Quantcast
Viewing all 1811 articles
Browse latest View live

ဒီမိုကရေစီခရီးအစမှာ ကျွန်တော်တို့  ဆုံးရှုံးခံလိုက်ကြရတာက....

by Pyay Chit Thu (Notes) on Wednesday, June 5, 2013 at 3:48am
ဒီနေ့ ဒေါ်စုက ဓါးခုတ်ရာ လက်ဝင်လျှိုတဲ့ကိစ္စနဲ့  ငြင်းဆန် ကန့် ကွက် မောင်းထုတ်ခံနေရတယ်။သမ္မတကြီးက ၀န်ထမ်းတွေ လစာတိုးပေးတော့မယ်လို့  အရိပ်အမြွက် ပြောပြီးတော့ ကောင်းချီးမင်္ဂလာ ခံယူနေတယ်။ ဒါတောင် အတိအကျ ပြောတာ မဟုတ်ဘူး။ ပြီးရင် ထုံးစံအတိုင်း တောလိုလိုတောင်လိုလို လုပ်ပြီး ရူးချင်ယောင် ဆောင်သွားဦးမှာလားဆိုတာ ဘယ်သူမှ သေချာ မသိဘူး။




သမ္မတကြီးကိုတော့ဖြင့် လူတွေက ၀ိုင်းပြီးချစ်ကြ ၊ သနားကြနဲ့ ။ အခုတော့ဖြင့် ဒေါ်စုကို မုန်းကြတောက်ခေါက်ကြ ၊ သံပုန်းတီးကြသတဲ့။ တရားကျစရာပါ။ သြော်...လှည့်စားလို့ လွယ်လိုက်တဲ့ ကျွန်တော်တို့ ပြည်သူတွေ ၊ ဖျားယောင်းလို့  လွယ်လိုက်တဲ့ ၊ မေ့လွယ်ပျောက်လွယ် ရှိကြလှတဲ့ ကျွန်တော်တို့ ပြည်သူတွေပါ။ ကမ္ဘာ့အံ့ဖွယ် အစိုးရနဲ့ ကမ္ဘာ့အံ့ဖွယ် ပြည်သူတွေ လို့ ပဲ ပြောရတော့မလိုပါ။ တရားခံအစစ်ကို မေ့နေကြပါပြီ။ တရားခံအစစ်ကို မေ့သွားကြပါပြီ။ လိမ်လည်လှည့်စားရာကို အလွယ်တကူပဲ ပျော်ဝင်ခဲ့ကြပါပြီ။


ဒေါ်စုက မြန်မာ့နိုင်ငံရေးမှာ လက်ခုပ်သံတွေနဲ့  နှစ်ပေါင်းများစွာ အကျွမ်းဝင်ခဲ့တာပါ။ ပြည်သူဘာကြိုက်တယ်ဆိုတာနဲ့  ပြည်သူ့ အကြိုက် ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်း ပိုင်နိုင်ကျွမ်းဝင်တဲ့သူပါ။ သူလိုလူက ဒီလို ပြည်သူ့ အကြိုက်မလိုက်နိုင်တော့တာ ၊ ပြည်သူတွေ မုန်းနိုင် ၊ စိတ်ဆိုးနိုင်မှန်းသိသိရက်နဲ့  လုပ်တာဟာ သူ့ မှာ လုပ်ရမယ့် အကြောင်းတရားတွေ သေချာပေါက် ရှိနေလို သာ ဖြစ်မှာပါ။



ကျွန်တော်တို့  သာမန်လူတွေ သိထားတာထက် ဘယ်လောက်ကြီးမား နက်ရှိုင်းတဲ့ ပြသနာတွေ နောက်ကွယ်မှာ ရှိနေလိမ့်မလဲဆိုတာ မှန်းဆကြည့်ကြရပါလိမ့်မယ်။ အခန့် မသင့်ရင် လက်ပန်းတောင်းဟာ တိုင်းပြည်ကိုချောက်ထဲပြန်တွန်းပို့ မယ့် ၊ စစ်အာဏာရှင်အကြိုက် ထိုးကျွေးမယ့် ဇာတ်ရုပ် ဖြစ်မသွားပါဘူးလို့  ဘယ်သူမှအာမမခံနိုင်ပါဘူး။ ဒီအချက်ကို ပြည်သူတွေ သတိပြုကြရပါလိမ့်မယ်။



အနိုင်ရအောင်တိုက်တဲ့နေရာမှာ စိတ်ရှည်ဖို့ ၊ ဇွဲကောင်းဖို့ ၊ နည်းပရိယယ် ကြွယ်ဝဖို့ ၊ မဟာဗျူဟာ မြောက်ဖို့ ဦးတည်ချက် ပျောက်မသွားဖို့  အရေးတကြီးလိုအပ်ပါတယ်။


တိုင်းသူပြည်သားတွေဟာ သူတို့ နဲ့ တန်တဲ့ အစိုးရကိုသာ ပိုင်ဆိုင်ရရှိကြတာပါ လို့  ကျွန်တော့်ကို လူတစ်ယောက်က ကျွန်တော့်ရဲ့  ပို့ စ် တစ်ခုအောက်မှာ လာပြောသွားတုန်းက ကျွန်တော် တော်တော်လေး စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်ရဲ့  တိုင်းပြည်အတွက် ကျွန်တော် ပိုပြီးတော့ စိတ်မကောင်းဖြစ်ပါတယ်။



စစ်အာဏာရှင်တွေက ဖျက်ဆီးခဲ့လိုက် သမျှထဲမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့  အသိညဏ်က နှမျောစရာအကောင်းဆုံးနဲ့  တန်ဖိုးအကြီးဆုံး ဖြစ်မယ်လို့  ထင်ပါတယ်။ ။





                                                      ပြည်ချစ်သူ

                                                      5.6.2013

ချွင်းချက်...

စည်ပင်ကလူတွေ၊ ဆည်မြောင်းကလူတွေ၊ စစ်ဗိုလ်တွေ မကောင်းပါဘူးကွာ ခိုးစားနေကြတာ ဒီလိုလူတွေကြောင့် တိုင်းပြည်ကြီး စုတ်ပြတ်သတ်နေတာလို့ ပြောလိုက်ရင် တစ်ယောက်စ နှစ်ယောက်စသော နတ်နေကိုင်းတွေက ရှုးရှုးရှားရှား ပေါက်ကွဲကြသည်... ကိုယ်တိုင်လဲ ကိုယ့်လောကက သူတွေအကြောင်း ဝေမျှမစားပဲ ခပ်တည်တည်နေရင်တောင် ဝိုင်းကြဉ်ခံရသည်ကို နားမလည်၍ မဟုတ်။ မဟုတ်တာ လုပ်ကြသော သူများဘက်မှနေ၍ နာကြသည် သဲကြီးမဲကြီး တုံ့ပြန်ကြသည်... တကယ်ခိုးစားသူတွေက ပျော်သည်ပေါ့။ ကိုယ်တိုင်ကိုက ချွင်းချက်ဖြစ်နေမှန်း ကိုယ့်နေရာ ကိုယ်မသိတာ၊ မနေတတ်တာလို့ ပြောမိရင်ရိုင်းမည်လား...

ထားတော့ ဒါက လူတကာ မျက်မုန်းကျိုးစရာ ကိစ္စတွေလုပ်သူတွေမို့... ဆရာဝန်တွေ၊ အင်္ဂျင်နီယာတွေ၊ သတင်းထောက်တွေလို့များ ပြောကြည့်လိုက်ရင် ကျွတ်ကျွတ်ကိုစီတော့မည်... ဟုတ်မဟုတ် ရှေ့တွင်သာဓက များစွာပင်... ပြောသူတွေက အကုန်လုံးကို ဝါးလုံးချေးသုတ် ရမ်းပြီးတော့ မပြောသင့်တာကလဲ တစ်ခုပေါ့...

ဒိထက်ပိုပြီး အထိအရှမလွယ်သည်က ဘာသာရေးကိစ္စလိုပင် ၉၆၉ ဟေ့ဟု ပြောလိုက်ရင် ဒုတ်ဒါးမဆွဲရုံတမယ် မီးတဝင်းဝင်းနှင့် မကိုက်စားရုံတမယ် တုံ့ပြန်ကြသည်... ကုလားဟေ့လို့ပြောလိုက်ရင် ကိုအမ်ကျမ်းစာကို လှန်ပြကြသည်... ပြောနေသည်က မကောင်းတဲ့သူတွေ အမည်ခံပြီး အကျင့်ပျက်သူတွေကို ဆိုလိုရင်း ဖြစ်သည်ကို ဆတ်ဆတ်ထိမခံ ပြန်ချေပသူများ မသိလောက်အောင် ထံနုံအကြမည် မဟုတ်ဟု ယူဆမိသည်...

လုံးလုံးကို စကားအဖက်လုပ်၍ မပြောချင်ပေမယ့် တစ်ခါတော့ ပြောဦးမည်... တစ်ခုခုဆိုရင် ၉၆၉ သမားများ ရွတ်ဖတ်ပြသည့် ဂုဏ်တော်များသည် အလွန်ကောင်းပါ၏ အင်မတန်မှ မွန်မြတ်လှသော ရည်ရွယ်ချက်များကိုလဲ နားလည်ပါ၏ သို့သော် ဝေဖန်သူများက နာမည်ခံ ယောင်ဝါးဝါးနဲ့ သာသနာမှေးမှိန်စေဖို့ ပိုဖြစ်နိုင်သည့် အချက်များကို ပြောခြင်းဖြစ်ရာ ရှေ့က သူတော်ကောင်းကြီးများကပါ ထထနာကြသည်တွင် သူတော်ကောင်းတို့၏ ဥာဏ်ရည်ကို သံသယဖြစ်စေမိသည်...

ထိုနည်းတူ ကုလားကုလားနှင့် ပြောလိုက်ရင် တကယ့်သူတော်စင်ကြီးများက ကိုအမ်ကျမ်းဖတ်ပြသည်... ကိုအမ်ကျမ်းတွင် ဒါတွေတားမြစ်ထားပါတယ်ပေါ့... သူ့ဘာသာ တားမြစ်ထားရုံမက ဘာဖြစ်နေနေ စိတ်မဝင်စား... သို့သော်လေးစားပါ၏... အခုက အယူဝါဒပြိုင်နေခြင်းမဟုတ် ဘာသာဝင် အများစုသော စိတ်ဓါတ်အောက်တန်းကျသူတို့၏ အပြုအမူကို ထောက်ပြခြင်းဖြစ်ရာ မစင်ကဲ့သို့ အညစ်အကြေးကို တန်ဖိုးထားရပါသော ထိုသူတို့၏ သိက္ခာနှင့် အဖိုးမဖြတ်နိုင်သော ကျမ်းစာအုပ်ဖြင့် ဖုံးကြရာ ထိုသူတို့၏ တွေးခေါ်ယူဆပုံကိုလဲ အံ့သြခြင်းကြီးစွာ ဖြစ်ရသည်...

လူမိုက်များကို ပြောဆိုရာ၊ ကိုင်တွယ်ရာတွင် လူတော်များက ဝင်ဝင်နာကြသောအခါ ထိုသူတို့ကို သနားမိလေသည်...

ဘယ်သူတက်တက် တပ်မတော်သား ဆိုတာ အမိန့် နာခံတယ်


တပ်မတော်နှင့် ပတ်သက်သမျှ ဧရာဝတီ ဒဲ့မေး၍ ဗိုလ်ချုပ်ကြီး မြင့်စိုး ဒဲ့ဖြေသည်
===============================================
ဘယ်သူတက်တက် တပ်မတော်သား ဆိုတာ အမိန့် နာခံတယ်
===========================================

ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တာဝန်ရှိသူများတို့ ကချင်ပြည်နယ် မြစ်ကြီးနားတွင် မေ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် ယင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးအား ဧရာဝတီ သတင်းထောက် ရွှေစင်နှင့် မေခတို့ကသီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သည်။ ထိုသို့ မေးမြန်းခွင့်ရခြင်းသည့် နှစ်ပေါင်း များစွာအတွင်း တပ်မတော် အရာရှိကြီး တဦးက မီဒီယာသို့ ပထမဆုံးအကြိမ် ပွင့်လင်းစွာ တွေ့မေးခွင့် ပြုခြင်း ဖြစ်သည်။ ယင်း တွေ့ဆုံမေးမြန်းခန်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် တပ်မတော်၏ အခန်းကဏ္ဍ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာပါက တပ်မတော်က မည်သို့ ရပ်တည်မည်၊ တပ်မတော် စီးပွားရေးနှင့် စီးပွားရေး ဦးပိုင် ကျောထောက်နောက်ခံ ပြုမှု အစရှိသည်များကို ပွင့်လင်းစွာ ဖြေကြားသွားပါသည်။

မေး။ ။ကချင်ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး တပ်မတော်က ဘယ်လိုအခန်း ကဏ္ဍတွေကနေ ထပ်မံ ပါဝင်သွာဦးမလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးက ပြီးသွားပြီလေ။ ဆက်လက် ပါဝင်ဖို့ဆို တပ်မတော် တာဝန်က နိုင်ငံကို ကာကွယ်ရေး တာဝန်လေ၊ ကာကွယ်ရေးတာဝန် ထမ်းဆောင်ရေးနဲ့ တခုကတော့ လေ့ကျင့်ရေး တာဝန်ပေါ့။
နောက် ပြည်သူ့အကျိုးပြု တာဝန်တွေ ဆက်လုပ်သွားမယ်။ ဒီမှာ ပြည်သူ့ အကျိုးပြု တာဝန်တွေ လုပ်တာမှာ ကချင်ပြည်နယ်ကလည်း ကိုယ့်တိုင်းရင်းသားတွေ ပြည်သူလူထုပဲ။ ဒီတော့ ဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးထားတာလည်း ရှိတယ်။ သူတို့အတွက် လယ်တွေ ပေးဖို့ရှိတယ်။ ဒီမှာ တပ်မတော်သားတွေ ကနေ လိုအပ်ရင် ၀ိုင်းပြီး ထွန်ယက် လုပ်ဆောင်ပေးမယ်။ တပ်မတော်က ဘယ်အခန်းက ပါမလဲဆိုရင် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်တွေ ရပ်သွားပြီဆိုရင်တော့ ပြည်သူ့ အကျိုးပြုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ KIO အဖွဲ့နဲ့လည်း ဒုက္ခသည်တွေကို ဘာတွေပြန် လုပ်ပေးမလဲဆိုတာ တပ်မတော်ဘက်က လုပ်ပေးနိုင်တာကို ပြောခဲ့တယ်။

မေး။ ။ ခေတ်ကာလ တခုမှာ တပ်မတော် ရပ်တည်မှုက ပြည်သူတွေအမြင်မှာ အားကိုးဖို့ထက် ကြောက်ရွံ့စရာ တခုလို့ မြင်တာတွေ ရှိနေခဲ့တဲ့အပေါ် အားကိုးထိုက်တဲ့ တပ်မတော်ဖြစ်ဖို့ ဘယ်လိုပြန်လည် လုပ်ဆောင်သွားမလဲ သိချင်ပါတယ်။

ဖြေ။ ။ အရင်တုန်းကတော့ တပ်မတော်ဟာ အုပ်ချုပ်တဲ့အစိုးရ။ အစိုးရနဲ့ ပြည်သူဆိုတာက ပြည်သူအမြင်မှာ အစိုးရဆိုတာ ၁၀၀ ရာခိုင်နှုန်း မကောင်းနိုင်ဘူး။ အဲဒီလိုဆိုတော့ တပ်မတော် အပေါ်လည်း ဘယ်လိုမှ
ကောင်းစရာ အကြောင်းမရှိဘူး။ ဘယ်လို ကောင်းအောင် လုပ်လုပ် အဆိုးမြင်တာလည်း ရှိတယ်၊ အကောင်းမြင်တာလည်း ရှိတယ်။ အခုက တပ်မတော်က အုပ်ချုပ်တဲ့ အစိုးရထဲမှာ မပါဘူး၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် တခုပဲပါတယ်။ အခုဆို မိတ္ထီလာမှာ ဖြစ်တဲ့ ပဋိပက္ခ တွေမှာဆို တပ်မတော်က အရင်ဆုံး အုပ်ချုပ်မှု ကိစ္စတွေ ဆောင်ရွက်ပေးရတယ်။ ငလျင်လှုပ်တုန်းကလည်း ဒီလိုပဲ။ ကိုယ်တိုင် သွား တာဝန်ယူရတယ်။ အဲဒီမှာဆို အမျိုးသမီးတွေ ထိုင်ကန်တော့တာတွေရှိတယ်။ ကြွားပြောတာ မဟုတ်ဘူး။ တပ်မတော် ရောက်လို့ သူတို့တွေရဲ့ပစ္စည်းတွေ မပျက်ခဲ့ဘူး ဆိုပြီး ကန်တော့လာခဲ့တာတွေ ရှိတယ်။ အဲဒါဘာလဲဆိုရင် ခေတ်စနစ်ရဲ့ ဒီနေ့ စနစ်မှာ တပ်မတော်သည် ဘယ်အခန်းက ပါသလဲပေါ့၊ စဉ်းစားကြည့်လို့ ရပါတယ်။ ပြည်သူနဲ့ တသားတည်းရှိပြီး တသားတည်း ဖြစ်အောင် ကြိုးစားနေတာပေါ့လေ။ ပြောင်းလဲတယ်ဆိုတာ ဒါပဲ။ ပြည်သူတွေ အရေးကို တပ်မတော်က ကြိုးစား ဆောင်ရွက် နေတယ်။ ဒီကနေ့ တပ်မတော်ဟာ ဒီတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ကချင်ငြိမ်းချမ်းရေးမှာ ဆိုလည်း ဒီအတိုင်းပဲ။ KIO အဖွဲ့နဲ့ ကိုယ်တို့တွေ ဆွေးနွေးတယ်။ တပ်မတော်အနေနဲ့ ဘယ်လောက်အထိ ဆောင်ရွက်လာသလဲ ဆိုတာကို သူတို့ ယုံကြည်တယ်။

ဒီနေ့ပြောတယ်၊ အပစ်အခတ် ရပ်စဲရေး၊ ပါးစပ်ကပြောနေတယ်။ အရင်တုန်း ကလည်း ပြောနေတာပဲ ပြောကြမယ်။ သူတို့ မယုံရင် ဘယ်လို ဖြစ် လာမှာလဲ။ ပြောင်းလဲလာတဲ့ တပ်မတော် အနေအထားအပေါ်မှာ သူတို့ ယုံကြည်လာတယ်။ အလားတူပဲ ကျန်တဲ့ ပြည်သူတွေလည်း ဒီအပေါ်မှာ ကိုယ်တို့အပေါ် ယုံကြည်မှုတွေ အထိုက်အလျောက် ရမယ် ထင်ပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ပြောင်းလဲမှုတွေကို တချို့ ပြည်သူလူထုက လက်ခံလာတာတွေ ရှိတယ်။ လက်မခံနိုင် သေးတာလည်း ရှိတယ်။ သို့သော်လည်းပဲ အရင်တုန်းက န၀တထက် စာရင်တော့ တပ်မတော်ကို ပြည်သူတွေ ယုံကြည် အားကိုးမှု ပိုလာတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ ပြည်သူတွေနဲ့ ပတ်သတ်ပြီး တချိန်က တပ်မတော်ဘက်က သိမ်းယူထားခဲ့တဲ့ မြေတွေကို ပြန်ပေးမယ် ဆိုတဲ့ ကိစ္စကကော ဘယ်လိုအခြေအနေ ရှိပြီလဲ။ ဘယ်တော့လောက် ပြန်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ဒီကိစ္စကတော့ ကိုယ်က စစ်ဆင်ရေးပဲ တာဝန်ယူရတာပေါ့။ စစ်ရေး၊ စစ်ထောက်၊ စစ်ဦးစီး ဆိုတာ ကိုယ်တို့ တပ်မတော်မှာ ရှိပါတယ်။ ဒီကိစ္စက စစ်ထောက်ပိုင်းက တာဝန်ယူရမှာပေါ့။ အသေးစိတ်တော့ သေချာ မသိဘူးပေါ့။ သို့သော်လည်းပဲ တပ်မတော် ဆိုတာက ပြည်သူတွေ ဒုက္ခရောက်အောင် ဘာတခုမှ မလုပ်ရဘူး။ ဒါတွေကိုလည်း ဆက်လက် ဆောင်ရွက်နေမယ်။ ကိုယ်ထင်ပါ တယ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒကလည်း ပြည်သူ့အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်ပေးမယ် ထင်ပါတယ်။

မေး။ ။ လက်ရှိ တပ်မတော်က ပြောင်းလဲနေပြီလို့ ပြောနေပြီ။ ငြိမ်းချမ်းရေးတွေလည်း ၁၀ ဖွဲ့နဲ့ လုပ်ဆောင်ပြီး နေပြီ ဆိုပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်နေရတာတွေ ရှိတယ်နော်။ ဒီအပေါ်မှာ စစ်ဆင်ရေး တာဝန်ယူထားသူ တဦးအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒါတွေက လုပ်ပြီး ယူနေတာလား၊ တကယ်ဖြစ်တာလား ဆိုတာ သိကြမယ်ထင်ပါတယ်။ တခုပဲ သူတို့က ကိုယ်တို့အပေါ်မှာ ယုံကြည်ရင်တော့ ဘာမှ ဖြစ်လာစရာမရှိဘူး။ မယုံကြည်ရင်တော့ ဖြစ်မှာပဲ။ ယုံကြည်တယ် မယုံကြည်ဘူး ဆိုတာတော့ စဉ်းစားကြည့်လေ။ တခုပဲ ဥပမာ ပေးချင်တယ်၊ နီးနီးနားနားဆို KIO နဲ့ တပ်မတော်ဟာ နားလည်မှု တခု ရလာလို့ ဒီနေ့လို အခြေအနေအထိ ရောက်လာတာပါ။ ဒါကြောင့်မို့ တပ်မတော်က ပြီးပြီးရော ပြောတာပဲ၊ ပြီးရင် ဒုံရင်းအတိုင်း ပြန်ဖြစ်မှာပဲ ဆိုတာက မရှိဘူး။ ဒီမှာ မီဒီယာ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ရွှေလီ KIO ဆွေးနွေးပွဲမှာ တပ်မတော်နဲ့ KIO ဆွေးနွေးပွဲဟာ အလှမ်းကွာဝေးဆဲလို့ ရေးကြတယ်။ တပ်မတော်နဲ့တော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့ဖြစ်လာပြီ။ တပ်မတော်က အပြောထက် အလုပ်နဲ့ သက်သေပြလာပြီ။ ဘာပဲပြောပြော ယုံကြည်မှုပါပဲ။ သူတို့ ယုံကြည်မှုတွေ ပေါ်မှာပဲ မူတည်ပါတယ်။ တယောက်နဲ့ တယောက် ယုံကြည်မှု ရှိရင် ဘာမှဖြစ်မလာနိုင်စရာ မရှိပါဘူး။

မေး။ ။ လက်ရှိ KIO ဆွေးနွေးပွဲ ရလဒ်က တပ်မတော်ဘက်က တကယ်ပဲ စိတ်ထဲကပါပါ လုပ်ဆောင် လာခဲ့တာလား၊ တပ်မတော်က အလျှော့ပေးခဲ့တာ များလား။

ဖြေ။ ။ အခုက ဘယ်သူက အလျှော့ပေးတယ်၊ ဘယ်သူက လျှော့လိုက်တယ် ဆိုတာ မရှိပါဘူး။ တပ်မတော် ကလည်း လျှော့ပေးတာ မဟုတ်သလို KIO ဘက်ကလည်း လျှော့ပေးခဲ့တာမျိုး မဟုတ်ပါဘူး။ တခုပဲရှိတယ်၊ နားလည်မှု ဆိုတာပဲ ရှိပါတယ်။ နောက် တခုကတော့ အပြန်အလှန် လေးစားမှုပဲ။ အကုန်လုံး သိနိုင်ပါတယ်။ လုပ်ယူပြီး ဆောင်ရွက်ခဲ့တာ မရှိပါဘူး။

မေး။ ။ ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူတွေနဲ့ တွေ့တာမှာ တချိန်မှာ KIO ဟာလည်း ကချင်ကို ကာကွယ်တဲ့ တပ်တခု ဖြစ်လို့ နိုင်ငံကို ကာကွယ်နေတဲ့ တပ်မတော်မှာ ပါဝင်နိုင်ဖို့ တောင်းဆို သွားမယ်ပြောတယ်။ ဒီမှာ တိုင်းရင်းသား တပ်မတော်က ၁၁ ဖွဲ့တောင် ရှိတော့ ပူးပေါင်းမယ်ဆို လက်ရှိ တပ်မတော်က လက်ခံမှာလား။

ဖြေ။ ။ ဟုတ်ပြီ။ တခုက ဗမာဆိုတာ မရှိဘူး။ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကယား အကုန် တိုင်းရင်းသားစုံ အတူတူ နေထိုင်တာ
မြန်မာပြည်။ တပ်မတော်ဆိုတာ ဖွဲ့စည်းပုံ အခြေခံမှာဆိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လုပ်ရမှာက လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တစုတဝေးတည်း ရှိရမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ ဒါတွေလည်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် လက်အောက်မှာပဲ ရှိရမယ်။ အဲဒါ ဖွဲ့စည်းပုံ အခြေခံမှာ အတိအလင်း ပြောထားပြီးသားပဲ။ အဲဒီလို ပြောလို့ ဗမာ့ တပ်မတော်က နယ်မြေအသီးသီးကို လွှမ်းမိုးချုပ်ကိုင် ထားမယ်။အဲဒီလို မဟုတ်ဘူး။ အဲဒါတွေက နားလည်မှု ရှိဖို့လိုတယ်။

မေး။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်သား ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့အပေါ်၊ ဒီဖွဲ့စည်းပုံဟာ တပ်မတော်အတွက်ပဲ ရည်ရွယ်ဆွဲထားတယ်လို့ ပြောကြတဲ့အပေါ် တပ်မတော်သား တဦး အနေနဲ့ ဘာများပြောချင်မလဲ။

ဖြေ။ ။ အဲဒါကတော့ အမေရိကန်မှာ နိုင်ငံတော် သမ္မတကြီး
ဖြေသွားတာရှိပါတယ်။ အဲဒီအတိုင်းပါပဲ။ သမိုင်း အစဉ်အလာ အရပေါ့။ နိုင်ငံရေး အစဉ်အလာမှာ ပါဖို့ ကိုယ့်ကို ၀န်ကြီးလုပ်ပါလားမေးရင် ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က တပ်မတော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန် ထမ်းဆောင်နေတာမှာ ၀န်ကြီးလုပ်စရာ အကြောင်းမရှိဘူး။ ဆိုတာကတော့၊ လူတိုင်းကတော့ သူရာထူး အဆင့်နဲ့ သူ့ဘာသာရှိပါတယ်။ လူတွေ စိုးရိမ်နေကြသလို တပ်မတော်က လိုက်ပြီး ရာထူးတွေ ယူနေကြတယ်။ အဲဒီလို မရှိပါဘူး။ တချို့နေရာတွေမှာ တန်ရာတန်ရာ ပေးတာတွေတော့ ရှိတာပေါ့လေ။ ဝေါဟာရလည်း ရှိပါတယ်။ လူဆိုတာ တန်ရာတန်ရာ ဖြစ်တယ်ဆိုတာ၊ ဒီလို တန်ရာတန်ရာ ဖြစ်ကောင်း ဖြစ်မှာပေါ့။ အဲဒါနဲ့ ပတ်သတ်လို့ လွှတ်တော်မှာ တပ်က ၅၀ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းပါတယ် ဒီလိုဆိုပြီး ပြဿနာတွေလည်း မရှိပါဘူး။ တပ်မတော်သား တွေကလည်း ဒီလွှတ်တော်မှာ မပါရလို့ ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ပါဘူး။ သို့သော်လည်းပဲ နိုင်ငံလိုအပ်ချက် အရ ဖွဲ့စည်းပုံက ရေးဆွဲထားတဲ့ အပေါ်မှာ တို့တွေက ဘာငြင်းလို့ရမလဲ။ မပါလို့ကော တပ်မတော်က ဘာများပြောစရာ ရှိလာမှာလဲ။ No Problem ကိစ္စပါ။

မေး။ ။ တပ်မတော်ဟာ ဖွဲ့စည်းပုံမှာ အခုလို နေရာရနေတဲ့ အပေါ် တချိန်ချိန် အာဏာပြန်ရယူ နိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေကြတဲ့အပေါ် ဘာများပြောချင်မလဲ။

ဖြေ။ ။ တခုက ကိုယ်ကိုယ်တိုင် ဒီထဲကို ဘွဲ့ရပြီးမှ ၀င်ခဲ့တာပါ။ အရေးအခင်းတွေ အကုန် ကိုယ်မီပါတယ်။ ဦးသန့်တို့၊ ဇွန် ၆ တို့ ကောင်းကောင်း မီခဲ့တာပေါ့။ မှိုင်းရာပြည့်တို့ ကြုံခဲ့တယ်။ တပ်မတော်ဟာ ခေတ်စနစ်အရ ပြောင်းလာတာ။ ကိုယ်လည်း မ၀တ လုပ်လာခဲ့ဖူးတယ်။ တပ်မတော်ဟာ ခေတ်စနစ်အရ ပါဝင်ရတာပဲ။ ဒီနေ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေးလို့ ပြဌာန်းထားတယ်။ ပြည်သူရွေးတဲ့ အဆိုက ပေါ်လာပြီ။ အဲဒီအပေါ်မှာ တပ်မတော်သား တွေက ဘာများ စထူးပြီး မက်မောတွယ်တာ စရာများ ရှိနေမှာလဲ။ ဒါက ဘာမှပြဿနာ မရှိဘူး။ တချို့ ထင်မယ်၊ နေရာယူတယ်တို့၊ တပ်မတော်သား တွေက မိုးကျရွှေကိုယ်တို့၊ ဒါတွေက တခေတ်တခါကတော့ ဟုတ်ကောင်းဟုတ်မှာပေါ့။ ဒီနေ့ခေတ်မှာ တချို့ အပိုင်းတွေက ခေတ်စနစ်အရ ပြောင်းလဲသွားပြီဆိုတာ ဧရာဝတီကနေလည်း ပြောချင်တယ်။ ဒါက ဘာပြဿနာ ကြီးကြီးမားမားမှ မဟုတ်ဘူးလို့။

ရှင်းရှင်းပြောရရင် ကိုယ်လည်း တက္ကသိုလ် ကျောင်းသား ဘ၀ပြီးမှ တပ်ထဲ ရောက်တာ။ စစ်တပ်ကို မုန်းတဲ့အထဲမှာ ကိုယ်လည်း ပါတယ်။ ဦးသန့် အရေးအခင်း တုန်းကဆို ကိုယ်ပါခဲ့တယ်။ အဲဒီတုန်းကဆို တပ်မတော်သားတွေဆို တအား မုန်းတယ်။ ဒါပေမယ့် အခြေအနေတခု အရ တပ်ထဲရောက်တယ်။ တပ်ထဲ ရောက်တော့ အထက်က ပေးတဲ့ အမိန့်အတိုင်း ဆောင်ရွက်ရတယ်။ တာဝန်ပေးလို့ လုပ်ရတာပေါ့လေ။ ဒါကြောင့် ခေတ်စနစ် အနေအထားကြောင့် တပ်မတော် ဆိုတာလည်း ပြောင်းလဲသွားတာပါပဲ။ ဘယ်သူတွေ ဘာတွေ မဟုတ်ပါဘူး။ ဒီမှာဆို ဒေါ်ဒွဲဘူတို့ ပြောတယ်၊ အရင်က တပ်မတော်သားဆို ကြောက်တယ်တဲ့၊ တကယ် ပေါင်းကြည့်တော့ တပ်မတော်သားတွေက ခင်စရာကောင်း တယ်တဲ့။ ဒီလိုပါပဲ။ တချို့လည်း မောက်မာတာတွေ ရှိတာပဲ။ အားလုံး အတူတူတော့ မဟုတ်ပါဘူး။ သိမ်းကြုံး ပြောလို့တော့ မရဘူးလေ။ တချို့က အတ္တကြီး အယူကြီးတဲ့ လူတွေရှိခဲ့မှာပဲ။ ဒါနဲ့ တပ်မတော်ဆိုတာ အတူတူပဲ လို့တော့ ပြောလို့ မရဘူးပေါ့။

မေး။ ။ လက်ရှိ တော်တော်များများက သမ္မတကြီးက စစ်မဖြစ်ဖို့ ပြောချိန်မှာ တပ်မတော်ဘက်က စစ်ရေး အရှိန်တွေ မလျှော့ဘဲ ရှိနေတာ တပ်မတော်က သမ္မတကြီး အထက်မှာရှိနေလို့ မလွန်ဆန်နိုင်တာလို့ ပြောနေကြတဲ့အပေါ် ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ။ ။ သမ္မတကြီးက ၂၀၁၂ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အမိန့်ထုတ်တယ်။ ခုခံစစ်မှလွဲပြီး စစ်မထိုးရပေါ့။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်တယ်။ ဒါက အယူအဆ အမျိုးမျိုးပေါ့။ တပ်မတော်မှာ တပ်မတော် စစ်ဦးစီးချုပ်ဟာ အမိန့် မနာခံတတ်ဘဲတော့ ဒီလိုနေရာမှာ ရောက်မလာနိုင်ဘူး။ အနည်းဆုံး ရှေ့ကြည့်၊ သတိ၊ သက်သာ၊ အေးစေ ဆိုတာမရှိဘဲနဲ့ တပ်မှာ နေလို့မရဘူး။ တပ်မတော်မှာ မတထောင်သားတွေ ပေါင်းထားတာ။ ဥပမာ မနက်ဖြန် ဗိုလ်ချုပ်ဂွမ်မော် ပြန်မှာ ကိုယ်တို့က လုံခြုံရေး လုပ်ခိုင်းပြီ။ ဒီမှာဆို လမ်းမှာ မသင်္ကာစရာ တွေ့ပြီ၊ ပစ်မယ်လေ။ သူ့တာဝန်ပဲ။ မသင်္ကာစရာ လူက KIO ဆို ဟိုကလည်း ပြန်ပစ်ပြီ။ ဒီမှာဆို တဘက် တဘက် တိုက်ပွဲမဖြစ်ဘူးလား၊ ဖြစ်ပြီပေါ့။ ဒီမှာ ရည်ရွယ်ချက်က ဘာလဲ၊ ခိုင်းလို့လား။ အခြေအနေ အရလား၊ ဖြေ။ ဒီလိုတွေဖြစ်တာ တပ်မတော်နဲ့ သူတို့ နားလည်မှုတွေ မရှိသေးလို့ပါ။ ယုံကြည်မှု ရှိလာရင် ဘာမှဖြစ်လာစရာ မရှိဘူး။ ဒီလိုဆိုတော့ ယုံကြည်မှုတွေ တည်ဆောက်ပြီးပြီ၊ ထပ်မဖြစ်ဖို့ အာမခံနိုင်လား ထပ်မေးရင်တော့ အာမမခံ နိုင်သေးဘူး။ တချို့ဟာတွေမှာ နားလည်မှု လွဲနိုင်စရာတွေ ရှိသေးတယ်။ နားလည်မှု လွဲစရာတွေ ဖြစ်လာရင် နည်းနည်းပါးပါးတော့ ဖြစ်ချင်ရင် ဖြစ်လာဦးမှာပဲ။

မေး။ ။ ဒါဆို အခုဖြစ်နေတာတွေက နားလည်မှု လွဲတာ တခုကြောင့်ပဲ ဆက်ဖြစ်နေတာလို့ ပြောချင်တာလား။

ဖြေ။ ။ အဲဒီလို တခုတည်းကြောင့်တော့ မဟုတ်ဘူး။ တချို့အပိုင်းတွေမှာလည်း ရည်ရွယ်ချက်ပေါ့။ ကိုယ်တို့က ရိက္ခာပို့တယ်၊ ဒီမှာ အောက်ခြေက ကျတော့ သူတို့က ဒီလိုမထင်ဘဲ ပစ်ဆိုတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ အောက်ခြေ အဆင့်အထိ အမိန့်တွေ မရောက်တာလည်း ဖြစ်တတ်ပါတယ်။ နားလည်မှုလည်း လိုတယ်။ ဖြစ်နိုင်တာက အများကြီး။ ဒါတွေမဖြစ်အောင် ဆက်ထိန်းဖို့ပဲ လိုတာပေါ့။

မေး။ ။ မြောက်ပိုင်း ဘက်တွေမှာ တပ်မတော်က စစ်အင်အား ထပ်တိုးတယ်၊ တပ်သား စုဆောင်းတာတွေ ရှိနေတယ် လို့ သိရတယ်။ ဒါကကော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ။ လိုအပ်ချက် ကြောင့်လား။ ဘယ်လို တခြားအကြောင်းများ ရှိနေဦးမလဲ သိချင်ပါတယ်။

ဖြေ။ ။ လိုအပ်ချက် ကြောင့်တော့ မဟုတ်ဘူးပေါ့။ မေးကြည့်ပေါ့။ ကိုဂွမ်မော်လည်း ဒီဟာကို ထည့်ပြော ပါတယ်။ တချို့ကျတော့လည်း
အောက်ခြေမှာ နဂိုကတည်းက သူတို့ခံယူချက်၊ လိုအပ်ချက် အမှားတွေ ရှိတာပေါ့။ ဒီမှာ သူတို့ လုပ်ဆောင်ချက် လွဲမှားသွားတဲ့အပေါ်မှာ တဖွဲ့လုံး ကိုယ်စားပြုချင်မှ ပြုမှာပေါ့။ ဥပမာ - ချီဗွေမှာ ဖြစ်တာမျိုးတွေပေါ့။ လုပ်တာကိုင်တာ မျိုးတွေက တယောက် အမှားကြောင့် တဖွဲ့လုံးကို ကိုယ်စားပြုချင်မှ ပြုနိုင်မှာပေါ့။ ဆက်ကြေး ကောက်တယ်၊ ဘာလုပ်ပါလို့ သူတို့တွေ၊ ကိုယ်တို့တွေ အထက်ပိုင်းက မပြောထားပေမယ့် အောက်ခြေမှာ လုပ်တာတွေရှိမယ်။ အဲဒါတွေ ဖြစ်တာမျိုးတွေ ရှိကောင်း ရှိပါတယ်။

မေး။ ။ ဒါဆို အစိုးရစစ်တပ် အင်အားတိုးတာတွေ ရှိနေတာကကော။ အထက်ပိုင်းက မသိခဲ့ဘဲ တိုးနေ တာမျိုးရှိလား။

ဖြေ။ ။ အဲဒါက တပ်အင်အား၊ တပ်နေရာချမှု၊ တပ်ရွှေ့ပြောင်းမှုကတော့ ကိုယ်တို့ အထက်က မသိဘဲ ဘာမှလုပ်မရပါဘူး။ သံချပ်ကာတွေ ဘာတွေနဲ့ တပ်ရွှေ့တယ်၊ ၄ လတခါ တပ်လဲရတယ်၊ ရိက္ခာပို့ရတယ်၊ ဖျားနာရဲဘော်
ပြန်ပို့ရတယ်။ အဲဒီမှာ လုံခြုံရေး အပိုင်းကိုလုပ်ရတယ်။ ဒီမှာ နားမလည်ရင် တလွဲထင်တယ်။ အခု ဒီနေ့ ကိုယ်တို့ဆွေးနွေးတယ်။ ဗန်းမော်မှာ တပ်ရင်း ၂ ခု လဲဖို့ တက်လာပြီ။ အဲဒါဆို ဒါကို တပ်အင်အား တိုးတာလို့ ပြောမရဘူး။ မသိတဲ့ လူတွေက ဒါကို နားလည်မှု လွဲတာပါ။

မေး။ ။ ကလေးတချို့ကို စစ်သားအဖြစ် စုစောင်းတာတွေ ရှိနေတယ်လို့ ပြောနေတဲ့အပေါ်မှာကော ဘယ်လိုများ ပြောချင်ပါ သလဲ။

ဖြေ။ ။ ဒါက ယူနီဆက်နဲ့ လုပ်နေတယ်။ ကိုယ်တို့ဆီမှာ အဲဒီရာခိုင်နှုန်းက တပ်မတော်ရဲ့ ကလေးစစ်သား ဆိုတာ ရာခိုင်နှုန်း ဘယ်လောက်မှ မရှိပါဘူး။ တချို့ကျတော့ ၁၈ နှစ် ပြည့်ပြီလို့ ပြောပြီး ၀င်လာတယ်။ နောက်ပိုင်း
ပြန်စစ်တော့ ပြဿနာ ဖြစ်ကော။ ၁၈ နှစ် မပြည့်ဘဲ တပ်မှာ စုရိုး ထုံးစံမရှိပါဘူး။ မျက်မြင် ၁၃ ချက် မပါဘဲ မစုဘူး။ အဲဒါတွေကို အမျိုးမျိုး ပြောကြတယ်။ တကယ် ၁၈ နှစ် မပြည့်ရင် မစုပါဘူး။ ပြန်သွားဖို့ ခွင့်ပြုနေပါတယ်။

မေး။ ။ နောက်ပိုင်း လွှတ်တော် အစည်းအဝေးတွေကို လွှတ်တဲ့ တပ်မတော်သား တွေကို တခြားပြည်သူတွေလို ရွေးကောက်ပြီးမှ လွှတ်ဖို့ အစီအစဉ်များ ရှိလာမလား။

ဖြေ။ ။ ဘယ်လိုလုပ်ပြီး ရှိလာနိုင်မလဲ။ တပ်မတော်သား ကိုယ်စားလှယ်ဆိုတာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးတာပဲ ရှိမယ်။ တပ်မတော်မှာ မဲဆန္ဒနဲ့ ရွေးတာမရှိဘူး။

မေး။ ။ အမိန့်နဲ့ပဲ ရွေးတာပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။

မေး။ ။ ခုနက ပြောသွားတဲ့ အထဲမှာ တပ်မတော်က ပြည်သူတွေကို မထိခိုက်ရဘူးလို့ ပါတယ်။ နစ်နာတာတွေ မလုပ်ရဘူးလို့ ပြောပါတယ်။ မနှစ်က ကချင်မှာဆိုလည်း တော်တော် ကြားရတယ်။ ကချင်အမျိုးသားတွေ ဖမ်းတယ်၊ အမျိုးသမီးတွေ ဆိုလည်း ဆွန်လွတ်ရာဆိုတဲ့ အမျိုးသမီးဆို တော်တော် နာမည်ကြီးပါတယ်။ အမှုတွေက မပေါ်ဘူး။ အမျိုးသား အချင်းချင်း စော်ကား တာတွေတောင် ရှိတယ်လို့ ကြားတယ်။ ဒါတွေ အမှုမပေါ်တာ ရှိတယ်၊ ဒီလိုတွေ ကျတော့ တပ်ပိုင်း အရေးယူမှုတွေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။

ဖြေ။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း တွေ့ပါလိမ့်မယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမိန့်သည် အတည် ဆိုတာ။ တပ်မတော်မှာ ဥပဒေ နှစ်ခုကို တပ်မတော်သားတိုင်း လိုက်နာရပါတယ်။ တခုက တပ်ဥပဒေ၊ နောက်တခုက ပြည်သူလူထု ပြဌာန်းထားတဲ့ ဥပဒေ၊ ဒီနှစ်ခုကို လိုက်နာရပါတယ်။ တပ်မတော် ဥပဒေအရ ချိုးဖောက်ခံရလည်း အရေးယူခံရမှာပဲ။ အရပ်ဘက် ဥပဒေအရ ဥပမာ - ပုဒ်မ ၃၂၀ နဲ့ ငြိလည်း အရေးယူမှာပါပဲ။ တပ်မတော် မှာလည်း ဥပဒေ တင်းကျပ်တဲ့ အတွက် စုံစမ်း စစ်ဆေးရေး ခုံရုံးတို့၊ ဒါတွေရှိတယ်။ အမှုပေါ်ရင် အရေးယူ ခံရမှာပဲ။

မေး။ ။ အဲဒီ အမှုတွေက မြုပ်နေတာ ကကော။

ဖြေ။ ။ မမြုပ်ဘူး။ နိုင်ငံတော် တရားသူကြီး အထိ တက်ပြီး အမှုက စစ်ပြီးပြီ။

မေး။ ။ ထုတ်ပြန်ဖို့ကော ရှိပါသလား။

ဖြေ။ ။ သတင်းထုတ်တာက ဟိုဘက်အပိုင်း။ တပ်မတော်ကတော့ သတင်းထုတ်စရာ အကြောင်းတော့ မရှိဘူး ထင်တယ်။ တခုက အယူခံ ၀င်တာတို့ ဘာတို့ လုပ်လို့ရတယ်။ တချို့ အပိုင်းတွေမှာ ကျတော့ ဒီပြည်သူတွေလို တပ်မတော်မှာ ဖြစ်တာကိုတော့ သတင်း ထုတ်ပြန်မှု မရှိဘူး။

မေး။ ။ ဒါတွေက တပ်ကို နားလည်မှုလွဲစေတာ မျိုးတွေ မရှိနိုင်ဘူးလား။

ဖြေ။ ။ ကိုယ်သိတာကတော့ သတင်းစာတွေမှာ ဆောင်းပါးတွေ
ပြန်ရေးတာတွေဘာတွေ ရှိပါတယ်။ တပ်မတော် အနေနဲ့ ဖြေရှင်းတဲ့ သဘောပဲ၊ ကိုယ်ထင်တယ်။ အပိုင်းကဏ္ဍ တခုအနေနဲ့ ပြီးသွားပြီလို့ ကိုယ်ထင်ပါတယ်။

မေး။ ။ ဒါဆို နိုင်ငံပိုင် သတင်းစာတွေက ထုတ်ပြန်တာက တရားဝင်တဲ့ သဘောပေါ့။

ဖြေ။ ။ သတင်းစာမှာ ပြောတာသည် ပြည်သူကို အသိပေးတာလေ။ ကိုယ်တို့ လဂျားယန်ဘက် ရိက္ခာပို့ရင်း ဖြစ်တာဆို မြ၀တီသတင်းစာမှာ ပါတာပဲ။ ဆောင်းပါးတွေ ရေးတာ အသိပေးတာပဲ။

မေး။ ။ အခု နောက်ပိုင်း တပ်မတော်သားတွေကြောင့် နစ်နာတာတွေ၊ ဆုံးရှုံးတာတွေ တော်တော် ကြားလာရတယ်နော်။ ဒါက အထက်ပိုင်း အုပ်ချုပ်မှုပိုင်း လျော့လာလို့လား။ လူတွေအပေါ်မှာ တပ်မတော်သားတွေက နိုင်လိုမင်းထက် ရှိလာလို့လား။ ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ။ ။ ဒါက ဘယ်နှခုရှိနေလို့လဲ။ ကြားနေရတာနဲ့တော့ ခြုံပြီးတော့ မပြောနဲ့လေ။ ကောလာဟလတွေ ရှိတယ်။ ကိုယ်တို့မှာ ကောလာဟလ အကြားတွေ ဖြစ်နေတယ်။ ဒီလိုဆို မဆုံးနိုင်တော့ဘူးပေါ့။ ကိုယ်တို့မှာ သတင်းထုတ်ပြန်ရေး ဆိုတာ ရှိပါတယ်။ မေးလို့ ရပါတယ်။ ကောလာဟလနဲ့သာ ပြောမယ်ဆိုရင်တော့ တပ်မတော်လည်း ရစရာရှိမှာ မဟုတ်သလို၊ ဘယ်လိုမှလည်း ဆုံးစရာမရှိဘူး။

မေး။ ။ တပ်မတော်သား တယောက် ဥပဒေနဲ့ ငြိစွန်းပြီဆို ဘယ်လိုမျိုး ကျခံရလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ဥပဒေတွေက ရှိပြီးသား။ ပုဒ်မ ၆၅၊ ၇၃၊ ၇၁ ဆိုတာ ရှိတယ်။ တပ်မတော်သား တွေသာ မေးကြည့်။ ဘယ်လို အပြစ်လုပ်ရင် ဘယ်လိုကျသလဲ ဆိုတာ ပေါ့ပါးတဲ့ အမှုဆိုတာ တပ်မှာ မရှိပါဘူး။

မေး။ ။ ခုနက တပ်မတော်သားဟာ နိုင်ငံကို ကာကွယ်တဲ့ တပ်မတော်၊ နောက် အမိန့် နာခံတတ်တဲ့ တပ်မတော်လို့ ပြောပါတယ်။ အခုက သမ္မတ ဆိုတဲ့ ရွေးကောက် တင်မြှောက်တဲ့ အုပ်ချုပ်သူတွေ ပေါ်လာပြီဆိုတော့ ဥပမာ ၂၀၁၅ မှာများ တစုံတဦး၊ အနီးစပ်ဆုံးဆို ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံ့ခေါင်းဆောင် အဖြစ် ပြည်သူက ရွေးလာခဲ့ရင် တပ်မတော်ဟာ သူ့ရဲ့ အမိန့်တွေ အတိုင်း နာခံတတ်တဲ့ တပ်မတော် အနေနဲ့ ရပ်တည်နိုင်မလား သိချင်ပါတယ်။

ဖြေ။ ။ (ရယ်လျက်) မေးသူ ကိုယ်တိုင်ကော ဘယ်လိုထင်သလဲ။ ကိုယ်တိုင် ဖြေကြည့်ပေါ့။ တပ်မတော်သားမှာ သစ္စာ ၄ ချက် ရှိတယ်။ အထက်က ပေးအပ်သော အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာပါတယ်။ အဖြေကဒါပဲ။ တပ်မတော် ယူနီဖောင်း ၀တ်သမျှ ဒါလုပ်ဆို လုပ်ရတာပဲ။ အထက်က ပေးအပ်သော အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာက ကိုယ်တို့ အထက်မှာ အမိန့်ပေးတာ ဘယ်သူရှိမလဲ။ သမ္မတက ဦးသိန်းစိန်မှ မဟုတ်ဘူး။ ဘယ်သူတက်တက် တပ်မတော်သား ဆိုတာ အမိန့် မနာခံတတ်သူ မရှိပါဘူး။ ကမ္ဘာမှာလည်း မရှိဘူး။ နိုင်ငံမှာလည်း မရှိဘူး။ ဒီအတွက် ဘာမှမပူနဲ့။ တပ်မတော်သား မှန်ရင် အထက်က ပေးအပ်သော အမိန့်နဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာကို လက်တွေ့ အကောင်အထည် ဖော်မယ့် သူချည်းပဲ။

မေး။ ။ လက်ရှိ တပ်ရဲ့ ဘဏ္ဍာ ငွေသုံးစွဲမှုကကော ဘယ်လိုများ သုံးနေသလဲ သိချင်ပါတယ်။

ဖြေ။ ။ ဘက်ဂျက်တွေ၊ ဘာတွေက ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တပ်မတော်က ကိစ္စမရှိဘူး။ တပ်မတော်က ကိုယ့်ခြေထောက်ပေါ် ရပ်ဖို့ ကြိုးစားနေတာပဲ။

မေး။ ။ ဒါဆို တပ်မတော် အသုံးစရိတ်ကို ကာမိအောင် အစီစဉ်တခုခု၊ လုပ်ငန်း တခုခုများ ရှိနေမလား။

ဖြေ။ ။ ရှိတယ် မရှိဘူး ဆိုတာတော့ ပြောမရဘူး။ ဒါပေမယ့် တပ်မတော်က ၀န်ထုပ်ဝန်ပိုး ဖြစ်တာမျိုး မရှိစေရဘူး။ ကိုယ့်ဘာသာ စိုက်မွေး ရပ်တည်တယ်။ အဲဒီလို ဖြစ်အောင် လုပ်တယ်။ တည်ဆောက်ရေးမှာတော့ ဘက်ဂျက်တော့ လိုတာပေါ့။

မေး။ ။ ဒါဆို အခု လက်ရှိ တည်ဆောက်ရေး အပိုင်းမှာ ဘက်ဂျက်လိုတာ ရှိတယ်ဆိုရင် တပ်မတော်က နိုင်ငံကို အပြည့်အ၀ ကာကွယ်နိုင်တဲ့ စစ်ပစ္စည်းတွေ ရှိပါ့မလား။

ဖြေ။ ။ အလုံအလောက် မရှိစရာလည်း မရှိဘူး။ နိုင်ငံကို ကာကွယ်ဖို့ကလည်း ဘာမှပြဿနာမှ မရှိဘူး။ တပ်မတော်မှာ မသိနိုင်တဲ့ အကြောင်းတရားတွေ
ပြောလို့ မရတာ အများကြီးရှိတယ်။ ဒီကနေ့ တပ်မတော် ဘာတွေလုပ်လဲ
မေးရင် ကိုယ်တို့လည်း ပြောလို့ မရဘူး။ လုပ်နေတာကတော့ အများကြီးပဲ။

မေး။ ။ ဒါဆို တပ်မတော်ရဲ့ စီးပွားရေးတခု ဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီက တိုးချဲ့ သွားဖို့ ရှိနေတာလား။

ဖြေ။ ။ ဦးပိုင် တိုးတာ မတိုးတာတော့ ကိုယ်မသိဘူး။ ကိုယ်က ဦးပိုင်ဥက္ကဋ္ဌ မဟုတ်ဘူး။ မဟုတ်တဲ့ အတွက်ကြောင့် မသိဘူး။ တပ်မတော်ကတော့ သူ့ခြေထောက်ပေါ် သူရပ်နိုင်အောင်တော့ လုပ်နေတယ်။ ဒါပဲ ပြောနိုင်တယ်။

Irrawaddy

ဒေါ်စု သိ ကြား စေ သက်သေညွှန်း........


ဒေါ်စု သိ ကြား စေ သက်သေညွှန်း........

ဘူးသီးတောင် မောင်းတောရှိ ဘင်္ဂါလီတို့ ကလေးမွေးဖွားခွင့် ကန့်သတ်တာကို လက်မခံခြင်းရဲ့ အခြားတစ်ဖက်က ကြည့်မယ်ဆိုလျင် ဘင်္ဂါလီ အမျိုးသမီးများကို ယောက်ျားက အလိုရှိတိုင်း ကလေးမွေးခိုင်းတာကို လက်ခံတယ်ဆိုတဲ့ သဘော သက်ရောက်နေပါတယ်.....

ဘူးသီးတောင် မောင်းတောမှာ အိမ်ထောင်စု တစ်စုရဲ့ ဇနီးမယား တစ်ယောက်ဟာ အနည်းဆုံး ကလေး ၄ ယောက်အထက် မွေးထားပါတယ်..... ဘာသာအရ မယား ၄ ယောက်ယူခွင့်ရှိပါတယ်..... ဒီမှာတင် ကလေး အရည်အတွက် တစ်အိမ်ထောင်မှာ ၁၆ ယောက် အနည်းဆုံးရှိပါတယ်..... သာမာန်မိသားစုပင် ထမင်းနပ်မှန်အောင်စားရန် ရုန်းကန်နေရချိန်တွင် မိသားစု ၁၆ ယောက်စာအတွက် ရုန်းကန်ရခြင်းဟာ မလွယ်ကူပါဘူး..... ဆင်းရဲကြပ်တည်းခြင်းဟာလည်း ပေါက်ကွဲထွက်၍ အဓိကရုဏ်းဖြစ်စေရန် လောင်စာကောင်း တစ်ခုပါ.......

မိသားစု ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ စောဒက တက်ခွင့်မရှိပဲ ယောက်ျားအလိုရှိတိုင်း ဆက်ဆံခံရ၊ ပြုသမျှ အနုခံနေရတဲ့ ဘင်္ဂါလီအမျိုးသမီးများရဲ့ ဘဝ ဟာလည်း စာနာသူမဲ့နေသလို ဖြစ်နေပါတယ်..... အဆိုပါ ကလေးငယ်များ ကြီးပြင်းလာပါက အဖက်ဖက်မှ ပံ့ပိုးမှုများဖြင့် အာရပ်နိုင်ငံများ၊ အခြားသော အစ္စလာမ်နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ပါတယ်....... ထိုသို့သွားရောက် အလုပ်လုပ်ရင်း ရသမျှပိုက်ဆံကို မိဘအိမ်ကို ပြန်ပို့ပါတယ်......

ဥပမာအားဖြင့် သား ၇ ယောက်အား နိုင်ငံခြားသို့ စေလွှတ်ထားသော ဘူးသီးတောင်မှ နာမည်ကြီးတစ်ဦးရဲ့ အခြေအနေကို ရှင်းပြပါမယ်...... သား တစ်ယောက်ခြင်းစီမှ နေအိမ်သို့ ပြန်ပို့ငွေဟာ တစ်လကို ၂ သိန်းအထက် ရှိပါတယ်..... ၇ ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့ အသားတင် တစ်လဝင်ငွေဟာ ၁၄ သိန်း အောက်ထစ်ရှိပါတယ်..... ထိုကဲ့သို့ အလားတူ အခြားသော သားများမွေး၍ ခိုင်းစားနေသော ဘင်္ဂါလီ အိမ်ထောင်ဦးစီးများစွာ ရှိပါတယ်..... ယခုလက်ရှိလည်း ဘူးသီးတောင်၊ မောင်းတောမှာ ဘင်္ဂါလီ ဦးရေဟာ ဒေသတွင်း လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်.......

ဒါကြောင့် ဘင်္ဂါလီတို့ကို ကလေးနှစ်ယောက်သာ ယူစေခြင်းဟာ လက်ရှိ ၎င်းတို့ရဲ့ ဆင်းရဲကြပ်တည်းမှုကို ထိမ်းချုပ်ပေးသလို၊ ဘင်္ဂါလီ အရည်အတွက် အဆမတန် ဖောင်းပွလာခြင်းကို တားဆီးဖြစ်လည်း ဖြစ်သကဲ့သို့၊ နိမ့်ကျနေသည့် ဘင်္ဂါလီ အမျိုးသမီးတို့၏ လူနေမှုဘဝကို မြှင့်တင်ပေးရန် အခွင့်အလမ်းများစွာ ရှိနေပါတယ်...... သားဖောက်ရန် လိင်ဆက်ဆံရန်သာ ဖြစ်နေတဲ့ ဘင်္ဂါလီ အမျိုးသမီးများအတွက် မျှော်လင့်ချက် ရောင်ခြည် သန်းစေပါတယ်.....

ကမ္ဘာ့နိုင်ငံရေး ဗိသုကာတစ်ယောက်ဖြစ်တဲ့ H.J.Morgenthau ကတော့ ၎င်းရဲ့ နာမည်ကျော် သီအိုရီ တစ်ခုဖြစ်တဲ့ နိုင်ငံရေးသမားတွေအနေနဲ့ ပေါ်လစီတွေ စဉ်းစားရာမှာ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်ဖို့ အထင်အရှား ပြောဆိုထားပါတယ်..... လက်ရှိ လူ့အခွင့်အရေး တစါစါအော်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်များကိုယ်တိုင် ၎င်းရဲ့ နာမည်ကျော် National Interest Theory ကို လက်မလွှတ်နိုင်ပဲ လက်ခံကျင့်သုံးနေကြပါတယ်........

သို့သော် မြန်မာနိုင်ငံမှ ဒီမိုကရေစီ အိုင်ကွန်ဖြစ်သော ဒေါ်စုကတော့ ဘူးသီးတောင် မောင်းတောမှာ ကလေးနှစ်ယောက်သာ ယူခွင့်ပြုခြင်းအား လူ့အခွင့်အရေးစံနှုန်းနဲ့ သုံးသပ်ခဲ့တာကို တွေ့ရပါတယ်..... လူ့အခွင့်အရေး စံနှုန်းတွင် ကျား / မ ခွဲခြားလို့ မရနိုင်ပါ...... တန်းတူဖြစ်စေဖို့ လိုပါတယ်..... သို့ဖြစ်တဲ့အတွက် ဘင်္ဂါလီ အမျိုးသမီးတို့၏ ဘဝကို စာနာဖို့၊ ဘဝ သက်တမ်းတလျှောက် ကလေးမွေးခြင်းဖြင့် အချိန်ဖြုန်းစေရန် ပစ်ပယ်ထားခြင်း မဖြစ်စေဖို့ အမျိုးသမီး အခွင့်အရေးကို တန်းတူရစေဖို့ လိုပါတယ်...... အမျိုးသမီးများအား သားဖောက်ရန် သက်သက်သာ အသုံးပြုနေခြင်းမှ ကာကွယ်ပေးရန် လိုအပ်ပါတယ်.....

ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အိုင်ကွန်ဖြစ်တဲ့ ဒေါ်စုအနေနဲ့ လူ့အခွင့်အရေး စံနှုန်းနဲ့ တိုင်းတာရာမှာ Gender Discrimination မဖြစ်စေဖို့ အဆိုပါ ဒေသမှာ လင်ယောက်ျားပြုသမျှ နု ခံနေရတဲ့အမျိုးသမီးများရဲ့ အခွင့်အရေးကိုလည်း တစ်ချက်လောက် ပြန်လည်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်.....

အမျိုးသားရေးဝါဒ

အမျိုးသားရေးဝါဒ
Nationslism
အမျိုးသားရေးဝါဒအရင်းအမြစ်များနှင့် လူမျိုးစုပဋိပက္ခ
ကျော်ဝင်း (ရန်ကုန်တက္ကသိုလ် )

အမျိုးသားလှုပ်ရှားမှု၏နိုင်ငံရေးအဆင့် အတန်း
နိုင်ငံမရှိသောအမျိုးသားလှုပ်ရှားမှုများသည်စစ်ဖြစ်ပွားရန်အန္တရယ်ပိုများပေသည်။အဘယ်ကြောင့် ဆိုသော်ယင်းလှုပ်ရှားမှုအတွက်ကြီးမားသောအပြောင်းအလဲဖြစ်ရန်လိုအပ်သောကြောင့် ဖြစ်သည်။အမျိုးသားလွတ်မြောက်ရေးအတွက်လှုပ်ရှားမှုများသည်ခွဲထွက်ရေးစစ်ပွဲများကိုဖန်တီးနိုင်သည်။ထိုမှတစ်ဆင့် နိုင်ငံတကာစစ်ပွဲများအထိကျယ်ပြန့် လာနိုင်သည်။ထို့ အပြင်လွတ်လပ်ရေးကြိုးပမ်း
မှုကြောင့်လက်ရှိနေထိုင်နေသောလူများကိုဖယ်ရှားပြစ်ပြီးအဖယ်ရှားခံရသမျှ၏မကျေနပ်မှုများကလည်းအနာဂတ်ပဋိပက္ခများကိုမျိုးစေ့ ချပေးသလိုဖြစ်နေသည်။သာဓကအားဖြင့် ၁၉၄၈ ခုနှစ်ကဇိုင်ယွန်နစ်ဝါဒ ( Zionism ) ကြောင့် ပါလက်စတိုင်းဒေသရှိအာရပ်-အစ္စရေးစစ်ပွဲများပေါ်ပေါက်စေရန်မျိုးစေ့ ချပေးသည့် ဖြစ်ရပ်ကိုတွေ့ ရှိရသည်။
နာက်ဆုံးအချက်အနေဖြင့် နိုင်ငံသစ် ( New state ) များပေါ်ထွက်လာခြင်းသည် ရင့် ကျက်မှုအားနည်းသောဒေသဆိုင်ရာနိုင်ငံတကာစနစ် ( Regional International System ) ကိုဖန်တီးပေးသည်။ ယင်းစနစ်သည်အဖွဲ့ ဝင်တစ်ဦးက အခြားတစ်ဦးအပေါ်လိုက်နာရမည့် အခွင့် အရေးများနှင့် တာဝန်ဝတ္တရားများနှင့် နိုင်ငံတကာအပြုအမူစံနှုန်းများကိုရှင်းလင်းပြသသည့် ကစားပွဲ ၏စည်းမျဉ်းများလိုအပ်နေပေသည်။ယင်းအခွင့် အရေးများ တာဝန်ဝတ္တရားများနှင့် စံနှုန်းများကိုဖော်ပြရန်နှစ်နဲ့ချီ၍အချိန်ယူရပေမည်။ ဤအခြေအနေသည်တစ်ချိန်တည်းမှာပင် ပဋိပက္ခများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားရန်အန္တရယ်ရှိလာနိုင်သည်။

နိုင်ငံတကာစနစ်၏ ပြောင်းလဲမှုကိုသည်းခံနိုင်စွမ်းသည်အားနည်းသော်လည်းအမျိုးသားလှုပ်ရှားမှုများ
အတွက်ညှိနှိုင်းဖြေရှင်းမှုသည်လိုအပ်နေပေသည်။ အမျိုးသားရေးဝါဒကြောင့် ပေါ်ထွက်လာသော
ဒေသတစ်ခု၏ငြိမ်းချမ်းရေးအတွက်စွန့် စားမှုသည်နိုင်ငံရရှိရေး ( Statehood ) အတွက်ကြိုးပမ်းမှု
ဆိုင်ရာအမျိုးအစားအပေါ်မူတည်နေသည်။ တစ်နည်းဆိုရသော် ဒေသတစ်ခု၏တည်ငြိမ်မှုသည်ဝယ်
လိုအားနှင့် ရောင်းလိုအား (Supply and Demand ) ဟန်ချက်ညီမှု ( Equilibrium ) အပေါ်ချဉ်း
ကပ်သကဲ့ သို့ ဖြစ်သည်။

ခေတ်သစ်အမျိုးသားရေးဝါဒ ( Moderm Nationalism ) သည်လွန်ခဲ့ သောနှစ်ရာစုကပင်ငြိမ်းချမ်း
ရေးကိုဖျက်စီးစေခဲ့ သည်။ အဘယ်ကြောင့် ဆိုသော် မျက်မှောက်ကာလအမျိုးသားရေးလှုပ်ရှားမှု
များသည်အစပိုင်းတွင် နိုင်ငံမဲ့ (Stateless ) အခြေအနေကစတင်ခဲ့ ပြီးနိုင်ငံပေါ်ပေါက်လာမှုအ
တွက်ကြီးမားသောအပြောင်းအလဲလိုအပ်နေခြင်းကြောင့် ပင်ဖြစ်သည်။ အမျိုးသားရေးဝါဒသည်
ငြိမ်းချမ်းရေးကိုခြိမ်းခြောက်နေဆဲပင်ဖြစ်သည်။အဘယ့်လကြောင့် ဆိုသော်ညှိနှိုင်းဖြေရှင်းမှုရရေး
အတွက်နောက်ထပ်ပြောင်းလဲမှုများလိုအပ်နေခြင်းကြောင့် ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကာလကတည်းကကမ္ဘာပေါ်တွင်နိုင်ငံအရေအတွက်သည်သုံးဆဖြစ်လာခဲ့
သည်။ ၁၉၄၅ ခုနှစ်တွင်ကုလသမဂ္ဂချာတာ ( UN Charter ) ကိုလက်မှတ်ရေးထိုးခဲ့ သောနိုင်ငံ
၅၀ မှ မျက်မှောက်ကာလတွင်ထူးခြားစွာ နိုင်ငံ ၁၈၀ အထိရှိလာသည်။ သို့ ရာတွင်လူမျိုးစုအများ
အပြားသည်နိုင်ငံမဲ့ဘဘဝတွင်ရှိနေဆဲဗဖြစ်သည်။ကမ္ဘာ ပေါ်တွင်ဘာသာစကား ၆,၀၀၀ ပြောကြား
သောအုပ်စုများရှိသော်လည်း အုပ်စုအများအပြားသည်နိုင်ငံရလိုသောဆန္ဒရှိနေကြဆဲဖြစ်သည်။

အနောက်ဥရောပတွင်နိုင်ငံမဲ့ လူမျိုးစုများဆက်လက်ရှိနေသေးသော်လည်းအရေအတွက်အားဖြင့်
နဲပါးသည်။အရှေ့ ဥရောပနှင့် ယခင်ဆိုဗိယက်ပြည်ထောင်စုတွင်မူ ပြသနာမှာပို၍ကြီးမားသည်။
အဘယ်ကြောင့်လဆိုသော်နိုင်ငံအဖြစ်သို့ ကူးပြောင်းမှုဖြစ်ရပ်သည်များပြားသော်လည်းပြီးပြည့် စုံ
ခြင်းသို့ မရောက်ရှိသေးသောကြောင့် ဖြစ်သည်။ နိုင်ငံမဲ့ လူမျိုးစုအများအပြားကိုယခင်ဆိုဗိယက်ပြည်
ထောင်စုတွင်တွေ့ ရှိရသည်။ ယင်းဒေသတွင်လူမျိုးစု ၈၉ စုမှာမူနိုင်ငံမဲ့ ဖြစ်နေကြဆဲဖြစ်သည်။နိုင်ငံ
မဲ့ လူမျိုးစုအရေအတွက်သည် ယခင်ဆိုဗိယက်ပြည်ထောင်စုရှိ လူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း
ခန့် ရှိသည်။

လူမျိုးစုအများဆုံးသည်နိုင်ငံအဖြစ်ထူထောင်နိုင်ရန်အလားအလာမရှိသေးပေ။ ဥပမာအားဖြင့် ဂျူး
များဖြစ်သည်။ အလားတူပင် တာတာ ( Tatars ) ခြေချင် ( Chechen ) အင်ဂွပ်ရှ် ( Ingush ) နှင့်
အိုဆက်ရှင်း ( Ossetians ) တို့ သည်လည်း အလားတူအခြေအနေမျိုးတွင်ရှိနေသည်။ ယင်းလူမျိုး
စုများ၏နိုင်ငံထူထောင်ရန်ကြိုးပမ်းမှုသည်အနာဂတ်ပဋိပက္ခများကိုဖန်တီးနိုင်ပေသည်။

အခြားနိုင်ငံများသို့ ထွက်ခွာခြင်းအပေါ်သဘောထား
အမျိုးသားလူမျိုးစုများအားလုံး သို့ မဟုတ် တစ်စိတ်တစ်ပိုင်းအား အမျိုးသားနိုင်ငံ ( National
State ) သို့ ထည့် သွင်းသင့် သည်ဟူသော အမျိုးသားရေးဝါဒသဘောတရား ( Nationalism
Ideology ) သည်မှန်ကန်သည်ဟုမှတ်ယူနိုင်ပြီလားဟုမေးခွန်းထုတ်စရာပေါ်လာသည်။ အကယ်၍
တစ်မျိုးသားလုံးကိုပေါင်းစည်းလိုက်လျှင် လူဝင်မှု ( Immigration ) ကိုခွင့် ပြုခြင်းဖြင့် ပြီးပြည့် စုံပြီ
လားဟူသောမေးခွန်းလည်းထပ်မံပေါ်ပေါက်လာပြန်သည်။

အထက်ပါမေးခွန်းများက အမျိုးသားရေးဝါဒ သုံးမျိုးသုံးစားဖြစ်သောနိုင်ငံကိုစွန့် ခွာလာသူများအား
လက်ခံခြင်း ( Diasporaaccepting ) လူဝင်မှုကိုလက်ခံခြင်း ( Immigrationist ) နှင့် နိုင်ငံကိုစွန့်
ခွာလာသူများအား သိမ်းသွင်းခြင်း ( Diadpora-annexing ) များအကြားခြားနားမှုရှိကြောင်းညွှန်ပြ
နေသည်။

အချို့ သော အမျိုးသားရေး ဝါဒများ ဥပမာ ( Diaspora- Accepting ) အမျိုးအစားသည်တစ်စိတ်
တစ်ပိုင်းပေါင်းစည်းခြင်း ( Partial Union ) ဖြင့် ကျေနပ်သည်။ ဥပမာ- တရုတ်အမျိုးသားရေးဝါဒပုံ
စံမျိုးဖြစ်သည်။ ယင်းကဲ့ သို့ သောအမျိုးသားရေးဝါဒသည် ဒုက္ခပေးမှုအနည်းဆုံးဖြစ်သည်။အဘယ့်
ကြောင့် ဆိုသော်အိမ်နီးချင်းများအပေါ် နယ်မြေဆိုင်ရာတောင်းဆိုမှုနည်းသောကြောင့် ဖြစ်သည်။
အချို့ သောအမျိုးသားရေးဝါဒများဖြစ်သောလူဝင်မှုကိုလက်ခံသော ( Immigratimist Type ) ပုံစံ
မျိုးသည်လည်းနိုင်ငံကိုစွန့် ခွာလာသူများနှင့် ပေါင်းစည်းခြင်းကိုကျေနပ်သည်။ ဥပမာ ဂျာမန်အမျိုး
သားရေးဝါဒ ( German Nationalism ) နှင့် ဇိုင်ယွန်းနစ်အမျိုးသားရေးဝါဒ ( Zionist Jewish Nationalism ) ပုံစံမျိုးဖြစ်သည်။ယင်းကဲ့ သို့သောပုံစံမျိုးသည် သြနာဖြေရှင်းမှုကိုလွယ်ကူစေသည်။

နောက်ဆုံးအမျိုးသားရေးဖြစ်သော အမျိုးသားရေးဝါဒပုံစံသည်နိုင်ငံစွန့် ခွာလာသူများအားနယ်မြေ
ချဲ့ ထွင်ခြင်းဖြင့် ပေါင်းစည်းရန်ကြိုးပမ်းလေ့ ရှိသည်။ ဥပမာ ၁၉၁၄ ခုနှစ်မတိုင်မီကဂျာမန်အမျိုးသား
ရေးကောင်းစားရေးဝါဒ ( Pan-Gerlmanism ) နှင့် လက်ရှိဆာဗ်အမျိုးသားကောင်းစားရေးဝါဒ
( Pan-Serbianism ) ပုံစံမျိုးဖြစ်သည်။ယင်းကဲ့ သို့ သောနိုင်ငံစွန့ှ် ခွာလာသူများအားသိမ်းသွင်းသည့်
အမျိုးသားရေးဝါဒသည် အန္တရယ်အရှိဆုံးသော အမျိုးသားရေးဝါဒပုံစံဖြစ်သည်။အဘယ်ကြောင့် ဆို
သော်ယင်းအမျိုးသားရေးဝါဒပုံစံ၏ရည်မှန်းချက်နှင့် နည်းဗျူဟာများသည်အခြားသောဒေသများနှင့်
နယ်မြေဆိုင်ရာ ပဋိပက္ခ များအကြီးအကျယ်ဖြစ်ပွားစေသောကြောင့် ဖြစ်သည်။သာဓကအားဖြင့်ယ
ခင်ဆိုဗိယက်ပြည်ထောင်စုတွင်စစ်ပွဲပေါ်ပေါက်လာခြင်းသည်ရုရှအမျိုးသားကောင်းစားရေးဝါဒဖြစ်
ထွန်းလာမည်ကိုစိုးရိမ်သောကြောင့် ဖြစ်သည်။ယင်းဝါဒပေါ်ပေါက်လာပါကရုရှားပြည်ထောင်စုမဟုတ်
သောဒေသများတွင်နေထိုင်ကြသောရုရှားနိုင်ငံအားစွန့် ခွာလာသူများအင်အားသုံး၍ပြန်လည်ပေါင်း
စည်းရန်ကြိုးပမ်းလာနိုင်သည်။ရုရှားနိုင်ငံကိုစွန့် ခွာလာသူများတွင် ရုရှားလူမျိုး ၂၄ သန်းပါဝင်သည်
ယင်းလူဦးရေသည်ရုရှားလူမျိုးအားလုံး၏ ၁၇ % ဖြစ်သည်။ ဤကဲ့သို့သောဖြစ်ရပ်သည်ရုရှားအမျိုး
သားရေးဝါဒအနေဖြင့် နိုင်ငံကိုစွန့် ခွာလာသူများအားလက်ခံခြင်း သို့မဟုတ် အင်အားသုံး၍ သိမ်း
သွင်းရန်ကြိုးပမ်းမှုတို့ အပေါ်တွင် မူတည်နေသည်။

ကျမ်းကိုး
၁။ Nationalism and Ethnic Conflict, MIT Press,
၂။ John HoHman, Paul Graham, Introduction of Political Theory,

ရနံ့ သစ် မဂ္ဂဇင်း ဇွန် ၂၀၁၃
— with Thanda Win and 4 others.

“ပလက်ဖောင်းမင်းသား”

by Soe Min (Notes) on Wednesday, June 5, 2013 at 3:28am
          ကာလကတ္တားကို ရောက်ခဲ့တုန်းက ပဘက်ဖောင်းပေါ်မှာ ကြက်တွေငှက်တွေ အိပ်တန်းဝင်သလို နေထိုင်စားသောက်ကြတဲ့ သူတို့ဆီက လမ်းဘေးလူတန်းစားတွေကို တွေ့လိုက်ရတဲ့အခါ မှိုချိုးမျှစ်ချိုး မဟုတ်သော်ငြား တအံ့တသြ ရေးခဲ့မိတာ ခုချိန်မှာတော့ နောင်တရမိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ့်ဆီမှာ အဲသလို လူတန်းစားတွေ လက်ညှိုးထိုး မလွဲအောင် တွေ့လာ ရပြီကိုး။ ဝေးဝေးသွားကြည့်စရာကို မလိုဘူး။ ကိုယ့်ဆေးရုံရှေ့ကပလက်ဖောင်းပေါ်မှာ မိသားစုပေါင်းများစွာ ခိုမှီဝမ်းကျောင်းနေကြတာ ၀င်ပေါက်ထွက်ပေါက်တောင် မကျန်ချင်တော့ဘူး။ ၂၄/၇ ပတ်လည်အောင် ဆိုင်ကလေးတွေခင်းလို့ ရောင်းဝယ်ဖောက်ကား လုပ်ကိုင်စားနေကြတာ စည်ပင်က လာရှင်းလည်းမရ။ ရဲ နဲ့ မောင်းထုတ်လည်း မရ။ ပစ္စည်းတွေ သိမ်းလိုက်ရင် ခွေးချေနဲ့ ကောက်ရိုက်ဖို့ ရွယ်ကြတယ်။
အပြင်ကမောင်းလိုက်ရင် အထဲကိုရောက်လာတယ်။ အထဲက ထုတ်လိုက်ရင် အပြင်ကိုထွက်သွားတယ်။ ခြံစည်းရိုးကလေး ဟိုဘက်ကိုကူးလိုက် သည်ဘက်ကို ကူးလိုက်နဲ့ ညောင်ပင်တစ္ဆေ ဝေလေလေ ကစားသလို နေကြတဲ့ အဲသည်လူတွေဟာ မြစ်ဝကျွန်းပေါ်ရွာကလေးတွေဆီက နေစရာအိမ်ကလေးတွေပါ ရောင်းချရင်းနှီးပြီး ရန်ကုန်ပလက်ဖောင်းပေါ်ကို အသက်မွေးဝမ်းကျောင်းဖို့ မလွှဲမရှောင်သာ ရောက်လာကြရတယ်ဆိုတော့ သနားစရာကောင်းတယ်ဆိုပေမယ့် ခွင့်ပြုလက်ခံထားဖို့ မသင့်တော်တာလည်း အမှန်ပါ။ (အမယ် သူ့ဆီ ဘယ်သူက လာခွင့်တောင်းတာကျလို့) အဲသည်ပလက်ဖောင်းပေါ်မှာစား၊ အဲသည်ပလက်ဖောင်းပေါ်မှာ အိပ်ပြီး ကလေးပေါက်စနလေးတွေကို သစ်ပင်ခွကြား ပုခက်ဆင်တဲ့သူဆင်၊ ကားပါကင်အောက် ခြင်ထောင်ကလေးနဲ့ သိပ်လိုသိပ်၊ တစ်နေ့တစ်နေ့ ရိုက်နှက် အော်ဟစ် ရန်ဖြစ်နေကြတာကလည်း မရိုးနိုင်အောင်ပါပဲ။ လွယ်ရင်လွယ်သလို ယိုအီးအလေး မောင်ပန်းမွှေး လုပ်ကြတာကလည်း အဲသည်အနားတင်မို့ တောကျောင်းဘုန်းကြီးတောင် မမြင်ချင်ယောင်ဆောင်နေရတယ်။ စွန့်ပစ်ပစ္စည်းတွေက မနက်လင်းတိုင်း သုတ်သင်လို့ မနိုင်အောင် ရှိတာဆိုတော့ မြန်မာပြည်မှာ အကြီးဆုံး ကျန်းမာရေးအဆောက်အဦကြီးကို လာလှောင်နေသလို ရှိပေမယ်။

               အိန္ဒိယမှာဆို မနက်လင်းတာနဲ့ လမ်းထောင့်က အများသုံးအိမ်သာကလေးတွေမှာ လူတန်းရှည်ကြီး တန်းစီနေတာ၊ တမာရိုးတံပူချောင်းကလေးတွေ ၀ါးရင်း ပလက်ဖောင်းပေါ် ခြေတဘက်တင် ဆာရီစကလေး မသိမသာမလို့ လူစည်ရာတင်ရမ်းလုပ်နေတဲ့ တိတ်တိတ်ပေါက် အမယ်အိုကြီးတွေ၊ မြို့တော်ဝန်က ဂရံထုတ်ပေးထားသည့်အလား ကျောတခင်းစာ မြေမွေ့ယာကလေးကို ဂျပ်ဖာဘူးတောင်းများနဲ့ အကွယ်အကာလုပ်နေကြသူများ၊ ငှက်ပျောသီးပုပ်၊ ပန်းသီးပုပ်ကလေးတွေကို တစိတ်ကောင်းကောင်း တခြမ်းကောင်းကောင်း၊ အကောင်းလေးတွေ ရအောင်လှီးပြီး စားချင့်စဖွယ်ရောင်းတဲ့ဆိုင်ကလေးတွေ၊ ဟောင်းနွမ်းနေပေမယ့် သေသေချာချာ လျှော်ဖွပ်ထားပြီးသား ဘေထုပ်အထည် တောင်ပုံရာပုံတွေကို မြင်ခဲ့တုန်းက မွန်ဘိုင်းမှာရိုက်တဲ့ အော်စကာရုပ်ရှင်ကားကြီး ကြည့်ရသလို ဟိုမှာကျန်း သည်မှာကျန်း နဲ့ သူများကိုလက်ညှိုးတထိုးထိုးလုပ်ခဲ့မိတာ ခုတော့ ကိုယ့်ဆီမှာလည်း လာမိရော ရှက်လိုက်တာ မျက်နှာဘယ်နား သွားဖွက်ထားရမှန်းတောင် မသိဘူး။

            အဲဒီလူတွေဟာ မွေးရပ်မြေမှာ အခြေပျက်သွားလို့ တ၀မ်းတခါးကို ရရာအလုပ်နဲ့ ကျောင်းဖို့ မြို့တက်လာကြတာပါတဲ့။ (သူတို့ကို သွားမေးရင်တော့ တောမှာ လယ်ယာမြေတွေ မတရားအသိမ်းခံရလို့ စားစရာမရှိလို့ မြို့တက်လာတာပါ လို့ ပြောလိမ့်မယ်။ ဘယ်သူက သင်ပေးထားလေတယ် မသိ)။ ဘာဖြစ်လို့ ဆေးရုံပတ်လည် လာခိုရသလဲဆိုတော့ ရေမကြည်သော်လည်းပဲ မြက်နုလို့ ဖြစ်မှာပေါ့လေ။ ကိုယ့်လူနာဆောင်တစ်ဆောင်တည်းနဲ့တင် တစ်ရာပတ်ဝန်းကျင်လူနာများ တက်ဆင်း မပြတ်ရှိနေတာဆိုတော့ ဆေးရုံတစ်ရုံလုံးပေါင်းလိုက်ရင် လူ လေးငါးထောင် ပျော့ပျော့တော့ ရှိလိမ့်မယ်။ လူနာစောင့်တွေနဲ့ဆို နေ့စဉ် အဲသည်ဆေးရုံဝင်းထဲမှာ လူတစ်သောင်းလောက် တည်းနေကြတယ်။ အဲသည်လူတွေအတွက် နေ့တိုင်းဝယ်ဖို့လိုအပ်တာတွေရှိတယ်။
ရေသန့်ဗူး၊ တစ်သျှူးစက္ကူ က စလို့၊ အပေါ့အိုး အလေးအိုး ရေခွက်၊ ဆပ်ပြာ ဘာမဆို ဆေးရုံအောက်ဆင်းလိုက်ရုံနဲ့ ၀ယ်လို့ရအောင် ရောင်းပေးတယ်။ ထမင်း၊ ဟင်း၊ လက်ဘက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းယာကလည်း မ၀ယ်မဖြစ် အခေါက်ခေါက်အခါခါ ဆင်းဝယ်ရတဲ့ ပစ္စည်းတွေပဲ မဟုတ်လား။ ဆေးရုံပေါ် လူနာကြီးတန်းလန်းနဲ့ လေဟာပြင် တရုတ်တန်းထိလည်း သွားမ၀ယ်နိုင်ကြဘူး။ သူတို့ဈေးကွက်ကြီးကလည်း တကယ်တော့ လိုအပ်ချက်အရ ပေါ်လာရတာပဲပေါ့။ ၂၄နာရီရောင်းတဲ့ အလင်းဆိုင်မို့လို့ အိမ်ပြန်စရာမရှိတဲ့အတူတူ အဲဒီနေရာတင် အလှည့်နဲ့အိပ် အလှည့်နဲ့စားပြီး စီးပွားရှာကြတာ သူဌေးဖြစ်ဖို့တော့ မဟုတ်ပါဘူး။ ထမင်းနပ်မှန်ရုံကလေးပဲ ရှိတာပါ။ ပရာဒိုကြီးနဲ့ ဆေးရုံလာတဲ့ ဆရာဝန်ကြီးတွေ နားလည်နိုင်ဖို့ခက်တဲ့ တောကတက်လာသူ ဆင်းရဲသားလူနာများရဲ့ ခံစားချက်ကို အချင်းချင်း ဝေမျှနားထောင် အကြံပေးစာနာသူများလည်းဖြစ်တယ်။

             မြို့တော်ကြီးက အဆင့်မြင့်လာတဲ့အခါ သူတို့လိုပျံကျဈေးသည်များဟာ အရင်တုန်းက ရောင်းခဲ့တဲ့ လေဟာပြင်၊ စကော့ဈေးဆိုတဲ့ အဆင့်မြင့်ဈေးကြီးတွေနားကို မကပ်နိုင်တော့ဘူး။ ၀ယ်သူတွေဘက်ကလည်း သူတို့လိုချင်တဲ့ တိုလီမုတ်စကလေးတွေအတွက်နဲ့ စူပါမားကက်ကြီးတွေ တက်တက်ဝယ်ရမှာ အဆင်မပြေဘူး။ ဒါကြောင့် သူ့ဘာသူ ရောင်းသူဝယ်သူ အသံတူနေတဲ့အထဲမှာ ဆေးရုံကဆရာဝန်တွေက ငထွားခါးနာ ပါစရာမလိုဘူး လို့ ထင်လိမ့်မယ်။ သို့သော်လည်း မပါလို့ မရတာက အဓိက သန့်ရှင်းရေးပိုင်းမှာပါ။ ငါးတကာယိုသမျှချေးကျုံးဖို့ ဘယ်ပုဇွန်ဆိတ်ကိုမှ ခန့်ထားတာ မရှိဘူး။ နေ့တိုင်းတက်ဆင်းနေရတဲ့ ဆေးရုံကြီးအလယ်က ခရုပတ်လှေကားကြီးမှာ ကွမ်းတံတွေးကွက်တွေက တစ်နေ့နှစ်ခါချွတ်လို့လည်း မကုန်ဘူး။ လစ်တာနဲ့ အမှိုက်ထုပ်ကလေးတွေ ပြန်ပြန်ရောက်လာတယ်။ ပြီးကျ အဲသည် လှေကားပတ်ပတ်လည်ပဲ လူနာစောင့်တွေက အခင်းလေးတွေနဲ့ ထိုင်ကြအိပ်ကြတယ်။ ဆေးရုံကအလုပ်သမားတွေ အ၀င်တစ်ရာအထွက်တစ်ရာလို့သာ ရေးကြပြောကြတာ။ သူတို့လုပ်နေတဲ့ သန့်ရှင်းရေး တစ်ရက်ကလေး ပျက်ကွက်သွားတာနဲ့ မြင်မကောင်းရှုမကောင်း ဖြစ်လာတာ။ ကွမ်းတံတွေးထွေး၊ အမှိုက်ပစ်၊ အပေါ့အလေး ကြုံသလိုစွန့်တဲ့ အကျင့်ဟာ ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ အမျိုးသားရေးစရိုက်လက္ခဏာလား မသိပါဘူး။

              ကာလကတ္တားမြို့ပေါ်မှာတော့ အဲသလို တောကနေတက်လာပြီး ပလက်ဖောင်းအခြေချ လူတန်းစား သန်းပေါင်းများစွာ ရှိတာမို့ ရွေးကောက်ပွဲတွေကျရင် အင်မတန်အားထားရတဲ့ မဲဆန္ဒရှင် ပြည်သူလူထုကြီး အဖြစ်နဲ့ ဘယ်နိုင်ငံရေးသမားကမှ လက်လွတ်စပယ် မပြုရဲပဲ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်က သူတို့နဲ့တသားတည်း ၀တ်ဆင်စားသောက် နေထိုင်ပြတဲ့အထိ အလေးထား ဆက်ဆံကြရပါတယ်။ မနက်လင်းလို့ ကိုယ့်အိပ်ယာကလေး ကိုယ်ခေါက်သိမ်းပြီး အသီးသီး လုပ်ငန်းခွင်ဝင်ကုန်ကြတဲ့အခါ စည်ပင်ဝန်ထမ်းတွေက ကြွင်းကျန်ရစ်သမျှ အညစ်အကြေးတွေကို လှဲကျင်းရှင်းလင်းပြီး Bleaching Powder လိုမျိုး အဖြူရောင် အမှုန့်တွေနဲ့ လိုက်ဖျန်း၊ ရေတွေနဲ့လောင်းဆေး လုပ်ကြတယ်။ ဒါကြောင့် ကိုယ့်ဆီမှာလို ယင်တလောင်းလောင်း မရှိဘူး။ လမ်းလေးကလူတွေ ခြင်ထောင်မပါပဲ အိပ်နိုင်တယ်။ သူတို့တွေက လမ်းဘေးမှာနေကြတယ်ဆိုပေမယ့် တောင်းရမ်းစားသောက်နေသူတွေချည့်ပဲတော့ မဟုတ်ဘူး။ အသက်မွေးဝမ်းကျောင်း တစ်ခုခုတော့ ရှိတယ်။ ဖိနပ်ချုပ်တဲ့သူ၊ သော့ပြင်တဲ့သူ၊ အိမ်သာပိုက်ပြင်တဲ့သူ၊ ကူလီထမ်း၊ လန်ချားဆွဲ အားလုံး မိုးလင်းတာနဲ့ အလုပ်ခွင်ဝင်ကြတယ်။ အိန္ဒိယရုပ်သံကလွှင့်တဲ့ ကြော်ငြာကလေးတစ်ခု တော်တော်ကောင်းပါတယ်။ မိုးကလေးဖွဲဖွဲကျလာလို့ ထီးကလေးတွေဖွင့်ဆောင်းကြ၊ အရိပ်ကလေးတွေအောက် ပြေးဝင်ကြလုပ်နေကြတဲ့ မာမူကြီးတွေ၊ ဘာဘူလေးတွေဟာ ခပ်လှမ်းလှမ်းက ပျံ့လွင့်လာတဲ့ နိုင်ငံတော်သီချင်းသံကလေးလည်း ကြားရော အားလုံး ငြိမ်ငြိမ်ကလေး မတ်တပ်ရပ်နေလိုက်တဲ့အထဲမှာ ပိုက်ဆံတောင်းနေတဲ့ ခြေတဘက်ပြတ် ကုလားအဘိုးကြီးတောင်ပါတယ်။ ကျောင်းဝတ်စုံနဲ့ ကလေးလေးတွေလည်းပါတယ်။ သီချင်းသံမဆုံးမချင်း Pause နှိပ်ထားသလို ရပ်သွားတာကလေးကို ပြတာပါ။ Mother India ကို လူတိုင်းလေးစားရမတဲ့။

             တကယ်တော့ ကိုယ့်ဆီကလူတွေလည်းပဲ လမ်းဘေးနေ လမ်းဘေးစားတယ်ဆိုသော်ငြား နိုင်ငံ့ဂုဏ်သိက္ခာကိုထောက်သောအားဖြင့် စည်းကမ်းတကျ နေထိုင်စားသောက်တဲ့ အမူအကျင့်ကလေးတွေ လုပ်ပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ် ထင်ပါတယ်။ ငွေကုန်ကြေးကျလည်း မများပါဘူး။ တရုတ်တန်းက ဆိုင်ကလေးတွေကို လိုက်ကြည့်လိုက်တဲ့အခါ လမ်းဘေးဈေးရောင်းတာချင်းအတူတူ သူတို့က ပိုစံနစ်ကျတာ တွေ့ရပါတယ်။ သူတို့ကျတော့ ညပိုင်းကလေးပဲ သန်းခေါင်ညဥ့်နက်အောင် ရောင်းရတာ။ နေ့ဘက်ဆို ဆိုင်တောင် ခင်းမထားဘူး။ တစ်ယောက်အိပ်ကုတင်တစ်လုံးစာလောက်ပဲ ရှိတဲ့ လှေကားခွင်ကလေးမှာ နံရံကပ်ဘီဒိုလေး နှစ်လုံးလောက်နဲ့ နေ့ဘက်မှာ ကားဝပ်ရှော့ကလေးတစ်ခု ဖြစ်နေတယ်။ ပလက်ဖောင်းပေါ်မှာ ပလပ်စတစ်ခွေးချေပုကလေးနဲ့ ထီးရောင်စုံလေးတစ်ချောင်းပဲ ဖွင့်ထားတယ်။ တနေကုန် ကားပြင်တယ်။ ညနေတော်တော်စောင်းတော့ ကလေးမလေး နှစ်ယောက်သုံးယောက် ဆင်းလာပြီး ပလက်ဖောင်းပေါ်ရပ်ထားတဲ့ ပစ်ကပ်ခေါင်းရှည်ကားတစ်စီးကို နောက်ဘက်က သံတံခါးကလေးဖွင့်ပြီး အထဲကဟာတွေထုတ်လိုက်တော့ ခေါက်စားပွဲဆယ်လုံး နဲ့ ကုလားထိုင်တွေ တထပ်ကြီး ထွက်လာပါတယ်။ ရပ်ထားတဲ့ကားနဲ့ အပြည့်ရှိတာက ပလပ်စတစ်စည်ပိုင်းပြတ်ကလေးတွေ၊ မီးဖို နဲ့ အိုးခွက်ပန်းကန်တွေ။ မျက်လှည့်ဆရာဦးထုပ်ထဲက ဆွဲထုတ်သလို ထုတ်လာပါတယ်။ လှေကားထောင့်မှာ မှီထားတဲ့ အလျူမီနီယံအချောင်းရှည်ရှည် အစည်းလိုက်ထုတ်လာပြီး ဖြန့်ထုတ်လိုက်တဲ့အခါ လေးထောင့်ပုံ ရွက်ဖျင်တဲအမိုးလေးတွေ ရလာပါတယ်။ မျက်စိအောက်မှာတင် ခင်းလိုက်ဖြန့်လိုက်တော့ ဥုံဖွမမန်းပဲ ဈေးဆိုင်ရုပ်ထွက်လာတယ်။ ဆယ်နှစ်ဝန်းကျင်ကလေးမလေး သုံးယောက် ဇယ်ဆက်သလို မီးမွှေး ခုံခင်း၊ ရေသွယ်၊ မီးဆင် လုပ်လိုက်ကြတာ နာရီဝက်လောက်ဆို ဘာမှမရှိတဲ့နေရာမှာ ဈေးဆိုင်ကြီးတစ်ဆိုင် ပေါ်လာရော။ ၀ါးလုံးအကျိုးကလေး အုတ်ခဲအကျိုးကလေးကစ လို့ သူ့နေရာနဲ့သူ မှတ်မှတ်သားသား နေရာတကျ ထားသိုသွားတာမို့ သိမ်းတဲ့အခါမှာလည်း အဲသလိုပဲ စံနစ်တကျ သိမ်းလိမ့်မယ်မှန်း သိသာပါတယ်။ တစ်ညလုံးဈေးရောင်းပြီး လင်းခါနီးရင် လက်စလက်နမကျန်အောင် ဆေးကြောသိမ်းတည်းပြီးအိပ်မှ နောက်တနေ့မနက်ကျ အဲဒီနေရာ ကားဝပ်ရှော့ကလေး ပြန်ဖြစ်မှာပေါ့။ ရပ်ထားတဲ့ကားကလေးက စတိုခန်းလည်းဖြစ်တယ်။ ညနေဆိုင်ဖွင့်ဖို့ နေရာဦးထားပြီးသားလည်း ရတယ်။ အဲသလို စည်းကမ်းတကျ လုပ်ခြင်းအားဖြင့် သူတို့လည်း အဆင်ပြေ သူများကိုလည်း အနှောက်အယှက် မဖြစ်ပါဘူး။

              ရန်ကုန်မြို့ထဲမှာ နေရာအနှံ့အပြားရှိတဲ့ ပလက်ဖောင်းဈေးဆိုင်များကတော့ သူတို့လို မဟုတ်ပါဘူး။ စည်ပင်လစ်ရင်လစ်သလို မနက်ကတည်းက ဖွင့်မယ်။ တနေကုန်ဖွထားတဲ့အမှိုက်ကို ညကျတော့ သည်အတိုင်းထားခဲ့တယ်။ အိုးခွက်ပန်းကန် ပစ္စည်းပစ္စယတွေကို လက်တွန်းလှည်းကြီးနဲ့ တိုက်လာမယ်။ ဆိုင်ခင်းနေရင် ကားလမ်းပိတ်နေလို့လည်း ဖယ်မပေးချင်ဘူး။ ပန်းကန်ခွက်ရောက် ဆေးကြောဖို့ ရေတောင်မှ ဆိုင်လူကျနေရင် သွားမခပ်နိုင်ဘူး။ ဖြစ်သလို ပြောင်အောင်လုပ်လိုက်တယ်။ လူသွားလမ်း ပလက်ဖောင်းပေါ်တင် အားမရလို့ ကားလမ်းမပေါ်ထိအောင် ခုံတွေချပြီး နယ်ကိုရသလောက်လည်း ချဲ့ယူချင်သေးတယ်။ တစ်ဝမ်းတစ်ခါး စီးပွားရှာစားတာကို နားလည်နိုင်ပေမယ့် ဘေးပတ်ဝန်းကျင် အားနာတဲ့စိတ်ကလေးနဲ့ စည်းကမ်းကလေးထားရင် ဘယ်လောက်ကောင်းမလဲ။

           သူတို့ဟာသူတို့ သမုဒ္ဒရာ ၀မ်းတစ်ထွာကို ပင်ပန်းကြီးစွာ ရှာဖွေရုန်းကန်နေရတာကို စာနာသနားမိပေမယ့် သည်အတိုင်း ပစ်မထားသင့်တဲ့အချက်ကတော့ လမ်းပေါ်မှာရောက်နေတဲ့ သူတို့သားသမီးလေးတွေပါ။ ကျောင်းဝတ်စုံကလေးတွေနဲ့ တချို့တွေ့မိပေမယ့် ကျောင်းတက်ဖို့ဝတ်ထားတာ မဟုတ်ပါဘူး။ သူများအကျ ရရာကို ၀တ်ထားရတာပါ။ မျက်စိအောက်မှာမြင်နေရတဲ့ လသာ(၁)၊ လသာ(၂)ဆိုတဲ့ ကျောင်းတော်မဟာကြီးတွေဟာ သူတို့သားသမီးတွေကို ကျောင်းအပ်နိုင်လောက်တဲ့အစား မဟုတ်ပါဘူး။ အိမ်ထောင်စုဇယားနဲ့ နေရပ်လိပ်စာမှာတင် ပွဲကပြတ်နေပြီ။ ပျံကျကလေးတွေ တက်ဖို့ကျောင်းဆိုတာ ရန်ကုန်ရွှေမြို့တော်ကြီးမှာ ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။ သူတို့အားလုံးမှာ မနက်ဖြန်ဆိုတာ မရှိပါဘူး။ သည်ညနေ စားစရာရှိနေသေးရင် လောကကြီးက ပြီးပြည့်စုံပါတယ်။ သူတို့ကို မြင်လိုက်မှပဲ ဘင်္ဂါလီတွေ သားဆက်ခြားဖို့ တို့အရေးလုပ်နေတဲ့သူတွေကို တော်တော်ရယ်ချင်သွားပါတယ်။ သားဆက်ခြားတယ်ဆိုတာ ကလေးတစ်ယောက်ပဲယူမယ်၊ နှစ်ယောက်ပဲယူမယ်။ စသည်ဖြင့် ကိုယ့်မိသားစုအရေအတွက်ကို လင်မယားနှစ်ဦးသဘောတူ ကန့်သတ်ထားတာပါ။ (လင်မယားကြား ၀င်မပါမိလို့ မုန်းတယ် မုန်းတယ် မုန်းတယ် အမြောက်တစ်သိန်း လုပ်နေကြတာတဲ့) လမ်းပေါ်က လူတွေအတွက်တော့ ဘယ်သူကမှ သားသမီးကို ဘယ်နှစ်ယောက်ယူမယ် ကြိုတွေးထားတာ ရှိမယ် မထင်ပါဘူး။ ငါ့ဝမ်းပူဆာ မနေသာလို့ လစ်ရင်လစ်သလို ကြုံရင်ကြုံသလို နေကြရင်း အမှတ်မထင် ကလေးရသွားကြတာချည့်ပါပဲ။ ကိုယ့်ဝမ်း မသေချာပဲ နောက်ပါးစပ်ပေါက်တစ်ပေါက် ကျွေးဖို့ဆိုတာ ကြိုတော့ တွေးမထားလောက်ပါဘူး။

            ကလေးဘ၀တုန်းက သိခဲတဲ့ သူတို့လို မိသားစုတစ်စု ရှိခဲ့ဖူးပါတယ်။ ယောင်္ကျားက ဆိုက္ကားနင်းတယ်။ မိန်းမက ခေါက်မုန့်ရောင်းတယ်။ ညဘက်အိပ်စရာနေရာကလေး အဆင်ပြေအောင် ညစောင့်အလုပ်လည်း လုပ်တယ်။ သည်လိုပဲ ရရစားစားဘ၀ကနေ စုစုဆောင်းဆောင်း ဖြစ်လာအောင် တော်တော် ရုန်းကန်ခဲ့ကြပါတယ်။ ခေါက်မုန့်သမီးလေး ကြီးလာတော့ ခေါက်ဆွဲဖြစ်လာသလို သားကလေးကလည်း ဆိုက္ကားအမွေပဲ ဆက်ခံပါတယ်။ မိဘလက်ထက်က ရုန်းကန်လာသမျှ သားသမီးတွေလက်ထက်မှာ အခြေတကျနေလို့တော့ ရတာပေါ့။ ဒါပေမယ့် သူ့ကလေးတွေ ရေးတတ်ဖတ်တတ်ပဲ ရပါတယ်။ ပညာတော့ မတတ်ပါဘူး။ ဟဲဟဲ ပညာတတ်တော့လည်း ဘာမှမထူးပါဘူး။ ဘီအေဆိုက္ကားနဲ့ ဘီအက်စီခေါက်ဆွဲပဲ ဖြစ်မယ့်ဟာ။ အလကား အလုပ်ပျက် အကိုင်ပျက်၊ ငွေကုန် အချိန်ကုန် လို့ သဘောထားမလား မသိပါဘူး။ လူ့ဘ၀ဆိုတာ ပြောလို့ရလို့လားဗျ။ စာတိုက်စာရေးကလေးဘ၀ကနေ အာဏာရှင်ကြီး ဖြစ်လာတဲ့သူလည်း ရှိတာပဲ။ ငါးသိုင်းချောင်း လေးမျက်နှာဘက်ကနေ သမ္မတကြီးဖြစ်လာတာလည်း ရှိတာပဲ။ ဘာမဆို ဖြစ်နိုင်တယ် မဟုတ်ဘူးလား။ တစ်ခုပဲ ရှိတယ်။ ပညာမတတ်ရင်တော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ဘ၀လှေကားထစ်တွေ တက်တဲ့နေရာမှာ ပညာရေးသက်သက်နဲ့ ဘယ်ကိုမှ မရောက်ဘူးဆိုပေမယ့် ပညာရေးနဲ့ မစပဲနဲ့လည်း ဘယ်ကိုမှ ရောက်စရာ မရှိပါဘူး။ ဘာမဆိုဖြစ်နိုင်ဖို့အတွက် ပညာရေးလှေကားထစ်ကိုတော့ ပထမခြေလှမ်းနဲ့ တက်ရပါလိမ့်မယ်။

            ဆေးရုံရှေ့က ပလက်ဖောင်းမင်းသားများအတွက် ရဲရော၊ စည်ပင်ရော၊ ဆေးရုံပါ ခေါင်းခဲနေကြပါတယ်။ လောလောဆယ် ထမင်းစားဖို့ရတယ် ဆိုတာကလွဲရင် ဘာကိုမှ မမြင်တတ်မတွေးတတ်တဲ့ သူတို့အတွက် ဘယ်သူကမှလည်း ကယ်တင်ကူညီပေးနိုင်စရာ မရှိပါဘူး။ ရန်ကုန်မြို့မှာ တန်ဖိုးနည်းပါတယ်ဆိုတဲ့ ဆင်ခြေဖုံးကအိမ်ယာတောင် သိန်း၂၀၀ အောက် မလျော့တာ မြို့လယ်ခေါင်က အဲသည်လူတွေအများကြီးကို ဘယ်မှာမှ သွားထားစရာ မရှိပါဘူး။ သည်လိုနဲ့ ပလက်ဖောင်းမျိုးဆက် တစ်ဆက်ကနေ နှစ်ဆက်ဖြစ်လာရင် ရန်ကုန်မြို့ကြီးလည်း ကာလကတ္တား ဘင်္ဂလားနဲ့ တူလာဦးမှာပေါ့။ ပညာမတတ်၊ အသိဥာဏ်နုံနဲ့ပြီး ပိုက်ဆံရရင် ဘာမဆိုလုပ်မယ့် လူငယ်ကလေးတွေ များလာတဲ့အခါ အနာဂတ်ရန်ကုန်ကြီးကလည်း လှပလာဦးမှာ သေချာတာပေါ့နော်။

“ကြယ်ရောင်တွေပျောက်တဲ့ညမှာ အပြင်လောကထဲထွက်လာသူ အဆူအပူခံကာ မှီခိုရာဌာန အိမ်ဆိုပေမယ့် အိမ်ရယ် မမည်တော့ဘူး။ မာကျူရီမီးများအောက်မှာ ကိုယ်အိပ်ထဲလက်နှိုက်ရှာကြည့်။ ငွေရယ်ဆိုလို့ တစ်ဆယ်တန်နဲ့ အကြွေတချို့ ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခု…။”

ဧရာဝတီအင်တာဗျူး ဗိုလ်ချုပ်ကြီးရဲ့အဖြေနဲ့ ဆက်စပ် ဆွေးနွေးဝေဖန်မှု

တော်လှန်ရေး ပြီးဆုံးပြီ
တော်လှန်ရေးသမားတွေနားတော့
တော်လှန်ရမဲ့အချိန် မဟုတ်တော့ဘူး…..

တပ်မတော်အစိုးရ လက်ထပ်မှာ နေရာဌာနအသီးသီးကို ကိုင်တွယ်ရတာနဲ့ အညီ လုံခြုံရေးအမြင်၊ အမိန်နာခံမှု စတဲ့အချက်တွေအပြင် အသက်ခန္တာရင်းနှီး တိုက်ပွဲဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ နေရာရစေချင်တာ၊ ပြန်လယ်စောင့်ရှောက်ချင်တာတွေကြောင့် အရပ်ဘက်အုပ်ချုပ်ရေးဌာန အသီးသီးကို တပ်ကလူတွေ (မိုးကျရွှေကိုယ်) ပို့ပေးခဲ့တယ်လို့ ယူဆတယ်။ အရပ်ဘက် ပညာတပ်လူတန်းစား အတွက်တော့ စိတ်နာစရာကြီးပေါ့။

လက်သီးပုန်းထိုးတဲ့သူနဲ့၊ ပေါ်တင်ကန်တဲ့သူနဲ့၊ အဝေးရောက်ဆဲဆိုသူများနဲ့ စစ်အေးတိုက်ပွဲကြီး နှစ်ပေါင်းများစွာ ဖြစ်ခဲ့တယ်။ ဘောင်ဘီချွတ်များကလည်း စစ်သားစိတ်ရယ် လက်ရှိလုပ်ပိုင်ခွင့်နဲ့ တွယ်ထည့်လိုက်တာ မနည်းမနော။ ပါးနပ်တဲ့ ပညာရှင်ဆိုသူ အရပ်သားများကတော့ ပူးပေါင်းဆောင်ရွက်သွားလိုက်တာ မိုးကျရွှေကိုယ်တွေလည်း WIN သူတို့လည်း WIN ပါပဲ။ မ WIN တာကတော့ တိုင်းပြည်ပေါ့ဗျာ။ အရပ်သား ပညာရှင်များကရော အမှန်တကယ် မလောက်ငှတဲ့ လစာနဲ့ တိုင်းပြည်အကျိုး အားကြိုးမန်တက် လုပ်ပါ့မလား။ ဒါက အုပ်ချုပ်မှုအရည်အသွေး တိုင်းပြည်စီးပွားရေးတွေနဲ့လည်းသက်ဆိုင်မှာပါ။

ဘုန်းကြီးလူထွက်၊ စစ်ထွက် ဘာမှ သုံးမရဘူးတဲ့။ မှန်တဲ့အတိုင်းအတာထိ မှန်ပါတယ်။ သင်ယူတတ်မြောက်၊ ကျင်လယ်တဲ့ ပတ်ဝန်းကျင်မတူတာလည်းပါ ပါတယ်။ စစ်တပ်ဆိုတာ အမိန့်တစ်ခုတည်းနဲ့ အုပ်ချုပ်လို့ရတာမဟုတ်ဘူး။ လူသတ်လက်နက်တွေ၊ ယန္တယားတွေ၊ များပြားတဲ့ အသက်ခန္တာတွေနဲ့ ချီ၊ တိုက်၊ ခံ၊ ခွာ စတဲ့ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကြီးတွေကို သာမန်ပညာတတ်တွေလည်း ဝင်လုပ်လို့မရပါဘူး။ တပ်မတော်ဖက်က ကိုယ်ရည်သွေးပြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ငါသာလျင် ကောင်းတယ်/တော်တယ် ဆိုတဲ့ အမြင်တွေ ပြောင်းလဲပစ်ရပါမယ်။ စစ်တပ်ဝင်လာလို့ နို့မိုဆိုရင် ပညာတတ် ရိုးသားသူတွေလုပ်လိမ့်မယ် လို့ထင်မြင်ယူဆတာ စိတ်ကူးယဉ်ဆန်တယ်လို့ ပဲယုံကြည်တယ်။ စနစ်ကိုသာ ကောင်းအောင်လုပ်ရမှာပါ။

ကိုယ်နဲ့ ကိုယ်လူတွေ မစွမ်းဆောင်နိုင်တဲ့ နေရာ/လုပ်ငန်းတွေမှာ လုပ်ကိုင်/တာဝန်ပေးတာတွေ ရပ်ပစ်ရပါတော့မယ်။ "ငါတို့က အသက်တောင် ပေးခဲ့တာ၊ ငါတို့ ဒီလောက်တော့ ခံစားသင့်တယ်" ဒီလိုလဲ မယူဆသင့်တော့ပါဘူး။ "ဒါဖြင့် ငါ့လူတွေ ဒုက္ခရောက်ရင် ဒီအတိုင်း ထိုင်ကြည့်နေရမှာလား" ဒီလိုလဲ မဟုတ်သေးပါဘူး။ နိုင်ငံတော်အတွက် အလုပ်လုပ်ရင် နိုင်ငံတော်က တာဝန်ယူရမှာပါ။ မျက်လုံး/လက်/ခြေ ဆုံးရှုံးခဲ့ရင် ကျပ်ငွေ သောင်းဂဏန်း ပြဒါန်းထားတဲ့ ခံစားခွင့်တွေကို ပြင်ဆင်ရမယ်။ "ငါတို့က ကြေးစားတပ်မတော် မဟုတ်ဘူး၊ ဒါရလို့ ဒါလုပ်တာမဟုတ်ဘူးကွ" ဒါလဲမှန်ပါတယ်။ တလွဲမာနတွေနဲ့ ကိုယ်ကာကွယ်စောင့်ရှောက် ဦးဆောင်ရတဲ့ အဖွဲ့အစည်းကို မနှစ်သင့်ဘူး။

ဧရာဝတီနဲ့ အင်တာဗျူးမှာ တပ်မတော်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်သွားမယ်လို့ ဆိုတယ်။ တပ်တွင်းစိုက်/မွေး တွေလုပ်မယ်။ နိုင်ငံတော်အပေါ် ဝန်မပိအောင် လုပ်မယ်လို့ ပြောတယ်။ (စကားချပ်။ ။ငါ့ထမင်း ငါ့စားပြီး ကာကွယ် ပေးနေတာ ဆိုတဲ့ သဘော သက်ရောက်ပါတယ်။) တစ်ခုလုံးခြုံကြည့်ရင် ဖြေသွားတာကောင်းပေမယ့် တပ်မတော်က နိုင်ငံတော်ကို ကာကွယ်ရင် နိုင်ငံတော်အပေါ်မှာပဲ မှီခိုရမယ်။ နိုင်ငံတော်ကလည်း ကာကွယ်ရေးဖက်မှာ တပ်မတော်ကို အားကိုးရမယ်။ အပြန်အလှန် စောင့်ရှောက်မှု၊ အားကိုးမှုမရှိရင် ချစ်ကြည်ရင်းနှီးမှု ကြာကြာမတည်ဆောက်နိုင်ဘူး။ တပ်မတော်ဟာ တိုင်းပြည်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာနဲ့ ကိုယ့်ဝမ်းစာ ကိုယ်ရှာမယ်ဆိုတဲ့ သဘောဟာ ပရောဖက်ရှင်နယ် တပ်မတော် မဖြစ်စေပဲ ဂျပန်မေဂျီခေတ် တပ်မတော်လို၊ မြန်မာဘုရင်လက်ထပ်က စစ်ချီလိုက်၊ လယ်ပြန်စိုက်လိုက် တပ်တော်တွေလို ဖြစ်သွားစေပါတယ်။ တိုင်းပြည်က ဒီမိုကရေစီစနစ်နဲ့ ဆက်သွား၊ ငါတို့က ဆိုရှယ်လစ်ပုံစံနဲ့ ဆက်နေဦးမယ် တစ်အုပ်/တစ်မ၊ ဆယ်မျိုး/ဆယ်ဘောင် တွေနဲ့ ပင်ပန်းနေတဲ့ တပ်မတော်သားတွေဟာ ခေတ်မီ ယန္တယားကြီးတွေ၊ စစ်လေယာဉ်/ရေယာဉ်တွေ ထိန်းသိမ်း/မောင်နှင်၊ တိုက်ချွတ်၊ တိုက်ပွဲဝင်ပြီး အပြန်မှာ မြေရှင်ပဒေသရာဇ် ခေတ်ကလို စိုက်/မွေးခြံထဲ ဆင်းသွားတာဟာ ပိုးပုဆိုးနဲ့ နောက်ဖေးစီးဖိနပ် တွဲဝတ် ပွဲတက်သလို ဘယ်လိုမှ မလိုက်ဖက်ပါဘူး။ အမေရိကန်လို ခေတ်မီတပ်မတော်တွေမှာ အရာရှိ/စစ်သည်တွေ စိုက်/မွေး လုပ်ချင် လုပ်ကြပါလိမ့်မယ်။ ဒါဟာ သူတို့ Politic ကြောင့် လုပ်တာမဟုတ်ဘူး။ Moral အရ လုပ်ကြတာဘဲ ဖြစ်မယ်။ ကျွန်တော်တို့ ငယ်ငယ် တပ်လိုင်းခန်းမှာ ဆယ်မျိုး/ဆယ်ဘောင်/ဆယ်ကောင် မကဘူး၊ ညီအစ်ကိုတွေ လုပ်လိုက်ကြတာ Moral ကြောင့်ရယ် ပါးစပ်ပေါက်တွေများတာရယ်ကြောင့်ဘဲ။

ဘာရှာလား ဘာဂျာခေါ်လားတော့ မသိ၊ ဝါးထရံ ဓနိမိုး ခနော်ခနဲ့ ဆောက်ပေးထားတဲ့ တပ်လိုင်းခန်းတွေမှာ ဟိုတိုး၊ ဒီခွေ့၊ အခန်းရဖို့ အလှည့်ကျ/ အမှတ်ပေးစနစ်နဲ့ စောင့်ရတာပါ။ ကျွန်တော်က သင်္ဘောပေါ်မှာဆိုတော့ ကျနော့် စစ်သည်က သူ့အမျိုးသမီး ခေါ်ထားဖို့ ဗျူဟာမှူးထိ တက်ပြောရတယ်။ တစ်နှစ်ထက် တစ်နှစ် တစ်ချက်ချင်းတိုးလာတဲ့ ဦးစီးချုပ်ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ယက်ကန်ယက်ကန်ပါဘဲ။ အသိတစ်ယောက်ရဲ့ Status မှာ ခနော်ခနဲ့တဲပုတ် ကျောင်းလေးမှာ ဗွီနိုင်းနဲ့ "ပညာရေးဖြင့် ခေတ်မီ နိုင်ငံတော်ကြီးတည်ဆောက်အံ့" လို့ ချိတ်ဆွဲထားတာ တွေ့ရတော့ ဦးစီးချုပ်ရုံးက ကျလာတဲ့ ရည်မှန်းချက်အသစ် "ဒေသတွင်း နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်" အောက်မှာ ခေတ်မီ သင်္ဘော (အမှန်တကယ် ခေတ်မမီပါ) က အပြန် ပလိုင်းလေးရယ်၊ ငါးမြှားတံလေးကို ဆွဲလို့ ဖားရှာ၊ ငါးရှာထွက်ပြီးမှ အိမ်ပြန်တဲ့ ကျွန်တော့် စစ်သည်ကြီးတွေကို သတိရသွားတယ်။ တခါတလေများ ချောင်းပိတ်/မြောင်ပိတ် ပုဇွန်/ငါး (လက်သည်းခွံ သာသာ) တွေ ဖမ်းဆီးလို့ အကြမ်းပန်းကန် တစ်လုံးစာလောက် ဟင်းခွက်ရတာတောင် ကိုယ့်ဆရာသမား အတွက်ဆိုပြီး ဦးဦးဖျားဖျား ပို့ပေးတော့ သည်းခြေက တက်လာတဲ့ အခါးရယ်၊ ရင်ဘတ်က စောင့်တဲ့ မျက်ရည်ရယ် ကျွန်တော့် မျက်နှာ အတော်ထူအမ်းသွားခဲ့ရတယ်။ အဆိုးအပေတွေလို့ ထင်ရပေမယ့် သူတို့ ရင်ဘတ်ထဲ ဝင်ကြည့်လိုက်ရင် သူတို့မှာလဲ ဘဝတွေနဲ့။ ကျွန်တော့်လက်အောက် ဆိုပေမယ့် သူအိမ်မှာ အိမ်ထောင်ဦးစီး။ အိမ်ထောင်ဦးစီး တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ မိသားစုအတွက်၊ တိုင်းပြည်အတွက် အလွန်အရေးပါတယ်။ ညနေဆို သင်္ဘောကုန်းပတ်ပေါ်ထိုင်လို့ စကားစမြည်ပြောရင်း "တပည့် မင်း မိသာစုရော အဆင်ပြေရဲ့လား" ဆိုတော့ "ဟုတ်ကဲ့ မိန်းမက အကြော်ရောင်းပါတယ်။ ညနေပြန်လာရင် အကြော်တော့ မကုန်ဘူး ပိုက်ဆံတွေ အမြားကြီးပါလာတယ်၊ သနပ်ခါးတွေတော့ ပျက်လာတာပေါ့" တဲ့။ သူက ရွှတ်နောက်နောက် ပြောပေမယ့် သူမျက်နှာ ညိုမှောင်နေတယ်။

ဒီလို ပြောပြနေရတာ တပ်မတော် သိက္ခာကျစေချင်လို့ မဟုတ်သလို အများသူထံ မျက်ရည်ခံ ထိုးနေစရာလည်း မဟုတ်ဘူး။ ကျွန်တော်က A အရပ်မှာ နေခဲ့လို့ A အရပ်အကြောင်း သိရှိ ခံစားနေရ သလို၊ B, C, D, ….. စတဲ့အရပ် ဒေသ အားလုံး မတူကွဲပြားတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိနေကြမှာပါ။ နက်ရှိုင်းမှုချင်း၊ အနာချင်း ပြိုင်နေဖို့ထက် အနာသက်သာအောင်၊ အနာမရင်အောင်၊ အနာပျောက်အောင် ကိုယ်စီကိုယ်စီ လုပ်သင့်တာပါဘဲ။ လူနာတွေ မစွမ်းရင် ဆရာဝန်တော့ ပင့်ရမယ်။ သမားရော၊ ဆေးရော၊ လူနာ သုံးပွင့်ဆိုင်မှ ရောဂါပျောက်မယ်လို့ ယုံကြည်ပါတယ်။

ပြောချင်တာက မိမိအသက်/ခန္တာတောင် ပေးအပ်ကာကွယ်ထားတဲ့ နိုင်ငံတော်ကို မိမိ အုပ်ချုပ်စီမံမှုကြောင့် ဆင်းရဲသွားမှာ မလိုလားပဲ လုပ်တတ်/လုပ်နိုင်သူတွေကို ပေးအပ်ရပါမယ်။ ဒါဟာ တော်လှန်ရေး ပြီးဆုံးချိန်၊ ထူထောင်ချိန် ဖြစ်ပါတယ်။ တိုင်းပြည် ကြွယ်ဝ ချမ်းသာလာတဲ့အခါ ရေမြင့်ကြာတင့် ဆိုသလို Professional Army, Modernized Army, Mechanized Army ဖြစ်လာမှာပါ။

နိုင်ငံရေးအင်အားစု ဆိုသူတွေ၊ တပ်မတော်အစိုးရကို လက်နက်/လက်နက်မဲ့ တော်လှန်တိုက်ခိုက်၊ နူ/ဝဲစွဲ/ထောင်ကျ/ကောင်းစား ကြတဲ့ အလွှာအသီးသီးဟာ တော်လှန်ရေးခေတ် ပြီးဆုံးပါပြီ။ မိမိ အနစ်နာခံခဲ့တာတွေ၊ ထောင်ကျခဲ့တာတွေ ရေနူးလို့ အနာမကျက်ပဲ ပိုးဝင်သွားဖို့ဘဲ မြင်တယ်။ အတိုက်အခံ ပါတီကြီးရဲ့ ပုသိမ်မြို့နယ်က အဖြစ်အပျက်တွေ မြင်တော့ တရုတ်ပြည် ခေတ်ပြောင်းတော်လှန်ရေး ကာလကို သတိရမိတယ်။ ပါတီတွင်း ပညာတတ်တွေ နေရာရမှာ မလိုလားပဲ အစိုးရ ဖိနှိပ်မှုအောက် တောက်လျောက်ခံလာရသူတွေသာ ဆက်လက် ဦးဆောင်ချင်တဲ့ အသံတွေ ထွက်လာတယ်လို့ ယူဆတယ်။ "ငွေရှိလို့ ခေါင်းဆောင်ကပ်တယ်။ ပါတီတွင်း ဘီလူးမဝင်လာပြီ စသည့်စသည့် အသံတွေ ကျယ်လောင်လာတာ ပါတီပြိုကွဲမှ ပျော်စရာ ဖြစ်မယ့် လူတန်းစားအတွက် နားဝင်ချိုလှတဲ့ သတင်းတွေဖြစ်ပေမယ့် ကျွန်တော်တို့ ပြည်သူတွေရဲ့ အတွေး/ခံစားချက်/အမြင် တွေဟာ ခေတ်ဟောင်းအတိုင်း ရှိပါသေးလားလို့ ယူဆပါတယ်။

တကယ်ဟုတ်/ မဟုတ် မသိပေမယ့် သာလွန်မင်းတရားရဲ့ "တိုင်းပြည်ကို ငါ့ထက်ကောင်းအောင် လုပ်နိုင်ပါက ငါ့ရန်သူပင် ဖြစ်ပစေ ငါ့ကို နိုင်ပါစေ" စကားလုံးအတိအကျ ဟုတ်ချင်မှ ဟုတ်မယ်။ အနှစ်သာရကို ပြောတာပါ။ ကိုယ်က စားဖို့မှ အနိုင်နိုင်၊ ကိုယ်အမြင်/အတွေးက ကိုယ့် လမ်းထိပ်ထက်မှ မကျော်ရင် ကိုယ့်ထက်သာတဲ့သူကို ပေးအပ်ရမှာဘဲ။ ကျွန်တော်တို့ ဖမ်းဆုပ်ထားရင် ကျွန်တော်တို့ လက်တွေပူလာပြီး လက်ထဲမှာတင် ပုပ်သွားမယ့် အရာကို ရှင်သန်ပေါက်ပွားနိုင်တဲ့ မြေဆီမှာချ၊ ဥယာဉ်မှူးကောင်းကို အပ်လိုက်ရမှာပါ။

ထပ်ပြောချင်ပါတယ်။ တော်လှန်ရေးကာလ ပြီးဆုံးပါပြီ။
ကျွန်တော်တို့ဟာ အသည်းကြားက မဲတစ်ပြားဆိုတာကို ထည့်ယုံနဲ့ လုပ်ရည်ကိုယ်ရည် ရှိတဲ့ ပညာတတ်တွေကို အမြီးလေးဆွဲလိုက်၊ တင်ပါးလေးပုတ်လိုက်၊ ကြောလေးသပ်လိုက်၊ ဝီစီမှုတ်မောင်းလိုက် ခိုင်းစားရတာဗျ။ ဒီမိုကရေစီဖွံ့ဖြိုးတဲ့ နိုင်ငံတွေပြောပါတယ်။
လောလောဆယ် ကျွန်တော်တို့ ခင်ဗျားတို့ အခန့်သားထိုင်နေရုံ၊ ယက်ကန်ယက်ကန်လုပ်ရုံ၊ ဘီးအောက်ခဲ ခုတဲ့ လုပ်ရပ်တွေရှိနေသရွှေ့ စူပါမန်းတောင် လုပ်ပေးနိုင်ဦးမှာမဟုတ်ဘူး။ ပြောပြောနေကြတဲ့ လွှတ်တော်စရိတ် ကုန်တယ်၊ အားနာပါ၊ တစ်ရက် တစ်သောင်းစားတွေ အော်နေတာ သူများနိုင်ငံမှာ အိမ်ဖော်လစာလောက်ရှိတာကို ဘယ်ပညာတတ်/ စီးပွားရေးသမားမှ တစ်နှစ် (၈)လ လွှတ်တော်ကြီး လာတက်မနေနိုင်လောက်ဘူး။ လာတက်နေလဲ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာဘဲ။ သူတို့လည်း ရေမြင့်ကြာတင့် ဖြစ်လာမှာပေါ့။

တော်လှန်ရေးသမားတွေ နားကြပါ။ တည်ထောင်ရေးသမားတွေ နေရာယူကြပါ။ ပြည်သူတွေ ဝီစီမှုတ်ပါ။ ကိုယ်တိုင်လဲ ပြေးကြပါ။ ဒီနေ့ နေပြည်တော်မှာ လုပ်သွားတဲ့ Debate ရဲ့ ကောက်နှုတ်ချက် All Inclusiveness, Optimism and Move forward ဖြစ်ပါတယ်။

ဆရာကြီး၏ နောက်ဆုံးဆေးလုံး

 Image may be NSFW.
Clik here to view.
Photo: ဆရာကြီး၏ နောက်ဆုံးဆေးလုံး  တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာ ... စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။ ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း ဆရာကြီး- သိကြသေးတာပေါ့ ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “  တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး ၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလြေ ပီ။ ဆရာကြီးမှ တဖန် ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့် ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။ ဆရာကြီးက မကြောက်ရန်ပြောပြီး “ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့ သည်။ ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။ “ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“ ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး “ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး"ဟူ၏  ရီမောပျော်ရွှင်ပါစေ.......ကိုလုံ
Lon Ely's photo.
ဆရာကြီး၏ နောက်ဆုံးဆေးလုံး

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။
ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို
သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာ
...
စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့်
ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ
ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့
ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “

တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့်
မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့်
အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း
ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး
၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလြေ
ပီ။ ဆရာကြီးမှ တဖန်
ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့်
ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ
ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။
ဆရာကြီးက မကြောက်ရန်ပြောပြီး
“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့
မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ
မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ်
အမွှာမွှာဖြစ်သွားလေတော့ သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး
လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း
တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး"ဟူ၏

ရီမောပျော်ရွှင်ပါစေ.......ကိုလုံ



ပေါက်ရောက်သူများ မေးပေးကြစမ်းပါ့ဗျာ...

ကို သာ ပို's status.
ပေါက်ရောက်သူများ မေးပေးကြစမ်းပါ့ဗျာ...

========================================

အိုတယ်ဆိုတဲ့ Over - Stay ဆိုတာကို ပျော်လွန်းလို့ လုပ်သူတွေ ရှိမယ်မထင်... အဲ့လိုပါပဲ မြန်မာပြည်က ထွက်ပြီးတော့ မလေးတို့ ထိုင်းတို့ဆီမယ် အလုပ်သွားလုပ်နေသူ အများစုဟာ များသောအားဖြင့် ကိုယ်ကာယရင်းပြီး လုပ်နေကြတာမို့ ပျော်လွန်းလို့ သွားကြတာမှ မဟုတ်တာ... ဒီမှာထက် အနည်းငယ်လောက် ပိုချောင်လည်မလား ဆိုပြီးတော့ စွန့်စားကြရတာပါ... ဘယ်လိုအကြောင်းတွေပဲ ဖြစ်နေပါစေ အခုသူတို့ဟာ သူများနိုင်ငံမယ် အလုပ်လုပ်နေကြ Over-Stay ဖြစ်နေကြတာပါပဲ... အခုဖြစ်နေတာကို လက်ခံကို လက်ခံထားရမှာပါ...

တရားမဝင် နေထိုင်ကြရင်း လာခဲ့တဲ့အချိန်ကနေ တွက်ကြည့်လိုက်ရင် အခွန်ဆောင်ရမှာက မနည်းတာကြောင့် ပေကပ်နေကြရသူတွေ မနည်းပါဘူး... ဒီလောက် မျက်ရည်ပေါက် ကြီးငယ်နဲ့ နေကြသူတွေကော မိသားစုတွေပါ ဒုက္ခရောက်နေကြတာ ဒီလူတွေဆီက အခွန်ကို ဘာလို့မျှော်နေကြတာတုန်းဟေ... Passport ပြန်လုပ်ချင်သူတွေ အခွန်မဆောင်ရတော့ဘူး ကင်းလွတ်ခွင့်ပေးမယ်ဆိုရင် မနည်းဘူးဝမ်းသာကြသူတွေ ရှိကြမှာပါ...

အခုလဲ မလေးရှားကနေပြီးတော့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးနေပါပြီ... သူတို့ကို ဖမ်းမိသွားတာနဲ့ မြန်မာပြည်ကို ပြန်ရောက်သွားတာ မဟုတ်ဘူးဆိုတာ သိထားရပါမယ်... မနေနိုင်လို့ အောက်လမ်းကနေ ပြန်ကြသူတွေကလဲ အကြမ်းဖက်မှုတွေ ဆိုးရွားတဲံ ထိုင်းနိုငငံတောင်ပိုင်းကနေ တဆင့်ပြန်ကြရသလို ဘဝပျက်သူကြသူတွေလဲ မနည်းလှပါဘူး...

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် အစိုးရဲ့ အနေနဲ့ လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလုပ်သမား ဝန်ကြီးဌာန အနေနဲ့လည်းကောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့လည်းကောင်း အခုဖြစ်ပွားနေတဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့...

- မလေးရှားနိုင်ငံမယ် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား မည်၍မည်မျှ ရှိသည်ကို စာရင်းဇယား (သို့) စုံစမ်းစီစစ်မှု ရှိ/မှရှိနဲ့ လုပ်ဆောင်ဖို့ အစီအစဉ် ရှိ/မရှိ

- တရားမဝင်နေထိုင်ကြတဲ့ အလုပ်သမားတွေကို မလေးရှားအစိုးရက ဖမ်းဆီးရမိခဲ့ပါက မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့အတွက် မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်သည်၊ ပူးပေါင်းကူညီဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ၊ ရှိခဲ့ပါက မည်သို့ စီမံထားပါသလဲ

- မလေးရှားနိုင်ငံမှာ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ နေထိုင်အလုပ်လုပ်ကိုင်ရင်း မိမိဘဝ မလုံခြုံဘူးဟု ခံစားရ၍ဖြစ်စေ၊ နေထိုင်ရန် မဖြစ်တော့၍ဖြစ်စေ မြန်မာပြည်ကို ပြန်လိုသော်လည်း ငွေးကြေးအရသော်လည်းကောင်း လမ်ကြောင်းအရသော်လည်းကောင်း အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေနေရတဲ့ မြန်မာနိုင်ငံသားတွေကို မည်သို့မည်ပုံ ကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါသလဲ၊ ရှိကောရှိပါရဲ့လား၊ ရှိခဲ့ရင် သိချင်မိပါတယ်...

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်


>>တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်<<
==============================
(မှားယွင်းစွာ သဘောထားကွဲလွဲနေသူများ၊ တိုင်းပြည်နှင့် တပ်မတော်၏ ခွဲခြားမရ သောဆက်စပ်မှုကို နားမလည်သောသူများအား ရည်ရွယ် ရေးသားအပ်ပါသည်.)

ဤစာသားသည် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းအတွက် အမှန်တရားဖြစ်သည် ...
ဒါပေမယ့်လည်း တချို့တချို့သော လူတွေကတော့ အတွေးအခေါ်မှားယွင်းနေသဖြင့်လက်မခံကြသေးပါဘူး...

ကျနော် ထိုသူတွေကို ငြင်းနေတာတော့မဟုတ်ပါဘူး။
အဓိကရည်ရွယ်ချက်ကတော့ တိုင်းပြည်အင်အားရှိဖို့ပါပဲ၊
တိုင်းပြည်အင်အားရှိဖို့ဆိုတဲ့ နေရာမှာ ...
နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး..... စသဖြင့် အခန်းကဏ္ဍ မျိုးစုံကနေ
တိုးတက်နေဖို့ အင်အားရှိနေဖို့လိုပါတယ်။
အဲဒီကဏ္ဍမျိုးစုံထဲကမှ တပ်မတော်ရဲ့ကဏ္ဍဟာ လည်း
တိုင်းပြည်အင်အားရှိဖို့အတွက် မရှိမဖြစ် အရေးပါတယ်လို့ ဆိုချင်တာပါ၊

ကျနော်အမြင်ကတော့ ကျနော်တို့ နိုင်ငံသမိုင်းနဲ့ပဲ ပြောပြရရင်...

စစ်အင်အားတောင့်တင်းခဲ့တဲ့ မင်းတွေလက်ထက်မှာ တိုင်း ပြည် နယ်နိမိတ်ကျယ်ဝန်းခဲ့တာတွေ၊လက်ဆောင် ပဏ္ဏာများ ဆက်သခံရတာတွေ၊ နိုင်ငံအေးချမ်းသာယာ ခဲ့တာတွေ၊ သာသနာတော်ထွန်းကားခဲ့တာတွေ၊ပြည်သူနှလုံးစိတ်ဝမ်းအေးချမ်းခဲ့တာတွေ တွေ့ရမှာဖြစ်ပါတယ်။
ပုဂံမင်းအနော်ရထာလက်ထက် ပထမမြန်မာနိုင်ငံတော်ဟာ ဇင်းမယ်၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ ကိုချင်ချိုင်း နားအထိ ကျယ်ဝန်းခဲ့ပါတယ်...ထားတော့! ဒါတွေသမိုင်းမှာ အသေးစိတ်ပြန်ဖတ်လို့ရလို့ ကျနော်မရေးတော့ဘူး။

ဒီလိုပဲ ပြောင်းပြန်ပေါ့။ စစ်အင်အားမတောင့်တင်းတဲ့ မင်းတို့လက်ထက်မှာတော့ တိုင်းပြည်အင်အား ချည့်နဲ့ခဲ့တာတွေ၊ တိုင်းတစ်ပါးကျူးကျော်မှုကိုခံရတာတွေ၊ ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်းသုညဖြစ်ခဲ့တာတွေ၊လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရတာတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဒါဟာ စစ်အင်အား မတောင့်တင်းခဲ့လို့ခေတ်မီတဲ့ စစ်တပ် မရှိခဲ့လို့ ဖြစ်ခဲ့ရတယ်ဆိုတာ ငြင်းစရာမလိုတဲ့အချက်ပဲဖြစ်ပါတယ်။
တပ်ချင်းယှဉ်ရင်၊ တပ်မတော်ချင်းယှဉ်ရင် Generation Of War ကွာခြားခဲ့တဲ့အတွက်ကြောင့် စစ်ရှုံးပြီး လွတ်လပ်ရေး အချုပ်အခြာအာဏာတွေ ဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်။ တပ်မတော် အင်အားမရှိလို့ တိုင်းပြည် ကျွန်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ကျနော်တို့ဟာ သမိုင်းကို သင်ခန်းယူတတ်ဖို့လိုပါတယ်။

အနည်း ဆုံးတော့ ဖွံ့ဖြိုးဆဲအိမ်နီးချင်းနိုင်ငံများနဲ့ ပခုံး ချင်းယှဉ်နိုင်တဲ့ တပ်မတော်တစ်ရပ်ကို ပိုင်ဆိုင်နေဖို့တော့လိုပါတယ်။ ဒါမှ ကျနော်တို့ရဲ့ ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် ကို အင်အားတောင့်တင်းတဲ့ နိုင်ငံအဖြစ် အခြားနိုင်ငံ များက ခံ့ညားလေးစားလာကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်အင်အားရှိဖို့အတွက် တပ်မတော်အင်အားဟာလည်း မရှိမဖြစ်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ ကဏ္ဍ တစ်ရပ်ကနေ၊ အင်အားတစ်ရပ်ကနေ ပါဝင်နေတဲ့အတွက် "တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" ဟုသာ ဆိုချင်ပါကြောင်း...
(မှားယွင်းစွာ သဘောထားကွဲလွဲနေသူများ၊ တိုင်းပြည်နှင့် တပ်မတော်၏ ခွဲခြားမရ သောဆက်စပ်မှုကို နားမလည်သောသူများအား ရည်ရွယ် ရေးသားအပ်ပါသည်.)

လေးစားစွာဖြင့်
ကျော်စည်သူ(ရွာသစ်ကြီး)

ယဉ်ကျေးမှုပြောင်းလာသော စကားဝိုင်းများ

Nanda Htun Htet and Maung Aye shared a photo.
ယဉ်ကျေးမှုပြောင်းလာသော စကားဝိုင်းများ
=========================
ကျနော်တိုလူမျိုးတွေရဲ့ အားနည်းချက်က အဝေဖန်မခံနိုင်ကြတာပါ... ကောင်းတာပြောရင် (မြှောက်နေမှန်းသိလည်း) သဘောကျပေမဲ့... အားနည်းချက်ကိုဝေဖန်ရင်... ဆတ်ဆတ်ထိမခံ... ကက်ကက်လန်ရန်တွေ့... ဆွေ့ဆွေ့ခုန်သွားကြတော့တာဘဲ....သက်ဆိုင်ရာ အဝေဖန်ခံရတဲ့သူက ဘာမှမဖြစ်ရင်တောင်... သူ့ကိုကိုးကွယ်သူ... အားကိုးသူ... ဆွေမျိုးတော်သူ... တပည့်ဖြစ်သူ.... ကျေးဇူးခံကျေးဇူးစားရှိသူတွေက... ထကြွကျတော့တာဘဲ... ဖွဘွတ်ပေါ်မှာအဆိုးဆုံးပါ.... တစ်ခါတစ်လေ စကားလုံးတွေနဲ့ အာသာဖြေကြပုံရတယ်.. မိုးမွှန်နေတော့တာဘဲ... အခု အထက်ပိုင်းမှာ ယဉ်ကျေးမှုပြောင်းလာတာ တွေ့ရပါတယ်... (နောက်ပြန်လှည့်လိုသူတွေတော့ရှိသေးတာပေါ့) အဝေဖန်ခံလာနိုင်တယ်.... အဆဲခံနိုင်လာတယ်... အပြန်အလှန်လည်းဝေဖန်ရဲကြတယ်.... (၀န်ခံရဲကြဘို့တော့လိုသေးတယ်)....
ကျနော်ကတော့ မနေ့ကပုံရိပ်တွေကိုကြည့်ပြီး...ကျနော်တို့နိုင်ငံအတွက် အားတက်မိတယ်... မနေ့က Debate ကိုလည်း အရမ်းသဘောကျတယ်.... သဘောထား မတူတာတွေ ဘေးဖယ်ထားပြီး... တူတာတွေအရင်လုပ်ကြတာ.... 49% ကသဘောမတူပေမဲ့ 51% က သဘောတူရင် လုပ်ဆောင်ကြရတာ.... လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိကြတာတွေဟာ..... ဒီမိုကရေစီရဲ့ အနှစ်သာရလို့ထင်ပါတယ်... ပါတီမတူပေမဲ့.... ရည်ရွယ်ချက်တူရင်... နိုင်ငံ့အတွက်လို့ သဘောထားနိုင်ရင်... အားလုံးပူးပေါင်း လုပ်ကိုင်နိုင်ရမှာပေါ့..... Synergy သဘောအရ 1+1>2 ထွက်ရမှာပေါ့... ဟိုတုန်းက အစိုးရအကြီးအကဲတွေက အတိုက်အခံဆိုရင်.... နိုင်ငံရေးသမားဆိုရင်... ရန်သူလို့မြင်.... ထမင်းလုတ်ပုတ်ချမဲ့သူလို့မြင်..သီအိုရီအတိုင်း ပုဒ်မအမျိုးမျိုးတပ်... ထောင်ချဖိနှိပ်... သူတို့အတွက် Win-Lose ပဲရှိတယ်... ဟော.. အခုတော့... အတိုက်အခံပေမဲ့... ထမင်းလက်ဆုံစားကြ... လဘက်ရည်အတူသောက်ကြ.... တစ်ဝိုင်းတည်းထိုင်ကြ.. လက်ရည်တစ်ပြင်တည်းပေါ့... (ဟိုတုန်းက ရာထူးလိုက်ပြီးမထိုင်ရဲကြပါ) အပြန်အလှန်လေးစားကြ ( အတွင်းစိတ်တွေတော့မသိပါ) ... စကားစစ်ထိုးကြတဲ့ အခါလည်း ငြင်းကြ.. ခုံကြ... (ပြုံးပြုံးလေးတွေနဲ့)... Win-Win ဘက်ကိုဦးတည်နေတယ်လို့ထင်ပါတယ်... မနေ့က ဦးစိုးသိန်းက တရားစီရင်ရေး ကလွတ်လပ်ပါတယ် (...Judicial is independent ) လို့ပြောတော့ ဒေါ်စုက No..No.. ဆိုထအော်တယ်... တရားစီရင်ရေးက အုပ်ချုပ်ရေးရဲ့ ထိမ်းချုပ်မှုတွေကြောင့် မလွတ်လပ်ပါဘူးတဲ့.. (... is not independent, very much under control of executive).. ပြုံးပြုံးလေးတွေပြောကြတာပါ... ကျနော်ပြောချင်တာက သူတို့ပြောကြတဲ့ အကြောင်းအရာမဟုတ်ပါ.... ပြောတဲ့ပုံစံနဲ့ ယဉ်ကျေး မှုပြောင်းလဲလာ တာ လေးတွေကို ပြောချင်တာပါ..... နိုင်ငံတော် သမတကြီးကလည်း နောက်ပြန်မလှည့်ပါဘူးလို့ (သူများလှည့်ရင်တော့မတတ်နိုင်.. ချောက်စွန်းရောက်နေတယ်လို့အထင်မခံရရင်) ကတိတွေအထပ်ထပ်ပေး... ၀န်ကြီးတွေကလည်း ကြောက်ရင် ကြောက်တယ်ပြော... မတတ်ရင်မတတ်ဘူးပြော... မှားခဲ့ရင်မှားခဲ့တယ်ဝန်ခံ... တဖြေးဖြေးနဲ့ ကျနော်တို့ အဖွဲ့အစည်းလည်း ပွင့်လင်း လူ့အဖွဲ့အစည်းဖြစ်လာတယ်လို့ခံစားရပါတယ်... အဲဒါကြောင့် ကျနော်တို့တစ်တွေ လည်း ကိုယ့်ကိုဝေဖန်ရင်... ကိုယ့်အသိုင်းဝိုင်းကိုဖေ၀န်ရင်... ကိုယ်လေးစားတဲ့သူတွေကိုဝေဖန်ရင်... အဝေဖန်ခံနိုင်တဲ့... အချင်းချင်း အပြန်အလှန်လေးစားတတ်တဲ့ စိတ်ကလေးတွေမွေးမြူကြရင်း... Win-Win ဖြစ်အောင်လုပ်ကြပါစို့....

" ခင်ဗျားတို့ ပြောတဲ့ အထက်ကအမိန့် "



------------------------------------------------

၁။ အဖွဲ့အစည်းအားလုံးရဲ့ ဖွဲ့ စည်းပုံ (Organization Structure) ဟာ သူလုပ်ရမည့်လုပ်ငန်းနှင့် ကိုက်ညီအောင် ဖွဲ့စည်းထားရတာပါ။ အကျဉ်းထောင်ရဲ့ အဓိက ရည်ရွယ်ချက်က အကျဉ်းသား ထွက်မပြေးနိုင်ဖို့၊ လုံခြုံမှုရှိဖို့ပါ။ ဒါကြောင့် တံခါးဖွင့်ပိတ်စနစ်တွေ၊ လူစစ်တဲ့စနစ်တွေ ပစ္စည်းထုတ်/သွင်းစနစ်တွေ၊ အုပ်ချုပ်တဲ့စနစ်တွေက တခြားအဖွဲ့အစည်းတွေနဲ့မတူပါ။ အလားတူ စစ်တပ်ကလည်း စစ်တိုက်ဖို့အတွက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်လို့ သူ့ ရဲ့ ဖွဲ့ စည်းပုံ ၊ အုပ်ချူပ်ပုံ၊ စီမံခန့်ခွဲပုံ ၊ခံယူချက်၊ အတွေးအခေါ်တို့ဟာ ကျန်တဲ့အဖွဲ့အစည်းနဲ့မတူပါ။ဘာလို့လဲဆိုတော့ ထမ်းဆောင် ရတဲ့တာဝန်မတူလို့ပါ။


၂။ ခင်ဗျားတို့စဉ်းစားကြည့်ပါ။ရှေ့တန်းမှာ တပ်ခွဲမှူးတစ်ယောက်ဟာ သေနတ်ကိုင်ထားတဲ့အလွှာစုံ က ယောက်ျားတွေချည်း ၆၀/၇၀လောက် အုပ်ချူပ်ရတာ၊ ပေးတဲ့အမိန့်မှန်သမျှ ဒီသေနတ် ကိုင်ထားတဲ့ ယောက်ျားတွေက ဒီဟာကအများဆန္ဒနှင့်မကိုက်ပါ။ ဒီဟာက ဒီမိုကရေစီမကျပါ။ ဒီဟာကလူ့အခွင့်အရေးနှင့် မညီပါ။ ဒီလမ်းကဝေးလို့ မသွားချင်ပါ။ ဒီကောင့်ကို တပ်ခွဲမှူးက ရန်သူထင်လို့ပစ်ခိုင်းပေမယ့် ကျွန်တော်ကတော့ ရွာသားပဲထင်လို့မပစ်နိုင်ပါ။ အဲဒီအနားက မီးရောင်ဟာ ရန်သူ့စခန်းမဖြစ်နိုင်ပါ ဒါ့ကြောင့် လက်နက်ကြီးနဲ့ မပစ်နိုင်ပါ။ ဗိုလ်ချုပ်တွေက အိမ်(၁၀)လုံးလောက်ရှိပြီး ကျွန်တော်က တပ်ထဲကလိုင်းခန်းပဲရှိလို့ မညီမျှလို့ ကျွန်တော်သယ်ရတဲ့ ပေါင် ၄၀ ကျောပိုးအိတ်ကြီးမသယ်ချင်ပါ . .စသဖြင့် ခင်ဗျားတို့ပြောနေတဲ့ အမှန်တရား၊ အမှားတရားများ လိုက်ခွဲခြားခွင့်ပေးနေလျှင် ခင်ဗျားတို့ပဲ တပ်ခွဲမှူးလာလုပ်ကြည့်လိုက်ပါ။

၃။ အမှန်တရားဆိုတာ အင်မတန် သိမ်မွေ့ တဲ့ အရာပါ။ သုံးသပ်တဲ့ရှုထောင့် ၊အတွေးအခေါ်၊ ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ဗဟုသုတ ၊ပတ်ဝန်းကျင်အခြေအနေတွေနဲ့ အားလုံးပတ်သက် စပ်ယှက်ရှုပ်ထွေး ခက်ခဲတဲ့အရာ။ စာအုပ်ထဲမှာ ပုံပြင်ထဲမှာ သူကအဖြူ ငါကအမည်း၊မင်းကအမှန် ဒီကောင်ကအမှားလို့ ကွဲပြားရှင်းလင်းပေမယ့် တကယ့်ပြင်ပလောကမှာ အမှားအမှန်ဆိုတာ အင်မတန်ရှုပ်ထွေးနက်နဲ ဆုံးဖြတ်ရ ခက်ခဲတဲ့အရာ။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်(၂၀၀)အကြာမှာ ဗုဒ္ဓဘာသာဟာ ဂိုဏ်းကြီး(၁၈)ဂိုဏ်း ၊ဂိုဏ်းငယ်လေးပေါင်း (၂၀၀)ကျော် အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့တာ အမှားအမှန်၊ အဖြူအမည်း၊ မင်း ၊သူ၊ငါ၊ကျွန်ုပ် အင်မတန်ဖြေရှင်းရ ရှုပ်ထွေးလို့ပါ။

၎။` လူစုလူဝေးကို ရင်ဆိုင်နေရတဲ့ စစ်သည်တစ်ဦးအတွက် ဒီလူစုလူဝေးဟာ ဆူပူမှုလား? ရိုးရိုးဆန္ဒပြတာလား? ရိုးရိုးဆန္ဒပြနေရင်း နောက် ၁၅ မိနစ်လောက်မှာ ကားတွေအဆောက်အဦး တွေကို ခဲနဲ့ထု၊ မီးနဲ့ရှို့တဲ့ အဖြစ်ကို ကူးသွားမှာလား? အစိုးရရုံးတွေကို တိုက်ခိုက်တော့မှာလား? ဒါမှမဟုတ် အေးအေးဆေးဆေးပဲ မေတ္တာသုတ်ရွတ်ပြီး လူစုခွဲသွားမှာလားဆိုတာ သူဘယ်လိုမှ မသိနိုင်တဲ့အရာပါ။ တချိန်တည်းမှာပဲ လူရဲ့ဗီဇစိတ်အရ ဒီလူစုလူဝေးဟာ သူနဲ့ဆန့်ကျင်ဘက် ၊ ဒီလူစုလူဝေးထဲကို သူတစ်ယောက်တည်း ရောက်သွားခဲ့ရင်ဆိုတဲ့ အတွေးကလည်းသူ့ကို ခြောက်လှန့်နေနိုင်တာ။ သူလေ့ကျင့်သင်ကြားခံထားရတဲ့စစ်မြေပြင်ကလည်း ဒီလိုပုံစံမျိုး မဟုတ်တာ။ နိုင်ငံတကာမှာလည်း ဒီလိုအရေးအခင်းတွေမှာ ရဲတပ်ဖွဲ့ကိုပဲ အသုံးချပြီး စစ်တပ်ကို အသုံးမချတာ ၊ရဲတပ်ဖွဲ့နဲ့မနိုင်တော့မှ အရေးပေါ်အခြေအနေကြေညာပြီး တပ်နဲ့ ရင်ဆိုင်စေတာ၊ စစ်တပ်ကရောက်လာရင်လည်း ရဲတပ်ဖွဲ့အသုံးပြုပြီး နည်းလမ်းတွေဖြစ်တဲ့ မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက် ၊ နံပါတ်တုတ်၊ ဖြိုခွင်းရေးကျည်တွေကိုအသုံးမပြုရဘဲ ကျည်ဆံအစစ်နဲ့ ပစ်ခတ် ရှင်းလင်းတာဟာ စစ်တပ်ကိုလေ့ကျင့်ထားတဲ့ပုံစံကိုက အဲဒီပုံစံမျိုး ဖြစ်နေလို့ပါ။ အကောင်းဆုံး ကတော့ လူထုအရေးအခင်းတွေမှာ စစ်တပ်ကို သေနတ်နဲ့တကယ်ပစ်လို့ အရမ်းဆိုးတာပဲလို့ အပြစ်တင်နေမယ့်အစား အဲဒီလိုနေရာတွေမှာ စစ်တပ်ကိုအသုံးမချဖို့ ဥပဒေကို တင်းတင်း ကြပ်ကြပ် ဆွဲထားဖို့လိုတာပါ။

၅ ။ အမှန်အတိုင်းပြောရရင်တော့ စစ်တပ်ကလည်း အင်မတန် လူမုန်း များစေတဲ့ အဲသလိုကိစ္စမျိုးမှာ လုံးဝမပါဝင်ချင်ပါ။ ခိုင်းတဲ့လူတွေကိုလည်း မကြိုက်ပါ မထောက်ခံပါ။ ဒါပေမယ့် ကျွန်တော်ခုနကပြောတဲ့ အမှားအမှန်ဆုံးဖြတ်ရ အင်မတန်ရှုပ်ထွေးတဲ့ အခြေအနေမှာ စစ်သားပီပီ အနီးဆုံး အထက်အရာရှိရဲ့ အမိန့်ကိုပဲ လိုက်နာရမှာပါ။ ဥပမာ ပြောရရင် အာဏာသိမ်းတဲ့ဖြစ်စဉ်အားလုံးမှာ ပါဝင်နေတဲ့တပ်တွေဟာ သိမ်းတဲ့လူပဲဖြစ်ဖြစ် သိမ်းတာကို ကာကွယ်တဲ့သူပဲဖြစ်ဖြစ် သူတို့ဘယ်ဘက်က ပါဝင်နေရတယ်ဆိုတာ မသိနိုင်ပါ။ အားလုံးကတော့ အာဏာသိမ်းတာကို ကာကွယ်ဖို့လို့ပဲ အမိန့်ကလာတာပါ။ စစ်ဆင်ရေး အကြီးစား တွေမှာ ယောင်ပြတိုက်စစ်လုပ်တဲ့အခါ ယောင်ပြတိုက်ရတဲ့တပ်က အောက်ခြေ စစ်သည်တွေဟာ သူတို့ ကျားကုတ်ကျားခဲ သိမ်းနေရတဲ့ တောင်ကုန်းကို တကယ်လိုချင်တာ မဟုတ်ဘဲ ရန်သူကို လှည့်စားဖို့ ဟန်ဆောင်သိမ်းနေရမှန်းမသိဘဲကျဆုံးသွားရတာပါ။ အဲဒါ စစ်သားဘ၀ပါ။

၆ ။ အဲဒီလိုပဲ စစ်မြေပြင်မှာလည်း ရန်သူ၊ရွာသား၊မိတ်ဆွေ၊စစ်သား သိပ်ခွဲခြားရခက်ခဲတာ ဘယ်အရာရှိ၊ ဘယ်စစ်သည်မှ အလကားသွေးဆာ လူသတ်မလုပ်ပါ။ကျွန်တော်တို့လည်း အင်္ဂါဂြိုဟ်ကလာတာ မဟုတ်ပါ။ မိသားစုနဲ့ အဖေနဲ့အမေနဲ့ မိန်းမနဲ့ကလေးနဲ့ ခင်ဗျားတို့လို သာမန်လူတွေပါ။ (၂၂)နှစ်လုံးလုံး သတင်းထုတ်ပြန်မှု မူဝါဒအသုံးမကျခဲ့လို့ အများစုအထင်လွဲခဲ့တဲ့ မုဒိမ်းကျင့် လူသတ်ဇာတ်လမ်းစုံနဲ့ တပ်မတော်ဟာ အပြင်လောက အဖြစ်အပျက်နဲ့တခြားစီပါ။ တောထဲမှာ လူသတ်၊မုဒိမ်း မရှိဟု မငြင်းလိုပါ။ ဒါပေမယ့် ဒါတပ်မတော်ရဲ့ မူဝါဒမဟုတ်ပါ။ လူတစ်ဦးချင်းရဲ့ ရာဇ၀တ်မှုပါ။ သိသိချင်းလဲ အဲလိုစစ်သည်တွေကို အရေးယူကြတာပါ။ မြောက်ပိုင်းဒေသ လူသတ်မှုအရှုပ်တော်ပုံဟာ ABSDF ရဲ့ မူဝါဒလို့ စွပ်စွဲရင် သူတို့လည်း ခံနိုင်မည်မဟုတ်ပါ။ ကျွန်တော် သေသေချာချာ ပြောနိုင်တာက ကျွန်တော့်စစ်သက် တစ်လျှောက် မှာ အရာရှိက တပ်ဖွဲ့အနေနဲ့ အမိန့်ပေးပြီးခိုင်းခဲ့တဲ့ လူသတ်၊မုဒိမ်း ဖြစ်စဉ် လုံးဝမကြားဖူးပါ။ အဲသလို ရာဇ၀တ်မှုကို ခွင့်ပြုလိုက်ရင် Chain of command လုံးဝပျက်စီး သွားပြီး အရာရှိက အဲဒီတပ်ဖွဲ့ကို ဘယ်လိုမှ ကွပ်ကဲလို့မရနိုင်တော့ပါ။ ကျွန်တော်ပြောတာကို သာမန် Management Level မှာရှိတဲ့ သူတစ်ဦးတောင် အလွယ်တကူ စဉ်းစားလို့ရနိုင်တာပါ။

၇ ။ တောရဲ့ ဥပဒေ (Law of jungle) ကို တစ်ခါတစ်လေမှာ အခြေအနေအရ ကျင့်သုံးနေရတဲ့သူတွေဟာ တပ်မတော်တစ်ခုတည်းမဟုတ်ပါ။ တရားဝင်ထုတ်ပြန်ဖို့ မသင့်လို့ မထုတ်ပြန်ခဲ့ပေမယ့် တစ်စွန်းတစ်စပြောရရင် ကျွန်တော် ၉၉ - ၂၀၀၀ ရှမ်း - မြောက်မှာ တပ်ခွဲမှူး နဲ့ တာဝန်ကျတုန်းက ချင်းရွှေဟော်မြို့ဟာ ၉၅-၉၆တုန်းက ဒဏ်ရာဒဏ်ချက်တွေ အကင်း မသေသေးပါ။ အဲဒီတုန်းက ကိုးကန့်နှင့် ၀တပ်များစစ်ဖြစ်ပြီး ၀တပ်တွေက ချင်းရွှေဟော် တစ်မြို့လုံး မီးရှို့ဖျက်စီး၊ အရပ်သားတွေအကုန်သတ်၊ လက်ကျန်ကိုးကန့်အရပ်သားတွေအားလုံး လောက်ကိုင်မြို့ကို ထွက်ပြေး ၊လောက်ကိုင် အထက်တန်းကျောင်းထဲမှာ နောက်ဆုံးလက်ကျန် ကိုးကန့်တပ်ရင်း(၂)ရင်း(၃)ရင်းနဲ့ ကိုးကန့်သက်ကြီးရွယ်အို မိန်းမ၊ကလေးတွေ အ၀ိုင်းခံနေ ရတုန်းက နှစ်ဖက်ပစ်ခတ်နေတဲ့ကြားထဲ တပ်မ ၉၉ တပ်တွေ နိုင်ငံတော်အလံထောင်ပြီး အချိန်မီရောက်လာ အထက်တန်းကျောင်းကို ၀ိုင်းပတ်နေရာယူ ၀တပ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်၊ နှစ်ဖက်တပ်များ တစ်ညလုံးဆိုင်ထားပြီး နောက်ရက်မှာ လောက်ကိုင်ပတ်ပတ်လည် တောင်ကြော တွေပေါ်က မည်းမည်းထနေတဲ့ ၀တပ်တွေ ပြန်ဆုတ်ခွာသွားတော့ ကိုးကန့်တွေရဲ့ ငိုယိုပွေ့ဖက်၊ ၀မ်းမြောက်နှုတ်ဆက်ခံခဲ့ကြရတာ ခင်ဗျားတို့ ပြောပြောနေတဲ့ စစ်ခွေးတပ်တွေပါ။ ၂၀၀၀မှာ တစ်ကြိမ် အခြေအနေတင်းမာတော့ ကျွန်တော်ကိုယ်တိုင် ညီနောင်တံတားနဲ့ ရွှေကူဝါးစခန်း ကြားမှာ တပ်ခွဲကိုနေရာချ နိုင်ငံတော်အလံကိုထောင်ပြီးဒီတိုင်းရင်းသားတွေဟာ နိုင်ငံတော်ရဲ့ ပြည်ထောင်စုရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိကြောင်း ပြခဲ့ချိန်မှာ ကိုးကန့်ဟာ တိုင်းရင်း သားဟုတ်/မဟုတ် ကျွန်တော့်အလုပ်မဟုတ်။ အဲဒါ ခင်ဗျားတို့ နိုင်ငံရေးသမားနဲ့ အစိုးရ ဆုံးဖြတ်ရမယ့်အလုပ်။ ဗိုလ်ချုပ်တွေ အစိုးရဖြစ်နေတာတော့ ကျွန်တော်လည်းမတတ်နိုင် (စိတ်ထဲကကြိုက်လည်းမကြိုက်) ငါကစစ်သား၊ အထက်ကပေးတဲ့အမိန့် နာခံရုံပဲလို့ ခံယူထား ခဲ့တာ။ ခင်ဗျားတို့ မှားတယ်/မှန်တယ် ကြိုက်တာပြော တပ်မတော်ထဲမှာ ကျွန်တော့်လိုတပ်ခွဲမှူး ပေါင်းများစွာ ရှိနေတာပါ ။

၈ ။ ၂၀၀၁ မုံးကိုးအရေးအခင်းဖြစ်တော့ MNDAA အဖွဲ့မှာ ခေါင်းဆောင် မုံဆလက(ကချင်)၊ ဒုခေါင်းဆောင် လင်နမင်က(ကိုးကန့်) နှစ်ဖက်ချလိုက်ကြတာ ကျွန်တော့်တပ်ခွဲနဲ့ ၀င်ပြီး တာမိုးညဲ နှင့် မုံးစီးကြားက ကိုးကန့်နှင့်ကချင်ရွာတွေကို အကာအကွယ်ပေးခဲ့ရတာ ခင်ဗျားတို့မသိပါ။သတင်း ထုတ်ပြန်ရင်လည်း တိုင်းရင်းသားအချင်းချင်း အငြိုးအာဃာတ ပိုကြီးရုံပဲမို့ သတင်းလည်း မထုတ်ပြန်ခဲ့ကြပါ။ ခင်ဗျားတို့သိအောင်ပြောရရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ လည်း သူတို့အချင်းချင်းမတည့်ပါ။ သူတို့လည်း ခင်ဗျားတို့ပြောတဲ့ ဒီမိုကရေစီတို့ လူ့အခွင့် အရေးတို့ မကျင့်သုံးပါ။သူတို့သိတဲ့ ဥပဒေဟာ ခင်ဗျားတို့ ကျွန်တော်တို့ သိတဲ့ ဥပဒေနဲ့မတူပါ။ နှစ်ဖက်လုံးကအပြစ်တွေ ပြောနေရင်တော့ ဘယ်တော့မှ မဆုံးနိုင်ပါ။ တိုင်းရင်းသား နယ်မြေ တွေမှာ ဗမာစစ်တပ်တွေ သွားပြီးအနိုင်ကျင့်နေတယ်ဆိုရင် မော်လမြိုင်ရထား ဗုံးခွဲပြီး အိမ်ပြန် လာတဲ့တက္ကသိုလ်ကျောင်းသူ ၆၀ ကျော် တရုတ်ဖြူတွေဆီ ရောင်းစားခဲ့တာ၊ ၁၉၅၀တုန်းက ဖြူးမြို့တစ်မြို့လုံး လူ ၃၀၀ ကျော် ယောက်ျားတွေအကုန် ဓားနဲ့ခုတ်သတ် မိန်းမတွေအားလုံး စော်ကားပြီး ရက်ရက်စက်စက် သတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေမှာ သေသွားတဲ့သူတွေဟာ တိုင်းရင်းသား နယ်မြေတွေကို သွားလည်နေလို့ မဟုတ်ပါ။တရုတ်ဖြူလက် ရောက်သွားတဲ့ တက္ကသိုလ်ကျောင်းသူ ၆၀ ရဲ့နေရာကို ခင်ဗျားတို့ စိတ်နဲ့မှန်းဆကိုယ်ချင်းစာကြည့်လိုက်ပါ။ တိုင်းရင်းသားတွေကို မုန်းတီးလို့မဟုတ်ပါ။ ဒါပေမယ့် ဒီပြည်တွင်းစစ်ကြီးက တပ်မတော် တစ်ခုတည်းပေါ်မှာ တာဝန်ရှိ တယ်လို့ မြို့ပေါ်က ကုလားထိုင်ပေါ်က ပန်ကာအောက်ကနေထိုင်ပြီး ခင်ဗျားတို့ ယူဆရင်တော့. . ခင်ဗျားတို့ သဘောပါ။

၉။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမကျရင် နိုင်ငံရေးနည်းနဲ့ခင်ဗျားတို့ပြင်ဖို့လုပ်ပါ ။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၂၈ကြိမ်လောက်ပြင်ခဲ့ရတာပါ။ စဆွဲတုန်းကဆိုရင် အမျိုးသမီးတွေတောင် မဲပေးခွင့် မရပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်လည်း ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို သဘောမကျတဲ့အချက်တွေရှိနေတာပါ။ ဒါပေမယ့် ဒီနိုင်ငံမှာမှ မဟုတ်ပါ၊ ဗြိတိန်မှာ လွှတ်တော်စပေါ်တော့ ဘုရင်၊မှူးမတ်တွေအတွက် (အာဏာစွန့်ချင် လာအောင်)ရွေးခံစရာမလိုဘဲ အလိုလိုဆက်ခံခွင့်ရတဲ့ လွှတ်တော်အမတ်နေရာ ရာကျော်ပေး ခဲ့ရတာ။ ၀န်ကြီးချုပ်အဆက်ဆက် ဒီနေရာတွေကို လျှော့ချဖို့ကြံခဲ့ပေမယ့် အခုအချိန်ထိ အမတ်နေရာ ၈၁ နေရာ ကျန်သေးတာ။ ၀န်ကြီးချုပ် အတော်များများလဲ မဲဆွယ်တုန်းက ဒီ ၈၁ နေရာကို လျှော့ချဖို့ ကြိုးစားမယ်လို့ ကတိပြုပြီး မဲဆွယ်ခဲ့ပေမယ့် သူတို့ သာပြန်ဆင်းသွားတယ် (၈၁) နေရာကတော့ အလုံးအရပ်မလျော့ရှိနေတာပါ။ ခင်ဗျားတို့ ကျွန်တော်တို့အားလုံးညီရင် နိုင်ငံရေးနည်းနဲ့ ဒီလို အခြေအနေမျိုးတွေကို ပြင်ဖို့ ကြိုးစားသွားရမှာပါ။

၁၀ ။ လူထုတိုက်ပွဲတို့ ၊တော်လှန်ရေးတို့ ၊ ဘာစစ်ပွဲတို့ ညာလှုပ်ရှားမှုတို့တော့ စစ်တပ်ကစိတ်မ၀င်စားပါ။ လက်နက်ကိုင်တိုက်ရင်လည်း အနှစ် ၆၀ လောက်တိုက်ခဲ့တာ မနိုင်ခဲ့ပဲ ခုမှနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားလို့မရပါ။ တလက်စတည်း စစ်တပ်နဲ့ဝေးသူတွေအတွက် ရှင်းပြရရင် ဦးသိန်းစိန် ကချင်ပြည်နယ်မှာ ရပ်ခိုင်းတာ ထိုးစစ်ပါ တိုက်ပွဲမဟုတ်ပါ။ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ပဲ စစ်တပ်က အစိုးရအမိန့် မနာခံသယောင် ထင်ရာမြင်ရာ လျှောက်ပြောနေတာ စိတ်ပျက်စရာပါ။ လိုင်ဇာကို ထိုးစစ်ဆင် သိမ်းဖို့ဆိုတာ အမြောက်တပ်မ(၁၀)မ၊ ခြေမြန်တိုက်ခိုက်ရေးတပ်မ(၄၀)လောက်နဲ့ လေတပ်ရှိ နေတဲ့ တပ်မတော်တစ်ခုအဖို့ လွယ်/မလွယ်ဆိုတာ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ အခုအဲဒီဒေသမှာ ၀င်နေတာ တပ်မ(၆)ခုတည်းပါ။ မြန်မာ့တပ်မတော်ဟာ ဗကပနဲ့ အနှစ်(၄၀)လောက် စစ်တိုက် ခဲ့တာပါ။ အခုရှိနေတဲ့ လက်နက်ကိုင်တွေဟာ အဲဒီတုန်းက ဗကပရဲ့ တပည့်တွေပါ။ ဆရာကို တောင်နိုင်အောင် တိုက်ခဲ့ပြီး တပည့်ကျမှ မတိုက်ရဲဘူးဆိုရင် တပ်မတော်ကို ဖျက်ပစ်ရုံပဲ ရှိတော့မှာပါ။ တိုက်ပွဲရပ်တယ်ဆိုတာ နှစ်ဖက်စလုံးက ရပ်မှရပ်လို့ရတာပါ။ နှစ်ဖက်သဘော တူညီချက် မရသေးဘဲ တစ်ဖက်သတ်ရပ်ပြီး နောက်ပြန်ဆုတ်သွားရင် အဲဒီဒေသက အရပ်သား တွေ၊ အစိုးရရုံးတွေ၊ ကျောင်းတွေ၊ ၀န်ထမ်းတွေကို တစ်ဖက်က အန္တရာယ်မပြုဘူးလို့၊ စီးပွားရေး လုပ်ငန်းတွေကို ဆက်ကြေးတွေ ပြင်းပြင်းထန်ထန် မကောက်ဘူးလို့ ဘယ်သူအာမခံ မလဲဆိုတာ စဉ်းစားစရာပါ။ KIA က အဲဒီဒေသမှာ တစ်ချိန်လုံးဆက်ကြေးကောက်နေတာ၊ ဆက်ကြေး မပေးရင်အန္တရာယ်ပြုတာ ဒေသခံတွေ အားလုံးအသိပါ။ ဒါပေမယ့် ဒီသတင်းတွေကျတော့ Onlineပေါ်မှာ လုံးဝမတွေ့ရဘဲ စစ်တပ်ကိုပဲ အပြစ်ဖို့နေတာ၊ တစ်ဖက်သတ်ဆန်လွန်းနေတာပါ။

၁၁ ။ အသွင်ကူးပြောင်းတဲ့ လုပ်ငန်းစဉ်ဆိုတာ စိတ်ရှည်ဖို့လိုတာ။ စီးပွားရေးလုပ်ငန်းတစ်ခုကိုပဲ မိသားစုပုံစံက ကုမ္ပဏီပုံစံပြောင်းကြည့်စမ်းပါ။ ကျွန်တော့်အတွေ့အကြုံအရတော့အထိုင်ကျအောင် တစ်နှစ်ခွဲလောက် အချိန်ပေးခဲ့ရတာပါ။ ဒီကိစ္စတွေ ရေးနေ ပြောနေရတာ ခင်ဗျားတို့မုန်းတဲ့ အခွင့်အရေးသမားတွေနဲ့ အောက်ခြေကစစ်သည်အများစုနဲ့ ဘယ်လိုမှမပတ်သက်တာ၊ သူတို့ အနေနဲ့ လုပ်ငန်းသဘာဝအရ အထက်ကအမိန့်ကို ခင်ဗျားတို့ပြောသလို ဟိုဟာကအမှန်၊ ဒီဟာကအမှား၊ လုပ်မယ်၊ မလုပ်ဘူး ခွဲခြားလို့ မဖြစ်နိုင်တာ။ စစ်သားတွေရဲ့ဘ၀ကို ကိုယ်ချင်း မစာပဲ တစ်ဖက်သတ်မှတ်ချက်ပေါင်းများစွာကို အမြဲတွေ့နေရလို့ပါ။ ဒါပေမယ့် မင်းတို့ ဘယ်လို ရှင်းရှင်း ဘယ်လိုပြောပြော လက်ကိုင်တုတ်ကလက်ကိုင်တုတ်၊စစ်ခွေးကစစ်ခွေးပါပဲလို့ ဆိုရင် လည်း. . အရေးမကြီးပါ။ လောကကြီးရဲ့ နိယာမအရ ခင်ဗျားတို့က စစ်ခွေးတွေကို မုန်းတီးရင် စစ်ခွေးတွေကလည်း ခင်ဗျားတို့ကို ပြန်မုန်းတီးပြီး အမုန်းတရားတွေနဲ့ နိုင်ငံကို တိုးတက်အောင် တည်ဆောက်ဖို့၊ ဒီမိုကရေစီ ဖော်ဆောင်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ပါ။

( စစ်ခွေး ရဲမိုး )

ရင်သွေးမွေးဖွားမှုထိန်းချုပ်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်


Image may be NSFW.
Clik here to view.
Photo: ရင်သွေးမွေးဖွားမှုထိန်းချုပ်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်  -----------------------------------------------------------------  ကုလသမဂ္ဂသည် ရဲဝံ့ပြီး တိုးတက် သည့် ခြေလှမ်းအနေဖြင့် ရင်သွေးမွေး ဖွားမှုကို ထိန်းချုပ်ခြင်းသည် လူ့အခွင့် အရေးတစ်ခုဟု ကြေညာခဲ့သည်။ ကမ္ဘာ ပေါ်မှ လူတိုင်းသည် ဘယ်အချိန်ကလေး မွေးမည်သို့မဟုတ် မမွေးချင်လျှင် မမွေး မည်ကို မိမိကိုယ်တိုင်ပြဋ္ဌာန်းခွင့်ရှိသည်ဟု ဆိုသည်။  ကမ္ဘာ့လူဦးရေ အခြေအနေ အစီ ရင်ခံစာတွင် ခေါင်းစဉ်ငယ်ကို ''အခွင့် အရေးအရ မဟုတ်ဘဲ ရွေးချယ်ခွင့်အရ ယူနိုင်သည်။ မိသားစုစီမံကိန်း၊ လူ့အ ခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု''ဟု ပေး ထားသည်။ ကုလသမဂ္ဂက ရှင်းပြရာ တွင် ပဋိသန္ဓေ တားဆီးရေးသည် ဖွံ့ဖြိုး ဆဲနိုင်ငံများ၏ လူမှုရေးနှင့် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးကြီးသည်ဟု ဆိုသည်။   ''မိသားစုစီမံကိန်းကို အကောင် အထည်ဖော်ခြင်းက ဆင်းရဲမှုကို လျှော့ ချနိုင်တယ်။ ကျန်းမာရေးတိုးတက်စေ တယ်။လိင်တန်းတူရည်တူမှုကို တိုးမြင့် စေတယ်။ လူငယ်တွေ ကျောင်းပြီးတဲ့ အထိ လွတ်လွတ်လပ်လပ်နေနိုင်တယ်။ လုပ်အားစွမ်းပကားကို ပိုပြီးပြနိုင်စေ တယ်''   ''အမျိုးသမီးတစ်ယောက်ဟာ သူ့ ရဲ့ ရင်သွေးမွေးဖွားမှုကို ထိန်းချုပ် လုပ် ဆောင်လာနိုင်တယ်ဆိုရင် သူ့ရဲ့တခြား အခွင့်အရေးတွေကိုလည်း အကျိုးခံစား နိုင်မှာပဲ။ ပညာသင်ကြားခွင့်စတဲ့ အခွင့် အရေးမျိုးတွေပေါ့။ ရလဒ်အနေနဲ့က ဝင်ငွေပိုလာမယ်။ သူနဲ့သူ့ကလေးတွေ အတွက် ကျန်းမာရေး ပိုကောင်းလာ မယ်။ သူ့အတွက် အဆုံးအဖြတ်စွမ်း အင်ပိုလာမယ်။ အိမ်မှုကိစ္စအတွက်ရော၊ လူမှုအသိုင်းအဝိုင်းအတွက်ပါ ပိုအလုပ် အကျွေးပြုလာနိုင်မယ်''   ''ဒီနေ့အချိန်အခါမှာ မိသားစု စီ မံကိန်းကို စစ်မှန်တဲ့အခွင့်အရေး အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထား ပါ တယ်''ဟု  အစီရင်ခံစာ တွင် ဖော်ပြထား ၏။ ပဋိသန္ဓေတားဆီးမှုကို လူပုံ အ လယ်တွင် ဖွင့်မပြောရဲစရာမလို။ ကမ္ဘာ ပေါ်မှ အဖွဲ့အစည်းများစွာက ပဋိ သန္ဓေတားခြင်းသည် စစ်မှန်သော လူ့ အခွင့်အရေးအဖြစ် အသိအမှတ်ပြုထား ကြပြီဖြစ်သည်။ ဖိလစ်ပိုင်တွင် လူဦးရေ  များပြားခြင်းနှင့် ဆင်းရဲခြင်းတို့သည် အဓိက ပြဿနာများ ဖြစ်နေ၏။ သို့ သော် ကက်သလစ် အသင်းတော်က ဆင်းရဲနွမ်းပါးသော အမျိုးသမီးများ ပဋိ သန္ဓေတားဆီးမှုကို ခွင့်မပြု၍ အစိုးရ ကို ဖိအားပေးနေဆဲဖြစ်၏။   ဤအစီရင်ခံစာထဲတွင် ဖွံ့ဖြိုး သော နိုင်ငံမှ လူတိုင်းသည် ပဋိသန္ဓေ တားဆီးမှုကို အသိအမှတ်ပြုထားကြရာ ဖွံ့ဖြိုးဆဲနိုင်ငံများက တိုးတက်မှုလိုချင် လျှင် ဤကိစ္စကို လိုက်နာသင့်ကြကြောင်း ဖော်ပြထား၏။   သားသမီးမလိုချင်ဘဲ  သားသမီး ရသွားသော အမျိုးသမီးများမှာ ဒုက္ခ ရောက်ကြရ၏။ မိသားစုအတွက်လည်း မကောင်း။ လူမှုပတ်ဝန်းကျင်အတွက် လည်း မကောင်း။ ဤအကြောင်းအချက် များစွာကို အစီရင်ခံစာတွင် ဖော်ပြ ထား၏။ သို့သော် နိုင်ငံတကာအားလုံး က လက်ခံနိုင်အောင်ကား စည်းရုံးဖို့ မလွယ်လှသေး။ ပဋိသန္ဓေ တားဆီးမှု ကိစ္စနှင့် ပတ်သက်၍ လှုံ့ဆော်ပညာ ပေးမှုများစွာ ပြုလုပ်ခဲ့သော်လည်း အားလုံး သဘောတူ လက်ခံနိုင်ရေးမှာ ရိုးရာအစွဲအလမ်းများ၊ ဘာသာရေးကန့် သတ်ချက်များ၊ မသိနားမလည်မှုများ ကြောင့် ထင်သလောက် မပေါက်မြောက် သေး။ အထူးသဖြင့် ဤကိစ္စမှာ ရှက်စ ရာကိစ္စ၊ လူကြားထဲ ထုတ်ဖော်ပြောဆို ရန် ခက်ခဲသောကိစ္စဟု ထင်နေကြဆဲ လူတွေ များစွာရှိနေဆဲ။   ဘာသာရေး အုပ်စုများစွာတို့က မူ ပဋိသန္ဓေဖျက်ချမှုကို အကြီးအ ကျယ် ဆန့်ကျင်နေကြ၏။ ဤနေရာတွင် လူမှု ရေး ဖောက်ပြန်မှုအရ ပဋိသန္ဓေဖျက်ချ ခြင်းနှင့် ကလေးမလိုချင်ဘဲ မတော်တ ဆ ကလေးရှိလာ၍ ဖျက်ချခြင်းမျိုးကား ခွဲခွဲခြားခြား သိနားလည်ထားရန်လို၏။    မိသားစုစီမံကိန်းစနစ်တကျ လုပ် ကိုင်လျှင် မလိုအပ်ဘဲ သားသမီးရသူ ၅၄ သန်းထိ လျှော့ပေါ့နိုင်မည် ဖြစ်၏။ ကိုယ်ဝန်ပျက်ကျခြင်းသည် ၂၆ သန်း လျော့ကျသွားနိုင်သည်။   ''သုတေသနတွေအရ သိရတာ က မိသားစုစီမံကိန်းပညာပေးတွေ၊ သတင်း အချက်အလက်တွေ၊ ဝန်ဆောင်မှုတွေ ကိုထိထိရောက်ရောက် လုပ်နိုင်ရင် မတော် တဆကိုယ်ဝန်ပျက်ကျမှု လျော့နည်းလာ မှာအမှန်ပဲ'' ဟုအစီရင်ခံစာတွင် ဖော်ပြ ထား၏။   အကယ်၍ ဘာသာရေးအသင်း အဖွဲ့များအနေဖြင့် မလိုလားအပ်သော ကိုယ်ဝန်ဆောင်ရမှုနှင့် ကိုယ်ဝန်ပျက်ကျ မှုကို ရှောင်ရှားလိုလျှင် နောက်တစ်နည်း ကိုရွေးသင့်သည်။ သို့သော် သူတို့က ဒါ လည်းမလုပ်ကြ။ အမေရိကရော၊ ဖိလစ် ပိုင်တွင်ပါ ဘာသာရေးခေါင်းဆောင် များက ပဋိသန္ဓေတားဆေး မသုံးကြရန် တရားဟောနေကြ၏။ တစ်ခု စဉ်းစားဖို့ ကောင်းသည်။အချို့သော မလိုလားအပ် သည့်ကိုယ်ဝန်များသည် အိမ်ထောင်ရှင် အမျိုးသမီးများတွင် ဖြစ်ထွန်းသည်ဟု ဆိုပါစို့။ မည်သို့လုပ်မည်နည်း။ သို့မဟုတ် ယနေ့က ၂၁ရာစုခေတ်။ လက်မထပ်သေး သော အမျိုးသမီးများတွင်လည်း ကိုယ် ဝန်ရှိနိုင်သေးသည်။ ဒါကိုကော မည်သို့ ဖြေရှင်းကြမလဲ။   တစ်ခုခက်သည်ကား ဘာသာရေး ခေါင်းဆောင်များသည် နိုင်ငံရေးတွင် တစ်စုံတစ်ရာသော အတိုင်းအတာ တစ်ခုအထိ သြဇာညောင်းကြ၏။ ဖိလစ် ပိုင်တွင်သာမဟုတ်။ အမေရိကမှာလည်း ထိုနည်းတူ။ ထို့ကြောင့် တော်ရုံတန်ရုံ နိုင်ငံရေးသမားများက ဘာသာရေးဆရာ များကို စောဒကမတက်ရဲကြ။ မည်သို့ ဆိုစေ ဆင်းရဲနွမ်းပါးသူများအတွက် ကား မလိုအပ်ဘဲကိုယ်ဝန်ဆောင်ရခြင်း၊ သားသမီးမလိုချင်ဘဲနှင့် ရခြင်းတို့သည် ကားသူတို့ဘဝကို ဆင်းရဲတွင်းပိုနက်စေ မည့်အတွက် စဉ်းစားသင့်ပါသည်။   ''ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာလည်း မလို ချင်ဘဲ ကိုယ်ဝန်ဆောင်မှုတွေက အရေ အတွက်တွေ များလာနေပြီ။ အများအား ဖြင့် မြီးကောင်ပေါက်တွေမှာပေါ့။ ဆင်း ရဲနွမ်းပါးသူတွေ၊ တိုင်းရင်းသားမျိုးနွယ် စုထဲက လူနည်းစုတွေမှာပေါ့'' ဟု အစီ ရင်ခံစာက ဆို၏။   ''မိသားစု စီမံကိန်းကို နိုင်ငံတိုင်း မှာလုပ်သင့်တယ်။ ဆင်းရဲချမ်းသာမရွေး အခွင့်အရေးရှိသူ၊ မရှိသူမရွေးဘဲ လူ့ အခွင့်အရေးဆိုတာ လူတိုင်းမှာ ရှိကိုရှိရ မယ်။ သားသမီးလိုချင်တဲ့သူ သူ့ဖာသာ သူ ယူခွင့်ရှိတယ်။ သားသမီးမယူချင်တဲ့ သူလည်း သူ့သဘောနဲ့သူ တားဆီးပိုင် ခွင့်ရှိတယ်'' ဟု ဆက်လက်ရေးသား ထားသည်။   အမေရိကတွင် ပုဂ္ဂလိကတစ်ဦး ချင်း အခွင့်အရေးများက အမြောက် အမြားရှိ၏။ အမြင့်ဆုံးရှိ၏။ ပဋိသန္ဓေ တားခြင်းကို အားပေးခြင်းဟုကား မဆို လိုပါ။သို့သော်ပဋိသန္ဓေတားဖို့ ငွေကြေး မရှိ၍၊ ဆေးအလွယ်တကူမရ၍၊ သူ တစ်ပါးခြိမ်းခြောက်၍ ကိုယ်ဝန်မဆောင် ချင်ဘဲဆောင်လိုက်ရ သည်ဆိုသည်ကား မဖြစ်သင့်မဖြစ်ထိုက်သောကိစ္စ။   မည်သို့ဆိုစေ ဖွံ့ဖြိုးဆဲ နိုင်ငံများ ၏ တိုးတက်မှုဖြစ်စဉ်တွင် ပဋိသန္ဓေ တားဆီးမှုက မရှိမဖြစ် အရေးကြီး သည်ကား သေချာ၏။ ကျန်းမာကောင်း မွန်သောလူ့အဖွဲ့အစည်းတွင် ပဋိသန္ဓေ တားဆီးခြင်းသည် လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည်ကား သေချာ၏။ သို့သော် အမေရိကလို နိုင်ငံမျိုးတွင်ဤကိစ္စလွတ် လပ်ပျံ့နှံ့မှုမရှိသေးသည်ကား အံ့သြစရာ ကောင်းလှသည်။  ဟိန်းလတ်  Ref: UN Declares Birth Control a Human Right and America Falls Short

-----------------------------------------------------------------

ကုလသမဂ္ဂသည် ရဲဝံ့ပြီး တိုးတက် သည့် ခြေလှမ်းအနေဖြင့် ရင်သွေးမွေး ဖွားမှုကို ထိန်းချုပ်ခြင်းသည် လူ့အခွင့် အရေးတစ်ခုဟု ကြေညာခဲ့သည်။ ကမ္ဘာ ပေါ်မှ လူတိုင်းသည် ဘယ်အချိန်ကလေး မွေးမည်သို့မဟုတ် မမွေးချင်လျှင် မမွေး မည်ကို မိမိကိုယ်တိုင်ပြဋ္ဌာန်းခွင့်ရှိသည်ဟု ဆိုသည်။

ကမ္ဘာ့လူဦးရေ အခြေအနေ အစီ ရင်ခံစာတွင် ခေါင်းစဉ်ငယ်ကို ''အခွင့် အရေးအရ မဟုတ်ဘဲ ရွေးချယ်ခွင့်အရ ယူနိုင်သည်။ မိသားစုစီမံကိန်း၊ လူ့အ ခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု''ဟု ပေး ထားသည်။ ကုလသမဂ္ဂက ရှင်းပြရာ တွင် ပဋိသန္ဓေ တားဆီးရေးသည် ဖွံ့ဖြိုး ဆဲနိုင်ငံများ၏ လူမှုရေးနှင့် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးကြီးသည်ဟု ဆိုသည်။

''မိသားစုစီမံကိန်းကို အကောင် အထည်ဖော်ခြင်းက ဆင်းရဲမှုကို လျှော့ ချနိုင်တယ်။ ကျန်းမာရေးတိုးတက်စေ တယ်။လိင်တန်းတူရည်တူမှုကို တိုးမြင့် စေတယ်။ လူငယ်တွေ ကျောင်းပြီးတဲ့ အထိ လွတ်လွတ်လပ်လပ်နေနိုင်တယ်။ လုပ်အားစွမ်းပကားကို ပိုပြီးပြနိုင်စေ တယ်''

''အမျိုးသမီးတစ်ယောက်ဟာ သူ့ ရဲ့ ရင်သွေးမွေးဖွားမှုကို ထိန်းချုပ် လုပ် ဆောင်လာနိုင်တယ်ဆိုရင် သူ့ရဲ့တခြား အခွင့်အရေးတွေကိုလည်း အကျိုးခံစား နိုင်မှာပဲ။ ပညာသင်ကြားခွင့်စတဲ့ အခွင့် အရေးမျိုးတွေပေါ့။ ရလဒ်အနေနဲ့က ဝင်ငွေပိုလာမယ်။ သူနဲ့သူ့ကလေးတွေ အတွက် ကျန်းမာရေး ပိုကောင်းလာ မယ်။ သူ့အတွက် အဆုံးအဖြတ်စွမ်း အင်ပိုလာမယ်။ အိမ်မှုကိစ္စအတွက်ရော၊ လူမှုအသိုင်းအဝိုင်းအတွက်ပါ ပိုအလုပ် အကျွေးပြုလာနိုင်မယ်''

''ဒီနေ့အချိန်အခါမှာ မိသားစု စီ မံကိန်းကို စစ်မှန်တဲ့အခွင့်အရေး အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထား ပါ တယ်''ဟု အစီရင်ခံစာ တွင် ဖော်ပြထား ၏။ ပဋိသန္ဓေတားဆီးမှုကို လူပုံ အ လယ်တွင် ဖွင့်မပြောရဲစရာမလို။ ကမ္ဘာ ပေါ်မှ အဖွဲ့အစည်းများစွာက ပဋိ သန္ဓေတားခြင်းသည် စစ်မှန်သော လူ့ အခွင့်အရေးအဖြစ် အသိအမှတ်ပြုထား ကြပြီဖြစ်သည်။ ဖိလစ်ပိုင်တွင် လူဦးရေ များပြားခြင်းနှင့် ဆင်းရဲခြင်းတို့သည် အဓိက ပြဿနာများ ဖြစ်နေ၏။ သို့ သော် ကက်သလစ် အသင်းတော်က ဆင်းရဲနွမ်းပါးသော အမျိုးသမီးများ ပဋိ သန္ဓေတားဆီးမှုကို ခွင့်မပြု၍ အစိုးရ ကို ဖိအားပေးနေဆဲဖြစ်၏။

ဤအစီရင်ခံစာထဲတွင် ဖွံ့ဖြိုး သော နိုင်ငံမှ လူတိုင်းသည် ပဋိသန္ဓေ တားဆီးမှုကို အသိအမှတ်ပြုထားကြရာ ဖွံ့ဖြိုးဆဲနိုင်ငံများက တိုးတက်မှုလိုချင် လျှင် ဤကိစ္စကို လိုက်နာသင့်ကြကြောင်း ဖော်ပြထား၏။

သားသမီးမလိုချင်ဘဲ သားသမီး ရသွားသော အမျိုးသမီးများမှာ ဒုက္ခ ရောက်ကြရ၏။ မိသားစုအတွက်လည်း မကောင်း။ လူမှုပတ်ဝန်းကျင်အတွက် လည်း မကောင်း။ ဤအကြောင်းအချက် များစွာကို အစီရင်ခံစာတွင် ဖော်ပြ ထား၏။ သို့သော် နိုင်ငံတကာအားလုံး က လက်ခံနိုင်အောင်ကား စည်းရုံးဖို့ မလွယ်လှသေး။ ပဋိသန္ဓေ တားဆီးမှု ကိစ္စနှင့် ပတ်သက်၍ လှုံ့ဆော်ပညာ ပေးမှုများစွာ ပြုလုပ်ခဲ့သော်လည်း အားလုံး သဘောတူ လက်ခံနိုင်ရေးမှာ ရိုးရာအစွဲအလမ်းများ၊ ဘာသာရေးကန့် သတ်ချက်များ၊ မသိနားမလည်မှုများ ကြောင့် ထင်သလောက် မပေါက်မြောက် သေး။ အထူးသဖြင့် ဤကိစ္စမှာ ရှက်စ ရာကိစ္စ၊ လူကြားထဲ ထုတ်ဖော်ပြောဆို ရန် ခက်ခဲသောကိစ္စဟု ထင်နေကြဆဲ လူတွေ များစွာရှိနေဆဲ။

ဘာသာရေး အုပ်စုများစွာတို့က မူ ပဋိသန္ဓေဖျက်ချမှုကို အကြီးအ ကျယ် ဆန့်ကျင်နေကြ၏။ ဤနေရာတွင် လူမှု ရေး ဖောက်ပြန်မှုအရ ပဋိသန္ဓေဖျက်ချ ခြင်းနှင့် ကလေးမလိုချင်ဘဲ မတော်တ ဆ ကလေးရှိလာ၍ ဖျက်ချခြင်းမျိုးကား ခွဲခွဲခြားခြား သိနားလည်ထားရန်လို၏။

မိသားစုစီမံကိန်းစနစ်တကျ လုပ် ကိုင်လျှင် မလိုအပ်ဘဲ သားသမီးရသူ ၅၄ သန်းထိ လျှော့ပေါ့နိုင်မည် ဖြစ်၏။ ကိုယ်ဝန်ပျက်ကျခြင်းသည် ၂၆ သန်း လျော့ကျသွားနိုင်သည်။

''သုတေသနတွေအရ သိရတာ က မိသားစုစီမံကိန်းပညာပေးတွေ၊ သတင်း အချက်အလက်တွေ၊ ဝန်ဆောင်မှုတွေ ကိုထိထိရောက်ရောက် လုပ်နိုင်ရင် မတော် တဆကိုယ်ဝန်ပျက်ကျမှု လျော့နည်းလာ မှာအမှန်ပဲ'' ဟုအစီရင်ခံစာတွင် ဖော်ပြ ထား၏။

အကယ်၍ ဘာသာရေးအသင်း အဖွဲ့များအနေဖြင့် မလိုလားအပ်သော ကိုယ်ဝန်ဆောင်ရမှုနှင့် ကိုယ်ဝန်ပျက်ကျ မှုကို ရှောင်ရှားလိုလျှင် နောက်တစ်နည်း ကိုရွေးသင့်သည်။ သို့သော် သူတို့က ဒါ လည်းမလုပ်ကြ။ အမေရိကရော၊ ဖိလစ် ပိုင်တွင်ပါ ဘာသာရေးခေါင်းဆောင် များက ပဋိသန္ဓေတားဆေး မသုံးကြရန် တရားဟောနေကြ၏။ တစ်ခု စဉ်းစားဖို့ ကောင်းသည်။အချို့သော မလိုလားအပ် သည့်ကိုယ်ဝန်များသည် အိမ်ထောင်ရှင် အမျိုးသမီးများတွင် ဖြစ်ထွန်းသည်ဟု ဆိုပါစို့။ မည်သို့လုပ်မည်နည်း။ သို့မဟုတ် ယနေ့က ၂၁ရာစုခေတ်။ လက်မထပ်သေး သော အမျိုးသမီးများတွင်လည်း ကိုယ် ဝန်ရှိနိုင်သေးသည်။ ဒါကိုကော မည်သို့ ဖြေရှင်းကြမလဲ။

တစ်ခုခက်သည်ကား ဘာသာရေး ခေါင်းဆောင်များသည် နိုင်ငံရေးတွင် တစ်စုံတစ်ရာသော အတိုင်းအတာ တစ်ခုအထိ သြဇာညောင်းကြ၏။ ဖိလစ် ပိုင်တွင်သာမဟုတ်။ အမေရိကမှာလည်း ထိုနည်းတူ။ ထို့ကြောင့် တော်ရုံတန်ရုံ နိုင်ငံရေးသမားများက ဘာသာရေးဆရာ များကို စောဒကမတက်ရဲကြ။ မည်သို့ ဆိုစေ ဆင်းရဲနွမ်းပါးသူများအတွက် ကား မလိုအပ်ဘဲကိုယ်ဝန်ဆောင်ရခြင်း၊ သားသမီးမလိုချင်ဘဲနှင့် ရခြင်းတို့သည် ကားသူတို့ဘဝကို ဆင်းရဲတွင်းပိုနက်စေ မည့်အတွက် စဉ်းစားသင့်ပါသည်။

''ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာလည်း မလို ချင်ဘဲ ကိုယ်ဝန်ဆောင်မှုတွေက အရေ အတွက်တွေ များလာနေပြီ။ အများအား ဖြင့် မြီးကောင်ပေါက်တွေမှာပေါ့။ ဆင်း ရဲနွမ်းပါးသူတွေ၊ တိုင်းရင်းသားမျိုးနွယ် စုထဲက လူနည်းစုတွေမှာပေါ့'' ဟု အစီ ရင်ခံစာက ဆို၏။

''မိသားစု စီမံကိန်းကို နိုင်ငံတိုင်း မှာလုပ်သင့်တယ်။ ဆင်းရဲချမ်းသာမရွေး အခွင့်အရေးရှိသူ၊ မရှိသူမရွေးဘဲ လူ့ အခွင့်အရေးဆိုတာ လူတိုင်းမှာ ရှိကိုရှိရ မယ်။ သားသမီးလိုချင်တဲ့သူ သူ့ဖာသာ သူ ယူခွင့်ရှိတယ်။ သားသမီးမယူချင်တဲ့ သူလည်း သူ့သဘောနဲ့သူ တားဆီးပိုင် ခွင့်ရှိတယ်'' ဟု ဆက်လက်ရေးသား ထားသည်။

အမေရိကတွင် ပုဂ္ဂလိကတစ်ဦး ချင်း အခွင့်အရေးများက အမြောက် အမြားရှိ၏။ အမြင့်ဆုံးရှိ၏။ ပဋိသန္ဓေ တားခြင်းကို အားပေးခြင်းဟုကား မဆို လိုပါ။သို့သော်ပဋိသန္ဓေတားဖို့ ငွေကြေး မရှိ၍၊ ဆေးအလွယ်တကူမရ၍၊ သူ တစ်ပါးခြိမ်းခြောက်၍ ကိုယ်ဝန်မဆောင် ချင်ဘဲဆောင်လိုက်ရ သည်ဆိုသည်ကား မဖြစ်သင့်မဖြစ်ထိုက်သောကိစ္စ။

မည်သို့ဆိုစေ ဖွံ့ဖြိုးဆဲ နိုင်ငံများ ၏ တိုးတက်မှုဖြစ်စဉ်တွင် ပဋိသန္ဓေ တားဆီးမှုက မရှိမဖြစ် အရေးကြီး သည်ကား သေချာ၏။ ကျန်းမာကောင်း မွန်သောလူ့အဖွဲ့အစည်းတွင် ပဋိသန္ဓေ တားဆီးခြင်းသည် လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည်ကား သေချာ၏။ သို့သော် အမေရိကလို နိုင်ငံမျိုးတွင်ဤကိစ္စလွတ် လပ်ပျံ့နှံ့မှုမရှိသေးသည်ကား အံ့သြစရာ ကောင်းလှသည်။

ဟိန်းလတ်

Ref: UN Declares Birth Control a Human Right and America Falls Short

မြန်မာငွေ ဘယ်လောက်တန်သလဲ

by NayHtet HtetAung (Notes) on Friday, June 7, 2013 at 6:08pm
                                နိုင်ငံတစ်ခုရဲ့ငွေကြေးတန်ဖိုးဆိုတာဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး အခြေအနေတွေကို အခြေခံခြုံငုံပြီးမှ ဈေးကွက်အလိုကျ ဖြစ်ပေါ်လာတာပါ၊၊ ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်အခြေအနေတွေ... ပြည်တွင်းနိုင်ငံရေးနဲ့ နိုင်ငံတကာရဲ့ အပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဈေးကွက်ရဲ့ အပြောင်းအလဲတွေကို ကြည့်ပြီးဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေဟာ Monetary Policy (ငွေကြေးဆိုင်ရာမူဝါဒ)တွေကို သင့်တော်သလို ချမှတ်လုပ်ကိုင်ကြရပါတယ်။ ငွေကြေးဆိုင်ရာ မူဝါဒမှာဆိုရင် Contractionary Monetary Policy(ငွေကျုံ့စေတဲ့မူဝါဒ)နှင့် Expensionary Monetary Policy(ငွေပေါများစေတဲ့မူဝါဒ) ဆိုပြီး Policyနှစ်ရပ်ရှိပါတယ်။ တိုင်းပြည်ရဲ့ ဝင်ငွေGDPတိုးအောင် လုပ်တော့မယ်၊စီးပွားရေးကို အရှိန်အဟုန်နဲ့မြှင့်တော့မယ်ဆိုရင် ငွေပေါများအောင်လုပ်ဖို့ ငွေပေါများစေတဲ့မူဝါဒ ကိုသုံးပေးကြ ပါတယ်။ဒါ့ကြောင့် ဒီပေါ်လစီကို သုံးရင် တဖြည်းဖြည်းနဲ့ ပြည်သူတွေ လက်ထဲမှာ ငွေပေါများပြီး ငွေတန်ဖိုး အလိုလို ကျလာစေပါတယ်။ ငွေဖောင်းပွမှုကို ကာကွယ်တော့မယ်၊ တန်ဖိုးထိုးကျနေတဲ့ ငွေတန်ဖိုး ကို ပြန်မြှင့်တော့မယ်ဆိုရင် ငွေကျုံ့စေတဲ့မူဝါဒကိုသုံးပေးကြလေ့ရှိပါတယ်။

                               ငွေပေါအောင် သို့မဟုတ် ငွေတန်ဖိုးကျအောင် လုပ်ပြီဆိုရင် .....လူတစ်စုစာအတွက်သာမဟုတ်တဲ့ သာမန်ပြည်သူအားလုံး(စီးပွားရေးလုပ်တတ် ကိုင်တတ် ရှိသူများ) အတွက်ရည်ရွယ်ပြီး စီးပွားရေး လုပ်ငန်းကိုင်ငန်းနှင့် အခွင့်အရေးတွေ ဖန်တီးပေးရပါမယ်။ဒီအခါမှာ သာမန်ပြည်သူတွေက စိန်၊ရွှေ၊အိမ်၊ခြံ၊မြေ၊ကား၊ဒေါ်လာ... အစရှိသဖြင့် ရင်းနှီးသိမ်းဆည်းထားတဲ့ အရာတွေကို ရင်းနှီးငွေအဖြစ် ပြောင်းလဲထုတ်သုံး လာကြပါမယ်။ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေ ပေါ်မှာစည်းမျဉ်းတွေ၊ကန့်သတ်မှုတွေဖြေလျော့ပေးတာမျိုး၊ လုပ်ပိုင်ခွင့်တွေပိုပေးလာတာ၊အတိုးနှုန်းတွေလျှော့ချပေးတာမျိုးတွေ၊ လိုချင်တဲ့ငွေပမာဏကိုလွယ်လင့်တကူထုတ်ချေးခွင့်ပေးတာတွေနှင့်အပေါင်ပစ္စည်းပေါ်ကိုတန်ဖိုးမနှိမ်ဘဲငွေထုတ်ချေးပေးတာ တွေ...စသဖြင့်ကိုလုပ်ဆောင်လေ့ရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာလည်း ဘဏ်ချေးငွေနှင့် ကိုယ်ပိုင်ငွေ နှစ်ရပ်ပေါင်းပြီး လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်လာနိုင်ပါမယ်။ဒီအခါမှာ အလုပ်အကိုင်တွေပေါများလာပြီး လုပ်သားတွေပိုမို ခေါ်ယူကြရပါမယ်။ ဒါ့ကြောင့်အလုပ် လက်မဲ့နှုန်းတွေ လျော့ကျသွားမယ်။ ဝယ်ယူသုံးစွဲနိုင်မှုတွေတက်လာမယ်။ငွေတွေပိုလျှံတော့ ပစ္စည်းတွေ ဝယ်ယူစုဆောင်း တာတွေ၊ရင်းနှီးမြုပ်နှံ မှုတွေများလာမယ်။ငွေဖော်ရလွယ်တဲ့ ပစ္စည်းတွေကိုလည်း ဝယ်ယူရင်းနှီး မြှုပ်နှံကြမယ်။ ဒီတော့နိုင်ငံ အတွင်းမှာအရောင်းအဝယ်တွေ ကောင်းပြီးအမြတ်အစွန်းတွေ တက်လာပါမယ်။ ငွေကြေးလှည့်ပတ် စီးဆင်းမှု (Velocity of Money)တွေ အားကောင်းပြီး ပတ်ရေ များများလည်နိုင်လာမယ်။
                             
 ဒီလိုမျိုးသာ ဈေးကွက်ထဲမှာ ငွေတွေအများကြီး ဖြစ်လာရင် ငွေတန်ဖိုးဟာ တစ်ဖြည်းဖြည်းခြင်း တအိအိနဲ့ ကျဆင်းလာမှာဖြစ်ပါတယ်။ အခုလို လူတစ်စုရဲ့ကိုယ်ကျိုးစီးပွားတွေကို ရှေ့တန်းတင်ပြီး လိုချင်တဲ့ တားကက်ကို ထိအောင် ဇွတ်အတင်းလုပ်လို့ငွေတန်ဖိုး  ကျအောင်လုပ်သလို ဖြစ်နေတာဟာ မသင့်တော်ပါဘူး။ ပညာနဲ့မလုပ်ဘဲ တစ်ပွဲတိုး ပုံသေနည်းဆန်ဆန်တွေကို အသုံးပြုမယ်ဆိုရင်တော့ ဒီပန်းတိုင်ဟာ ကြာကြာမခံပါဘူး။ ဒီလိုလုပ်နည်းမျိုးတွေကို ရေနံသူဌေးတွေ နှင့် ဘဏ်သူဌေးတွေ ပေါင်းပြီး ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံ....ကမ္ဘာ့ ရွှေဈေးကွက်တွေ ၊ ရေနံဈေးကွက်တွေ၊ ဒေါ်လာဈေးကွက်တွေကို အမှန်အကန်ဝယ်လိုအားမရှိဘဲနဲ့ ဝယ်လိုအားအတုတွေလုပ်ပြီး ရုတ်တရက် တက်အောင်လုပ်... ကမောက်ကမတွေဖြစ်ချိန်မှာ အမြတ်ငွေတွေ အများကြီး သဲ့ယူသွားကြတဲ့ ဇာတ်လမ်း တွေရှိပါတယ်။ ဒါဟာလည်း လုပ်တိုင်း မအောင်မြင်ပါဘူး။ အချီကြီးရှုံးပြီး ဘဝပျက်ကြရတဲ့ အခါတွေလည်းရှိပါတယ်။ဒီတော့ ငွေပမာဏ ဘယ်လောက်သုံးပြီး ဘယ်လောက်ကြာကြာ မြန်မာငွေတန်ဖိုးကို ချထားနိုင်မလဲ... ဆိုတာလေး မေးချင် ပါတယ်။ ပြည်သူတွေ စီးပွားရေးလည်း မကောင်း ငွေလည်းပေါပေါမရှိတဲ့အချိန်မှာ မြန်မာငွေတန်ဖိုး ချခံလိုက်ရတာဟာ နိုင်ငံတော်အတွက် အကောင်းလား အဆိုးလား.... သေချာပြန်စဉ်းစားစေ ချင်ပါတယ်။ယခုငွေတန်ဖိုး ကျအောင်လုပ်တာတွေက ယခင်တုန်းက ကုန်ဈေးနှုန်း ကျအောင်လုပ်ခဲ့တဲ့ စီမံချက်တွေနဲ့ လုပ်ဆာင်ပုံတွေကို ပြန်ပြောင်းအောင့်မေ့ပြီး သတိရ စေပါတယ်...။ အဲ့ဒီတုန်းက စီမံချက်တွေ တကယ် အောင်မြင်ပြီး ကုန်ဈေးနှုန်းတကယ် ကျခဲ့ပါသလားး။
                        
 မြန်မာနိုင်ငံဟာ ငွေဖောင်းပွပြီး ငွေတန်ဖိုး အလွန်အမင်း ကျဆင်းခဲ့တဲ့ကာလကြီးကို ကျော်လွန်နိုင်ခဲ့တာ တစ်နှစ်လောက်ပဲရှိပါသေးတယ်။မြန်မာငွေဖောင်းပွစဉ်တုန်းကငွေဖောင်းပွမှုကြောင့်ကုန်ဈေးနှုန်းမတန်တဆကြီးတဲ့ အခြေအနေ ကို ဒီတိုင်းပဲခါးစည်းပြီး ငုံ့ခံနေခဲ့ရတဲ့ ပြည်သူအများစုရဲ့ငိုငြီးသံက သဲ့သဲ့လေးပါ။ ကုန်ဈေးနှုန်းကြီးလို့ လစာတိုးတယ် ဆိုတော့လည်း သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေ အကြိုက်ကိုဖြစ် လို့.. လစာက လက်ထဲမရောက်သေးဘူး၊ ဈေးတွေက ဆက်တိုက်တက်.. ဆိုတော့လေ။ငွေဈေးရော၊ ပစ္စည်းဈေးတွေရော ကစားလို့သိပ်ကောင်းတာပေါ့။ အဲဒီ အခြေအနေမှာပဲ.. မြန်မာငွေဟာ ပြန်ပြီး နလန်ထူလာရာကနေ ဆက်တိုက်တက်လာခဲ့ပါတယ်။ပုဂ္ဂလိကဘဏ်အသစ်တွေ ထပ်မံဖွင့်ခွင့် ပြုခဲ့တာကလည်း မြန်မာငွေတန်ဖိုးတက်စေတဲ့ အချက်တွေထဲက တစ်ခုပါပဲ။ ဘဏ်လုပ်ငန်းရှင်တွေဟာ လိုအပ်တဲ့ရင်းနှီး မြုပ်နှံငွေပမာဏကို မြန်မာငွေနဲ့ မတည်ရင်းနှီး ရပါတယ်။ဒါကြောင့် သူတို့ရဲ့ပိုင်ဆိုင်မှု (အိမ်၊ခြံ၊မြေ၊ရွှေ၊ကား၊ဒေါ်လာ...) စတာတွေကို မြန်မာငွေနဲ့ လဲလှယ်ရတာ ကြောင့်လည်းငွေတန်ဖိုးတက်မှုကို အနည်းနဲ့အများ သက်ရောက်စေ ပါတယ်။ နောက်တစ်ချက်က ငါးသိန်းတန်ဖုံးတွေနှင့်လေလံကားတွေကို အများအပြားရောင်းချပြီး ပြည်သူ လက်ထဲကငွေတွေကို ပြန်လည် သိမ်းဆည်းသကဲ့သို့ ဖြစ်စေခြင်းတွေကလည်း အကြောင်းအချက် တစ်ခုဖြစ်ပါတယ်။
                        
 မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့ရောင်းချနိုင်မှုကလည်း ကမ္ဘာ့အဆင့်၂၀ကျော်ကို ရောက်ရှိလာခဲ့ပါတယ်။ အင်တာနက် Resource ၂ခုမှာ တစ်ခုက အဆင့်၂၃ လို့ဖော်ပြပြီး နောက်တစ်ခုက  အဆင့်၂၈လို့ဖော်ပြ ထားပါတယ်။ ဒါဟာ၂၀၁၀ခုနှစ်က တင်ပို့ရောင်းချနိုင်ခဲ့တဲ့ အချက်အလက်တွေပါ ။ပြီးတော့ ကျောက်မျက်ရောင်းတဲ့ ဝင်ငွေဒေါ်လာဘီလီယံ ပေါင်းများစွာ ကလည်း မြန်မာငွေ တန်ဖိုးတက်မှုမှာ အထောက်အကူဖြစ်စေပါတယ်။ ဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာ့ဘဏ် တိုးနှုန်းမြင့်မားနေမှုကလည်း ငွေတန်ဖိုးတက်စေတဲ့အချက်တစ်ခုအဖြစ် ပါဝင်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာဆီယံ ဒေသတွင်းဘဏ်တွေဟာ စီးပွားရေးသမားတွေကို အရင်းအနှီးတွေ ထုတ်ပေးပြီး မြေတောင်မြှောက်ပေး ကြပါတယ်။ အမြင့်ဆုံး ဘဏ်တိုးနှုန်းဟာ ၃%ပါပဲ။ဒီတော့ မလေးရှားနဲ့ စင်္ကာပူလို နိုင်ငံမျိုးမှာ ကုမ္ပဏီခွဲဖွင့်ထားတဲ့ လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာ နိုင်ငံဘဏ်တွေ ကနေပြီး ငွေတွေချေးယူတယ်။ မြန်မာနိုင်ငံကဘဏ်တွေမှာ ပြန်အပ်တယ်။ အဲဒီနည်းနဲ့လည်း အမြတ်ငွေတွေကို အလုံးအရင်းနဲ့ထိုင်ယူနေကြတာကြောင့် ဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ Government တစ်ခုကနေ Government အသစ်တစ်ခု ဆီကို ကူးပြောင်းပြီး ဒီမိုကရေစီစနစ်သစ်နဲ့ အုပ်ချုပ်မှုပုံစံသစ်ဆီကို ညင်သာစွာ ကူးပြောင်း နိုင်ခဲ့မှုကလည်း ငွေတန်ဖိုးတက်စေတဲ့ အကြောင်းအချက်ဖက်တာတွေ ထဲမှာတစ်ခုအဖြစ်ပါဝင်နေပါတယ်။
                           ဒီလိုတွေ ငွေတန်ဖိုးပြန်တက်လာတဲ့ အောင်မြင်မှုတွေနဲ့အမေရိကန်ဒေါ်လာရဲ့တန်ဖိုးကျမှု နှစ်ခုဆုံသွားတဲ့ အခါမှာ မြန်မာငွေတန်ဖိုးဟာတော်တော်လေး အတက်ကြမ်းသွားခဲ့ပါတယ်။အံ့သြစရာတစ်ခုက ဒီလိုအခြေအနေမှာ သွင်းကုန် လုပ်ငန်းရှင်ကြီးတွေက ပစ္စည်းဈေးတွေချမပေးခြင်း နဲ့မြန်မာငွေ တန်ဖိုးပြန်အကျကိုမျှော်နေကြပါတယ်။မြန်မာငွေ တန်ဖိုးတက်လာ တော့မကိုက်လို့ဆိုတဲ့ Exporter လူနည်းစုတွေရဲ့ ကျယ်လောင်တဲ့အော်သံကြီးကလည်း အကျယ်ကြီးထွက်လာပါတယ်။ ဒါမျိုးကိုကြတော့ အချိန်မဆွဲပဲ ချက်ခြင်းအရေးပေါ် ဖြေရှင်းပေးမှဖြစ်တဲ့ အခြေအနေတွေဖြစ်ကုန်ပါတယ်။မြန်မာနိုင်ငံဟာ သွင်းကုန်ပစ္စည်းအမယ်ပေါင်းများစွာ (အတွင်းခံအဝတ်အထည်ကစပြီးခေတ်အမီဆုံး နည်းပညာ သုံးပစ္စည်းတွေအထိ) ကိုဝယ်ယူ တင်သွင်းနေရပါတယ်။Export ကုန်စည်ဆိုတာ လက်ချိုးရေလို့ရပါတယ်။ အဲဒီကုန်စည် တွေကလည်း လယ်ယာ၊သား၊ ငါး၊သစ်တောထွက်ပစ္စည်း ထွက်ကုန်လေးတွေပါ။ ဒီကုန်စည်တွေဟာ အများကြီးပေးရပြီး ပြန်ရတဲ့ငွေက နည်းပါတယ်။ဥပမာ - ဆန်တစ်တန်ကို ရောင်းရ တဲ့ ငွေပမာဏနဲ့ i pad တစ်ခု i phoneတစ်ခုတို့အတွက်ပေးဝယ်ရတဲ့ ငွေပမာဏတွေကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ မြန်မာငွေတန်ဖိုးရေရှည်ခိုင်မာလာရင်  Import ပစ္စည်းတွေရဲ့ဈေးတွေတောင့်ခံ မထားနိုင် တော့ဘဲကျပြီး လစာမတိုးတောင် ရရှိနေတဲ့ လုပ်ခ၊လစာတွေနဲ့ပိုမိုဝယ်ယူ သုံးစွဲနိုင်စွမ်းတွေ ရှိလာမှာပါ။
                              
 မြန်မာငွေတန်ဖိုးတက်တာလည်းမကြိုက်၊လစာတွေကျ ဇွတ်တိုးပေးစေချင်..ဆိုတာဟာ တည်ငြိမ် နေတဲ့ ဈေးကွက်ကို လှုပ်ခတ်ပြီး ဈေးကစားလို့ကောင်းအောင်လုပ်သလိုဖြစ်နေပြီး ပြည်သူကို ထိရာက်တဲ့ ကူညီမှုမဖြစ်စေပါဘူး။ Exporter&Importer ကြီးတွေအကြိုက်ပဲဖြစ်လာမှာပါ။ မြန်မာငွေဟာ ထိုက်သင့်တဲ့တန်ဖိုးလေး တစ်ခုရှိနေတာကောင်းလား ဈေးပေါနေတာ ကောင်းလား ဆိုတာကို သိချင်ရင် မြန်မာနိုင်ငံရဲ့ တစ်နှစ်တာအတွင်း အိတ်စ်ပို့ နဲ့ အင်ပို့ကြားက ခြားနားချက်နှင့် တိုင်းပြည်ဝင်ငွေ ဒီဖီးဆစ်(လိုငွေပြမှု)ဘယ်လောက်လဲဆိုတဲ့ စာရင်းအမှန်တွေကို ကြည့်လိုက်တာနဲ့ ထင်ရှားစွာ သိမြင်နိုင်ပါတယ်။ အဲဒီစာရင်းအမှန်တွေကို အာဆီယံ စတာတစ်စတစ်ကယ်ရီးယားဘွတ် နဲ့ တခြားသောနိုင်ငံရပ်ခြားမှ စာရင်းအင်းဌာနနဲ့ ပညာရှင်တွေ တင်ပြတွက်ချက်ပေးထားတဲ့ နိုင်ငံအလိုက် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်တွေကို အွန်လိုင်းပေါ်ကနေ အလွယ်တကူ ရယူကြည့်ရှု့နိုင်ပါတယ်။ မြန်မာနိုင်ငံက အိတ်စ်ပို့လုပ်ငန်းရှင် လက်တစ်စုပ်စာနဲ့ အိတ်စ်ပို့ကုန်စည်တွေဟာ တိုင်းပြည်ဝင်ငွေကို ဆားပလက်စ် (ပိုလျှံငွေ)ပြအောင် လုပ်ပေးနိုင်စွမ်း ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။
                   
 ဈေးကွက်စီးပွားရေးစနစ်ကို အပီအပြင်ပြောင်းလဲရတော့မယ့် မြန်မာနိုင်ငံဟာ မကြာမီမှာ နိုင်ငံတကာနဲ့ ကူးလူး ဆက်ဆံမှုတွေ သိပ်များပြားလာတော့မှာပါ။ ထင်မှတ်မျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေရော၊ မထင်မှတ်မမျှော်လင့်တဲ့ ပြောင်းလဲမှု တွေများစွာကိုရော ကြုံတွေ့ရတော့မှာပါ။အခုမြန်မာငွေတန်ဖိုးကို အတင်းဆွဲချတယ်...မကြာတော့တဲ့ကာလမှာ နိုင်ငံတော်က အတင်းဖိတ်ခေါ် တာကြောင့်ရော.. လာချင်ရက်လက်တို့ဖြစ်နေကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာတွေ ဝင်ရောက်လာရင်လည်း မြန်မာငွေ တန်ဖိုးက ထပ်တက်အုံးမှာပါ။ သူတို့ယူဆောင်သုံးစွဲလာမယ့် သန်းပေါင်းများစွာသော ဒေါ်လာတွေ ကို မြန်မာငွေနဲ့ လဲလှယ်ဝယ်ယူတဲ့ ဒဏ်ကိုအံတုပြီး ငွေဈေးကစားချင်တိုင်း ကစားလို့ရမယ် ထင်နေပါသလားးး။မတည်ငြိမ်တဲ့ ငွေကြေး ဈေးကွက်..၊ဈေးကွက်အလိုကျမဟုတ်သော အုပ်ချုပ်သူလူတစ်စုအကြိုက် ပုံဖော်နေတဲ့ ဈေးကွက်ထဲကိုရော ဒီနိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေက လာချင်ကြပါ့မလားးး။ မင်းကြီးအနော်ရထာဟာ ပုဂံဆိုတဲ့မြို့လေးကို အင်ပါယာကြီးတစ်ခုဖြစ်အောင် တည်ထောင်ဖို့ ကြံရွယ်တော့ နိုင်ငံတော်ရဲ့စီးပွားရေးကို အရင်ဆုံးအခိုင်အမာ တည်ဆောက်ခဲ့တာပါ။အခုလည်း လက်ရှိ မြန်မာနိုင်ငံ ကိုတည်ဆောက်ရာမှာ စီးပွားရေးကိုပဲ အရင်ဆုံးတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီတော့မြန်မာ့စီးပွားရေး တိုးတက်ဖို့ကို ရေရှည်အတွက် စဉ်းစားမယ်ဆိုရင် စဉ်းစားစရာတွေ စိတ်ပူစရာတွေက အနာဂတ်မှာပိုပြီး အများအပြားရှိ နေပါတယ်။

                                                                                               နေထက်ထက်အောင်
                                                                                        The Voice Daily (7 June,2013)

လှလေးစိန်

အပိုင်း ၁ အပိုင်း ၂

ဆယ်တန်းအောင်မြင်သူများ ဖတ်ကြည့်သင့်ပါတယ်

Image may be NSFW.
Clik here to view.
ဆယ်တန်းအောင်မြင်သူများ ဖတ်ကြည့်သင့်ပါတယ်။  ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အလုပ်ရာထူး ၁၀ မျိုး  နံပါတ် ၁၀ ကနေ ၁ အထိ စီထားပါတယ်။   10. Natural Sciences Manager  ကမ္ဘာ့ရဲ့  သဘာဝအလျောက် ဖြစ်စဉ် ပြောင်းလဲမှုကို သုတေသန ပြုလုပ်ပေးနေရတဲ့ အလုပ်မျိုးပါ။    9. Marketing Manager  စီးပွားရေးလုပ်ငန်း၊ ထုတ်ကုန်ပစ္စည်းများအတွက် မာကဲတင်း လုပ် စီမံခန့်ခွဲပေးရသူ မန်နေဂျာကလည်း နံပါတ် ၉ မှာ ရှိနေပါတယ်။    8. Computer and Information Systems Manager  ကွန်ပြူတာ နှင့် သတင်းအချက်အလက် စနစ်ဆိုင်ရာ မန်နေဂျာ ရာထူးပါ။ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ၊ Programming, Networking တို့ တတ်မြောက် ကျွမ်းကျင်ထားသူမျိုး ဖြစ်ပါတယ်။    7. Air Traffic Controller  လွယ်လွယ်ခေါ်တော့ လေကြောင်းမော်တော်ပီကယ်ပေါ့။ သင်္ချာစွမ်းရည်၊ ကွန်ပြူတာ စနစ်ထိန်းချုပ် စွမ်းရည်၊ ဒီဇိုင်းဖန်တီးနိုင်စွမ်း တို့ တတ်မြောက် ထားသူတို့ ဖြစ်ပါတယ်။ ဒီအတွက် သီးသန့်ဘာသာရပ်ကို နိုင်ငံကြီးတွေမှာ သင်ကြားပေးပါတယ်။ အများစုကတော့ စစ်ဘက်ကပါ။    6. Lawyers  ရှေ့ နေ အလုပ်ကတော့ လူတိုင်းသိပြီးသား ဖြစ်ပါတယ်။ သူက နံပါတ် ၆ မှာ ရှိနေပါတယ်။    5. Dentist  သွားဆရာဝန် ကနေ နံပါတ် ၅ မှာ ရှိနေပါတယ်။   4. Airline Pilot  လေယာဉ်မှူး တစ်ယောက်ရဲ့  ဝင်ငွေက ကမ္ဘာ့နံပါတ် ၄ မှာ ရှိနေပါတယ်။    3. Engineering Manager  နယ်ပယ်ကဏ္ဍစုံက အင်ဂျင်နီယာပါ။ တော်ရုံအင်ဂျင်နီယာမဟုတ်တော့ပဲ စီမံခန့်ခွဲတဲ့ Level ကိုရောက်သွားတဲ့ အင်ဂျင်နီယာ မန်နေဂျာ ရာထူးက ကမ္ဘာ့ နံပါတ် ၃ ဝင်ငွေ အများဆုံး ရှိနေပါတယ်။   2. Chief Executive Officers  ဘယ်ကုမ္မဏီမှာမဆို ဖွဲ့စည်းပုံ အရ အကြီးဆုံး ရာထူးနဲ့ ခန့်အပ်ထားသူ ဖြစ်ပါတယ်။ အချို့ ကတော့ Owner ကိုယ်ပိုင်ပဲ စီအီးအိုလုပ်ကြပါတယ်။ ကမ္ဘာ့ ကုမ္မဏီကြီးတွေမှာတော့ စီအီးအို ကို သက်သက်ခန့်ပါတယ်။ သူကတောင် ကမ္ဘာ့နံပါတ် ၂ မှာပဲ ရှိပါတယ်။    1. Surgeon  ဆာဂျင်ခေါ် ခွဲစိတ်ဆရာဝန်များက ကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး ပရော်ဖက်ရှင်နယ် သမားများ ဖြစ်ပါတယ်တဲ့။   အားလုံးခြုံငုံပြီး စစ်တမ်းကောက်ထားချက်ပါ။ အချို့ နိုင်ငံမှာကျ နံပါတ် ၁၀ က နံပါတ် ၁ ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ဥပမာ မာကဲတင်း အလုပ်က ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လခကောင်းပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လခ နည်းနေသေးတဲ့ ပရော်ရှင်နယ်လိုင်းတစ်ခုပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ယှဉ်ရင် တော့ ယင်းအချက်များ ကွဲလွဲနေတတ်ပါတယ်။ အထက်ပါ ၁၀ ချက်ကတော့ တစ်ကမ္ဘာလုံး ခြုံငုံသုံးသပ်၍ စစ်တမ်းကောက် ထားခြင်း ဖြစ် ကြောင်း သိရပါတယ်။ - Ref: dailymail Aung Kham (TSJ team)  - http://blog.techspace.com.mm/2013/06/blog-post_4107.html
ဆယ်တန်းအောင်မြင်သူများ ဖတ်ကြည့်သင့်ပါတယ်။

၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး အလုပ်ရာထူး ၁၀ မျိုး

နံပါတ် ၁၀ ကနေ ၁ အထိ စီထားပါတယ်။

10. Natural Sciences Manager

ကမ္ဘာ့ရဲ့  သဘာဝအလျောက် ဖြစ်စဉ် ပြောင်းလဲမှုကို သုတေသန ပြုလုပ်ပေးနေရတဲ့ အလုပ်မျိုးပါ။


9. Marketing Manager

စီးပွားရေးလုပ်ငန်း၊ ထုတ်ကုန်ပစ္စည်းများအတွက် မာကဲတင်း လုပ် စီမံခန့်ခွဲပေးရသူ မန်နေဂျာကလည်း နံပါတ် ၉ မှာ ရှိနေပါတယ်။


8. Computer and Information Systems Manager

ကွန်ပြူတာ နှင့် သတင်းအချက်အလက် စနစ်ဆိုင်ရာ မန်နေဂျာ ရာထူးပါ။ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ၊ Programming, Networking တို့ တတ်မြောက် ကျွမ်းကျင်ထားသူမျိုး ဖြစ်ပါတယ်။


7. Air Traffic Controller

လွယ်လွယ်ခေါ်တော့ လေကြောင်းမော်တော်ပီကယ်ပေါ့။ သင်္ချာစွမ်းရည်၊ ကွန်ပြူတာ စနစ်ထိန်းချုပ် စွမ်းရည်၊ ဒီဇိုင်းဖန်တီးနိုင်စွမ်း တို့ တတ်မြောက် ထားသူတို့ ဖြစ်ပါတယ်။ ဒီအတွက် သီးသန့်ဘာသာရပ်ကို နိုင်ငံကြီးတွေမှာ သင်ကြားပေးပါတယ်။ အများစုကတော့ စစ်ဘက်ကပါ။


6. Lawyers

ရှေ့ နေ အလုပ်ကတော့ လူတိုင်းသိပြီးသား ဖြစ်ပါတယ်။ သူက နံပါတ် ၆ မှာ ရှိနေပါတယ်။


5. Dentist

သွားဆရာဝန် ကနေ နံပါတ် ၅ မှာ ရှိနေပါတယ်။

4. Airline Pilot

လေယာဉ်မှူး တစ်ယောက်ရဲ့  ဝင်ငွေက ကမ္ဘာ့နံပါတ် ၄ မှာ ရှိနေပါတယ်။


3. Engineering Manager

နယ်ပယ်ကဏ္ဍစုံက အင်ဂျင်နီယာပါ။ တော်ရုံအင်ဂျင်နီယာမဟုတ်တော့ပဲ စီမံခန့်ခွဲတဲ့ Level ကိုရောက်သွားတဲ့ အင်ဂျင်နီယာ မန်နေဂျာ ရာထူးက ကမ္ဘာ့ နံပါတ် ၃ ဝင်ငွေ အများဆုံး ရှိနေပါတယ်။

2. Chief Executive Officers

ဘယ်ကုမ္မဏီမှာမဆို ဖွဲ့စည်းပုံ အရ အကြီးဆုံး ရာထူးနဲ့ ခန့်အပ်ထားသူ ဖြစ်ပါတယ်။ အချို့ ကတော့ Owner ကိုယ်ပိုင်ပဲ စီအီးအိုလုပ်ကြပါတယ်။ ကမ္ဘာ့ ကုမ္မဏီကြီးတွေမှာတော့ စီအီးအို ကို သက်သက်ခန့်ပါတယ်။ သူကတောင် ကမ္ဘာ့နံပါတ် ၂ မှာပဲ ရှိပါတယ်။


1. Surgeon

ဆာဂျင်ခေါ် ခွဲစိတ်ဆရာဝန်များက ကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး ပရော်ဖက်ရှင်နယ် သမားများ ဖြစ်ပါတယ်တဲ့။

အားလုံးခြုံငုံပြီး စစ်တမ်းကောက်ထားချက်ပါ။ အချို့ နိုင်ငံမှာကျ နံပါတ် ၁၀ က နံပါတ် ၁ ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ဥပမာ မာကဲတင်း အလုပ်က ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လခကောင်းပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လခ နည်းနေသေးတဲ့ ပရော်ရှင်နယ်လိုင်းတစ်ခုပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ယှဉ်ရင် တော့ ယင်းအချက်များ ကွဲလွဲနေတတ်ပါတယ်။ အထက်ပါ ၁၀ ချက်ကတော့ တစ်ကမ္ဘာလုံး ခြုံငုံသုံးသပ်၍ စစ်တမ်းကောက် ထားခြင်း ဖြစ် ကြောင်း သိရပါတယ်။
-
Ref: dailymail
Aung Kham (TSJ team)

-
http://blog.techspace.com.mm/2013/06/blog-post_4107.html

မျက်နှာဖြူ ကုလားတွေကို အထင်ကြီးတဲ့ ကျွန်တော်

နယ်ချဲ့အင်္ဂလိပ်များ၏ စိတ်ဓာတ်ကို အလွန်သဘောကျသည်။ အထင်ကြီးသည်။
အထင်မကြီးစေချင်သော ရှေးရှေးလူကြီးများကြောင့် အထင်မကြီးဖြစ်ခဲ့။

အောက်မြန်မာပြည် သိမ်းပြီး အထက်မြန်မာပြည် မကျခင် သာသနာပြု ဘုန်းကြီးများ ပူတာအို၊ ဂျိမ်းဖောနယ်ထိ ရောက်ပြီး တောတောင်၊ ရာသီဥတု၊ ဘာသာ၊ ဓလေ့ထုံးတမ်း တို့ကို သိရှိပြီးဖြစ်သည်။ အင်္ဂလန် ဘုရင်မထံ အစီအရင်ခံစာတွေလည်း တက်နိုင်ခဲ့သည်။ ဗမာများ ရောက်ပါလေစ။ ဗမာဘုရင် တိုင်းရင်းသား လူမျိုးများအကြောင်း သိပါလေစ။

ဂိမ်းထဲကလို ဘိရှော့လေးတွေ လွှတ်ထားပြီး နယ်မြေတွေကို မြင်အောင်လုပ်ထား၊ သိမ်းလိုက သိမ်းနိုင်ပြီ။ အားပါး….သူတို့ နှစ်ပေါင်းများစွာထဲက ဒီစနစ်တွေ ကျင့်သုံးလာတာပါလား။ ရိုးရာကိုးကွယ်ယုံကြည်သူ ချင်း၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင် စတဲ့ တိုင်းရင်းသားတွေအားလုံး ခရစ်ယန် သာသနာဝင်တွေ ဖြစ်သွားခဲ့ရသည်။ ကရင်လူမျိုး တော်တော်များများဆို ဂျေယုစလင် အဆက်အနွယ် လူမျိုးစု တစ်စုမှ ရေကြည်ရာ မျက်နုရာ သွားလာ/လှုပ်ရှားရင်း ဒီဒေသကို ရောက်လာသည်၊ ဥရောပ အနွယ်ဝင်လူမျိုးလို့ ယုံကြည်ကြသည်။ မြန်မာ့ သမိုင်းမှာ ရှာတော့ သူတို့လူမျိုး ရာဇဝင်ဟာ ဖျော့တော့နေသည်။ ကရင် မြို့ပြ၊ ဘုရင်၊ သူရဲကောင်းတွေ မတွေ့။

မွန်၊ ဗမာ၊ ရခိုင်၊ ထားဝယ် စတဲ့ လူမျိုးတွေမှာ ဗုဒ္ဓဘာသာ အခိုင်အမာ အမြစ်တွယ်လို့ မြို့ပြနိုင်ငံ၊ ဘုရင်၊ ရာဇဝင်၊ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုတွေ ကြွယ်ဝနေပြီ။ တော်ယုံအားဖြင့် နှဲ့လို့မရ။ ရှေးရှေး ရန်စ/စစ်ပွဲများက မနည်း။ နှစ်ပေါင်းများစွာ စစ်ခင်းလို့ ဘတစ်ပြန်/ကျားတစ်ပြန်။ ဗမာတွေက နည်းနည်း ပိုရက်စက်ပုံရသည်။ ရာဇဝင်မှာ သူ့ဘက်က ချေမှုန်းခဲ့တာများသည်။

ကျန်တောင်ပေါ်တိုင်းရင်းသားအများစုက ကိုယ့်စော်ဘွားနဲ့၊ ဒူးဝါးနဲ့၊ ဟောနန်း/အစေအပါးတွေနဲ့ နေကြသည်။ စိုက်ပျိုးထွက်ကုန်၊ ကျောက်မြတ်ရတနာ တွင်းထွက်တွေ မြေပြန့် မှာရောင်းချ၊ ဘုရင်တွေထံဆက်သ၊ သူ့ဇိမ်နဲ့ သူ အေးရာအေးကြောင်း။ နယ်မြေဒေသ တောတောင် ထူထပ်ခြင်း၊ လူဦးရေကျဲပါးစွာနေထိုင်ခြင်း တွေကြောင့် မြို့ပြနိုင်ငံတွေ မထူထောင်ခဲ့တာဖြစ်မည်။ သမိုင်းဆရာ မဟုတ်တော့ အကုန်မသိ။

မျက်နှာဖြူ အင်္ဂလိပ်တွေဟာ မြန်မာပြည် မသိမ်းခင်၊ မအုပ်ချုပ်ခင် မြန်မာနိုင်ငံအနှံ့ လူမျိုး အသီးသီးရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ နောက်ခံသမိုင်း၊ မြေပြင်/ရေပြင်ဆိုင်ရာ အချက်အလက် တော်တော်များများ ရရှိပြီးဖြစ်သလို တိုင်းရင်းသား တော်တော်များများနှင့် ပုလဲနားပန်သင့်နေပြီဖြစ်သည်။ သူတို့တွေဟာ ကျဉ်ဆံတွေ မယူလာခင် မေတ္တာတရားတွေ၊ ကျမ်းစာအုပ်တွေ၊ ဖောင်တိန်တွေ၊ ဂစ်တာတွေနဲ့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ကျမ်းပြုစုတော့ သူ့ဆရာ ပါမောက္ခတွေက သန်းထွန်း ဘယ်ကျောက်စာ ကိုလေ့လာ၊ ဘယ်ကျောက်စာနဲ့ ဘယ်ကျောက်စာ အစပ်အဆက်ရှိတယ် အဲ့သလို လမ်းညွှန်သတဲ့။ အဲ့ဒီပါမောက္ခကြီးတွေက မျက်နှာဖြူ အင်္ဂလိပ်ကြီးတွေဆိုတော့ အတော်လေး အံ့သြသွားရသဗျ။ ကျွန်တော်တို့တွေက ဘုရားရွှေတွေ၊ ကြေးခေါင်းလောင်းတွေ၊ ပတ္တမြားငမောက်တွေလောက် လွမ်းနေတာ ဟိုက လိုတာလေးယူ၊ ကူးသင့်တာကူး၊ ချန်သင့်တာချန်ပြီး ရှိသမျှ ပေ၊ ပုရပိုက်၊ ကျောက်စာတွေ တတ်နိုင်သမျှ ဖျက်ဆီးသွားပါလေရော။

အင်္ဂလိပ်လူမျိုးတွေဟာ ပထမ အင်္ဂလိပ်-မြန်မာစစ် မဖြစ်ခင်ကနေ ယနေ့အထိ မြန်မာပြည်အဝင်/အထွက် လုပ်ခဲ့တယ်။ သူ့ရှေ့မှာတော့ ပေါ်တူဂီ၊ ပြင်သစ်လူမျိုးတွေရောက်လာတယ်။ အားလုံးဥရောပတိုက်ကဘဲ။ အင်္ဂလိပ်တွေ သူ့ဘုရင်မက လောက်ငှတဲ့ လစာ၊ အဆောင်အယောင်၊ ခံစားခွင့်၊ အခွင့်အရေး ဘယ်လိုပေးခဲ့သလဲ အသေအခြာတော့မသိဘူး။ အင်္ဂလန်လိုတိုင်းပြည်ကနေ တောကျိုအုံကြား၊ ခြင်ကိုက်၊ ဗွက်ထူ၊ လမ်းမရှိ၊ လျှပ်စစ်မီးမလာတဲ့ ဒေသကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာကြတယ်။ အဲ့ဒေသမှာ သူတို့ သာသနာပြုခဲ့တယ်။ လမ်းတွေဖောက်ခဲ့တယ်။ ဖရောင်းတိုင်၊ ရေနံဆီမီးအိမ်အောက်မှာ ကျမ်းတွေရေးခဲ့တယ်။ စစ်ဆင်ရေးစီမံချက်တွေရေးခဲ့တယ်။ မြန်မာပြည် ဂုတ်သွေးစုပ်ရေး စီးပွားရေးစီမံချက်တွေရေးခဲ့တယ်။ တာဝန်အရလား၊ လစာလောက်လို့လား၊ အင်္ဂလန်ပြည်ကောင်းစားဖို့ အနစ်နာခံမယ်ဆိုတဲ့ စိတ်နဲ့လား၊ ကိုလိုနီစနစ်ကြောင့်လား။ သေခြာတာက သူတို့ မြန်မာပြည်ကို အကြာကြီးအုပ်ချုပ်သွားနိုင်ခဲ့တယ်။ အင်္ဂလန်ပြည်ကို အကျိုးပြုခဲ့တယ်။ လွတ်လပ်ရေးကို သူတို့လက်နဲ့ ပေးခဲ့တယ်။ မြန်မာအစိုးရ အဆက်ဆက် စာပေ/ရုပ်ရှင်/သမိုင်းစာအုပ်တွေနဲ့ ကိုလိုနီစနစ်မွေဆိုးကို ပုံဖော်ပေမယ့် ယနေ့ မြန်မာပြည်သူတွေဟာ အင်္ဂလိပ်ထက် မြန်မာစစ်တပ်ကို ပိုမုန်းနေတယ်။ မျက်နှာဖြူတွေ သိပ်တော်တယ်။

တောထဲတောင်ထဲ စစ်ဆင်ရေးတွေ လုပ်ကြတဲ့အခါ မရောက်ဘူးတဲ့ ဒေသဆို မြေပုံကို အားကိုးရတယ်။ မြေမပိုင်ရင် စစ်မနိုင်ဘူးတဲ့။ ဥရောပတိုက်သားတွေဟာ ကမ္ဘာမြေမျက်နှာပြင် ဒေသအားလုံးနီးပါးကို မြေပုံရေးဆွဲခဲ့ကြတယ်။ မြန်မာဘုရင်တွေ လက်ထပ်မှာ ရှိကောင်းရှိမယ်။ တရုပ်သိုင်းကားတွေထဲက မြေပုံလိုမျိုး။ ဒါမှမဟုတ် စစ်ဆင်ရာမှာ လမ်းပြ၊ မုဆိုး၊ ဒေသခံ၊ သစ္စာဖောက်တွေ အသုံးချခဲ့တာလည်း ဖြစ်နိုင်တယ်။ စနစ်တကျ သေခြာတဲ့ အချက်အလက်စုံတဲ့ မြေပုံကိုတော့ ဥရောပတိုက်သားတွေက စတင်ပြုလုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ စစ်ရေးလေ့ကျင့်ခန်းလုပ်တော့ တောင်ကဘရံနား ကပ်ပြီးချီတက်ကြတယ်။ ခြုံနွယ်ပိတ်ပေါင်းတွေရဲ့ တစ်ဖက်မှာ ချောက်ကြီး၊ နည်းနည်းမှားတိုးလိုက်ရင် ချောက်ထဲကျမယ်။ မြင်နေလို့တော့မဟုတ်ဘူး။ မြေပုံမှာတွေ့နေတာ။ ဆွဲထားတဲ့ခုနှစ်က ဒုတိယကမ္ဘာစစ်မဖြစ်သေးခင်က။ ဒါက ဘာကို ပြဆိုနေသလဲဆိုတော့ ခေတ်မှီတိုင်းတာရေး ကိရိယာတွေ/ GPS စနစ်တွေ မပေါ်ခင်တည်းက တိကျသေခြာတဲ့ မြေပြင်ဆိုင်ရာအချက်အလက်တွေကို သူတို့ကောက်ယူခဲ့ကြတယ်။ မှတ်တမ်းပြုစုခဲ့ကြတယ်။ ခက်ခက်ခဲခဲပေမယ့် ဘယ်လောက်အလေးအနက် လုပ်ဆောင်ခဲ့သလဲဆိုတာဘဲ။ ကျွန်တော်တို့ အဲ့အထိလုပ်ခဲ့ကြသလား။ လုပ်နေပြီလား။ လုပ်နိုင်ကြပြီလား။ လုပ်မှာလား။

ပင်လယ်ပြာ DEEP BLUE SEA ကမ်းစပ်နဲ့ အလွန်ဝေးကွာတဲ့ နေရာမှာ သင်္ဘောကို ရေထဲမျှောထားတုန်း ကုန်းပတ်ပေါ်ထွက် အောက်ကို အမှတ်မထင် ငုံ့ကြည့်မိတယ်။ ရေကြောင်းပြအရာရှိကတော့ သူ့တာဝန် တည်နေရာမှတ်ပုံတင်ခြင်း လုပ်နေပါလိမ့်မယ်။ ရေအောက်ကြမ်းပြင်ကို မြင်နေရတယ်။ ရေအောက်ဂမူဖြစ်မယ်ပေါ့။ ရေပုံကို တက်ကြည့်တော့ ဟုတ်တယ်။ ရေပုံမှာ ဒီနေရာလေးတစ်ကွက်ထဲ မြင့်ပြီး ရေအောက်ဂမူဖြစ်နေတာ။ စစ်ရေယာဉ်မှူးက ထုံးစံအတိုင်း စစ်ရေးအခြေအနေတွေအပြင်၊ ရေအနက်ကိုပါတိုင်းဖို့ညွှန်ကြား၊အောက်ခံမြေအမျိုးအစားတွေ စစ်၊ ကျောက်မြဲနိုင်/မနိုင်။ ရေပုံက လွတ်လပ်ရေးမရခင်က ဆွဲထားတာ။ ထပ်အံ့သြရပြန်ပြီ။ မျက်နှာဖြူတွေ ဒင်းတို့ ဒါလောက်ထိ လုပ်ခဲ့ကြလား။ ဆိုနာမရှိ၊ အက်ခိုဆောင်ဒါမရှိနဲ့။ ငါတို့ရော ဘာတွေ တိုင်းထွာခဲ့ပြီလဲ။ ဘာတွေဆက်လုပ်ကြမှာလဲ။

ရှင်အရဟံနဲ့ အနော်ရထာမင်းကြီးတို့ကြောင့် ပုဂံခေတ်မှာ ဗုဒ္ဓသာသနာထွန်းကားခဲ့တယ်လို့ သမိုင်းစာအုပ်တွေကဆိုတယ်။ ခရစ်ယန်သာသနာကတော့ မြန်မာပြည်မှာ ဒုတိယအများဆုံးဖြစ်နိုင်ဖွယ်ရှိပြီး၊ ယဉ်ကျေးမှုအရမတူတဲ့၊ နယ်မြေဒေသဝေးကွာတဲ့ ပင်လယ်ခြား၊ သမုဒ္ဒရာခြား အရပ်ဒေသက အင်္ဂလိပ်လူမျိုးတွေ သာသနာပြုခဲ့လို့ဘဲ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မပြောတော့ဘူး။ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု ကိုထိခိုက်စေချင်လို့ ပြောတာမဟုတ်ပေမယ့် ဘာသာတရားရဲ့ သာသနာအဓွန့်ရှည်ခြင်း၊ သာသနာပြန့်ပွားခြင်းဆိုတာ ယုတ်တိတန်ခြင်း/မတန်ခြင်းတခုတည်းပေါ် မူမတည်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိစေလိုပါတယ်။ မိမိတို့ရဲ့ လုပ်ဆောင်ချက် ကိုယ်မှု/စိတ်မှု/နှုတ်မှုတွေဟာ သာသနာကို အကျိုးများစေလား/ အကျိုးယုတ်စေလား သိဖို့လိုပါတယ်။

ဗုဒ္ဓဘုရားရှင်လက်ထပ်မှာ ရဟန်းတစ်ပါးဟာ တရားတော်တွေ သိလာတာနဲ့အမျှ ဟောချင်/ပြောချင်လာတယ်။ မစ္ဇျိမဒေသအရှေ့တောင်ဘက် လူဝါဒေသကလာတော့ မိမိဒေသကလူတွေကို ဗုဒ္ဓတရားတော်တွေ မျှဝေချင်တယ်။ ဘုရားရှင်ထံ အကြိမ်ကြိမ် ဦးတင်လျောက်ပေမယ့် ဘုရားရှင်က ခွင့်ပြုတော် မမူဘူး။ မြတ်စွာဘုရားဟာ ဘယ်တော့မှ အကျိုးမများရင် ခွင့်ပြုလေ့မရှိဘူး။ နောက်ဆုံးအဆင့် အရိယာသံဃာဖြစ်တဲ့အခါ ရဟန်းကလျောက်တော့ အမေး/အဖြေတွေလုပ်ပြီး အရှေ့တောင်ဘက် လူဝါတွေရှိရာ ဇာတိဒေသကို ကြွဖို့ခွင့်ပြုတော်မူလို့ သာသာနာပြုရာကနေ အဲ့ဒေသက အရိုင်းအစိုင်းတွေရဲ့ လုပ်ကြံမှုကြောင့် သက်တော်ကုန်ခဲ့တယ်။ ဘယ်နေရာ၊ ဘယ်လူမျိုးဖြစ်မလဲ ကိုယ့်ဖာသာလေ့လာကြဗျာ။

ခေတ်သစ်စိတ်ပညာအရ လူတွေကို ရိုက်နှက်မဆုံးမရဘူးဆိုတယ်။
ကိုယ့်ကို ကိုယ်ခပ်စပ်စပ်လေး ရိုက်လိုက်တယ်။
တဝက်တပျက်တော့ နိုးသွားတယ်ဗျ။

မှတ်ချက်။ ။
ဤစာကို ရေးခြင်းသည် မည်သည့် ဘာသာဝင်၊ လူမျိုးကိုမျှ မုန်းတီးခြင်း၊ နှိမ့်ချခြင်း၊ ပျက်ဆီးစေလိုခြင်း အလျင်းမရှိကြောင်း အတိအလင်း သစ္စာဆိုပါသည်။ ဤသစ္စာ မှန်ပါသောကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးတို့သည် လွတ်လပ်ခြင်း၊ ကြွယ်ဝခြင်း၊ ဥာဏ်ပညာကြီး ဖြစ်ကုန်လျက် မိမိ လူမျိုး/ဘာသာ/သာသနာအကျိုး ကိုယ်စီပိုးလျက် အေးချမ်းသော အရပ်ဒေသ ဖြစ်ပါကုန်၏။ မကြာမီကျင်းပရန်ရှိသော " ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ" လည်း အောင်ပါစေ။ အောင်ပါစေ။

သက်ထွေးအောင်
(၈-၆-၂၀၁၃)

ကြောက်လည်းကြောက် ခေါင်းလည်းကျိန်းပါသည် သို့ သော်

ကြောက်လည်းကြောက်
ခေါင်းလည်းကျိန်းပါသည်
သို့ သော်ရေးပါသည်။
=================

မကြိုက်တဲ့သူတွေရှိလည်း
ဖြစ်လာနိုင်ခြေရှိတာကိုတော့
တည့်တည့်ကြီးကို ပြောခြင်ပါတယ်။

ဒေါ်စုကို ပုဂ္ဂိုလ်ရေးအရရော အမျိုးသားခေါင်းဆောင်၏
သမီးဖြစ်တာကြောင့်ပါ ကျနော်အပါအဝင် ပြည်သူတော်တော်
များများက လေးစားချစ်ခင်ကြပြီးသားပါ။

သို့ သော်
အမျိုးသားအကျိုးစီးပွားအတွက် အကာအကွယ်ပေးထားတဲ့
၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ မညီဘူး
ပြင်ရမယ်ဆိုတဲ့ ၎င်း၏ အမြင်သဘောထားကြောင့် ၎င်းနှင့်၎င်း၏
ပါတီအပေါ် ပြည်သူလူထု၏ လူကြိုက်များရေပန်းစားမှုဟာ တဖြည်းဖြည်း
လျော့ကျလာနေတာဟာ facebookပြင်ပ သာမန်လူတန်းစားအတွင်းမှာ
တော်တော်ကျယ်ပြန့် လာသည်မှာပကတိအရှိတရား အဖြစ် ပြောင်းလဲလာနေပြီ
ဖြစ်သည်ကို အမေစုနှင့်NLDပါတီဝင်များ နားခါးမည်ဖြစ်သော်လည်း အမုန်းခံပြီး
ကျနော်ထောက်ပြလိုပါတယ်။

အမေဒေါ်အောင်းဆန်းစုကြည်သည် ကျနော်တို့ တိုင်းပြည်အတွက် မရှိမဖြစ်ပြုပြင်
ပြောင်းလဲရေးခေါင်းဆောင်တစ်ဦးဖြစ်သော်ညားလည်း ၎င်း၏ လက်ရှိ ပကတိ တိုင်းသူပြည်သား
များ၏ဒီမိုကရေစီနှင့်နိုင်ငံတကာလူ့ အခွင့်အရေးစံနှုန်းများအပေါ် နားလည်ယုံကြည်လက်ခံနိုင်သည့် levelကို မှန်ကန်စွာ အကဲဖြက်နိုင်ခြင်းမရှိဘဲ နိုင်ငံတကာ၏
အကောင်းဆုံး အဆင့်မြင့်ဆုံးစံနှုန်းများကို ပြည်သူလူထု၏ရင့်ကျက်မှုမရှိသေးသည့် အမြင်သဘောထားများအတွင်းဇွတ်အတင်းသွတ်သွင်းမိမည်ဆိုပါက သူငယ်တန်းကလေးကို
ဒဿမတန်းပုစ္ဆာပေးသကဲ့သို့ ဖြစ်ပြီး သူငယ်တန်းကလေးများနှင်တူသော ပြည်သူအများစု၏
လိုက်နာသင်ယူနိုင်မှုအဆင့်အတန်းဘောင်ကိုကျော်လွန် သွားမည်ဖြစ်၍ပြည်သူများ၏ သင်ခန်းစာအပေါ်လိုက်နာသင်ယူလိုစိတ်နှင့် သင်ခန်းစာပို့ ချသူအပေါ်ကြီးစွာနားလည်မှုလွဲပြီးသင်ခန်းစာပို့ ချသူ၏ ၂၀၁၅ဂုဏ်ထူးတန်း နိုင်ငံရေးအိမ်မတ်များပျက်ပြယ်သွားစေမည့်အခြေအနေထိ ဆိုးဝါးစွာရိုက်ခတ်လာနိုင်ကြောင်းစေတနာကောင်းနှင့်အသိပေးတင်ပြလိုပါတယ်ခင်ဗျာ။

ဒီလိုရေးလို့ အမေစုထောက်ခံသူများဘက်မှ ၁၉၈၂နိုင်ငံသားဥပဒေကြီးရှိနေလည်း လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဖြစ်ခွင့် ဆောင်ရွက်ချက်များသည် ကျေနပ်ဖွယ်အခြေအနေ၊တိကျမှန်ကန်သောအနေအထား၊တော်တည့်မှန်ကန်စွာကျင့်သုံးနိုင်မှုတွေ ရှိရဲ့ လား ဒါတွေမရှိဘဲနဲ့ 
ဒီဥပဒေကြီးကို ဒီအတိုင်းဘဲထားမှာလား ဘာလား ညာလား လာမေးမည် ဆိုပါက ကျနော့်အခုလို
အဖြေပေးလိုပါတယ်-

ဥပဒေပါအချက်အလက်များနှင့် နည်းဥပဒေသတ်မှက်ချက်များ နည်းလမ်းစည်းကမ်းတကျ နှင့်မှန်ကန်တိကျစွာအသက်ဝင်နေစေရေးသည် ထိုဥပဒေတစ်ရပ်ရပ်ကို အကောင်အထည်ဖေါ်ကျင့်သုံးရသူ များဖြစ်သည့် အစိုးရနှင့် အစိုးရမှခန့် အပ်ထားသောပြည်သူ့ ဝန်ထမ်းများအပေါ်တွင်သာအဓိကတာဝန်ရှိသည်ဟုယုံကြည်မိပါတယ်ခင်ဗျာ။

အမျိုးသားအကျိုးစီးပွားကိုအကာအကွယ်ပေးထားသည့် ဥပဒေများ ကောင်းသထက်ကောင်းပြီးခိုင်မာသည်ထက်ခိုင်မာလာစေရေးဆိုသည်မှာဖြင့်တစ်မျိုးသားလုံးနှင့်သက်ဆိုင်နေပါသောကြောင့် ထိလွယ် ရှလွယ် သည့်သဘောသဘာဝရှိပါသည်။

ထို့ ကြောင့်လွန်စွာသတိထား ထိတွေ့ ကိုင်တွယ်ရမည့်အခြေအနေတစ်ခုကို ပညာရှိသတိဖြစ်ခဲမဖြစ်ရလေအောင် မိကျောင်းမင်းရေကင်းပြနေသည့်Peace Manအပေါ် အထင်တော်လွဲမှား မတော်တရော်အတွေးများနှင့် ဆော်ပလော်မပေးလိုက်ကြပါနဲ့ လို့ ကျနော်အတွေးသမားငြိမ်းချမ်းလူမှ ကြိုတင်တောင်းပန်အပ်ပါတယ်ခင်ဗျာ။
— with Yaung Ni Oo and 49 others.


ဒေါ်အောင်ဆန်းစုကြည်နှင့် ဘီဘီစီ အင်တာဗျူး


ဘီဘီစီ ။ ။ တပ်မတော်နေ့အခမ်းအနားလုပ်တုန်းက စစ်ဗိုလ်ချုပ်တွေနဲ့အတူ ထိုင်နေတဲ့ထဲမှာ ဒေါ်စုလည်း ပါခဲ့တယ်နော် ။ တိုင်းပြည်ရဲ့အနာဂတ်မှာ စစ်တပ်ရဲ့ ကဏ္ဍကို ဒေါ်စု ဘယ်လိုမြင်လဲ ။ သမ္မတက ပြောသွားဖူးနော် .... တိုင်းပြည်ရဲ့အနာဂတ်မှာ စစ်တပ်ဟာ ထူးထူးခြားခြားနေရာတစ်ခု ( special place ) ရနေလိမ့်ဦးမယ် ဆိုပြီးတော့လေ ။

ဒေါ်စု ။ ။ ကျမအနေနဲ့ စစ်တပ်ကို ပြည်သူလူထုရဲ့အသည်းနှလုံးထဲမှာ ထူးထူးခြားခြား နေရာတစ်ခု ရစေချင်ပါတယ် ။ ဆိုလိုတာက စွမ်းရည်ပြည့်ဝကျွမ်းကျင်တဲ့ ၊ ဂုဏ်ရှိတဲ့ စစ်တပ်အနေနဲ့ တိုင်းပြည် နဲ့ ပြည်သူကို ကာကွယ်မယ့် နေရာက ရှိနေစေချင်ပါတယ် ။ ၁၉၄၈ အစောပိုင်းမှာ ကျမ ဖေဖေ တပ်မတော်ကို စတင်တည်ထောင်ခဲ့တုန်းက မျှော်လင့်ခဲ့တဲ့ ပုံစံမျိုးပါ ။

ဘီဘီစီ ။ ။ ဒါဆို အဲဒီလို အပြောင်းအလဲမျိုး ဖြစ်လာနိုင်တယ်ပေါ့ ။

ဒေါ်စု ။ ။ ဒါပေါ့ ။ ကျမတို့သာ လေးလေးနက်နက်လုပ်မယ် ၊ အမှန်တကယ် အလိုရှိမယ်ဆိုရင် အပြောင်းအလဲဆိုတာ အမြဲဖြစ်နိုင်ပါတယ် ။ တပ်မတော်သားတွေအများစုဟာ ကျမတို့အားလုံးလိုဘဲ တိုင်းပြည်ကို ချစ်ကြတယ်လို့ ကျမလုံးဝယုံကြည်ပါတယ် ။ မျိုးချစ်စိတ်ဆိုတာ အဖွဲ့အစည်းတစ်ခုတည်းအတွက်သီးသန့်သတ်မှတ်ထားတာ မဟုတ်ပါဘူး ။ လူ့အဖွဲ့အစည်းရဲ့ ဘယ်အပိုင်းမှာမှ ရှိရမယ်လို့လည်း မသတ်မှတ်ထားပါဘူး ။ မျိုးချစ်စိတ်ဆိုတာ ကျမတို့အားလုံးနဲ့ ဆိုင်ပါတယ် ။ ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ ဘယ်အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍဟာ ဘာဆိုတာကို ကျမတို့အားလုံး သဘောတူညီထားဖို့လိုပါတယ် ။

ဘီဘီစီ ။ ။ ဒေါ်စုနဲ့အနီးကပ်နေသူတွေကြားထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာကိုရော ဒေါ်စုအနေနဲ့ ဘာများပြောချင်ပါသလဲ ။ NLD အကြီးပိုင်းတစ်ယောက်က ပြောတယ် '' ဒေါ်စုဟာ စစ်တပ်ကို စည်းရုံးနိုင်မယ် ၊ ကိုယ့်ဘက်ပါလာအောင် လုပ်နိုင်မယ်လို့ ထင်နေတယ် '' တဲ့ ။


ဒေါ်စု ။ ။ စစ်ခေါင်းဆောင် အားလုံးကို စည်းရုံးနိုင်လိမ့်မယ်လို့ ကျမမထင်ပါဘူး ။ ကျမဘက်မှာရှိတယ်ဆိုတဲ့ ဒီမိုကရေစီခေါင်းဆောင်အားလုံးကိုတောင် စည်းရုံးနိုင်တာမှ မဟုတ်တာ ။ ဒီတော့ ကျမက စစ်ခေါင်းဆောင် အားလုံးကိုစည်းရုံးနိုင်လိမ့်မယ်ဆိုတာတော့ ကိုယ့်ဆန္ဒအတိုင်း အတင်းဖြစ်ရမယ်ဆိုပြီး ယုံကြည်ချက်လွန်ကဲနေတာမျိုး ( wishful thinking ) နဲ့ တူသွားမှာပေါ့။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ကောင်းကျိုးအတွက် ကျမတို့အားလုံး ပူးပေါင်းလုပ်မှ ရမယ် ဆိုတာကိုတော့ စစ်ခေါင်းဆောင်တွေ နားလည်အောင် ကျမ ရယ်လို့မှ မဟုတ်ပါဘူး ၊ ပြည်သူအများစုက စည်းရုံးနိုင်လိမ့်မယ်လို့ ကျမထင်ပါတယ် ။ ဒီလိုဖြစ်ဖို့ဆိုတာ လေးစားထိုက်ပြီး အရည်အသွေးအသွေးပြည့်ဝတဲ့ တပ်မတော် ၊ ပြည်သူ့အသည်းနှလုံးထဲမှာ တကယ်နေရာရတဲ့ တပ်မတော် ဖြစ်ဖို့လိုပါတယ် ။

မိတ်ဆွေရောင်းရင်း


“ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း ” လို့ အဆိုရှိပါတယ်။
ငါးပိရည်တစ်ခွက်နဲ့ အားရပါးရစားနေတဲ့သူတွေရှိသလို ငါးပိရည်ဆို ဟင်းမကောင်းဘူးလို့ ပြောချင်သူတွေလည်းရှိပါတယ်။
ခံတွင်းမြိန်ဖို့အတွက် ချဉ်၊ ငံ၊ စပ်လေးတွေ ပါဝင်ချင်ပါဝင်မှာပါ။ ထိုနည်းတူ မိတ်ဆွေသူငယ်ချင်းထဲမှ အငံနဲ့တူတဲ့သူ၊ အချဉ်နဲ့တူတဲ့သူ၊ အစပ်နဲ့ တူတဲ့သူတွေလည်းရှိပါလိမ့်မည်။
ကိုယ့်အတွက် အဲဒီအထဲက ဆွေမျိုးထက်ခင်မင်စရာတွေရှိလာနိုင်ပါသည်။ ဆွေမျိုးမှာ ငွေကိုသာ ကိုးကွယ်အမျိုးတော်ချင်တဲ့ငွေမျိုး၊ ရွှေမျိုးတွေလည်းရှိသည်။
တချို့သော အပေါင်းအသင်းတွေထဲမှာပင် ရုပ်၊ ဓနကိုကြည့်ပြီး ခင်မင်တတ်ကြသည်။ အဆောင် အယောင်ကိုမှ ကြည့်၍ခင်တတ်သူသည် အယောင်ဆောင်ခင်မင်မှုပင်ဖြစ်သည်။ အဆောင်ဆိုသည်မှာ အယောင်သဘောမျှသာရှိသည်ကို နားလည်ခံယူသော ခင်မင်သူများအဖို့ကတော့ မိတ်ဆွေကောင်းတွေပါပဲ။
“ငယ်ပေါင်းကြီးဖော်” တဲ့။ ငယ်ငယ်ကတည်းက ပေါင်းသင်းလာပြီး ကြီးတော့ အဖော်ဖြစ်သွားသူတွေ လည်းရှိသည်။ တချို့ ကြီးပေါင်းငယ်ဖော်တွေလည်း ရှိပါသေးသည်။ ကြီးမှ ပေါင်းသင်းကြပေမယ့် တကယ့် ငယ်ငယ်က သူငယ်ချင်းတွေအတိုင်း ခင်မင်ကြသည့် တကယ့်အဖော်ကောင်းတွေဖြစ်သည်။
တချို့ကြပြန်တော့လဲ ဧည့်သည်နေ ဧည့်သည်မျှသာဖြစ်သည်။ လာချိန်သာလာခဲ့ပြီး ပြန်ထွက်သွား ကြသည်။
“ သင့်မှာ မိတ်ဆွေ ၅၀ ရှိပါသလား။ ဒါ သိပ်နည်းလွန်းတယ်။
သင့်မှာရန်သူ တစ်ယောက်ရှိပါသလား။ ဒါ သိပ်များလွန်းတယ် ”
မိတ်ဆွေများရှိရှိလိုသူသည် ပေါင်းသင်းဆက်ဆံတတ်ဖို့တော့လိုပေသည်။ ကန့်လန့်သူငယ်ချင်း၊ တွန်းချသူငယ်ချင်း၊ ဆွဲချသူငယ်ချင်းများနှင့် တွေ့ကြုံရပါက ကြံ့ကြံ့ခံပြီး တွန်းတင်သူငယ်ချင်း၊ အတူတကွ သူငယ်ချင်းများနှင့် ကြာရှည်စွာပေါင်းသင်းနိုင်ဖို့ ကြိုးစားရပါမည်။
တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနှီးဆက်ဆံသည့်အခါ ရိုးသားမှု၊ သစ္စာရှိမှု၊ နားလည်မှုရှိဖို့ တို့သည့် အထူးလိုအပ်ပါသည်။ မရိုးသားမှုသည် ခင်မင်ခြင်း၏ အဖျက်တရားဖြစ်သည်။
“ ပုလဲရဲ့ဖြူစင်မှုသည် သူ့အတွက် တန်ဖိုးတက်စေမှုတွင် အထောက်အပံ့ကောင်းဖြစ်သည်။ စံပယ်ပွင့် လေးတွေရဲ့ ဖြူစင်မှုကိုလည်း လူတိုင်းနီးပါး နှစ်သက်ကြပါသည်။ သူငယ်ချင်း၊ မိတ်ဆွေဆိုသည့် ဝေါဟာရ နောက်တွင် ဖြူစင်မှုဆိုတာ ကပ်ပါလာပါမှ တန်ဖိုးမြင့်မည်ဖြစ်သည် ”
ဆုပ်ထားသောလက်ဖြင့် လက်ဆွဲနှုတ်ဆက်၍မရပါ။ လက်ကိုဖြန့်ထားပေးမှပါ။ တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ရာတွင်လည်း ကိုယ့်ဘက်က နွေးထွေးမှုမေတ္တာ၊ ဖြူစင်သောရိုးသားမှု၊ ခင်မင်နှစ်လိုမှုတွေ ထည့်သွင်းထားခြင်းဖြင့် မိမိနှင့်ပေါင်းသင်းဆက်ဆံသူသည် မည်သို့ရှိသနည်းဆိုသည်ကို သိရှိနိုင်မည်ဖြစ်သည်။
ကိုယ်တိုင်က မရိုးသားလျှင်တော့ မိတ်ဆွေစစ်ဆိုတာ မမျှော်ကိုးပါနှင့်။ မိတ်ဆွေသူငယ်ချင်းဆိုသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာတွေပင်ဖြစ်သည်။
ကောင်းသော မိတ်ဆွေရောင်းရင်းနှင့် ပေါင်းသင်းမှ ကောင်းသတင်းထွက်မည်ဖြစ်သည်။
ကဲ မိတ်ဆွေရောင်းရင်းတို့ရေ အတူတကွ လက်တွဲညီညီ လောကလှပအောင် တည်ဆောက်ကြပါစို့။

မောင်ပိုင်
 


Viewing all 1811 articles
Browse latest View live