တပ်မှ ပုဂ္ဂိုလ် အများအပြားပါသည်။ ထို့အပြင် ဌာနဆိုင်ရာ နေရာကြီးကြီးများတွင်လည်း “မိုးကျရွှေကိုယ်” များစွာပါသည်။ လွှတ်တော်တွင်လည်း လေးပုံတစ်ပုံပါသည်။ သို့သော် အစိုးရအဖွဲ့သည် စိတ်ရင်းစေတနာ အမှန်ကောင်းခြင်း ဖြစ်ပါစဟု တွေဝေရပါသည်။
၅-၂။ ဒေါ်စု၊ သမ္မတကြီး၊ အမေရိကန် သုံးဦးသား မတွေ့ဆုံမှီတွင် နိုင်ငံအတွင်း ဒေါ်လာဈေးများ မတည်မငြိမ် ဖြစ်ခဲ့သည်ကို မှတ်မိသူရှားပါလိမ့်မည်။ ထိုကာလအတွင်း သန်းကြွယ်သူဌေးကြီး မစ္စတာဆိုးရော့ ရောက်လာသည်လည်း မှတ်မိသူရှားပါလိမ့်မည်။ ထို့အပြင် ယခင်အစိုးရ ထင်တိုင်းကြဲခဲ့သော ငွေရေးကြေးရေး ကိစ္စများကို ပြန်လည်ဆင်ချင်စေချင်ပါသည်။ ဝေးဝေးမကြည့်ပါနှင့်။ အစိုးရတည်မြဲစေရေး တစ်ခုသာ အာရုံထားသည့် “နေပြည်တော်မြို့တော်ကြီး” တည်ဆောက်ရေးတွင် ကုန်ကျမည့် စရိတ်များကိုသာ မှန်းကြည့်စေချင်ပါသည်။ ရောင်းစားခဲ့သည်မှာလည်း ကုန်ပါပြီ။ ထိုလက်လွတ်စပယ်ကိစ္စများ အကြပ်အတည်း ဆိုက်ရောက်လာသော အခါတွင် “ရက်စက်သော ပေါက်ဖေါ်ကြီး” အောက်တွင်နေသည့်အစား “ရက်ရောသော အန်ကယ်ဆမ်” အောက်သို့ ပြေးရခြင်းသည်သာ အကောင်းဆုံးလမ်းဖြစ်ပါသည်။ သို့သော် အန်ကယ်ဆမ်သည် အာမခံကြေးတောင်းပါသည်။ မဗေဒါ ဖြစ်ပါသည်။
၅-၃။ အမျိုးသားရင်ကြားစေ့ရေးကို “အမှန်တကယ်” လိုလားသည်မှန်လျှင် အင်အားကြီးသူက အာမခံချက်စပေးရပါမည်။ တပ်မတော်ထဲမှာ ခေါင်းဆောင်ဖြစ်လာမည့်သူများသည်ပင်လျှင် “တိုင်းပြည်ကို ငါတို့ ချောက်ထဲက ကယ်တင်ခဲ့ရတာ” ဟူသော အပြောမျိုး ပြောနေသည်မှာ ၀မ်းနည်းဖွယ်ကောင်းပါသည်။ ချောက်ထဲမှ ကယ်တင်ခဲ့ရသည်မှာ ဟုတ်ကောင်း ဟုတ်ပါမည်။ သို့သော် ချောက်ထဲသို့ပင် ခုန်ဆင်းချင်လောက်အောင် စေ့ဆော်ခဲ့သော နာကျင်ခြင်းများ၏ အစသည် အဘယ်ကြောင့်နည်း။ အရှေ့တောင်အာရှတွင် ထိပ်ဆိုသော နေရာမှ ချွတ်ခြုံကျဘ၀သို့ အဘယ်သူကြောင့် ရောက်ခဲ့ပါသနည်း။ ထိုသူတို့၏ မျိုးဆက်များယခုအထိ ဆယ်သက်ဆယ်ခါ စားမကုန်ချိန်တွင် ငတ်မွတ်နေသော မျိုးဆက်များ လုယက်ကြမ်းတမ်း ရိုင်းစိုင်းသော လူမျိုးများဖြစ်ကုန်ကြသည်မှာ အဘယ်စနက်နည်း။
၅-၄။ ထိုကိစ္စများကို မပြောချင်ပါ။ သို့သော် “ထိုရက်စက်သူကြီးများ” အား နောက်ကြောင်းပြန် အရေးယူမှု မပြုနိုင်ရန် တပ်မတော်သား လေးပုံတစ်ပုံအား လွှတ်တော်အတွင်း ထည့်သွင်းထားခဲ့သည်ဆိုပါလျှင် ထိုတပ်မတော်သားကိုယ်စားလှယ်များကိုယ်တိုင် လွှတ်တော်မှ ထွက်ခွာခွင့် အဆိုတင်သွင်း၍ ထွက်ခွာပါ။ ထိုသူကြီးများအား နောက်ကြောင်းပြန် အရေးယူမှုမပြုစေရေးအတွက် “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” ဆယ်ကြိမ်ကျင်းပ ပေးပါမည်ဟု “ကလေးပြော” ပြောချင်လာပါသည်။ ရာနှုန်း ကျော်စေရပါမည်ဟုလည်း အာမခံပါသည်။
၆-၁။ အနာဂတ်နိုင်ငံတော်တွင် ပြည်သူပြည်သားတိုင်းသည် တန်းတူဖြစ်ပါသည်။ တပ်မတော်သားဖြစ်၍ အခွင့်ထူးပိုယူ၍ မရပါ။ တိုင်းပြည်ကာကွယ်ရေးတွင် တပ်မတော် တာဝန်ရှိပါသည်။ ဥပဒေပြုရေးတွင် တပ်မတော်သားများကိုယ်တိုင် ကြိုက်ရာ ကိုယ်စားလှယ်တော်ကိုရွေးချယ်ခွင့်ရှိပါသည်။ “ငါတို့လက်နက်ကိုင်ထားလို့ ငါတို့ဥပဒေပြုရာမှာ ပါမယ်” ဟု မလုပ်သင့်ပါ။ မလုပ်ကောင်းပါ။ ထည့်သူက ထိုးထည့်သွားသည့်တိုင် ကိုယ့်နေရာကိုယ် သိရပါမည်။
၆-၂။ ဒီတစ်ခါနောက်မကျသေးဘူးဟေ့
ကိုယ့်မှာ ပြင်ဆင်ချိန်ရတုန်း
ကိုယ့်ရဲ့ နှလုံးသွေးတွေ စွေးစွေးနီစေ
(စိုင်းထီးဆိုင်၊ ရေလိုက်ငါးလိုက်)
၆-၃။ ရင်ကြားစေ့လိုလျှင် မျှတရပါမည်။ မျှတမှ ညီညွတ်ပါမည်။ ညီညွတ်မှ ချစ်ခင်ပါမည်။ အခြားနည်း မရှိပါ။ ထိုထက်ပို၍ ဆိုရန်မရှိ။
`ပျော်´ လို့ `တော်´ လို့ လုပ်တာမဟုတ်ပဲ `လျော်´ မှသာ လုပ်ကြပါဘုရား။ ။။ ။
$
0
0
by Nanda Htun Htet (Notes) on Wednesday, June 5, 2013 at 2:24am
             သံဃာတော်တွေဟာ မြန်မာ့လူနေမှုဘ၀မှာ ဟိုးအတွင်းပိုင်းအထိပါဝင်ပတ်သက်နေ ပါတယ်။ ရှေးဆရာတော်ကြီးများစွာကလည်းဒါယကာ၊ဒါယကာမများအတွက် လောကုတ္တရာအကျိုးစီးပွားအတွက်သာမက သာမာန်လူနေမှုလို့ဆိုရမယ့် လောကီအကျိုးစီးပွားအတွက်ပါ ဆုံးမသင်ကြား ၀ါယမစိုက်ထုတ်တော်မူခဲ့ကြ ပါတယ်။ မြန်မာ့နိုင်ငံရေးမှာလည်းအခွင့်လိုတဲ့အခါတိုင်းမီးရှုးတန်ဆောင်လိုအလင်းပေးလမ်းပြခဲ့တဲ့ ဆရာတော်သံဃာတော်တွေ အများကြီးပါပဲ။ သူတို့စွန့်လွှတ်ခဲ့ကြတာ၊ ပေးဆပ်ခဲ့ကြတာ ၊ လုံ့လထုတ်ခဲ့ကြတာတွေလည်းအဟောသိကံတော့ မဖြစ်ခဲ့ပဲကျနော်တို့အခုခံစားနေကြရတာတွေလည်း ပါနိုင်ပါတယ်။
တိုင်းပြည်သူ့ကျွန်ဘ၀ရောက်ချိန်၊အရေးကြီးချိန်မှာလိုအပ်လို့ဆောင်ရွက်တော်မူကြတာတောင်မှ သက်တော်ဂုဏ်တော်ကြီးတဲ့ ဆရာတော်ကြီးများကတော့ သံဃာလမ်းလွဲ ဖြစ်သွားမှာကို စိုးရိမ်တော်မူကြပြီးအားပေးတော် မမူကြပါဘူး။ နောက်ကနေထိမ်းသိမ်းကြပါတယ်။ အားပေးချီးမွမ်းခြင်းပြုတော်မမူကြတာကိုအံအားသင့်ဖွယ် တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။
ဘာသာတရားပေါင်းမြောက်များစွာထဲကမှ ဘုစုခရု ဖြစ်နေသမျှ အကောင်ပလောင် သတ္တ၀ါအားလုံးကို သံသရာကနေကျွတ်အောင်လုပ်နိုင်တဲ့ ဘာသာတရားဟာဒီတစ်ခုတည်းရှိတာမို့ မည်ကာမတ္တ ဘာသာတရားတွေလို၊ မည်ကာမတ္တသာသနာ့ဝန်ထမ်းတွေမျိုးမဖြစ်စေလိုပါ။ ကျနော့်သဘောကတော့ နည်းနည်းကလေးကိန်းကြီး၊ ခန်းကြီးနိုင်စေ့ချင်တယ်။ နဲနဲကလေးပိုပြီးအိနြေ္ဒိ ရှိစေချင်တယ်ဗျာ။ လိုအပ်တာလေးတွေကို ဆရာဒကာ နည်းလမ်းလေးပြ၊ မှားနေတာလေးတွေ ဆုံးမသြ၀ါဒပေး၊ ပုထုဇဉ်ရဟန်းတော်တွေမို့ ဘာသာချစ်စိတ်၊ အမျိုးချစ်စိတ်ရှိတာမှန်ပေမယ့် သံဃာ့ဂုဏ်ကိုထောက်၍ အောက်ခြေအထိနေရာတိုင်း မဆင်းစေချင်ဘူး။ အခြားဘာသာဝင်တွေက မေးငေါ့ မျက်စောင်းထိုးရမယ့် အကဲပါမှုမျိုးမလုပ်စေချင်ဘူး။
ဟိုးအရင်ကျနော်တို့ အဖိုးတို့ခေတ်တုန်းကဆို“ဆရာတော် -အခေါ်လွှတ်တယ်”ဆိုဖင်တုန်အောင်ကြောက်ကြရတာ။ ဘာများမိန့်လေမလဲ၊ ဘာအမြင်မတော်တာများရှိလေသလဲ၊ တွေးပြီးပူကြရတယ်ဆိုတာကိုး။ အခန့်မသင့်ရင် ဆယ်ရွာအုပ်သူကြီးတောင် ကြိမ်နဲ့ ထနှက်ရင်နှက်တာကိုး။ တခါများတော့ ကျနော့်အဖိုးရွာမှာ ရွာဦးကျောင်းဆရာတော်ကြီး ဆွမ်းခံကြွနေတုန်းရွာထဲကပဲတီဆိုတဲ့ မိန်းမနဲ့ သူ့ယောကျာ်းရန်ဖြစ်လိုက်ကြတာပဲတီရဲ့ ဖေတော့ ၊ မောင်တော့ ဆဲသံတွေ ပွက်လောကိုထနေတာပဲတဲ့။ ပဲတီကပိန်ပိန်သေးသေးလေးရယ်။ ပဲတီ က ပိန်တယ်ဆိုတော့ သူ့ယောကျာ်းကတော့ နဲနဲဖိုင့်ဖိုင့်လောက် ဖြစ်မှာပေါ့။ ယောကျာင်္းနာမည်လည်းမသိဘူးဗျ။
အဖိုးတို့ကပြောသွားကတည်းကိုကယောင်္ကျားနာမည် မပါဘူးထင်တာပဲ။ ရွာထဲမှာလည်းပဲတီတို့လင်မယား၊ ပဲတီတို့လင်မယားချည်းပဲခေါ်ကြတယ်။ ပဲတီကဆရာကိုး၊ သူ့ယောကျာ်းကတော့ နောက်လိုက်လူအေးပါ။ ပဲတီကိုလည်းကြောက်ရတယ်။ ရန်ဖြစ်ရင်လည်းသူကခံဖက်က ၊ ဘာဆိုဘာမှ မပြောတတ်ရှာဘူး၊ လူအေး၊ လူကြောက်၊ လူဖျင်းပဲလို့ ကျနော်တော့ ယူဆတာပဲဗျာ။  ဒါနဲ့ - ပဲတီသူ့ယောကျာ်းကို မကြားဝံ့မနာသာ ဆဲဆိုနေတာ ကြားလာတဲ့ ဆရာတော်ကြီးအတော် ဒေါထလာတယ်။ ဆွမ်းခံတောင်ဆက်မကြွပဲ ပဲတီကိုနွှာမယ်ဆိုပြီး  ကျောင်းပြန်ချလာတာပေါ့ခင်ဗျာ။ ကျောင်းရောက်တော့မှ ကျနော့်အဖိုးဆီကပ္ပိယလွှတ်ပြီးခေါ်ခိုင်းတယ်၊ ပဲတီတို့ လင်မယားပါ ပါလာပစေတဲ့။
 ကျောင်းလည်းရောက်ရောအားလုံးကြောက်ကြောက်နဲ့ ၀တ်ပြုနေကြရတာဖင်ပူးလေးတွေကိုထောင်လို့၊ အဲဒီမှာဆရာတော်ကြီးက -ဟဲ့- ပဲတီ၊ နင်ရိုင်းလှချည်ကလား၊ ကိုယ့်လင်သားကိုရပ်ထဲရွာထဲဆဲဆိုနေလိုက်တာများ၊ ငါလာတာတောင် မသိရအောင်၊ နင်ဆိုးမိုက်လှချည်လား-ရန်ဖြစ်တယ်ဆိုမှတော့ နင်တို့နှစ်ယောက်လုံးတော့ အတူတူပဲ၊ ဒါပေသိ ပဲတီ နင်အရင်လာစမ်း ဆိုပြီးကျောကုန်းကို ကြိမ်နဲ့နှက်တာလေးငါးခြောက်ချက်လောက်ဆက်တိုက်ပဲဗျ။ ပဲတီလည်းနဂိုကပိန်ပိန်၊ အသားကမရှိဆိုတော့ နာရှာတာပေါ့ဗျာ။ အဲဒီမှာဒီလောက်အနိုင်စားခံ၊ အဆဲအဆိုခံထားရတာတောင် မိန်းမအပေါ် မေတ္တာမပျက် သနားတတ်ရှာတဲ့ ဟိုလူကြီးကကြောက်ကြောက်နဲ့ ထ-လျှောက်တယ်။ အရှင်ဘုရား-အရှင်ဘုရား-ခဏရပ်တော်မူပါဦးဘုရား၊ ရပ်တော်မူပါဦးဘုရား၊ ပဲတီကိုအဲ့လောက်ပဲရိုက်ပြီးတပည့်တော်ကိုပိုရိုက်ပါဘုရား-တဲ့။ အောင်မယ်- နင်က-ဘာပြုလို့တုန်းဆိုတော့ ။ ပဲတီပိန်လွန်းလို့ပါဘုရား၊ ပဲတီအစားတပည့်တော်ပိုရိုက်ပါဘုရား-တဲ့။ အဲဒီမှာတင်ဆတော်ကြီးက - သြော- ပဲတီပိန်လို့ နင့်ပိုရိုက်ပါ-ဟတ်လား။ အေးအေးလာစမ်းလာစမ်း၊ ရှေ့တိုးခဲ့စမ်းဆိုပြီးပါးစပ်ကလည်းကဲ-ပဲတီပိန်ဦးကွာ- ပိန်ဦးကွာဆိုပြီး နှက်လိုက်တာအချက်ရေကိုမနဲဘူးတဲ့ခင်ဗျ။ မှတ်ထား - ။
 စကားစပ်မိလို့ မြန်မာ့လူနေမှုဘ၀မှာ “မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်”ဆိုတဲ့ မိဘနေရာကရော၊ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ”ဆိုတဲ့ ဆရာနေရာကပါ ဘုန်းကြီးကျောင်းပညာရေး၊ ပိဋိကတ်စာပေပညာရေးမှာပါ တာဝန်ကျေခဲ့၊ အထက်တန်းကျခဲ့တဲ့ သံဃာတော်တွေဟာ နေရာတိုင်း အရပ်တိုင်း အချိန်ကာလတိုင်းမှာ ရှိခဲ့တာပါ။ အဲဒီသံဃာတော်တွေရဲ့ နေရာမျိုးမှာပဲအခုခေတ်သံဃာတော်တွေကိုရှိစေချင်မိတာပါ။
 အခုလောလောဆယ် ရပ်ကွက်ထဲကသံဃာတော်အချို့ရဲ့ အခြေအနေကတော့ အားလုံးလည်းသိကြတဲ့ အတိုင်းပါပဲ။ ရပ်ကွက်ထဲဘောပွဲလည်းတွေ့၊ ခြင်းပွဲလည်းပါ။ ညရောက်တော့လည်းခေါင်းမြီးခြုံကလေးတွေနဲ့ ကျောင်းပြင် ဘာထွက်လုပ်ကြတယ်မသိ၊ ညဖက်လည်း ဘုန်းပေးချင်ရာတွေဘုန်းပေး၊ လက္ဘက်ရည်ဆိုင်ရောက်တော့လည်းဘာမဟုတ်တဲ့ ချာတိတ်လောက်ကောင်တွေကတောင် ဥူးဇင်းဘာလာလုပ်တာလဲ။ ဟာဂျာဥူးဇင်းတို့ကတော့လုပ်ပြီ၊ မမိုက်ပါဘူးဂျာ၊ နေပါ-ဥူးဇင်းရာ- ဆိုတဲ့ စကားမျိုးတွေနဲ့ အပြန်အလှန် ဆက်ဆံနေတာတွေကို ကြည့်ပြီးရင်ထဲမကောင်းမိပါ။ နှမြောမိပါတယ်။ တစ်ဦးတစ်ယောက်၊ တစ်ပါးအတွက်မဟုတ်ပဲ“သံဃာ့ဿ”ဆိုတော့ သံဃာထုကြီးတစ်ခုလုံးအတွက်  ငါတို့ခေတ်ကျမှ သွားရှာပီ လို့တွေးပီးနှမြောမိတာပါ။ သြော် - ငါတို့ကတော့ ရှိခိုးဦးချလိုက်ရတာ၊ ည-ည ကန်တော့လိုက်ရတာ။ သူတို့မှာတော့ အားမနာဒီလိုနေရက်လေချင်းရယ်လို့ စိတ်ထဲကွက်မိပါတယ်။ အဲ--- အဲဒီမှာကျနော်မှားတာပါပဲ။ ကျနော် ငရဲဖြစ်တာပါပဲ။ သူတို့ကတော့ သိတောင်မသိပါ။
ဒါကြောင့် သိသာသိစေမမြင်စေနဲ့ ဆိုတဲ့အတိုင်း ပုထုဇဉ်မို့ ပါစိတ်လောက်တော့ရှိနိုင်ပေမဲ့ လူမြင်ကွင်းမှာတော့ ရှောင်အပ်လှပါတယ်။ ဒီနေရာမှာ ကျနော်အနေနဲ့တော့ အသိပညာမရင့်ကျက်သေးပေမဲ့ ဘာလေးပဲလှူလှူ၊ ပစ္စည်းဒါန၊ လုပ်အားဒါန သံဃာ့ဂုဏ်ကိုရည်မှန်းပြီး လှူနိုင်အောင် ကြိုးစားလေ့ကျင့်နေပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ ကျော်လောက်ကနေ ယခုထိတိုင် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ မွန်မြတ်ကြားနာရခဲတဲ့တရားတော်တွေကို ယနေ့ထိရောက်အောင် သံဃာတော်ပေါင်းများစွာဟာ အငတ်ခံ၊ အသတ်ခံ၊ အပင်ပန်းခံ ကြိုးစားအာဂုံဆောင်တော်မူခဲ့ကြတယ်ဆိုတဲ့ အချက်ကိုခေါင်းထဲရောက်အောင်တွေးလို့ လှူနိုင်အောင်လုပ်ပါတယ်။ ပါဠိတွေဘာတွေ မသိပေမဲ့ သမုတိကော အရိယာကော အားလုံးခြုံတဲ့ သံဃာအဖြစ်ရည်မှတ်နိုင်အောင် ကြိုးစားလှူရမှာပါပဲ။
 ကျနော်တို့မြို့မှာ စာရေးတံမဲပွဲ ယခုအထိ လုပ်လေ့ရှိပါတယ်။ မဲပေါက်တဲ့သံဃာကို ဖြူသည်၊ မည်းသည် သဘောမထား၊ ကောင်းသည်ဆိုးသည် သဘောမထားပဲ နှစ်စဉ်နှစ်တိုင်း ဆွမ်းဝတ်ပြုစုပါတယ်။ ဓမ္မာရုံကို သွားပင့်ပါတယ်။ ရလာတဲ့ရဟန်း-သိတာပေါ့။ ဒီရဟန်း ရပ်ကွက်ထဲ လွှားလွှားလုပ်နေတာ အရင်က မြင်ဖူးတာပဲ။ အနေအထိုင်ကြည်ညိုစရာမကောင်းတာလည်း သိနေတာပဲ။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာမွေးတတ်လာတာက ငါအခုဆွမ်းကပ်တာ ဒီအနေအထိုင်မတတ်တဲ့ ကိုယ်တော်တစ်ပါးတည်းအတွက်မဟုတ်ဘူး၊ သံဃာတော်တွေအားလုံးကို ကပ်လှူရတာလို့တွေးပြီး အစစ ရိုသေလေးစားစွာ ကပ်ပါတယ်။ အိမ်ပေါ်တက်ကြွကာစ ခြေသုတ်ဝတ်ပြုတာကအစ၊ ဘုန်းပေးနေတုန်း ယပ်လေခပ်၊ ကပ္ပိတာကလေးကအစ ပိုကဲလို့ လိုလေသေးမရှိအောင်လုပ်ပါတယ်။ ကြွလာတဲ့ ကိုယ်တော်ကို သံဃ နေရာကိုသိမြင်ပြီး သတိသံဝေဂရစေချင်တာလည်း ပါပါတယ်။ အိမ်က အိမ်သူနဲ့ အမတို့ဘာတို့ကတော့ မျက်နှာပျက်နေပြီ။ ဒီကိုယ်တော်ကို သူတို့မကြည်ညိုဘူးကိုး။
အဲဒီအခါ ကျနော်ကစပြီး ရိုသေလေးစားမှုကို ပြတဲ့အခါကျမှ- အော် ငါ့သား၊ ငါ့ယောင်္ကျားဟာ ဒီကိုယ်တော်အကြောင်းကို သိပါရက်ကနဲ့ လေးစားမှုပေးနေတာပဲ ။ ငါတို့လည်း သူ့လိုလုပ်ရမယ်လို့ အသိဝင်ကြအောင်ပေါ့ဗျာ။ ဒီကိုယ်တော်ကြောင့် ဆွမ်းဟင်းကုန် လူပန်းပြီး တစ်မိသားစုလုံး အကုသိုလ်ဖြစ်ကုန်မဲ့အရေးတော့ ကျနော်အဖြစ်မခံနိုင်ပါ။ ကောင်းသည်ဖြစ်စေ။ ဆိုးသည်ဖြစ်စေ သံဃာ့ဂုဏ်ကို အာရုံပြု၍ သံဃာတော်လည်း စိတ်အေးချမ်းသာ ဘုန်းပေးနိုင်အောင်၊ မိမိတို့အတွက်လည်း ကုသိုလ်ရသွားအောင်ပဲ ဦးစားပေးရပါတယ်။ မှတရားမပေးတတ်ရင်လည်း မပေးနဲ့ပေါ့ခင်ဗျာ။ ဘာတတ်နိုင်မှာလဲ။ ဟာ ဒီဒကာ ငါ့တယ်ကြည်ညိုတာပဲ၊ သူရုံးသွားချိန် ကားမှတ်တိုင်ကစောင့်ပြီး ၀တ္ထုကလေးဘာလေး အလှူခံဦးမယ်ဆိုတာမျိုးလားတော့မသိ၊ နောက်နေ့ တွေ့ပါတယ်။ ဥူးဇင်း ဟိုဟာလုပ်ချင်လို့၊ ဒီစာအုပ်ဝယ်ချင်လို့ဆိုပြီး အလှူခံပါတယ်။ ကျနော်မလှူခဲ့ပါ။ စကားလည်း ရှည်ရှည်ဝေးဝေး မပြောပါ။ ကျနော်လုပ်ရပ် မှားသလား-ကျနော်မသိပါ။ ကျနော်လုပ်ရပ် မှားလည်း ကျနော်ကျေနပ်တယ်ဗျာ။         
မှတ်မိသေးတယ်၊ တစ်ခါများတော့ ကိုယ်ရင်ကလေးတွေချည်းပဲ သုံးပါးမဲကျတယ်။ ထုံးစံအတိုင်းပေါ့-အိမ်က အမေများ၊ မမများ မျက်နှာပျက်ကြပြန်တယ်။ စနေသားနှယ် ဘယ်လိုရွေးပင့်လာသလဲပေါ့။ သူတို့လည်း ရဟန်းပဲ ကပ်ချင်ရှာမှာပေါ့လေ။ ဟိုက်-ဒီတစ်နှစ်လည်း ငါတော့ မျက်နှာမရဖြစ်ပြန်ပဟ အောက်မေ့မိတယ်။ အမလေးလေး လုပ်သွားလိုက်တာဗျာ။ သုံးပါးစလုံး- သေးသေးလေးတွေဆိုပေမဲ့ ရွတ်သွားလိုက်တဲ့ပရိတ်တွေများနည်းမှမနည်းပဲကိုးဗျ။ အမယ်- ၀ါအကြီးဆုံးကိုယ်တော်က တရားပေးသွားလိုက်တာများ လေသူလေသိမ်းကလည်းကောင်း၊ တရားကိုယ်ကလည်းကောင်းဗျား။ နေပုံ၊ ထိုင်ပုံ၊ ဆွမ်းစားပုံတွေကလည်း ၀ါတော်ရမထေရ်ကြီးတွေလားမှတ်ရတယ်။ ကျနော်အမေတို့တော့ ပြုံးလို့။ သဘောတွေကျလို့။ ဟဲ့ ငါ့သားကိုယ်ရင်လေးတွေဟဲ့၊ ဘာဟဲ့နဲ့။ တစ်ခါတည်း မယ်တော်ကြီးပါ ကောက်တော် ပစ်တော့တာပဲ။ အဲလိုမျိုး အထင်နဲ့ အမြင် ပါစင်အောင်လွဲတာမျိုးလည်း ရှိတာပေါ့ဗျာ။ ဒီလိုကိုရင်ကလေးတွေ လမ်းမှန်ကမ်းမှန်နဲ့ သံဃာကြီးတွေဖြစ်ပြီး သာသနာတော်ကို လက်ဆင့်ကမ်း စောင့်ရှောက်နိုင်ပါစေ၊ အတုအယောင်များကင်းရှင်းသော သန့်ရှင်းတဲ့ သာသနာတော်ဖြစ်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ။
ဘာရယ်တော့ မဟုတ်ပါဘူး၊ ရခိုင်မှာ သံဃာတော်တွေ ကလေးမွေးဖွားမှုကိစ္စ ဆန္ဒပြကြတာ မြင်ပြီး စိတ်ထဲနည်းနည်း ဘ၀င်မကျတာလေးတွေကြောင့် ရေးမိရေးရာ စိတ်ထွက်ပေါက်ကလေးရေးမိတာပါ။ ကျနော်ပြောချင်တာကတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကတော့ ကိုယ်တော်တို့ မှားမှားမှန်မှန်၊ လိုလိုပိုပို -အကောင်းကိုသာ အာရုံပြု၍ ကိုးကွယ်ကြမှာဖြစ်ပါတယ်။ သံဃာတော်တွေကိုလည်း စော်ကားဝေဖန်လိုခြင်း လည်းမရှိပါ။ ကျနော်တို့အပေါ်ထားသော သံဃာတော်များရဲ့ စေတနာ၊ အနစ်နာများကိုလည်း မငြင်းနိုင်အောင်လည်း တွေ့မြင်နေရပါတယ်။ သံဃာတော်တွေ အနေနဲ့သာ နေရာတကာတိုင်း ရှေ့မထွက်ကြပဲ။ အောက်မဆင်းကြပဲ၊ လူပုဂ္ဂိုလ်တွေလိုအပ်နေတာ၊ မှားနေတာ၊ သတိလစ်ဟင်းနေတာလေးတွေကိုသာ အထက်အမြင့်မှသာ ထောက်ပြဦးဆောင်ပေးတော်မူကြပါ။ ကျန်တာ တပည့်တော်တို့ လပုဂ္ဂိုလ်တွေရဲ့ တာဝန်ပဲရှိပါစေ။ နေရာတိုင်း ငါတို့လုပ်မှဖြစ်မယ်။ ငါတို့ ပါမှဖြစ်မယ်ဆိုတာမျိုးမဖြစ်စေချင်ပါ။
`ပျော်လို့´ `တော်လို့´ `ဆော်မလို့´ လုပ်တာမဟုတ်ပဲ `လျော်လို့´ လုပ်တာမျိုးပဲဖြစ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ရဟန်းနှင့် အပ်မအပ်၊ သင့်မသင့်ကလေး မျှော်တွေးပြီး နိုင်ငံအတွက်၊ ဘာသာအတွက် ကောင်းစေချင်တဲ့စိတ်ရှိတိုင်း မလုပ်ကြပဲ
ရဟန်းအတွက် ``သင့်လျော်လျောက်ပတ်မှသာ´´ ရွက်ဆောင်တော် မူကြပါရန် လျှောက်ထားချင်တာလေးပါခင်ဗျာ။    ။
(ဒကာတော် စနေသား)
သမ္မတကြီးဦးသိန်းစိန်နဲ့ အတိုက်အခံဒေါ်စု နှုတ်ကဒါမျိုးပြောတာခင်ဗျားတို့ ကြားမိလား?
$
0
0
သမ္မတဦးသိန်းစိန်
============
၁။ဒေါ်စုနဲ့ NLDပါတီဟာ ခိုးဝင်ရိုလိမ်ညာတွေကိုအကာအကွယ်ပေးနေတဲ့
မွတ်ဒေါင်းပါတီလို့ ပြောတာကြားဘူးလား ?
၂။မြန်မာပြည်နဲ့ အံမဝင်တဲ့ လူ့ အခွင့်ရေးဦးစားပေပြီးအမျိုးသားရေးဖြစ်တဲ့
ရခိုင်သွေးခြင်းတွေအပေါ်လစ်လျူရှူနေတယ်လို့ ပြောတာရောကြားမိလား ?
၃။ဒေါ်စုဟာတိုင်းပြည်အတွက် ဘာအကျိုးမှမပြုနိုင်ဘဲသူသာအာဏာရရင်မြန်မာတွေ
အကုန်ဗလီတက်ရလိမ့်မယ်လို့ ပြောတာရောကြားမိလား ?
၎။ဒေါ်စုဟာ လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်နဲ့ လူမျိုးအတွက်အကျိုးမရှိပါဘူးလို့ 
ပြောတာကိုရောခင်ဗျားတို့ ကြားမိသေးလား ?
၅။လက်ပတောင်းတောင်ကိစ္စမှာ ဒေါ်စုရဲ့ ကမ္ဘာ့အလယ်မှာ မြန်မာကိုသစ္စာမရှိ ဂတိမတည်
ယုံကြည်လို့ မရတဲ့လူမျိုးလို့ အထင်မခံရလေအောင် ဖြစ်သင့် ဖြစ်ထိုက်တာကိုလက်တွေ့ 
ကျကျ ရပ်တည်ဆုံးဖြက်ခဲ့တာတွေဟာ သူ့ ရဲ့ နိုင်ငံရေး၊ရေပန်းစားလိုမှုသတ်သတ်ကြောင့်
လို့ ဦးသိန်းစိန်နှုတ်မှပြောတာကိုရောကြားမိကြပါသလား ?
ဒေါ်အောင်ဆန်းစုကြည်
=================
၁။ဦးသိန်းစိန်ဟာဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်ဘယ်လိုမှယုံကြည်လို့ မရတဲ့ခေါင်း
ဆောင်တစ်ဦးလို့ ဒေါ်စုနှုတ်မှပြောတာကြားမိကြသလား?
၂။လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေတွေဟာဦးသိန်းစိန်ကြောင့်လို့ 
ပြောတာကိုရောကြားမိကြသေးလား?
၃။ လက်ရှိအစိုးရဟာဒီမိုကရေစီပြု့ပင်ပြောင်းလဲရေးအတွက်ဘယ်လိုမှယုံကြည်၍့မရပါလို့ ပြော
ခဲ့ဘူးတာရောကြားမိကြသေးလား?
၎။လက်ရှိအစိုးရနဲ့  အာဏာရပါတီဟာ၎င်းနှင့် ၎င်း၏ပါတီကို အောက်လမ်းနည်းနဲ့ တိုက်ခိုက်
နေပါတယ်လို့ ပြောတာရောကြားမိကြသေးလား?
၅။တပ်မတော်နဲ့ တပ်မတော်သားတွေဟာဒီတိုင်းပြည်အတွက်လုံးဝမလိုပါဘူးလို့ ပြောတာရော
ကြားမိကြသေးလား?
ရေးခြင်တာတွေအများကြီးပါ။ကျန်းမာရေးကောင်းသည့်တစ်နေ့ ထပ်ရေးပါအုံးမည်။
ယခုအချိန်ထိတော့ကျနော့်အနေဖြင့်သမ္မတကြီးဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှစ်ဦးလုံး
သည်တိုင်းပြည်အတွက်မရှိမဖြစ်ခေါင်းဆောင်များဟုစွဲမြဲစွာယုံကြည်မိပါသည်။
သို့ ဖြစ်ပါ၍၎င်းတို့ နှစ်ဦးနှုတ်ထွက်စကားမဟုပ်ဘဲ ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ
စကားများကိုအယုံအကြည်မရှိသလို ၎င်းတို့ ကိုထောက်ခံသည့် ဘက်နှစ်ဘက်၏ကလိသလို ရိသလို
အရေးအသား အပြောအဆိုများကိုလည်း အရေးတယူလုပ်နေလိမ့်မည်လုံးဝမဟုပ်ပါ။
ဒေါ်စုနှင့်ဦးသိန်းစိန်ကို ခင်ဗျားတို့  ကျနော်တို့ ရဲ့ အတ္တမာန်မာန တွေကြောင့် အကျပ်အတည်းတစ်ခု
အတွင်းသို့ ဆွဲသွင်းမိမည်ဆိုပါက ပြည်သူလူထုအားလုံးမျှော်မှန်းလျက်ရှိသည့်ဒီမိုကရေစီပန်းတိုင်ကို
ဖျက်ဆီးသည့်တရားခံများအဖြစ် ပြည်သူလူထုမှ သမိုင်းမော်ကွန်းရေးထိုးခံရခြင်းကို ကျနော်တော့
ဘယ်တော့မှအဖြစ်မခံနိုင်ပါကြောင်းလေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ။
— with Yaung Ni Oo and 35 others.
ဒေါင်းကချေသည် ဟန်ညီမြန်မာပြည်
$
0
0
 ( I  LOVE  NAVY  အစီအစဉ်အရ ကို Htet Aung မှ ပေးပို့ပါသည် )  ဒေါင်းကချေသည် ဟန်ညီမြန်မာပြည်  တောင်ဘက်ကမ်းရိုးတန်း ရှည်လျားလို့  အနောက်ဘက်ပင်လယ် ကျယ်ပြောလို့  သံယံဇာတ ပေါများလို့  လိုချင်သူလည်း ပေါများတယ်။  ဗိုလ်ချုပ်တည်ခဲ့တဲ့  ရေတပ် မေယုဦးဆောင်တဲ့  ရေတပ် ၄၀မမ ဘော်ဖာတွေနဲ့  ရေတပ် ဘယ်သူ့မှ လူမထင်တဲ့  ရေတပ် ဒေါင်းကချေသည်ကို စောင့်ရှောက်လို့  ကျွန်တော်ရေတပ်ကို ချစ်တယ်။  အမိမြန်မာပြည် အနောက်တံခါးမှာ နာဂစ်ဘီလူးဝင်မွှေတော့ ဒီရေတပ် အသုံးတော်ခံခဲ့တယ်။  အိမ်နီးချင်းကောင်း မပီသသူတွေ စစ်မက်တံခါး လာခေါက်တော့ ဒီရေတပ်ကြီး ရင်ဆိုင်ခဲ့ဘူးတယ်။  အင်းယား အင်းမ အင်းတော်ကစလို့  ဟောင်ဇင်တွေ ဟိုင်နန်တွေနဲ့ မို့  သူတို့ ကုလကိုတိုင်တည်ခဲ့ဘူးတယ်။  မြန်မာပြည်ဂုဏ်မငယ်စေခဲ့လို့  ကျွန်တော်ရေတပ်ကိုချစ်တယ်။  နာဂစ်နဲ့အတူ နိုးထလာတဲ့မော်ဒန်ရေတပ် ဖရီးဂိတ်တွေနဲ့ မော်ကြွားနေတဲ့ မြန်မာရေတပ် အနော်ရထာ ကျန်စစ်သား ဘုရင့်နောင် နဲ့ အောင်ဇေယျ ဂုဏ်ရှိန်တက်စေတဲ့ ဒီသားတွေကို မိခင်သီလဝါ လွန်းကျင်းကြီးက ပြုံးပြုံးကြီး ငုံ့ ကြည့်နေတယ်။  အချိန်အနည်းငယ်အတွင်းမှာ နိုင်ငံတော်ကို လုံခြုံစေခဲ့တဲ့ ကျွန်တော့်ရေတပ်ကို ကျွန်တော်ချစ်တယ်။  မဟာသီဟသူရကိုလည်း ချစ်တယ် မဟာဗန္ဓုလကိုလည်း ချစ်တယ် အောင်ဇေယျကြီးကိုလည်း ချစ်တယ် ကျန်စစ်သားကိုလည်း ချစ်တယ်။  ဆရာရှမ်းကို ချစ်သလို ဘုရင့်နောင်နဲ့ အနော်ရထာကိုလည်း ချစ်တယ် 5series တွေကိုလည်း ချစ်တယ် အထွေးဆုံးလေး FAC 491 ကိုလည်း ချစ်တယ်။  ဒေါင်းကချေသည်ကို ကာကွယ်ပေးလို့  ဘာမထီ ရေသူရဲတွေရဲ့အောင်မြေမို့  ပင်လယ်ပြာကို ဂုဏ်တက်စေလို့  အမိမြန်မာပြည်ကို ချစ်သလို မြန်မာ့ရေတပ်ကို ကျွန်တော်ချစ်တယ်။  Htet Aung
( I LOVE NAVY အစီအစဉ်အရ ကို Htet Aung မှ ပေးပို့ပါသည် )
တောင်ဘက်ကမ်းရိုးတန်း ရှည်လျားလို့ 
အနောက်ဘက်ပင်လယ် ကျယ်ပြောလို့ 
သံယံဇာတ ပေါများလို့ 
လိုချင်သူလည်း ပေါများတယ်။
ဗိုလ်ချုပ်တည်ခဲ့တဲ့ ရေတပ်
မေယုဦးဆောင်တဲ့ ရေတပ်
၄၀မမ ဘော်ဖာတွေနဲ့  ရေတပ်
ဘယ်သူ့မှ လူမထင်တဲ့ ရေတပ်
ဒေါင်းကချေသည်ကို စောင့်ရှောက်လို့ 
ကျွန်တော်ရေတပ်ကို ချစ်တယ်။
အမိမြန်မာပြည် အနောက်တံခါးမှာ
နာဂစ်ဘီလူးဝင်မွှေတော့
ဒီရေတပ် အသုံးတော်ခံခဲ့တယ်။
အိမ်နီးချင်းကောင်း မပီသသူတွေ
စစ်မက်တံခါး လာခေါက်တော့
ဒီရေတပ်ကြီး ရင်ဆိုင်ခဲ့ဘူးတယ်။
အင်းယား အင်းမ အင်းတော်ကစလို့ 
ဟောင်ဇင်တွေ ဟိုင်နန်တွေနဲ့ မို့ 
သူတို့ ကုလကိုတိုင်တည်ခဲ့ဘူးတယ်။
မြန်မာပြည်ဂုဏ်မငယ်စေခဲ့လို့ 
ကျွန်တော်ရေတပ်ကိုချစ်တယ်။
နာဂစ်နဲ့အတူ နိုးထလာတဲ့မော်ဒန်ရေတပ်
ဖရီးဂိတ်တွေနဲ့ မော်ကြွားနေတဲ့ မြန်မာရေတပ်
အနော်ရထာ ကျန်စစ်သား ဘုရင့်နောင် နဲ့ အောင်ဇေယျ
ဂုဏ်ရှိန်တက်စေတဲ့ ဒီသားတွေကို
မိခင်သီလဝါ လွန်းကျင်းကြီးက
ပြုံးပြုံးကြီး ငုံ့ ကြည့်နေတယ်။
အချိန်အနည်းငယ်အတွင်းမှာ
နိုင်ငံတော်ကို လုံခြုံစေခဲ့တဲ့
ကျွန်တော့်ရေတပ်ကို ကျွန်တော်ချစ်တယ်။
မဟာသီဟသူရကိုလည်း ချစ်တယ်
မဟာဗန္ဓုလကိုလည်း ချစ်တယ်
အောင်ဇေယျကြီးကိုလည်း ချစ်တယ်
ကျန်စစ်သားကိုလည်း ချစ်တယ်။
ဆရာရှမ်းကို ချစ်သလို
ဘုရင့်နောင်နဲ့ အနော်ရထာကိုလည်း ချစ်တယ်
5series တွေကိုလည်း ချစ်တယ်
အထွေးဆုံးလေး FAC 491 ကိုလည်း ချစ်တယ်။
ဒေါင်းကချေသည်ကို ကာကွယ်ပေးလို့ 
ဘာမထီ ရေသူရဲတွေရဲ့အောင်မြေမို့ 
ပင်လယ်ပြာကို ဂုဏ်တက်စေလို့ 
အမိမြန်မာပြည်ကို ချစ်သလို
မြန်မာ့ရေတပ်ကို ကျွန်တော်ချစ်တယ်။
Htet Aung
ဒေါ်အောင်ဆန်းစုကြည်၏ ဗုဒ္ဓဘာသာအမြင်များ
$
0
0
Aye Chan Mon's photo.
~ဒေါ်အောင်ဆန်းစုကြည်၏ ဗုဒ္ဓဘာသာအမြင်များ~  BurmaProjectUSAကိုတည်ထောင်သူ၊ မြန်မာနိုင်ငံဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင်(များသောအားဖြင့်)ရဟန်းဘ၀ဖြင့်(၈) နှစ်တာ နေထိုင်ခဲ့ဖူးသည့်မစ္စတာအလန်ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည် များကို Conversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီး တစ်ဦး၏ဗုဒ္ဓဘာသာအမြင်များကိုသိရှိနိုင်စေရန်မိတ်ဆက်ဖော်ပြလိုက်ပါသည်။  အလန်ကလီးမင့်ထ်။“ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက်ကျွန်တော်ပို့ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ခင်ဗျားကို“မြန်မာ့စိန့်ဂျုန်း”လို့တောင်မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”  ဒေါ်အောင်ဆန်းစုကြည်။ ။“ဘုရားဘုရား၊ကျွန်မအဲလိုမမျှော်လင့်ရပါလားရှင်။”  အလန်ကလီးမင့်ထ်။ ။“တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက်အခြားသူတွေလွတ်မြောက်မှုရရှိကြပါစေဆိုတဲ့ စေတနာဆန္ဒတွေနဲ့ပညာပါရမီ၊ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”  ဒေါ်အောင်ဆန်းစုကြည်။ ။“အိုး ကျွန်မကတော့ဘုရားပဲတနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။  ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။   ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။ (ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေကအလေးထားခဲ့တာကိုး။အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။  ကျွန်မကစိတ်တိုတတ်တယ်ရှင့်။ဒါပေမယ့်အခုအရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။  မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။  အလန်ကလီးမင့်ထ်။ ။လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ”လို့ မေးတော့ဦးနုက(ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်အနေနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရောအဲဒီလိုအကြပ်အတည်းမျိုး ခံစားရပါသလား။  ဒေါ်အောင်ဆန်းစုကြည်။။မခံစားရပါဘူး၊ကျွန်မအနေနဲ့အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ရှိရမယ်လို့ကျွန်မကိုယ်တိုင်ကယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီးအားထုတ်ရမယ့်သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။  အလန်ကလီးမင့်ထ်။ ။ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။  ဒေါ်အောင်ဆန်းစုကြည်။ ။ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။  ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။  အလန်ကလီးမင့်ထ်။ ။ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ။  ဒေါ်အောင်ဆန်းစုကြည်။ ။အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။  အလန်ကလီးမင့်ထ်။ ။ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။  ဒေါ်အောင်ဆန်းစုကြည်။ ။ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။  အလန်ကလီးမင့်ထ်။ ။ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက် မှုရှိသလဲဗျ။  ဒေါ်အောင်ဆန်းစုကြည်။ ။စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။  အလန်ကလီးမင့်ထ်။ ။နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။  ဒေါ်အောင်ဆန်းစုကြည်။ ။ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။  အလန်ကလီးမင့်ထ်။ ။ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။  ဒေါ်အောင်ဆန်းစုကြည်။ ။ဝိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာ ခွန်အားကို ပေးပါတယ်။  ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။  အလန်ကလီးမင့်ထ်။ ။ဝိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။  ဒေါ်အောင်ဆန်းစုကြည်။ ။ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။  အလန်ကလီးမင့်ထ်။ ။“အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”  ဒေါ်အောင်ဆန်းစုကြည်။ ။ “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။  အလန်ကလီးမင့်ထ်။ ။“ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”  ဒေါ်အောင်ဆန်းစုကြည်။။“ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့်မဟာယာနဗုဒ္ဓဘာသာနဲ့ဝဇိရယာနဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ပြီးတော့ကျွန်မကအခြားသောဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့် ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေး အတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”  အလန်ကလီးမင့်ထ်။ ။“ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”  ဒေါ်အောင်ဆန်းစုကြည်။ ။ “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။   post by နှင်းဆီဖူးလေးများ-Love BUDS https://www.facebook.com/loveBUDS.6  အေးချမ်းမွန် Credit & Copy From နှင်းဆီဖူးလေးများ-Love BUDS>< Thank For Your Post Re-post By ACM 26-5-2013
BurmaProjectUSAကိုတည်ထောင်သူ၊ မြန်မာနိုင်ငံဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင်(များသောအားဖြင့်)ရဟန်းဘ၀ဖြင့်(၈) နှစ်တာ နေထိုင်ခဲ့ဖူးသည့်မစ္စတာအလန်ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည် များကို Conversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီး တစ်ဦး၏ဗုဒ္ဓဘာသာအမြင်များကိုသိရှိနိုင်စေရန်မိတ်ဆက်ဖော်ပြလိုက်ပါသည်။
အလန်ကလီးမင့်ထ်။“ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက်ကျွန်တော်ပို့ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ခင်ဗျားကို“မြန်မာ့စိန့်ဂျုန်း”လို့တောင်မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”
ဒေါ်အောင်ဆန်းစုကြည်။ ။“ဘုရားဘုရား၊ကျွန်မအဲလိုမမျှော်လင့်ရပါလားရှင်။”
အလန်ကလီးမင့်ထ်။ ။“တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက်အခြားသူတွေလွတ်မြောက်မှုရရှိကြပါစေဆိုတဲ့ စေတနာဆန္ဒတွေနဲ့ပညာပါရမီ၊ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”
ဒေါ်အောင်ဆန်းစုကြည်။ ။“အိုး ကျွန်မကတော့ဘုရားပဲတနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။
ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။
ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။ (ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေကအလေးထားခဲ့တာကိုး။အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။
ကျွန်မကစိတ်တိုတတ်တယ်ရှင့်။ဒါပေမယ့်အခုအရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။
မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။
အလန်ကလီးမင့်ထ်။ ။လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ”လို့ မေးတော့ဦးနုက(ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်အနေနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရောအဲဒီလိုအကြပ်အတည်းမျိုး ခံစားရပါသလား။
ဒေါ်အောင်ဆန်းစုကြည်။။မခံစားရပါဘူး၊ကျွန်မအနေနဲ့အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ရှိရမယ်လို့ကျွန်မကိုယ်တိုင်ကယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီးအားထုတ်ရမယ့်သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။
အလန်ကလီးမင့်ထ်။ ။ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။
ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။
အလန်ကလီးမင့်ထ်။ ။ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။
အလန်ကလီးမင့်ထ်။ ။ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်။ ။ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။
အလန်ကလီးမင့်ထ်။ ။ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက် မှုရှိသလဲဗျ။
ဒေါ်အောင်ဆန်းစုကြည်။ ။စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။
အလန်ကလီးမင့်ထ်။ ။နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။
ဒေါ်အောင်ဆန်းစုကြည်။ ။ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။
အလန်ကလီးမင့်ထ်။ ။ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ဝိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာ ခွန်အားကို ပေးပါတယ်။
ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။
အလန်ကလီးမင့်ထ်။ ။ဝိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။
အလန်ကလီးမင့်ထ်။ ။“အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”
ဒေါ်အောင်ဆန်းစုကြည်။ ။ “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။
အလန်ကလီးမင့်ထ်။ ။“ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”
ဒေါ်အောင်ဆန်းစုကြည်။။“ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့်မဟာယာနဗုဒ္ဓဘာသာနဲ့ဝဇိရယာနဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ပြီးတော့ကျွန်မကအခြားသောဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့် ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေး အတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”
အလန်ကလီးမင့်ထ်။ ။“ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”
ဒေါ်အောင်ဆန်းစုကြည်။ ။ “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။
post by နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
အေးချမ်းမွန် Credit & Copy From နှင်းဆီဖူးလေးများ-Love BUDS>< Thank For Your Post
Re-post By ACM 26-5-2013
မက်စ်မြန်မာ ဦးဇော်ဇော် ( သို့ မဟုတ်) ပြောင်းလဲလာသောပုံရိပ်လွှာတခု
$
0
0
Burma-Newselite's photo.
ထားထားမြင့်(7 days သတင်းစာတွင်ဖော်ပြခဲ့သော ဘာသာပြန်ဆောင်းပါး)
*****************
မြန်မာနိုင်ငံမှာအချမ်းသာဆုံးနှင့် အအောင်မြင်ဆုံးလုပ်ငန်းရှင်ဟု လူသိများသောဦးဇော်ဇော်က ရန်ကုန်မင်္ဂလာဒုံလေဆိပ်ဘေးနားက ဆောက်လုပ်စသူ၏ ဟိုတယ်လုပ်ငန်းခွင်မှာအချိနိမတော် လမ်းလျှောက်အချိန်ဖြုန်းရခြင်းကို နှစ်ခြိုက်သဘောကျလေ့ရှိပါသည်။
အခန်း ၃၆၀ပါသော နိုဗိုတယ်လ်ဟိုတယ်သည် ကစားစရာဘောလုံးတလုံးကို ၀ယ်ယူနိုင်ဖို့ ပင်ဆင်းရဲခဲ့သည့် လူတယောက်အဖြစ်မှ ကမ္ဘာပေါ်တွင်ဖိနှိပ်မှုအဆိုးဆုံးအထီးကျန်ဆုံးနိုင်ငံတခုတွင် စစ်အစိုးရအုပ်ချုပ်သူများနှင့်ပူးပေါင်းကာ ယခုကဲ့ သို အင်ပါယာတခုထူထောင်နိုင်ခဲ့ သော လူတယောက်အဖြစ် ပြောင်းလဲလာသည့်အဖြစ်အပျက်ကို ပြောပြနေသကဲ့ သို့ ရှိနေ၏
မြန်မာနိုင်ငံကပြုပြင်ပြောင်းလဲပွင့်လင်းလာသကဲ့ သို့ ဦးဇော်ဇော်ကလည်းအတိတ်ကို အလျှင်အမြန်ထားခဲ့ ပြီး အလားအလာကောင်းသောနိုင်ငံတကာ ယဉ်ကျေးမှုနှင့်အလိုက်သင့်ဖြစ်သော အနာဂတ်ကိုရယူဖို့ ကြိုးပမ်းနေပါပြီ။ သူကား ရှံးနိမ့်မည်မဟုတ်ပါ။
“ ကျနော်က လူအားလုံးနဲ့ ခင်ပါတယ်ဗျာ” ဦးဇော်ဇော်က အားရပါးရပြုံးပြီးပြောလိုက်သည်
မြန်မာနိုင်ငံက လုပ်ရိုးလုပ်စဉ်ဟောင်းများအတိုင်း စစ်အစိုးရအကြီးအကဲများနှင့်ပူးပေါင်းပြီး အခွင့်အရေးရ ချမ်းသာလာခဲ့သူ အသက် ၄၅နှစ်အရွယ်ရှိစီးပွားရေး လုပ်ငန်းရှင်ဦးဇော်ဇော်က သူ၏စီးပွားရေးလုပ်ငန်းများကို ပုံစံသစ်ဖြင့်ပြောင်းလဲနိုင်စွမ်းကို ပြသခဲ့ ပါသည်။ ရာစုနှစ်တ၀က်ခန့် စစ်အုပ်ချုပ်ရေးကနေ မြန်မာနိုင်ငံက ရုန်းထွက်ရန်ကြိုးစားနေချိန်မှာဦးဇော်ဇော်၏ မက်စ်မြန်မာအုပ်စုကလည်း ၀င်ငွေနှစ်ဆတက်လာခဲ့ ပါသည်။ ဦးဇော်ဇော်မည်သည်အခါကမျှ လူသိရှင်ကြားမကျေညာခဲ့သောအချက်အလက်များအရ သိရခြင်းဖြစ်ပါသည်။
ယခုကဲ့ သို့ ပြောင်းလဲမှုရေစီးနှင့် သူအလိုက်သင့်မျောပါနိုင်ခြင်းကမြန်မာနိုင်ငံဈေးကွက်ပွင့်လင်းလာပြီးဒီမိုကရေစီစနစ်ကျင့်သုံးလာသည့်တိုင် ယခင်စီးပွားရေးစနစ်ပုံစံများသည်ကျရှုံးမသွားသေးဘူးဆိုသည်ကို ပြသနေသည်။ စစ်အစိုးခေါင်းဆောင်များက ယူနီဖောင်းချွတ်ပြီးအရပ်သားဝတ်လဲလိုက်သကဲ့သို့ တဒါဇင်ခန့်ရှိသော တိုင်းပြည်တွင်းကစီးပွားရေးထိပ်သီးများကလည်း ခရိုနီဆိုသည့် နာမည်ဆိုးကိုပယ်ဖျက်ပြီး စွန့် ဦးတီထွင်လုပ်ငန်းရှင်တွေအဖြစ်ပြောင်းလဲကြရန် ကြိုးစားနေကြသည်။
မြန်မာနိုင်ငံက စီးပွားရေးသမားများတွင် ဦးဇော်ဇော်ကနာမည်ပျက်အနည်းဆုံးဖြစ်ပါသည်။သူကဲ့သို့ ကမ္ဘာစီးပွားရေးဈေးကွက်နှင့် ပူးပေါင်းဖို့ ကြိုးပမ်းနေသော သက်တူရွယ်တူလုပ်ငန်းရှင်သဌေးများထက်စာလျှင် သူက လူသိပိုများသူဖြစ်ပါသည်။ ဦးဇော်ဇော်အနေဖြင့် အမေရိကကစီးပွားရေးပိတ်ဆို့ မှူခံထားရသူများစာရင်းတွေရှိနေဆဲဖြစ်သော်လည်း မက်စ်မြန်မာအုပ်စုမှာ ဟိုတယ်၊ဘဏ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ၀န်ထမ်းပေါင်း တသောင်းတထောင်ကျော်ဖြင့်  မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းကြီးဖြစ်ပါသည်။
ပြင်သစ်နိုင်ငံမှ Accorအုပ်စုက ရန်ကုန်ရှိနိုဗိုတယ်ဟိုတယ်နှင့် နေပြည်တော်ရှိအမ်ဂယ်လရီဟိုတယ်ကို စီမံခန့် ခွဲရန် လုပ်ပိုင်ခွင့်ရထားပါသည်။
ထိုင်းဘိလပ်မြေကုမ္ပဏီတခုနှင့်ဖက်စပ်လုပ်ကိုင်ရန်စီစဉ်နေပြီး ဧရာဝတီဘဏ်ကိုလည်းနိုင်ငံခြားနှင့် ပူးပေါင်းလုပ်ကိုင်ရန်ကြိုးစားနေသည်ဟု ဦးဇော်ဇော်ကဆိုသည်။
သူကစင်ကာပူနိုင်ငံစတော့အိတ်ချိန်းတွင်သူ၏ စွမ်းအင်လုပ်ငန်းကို စာရင်းဝင်ရန် ကြိုးစားအားထုတ်ခဲ့သော်လည်း အမေရိကန်စီးပွားရေးပိတ်ဆို့ မှုစာရင်းဝင်ဖြစ်သည့်အတွက် ပယိဖျက်ခြငိးခံခဲ့ ရသည်။ စစ်အစိုးရခေါင်းဆောင်ဟောင်းများနှင့် ရင်းရင်းနှီးနီးရှိခဲ့ ခြင်းကို ဦးဇော်ဇော်က၀န်ခံခဲ့ပြီး သူ့ မှာတခြားနည်းလမ်းမရှိခဲ့ ဘူးဟု ပြန်လည်ချေပခဲ့ ပါသည်။
”အစိုးရမှာဘဲ ဒီစီမံကိန်းတွေရှိတာလေဗျာ ။သူတို့ နဲ့ မလုပ်ရင် ကျနော်က ဘယ်သူနဲ့ လုပ်ရမှာလဲ ။ ဆင်းရဲတဲ့ တိုင်းပြည်မှာတော့ ကျနော်ကချမ်းသာတာပေါ့ဗျာ”
ဦးဇော်ဇော်က ချမ်းချမ်းသာသာမွေးဖွားလာသူတယောက်မဟုတ်ပါ။ဧရာဝတီမြစ်ဝကျွန်းပေါ်ရေကြည်မြို့ က အခန်းနှစ်ခန်းသာရှိပျဉ်ထောင်အိမ်တလုံးမှာကြီးပြင်းခဲ့ ပြီး မောင်နှမခြောက်ယောက်တွင်အငယ်ဆုံးသားဖြစ်ပါသည်။ ဖခင်ဖြစ်သူက အစိုးရ၀န်ထမ်းဖြစ်ပြီး မိခင်က အိမ်ဆိုင်ကလေးဖွင့်ကာရောင်းချသူဖြစ်သည်။
၁၉၈၈ အရေးအခင်းကာလကျောင်းသားအုံကြွမှုများဖြစ်ချိန်တွင် သူက ရန်ကုန်တက္ကသိုလ်မှာ နောက်ဆုံးနှစ်ပညာသင်ကြားနေဆဲဖြစ်ပြီး သူလည်းဝင်ရောက်လှုပ်ရှားခဲ့ သည်။အစိုးရက ကျောင်းသားခေါင်းဆောင်တွေကိုဖမ်းဆီးချိနိတွင် ဇော်ဇော်မှာ တောရွာမှာ လေးလလောက်ပုန်းနေခဲ့ ရသည်။ ထို့ နောက်အကိုတ၀မ်းကွဲတဦး၏ အကူအညီဖြင့် သင်္ဘောသားအလုပ်ရှာရင် စကာင်္ပူသို့ ထွက်လာခဲ့သည်။ထိုအချိန်က သူ့ အိတ်ထဲမှာငွေအမေရိကန်ဒေါ်လာ ရှစ်ဆယ်သာပါသည်ဟုဆိုသည်။
မြန်မာနိုင်ငံတနိုင်ငံလုံးစစ်အစိုးရလက်အောက်တွင် ကမ္ဘာကြီးနှင့်အဆက်ပြတ်နေချိနိမှာ ဇော်ဇော်က သဘောင်္ပေါ်မှာတလကို အမေရိကန်ဒေါ်လာ ၂၀၀သာရသော အလုပ်ကြမ်းသမားဖြင့် ကမ္ဘာကြီးကို လေ့လာခွင့်ရခဲ့သည်။ သူက သြစတေးလျ၊ ဟောင်ကောင်၊အီရန်၊ထိုင်ဝမ်၊ ဂျပန်နှင့်အာဖရိကနိုင်ငံများကိုရောက်ခဲ့ သည်။ အင်္ဂလိပ်စာကို လေ့လာသင်ယူသည်။ တခြားနိုင်ငံများကတိုးတက်ဖွံဖြိုးမှုများကို မြင်ရပြီး မိမိတိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှုနှင့် ဖိနှိပ်မှူများအပေါ်ရှက်စိတ်တွေဝင်လာခဲ့ သည် ။ အမေရိကန်ဒေါ်လာ (၈၀၀၀)ခန့် စုဆောင်းပြီးနောက် ဘန်ကောက်ကို ဦးတည်လာခဲ့သည်။ ဘန်ကောက်က ညကလပ်များမှာသူငယ်ချင်းနှင့် ပျော်ပါးသောက်စားခဲ့ ပြီးနောက် လက်ကျန်ငွေ ၆၅၀ဖြင့် လေယာဉ်လတ်မှတ်ဝယ်ယူကာ ၈ျပန်နိုင်ငံသို့ ထွက်လာခဲ့သည်။ တိုကျိုတွင် ထမင်းချက်၊ပန်းကန်ဆေး၊ စားပွဲထိုးအလုပ်သုံးမျိုးလုပ်ခဲ့ကာ ဂျပန်စကားကိုသင်ယူခဲ့၏ ထို့ နောက်စီးပွားရေးလောကကိုဝင်ရောက်မည်ဟုဆုံးဖြတ်ချက်ချပြီး လမ်းညွန်စာအုပ်ကိုလှန်ကာ ကားဟောင်းရောင်းချသူများနှင့် ဆက်သွယ်သည်။ Max အမည်ရှိ ကားကုမ္ပဏီပိုင်ရှင်နှင့်ရင်းနှီးခဲ့ပြီး နစ်ဆန်းကားနှစ်စီးဝယ်ယူကာ မိတ်ဆွေများထံပြန်လည်ရောင်းချခဲ့သည်။
ထိုအရာကား မက်စ်မြန်မာအုပ်စု စတင်ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။ ဇော်ဇော်က ကားအဟောင်းများကို မြန်မာနှင့် တခြားဆင်းရဲသောနိုင်ငံများကိုတင်ပို့ ခဲ့သည်။ နိုင်ငံခြားမှနေထိုင်သူများကားတစင်းတင်သွင်းခွင့်ရှိသည် မြန်မာဥပဒေကို အခွင့်ကောင်းယူပြီး မှောင်ခိုဈေးကွက်တွင် ကားလိုင်စင်များကို ဒေါ်လာ ၅၀၀ခန့်ပေးပြီးဇော်ဇော်က၀ယ်ယူခဲ့သည်။
ထိုအချိန်တွင်သူ့ ဇနီးဖြစ်လာမည့် ဂျပန်
နိုင်ငံတွင်အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတဦးနှင့်ပါ ဖူးစာဆုံခဲ့သည်ဟု ဦးဇော်ဇော်က ပြောကြားသည်
“သူက ကျနော့် ဆီက ကားဝယ်တဲ့ သူပါ ။နောက်ဆုံးတော့ ကျနော့် ကိုပါဝယ်လိုက်တာပေါ့ဗျာ”
၁၉၉၅ခုနှစ်တွင် သူတို့ မောင်နှံက လက်ထပ်ရန် မြန်မာပြည်သို့ ပြန်လာခဲ့ကြသည်။ ဇော်ဇော်က ကားများတင်သွင်းနေသလို ပိုအမြတ်အစွန်းရှိသည့်  ဆောက်လုပ်ရေးပစ္စည်းများကိုလည်း တင်သွင်းခဲ့သည်။ထိုမှတဆင့် ဆောက်လုပ်ရေးလုပ်ငန်းလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး ကန်ထရိုက်အသေးစားမှတဆင့် သူကိုယ်တိုင်အစိုးရ၏ ဆောက်လုပ်ရေးများတွင် ကန်ထရိုက်ရယူလုပ်ကိုင်နိုင်လာခဲ့သည်။ စစ်အစိုးရ အုပ်ချုပ်သူများနှင့် ဆက်ဆံရေးကောင်းလာခဲ့ သလို သူ၏ စီးပွားရေးလုပ်ငန်းများကလည်းပိုအောင်မြင်လာသည်။
၂၀၀၅ခုနှစ်တွင် ဦးဇော်ဇော်က ဆောက်လုပ်ရေးကုမ္ပဏီကိုတည်ထောင်ပြီး နေပြည်တော်အတွက် လမ်းများဆောက်လုပ်ခဲ့သည်။ ငါးလအကြာတွင်ဟိုတယ်ကုမ္ပဏီကိုတည်ထောင်ပြီး ဟိုတယ်များဆောက်လုပ်ခဲ့ သည်။ ၂၀၀၇ခုနှစ်တွင်မှု အစိုးရနှင့်ပူးပေါင်းပြီး ကျောက်စိမ်းတွင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ သည်။ ၂၀၁၀ခုနှစ် မြန်မာစစ်အစိုးရက အရပ်သားအစိုးရသို့  အာဏာမလွှဲပေးခင် အစိုးရလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့ ရာဦးဇော်ဇော်မှ ဓာတ်ဆီဆိုင် ၁၂ဆိုင်၊ နိုဗိုတယ်ဟိုတယ်နှင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်တို့ ရရှိခဲ့သည်။ ထိုအနေအထားက ဦးဇော်ဇော်ကို မြန်မာစီးပွားရေးပွင့်လင်းလာမှုအပေါ် ငွေအရင်းနှီးနှီးများများနှင့် လုပ်ကိုင်ရန် အကောင်းဆုံးအနေအထားကို ဖန်တီးပေးလိုက်သလို ဖြစ်စေသည်။
ယနေ့ အချိန်တွင် မက်စ်မြန်မာအုပ်စုရုံးချုပ်မှာရန်ကုန်မြို့ လယ်တွင်တည်ရှိပြီး အကောင်းဆုံးသစ်များဖြင့်တန်ဆာဆင်ထားသည်။ ဦးဇော်ဇော်က ငွေကွပ်ထားသော ကုလားထိုင်အနီရောင်ကြီးပေါ်ကနေ ဧည့်သည်များကို ကြိုဆိုလျှက်ရှိနေပြီ။ သူ့ မှာလက်ထောက်အခြွေအရံများဝိုင်းနေပြီး တချို့ က အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောတတ်ပြီး မွန်မွန်ရည်ရည်ရှိသော လူငယ်များဖြစ်ကြပါသည်။ သူတို့ မှာနိုင်ငံခြားရှိအောင်မြင်သောအလုပ်အကိုင်များကိုထားခဲ့ပြီး ဦးဇော်ဇော်ထံမှာ အလုပ်လုပ်ဖို့ လာရောက်ကြခြင်းဖြစ်သည်။
သူက ပြည်တွင်းအဆင့်နှင့် ကျေနပ်မနေချင်ဘဲ နိုင်ငံတကာသို့ ဝင်တိုးလိုသည်ဟု ဦးဇော်ဇော်ကဆိုပါသည်။
“ မြန်မာမှာတော့ ကမ္ဘာဈေးကွက်ကိုရောက်နိုင်တဲ့ ပစ္စည်း တခုမှမရှိသေးပါဘူး ။ဒေသအဆင့်တောင်မရောက်သေးပါဘူး” ထိုအခြေအနေက ဦးဇော်ဇော်ကို စနစ်ဟောင်းများကို ချိုးဖောက်တွန်းလှန်ရန် တွန်းအားပေးနေသည်။ ယခင်အစိုးရက မနှစ်မြို့ သည့် နိုင်ငံရေးအတိုက်အခံများနှင့် အနောက်တိုင်းသံတမန်များကို သူက ရင်းရင်းနှီးနှီးဆက်ဆံသည်။ သူ့ လုပ်ငန်းများကို လူသိရှင်ကြားဖွင့်ချဖို့ သဘောတူခဲ့ကာပထမစင်ကာပူ စတော့အိတ်ချိနိးမှ စစ်ဆေးသူ ၄၈ ယောက်ရှေ့ မှ အစစ်ခံခဲ့ပြီး ယခုမှအေပီသတင်းဌာနကို မေးမြန်းခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံက အခွန်အရာရှိများထံ ပေးပို့ခဲ့သည့် မက်စ်မြန်မာအုပ်စု၏၀င်ငွေမှာ ဦးဇော်ဇော်က သူ့ အင်ပါယာကို မောင်းနှင်နေသည့် လမ်းကြောင်းကို ပြသကဲ့သို့ သူ၏ မိတ်ဆွေဟောင်းများဖြစ်သညိ့  မြန်မာစစ်ဗိုလိချုပ်များထံက ရရှိခဲ့သည့်အကျိုးအမြတ်များဖြစ်ထွန်းလာခြင်းကို ပြသခြင်းလည်းဖြစ်၏
မက်စ်မြန်မာ၏ ၀င်ငွေမှာ၂၀၁၂ခုနှစ်မတ်လမှာ အမေရိကန်ဒေါ်လာ သန်း၂၄၀ရှိခဲပြီး ယခင်နှစ်က၀င်ငွေ ဒေါ်လာ သန်း၁၈၀ကနေ မြင့်တက်လာခြင်းဖြစ်သည်။ ထိုမှတဆင့်ဆောက်လုပ်ရေးလုပ်ငန်းများမှာ အမြတ်အစွန်းများကြောင့် လာမည့် စက်တင်ဘာတွင်ဒေါ်လာ ၂၉၃သန်းအထိမြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။ လွန်ခဲ့သည့်တနှစ်က ဦးဇော်ဇော်ရရှိခဲ့သည် ဘဏ်လုပ်ငန်းကလည်း ဦးဇော်ဇော်စီးပွားရေးအင်ပါယာတွင် အတိုးတက်ဆုံး လုပ်ငန်းတခုဖြစ်ပါသည်။ ၂၀၁၀ခုနှစ်ဇူလိုင်လတွင် သူနှင့်အတူအခြားစီးပွားရေးလုပ်ငန်းသမား သုံးဦးကို အစိုးရကအစည်းအဝေးခေါ်ပြီး ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ဦးဇော်ဇော်က ဘဏ်လုပ်ငန်းနှင့်ပတ်သတ်ပြီး အတွေ့ အကြုံရှိခဲ့သူမဟုတ်ပါ။
“ ကျနော့် ကိုယုံကြည်လို့ နေမှာပေါ့ ။ဘာလို့ ကျနော်ကို လုပ်ကိုင်ခွင့်ပေးခဲ့လဲဆိုတာ ကျနော်တကယ်မသိတာပါ”မက်စ်မြန်မာအုပ်စု၏စီးပွားရေးလုပ်ငန်းများမှာ အစိုးရခရိုနီများ ပတ်သတ်နေသည့် လုပ်ငန်းနေရာများနှင့် သီးခြားစီဖြစ်နေသည်။ သူ၏ကျောက်စိမ်းတွင်းမှာ နှစ်တ၀က်မှာပင်အရင်နှစ်ကထက် ဒေါ်လာတသန်းပိုမြတ်နေပြီ။ သူ၏ဆောက်လုပ်ရေးလုပ်ငန်းများကလည်း ကုမ္ပဏီ၏ ၀င်ငွေ ၉၀ရာခိုင်နှုန်းကို ရှာပေးနိုင်သည်။ကားတင်သွင်းမှုကိုတော့ ၂၀၁၀ခုနှစ်မှာဦးဇော်ဇော်ကရပ်နားခဲ့သည်။
မြန်မာအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုမှု သူက ကာလကြာရှည်စွာကြည်ညိုရင်းစွဲရှိခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခဲံသည့် ၂၀၁၀ခုနှစ်နိုဝင်ဘာလမှစတင်ပြီးရင်းနှီးမှူရရန်ကြိုးပမ်းခဲ့သည်ဟု ဦးဇော်ဇော်က ဆိုပါသည်။ဒေါ်အောင်ဆန်းစုကြည်က ဦးဇော်ဇော်ကဲ့ သို့ စစ်အစိုးရနှင့်ရင်းနှိးသည့် လုပ်ငန်းရှင်တဦးနှင့် ဆက်ဆံခဲ့သည့်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လူတချို့ ကအပြစ်တင်ခဲ့ ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကသတင်းစာဆရာကြီးဦးဝင်းတင်က
“ကျနော်အမြင်ကတော့ဒီလူတွေလုပ်နေတာ ကောင်းရောင်းကောင်းဝယ်မှမဟုတ်ဘဲ။ စီးပွားရေးကိုလက်ဝါးကြီးအုပ်နေတာ ။ကျနော်တို့ တော့ဒီလူတွေကို ခွင့်မလွှတ်နိုင်ဘူး”ဟု
ဦးဇေိာဇော်အပါအ၀င်အစိုးရနှင့်ရင်းနှီးသည့်စီးပွားရေးသမားများအပေါ်သူ့ အမြင်ကိုပြောကြားခဲ့ သည်။ သို့ သော်လည်း ဦးဇော်ဇော်သည် ပိုင်ဆိုင်မှုအငြင်းပွားနေသည့်လယ်မြေများကို အများပြည်သူတို့ ပြန်လည်ပေးအပ်ခဲ့သည့်အပြင် လူမူရေးလုပ်ငန်းများအတွက် ၁၉၉၃ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၂.၃သန်းနီးပါးလှူဒန်းခဲ့သည်ဟု ဦးဝင်းတင်ကဆိုသည်။
“ကျနော်သိသမျှတော့ ခရိုနီတွေထဲမှာ ဦးဇော်ဇော်က အကောင်းဆုံးပါ”
နိုင်ငံရေးပြောင်းလဲမှုများကို ပံပိုးကူညီနေသော်လည်း ဦးဇော်ဇော်ကား အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့ မှုစာရင်းတွင်ရှိနေဆဲပါ။ ထိုအချက်က သူ့ ကိုနိုင်ငံခြားတွင်ရင်းနှီးမြုပ်နှံမှုလုပ်ရန် ခက်ခဲစေသည်။ ၀ီကီလိခ်မှ ထုတ်ပြန်သော အမေရိကန်သံရုံးမှမှတိတမ်းများတွင် ဦးဇော်ဇော်ကို စစ်အစိုးရနှုင့် အကျိုးတူစီးပွားရေးပူးပေါင်းလုပ်ကိုင်နေသော စီးပွားရေးသမားတဦးအဖြစ် ပြောကြားထားကြသည်
အမေရိကန်အစိုးရ၏ အမည်ပျက်စာရင်းက ပြန်လည်ပြင်ဆင်ခွင့်မရှိပါ။ ယခုအချိန်မှာ ကောင်းတာများမည်မျှလုပ်စေကာမှု အတိက်ကလုပ်ရပ်မှားများကို သိမ်းဆည်းမှတိတမ်းတင်ထားစမြဲဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ အမည်မဖော်လိုသောဝန်ထမ်းတဦးကပြောကြားသည်။
စင်ကာပူစတော့အိတ်ချိန်းမှ ဦးဇော်ဇော်ကို လက်မခံရသည့် အဓိကအကြောင်းရင်းမှာ အမေရိကန်ကစီးပွားရေးပိတ်ဆို့ မှုစာရင်းတွင်ပါဝင်မှုနှင့် အဘယ်ကြောင့် ထိုနေရာကိုရောက်နေရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသည့်အတွက်ဟု ဦးဇော်ဇော်နှင့်တွဲလုပ်ခဲ့ဘူးသည့် စင်ကာပူကုမ္ပဏီကဆိုပါသည်။ ထို့ အပြင် လူအခွင့်အရေးချိုးဖောက်မှုများနှင့် အခွန်ရှောင်ရှားသည့် စွပ်စွဲချက်များလည်းရှိနေသည်ဟုဆိုသည်။
ဦးဇော်ဇော်ကမှု သူ့ အနေနှင့် မည်သည့်အမှားအယွင်းမှလုပ်မထားကြောင်းနှင့်အမေရိကန်၏ ပိတ်ဆို့ မှုစာရင်းထဲရောက်နေရသည်မှာလည်းအချက်အလက်အမှားများကြောင့်ဟုဆိုပါသည်။
“တကယ်လို့ လူတယောက်ကမဟုတ်တာလုပ်ထားရင်။ သူတို့ အပြစ်ဒဏ်သူတို ခံရမှာဘဲ။ ကောလဟလတွေတော့လျှောက်မပြောနဲ့ ပေါ့”
ဦးဇော်ဇော်နှင့် နိုဗိုတယ်လ်ဟိုတယ်ကိုလုပ်နေသော ပြင်သစ်Accor အုပ်စုမှ ဒေသဆိုင်ရာဒုဥက္ကဌ ပက်ထရင်ဘက်ဆစ်က ဦးဇော်ဇော်နှင့်အလုပ်တွဲလုပ်ရသည်မှာအဆင်ပြေပြီး သူတို့ အနေဖြငိ့ ဦးဇော်ဇော်နှင့်ပူးပေါင်းအလုပ်လုပ်ရသည်ကို အပြုသဘောအပြောင်းအလဲများကို တစိတ်တပိုင်းတွန်းအားပေးခြင်းဟုထင်မြင်မိသည်ဟု ဆိုပါသည်။
ယခုအချိန်တွင် သူ၏စီးပွားရေးလုပ်ငန်းများ အောင်မြင်နေသကဲ့ သို့ အမေရိကန်၏ စီးပွားရေးပိတ်ဆို့ မှုကလည်း ဦးဇော်ဇော်ကိုအထိနာလှပါသည်။သူ့ အဖို့ က ဂုဏ်သိက္ခာကား သူပိုင်ဆိုင်နေသောငွေကြေးထက်တန်ဖိုးရှိနေသည်မဟုတ်ပါလား။။။။။။
အေပီသတင်းဌာနမှ အခန်းလိုက်တင်ဆက်နေသော ပြောင်းလဲမှု၏ ရုပ်ပုံလွှာများမှ How a Myanmar Tycoon Is Profiting From Change ဆောင်းပါးကို ထားထားမြင့်မှဘာသာပြန်ဆိုပါသည်။
သူ. သတိပေးစာ
$
0
0
ဗမါ ဆရါဝင်္န's photo.
သူ. သတိပေးစာ ..... ချကွာ...သတ်ကွာ အဲ့ဒီတော့မှ တတိုင်းပြည်လုံးဆူဆူပူပူဖြစ် စစ်တပ်ကအာဏာပြန်သိမ်း ဒေါ်စုလည်းနေအိမ်အကျယ်ချုပ်ပြန်ပို့  ဆန်ရှင်တွေပြန်လာ လက်နက်ကိုင်တွေလည်းတောပြန်ခိုကြ...မီဒီယာလည်းဘာမှမရေးရ ရေးတဲ့ကောင်အီလထရွန်နစ်ပုဒ်မနဲ့ဖမ်း ပြည်သူတွေသတင်းစာကလွဲပြီးဘာမှမဖတ်ရ သတင်းစာထဲမှာ မောင်စေတနာတို့ ပေါက်စတို့ရဲ့ လိပ်ဖြစ်ရင်တောင်ခေါင်းမပြူဝံပါဗျာတို့ ဒေါ်စုကြည် NLD နဲ့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ရောင်နီ စတဲ့ဝါဒဖြန်တဲ့ဆောင်းပါးတွေများများထည့် တီဗွီမှာလည်း နိုင်ငံရေးဉီးတည်ချက်တို့ ပြည်သူ့သဘောထားတို့ကို ဉီးလှဝင်းကိုအသံကျယ်ကျယ်နဲ့အော်ခိုင်း တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်သီချင်းကို နာမည်ကြီးမင်းသားမင်းသမီးတွေဆိုခိုင်းပြီး၂နာရီတကြိမ်လွှင့် လွှတ်ထားတဲ့နိုင်ငံရေးအကျဉ်းသားတွေအကုန်ပြန်ဖမ်း အပြင်မှာထားရင်စိတ်မချရဘူး မြစ်ဆုံလည်းပြန်စမယ်ကွာ ရတဲ့လျှပ်စစ်ကို တရုတ်ကိုအကုန်ရောင်း မြစ်တစင်းလောက်ကောသွားတာဘာအရေးလဲ ပေါက်ဖော်နဲ့မိတ်မပြတ်ဖို့အရေးကြီးတာ ကျေးဇူးရှင်တွေကိုးဗျ စစ်တပ်အုပ်ချုပ်ပြီးစစ်ပွဲမရှိရင်ပျင်းစရာကြီး ထိုင်းနိုင်ငံကိုရန်သွားစ အဲဒီကောင်တွေနယ်မြေကျုးကျော်တယ် ဟိုဆရာဝန်စာရေးဆရာမကြီးကို နေမဝင်အင်ပါယာထူထောင်သူများဆိုပြီးဆောင်းပါးတွေရေးခိုင်း မူလတန်းကလေးတွေကို ယိုးဒယားမကောင်းကြောင်းစာတွေသင် ဒါမှဒီကောင်တွေကြီးလာရင်နိုင်ငံရေးစိတ်မဝင်စားဘဲအဲဒီဘက်စိတ်ပြောင်းသွားမှာ ဝပြည်နယ်လည်းခွဲထွက်ခွင့်ပေးလိုက် ရူပ်တယ် ဝပြည်နယ်မှာမြန်မာငွေသုံးမရတာကြာပြီဆိုတာခင်ဗျားတို့သိလို့လား တရုတ်ယွမ်ပဲသုံးလို့ရမှတော့တရုတ်ပြည်ဖြစ်ပြီပေါ့ ဘာ...ကမ္ဘာ့အကြီးဆုံးပုလဲတို့ ကျောက်စိမ်းရိုင်းတုံးတို့ဘယ်ရောက်သွားလဲဟုတ်လား တက္ကသိုလ်တွေမြို့ပြင်ရွှေ့ဆောက်တာဘယ်လောက်ကုန်တယ်ထင်လို့လဲ ခင်ဗျားတို့ပညာတတ်စေချင်လို့တက္ကသိုလ်တွေ ဗွတ်ပေါက်မတတ်ဆောက်ပေးထားတာ စာမတတ်တာခင်ဗျားတို့ကိစ္စ ဝန်ထမ်းတွေပါတီနိုင်ငံရေးကင်းရှင်းရမယ် ဟိုလိုလိုဒီလိုလိုကောင်တွေအကုန်ဖမ်း လိုင်စင်သိမ်း ဆမသိမ်း ထောင်ချ ကဲကဲပြောနေကြာတယ် ကြက်ဆူပင်တွေစိုက်ကြ သစ်စိမ့်တွေစိုက်ကြ မနက်ဖြန်ထီးတင်ပွဲလည်းလာကြဉီး တဘက်ခါ လူထုချီတတ်ပွဲကျ တအိမ်တယောက်နော် မိုးမလင်းခင်ကတည်းက ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်လာခဲ့ကြ ကြွေးကြော်သံအော်ရင်ညာလက်မြှောက်ရမှာနော် မေ့မနေနဲ့ ဘယ်လက်မြှောက်လို့တီဗွီထဲမှာမညီမညာဖြစ်နေဉီးမယ် ဒီလိုနဲ့ပဲ ခေတ်မီနိုင်ငံတော်ကြီးဆီ ဖယောင်းတိုင်ထွန်ရင်း ထမင်းတနပ်လျော့စားရင်း အမြန်ချီတတ်ကြပါစို့ သို့မှသာ လစ်ဗျားတို့ အာဖဂန်တို့ကိုအမှီလိုက်နိင်ပေလိမ့်မည်။ (သဗ္ဒေသဒ္ဓါ=သတ္တဝါအပေါင်းတို့သည် ကမ္မသကာ=ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိကြလေသည်။) @[100004185751866:2048:Wai Hlian Phyo Maung] Photo. Myawady News လားရှိုးယနေ့မြင်ကွင်း
သူ. သတိပေးစာ
.....
ချကွာ...သတ်ကွာ
အဲ့ဒီတော့မှ တတိုင်းပြည်လုံးဆူဆူပူပူဖြစ် စစ်တပ်ကအာဏာပြန်သိမ်း ဒေါ်စုလည်းနေအိမ်အကျယ်ချုပ်ပြန်ပို့ 
ဆန်ရှင်တွေပြန်လာ လက်နက်ကိုင်တွေလည်းတောပြန်ခိုကြ...မီဒီယာလည်းဘာမှမရေးရ ရေးတဲ့ကောင်အီလထရွန်နစ်ပုဒ်မနဲ့ဖမ်း ပြည်သူတွေသတင်းစာကလွဲပြီးဘာမှမဖတ်ရ သတင်းစာထဲမှာ မောင်စေတနာတို့ ပေါက်စတို့ရဲ့ လိပ်ဖြစ်ရင်တောင်ခေါင်းမပြူဝံပါဗျာတို့ ဒေါ်စုကြည် NLD နဲ့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ရောင်နီ စတဲ့ဝါဒဖြန်တဲ့ဆောင်းပါးတွေများများထည့်
တီဗွီမှာလည်း နိုင်ငံရေးဉီးတည်ချက်တို့ ပြည်သူ့သဘောထားတို့ကို ဉီးလှဝင်းကိုအသံကျယ်ကျယ်နဲ့အော်ခိုင်း တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်သီချင်းကို နာမည်ကြီးမင်းသားမင်းသမီးတွေဆိုခိုင်းပြီး၂နာရီတကြိမ်လွှင့်လွှတ်ထားတဲ့နိုင်ငံရေးအကျဉ်းသားတွေအကုန်ပြန်ဖမ်း အပြင်မှာထားရင်စိတ်မချရဘူးမြစ်ဆုံလည်းပြန်စမယ်ကွာ ရတဲ့လျှပ်စစ်ကို တရုတ်ကိုအကုန်ရောင်း မြစ်တစင်းလောက်ကောသွားတာဘာအရေးလဲ ပေါက်ဖော်နဲ့မိတ်မပြတ်ဖို့အရေးကြီးတာ ကျေးဇူးရှင်တွေကိုးဗျစစ်တပ်အုပ်ချုပ်ပြီးစစ်ပွဲမရှိရင်ပျင်းစရာကြီး ထိုင်းနိုင်ငံကိုရန်သွားစ အဲဒီကောင်တွေနယ်မြေကျုးကျော်တယ်ဟိုဆရာဝန်စာရေးဆရာမကြီးကို နေမဝင်အင်ပါယာထူထောင်သူများဆိုပြီးဆောင်းပါးတွေရေးခိုင်း
မူလတန်းကလေးတွေကို ယိုးဒယားမကောင်းကြောင်းစာတွေသင်ဒါမှဒီကောင်တွေကြီးလာရင်နိုင်ငံရေးစိတ်မဝင်စားဘဲအဲဒီဘက်စိတ်ပြောင်းသွားမှာ
ဝပြည်နယ်လည်းခွဲထွက်ခွင့်ပေးလိုက် ရူပ်တယ် ဝပြည်နယ်မှာမြန်မာငွေသုံးမရတာကြာပြီဆိုတာခင်ဗျားတို့သိလို့လား
တရုတ်ယွမ်ပဲသုံးလို့ရမှတော့တရုတ်ပြည်ဖြစ်ပြီပေါ့
ဘာ...ကမ္ဘာ့အကြီးဆုံးပုလဲတို့ ကျောက်စိမ်းရိုင်းတုံးတို့ဘယ်ရောက်သွားလဲဟုတ်လား တက္ကသိုလ်တွေမြို့ပြင်ရွှေ့ဆောက်တာဘယ်လောက်ကုန်တယ်ထင်လို့လဲ ခင်ဗျားတို့ပညာတတ်စေချင်လို့တက္ကသိုလ်တွေ ဗွတ်ပေါက်မတတ်ဆောက်ပေးထားတာ စာမတတ်တာခင်ဗျားတို့ကိစ္စဝန်ထမ်းတွေပါတီနိုင်ငံရေးကင်းရှင်းရမယ် ဟိုလိုလိုဒီလိုလိုကောင်တွေအကုန်ဖမ်း လိုင်စင်သိမ်း ဆမသိမ်း ထောင်ချ
ကဲကဲပြောနေကြာတယ်
ကြက်ဆူပင်တွေစိုက်ကြ သစ်စိမ့်တွေစိုက်ကြ မနက်ဖြန်ထီးတင်ပွဲလည်းလာကြဉီး
တဘက်ခါ လူထုချီတတ်ပွဲကျ တအိမ်တယောက်နော် မိုးမလင်းခင်ကတည်းက ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်လာခဲ့ကြ
ကြွေးကြော်သံအော်ရင်ညာလက်မြှောက်ရမှာနော် မေ့မနေနဲ့ ဘယ်လက်မြှောက်လို့တီဗွီထဲမှာမညီမညာဖြစ်နေဉီးမယ်
ဒီလိုနဲ့ပဲ ခေတ်မီနိုင်ငံတော်ကြီးဆီ ဖယောင်းတိုင်ထွန်ရင်း ထမင်းတနပ်လျော့စားရင်း အမြန်ချီတတ်ကြပါစို့ သို့မှသာ လစ်ဗျားတို့ အာဖဂန်တို့ကိုအမှီလိုက်နိင်ပေလိမ့်မည်။
(သဗ္ဒေသဒ္ဓါ=သတ္တဝါအပေါင်းတို့သည်
ကမ္မသကာ=ကံသာလျှင်ကိုယ်ပိုင်ဥစ္စာရှိကြလေသည်။)
Wai Hlian Phyo Maung
Photo. Myawady News
လားရှိုးယနေ့မြင်ကွင်း
Viewing all 1811 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>