Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
အမျိုးသားရေး ထောင်ချောက်များ.....
$
0
0
အမျိုးသားရေးဝါဒ၏ အကောင်းဆုံးသောပုံသဏ္ဍန်မှာ နွေးထွေးလှိုက်လှဲသော မျိုးချစ်ဝါဒပင်ဖြစ်သည် ။ နိုင်ငံတကာ အားကစားပွဲတော်များတွင်  ကိုယ့်အမျိုးသားသီချင်းကို  ကြားလိုက်သည်နှင့်  မျက်ရည်စို့  လာစေပြီး  ကြက်သီးတစ်ဖြန်းဖြန်း  ထလာစေသော  စိတ်ဓာတ်မျိုးပင် ဖြစ်သော်လည်း  အမျိုးသားရေးဝါဒ၏ အဆိုးဆုံးသော ဘေးထွက်ဆိုးကျိုးမှာ  ငါ့နိုင်ငံမှ ငါ့နိုင်ငံ ၊ ငါ့လူမျိုးမှ ငါ့လူမျိုး ၊ ငါ့ဘာသာမှ ငါ့ဘာသာ၊ ဟူသည့် ဂျင်ဂိုအစ်ဇင် (  Jingoism  )  ပင်ဖြစ်သည် ။
သမိုင်းတစ်လျှောက်  နိုင်ငံရေးဝါဒ  အမျိုးမျိုးရှိသည့်အနက်  အမျိုးသားရေးဝါဒသည်  အပြင်းထန်ဆုံး  အားအကောင်းဆုံး ဖြစ်မည်ထင်သည်။   အခြားသောအကြောင်းအရာတို့ ထက် ၊ ဘာသာတရားကြောင့် ၊ အမျိုးသားရေးဝါဒကြောင့်  သွေးတွေချောင်းစီးခဲ့ဖူးလှပေပြီ ။   လှုံ့ ဆော်ရေးသမားတို့ သည်  ရာစုနှစ်ပေါင်း များစွာပင်  မိမိတို့ ၏  ဒုက္ခသုက္ခများအတွက်  ဘာသာရေး လူမျိုးရေးကို  အပြစ်ဖို့ ကာ သွေးဆူနေသော  လူအုပ်များကို လှုံ့ ဆော်ခဲ့ပေါင်း  များခဲ့လှပေပြီ။
အလုပ်လက်မဲ့ဖြစ်မှုများ ၊ တိုင်းပြည်၏ အထွေထွေ ဆင်းရဲကျပ်တည်းမှုပြသနာများ ၊ နိုင်ငံရေး ပဋိပက္ခများ ၊ပြည်တွင်းစစ်ပြသနာများ ကိုလမ်းကြောင်းလွှဲရန်အတွက် အမျိုးသားရေးဝါဒ  လှုပ်ရှားမှုကြီးဟူသည်မှာ  အကောင်းဆုံးသော  ထောင်ချောက်ကြီးသာဖြစ်သည် ။  အင်္ဂလိပ်သမိုင်းဆရာကြီး အက်ဒွပ်ဂစ်ဘွန်း (၁၇၃၇- ၁၇၉၄)ကတော့  "   သမိုင်းဆိုသည်မှာ  လူ့ လောကကြီး၏ ရာဇ၀တ်မှုများ ၊ မိုက်မဲမှုများနှင့် ကြမ္မာဂြိုလ်ဆိုးတို့ ကို  မှတ်တမ်းတင်ထားသည့်   မှတ်ပုံတင်စာရင်းကြီးသာဖြစ်သည် "   ဟု လှောင်ပြောင်သရော်ခဲ့ဖူးသည် ။
စစ်ပွဲတိုင်းဟာ  အမျိုးသားရေးဆိုင်ရာ ကံဆိုးမိုးမှောင်ကြမှုပါဆိုသော်လည်း  ယနေ့ ကမ္ဘာကြီးက  အလိုအလျောက်ဖြစ်သောစစ်ပွဲများထက်  လူလုပ်စစ်ပွဲတွေနှင့်သာ  ပြည့်စုံလွန်းနေခဲ့သည် ။  စစ်ကိုစတင်ကျူးလွန်သောသူ၏  အမုန်းတရားတို့ ကကြောက်ခမန်းလိလိ  ဆိုးရွားသည်ဟုဆိုပါလျှင်  အကျူးလွန်ခံလိုက်ရသူတွေ၏  အမုန်းကလည်း အခြားမည်သည့်ခံစားချက်နှင့်မျှအစားထိုးနိုင်ဖို့   ဖြစ်နိုင်မည်မထင် ။ တစ်ကယ်တော့လည်း နိုင်ငံရေးဟူသည်ကိုက   ချဲ့ ကားစွာဝါဒဖြန့် ချီမှု သက်သက်သာ ဖြစ်သည်ကို  သမိုင်းသက်သေများအရ ထင်သာမြင်သာရှိခဲ့ကြပြီ ။
လောကမှာ  ကျွန်တော်တို့ ရွေးချယ်ခွင့်မရခဲ့ပဲ  အလိုအလျောက် လက်ခံပိုင်ဆိုင်လိုက်ရသည့် အရာတွေ ရှိသည် ။ ရုပ်ရည်ပုံသဏ္ဍန်  အသားအရောင် ၊ အရပ်အမောင်း ၊ နိုင်ငံသားဖြစ်ခွင့် ၊ လူမျိုး ၊ မိရိုးဖလာဘာသာ စသဖြင့်  များပြားလွန်းလှသည် ။ မိမိထက် အားနည်းသည်ဟုထင်ပါလျှင်  အနိုင်ကျင့်တတ်သည်မှာ လူသားတို့ ၏ မူပိုင်ခွင့်လား ၊ တိရိစ္ဆာန် များ၏  တောတွင်းဥပဒေသမှာရော  အဆိုပါဥပဒေရှိပါ၏လား။ ကျွန်တော်သေချာ မပြောနိုင်ပေမယ့် လူသားတွေမှာတော့  သေချာပေါက် ရှိနေခဲ့သည် ။ " I    Have a  Dream  "  ဟု 28 , Aug , 1963  နေ့ က ပြောခဲ့သည့် မာတင်လူသာကင်း (ဂျူနီယာ) ၏  အိမ်မက်သည်  အသက်သွေးချွေးမြောက်များစွာကို  အရင်းပြုခဲ့ရပြီးသကာလ  Nov.  4 , 2008  မှာမှ အိမ်ဖြူတော်ပေါ် ရောက်ရှိလာခဲ့ရသည် ။  အိပ်မက်တစ်ခု အကောင်အထည်ပေါ်ဖို့  45 နှစ်စောင့်ခဲ့ရသည် ။
တစ်ချို့ အိပ်မက်တွေကြတော့လည်း  1962 မှသည်  2013 ဆီသို့ တိုင် မပြည့်ကြသေးသလို ၊ ဘယ်တော့များမှလို့ ရယ်လည်းမသေချာ မရေရာ ရှိနေကြဆဲဖြစ်သည် ။  51  နှစ်ကြာအောင်  ကျွန်တော်တို့ စောင့်ခဲ့ကြသည် ။ နောက်ထပ်မည်မျှကြာဦးမည်ကိုမည်သူမျှ အတတ်မပြောနိုင် ။ ပိုလန်သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုခေါင်းဆောင် အဒမ်အစ်ရှနစ် ကတော့ "  မရင့်ကျက်သေးတဲ့ဒီမိုကရေစီတစ်ခုအတွက်  ထောင်ချောက်ကတော့   အမျိုးသားရေးဝါဒ ပဲဖြစ်တယ် "  ဟုဆိုခဲ့သည် ။
အမျိုးသားရေးဝါဒဆိုသည်မှာလည်း  လူသားတို့ ၏ စရိုက် သဘာဝတွင် နက်ရှိုင်းစွာ အမြစ်တွယ်ပြီးသားဖြစ်သည် ။ အခြားသောနိုင်ငံရေးဝါဒ  အသီးသီးတို့ သည်သာ  ပေါ်ပေါက်ပြီးလျှင် ပျောက်ကွယ်သွားခဲ့ကြသည် ။  အမျိုးသားရေးဝါဒကား ပြင်းထန်အားကောင်း၍  မတိမ်ကောနိုင်သည့် ခွန်အားရှိသည် ။  ယနေ့ လူ့အသိုင်းအ၀ိုင်းသည်  မရေရာမှုများ ၊ သံသယများ ၊အုပ်စုတူ ဂိုဏ်းစိတ် ရူးသွပ်မှုများ ဖြင့်သာ လွှမ်းမိုးကြီးစိုးခံနေကြရသည် ။
နိုင်ငံတစ်ခုကို ဦးဆောင်ရန်အတွက် ခေါင်းဆောင်ကောင်းလိုသည် ။ သူရဲကောင်းတွေ လိုအပ်သည် ။ သို့ သော်လည်းသူရဲကောင်းဆိုသည်မှာ  အလိုရှိသည့်အချိန်တိုင်းတော့ ပေါပေါများများ  ပေါ်ထွန်းလာတတ်သည့်အရာမဟုတ် ။   မွေးမြူယူချင်သော်မှ ကာလ ဒေသ ပယောဂ တွေ ၊ အချိန်တွေ လိုအပ်သေးသည် ။  ကမ္ဘာပေါ်တွင်  အာဏာရှင်စနစ်ဆီမှ ဒီမိုကရေစီဆီသို့   ခေါင်းလှည့်လာသည့် ခရီးစဉ်တိုင်းတော့ အောင်မြင်သည်မဟုတ် ။ နောက်ကြောင်းပြန်သည့် ဖြစ်ရပ်တွေက ကမ္ဘာနှင့်အ၀ှမ်းမှာ နေ့ စဉ်နှင့်အမျှ ဆိုသလို ။
ထိုအဖြစ်တွေကို ကာကွယ်ရန် နည်းလမ်း မရှိတော့ပြီလား ။ မရှောင်တိမ်းနိုင်ပဲ  ထုံးစံမပျက်ချောက်ထဲ အကျခံလိုက် ကြရတော့ မှာလား။ အရပ်ဘက် လူ့အဖွဲ့ အစည်း ၊တစ်နည်းဆိုရလျှင် အားကောင်းသော အရပ်ဘက် လူ့ အဖွဲ့ အစည်း ၊ အရည်အချင်းရှိတဲ့ လူမှုပတ်ဝန်းကျင်အဖွဲ့ အစည်းတစ်ခု  မဖြစ်မနေ လိုအပ်နေပြီ ။  မဟုတ်ခဲ့ရင်တော့  ကျွန်တော်တို့ ဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခြင်းဆီကိုပဲ  ပြန်လည်ဦးတည်နေကြရမှာဖြစ်သည် ။
ဘာသာတရားတို့ ၏စံနှုန်းများ ၊ အယူဝါဒရေးရာတို့ ၏ စံနှုန်းများ ၊  ယဉ်ကျေးမှုဆိုင်ရာ စံနှုံန်းများ ၊ ဘာသာစကားဆိုင်ရာ စံနှုန်းများတို့ ၏  တနဖိုးကို  ညီမျှစွာ နားလည်ပေးနိုင်ရမည် ။  ကျွန်တော်တို့ ၏ ကံကြမ္မာသည်  အတူတစ်ကွ ဖြစ်ကြောင်း ကိုလက်သင့်ခံပေးနိုင်ကြရလိမ့်မည် ။  ကျွန်တော်တို့ သည် တစ်လှေတည်းစီးပြီး တစ်ခရီးတည်းအတူ သွားနေ ကြရသည့် သူများဖြစ်သည်ကို  မေ့၍မရ ။  အာဏာရှင်လက်အောက်မှ  လွတ်မြောက်ရေး ဟူသည့် ဘုံအကျိုးစီးပွားကို မမေ့မှသာ ဖြစ်လိမ့်မည် ။
ဘာသာကို ကာကွယ်လိုသည် ။ သာသနာကိုကာကွယ်လိုသည် ။ လူမျိုးကိုကာကွယ်လိုသည် ။  ကောင်းပါသည် ။ မကောင်းသည့် အချက်တစ်ခုမှ မပါပါ ။  သို့ ပါသော်လည်း  မည်သည့် ပုံစံဖြင့်ကာကွယ်ကြပါမည်နည်း ။ မည်ကဲ့သို့ သော နည်းလမ်းဖြင့် ကာကွယ်ကြပါမည်နည်း ။  ဘာသာသာသနာဟူသည်  ကာကွယ်စောင့်ရှောက်ခြင်း  နည်းလမ်းဖြင့်သာ ကာကွယ်၍ ရလိမ့်မည် ။ခြိမ်းခြောက်၍ ၊ အကြမ်းဖက်၍ ၊ အမိန့် ပေး၍ ၊ သတ်ဖြတ်၍ သာ အောင်မြင်ကြေးပါဆိုလျင် ယနေ့ ကမ္ဘာကြီးမှာ ကိုးကွယ်စရာဘာသာ  တစ်ခုတည်းသာ ရှိနေမှာက  မလွဲဧကန် ပင် ဖြစ်သည် ။
ကမ္ဘောဒီးယားမှာ ခမာနီတို့ လက်ထက်က  ဗုဒ္ဓဘာသာနှင့် ပတ်သက်သမျှ အမြစ်လှန် ဆွဲနှုတ်မြေမြှုပ် သတ်ဖြတ်ခဲ့သမျှနာကျင်ရသော နှစ်များမှာ လူ့အဖွဲ့ အစည်းနှင့် ကိုးကွယ်ရာများ၊ အသက်ပေါင်းများစွာကိုသာ ဖျက်ဆီးသတ်ဖြတ်နိုင်ခဲ့သည် ။တရားကိုကား  ကွယ်အောင် မလုပ်နိုင်ခဲ့ ။ ဓမ္မကိုကား ကွယ်အောင်မစွမ်းနိုင်ခဲ့ ။  ရှင်သန်ကျန်နေရစ်ကြသမျှသောလူသားတို့ ဆီမှ  ယုံကြည်ရာကို ၊ ကိုးကွယ်ရာကိုကား  ဖြတ်တောက်မပစ်နိုင်ခဲ့။ ဖျက်ဆီးမပစ်နိုင်ခဲ့ ။  သူတို့ ပြောပြခဲ့ကြတာက  သူတို့ ရဲ့ ယုံကြည်မှုက  သူတို့ ရဲ့ နှလုံးသားထဲက  လာတာပါတဲ့ ။ အသက်တွေ သေသွားတဲ့အထိ  နှလုံးသားထဲက  အဲဒီဓမ္မက  အဓမ္မမှုတွေကို  တော်လှန်နေခဲ့ကြတာပါတဲ့ ။
                           "    အမုန်းကိုအမုန်းနှင့်မရပ်နိုင်                           
                              မေတ္တာနှင့်သာ ကုနိုင်ပါသည်                       
                             ဤသည်ကား  ရှေးရှေးကတည်းက                     
                           အမြဲထာဝရ နိယာမပေတည်း  "  ပါတဲ့။
အမျိုးဘာသာ  သာနာကာကွယ်တာ အရင်မလုပ်ခင် ဘူးလက်လှဆွေ ရဲ့ ဘင်္ဂလီပေါင်း ခုသိန်းသုံးထောင်တစ်ရာကိုးဆယ့်ငါးယောက် ကိစ္စလေးကို  ကျွန်တော်တို့  အရင်ကာကွယ်ကြရအောင် ။  သူတို့ ပဲ ပြောခဲ့တာပါ ။ မြေမြို ၍ လူမျိုးမပျောက် ၊လူမြိုမှ လူမျိုးပျောက်မှာပါ တဲ့ ။  အခုတော့  နိုင်ငံရေးပါတီထောင်ခွင့်တောင်ပေးဖို့  ကြံ့ဖွတ်ပါတီက ကြံရွယ်နေတာပါ ။အဲဒါကြောင့်  လောလောဆယ် ကျွန်တော်တို့ အရေးတကြီးကာကွယ်ကြရမှာက  လွှတ်တော်ထဲက ဘင်္ဂလီ ၃ ယောက်ကိစ္စနဲ့ ၊  သူတို့ ကို ပေးထားတဲ့ ၀ှိုက်ကဒ်  ဆိုတာကြီးရဲ့  အသက်ဝင်မှု  ကန့် သတ်ချက်တွေကိုပါ ။အာရုံလွှဲရာ မပါကြဖို့  ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေ အားကောင်းဖို့  လိုအပ်နေကြောင်းပါ ခင်ဗျာ ။     ။
                                                                        ပြည်ချစ်သူ
                                                                        2.9.2013
Ref ; Step by step  By  Maha Ghosananda        Time sep 9 , 1991        မြသန်းတင့် -  သမိုင်းစကား ပန်းစကား        ဂျူး -  အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ
ရုပ်ဝတ္ထုနှင့် ယဉ်ကျေးမှု
$
0
0
 Photo: ~~~~ ရုပ်ဝတ္ထုနှင့် ယဉ်ကျေးမှု ~~~~  လွန်ခဲ့သောနှစ်မှစ၍ မြန်မာပြည်တွင် ကားများ အလွန်များပြားလာခဲ့ခြင်းနှင့်အတူ ဖုန်များလည်း အလွန်ပေါများလာခဲ့ပါသည်။  ကားများပြားလာသောအခါကားမောင်းသူ များပြားလာသကဲ့သို့ ဖုန်းပေါများလာသောအခါ ဖုန်းပြောသူများပြားလာလေတော့သည်။  ဤတွင် ပြဿနာကား " ကားမောင်းရင်းဖုန်းပြောသူများ " ပါ အလိုအလျောက်များပြားလာခြင်းပင်ဖြစ်သည်။  ရုပ်ဝတ္ထုပိုင်း တိုးတက်လာသောအခါ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်များပါ ပိုမို တိုးတက်ယဉ်ကျေးလာရန်အထူးလိုအပ်ပါသည်။  နိုင်ငံတော်တော်များများတွင် ကားမောင်း ရင်းဖုန်းပြောခြင်းကို တင်းကျပ်စွာတားမြစ်ပါသည်။ မြန်မာပြည်တွင် ကားနှင့်ဖုန်းများပေါများလာသော်လည်း ထိုဥပဒေ မရှိသေးပါ။  သို့သော် ဥပဒေထက် အသိတရားကိုသာ ပိုမိုဦးစားပေးစေလိုပါသည်။ အသက်ကိုဥာဏ်စောင့် ဟူသောစကားပုံအရ မိမိ ၏ အသက်ကို တာဝန်ယူရန်မှာ ကိုယ်တိုင်တာဝန်အရှိဆုံးပင်ဖြစ်ပေလိမ့်မည်။  လမ်းပိတ်ဆို့မှုနှင့် ယာဉ်စည်းကမ်း  လမ်းစည်းကမ်း ထိန်းသိမ်းမှုရော လိုက်နာမှုပါ အားနည်းသော ဤနိုင်ငံတွင် ယာဉ်မောင်းရခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပါ။  အထူးသဖြင့် အမြန်နှုန်းနှင့် သဘောသဘာဝမတူညီသောယာဉ်များ ( ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဘက်ထရီဆိုင်ကယ် စသည်ဖြင့် ) လမ်းပေါ်တွင် တိကျသော စည်းကမ်းမရှိဘဲ နားလည်မှု ဖြင့် အဆင်ပြေသလိုသွားလာနေခြင်းသည် ပိုမို အန္တရာယ်ကြီးမားစေပါသည်။  မျက်စိတစ်မှိတ် လျှပ်တစ်ပျက် အတွင်းဘာမဆို ဖြစ်သွားနိုင်သောလမ်းများပေါ်တွင် ဖုန်းပြောရင်း ကားမောင်းနေ ခြင်းသည် ကိုယ့်အသက်နှင့် ဖုန်း တစ် Call ကို လဲလှယ်ကာ သေမင်းကို စိန်ခေါ်နေ ခြင်းပင်ဖြစ်ပါသည်။  ဖုန်းတစ် call သည် အရေးကြီးနိုင်သော်လည်း မိမိအသက် မိမိခန္ဓာထက်တော့ ပို၍ အလေးမထားသင့်ပါ။  အကယ်၍ မိမိတွင် အရေးကြီး phone call များ လာလေ့ရှိပါက ကားမောင်းစဉ် အသုံးပြုရန် သင့်တင့်သော bluetooth handfree တစ်ခုကိုဝယ်ယူထားသင့်ပါသည်။  သိန်းရာချီတန်သော ကားတစ်စီးကို  မောင်းနှင် နိုင်သူသည် ဆင်တစ်စီးလုံးဝယ်ပြီးချိန်တွင် ချွန်းအတွက် လက်မနှေးသင့်ပါ။  ကားမောင်းရင်းဖုန်းပြောနေသူများကိုမြင်မိတိုင်း စိတ်မသက်မသာခံစားမိလို့ စေတနာနှင့် ရေးခြင်းဖြစ်ပါသည်။  ထို့အတူ ကျွန်တော်တို့ ဖုန်းတွေပြောကြပါသည်။ ဖုန်းပြောလျှင် ဖုန်းယဉ်ကျေးမှု ရှိသင့်ပါသည်။  ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မြင်မိသည်မှာ Busy tone send ခြင်း ယဉ်ကျေးမှု  မထွန်းကားခြင်းပင်ဖြစ်ပါသည်။  ဖုန်းတွင် Busy tone send ခြင်းနှင့် SMS ပေးပို့ကာ reject လုပ်ခြင်း 2 မျိုး သုံးနိုင်ပါသည်။  ဖုန်းခေါ်ဆိုသူသည် သူအဆင်ပြေချိန်တွင် ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ဖုန်းလက်ခံသူ မည်သည့် အခြေသို့ ရောက်ရှိနေမှန်း မမြင်ရပါ။ ထို့ကြောင့် Phone လက်ခံသူသည်  ငြင်းဆိုသင့်လျှင် Call ကို reject လုပ်၍ နောက်မှပြန်လည် ခေါ်ဆိုသင့်ပါသည်။  Reject လုပ်ခြင်းဖြင့် မကြား၍ မဟုတ်ဘဲ ဖုန်းပြောရန် အခွင့်မသာ၍ ဆိုတာ ခေါ်ဆိုသူမှလည်း နားလည်ပေးသင့်ပါသည်။  မြန်မာပြည်တွင် အများစုမှာ ဖုန်းကို Busy tone send ခြင်းကို လက်မခံဘဲ   " ဘာဖြစ်လို့ ဖုန်းချပစ်လိုက်တာလဲ " ဟု ပြင်းထန်စွာ စိတ်ဆိုးရန်တွေ့တတ်ကြပါသည်။   ရုပ်ဝတ္ထုကိုလိုက်၍ စိတ်ယဉ်ကျေးမှုမတိုးတက်လာသောအခါ ဤအခြေအနေများကို ရင်ဆိုင်ကြရပါသည်။  ထို့ကြောင့် ကားမောင်းရင်း ပေါ့ပေါ့တန်တန် ဖုန်းပြောကြပါသည်။ မိမိ၏ လုံခြုံမှုထက်  ဖုန်း call တစ်ခုအား အရေးမပေးစေလိုပါ။  ဖုန်းပြောရင်း ကားမမောင်းသင့်ဟူသော အသိတရားနှင့် Busy tone send ခြင်းကို နားလည်လက်ခံပေးသာ ယဉ်ကျေးမှုကို ထွန်းကားစေလိုသည်မှာ ရင်ထဲမှဆန္ဒအမှန်ပင်ဖြစ်ပါတော့သည်။  Archangel AK 2.9.2013
ရုပ်ဝတ္ထုနှင့် ယဉ်ကျေးမှု ~~~~
လွန်ခဲ့သောနှစ်မှစ၍ မြန်မာပြည်တွင် ကားများ အလွန်များပြားလာခဲ့ခြင်းနှင့်အတူ
ဖုန်များလည်း အလွန်ပေါများလာခဲ့ပါသည်။
ကားများပြားလာသောအခါကားမောင်းသူ
များပြားလာသကဲ့သို့ ဖုန်းပေါများလာသောအခါ ဖုန်းပြောသူများပြားလာလေတော့သည်။
ဤတွင် ပြဿနာကား " ကားမောင်းရင်းဖုန်းပြောသူများ " ပါ အလိုအလျောက်များပြားလာခြင်းပင်ဖြစ်သည်။
ရုပ်ဝတ္ထုပိုင်း တိုးတက်လာသောအခါ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်များပါ ပိုမို တိုးတက်ယဉ်ကျေးလာရန်အထူးလိုအပ်ပါသည်။
နိုင်ငံတော်တော်များများတွင် ကားမောင်း
ရင်းဖုန်းပြောခြင်းကို တင်းကျပ်စွာတားမြစ်ပါသည်။ မြန်မာပြည်တွင် ကားနှင့်ဖုန်းများပေါများလာသော်လည်း ထိုဥပဒေ မရှိသေးပါ။
သို့သော် ဥပဒေထက် အသိတရားကိုသာ ပိုမိုဦးစားပေးစေလိုပါသည်။ အသက်ကိုဥာဏ်စောင့် ဟူသောစကားပုံအရ မိမိ ၏ အသက်ကို တာဝန်ယူရန်မှာ ကိုယ်တိုင်တာဝန်အရှိဆုံးပင်ဖြစ်ပေလိမ့်မည်။
လမ်းပိတ်ဆို့မှုနှင့် ယာဉ်စည်းကမ်း
လမ်းစည်းကမ်း ထိန်းသိမ်းမှုရော လိုက်နာမှုပါ အားနည်းသော ဤနိုင်ငံတွင် ယာဉ်မောင်းရခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပါ။
အထူးသဖြင့် အမြန်နှုန်းနှင့် သဘောသဘာဝမတူညီသောယာဉ်များ ( ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဘက်ထရီဆိုင်ကယ် စသည်ဖြင့် ) လမ်းပေါ်တွင် တိကျသော စည်းကမ်းမရှိဘဲ နားလည်မှု ဖြင့် အဆင်ပြေသလိုသွားလာနေခြင်းသည် ပိုမို အန္တရာယ်ကြီးမားစေပါသည်။
မျက်စိတစ်မှိတ် လျှပ်တစ်ပျက်
အတွင်းဘာမဆို ဖြစ်သွားနိုင်သောလမ်းများပေါ်တွင် ဖုန်းပြောရင်း ကားမောင်းနေ
ခြင်းသည် ကိုယ့်အသက်နှင့် ဖုန်း တစ် Call ကို လဲလှယ်ကာ သေမင်းကို စိန်ခေါ်နေ
ခြင်းပင်ဖြစ်ပါသည်။
ဖုန်းတစ် call သည် အရေးကြီးနိုင်သော်လည်း မိမိအသက် မိမိခန္ဓာထက်တော့ ပို၍ အလေးမထားသင့်ပါ။
အကယ်၍ မိမိတွင် အရေးကြီး phone call များ လာလေ့ရှိပါက ကားမောင်းစဉ် အသုံးပြုရန် သင့်တင့်သော bluetooth handfree တစ်ခုကိုဝယ်ယူထားသင့်ပါသည်။
သိန်းရာချီတန်သော ကားတစ်စီးကို
မောင်းနှင် နိုင်သူသည် ဆင်တစ်စီးလုံးဝယ်ပြီးချိန်တွင် ချွန်းအတွက် လက်မနှေးသင့်ပါ။
ကားမောင်းရင်းဖုန်းပြောနေသူများကိုမြင်မိတိုင်း စိတ်မသက်မသာခံစားမိလို့ စေတနာနှင့် ရေးခြင်းဖြစ်ပါသည်။
ထို့အတူ ကျွန်တော်တို့ ဖုန်းတွေပြောကြပါသည်။ ဖုန်းပြောလျှင် ဖုန်းယဉ်ကျေးမှု ရှိသင့်ပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မြင်မိသည်မှာ Busy tone send ခြင်း ယဉ်ကျေးမှု
မထွန်းကားခြင်းပင်ဖြစ်ပါသည်။
ဖုန်းတွင် Busy tone send ခြင်းနှင့် SMS ပေးပို့ကာ reject လုပ်ခြင်း 2 မျိုး သုံးနိုင်ပါသည်။
ဖုန်းခေါ်ဆိုသူသည် သူအဆင်ပြေချိန်တွင် ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ဖုန်းလက်ခံသူ မည်သည့် အခြေသို့ ရောက်ရှိနေမှန်း မမြင်ရပါ။
ထို့ကြောင့် Phone လက်ခံသူသည်
ငြင်းဆိုသင့်လျှင် Call ကို reject လုပ်၍ နောက်မှပြန်လည် ခေါ်ဆိုသင့်ပါသည်။
Reject လုပ်ခြင်းဖြင့် မကြား၍ မဟုတ်ဘဲ ဖုန်းပြောရန် အခွင့်မသာ၍ ဆိုတာ ခေါ်ဆိုသူမှလည်း နားလည်ပေးသင့်ပါသည်။
မြန်မာပြည်တွင် အများစုမှာ ဖုန်းကို Busy tone send ခြင်းကို လက်မခံဘဲ
" ဘာဖြစ်လို့ ဖုန်းချပစ်လိုက်တာလဲ " ဟု ပြင်းထန်စွာ စိတ်ဆိုးရန်တွေ့တတ်ကြပါသည်။
ရုပ်ဝတ္ထုကိုလိုက်၍ စိတ်ယဉ်ကျေးမှုမတိုးတက်လာသောအခါ ဤအခြေအနေများကို ရင်ဆိုင်ကြရပါသည်။
ထို့ကြောင့် ကားမောင်းရင်း ပေါ့ပေါ့တန်တန် ဖုန်းပြောကြပါသည်။ မိမိ၏ လုံခြုံမှုထက်
ဖုန်း call တစ်ခုအား အရေးမပေးစေလိုပါ။
ဖုန်းပြောရင်း ကားမမောင်းသင့်ဟူသော အသိတရားနှင့် Busy tone send ခြင်းကို နားလည်လက်ခံပေးသာ ယဉ်ကျေးမှုကို ထွန်းကားစေလိုသည်မှာ ရင်ထဲမှဆန္ဒအမှန်ပင်ဖြစ်ပါတော့သည်။
Archangel AK 2.9.2013
— with Maung Paing and 32 others.
facebook နှင့်ကျနော့် ဘ၀ ဇာတ်ကြောင်း
$
0
0
 Photo: *facebook နှင့်ကျနော့် ဘ၀ ဇာတ်ကြောင်း *  မဖတ်ချင် သူ ကျော်သွား နိုင် သလို ဖတ်မိသူများ  လည်း ဗဟုသုတ ပေါ့ ။   ကျနော်တို့ တပ်မ တော်မှာ အရာရှိနဲ့ အခြား အဆင့်ဆို  တာ ရှိပါတယ် ။ အရာရှိဆိုတာ အုပ်ချုပ် စီမံခန့် ခွဲသူ  ပေါ့ဗျာ ။ အခြား အဆင့်ကလည်း အမိန့် နာခံသူ   လို့ ပဲ အများက သိထားသလို တခုတည်းမဟုတ်ပါ  ဘူး ။ ကိုယ်စီတာဝန် နဲ့ပါ ။  တပ်ထဲမှာ အထက် အောက် အကုန် အဆင်ပြေကြ  ပါတယ် ။ တခါတရံ လည်း ပြဿနာ အနည်း အ  များတော့ ရှိကြတာပါပဲ ။  အကုန်လုံးက အေးဆေးတည်ငြိမ်ပြီးသားပါ ။  ဒီအပိုင်းက ထား တော့ ။  fb အပိုင်း  fb မှာ အုပ်စု တွေ အများကြီး ရှိတယ်  နိုင် ငံ ရေး အုပ်စု စီးပွားရေး အုပ်စု IT ပညာရှင် အုပ်စု  စစ်သည် အုပ်စု စစ်သား ချစ်သူ အုပ်စု ကျောင်းသား/  ကျောင်းသူ အုပ်စု အများကြီးပါပဲ စသည်ဖြစ်ပေါ့  ဒီ အတိုင်း သူငယ် ချင်း အုပ်စု တွေလည်း ရှိတာ  ပေါ့ ။ လူမှု ကွန် ရက်ကြီးကိုး ။  ဒါလည်း တပိုင်း ထား ။  ကျနော် ထပ် ပြော ချင် သော ကျနော့် အကြာင်း  ကျနော်က စစ်သား ဆို တော့ စစ်သား အ ကြောင်းပဲ ရေး  တတ်တာပေါ့ဗျာ ။ ကာ ရံ န ဘေ မညီတဲ့ ကဗျာ   တွေလည်း ဟိုစပ် ဒီစပ်ပေါ့ ။  Fb မှာ အ ကြောင်း ကြောင်း ကြောင့် ပုံ အမှန် မ  တင် တိုင်း ကိုယ် ရေး ရာဇ၀င် မ ပြောတိုင်း လူ  လိမ် လူညာ လို့ မထင် ပါနဲ့ ။   လူတိုင်း ကိုယ့် အ ကြောင်းနဲ့ ကိုယ်ပါ ။  အဓိက ပြောရမယ် နေ ရာ ရောက် လာပြီ  ကျနော်ကို ဘယ်အ ပတ်စဉ်က လည်းတဲ့  chatbox က မေးလာတဲ့ မိန်းကလေးတွေ အများ  ကြီးပါပဲ ။ ကျနော်ကလည်း မေးလိုက်တိုင်း အခြား   အဆင့်ပဲလို ဖြေ လိုက်တာပဲ ။  တချို့ က ရိုးရိုးသားသား မေးတာ ပါ ။ လက်ခံပါတယ်  သူ့ အစ်ကို တွေနဲ့ များ တပတ်စဉ်ဖြစ်နေမလားလို့ ပေါ့  တချို့ က အရာရှိမို့ လို့  သီးသန့် ဟိုင်းတာရှိတယ်  အကြံနဲ့ပါပဲ ။  ဒါလည်း လက်ခံပါသေးတယ် ။   ဘယ် မိဘ မဆို ကိုယ့် သား သမီးကို အရာရှိ အရာ  ခံ တွေနဲ့ ပဲ ညား စေ ချင်ကြတာပါ ။  ဒါ ပေမယ့် အခု ဖြစ်လာတဲ့ ဖြစ် ရပ်က တော်တော်  လေး ထူးဆန်းပါတယ် ။   ကျနော်က အခြား အဆင့်ပါလို့  ပြောလိုက်တာနဲ့  ခါတိုင်း hi နေကြ မိန်း က လေး ပျောက်သွားတယ်  ခင် နေတာ နော် ။ chatbox က နေ ပြော နော်  နောက်ပြီး block လိုက်တယ် ။  ထားပါ သူ့ အ ကြောင်းနဲ့ သူ ။  ဒါဆို စစ်သား ချစ်သူ ဆိုတာ ဘယ်ဟာကို ချစ်တာလည်း  အရာရှိကိုလား  အခြား အဆင့်ကိုလား  အခြား အဆင့်က တော့ လက် ရှိ ယူပြီးခဲ့သူ များပဲ  ရှိပါတယ် ။ ရာခိုင်နှုန်း အ တော်နည်းတယ် ။  ခု ပြောချင် တာက   ကိုကိုအောင် ဘာလည်း   စစ်သား ----  အဆင့်   မခွဲခြားဘူး-----  အမိန့်    ကိုယ်ထက်ငယ် ပါစေ  အထက်လူကြီးဆို အလေးပြု အမိန့် နာခံသူ  အောက် လက်ငယ်သား ကို ကြင် နာတတ်သူ  တပ် မ တော် ရိက္ခာ တော့ စားတယ်  လစာ လုံးဝ မယူ သူ  ဘာ ကြောင့်မယူ သလဲ  ပ ရ ဟိ တ တစ်ခု ကြောင့် မယူတာ  အင် တာ နက် ဘာနဲ့ သုံး လည်း  ငွေဖြည့်ကဒ် ကြွေးယူသုံးတယ်  ဘယ်လို ဆပ်သလဲ  အဆင် ပြေသလို ဆပ်တယ်  ဘာပညာနဲ့  ဆပ်သလည်း  မ တောက် တ ခေါက် IT ပညာ နဲ့ ဆပ်တယ်  အခုကတည်းက အရာရှိ မဟုတ်လို့  မခင် ချင်သော  friend များ unfined စ၍ လုပ်ပါ ။  မ တွေ့ ချင် ရင် block ပါ ။  ဒီရက်ထဲ ခံစားရတာတွေ များလွန်းလို့ ပါ ။  ရိုးရိုးသားသား အဆင့်အတန်း မခွဲခြားသော  မိတ်ဆွေစစ်များနှင့်သာ နေပါ တော့မည် ။  မာယာ များတဲ့ မြစ်ကိုတော့ မကူးလို တော့ပြီ ။   ကိုကိုအောင် ( ဘုရင့်နောင် )  5:45 pm  3-9-2013  နေ ရာ ။ ဧရာဝတီ  အမိမြေ ချစ်မြတ်နိုးသူ
*facebook နှင့်ကျနော့် ဘ၀ ဇာတ်ကြောင်း *
မဖတ်ချင် သူ ကျော်သွား နိုင် သလို ဖတ်မိသူများ
လည်း ဗဟုသုတ ပေါ့ ။
ကျနော်တို့ တပ်မ တော်မှာ အရာရှိနဲ့ အခြား အဆင့်ဆို
တာ ရှိပါတယ် ။ အရာရှိဆိုတာ အုပ်ချုပ် စီမံခန့် ခွဲသူ
ပေါ့ဗျာ ။ အခြား အဆင့်ကလည်း အမိန့် နာခံသူ
လို့ ပဲ အများက သိထားသလို တခုတည်းမဟုတ်ပါ
ဘူး ။ ကိုယ်စီတာဝန် နဲ့ပါ ။
တပ်ထဲမှာ အထက် အောက် အကုန် အဆင်ပြေကြ
ပါတယ် ။ တခါတရံ လည်း ပြဿနာ အနည်း အ
များတော့ ရှိကြတာပါပဲ ။
အကုန်လုံးက အေးဆေးတည်ငြိမ်ပြီးသားပါ ။
ဒီအပိုင်းက ထား တော့ ။
fb အပိုင်း
fb မှာ အုပ်စု တွေ အများကြီး ရှိတယ်
နိုင် ငံ ရေး အုပ်စု စီးပွားရေး အုပ်စု IT ပညာရှင် အုပ်စု
စစ်သည် အုပ်စု စစ်သား ချစ်သူ အုပ်စု ကျောင်းသား/
ကျောင်းသူ အုပ်စု အများကြီးပါပဲ စသည်ဖြစ်ပေါ့
ဒီ အတိုင်း သူငယ် ချင်း အုပ်စု တွေလည်း ရှိတာ
ပေါ့ ။ လူမှု ကွန် ရက်ကြီးကိုး ။
ဒါလည်း တပိုင်း ထား ။
ကျနော် ထပ် ပြော ချင် သော ကျနော့် အကြာင်း
ကျနော်က စစ်သား ဆို တော့ စစ်သား အ ကြောင်းပဲ ရေး
တတ်တာပေါ့ဗျာ ။ ကာ ရံ န ဘေ မညီတဲ့ ကဗျာ
တွေလည်း ဟိုစပ် ဒီစပ်ပေါ့ ။
Fb မှာ အ ကြောင်း ကြောင်း ကြောင့် ပုံ အမှန် မ
တင် တိုင်း ကိုယ် ရေး ရာဇ၀င် မ ပြောတိုင်း လူ
လိမ် လူညာ လို့ မထင် ပါနဲ့ ။
လူတိုင်း ကိုယ့် အ ကြောင်းနဲ့ ကိုယ်ပါ ။
အဓိက ပြောရမယ် နေ ရာ ရောက် လာပြီ
ကျနော်ကို ဘယ်အ ပတ်စဉ်က လည်းတဲ့
chatbox က မေးလာတဲ့ မိန်းကလေးတွေ အများ
ကြီးပါပဲ ။ ကျနော်ကလည်း မေးလိုက်တိုင်း အခြား
အဆင့်ပဲလို ဖြေ လိုက်တာပဲ ။
တချို့ က ရိုးရိုးသားသား မေးတာ ပါ ။ လက်ခံပါတယ်
သူ့ အစ်ကို တွေနဲ့ များ တပတ်စဉ်ဖြစ်နေမလားလို့ ပေါ့
တချို့ က အရာရှိမို့ လို့  သီးသန့် ဟိုင်းတာရှိတယ်
အကြံနဲ့ပါပဲ ။
ဒါလည်း လက်ခံပါသေးတယ် ။
ဘယ် မိဘ မဆို ကိုယ့် သား သမီးကို အရာရှိ အရာ
ခံ တွေနဲ့ ပဲ ညား စေ ချင်ကြတာပါ ။
ဒါ ပေမယ့် အခု ဖြစ်လာတဲ့ ဖြစ် ရပ်က တော်တော်
လေး ထူးဆန်းပါတယ် ။
ကျနော်က အခြား အဆင့်ပါလို့  ပြောလိုက်တာနဲ့
ခါတိုင်း hi နေကြ မိန်း က လေး ပျောက်သွားတယ်
ခင် နေတာ နော် ။ chatbox က နေ ပြော နော်
နောက်ပြီး block လိုက်တယ် ။
ထားပါ သူ့ အ ကြောင်းနဲ့ သူ ။
ဒါဆို စစ်သား ချစ်သူ ဆိုတာ ဘယ်ဟာကို ချစ်တာလည်း
အရာရှိကိုလား
အခြား အဆင့်ကိုလား
အခြား အဆင့်က တော့ လက် ရှိ ယူပြီးခဲ့သူ များပဲ
ရှိပါတယ် ။ ရာခိုင်နှုန်း အ တော်နည်းတယ် ။
ခု ပြောချင် တာက
ကိုကိုအောင် ဘာလည်း
စစ်သား ----
အဆင့်
မခွဲခြားဘူး-----
အမိန့် 
ကိုယ်ထက်ငယ် ပါစေ
အထက်လူကြီးဆို အလေးပြု အမိန့် နာခံသူ
အောက် လက်ငယ်သား ကို ကြင် နာတတ်သူ
တပ် မ တော် ရိက္ခာ တော့ စားတယ်
လစာ လုံးဝ မယူ သူ
ဘာ ကြောင့်မယူ သလဲ
ပ ရ ဟိ တ တစ်ခု ကြောင့် မယူတာ
အင် တာ နက် ဘာနဲ့ သုံး လည်း
ငွေဖြည့်ကဒ် ကြွေးယူသုံးတယ်
ဘယ်လို ဆပ်သလဲ
အဆင် ပြေသလို ဆပ်တယ်
ဘာပညာနဲ့  ဆပ်သလည်း
မ တောက် တ ခေါက် IT ပညာ နဲ့ ဆပ်တယ်
အခုကတည်းက အရာရှိ မဟုတ်လို့  မခင် ချင်သော
friend များ unfined စ၍ လုပ်ပါ ။
မ တွေ့ ချင် ရင် block ပါ ။
ဒီရက်ထဲ ခံစားရတာတွေ များလွန်းလို့ ပါ ။
ရိုးရိုးသားသား အဆင့်အတန်း မခွဲခြားသော
မိတ်ဆွေစစ်များနှင့်သာ နေပါ တော့မည် ။
မာယာ များတဲ့ မြစ်ကိုတော့ မကူးလို တော့ပြီ ။
ကိုကိုအောင် ( ဘုရင့်နောင် )
5:45 pm
3-9-2013
နေ ရာ ။ ဧရာဝတီ
အမိမြေ ချစ်မြတ်နိုးသူ
— with Ye Moe and 99 others.
တပ်မတော်ကလည်း စည်းကမ်းတကျနဲ့သွားတဲ့ ဒီမိုကရေစီကို လိုလားတာပဲ
$
0
0
“တပ်မတော်ကလည်း စည်းကမ်းတကျနဲ့သွားတဲ့ ဒီမိုကရေစီကို လိုလားတာပဲ”
ဧရာဝတီ| September 3, 2013 | 
အစိုးရနှင့် လွှတ်တော်အကြား အမြင်သဘောထား မတူညီမှုနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ရှိနေချိန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက သမ္မတဦးသိန်းစိန် ဘက်မှ ရပ်တည်နေသည်ကို သြဂုတ်လ ၂၃ ရက်နေ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးမှုတွင် ထင်သာမြင်သာ တွေ့မြင်ခဲ့ရသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်များက ယင်းဥပဒေကြမ်းကို ဆိုင်းငံ့ရန် တောင်းဆိုချိန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အတည်ပြုပြဋ္ဌာန်းရန် တောင်းဆိုပြီး ၂ ဘက် အပြန်အလှန် ဝေဖန် တိုက်ခိုက်ကြသည်အထိ ဆွေးနွေးမှု ပြင်းထန်ခဲ့သည်။ ယင်းဆွေးနွေးမှုတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဘက်မှ ဦးဆောင် ဆွေးနွေးခဲ့သူ ဗိုလ်မှူးကြီး မြင့်ကိုကိုအား ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ သြဂုတ်လ ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးတုန်းက တပ်မတော်က အမျိုးသား နိုင်ငံရေးလုပ်နေတဲ့ ဒီမိုကရေစီ ဘက်တော်သားတွေပါလို့ ပြောသွားတာနဲ့ ပတ်သက်လို့ အသေးစိတ် ရှင်းပြပေးပါလား။
ဖြေ။ ။ အမျိုးသား နိုင်ငံရေးလုပ်တယ် ဆိုတာက ဒို့တာဝန်အရေး ၃ ပါး တာဝန်ကို ထမ်းဆောင်နေကြတဲ့ ကျနော်တို့ စစ်သည်တွေပဲ။ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်နေတာကလည်း အမျိုးသား နိုင်ငံရေးလုပ်တာပဲ။ အဲဒါကို ဆိုလိုတာပါ။ ဒီမိုကရေစီ ဆိုတာ အားလုံး လွတ်လွတ်လပ်လပ်နဲ့ သွားချင်ကြတာပဲ ။ ဒီမိုကရေစီကို သူများတွေ လိုချင်သလို တပ်မတော် ကလည်း စည်းကမ်းတကျနဲ့ သွားတဲ့ ဒီမိုကရေစီကို လိုလားတာပဲ။ စည်းကမ်းတကျနဲ့ သွားတဲ့ ဒီမိုကရေစီကို ကျနော်တို့လည်း လိုလားပါတယ်။
မေး။ ။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ တပ်မတော်က အဆိုပြုပေမယ့် ပြည်သူ့လွှတ်တော်က ဒီဥပဒေကြမ်းကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ တပ်မတော်သား ကိုယ်စားလှယ် တွေဘက်က ဒီဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ဖို့ ဘာတွေ ဆက်လုပ်ဖို့ ရှိပါသလဲ။
ဖြေ။ ။ လောလောဆယ် ကတော့ ပြင်ဆင်ဖို့တော့ မရှိပါဘူး။ အဲဒီနေ့က အများက ဆိုင်းငံ့တယ်ဆိုတော့ ကျနော်တို့ ကလည်း ဆိုင်းငံ့တာ သဘောတူ ပေးရတာပေါ့။ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေဆိုတာက ကျန်တဲ့သူတွေမှာ Right to Recall ဆိုတာ ရှိတာပဲ။ သမ္မတကိုလည်း Right to Recall လုပ်လို့ ရတယ်၊ ၀န်ကြီးတွေကိုလည်း လုပ်လို့ရတယ်။ ကျန်တဲ့ သူတွေကိုလည်း လုပ်လို့ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ကျမှ ဒီဟာ မရှိဘူး ဖြစ်နေတယ်လေ။ ဥပဒေ ပြုနေတဲ့ သူတွေကလည်း ဥပဒေထဲမှာ နေနိုင်ဖို့ လိုအပ်တာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း Right to Recall ဥပဒေ ရှိသင့်တာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးကို ဥပဒေ ပြဋ္ဌာန်းထားတာပဲလေ။ လွှတ်တော် ကိုယ်စားလှယ် အခွင့်အရေး ကျတော့ ရအောင် တောင်းထားတယ်၊ ကိုယ့်ကို ထိန်းချုပ်မယ့် ဥပဒေကျတော့ ခဏနေပါဦး ဆိုတော့ ဘယ်လောက် ကြာကြာ နေရမှာလဲ။ စည်းနဲ့ကမ်းနဲ့ နေရမယ့် ကာလ မကျန်တော့ဘူးလေ။ တခြား နယ်မြေတွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြန်ခေါ်ချင်တာတို့၊ တိုင်တန်းတာတို့ ရှိနေပြီလေ။ ဒီအတိုင်းဆိုရင် ဥပဒေမရှိရင် မဖြစ်ဘူးလေ။
မေး။ ။ လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကြမ်း ဆိုင်းငံ့ဖို့ ကြံ့ခိုင်ရေး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးက တင်ပြ ဆွေးနွေးတဲ့နေရာမှာ လွှတ်တော်ဆိုတာ တပ်မတော် မဟုတ်ဘူးဆိုပြီး ပြောသွားပါတယ်။ လွှတ်တော် ဆိုတာ တပ်မတော်မဟုတ်ဘူးလို့ ပြောတဲ့စကားကို တပ်မတော်သား အမတ်တဦးအနေနဲ့ ဘယ်လို နားလည်ပါသလဲ။
ဖြေ။ ။ သူပြောသွားတဲ့ စကား အဓိပ္ပာယ်ကို သူပဲ နားလည်မှာပါ။ ကျနော်တို့ မသိဘူး။
မေး။ ။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်တဲ့ သူတွေ ဖြစ်တော့ လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရလား။ ဆွေးနွေးမယ်ဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အမိန့်ကို နာခံရသေးတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ ကျနော်တို့က လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရပါတယ်။ တခါတလေ ကျတော့လည်း တယောက်ပြောတာက တဖွဲ့လုံး ပြောတာ ဖြစ်မှာစိုးလို့ မပြောတာပေါ့။ လွတ်လွတ်လပ်လပ် ပြောဆို ဆွေးနွေးလို့ ရပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားလို့ ကာကွယ်ရေးဦးစီးချုပ် အမိန့် လိုက်နာရမယ်လို့ ပြောဆိုတာတွေက သူတို့ ထင်မြင်တဲ့ အမြင်တွေကို ပြောဆိုကြတာမျိုး ဖြစ်ပါလိမ့်မယ်။
မေး။ ။ သြဂုတ် ၂၃ ရက်နေ့က လွှတ်တော်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေ အပြန်အလှန် ပြောဆို ဝေဖန်ကြတာ ကြည့်ပြီး တပ်မတော်နဲ့ ကြံ့ခိုင်ရေး ပါတီတို့ အကြားမှာ အကွဲအပြဲ ဖြစ်နေပြီဆိုပြီး ပြောဆိုနေကြပါပြီ။ အဲဒါနဲ့ ပတ်သက်လို့ သိချင်လို့ပါ။
ဖြေ။ ။ အကွဲအပြဲဆိုတာ မဟုတ်ပါဘူး။ ကွဲစရာ၊ ပြဲစရာလည်း မရှိပါဘူး။ ကျနော်တို့က တိုင်းပြည်အတွက် လုပ်တာပဲလေ။ သူတို့ ကောင်းတာလုပ်ရင် ကျနော်တို့က ကောင်းတာ မြင်တာပေါ့။ လိုအပ်တာ ဆိုရင်လည်း လိုအပ်တာတွေ ထောက်ပြတာ ပေါ့။ ကွဲလို့မှ မရတာ။ အကုန်လုံးက နိုင်ငံအတွက် လုပ်နေကြတာ။ တပ်မတော်ရော၊ ကျန်တဲ့ပါတီတွေကရော နိုင်ငံအတွက် လုပ်တာပဲလေ။ ဘယ်လိုလုပ် ကွဲလို့ရမလဲ။ အမြင်ဆိုတာက တယောက်နဲ့ တယောက် တူချင်မှ တူမှာပေါ့။ မိသားစု ထဲမှာတောင် တူတာမဟုတ်တာ။ အဲဒီလိုတော့ ရှိမှာပေါ့။ အကွဲအပြဲဆိုတာ မရှိပါဘူး။ ဘာကွဲစရာရှိလဲ။
မေး။ ။ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မရှင်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး ပါဝင်ပါတယ်။ ဆိုတော့၊ တပ်မတော်က ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ဖို့ ဘာတွေလုပ်နေပြီလဲ။
ဖြေ။ ။ ကျနော်တို့ ဘာမှ မလုပ်သေးပါဘူး။
မေး။ ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ရှိနေတာက ဒီမိုကရေစီစနစ်နဲ့ မညီဘူးဆိုပြီး နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆို သုံးသပ်နေပါတယ်။ အဲဒီအပေါ် အမြင် သိချင်ပါတယ်။
ဖြေ။ ။ ဒီမိုကရေစီနဲ့ ညီတယ်၊ မညီဘူးဆိုတာ မပြောလိုပါဘူး။ ကျနော်တို့ တပ်မတော်သားတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ၊ နိုင်ငံတော်ရဲ့ နိုင်ငံရေးတာဝန်အရ လွှတ်တော်ထဲ လာနေကြတာ။
မေး။ ။ အစိုးရဘက်က အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမယ့်ပွဲ၊ ငြိမ်းချမ်းရေး ပွဲကြီးတခုကို နေပြည်တော်မှာ လုပ်မယ်လို့ ပြောထားတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ဖို့ ရှိပါသလဲ။
ဖြေ။ ။ အဲဒါ ကျနော်လည်း သေချာမသိဘူး။ အဲဒီတော့ မပြောလိုတော့ ပါဘူး။
ဗိုလ်မှူးကြီးမြင့်ကိုကို (ဓာတ်ပုံ - ကြေးမုံ)
စစ်စိမ်းရောင် B-600 လေးပေါ်မှာ
$
0
0
“ပြန်တော့မယ်ဟေ့ … ငါလက်မှတ်ထိုးရမယ့်စာ ရှိရင် မြန်မြန်ယူခဲ့ကြ”
ဒီအသံကို ကြားလိုက်တော့ လက်နှိပ်စက်ပေါ် ပြေးလွှားနေတဲ့ လက်ချောင်းလေးတွေ တုန့်ဆိုင်းသွားတယ်။ ရုံးအုပ်နောက်ကျောဘက် နံရံအပေါ်ပိုင်းမှာ ချိတ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တဲ့အခါ ညနေ ၅ နာရီ စွန်းစွန်း။ သာမန်ရုံးဆင်းချိန်ထက်ဆို တနာရီကျော်ကျော်လောက် နောက်ကျနေပြီပေါ့..။ ဒါပေမဲ့လည်း ဒီရုံးမှာက ဒီအချိန် ဟာ ပုံမှန်ရုံးဆင်းချိန်လိုဖြစ်နေတယ်။ ဒီထက်နောက်ကျရင်လည်း ကျတယ်။ ညနေ ၄ နာရီလောက် ရုံးဆင်းရတဲ့ရက်ဆိုတာ နှစ်ချုပ်တွက်စစ်ကြည့်ရင်တောင် လက်ချိုးရေတွက်လို့ ရလုလု ပါပဲ။
ရုံးအုပ် လုပ်တဲ့လူက ရုံးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ယာယီလိုင်းခန်း(ဘာရှာအဆောက်အဦ) မှာနေတယ်။ ဗျူဟာမှူး အပါအဝင် ကားပိုင်ရှိတဲ့ အရာရှိတွေက ကိုယ့်ကားနဲ့ကိုယ်အိမ်ပြန် .. ကားပိုင်မရှိတဲ့ အရာရှိများနဲ့ အခြားအဆင့်တွေအတွက်ကျတော့ တရုတ်နိုင်ငံထုတ် FAW တစီး၊ အရပ်ဘက်အငှားယာဉ် ဒက်ဆန်း ကားတစီး နဲ့ အကြိုအပို့လုပ်ပေးပါတယ်။ သန်လျင် အောင်ချမ်းသာထိ တစီး၊ ရန်ကုန် သံလျှက်စွန်းထိ တစီး … ကျန်ခရီးမှာတော့ ကိုယ့်စရိတ်နဲ့ကိုယ်။
စစ်စိမ်းရောင် B-600 လေးဘီးကားကို  စစ်ဦးစီးမှူး (ဒုတိယတန်း)(G2) ရုံးကိစ္စသုံးဖို့ ထုတ်ပေးထားတာ။ အဲဒီ ကားကို ပိုင်ရှင်ကိုယ်တိုင် မောင်းပါတယ်။ ကားကြုံစီးသူ ၂ ဦး ၃ ဦး လောက်လည်း လိုက်ပါတတ်တယ်။ သူ့ခရီးစဉ်က သီလဝါကနေ မင်္ဂလာဒုံအထိဆိုတော့ ခရီးစရိတ်အတော် သက်သာတယ်ဆိုရမယ်။ လိုင်းကားပေါ် မှာလို ပြွတ်ကျပ်သိပ်နေအောင် တိုးဝှေ့စီးရတဲ့ ဒုက္ခလည်း လွတ်ကင်းတယ် ဆိုပါတော့။
ဆရာပြန်တော့မယ်ဆိုရင် နောက်ပါ တပည့်တွေအသင့်ဖြစ်နေရတယ်။ အစမှာပြောခဲ့သလို အချက်ပေးသံရပြီ ဆိုတာနဲ့ လုပ်လက်စအလုပ်ကို လက်စသတ်၊ သိမ်းစရာရှိတာသိမ်း.. ကျောပိုးအိတ်လေးလွယ် အဆင်သင့် စောင့်နေရတာ။ အခန်းထဲက ဆရာသမား အတက်ချီကေ့စ် တဖက်၊ ဖိုင်တွဲတွေတဖက်နဲ့ ပွေ့ပိုက် ထွက်လာ တဲ့အခါ အလိုက်သိသိလေးနဲ့ တခုခုကို ပြေးကူသယ်ပြီး ကားခေါင်းခန်းထဲမှာ ချထားပေး …ခန္ဓာကိုယ်ဝဖိုင့်ဖိုင့် ဆရာသမားက ကားတံခါး ဖွင့် ယာဉ်မောင်းနေရာမှာ ထိုင်ချလိုက်တဲ့အခါ လေးဘီးကားလေး ယိမ်းထိုး လှုပ်ရမ်းသွားရှာတယ်။ ဂီယာကို ဟိုလှည့်ဒီလှုပ် ကားစက်သော့ဖွင့် လိုက်တဲ့အချိန်မှာ ဖလွတ်.. ဖလွတ်.. ဖွတ်.. ရွှတ် ..သံလောက်နဲ့ ပြန်ငြိမ် သွားပြီး အင်ဂျင် စက်မနိုး။ ဒီကားက အကောင်သာ သေးတာ… အထတော်တော် နှေးတဲ့ကား။ နှေးဆို ခမျာမှာလည်း အသက် တော်တော်ရနေပြီ မလား။ ၂ ခါ ၃ ခါလောက် နှိုးကြည့်လို့မှ အကြောင်းမထူးရင် သဘောပေါက်။ တွန်းစတပ် လုပ်ဖို့ ပြင်ပေရော့ပဲ။ ကဲ … ရုံးထဲမှာ ရှိတဲ့လူတွေ မုန့်ဟင်းခါးစား ထွက်ကြပါအုံးဟဲ့။အဖုအထစ်ပြွမ်းတဲ့ လမ်းပေါ် တွန်းလိုက် .. နှိုးလိုက် … တွန်းလိုက် .. နှိုးလိုက် နဲ့ တပ်အဝင် ဂိတ်ပေါက်နားရောက်မှ ဒေါက်ဝူးးး..မဟုတ်... ဂလောက် ဂလောက်ဗြီးးးးးးးးး။ စက်နိုးသွားပြီ ပေါ့လေ။
ရုံးရှေ့ ကျောက်ကြမ်းလမ်းအတိုင်း ကျင်းတွေ ချိုင့်တွေ ရှောင်ကွင်းမောင်းနှင်ရင်း တအိအိ ခရီးစတင်လာ   ရာက ... ရသခ ဂိတ်မကြီးရှေ့ သုံးခွဆုံ အနီးရောက်မှကတ္တရာလမ်းကို စတွေ့ရတာ။ ကားကြုံစီးရင်း ဆရာသမားတချို့ မှတ်ချက်ပြုသံကို နားထဲမှာ အခုထိ ကြားယောင်နေမိဆဲ … “ဒီနေရာမှာ ခလရ၊ခမရ တပ်ရင်းတခုခုသာရှိရင် ကတ္တရာလမ်းဖြစ်တာ ကြာပြီကွ” တဲ့။ ဟုတ်တော့လည်းဟုတ်သား … ကတ္တရာလမ်းမ ကနေ ၂ ဖာလုံလောက် အကွာအဝေးမှာ တပ်မတော်(ရေ) ရဲ့ အဓိက တိုက်ခိုက်ရေးအင်အားစု ဖြစ်တဲ့  ဗျူဟာစစ်ရေယာဉ်စုရုံးရှိတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီး နဲ့ မဟာရေယာဉ်မှူး  ဒုဗိုလ်မှူးကြီးတွေ ရုံးထိုင်တဲ့နေရာ။ ဒါ့အပြင် အဲဒီရုံးကို ဦးစီးချုပ်(ရေ)၊ အရာရှိချုပ်(ရေ) တို့လည်း ချောင်းပေါက်မတတ် ရောက်ရောက်လာတဲ့နေရာ။ ဒီနေရာ ဒီလမ်းပိုင်းလေးကို ဘာကြောင့်များ ကတ္တရာလမ်းခင်းမပေးကြတာလည်း စဉ်းစားစရာကြီး ဖြစ်နေတာ ပေါ့။ (ဟီး…. လွန်ခဲ့တဲ့ ၅ နှစ် ကျော်က အခြေအနေပြောတာနော်… ခုလောက်ဆို လမ်းချောဖြစ်နေ လောက် ပြီထင်ပါတယ်)
 MITT ဆိပ်ကမ်းနဲ့ သန်လျင်၊ ရန်ကုန်  လွန်းပျံပြေးနေတဲ့ ကွန်တိန်နာတွေကြားမှာ တက်..တက်..တက်..တက် နဲ့ လေးဘီးကားလေး သိမ်ငယ်စွာ ခရီးဆက်ခဲ့ပေါ့။ ကိုယ့်ဘေးက ဝေါခနဲ ဝေါခနဲ ဖြတ်မောင်းသွားတဲ့ ဒုန်းဒိုင်း.. ဒုန်းဒိုင်း ကွန်တင်နာ လှုပ်ခတ်သံက ချောက်ချားစရာ။  အားလုံးထဲမှာ အသေးဆုံး အနှေးဆုံး ကားလေး ဖြစ်နေတော့ ဖြတ်ဖြတ်ကျော်သွားတဲ့ ကားကြီးကားငယ်တွေက လှောင်ပြုံးပြုံးပြသွားလေသလား။ လေးဘီး ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်နေရာယူထားတဲ့ ပီးကက်ဦးထုပ်တလုံးကတော့  ဖြစ်ပျက်သမျှ သူနဲ့ဘာမှမဆိုင်သလို  ဣနြေ္ဒ  ရရကြီး။
တခါတလေ ကားဆရာက အလျင်လို ဆန္ဒစော အဆောတလျင်ရောက်လိုဇောနဲ့ ဂီယာပြောင်း…. လီဗာကို ဖိဖိနင်းလိုက်တဲ့အခါ ချူနာသည်လေး လွန့်ခနဲ လွန့်ခနဲ  အရှိန်မြှင့် ပြေးနေရ။ ကျိုက်ခေါက်စေတီ ရောက်ခါနီး ကုန်းအတက်ရောက်ရင် သူ ဆန္ဒုပြချင်လာပြီ။ ဝူး ဝူး ဝူး နဲ့ အိပ်ဇောပိုက်က မီးခိုးတွေ အူထွက် လာပေမဲ့ သူ့ခြေလှမ်းတွေ ခရီးသိပ်မတွင်ချင်။  သန်လျင်မြို့ထဲက ဝပ်ရှော့ဆိုင် အကုန်လုံး သူနဲ့ မရင်းနှီးတာ မရှိ။ ကားပြင်ရင်း သန်လျင်မြို့ထဲမှာ ည သန်းခေါင် အချိန်ထိ ရှိနေခဲ့ရတဲ့ ရက်တွေလည်း မနည်း လှပေါ့။ တညများဆို ကားပြင်အပြီးခရီးဆက်ခါနီး… လမ်းတဖက်ခြမ်းက ဝပ်ရှော့ဆိုင်ထဲမှာ ပစ္စည်းတခု ကျန်နေလို့ တပည့်က ပြေးယူဖို့ ကားလမ်းကို ဖြတ်အကူး … ဘယ်ဆီက ပြန်လာမှန်းမသိသော ဆွတ်ပျံ့ရယ်မောသံ စီစီညံနေတဲ့ ကားတစီး ဒလကြမ်း ဖြတ်မောင်းအလာ ဆရာဖြစ်သူက ခြေပြန်လက်မြန်နဲ့ တပည့်လက်ကို ဖမ်းဆွဲလိုက်ပြီး “ဟေ့ကောင်…. မင်းက ဇာတ်လမ်းဖြစ်ချင်လို့လား” တဲ့။ ကံသီပေလို့သာ…..။    
သန်လျင်ကို လွန်မြောက်ပြန်တော့ သန်လျင်တံတားကို ဖြတ်ကူး … သာကေတ အဝိုင်းကြီး.. မြခွာညို အိမ်ရာဘက်ကနေ သင်္ဃန်းကျွန်းလမ်းဆုံ ဝေဇယန္တာလမ်းတလျှောက် မြောက်ဥက္ကလာပ ထုတ်ချင်းပေါက် ရောက်လာပြီးမှ အမှတ် (၃) လမ်းမကြီးအတိုင်း မင်္ဂလာဒုံ ပုလဲမြို့သစ်ထိ ခရီးဆက်ရတာ။ အဲ .. ဝေဇယန္တာလမ်းမပေါ်မှာ ဆင်းသူ တဦး ရှိတယ်။ မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံရောက်တော့ နောက်တဦး။ ခရီးဆုံးထိ လိုက်တဲ့ နောက်ထပ် တဦးကတော့ ပုံမှန်စီးလေ့မရှိ။
တနေကုန် ရုံးမှာ ပင်ပန်းနွမ်းနယ် စိတ်ကျဉ်းကျပ်ခဲ့သမျှ အိမ်ပြန်လမ်းမှာ ညည်းညူသံသဲ့သဲ့ ရင်ဖွင့်ခဲ့ရတာတွေ လည်းရှိပေါ့။ ဟုတ်တယ်လေ…. တယောက်မကောင်း အများ ထုံးစံအတိုင်း မောင်နီအပြစ်ရှိတာနဲ့ တရွာလုံး ကလော်ခံရတာတွေ၊ ကိုယ့်ဘက်က မမှားတဲ့ စာရင်းဇယားတွေကို သူ့အလိုကျ အကြိမ်ကြိမ် ပြင်ဆင်ရေးဆွဲ ပေးခဲ့ရတာ တွေ၊ ကိုယ်နဲ့မအပ်စပ်တဲ့ လုပ်ငန်းတခု အကောင်အထည်ဖော်ဖို့ စာရွက်ပေါ်မှာ စီမံချက် ရေးဆွဲပေးရတာတွေ၊ ကိန်းဂဏာန်းတွေ ပြင်လိုက်ဖျက်လိုက် တိုးလိုက်လျှော့လိုက် လုပ်ရပါများတော့ ကွန်ပြူတာရှေ့မှာ ငူငူကြီး ထိုင်နေတဲ့ ဆရာသမားက အငေါ်တူး ရှာတယ်။ “မင်းစဉ်းစားကြည့် … ဒီအလုပ် တွေကို လက်နှိပ်စက်နဲ့သာ လုပ်ရ မယ်ဆိုရင် .. ဘယ်လောက်ပင်ပန်းပြီး လေလွင့်မှုတွေ ဖြစ်လိုက်မလဲ” ဆိုတော့ ကျနော့်စိတ်ထဲ တကိုယ်လုံး ချွေးတွေရွှဲနစ်နေတဲ့ လက်နှိပ်စက်စာရေးကြီးရယ်.. Correction Pen တချောင်းရယ်… လက်နှိပ်စက်ဘေးမှာ တပေလောက် အမြင့်ရှိမယ့် အပယ်ခံ စာရွက်ပုံကြီးရယ်ကို… ပြေးမြင်လိုက်မိရဲ့။ တော်သေးတာပေါ့ သူ့ရုံးခန်းထဲမှာ ကွန်ပြူတာ တလုံးရှိထားပေလို့။
စစ်တပ်မှာ စပါးမစိုက်ချင်တဲ့ စစ်သား လယ်သမားဖြစ်ရ.. ကြက်မွေးမြူရေး သမားလည်း ဖြစ်ရ။ ဒီကြားထဲ သံပုရာခြံ.. ငြုပ်ကောင်းခြံ… သစ်ဆိမ့် စီမံကိန်းတွေကလည်း အဆစ်ပါသေး။ ဘယ် ဥာဏ်ကြီးရှင်ကများ အစထွင်လိုက်ပါလိမ့်။
တနေ့သားမှာတော့ ဆရာသမားက သူ့ကိုယ်ရေးကိုယ်တာ ခံစားချက်လေး ရင်ဖွင့်ပါတယ်….
“ငါတို့ ဗိုလ်ကြီးဘဝ အရာရှိငယ်စစ်ရေယာဉ်မှူးသင်တန်း တက်တဲ့အချိန် … သူ ရလခ ဒုဌာနချုပ်မှူး ဖြစ်နေပြီ.. သင်တန်းမှာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေ ပြန်ဆုံကြတော့ တလ ၁ ကြိမ် ၂ ကြိမ် ဆိုသလို စားသောက်ဆိုင် တခုခုမှာ ဆုံကြပြီး အလှည့်ကျ ဧည့်ခံစားသောက်ကြတယ် ပေါ့ကွာ.. အဲဒါ သူက ကျန်တဲ့လူတွေကို ဘာမှ မပြောဘဲငါ့ကို … ‘မင်းကတော့ သုံးနေဖြုန်းနေ  မင်းယောက္ခမက အလှူခံပုံးထောင်ထားတယ်’ လို့  ရိသဲ့သဲ့ ကလိတယ်… ၁ ခါ ၂ ခါပြောတုန်းက  ငါသည်းခံနေတယ်။ နောက်ပိုင်း လူကြီးတန်မဲ့ ထပ်ခါထပ်ခါ အဲ့လို ပြောလာဖန်များလို့ ငါလည်း မခံနိုင်တဲ့အဆုံး သူ့ကို ပြန်ပက်လိုက်တယ်။ ‘ကျနော်သုံးနေတာ ကျနော့်ပိုက်ဆံ… ကျနော့်ယောက္ခမနဲ့ ဘာမှ မဆိုင်ဘူး .. ကျနော့်ယောက္ခမကို မကျေနပ်ရင် ဒဲ့သွားပြောပါ’ လို့ ပြောလိုက် တော့ … သူ့မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။အခု  သူလူကြီးဖြစ်လာချိန်မှာ ငါ့ကို အသေနှိပ်ကွပ် တော့တာ… ဒါပါပဲ” တဲ့။       
အဲဒီနေ့က….  လူကြီးမဆန်သော လူကြီးတဦး ရမယ်ရှာ အမျက်တော်ရှတာကို သူခံရလာတဲ့နေ့…။ အဲလူကြီးနဲ့ ကျောင်းတော်မှာ ဖြစ်ခဲ့တဲ့ ငခြောက်ပြားကိစ္စ ရတက်မအေးနိုင်မှန်း ရိပ်စားမိလို့လည်း  စစ်ပြန်စစ်မှုထမ်းဌာနကို ရွေ့သွားတဲ့  အရင် ဦးစီးချုပ်က တပ်ရင်းမှူးသင်တန်းတက်ဖို့ တိုက်တွန်းတာကို သူငြင်းဆန်ခဲ့တယ်လို့ သိခဲ့ရ ပါတယ်။  
မနက်မနက်ဆို ၇ နာရီဝန်းကျင်လောက် B-600 လေးအလာကို လမ်းဆုံက စောင့်စောင့်စီး … ပုံမှန် ၁ နာရီခွဲ လောက် ခရီးနှင်မှ သီလဝါရုံးကို ရောက်စမြဲ။ တခါတခါကျတော့ ကားပေါ်မှာ ကျောင်းဝတ်စုံနဲ့ ဆရာသမားရဲ့ သမီးကညာလေး ပါလာတဲ့အခါ … ကားလမ်းကြောင်းက တံတားလေး ဂုံးကျော်တံတားကနေ ကမ္ဘာအေး လမ်းအတိုင်းမောင်း ကုက္ကိုင်းလမ်းဆုံအရောက် ညာကွေ့ … တက္ကသိုလ်ရိပ်သာ လမ်းမပေါ်က သံဆူးကြိုး အတားအဆီးတွေ ရှောင်ကွေ့မောင်းရင်း ဆရာ တပည့် ၂ ယောက်သား မျက်လုံးတွေက တိုင်ပင်ကိုက်ထား သလို တိုက်အိမ်အိုကြီး တလုံးဆီ အကြည့်ရောက်ရောက်သွား … အချင်းချင်း ဘာစကားမှ မဟမိ။ အဲဒီက ရှေ့နည်းနည်းလွန်မှ ဘယ်ကိုပြန်ချိုး အထက်တန်းကျောင်း တခုရှေ့ မရောက်မီ ခပ်လှမ်းလှမ်းမှာ ကားကိုရပ်.. သမီးလေးလက်ကိုဆွဲ ကားလမ်းဖြတ်ကူး ကျောင်းပို့ပေးတဲ့ ဆရာ … ကားဆီပြန်ရောက်လာတော့ ခေါင်းကို တွင်တွင်ကုပ်ရင်း … “ကလေးဆိုတော့ တို့စစ်သားဘဝကို နားမလည်ရှာဘူးကွာ” လို့ ဟူးခနဲ သက်ပြင်းချရင်း ညည်းညူလိုက်သံ..။
ကလေးမ ကားပေါ်က  ဆင်းသွားချိန်မှာ ဆရာက ကျနော့်ကို ကားရှေ့ခန်းလာဖို့ ခေါ်တယ်။ ကားထဲဝင် တံခါးပြန် ပိတ်တဲ့အခါ အံလွဲနေတဲ့ တံခါးကို အလွယ်တကူ ဆွဲပိတ်လို့မရ … လော့ချတဲ့ခလုတ် ဗလာ… အကြိမ်ကြိမ် ဆွဲဆောင့်ပိတ်လိုက်မှ တံခါးဘောင်မှာ ဂဟေတို့ကပ်ထားတဲ့ မင်းတုန်းအပေါက် အလိုင်းမင်း ဖြောင့်တဲ့ ကား။  ဒါတင်ပြီးရောလားဆိုတော့ ဘယ်ဟုတ်အုံးမလဲ … ကားပေါ်မှာ လိုက်ပါနေကျ ကားအထာ ကိုလည်း ကောင်းကောင်း သိထားတဲ့ အခြားတပည့်တဦး ပါမလာတဲ့ အချိန်… လမ်းပေါ်မောင်းနေရင်း ရောဂါဖောက်တဲ့ အခါမျိုးမှာ ..( ဥပမာ .. ကားဘီးပေါက်ပြီ ဆိုပါတော့ )… ကားနဲ့ပတ်သက် လို့ ဓာတ်ဆီ ဘယ်လိုဖြည့်ရတယ်တောင် ဗဟုသုတ ရှိမထားတဲ့ ကျနော်  ဂယောင်ဖတ်ပြီလေ။ ကားနောက်ခန်းက စပါယ်ယာဝှီးနဲ့ ဂျိုက်ကို ဆွဲမ,ချလာပြီးမှ ဘယ်နေရာ ဂျိုက်ထောက်ရမှန်းမသိ … ဘီးဖြုတ်ဖို့ ဂွင်းတွေ ဂွတွေ ကိုင်တော့ တုန်ချိတုန်ချိ …. ဘေးနားမှာ ရပ်နေတဲ့ ဆရာသမား ဘယ်နေသာမှာလည်း .. ယူနီဖောင်း အင်္ကျီ လက်ကို မ,တင်ပြီး ကိုယ်တိုင်ဝင်ကြဲရတာပေါ့။
ကားဘီးလဲတပ်တဲ့ ကိစ္စ  ဝိစ္စ  အားလုံး ပြီးစီးချိန်… သူ့လက်မှာပေရေနေတဲ့ ဆီချေးတွေကို အဝတ်စနဲ့ သုတ်ရင်း ကားပေါ်တက်ဖို့ ညွှန်ပြ … ခနဲ့သံ သဲ့သဲ့ ကြားလိုက်ရတယ်… “အားလုံးအိုကေပါ ဆရာ … ကားပေါ်ကိုကြွပါ” တဲ့။ တတ်နိုင်ဘူးလေ … ကိုယ်မှ မလုပ်တတ်တာပဲ ဟာကို ……………..။
ခုချိန်မှာတော့  အားလုံးဟာ လွမ်းမောစရာ အမှတ်တရတွေ ဖြစ်သွားပြီ..။
နေမင်းသူ
၁-၉-၂၀၁၃  
ပုံပြင်ဟောင်းလေးတွေ မှာ
$
0
0
" ပုံပြင်ဟောင်းလေးတွေ မှာ ..."
အသက်တွေ ကြီးသွားရင်
စိတ်ခံစားမှုတွေလည်း အိုဟောင်းလာမှာပဲ ...
မင်းတို့ ငါ့ကို ထားခဲ့ကြ။
မျက်နှာလွှဲခဲပစ် စကားမျိုးတွေ
ငါနဲ့ အနေစိမ်းခဲ့တဲ့ ဇာတိချက်ကြွေ ..
ရှေးပဝေသဏီမှာ နေထိုင်သူတစ်ယောက် ဖြစ်လာဦးမယ်။
ဝယ်ယူခွင့် ရရင် အမြဲ အဆစ်တောင်းနေကျ
ဗီဇဆိုတာ မျိုးထဲရိုးထဲက လာတာမျိုး ..
မင်းတို့ရဲ့ချစ်ခြင်းနဲ့ ငါ့ရဲ့အိုဇာတာ ကောင်းပါရစေ။
မျက်စိရှေ့တင် နေ၀င်တာ ကြုံရဦးတော့မယ်
အသက်တွေ ကြီးသွားရင်။
ဖူးပွင့်နေမှာလား ၊ ရိုးတံကြဲကြဲနဲ့ရှိမလား
ရင်ထဲ စိုက်ပျိုးခဲ့သမျှတွေ။
ငယ်ငယ်ကနားထောင်ခဲ့ရတဲ့ သူရဲကောင်းပုံပြင်တွေ .. ပုံပြင်လေးတွေ ..
င့ါဘေးမှာ ထိုင်ပြောပေး(ကြ)ပါလား
ငါတကယ်ကျေးဇူးတင်သွားမှာပါ။
အိပ်မက်တွေ အဆုံးသတ်တဲ့ကာလမှာ
ဘ၀တစ်ခုလုံးကို ပုံပြင်တွေနဲ့ အစားထိုးတပ်ဆင်သွားချင်တာ
... င့ါဆန္ဒပါပဲ။ ။
(ယက္ခ) ရဲကြီး ။
အနန္တများစွာ ကယ်မပေးသူ
$
0
0
  Photo: အနန္တများစွာ ကယ်မပေးသူ...   နေမင်းကို... မီတာခသာ...ဆောင်နေရမယ်ဆိုရင် ငွေမသွင်းနိင်လို. မှောင်မဲနေလိမ်.မယ် အနန္တ...   လေထုကို.... ငွေပေးပြီးသာ ရှုရှိုက်ခွင်.ရှိနေမယ်ဆိုရင် ငါတို. လေပြတ်ပြီး သေကြလိမ်.မယ် အနန္တ....  ရေထုကို ... ငွေပေးပြီးသာ သောက်သုံးနေရမယ်ဆို ငါ.တို. ရေငတ်ပြီး သေကြလိမ်.မယ် အနန္တ....  အချိန်ကို.... ငွေပေးပြီးသာ အသက်ရှင်နေရမယ်ဆိုရင်.... ငါတို. အူဝဲ အော်ချိန်မရဘဲ သေကြလိမ်.မယ် အနန္တ...  သေမင်းကို... လာဘ်ထိုးပြီး မသေစတမ်းဆိုရင်... ငါ.တို. ငွေမရှိလို. အကြိမ်ကြိမ် သေကြလိမ်.မယ် အနန္တ...  လောကကြီးရေ.... မင်းဟာ သမာသမတ်ကျပြီး သဘာဝတရားကြီးက လည်း အဂတိလိုက်စားမှု ကင်းလို. ငါတို.က ကျေးဇူး အထူးတင်ရှိပါကြောင်း.....။
Mg Myanmar's photo.
နေမင်းကို...
မီတာခသာ...ဆောင်နေရမယ်ဆိုရင်
ငွေမသွင်းနိင်လို. မှောင်မဲနေလိမ်.မယ်
အနန္တ...
လေထုကို....
ငွေပေးပြီးသာ ရှုရှိုက်ခွင်.ရှိနေမယ်ဆိုရင်
ငါတို. လေပြတ်ပြီး သေကြလိမ်.မယ်
အနန္တ....
ရေထုကို ...
ငွေပေးပြီးသာ သောက်သုံးနေရမယ်ဆို
ငါ.တို. ရေငတ်ပြီး သေကြလိမ်.မယ်
အနန္တ....
အချိန်ကို....
ငွေပေးပြီးသာ အသက်ရှင်နေရမယ်ဆိုရင်....
ငါတို. အူဝဲ အော်ချိန်မရဘဲ သေကြလိမ်.မယ်
အနန္တ...
သေမင်းကို...
လာဘ်ထိုးပြီး မသေစတမ်းဆိုရင်...
ငါ.တို. ငွေမရှိလို. အကြိမ်ကြိမ် သေကြလိမ်.မယ်
အနန္တ...
လောကကြီးရေ....
မင်းဟာ သမာသမတ်ကျပြီး
သဘာဝတရားကြီးက လည်း
အဂတိလိုက်စားမှု ကင်းလို.
ငါတို.က ကျေးဇူး အထူးတင်ရှိပါကြောင်း.....။
ရောက်တတ်ရာရာ
$
0
0
September 4, 2013 at 11:24am
ဒီနေ့ ကျို့ ကုရှင်းအားကစားအဖွဲ့ မှ ဆရာမလေးက ပြေးဖို့ ခေါ်တာနဲ့  မနက် ၆နာရီကျော်မှပြေးဖြစ်တယ်။ ကျုံးဘေး မပြေးဖြစ်တာကြာပြီ မို့ အရင်လို အမောမခံနိုင်တော့။ ကိုယ့်ကိုယ်ကို အားကစားမှန်မှန်မလုပ်ဖြစ်တာကို ပြေးရင်းနောင်တရမိတယ်။ ကျုံးတစ်ပတ်ပြေးဖို့ အစီအစဉ် မှာ မိမိမှာတော့ ၇၅လမ်းကနေ ဆီးဒိုးနားထိတောင်မရောက်သေးဘူး အမောဆို့ နေပြီ။  
ဒါနဲ့ ပဲအပြန်မှာ အားကစားအဖွဲ့ နဲ့ အတူ မဟာနွယ်လက်ဖက်ရည်ဆိုင်မှာ မနက်စာစားဖို့ စုကြတယ်။ ရောက်တတ်ရာရာများ ပြောဆိုကြ ရယ်မောကြနှင့်... လုပ်ငန်းခွင် ထဲမှစိတ်ဖိစီးမှုများနှင့် ပင်ပန်းနွယ်နယ်မှုများပင် ကင်းစင်လွင့်ပျောက်သွားပါတော့တယ်။ အားကစားအကြောင်းတွေပြောလိုက်ကြ ဟိုဟိုဒီဒီပြောကြရင်းနှင့် သင်တန်းဆရာတစ်ဦးမှ .....
ဆရာSL။              ။    ......ဆရာမပြောပြောနေတဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းက အဖွဲ့ ဖွဲ့ ပြီးသွားပြီလား......ကျနော်တို့ လိုသာမန်အရပ်သားတွေရော ပါဝင်လို့ ရလားဗျ။ ကျွန်တော်က ကားမောင်းကျွမ်းတယ်၊ ရေကူးကျွမ်းတယ်၊ ပရဟိတလုပ်ငန်းတွေစိတ်ဝင်စားတယ်။ ပိုက်ဆံမရချင်နေပါဗျာ။ ဆရာမ တစိုက်မတ်မတ် အဲဒီလုပ်ငန်းလုပ်ဖြစ်ရင် ကျနော် တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီ ချင်ပါတယ်ဗျ။ ကျနော်ကို စာရင်းသာသွင်းထားလိုက်ပါ....... အင်း ...... သူ့ လိုကျန်းမာရေး အသိပညာတွေ နည်းပေမဲ့လည်း သူတစ်ပါးကိုကူညီချင်တဲ့ လူမျိုးတွေအတော်လေး လိုတာပါလား ...
ကျွန်မ။          ။     ......ဒီလိုရှိပါတယ်ဆရာ.. ကျွန်မတို့ ကို ၂၀၁၃ ဆီးဂိမ်းအတွက် အခြေခံအသက်ကယ်နည်းပညာတွေကို သင်တန်းပေးထားပါတယ်။ မန္တလေးမှာတော့ ၃ဖွဲ့ သင်တန်းပေးပြီးသွားပါပြီ ။ အခြားမြို့ တွေမှာလည်း သင်တန်းတွေပေးနေပါတယ်။ ဒါပေမဲ့လည်း ဒီပညာနဲ့ တော့ မလုံလောက်သေးဘူးပေါ့။ အဆင့်မြင့်သင်တန်းတွေ ပေးအုံးမယ်ထင်ပါတယ်။ ခုလောလောဆယ်အရေးပေါ်ဆေးပညာကယ်ဆယ်ရေးအဖွဲ့ -EMS ရယ်လို့ မြန်မာပြည်မှာတော့ တိုင်းနဲ့ ပြည်နယ် အလိုက် လည်ပတ်လို့ ရအောင်စနစ်တကျ တရားဝင်ဖွဲ့ စည်းထားတာတော့မရှိသေးပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဖွဲ့ စည်းဖို့ ကြိုးစားနေပါတယ်လေ... ( သက်ပြင်းချရင်း) တော်တော်တော့ အချိန်ယူရပါလိမ့်အုံးမယ် ထင်တာပဲ။ ဘာလို့ လဲဆိုတော့ ကျန်းမာရေး အဖွဲ့ ကလူတွေနဲ့ ချည်းပြီးသွားမဲ့ကိစ္စမဟုတ်လို့ ပဲ...
ဆရာ SL ။        ။ ကိုယ့်ဘာသာအဖွဲ့ ဖွဲ့ လိုက်ရင်ရော....
.ကျွန်မ    ။         ။ တစ်ခါတစ်လေ အဲလိုတောင် စိတ်ကူးပေါက်သေး တယ်.. နိုင်ငံခြားမှာဆို ကိုယ်နိုင်တဲ့ အနေအထားနဲ့ စလုပ်ကြတာပဲ။ တစ်ချို့ က ဆိုင်ကယ်တို့ စက်ဘီးတို့ နောက်မှာ အရေးပေါ်ကယ်ဆယ်ရေးဆေးအိတ်လေးတွေချိတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေကြတာဆရာရဲ့ ...                  ...... ဟို ဘော်စတွန်မာရသွန်မှာတုန်းကလေ ...အဲမှာဗုံးပေါက်ကွဲမှုဖြစ်တော့ အနားမှာအဆင်သင့်ရှိနေတဲ့ EMS စက်ဘီးသမားတစ်ဦးက ခြေထောက်ပြတ်သွားတဲ့ အားကစားသမားကို ၀င်ကယ်တာ ...ဟိုတစ်ခါကျွန်မတောင် ဖေ့ဘုတ်မှာရှယ်လိုက်သေးတယ်လေ ဆရာတွေ့ လိုက်သေးတယ်မို့ လား.... နဘေးက ဆရာ တစ်ဦးကို စစ်ကူတောင်းလိုက်သေး၏။
ဆရာ NL။        ။ အင်းဟုတ်တယ် ဟုတ်တယ်။စက်ဘီးသမားတွေက ကားမ၀င်နိုင်တဲ့လမ်းမြောင်တွေကို ၀င်လို့ ရတယ်။ လူအုပ်ထဲလည်းဝင်လို့ ရတာကိုး။ တောင်ပေါ်လမ်းတွေအထိသူတို့ တက်နိုင်ကြတယ်လေ။
ကျွန်မ  ။        ။ တစ်ခုတော့ရှိတယ်ဆရာတို့ ရဲ့ ။ ကျွန်မတို့ ကိုယ့်ဘာသာ အရေးပေါ်ကယ်ဆယ်ရေးအတွက် ပရဟိတ အဖွဲ့ ဖွဲ့ တယ်ထားအုံးတော့.. ဥပမာ ...ဆိုင်ကယ် အက်စီးဒန့် ဖြစ်လို့ လူနာက သွေးထွက်သံယိုနဲ့  အသက်အန္တရာယ်ရှိနေတာကို ကယ်ကြမယ်ဆိုပါတော့.... မှုခင်းကိစ္စတွေနဲ့ တော့ အရှုပ်အရှင်းဖြစ်လာအုံးမယ်။ သူတို့ ကခွင့်ပြု မပြုဆိုတာရှိသေးတယ်။ တော်ကြာကိုယ့်လက်ထဲမှာ လူနာသေသွားရင်ဒုက္ခ။ ဒီပြဿနာတွေအများကြီး ရှိသေးတယ် ။ လုပ်ကြည့်မှ  သိရမှာ...တကယ်တော့ သက်ဆိုင်ရာအဖွဲ့ အစည်းပေါင်းစုံ ပူးပေါင်းဖို့ က လွှတ်တော်မှာ တရားဝင်ဆွေးနွေးမှ ရမှာ။ ဥပဒေ တွေရေးဆွဲဖို့ လည်း လိုတယ်။ ကိုယ်ကသူများအသက်ကိုယ်ကယ်တာတော့ ဟုတ်ပါပြီ။ ကိုယ့်ကို အမှုလာပတ်မှာစိုးရသေးတယ်။ တရားဝင် အဖွဲ့ အစည်းမြန်မြန်ဖြစ်ပါစေလို့ ပဲဆုတောင်းနေရတာ။ ကျွန်မဆို အဲဒီအရေးပေါ်ကယ်ဆယ်ရေးနဲ့ ပက်သက်တဲ့ ကျောင်းပညာရပ်တွေသင်ချင်လို့ စောင့်နေတာ ၈နှစ်လောက်ရှိုပြီရှင့်။
အားကစားသမားတစ်ဦး။       ။ ဟုတ်တယ်နော်။ တကယ်အက်စီးဒန့် ဖြစ်ရင် ဟိုလူ့ စောင့် ဒီလူ့ စောင့်နဲ့  လူနာက သွေးထွက်လွန်ပြီး သေရောဗျာ။
အားလုံးစိတ်ငြိမ်သွားကြသည်။
ဆရာ SL။       ။ဆရာမ ဆရာမ ဟိုလေ အရေးပေါ်ကယ်ဆယ်တဲ့အခါ သေတဲ့လူနာကိုထားပြီး သေနိုင်တဲ့ အရေကြီးလူနာတွေကို မသေအောင် ဆေးရုံအရောက်ပို့ ပြီး ဦးစားပေးကယ်ရတာမို့ လား။
ကျွန်မ။       ။ ဟာ ...ဟုတ်တာပေါ့ ။ ( ဦးစားပေးအဆင့်ခွဲပုံ-Triage  တွေကိုရှင်းပြရင်း ဆရာ SL ၏ ဆေးပညာ ဗဟုသုတ ကို စိတ်ထဲမှ လေးစားသွား၏)
ဆရာ SL က သူ၏တစ်ယောက်ကျော်တွင်ထိုင်ပြီးမုန့် စားနေသော ထောင်ထောင်မောင်းမောင်းနှင့် အားကစားသမားတစ်ဦးကို လက်ညိုးထိုးလျှက် ...
ဆရာSL။       ။ ဒါဆို ဒီကောင့်ကို ဆရာမတို့  မ နိုင်မှာ မဟုတ်ဘူး။ မသေသေအောင် လုပ်လိုက် ဟီးဟီး...
စားနေရင်း မျက်လုံးပြူးကာ ခေါင်းကို ဆတ်ကနဲ ထောင်လိုက်သော သူ့ ကို ကြည့်ရင်း ကျွန်မတို့ အဖွဲ့ ၏ ရယ်သံများ မနက်ခင်း အချိန် မဟာနွယ်လက်ဖက်ရည်ဆိုင်လေးကို ဖုံးလွှမ်းသွားပါတော့သည်။
သီတာခင်( 10:50am/4.9.2013)
တန်ဖိုး
$
0
0
၁။ ဇာတ်လမ်းအစကတော့ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ သမ္မတကြီးနဲ့ တွေ့ပါတယ်။ ဂျာနယ်ပါအရေးအသားအရ သမ္မတကြီးက “ပုဂ္ဂိုလ်အရ သိန်း ၅၀၀” မတည် လှူဒါန်းပေးတယ် ဆိုပါတယ်။ အဲ….ဖေ့ဘုတ်နဲ့ မီဒီယာတွေက မေးခွန်းထုတ်တဲ့အခါမှာ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ဝေဖန်တိုက်ခိုက်လာသူတွေ” (သူ့အသုံးအနှုန်းပါ၊ တိုက်ခိုက်တယ်လို့ သူခံစားနေရပုံရပါတယ်၊ ပြည်သူတွေ မေးခွန်းထုတ်သင့်တယ်လို့ ခံယူပါသလား၊ မခံယူဘူးလားမသိပါ) သိစေဖို့ နိုင်ငံတကာ စံနှုန်းများအရ “နိုင်ငံတော်ဘတ်ဂျက်ထဲကနေ လှူဒါန်း” ခဲ့တာလို့ ရှင်းချက်ထုတ်ပါတယ်။
၂။ ပထမဆုံးပြောချင်တာက အလှူခံနဲ့ အလှူရှင် အသုံးချင်းကွဲနေတာပါ။ ဘာလို့ ပုဂ္ဂိုလ်အရလို့ သုံးခဲ့တာလဲ။ ထားပါ၊ ဂျာနယ်ဟာ တရားမ၀င်တဲ့အတွက် ဒုဝန်ကြီး ပြောစကားကိုပဲ အတည်ယူပြီး မေးပါ့မယ်။ ဝေဖန်တာမဟုတ်ပါ။ မသိလို့မေးတာပါ။ နိုင်ငံတော် ဘတ်ဂျက်ခွဲဝေရေးမှာ လှူဒါန်းရန်ဆိုပြီး သီးသန့်ခေါင်းစဉ်ရှိမရှိမသိပါ။ ရှိပါသလား။ ရှိခဲ့လို့ရှိရင် ဘယ်လို မူဝါဒတွေနဲ့ လှူရမယ်လို့ သတ်မှတ်ထားပါသလဲ။ (အနော် အလှူခံလာခဲ့ရင် လှူမလားသိချင်ရို့) နောက်တစ်ခုက သမ္မတဟာ ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ငွေတွေကို အဖွဲ့အစည်း ဆုံးဖြတ်ချက်မပါပဲ ရော့အင့်…ဆိုပြီး လှူပစ်လို့ရပါသလား။ တော်ကြာ ယောမင်းကြီး ကြားသွားရင် တိုင်းပြည်ဘဏ္ဍာကို လှူတာ “ခိုးခြင်း ၂၅ပါးထဲမှာ အကျုံးဝင်တယ်” ဆိုပြီး အိပ်မက်လှမ်းပေးနေဦးမယ်နှော။
၃။ နောက်တစ်ခုက ဒုဝန်ကြီး ဦးရဲထွဋ်က စာနယ်ဇင်းကောင်စီများနဲ့ ပတ်သက်ပြီး နိုင်ငံတကာကျင့်သုံးတဲ့ နည်းလမ်းများအတိုင်း လှူဒါန်းခဲ့ပါတယ်ဆိုပြီး ပြောပါတယ်။ ဥပမာ သုံးလေးနိုင်ငံလောက်ပြပါတယ်။ ဒါဟာ လက်ခံနိုင်ဖွယ်လို့ မမြင်ပါ။ ကမ္ဘာပေါ်မှာ ရှိသော နိုင်ငံ ၁၉၀ကျော်မှာ ဘယ်နှစ်နိုင်ငံလောက်ကများ အဲဒီလိုကျင့်သုံးနေလို့လဲ။ ဆူရာရွေးနှုတ် သည်းခြေထုတ်ပြီး ကောက်နှုတ်ဖေါ်ပြတာတော့ ကမ္ဘာနဲ့ ချီပြီး မပြောစေချင်ပါ။ နောက် ကမ္ဘာနဲ့ ချီပြီး ကိုင်ပေါက်ချင်တယ်ဆိုရင်တောင်မှ စီမံခန့်ခွဲရေးဂုရုကြီးများမှ ကိုယ့်ဆီမှာရှိသော အနေအထား ဆန်းစစ်ခြင်းမရှိပဲ လုပ်လို့ မရဘူးလို့ အကြိမ်ကြိမ်သတိပေးကြပါတယ်။ မီဒီယာနဲ့ ပတ်သက်လို့ အကဲဒမစ် မဖြစ်သေးတဲ့ ဒီတိုင်းပြည်မှာ မေးခွန်းထုတ်စရာမဖြစ်တာ ပိုမကောင်းပေဘူးလား။
၎။ ထပ်ပြောရရင် အဲလို လုပ်တာ မှန်ပါပြီပဲထား။ သံသယဖြစ်စရာကောင်းတာက အချိန်ပါ။ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ မီဒီယာသမားတွေအကြား ဥပဒေတစ်ခုနဲ့ ပတ်သက်ပြီး မပြေမလည်ဖြစ်နေချိန်မှာ ဒီလို အလှူငွေ လက်ခံလိုက်တာဟာ “ဒီလူတွေ ငါတို့ဘက်က တိုက်ပေးနေတယ်လို့ မယုံရဲအောင် လုပ်လိုက်တာ” နဲ့ အတူတူပါပဲ။ ဦးရဲထွဋ်ပြောခဲ့တာနဲ့ နွယ်ပြီး ပြောရရင် “ၾသစေတ်းလ် စာနယ်ဇင်းကောင်စီက နိုင်ငံတော်ရဲ့ ထောက်ပံ့မှုကို ယူဖို့ မယူဖို့ စဉ်းစားနေချိန်မှာ” မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ဘယ်သူမှ မတိုင်ပင်ပဲ၊ ဘာမှ မစဉ်းစားပဲ “ဘတ်ကနဲ” ကောက်ပြီး ယူလိုက်တယ် ဆိုပါတော့။ ပွင့်ပွင့်လင်းလင်း ပြောရရင် နှောင်ကြိုးမဲ့တယ် ဘယ်လောက်ပြောပြော၊ ယုံရခက်တယ်။
၅။ နောက် ကောင်စီက လူတွေကလည်း စာရင်းနဲ့ ဇယားနဲ့ လုပ်နေတယ်ပြောပါတယ်။ မှန်ပါတယ်။ စာရင်းဇယားနဲ့ လုပ်နေတယ်၊ ကိုယ့်ငွေကိုယ်စိုက်လုပ်နေရတယ် ဆိုတာတွေက စေတနာသမားတွေ ပြောနေကျပါ။ ဒါပေမယ့် စေတနာနဲ့ မလုပ်ရင်နေပါ။ စာရင်းဆိုတာ လည်လည်ဝယ်ဝယ်ရှိသူတိုင်းလုပ်ရပါတယ်။ လည်လည်ဝယ်ဝယ်မရှိရင် အကောင့်တန့်တစ်ယောက်လောက်ကို လုပ်ခိုင်းလည်းရပါတယ်။ ဒီတော့ မလုပ်ရင်မလုပ်ပါနဲ့။ ကျုပ်တို့က စေတနာနဲ့ လုပ်နေတာ၊ ဘာမှ လာမပြောနဲ့ ဆိုတဲ့ အပေါက်မျိုးတော့ မချိုးစေချင်ပါ။ အစစအရာရာ စာရင်းရှိတယ်ဆိုရင် ကိုယ် စိုက်ထုတ်ခဲ့တဲ့ ငွေတွေ စာရင်းလုပ်ထားပါ။ ရန်ပုံငွေရလာရင် ပြန်ယူပါ။ ဒီလိုပဲ ပြောချင်ပါတယ်။ စေတနာဆိုတာကြီးနဲ့ လုပ်ရပ်နဲ့ကို ရောမပြောစေချင်ပါဘူး။
၆။ “ဒါမျိုးကျ ကျောချင်းကပ်လို့” လို့ အပြောမခံချင်ရင် နှစ်ဘက်လုံး မေးခွန်းထုတ်စရာမဖြစ်အောင် နေပေးဖို့ လိုပေမယ်။ လော်ဘီလုပ်တာလည်း လုပ်ပေါ့။ ခက်တာက “ပြည်သူမှာလည်း ခေါင်း ရှိတယ်”။ စာနယ်ဇင်းကောင်စီသည် မီဒီယာအတွက် အလုပ်လုပ်နေပါသည်ဆိုတာမျိုးမီဒီယာသမားတိုင်း၊ ပြည်သူပြည်သားတိုင်း “စိတ်ချလက်ချ ယုံထားတာက သိန်းငါးရာထက် တန်ဖိုးမရှိပေဘူးလားဗျာ”
စတုတ္ထမဏ္ဍိုင်ခိုင်ပါစေ အပိုင်း(၂)
$
0
0
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်အကြံပြုတင်ပြခြင်း
=======================================
ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ကြမယ်ဆိုဘာတွေပြင်ကြမှာလည်း?
၁။ ကျနော့်အမြင်ကတော့-
ဒေါ်စုသမ္မတဖြစ်ရေးလည်းမဟုပ်ဘူး။
၂၅%ကိုပြင်ဘို့ လည်းလက်ရှိအခြေအနေအရမပြင်သင့်သေးဘူး။
တကယ်မဖြစ်မနေပြင်သင့်တာက
နောင်ဖြစ်လာမဲ့ အစိုးရအဆက်ဆက်နဲ့ လွှတ်တော်၃ရပ်အတွင်းမှာ
တစ်ပါတီတည်းက အင်အားအလုံးအရင်းဖြင့်လွှမ်းမိုးချူပ်ကိုင်သွားစေမည့်
အချက်အလက်အချို့ နဲ့ ပြည်ထောင်စုကြီးထာဝစဉ်တည်မြဲရေးအတွက်
တိုင်းရင်းသားပေါင်းစုံမှအကျေအလည်သဘောတူလက်ခံသောစစ်မှန်သည့်
ဖက်ဒရယ်ပြည်ထောင်စုကြီး ငြိမ်းချမ်းစွာပေါ်ပေါက်လာရေးတို့ ကိုသာဦးစားပေး
ပြင်ဆင်သင့်သည်ဟုယုံကြည်မိပါသည်။
၂။ ၎င်းအချက်များကိုပြင်ဆင်ပြီး၍ ပြည်ထောင်စုမပြိုကွဲရေးနှင့်အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
တို့ အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကကျေကျေနပ်နပ်သဘောတူထောက်ခံမှုများ
ရရှိပြီးသည့်အချိန်မှသာဒေါ်စုသမ္မတဖြစ်ရေးနှင့်၂၅%ကိုလျှော့ချရေးတို့ ကိုဆက်လက်ပြင်ဆင်ခြင်း
သည်သာတိုင်းပြည်တည်ငြိမ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေး၊တိုင်းရင်းသာည်းလုံးညီညွတ်မှုမပြိုကွဲရေး
တို့ အတွက်အာမခံချက်ရရှိနိုင်မည်ဟုယုံကြည်မိပါသည်။
၃။ မဖြစ်မနေဒေါ်စုကိုသမ္မတဖြစ်ရေးကန့် သတ်ထားသောအချက်အလက်များကိုပြင်ဆင်မည်ဆိုပါ
ကလည်း၂၅%ကို လျှော့ချရေးကိုတော့ တိုင်းရင်းသားများနှင့်နှစ်ဘက်ယုံကြည်မှုခိုင်မာစွာတည်
ဆောက်နိုင်သည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုကိုဖန်တီးနိုင်သည့်အချိန်မှသာပြင်ဆင်သင့်သည်
ဟုအကြံပြုလိုပါသည်။
၎။ ယခုလိုတင်ပြ၍ယခုရွေးကောက်ပွဲကော်မရှင်မှပါတီများနှင့်ဆွေးနွေးလျက်ရှိသောအချိုးကျလွှတ်
တော်ကိုယ်စားလှယ်ရွေးချယ်ခံရေးသဘောထား(PR)စံနစ်ကိုထောက်ခံပါသလားဆိုပါကကျနော့်အနေဖြင့်(လုံးဝ)မထောက်ခံပါဟုရှင်းလင်စွာတင်ပြလိုပါသည်။
၅။ အဘယ်ကြောင့်မထောက်ခံရပါသနည်း။ရှင်းပါသည်။ယခုလက်ရှိပါတီများ၏ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံ၍ပြည်သူ့  အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်မှုစွမ်းရည်များအပေါ်အပြည့်အဝကျေနပ်အားရဖွယ်မမြင်သေး
၍ဖြစ်ပါသည်ဟုသာရိုးသားစွာတင်ပြလိုပါသည်။
၆။ ပြည်သူလူထုမှသက်ဆိုင်ရာအရွေးခြယ်ခံကိုယ်စားလှယ်တစ်ဦးခြင်းဆီ၏အရည်အသွေးများကို
တိုက်ရိုက်စိစစ်အကဲဖြက်နိုင်ခြင်းမရှိဘဲပြည်သူလူထုလိုလားသည်ဖြစ်စေ/မလိုလားသည်ဖြစ်စေ
ပါတီတစ်ခုခြင်း၏ဝင်ရောက်ရွေးချယ်ခံခြင်းအရေအတွက်အပေါ်သာမူတည်၍ရွေးကောက်တင်
မြှောက်ခြင်းစံနစ်သည်ပြည်သူလူထု၏စစ်မှန်သောဆန္ဒသဘောထားများကိုမျက်ကွယ်ပြုရာရောက်
သည်ဟုခိုင်မာစွာယုံကြည်မိပါသည်။ပါတီတစ်ခုလုံးတွင်ရှိရှိသမျှသောရွေးခြယ်ခံကိုယ်စားလှယ်များ
၏တစ်ဦးခြင်းအရည်အသွေးကို၏၎င်းပါတီ၏ပုံရိပ်တစ်ခုတည်းဖြင့်သာပြည်သူလူထုမှအကဲဖြက်ရမည်ဆိုပါကလွန်စွာလွဲမှားသောရွေးကောက်တင်မြှောက်မှုများသာဖြစ်လိမ့်မည်ဟုယူဆမိပါသည်။
၇။ နိုင်ငံတော်၏အသက်သွေးကြောဖြစ်သည့်ဥပဒေပြုရေးအာဏာလုပ်ပိုင်ခွင့်ဘောင်အတွင်းသို့ နိုင်ငံတော်အဆင့်အရည်အသွေးမပြည့်မှီသော၊မိမိပါတီ မိမိအဖွဲ့ အစည်း၊မိမိဝန်းကျင်တစ်ခု
တည်း၏အကျိုးကိုသာလိုလားဦးစားပေးဆောင်ရွက်လိုသည့်လွှတ်တော်ကိုယ်စားလှယ်များ၏လွဲမှာ
သည့်အမြင်သဘောထားများကြောင့်လွှတ်တော်အတွင်းနိုင်ငံတော်အတွက်အကျိုးရှိသည့်ဥပဒေပြု
ရေးဆိုင်ရာကိစ္စရပ်များ၊နှောင့်နှေးကြန့် ကြာကာ လွှတ်တော်အတွင်းအုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ ၍ သူပြော
ငါဖျက် ငါပြောသူဖျက် အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရမည့်အခြေအနေမျိုးကိုကျနော့်အနေဖြင့်
လုံးဝမဖြစ်စေလို၍(PR)စံနစ်ကိုကန့် ကွက်ခြင်းသာဖြစ်ပါသည်။
၈။ ဤသို့ ဆိုလျှင်ကျနော်ဘာကိုဆိုလိုခြင်ပါသလည်း။
ယခုအစိုးရသည်နောင်အတိုက်အခံဖြစ်သွားနိုင်သလို ယခုအတိုက်အခံသည်လည်းနောင်အစိုး
ရဖြစ်သွားနိုင်သည်ဟူသောတွေးဆချက်ကိုအခြေခံ၍အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုပါကတိုင်းပြည်နှင့်လူ
မျိုး၏နောင်မျိုးဆက်သစ်များအတွက်ခိုင်မာ၍ရေရှည်အကျိုးရှိနိုင်သည့်အပြန်အလှန်ရေရှည်နားလည်ယုံကြည်မှုအမွေခံကောင်းများကိုသာလက်ရှိနိုင်ငံရေးလောကအတွင်းကျင်လည်နေကြသော
နိုင်ငံရေးသမားများအနေဖြင့်ဦးစားပေးစဉ်းစားစေလိုသောသဘောကိုဆိုလိုနေခြင်းဖြစ်ပါသည်ခင်ဗျ။
ဤဆိုလိုချက်အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်သင့်သည့်နည်းလမ်းများကိုတွေးဆခြင်း
==============================================================
၉။ အထက်စာပိုဒ်(၈)ပါကျနော်ဆိုလိုချက်ကိုအနည်းအငယ်အကျယ်ချဲ့၍တင်ပြလိုပါသည်။
ကျနော့်အနေဖြင့်လက်ရှိနိုင်ငံရေးဖြစ်စဉ်များအပေါ်လေ့လာမိသ၍ကိုအခြေခံ၍စဉ်းစားကြည့်သော
အခါ ကျနော်တို့ နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ၌ လက်ရှိအစိုးရအဖွဲ့ နှင့်ပြည်ခိုင်ဖြိုး
ပါတီ၊အတိုက်အခံခေါင်းဆောင်ဒေါ်စုကြည်နှင့်NLDပါတီ၊တပ်မတော်တို့ သည့်တစ်ဦးကိုတစ်ဦး
တစ်ဖွဲ့ ကိုတစ်ဖွဲ့ မည်သို့ မျှချန်ထားရစ်ခဲ့ခြင်းငှာမဖြစ်နိုင်ဟုတွေးဆမိပါသည်။
အဘယ့်ကြောင့်ဆိုသော်၎င်းတို့ အနေဖြင့်တစ်ဦးကိုတစ်ဦးတွန်းကန်ခြင်းနိယာမကိုမည်သည့်ဘက်မှ
ဖြစ်စေကျင့်သုံးလိုက်သည်နှင့်တစ်ပြိုင်နက်ဦးစွာတိုင်းပြည်တည်ငြိမ်အေးချမ်းရေးပျက်ပြားရဖွယ်ရှိသည်ဟုယူဆမိသောကြောင့်ဖြစ်ပါသည်။ကျန်တိုင်းရင်းသားအားလုံးသည်လည်းအစိုးရ၊ပြည်ခိုင်ဖြိုး၊
ဒေါ်စုနှင့်NLD၊တပ်မတော်တို့ ၏ဆက်ဆံရေးအခြေအနေကိုသာစောင့်ကြည့်အကဲခတ်၍သာ၎င်းတို့ ၏ရှေ့ လုပ်ငန်းစဉ်များကိုစီမံနေကြသည်ဟုယုံကြည်မိပါသည်။
၁၀။ သို့ ဖြစ်၍ အထက်တင်ပြပါနိုင်ငံရေးအင်အားစုများအနေဖြင့်တစ်ဘက်နှင့်တစ်ဘက်အကြွင်းမဲ့
အနိုင်ရရေးလမ်းစဉ်ကိုသာစွဲကိုင်ထားမည်ဆိုပါကမည်သည့်ဘက်ကမျှအကြွင်းမဲ့အနိုင်ရနိုင်မည်
မဟုပ်ဘဲတိုင်းပြည်တည်ငြိမ်အေးခြမ်းရေးသာပျက်ပြာစေနိုင်မည့်အပြင်ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးလုပ်ငန်းစဉ်များပေါ်ကြီးမား၍ဆိုးဝါးသောဆိုးကြိုးများသာသက်ရောက်လာစေနိုင်သည်ဟုယုံကြည်မိပါသည်။
၁၁။စုစည်းဆွဲငင်ခြင်းနိယာမသည်သာတိုင်းပြည်အနာဂတ်အတွက်အကျိုးဖြစ်စေမည်။
=======================================================
လိပ်ခဲတည်းလည်းဖြစ်နေသည့်လက်ရှိနိုင်ငံရေးအကျပ်အတည်းများ၏တစ်ခုတည်းသောနိုင်ငံရေး
ထွက်ပေါက်သည်အင်အားစုများအားလုံးစုစည်းဆွဲငင်ခြင်းသာလျင်ဖြစ်သည်ဟုကျနော့်အနေဖြင့်
လေးနက်စွာယုံကြည်မိပါသည်။
ကျနော်၂၀၁၂ခုနှစ်နိုဝင်ဘာလခန့် ကတင်ပြခဲ့ဘူးပါသည်။ပြည်ခိုင်ဖြိုးနှင့်NlDပူးပေါင်းနိုင်ပါသလားဟုတင်ပြရုံဖြင့်ကျနော့်အားဝါဒမတူ၊လူမတူသည့်အတွက်
မည်သို့ မျှမဖြစ်နိုင်ဟုနှစ်ဘက်စလုံးမှပြင်းထန်စွာဝေဖန်ပြစ်တင်မှုများကိုရင်ဆိုင်ခဲ့ရပါသည်။သို့သော်ကျနော်ယခုထပ်မံတင်ပြပါအုံးမည်။
ကောင်းပါပြီ။
ဝါဒမတူ၊လူမတူသည့်အတွက်ပါတီခြင်းပူပေါင်းဆောင်ရွက်မှုများပြုလုပ်သင့်သည့်ဟူသောကျနော့်
အယူအဆသည်စိတ်ကူးယဉ်ဆန်ပြီးဒီမိုကရေစီစံနစ်နှင့်အံချော်နေသည့်လောဘအိမ်မတ်သတ်သတ်သာဖြစ်နေသည်ဆိုပါက ပါတီခြင်းမပူးပေါင်းနိုင်ကြသည်ကိုကျနော်လက်ခံနိုင်ပါသည်။
သို့ သော်-ပြည်သူလူထုမှလွတ်လပ်စွာရွေးကောက်တင်မြှောက်ခြင်းမှတဆင့်ပေါ်ပေါက်လာသော
ကိုယ်စားလှယ်များအနေဖြင့်မူပါတီတစ်ခုကိုကိုစားပြု ခြင်းထက်ပြည်သူလူထုတစ်ရပ်လုံးကိုကိုယ်စား
ပြုသူများသာဖြစ်သည်ကိုအကြွင်းမဲ့နာလည်းယုံကြည်ကြမည်ဆိုပါကအစိုးရအဖွဲ့ ဖွဲ့ ရာ၌ညွန့် 
ပေါင်းအစိုးရဖွဲ့ စည်းခြင်းဖြင့်သော်လည်းကောင်း၊လွှတ်တော်အတွင်း၌ခိုင်မာပြီးအင်အားတောင့်တင်း
သည့်ပြည်သူ့ အသံဟူသမျှကိုယ်စားပြုသည့်ကျီး-ဘုတ်ရိုသေ၊ဘုတ်-ကျီးရိုသေ၊အဓိကအာဏာရနှင့်အတိုက်အခံဟူ၍မခွဲခြားဘဲပြည်သူ့ အကျိုး၊တိုင်းပြည်၏လက်တလောနှင့်ရေ
ရှည်အကျိုးစီးပွားအတွက်ဆောင်ရွက်နိုင်မည့်စုစည်းဆွဲငင်ခြင်းနိယာမကိုကျင့်သုံးခြင်းဖြင့်ပြည်သူ့ 
တစ်မျက်နှာတည်းကိုသာကြည့်သောအစိုးရအဖွဲ့ /လွှတ်တော်များအဖြစ်ပူပေါင်းဆောင်ရွက်သင့်
သည်ဟုထပ်မံတင်ပြမည်ဆိုပါကစာဖက်သူမိတ်ဆွေများအနေဖြင့်မည်သို့ ထင်မြင်ယူဆ
ကြပါသနည်းဟုအမျိုးသားသွေးစည်းညီညွတ်ရေးကိုဦးတည်၍ကျနော်မေးခွန်းထုတ်လိုပါသည်။
၁၂။ အချူပ်အားဖြင့်တင်ပြလိုသည်မှာငြိမ်းချမ်းသာယာသောမြန်မာ့လူဘောင်တည်ဆောက်နိုင်ရေး
တွင်လက်ရှိနိုင်ငံရေးပါတီအားလုံးနှင့်တပ်မတော်၊တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးတို့  သည်
တူရာတွေကိုပေါင်းလုပ်နိုင်ရမည့်အပြင်အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားသွေးစည်းညီညွတ်ရေး
အတွက်ဆိုပါကမတူတာတွေကိုဘေးဖယ်ထားမည့်အစားတူလာအောင်ညှိနှိုင်း၍ဆွဲငင်ခြင်းနိယာမကိုသာပြည်သူ့ မျက်နှာကြည့်၍ဆောင်ရွက်ကြစေလိုပါသည်။နိုင်ငံ့ဦးဆောင်အဖွဲ့အစည်းများနှင့်
တိုင်းရင်းသားဦးဆောင်အဖွဲ့ အစည်းများအခြင်းခြင်းဝါဒသဘောတရားများဝိဝါဒကွဲပြားနေခြင်းသည်
ကျနော်တို့ ၏မြန်မာလူ့ ဘောင်းအေးချမ်းသာယာရေးကိုမည်သို့ မျှအကျိုးမပြုနိုင်သည့်အပြင်၊ပြည်
သူလူထုကိုဆင်းရဲမွဲတေပြီးအသိဥာဏ်ပညာအဆင့်အတန်းနိမ်းပါးစေသည့်လုပ်ရပ်များသာဖြစ်၍
ဘယ်သောအခါမှစုစည်းညီညွတ်ပြီးအင်အားတောင့်တင်းခေတ်မှီဖွံ့ ဖြိုးသည့်နိုင်ငံတော်တစ်ရပ်အ
ဖြစ်ရောက်ရှိနိုင်မည်မဟုပ်ပါ။
အစိုးရလည်းပြည်သူ၊ပြည်သူလည်းအစိုးရ။ပါတီလည်းပြည်သူ၊ပြည်သူလည်းပါတီ။တိုင်းရင်းသား
လည်းပြည်သူ၊ပြည်သူလည်းတိုင်းရင်းသားများသာဖြစ်၍လက်ရှိကျနော်တို့ ဆောင်ရွက်ခဲ့သမျှသော
ဆောင်ရွက်မှုများကို ခင်ဗျားတို့ ကျနော်တို့ နောက်မျိုးဆက်များအနေဖြင့်တစ်ယောက်မကျန်ခံစား/
စံစားကြရမည်သာဖြစ်၍နောက်မျိုးဆက်သစ်များအတွင်စုစည်းဆွဲငင်ခြင်းလက်ဆင့်ကမ်းအမွေပေး
နိုင်ရေးကိုသာအထောက်အကူဖြစ်စေမည့်အခြေခံဥပဒေပြင်ဆင်ခြင်းများကိုသာဆောင်ရွက်သင့်ပါ
သည်။
တပ်မတော်အခန်းကဏ္ဍအနေဖြင့်လည်းတစ်နိုင်ငံ-တပ်မတော်တစ်ခုတည်းဖြစ်သည့်အချိန်အထိ
လွှတ်တော်အတွင်း၂၅%ပါဝင်နေမှုကိုဆက်လက်တည်ရှိနေရန်လိုအပ်သည်ဟုတိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိုရှေ့ ရှုသည်အမြင်သဘောထားများထာရှိပြီးအတင်းအကျပ်ပြုပြင်ရန်တောင်းဆိုနေ
မှုများကိုရပ်တန့် သင်ပါသည်။
တပ်မတော်သည်၎င်းတို့ အနေဖြင့်Professionalတပ်မတော်အဖြစ်နိုင်ငံတကာတပ်မတော်များနည်း
တူရပ်တည်သွားနိုင်ရေးကိုတပ်မတော်သားများကိုယ်တိုင်ကလိုလိုလားလားလက်ခံယုံကြည်လာစေ
ရေးကိုသာနိုင်ငံရေးခေါင်းဆောင်များအနေဖြင့်အပြုသဘောချဉ်းကပ်ဆောင်ရွက်သင့်ပါကြောင်
အကြံပြုတင်ပြရင်းခေတ္တနားခွင့်ပြုပါခင်ဗျ။
အပိုင်း(၃)ဆက်လက်တင်ပြပါမည်
လေးစားစွာဖြင့်
ငြိမ်းချမ်းလူ
၃-၉-၂၀၁၃
နေ့ လည် ၁နာရီ ၄၂မိနစ်
ရန်ကုန်မြို့ ။
သမိုင်းတစ်ကျော့ မလည်စေချင်
$
0
0
 Photo: သမိုင်းတစ်ကျော့ မလည်စေချင်  ကျော်ဝင်း  အတိတ်တစ္ဆေ  စာရေးသူ စာမရေးဖြစ်သည်မှာ ကြာတောင့်ကြာရှည်ရှိပါပြီ။ စာရေးစားပွဲတွင် ကြိုးစား ထိုင်လိုက်တိုင်း စကားလုံးတွေက ရောက်မလာ။ စာရွက်ဗလာတွေ သာ ထားခဲ့ရသည်။ စာရေးသည့်အလုပ်က အနာဂတ်အမြင်ကြည်လင်ပါမှ လက်ကသွက် စာကထွက်တတ်ရာ ဝင်စားစိတ်ကို အနာဂတ်သို့ ပို့ကြည့်ပါ သည်။ ဘယ်လိုမှမရ။ အတိတ်တွင်သာ ဝဲလည် လိုက်ရင်း ပစ္စုပ္ပန်ကို ပြန်လန့်နေ သည်။ မခက်ပါလား။  စာရေးသူအမြင်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် အားတက် မျှော်လင့်စရာ “နှင်းခဲပျော်ချိန်” နှစ်ကြိမ်ရှိခဲ့သည်ဟု ထင်သည်။ ၁၉၆၀ ပြည့်နှစ်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ…။ ပထမ နှင်းခဲပျော် ချိန် ကို ၁၉၆၀ ရွေးကောက်ပွဲနှင့် ဖွင့်ခဲ့သည်။ ဤရွေးကောက်ပွဲတွင် သန့်ရှင်း ဖဆပလ (ပထစ)က၊ “ဖက်ဆစ်ဝါဒကို ရွေးမည်လော၊ ဒီမို ကရေစီဝါဒကို ရွေးမည်လော...” ဆိုသော ကြွေးကြော်သံဖြင့် ဝင်သည်။ လူထုက “အသည်း ကြားက မဲပြားများ” ဖြင့် ဒီမိုကရေစီကို ရွေးခဲ့ကြသည်။ သို့တစေ မျှော်လင့် သလို ကား မဖြစ်။ ပထမဇာတ်ကွက်…၊ အာဏာရပါတီ အကွဲအပြဲ၊ ဒုတိယဇာတ်ကွက်…၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာကြေညာချက်နှင့် နောက်ဆက်တွဲ ပြဿနာများ၊ တတိယဇာတ်ကွက်…၊ ဖက်ဒရယ် ဆွေးနွေးပွဲများ…။ နောက်ဆုံး “တော်လှန်ရေးကောင်စီ”က ဒီမိုကရေစီ ဇာတ်ကြီး တစ်ခုလုံးကို ပြည်ဖုံးကားချပစ်လိုက်သည်။   ၂၀၁၀ ရွေးကောက်ပွဲက နှစ်ပေါင်း ၅၀ နီးပါးမျှ ရပ်နားထားခဲ့ရသော ဒီမိုကရေစီ ဇာတ်ကြီးကို ပြန်စဖို့ ပြည်ဖုံးကားကြီး ပြန်ဖွင့်လိုက်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ဇာတ်ကွက်တွေ ပိုမြိုင်လာသည်။ ဒုတိယ နှင်းခဲပျော်ချိန်…။ အမှန်ပင် အားတက်ဖို့ ကောင်းပါသည်။ တကယ်လည်း အားတက်ရပါသည်။ သို့တစေ အပြည့်အဝတော့လည်း အားမတက်နိုင်။ အတိတ်၏ အရိပ်များကို ပစ္စုပ္ပန်တွင် မြင်နေရသည်။ သမိုင်းသည် တစ်ကျော့ လည်တတ်သလော…။  အကွဲအပြဲဇာတ်လမ်း  “မွေးကတည်းက အကွဲပါ၊ ဗိန္ဓောဆရာ ကုလို့မရ” ဆိုသော စာပြောင်သံချပ်မှာ မြန်မာ့ နိုင်ငံရေးကို ရည်ရွယ်လေသည်လားမသိ။ ကြည့်ပါ။ ဖဆပလ အဖွဲ့ကြီး ကွဲလို့မှ ဒဏ်ရာ မကျက်တတ်သေးမီ သန့်ရှင်း ဖ.ဆ.ပ.လ တစ်ဖြစ်လဲ  ပထစ တွင်လည်း “ဦးဗိုလ်-သခင်” ကွဲကြပြန်သည်။ ဤအကွဲက မဲဆန္ဒရှင် လူထု၏ ဒီမိုကရေစီအိပ်မက်ကို စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။  ၂၀၁၂ ရွေးကောက်ပွဲနောက်ပိုင်း အစဉ်အလာဆန့်ကျင်ဘက် အင်အားစုများ အကြား ပြေလည်ရေးလမ်းစပေါ်လာရာ မျှော်လင့်လို့မှမဆုံးသေးမှာပင် မထင်မှတ်သောနေရာမှ မထင်မှတ်သော “အက်သံ” အချို့ကို စတင်ကြား လာရသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ဒီမိုကရေစီအတွေ့အကြုံ ရင့်ကျက် လာသည်နှင့်အမျှ အဆိုပါအက်သံများ၊ တဖြည်းဖြည်း မှိန်ဖျော့လာလိမ့်မည် မှန်းဆရသော်လည်း လက်တွေ့တွင် ထင်တိုင်းမဖြစ်။ ပိုစိပ်လာသည်။ ထိပ်တိုက်သဘော ပိုဆောင်လာသည်။ အက်သံမက ကွဲသံပါလာသည်။ “ပြုပြင်ပြောင်းလဲရေး ကာလတွင် သဘာဝကျစွာ ကြုံတွေ့ရမည့် နိုင်ငံရေး ပွတ်တိုက်မှုများ” ဟု ဆိုသော်လည်း သဘာဝမကျ တာတွေရှိလာသည်။ ဒီမိုကရေစီတွင် ငြင်းကြ၊ ခုံကြ၊ သဘောကွဲလွဲကြတာတွေ ရှောင်မရသော် လည်း “ဖြုတ်ထုတ်သတ်” အထိ ဘရိတ်မပေါက်ကြဖို့ လိုပါလိမ့်မည်။ (ပဲခူးရိုးမ ဗကပတွေလို “ငဆော်ကြီး”၊ “ငခုတ်ကြီး” တွေနှင့်ချမှ သတ်ရာရောက်သည် မဟုတ်။ နိုင်ငံရေး အရ နာလန်မထူအောင် တွယ်ကြသည်မှာလည်း “သတ်” ခြင်း တစ်မျိုးသာဖြစ်သည်။)  ပထမကွဲစဉ်ကတော့ ဥက္ကဋ္ဌကြီးဦးနုက ယခုလို ဝင်ထိန်းဖူးသည်။ “ဘယ့်နှယ်လဲ၊ ကိုရွှေ ဦးဗိုလ်နဲ့ ကိုရွှေသခင်တို့၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အုပ်နေကြတာ၊ မမောကြသေးဘူးလား…” စသည်ဖြင့်။ ယခုဥက္ကဋ္ဌကြီးများကိုယ်တိုင် အကြိတ်အနယ် ဖြစ်နေ တော့ နာယကကြီး ကိုယ်တိုင် ထိန်းမှရတော့မည်လားမသိ။ ပြည်တော်ပြန် ကိုမင်းဇင် (တစ်ခါက တာရာငြိမ်းချမ်း) ပြောသော “နာယကကြီး ကျန်းမာဖို့ အရေးကြီး” ဆိုသည့် စကားမှာ လူကြိုက်မများသည့်တိုင် “ခါးသီးသောအမှန်” ဖြစ်နေမလား မဆိုနိုင်။   ဘာသာရေးနှင့် နိုင်ငံရေး  ပထမနှင်းခဲပျော်ချိန်၏ ဒုတိယဇာတ်ကွက်ကို ဆက်ပါမည်။ ၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ပထစအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ပြဋ္ဌာန်းလိုက်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် ဦးနုကိုလေးစား ရမည်ဖြစ်သော်လည်း နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနှင့်မူ ထိုစဉ်က အခြေခံဥပဒေ (၁၉၄၇ ဥပဒေ) ပါ ဘာသာရေးနှင့် နိုင်ငံရေး စည်းခြားထားမှု အနှစ်သာရကို ဖျက်သိမ်းရာရောက်သွားသည်။ နိုင်ငံတကာ ဒီမိုကရေစီ အစဉ်အလာနှင့်လည်း ဆန့်ကျင်ရာရောက်သည်ဟု ထင်သည်။ ပြည်တွင်းတွင် ဘာသာရေး၊ လူမှုရေး မငြိမ်မသက်မှုများသာမက ပြည်တွင်းစစ်ကိုပင် အပြန့်ကျယ်သွား စေခဲ့သည်။  ယခုအခါတွင်လည်း ရခိုင်ပြည်နယ်မှအရေးကို ဒေသတွင်း ကန့်သတ်မဖြေရှင်း နိုင်ရာမှ တစ်ပြည်လုံးလောက် ပျံ့နှံ့သွားခဲ့ကာ ဘာသာရေး လူမျိုးရေးအသွင် ဆောင်လာသည်။ အမှန်စင်စစ် ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆက်စပ်နေသော ပထဝီနိုင်ငံရေး ပြဿနာဖြစ်သည်။ နို်င်ငံရေးနည်းဖြင့်သာ ဖြေရှင်းကြရပါလိမ့်မည်။ ဘာသာရေး လူမျိုးရေး သဘောမဖြစ်/ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ဆင် လုပ်ကြံဖန်တီးမှုများ ရှိနိုင်သည် ကိုလည်း သတိချပ်ဖို့ လိုပါသည်။   ပထမခေတ် နိုင်ငံတော်ဘာသာပြဋ္ဌာန်းချက်နှင့် နောက်ဆက်တွဲ ပြဿနာ များနှင့် ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ဝိဓူရ သခင် ချစ်မောင်၏ မှတ်ချက်စကားကို လက်ရှိ အခြေအနေနှင့် ဆက်စပ်စဉ်းစား နိုင်စေရန် ပြန်လည်ဖော်ပြလိုသည်။ ယခုလို … “၁၉၅၈-၅၉ မှစ၍သယ်လာ ခဲ့သော ပြည်သူတို့၏နိုင်ငံရေး ဒီမိုကရေစီရေးအုံကြွမှုကြီးသည် အလွန်နှမြော စရာ ကောင်းလောက်အောင် ဘာသာရေးတိုက်ပွဲဖြင့် လမ်းလွဲခံရကာ ဇာတ်မျော ကွယ်ပျောက် သွားခဲ့ရတော့သည်…” ဟူ၏။ ယခုလည်း ၁၉၈၈ ခုနှစ် ကတည်းက သယ်ဆောင်လာသော ဒီမိုကရေစီ အရေးတော်ကြီးကို မျက်ခြည်မပြတ်စောင့်ရှောက် ရှေ့ဆက်နိုင်ရန် အထူး အရေးကြီး လိမ့်မည်ဟု သဘောရပါသည်။   သိမ်မွေ့သည်လည်းရှိသော အကဲဆတ်သည်လည်းဖြစ်သော  ပထမနှင်းခဲပျော်ချိန်၏ တတိယဇာတ်ကွက်မှာ မြန်မာ့နိုင်ငံရေး၏ အသိမ်မွေ့ ဆုံးလည်းဖြစ် အကဲဆတ်ဆုံးလည်းဖြစ်သော လူမျိုးစုပြဿနာနှင့် ဆက်စပ်နေသည်။ သမိုင်းကို ပြန်လှန် ရလျှင် တောင်တန်းမြေပြန့်မခွဲ လွတ်လပ်ရေး အတူယူကြမည် ဆိုသော ပင်လုံစိတ်ဓာတ်ဖြင့် ဇာတ်ပန္နက် တည်ခဲ့ကြရာမှ မပြီးပြတ်သေးသော လူမျိုးစုပြဿနာ အဖြေရှာရေးမှာ ၁၉၆၀ ရွေးကောက်ပွဲအပြီးမှ အခွင့်သာလာခဲ့သည်။ ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေး အပေါ် အရှိန် ပြင်းပြင်း လှုပ်ခတ်နေဆဲ “ရှမ်းမူ” ခေါ် “ဖက်ဒရယ်မူ” မှာ ဤနောက်ခံအခင်းအကျင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤနေရာတွင် ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး အဆိုးအကောင်းကို မဝေဖန်လိုသည်တိုင် လက်တွေ့အကောင်အထည်ဖော်ရာတွင်မူ ထိုစဉ်က ရှိနေခဲ့သော ဖြစ်တန်ရာ ဘေးထွက်ဆိုးကျိုးများအပေါ် တွက်ဆမှုအားနည်းသည်များ ရှိခဲ့လေသလား စဉ်းစားမိသည်။ ဥပမာ- တောင်ကြီးစားမြိန်ရိပ်သာ ညီလာခံတွင် “ဗမာ” ကို မဖိတ်ကြားခဲ့ခြင်း၊ ရန်ကုန်အသံလွှင့်ရုံ ဆွေးနွေးပွဲများတွင် တပ်မတော် မပါဝင်ခဲ့ခြင်း စသည်တို့ဖြစ်သည်။  ယခု ဒုတိယနှင်းခဲပျော်ချိန်တွင် ဆိုခဲ့ပါ လူမျိုးစုပြဿနာ အဖြေရှာရေးအတွက် လမ်းစ ပြန်ပေါ် လာသည်။ ဤတွင် လမ်းကြောင်းနှစ်ရပ် သိသိသာသာ ပေါ်လာသည်။ ပထမ လမ်းကြောင်းမှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော ချင်းမိုင်ဆွေးနွေးပွဲမှလာသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပေဒကို လက်မခံ၊ ဖက်ဒရယ် စင်စစ်အခြေခံဥပဒေသစ် ရေးဆွဲမည်ဟု ဆိုသည်။ ဤအဆိုကို ပြည်တွင်းပြည်ပမီဒီယာအချို့က ပဲ့တင်ထပ်ကြသည်။ Opinion Leader ဆိုသူများ ကလည်း ဝိုင်းဝန်းချီးပကြသည်။ ရယ်ဒီကယ်အကျဆုံး အစွန်းရောက်အုပ်စုများကဆိုလျှင် “ဖျက်သုံးဖျက် ကြွေးကြော်သံ” ပင် တင်လာကြသည်များ ရှိသည်။ (အခြေခံဥပဒေဖျက်၊ ဦးပိုင်ဖျက်၊ ကာလုံဖျက် စသဖြင့်) လက်ခုပ်သံ တဖြောင်းဖြောင်းရနိုင်သည့်တိုင် အဖြေရဖို့ မလွယ်။ ဆန့်ကျင်ဘက် အကျိုးဆက်နှင့်ပင် တိုးနိုင်သည်ဟု ဆင်ခြင်ရပါသည်။  လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ဖက်ဒရယ်စစ်မစစ် ခြေကန်ငြင်းနေကြမည့် အစား ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို “ပေးထားချက်” အဖြစ်ယူကာ မိမိတို့ လိုလားသော ဖက်ဒရယ် အနှစ် သာရများကို ညှိနှိုင်းဆွေးနွေးကြလျှင်ကော… မဖြစ်နိုင်ပေဘူးလား… စဉ်းစားကြစေချင်သည်။ အပြည့်အဝမဟုတ်လျှင် သော်မှ အဖြေအချို့ ရနိုင်စရာရှိသည်ဟု မြင်သည်။ ပေးထားချက်တွင် မပါသော “သယံဇာတခွဲဝေရေး” အတွက်ပင် အဆင်ပြေကောင်း ပြေနိုင်စရာ ရှိမည်ထင်သည်။ ဤနေရာတွင် “မယိမ်းမယိုင် ကျောက်စာတိုင်” ဆိုသော သမားရိုးကျခံယူချက်ဆိုသည်ထက် လိမ္မာပါးနပ်သော နိုင်ငံရေး အမြော် အမြင်က အဓိက ကျပါလိမ့်မည်။ ဒုတိယနှင်းခဲပျော်ချိန်ကို ပထမ နှင်းခဲ ပျော်ချိန်လို ကံကြမ္မာမျိုး မတိုးစေဖို့ သတိကြီးကြီး ထားကြစေချင်သည်။  တွိုင်ဘီစကား  ထပ်ပြောပါဦးမည်။ “သမိုင်းသည် တစ်ကျော့လည်တတ်ပါသလော”…။  မာ့စ်ဝါဒီသမိုင်းဆရာများကမူ “သမိုင်းဘီးကြီးမှာ ဘယ်တော့မှ နောက်ပြန် မလည်၊ ရှေ့သို့သာ ချီမြဲ” ဟု ယတိပြတ်ဆိုသည်။ အကျော်ဇေယျ သမိုင်း ဆရာကြီး ပါမောက္ခ တွိုင်ဘီ ကမူ “သမိုင်းတစ်ကျော့လည်တတ်သည်” ဟု အခိုင်အမာဆိုပါသည်။ အထူးသဖြင့် သမိုင်း ဇာတ်ကောင်များ၏ အသိပညာရေချိန် တန့်ခံနေလျှင် သမိုင်းတစ်ကျော့ လည်တတ်သည်ဟု သတိပေးသည်။  ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ…။ တစ်နည်း ၂၀ ရာစုနှင့် ၂၁ ရာစု…။ ကမ္ဘာကြီးမှာ အကြီးအကျယ်ပြောင်းသွားခဲ့ပါပြီ။   ကျွန်တော်တို့သည်ကား...........…။  ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၄ ရက်ထုတ် The Voice Daily သတင်းစာမှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ
ကျော်ဝင်း
အတိတ်တစ္ဆေ
စာရေးသူ စာမရေးဖြစ်သည်မှာ ကြာတောင့်ကြာရှည်ရှိပါပြီ။ စာရေးစားပွဲတွင် ကြိုးစား ထိုင်လိုက်တိုင်း စကားလုံးတွေက ရောက်မလာ။ စာရွက်ဗလာတွေ သာ ထားခဲ့ရသည်။ စာရေးသည့်အလုပ်က အနာဂတ်အမြင်ကြည်လင်ပါမှ လက်ကသွက် စာကထွက်တတ်ရာ ဝင်စားစိတ်ကို အနာဂတ်သို့ ပို့ကြည့်ပါ သည်။ ဘယ်လိုမှမရ။ အတိတ်တွင်သာ ဝဲလည် လိုက်ရင်း ပစ္စုပ္ပန်ကို ပြန်လန့်နေ သည်။ မခက်ပါလား။
စာရေးသူအမြင်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် အားတက် မျှော်လင့်စရာ “နှင်းခဲပျော်ချိန်” နှစ်ကြိမ်ရှိခဲ့သည်ဟု ထင်သည်။ ၁၉၆၀ ပြည့်နှစ်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ…။ ပထမ နှင်းခဲပျော် ချိန် ကို ၁၉၆၀ ရွေးကောက်ပွဲနှင့် ဖွင့်ခဲ့သည်။ ဤရွေးကောက်ပွဲတွင် သန့်ရှင်း ဖဆပလ (ပထစ)က၊ “ဖက်ဆစ်ဝါဒကို ရွေးမည်လော၊ ဒီမို ကရေစီဝါဒကို ရွေးမည်လော...” ဆိုသော ကြွေးကြော်သံဖြင့် ဝင်သည်။ လူထုက “အသည်း ကြားက မဲပြားများ” ဖြင့် ဒီမိုကရေစီကို ရွေးခဲ့ကြသည်။ သို့တစေ မျှော်လင့် သလို ကား မဖြစ်။ ပထမဇာတ်ကွက်…၊ အာဏာရပါတီ အကွဲအပြဲ၊ ဒုတိယဇာတ်ကွက်…၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာကြေညာချက်နှင့် နောက်ဆက်တွဲ ပြဿနာများ၊ တတိယဇာတ်ကွက်…၊ ဖက်ဒရယ် ဆွေးနွေးပွဲများ…။ နောက်ဆုံး “တော်လှန်ရေးကောင်စီ”က ဒီမိုကရေစီ ဇာတ်ကြီး တစ်ခုလုံးကို ပြည်ဖုံးကားချပစ်လိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲက နှစ်ပေါင်း ၅၀ နီးပါးမျှ ရပ်နားထားခဲ့ရသော ဒီမိုကရေစီ ဇာတ်ကြီးကို ပြန်စဖို့ ပြည်ဖုံးကားကြီး ပြန်ဖွင့်လိုက်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ဇာတ်ကွက်တွေ ပိုမြိုင်လာသည်။ ဒုတိယ နှင်းခဲပျော်ချိန်…။ အမှန်ပင် အားတက်ဖို့ ကောင်းပါသည်။ တကယ်လည်း အားတက်ရပါသည်။ သို့တစေ အပြည့်အဝတော့လည်း အားမတက်နိုင်။ အတိတ်၏ အရိပ်များကို ပစ္စုပ္ပန်တွင် မြင်နေရသည်။ သမိုင်းသည် တစ်ကျော့ လည်တတ်သလော…။
အကွဲအပြဲဇာတ်လမ်း
“မွေးကတည်းက အကွဲပါ၊ ဗိန္ဓောဆရာ ကုလို့မရ” ဆိုသော စာပြောင်သံချပ်မှာ မြန်မာ့ နိုင်ငံရေးကို ရည်ရွယ်လေသည်လားမသိ။ ကြည့်ပါ။ ဖဆပလ အဖွဲ့ကြီး ကွဲလို့မှ ဒဏ်ရာ မကျက်တတ်သေးမီ သန့်ရှင်း ဖ.ဆ.ပ.လ တစ်ဖြစ်လဲ ပထစ တွင်လည်း “ဦးဗိုလ်-သခင်” ကွဲကြပြန်သည်။ ဤအကွဲက မဲဆန္ဒရှင် လူထု၏ ဒီမိုကရေစီအိပ်မက်ကို စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။
၂၀၁၂ ရွေးကောက်ပွဲနောက်ပိုင်း အစဉ်အလာဆန့်ကျင်ဘက် အင်အားစုများ အကြား ပြေလည်ရေးလမ်းစပေါ်လာရာ မျှော်လင့်လို့မှမဆုံးသေးမှာပင် မထင်မှတ်သောနေရာမှ မထင်မှတ်သော “အက်သံ” အချို့ကို စတင်ကြား လာရသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ဒီမိုကရေစီအတွေ့အကြုံ ရင့်ကျက် လာသည်နှင့်အမျှ အဆိုပါအက်သံများ၊ တဖြည်းဖြည်း မှိန်ဖျော့လာလိမ့်မည် မှန်းဆရသော်လည်း လက်တွေ့တွင် ထင်တိုင်းမဖြစ်။ ပိုစိပ်လာသည်။ ထိပ်တိုက်သဘော ပိုဆောင်လာသည်။ အက်သံမက ကွဲသံပါလာသည်။ “ပြုပြင်ပြောင်းလဲရေး ကာလတွင် သဘာဝကျစွာ ကြုံတွေ့ရမည့် နိုင်ငံရေး ပွတ်တိုက်မှုများ” ဟု ဆိုသော်လည်း သဘာဝမကျ တာတွေရှိလာသည်။ ဒီမိုကရေစီတွင် ငြင်းကြ၊ ခုံကြ၊ သဘောကွဲလွဲကြတာတွေ ရှောင်မရသော် လည်း “ဖြုတ်ထုတ်သတ်” အထိ ဘရိတ်မပေါက်ကြဖို့ လိုပါလိမ့်မည်။ (ပဲခူးရိုးမ ဗကပတွေလို “ငဆော်ကြီး”၊ “ငခုတ်ကြီး” တွေနှင့်ချမှ သတ်ရာရောက်သည် မဟုတ်။ နိုင်ငံရေး အရ နာလန်မထူအောင် တွယ်ကြသည်မှာလည်း “သတ်” ခြင်း တစ်မျိုးသာဖြစ်သည်။)
ပထမကွဲစဉ်ကတော့ ဥက္ကဋ္ဌကြီးဦးနုက ယခုလို ဝင်ထိန်းဖူးသည်။ “ဘယ့်နှယ်လဲ၊ ကိုရွှေ ဦးဗိုလ်နဲ့ ကိုရွှေသခင်တို့၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အုပ်နေကြတာ၊ မမောကြသေးဘူးလား…” စသည်ဖြင့်။ ယခုဥက္ကဋ္ဌကြီးများကိုယ်တိုင် အကြိတ်အနယ် ဖြစ်နေ တော့ နာယကကြီး ကိုယ်တိုင် ထိန်းမှရတော့မည်လားမသိ။ ပြည်တော်ပြန် ကိုမင်းဇင် (တစ်ခါက တာရာငြိမ်းချမ်း) ပြောသော “နာယကကြီး ကျန်းမာဖို့ အရေးကြီး” ဆိုသည့် စကားမှာ လူကြိုက်မများသည့်တိုင် “ခါးသီးသောအမှန်” ဖြစ်နေမလား မဆိုနိုင်။
ဘာသာရေးနှင့် နိုင်ငံရေး
ပထမနှင်းခဲပျော်ချိန်၏ ဒုတိယဇာတ်ကွက်ကို ဆက်ပါမည်။ ၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ပထစအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ပြဋ္ဌာန်းလိုက်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် ဦးနုကိုလေးစား ရမည်ဖြစ်သော်လည်း နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနှင့်မူ ထိုစဉ်က အခြေခံဥပဒေ (၁၉၄၇ ဥပဒေ) ပါ ဘာသာရေးနှင့် နိုင်ငံရေး စည်းခြားထားမှု အနှစ်သာရကို ဖျက်သိမ်းရာရောက်သွားသည်။ နိုင်ငံတကာ ဒီမိုကရေစီ အစဉ်အလာနှင့်လည်း ဆန့်ကျင်ရာရောက်သည်ဟု ထင်သည်။ ပြည်တွင်းတွင် ဘာသာရေး၊ လူမှုရေး မငြိမ်မသက်မှုများသာမက ပြည်တွင်းစစ်ကိုပင် အပြန့်ကျယ်သွား စေခဲ့သည်။
ယခုအခါတွင်လည်း ရခိုင်ပြည်နယ်မှအရေးကို ဒေသတွင်း ကန့်သတ်မဖြေရှင်း နိုင်ရာမှ တစ်ပြည်လုံးလောက် ပျံ့နှံ့သွားခဲ့ကာ ဘာသာရေး လူမျိုးရေးအသွင် ဆောင်လာသည်။ အမှန်စင်စစ် ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆက်စပ်နေသော ပထဝီနိုင်ငံရေး ပြဿနာဖြစ်သည်။ နို်င်ငံရေးနည်းဖြင့်သာ ဖြေရှင်းကြရပါလိမ့်မည်။ ဘာသာရေး လူမျိုးရေး သဘောမဖြစ်/ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ဆင် လုပ်ကြံဖန်တီးမှုများ ရှိနိုင်သည် ကိုလည်း သတိချပ်ဖို့ လိုပါသည်။
ပထမခေတ် နိုင်ငံတော်ဘာသာပြဋ္ဌာန်းချက်နှင့် နောက်ဆက်တွဲ ပြဿနာ များနှင့် ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ဝိဓူရ သခင် ချစ်မောင်၏ မှတ်ချက်စကားကို လက်ရှိ အခြေအနေနှင့် ဆက်စပ်စဉ်းစား နိုင်စေရန် ပြန်လည်ဖော်ပြလိုသည်။ ယခုလို … “၁၉၅၈-၅၉ မှစ၍သယ်လာ ခဲ့သော ပြည်သူတို့၏နိုင်ငံရေး ဒီမိုကရေစီရေးအုံကြွမှုကြီးသည် အလွန်နှမြော စရာ ကောင်းလောက်အောင် ဘာသာရေးတိုက်ပွဲဖြင့် လမ်းလွဲခံရကာ ဇာတ်မျော ကွယ်ပျောက် သွားခဲ့ရတော့သည်…” ဟူ၏။ ယခုလည်း ၁၉၈၈ ခုနှစ် ကတည်းက သယ်ဆောင်လာသော ဒီမိုကရေစီ အရေးတော်ကြီးကို မျက်ခြည်မပြတ်စောင့်ရှောက် ရှေ့ဆက်နိုင်ရန် အထူး အရေးကြီး လိမ့်မည်ဟု သဘောရပါသည်။
သိမ်မွေ့သည်လည်းရှိသော အကဲဆတ်သည်လည်းဖြစ်သော
ပထမနှင်းခဲပျော်ချိန်၏ တတိယဇာတ်ကွက်မှာ မြန်မာ့နိုင်ငံရေး၏ အသိမ်မွေ့ ဆုံးလည်းဖြစ် အကဲဆတ်ဆုံးလည်းဖြစ်သော လူမျိုးစုပြဿနာနှင့် ဆက်စပ်နေသည်။ သမိုင်းကို ပြန်လှန် ရလျှင် တောင်တန်းမြေပြန့်မခွဲ လွတ်လပ်ရေး အတူယူကြမည် ဆိုသော ပင်လုံစိတ်ဓာတ်ဖြင့် ဇာတ်ပန္နက် တည်ခဲ့ကြရာမှ မပြီးပြတ်သေးသော လူမျိုးစုပြဿနာ အဖြေရှာရေးမှာ ၁၉၆၀ ရွေးကောက်ပွဲအပြီးမှ အခွင့်သာလာခဲ့သည်။ ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေး အပေါ် အရှိန် ပြင်းပြင်း လှုပ်ခတ်နေဆဲ “ရှမ်းမူ” ခေါ် “ဖက်ဒရယ်မူ” မှာ ဤနောက်ခံအခင်းအကျင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤနေရာတွင် ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး အဆိုးအကောင်းကို မဝေဖန်လိုသည်တိုင် လက်တွေ့အကောင်အထည်ဖော်ရာတွင်မူ ထိုစဉ်က ရှိနေခဲ့သော ဖြစ်တန်ရာ ဘေးထွက်ဆိုးကျိုးများအပေါ် တွက်ဆမှုအားနည်းသည်များ ရှိခဲ့လေသလား စဉ်းစားမိသည်။ ဥပမာ- တောင်ကြီးစားမြိန်ရိပ်သာ ညီလာခံတွင် “ဗမာ” ကို မဖိတ်ကြားခဲ့ခြင်း၊ ရန်ကုန်အသံလွှင့်ရုံ ဆွေးနွေးပွဲများတွင် တပ်မတော် မပါဝင်ခဲ့ခြင်း စသည်တို့ဖြစ်သည်။
ယခု ဒုတိယနှင်းခဲပျော်ချိန်တွင် ဆိုခဲ့ပါ လူမျိုးစုပြဿနာ အဖြေရှာရေးအတွက် လမ်းစ ပြန်ပေါ် လာသည်။ ဤတွင် လမ်းကြောင်းနှစ်ရပ် သိသိသာသာ ပေါ်လာသည်။ ပထမ လမ်းကြောင်းမှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော ချင်းမိုင်ဆွေးနွေးပွဲမှလာသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပေဒကို လက်မခံ၊ ဖက်ဒရယ် စင်စစ်အခြေခံဥပဒေသစ် ရေးဆွဲမည်ဟု ဆိုသည်။ ဤအဆိုကို ပြည်တွင်းပြည်ပမီဒီယာအချို့က ပဲ့တင်ထပ်ကြသည်။ Opinion Leader ဆိုသူများ ကလည်း ဝိုင်းဝန်းချီးပကြသည်။ ရယ်ဒီကယ်အကျဆုံး အစွန်းရောက်အုပ်စုများကဆိုလျှင် “ဖျက်သုံးဖျက် ကြွေးကြော်သံ” ပင် တင်လာကြသည်များ ရှိသည်။ (အခြေခံဥပဒေဖျက်၊ ဦးပိုင်ဖျက်၊ ကာလုံဖျက် စသဖြင့်) လက်ခုပ်သံ တဖြောင်းဖြောင်းရနိုင်သည့်တိုင် အဖြေရဖို့ မလွယ်။ ဆန့်ကျင်ဘက် အကျိုးဆက်နှင့်ပင် တိုးနိုင်သည်ဟု ဆင်ခြင်ရပါသည်။
လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ဖက်ဒရယ်စစ်မစစ် ခြေကန်ငြင်းနေကြမည့် အစား ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို “ပေးထားချက်” အဖြစ်ယူကာ မိမိတို့ လိုလားသော ဖက်ဒရယ် အနှစ် သာရများကို ညှိနှိုင်းဆွေးနွေးကြလျှင်ကော… မဖြစ်နိုင်ပေဘူးလား… စဉ်းစားကြစေချင်သည်။ အပြည့်အဝမဟုတ်လျှင် သော်မှ အဖြေအချို့ ရနိုင်စရာရှိသည်ဟု မြင်သည်။ ပေးထားချက်တွင် မပါသော “သယံဇာတခွဲဝေရေး” အတွက်ပင် အဆင်ပြေကောင်း ပြေနိုင်စရာ ရှိမည်ထင်သည်။ ဤနေရာတွင် “မယိမ်းမယိုင် ကျောက်စာတိုင်” ဆိုသော သမားရိုးကျခံယူချက်ဆိုသည်ထက် လိမ္မာပါးနပ်သော နိုင်ငံရေး အမြော် အမြင်က အဓိက ကျပါလိမ့်မည်။ ဒုတိယနှင်းခဲပျော်ချိန်ကို ပထမ နှင်းခဲ ပျော်ချိန်လို ကံကြမ္မာမျိုး မတိုးစေဖို့ သတိကြီးကြီး ထားကြစေချင်သည်။
တွိုင်ဘီစကား
ထပ်ပြောပါဦးမည်။ “သမိုင်းသည် တစ်ကျော့လည်တတ်ပါသလော”…။
မာ့စ်ဝါဒီသမိုင်းဆရာများကမူ “သမိုင်းဘီးကြီးမှာ ဘယ်တော့မှ နောက်ပြန် မလည်၊ ရှေ့သို့သာ ချီမြဲ” ဟု ယတိပြတ်ဆိုသည်။ အကျော်ဇေယျ သမိုင်း ဆရာကြီး ပါမောက္ခ တွိုင်ဘီ ကမူ “သမိုင်းတစ်ကျော့လည်တတ်သည်” ဟု အခိုင်အမာဆိုပါသည်။ အထူးသဖြင့် သမိုင်း ဇာတ်ကောင်များ၏ အသိပညာရေချိန် တန့်ခံနေလျှင် သမိုင်းတစ်ကျော့ လည်တတ်သည်ဟု သတိပေးသည်။
၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ…။ တစ်နည်း ၂၀ ရာစုနှင့် ၂၁ ရာစု…။ ကမ္ဘာကြီးမှာ အကြီးအကျယ်ပြောင်းသွားခဲ့ပါပြီ။
ကျွန်တော်တို့သည်ကား...........…။
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၄ ရက်ထုတ် The Voice Daily သတင်းစာမှ ကူးယူဖော်ပြသည်
အပြောကတော့ ရွှေမန်း
$
0
0
 Photo: အပြောကတော့ ရွှေမန်း    သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယကသစ် ဦးရွှေမန်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လယ်ယာမြေသိမ်းဆည်းခြင်းများနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ဖို့အတွက် အချက် (၆)ချက်ပါတဲ့ သဝဏ်လွှာတစ်ခုပေးခဲ့ပါတယ်။ ဦးရွှေမန်းရဲ့သဝဏ်လွှာထဲမှာ မသိ နားမလည်တဲ့ တောင်သူလယ်သမားတွေ မလုပ်တတ်မကိုင်တတ်နဲ့ အရေးယူခံနေရကြောင်း၊ မြေယာများမှာ တောင်သူများကိုယ်တိုင် ခုတ်ထွင် ရှင်းလင်းပြီး ဓားမဦးချလုပ်ကိုင်ခဲ့သော်လည်း မှတ်ပုံတင်ထားခြင်း မရှိခြင်း၊ အစိုးရဝန်ထမ်းများက လျစ်လျူရှုခြင်း၊ နစ်နာသူများကို သင့်တင့်တဲ့ စီရင်ဆောင်ရွက်မှု မရှိ ခဲ့ခြင်းတို့ကြောင့် တောင်သူများနစ်နာနေရကြောင်း ရေးသားထားပြီး အဆိုပါ မြေယာသိမ်းဆည်းမှု များမှာ ယခင်အစိုးရ လက်ထက် က လုပ်ခဲ့တာဖြစ်ကြောင်း၊ ယခု တာဝန်ရှိသူများက ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများကို ဆက်ခံရမည်ဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြ ထားပါတယ်။  ဒါ့အပြင် သိမ်းဆည်းထားတဲ့ မြေယာများကို အချိန်ဆွဲခြင်းမလုပ်ပဲ မြေယာများ ကို ပြန်ပေး စေလို ကြောင်း၊ စိတ်ကောင်း စေတနာဖြင့် ပြန်ပေးလိမ့်မည်ဟု ယူဆကြောင်း၊ တောင်သူများ အပေါ် စာနာစိတ် ထားရှိလိမ့်မည်ဟု မျှော်လင့် ယုံကြည်ပါသဖြင့် သဝဏ်လွှာပေးပို့ခြင်းဖြစ်ပါကြောင်း ရေးသားဖော်ပြ ထားပါတယ်။  အပြောကတော့ ရွှေမန်း ဆိုတဲ့အတိုင်းပါပဲ။ သဝဏ်လွှာကို ဖတ်ရှုရသူတိုင်းက အားရဝမ်းသာ ရှိကြ ပါတယ်။ နာယကကြီးဦးရွှေမန်းရဲ့ အခုလိုမြေသိမ်းခံ တောင်သူများ ဘဝကိုစာနာပြီး အခုလို သဝဏ်လွှာ ပေးပို့ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမယ့် ဦးရွှေမန်းအနေနဲ့ ကာယကံရှင် ပြည်သူတွေဘဝကို အမှန်တကယ်ပဲ စာနာလို့လား၊ ဒါမှမဟုတ် ဦးသိန်းစိန်ကို တိုက်ခိုက်ချင်လို့လား ဆိုတာကတော့ စဉ်းစားစရာပါပဲ။  မကြာသေးခင်ကမှ နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်မှုတွေက ဥပဒေနဲ့ မကိုက်ညီကြောင်း လွှတ်တော် က ပြောခဲ့တာကြောင့် လက်တလောမှာ ဦးသိန်းစိန်နှင့် ဦးရွှေမန်း တို့ နှစ်ယောက် ပြိုင်ဆိုင် နေကြောင်း၊ သဘောထား ကွဲနေကြောင်း မီဒီယာများကလည်း ရေးသားနေကြချိန်မှာ အခုလို ထိပ်တိုက်တွေ့ဖို့ ဦးရွှေမန်း က စပြီး သဝဏ်လွှာပို့လိုက်တာတော့ သံသယ ဖြစ်စရာရှိပါတယ်။  ဒီကနေ့ မီဒီယာတွေမှာ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့အကြား အာဏာလွန်ဆွဲ နေကြကြောင်း၊ တဖြည်း ဖြည်း ပြင်းထန်လာပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့လူ၊ သူရဦးရွှေမန်းရဲ့ လူဆိုပြီး ခွဲခြားမှုတွေ ရှိနေကြပြီဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအတွင်းမှာ ၂ ခြမ်း ကွဲသွားနိုင်ပြီး ဦးသိန်းစိန်ဦးဆောင်တဲ့ နိုင်ငံရေးပါတီသစ်တစ်ခုနဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတစ်ခု ဖြစ်ပေါ် လာနိုင်ကြောင်း၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရာထူးကို ဦးသိန်းစိန် လက်ထဲကနေ သူရဦးရွှေမန်းက လွှဲပြောင်းရယူလိုက်ချိန်ကတည်းက သမ္မတ ဦးသိန်းစိန် နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တို့အကြားမှာ စေ့စပ် ညှိုနှိုင်းလို့ မရတဲ့ နိုင်ငံရေး အာဏာပြိုင်ဆိုင်မှုတွေ ရှိလာ ကြောင်း နေပြည်တော် မှ ပြောစကားများဟု ကိုးကားပြီး သတင်းမီယာများမှာ ဖော်ပြနေကြတာ တွေ့နေ ရပါတယ်။ အခုလို မီဒီယာများနဲ့ လူထုက အာရုံစိုက်နေချိန်မှာ ဦးရွှေမန်းက အခုလို သဝဏ်လွှာ ပေးပို့လိုက်တာဟာ မြေသိမ်းခံပြည်သူများအတွက် စေတနာ ရှိလို့ ဟုတ်ပ့ါမလားဆိုတာ စဉ်းစားစရာပါ။  မြေယာမြေသိမ်းဆည်းမှု ပြဿနာကလည်း နိုင်ငံအနှံ့ ကျေးရွာအများအပြား မှာသာမက ရန်ကုန်မြို့ပေါ် ထိ ဆန္ဒပြမှုတွေ ရှိနေတုန်းပါ။ ဒီပြဿနာကို အတိုက်အခံ အင်အားစုတွေကလည်း လက်ကိုင်တုတ် တစ်ခုလိုသုံးပြီး အစိုးရကိုအပြစ်တင်နေချိန်၊ အခါအားလျှော်စွာဆန္ဒပြနေကြချိန်မှာ ပြည်ထောင်စု လွှတ်တော်နာယကကြီး ဦးရွှေမန်းကိုယ်တိုင်က အတိုက်အခံနဲ့ ပြည်သူအချို့ဆီက နာမည်ကောင်းရဖို့ အတွက် ဒီလက်ကိုင်တုတ်နဲ့ပဲ သမ္မတကြီးဦးသိန်းစိန်ကို ဖိအားပေးရင်း နာမည်ကောင်းယူတာ တွေ့ရ တော့ စိတ်မကောင်းဖြစ်မိ ပါတယ်။  ယမန်နှစ်က နေပြည်တော်မှာလုပ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မီယာတွေ တွေ့ဆုံပွဲမှာ သမ္မတကြီးက အစိုးရသစ်လက်ထက်မှာ မြေယာသိမ်းဆည်းမှု လုံးဝမရှိကြောင်း ပြောခဲ့ပါတယ်။ သမ္မတရုံး ပြည်ထောင် စု ဝန်ကြီး ဦးစိုးသိန်းကလည်း “ကျွန်တော်တို့ အစိုးရလက်ထက်မှာ မြေသိမ်းမှု၊ ယာသိမ်းမှု Zero.. လုံးဝမရှိဘူး” လို့ ပြောခဲ့ဖူးပါတယ်။ ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မြေယာသိမ်းဆည်းမှုများက ယခင်အစိုးရ လက်ထက်ကလို့ ရေးသားထားပါတယ်။ ဒါဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ အသံကောင်း ဟစ်နေတဲ့ လွှတ်တော်နာယကကြီးဦးရွှေမန်းကရော အရင်အစိုးရ လက်ထက်က ဘာတာဝန် ထမ်းဆောင်ခဲ့သလဲ? မြေယာသိမ်းဆည်းမှု အစီအစဉ်တွေမှာ လုံးဝ မပါခဲ့ဘူးလား? အရင်အစိုးရ လက်ထက် က မြေသိမ်းခဲ့တဲ့ ကိစ္စတွေကို လုံးဝမသိခဲ့ဘူးလား? ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေ ပါတယ်။ အရင်အစိုးရလက်ထက်က ဆိုးမွေဟု ပြောဆိုနေသည့် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်မှ အရင်အစိုးရအဖွဲ့မှာ အဆင့် (၃) အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် ဒီကိစ္စမှာ ဦးရွှေမန်းမှာရော တာဝန်ရှိမရှိ ဆိုတာ သဝဏ်လွှာထဲမှာ ထည့်ရေးသင့်ပါတယ်။ ဒီမြေသိမ်းမှုတွေမှာ အမှန်တကယ် ဦးဆောင်ခဲ့တာဘယ်သူလဲဆိုတာ ဦးရွှေမန်း အသိဆုံးဖြစ်မှာပါ။ တရားခံဘယ်သူလဲလို့မေးရင် ဦးရွှေမန်း ပါလို့ ဖြေရမှာပါ။  တရားခံဦးရွှေမန်းလို့ တိုက်ရိုက်ပြောတာကစွပ်စွဲတာ မဟုတ်ပါဘူး။ အဲဒီအချိန်က ကျွန်တော် ကိုယ်တိုင် ဝန်ကြီးတစ်ဦးအနေနဲ့ အနီးကပ် လုပ်ကိုင်ခဲ့ရတာတွေကြောင့် အခုလို ပြောနိုင်တာပါ။ ဦးရွှေမန်း ပြောတဲ့ ယခင်အစိုးရ ဆိုတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက်တည်းကို ပြောလို့မရပါဘူး။ အသက် ၇၀ အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကလည်း တတိယအကြီးဆုံးဖြစ်တဲ့ ဦးရွှေမန်းတင်ပြခဲ့တဲ့အတိုင်းစီမံခွင့် ပေးခဲ့တာပါ။ ဒါကြောင့် အရင်အစိုးရ လက်ထက်က မြေသိမ်း၊ ယာသိမ်းတွေကို အဓိက ဦးဆောင်လုပ်ခဲ့တာ ဦးရွှေမန်းပါပဲ။ အထက်က (၂) ယောက်ကိုလည်း သူပဲ မျက်နှာရအောင် အမျိုးမျိုးတင်ပြခဲ့တာပါ။ ဦးသန်းရွှေ အနားယူလျှင် တပ်ချုပ် ဖြစ်မယ် သမ္မတဖြစ်မယ် ဆိုပြီး မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာက ဦးရွှေမန်းပါ။ ဦးသန်းရွှေ နဲ့ ဦးမောင်အေးတို့ အနားယူဖို့ ပြင်ဆင် နေချိန်မှာ လုပ်ပိုင်ခွင့်အပြည့်ရှိနေတဲ့ ဦးရွှေမန်းက ၂၀၁၁ မှာ တပ်ချုပ်ဖြစ်မလိုလို၊ သမ္မတဖြစ်မလိုလို ထင်ပြီး အထက်လူကြီးနှစ်ယောက်ကို အထူးပဲ မျက်နှာလုပ်ခဲ့ပါတယ်။ အဲဒီအချိန်က ဦးရွှေမန်းနဲ့ ဦးတင်အောင်မြင့်ဦး တို့ နှစ်ယောက်က မြန်မာနိုင်ငံမြေပုံ ကိုကြည့်ပြီး မြေလွတ်တွေ့သမျှ အကုန်သိမ်း ခိုင်းခဲ့တာပါ။ အောက်ခြေတပ် တွေ က အခက်အခဲတွေ တင်ပြတာတောင် လက်မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဆိုပြီး အကုန်သိမ်းခိုင်းတာပါ။ နိုင်ငံပိုင်၊ တပ်ပိုင်တင် သိမ်းတာမဟုတ်ပါဘူး။ ဦးရွှေမန်း ပိုင် ဆိုပြီးလည်း သိမ်းခဲ့တဲ့ မြေတွေ မနည်းပါဘူး။  ကိုယ်တိုင်မြေသိမ်းခဲ့ပြီး မြေပိုင်ယာပိုင် ဖြစ်နေတဲ့ သူဌေးကြီး ဦးရွှေမန်းဟာ ဒီ ပြဿနာကြီးတစ်ခုလုံးကို ဦးသိန်းစိန် အပေါ် ပုံချလိုက်ပါတယ်။ ကျွန်တော့် အနေနဲ့ သူတို့ နှစ်ယောက်လုံးရဲ့ လက်အောက်မှာ အလုပ်လုပ်ဖူးတာကြောင့် အတိုင်းအတာတစ်ခုထိ လက်ဖော်ကိုင်ဖက်သံယောဇဉ်ရှိသလို သစ္စာစောင့် သိနေတုန်း ဖြစ်ပါတယ်။ ဦးရွှေမန်း အနေနဲ့လည်း ကိုယ်လုပ်ခဲ့သမျှကို မဆိုင်တဲ့လူကို ခေါင်းတည်ပြီး အပြစ်ပုံချရတဲ့အထိ သစ္စာမမဲ့သင့်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လျှင်သော်လည်းကောင်း၊ ပြိုင်ဖက် တစ်ဦးအဖြစ် တိုက်ခိုက်လိုလျှင် အခြားနည်းလမ်းဖြင့်သာ တိုက်ခိုက်သင့်ပါတယ်။  ဦးရွှေမန်းကိုယ်တိုင်က သမ္မတ ထက်ကြီးတဲ့ ရာထူးရှိရင်တောင် လိုချင်ကြောင်း ပြည်ပခရီးစဉ်တစ်ခုမှ ပြောခဲ့ပြီး နောက်ပိုင်းမှာ ဦးရွှေမန်းအနေနဲ့ တဖက်မှာ အတိုက်အခံအင်အားစုများနဲ့ လွှတ်တော်အတွင်း မှာ သိသိသာသာ လိုက်လျှောမှုတွေလုပ်နေပြီး အခြားတဖက်မှာ ဦးသိန်းစိန်ကို အမျိုးမျိုးဖိအားပေး တာတွေ၊ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာ သိသာထင်ရှားလွန်းပါတယ်။ အခုလို လွှတ်တော် တွင်း မျက်နှာပန်းပွင့်ဖို့နဲ့ အတိုက်အခံ နဲ့ ပြည်သူအချို့ ရဲ့ ထောက်ခံမှုရဖို့ မျှော်လင့်ပြီး ကိုယ့်အပြစ်ကို သူများအပေါ် ပုံချတာ၊ လုပ်ဖော်ကိုင်ဖက်ခြင်းအပေါ် သစ္စာမဲ့နေတာဟာ စိတ်ပျက်စရာ အလွန်ကောင်း ပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယကကြီး ဦးရွှေမန်းအနေနဲ့ အာဏာမက်မောမှု နှင့် နေရာမြဲဖို့ အတွက် အခုလို သူတပါးကို အပြစ်ပုံချတဲ့ လုပ်ရပ်တွေကြောင့် လူထုဆီက မဲ မရတဲ့အပြင် လူထုရဲ့ ရှုံ့ချမှုကိုပဲ အနှေးနဲ့အမြန် ခံရမှာဖြစ်ကြောင်း သတိပေးရေးသား လိုက်ရပါတယ်။  (ဝန်ကြီးဟောင်း တစ်ဦး)   www.dawnmanhon.com မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ
သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယကသစ် ဦးရွှေမန်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လယ်ယာမြေသိမ်းဆည်းခြင်းများနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ဖို့အတွက် အချက် (၆)ချက်ပါတဲ့ သဝဏ်လွှာတစ်ခုပေးခဲ့ပါတယ်။ ဦးရွှေမန်းရဲ့သဝဏ်လွှာထဲမှာ မသိ နားမလည်တဲ့ တောင်သူလယ်သမားတွေ မလုပ်တတ်မကိုင်တတ်နဲ့ အရေးယူခံနေရကြောင်း၊ မြေယာများမှာ တောင်သူများကိုယ်တိုင် ခုတ်ထွင် ရှင်းလင်းပြီး ဓားမဦးချလုပ်ကိုင်ခဲ့သော်လည်း မှတ်ပုံတင်ထားခြင်း မရှိခြင်း၊ အစိုးရဝန်ထမ်းများက လျစ်လျူရှုခြင်း၊ နစ်နာသူများကို သင့်တင့်တဲ့ စီရင်ဆောင်ရွက်မှု မရှိ ခဲ့ခြင်းတို့ကြောင့် တောင်သူများနစ်နာနေရကြောင်း ရေးသားထားပြီး အဆိုပါ မြေယာသိမ်းဆည်းမှု များမှာ ယခင်အစိုးရ လက်ထက် က လုပ်ခဲ့တာဖြစ်ကြောင်း၊ ယခု တာဝန်ရှိသူများက ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများကို ဆက်ခံရမည်ဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် သိမ်းဆည်းထားတဲ့ မြေယာများကို အချိန်ဆွဲခြင်းမလုပ်ပဲ မြေယာများ ကို ပြန်ပေး စေလို ကြောင်း၊ စိတ်ကောင်း စေတနာဖြင့် ပြန်ပေးလိမ့်မည်ဟု ယူဆကြောင်း၊ တောင်သူများ အပေါ် စာနာစိတ် ထားရှိလိမ့်မည်ဟု မျှော်လင့် ယုံကြည်ပါသဖြင့် သဝဏ်လွှာပေးပို့ခြင်းဖြစ်ပါကြောင်း ရေးသားဖော်ပြ ထားပါတယ်။
အပြောကတော့ ရွှေမန်း ဆိုတဲ့အတိုင်းပါပဲ။ သဝဏ်လွှာကို ဖတ်ရှုရသူတိုင်းက အားရဝမ်းသာ ရှိကြ ပါတယ်။ နာယကကြီးဦးရွှေမန်းရဲ့ အခုလိုမြေသိမ်းခံ တောင်သူများ ဘဝကိုစာနာပြီး အခုလို သဝဏ်လွှာ ပေးပို့ခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမယ့် ဦးရွှေမန်းအနေနဲ့ ကာယကံရှင် ပြည်သူတွေဘဝကို အမှန်တကယ်ပဲ စာနာလို့လား၊ ဒါမှမဟုတ် ဦးသိန်းစိန်ကို တိုက်ခိုက်ချင်လို့လား ဆိုတာကတော့ စဉ်းစားစရာပါပဲ။
မကြာသေးခင်ကမှ နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်မှုတွေက ဥပဒေနဲ့ မကိုက်ညီကြောင်း လွှတ်တော် က ပြောခဲ့တာကြောင့် လက်တလောမှာ ဦးသိန်းစိန်နှင့် ဦးရွှေမန်း တို့ နှစ်ယောက် ပြိုင်ဆိုင် နေကြောင်း၊ သဘောထား ကွဲနေကြောင်း မီဒီယာများကလည်း ရေးသားနေကြချိန်မှာ အခုလို ထိပ်တိုက်တွေ့ဖို့ ဦးရွှေမန်း က စပြီး သဝဏ်လွှာပို့လိုက်တာတော့ သံသယ ဖြစ်စရာရှိပါတယ်။
ဒီကနေ့ မီဒီယာတွေမှာ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့အကြား အာဏာလွန်ဆွဲ နေကြကြောင်း၊ တဖြည်း ဖြည်း ပြင်းထန်လာပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ အတွင်းမှာ သမ္မတဦးသိန်းစိန်ရဲ့လူ၊ သူရဦးရွှေမန်းရဲ့ လူဆိုပြီး ခွဲခြားမှုတွေ ရှိနေကြပြီဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအတွင်းမှာ ၂ ခြမ်း ကွဲသွားနိုင်ပြီး ဦးသိန်းစိန်ဦးဆောင်တဲ့ နိုင်ငံရေးပါတီသစ်တစ်ခုနဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတစ်ခု ဖြစ်ပေါ် လာနိုင်ကြောင်း၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရာထူးကို ဦးသိန်းစိန် လက်ထဲကနေ သူရဦးရွှေမန်းက လွှဲပြောင်းရယူလိုက်ချိန်ကတည်းက သမ္မတ ဦးသိန်းစိန် နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း တို့အကြားမှာ စေ့စပ် ညှိုနှိုင်းလို့ မရတဲ့ နိုင်ငံရေး အာဏာပြိုင်ဆိုင်မှုတွေ ရှိလာ ကြောင်း နေပြည်တော် မှ ပြောစကားများဟု ကိုးကားပြီး သတင်းမီယာများမှာ ဖော်ပြနေကြတာ တွေ့နေ ရပါတယ်။ အခုလို မီဒီယာများနဲ့ လူထုက အာရုံစိုက်နေချိန်မှာ ဦးရွှေမန်းက အခုလို သဝဏ်လွှာ ပေးပို့လိုက်တာဟာ မြေသိမ်းခံပြည်သူများအတွက် စေတနာ ရှိလို့ ဟုတ်ပ့ါမလားဆိုတာ စဉ်းစားစရာပါ။
မြေယာမြေသိမ်းဆည်းမှု ပြဿနာကလည်း နိုင်ငံအနှံ့ ကျေးရွာအများအပြား မှာသာမက ရန်ကုန်မြို့ပေါ် ထိ ဆန္ဒပြမှုတွေ ရှိနေတုန်းပါ။ ဒီပြဿနာကို အတိုက်အခံ အင်အားစုတွေကလည်း လက်ကိုင်တုတ် တစ်ခုလိုသုံးပြီး အစိုးရကိုအပြစ်တင်နေချိန်၊ အခါအားလျှော်စွာဆန္ဒပြနေကြချိန်မှာ ပြည်ထောင်စု လွှတ်တော်နာယကကြီး ဦးရွှေမန်းကိုယ်တိုင်က အတိုက်အခံနဲ့ ပြည်သူအချို့ဆီက နာမည်ကောင်းရဖို့ အတွက် ဒီလက်ကိုင်တုတ်နဲ့ပဲ သမ္မတကြီးဦးသိန်းစိန်ကို ဖိအားပေးရင်း နာမည်ကောင်းယူတာ တွေ့ရ တော့ စိတ်မကောင်းဖြစ်မိ ပါတယ်။
ယမန်နှစ်က နေပြည်တော်မှာလုပ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မီယာတွေ တွေ့ဆုံပွဲမှာ သမ္မတကြီးက အစိုးရသစ်လက်ထက်မှာ မြေယာသိမ်းဆည်းမှု လုံးဝမရှိကြောင်း ပြောခဲ့ပါတယ်။ သမ္မတရုံး ပြည်ထောင် စု ဝန်ကြီး ဦးစိုးသိန်းကလည်း “ကျွန်တော်တို့ အစိုးရလက်ထက်မှာ မြေသိမ်းမှု၊ ယာသိမ်းမှု Zero.. လုံးဝမရှိဘူး” လို့ ပြောခဲ့ဖူးပါတယ်။ ဦးရွှေမန်းရဲ့ သဝဏ်လွှာထဲမှာ မြေယာသိမ်းဆည်းမှုများက ယခင်အစိုးရ လက်ထက်ကလို့ ရေးသားထားပါတယ်။ ဒါဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ အသံကောင်း ဟစ်နေတဲ့ လွှတ်တော်နာယကကြီးဦးရွှေမန်းကရော အရင်အစိုးရ လက်ထက်က ဘာတာဝန် ထမ်းဆောင်ခဲ့သလဲ? မြေယာသိမ်းဆည်းမှု အစီအစဉ်တွေမှာ လုံးဝ မပါခဲ့ဘူးလား? အရင်အစိုးရ လက်ထက် က မြေသိမ်းခဲ့တဲ့ ကိစ္စတွေကို လုံးဝမသိခဲ့ဘူးလား? ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေ ပါတယ်။ အရင်အစိုးရလက်ထက်က ဆိုးမွေဟု ပြောဆိုနေသည့် နာယကကြီး ဦးရွှေမန်းကိုယ်တိုင်မှ အရင်အစိုးရအဖွဲ့မှာ အဆင့် (၃) အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် ဒီကိစ္စမှာ ဦးရွှေမန်းမှာရော တာဝန်ရှိမရှိ ဆိုတာ သဝဏ်လွှာထဲမှာ ထည့်ရေးသင့်ပါတယ်။ ဒီမြေသိမ်းမှုတွေမှာ အမှန်တကယ် ဦးဆောင်ခဲ့တာဘယ်သူလဲဆိုတာ ဦးရွှေမန်း အသိဆုံးဖြစ်မှာပါ။ တရားခံဘယ်သူလဲလို့မေးရင် ဦးရွှေမန်း ပါလို့ ဖြေရမှာပါ။
တရားခံဦးရွှေမန်းလို့ တိုက်ရိုက်ပြောတာကစွပ်စွဲတာ မဟုတ်ပါဘူး။ အဲဒီအချိန်က ကျွန်တော် ကိုယ်တိုင် ဝန်ကြီးတစ်ဦးအနေနဲ့ အနီးကပ် လုပ်ကိုင်ခဲ့ရတာတွေကြောင့် အခုလို ပြောနိုင်တာပါ။ ဦးရွှေမန်း ပြောတဲ့ ယခင်အစိုးရ ဆိုတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက်တည်းကို ပြောလို့မရပါဘူး။ အသက် ၇၀ အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကလည်း တတိယအကြီးဆုံးဖြစ်တဲ့ ဦးရွှေမန်းတင်ပြခဲ့တဲ့အတိုင်းစီမံခွင့် ပေးခဲ့တာပါ။ ဒါကြောင့် အရင်အစိုးရ လက်ထက်က မြေသိမ်း၊ ယာသိမ်းတွေကို အဓိက ဦးဆောင်လုပ်ခဲ့တာ ဦးရွှေမန်းပါပဲ။ အထက်က (၂) ယောက်ကိုလည်း သူပဲ မျက်နှာရအောင် အမျိုးမျိုးတင်ပြခဲ့တာပါ။ ဦးသန်းရွှေ အနားယူလျှင် တပ်ချုပ် ဖြစ်မယ် သမ္မတဖြစ်မယ် ဆိုပြီး မျှော်လင့်ချက်နဲ့ လုပ်ခဲ့တာက ဦးရွှေမန်းပါ။ ဦးသန်းရွှေ နဲ့ ဦးမောင်အေးတို့ အနားယူဖို့ ပြင်ဆင် နေချိန်မှာ လုပ်ပိုင်ခွင့်အပြည့်ရှိနေတဲ့ ဦးရွှေမန်းက ၂၀၁၁ မှာ တပ်ချုပ်ဖြစ်မလိုလို၊ သမ္မတဖြစ်မလိုလို ထင်ပြီး အထက်လူကြီးနှစ်ယောက်ကို အထူးပဲ မျက်နှာလုပ်ခဲ့ပါတယ်။ အဲဒီအချိန်က ဦးရွှေမန်းနဲ့ ဦးတင်အောင်မြင့်ဦး တို့ နှစ်ယောက်က မြန်မာနိုင်ငံမြေပုံ ကိုကြည့်ပြီး မြေလွတ်တွေ့သမျှ အကုန်သိမ်း ခိုင်းခဲ့တာပါ။ အောက်ခြေတပ် တွေ က အခက်အခဲတွေ တင်ပြတာတောင် လက်မခံဘဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဆိုပြီး အကုန်သိမ်းခိုင်းတာပါ။ နိုင်ငံပိုင်၊ တပ်ပိုင်တင် သိမ်းတာမဟုတ်ပါဘူး။ ဦးရွှေမန်း ပိုင် ဆိုပြီးလည်း သိမ်းခဲ့တဲ့ မြေတွေ မနည်းပါဘူး။
ကိုယ်တိုင်မြေသိမ်းခဲ့ပြီး မြေပိုင်ယာပိုင် ဖြစ်နေတဲ့ သူဌေးကြီး ဦးရွှေမန်းဟာ ဒီ ပြဿနာကြီးတစ်ခုလုံးကို ဦးသိန်းစိန် အပေါ် ပုံချလိုက်ပါတယ်။ ကျွန်တော့် အနေနဲ့ သူတို့ နှစ်ယောက်လုံးရဲ့ လက်အောက်မှာ အလုပ်လုပ်ဖူးတာကြောင့် အတိုင်းအတာတစ်ခုထိ လက်ဖော်ကိုင်ဖက်သံယောဇဉ်ရှိသလို သစ္စာစောင့် သိနေတုန်း ဖြစ်ပါတယ်။ ဦးရွှေမန်း အနေနဲ့လည်း ကိုယ်လုပ်ခဲ့သမျှကို မဆိုင်တဲ့လူကို ခေါင်းတည်ပြီး အပြစ်ပုံချရတဲ့အထိ သစ္စာမမဲ့သင့်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လျှင်သော်လည်းကောင်း၊ ပြိုင်ဖက် တစ်ဦးအဖြစ် တိုက်ခိုက်လိုလျှင် အခြားနည်းလမ်းဖြင့်သာ တိုက်ခိုက်သင့်ပါတယ်။
ဦးရွှေမန်းကိုယ်တိုင်က သမ္မတ ထက်ကြီးတဲ့ ရာထူးရှိရင်တောင် လိုချင်ကြောင်း ပြည်ပခရီးစဉ်တစ်ခုမှ ပြောခဲ့ပြီး နောက်ပိုင်းမှာ ဦးရွှေမန်းအနေနဲ့ တဖက်မှာ အတိုက်အခံအင်အားစုများနဲ့ လွှတ်တော်အတွင်း မှာ သိသိသာသာ လိုက်လျှောမှုတွေလုပ်နေပြီး အခြားတဖက်မှာ ဦးသိန်းစိန်ကို အမျိုးမျိုးဖိအားပေး တာတွေ၊ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာ သိသာထင်ရှားလွန်းပါတယ်။ အခုလို လွှတ်တော် တွင်း မျက်နှာပန်းပွင့်ဖို့နဲ့ အတိုက်အခံ နဲ့ ပြည်သူအချို့ ရဲ့ ထောက်ခံမှုရဖို့ မျှော်လင့်ပြီး ကိုယ့်အပြစ်ကို သူများအပေါ် ပုံချတာ၊ လုပ်ဖော်ကိုင်ဖက်ခြင်းအပေါ် သစ္စာမဲ့နေတာဟာ စိတ်ပျက်စရာ အလွန်ကောင်း ပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယကကြီး ဦးရွှေမန်းအနေနဲ့ အာဏာမက်မောမှု နှင့် နေရာမြဲဖို့ အတွက် အခုလို သူတပါးကို အပြစ်ပုံချတဲ့ လုပ်ရပ်တွေကြောင့် လူထုဆီက မဲ မရတဲ့အပြင် လူထုရဲ့ ရှုံ့ချမှုကိုပဲ အနှေးနဲ့အမြန် ခံရမှာဖြစ်ကြောင်း သတိပေးရေးသား လိုက်ရပါတယ်။
(ဝန်ကြီးဟောင်း တစ်ဦး)
www.dawnmanhon.comမှ ကူးယူဖော်ပြသည်
ကျောက်အုတ်တို့ ဖြင့်သာလျှင်.....
$
0
0
September 4, 2013 at 9:25pm
မြန်မာစကားတွင်သားရွှေအိုးထမ်းလာတာကိုမြင်ချင်သည်  ဟူသည့်   စကားရှိသည် ။  အလွန်ကောင်းပါသည် ။ယခုလည်း  ကျွန်တော်တို့ သည်  သားရွှေအိုး ထမ်းလာသည်ကိုသာ မြင်ရဖို့  ၂၀၀၈  ဖွဲ့ စည်းပုံကြီးကို ပြင်၍ရနိုးနိုး မျှော်လင့်ကြည့်မိနေသူတို့ သာဖြစ်၏ ။  သားရွှေအိုးထမ်းလာတာကို  ကျွန်တော်တို့ မြင်လိုကြသည် ။ဆန္ဒဟူသည်မှာ  ပြည့်ဝခဲ့လျှင်ကောင်းပါ၏ ။  အကယ်၍  ....ဆိုတာမျိုးသာရှိခဲ့ပါလျှင်  ထို့ အတွက်တော့ကျွန်တော်တို့ မှာ   အရန်အစီအစဉ်  ရှိသင့်ပြီ ။  လှမ်းရမည့်နောက်အလှမ်းတွေအတွက်   အရန်အစီအစဉ်များရေပက်မ၀င်အောင်   ရှိသင့်ခဲ့ပြီဟု   ယုံကြည်ပါသည် ။
လုပ်ရုံကလွဲလို့   အရေးပါသည့်အချက်များ ၊ အထူးသဖြင့်တော့  ပြည်သူလိုလားသည်များသည်  သူတို့ ၏   အလိုနှင့်  ဆန့် ကျင်နေသမျှ  လုံးဝ    တို့ မည် ထိမည် မဟုတ်ဟု  ယုံကြည်ကြောင်းသာ   ရေးခဲ့သည် ။  အဆိုပါ   မျှော်လင့်ချက်ကြီးနှင့်တော့ ရန်သူကို အထင်သေးစွာ  ထိုင်စောင့်ပြီး  မျှော်လင့်မနေစေချင်ပါ ။ ကမ္ဘာ့သက်တမ်း အကြာဆုံးရေးဆွဲခဲ့သည့်   အခြေခံဥပဒေတစ်ခုသည်  ပြန်ပြင်သည့်အခါတွင်လည်း   ကမ္ဘာ့မှတ်တမ်းစံချိန်  မ၀င်ဟု  မည်သူကမျှ   အာမမခံနိုင်ပါ ။
အကယ်၍  ၂၀၀၈  အချိန်မှီ ပြင်လို့ မရခဲ့ပါဟု  ဆိုပါတော့ ....။  ဒေါ်အောင်ဆန်းစုကြည် ဘယ်လမ်းရွေးပါမည်နည်း ။NLD  ဘာလဲ ဘယ်လဲ  မေးရတော့မည်သာဖြစ်သည် ။  ဘင်္ဂလီများ   နိုင်ငံရေးထဲပါမလာရေး နှင့် ၊ လွှတ်တော်ထဲမှမောင်းထုတ်နိုင်ရေးတို့ ကို အတိုက်အခံခေါင်းဆောင်၏  သမ္မတဖြစ်ရေး ဥပဒေတို့ နှင့်   အလျော်အစားလုပ်ရန်အပေးအယူကမ်းလှမ်းချက်တစ်ခုသာ  ဖြစ်လာလိမ့်မည်ဟု ယူဆရသည် ။
ဤနေရာမှာ  အိန္ဒိယ၏  နိုင်ငံရေးသမိုင်းစာမျက်နှာကို  တစ်ချက်လှမ်းကြည့်ချင်သည် ။   အင်္ဂလိပ်လက်အောက် အတူ ရောက်ခဲ့ကြတာချင်းရော ၊ လွတ်လပ်ရေး ကြိုးပမ်းရမှု  သမိုင်းအစဉ်အလာများ ၊  လူမျိုးစုပြသနာများ ၊ဇာတ်အနိမ့်အမြင့်ခွဲခြားမှု အစဉ်အလာများ ၊  နယ်စပ်လုံခြုံရေးပြသနာများ ၊ ဘာသာရေး  လူမျိုးရေး အစွန်းရောက်မှုများနှင့် တူညီနေရုံသာမက ၊ ၊ ရှုပ်ထွေးမှုများသော နိုင်ငံအဖြစ်   လူဦးရေပေါက်ကွဲမှုနှုန်းအရ   သူကပင် သာချင်နေသေးသည် ။  တိုးတက်မှုအရကြတော့လည်း   သူကပင်သာနေသေးသည် ။
ထိုနိုင်ငံ၏ နိုင်ငံရေးဖြတ်သန်းမှုသမိုင်းကို  ဖြတ်သန်းကြည့်လိုက်လျှင်  ကျွန်တော်တို့ ထက်သာသည်ကတော့  စစ်တပ်အာဏာသိမ်းမှု မျိုး တစ်ခါမှ  မရှိခဲ့ပဲ ၊  စစ်တပ်သည် နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်ခြင်း  မည်သည့်အခါမျှ မပြုလုပ်ခဲ့ပဲတက်လာသည့် အစိုးရ၏  အုပ်ချုပ်မှုအောက်မှာသာ   အမြဲနာခံခဲ့သည် ။  လွတ်လပ်ရေးရတာ ကျွန်တော်တို့ ထက်နှစ်အနည်းငယ်နောက်ကျသော်လည်း  လွတ်လပ်ရေးရကတည်းက  ဒီမိုကရေစီ အမြစ်တွယ်ခွင့်ရခဲ့သည် ။  အိန္ဒိယIndian National Congress (  INC ) ပါတီသည်  ၁၂၅  နှစ်သက်တမ်းကြာခဲ့ပြီဖြစ်သည့်  မဟတ္တမဂန္ဒီကြီးလက်ထက်ကတည်းက သက်တမ်းရှည်ပါတီ ဖြစ်သည် ။ ပါတီတစ်ခုသည်လည်း  နိုင်ငံတစ်ခုကဲ့သို့ ၊ လူတစ်ယောက်ကဲ့သို့  ပင်ကံကြမ္မာအတက်အကျမျိုးစုံ ၊ လောကဓံအဆိုးအကောင်းမျိုးစုံကို  ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ရသည်ပဲဖြစ်၏ ။
ဝန်ကြီးချုပ်နေရူးလက်ထက်က  ဂန္ဒီကိုလေးစားသောအားဖြင့် ဂန္ဒီမျိုးဆက်အဖြစ် အမည်ဆက်ခံလာခဲ့သည့် မျိုးဆက်သညို INC ပါတီ၏  ခေါင်းကြီးပိုင်းမှ  အဆင့်ဆင့် လက်ကမ်းယူပြီး  အိန္ဒိယ သမိုင်းကို  ဆက်လက်မောင်းနှင်ခဲ့ကြသည်မှာ 1947  မှသည်  2013 အထိ  နှစ်ပေါင်း ( ၆၆ နှစ် )   ကြာခဲ့ပြီ ။ သူတို့ သည်လည်း  သမိုင်းတစ်လျှောက်မှာ အမြဲတောက်ပ  ချောမွေ့ ခဲ့ကြသည်တော့မဟုတ် ။ အသက်သွေးချွေးတွေ ၊ ပေးဆပ်ရမှုတွေ အနန္တနှင့်သာဖြစ်ခဲ့ကြသည် ။  အိန္ဒိယ၏  လွတ်လပ်ရေးဖခင်  မဟတ္တမဂန္ဒီကြီးသည်  လွတ်လပ်ရေးရသည်နှင့်  နိုင်ငံရေးအာဏာကို လုံးဝမယူပဲ ၊ နေရူးကို နိုင်ငံရေးစင်မြင့်ပေါ်သို့ တင်ခဲ့သည် မှာ အိန္ဒိယ၏  ကံကောင်းခြင်းမျိုးဆက် ကိုတည်ထောင်ပေးခဲ့သလို  ဖြစ်ခဲ့ရသည် ။
နေရူးသည် ပါတီနှင့်နိုင်ငံကိုကောင်းစွာ ဦးဆောင်နိုင်ခဲ့ပြီး အမွေအဖြစ်နှင့် သမီးအင်ဒီရာဂန္ဒီ ( Indira Gandhi )၏လက်သို့  အိန္ဒိယ နိုင်ငံကို (၁၉၆၆ မှ ၁၉၈၄ ) အထိယုံကြည်စွာအပ်နှင်း နိုင်ခဲ့သည် ။  နေရူးမှဆင်းသက်လာခဲ့သည့် အင်ဒီရာဂန္ဒီ၏မျိုးဆက်မှာ သားအကြီး ရာဂျစ်ဂန္ဒီ ( Rajiv  Gandhi ) သည် နိုင်ငံရေးကို စိတ်မ၀င်စားခဲ့။ အီတလီသူကိုယူ၍  နိုင်ငံရပ်ခြားမှာသာ အနေများခဲ့သည် ။ သို့ သော်လည်း  မိခင်ဖြစ်သူလက်ဆင့်ကမ်းရန် ပြင်ဆင်ထားသည့် ညီဖြစ်သူ ဆန်ဂျေးဂန္ဒီ ( Sanjay  Gandhi ) 1980  မှာ လေယျာဉ်ပျက်၍ကွယ်လွန်အပြီးမှာတော့ ၊ သမိုင်းပေးတာဝန်အရ နိုင်ငံရေးလောကထဲကို  1982 မှာ မလွှဲမရှောင်သာ ၀င်ရောက်လာခဲ့ရသည် ။ ရာဂျစ်သည် INC ပါတီမှနေ၍  သူ့ မိခင် လုပ်ကြံခံခဲ့ရသည့် 1984 မှ 1991  သူထပ်မံ လုပ်ကြံသတ်ဖြတ်ခြင်း  ခံရချိန်အထိ အိန္ဒိယ ၀န်ကြီးချုပ် လုပ်ခဲ့သည် ။
ထိုအချိန်မှာပင်ပါတီက ရာဂျစ်၏ မိန်းမ အီတလီသူ ( အိန္ဒိယနိုင်ငံသားခံယူထားသည် ) ကို နိုင်ငံရေးတွင် ဆက်လက်ပါဝင်ရန်ကမ်းလှမ်းခဲ့သော်လည်း   ( Sonia Gandhi ) ဆိုနီယာဂန္ဒီသည်  နိုင်ငံရေးနှင့်  ဝေးဝေးမှာသာနေခဲ့သည် ။ NIC ပါတီမှ အခြားတစ်ယောက်သာ ရွေးကောက်ပွဲဝင်ပြီး ၀န်ကြီးချုပ်ဖြစ်လာခဲ့၏ ။ သို့ သော် 1996 ရွေးကောက်ပွဲမှာတော့  NIC ပါတီရှုံးနိမ့်မှုနှင့်အတူ  ပါတီတွင်းအကွဲအပြဲများနှင့် ပါတီ၏စည်းလုံးညီညွတ်မှု  ပြိုကွဲလာခဲ့သည် ။  ပါတီဥက္ကဌကို ဆန့် ကျင်လာခဲ့ကြသည် ။ ထိုအချိန်မှာတော့ NIC နှင့် အိန္ဒိယကို ပြန်လည်ကယ်တင်ရန်အတွက် ဆိုနီယာဂန္ဒီက ပါတီအတွင်းဝင်ရောက်ဖို့  1997 မှာ လက်ခံခဲ့သည်။  ၀င်ရောက်ပြီး  62 ရက်အကြာမှာ  ပါတီခေါင်းဆောင် နေရာကို ရယူနိုင်ခဲ့သည် ။  1999 တွင် အောက်လွှတ်တော်အမတ်နေရာကို  အနိုင်ရရှိခဲ့သည် ။  တစ်ပြိုင်နက်တည်း  အောက်လွှတ်တော်ဥက္ကဌ  ရာထူးကိုပါ ရယူနိုင်ခဲ့၏ ။   1996 မှစတင်  အင်အားလျော့နည်း  လာခဲ့သည့် NIC  ပါတီသည်လည်း   လွှတ်တော်တွင်းမှာ  ပြန်လည်အင်အား  တောင့်တင်းလာခဲ့သည် ။
2004  အထွေထွေရွေးကောက်ပွဲမှာတော့ NIC ပါတီ၏ သမိုင်းတစ်လျှောက်မှာ အမတ်နေရာအများဆုံးနှင့် အနိုင်ရရှိခဲ့သည် ။ထိုအချိန်မှာ  ပါတီအတွင်းမှာရော ၊ ပြိုင်ဘက်ပါတီတွေကပါ ဆိုနီယာဂန္ဒီ၏ နိုင်ငံသားဖြစ်မှု ၊ လူမျိုးခြားဖြစ်တည်မှုတို့ နှင့်ပတ်သက်ပြီး နိုင်ငံတော်အာဏာ ရယူရန်ကို ပြင်းပြင်းထန်ထန်  ဆန့် ကျင်လာခဲ့ကြသည် ။  အိန္ဒိယ၏  သမိုင်းအစဉ်အလာ ၊ ဇာတ်အမျိုးအမည်  ကွဲပြားမှုတို့ နှင့် အယူသီးအစွဲအလန်းကြီးမှုတို့ ကို အပြင်းအထန် တိုက်ခိုက်ခဲ့ရသမျှ ဆိုနီယာ၏  သမိုင်းသက်တမ်းအတွင်းမှာ  အဆိုးရွားဆုံး  ထိုက်တိုက်ရင်ဆိုင်ရမှုတွေ ဖြစ်လာခဲ့သည် ။
ဆိုနီယာဂန္ဒီသည် အိန္ဒိယသွေး တစ်စက်မှမပါသော်လည်း  အိန္ဒိယအပေါ်မှာ တာဝန်ကျေပွန်မှုကို သူ၏အတ္တထက်ပို၍ ပေးဆပ်ခဲ့သည်။  ဂန္ဒီမျိုးဆက်၏  သမိုင်းစဉ်ဆက်တည်တန့် နိုင်မှုကိုသာ  နိုင်ငံရေးအာဏာထက် အလေးပေးရွေးချယ်ခဲ့သည် ။  ပါတီအကြီးအကဲ  အဖြစ်သာတာဝန်ယူ၍  ပါတီတွင်းမှ သင့်တော်သူကိုသာ  2004 ၏ ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ပေးခဲ့သည် ။
နိုင်ငံရေးမှာပါဝင်ဆောင်ရွက်ခွင့်နှင့် ပါဝင်ဆောင်ရွက်နိုင်သည့် ပုံသဏ္ဍန်ကို   အိန္ဒိယ လိုနိုင်ငံမျိုးမှာ  လိမ္မာပါးနပ်စွာ  ရွေးချယ်  ဆောင်ရွက်နိုင်ခဲ့သည့်  အမျိုးသမီးတစ်ယောက်၏  အံမခန်းစွမ်းဆောင်နိုင်မှု နှင့်  နှိမ့်ချ နိုင်မှု ၊သည်းခံနိုင်မှုတို့ ကိုတော့  ကျွန်တော်တို့  မဖြစ်မနေ အသိအမှတ်ပြုကြရလိမ့်မည် ။
မြန်မာပြည်မှာကတော့ အိန္ဒိယနှင့် တူနေသည်များရှိနေသလို ၊ လုံးလုံးကွဲပြားနေသည့်အရာများကတော့လည်း ရှိနေခဲ့ကြသည် ။ သူတို့ မှာက  ဒီမိုကရေစီစနစ်  က အမြစ်ကောင်းစွာ တွယ်နေပြီးသားဖြစ်ပြီးသကဲ့သို့  ၊ အာဏာရှင်က မကြာခဏ အာဏာသိမ်းမှုတို့ လည်းမရှိ။ ထို့အတူ  ကျွန်တော်တို့ ထက်ပိုမိုဆိုရွားသည့်  လူဦးရေပေါက်ကွဲမှု နှင့် ဘာသာရေးပြသနာများ ၊ ဇာတ်ခွဲခြားမှုများ ဖြင့်လည်း  သူ့ ပြသနာနှင့်သူ တော့လည်း  ရှုပ်နေခဲ့သည် ။
ကျွန်တော်ပြောချင်သည်က  ပုံတူကူးရန်မဟုတ် ။ အတုယူရန်မဟုတ် ။  ဒုတိယ လမ်းကြောင်း ၊ တတိယ လမ်းကြောင်းများကို အချိန်စောစွာ ကြိုရှာထားကြည့်စေချင်တာ ၊ ကြိုတင်ကူးပြီး  ပြင်ဆင်ပြီးသားဖြစ်စေချင်တာသာဖြစ်သည် ။  ယခုအချိန်မှာ ကောင်းနေနိုင်ခဲ့ကြသည့်     နိုင်ငံများ၏  သမိုင်းကြောင်းကို   လက်လှမ်းမှီသလောက်စေ့ငုကြည့်မိတော့   အရန်အစီအစဉ်များ ကောင်းစွာ ရှိနေခဲ့ကြသည် ။  လက်ဆင့်ကမ်းရမယ့်သူတွေကို  ကြိုတင်အားဖြည့်ထားနိုင်ခဲ့ကြသည် ။ကြုံသလိုပေါ့ ။ ကြည့်ကြက်လုပ်ကြတာပေါ့ ဟူသည်ကနေတော့  သမိုင်းတစ်ခုသည်  တော်ရိလျော်၏ပဲ  ဖြစ်သွားခဲ့ကြပါသည် ။
ကျွန်တော်၏  အတွေးများသည်  ၂၀၀၈ အားလုံးဝပြင်ပေးမည်မဟုတ်ဟု အခြေခံသော မူအပေါ်မှာသာ  တွေးခြင်းဖြစ်သည် ။သားရွှေအိုးထမ်းလာသည်ကို မြင်ခဲ့ရလျှင်တော့  အကောင်းတကာ့ အကောင်းဆုံး  ဖြစ်ပေလိမ့်မည် ။  မဟုတ်လျှင်ကော....။ကြောက်နေ စိုးရိမ်နေရုံမျှနှင့်မပြီး ၊  သည်းခံကာ ကြိုတင်ပြင်ဆင်သင့်သည် ။   ရန်သူသည် အသာတစ်ကြည်မျှနှင့်တော့မည်သည့်အရာကိုမျှ  လက်လွှတ်လိမ့်မည် မဟုတ် ။
                                                             ပြည်ချစ်သူ
                                                             4.9.2013
ယုံကြည်သလို ရေးတဲ့စာ
$
0
0
ကျွန်တော်ကတော့ ယုံကြည်သလိုပဲ ရေးတတ်ပါတယ်။ ကျွန်တော့် စာလုံးတွေထဲမယ် ကျွန်တော့်ရဲ့အသိဉာဏ်က လက်လှမ်းမီ သလောက် ကျွန်တော့်ခံစားမှုတွေ၊ မျှော်လင့်မှုတွေ၊ စိတ်စေတနာတွေ၊ ဇောတွေ၊ ရင်ခုန်သံတွေ၊ မွတ်သိပ်မှုတွေ ရောပြွမ်း ပါကောင်းပါလိမ့်မယ်။ သေချာတာ ကတော့ အားလုံးဟာ ရိုးသားစွာနဲ့ ကျွန်တော် ယုံကြည်တဲ့အတိုင်း ဖြစ်တယ် ဆိုတာပါပဲ။
ကျွန်တော်ကတော့ မြန်မာစာကို ကျွန်တော်တို့လူမျိုးရဲ့စာပေ ဖြစ်တာနဲ့တင် ချစ်ဖို့ လုံလောက်ခဲ့ပါတယ်။ အခြားသူတွေကိုလည်း ချစ်စေချင်ပါတယ်။
“စာစီစာကုံးဆိုတာ အပိုအလုပ်တွေပါ”လို့ပြောတဲ့သူတွေကို တွေ့ရတိုင်း စိတ်မကောင်းပါ။ ကျွန်တော်တို့လူမျိုးရဲ့ ကိုယ်ပိုင်ဘာသာစကားကို သုံးပြီး ကျွန်တော် တို့လူမျိုးတွေ နားလည်ခံစားနိုင်အောင် စာတစ်ပုဒ် ကောင်းကောင်းရေးတတ်ဖို့ အတွက် စာစီစာကုံးတွေကစပြီး ပျိုးထောင်ရတာပါပဲ။ လူနားလည်အောင် ရေးတတ်တာနဲ့ လူနားစွဲအောင် ရေးတတ်တာ မတူပါဘူး။ လူတိုင်းအတွက် တစ်ချိန်မှာ စာရေးတတ်ဖို့ လိုအပ်ချင် လိုအပ်လာမှာပဲ မဟုတ်လားဗျာ။ မချစ်ရင်တောင် လွှင့်ပစ်စရာလို့ သဘောထားတာ ကတော့ မသင့်ပါဘူး။
ကြုံရာသတ်ပုံနဲ့ ရေးနေတဲ့ Online ပေါ်ကစာတွေ၊ သတ်ပုံအမှားကို တမင်တကာရော မသိလို့ရော ဖက်ရှင်တစ်ခုလို သဘောထား သုံးစွဲနေကြ တာတွေ ပိုပို တွေ့လာရတဲ့အခါလည်း စိတ်မကောင်းပါ။ ပိုတာဝန်ရှိတယ်လို့ ခံစားရတဲ့ ပုံနှိပ်စာစောင် (Press Media) တွေကပါ အခြေခံ အမှားတွေကို ပုံမှန်ဆိုသလို ကျူးလွန်နေတာကို တွေ့ရတဲ့အခါ မှာတော့ ရင်လေးရပါတယ်။
စကားပြော အရေးအသားမှာ “တယ်၊ မယ်” စာလို အရေးအသားမှာ “သည်၊ မည်” စသည်ဖြင့် ပုံမှန်အခြေခံစည်းမျဉ်း လောက်ကိုတောင် မှန်အောင်မရေးနိုင်တဲ့ စာတွေကို တစ်စုံတစ်ရာ မတည်းဖြတ်ဘဲ နေ့စဉ်ရက်ဆက် ပုံမှန်ဖော်ပြကြတာမျိုး အမြဲတွေ့လာရပါတယ်။ သတ်ပုံအမှားများကို အစဉ်တစိုက် သုံးစွဲလာခြင်းအားဖြင့် အမှန်အဖြစ် သွတ်သွင်းပေးရာ ရောက်နေကြပါတယ်။ “လဲ” နှင့် “လည်း” အသုံးလောက် ကိုတောင် ဂရုတစိုက် တည်းဖြတ်မှု မရှိကြတော့ပါ။ ကျွန်တော်တို့ စာပေကို လေးစားမြတ်နိုးသော ပမာဏအလျောက် သတ်ပုံနဲ့ သဒ္ဒါစာပြင်ဆရာ တစ်ဦးလောက်အတွက် လစာ အကုန်ခံပေးကြပါလို့သာ ပြောချင်ပါတယ်။ ပြောနိုင်ပါတယ်။
“စာမူပါရေး မပါရေးဟာ ဝမ်းရေးနဲ့ ဆက်နေတယ် ဆိုရင်တော့…”
အင်္ဂလိပ်လို အသံထွက်မှားမိရင်၊ အပြောမှား အရေးမှားမိရင်တော့ ကျွန်တော်တို့ ကောင်းကောင်း ရှက်တတ်ကြပါတယ်။ မြန်မာလူမျိုးများက မြန်မာစာ အသုံးအနှုန်း၊ အထားအသို မှားနေတာကိုတော့ ဂုဏ်ယူစရာ တစ်ခုလိုတောင် ဖြစ်နေကြမလား လို့ဗျာ။ ထောက်ပြသူကိုတောင် “ဘုန်းကြီး ကျောင်းသားလား၊ တောကတက်လာတာလား” ဆိုတာမျိုး အထိကတော့ မဖြစ်သင့်တာမဟုတ်လား ခင်ဗျာ။ ကျွန်တော်တို့တွေ မှားနေကြပြီ ထင်ပါတယ်။
ပြင်သစ်လူမျိုး တစ်ဦးက အင်္ဂလိပ်လို မပြောတတ်တဲ့ အတွက်၊ အမှားပြောမိတဲ့အတွက် ရှက်တာမျိုး မတွေ့ဖူးပါ။ နပိုလီယံနဲ့ ဗော်လ်တဲယား အကြောင်း လုံးစေ့ပတ်စေ့ မပြောနိုင်တာ၊ ပြင်သစ်စကားနဲ့ စာကို ကျွမ်းကျွမ်းကျင်ကျင် ရှင်းမပြနိုင်တာကိုသာ ရှက်တတ်ကြပါတယ်။ ကျွန်တော်တို့ ကရော ဘာကိုရှက်ကြမှာလဲ ခင်ဗျာ။
အင်္ဂလိပ်စာတွေ ထည့်ရေးမှ၊ အင်္ဂလိပ်စကားလုံးတွေ ညှပ်ပြောမှ လူအထင်ကြီးတယ်ဆိုတာ အတိုင်းအတာတစ်ခု အထိတော့လည်း မှန်တယ်ဗျာ။ ဒါဟာ မရင့်ကျက်တဲ့၊ ဉာဏ်ပညာနိမ့်ကျတဲ့၊ စိတ်သဘောထား ဆိုင်ရာ သိမ်ငယ်စိတ် (Inferioirity Complex) ဝင်နေတဲ့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ ပြယုဂ်ပါပဲ။
ကောင်းပါပြီ။ စာရေးသူက ဘယ်ကိုသွားမှာလဲ၊ သူ့အသိုင်း အဝိုင်းကို ဘယ်ကို ဆက်သွားစေချင်တာပါလဲဗျာ။ စာရေးသူတိုင်း ကိုယ်စီ မိမိကိုယ်ကိုယ် ပြန်မေးကြရမယ့် မေးခွန်း ထင်ပါတယ်။ ကျွန်တော်တို့ စာရေးနေတာက ကျွန်တော်တို့ အသိုင်းအဝိုင်းကို အဲဒီလို လမ်းကြောင်းအမှားထဲ ဆက်တွန်းပို့ရုံပဲလား။
ကျွန်တော်တို့ရဲ့ ဘိုးဘေးများက မော်တော်ကား၊ ရဟတ်ယာဉ်တို့၊ ရုပ်မြင်သံကြားတို့ကို တီထွင်သုံးစွဲခဲ့ကြတာ ဘယ်တော့မှ မမေ့ကောင်းပါ။
အင်္ဂလိပ်လိုပြောလိုက်မှ နားထဲ ရှင်းသွားတာမျိုးကလည်း တချို့သော အသိုင်းအဝိုင်းများမှာ အမှန်တကယ် ကြုံနေကျပါပဲ။ လျင်လျင်မြန်မြန် ကျယ်ပြန့်ဆန့်ကားလာတဲ့ နည်းပညာထဲမှာ ဘာသာပြန် စကားလုံး အလှဆင်နေဖို့ အချိန် မရှိတော့တာလည်း အမှန်ပါပဲ။ အထူးသဖြင့် ကန့်သတ်သုံးစွဲစရာ ပညာရပ်ဆိုင်ရာ စကားများမှာ သိသာလွန်းပါတယ်။ အရောင်တူသူချင်း ကြားထဲမှာ စကားတစ်လုံးနဲ့ ပြီးနိုင်ပေမယ့် အဆင်ကွဲတွေနားလည်ဖို့ မြန်မာစာ နှစ်ကြောင်း သုံးကြောင်းနဲ့ ပြန်ရှင်းရတတ် ပါသေးတယ်။
စိတ်စေတနာက အဓိကလို့ မှတ်ယူပါရစေ။ စာရေးသူရဲ့စိတ်စေတနာနဲ့ အဇ္ဈတ္တကို စာရေးသူက အသိဆုံးပါပဲဗျာ။ ကြာတော့လည်း ဒီပုတ်သင် ဘာအရောင်ဆိုတာ တဖြည်းဖြည်း သိကြရတာပဲ မဟုတ်ပါလား။
တချို့အတွက်တော့ စာတွေက ထမင်းအိုး၊ ဟင်းအိုးအဖြစ် ရှိနေဆဲပါပဲ။ ငွေနဲ့ အစက်ခံရတဲ့အခါ မတ်မတ်ရပ်ဖို့ သိပ်ခက်ပါတယ်။ မရေးချင် သော်လည်း တစ်ဝမ်းတစ်ခါး၊ နှစ်ဝမ်းနှစ်ခါး တွေအတွက် ရေးရတဲ့စာတွေဟာ အရောင် မှိန်လာတတ်ပါတယ်။ အရောင်လွင့်သွားရင်တော့ မကောင်းတော့ ပါဘူး။ လွင့်သွားတဲ့ အရောင်ပေါ်ကို ထမင်းကျွေးပြီး ဆိုးပေးမယ့် ဆေးတွေက ဝိုင်းနေတတ်တာမျိုး မဟုတ်ပါလား။
ဒီတိုက်ရဲ့အာဘော်က ဒီလိုပဲ၊ ဒီလိုရေးမှ ပါမှာပဲ .. ဆိုတာတွေကလည်း လျစ်လျူရှုလို့ မရကောင်းပါ။ စာမူပါရေး မပါရေးဟာ ဝမ်းရေးနဲ့ ဆက်နေတယ် ဆိုရင်တော့ သိပ်မမျှော်လင့်ကောင်းတော့ ပါဘူး။ အကောင်းဆုံး ကတော့ မိမိယုံကြည်တဲ့ အာဘော်မှာပဲ အစမှအဆုံးတိုင် မြဲမြဲရပ်နေကြဖို့ပါ။ အူမတောင့်ဖို့ဆိုတာ နေရာတိုင်းမှာ အရေးပါမြဲပဲ မဟုတ်လား။
အရင်ကတော့ စာပေသည် ဘယ်သူ့အတွက်ဆိုတာ ငြင်းခုံခဲ့ကြတာပါ။ ရည်ရွယ်ခဲ့ကြတဲ့ ဘယ်သူဘယ်ဝါ တချို့က မရှိတော့သော်လည်း စာပေကတော့ ရှိနေဆဲပါပဲ။ ကျွန်တော်ကတော့ ဘယ်သူအတွက် ဘယ်ဝါအတွက်လို့ ဝင်ပြောရလောက်အောင် မတတ်ပါ။ တစ်ယောက်ယောက် အတွက်တော့ အမြဲ ပါနိုင်ကောင်းပါတယ်။ အနည်းဆုံး ကျွန်တော့်ကိုယ်ကျွန်တော်အတွက် ဖြစ်နိုင်ပါတယ်။ ရေးကောင်းတဲ့ စာတစ်ပုဒ်ဟာ ဘယ်သူ့အတွက်ဆိုတာထက် ဘာအတွက်ဆိုတာက ပိုအရေးကြီးမလားလို့ ထင်မိပါရဲ့ဗျာ။
ရည်ရွယ်ချက်တစ်ခုအတွက် ရေးတဲ့စာ၊ ငွေအတွက် ရေးတဲ့စာ၊ လူအထင်ကြီးခံရဖို့ ရေးတဲ့စာ၊ သိက္ခာအတွက် ရေးတဲ့စာ၊ ထမင်းအတွက် ရေးတဲ့စာ၊ သားရေးသမီးရေးအတွက် ရေးတဲ့စာ၊ တစ်စုံတစ်ယောက်အတွက် ရေးတဲ့စာ၊ အနာဂတ်အတွက် ရေးတဲ့စာ၊ ဘဝအာမခံချက် အတွက် ရေးတဲ့စာ … ဘာစာပဲဖြစ်ဖြစ် ပေါက်လွှတ်ပဲစားမဟုတ်တဲ့ စာမှန်သမျှမှာ အရောင် ကိုယ်စီ ရှိကြပါတယ်။ အဆင့်ပေါ်မူတည်ပြီး တောက်ပမှုတွေ ကွဲပြားသွားကြ ပါတယ်။
အရောင်တွေကွဲပြားပေမယ့် အဆင့်မြင့်တဲ့စာတွေများတဲ့ လောကကြီးဟာ လင်းလက်မှုအား ပိုကောင်းတာပေါ့ဗျာ။ အရောင်အသွေးစုံနဲ့ ရွှန်းလက်တောက်ပနေတဲ့ စာပေလောကကြီးပေါ့။
စာတွေအရောင်လှဖို့၊ အရောင်ထွက်ဖို့ဆိုတာ အကြောင်းအချက် (Factors) များစွာအပေါ် အခြေခံနိုင်ပါတယ်။ တချို့အချက်တွေက ကျွန်တော်တို့ရဲ့ လက်တစ်ကမ်း အတွင်းကပါ။ နည်းနည်းအားစိုက်ပြီး လက်လှမ်း ပြုပြင်ပေးနိုင်တာနဲ့ အရောင် ပိုလှလာနိုင်ကြပါတယ်။ ပါဝင် ပတ်သက်သူအားလုံးက လက်လှမ်းလိုစိတ် ရှိကြဖို့ပဲလိုပါတယ်။
ကျွန်တော့်စာတွေကတော့ အရောင်နဲ့ တောက်ပမှုတွေအကြောင်း မဆိုနိုင်ပေမယ့် ဖတ်ကောင်းတဲ့စာတွေတော့ အမြဲဖြစ်ပါလိမ့်မယ်။ စာလုံးတွေထဲမယ် ကျွန်တော့် အသိဉာဏ်က လက်လှမ်းမီသလောက် စိတ်ခံစားမှုနဲ့ ရည်ရွယ်ချက်တွေ၊ ရင်ခုန်သံတွေ ပါကောင်း ပါနေပါလိမ့်မယ်။ သေချာတာ တစ်ခုက ဘယ်ဘက်ရင်ဘတ်က ခံစားတာကို ညာဘက်လက်က ယုံကြည်လို့ ရေးတဲ့စာတွေ ဖြစ်တယ်ဆိုတာပါပဲ။
(ယက္ခ) ရဲကြီး
 http://thevoicemyanmar.com/wp/%E1%80%9A%E1%80%B6%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%9E%E1%80%9C%E1%80%AD%E1%80%AF-%E1%80%B1%E1%80%9B%E1%80%B8%E1%80%90%E1%80%B2%E1%80%B7%E1%80%85%E1%80%AC/ မှကူးယူဖော်ပြပါသည်။
ပါးရိုက်ပြီး ဆွမ်းအဖိတ်မခံပါနှင့်
$
0
0
 Photo: ပါးရိုက်ပြီး ဆွမ်းအဖိတ်မခံပါနှင့် ……………………….   မနေ့က Facebook ပေါ်မှာ လှေစီးတဲ့ကိစ္စ တော်တော် ကျယ်လောင်သွားတယ်။  ၀န်ကြီးရဲ့ ညံ့ဖျင်းမှု၊ လက်အောက်ငယ်သားရဲ့ဖားမှုတွေကို အမျိုးမျိုးဝေဖန်ထောက်ပြကျပါတယ်။  လက်အောက်ငယ်သားကလည်း အဖားလွန်၊ ဘုံပျောက်မှာ အကြောက်လွန်၊ စားကျက်ပျောက်မှာကို အကြောက်လွန်နေကြတယ်။ လိုတာထက်ပိုပြီး လူကြီးတစ်ယောက်လာမယ်ဆိုရင် စီစဉ်တတ်ကြတယ်။  သူလည်း အိုးစားဘယ်ကွဲချင်ပါ့မလဲ။  ၀န်ကြီးကရော လက်အောက်ငယ်သား စီစဉ်သမျှ လုပ်တော့မှာလည်း။ သင့်၏ မသင့်၏ မစဉ်းစားတော့ ဘူးလား။  လက်အောက်ငယ်သားထက် စဉ်းစားတွေးတောဥာဏ်ကြီးလို့ ၀န်ကြီးလုပ်နေတာလေ။  လက်အောက်ငယ်သားတွေရဲ့ အကျင့်စရိုက်ကိုပြင်ဖို့ အကြီးအကဲလုပ်နေတာလေ။  ရိုးစွဲနေတဲ့ အောက်လက်ငယ်သားအကျင့်ကို သူလုပ်လို့ တို့လိုက်တာ ဆိုပြီး အကြောင်းပြလို့မရတော့ဘူး။ အောက်ကိုလည်း ပြင်နိုင်အောင် လုပ်ရမယ်။ လူကြီးကိုယ်တိုင်လည်း ပြင်ရတော့မယ်လေ။  တစ်ခါက ကျွန်တော် ဦးပေါ်ဦးထက်တော်တဲ့သူများ ဆိုပြီး ရေးဖူးပါတယ်။  လူကြီးတွေအတွက် လက်ဆောင်ပြင်ဆင်တာ၊ လူကြီးရဲ့ အကြိုက်ထက် ပိုလုပ်ဆောင်ချင်တဲ့သူတွေကို သရော်ချင်တာပါ။  ဒါတွေကို လူကြီးကမသိဘူးလား။ သိရဲ့သားနဲ့ယူတာလား။ ဒါဆို အောက်လက်ငယ်သားပေးတာကို စားနေရတဲ့လူကြီးဘ၀ကြီးပါလား။  အောက်လက်ငယ်သားကို လူကြီးက ပြန်လည်ဝေငှရမှာလေ။  အဲ လူကြီးတွေကိုပဲ အပြစ်ဖို့တာမဟုတ်ပါဘူး။ အောက်က ကပ်ဖား၊ ရပ်ဖား၊ စားဖား၊ ပေါင်းဖားနေတဲ့ ဖားမျိုးစုံတွေကလည်း ကိုယ့်အတ္တတစ်ခု၊ ကိုယ့်နေရာတစ်ခု၊ ကိုယ့်လုပ်ပိုင်ခွင့်တစ်ခုအတွက် အကုန်အသုံးချ နေကြတာလေ။  ဒါတွေမြင်မိတော့ မိတ်ဆွေတစ်ဦး ပြောပြတဲ့အကြောင်းလေးကို သတိရမိပါတယ်။  သူက ချင်းပြည်နယ် သားတစ်ဦးပါ။  ဦးတင်ဦး(NLD) ယခင် ကာကွယ်ရေးဦးစီးချုပ်လုပ်ချိန်ကအကြောင်းလေးပါ။  မြန်မာ-အိန္ဒိယနယ်စပ် စည်းအတွက် ချင်းပြည်နယ်ကို သွားခဲ့ကြပါတယ်။   ချင်းပြည်နယ်ကို ရောက်တော့ အောက်ကလူတွေ လမ်းတောက်လျှောက် လုံခြုံရေးနေရာယူထားတာကို တွေ့သွားပါတယ်။  အဲဒီမှာ တာဝန်ကျတဲ့ တပ်ရင်းမှူးတစ်ဦးကို ခေါ်ပြီး လုံခြုံရေးတွေကို ရုတ်ဖို့အမိန့်ပေးပါတယ်။  ပြီးတော့ ပြောပါတယ်။  ငါက တိုင်းပြည်အတွက် တကယ်စေတနာထားလုပ်နေတာ။  အေးကောင်းတာမြင်တဲ့သူလည်း ရှိမယ်။ မကောင်းတာမြင်တဲ့သူလည်း ရှိမယ်။  ငါဂရုမစိုက်ဘူး။ အများကောင်းကျိုးလုပ်တာ။  ဒါကို အမြင်မကြည်လို့ လုပ်ကြံရင်လည်း သေပါစေ။ ငါသေရဲတယ်။ ကိုယ့်စေတနာ၊ ကိုယ့်လိပ်ပြာကိုယ်လုံတယ်တဲ့။  ဒါက မိတ်ဆွေတစ်ဦးပြောပြတဲ့စကားပါ။ သမိုင်းအမုန်တော့ မသိပါဘူး။  ဒါပေမယ့် ကျွန်တော် ကြက်သီး ထမိပါတယ်။  ရှေ့မှာပွိုင့်ကား မော်တော်ပီကယ်၊ လုံခြုံရေးကား၊ နောက်မှာ နောက်လိုက် ကားတွေက စီတန်းပြီး ပြည်သူတွေ သွားတဲ့ခရီးမှာ ခရာတရွှီရွှီ လုပ်ပြီးလမ်းရှင်းခိုင်းတာ၊  လူတစ်ယောက်အတွက် လူပေါင်းများစွာ အစာငတ်၊ အနေကြပ်ပြီး လုံခြုံရေးယူရတာတွေကို ဘယ်လိုမှ ကျွန်တော်ကြည့်မရပါဘူး။  တကယ် အများကောင်းကျိုးလုပ်သူအတွက် အများက အလိုက်သိပါလိမ့်မယ်။  လမ်းရှင်းပေးစရာ မလိုအောင် သွားလမ်း၊ လာလမ်းရှင်းပေးပါလိမ့်မယ်။  ဒါဆို အထင်ကရလူကြီးတွေအတွက် လုံခြုံရေးမလိုဘူးလား ပြောစရာရှိပါတယ်။ လိုပါတယ်။ တိုင်းပြည်အတွက် တကယ်လုပ်ဆောင်နေသူတွေ၊ တကယ်လိုအပ်သူတွေကို ဘယ်သူမှ ပစ်မထားပါဘူး။ လိုအပ်ရင်ရှေ့တန်းက ကာကွယ်ပေးမယ့်သူတွေ အများကြီးပါ။  သူ့အတွက် လုံခြုံရေးလုပ်ပေးသူတွေ အများကြီးပါ။  တိုင်းပြည်ခေါင်းဆောင်အတွက် လုံခြုံရေးလိုအပ်တယ်ဆိုတာ ဗိုလ်ချုပ်တို့က သက်သေခံပြီးပါပြီ။ ဗိုလ်ချုပ်က ရိုးဖြောင့်သူဆိုတော့ သူကို လုပ်ကြံမယ့်သူမရှိနိုင်ဘူးလို့ သူ့စိတ်နဲ့ယှဉ်တွေးမှာပါ။ ဒါမှမဟုတ် တိုင်းပြည်အတွက် အမှန်တကယ်လုပ်နေတာဖြစ်တဲ့အတွက် သူ့ကိုလုပ်ကြံလည်း အသက်ပေးရပေးရ လိပ်ပြာလုံသူတွေအတွက် အသက်က အဓိကမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ လူသေပြီး ဘယ်တော့မှ နာမည် မသေတော့တဲ့အတွက်ပါ။  ဒါက ကျွန်တော်ဥာဏ်မိသလောက် စဉ်းစားမိတာလေးပါ။  နောက်တစ်ချက်စဉ်းစားမိတာက စေတနာပါသော်လည်း အနေအထိုင် အပြောအဆို မတတ်ခြင်း၊ မစောင့်ထိန်းတတ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေ အကြောင်းပါ။  ထမင်းတစ်နပ် လျှော့စားဖို့  မီးပြတ်ရင် ဖယောင်းတိုင်ထွန်းဖို့  တရုတ်ကို ကြောက်ရပါတယ်ဆိုတဲ့ စကားတွေက သူတို့ဘ၀၊ သူတို့အလုပ်အတွက် တစ်ခုခု အကျိုးဖြစ် နိုင်မယ်၊ ပြီးတော့ ပြဿနာကိုဖြေရှင်းနိုင်ဖို့ ပြောလိုတဲ့ စေတနာစကားတွေလည်း ဖြစ်နိုင်ပါတယ်။  ဟော ပဲခူးတိုင်းဝန်ကြီးဟာလည်း အောက်ခြေက အခြေအနေကြည့်ချင်တဲ့ သဘောပါမှာပါ။ သို့သော် အနေအထိုင်၊ အပြောအဆိုကို မထိန်းသိမ်း၊ မစောင့်စည်းလိုက်နိုင်တော့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာ လေးတွေပါ။  ဒီနေရာမှာ တစ်ခုသတိရမိလိုက်ပါတယ်။  ပေလေးပင်ရှင်လေးပါး အ၀င်ရှင်ဥတ္တမကျော်ဟာ ပညာမာန် မောက်နေတဲ့ ခုံတော်မောင်ကျဘမ်းကို ဆုံးမဖို့ အင်းဝနေပြည်တော်ကို ရောက်လာပါတယ်။  ရောက်ရောက်ချင်း အလှူခံရန်စုံစမ်းတော့ တိုက်တိုက်ဆိုင်ဆိုင် ခုံတော်မောင်ကျဘမ်းနဲ့ သွားတွေ့ပါတယ်။  ဆရာတော်က မေးတော့ မောင်ကျဘမ်းက  သာသနာနေလိုလလို ထွန်းကားတဲ့ ဒီမြို့တော်မှာ ဘယ်အိမ်တက်တက် ပါးရိုက်ပြီး ဆွမ်းတစ်နပ် လောက်တော့ အလွယ်လေးရနိုင်တယ်လို့ ပြောလိုက်ပါတယ်။  ဒီတော့ဆရာတော်က မောင်ကျဘမ်းအိမ်ကို စုံစမ်းပြီး အလှူခံဖို့ ကြွသွားပါတယ်။  အိမ်ရောက်တော့ ဆရာတော်က မောင်ကျဘမ်းရဲ့ မိန်းမကို ပါးရိုက်ပြီး ဆွမ်းတစ်နပ်ကပ်စမ်း ဆိုပြီး ခပ်တည်တည် ထိုင်စောင့်နေပါတယ်။ မောင်ကျဘမ်းပြန်ရောက်တော့ ဇနီးသည်က ငိုတိုင်သဖြင့် ဆရာတော်ကို ဒေါသနှင့် မေးလိုက်ပါတယ်။  သာသနာမှာ နေလိုလလို ထွန်းကားတဲ့ဒီမြို့တော်ကြီးမှာ ဘယ်အိမ်တက်တက် ပါးရိုက်ပြီး ဆွမ်းချက် ခိုင်းရင်တောင် ဆွမ်းတစ်နပ်အလွယ်လေးရနိုင်တယ်ဆိုတဲ့ ဒကာ့စကားအတိုင်း ဆွမ်းဖိတ်တာလေ။ ဒါ့ကြောင့် ငါရိုက်တာမဟုတ်၊ ဒကာရိုက်တာဖြစ်တယ်။  ကျွန်တော်ဒါလေးတွေးမိတော့  တဖြည်းဖြည်းနဲ့ အမှားတွေ များလာ၊ ပါလားပြီး ဘယ်အိမ်တက်တက် ပါးရိုက်ပြီး ဖုန်းတစ် Call လောက်တောင်းဆက်ဆက်ရတယ် လို့များမှားပြောမိရင်ဖြင့်။  ဟုတ်ကဲ့ စေတနာစကားအမှားတွေကြောင့် မြန်မာပြည်ကြီး ပါးရိုက်ပြီး ယူသွားမခံရကြပါစေနဲ့လို့သာ။  ၄-၉-၂၀၁၃။
မနေ့က Facebook ပေါ်မှာ လှေစီးတဲ့ကိစ္စ တော်တော် ကျယ်လောင်သွားတယ်။
ဝန်ကြီးရဲ့ ညံ့ဖျင်းမှု၊ လက်အောက်ငယ်သားရဲ့ဖားမှုတွေကို အမျိုးမျိုးဝေဖန်ထောက်ပြကျပါတယ်။
လက်အောက်ငယ်သားကလည်း အဖားလွန်၊ ဘုံပျောက်မှာ အကြောက်လွန်၊ စားကျက်ပျောက်မှာကို အကြောက်လွန်နေကြတယ်။ လိုတာထက်ပိုပြီး လူကြီးတစ်ယောက်လာမယ်ဆိုရင် စီစဉ်တတ်ကြတယ်။
သူလည်း အိုးစားဘယ်ကွဲချင်ပါ့မလဲ။
ဝန်ကြီးကရော လက်အောက်ငယ်သား စီစဉ်သမျှ လုပ်တော့မှာလည်း။ သင့်၏ မသင့်၏ မစဉ်းစားတော့ ဘူးလား။
လက်အောက်ငယ်သားထက် စဉ်းစားတွေးတောဥာဏ်ကြီးလို့ ၀န်ကြီးလုပ်နေတာလေ။ လက်အောက်ငယ်သားတွေရဲ့ အကျင့်စရိုက်ကိုပြင်ဖို့ အကြီးအကဲလုပ်နေတာလေ။
ရိုးစွဲနေတဲ့ အောက်လက်ငယ်သားအကျင့်ကို သူလုပ်လို့ တို့လိုက်တာ ဆိုပြီး အကြောင်းပြလို့မရတော့ဘူး။ အောက်ကိုလည်း ပြင်နိုင်အောင် လုပ်ရမယ်။ လူကြီးကိုယ်တိုင်လည်း ပြင်ရတော့မယ်လေ။
တစ်ခါက ကျွန်တော် ဦးပေါ်ဦးထက်တော်တဲ့သူများ ဆိုပြီး ရေးဖူးပါတယ်။ လူကြီးတွေအတွက် လက်ဆောင်ပြင်ဆင်တာ၊ လူကြီးရဲ့ အကြိုက်ထက် ပိုလုပ်ဆောင်ချင်တဲ့သူတွေကို သရော်ချင်တာပါ။
ဒါတွေကို လူကြီးကမသိဘူးလား။ သိရဲ့သားနဲ့ယူတာလား။ ဒါဆို အောက်လက်ငယ်သားပေးတာကို စားနေရတဲ့လူကြီးဘ၀ကြီးပါလား။ အောက်လက်ငယ်သားကို လူကြီးက ပြန်လည်ဝေငှရမှာလေ။
အဲ လူကြီးတွေကိုပဲ အပြစ်ဖို့တာမဟုတ်ပါဘူး။ အောက်က ကပ်ဖား၊ ရပ်ဖား၊ စားဖား၊ ပေါင်းဖားနေတဲ့ ဖားမျိုးစုံတွေကလည်း ကိုယ့်အတ္တတစ်ခု၊ ကိုယ့်နေရာတစ်ခု၊ ကိုယ့်လုပ်ပိုင်ခွင့်တစ်ခုအတွက် အကုန်အသုံးချ နေကြတာလေ။
ဒါတွေမြင်မိတော့ မိတ်ဆွေတစ်ဦး ပြောပြတဲ့အကြောင်းလေးကို သတိရမိပါတယ်။ သူက ချင်းပြည်နယ် သားတစ်ဦးပါ။
ဦးတင်ဦး(NLD) ယခင် ကာကွယ်ရေးဦးစီးချုပ်လုပ်ချိန်ကအကြောင်းလေးပါ။ မြန်မာ-အိန္ဒိယနယ်စပ် စည်းအတွက် ချင်းပြည်နယ်ကို သွားခဲ့ကြပါတယ်။
ချင်းပြည်နယ်ကို ရောက်တော့ အောက်ကလူတွေ လမ်းတောက်လျှောက် လုံခြုံရေးနေရာယူထားတာကို တွေ့သွားပါတယ်။ အဲဒီမှာ တာဝန်ကျတဲ့ တပ်ရင်းမှူးတစ်ဦးကို ခေါ်ပြီး လုံခြုံရေးတွေကို ရုတ်ဖို့အမိန့်ပေးပါတယ်။
ပြီးတော့ ပြောပါတယ်။
ငါက တိုင်းပြည်အတွက် တကယ်စေတနာထားလုပ်နေတာ။ အေးကောင်းတာမြင်တဲ့သူလည်း ရှိမယ်။ မကောင်းတာမြင်တဲ့သူလည်း ရှိမယ်။ ငါဂရုမစိုက်ဘူး။ အများကောင်းကျိုးလုပ်တာ။ ဒါကို အမြင်မကြည်လို့ လုပ်ကြံရင်လည်း သေပါစေ။ ငါသေရဲတယ်။ ကိုယ့်စေတနာ၊ ကိုယ့်လိပ်ပြာကိုယ်လုံတယ်တဲ့။
ဒါက မိတ်ဆွေတစ်ဦးပြောပြတဲ့စကားပါ။ သမိုင်းအမုန်တော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော် ကြက်သီး ထမိပါတယ်။
ရှေ့မှာပွိုင့်ကား မော်တော်ပီကယ်၊ လုံခြုံရေးကား၊ နောက်မှာ နောက်လိုက် ကားတွေက စီတန်းပြီး ပြည်သူတွေ သွားတဲ့ခရီးမှာ ခရာတရွှီရွှီ လုပ်ပြီးလမ်းရှင်းခိုင်းတာ၊ လူတစ်ယောက်အတွက် လူပေါင်းများစွာ အစာငတ်၊ အနေကြပ်ပြီး လုံခြုံရေးယူရတာတွေကို ဘယ်လိုမှ ကျွန်တော်ကြည့်မရပါဘူး။
တကယ် အများကောင်းကျိုးလုပ်သူအတွက် အများက အလိုက်သိပါလိမ့်မယ်။ လမ်းရှင်းပေးစရာ မလိုအောင် သွားလမ်း၊ လာလမ်းရှင်းပေးပါလိမ့်မယ်။
ဒါဆို အထင်ကရလူကြီးတွေအတွက် လုံခြုံရေးမလိုဘူးလား ပြောစရာရှိပါတယ်။ လိုပါတယ်။ တိုင်းပြည်အတွက် တကယ်လုပ်ဆောင်နေသူတွေ၊ တကယ်လိုအပ်သူတွေကို ဘယ်သူမှ ပစ်မထားပါဘူး။ လိုအပ်ရင်ရှေ့တန်းက ကာကွယ်ပေးမယ့်သူတွေ အများကြီးပါ။ သူ့အတွက် လုံခြုံရေးလုပ်ပေးသူတွေ အများကြီးပါ။
တိုင်းပြည်ခေါင်းဆောင်အတွက် လုံခြုံရေးလိုအပ်တယ်ဆိုတာ ဗိုလ်ချုပ်တို့က သက်သေခံပြီးပါပြီ။
ဗိုလ်ချုပ်က ရိုးဖြောင့်သူဆိုတော့ သူကို လုပ်ကြံမယ့်သူမရှိနိုင်ဘူးလို့ သူ့စိတ်နဲ့ယှဉ်တွေးမှာပါ။ ဒါမှမဟုတ် တိုင်းပြည်အတွက် အမှန်တကယ်လုပ်နေတာဖြစ်တဲ့အတွက် သူ့ကိုလုပ်ကြံလည်း အသက်ပေးရပေးရ လိပ်ပြာလုံသူတွေအတွက် အသက်က အဓိကမဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ လူသေပြီး ဘယ်တော့မှ နာမည် မသေတော့တဲ့အတွက်ပါ။
ဒါက ကျွန်တော်ဥာဏ်မိသလောက် စဉ်းစားမိတာလေးပါ။
နောက်တစ်ချက်စဉ်းစားမိတာက စေတနာပါသော်လည်း အနေအထိုင် အပြောအဆို မတတ်ခြင်း၊ မစောင့်ထိန်းတတ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေ အကြောင်းပါ။
ထမင်းတစ်နပ် လျှော့စားဖို့
မီးပြတ်ရင် ဖယောင်းတိုင်ထွန်းဖို့
တရုတ်ကို ကြောက်ရပါတယ်ဆိုတဲ့ စကားတွေက သူတို့ဘ၀၊ သူတို့အလုပ်အတွက် တစ်ခုခု အကျိုးဖြစ် နိုင်မယ်၊ ပြီးတော့ ပြဿနာကိုဖြေရှင်းနိုင်ဖို့ ပြောလိုတဲ့ စေတနာစကားတွေလည်း ဖြစ်နိုင်ပါတယ်။
ဟော ပဲခူးတိုင်းဝန်ကြီးဟာလည်း အောက်ခြေက အခြေအနေကြည့်ချင်တဲ့ သဘောပါမှာပါ။ သို့သော် အနေအထိုင်၊ အပြောအဆိုကို မထိန်းသိမ်း၊ မစောင့်စည်းလိုက်နိုင်တော့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာ လေးတွေပါ။
ဒီနေရာမှာ တစ်ခုသတိရမိလိုက်ပါတယ်။ ပေလေးပင်ရှင်လေးပါး အ၀င်ရှင်ဥတ္တမကျော်ဟာ ပညာမာန် မောက်နေတဲ့ ခုံတော်မောင်ကျဘမ်းကို ဆုံးမဖို့ အင်းဝနေပြည်တော်ကို ရောက်လာပါတယ်။ ရောက်ရောက်ချင်း အလှူခံရန်စုံစမ်းတော့ တိုက်တိုက်ဆိုင်ဆိုင် ခုံတော်မောင်ကျဘမ်းနဲ့ သွားတွေ့ပါတယ်။
ဆရာတော်က မေးတော့ မောင်ကျဘမ်းက
သာသနာနေလိုလလို ထွန်းကားတဲ့ ဒီမြို့တော်မှာ ဘယ်အိမ်တက်တက် ပါးရိုက်ပြီး ဆွမ်းတစ်နပ် လောက်တော့ အလွယ်လေးရနိုင်တယ်လို့ ပြောလိုက်ပါတယ်။
ဒီတော့ဆရာတော်က မောင်ကျဘမ်းအိမ်ကို စုံစမ်းပြီး အလှူခံဖို့ ကြွသွားပါတယ်။
အိမ်ရောက်တော့ ဆရာတော်က မောင်ကျဘမ်းရဲ့ မိန်းမကို ပါးရိုက်ပြီး ဆွမ်းတစ်နပ်ကပ်စမ်း ဆိုပြီး ခပ်တည်တည် ထိုင်စောင့်နေပါတယ်။ မောင်ကျဘမ်းပြန်ရောက်တော့ ဇနီးသည်က ငိုတိုင်သဖြင့် ဆရာတော်ကို ဒေါသနှင့် မေးလိုက်ပါတယ်။
သာသနာမှာ နေလိုလလို ထွန်းကားတဲ့ဒီမြို့တော်ကြီးမှာ ဘယ်အိမ်တက်တက် ပါးရိုက်ပြီး ဆွမ်းချက် ခိုင်းရင်တောင် ဆွမ်းတစ်နပ်အလွယ်လေးရနိုင်တယ်ဆိုတဲ့ ဒကာ့စကားအတိုင်း ဆွမ်းဖိတ်တာလေ။ ဒါ့ကြောင့် ငါရိုက်တာမဟုတ်၊ ဒကာရိုက်တာဖြစ်တယ်။
ကျွန်တော်ဒါလေးတွေးမိတော့ တဖြည်းဖြည်းနဲ့ အမှားတွေ များလာ၊ ပါလားပြီး ဘယ်အိမ်တက်တက် ပါးရိုက်ပြီး ဖုန်းတစ် Call လောက်တောင်းဆက်ဆက်ရတယ် လို့များမှားပြောမိရင်ဖြင့်။
ဟုတ်ကဲ့ စေတနာစကားအမှားတွေကြောင့် မြန်မာပြည်ကြီး ပါးရိုက်ပြီး ယူသွားမခံရကြပါစေနဲ့လို့သာ။
 မောင်ပိုင်
၎-၉-၂၀၁၃။
— with William Tuntunko and 21 others.
တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူတို.အတွက် နေရာ
$
0
0
Kyaw Swar Myint's photo.
တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူတို.အတွက် နေရာ ===================================== အိပ်မက်မဟုတ်ပါဘူး။ ထိန်ပင်ဆိုတာ ရန်ကုန်ကလူတွေ သိတယ်။ အသုဘဆိုရင် ရေဝေးပို့ မယ်။ ထိန်ပင်ဆိုရင် “အင်” ချင်နေပြီ။ လမ်းကလည်း ကြမ်းသကိုး။ သွားလမ်းလာလမ်းကလည်း မဖြောင့်သကိုး။ ခလုတ်ကန်သင်း တောနဲ့ ဗွက်။ သိပ်ရင်းမှ.. အင်း..။  မနေ့ ကတော့ ထိန်ပင်ရောက်တယ်။ အသုဘသွားပို့ တာ မဟုတ်။ ပြီးခဲ့တဲ့အပတ်က အဘဗိုလ်ဇင်ယော်ရဲ့ အိမ်ရောက်တော့ သူ့ အိမ်မှာ စကားပြောဖြစ်တယ်။ သမီးလတ် ရီရီဇင်ရယ်၊ အငယ်မ ၀ါဝါဇင်ရယ်။ အဘ ဟိုင်နန်ကျွန်းမှာ သင်တန်းတက်တုန်းက ဓာတ်ပုံတွေ တွေ့ ရတယ်။ ကောင်းပေါ့။ ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်စ် (ဖ်) က လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေ တွေ့ တယ်။ ပြီး အသက်ကြီးတော့ အဘဗိုလ်ဇင်ယော် ဆုံးတယ်။ သုံးရောင်ခြယ် နောက်ခံနဲ့  ဗိုလ်ဇင်ယော် (ရဲဘော်သုံးကျိပ်)၊ သခင်သန်းညွန့် ဆိုပြီး ကြံတောမှာ အုတ်ဂူ သားသားနားနားနဲ့  မြှုပ်ခဲ့တဲ့ ဓာတ်ပုံလေးလည်း တွေ့ ခဲ့ရပါတယ်။ အခု ကြံတောမှ မရှိတော့ဘဲ။ ဘယ်မှာလဲဆိုတော့ သမီးငယ် ၀ါဝါက ပြောတယ်။ ထိန်ပင်မှာ တဲ့။  ထိန်ပင်ဆိုတာ လှည်းတန်းကနေ တက္ကစီငှားရင်တောင် လိုက်ချင်တဲ့ကား ခပ်ရှားရှားရယ်။ လမ်းက ဝေးလည်းဝေး၊ ဆိုးလည်းဆိုးသကိုး။ ဈေးမပြောဘူး၊ မအားဘူးနဲ့  မလိုက်ဘူးက အရင်ကြားရတာ။ အဆင်ပြေလို့ မောင်းပေးရင် တစ်နာရီကျော် ကြာပါတယ်။ အဲဒီအရပ်ကို မနေ့  ကျွန်တော်ရောက်တာပါ။  ဟိုရောက်တော့ မီးသဂြို င်္လ်စက်၊ အဲဒီကနေ လှမ်းပြီးတော့ လမ်းသိတဲ့ ကလေးတစ်ယောက်ကို မေးရတယ်။ ရဲဘော်သုံးကျိပ် အုတ်ဂူတွေ ဘယ်နားမှာ ရှိလဲလို့ ။ မီးသဂြို င်္လ်စက်ကနေ တောင်ဘက်ကို မီတာနှစ်ရာလောက်သွားရင် အဲဒီမှာ အမှိုက်လာပစ်တဲ့ ကားတွေကို မှတ်တဲ့ ကားမှတ်စခန်းရုံး အသေးလေး ရှိတယ်။ မျက်နှာချင်းဆိုင်မှာ အမှိုက်ပုံ အကြီးကြီးရှိတယ်။ ရုံးဘေးမှာလူသွား လမ်းလေးရှိတယ်။ ရုံးနောက်ကို ဆယ်မီတာလောက် လမ်းလျှောက်လိုက်။ ပြီးရင် ရပ်။ ဗွက်မနစ်အောင် ဖိနပ်ချွတ်၊ ပုဆိုးတိုတိုဝတ်၊ ဖိနပ်ကို ခါးကြားထိုး၊ ဘောင်းဘီရှည်နဲ့ ဆိုရင် ဒူးအထိလိပ်တင်၊ ရပြီ။ ညာကွေ့ ၊ တစ်ပေခွဲ နှစ်ပေ အုတ်ဂူလေးတွေ စတွေ့ ရပြီ။ ဗွက်တော မြက်တောမှာ။  ဦးဆုံး စတွေ့ တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။ အလျားနှစ်ပေ၊ အနံတစ်ပေခွဲ၊ အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။ ဆက်လျှောက်ကြည့်မိတယ်။ ဗိုလ်စောနောင် (သိတာပေါ့၊ ရွှေတောင်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့  ညီအစ်ကို၊ ရှမ်းအမျိုးသားတွေ)၊ နောက် ဗိုလ်မင်းခေါင်။ ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီး မုဆိုးဝတ္ထု စာရေးဆရာပေါ့) နောက် ဗိုလ်မြင့်ဆွေ။ တစ်ခါ ရဲဘော်သုံးကျိပ်ထဲမှာ ဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။ ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့် ) ဆိုတာ ဖတ်လို့ ရတယ်။  နာမည်သိမထားတဲ့သူဆိုရင် ဖတ်လို့ ရမယ် မထင်ဘူး။ ၀မ်းနည်းစရာတော့ အကောင်းသား။ ကြံတောမှာတုန်းက အုတ်ဂူက နောက်ခံ သုံးရောင်ခြယ်နဲ့ ။ ခုတော့ ဘာအရောင်မှ မရှိတော့ပါ။ အမြင်မတော်လို့ ပါ။ တာဝန်ရှိတယ်ထင်ရင်၊ တာဝန်သိသူများ သွားကြည့်စေချင်ပါတယ်။  ရဲဘော်သုံးကျိပ် အထိမ်းအမှတ်အနေနဲ့ ကျောက်တိုင်လေးတစ်ခု၊ နေရာလေးတစ်ခု၊ ကမ္ပည်းလေးတစ်ချပ်လောက်များ ရှိလေမလားလို့ ။  ရဲဘော်သုံးကျိပ်နဲ့ ပက်သက်တဲ့ အမှတ်အသားလို့ ဘဲဆိုမလား။ ဟိုးအဝေးကြီးက ဂျပန်ပြည်မှာတော့ ရဲဘော်သုံးကျိပ်ကို အဓိက ဦးဆောင်ပြီး စစ်ပညာသင်ပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး)နေတဲ့ ရွာမှာ အထိမ်းအမှတ် အောင့်မေ့ဖွယ် ကျောက်စာတိုင်လေး ရှိတယ်။ ရွာနာမည်က ဟာမမတ်စု (Hamamatsu) တဲ့၊ ရှီဇူအိုကနယ် (Shizuoka Prefecture) ကပါ။  ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူလည်း အဲဒီမှာရှိတယ်။ သူ့ ဇာတိရပ်တဲ့။ နောက် ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောက်စာတိုင်တစ်ခုရှိတယ်။ အပေါ်ခေါင်းစဉ်က ဗမာလို  ရေးထားတယ်။ “ဂျပန်-မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” တဲ့။ အောက်မှာတော့ ဂျပန်လို အများကြီးပေါ့။   ဒုတိယ ကမ္ဘာစစ်တုန်းက မြန်မာပြည်စစ်မြေပြင်မှာ ဂျပန်စစ်သည်တစ်သိန်း ခြောက်သောင်းခုနစ်ထောင်ကျော်ကျဆုံးကြောင်း၊ အဲဒီထဲမှာ သူတို့ နယ်က စစ်သည် နှစ်ထောင့်ခုနစ်ရာကျော်ပါဝင်ကြောင်း လှလှပပ သပ်သပ်ရပ်ရပ်လေးပါ။ တဆက်တည်း ရေးသားထာတာကဒီအထိမ်းအမှတ်လေးဟာ ဗမာပြည် စစ်မြေပြင်မှာ အသက်ပေးသွားတဲ့ဂျပန်စစ်သည်တွေရဲ့ ဝိညာဉ်တွေကို ဖြေသိမ့် ပေးနိုင်ဖို့ နဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအချက်အလက်တွေ ရေရှည် တည်တံ့စေဖို့ မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်တဲ့။  ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုလည်း ထာဝရ တည်တံ့စေရန် ရည်ရွယ်တယ်လို့  အဆုံးသတ်ထားတယ်။ အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်မှူးကြီး ဆူဇူကီးနဲ့  လွတ်လပ်ရေးလှုပ်ရှားမှုအတွက် လျှို့ ဝှက်အစီအစဉ် ချခဲ့ပါတယ် (ရဲဘော်သုံးကျိပ်သမိုင်းရဲ့  နိဒါန်းပေါ့)။   အားတော့နာတယ်။ အဲဒီတုန်းကသူတို့ က ဖက်ဆစ်နော်၊ ကျဆုံးသွားတဲ့ သူတို့ ရဲ့ စစ်သည်တွေကို ဂုဏ်ပြုတယ်။  ဇင်ယော်တို့ ၊ လင်းယုန်တို့  လေထဲမှာ ပျံဝဲခဲ့တာ လူထုအတွက်။  ခုတော့..မြောင်းထဲမှာ။ ဗွက်တော မြက်တော အမှိုက်တောမှာ။ ကျွန်တော် ကားဆီပြန်တော့လိုက်ပို့ တဲ့ညီငယ်က “အစ်ကို ခြေထောက်ဆေးဦးလေ” တဲ့။ ဟုတ်သားဘဲ။  ထိန်ပင်က ပြန်ထွက်လာတော့ ရန်ကုန်ပြန်မယ့်ဘက်က “ဆံပင်ဝယ်သည်” လို့  ဆိုင်းဘုတ်အကြီးကြီး ရေးထားတဲ့ဆိုင်က ခပ်ကျယ်ကျယ် သီချင်းဖွင့်သံလေး ကြားလိုက်ရတယ်။  “ဗမာ့လွတ်လပ်ရေးအတွက်... တပ်မတော်ဖွဲ့ ဖို့  ဂျပန်ပြည်မှာကွယ်... တကယ်ဘဲ အသက်နဲ့ လဲလို့ ... ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်... သူရဲကောင်းတဲ့... ဗိုလ်အောင်ဆန်းနဲ့  အာဇာနည်တွေရယ်...” တဲ့.....။  ကျော်ကျော် (ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁)
တိုင်းပြည်လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့သူတို.အတွက် နေရာ
=====================================
အိပ်မက်မဟုတ်ပါဘူး။ ထိန်ပင်ဆိုတာ ရန်ကုန်ကလူတွေ သိတယ်။ အသုဘဆိုရင်
ရေဝေးပို့ မယ်။ ထိန်ပင်ဆိုရင် “အင်” ချင်နေပြီ။ လမ်းကလည်း ကြမ်းသကိုး။
သွားလမ်းလာလမ်းကလည်း မဖြောင့်သကိုး။ ခလုတ်ကန်သင်း တောနဲ့ ဗွက်။
သိပ်ရင်းမှ.. အင်း..။
မနေ့ ကတော့ ထိန်ပင်ရောက်တယ်။ အသုဘသွားပို့ တာ မဟုတ်။ ပြီးခဲ့တဲ့အပတ်က
အဘဗိုလ်ဇင်ယော်ရဲ့ အိမ်ရောက်တော့ သူ့ အိမ်မှာ စကားပြောဖြစ်တယ်။
သမီးလတ် ရီရီဇင်ရယ်၊ အငယ်မ ၀ါဝါဇင်ရယ်။ အဘ ဟိုင်နန်ကျွန်းမှာ
သင်တန်းတက်တုန်းက ဓာတ်ပုံတွေ တွေ့ ရတယ်။ ကောင်းပေါ့။ ဘီအိုင်အေ၊
ဘီဒီအေ၊ ပီဘီအက်စ် (ဖ်) က လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေ တွေ့ တယ်။
ပြီး အသက်ကြီးတော့ အဘဗိုလ်ဇင်ယော် ဆုံးတယ်။ သုံးရောင်ခြယ် နောက်ခံနဲ့ 
ဗိုလ်ဇင်ယော် (ရဲဘော်သုံးကျိပ်)၊ သခင်သန်းညွန့် ဆိုပြီး ကြံတောမှာ
အုတ်ဂူ သားသားနားနားနဲ့  မြှုပ်ခဲ့တဲ့ ဓာတ်ပုံလေးလည်း တွေ့ ခဲ့ရပါတယ်။
အခု ကြံတောမှ မရှိတော့ဘဲ။ ဘယ်မှာလဲဆိုတော့ သမီးငယ် ၀ါဝါက ပြောတယ်။
ထိန်ပင်မှာ တဲ့။
ထိန်ပင်ဆိုတာ လှည်းတန်းကနေ တက္ကစီငှားရင်တောင် လိုက်ချင်တဲ့ကား
ခပ်ရှားရှားရယ်။ လမ်းက ဝေးလည်းဝေး၊ ဆိုးလည်းဆိုးသကိုး။ ဈေးမပြောဘူး၊
မအားဘူးနဲ့  မလိုက်ဘူးက အရင်ကြားရတာ။ အဆင်ပြေလို့ မောင်းပေးရင်
တစ်နာရီကျော် ကြာပါတယ်။ အဲဒီအရပ်ကို မနေ့  ကျွန်တော်ရောက်တာပါ။
ဟိုရောက်တော့ မီးသဂြို င်္လ်စက်၊ အဲဒီကနေ လှမ်းပြီးတော့ လမ်းသိတဲ့
ကလေးတစ်ယောက်ကို မေးရတယ်။ ရဲဘော်သုံးကျိပ် အုတ်ဂူတွေ ဘယ်နားမှာ
ရှိလဲလို့ ။ မီးသဂြို င်္လ်စက်ကနေ တောင်ဘက်ကို မီတာနှစ်ရာလောက်သွားရင်
အဲဒီမှာ အမှိုက်လာပစ်တဲ့ ကားတွေကို မှတ်တဲ့ ကားမှတ်စခန်းရုံး အသေးလေး
ရှိတယ်။ မျက်နှာချင်းဆိုင်မှာ အမှိုက်ပုံ အကြီးကြီးရှိတယ်။ ရုံးဘေးမှာလူသွား
လမ်းလေးရှိတယ်။ ရုံးနောက်ကို ဆယ်မီတာလောက် လမ်းလျှောက်လိုက်။
ပြီးရင် ရပ်။ ဗွက်မနစ်အောင် ဖိနပ်ချွတ်၊ ပုဆိုးတိုတိုဝတ်၊ ဖိနပ်ကို ခါးကြားထိုး၊
ဘောင်းဘီရှည်နဲ့ ဆိုရင် ဒူးအထိလိပ်တင်၊ ရပြီ။ ညာကွေ့ ၊ တစ်ပေခွဲ နှစ်ပေ
အုတ်ဂူလေးတွေ စတွေ့ ရပြီ။ ဗွက်တော မြက်တောမှာ။
ဦးဆုံး စတွေ့ တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။
အလျားနှစ်ပေ၊ အနံတစ်ပေခွဲ၊ အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။
ဆက်လျှောက်ကြည့်မိတယ်။ ဗိုလ်စောနောင် (သိတာပေါ့၊ ရွှေတောင်တိုက်ပွဲမှာ
ကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့  ညီအစ်ကို၊ ရှမ်းအမျိုးသားတွေ)၊
နောက် ဗိုလ်မင်းခေါင်။ ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီး
မုဆိုးဝတ္ထု စာရေးဆရာပေါ့) နောက် ဗိုလ်မြင့်ဆွေ။ တစ်ခါ ရဲဘော်သုံးကျိပ်ထဲမှာ
ဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။ ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့် )
ဆိုတာ ဖတ်လို့ ရတယ်။
နာမည်သိမထားတဲ့သူဆိုရင် ဖတ်လို့ ရမယ် မထင်ဘူး။ ၀မ်းနည်းစရာတော့
အကောင်းသား။ ကြံတောမှာတုန်းက အုတ်ဂူက နောက်ခံ သုံးရောင်ခြယ်နဲ့ ။
ခုတော့ ဘာအရောင်မှ မရှိတော့ပါ။ အမြင်မတော်လို့ ပါ။ တာဝန်ရှိတယ်ထင်ရင်၊
တာဝန်သိသူများ သွားကြည့်စေချင်ပါတယ်။
ရဲဘော်သုံးကျိပ် အထိမ်းအမှတ်အနေနဲ့ ကျောက်တိုင်လေးတစ်ခု၊ နေရာလေးတစ်ခု၊
ကမ္ပည်းလေးတစ်ချပ်လောက်များ ရှိလေမလားလို့ ။
ရဲဘော်သုံးကျိပ်နဲ့ ပက်သက်တဲ့ အမှတ်အသားလို့ ဘဲဆိုမလား။ ဟိုးအဝေးကြီးက
ဂျပန်ပြည်မှာတော့ ရဲဘော်သုံးကျိပ်ကို အဓိက ဦးဆောင်ပြီး စစ်ပညာသင်ပေးခဲ့တဲ့
ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး)နေတဲ့ ရွာမှာ အထိမ်းအမှတ် အောင့်မေ့ဖွယ်
ကျောက်စာတိုင်လေး ရှိတယ်။ ရွာနာမည်က ဟာမမတ်စု (Hamamatsu) တဲ့၊
ရှီဇူအိုကနယ် (Shizuoka Prefecture) ကပါ။
ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူလည်း အဲဒီမှာရှိတယ်။ သူ့ ဇာတိရပ်တဲ့။ နောက် ဂျပန်-မြန်မာ
ချစ်ကြည်ရေးကျောက်စာတိုင်တစ်ခုရှိတယ်။ အပေါ်ခေါင်းစဉ်က ဗမာလို
ရေးထားတယ်။ “ဂျပန်-မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” တဲ့။
အောက်မှာတော့ ဂျပန်လို အများကြီးပေါ့။
ဒုတိယ ကမ္ဘာစစ်တုန်းက မြန်မာပြည်စစ်မြေပြင်မှာ ဂျပန်စစ်သည်တစ်သိန်း
ခြောက်သောင်းခုနစ်ထောင်ကျော်ကျဆုံးကြောင်း၊ အဲဒီထဲမှာ သူတို့ နယ်က စစ်သည် နှစ်ထောင့်ခုနစ်ရာကျော်ပါဝင်ကြောင်း လှလှပပ သပ်သပ်ရပ်ရပ်လေးပါ။ တဆက်တည်း ရေးသားထာတာကဒီအထိမ်းအမှတ်လေးဟာ ဗမာပြည်
စစ်မြေပြင်မှာ အသက်ပေးသွားတဲ့ဂျပန်စစ်သည်တွေရဲ့ဝိညာဉ်တွေကို ဖြေသိမ့်
ပေးနိုင်ဖို့ နဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအချက်အလက်တွေ ရေရှည်
တည်တံ့စေဖို့ မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်တဲ့။
ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုလည်း ထာဝရ တည်တံ့စေရန် ရည်ရွယ်တယ်လို့ 
အဆုံးသတ်ထားတယ်။ အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာ
ဗိုလ်မှူးကြီး ဆူဇူကီးနဲ့  လွတ်လပ်ရေးလှုပ်ရှားမှုအတွက် လျှို့ ဝှက်အစီအစဉ်
ချခဲ့ပါတယ် (ရဲဘော်သုံးကျိပ်သမိုင်းရဲ့  နိဒါန်းပေါ့)။
အားတော့နာတယ်။ အဲဒီတုန်းကသူတို့ က ဖက်ဆစ်နော်၊ ကျဆုံးသွားတဲ့ သူတို့ ရဲ့ စစ်သည်တွေကို ဂုဏ်ပြုတယ်။
ဇင်ယော်တို့ ၊ လင်းယုန်တို့  လေထဲမှာ ပျံဝဲခဲ့တာ လူထုအတွက်။
ခုတော့..မြောင်းထဲမှာ။ ဗွက်တော မြက်တော အမှိုက်တောမှာ။ ကျွန်တော် ကားဆီပြန်တော့လိုက်ပို့ တဲ့ညီငယ်က “အစ်ကို ခြေထောက်ဆေးဦးလေ” တဲ့။ ဟုတ်သားဘဲ။
ထိန်ပင်က ပြန်ထွက်လာတော့ ရန်ကုန်ပြန်မယ့်ဘက်က “ဆံပင်ဝယ်သည်” လို့ 
ဆိုင်းဘုတ်အကြီးကြီး ရေးထားတဲ့ဆိုင်က ခပ်ကျယ်ကျယ် သီချင်းဖွင့်သံလေး
ကြားလိုက်ရတယ်။
“ဗမာ့လွတ်လပ်ရေးအတွက်... တပ်မတော်ဖွဲ့ ဖို့  ဂျပန်ပြည်မှာကွယ်...
တကယ်ဘဲ အသက်နဲ့ လဲလို့ ... ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်...
သူရဲကောင်းတဲ့... ဗိုလ်အောင်ဆန်းနဲ့  အာဇာနည်တွေရယ်...” တဲ့.....။
ကျော်ကျော်
(ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁)
တရားလဲသိ၊ ဓါးလဲရှိ
$
0
0
 တရားလဲသိ၊ ဓါးလဲရှိသည့်……………………… အကြံမမှား ၊ ရန်မပွားချင် ၊ အမှန်တရား ၊ တို့လက်တွင် …………… မမှန်မော်ကြွား ၊ ရန်စော်ကားလျှင် ၊ တရားလက်တွင်း ၊ ဓါးနှင့်ရှင်း မည်………………… ငါတို့သည် ။ တရားလဲဆောင် ၊ ဓါးလဲပြောင်၏ ……………………. ငါတို့သည် ၊ တရားလဲမွေး ၊ ဓါးလဲသွေး၏ ………………………. တရားတစ်ဖက် ၊ ဓါးတစ်လက် မို့ ၊ မှားကွက်ကိုရှာ ၊ သင်…ငါတို့အား ………… မတန်မရာ ၊ ရန်မစွာ နှင့်………….. တရားလဲသိ ၊ ဓါးလဲရှိသည့် …………….. ငါတို့သည်……မြန်မာများဖြစ်ကြသည်။  (ရန်မျိုးနိုင်)  WE KNOW THE TRUTH AND WE HAVE THE STRENGRH ……….. Although, we possess a habitual truthfulness, we don’t want a wrong makeshift battle with others. But, if anybody insults us, we will fight these devils until their defunct from the earth with the swards of truth.   We are bringing both truthfulness and swards. We are taking care for both truthfulness and swards. Therefore ……. Don’t be quarrelsome with us or underestimate us, you who want to fight with us will go to hell because we are …..MYANMAR. (Translated by ttk)
တရားလဲသိ၊ ဓါးလဲရှိသည့်………………………
အကြံမမှား ၊ ရန်မပွားချင် ၊ အမှန်တရား ၊ တို့လက်တွင် ……………
မမှန်မော်ကြွား ၊ ရန်စော်ကားလျှင် ၊ တရားလက်တွင်း ၊ ဓါးနှင့်ရှင်း မည်…………………
ငါတို့သည် ။ တရားလဲဆောင် ၊ ဓါးလဲပြောင်၏ …………………….
ငါတို့သည် ၊ တရားလဲမွေး ၊ ဓါးလဲသွေး၏ ……………………….
တရားတစ်ဖက် ၊ ဓါးတစ်လက် မို့ ၊ မှားကွက်ကိုရှာ ၊ သင်…ငါတို့အား …………
မတန်မရာ ၊ ရန်မစွာ နှင့်…………..
တရားလဲသိ ၊ ဓါးလဲရှိသည့် ……………..
ငါတို့သည်……မြန်မာများဖြစ်ကြသည်
(ရန်မျိုးနိုင်)
WE KNOW THE TRUTH AND WE HAVE THE STRENGRH ………..
Although, we possess a habitual truthfulness, we don’t want a wrong makeshift battle with others.
But, if anybody insults us, we will fight these devils until their defunct from the earth with the swards of truth.
We are bringing both truthfulness and swards.
We are taking care for both truthfulness and swards.
Therefore ……. Don’t be quarrelsome with us or underestimate us, you who want to fight with us will go to hell because we are …..MYANMAR.
(Translated by ttk)
ကာလဒေသပယောဂ အခြေအနေရ
$
0
0
ကာလဒေသပယောဂ အခြေအနေရ လိုအပ်တယ်ထင်ရင် ရေထဲလမ်းလျှောက်မပေါ့ဗျာ
ဒီပုံကိုကြည့်လောကကြီး
ဝန်ကြီးချုပ် ကို စစချင်း ရေနက်တယ်ဆိုပြီး လှေပေါ် အတင်း တွန်းတင်ကြတာပါ ။ သွားရင်း နဲ့ ရေမနက်မှန်းသိတော့ ကျွန်တော်လှေ ပေါ်က ဆင်းမယ်ဆိုပြီး ဒီလို ပုံနဲ့ ဆက်ပြီး လမ်း လျှောက်ခဲ့တာပါ ။
ဝန်ကြီးချုပ် ကို စစချင်း ရေနက်တယ်ဆိုပြီး လှေပေါ် အတင်း တွန်းတင်ကြတာပါ ။ သွားရင်း နဲ့ ရေမနက်မှန်းသိတော့ ကျွန်တော်လှေ ပေါ်က ဆင်းမယ်ဆိုပြီး ဒီလို ပုံနဲ့ ဆက်ပြီး လမ်း လျှောက်ခဲ့တာပါ ။
ပဲံခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ရေထဲမှာ ဖြတ်လျှောက်တာ ထိုင်းဝန်ကြီးချုပ် ယင်လပ် ထက်တောင်အသက်ပါသေး
လိုအပ်ရင် သွားရလာရတဲ့ ခရီးနီးရင် ရပ်ကွက်ထဲက ဒူးဆစ်ကျော်လည်း ဖြတ်လျှောက်မှာပေါ့
No This's called Myanmar 4 legs. မီဒီယာတွေသံကြောင့် ၀န်ကြီးချုပ်ရေထဲဆင်းတာမဟုတ်ဘူး
သူဆင်းလို့ ရတဲ့ အနက်၊ သူရေထဲဖြတ်လျှောက်လို့ သွားနိုင်တဲ့ ခရီးမို့ ရေထဲဖြတ်လျှောက်တာ
မြန်မာ့ ခြေလေးချောင်းနွယ်ဝင်တွေ က အားအားယားယား လိုက်ယှဉ်နေတာ
သူလိုတင်ထင်ရင်ဆင်းမယ် မလိုဘူးထင်မဆင်းဘူးပေါ့ ရှင်းနေတာ
လှေစီးဖို့ရော လုံလောက်တဲ့ ခါးတစ်ပိုင်းလောက်အနက်မဟုတ်ဘူး
ဒီတော့ လွှတ်ထားလိုက် ဖွမရရင်ငြိမ်သွားလိမ့်မယ်
လိုက်ရှင်းလေ ရှုပ်လေ သူတို့ကို အလေးနက်ထားလေ ထင်တဲ့ ကောင်စားတွေ အများကြီး ရှိတယ်
အလေးအနက်မထားဖို့ ဆိုလိုတာမဟုတ်ပါ ကဏ္ဍနဲ့ ခေါင်းစဉ်ခွဲခြား စိတ်ဖြာပြီးမှ ကောင်တာလုပ်တာကောင်းတယ်လို့ယူဆလို့ပါ
ရေထဲလမ်းဆင်းလျှောက်တယ်မလျှောက်ဘူးဆိုတာ ထက် အခုဟာက အခြေလေးချောင်းသာသာ ခေါင်းမဲ့ ဦးနှောက်မပါ တာတွေက ပစ်မှတ်တစ်ခုလို လုပ်နေတာ
ရှာကြံပြောစရာတောင်မလိုဘူး အော်လို့ရတယ် လုံလောက်တဲ့ အခွန်အခ ပေးထားပါလျက် ကိုယ့်အိမ်ထဲ ခြင်ကိုက်ခံနေရရင် စည်ပင်သာယာအပြစ်ရှိတယ် ပြောဖို့လူတိုင်းလွယ်လွယ်လေး (နောက်ကွယ်မှာတော့ အိမ်ထဲက ခြုံ အမှိုက်နဲ့ အလင်းရောင်မရတဲ့နေရာ ဂျောင်ဂလောင်တွေများနေတာ အိမ်ရှေ့ရေနုတ် မြောင်း အမှိုက်မဆယ်ဘဲ ပစ်ချနေတာ သူတို့ အပြစ်ကို သူတို့မသိချင်ယောင်ဆောင်ပြီး အရူးလိုလုပ်ပြောတာ အခု လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ သဘာဝ လို့ ပြောရင် ကျွန်တော့်ကို ၀ိုင်းဆဲကြပေလိမ့်မယ်၊
အမေရိကန်သမ္မတ တို့ ထိုင်းဘုရင်တို့ ရေထဲဆင်းတဲ့ ပုံရရင် သမ္မတကြီး မဆင်းဘူးလား မေးဦးမယ်ဗျ
အပြစ်ပြောချင်ရှာကြံပြောမဲ့လူတွေ အတွက် ကျုပ်တို့ နိုင်ငံရဲ့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လည်း လှေမလိုရင် လှေမစီးဘူး၊ ရေထဲ လျှောက်လို့ရတဲ့ အနက်ဆိုလျှောက်တယ် သဘောပေါက်
လှေစီးဖို့ မလိုလို့ လှေပေါ်ကဆင်းပြီးရေထဲလမ်းလျှောက်တဲ့ပုံ
ဝန်ကြီးချုပ် ကို စစချင်း ရေနက်တယ်ဆိုပြီး လှေပေါ် အတင်း တွန်းတင်ကြတာပါ ။ သွားရင်း နဲ့ ရေမနက်မှန်းသိတော့ ကျွန်တော်လှေ ပေါ်က ဆင်းမယ်ဆိုပြီး ဒီလို ပုံနဲ့ ဆက်ပြီး လမ်း လျှောက်ခဲ့တာပါ ။
ဝန်ကြီးချုပ် ကို စစချင်း ရေနက်တယ်ဆိုပြီး လှေပေါ် အတင်း တွန်းတင်ကြတာပါ ။ သွားရင်း နဲ့ ရေမနက်မှန်းသိတော့ ကျွန်တော်လှေ ပေါ်က ဆင်းမယ်ဆိုပြီး ဒီလို ပုံနဲ့ ဆက်ပြီး လမ်း လျှောက်ခဲ့တာပါ ။
 https://www.facebook.com/notes/kyaw-lin-nyein/%E1%80%80%E1%80%AC%E1%80%9C%E1%80%B1%E1%80%92%E1%80%9E%E1%80%95%E1%80%B1%E1%80%9A%E1%80%AC%E1%80%82-%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%A1%E1%80%B1%E1%80%94%E1%80%9B-%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1%E1%80%95%E1%80%B9%E1%80%90%E1%80%9A%E1%80%B9%E1%80%91%E1%80%84%E1%80%B9%E1%80%9B%E1%80%84%E1%80%B9-%E1%80%B1%E1%80%9B%E1%80%91%E1%80%B2%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%BD%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%80%B1%E1%80%95%E1%80%AB%E1%80%B7%E1%80%97%E1%80%BA%E1%80%AC/652336008124024 မှကူးယူဖော်ပြသည်။
ဘတ်စ်ကားပေါ်မှ အတွေးများ
$
0
0
ဘတ်စ်ကားပေါ်မှ အတွေးများ
================
ရုံးပိတ်ရက်တစ်ခုမှာ မန်ချက်စတာမြို့ထဲကိုသွားဖို့ ဘတ်စ်ကားစောင့်နေပါတယ်။ မှတ်တိုင်မှာ ကားလာမယ့်အချိန်စာရင်းနဲ့ မြေပုံကပ်ထားပါတယ်။ ကားကြီးကလည်း အချိန်အတိအကျရောက်လာပါရော၊ လူတွေကလည်း တန်းစီပြီး တစ်ယောက်ချင်းတက်ကြပါတယ်။ ကားမောင်းသမားကို လက်မှတ်လေးတွေပြပြီး ၀င်သွားကြတာ စပယ်ယာလုံးဝမလိုပါဘူး။ မြန်မြန်တက်ကြပါလို့ ဆွဲတင်မယ့်လူလည်းမရှိ၊ နေရာရဖို့လည်း လုတက်စရာမလိုပါ။ 
ကားရှေ့ပိုင်းနေရာကျယ်တွေက ကလေးမိခင်တွေ၊ မသန်စွမ်းသူတွေနဲ့ အဘိုးအဘွားတွေအတွက်ပါ။ ဘယ်သူမှဝင်မထိုင်သလို ထိုင်နေရင်လည်း ထပေးဖို့ပြောစရာမလိုပါ။ ရန်ကုန်မှာတော့ သံဃာတော်များအတွက်သာလို့ စာရေးထားတဲ့နေရာမှာထိုင်နေပြီး ဖယ်မပေးတဲ့သူတွေ၊ ဈေးဗန်းနဲ့ ကိုယ်ဝန်အရင့်အမာနဲ့ တက်လာတဲ့အမျိုးသမီးကို မျက်နှာလွှဲပြီး ဆက်ထိုင်နေတတ်သူတွေကို ကားစီးတိုင်းတွေ့ရပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးလောက် မေတ္တာ၊ ကရုဏာ၊ မုဒိတာအကြောင်း ပြောတတ်တဲ့လူမျိုးလည်း ရှိမယ်မထင်ပါဘူး။ ငါ ဆိုတာပါလာတော့ ဗြဟ္မစိုရ်တရားလည်း ပြေးရတာပါပဲ။
ကားဆရာက ခုံပြည့်လောက်ပြီဆိုရင် နောက်ထပ်တက်လာတဲ့ခရီးသည်ကိုလက်မခံပါဘူး။ နောက်ကားတစ်စီးကို ၁၀ မိနစ်စောင့်ရုံပါပဲ။ ပန်းဆိုးတန်းမှတ်တိုင်မှာ လူမပြည့်မချင်းတင်လို့ ငါးပိသိပ်သလိုမွန်းလှတာမို့ လမ်းဆင်းလျှောက်ခဲ့ရတာ မှတ်မိပါသေးတယ်။ ပုံစံချထားတဲ့ စည်းကမ်းချင်းကွာတော့ သက်တောင့်သက်သာရှိပုံချင်းလည်း တော်တော်ကွာပါတယ်။
ကားကြီးစထွက်တော့လည်း ဖြည်းဖြည်းမှန်မှန်ပဲ။ ခရီးသည်တွေ အန္တရာယ်ကင်းဖို့အဓိကပါ။ သူတို့ဆီမှာ ဘတ်စ်ကားမောင်းသမားဖြစ်ဖို့ အရမ်းခက်ပါတယ်။ အဆင့်ဆင့်သော အရည်အချင်းစစ်ဆေးမှုတွေအောင်မြင်ပြီးမှ လုပ်ခွင့်ရကြတာပါ။ လခကျတော့လည်း ဆရာဝန်ထက်တောင် ပိုပါသေးတယ်။ ဓါတ်ဆီလည်း ခိုးရောင်းစရာ မလိုဘူးလေ။ 
သူတို့ရဲ့ လမ်းပေါ်ကစည်းကမ်းတွေကလည်း ကျွန်မအတွက်တော့ အဆန်းပါ။ မျဉ်းကျားမှာ ဖြတ်ကူးဖို့စောင့်နေတဲ့လူကို ပထမဦးစားပေးပါတယ်။ တစ်ယောက်တည်းရပ်နေသည်ဖြစ်စေ ကားအားလုံးတန်းစီရပ်ပေးပြီး ကူးခွင့်ပြုတယ်။ တောသူကျွန်မက ကြောင်ကြည့်နေမိလို့ မြန်မြန်ကူးလေလို့ လက်ပြတာရှက်ရှက်နဲ့ ခံရဖူးပါတယ်။ ကားလေးတွေကို ကားကြီးက ဦးစားပေးတယ်။ လမ်းလေးတွေကလည်း ခပ်ကျဉ်းကျဉ်းထဲမှာ သူ့လိုင်းနဲ့သူ မောင်းကြတယ်။ ဘယ်ကားမှ အတင်းလုပြီး ကျော်တက်တာမရှိ၊ သတ်မှတ်မိုင်နှုန်းနဲ့ မှန်မှန်ပဲ။ ဟွန်းတီးစရာလည်းမလို၊ အော်ဟစ်ဆဲဆိုစရာလည်းမရှိ၊ ရန်ကုန်မြို့ထဲမှာ သံဗုဒ္ဓေရွတ်ရင်း ကားစီးရတဲ့အရသာနဲ့တော့ တခြားစီပါပဲ။ ဘတ်စ်ကားပေမယ့် ကိုယ်ပိုင်ကားလို လွတ်လွတ်လပ်လပ် ငြိမ့်ငြိမ့်ညောင်းညောင်းဆိုတော့ ဘုရား၊ တရားလည်း မေ့နေတာပါ။
အရမ်းထူးဆန်းတာတွေလည်း ရှိပါသေးတယ်။ မီးပွိုင့်အားလုံး မီးလင်းနေပြီး ယာဉ်ထိန်းရဲလုံးဝမရှိပါ။ ပုန်းပြီးစောင့်ဖမ်းတာမျိုးလည်း လုံးဝမလုပ်ပါ။ ဘယ်သူမှ လမ်းကဖြတ်တားပြီး လိုင်စင်ပြခိုင်းတာမျိုးလည်း လုံးဝ လုံးဝ မရှိပါ။ လက်ဖက်ရည်ဖိုးဆိုတာကတော့ ဝေးပါလေရော။ ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည်လို့ တီဗွီ၊ ရေဒီယိုက သီချင်းသံအကျယ်ကြီးလည်း တစ်ခါမှ မကြားဖူးပါ။ ယာဉ်တိုက်မှု ကင်းမဲ့ဇုန်လို့ စာရေးပြီး ကပ်ထားတာလည်း မတွေ့ရပါ။ အတွေးတစ်ခုတွေးမိပါတယ်။ လူတွေစည်းကမ်းရှိနေရင် ကိစ္စတော်တော်များများ ငြိမ်းသွားတယ်ဆိုတဲ့ အတွေးပါ။
မှတ်တိုင်ရောက်ခါနီးလို့ ဆင်းချင်ရင် ခေါင်းလောင်းခလုတ်နှိပ်လိုက်ရုံပါပဲ။ မှတ်တိုင်ပါတယ်လို့ လိပ်ခေါင်းထွက်အောင် အော်စရာမလိုပါ။ ကားဆရာက ညင်ညင်သာသာပဲ ရပ်ပေးပါတယ်။ မြန်မြန်ဆင်းလေလို့ တွန်းချမယ့်လူမရှိတာ တော်တော်စိတ်ချမ်းသာစရာပါ။ ခရီးသည်တွေကလည်း ကားဆရာကို ကျေးဇူးတင်ပါတယ်လို့ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြီး ဆင်းသွားကြပါတယ်။ ကျွန်မတစ်သက် ရန်ကုန်မှာ တစ်ခါမှ ကားဆရာကို ကျေးဇူးတင်ပါတယ်လို့ ပြောရကောင်းမှန်း မသိခဲ့ဖူးပါ။ ပြောဖို့လည်း အချိန်မရဖူးပါ။ တကယ်လို့များ ခရီးသည်တွေကသာ ကားဆရာကို ကျေးဇူးတင်ပါတယ်လို့ လေးလေးစားစားပြောမယ်ဆိုရင် ကားဆရာကလည်း ခရီးသည်တွေကို ထမင်းရှင်အနေနဲ့ ကျေးဇူးတုံ့ပြန်နိုင်မလားလို့ တွေးမိပြန်ပါတယ်။
အားလုံးသိတဲ့အတိုင်း ဗြိတိန်ဆိုတာ ဒီမိုကရေစီဘိုးအေနိုင်ငံများထဲမှ တစ်ခုပါ။ ဖွံ့ဖြိုးတိုးတက်ခဲ့တာကြာလို့ အစစ အရာရာနေသားတကျရှိပြီးသား ရဲတိုက်တစ်ခုလိုပါပဲ။ ကျွန်မတို့ရဲ့နိုင်ငံကတော့ ဆင်ခြေဖုံးရပ်ကွက်ထဲက တဲအိမ်စုတ်စုတ်ကလေးလို ဖြစ်နေသေးတာပါ။ အိမ်စုတ်တာ၊ အိမ်ကောင်းတာက စီးပွားရေးနဲ့ ပြုပြင်ပြောင်းလဲယူလို့ ရနိုင်ပါတယ်။ မလွယ်ပေမယ့် မခက်ပါ။ ပိုပြီးအရေးကြီးတာက အဲဒီအိမ်ထဲမှာနေတဲ့ လူတွေရဲ့ စိတ်ဓါတ်ပါ။ ဘယ်လောက်ကောင်းတဲ့တိုက်အိမ်သစ်ထဲမှာ နေရသည်ဖြစ်စေ စည်းကမ်းမရှိရင် အမှိုက်ပွ၊ ကြွက်ကိုက်ပြီး ပျော်စရာကောင်းတဲ့အိမ် ဖြစ်လာမှာ မဟုတ်ပါဘူး။ 
၁၉၆၀ ပြည့်နှစ်တုန်းက မြန်မာနိုင်ငံလိုဖြစ်ရပါစေမယ်လို့ လီကွမ်ယုက သူ့နိုင်ငံသားများကို ကတိပေးခဲ့တာ မယုံနိုင်လောက်အောင်ပါပဲ။ ဒီနေ့လီကွမ်ယုအောင်မြင်သွားတာ စင်္ကာပူတစ်နိုင်ငံလုံးစည်းကမ်းလိုက်နာလို့ပါ။ ဒါကြောင့်မို့ ကျွန်မတို့ မြန်မာတွေလည်း ကိုယ့်အဘိုးအဘွားများခြေရာကို ပြန်နင်းနိုင်ဖို့ဆိုတာ စည်းကမ်းကို ရိုးတွင်းခြင်ဆီအထိစွဲနေမှ ရှေ့ကသွားနှင့်သူများကို မီနိုင်မှာဖြစ်ကြောင်း မဆုံးနိုင်အောင် အတွေးနယ်ချဲ့နေမိပါတယ်။
သန္တာဝင်း
( မတ်လ ၂၂-၂၈၊ ၂၀၁၀ ထုတ် The Voice weekly တွင် ဖော်ပြပြီးဖြစ်ပါတယ်။ )
လက်ဖက်ရည်ဆိုင်
$
0
0
လက်ဖက်ရည်ဆိုင်  ရုံးအကြောင်း မပြောရဘူးဆိုတော့ လက်ဖက်ရည်ဆိုင်ကြောင်းပြောမယ်။  လက်ဖက်ရည်ဆိုင်မှာ ဖျော်ဆရာက တစ်လငါးသိန်းတန်တယ်။ ကိုယ်ပေးနိုင်တာက နှစ်သိန်းပဲ။ တခြားဆိုင်က ငါးသိန်းပေးခေါ်တော့ သူက သွားချင်တာပေါ့။ ကိုယ်က တစ်သောင်းတန်ကောင်ကို ငါးသိန်းတန်တဲ့အထိ သင်ပေးလာရတာဆိုပြီး ဒေါပွတယ်။   တကယ်တမ်းကျ အဲသည်ကောင်ကို ပေးမထွက်ရင် သူက တကျီကျီလုပ်နေမှာ။ ကပျက်ယပျက်လုပ်နေမှာ။ တကယ်တမ်းကျ ပေးထွက်လိုက်တာပဲကောင်းတယ်။  ခက်တာက လက်ဖက်ရည်ဆိုင်ဆိုတာက ဖျော်ဆရာမရှိလို့မရဘူး။ ဒီတော့ မနက်ထွက်သွားရင် ညနေဖျော်မယ့်သူမရှိဘူး။ ဒါကြောင့် ကိုယ်က နှစ်သိန်းပဲ ပေးနိုင်တယ်ဆိုရင် ငါးသောင်းတန်ဖျော်ဆရာကို အရန်ထားပြီး ဖျော်ဆရာအကြီးကို တစ်သိန်းခွဲပဲ ပေးနိုင်လိမ့်မယ်။ ဒီလိုမျိုးမှ လူမွေးတာ အဓိပ၌ါယ်ရှိမယ်။  ခက်ပုံက ဖျော်ဆရာက အားကျိုးမာန်တက်ဖျော်နေပေမယ့် စားပွဲထိုးတွေက သွားမပို့ရင်၊မှာမပေးရင်၊ မုန့်ဆရာက ကချော်ကချွတ်လုပ်နေရင် ဘယ်လိုလုပ်အောင်မြင်မှာတုန်း။ ဒီတော့ ကျန်တဲ့ တစ်ဆိုင်လုံးက အလုပ်သမားတွေကိုလည်း ဟန်ချက်ညီညီ လုပ်နေအောင် ထိန်းကျောင်းရဦးမယ်။ ငါက လာစာပေးထားရတာဆိုပြီး လှည့်မကြည့်ရင် ကျီးနဲ့ဖုတ်ဖုတ်ဆိုင်ဖြစ်နေမယ်။  လက်ဖက်ရည်ဆိုင်ကို စဉ်းစားလို့ ဖျော်ဆရာကြောင်းပြောနေရတာ။ ကဲ၊ ကော့တေး အရက်ဆိုင်။ တစ်နိုင်ငံလုံး ကော့တေးစပ်တဲ့သူ သုံးယောက်ပဲရှိတယ်။ ကိုယ်က လေးဆိုင်မြောက်။ ပိုက်ဆံကလည်း မပေးနိုင်။ ဒါဆိုရင် နိုင်ငံခြားက ငှားသင့်ငှားရလိမ့်မယ်။ ဒီအခါမှာတော့ ဆိုင်ရဲ့ မူဝါဒနဲ့ ငြိတော့မယ်။ ခက်ပုံက ဆိုင်မန်နေဂျာက အဲဒီအကြောင်းတွေကို ဆိုင်ရှင်ကြီးကို မပြောရဲတော့ ရှိတဲ့ ကော့တေးဆရာကိုပဲ မထွက်နိုင်အောင် နည်းမျိုးစုံသုံးခြိမ်းခြောက်ဟိန်းဟောက်နေတာ။   လက်ဖက်ရည်ဆိုင်တွေ ဖော်ဆရာကို ပေးမထွက်တာ အဲဒါပဲ။ ငါတို့ သင်ပေးခဲ့တာဆိုပြီး ချည်ထားချင်တာ။ ဖျော်ဆရာဘက်က စဉ်းစားကြည့်။ ငါးသိန်းတန်ကောင်က နှစ်သိန်းနဲ့ လုပ်ပေးနေရသေးတယ်။ ကျေးဇူးဆိုတာကြီးနဲ့ ဘယ်အချိန်ထိမှန်းမသိလုပ်ပေးနေရသေး။ လူထူရင် ကျေးဇူးမသိတဲ့ကောင်တွေလို့က အပြောခံရသေး။  ဒီဆိုင်မှာ ဒီဖျော်ဆရာတွေ မပျော်တာ ဘာဆန်းတုန်း။  (အခုစာက စာပွဲထိုးက မြင်သလောက်ပြောတာပါ၊ ဆိုင်ရှင်ဆိုတော့ စားပွဲထိုးစကား ဘယ်အရေးလုပ်မတုန်း။ ဟေဟေဟေ့)
ရုံးအကြောင်း မပြောရဘူးဆိုတော့ လက်ဖက်ရည်ဆိုင်ကြောင်းပြောမယ်။
လက်ဖက်ရည်ဆိုင်မှာ ဖျော်ဆရာက တစ်လငါးသိန်းတန်တယ်။ ကိုယ်ပေးနိုင်တာက နှစ်သိန်းပဲ။ တခြားဆိုင်က ငါးသိန်းပေးခေါ်တော့ သူက သွားချင်တာပေါ့။ ကိုယ်က တစ်သောင်းတန်ကောင်ကို ငါးသိန်းတန်တဲ့အထိ သင်ပေးလာရတာဆိုပြီး ဒေါပွတယ်။
တကယ်တမ်းကျ အဲသည်ကောင်ကို ပေးမထွက်ရင် သူက တကျီကျီလုပ်နေမှာ။ ကပျက်ယပျက်လုပ်နေမှာ။ တကယ်တမ်းကျ ပေးထွက်လိုက်တာပဲကောင်းတယ်။
ခက်တာက လက်ဖက်ရည်ဆိုင်ဆိုတာက ဖျော်ဆရာမရှိလို့မရဘူး။ ဒီတော့ မနက်ထွက်သွားရင် ညနေဖျော်မယ့်သူမရှိဘူး။ ဒါကြောင့် ကိုယ်က နှစ်သိန်းပဲ ပေးနိုင်တယ်ဆိုရင် ငါးသောင်းတန်ဖျော်ဆရာကို အရန်ထားပြီး ဖျော်ဆရာအကြီးကို တစ်သိန်းခွဲပဲ ပေးနိုင်လိမ့်မယ်။ ဒီလိုမျိုးမှ လူမွေးတာ အဓိပ၌ါယ်ရှိမယ်။
ခက်ပုံက ဖျော်ဆရာက အားကျိုးမာန်တက်ဖျော်နေပေမယ့် စားပွဲထိုးတွေက သွားမပို့ရင်၊မှာမပေးရင်၊ မုန့်ဆရာက ကချော်ကချွတ်လုပ်နေရင် ဘယ်လိုလုပ်အောင်မြင်မှာတုန်း။ ဒီတော့ ကျန်တဲ့ တစ်ဆိုင်လုံးက အလုပ်သမားတွေကိုလည်း ဟန်ချက်ညီညီ လုပ်နေအောင် ထိန်းကျောင်းရဦးမယ်။ ငါက လာစာပေးထားရတာဆိုပြီး လှည့်မကြည့်ရင် ကျီးနဲ့ဖုတ်ဖုတ်ဆိုင်ဖြစ်နေမယ်။
လက်ဖက်ရည်ဆိုင်ကို စဉ်းစားလို့ ဖျော်ဆရာကြောင်းပြောနေရတာ။ ကဲ၊ ကော့တေး အရက်ဆိုင်။ တစ်နိုင်ငံလုံး ကော့တေးစပ်တဲ့သူ သုံးယောက်ပဲရှိတယ်။ ကိုယ်က လေးဆိုင်မြောက်။ ပိုက်ဆံကလည်း မပေးနိုင်။ ဒါဆိုရင် နိုင်ငံခြားက ငှားသင့်ငှားရလိမ့်မယ်။ ဒီအခါမှာတော့ ဆိုင်ရဲ့ မူဝါဒနဲ့ ငြိတော့မယ်။ ခက်ပုံက ဆိုင်မန်နေဂျာက အဲဒီအကြောင်းတွေကို ဆိုင်ရှင်ကြီးကို မပြောရဲတော့ ရှိတဲ့ ကော့တေးဆရာကိုပဲ မထွက်နိုင်အောင် နည်းမျိုးစုံသုံးခြိမ်းခြောက်ဟိန်းဟောက်နေတာ။
လက်ဖက်ရည်ဆိုင်တွေ ဖော်ဆရာကို ပေးမထွက်တာ အဲဒါပဲ။ ငါတို့ သင်ပေးခဲ့တာဆိုပြီး ချည်ထားချင်တာ။ ဖျော်ဆရာဘက်က စဉ်းစားကြည့်။ ငါးသိန်းတန်ကောင်က နှစ်သိန်းနဲ့ လုပ်ပေးနေရသေးတယ်။ ကျေးဇူးဆိုတာကြီးနဲ့ ဘယ်အချိန်ထိမှန်းမသိလုပ်ပေးနေရသေး။ လူထူရင် ကျေးဇူးမသိတဲ့ကောင်တွေလို့က အပြောခံရသေး။
ဒီဆိုင်မှာ ဒီဖျော်ဆရာတွေ မပျော်တာ ဘာဆန်းတုန်း။
(အခုစာက စာပွဲထိုးက မြင်သလောက်ပြောတာပါ၊ ဆိုင်ရှင်ဆိုတော့ စားပွဲထိုးစကား ဘယ်အရေးလုပ်မတုန်း။ ဟေဟေဟေ့)
Viewing all 1811 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>