Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
သေမယ်ဆိုတာ ကြိုသိတဲ့အခါ
$
0
0
သေမယ်ဆိုတာ ကြိုသိတဲ့အခါ  ================                         မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာ ရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တစ်ဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုပ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘ၀အကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ ကိုယ်ကျိုးမငှဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။                          မင်္ဂလာ နံနက်ခင်းပါ။ ကျွန်တော့်အသံက နဲနဲသြနေတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်ကတော့ ရစ်ချတ်ပါ။ ဆရာဝန်ပါ။ ကျွန်တော့်ဘ၀အကြောင်း နဲနဲဝေမျှချင်ပါတယ်။ ပါမောက္ခက ကျွန်တော့်ကို ဖိတ်လို့လာရတာ ၀မ်းသာပါတယ်။ ခင်ဗျားတို့သင်ကြားနေတဲ့ သွားဆေးကုသရေးဆိုင်ရာများအပြင် တခြားအရာတွေရှိသေးတယ်ဆိုတာ တွေးမိတယ်ဆိုရင်ဖြင့် ပြောပြရကျိုးနပ်ပါတယ်ခင်ဗျာ။                           ငယ်ငယ်ကတည်းက ကျွန်တော်က ဒီနေ့လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်ပစ္စည်းစစ်စစ်ပါ။ အထိုက်အလျောက်အောင်မြင်တဲ့ ထုတ်ကုန်ပေါ့ခင်ဗျာ။ ငယ်ငယ်တုန်းကတော့ ဆင်းရဲတယ်ခင်ဗျ။ မီဒီယာတွေနဲ့ ပတ်ဝန်းကျင်ကလူတွေက ပြောကြတာကတော့ ပျော်ရွှင်မှုဆိုတာ အောင်မြင်မှုပဲတဲ့။ အဲဒီအောင်မြင်မှုဆိုတာလည်း ချမ်းသာမှုပဲတဲ့ခင်ဗျ။ ဒီလို အတွေးအခေါ်မျိုးနဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက အင်မတန်ပြိုင်ဆိုင်လိုစိတ် များခဲ့တာကလား။                         ကျွန်တော်ဟာ ကျောင်းမှာထိပ်ဆုံးဖြစ်ရုံသာမကသေးဘူး နယ်ပယ်အားလုံးမှာကို အောင်မြင်ဖို့လိုသေးတာ။ ၀တ်စုံဆင်တူဝတ်တဲ့အဖွဲ့တွေ၊ ပြေးပွဲပြိုင်ပွဲတွေ နေရာတိုင်းမှာ အောင်မြင်ဖို့လိုတယ်လေ။ အရောင်မျိုးစုံနဲ့ ဆုတံဆိပ်မျိုးစုံ၊ နိုင်ငံတော်ကပေးတဲ့တံဆိပ်တွေ အားလုံးလိုချင်တာပေါ့။   ဒါကြောင့်လည်း ငယ်ငယ်ကတည်းက အပြင်းအထန်ပြိုင်တတ်ခဲ့တာ။ ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ မျက်စိအထူးကုဖြစ်ဖို့က လူကြိတ်ကြိတ်တိုးနေတော့ အဲဒါဖြစ်အောင်လုပ်ခဲ့တယ်။ ကျွန်တော်က မျက်စိကုသရေးမှာ သင်တန်းတက်ခွင့်ရတယ်။ လေဆာနဲ့ မျက်စိကုဖို့ သုတေသန ပညာသင်ဆုကိုလည်း National University of Singapore ကပေးတယ်လေ။  ပစ္စည်းသစ်ထွင်ဖို့၊ သုတေသနလုပ်ဖို့ အခွင့်အရေးတွေလည်းရ၊ ဆေးကုသရေးပစ္စည်းတွေလည်းကိုင်ရ၊ လေဆာတွေလည်းကိုင်ရပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒါတွေက ပညာရပ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေချည်းပဲဗျ။ ချမ်းသာမှု မဟုတ်သေးဘူး။ ဒါနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စာချုပ်ပြည့်သွားတော့ မျက်စိကုသရေးသင်တန်းဟာ သိပ်ကြာလွန်းတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပုဂ္ဂလိကဆေးခန်းမှာ ၀င်ငွေကောင်းတယ်လေဗျာ။ ခင်ဗျားတို့ သတိထားမိမယ်ဆိုရင်တော့ အလှအပအတွက်ခွဲစိတ်ကုပညာဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ခေတ်စားလာတာပေါ့။ ပိုက်ဆံတွေအများကြီးကိုရတာလေ။ ဒါနဲ့ကျွန်တော်လည်း ကျောင်းတက်တာတော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ ကျောင်းတ၀က်နဲ့ ထွက်လိုက်တယ်။ ကျွန်တော့်ကိုယ်ပိုင် အလှပြုပြင်ရေး ဆေးခန်းနဲ့ ခွဲစိတ်ကုဆေးခန်းဖွင့်တယ်ဗျ။                                သိကြတဲ့အတိုင်း အထွေထွေကုဆရာဝန်တွေ၊ မိသားစုဆရာဝန်တွေကို လူတွေကသိပ်အထင်မကြီးဘူးလေ။ လူတွေက ချမ်းသာတာ၊ ကျော်ကြားတာကိုမှ အထင်ကြီးတာကလား။ ရိုးရိုးဆရာဝန်ကို ဒေါ်လာ၂၀ မပေးချင်ပေမယ့် အဆီတွေကိုလျော့သွားအောင်ခွဲစိတ်ပေးတဲ့ဆရာဝန်ကိုတော့ ဒေါ်လာတသောင်းပေးဖို့ ၀န်မလေးဘူးလေ။ ရင်သားအလှခွဲစိတ်ပြုပြင်ဖို့ ဒေါ်လာတသောင်းခွဲပေးတယ်။ ဘာလို့အထွေထွေကုဆရာဝန်လုပ်နေမလဲဗျ။ ဒါနဲ့ပဲ အလှအပပြုပြင်ရေး ခွဲစိတ်ကုဆရာဝန် ဖြစ်လာတာပေါ့။   ဒါနဲ့ပဲ နေမကောင်းပြီး ရောဂါဖြစ်နေတဲ့လူတွေကို ကုဖို့ထက် ကျွန်တော်ဟာ နာမည်ကြီးအလှဖန်တီးရှင်ဖြစ်လာတာပေါ့။ အလုပ်ကတော့ ဖြစ်သလားမမေးနဲ့။ ပထမတော့ လူနာတွေက တပတ်စောင့်ရတယ်။ နောက်တော့ ၃ ပတ်၊ နောက် တလ၊ နှစ်လ၊ ၃ လအထိတောင်စောင့်တယ်ဗျို့။ ကျွန်တော်ကတော့ လူနာများလွန်းတော့ စိတ်ညစ်ရော။ အတော်ဘ၀င်မြင့်စရာ ကောင်းတဲ့အလုပ်ဗျ။ ကျွန်တော်မနိုင်လွန်းလို့ ဆရာဝန် ၄ ယောက်တောင် ထပ်ငှားရတယ်။ တနှစ်အတွင်းမှာကို သန်းနဲ့ချီရတာဗျ။ တနှစ်ထဲနော်။ ဒါလည်း တော်လောက်ပြီလို့ မထင်ဘူးဗျ။ စွဲနေပြီကိုး။ ဒါနဲ့ အင်ဒိုနီးရှားမှာ ဆေးခန်းထပ်ဖွင့်ပြီး အင်ဒိုနီးရှားလူချမ်းသာတွေဆီက ငွေရှာတာပေါ့။ ဘ၀ဟာ ပျော်စရာသိပ်ကောင်းဗျာ။                           ပိုတဲ့ပိုက်ဆံတွေဘာလုပ်တယ်ထင်တုန်း။ စနေ၊ တနင်္ဂနွေအားရင် ဘာလုပ်လဲသိလား။ ကျွန်တော်က ကားကလပ်မှာ အဖွဲ့ဝင်ဗျ။ အပိုဝင်ငွေနဲ့ဝယ်ထားတဲ့ ထရပ်ကားကိုထုတ်၊ ချိန်းထားတဲ့ဆီကိုသွား၊ မလေးရှားထိအောင် ကားမောင်းပြိုင်ကြတာဗျို့။ ဒါဟာကျွန်တော့် ဘ၀ပါပဲ။ နောက်ထပ် ဖာရာရီပြိုင်ကားတစီးဝယ်ထားသေးတယ်။ အဲဒီတုန်းက မော်ဒယ် ၄၅၈ မထွက်သေးလို့ ပင့်ကူတံဆိပ် ၄၃၀ ပေါ့ဗျာ။ ကျွန်တော့်သူငယ်ချင်းဘဏ်သူဌေးကားက အနီရောင်၊ ကျွန်တော့်ကားက ငွေရောင်ဗျ။                             ကားတွေရပြီးသွားတော့ဘာဖြစ်လဲ။ အိမ်ဝယ်တာပေါ့ဗျ။ ကိုယ်ပိုင်ဘန်ဂလိုတွေဆောက်ဖို့ မြေလိုက်ရှာတယ်။ ပိုက်စစ်တိုက်ရှာရတာဗျ။ ကဲ ကျွန်တော်ဘယ်လိုနေခဲ့လဲ။ ချမ်းသာမှုနဲ့ ကျော်ကြားမှုကြားမှာ နေခဲ့တာပဲ။ မယ်စကြာဝဠာ နဲ့တောင်တွဲခဲ့သေးတယ်။ လှပေ့ ချောပေ့ ချမ်းသာပေ့ ကျော်ကြားပေ့ဆိုတဲ့ သူငယ်မတွေနဲ့ပေါ့ဗျာ။ စားသောက်ဆိုင်တွေသွား၊ Michelin စားဖိုမှုးတွေချက်ကြွေးတာကိုစား၊ ပျော်စရာပေါ့ဗျာ။                            လိုချင်တာတွေအကုန်လုံးပြည်စုံတဲ့ အချိန်ကိုရောက်လာတာပေါ့။ ကိုယ့်လက်ထဲမှာ အားလုံးရှိနေပြီလေ။ လွန်ခဲ့တဲ့တစ်နှစ်လောက်က အားကစားလုပ်ရင်းနဲ့ တွေးမိတာက ကျွန်တော့်ဘ၀ကို ကျွန်တော်ကောင်းကောင်းတည်ဆောက်နိုင်ပြီလို့ ထင်ခဲ့တာ။ ထိပ်ဆုံးက ကျွန်တော်ပေါ့ဗျာ။                     အင်း - ကျွန်တော်မှားသွားတာပေါ့လေ။ အားလုံးကျွန်တော့်လက်ထဲမှာမှ မဟုတ်တာပဲ။ မနှစ်က မတ်လတုန်းက ခါးနာလာတယ်ဗျ။ ထိုင်ထလုပ်တာများလို့ နာတယ်ထင်နေတာ။ ဒါနဲ့ စင်္ကာပူဆေးရုံကြီး ကိုသွားတယ်၊ ကျွန်တော့်အတန်းဖော်သူငယ်ချင်းက MRI ရိုက်ပေးတယ်။ ဘာဖြစ်သလဲရှာဖို့ပေါ့။ ညနေလည်းကျရော သူကကျွန်တော့်ကို ခေါ်ရော။ သူက ကျွန်တော့်ခါးရိုးထဲမှာ ကင်ဆာရောက်နေတယ်တဲ့။ ကျွန်တော်မယုံဘူးဗျ။ လက်မခံနိုင်ဘူး။ တကယ်ပြောတာလားလို့ ပြန်မေးနေသေးတယ်။   အားကစားရုံမှာ ပြေးလို့ကောင်းတုန်းရှိနေသေးတာကိုး။ နောက်နေ့ကျတော့ PET scan ထပ်ရိုက်တယ်။ အဆင့်၎ ( နောက်ဆုံးအဆင့် ) အဆုပ်ကင်ဆာတဲ့ဗျာ။ ဘယ်လိုက ဘယ်လိုများရောက်လာတာလဲလို့ အံ့သြနေမိတာ။ ဦးဏှောက်၊ ခါးရိုး၊ အသည်း၊ ကျောက်ကပ်အပေါ်ပိုင်းအထိတောင်ပျံ့နေတာတဲ့။ ကျွန်တော်က အားလုံးပိုင်ဆိုင်နေပြီလို့ ထင်တဲ့အချိန်ကျမှ အားလုံးဆုံးရှူံးရတော့တာပဲဗျ။                           CT scan မှာကြည့်လိုက်၊ အဆုပ်ပေါ်က အစက်အားလုံးဟာ ကင်ဆာဗျ။ ဒါကို Miliaries turmor လို့ခေါ်သဗျ။ တကယ်တော့ ကျွန်တော့်အဆုပ်ထဲမှာ သောင်းနဲ့ချီပြီးရှိနေပြီ။ ဒါကြောင့် Chemo ဆေးတွေပေးရင်တောင်မှ ၃-၄ လပဲခံတော့မှာတဲ့။ ကျွန်တော့်ဘ၀ပျက်မသွားဘူးလား။ မပျက်ပဲဘယ်ခံနိုင်ပါ့မလဲဗျာ။ စိတ်ဓါတ်ကျတယ်၊ အကြီးအကျယ်စိတ်ဓါတ်ကျတယ်၊ ကျွန်တော့်မှာအားလုံးရှိတယ်လို့ထင်ခဲ့မိတာ။                          ကဲ သံမဏိကြီးလို အောင်မြင်မှုတွေနဲ့။ အိမ်ရှိတယ်၊ ကားရှိတယ်၊ အလုပ်ကောင်းကောင်းရှိတယ်၊ ဒါတွေနဲ့ ပျော်ရွှင်မှုကို ၀ယ်ခဲ့တာ။ အခုတော့ ဆိုးဆိုးရွားရွားစိတ်ဓါတ်ကျနေရပြီ။ အခုတော့ ကျွန်တော်ပိုင်တာတွေကလည်း ကျွန်တော်ပျော်အောင်လုပ်မပေးနိုင်တော့ဘူးလေ။ ဖာရီရာကားကို ကျွန်တော်ဖက်ထားရင်းအိပ်လို့ရမလား။ ဘယ်ရမလဲဗျ။ လွန်ခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော်က အဲဒီဟာတွေအသုံးကျမယ်ထင်နေတာ။ တကယ်တော့ ကျွန်တော်ရခဲ့တာ ပျော်ရွှင်မှုအစစ်မှ မဟုတ်တာပဲကိုး။   တကယ်တမ်း ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တာက ချစ်တဲ့ခင်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ ကျွန်တော့်ကိုဂရုစိုက်တဲ့လူတွေနဲ့ အပြန်အလှန်နားလည်ပြီး ဆက်ဆံရတာမှ ပျော်စရာဗျ။ သူတို့က ကျွန်တော်နဲ့အတူ ငိုတယ်၊ ကျွန်တော်နဲ့အတူ ရယ်တယ်၊ ကျွန်တော်နာကျင်ခံစားရသလို သူတို့လဲလိုက်ပြီးခံစားနားလည်ပေးတယ်လေ။ ဒါက ကျွန်တော့်ကို ၀မ်းသာပီတိဖြစ်စေတယ်။ ပိုင်ဆိုင်မှုတွေက ဒီလိုမပေးနိုင်ပါဘူးဗျာ။ ဒီပစ္စည်းတွေကသာ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်စိတ်ဓါတ်ကျနေတုန်းက သူတို့အကြောင်းစဉ်းစားလိုက်ရင် ပျော်လာဖို့ကောင်းတာပေါ့။                         တရုတ်နှစ်သစ်ကူးကို ရောက်တော့မယ်နော်။ အရင်တုန်းက ကျွန်တော်ဘာလုပ်လဲ။ ကျွန်တော့်ကားအသစ်ကို တစ်ပတ်ပြီး တစ်ပတ်မောင်း၊ ဆွေမျိုးတွေဆီသွားလည်၊ ကျွန်တော့်သူငယ်ချင်းတွေကို ကြွား။ ဒါပျော်စရာလို့ထင်ခဲ့မိတာ။ ငွေရေးကြေးရေးသိပ်မပြေလည်တဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ကျွန်တော်ပျော်သလိုလိုက်ပျော်မယ်ထင်လား။ ဒီလိုကားသစ်ကြီးမောင်းပြီး ကြွားနေတာကို ကူပျော်ပေးမလား။ ဘယ်ပျော်မလဲဗျ။သူတို့ဝင်ငွေနဲ့သူတို့ မနည်းလောက်အောင်သုံးပြီး မီးရထားစီးနေရတဲ့ဟာ။ ကျွန်တော်ထင်တာတော့ ကျွန်တော့်ကိုအားကျတာရယ် မနာလိုဖြစ်တာရယ်ပဲရှိမှာ။ တစ်ခါတစ်လေတော့ မုန်းတောင်မုန်းဦးမယ်။                          ဒါတွေက ကျွန်တော်တို့ထင်ထားတဲ့ အားကျမှုမျိုးပါ။ ပိုင်ဆိုင်မှုကို ကြွားတယ်ဆိုတာ ကျွန်တော့်မာနနဲ့ အတ္တကို ဖြည့်ဆည်းတာပါပဲ။ ကျွန်တော့်မှာ ထူးဆန်းတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ။ သူ့နာမည်က ဂျနီဖာတဲ့။ သူငယ်ချင်းပါဗျာ။ လမ်းအတူလျှောက်သွားလို့ ခရုတစ်ကောင်တွေ့ရင် သူကကောက်ပြီးတော့ မြက်ခင်းထဲကိုချပေးတယ်ဗျ။ ဘာလို့ဒီလိုလုပ်တာလဲလို့ တွေးနေတာ။ တက်နင်းလိုက်လို့ သေသွားမှာ သူကစိုးရိမ်နေတာ။ ကျွန်တော့်အတွက်တော့ ခရုက ခရုပဲလေ။ လူတွေလဲဒီလိုပဲ။ လမ်းကြောင်းပေါ်ကနေထွက်မသွားနိုင်ရင် နင်းခံရမှာပဲလေ။ ဒါကပဲ ဖြစ်ရိုးဖြစ်စဉ်ဟုတ်ဘူးလား။ အသဲတော်တော်မာတာနော်။                           ဆရာဝန်တစ်ယောက်အနေနဲ့ သနားကြင်နာဖို့၊ ကိုယ်ချင်းစာတတ်ဖို့ သင်ခဲ့ရသားပဲ။ ဒါပေမယ့် ကျွန်တော်မတတ်ခဲ့ပါဘူး။ အလုပ်သင်ဆရာဝန်ဘ၀တုန်းက National University Hospital က ကင်ဆာဌာနမှာလုပ်ရတယ်လေ။ နေ့တိုင်းနေ့တိုင်း ကင်ဆာရောဂါနဲ့ သေတာတွေတွေ့နေရပါရော။ သူတို့ဘယ်လိုခံစားရတယ်၊ ဘယ်လိုနာကျင်ဒဏ်ခံရတယ် နေ့တိုင်းတွေ့နေတာပဲ။ အောက်စီဂျင်ကို ခဲခဲယဉ်းယဉ်း နောက်ဆုံးထွက်သက်အထိရှူနေရတာ။ ဒါဟာ ကျွန်တော့်အတွက်တော့ အလုပ်တစ်ခုသာပါပဲ။ နေ့တိုင်း ဆေးရုံကိုသွား၊ သွေးဖောက်၊ ဆေးပေး လုပ်နေပေမယ့် ဒီလူနာတွေကို အစစ်လို့မထင်ပါဘူး။ ဒါဟာအလုပ်ပဲ။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်၊ ပြီးရင်အိမ်ပြန်၊ ဒါပဲ။                           ဒီလိုနာကျင်ခံစားတာတွေက အစစ်လား။ မဟုတ်ပေါင်။ ဆေးပညာအခေါ်အဝေါ်အားလုံး ကျွန်တော် သိသားပဲ။ တကယ်တော့ ကျွန်တော်လူနာမဖြစ်မချင်း ဒါတွေကိုမသိခဲ့ပါဘူး။ အခုတော့ ကျွန်တော်တကယ်သိလာပြီလေ။ အခုနေများ ခင်ဗျားတို့က ကျွန်တော်ကို အသစ်ကပြန်စခွင့်ရှိသေးရင် အချိုးပြောင်းမလားလို့မေးလာရင် ပြောင်းမယ်လို့ ပြန်ဖြေမှာပဲ။ ဘာလို့လဲဆိုတော့ အခုမှပဲ လူနာတွေ ဘယ်လိုခံစားရတယ်ဆိုတာကို နားလည်လာတာကိုး။ တခါတလေတော့ ဒီလိုပဲ ခဲရာခဲဆစ် သင်ယူရတာမျိုးရှိပါတယ်။                      အခုခင်ဗျားတို့က ပထမနှစ်ပဲရှိသေးတာ ဆိုတော့ ဒီလမ်းကြီးကို ဖြတ်ရဦးမှာပါပဲ။ ခင်ဗျားတို့ကို အချက် ၂ ချက် သတိပေးစရာရှိတယ်။                      ခင်ဗျားတို့အားလုံးက ပုဂ္ဂလိကဆေးခန်းပဲလုပ်ကြရမှာပဲ။ ပြီးရင် ခင်ဗျားတို့ချမ်းသာလာကြမယ်ဆိုတာ အာမခံတယ်။ သွားစိုက်တာလေးတင် အများကြီးပိုက်ဆံရတာမို့လား။ တကယ်တော့ အောင်မြင်တယ်၊ ချမ်းသာတယ်၊ ဆိုတာတွေက မှားနေတာမဟုတ်ပါဘူး။ တကယ့်ပြသနာက ကျွန်တော်တို့အများစုက ဒီဒဏ်တွေကို မခံနိုင်တာ။                        ဒါကိုကျွန်တော်ဘာလို့ပြောနိုင်လဲဆိုတော့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ရလေလိုလေဖြစ်နေတယ်ဆိုတာတွေ့လာတယ်လေ။ ပိုပိုပြီးလိုချင်လာတော့ မရရင် မနေနိုင်ဖြစ်ရော။ ပြောခဲ့ပြီးတဲ့အတိုင်း ကျွန်တော်က ဒီလူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတာအားလုံးရခဲ့သားပဲ။ မရရင် မနေနိုင်ဖြစ်ခဲ့တယ်။ လူနာဆိုတာ ငွေဝင်လမ်းလို့ပဲ မြင်ခဲ့တာ။ လူနာဆီက ရသမျှပိုက်ဆံညှစ်ယူခဲ့တယ်လေ။                       အချိန်တော်တော်များများမှာ ကျွန်တော်တို့ တကယ်တမ်းဘယ်သူ့အတွက် လုပ်ပေးနေတာလဲဆိုတာ မေ့နေကြတယ်။ နောက်ဆုံးမှာ ဘယ်သူ့အတွက်မှ မဟုတ်ပဲ ကိုယ့်အတွက်တွေဖြစ်ကုန်ရော။ ဒါဟာ ကျွန်တော်တကယ်ဖြစ်ခဲ့တာပဲ။ ဒါဟာ ဆေးပညာပဲဖြစ်ဖြစ်၊ သွားဆေးကုပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆေးခန်းမှာ လူနာကို မလိုတဲ့ကုသမှုတွေ ပေးကြတယ်။ သိပ်မသေချာတဲ့အခါမျိုးမှာပေါ့။  မလိုအပ်မှန်းသိတာတောင်မှ ပေးဖြစ်အောင်ပေးသေးတာ။ ဒီအချိန်မှာတော့ ကျွန်တော်သိလာတာက သူငယ်ချင်းတွေထဲက တကယ်ဂရုစိုက်တဲ့လူနဲ့ ပိုက်ဆံလိုချင်လို့ မျှော်လင့်ချက်ပေးတဲ့လူနဲ့ကို ခွဲတတ်လာပြီ။ ပိုက်ဆံကြောင့် စိတ်ဓါတ်တွေ ပျက်စီးလာတာပေါ့။                               ပိုဆိုးတာကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ ပြိုင်ဘက်တွေအကြောင်းကို ဆိုးဆိုးရွားရွားပြောခဲ့ကြတယ်လေ။ လိပ်ပြာမသန့်တာလေးတောင် မဖြစ်ပေါင်။ ကျွန်တော်တို့ဟာ သူများကိုနှိမ့်ချပြီး အပေါ်ရောက်ဖို့လုပ်ခဲ့ကြတယ်။ ဒါကနေရာအားလုံးမှာကို ဖြစ်နေတာ။ ခင်ဗျားတို့ကို သတိပေးချင်တာက ဒီလိုစိတ်ကောင်းနှလုံးကောင်းတွေ ပျက်စီးသွားတာမျိုးကိုတော့ မဖြစ်ပါစေနဲ့ဗျာ။ ကျွန်တော်ကဒါကို ခဲရာခဲဆစ်သင်ခဲ့ရတာမို့ပါ။ ခင်ဗျားတို့ကိုတော့ ကျွန်တော့်လို မဖြစ်စေချင်ပါဘူး။                          နောက်တစ်ခုက လုပ်သက်ရှည်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လူနာတွေအပေါ်မှာ သိပ်အရေးမလုပ်တော့ဘူးလေ။ ထုံပေပေဖြစ်လာတယ်။ အစိုးရဆေးရုံဖြစ်ဖြစ်၊ ပုဂ္ဂ္ဂလိကဆေးခန်းပဲဖြစ်ဖြစ် လူနာမှတ်တမ်းတစ်ထပ်ကြီး လက်ထဲရောက်နေတာနဲ့ အဲဒီဟာကြီးမြန်မြန်ကုန်သွားဖို့ပဲ အရေးကြီးနေတော့တာပဲလေ။ လူနာတွေများလွန်းလို့ အခန်းထဲက မြန်မြန်ထွက်သွားဖို့ပဲ အာရုံရှိတော့တာ။ ဒါအမှန်ပဲဗျ။ ဒါက နေ့တဓူဝ အလုပ်ဖြစ်လာတော့ ငြီးငွေ့လာတာပေါ့ဗျာ။ လူနာတွေဘက်က ဘယ်လိုစိတ်ထဲမှာထင်သွားလဲ ကျွန်တော်မသိပါဘူး။ ကြောက်ရွံ့တာ၊ စိုးရိမ်တာ အားလုံးပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်တကယ်ခံစားရတဲ့အချိန်ရောက်မှ သိလာတာဗျ။ ဒါဟာကျွန်တော်တို့ရဲ့ အကြီးဆုံးချွတ်ယွင်းချက်ပါပဲဗျာ။                          ကျွန်တော်တို့ဟာ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရှင်များအနေနဲ့ လေ့ကျင့်ပေးထားခဲ့ပေမယ့် တကယ်တမ်းလူနာတွေခံစားနေရတာကိုတော့ ကိုယ်ချင်းမစာနိုင်ခဲ့ပါဘူး။ စိတ်ဆင်းရဲလိုက်၊ ၀မ်းနည်း ၀မ်းသာလိုက်ဖြစ်နေဖို့ပြောတာမဟုတ်ပါဘူး။ ခံစားမှုကဲလွန်းရင် Professional မဆန်ဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့တကယ်တမ်း သူတို့ကိုနားလည်အောင်ကြိုးစားသလား။ အများအားဖြင့်တော့ မကြိုးစားဘူးဗျ။ ခင်ဗျားတို့ကို သတိပေးချင်တာကတော့ လူနာတွေကို ကိုယ်ချင်းစာပါဗျာ။                         ဘာလို့လဲဆိုတော့ နာကျင်တာတွေ၊ ကြောက်ရွံ့တာတွေ၊ စိုးရိမ်တာတွေက ကျွန်တော်တို့အတွက် အစစ်မဟုတ်ပေမယ့် သူတို့အတွက်တော့ အစစ်တွေကိုးဗျ။ ကျွန်တော်က အခုဆိုရင် Chemotherapy ယူနေတာ ၅ ခါရှိပြီ။ ဒါဟာ သိပ်ခံရခက်တာပဲဗျာ။ Chemotherapy ဆိုတာ ခင်ဗျားတို့ရဲ့ရန်သူအတွက်တောင် ဆုမတောင်းသင့်ဘူး။ တကယ့်ကို ခံစားရတာဗျာ။ အစာစားမိလား မစားမိလားတောင်မသိတော့ပါဘူး။ သိပ်ကိုဆိုးပါတယ်။ ကျွန်တော်နဲနဲအင်အားရှိတာနဲ့ တခြားကင်ဆာလူနာတွေဆီကို သွားပါတယ်။ နာကျင်တာတွေကို သိလာပြီကိုး။ ဒါက သိပ်နောက်ကျပြီး လုပ်ပေးနိုင်တာလဲ သိပ်နဲနေပါပြီလေ။                       ခင်ဗျားတို့မှာက တောက်ပတဲ့အနာဂတ်နဲ့ ခွန်အားအပြည့်နဲ့။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ လူနာအကြောင်းကိုထဲထဲဝင်ဝင်သိအောင်လုပ်ပါဗျာ။ သူတို့ဟာလူသားစစ်စစ်တွေ၊ အမှန်တကယ်ကို နာကျင်ခံစားပြီး အခက်ခဲဆုံးအချိန်တွေကို ရောက်နေတယ်ဆိုတာကို သိအောင်လုပ်ပါ။ ဆင်းရဲတဲ့လူတွေပဲ ခံစားရတယ်လို့ မထင်ပါနဲ့ဗျာ။ ဆင်းရဲတဲ့လူတွေက အစကထဲကသူတို့မှာ နဲနဲပဲရှိတော့ ရောင့်ရဲလွယ်တယ်ဗျ။ ကျွန်တော်တို့၊ ခင်ဗျားတို့ထက်လည်း ပိုပြီးပျော်ပျော်နေနိုင်ကြတယ်။ တခြားစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပြင်းထန်နေတာ၊ ငွေရေးကြေးရေး စတဲ့ပြသနာနဲ့ လူတွေအများကြီး။ ဒါတွေကလည်းတကယ်ရှိတာ။ ကျွန်တော်တို့က မသိချင်ယောင်ဆောင်၊ အသိအမှတ်မပြုပဲ နေခဲ့ကြတာ။                           ဒါကြောင့်မို့ တကယ်လိုအပ်နေတဲ့လူတွေအပေါ်မှာ အလေးထားကြပါဗျာ။ ခင်ဗျားနဲနဲလေးလုပ်ပေးလိုက်တာ သူတို့အတွက်အများကြီးကို ထူးခြားသွားတာပါ။ ကျွန်တော်ကတော့ သေခါနီးနေပြီဆိုတော့ ဘယ်သူကတကယ်ဂရုစိုက်တယ်၊ အားပေးတယ်ဆိုတာကို ခံစားတတ်နေပြီလေ။ ဒါဟာ ကျွန်တော့်ကို တကယ်ပြောင်းလဲသွားစေတယ်။ ဒါဟာကုသမှုတွေယူပြီးတဲ့နောက်သိလာတာပါ။   ကျွန်တော်ဆေးသွင်းထားတာ မကြာသေးဘူး။ နောက်နေ့မှ ဆေးထပ်သွင်းမယ်ဗျာ။ ဒါကြောင့် ကျွန်တော်ခင်ဗျားတို့ကို စကားပြောဖို့ အားရှိနေသေးတာပေါ့။                       မောရစ် နဲ့ အင်္ဂါနေ့ ဆိုတဲ့စာအုပ်ထဲက စကားလုံးလေးတွေ ပြောပြချင်တယ်။ ခင်ဗျားတို့ဖတ်ပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ။ လူတိုင်းသေရမှာသိတာပဲ။ ဒါပေမယ့် ဘယ်သူမှ မယုံကြဘူး။ တကယ်ယုံတယ်ဆိုရင် လုပ်ပုံကိုင်ပုံတွေကို ပြောင်းပစ်ကြမှာပဲ။   ကျွန်တော်သေရတော့မယ်ဆိုတာသိတော့ ကျန်တာအကုန်လုံးမေ့ထားပြီး တကယ်လိုအပ်တာတွေပဲ စဉ်းစားတယ်။ တကယ်တော့ နေဖို့ထက် သေဖို့ကို ပိုအချိန်ပေးရမှာ။ ဒါမျိုးကို မနက်စောစောစီးစီးကြားရတာ ကျက်သရေတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော်သိခဲ့တဲ့အမှန်တရားမို့ ပြောပြတာပါ။                       ခင်ဗျားတို့ကို ပတ်ဝန်းကျင်က ပြောတဲ့အတိုင်းမနေကြပါနဲ့။ မီဒီယာပြောတာကိုလည်း လက်မခံနဲ့။ ကျွန်တော်ခံခဲ့ရပြီးပြီ။ ပျော်မယ်ထင်လို့ သူတို့ပြောတဲ့အတိုင်းလုပ်ခဲ့မိပြီ။ ခင်ဗျားတို့ သေချာစဉ်းစားပြီး ဘယ်လိုအသက်ရှင်သန်မယ်ဆိုတာ ဆုံးဖြတ်ပါ။   သူများပြောတိုင်းလိုက်မလုပ်နဲ့။ ကိုယ့်တကိုယ်ရည်စာပဲကြည့်နေမလား။ တခြားတစ်ယောက်ဘ၀ကို ပြောင်းလဲသွားအောင်ကူညီမလား။ ဆုံးဖြတ်ပါ။ တကယ့်ပျော်ရွှင်မှုအစစ်ဆိုတာ ကိုယ့်အတွက်ချည်းပဲကြည့်နေလို့မရပါဘူး။ ကျွန်တော်ရနိုင်မယ်လို့ထင်ခဲ့တာ မရခဲ့ပါဘူး။   နားထောင်ပေးတာကျေးဇူးပါပဲ။ မေးချင်တာရှိရင် မေးနိုင်ပါတယ်ခင်ဗျာ။ ( ဒေါက်တာရစ်ချတ်ဟာ ၁၈.၁၀.၁၂ နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ စိတ်နှလုံးကောင်းရှိတဲ့ ဒေါက်တာရစ်ချတ်တယောက် ကောင်းရာသုဂတိရောက်မှာပါ။)             ဘာသာပြန်သူ - သန္တာဝင်း  ( ၀၂.၁၁.၁၂ )  ကိုးကား။   ။    http://www.youtube.com/watch?v=umLkfADe17s
သေမယ်ဆိုတာ ကြိုသိတဲ့အခါ
================
မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာ ရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တစ်ဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုပ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘ၀အကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ ကိုယ်ကျိုးမငှဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။
မင်္ဂလာ နံနက်ခင်းပါ။ ကျွန်တော့်အသံက နဲနဲသြနေတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်ကတော့ ရစ်ချတ်ပါ။ ဆရာဝန်ပါ။ ကျွန်တော့်ဘ၀အကြောင်း နဲနဲဝေမျှချင်ပါတယ်။ ပါမောက္ခက ကျွန်တော့်ကို ဖိတ်လို့လာရတာ ၀မ်းသာပါတယ်။ ခင်ဗျားတို့သင်ကြားနေတဲ့ သွားဆေးကုသရေးဆိုင်ရာများအပြင် တခြားအရာတွေရှိသေးတယ်ဆိုတာ တွေးမိတယ်ဆိုရင်ဖြင့် ပြောပြရကျိုးနပ်ပါတယ်ခင်ဗျာ။
ငယ်ငယ်ကတည်းက ကျွန်တော်က ဒီနေ့လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်ပစ္စည်းစစ်စစ်ပါ။ အထိုက်အလျောက်အောင်မြင်တဲ့ ထုတ်ကုန်ပေါ့ခင်ဗျာ။ ငယ်ငယ်တုန်းကတော့ ဆင်းရဲတယ်ခင်ဗျ။ မီဒီယာတွေနဲ့ ပတ်ဝန်းကျင်ကလူတွေက ပြောကြတာကတော့ ပျော်ရွှင်မှုဆိုတာ အောင်မြင်မှုပဲတဲ့။ အဲဒီအောင်မြင်မှုဆိုတာလည်း ချမ်းသာမှုပဲတဲ့ခင်ဗျ။ ဒီလို အတွေးအခေါ်မျိုးနဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက အင်မတန်ပြိုင်ဆိုင်လိုစိတ် များခဲ့တာကလား။
ကျွန်တော်ဟာ ကျောင်းမှာထိပ်ဆုံးဖြစ်ရုံသာမကသေးဘူး နယ်ပယ်အားလုံးမှာကို အောင်မြင်ဖို့လိုသေးတာ။ ၀တ်စုံဆင်တူဝတ်တဲ့အဖွဲ့တွေ၊ ပြေးပွဲပြိုင်ပွဲတွေ နေရာတိုင်းမှာ အောင်မြင်ဖို့လိုတယ်လေ။ အရောင်မျိုးစုံနဲ့ ဆုတံဆိပ်မျိုးစုံ၊ နိုင်ငံတော်ကပေးတဲ့တံဆိပ်တွေ အားလုံးလိုချင်တာပေါ့။
ဒါကြောင့်လည်း ငယ်ငယ်ကတည်းက အပြင်းအထန်ပြိုင်တတ်ခဲ့တာ။ ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ မျက်စိအထူးကုဖြစ်ဖို့က လူကြိတ်ကြိတ်တိုးနေတော့ အဲဒါဖြစ်အောင်လုပ်ခဲ့တယ်။ ကျွန်တော်က မျက်စိကုသရေးမှာ သင်တန်းတက်ခွင့်ရတယ်။ လေဆာနဲ့ မျက်စိကုဖို့ သုတေသန ပညာသင်ဆုကိုလည်း National University of Singapore ကပေးတယ်လေ။
ပစ္စည်းသစ်ထွင်ဖို့၊ သုတေသနလုပ်ဖို့ အခွင့်အရေးတွေလည်းရ၊ ဆေးကုသရေးပစ္စည်းတွေလည်းကိုင်ရ၊ လေဆာတွေလည်းကိုင်ရပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒါတွေက ပညာရပ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေချည်းပဲဗျ။ ချမ်းသာမှု မဟုတ်သေးဘူး။ ဒါနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စာချုပ်ပြည့်သွားတော့ မျက်စိကုသရေးသင်တန်းဟာ သိပ်ကြာလွန်းတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပုဂ္ဂလိကဆေးခန်းမှာ ၀င်ငွေကောင်းတယ်လေဗျာ။ ခင်ဗျားတို့ သတိထားမိမယ်ဆိုရင်တော့ အလှအပအတွက်ခွဲစိတ်ကုပညာဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ခေတ်စားလာတာပေါ့။ ပိုက်ဆံတွေအများကြီးကိုရတာလေ။ ဒါနဲ့ကျွန်တော်လည်း ကျောင်းတက်တာတော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ ကျောင်းတ၀က်နဲ့ ထွက်လိုက်တယ်။ ကျွန်တော့်ကိုယ်ပိုင် အလှပြုပြင်ရေး ဆေးခန်းနဲ့ ခွဲစိတ်ကုဆေးခန်းဖွင့်တယ်ဗျ။
သိကြတဲ့အတိုင်း အထွေထွေကုဆရာဝန်တွေ၊ မိသားစုဆရာဝန်တွေကို လူတွေကသိပ်အထင်မကြီးဘူးလေ။ လူတွေက ချမ်းသာတာ၊ ကျော်ကြားတာကိုမှ အထင်ကြီးတာကလား။ ရိုးရိုးဆရာဝန်ကို ဒေါ်လာ၂၀ မပေးချင်ပေမယ့် အဆီတွေကိုလျော့သွားအောင်ခွဲစိတ်ပေးတဲ့ဆရာဝန်ကိုတော့ ဒေါ်လာတသောင်းပေးဖို့ ၀န်မလေးဘူးလေ။ ရင်သားအလှခွဲစိတ်ပြုပြင်ဖို့ ဒေါ်လာတသောင်းခွဲပေးတယ်။ ဘာလို့အထွေထွေကုဆရာဝန်လုပ်နေမလဲဗျ။ ဒါနဲ့ပဲ အလှအပပြုပြင်ရေး ခွဲစိတ်ကုဆရာဝန် ဖြစ်လာတာပေါ့။
ဒါနဲ့ပဲ နေမကောင်းပြီး ရောဂါဖြစ်နေတဲ့လူတွေကို ကုဖို့ထက် ကျွန်တော်ဟာ နာမည်ကြီးအလှဖန်တီးရှင်ဖြစ်လာတာပေါ့။ အလုပ်ကတော့ ဖြစ်သလားမမေးနဲ့။ ပထမတော့ လူနာတွေက တပတ်စောင့်ရတယ်။ နောက်တော့ ၃ ပတ်၊ နောက် တလ၊ နှစ်လ၊ ၃ လအထိတောင်စောင့်တယ်ဗျို့။ ကျွန်တော်ကတော့ လူနာများလွန်းတော့ စိတ်ညစ်ရော။ အတော်ဘ၀င်မြင့်စရာ ကောင်းတဲ့အလုပ်ဗျ။ ကျွန်တော်မနိုင်လွန်းလို့ ဆရာဝန် ၄ ယောက်တောင် ထပ်ငှားရတယ်။ တနှစ်အတွင်းမှာကို သန်းနဲ့ချီရတာဗျ။ တနှစ်ထဲနော်။ ဒါလည်း တော်လောက်ပြီလို့ မထင်ဘူးဗျ။ စွဲနေပြီကိုး။ ဒါနဲ့ အင်ဒိုနီးရှားမှာ ဆေးခန်းထပ်ဖွင့်ပြီး အင်ဒိုနီးရှားလူချမ်းသာတွေဆီက ငွေရှာတာပေါ့။ ဘ၀ဟာ ပျော်စရာသိပ်ကောင်းဗျာ။
ပိုတဲ့ပိုက်ဆံတွေဘာလုပ်တယ်ထင်တုန်း။ စနေ၊ တနင်္ဂနွေအားရင် ဘာလုပ်လဲသိလား။ ကျွန်တော်က ကားကလပ်မှာ အဖွဲ့ဝင်ဗျ။ အပိုဝင်ငွေနဲ့ဝယ်ထားတဲ့ ထရပ်ကားကိုထုတ်၊ ချိန်းထားတဲ့ဆီကိုသွား၊ မလေးရှားထိအောင် ကားမောင်းပြိုင်ကြတာဗျို့။ ဒါဟာကျွန်တော့် ဘ၀ပါပဲ။ နောက်ထပ် ဖာရာရီပြိုင်ကားတစီးဝယ်ထားသေးတယ်။ အဲဒီတုန်းက မော်ဒယ် ၄၅၈ မထွက်သေးလို့ ပင့်ကူတံဆိပ် ၄၃၀ ပေါ့ဗျာ။ ကျွန်တော့်သူငယ်ချင်းဘဏ်သူဌေးကားက အနီရောင်၊ ကျွန်တော့်ကားက ငွေရောင်ဗျ။
ကားတွေရပြီးသွားတော့ဘာဖြစ်လဲ။ အိမ်ဝယ်တာပေါ့ဗျ။ ကိုယ်ပိုင်ဘန်ဂလိုတွေဆောက်ဖို့ မြေလိုက်ရှာတယ်။ ပိုက်စစ်တိုက်ရှာရတာဗျ။ ကဲ ကျွန်တော်ဘယ်လိုနေခဲ့လဲ။ ချမ်းသာမှုနဲ့ ကျော်ကြားမှုကြားမှာ နေခဲ့တာပဲ။ မယ်စကြာဝဠာ နဲ့တောင်တွဲခဲ့သေးတယ်။ လှပေ့ ချောပေ့ ချမ်းသာပေ့ ကျော်ကြားပေ့ဆိုတဲ့ သူငယ်မတွေနဲ့ပေါ့ဗျာ။ စားသောက်ဆိုင်တွေသွား၊ Michelin စားဖိုမှုးတွေချက်ကြွေးတာကိုစား၊ ပျော်စရာပေါ့ဗျာ။
လိုချင်တာတွေအကုန်လုံးပြည်စုံတဲ့ အချိန်ကိုရောက်လာတာပေါ့။ ကိုယ့်လက်ထဲမှာ အားလုံးရှိနေပြီလေ။ လွန်ခဲ့တဲ့တစ်နှစ်လောက်က အားကစားလုပ်ရင်းနဲ့ တွေးမိတာက ကျွန်တော့်ဘ၀ကို ကျွန်တော်ကောင်းကောင်းတည်ဆောက်နိုင်ပြီလို့ ထင်ခဲ့တာ။ ထိပ်ဆုံးက ကျွန်တော်ပေါ့ဗျာ။
အင်း - ကျွန်တော်မှားသွားတာပေါ့လေ။ အားလုံးကျွန်တော့်လက်ထဲမှာမှ မဟုတ်တာပဲ။ မနှစ်က မတ်လတုန်းက ခါးနာလာတယ်ဗျ။ ထိုင်ထလုပ်တာများလို့ နာတယ်ထင်နေတာ။ ဒါနဲ့ စင်္ကာပူဆေးရုံကြီး ကိုသွားတယ်၊ ကျွန်တော့်အတန်းဖော်သူငယ်ချင်းက MRI ရိုက်ပေးတယ်။ ဘာဖြစ်သလဲရှာဖို့ပေါ့။ ညနေလည်းကျရော သူကကျွန်တော့်ကို ခေါ်ရော။ သူက ကျွန်တော့်ခါးရိုးထဲမှာ ကင်ဆာရောက်နေတယ်တဲ့။ ကျွန်တော်မယုံဘူးဗျ။ လက်မခံနိုင်ဘူး။ တကယ်ပြောတာလားလို့ ပြန်မေးနေသေးတယ်။
အားကစားရုံမှာ ပြေးလို့ကောင်းတုန်းရှိနေသေးတာကိုး။ နောက်နေ့ကျတော့ PET scan ထပ်ရိုက်တယ်။ အဆင့်၎ ( နောက်ဆုံးအဆင့် ) အဆုပ်ကင်ဆာတဲ့ဗျာ။ ဘယ်လိုက ဘယ်လိုများရောက်လာတာလဲလို့ အံ့သြနေမိတာ။ ဦးဏှောက်၊ ခါးရိုး၊ အသည်း၊ ကျောက်ကပ်အပေါ်ပိုင်းအထိတောင်ပျံ့နေတာတဲ့။ ကျွန်တော်က အားလုံးပိုင်ဆိုင်နေပြီလို့ ထင်တဲ့အချိန်ကျမှ အားလုံးဆုံးရှူံးရတော့တာပဲဗျ။
CT scan မှာကြည့်လိုက်၊ အဆုပ်ပေါ်က အစက်အားလုံးဟာ ကင်ဆာဗျ။ ဒါကို Miliaries turmor လို့ခေါ်သဗျ။ တကယ်တော့ ကျွန်တော့်အဆုပ်ထဲမှာ သောင်းနဲ့ချီပြီးရှိနေပြီ။ ဒါကြောင့် Chemo ဆေးတွေပေးရင်တောင်မှ ၃-၄ လပဲခံတော့မှာတဲ့။ ကျွန်တော့်ဘ၀ပျက်မသွားဘူးလား။ မပျက်ပဲဘယ်ခံနိုင်ပါ့မလဲဗျာ။ စိတ်ဓါတ်ကျတယ်၊ အကြီးအကျယ်စိတ်ဓါတ်ကျတယ်၊ ကျွန်တော့်မှာအားလုံးရှိတယ်လို့ထင်ခဲ့မိတာ။
ကဲ သံမဏိကြီးလို အောင်မြင်မှုတွေနဲ့။ အိမ်ရှိတယ်၊ ကားရှိတယ်၊ အလုပ်ကောင်းကောင်းရှိတယ်၊ ဒါတွေနဲ့ ပျော်ရွှင်မှုကို ၀ယ်ခဲ့တာ။ အခုတော့ ဆိုးဆိုးရွားရွားစိတ်ဓါတ်ကျနေရပြီ။ အခုတော့ ကျွန်တော်ပိုင်တာတွေကလည်း ကျွန်တော်ပျော်အောင်လုပ်မပေးနိုင်တော့ဘူးလေ။ ဖာရီရာကားကို ကျွန်တော်ဖက်ထားရင်းအိပ်လို့ရမလား။ ဘယ်ရမလဲဗျ။ လွန်ခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော်က အဲဒီဟာတွေအသုံးကျမယ်ထင်နေတာ။ တကယ်တော့ ကျွန်တော်ရခဲ့တာ ပျော်ရွှင်မှုအစစ်မှ မဟုတ်တာပဲကိုး။
တကယ်တမ်း ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တာက ချစ်တဲ့ခင်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ ကျွန်တော့်ကိုဂရုစိုက်တဲ့လူတွေနဲ့ အပြန်အလှန်နားလည်ပြီး ဆက်ဆံရတာမှ ပျော်စရာဗျ။ သူတို့က ကျွန်တော်နဲ့အတူ ငိုတယ်၊ ကျွန်တော်နဲ့အတူ ရယ်တယ်၊ ကျွန်တော်နာကျင်ခံစားရသလို သူတို့လဲလိုက်ပြီးခံစားနားလည်ပေးတယ်လေ။ ဒါက ကျွန်တော့်ကို ၀မ်းသာပီတိဖြစ်စေတယ်။ ပိုင်ဆိုင်မှုတွေက ဒီလိုမပေးနိုင်ပါဘူးဗျာ။ ဒီပစ္စည်းတွေကသာ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်စိတ်ဓါတ်ကျနေတုန်းက သူတို့အကြောင်းစဉ်းစားလိုက်ရင် ပျော်လာဖို့ကောင်းတာပေါ့။
တရုတ်နှစ်သစ်ကူးကို ရောက်တော့မယ်နော်။ အရင်တုန်းက ကျွန်တော်ဘာလုပ်လဲ။ ကျွန်တော့်ကားအသစ်ကို တစ်ပတ်ပြီး တစ်ပတ်မောင်း၊ ဆွေမျိုးတွေဆီသွားလည်၊ ကျွန်တော့်သူငယ်ချင်းတွေကို ကြွား။ ဒါပျော်စရာလို့ထင်ခဲ့မိတာ။ ငွေရေးကြေးရေးသိပ်မပြေလည်တဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ကျွန်တော်ပျော်သလိုလိုက်ပျော်မယ်ထင်လား။ ဒီလိုကားသစ်ကြီးမောင်းပြီး ကြွားနေတာကို ကူပျော်ပေးမလား။ ဘယ်ပျော်မလဲဗျ။သူတို့ဝင်ငွေနဲ့သူတို့ မနည်းလောက်အောင်သုံးပြီး မီးရထားစီးနေရတဲ့ဟာ။ ကျွန်တော်ထင်တာတော့ ကျွန်တော့်ကိုအားကျတာရယ် မနာလိုဖြစ်တာရယ်ပဲရှိမှာ။ တစ်ခါတစ်လေတော့ မုန်းတောင်မုန်းဦးမယ်။
ဒါတွေက ကျွန်တော်တို့ထင်ထားတဲ့ အားကျမှုမျိုးပါ။ ပိုင်ဆိုင်မှုကို ကြွားတယ်ဆိုတာ ကျွန်တော့်မာနနဲ့ အတ္တကို ဖြည့်ဆည်းတာပါပဲ။ ကျွန်တော့်မှာ ထူးဆန်းတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ။ သူ့နာမည်က ဂျနီဖာတဲ့။ သူငယ်ချင်းပါဗျာ။ လမ်းအတူလျှောက်သွားလို့ ခရုတစ်ကောင်တွေ့ရင် သူကကောက်ပြီးတော့ မြက်ခင်းထဲကိုချပေးတယ်ဗျ။ ဘာလို့ဒီလိုလုပ်တာလဲလို့ တွေးနေတာ။ တက်နင်းလိုက်လို့ သေသွားမှာ သူကစိုးရိမ်နေတာ။ ကျွန်တော့်အတွက်တော့ ခရုက ခရုပဲလေ။ လူတွေလဲဒီလိုပဲ။ လမ်းကြောင်းပေါ်ကနေထွက်မသွားနိုင်ရင် နင်းခံရမှာပဲလေ။ ဒါကပဲ ဖြစ်ရိုးဖြစ်စဉ်ဟုတ်ဘူးလား။ အသဲတော်တော်မာတာနော်။
ဆရာဝန်တစ်ယောက်အနေနဲ့ သနားကြင်နာဖို့၊ ကိုယ်ချင်းစာတတ်ဖို့ သင်ခဲ့ရသားပဲ။ ဒါပေမယ့် ကျွန်တော်မတတ်ခဲ့ပါဘူး။ အလုပ်သင်ဆရာဝန်ဘ၀တုန်းက National University Hospital က ကင်ဆာဌာနမှာလုပ်ရတယ်လေ။ နေ့တိုင်းနေ့တိုင်း ကင်ဆာရောဂါနဲ့ သေတာတွေတွေ့နေရပါရော။ သူတို့ဘယ်လိုခံစားရတယ်၊ ဘယ်လိုနာကျင်ဒဏ်ခံရတယ် နေ့တိုင်းတွေ့နေတာပဲ။ အောက်စီဂျင်ကို ခဲခဲယဉ်းယဉ်း နောက်ဆုံးထွက်သက်အထိရှူနေရတာ။ ဒါဟာ ကျွန်တော့်အတွက်တော့ အလုပ်တစ်ခုသာပါပဲ။ နေ့တိုင်း ဆေးရုံကိုသွား၊ သွေးဖောက်၊ ဆေးပေး လုပ်နေပေမယ့် ဒီလူနာတွေကို အစစ်လို့မထင်ပါဘူး။ ဒါဟာအလုပ်ပဲ။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်၊ ပြီးရင်အိမ်ပြန်၊ ဒါပဲ။
ဒီလိုနာကျင်ခံစားတာတွေက အစစ်လား။ မဟုတ်ပေါင်။ ဆေးပညာအခေါ်အဝေါ်အားလုံး ကျွန်တော် သိသားပဲ။ တကယ်တော့ ကျွန်တော်လူနာမဖြစ်မချင်း ဒါတွေကိုမသိခဲ့ပါဘူး။ အခုတော့ ကျွန်တော်တကယ်သိလာပြီလေ။ အခုနေများ ခင်ဗျားတို့က ကျွန်တော်ကို အသစ်ကပြန်စခွင့်ရှိသေးရင် အချိုးပြောင်းမလားလို့မေးလာရင် ပြောင်းမယ်လို့ ပြန်ဖြေမှာပဲ။ ဘာလို့လဲဆိုတော့ အခုမှပဲ လူနာတွေ ဘယ်လိုခံစားရတယ်ဆိုတာကို နားလည်လာတာကိုး။ တခါတလေတော့ ဒီလိုပဲ ခဲရာခဲဆစ် သင်ယူရတာမျိုးရှိပါတယ်။
အခုခင်ဗျားတို့က ပထမနှစ်ပဲရှိသေးတာ ဆိုတော့ ဒီလမ်းကြီးကို ဖြတ်ရဦးမှာပါပဲ။ ခင်ဗျားတို့ကို အချက် ၂ ချက် သတိပေးစရာရှိတယ်။
ခင်ဗျားတို့အားလုံးက ပုဂ္ဂလိကဆေးခန်းပဲလုပ်ကြရမှာပဲ။ ပြီးရင် ခင်ဗျားတို့ချမ်းသာလာကြမယ်ဆိုတာအာမခံတယ်။ သွားစိုက်တာလေးတင် အများကြီးပိုက်ဆံရတာမို့လား။ တကယ်တော့ အောင်မြင်တယ်၊ ချမ်းသာတယ်၊ ဆိုတာတွေက မှားနေတာမဟုတ်ပါဘူး။ တကယ့်ပြသနာက ကျွန်တော်တို့အများစုက ဒီဒဏ်တွေကို မခံနိုင်တာ။
ဒါကိုကျွန်တော်ဘာလို့ပြောနိုင်လဲဆိုတော့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ရလေလိုလေဖြစ်နေတယ်ဆိုတာတွေ့လာတယ်လေ။ ပိုပိုပြီးလိုချင်လာတော့ မရရင် မနေနိုင်ဖြစ်ရော။ ပြောခဲ့ပြီးတဲ့အတိုင်း ကျွန်တော်က ဒီလူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတာအားလုံးရခဲ့သားပဲ။ မရရင် မနေနိုင်ဖြစ်ခဲ့တယ်။ လူနာဆိုတာ ငွေဝင်လမ်းလို့ပဲ မြင်ခဲ့တာ။ လူနာဆီက ရသမျှပိုက်ဆံညှစ်ယူခဲ့တယ်လေ။
အချိန်တော်တော်များများမှာ ကျွန်တော်တို့ တကယ်တမ်းဘယ်သူ့အတွက် လုပ်ပေးနေတာလဲဆိုတာ မေ့နေကြတယ်။ နောက်ဆုံးမှာ ဘယ်သူ့အတွက်မှ မဟုတ်ပဲ ကိုယ့်အတွက်တွေဖြစ်ကုန်ရော။ ဒါဟာ ကျွန်တော်တကယ်ဖြစ်ခဲ့တာပဲ။ ဒါဟာ ဆေးပညာပဲဖြစ်ဖြစ်၊ သွားဆေးကုပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆေးခန်းမှာ လူနာကို မလိုတဲ့ကုသမှုတွေ ပေးကြတယ်။ သိပ်မသေချာတဲ့အခါမျိုးမှာပေါ့။ မလိုအပ်မှန်းသိတာတောင်မှ ပေးဖြစ်အောင်ပေးသေးတာ။ ဒီအချိန်မှာတော့ ကျွန်တော်သိလာတာက သူငယ်ချင်းတွေထဲက တကယ်ဂရုစိုက်တဲ့လူနဲ့ ပိုက်ဆံလိုချင်လို့ မျှော်လင့်ချက်ပေးတဲ့လူနဲ့ကို ခွဲတတ်လာပြီ။ ပိုက်ဆံကြောင့် စိတ်ဓါတ်တွေ ပျက်စီးလာတာပေါ့။
ပိုဆိုးတာကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ ပြိုင်ဘက်တွေအကြောင်းကို ဆိုးဆိုးရွားရွားပြောခဲ့ကြတယ်လေ။ လိပ်ပြာမသန့်တာလေးတောင် မဖြစ်ပေါင်။ ကျွန်တော်တို့ဟာ သူများကိုနှိမ့်ချပြီး အပေါ်ရောက်ဖို့လုပ်ခဲ့ကြတယ်။ ဒါကနေရာအားလုံးမှာကို ဖြစ်နေတာ။ ခင်ဗျားတို့ကို သတိပေးချင်တာက ဒီလိုစိတ်ကောင်းနှလုံးကောင်းတွေပျက်စီးသွားတာမျိုးကိုတော့ မဖြစ်ပါစေနဲ့ဗျာ။ ကျွန်တော်ကဒါကို ခဲရာခဲဆစ်သင်ခဲ့ရတာမို့ပါ။ ခင်ဗျားတို့ကိုတော့ ကျွန်တော့်လို မဖြစ်စေချင်ပါဘူး။
နောက်တစ်ခုက လုပ်သက်ရှည်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လူနာတွေအပေါ်မှာ သိပ်အရေးမလုပ်တော့ဘူးလေ။ ထုံပေပေဖြစ်လာတယ်။ အစိုးရဆေးရုံဖြစ်ဖြစ်၊ ပုဂ္ဂ္ဂလိကဆေးခန်းပဲဖြစ်ဖြစ် လူနာမှတ်တမ်းတစ်ထပ်ကြီး လက်ထဲရောက်နေတာနဲ့ အဲဒီဟာကြီးမြန်မြန်ကုန်သွားဖို့ပဲ အရေးကြီးနေတော့တာပဲလေ။ လူနာတွေများလွန်းလို့ အခန်းထဲက မြန်မြန်ထွက်သွားဖို့ပဲ အာရုံရှိတော့တာ။ ဒါအမှန်ပဲဗျ။ ဒါက နေ့တဓူဝ အလုပ်ဖြစ်လာတော့ ငြီးငွေ့လာတာပေါ့ဗျာ။ လူနာတွေဘက်က ဘယ်လိုစိတ်ထဲမှာထင်သွားလဲ ကျွန်တော်မသိပါဘူး။ ကြောက်ရွံ့တာ၊ စိုးရိမ်တာ အားလုံးပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်တကယ်ခံစားရတဲ့အချိန်ရောက်မှ သိလာတာဗျ။ ဒါဟာကျွန်တော်တို့ရဲ့ အကြီးဆုံးချွတ်ယွင်းချက်ပါပဲဗျာ
ကျွန်တော်တို့ဟာ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရှင်များအနေနဲ့ လေ့ကျင့်ပေးထားခဲ့ပေမယ့် တကယ်တမ်းလူနာတွေခံစားနေရတာကိုတော့ ကိုယ်ချင်းမစာနိုင်ခဲ့ပါဘူး။ စိတ်ဆင်းရဲလိုက်၊ ၀မ်းနည်း ၀မ်းသာလိုက်ဖြစ်နေဖို့ပြောတာမဟုတ်ပါဘူး။ ခံစားမှုကဲလွန်းရင် Professional မဆန်ဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့တကယ်တမ်း သူတို့ကိုနားလည်အောင်ကြိုးစားသလား။ အများအားဖြင့်တော့ မကြိုးစားဘူးဗျ။ ခင်ဗျားတို့ကို သတိပေးချင်တာကတော့ လူနာတွေကို ကိုယ်ချင်းစာပါဗျာ။
ဘာလို့လဲဆိုတော့ နာကျင်တာတွေ၊ ကြောက်ရွံ့တာတွေ၊ စိုးရိမ်တာတွေက ကျွန်တော်တို့အတွက် အစစ်မဟုတ်ပေမယ့် သူတို့အတွက်တော့ အစစ်တွေကိုးဗျ။ ကျွန်တော်က အခုဆိုရင် Chemotherapy ယူနေတာ ၅ ခါရှိပြီ။ ဒါဟာ သိပ်ခံရခက်တာပဲဗျာ။ Chemotherapy ဆိုတာ ခင်ဗျားတို့ရဲ့ရန်သူအတွက်တောင် ဆုမတောင်းသင့်ဘူး။ တကယ့်ကို ခံစားရတာဗျာ။ အစာစားမိလား မစားမိလားတောင်မသိတော့ပါဘူး။ သိပ်ကိုဆိုးပါတယ်။ ကျွန်တော်နဲနဲအင်အားရှိတာနဲ့ တခြားကင်ဆာလူနာတွေဆီကို သွားပါတယ်။ နာကျင်တာတွေကို သိလာပြီကိုး။ ဒါက သိပ်နောက်ကျပြီး လုပ်ပေးနိုင်တာလဲ သိပ်နဲနေပါပြီလေ။
ခင်ဗျားတို့မှာက တောက်ပတဲ့အနာဂတ်နဲ့ ခွန်အားအပြည့်နဲ့။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ လူနာအကြောင်းကိုထဲထဲဝင်ဝင်သိအောင်လုပ်ပါဗျာ။ သူတို့ဟာလူသားစစ်စစ်တွေ၊ အမှန်တကယ်ကို နာကျင်ခံစားပြီး အခက်ခဲဆုံးအချိန်တွေကို ရောက်နေတယ်ဆိုတာကို သိအောင်လုပ်ပါ။ ဆင်းရဲတဲ့လူတွေပဲ ခံစားရတယ်လို့ မထင်ပါနဲ့ဗျာ။ ဆင်းရဲတဲ့လူတွေက အစကထဲကသူတို့မှာ နဲနဲပဲရှိတော့ ရောင့်ရဲလွယ်တယ်ဗျ။ ကျွန်တော်တို့၊ ခင်ဗျားတို့ထက်လည်း ပိုပြီးပျော်ပျော်နေနိုင်ကြတယ်။တခြားစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပြင်းထန်နေတာ၊ ငွေရေးကြေးရေး စတဲ့ပြသနာနဲ့ လူတွေအများကြီး။ ဒါတွေကလည်းတကယ်ရှိတာ။ ကျွန်တော်တို့က မသိချင်ယောင်ဆောင်၊ အသိအမှတ်မပြုပဲ နေခဲ့ကြတာ။
ဒါကြောင့်မို့ တကယ်လိုအပ်နေတဲ့လူတွေအပေါ်မှာ အလေးထားကြပါဗျာ။ ခင်ဗျားနဲနဲလေးလုပ်ပေးလိုက်တာ သူတို့အတွက်အများကြီးကို ထူးခြားသွားတာပါ။ ကျွန်တော်ကတော့ သေခါနီးနေပြီဆိုတော့ ဘယ်သူကတကယ်ဂရုစိုက်တယ်၊ အားပေးတယ်ဆိုတာကို ခံစားတတ်နေပြီလေ။ ဒါဟာ ကျွန်တော့်ကို တကယ်ပြောင်းလဲသွားစေတယ်။ ဒါဟာကုသမှုတွေယူပြီးတဲ့နောက်သိလာတာပါ။
ကျွန်တော်ဆေးသွင်းထားတာ မကြာသေးဘူး။ နောက်နေ့မှ ဆေးထပ်သွင်းမယ်ဗျာ။ ဒါကြောင့် ကျွန်တော်ခင်ဗျားတို့ကို စကားပြောဖို့ အားရှိနေသေးတာပေါ့။
မောရစ် နဲ့ အင်္ဂါနေ့ ဆိုတဲ့စာအုပ်ထဲက စကားလုံးလေးတွေ ပြောပြချင်တယ်။ ခင်ဗျားတို့ဖတ်ပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ။ လူတိုင်းသေရမှာသိတာပဲ။ ဒါပေမယ့် ဘယ်သူမှ မယုံကြဘူး။ တကယ်ယုံတယ်ဆိုရင် လုပ်ပုံကိုင်ပုံတွေကို ပြောင်းပစ်ကြမှာပဲ။
ကျွန်တော်သေရတော့မယ်ဆိုတာသိတော့ကျန်တာအကုန်လုံးမေ့ထားပြီး တကယ်လိုအပ်တာတွေပဲ စဉ်းစားတယ်။ တကယ်တော့ နေဖို့ထက် သေဖို့ကို ပိုအချိန်ပေးရမှာ။ ဒါမျိုးကို မနက်စောစောစီးစီးကြားရတာ ကျက်သရေတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော်သိခဲ့တဲ့အမှန်တရားမို့ပြောပြတာပါ။
ခင်ဗျားတို့ကို ပတ်ဝန်းကျင်က ပြောတဲ့အတိုင်းမနေကြပါနဲ့။ မီဒီယာပြောတာကိုလည်း လက်မခံနဲ့။ ကျွန်တော်ခံခဲ့ရပြီးပြီ။ ပျော်မယ်ထင်လို့ သူတို့ပြောတဲ့အတိုင်းလုပ်ခဲ့မိပြီ။ ခင်ဗျားတို့ သေချာစဉ်းစားပြီး ဘယ်လိုအသက်ရှင်သန်မယ်ဆိုတာ ဆုံးဖြတ်ပါ။
သူများပြောတိုင်းလိုက်မလုပ်နဲ့။ကိုယ့်တကိုယ်ရည်စာပဲကြည့်နေမလား။ တခြားတစ်ယောက်ဘ၀ကို ပြောင်းလဲသွားအောင်ကူညီမလား။ ဆုံးဖြတ်ပါ။ တကယ့်ပျော်ရွှင်မှုအစစ်ဆိုတာ ကိုယ့်အတွက်ချည်းပဲကြည့်နေလို့မရပါဘူး။ ကျွန်တော်ရနိုင်မယ်လို့ထင်ခဲ့တာမရခဲ့ပါဘူး။
နားထောင်ပေးတာကျေးဇူးပါပဲ။ မေးချင်တာရှိရင် မေးနိုင်ပါတယ်ခင်ဗျာ။
( ဒေါက်တာရစ်ချတ်ဟာ ၁၈.၁၀.၁၂ နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ စိတ်နှလုံးကောင်းရှိတဲ့ ဒေါက်တာရစ်ချတ်တယောက် ကောင်းရာသုဂတိရောက်မှာပါ။)
ဘာသာပြန်သူ - သန္တာဝင်း
( ၀၂.၁၁.၁၂ )
ကိုးကား။ ။
http://www.youtube.com/watch?v=umLkfADe17s
၂+၂ = ဘယ်လောက်ဖြစ်စေချင်သလဲ
$
0
0
    ဒီနေ့ ဖေ့စ်ဘုတ်သုံးနေရင်း ဗီဒီယိုဖိုင်လေးတစ်ခု ကြည့်ရတယ် ။ ဗီဒီယိုလေး နာမည်က ၂+၂=၅သို့မဟုတ် အမှန် နဲ့ အမှား ပေါ့ ။
ဗီဒိယိုလေးမှာ ရိုက်ပြထားတာ က စာသင်ခန်းတစ်ခုထဲမှာ စာသင်ဖို့အတွက်  ကျောင်းသားငယ်လေးတွေကစောင့်နေတယ် ။ ဆရာကစာသင်ဖို့ဝင်လာတယ်။ ပြီးတော့ ဆရာက ပထမဆုံး သင်ခန်းစာ အဖြစ် နဲ့ ဘလက်ဘုတ်မှာ အီကွေးရှင်းတစ်ခုကိုရေးလိုက်တယ်။ ၂ + ၂ = ၅ တဲ့ ။
          ဆရာကနေပြီးတော့ ၂ နဲ့ ၂ နဲ့ ပေါင်း၅ ဆိုပြီးတိုင်ပေးတယ် ။ ပြီးတော့ ကလေးတွေကိုလိုက်ဆိုစေတယ် ။ အဲဒီမှာ ကလေး တစ်ယောက်ကနေထပြီးတော့ “ ၂ နဲ့ ၂ နဲ့ ပေါင်းတာဟာ ၅ မဖြစ်နိုင်ဘူးထင်တယ် ၊ ၄ ပဲဖြစ်ရမှာ ပေါ့လို့ဆိုတယ် ” ။ ဆရာက ထပြောတဲ့ ကလေးကို ငေါက်ပြီးတော့ “မင်း လျှာ မရှည်နဲ့ ငါသင်တဲ့ တိုင်းလိုက်ဆို” ဆိုတဲ့ သဘောမျိုးနဲ့ ပြောလိုက်တော့ ကျောင်းသားကငြိမ်သွားတယ် ။ နောက် တခြားကျောင်းသားလေးတစ်ယောက်ကနေ ထပြီးတော့ “၂ နဲ့ ၂ နဲ့ ပေါင်းခြင်း ဟာ ၄ ပါဆရာ ၊ ငါးမဟုတ်ပါဘူး ” ပြီးတော့ အတန်းဖော်သူငယ်ချင်းတွေ ကိုလည်း “ ဒီမှာကြည့် ဒီဘက်က ၂ ၊ ဒီတစ်ဖက်က ၂ ပေါင်းလိုက်ရင် ၄ ၊ ၅ မှမဟုတ်တာ”ဆိုပြီးထပြောတယ် ။ အဲဒီမှာ ဆရာက “ မင်းကို ဘယ်သူက စကားပြောခွင့် ပေးလို့လဲ ၊ မင်းအဲဒီမှာ ရပ်နေ ” ဆိုပြီး ကျောင်းသားကြီးတွေ သွားခေါ်တယ် ။ ပြီးတော့ ခုနက ကျောင်းသားလေးကိုအတန်းရှေ့ ခေါ် ပြီး ၂ + ၂ = …. ဆိုပြီး အဖြေအရေးခိုင်းတယ် ။
“  မင်းကို နောက်ဆုံး အခွင့်ရေးပေးမယ် …မင်းမှန် ကန်သော အဖြေကို ပဲရေးပါ ” ဆိုပြီးပြောတယ်။ ပြီးတော့ ကျောင်းသားကြီး ၃ ယောက်က အဖြေရေးမဲ့ ကျောင်းသား လေးကို သေနတ်နဲ့ ချိန်သလိုမျိုးချိန်ထားတယ်။
အဖြေရေးမဲ့ ကျောင်းသားငယ်လေး ဟာ တံတွေမြိုချ မာန်ကိုတင်းပြီး ရေးချလိုက်တယ် ။
၂ + ၂ = ၄ တဲ့ ။
          အဲဒီမှာ တင်ပဲ သေနတ်ကိုင်တဲ့ သဏ္ဍာန်လုပ်ထားတဲ့ကျောင်း သား ကြီး ၃ ယောက်က ပစ်ချလိုက်တယ် ။ ကျောင်းသား ငယ်လေး လဲကျသေဆုံးသွားတယ် ပေါ့။ ပြီးတော့ ဘလက်ဘုတ်က အီကွေးရှင်းမှာ သွေးလေးတွေလည်းပေသွားတယ် ။ ဆရာ က အေးအေးဆေးဆေးပဲ “ ဒီကောင်ကို ထုတ်သွားလိုက် ”လို့ပြောပြီး သွေးပေနေတာလေးကိုပြန်ဖျက်ပြီး တော့..အီကွေးရှင်းလေးထပ်ရေးလိုက်တယ်။
၂ + ၂ = ၅ တဲ့ ။ ပြီးတော့ “ ၂ နဲ့ ၂ နဲ့ ပေါင်း ၅ ” “ ကျယ်ကျယ်ဆို ” “ အေး မင်းတို့စာအုပ်ထဲမှာ အဲတိုင်းလိုက်ရေးလိုက် ” လို့ ခိုင်းတယ် ။ ကျောင်းသားလေးတစ်ယောက် က သူ့စာအုပ်ထဲမှာ၂ + ၂ = ၅ လို့ ရေးပြီးမှ ၅ ဆိုတဲ့ နေရာလေးကို ခဲတံလေးနဲ့ ခြစ်ပစ်ပြီး ၄ လို့ ပြန်ရေးလိုက်တယ်။ ဗီဒီယိုလေး က အဲဒီနေရာမှာတင်ပြီးသွားတယ် ။
          ဒီဗီဒီယိုလေး ကို ကြည့်ပြီး တော့ ကျွန်တော်ရှယ်ထားသူတွေ ၊ အောက်က ကွန့် မန့်တွေကိုလိုက်ကြည့်ကြည့်တယ် ။ အတော်များများ ဟာ ဒီဗီဒီယိုကို အမှန်တရား နဲ့ အမှား လို့ဆိုတယ် ။ ဒီဗီဒီယိုလေးမှာ ဆရာသည် အာဏာရှင် အဖြစ်တင်စားတယ်လို့ဆိုတယ်။ ၂+၂=၅ အဖြစ် မှားနေတာကို အမှန်အဖြစ် အတင်းအကျပ်သူလိုရာပုံသွင်းတယ် ။ အတန်းထဲကကျောင်းသားတွေကတော့ပြည်သူနဲ့တူတယ်လို့ဆိုတယ် ။ ဆရာ ကိုအတိုက်ခံ လုပ်ပြီး ၂ နဲ့ ၂ နဲ့ ပေါင်းတာ ဟာ ၅ မဟုတ်ဘူး၎ ဆိုပြီး အသေခံ ပြောသွားတဲ့ကျောင်းသားလေးကိုတော့ တော်လှန်ရေးသူရဲကောင်းအဖြစ် တင်စားတယ်။ ဆရာခေါ်လာတဲ့ ကျောင်းသားကြီး သုံးယောက်ကိုတော့ အစိုးရရဲ့လက်ကိုင်တုတ်စစ်တပ်အဖြစ် တင်စားတယ်လို့ဆိုတယ်။ နောက် ဆုံး ကိုယ်ပိုင်စာအုပ်ထဲမှာ ၂+၂=၅ လို့ ရေးပြီးမှာ ၅ လေးကိုဖျက် ၄ လို့ အသာလေးရေးလိုက်တဲ့ကျောင်းသား ဟာတွေ အကြောက်တရားကြောင့် အမှန်ကို မပြောဝံ့သည့်တိုင် ရင်ထဲမှာတော့ အမှန်တရားကိုလက်ခံထားတဲ့ ပြည်သူအဖြစ် တင်စားတယ်လို့ ဆိုတယ် ။
          ကျွန်တော့်မှာ စဉ်းစားတွေးခေါ် စရာတွေ အများကြီး ဖြစ်သွားတယ် ။ ဒီဗီယို လေးဟာ ဘာမက်ဆေ့ခ်ျပေးချင်တာလဲ၊ ၂+၂ =၅ ဟာ ဖြစ်နိုင်သလား ။ ၂+၂=၄ ဆိုတာသေချာပြီလား ။ တကယ်လို့ ကျွန်တော်တို့ ဟာကျောင်းသားနေရာမှာဆိုရင်ရော၊ တကယ်လို့ ကျွန်တော်တို့ ဟာဆရာနေရာမှာဆိုရင်ရော ။ အခု ဗီဒီယိုဖြစ်စဉ်မှာဘယ်ဟာ ကလွဲနေသလဲ။  ဒီအဖြစ်ပျက်ကို ဘယ်ရှုထောင့် ကနေ သုံးသပ်မလဲ….စတဲ့မေးခွန်းတွေ တသီးကြီးနဲ့ တစ်ယောက်တည်း Brain Storming လုပ်ကြည့်မိနေပါတော့တယ်။
          ပထမ ဒီ ၂+၂=၅ ဆိုတဲ့ အတွေးခေါ်ဟာဘယ်ကလာသလဲကျွန်တော် လျှောက်ဖတ်ကြည့်မိတဲ့ခါ ။ ၂+၂=၅ ဆိုတဲ့ အတွေးခေါ် concept တစ်ခုဟာ ကမ္ဘာကျော်စာရေးဆရာကြီးဂျော့အောလ်ဝဲ ဆီကနေ မြစ်ဖျားခံတယ်ဆိုတာသိရတယ် ။ ဂျော့အောလ်ဝဲရဲ့ ၁၉၈၄ ဆိုတဲ့ ဝထ္ထု မှာဒီ concept လေးကို စတင်မိတ်ဆက်ပေးခဲ့တယ် ။ နိုင်တီးအိပ်တိဖိုး ဝထ္ထုရဲ့ ဇာတ်ကောင်Smith က ပြောခဲ့တာကတော့ “ သာမာန်သချာင်္ အမြင်မှာတော့ ၂+၂=၄ ဖြစ်လို့၂+၂ =၅ ဆိုတာဟာ မှားယွင်းတဲ့ အမြင်ဖြစ်တယ် ၊သို့ပေမဲ့ နိုင်ငံရေးယဉ်ကျေးမှု မှာတော့၂+၂=၅ ဟာ မှန်ကန်တယ်လို့ ဆိုတယ် ” ။ ဝထ္ထုထဲမှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ Smith ဟာ “၂+၂=၅”ဆိုတဲ့သူချ ပြတဲ့ အယူအဆကိုသာ ပြည်သူတွေ အားလုံး ကလက်ခံယုံကြည်လာခဲ့ရင် သူဟာခေါင်းဆောင်အဖြစ်သူ့နိုင်ငံ ကို ကောင်းကောင်းမောင်းနှင်နိုင် လိမ့်မယ်လို့ဆိုတယ် ။ ကမ္ဘာကျော် ရုရှားစာရေးဆရာဒေါ့စတော့ရပ်စကီး (Fyodor Dostoyevsky)ကလည်း နိုင်ငံရေးယဉ်ကျေးမှု မှာ ၂+၂ ဆိုတာ တူညီသောအင်အားစုတွေ ပေါင်းစည်းတာဖြစ်လို့သာမာန်ထက်ပိုမိုကောင်းမွန်သောအကျိုးရလာဒ်တွေ ထွက် လာရတယ် ။ ဒါကြောင့် ဂျော့အောလ်ဝဲရဲ့concept ဖြစ်တဲ့  ၂+၂=၅ ဟာ  မှန်နိုင်တယ်လို့ဆိုတယ် ။ အဲဒီချိန် အဲဒီကာလ က ၂+၂=၅ဆိုတာ အတွေး ခေါ် ပညာ တစ်ရပ် အနေနဲ့ ပညာရှင်တွေ ကြားမှာ ခေတ်စားခဲ့ ပါသေးတယ် ။
          နောက် ဒီဗီယိုလေးကိုကြည့်ပြီးတော့ ကျွန်တော်ဘာကိုသွားသတိရလဲဆိုတော့Every Child Is Special ဆိုတဲ့ ဘောလိဝုဒ်က ကားလေးကိုသွားသတိရတယ် ။ အဲဒီ ကားထဲမှာ ကလေးက သာမာန်နဲ့ မတူတဲ့ထူးခြားတဲ့ ပါရမီတွေရှိနေတယ် ။ စာဖတ်တဲခါတိုင်းမှာ သူ့မျက်လုံးထဲမှာစာလုံးတွေ က ကခုန်နေလို့ စာကို ကောင်းကောင်း ဖတ်လို့မရဘူး။ အဲလို နဲ့ စာသင်ချိန်တွေမှာ အမြဲလိုလို အပြင်ထွက်နေရတတ်တယ် ။ တရက်တော့ သူတို့ကျောင်းမှာ စာမေးပွဲ ဖြေတယ်ပေါ့။ မေးခွန်းစာရွက် ရဲ့ ပထမဆုံးပုစ္ဆာက ၃ x ၉ = --- ဆိုပြီးပေးထားတယ် ။ သူက က ဒီပုစ္ဆာကိုစဉ်းစားတဲ့ခါ အတွေးအားရုံ က အာကာသထဲ ကိုရောက်သွားပြီးတော့ ဂြိုလ် ၉ လုံးပါတဲ့ နေ အဖွဲ့စည်းကိုသူ ကမြင်တယ် ။  ၃ ခုမြောက်က ကမ္ဘာဂြိုလ်ကို ၉ခုမြောက်က ပလူတိုဂြိုလ်ဆီ သွားထားလိုက်တယ် ။ အဲဒီမှာ အရွယ်အစားနဲ့အားငယ်တဲ့ ပလူတိုဂြိုလ်ဟာပျက်ဆီသွားပြီး၃ ခုမြောက် ကမ္ဘာဂြိုလ် ကတော့ ကျန်နေခဲ့တယ် ။ အဲဒီချိန်မှာ သူ အဖြေကိုသူအရမ်းသဘောကျသွားပြီးအဖြေလွှာစာရွက် မှာ ရဲရဲဝင့်ဝင့် နဲ့ အားရ ပါးရ ရေးပြီး ဖြေပစ်လိုက်တယ် ။ ၃ x ၉ = ၃တဲ့ ။ ပုစ္ဆာတစ်ပုဒ်ရဲ့ အဖြေဆိုတာ ဖြေသူရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးနိုင်မှု ပေါ်မှာ မူတည်ပြီးအဖြေတွေ ဟာ ကွဲပြားသွားကြတယ် ။
          ဒီတခါ ၂+၂=၅ ဆိုတာ ဟာ သချာင်္က လာတဲ့concept ဖြစ်တာမို့ သချာင်္ဘက်လှည့်ကြည့်တယ် ။ ကျွန်တော်တို့ အတော်များများ ရင်းနှီးခဲ့ကြတာမှာ လော့ဂျစ်ဆိုရင် အရစ္စတိုတယ်ရဲ့ true or false လော့ဂျစ်နဲ့ ပဲအသားကျခဲ့ ကြတယ်။ အမှန်ရဲ့ တခြားတစ်ဖက်မှာ အမှားရှိသည်ပေါ့ ။ ကျွန်တော်တို့ရဲ့ အတွေးခေါ်မှာလည်း မှန်ချင်မှန်မယ်၊ မမှန်ရင်တော့ မှားလိမ့်မယ် ဆိုတဲ့ dogma လေးက မသိမသာ လွှမ်းမိုနေတယ် ။ ဒီအယူအဆကိုဆန့်ကျင်တော်လှန်ပစ်သူ ကတော့ Fuzzy Logic ဆရာ ဇာဒါး ပဲဖြစ်ပါတယ် ။ သူကတော့ အမှန်ထဲမှာ အမှားတချို့တဝက်ပါနိုင်သလို ၊ အမှားထဲမှာလည်း အမှန်တချို့တဝက်ပါနိုင်တယ်လို့ဆိုတယ် ။ ၆၀ ရာခိုင်အမှန်ဟာ ၄၀ ရာခိုင်နှုန်းအမှန်နဲ့ယှဉ်ရင်  အမှန်ဖြစ်ပြီး၊ ၈၀ ရာခိုင်နှုန်း အမှန်နဲ့ယှဉ်ရင်တော့ အမှား ဖြစ်တယ်လို့ သူကဆိုတယ် ။ Fuzzy Mathရဲ့ ကိုင်းဖျား ကိုင်နားလေးဖြစ်တဲ့ Robins Lemma  သက်သေပြချက်အရ ၁ ဟာ " ၀ " နဲ့ ညီနိုင်သလို ၊ ၂ ဆိုတာလည်း၁ နဲ့ညီနိုင်တယ် ။ ထို့ အတူပဲ ၂ နဲ့ ၂ ပေါင်းရင် ၅ ရကြောင်းကိုလည်း သက်သေပြနိုင်ပါ တယ်။
          ဆိုတော့ ကျွန်တော် အပေါ် မှာ စဉ်းစားခဲ့ တဲ့အချက်လက်တွေထဲမှာ ၂+၂=၄ လို့ ယေဘုယျ အမှန်ကို တရားသေ မှတ်ယူထားရင်လည်း dogmatism ဆန်သလို၊ ၂+၂=၅ လို့ တရားသေ မှတ်ထားခိုင်းမယ်ဆိုရင်လည်း Dogmatism ဆန်မှာဖြစ်ပါတယ် ။ ၂+၂ ဟာ၎ ဖြစ်နိုင်သလို ၊ ၅လည်းဖြ စ်နိုင်ပါတယ် ။ ထို့ အတူ ၂+၂ =၃ ဒါမှမဟုတ်၂ +၂ = ၆ ဖြစ်နိုင်သေးလားဆိုရင်လည်း ဖြစ်နိုင်ပါသေးတယ်လို့ ပြောရမှာပါ ။
          နောက်ဆုံး ပြန်ကောက်ရမယ်ဆိုရင်တော့ ဗီဒီယိုဖိုင် က ပေးထားတဲ့ မက်ဆေ့ခ်ျလေးဟာ …သာမာန်စာသင်ခန်း တစ်ခု အနေနဲ့ ပဲဖြစ်ဖြစ် ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပဲ ယူဆ ယူဆ ၊ အမှန် ၊ အမှား နဲ့ ချဉ်းကပ်လျှင်တော့ သေချာပေါက် အဖြေထွက်မှာ မဟုတ်ပါ။ အကျိုး အမြတ် အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ အခု ဗီဒီယို သင်ခန်းစာမှာ Lose – Loseပါ ။ ဆရာ ဘက်က အကျိုးအမြတ် ဆုံးရှုံးသလို ၊ တပည့် တွေဘက်ကလည်း ရှုံးပါတယ် ။ ဆရာ (သို့)နိုင်ငံတစ်ခုရဲ့ အစိုးရအဖွဲ့ ဆိုတာ ခေါင်းဆောင် ဖြစ်ပါတယ် ။ ခေါင်းဆောင်း ဟာ မိမိဦးဆောင်ရတဲ့အဖွဲ့စည်းကို ဝေဖန်ဆန်းစစ်နိုင်စွမ်း ပြည့်ဝအောင် ၊ လုပ်ချင်ကိုင်ချင်စိတ်တွေတက်ကြွလာအောင်၊ အရည်ချင်းတွေ ရှိလာအောင် ဆွဲဆောင်စည်းရုံးနိုင်ရမှာဖြစ်ပါတယ် ။ ဒါကြောင့် ၂ နဲ့ ၂နဲ့ ပေါင်းရင် ၅ … အဲဒီတိုင်းမှတ် ဆိုတဲ့ ဝေဖန်ဆန်းစစ်မှုကို ပိတ်ပင်တဲ့ အဆိုတွေ ၊လွတ်လပ်စွာရွေးချယ်ခွင့်ကို သတ်ပစ်လိုက်တဲ့ အဆိုပြုမှုတွေ အတင်းအကြပ် လုပ်ဆောင်မှုမပြုသင့်ပါဘူး ။ ၂ နဲ့ ၂ နဲ့ ပေါင်းရင် ဘယ်လောက် ရသလဲ ၊ ဘယ်လောက်ရမယ်ထင်သလဲ ဆိုတဲ့ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှု ၊ ဆန်းစစ်တွေးခေါ်မှုတို့ ကို ညှစ်ထုတ်ယူသော မေးခွန်းမျိုးသာမေးသင့်ပါတယ်။ ထို့ အတူပဲ ကျောင်းသား (သို့) ပြည်သူ တွေဟာ ၂ နဲ့ ၂ ပေါင်းရင်တော့ ၄ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့တရားသေဝါဒကိုဆုပ်ကိုင်ထားလို့ မရပါဘူး ။ ၄ ရ ရင် ရ ၄ မရရင်တော့ ချကို ချမယ် ဆိုတဲ့သဘောမျိုးလည်း မဖြစ်သင့်ပါ ဘူး ။ ၂ နဲ့ ၂ နဲ့ ပေါင်း တိုင်းဟာ အချိန်တိုင်း ၊ နေရာတိုင်းမှာ၎ ဖြစ်မနေပါဘူး ။ ဆရာ က  ၂ နဲ့ ၂ နဲ့ ပေါင်းရင်၅ ဆိုရင် ဘာကြောင့် ၅ ရသလဲ ၊ ဘယ်လိုငါး ရသလဲ ဆိုတာမေးခွန်းထုတ်ရမှာပါ ။ ဆွေးနွေး ရမှာပါ ။ ဒါမှသာ ကျောင်းသား နဲ့ ဆရာတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ တွေးခေါ်ဆင်ခြင်နိုင်သော ၊ယဉ်ကျေးသော ပညာတတ်တွေ ဖြစ်လာမှာဖြစ်သလို ၊ နိုင်ငံတစ်နိုင်ငံရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ဆီကို ချီတက်နိုင်ပြီး ..အစိုးရကော ပြည်သူပါwin – win အခြေနေကိုဆိုက်ရောက်မှာဖြစ်ပါတယ် ။
ကိုင်း …. စာဖတ်သူကော … ၂+၂ = ဘယ်လောက်ဖြစ်စေချင်ပါသလဲ။
(ရုပ်ဆိုး)
ဒါကတော့ ၂+၂=၅ ဗီဒီယိုလင့်ခ်လေးပါ
http://www.youtube.com/watch?v=OizX0LSxfPQ
ဆီးရီးယားမှာ ဓါတုလက်နက်သုံးတာ ဘယ်သူလဲ?????
$
0
0
 Photo: ဆီးရီးယားမှာ ဓါတုလက်နက်သုံးတာ ဘယ်သူလဲ?????  ၁။အမေရိကန်နိုင်ငံဟာ တရုတ်ဆီက ပိုက်ဆံချေးပြီး အီရတ်နဲ့ အာဖဂန်ကို စစ်တိုက်နေရတာပါ။ အမေရိကန်ရဲ့ ဘဏ္ဍာရေးဟာလည်း တော်တော်ချိနဲ့နေပါတယ်။ အလုပ်လက်မဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်လို့သာ စီးပွားရေးနဲ့ပတ်သတ်ပြီးဆူဆူညံညံတွေ သိပ်မရှိတော့ပေမယ့် အမေရိကန်ဟာ စီးပွားရေးဘက်မှာ အတော်ကြီးအားပြန်မွေးရအုံးမယ့် အနေအထားမှာ ရှိပါတယ်။          ၂။ ဆီးရီးယား သူပုန်အုပ်စုတွေမှာ အစွန်းရောက်အကြမ်းဖက်သမားအုပ်စုတွေလည်း ပါဝင်နေတာကို အမေရိကန်နှင့် မဟာမိတ်အုပ်စုတွေက သိကြပါတယ်။ အာဖဂန်မှာဆိုဗီယက် ကျူးကျော်မှုကို တိုက်ထုတ်ဖို့ ဘင်လာဒင်အပါအဝင် အာဖဂန်လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီလက်နက်အကောင်းစားတွေ တပ်ဆင်ပေးမိရာက ကိုယ်မွေးတဲ့ မျောက်ကိုယ့်ပြန်ကိုက်သလိုခံခဲ့ရတဲ့ အတွေ့အကြုံကြီးကလည်း အမေရိကန်နဲ့ မဟာမိတ်တွေထံမှာ အနာမကျက်သေးဘဲ ရှိနေပြန်ပါတယ်။          ဒီတော့ ဆီးရီးယားပြည်တွင်းစစ်ထဲကို သမ္မတအိုဘားမားက ဝင်ရောက်ဆင်နွှဲလိုစိတ် မရှိလှပါဘူး။ သူပုန်တွေကို လက်နက်ထောက်ပံ့ ပေးလိုစိတ်လည်း မရှိပြန်ပါဘူး။ ဒီတော့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆီးရီးယားစစ်ပွဲနှင့်ပတ်သတ်ပြီး မျဉ်းနီတစ်ကြောင်း ရေးဆွဲထားပါတယ်။ အာဆတ်အစိုးရက ဓါတုလက်နက် မသုံးသေးသ၍ ဆီးရီးယားပြည်တွင်းစစ်ထဲကို ဝင်မပါဘူး ဆိုတဲ့ ရဒ်လိုင်းRed Line ပါပဲ။ ဆီးရီးယား သမ္မတ အာဆတ်က ဓါတုလက်နက်တွေ သုံးရင်တော့ အမေရိကန်နဲ့ အပေါင်းအပါတွေက သူပုန်တွေဘက်ကနေ စစ်ကူပေးကြပါမယ်။            ဒီတော့ အာဆတ်အရေးနိမ့်ပြီး သူပုန်တွေက အရေးသာလာချိန်မှာ သမ္မတအာဆတ်အနေနဲ့ မလွှဲမရှောင်သာစွာ ဓါတုလက်နက်တွေ ထုတ်သုံးလာမှာကို အမေရိကန်အုပ်စုက သတိကြီးစွာနဲ့ စောင့်ကြည့်နေခဲ့ကြပါတယ်။ အာဆတ်က သူအရေးနိမ့်နေချိန်မှာ ဓါတုလက်နက်တွေ လုံးဝထုတ်မသုံးခဲ့ပါဘူးးးအိုဘားမားတို့ရဲ့ ရဒ်လိုင်းကိုလည်း အာဆတ်ကောင်းကောင်း သဘောပေါက်ဟန် တူပါတယ်။            ရုရှားနဲ့ တရုတ်အကူအညီတွေရပြီး သမ္မတအာဆတ်က သူပုန်တွေအပေါ် အနိုင်ရ အသာစီးရလာပြီးတော့ "သေချာပေါက် အောင်ပွဲခံပါတော့မယ်" လို့ မိန့်ခွန်းပြောပြီးနောက်ပိုင်း ဆီးရီးယားပြည်တွင်းစစ်မှာ ဓါတုလက်နက်သုံးစွဲကြောင်း ခိုင်မာတဲ့အထောက်အထားတွေနဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာပါတယ်။ အမေရိကန်နဲ့ အပေါင်းအပါတွေ ပြည်တွင်းစစ်ထဲကို ဝင်ရောက်လာခဲ့ပြီး သူပုန်အုပ်စုတွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရင် သူ့အနေနဲ့ အရေးမလှတော့ဘူးဆိုတာ အာဆတ်လည်း သိပါတယ်။            ဒီတော့ လက်ရှိဆီးရီးယားသမ္မတ အာဆတ်ဟာ ဓါတုလက်နက် တကယ်သုံးစွဲတာလားးး??? အရေးနိမ့်လာတဲ့ သူပုန်တွေက အမေရိကန်အကူအညီ ပေးလာအောင် ဓါတုလက်နက်တွေ ထုတ်သုံးခဲ့တာလားးး??? အဲ့လိုဆိုခဲ့ရင်...သူပုန်တွေက ဓါတုလက်နက်တွေကို ဘယ်ကနေရတာလဲ???              ဘယ်ဘက်မှမလိုက်ဘဲ အဖက်ဖက်ကနေ  အမျိုးမျိုးတွေးပြီး လှည့်ပတ်စဉ်းစားရတာဟာ ကျွန်မအတွက်တော့ ပျော်စရာကောင်းပါတယ်။              နေထက်ထက်အောင်
ဆီးရီးယားမှာ ဓါတုလက်နက်သုံးတာ ဘယ်သူလဲ?????
၁။အမေရိကန်နိုင်ငံဟာ တရုတ်ဆီက ပိုက်ဆံချေးပြီး အီရတ်နဲ့ အာဖဂန်ကို စစ်တိုက်နေရတာပါ။ အမေရိကန်ရဲ့ ဘဏ္ဍာရေးဟာလည်း တော်တော်ချိနဲ့နေပါတယ်။ အလုပ်လက်မဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်လို့သာ စီးပွားရေးနဲ့ပတ်သတ်ပြီးဆူဆူညံညံတွေ သိပ်မရှိတော့ပေမယ့် အမေရိကန်ဟာ စီးပွားရေးဘက်မှာ အတော်ကြီးအားပြန်မွေးရအုံးမယ့် အနေအထားမှာ ရှိပါတယ်။
၂။ ဆီးရီးယား သူပုန်အုပ်စုတွေမှာ အစွန်းရောက်အကြမ်းဖက်သမားအုပ်စုတွေလည်း ပါဝင်နေတာကို အမေရိကန်နှင့် မဟာမိတ်အုပ်စုတွေက သိကြပါတယ်။ အာဖဂန်မှာဆိုဗီယက် ကျူးကျော်မှုကို တိုက်ထုတ်ဖို့ ဘင်လာဒင်အပါအဝင် အာဖဂန်လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီလက်နက်အကောင်းစားတွေ တပ်ဆင်ပေးမိရာက ကိုယ်မွေးတဲ့ မျောက်ကိုယ့်ပြန်ကိုက်သလိုခံခဲ့ရတဲ့ အတွေ့အကြုံကြီးကလည်း အမေရိကန်နဲ့ မဟာမိတ်တွေထံမှာ အနာမကျက်သေးဘဲ ရှိနေပြန်ပါတယ်။
ဒီတော့ ဆီးရီးယားပြည်တွင်းစစ်ထဲကို သမ္မတအိုဘားမားက ဝင်ရောက်ဆင်နွှဲလိုစိတ် မရှိလှပါဘူး။ သူပုန်တွေကို လက်နက်ထောက်ပံ့ ပေးလိုစိတ်လည်း မရှိပြန်ပါဘူး။ ဒီတော့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆီးရီးယားစစ်ပွဲနှင့်ပတ်သတ်ပြီး မျဉ်းနီတစ်ကြောင်း ရေးဆွဲထားပါတယ်။ အာဆတ်အစိုးရက ဓါတုလက်နက် မသုံးသေးသ၍ ဆီးရီးယားပြည်တွင်းစစ်ထဲကို ဝင်မပါဘူး ဆိုတဲ့ ရဒ်လိုင်းRed Line ပါပဲ။ ဆီးရီးယား သမ္မတ အာဆတ်က ဓါတုလက်နက်တွေ သုံးရင်တော့ အမေရိကန်နဲ့ အပေါင်းအပါတွေက သူပုန်တွေဘက်ကနေ စစ်ကူပေးကြပါမယ်။
ဒီတော့ အာဆတ်အရေးနိမ့်ပြီး သူပုန်တွေက အရေးသာလာချိန်မှာ သမ္မတအာဆတ်အနေနဲ့ မလွှဲမရှောင်သာစွာ ဓါတုလက်နက်တွေ ထုတ်သုံးလာမှာကို အမေရိကန်အုပ်စုက သတိကြီးစွာနဲ့ စောင့်ကြည့်နေခဲ့ကြပါတယ်။ အာဆတ်က သူအရေးနိမ့်နေချိန်မှာ ဓါတုလက်နက်တွေ လုံးဝထုတ်မသုံးခဲ့ပါဘူးးးအိုဘားမားတို့ရဲ့ ရဒ်လိုင်းကိုလည်း အာဆတ်ကောင်းကောင်း သဘောပေါက်ဟန် တူပါတယ်။
ရုရှားနဲ့ တရုတ်အကူအညီတွေရပြီး သမ္မတအာဆတ်က သူပုန်တွေအပေါ် အနိုင်ရ အသာစီးရလာပြီးတော့ "သေချာပေါက် အောင်ပွဲခံပါတော့မယ်" လို့ မိန့်ခွန်းပြောပြီးနောက်ပိုင်း ဆီးရီးယားပြည်တွင်းစစ်မှာ ဓါတုလက်နက်သုံးစွဲကြောင်း ခိုင်မာတဲ့အထောက်အထားတွေနဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာပါတယ်။ အမေရိကန်နဲ့ အပေါင်းအပါတွေ ပြည်တွင်းစစ်ထဲကို ဝင်ရောက်လာခဲ့ပြီး သူပုန်အုပ်စုတွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရင် သူ့အနေနဲ့ အရေးမလှတော့ဘူးဆိုတာ အာဆတ်လည်း သိပါတယ်။
ဒီတော့ လက်ရှိဆီးရီးယားသမ္မတ အာဆတ်ဟာ ဓါတုလက်နက် တကယ်သုံးစွဲတာလားးး??? အရေးနိမ့်လာတဲ့ သူပုန်တွေက အမေရိကန်အကူအညီ ပေးလာအောင် ဓါတုလက်နက်တွေ ထုတ်သုံးခဲ့တာလားးး??? အဲ့လိုဆိုခဲ့ရင်...သူပုန်တွေက ဓါတုလက်နက်တွေကို ဘယ်ကနေရတာလဲ???
ဘယ်ဘက်မှမလိုက်ဘဲ အဖက်ဖက်ကနေ အမျိုးမျိုးတွေးပြီး လှည့်ပတ်စဉ်းစားရတာဟာ ကျွန်မအတွက်တော့ ပျော်စရာကောင်းပါတယ်။
နေထက်ထက်အောင်
— with Maung Paing and 70 others.
အီဂျစ်နွေဦး၏အရိပ်အောက်က မြန်မာခေါင်းဆောင်များ
$
0
0
August 29, 2013 at 6:50pm
1981 မှ 2011 ထိ နှစ်ပေါင်း 30  လုံးလုံး  တစ်ဦးတည်း အာဏာရှင်အဖြစ်နဲ့   အုပ်စိုးသွားခဲ့တဲ့  အီဂျစ်သမ္မတ  မူဘာရက် (  Hosni Mubarak )  ဟာ  ကမ္ဘာမှာ  longest - serving  President  သက်တမ်းအရှည်ဆုံးသမ္မတ အဖြစ် ၊  အာဏာကို  နှစ်အကြာဆုံး ဆုပ်ကိုင်ထားခဲ့သူအဖြစ်၊ နာမည်ကြီးသူပါ ။  လေတပ် ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်က  အကြောင်းအားလျော်စွာနဲ့ ပဲ 1975 မှာ ဒုသမ္မတရာထူး ရလာခဲ့ပြီး   1981  သမ္မတ Sadat  လုပ်ကြံခံရတဲ့ အချိန်မှာတော့ 14  Oct. 1981  မှာသမ္မတဖြစ်လာခဲ့ပါတယ် ။
ဒီနေ့ ထိ   အီဂျစ်နိုင်ငံကို  အကြိမ်ကြိမ် စစ်အာဏာပြန်သိမ်းလို့ ရစေခဲ့တဲ့ ၊ မူဘာရက်ကို  နှစ်၃၀လုံးသမ္မတ ဖြစ်စေခဲ့တဲ့ အခြေခံဥပဒေ တစ်ခုက  အီဂျစ်ဖွဲ့ စည်းပုံမှာ  ရှိနေခဲ့ပါတယ် ။ ( Emergency Law No.  162   of  1958  ) လို့ ခေါ်တဲ့ ဥပဒေပါ ။  သမ္မတ  ဆဒတ် က သူ့ လက်ထက်မှာ အဲဒီ Law ကို  ရုပ်သိမ်းပေးခဲ့တာ 18 လ ရှိခဲ့ပါတယ်။ အဲဒီအတွက်ပဲ သူလုပ်ကြံခံခဲ့ရတာဆိုရင်လည်း  မှားမယ်မထင်ပါဘူး ။
အဲဒီလိုနဲ့ ပဲ အီဂျစ်မှာ ပြည်သူရွေးကောက်တင်မြှောက်တယ်ဆိုတဲ့ သမ္မတမော်စီတက်လာခဲ့ပါတယ် ။ မူဘာရက်လက်ထက် တစ်လျှောက်လုံးမှာ  Emergency law 162 အရ  နှိမ်နင်းထားခဲ့တဲ့ အစ္စလမ်မစ်အဖွဲ့ အစည်းတွေ ၊ မူဆလင် ဘုရားသားဟုဒ်အဖွဲ့ တွေ ပါတစ်ပြိုင်နက်တည်းအားကောင်းလာကြပြီး  ။ အစ္စလမ်အစွန်းရောက်တွေ ကြီးစိုးလာပါတော့တယ်။  အီဂျစ် လူလတ်တန်းစား အဖွဲ့ အစည်းနဲ့  ပညာတတ်လူငယ်အများစုက  အဲဒီအန္တရာယ်ကို သဘောပေါက်ပြီး သမ္မတမော်စီကိုပါ  22 , Nov. 2012 မှာ ပြန်လ်ာစတင်ပြီးဆန္ဒပြကြပါတော့တယ်။  အရှိန်အဟုန်သိပ်ကြီးလာခဲ့ပြီး  ထိန်းချုပ်ဖို့  ခက်ခဲလာခဲ့ပါတယ်။ မော်စီနဲ့  အစွန်းရောက် ဘုရားသားဟုဒ်တွေကလည်း  ဆန္ဒပြသူတွေကို  ရက်ရက်စက်စက် နှိပ်ကွပ်လာတဲ့ အတွက်  သွေးမြေကျမှု  ပေါင်းများစွာ ဖြစ်ပေါ်လာခဲ့ကြပါတယ် ။
ဒါပေမယ့် ဦးသန်းရွှေဟာ  မူဘာရက်ကို  သင်ခန်းစာယူနိုင်ခဲ့တယ် ။ အကြံတူ နောက်လူသားစမြဲ ဆိုပါတော့ ။  မူဘာရက်ရဲ့ အမှားတွေကနေ ၊  သူ့အတွက် ခွာစစ်ကို  ကောင်းကောင်းပြင်ဆင်နိုင်ခဲ့တယ် ။ သူလိုချင်တာ ထက်၊သူလိုအပ်တာ ဘာလဲ ဆိုတာကို  ကောင်းမွန်စွာ ရွေးချယ်နိုင်ခဲ့တယ် ။  အာဏာကိုလက်လွှတ်ဖို့ ဝန်မလေးခဲ့ဘူး ။ အဲဒီ   အာဏာကြောင့်  ရလာခဲ့ပြီးတဲ့ စည်းစိမ်ဥစ္စာနဲ့   မိသားစု ဘ၀  ဘေးကင်းလုံခြုံရေးကိုသာ ၊ အာဏာထက်ပိုပြီး  ဦးစားပေးဖို့  ရွေးချယ်ခဲ့တယ် ။  သူဟာ လူယုတ်မာတစ်ယောက်  ဖြစ်နေတာတောင်   လိမ္မာပါးနပ်တဲ့  စစ်ရေးအမြင်ရှိသူဆိုတာ ကိုတော့ လက်ခံရမှာဖြစ်တယ် ။  သူ့ အတွက် ၊ သူ့ မိသားစုအတွက်၊ သူ့ မိသားစု ဘေးကင်းလုံခြုံရေးနဲ့ အကျိုးစီးပွားတွေအတွက်  အထိအခိုက်  အကျဆုံးမရှိစွာနဲ့  ခွာစစ်ကို  အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ် ။
သူ့ တပည့်တွေကို အာဏာတောမှာ  ဆက်လက်မြောနေစေပြီး ၊ အင်္ဂလိပ်တွေ မြန်မာပြည်ကိုအုပ်ချုပ်တုံးက ကိုင်စွဲခဲ့တဲ့   နည်းဗျူဟာ  အဟောင်းကြီးဖြစ်တဲ့  Divided and Rule  ကို သူ့လက်ထက်မှာပါ  အောင်အောင်မြင်မြင်  ဆက်သုံး သွားနိုင်ခဲ့တာ ကိုတွေ့ ရပါတယ် ။ တပ်ထဲမှာကတည်းက  အဲဒီနည်းနဲ့ ပဲ သူ့သြဇာအာဏာစက်ကို တည်ဆောက်ခဲ့ပါတယ် ။ ပြည်တွင်း လက်နက်ကိုင် အဖွဲ့ အစည်းတွေကို  အဲဒီနည်းနဲ့ ပဲ  သွေးကွဲ ဖြိုဖျက်ပြီး ၊ အားနည်းစေခဲ့တယ် ။  အစိတ်စိတ်  အမွှာမွှာ ကွဲစေခဲ့တယ် ။
ကာကွယ်ရေးဦးစီးချုပ်နေရာ၊ လွှတ်တော်ဥက္ကဌနေရာ၊ သမ္မတနေရာတွေအတွက် အားလုံးကို အဲဒီနည်းနဲ့ ပဲ  နောက်ဆုံးအချိန်ထိ အသုံးချသွားခဲ့တာပါ ။  အဲဒါတွေက အခုထိ အသက်ဝင်နေကြတုန်းပါ ။ လွှတ်တော်ဥက္ကဌနဲ့  သမ္မတ ၊ သမ္မတနဲ့  ကာချုပ် ၊ ကာချုပ်နဲ့  လွှတ်တော် ဥက္ကဌ ၊  ဘယ်သူ့ကိုမှဘယ်သူမယုံအောင် ၊ ကြံ့ခိုင်ရေးထံမှာလည်း  အဲဒီလိုပါပဲ ။ အာဏာကို တစ်ဦးတစ်ယောက်တည်း   လက်မပေးအပ်ထားပဲ၊ တစ်ယောက်ကိုတစ်ယောက်မယုံအောင် ၊ သံသယတွေကို အမွေအဖြစ်ထားခဲ့တာပါ။   သူတို့ အားလုံးအတွက်  တူညီတဲ့အရာဆိုတာ ဘုံအကျိုးစီးပွားပဲ ရှိတယ် ။ မင်းတို့ ထဲက တစ်ယောက်ယောက်ဖောက်လာတဲ့နေမှာ ၊ မင်းတို့ အားလုံး အတူတစ်ကွ  ပျက်ဆီးကြရလိမ့်မယ်ဆိုတာ   သူ့ တပည့်တွေအတွက် သူပေးခဲ့တဲ့  တစ်ခုတည်းသော အသိပါ ။
အဲဒါကြောင့် အခုထိ  နောက်ကွယ်မှာ ဦးသန်းရွှေ အုပ်ချုပ်နေသေးတယ် ။ ၀င်ပါနေသေးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။  သူပေးခဲ့တဲ့ ဘုံအကျိုးစီးပွားအရသာ  သူတို့  မပူးပေါင်းမဖြစ်၊ မကာကွယ်မဖြစ် ၊ အတူသွေးစည်းညီညွတ်စွာ ကာကွယ်နေကြရတာပါ ။ ဦးသိန်းစိန် နိုင်ငံခြားမှာ စကားကျွံခဲ့တယ် သမ္မတလုပ်မယ်လို့  ၊ ပြန်လာတဲ့အခါ ဦးရွှေမန်းကို ပါတီဥက္ကဌလွှဲပေးလိုက်ရတယ် ။ ဦးရွှေမန်းနိုင်ငံခြားမှာ စကားကျွံခဲ့တယ် ။သမ္မတလုပ်မယ်တို့  ၊ NLD နဲ့  ညွန့် ပေါင်းဖွဲ့ မယ် တို့ ။  ပြန်လာတဲ့အခါ ပါတီညီလာခံမှာ ဦးအောင်သောင်းက အဲဒီလိုမျိုးတွေကို ဥက္ကဌပင် ဖြစ်စေကာမူ ၊ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ပဲနဲ့ ၊ ပါတီရဲ့ ဗဟိုကော်မတီရဲ သဘောတူဆုံးဖြတ်မှု မပါပဲနဲ့   ပြောခွင့်မရှိဘူးလို့  မီဒီယာကို ပြောတယ် ။
ဦးသိန်းစိန်ကတော့ ရှင်းတယ် ။   မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကတော့  ဆက်လက်ပါဝင်နေမှာ ဖြစ်တယ် လို့ ဝါရှင်တန်ပို့ စ်ကနေ  တစ်ဆင့်  သူ့ ရဲ့ ကျန်ရှိနေသေးတဲ့ လ ၃၀ သက်တမ်းကို လွှတ်တော်က  ဖြုတ်ချနိုင်မယ့် အန္တရာယ်ကို တရားဝင် ကာကွယ်ခဲ့တယ် ။
မြန်မာနိုင်ငံမှာ အာဏာကြီး  ၃  ရပ်က  အချင်းချင်း  check &  balance  လုပ်နေကြပါတယ် ။ တရားစီရင်ရေးအာဏာတော့မပါပါဘူး ။  ကာချုပ် ၊သမ္မတ ၊ လွှတ်တော်ဥက္ကဌပါ ။  ဦးသန်းရွှေ  မူဘာရက်ထက် အဆပေါင်းများစွာ တော်တယ် ဆိုတာအဲဒါတွေပါ။ သူ မပါရင်တောင် မှ ၊သူ့ ဘက်ကို ဘယ်သူမှ လှည့်ဖို့ စိတ်မ၀င်စားအောင်  လုပ်ထားနိုင်ခဲ့တာပါ ။ ကိုယ့်နေရာကိုယ်လေး မပျောက်အောင်  နေရာလုနေကြရတာနဲ့ ကို မအားနေရအောင် ဖန်တီးထားနိုင်ခဲ့ပါတယ် ။
ဦးသန်းရွှေဟာ  မူဘာရက်ရဲ့ ဆရာပါ ။
                                                          ပြည်ချစ်သူ
                                                          29.8.2013
သက်သေခံ တောင်ပြာတန်း
$
0
0
 သက်သေခံ တောင်ပြာတန်း   ဟယ်စစ်သားတွေပါ ......  လမ်းဘေးမှာတွေ့ ရင် နှာခေါင်း ရှုံ့ တတ်တဲ့သူတွေ စစ်သုံးစရိတ် များတယ် ဆိုပြီး လက်ညှိးထိုး  အော်တတ်တဲ့သူတွေ ......   စစ်မှုထမ်းဟောင်း  ထောက်ပံ့ကြေးငွေ  ၃ သောင်းဆိုရင် ရယ်များသွားမလား  ........  လူမသိ သူမသိ သတင်းစာထဲ မပါ ဂျာနယ်တွေထဲမှာ မကျော်ကြားခဲ့ပေမဲ့  တိုင်းပြည်ကြီး အတွက်  စစ်သားဆိုတဲ့ အသိ ဟုတ်ဆိုတဲ့ တစ်ခွန်း သူတို့  ဘ၀တွေ အတွက်  မပြုံးနိုင်ခဲ့လည်း  လက်တွေ ခြေထောက်တွေ အချိန်တွေ ပေးခဲ့တဲ့  စစ်မှုထမ်းဟောင်းနှစ်သိန်းကျော် ရဲ့ အနစ်နာခံ ပေးဆပ်သူတို့ နှလုံးသားတွေကိုတော့.....   တိုးတိုးလေး ရိုးရိုးလေး ဆိုနေကျဘဲ အတိုင်း ဒါတွေကို တောင်ပြာတန်းက အသိဆုံးပါကွယ် မေးကြည့်ပါကွယ် ........    စစ်သုံးစရိတ် များသူများ အတွက် သက်သေခံ ရှာပေးလိုက်ပါတယ် ။    လေးစားစွာဖြင့် ဖိုးသားလေး
သက်သေခံ တောင်ပြာတန်း
ဟယ်စစ်သားတွေပါ ......
လမ်းဘေးမှာတွေ့ ရင် နှာခေါင်း ရှုံ့ တတ်တဲ့သူတွေ
စစ်သုံးစရိတ် များတယ် ဆိုပြီး လက်ညှိးထိုး
အော်တတ်တဲ့သူတွေ ......
စစ်မှုထမ်းဟောင်း ထောက်ပံ့ကြေးငွေ
၃ သောင်းဆိုရင် ရယ်များသွားမလား ........
လူမသိ သူမသိ
သတင်းစာထဲ မပါ ဂျာနယ်တွေထဲမှာ
မကျော်ကြားခဲ့ပေမဲ့ တိုင်းပြည်ကြီး အတွက်
စစ်သားဆိုတဲ့ အသိ ဟုတ်ဆိုတဲ့ တစ်ခွန်း
သူတို့  ဘ၀တွေ အတွက် မပြုံးနိုင်ခဲ့လည်း
လက်တွေ ခြေထောက်တွေ အချိန်တွေ ပေးခဲ့တဲ့
စစ်မှုထမ်းဟောင်းနှစ်သိန်းကျော် ရဲ့ အနစ်နာခံ
ပေးဆပ်သူတို့ နှလုံးသားတွေကိုတော့.....
တိုးတိုးလေး ရိုးရိုးလေး ဆိုနေကျဘဲ အတိုင်း
ဒါတွေကို တောင်ပြာတန်းက အသိဆုံးပါကွယ်
မေးကြည့်ပါကွယ် ........
စစ်သုံးစရိတ် များသူများ အတွက်
သက်သေခံ ရှာပေးလိုက်ပါတယ် ။
လေးစားစွာဖြင့်
ဖိုးသားလေး
feeling sarcastic.
........................................................................
Mizzima သတင်းစာက
ကူးယူဖော်ပြပါသည်။
မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းများ တစ်နှစ်လျှင် ကျပ်သုံးသောင်းသာ ထောက်ပံ့ကြေးရ
မင်းမင်း
စစ်တပ်တွင် တာဝန်ထမ်းဆောရင်င်း အေကြာင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် စစ်သား များသည် တစ်နှစ်လျှင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး၏ သြဂုတ် ၂၈ ရက်က လွှတ်တော်တွင် ရှင်းလင်းဖြေကြားချက်တွင် ပါရှိသည်။
မသန်စွမ်း ဖြစ်သွားသည့် အငြိမ်းစား စစ်သားများအတွက် နိုငင်ံမှ ကူညီ ထောက်ပံ့ပေးရန်နှင့် စစ်မှုထမ်း ဟောင်းများနှင့် ၎င်းတို့မိသားစုများ၏ ဘ၀ကို မြှင့်တင်ပေးရန် သြဂုတ် ၂၈ ရက်က အောက်လွှတ်တော် တွင် အမတ်သုံးဦးက အေရးဆိုသဖြင့် ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြန်လည်ဖြေကြားစဉ် ထိုအချက် အလက် ပါဝခင်ဲ့ခြင်းဖြစ်သည်။
ဒုဝန်ကြီး၏ လွှတ်တော်တွင် ဖြေကြားချက်တွင် အသက် ၇၅ နှစ်အထက် စစ်မှုထမ်းဟောင်းများကိုလည်း တစ်နှစ်လျှင် ကျပ်နှစ်သောင်း ထောက်ပံ့ကြေးပေးကြောင်းလည်း ပါရှိသည်။
ထို့ကြောင့် မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းတစ်ဦးသည် တ်ရစက်လျှင်၈၂ကျပ်၁၉ပြား ထောက် ပံ့ကြေးရရှိပြီး၊ အသက် ၇၅ နှစ်အထက် စစ်မှုထမ်းဟောင်းများမှာမူ တ်ရစက်လျှင် ၅၄ ကျပ် ၇၉ ပြား ရရှိ သည့် သေဘာဖြစ်သည်။
လ်ရကှိတွင် မသန်စွမ်းဖြစ်နေသည့် စစ်သားအချို့မှာ စာအုပ်များနှင့် ဓာတ်ပုံများ လိုက်လံရောင်းချနေ သည်ကို ဒေသအနှံ့အပြားတွင် တွေ့မြင်နေရသည်။
“မသန်စွမ်းဖြစ်သွားတဲ့ စစ်သည်တွေဟာ ပြပေင်လာကမှာလည်း အလုပ်အကိုရင်ရှိဖို့ မလွယ်ပါဘူး။ မိ သားစုတွေရဲ့ ပညာရေး၊ ကျန်းမာရေးကိုတောင် အနိုင်နိုင် ဖြေရှင်းနေရပါတယ်”ဟု ကရင်ပြည်နယ်၊ ဖာ ပွန်အမတ် ဦးစိုင်းသန်းနိုကင် ၎င်းဒေသရှိ မသန်စွမ်းစစ်သားများ၏ အေခြအေနကို လွှတ်တော်တွင် တင် ပြခဲ့သည်။
လ်ရကှိ မြန်မာနိုငင်ံတွင် စစ်မှုထမ်းဟောင်း နှစ်သိန်းကျော်ရှိနေကာ စစ်မှုထမ်းဟောင်း အိရမာများကို လည်း ဆောက်လုပ်ပေးနေပြီး စစ်တပ်မှ ထိပ်တန်းအရာရှိ အငြိမ်းစားများ ထူထောထင်ားသည့် မြန်မာ့စီး ပွားရေး ဦးပိုလင်ီမိတက်မှ လစဉ် ကျပ်သိန်းတ်ရစာနှင့် ဘိလပ်မြေအိတ် ၁၀၀၀ ထောက်ပံ့ပေးသည်ဟု ဒု ၀န်ကြီး၏ ဖြေကြားချက်တွင် ပါရှိသေးသည်။
သို့သော် ဒု-၀န်ကြီးက မည်သည့်အဆင့် အငြိမ်းစားများကို အိမ်ဆောက်ပေးပြီး၊ ငွေနှင့် ဘိလပ်မြေအိတ် များ ထောက်ပံ့ပေးသည်ကိုမူ ပြောမသွားခဲ့ပေ။
သမ္မတဦးသိန်းစိန်သည် “မသန်မစွမ်း ဖြစ်သွားသော တပ်ေမတ်ာသားများနှင့် သေဆုံးသော (သို့) ကျဆုံး သော တပ်ေမတ်ာသားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးဥပေဒ”ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မတ် ၃၀ ရက်က လက်မှတ်ရေးထိုးပြီး ပြဌာန်းခဲ့သည်။
ထိုဥပေဒတွင် မသန်မစွမ်းဖြစ်သွားသော စစ်သားသည် မသန်မစွမ်းမှုရာခိုင်နှုန်း၆၀နှင့် အထ်ရကှိကြောင်း ဆေးခုံအဖွဲ့ကသတ်မှတ်ခံရပြီး၊ တပ်ေမတ်ာတွင် ကျေနပ်လောက်အောင် တာဝန်ထမ်းဆောခင်ဲ့သည်ဟု အခွင့်ရအာဏာပိုင် (သို့) အဖွဲ့က အတည်ပြုလျှင် ထောက်ပံ့စောင့်ရှောက်မှုကို ခံစားပိုခင်ွင့်ရှိသည်ဟု ပြ ဌာန်းထားသည်။
သို့သော် အဆိုပါဥပေဒအတည်ပြုပြီး တစ်နှစ်နှင့်ငါးလအထိ ကြာမြင့်ပြီဖြစ်သည့် ယေန့အချိန်အထိ နည်း ဥပေဒ ထွက်မလာသေးသဖြင့် ယင်းဥပေဒပါ ပြဌာန်းချက်များအတိုင်း အေကာအင်ထည် မေဖ်ာနိုင်သေး ပေ။
ရွှေပြည်သာမှ အောက်လွှတ်တော်အမတ် ဦးတင်မောင်ဦးက “စစ်မှုထမ်းဟောင်းတွေကို လေ့လာကြည့် လို့ စစ်မှုထမ်းဟောင်းတွေဟာ စားဝတ်နေရး မေပြလည်ဘူး။ အခက်အခဲတွေ့နေရင် နောအင်နာဂတ် မှာ တပ်ေမတ်ာထဲဝမင်ယ့် ကေလးတွေဟာ သူတို့ကိုကြည့်ပြီး ၀ဖငို့အတွက် အဟန့်အတားဖြစ်မှာ ဖြစ်ပါ တယ်။
တကယ်လို့ စစ်မှုထမ်းဟောင်းတွေဟာ ပြောင်ပြောင်ရောင်ရောနင်ဲ့ နေရတာမျိုး မြတင်ယ်ဆိုရင်တော့ အ နာဂတ်မှာ လူငယ်များစွာ အရကင်လိုပဲ တပ်ေမတ်ာထဲ ၀င်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် တပ်ေမတ်ာသား တွေအတွက် အာမခံချက်တစ်ခု ဆောရင်ွက်ပေးဖို့ လိုမယ်လို့ အကြံပြု တင်ပြလိုပါတယ်”ဟု လွှတ်တော် တွင် ထောက်ပြေပြာဆိုခဲ့သည်။
ယခုလ်ရကှိ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ် ငွေကျပ်သန်းပေါင်း နှစ်သန်း ကျော် ရရှိထားပြီး ၀န်ကြီးဌာန အားလုံးအနက် ဘတ်ဂျက် ဒုတိယအများဆုံးရရှိသည့် ၀န်ကြီးဌာန ဖြစ် သည်။
" အပျင်းပြေ _ ၃ "
$
0
0
. . . . . . . ဒီအပျင်းပြေကတော့ အမျိုးသားသူငယ်ချင်းများ အတွက်သာရည်ရွယ်ပါတယ်။ မိန်းကလေးတွေ ကျော်သွားပါ။ ( ပြောထားပြီးပြီနော်... မနေနိုင်လို့ဆက်ဖတ်တာကိုယ့်အကြောင်းပဲ)
. . . . . . . ဆေးပညာဘာသာရပ်တွေထဲက သားဖွားမီးယပ်ပညာမှာ ဗွီအီး ( VE = Vaginal Examination) ဆိုတာရှိတယ်ဗျ။ Vaginal= မိန်းမကိုယ်။ Examination= စမ်းသပ်စစ်ဆေးခြင်း ။ မိန်းမကိုယ်စမ်းသပ်စစ်ဆေးခြင်း ပေါ့ဗျာ။ ဘယ်လိုစမ်းတာလဲဆိုတော့ ငယ်ငယ်က ဒိုင်းညှောင့်ဆို သေနတ်ပစ်တဲ့ပုံလက်ကိုလုပ်သလိုမျိုးလုပ်ပြီး မိန်းမကိုယ်ထဲနှိုက်ရတာပါပဲ။လက်ညှိုးနဲ့လက်ခလယ်ကို ထည့်လိုက်တာပေါ့ဗျာ။ .. အင်း .. ခင်ဗျား ဆရာဝန်မဟုတ်ရင်တော့ ဒီတော့ပစ်က စိတ်ဝင်စားစရာကောင်းပြီ။
. . . . . . . စမ်းသပ်စစ်ဆေးတာပဲဗျာ။ မိန်းမကိုယ်အတွင်းနံရံရယ် ၊ သားအိမ်ခေါင်းဝရယ် ၊ သားအိမ်ခေါင်းပတ်လည် အခေါင်းရယ်ကို နှိုက်ပြီးစမ်းတာပါပဲ။ အ၀ကတော့ မျက်စိနဲ့ကြည့်ရင်တွေ့တယ်လေ။ အထဲကိုပါတွေ့ချင်ရင် Speculum ဆိုတဲ့ ဘဲနှုတ်သီးပုံ ကတော့လေးထည့်ပြီး ဘဲနှုတ်သီးကိုဖြဲကြည့်ရင် အတွင်းကအခြေအနေတွေကိုပါ မြင်နိုင်တယ်။ ဟုတ်တာပေါ့ .. မျက်နှာနဲ့ကပ်ကြည့်ရတာပေါ့။မွေးလူနာဆိုရင် အဲဒါမျိုးစမ်းပြီး မွေးဖို့ဘယ်လောက်လိုမယ် ၊ လွယ်မယ် .. ခက်မယ် ၊ အန္တရာယ် ရှိတယ် .. မရှိဘူး ၊ ကလေးက ခေါင်းနဲ့ထွက်မှာလား ၊ ဖင်နဲ့ .. ခြေထောက်နဲ့ ထွက်မှာလား ပြောနိုင်တယ်။ သားလျှောတဲ့ အခြေအနေတွေ ၊ ကိုယ်ဝန်ပျက်တဲ့ အခြေအနေတွေ ၊ မုဒိမ်းမှုနဲ့ ဆက်စပ်တဲ့ကိစ္စတွေ အပါအ၀င် အပျိုတွေမှာလည်း လိုအပ်ရင် စမ်းရတယ်ဗျ။ ကျွန်တော်လား .. အမုန်းနှိုက်ခဲ့ရတာပေါ့။ အင်း .. မုန်းတော့လည်း မမုန်းသေးပါဘူး။ အာသဝေါမှ မကုန်သေးပဲကို။ ထားပါဗျာ .. ဘေးရောက်ကုန်ပြီ။
. . . . . . . ကျွန်တော်တို့ဆိုတာကလည်း ၁၀ တန်းတုန်းက Bio မှာ သင်ရတဲ့ ယုန်မရဲ့မျိုးပွားအင်္ဂါကြည့်ပြီး လူမတွေမှာလည်း ဒါမျိုးနေမှာပဲ လို့ထင်ခဲ့ .. ၊ ဆေးကျောင်း ဒုတိယနှစ်ရောက်တော့ ဆေးစိမ်ထားတဲ့ အလောင်းကောင် အမကြီးဆို သူငယ်ချင်းမိန်းကလေးတွေ မရှိတော့မှ ရှုံ့တွနေတဲ့အသားကြည့်ပြီး ဒါမျိုးလားဟ ဆိုတာမျိုးကိုး။ ခန္စာဗေဒ စာအုပ်ကြီးတွေထဲမှာတော့ ပုံတွေပါတယ် ခင်ဗျ။ စကားမစပ် .. အဲဒီစာအုပ်ကြီးတွေက သိပ်ဈေးကြီးတယ်။ ခုခေတ်လို software တွေ ၊ PC တွေ ၊ tablet တွေကလည်း မတွင်ကျယ်သေးတော့ စာအုပ်ပဲဝယ်ရတာပေါ့။ မိဘတွေ သိပ်ကုန်တာပေါ့။ တချို့လည်း သူငယ်ချင်း သုံးလေးဦးစပ်ပြီး တစ်အုပ်ဝယ်ကြတယ်။ ကျွန်တော်တို့လည်း အဲဒီလိုပဲ။ အင်း .. စာအုပ်ဆိုတာ လှန်ပါများ ၊ ချိုးပါများတဲ့ စာမျက်နှာဆို လက်သင့်ပြီး အဲဒီနေရာကို ပွင့်လွယ်တယ် မဟုတ်လား။ ကျွန်တော်တို့စာအုပ်ကြီးဆိုလက်သင့်လိုက်တာများ ကောက်လှန်လိုက်တာနဲ့ မ မျိုးပွားအင်္ဂါ စာမျက်နှာချည်း တန်းတန်းကျ တော့တာပဲ။ တခါတခါ စဉ်းစားမိတယ်။ သူငယ်ချင်းကောင်မလေးတွေစာအုပ်ဆိုရင်ရော ဖို မျိုးပွားအင်္ဂါ စာမျက်နှာများကျမလားလို့။ ( ပြောထားတယ်နော် .. နင်တို့ကို မဖတ်နဲ့လို့ )
. . . . . . . အင်း .. ဗွီအီး အကြောင်းပြန်ဆက်ဦးမှ။ ပထမဆုံးနှိုက်ရတော့လား ၊ အမှန်ပြောရရင် ဗိုက်ကြီးသည် မွေးခါနီးတွေနဲ့ပဲ စရတာဆိုတော့ ဘယ်လိုမှမလဲဘူးဗျာ။ နံတာပဲသေချာသိတယ် ဆိုပါတော့။ နောက်တော့ .. အပျိုတွေ ၊ အလတ်တွေ စုံအောင်စမ်းရတော့တာပါပဲဗျာ။ အင်း .. ကျွန်တော်ပြောတော့ရော . ခင်ဗျား မစမ်းဘူးရင် သိမှာမဟုတ်ပါဘူး။
. . . . . . . ဟုတ်တယ် .. မှတ်မှတ်ရရတွေ ရှိတာပေါ့ဗျာ။
. . . . . . . တခါသားတော့ ဆရာမကလှမ်းခေါ်တယ်။ ဆရာရေ ၊ လူနာအသစ် ၊ BPV ( Bleeding per Vagina = မိန်းမကိုယ်မှ သွေးဆင်းခြင်း ) တဲ့။ ထလာပြီး .. စမ်းသပ်ခန်းထဲဝင် .. ကြည့်လိုက်တော့ လူနာအမျိုးသမီးလေးက ကျွန်တော်နဲ့ရွယ်တူလောက်။ ကျွန်တော်က ၂၂-၂၃ လောက် ၊ အလုပ်သင်ဆရာဝန်ပေါက်စပေါ့။ ဟုတ်တယ် .. ခင်ဗျားစဉ်းစားလိုက်သလိုပဲ။ကောင်မလေးက တကယ့်ချောချောလေး။ ဟုတ်တယ် .. အသားကဖြူဖြူလေး။ ကရင်ဗမာ ကပြားလေး။ ကိုယ်လုံးကိုယ်ပေါက်က ခင်ဗျားကြိုက်တဲ့မော်ဒယ် တစ်ယောက်ယောက်စဉ်းစားကြည့်လိုက်။ ဟုတ်တယ် အဲဒီအတိုင်းပဲ။ ဆံပင်ကတော့ မစဉ်းစားနဲ့တော့ ၊ ခပ်ရှည်ရှည် ဖြောင့်ဖြောင့်လေး။ အင်္ကျီလက်ပြတ်ကလေးနဲ့ ၊ စကပ် .. ထဘီစကပ်ပေါ့ဗျာ .. ခပ်ကျပ်ကျပ်နဲ့။ ( အခုခေတ်လို အတိုတွေ မ၀တ်သေးဘူးဗျ ) ။ မျက်လုံးဝိုင်းကြီးတွေနဲ့ ကျွန်တော့်ကို ခပ်ပြူးပြူးလေး စူးစမ်းသလိုကြည့်လို့ပေါ့။ အင်း .. မျက်လုံးရွဲရွဲ ဆိုပါတော့ဗျာ။ ရွဲရွဲကြီးလား ရွဲရွဲလေးလားတော့ သေချာမသိတော့ဘူး ခင်ဗျ။ သူ့ကို ဟိုလိုစမ်းမယ့် သကောင့်သားက သူ့ပြန်ပြီး မျက်လုံးရွဲကြီးလုပ်နေဖို့ မတော်ဘူးမဟုတ်လား။ ခပ်သုတ်သုတ်လေး မျက်နှာလွှဲရတာပေါ့။ ဟုတ်ပါတယ် .. ခပ်သုတ်သုတ်လွှဲတာတောင် ဒီလောက်တော့ အာရုံထဲစွဲတယ် ခင်ဗျ။ ( စကားမစပ် .. အရေးအသား ကောင်းရဲ့မဟုတ်လား )
. . . . . . . " တက် တက် ၊ ကုတင်ပေါ်တက် ၊ အောက်က ထဘီဖြုတ် ၊ ပြီးရင် အောက်စသိမ်း " .. ဆရာမက ခပ်မာမာဝင်ပြောတော့မှ မယ်မင်းကြီးမလေးလဲ မျက်လုံးရွဲကြီးချပြီး ခပ်သွက်သွက် ကုတင်ပေါ်တက်ရှာတယ်။ အင်း .. သူတို့ မိန်းမချင်းကျတော့ ဒါမျိုးတယ်သိကြသကိုးဗျ။ မြွေမြွေချင်း .. မရဘူး။ အ၀ှာဖြစ်လို့လဲ ဆေးရုံလာသေး ၊ ကျော့လို့ မော့လို့ ၊ တောင့်လို့ ဖြောင့်လို့ ၊ ပြီး .. ဆရာဝန် ကောင်ကလေးကို မျက်လုံးလေး ကလယ်ကလယ်တွေ ဘာတွေ လာလုပ်လို့ ၊ ဘယ်ခံလိမ့်မလဲ ခင်ဗျ။ ကျွန်တော်တို့ ဆရာမတွေပေပဲဟာ။
. . . . . . . အင်း .. ကျန်တာတွေလည်း စမ်းရတာပေါ့။ ဗွီအီးကလည်း မစမ်းမဖြစ်ပေါ့။ ပေါင်ကားရတာပေါ့ ၊ မကားပဲစမ်းလို့မှ မဖြစ်ပဲဟာကို။ အင်း .. ကရင်ကပြားလေးပေါ့။ အင်း .. ခင်ဗျားထင်သလိုပေါ့။ ကျွန်တော်လား .. အင်း ခင်ဗျားထင်သလိုပဲဗျာ။ အလုပ်သင်ပေါက်စပါဆို .. ဆရာဝန်စိတ် မ၀င့်တ၀င်ပေါ့။
. . . . . . . ရှိသေးတာပေါ့ဗျာ။ တစ်ညပိုင်းတော့ အိုဂျီဆောင်တစ်ခုလုံး ကျွန်တော်တစ်ယောက်တည်း ရှိသဗျ။ ဆရာမ နှစ်ယောက်နဲ့။ တာဝန်အတူကျတဲ့ သူငယ်ချင်းမိန်းကလေးနှစ်ယောက်က ဘယ်သွားတယ်မသိဘူး။ " ဆရာ .. ဆိုင်တိုတက် ထည့်ရမယ့် ပေးရှင့်ရှိတယ်" ဆိုပဲ။ ဒီလိုဗျာ။ ကလေးမဖြစ်တဖြစ် လနုနု သားပျက်ရောဆိုပါတော့ ၊ သားအိမ်ကို ခြစ်ပစ်ရတယ် ၊ ခြစ်ဖို့အတွက် သားအိမ်ခေါင်းပွင့်ဖို့လိုတယ် ၊ ဆိုင်တိုတက်ဆိုတာ သားအိမ်ခေါင်းပွင့်ဆေးပေါ့ဗျာ ၊ မိန်းမကိုယ်ထဲနှိုက်ပြီး သားအိမ်ခေါင်းရဲ့အနောက်ဘက် စအိုအပေါ်နား ချောင်လေးထဲကို အဲဒီဆေးပြားလေးထည့်ပေးရတယ်လို့ မှတ်ထားဗျာ။ အချိန်စောင့် ၊ မပွင့်သေးရင် ထပ်ထည့်ပေါ့ဗျာ။ အခုလူနာက အဲဒီလို မပွင့်သေးလို့ အချိန်စေ့တော့ ထပ်ထည့်ရမယ့်လူနာ။
. . . . . . . ကျွန်တော်လူနာကို လှမ်းကြည့်လိုက်တော့ လူနာက စမ်းသပ်ကုတင်နားလေးရပ်လို့။ဟုတ်ပဗျာ .. ခင်ဗျားထင်သလိုပဲ ၊ တကယ့်ကို ငယ်ငယ်ချောချောလေး။ ဒီတစ်ယောက်က ကျွန်တော့်ထက်ငယ်တယ်ဗျ။ ဆယ့်ရှစ် . ဆယ့်ကိုး လောက်ပဲရှိဦးမယ်။ ချောချောဖြောင့်ဖြောင့်လေး ၊ ဖွေးဖွေးလေး ၊ ဒီတစ်ခါတော့ ခင်ဗျားထင်ထားတာထက် နည်းနည်းပိုမိုက်သွားပြီဗျာ။ ဘယ်လောက်မိုက်သလဲဆိုရင် ပထမဖတ်ခဲ့တဲ့တစ်ယောက်ထက် ပိုမိုက်တယ်ဗျာ။ ကိုရီးယားမင်းသမီးလေးကျလို့။ ဂျင်းဘောင်းဘီ သရီးကွာတားအကျပ်ကလေးနဲ့ဗျာ။အောက်နှုတ်ခမ်းကလေးကိုက်လို့ကျွန်တော့်ကြည့်နေပါရဲ့။ ဒီတစ်ခါတော့ ကျွန်တော်လည်း နည်းနည်းကြာသွားပြီဗျာ။ ကြည့်တာ။ ခပ်ငေးငေးငိုင်ငိုင်ဖြစ်သွားတာကို ဆရာမနှစ်ယောက်က ချက်ချင်းရိပ်မိသဗျ။ ခိုးခိုးခစ်ခစ်ပြုပြီး ကျွန်တော့်ကို မကြားတကြားကလိသဗျ။ ဆရာ မထည့်ရဲဘူးလား . ဘာညာ စသည်ဖြင့်ပေါ့ဗျာ။ ခင်ဗျားကလဲ .. သိပ်အတိအကျ မသိချင်နဲ့တော့ဗျာ။
. . . . . . . ဘယ်ရမလဲဗျာ .. ဒါမျိုးစမ်းလို့တော့ဖြင့်။ အခုတောင် ခင်ဗျားသူငယ်ချင်း ဖြစ်နေတာမဟုတ်လား။ ရာဇ၀င်ရိုင်းလို့ဗျာ။ နာမည်တောင် ယက္ခရဲကြီးလို့ ယူထားမဟုတ်လား။ ဆရာမနှစ်ယောက် ခပ်ဆတ်ဆတ်ကြည့်ပစ်လိုက်ပြီးလူနာဆီတန်းသွားတာပေါ့။
. . . . . . . အင်း . ဂျင်းဘောင်းဘီအကျပ်ကလေး ချွတ်ရတာပေါ့။ ကျွန်တော့်ရှေ့တင်။ . . ဆက်ချွတ်ရတာပေါ့။ ကျွန်တော့်ရှေ့တင်။ မျက်နှာလွှဲထားရတာပေါ့။ ခဏ ခဏလွှဲရတယ်ဗျ။ ခဏ ခဏ ခေါင်းက ပြန်ပြန်လည်သွားလို့။ .. အင်း .. ဆောင်းတွင်းကြီးပါ ၊ မှတ်မိတယ်။ ချွေးကိုပြန်လို့ဗျို့။ ပြန်တာပေါ့ဗျာ .. ရင်ထဲ ဂဂျိုးဂဂျောင်နဲ့ဟာကို။ ဆရာမနှစ်ယောက်ကလည်း ကျွန်တော်ချွေးတော်တော်ပြန်နေသလား ကြည့်ရတာ အမော။
. . . . . . . တော်ပြီဗျာ .. မောတောင်သွားပြီ။
( ကြည့်စမ်း .. မဖတ်ပါနဲ့ဆိုတာကို ဆုံးတဲ့အထိဖတ်တယ်ပေါ့ .. အခု ဗွီအီး စမ်းလိုက်လို့ )
just for smiles in boring !
(ယက္ခ) ရဲကြီး ။ ၂၆.၈.၁၃ ။
https://www.facebook.com/yekkha.yejee
" ခင်ဗျားတို့ ပြောတဲ့  သတင်း ခေတ် "
$
0
0
---------------------------------------
အွန်လိုင်းမှာရော.....
မီဒီယာတွေမှာပါ.....
တလစပ် တက်တက် နေတဲ့ ....
သတင်းတွေကို ကြည့်ရင်း .....
သတင်းမှောင်ချခံရတဲ့ ခေတ်ကနေ....
သတင်း အဆိပ် ခတ်ခံနေရတဲ့ ခေတ် ကို.....
ရောက်သွားပြီ ပဲလို့ တွေးမိလိုက်ပါတယ်.....
သတင်းရေးသူ တစ်ချို့ ကတော့ ....
မှန်ကန်တိကျမှုကို .....
လျှင်မြန်မှုထက် ပိုအလေးထားတာ တွေ့ ရပေမယ့် ....
အများစု က တော့ .....
ချဉ်ချဉ် တူးတူး ... ဦးရင် ပြီးတာပဲ ဆိုတဲ့ ....
ပုံစံမျိုးတွေ အတော်များပါတယ်...။
ကျိုးကြောင်းဆင်ခြင်မှုနဲ့ .....
သတင်းကို စိစစ်နိုင်စွမ်း .....
အားနည်းသေးတဲ့  ကျွန်တော်တို့ ပြည်သူတွေမှာ ....
ရည်ရွယ်ချက်မျိုးစုံ နဲ့ ထင်ရာမြင်ရာ .....
ဖြန့် ဖြူးနေတဲ့  သတင်းတွေကြောင့် ....
ထင်ယောင်ထင်မှား သံသယ တွေအမျိုးမျိုးနဲ့ 
အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာတွေ....
နာကျည်းချက် အမုန်းတရားနဲ့  ဒေါသတွေ ....
ဖြစ်ခဲ့ ရပေါင်းလဲ မနည်းတော့ပါဘူး....။
ဖတ်ဖူး မှတ်ဖူး သလောက်တော့ ....
မီဒီယာတွေအတွက်....
ခွေးက လူကို ကိုက်တာသည် သတင်းမဟုတ်ပဲ....
လူက ခွေးကို ကိုက်တာကမှ ...
သတင်းလို့  ဆိုပါတယ်.....
တပ်မတော်မှာတော့ ....
သတင်း ဆိုတာက....
ဘယ်သတင်းပဲ ဖြစ်ဖြစ် ....
ရလာသမျှကို.....
ဒီ အချက်တွေနဲ့ ....
ပြန် ချိန်ထိုး အတည်ပြု ရပါတယ်....
မှန် တိ စီ ထင်.........
၁။ မှန်ကန်ရမယ်
၂။ တိကျရမယ်
၃။ စိစစ်ပြီး ဖြစ်ရမယ်
၎။ ထင်ကြေး တွေ မဖြစ်ရဘူး .......။
တစ်ခါ .....
သတင်းအခြေအမြစ် ( သတင်းကိုရတဲ့ နေရာ) ကို.....
၁။ လုံးဝအားထားရသည် ..................." က "
၂။ နဂိုအားထားရသည် ..................." ခ "
၃။ အသင့်အတင့် အားထားရသည်........." ဂ "
၎။ နဂို အားထားရမှုမရှိ ....................." ဃ "
၅။ အားထားခြင်း မပြုနိုင် ....................." င "
၆။ အားထားမှု မဆုံးဖြတ်ရသေး ............" စ "
ဆိုပြီး ပြန်စိစစ် ရပါတယ်.......။
ပြီးတော့....
သတင်းရဲ့ တိကျမှန်ကန်မှု အဆင့်အတန်းကို ......
၁။ အခြားအခြေအမြစ်မှ အတည်ပြုသော သတင်း .........." ၁ "
၂။ မှန်ကန်သောသတင်း .........................................." ၂ "
၃။ မှန်ကန်မည့် သတင်း ........................................." ၃ "
၎။ မှန်ကန်ကြောင်း သံသယရှိသည့် သတင်း ................." ၄ "
၅။ မဖြစ်နိုင်သောသတင်း ........................................." ၅ "
၆။ မှန်ကန်မှု ကို မဆုံးဖြတ်နိုင်သော သတင်း ................." ၆ "
ဆိုပြီး ထပ်စိစစ်ရပါတယ်................။
ရာခိုင်နူန်း နဲ့  တွက်ရင်တော့ ဒီအတိုင်းပါ.....
က.............၁...............၁၀၀%
ခ...............၂...............၅၀%
ဂ...............၃...............၂၅%
ဃ.............၄...............၁၂.၅%
င..............၅................၆.၅%
စ..............၆................၃.၁၂၅%
အဲတော့ .....
သတင်း တစ်ခုတင်ပြပြီဆို .....
က ၁ ....ပါ....
က ၂ .....ပါ....
ခ ၂ ....ပါ....
ဂ ၄ .....ပါ .........စသဖြင့် .....
စိစစ် တင်ပြရပါတယ်......
တင်ပြီးမှ ......
မှားသွားလို့ နော် ...ဆိုပြီး.....
ဘွာတေးလုပ်လို့  မရပါဘူး ....
ရူးချင်ယောင်လဲ ဆောင်နေလို့ မရပါဘူး.......
တစ်ချို့ သတင်းတွေ ဟာ.....
ချက်ချင်း အတည်ပြုလို့ မရနိုင်သေးတဲ့ အတွက် ....
အချိန်ကာလ တစ်ခုပေးပြီး.....
စနစ်တကျ တည်ဆောက်ရပါတယ်.....
မှန်ကန်တဲ့ သတင်းတွေ ကို ....
လျှင်လျှင်မြန်မြန် ရလာဖို့ ဟာ ....
ကိုယ် တည်ဆောက်ထားတဲ့  သတင်းကွန်ယက်...
အဆက်အသွယ်....
အသုံးပြုတဲ့  ငွေကြေး ၊ အရင်းအမြစ် စတာတွေပေါ်လဲ ....
အများကြီး မူတည်ပါတယ်.....
ကျွန်တော် တို့ ပြည်သူတွေ အနေနဲ့ ...
အကြောင်းအကျိုးနဲ့ စနစ်တကျ စဉ်းစားပြီး....
ခွေးက လူကို ကိုက်တာပဲ ဖြစ်ဖြစ် ....
လူကခွေးကို ကိုက်တာပဲ ဖြစ်ဖြစ်....
...........
ဘယ်ကခွေးလဲ ....
ကိုက်ခံရတာ ဘယ်သူလဲ...
ဘယ်အချိန် ဘယ်နားမှာ.....
ဘယ်နေရာကို ဘယ်လို ကိုက်လိုက်တာလဲ ...
ဘာသွားလုပ်မိလို့  ကိုက်တာလဲ .....
မျက်မြင် သက်သေတွေက ဘယ်သူတွေလဲ....
သူတို့ ကရော အဲနားကို ဘာလို့ ရောက်နေတာလဲ ....
ကိုက်ခံရတဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုရှိလဲ....
ကိုက်တဲ့ သူနဲ့  ကိုက်ခံရတဲ့ သူရဲ့ ...
အသေးစိတ် အချက်အလက်တွေက ဘာတွေလဲ.....
နောက်ဆက်တွဲ ဘာတွေ ထပ်ဖြစ်လာနိုင်လဲ ....
စတာတွေကို စိစစ်မေးခွန်းထုတ်လိုက်ရင်
သတင်း အဆိပ် သင့်တဲ့ ရောဂါကြီး.....
အမြန်ဆုံး သက်သာပျောက်ကင်း သွားမယ် ....
ထင်မိကြောင်းပါ ........။
( သတင်းပေး ရဲမိုး )
ခေတ်ကို ဖြတ်ကျော်သွားကြတော့မည့် အာကာသမျောက်များ
$
0
0
သမိုင်းတလျှောက် အရေးပါလှတဲ့ ကျောက်လက်နက်တွေကိုအမည်/အရောင်အသေး/ပုံသဏ္ဌာန်/
စတင်တွေ့ ရှိသည့် ခုနှစ်/ နေရာနဲ့ ပြတိုက်ရဲ့ မှန်ခန်းထဲမှာအားလုံးကရင်သပ်ရှုမောဖွယ်ရာ
သိပ္ပံပညာနဲ့ ဘာသာတရား။ အထူးသဖြင့် ထာဝရဘုရားရဲ့ ဒုက္ခသည်ရွက်ဖျင်တဲကြီးထဲမှာ
ဆာလောင်သူတွေ ရိက္ခာလေယာဉ် စောင့်နေကြပုံ၊ အဏုမြူဗုံးကြီး သိမ့်သိမ့်ခါခါပွင့်ထွက်သွားပုံတို့ကို
ပြပွဲလာမျောက်တွေ စိတ်ဝင်တစား။ မှန်ကိုဖြတ်ပြီး နေရောင်ကျလာရင် အရေးပေါ် အချက်ပေးစနစ်တွေက
မျောက် သားမျိုးနွယ်အားလုံးအတွက်စက်ရုပ်ကိုယ်ထည်ပြုလုပ်ဖို့သံသတ္ထုလုံလုံလောက်လောက်
ထုတ်လုပ်ပြီးအမှောင်ခေတ်တုန်း ကလို စစ်တိုက်ကြဖို့ ကျယ်လောင်စွာ မြည်တယ်။ 
လပေါ်သို့ တင်ဆောင်မယ့် ဒုံးပျံလွှတ်စင်မှာ အာကာသမျောက်တို့ရဲ့ နေထိုင်စားသောက်မှုပုံစံကို
ချမှတ်ထားတဲ့ လမ်းစဉ်အလိုင်း တသွေမတိမ်း လိုက်နာပါမယ်ဆိုတာကို ထည့်လွှတ်ပေးလိုက်ရဲ့ ။
မျောက်ဖြူတွေကတော့ အခြားအသားအရောင်ရှိတဲ့မျောက်မျိုး နွယ်တွေကို ဦးဆောင်ဦးရွက်လုပ်ပြီး
အရင်ဦးအောင်မျောက် ကြိုက်အများဆုံးအရင်းရှင်ဖျော်ရည်ဘူးကို ' ဖောက်' ခနဲ ဖွင့် သောက်မယ်။
အတတ်ဆန်းတဲ့ စက်ကိရိယာပေါင်းစုံတီထွင်၊ အသိဥာဏ်ကပေးတဲ့ဆုကြီးလာဘ်ကြီးအဖြစ်။
မီဒီယာမျိုးစုံကနေမျောက်ဘူဇွာကြီးတွေ၊မျောက်အီလစ်ကြီးတွေက ` ဟေ့ ငါဒီမှာရှိတယ်၊
စိတ်ကူးယဉ်ချင်တဲ့မျောက်တွေလဲ လာခဲ့´ ဆိုပြီးဟော်ဟစ်မယ်။ ကမ္ဘာ့မျောက်သားတွေရဲ့ 
ဥာဏ်ရည်အဆင့်နဲ့ ထိုက်တန်လှတဲ့ အုပ်ချုပ်ပုံစနစ်၊စီးပွားရေးစနစ်ထဲမှာ ဘ၀င်မကျမှုမျိုးစံဟာ
နောက်တချိန်မျောက်တော်လှန်ရေး ကြီးကို 'ဆွ' ပေးနေတယ်။
ဒီလို မျောက်တစ်စုလောက်ပဲ  အလွန်အမင်းချမ်းသာကြွယ်ဝမှုကို ဦးတည်နေခဲ့ရင်အတိတ်သမိုင်း ကလို မျောက်ကွန်မြူနစ်တွေ၊ မျောက်ဆိုရှယ်လစ်တွေပေါ်လာပြီး 'ဖောက်ပြန်ရေးမျောက်တွေ ကျဆုံးပါစေ' ဆိုပြီး သုတ်သင်ခံရရင်၊ နေရာအနှံ့ ၀ါဒဖြန့်စပီကာ တွေ တပ်ဆင်လိုက်ရင်။ပြင်လွယ်ပြောင်းလွယ် အနေအထားကို ဇဝေဇ၀ါဖြစ်နေတော့လဲမျောက်ဖြူတွေ တီထွင်ထားတဲ့ အိုင်ဒီယော်လော်ဂျီဆိုတာ၊
ဘိုင်အိုတက်ခနိုလိုဂျီဆိုတာ၊ မက်ထရိုပိုလစ်ဆိုတာ၊ ဖရီးထရိတ်ဆိုတာ၊ အာကာသဒုံးကျည်
ကာကွယ်ရေးစနစ်ဆိုတာ၊ ထိတွေ့မျက်နှာပြင် ဆိုတာတွေ ဟာလည်း ယဉ်ကျေးမှုဖျော်ရည်စုံ
ကမ္ဘာထဲက မျောက်မျိုးစု ယဉ်ကျေးမှုအသိုက် အမြုံအတွက်တော့ မွေးရာပါ အခွင့်အရေးပဲ။
။မျောက်အရင်းအမြစ်ဖွံ့ဖြိုးရေးအတွက်  မျောက်တန်ခိုးရှင်တစ်ပါးထုပ်ပိုးစက္ကူလှလှ ကပ်ပြီး
ပို့လိုက်တဲ့လက်ဆောင်ဟာ အထဲက ချိန်ကိုက်ဗုံး 'ချက်''ချက်'သံကို
တီးလုံးသံအမှတ်နဲ့ ဒါ နည်းပညာရဲ့ အလှတရားပဲလို့ မျောက်တွေ အပျော်ကြူးခဲ့ကြတာ။
တောအုပ်ကနေ မြို့ပြဆီရောက်သည့်တိုင် မယဉ်ကျေးနိုင်ဘဲ ဓါတ်ငွေ့ကာ မျက်နှာဖုံးတပ်ဆင်ထားတဲ့
သေနတ်ကိုင် မျောက် တွေဟာ ဒီကွန်ကရစ်တောအုပ်ကို ဂုဏ်ရောင်ပြောင်တဲ့ နေရာတစ်ခုအဖြစ်
စောင့်ကြပ်နေကြရင်း အံ့သြတုန်လှုပ်စရာ မျောက်မျိုးတုံးအကြမ်းဖက်တိုက်ခိုက်မှုတွေ ကို
သည်မျောက်တွေက ရုပ်ရှင်ထဲကလို မျောက်စွမ်းကောင်းကြီးတွေအဖြစ်ကယ်တင်နိုင်ဖို့။
ငှက်ပျောသီးပြည်သူ့ နိုင်ငံရဲ့ အနာဂတ်မျောက်ဘောင်အတွက် ရုပ်ဝတ္ထုပစ္စည်းတွေကို
အလွန်အကျွံမှီခိုသုံးစွဲပြီး အန္တိမနိဗ္ဗာန်ဘုံအဖြစ် ဒီရွေးချယ် စရာမရှိတဲ့ အပေါက်ထဲဝင်တိုးနေကြတဲ့ သန်းပေါင်းထောင်ကျော် မျောက်အုပ်ကြီး တွေကတော့ ပါးစပ်ကလည်း
မျောက်နေမှုမြင့်မားရေး၊မျောက်နေမှုမြင့်မားရေး ဆိုပြီး ကွိ…… ကွိ……။
ရဲမြင့်သူ
မှတ်သားထားမိသော စကားလေးများ
$
0
0
မှတ်သားထားမိသော စကားလေးများ ...  ဒီနေ့   ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းတို့  ဆုံးမစကားလေးတွေ ပါ  ရွေးချယ်ပညာတော်သင်လွတ် အခွင့်အရေး ရရှိတယ်ဆိုထဲက ဒီထဲက လူတွေဟာ လေးစားထိုက်တဲ့လူတွေ ဖြစ်ပါတယ် ။  လေးစားထိုက်အောင် ချီကျူးထိုက်အောင်လည်း လုပ်ဆောင်ကြဖို့ လိုပါတယ် ။  အကြီးအကဲတွေ ဆရာသမားတွေ သွန်သင်ဆုံးမမှုတွေကိုလည်း အမြဲ နှလုံးသွင်းပြီး တန်ဖိုးထားကြပါ ။  အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော တပ်မတော် ဆိုတဲ့ အတိုင်း  ထက်မြက်အောင် ကြိုးစားကြဖို့    တပ်မတော်ရဲ့ အရည်အသွေး မြင့်မားလာအောင် ကိုယ်ဆီ  ကိုယ်ဆီလည်း လေ့လာကြဖို့  ကိုယ်ရည်ကိုယ်သွေး က အစ မြင့်တင်ကြဖို့  ။  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဆုံးမလမ်းညွန်တဲ့အတိုင်း အခွင့် အရေး ဟာ အတူတူပေးလိုက်တာပါ ဒါပေမဲ့ လူတိုင်း တော့ မရဖူး  ။  စွမ်းရည်နဲ့ ပညာ အရည်အသွေးတွေကို တပ်မတော်သားတွေ တင်မကဘဲ တပ်မိသားစု ၀င်များတွင်ပါ အလေးပေးဆောင်ရွက်နေပြီး ထူးချွန်ထက်မြက်ဖို့ သာ ကြိုးစားကြဖို့  ။  ကိုယ်မကြိုးစားဖြစ်ရင် တိုင်းပြည်ရော ကိုယ်အတွက်ရော တပ်မတော် အတွက်ပါ နစ်နာပြီး အကျိုးမရှိကြောင်း ။  ဒါကြောင့် အရာရှိများ အနေဖြင့် မိမိတို့ လေ့ကျင့်ရေး တစ်ခုလို ကိုယ်ရည်ကိုယ်သွေး မြင့်မားပြီး တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်သော သားကောင်းများဖြစ်အောင် ကြိုးစားကြပါ ။  နောက်ဆုံး ပိတ် တိုင်းပြည် အတွက် ဆိုတဲ့ စကားလေးတွေ  အားအင်လေးတွေ ရေမြေ ခြား ပြီးနေရတဲ့ ကျွန်တော်တို့ တွေကို ကိုယ့်သားလို တူလို ခဏတာတွေ့ ဆုံချိန်မှာ ရင်ထဲေ၇ာက်အောင် ထည့်ပေးသွားကြတယ် ။  အမှန်ဘဲလေ တပ်မတော်သားတွေ ရဲ့ တာဝန်က နိုင်ငံတော်ကာကွယ်ရေး ဒါကြောင့် ခောတ်မှီဖွို့ ဖြိုး တိုးတက်ပြီး စွမ်းရည်ထက်မြက်ဖို့  ကျွန်တော်တို့  တပ်မတော် ဘက်ကတော့ အမြဲ ကြိုးစားနေမှာ အသေအချာပါဘဲ ။   လေးစားစွာဖြင့် ဖိုးသားလေး
မှတ်သားထားမိသော စကားလေးများ ...
ဒီနေ့  ကာကွယ်ရေးဦးစီးချုပ်(လေ)
ဒုတိယဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းတို့  ဆုံးမစကားလေးတွေ ပါ
ရွေးချယ်ပညာတော်သင်လွတ်
အခွင့်အရေး ရရှိတယ်ဆိုထဲက ဒီထဲက လူတွေဟာ
လေးစားထိုက်တဲ့လူတွေ ဖြစ်ပါတယ် ။
လေးစားထိုက်အောင် ချီကျူးထိုက်အောင်လည်း
လုပ်ဆောင်ကြဖို့ လိုပါတယ် ။
အကြီးအကဲတွေ ဆရာသမားတွေ သွန်သင်ဆုံးမမှုတွေကိုလည်း
အမြဲ နှလုံးသွင်းပြီး တန်ဖိုးထားကြပါ ။
အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော တပ်မတော်
ဆိုတဲ့ အတိုင်း ထက်မြက်အောင် ကြိုးစားကြဖို့ 
တပ်မတော်ရဲ့ အရည်အသွေး မြင့်မားလာအောင် ကိုယ်ဆီ
ကိုယ်ဆီလည်း လေ့လာကြဖို့  ကိုယ်ရည်ကိုယ်သွေး က
အစ မြင့်တင်ကြဖို့  ။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဆုံးမလမ်းညွန်တဲ့အတိုင်း
အခွင့် အရေး ဟာ အတူတူပေးလိုက်တာပါ ဒါပေမဲ့ လူတိုင်း
တော့ မရဖူး ။
စွမ်းရည်နဲ့ ပညာ အရည်အသွေးတွေကို တပ်မတော်သားတွေ
တင်မကဘဲ တပ်မိသားစု ၀င်များတွင်ပါ အလေးပေးဆောင်ရွက်နေပြီး
ထူးချွန်ထက်မြက်ဖို့ သာ ကြိုးစားကြဖို့  ။
ကိုယ်မကြိုးစားဖြစ်ရင် တိုင်းပြည်ရော ကိုယ်အတွက်ရော
တပ်မတော် အတွက်ပါ နစ်နာပြီး အကျိုးမရှိကြောင်း ။
ဒါကြောင့် အရာရှိများ အနေဖြင့် မိမိတို့ လေ့ကျင့်ရေး
တစ်ခုလို ကိုယ်ရည်ကိုယ်သွေး မြင့်မားပြီး တိုင်းပြည်အကျိုး
ဆောင်ရွက်နိုင်သော သားကောင်းများဖြစ်အောင်
ကြိုးစားကြပါ ။
နောက်ဆုံး ပိတ် တိုင်းပြည် အတွက် ဆိုတဲ့
စကားလေးတွေ အားအင်လေးတွေ ရေမြေ ခြား
ပြီးနေရတဲ့ ကျွန်တော်တို့ တွေကို ကိုယ့်သားလို တူလို
ခဏတာတွေ့ ဆုံချိန်မှာ ရင်ထဲေ၇ာက်အောင်
ထည့်ပေးသွားကြတယ် ။
အမှန်ဘဲလေ တပ်မတော်သားတွေ ရဲ့ တာဝန်က
နိုင်ငံတော်ကာကွယ်ရေး ဒါကြောင့် ခောတ်မှီဖွို့ ဖြိုး
တိုးတက်ပြီး စွမ်းရည်ထက်မြက်ဖို့  ကျွန်တော်တို့ 
တပ်မတော် ဘက်ကတော့ အမြဲ ကြိုးစားနေမှာ
အသေအချာပါဘဲ ။
လေးစားစွာဖြင့်
ဖိုးသားလေး
ရွှေမည်းနှင့် မျှခြေ ( အပိုင်း ၂ )
$
0
0
ရွှေမည်းနှင့် မျှခြေ ( အပိုင်း ၂ )
==================
ရွှေ့ပြောင်းနေထိုင်ခြင်း၊ နည်းပညာထွန်းကားခြင်းတို့နဲ့အတူအင်တာနက်မှတဆင့် အခြားသောမူဆလင်နိုင်ငံမဟုတ်တဲ့ လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုမျိုးစုံရောထွေးနေတဲ့နိုင်ငံများကိုလည်း ဒီဂယက်က ဖြည်းဖြည်းချင်းရိုက်ခတ်လာပါတယ်။ ဘာသာရေးအရ မျက်နှာဖုံးအုပ်ခြင်း၊ သီးသန့်စားသောက်ခြင်းများအပါအ၀င် လူအများရှေ့မှာ မူဆလင်အစစ်ဖြစ်ကြောင်း ပြသနေထိုင်မှသာ လူတောတိုးတဲ့အတွေးအယူမျိုးတွေ ထွန်းကားလာပါတယ်။ ဒီလိုမလုပ်ရင် မိဘများက သားသမီးအရင်းကိုတောင် နှိပ်စက်တဲ့အထိ အစွဲကြီးလာကြပြီး မူဆလင်အသိုင်းအ၀ိုင်းအထုံဓလေ့များနဲ့ သီးသန့်ဝန်းကျင်တခု၊ ဘာသာဝင်အချင်းချင်းမှသာ ပေါင်းသင်းဆက်ဆံရတဲ့ ကမ္ဘာငယ်တခုကို နှစ်ပေါင်း ၃၀ကျော်အကြာမှာ လူမျိုးစုံပေါင်းစည်းထားတဲ့ နိုင်ငံတိုင်းလိုလိုမှာ တွေ့ကြုံလာကြရပါတယ်။
တဖက်မှာလည်း အမေရိကန်အပါအ၀င် ဥရောပအသိုင်းအ၀ိုင်းအတွင်းမှာ လူ့အခွင့်အရေးခေါင်းစဉ်တပ်ထားတဲ့ လွတ်လပ်မှုကလည်း အဆများစွာတိုးတက်နေတာမို့ ပြောင်းရွှေ့အခြေချနေထိုင်သူ မူဆလင်များအတွက် အခွင့်သာနေတဲ့အပြင် မွေးဖွားနှုန်းမြင့်မားလှတာကလည်း အားသာချက်တစ်ချက်ပါဝင်နေပါသေးတယ်။ ၂၀၁၀ ခုနှစ်က ဗြိတိန်နိုင်ငံမှာ မိဘကလက်ထပ်ပေးလိုတဲ့ သတို့သားကို ငြင်းမိတာကြောင့် မူဆလင်မိန်းကလေးကို ဖခင်ရင်းနဲ့ အကိုက သတ်ခဲ့တဲ့လူသတ်မှုမျိုးအထိ ကျုးလွန်လာကြပါတယ်။ ဒါဟာ သက်မဲ့ကျမ်းစာများက တရားခံမဟုတ်ပဲ သက်ရှိကျင့်သုံးသူများရဲ့ ချွတ်ယွင်းမှုဆိုတာကို ထင်ထင်ရှားရှားပြသနေပါတယ်။ လွတ်လပ်စွာယုံကြည်မှုကို တလွဲအသုံးချမိတဲ့ ပြယုဒ်ပါပဲ။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာတော့ လွတ်လပ်မှုများထဲကမှ အလွတ်လပ်ဆုံးလို့ဆိုတဲ့ ဥရောပနိုင်ငံများဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ဘယ်ဂျီယံ၊ ဆွစ်ဇလန်၊ နယ်သာလန်နိုင်ငံများမှာ ကျောင်းဝတ်စုံ၊ ရုံးဝတ်စုံများကိုသာ တူညီဝတ်စုံအနေနဲ့ ၀တ်ဆင်ရမယ်၊ ဘယ်ဘာသာ၊ ဘယ်လူမျိုးဝတ်စုံကိုမှ ကျောင်းတွင်း၊ရုံးတွင်း ၀တ်ခွင့်မပြုလို့ ကန့်သတ်လာရပါတယ်။ မျက်နှာဖုံးတပ်ဆင်ခြင်း၊ ခေါင်းစည်းစည်းခြင်းတို့ကို ခွင့်မပြုလို့ မူဆလင်အဖွဲ့များက ပြန်ကန့်ကွက်ကြပါတယ်။ အနုပညာလက်စွမ်းထက်လှတဲ့ ပြင်သစ်ကာတွန်းဆရာများက တမာန်တော်မိုဟာမက်ကို ရုပ်ပြောင်ရေးဆွဲလာတဲ့အခါမှတော့ပြသနာတွေတက်ကြပါတော့တယ်။
ဒီထက်ဆိုးတာကတော့ နော်ဝေနိုင်ငံမှာပါ။ မူလနေထိုင်သူဒေသခံလူနည်းစုအတွင်းမှာ အလျှင်အမြန်တိုးပွားလာနေတဲ့ မူဆလင်အခြေချနေထိုင်သူများကို မကျေနပ်တာကြောင့် နော်ဝေနိုင်ငံသား အန်ဒါဘရီဗစ်ဟာ ၂၀၁၁ ခုနှစ်၊ နိုင်ငံတကာကျောင်းသားများ တွေ့ဆုံပွဲကျင်းပနေတဲ့နေရာကို တဦးတည်းဝင်ရောက်ပစ်ခတ်ခဲ့ပြီး အစိုးရရုံးကို ဗုံးခွဲလိုက်တာ ဆယ်ကျော်သက်ကျောင်းသားပေါင်း ၇၇ ဦးသေဆုံးခဲ့ရပါတယ်။ သူ့ရဲ့ လူစွမ်းကောင်းအကြမ်းဖက်လုပ်ရပ်ကလူမှုရေးဝက်ဘ်ဆိုက်တွေကတဆင့် ကမ္ဘာကျော်ခဲ့ပြီး လက်ယာစွန်းရောက်ဝါဒီများက ချီးမွမ်းထောပနာပြုခဲ့ကြပါတယ်။ ဒီလိုနည်းနဲ့ ဥရောပကို မူဆလင်များသိမ်းပိုက်ခြင်း၊ ယဉ်ကျေးမှုနယ်ချဲ့ခြင်းကနေ ကာကွယ်ရမယ်လို့ ဆိုလာကြပါတယ်။
ဒီပြသနာများရဲ့ နောက်ဆက်တွဲအနေနဲ့ တမာန်တော်မိုဟာမက်ကို သရော်စော်ကားတဲ့ ဗီဒီယိုဇတ်ကားကို ဟာဝိုင်အီမှာနေထိုင်တဲ့ အီဂျစ်လူမျိုးဒါရိုက်တာက ရိုက်ကူးထုတ်လွှင့်တဲ့အခါ အမေရိကန်သံတမာန် ၃ ဦးကို လစ်ဗျားမှာအသတ်ခံရတဲ့အထိ တောမီးလောင်ခဲ့ပါတော့တယ်။ သြစတေးလျား၊ ဗြိတိန်စတဲ့နိုင်ငံများမှာ မူဆလင်ဘာသာဝင်များရဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ အသက်ရှစ်နှစ်သမီးလေးက စင်ပေါ်တက်ပြီး သမီး ဂျီဟတ်စစ်ပွဲဆင်နွှဲပါမယ်လို့ ထက်ထက်သန်သန်ပြောကြားနေတာကို မိခင်ကိုယ်တိုင် လက်ခုပ်တီးအားပေးနေခဲ့တဲ့ မြင်ကွင်းပါပဲ။ ကမ္ဘာလည်း မီးမလောင်ပါပဲနဲ့ သားကိုချနင်းဖို့ စဉ်းစားနေကြသူတွေ များသထက်များလာနေတာကို ၀မ်းနည်းစရာကောင်းအောင်တွေ့မြင်ရပါတယ်။
အိမ်နောက်ပူ အိမ်ရှေ့မချမ်းသာဆိုသလိုပဲ ကမ္ဘာ့လူမှုရေးလှိုင်းဒဏ်ဟာ မြန်မာပြည်အနောက်တံခါးကိုလည်း မချန်ထားခဲ့ပဲ ပုံစံတမျိုးနဲ့ရိုက်ခတ်ခဲ့ပါတယ်။ ရာစုနှစ်များစွာအကျပ်အတည်း၊ အခဲမကျေဖြစ်နေတဲ့ဒေသမှာ ဘာသာရေးအကြောင်းပြလို့ ရွှေမည်းဝင်ငွေနဲ့ နိုင်ငံသစ်ထူဖို့ကြိုးစားလာကြပါတယ်။ နိုင်ငံရေးစနစ်အပြောင်းအလဲမှာ အခွင့်ကောင်းယူလို့ ကျူးကျော်လာတာကို မြင်နေရပေမယ့်လည်း လူဝင်မှုကြီးကြပ်ရေး၊ လုံခြုံရေး၊ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ ဒေါင့်မျိုးစုံနိမ့်ကျလွန်းနေတာမို့ ရုတ်တရက် အလွယ်တကူဖယ်ရှားရှင်းလင်းလို့ မရနိုင်တဲ့အပြင် နိုင်ငံတကာမှာ အစွန်းရောက်ဗုဒ္ဓဘာသာဝင်များလို့အိုးမည်းသုတ်ခံရပါသေးတယ်။
တိုတိုပြောရရင် လူချမ်းသာကြီးဆော်ဒီစော်ဘွားက ဒေါ်လာသန်း ၅၀ ဘင်္ဂါလီဒုက္ခသည်များကို လှူဒန်းခဲ့ပြီး အိုအိုင်စီလို့ခေါ်တဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ အစ္စလမ်အဖွဲ့အစည်းက မြန်မာပြည်တွင်း အခြေချဖို့ ကြိုးပမ်းနေဆဲပါ။ သမိုင်းသင်တာ မ အအောင်လို့ ဆိုတဲ့အတိုင်း ရွှေမည်းဝင်ငွေကို ငြင်းဆန်ကြဖို့လိုပါလိမ့်မယ်။ မြန်မာပြည်တွင်းမှာ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်လတ္တံ့ဖြစ်တဲ့ ဗလီများအတွက် ငွေကြေးထောက်ပံ့မှု ဘယ်ကလာလဲဆိုတာ စီစစ်ဖို့လိုပါမယ်။ နိုင်ငံခြားဗလီဆရာများကိုတော့ ပြည်ဝင်ခွင့်မငြင်းနိုင်ရင်တောင် ဟောပြောခွင့်ကို ငြင်းပယ်ရပါမယ်။ ဗြိတိန်နိုင်ငံမှာတော့ အာပေါင်အာရင်းသန်လှတဲ့ ဟောပြောသူကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
အိုအိုင်စီအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ အယ်ကေးဒါးလိုမျိုး သေနတ်ကြီးကိုင်လို့ မမြင်ရပေမယ့်လည်း သည်းခြေကြိုက်တဲ့ ရွှေမည်းနောက်ကို ကောက်ကောက်ပါမိရင် တဲတဲကလေးထိန်းထားရတဲ့ အခြေအနေတွေပိုဆိုးလာဖို့သာရှိပါတယ်။ ဒါဟာ ဘာသာရေးနဲ့လည်းမဆိုင်၊ လူမျိုးရေးနဲ့လည်းမဆိုင်ပဲ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်သူများ၊ နယ်ချဲ့လိုစိတ်ပြင်းထန်သူများနဲ့သာ သက်ဆိုင်ပါတယ်။
ဗုဒ္ဓဘာသာမှာ မြတ်စွာဘုရားက နိဗ္ဗာန်အထိ လမ်းညွှန်ထားပေမယ့်လည်း လက်တွေ့ကျင့်သုံးနိုင်သူက အပ်တစ်ဖျားစာလောက်သာရှိကြတာပါ။ ပေကညစ်ပေါ်မှာ ရေးခြစ်ထားတဲ့ စာလုံးတွေ၊ စာကြောင်းတွေက လူ့အသက်ကို သေစေ၊ ဘ၀တွေကို ပျက်စီးစေတာမဟုတ်ပဲ မမှန်ကန်တဲ့နည်းနဲ့ အသုံးချသူများကြောင့်သာ နစ်မွန်းကြရတယ်ဆိုတာ ရှင်းရှင်းမြင်ဖို့လိုပါတယ်။
အဆိုးထဲက အကောင်းဆိုသလိုပဲ ၂၉.၁၂.၁၂ အေပီသတင်းမှာ မြန်မာပြည်က ဘင်္ဂါလီအကြောင်း အရင်ကအတိုင်း သနားစဖွယ်ရေးသားဖော်ပြပေမယ့် ၀ိုင်းပေးကြတဲ့ မှတ်ချက် ၁၅၀ ကျော်က နည်းတောင်နည်းသေးတယ်လို့ ထောပနာပြုကြပါတယ်။ ကိုယ့်ဓါးနဲ့ ကိုယ်ပြန်ထိုးမိလာတာကို နောက်ကွယ်က ကြိုးကိုင်သူများ မြင်တတ်ကြဖို့ လိုလာပါပြီ။
အမှန်တရားဆိုတာ အချိန်ကြာပေမယ့် တနေ့တော့ပေါ်လာစမြဲပါ။ မြန်မာပြည်မှာ လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခွင့်ရဲ့ အထိမ်းအမှတ်ကတော့ သမိုင်းဝင် ဆူးလေစေတီတော်အနီးမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းရော၊ ဗလီတခုကိုပါ ရန်ကုန်မြို့လယ်ခေါင်မှာ တည်ဆောက်ထားတာပါပဲ။ တနိုင်ငံလုံးမှာ သမိုင်းကြောင်းနဲ့ချီပြီး ထူထောင်ထားခဲ့ကြတဲ့ နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုတွေကို ကမ္ဘာတည်သရွေ့ ဆက်လက်ခိုင်မြဲစေလိုပါတယ်။
မျှခြေတခု ပျက်စီးသွားတဲ့ ရခိုင်ဒေသကိုလည်း လုံခြုံရေး၊ ပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးစတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာများ ပြည့်ဝအောင်ဖြည့်ဆည်းပေးနိုင်မှသာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ဖြေလျော့မှုနဲ့ ကုစားမှုများကို ပေးအပ်နိုင်ပါလိမ့်မယ်။ ထိုမှတဆင့်သာ နားလည်မှုဆိုတာ ဖြစ်ထွန်းပေါ်ပေါက်နိုင်မှာပါ။ အတ္တဆိုတာ လူတိုင်းကိုယ်စီရှိကြပေမယ့်လည်းမျှခြေတခုမှာထိန်းထားနိုင်မှသာ ရေနံစစ်ပွဲများရဲ့နောက်ဆက်တွဲ ဘာသာရေးနဲ့ လူမှုရေးစစ်ပွဲများမှ ရှောင်ရှားနိုင်ပြီး ရုပ်သေးရုပ်များဘ၀မှ လွတ်မြောက်နိုင်မှာ ဖြစ်ပါတော့တယ်။
သန္တာဝင်း
( ၃၀.၁၂.၁၂ )
ကိုးကား။ ။
၁။http://www.greenpeace.org/international/en/news/Blogs/makingwaves/oil-wars/blog/40030/
၂။http://www.islamdaily.org/en/saudi-arabia/6108.how-the-saudis-used-oil-money-to-export-a-hardline.htm
၃။http://www.mapsofwar.com/ind/history-of-religion.html
၎။http://www.nationmaster.com/graph/ene_oil_res-energy-oil-reserves
၅။http://www.bp.com/extendedsectiongenericarticle.do?categoryId=9041229&contentId=7075080
၆။ http://www.britannica.com/EBchecked/topic/1696348/London-bombings-of-2005
၇။ http://theislamicworkplace.com/2012/09/27/discrimination-in-france-against-muslims/
၈။ http://www.guardian.co.uk/uk/2012/sep/01/far-right-support-anders-breivik
၉။ http://en.wikipedia.org/wiki/Member_states_of_the_Organisation_of_Islamic_Cooperation
၁၀။http://news.yahoo.com/myanmar-muslims-recall-buddhist-assault-132321147.html
Myanmar Muslims recall Buddhist assault
အိပ်မက်မဟုတ်ဘူးးး တကယ်
$
0
0
Photo: အိပ်မက်မဟုတ်ဘူးးးတကယ်             တစ်ခါတုန်းကတဲ့... မန္တလေး ရွှေမြို့တော်ကြီးက ဆေးတက္ကသိုလ်ကြီး ဆီကို ပညာသင်ဖို့ ရောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးပါသတဲ့။ အဲ့ဒီတက္ကသိုလ်ကြီးမှာပဲ ပညာသင်ကြားဖို့ အတွက်ကျောင်းသားများစွာထဲမှာ ကောင်မလေးနဲ့ ရေစက်ဆုံမယ့် ချစ်သူကောင်လေးတစ်ယောက်လည်း ရှိနေခဲ့ပါသတဲ့ကွယ်။             မြောက်များလှစွာသော မောင်မယ်သစ်လွင် ကျောင်းသူကျောင်းသားတွေထဲမှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သတိမထားမိခဲ့ကြပါဘူးတဲ့ကွယ်။ ဒီလိုနဲ့ ပထမနှစ်ဝက် ကုန်ဆုံးပြီး ဒုတိယနှစ်ဝက်ကို ပြန်လည်တက်ရောက်လာတဲ့ အချိန်ပေါ့ကွယ်။တစ်ရက်မှာတော့ ကောင်မလေးနဲ့ သူငယ်ချင်းနှစ်ယောက်က ကြော်ငြာသင်ပုန်းမှာ ကပ်ထားတဲ့ ခရီးစဉ်တစ်ခုကို စိတ်ဝင်စားတာနဲ့ လိုက်ပါဖို့စာရင်းပေး ခဲ့ပါသတဲ့ကွယ်။               ကောင်လေးကလည်း အဲ့ဒီခရီးစဉ်အတွက် စာရင်းပေးထားတဲ့ ကျောင်းသားအနည်းငယ်ထဲမှာ ပါဝင်ပါသတဲ့ကွယ်။ဒီလိုနဲ့ ခရီးစဉ်စတင်တဲ့ နေ့မှာတော့ သတ်မှတ်နေရာဖြစ်တဲ့ ဆေးတက္ကသိုလ်ကျောင်းရဲ့ အပြင်ဘက်ဝင်းပေါက်ကို ကောင်မလေးတို့သူငယ်ချင်း သုံးယောက်လည်း ယောင်ချာချာနဲ့ ရောက်သွားချိန်မှာတော့ တခြားသော တက္ကသိုလ်ပေါင်းစုံက ကျောင်းသူကျောင်းသားပေါင်း ၈၀ကျော်ကိုပါ တွေ့လိုက်ရသတဲ့ကွယ်။             တက္ကသိုလ်တွေအလိုက် လူစုတွေခွဲပြီးတန်းစီခိုင်းတဲ့အခါမှာတော့ ဆေးတက္ကသိုလ်အုပ်စုတန်းစီလူစာရင်းထဲက ကျောင်းသားဆယ်ယောက်ခန့်ရှိပြီး အချင်းချင်း အပြန်အလှန် မိတ်ဆက်ကြရာကနေ ကောင်လေးနဲ့ ကောင်မလေးလည်း ခင်မင်သွားကြ ပါလေရောတဲ့ကွယ်။သူတို့တစ်တွေဟာ ခရီးသည်တင်ယာဉ် ခပ်ဟောင်းဟောင်းကြီး နှစ်စင်းကို ခပ်ကျပ်ကျပ်စီးပြီး မြန်မာနိုင်ငံ အလယ်ဗဟိုက ကူမဲမြို့လေးဆီကို ခရီးနှင်ခဲ့ကြတယ်တဲ့။မနက်အစောခုနှစ်နာရီ ခန့်မှာပဲ ကူမဲမြို့လေးဆီကို ရောက်သွားပြီး ကင်းတားဆည်သို့ ဆိုပြီးညွှန်ပြထားတဲ့ ဆိုင်းဘုတ်ကြီးရှိရာ မြေသားလမ်းကျယ်လေးအတိုင်း စတင်ပြီး ခြေလျှင်လျှောက်ကြရပါသတဲ့ကွယ်။               ဟိုးးးအဝေးဆီမှာ မှုန်ပြပြနဲ့ မြင်နေရတဲ့ တောင်တန်းငယ်တစ်ခုဟာ ကောင်မလေးတို့ သွားရာလမ်းကို ဆီးကာထားသယောင်ယောင် ထင်မြင်ရပါတယ်တဲ့ကွယ်။ကောင်မလေးကလည်း အဲ့ဒီတောင်တန်းငယ်လေးထိများ လမ်းလျှောက်ရရင်တော့ သေဖို့သာရှိတော့မှာပဲလို့ တွေးပြီးဘုရားတနေရှာသတဲ့ကွယ်။ ဒီလိုနဲ့ လျှောက်နေလိုက်ကြတာ နံနက်ဆယ်နာရီလောက်မှာပဲ မိုးသားတွေပျောက်ပြီး နေမင်းကြီးက အညှာအတာမရှိ ပူပြင်းစွာ ထွက်ပေါ်လာပါရောတဲ့။ လမ်းတစ်လျှောက်မှာလည်း မိုးနှောင်းကာလရဲ့ မိုးတွေကြောင့် ဗွက်တောတွေ ဖြစ်နေလိုက်တာဟာ ရှောင်မရဘဲ ဗွက်ထဲဆင်းရလေတော့ ရှိုးထုတ်ပြီးဝတ်လာမိတဲ့ ဝေါ့ကင်းရှုးလှလှလေးဟာ အရောင်အဆင်းပျောက်ပြီး ရွှံ့ရောင်တွေတောက်နေရှာပါတယ်တဲ့ကွယ်။                 လမ်းဘေးတစ်ဖက်တစ်ချက်က ရွာသူရွာသားတွေက သူတို့လူတန်းရှည် ကြီးကိုကြည့်ပြီး သနားကြင်နာစွာ စုတ်သတ်နေကြသတဲ့ကွယ်။"ထွေလာဂျီရှိတယ်လေ စီးသွားကြပါလားးး"   "ဒိုင်နာတွေပေါတာ တက်လိုက် သွားကြလေ..."  "ကလေးတွေနဲ့ မိုက်တာကွယ် နေပူကြီးထဲကို ဗွက်တောထဲ လမ်းလျှောက်နေကြတယ်။ "  "လာလာ နားကြအုံးးးရေသောက်ကြ။ ဗူးတွေထဲ ဖြည့်သွားအုံးးး။ ပြဒါးလင်းဂူဆိုတာ အဝေးကြီးပဲသွားရအုံးမှာ။ စက်လှေနဲ့လည်း ကူးရအုံးမှာ။"  ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဝေဝေက ခပ်တိုးတိုးကပ်ပြောခဲ့တယ်တဲ့..."ဒီလိုမှန်းသိရင် မလိုက်ပါဘူးးး ငါ့ဘဝမှာ ရေစိမ်းတွေကို သူများတွေနဲ့ ခွက်တစ်ခုတည်း အတူတူရောသောက်ရတာ ဒါပထမဆုံးပဲ။ တော်တော်စုတ်ပဲ့တဲ့ခရီးပဲ။ အခြေအနေကြိုပြောထားရင် ရေဘူးတွေချည်းပဲ ထည့်ခဲ့ပါတယ်။" မိုးမိုးကတော့ ဝေဝေ့ကို ခပ်မဲ့မဲ့နဲ့ မသိမသာမျက်စောင်းထိုးကြည့် လိုက်ပါတယ်တဲ့။             အဲ့ဒီလိုနဲ့ လမ်းဘေးက တဲအိမ်လေးတစ်ခုဘေးမှာ ရေဝင်သောက်ရင်းထိုင်နေတဲ့ ကောင်လေးတို့အုပ်စုက ကောင်မလေးတို့ကို လှမ်းခေါ်ခဲ့တယ်တဲ့ကွယ်။  "ဟေ့.... သူငယ်ချင်းတို့ လာကြလေဟာ နားကြအုံးးး ဒီမှာဂလူးကို့စ်ရေ သောက်လှည့်ကြ။" ဝေဝေကနှစ်ခါအခေါ်မစောင့်ဘဲ ရှေ့ကအရင်သွားပြီးတော့ ဂလူးကို့စ်ရေကို အငမ်းမရသောက်ချလိုက်ပါတယ်တဲ့။ "နင်တို့ဂလူးကို့စ်ရေကလည်း ရေမှော်နံ့ ရသလိုချည်းဘဲ။" "အော်...ဟိုရှေ့က ချောင်းရေနဲ့ ဖျော်လာတာလေ။ငါတို့သောက်နေတဲ့ ရေတွေလည်း ချောင်းရေတွေပဲ။ အရသာထူးတာပေါ့ ဟဲဟဲ။"  "နင်တို့ဆေးကျောင်းသားတွေရော ဟုတ်ကြရဲ့လားးးရေညစ်ပတ်တွေလည်း သောက်တာပဲလားးး "  " အာာာ နင်ကလည်း ဇီဇာမကြောင်ပါနဲ့ဟ။ ကိုယ်ခံအားပိုကောင်းပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဒီလိုပဲ ချောင်းရေမြောင်းရေတွေ သောက်ပေးရတယ်ဟ။ "ကောင်မလေးရဲ့ သူငယ်ချင်း ဝေဝေတစ်ယောက် ခေါင်းငိုက်စိုက်ချရင်း  စိတ်ဓါတ်တွေကျကာ မျက်နှာငယ်လေးနဲ့ ဘာမှပြန်မပြောနိုင်အောင် ဖြစ်နေတာကို ကောင်မလေးတို့တစ်တွေက တဟားဟားနဲ့ သဘောတွေကျပြီး ရယ်ကြ စကြနဲ့ ပျော်စရာတွေ ဖြစ်နေခဲ့ကြပါသတဲ့ကွယ်။              ဒီလိုနဲ့ ကောင်မလေးမြင်တွေ့ခဲ့တဲ့ မှုန်ဝါးဝါးတောင်တန်းငယ်လေးဟာ ကောင်မလေးတို့ ဖြတ်လျှောက်လာတဲ့ လမ်းဘေးမှာ တောင်တန်းလေးအဖြစ် ကျန်ရစ်ခဲ့တာကို သတိပြုမိလိုက်ပါတယ်တဲ့။ နောက်ဆုံးမှာတော့ ကောင်လေးတို့ သူငယ်ချင်းတွေနဲ့ စက်မှုတက္ကသိုလ်က ကျောင်းသား၃ယောက်လောက်ပေါင်းပြီး ကောင်မလေးတို့ကိုခေါ်ကာ ဒိုင်နာယာဉ်တစ်စီးကို ပိုက်ဆံပေးပြီး လမ်းကြုံစီးနင်းကြပါတော့တယ်။ "ဒါက အဖွဲ့ရဲ့စည်းကမ်းနဲ့မညီဘူးလေဟာ သိရင် အရေးယူခံရလိမ့်မယ်။ နင်တို့တားမရလည်း သွားတော့ဟာ။ငါတော့လုံးဝမလိုက်ဘူးးး သေပစေ ခြေလျှင်ပဲလျှောက်မယ်။ ဒီတစ်ခါ အမုန်းလျှောက်ပြီးရင် နောင်ဘယ်တော့မှ ခြေလျှင်တောင်တက်ဆိုတာကို လည်ပြန်တောင်ပြန်မငေးတော့ဘူးးး။" ဘယ်လိုမှ ခေါ်မရတဲ့ ကိုးလိုးကန့်လန့်နဲ့ ခေါင်းမာတဲ့ ဝေဝေ့ကြောင့် ကောင်မလေးလည်း စိတ်ညစ်ညစ်နဲ့ တောကားကြီးပေါ် ပါသွားခဲ့တယ်တဲ့ကွယ်။           သူတို့တစ်တွေ တစ်နေကုန်အောင် လျှောက်ပြီး အီးဗနင်းစတား နတ်မိမယ် ကောင်းကင်ကနေ တောက်ပစွာ ပေါ်ထွက်လာချိန်မှပဲ ကောင်မလေးတို့တွေလည်း ကင်းတားဆည်ကြီးဘေးကို ရောက်သွားကြပြီး စက်လှေစီးဖို့ စောင့်ဆိုင်းကြရပါသတဲ့ကွယ်။ဆည်ပေါက်ဝက စစ်တပ်ရှေ့မှာရှိတဲ့ စိန်ပန်းပင်ကြီးအောက်မှာ နိုင်ငံခြား ဘာသာတက္ကသိုလ်က အကိုတစ်ယောက်နဲ့ ဆေးကျောင်းဖိုင်နယ်ပတ်ဝမ်းက အမတစ်ယောက်တို့ ထိုင်နားနေတဲ့ဘေးကို ဝင်ထိုးလှဲရာက တကယ်အိပ်ပျော်သွားတဲ့ ဝေဝေ့ကို မနည်းနှိုးခေါ်လာပြီး သံပုရာသီး စိတ်လေးတွေကျွေးတော့.... "ဒီသံပုရာတွေက မချဉ်ဘူးနော်၊ ရေသောက်လိုက်တော့ တော်တော်ချိုတာပဲ" ဆိုပြီး ကယောင်ကတမ်းတွေပြောလို့ ကောင်လေးနဲ့ ကောင်မလေးတို့ တစ်ဖွဲ့လုံးးး ရယ်ကြရသတဲ့ကွယ်။ အဲ့ဒီကစလို့ သူမကို သံပုရာချို ဆိုပြီး ကောင်လေးက နာမည်ပြောင်ပေးလိုက်ပါရောတဲ့ကွယ်။ ကောင်မလေးရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ မိုးမိုးကတော့ ခုမှ သူနဲ့ကောင်မလေးတို့ကြားကို အသစ်ရောက်လာတဲ့ ဝေဝေကို သံပုရာပါတဲ့ နာမည်မျိုးနဲ့ပဲ လိုက်ဖက်တယ်လို့ စိတ်ထဲကနေ မှတ်ချက်ပြုခဲ့တယ်တဲ့ကွယ်               ဒီလိုနဲ့ စက်လှေကြီးနှစ်စင်းပေါ်ကို လူစုခွဲတက်ကြရတဲ့အခါမှာ စက်လှေရဲ့ နှုတ်ခမ်းက ရေနဲ့လွတ်ရုံသာ ရှိတော့တာပေါ့ကွယ်။အားလုံးလည်း ကြောက်ပြီး အသံမထွက်ရဲ...အသက် ပြင်းပြင်းမရှုရဲချိန်မှာ "ဦးလေးကြီးးးး ဖြစ်ပါ့မလားဟင်... စက်လှေက လူတွေများလွန်းနေသလိုပဲ " ဆိုတဲ့ သံပုရာချိုက လုံခြုံရေးတာဝန်အတွက် အတူတူပါလာတဲ့ တပ်ကြပ်ကြီးတစ်ဦးကို မေးလိုက်သံကြားရပါတယ်တဲ့။ အားလုံးကလည်း အဖြေကို မျှော်လင့်နားစွင့်နေချိန်မှာ တပ်ကြပ်ကြီးကလည်း ပြန်လည်ဖြေကြားလိုက်ပါသတဲ့...."ရတယ်.. သမီးလေးးးမကြောက်နဲ့။ ဦးလည်း ဖိနပ်ချွတ်ထားပြီးပြီ " တဲ့။လှေပေါ်ပါတဲ့ ကျောင်းသားတစ်သိုက်က ရယ်လိုက်ကြတာ ထိန်းလို့မရတော့ဘူး တဲ့ကွယ်။              ဒီလိုကြမ်းတမ်းပင်ပန်းတဲ့ ခရီးကြမ်းကြီးမှာ ကောင်လေးဟာ ကောင်မလေးအတွက် သူရဲကောင်းသဖွယ်ပါပဲတဲ့။ အတူတူ ပင်ပန်းဆင်းရဲနေချိန်မှာ ကောင်လေးက ကောင်မလေးရဲ့ကျောပိုးအိတ်ကိုလည်း ကူလွယ်ပေးသလို ရေဗူးကိုလည်း ကူသယ်ပေးသတဲ့ကွယ်။ ဆည်ကိုဖြတ်ကူးနေချိန်မှာလည်း ကောင်မလေးကို မကြောက်ဖို့အားပေးရင် သူ့ရဲ့ ရေကူးကျွမ်းကျင်မှုတွေအကြောင်းကို ရှင်းပြရင်းးး ရောက်တတ်ရာရာစကားတွေ ပြောပေးနေခဲ့တာပေါ့ကွယ်။ကောင်လေးနဲ့ကောင်မလေးက တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်နေစဉ် ကာလလေးမှာ နှစ်ယောက်စလုံးရဲ့ မျက်လုံးလေးတွေ လင်းလက်တောက်ပ သွားလိုက်တာ အီးဗနင်းစတားတောင် အရောင်တွေမှိန်ကျသွားရှာတယ်တဲ့ကွယ်။              ချစ်ခင်မြတ်နိုးမှုတွေနဲ့ လင်းလက်တောက်ပနေတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့မျက်လုံးနှစ်စုံဟာ သလင်းကျောက်မြတ်ရတနာလေးတွေလိုပဲ ထွင်းဖောက်မြင်နေရတော့ တစ်ယောက်နှလုံးသားကို တစ်ယောက်က မြင်တွေ့ခဲ့ကြတယ်တဲ့ကွယ်။တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ထိုးခွဲထွက်လာတဲ့ စက်လှေရဲ့ အင်ဂျင်သံကို ကျော်လွန်ပြီး ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ ရင်ခုန်သံတွေ မြည်ဟိန်းနေတာကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြားနေခဲ့ကြတယ်ပေါ့ကွယ်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မိနစ်၃၀ခန့်စက်လှေစီးလိုက်ရတဲ့ ကြာချိန်လေးဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်ချစ်ခင်မှုတွေ ရရှိဖို့ လုံလောက်ခဲ့ပါ တယ်တဲ့ကွယ်။               စက်လှေက ကမ်းကိုကပ်တော့ တောထဲက ညမှောင်မှောင်အောက်မှာ လမ်းဆက်လျှောက်ရပြန်ပါရောတဲ့။ သံပုရာချိုက ....."ဘာလို့လုံခြုံရေး၃ယောက် ထည့်ပေးလိုက်တာလဲဟင်!!!" "ဒီနေရာက ရှမ်းပြည်၊ ကယားပြည်နဲ့ မန္တလေးတိုင်း ၃ပွင့်ဆိုင်စုံတဲ့နေရာမို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝင်ထွက်သွားလာတာမျိုး ရှိမှာစိုးရိမ်ရတယ်လေ ညီမလေးရဲ့" ဆိုပြီး အဖွဲ့ခွဲခေါင်းဆောင်အကိုတစ်ယောက်က ရှင်းပြလိုက်ပါတယ်တဲ့။ "အဲ့ဒါမျိုးတွေနဲ့ တကယ်တွေ့ရရင်ရော ဒီ၃ယောက်လောက်နဲ့ ဘာလုပ်လို့ရမှာလဲ အကိုရဲ့ "  "တောကောင်တွေ ဓါးပြတွေ အန္တရာယ်မျိုးလောက်တော့ အကာအကွယ်ရပါတယ် ညီမရယ် သိပ်လည်းစိတ်မပူပါနဲ့ ဟားဟားးးး"  "သံပုရာချို... နင်ကအဓိပ္ပါယ်မရှိတဲ့ စကားတွေတော့ အတော်ပြောတတ်တာပဲ။"  "ပညာရှင်တွေ အပြန်အလှန်ဆွေးနွေး မေးမြန်းနေတာကို ဆေးရိုးလာရောင်းမနေနဲ့ မိုးမိုးးး"  ဒါနဲ့ပဲ သူငယ်ချင်းနှစ်ယောက်ကြားကို ကောင်မလေးခမျာ အမြန်ဝင်ပြီး ပွဲထိန်းခဲ့ရပါသတဲ့ကွယ်။                 နေထက်ထက်အောင်
အိပ်မက်မဟုတ်ဘူးးးတကယ်
တစ်ခါတုန်းကတဲ့... မန္တလေး ရွှေမြို့တော်ကြီးက ဆေးတက္ကသိုလ်ကြီး ဆီကို ပညာသင်ဖို့ ရောက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးပါသတဲ့။ အဲ့ဒီတက္ကသိုလ်ကြီးမှာပဲ ပညာသင်ကြားဖို့ အတွက်ကျောင်းသားများစွာထဲမှာ ကောင်မလေးနဲ့ ရေစက်ဆုံမယ့် ချစ်သူကောင်လေးတစ်ယောက်လည်း ရှိနေခဲ့ပါသတဲ့ကွယ်။
မြောက်များလှစွာသော မောင်မယ်သစ်လွင် ကျောင်းသူကျောင်းသားတွေထဲမှာ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သတိမထားမိခဲ့ကြပါဘူးတဲ့ကွယ်။ ဒီလိုနဲ့ ပထမနှစ်ဝက် ကုန်ဆုံးပြီး ဒုတိယနှစ်ဝက်ကို ပြန်လည်တက်ရောက်လာတဲ့ အချိန်ပေါ့ကွယ်။တစ်ရက်မှာတော့ ကောင်မလေးနဲ့ သူငယ်ချင်းနှစ်ယောက်က ကြော်ငြာသင်ပုန်းမှာ ကပ်ထားတဲ့ ခရီးစဉ်တစ်ခုကို စိတ်ဝင်စားတာနဲ့ လိုက်ပါဖို့စာရင်းပေး ခဲ့ပါသတဲ့ကွယ်။
ကောင်လေးကလည်း အဲ့ဒီခရီးစဉ်အတွက် စာရင်းပေးထားတဲ့ ကျောင်းသားအနည်းငယ်ထဲမှာ ပါဝင်ပါသတဲ့ကွယ်။ဒီလိုနဲ့ ခရီးစဉ်စတင်တဲ့ နေ့မှာတော့ သတ်မှတ်နေရာဖြစ်တဲ့ ဆေးတက္ကသိုလ်ကျောင်းရဲ့ အပြင်ဘက်ဝင်းပေါက်ကို ကောင်မလေးတို့သူငယ်ချင်း သုံးယောက်လည်း ယောင်ချာချာနဲ့ ရောက်သွားချိန်မှာတော့ တခြားသော တက္ကသိုလ်ပေါင်းစုံက ကျောင်းသူကျောင်းသားပေါင်း ၈၀ကျော်ကိုပါ တွေ့လိုက်ရသတဲ့ကွယ်။
တက္ကသိုလ်တွေအလိုက် လူစုတွေခွဲပြီးတန်းစီခိုင်းတဲ့အခါမှာတော့ ဆေးတက္ကသိုလ်အုပ်စုတန်းစီလူစာရင်းထဲက ကျောင်းသားဆယ်ယောက်ခန့်ရှိပြီး အချင်းချင်း အပြန်အလှန် မိတ်ဆက်ကြရာကနေ ကောင်လေးနဲ့ ကောင်မလေးလည်း ခင်မင်သွားကြ ပါလေရောတဲ့ကွယ်။သူတို့တစ်တွေဟာ ခရီးသည်တင်ယာဉ် ခပ်ဟောင်းဟောင်းကြီး နှစ်စင်းကို ခပ်ကျပ်ကျပ်စီးပြီး မြန်မာနိုင်ငံ အလယ်ဗဟိုက ကူမဲမြို့လေးဆီကို ခရီးနှင်ခဲ့ကြတယ်တဲ့။မနက်အစောခုနှစ်နာရီ ခန့်မှာပဲ ကူမဲမြို့လေးဆီကို ရောက်သွားပြီး ကင်းတားဆည်သို့ ဆိုပြီးညွှန်ပြထားတဲ့ ဆိုင်းဘုတ်ကြီးရှိရာ မြေသားလမ်းကျယ်လေးအတိုင်း စတင်ပြီး ခြေလျှင်လျှောက်ကြရပါသတဲ့ကွယ်။
ဟိုးးးအဝေးဆီမှာ မှုန်ပြပြနဲ့ မြင်နေရတဲ့ တောင်တန်းငယ်တစ်ခုဟာ ကောင်မလေးတို့ သွားရာလမ်းကို ဆီးကာထားသယောင်ယောင် ထင်မြင်ရပါတယ်တဲ့ကွယ်။ကောင်မလေးကလည်း အဲ့ဒီတောင်တန်းငယ်လေးထိများ လမ်းလျှောက်ရရင်တော့ သေဖို့သာရှိတော့မှာပဲလို့ တွေးပြီးဘုရားတနေရှာသတဲ့ကွယ်။ ဒီလိုနဲ့ လျှောက်နေလိုက်ကြတာ နံနက်ဆယ်နာရီလောက်မှာပဲ မိုးသားတွေပျောက်ပြီး နေမင်းကြီးက အညှာအတာမရှိ ပူပြင်းစွာ ထွက်ပေါ်လာပါရောတဲ့။ လမ်းတစ်လျှောက်မှာလည်း မိုးနှောင်းကာလရဲ့ မိုးတွေကြောင့် ဗွက်တောတွေ ဖြစ်နေလိုက်တာဟာ ရှောင်မရဘဲ ဗွက်ထဲဆင်းရလေတော့ ရှိုးထုတ်ပြီးဝတ်လာမိတဲ့ ဝေါ့ကင်းရှုးလှလှလေးဟာ အရောင်အဆင်းပျောက်ပြီး ရွှံ့ရောင်တွေတောက်နေရှာပါတယ်တဲ့ကွယ်။
လမ်းဘေးတစ်ဖက်တစ်ချက်က ရွာသူရွာသားတွေက သူတို့လူတန်းရှည် ကြီးကိုကြည့်ပြီး သနားကြင်နာစွာ စုတ်သတ်နေကြသတဲ့ကွယ်။"ထွေလာဂျီရှိတယ်လေ စီးသွားကြပါလားးး" "ဒိုင်နာတွေပေါတာ တက်လိုက် သွားကြလေ..." "ကလေးတွေနဲ့ မိုက်တာကွယ် နေပူကြီးထဲကို ဗွက်တောထဲ လမ်းလျှောက်နေကြတယ်။ " "လာလာ နားကြအုံးးးရေသောက်ကြ။ ဗူးတွေထဲ ဖြည့်သွားအုံးးး။ ပြဒါးလင်းဂူဆိုတာ အဝေးကြီးပဲသွားရအုံးမှာ။ စက်လှေနဲ့လည်း ကူးရအုံးမှာ။" ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဝေဝေက ခပ်တိုးတိုးကပ်ပြောခဲ့တယ်တဲ့..."ဒီလိုမှန်းသိရင် မလိုက်ပါဘူးးး ငါ့ဘဝမှာ ရေစိမ်းတွေကို သူများတွေနဲ့ ခွက်တစ်ခုတည်း အတူတူရောသောက်ရတာ ဒါပထမဆုံးပဲ။ တော်တော်စုတ်ပဲ့တဲ့ခရီးပဲ။ အခြေအနေကြိုပြောထားရင် ရေဘူးတွေချည်းပဲ ထည့်ခဲ့ပါတယ်။" မိုးမိုးကတော့ ဝေဝေ့ကို ခပ်မဲ့မဲ့နဲ့ မသိမသာမျက်စောင်းထိုးကြည့် လိုက်ပါတယ်တဲ့။
အဲ့ဒီလိုနဲ့ လမ်းဘေးက တဲအိမ်လေးတစ်ခုဘေးမှာ ရေဝင်သောက်ရင်းထိုင်နေတဲ့ ကောင်လေးတို့အုပ်စုက ကောင်မလေးတို့ကို လှမ်းခေါ်ခဲ့တယ်တဲ့ကွယ်။ "ဟေ့.... သူငယ်ချင်းတို့ လာကြလေဟာ နားကြအုံးးး ဒီမှာဂလူးကို့စ်ရေ သောက်လှည့်ကြ။" ဝေဝေကနှစ်ခါအခေါ်မစောင့်ဘဲ ရှေ့ကအရင်သွားပြီးတော့ ဂလူးကို့စ်ရေကို အငမ်းမရသောက်ချလိုက်ပါတယ်တဲ့။ "နင်တို့ဂလူးကို့စ်ရေကလည်း ရေမှော်နံ့ ရသလိုချည်းဘဲ။" "အော်...ဟိုရှေ့က ချောင်းရေနဲ့ ဖျော်လာတာလေ။ငါတို့သောက်နေတဲ့ ရေတွေလည်း ချောင်းရေတွေပဲ။ အရသာထူးတာပေါ့ ဟဲဟဲ။" "နင်တို့ဆေးကျောင်းသားတွေရော ဟုတ်ကြရဲ့လားးးရေညစ်ပတ်တွေလည်း သောက်တာပဲလားးး " " အာာာ နင်ကလည်း ဇီဇာမကြောင်ပါနဲ့ဟ။ ကိုယ်ခံအားပိုကောင်းပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဒီလိုပဲ ချောင်းရေမြောင်းရေတွေ သောက်ပေးရတယ်ဟ။ "ကောင်မလေးရဲ့ သူငယ်ချင်း ဝေဝေတစ်ယောက် ခေါင်းငိုက်စိုက်ချရင်း စိတ်ဓါတ်တွေကျကာ မျက်နှာငယ်လေးနဲ့ ဘာမှပြန်မပြောနိုင်အောင် ဖြစ်နေတာကို ကောင်မလေးတို့တစ်တွေက တဟားဟားနဲ့ သဘောတွေကျပြီး ရယ်ကြ စကြနဲ့ ပျော်စရာတွေ ဖြစ်နေခဲ့ကြပါသတဲ့ကွယ်။
ဒီလိုနဲ့ ကောင်မလေးမြင်တွေ့ခဲ့တဲ့ မှုန်ဝါးဝါးတောင်တန်းငယ်လေးဟာ ကောင်မလေးတို့ ဖြတ်လျှောက်လာတဲ့ လမ်းဘေးမှာ တောင်တန်းလေးအဖြစ် ကျန်ရစ်ခဲ့တာကို သတိပြုမိလိုက်ပါတယ်တဲ့။ နောက်ဆုံးမှာတော့ ကောင်လေးတို့ သူငယ်ချင်းတွေနဲ့ စက်မှုတက္ကသိုလ်က ကျောင်းသား၃ယောက်လောက်ပေါင်းပြီး ကောင်မလေးတို့ကိုခေါ်ကာ ဒိုင်နာယာဉ်တစ်စီးကို ပိုက်ဆံပေးပြီး လမ်းကြုံစီးနင်းကြပါတော့တယ်။ "ဒါက အဖွဲ့ရဲ့စည်းကမ်းနဲ့မညီဘူးလေဟာ သိရင် အရေးယူခံရလိမ့်မယ်။ နင်တို့တားမရလည်း သွားတော့ဟာ။ငါတော့လုံးဝမလိုက်ဘူးးး သေပစေ ခြေလျှင်ပဲလျှောက်မယ်။ ဒီတစ်ခါ အမုန်းလျှောက်ပြီးရင် နောင်ဘယ်တော့မှ ခြေလျှင်တောင်တက်ဆိုတာကို လည်ပြန်တောင်ပြန်မငေးတော့ဘူးးး။" ဘယ်လိုမှ ခေါ်မရတဲ့ ကိုးလိုးကန့်လန့်နဲ့ ခေါင်းမာတဲ့ ဝေဝေ့ကြောင့် ကောင်မလေးလည်း စိတ်ညစ်ညစ်နဲ့ တောကားကြီးပေါ် ပါသွားခဲ့တယ်တဲ့ကွယ်။
သူတို့တစ်တွေ တစ်နေကုန်အောင် လျှောက်ပြီး အီးဗနင်းစတား နတ်မိမယ် ကောင်းကင်ကနေ တောက်ပစွာ ပေါ်ထွက်လာချိန်မှပဲ ကောင်မလေးတို့တွေလည်း ကင်းတားဆည်ကြီးဘေးကို ရောက်သွားကြပြီး စက်လှေစီးဖို့ စောင့်ဆိုင်းကြရပါသတဲ့ကွယ်။ဆည်ပေါက်ဝက စစ်တပ်ရှေ့မှာရှိတဲ့ စိန်ပန်းပင်ကြီးအောက်မှာ နိုင်ငံခြား ဘာသာတက္ကသိုလ်က အကိုတစ်ယောက်နဲ့ ဆေးကျောင်းဖိုင်နယ်ပတ်ဝမ်းက အမတစ်ယောက်တို့ ထိုင်နားနေတဲ့ဘေးကို ဝင်ထိုးလှဲရာက တကယ်အိပ်ပျော်သွားတဲ့ ဝေဝေ့ကို မနည်းနှိုးခေါ်လာပြီး သံပုရာသီး စိတ်လေးတွေကျွေးတော့.... "ဒီသံပုရာတွေက မချဉ်ဘူးနော်၊ ရေသောက်လိုက်တော့ တော်တော်ချိုတာပဲ" ဆိုပြီး ကယောင်ကတမ်းတွေပြောလို့ ကောင်လေးနဲ့ ကောင်မလေးတို့ တစ်ဖွဲ့လုံးးး ရယ်ကြရသတဲ့ကွယ်။ အဲ့ဒီကစလို့ သူမကို သံပုရာချို ဆိုပြီး ကောင်လေးက နာမည်ပြောင်ပေးလိုက်ပါရောတဲ့ကွယ်။
 ကောင်မလေးရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ မိုးမိုးကတော့ ခုမှ သူနဲ့ကောင်မလေးတို့ကြားကို အသစ်ရောက်လာတဲ့ ဝေဝေကို သံပုရာပါတဲ့ နာမည်မျိုးနဲ့ပဲ လိုက်ဖက်တယ်လို့ စိတ်ထဲကနေ မှတ်ချက်ပြုခဲ့တယ်တဲ့ကွယ်ဒီလိုနဲ့  စက်လှေကြီးနှစ်စင်းပေါ် ကို လူစုခွဲတက်ကြရတဲ့အခါမှာ စက်လှေရဲ့ နှုတ်ခမ်းက ရေနဲ့လွတ်ရုံသာ ရှိတော့တာပေါ့ကွယ်။အားလုံးလည်း ကြောက်ပြီး အသံမထွက်ရဲ...အသက် ပြင်းပြင်းမရှုရဲချိန်မှာ "ဦးလေးကြီးးးး ဖြစ်ပါ့မလားဟင်... စက်လှေက လူတွေများလွန်းနေသလိုပဲ " ဆိုတဲ့ သံပုရာချိုက လုံခြုံရေးတာဝန်အတွက် အတူတူပါလာတဲ့ တပ်ကြပ်ကြီးတစ်ဦးကို မေးလိုက်သံကြားရပါတယ်တဲ့။ အားလုံးကလည်း အဖြေကို မျှော်လင့်နားစွင့်နေချိန်မှာ တပ်ကြပ်ကြီးကလည်း ပြန်လည်ဖြေကြားလိုက်ပါသတဲ့...."ရတယ်.. သမီးလေးးးမကြောက်နဲ့။ ဦးလည်း ဖိနပ်ချွတ်ထားပြီးပြီ " တဲ့။လှေပေါ်ပါတဲ့ ကျောင်းသားတစ်သိုက်က ရယ်လိုက်ကြတာ ထိန်းလို့မရတော့ဘူး တဲ့ကွယ်။
ဒီလိုကြမ်းတမ်းပင်ပန်းတဲ့ ခရီးကြမ်းကြီးမှာ ကောင်လေးဟာ ကောင်မလေးအတွက် သူရဲကောင်းသဖွယ်ပါပဲတဲ့။ အတူတူ ပင်ပန်းဆင်းရဲနေချိန်မှာ ကောင်လေးက ကောင်မလေးရဲ့ကျောပိုးအိတ်ကိုလည်း ကူလွယ်ပေးသလို ရေဗူးကိုလည်း ကူသယ်ပေးသတဲ့ကွယ်။ ဆည်ကိုဖြတ်ကူးနေချိန်မှာလည်း ကောင်မလေးကို မကြောက်ဖို့အားပေးရင် သူ့ရဲ့ ရေကူးကျွမ်းကျင်မှုတွေအကြောင်းကို ရှင်းပြရင်းးး ရောက်တတ်ရာရာစကားတွေ ပြောပေးနေခဲ့တာပေါ့ကွယ်။ကောင်လေးနဲ့ကောင်မလေးက တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်နေစဉ် ကာလလေးမှာ နှစ်ယောက်စလုံးရဲ့ မျက်လုံးလေးတွေ လင်းလက်တောက်ပ သွားလိုက်တာ အီးဗနင်းစတားတောင် အရောင်တွေမှိန်ကျသွားရှာတယ်တဲ့ကွယ်။
ချစ်ခင်မြတ်နိုးမှုတွေနဲ့ လင်းလက်တောက်ပနေတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့မျက်လုံးနှစ်စုံဟာ သလင်းကျောက်မြတ်ရတနာလေးတွေလိုပဲ ထွင်းဖောက်မြင်နေရတော့ တစ်ယောက်နှလုံးသားကို တစ်ယောက်က မြင်တွေ့ခဲ့ကြတယ်တဲ့ကွယ်။တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို ထိုးခွဲထွက်လာတဲ့ စက်လှေရဲ့ အင်ဂျင်သံကို ကျော်လွန်ပြီး ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ ရင်ခုန်သံတွေ မြည်ဟိန်းနေတာကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြားနေခဲ့ကြတယ်ပေါ့ကွယ်။
ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မိနစ်၃၀ခန့်စက်လှေစီးလိုက်ရတဲ့ ကြာချိန်လေးဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်ချစ်ခင်မှုတွေ ရရှိဖို့ လုံလောက်ခဲ့ပါ တယ်တဲ့ကွယ်။
စက်လှေက ကမ်းကိုကပ်တော့ တောထဲက ညမှောင်မှောင်အောက်မှာ လမ်းဆက်လျှောက်ရပြန်ပါရောတဲ့။ သံပုရာချိုက ....."ဘာလို့လုံခြုံရေး၃ယောက် ထည့်ပေးလိုက်တာလဲဟင်!!!" "ဒီနေရာက ရှမ်းပြည်၊ ကယားပြည်နဲ့ မန္တလေးတိုင်း ၃ပွင့်ဆိုင်စုံတဲ့နေရာမို့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝင်ထွက်သွားလာတာမျိုး ရှိမှာစိုးရိမ်ရတယ်လေ ညီမလေးရဲ့" ဆိုပြီး အဖွဲ့ခွဲခေါင်းဆောင်အကိုတစ်ယောက်က ရှင်းပြလိုက်ပါတယ်တဲ့။ "အဲ့ဒါမျိုးတွေနဲ့ တကယ်တွေ့ရရင်ရော ဒီ၃ယောက်လောက်နဲ့ ဘာလုပ်လို့ရမှာလဲ အကိုရဲ့ " "တောကောင်တွေ ဓါးပြတွေ အန္တရာယ်မျိုးလောက်တော့ အကာအကွယ်ရပါတယ် ညီမရယ် သိပ်လည်းစိတ်မပူပါနဲ့ ဟားဟားးးး" "သံပုရာချို... နင်ကအဓိပ္ပါယ်မရှိတဲ့ စကားတွေတော့ အတော်ပြောတတ်တာပဲ။" "ပညာရှင်တွေ အပြန်အလှန်ဆွေးနွေး မေးမြန်းနေတာကို ဆေးရိုးလာရောင်းမနေနဲ့ မိုးမိုးးး" ဒါနဲ့ပဲ သူငယ်ချင်းနှစ်ယောက်ကြားကို ကောင်မလေးခမျာ အမြန်ဝင်ပြီး ပွဲထိန်းခဲ့ရပါသတဲ့ကွယ်။
နေထက်ထက်အောင်
 — with Maung Paing and 69 others.
နိုင်ငံရေးသမားများသို့  အိတ်ဖွင့်ပေးစာ
$
0
0
" နိုင်ငံရေးသမားများသို့  အိတ်ဖွင့်ပေးစာ "
-----------------------------------------------
တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးအလို ဆိုတဲ့ စကားဟာ …..
အခုအချိန်မှာတော့ ….
မြန်မာပြည်မှာ ရယ်စရာ အကောင်းဆုံးပြက်လုံး တစ်ခု အဖြစ် …..
ခင်ဗျားတို့ ဖြစ်စေချင်သလို ဖြစ်သွားခဲ့ပါပြီ…..။
ကောင်းပါတယ်….
ကျေးဇူးလည်း တင်ပါတယ်….
အဲအတိုင်းပဲ ဆက်ပုံဖော်ပါ…..
ခင်ဗျားတို့ ကျေးဇူးကြောင့် ….
ကျွန်တော်တို့ ပိုပြီး ညီညွတ်သွားပါတယ်…
ပိုပြီးသွေးစည်းသွားပါတယ် ……
ပိုပြီး လက်တွေကို တင်းတင်းဆုပ်ဖြစ်တယ်….
ပိုပြီးတော့ ကျောချင်းကပ်လာတယ်…..
ပိုပြီးတော့ ခင်ဗျားတို့ ကို သတိထားစောင့်ကြည့်ပါတယ်…..။
အမျိုးသားရေးနဲ့ တပ်မတော်ကို ….
အင်အားချိနဲ့ ပြိုကွဲသွားအောင် လုပ်မယ့် …..
ဥပဒေမျိုးတွေ ပြဌာန်းလို့ မရအောင် ….
လွှတ်တော် ထဲမှာ တပ်က ၂၅ ရာခိုင်နူန်းကို ….
အချိန်အတိုင်းအတာ တစ်ခုအထိ …..
ဝင်ယူထားဖို့ လိုတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို …..
တပ်မတော်ခေါင်းဆောင်တွေ …..
အမြော်အမြင် ရှိရှိ ဘာလို့ ချခဲ့လဲဆိုတာ ….
အခု ကျွန်တော်တို့  ကောင်းကောင်း သဘောပေါက်နေပါပြီ……။
ခင်ဗျားတို့ ကို စိတ်နာပါတယ်…..။
ပြည်ပြေး မျိုးဖျက် တွေ ....
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေရဲ့ ….
ဝါဒဖြန့် ချိရေး ဌာနခွဲတွေက …..
လုပ်ကြံဖန်တီးထားတဲ့ အဖြစ်အပျက်တွေ….
ဇာတ်မနာနာအောင် ချဲ့ ကားထားတဲ့  ပုံပြင်တွေ အောက်မှာ…..
ကျွန်တော်တို့ ကို ....
ဘရိန်းဝပ်ရှ် လုပ်ခံထားရတဲ့ ကောင်တွေလို့ …..
ခင်ဗျားတို့ စွပ်စွဲနေကြ စကားလို့ …..
ခင်ဗျားတို့ ကိုယ်တိုင်လဲ ဘရိန်းဝပ်ရှ် လုပ်ခံထားရပါပြီ…….။
စဉ်းစားကြည့်ပါ …..
ကျွန်တော်တို့ …..
Licence to rape လုပ်တယ် ဆိုတာကို ယုံပါတယ်….
သူတို့ ….
တက္ကသိုလ်ကျောင်းသူ ၆၀ ကို အားရအောင်စော်ကားပြီး….
တရုတ်ဖြူတွေဆီ လက်နက်နဲ့ လဲခဲ့တာကို မယုံပါဘူး….။
ကျွန်တော်တို့  …..
Genocide လူမျိုးတုန်း သတ်ဖြတ်မှု လုပ်တယ် ဆိုတာ ယုံပါတယ်….
သူတို့ လုပ်ခဲ့တဲ့ ဖြူးလူသတ်ပွဲ ဆိုတာ မယုံပါဘူး ….။
တပ်တွေက …..
ရွာတွေ မီးရှို့ …..
တွေ့ သမျှ ခိုးဝှက်နေတယ် ပြောတော့ ယုံပါတယ်…..
သူတို့ …..
မြန်မာပြည်အနှံ့ က မီးရထားတွေ ကားတွေ …..
တဂျိမ်းဂျိမ်း ဗုံးခွဲ ....
တွေ့ သမျှ လုယက် နေတယ်ဆိုတာ မယုံပါဘူး…..။
ကျွန်တော် တို့ ကို ဓားပြတိုက်နေတဲ့ …..
တပ်မတော်ကြီး အဖြစ် ပုံဖော်တော့ ယုံပါတယ်…..
သူတို့ တလကြမ်း တောင်းနေတဲ့  …..
ဆက်ကြေးတွေ ပြန်ပေးငွေတွေကို မယုံပါဘူး…..။
ကျွန်တော်တို့ ဆီက ကလေးစစ်သားကို ….
တခမ်းတနား မျက်နှာဖုံးသတင်း လုပ်ပါတယ်…..
သူတို့ ရွာလုံးကျွတ် .....
၁၁ နှစ်သားလောက် စပြီး ….
လူသစ်စုတာကို မယုံပါဘူး….။
အကြောင်းရှိလို့ အကျိုးဖြစ်တာပါ…..
ခင်ဗျားတို့ သိထားဖို့ က….
အနှစ် ၅၀ လောက် …..
ကျွန်တော်တို့ စစ်သည်တွေရဲ့ အသက်တွေ …..
ထောင်ပေါင်း သောင်းပေါင်းများစွာ ….
စတေး အသေခံပြီးမှ ….
ဒီအခြေအနေကို ရောက်လာတာပါ…..။
အခု အချိန်မှာ ….
ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုတာ….
အကောင်းဆုံး ပြက်လုံး ဆိုရင်….
ရန်ကုန် အစိုးရ လက်ထက်တုန်းက ….
ဘယ်တော့မှ ခွဲမထွက်ပါနဲ့ လို့ ပြောတဲ့သူဟာ…..
အကောင်းဆုံး ပြက်လုံးပါ….။
ရွှေတိဂုန် ဘုရားက ရွှေခွာရောင်းမယ့် …
ဘ၀ ဟစ်တိုင် လှုပ်ရှားမှု ….
ဆင်စွယ်ရွာ လူသတ်မှု တွေရဲ့ ဖခင် …..
ဗကပ လက်ထက်မှာ….
ဒီမိုကရေစီ နဲ့ ဘာသာ သာသနာ ဆိုတာ …..
အကောင်းဆုံးပြက်လုံးပါ….။
တရုတ်ဖြူ ကျူးကျော်မှု…..
တရုတ်နီ ကျူးကျော်မှု ကာလတုန်းက….
ကုလသမဂ္ဂ နဲ့  အနောက်နိုင်ငံတွေ ရဲ့ လူသားချင်းစာနာမှုဆိုတာ….
အကောင်းဆုံး ပြက်လုံးပါ…..။
၁၉၉၀ ပြည့်လွန်နှစ်တွေ အထိ ….
ဘာ….နိုင်ငံတော်…..ညာ….သမ္မတ လို့ …..
ခဏခဏ ကြေငြာနေတဲ့ ကောင်တွေကြားမှာ ……
စစ်မှန်တဲ့ ဖက်ဒရယ်ဆိုတာ အကောင်းဆုံးပြက်လုံးပါ…….။
တပ်မတော် မှာ တပ်မလေး ၃ …၄ မ နဲ့ …..
မြန်မာတစ်ပြည်လုံး ....
အရူးမီးဝိုင်း တိုက်ပွဲဝင်နေရတုန်းက…..
ဒီမိုကရေစီရေး…….
စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး…..
ဘာကြီး ညာကြီး......ဆိုတဲ့ အသံတွေ မကြားရပဲ ….
တပ်မတော် က တပ်မ ၄၀ လောက်ရှိလာပြီး ….
ပြည်တွင်းက အခြေစိုက်စခန်းတွေ …..
အားလုံး တိုက်ထုတ် ခံရပြီးချိန်ကျမှ….
သမိုင်းတစ်လျောက်လုံး ကျွန်တော်တို့ က…..
ဗိုလ်ချုပ် မသေခင်ကတည်းက …..
စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို …..
သိပ်လိုချင်ခဲ့ တာပါ ဆိုတဲ့  အပြောမျိုးကို ယုံရင်တော့…..
စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်နေတာ …..
ခင်ဗျားတို့ ကိုယ်တိုင်ပါ……။
မြန်မာပြည်ရဲ့ မွေးရာပါ အခြေအနေကိုက…..
ရှုပ်ထွေးပါတယ်……
စစ်တိုက်ပြီး အဖြေရှာလို့ မရနိုင်ပေမယ့်….
ဒီနိုင်ငံလို နိုင်ငံမျိုးမှာ…..
ဗဟို အစိုးရ ရဲ့ တပ်မတော်ဟာ….
အင်အားကြီးဖို့ လို ကိုလိုပါတယ်…..။
တပ်မတော် အစိုးရဟာ….
တပ်ကို အင်အားကြီးအောင် လုပ်ခဲ့ပြီးပါပြီ…..။
အခု အသွင်ကူးပြောင်းရေး အစိုးရဟာ….
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်နေပါတယ်…...။
ခင်ဗျားတို့ အရပ်သား အစိုးရတွေ လက်ထက်မှာ….
ဖက်ဒရယ် ပြည်ထောင်စု အတွက် …..
အာဏာနဲ့ အရင်းအမြစ်တွေ ….
ဘယ်လိုဖြန့် ခွဲဝေခြမ်းမယ်ဆိုတာ…..
ဆက်ဆွေးနွေးရပါလိမ့်မယ်…….။
အဲဒီအခါကျရင် ….
ကန့် လန့် တိုက်မယ့် အဖွဲ့ တွေ ….
ဘယ်လောက်များလဲဆိုတာ ခင်ဗျားတို့ သိပြီး …..
တအံ့တသြ ဖြစ်ရပါအုန်းမယ်…..။
အဲခါကျရင်….
တပ်က ဘာလို့ နာမည်အပျက်ခံပြီး….
ကျန်တဲ့ စီးပွားရေး ကျန်းမာရေး ပညာရေး တွေထက်…..
ကာကွယ်ရေးကို အများကြီး အင်အားဖြည့်ခဲ့တယ် ဆိုတာ….
ခင်ဗျားတို့ ကောင်းကောင်း သဘောပေါက်လာပါလိမ့်မယ်…..။
ဘယ်လိုပဲဖြစ်ဖြစ် ….
ဘယ်လောက်ပဲ စိတ်နာနာ …..
ခင်ဗျားတို့ နောက်မှာ ကျွန်တော်တို့ ရှိပါတယ်…..
ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့  …..
ခင်ဗျားတို့ ရဲ့ ညှိနိုင်းချက်တွေကို သဘောမတူပဲ….
ကိုယ်ထင်ရာ ကိုယ်စိုင်းမယ့် အဖွဲ့ တွေအတွက်…..
ကျွန်တော်တို့ တာဝန်ထားလိုက်ပါ…..
မခံချင်လို့ တစ်ခုတော့ ပြောပါရစေ……
ခင်ဗျားတို့ ရဲ့ ဘာ အရေးအခင်း …
ညာ အရေးအခင်း…..
ဘာသူရဲကောင်း ….
ညာ သူရဲကောင်း ဆိုတာတွေဟာ…
တပ်မတော် ဖြတ်သန်းခဲ့ရတဲ့  သမိုင်းနဲ့ စာရင်…..
မြင့်မိုရ်တောင် နဲ့  ဇီးစေ့ ပါ….။
( မခံချင်တဲ့  စစ်ခွေး ရဲမိုး )
 — 
စိတ်ထားကောင်းအောင်ဘယ်လိုနေကြမလဲ
$
0
0
  1.             လူတိုင်းဟာ စိတ်ထားကောင်းရင်ကံကောင်းမယ် ဆိုတဲ့အဆိုကို လက်ခံယုံကြည်ကြ ပါတယ်။ဗုဒ္ဓဘာသာမှမဟုတ်ကျန်ဘာသာများမှာလည်းစိတ်ထားကောင်းကောင်းထားကြရန် ဆုံးမသွန်သင်ထားသည်များရှိပါတယ်။ မည်သူမဆို မိမိကိုယ်ကိုစိတ်ထားမကောင်းသူ စိတ် ပုတ် စိတ်ယုတ်ရှိသူလို့ထင်မထားကြပါဘူး တခါတစ်ရံတော့ ငါတို့ကတော့ဘယ်သူ့ လောက် တော့ စိတ်ထားမကောင်းနိုင်ဘူး ဘယ်သူကတော့ငါ့ထက်စိတ်ကောင်းတယ်လို့ နှိုင်းယှဉ်ပြော ဆိုမှု တော့ ရှိတတ်ကြပါတယ်။ ဆိုလိုရင်းကလူတိုင်းသည် မိမိကိုယ်ကို စိတ်ထားကောင်း သူများအဖြစ် သာတွေးထားလေ့ ရှိတတ်တာပါပဲ။
  2.           တကယ်တော့စိတ်ထားကောင်းဖို့အတွက်က သူတော်ကောင်းအဖြစ်မွေး ဖွားလာသူ (ဘ၀အဆက်ဆက်ကပါရမီဖြည့် ကျင့် လာသူ )တွေကလွဲပြီး ကျန်သူတွေကမွေးကတည်းကစိတ် ထားကောင်းသူများမဖြစ်နိုင်ပါဘူး။ အသိပညာရင့်သန် လာတဲ့အခါစိတ် ထားကောင်းကောင်း ထားရမယ်ဆိုတဲ့ ယုံကြည်သဒ္ဓါစိတ်ဝင်လာတဲ့အခါစိတ်ထားကောင်း ထားတတ်ကြတာပါ။ ဒါကြောင့်စိတ်ထားကောင်းထားလိုသူဟာ မွေးရာပါဖြစ်လာနိုင်တာမဟုတ်ပဲ့ လေ့ကျင့်ဆည်းပူး ယူရပါတယ် ။ စိတ်ထားကောင်း ထား ရန်အတွက် စိတ် ဆိုသည်မှာ အဘယ်နည်းနှင့် ကောင်း သည် ဆိုသည်မှာ အဘယ်နည်းဆိုသည့် စကားလုံးနှစ်ရပ်၏ အဓိပ္ပါယ်ဖွင့် ဆိုချက်ကိုဦးစွာသိ ရှိထားရန်လိုအပ်ပါသည်။
  3.         “ ပါပသ္မိံရမတိ မနော” (စိတ်၏ပကတိသဘောသည်မကောင်းမှုအကုသိုလ်၌သာ မွေ့လျော်ပျော်ပိုက်သည်) ဟုမြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။ လူတို့၏ခန္ဒာ တွင် အကြမ်းခွဲသော်ခန္ဒာ(၅)ပါးအနက် ရုပ် နှင့်ဆိုင်သောခန္ဒာ(၁)ပါး နာမ်နှင့်ဆိုင်သောခန္ဒာ (၄)ပါးရှိပါသည် နာမ်နှင့်ဆိုင်သောခန္ဒာများသည်စိတ်ကို ကိုယ်စားပြုပါသည် ။ တနည်းဆိုသော် စိတ်နှင့်ရုပ်သည်အပြန်အလှန်အမှီပြုလွှမ်းမိုးနေကြသော်လည်း စိတ်၏လွှမ်းမိုးမှုသည်ပို များ  သည်ဟုဆို နိုင်ပါသည်။နေ့စဉ်ပြုမူပြောဆိုနေသမျှတွင်စိတ်၏စေစားချက်များကိုရုပ်ခန္ဒာကိုယ် ကလိုက်ပါဆောင်ရွက်နေခြင်းဖြစ် ပါသည်။ စိတ်ကိုထပ်မံခွဲစိတ်လျှင် စိတ်နှင့်စေတသိတ် ကိုရပါသည် အသေးစိတ်သိလိုပါက အဘိဓမ္မာတွင်ထပ်လေ့လာရမည်ဖြစ်ပြီး ရှည်လျားလွန်း  မည်စိုး၍ ချန်လှပ်ထားခဲ့ပါမည်။ စိတ်ကိုလှုံ့ဆော်သည်မှာ စေတနာ(စေ့ဆော်တိုက်တွန်းတတ် သောတရား)ြ ဖစ် ပါသည်။ ထို့ကြောင့်စေတနာကောင်းထားရမည်ဟုအလွယ်သိမှတ်ကြခြင်း ဖြစ်ပါသည်။
  1.           ကောင်းသည်ဆိုသည့်အဓိပ္ပါယ်မှာများစွာရှိနိုင်သော်လည်းစိတ်နှင့်ပတ်သတ်သော စံနှုန်းမှာ ကိလေသာ(တပ်မက် တွယ်ငြိစေ တတ်သော တရားများ )ကင်းသောစိတ် အကုသိုလ်နှင့်မယှဉ်သော(ကုသိုလ်စိတ်)ကိုသာလျှင်ကောင်း သည် (ကောင်းသောစိတ်)ဟုဆို ပါသည်။ ထို့ကြောင့် ကိလေသာ၊အကုသိုလ်နှင့်ကုသိုလ်ဆိုသည်ကိုပါခွဲခြားသိရန်လိုအပ်ပါသည်။ ထိုအချက်များကိုခွဲခြားသိရန်မှာမူ ကျယ်ပြန့်စွာထပ်မံရှင်းပြ ရန်လိုမည်ဖြစ်သဖြင့်ချန်လှပ် ထားပါဦးမည်။ 
  2.                သာမန်လူတို့အဖို့စိတ်ထားကောင်းရန်မှာလေ့ကျင့်ယူရမည်ဖြစ်ပြီးအချိန်တိုင်းအကု သိုလ်ကင်းရန် ကိလေသာကင်းရန်နေထိုင်နိုင်ရန်မလွယ်ကူနိုင်ပါ။ရုပ်ရှင်မင်းသားကြီးဦး  ကျော်ဟိန်းဘ၀ မှ သာဿနဘောင်ဝင်သွားသော ဦးကိတ္တိသာရ ထုတ်ဝေသောစာအုပ် ခေါင်းစဉ် ခေတ္တငှါးသုံးရသော် အသိနှင့် သတိ ကပ်နေရန်လိုအပ်ပါသည်။ အကောင်းအဆိုး ခွဲခြားသိသောဥာဏ်(အသိ)လေးရှိနေပြီး အဲဒီအသိလေးကိုကျင့်နိုင်ရန်တွန်းအားပေးသော (သတိ)လေးကပ်နေလျှင် သာမန်ပေါ့ပေါ့ဆဆနေသူထက်ပို၍ စိတ်ကောင်းရှိပို၍ ကုသိုလ်ရ နေမှာဖြစ်ပါတယ်။ဒါ့ကြောင့်နေ့စဉ်ဘ၀၏ လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် စိတ် ထားကောင်းသူတစ်ဦးအဖြစ်ရပ်တည်လိုပါက မိမိ၏အပြုအမူတိုင်းကို မိမိဘာသာစောင့် ကြည့်နှလုံးသွင်းနေရန်လိုအပ်ပါမည်။ အချို့ကဆိုပါတယ် ငါတို့က စကားတော့ချိုချိုမပြော တတ်ဘူးစိတ်တော့ဖြူတယ်စသဖြင့် တချို့ကတော့ကိုယ်အမူအရာကြမ်းတမ်းပေမယ့် စိတ်ကောင်းရှိပါတယ်စသဖြင့်ပြော တတ်ကြ ပါတယ် တခါတရံမှန်တတ်ပေမယ့်အမြဲမမှန်ပါဘူး မိမိလုပ်တဲ့လုပ်ရပ်တိုင်းမှာစိတ်၏စေစားချက် မပါပဲလုပ်မိတာ ရှားပါတယ်ကယကံရှင်ကိုယ်တိုင် သတိမထားမိခင်မှာဖြစ်သွားတဲ့စိတ်တွေအများကြီးပါ။စိတ်ဟာလက်ဖြစ်တစ်တွတ်လျှပ်တစ်ပြတ်အတွင်းမှာကုဋေတစ်သိန်းခန့်ဖြစ်ပျက်တယ်လို့ကျမ်းဂန်တွေမှာဆိုပါတယ်။လုပ်ရပ်ပေါ်မှာ ကြည့်ဆုံးဖြတ်တာထက်စိတ်ရင်းစေတနာကို(ရည်ရွယ်ချက်)ကြည့်ပြီးဆုံးဖြတ်ရပါတယ် ဥပမာအားဖြင့် နာကျင်အောင်လုပ်တာခြင်းအတူတူ ဆရာဝန်ကခွဲစိတ်ပေးတာနှင့် လူဆိုးလူမိုက်ကဓါှးနင့်ထိုးတာ မတူပါဘူး ဆရာဝန်က ကုသိုလ်ရပြီးလူမိုက်က အကုသိုလ်ပါ နာကျင်အောင်ရိုက်နှက်တာခြင်းအတူတူ ဆရာမိဘက အကုသိုလ်မဖြစ်ပဲ လူဆိုးကသာ အကုသိုလ်ဖြစ်တာပါ ဒါ့ကြောင့်လုပ်ရပ်နှင့်ဖေါ်ပြတာထက် စိတ်ရင်းစေတနာကောင်းထား တာသာလျှင် အကျိုးသက်ရောက် မှုကောင်းရနိုင်တယ်ဆိုတာပေါ်လွင်ပါတယ်။ ဒါကြောင့် စိတ်ကောင်းထားရန်နေ့စဉ်လေ့ကျင့် သွားခြင်းဖြင့် အလိုအလျှောက်လှုပ်ရှားမှုအဖြစ်(second nature)အဖြစ်သို့ရောက်သွားရင်အမှန်တကယ် စိတ်ကောင်းရှိသူတစ်ယောက်ဖြစ် လာမှာပါ အမှုမဲ့အမှတ်မဲ့နေသွားရင်ဖြစ်မလာနိုင်ပါဘူး ။
  3.           သာမန်အားဖြင့်မကောင်းမှုတွေမလုပ်ရင်ကုသိုလ်ရတယ်ထင်ကြပါတယ်ဥပမာအိပ်နေရင်မကောင်းတာတွေမလုပ်ဘူး ဆိုပေမယ့်ကျိုးစားအားထုတ်မှုမရှိတဲ့မောဟစိတ် သာရှိတဲ့အတွက်ကုသိုလ်မရပါဘူး ကျန်အချိန်တွေမှာလည်း ကောင်းသော အာရုံတစ်ခုမှာမစူး စိုက်နိုင်သရွေ့ ပြန့်လွင့်နေသောစိတ်ဟာ အကုသိုလ်ဘက်ကိုသာ အလေးသာပါတယ် ဒါ့ကြောင့်စိတ် တည်ငြိမ်အောင် သမထအကျင့်တွေကျင့်ရင်း ကုသိုလ်ရထိုမှတဆင့် ၀ိပဿနာ ဖက်ကိုပါကျိုးစားအားထုတ်ကြတာပါ။အဆို အမိန့်တစ်ခုမှာနွားမသည်လူတို့အားနေ့စဉ် နွားနို့ကိုပေး သော်လည်းအသိစိတ် စေတနာမပါသဖြင့် ဒါနအကျိုးမရနိုင် နွားထီးသည် လူတို့ကဲ့သို့ သူ့အသက်မသတ် သူ့ဥစ္စာမခိုး လိမ်မပြော သူအိမ်ယာမပြစ်မှား သေရည် သေရက်မသောက် သော်လည်း အသိမပါ(စေတနာ)မပါသဖြင့် သီလအကျိုး မခံစားရ နိုင်လို့ဆိုပါတယ်။
  4.             သူတပါး၏အကျိုးကိုဆောင်ရွက်နေခြင်း(သို့) သူတပါးအကျိုးပျက်စီးအောင်မလုပ်  ခြင်းတွေက သာမန်စိတ်ကောင်း ရှိမှုကိုသာဖေါ်ပြနိုင်ပြီး အမှန်တကယ် စိတ်ရင်း ကောင်းထား လိုသော ယုံကြည်သဒ္ဓါရှိသူများအနေဖြင့် စိတ်ရင်းကောင်းကိုရှာဖွေ သိရှိကာနေ့စဉ် မွေးမြူ သွားရန် လိုအပ်ပါကြောင်းစကားလက်ဆောင်ပါးပါရစေ။
  5.     ဒီအယူအဆတွေဟာကျွန်တော်ကိုယ်ပိုင်အတွေးအခေါ်ဖြစ်တဲ့အတွက်ပြည့်စုံချင်မှပြည့်စုံမှာပါ လိုအပ်သည်များရှိပါက ဖြည့်စွက်ပြင်ဆင်ပေးနိုင်ပါတယ်။
လက်ခုပ်သံတွေကို ကြည့်မြင်ခြင်း
$
0
0
Photo: လက်ခုပ်သံတွေကို ကြည့်မြင်ခြင်း ……………..  (၁)  လက်ခုပ်သံတွေကြားချင်ပါတယ်   ဖြောင်း..ဖြောင်း...ဖြောင်း...  Live  Show  သီချင်းခွေနားထောင်နေခြင်းဖြစ်သည်။  အဆိုတော်က ပရိသတ်တွေကို လက်ခုပ်ချီးမြှင့်ဖို့ တောင်းဆိုနေခြင်းဖြစ်သည်။  လာကြည့်သူတွေက တကယ်ပဲအားပေးတာလား၊ တောင်းဆိုလို့လားတော့မသိဘူး လက်ခုပ်သံတွေကတော့ ဆူညံသွားပါတယ်။  ကျွန်တော်လည်း သီချင်းကြိုက်တာကြောင့် လက်ခုပ်တီးလိုက်ရရင်ကောင်းမလား စဉ်းစားမိသည်။ ရုံးပိတ်ရက်မို့ သီချင်းလေးနားထောင်ရင်း ဇိမ်ခံနေခြင်းဖြစ်သည်။    လက်ခုပ်လေးနဲ့ ကြိုဆိုလိုက်ရအောင်  အစီအစဉ်တင်ဆက်သူက နောက်ထပ်အဆိုတော်တစ်ဦးက လက်ခုပ်တီးကြိုဆိုဖို့ ထပ်တောင်းဆိုလိုက် တာပါ။   ဖြောင်း...ဖြောင်း...ဖြောင်း...  ကျွန်တော်မကြိုက်တဲ့ အဆိုတော်ဆိုရင် မတီးပဲနေပြီး မကြိုဆိုပဲထားလိုက်ရင်ကောင်းမလား။  အော် ငါ့ နှယ် သီချင်းခွေလေးနားထောင်ပါတယ် ဆိုမှ လက်ခုပ်ဘဲ ထတီးရတော့မလိုလို၊ မတီးရင်ပဲ အခွေပိတ်ရတော့ မလိုလိုဖြစ်နေပြီ။  ဒီအချိန်မှာပဲ လက်ခုပ်သံ ကြားလိုက်ရပါတယ်။  လမ်းမှထက်မှာ လူတစ်ယောက်က ဆိုက်ကားဆရာကို လှမ်းခေါ်လိုက်တဲ့ လက်ခုပ်သံပါ။  (၂)  လက်ခုပ်တီးခြင်းက ဘယ်ကစခဲ့တယ်ဆိုတာတော့ မသိပါဘူး။  ဒါပေမယ့် လက်ခုပ်သံတွေကတော့ တော်တော် ခရီးပေါက်လှပါတယ်။  တွင်ကျယ်လှပါတယ်။  ကြော်ငြာတစ်ခုထဲက လက်ခုပ်သံ... ကော်ဖီတစ်ခွက်။  ဘေးက အားပေးသူတွေရဲ့ လက်ခုပ်သံကြောင့် အားရှိ ပါးရှိထိုးခဲ့ကြတဲ့ လက်သီးတစ်ချက်တွေ၊  ကိုယ်တကယ်နှစ်သက်လို့၊ အားပေးအားမြှောက်ပြုချင်လို့ တီးဖြစ်တဲ့ လက်ခုပ်တွေ၊ လမ်းလျှောက်နေတဲ့ လူတစ်ယောက်ကို လှည့်ကြည့်အော် လှမ်းခေါ်လိုက်တဲ့ လက်ခုပ် သံတွေ။  လွန်ခဲ့သော နှစ်တွေစီက ကျွန်တော်လက်ခုပ်တီးဖြစ်ခဲ့ပါတယ်။  စောစာစီးစီး စုဝေးရပ်ကိုကျွန်တော်သွား ရပါတယ်။  စုဝေးရပ်ကနေ ရပ်ကွက်ထဲက တစ်အိမ်တစ်ယောက်နှုန်းပါဝင်တဲ့လူတွေပေါင်းပြီး သူတို့ပေးတဲ့ကားနဲ့ ထွက်ဖြစ်ခဲ့ကြပါတယ်။ ဟိုရောက်တော့ သတ်မှတ်ပေးတဲ့နေရာမှာ ထိုင်ပြီး စောင့်ကြရပါတယ်။  အချိန်က နေမင်းကြီး ကမ္ဘာတစ်ခြမ်းကို လှမ်းပြီးခိုတက်နေချိန်ရှိပါသေးတယ်။  ဒီလိုနဲ့ စကားသံတွေ တိတ်ဆိတ်သွားတော့ အခမ်းအနားအစီအစဉ်စပြီဖြစ်ပါတယ်။  ဟိုလူ၊ ဒီလူတွေပြောလာလိုက်တာ သဘောတူ ပါသလားလို့ မေးချိန်မှ သဘောတူပါတယ်လို့ ဖြေရမှန်းသိပါတယ်။  ဗိုက်က တော်တော်ဆာနေပါပြီ။ ဆက်လက် ပြီး ထောက်ခံပါသလား ထောက်ခံပါတယ်ဖြေခဲ့ကြပြီး  အခမ်းအနားအစီအစဉ်အောင်မြင်စွာပြီးမြောက်ကြောင်း ကြေငြာအပ်ပါတယ် ခင်ဗျာ။  ဖြောင်း...ဖြောင်း....ဖြောင်း..  လက်ခုပ်သံတွေက ကွင်းတစ်ခုလုံးလျှံသွားပါတယ်။   ဘယ်သူတွေက ထောက်ခံအားပေးလို့တီး တာလား၊ ပြီးသွားလို့တီးတာလည်းတော့ မသိပါဘူး၊ ကျွန်တော်ကတော့ ဗိုက်ဖြည့်ရတော့မယ်ဆိုတဲ့ အသိနဲ့ ၀မ်း သာအားရ တီးဖြစ်ခဲ့တာပါ။  ဒီလိုပွဲမျိုးတွေလည်း ကျွန်တော် တီးဖြစ်ခဲ့တာ မနည်းတော့ပါဘူး။  တစ်ခါတစ်ခါကြပြန်တော့ ကိုယ့်လက်ခုပ်သံကို ပြန်ကြားရင်း ငါဘာအတွက် တီးတာလဲလို့ တွေးရင်း ဇဝေဇ၀ါတွေတောင် ဖြစ်သွားပါတယ်။  လက်ခုပ်ဆိုတာ ဘယ်လိုအချိန်မှာ ဘယ်လိုတီးရမလဲကျွန်တော် နားမလည်ရိုးအမှန်ပါ။  (၃)  လက်ခုပ်သံတွေအကြောင်း စဉ်းစားမိသလောက်ပြောချင်ပါတယ်။  တချို့က လက်ခုပ်မမြည်တဲ့ လက်ခုပ်ကိုတီးကြပါတယ်။  စိတ်မပါတဲ့အခါ ပြီးတော့ ကိုယ့်ကိုယ်ကို မာန်နဲ့ဟန်နဲ့ တီးလိုက်တဲ့အခါပေါ့။  တချို့ ကြတော့ လှိုက်လှိုက်လှဲလှဲတီးဖြစ်ကြပါတယ်။  ကိုယ်သဘောကျတဲ့အကြောင်းအရာတွေ နားထောင်ရတဲ့အခါ၊ သူ့ဘက်က တကယ်တော်တယ်လို့ ထင်တဲ့အခါ တီးဖြစ်တဲ့ လက်ခုပ်မျိုးတွေပေါ့။  တချို့ကတော့ ၀တ်ကျေတန်းကျေ လက်ခုပ်တွေပေါ့။  လက်ခုပ်တီးမှဖြစ်မယ့် ကိစ္စတွေမှာ လက်ခုပ်လိုက်တီးပေးရတာ၊ တောင်းဆိုလို့ တီးပေးရတာ၊ မကောင်းတတ်လို့ လက်ခုပ်တီးအားပေးရတဲ့ အခါမျိုးတွေပေါ့။  ပြီးတော့ အမိန့်အရ တီးရတဲ့ လက်ခုပ်သံတွေလည်း ကြားရတတ်ပါတယ်။    အဲ တစ်ခါတစ်ခါကျပြန်တော့လည်း ဇာတ်တိုက်ထားတဲ့ လက်ခုပ်တွေပေါ့။ ဒီနေရာမှာ ဒီအချိန်ရောက်ရင် လက်ခုပ်တီးရမယ်လို့ သတ်မှတ်ထားတဲ့ လက်ခုပ်မျိုးပေါ့။  အဲဒီလက်ခုပ်တွေက တစ်ခါတစ်ခါကြပြန်တော့ တီးလိုက်ရမှ တီးကြမှ ပွဲဖြစ်တဲ့အခါတွေရှိတယ်။  အဆင်ပြေတဲ့အခါတွေရှိတယ်။  လက်ခုပ်သံမကြားရပဲ တိတ်ဆိတ်စွာ ပြီးလိုက်ရတဲ့ပွဲတွေကြတော့  အထီးကျန်ဆန်ပြီး ပွဲပျက်သလိုပါပဲ။  တချို့လက်ခုပ်သံတွေက ပွဲတစ်ခုထဲ တစ်ယောက်တစ်ပေါက်ကြားရပါတယ်။  ဟိုနေရာက ထတီးလိုက် ဒီနေရာက ထတီးလိုက်နဲ့ ပျောက်ကြားလက်ခုပ်သံတွေက နားထောင်လို့ မကောင်းလှပါဘူး။  တချို့လက်ခုပ်တွေကျတော့ ကိုယ်တိုင်မလုပ်ပဲ မြှောက်ပေးတဲ့ လက်ခုပ်တွေရှိသေးတယ်။  မှန်တယ် ထင်ရင် Do သာ Do ဆိုပြီး တီးပေးလိုက်တဲ့ လက်ခုပ်တွေ။  နောက်လက်ခုပ်သံတစ်ခုကျပြန်တော့ ချကွချလို့ အော်ဟစ်တဲ့ လက်ခုပ်သံမျိုး။  လက်ဝှေ့စင်ပေါ်က နှစ်ယောက်ကို ချသာချ ခံရတော့မင်းတို့၊ ဆုရတော့ မင်းတို့ ချသာချဆိုပြီး တီးနေကြတဲ့လက်ခုပ်မျိုးပေါ့။  ဟော မြန်မာပြည်မှာလည်း ကျွန်တော်ထင်တယ်။ လက်ခုပ်သံတွေ မိုးထက်ညံနေမယ်လို့။  မှန်တယ် ထောက်ခံတယ်ဆိုတဲ့ လက်ခုပ်တွေ၊ မကောင်းဘူး၊ မဟုတ်ဘူးဆိုတဲ့ ကန့်ကွက်တဲ့လက်ခုပ်တွေ၊ ဟုတ်မှာပေါ့ ဆိုတဲ့ ရောင်ဝါးဝါးလက်ခုပ်တွေ၊ ဆော်ကွ၊ ချကွာ ဆိုတဲ့ လက်ခုပ်တွေ၊ လူမှုရေးအကျိုးလုပ်ငန်းတွေကို လုပ်ကိုင် နေသူတွေကို အားပေးအားမြှောက်ပြုတဲ့လက်ခုပ်တွေ၊  ထူးချွန်ထက်မြက်သူတွေကို အားပေးတဲ့လက်ခုပ်တွေ၊ အထက်ကို ကျေနပ်နှစ်သိမ့်ပေးတဲ့ လက်ခုပ်တွေ..အိုစုံလင်လှတဲ့ မြန်မာပြည်ထဲက လက်ခုပ်သံတွေက ကျယ် လောင်နေလှပါတကား။   (၄)  လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည် တယ်ဆိုတဲ့ စကားကြားလိုက်တိုင်း ကျွန်တော်စဉ်းစား မိတယ်။ မှန်ပါ တယ် လက်ခုပ်သံကျယ်ကျယ်ကတော့ နှစ်ဖက်တီးမှ စည်းချက်ဝါးချက် ကြမှ အသံမှန်မှန်မည်မှာပါပဲ။  ဒါပေမယ့် တစ်ခါတစ်လေ လက်တစ်ဖက်ရဲ့ နိုင်လိုမင်းထက်ပြုခြင်းကြောင့် အသံကြောင်တဲ့ လက်ခုပ်သံ တွေထွက်နေရတာလည်း ကြားနေ၊ မြင်နေရပါတယ်။  အဲဒီလက်ခုပ်သံတွေရဲ့ နောက်ကွယ်မှာ မလှမပဖြစ်ရတဲ့ ဘ၀တွေက အများကြီးပါပဲ။    လက်ရှိသတင်းတွေ မှုခင်းတွေကြည့်လိုက်ရင် အဓမ္မကျင့်မှုတွေ၊ စော်ကားခံရမှုတွေ၊ ပြီးတော့ သဘောတူတာ မတူတာကို မစဉ်းစားပဲ အတင်းအကြပ် ကားတင်ပြေးတာ၊ လက်မှတ်ထိုးခိုင်းတာတွေကို ကြားလိုက်ရတိုင်း တစ်ဖက်က မတီးပါပဲ မြည်လိုက်ရတဲ့ လက်ခုပ်တွေပါလားလို့ ကျွန်တော်တွေးမိပါတယ်။  ဒါအပြင် စင်မြင့်ပေါ်က လက်ခုပ်သံတွေရှိပေါသေးတယ်။  စင်မြင်ပေါ်ကလူတွေ တီးတဲ့လက်ခုပ်ပေါ့။ ဒါကိုပြောတော့ ကျွန်တော်မြင်လိုက်မိတာက ကင်ဂျုံးအီနဲ့ ကင်ဂျုံးအမ်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လက်ခုပ်တီးနေပုံ၊ နောက်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်တို့ရဲ့ လက်ခုပ်တီးခတ်နေပုံကို မြင်ယောင်မိပါတယ်။  ကင်ဂျုံးအီ၊ ကင်ဂျုံးအမ်၊ ဦးခင်ညွန့်တို့ကတော့ ခပ်တည်တည်လေး တီးနေပုံပါ။  သူတို့တီးတဲ့ လက်ခုပ်သံက ဘာကိုဆိုလိုတာလဲ၊ ဘာအတွက်လဲ ကျွန်တော်မတွေးတတ်ပါဘူး။ မိုနာလီဇာပန်းချီလို ဝေခဲရ ခက်တဲ့ လက်ခုပ်တီးနေပုံတွေပါပဲ။ နောက်ခပ်ပြုံးပြုံးလေး တီးခတ်နေပုံတွေက အားပေးတာလား၊ လှောင်ရယ် တီးခတ်တာလား ပြောရခက်တဲ့ လက်ခုပ်သံတွေပါပဲ။ လက်ခုပ်တီးနေပုံတွေကို ပြတိုက်တစ်ခုလုပ်လိုက်ရင် တော်တော်ကောင်းမှာပါ။   မဖြစ်မြောက်တဲ့ လက်ခုပ်သံတွေ၊ လက်ခုပ်လို့ အမည်တတ်ရုံသာတတ်နိုင်ပြီး အသံမမှန်တံ လက်ခုပ်သံ တွေကို ကျွန်တော်လည်းမတီးချင်သလို ကြားလည်း မကြားချင်လှပါဘူး။  ဘယ်အရာမှ တစ်ဖက်ဇောင်းနင်း ဆိုတာမကောင်းလှပါဘူး။ ပြီးတော့ အကြောက်တရားကြောင့် တီးလိုက်ရတဲ့ လက်ခုပ်သံတွေလည်း ဆိတ်သုဉ်း ချင်လှပါပြီ။  ပြီးတော့ အစဉ်အလာအရ၊ မဖြစ်မနေအရ တီးကြရမယ် လက်ခုပ်သံတွေကိုလည်း ပြုပြင်စေချင်ပါပြီ။  (၅)  တစ်ခါက ကလေးတစ်ယောက်က သူ့အဖေနဲ့အမေကို ပြောတယ်။  အဖေ ဒီနှစ် ကျောင်းကလုပ်တဲ့ ပွဲတော်မှာ သားပါရမယ်တဲ့  အဖေအဖေကလည်း ၀မ်းသားအားရမေးပါတယ်။  ဟုတ်လားသား..သားကတယ်တော်ပါလည်း.။ ဘယ်အထဲမှာ ပါရမှာလဲ  သားဖြစ်သူက ဖြေပါတယ်။  ဆရာမကတော့ လက်ခုပ်တီးတဲ့အထဲ ပါရမယ်ပြောတာပဲအဖေ။ တဲ့။  ဘ၀မှာ အဟုတ်မှတ်လို့ ၀င်ပါခဲ့ကာမှ လက်ခုပ်တီးပေးရတဲ့ အကြိမ်တွေကလည်း မနည်းတော့ပါဘူး။   နောက် ကျွန်တော့်ဘ၀တစ်လျှောက်ကို ကျွန်တော်တွေးကြည့်မိတယ်။ ကျွန်တော်လည်း လက်ခုပ်မျိုးစုံ တီးခဲ့ဘူးပြီ။ ဆက်ပြီးတော့လည်း တီးဖြစ်နေဦးမှာပါ။  သို့သော် ကျွန်တော့်အတွက် တီးကြတဲ့ လက်ခုပ်သံတွေ ကျွန်တော်မကြားခဲ့ရပါဘူး။ မရရှိခဲ့ရပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က စင်ပေါ်လည်းမရောက်၊ ရှေ့လည်းမထွက်နိုင်တဲ့ ဘ၀မှာဖြတ်သန်းခဲ့ရတော့၊ လက်ခုပ်သံတွေ ကျွန်တော်တစ်ခါမှ မရရှိခဲ့ဘူးပါဘူး။ လက်ခုပ်သံတွေရလောက်အောင်လည်း ကျွန်တော်မတော် ခဲ့လို့ပါ။  ပရိသတ်ကြီး လက်ခုပ်သံတွေ ကြားချင်တယ်လို့ ဇွတ်အော်ပြီး လက်ခုပ်တီးခိုင်းလိုက်ရရင် ကောင်းမလား။  သနားသောအားဖြင့် လက်ခုပ်လေးတီးပေးကြပါလို့ သနားခံလက်ခုပ်တီးခိုင်းရရင်ကောင်းမလား။ ကျွန်တော်ထင်တယ် ကျွန်တော့်အတွက် လက်ခုပ်သံတော့ တစ်ကြိမ်ကြားရလိမ့်မယ်။ သံသရာထဲက ဘ၀တစ်ခုရပ်ဖို့ ဖြောင်း..ဖြောင်းဆိုတဲ့ လက်ခုပ်တီးပြီး ခေါ်လိုက်တဲ့အသံ၊ ဒါမှမဟုတ် သတိပေးလိုက်တဲ့ မရဏ မင်းရဲ့လက်ခုပ်သံ။ ဒါကတော့ တစ်ချိန်ကျွန်တော် ကြားရ၊ ရရှိမှာအမှန်ပါပဲ။  ဖြောင်း…ဖြောင်း…ဖြောင်း…  ကျွန်တော်လည်း တစ်ယောက်ထဲ လက်ခုပ်ထတီးပစ်လိုက်ပါတယ်။  ဘာအတွက်လည်းတော့ ကျွန်တော် ဂဃနဏမပြောတတ်ပါဘူး။  တီးချင်လို့ကို ထတီးပစ်လိုက်တာပါ။ သြော် တကယ်တော့ လက်ခုပ်သံတွေက ဘ၀နဲ့ ဆက်စပ်နေပါလား..။   ၃၁-၈-၂၀၁၃။
လက်ခုပ်သံတွေကို ကြည့်မြင်ခြင်း
……………..
(၁)
လက်ခုပ်သံတွေကြားချင်ပါတယ်
ဖြောင်း..ဖြောင်း...ဖြောင်း...
Live Show သီချင်းခွေနားထောင်နေခြင်းဖြစ်သည်။ အဆိုတော်က ပရိသတ်တွေကို လက်ခုပ်ချီးမြှင့်ဖို့ တောင်းဆိုနေခြင်းဖြစ်သည်။ လာကြည့်သူတွေက တကယ်ပဲအားပေးတာလား၊ တောင်းဆိုလို့လားတော့မသိဘူး လက်ခုပ်သံတွေကတော့ ဆူညံသွားပါတယ်။
ကျွန်တော်လည်း သီချင်းကြိုက်တာကြောင့် လက်ခုပ်တီးလိုက်ရရင်ကောင်းမလား စဉ်းစားမိသည်။ ရုံးပိတ်ရက်မို့ သီချင်းလေးနားထောင်ရင်း ဇိမ်ခံနေခြင်းဖြစ်သည်။
လက်ခုပ်လေးနဲ့ ကြိုဆိုလိုက်ရအောင်
အစီအစဉ်တင်ဆက်သူက နောက်ထပ်အဆိုတော်တစ်ဦးက လက်ခုပ်တီးကြိုဆိုဖို့ ထပ်တောင်းဆိုလိုက် တာပါ။
ဖြောင်း...ဖြောင်း...ဖြောင်း...
ကျွန်တော်မကြိုက်တဲ့ အဆိုတော်ဆိုရင် မတီးပဲနေပြီး မကြိုဆိုပဲထားလိုက်ရင်ကောင်းမလား။ အော် ငါ့ နှယ် သီချင်းခွေလေးနားထောင်ပါတယ် ဆိုမှ လက်ခုပ်ဘဲ ထတီးရတော့မလိုလို၊ မတီးရင်ပဲ အခွေပိတ်ရတော့ မလိုလိုဖြစ်နေပြီ။
ဒီအချိန်မှာပဲ လက်ခုပ်သံ ကြားလိုက်ရပါတယ်။ လမ်းမှထက်မှာ လူတစ်ယောက်က ဆိုက်ကားဆရာကို လှမ်းခေါ်လိုက်တဲ့ လက်ခုပ်သံပါ။
(၂)
လက်ခုပ်တီးခြင်းက ဘယ်ကစခဲ့တယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် လက်ခုပ်သံတွေကတော့ တော်တော် ခရီးပေါက်လှပါတယ်။ တွင်ကျယ်လှပါတယ်။
ကြော်ငြာတစ်ခုထဲက လက်ခုပ်သံ... ကော်ဖီတစ်ခွက်။ ဘေးက အားပေးသူတွေရဲ့ လက်ခုပ်သံကြောင့် အားရှိ ပါးရှိထိုးခဲ့ကြတဲ့ လက်သီးတစ်ချက်တွေ၊ ကိုယ်တကယ်နှစ်သက်လို့၊ အားပေးအားမြှောက်ပြုချင်လို့ တီးဖြစ်တဲ့ လက်ခုပ်တွေ၊ လမ်းလျှောက်နေတဲ့ လူတစ်ယောက်ကို လှည့်ကြည့်အော် လှမ်းခေါ်လိုက်တဲ့ လက်ခုပ် သံတွေ။
လွန်ခဲ့သော နှစ်တွေစီက ကျွန်တော်လက်ခုပ်တီးဖြစ်ခဲ့ပါတယ်။ စောစာစီးစီး စုဝေးရပ်ကိုကျွန်တော်သွား ရပါတယ်။ စုဝေးရပ်ကနေ ရပ်ကွက်ထဲက တစ်အိမ်တစ်ယောက်နှုန်းပါဝင်တဲ့လူတွေပေါင်းပြီး သူတို့ပေးတဲ့ကားနဲ့ ထွက်ဖြစ်ခဲ့ကြပါတယ်။ ဟိုရောက်တော့ သတ်မှတ်ပေးတဲ့နေရာမှာ ထိုင်ပြီး စောင့်ကြရပါတယ်။
အချိန်က နေမင်းကြီး ကမ္ဘာတစ်ခြမ်းကို လှမ်းပြီးခိုတက်နေချိန်ရှိပါသေးတယ်။ ဒီလိုနဲ့ စကားသံတွေ တိတ်ဆိတ်သွားတော့ အခမ်းအနားအစီအစဉ်စပြီဖြစ်ပါတယ်။ ဟိုလူ၊ ဒီလူတွေပြောလာလိုက်တာ သဘောတူ ပါသလားလို့ မေးချိန်မှ သဘောတူပါတယ်လို့ ဖြေရမှန်းသိပါတယ်။ ဗိုက်က တော်တော်ဆာနေပါပြီ။ ဆက်လက် ပြီး ထောက်ခံပါသလား ထောက်ခံပါတယ်ဖြေခဲ့ကြပြီး အခမ်းအနားအစီအစဉ်အောင်မြင်စွာပြီးမြောက်ကြောင်း ကြေငြာအပ်ပါတယ် ခင်ဗျာ။
ဖြောင်း...ဖြောင်း....ဖြောင်း..
လက်ခုပ်သံတွေက ကွင်းတစ်ခုလုံးလျှံသွားပါတယ်။ ဘယ်သူတွေက ထောက်ခံအားပေးလို့တီး တာလား၊ ပြီးသွားလို့တီးတာလည်းတော့ မသိပါဘူး၊ ကျွန်တော်ကတော့ ဗိုက်ဖြည့်ရတော့မယ်ဆိုတဲ့ အသိနဲ့ ၀မ်း သာအားရ တီးဖြစ်ခဲ့တာပါ။
ဒီလိုပွဲမျိုးတွေလည်း ကျွန်တော် တီးဖြစ်ခဲ့တာ မနည်းတော့ပါဘူး။ တစ်ခါတစ်ခါကြပြန်တော့ ကိုယ့်လက်ခုပ်သံကို ပြန်ကြားရင်း ငါဘာအတွက် တီးတာလဲလို့ တွေးရင်း ဇဝေဇ၀ါတွေတောင် ဖြစ်သွားပါတယ်။ လက်ခုပ်ဆိုတာ ဘယ်လိုအချိန်မှာ ဘယ်လိုတီးရမလဲကျွန်တော် နားမလည်ရိုးအမှန်ပါ။
(၃)
လက်ခုပ်သံတွေအကြောင်း စဉ်းစားမိသလောက်ပြောချင်ပါတယ်။ တချို့က လက်ခုပ်မမြည်တဲ့ လက်ခုပ်ကိုတီးကြပါတယ်။ စိတ်မပါတဲ့အခါ ပြီးတော့ ကိုယ့်ကိုယ်ကို မာန်နဲ့ဟန်နဲ့ တီးလိုက်တဲ့အခါပေါ့။ တချို့ ကြတော့ လှိုက်လှိုက်လှဲလှဲတီးဖြစ်ကြပါတယ်။ ကိုယ်သဘောကျတဲ့အကြောင်းအရာတွေ နားထောင်ရတဲ့အခါ၊ သူ့ဘက်က တကယ်တော်တယ်လို့ ထင်တဲ့အခါ တီးဖြစ်တဲ့ လက်ခုပ်မျိုးတွေပေါ့။
တချို့ကတော့ ၀တ်ကျေတန်းကျေ လက်ခုပ်တွေပေါ့။ လက်ခုပ်တီးမှဖြစ်မယ့် ကိစ္စတွေမှာ လက်ခုပ်လိုက်တီးပေးရတာ၊ တောင်းဆိုလို့ တီးပေးရတာ၊ မကောင်းတတ်လို့ လက်ခုပ်တီးအားပေးရတဲ့ အခါမျိုးတွေပေါ့။ ပြီးတော့ အမိန့်အရ တီးရတဲ့ လက်ခုပ်သံတွေလည်း ကြားရတတ်ပါတယ်။
အဲ တစ်ခါတစ်ခါကျပြန်တော့လည်း ဇာတ်တိုက်ထားတဲ့ လက်ခုပ်တွေပေါ့။ ဒီနေရာမှာ ဒီအချိန်ရောက်ရင် လက်ခုပ်တီးရမယ်လို့ သတ်မှတ်ထားတဲ့ လက်ခုပ်မျိုးပေါ့။ အဲဒီလက်ခုပ်တွေက တစ်ခါတစ်ခါကြပြန်တော့ တီးလိုက်ရမှ တီးကြမှ ပွဲဖြစ်တဲ့အခါတွေရှိတယ်။ အဆင်ပြေတဲ့အခါတွေရှိတယ်။ လက်ခုပ်သံမကြားရပဲ တိတ်ဆိတ်စွာ ပြီးလိုက်ရတဲ့ပွဲတွေကြတော့ အထီးကျန်ဆန်ပြီး ပွဲပျက်သလိုပါပဲ။
တချို့လက်ခုပ်သံတွေက ပွဲတစ်ခုထဲ တစ်ယောက်တစ်ပေါက်ကြားရပါတယ်။ ဟိုနေရာက ထတီးလိုက် ဒီနေရာက ထတီးလိုက်နဲ့ ပျောက်ကြားလက်ခုပ်သံတွေက နားထောင်လို့ မကောင်းလှပါဘူး။
တချို့လက်ခုပ်တွေကျတော့ ကိုယ်တိုင်မလုပ်ပဲ မြှောက်ပေးတဲ့ လက်ခုပ်တွေရှိသေးတယ်။ မှန်တယ် ထင်ရင် Do သာ Do ဆိုပြီး တီးပေးလိုက်တဲ့ လက်ခုပ်တွေ။ နောက်လက်ခုပ်သံတစ်ခုကျပြန်တော့ ချကွချလို့ အော်ဟစ်တဲ့ လက်ခုပ်သံမျိုး။ လက်ဝှေ့စင်ပေါ်က နှစ်ယောက်ကို ချသာချ ခံရတော့မင်းတို့၊ ဆုရတော့ မင်းတို့ ချသာချဆိုပြီး တီးနေကြတဲ့လက်ခုပ်မျိုးပေါ့။
ဟော မြန်မာပြည်မှာလည်း ကျွန်တော်ထင်တယ်။ လက်ခုပ်သံတွေ မိုးထက်ညံနေမယ်လို့။ မှန်တယ် ထောက်ခံတယ်ဆိုတဲ့ လက်ခုပ်တွေ၊ မကောင်းဘူး၊ မဟုတ်ဘူးဆိုတဲ့ ကန့်ကွက်တဲ့လက်ခုပ်တွေ၊ ဟုတ်မှာပေါ့ ဆိုတဲ့ ရောင်ဝါးဝါးလက်ခုပ်တွေ၊ ဆော်ကွ၊ ချကွာ ဆိုတဲ့ လက်ခုပ်တွေ၊ လူမှုရေးအကျိုးလုပ်ငန်းတွေကို လုပ်ကိုင် နေသူတွေကို အားပေးအားမြှောက်ပြုတဲ့လက်ခုပ်တွေ၊ ထူးချွန်ထက်မြက်သူတွေကို အားပေးတဲ့လက်ခုပ်တွေ၊ အထက်ကို ကျေနပ်နှစ်သိမ့်ပေးတဲ့ လက်ခုပ်တွေ..အိုစုံလင်လှတဲ့ မြန်မာပြည်ထဲက လက်ခုပ်သံတွေက ကျယ် လောင်နေလှပါတကား။
(၄)
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည် တယ်ဆိုတဲ့ စကားကြားလိုက်တိုင်း ကျွန်တော်စဉ်းစား မိတယ်။ မှန်ပါ တယ် လက်ခုပ်သံကျယ်ကျယ်ကတော့ နှစ်ဖက်တီးမှ စည်းချက်ဝါးချက် ကြမှ အသံမှန်မှန်မည်မှာပါပဲ။
ဒါပေမယ့် တစ်ခါတစ်လေ လက်တစ်ဖက်ရဲ့ နိုင်လိုမင်းထက်ပြုခြင်းကြောင့် အသံကြောင်တဲ့ လက်ခုပ်သံ တွေထွက်နေရတာလည်း ကြားနေ၊ မြင်နေရပါတယ်။ အဲဒီလက်ခုပ်သံတွေရဲ့ နောက်ကွယ်မှာ မလှမပဖြစ်ရတဲ့ ဘ၀တွေက အများကြီးပါပဲ။
လက်ရှိသတင်းတွေ မှုခင်းတွေကြည့်လိုက်ရင် အဓမ္မကျင့်မှုတွေ၊ စော်ကားခံရမှုတွေ၊ ပြီးတော့ သဘောတူတာ မတူတာကို မစဉ်းစားပဲ အတင်းအကြပ် ကားတင်ပြေးတာ၊ လက်မှတ်ထိုးခိုင်းတာတွေကို ကြားလိုက်ရတိုင်း တစ်ဖက်က မတီးပါပဲ မြည်လိုက်ရတဲ့ လက်ခုပ်တွေပါလားလို့ ကျွန်တော်တွေးမိပါတယ်။
ဒါအပြင် စင်မြင့်ပေါ်က လက်ခုပ်သံတွေရှိပေါသေးတယ်။ စင်မြင်ပေါ်ကလူတွေ တီးတဲ့လက်ခုပ်ပေါ့။ ဒါကိုပြောတော့ ကျွန်တော်မြင်လိုက်မိတာက ကင်ဂျုံးအီနဲ့ ကင်ဂျုံးအမ်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လက်ခုပ်တီးနေပုံ၊ နောက်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်တို့ရဲ့ လက်ခုပ်တီးခတ်နေပုံကို မြင်ယောင်မိပါတယ်။
ကင်ဂျုံးအီ၊ ကင်ဂျုံးအမ်၊ ဦးခင်ညွန့်တို့ကတော့ ခပ်တည်တည်လေး တီးနေပုံပါ။ သူတို့တီးတဲ့ လက်ခုပ်သံက ဘာကိုဆိုလိုတာလဲ၊ ဘာအတွက်လဲ ကျွန်တော်မတွေးတတ်ပါဘူး။ မိုနာလီဇာပန်းချီလို ဝေခဲရ ခက်တဲ့ လက်ခုပ်တီးနေပုံတွေပါပဲ။ နောက်ခပ်ပြုံးပြုံးလေး တီးခတ်နေပုံတွေက အားပေးတာလား၊ လှောင်ရယ် တီးခတ်တာလား ပြောရခက်တဲ့ လက်ခုပ်သံတွေပါပဲ။ လက်ခုပ်တီးနေပုံတွေကို ပြတိုက်တစ်ခုလုပ်လိုက်ရင် တော်တော်ကောင်းမှာပါ။
မဖြစ်မြောက်တဲ့ လက်ခုပ်သံတွေ၊ လက်ခုပ်လို့ အမည်တတ်ရုံသာတတ်နိုင်ပြီး အသံမမှန်တံ လက်ခုပ်သံ တွေကို ကျွန်တော်လည်းမတီးချင်သလို ကြားလည်း မကြားချင်လှပါဘူး။ ဘယ်အရာမှ တစ်ဖက်ဇောင်းနင်း ဆိုတာမကောင်းလှပါဘူး။ ပြီးတော့ အကြောက်တရားကြောင့် တီးလိုက်ရတဲ့ လက်ခုပ်သံတွေလည်း ဆိတ်သုဉ်း ချင်လှပါပြီ။
ပြီးတော့ အစဉ်အလာအရ၊ မဖြစ်မနေအရ တီးကြရမယ် လက်ခုပ်သံတွေကိုလည်း ပြုပြင်စေချင်ပါပြီ။
(၅)
တစ်ခါက ကလေးတစ်ယောက်က သူ့အဖေနဲ့အမေကို ပြောတယ်။
အဖေ ဒီနှစ် ကျောင်းကလုပ်တဲ့ ပွဲတော်မှာ သားပါရမယ်တဲ့
အဖေအဖေကလည်း ၀မ်းသားအားရမေးပါတယ်။
ဟုတ်လားသား..သားကတယ်တော်ပါလည်း.။ ဘယ်အထဲမှာ ပါရမှာလဲ
သားဖြစ်သူက ဖြေပါတယ်။
ဆရာမကတော့ လက်ခုပ်တီးတဲ့အထဲ ပါရမယ်ပြောတာပဲအဖေ။ တဲ့။
ဘ၀မှာ အဟုတ်မှတ်လို့ ၀င်ပါခဲ့ကာမှ လက်ခုပ်တီးပေးရတဲ့ အကြိမ်တွေကလည်း မနည်းတော့ပါဘူး။
နောက် ကျွန်တော့်ဘ၀တစ်လျှောက်ကို ကျွန်တော်တွေးကြည့်မိတယ်။ ကျွန်တော်လည်း လက်ခုပ်မျိုးစုံ တီးခဲ့ဘူးပြီ။ ဆက်ပြီးတော့လည်း တီးဖြစ်နေဦးမှာပါ။
သို့သော် ကျွန်တော့်အတွက် တီးကြတဲ့ လက်ခုပ်သံတွေ ကျွန်တော်မကြားခဲ့ရပါဘူး။ မရရှိခဲ့ရပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က စင်ပေါ်လည်းမရောက်၊ ရှေ့လည်းမထွက်နိုင်တဲ့ ဘ၀မှာဖြတ်သန်းခဲ့ရတော့၊ လက်ခုပ်သံတွေ ကျွန်တော်တစ်ခါမှ မရရှိခဲ့ဘူးပါဘူး။ လက်ခုပ်သံတွေရလောက်အောင်လည်း ကျွန်တော်မတော် ခဲ့လို့ပါ။
ပရိသတ်ကြီး လက်ခုပ်သံတွေ ကြားချင်တယ်လို့ ဇွတ်အော်ပြီး လက်ခုပ်တီးခိုင်းလိုက်ရရင် ကောင်းမလား။ သနားသောအားဖြင့် လက်ခုပ်လေးတီးပေးကြပါလို့ သနားခံလက်ခုပ်တီးခိုင်းရရင်ကောင်းမလား။ ကျွန်တော်ထင်တယ် ကျွန်တော့်အတွက် လက်ခုပ်သံတော့ တစ်ကြိမ်ကြားရလိမ့်မယ်။ သံသရာထဲက ဘ၀တစ်ခုရပ်ဖို့ ဖြောင်း..ဖြောင်းဆိုတဲ့ လက်ခုပ်တီးပြီး ခေါ်လိုက်တဲ့အသံ၊ ဒါမှမဟုတ် သတိပေးလိုက်တဲ့ မရဏ မင်းရဲ့လက်ခုပ်သံ။ ဒါကတော့ တစ်ချိန်ကျွန်တော် ကြားရ၊ ရရှိမှာအမှန်ပါပဲ။
ဖြောင်း…ဖြောင်း…ဖြောင်း…
ကျွန်တော်လည်း တစ်ယောက်ထဲ လက်ခုပ်ထတီးပစ်လိုက်ပါတယ်။ ဘာအတွက်လည်းတော့ ကျွန်တော် ဂဃနဏမပြောတတ်ပါဘူး။ တီးချင်လို့ကို ထတီးပစ်လိုက်တာပါ။
သြော် တကယ်တော့ လက်ခုပ်သံတွေက ဘ၀နဲ့ ဆက်စပ်နေပါလား..။
မောင်ပိုင်
၃၁-၈-၂၀၁၃။ — with Thanda Win and 19 others.
စစ်ပွဲတစ်ခုသို့ ချဉ်းကပ်ခြင်း
$
0
0
Photo
စစ်ပွဲတစ်ခုသို့ ချဉ်းကပ်ခြင်း
(မိမိ ၏ ကိုယ်ပိုင်သုံးသပ်ချက်များသာ ဖြစ်ပါသည်)
အာဆဒ်
---------
ပညာတတ်၊ ပင်ကို က လူအေးတစ်ယောက်၊ မိန်းမ မိုက်မိုက်ကလေး ရထားသူ။
မိမိနိုင်ငံသားပေါင်းထောင်နဲ့ ချီ ကို ကတုတ်ကျင်း တွင်းမှ သတ်ခိုင်းခဲ့သူ၊ ထိုင်ကြည့် နေခဲ့သူ။
အိုဘားမား ကို လျှော့တွက်မိလို့ အကွက်မှားခဲ့သူ
ဓာတုလက်နက်ကို လွယ်လွယ် လေး သုံးခဲ့ သူ
ကလေးသူငယ် ၄၀၀ကျော် အပါအဝင် လူပေါင်း၁၄၀၀ ကို လက်တည့်စမ်း သတ်ဖြတ်ခဲ့သူ
အရှေ့အလယ်ပိုင်း က ငြိမ်းချမ်းရေးကို နိုင်ငံတကာ လုံခြုံရေးကို အီရန်ကဲ့သို့ ခြိမ်းခြောက်နေသူ
မိတ္ထီလာမှာ ကင်တားနားကားကို ဝိုင်းပြီး ရန်ပြုတဲ့ ကိစ္စထက် မိုက်မဲတာကို လုပ်နိုင်သူ တစ်ဦးတည်းသော ပုဂ္ဂိုလ်
(ကုလ ယာဉ်တန်းကို သေနတ် ဖြင့်ချောင်းပစ်ကာ အန္တရာယ် ပြုခဲ့သူ)
Photo
အိုဘားမား
--------------
ခပ်ပျော့ပျော့လို့ ထင်ရပေမဲ့ နိုင်ငံတကာ လုံခြုံရေးကို ထိခိုက်နိုင်ပါက ဆတ်ဆတ်ထိမခံနိုင်သူ
မဟာမိတ် ဗြိတိန် ဘက်က အကူအညီမရနိုင်သေးလို့ ကွန်ဂရက်အဖြေစောင့်ဦးမယ် ဆိုပြီး လောလောဆယ်အချိန်ဆွဲနေသူ
တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုကောင်းသူ၊ မြေထဲပင်လယ်မှာ ရော၊ ဘေးနိုင်ငံတွေမှာ ရော တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။
ရေနံ ချုပ်ကိုင် မှု၊ အရှေ့အလယ်ပိုင်း ပြဿနာများကို အရေးကြီးဆုံး အဆင့်မှာ ထားထားသူ
အစ္စရေး ရဲ့ ရပ်တည်မှုအတွက် လိုအပ်ရင် ဆီးရီးယားကို အပြုတ်တိုက်မယ် ဆိုပေမဲ့ အီရန်ကို တော့ မထိရဲသူ
ဆီးရီးယားပြည်သူတွေ က သူအချိန်ဆွဲလိုက်တာကို စိတ်ပျက်လက်ပျက် ဖြစ်သွားပါပြီ။
စစ်ပွဲကို ကန့်လန့်လုပ်မည့်သူများ နှင့် အဟန့်အတားများ
---------------------------------------------------------------
ရီပက်ဘလစ်ကန်များ - သူတို့ ဆိုလျှင် ကွန်ဂရက်မမေး ဘာမမေး တန်းပြီး ဆော်မှာဖြစ်ပေမဲ့ အိုဘားမားကို တော့ ကန့်လန့်ဖြစ်အောင် လုပ်နေဦးပါမည်။
မြန်မာ အရေး စိတ်ဝင်စားသူ ဂျွန်မက်ကိန်း က ရှေ့ဆုံးက ဖြစ်ပါလိမ့်မည်။ သူတို့ ဆို ငြိမ်းချမ်းသော နည်းလမ်းကို သုံးမည်ဟု အသံကောင်းဟစ်နေဦးမှာပါ။
ရုရှ - လူတွေသေ တာ တွေ့နေတာတောင် ဗြောင်ငြင်းနေသေးသည့် မဟာဉာဏ်ကြီးရှင် ပူတင်က သူ့ လူကို ဆီးရီးယားကို လွှတ်ပြီး အကြံထုတ်နေပြီ၊
ဓာတုလက်နက် ဟန်ဆောင်ပန်ဆောင်ဖျက်ဆီးပြခိုင်းကာ ဆီးရီးယားကို အမေရိက ရဲ့ ခြေကုပ်မဖြစ်အောင် ကြိုးစားမှာပါ။
အီရန် - ဆီးရီးယားကို ဆော်တုံး ဒီအရူးက တစ်စခန်းထနိုင်သေးသည်၊ အခုလည်း သူတို့ချင်း တိုင်ပင် ညှိနှိုင်းနေပြီ။
အာရပ် နိုင်ငံများ- သူတို့ လည်းလန့်ပေမဲ့ လာဆော်မှာ တော့ မကြိုက်လှပါ။ ရေနံဈေးတက်မှာ ကို တော့ ပြုံးပြုံးကြီး ပေါ့။
တရုတ်- ဘာဖြစ်ဖြစ် အမေရိကန် တွေ ကို ဆန့်ကျင် ဦးမှာ ဖြစ်ပေမဲ့ သူတို့ က ရေနံဈေးတက်မှာ က လွဲလို့ သိပ်မပူလောက်ပါ၊
ဒီကောင်တွေ ဘာလုပ်လုပ် ငါတို့က အမေရိကန်တွေ ကို စီးပွါးရေး တိုက်ပွဲမှာ နိုင်တော့မှာ။
တူရကီ - အရင်က လို ဆီးရီးယားအစိုးရ နဲ့ မတည့်တော့ပါဘူး၊ အိုဘားမား ဘက်က သေချာပေါက် နည်းမျိုးစုံနဲ့ ကူညီမှာပါ.
အစ္စရေး နှင့် ပြည်သူများ - ဆီးရီးယားကို တိုက်တာ ထောက်ခံကြပေမဲ့၊ သူတို့ ကို အချိန်မရွေး ဓာတုလက်နက်နဲ့ ဆော်တာ ခံရနိုင်လို့ ရတက်မအေးနိုင်ပါ
ဗြိတိန် - ဘယ်အချိန် ဖြစ်ဖြစ် အကိုကြီးလုပ်ရင် ညီလေးပါပြီးသားဖြစ်ပေမဲ့ လွှတ်တော်က သဘောမတူတော့ ညီလေးလည်း စဉ်းစားရခက်နေပါတယ်၊
အိမ်က စီးပွါးရေး ကျပ်နေ တော့ အကိုကြီးရဲ့ အမှုမှာ ပါရင် ကုန်မှာတွေကို လည်း ပူပန်ရသေး
နေတိုး - မင်းသား နေတိုး လိုပဲ အကျပိုင်းလေး ရောက်နေတော့ အိုဘားမား ရေ တစ်ယောက်ထဲသာ ဆော်ပေတော့ လုပ်ဦးမှာပဲ။ နေတိုး လည်း ဘေး မထိုင်သင့်ပါ
အမေရိကန် ပြည်သူများ - ကိုယ့်အရေး သာကို စဉ်းစား၊ နိုင်ငံတကာ ဘာ ဖြစ်ဖြစ် ငါတို့အပူလား ပေါ့၊ သူတို့ ဆီ ဓာတုလက်နက်နဲ့ မဆော်မချင်း ထောက်ခံမှာ မဟုတ်ပါ။
Photo
တို့ မြန်မာတွေ -
----------------
ငယ်ငယ်တုံးက လူကြီးတွေ ပြောကြတာ ကြားဖူးတယ်၊ အမေရိကန် က ဆော်မှာ ဘာညာပေါ့၊ မသိခင် ကတော့ မျှော်ဖူးပါတယ်၊ အမေရိကန်တွေ ဘယ် တုံးက မှ မြန်မာကို စစ်ရေးအရ ဆော်ဖို့ မစဉ်းစားခဲ့ပါ၊ ဒေသတွင်း လုံခြုံ ရေး၊ နိုင်ငံတကာအရေးမှာ အရေးမပါလို့ပါ။
စစ်ရေးအရ အမြဲစောင့်ကြည့်နေပါသည်၊ရုရှ၊ မြောက်ကိုရီးယား နဲ့ဆက်သွယ် မှုတွေ အချိန်ပြည့် ကြည့်နေပါသည်။
အရှေ့ဥရောပနိုင်ငံတွေ တရုတ်၊ အိန္ဒိယ နဲ့ လက်နက်အရောင်းအဝယ် တွေကို လည်း မျက်ခြေမပြတ်ပါ၊ နူကလီးယား ကြိုးစားမှုကို လည်း စောင့်ကြည့်နေတာ ကြာပါပြီ။
ကျမ က ပုံမှန် တော့ ငြိမ်းချမ်းရေး သမား ဖြစ်ပေမဲ့ ဒီလို ဓာတုလက်နက် နဲ့ ခြိမ်းခြောက်မှုဖြစ်တဲ့ နိုင်ငံကို တော့ စစ်ရေးအရ အရေးယူဖို့ ထောက်ခံပါတယ်၊ ဆီးရီးယား ပြည်သူတွေ ဘက်က လည်းစာနာမိလို့ပါ။
ပြည်သူတွေ ကို ထိခိုက်မှုအနည်းဆုံးဖြစ်မဲ့ စစ်ပွဲတစ်ခုကို မြန်မြန်စတင်ပြီး အာဆဒ်ကို အဆုံးသတ်ပေးလိုက်ပါ။
မေပုပ္ပား
၂၀၁၃ စက်တင်ဘာ ၁ ရက်
နံနက် ၄ နာရီ ၃၀ မိနစ်
အမေရိက က စစ်ရေးအရ အရေးယူရင် ထောက်ခံမှုအခြေအနေကို ပြီးခဲ့တဲ့ ကိုးလ လောက်က ဝါရှင်တန် ပိုစ်က စစ်တမ်းလုပ်ထားတာရယ်၊ လက်ရှိ စစ်ရေး ပြင်ဆင်ထားပုံရယ်၊ ဆီးရီးယားက ဓာတုလက်နက်ရှိတဲ့ နေရာတွေရယ်၊ ဓာတုလက်နက်ခံရသူ တစ်ယောက်ရဲ့ ဓာတ်ပုံကို တင်ပေးလိုက်ပါတယ်
 — with Myo Set and Lynn Hpone Thant. (6 photos)
နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တံခါးပိတ်ဆွေးနွေး
$
0
0
The Voice Weekly's photo.
နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တံခါးပိတ်ဆွေးနွေး  ရန်ကုန်၊ သြဂုတ် ၃၁  နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်မည် ကြွေးကြော်ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် သီးသန့်ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း NLD ပါတီ၏ နေပြည်တော် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်ရာတွင် ၎င်းတို့ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။  “သူတို့နှစ်ဦးတည်း ဆွေးနွေးတာပါ။  တခြားဘယ်သူမှ ဝင်ခွင့်မရခဲ့ပါဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။  အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို နှစ်ဖက် ထုတ်ပြန်မှု ပြုလုပ်ခဲ့ခြင်း မရှိပေ။  ယင်းတွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအကြား လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် တစ်ကြိမ်နှင့် ၂၀၁၂ ခုနှစ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စုခရီးစဉ်တွင်တစ်ကြိမ် တွေ့ဆုံထားသည်။   ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှု အပြီးတွင် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းနှင့် လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းအချို့ ပြင်ဆင်ပေးမှုကြောင့် NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး ယင်းပါတီဥက္ကဋ္ဌရာထူး လက်ခံရယူသူ သူရဦးရွှေမန်းနှင့် သဘောထားကွဲလွဲမှုများ ဖြစ်နေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်နေကြောင်း ပြောဆိုထားသည်။   ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုပြီး ၎င်းယှဉ်ပြိုင်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင်ပေးရန် အစိုးရနှင့် လွှတ်တော်သို့ တိုက်တွန်း  ထားသည်။
နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တံခါးပိတ်ဆွေးနွေး
ရန်ကုန်၊ သြဂုတ် ၃၁
နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်မည် ကြွေးကြော်ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့တွင် သီးသန့်ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း NLD ပါတီ၏ နေပြည်တော် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ လယ်တောအိမ်ရာတွင် ၎င်းတို့ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“သူတို့နှစ်ဦးတည်း ဆွေးနွေးတာပါ။ တခြားဘယ်သူမှ ဝင်ခွင့်မရခဲ့ပါဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို နှစ်ဖက် ထုတ်ပြန်မှု ပြုလုပ်ခဲ့ခြင်း မရှိပေ။
ယင်းတွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအကြား လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် တစ်ကြိမ်နှင့် ၂၀၁၂ ခုနှစ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စုခရီးစဉ်တွင်တစ်ကြိမ်တွေ့ဆုံထားသည်။
၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှု အပြီးတွင် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းနှင့် လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းအချို့ ပြင်ဆင်ပေးမှုကြောင့် NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး ယင်းပါတီဥက္ကဋ္ဌရာထူး လက်ခံရယူသူ သူရဦးရွှေမန်းနှင့် သဘောထားကွဲလွဲမှုများ ဖြစ်နေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်နေကြောင်း ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတော် သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုပြီး ၎င်းယှဉ်ပြိုင်နိုင်ရန် အခြေခံဥပဒေကို ပြင်ဆင်ပေးရန် အစိုးရနှင့် လွှတ်တော်သို့ တိုက်တွန်း ထားသည်။
Article 0
$
0
0
သောမတ်စ်ကန်တားနားကိစ္စလေးကို ပြန်တွေးနေမိတယ်။
တစ်ကယ်တော့ သောမတ်စ်ကန်တားနားကို ဒီလို ဆက်ဆံခံရတဲ့ကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်ပါပဲ။
လုပ်ထုံးလုပ်နည်းမှားယွင်းခြင်းပေါ့။ ကာဖျူးထုတ်ထားတဲ့အချိန် ဒီလို လူအုပ်လိုက်ထွက်လာလို့ ရလို့ လုပ်ကြံမှုလို့ ယူဆကြတာတွေကိုလဲတွေ့ရတယ်။ ဒါကိုလဲ ငြင်းဆန်လိုခြင်းမရှိပါဘူး။ 
ကန်တားနားရယ်၊ နောက်ကွယ်က လက်မဲ ဆိုတာတွေ၇ယ်ကို ဖယ်ကြည့်လိုက်ရင် ဘာသာရေးစိတ်ဓါတ်ပြင်းထန်ရန်လိုနေတဲ့ လူတွေကိုတွေ့ရမယ်။ သူတို့တွေဟာ အဓိက အင်အားတွေပဲ။ စဉ်းစားမိတယ်။
ဒီလူတွေ ဘာကြောင့် ဒီလို ဖြစ်နေတာလဲ။
ဒီလူတွေကို စွမ်းအားရှင်တွေလို့သမုတ်ကြတယ်။ ငွေပေးလို့ အကျိုးအမြတ်တစ်စုံတရာကြောင့် လုပ်တယ်ဆိုရင် ပြဿနာမရှိဘူး။ ငွေထပ်မပေးရင်ပြဿနာမဖြစ်ဘူးလို့မှတ်ယူလို့ရတယ်။
အဲ...ငွေပေးထားတာလဲမဟုတ်ဘဲ..ယုံကြည်ချက်၊ သံသယ၊ အကြောက်တရားတွေနဲ့ ဒီလို လူစုလူဝေးဖြစ်လာတယ်ဆိုရင်...???
အင်မတန်ကို ကြောက်စရာကောင်းတဲ့ အနေအထားတစ်ရပ်ကို Liberalization Phase မှာ ရင်ဆိုင်နေရပြီလို့ သဘောပေါက်မိပါတယ်။
ကျနော်တို့ဆီက နိုင်ငံရေးဓလေ့က ပြဿနာတစ်ရပ်ဖြစ်လာ၇င် အဖြေအရင်မရှာဘဲ ဓါးစာခံ အရင်ရှာတယ်။
ဓါးစာခံကိုတွေ့လိုက်ရရင် စိတ်နေသာထိုင်သာရှိသွားကြတယ်။
မြန်မာ့နိုင်ငံရေးပြဿနာများစွာမှာ ဒီလို ဓါးစားခံ(Scapegoat) ရှာတဲ့ သဘောတရားတွေကို အများကြီးတွေ့ရပါတယ်။ ဥပမာ ဆန်ရှင်သက်သက်ကြောင့် မြန်မာ့စီးပွားရေး ကျဆင်းတယ်ဆိုပြီး ဒေါ်စုကို ဓါးစာခံရှာတာမျိုးပေါ့။ ( ဆန်ရှင်နဲ့ စီးပွားရေးကျဆင်းမှုကို ပြောလိုရင် ဗီယက်နမ်စီးပွားရေးတိုးတက်မှုနဲ့ ဆန်၇ှင်ဘယ်နှခုနှစ်မှပြန်ဖွင့်ပေးတာလဲကို အရင်တီးခေါက်ကြည့်ပါ)
ဒီတော့ ဒီလို ဓါးစားခံရှာတာဟာ တစ်ကယ့်တရားခံစစ်စစ်ကို လက်ညှိုးထိုးမိရင်ကိစ္စမရှိဘူး။ တရားခံစစ်စစ် မဟုတ်ရင်ကော.....??
အခု ကန်တားနားလာတဲ့ကိစ္စ၊ နောက် ထစ်ခနဲရှိမီးတောက်လွယ်နေတဲ့ ဘာသာရေးပဋိပက္ခတွေမှာ
ငြိမ်းချမ်းရေးလိုလားသူတွေဟာ ဖော်ဆောင်နည်းကို သေသေချာချာ ဂရုစိုက်ဖို့လိုတာကိုတွေးမိတယ်။
ဘာသာရေးကိစ္စမှာ သံသယ၊ အာဃာတတွေကြီးနေပြီဆိုရင် ဒီတိုင်းပြည်ရဲ့ ဒီလူမှုအဖွဲ့အစည်း အခြေခံအုတ်မြစ်ဟာ လှုပ် လာတော့မယ်။ ဒါဆို တိုးတက်ဖို့ ခက်တော့မယ်။
ယနေ့ လစ်ဘရယ်ဒီမိုကရေစီမှာ လူနည်းစု ကာကွယ်ရေးသဘောတရားပါတယ်။ ဒီသဘောမှာ လူများစု ဆန္ဒကို မမေ့လျော့ပါဘူး ဆိုတဲ့သဘောပါတယ်ဆိုတာကို အလိုလို နားလည်ပြီးသား ဖြစ်ရမယ်။
မဟုတ်ရင် လူနည်းစုကို ကာကွယ်တယ်ဆိုပြီး လူများစုကို ဆန့်ကျင်ရင် ဒီမိုကရေစီအရေးဖော်ဆောင်သူမဟုတ်ဘဲ လူနည်းစုကိုရှေ့နေလိုက်ပေးသူ ရှေ့နေသက်သက်သာ ဖြစ်လိမ့်မယ်။
အခု ဘာသာရေးပြဿနာတွေမှာ လူများစုထဲကလူတွေဟာ အခကြေးငွေနဲ့ လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်နေတာဆိုရင် ကိစ္စမရှိလှပေမယ့်...တစ်ကယ်ကြီးကို ဘာသာရေးလွှမ်းမိုးခံရမှာ စိုး၇ိမ်မှုတွေ ဖြစ်နေခဲ့တာဆိုရင် ဒီ မတူတဲ့ဘာသာရေးအဖွဲ့အစည်း နှစ်ခုကို ရင်ကြားစေ့ပေးဖို့ အများကြီးကြိုးစားရပါတော့မယ်။
အခု ပဋိပက္ခ လက္ခဏာတွေကိုကြည့်ကြည့်ပါ။ လုပ်ကြံမှု လက္ခဏာတွေကို တွေ့ရပါတယ်။
သို့သော်........ဒီလို ဘာသာရေးအလွှမ်းခံရမှာ စိုးတဲ့ သံသယတွေကော ကင်းသလား။ သံသယတွေကို မြင်နေရတယ်။ကျနော်ကတော့ အကြောက်တရား၊ သံသယတွေဟာ ပဋိပက္ခတွေရဲ့ မူလရင်းမြစ်တွေလို့ ကောက်ချက်ချတယ်။ (မနေ့က ဂျပန်က ပဋိပက္ခဆိုင်ရာကျွမ်းကျင်သူကလဲ အလားတူကောက်ချက်ချတာတွေ့မိတယ်။)
ဒီလိုသာ အကြောက်တရားတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် သံသယတွေကြောင့် ပဋိပက္ခတွေ ဖြစ်ရတယ်ဆိုရင်.....
လက်ညှိုးထိုးခြင်း၊ စွပ်စွဲခြင်း၊ တစ်ဖက်ဖက်ကို ဘက်လိုက်ပြခြင်းနဲ့ ရင်ကြားစေ့လို့၊ ငြိမ်းချမ်းတဲ့ လူ့ဘောင် တည်ထောင်လို့ ရမယ် ထင်ပါသလား...?
ဗုဒ္ဓဘာသာလူများစုတွေကို လစ်ဘရယ်ဒီမိုကရေစီလိုလားသူတွေက လူနည်းစုတွေကို မသက်ညှာရကောင်းလား ဆိုပြီး "ဆန်ရင်းနာနာဖွပ်" လို့ ဘယ်သူတွေကျိုးကြေသွားမလဲ။
လစ်ဘ၇ယ်ဒီမိုကရေစီဆိုတာ ဘာသာပျောက်မယ့်ကိန်း ဆိုတဲ့ အမြင် မြင်လာမယ့် အခြေကို ကိုယ့်ဖာသာ ဖော်ဆောင်သလို ဖြစ်မနေစေဘူးလား..။ စဉ်းစား နေမိတယ်။
အလားတူပဲ လူနည်းစု မွတ်ဆလင် တွေဖက်ကို အလွန်အမင်းသံသယရှိနေခြင်း၊ အမှုအခင်းမှန်သမျှ ဒီလူတွေက ကျူးလွန်နေခြင်းဆိုတဲ့ သံသယတွေနဲ့ မယုံမကြည် ဆက်ဆံခြင်း ခွဲခြားဖိနှိပ်ခြင်းတွေကရော ဒီတိုင်းပြည်ကို တိုးတက်စေတယ်လို့ တစ်ကယ်များ ယုံကြည်နေလား။
ကိုယ် ဆိုရှယ်မီဒီယာတွေ၊ ဂျာနယ်တွေမှာ ပြောနေ ရေးနေ တာတွေဟာ ပဋိပက္ခကို ပိုကြီးစေလား၊ ပိုငြိမ်းစေလား...?
ဒါတွေကို စဉ်းစားမိဖို့ လိုမယ်ထင်တယ်။
ကျနော်နားလည်ထားသလောက်ကတော့ ဒီလို ပြဿနာတွေဟာ စေ့စပ်ခြင်း၊နားလည်မှုတည်ဆောက်ခြင်း တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုထားဆက်ဆံခြင်း အပြစ်ကျူးလွန်သူကို နှစ်ဖက်ပူးပေါင်းဖော်ထုတ်ခြင်း စတဲ့ အချင်းအရာများစွာကို တိကျခိုင်မာတဲ့ ဦးဆောင်သူတွေ၊ သည်းခံစွမ်းအားပြည့်ဝတဲ့ စည်းရုံးသူတွေနဲ့မှ အဆင်ပြေစေလိမ့်မယ်။
လောင်နေတဲ့မီးဟာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ဟင်ဒူ ဆိုပြီးခွဲခြားနေမှာမဟုတ်ဘဲ အိမ်အားလုံးကိုလောင်မှာဖြစ်သလို ဒီလို ပဋိပက္ခတွေဟာလဲ ဒီတိုင်းပြည်ထဲက လူမျိုး၊ ဘာသာ မရွေးကိုဒုက္ခရောက်စေမှာဖြစ်တယ်။
တိုင်းပြည်ဟာ တည်ငြိမ်မှ တိုးတက်တယ်။ မတည်ငြိမ်ရင် ဘာမှ လုပ်လို့မရဘူး။
ဒါကို နားလည်စေချင်ပါတယ်။
အိပ်မက်မဟုတ်ဘူးးးတကယ် အပိုင်း၂
$
0
0
ညဆယ်နာရီခွဲလောက်မှာပဲ စခန်းချရမယ့် တောတွင်းက ကမ့်ပ်တဲအစုတ်လေး ဆီကို ဆိုက်ရောက်ခဲ့ကြပါသတဲ့ကွယ်။အရင်ရောက်နှင့်နေတဲ့ ရစ်ကီခေါ် ရှေ့ပြေးအဖွဲ့တွေက မီးမွှေးပြီး ဟန်းကောတွေနဲ့ ထမင်းချက်နေကြပါသတဲ့ကွယ်။ အားကိုးရပြီး မာတဲ့အဖွဲ့ဝင်တွေကို နောက်ဆုံးကနေ ချန်လျှောက်ပြီး ဘက်ကီလုပ်ခိုင်းထားတဲ့ အဖွဲ့လည်းရှိသတဲ့ကွယ်။ 
ကောင်မလေးတို့က ဘက်ကီအဖွဲ့နဲ့အတူတူပန်းဝင်လာခဲ့ကြတယ်ပေါ့ကွယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မလျှောက်နိုင်တော့လို့ တရွတ်ဆွဲနေတဲ့ ကောင်မလေးတို့အဖွဲ့ကို ဘက်ကီတွေက စောင့်ခေါ်ပေး နေရလို့ပါတဲ့ကွယ်။ဒီလိုနဲ့ နောက်ကျတဲ့အတွက် အိပ်စရာနေရာကလည်း တဲပေါ်မှာမကျန်တော့ဘူးတဲ့ကွယ်။တဲရဲ့နောက်ဆုံးကျကျနေရာမှာလွတ်နေတာတွေ့လို့ အပြေးအလွှားသွားတော့ ကြမ်းကျွံနေတဲ့ အပေါက်ကြီးကို တွေ့ရပါလေရောတဲ့ကွယ်။
ကောင်မလေးလည်း လွတ်တဲ့နေရာလေးကိုပဲ အရယူပြီး သူငယ်ချင်းသုံးယောက် ဖြစ်သလို အနားယူဖို့ပြင်ဆင်ပေးပါသတဲ့ကွယ်။ဒါပေမယ့် ကြမ်းပေါက်ကျယ်နေရာကို ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပါသတဲ့။သံပုရာချိုဟာ တဲအောက်ပြန်ဆင်းပြီး ထမင်းချက်နေတဲ့ အဖွဲ့တွေထဲက ထင်းချောင်းတစ်ချောင်း ဆွဲယူလာပြီး ကြမ်းပေါက်ကြီးပေါ်ကို ကန့်လန့်ဖြတ်တင်၊ အဲ့ဒီအပေါ်ကို ညစ်ပတ်မဲတူးနေတဲ့ ဝေါ့ကင်းရှူးလေးထပ်တင်ပြီးးး အဲ့ဒီဝေါ့ကင်းရှူးကိုခေါင်းအုံးပြီး ကျောပိုးအိတ်ကို ဖက်လုံးလုပ်ပြီး "ဘာကိစ္စရှိရှိ ငါ့ကိုလာမနှိုးကြနဲ့။" လို့မှာကြားပြီး ဇီဇာကြောင်ပြီး ရွံတတ်တဲ့ သံပုရာချိုတစ်ယောက် အိပ်ပျော်သွားရှာသတဲ့ကွယ်။
ကောင်မလေးနဲ့ မိုးမိုးတို့လည်း သူတို့သူငယ်ချင်းအဖြစ်ကိုကြည့်ပြီး မရယ်ပဲ မနေနိုင်ကြတော့ပါဘူးတဲ့ကွယ်။တဲအောက်ကိုဆင်းလာတော့ ကောင်လေးကထမင်းချက်နေရာကနေ ကောင်မလေးကိုလှမ်းခေါ်လိုက်သတဲ့။ "ထမင်းကကျက်တော့မှာပါ။ခဏနေရင် စားလို့ရပြီနော်။ ဗိုက်ဆာနေပြီလားးး" "ရပါတယ်မဆာပါဘူးးး အမောလွန်နေလို့ မဆာသေးပါဘူးး။" "Girl... ဟိုးအပေါ်ကိုမော့ကြည့်လိုက် ကြယ်မှုန်လေးတွေ ပြည့်ကျပ်နေတာ နေရာလပ်မရှိဘူးနော်။" "ကိုက ကြယ်တွေကို ကြည့်ရတာ သဘောကျတယ်ပေါ့!! Girlလည်းကျောက်ဆည်ကအိမ်မှာဆို ခြံထဲဆင်းပြီး ကြယ်တွေကို ကြည့်လေ့ရှိတယ်။" "ကို...ငယ်ငယ်ကတော့ အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ အိပ်ပြီးကြည့်လေ့ရှိတယ်။ခုတော့မန္တလေးရဲ့ ပြောင်းလဲလာတဲ့ မြို့ပြပုံစံတွေကြောင့် ဘာကြယ်မှ မမြင်ရတော့ပါဘူးကွာ။Girl ကလည်းကိုနဲ့ ဝါသနာတူတယ်နော်။" "ဟိုးးးက နဂါးငွေ့တန်းကိုတွေ့လားကို..." "အင်းးးတွေ့တယ်။သစ်ပင်တွေ ကွယ်နေတော့ တစိတ်တပိုင်းပဲမြင်ရတယ်နော်။ နေရာရွှေ့ကြည့်ကြမလားးး "
"ဟေ့ကောင်ဆန်းမင်းးး... ထမင်းကျက် နေပြီနော် မစားတော့ဘူးလားးး မစားလည်းရတယ်ဇွတ်မကျွေးဘူး၊မင်းယူလာတဲ့ဟင်းထုပ်ပဲပေး။" "Girlရေ ကိုတို့ထမင်းသွားစားကြစို့နော်။" ထမင်းပူပူတွေကို ဟန်းကောအဖုံးထဲ ထည့်စားတဲ့သူ၊ ထမင်းဘူးထဲထည့်စားတဲ့လူတွေရှိသလို ဝါရင့်တောင်တက်သမားတွေကတော့ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး တစ်ခါသုံးလက်အိတ်စွပ်ထားတဲ့လက်နဲ့ အားရပါးရစားကြပါတယ်တဲ့။ဟင်းတွေကလည်း တစ်ယောက်၃မျိုးဆီလောက်ထည့်လာ ကြတော့ အမျိုးအစားစုံလင်ပြီး ဘုန်းကြီးဆွမ်းပွဲကြီးလိုပါပဲတဲ့ကွယ်။ ဒါကိုပဲ ဟိုဘက်ဝိုင်း ဒီဘက်ဝိုင်းကူးပြီး ဟင်းယူတဲ့လူတွေနဲ့ စည်ကားသိုက်မြိုက်ပြီး ဆူဆူညံညံဖြစ်နေခဲ့ကြတာပေါ့ကွယ်။ 
စားသောက်ပြီးကြတော့ ပါလာတဲ့ ကော်ဖီမစ် တီးမစ်တွေနဲ့ မုန့်မျိုးစုံကို အချိုတည်း ကြပြန်ပါတယ်။အဖွဲ့ခေါင်းဆောင်က ကျွတ်ကျွတ်အိတ်ခွံတွေ၊ချိုချဉ်ခံွံတွေနှင့်တကွ အမှိုက်သရိုက်နှင့် စွန့်ပစ်ပစ္စည်းဟူသမျှကို စနစ်တကျ ကောက်ယူသိမ်းဆည်းခိုင်းပါသတဲ့ကွယ်။ လမ်းတစ်လျှောက်လည်း အမှိုက်မှန်သမျှကို မပစ်ရဘဲ သိမ်းဆည်းယူဆောင်လာရတဲ့ အိတ်တွေကိုပါ ထုတ်ယူခိုင်းပြီး အားလုံးကို မီးရှို့ဖျက်ဆီးစေပါသတဲ့ကွယ်။ပြီးရင်အပေါ့အလေးသွားဖို့ ယောက်ျားလေးသပ်သပ် မိန်းကလေးသပ်သပ် ဆန့်ကျင်ဘက် အရပ်မျက်နှာတွေကို သတ်မှတ်ပေးပါတယ်တဲ့။
ညဆယ့်နှစ်နာရီအတိမှာ အိပ်ရာဝင်ခိုင်းပြီး ယောက်ျားလေးတွေက တဲအပြင်ဘက်မြေပြင်ပေါ်က မီးပုံဘေးမှာ ဖြစ်သလိုအိပ်ကြရသတဲ့ကွယ်။ "နောက်မှပဲ Girl နဲ့အတူတူ နဂါးငွေ့တန်းကို ကြည့်ပြီး နက္ခတာရာတွေကို အမျိုးအစားနဲ့ နာမည်တွေပါခွဲပြီး ရှင်းပြပေးမယ်နော်။ခုတော့သွားအိပ်ချည်တော့။ဆရာကကြည့်နေတယ်။ တော်ကြာဆူခံရလိမ့်မယ်။" "ဂွတ်နိုက်ပါ.." မနက်၅နာရီထိုးလို့မနိုးသေးသူတွေကို နှိုးကြရာကနေ ဆူဆူညံညံဖြစ်လာပြီး ကောင်မလေးတစ်ယောက် အိပ်ရာကနိုးလာချိန်မှာတော့ သူမရဲ့ သူငယ်ချင်းသံပုရာတစ်ယောက်က ဖီးလိမ်းပြင်ဆင်ပြီး အဆင်သင့် အနေအထားနဲ့ ကျောပိုးအိတ်ကို ရင်မှာပိုက်ရင်း ပြုံးပြုံးကြီး ထိုင်ကြည့်နေတာကို တွေ့လိုက်ရ သတဲ့ကွယ်။ 
မျက်နှာသွားသစ်ရင်း မိုးမိုးကပြောတယ် "ဒီလောက်ပင်ပန်းပြီး တောထဲတောင်ထဲရောက်နေတာတောင် အလှပြင်မပျက်ဘူးးး မက်စ်ကာလာတွေ သုံးထားလိုက်တာ မျက်တောင်တု ကြီးကြလို့။ သူ့ကျောပိုးအိတ်ထဲလည်း အဲ့ဒါတွေနဲ့ ပြည့်နေပုံရတယ်။နင့်သူငယ်ချင်းကို ကြည့်လို့ကိုမရဘူးးး။ " "ကိုယ့်ဝါသနာနဲ့ကိုယ်ပဲကွယ်... ပြီးတော့ အဆောင်မှာ တစ်ခန်းထဲအတူတူ နေနေကြတာ သူလည်းမိုးမိုးရဲ့သူငယ်ချင်း ပဲလေ။"
အဆင်သင့်တည်ပြီးသားရေနွေးကို ဟန်းကောထဲကယူပြီး ကော်ဖီဖျော်ကြ သောက်ကြစားကြနဲ့ မနက်၆နာရီအတိမှာ တန်းစီလူစစ်ကြပြီး ခြေလျင်ခရီးကို တဖန်ပြန်လည်စတင်ခဲ့ပါတယ်တဲ့။ ဒီတစ်ခါတော့ ကောင်လေးက ကောင်မလေးရဲ့ အနောက်ကနေ မခွာတမ်း ဖေးကူမရင်း လိုက်လာခဲ့ပါသတဲ့ကွယ်။ မိုးမိုးအပါအဝင် သူငယ်ချင်းတွေက အလိုက်တသိ ဖာသိဖာသာ နေကြသလောက် သံပုရာကတော့ ကောင်လေးနဲ့ကောင်မလေးကြားကို စကားတွေပြောရင်း ဝင်နှောင့်ယှက်လိုက် ခဏထိုင်နားရင်လည်း လူကိုယ်တိုင် ဝင်နှောင့်ယှက်လိုက်နဲ့ ဆိုတော့ သိပ်ပြီးလွတ်လပ်ပျော်ရွှင်စွာ စကားပြောခွင့် မရကြရှာဘူးပေါ့ကွယ်။ 
အလိုက်ကမ်းဆိုးမသိတဲ့ သံပုရာကို မိုးမိုးက မျက်စောင်းထိုးလိုက် ဘုကြည့်ကြည့်လိုက်နဲ့ လျှောက်နေကြတာဟာ မနက်၇နာရီလောက်မှာပဲ ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တဲ့ ပြဒါးလင်းဂူကြီးဆီကို ဆိုက်ရောက်သွားကြ ပါသတဲ့ကွယ်။ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တဲ့ဂူကြီးဟာ ကြီးမားကျယ်ပြန့်ပြီး ရင်သပ်ရှုမောဖွယ်ရာ လှပပါသတဲ့ကွယ်။ လှိုင်ဂူရဲ့ အလယ်ဗဟို တည့်တည့်အပေါက်နေရာက အလင်းရောင်တန်းကြီး ကနေ အရောင်တွေဖြာကြနေလိုက်တာ ကျောက်စက်ပန်းဆွဲတွေနဲ့ ကျောက်စက်မိုးမျှော်တွေရဲ့ စကျင်ကျောက်တွေလိုမာကျောတဲ့ကျောက်သားတွေက အရောင်တွေကို တဖျပ်ဖျပ်လက်စေ သတဲ့ကွယ်။ 
"ကျောက်ခေတ်လက်ရာ ပန်းချီတွေကဘယ်မှာလဲဟင်!!!""ဒါကဂူအမှတ်၂လေသမီးရဲ့။ကျောက်ခေတ်လူသားတွေရဲ့ လက်နက်တွေ၊အသုံးအဆောင်ပစ္စည်းတွေ တွေ့ရှိပေမယ့် ပန်းချီတော့မရှိဘူးသမီးရဲ့ " လမ်းပြလုပ်ပြီးရှင်းပြပေးနေတဲ့ ရှေးဟောင်းသုတေသနက ဒေသခံဝန်ထမ်း ဦးလေးကြီးက ပြန်ဖြေလိုက်ပါတယ်။ "သံပုရာချဉ်ကတော့ ပါးစပ်ပိတ်ပြီးကို မနေနိုင်ဘူးနော်။ အံ့ရော။" မိုးမိုးစကားအဆုံးမှာ ကောင်မလေးနဲ့ကောင်လေးက ရယ်ချင်စိတိကို ချိုးနှိမ်ပြီး ပြုံးရုံပြုံးလိုက်ကြပေမယ့် သံပုရာကတော့ သူ့ပြောတာမဟုတ်သလိုပဲ လုပ်နေပါတယ်။ မိနစ်၂၀ခန့်နေတော့ အားလုံးကို အပြင်ထွက်ခိုင်းပြီး လူအမြန်စစ်ပါတယ်။ လူစုံတော့ဂူအမှတ်၁ကို ဆက်လက်ထွက်ခွာ ကြပြန်ပါသတဲ့ကွယ်။
ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်လိုက်တော့ ဂူအမှတ်၁ကို ရောက်သွားကြသတဲ့ကွယ်။ကောင်မလေး စတင်သတိထားမိလိုက်တာကတော့ ဆေးအနီရောင် ရဲရဲစိုစိုလေးတွေနဲ့ ရေးဆွဲထားတဲ့ နေမင်းရဲ့ပုံပါပဲ။ ဂူသားမျက်နှာပြင်က ခပ်ချိုင့်ချိုင့် ဖြစ်နေတဲ့ နေရာပြောင်ချောချောလေးပေါ်မှာ ဝိုင်းစက်ညီညာအောင် ရေးဆွဲထားတဲ့ စက်ဝိုင်းလေးပါ။ စက်ဝိုင်းလေးကို နေမင်းရဲ့ရောင်ခြည်အဖြစ် အလင်းတန်းတွေက ဝန်းရံထားပါတယ်။
"ကမ္ဘ္ဘ္ဘာ့ပညာရှင်တွေက ကျောက်ခတ်လူသားရဲ့ပန်းချီပုံတွေထဲမှာ ဒီပြဒါးလင်းဂူက နေမင်းပုံကို သဘောအကျဆုံး အချီးကျူးဆုံးပဲကွယ့်။ တခြားကျောက်ခေတ် ပန်းချီပုံတွေက နေမင်းမှာ ရေးစ်တွေမပါဘူးလေ။ ဒီဂူက ကျောက်ခေတ်လူသားကသာ နေမင်းကို ရောင်ခြည်တွေ ထည့်ဆွဲပေးထားတာပေါ့။ ဒီပြဒါးလင်းဂူက ကျောက်ခေတ်လူသားရဲ့ ပန်းချီတွေဟာ သိပ်ကိုအံ့ချီးဖွယ်ကောင်းတဲ့ လက်ရာတွေပေါ့။" "Girl…လောလောဆယ် ဒီကပညာရှင်ဦးလေးပြောပြတာတွေ အရင်နားထောင်နှင့်နော်။ ပြီးရင် ကိုကဒီကျောက်ခေတ်ဂူအကြောင်းနဲ့ ပတ်သတ်တဲ့ ဖြစ်ရပ်မှန်ပုံပြင်လေး ပြောပြမယ်။" ချိုသာအေးမြတဲ့ အပြုံးလေးနဲ့အတူ ကောင်မလေးက ကောင်လေးကို ခေါင်းငြိမ့်ပြလိုက်ပါသတဲ့ ကွယ်။
"လူရဲ့လက်ဖျံရိုးပုံတွေ၊ စိုင်ပုံတွေ နွားသားအမိပုံတွေ၊လူ့ခြေထောက်ရိုးပုံတွေ ဟာ လက်ရာမြှောက်ပြီး ရှင်းလင်းသပ်ရပ်သလိုပဲ ဆေးသားကလည်း နှစ်ထောင်ပေါင်းများစွာကြာတာတောင် နီရဲလတ်ဆတ်နေတုန်းပါပဲ။ဂျပန်နဲ့ ပြင်သစ်ပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ ဒီဆေးအနီဟာ တိရိစ္ဆာန်သွေးအပါအဝင် သစ်ခေါက်တွေနဲ့ ရောပြီးဖော်စပ်ထားပါတယ်။ထပ်ပြီးအံ့သြစရာကောင်းတာကတော့ ဆေးသားမပျက်အောင်၊ ခိုင်ခံ့အောင် သဘာဝပစ္စည်းတစ်မျိုးကို ထည့်ပြီး ချုပ်ဆေးအဖြစ် အသုံးပြုထားမှုပဲ ဖြစ်ပါတယ်။" "ကောင်းလိုက်တဲ့ တီထွင်ဖန်တီးမှုပါလားးးကျောက်ခေတ်ပန်းချီဆရာရယ်..." ကောင်မလေးက အားကျမှုတွေနဲ့ တီးတိုးရေရွတ် လိုက်ပါသတဲ့ကွယ်။
နေထက်ထက်အောင်
" အပျင်းပြေ _ ၄"
$
0
0
. . . . . . . မိုက်ဖူးကြလားဗျ။ ကျွန်တော့် ဘော်ဒါတစ်ယောက်ဆို တကယ်မိုက်တယ်။ လူပုံက ဖြူဖြူနွဲ့နွဲ့နဲ့ မျက်နှာက အမြဲပြုံးနေတာ။ မိုက်မယ်ကို မထင်ရတာမျိုး။ သဘောကလည်း ခပ်ကောင်းကောင်း။ အင်း .. ဘော်ဒါ ဆိုပေမယ့် နည်းနည်းတော့ကြီးပါတယ် .. တက္ကသိုလ်မှာ စီနီယာ ဂျူနီယာပေါ့ဗျာ။
. . . . . . . တခါဆို သူများဆိုင်ကယ်တစ်စီး လှလှလေးကို ခဏစီးမယ်ဆိုပြီး ယူမောင်းသွားတာ။ အဲဒီတုန်းက ဆိုင်ကယ်လုံးဝစီးလို့ မရဘူးလေ။ jumping bike အမိုက်စားလေး ဆိုတော့ ပိုင်ရှင်လည်း ရင်တမမနဲ့ တမျှော်မျှော်လုပ်ရတာ နာရီဝက်လောက်ကြာတယ်။ ပြန်ရောက်လာတော့ ချွေးသံတရွှဲရွှဲနဲ့ .. ရော့ ၊ ပြေးတော့ တဲ့။ ဘာ .. ဘယ်လို ဆိုတော့။ မော်တော်ပီကယ်ကလိုက်ဖမ်းတာတဲ့။ ရဲက BMW ကြီးနဲ့ မြို့ထဲလမ်းမှာ ဘယ်လွတ်ပါ့မလဲ။ ပြေးမလွတ်တော့လို့ မော်တော်ပီကယ်ရော ဆိုင်ကယ်ရော မြောင်းဘေးမျှားခေါ်ပြီး ကန်ချထားခဲ့ရသတဲ့။ အခုမော်တော်ပီကယ်ရော ဆိုတော့ .. မြောင်းထဲမှာ တဲ့။ ကျွန်တော်တို့တွေ ရီရမလို ၊ ငိုရမလို။
. . . . . . . တခါတော့ အဆောင်မှာ ဖဲဝိုင်းရှိတဲ့ တစ်ညပေါ့။ ကျောင်းသားနည်းနည်းနဲ့ အပြင်လူတွေလဲပါတယ်ဗျ။ အပြင်လူတွေထဲက တစ်ယောက်က ခပ်ကျယ်ကျယ် ၊ ခပ်ဟော့ဟော့ ဆိုပါတော့ဗျာ။ နှစ်မြို့ဖွယ် မရှိဘူးဗျ။ လူကောင်က ထွားထွားနဲ့ ၊ အထက်စီးလေနဲ့ ၊ ညစ်ညမ်း ဘမ်းစကားတွေလှိုင်လှိုင်သုံးပြီး ဟောင်ဖွာဖွာနဲ့ပေါ့ဗျာ။ အထက်စီးလေသံနဲ့ပဲပြောတတ်တဲ့လူမျိုးဗျာ .. သိတယ်မဟုတ်လား .. အကြောင်းမဲ့ ကျော်ခွပြီး ဆရာကြီးအထာလိုလို လူတွင်ကျယ်လိုလိုပေါ့။ မြင်မှာပါ။ . . . အဲ ဒီလူက အကုန်လုံးကို အဲဒီလို အထာနဲ့ စီးနေတဲ့အထဲ ကျွန်တော့်ဘော်ဒါကိုလည်း ခပ်ထေ့ထေ့ရိတယ်ဗျ။ ကျွန်တော့်ဘော်ဒါကလည်း အမြဲပြုံးပြုံးနဲ့ဆိုတော့ အဆိပ်ရှိပုံလည်း မပေါ်ဘူးလေ။ တစ်ခါ နှစ်ခါ တော့ ဘာမှပြန်ပြောတာ မတွေ့ပါဘူး။ ဖဲဝိုင်းဆိုတာကလည်း ရိလုံး ထေ့လုံးတွေ အမြဲရှိတဲ့ နေရာမျိုးမဟုတ်လား။ အဲ .. ငါးခါမြောက်လောက်မှာ ဒီလူ့ထေ့လုံးက အဆဲလေး စွက်လာတယ်။ ကျွန်တော့်ဘော်ဒါက တချိန်လုံးပြန်မပြောရာကနေ "ဟေ့ကောင် တိတ်တိတ်နေစမ်းကွာ ၊ အာရုံမနောက်နဲ့ ၊ -ီးပဲ " လို့ ခပ်ပြတ်ပြတ် ဆဲရော။ ဒီမှာတင် ဟိုလူက ထကြမ်းပါလေရော ဆဲတာတွေရော ၊ ငါ့ကို ဘာကောင်ထင်သလဲ ဆိုတာတွေရော ၊ ဘယ်လောက်မိုက်သလဲဆိုတဲ့ ချဲလင်းတွေရော ၊ မအေတွေ နှမတွေရော .. လက်ညှိုးငေါက်ငေါက်ထိုးပြီး စားတော့ဝါးတော့မတတ် ကြည့်လို့ ... အပီအပြင်ပွဲကြမ်းပါရောဗျာ။ ၀ိုင်းလည်း ရပ်သွားတာပေါ့။ ကျွန်တော့် ဘော်ဒါလည်း ဘာမှပြန်မပြောပဲ ထထွက်သွားတယ်။
. . . . . . . ပိုဆိုးသွားပါလေရော။ ထသွားတဲ့နောက်ကိုလှမ်းပြီး အတုံးလိုက်အတစ်လိုက် ဆဲလို့။ ပစ္စည်းတစ်ခုတောင် ကိုင်ပေါက်လိုက်သေး။ အဲ .. သူဆဲနေတုန်း ကျွန်တော့်ဘော်ဒါက ပြန်ဝင်လာတယ်။ လက်ထဲမှာ ကြက်သွန်လှီးတဲ့ ဓါးခပ်ငယ်ငယ် ပါလာတယ်။ မီးဖိုချောင်ထဲ သွားယူပြီးပြန်လာတာပဲ။ အကုန်တိတ်သွားတယ်။ တချို့ကလည်း အို ၊ ဟယ် ၊ ဘုရား ဘုရား ပေါ့လေ။ ကျွန်တော့်ဘော်ဒါက ဘာမှမပြောပဲ ဓါးကို သူနဲ့ ဟိုပုဂ္ဂိုလ်ကြား နှစ်ယောက်လုံးလက်လှမ်းမီတဲ့ နေရာလောက်ပစ်ချလိုက်တယ်။ ပြီးတော့ ဟိုလူ့မျက်နှာကိုစေ့စေ့ကြည့်ပြီး တစ်လုံးချင်းပြောတယ်။
" အဲဒီမှာ ဓါး တွေ့လား . . . မင်းမကျေနပ်ရင် ကောက်ပြီး ငါ့ကိုထိုး ၊ ကောက်ပြီးရင်တော့ ပြန်မချရဘူး ၊ ထိုးဖြစ်အောင်ထိုးပေတော့ . . . ငါကောက်ပြီဆိုရင်လဲ မင်းကိုထိုးပြီလို့သာ မှတ်ပေတော့ . . . လုပ် . . မင်းကို ဦးစားပေးတယ် "
. . . . . . . ဟိုလူ ဘာမှပြန်မပြောနိုင်ဘူးဗျ။ ပြူးကြောင်ကြောင်နဲ့ ကြည့်နေတာပဲ။ ခုဏကလို စိတ်ဆိုးမာန်ဆိုးပုံကတော့ လုံးဝ မရှိတော့ဘူး။
" အေး .. မကောက်ရဲရင် မင်းထွက်သွားလိုက်တော့ . . . အခုပဲ ထွက်သွားတော့ကွာ "
. . . . . . . ဟိုလူ မလှုပ်ဘူး ၊ ပြူးကြောင်ကြောင်နဲ့ ဘေးက လူတွေကို လိုက်ကြည့်နေတယ်။ 
" ငါပြောတယ်နော် ... ဓါးကိုကောက်ရင်ကောက် ၊ မကောက်ရဲရင် ထွက်သွား ၊ ၂ ခုလုံးမလုပ်ရင်တော့ အဲဒီဓါးကို ငါကောက်တော့မှာ " 
. . . . . . . ဘေးကလူတွေကလည်း ငြိမ်လို့ ၊ ကြောက်တာပဲလား ၊ ပွဲကြည့်ချင်တာလားတော့ မသိဘူး။ ဟိုလူ့မျက်နှာ ချွေးပြန်လာတာတွေ့ရတယ်။ ကျွန်တော့်ဘော်ဒါက လှုပ်မယ့်ပုံပြင်တော့မှ " ခဏ . နေဦး . နေဦး . ခဏ " ဗလုံးဗထွေးပြောပြီး ခပ်သုတ်သုတ်ထထွက်တယ်။ ပိုက်ဆံအိတ်တောင် မေ့ကျန်ခဲ့လို့ ကောက်ပေးလိုက်ရသေးတယ်။
. . . . . . . ဒီလူသူ့နားကဖြတ်တဲ့အချိန်မှာ ကျွန်တော့်ဘော်ဒါက ခပ်တိုးတိုးပြောလိုက်တယ်ဗျ။ကျွန်တော်ကတော့ ကြားလိုက်တယ်။ " မှတ်ထား ဟေ့ကောင် ၊ ပါးစပ်နဲ့ မိုက်တာ အလွယ်ဆုံးပဲ " တဲ့။
. . . . . . . အခု ဖတ်လာတဲ့ ခင်ဗျား သွေးဆူသွားပြီ မဟုတ်လား။ ရေးနေတဲ့ ကျွန်တော်လည်း သွေးဆူတာပဲ။ ဟုတ်တယ်လေ .. ပါးစပ်နဲ့ မိုက်တာ အလွယ်ဆုံးပဲ။ လက်နဲ့ မိုက်ဖို့က အဲဒီလောက် မလွယ်ဘူး။ 
. . . . . . . အင်း ... လိမ္မာ ဖို့က ပိုပြီးခက်ပါတယ်ဗျာ။ ဘာနဲ့ပဲမိုက်မိုက် .. မိုက်တဲ့လူဆိုတာ လိမ္မာတဲ့လူထက်တော့ လွယ်ပါတယ်ဆိုတာ .. ကျွန်တော်လည်း ကြီးမှသိသိလာသလိုပါပဲ။ . . . ခုဏက ဆူနေတဲ့သွေးကို အခုပဲ ထိန်းလိုက်နိုင်ပြီဆိုရင် ခင်ဗျားကို ကျွန်တော် အထင်ကြီးမိမှာ အမှန်ပါပဲ။ 
. . . . . . . လိမ္မာ ဖို့က ခက်ပါတယ်ဗျာ။ ခက်တာတွေကို လုပ်နိုင်မှသာ လူတော် မဟုတ်လား။ ပိုခက်တာတွေကို ပိုတော်တဲ့လူတွေကပဲ အမြဲလုပ်နိုင်ကြတယ်ဗျ။ ။
(ယက္ခ) ရဲကြီး ။ ၃၁.၈.၁၃ ။
စတုတ္ထမဏ္ဍိုင် ခိုင်ပါစေ
$
0
0
================
စတုတ္ထမဏ္ဍိုင်ဆို၍မိတ်ဆွေများအနေဖြင့်မျက်စေ့ထဲ မီဒီယာများအကြောင်းဟု
မမြင်လိုက်ပါနဲ့ လို့ ဦးစွာပထမ ဂါရဝပြု တင်ပြအပ်ပါတယ်ခင်ဗျာ။
ဒါဆို စတုတ္ထမဏ္ဍိုင်လို့ လည်းရေးသေး မီဒီယာအကြောင်းလည်းမဟုပ်ဘူးဆိုပြီး အပြစ်တင်လည်းမစောကြပါရန်ကြိုတင်မေတ္တာရပ်ခံအပ်ပါတယ်။
ဟုပ်ပါတယ် ကျနော်အခု တင်ပြလိုတာက မီဒီယာမဟုပ်သော စတုတ္ထမဏ္ဍိုင်ဟူသည် ဘာလည်းဆိုတာ ကျနော်နားလည်သည့်အတိုင်းတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။
ဤစာစုကိုရေးသားတင်ပြရန်စိတ်ကူးမိသည်မှာ "တိုင်းပြည်ကနုနုမုန်တိုင်းကထန်ထန်"
စာအုပ်ကိုဖက်ခဲ့မိတဲ့အထဲက တစ်ချို့ အချက်လေးတွေကိုပြန်သတိရမိရင်း
မိတ်ဆွေများကိုတင်ပြလိုတာနဲ့ ရေးဖြစ်သွားတာဖြစ်ပါတယ်။
ဟုပ်ကဲ့ ကျနော်နားလည်သည့်စတုတ္ထမဏ္ဍိုင်ဆိုသည်မှာမီဒီယာများကိုဆိုလိုခြင်းမဟုပ်ပါက
ဘာကိုဆိုလိုပါသနည်း?
ကျနော့်အမြင်မှာတော့ မီဒီယာလောကကို စတုတ္ထမဏ္ဍိုင်အဖြစ် ခေါ်ဝေါ်ခြင်းသည်
တင်စားခေါ်ဝေါ်ခြင်းသာဖြစ်၍ အမှန်စင်စစ် ကျနော်တို့ နိုင်ငံ၏လက်ရှိနိုင်ငံရေးဖြစ်
စဉ်များဖြင့်နှိုင်းယှဉ်မည်ဆိုပါကကျနော့်အနေဖြင့် အောက်ပါလူပုဂ္ဂိုလ်/အဖွဲ့ အစည်း
များကိုသာလျှင်စတုတ္ထမဏ္ဍိုင်အဖြစ်သတ်မှတ်လိုပါတယ်-
၁။သမ္မတကြီးဦးသိန်းစိန်
၂။သူရဦးရွှေမန်း
၃။တပ်မတော်
၎။ဒေါ်အောင်ဆန်းစုကြည်တို့ အားတိုင်းပြည်နှင့်တူသောအိမ်ကြီးရခိုင်တစ်လုံးအတွက်
တောင့်တင်းခိုင်မာစွာဖြင့်မယိုင်မလဲအောင်တစ်ဦးနှင့်တစ်ဦးတစ်ဖွဲ့ နှင့်တစ်ဖွဲ့ အပြန်အလှန်
ထိန်းညှိပေးထားသည့် ၊တရားစီရင်ရေး၊အုပ်ချူပ်ရေး၊ဥပဒေပြုရေးမဏ္ဍိုင်များပြီးလျှင်၊ပြုပြင်ပြောင်း
လဲခါစ ၂နှစ်ခွဲသားဒီမိုကရေစီမြန်မာနိုင်ငံအတွက် စတုတ္ထမဏ္ဍိုင် စစ်စစ် များအဖြစ်ကျနော့်အနေဖြင့်
--------------------
ရှူမြင်မိပါတယ်။
ကျနော်တင်ပြသည့်စတုတ္ထမဏ္ဍိုင်သည်ကျန်အုပ်ချူပ်ရေးမဏ္ဍိုင်၊ဥပဒေပြုရေးမဏ္ဍိုင်၊တရားစီရင်ရေး
မဏ္ဍိုင်များကဲ့သို့ ပင်သဘောသဘာဝမတူကွဲပြားနေမည်ဖြစ်သော်လည်း ဖွံ့ ဖြိုးတိုးတက်သည့်
ဒီမိုကရေစီနိုင်ငံတော်အဖြစ် မွေးဖွားရှင်သန်နိုင်စေရန် မရှိမဖြစ် အဓိကလိုအပ်သည့်
ကံ၊ စိတ်၊ဥတု၊ အဟာရ၊သဖွယ်ဖြစ်ပြီး တစ်ပါးပါးမညီညွတ်လျှင် ကျနော်တို့ ပြည်သူအများလိုလား
တောင့်တလျှက်ရှိသည့် နိုင်ငံတော်သစ်တစ်ခု မွေးဖွားရှင်သန်နိုင်ရန်မည်သို့ မျှမဖြစ်နိုင်သည့် မဏ္ဍိုင်
ကြီးတစ်ခုအဖြစ်ကျနော့်အနေဖြင့်ရှူမြင်မိပါတယ်။
ဒါကတော့ကျနော်နားလည်လက်ခံသတ်မှတ်လိုသည့် စတုတ္ထမဏ္ဍိုင်အပေါ် ကျနော်တစ်
ဦးတည်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်သာဖြစ်ပြီး မိတ်ဆွေများအနေဖြင့် လွတ်လပ်စွာသဘောထား
ကွဲလွဲနိုင်ပါတယ်ခင်ဗျာ။
ကျနော်နားလည်ယုံကြည်သည့်စတုတ္ထမဏ္ဍိုင် ကိုအဓိပ္ပါယ်ဖွင့်ဆိုပြီးနောက်ဆက်လက်တင်ပြလို
သည်မှာလက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်များကိုသိရ၊ကြားရ၊မြင်ရသမျှသုံးသပ်ကြည့်မည်ဆိုပါက
စိုးရိမ်ဖွယ်အခြေအနေတစ်ခုဆီသို့ ဦးတည်နေကြသည်ဟုကျနော့်အနေဖြင့်ထင်မြင်မိပါသည်။
အဘယ့်ကြောင့်ဆိုသော်-
၁။မည်သည့်သတင်းထုတ်ပြန်မှုမျှမပြုလုပ်ခဲ့သောသမ္မတကြီးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ၏
လယ်တောအိမ် ရုတ်ချဉ်းတွေ့ ဆုံပွဲ။
၂။သမ္မတကြီးဦးသိန်းစိန်၏အုပ်ချူပ်ရေးမဏ္ဍိုင်နှင့်ဥပဒေပြုရေးမဏ္ဍိုင်တို့ ပွတ်တိုက်မှုများရှိနေ
ကြောင်းအတိအလင်းဝန်ခံမှု။
၃။လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရုပ်သိမ်းနိုင်ရေးရွေးကောက်ပွဲကော်မရှင်၏အဆိုတင်သွင်းမှု
အပေါ်တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တို့ ၏အပြန်
အလှန်ဆွေးနွေးချက်များနှင့်၎င်းအဆိုကိုဆွေးနွေးရန်ဆိုင်းငံ့ထားမှု။
၎။လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေ၏ဘင်္ဂလီများနှင့်ပါတ်သတ်၍၎င်းတစ်ဦးတည်း၏သဘော
ထားအနေဖြင့်လွှတ်တော်တွင်ဆွေးနွေးမှု။
၅။လက်ရှိဖြစ်ပွားလျက်ရှိသည့်ဘင်္ဂါလီများကိုရိုလိမ်ညာဖြစ်ရေးအကွက်ချလိမ်လည်လုပ်ဆောင်နေ
မှုများမှတဆင့်လူမျိုးရေးအမုန်းတရားများကြီးထွားလာ၍မငြိမ်မသတ်မှုများဖြစ်ပေါ်နေမှု။
စသည့်အချက်များကို ကြားရ၊မြင်ရ၊သိရသည့်အပေါ်မူတည်၍အနာဂတ်မြန်မာ့နိုင်ငံရေးကိုရိုးသား
စွာစိုးရိမ်မိခြင်းဖြစ်ပါတယ်။ထိုသို့ ကျနော့်အနေဖြင့် အထက်ပါအချက်များကိုမူတည်၍စိုးရိမ်ရာတွင်
တစ်ဦးတစ်ယောက်တစ်ဖွဲ့ တို့ ၏၎င်းတို့ ၏ထင်မြင်ယူဆချက်များအပေါ်ချေဖျက်လိုသည့်သဘော
ဆန္ဒအလျဉ်းမရှိသလို အမှားအမှန်ကိုသရုပ်ခွဲပြရန်သဘောဆန္ဒလည်းမရှိပါကြောင်းဝန်ခံအပ်ပါ
ပါတယ်ခင်ဗျာ။
ဤသို့ ဆိုလျင်ဤစာစု၌ ဘာကိုသိသာထင်ရှားစေလိုပါသနည်း။
ဟုပ်ကဲ့
ကျနော်သိသာထင်ရှားစေလိုသည်မှာ ကျနော်နားလည်ယုံကြည်သည့် စတုတ္ထမဏ္ဍိုင်အနေဖြင့်
ဒီမိုကရေစီအလေ့အထအရ တစ်ဦးနှင့်တစ်ဦးတစ်ဖွဲ့ နှင့်တစ်ဖွဲ.့ အပြန်အလှန်ထိန်းညှိသည့်
သဘောဖြစ်သော သာမန်ပွတ်တိုက်မှုများမှသည် အကြိမ်ကြိမ်ပွတ်တိုက်မိရာမှတဆင့် မီးထ
တောက်ပြီး ထိုမီးတောင်မှတဆင့် လောင်စာနှင့်တူသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အ
စည်းများ၊ဘာသာရေး လူမျိုးရေးပဠိပက္ခများ၊ဒီမိုကရေစီအလေ့အကျင့်ကောင်းများနှင့်များစွာ
ရင်းနှီးမှုမရှိသေးသည့် တစ်ဘက်ပိတ်လမ်းလိုက်လိုသူများစသည်တို့ ဆီသို့ ကူးစက်လောင်ကျွမ်း
ပြီး အီဂျစ်နိုင်ငံလို နိုင်ငံရေးဖရိုဖရဲဖြစ်ကာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ယွင်းခြင်းဆီသို့ ဦး
တည်သွားနိုင်သည်ကို သာမန်ပြည်သူတစ်ဦး၏ ရိုးသားစွာစိုးရိမ်မိသောပူပင်သောကအား နိုင်ငံရေး
ဦးဆောင်သူများအနေဖြင့် တစ်စွန်းတစ်စသိရှိစေလိုပြီး အမျိုးသားသွေးစည်းညီညွတ်ရေးကိုသာ
ဦးတည်စေလိုသည့်တိုက်တွန်နှိုးဆော် အကြံပြုထောက်ပြလိုမှုများကိုသိသာထင်ရှားစေလိုပါသည်။
လက်ရှိကျနော်တို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်များ အောင်အောင်မြင်မြင်
တည်တည်ငြိမ်ငြိမ်ဖြင့် တဆင့်ပြီးတဆင့် တိုးတက်လာစေရေးတွင် ဖေါ်ပြပါ စတုတ္ထမဏ္ဍိုင်တွင်ပါဝင်
သူ/အဖွဲ့ များသည် နှစ်ပေါင်းများစွာ တစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့ အောက်တွင်နေထိုင်မှုကျင့်
သားရလာသည့်ကျနော်တို့ မြန်မာနိုင်ငံအတွက် ဓါတ်ကြီးလေးပါသဖွယ်ဖြစ်၍ ၎င်းဓါတ်ကြီးလေးပါး
အခြင်းခြင်းတစ်ခုနှင့်တစ်ခု သဟဇာတရှိစွာ အပြန်အလှန်အကျိုးပြုနိုင်မှသာ ခန္ဒာကိုယ်နှင့်တူသည့်
တိုင်းပြည်ချမ်းသာရာရမည်ဖြစ်ပါတယ်ခင်ဗျာ။
အပိုင်း(၂)အားအသင့်ရေးသားပြီးဖြစ်ပါသည်။စာရှူသူများငြီးငွေ့ မည်စိုးရိမ်၍ အလျဉ်းသင့်သည့်
အချိန်တွင်ဆက်လက်တင်ပြသွားပါမည်။
ငြိမ်းချမ်းလူ
၂-၉-၂၀၁၃
— with Yaung Ni Oo and 17 others.
Viewing all 1811 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>