Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
တပ်မတော်ရဲ့ ပရိုဆီဂျာ အပြောင်းအလဲ
$
0
0
တစ်ပါတီစနစ် နဲ့  ၂၆ နှစ် ….
စစ်အုပ်ချုပ်ရေး နဲ့  ၂၂ နှစ် …
အဲဒီ ကာလတွေကို ဖြတ်သန်းပြီးတဲ့ နောက်
၂၀၁၀ အရပ်သား အစိုးရ ချိန်းပြီးတဲ့ ကာလမှာ…
မြန်မာပြည်ရဲ့ အင်စတီကျူးရှင်း အများစုဟာ ….
အပြောင်းအလဲ ရဲ့ ဂယက်ကို ...
သိသိသာသာ ဖြစ်စေ …
မသိမသာဖြစ်စေ ရိုက်ခတ် ခံရပါတယ်…
တစ်ချို့ အပြောင်းအလဲတွေဟာ ....
သိသာထင်ရှားပါတယ်…
တစ်ချို့ ကတော့ ...
သိပ်မသိသာပါဘူး…
တစ်ချို့ က ....
အလျှင်အမြန်ပြောင်းလဲပါတယ်…
တစ်ချို့ က ....
တစ်ဆင့်ချင်းပဲ ပြောင်းလဲပါတယ်…
ဒီ အင်စတီကျူးရှင်းတွေထဲက …
အပြောင်းအလဲကို တောင့်ခံတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို ….
အပြောင်းအလဲ နဲ့ အလိုက်သင့် စီးမျောတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိပါတယ်…
သေချာတာကတော့ …
ကျွန်တော်တို့ တိုင်းပြည် စ ပြောင်းလဲနေပြီ ဆိုတာပါပဲ …
ဒီ အပြောင်းအလဲရဲ့ ဂယက်ဟာ….
အရပ်ဖက် အင်စတီကျူးရှင်းတွေဖြစ်တဲ့ …
မီဒီယာလောက …
နိုင်ငံရေးလောက နဲ့ 
အမျိုးသားရေး ၀ါဒ .....
ထွန်းကားလာတဲ့  ကိစ္စလို နေရာမျိုးတွေမှာ
အရှိန်ပြင်းပြင်း ပွင့်ထွက်ပေါက်ကွဲ သိသာထင်ရှားလှပေမယ့်…
အုပ်ချုပ်ရေး ယန္တရားလို နေရာမျိုးမှာတော့ …
သဘာဝကျစွာပဲ ….
တစ်ဆင့်ချင်း တစ်လိမ့်ချင်း …
တစ်ရွေ့ ရွေ့ ပြောင်းလဲပါတယ်…
ကြိုးနီစနစ်နဲ့ ၄၈ နှစ်လုံးလုံး အသားကျခဲ့တဲ့ ….
အရပ်ဖက် အစိုးရ ၀န်ထမ်း အများစုဟာ…
၂၀၁၀ နောက်ပိုင်းမှာတော့ …
လုပ်ငန်းပရိုဆီဂျာ က အစ ….
အသစ် ပြောင်းလဲလုပ်ကိုင် ရကုန်ပြီး …
အသစ်အတိုင်းလဲ ချက်ချင်း အလုပ်လုပ်မရ …
အဟောင်းတုန်းက အရှုပ်ထုပ်တွေကလဲ မပြတ်နဲ့ …
အမယ်ဘုတ်ရဲ့ သူ့ ချည်ခင် ဇာတ်ကို က ရပါတော့တယ်…
ဒီဂယက်ဟာ ….
တပ်မတော်ကိုလဲ ချန်မထားခဲ့ပါဘူး….
၂၀၁၀ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီးတဲ့ နောက်ပိုင်းမှာ ….
စစ်တိုင်းမှူးတွေ စစ်ဒေသမှူးတွေဟာ…
သူတို့ ယူထားတဲ့ အရပ်ဖက်အုပ်ချုပ်ရေးအာဏာကို
ပြန် လွှဲပြောင်းပေးလိုက်ရတဲ့ အတွက်…
အရင် ၂၂ နှစ် ....
စစ်အုပ်ချုပ်ရေး ကာလ က ပရိုဆီဂျာမျိုးတွေကို …..
တပ်မတော်ကလဲ ….
ဆက်လက် ကျင့်သုံးလို့ မရတော့ပါဘူး ….
အားလုံးဟာ ….
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အတွင်း က …
တပ်မတော်အဖြစ်ကို ရောက်ဖို့  ….
တဖြည်းဖြည်းနဲ့ 
အစပျိုး ပြောင်းလဲကျင့်သုံး လာရပါတော့တယ်…
တကယ်တော့ ….
တပ်မတော် ဟာ မြန်မာပြည်မှာ …
အကြီးမားဆုံး အင်စတီကျူးရှင်းကြီး တစ်ခုပါ…
ဒီလောက်ကြီးတဲ့  အင်စတီကျူးရှင်းကြီးမှာ…
၁၉၄၈ ခုနှစ်ကတည်းက ယနေ့ အချိန်အထိ ….
အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်တွေ …
စစ်စည်းကမ်းဖောက်ဖျက်မှုတွေ …
မလွဲမသွေ ရှိမှာ အမှန်ပါပဲ ….
ကောင်းပါပြီ …..
ဒီဖြစ်စဉ်တွေ ကျွန်တော်တို့ သိခဲ့ပါသလား….
မသိခဲ့ပါဘူး….
ဘာဖြစ်လို့ ပါလဲ ….
ဖော်ပြမယ့် သူတွေ မရှိလို့ ပါ …
အခုရော….
အခုက ရှိလာပါပြီ ….
မီဒီယာတွေပါ…..
တကယ်တော့ …
တပ်မတော်နဲ့ ပတ်သက်တဲ့  ရာဇ၀တ်မှုခင်း တစ်ခု ဖြစ်ပွားရင်…
ရဲတပ်ဖွဲ့ မှာ အမှုဖွင့်ရတာဟာ…
ဟိုးတုန်းကတည်းက ပရိုဆီဂျာပါ….
ပြစ်မှုကျူးလွန်သူဟာ တပ်မတော်သား ဖြစ်နေခဲ့ရင်မှ….
စစ်ခုံရုံးက အမှုကို လွှဲယူ စစ်ဆေးပြီး…
ပြစ်ဒဏ်ချမှတ်တာပါ…
၂၂ နှစ် ကာလအတွင်းမှာ …
ဒီ ပရိုဆီဂျာ အတိုင်း တိတိကျကျ လုပ်ခဲ့ သူတွေရှိသလို ….
မလုပ်ခဲ့သူတွေ လဲ …
ရှိကောင်း ရှိပါလိမ့်မယ် …
လုပ် လုပ်..မလုပ်လုပ် ….
စစ်အုပ်ချုပ်ရေးခေတ်မို့ ပြသနာ မရှိခဲ့ ပါဘူး …
ဘယ်သူမှလဲ မဖော်ပြရဲ ခဲ့ ပါဘူး….
အခုကတော့ ပြောင်းလဲကုန်ပါပြီ…
တပ်ထဲမှာ မှုခင်း ဖြစ်ပွားတဲ့ အခါ ….
တပ်က ရဲကို အကြောင်းကြားပါတယ်…
ရဲက မှုခင်းကို စုံစမ်းပါတယ်…
(စရဖ ကလဲ တစ်ဖက်က စုံစမ်းစစ်ဆေး ဖော်ထုတ်နေပါလိမ့်မယ် )
မီဒီယာက သတင်းရေးပါတယ်….
ပြည်ထဲရေးက …ရဲ က …
ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုပေးပါတယ်…
ဒါ ဘာမှ မထူးဆန်းပါဘူး …
ထူးဆန်းတာက …
စစ်အုပ်ချုပ်ရေးကာလ မဟုတ်တော့တဲ့  …
အရပ်သားအစိုးရလက်ထက်မှာ…
ဒီလို ပရိုဆီဂျာအတိုင်း …
အဆင့်ဆင့် ဖြစ်လာတာကို ....
အရင်တုန်းက အဲလိုမဟုတ်လို့  ဆိုပြီး...
အထူးအဆန်း လုပ်ကာ….
မရှိတဲ့ တရားခံကို လိုက်ရှာ …
မဟုတ်တရုတ် ကောက်ချက်တွေ ဆွဲပြနေတဲ့ …
ဆရာ ကာတွန်းအောင်ရှိန် ရဲ့ ဇာတ်လိုက်ကျော်…
စုံထောက်ကြီး ဦးရှံစား လို ….
မဟာပညာကျော် အုပ်စုတွေပါပဲ ….
နိုင်ငံရေးပါတီတစ်ခု ရဲ့ မဲဆွယ်ခရီးစဉ်ကို ..
စစ်တပ် လေယာဉ်ကွင်းမှာ ပေးမဆင်းဘူး…
စစ်တပ်ပိုင် ကွင်းမှာ ဟောပြောပွဲ ပေးမလုပ်ဘူး…
ဒါ ဘာထူးဆန်းပါလဲ ခင်ဗျာ ….
နောက်လဲ မကြိုးစားပါနဲ့  …
လုံးဝ ခွင့်ပေးမှာမဟုတ်ပါဘူး….
နိုင်ငံရေးပါတီပေါင်း သောင်းခြောက်ထောင်လောက်ရှိတဲ့  …
အနှီ ကျွန်တော်တို့ တိုင်းပြည်ကြီးမှာ….
အတိတ် သင်ခန်းစာတွေအရ …
စစ်တပ်ဟာ ….
နိုင်ငံရေးပါတီတွေ နဲ့  ကင်းကင်းရှင်းရှင်းနေဖို့ …
တစ်ဖြည်းဖြည်း ပို ကြိုးစားသွားပါလိမ့်မယ်…
တည်မြဲ - သန့် ရှင်း လက်ထက်က …
ဟိုပါတီကို မျက်နှာလိုက်တယ်…
ဒီပါတီကို မျက်နှာလိုက်တယ်လို့  ….
အမျိုးမျိုး စွပ်စွဲ ပြောကြား ခံရတဲ့ ကာလတွေ ….
ပါတီတစ်ခုက ...
ရွာတစ်ရွာမှာ ၀င် မဲဆွယ်တော့…
တစ်ခြားပါတီက သံပုံးတီးထုတ်လို့  …
ရွာထိပ်က တပ်ကို သွားတိုင်ချိန်မှာ…
သူပုန်ကို တိုက်ဖို့ လာတာ …
ခင်ဗျားတို့ မဲဆွယ်တာ ….
လုံခြုံရေးလုပ်ဖို့ လာတာမဟုတ်ဘူးလို့ …
ဘုကျကျ ဖြေတဲ့ တပ်ခွဲမှူးကို …
ဘက်လိုက်ပါတယ် ဆိုပြီး ….
အဲဒီပါတီက ….
ကာကွယ်ရေးဝန်ကြီးဌာန အထိ တိုင်ကြားခဲ့တာတွေ ….
နိုင်ငံရေးပါတီ အသီးသီးက….
ဟိုပါတီကို ဘက်လိုက်တယ်…
ဒီပါတီကို ဘက်လိုက်တယ်လို့  ….
စွပ်စွဲ အတိုင်ခံရတဲ့ ဗိုလ်မှူးကြီး ၁၃ ယောက်ကို …
ကာကွယ်ရေးဦးစီးချုပ်က တစ်ပြိုင်တည်း အနားပေးခဲ့ ရတာတွေ….
ဒီလို သမိုင်းဖြစ်စဉ်တွေဟာ…
တပ်မတော် ရဲ့  …
ရင်ထဲ အသည်းထဲမှာ ....
စွဲနစ်လို့ နေပါလိမ့်မယ်….
တစ်ခါတည်း ရှင်းအောင်ပြောလိုက်ပါရစေ…
အသွင်ကူးပြောင်းရေး အစိုးရလက်ထက်မှာ…
အရင်ခေတ်ရဲ့  လက်ကျန်အရှိန်လေးတွေ ….
ရှိကောင်း ရှိနိုင်သေးပေမယ့်…
နောင်တက်လာမယ့် …
အရပ်သားအစိုးရများ လက်ထက်မှာ လဲ….
တပ်မတော်ကို ….
နိုင်ငံရေး ပါတီများနဲ့ ကင်းကင်းရှင်းရှင်း နေခွင့်ပြုဖို့ …
ဝိုင်းဝန်းထောက်ခံကြရန် ….
အကြံပြု လိုပါတယ် …
တဖြည်းဖြည်းချင်း ပြောင်းနေတာကို ...
နှေးလွန်းတယ် ဆိုပြီး ....
မချင့်မရဲ စိတ်မရှည်ဖြစ်နေတဲ့  ...
သကောင့်သားများ အတွက် ကတော့ ....
မြန်ချင်ရင် ...
တော်လှန်ရေး လုပ်ပါ ...
ဖြုတ် ထုတ် သတ် လုပ်ပါ....
ပြီးတော့ ...ဖေ့စ်ဘုတ်ပေါ်မှာ လေနဲ့ မလုပ်ဘဲ ...
အပြင်မှာ ....
တကယ့်လောကမှာ ....
လက်တွေ့  အောင်မြင်အောင် တော်လှန်ရေး လုပ်ပါလို့ ...
လေးစားစွာ အကြံပြုအပ်ပါတယ် ခင်ဗျား....။
( မှတ်ချက် ။ ပြည်တွင်းစစ် လုံးဝ အပြီးမသတ်သေး…
အင်အား သိန်းဂဏန်းရှိတဲ့  …
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များနဲ့  …
အပြီးသတ် မညှိနိုင်းရသေးပဲ …
လွှတ်တော်ထဲက ....
တစ်မတ်သားထွက်ဖို့ ကိစ္စ လာပြောတဲ့ သူ …
အသက်ကြီးကြီး…
ရုပ်ဆိုးဆိုး …
ဆင်းဆင်းရဲရဲ ….
စိတ်ရင်းပုပ်တဲ့  ….
ကလေး၁၀ယောက် ပိုင်ရှင် …
မုဆိုးဖို / မုဆိုးမ ကြီး နဲ့ ညားပါစေ…
.................... )
feeling better.
ဟိုင်း ဘုန်းဘုန်း
$
0
0
Photo: ဟိုင်း ဘုန်းဘုန်း …………………… (၁)  " ဟိုင်း..ဘုန်း ဘုန်း "  နားထဲသို့ အသံက ကန့်လန့်ကြီးဝင်လာပြီး ခန္ဓာကိုယ်မှ အကြောအချဉ်တို့ ဖျဉ်းကနဲဖြစ်သွားသည်။ ဘယ်လိုများနှုတ်ဆက်လိုက်တာပါလိမ့်။  ဆိုင်ကယ်ဆီကုန်သွား၍ ဆီဝင်ထည့်စဉ် ဆိုင်က ကောင်မလေးမှ သုံးဘီးပေါ်တွင်လိုက်ပါလာသည့် ဦးဇင်းအား နှုတ်ဆက်လိုက်ခြင်းဖြစ်ပါသည်။  ဦးဇင်းက ပြုံးယုံလေးပြုံးလိုက်သည်။  " ဒကာမလေး မိခင်ရော နေကောင်းရဲ့လား "  "  ကောင်းပါတယ် "  " အလုပ်အကိုင်ရောအဆင်ပြေလား "  " ပြေပါတယ် ဘုရား"  " ကဲ ဦးဇင်းကြွလိုက်ဦးမယ် ကျောင်းကိုရောက်ရင်လည်း ၀င်ခဲ့ဦးပေါ့ "  " ဟုတ် ဘုရား"  ဆီဖြည့်ပြီဖြစ်၍ သုံးဘီးက ပြန်လည်ထွက်သွားသည်။ ကျွန်တော်လည်း ဆိုင်ကယ်ဆီအတွက် ကျသင့် ငွေပေးပြီး ထွက်ခဲ့ပါသည်။  ကျွန်တော့်အတွေးတွင်တော့ ဆိုင်က ကောင်မလေး၏ ပုံသဏ္ဍာန်က ၀င်လာသည်။ ဂျင်းဘောင်းဘီအကြပ်ဝတ်ထားသည်။  အပေါ်ကတော့ အနွေးထည် ခပ်ပါးပါးဝတ်ထားသည်။  ပိုက်ဆံထေည့် သည့် ဘေးသိုင်းအိတ်ကို တစောင်းလွယ်ထားသည်။ ယနေ့တွေ့မြင့်ရသည့် လူငယ်တို့၏ ပုံသဏ္ဍာန်မျိုးဖြစ် သည်။  " ဟိုင်း ဘုန်းဘုန်း "  နှုတ်ဆက်လိုက်သည့်အသံက နားထဲတွင် ပဲ့တင်ထပ်နေတော့သည်။ (၂)  တစ်နေ့သော နေ့လယ်တွင် ဓမ္မိကာရုံ ဆရာတော်ဘုရားကြီး ဦးဥတ္တမဗုဒ္ဓိသည် ပထမကြီးသံဃာတော် များကို ကင်္ခါဋိကာပို့ချနေသည်။  ထိုအချိန်တွင် လူရွယ်နှစ်ဦးသည် ကျောင်းပေါ်တက်လာရာ ဆရာတော်က စာဝါချမှုကို ခဏရပ်ပြီး ထိုဒါယကာနှစ်ဦးကို လှမ်းကြည့်၍ ..  " 'ဒါယကာတို့ ဘာကိစ္စများ ရှိသလဲကွယ့် " ဟုမိန့်ကြားလိုက်သည်။  " မှန်လှပါဘုရား ကျောင်းဒကာကြီး ဦးဘသင် အာယုသင်္ခါရလွှတ် ကွယ်လွန်အနိစ္စရောက်ပါသဖြင့် တရားတော်နာ ကြွရန် လာရောက် ဖိတ်ကြားခြင်းဖြစ်ပါသည် ဘုရား"  ဒါယကာတစ်ဦး၏ လျှောက်ထားချက်အဆုံးတွင် စာလိုက်သံဃာတော်များက ရယ်ပြုံးကြသလို ဆရာ တော်လည်း ပြုံးလိုက်သည်။  " ဒါယကာတို့ ဘယ်နှယ် ကျောင်းဒါယကာ ဦးဘသင် အာယုသင်္ခါရ လွှတ်ရမလဲကွယ့် "  သွက်လက်ချက်ချာသော ဒါယကာတစ်ဦးက ထပ်မံထောက်ပြန်သည်။  " ယခုတစ်နာရီလောက်ကပဲ အာယုသင်္ခါရလွှတ်သွားတာပါ ဘုရား "  ဆရာတော်ဘုရားက " ဟဲ့ ဒါယကာ ကျောင်းဒကာ ကွယ်လွန်အနိစ္စရောက်တာကို အာယုသင်္ခါရလွှတ် တယ်လို့မပြောရဘူး။ အဲဒီစကားက ဘုရားမှသုံးတာ။ ကွယ်လွန်အနိစ္စရောက်တယ်ဆိုရင် ပြီးရောပေါ့။ ပြီးတော့ မင်းလျှောက်တာက တရားနာကြွပါလို့ ဆိုတော့ ငါတို့က တရားနာကြွရမှာလား  "  " တရားနာမဟုတ်ပါဘူးဘုရား။ အသုဘရှုကြွရန် ဖိတ်ကြားခြင်း ဖြစ်ပါတယ် ဘုရား"  ဒါယကာတစ်ဦးက ထပ်မံလျှောက်ထားခြင်းကြောင့် သံဃာတော်များက ပြုံးကြပြန်သည်။  " ဘယ်ဘုန်းကြီးက တရားပေး သရဏဂုံတင်ပေးမှာလဲဟဲ့။ ငါတို့က အသုဘရှုတရားနာရအောင် "  " အရှင်ဘုရားက တရားပေး သရဏဂုံ တင်ရမှာပါ ဘုရား"  " ဒါဆိုလည်း ဖိတ်တယ်လို့ မလျှောက်နဲ့လေကွယ်။ ပင့်တယ်လို့ လျှောက်ရတယ် " ဟုဆရာတော်က မိန့်မှာတော်မူပါသည်။ (၃)  တကယ်တော့ ရဟန်းသံဃာများနှင့် ပြောဆိုဆက်ဆံရာတွင် " တင်ပါ့ဘုရား" " မှန်ပါ့ဘုရား " ကိုပင် လျှင် ကျွန်တော်ပြောရခက်နေတတ်သေးသည်။ " ဟုတ်ကဲ့" " မှန်တာပေါ့ " ဟူသော စကားတို့ဖြင့်သာ ပြောဆို မိပါသည်။  ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဆွမ်းပင့်သော်လည်းကောင်း၊ တရားဟောကြွရန် ပင့်ဖိတ်ရန် သော်လည်းကောင်း လျှောက်တင်ရမယ့် ရဟန်းသံဃာနှင့် အပ်စပ်သည့်စကားကို ပြောဆိုရန် အတော်ခက်ခဲ နေတတ်ပါသည်။ တွန့်ဆုတ်နေတတ်ပါသည်။  မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင် လူတစ်ဦးအနေဖြင့် အခြေခံဖြစ်သည့် ရဟန်းသံဃာနှင့် ပြောဆိုဆက်ဆံ ရာတွင် သင့်တင့်လျှောက်ပတ်သော စကားတို့ကို မပြောဆိုတတ်ခြင်းမှာ ရှက်ဖွယ်တော့ကောင်းလှပါသည်။ ယနေ့ခေတ်ကာလအရ ဗန်းစကားများ တွင်တွင်ပေါလာသည့်အခါ ပို၍ ဆိုးလာသည်ကို ကြားနေရပါသည်။   မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့် အချင်းချင်းပြောဆိုသည့် စကားများသည်ပင်လျှင် တစ်ခါတခါ နားလည်ရခက်ခြင်း၊ ကြားရသည့်စကားမှာ ရိုင်းပြနေသည့် အနက်ပေါ်လွင်နေခြင်းတို့ ရှိနေတတ်ပါသည်။   မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာတရားတော်တို့နှင့် ဆက်စပ်နေသည်ပင်ဖြစ်သည်။  ငယ်စဉ်က သင်ကြားရသော " မိဦးဖဦး ဆရာဦးကို ခူး၍အလျင်မစားနှင့် "၊ " လူကြီးသူမရှေ့တွင် ခေါင်းကိုငုံ့ ခါးကိုညွတ်၍ သွားရမည်"၊ " ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနား" ဟူသော စာများ၊ ဆုံးမစကားများကို သင်ကြားခဲ့ကြရပါသည်။  ထို့ပြင် ရဟန်းသံဃာတော်များနှင့် လမ်း၌တွေ့လျှင် လက်အုပ်လေးချီသွားဖို့၊ ရဟန်းသံဃာတို့၏ အရိပ် ကိုကျော်မသွားဖို့နှင့် ရဟန်းသံဃာတော်များကို ဦးစားပေးပါဟူသော ယဉ်ကျေးမှုဆိုင်ရာတို့ကို သင်ကြားခဲ့ကြ ရပါသည်။  ကျွန်တော်တို့လူမျိုးနှင့် ယဉ်ကျေးမှုတို့သည် အချင်းချင်းရိုင်းပင်းသည့်စိတ်၊ စာနာတတ်သည့်စိတ်၊ သည်းခံခွင့်လွှတ်တတ်သည့်စိတ်၊ ကြင်နာဖေးမတတ်သည့်စိတ်၊ လှူဒါန်းပေးကမ်းလိုသည့်စိတ် စသည့် ကုသိုလ်တရားနှင့် လူ့လောက ပတ်ဝန်းကျင်တွင် အေးချမ်းစွာနေထိုင်နိုင်ရေးတို့ကို သင်၊ သိ၊ တတ်၊ စောင့်ကြ သည့် လူမျိုးများဖြစ်သည်။ ယဉ်ကျေးမှုတို့ ထွန်းကားရာဖြစ်သည်။  ထို့ကြောင့် မည်သည့်ပင် ပြောင်းလဲတိုးတက်နေပါစေ မြန်မာတို့၏ လူနေမှု ဓလေ့ပုံစံ၊ တစ်ဦးကို တစ်ဦး ပေါင်းသင်းဆက်ဆံကြသည့် စိတ်နေသဘောထား၊ ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားတို့ကို ခေတ် ကာလအရွေ့တွင် စီးမျှောမသွားစေချင်ပါ။ နစ်မြုပ်မသွားစေချင်ပါ။ ပျောက်ကွယ်မသွားစေချင်ပါ။ (၄)  " မင်္ဂလာပါ "  " မင်္ဂလာပါ လူပျိုကြီး "  ကျွန်တော့်မိတ်ဆွေထဲတွင် တစ်ဦးတစ်ယောက်နှင့်တွေဆုံတိုင်း " မင်္ဂလာပါ " ဟု အမြဲနှုတ်ဆက်တတ် သူတစ်ဦးရှိသည်။  တကယ်ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော၊ နားဝင်ချိုလှသော စကားပင်ဖြစ်ပါ သည်။  " အပါယ်လားကြောင်း အကုသိုလ်တရားတို့ကို " မင်္ဂ "ဟူခေါ်၍ ထို မင်္ဂဟူသောတရားတို့(၀ါ) အကုသိုလ်တရားတို့ကို ရိတ်လှီးဖြတ်တောက်တတ်သဖြင့် မင်္ဂလာဟုခေါ်သည် " တဲ့။   ဗုဒ္ဓဘာသာဝင်တို့အဖို့ သံသရာမှ လွှတ်မြောက်ကြောင်းကို လိုချင်သည်။ ကျင့်ကြံကြသည်။  ထိုသို့ လွှတ်မြောက်နိုင်မှုအတွက် အကုသိုလ်တရားတို့ကို ဖြတ်တောက်တတ်သည့် မင်္ဂလာဟူသော စကားသည် အင်မတန်အဖိုးတန်လှပါသည်။  ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး " မင်္ဂလာပါ " ဟူသော နှုတ်ခွန်းဆက်သံသည် လူ့လောက ၀န်းကျင်တစ်ခုလုံးအတွက် အကျိုးတို့ကို ရည်ရွယ်သည့် နှုတ်ဆက်သံဟုပင် ဆိုချင်ပါသည်။  ထို့ကြောင့် ကျွန်တော်က မင်္ဂလာပါဟု နှုတ်ဆက်လိုက်ချင်ပါသည်။ (၅)  " အညာစရော "  " အညာက ယောနယ်မြေကို သွားချင်လို့လားကွ "  " ကိုရီးယားလို နှုတ်ဆက်တာရှင်၊ ရှင်ကလဲ ပိန်းပ "  သြော်ငါ့နှယ် ဒီလောက် ကိုရီးယားလွှမ်းမိုးတာတောင် အညာစရောလောက်တောင် မသိပါလား။   " နို့ မြန်မာလိုနှုတ်ဆက်လို့မရဘူးလား "  " အို ခေတ်နောက်ကျသွားမှာပေါ့ရှင် "  အင်း ခက်တော့ ခက်နေပြီလို့ ပြောရမလားပင်။  ခေတ်အမီ၊ ခေတ်ရှေ့ပြေး၊ ခေတ်အရ ဆိုသည့် စကားလုံးတွေနှင့်အညီ တစ်ခေတ်တည်း ခေတ်တော့မည်ဆိုလျှင်ဖြင့် ရဟန်းသံဃာတော်ကို နှုတ်ဆက်လိုက် သည့် မိန်းပျိုလေး၏ နှုတ်ဆံသံလိုဖြစ်ကြတော့မည်လား။  " Hi ဘုန်းဘုန်း "  " အညောစရာ ဘုန်းဘုန်း " တို့ရော ရှိနေကြပြီလားကွယ်ရို့။  ************** မောင်ပိုင် ၂၆-၁-၂၀၁၄
(၁)
"ဟိုင်း..ဘုန်း ဘုန်း "
နားထဲသို့ အသံက ကန့်လန့်ကြီးဝင်လာပြီး ခန္ဓာကိုယ်မှ အကြောအချဉ်တို့ ဖျဉ်းကနဲဖြစ်သွားသည်။ ဘယ်လိုများနှုတ်ဆက်လိုက်တာပါလိမ့်။
ဆိုင်ကယ်ဆီကုန်သွား၍ ဆီဝင်ထည့်စဉ် ဆိုင်က ကောင်မလေးမှ သုံးဘီးပေါ်တွင်လိုက်ပါလာသည့် ဦးဇင်းအား
 နှုတ်ဆက်လိုက်ခြင်းဖြစ်ပါသည်။ ဦးဇင်းက ပြုံးယုံလေးပြုံးလိုက်သည်။
"ဒကာမလေး မိခင်ရော နေကောင်းရဲ့လား "
"ကောင်းပါတယ် "
"အလုပ်အကိုင်ရောအဆင်ပြေလား "
"ပြေပါတယ် ဘုရား"
"ကဲ ဦးဇင်းကြွလိုက်ဦးမယ် ကျောင်းကိုရောက်ရင်လည်း ၀င်ခဲ့ဦးပေါ့ "
"ဟုတ် ဘုရား"
ဆီဖြည့်ပြီဖြစ်၍ သုံးဘီးက ပြန်လည်ထွက်သွားသည်။ ကျွန်တော်လည်း ဆိုင်ကယ်ဆီအတွက် ကျသင့် ငွေပေးပြီး ထွက်ခဲ့ပါသည်။ ကျွန်တော့်အတွေးတွင်တော့ ဆိုင်က ကောင်မလေး၏ ပုံသဏ္ဍာန်က ၀င်လာသည်။ ဂျင်းဘောင်းဘီအကြပ်ဝတ်ထားသည်။ အပေါ်ကတော့ အနွေးထည် ခပ်ပါးပါးဝတ်ထားသည်။ ပိုက်ဆံထေည့် သည့် ဘေးသိုင်းအိတ်ကို တစောင်းလွယ်ထားသည်။ ယနေ့တွေ့မြင့်ရသည့် လူငယ်တို့၏ ပုံသဏ္ဍာန်မျိုးဖြစ် သည်။
"ဟိုင်း ဘုန်းဘုန်း "
နှုတ်ဆက်လိုက်သည့်အသံက နားထဲတွင် ပဲ့တင်ထပ်နေတော့သည်။
(၂)
တစ်နေ့သော နေ့လယ်တွင် ဓမ္မိကာရုံ ဆရာတော်ဘုရားကြီး ဦးဥတ္တမဗုဒ္ဓိသည် ပထမကြီးသံဃာတော် များကို ကင်္ခါဋိကာပို့ချနေသည်။ ထိုအချိန်တွင် လူရွယ်နှစ်ဦးသည် ကျောင်းပေါ်တက်လာရာ ဆရာတော်က စာဝါချမှုကို ခဏရပ်ပြီး ထိုဒါယကာနှစ်ဦးကို လှမ်းကြည့်၍ ..
"'ဒါယကာတို့ ဘာကိစ္စများ ရှိသလဲကွယ့် "ဟုမိန့်ကြားလိုက်သည်။
"မှန်လှပါဘုရား ကျောင်းဒကာကြီး ဦးဘသင် အာယုသင်္ခါရလွှတ် ကွယ်လွန်အနိစ္စရောက်ပါသဖြင့် တရားတော်နာ ကြွရန် လာရောက် ဖိတ်ကြားခြင်းဖြစ်ပါသည် ဘုရား"
ဒါယကာတစ်ဦး၏ လျှောက်ထားချက်အဆုံးတွင် စာလိုက်သံဃာတော်များက ရယ်ပြုံးကြသလို ဆရာ တော်လည်း ပြုံးလိုက်သည်။
"ဒါယကာတို့ ဘယ်နှယ် ကျောင်းဒါယကာ ဦးဘသင် အာယုသင်္ခါရ လွှတ်ရမလဲကွယ့် "
သွက်လက်ချက်ချာသော ဒါယကာတစ်ဦးက ထပ်မံထောက်ပြန်သည်။
"ယခုတစ်နာရီလောက်ကပဲ အာယုသင်္ခါရလွှတ်သွားတာပါ ဘုရား "
ဆရာတော်ဘုရားက "ဟဲ့ ဒါယကာ ကျောင်းဒကာ ကွယ်လွန်အနိစ္စရောက်တာကို အာယုသင်္ခါရလွှတ် တယ်လို့မပြောရဘူး။ အဲဒီစကားက ဘုရားမှသုံးတာ။ ကွယ်လွန်အနိစ္စရောက်တယ်ဆိုရင် ပြီးရောပေါ့။ ပြီးတော့ မင်းလျှောက်တာက တရားနာကြွပါလို့ ဆိုတော့ ငါတို့က တရားနာကြွရမှာလား "
"တရားနာမဟုတ်ပါဘူးဘုရား။ အသုဘရှုကြွရန် ဖိတ်ကြားခြင်း ဖြစ်ပါတယ် ဘုရား"
ဒါယကာတစ်ဦးက ထပ်မံလျှောက်ထားခြင်းကြောင့် သံဃာတော်များက ပြုံးကြပြန်သည်။
"ဘယ်ဘုန်းကြီးက တရားပေး သရဏဂုံတင်ပေးမှာလဲဟဲ့။ ငါတို့က အသုဘရှုတရားနာရအောင် "
"အရှင်ဘုရားက တရားပေး သရဏဂုံ တင်ရမှာပါ ဘုရား"
"ဒါဆိုလည်း ဖိတ်တယ်လို့ မလျှောက်နဲ့လေကွယ်။ ပင့်တယ်လို့ လျှောက်ရတယ် "ဟုဆရာတော်က မိန့်မှာတော်မူပါသည်။
(၃)
တကယ်တော့ ရဟန်းသံဃာများနှင့် ပြောဆိုဆက်ဆံရာတွင် "တင်ပါ့ဘုရား""မှန်ပါ့ဘုရား "ကိုပင် လျှင် ကျွန်တော်ပြောရခက်နေတတ်သေးသည်။ "ဟုတ်ကဲ့""မှန်တာပေါ့ "ဟူသော စကားတို့ဖြင့်သာ ပြောဆို မိပါသည်။ ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဆွမ်းပင့်သော်လည်းကောင်း၊ တရားဟောကြွရန် ပင့်ဖိတ်ရန် သော်လည်းကောင်း လျှောက်တင်ရမယ့် ရဟန်းသံဃာနှင့် အပ်စပ်သည့်စကားကို ပြောဆိုရန် အတော်ခက်ခဲ နေတတ်ပါသည်။ တွန့်ဆုတ်နေတတ်ပါသည်။
မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင် လူတစ်ဦးအနေဖြင့် အခြေခံဖြစ်သည့် ရဟန်းသံဃာနှင့် ပြောဆိုဆက်ဆံ ရာတွင် သင့်တင့်လျှောက်ပတ်သော စကားတို့ကို မပြောဆိုတတ်ခြင်းမှာ ရှက်ဖွယ်တော့ကောင်းလှပါသည်။ ယနေ့ခေတ်ကာလအရ ဗန်းစကားများ တွင်တွင်ပေါလာသည့်အခါ ပို၍ ဆိုးလာသည်ကို ကြားနေရပါသည်။
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့် အချင်းချင်းပြောဆိုသည့် စကားများသည်ပင်လျှင် တစ်ခါတခါ နားလည်ရခက်ခြင်း၊ ကြားရသည့်စကားမှာ ရိုင်းပြနေသည့် အနက်ပေါ်လွင်နေခြင်းတို့ ရှိနေတတ်ပါသည်။
မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာတရားတော်တို့နှင့် ဆက်စပ်နေသည်ပင်ဖြစ်သည်။ ငယ်စဉ်က သင်ကြားရသော "မိဦးဖဦး ဆရာဦးကို ခူး၍အလျင်မစားနှင့် "၊ "လူကြီးသူမရှေ့တွင် ခေါင်းကိုငုံ့ ခါးကိုညွတ်၍ သွားရမည်"၊ "ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနား"ဟူသော စာများ၊ ဆုံးမစကားများကို သင်ကြားခဲ့ကြရပါသည်။
ထို့ပြင် ရဟန်းသံဃာတော်များနှင့် လမ်း၌တွေ့လျှင် လက်အုပ်လေးချီသွားဖို့၊ ရဟန်းသံဃာတို့၏ အရိပ် ကိုကျော်မသွားဖို့နှင့် ရဟန်းသံဃာတော်များကို ဦးစားပေးပါဟူသော ယဉ်ကျေးမှုဆိုင်ရာတို့ကို သင်ကြားခဲ့ကြ ရပါသည်။ ကျွန်တော်တို့လူမျိုးနှင့် ယဉ်ကျေးမှုတို့သည် အချင်းချင်းရိုင်းပင်းသည့်စိတ်၊ စာနာတတ်သည့်စိတ်၊ သည်းခံခွင့်လွှတ်တတ်သည့်စိတ်၊ ကြင်နာဖေးမတတ်သည့်စိတ်၊ လှူဒါန်းပေးကမ်းလိုသည့်စိတ် စသည့် ကုသိုလ်တရားနှင့် လူ့လောက ပတ်ဝန်းကျင်တွင် အေးချမ်းစွာနေထိုင်နိုင်ရေးတို့ကို သင်၊ သိ၊ တတ်၊ စောင့်ကြ သည့် လူမျိုးများဖြစ်သည်။ ယဉ်ကျေးမှုတို့ ထွန်းကားရာဖြစ်သည်။
ထို့ကြောင့် မည်သည့်ပင် ပြောင်းလဲတိုးတက်နေပါစေ မြန်မာတို့၏ လူနေမှု ဓလေ့ပုံစံ၊ တစ်ဦးကို တစ်ဦး ပေါင်းသင်းဆက်ဆံကြသည့် စိတ်နေသဘောထား၊ ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားတို့ကို ခေတ် ကာလအရွေ့တွင် စီးမျှောမသွားစေချင်ပါ။ နစ်မြုပ်မသွားစေချင်ပါ။ ပျောက်ကွယ်မသွားစေချင်ပါ။
(၄)
"မင်္ဂလာပါ "
"မင်္ဂလာပါ လူပျိုကြီး "
ကျွန်တော့်မိတ်ဆွေထဲတွင် တစ်ဦးတစ်ယောက်နှင့်တွေဆုံတိုင်း "မင်္ဂလာပါ "ဟု အမြဲနှုတ်ဆက်တတ် သူတစ်ဦးရှိသည်။ တကယ်ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော၊ နားဝင်ချိုလှသော စကားပင်ဖြစ်ပါ သည်။
"အပါယ်လားကြောင်း အကုသိုလ်တရားတို့ကို "မင်္ဂ "ဟူခေါ်၍ ထို မင်္ဂဟူသောတရားတို့(၀ါ) အကုသိုလ်တရားတို့ကို ရိတ်လှီးဖြတ်တောက်တတ်သဖြင့် မင်္ဂလာဟုခေါ်သည် "တဲ့။
ဗုဒ္ဓဘာသာဝင်တို့အဖို့ သံသရာမှ လွှတ်မြောက်ကြောင်းကို လိုချင်သည်။ ကျင့်ကြံကြသည်။ ထိုသို့ လွှတ်မြောက်နိုင်မှုအတွက် အကုသိုလ်တရားတို့ကို ဖြတ်တောက်တတ်သည့် မင်္ဂလာဟူသော စကားသည် အင်မတန်အဖိုးတန်လှပါသည်။ ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး "မင်္ဂလာပါ "ဟူသော နှုတ်ခွန်းဆက်သံသည် လူ့လောက ၀န်းကျင်တစ်ခုလုံးအတွက် အကျိုးတို့ကို ရည်ရွယ်သည့် နှုတ်ဆက်သံဟုပင် ဆိုချင်ပါသည်။
ထို့ကြောင့် ကျွန်တော်က မင်္ဂလာပါဟု နှုတ်ဆက်လိုက်ချင်ပါသည်။
(၅)
"အညာစရော "
"အညာက ယောနယ်မြေကို သွားချင်လို့လားကွ "
"ကိုရီးယားလို နှုတ်ဆက်တာရှင်၊ ရှင်ကလဲ ပိန်းပ "
သြော်ငါ့နှယ် ဒီလောက် ကိုရီးယားလွှမ်းမိုးတာတောင် အညာစရောလောက်တောင် မသိပါလား။
"နို့ မြန်မာလိုနှုတ်ဆက်လို့မရဘူးလား "
"အို ခေတ်နောက်ကျသွားမှာပေါ့ရှင် "
အင်း ခက်တော့ ခက်နေပြီလို့ ပြောရမလားပင်။ ခေတ်အမီ၊ ခေတ်ရှေ့ပြေး၊ ခေတ်အရ ဆိုသည့် စကားလုံးတွေနှင့်အညီ တစ်ခေတ်တည်း ခေတ်တော့မည်ဆိုလျှင်ဖြင့် ရဟန်းသံဃာတော်ကို နှုတ်ဆက်လိုက် သည့် မိန်းပျိုလေး၏ နှုတ်ဆံသံလိုဖြစ်ကြတော့မည်လား။
" Hi ဘုန်းဘုန်း "
"အညောစရာ ဘုန်းဘုန်း "တို့ရော ရှိနေကြပြီလားကွယ်ရို့။
**************
မောင်ပိုင်
၂၆-၁-၂၀၁၄
— with William Tuntunko and 24 others.
လူထုအသံ နှင့် သက်ဆိုင်ရာ၏ တုန့်ပြန်ဖြေကြားစာ
$
0
0
ပြည်သူများ၏ အကျိုးစီးပွား ကိုလိုလားပါသော နိုင်ငံတော်အကြီးအကဲများ တာဝန်ရှိသူများနှင့် တာဝန်သိသူများ အားလုံးသို့ မိမိ တို့ ဘ၀များနျင့် ထင်ဟပ်ကာ မိမိ တို့နှင့်အတူ ဘ၀တူများအားလုံး၏ ဘ၀များကို ၀ိုင်းဝန်း ကယ်တင်ပေးနိုင်ကြပါရန် ဘ၀တူများအားလုံး၏ ကိုယ်စား မိမိ တို့မှ လေးစားစွာ တင်ပြ အကူအညိ တောင်းခံလိုပါသည်။
( ၁ ) မိမိ တို့သည် စိုက်ပျိုးမြေရရှိပါက စားဝတ်နေရေး ကို ကိုယ်တိုင် ဖန်တီး နိုင်ကြသူများ ဖြစ်ပါသည်။
( ၂ ) မိမိ တို့ ကျွမ်းကျင်သော မိရိုးဖလာ လုပ်ငန်းများအား လုပ်ကိုင် နိုင်ခွင့်များ မဆုံးရှုံးလိုကြပါ။
( ၃ ) ယခု အခါ နေရာ အစုံ မှ တစ်ပြေးညိ ဖယ်ရှားနေမှု များကြောင့် ရိုးသားစွာ ဖြင့် အမှန်တကယ် လုပ်ကိုင်နေသူများ မှာ မှီခိုနေရသော လုပ်ငန်းများ ပျောက်ဆုံးနေရပြီး အခြေအနေမဲ့ ဘ၀ များသို့ ရောက်ရှိခံစားနေရမှုများအား နိုင်ငံတော် အကြိးအကဲများနှင့် တာဝန်၇ှိသူများအနေဖြင့် အခြေအနေများကို အမှန်တိုင်းမသိလို့ သာ အဓမ္မ ဖယ်ရှားနေသည်ဟု ယုံကြည်ပါသာ်။
( ၄ ) နိုင်ငံတော်၏ စောင့်ရှောက်မှု အောက်တွင် စိတ်အေးချမ်းသာစွာဖြင့် အတည်တကျ လုပ်ကိုင် စားသောက်လိုကြပါသည်။
( ၅ ) စားသုံးသူများနှင့် လက်လှမ်းတမှီတွင် ရှိနေစေရန် မိမိ တို့ အား မြို့ပြ အိမ်ရာ စီမံကိန်းများတွင် အချိုးညီ ထည့်သွင်းစဉ်းစားပေးပါရန် မိမိ တို့ ဘ၀တူများ အားလုံး၏ ကိုယ်စား လေးစားစွာ တင်ပြအပ်ပါသည်။
( ၆ ) မြို့ပြ အိမ်ရာ စီမံကိန်းများ အကောင်အထည်မဖေါ်နိုင်သေးသော အချိန်ကာလ များတွင် မိမိ တို့အခြေကျနေသော လုပ်ငန်းများကို အလွယ်တကူ မဖျက်ဆီး ပစ်ရန် နိုင်ငံတော် အကြိးအကဲများနှင့် တာဝန်ရှိသူများအားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါသည်။
( ၇ ) နိုင်ငံတော်မှ အခြေကျနေသော လုပ်ငန်းများအား အလွယ်တကူ မဖျက်ဆီးခြင်း အားဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးစီမံကိန်းများတွင် များစွာ အထောက်အကူ ပြုနိုင်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ် ၊
မိချောင်းကန် အပိုင်း ( ၁ / ၂ ) ရပ်ကွက်ရှိဖယိရှားခံကြရမည့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏
အမှုဆောင်ကော်မတီ။
သင်္ဃန်းကျွန်း၊ မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန်ရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အိတ်ပိတ်ဖြေ
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်မြေတွင် စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန်ရှိသဖြင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ထံ အိတ်ပိတ်ဖြေကြားခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁)၊ (၂)တွင် ဖြစ်ပေါ်နေသည့် မြေယာပြဿနာများနှင့် ပတ်သက်၍ ဦးသိန်းညွန့်က သက်ဆိုင်ရာဝန်ကြီးဌာနသို့ လွှတ်တော်မှတစ်ဆင့် မေးမြန်းခဲ့ရာ သက်ဆိုင်သည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ အိတ်ပိတ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားသည့်အဖြေတွင် "မိကျောင်းကန် အပိုင်း (၁)၊ (၂) တပ်မြေ ဧရိယာ ၃၃ ဒသမ ၈၅၅ ဧကအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ ၉-၁၂- ၁၉၉၂ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ စတင်လွှဲပြောင်းစဉ်ကပင် တပ်မိသားစုသက်သာချောင်ချိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်လိုသူများနှင့် အကျိုးတူလုပ်ကိုင်စေခဲ့ပါကြောင်း၊ စတင်သဘောတူညီစဉ်ကပင် မည်သူ၏ တိုက်တွန်းချက်မျှမပါဘဲ တစ်ဦးချင်းစီ သဘောတူညီချက်ဖြင့် လိုအပ်ပါက ဖယ်ရှားပေးရန် သဘောတူညီပြီးမှသာ လက်မှတ်ရေးထိုး လုပ်ကိုင်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်အခြေအနေများအရ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်လာစေရန် ဆက်လက်လုပ်ကိုင်ခွင့် ပေးနိုင်ခြင်းမရှိသဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာတွင် ကာယကံရှင်များအား ခေါ်ယူတွေ့ဆုံကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှစ၍ ပြောင်းရွှေ့ပေးရန် ပြောကြားခဲ့သော်လည်း ကျောင်းနေသူများ အခက်အခဲမဖြစ်စေရေးအတွက် စာသင်နှစ်ကုန်ဆုံးမည့် ၃၁-၃-၂၀၁၃ ရက်အထိ ဆက်လက်နေထိုင်ခွင့်ပြုခဲ့ကြောင်း၊ ကျူးကျော်များသည် ကျောင်းများပိတ်ပြီး ဧပြီလအထိ ပြောင်းရွှေ့ခြင်းမပြုဘဲ အုပ်စုဖွဲ့ ဆန္ဒပြမှုများ သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်တွင် ကျေးလက်ဒေသနေအများစုမှာ ၎င်းတို့၏နေရပ်သို့ ပြန်လိုကြသော်လည်း ဒေါ်စိုးမိမိသူ (ခေါ်) မတာ ဦးစီးသည့် ရန်ကုန်မြို့နေအများစုက မြေနေရာကြောင့် အကျိုးစီးပွားဖြစ်ထွန်းခဲ့ရာ ၎င်းတို့၏ အကျိုးစီးပွားကို လက်မလွှတ်ချင်သဖြင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် တပ်မြေမှ မဖယ်ရှားရေးအတွက် အပြင်းအထန်လုပ်ကိုင်လာသည်ကို တွေ့မြင်လာရကြောင်း၊ ထွက်ခွာသွားခြင်းမရှိကြသဖြင့် ၁၃-၆- ၂၀၁၃ ရက်တွင် တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံး (ရန်ကုန်) မှ ၁၉၉၅ ခုနှစ်၊ အိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ မလွှဲမရှောင်သာ ဖယ်ရှားရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း"စသည်ဖြင့် ပါရှိသည်။
တပ်ပိုင်မြေနေရာကို သိမ်းယူရာတွင် တပ်မတော်သားများဖြင့် အင်အားသုံးသိမ်းယူခဲ့ခြင်းမျိုးမဟုတ်ဘဲ ပြဋ္ဌာန်းချက်များနှင့်အညီ ရဲတပ်ဖွဲ့အကူအညီရယူ၍ နေ၀င်နှင့် နေထွက်ချိန်မဟုတ်သည့် (၀၆း၄၅) အချိန်မှ (၁၈း၀၀) အချိန်အတွင်း ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ရှင်းလင်းရာတွင် အိမ်ကို ဖျက်ဆီးခြင်းသဘောမျိုးမဟုတ်ဘဲ စနစ်တကျ ပြန်လည်အသုံးပြုနိုင်ရန် စုပုံပေးခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
ထို့ပြင် မိကျောင်းကန် အပိုင်း (၁)၊ (၂) ရှိ တပ်ပိုင်မြေ ၃၃ ဒသမ ၈၅၅ ဧကမှာ ယခင်မီးရထားဝန်ကြီးဌာနပိုင်မြေနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေတို့အား ဥပဒေနှင့်အညီ လွှဲပြောင်းရယူခဲ့ပြီးဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြေအမည်ပေါက်ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနသည် မြေယာကိစ္စများဖြေရှင်းရာတွင် ပိုင်ဆိုင်မှု အထောက်အထားရှိသူများအား ဒေသန္တရဈေးနှုန်းဖြင့် လျော်ကြေးပေးခြင်း၊ ဦးပိုင်အမည်ပေါက် မြေ ၄၇၁၀ ဒသမ ၄၄၇ ဧကအား ပြန်လည်စွန့်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါမြေတွင် တပ်မတော်သား စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ရန်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်အပိုင်း(၁)၊ (၂) ရပ်ကွက်အတွင်းရှိ တပ်မတော်ပိုင်မြေအား ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း အိတ်ပိတ်ဖြေကြားခဲ့သည်။
စားသုံးသူများသိစေသား
$
0
0
    ယခုအချိန်သည် ကျွန်ုပ်တို့မြန်မာပြည်သူပြည်သားအားလုံးမိမိတို့နှင့်သက်ဆိုင်ရာ  ကဏ္ဍစုံတွင် နိုင်ငံတကာ နှင့်ရင်ဘောင်တန်း၍လိုက်နိုင်ရန်အတွက်အထူး ကြိုးစားလုပ်ဆောင်ရန် လိုအပ်နေသည်ဆိုသည်ကို မည်သူမျှ အငြင်းပွားမည်မဟုတ်ပေ။ ထိုကဲ့သို့ ကြိုးပမ်းကြရာတွင် အမှားသံသရာထဲတွင်အချိန် မကုန်စေရန်သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်ကျွမ်းနားလည်သူများ၏အတွေ့ အကြုံများပေါ်တွင်အခြေခံ၍ အမျှော်အမြင်ရှိစွာဖြင့် ပြုစုထားသောမှန်ကန်သည့် လမ်းညွှန် (Guide Line) တစ်ရပ်အားစွဲကိုင်ထားလျက် ညီညွှတ်စွာ ၀ိုင်းဝန်းအကောင်အထည်ဖော်ကြရမည်ဖြစ်ပါသည်။
ကုလသမဂ္ဂအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့် နိုင်ငံတကာအစိုးရများကပူးပေါင်းလိုက်နာရန် သဘောတူထားကြသောလမ်းညွှန်မှု  (Guide Line) များသည်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက်ရှိနှင့်ပြီးဖြစ်ရာစားသုံးသူများ၏အကျိုးအတွက် ရည်ရွယ်ရေးဆွဲထား သော ကောင်းမွန်ပြည့်စုံသည့် လမ်းညွှန်မှု
(Guide Line) တစ်ခုလည်းရှိပြီး ဖြစ်ပါသည်။အဆိုပါ ကုလသမဂ္ဂ၏ လမ်းညွှန်မှု (Guide Line) အောက်တွင် ကျွန်ုပ်တို့ ပြည်သူတစ်ဦးချင်းစီသည်မိမိတို့ကျရာအခန်းကဏ္ဍအလိုက် မှန်ကန်စွာ ၀ိုင်းဝန်းတာဝန်ယူ ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံနှင့်လူမျိုးတို့၏ အကျိုးကို သယ်ပိုး နိုင်ကြမည်ဟုယုံကြည်ပါသည်။
ဤသို့သော အခြေအနေ အချိန်အခါမျိုးတွင် ကျွန်ုပ်တို့မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂသည် မိမိတို့သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင်သူများ၏ပရဟိတစိတ်ထားဖြင့် မိမိတို့စွမ်းအားရှိသလောက် နိုင်ငံနှင့် လူမျိုးအတွက် ၀င်ရောက်ဖြည့်စွက် သယ်ပိုးကြရန် ဖွဲ့စည်းပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။
 လက်ရှိကာလသည် ရာစုနှစ်ထက်ဝက်ခန့် လူအများက အရေးယူဂရုစိုက် မလုပ်နိုင်ခဲ့သောစားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းနှင့်၎င်းတို့၏
အခွင့်အရေးများနှင့်သက်ဆိုင်သောအသိပညာကိုတိုးတက်ဖွံ့ဖြိုးစေခြင်းဖြင့် လူတိုင်းကျန်းမာ ပျော်ရွှင်ပြည့်စုံသော လူမှုဘ၀များရရှိခံစားနိုင်ကြရန် အရှိန်အဟုန်မြှင့်လုပ်ဆောင် ကြရမည့် အချိန်အခါပင်ဖြစ်ပါသည်။ စားသုံးသူများ၏အရေးအရာများ ကို အသိပေး ဖော်ဆောင်ရာတွင် နိုင်ငံတကာကိုအမှီလိုက်နိုင်ရန် အင်နှင့်အားနှင့်
လျှင်မြန်စွာ ၀ိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်သည်။
 လွန်ခဲ့သော နှစ်များအတွင်း အစားအသောက်နှင့် ဆေးဝါးများတွင် ရှိနေသည့် အန္တရာယ်များအကြောင်းကိုသတင်းစာများ၊ စာစောင်များ၊ ၀န်ကြီးဌာနများ၊သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ထုတ်ပြန်ချက်များမှ တစ်ဆင့် လည်းကောင်း၊ လူထုကိုအသိပေးဟောပြောနေသောပညာရှင်များနှင့်ဤအန္တရာယ်များကိုကာကွယ်ရန် လိုအပ်ကြောင်းသဘောပေါက်နေသူအချို့ မှ တတ်စွမ်းသမျှ အင်အားဖြင့် လုပ်ဆောင်လျှက်ရှိသည်ကိုလည်းတွေ့ရှိရပါသည်။ နိုင်ငံသားတိုင်းသည်
အသိပညာရှိရှိဖြင့် မိမိတို့၏ စားသုံးမှုဆိုင်ရာ အခွင့်အရေး များနှင့် တာဝန်ရှိမှုများကို ကောင်းစွာသဘောပေါက်၍ အသုံးချနိုင်မှသာ တရားမျှတ၍အဂတိတရားကင်းသောလူနေမှုစနစ်အောက်တွင် လူ့သက်တမ်းစေ့ နေထိုင်စားသောက်နိုင်သော သာယာဝပြောသည့် လူမှုဘ၀များကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့်ပင် ကျွန်ုပ်တို့အနေဖြင့် ရနိုင်သမျှသောနည်းလမ်းများကို ရှာဖွေ၍စားသုံးသူဆိုင်ရာအခွင့်အရေးနှင့် တာဝန်ယူတတ်မှု ကျင့်ဝတ်များကိုဝေမျှ အသိပေး
သွားကြမည်ဖြစ်ပါသည်။ ထိုနည်းတူစားသုံးသူပြည်သူများအနေဖြင့် သတိမူသင့်သော ဘေးအန္တရာယ်များကိုလည်းတစ်ချိန်တည်းတွင် ဖော်ထုတ်တားဆီးနိုင်ရန်
ဆောင်ရွက်သွားမည်ဖြစ်ပါသည်။အများနှင့်သက်ဆိုင်သောလူမှုရေးလုပ်ငန်းများအပေါ်တွင် နားလည်မှု အယူအဆလွဲမှားစွာဖြင့် သံသယလက်ကိုင်ထားသောကိုယ်ကျိုးရှာသူများလည်း ရှိနိုင်သဖြင့် ကျွန်ုပ်တို့ဆောင်ရွက်လျှက်ရှိသည့် ပရဟိတလုပ်ငန်းများပေါ်တွင် မိမိတို့၏လုပ်ပိုင်ခွင့်ကိုအလွဲအသုံးပြု၍ဟန့်တား
လမ်းလွှဲပစ်လိုသူများရှိပါကလည်း ကျွန်ုပ်တို့အနေဖြင့် စားသုံးသူပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် လက်တွဲပြီး ပူပေါင်းပါဝင်လာနိုင်ရေးကို စည်းရုံးဖန်တီးပြင်ဆင်ပေးကာ
အမြင်ကြည်လင်စွာဖြင့် အားပေးကူညီလာနိုင်ရန် လေးစားချစ်ခင်စွာဖြင့် လက်ကမ်းကြိုနေမည်ဖြစ်ပါသည်။
ြ
မန်မာနိုင်ငံစားသုံးသူများသမဂ္ဂသည် (Consequences of poverty) ဆင်းရဲနုံချာခြင်း၏ နောက်ဆက်တွဲရလဒ်များကြောင့်ဖြစ်တတ်သည့် ဆင်းရဲချမ်းသာ ကွာဟမှု၊
ပညာအသိတရားကွာဟမှု၊ တရားမျှတမှုမရှိမှုများကိုအသိပြုမိပြီး ပြုပြင်ပေးလိုသည့် အသိပညာရှင်အတတ်ပညာရှင်များ၊ အတွေ့အကြုံရင့်ကျက် သူများ၊ ကိုယ်ကျိုးမရှာသောစေတနာရှင်အစစ်အမှန်များ၊ အထူးလိုအပ်နေသော နိုင်ငံတော်ကြီး ပြန်လည်တည်ဆောက်ပြုပြင်ရေးခရီးတွင် စေတနာရှင်များစုစည်း၍ စားသုံးသူများဆိုင်ရာအသိပညာပေးရေးလုပ်ငန်းစဉ်များကိုဖော်ဆောင်ကြိုးပမ်းလုပ်ဆောင်ကြခြင်းဖြစ်ပါသည်။
 ဤလုပ်ငန်းများသည် လူသားတိုင်းနှင့်ဆိုင်သော လူမှုရေးလုပ်ငန်း ဖြစ်သဖြင့် ၀ိုင်းဝန်းပါဝင်ကြပါရန် ဖိတ်ခေါ်ပါသည်။ ပါဝင်လုပ်ဆောင်လိုသူများ လွယ်ကူစွာစုစည်းဆွေးနွေးအကြံပြုနိုင်ရန် နေရာတစ်ခု၊ စင်မြင့်တစ်ခုကို ကျွန်ုပ်တို့ကဖန်တီးပေးခြင်းမျှသာဖြစ်ပြီးအရည်အချင်းရှိ၍စေတနာမှန်သူများကို နေရာပေးထောက်ခံကူညီပံ့ပိုးရန် အဓိကစုစည်းကြခြင်းဖြစ်ပေသည်။
 စားသုံးသူများ၏အရေးကို ဆောင်ရွက်ပေးသည့် လုပ်ငန်းသည် ကြီးမားကျယ်ပြန့်သော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း နားလည်လက်ခံကြသော လူအများစုသည်လည်း ကြီးမားသောဝန်ထုတ်ဝန်ပိုးဖြစ်၍အစပြုပင့်တင်ထမ်းပိုးရန် မ၀ံ့မရဲဖြစ်နေသကဲ့သို့ မိမိတို့ရှိပြီးသား ၀န်ထုတ်ဝန်ပိုးများကြောင့်လည်း အစပြု ပါဝင်နိုင်ခြင်းမရှိကြပါ။ သို့ရာတွင် ခေတ်တစ်ခေတ်၏ပေးအပ်လာသောတာဝန် အဖြစ် ခံယူလျှက် လူအများကမိမိတို့၏ ကိုယ်ပိုင်စားသုံးသူအခွင့်အရေးများကို သိရှိပြီးကာကွယ်နိုင်ရန်အတွက်သာမက အခြားသောစားသုံးသူများ၏
အခက်အခဲ ပြဿနာများ၊ အခွင့်အရေးချိုးဖျက်ခံရမှုများမှ လွတ်ငြိမ်း၊ ကင်းဝေးအောင် ကူညီ ဆောင်ရွက်ပေးသူများပေါ်ပေါက်ပွားများလာစေရန် ရည်ရွယ်၍ဤမြန်မာနိုင်ငံ
စားသုံးသူများသမဂ္ဂကိုဖွဲ့ စည်းကြခြင်းလည်းဖြစ်ပါသည်။
သမာအာဇီဝနှင့် အဂတိတရားဆိုသည့်စကားကို ကြားရုံမျှဖြင့် ရင်ခုန်သံမြန်၍ သွေးခုန်နှုန်းမြင့်သွားသူများ၏လက်တွင်းတွင် လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်စီရင်ပိုင်ခွင့်များရှိနေကြသည်ကိုသတိပြု၍ ပြောင်းလဲပြုပြင်ခြင်းကို လိုလားစွာဆောင်ရွက်နေကြသောနိုင်ငံတော်ခေါင်းဆောင်ကြီးများ၏ လူထုဗဟိုပြုဖွံ့ဖြိုးရေးမူဝါဒကို ကျွန်ုပ်တို့စားသုံးသူပြည်သူတစ်ရပ်လုံးက၀ိုင်းဝန်း၍ အောင်မြင်စွာ အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့အဖွဲ့ က ခံယူချက်မှန်ကန်စွာဖြင့် ရပ်တည် လှုပ်ရှား ပါဝင်ကြမည်ဖြစ်ပါသည်။
စားသုံးသူများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုတိကျသေချာစွာမြှင့်တင်အကောင်အထည်ဖေါ်နိုင်မှသာ နိုင်ငံသားများ၏ လူနေမှုဘ၀အဆင့်အတန်းဖွံ့ဖြိုးမြှင့်မားစေမည်ဖြစ်ပါသည်။
နိုင်ငံတကာအဆင့်မြင့် ကူးလူးဆက်ဆံကုန်သွယ် ဖောက်ကားသွားလာကြရာတွင် အသိပညာအားနည်းပါက တန်းတူရည်တူ ဆက်ဆံခွင့်များ နည်းပါးဆုံးရှုံး၍မမျှမတဆက်ဆံခံရမှု၊နစ်နာထိုခိုက်မှုများ ခံစားရမည်ဖြစ်ပါသည်။
 ကုန်ထုတ်စွမ်းအား (Productivity) တိုးတက်မြင့်မားရေးသည် စားသုံးသူများ၏ အခွင့်အရေးနှင့် အပြန်အလှန်အကျိုးပြုပါသည်။ ကောင်းကောင်းစား၊ ကောင်းကောင်းနေ၊ကောင်းကောင်းသွားနိုင်မှသာ ကောင်းစွာအလုပ်လုပ်နိုင်ကြပြီးကုန်ထုတ်စွမ်းအားတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါသည်။ ကုန်ထုတ်စွမ်းအားမကောင်းပါက နိုင်ငံလည်းချွတ်ခြုံကျလာပြီး ဆင်းရဲမွဲတေမှုမှသည် နိုင်ငံသားစားသုံးသူများ၏ အခွင့်အရေးများလည်း ဆုံးပါး သွားမည်ဖြစ်ပါသည်။ လူနေမှုဘ၀အဆင့်အတန်း (Quality of Life) မြင့်မားစွာ ခံစားနေထိုင် ကြသော တိုင်းပြည်နိုင်ငံများတွင် စားသုံးသူတနည်းအားဖြင့် သုံးစွဲသူများ၏ အခွင့်အရေးများကိုနိုင်ငံသားတိုင်းအထူးတန်ဖိုးထား ဂရုစိုက်ကြ၊ တာဝန်သိတတ် ကြရပါသည်။
 ကျွန်ုပ်တို့ပြည်ထောင်စုကြီးကို ဒီမိုကရေစီထွန်းကားပြီး ကမ္ဘာ့အလယ်တွင် ထည်ဝါစွာရပ်တည်နိုင်ရန် စားသုံးသူများ၏ အခွင့်အရေးများကို ထင်သာမြင်သာရှိမှု၊တရားဥပဒေစိုးမိုးမှုစသည့် အလေ့အကျင့်ကောင်းများဖြင့် ပြုပြင်တည်ဆောက်ရာတွင်  အဓိကမဖြစ်မနေပါဝင်ရမည့်သူများဖြစ်သည့်
   (၁)  နိုင်ငံတော်အစိုးရနှင့်နိုင်ငံ့ဝန်ထမ်းများ၊
    (၂)  အစိုးရမပါသောလူထုအခြေပြုအရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ
    (၃)  စားသုံးသူ၊ သုံးစွဲသူများကိုယ်တိုင်နှင့်
    (၄)  စီးပွားရေးလုပ်ငန်းရှင်များ...  ညီညွှတ်မျှတစွာနားလည်မှုရှိစွာ ပူးပေါင်းပါဝင်ရန် အထူးလိုအပ်ပါသည်။
 အထက်ပါအဖွဲ့ အစည်း (၄) ရပ်တွင် ပါဝင်ပတ်သက်နေသူများသည်လည်း တစ်ချိန်မဟုတ်တစ်ချိန်တွင် စားသုံးသူအမှန်ဖြစ်နေသောကြောင့် အားလုံးနှင့်သက်ဆိုင်သောတရားမျှတသောစံချိန်စံညွှန်းများကိုရရှိခံစားနိုင်ရန် မိသားစုစိတ်ဓာတ်ဖြင့် အစွမ်းကုန်ဝိုင်းဝန်းဖော်ဆောင်ကြရန် လိုအပ်ပါသည်။
 ကျွန်ုပ်တို့မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂသည် အောက်ပါ အခြေခံအခွင့်အရေး (၄)ရပ်ကို စားသုံးသူများအဓိကထား ခံစားခွင့်ရှိရမည်ဟု ခံယူပါသည်။
    (၁)  ဘေးအန္တရာယ်ကင်းရှင်းစွာစားသောက်သုံးစွဲနိုင်ခွင့်
    (၂)  တန်ဖိုး၊ ဈေးနှုန်း၊ အမျိုးအစားရွေးချယ်ပိုင်ခွင့်
    (၃)  စားသောက်သုံးစွဲရမည့်ပစ္စည်းအကြောင်းအသေးစိတ်ဂဃနဏ ပြည့်စုံစွာသိရှိခွင့်
    (၄)  စားသုံးသူများ၏ အသံနှင့် မကျေနပ်မှုများကိုသက်ဆိုင်ရာ တာဝန်ရှိသူများထံ လွတ်လပ်စွာအသိပေးထုတ်ဖော်ပြောဆိုခွင့်… တို့ဖြစ်ပါသည်။
ဤခံယူချက်အားဖော်ဆောင်ရန်အတွက် နိုင်ငံတ၀ှမ်းလုံးရှိ ပြည်သူ တစ်ရပ်လုံးအား စားသုံးသူဆိုင်ရာအသိပညာများ ဝေမျှဖလှယ်နိုင်ရန်အတွက် စုစည်းတည်ထောင်ကြခြင်းဖြစ်ပြီး
စေတနာနှင့်ဆန္ဒတူညီသူများအားလုံး မိသားစုစိတ်ဓာတ် ဖြင့် အစွမ်းကုန်ဝိုင်းဝန်းဖေါ်ဆောင်ကြရန်အတွက် ဤအဖွဲ့ နှင့် ဆက်သွယ်လက်တွဲ ကြပါရန် မေတ္တာရပ်ခံဖိတ်ခေါ်အပ်ပါသည်။
https://www.facebook.com/notes/myanmar-consumers-union-mcu/%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%9E%E1%80%AD%E1%80%B1%E1%80%85%E1%80%9E%E1%80%AC%E1%80%B8/551032054915940 မှကူးယူဖော်ပြပါသည်။
နှလုံးသားဒိုင်ယာရီ (၂၂)
$
0
0
၂၀၀၂ခုနှစ်၊မတ်လ
အေးရွာသို့သတင်းဆိုးတစ်ခုဝင်ရောက်လာခဲ့ပြန်သည်။ ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ဦးမှ “အကိုရေ ရန်ကုန်မြို့ထဲမှာတော့ အခြေအနေတွေက ယောက်ယက်ခတ်နေပြန်ပြီဗျ” ဟုဆိုလာသော ကြောင့် ကျနော်ကလည်း “ဘာတွေဖြစ်ပြန်ပြီလဲဗျာ၊မထိတ်သာမလန့်သာရှိလိုက်တာ” ဟုဆိုလိုက် သောအခါ “ဒီလိုဗျ…ဒီလို ကျနော်တို့နိုင်ငံရဲ့အာဏာရှင်ဟောင်းကြီး ဦးနေ၀င်း ရဲ့သားမက်နဲ့မြေးတစ်စု ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ဖမ်းလိုက်ပြန်ပြီ” ဟုပြောလာသဖြင့် ကျနော်လည်းမဆီမဆိုင် မျက်ခုံးလှုပ် သွားရပြန်သည်။
ဒီလိုတိုင်းပြည်အခြေအနေမတည်ငြိမ်မှုကလည်း ကျနော့၏လုံခြုံရေးကိုရိုက်ခတ်လာ မည်ဖြစ်၍ ကျနော်ပိုမိုသတိထားနေထိုင်ခဲ့ရပါသည်။ ထိုအခြေအနေပေါ်မူတည်၍ ကျနော်အေးရွာတွင်ဆက်လက်ရပ်တည်လှုပ်ရှားရန် မဖြစ်နိုင်တော့ သောကြောင့် လှိုင်သာယာဖက်သို့မြားဦးလှည့်ရပြန်သည်။ ထိုအချိန်က လှိုင်သာယာမှာ စည်ကားလှ သည်တော့မဟုတ်၊လူနေအိမ်နှင့်လမ်း များမှာဖေါက်တုန်း၊ဆောက်တုန်းသာရှိနေသေးသည်။ လှိုင်သာ ယာရှိ မိတ်ဆွေတစ်ဦးအိမ်တွင်ခေတ္တ သွားရောက်တည်းခိုဖြစ်သည်။ မိတ်ဆွေ၏ကူညီပံ့ပိုးမှုကြောင့် ဧည့်စာရင်းကိစ္စနှင့်တကွ အစစအရာရာ အဆင်ပြေခဲ့ရသည်။
မတ်လ(၂၇)ရက်၊(၅၇)နှစ်မြောက်၊တော်လှန်ရေးနေ့ဖြစ်မည်ဟုထင်သည်။ စစ်ရေးပြအခမ်းအနား ပြီးဆုံးပြီးနောက်တွင်တော့ မြို့တွင်းအခြေအနေတို့မှာတင်းကြပ်မှုမရှိတော့သောကြောင့် ကျနော်လည်း နေထိုင်သွားလာရလွယ်ကူသွားသည်။ ၂၀၀၂ခုနှစ်၊မတ်လ(၂၇)ရက်နေ့ည သတင်းနားထောင်စဉ် BBC သတင်းဌာနမှပြည်ပရောက်တပ်မတော်သားများဖြင့်ဖွဲ့စည်းတည်ထောင်ထားသော မြန်မာနိုင်ငံမျိုးချစ် စစ်သည်ဟောင်းများအစည်ွးဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့သည်။
နောက်တစ်နေ့ကျနော်လည်းလုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကိုဆက်လက်လုပ်ဆောင် ရင်း တာဝန်ပြီးဆုံးပြီဖြစ်သောကြောင့် နောက်ကြောင်းပြန်ခေါက်ရန်စီစဉ်ရပြန်သည်။ စော်ဘွားကြီး ကုန်း အဝေးပြေးယာဉ်ရပ်နားရေးစခန်းတွင် တောင်ငူသို့ပြန်သွားမည့်ကားလက်မှတ်(၂)စောင် ဖြတ် လိုက်သည်။ ကျနော်၏အဖေါ်အဖြစ် နီးစပ်ရာလူငယ်တစ်ဦးလည်းလိုက်ပါမည်ဖြစ်သည်။ ကျနော်နှင့်လူငယ်လေးတို့နှစ်ဦး ည(၇း၃၀)နာရီတွင် စော်ဘွားကြီးကုန်းမှစတင်ထွက်ခွါလာရာ အခက်အခဲမကြုံရပဲ တောင်ငူမြို့သို့ မနက်(၄)နာရီကျော်ချိန်ခန့်တွင်ကားဆိုက်ရောက်ခဲ့သည်။ တောင် ငူမြို့သို့ရောက်သည်နှင့် ကျနော်တို့နှစ်ဦး ဆိုက္ကားငှား၍ စစ်တောင်းတံတားအလွန် ရပ်ကွက်သို့ရောက် ရှိခဲ့ကြသည်။ ထိုရပ်ကွက်ထဲတွင် တော်လှန်ရေးအဖွဲ့အစည်းများရှိနေသောကြောင့်ဖြစ်သည်။ ကျနော် ရောက်သည်နှင့်ခြံဝင်းအတွင်းရှိလူတစ်ယောက်ကို စကားဝှက်ပြောပြလိုက်သည်နှင့် အိမ်ထဲသို့တန်း၍ ၀င်ခွင့်ရခဲ့သည်။ အိမ်နှင့်ခြံမှာအတော်လေးကျယ်ဝန်းပြီး ကားသုံးလေးစီးခန့်ရှိနေသည်။ ကျနော်တို့ အတွက် အပေါ်ထပ်ရှိအခန်းတစ်ခန်းတွင်နေရာချထားပေးကြသည်။ ကျနော်ခေါ်ဆောင်လာသော လူငယ်လေးမှာ ကျနော့အကြောင်းကိုသေချာဂဏမသိ၊နွားကုန်သည်တစ်ဦးအဖြစ်သာသိထားသည်။
သူ့မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်အတွက်ကျနော်နှင့်အလုပ်အတူလုပ်ရန်လိုက်လာခဲ့ခြင်းသာ ဖြစ်သည်။ ကျနော်တို့နှစ်ဦးတည်းခိုသောအိပ်ခန်းအတွင်းရှိစစ်သုံးဆက်သွယ်ရေးစက်များနှင့်လက်နက် ငယ်အချို့ကိုလူငယ်လေးမြင်သွားသည်နှင့်အတော်လေးအနေကြပ်သွားပုံရသည်။ သူ့နှုတ်မှတစ်ခွန်းမှ စကားမဆိုလာသောကြောင့်ကျနော်လဲအမှုမဲ့အမှတ်မဲ့နေလိုက်မိသည်။ ညနေပိုင်းထမင်းစားချိန်နီး သောကြောင့် ရေချိုးပြီးထမင်းစားရန်သူ့ကိုပြောလိုက်မိသည်။ သူကလည်း “ဟုတ်ကဲ့ပါအကို၊ ရေမချိုး ခင် ကျနော်ဆေးလိပ်သွားဝယ်လိုက်အုံးမယ်” ဟုပြောကာ အိမ်အပြင်သို့ထွက်သွားလေတော့သည်။
အချိန်အတော်လင့်သည့်တိုင် ပြန်မလာသောကြောင့် သူ့ပစ္စည်းများကိုသွားရောက်ကြည့်ရှုသော် လည်းမူမပျက်ရှိနေဆဲ၊ ကျနော်ဆက်၍စောင့်နေမိသည်။ မှောင်ရီပျိုးစအထိပြန်မရောက်သည့်အဆုံး ကျနော်နှင့်ထိုအိမ်မှမိတ်ဆွေများ မြို့တွင်းတွင် အပူတပြင်းလိုက်လံရှာဖွေကြသော်လည်းမတွေ့ရတော့ ပေ။ နောက်ဆုံး အဝေးပြေးကားဂိတ်သို့သွားရောက်စုံစမ်းမှ ထိုလူငယ်မှာအ၀တ်တစ်ထည်၊ကိုယ်တစ်ခု နှင့် ရန်ကုန်သို့ကားနှင့်ပြန်လည်ထွက်ခွာသွားကြောင်းသိရတော့သည်။ တောင်ငူမြို့၌ သုံးရက်ခန့်ကြာ သောအခါ ကျနော့ကိုလာရောက်ကြိုမည့်ကားရောက်လာခဲ့သည်။ ထိုကားလေးနှင့်ပင် ယခင်ဆင်းလာ ခဲ့သည့်လမ်းအတိုင်း သံတောင်-ယာတို-လိပ်တိုမှတဆင့် လွိုင်ကော်-နောင်ယားသို့ပြန်လည်ထွက်ခွာ လာခဲ့သည်။
လွိုင်ကော်ရောက်တော့ ညနေစောင်းလုရှိနေပြီ။ တွေ့ဆုံစရာရှိသည့်မဟာမိတ် ခေါင်း ဆောင်များနှင့်တွေ့ဆုံပြီးနောက် ဆက်လက်ခရီးထွက်ရန်ပြင်ဆင်ရပြန်သည်။ မဟာမိတ်ခေါင်းဆောင် များ၏ စီစဉ်ပေးမှုကြောင့် နာရီဝက်ခန့်အကြာ ဒီတီဆိုင်ကယ်တစ်စီးနှင့်လူတစ်ယောက်ကျနော့ထံ ရောက်လာခဲ့သည်။ ကျနော်သွားလိုသည့်နေရာသို့ ပို့ဆောင်ပေးရန်ညွှန်ကြားထားကြောင်း ရှင်းပြလေ သည်။ ကျနော်လည်း ခေါင်းဆောင်များကိုနှုတ်ဆက်ပြီး ဆိုင်ကယ်နှင့်ပင်ဆက်လက်ခရီးထွက်ခွာလာခဲ့ သည်။
လိုအပ်သည့်ဆိုင်ကယ်ဆီကိုတော့ ပါကန်းရှိသူတို့ရုံးစိုက်ရာနေရာတွင်သွားရောက် ဖြည့်ထည့်ခဲ့ သည်။ ကျနော်လည်းဆိုင်ကယ်နောက်မှာထိုင်ရင်း မောင်းနှင်ရမည့်လမ်းကြောင်းများကို ညွှန်ပြမောင်း နှင်ခိုင်းရသည်။ ဖရူဆိုးမြို့သို့မရောက်မီ “ဒေါလောခူ” ရွာထဲသို့ ပို့ဆောင်ခိုင်းခဲ့ရသည်။ ရွာလူကြီးအိမ် ရှေ့ဆိုင်ကယ်ရပ်သည်နှင့် ရွာလူကြီးလည်း ထွက်၍ကြည့်ရာ ကျနော့ကိုမြင်လိုက်သည်နှင့်အားရ၀မ်း သာ “ မြာဖုကာသိုရ” ဗမာခလေးပြန်လာပြီဟု ကယားဘာသာဖြင့်လှမ်း၍နှုတ်ဆက်လိုက်သည်။ ကျ နော်တို့နှစ်ဦးကို အိမ်ထဲသို့ဖိတ်ခေါ်ရင်း ခေါင်ရည်နှင့်ယုန်သားဖြင့်ကျွေးမွေးဧည့်ခံလေသည်။ ဆယ့်ငါး မိနစ်ခန့်အကြာ ကရင်နီတပ်မတော်မှစစ်သည်(၂၀)ခန့်ရောက်လာတော့လေသည်။
 ထိုအခါ ကျနော့ အား လိုက်ပါပို့ဆောင်သည့်မိတ်ဆွေက “အကိုက အဖွဲ့အစည်းကဆိုတာ ပြောပါလားဗျာ၊ ကျနော် လည်းအထက်ကခိုင်းလို့သာပို့ပေးရတယ်၊ဘာမှန်းမသိဘူး။ အခုမှပဲသဘောပေါက်တော့တယ်” ဟုဆို လိုက်သောကြောင့် အားလုံးကပြုံးပြီး သူ့ကိုကြည့်လိုက်ကြသည်။
ကျနော်ကလည်း “ဒီလိုပဲပေါ့ဗျာ ကိုယ့်နေရာ၊ကိုယ့်ဒေသမရောက်မချင်း သက်ပြင်းကောင်းကောင်းတောင် ဘယ်ချရဲပါ့မလဲဗျာ၊ အမှန် အတိုင်းပြောရရင် အခုမှပဲ အသက်၀၀ရှူရတော့တယ်” ဟုဆိုလိုက်သည်နှင့် ရွာလူကြီးမှလည်း“မြာဖု ရယ်၊ငါ့မလဲနင်အဖမ်းခံရရင်လည်း ဒုက္ခ၊ အခုပြန်ရောက်လို့အစိုးရကသိရင်လဲ ဒုက္ခ၊ ဘယ်နေရာမှကို မလွတ်ဘူး၊ ငါ့မှာ ကျွဲနှစ်ကောင်ကြားက မြက်ထက်ဆိုးပါတယ် ဟယ်” ဟုငြီးတွား လိုက်လေသည်။
 ဆက်ပါအုံးမည်။
အုပ်ကြီးဖေ
28.01.3014
သိကြားမင်း Format ပြန်ချလိုက်တဲ့ တိုင်းပြည် ~~~ အပိုင်း ( ၁ + ၂ )
$
0
0
Photo: ~~~ သိကြားမင်း Format ပြန်ချလိုက်တဲ့ တိုင်းပြည် ~~~ အပိုင်း ( ၁ + ၂ )  ခုတလော မိုးကုန်ခါနီးတော့ ရာသီဥတုက နည်းနည်းပူလာပြီလေ။ ဒီတော့ နတ်တို့အရှင် သိကြားမင်းလည်း ရာသီဥတုဒဏ်ခံနိုင်ဖို့ Aircon လေးဖွင့် နတ်သဘင်အစည်းအဝေးလေးတွေလည်း နည်းနည်းအားတုန်း ဆော့လက်စ candy crash လေးဆက်ဆော့ဖို့ Obama ပေးထားတဲ့ Ipad လေးဖွင့် မလို့လုပ်တုန်းပဲ ရှိသေးတယ် ဟိုဘက်က Mac book မှာ alert ကမြည်လာပြန်ပါရောလား ...  အရင်ခေတ်ကဆို တစ်ခုခုဆို ကျောက်ဖျာကပူပြီးတင်းလာတာလေ။ အခုခေတ်ကျတော့ ကိစ္စတွေကလည်းများတော့ ကြာရင် ကျောက်ဖျာက အပူဒဏ်ကြောင့် သိကြားမီးဖုတ် ဖြစ်တော့မယ်။ ဒါကြောင့်ဟိုတလောက The secretary လို့ နာမည်ကြီးတဲ့ ဟီလာရီနဲ့ တွေ့တုန်း ကျောက်ဖျာမှာ thermal senser တပ်ပြီး Mac book မှာ Noti ယူထားလိုက်ရတယ်။ အဲဒီကိစ္စတွေတာဝန်ယူဖို့ ဟို စတိဂျော့ ဆိုတဲ့ ငတိလေးကို နတ်ပြည် စောခေါ်လိုက်ရတာပေါ့ဗျာ။  Noti တက်သမျှ မှာ ကျောက်ဖျာတင်းရင် ဗေဒင်မမေးနဲ့ မြန်မာပြည်ကပဲ။ အမှု တကယ်များတဲ့ နိုင်ငံပေပဲ။ အခုလည်း ဟိုထိပ်ပြောင်ပြောင်နဲ့ သမ္မတသူငယ် တူလေး ထောင်ပြလိုက်တာ တဒိန်းဒိန်းနဲ့ ဟိုနားဒီနား ဗျောက်အိုးတွေကွဲလို့တဲ့ နိုတီတက်တာ .....  မဖြစ်ချေတော့ဘူး၊ သိကြား PA ငတိလေး Mတလိ ( မာတလိ Rဇာနည်ပွဲသွားကြည့်ပြီး ပြန်လာကတည်းက အာ့လိုဖြစ်သွားတာ )  ကို မြန်မြန်ခေါ် နတ်သဘင် meeting အမြန်ကျင်းပပြီးမြန်မာပြည်အရေး ဆွေးနွေး မှဖြစ်တော့မယ်။  ဟာဘားနား ဆေးပြင်းလိပ်လေးဖွာရင်း  စဉ်းစား နေလိုက်တယ်။ မြန်မာပြည်ကို ဘာလုပ်လိုက်ရင်ကောင်းမလဲ ...?  အကြိတ်အနယ် စည်းဝေးပြီးတဲ့နောက်မှာတော့ နတ်သဘင် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကညီညီညာညာ တစ်ခု တည်းပဲ .......  မြန်မာပြည်ကို Format ချပစ်လိုက်တော့မယ် ......  " ကဲ Mတလိ ! "  " ဖျာ့ ..... "  " ရော့ ! ငါ့ Ipad ယူသွား၊ မြန်မာပြည်ကို format ချဖို့ နင်ပဲလုပ်လိုက်တော့ "  " တပည့်ကြီးက အိုင်စီးရီး မသုံးတတ်ဘူး ဖျာ့ , တော်ကြာ တလွဲတွေဖြစ်ကုန်ဦးမယ် "  " ရအောင်လုပ် တတ်အောင်သုံး ! ပြောသားပဲ ဆမ်ဆောင်း တွေမကိုင်ပါနဲ့ဆို၊ ငါ မအားဘူး ဆီးရီးယား Report တွေဖတ်ရဦးမယ် "  ပေးလာတဲ့ တာဝန်ငြင်းရိုး Mတလိ တို့ရာဇဝင် မှာရှိမှ မရှိတာ ... ရအောင် လုပ်ပြလိုက်မယ်။ Software ကိုဖွင့် မြန်မာပြည်ကို ရွေးပြီး format အချမှာ apple touch က တော်တော်ပေါ့တော့ format rate အရွေးမှာ တော်တော်များသွားမှန်းတော့ သိလိုက်တယ်၊ မရတော့ဘူး လက်လွန်သွားပြီ ......  အပိုင်း ( ၂ )  Format ချ လက်လွန်ပြီးနောက်ပိုင်း မြန်မာပြည်တွင်ကား ..........  ညနက်နက် သန်းခေါင်ကျော် ၂နာရီခန့်တွင် ကျောင်းဆရာလေး မောင်အေကေ တစ်ယောက် နိုးလာလေ၏။ ရင်ထဲတွင်ပူနေ၏။ တစ်ခါမှမခံစားဖူးသောအပူ။ ရေအေးအေးလေး တစ်ခွက်သောက်လိုက်သော်ငြား မရ၊ ပိုပူလာ၏။ ကတုန်ကယင် ဖြစ်လာ၏။   ဘယ်လိုမှ မခံနိုင်တော့သည့် အဆုံး ကုတင်ပေါ်ပြန်လှဲချ လိုက်၏။ လက်က ခေါင်းရင်းမှ တစ်သက်လုံး မခြစ်ဖြစ်သည့် စာအုပ်ပုံကိုသွားထိမိလိုက်၏။ ရင်ထဲ အေးကနဲ ...  ဟုတ်တယ်... အေးကနဲ ...  ဘာဆက်လုပ်ရမှန်းမသိသည့်အတူတူ စာအုပ်ပုံလေးကို ကိုင်ထားလိုက်ရသည်။ အခုမှ နေသာထိုင်သာရှိသွားသလို ... မထူးတော့သည့် အတူတူ စာအုပ်၁အုပ် ကိုဆွဲ၍ အမှတ်ခြစ်လိုက်၏ ... ခံစားရသမျှ ဝေဒနာတွေ ပျောက်ကင်းသွားသည် ...  ဒီလိုနှင့် ညနက်နက် အခန်းကျဉ်းလေးထဲတွင် ကျောင်းဆရာလေး တစ်ယောက် စာအုပ်ကိုပစ်ချလိုက် ရင်ဝကိုမီးစထိုးသလို ပူလာလိုက်၊ စာအုပ်ပုံကို ဆွဲယူ အမှတ်ခြစ်လိုက်ဖြင့် လုံးချာလည်လိုက်နေလေတော့သည်။ နောက်တစ်ယောက်ကား .....  ညက သောက်တာများသွားသဖြင့် သုရှင် တစ်ယောက် အိပ်ရာထ နောက်ကျလေတော့သည်။ အိပ်ရာနိုးကတည်းက ရင်ကပူနေလေ၏ .... ဘာလုပ်ရမှန်းမသိသည့်အတူတူ ဖြေမှ ရမယ်ဟုတွေးကာ double black ပုလင်းဆီလက်က လှမ်းလိုက်လေ၏  ပုလင်းကိုထိလိုက်သည်နှင့် မျက်လုံးတွေပင် ပျာတက်လာ၏။ မရ ... ဘယ်လိုမှမရ ... နောက်ဆုံး ပုလင်းကို သရဲသဘက်ကဲ့သို့ကြည့်ကာ နောက်သို့ အဆုတ် ဘယ်တုန်းကမှ မကျက်ဖြစ်သည့် စာအုပ်ပုံကို လက်နှင့်ထိထားမှ ကို ဝေဒနာက သက်သာတော့၏ ... နောက်ဆုံး တစ်ခန်းလုံးမှဘီယာ၊ အရက်ဘူးခွံပုလင်းခွံများကို လွှင့်ပစ်ကာ အမည်မသိ ဝေဒနာ သက်သာစေရန် သုရှင်တစ်ယောက် စာအုပ်တွေကိုင်ကာ နေ့မနား ညမနား စာကျက်လေတော့၏  ထိုနေ့မနက်တွင်ပင် Company တစ်ခုမှ computer ပညာရှင်ကလေး မင်းထက်သာ သည် ရုံးသို့အရောက် လူကြီးများလစ်နေကြောင်း သိလိုက်ရသဖြင့် Facebook ဖွင့် ကာ သူ့ တဲယေး နှင့် chat ရန်ပြင်ဆင်လိုက်စဉ် ရင်ထဲက ထိုးအောင့်လာ၏ ..... မရတော့ ဘယ်လိုမှ တဲယေး ကိုသူ အဖက်မလုပ်နိုင်တော့။ ဒီလိုနှင့် နောက်ဆုံးတွင်  Company တစ်ခုလုံးမှ အနှစ်နှစ်ပစ်ထားခဲ့သမျှ အလုပ်တွေကို ထိုင်လုပ်ရသည့် ဘဝရောက်သွားလေတော့၏ ......  ထိုနေ့မှ စ၍ မြန်မာပြည်တွင် ........  မျိုးအိမ်ဇန်   ( ဇာတ်သိမ်းပိုင်း ဆက်တင်ပါမည် )  photo - အဂ္ဂမဟာ သိကြားမင်း
photo - အဂ္ဂမဟာ သိကြားမင်း 
ခုတလော မိုးကုန်ခါနီးတော့ ရာသီဥတုက နည်းနည်းပူလာပြီလေ။ ဒီတော့ နတ်တို့အရှင် သိကြားမင်းလည်း ရာသီဥတုဒဏ်ခံနိုင်ဖို့ Aircon လေးဖွင့် နတ်သဘင်အစည်းအဝေးလေးတွေလည်း နည်းနည်းအားတုန်း
ဆော့လက်စ candy crash လေးဆက်ဆော့ဖို့ Obama ပေးထားတဲ့ Ipad လေးဖွင့် မလို့လုပ်တုန်းပဲ ရှိသေးတယ် ဟိုဘက်က Mac book မှာ alert ကမြည်လာပြန်ပါရောလား ...
အရင်ခေတ်ကဆို တစ်ခုခုဆို ကျောက်ဖျာကပူပြီးတင်းလာတာလေ။ အခုခေတ်ကျတော့ ကိစ္စတွေကလည်းများတော့ ကြာရင် ကျောက်ဖျာက အပူဒဏ်ကြောင့် သိကြားမီးဖုတ် ဖြစ်တော့မယ်။ ဒါကြောင့်ဟိုတလောက The secretary လို့ နာမည်ကြီးတဲ့ ဟီလာရီနဲ့ တွေ့တုန်း ကျောက်ဖျာမှာ thermal senser တပ်ပြီး Mac book မှာ Noti ယူထားလိုက်ရတယ်။ အဲဒီကိစ္စတွေတာဝန်ယူဖို့ ဟို စတိဂျော့ ဆိုတဲ့ ငတိလေးကို နတ်ပြည် စောခေါ်လိုက်ရတာပေါ့ဗျာ။
Noti တက်သမျှ မှာ ကျောက်ဖျာတင်းရင် ဗေဒင်မမေးနဲ့ မြန်မာပြည်ကပဲ။ အမှု တကယ်များတဲ့ နိုင်ငံပေပဲ။ အခုလည်း ဟိုထိပ်ပြောင်ပြောင်နဲ့ သမ္မတသူငယ် တူလေး ထောင်ပြလိုက်တာ တဒိန်းဒိန်းနဲ့ ဟိုနားဒီနား ဗျောက်အိုးတွေကွဲလို့တဲ့ နိုတီတက်တာ .....
မဖြစ်ချေတော့ဘူး၊ သိကြား PA ငတိလေး Mတလိ ( မာတလိ Rဇာနည်ပွဲသွားကြည့်ပြီး ပြန်လာကတည်းက အာ့လိုဖြစ်သွားတာ )
ကို မြန်မြန်ခေါ် နတ်သဘင် meeting အမြန်ကျင်းပပြီးမြန်မာပြည်အရေး ဆွေးနွေး မှဖြစ်တော့မယ်။
ဟာဘားနား ဆေးပြင်းလိပ်လေးဖွာရင်း
စဉ်းစား နေလိုက်တယ်။ မြန်မာပြည်ကို ဘာလုပ်လိုက်ရင်ကောင်းမလဲ ...?
အကြိတ်အနယ် စည်းဝေးပြီးတဲ့နောက်မှာတော့ နတ်သဘင် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကညီညီညာညာ တစ်ခု
တည်းပဲ .......
မြန်မာပြည်ကို Format ချပစ်လိုက်တော့မယ် ......
"ကဲ Mတလိ ! "
"ဖျာ့ ..... "
"ရော့ ! ငါ့ Ipad ယူသွား၊ မြန်မာပြည်ကို format ချဖို့ နင်ပဲလုပ်လိုက်တော့ "
"တပည့်ကြီးက အိုင်စီးရီး မသုံးတတ်ဘူး ဖျာ့ , တော်ကြာ တလွဲတွေဖြစ်ကုန်ဦးမယ် "
"ရအောင်လုပ် တတ်အောင်သုံး ! ပြောသားပဲ ဆမ်ဆောင်း တွေမကိုင်ပါနဲ့ဆို၊ ငါ မအားဘူး ဆီးရီးယား Report တွေဖတ်ရဦးမယ် "
ပေးလာတဲ့ တာဝန်ငြင်းရိုး Mတလိ တို့ရာဇဝင် မှာရှိမှ မရှိတာ ... ရအောင် လုပ်ပြလိုက်မယ်။ Software ကိုဖွင့် မြန်မာပြည်ကို ရွေးပြီး format အချမှာ apple touch က တော်တော်ပေါ့တော့ format rate အရွေးမှာ တော်တော်များသွားမှန်းတော့ သိလိုက်တယ်၊ မရတော့ဘူး လက်လွန်သွားပြီ ......
အပိုင်း ( ၂ )
Format ချ လက်လွန်ပြီးနောက်ပိုင်း မြန်မာပြည်တွင်ကား ..........
ညနက်နက် သန်းခေါင်ကျော် ၂နာရီခန့်တွင်
ကျောင်းဆရာလေး မောင်အေကေ တစ်ယောက် နိုးလာလေ၏။ ရင်ထဲတွင်ပူနေ၏။
တစ်ခါမှမခံစားဖူးသောအပူ။ ရေအေးအေးလေး တစ်ခွက်သောက်လိုက်သော်ငြား မရ၊ ပိုပူလာ၏။ ကတုန်ကယင် ဖြစ်လာ၏။
ဘယ်လိုမှ မခံနိုင်တော့သည့် အဆုံး ကုတင်ပေါ်ပြန်လှဲချ လိုက်၏။ လက်က ခေါင်းရင်းမှ တစ်သက်လုံး မခြစ်ဖြစ်သည့် စာအုပ်ပုံကိုသွားထိမိလိုက်၏။ ရင်ထဲ အေးကနဲ ...
ဟုတ်တယ်... အေးကနဲ ...
ဘာဆက်လုပ်ရမှန်းမသိသည့်အတူတူ စာအုပ်ပုံလေးကို ကိုင်ထားလိုက်ရသည်။ အခုမှ နေသာထိုင်သာရှိသွားသလို ... မထူးတော့သည့် အတူတူ စာအုပ်၁အုပ် ကိုဆွဲ၍ အမှတ်ခြစ်လိုက်၏ ... ခံစားရသမျှ ဝေဒနာတွေ ပျောက်ကင်းသွားသည် ...
ဒီလိုနှင့် ညနက်နက် အခန်းကျဉ်းလေးထဲတွင် ကျောင်းဆရာလေး တစ်ယောက် စာအုပ်ကိုပစ်ချလိုက် ရင်ဝကိုမီးစထိုးသလို ပူလာလိုက်၊ စာအုပ်ပုံကို ဆွဲယူ အမှတ်ခြစ်လိုက်ဖြင့် လုံးချာလည်လိုက်နေလေတော့သည်။ နောက်တစ်ယောက်ကား .....
ညက သောက်တာများသွားသဖြင့် သုရှင် တစ်ယောက် အိပ်ရာထ နောက်ကျလေတော့သည်။ အိပ်ရာနိုးကတည်းက ရင်ကပူနေလေ၏ .... ဘာလုပ်ရမှန်းမသိသည့်အတူတူ ဖြေမှ ရမယ်ဟုတွေးကာ double black ပုလင်းဆီလက်က လှမ်းလိုက်လေ၏
ပုလင်းကိုထိလိုက်သည်နှင့် မျက်လုံးတွေပင် ပျာတက်လာ၏။ မရ ... ဘယ်လိုမှမရ ... နောက်ဆုံး ပုလင်းကို သရဲသဘက်ကဲ့သို့ကြည့်ကာ နောက်သို့ အဆုတ် ဘယ်တုန်းကမှ မကျက်ဖြစ်သည့် စာအုပ်ပုံကို လက်နှင့်ထိထားမှ ကို ဝေဒနာက သက်သာတော့၏ ... နောက်ဆုံး တစ်ခန်းလုံးမှဘီယာ၊ အရက်ဘူးခွံပုလင်းခွံများကို လွှင့်ပစ်ကာ အမည်မသိ ဝေဒနာ သက်သာစေရန် သုရှင်တစ်ယောက် စာအုပ်တွေကိုင်ကာ နေ့မနား ညမနား စာကျက်လေတော့၏
ထိုနေ့မနက်တွင်ပင် Company တစ်ခုမှ computer ပညာရှင်ကလေး မင်းထက်သာ သည် ရုံးသို့အရောက် လူကြီးများလစ်နေကြောင်း သိလိုက်ရသဖြင့် Facebook ဖွင့်
ကာ သူ့ တဲယေး နှင့် chat ရန်ပြင်ဆင်လိုက်စဉ် ရင်ထဲက ထိုးအောင့်လာ၏ .....
မရတော့ ဘယ်လိုမှ တဲယေး ကိုသူ အဖက်မလုပ်နိုင်တော့။ ဒီလိုနှင့် နောက်ဆုံးတွင်
Company တစ်ခုလုံးမှ အနှစ်နှစ်ပစ်ထားခဲ့သမျှ အလုပ်တွေကို ထိုင်လုပ်ရသည့် ဘဝရောက်သွားလေတော့၏ ......
ထိုနေ့မှ စ၍ မြန်မာပြည်တွင် ........
မျိုးအိမ်ဇန်
( ဇာတ်သိမ်းပိုင်း ဆက်တင်ပါမည် )
ကျွန်တော် ချစ်သော ကြယ် ၆ ပွင့်
$
0
0
"ရဲရင့်ခြင်းကိုနှစ်သက်ခုံမင်ကြသောစွန့် လွှတ်ခြင်းကိုရင်ဝယ်ပိုက်လျက် သေခြင်းတရားကိုစိန်ခေါ်ခဲ့ကြသော (သို့ မဟုတ်) ကျတော်သိပ်ချစ်သော ကျတော်အရမ်းလေးစားသော ထိုခြောက်ယောက်"
(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
(၃) အောင်ဆန်းသူရိယ လှသောင်း (၁၉၄၉) - တပ်သား (ကျဆုံး) / အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း
(၄) အောင်ဆန်းသူရိယ စောမြင့် (၁၉၅၁) - တပ်သား (ကျဆုံး) / အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း
(၅) အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁) - အရပ်သား (ကျဆုံး) / အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)
(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ်(၄)ခြေလျင်တပ်ရင်း
(၁) အောင်ဆန်းသူရိယ အေးချို
-----------------------------------
လူပုံကဖြူဖြူသေးသေး၊ ပျော်ပျော်နေတတ်သူတစ်ယောက်၊ဒါပေမယ့်ပျော့ညံ့ညံ့တစ်ယောက်တော့မဟုတ်ခဲ့ဘူး။
အမိနိုင်ငံအတွက် နောက်ဆုံးအသက်ထွက်ချိန်ထိ စွန့် လွှတ်ပေးဆပ်ခဲ့သူတစ်ဦးရယ်ပါ။
ဖြစ်စဉ်ကတော့ ၁၉၄၈ သြဂုတ်လအတွင်း ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိဖိုးသာအောင်ကုန်း တံတားတဘက်သို့အရောက်တွင် နတ္တလင်းတွင်တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ တပ်ရင်းမှူးဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်မျးပြားသောရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်
ခဲ့တယ်။ ရန်သူက အင်အားတစ်ထောင်ကျော်တယ်။ ဒါပေမယ့် ဗိုလ်မှုးအေးချိုရဲ့ တပ်ကိုဖောက်လို့ မရဘူး။ ဗိုလ်မှုးအေးချို ရဲ့ အမိန့် ကပြတ်တယ်
"ငါတို့ ဒီတံတားက ဆုတ်ခွာချိန်ဟာ ငါတို့ အသက်ခန္တာမဲ့ပြီးအချိန်ဖြစ်ရမယ် "တဲ့။ ဗကပတပ်တွေ တံတားကိုမရခဲ့ပါဘူး။ တပ်မတော်ရဲ့ စွန့် လွှတ်စွန်းစားစွာ ခုခံမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ဒါပေမယ့် တံတားမှုးဗိုလ်မှုးအေးချိုတစ်ယောက်ကတော့ စက်လက်ကို ပိုက်လျက် နိုင်ငံတော်အတွက် သူ့ ရဲ့ အသက်ခန္တာကိုပေးဆပ်ခဲ့တယ်။ ဒါကြောင့်မို့ လို့  နိုင်ငံတော်၏ရဲစွမ်းသတ္တိဆိုင်ရာ
အမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံးချီးမြှုင့်ခြင်းခံရသူဖြစ်ခဲ့တယ်။
(၂) အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း(သို့ မဟုတ်) အာဂလူ
----------------------------------------------------------------
ဗိုလ်တိုက်ချွန်းဟာ ချင်းအမျိုးသားတစ်ယောက်ဖြစ်တယ်။ ဘာမထီစိတ်ဓါတ်၇ှိတယ်။ ဘယ်ရန်သူကိုမှထီမထင်တတ်ဘူး။စိတ်ဓါတ်ပြင်းပြတယ်။ သေတွင်းထဲကခဏခဏထွက်လာခဲ့သူဖြစ်တယ်။
ရေခဲတိုက်လဲသူရောက်ဘူးတယ်။ သူ့ ကိုအများက သေရွာပြန်လို့ ခေါ်ကြတယ်။ ဗိုလ်မှုးကြီးတစ်ဦးကပြောဘူးတယ် ဗိုလ်တိုက်ချွန်းတို့ လိုလူတွေရှိခဲ့လို့ ငါတို့ ဗကပ ကိုနိုင်ခဲ့တာတဲ့။ဖြစ်စဉ်ကတော့ ၁၉၄၉ ခု ဧပြီလတွင် အင်းစိန်မြို့ကိုအခိုင်အမာစိုးမိုးထားသည့်
ကေအင်ဒီအိုများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင် ၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား ရန်သူတို့၏၀ိုင်းဝန်းပစ်ခတ်ခြင်းကို
ခံနေခဲ့ရတယ်။ အင်အား ပစ်အားများလွန်းတာကြောင့် ခေါင်းမဖော်ဝံ့ခဲ့ကြဘူး။ မလူးသာမလွန့် သာအခြေနေရောက်နေခဲ့ရတယ်။ အဲဒီအချိန်မှာ ရန်သူ့ ကြားထဲကို ဘရင်းဂန်းတစ်လက်နဲ့ ဝင်ပြီး မွှေနှောက်ပစ်ခတ်ကာ လက်ပစ်ဗုံးနဲ့ ရန်သူ့ အရေးကြီးနေရာတွေကို ၀င်လုံးခဲ့တဲ့လူတစ်ယောက် ကိုတွေ့ ခဲ့တယ်။ သူကတော့ ဗိုလ်တိုက်ချွန်းပါ။ အဲဒီပွဲမှာသူ့ ရဲ့ ရဲဝံ့ပြီး စွန့် လွှတ်စွန့် စားကာ ပေးဆပ်မှုကြောင့် ရန်သူတွေအထိနာပြီးဆုတ်ခွာခဲ့တဲ့အတွက် နိုင်ငံတော်က အောင်ဆန်းသူရိယ ဘွဲ့ တံဆိပ်ချီးမြှင့်ခဲ့ပါတယ်။
(၃) အောင်ဆန်းသူရိယ လှသောင်း
------------------------------------
လူပုံကဖြူဖြူသွယ်သွယ် အရပ်ရှည်ရှည်။ စိတ်သဘောထားအလွန်ကောင်းတဲ့ တပ်သားလေးတစ်ယောက်ပါ။ စိတ်ဓါတ်ကတော့ အံ့မခန်းလေးစားလောက်ပါတယ်။ အများအတွက် သူတစ်ယောက်သာအသေခံမယ်ဆိုတဲ့စိတ်ဓါတ်ပါပဲ။ ဖြစ်စဉ်ကတော့ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦးစစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ်ကိုဝိုင်းဝန်းတိုက်ခိုက်ရာ မှာ အင်အားမတန်တဆ ကွာဟလွန်းတာကတစ်ကြောင်း၊ ပစ်အားများလွန်းတာကတစ်ကြောင်း ကြောင့် မြန်မာ့တပ်မတော် ဆုတ်ခွာပေးခဲ့ရပါတယ်။ အောင်မြင်စွာ ဆုတ်ခွာနိုင်ဘို့ ဟန့် စစ်ဆင်ရန် လိုအပ်သော်လည်း မိမိဘက်က ဒဏ်ရာရစာရင်းမှာများလွန်းသောကြောင့် ဟန့် စစ်ဆင်ဘို့ တပ်စိတ်တောင် ထုတ်နှုတ်မရနိုင်တဲ့အခြေနေပါ။ ဒါပေမယ့် တပ်သားလှသောင်းဟာ အားလုံးဆုတ်ခွာနိုင်အောင် ဘရင်းဂန်းတစ်လက်နဲ့  စခန်းမှာ ကျည်တစ်တောင့်လူတစ်ယောက်ကျန်သည်အထိ သူတစ်ဦးတည်း
နောက်ချန်ကာ ခုခံပစ်ပေးခဲ့ပါတယ်။ မိမိတပ်ဟာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တပ်သားလှသောင်းကတော့ စခန်းထိပ်ကဘန်ကာမှာပဲ ဘရင်းဂန်းတစ်လက်ကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း တပ်မတော်သားတို့ ရဲ့ နောက်ဆုံးသစ္စာကို ပြသ သွားခဲ့ပါတယ်။ ဒါကြောင့် တပ်သားလှသောင်းကို နိုင်ငံတော်က သူရသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ တံဆိပ်ဖြစ်တဲ့
အောင်ဆန်းသူရိယဘွဲ့ ကိုချီးမြှင့်ခဲ့တယ်။
(၄) အောင်ဆန်းသူရိယ စောမြင့်
--------------------------------
ကရင်လူမျိုးတစ်ဦးဖြစ်တယ်။ စကားနည်းတယ် ။ အလုပ်နှင့်သာသက်သေပြတတ်တဲ့ ရဲဘော်တစ်ဦးဖြစ်တယ်။ စစ်တိုက်တော်တယ်။ အမိန့် နာခံမှုကောင်းတယ်။ စိတ်ဓါတ်ပြင်းပြတယ်။ ဒါကြောင့်မို့ လို့ သူ့ ကို သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် အရပ်သားစောဘရီနှင့်အတူ သွားရောက်ကယ်တင်ဘို့ အတွက် ကွန်မန်ဒိုအဖြစ်ရွေးချယ်ခဲ့တယ်။တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ၀ိုင်းဝန်းပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရုမထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို
ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ်ဗုံးဖြင့် အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။ ရည်မှန်းချက်ကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သူသာမက စွန့် လွှတ်စွန့် စားသောစိတ်ဓါတ်ကိုပါပြသခဲ့သော တပ်သားစောမြင့်ကို နိုင်ငံတော်က အောင်ဆန်းသူရိယ ဘွဲ့ ချီးမြှင့်ခဲ့တယ်။
(၅) အောင်ဆန်းသူရိယ စောဘရီ
-----------------------------------
ကရင်လူမျိုးတစ်ယောက်ဖြစ်တယ်။ သတ္တိသိပ်ရှိတယ်။ အမဲလိုက်ကောင်းတယ်လို့ နာမည်ကြီးတယ်။ စိတ်ဓါတ်ပြတ်သားတယ်။ ရဲရင့်တယ်။ မြန်မာနိုင်ငံရဲ့ သူရသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ တံဆိပ်ဖြစ်တဲ
့အောင်ဆန်းသူရိယဘွဲ့ ကို တစ်ဦးတည်းသော အရပ်သားအဖြစ် ရယူခဲ့သူဖြစ်တယ်။ ဖြစ်စဉ်ကတော့ စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁)တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။ စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ သူတို့ ကယ်ထုတ်သွားတာကို သိတဲ့ ရန်သူတွေက သူတို့ နောက်ကိုထပ်ကြပ်မခွာလိုက်တော့မှာကိုသိလို့ 
စောဘရီဟာ ဗိုလ်မှုးကြီးမောင်မောင်နဲ့  သူ့ အဖွဲ့ တွေကို အရင်ပြေးခိုင်းပြီး သူတစ်ဦးတည်း စခန်းထိပ်မှာကျန်ခဲ့ကာ ကျည်ကုန်သည်အထိ ခုခံပစ်ခတ်ရင်းတိုင်းပြည်အတွက် အသက်ပေးလှုခဲ့သူတစ်ဦးဖြစ်ခဲ့တယ်။ ဒါကြောင့်သူ့ ကိုနိုင်ငံတော်က အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ခဲ့တယ်။
(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း
-------------------------------------------
သူ့ အကြောင်းကြားရင် ကျတော်အမြဲတမ်းကျက်သီးထတယ်။သူ့ ရဲ့ လုပ်ရည်ကိုင်ရည် ဖြတ်ထိုးညာဏ်နဲ့ 
ရဲစွမ်းသတ္တိဟာ မြန်မာတင်မက ကမ္ဘာမှာပါစံတင်လောက်တယ်။ စွပ်ဗဟာဒူးရိုင်းလို့ပြောတာနဲ့ ကျတော်
ကတော့ ရန်သူတစ်ရာကျော်အလောင်းတွေရဲ့ အလယ်မှာ ဘရင်းဂန်းကိုင်ပြီးကျဆုံးနေတဲ့ စစ်သူကြီးတစ်ဦးအဖြစ်သာမြင်မိပါတယ်။ တကယ်တော့သူဟာ စစ်သူကြီးလဲမဟုတ်ပါဘူး။ အရာရှိတစ်ယောက်လဲမဟုတ်ပါဘူး မြန်မာ့တပ်မတော်က သာမာန်ရဲဘော်လေးတစ်ယောက်ပါပဲ။
ဖြစ်စဉ်ကတော့ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည် ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူ
သောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရန်သူဟာ အလစ်အငိုက်ချုံခိုတိုက်ခိုက်ခဲ့တဲ့
အတွက် မိမိတပ်ဟာ ပါလာတဲ့ စစ်ကားခုနှစ်စီးပေါ်ကစစ်သည်အားလုံးနီးပါးကျဆုံးခဲ့ပါတယ်။ အဲအချိန်မှာ အသက်ရှင်ကျန်သူကတော့ စွတ်ဗဟာဒူးရိုင်းပါပဲ။ သူသာကျဆုံးရင် ဒီရိက္ခာတွေ ကားတွေလက်နက်တွေ ၇န်သူ့ လက်ကိုပါမှာပါ။ ပြန်တိုက်ရင်လည်းမနိုင်နိုင်ပါဘူး။ ရန်သူကတစ်ရာကျော်တယ်။ အဲ..ထွက်ပြေးရင်တော့လွတ်နိုင်တာပေါ့။ ဒါပေမယ့်သူ့ ဆုံးဖြတ်ချက်ကပြတ်သားပါတယ်။ သူသေမှ ဒါတွေပေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါပဲ။ ပထမဆုံးသူဟာကားပေါ်က သေနတ်တွေကိုအောက်ကိုဆွဲချတယ်။
ပြီးတော့ အဲသေနတ်တွေကို ရင်ဘောင်တန်းဖြန့် ခင်းလိုက်တယ်။ နောက်တော့ ဆက်သွယ်ရေးစက်နဲ့ နောက်တန်းကို အကြောင်းကြားတယ် ။ ပြီးတာနဲ့ သူဟာ ဒီဘက်ထိပ်ကနေစပြီးသေနတ်ကိုပစ်ပါတယ်။ ပစ်တယ်ဆိုတာ ပါးစပ်ကပါ အော်ပစ်တယ်။
"ဘယ်ဘက်ကပစ်ဟေ့"
နောက်တော့ ညာဘက်ကိုသူပြေးတယ် ထပ်အော်တယ်
"ညာဘက်ကပစ်ဟေ့"
နောက်တော့ အလယ်ကနေ လက်ပစ်ဗုံးထပ်ပစ်တယ်။
"မြန်မာ့တပ်မတော်ကွ မင်းတို့ လူအင်အားလောက်တော့မမှုဘူး"
သူတစ်ယောက်ထဲ တောင်ပြေးလိုက် ပစ်လိုက်။ အော်လိုက်။ မြောက်ပြေးလိုက် ပစ်လိုက်အော်လိုက်လုပ်နေတော့။ ရန်သူဟာ မြန်မာ့တပ်မတော်မှာ အင်အားအများကြီးကျန်တယ်
ထင်ပြီးမတက်ရဲပါဘူး။ စွတ်ဗဟာဒူးရိုင်းကတော့ မမောနိုင်မပန်းနိုင် ပစ်လိုက်အော်လိုက်နဲ့ 
လုပ်နေတုန်းပါပဲ။ ရန်သူက လည်း မတက်ရဲတော့ အကျဆုံးများနေပါတယ်။ အဲအချိန်မှာပဲ
မြန်မာ့တပ်မတော်က စစ်ကူတွေရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တပ်သားစွတ်ဗဟာဒူးရိုင်းကတော့
ရန်သူတစ်ရာကျော်အလောင်းတွေရဲ့ ရှေ့ မှာ ဘရင်းဂမ်းကိုပိုက်လျက် ထရပ်ကားကိုမှီပြီး ကျဆုံးနေခဲ့ပါပြီ။ သူ့ ရဲ့ ရဲစွမ်းသတ္တိနဲ့  စွန့် လွှတ်စွန့် စားမှုကြောင့်နိုင်ငံတော်ကသူ့ ကို အောင်ဆန်းသူရိယဘွဲ့ 
အပ်နှင်းခဲ့ပါတယ်။
ဟုတ်ကဲ့ဒီခြောက်ယောက်အကြောင်းကို စာတစ်အုပ်ထဲမှာကျတော်မဖတ်ဘူးပါဘူး။ တစ်ယောက်ခြင်းစီရဲ့ 
အကြောင်းတွေကနေထုတ်နှုတ်ပြီးပြန်ရေးသားဖော်ပြတာဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံတော်အတွက်
တိုင်းပြည်အတွက် တပ်မတော်သားတို့ ရဲ့ သစ္စာလေးချက်ကို အတိအလင်း လက်တွေ့ ပြခဲ့တဲ့ ဒီခြောက်ယောက်ကို ကျတော်အရမ်းလေးစားမြတ်နိုးတန်ဖိုးထားပါတယ်။ကျတော်ခဏခဏပြောဘူးပါ
တယ်။ ကျတော့်မှာပိုက်ဆံရှိရင် ဒီခြောက်ယောက်အကြောင်း ရုပ်ရှင်ရိုက်ချင်ပါတယ်။
ထူးဝေ
http://www.oppositeyes.info/2014/01/blog-post_1164.html?spref=fb မှကူးယူဖော်ပြပါသည်
ကိုရီးယာကျွန်းဆွယ်မှ US Marine များ
$
0
0
Photo: ကိုရီးယာကျွန်းဆွယ်မှ US Marine များ  ၁၉၅၀ခု နိုဝင်ဘာလ၊ အမေရိကန်မရိန်းတပ်ဖွဲ့မှ ဒုဗိုလ် ဂျွန်ယန်ဆီ သူ၏ စစ်သုံးမှန်ဘီလူးဖြင့် သူ့တူရူရှိ မြေပြင် အနေအထားအားသုံးသပ်  လိုက်သည်။ မြောက်ဘက်အရပ်သို့ ရှေ့ရှုနေသောတောင်ကြားတစ်ခု၊ တောင်ကြား အောက်မှာတော့ ရိုးပြတ်တောကွင်းပြောင် အားဖြတ်သွားနေသော မြေလမ်းတစ်လမ်းက ရှေ့မိုင်ပေါင်းများစွာ မြင်ကွင်း အတွင်းရှိ ရေခဲလွှမ်းတောင်ချွန်များဆီသို့ ဖဲပြားတစ်ချပ်သဖွယ် လူးလွန့်ကောက်ကွေ့ပြေးနေသည်။ အဲ့ဒါမြောက်ကိုရီးယား ဘဲပေါ။့ အေးစိမ့်ခြောက်သွေ့ပြီး သစ်ပင်ဆို၍ မရှိသလောက်ဖြစ်သော ဒေသ၊ ညအချိန်အပူချိန်မှာ သုည အောက် ၃၀ ဒီဂရီ ခန့် ရောက်နေသည့်အပြင် အန္တရာယ်အပေါင်းနှင့်ပြည့်နှက်နေသောဒေသ၊ တောင်ကုန်းများ၊ဆင်ခြေလျောများမှာ နေ့စဉ် ခြောက်လှန့်နေသလိုဖြစ်နေသည် အဘယ့်ကြောင့်ဆိုသော် ထိုအရာများပေါ်မှ သတ္တိရူးများဖြစ်သော ထောင်နှင့်ချီသည့် ရန်သူကွန်မြူနစ် တရုတ်တပ်များ မမျှော်လင့်ဘဲ ပေါ်ပေါ်လာတတ်သောကြောင့်ပင်။   ယန်ဆီ သူ့ရှေ့ ကိုက်၂၅၀ ခန့်ရှိ လွှသွားတောင်ကုန်းမှ မှန်ဘီလူးကိုမခွာနိုင်ဘဲ ကြည့်နေမိသည် အဘယ့်ကြောင့် ဆိုသော် သူ့မြေပုံပေါ်တွင် တောင်ကုန်းအမှတ် ၆၉၈ ဟု သညာပြုထားသော အဆိုပါကုန်းမှာ သဘာဝခံတပ်ကြီး တခု ပမာ ခိုင်မာလွန်းလှစွာ၏ အဆိုပါကုန်းအား ရိုင်ဖယ်များ၊စက်သေနတ်များ၊လက်ပစ်ဗုံးများ၊စိန်ပြောင်းကြီးများတပ်ဆင်ထားသော တရုတ်တပ်ရင်း တစ်ရင်းက ကာကွယ်နေသည်။ ကုန်း၏ထိပ်တွင် ကျောက်ဆောင်အစအနများမှာ မီးခိုးခေါင်းတိုင် ဟောင်း ကြီးတခု၏ အပျက်အစီးများပမာ ရှိနေသည့်အပြင် ဘေးတဘက်တချက်မှာမတ်စောက်သောဆင်ခြေလျောများဖြင့် ပြည့် နှက်နေသည်။  ယန်ဆီ စိတ်မသက်မသာ ရေရွတ်လိုက်မိသည်။ တရုတ်ခံစစ်အား တိုက်ခိုက်ရန်နည်းလမ်း မှာ ရှေ့တည့်တည့်မှ တက်တိုက်ရန်တခုသာရှိသောကြောင့်ပင်။ အဆိုပါတက်လမ်းမှာလည်း လူ ၃၀ တပ်ဖြန့်တိုက်နိုင်ယုံမျှသာရှိပြီး ခံစစ်ဆင်မည့် တရုတ်များမှာ စစ်မျက်နှာကို လူ၁၀၀ ခန့်ဖြင့် ကာကွယ်နိုင်ပေသည်။   တောင်ကုန်းအမှတ် ၆၉၈ မှာ မိမိတို့၏ တိုက်စစ်ကို အချိန်တိုင်း လွယ်ကူ အောင်မြင်စွာ တွန်းလှန်နေပေသည်။ တောင်ကိုရီးယားတပ်များမှာ တက်တိုက်လိုက် လန်ကျလာလိုက်ဖြင့် ကျဆုံးသူများ၏ အလောင်းများထပ်လျက် တောင်လို ပုံနေပေပြီ၊ အမှတ် (၁)ကမ်းတက်တပ်မ၊ အမှတ် (၇) ကမ်းတက်တပ်ရင်း ၏ အမှတ် (၄) တပ်ခွဲမှာ လည်း အဆိုပါ ကုန်းအား နှစ်ကြိမ်တိုင်တိုင် တက်ရောက်တိုက်ခိုက်ပြီး ကျရှုံးခဲ့ပြီးဖြစ်သည်။ ယခု တပ်ခွဲ၏ အမှတ်(၃) တပ်စုအား ကုန်း၏ ဆင်ခြေ လျောတက်လမ်းအားတက်ရောက်တိုက်ခိုက်ရန်အမိန့်ပေးထားပြီးဖြစ်သောကြောင့် စစ်သည်များမှာ တောင်ကုန်းခြေရင်း တက်လမ်းအစ သို့ရောက်ရှိနေရာယူကြပြီးဖြစ်နေသည်။ တရုတ်များကလည်း လက်ပစ်ဗုံးများဖြင့် တလကြမ်းပိုက်စိတ်တိုက် ပစ်ခတ်၍ တက်လာသူများအားရှင်းလင်းနေသောကြောင့် များစွာသောမရိန်းတို့မှာ ပြန်ရောက်မလာနိုငိတော့ပေ။   ဆက်ရန် ttkots73
၁၉၅၀ခု နိုဝင်ဘာလ၊ အမေရိကန်မရိန်းတပ်ဖွဲ့မှ ဒုဗိုလ် ဂျွန်ယန်ဆီ သူ၏ စစ်သုံးမှန်ဘီလူးဖြင့် သူ့တူရူရှိ မြေပြင် အနေအထားအားသုံးသပ်
လိုက်သည်။ မြောက်ဘက်အရပ်သို့ ရှေ့ရှုနေသောတောင်ကြားတစ်ခု၊ တောင်ကြား အောက်မှာတော့ ရိုးပြတ်တောကွင်းပြောင် အားဖြတ်သွားနေသော မြေလမ်းတစ်လမ်းက ရှေ့မိုင်ပေါင်းများစွာ မြင်ကွင်း အတွင်းရှိ ရေခဲလွှမ်းတောင်ချွန်များဆီသို့ ဖဲပြားတစ်ချပ်သဖွယ် လူးလွန့်ကောက်ကွေ့ပြေးနေသည်။ 
အဲ့ဒါမြောက်ကိုရီးယား ဘဲပေါ။့ အေးစိမ့်ခြောက်သွေ့ပြီး သစ်ပင်ဆို၍ မရှိသလောက်ဖြစ်သော ဒေသ၊ ညအချိန်အပူချိန်မှာ သုည အောက် ၃၀ ဒီဂရီ ခန့် ရောက်နေသည့်အပြင် အန္တရာယ်အပေါင်းနှင့်ပြည့်နှက်နေသောဒေသ၊ တောင်ကုန်းများ၊ဆင်ခြေလျောများမှာ နေ့စဉ် ခြောက်လှန့်နေသလိုဖြစ်နေသည် အဘယ့်ကြောင့်ဆိုသော် ထိုအရာများပေါ်မှ သတ္တိရူးများဖြစ်သော ထောင်နှင့်ချီသည့် ရန်သူကွန်မြူနစ် တရုတ်တပ်များ မမျှော်လင့်ဘဲ ပေါ်ပေါ်လာတတ်သောကြောင့်ပင်။
ယန်ဆီ သူ့ရှေ့ ကိုက်၂၅၀ ခန့်ရှိ လွှသွားတောင်ကုန်းမှ မှန်ဘီလူးကိုမခွာနိုင်ဘဲ ကြည့်နေမိသည် အဘယ့်ကြောင့် ဆိုသော် သူ့မြေပုံပေါ်တွင် တောင်ကုန်းအမှတ် ၆၉၈ ဟု သညာပြုထားသော အဆိုပါကုန်းမှာ သဘာဝခံတပ်ကြီး တခု ပမာ ခိုင်မာလွန်းလှစွာ၏ အဆိုပါကုန်းအား ရိုင်ဖယ်များ၊စက်သေနတ်များ၊လက်ပစ်ဗုံးများ၊စိန်ပြောင်းကြီးများတပ်ဆင်ထားသော တရုတ်တပ်ရင်း တစ်ရင်းက ကာကွယ်နေသည်။ ကုန်း၏ထိပ်တွင် ကျောက်ဆောင်အစအနများမှာ မီးခိုးခေါင်းတိုင် ဟောင်း ကြီးတခု၏ အပျက်အစီးများပမာ ရှိနေသည့်အပြင် ဘေးတဘက်တချက်မှာမတ်စောက်သောဆင်ခြေလျောများဖြင့် ပြည့် နှက်နေသည်။
ယန်ဆီ စိတ်မသက်မသာ ရေရွတ်လိုက်မိသည်။ တရုတ်ခံစစ်အား တိုက်ခိုက်ရန်နည်းလမ်း မှာ ရှေ့တည့်တည့်မှ တက်တိုက်ရန်တခုသာရှိသောကြောင့်ပင်။ အဆိုပါတက်လမ်းမှာလည်း လူ ၃၀ တပ်ဖြန့်တိုက်နိုင်ယုံမျှသာရှိပြီး ခံစစ်ဆင်မည့် တရုတ်များမှာ စစ်မျက်နှာကို လူ၁၀၀ ခန့်ဖြင့် ကာကွယ်နိုင်ပေသည်။
တောင်ကုန်းအမှတ် ၆၉၈ မှာ မိမိတို့၏ တိုက်စစ်ကို အချိန်တိုင်း လွယ်ကူ အောင်မြင်စွာ တွန်းလှန်နေပေသည်။ တောင်ကိုရီးယားတပ်များမှာ တက်တိုက်လိုက် လန်ကျလာလိုက်ဖြင့် ကျဆုံးသူများ၏ အလောင်းများထပ်လျက် တောင်လို ပုံနေပေပြီ၊ အမှတ် (၁)ကမ်းတက်တပ်မ၊ အမှတ် (၇) ကမ်းတက်တပ်ရင်း ၏ အမှတ် (၄) တပ်ခွဲမှာ လည်း အဆိုပါ ကုန်းအား နှစ်ကြိမ်တိုင်တိုင် တက်ရောက်တိုက်ခိုက်ပြီး ကျရှုံးခဲ့ပြီးဖြစ်သည်။ 
ယခု တပ်ခွဲ၏ အမှတ်(၃) တပ်စုအား ကုန်း၏ ဆင်ခြေ လျောတက်လမ်းအား တက်ရောက် တိုက်ခိုက်ရန်အမိန့်ပေးထားပြီးဖြစ်သောကြောင့် စစ်သည်များမှာ တောင်ကုန်းခြေရင်း တက်လမ်းအစ သို့ရောက်ရှိနေရာယူကြပြီးဖြစ်နေသည်။ တရုတ်များကလည်း လက်ပစ်ဗုံးများဖြင့် တလကြမ်းပိုက်စိတ်တိုက် ပစ်ခတ်၍ တက်လာသူများအားရှင်းလင်းနေသောကြောင့် များစွာသောမရိန်းတို့မှာ ပြန်ရောက်မလာနိုငိတော့ပေ။
ဆက်ရန်
 ttkots73
ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၂)
$
0
0
Photo: ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၂)  တောင်ကုန်းအမှတ် ၆၉၈ မှာ တောင်တန်းတလျောက် ဖြန့်ကြဲ ခံစစ်ယူထားသော တရုတ်ခံစစ်၏ အဓိကနေရာဖြစ် သောကြောင့်သိမ်းယူရရှိမှဖြစ်ပေမည်။ ကဲ .. ခု ..  ၁၉၅၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ … နေ့လည် ၃း၀၀ နာရီ ရှိဘီ၊ ဒီနာမည်ကြီးခေါင်းမာလှတဲ့ ကုန်း ၆၉၈ ကို မရ .. ရ အောင်ယူဘို့တာဝန်ကလည်း ဒုဗိုလ် ဂျွန်ယန်ဆီ ဦးစီးသော လူအင်အား ၃၂ ယောက်ရှိ အမှတ် (၂) တပ်စု၊ တပ်ခွဲ (၅)၊ တပ်ရင်း(၇) ၏ပုခုံးထက်ကျရောက်လာပါချေဘီ။  ယန်ဆီ သူ့စစ်ဂျာကင် အိတ်ကပ်ထဲမှ မှတ်စုစာအုပ် ကိုဆွဲထုတ်လိုက်ပီး ခဲတံဖြင့် တစုံတရာရေးခြစ် နေသည်၊ ခုနက သူ့ စစ်သုံးမှန်ဘီးလူးဖြင့် ထောက်လှမ်းတွေ့ရှိခဲ့သော ထူးခြားချက်များအား မှတ်တမ်းတင် နေခြင်း ဖြစ်ပေသည်။ သူ့အမိန့်ပေးအဖွဲ့မှ အကြပ်များအား သူရေးဆွဲထားသော ပုံကြမ်းအားခဲတံဖြင့်ထောက်ကာ ထောက်ကာ နှင့် တိုက်ပွဲစီမံချက်အား ရှင်းပြရင်း တိုက်ပွဲနှုတ်မိန့် ပေးနေပေပြီ။ တပ်ကြပ်ကြီး ကာဂူလစ်တီ ဆံပင်အနက်နှင့် လူအေးကြီးက သူ့တပ်စိတ်အား ဆင်ခြေလျောညာဘက်ခြမ်းမှ ရည်မှန်းချက်သို့ရောက်အောင်တက်ရန်၊ တပ်ကြပ်ဖိလစ် ရွှေရောင်ဆံပင် ပိုင်ရှင် ကိုလူချော ၏ တပ်စိတ်ကဘယ်ဘက်ခြမ်း မှတက်ရန် စစ်ရည်စစ်သွေး ပြည့်ဝ လှသော တိုက်ပွဲအတွေ့အကြုံများလှသော တပ်စုတပ်ကြပ်ကြီး  မက်ဒင်း က ဖိလစ်၏တပ်စိတ်နှင့်လိုက်ပြီး တပ်စုမှုး ယန်ဆီက ကာဂူလစ်တီ၏ တပ်စိတ်နှင့်လိုက်ရန် စီမံချက်ချမှတ်လိုက်ကြသည်။ “ငါတို့ ရည်မှန်းချက်ကုန်း တ၀က်လောက် ရောက်တာနဲ့ ဗုံးနှစ်ကြိမ်ပစ်မယ် ဒီတရုတ် တွေ တို့ကို အပေါ်စီးက နေဗုံးတွေပစ်မချခင် အရင်ပစ်ရမယ်နော် ရှေ့က တပ်စု (၃) ဘာဖြစ်သွားလည်းသိတယ်မဟုတ်လား၊” ယန်ဆီ သူ့တပ်စုကို နှုတ်မိန့်ပေးနေစဉ်မှာဘဲ ကော်စီယာ ၄ စင်း ရောက်ချလာပီး တောင်ကုန်းအမှတ် ၆၉၈ ပေါ်ဗုံးတွေကြဲချပါတော့တယ်။ သူတို့အနိမ့်ပျံပီး ကြဲတာဖြစ်ပေမဲ့ သူတို့ရဲ့ ဒုံးပျံတွေကတော့ ပစ်မှတ်နဲ့ လွဲသွားပါတယ်။ နပမ်းမီးလောင်ဗုံးတွေကလဲ သူတို့ခံစစ်စည်းနဲ့ ကိုက် ၅၀ လောက်ကွာပြီး လောင်သွားပါတယ်။ ဒီလို အကျိုးမရှိတဲ့လေယာဉ်နဲ့တိုက်ခိုက်မှုကြောင့် တရုတ်တွေကို တပ်လှန့်လိုက်သလိုဖြစ်သွားပီး တရုတ်တွေဟာ လာမဲ့ တိုက်ပွဲအတွက် အသင့်နေရာယူပီးဖြစ်ကုန်ကြတဲ့အပြင် တပ်ခွဲ (၅) နေရာယူထားတဲ့ဘက်ကို စက်သေနတ် နဲ့ ပစ်နေပါတော့တယ်။  ယန်ဆီ စစ်မြေပြင်တယ်လီဖုန်းရှိရာရောက်သွားပီး တပ်ခွဲ(၅) ခွဲမှုး ဗိုလ်ကြီး ဘောလ် ဆီဆက်သွယ်လိုက် ပါတယ်။ “ အကိုကြီး .. လေယာဉ်တွေဘယ်ပစ်မှတ်မှ ထိမသွားဘူး … ပုရွက်ဆိတ်အုံ .. ဒုတ်နဲ့ထိုးသလိုလုပ် သွားတာ .. နောက်တခေါက်လောက် .. ခေါ်ပေးပါအုံး ..” “ မရတော့ဘူး ညီလေးရေ .. တို့မှာ အချိန်မရှိတော့ ဘူးကွ .. မမှောင်ခင်တိုက်ကြရတော့မှာ..”  အချိန်သည်လျှင်မြန်စွာကုန်ဆုံးနေပါသည်၊ အမှောင်ထုမှာ တဖြေးဖြေးချဉ်းနင်းဝင်ရောက်လာသလို နေ့ အလင်းရောင်မှာလည်း အနောက်ဂေါယာသို့ဆုတ်ခွာနေရပါတော့သည်။ ထို့ကြောင့် အတွေ့အကြုံများမှ သင်ကြားလာခဲ့ရသော သင်ခန်းစာများအရ မကြာမှီ မီးကုန်ယမ်းကုန်တိုက်ပွဲကြီးတစ်ရပ်ဆင်နွှဲရတော့မည်ကို သိနေသော ယန်ဆီ တစ်ယောက် သူ့ကာဘိုင်တွင် ဘက်နက် တပ်ဆင်ခြင်း၊ ကျည်အိမ်အားစစ်ဆေးခြင်း၊ ကျည်ထိုးခြင်းများ တဆက်တည်းလျင်မြန်စွာပြုလုပ်လိုက်သည့်အပြင် သူ့ဆိုက်ဒ်အမ်း ဖြစ်သော ဒသမ ၄၅ ပစ္စတို ကြီးအားလည်း အဆင်သင့်လုပ်ထားလိုက်ပါတော့သည်။ အိတ်ထဲမှ လက်ပစ်ဗုံးများအားလည်း ထုတ်ယူ၍ ခါးပတ်တွင် အသင့်ချိတ်ဆွဲထားလိုက်ပါတော့သည်။ ထို့နောက် သူ၏ စက်သေနတ်သမားများအား ပွိုင့် ၉၆၈ သို့ စတင်ပစ်ခတ်ရန် အချက်ပေးလိုက်ပါတော့သည်။  ထို့နောက်တွင်တော့ တဒက်ဒက်မည်ဟိန်းနေသော ရန်သူ့စက်သေနတ်သံများ နှင့် မိမိစက်သေနတ်သံ များအား ကျော်လွန်ခါ အောင်မြင်သော အသံဝါကြီးဖြင့် တိုက်ပွဲဝင်အမိန့်အားသူ့ရဲဘော်များသို့ ပေးလိုက်ပါ တော့သည်။ “ကာဂူလစ်တီ၊ ဖိလစ် လှံစွပ်တပ် တက် .. ဒီတောင်ကုန်းကို အရသိမ်းတော့ …. ဟေ့ … “ ဆက်ရန် ttkots73
တောင်ကုန်းအမှတ် ၆၉၈ မှာ တောင်တန်းတလျောက် ဖြန့်ကြဲ ခံစစ်ယူထားသော တရုတ်ခံစစ်၏ အဓိကနေရာဖြစ် သောကြောင့်သိမ်းယူရရှိမှဖြစ်ပေမည်။ ကဲ .. ခု .. ၁၉၅၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ … နေ့လည် ၃း၀၀ နာရီ ရှိဘီ၊
 ဒီနာမည်ကြီးခေါင်းမာလှတဲ့ ကုန်း ၆၉၈ ကို မရ .. ရ အောင်ယူဘို့တာဝန်ကလည်း ဒုဗိုလ် ဂျွန်ယန်ဆီ ဦးစီးသော လူအင်အား ၃၂ ယောက်ရှိ အမှတ် (၂) တပ်စု၊ တပ်ခွဲ (၅)၊ တပ်ရင်း(၇) ၏ပုခုံးထက်ကျရောက်လာပါချေဘီ။
ယန်ဆီ သူ့စစ်ဂျာကင် အိတ်ကပ်ထဲမှ မှတ်စုစာအုပ် ကိုဆွဲထုတ်လိုက်ပီး ခဲတံဖြင့် တစုံတရာရေးခြစ် နေသည်၊ ခုနက သူ့ စစ်သုံးမှန်ဘီးလူးဖြင့် ထောက်လှမ်းတွေ့ရှိခဲ့သော ထူးခြားချက်များအား မှတ်တမ်းတင် နေခြင်း ဖြစ်ပေသည်။
သူ့အမိန့်ပေးအဖွဲ့မှ အကြပ်များအား သူရေးဆွဲထားသော ပုံကြမ်းအားခဲတံဖြင့်ထောက်ကာ ထောက်ကာ နှင့် တိုက်ပွဲစီမံချက်အား ရှင်းပြရင်း တိုက်ပွဲနှုတ်မိန့် ပေးနေပေပြီ။ တပ်ကြပ်ကြီး ကာဂူလစ်တီ ဆံပင်အနက်နှင့် လူအေးကြီးက သူ့တပ်စိတ်အား ဆင်ခြေလျောညာဘက်ခြမ်းမှ ရည်မှန်းချက်သို့ရောက်အောင်တက်ရန်၊ တပ်ကြပ်ဖိလစ် ရွှေရောင်ဆံပင် ပိုင်ရှင် ကိုလူချော ၏ တပ်စိတ်ကဘယ်ဘက်ခြမ်း မှတက်ရန် စစ်ရည်စစ်သွေး ပြည့်ဝ လှသော တိုက်ပွဲအတွေ့အကြုံများလှသော တပ်စုတပ်ကြပ်ကြီး မက်ဒင်း က ဖိလစ်၏တပ်စိတ်နှင့်လိုက်ပြီး တပ်စုမှုး ယန်ဆီက ကာဂူလစ်တီ၏ တပ်စိတ်နှင့်လိုက်ရန် စီမံချက်ချမှတ်လိုက်ကြသည်။
“ငါတို့ ရည်မှန်းချက်ကုန်း တ၀က်လောက် ရောက်တာနဲ့ ဗုံးနှစ်ကြိမ်ပစ်မယ် ဒီတရုတ် တွေ တို့ကို အပေါ်စီးက နေဗုံးတွေပစ်မချခင် အရင်ပစ်ရမယ်နော် ရှေ့က တပ်စု (၃) ဘာဖြစ်သွားလည်းသိတယ်မဟုတ်လား၊”
ယန်ဆီ သူ့တပ်စုကို နှုတ်မိန့်ပေးနေစဉ်မှာဘဲ ကော်စီယာ ၄ စင်း ရောက်ချလာပီး တောင်ကုန်းအမှတ် ၆၉၈ ပေါ်ဗုံးတွေကြဲချပါတော့တယ်။ သူတို့အနိမ့်ပျံပီး ကြဲတာဖြစ်ပေမဲ့ သူတို့ရဲ့ ဒုံးပျံတွေကတော့ ပစ်မှတ်နဲ့ လွဲသွားပါတယ်။ နပမ်းမီးလောင်ဗုံးတွေကလဲ သူတို့ခံစစ်စည်းနဲ့ ကိုက် ၅၀ လောက်ကွာပြီး လောင်သွားပါတယ်။ ဒီလို အကျိုးမရှိတဲ့လေယာဉ်နဲ့တိုက်ခိုက်မှုကြောင့် တရုတ်တွေကို တပ်လှန့်လိုက်သလိုဖြစ်သွားပီး တရုတ်တွေဟာ လာမဲ့ တိုက်ပွဲအတွက် အသင့်နေရာယူပီးဖြစ်ကုန်ကြတဲ့အပြင် တပ်ခွဲ (၅) နေရာယူထားတဲ့ဘက်ကို စက်သေနတ် နဲ့ ပစ်နေပါတော့တယ်။
ယန်ဆီ စစ်မြေပြင်တယ်လီဖုန်းရှိရာရောက်သွားပီး တပ်ခွဲ(၅) ခွဲမှုး ဗိုလ်ကြီး ဘောလ် ဆီဆက်သွယ်လိုက် ပါတယ်။ “ အကိုကြီး .. လေယာဉ်တွေဘယ်ပစ်မှတ်မှ ထိမသွားဘူး … ပုရွက်ဆိတ်အုံ .. ဒုတ်နဲ့ထိုးသလိုလုပ် သွားတာ .. နောက်တခေါက်လောက် .. ခေါ်ပေးပါအုံး ..” “ မရတော့ဘူး ညီလေးရေ .. တို့မှာ အချိန်မရှိတော့ ဘူးကွ .. မမှောင်ခင်တိုက်ကြရတော့မှာ..”
အချိန်သည်လျှင်မြန်စွာကုန်ဆုံးနေပါသည်၊ အမှောင်ထုမှာ တဖြေးဖြေးချဉ်းနင်းဝင်ရောက်လာသလို နေ့ အလင်းရောင်မှာလည်း အနောက်ဂေါယာသို့ဆုတ်ခွာနေရပါတော့သည်။ ထို့ကြောင့် အတွေ့အကြုံများမှ သင်ကြားလာခဲ့ရသော သင်ခန်းစာများအရ မကြာမှီ မီးကုန်ယမ်းကုန်တိုက်ပွဲကြီးတစ်ရပ်ဆင်နွှဲရတော့မည်ကို သိနေသော ယန်ဆီ တစ်ယောက် သူ့ကာဘိုင်တွင် ဘက်နက် တပ်ဆင်ခြင်း၊ ကျည်အိမ်အားစစ်ဆေးခြင်း၊ ကျည်ထိုးခြင်းများ တဆက်တည်းလျင်မြန်စွာပြုလုပ်လိုက်သည့်အပြင် သူ့ဆိုက်ဒ်အမ်း ဖြစ်သော ဒသမ ၄၅ ပစ္စတို ကြီးအားလည်း အဆင်သင့်လုပ်ထားလိုက်ပါတော့သည်။ အိတ်ထဲမှ လက်ပစ်ဗုံးများအားလည်း ထုတ်ယူ၍ ခါးပတ်တွင် အသင့်ချိတ်ဆွဲထားလိုက်ပါတော့သည်။ ထို့နောက် သူ၏ စက်သေနတ်သမားများအား ပွိုင့် ၉၆၈ သို့ စတင်ပစ်ခတ်ရန် အချက်ပေးလိုက်ပါတော့သည်။
ထို့နောက်တွင်တော့ တဒက်ဒက်မည်ဟိန်းနေသော ရန်သူ့စက်သေနတ်သံများ နှင့် မိမိစက်သေနတ်သံ များအား ကျော်လွန်ခါ အောင်မြင်သော အသံဝါကြီးဖြင့် တိုက်ပွဲဝင်အမိန့်အားသူ့ရဲဘော်များသို့ ပေးလိုက်ပါ တော့သည်။ “ကာဂူလစ်တီ၊ ဖိလစ် လှံစွပ်တပ် တက် .. ဒီတောင်ကုန်းကို အရသိမ်းတော့ …. ဟေ့ … “
ဆက်ရန်
 ttkots73 .
ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၃)
$
0
0
Photo: ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၃)   အမှတ်(၁)ကမ်းတက်တပ်မ၊ အမှတ်(၇) ကမ်းတက်တပ်ရင်း၊ တပ်ခွဲ(၅)၊  တပ်စု(၂)၊ မှ ကမ်းတက်တပ်သား ၃၂ ယောက် တ၀ုံးဝုံး၊ တဒိုင်းဒိုင်း၊ တဒက်ဒက် နှင့် ငရဲပမာပွက်လောရိုက်နေသော စစ်မြေပြင်အတွင်းသို့ ညာသံပေး ကျွေးကြော် ၀င်ရောက်သွားကြပေတာ့သည်။ ပြေးလိုက်၊ လဲကျလိုက်၊ ပစ်ခတ်လိုက်၊ပြန်ထလိုက်၊ ပြန်ပြေးလိုက်ဖြင့် … တရုတ်တို့၏ မော်တာများစုပြုံပစ်ခတ်မှုကြောင့် ဆင်ခြေလျောတလျှောက် မြေကြီးမှာ ၍လျင်တော်လဲသကဲ့သို့ ကမ္ဘာပျက်နေပေသည်။ ပေါက်ကွဲမှုများမှ မော်တာဆံအပိုင်းအစများမှာလဲ လေထုတခွင် လွင့်ပြန့်လျက် မကောင်းသူထိပ် ကောင်းသူထိပ်ပင် … အစပိုင်း၌ပေါက်ကွဲမှုများမှာ ပွိုင့် ၆၉၈ နှင့်နီးကပ်စွာပေါက် ကွဲသော်လည်း တဖြေးဖြေးနှင့် ဆင်ခြေလျောတလျှောက် ကုန်းထိပ်သို့ပြေးတက်တိုက်စစ်ဆင်နေသော ယန်ဆီ၏ စစ်သည်များဘက်သို့ဦးတည်လာနေပေတော့သည်။ ဖိလစ် တပ်စိတ်မှ စစ်သည်များ မှာအပြေးတက်နေရာမှ မော်တာပေါက်ကွဲမှုများကြောင့် အနည်းငယ်တုန့်ဆိုင်းသွားကြသည် .. သို့သော် တပ်စုမှုး၏ “အဲ့ဒီထဲပြေးဝင်ကြ .. အဲ့ဒီထဲပြေးဝင်ကြစမ်း.. ….”  ဟူသောအော်ဟစ်သံကြောင့် ဆက်လက်ချီတက်သွားကြပေသည်။ ထို့ကြောင့် ပင် ရည်မှန်းချက်ဖြစ်သော ပွိုင့် ၆၉၈ ၏မျက်နှာချင်းဆိုင် ကုန်းအလယ်သို့ ရောက်ရှိနေရာယူနိုင်ခဲ့ကြသည်။   ညာဘက်ခြမ်းမှ ကာဂူလစ်တီ တပ်စိတ်ကတော့ အခြေအနေမကောင်း … ကာဂူလစ်တီ ရန်သူ့ကျည်သင့် သွားသဖြင့် တပ်စိတ်အား စီနီယာ တပ်သားကြီး ရော်ဘင်ဆင် ဦးဆောင်ကာ ဖိလစ် တပ်စိတ်နှင့်ရင်ဘောင်တန်း နေရာယူနိုင်ရန် မောင်းသွင်းနေသည်။ တရုတ်တို့၏ လက်ပစ်ဗုံးများက အပေါ်မှ မိုးရွာသလိုကျလာကာ မရိမ်းတို့ အလယ်တွင်ပေါက်ကွဲသည်။ သို့သော် မရိမ်းတို့ကလဲ အောက်မှ လှန်ကာ တရုတ်တို့ထံ ဗုံးမိုးရွာသလိုပစ်သွင်း ယင်း ကိုက် ၁၅၀ ခန့်ဝေးနေသေးသော ရည်မှန်းချက်သို့ အတင်းကျားဝင်ထိုး၍ ချေမှုန်းရေးလုပ်ခဲ့ကြသဖြင့် အောင်မြင်စွာ ရောက်ရှိသွားကြသည်။   ကုန်းထိပ်ရောက်သော်လည်း တဘက်ခြမ်းမှ တက်လာပြီး ၎င်းတို့ထံ ပစ်တက်တက်၍ကျားဝင်ထိုးလာ သော တရုတ်တပ်များကြောင့် ဘရောင်နင်အော်တိုမက်တစ် ရိုင်ဖယ်ကိုင် တပ်သားဟူလ်မန် ပေါင်းခြံတွင်ဒဏ်ရာရ ၍လဲကျသွားရသည်။ ယန်ဆီ ကိုယ်တိုင် BAR ကြီးအားကောက်ကိုင်ပြီး တရုတ်များထံ အတွဲရှည်မွှေ့ယမ်းပစ်လိုက် ရသည်။ ဘယ်ရမလဲကွာ ဒုတိယကမ္ဘာစစ်တုန်းက BAR ကိုင်ခဲ့တဲ့ကောင်ဘဲ ဟု ကြိမ်းဝါးလိုက်သည်။ မုဆိုးဒူးထောက်ထိုင်ယင်း BAR ကြီးကိုခါး၌ကပ်၍ ပြေးတက်လာနေသော တရုတ်စစ်သားများထံ အတွဲတို အတွဲရှည် မွှေ့ယမ်းပစ်ခတ်ပေးလိုက်သည်။ တတွဲ ဆွဲလိုက်တိုင်း တရုတ် ၆ ယောက်မျှ မှောက်ကုန်သော်လဲ ၎င်း တို့ကလဲ သူတို့၏ Burp gun များဖြင့်ပြန်လည်ပစ်ခတ်ကြသည်။ ထို့ကြောင့် ယန်ဆီ၏ သံခမောက်အားဖြတ်၍ ကျည်ဆံ နှစ်ချက် နှင့် ယူနီဖောင်းအားဆုတ်ဖြဲထွက်သွားသောကျည်ဆံတစ်ချက် ဖြတ်သွားသည်၊ သို့သော် ကံကောင်းထောက်မစွာဖြင့် ယန်ဆီ ၌မှဲ့တပေါက်မစွန်းခဲ့ပေ။ ထိုအတောအတွင်း ၀မ်းဗိုက်မှ သွေးစိမ်းရှင်ရှင် ထွက် ကျနေသော တပ်သား ဟူလ်မန်မှာ ကျဆုံး၊ ဒဏ်ရာရ နေသူများထံမှ BAR ကျည်ဆံများစုဆောင်း ကောက်ယူ၍ သူ့တပ်စုမှုးအားလာပေးနေသည်။   ဘယ်ဘက် စစ်မျက်နှာမှာလဲ တပ်ကြပ် ဖိလစ်နှင့် စစ်သည် ၃ ဦးသာ ရှင်သန်ကျန်ရစ်လျက် ပွိုင့် ၆၉၈ ပေါ် ရောက်လာသည်။ သို့သော် ကုန်းထိပ်တွင်နေရာယူမနေတော့ဘဲ တောင်ကုန်းစွန်းမှ ကျောက်စွယ်များ အကာ အကွယ်ဆီသို့  ရောက်အောင် ပြေးသွား ကြသည်။ လမ်းခုလတ်တွင် တရုတ်စစ်သားတစ်ယောက် ကျောက်တုန်း ကြီး တခုနောက်ကွယ်မှ ထလာသည်ကို တွေ့လိုက်ရသည် ထိုစဉ်မှာပင် လက်ပစ်ဗုံး တလုံး ထိုစစ်သား၏ ၀မ်းဗိုက်သို့ ရိုက်ခတ်လျက် ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရသည်။ မပေါက်ကွဲမှီ လေးမှာ မရိမ်းတယောက် ၏ မျက်နှာကို သူ၏ Burp gun ဖြင့် ရအောင်ပစ်သွားသေးသည်။ ထို့ကြောင့် အကာအကွယ်သို့ရောက်သောအခါ ဖိလစ် နှင့် မရိမ်း နှစ်ယောက်သာ ကျန်ပေတော့သည်။  ထိုကျောက်စွန်းသို့ရောက်သောအခါတွင်မူ ဖိလစ် နှင့် မရိမ်းနှစ်ယောက်သည် လက်ပစ်ဗုံးများ ကျည်ဆံ များ ဖြင့် အပေါ်စီးမှနေ၍ တရုတ်များအပေါ်သို့ သွန်ချ နေပေတော့သည်။   ညာဘက်စစ်မျက်နှာမှ တပ်ကြပ်ကြီး ကာဂူလစ်တီ တပ်စိတ်မှာမူ တပ်သား ရော်ဘင်ဆင် တဦးထည်းသာ ပွိုင့် ၆၉၈ ပေးရောက်လာပေသည်။ ကျောက်စွန်းထိပ်တွင်မားမားကြီးရပ်ကာ အောက်မှ တရုတ်များထံ လက်ပစ်ဗုံး များတလုံးပီး တလုံး စိန်ပြေနပြေ ပစ်ချနေပေတော့သည်။ တရုတ်တို့၏လက်ပစ်ဗုံးများမှာလဲ ရော်ဘင်ဆင် ထံသို့ ပျံဝဲပေါက်ကွဲ လာကြပေသည်။ သို့သော် ပေါက်ကွဲမှုများ ပီးဆုံး၍ မီးခိုးများ ဖုန်များ ကင်းသွားသော အခါ ရော်ဘင်ဆင် ကြီးမှာ နေရာတွင်ရပ်နေမြဲ တရုတ်တို့ထံ လက်ပစ်ဗုံးများပစ်ချနေဆဲပင်။ ၎င်း၏ လက်ပစ်ဗုံးတစ်လုံး မှာ တရုတ်စက်သေနတ် အဖွဲ့အလယ်သို့ကျရောက် ပေါက်ကွဲပြိး ရှိသမျှ စက်သေနတ် အဖွဲသား များ အားသုတ်သင်ပစ်လိုက်တော့သည်။  ဆက်ရန် ttkots73
အမှတ်(၁)ကမ်းတက်တပ်မ၊ အမှတ်(၇) ကမ်းတက်တပ်ရင်း၊ တပ်ခွဲ(၅)၊
တပ်စု(၂)၊ မှ ကမ်းတက်တပ်သား ၃၂ ယောက် တ၀ုံးဝုံး၊ တဒိုင်းဒိုင်း၊ တဒက်ဒက် နှင့် ငရဲပမာပွက်လောရိုက်နေသော စစ်မြေပြင်အတွင်းသို့ ညာသံပေး ကျွေးကြော် 
 အစပိုင်း၌ပေါက်ကွဲမှုများမှာ ပွိုင့် ၆၉၈ နှင့်နီးကပ်စွာပေါက် ကွဲသော်လည်း တဖြေးဖြေးနှင့် ဆင်ခြေလျောတလျှောက် ကုန်းထိပ်သို့ပြေးတက်တိုက်စစ်ဆင်နေသော ယန်ဆီ၏ စစ်သည်များဘက်သို့ဦးတည်လာနေပေတော့သည်။ ဖိလစ် တပ်စိတ်မှ စစ်သည်များ မှာအပြေးတက်နေရာမှ မော်တာပေါက်ကွဲမှုများကြောင့် အနည်းငယ်တုန့်ဆိုင်းသွားကြသည် .. သို့သော် တပ်စုမှုး၏ “အဲ့ဒီထဲပြေးဝင်ကြ .. အဲ့ဒီထဲပြေးဝင်ကြစမ်း.. ….” ဟူသောအော်ဟစ်သံကြောင့် ဆက်လက်ချီတက်သွားကြပေသည်။ ထို့ကြောင့် ပင် ရည်မှန်းချက်ဖြစ်သော ပွိုင့် ၆၉၈ ၏မျက်နှာချင်းဆိုင် ကုန်းအလယ်သို့ ရောက်ရှိနေရာယူနိုင်ခဲ့ကြသည်။ 
ညာဘက်ခြမ်းမှ ကာဂူလစ်တီ တပ်စိတ်ကတော့ အခြေအနေမကောင်း … ကာဂူလစ်တီ ရန်သူ့ကျည်သင့် သွားသဖြင့် တပ်စိတ်အား စီနီယာ တပ်သားကြီး ရော်ဘင်ဆင် ဦးဆောင်ကာ ဖိလစ် တပ်စိတ်နှင့်ရင်ဘောင်တန်း နေရာယူနိုင်ရန် မောင်းသွင်းနေသည်။ တရုတ်တို့၏ လက်ပစ်ဗုံးများက အပေါ်မှ မိုးရွာသလိုကျလာကာ မရိမ်းတို့ အလယ်တွင်ပေါက်ကွဲသည်။ သို့သော် မရိမ်းတို့ကလဲ အောက်မှ လှန်ကာ တရုတ်တို့ထံ ဗုံးမိုးရွာသလိုပစ်သွင်း ယင်း ကိုက် ၁၅၀ ခန့်ဝေးနေသေးသော ရည်မှန်းချက်သို့ အတင်းကျားဝင်ထိုး၍ ချေမှုန်းရေးလုပ်ခဲ့ကြသဖြင့် အောင်မြင်စွာ ရောက်ရှိသွားကြသည်။
ကုန်းထိပ်ရောက်သော်လည်း တဘက်ခြမ်းမှ တက်လာပြီး ၎င်းတို့ထံ ပစ်တက်တက်၍ကျားဝင်ထိုးလာ သော တရုတ်တပ်များကြောင့် ဘရောင်နင်အော်တိုမက်တစ် ရိုင်ဖယ်ကိုင် တပ်သားဟူလ်မန် ပေါင်းခြံတွင်ဒဏ်ရာရ ၍လဲကျသွားရသည်။ ယန်ဆီ ကိုယ်တိုင် BAR ကြီးအားကောက်ကိုင်ပြီး တရုတ်များထံ အတွဲရှည်မွှေ့ယမ်းပစ်လိုက် ရသည်။ ဘယ်ရမလဲကွာ ဒုတိယကမ္ဘာစစ်တုန်းက BAR ကိုင်ခဲ့တဲ့ကောင်ဘဲ ဟု ကြိမ်းဝါးလိုက်သည်။ မုဆိုးဒူးထောက်ထိုင်ယင်း BAR ကြီးကိုခါး၌ကပ်၍ ပြေးတက်လာနေသော တရုတ်စစ်သားများထံ အတွဲတို အတွဲရှည် မွှေ့ယမ်းပစ်ခတ်ပေးလိုက်သည်။ တတွဲ ဆွဲလိုက်တိုင်း တရုတ် ၆ ယောက်မျှ မှောက်ကုန်သော်လဲ ၎င်း တို့ကလဲ သူတို့၏ Burp gun များဖြင့်ပြန်လည်ပစ်ခတ်ကြသည်။ 
ထို့ကြောင့် ယန်ဆီ၏ သံခမောက်အားဖြတ်၍ ကျည်ဆံ နှစ်ချက် နှင့် ယူနီဖောင်းအားဆုတ်ဖြဲထွက်သွားသောကျည်ဆံတစ်ချက် ဖြတ်သွားသည်၊ သို့သော် ကံကောင်းထောက်မစွာဖြင့် ယန်ဆီ ၌မှဲ့တပေါက်မစွန်းခဲ့ပေ။ ထိုအတောအတွင်း ၀မ်းဗိုက်မှ သွေးစိမ်းရှင်ရှင် ထွက် ကျနေသော တပ်သား ဟူလ်မန်မှာ ကျဆုံး၊ ဒဏ်ရာရ နေသူများထံမှ BAR ကျည်ဆံများစုဆောင်း ကောက်ယူ၍ သူ့တပ်စုမှုးအားလာပေးနေသည်။
ဘယ်ဘက် စစ်မျက်နှာမှာလဲ တပ်ကြပ် ဖိလစ်နှင့် စစ်သည် ၃ ဦးသာ ရှင်သန်ကျန်ရစ်လျက် ပွိုင့် ၆၉၈ ပေါ် ရောက်လာသည်။ သို့သော် ကုန်းထိပ်တွင်နေရာယူမနေတော့ဘဲ တောင်ကုန်းစွန်းမှ ကျောက်စွယ်များ အကာ အကွယ်ဆီသို့ ရောက်အောင် ပြေးသွား ကြသည်။ လမ်းခုလတ်တွင် တရုတ်စစ်သားတစ်ယောက် ကျောက်တုန်း ကြီး တခုနောက်ကွယ်မှ ထလာသည်ကို တွေ့လိုက်ရသည် ထိုစဉ်မှာပင် လက်ပစ်ဗုံး တလုံး ထိုစစ်သား၏ ၀မ်းဗိုက်သို့ ရိုက်ခတ်လျက် ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရသည်။ မပေါက်ကွဲမှီ လေးမှာ မရိမ်းတယောက် ၏ မျက်နှာကို သူ၏ Burp gun ဖြင့် ရအောင်ပစ်သွားသေးသည်။ ထို့ကြောင့် အကာအကွယ်သို့ရောက်သောအခါ ဖိလစ် နှင့် မရိမ်း နှစ်ယောက်သာ ကျန်ပေတော့သည်။ 
ထိုကျောက်စွန်းသို့ရောက်သောအခါတွင်မူ ဖိလစ် နှင့် မရိမ်းနှစ်ယောက်သည် လက်ပစ်ဗုံးများ ကျည်ဆံ များ ဖြင့် အပေါ်စီးမှနေ၍ တရုတ်များအပေါ်သို့ သွန်ချ နေပေတော့သည်။
ညာဘက်စစ်မျက်နှာမှ တပ်ကြပ်ကြီး ကာဂူလစ်တီ တပ်စိတ်မှာမူ တပ်သား ရော်ဘင်ဆင် တဦးထည်းသာ ပွိုင့် ၆၉၈ ပေးရောက်လာပေသည်။ ကျောက်စွန်းထိပ်တွင်မားမားကြီးရပ်ကာ အောက်မှ တရုတ်များထံ လက်ပစ်ဗုံး များတလုံးပီး တလုံး စိန်ပြေနပြေ ပစ်ချနေပေတော့သည်။ တရုတ်တို့၏လက်ပစ်ဗုံးများမှာလဲ ရော်ဘင်ဆင် ထံသို့ ပျံဝဲပေါက်ကွဲ လာကြပေသည်။ 
 သို့သော် ပေါက်ကွဲမှုများ ပီးဆုံး၍ မီးခိုးများ ဖုန်များ ကင်းသွားသော အခါ ရော်ဘင်ဆင် ကြီးမှာ နေရာတွင်ရပ်နေမြဲ တရုတ်တို့ထံ လက်ပစ်ဗုံးများပစ်ချနေဆဲပင်။ ၎င်း၏ လက်ပစ်ဗုံးတစ်လုံး မှာ တရုတ်စက်သေနတ် အဖွဲ့အလယ်သို့ကျရောက် ပေါက်ကွဲပြိး ရှိသမျှ စက်သေနတ် အဖွဲသား များ အားသုတ်သင်ပစ်လိုက်တော့သည်။
ဆက်ရန်
 ttkots73 
ကျွန်တော်ရေးသည့် မောင်ပိုင့်အကြောင်း အပိုင်း(၁၀)
$
0
0
Photo: ကျွန်တော်ရေးသည့် မောင်ပိုင့်အကြောင်း အပိုင်း(၁၀) ……………………….. (၁)  " မင်းတို့ ခွင့် ၁၀ ရက်ရမယ် ပြန်ဖို့ပြင်တော့ "  ကျွန်တော်တို့ တော်တော်ပျော်ရွှင်သွားသည်။  သင်တန်းဆင်းပြီး၍ ခွင့်ပြန်ပြီး ၂ ပတ်အကြာတွင် ကျွန်တော်တို့ ခွင့်ထပ်ရရှိခြင်းဖြစ်သည်။  ကျွန်တော်တို့ သင်တန်းတွင် ၁၀ တန်းအောင်သော စစ်သည်များ အများအပြားပါဝင်သည်။    ခွင့် ၁၀ ရက်ထပ်မံပေးခြင်းမှာ တက္ကသိုလ်လျှောက်လွှာများဖြည့်သွင်းရန်အတွက်ဖြစ်သည်။ ကိုယ်တိုင် ဖြည့်သွင်းရမည်ဟု ဆိုခြင်းကြောင့် ကျွန်တော်တို့ကို ခွင့်ပေးခြင်းဖြစ်သည်။  စိတ်ထဲတွင်တော့ ချစ်ဖို့ကောင်းတဲ့ တပ်မတော်ကြီးဟုပင် တင်စားလိုက်မိသည်။  ခွင့် ပြန်ရမည်မို့ စိတ်ကပျော်ရွှင်နေသော်လည်း လက်ထဲတွင် လမ်းစရိတ်ပင် မရှိကြတော့။  ကျွန်တော့် တွင်လည်း ငွေကြေးက ခပ်ပါးပါးဖြစ်နေပြီ။  ဒီတော့ ခွင့်ပြန်မည့်အထဲမှ ငွေကြေးလိုအပ်သူတွေကို စုလိုက် သည်။  တစ်ခါတည်း တပ်မတော်မှ ထုတ်ပေးသည့် ခြင်ထောင်များ ယူလာရန် မှာလိုက်သည်။  အကြောင်းကား သင်တန်းမှ ဆရာတစ်ဦးထံ ထိုခြင်ထောင်များစု၍ ပေါင်နှံကြခြင်းဖြစ်ပေတော့သည်။ ဤသည်မှာ ကျွန်တော့်ဘ၀၏ လက်ရှိအချိန်အထိ ပထမဆုံးနှင့် နောက်ဆုံးသော ပေါင်နှံဘူးခြင်းပင် ဖြစ်သည်။ ပေါင်နှံရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများသည်ကား မိမိပစ္စည်းကို ရွေးမှ ရွေးနိုင်ပါမည်လား။ မရွေးနိုင်လျှင် လူကြားထဲအရှက်ရမည်လား ဟူသော စိုးရိမ်စိတ်တို့က ၀င်လာခြင်းဖြစ်သည်။    တကယ်တော့ ကျွန်တော်ပေါင်နှံလိုက်သည်မှာ ခြင်ထောင်တစ်လုံးပင်ဖြစ်သည်။ လူ့မှုပတ်ဝန်းကျင်တွင် မိဘတို့၏ အမွေအနှစ်ပစ္စည်းပစ္စယမှအစ တိုက်တာများ၊ စက်ဘီး၊ ဆိုင်ကယ်၊ ကား၊ ခြံစသည့် ကြီးမားစွာ ပေါင်နှံထားသူတို့၏ ခံစားမှုတို့သည်ကို ဘယ်သို့ရှိနေမည်ကို မသိပါ။ မည်သို့ပင် ကြိုးပမ်းလုပ်ဆောင်စေကာမူ ကိုယ်တန်ဖိုးထားသည့် ပစ္စည်းတို့ကို မရွေးနိုင်ဘဲ အပေါင်ဆုံးသွားသည့်အခါ ခံစားရသည့်ခံစားမှုတို့ကို  စာနာမိလိုက်သည်။  မည်သို့ပင်ဆိုစေ ထိုခြင်ထောင်အပေါင်စရိတ်ဖြင့် ကျွန်တော့်တို့ အသီးသီး မွေးရပ်မြေခရီးသို့ ပြန်ခဲ့ကြ ပါသည်။ (၂)  " ရွေးချယ်မယ့် ဘာသာရပ်ကို လွယ်တဲ့ဟာဖြည့်၊ လိုက်နိုင်မယ့်ဟာ ရွေး"  ဦးလေးဖြစ်သူက တက္ကသိုလ်တက်ရာတွင် ကိုယ်ရွေးချယ်မည့် ဦးစားပေးဘာသာရပ်ကို ရွေးချယ်ခိုင်း ခြင်းဖြစ်သည်။  ပြီးတော့ ကျွန်တော်တို့က အဝေးသင်တက်ကြမည်ဖြစ်သည်။  " အဓိက ကတော့ ဘွဲ့တစ်ခုရဖို့ပဲ "  ဟုတ်သည်။  ဘွဲ့ရဆိုသည့်ဂုဏ်နှင့် မိမိ၏ မိဘများက ဘွဲ့ရအောင် ကျောင်းထားပေးနိုင်သည်ဟူသော ဂုဏ်များကို လိုချင်မှုကြောင့် လွယ်ကူသော၊ လိုက်နိုင်သော ဘာသာရပ်ကို ရွေးချယ်ကြခြင်းဖြစ်သည်။  မိမိရရှိ သည့်ဘွဲ့ဖြင့် အလုပ်လုပ်ကိုင်ရသည်မှာ ရှားပါးလှသည်မဟုတ်ပါလား။  ပြီးလျှင် ကျွန်တော်တို့က အဝေးသင် ဘွဲ့ဖြစ်သဖြင့် သာ၍ဆိုးသည်။    " သမိုင်း၊ မြန်မာ၊ စိတ်ပညာ "  ကျွန်တော်ရွေးချယ်လိုက်သည့် ဘာသာရပ်များဖြစ်သည်။  လွယ်ကူသည်ဟု ရှေ့အစ်ကိုအစ်မများကို ဆိုသည့် သမိုင်းကို ဦးစားပေး(၁)၊ ကျွန်တော်နှစ်သက်သည့် မြန်မာစာကို ဦးစားပေး(၂)၊ ကျွန်တော် စိတ်ဝင် စားသည့် စိတ်ပညာကို ဦးစားပေး(၃)အဖြစ် ရွေးချယ်လိုက်သည်။  ထိုအချိန်က စိတ်ပညာကို စိတ်ထဲတွင် စိတ်ဝင်စားမိသည်သာရှိသည်။  စိတ်ပညာ ဘာသာရပ်က ဘာတွေနည်းဟု လုံးလုံးမျှမသိခဲ့။  လူတို့၏ စိတ်ကိုတော့ ထိုအချိန်ကတည်းက နည်းနည်းပါးပါးစိတ်ဝင်စားမိ သောကြောင့် စိတ်ပညာ ဘာသာရပ်ကို ဦးစီးပေးရွေးချယ်လိုက်ခြင်းပင်ဖြစ်သည်။  တက္ကသိုလ်တက်ရမည့် ဘာသာရပ်များကျလာသည့်အခါ ကျွန်တော့် ဘာသာရပ်မှာ စိတ်ပညာ ဖြစ်သည်။ လျှောက်သူနည်းပါးခြင်းကြောင့်လား ကျွန်တော့် ၁၀ တန်းအမှတ်ကြောင့်လားတော့မသိပါ။ ကျွန်တော့်အမှတ်မှာ ၂၅၁ မှတ်ဖြစ်သည်။  ဘာသာရပ်က ၆ ခုဖြစ်ခြင်းကြောင့် ပျမ်းမျှ အမှတ် ၄၀ သာ ရရှိခဲ့ခြင်း ဖြစ်သည်။  မြန်မာစာတစ်ခုပင် ၅၄ မှတ်ရသည်။   ဤကဲ့သို့ ထူးချွန်ခဲ့သော ကျွန်တော်ဖြစ်ပါသည်။  ကျန် ငယ်သူငယ်ချင်းများက ဥပဒေ၊ အင်္ဂလိပ်စာ အသီးသီးရရှိကြသည်။  သူငယ်ချင်း မိန်းကလေး အများစုကတော့ ပညာရေးကောလိပ်လျှောက်ကြသည်။  ဆရာလုပ်မည့် ကျွန်တော်ကတော့ စစ်သားကြီး လုံးလုံးဖြစ်သွားပြီဖြစ်ခြင်းကြောင့် ပညာရေးကောလိပ်ကို လက်လွတ်ရတော့သည်။    (၃)  ခွင့်မှပြန်ရောက်ရှိပြီး မကြာခင်ပင် တပ်မတော်နေ့စစ်ရေးပြက စီးလို့ကြိုနေသည်။  တပ်မတော်(လေ) ကိုယ်စားပြုအတွက် မန္တလေးသို့ သွားရောက်ကြရမည်ဖြစ်သည်။ ခပ်ငယ်ငယ်က သိခဲ့သည့်၊ သင်ခဲ့ရသည့်၊ ကြားခဲ့ဖူးရသည့်  မန္တလေးသို့ ရောက်ရှိခဲ့သည့်အချိန်တွင် စိတ်ထဲ၌ ကြည်နူးဝမ်းသာနေမိသည်။  တကယ်တမ်း တွင် မန္တလေးကို နှံ့စပ်အောင် မလည်ပတ်ခဲ့ရပါ။    စစ်ရေးပြနားရက်များတွင် မန္တလေးမဟာမြတ်မုနိ ဘုရားကြီးကို သွားရောက်ဖူးမြော်ကြသည်။  မန္တလေးတောင်၊ မြနန်းစံကျော်တို့ကို ရောက်ရှိခဲ့ခြင်းမရှိပါ။  တပ်မတော်နေ့ စစ်ရေးပြကို မန္တလေးတိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်ခြင်းကြောင့်  စစ်ရေးပြလေ့ကျင့်ချိန်တို့တွင် သမိုင်းဝင် နန်းတော်ကြီး ဘေးကသာ ငေးမော ဖြတ်လျှောက်ခဲ့ကြရပါသည်။  လူအင်အားများစွာဖြင့် ညီညာအောင် လုပ်ရသည်မှမလွယ်လှပါ။  တိုင်ပင်ကိုက်၊ ဟန်ချက်ညီမှသာ လျှင်စစ်ရေးပြသည် ကြည့်လို့ကောင်းလှသည်ဖြစ်သည်။  ကျွန်တော်တို့မှာတော့ တကယ့်ပူလှသည့် မတ်လ တွင် မန္တလေးအပူနှင့် သွားတွေ့ခြင်းကြောင့် စစ်ရေးပြနင်းရသည်ထက် အပူရှိန်ကြောင့် ပိုမောခဲ့ကြရသည်။  ထို(၅၇)နှစ်မြောက် တပ်မတော်နေ့သည် ကျွန်တော့်အတွက်အမှတ်တရရှိလှသည်။  (၅၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြတွင် ကျွန်တော်တို့ တပ်ခွဲက စံပြဆုရခဲ့သည်။  ကျွန်တော်တို့ကြိုးစားမှု၏ ရလဒ်ကို ဂုဏ်ယူခဲ့ရသလို ကျွန်တော်၏ ငယ်သူငယ်ချင်းဖြစ်သူကလည်း ထိုနှစ်တွင်ပင် တပ်မတော်(နေ့)အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် တစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည်။  မြန်မာ့အသံမှ ထုတ်လွှင့်ပြသခဲ့သည်။  ကျွန်တော်သူငယ်ချင်းဖြစ်သူမှာ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် မြို့နယ်အဆင့်၊ တိုင်းအဆင့် ဆုများရယူနေသူဖြစ်သည်။  ကျွန်တော်ကလည်း အားကျမခံ ၁၀ တန်းနှစ်တွင် သမ၀ါယမနေ့၊ တပ်မတော်နေ့၊ ပြည့်ထောင်စုနေ့ စသည့်နေ့တို့တွင် ၀င်ပြိုင်သည်။  တစ်ခါမျှတော့ ဆုမရခဲ့ဘူးချေ။    မန္တလေးမှအပြန်တွင် ဆုရသော ကျွန်တော်တို့အဖွဲ့အား ပလိပ်မြွေဘုရားသို့ ဖူးမြော်ရန် ပို့ဆောင်ပေးခဲ့ သည်။  တပ်မတော်၏ အကျိုးကျေးဇူးကြောင့် မရောက်ဖူးသော ဒေသများနှင့် တန်ခိုးကြီးဘုရားများအား ဖူးမြော်ခွင့်ရရှိခဲ့ရသည်။  တပ်မတော်နေ့အပြီး မကြာခင်မှာပင် သင်္ကြန်ပွဲတော်အား မိတ္ထီလာမြို့တွင် ဆင်နွှဲခဲ့ရပါသည်။ သင်္ကြန် သည်လည်း ကျွန်တော့်အတွက် အမှတ်တရရှိလှသည်ဟု ပြောရမည်ပင်။ အဘယ့်ကြောင့်ဆိုသော် တစ်နှစ်လျှင် တစ်နေရာဆီဖြင့် သင်္ကြန်ကျရခြင်းကြောင့်ဖြစ်ပါတော့သည်။ (၄)  " စစ်၊ တို၊ ကျဉ်း၊ ပေး၊ မိန့်၊ စည်း၊ ရေး၊ ခရီးသွား၊ စစ် ကိုးမျိုးဖြစ် "  " တို ရှင်း တိ လုံ "  ပြင်ဦးလွင်တွင်တက်ရမည့် တပ်ကြပ်ကြီးစာရေးသင်တန်းမှာ ဖွင့်လှစ်ပြီးဖြစ်၍ နောက်သင်တန်းပြန်ဖွင့် ချိန်မှသာ ကျွန်တော်တို့တက်ရမည်ဖြစ်သဖြင့် အခြေခံစစ်ပညာသင်တန်းတက်ရာ မိတ္ထီလာတွင်သာ တပ်ကြပ်ကြီးစာရေးအထောက်အကူပြုသင်တန်းအား တက်ရောက်နေကြရသည်။  ပြင်ဦးလွင်တွင်တက်ရမည့် သင်တန်းအတွက် အကြိုသင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဟု ပြောရမည်ပင်။ ထိုသင်တန်းတွင် ဦး၊ ရေး၊ ထောက် လုပ်ငန်း ဆိုင်ရာများကို စတင်သင်ကြားနေကြရခြင်းဖြစ်သည်။  စစ်ဘက်စာရေးသားနည်းများကို သင်ကြားရသည့်အခါ တော်တော်စနစ်ကျဒါပဲဟူ၍ တွေးမိသည်။  စာရွက်ထိပ်နှင့် ခေါင်းစဉ်အကွာအဝေး၊ စာကြောင်းအကွာအဝေး၊ ဘေးလိုင်းနှင့် စာပိုဒ်အကွာအဝေး၊ နယ်ဘက် စစ်ဘက်ပေးစာများကို စစ်ဘက်စာရေးသားနည်းအတိုင်း စနစ်တကျသင်ကြားရသည်။   ဤတွင် SD ကျသည်ဟူသော စကားရပ်ကို စတင်ကြားသိခဲ့ရတော့သည်။  ဒီလူက အရမ်း SD ကျ တယ်ဟု ချီးကျူးခံရသူ၊ အရွဲ့ခံရသူ၊ အမုန်းခံရသူတို့ကို စတင်သိခဲ့ရတော့သည်။ ပြီးတော့ စာအုပ်ကြီးသမား ဟူသော စကားကို သိခဲ့ရတော့သည်။  ဤနေရာတွင် ကျွန်တော်တွေးမိတာ တစ်ခုရှိသည်။  " ဥပဒေကို လက်တစ်လုံးကြားလုပ်သည် " ဟူသောစကားပင်ဖြစ်သည်။  ဥပဒေကို လက်တစ်လုံးကြားလုပ်ဖို့ဆိုရာတွင် ဥပဒေကို တတ်ကျွမ်းသူဖြစ်ရမည် ဟုကျွန်တော်ထင်မိသည်။ ဥပဒေဘောင်အတွင်းကျအောင် ဥပဒေကို ကိုယ်လိုသလို ဆွဲယူသုံးခြင်းဖြစ်မည်ဟု ထင်မိသည်။ ထိုနည်းတူစွာပင် SD ကျသူများ၊ စာအုပ်ကြီးသမားများသည်လည်း တစ်ခါတခါ လက်တစ်လုံး ကြားလုပ်တတ်ကြသည်။  ထိုအခါ သူတို့ကို ထောက်ပြသည်ပင်လျှင် ဥပဒေနှင့်မညီ စည်းမျဉ်းနှင့်မညီဟူသော ပုံစံမျိုးဖြစ်သွားရတော့သည်။    တကယ်တော့ " တရားနည်းလမ်းကျသည် "ဟူသော စကားဖြင့် မှတ်ကျောက်တင်ခံရခြင်းသည် လူသားအမျိုးစုအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ထင်သည်။  လက်တစ်လုံးကြားလုပ်သူ၊ စည်းပေါ်လမ်းလျှောက် သူတို့သည် တရားသောနည်းလမ်းကျဖို့ဆိုသည်မှာ တစ်ထစ်ကျပြော၍ ရမည်မထင်ပါ။  " မုသားမပါလင်္ကာ မချော" ဆိုသည့်အတိုင်း ကိစ္စရပ်များ ပြီးမြောက်ရန်အတွက် မုသားလေးတွေ၊ မတရားသောနည်းလေးတွေ ပါဝင်လာနိုင်မည်ထင်သည်။  တရားသောနည်းလမ်းဆိုသည်ကတော့ ကိုယ့်ကိုယ်ကိုလည်း လိပ်ပြာသန့်သလို အများအတွက်လည်း အကျိုးရှိနိုင်မည်ဖြစ်သည်။  သို့အတွက် ကိုယ်ဆုံးဖြတ်ရမည့်အလုပ်တစ်ခုဖြစ်စေ၊ ကိုယ်လုပ်ရမည့် လုပ်ငန်း ကိစ္စတစ်ခုဖြစ်စေ တရားနည်းလမ်းကျဖို့ လိုမည်ဟု ယုံကြည်မိပါတော့သည်။  ************
(၁)
"မင်းတို့ ခွင့် ၁၀ ရက်ရမယ် ပြန်ဖို့ပြင်တော့ "
ကျွန်တော်တို့ တော်တော်ပျော်ရွှင်သွားသည်။ သင်တန်းဆင်းပြီး၍ ခွင့်ပြန်ပြီး ၂ ပတ်အကြာတွင် ကျွန်တော်တို့ ခွင့်ထပ်ရရှိခြင်းဖြစ်သည်။
 ကျွန်တော်တို့ သင်တန်းတွင် ၁၀ တန်းအောင်သော စစ်သည်များ အများအပြားပါဝင်သည်။
ခွင့် ၁၀ ရက်ထပ်မံပေးခြင်းမှာ တက္ကသိုလ်လျှောက်လွှာများဖြည့်သွင်းရန်အတွက်ဖြစ်သည်။ ကိုယ်တိုင် ဖြည့်သွင်းရမည်ဟု ဆိုခြင်းကြောင့် ကျွန်တော်တို့ကို ခွင့်ပေးခြင်းဖြစ်သည်။ စိတ်ထဲတွင်တော့ ချစ်ဖို့ကောင်းတဲ့ တပ်မတော်ကြီးဟုပင် တင်စားလိုက်မိသည်။
ခွင့် ပြန်ရမည်မို့ စိတ်ကပျော်ရွှင်နေသော်လည်း လက်ထဲတွင် လမ်းစရိတ်ပင် မရှိကြတော့။ ကျွန်တော့် တွင်လည်း ငွေကြေးက ခပ်ပါးပါးဖြစ်နေပြီ။ ဒီတော့ ခွင့်ပြန်မည့်အထဲမှ ငွေကြေးလိုအပ်သူတွေကို စုလိုက် သည်။ တစ်ခါတည်း တပ်မတော်မှ ထုတ်ပေးသည့် ခြင်ထောင်များ ယူလာရန် မှာလိုက်သည်။
အကြောင်းကား သင်တန်းမှ ဆရာတစ်ဦးထံ ထိုခြင်ထောင်များစု၍ ပေါင်နှံကြခြင်းဖြစ်ပေတော့သည်။ ဤသည်မှာ ကျွန်တော့်ဘ၀၏ လက်ရှိအချိန်အထိ ပထမဆုံးနှင့် နောက်ဆုံးသော ပေါင်နှံဘူးခြင်းပင် ဖြစ်သည်။ ပေါင်နှံရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများသည်ကား မိမိပစ္စည်းကို ရွေးမှ ရွေးနိုင်ပါမည်လား။ မရွေးနိုင်လျှင် လူကြားထဲအရှက်ရမည်လား ဟူသော စိုးရိမ်စိတ်တို့က ၀င်လာခြင်းဖြစ်သည်။
တကယ်တော့ ကျွန်တော်ပေါင်နှံလိုက်သည်မှာ ခြင်ထောင်တစ်လုံးပင်ဖြစ်သည်။ လူ့မှုပတ်ဝန်းကျင်တွင် မိဘတို့၏ အမွေအနှစ်ပစ္စည်းပစ္စယမှအစ တိုက်တာများ၊ စက်ဘီး၊ ဆိုင်ကယ်၊ ကား၊ ခြံစသည့် ကြီးမားစွာ ပေါင်နှံထားသူတို့၏ ခံစားမှုတို့သည်ကို ဘယ်သို့ရှိနေမည်ကို မသိပါ။ မည်သို့ပင် ကြိုးပမ်းလုပ်ဆောင်စေကာမူ ကိုယ်တန်ဖိုးထားသည့် ပစ္စည်းတို့ကို မရွေးနိုင်ဘဲ အပေါင်ဆုံးသွားသည့်အခါ ခံစားရသည့်ခံစားမှုတို့ကို စာနာမိလိုက်သည်။
မည်သို့ပင်ဆိုစေ ထိုခြင်ထောင်အပေါင်စရိတ်ဖြင့် ကျွန်တော့်တို့ အသီးသီး မွေးရပ်မြေခရီးသို့ ပြန်ခဲ့ကြ ပါသည်။
(၂)
"ရွေးချယ်မယ့် ဘာသာရပ်ကို လွယ်တဲ့ဟာဖြည့်၊ လိုက်နိုင်မယ့်ဟာ ရွေး"
ဦးလေးဖြစ်သူက တက္ကသိုလ်တက်ရာတွင် ကိုယ်ရွေးချယ်မည့် ဦးစားပေးဘာသာရပ်ကို ရွေးချယ်ခိုင်း ခြင်းဖြစ်သည်။ ပြီးတော့ ကျွန်တော်တို့က အဝေးသင်တက်ကြမည်ဖြစ်သည်။
"အဓိက ကတော့ ဘွဲ့တစ်ခုရဖို့ပဲ "
ဟုတ်သည်။ ဘွဲ့ရဆိုသည့်ဂုဏ်နှင့် မိမိ၏ မိဘများက ဘွဲ့ရအောင် ကျောင်းထားပေးနိုင်သည်ဟူသော ဂုဏ်များကို လိုချင်မှုကြောင့် လွယ်ကူသော၊ လိုက်နိုင်သော ဘာသာရပ်ကို ရွေးချယ်ကြခြင်းဖြစ်သည်။ မိမိရရှိ သည့်ဘွဲ့ဖြင့် အလုပ်လုပ်ကိုင်ရသည်မှာ ရှားပါးလှသည်မဟုတ်ပါလား။ ပြီးလျှင် ကျွန်တော်တို့က အဝေးသင် ဘွဲ့ဖြစ်သဖြင့် သာ၍ဆိုးသည်။
"သမိုင်း၊ မြန်မာ၊ စိတ်ပညာ "
ကျွန်တော်ရွေးချယ်လိုက်သည့် ဘာသာရပ်များဖြစ်သည်။ လွယ်ကူသည်ဟု ရှေ့အစ်ကိုအစ်မများကို ဆိုသည့် သမိုင်းကို ဦးစားပေး(၁)၊ ကျွန်တော်နှစ်သက်သည့် မြန်မာစာကို ဦးစားပေး(၂)၊ ကျွန်တော် စိတ်ဝင် စားသည့် စိတ်ပညာကို ဦးစားပေး(၃)အဖြစ် ရွေးချယ်လိုက်သည်။
ထိုအချိန်က စိတ်ပညာကို စိတ်ထဲတွင် စိတ်ဝင်စားမိသည်သာရှိသည်။ စိတ်ပညာ ဘာသာရပ်က ဘာတွေနည်းဟု လုံးလုံးမျှမသိခဲ့။ လူတို့၏ စိတ်ကိုတော့ ထိုအချိန်ကတည်းက နည်းနည်းပါးပါးစိတ်ဝင်စားမိ သောကြောင့် စိတ်ပညာ ဘာသာရပ်ကို ဦးစီးပေးရွေးချယ်လိုက်ခြင်းပင်ဖြစ်သည်။
တက္ကသိုလ်တက်ရမည့် ဘာသာရပ်များကျလာသည့်အခါ ကျွန်တော့် ဘာသာရပ်မှာ စိတ်ပညာ ဖြစ်သည်။ လျှောက်သူနည်းပါးခြင်းကြောင့်လား ကျွန်တော့် ၁၀ တန်းအမှတ်ကြောင့်လားတော့မသိပါ။ ကျွန်တော့်အမှတ်မှာ ၂၅၁ မှတ်ဖြစ်သည်။ ဘာသာရပ်က ၆ ခုဖြစ်ခြင်းကြောင့် ပျမ်းမျှ အမှတ် ၄၀ သာ ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာစာတစ်ခုပင် ၅၄ မှတ်ရသည်။
ဤကဲ့သို့ ထူးချွန်ခဲ့သော ကျွန်တော်ဖြစ်ပါသည်။
ကျန် ငယ်သူငယ်ချင်းများက ဥပဒေ၊ အင်္ဂလိပ်စာ အသီးသီးရရှိကြသည်။ သူငယ်ချင်း မိန်းကလေး အများစုကတော့ ပညာရေးကောလိပ်လျှောက်ကြသည်။ ဆရာလုပ်မည့် ကျွန်တော်ကတော့ စစ်သားကြီး လုံးလုံးဖြစ်သွားပြီဖြစ်ခြင်းကြောင့် ပညာရေးကောလိပ်ကို လက်လွတ်ရတော့သည်။
(၃)
ခွင့်မှပြန်ရောက်ရှိပြီး မကြာခင်ပင် တပ်မတော်နေ့စစ်ရေးပြက စီးလို့ကြိုနေသည်။ တပ်မတော်(လေ) ကိုယ်စားပြုအတွက် မန္တလေးသို့ သွားရောက်ကြရမည်ဖြစ်သည်။ ခပ်ငယ်ငယ်က သိခဲ့သည့်၊ သင်ခဲ့ရသည့်၊ ကြားခဲ့ဖူးရသည့် မန္တလေးသို့ ရောက်ရှိခဲ့သည့်အချိန်တွင် စိတ်ထဲ၌ ကြည်နူးဝမ်းသာနေမိသည်။ တကယ်တမ်း တွင် မန္တလေးကို နှံ့စပ်အောင် မလည်ပတ်ခဲ့ရပါ။
စစ်ရေးပြနားရက်များတွင် မန္တလေးမဟာမြတ်မုနိ ဘုရားကြီးကို သွားရောက်ဖူးမြော်ကြသည်။ မန္တလေးတောင်၊ မြနန်းစံကျော်တို့ကို ရောက်ရှိခဲ့ခြင်းမရှိပါ။ တပ်မတော်နေ့ စစ်ရေးပြကို မန္တလေးတိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်ခြင်းကြောင့် စစ်ရေးပြလေ့ကျင့်ချိန်တို့တွင် သမိုင်းဝင် နန်းတော်ကြီး ဘေးကသာ ငေးမော ဖြတ်လျှောက်ခဲ့ကြရပါသည်။
လူအင်အားများစွာဖြင့် ညီညာအောင် လုပ်ရသည်မှမလွယ်လှပါ။ တိုင်ပင်ကိုက်၊ ဟန်ချက်ညီမှသာ လျှင်စစ်ရေးပြသည် ကြည့်လို့ကောင်းလှသည်ဖြစ်သည်။ ကျွန်တော်တို့မှာတော့ တကယ့်ပူလှသည့် မတ်လ တွင် မန္တလေးအပူနှင့် သွားတွေ့ခြင်းကြောင့် စစ်ရေးပြနင်းရသည်ထက် အပူရှိန်ကြောင့် ပိုမောခဲ့ကြရသည်။ ထို(၅၇)နှစ်မြောက် တပ်မတော်နေ့သည် ကျွန်တော့်အတွက်အမှတ်တရရှိလှသည်။ (၅၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြတွင် ကျွန်တော်တို့ တပ်ခွဲက စံပြဆုရခဲ့သည်။ ကျွန်တော်တို့ကြိုးစားမှု၏ ရလဒ်ကို ဂုဏ်ယူခဲ့ရသလို ကျွန်တော်၏ ငယ်သူငယ်ချင်းဖြစ်သူကလည်း ထိုနှစ်တွင်ပင် တပ်မတော်(နေ့)အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် တစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည်။ မြန်မာ့အသံမှ ထုတ်လွှင့်ပြသခဲ့သည်။
ကျွန်တော်သူငယ်ချင်းဖြစ်သူမှာ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် မြို့နယ်အဆင့်၊ တိုင်းအဆင့် ဆုများရယူနေသူဖြစ်သည်။ ကျွန်တော်ကလည်း အားကျမခံ ၁၀ တန်းနှစ်တွင် သမ၀ါယမနေ့၊ တပ်မတော်နေ့၊ ပြည့်ထောင်စုနေ့ စသည့်နေ့တို့တွင် ၀င်ပြိုင်သည်။ တစ်ခါမျှတော့ ဆုမရခဲ့ဘူးချေ။
မန္တလေးမှအပြန်တွင် ဆုရသော ကျွန်တော်တို့အဖွဲ့အား ပလိပ်မြွေဘုရားသို့ ဖူးမြော်ရန် ပို့ဆောင်ပေးခဲ့ သည်။ တပ်မတော်၏ အကျိုးကျေးဇူးကြောင့် မရောက်ဖူးသော ဒေသများနှင့် တန်ခိုးကြီးဘုရားများအား ဖူးမြော်ခွင့်ရရှိခဲ့ရသည်။
တပ်မတော်နေ့အပြီး မကြာခင်မှာပင် သင်္ကြန်ပွဲတော်အား မိတ္ထီလာမြို့တွင် ဆင်နွှဲခဲ့ရပါသည်။ သင်္ကြန် သည်လည်း ကျွန်တော့်အတွက် အမှတ်တရရှိလှသည်ဟု ပြောရမည်ပင်။ အဘယ့်ကြောင့်ဆိုသော် တစ်နှစ်လျှင် တစ်နေရာဆီဖြင့် သင်္ကြန်ကျရခြင်းကြောင့်ဖြစ်ပါတော့သည်။
(၄)
"စစ်၊ တို၊ ကျဉ်း၊ ပေး၊ မိန့်၊ စည်း၊ ရေး၊ ခရီးသွား၊ စစ် ကိုးမျိုးဖြစ် "
"တို ရှင်း တိ လုံ "
ပြင်ဦးလွင်တွင်တက်ရမည့် တပ်ကြပ်ကြီးစာရေးသင်တန်းမှာ ဖွင့်လှစ်ပြီးဖြစ်၍ နောက်သင်တန်းပြန်ဖွင့် ချိန်မှသာ ကျွန်တော်တို့တက်ရမည်ဖြစ်သဖြင့် အခြေခံစစ်ပညာသင်တန်းတက်ရာ မိတ္ထီလာတွင်သာ တပ်ကြပ်ကြီးစာရေးအထောက်အကူပြုသင်တန်းအား တက်ရောက်နေကြရသည်။ ပြင်ဦးလွင်တွင်တက်ရမည့် သင်တန်းအတွက် အကြိုသင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဟု ပြောရမည်ပင်။ ထိုသင်တန်းတွင် ဦး၊ ရေး၊ ထောက် လုပ်ငန်း ဆိုင်ရာများကို စတင်သင်ကြားနေကြရခြင်းဖြစ်သည်။
စစ်ဘက်စာရေးသားနည်းများကို သင်ကြားရသည့်အခါ တော်တော်စနစ်ကျဒါပဲဟူ၍ တွေးမိသည်။ စာရွက်ထိပ်နှင့် ခေါင်းစဉ်အကွာအဝေး၊ စာကြောင်းအကွာအဝေး၊ ဘေးလိုင်းနှင့် စာပိုဒ်အကွာအဝေး၊ နယ်ဘက် စစ်ဘက်ပေးစာများကို စစ်ဘက်စာရေးသားနည်းအတိုင်း စနစ်တကျသင်ကြားရသည်။
ဤတွင် SD ကျသည်ဟူသော စကားရပ်ကို စတင်ကြားသိခဲ့ရတော့သည်။ ဒီလူက အရမ်း SD ကျ တယ်ဟု ချီးကျူးခံရသူ၊ အရွဲ့ခံရသူ၊ အမုန်းခံရသူတို့ကို စတင်သိခဲ့ရတော့သည်။ ပြီးတော့ စာအုပ်ကြီးသမား ဟူသော စကားကို သိခဲ့ရတော့သည်။
ဤနေရာတွင် ကျွန်တော်တွေးမိတာ တစ်ခုရှိသည်။ "ဥပဒေကို လက်တစ်လုံးကြားလုပ်သည် "ဟူသောစကားပင်ဖြစ်သည်။ ဥပဒေကို လက်တစ်လုံးကြားလုပ်ဖို့ဆိုရာတွင် ဥပဒေကို တတ်ကျွမ်းသူဖြစ်ရမည် ဟုကျွန်တော်ထင်မိသည်။ ဥပဒေဘောင်အတွင်းကျအောင် ဥပဒေကို ကိုယ်လိုသလို ဆွဲယူသုံးခြင်းဖြစ်မည်ဟု ထင်မိသည်။ ထိုနည်းတူစွာပင် SD ကျသူများ၊ စာအုပ်ကြီးသမားများသည်လည်း တစ်ခါတခါ လက်တစ်လုံး ကြားလုပ်တတ်ကြသည်။ ထိုအခါ သူတို့ကို ထောက်ပြသည်ပင်လျှင် ဥပဒေနှင့်မညီ စည်းမျဉ်းနှင့်မညီဟူသော ပုံစံမျိုးဖြစ်သွားရတော့သည်။
တကယ်တော့ "တရားနည်းလမ်းကျသည် "ဟူသော စကားဖြင့် မှတ်ကျောက်တင်ခံရခြင်းသည် လူသားအမျိုးစုအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ထင်သည်။ လက်တစ်လုံးကြားလုပ်သူ၊ စည်းပေါ်လမ်းလျှောက် သူတို့သည် တရားသောနည်းလမ်းကျဖို့ဆိုသည်မှာ တစ်ထစ်ကျပြော၍ ရမည်မထင်ပါ။ "မုသားမပါလင်္ကာ မချော"ဆိုသည့်အတိုင်း ကိစ္စရပ်များ ပြီးမြောက်ရန်အတွက် မုသားလေးတွေ၊ မတရားသောနည်းလေးတွေ ပါဝင်လာနိုင်မည်ထင်သည်။
တရားသောနည်းလမ်းဆိုသည်ကတော့ ကိုယ့်ကိုယ်ကိုလည်း လိပ်ပြာသန့်သလို အများအတွက်လည်း အကျိုးရှိနိုင်မည်ဖြစ်သည်။ သို့အတွက် ကိုယ်ဆုံးဖြတ်ရမည့်အလုပ်တစ်ခုဖြစ်စေ၊ ကိုယ်လုပ်ရမည့် လုပ်ငန်း ကိစ္စတစ်ခုဖြစ်စေ တရားနည်းလမ်းကျဖို့ လိုမည်ဟု ယုံကြည်မိပါတော့သည်။
************
မောင်ပိုင်  
၂၈-၀၁-၂၀၁၃ 
သိကြားမင်း Format ချလိုက်တဲ့တိုင်းပြည်
$
0
0
( ၃+ ဇာတ်သိမ်းပိုင်း )
Format ဂိတ်ဆုံးချခံလိုက်ရခြင်းကား အစွမ်းပြလေတော့၏ .......
လမ်းပေါ်တွင်လူတို့ကား အမှိုက်မချကြတော့
စည်ပင် ဝန်ထမ်းတို့သည် လည်း မရပ်မနား ကောက်ကြသဖြင့် မြန်မာပြည်မှ လမ်းများပေါ်တွင် အမှိုက်သည်ကား ရွှေထက်ရှားနေလေပြီ ....
စည်းကမ်းအပြိုင်အဆိုင်လိုက်နာကြသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း ကင်းနေလေပြီ။ တက္ကသိုလ် ကျောင်းကားများလည်းမြင်မကောင်းအောင် ပြည့်နေလေပြီတကား
ရင်ဘတ်အောင့်ခြင်းဘေးမှ ကင်းဝေးစေရန် သေလုမတတ် စာသင်နေသော ဆရာဆရာမများ နှင့် ကျောင်းတော်သားတို့၏ စာအံသံ ကား နိုင်ငံအနှံ့ ပျံ့ လွင့်လာ၏ .....
လက်ဖက်ရည်ဆိုင်များမှ ခေါ်မကြား အော်မကြား စားပွဲထိုးတို့ကား လက်ပင်မလှုပ်ရသေး ရောက်လာနေပြီဖြစ်၏။ အသက်ရှင်ရုံ အစားအသောက်စားပြီးသည်နှင့် အရင်လို ဝေဖန်လေကန်နေ၍ မရ ... ရင်ဘတ်
အောင့်ကာ ပူလာမည်ဆိုး၍ လူတို့သည် အစားစားပြီးသည်နှင့် လက်ဖက်ရည်ဆိုင်မှ
ထထွက်၍ လိုရာတန်းသွားကြ၏ ....
အရင်က နှစ်နှင့်ချီ၍ ကြာတတ်သော အစိုးရ ရုံးကိစ္စများလည်း မကြာတော့၊ လူက အလုပ်ကို အရမ်းနိုင်သွားလေပြီ။ မြန်မာအစိုးရ ရုံးဝန်ထမ်းများ၏ ပျူငှာဖော်ရွေမှုမှာ ကမ္ဘာအနှံ့သို့ ရက်ပိုင်းအတွင်း သတင်းပျံ့ သွားလေပြီ။ မပြုံးလျှင် ၊ အလုပ်နားလျှင် ရင်ဘတ်ပူအောင့် မည်စိုး၍ အတင်းပြုံးထားသော လူတို့အီ အပြုံးများကား ချိုအီအီ .... You Cube ပေါ်တွင် မြန်မာလူမျိုးတို့၏ စည်းကမ်းသေဝပ်ပုံ၊ မရပ်မနား အလုပ်လုပ်ပုံ ၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းပုံ ဗီဒီယို file များကို အမေရိကန်၊ england တို့မှပင် ပြန်ဒေါင်ကြည့်ကြရလေပြီ .......
တစ်လခန့်အကြာတွင် .....
မြန်မာ လူမျိုးတို့သည် ဂင်းနစ်စံချိန်တင်ကြလေပြီ။
တစ်လတိုင်တိုင် မရပ်မနား စာကျက်ခဲ့သော မြန်မာပြည်မှ ကျောင်းသားလေး သုရှင် Thuu Shin မှာ ကမ္ဘာ့စာအကျက်နိုင်ဆုံးကျောင်းသားဖြစ်သွားလေပြီ၊ အရိုးပေါ် အရေတင်၍ မျက်ဝန်းများညိုကျနေသော ထိုကျောင်းသားလေးသည် အင်တာဗျူးများဖြေပေးနေရင်း၌ပင် လက်ထဲမှာစာအုပ်များကို အောက်သို့ မချရဲရှာ ...... စာကျက်ရတာထက် ရင်ဘတ်ပူအောင့်နာကို သူမခံချင်တော့ .......
ရဲစခန်းများ၌ အမှုတစ်မှုပင်မရှိ ... ရင်ဘတ်ပူအောင့်မည်စိုး၍ ခိုးရန်၊ တိုက်ရန် တွေးပင်မတွေးရဲတော့သော ဒုစရိုက်သားတို့နှင့် အချိန်ပြည့် ကင်းလှည့်နေသော ရဲတို့အား ကမ္ဘာလှည့် ခရီးသွားတို့မှ အံ့အားသင့်လက်ဖျား ခါရချေတော့သည်။
~~~ ဇာတ်သိမ်းပိုင်း ~~~
သိပ်မကြာခင်မှာပင် အိုဘားမား
လည်းဒုတိယ အကြိမ် မြန်မာနိုင်ငံ သို့လာရောက်ရပြန်၏။ ရုတ်တရက် ပြောင်းလဲသွားသောနိုင်ငံတော်ကြီးတွင် အချိန်အားရလာသဖြင့် သမ္မတကြီးပင်ဘုရားသွားကျောင်းတက် အေးရာအေးကြောင်း နေနိုင်ပြီဖြစ်သည်။ သို့ရာတွင် အလုပ်မရှိလျှင် နေ၍ မရသောကြောင့် ဘုရားဝတ်ပြုရင်း ရင်ပြင်တော်တွင် တံမျက်စည်းလှည်းနေသော ဘပြောင်ကို သွားရောက်တွေ့ဆုံခဲ့ရလေသည်။
ထို့နောက်တွင်ကား .......
Mac book မှ တစ်ဖန် Noti တက်လာပြန်သဖြင့် သိကြားမင်းသည် နေရာကြည့်လိုက်လေသည်။ မြန်မာ ....
အင်း ! မာတလိ ကိုခိုင်းလိုက်ပြီးကတည်းက မြန်မာ က ဘာမှ မဖြစ်တော့တာကြာပြီပဲ။
ခု ဘာဖြစ်ပြန်ပြီလဲ ......
နတ်တို့၏ မျက်စိဖြင့် ရှာဖွေလိုက်ရာ မြန်မာပြည်မှ အရိုးပေါ်အရေတင်၍ ပိန်လှီကာ အလုပ်မလုပ်ရ မနေနိုင်အောင် မအိပ်မစား အလုပ်လုပ်နေကြသူများ ကိုတွေ့လိုက်ရလေ၏ .....
နတ်တို့ သဘင် အစည်းအဝေးတွင် အဖြေရှာ ကြလေပြီ ....
နောက်ဆုံးပိတ် တရားခံကား မာတလိ !
သူ၏ အလုပ်မသေချာမှုကြောင့် Format ချ လက်လွန်သွားခြင်းကြောင့် ဤကဲ့သို့သော အခြေအနေများ ဖြစ်လာခြင်းပင်ဖြစ်၏ ....
မတတ်သာတော့ တစ်ခုခုတော့ ပြန်လုပ်မှ ရတော့မည့် အခြေအနေတွင် နောက်ဆုံး ဆုံးဖြတ်ချက်ကား မြန်မာပြည်ကို အရင်အတိုင်း အားလုံး Restore ပြန်လုပ်ရန်သာမှတ်တမ်း ရှိတော့၏ ....
မလုပ်လျှင် ထိုလူသားတို့သည် အလုပ်ဒဏ်ကြောင့် သေဆုံးရန်သာရှိတော့၏ ......
မတတ်သာတော့သည့် အဆုံး သိကြားမင်းသည် ကိုယ်တိုင်ကိုယ်ကျပင် မြန်မာပြည်အား Restore ပြန်လုပ်လိုက်တော့၏ ....
ထိုနေ့မှစ၍ မြန်မာပြည် ကြီးသည် ...
နေ့နေ့ညည စည်ကားနေသော ဘီယာဆိုင်ကြီးများ
အော်ဟစ်ဆူဆဲတတ်သော စပါယ်ယာများ
ထမင်းဆယ်ကမ္ဘာတင်ကျွေးထားသကဲ့သို့ မျက်နှာထား တင်းတင်းဖြင့် ဝန်ထမ်းများ
စသည်ဖြင့် လူတို့သည် ယခင်အတိုင်း ဆိုးသော သူများလည်း ဆိုးမြဲ ...
ခိုးသောသူများလည်း ခိုးမြဲ
လိမ်သောသူများလည်း လိမ်မြဲ
အာဏာမက်သော သူများလည်း အာဏာရူးမြဲ ....
စသည်ဖြင့်အရာ အားလုံးသည် ယခင်အတိုင်း ပြန်လည် ဖြစ်ထွန်းကာ ဖြစ်ချင်
တိုင်းဖြစ်နေသော အခြေအနေသို့ ပြည်လည်ရောက်ရှိသွားလေတော့သည်။
ယခင်လကမှ အလည်တစ်ခေါက် ရောက်လာခဲ့သော Obama ကား သူ့ မျက်လုံး နှစ်ဖက် ကို မယုံကြည်နိုင်လာက်အောင် ပွတ်သတ်ရင်း ဂင်းနစ် စံချိန်တင်ကမ္ဘာ့စာအကျက်ဆုံး ကျောင်းသားလေး
သုရှင် Thuu Shin ၏ ရီဝေသော မျက်လုံးများ ဖြင့် အရက်ပုလင်းတစ်လုံး ပါဆယ်ဆွဲကာ ယိုင်ထိုးနေသော ခြေလှမ်းများဖြင့်
လျှောက်လာပုံ you tube ဗီဒီယို အားကြည့် နေလေတော့သည် .......
သိကြားမင်းလည်း သက်ပြင်းကို လေးတွဲ့စွာ အခါခါ ချရင်း မာတလိကိုလှမ်းပြောလိုက်သည်ကား ....
တပည့်ကြီး ...! မြန်မာပြည်ကို Noti ဖြုတ်ထားလိုက်တော့ ... နောင်လည်း လုပ်ချင်ရာသာ လုပ်ကြပစေတော့ ။ ငါ့ကို ဘာဆို ဘာမှ လာမပြောကြနဲ့တော့လေ ......
ရှိစေတော့ ရှိပါစေတော့လေ ..........
မျိုးအိမ်ဇန်
14.10.2013
Monday 6:45 PM
သေနေ့အကြို နှုတ်ဆက်ပွဲ
$
0
0
Photo: သေနေ့အကြို နှုတ်ဆက်ပွဲ   နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဘိုးစဉ်ဘောင်ဆက် မကမ်းခဲ့ဘူးသော၊ ထူးဆန်း၍ အဖိုးတန်သော စာသားများဖြင့် ဖွဲ့စည်းထားပြီး ကြက်သီးထဖွယ် ဖိတ်စာ တစ်စောင်အား လွန်ခဲ့သော (၁) ပါတ်ခန့်က ရောက်ရှိ လာခဲ့သည်။   ထိုဖိတ်စာအား အသင်းရုံးချုပ်မှ ရရှိခဲ့ပြီးနောက် ရုံးခန်း၏ ကြေငြာဘုတ်တွင် “သေနေ့အကြို နှုတ်ဆက် ပွဲ” အခမ်းအနား တက်ရောက်ရန်ဆိုသော စာတန်းနှင့် ရက်စွဲ၊ အချိန်တို့အား ရေးမှတ်ထားပြီး ကာယကံရှင်နှစ်ဦး၏ အမည်နှင့်အသက်ကိုပါ ရေးမှတ်ထားရာ ဖတ်ရှု့သူအပေါင်းမှ မေးခွန်းများမေးမြန်းခြင်း ရှိခဲ့သည်။   အားလုံးသိချင်၊ မြင်ချင်၊ စိတ်ဝင်စားနေသော ဖိတ်စာပါအကြောင်းအရာများသည် လေးစားဖွယ်၊ အတုယူဖွယ်၊ အားကျဖွယ်၊ ပီတိ ဖြစ်ဖွယ်များစွာပါဝင်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူကိုယ်တိုင် အလေးနက်ထား ဂုဏ်ယူ ဖွယ်ရာများ ဖြစ်ပေါ်လာခဲ့တော့သည်။   ဖိတ်စာ၏ အစပိုင်းတွင် မေတ္တာဖြင့် လက်ဆောင်ပစ္စည်းပေးပို့ခြင်းသည်းခံပါ။ ဟူ၍ရေးသားထားသည်။ နောက်စာမျက်နှာတွင် “(၂) ယောက် (၁) ဘဝရဲ့အစဆုံးနေ့” “အပြုံးပန်းတွေနဲ့ဝေ ဝေနိုင်ပါစေ … လေ” ဟူ၍ ရေးသားထားပြီး ၃.၁၁.၁၉၆၃ အသက် (၂၇) နှစ်စီ သပြေညို ဦးတင်ရွှေ+ဒေါ်တင်ရီ တို့၏ ငယ်စဉ်အခါက ရိုက်ကူး ထားသော နှစ်ယောက်တွဲပုံအား တွေ့မြင်ရသည်။   “လာဖြစ်အောင်သာ လာခဲ့ပါ” ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသ ကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်မြို့နယ်၊ ကန်တော်ကလေး အနောက်ရပ်ကွက်၊ (၈၈) လမ်း၊ အမှတ် (၁၁)၊ ၅-လွှာ (B)နေ ကျွန်တော်သေခြင်းနီး သပြေညို ဦးတင်ရွှေနှင့် ကျွန်မသေခြင်းနီး ဒေါ်တင်ရီတို့ မင်္ဂလာရက်မြတ် လက်ထပ်ခဲ့သည်မှာ နှစ် (၅ဝ) ပြည့်ခဲ့ပြီး ဖြစ်ပါသဖြင့် ရွှေရတုမင်္ဂလာ အထိမ်းအမှတ်အဖြစ်၊ သေနေ့ကြိုနှုတ်ဆက် မိတ်ဆုံပွဲကျင်းပမည်ဖြစ်ပါ၍ တစ်ဖက်ပါ အစီအစဉ်အတိုင်း လာဖြစ်အောင်သာ လာခဲ့ပါရန် ဖိတ်ကြားထားပါသည်။    အစီအစဉ်မှာ (၁) သရဏဂုံတင်မင်္ဂလာ ဖြစ်ပြီး ၁၃၇၅ခု၊ တန်ဆောင်မုန်းလဆန်း (၁) ရက် ၃.၁၁.၂ဝ၁၃ တနင်္ဂနွေနေ့ နံနက် (၅) နာရီအချိန်တွင် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မှ ဒု-ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ် အမှူးပြုသော ဆရာတော် ဘုရား (၅) ပါးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုဆရာတော် ဘုရားများက ကျွန်တော်၊ ကျွန်မတို့ သေခြင်းနီး (၂) ယောက်ကို မသေခင်ကပင် ကြိုတင်၍ သရဏဂုံတင် ပေးထားခဲ့ပါသည်။   ထို့နောက် (၂) မိတ်ဆုံပွဲ အား နံနက် (၁ဝး၃ဝ) နာရီမှ မွန်းလွဲ (၁) နာရီအထိ နှစ် (၅ဝ) ပြည့် ရွှေရတုမင်္ဂလာ အထိမ်းအမှတ်အဖြစ် သေနေ့ အကြိုနှုတ်ဆက် မိတ်ဆုံစားပွဲ ကျင်းပခဲ့ပါသည်။   (၃) နေရာ ကန်တော်ကလေး ထီးတန်း(၃)ထပ် ဓမ္မာရုံသစ်ကြီးတွင် ဖြစ်သည်။ ဖိတ်စာ၏ နောက်ဆုံးစာမျက်နှာတွင် “လမင်းကွယ်ချိန် နေကွယ်ချိန် လွမ်းသူရဲ့ပွဲ ဘယ်သူအရင်လဲ” ဟူ၍ ရေးသားထားပြီး ၃.၁၁.၂ဝ၁၃ အသက် (၇၇) နှစ်စီ သပြေညို ဦးတင်ရွှေ+ဒေါ်တင်ရီ တို့၏ ယခုလက်ရှိတွင် ရိုက်ကူး ထားသော နှစ်ယောက်တွဲပုံအား တွေ့မြင်ရသည်။   ၁၃၇၅ခု၊ တန်ဆောင်မုန်းလဆန်း (၁) ရက် ၃.၁၁.၂ဝ၁၃ ရက်နေ့တွင် “သေနေ့ကြိုနှုတ်ဆက်မိတ်ဆုံပွဲ”သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် အလုပ်အမှုဆောင် ဦးကျော်ကျော်မြင့်နှင့် အသင်းသူ/သားများ၊ ဝန်ထမ်းများမှ ယင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။   အခမ်းအနားကျင်းပ သည့်နေရာသို့ ရောက်လျှင်ရောက်ချင်း သေနေ့အကြိုနှုတ်ဆက်သည့် ကာယကံရှင် အဖိုးသပြေညို ဦးတင်ရွှေအား အရင်ဦးဆုံးတွေ့ဆုံခဲ့ပြီး အဖိုးနှင့် အဖွဲ့သားများမှ အားပါးတရ နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် အဖွားအား တွေ့မြင် ခဲ့ရသည်။   နှစ်ဦးစလုံး၏ အပြုံးသည် သေခြင်းတရားအား ရင်ဆိုင်ရန် အသင့်ဟူသော အပြုံးဖြင့် တွေ့မြင်ခဲ့ရပြီး လေးစားအတုယူဖွယ်ပင်ဖြစ်သည်။ ဘုရားနှင့် ဘုရားသားတော်၊ သမီးတော်တို့မှလွဲ၍ သေရမှာ ကြောက်ကြသော သူများကမ္ဘာပေါ်တွင် အမြောက်အများပင်ရှိသည်။   “သေနေ့အကြိုနှုတ်ဆက်ပွဲ” ဆိုသည်မှာ ဘုရားဟောသည့် အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ လေးစားအတုယူဖွယ် အဖိုးနှင့်အဖွားအား အဘယ်ကြောင့်ဆိုသော မေးခွန်းများ၊ ဦးကျော်သူသို့ အမှာစကားများကို မေးမြန်းချင်ခဲ့သည်။ ထို့နောက်မေးမြန်းဖြစ်ခဲ့သည်။   အဖိုးနှင့်အဖွားမှ ၄င်းတို့အား နှုတ်ဆက်သူများ၊ ထိုင်ကန်တော့ကြသောသူများ၊ ချစ်ခင်လေးစားသောသူများအား မအားလပ်အောင် ပြန်လည်ကာ နှုတ်ဆက်နေသဖြင့် အဖိုးတစ်ဦးတည်းအား မေးမြန်းခဲ့ရသည်။   အဖိုးအား ထူးခြားသောပွဲစီစဉ်ဖြစ်ခဲ့ပုံကို မေးမြန်းခဲ့ရာ “အဖိုးက သုံးခွမြို့နယ် သဲအင်းဂူဆရာတော်ကြီးရဲ့ တရားကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တယ်၊ ဆရာတော် ဘုရားကြီးရှိစဉ်ကတည်းက သေတတ်အောင် အသေ လေ့ကျင့်ပေးခဲ့တယ်၊ အပယ်မကျအောင် သေနည်းသင်တန်းပေးခဲ့တယ်။ သေချင်းတရားကို သိလာတဲ့အတွက် ကြောင့် ဒီပွဲကိုလုပ်ဖြစ်ခဲ့တယ်” ဟု အားပါးတရပြောကြားခဲ့သည်။   ထို့နောက် “သားနှစ်ယောက်မွေးခဲ့တယ် သား နှစ်ယောက်စလုံး ဆုံးသွားခဲ့ပြီ။ သားဦးက အသက် (၂၄) မှာဆုံးတယ်၊ ဒုတိယသားက အသက် (၂ဝ) မှာဆုံးတယ်၊ ဒုတိယသားက အရင်ဆုံးတယ် သူကစင်္ကာပူနိုင်ငံရဲ့ ဆိပ်ကမ်းမှာအလုပ်လုပ်တယ်၊ အင်ဒိုနီးရှား (၉) ယောက်က မြန်မာတစ်ယောက်ဖြစ်တဲ့ အဘသားကို ရန်စတယ် အဲ့ဒီမှာအသက်ဆုံးသွားခဲ့တယ်၊ လျော်ကြေးမရခဲ့ဘူး အလုပ်ရှင်က သူတို့ရဲ့အလုပ်ခွင်မှာ ဖြစ်တဲ့ကိစ္စမဟုတ်တဲ့အတွက် မပေးခဲ့ဘူး။   ပထမသားက ပညာတက်တယ်၊ သူဆုံးတာ ပိုပြီးနှမြောဖို့ကောင်းတယ် ဆယ်တန်းမှာ အမှတ် (၄၈၁) မှတ်နဲ့အောင်တဲ့သူ၊ RIT မှာကျောင်းတက် တယ်၊ သူဆုံးတော့ ဆေးထိုးအပ်တန်းလန်းနဲ့ဆုံးတယ်။”  ဟူ၍ ရင်နာစရာ သားနှစ်ယောက်၏ ဖြစ်ရပ်အား ပြောကြား ခဲ့သည်။   ထို့နောက်ဆက်လက်ပြီး မည်သို့မည်ပုံ လောကကြီးတွင်နေထိုင်ကြောင်း ပြောကြားခဲ့ရာ“အဖွားက (B.A) ဘွဲ့နဲ့အောင်တယ် (CMA) ရုံးက ဝန်ထမ်းပေါ့၊ အဖိုးက (M.A) ဘွဲ့နဲ့အောင်တယ် ကျူရှင်ဆရာအလုပ်နဲ့ဘဲနေတယ်” ဟူ၍ အလုပ်အကိုင်များအား ပြောကြားခဲ့သည်။   ထို့နောက် အဖိုးမှာခဲ့ချင်သော ဦးကျော်သူအား ပြောစရာစကားများအား မေးမြန်းရာ - “ဦးကျော်သူကို ပြော ပေးပါ ကွယ်လွန်သွားခဲ့ရင် တစ်ခါတည်းသဂြုင်္ိဟ်ပေးပါ၊ မမှီလိုက်လို့ရှိရင် နောက်တစ်နေ့ သဂြုင်္ိဟ်ပေးပါလို့၊ အဆိပ်သောက်ပြီးမသေရင် ပြိုင်တူမသေဘူး ဒါကြောင့် အဖိုးအရင်သေခဲ့ရင် အဖွားကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဆီဖုန်းဆက်ပြီး ဆရာမရဲ့ ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာကို ပို့ပေးပါ။ အဖွားအရင် သေခဲ့ရင်လည်း အဖိုးက ဒေါ်သန်းမြင့်အောင်ဆီ ဖုန်းဆက်လိုက်ပါ့မယ် လာခေါ်ပေးပါလို့ မှာခဲ့ပါရစေ” ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား ကြည့်ကာမှာကြားခဲ့ သည်။   ထို့နောက် “နောက်တစ်ခုက အသုဘကို လိုက်မပို့ကြပါနဲ့၊ ကျွန်တော် ယုံကြည်ရာ ကျွန်တော်လုပ်တယ်၊ အသုဘပို့တယ်ဆိုတာ ငွေကုန်၊ လူပန်း၊ အကျိုးမရှိ။ ကန်တော်ကလေးကနေ ရေဝေးကို လိုက်ပို့ကြမယ်ဆိုရင် အသွားအပြန် အချိန် (၃) နာရီကြာမယ်။   မသာပို့ကောင်းတယ်ဆိုပြီး လိုက်ပို့ပြန်တော့လည်း အကျိုးမရှိဘူး၊ အတင်း ပြောပြီးပြန်ကြမှာ။ ရေဝေးမှာဆို တစ်ချို့က ကားပေါ်ကနေမဆင်းဘူး ကားမှားမှာဆိုးလို့၊ ပို့ပြန်တော့လည်း မရဏ ဿတိဘာဝနာ မစီးဖြန်းနိုင်ကြဘူး၊ ရယ်ကြမောကြနဲ့။   မသာရှင်ဘက်က ကားတစ်စီး (နှစ်သောင်းခွဲ) နဲ့ ကား (၇) စီး ငှားရင် … ၊ အတင်းပြောတဲ့သူတွေကို ယပ်တောင်က ကမ်းရဦးမယ်၊ ရေသန့်ဘူး ကမ်းရဦးမယ်၊ တစ်ခါမှမဖတ်တဲ့ တရားစာအုပ် ကမ်းရဦးမယ်၊ မသာက မီးမသဂြုင်္ိဟ်ရသေးဘူး ကုန်ကျငွေက (၃) သိန်းမကုန်ဘဲ မီးသဂြုင်္ိဟ်စက်ထဲ မရောက်သေးဘူး။ တွေ့ချင်ရင် မသေခင်လာခဲ့ပါ။ သေပြီးမှတော့မငိုနဲ့ ပြီးတော့ ဘာမှမသိတော့တဲ့ ဓါတ်ပုံကြီးရှေ့မှာ ကြွက်စာ၊ ပုရွက်ဆိတ်စာမကျွေးနဲ့ ပြီးရင်သွန်ပစ်တာ။” ဟုပြောခဲ့ပြီး “တားမရဘူး” သံဝေဂကဗျာအား အလွတ်ရွတ် ဆိုသွားခဲ့သည်။   ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အဖွဲ့ဝင်များအားလုံး အဖိုးနှင့်အဖွားအား ရှိခိုးဦးချ ကန်တော့ခဲ့ပြီး အဖိုးနှင့်အဖွားမှ ပြန်လည်၍ ဆုတောင်းပေးခဲ့သည်။ ပြီးနောက် အဖိုးနှင့်အဖွားအား နှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။  ဖိတ်စာ၏ နောက်ကျော စာမျက်နှာတွင်တော့ - မှာထားပါရစေ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးတမ်းတွင် သေတမ်းစာ (Will) ရေးလေ့မရှိပါ။ ဤအမှာစာသည် သေတမ်းစာ (Will) မဟုတ်ပါ။ တစ်နေ့နေ့တွင် သေရမည့်သူ (၂) ယောက်၏ ရင်ထဲကတူညီသော ဆန္ဒကို လွတ်လပ်ပွင့်လင်းမြင်သာစွာ ဆန္ဒဖော်ထုတ်ခြင်းသာ ဖြစ်ပါသည်။   ကျွန်တော်၊ ကျွန်မတို့ ကွယ်လွန်လျှင်   ၁။ ဦးကျော်သူ၏ နာရေးအသင်းအကူအညီဖြင့် နေ့ချင်းပြီးသဂြုင်္ိဟ်ပေးကြပါ။ အချိန်မမီလျှင် နောက်နေ့ အပြီး သဂြုင်္ိဟ်ပေးကြပါ။   ၂။ ကျွန်တော်၊ ကျွန်မတို့ (၁) ဦးစီ၏ အသုဘကို စီစဉ်သူများနှင့် မိသားစုများမှလွဲ၍ မည်သူမျှ လုံးဝ(လုံးဝ) လိုက်မပို့ကြပါနှင့်။   ၃။ ကြွေလွင့်သွားသူ၏ အပုပ်အပွအသုဘကို လိုက်ပို့ကြမည့်အစား ကျန်ရစ်သူကို သူသေသည်အထိ စာနာ၊ ဖေးကူ၊ အားပေး၊ နှစ်သိမ့်၊ ပြုစု၊ စောင့်ရှောက်၊ ကူညီကြပါ။ ကျေးဇူးတင်ပါမည်။   ၄။ ဖဲဝိုင်း လုံးဝ (လုံးဝ) မလုပ်ကြပါနှင့်။    တားမရဘူး   တနေကွယ် သေနယ်သို့ တစ်ခါကူး  မေ့လျော့ကာ မသေဘူး မထင်လိုက်ပါနဲ့  နေကွယ်တာအချိန်များလျှင်ဖြင့်  သေနယ်ရွာတစ်ကြိမ်သွားရမယ်ကွယ်  တားမရဘူး။  (ရွှေလွန်နာဂ)   နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ အယူသီးမှု တိုက်ဖျက်ရေးခရီးစဉ်အဖြစ် စာပေဟောပြောရန် သွားရောက်နေပါသဖြင့် ယင်း သေနေ့အကြိုနှုတ်ဆက်ပွဲသို့ မတက် ရောက်နိုင်ခဲ့ပါ။   သို့သော် အဖိုးသပြေညို ဦးတင်ရွှေနှင့် အဖွား ဒေါ်တင်ရီတို့၏ မှာကြားသည့်အတိုင်း ဥက္ကဌ ဦးကျော်သူနှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများမှအလေးနက်ထား ဆောင်ရွက်ပေးမည် ဖြစ်သည်။   ထိုသို့ အဖိုးနှင့်အဖွားတို့၏ မွန်မြတ်သောလုပ်ဆောင်ချက်နှင့် ဘုရား၏ အဆုံးအမအတိုင်း လုပ်ဆောင် သွားသော အဖိုးနှင့်အဖွားတို့အား နတ်လူသာဓု ခေါ်ကြသည့်အသံများ ကြားနိုင်မည်ဆိုပါလျှင် သာဓု … သာဓု … သာဓု ဟူ၍ ပဲ့တင်ထပ်နေမည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။  Credit to Thidar Kogyi.
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဘိုးစဉ်ဘောင်ဆက် မကမ်းခဲ့ဘူးသော၊ ထူးဆန်း၍ အဖိုးတန်သော စာသားများဖြင့် ဖွဲ့စည်းထားပြီး ကြက်သီးထဖွယ် ဖိတ်စာ တစ်စောင်အား လွန်ခဲ့သော (၁) ပါတ်ခန့်က ရောက်ရှိ လာခဲ့သည်။
ထိုဖိတ်စာအား အသင်းရုံးချုပ်မှ ရရှိခဲ့ပြီးနောက် ရုံးခန်း၏ ကြေငြာဘုတ်တွင် “သေနေ့အကြို နှုတ်ဆက် ပွဲ” အခမ်းအနား တက်ရောက်ရန်ဆိုသော စာတန်းနှင့် ရက်စွဲ၊ အချိန်တို့အား ရေးမှတ်ထားပြီး ကာယကံရှင်နှစ်ဦး၏ အမည်နှင့်အသက်ကိုပါ ရေးမှတ်ထားရာ ဖတ်ရှု့သူအပေါင်းမှ မေးခွန်းများမေးမြန်းခြင်း ရှိခဲ့သည်။
အားလုံးသိချင်၊ မြင်ချင်၊ စိတ်ဝင်စားနေသော ဖိတ်စာပါအကြောင်းအရာများသည် လေးစားဖွယ်၊ အတုယူဖွယ်၊ အားကျဖွယ်၊ ပီတိ ဖြစ်ဖွယ်များစွာပါဝင်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူကိုယ်တိုင် အလေးနက်ထား ဂုဏ်ယူ ဖွယ်ရာများ ဖြစ်ပေါ်လာခဲ့တော့သည်။
ဖိတ်စာ၏ အစပိုင်းတွင် မေတ္တာဖြင့် လက်ဆောင်ပစ္စည်းပေးပို့ခြင်းသည်းခံပါ။ ဟူ၍ရေးသားထားသည်။ နောက်စာမျက်နှာတွင် “(၂) ယောက် (၁) ဘဝရဲ့အစဆုံးနေ့” “အပြုံးပန်းတွေနဲ့ဝေ ဝေနိုင်ပါစေ … လေ” ဟူ၍ ရေးသားထားပြီး ၃.၁၁.၁၉၆၃ အသက် (၂၇) နှစ်စီ သပြေညို ဦးတင်ရွှေ+ဒေါ်တင်ရီ တို့၏ ငယ်စဉ်အခါက ရိုက်ကူး ထားသော နှစ်ယောက်တွဲပုံအား တွေ့မြင်ရသည်။
“လာဖြစ်အောင်သာ လာခဲ့ပါ” ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသ ကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်မြို့နယ်၊ ကန်တော်ကလေး အနောက်ရပ်ကွက်၊ (၈၈) လမ်း၊ အမှတ် (၁၁)၊ ၅-လွှာ (B)နေ ကျွန်တော်သေခြင်းနီး သပြေညို ဦးတင်ရွှေနှင့် ကျွန်မသေခြင်းနီး ဒေါ်တင်ရီတို့ မင်္ဂလာရက်မြတ် လက်ထပ်ခဲ့သည်မှာ နှစ် (၅ဝ) ပြည့်ခဲ့ပြီး ဖြစ်ပါသဖြင့် ရွှေရတုမင်္ဂလာ အထိမ်းအမှတ်အဖြစ်၊ သေနေ့ကြိုနှုတ်ဆက် မိတ်ဆုံပွဲကျင်းပမည်ဖြစ်ပါ၍ တစ်ဖက်ပါ အစီအစဉ်အတိုင်း လာဖြစ်အောင်သာ လာခဲ့ပါရန် ဖိတ်ကြားထားပါသည်။
အစီအစဉ်မှာ (၁) သရဏဂုံတင်မင်္ဂလာ ဖြစ်ပြီး ၁၃၇၅ခု၊ တန်ဆောင်မုန်းလဆန်း (၁) ရက် ၃.၁၁.၂ဝ၁၃ တနင်္ဂနွေနေ့ နံနက် (၅) နာရီအချိန်တွင် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မှ ဒု-ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ် အမှူးပြုသော ဆရာတော် ဘုရား (၅) ပါးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုဆရာတော် ဘုရားများက ကျွန်တော်၊ ကျွန်မတို့ သေခြင်းနီး (၂) ယောက်ကို မသေခင်ကပင် ကြိုတင်၍ သရဏဂုံတင် ပေးထားခဲ့ပါသည်။
ထို့နောက် (၂) မိတ်ဆုံပွဲ အား နံနက် (၁ဝး၃ဝ) နာရီမှ မွန်းလွဲ (၁) နာရီအထိ နှစ် (၅ဝ) ပြည့် ရွှေရတုမင်္ဂလာ အထိမ်းအမှတ်အဖြစ် သေနေ့ အကြိုနှုတ်ဆက် မိတ်ဆုံစားပွဲ ကျင်းပခဲ့ပါသည်။
(၃) နေရာ ကန်တော်ကလေး ထီးတန်း(၃)ထပ် ဓမ္မာရုံသစ်ကြီးတွင် ဖြစ်သည်။ ဖိတ်စာ၏ နောက်ဆုံးစာမျက်နှာတွင် “လမင်းကွယ်ချိန် နေကွယ်ချိန် လွမ်းသူရဲ့ပွဲ ဘယ်သူအရင်လဲ” ဟူ၍ ရေးသားထားပြီး ၃.၁၁.၂ဝ၁၃ အသက် (၇၇) နှစ်စီ သပြေညို ဦးတင်ရွှေ+ဒေါ်တင်ရီ တို့၏ ယခုလက်ရှိတွင် ရိုက်ကူး ထားသော နှစ်ယောက်တွဲပုံအား တွေ့မြင်ရသည်။
၁၃၇၅ခု၊ တန်ဆောင်မုန်းလဆန်း (၁) ရက် ၃.၁၁.၂ဝ၁၃ ရက်နေ့တွင် “သေနေ့ကြိုနှုတ်ဆက်မိတ်ဆုံပွဲ”သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် အလုပ်အမှုဆောင် ဦးကျော်ကျော်မြင့်နှင့် အသင်းသူ/သားများ၊ ဝန်ထမ်းများမှ ယင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကျင်းပ သည့်နေရာသို့ ရောက်လျှင်ရောက်ချင်း သေနေ့အကြိုနှုတ်ဆက်သည့် ကာယကံရှင် အဖိုးသပြေညို ဦးတင်ရွှေအား အရင်ဦးဆုံးတွေ့ဆုံခဲ့ပြီး အဖိုးနှင့် အဖွဲ့သားများမှ အားပါးတရ နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် အဖွားအား တွေ့မြင် ခဲ့ရသည်။
နှစ်ဦးစလုံး၏ အပြုံးသည် သေခြင်းတရားအား ရင်ဆိုင်ရန် အသင့်ဟူသော အပြုံးဖြင့် တွေ့မြင်ခဲ့ရပြီး လေးစားအတုယူဖွယ်ပင်ဖြစ်သည်။ ဘုရားနှင့် ဘုရားသားတော်၊ သမီးတော်တို့မှလွဲ၍ သေရမှာ ကြောက်ကြသော သူများကမ္ဘာပေါ်တွင် အမြောက်အများပင်ရှိသည်။
“သေနေ့အကြိုနှုတ်ဆက်ပွဲ” ဆိုသည်မှာ ဘုရားဟောသည့် အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ လေးစားအတုယူဖွယ် အဖိုးနှင့်အဖွားအား အဘယ်ကြောင့်ဆိုသော မေးခွန်းများ၊ ဦးကျော်သူသို့ အမှာစကားများကို မေးမြန်းချင်ခဲ့သည်။ ထို့နောက်မေးမြန်းဖြစ်ခဲ့သည်။
အဖိုးနှင့်အဖွားမှ ၄င်းတို့အား နှုတ်ဆက်သူများ၊ ထိုင်ကန်တော့ကြသောသူများ၊ ချစ်ခင်လေးစားသောသူများအား မအားလပ်အောင် ပြန်လည်ကာ နှုတ်ဆက်နေသဖြင့် အဖိုးတစ်ဦးတည်းအား မေးမြန်းခဲ့ရသည်။
အဖိုးအား ထူးခြားသောပွဲစီစဉ်ဖြစ်ခဲ့ပုံကို မေးမြန်းခဲ့ရာ “အဖိုးက သုံးခွမြို့နယ် သဲအင်းဂူဆရာတော်ကြီးရဲ့ တရားကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့တယ်၊ ဆရာတော် ဘုရားကြီးရှိစဉ်ကတည်းက သေတတ်အောင် အသေ လေ့ကျင့်ပေးခဲ့တယ်၊ အပယ်မကျအောင် သေနည်းသင်တန်းပေးခဲ့တယ်။ သေချင်းတရားကို သိလာတဲ့အတွက် ကြောင့် ဒီပွဲကိုလုပ်ဖြစ်ခဲ့တယ်” ဟု အားပါးတရပြောကြားခဲ့သည်။
ထို့နောက် “သားနှစ်ယောက်မွေးခဲ့တယ် သား နှစ်ယောက်စလုံး ဆုံးသွားခဲ့ပြီ။ သားဦးက အသက် (၂၄) မှာဆုံးတယ်၊ ဒုတိယသားက အသက် (၂ဝ) မှာဆုံးတယ်၊ ဒုတိယသားက အရင်ဆုံးတယ် သူကစင်္ကာပူနိုင်ငံရဲ့ ဆိပ်ကမ်းမှာအလုပ်လုပ်တယ်၊ အင်ဒိုနီးရှား (၉) ယောက်က မြန်မာတစ်ယောက်ဖြစ်တဲ့ အဘသားကို ရန်စတယ် အဲ့ဒီမှာအသက်ဆုံးသွားခဲ့တယ်၊ လျော်ကြေးမရခဲ့ဘူး အလုပ်ရှင်က သူတို့ရဲ့အလုပ်ခွင်မှာ ဖြစ်တဲ့ကိစ္စမဟုတ်တဲ့အတွက် မပေးခဲ့ဘူး။
ပထမသားက ပညာတက်တယ်၊ သူဆုံးတာ ပိုပြီးနှမြောဖို့ကောင်းတယ် ဆယ်တန်းမှာ အမှတ် (၄၈၁) မှတ်နဲ့အောင်တဲ့သူ၊ RIT မှာကျောင်းတက် တယ်၊ သူဆုံးတော့ ဆေးထိုးအပ်တန်းလန်းနဲ့ဆုံးတယ်။”
ဟူ၍ ရင်နာစရာ သားနှစ်ယောက်၏ ဖြစ်ရပ်အား ပြောကြား ခဲ့သည်။
ထို့နောက်ဆက်လက်ပြီး မည်သို့မည်ပုံ လောကကြီးတွင်နေထိုင်ကြောင်း ပြောကြားခဲ့ရာ“အဖွားက (B.A) ဘွဲ့နဲ့အောင်တယ် (CMA) ရုံးက ဝန်ထမ်းပေါ့၊ အဖိုးက (M.A) ဘွဲ့နဲ့အောင်တယ် ကျူရှင်ဆရာအလုပ်နဲ့ဘဲနေတယ်” ဟူ၍ အလုပ်အကိုင်များအား ပြောကြားခဲ့သည်။
ထို့နောက် အဖိုးမှာခဲ့ချင်သော ဦးကျော်သူအား ပြောစရာစကားများအား မေးမြန်းရာ - “ဦးကျော်သူကို ပြော ပေးပါ ကွယ်လွန်သွားခဲ့ရင် တစ်ခါတည်းသဂြုင်္ိဟ်ပေးပါ၊ မမှီလိုက်လို့ရှိရင် နောက်တစ်နေ့ သဂြုင်္ိဟ်ပေးပါလို့၊ အဆိပ်သောက်ပြီးမသေရင် ပြိုင်တူမသေဘူး ဒါကြောင့် အဖိုးအရင်သေခဲ့ရင် အဖွားကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဆီဖုန်းဆက်ပြီး ဆရာမရဲ့ ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာကို ပို့ပေးပါ။ အဖွားအရင် သေခဲ့ရင်လည်း အဖိုးက ဒေါ်သန်းမြင့်အောင်ဆီ ဖုန်းဆက်လိုက်ပါ့မယ် လာခေါ်ပေးပါလို့ မှာခဲ့ပါရစေ” ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား ကြည့်ကာမှာကြားခဲ့ သည်။
ထို့နောက် “နောက်တစ်ခုက အသုဘကို လိုက်မပို့ကြပါနဲ့၊ ကျွန်တော် ယုံကြည်ရာ ကျွန်တော်လုပ်တယ်၊ အသုဘပို့တယ်ဆိုတာ ငွေကုန်၊ လူပန်း၊ အကျိုးမရှိ။ ကန်တော်ကလေးကနေ ရေဝေးကို လိုက်ပို့ကြမယ်ဆိုရင် အသွားအပြန် အချိန် (၃) နာရီကြာမယ်။
မသာပို့ကောင်းတယ်ဆိုပြီး လိုက်ပို့ပြန်တော့လည်း အကျိုးမရှိဘူး၊ အတင်း ပြောပြီးပြန်ကြမှာ။ ရေဝေးမှာဆို တစ်ချို့က ကားပေါ်ကနေမဆင်းဘူး ကားမှားမှာဆိုးလို့၊ ပို့ပြန်တော့လည်း မရဏ ဿတိဘာဝနာ မစီးဖြန်းနိုင်ကြဘူး၊ ရယ်ကြမောကြနဲ့။
မသာရှင်ဘက်က ကားတစ်စီး (နှစ်သောင်းခွဲ) နဲ့ ကား (၇) စီး ငှားရင် … ၊ အတင်းပြောတဲ့သူတွေကို ယပ်တောင်က ကမ်းရဦးမယ်၊ ရေသန့်ဘူး ကမ်းရဦးမယ်၊ တစ်ခါမှမဖတ်တဲ့ တရားစာအုပ် ကမ်းရဦးမယ်၊ မသာက မီးမသဂြုင်္ိဟ်ရသေးဘူး ကုန်ကျငွေက (၃) သိန်းမကုန်ဘဲ မီးသဂြုင်္ိဟ်စက်ထဲ မရောက်သေးဘူး။ တွေ့ချင်ရင် မသေခင်လာခဲ့ပါ။ သေပြီးမှတော့မငိုနဲ့ ပြီးတော့ ဘာမှမသိတော့တဲ့ ဓါတ်ပုံကြီးရှေ့မှာ ကြွက်စာ၊ ပုရွက်ဆိတ်စာမကျွေးနဲ့ ပြီးရင်သွန်ပစ်တာ။” ဟုပြောခဲ့ပြီး “တားမရဘူး” သံဝေဂကဗျာအား အလွတ်ရွတ် ဆိုသွားခဲ့သည်။
ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အဖွဲ့ဝင်များအားလုံး အဖိုးနှင့်အဖွားအား ရှိခိုးဦးချ ကန်တော့ခဲ့ပြီး အဖိုးနှင့်အဖွားမှ ပြန်လည်၍ ဆုတောင်းပေးခဲ့သည်။ ပြီးနောက် အဖိုးနှင့်အဖွားအား နှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။
ဖိတ်စာ၏ နောက်ကျော စာမျက်နှာတွင်တော့ - မှာထားပါရစေ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးတမ်းတွင် သေတမ်းစာ (Will) ရေးလေ့မရှိပါ။ ဤအမှာစာသည် သေတမ်းစာ (Will) မဟုတ်ပါ။ တစ်နေ့နေ့တွင် သေရမည့်သူ (၂) ယောက်၏ ရင်ထဲကတူညီသော ဆန္ဒကို လွတ်လပ်ပွင့်လင်းမြင်သာစွာ ဆန္ဒဖော်ထုတ်ခြင်းသာ ဖြစ်ပါသည်။
ကျွန်တော်၊ ကျွန်မတို့ ကွယ်လွန်လျှင်
၁။ ဦးကျော်သူ၏ နာရေးအသင်းအကူအညီဖြင့် နေ့ချင်းပြီးသဂြုင်္ိဟ်ပေးကြပါ။ အချိန်မမီလျှင် နောက်နေ့ အပြီး သဂြုင်္ိဟ်ပေးကြပါ။
၂။ ကျွန်တော်၊ ကျွန်မတို့ (၁) ဦးစီ၏ အသုဘကို စီစဉ်သူများနှင့် မိသားစုများမှလွဲ၍ မည်သူမျှ လုံးဝ(လုံးဝ) လိုက်မပို့ကြပါနှင့်။
၃။ ကြွေလွင့်သွားသူ၏ အပုပ်အပွအသုဘကို လိုက်ပို့ကြမည့်အစား ကျန်ရစ်သူကို သူသေသည်အထိ စာနာ၊ ဖေးကူ၊ အားပေး၊ နှစ်သိမ့်၊ ပြုစု၊ စောင့်ရှောက်၊ ကူညီကြပါ။ ကျေးဇူးတင်ပါမည်။
၎။ ဖဲဝိုင်း လုံးဝ (လုံးဝ) မလုပ်ကြပါနှင့်။
တားမရဘူး
တနေကွယ် သေနယ်သို့ တစ်ခါကူး
မေ့လျော့ကာ မသေဘူး မထင်လိုက်ပါနဲ့
နေကွယ်တာအချိန်များလျှင်ဖြင့်
သေနယ်ရွာတစ်ကြိမ်သွားရမယ်ကွယ်
တားမရဘူး။
(ရွှေလွန်နာဂ)
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ အယူသီးမှု တိုက်ဖျက်ရေးခရီးစဉ်အဖြစ် စာပေဟောပြောရန် သွားရောက်နေပါသဖြင့် ယင်း သေနေ့အကြိုနှုတ်ဆက်ပွဲသို့ မတက် ရောက်နိုင်ခဲ့ပါ။
သို့သော် အဖိုးသပြေညို ဦးတင်ရွှေနှင့် အဖွား ဒေါ်တင်ရီတို့၏ မှာကြားသည့်အတိုင်း ဥက္ကဌ ဦးကျော်သူနှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများမှအလေးနက်ထား ဆောင်ရွက်ပေးမည် ဖြစ်သည်။
ထိုသို့ အဖိုးနှင့်အဖွားတို့၏ မွန်မြတ်သောလုပ်ဆောင်ချက်နှင့် ဘုရား၏ အဆုံးအမအတိုင်း လုပ်ဆောင် သွားသော အဖိုးနှင့်အဖွားတို့အား နတ်လူသာဓု ခေါ်ကြသည့်အသံများ ကြားနိုင်မည်ဆိုပါလျှင် သာဓု … သာဓု … သာဓု ဟူ၍ ပဲ့တင်ထပ်နေမည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
Credit to Thidar Kogyi.
https://www.facebook.com/photo.php?fbid=419011231562952&set=a.164087867055291.35444.100003622356757&type=1&theater မှ ကူးယူဖော်ပြပါသည်။  
စစ်တပ်နဲ့ နိုင်ငံရေး (၁၂)
$
0
0
အပိုင်း(၁၂)
စစ်တပ်များဖွဲ့စည်းပုံ။
စစ်တပ်တိုင်း ရှေ့ကဦးဆောင်တိုက်ရတဲ့ ပြည်သိမ်းတပ်တွေနဲ့ နယ်မြေထိန်းရတဲ့တပ် တွေဆိုပြီးခွဲခြားထား ကြတယ်။စစ်ဖြစ်ရင် အရင်ဆုံးရှေ့ကထွက်တိုက်ရတာက ပြည်သိမ်းတပ်လို့ပြောနိုင်တဲ့ တိုက်ခိုက်ရေးတပ် တွေပဲ။ ဥပမာအမေရိကန်နိုင်ငံဟာ အီရတ်ကို(၂)ခါဝင်သိမ်းရတယ်။ ဒီလိုဝင်သိမ်းရင်တိုက်ခိုက်ရေးတပ် တွေနဲ့ဝင်သိမ်းတာပဲ။ အမေရိကန်နိုင်ငံကကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တာကြောင့် တိုက်ခိုက်မှုလိုအပ် ချက် အပေါ်မူတည်ပြီး တပ်မတွေကိုဖွဲ့စည်းထားတယ်။ဥပမာ ရှေ့တန်းရန်သူ့နယ်မြေကို အလျှင်အမြန်ဝင် သိမ်း တော့မယ်ဆိုရင် တင့်ကားတွေမပါတဲ့ပေါ့ပါးတဲ့ 82 Light Airborne Division ကိုသုံးပြီး၊တင့်ကား တွေ၊ အားမတ်ကားတွေပါတဲ့ တပ်မတွေကနောက်မှဝင်နေရာယူရမယ်။ဆိုဗီယက်ကတင့်ကား တပ်မကြီးခြေ လာပြီးဝင်သိမ်းလာမဲ့အန္တရယ်ကိုရင်ဆိုင်ဖို့ 4th Armored Division တင့်ကားတပ်မကို စစ်အေးကာလ ကစပြီးခုထိ ဥရောပမှာထားတယ်။ တောင်ပေါ်ဒေသတွေမှာ စစ်တိုက်ဖို့အတွက်ကြတော့10th Mountain Division ကိုနယူးယောက်မှာထားတယ်။ 
နယ်မြေသိမ်းပြီးပြီဆိုရင် နယ်မြေထိမ်းဖို့အတွက်ကြတော့ နယ်ထိန်းတပ်(Garrison Battalions) လိုလာ တယ်။အမေရိကန်လို အင်အားကြီးနိုင်ငံမှာ ကြည်းတပ်၊လေတပ်၊ ရေ တပ်၊ကမ်းခြေတက်တပ် (Marines) ဆိုပြီးဖွဲ့ထားတယ်။ မရိန်းက အုပ်ချုပ်မှုသပ်သပ်နဲ့ သီးခြားရပ်တည်ပေ မဲ့ ရေတပ်ကသင်္ဘောတွေနဲ့ တွဲတိုက် ရတာမို့ရေတပ်နဲ့ တွဲထားတယ်။မရိန်းရဲ့ ဦးရေကနဲတာကြောင့် သူ့ကို တော့Corps အဆင့်မှာပဲထားတယ်။
အမေရိကားမှာ ကြည်းတပ်၊လေတပ်၊ရေတပ် တွေကို အာဏါမသိမ်းနိုင်အောင် သီးခြားရပ်တည် နိုင်အောင် ဖွဲ့စည်းပေးထားတယ်။သီခြားစစ်တက္ကသိုလ်၊ သီးခြားအမိန့်ပေးစနစ် (Command Structure) ရှိတယ်။အရပ်သားထိန်းချုပ်မှုရှိအောင် အမေရိကန်သမ္မတဟာ တပ်မတော်သေနာမတိဖြစ်တယ်။ ဒါနိုင်ငံ(စ) တည်ထောင်ကတည်း ကပါလာတာ။ ပြီးမှကြည်းတပ်၊ရေတပ်၊လေတပ်၊မရိန်း တွေကို(တွဲဖက်စစ်ဦး စီးချုပ်)(Joint Chief of Staff) ဆိုပြီး တပ်ပေါင်းစုကို အလှည့်ကျ အုပ်ချုပ်ဖို့ သမ္မတကရွေးချယ်ရပြီး ဆီး နိတ်ကအတည်ပြုပေးရတယ်။ (၄)နှစ်သက်တမ်း (၂)ခါနဲ့ပို အမှုမထမ်းဆောင်နိုင်ဖူး။ ရေတပ်မှာလည်းလေတပ် ရှိသလိုကြည်းတပ်မှာလည်း အထောက်အကူပြုလေတပ်ရှိတယ်။ Warhog (A7) ဆိုတာတင့်ကားပစ်တာ ထိရောက်လွန်းလို့ ခုထိ မပြောင်းသေးဖူး။ ဟယ်လီကော်မတာတပ်ဖွဲ့(Attack Helicopters)တွေဟာကြည်းတပ်အောက် မှာပဲရှိတယ်။  မရိန်းတပ်တွေမှာလည်းကမ်းခြေတိုက်ပွဲ အတွက်အကူလေတပ် အငယ်စားရှိ တယ်။ ကြည်းတပ် ၊ရေတပ်၊လေတပ်သီးခြားစစ်တက္ကသိုလ် တွေရှိတယ်။မရိန်းကရေတပ်စစ် တက္ကသိုလ်အတူတူတက်ပြီးမှ ခွဲထွက်သွားတယ်။
အမေရိကားမှာ regular (အမြဲတန်းတပ်)ဆိုတာရှိတယ်။ နောက်National Guard ဆိုတာရှိတယ်။ ပြီးမှReserve (အရံတပ်) ဆိုတာရှိတယ်။အမြဲတန်းတပ်တွေက တိုက်ခိုက်ရေးတပ်တွေ။National Guard ကြ တော့အမြဲတမ်းတပ်တွေလိုအချိန်ပြည့်တပ်တွေ မဟုတ်တော့ဖူး။ အရပ်သားတွေကိုအလုပ်အားတဲ့ စနေ၊တနင်္ဂနွေမှာ သင်တန်းပေးပြီးဖွဲ့ထားတာ။ အချိန်ပိုင်းတပ်မတော်လို့ပြောလို့ရတယ်။ စစ်မဖြစ်တဲ့အချိန်မှာ ဒီတပ်တွေဟာပြည်နယ်အုပ်ချုပ်ရေးမှူး (Governors) တွေအောက်မှာရှိတယ်။ သဘာဝဘေးဒဏ်ကျရောက်ရင်ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဒီတပ်တွေကိုထုတ်သုံးလို့ရတယ်။ စစ်ဖြစ်ရင်ဒီတပ်တွေကို  ပင် တာဂွန်ကအလှည့်ကျ (အထိုင်)တပ်တွေအဖြစ် လွှပ်လို့ရတယ်။ ဖက်ဒရယ်ဥပဒေအရကုမ္ပဏီတွေက ဒီအချိန် ပိုင်းတပ်သားတွေကို အလုပ်ပြန်ပေးရတယ်။ဒီစစ်သားတွေရဲ့ သင်တန်းပေးမှုကို ပင်တာဂွန်ကကိုင်ပေမဲ့ သင်တန်းကုန်ကျစရိတ်ကို ဖက်ဒရယ်နဲ့ပြည်နယ်အစိုးရတွေက အချိုးကျစီမျှဝေခံရတယ်။
၉-၁၁ဖြစ်တော့ နယူးယောက်မှာအရေးပေါ်တက်လာတဲ့ စစ်လေယဉ်တွေဟာAir National Guards လေယဉ်တွေပေါ့။ ၀ါရှင်တန်အတွက်ကြတော့ ဗါဂျီးနှီးယားLangley လေတပ်စခန်းကတက်လာရတာ။
အမေရိကန်စစ်တိုင်းတွေအောက်မှာ စစ်တပ်မထားဖူး။ စစ်တိုင်းဆိုတာ မိမိတိုင်းပိုင်နယ်မြေမှာဖြစ်နိုင်ခြေ စစ်ပွဲတွေအတွက် အမြဲပြင်ဆင်ထားရတယ်။ အဟာမိတ်ဖွဲ့ထားရတယ်။ အမေရိကန်ရဲ့ စစ်ဗျူဟာကဒုတိယ ကမ္ဘာစစ်အတွေ့အကြုံအရ တချိန်ထဲမှာစစ်ပွဲနှစ်ပွဲဆင်နွှဲနိုင်ရမယ် (Two wars doctrine) အတွက်ပြင်ဆင် တာပဲ။ အက်လန်တစ် နဲ့ပစိဖိတ်စစ်ပွဲဆိုပြီး သတ်မှတ်ခဲ့တယ်။ စစ်ဖြစ်မှ စစ်တိုင်းမှူးက စစ်ပွဲဦးစစ်စီးဖြစ် လာပြီး စစ်ဗိုလ်ချုပ်တွေကBattle Plan စစ်ပွဲပလင်ကိုတင်ပြရတယ်။ သမ္မတကကဘောတူရင်လိုအပ်တဲ့ တပ်တွေကို သမ္မတကပေးရတယ်။ပထမအီရတ်စစ်ပွဲမှာ အလယ်ပိုင်တိုင်းမှူးများဖြစ်ကြတဲ့ နော်မန်စွပ်က် ခေါ့  (NormanSchwarzkopf) နဲ့ တွန်မီဖရင့် (Tommy Frank) တို့ဟာစစ်ပွဲစစ်ဦးစီးတွေဖြစ်လာကြတယ်။သူတို့လိုတဲ့တပ်တွေကိုစစ်သေနာပတိချုပ်သမ္မတကပေးရတယ်။ဗိုလ်ချုပ်ကြီးနော်မန်ကကမ်းခြေတက်သိမ်းမဲ့ ပုံဟန်ပြပြီး Hail MaryPass လို့နံမည်ရတဲ့ မထင်တဲ့၊သဲကန္တာရကိုဖြတ်ပြီး လက်ဝဲဖက်က ပန်းတိုက်တာ ကြောင့်အီရတ်တွေစစ်ရှုံးပြီး အတုံးအရုံးသေကြတာကြောင့်အမေရိကန်သမ္မတတဖက်သတ်စစ်ကိုရပ်လိုက်ရတယ်။ဒီလိုအောင်မြင်မှုရအောင် အမေရိကန်သမ္မတက လိုသမျှကြည်းတပ်၊ရေတပ်၊လေတပ်နဲ့ မရိန်းတပ် သားတွေပေးပြီး၊ စစ်ပွဲပြီးတော့ကိုယ့်တပ်ကိုယ်ပြန်သွားကြတယ်။ ဒီလို၊စစ်ပွဲဖြစ်မှ စုလာပြီးတိုက်တာကို မေ တရစ် (matrix) စနစ်လို့ခေါ်ပါတယ်။
အမေရိကန်တွေက ကမ္ဘာကိုစိုးမိုးဖို့ ဦးတည်တာမို့ပြည်တွင်းအတွက် စစ်တိုင်းတွေမရှိခဲ့ဖူး။ အခုမှာHome Command ဆိုတာကိုဖွဲ့ရတယ်။ ထုံးတမ်းစဉ်လာအရ ပစိဖိတ်စစ်တိုင်းကိုရေတပ်ဗိုလ်ချုပ်ကပဲဦးစီးရတယ်။ အမှတ် (၇) ရေတပ်က ဂျပန်မှာရှိတယ်။ မကြာခင်ကမှ ရေတပ်ဗိုလ်ချုပ်က အလယ်ပိုင်းစစ်တိုင်းမှူးဖြစ်ပြီး မကြာဖူးပြုတ်သွားတယ်။
ဗမာစစ်တပ်ဖွဲ့စည်းပုံ
ဗမာစစ်တပ်မှာ (စ)ဖွဲ့စဉ် ကတည်းကကြည်းတပ်ကပဲ အုပ်စီးခဲ့တာမို့ ယနေ့အထိ ကြည်းတပ်ကပဲအုပ်စီး ထားဆဲပါပဲ။တခြားနိုင်ငံတွေနဲ့ စစ်ခင်းဖို့ကမ္ဘာ့အဆင့်အတန်းမှီတဲ့ Professional Army အဆင့်ကိုယနေ့ အထိမရောက်သေးပါဖူး။ မရောက်တဲ့အပြင် ယနေ့တပ်ဖွဲ့စည်းမှု အင်အားမပြည့်ပဲ စည်းကမ်းအလွန်ရော့ ရဲတယ်လို့နားလည်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကစစ်အာဏါရှင်စနစ်ကြောင့်လို့ပြောလို့ရပါ တယ်။ စစ်တပ်ဆိုတာတိုင်းပြည်ကာကွယ်ရေးအတွက် ၊အထူးသဖြင့် ပြည်ပကျူးကျော်မှုကိုခံနိုင်ဖို့အတွက် ပြင်ဆင်ဖွဲ့စည်းပြီး အချိန်ပြည့်စစ်ရည်ဝအောင်လေ့ကျင့်ပေးနေရတာပါ။ အပိုတွေလုပ်နေရင် စစ်အတွက် မပြင်ဆင်နိုင်တော့ဖူး။
စစ်သားတွေက ဘ၀င်မြင့်ပြီး စစ်ရေးပါမကအုပ်ချုပ်ရေးနဲ့ တိုင်းပြည်ထူထောင်ရေး ၊နိုင်ငံရေးမှာပါဝင်အုပ် စီးလိုက်ကြတော့ စစ်အာဏါရှင်စနစ်ဆိုးအောက်မှာတိုင်းပြည်လည်းမွဲပြာကျ ၊စစ်တပ်လည်း အဆင့်ကျခဲ့ရတာပါ။ မြွေပါလည်းဆုံး ၊ သားလည်းဆုံးအဖြစ်ဆိုးနဲ့ကြုံရတာပါ။
တကယ်စဉ်းစားတတ်ရင် စစ်တပ်တစ်ခုအတွက် အရေးအကြီးဆုံးက (ငွေ)ပါပဲ။ငွေမရှိပဲ အရည်အချင်းမှီတဲ့ တပ်မတော်ကိုမထူထောင်နိုင်ပါဖူး။ (ငွေ)ရှိဖို့အတွက် တိုင်းပြည်စီးပွားရေးအောင်မြင်မှုရှိရမယ်။  စစ်အေး တိုက်ပွဲမှာအမေရိကန်တွေ အနိုင်ရသွားတာ နောက်ဆုံးတော့ (စီးပွားရေး)ပဲ။ ဆိုဗီယက်ကွန်မြူနစ်တွေ ကစစ်တပ်ကြီးထူထောင်ပြပေမဲ့ ၊ဆိုရှယ်လစ်စီးပွားရေးကြောင့် တိုင်းပြည်မွဲမွဲလိုက်လာတဲ့အခါ ၊စစ်အသုံး စရိတ်ဟာ၊ နောက်ဆုံး(၀န်ပိုး) ကြီးဖြစ်လာတယ်။သမ္မတရီဂင်တက်လာတော့သင်္ဘော(၆၀၀)ရှိတဲ့ရေတပ် ကြီးထောင်၊Star Wars လို့ခေါ်တဲ့ (အာကာသစစ်ပွဲ)အတွက်ငွေတွေ စွပ်သုံးတော့ဆိုဗီယက်တွေလိုက်မမှီ ဟန်မဆောင်နိုင်တော့ပဲ ဆိုဗီယက်စနစ်ကြီးနောက်ဆုံးပြိုကျခဲ့ရတယ်။
တရုတ်တွေက ဆိုဗီယက်တွေရဲ့နမူနာကို မြင်ပြီးအရင်းရှင်စနစ်ကိုပြောင်း၊တိုင်းပြည်စီးပွားရေးကိုနိုင်အောင် ကိုင်ပြီးမှတဖြည်းဖြည်း စစ်တပ်ကိုချဲ့လာတာ။ သင်္ခန်းစာယူစရာပါ။
ဗမာစစ်တပ်ဖွဲ့စည်းပုံမှာလည်း တိုက်ခိုက်ရေးတပ် နဲ့ အထိုင်တပ်တွေရှိပါတယ်။ ပြည်တွင်းစစ်ကိုတိုက်တော့ ခြေမြန်တပ်ရင်းတွေကိုဖွဲ့ကြရတယ်။ ၁၀၁ကနေ ၁၀၉ဆိုပြီး အထူးတပ်တွေဖွဲ့ခဲ့ကြတယ်။ ဗကပဗဟိုကို ခြေမှုန်းဖို့ဗိုလ်မှူးကြီးတင့်ဆွေကို တပ်မ(၇၇) ဖွဲ့ဖို့အမိန့်ပေးပြီး တပ်ရင်း(၁၂) ရင်းပေးတော့ခြေမြန်တပ် ရင်း(၁၀၁ - ၁၀၉)အထိအကုန်ထဲ့ပေးလိုက်တာပဲ။ ဗကပ ဗဟိုကိုဝင်စီးတဲ့ ၁၀၅ ဆိုရင်(105 -  fight fight fight) ဆိုပြီးနံမည်ကြီးခဲ့ရတာပဲ။ တပ်မ(၇၇) ပြီးတော့(၈၈) ပြီးတော့(၉၉) ၊နောက်ဆုံး တပ်မ(၁၀) ခုအထိဖွဲ့ခဲ့ကြပါတယ်။ ဒီခြေမြန်တပ်မတွေဟာယနေ့အထိ ဗမာ့တပ်မတော်ရဲ့ အခြေခံကျောရိုးလို့ပြော လို့ရပါတယ်။ ဒီခြေမြန်တပ်မတွေကို အမေရိကန်82nd Airborne Division ကိုပုံတူကူပြီးဖွဲ့ခဲ့တာပါ။
တပ်မ တွေမဖွဲ့စည်းမှီအချိန် ၊ပြည်တွင်းစစ်ကာလကစပြီး (တပ်မဟာ)(Brigade) ဆိုတာတွေကို ဖွဲ့ခဲ့ပါတယ်။ တပ်မဟာ(၁၃) ခုအထိဖွဲ့ခဲ့ပါတယ်။ ဟိုတုန်းကတပ်မဟာကိုင်တဲ့သူကို (တပ်မင်း)လို့ခေါ်ကြပါ တယ်။တပ်မတွေဖွဲပြီးတော့ (တပ်မဟာ)တွေကိုတဖြည်းဖြည်း ရုပ်သိမ်းခဲ့ပါတယ်။ ဗမာ့တပ်မတော်ဖွဲ့စည်းပုံ မှာတပ်မတွေကို စစ်ဆင်ရေးအတွက် စစ်ဌါနချုပ်ကထိုက်ရိုက်ကိုင်ပြီး(အထိုင်) တပ်တွေကိုတော့ စစ်တိုင်းတွေအောက်မှာထားပါတယ်။ စစ်ဆင်ရေးပြုရင်(တပ်မ) တွေက(တိုက်ခိုက်)ရေးတပ်အဖြစ်ထိုးစစ်ဝင်ရပြီး ၊စစ်ဆင်ရေးပြုလုပ်ရာစစ်တိုင်းအောက်ရှိ နယ်မြေအခံတပ်တွေက(အကူ) တပ်အဖြစ်တာဝန်ထမ်းဆောင်ရ ပါတယ်။
ဒါ့ကြောင့် ဦးနေ၀င်းလက်ထက်ကတည်းက တပ်မတွေဟာအရေးပါလာခဲ့တယ်။ တပ်မမှူးကနေတိုင်းမှူး ၊ဒီကမှတဆင့် ၀န်ကြီးသို့မဟုတ် ဗိုလ်ချုပ်ကြီးတွေဖြစ်လာကြတာမို့ (တပ်မ)ကိုင်ရဖို့ အပြိုင်အဆိုင်ဖြစ်ခဲ့ ရပါတယ်။ ဗမာစစ်တပ်ဟာလည်း ကွန်မြူနစ် ဗကပ သူပုန်၊ တရုတ်ဖြူ၊ ပြည်တွင်းလက်နက်ကိုင်အုပ်စုပေါင်းများစွာ နဲ့ထောက်လျှောက်တိုက်လာရသည်မို့ တပ်ကိုင်တဲ့စစ်ဗိုလ်၊ရှေတန်းမှာစစ်တိုက်ဖူးတဲ့စစ်ဗိုလ်ကိုမှ အထင်ကြီး တဲ့အစဉ်အလာဖြစ်ခဲ့ရပြန်တယ်။ ၁၉၈၈ခုနှစ် အရေးတော်ပုံပြီးကတည်းက စစ်ကောင်စီ ကိုဦး ဆောင်ခဲ့ကြ တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်က တပ်မ (၇၇)၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မ (၈၈) ဒုဗိုလ် ချုပ်မှူးကြီးမောင်အေး က တပ်မ(၇၇)၊ တပ်မမှူးတွေဘ၀က လာခဲ့ကြတာမဟုတ်ပါလား။တပ်မ(၇၇)က ပဲခူး ရိုးမမှာ သခင်သန်းထွန်းနဲ့ ကွန်မြူနစ်ဗဟိုကို အပြုတ်ခြေမှုန်းနိုင်ခဲ့သလို ၊ တပ်မ (၈၈) က သခင်ဗသိန်းတင် နဲ့ တရုတ်တွေရဲ့ အနောက်မြောက်ထိုးစစ်ကို အောင်မြင်အောင်တိုက်ပွဲဆင်နိုင်ခဲ့တာမို့ရာဇ၀င်အစဉ်အလာ ရှိခဲ့ရပါတယ်။
တပ်မတွေကိုကွပ်ကဲမှု
ခြေမြန်တပ်မတွေဟာတိုက်ခိုက်ရေးတပ်မ တွေဖြစ်တာကြောင့် စစ်ဆင်ရေးအတွက် စစ်ဌါနချုပ် ကပဲထိုက် ရိုက်ကွပ်ပဲရပါတယ်။
ဗမာစစ်တပ်ဖွဲ့စည်းပုံမှာ Col GS (Colonel General Staff) (Army) စစ်ဦးစီဗိုလ်မှူးကြီး(ကကကြည်း) ဆို တာအလွန်အရေးပါ ၊ ပါတယ်။ ကြည်းတပ်ရဲ့ဦးစီးဖြစ်တဲ့(ဒု)ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်တွေဟာဒီစစ်ဦးစီးဗိုလ်မှူးကြီးကတဆင့်သွားရတာပါ။နောင်ဒီရာထူးကို Brigadier G.S. စစ်ဦးစီးဗိုလ်မှူးချုပ်အဖြစ်ရာထူးတိုး သတ်မှတ်ခဲ့ပါတယ်။ ၁၉၈၈ မတိုင်ခင်က ခြေမြန်တပ်တွေကိုCol G.S. (Army) က ထိုက်ရိုက်ကိုင်ပေမဲ့ ၁၉၉၀ ခုနှစ်ကစပြီး ကာကွယ်ရေးဦးစီးချုပ်(ကကကြည်း) ကထိုက်ရိုက်ကိုင်ပါတယ်။
ဗိုလ်ချုပ်နေ၀င်းလက်ထက်က(စ)ပြီး ဒီခြေမြန်တပ်မ တွေကိုတပြည်လုံး ဖြန့်ထားပါတယ်။ဥပမာ တပ်မ(၁၁) ရဲ့ ဌါနချုပ်ဟာ (အင်းတိုင်) မှာရှိပေမဲ့ သူ့လက်အောက်ခံတပ်တွေဟာ အင်းတိုင်နဲ့ ရဲမွန်မှာရှိပါတယ်။ ထို့ နည်းတူစွာ တပ်မ(၃၃) ရဲ့ဌါနချုပ်ဟာ စစ်ကိုင်းမှာရှိပေမဲ့ သူ့လက်အောက်ခံတပ်တွေဟာ မန္တလေး၊ ရွှေဘို၊စစ်ကိုင်း၊၀န်းသို၊ ပုသိမ်ကြီး မှာ တပ်ဆွဲထားကြပါတယ်။ဒီတပ်တွေကို (ကကကြည်း) ကထိုက်ရိုက်ကိုင်တာမို့ အမှန်တကယ်က စစ်တိုင်းမှူးတွေနယ်မြေခံတပ်တွေနဲ့ အာဏါမသိမ်းနိုင်အောင် ထန်ပြန်ထိန်းထားတာလို့ ယူဆလို့ရပါတယ်။ စစ်ဆင်ရေးရှိမှတပ်မတပ်တွေကိုဆွဲထုတ်လာပြီ စစ်ကြောင်းတွေဖွဲ့စေတာပါ။တိုက်ခိုက် ရေးစစ်ကြောင်းနဲ့ ပိတ်ဆို့ရေးစစ်ကြောင်းတွေကိုတော့တပ်မတပ်တွေကပဲတာဝန်ယူလေ့ရှိပါတယ်။ဒီလို ၊ လိုအပ်မှ ဖွဲ့စည်းတဲ့စနစ်ကို matrix လို့ခေါ်ပါတယ်။ ဗိုလ်ချုပ်နေ၀င်းလက်ထက်က ကွန်မင်ဒိုတပ်တွေ ကို တောင် တစုတဝေးထဲမထားဖူး။ ခွဲဖြန့်ထားပြီး တိုက်ပွဲရှိမှmatrix စနစ်နဲ့ စုပေါင်းတပ်ထွဲပြီးတိုက်တာပါ။ အဓိက၊ ကတော့ အထူးတပ်ရင်းကိုအသေထိုင်ထားရင် အာဏါသိမ်းတပ်ဖြစ်လာမှာစိုးရိမ်ရလို့ပါ။
ဗမာစစ်တပ်ဖွဲ့စည်းပုံမှာတပ်မတွေဟာ တိုက်ခိုက်ရေးတပ်တွေဖြစ်တာကြောင့် အမေရိကန်တပ်မတော်က အမြဲတန်းတပ်တွေလို စစ်လက်နက်တပ်ဆင်ရာမှာရော၊ သင်တန်းရရှိမှုမှာရော အထိုင်တပ်တွေထက် သာ ပါတယ်။ စာရေးသူမှတ်မိသလောက် ၊ ၁၉၇၀ ခုနှစ်တွေကထင်တယ်၊ လေတပ်ကွန်မင်ဒို ဆိုတာ ပေါ်လိုက်သေးတယ်။ နံမည်ထွက်လာတာနဲ့ ချက်ချင်းဖျက်ပစ်လိုက်တယ်။ စစ်အာဏါရှင်ဆိုတာ တိုင်းပြည်ကာကွယ်ရေးသာမက ၊ မိမိအါဏါကာကွယ်ရေးကိုလည်း ကြည့်တတ်စမြပဲ။
အမေရိကန်တပ်မတော်တောင်အစက ဆိုဗီယက် တပ်နီတွေနဲ့ ရင်ဆိုင်တိုက်ဖို့ဖွဲ့စည်းထားရာက အခု အဲလ် ကိုင်းဒါးလို ၊တာလီဗန်လို နဲ့ ရင်ဆိုင်ရတဲ့ AsymmetricalWarfare လို့ခေါ်တဲ့ (ဖက်မညီ) စစ်ပွဲမျိုးမှာ လူနဲ နဲ နဲ့ ထိထိ ရောက်ရောက်တိုက်ရတဲ့ အထူးတပ်(Special Forces) တွေကပိုအသုံးဝင်အသုံးချလာရတယ်။ သမ္မတဂျင်မီကာတာလက်ထက် အီရန်က အဖမ်းခံအမေရိကန်တွေကို ကယ်ဖို့အစီအစဉ် ပျက်ပြီးကတည်း က Special Forces Command ဆိုတာကိုဖွဲ့ခဲ့ရတယ်။ ထိုင်းမှာNavy Seals Program ရှိတယ်။ ဗမာတပ် မှာဒီလိုတပ်ဖွဲ့တွေ မရှိသေးဖူး။Navy Seals Program တက်ပြီးအောင်လာတဲ့ ရေတပ်စစ်ဗိုလ်တစ်ယောက် နှစ်ယောက်ရှိတယ်။သူတို့ကိုဦးစီးစေပြီး ဒီလိုပရိုဂန်မျိုးစီစဉ်သင့်ပေမဲ့ ၊ ဗမာ့တပ်မတော်မှာရေတပ်က ကြည်းတပ် လိုနေရာ မရ တော့ ဒီလူတွေကို တိုင်းပြည်အတွက် အသုံးမချနိုင်ဖြစ်ခဲ့ရတယ်။
စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး (ကစထ)Bureau of Special Operarions (BSO)
၁၉၇၈ ခုနှစ်အစပိုင်းမှာဗိုလ်ချုပ်နေ၀င်းဟာ ဗကပ ကွန်မြူနစ် တွေရဲ့စစ်ရေးလှုပ်ရှားမှုကို နားထောင်ဖို့ လားရှိုးကိုသွားရောက်ခဲ့တယ်။ဗိုလ်ချုပ်ထွန်းရီက ထိုအချိန်က ဗကပတွေရဲ့ အကြောင်းကိုအသိဆုံး စစ် ဗိုလ်ချုပ်လို့ပြောလို့ရပါတယ်။အကြောင်းက တပ်မမှူးအဖြစ် (၄)နှစ်၊ အရှေ့မြောက်တိုင်း ဗျူဟာမှူး နဲ့ အရှေ့ ပိုင်းတိုင်းမှူးအဖြစ်(၃) နှစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ ဗကပတွေရဲ့ အရှေ့မြောက်ဒေသလှုပ်ရှားမှု တွေ ဟာ မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း နဲ့ အရှေ့မြောက် စစ်တိုင်းတွေမှာလှုပ်ရှားကြတာမို့ ဗိုလ်ချုပ်ထွန်းရီ ဟာ ဗကပတွေအကြောင်းအသိဆုံးမို့ ဗိုလ်ချုပ်နေ၀င်းကိုသူကပဲရှင်းပြပေးခဲ့ရတယ်။ ဗိုလ်ချုပ်နေ၀င်းဟာ ဗိုလ်ချုပ်ထွန်းရီရဲ့ ရှင်းလင်းတင်ပြချက်တွေကိုသဘောတွေ့ပြီးတပြိုင်ထဲမှာ စစ်တိုင်းတွေ အချင်းချင်းညှိနှိုင်း ဖို့လိုတယ်ဆိုတာကို သဘောပေါက်သွားတယ်။ဒါကြောင့် ဗိုလ်ချုပ်နေ၀င်းက(ဗျူရို) ဖွဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ပထမတော့ (ဗျူရို) ဆိုတာ စစ်တိုင်းတွေညှိနှိုင်းမှုလိုအပ်တဲ့ (အထူးစစ်ဆင်ရေး) တွေအတွက်ပဲ။နောက် ပိုင်းမှာတော့ မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊အနောက်မြောက်၊တိုင်း (၄) တိုင်း အ တွက် BSO(1) နဲ့ အရှေ့တောင်တိုင်း၊ အနောက်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း နဲ့အလယ်ပိုင်းတိုင်းကို ဦးစီးရတဲ့ BSO(2) ကိုဖွဲ့စည်းပြီး အုပ်ချုပ်မှုအာဏါကိုခွဲပေးခဲ့တယ်။၂၀၀၂ ကစပြီးစစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) တွေကို စစ်တိုင်းတွေအပေါ် စစ်ရေးအပြင်၊အုပ်ချုပ်ရေး။ စီးပွားရေးတွေကိုပါကြီကြပ်စေခဲ့ပါတယ်။ဒေါက်တာမောင်အောင်မျိုးကတော့ တည်ဆောက်ရေးပရောဂျက်တွေကို ၀န်ကြီးဌါနတွေနဲ့ပါညှိရတဲ့ဒုဝန် ကြီးချုပ်ရာထူးနဲ့ပုံသဏ္ဍန်တူတယ်လို့ရေးတယ်။ (Building Tatmadaw စာမျက်နှာ (၇၄))။ စာရေးသူ က တော့Supra Military Command ထွင်ပြီး စစ်တိုင်းမှူးတွေကို ပညာသားပါပါကိုင်လိုက်တာပဲလို့ယူဆတယ်။ ၁၉၈၈ အာဏါ သိမ်းစဉ်ကပါလာတဲ့ စစ်တိုင်းမှူးတွေ လို အာဏါသိပ်ထက်လာရင် တိုင်းမှူးတွေပေါင်းမိပြီး အာဏါ သိမ်းချင်စိတ်တွေဝင်လာနိုင်တယ် မဟုတ်ပါလား။ နောက်ဆုံး (ကစထ) (၆) ခုအထိတိုး ချဲ့လာခဲ့တယ်။တိုင်းမှူးတွေအစား(ကစထ) မှူးတွေက(နအဖ)အဖွဲ့ဝင်တွေဖြစ်လာပြီးရာထူးအရ(ဒု) ဗိုလ်ချုပ် ကြီး အဆင့်ဖြစ်လာရတယ်။
စစ်ဆင်ရေးကွပ်ကဲမှုဌါနချုပ် (MOC) နှင့်ဒေသကွပ်ကဲမှုစစ်ဌါနချုပ် (ROC)
တပ်မတစ်ခုမှာ ဗျူဟာ (၃)ခုရှိတယ်။ ဒါကြောင့်ဗမစစ်တပ်မှာ ရာထူးတက်ဖို့လမ်းကြောင်းက ဗျူဟာမှူး (ဗိုလ်မှူးကြီး)၊ တပ်မမှူး (ဗိုလ်မှူးချုပ်)၊ စစ်တိုင်းမှူး (ဗိုလ်ချုပ်)၊ကစတမှူး (ဒုဗိုလ်ချုပ်ကြီး)၊  ဒီလိုကနေ တက်ရတာကိုး။ ၈၈ အပြီးမှာ ဖွဲ့ဖြစ်တာက တပ်မ(၁၁)။ ဒီဇင် ဘာလ ၁၉၈၈ မှာဖွဲ့တာပါ။ နောက်နှစ်မှာတပ်မ ၁၀၁ ကို ပခုက္ကူမှာဖွဲ့ပါတယ်။ န၀တခေတ်မှာ ဖွဲ့တဲ့ တပ်မအသစ် (၂)ခုပါ။ ၁၉၈၉ ခုနှစ်မှာတပ်မ (၁၀)ခုဖြစ်သွားပြီ။ ၁၉၉၂ ခုနှစ်မှာအမိန့်ပေးအုပ်ချုပ်နိုင်မှု(Command and Control) လိုအပ်မှုအတွက် ဒေသ ကွပ်ကဲမှု (RegionalOperation Commands)(ROC) နှစ်ခုကို မြိတ်နဲ့လွိုင်ကော်တို့မှာဖွင့်ခဲ့ပါတယ်။၁၉၉၅ ခုနှစ် မတ်လမှာ စစ်ဆင်ရေးကွပ်ကဲမှုဌါနချုပ်(MOC) (၂၁)ခုကိုဖွဲ့စည်းခဲ့ပါတယ်။ (MOC) နံပတ် (၄) ကမှ လေထီးကုန်တပ်အဖြစ်သတ်မှတ်ထားတယ်။ သမ္မတဦးသိန်းစိန်ဟာ (MOC) ကလာတာပါ။
ဗမာစစ်တပ်ရဲ့ ဖွဲ့စည်းပုံကသာမန်စစ်တပ်နဲ့ မတူတာတွေရှိတယ်။ မျက်စိလည်စရာကောင်းတာတွေရှိတယ်။ ဥပမာ အမေရိကန်စစ်တပ်ဖွဲ့စည်းပုံမှာတပ်ရင်း (Battalions) ၊ တပ်မဟာ (Brigade) ၊ ပြီးရင် တပ်မ(Divisions) ဆိုပြီးရှိပါတယ်။ တပ်မတစ်ခုမှာ တပ်မဟာ (၃) ခုပါ၊ ပါတယ်။ တပ်မကို ဗိုလ်ချုပ်ကဦးစီးတယ်၊ တပ်မဟာ(Brigade) ကို (Brigadier) ကဦးစီးရပါတယ်။ တပ်ရင်း(battalions) တွေကို ဗိုလ်မှူးကြီးက ဦးစီးရပါတယ်။ သူတို့ဖွဲ့စည်းပုံကရှင်းတယ်။
ဗမာတပ်မှကျတော့စစ်ဆင်ရေးကွပ်ကဲမှုဌါနချုပ်(MOC) ဆိုတာက အမှန်တော့ (တပ်မ)ပါပဲ။ သူ့အောက်မှာ တပ်ရင်း (၁၀)ရင်းပါတယ်။ တပ်မအောက်မှာ ဗျူဟာ (၃)ခုရှိပါတယ်။ သူ့ကိုကျတော့ (ဗျူဟာ) (TacticalOperations Command) (TOC) လို့ခေါ်ပါတယ်။ (MOC) ကျတော့ စစ်တိုင်းတွေအောက်မှာရှိပြန်တယ်။ တခါ နယ် မြေထိန်းသိမ်းရေးအတွက်(ROC) ဆိုတာရှိပြန်တယ်။ သူ့အောက်မှာ တပ်ရင် (၄)ရင်းရှိပြီး ဗိုလ် မှူးချုပ်ကပဲ အုပ်ချုပ်ရပြန်တယ်။ သူလည်းပဲစစ်တိုင်းမှူးအောက်မှာပဲရှိပြန်တယ်။ဒေါက်တာမောင်အောင်မျိုးရဲ့အဆိုအရ ၂၀၀၈ မှာဗမာစစ်တပ်မှာ ခြေမြန်တပ်မ (LID) (၁၀) ခု၊ (MOC) တပ်မ (၂၁) ခု နဲ့ (ROC) (၆)ခုအထိရှိပြီလို့ ဆိုပါတယ်။ (Building The tatmadaw စာမျက်နှာ(၈၀))(မှတ်ချက်။ ဒီနေရာမှ NDDကထုတ်တဲ့ စစ်အင်္ဂါ စဉ် ဆိုတဲ့စာဆောင်ကလည်း အလွန်အထောက်အကူပြုပါတယ်)
ဗမာစစ်တပ်ရဲ့ထူးခြားမှု
ဗမာစစ်တပ်မှာ (G) (General Staff)(စစ်ဆင်ရေး) ၊ (A) (Adjudant) (စစ်ရေး) ၊(Q) (Quarter Master) (စစ်ထောက်) ဆိုပြီး တပ်ရင်းတိုင်းမှာရှိကြသလို၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ် အထိရှိကြပါတယ်။ ဗမာ စစ်တပ်မှာ (G) လိုင်းကသာလျှင် တပ်ရင်း၊တပ်မ၊ စစ်တိုင်းကိုင်ရတဲ့ စစ်ဗိုလ်ချုပ်တွေဖြစ်လာပါတယ်။(A) နဲ့ (O) ဖက်ရောက်ရင် ဒုတိယအတန်းအစား စစ်ဗိုလ်တွေဖြစ်သွားတယ်လို့ဆိုနိုင်ပါတယ်။ယခင်က သင်တန်း ဦးစီးရတဲ့ စစ်ဗိုလ်တွေလည်း ချောင်ရောက်တယ်ပြောလို့ရပေမဲ့ ယ္ခုတော့ သင်တန်းဗိုလ်ချုပ်တွေလည်းတိုင်းမှူးဖြစ်လာကြတာရှိလာပါပြီ။
ဒုတိယကမ္ဘာစစ်က ရန်သူ့လေယဉ် (၅)ဆင်းကိုပစ်ချနိုင်မှ(ACE) လို့သတ်မှတ်ပါတယ်။ ဂျာမန်တွေက အ တော်ဆုံး (ACE) ကိုရှေ့တန်းမှာပဲ ထားတော့ကြာတော့ သူရဲကောင်းတွေ၊ လူတော်တွေ လျော့လျော့သွား တယ်။ အမေရိကန်က အတော်ဆုံးလူတွေကို စစ်ကျောင်းတွေကို ပြန်ခေါ်သွားပြီးလူသစ်တွေကို မွေးထုတ်  ခိုင်းတော့ လူတော်တွေ ဆက်ကာဆက်ကာမွေးထုတ်နိုင်တယ်။ ဒုတိယအီရပ်စစ်ပွဲမှာ တဟုန်ထိုးနံမည် ကျော်လာတဲ့ ဗိုလ်ချုပ်ပက်တရီးရပ်(Petraeus) ဟာ သူအီရတ်မှာရလာတဲ့အတွေ့အကြုံတွေကို အမေရိ ကန်စစ်ဗိုလ်တွေအတွက် (သူုပုန်နှိမ်နှင်းရေးလက်စွဲ)စာအုပ်ဦးစီးထုတ်ဝေခဲ့တယ်။ အမေရိကန်စစ်ဗိုလ်တွေ ဟာ အမေရိကန်စစ်တပ်မှာ စစ်တိုက်တာကလွဲလို့တာဝန်မရှိဖူး။ ဒါပေမဲ့ အီရတ်လိုနေရာမှာကြတော့ (တိုင်း ပြည်ပြန်လည်ထူထောင်ရေး) ဟာအရေးပါလာတယ်။ဒါကြောင့်သူ့ရဲ့ (ငွေဟာလက်နက်) (Money is Ammunition) ဆိုတဲ့ဆောင်ပုဒ်ဟာ နံမည်ကျော်ခဲ့ရတယ်။ဗိုလ်ချုပ်ပက်တရီးရပ်ဟာ ၀က်စ်ပွိုင့် (West Point) စစ်တက္ကသိုလ်ကအောင်စဉ်က ထိပ်ဆုံးကအောင်ပြီးနံမည်ကျော် ပရစ်စတင် (Princeton) က ပါရဂူ ဘွဲ့ရထားသူဖြစ်တယ်။ အမေရိကန်တွေ စနစ်ကျတာကရှေ့တန်းမှာတိုက်ပြီးရလာတဲ့သင်္ခန်းစာတွေကို Institutional Knowledge လို့ခေါ်တဲ့ စစ်တပ်တခုလုံးအကျိုးရှိအောင် ပြန်လည်ဖြန့်ဝေပေးတယ်။ 
အမေရိကန်စစ်တပ်ရဲ့ အားသာချက်က(စစ်တိုက်)တတ်အောင်သာသင်သည်မဟုတ် (တွေးတတ်)အောင် သင်ပေးတယ်။ စစ်ပွဲမှာလည်း အသေမကိုင်ထားဖူး။စစ်ပွဲအခြေအနေအရ ပြောင်လဲခွင့်ပြုတယ်။ အာဏါရှင် တွေရဲ့ စစ်တပ်တွေမှာ အမိန့်အတိုင်းပဲ။ရှေ့တန်းစစ်မျက်နှာက စစ်ဗိုလ်တွေကို (တွေးခေါ်ခွင့်) မပြုဖူး။ ၁၉၇၄ ခု အာရပ်အဇ္ဇရေးစစ်ပွဲမှာအဇ္ဇရေးတွေအလစ်အထိုးခံလိုက်ရတယ်။ ဆီးရီးယားတင့်ကားတွေက အခွင့်သာ တုန်းရှေ့ဆက်ချီတက်သင့်တယ်။ မရဖူးရှေ့တန်းအခြေအနေကို မသိတဲ့ နောက်တန်းဗိုလ်ချုပ်က ပလင် အ တိုင်းရပ်ပြီးညအိပ်နေတယ်။ သူတို့တွက်ထားတာကအဇ္ဇရေးreserve တပ်သားတွေစုဖို့ (၂၄) နာရီကြာမယ် လို့တွက်ထားတယ်။ အဇ္ဇရေးတွေက (၅)နာရီနဲ့ (စု)ပြီးညတွင်းချင်းချီတက်လာကြတာ နံက်မိုးလင်းလို့ရှေ့ကို ချီတက်တော့ ရှေ့မှာ အဇ္ဇရေးတင့်ကားတွေကစောင့်နေပြီ။ အာရပ်တွေ တိုက်လိုက်တိုင်းရှုံးကြတာလည်း မ ဆန်းလှပါဖူး။အာရပ်တပ်တွေက အာဏါရှင်ရဲ့တပ်တွေကိုး။
ဗမာစစ်တပ်မှာလည်း ဗိုလ်ချုပ်ထွန်းရီလိုဗကပတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဗိုလ်ချုပ်တစ်ယောက်ဟာ ဗကပ တွေ ရဲ့ တွေးနည်း၊တိုက်နည်း၊အားသာချက်၊အားနဲချက်တွေကိုဗိုလ်ချုပ်ပက်တရီးရပ်လို စစ်စာတန်းပြုစုနိုင်ခဲ့ရင် တန်ဖိုးရှိမှာပေါ့။ ဗမာစစ်တပ်ကအားလုံးကိုကို (လျှိ့ဝှက်) ထားတော့ ရှိရင်လည်း (လူ) တွေ (မသိ) ရဖူးပေါ့။ 
 ဆက်လက်ဖေါ်ပြပါမည်။
By
Bo K Nyein
https://www.facebook.com/notes/bo-k-nyein/%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9%E1%80%94%E1%80%B2%E1%80%95-%E1%82%8F%E1%80%AD%E1%80%AF%E1%80%B9%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8-%E1%81%81%E1%81%82/784249031588606 မှ ကူးယူဖော်ပြပါသည်။
Pen ဖရန့်နှင့် မန္တလေးသိန်းဇော်
$
0
0
Photo: Pen ဖရန့်နှင့် မန္တလေးသိန်းဇော်             သူများတွေ တက္ကသိုလ်ဝင်တန်း ဖြေပြီးရင် စပီကင်တွေ တက်ကြ ကွန်ပူတာတွေ တက်ကြနဲ့ပေါ့။ဦးကျော်စွာဝင်းက LCCI ဆိုတာ ဘာပါ...ခင်ညာလို့ ကြော်ငြာပြီး သင်တန်းဂျီးလာဖွင့်တော့ တက်စရာက တစ်ခုထပ်တိုး လာပြန်ပါတယ်။သူငယ်ချင်းတွေက သင်တန်းပေါင်းစုံနဲ့ မအားကြပါဘူး။ ကျွန်မမှာတော့ စာမေးပွဲပြီးကတည်းက ခြေချုပ်မိပြီး အိမ်တွင်းပုန်းလုပ်ရပါတယ်။             သူငယ်ချင်းတွေက လည်ဖို့ပတ်ဖို့ လာခေါ်လည်း မထည့်တော့ တဖြည်းဖြည်း စိမ်းကုန်ပါတယ်။ ဘဝကလည်း အရမ်းကို အထီးကျန်ပြီး စိတ်အားငယ်ရပါတယ်။ ကျွန်မအဖြစ်ကို မကြည့်ရက်လို့ ငယ်ကျွမ်းဆွေ ငြိမ်းငြိမ်းက သူ့ဖေဖေ ကိုထွန်း လမ်း၈၀ ကို ကျွန်မဖေဖေနဲ့ စကားစမြည်ပြောရင်း "နေထက်ထက်အောင်ကို လူငယ်သဘာဝ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ သင်တန်းတွေတက်ခွင့် စသဖြင့်တွေ ပေးသင့်ကြောင်းးးး " ထည့်သွင်းပြောခိုင်းတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။                အဲ့ဒီလို ပျင်းရိငြီးငွေ့ စိတ်ညစ်စရာ အချိန်ကာလရှည်ကြီးမှာ ကျွန်မရဲ့ သူငယ်ချင်းကောင်း အဖော်မွန်တွေအဖြစ် စာအုပ်တွေက တောက်လျှောက် ရပ်တည်ပေးခဲ့ကြ ပါတယ်။ ပျင်းပျင်းနဲ့ စာကြည့်ခန်းထဲမှာ ရှိသမျှသော စာအုပ်တွေ အကုန်ဖတ်မယ်လို့ ကြိမ်းပြီးကို ဖတ်ခဲ့တာပါ။ မှန်နန်း ရာဇဝင်တွဲတွေနဲ့ သမိုင်းအစောင်စောင်၊ဖေဖေ့ရဲ့ ဥပဒေနဲ့ တရားရေး စာအုပ်တွေ၊ဘင်္ဂလီ စာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုးရဲ့ ကဗျာစာအုပ်တွေနှင့် စာဆိုတော် ဝတ္ထုကြီးလည်း မကျန်ခဲ့ပါဘူး။ အရှင်ဇနကာဘိဝံသရဲ့ တရားစာအုပ်တွေလည်း အလွတ်မပေးခဲ့ ပါဘူး။ သုတပဒေသာ၊ဓန၊မြန်မာ့ဓန စတဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေလည်း ဖတ်တာပါပဲ။               အဲ့ဒီမဂ္ဂဇင်းတွေထဲမှာ Best နဲ့ English for all နှစ်စောင်လည်း လစဉ်ဖတ်တဲ့ စာရင်းမှာ ပါခဲ့ပါတယ်။ သူငယ်တန်းကနေ စပြီး အင်္ဂလိပ်စာသင်ခဲ့ရသလို... အခုလို လည်းကိုယ့်ဘာသာ လေ့လာနိုင် သလောက်လေးလည်း လေ့လာနေတာပါပဲ...။ ဒါပေမယ့် အင်္ဂလိပ်စာကို တတ်တယ်လို့ လည်းမထင်သလို ပြောလည်းမပြောတတ်ခဲ့ ပါဘူး။               ဒီအင်္ဂလိပ်စာ မဂ္ဂဇင်းတွေထဲမှာ Pen Fri ကဏ္ဍလေးလည်း ပါဝင်ပါတယ်။ ခုလိုအင်တာနက်သလား ဖြူသလား မသိတဲ့ အချိန်၊ ကွန်ပူတာဆိုတာ ကြွားစရာပစ္စည်းလို ရှိုးပြကြတဲ့ အချိန်၊ ဂျီမေးဆိုတာ ဘာဂျီးမှန်း မသိသေးခင်၊ ဖေ့ဘုတ်ဆိုတာ မရှိသေးချိန်မှာ အဲ့ဒီ ပန်ဖရန့် ကဏ္ဍလေးဟာ လူငယ်တွေ ကြားထဲမှာ အတော်လေး ရေးပန်းစားခဲ့ဖူးပါတယ်။              အထီးကျန်ပြီး အပေါင်းအသင်းမဲ့နေတဲ့ အချိန်ဖြစ်တော့ ကျွန်မက သူငယ်ချင်းအပေါင်းအသင်း အလွန်လိုချင်နေခဲ့ပါတယ်။ ကျွန်မရော ညီမလေးကပါ ပန်ဖရန့်ဝင်ချင်ခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးကလည်း မဝင်ရဲကြပါဘူး။ ဘာလို့လည်းဆိုတော့ အင်္ဂလိပ်စာပေနဲ့ ဗဟုသုတတွေ အပြန်အလှန် ဖလှယ်ဖို့ ဖွဲ့ပေးထားတယ်ဆိုတော့ ဒီပန်ဖရန့်တွေဟာ အချင်းချင်း စာတွေရေးကြရင် အင်္ဂလိပ်လို ရေးကြမယ်လို့ ထင်မိလို့ပါပဲ။              ကျွန်မတို့က အင်္ဂလိပ်လို ပြန်မရေးတတ်တော့ ဒုက္ခတွေ့ရ ချည်ရဲ့ပေါ့နော်။ ဖျစ်ညှစ်ရေးလို့ ခင်သွားပြီး ဖုန်းတွေဘာညာ ဆက်ဖြစ်လို့ အင်္ဂလိပ်လိုတွေ ပြောလာရင် ပြန်လည်းမပြောတတ်၊ သူများပြောသမျှ လည်း နားမလည်ရင် ပိုပိုပြီး အရှက်ကွဲရချည်ရဲ့လို့လည်း တွေးတွေးပြီးးးး ပန်ဖရန့်ကို မဝင်ရဲခဲ့ ကြပါဘူး။              " မမလတ် ဘာလို့ပန်ဖရန့် မဝင်သေးတာလဲ???" "မီးမီးကို စောင့် နေတာလေ။ အတူတူဝင်ရအောင်လို့။" "ဟင့်အင်းးး မစောင့်နဲ့ အရင်ဝင်။" "ဟင့်အင်းးး ငါတစ်ယောက်ထဲ မဝင်ဘူးးး။" နောက်ဆုံးတော့ အတူတူ ပန်ဖရန့်ဝင်လိုက်ကြပါတယ်... မဂ္ဂဇင်းနှစ်စောင်လုံးမှာပါ။ ကျွန်မတို့ အဖွဲ့ဝင်နံပါတ်တွေနဲ့ အိမ်လိပ်စာတွေ မဂ္ဂဇင်းမှာ ဖော်ပြခံရပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်မတို့ဆီကို စာတွေအများကြီး ရောက်လာပါတော့ တယ်။ ပို့စ်မန်းက တစ်ခါလာပို့ရင် တစ်ယောက်ကို စာအစောင်၂၅ဆီ အနည်းဆုံး လာပါတယ်။              တကယ့်ဟာသပါပဲ။ လာသမျှစာတွေ အကုန်ဖောက်စစ်တဲ့ ဒယ်ဒီခမည်းဘုရားက သူ့သမီးတွေကို ခင်ချင်လို့ လှမ်းမိတ်ဆက်တဲ့ စာတွေဖြစ်နေတာကို တွေ့တော့ တော်တော်အံ့သြပြီး သူ့ခမျာ ဘယ်လိုကိုင်တွယ် အရေးယူ ဆောင်ရွက်ရမှန်း မသိဖြစ်နေခဲ့တာပါပဲ။နောက်တော့လည်း အဆန်းတကျယ် မဖြစ်တော့ဘဲ အသာစောင့်ကြည့် အကဲခတ်ရုံပဲ လုပ်ပါတော့တယ်။             နောက်ထပ်ဟာသကတော့ အဲ့ဒီစာတွေထဲမှာ အင်္ဂလိပ်လို ရေးထားတဲ့စာ တစ်စောင်မှ မပါရှိခြင်းပါပဲ။ အဲ့ဒီထဲက ထူးခြားတဲ့ စာတစ်စောင်ကတော့ တိုင်းရင်းသားလူမျိုးများ ကောလိပ်က ဒုတိယနှစ် ကျောင်းသားတစ်ယောက်ရဲ့ စာပါပဲ။ သူက စာတွေရေးပြီးရင် အောက်ဆုံးမှာ "မည်သည့်အရာကိုမှ သိမ်းပိုက်မထားသော.... " လို့ရေးပြီးမှ လက်မှတ်ထိုးလေ့ရှိပါတယ်။သူက စာရေးဆရာ မင်းမြတ်သူရရဲ့ ပရိတ်သတ်ပါတဲ့။                ဘာအခွင့်အရေးနဲ့ ဘာအရာမှမရှိတဲ့ ကျွန်မကတော့ ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင် တာတွေကို ကောင်းမွန်သင့်တော်တဲ့ နည်းလမ်းမှန်သမျှကို သုံးပြီး ဘယ်လိုအရယူမလဲလို့ ကြံစည်နေချိန် ဆိုတော့ကာ....သူ့အတွေးနဲ့ သူ့အရေး တွေကို နားမလည်ခဲ့ပါဘူးးး ဒါနဲ့ ကျွန်မကလည်းပြန်စာမှာ ရေးချင်တာ ရေးပြီးရင် အောက်ဆုံးမှာ သူ့လိုပဲ ပြန်ရေးပေးလေ့ ရှိပါတယ်။ "အရာအားလုံးကို သိမ်းပိုက်ရယူလိုသော..." နေထက်ထက်အောင် ဆိုပြီးမှ လက်မှတ်ထိုးလေ့ ရှိပါတယ်။ ကျွန်မက အဲ့ဒီလိုကို ပေါရဲခဲ့ပါတယ်။                ဒီလိုပေါရဲတယ်ဆိုတာ ကလည်း ပါရမီပါမှ ရတာပါ။ ဒီပါရမီဟာ ဘယ်ဂလောက် ထူးသလဲဆိုတော့ ကျွန်မမူကြိုအရွယ်မှာ ကတည်းက အစွမ်းပြပြီး ထူးခဲ့တာပါ။ ကျွန်မကို မီးဖွားပြီးကတည်းက မေမေက မကြာခဏ ချူချာပြီး ဆေးရုံ ခဏခဏ တက်ရပါတယ်။ ဒီတော့ ကျွန်မက မေမေ့ဘက်က အဒေါ်အပျိုလေး၊အပျိုကြီးတွေနဲ့ သွားနေရတာ များပါတယ်။  မေမေ့ဘက်က အဖွားအိမ်ဟာ တရုတ်တန်းက ဇာတ်ရုံဝင်းကြီး(ယခုကြည်တင်ဟိုတယ် နေရာ)နဲ့ လမ်းပဲ ခြားတာပါ။                အဲ့ဒီအချိန်မှာ မန္တလေးသိန်းဇော်ဟာ အနုသဘင် ဆင်မြင့်ထက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အချိန်ပေါ့။ မန္တလေးသိန်းဇော် ဇာတ်ပွဲနေ့ကို အဒေါ်အပျိုတွေရော ဦးလေးလူပျို တွေရောက အပျက်မခံတမ်း အားပေးသလို နှစ်နှစ်၊သုံးနှစ်အရွယ်ကျွန်မကိုလည်း ဇာတ်ပွဲဆီကို အိပ်ရာလိပ်နဲ့ ခေါ်သွားကြပါတယ်။               ကျွန်မက ဇာတ်ပွဲကြည့်စဉ်မှာ ဘာမှနားမလည်ပါဘူး။ မှတ်မိပြီး သဘောကျတာကတော့ မင်းသားသိန်းဇော်က "ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်... " ဆိုတဲ့သီချင်းကို ဆိုဆိုပြီးကတာကိုပါပဲ။ အဲ့လိုကတဲ့အခါမှာ သေတ္တာကြီးတွေ တစ်လုံးပြီး တစ်လုံးဆင့်ကတယ်၊ ကျွမ်းထိုးတယ်၊ ဒါပဲမှတ်မိပါတယ်။အဲ့ဒီ ကကွက်ကိုလည်း သိပ်ပြီးသဘောကျ စွဲလမ်းခဲ့ပါတယ်။            လေးနှစ်ပြည့်တော့ မူကြိုတက်ရမယ် ဆိုပြီးဖေဖေက ကျွန်မကိုမေမေ့ဘက်က အဖွားအိမ်ကနေ ပြန်ခေါ်လာပါတယ်။ ဖေဖေ့ဘက်က အဖွားက ဟိုးယခင်က မြသဇင် ကော်စမတ်တစ် လုပ်ငန်း လုပ်ပါတယ်။ အဖွားရဲ့ မြသဇင် ကော်စမတ်တစ်ရဲ့ လုပ်ငန်းမိတ်ဆွေ စာရင်းမှာ ဦးဘိုအေး အလှကုန်က ဦးဘိုအေး တစ်ယောက်သာ သက်ရှိထင်ရှား ကျန်ပါတော့တယ်တဲ့။              စနိုး၊ခေါင်းလိမ်းဆီ၊ ခေါင်းလျော်ရည် စသဖြင့်ကို ကိုယ်တိုင် ထုတ်လုပ်ပြီး ရောင်းချခဲ့တာပါ။ ပြည်သူပိုင် သိမ်းခံရတော့ မလုပ်ဖြစ်တော့ဘူးလေ။အဲ့ဒီမှာပဲ အလှကုန်မှာ ကပ်တဲ့ တံဆိပ်လှလှလေးတွေ အများကြီး အထုပ်တွေနဲ့ ပိုနေတော့တာပါပဲ။ သူခမျာ လွှင့်လည်းမပြစ်ရက်သလို သိမ်းထားရတာလည်း အတော်ရှုပ်နေပါတယ်။ တံဆိပ်တွေမှာ တောက်ပတဲ့ အနီ၊အစိမ်းနဲ့ ရွှေရောင်တွေ အများဆုံး အသုံးပြုထားပြီး တော်တော်လှပပါတယ်။             ဒီတော့ ဖွားဖွားက ကျွန်မဆော့ကစားဖို့ တစ်ရက်ကို တံဆိပ်လေးတွေ နည်းနည်းချင်းဆီ ပေးပါတယ်။ကျွန်မသူငယ်ချင်းတွေက အဲ့ဒီတံဆိပ် လှလှလေးတွေကို လိုချင်ကြပါတယ်။ ဈေးကွက်ရဲ့ အကြိုက်နဲ့ ကုန်စည်ရှားပါးမှုကို ကျွန်မက ကလေးပီပီ သဘောပေါက် ပါတယ်။ ဒီတော့ လူတွေ စိတ်မဝင်စား မကြိုက်တဲ့ အရာ(အရောင်းထိုင်းပစ္စည်း)ကို လူတွေ သဘောကျမြတ်နိုးတဲ့အရာ(ဝယ်လိုအားမြင့်တဲ့ ပစ္စည်းနဲ့)ပူးတွဲဖြန့်ချိရင် အတိုင်းအတာတစ်ခုထိ အောင်မြင်တယ် ဆိုတဲ့ နိယာမကိုလည်း ကလေးပီပီ အထာနပ်ခဲ့ပါတယ်။              အဲ့တော့ ကျွန်မက ဖေဖေ့ပုဆိုး အဟောင်းတစ်ထည်ကို ဝတ်ပြီး အိမ်ရှေ့က ကွပ်ပစ်မှာ "ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်.... " ဆိုတဲ့ သီချင်းကို အားရပါးရ ဆိုဆိုပြီး ဂျွမ်းတွေထိုးပြီး ကပြဖျော်ဖြေပါတယ်။ သူငယ်ချင်းတွေကို လက်ခုပ်တီးခိုင်းပါတယ်။ ကလို့မောရင် ဇာတ်မင်းသားက ဇာတ်စင်အောက်ကို ပန်းတွေနဲ့ ချိုချဉ်တွေ ကျဲချသလိုမျိုး ပုံစံအတိုင်း  ကျွန်မက ကော်စမတ်တစ် တံဆိပ်လှလှလေးတွေကို ကျဲချပေးခဲ့ ပါတယ်။              ကျွန်မ ကပြဖျော်ဖြေ နေစဉ် လက်ခုပ်မတီးတဲ့ သူငယ်ချင်းတွေကိုလည်း မှတ်ထားပြီး အဲ့ဒီလူတွေကို တံဆိပ်ကောက်ခွင့် မပေးခဲ့ပါဘူးးးခ်ခ်။ ပေါတာက ပေါတာသပ်သပ်ပါ.... ကျွန်မရဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ ကလေးဘဝကတည်းက အဲ့ဂလိုကို တိကျပြီး ရှင်းလင်းပြတ်သားခဲ့ပါတယ်။ ဒီတော့ ကွန့်မန့်ပေးရင် သတိထားကြပေါ့နော် ခ်ခ်။                    နေထက်ထက်အောင်
သူများတွေ တက္ကသိုလ်ဝင်တန်း ဖြေပြီးရင် စပီကင်တွေ တက်ကြ ကွန်ပူတာတွေ တက်ကြနဲ့ပေါ့။ဦးကျော်စွာဝင်းက LCCI ဆိုတာ ဘာပါ...ခင်ညာလို့ ကြော်ငြာပြီး သင်တန်းဂျီးလာဖွင့်တော့ တက်စရာက တစ်ခုထပ်တိုး လာပြန်ပါတယ်။ သူငယ်
ချင်းတွေက သင်တန်းပေါင်းစုံနဲ့ မအားကြပါဘူး။ ကျွန်မမှာတော့ စာမေးပွဲပြီးကတည်းက ခြေချုပ်မိပြီး အိမ်တွင်းပုန်းလုပ်ရပါတယ်။ 
သူငယ်ချင်းတွေက လည်ဖို့ပတ်ဖို့ လာခေါ်လည်း မထည့်တော့ တဖြည်းဖြည်း စိမ်းကုန်ပါတယ်။ ဘဝကလည်း အရမ်းကို အထီးကျန်ပြီး စိတ်အားငယ်ရပါတယ်။ ကျွန်မအဖြစ်ကို မကြည့်ရက်လို့ ငယ်ကျွမ်းဆွေ ငြိမ်းငြိမ်းက သူ့ဖေဖေ ကိုထွန်း လမ်း၈၀ ကို ကျွန်မဖေဖေနဲ့ စကားစမြည်ပြောရင်း "နေထက်ထက်အောင်ကို လူငယ်သဘာဝ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ သင်တန်းတွေတက်ခွင့် စသဖြင့်တွေ ပေးသင့်ကြောင်းးးး "ထည့်သွင်းပြောခိုင်းတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။
အဲ့ဒီလို ပျင်းရိငြီးငွေ့ စိတ်ညစ်စရာ အချိန်ကာလရှည်ကြီးမှာ ကျွန်မရဲ့ သူငယ်ချင်းကောင်း အဖော်မွန်တွေအဖြစ် စာအုပ်တွေက တောက်လျှောက် ရပ်တည်ပေးခဲ့ကြ ပါတယ်။ ပျင်းပျင်းနဲ့ စာကြည့်ခန်းထဲမှာ ရှိသမျှသော စာအုပ်တွေ အကုန်ဖတ်မယ်လို့ ကြိမ်းပြီးကို ဖတ်ခဲ့တာပါ။ မှန်နန်း ရာဇဝင်တွဲတွေနဲ့ သမိုင်းအစောင်စောင်၊ဖေဖေ့ရဲ့ ဥပဒေနဲ့ တရားရေး စာအုပ်တွေ၊ဘင်္ဂလီ စာဆိုတော်ကြီး ရာဘင်ဒြာနတ် တဂိုးရဲ့ ကဗျာစာအုပ်တွေနှင့် စာဆိုတော် ဝတ္ထုကြီးလည်း မကျန်ခဲ့ပါဘူး။ အရှင်ဇနကာဘိဝံသရဲ့ တရားစာအုပ်တွေလည်း အလွတ်မပေးခဲ့ ပါဘူး။ သုတပဒေသာ၊ဓန၊မြန်မာ့ဓန စတဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေလည်း ဖတ်တာပါပဲ။
အဲ့ဒီမဂ္ဂဇင်းတွေထဲမှာ Best နဲ့ English for all နှစ်စောင်လည်း လစဉ်ဖတ်တဲ့ စာရင်းမှာ ပါခဲ့ပါတယ်။ သူငယ်တန်းကနေ စပြီး အင်္ဂလိပ်စာသင်ခဲ့ရသလို... အခုလို လည်းကိုယ့်ဘာသာ လေ့လာနိုင် သလောက်လေးလည်း လေ့လာနေတာပါပဲ...။ ဒါပေမယ့် အင်္ဂလိပ်စာကို တတ်တယ်လို့ လည်းမထင်သလို ပြောလည်းမပြောတတ်ခဲ့ ပါဘူး။
ဒီအင်္ဂလိပ်စာ မဂ္ဂဇင်းတွေထဲမှာ Pen Fri ကဏ္ဍလေးလည်း ပါဝင်ပါတယ်။ ခုလိုအင်တာနက်သလား ဖြူသလား မသိတဲ့ အချိန်၊ ကွန်ပူတာဆိုတာ ကြွားစရာပစ္စည်းလို ရှိုးပြကြတဲ့ အချိန်၊ ဂျီမေးဆိုတာ ဘာဂျီးမှန်း မသိသေးခင်၊ ဖေ့ဘုတ်ဆိုတာ မရှိသေးချိန်မှာ အဲ့ဒီ ပန်ဖရန့် ကဏ္ဍလေးဟာ လူငယ်တွေ ကြားထဲမှာ အတော်လေး ရေးပန်းစားခဲ့ဖူးပါတယ်။
အထီးကျန်ပြီး အပေါင်းအသင်းမဲ့နေတဲ့ အချိန်ဖြစ်တော့ ကျွန်မက သူငယ်ချင်းအပေါင်းအသင်း အလွန်လိုချင်နေခဲ့ပါတယ်။ ကျွန်မရော ညီမလေးကပါ ပန်ဖရန့်ဝင်ချင်ခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးကလည်း မဝင်ရဲကြပါဘူး။ ဘာလို့လည်းဆိုတော့ အင်္ဂလိပ်စာပေနဲ့ ဗဟုသုတတွေ အပြန်အလှန် ဖလှယ်ဖို့ ဖွဲ့ပေးထားတယ်ဆိုတော့ ဒီပန်ဖရန့်တွေဟာ အချင်းချင်း စာတွေရေးကြရင် အင်္ဂလိပ်လို ရေးကြမယ်လို့ ထင်မိလို့ပါပဲ။
ကျွန်မတို့က အင်္ဂလိပ်လို ပြန်မရေးတတ်တော့ ဒုက္ခတွေ့ရ ချည်ရဲ့ပေါ့နော်။ ဖျစ်ညှစ်ရေးလို့ ခင်သွားပြီး ဖုန်းတွေဘာညာ ဆက်ဖြစ်လို့ အင်္ဂလိပ်လိုတွေ ပြောလာရင် ပြန်လည်းမပြောတတ်၊ သူများပြောသမျှ လည်း နားမလည်ရင် ပိုပိုပြီး အရှက်ကွဲရချည်ရဲ့လို့လည်း တွေးတွေးပြီးးးး ပန်ဖရန့်ကို မဝင်ရဲခဲ့ ကြပါဘူး။
"မမလတ် ဘာလို့ပန်ဖရန့် မဝင်သေးတာလဲ???""မီးမီးကို စောင့် နေတာလေ။ အတူတူဝင်ရအောင်လို့။""ဟင့်အင်းးး မစောင့်နဲ့ အရင်ဝင်။""ဟင့်အင်းးး ငါတစ်ယောက်ထဲ မဝင်ဘူးးး။"နောက်ဆုံးတော့ အတူတူ ပန်ဖရန့်ဝင်လိုက်ကြပါတယ်... မဂ္ဂဇင်းနှစ်စောင်လုံးမှာပါ။ ကျွန်မတို့ အဖွဲ့ဝင်နံပါတ်တွေနဲ့ အိမ်လိပ်စာတွေ မဂ္ဂဇင်းမှာ ဖော်ပြခံရပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်မတို့ဆီကို စာတွေအများကြီး ရောက်လာပါတော့ တယ်။ ပို့စ်မန်းက တစ်ခါလာပို့ရင် တစ်ယောက်ကို စာအစောင်၂၅ဆီ အနည်းဆုံး လာပါတယ်။
တကယ့်ဟာသပါပဲ။ လာသမျှစာတွေ အကုန်ဖောက်စစ်တဲ့ ဒယ်ဒီခမည်းဘုရားက သူ့သမီးတွေကို ခင်ချင်လို့ လှမ်းမိတ်ဆက်တဲ့ စာတွေဖြစ်နေတာကို တွေ့တော့ တော်တော်အံ့သြပြီး သူ့ခမျာ ဘယ်လိုကိုင်တွယ် အရေးယူ ဆောင်ရွက်ရမှန်း မသိဖြစ်နေခဲ့တာပါပဲ။နောက်တော့လည်း အဆန်းတကျယ် မဖြစ်တော့ဘဲ အသာစောင့်ကြည့် အကဲခတ်ရုံပဲ လုပ်ပါတော့တယ်။
နောက်ထပ်ဟာသကတော့ အဲ့ဒီစာတွေထဲမှာ အင်္ဂလိပ်လို ရေးထားတဲ့စာ တစ်စောင်မှ မပါရှိခြင်းပါပဲ။ အဲ့ဒီထဲက ထူးခြားတဲ့ စာတစ်စောင်ကတော့ တိုင်းရင်းသားလူမျိုးများ ကောလိပ်က ဒုတိယနှစ် ကျောင်းသားတစ်ယောက်ရဲ့ စာပါပဲ။ သူက စာတွေရေးပြီးရင် အောက်ဆုံးမှာ "မည်သည့်အရာကိုမှ သိမ်းပိုက်မထားသော.... "လို့ရေးပြီးမှ လက်မှတ်ထိုးလေ့ရှိပါတယ်။သူက စာရေးဆရာ မင်းမြတ်သူရရဲ့ ပရိတ်သတ်ပါတဲ့။
ဘာအခွင့်အရေးနဲ့ ဘာအရာမှမရှိတဲ့ ကျွန်မကတော့ ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင် တာတွေကို ကောင်းမွန်သင့်တော်တဲ့ နည်းလမ်းမှန်သမျှကို သုံးပြီး ဘယ်လိုအရယူမလဲလို့ ကြံစည်နေချိန် ဆိုတော့ကာ....သူ့အတွေးနဲ့ သူ့အရေး တွေကို နားမလည်ခဲ့ပါဘူးးး ဒါနဲ့ ကျွန်မကလည်းပြန်စာမှာ ရေးချင်တာ ရေးပြီးရင် အောက်ဆုံးမှာ သူ့လိုပဲ ပြန်ရေးပေးလေ့ ရှိပါတယ်။ "အရာအားလုံးကို သိမ်းပိုက်ရယူလိုသော..."နေထက်ထက်အောင် ဆိုပြီးမှ လက်မှတ်ထိုးလေ့ ရှိပါတယ်။ ကျွန်မက အဲ့ဒီလိုကို ပေါရဲခဲ့ပါတယ်။
ဒီလိုပေါရဲတယ်ဆိုတာ ကလည်း ပါရမီပါမှ ရတာပါ။ ဒီပါရမီဟာ ဘယ်ဂလောက် ထူးသလဲဆိုတော့ ကျွန်မမူကြိုအရွယ်မှာ ကတည်းက အစွမ်းပြပြီး ထူးခဲ့တာပါ။ ကျွန်မကို မီးဖွားပြီးကတည်းက မေမေက မကြာခဏ ချူချာပြီး ဆေးရုံ ခဏခဏ တက်ရပါတယ်။ ဒီတော့ ကျွန်မက မေမေ့ဘက်က အဒေါ်အပျိုလေး၊အပျိုကြီးတွေနဲ့ သွားနေရတာ များပါတယ်။ မေမေ့ဘက်က အဖွားအိမ်ဟာ တရုတ်တန်းက ဇာတ်ရုံဝင်းကြီး(ယခုကြည်တင်ဟိုတယ် နေရာ)နဲ့ လမ်းပဲ ခြားတာပါ။
အဲ့ဒီအချိန်မှာ မန္တလေးသိန်းဇော်ဟာ အနုသဘင် ဆင်မြင့်ထက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အချိန်ပေါ့။ မန္တလေးသိန်းဇော် ဇာတ်ပွဲနေ့ကို အဒေါ်အပျိုတွေရော ဦးလေးလူပျို တွေရောက အပျက်မခံတမ်း အားပေးသလို နှစ်နှစ်၊သုံးနှစ်အရွယ်ကျွန်မကိုလည်း ဇာတ်ပွဲဆီကို အိပ်ရာလိပ်နဲ့ ခေါ်သွားကြပါတယ်။
ကျွန်မက ဇာတ်ပွဲကြည့်စဉ်မှာ ဘာမှနားမလည်ပါဘူး။ မှတ်မိပြီး သဘောကျတာကတော့ မင်းသားသိန်းဇော်က "ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်... "ဆိုတဲ့သီချင်းကို ဆိုဆိုပြီးကတာကိုပါပဲ။ အဲ့လိုကတဲ့အခါမှာ သေတ္တာကြီးတွေ တစ်လုံးပြီး တစ်လုံးဆင့်ကတယ်၊ ကျွမ်းထိုးတယ်၊ ဒါပဲမှတ်မိပါတယ်။အဲ့ဒီ ကကွက်ကိုလည်း သိပ်ပြီးသဘောကျ စွဲလမ်းခဲ့ပါတယ်။
လေးနှစ်ပြည့်တော့ မူကြိုတက်ရမယ် ဆိုပြီးဖေဖေက ကျွန်မကိုမေမေ့ဘက်က အဖွားအိမ်ကနေ ပြန်ခေါ်လာပါတယ်။ ဖေဖေ့ဘက်က အဖွားက ဟိုးယခင်က မြသဇင် ကော်စမတ်တစ် လုပ်ငန်း လုပ်ပါတယ်။ အဖွားရဲ့ မြသဇင် ကော်စမတ်တစ်ရဲ့ လုပ်ငန်းမိတ်ဆွေ စာရင်းမှာ ဦးဘိုအေး အလှကုန်က ဦးဘိုအေး တစ်ယောက်သာ သက်ရှိထင်ရှား ကျန်ပါတော့တယ်တဲ့။
စနိုး၊ခေါင်းလိမ်းဆီ၊ ခေါင်းလျော်ရည် စသဖြင့်ကို ကိုယ်တိုင် ထုတ်လုပ်ပြီး ရောင်းချခဲ့တာပါ။ ပြည်သူပိုင် သိမ်းခံရတော့ မလုပ်ဖြစ်တော့ဘူးလေ။အဲ့ဒီမှာပဲ အလှကုန်မှာ ကပ်တဲ့ တံဆိပ်လှလှလေးတွေ အများကြီး အထုပ်တွေနဲ့ ပိုနေတော့တာပါပဲ။ သူခမျာ လွှင့်လည်းမပြစ်ရက်သလို သိမ်းထားရတာလည်း အတော်ရှုပ်နေပါတယ်။ တံဆိပ်တွေမှာ တောက်ပတဲ့ အနီ၊အစိမ်းနဲ့ ရွှေရောင်တွေ အများဆုံး အသုံးပြုထားပြီး တော်တော်လှပပါတယ်။
ဒီတော့ ဖွားဖွားက ကျွန်မဆော့ကစားဖို့ တစ်ရက်ကို တံဆိပ်လေးတွေ နည်းနည်းချင်းဆီ ပေးပါတယ်။ကျွန်မသူငယ်ချင်းတွေက အဲ့ဒီတံဆိပ် လှလှလေးတွေကို လိုချင်ကြပါတယ်။ ဈေးကွက်ရဲ့ အကြိုက်နဲ့ ကုန်စည်ရှားပါးမှုကို ကျွန်မက ကလေးပီပီ သဘောပေါက် ပါတယ်။ ဒီတော့ လူတွေ စိတ်မဝင်စား မကြိုက်တဲ့ အရာ(အရောင်းထိုင်းပစ္စည်း)ကို လူတွေ သဘောကျမြတ်နိုးတဲ့အရာ(ဝယ်လိုအားမြင့်တဲ့ ပစ္စည်းနဲ့)ပူးတွဲဖြန့်ချိရင် အတိုင်းအတာတစ်ခုထိ အောင်မြင်တယ် ဆိုတဲ့ နိယာမကိုလည်း ကလေးပီပီ အထာနပ်ခဲ့ပါတယ်။
အဲ့တော့ ကျွန်မက ဖေဖေ့ပုဆိုး အဟောင်းတစ်ထည်ကို ဝတ်ပြီး အိမ်ရှေ့က ကွပ်ပစ်မှာ "ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်.... "ဆိုတဲ့ သီချင်းကို အားရပါးရ ဆိုဆိုပြီး ဂျွမ်းတွေထိုးပြီး ကပြဖျော်ဖြေပါတယ်။ သူငယ်ချင်းတွေကို လက်ခုပ်တီးခိုင်းပါတယ်။ ကလို့မောရင် ဇာတ်မင်းသားက ဇာတ်စင်အောက်ကို ပန်းတွေနဲ့ ချိုချဉ်တွေ ကျဲချသလိုမျိုး ပုံစံအတိုင်း ကျွန်မက ကော်စမတ်တစ် တံဆိပ်လှလှလေးတွေကို ကျဲချပေးခဲ့ ပါတယ်။
ကျွန်မ ကပြဖျော်ဖြေ နေစဉ် လက်ခုပ်မတီးတဲ့ သူငယ်ချင်းတွေကိုလည်း မှတ်ထားပြီး အဲ့ဒီလူတွေကို တံဆိပ်ကောက်ခွင့် မပေးခဲ့ပါဘူးးးခ်ခ်။ ပေါတာက ပေါတာသပ်သပ်ပါ.... ကျွန်မရဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ ကလေးဘဝကတည်းက အဲ့ဂလိုကို တိကျပြီး ရှင်းလင်းပြတ်သားခဲ့ပါတယ်။ ဒီတော့ ကွန့်မန့်ပေးရင် သတိထားကြပေါ့နော် ခ်ခ်။
နေထက်ထက်အောင်
ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၄)
$
0
0
Photo: ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၄)   နောက်ထပ် ၅ မိနစ်ခန့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် တိုက်ပွဲအရှိန်မှာနှေးလာသည်။ တရုတ်တို့မှာ ၎င်းတို့၏ စက်သေနတ်များ  မရှိတော့သဖြင့် နောက်ဆုတ်လိုက်ရန် ဆုံးဖြတ်လိုက်ကြပုံရသည်။ ယန်ဆီ ယခုမှ သူ့BAR ကြီးအားကြည့်မိသည် သေနတ်ပြောင်းမှာ အပူဒဏ်ကြောင့် ဖြူနေပေပြီ ယန်ဆီလက်မှာလဲ အပူလောင် ဒဏ်ချက်ကြောင့် လက်ကောက်ဝတ်အရေပြားတွေမရှိတော့။   ရန်သူများမှာလောလောဆယ် ဆုတ်ခွာသွားသည်မှန်သော်လည်း ပွိုင့် ၆၉၈ အားအောင်နိုင်လိုက်သည်ဟု ပြောရန် အတော်ခပ်နေသည် ။ သူ့တပ်စုတွင် လူ ၆ ယောက်ဘဲကျန်တော့သည်။ လူ ၃၂ ယောက်မှ ၆ ယောက် မျှသာ ကျန်တော့သည်။ တရုတ်တို့ကဒီအတိုင်းနေမည်မဟုတ် မကြာမှီ တန်ပြန်တိုက်စစ် ဆင်နွှဲကြပေတော့မည်။ ယန်ဆီ ဝေါ်ကီတော်ကီကို ကောက်ကိုင်၍ တပ်ခွဲမှုးနှင့် ဆက်သွယ်လိုက်သည်။   “ ဟဲလို …. အစ်ကိုကြီး ….”  “ ယန်ဆီ …တော်တယ်ကွာ … မင်းလူဘယ်လောက်ကျန်သေးလဲ”  “ကျွန်တော် လူ ၆ ယောက်ဘဲ ရှိတော့တယ် … အမြန်ဆုံး ..အင်အားဖြည့်ပေးမှ … ရမယ် ..အကိုကြီး …”  “တပ်စု(၁) ကို ငါမင်းဆီပို့ထားတယ်ကွ … ဒါပေမဲ့ … တရုတ်တွေက … လမ်းမှာဖြတ်တောက်ရေးလုပ်ပီး .. ဟန့်စစ် ဆင်ထားတယ်ကွ”   ယန်ဆီ နောက်သို့လှည့်ကြည့်လိုက်သည်။ ဟုတ်ပ ညာဘက်ဆင်ခြေလျောတွင်မော်တာကျည်များ တ၀ုန်းဝုန်း ကျရောက်ပေါက်ကွဲလျက် စက်သေနတ်ကျည်များကလဲ တ၀ှီဝှီ ဖြတ်သန်းနေသည်။ တရုတ်များ၏ အစီအစဉ်မှာ ရှင်းရှင်းလေး … မိမိထံလာမည့် စစ်ကူများအား ဖြတ်တောက် ထိန်းသိမ်းလျက် မိမိတို့အား လှံစွပ်ထိုးချေမှုန်းပစ်ရန်ဖြစ်သည်။ များမကြာမှီမှာပင် ပွိုင့် ၆၉၈ ၏ အခြားဘက် လျှိုမြောင်များကြားမှ စစ်ခရာသံ များ ပျံ့လွင့်လာသည်။ တရုတ်တို့တန်ပြန်တိုက်စစ်အတွက် ပြင်နေကြလေပြီ။ တပ်စု(၂) အနေနှင့်ကတော့ သူတို့ တတ်နိုင်သလောက် ပတ်လည်ခံစစ်ကလေး ဆင်နိုင်ရန် အဆင်သင့်ပင်။ ယန်ဆီ မှာ နောက်ထပ် BAR တလက် ရောက်ရှိနေပေပြီ။ ဟူလ်မန်ကြီးလဲ မသေသေး၊ သို့သော် မလှုပ်နိုင်မရှားနိုင်ဖြစ်နေရှာပြီ၊ ရော်ဘင်ဆင်ကြီးဆီမှာ လဲ လက်ပစ်ဗုံး သုံးလုံးသာ ကျန်တော့သည်။ ဖိလစ်မှာလည်း ကမူစွန်းတွင် ယခုတိုင်ချောင်းမြောင်းလျက်၊ တပ်ကြပ်ကြီး မက်ဒင်းကြီးကတော့ သူ့ရိုင်ဖယ်ပေါ်မှီလျက် အနားယူနေသည်။ ထိုစဉ် တရုတ်တို့၏ စစ်ခရာသံ ထပ်မံထွက်ပေါ်လာပြန်သည်။ ရုတ်ချည်းဆိုသလို မရင်းလူထွားကြီးတယောက် ဘယ်ဘက်ဆင်ခြေလျောဆီမှ ကုန်းပေါ်သို့ ရောက်လာသည်။ သူနှင့်အတူ ဒသမ ၃၀ ကာလီဘာ စက်သေနတ်ကြီးတစ်လက် ၎င်းကျည် နှစ်ပုံး ပါလာသည်။ သာမန်စစ်သည် နှစ်ယောက် သယ်ဆောင်မည့် ၀န်များဖြစ်သည်။ တပ်သားကျော် ဂလောက်ဂေါ်ဖြစ် သည်။ သူသည် ယန်ဆီတို့အား စစ်ကူပေးလာသည့် တပ်စု(၁) မှ အင်အားဖြစ်ကာ သူတဦးတည်းအရင် ရောက် လာခြင်း ဖြစ်ပေသည်။ ဂလောက်ဂေါ်ကြီး သည်သူ၏ ကိုယ်ခန္ဒာကြီးအား ယန်ဆီနံဘေးသို့ပစ်ချလိုက်ယင်း သူ့ စက်သေနတ်ကြီးအား တပ်ဆင်နေသည်။ သူ့သေနတ်ကြီး ပစ်ခတ်ရန်အသင့်ဖြစ်သွားချိန်မှာပင် တရုတ်တို့၏ စစ်ခရာသံ စူးစူး ထွက်ပေါ်လာပြန်ပါသည်။   ဒီတခါတော့ တကယ်လာပါချေပြီ။ ကုန်းတန်းအစွန်း ကိုက် ၄၀ အကွာခန့်မှနေ၍အတန်းလိုက် တည်ငြိမ် စွာဖြင့် တိုက်စစ်ဆင်လာချေပြီကော … ကျွေးကြော်သံများနှင့်အတူ .. “ကျား … ဟေ့ မရင်းတွေ … မင်းတို့အသက်တွေ ဖက်နဲ့ ထုပ်ထားပေတော့ ကွ ..” ကျား ……. ဂလောက်ဂေါ် ကြီး .. သူ့သေနတ်နောက်တွင် အဆင်သင့် မှောက်လျက်နေရာယူထားယင်း .. စိတ်ရှည်လက်ရှည်စောင့် နေသည်။ ထို့နောက် .. နီးကပ်လာနေသော .. တရုတ်တပ်များဆီသို့ ချိန်ရွယ်ယင်း သေနတ်မောင်းအား .. ဖြည်းညှင်းစွာ ညှစ်လိုက် လေသည်။  “ .. ဒက်ဒက်ဒက်ဒက် …. ၀ရော .. ၀ရော ..” ဂလောက်ဂေါ် ၏ သေနတ်ကြီး ဘယ်မှ ညာ .. ညာ မှ ဘယ် ဝှေ့ယမ်းယင်း သွင်သွင်ကြီး အလုပ်လုပ်နေပေပြီ .. ကျန်အဖွဲ့သားများလည်း .. မိမိတို့ သေနတ်များအား အသီးသီး အလုပ်ပေးနေကြလေပြီ၊ သို့သော် မိနစ်အနည်းငယ်အကြာတွင်မတော့ .. ဂလောက်ဂေါ်ကြီးမှ လွဲ၍ ကျန်လူများ၏ သေနတ်များ အလုပ်မလုပ်နိုင်ကြရှာတော့ .. ကျည်ဆံ ကုန်ကြလေပြီ ..   တရုတ်များမှာ ဂလောက်ဂေါ်ကြီး၏ စက်သေနတ်ကြီး ကို မျှော်လင့်မထားကြသဖြင့် ဒသမ ၃၀ ကျည်ဆံ များ၏ ဒဏ်ချက် ကိုကောင်းကောင်းခံစားလိုက်ကြယင်း အထွေးလိုက် ကျ ကုန်တော့သည်။ စကောထဲ ထဲ့အလှိမ့် ခံရသော ဇီးဖြူသီးများပမာ အလူးလူးအလှိမ့်လှိမ့်ကျဆုံးကုန်တော့သည်။ ထပ်တက်လာကြလေ ထပ်ကျကုန်လေ ဖြစ်နေတော့သည်။ အတွဲတို အတွဲရှည် ထပ်ကာထပ်ကာ ဖြင့် စက်သေနတ်ကြီးအလုပ်လေလေ တရုတ်များ ခံစား ရလေဖြစ်နေတော့ ကာ ထပ်တက်လာဘို့ မ၀ံ့မရဲဖြစ်ကုန်တော့သည်တကား ။   ဆက်ရန် ttkots73
နောက်ထပ် ၅ မိနစ်ခန့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် တိုက်ပွဲအရှိန်မှာနှေးလာသည်။ တရုတ်တို့မှာ ၎င်းတို့၏ စက်သေနတ်များ
မရှိတော့သဖြင့် နောက်ဆုတ်လိုက်ရန် ဆုံးဖြတ်လိုက်ကြပုံရသည်။ ယန်ဆီ ယခုမှ သူ့
ူBAR ကြီးအားကြည့်မိသည် သေနတ်ပြောင်းမှာ အပူဒဏ်ကြောင့် ဖြူနေပေပြီ ယန်ဆီလက်မှာလဲ အပူလောင် ဒဏ်ချက်ကြောင့် လက်ကောက်ဝတ်အရေပြားတွေမရှိတော့။
ရန်သူများမှာလောလောဆယ် ဆုတ်ခွာသွားသည်မှန်သော်လည်း ပွိုင့် ၆၉၈ အားအောင်နိုင်လိုက်သည်ဟု ပြောရန် အတော်ခပ်နေသည် ။ သူ့တပ်စုတွင် လူ ၆ ယောက်ဘဲကျန်တော့သည်။ လူ ၃၂ ယောက်မှ ၆ ယောက် မျှသာ ကျန်တော့သည်။ တရုတ်တို့ကဒီအတိုင်းနေမည်မဟုတ် မကြာမှီ တန်ပြန်တိုက်စစ် ဆင်နွှဲကြပေတော့မည်။ ယန်ဆီ ဝေါ်ကီတော်ကီကို ကောက်ကိုင်၍ တပ်ခွဲမှုးနှင့် ဆက်သွယ်လိုက်သည်။
“ ဟဲလို …. အစ်ကိုကြီး ….” “ ယန်ဆီ …တော်တယ်ကွာ … မင်းလူဘယ်လောက်ကျန်သေးလဲ” “ကျွန်တော် လူ ၆ ယောက်ဘဲ ရှိတော့တယ် … အမြန်ဆုံး ..အင်အားဖြည့်ပေးမှ … ရမယ် ..အကိုကြီး …” “တပ်စု(၁) ကို ငါမင်းဆီပို့ထားတယ်ကွ … ဒါပေမဲ့ … တရုတ်တွေက … လမ်းမှာဖြတ်တောက်ရေးလုပ်ပီး .. ဟန့်စစ် ဆင်ထားတယ်ကွ”
ယန်ဆီ နောက်သို့လှည့်ကြည့်လိုက်သည်။ ဟုတ်ပ ညာဘက်ဆင်ခြေလျောတွင်မော်တာကျည်များ တ၀ုန်းဝုန်း ကျရောက်ပေါက်ကွဲလျက် စက်သေနတ်ကျည်များကလဲ တ၀ှီဝှီ ဖြတ်သန်းနေသည်။ တရုတ်များ၏ အစီအစဉ်မှာ ရှင်းရှင်းလေး … မိမိထံလာမည့် စစ်ကူများအား ဖြတ်တောက် ထိန်းသိမ်းလျက် မိမိတို့အား လှံစွပ်ထိုးချေမှုန်းပစ်ရန်ဖြစ်သည်။ များမကြာမှီမှာပင် ပွိုင့် ၆၉၈ ၏ အခြားဘက် လျှိုမြောင်များကြားမှ စစ်ခရာသံ များ ပျံ့လွင့်လာသည်။ တရုတ်တို့တန်ပြန်တိုက်စစ်အတွက် ပြင်နေကြလေပြီ။ တပ်စု(၂) အနေနှင့်ကတော့ သူတို့ တတ်နိုင်သလောက် ပတ်လည်ခံစစ်ကလေး ဆင်နိုင်ရန် အဆင်သင့်ပင်။ ယန်ဆီ မှာ နောက်ထပ် BAR တလက် ရောက်ရှိနေပေပြီ။ ဟူလ်မန်ကြီးလဲ မသေသေး၊ သို့သော် မလှုပ်နိုင်မရှားနိုင်ဖြစ်နေရှာပြီ၊ ရော်ဘင်ဆင်ကြီးဆီမှာ လဲ လက်ပစ်ဗုံး သုံးလုံးသာ ကျန်တော့သည်။ ဖိလစ်မှာလည်း ကမူစွန်းတွင် ယခုတိုင်ချောင်းမြောင်းလျက်၊ တပ်ကြပ်ကြီး မက်ဒင်းကြီးကတော့ သူ့ရိုင်ဖယ်ပေါ်မှီလျက် အနားယူနေသည်။ ထိုစဉ် တရုတ်တို့၏ စစ်ခရာသံ ထပ်မံထွက်ပေါ်လာပြန်သည်။ ရုတ်ချည်းဆိုသလို မရင်းလူထွားကြီးတယောက် ဘယ်ဘက်ဆင်ခြေလျောဆီမှ ကုန်းပေါ်သို့ ရောက်လာသည်။ သူနှင့်အတူ ဒသမ ၃၀ ကာလီဘာ စက်သေနတ်ကြီးတစ်လက် ၎င်းကျည် နှစ်ပုံး ပါလာသည်။ သာမန်စစ်သည် နှစ်ယောက် သယ်ဆောင်မည့် ၀န်များဖြစ်သည်။ တပ်သားကျော် ဂလောက်ဂေါ်ဖြစ် သည်။ သူသည် ယန်ဆီတို့အား စစ်ကူပေးလာသည့် တပ်စု(၁) မှ အင်အားဖြစ်ကာ သူတဦးတည်းအရင် ရောက် လာခြင်း ဖြစ်ပေသည်။ ဂလောက်ဂေါ်ကြီး သည်သူ၏ ကိုယ်ခန္ဒာကြီးအား ယန်ဆီနံဘေးသို့ပစ်ချလိုက်ယင်း သူ့ စက်သေနတ်ကြီးအား တပ်ဆင်နေသည်။ သူ့သေနတ်ကြီး ပစ်ခတ်ရန်အသင့်ဖြစ်သွားချိန်မှာပင် တရုတ်တို့၏ စစ်ခရာသံ စူးစူး ထွက်ပေါ်လာပြန်ပါသည်။
ဒီတခါတော့ တကယ်လာပါချေပြီ။ ကုန်းတန်းအစွန်း ကိုက် ၄၀ အကွာခန့်မှနေ၍အတန်းလိုက် တည်ငြိမ် စွာဖြင့် တိုက်စစ်ဆင်လာချေပြီကော … ကျွေးကြော်သံများနှင့်အတူ .. “ကျား … ဟေ့ မရင်းတွေ … မင်းတို့အသက်တွေ ဖက်နဲ့ ထုပ်ထားပေတော့ ကွ ..” ကျား ……. ဂလောက်ဂေါ် ကြီး .. သူ့သေနတ်နောက်တွင် အဆင်သင့် မှောက်လျက်နေရာယူထားယင်း .. စိတ်ရှည်လက်ရှည်စောင့် နေသည်။ ထို့နောက် .. နီးကပ်လာနေသော .. တရုတ်တပ်များဆီသို့ ချိန်ရွယ်ယင်း သေနတ်မောင်းအား .. ဖြည်းညှင်းစွာ ညှစ်လိုက် လေသည်။ “ .. ဒက်ဒက်ဒက်ဒက် …. ၀ရော .. ၀ရော ..” ဂလောက်ဂေါ် ၏ သေနတ်ကြီး ဘယ်မှ ညာ .. ညာ မှ ဘယ် ဝှေ့ယမ်းယင်း သွင်သွင်ကြီး အလုပ်လုပ်နေပေပြီ .. ကျန်အဖွဲ့သားများလည်း .. မိမိတို့ သေနတ်များအား အသီးသီး အလုပ်ပေးနေကြလေပြီ၊ သို့သော် မိနစ်အနည်းငယ်အကြာတွင်မတော့ .. ဂလောက်ဂေါ်ကြီးမှ လွဲ၍ ကျန်လူများ၏ သေနတ်များ အလုပ်မလုပ်နိုင်ကြရှာတော့ .. ကျည်ဆံ ကုန်ကြလေပြီ ..
တရုတ်များမှာ ဂလောက်ဂေါ်ကြီး၏ စက်သေနတ်ကြီး ကို မျှော်လင့်မထားကြသဖြင့် ဒသမ ၃၀ ကျည်ဆံ များ၏ ဒဏ်ချက် ကိုကောင်းကောင်းခံစားလိုက်ကြယင်း အထွေးလိုက် ကျ ကုန်တော့သည်။ စကောထဲ ထဲ့အလှိမ့် ခံရသော ဇီးဖြူသီးများပမာ အလူးလူးအလှိမ့်လှိမ့်ကျဆုံးကုန်တော့သည်။ ထပ်တက်လာကြလေ ထပ်ကျကုန်လေ ဖြစ်နေတော့သည်။ အတွဲတို အတွဲရှည် ထပ်ကာထပ်ကာ ဖြင့် စက်သေနတ်ကြီးအလုပ်လေလေ တရုတ်များ ခံစား ရလေဖြစ်နေတော့ ကာ ထပ်တက်လာဘို့ မ၀ံ့မရဲဖြစ်ကုန်တော့သည်တကား ။
ဆက်ရန် 
ttkots73
ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၅)
$
0
0
Photo: ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၅)   ဂလောက်ဂေါ် ကြီး၏ စက်သေနတ် ကျည်ကုန်လေပြီ၊ တောင်ကုန်းအမှတ် ၆၉၈ ပေါ်တွင် အသံဘလံများ တိတ်ဆိတ်ကုန်လေပြီ ဘာများထပ်ဖြစ်လေဦးမလဲ ….  တရားကိုနတ်စောင့်လေပြီတကား … ယန်ဆီတို့အုပ်စု မီးဇာကုန်ဆီခန်းကာ ပြုသမျှနုရတော့မည့် အချိန်ကလေးမှာဘဲ မောင်မင်းကြီးသား စစ်ကူ တပ်စု(၁) ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာလေတော့သည်။ ဒုတိယ အကြိမ်မြောက် တရုတ်ထိုးစစ် စပြန်ပြီ ဒီတခါ တရုတ်ဗိုလ်မှုး တယောက် ကိုယ်တိုင်ဦးစီးလာ၏။ ယန်ဆီ နှင့် သူလူတွေကတော့ အနားယူခွင့်ရလေပြီ .. သူတို့အစား ပွိုင့် ၆၉၈ ကို ကာကွယ်ဖို့ ဗိုလ်ကလီးမင့် ဦးစီး တပ်စုကတာဝန်ယူထားပီကော … တပ်စု(၁) မှုး ဗိုလ်ကလီးမင့် တောင်ကုန်း စွန်း မှ သစ်ပင်တပင်၏ ပင်စည်အားမှီ၍ ၎င်း၏ကာဘိုင်အား ဘယ်လက်ဖြင့်ထိန်းကာ တရုတ်ခေါင်းဆောင် ဗိုလ်မှုး ၏ ဦးခေါင်းအားချိန်ရွယ် မောင်းဖြုတ်ချ လိုက်သည်။  တရုတ်တို့၏ တိုက်စစ် ဒုတိယအကြိမ်မြောက် တပ်လန်သွား ပြန်လေပြီ။  ညအမှောင်ရိပ်များမကြီးစိုးနိုင်ခင်မှာပင် ယန်ဆီတို့ အဖွဲ့ ပွိုင့် ၆၉၈ ကို လုံးလုံးလျားလျား အနိုင်ရခဲ့လေပြီ။ တောင်ကုန်း ဆင်ခြေလျော တလျောက် ကျောက်တောင်စွန်းများတွင် တရုတ် အလောင်းများ တောင်ပုံရာပုံ ဖြစ်နေလေပြီကော … ယန်ဆီ၏ အင်အား ၃၂ ယောက်ပါ တပ်စု (၂) တိုက်ပွဲဝင်ခဲ့ရာ ပွိုင့် ၆၉၈ ၏ ကုန်းထိပ် မျက်နှာပြင်မတော့ ရာချီသော တရုတ် အလောင်းများဖြင့် ဖွေးဖွေးလှုပ်နေပေတော့သည်။ ကုန်းတလျှောက်တွင် အေးခဲနေသော မြေကြီး အား ပစ်ကျင်း များ တူးနေသော တပ်ခွဲ(၅) မှ စစ်သည်များ ၏ ခံစစ်ပြင်နေသံများ ဖြင့် ဖုံးလွှမ်းနေသည်။ နောက်တနေ့တွင်မတော့ မြောက်ကိုရီးယားပိုင် ဆူဒွန်း နယ်မြေတလျောက် ပိုမိုခါးသီးပြင်း ထန်သော ထိတွေ့မှုများဖြင့် ဖုံးလွှမ်းနေပေအုံးတော့မည်။ အမေရိကန်အမြှောက်ကြီးများ ၏ ပိုက်စိတ်တိုက် စေ့စေ့ ညှက်ညှက်ကြေအောင် ပစ်ခတလတိုက်ခိုက်မှုကြောင့် တရုတ်တပ်သား ထောင်ပေါင်းများစွာ ကျဆုံးကြရ ပြန် သည်။ ရန်သူ့ခံစစ်ကျိုးပေါက်ပြီဖြစ်သဖြင့် တပ်ရင်း(၇) မှာ မြောက်ကိုရီးယားအတွင်းသို့ချဉ်းနင်းဝင်ရောက်ရန် ပြင်ဆင်ရတော့မည်။ ထို့ကြောင့် တောင်ကုန်းတန်းများပေါ်ရောက်နေသော အင်အားများအားပြန်လည်စုဖွဲ့ပြင် ဆင် ရန်ဆွဲထုတ်ရပေတော့မည်။ လက်အပူလောင်သဖြင့် လက်ပတ်တီးသိုင်းကြိုးစည်းကာလှပနေသော ယန်ဆီ ၏ တပ်စု(၂) အပါအ၀င် တပ်ခွဲ(၅) တခွဲလုံးအား လမ်းပေါ်သို့ပြန်ဆင်းရန် အမိန့်ရောက်လာပါတော့သည်။ အခြားသော တပ်ခွဲများ တပ်စုများအပါအ၀င် ယန်ဆီတို့ စစ်ကြောင်းတစ်ခုဖွဲ့၍ အမှောင်ထု၏တောင်ကြား၊ ရေခဲဖုံး တောင်တန်းများဘက်ဆီသို့ ဦးတည်လျက် မြောက်ကိုရီးယားသို့ ချီတက်ခဲ့ကြပါတော့သည်။   ရှေ့မှာတော့ သူတို့ကို တိုက်ပွဲများက ကြိုဆိုလျက် … မြစ်ကူးချောင်းဖြတ် တိုက်ပွဲများ ၊ လျိုမြောင် တောင်ကြား တိုက်ပွဲများ ၊ ရွာတွင်းတိုက်ပွဲများ အို … စုံတကာစေ့အောင် အမျိုးအမည် ရှုပ်ထွေးလှသော တိုက်ပွဲများ ပေတကား … အဲ့ဒါတွေကတော့.. တော့နောက်နောင် .. မြောက်ကိုရီးယား၏ အေးခဲနေသော ရေကာတာများ ၌ တောင်ကုန်းအမှတ် ၆၉၈ တိုက်ပွဲထက် ပိုမိုနက်ရှိုင်း ပြင်းထန်သောတိုက်ပွဲများအဖြစ်  တပ်ခွဲ(၅) ၊ တပ်စု(၂) ထပ်မံကြုံတွေကြရ အုံးမည့် အနာဂတ်များပင် …. တနေ့ပြီးတနေ့ .. ဆိုးရွားလှသော ရာသီကြောင့် အေးခဲနေသောနှင်းထုများ၊ အရိုးခိုက်အောင်အေးသော လေများအားအန်တုကာ ခြေလျင်ခရီးချီတက်ခဲ့ကြသော တပ်ရင်း(၇) မှ စစ်သည်များမှာ အလယ်ခေတ် သံချပ်ဝတ်ရဲမက်များ ပုံပေါက်လာခဲ့ပေသည်။   သူတို့နှင့်အတူ အခြားစစ်ကြောင်းများမှာလဲ ကမ်းမမြင်လမ်းမမြင် တရွေ့ရွေ့ ချီတက်နေကြရပေတော့ သည်။   ဆက်ရန် ttkots73
ဂလောက်ဂေါ် ကြီး၏ စက်သေနတ် ကျည်ကုန်လေပြီ၊ တောင်ကုန်းအမှတ် ၆၉၈ ပေါ်တွင် အသံဘလံများ တိတ်ဆိတ်ကုန်လေပြီ ဘာများထပ်ဖြစ်လေဦးမလဲ …. တရားကိုနတ်စောင့်လေပြီတကား … ယန်ဆီတို့အုပ်စု မီးဇာကုန်ဆီခန်းကာ ပြုသမျှနုရတော့မည့်
 အချိန်ကလေးမှာဘဲ မောင်မင်းကြီးသား စစ်ကူ တပ်စု(၁) ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာလေတော့သည်။ ဒုတိယ အကြိမ်မြောက် တရုတ်ထိုးစစ် စပြန်ပြီ ဒီတခါ တရုတ်ဗိုလ်မှုး တယောက် ကိုယ်တိုင်ဦးစီးလာ၏။ ယန်ဆီ နှင့် သူလူတွေကတော့ အနားယူခွင့်ရလေပြီ .. သူတို့အစား ပွိုင့် ၆၉၈ ကို ကာကွယ်ဖို့ ဗိုလ်ကလီးမင့် ဦးစီး တပ်စုကတာဝန်ယူထားပီကော … တပ်စု(၁) မှုး ဗိုလ်ကလီးမင့် တောင်ကုန်း စွန်း မှ သစ်ပင်တပင်၏ ပင်စည်အားမှီ၍ ၎င်း၏ကာဘိုင်အား ဘယ်လက်ဖြင့်ထိန်းကာ တရုတ်ခေါင်းဆောင် ဗိုလ်မှုး ၏ ဦးခေါင်းအားချိန်ရွယ် မောင်းဖြုတ်ချ လိုက်သည်။ တရုတ်တို့၏ တိုက်စစ် ဒုတိယအကြိမ်မြောက် တပ်လန်သွား ပြန်လေပြီ။
ညအမှောင်ရိပ်များမကြီးစိုးနိုင်ခင်မှာပင် ယန်ဆီတို့ အဖွဲ့ ပွိုင့် ၆၉၈ ကို လုံးလုံးလျားလျား အနိုင်ရခဲ့လေပြီ။ တောင်ကုန်း ဆင်ခြေလျော တလျောက် ကျောက်တောင်စွန်းများတွင် တရုတ် အလောင်းများ တောင်ပုံရာပုံ ဖြစ်နေလေပြီကော … ယန်ဆီ၏ အင်အား ၃၂ ယောက်ပါ တပ်စု (၂) တိုက်ပွဲဝင်ခဲ့ရာ ပွိုင့် ၆၉၈ ၏ ကုန်းထိပ် မျက်နှာပြင်မတော့ ရာချီသော တရုတ် အလောင်းများဖြင့် ဖွေးဖွေးလှုပ်နေပေတော့သည်။ ကုန်းတလျှောက်တွင် အေးခဲနေသော မြေကြီး အား ပစ်ကျင်း များ တူးနေသော တပ်ခွဲ(၅) မှ စစ်သည်များ ၏ ခံစစ်ပြင်နေသံများ ဖြင့် ဖုံးလွှမ်းနေသည်။ နောက်တနေ့တွင်မတော့ မြောက်ကိုရီးယားပိုင် ဆူဒွန်း နယ်မြေတလျောက် ပိုမိုခါးသီးပြင်း ထန်သော ထိတွေ့မှုများဖြင့် ဖုံးလွှမ်းနေပေအုံးတော့မည်။ အမေရိကန်အမြှောက်ကြီးများ ၏ ပိုက်စိတ်တိုက် စေ့စေ့ ညှက်ညှက်ကြေအောင် ပစ်ခတလတိုက်ခိုက်မှုကြောင့် တရုတ်တပ်သား ထောင်ပေါင်းများစွာ ကျဆုံးကြရ ပြန် သည်။ 
ရန်သူ့ခံစစ်ကျိုးပေါက်ပြီဖြစ်သဖြင့် တပ်ရင်း(၇) မှာ မြောက်ကိုရီးယားအတွင်းသို့ချဉ်းနင်းဝင်ရောက်ရန် ပြင်ဆင်ရတော့မည်။ ထို့ကြောင့် တောင်ကုန်းတန်းများပေါ်ရောက်နေသော အင်အားများအားပြန်လည်စုဖွဲ့ပြင် ဆင် ရန်ဆွဲထုတ်ရပေတော့မည်။ လက်အပူလောင်သဖြင့် လက်ပတ်တီးသိုင်းကြိုးစည်းကာလှပနေသော ယန်ဆီ ၏ တပ်စု(၂) အပါအ၀င် တပ်ခွဲ(၅) တခွဲလုံးအား လမ်းပေါ်သို့ပြန်ဆင်းရန် အမိန့်ရောက်လာပါတော့သည်။ အခြားသော တပ်ခွဲများ တပ်စုများအပါအ၀င် ယန်ဆီတို့ စစ်ကြောင်းတစ်ခုဖွဲ့၍ အမှောင်ထု၏တောင်ကြား၊ ရေခဲဖုံး တောင်တန်းများဘက်ဆီသို့ ဦးတည်လျက် မြောက်ကိုရီးယားသို့ ချီတက်ခဲ့ကြပါတော့သည်။ 
ရှေ့မှာတော့ သူတို့ကို တိုက်ပွဲများက ကြိုဆိုလျက် … မြစ်ကူးချောင်းဖြတ် တိုက်ပွဲများ ၊ လျိုမြောင် တောင်ကြား တိုက်ပွဲများ ၊ ရွာတွင်းတိုက်ပွဲများ အို … စုံတကာစေ့အောင် အမျိုးအမည် ရှုပ်ထွေးလှသော တိုက်ပွဲများ ပေတကား … အဲ့ဒါတွေကတော့.. တော့နောက်နောင် .. မြောက်ကိုရီးယား၏ အေးခဲနေသော ရေကာတာများ ၌ တောင်ကုန်းအမှတ် ၆၉၈ တိုက်ပွဲထက် ပိုမိုနက်ရှိုင်း ပြင်းထန်သောတိုက်ပွဲများအဖြစ် တပ်ခွဲ(၅) ၊ တပ်စု(၂) ထပ်မံကြုံတွေကြရ အုံးမည့် အနာဂတ်များပင် …. တနေ့ပြီးတနေ့ .. ဆိုးရွားလှသော ရာသီကြောင့် အေးခဲနေသောနှင်းထုများ၊ အရိုးခိုက်အောင်အေးသော လေများအားအန်တုကာ ခြေလျင်ခရီးချီတက်ခဲ့ကြသော တပ်ရင်း(၇) မှ စစ်သည်များမှာ အလယ်ခေတ် သံချပ်ဝတ်ရဲမက်များ ပုံပေါက်လာခဲ့ပေသည်။
သူတို့နှင့်အတူ အခြားစစ်ကြောင်းများမှာလဲ ကမ်းမမြင်လမ်းမမြင် တရွေ့ရွေ့ ချီတက်နေကြရပေတော့ သည်။
ဆက်ရန်
 ttkots73— 
"မြစ်ကြီးသုံးသွယ် နှင့် ကျွန်တော် "
$
0
0
Photo: "  မြစ်ကြီးသုံးသွယ် နှင့် ကျွန်တော် "  . . . . . ကျွန်တော်က ဇာတိ ၊ ပ၀တ္တိ မကွဲတဲ့လူပါ။ ကျွန်တော့်ကို အညာသားလား ၊ အောက်သားလား မေးတော့ ဖြေဖို့က yes or no လို မလွယ်ပါ။   . . . . . ကျွန်တော့်ကို မော်လမြိုင်မြို့မှာမွေးတယ်။ မွေးရုံကလေး ပါပဲ။ မွေးစပေါက်မှာပဲ ရှမ်းပြည်ကိုရောက်ခဲ့တယ် လို့ဆိုပါတယ်။ ကျွန်တော့် အသိဥာဏ်မှာ ရှမ်းပြည်ကို မမှတ်မိပါ။ ဒါပေသိ . . တချို့ရှမ်းစာတွေနဲ့ ရှမ်းပြည်နယ်ရဲ့အငွေ့အသက်တွေကို ရင်ထဲက လှိုက်ပြီးကြိုက်တတ်တဲ့ မသိစိတ်ရှိနေပါတယ်။  . . . . . ဘယ်လိုပဲဆိုဆို မော်လမြိုင်မြို့က ကျွန်တော့် ဇာတိပါ။ မော်လမြိုင်အနီးတ၀ိုက် ၊ မွန် နဲ့ ကရင်ပြည်နယ် ဒေသရဲ့ features တွေကို ကျွန်တော့် အသိစိတ်က နှစ်ခြိုက်ပါတယ်။ ၀ဲနေတဲ့ လေသံတွေကစလို့ သစ်သီးဝလံတွေ အလယ် ၊ အပြာရောင် သံလွင်မြစ်ရေနဲ့ အနီရောင်မြေကြီးတွေ အထိ . . . . . ဒါတွေဟာ ကျွန်တော့် ဇာတိမြေလို့ မြတ်နိုးတန်ဘိုးထားပါတယ်။  . . . . . ဒါပေမယ့် ကျွန်တော်ဟာ မော်လမြိုင်မှာ တစ်ခါမျှ တစ်နှစ်ပြည့်အောင် မနေဘူးပါ။ ကိုယ့်ကိုကိုယ် လူမှန်းသိတဲ့ အရွယ် ( ကျွန်တော့်ကိုယ် ကျွန်တော် မှတ်ဥာဏ်မှာ စသိတဲ့အချိန် ) မှာ ကျွန်တော်ဟာ အညာကို ရောက်နေပါပြီ။ မုံရွာအနားပေါ့ . . ။ အဲဒီမှာ ကျွန်တော်ကြီးပြင်းခဲ့တယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ အရေးအကြီးဆုံး အချိန်တွေကို အဲဒီမှာ ကျွန်တော်ဖြတ်သန်းရတယ်။ မုံရွာ ၊ စစ်ကိုင်း ၊ ကျုံးကြီးနဲ့  နန်းမြို့ ၊ သုဓမ္မာဇရပ်တန်း နဲ့ မန္တလေး . . . . ။ အိုးပုတ်ချိုးရုပ်တွေရယ် ၊ စိမ်းပြာပြာ ချင်းတွင်းရေတွေရယ် ၊ မုန့်ပေါင်းနဲ့ ဘူးသီးကြော်ရယ် ၊ သောက်ရတဲ့ မုန့်ဟင်းခါးရယ် ၊ ဖုန်လုံးကြီးတွေရယ် ၊ ထိုးမုန့် နဲ့ မန်းလေးဘူတာကြီးရယ် ၊ အပြောချိုချိုတွေရယ် ကြားထဲမှာ ကျွန်တော်ကြီးပြင်းခဲ့တယ်။  . . . . . ကျွန်တော့်ကို အညာသားလို့ဆိုရင် မှားတယ်လို့ပြောလို့မရနိုင်လောက်တာတွေ စိမ့်ဝင်ခဲ့တယ်။ ကျွန်တော့်ရဲ့ soul ထဲမှာ အညာဟာ ကျွန်တော့် ဒေသပါပဲ။ အညာရဲ့ အကျင့်စရိုက် ၊ အတွေးအယူ နဲ့ အပြုအမူ တွေ များစွာလွှမ်းမိုးခံခဲ့ရသူတစ်ယောက်ပါပဲ။ ရှည်ရှည်မလိုပဲ တိုတိုဆိုရရင် ကျွန်တော်ဟာ အညာဒေသ တစ်ခုလုံးရဲ့ atmosphere ကို နှစ်နှစ်ကာကာ ချစ်ပါတယ်။   . . . . . လူလားမြောက်တဲ့အချိန်ကျတော့ ကျွန်တော် အညာမှာ မဟုတ်တော့ဘူး။ ဆယ်ကျော်သက်ငယ်ငယ်မှာ မြစ်ဝကျွန်းပေါ်ဒေသကို ရောက်လာပါတယ်။ အစိုနဲ့ အခြောက် ၊ တောင်နဲ့ မြောက် ပြောင်းပြီး ကျွန်တော်ကြီးပြင်းရတယ်။ ဒေသတွင်မကတဲ့ ဒေသခံတွေရဲ့ အတွေးအယူ ၊ အမူအကျင့်တွေအထိ တစ်ချို့နေရာတွေမှာ တောင်နဲ့မြောက် ကွဲပြားတာကို သင်ယူရပြန်တယ်။ ကျွန်တော်ဟာ ဟိုမကျ ဒီမကျ ကန့်လန့်ကောင် ဖြစ်သွားပုံရပါတယ်။ ဓနိတောတွေနဲ့  ကော်ဖီရောင် ဧရာဝတီမြစ်ရေ ၊ ပုဇွန်ထုပ်ကြီးတွေရယ် ၊ အလိုလို မွှေးနံ့ထွက်နေတဲ့ ထမင်းရယ် ၊ အံ့သြစရာကောင်းလောက်အောင် ရက်ရောလက်လွယ်တတ်တဲ့ စရိုက်တွေကြားထဲမှာ ကျွန်တော် အရွယ်ရောက် လူလားမြောက်ခဲ့တယ်။  . . . . . ပညာသင်တဲ့ကိစ္စနဲ့ ရန်ကုန်မှာ ကျွန်တော် နေတယ် ၊ စားတယ် ၊ သွားတယ် ၊ လာတယ်။ ဆယ်စုနှစ်တစ်ခု ပျော့ပျော့ကုန်သွားတော့ ရန်ကုန်ဟာ ကျွန်တော့်အိမ်ဖြစ်နေပါပြီ။ ရန်ကုန်သားမဟုတ်ဘူးလို့ ပြောစရာလည်း ရှိပုံမရတော့ပြန်ဘူးပေါ့ ခင်ဗျာ။ ရန်ကုန်ရောက်ရင် အိမ်ပြန်ရောက်သလိုပါပဲ။   . . . . . အခုတော့ အကျေ ဆိုတဲ့ အောက်အရပ်မှာ ကျွန်တော်နေထိုင်တယ်။ "ဧရာဝတီ" ဆိုတဲ့ သီချင်းတွေကိုလည်း နှစ်ခြိုက်တတ်နေပြီ။   (ယက္ခ) ရဲကြီး ။ ၃၀.၁.၁၄ ။ https://www.facebook.com/yekkha.yejee https://www.facebook.com/yekkha.yegyii.fanpage http://yekkhayejee.blogspot.com/
. . . . . ကျွန်တော်က ဇာတိ ၊ ပ၀တ္တိ မကွဲတဲ့လူပါ။ ကျွန်တော့်ကို အညာသားလား ၊ အောက်သားလား မေးတော့ ဖြေဖို့က yes or no လို မလွယ်ပါ။
. . . . . ကျွန်တော့်ကို မော်လမြိုင်မြို့မှာမွေးတယ်။ မွေးရုံကလေး ပါပဲ။ မွေးစပေါက်မှာပဲ ရှမ်းပြည်ကိုရောက်ခဲ့တယ် လို့ဆိုပါတယ်။ ကျွန်တော့် အသိဥာဏ်မှာ ရှမ်းပြည်ကို မမှတ်မိပါ။ ဒါပေသိ . . တချို့ရှမ်းစာတွေနဲ့ ရှမ်းပြည်နယ်ရဲ့အငွေ့အသက်တွေကို ရင်ထဲက လှိုက်ပြီးကြိုက်တတ်တဲ့ မသိစိတ်ရှိနေပါတယ်။ 
. . . . . ဘယ်လိုပဲဆိုဆို မော်လမြိုင်မြို့က ကျွန်တော့် ဇာတိပါ။ မော်လမြိုင်အနီးတ၀ိုက် ၊ မွန် နဲ့ ကရင်ပြည်နယ် ဒေသရဲ့ features တွေကို ကျွန်တော့် အသိစိတ်က နှစ်ခြိုက်ပါတယ်။ ၀ဲနေတဲ့ လေသံတွေကစလို့ သစ်သီးဝလံတွေ အလယ် ၊ အပြာရောင် သံလွင်မြစ်ရေနဲ့ အနီရောင်မြေကြီးတွေ အထိ . . . . . ဒါတွေဟာ ကျွန်တော့် ဇာတိမြေလို့ မြတ်နိုးတန်ဘိုးထားပါတယ်။
. . . . . ဒါပေမယ့် ကျွန်တော်ဟာ မော်လမြိုင်မှာ တစ်ခါမျှ တစ်နှစ်ပြည့်အောင် မနေဘူးပါ။ ကိုယ့်ကိုကိုယ် လူမှန်းသိတဲ့ အရွယ် ( ကျွန်တော့်ကိုယ် ကျွန်တော် မှတ်ဥာဏ်မှာ စသိတဲ့အချိန် ) မှာ ကျွန်တော်ဟာ အညာကို ရောက်နေပါပြီ။ မုံရွာအနားပေါ့ . . ။ အဲဒီမှာ ကျွန်တော်ကြီးပြင်းခဲ့တယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ အရေးအကြီးဆုံး အချိန်တွေကို အဲဒီမှာ ကျွန်တော်ဖြတ်သန်းရတယ်။ မုံရွာ ၊ စစ်ကိုင်း ၊ ကျုံးကြီးနဲ့ နန်းမြို့ ၊ သုဓမ္မာဇရပ်တန်း နဲ့ မန္တလေး . . . . ။ အိုးပုတ်ချိုးရုပ်တွေရယ် ၊ စိမ်းပြာပြာ ချင်းတွင်းရေတွေရယ် ၊ မုန့်ပေါင်းနဲ့ ဘူးသီးကြော်ရယ် ၊ သောက်ရတဲ့ မုန့်ဟင်းခါးရယ် ၊ ဖုန်လုံးကြီးတွေရယ် ၊ ထိုးမုန့် နဲ့ မန်းလေးဘူတာကြီးရယ် ၊ အပြောချိုချိုတွေရယ် ကြားထဲမှာ ကျွန်တော်ကြီးပြင်းခဲ့တယ်။
. . . . . ကျွန်တော့်ကို အညာသားလို့ဆိုရင် မှားတယ်လို့ပြောလို့မရနိုင်လောက်တာတွေ စိမ့်ဝင်ခဲ့တယ်။ ကျွန်တော့်ရဲ့ soul ထဲမှာ အညာဟာ ကျွန်တော့် ဒေသပါပဲ။ အညာရဲ့ အကျင့်စရိုက် ၊ အတွေးအယူ နဲ့ အပြုအမူ တွေ များစွာလွှမ်းမိုးခံခဲ့ရသူတစ်ယောက်ပါပဲ။ ရှည်ရှည်မလိုပဲ တိုတိုဆိုရရင် ကျွန်တော်ဟာ အညာဒေသ တစ်ခုလုံးရဲ့ atmosphere ကို နှစ်နှစ်ကာကာ ချစ်ပါတယ်။
. . . . . လူလားမြောက်တဲ့အချိန်ကျတော့ ကျွန်တော် အညာမှာ မဟုတ်တော့ဘူး။ ဆယ်ကျော်သက်ငယ်ငယ်မှာ မြစ်ဝကျွန်းပေါ်ဒေသကို ရောက်လာပါတယ်။ အစိုနဲ့ အခြောက် ၊ တောင်နဲ့ မြောက် ပြောင်းပြီး ကျွန်တော်ကြီးပြင်းရတယ်။ ဒေသတွင်မကတဲ့ ဒေသခံတွေရဲ့ အတွေးအယူ ၊ အမူအကျင့်တွေအထိ တစ်ချို့နေရာတွေမှာ တောင်နဲ့မြောက် ကွဲပြားတာကို သင်ယူရပြန်တယ်။ ကျွန်တော်ဟာ ဟိုမကျ ဒီမကျ ကန့်လန့်ကောင် ဖြစ်သွားပုံရပါတယ်။ ဓနိတောတွေနဲ့ ကော်ဖီရောင် ဧရာဝတီမြစ်ရေ ၊ ပုဇွန်ထုပ်ကြီးတွေရယ် ၊ အလိုလို မွှေးနံ့ထွက်နေတဲ့ ထမင်းရယ် ၊ အံ့သြစရာကောင်းလောက်အောင် ရက်ရောလက်လွယ်တတ်တဲ့ စရိုက်တွေကြားထဲမှာ ကျွန်တော် အရွယ်ရောက် လူလားမြောက်ခဲ့တယ်။
. . . . . ပညာသင်တဲ့ကိစ္စနဲ့ ရန်ကုန်မှာ ကျွန်တော် နေတယ် ၊ စားတယ် ၊ သွားတယ် ၊ လာတယ်။ ဆယ်စုနှစ်တစ်ခု ပျော့ပျော့ကုန်သွားတော့ ရန်ကုန်ဟာ ကျွန်တော့်အိမ်ဖြစ်နေပါပြီ။ ရန်ကုန်သားမဟုတ်ဘူးလို့ ပြောစရာလည်း ရှိပုံမရတော့ပြန်ဘူးပေါ့ ခင်ဗျာ။ ရန်ကုန်ရောက်ရင် အိမ်ပြန်ရောက်သလိုပါပဲ။
. . . . . အခုတော့ အကျေ ဆိုတဲ့ အောက်အရပ်မှာ ကျွန်တော်နေထိုင်တယ်။ "ဧရာဝတီ"ဆိုတဲ့ သီချင်းတွေကိုလည်း နှစ်ခြိုက်တတ်နေပြီ။
(ယက္ခ) ရဲကြီး ။ ၃၀.၁.၁၄ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
ဖေ့ဘွတ်ပေါ်မှာ စာရေးကျဲသွားတဲ့ အကြောင်း
$
0
0
ဖေ့ဘွတ်ပေါ်မှာ တစ်ခုခုဖြစ်တိုင်း ဝင်ရေးနေကြ၊ နိုင်ငံရေးလည်း ရေးနေကြကနေ နောက်ပိုင်း သိပ်မရေးတော့ ဘာဖြစ်လို့လဲ မေးကြတယ်...... စိတ်မပါလို့ပဲ ပြန်ဖြေလိုက်တယ်..... ဘာလို့ စိတ်မပါလဲဆိုတော့ ပြောရမှာက အရှည်ကြီး အများကြီး...... တစ်ယောက်လည်းမဟုတ် နှစ်ယောက်လည်း မဟုတ်တော့ ဒီမှာပဲ ချရေးလိုက်မယ် စဉ်းစားပီး ချရေးလိုက်တာ......
ဖေ့ဘွတ်ပေါ်မှာ များသောအားဖြင့် သတင်းတစ်ခု တက်လာတဲ့အခါ မခိုင်မာတဲ့ Source ရှိတယ်၊ ဂျာနယ်တွေကတက်တာ ရှိတယ်..... မခိုင်မာတဲ့ Source ကတော့ သိပ်ပြောစရာ မရှိပါဘူး..... အစိုးရ မကောင်းကြောင်း၊ မတရား ပြုခံရကြောင်း အစရှိတာ ဦးတည်ရေး မှန်တာ မှားတာနောက် လူသိများတယ် ပျံ့နှံ့လွယ်တယ်....... သတင်းတည်ဆောက်မှုလည်း မခိုင်မာဘူး..... အဓိက ဝါဒဖြန့်ဖို့ သက်သက်ပဲ.......
ဂျာနယ်တွေက တက်လာတဲ့ သတင်းကြတော့ တော်တော် သတိထားရတယ်....... ဖေ့ဘွတ်ပေါ်က ဂျာနယ် အားလုံးလိုလိုဟာ သတင်းတစ်ခုကို လိုချင်သလို ဖြတ်၊ ညှပ်၊ ကတ် လုပ်တယ်၊ မဆိုင်တာကို အသားပေးပြီး လိုချင်တဲ့ အပိုင်းကို ရအောင် ပုံဖော်တင်တယ်..... အဓိက တားဂက်က အစိုးရကို တိုက်ခိုက်ဖို့...... အစိုးရ လုပ်ရပ်ကို ဝေဖန်ဖို့...... သတိထားကြည့်ပါ..... အစိုးရကို တိုက်ခိုက်သလို ကြံ့ဖွံ့နဲ့ လွှတ်တော်ကို ပါးပါးလေးတောင် ပုတ်ရတဲ့ ဂျာနယ် တော်တော်လေးကို ရှားပါတယ်....
ကျွန်တော် သတင်းတွေကို ဖတ်တဲ့အခါ သတင်းတစ်ခုနဲ့ ပါတ်သက်ရင် ဘက်ပေါင်းစုံကို လိုက်ဖတ်ပါတယ်...... လက်ရှိဖတ်သမျှတော့ မဇ္ဇိမ သတင်းစာဟာ တော်တော်လေး ဘက်လိုက်မှု ကင်းတာနဲ့ သတင်းကို သတင်းလို ရေးတာ သတိထားမိပါတယ်..... ကျွန်တော် ခဏခဏလည်း ပြန်ကိုးကားပါတယ်..... သတင်းထောက်တွေရဲ့ ပေ့ခ်ျလည်း ဖတ်သလို ကျွန်တော့်စိတ်ထဲမှာ သမာသမတ်ရှိတယ်၊ သတင်းမှန် ထွက်လေ့ရှိတယ်၊ အမှားကို တာဝန်ယူရဲတယ်လို့ ယူဆသူတွေရဲ့ ထင်မြင်ယူဆချက်တွေလည်း လိုက်ဖတ်ပါတယ်......
နောက် ကိုယ့်စီကို ပို့လာတဲ့ သတင်း (မှန်သည် / မှားသည် မပြောပါ)၊ ကိုယ်သိထားတဲ့ သတင်း အစရှိတာတွေနဲ့ ပြန်ချိန်ထိုးပါတယ်....... တစ်ချို့ သတင်းတွေဟာ အရင်ကတည်းက လုပ်နေပီး အခုမှ ထွက်လာတာမျိုးလည်း ရှိပါတယ်....... ဂျာနယ်တွေက အစိုးရနဲ့ ပါတ်သက်တဲ့ ဖြတ်၊ ညှပ်၊ ကတ် ပင့်ဘော သတင်းတွေတက်လာတာနဲ့ ထုံးစံကတော့ အစိုးရကို ဝိုင်းဆဲတာပါပဲ..... အဲ့ဒိအချိန် ကိုယ်က သိထားတဲ့ဟာနဲ့ လွဲနေတော့ အဲ့ဒိ တက်လာတဲ့ သတင်းကို လွဲနေတာ ထောက်ပြခဲ့တယ်....... အများနဲ့ တစ်ယောက်ဆိုတော့ မင်းက ဘာကောင်မို့လို့ ကာတာလဲ ဆိုတာ ဖြစ်လာတယ်.....
ရ လာတဲ့ ရလာဘ်ကတော့ အစိုးရ ဘက်တော်သား၊ အစိုးရ ပိုက်ဆံပေး မွေးထားတဲ့လူ ဖြစ်သွားတယ်၊ ရ စရာမရှိအောင် ဝိုင်းဆွမ်းကြီးလောင်းကြတယ်....... အချိန်တန် သတင်းမှန် ထွက်လာချိန်မှာ ကိုယ့်ကို ဝိုင်းဝေဖန် တံဆိပ်ကပ်သူတွေက ရူးချင်ယောင်ဆောင်၊ မတောင်းပန် နေခဲ့ကြပေမယ့် အများစု အမြင်ကတော့ ကိုယ့်နာမည်တွင်သွားတယ်......
နောက်တစ်ချက်က အရင်က ကြိုမြင်ခဲ့တာတွေကို ထောက်ပြတယ်...... ဦးဝင်းတင်နဲ့ ဒေါ်စုကို ခွဲထုတ်နေတဲ့ ကိစ္စ....... နှပ်ကြောင်းပေးတယ် စွတ်စွဲခံခဲ့ရတယ်...... ကြံ့ဖွံ့နဲ့ ဒေါ်စု ပေါင်းလိမ့်မယ်လို့ ထောက်ပြတယ် ဖွတ်လိုအဖွဲ့နဲ့ ဘယ်တော့မှ မကောင်းဘူးကွဆိုပီး ဖွတ်ဘက်တော်သား စွတ်စွဲခံရတယ်၊ အွန်လိုင်းပေါ်က NLD လိုလို အကောင့်ယောင်တွေကြောင့် ပြဿနာတက်လိမ့်မယ် ထောက်ပြတယ် ထုံးစံအတိုင်း အစွတ်စွဲခံရတယ်....... တရုတ်ကိုဆဲနေ အချိန်တန်ရင် တရုတ်နဲ့ NLD ပါတ်သက်လာမယ် ပြောခဲ့တယ် ထုံးစံအတိုင်း ရိုးရာမပျက်ဘူး.....
ကျွန်တော်ထောက်ပြခဲ့တာတွေ ဖြစ်လာခဲ့ပေမယ့် သူတို့စွတ်စွဲခဲ့တာက နာမည်တွင်ကျန်ခဲ့တယ်....... အဲ့ဒိလူတွေကလည်း သူတို့မှားပြောခဲ့ပါတယ်ဆိုတာ အခုထိ လူကြီးလူကောင်းပီပီ တောင်းပန်တဲ့သူ တစ်ယောက်မှ မရှိခဲ့သလို၊ ကိုယ့်အမှားလည်း ကိုယ်တာဝန် မယူရဲခဲ့ကြဘူး..... စိတ်ထဲ သူတို့ ကြိုက်သူကို ဝေဖန်တဲ့လူ၊ သူတို့ မကောင်းဘူး ထင်တဲ့လူနဲ့ ပါတ်သက်သမျှ အဆိုးမြင် ရေးမပေးရင် တံဆိပ်ကပ်လိုက်တာ ဒီမိုကရေစီလို့ ထင်နေကြတာကိုး...... တရုတ်နဲ့ ပါတ်သက်လို့လည်း ဦးဥာဏ်ဝင်းတို့ Delegation သွားပီးကတည်းက အွန်လိုင်းက ဒီမိုအကောင့်တွေ တရုတ်မုန်းတီးရေး လက်ရှောင်သွားတာ သတိထားကြည့်ရင် သိပါလိမ့်မယ်......
ဒီတော့ အချိန်တန် သတင်းမှန် တက်လာတာပဲ၊ မဟုတ်တာလည်း ကြာကြာဖုံးကွယ်လို့မရတဲ့ ဒီဘက်ခေတ်မှာ သတင်းတစ်ခုခုဆို မှန်တယ် မှားတယ်ကို လိုက်မပြောချင်တော့ဘူး...... လူအများက ဤကို ကျွဲလို့ ပြောနေချိန်မှာ ဤ လို့ ထောက်ပြလို့ ဒီမိုကရေစီ ကြိုက်သူတွေနဲ့ အချင်းမများချင်တော့ဘူး..... တာဝန်ယူမှုမရှိ၊ လက်လွတ်စပါယ်နိုင်တဲ့ သူတို့ရဲ့ ဝေဖန်မှုတွေအတွက် သူတို့ဘာလဲဆိုတာ လူတွေ တန်ဖိုးဖြတ်ကြမှာပဲလေ......
နောက်တစ်ခုက ဖေ့ဘွတ်မှာ သတိထားမိသလောက် Silent Reader တွေ တော်တော်များများရှိကြတယ်..... နယ်ပယ်အသီးသီး၊ ပညာရပ် အသီးသီးက ဆရာကြီးတွေဖြစ်နေတဲ့ Silent Reader တွေရှိကြတယ်..... နောက်ပီး ဖေ့ဘွတ်မသုံးပေမယ့် ဖေ့ဘွတ်က ပရင့်ထုတ်ပေးတာကို ပြန်ဖတ်တဲ့ လူတန်းစား သပ်သပ်ရှိလာတာကိုလည်း သတိထားမိတယ်..... တချို့တွေ ကျွန်တော့်စီက ဖတ်တာလည်း သိရတယ်...... လာမေးရင်လည်း တစ်ခြား ဖတ်သင့်သူတွေကို ကျွန်တော်ညွှန်းတယ်.....
ဒီတော့ Event တစ်ခုခုဖြစ်တိုင်းမှာ ချက်ခြင်း ထင်မြင်ချက်တွေ ပေးလိုက်၊ မှားသွားရင် တောင်းပန်လိုက်၊ ပြန်ဖျက်လိုက်လည်း ကျွန်တော် မလုပ်ချင်ဘူး..... ရန် / ငါ စွဲကြီး အစိုးရကို ဖဲ့သမျှမှ အမှန်ဆိုတဲ့ ဒီမိုတွေနဲ့လည်း ထိပ်တိုက် တွေ့ပီး ငြင်းရင်း ခုန်ရင်းနဲ့လည်း အချိန်ကုန်မခံနိုင်တော့ဘူး..... ကိုယ်ယုံကြည်ရာ ရေးမယ်၊ တစ်ခုခု စဉ်းစားစရာကိုပေးမယ်၊ တအားကြီး လေးလေးပင်ပင်ကြီးတွေ မရေးချင်တော့ဘူး......
နောက်တစ်ခုက တကယ့်အရေးပါတဲ့ ကိစ္စတွေက အွန်လိုင်းမှာ သိပ်ရေပန်းမစားဘူး...... အဓိက လွှတ်တော်နဲ့ ဆိုင်တဲ့အပိုင်း...... အခု ပြည်ထောင်စုလွှတ်တော် ဥက္ကဌက အမတ်တွေကို ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ တစ်ယောက် သိန်း ၁၀၀၀၊ အားလုံးပေါင်း မြို့နယ် ၃၃၀ အတွက် သိန်းပေါင်း သုံးသိန်း သုံးသောင်း ထုတ်ပေးထားတယ်...... အဲ့ဒိ ပိုက်ဆံ ပမာဏဟာ အတော် မနည်းလှဘူး......
ဒါပေမယ့် အွန်လိုင်းမှာ လိုက်ကြည့်ရင် ဘယ်အမတ်တွေက သိန်း ၁၀၀၀ ကို ဘယ်လိုသုံးနေတာ ဘယ်မြို့နယ်တွေတော့ ဘယ်လောက် ဘယ်အခြေအနေဆိုပီး ထောက်ပြတဲ့ သတင်း လက် ငါးခြောင်းမပြည့်ဘူး...... ဘယ်သူတွေက အဲ့ဒိ ပိုက်ဆံတွေကို တကယ် ဖွံ့ဖြိုးအောင် လုပ်မပေးသလဲ လူတွေလည်း စိတ်မဝင်စားဘူး...... လွှတ်တော်ကို မဝေဖန်ရဲကြတာလည်း ပါသလို၊ ဒေါ်စုနဲ့ ဦးရွှေမန်း မဟာမိတ်က ဒီမိုတွေကို နှုတ်ဆိတ်စေတာလည်း ပါနေတယ်..... နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ခုကောင်းဖို့ ခိုင်မာ အလုပ်လုပ်တဲ့ လွှတ်တော်တစ်ရပ် ရှိနေဖို့ကို တော်တော်များများက စိတ်မဝင်စားကြဘူး..... အဓိကအားဖြင့် မီဒိယာတွေက လွှတ်တော်ရဲ့ အားနည်းချက်တွေကို ထိမ်ချိန်ထားတဲ့ ကဏ္ဍတစ်ခုလို ဖြစ်နေတာလည်း ပါတယ်.....
နောက်တစ်ချက်က အခု ၂၀၁၄ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေး ကော်မတီက ပြင်မယ့် အချက်တွေ ထွက်လာတော့မယ်....... အဲ့ဒိက ထွက်လာတဲ့ အချက်တွေပေါ် မူတည်ပြီး စစ်တပ်မှာ အပြောင်းအလဲ ကြီးကြီးမားမားလည်း ဖြစ်လာဖို့ရှိတာ သတိထားမိတယ်....... အခုလုပ်နေတဲ့ ငြိမ်းချမ်းရေး Process ဘယ်အခြေအနေထိ ရှိမလဲဆိုတာကလည်း အရေးပါတယ်....... အခုလက်ရှိ ဒေါ်စုရဲ့ လေးပွင့်ဆိုင်ကို တိုင်းရင်းသား အဖွဲ့တွေက ထောက်ခံတယ်၊ မထောက်ခံဘူး အသံလုံးဝ မထွက်ပေမယ့် အားလုံးသာ Positive ဖြစ်မယ်ဆိုရင် ဒေါ်စု တောင်းဆိုထားတဲ့ လေးပွင့်ဆိုင်မဟုတ်ပဲ တိုင်းရင်းသား ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေပါ ပါတဲ့ ငါးပွင့်ဆိုင် အာဏာ၊ ပါဝါ၊ သံယံဇာတ ခွဲဝေမှုကို ပြင်မယ့် ဖွဲ့စည်းပုံမှာ ဘယ်လိုထည့်မလဲဆိုတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်တယ်.....
အပြန်အလှန် အပေးအယူ၊ ယုံကြည်မှုတွေ တည်ဆောက်ပြီးတဲ့ အဲ့ဒိအချိန်ကို ရောက်လာခဲ့ရင် အခုဒေါ်စုနဲ့ ဦးရွှေမန်း မဟာမိတ်ဖြစ်သလို အဲ့ဒိအချိန်မှာရှိတဲ့ ကာချုပ်နဲ့ မဟာမိတ် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ မဆိုနိုင်ဘူး...... အဲ့ဒိအခါ အခုအွန်လိုင်းမှာ တိုက်နေတာတွေဟာ ပျောက်ဦးမှာပဲ..... တရုတ်မုန်းတီးရေးကတော့ အထူးတလည် ပြောစရာမရှိဘူး တရုတ်က ဒေါ်စုကို ဖိတ်နေပီ၊ အမေရိကန်လို မဟာအင်အားကြီးတောင် တရုတ်ကို ခပ်တင်းတင်း မဆက်ဆံရဲတာ တရုတ် လေကြောင်းပိုင်နက် ကြေငြာလိုက်တာကို ကြည့်ရင် သိသာနိုင်တယ်......
အားလုံး Positive မဖြစ်လို့ Negative ဖြစ်ခဲ့ရင်ကော...... အထူးပြောစရာမရှိပါဘူး...... လုံးဝ Negative ဖြစ်သွားရင်တော့ ထိပ်တိုက် ရင်ဆိုင်မယ်ဆိုရင် ဘာဖြစ်မလဲ အားလုံးလည်း သိပါတယ်..... လက်ရှိ ဆန္ဒပြနေတယ် ဆိုတာတွေကလည်း နောက်ကွယ်က မြှောက်ပေးမှုတစ်ချို့ကြောင့်သာ သက်ဆိုးရှည်နေတာပါ..... တကယ် အာဏာမက်မောစိတ် ပြင်းထန်တဲ့ ဗိုလ်ချုပ်တစ်ချို့ လက်ထက်မှာ တကယ် သေနတ်နဲ့ ပစ်တဲ့အချိန် ကြက်ပျောက် ငှက်ပျောက် ပျောက်မှာပါပဲ....... အာဏာသိမ်းလို့ အောက်ခြေ စစ်သားတွေက ငြိမ်ခံမလားကွ ဆိုရင်တော့ ဗိုလ်ချုပ်တစ်ယောက်ရယ်လို့ ဖြစ်လာရင် သူ့မှာ အခံ တပ်ကတော့ ရှိနေတာပါပဲ......
လျှော့တွက်လို့တော့ မရဘူးကိုး..... အားလုံးက ကိုယ့်ကိုကိုယ် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ Patriot လို့ မြင်ကြတာကိုး....... ကျန်တဲ့ပြဿနာ နောင်ခါလာ နောင်ခါဈေးပဲလေ..... Positive တွေးထားတာတွေက တစ်ခုခုဖောက်ရင်ကော ဒါဆိုလည်း တဖြည်းဖြည်းနဲ့ ၂၀၁၅ ရောက်သွားမှာပါပဲ..... ဒေါ်စု ပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အဓိက အချက်တွေကို ၂၀၁၃ ဒီဇင်ဘာနောက်ဆုံး တင်မယ်၊ ရအောင်လုပ်မယ် ဆိုတာကနေ ၂၀၁၄ ကိုရွှေ့လိုက်ရပါတယ်..... ဘာဖြစ်မလဲ ပိတ်ကားပေါ်ပဲ စောင့်ကြည့်ရမှာကိုး.....
ဒီတော့ အွန်လိုင်းမှာ တစ်ခုခုဟော့လည် ဂျာနယ်တွေက လိုသလို ဇောင်းပေးရေးတာတွေများတော့ အမိုက်ခံ မဝေဖန်ချင်တော့ဘူး...... နိုင်ငံရေးနဲ့ ပါတ်သက်လို့လည်း ဆက်သွားကြမယ့် လမ်းကြောင်းက မြင်နေတော့ သိပ်လည်း မပြောချင်တော့ဘူး..... အဲ့ဒါတွေကြောင့် စာရေး ကျဲသွားတယ်...... အဓိကတော့ ဖြစ်လာမယ့် ဂျပန် - တရုတ် ပြိုင်ဆိုင်မှုမှာ မြန်မာ ကြားမငြပ်စေဖို့၊ အမျိုးသားရေး၊ စိတ်ထဲ တို့တိ တို့တိ ရှိတာလေးပဲ ရေးချင်တော့တယ်....... အဲ့ဒါတွေကြောင့် နောက်ပိုင်း စာသိပ်မရေးဖြစ်တာ၊ ရေးချင်စိတ် မရှိတာလို့ပဲ ပြောချင်ပါတယ်ဗျာ.......
နှလုံးသား .... စိတ်အခံ
$
0
0
မတူကွဲပြားမှုကို  နားလည်လက်ခံမှုပေးနိုင်ရမယ်လို့  ယုံကြည်ထားတဲ့  လူနေမှုစနစ်တရပ်ဆီ  ဦးတည်လျှောက်လှမ်းနေခိုက် ......  
  • မိသားစုတစ်ခု စုပေါင်းထားသလို တပ်မတော်သားတွေရဲ့ ညီညွတ်မှု သံယောဇဉ်တွေဟာ ဘယ်အချိန်မှ အရောင်ရောလို့မရ. ဘယ်လိုအရာမှသွေးခွဲလို့ မရခဲ့ ပါဘူး
    အမှန်တော့ တပ်မတော်သားတစ်ယောက်ဆိုတာ အစစအရာရာ ပေးဆပ်ထားခဲ့ရတဲ့သူတွေပါ...
    ရှေ့တန်းဆိုတဲ့ စစ်မြေပြင်ကို ထွက်လာခဲ့တဲ့အချိန်ထဲက ထားခဲ့ရတဲ့ မိဘ မောင်နှမ ဇနီး ချစ်သူ သားသမီး တွေနဲ့ ပြန်တွေ့ခွင့်ရမယ် မရဘူး မသေချာခဲ့ပါဘူး
    ဒါပေမယ့် တာဝန်ဆိုတာကို ရင်ထဲထည့်ပြီးသွားခဲ့ရတာပါပဲ....
    ရှေ့တန်းစစ်မြေပြင်မှာလဲ အသက်ကိုရင်းပြီး တိုက်ပွဲဝင်နေခဲ့ရတာပါပဲ. .
    ဘယ်လိုအကြောင်းနဲ့ တပ်မတော်ထဲဝင်ခဲ့သည်ဖြစ်စေ သူတို့ရဲ့ တပ်မတော်ကိုချစ်တဲ့စိတ်တွေ အလုပ်တာဝန်အပေါ်ထားခဲ့တဲ့စိတ်တွေက အံ့သြစရာကောင်းလောက်အောင်ပြင်းထန်နေပါတယ်. .
    မိသားစုတစ်ခု စုပေါင်းထားသလို တပ်မတော်သားတွေရဲ့ ညီညွတ်မှု သံယောဇဉ်တွေဟာ ဘယ်အချိန်မှ အရောင်ရောလို့မရ. ဘယ်လိုအရာမှသွေးခွဲလို့ မရခဲ့ ပါဘူး
    လူသားထဲက လူတွေနဲ့ ဖွဲ့စည်းထားတာပဲမို့ သူတို့ မှာ အခက်ခဲတွေ အဆင်မပြေမှုတွေ ပင်ပန်းမှုတွေ ရှိနေခဲ့ကြတာပါပဲ...
    ဒါပေမယ့် တပ်မတော်အပေါ်ချစ်မြတ်နိုးတဲ့ သူတို့ရဲ့ စိတ်တွေဟာ တပ်မတော်သား ဘယ်ညီအကို မောင်နှမ မိသားစုကိုမှ အထိမခံနိုင်လောက်အောင်ကို စည်းလုံးလွန်းလှပါတယ်....
    အတ္တနည်းပြီး ပေးဆပ်စွန့်လွှတ် အနစ်နာခံချင်နေတဲ့ ရင်ထဲက မေတ္တာတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်သားတွေရဲ့ မိသားစုတွေရင်ထဲမှာလည်းဘယ်အ ရာနဲ့မှုမတူတဲ့ ချစ်ခင်မှု နွေးထွေးမှုတွေ ရှိနေတယ်လို့ လရိပ်ခံစားရပါတယ်....
    • ကို ကို ကိုဘာ ကို ပေး ဆပ် တာ လဲ။
      အ ရင်း အ နှီး မ ရှိ ပဲ ချမ်း သာ ချင် တာ ကို ပေး ဆပ် တယ် လို့ ခေါ် လား။
      အ သိ ညဏ် နည်း ပါး ပြီး ပစ္စည်း ဥစ္စာ မက် မော နေ တာ က ပေး ဆပ် တာ လား။
      ပြည် သူ ကို စော် ကား ပြီး နေ ရာ ရ အောင် လက် နက် အား ကိုး နဲ့ အ နိုင် ကျင့် တာ ပေး ဆပ် တာ လား။
      စစ် တပ် ဆို တာ မိုး ပေါ် က ကျ လာ တာ လား။
      ချမ်း သာ ရ ရင် ကိုယ့် အ မေ ကိုယ်ပြန် လိုး ရဲ တာ ကို ပေး ဆပ် တယ် လို့ ပြော တာ လား
    • Seaman Nayminthuဒီလို ဘလိုင်းကြီး ရိုင်းစိုင်းတဲ့ အရေးအသားမျိုး နောက်တခါလာမရေးပါနဲ့
    • Min Theinwondering if you would tell the true that who paid you for writing Burmese army ,which you were once in. there must be some reasons why you have been describing of how great Burmese army is. Just let me tell you honestly , Most of Burmese people , especially ethnic people who have been suffering brutality of Burmese army for many years do know all about it . History that all military dogs had made in Myanmar have been unable to be hidden anywhere. Seaman Nayminthu. Do you think your stepfather , Nu Win , Saw Maung and Than Shwe had done great things to The country? or had your Military or damn Army done something wonderful to the people ? understand your damn burmese army did worst things to the country and people. The best thing if you could ever have done wanted to be showed obviously to everyone here on facebook or in Country. got it ?
    • Nanda Htun Htetပလိန်းကြီးပါလား။ လုပ်စမ်းပါ့ ခင်ဗျားရဲ့ စစ်တပ်တစ်ခုလုံးကလူတွေအပေါ် နာကျည်းချက် ပြောစမ်းပါ
    • Nanda Htun Htetဒီလူတွေ ဘယ်လိုလူတွေပါလိမ့်။ ကျနော်ကတော့ သူများခံစားချက်၊ သူများအယူအဆ ကိုယ် လက်မခံနိုင်ရင်တောင် ဒီအတိုင်းနေလိုက်တယ်။ ကိုယ့်နဲ့ဆိုင်တဲ့ ကိုယ့်ပေ့ခ်ျမှာမဟုတ်ရင်။ ပြောချင်လည်း အကျိုးသင့်အကြောင်းသင့်ပေါ့။ အခုတော့ သူများအိမ်ပေါ်တက်ပြီး ချဲလင့်ခေါ်သလိုတော့ မကောင်းဘူးလေ
    • Nanda Htun Htetအပေါင်းအသင်းနဲ့ အသိုက်အ၀န်းနဲ့ လူတွေချည်းပဲ။ အားနာဖို့ကောင်းပါတယ်။ ပရိုဖိုင်း အမှန်ဆိုရင် ကိုယ့်ဖက်က အကန့်အသတ်လေးနဲ့ ပြောဖို့ရေးဖို့လိုပါတယ်
    • Nanda Htun Htetဒီလိုမိုက်ရိုက်ခြင်းက ကိုယ့်အဆင့်အတန်းကို ကိုယ်ပြတာပဲ
    • Min TheinWell, knowing it hit hard at the right place where being heard out loud. go see any doctor who could heal you guys. Sorry for hitting hard .
    • Min Theinalright, It is good , anyone hits hard a bad dog who has bitten the hands of master feeding.
    • ကို ကို ကိုMyanmar Army, is the worst killer in the world.
    • ကို ကို ကိုပြည် တွင်း စစ် ကို လုပ် ပြီး ငွေ ကြေး ချမ်း သာ ချင် တာ စစ် တပ် က အ ရာ ရှိ များ အ စ မြန် မာ့ နိုင် ငံ ဝန် ထမ်း တွေ ရဲ့ သောက် ကျင့်။
      အ မေ လောက် အ ရွယ် ကို ဆဲ ဆို အ ဖေ လောက် အ ရွယ် ဆို ဆူ ပူ ကြိမ်း မောင်း ထိုး ကြိတ် အော် သူ တို့ တွေ က ကိုယ့် မိ ဘ အ ရွယ် ပါ လား ဆို တာ မ တွေး ပဲ ပါ ဝါ ပြ တာ မြန် မာ့ အ စိုး ဒ ဝန် ထမ်း တွေ။
    • လရိပ် ချိုပြည်တွင်းစစ်ကိုလုပ်ပြီး ငွေကြေးချမ်းသာချင်တာ...ဟုတ်လား ရယ်ရတာတွေအရမ်းမမန့်ပါနဲ့ ကိုကိုကို ရယ် ..စစ်တိုက်နေတာ ပန်းနဲ့ပေါက်နေတာမဟုတ်ပါဘူး တပ်မတော်သားတိုင်းရဲ့ အသက်နဲ့ခန္တာ ကို ပေးဆပ်ထားခဲ့ရတာပါ
    • ကို ကို ကိုလရိပ် ချို ။ ။ စစ် တိုက် နေ တာ ဘယ် သူ့ အ တွက် လဲ။ ပြည် တွင်း စစ် က ဘာ လို့ ဖြစ် တယ် ဆို တာ ကြည့် ။
      စစ် တိုက် တာ ပန်း နဲ့ ပေါက် သ လို ဆို ရင် တော့ စစ် တပ် ထဲ မှာ စစ် ခွေး ဆို တဲ့ အ သိုင်း အ ဝိုင်း တွေ ပဲ ရှိ မယ်။ တ ကယ် တမ်း နာ ကျင် ရ တာ အ ပြစ် မဲ့ ပြည်
      သူ တွေ ပါ။ အ ခု ချမ်း သာ နေ တဲ့ စစ် ခွေး တွေ ကို ကြည့် ဘာတွေ ရင်း နှီး ခဲ့ ရ သ လဲ ဆို တာ။ ပြည် သူ ကို တ ကယ် ကာ ကွယ် ချင် တဲ့ စစ် သား ဘယ် နှစ် ယောက် ရှိ လဲ။ ချမ်း ငာ ချင် လို့ စစ် ထဲ ဝင် တာ။
      မ သိ ရင် မှတ် ထား စစ် ထဲဝင် တာ စစ် တိုက် ချင် လို့ မ ဟုတ် ဘူး။ ဘယ် သူ ကို စော် ကား ပြီး ဘယ် လို ချမ်း သာ အောင် လုပ် ရ မ လဲ ဆို တာ ပဲ ရှိ တယ်
    • Nay Min Nyoအပေါ်က ကောင်လေး...ကြားဖူးနားဝတွေနဲ့ ဝါးလုံးချီးသုတ်ပြီးလျှောက်ရမ်း မနေ နဲ့ လေကွာ...စစ်သားက စစ်ထဲဝင်တာ စစ်တိုက်ချင်လို့ မဟုတ်ဘူးဟုတ်လား.. မင်းသိအောင်ပြောလိုက်မယ် ဘယ်စစ်သားမှ စစ်တိုက်ချင်တဲ့သူ မရှိဘူး...စစ်ဆိုတာကို မင်းတို့ ကောင်တွေသိတာထက် စစ်သားက ပိုနားလည်တယ်...စနစ်ဆိုးတွေကြောင့် စစ်တပ်ဟာ နိုင်ငံရေး လှည့်စားခံဖြစ်ခဲ့လိမ့်မယ်...လူသားတွေဖြစ်လို့  အတ္တနဲ့ ချမ်းသာမှုတွေနောက်လိုက်ရင်း အကျင့်ပျက်ခဲ့သူ ရှိရင် ရှိလိမ့် မယ် ဒါပေမယ့် အားလုံးမဟုတ်ဘူး...ခုခေတ်မှာဘ၀ ရှေ့ေ၇းအတွက်ကြိုက်သလို ရွေးချယ်ခွင့်လမ်းကြောင်းတွေပွင့်နေတာတောင် တပ်မတော်ထဲ ၀င်ချင်တဲ့သူ တွေအများကြီး ....လစာ ဘယ်လောက်ရလဲသိတယ်...ဘယ်လိုခက်ခဲဆင်းရဲလဲဆိုတာ သိသိနဲ့ တာဝန်ထမ်းချင်တဲ့သူအများကြီး...စိတ်ဓာတ်နဲ့ ၀ါသနာ ..တိုင်းပြည်ချစ်စိတ် ကြောင့်ရွေးချယ်ခဲ့သူတွေအများကြီး...နောက် စစ်ဆိုတာ စစ်တပ်ချင်းတိုက်ခိုက်တာမှန်ပေမယ့် ပြည်သူလဲ ခံစားနစ်နာ ရမှာပဲ...ဒါကိုက စစ်ရဲ့သဘော သဘာဝ ပဲ...မင်းတို့ ရဲ့ တစ်သက်လုံးရိုက်သွင်းခံလာရတဲ့အမုန်းတွေကိုနားလည် ခံစားပေးလို့ရပါတယ်...အဲဒီလိုပဲ အဖြူထည်သက်သက်နဲ့ တိုင်းပြည်တာဝန်ထမ်းနေတဲ့ သူတွေကို သိမ်းကြုံးပြီး မစော်ကားပါနဲ့ ...သေချာတာ နောက်တစ်ခုထပ်ပြောလိုက်မယ် မင်းက စစ်တပ် အစိုးရ ကို ဆန့် ကျင်တဲ့ သူဆိုတော့ ဒီမို ပဲ ဖြစ်မှာပေါ့ ....ဒီအတွေးအခေါ်လောက်နဲ့  ဒီလောက် သေးသိမ်တဲ့ စိတ်ထားနဲ့  သူတပါးခံစားချက်ကို လာမစော်ကားနဲ့ ...
    • Seaman Nayminthuတဖက်သတ် အမုန်းတရားတွေနဲ့ ၀ါးလုံးချီးသုတ် ရမ်းနေသူတချို့ရဲ့ လုပ်ရပ်ဟာ အာဏာရှင်တွေကို ဘာမှထိခိုက်အောင်မလုပ်နိုင်သလို ... အတိုက်အခံတွေရဲ့ နိုင်ငံရေးပုံရိပ်ကိုလည်း မမြှင့်တင်နိုင်ဘူးဆိုတာ မြဲမြဲသာ မှတ်ထားလိုက် ....
    • Seaman Nayminthuအဖြေက ရှင်းရှင်းလေးပဲ ဆယ်စုနှစ်တွေအကြာကြီး တိုက်ခိုက်လာတဲ့ လက်နက်ကိုင် အင်အားစုတွေက ငြိမ်းချမ်းရေးကို ရှေ့ရှုနေချိန် မင်းတို့က စစ်တပ်မုန်းတီးရေးတရားတွေ သဲသဲသန်သန်လုပ်ပြနေတာကိုက မင်းတို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းနဲ့ ရည်ရွယ်ချက်ကိုဖော်ပြနေတာပဲ ...
    • Seaman Nayminthuဒီတော့ မင်းတို့ကြိုက်သလောက် ဆက်ရမ်းကြ .... မင်းတို့ဘယ်လောက်ခုန်ခုန် ဖုန်မထဖို့တော့ သေချာတယ် ....
    • Wai Mawလူတောမတိုးတဲ့ လက်သိးပုန်းပိုင်ရှင် ၂ ယောက်ရေ ကိုယ့်ကိုယ်ကို ဘာကောင်လဲ အရင်ပြန်ကြည့်လိုက်အုံး အရိပ်သိုင်းကစားပြီး အဟုတ်ကြီးထင်မနေနဲ့ .....
    • ကို ကို ကိုNay Min Nyo ။ ။ စစ် တပ် ထဲ ကို ဝင် ချင် တဲ့ သူ ဆို တာ အာ နာ ကို သုံး ပြီး ချမ်း သာ ချင် ကြ လို့ မ တောက် တ ခေါက် ပညာ ရေး လေး နဲ့ အ ရင်း နှီး မဲ့ ချမ်း သာ ချင် လို့ စစ် ထဲ ဝင် ကြ တာ ပဲ တွေ့ ဘူး တယ်။ ကျွန် တော် မှာ စစ် ဗိုလ် သူ ငယ် ချင်း တွေ အ များ ကြီးပါ။ ကျောင်း နေ ဘက် တွေ ပါ။ စစ် ထဲ ဝင် ရင် ဂွင် ကောင်း မယ် ထင် ပြီး ခြေ တု ဗိုလ် ၂ ယေုက် လောက် လဲ ရှိ တယ်။ ကဲ ဝါ သ နာ ပါ လို့ ဝင် တယ် ထား အုး သူ တို့ လည်း ဂွင် ကို ပဲ စောင့် နေ ကြ တာ။ ရှေ တန်း မ ပါ အောင် မိန်းမ လုပ် သူ ကို အ စေ ခံ တစ် ယောက် လို တပ် ရင်း မှူး အိမ် မှာ ထား နောက် တန်း မှာ နေ ပြီး ဂွင် ဆင် နေ ဆဲ စစ် ဗိုလ် တွေ က အ ကုန် လုံး နီး ပါး ပါ။ ရှေ့ တန်း ရောက် ဘို တွေ က လည်း ရောက် ရာ အ ရပ် က ရွာ တွေ ကို ဝင် ခွေး တွေ့ ခွေး သတ်စား ကြက် ဆို တာ တော့ မ ပြော နဲ့ ကြား ထဲ ရွာ သူ တွေ ကို စော် ကား ရွာ သား တွေ ကို ပေါ် တာ ဆွဲ စစ် သား လုပ် ပြီး ကိုယ့် ကျော ပိုး အိတ် ကို တောင် မ သယ် ချင် တဲ့ သူ တောင်း စား စစ် ခွေး တွေ က အ များ ကြီး ။ ကောင်း တဲ့ စစ် သား တွေ ဆို တာ ၁၀၀၀၀၀၀ မှာ တစ် ယောက် လောက် တော့ ရှိ မယ် အဲ ဒီ ထဲ မှာ ခင် ဗျား ပါ ရင် တော့ ကောင်း ပါ တယ်။ မှတ် ချက် ကျွန် တော် နိုင်ငံ ရေး သ မား တော့ မ ဟုတ် ဘူး ဒါ ပေ မဲ့ စစ် တပ် ရဲ နဲ့ မ တရား သူ ကြီး တွေ တော့ အ သေ မုန်း တယ်။ က မ္ဘာ ပေါ် ကအ မုန်း ဆုံး နဲ့ ရွံ စ ရာ အ ကောင်း ဆုံး က တော့ ထို သူ တွေ ပါ ပဲ။
    • လရိပ် ချိုဒါဆို တပ်မတော်သားမရှိပဲနိုင်ငံရပ်တည်နိုင်တယ်ဆိုလိုချင်တာလား နေရာတိုင်းမှာအဆိုးအကောင်းတွဲရက်ရှိနေတယ် စစ်သားမကောင်းဘူး စစ်ဆိုမုန်းတယ်ဆိုတဲ့သူတွေကိုကြည့်လိုက် အကြောင်းပြချက်တွေက ပုံသေနည်းတခုရွတ်နေသလိုပဲ တပ်မတော်သားတွေလဲ လူတွေထဲကလူတွေပါပဲ မိသားစုတစ်ခုမှာတောင် သားသမီးဆိုးပါနိုင်သေးတာပဲ သူများတွေကိုပုတ်ခတ်ပြောဆိုနေမယ့်အစား ကိုယ့်ဘာသာ ပြန်သုံးသပ်ပါဦး ကိုကိုကို ဘာတွေများနိုင်ငံအတွက်လုပ်ပေးထားလဲလို့ လူပြိန်းအကြိုက်စကားလုံးတွေနဲ့တော့ လာမမန့်ပါနဲ့ အဲ့ဒါကနောက်မှာကျန်ခဲ့ပြီ ပြီးတော့ လရိပ်ကိုလာမအက်ပါနဲ့ လရိပ်က ဘေးထိုင်ပြောနေသူနဲ့ မိတ်ဆွေ မဖြစ်ချင်ဘူး, ကိုကိုကို
    • ကို ကို ကိုလရိပ် ချို ။ ။ မြန် မာ စာ ကို သေ ချာ ဖတ် ပါ။ စာ တတ် တယ် ဆို ရင် ပေါ့။ ကျွန် တော် က သူ များ တိုင်း ကို ပုတ် ခတ် နေ တာ မ ဟုတ် သလို ကိုယ့် ကို ကို လည်း အ မြဲ တမ်း မေး ခွန်း ထုတ် နေ ပါ တယ်။ စစ် တပ် မ ရှိ လို့ မ ရ လို့ ဗိုလ် ချုပ် အောင် ဆန်း အ ပါ အ ဝင် အာဇာ နည် ခေါင်း ဆောင် တွေ က တည် ထောင် ခဲ့ တာ ဖြူ စင် တဲ့ မြန် မာ့ တပ် မ တော် ပါ။ အ ခု စစ် တပ် က ဘယ် လောက် အောက် တန်း ကျ နေ တယ် ဆို တာ ပြော စ ရာ မ လို ပါ ဘူး။ ဘာ လို့ လဲ ဆို တော့ အာ နာ သုံးပြီး အ ရင်း နှီး မဲ့ ချမ်း သာ ချင် နေ ကြ တာ စစ် တပ် က စစ် ခွေး တွေ မ ဟုတ် လို့ ဘယ် သူ တွေ လဲ။ ဘယ် နိုင် ငံ တပ် မ တော်မှ ကု မ္မ ဏီ မ ထောင် ပါ ဘူး။ အ မှန် တ ရား ကို ပြော မိ လို့ မ ကျေ နပ် ရင် လဲ ဘ လောက် လုပ် လို့ ရ တယ်။ အ ရင် က စစ် တပ် နဲ့ ပြည် သူ ဆို တာ အ ပြုံး နဲ့ ကြို ဆို ကြ တာ ပါ။ အ ခု စစ် ခွေး တွေ က သ ခင် ကို ပြန် ကိုက် နေ တာ အား လုံး အ သိ ပါ ပဲ။ မြန် မာ ပြည် က ရဲ မြန် မာ ပြည် က တ ရား သူ ကြီး စစ် ဗိုလ် တွေ လဒ် မ စား ဘူး တဲ့ သူ ပြည် သူ ကို အ နိုင် မ ကျင့် ဘူး တဲ့ သူ မှန် ကန် တဲ့ ဆုံး ဖြတ် မှူ့ ကို လုပ် ခဲ့ သူ ရှိ ရင် ထောက် ပြ ပါ။ သ ခင်ကို ပြန် ကိုက် တဲ့ ခွေး တွေ ဟာ ရူး နေ လို့ ပါ ဒါ မှ မ ဟုတ် ထိန်း ကွက် မှူ့ မဲ့ နေ တဲ့ ခွေး လေ ခွေး လွင့် တွေ ပဲ ဖြစ် မှာ ပါ။
      အ မှန် တ ရား ပြော လို့ နာ နေ ရင် လဲ မ တတ် နိုင် ဘူး။
    • လရိပ် ချိုကိုကိုကို...အကိုလဲ မြန်မာစာတတ်တယ်ဆို လရိပ်ရေးတဲ့ စာနားလည်အောင်ဖတ်ပါဦး အရာရာတိုင်းကို တရားမျှတအောင်တွေးတတ်ရတယ် ကိုယ်ချင်းစာတရားရှိရတယ် အကိုပြောပုံအရဆို တိုင်းပြည်တွက် အပင်ပန်းခံ ဆင်းရဲခံပြီးတာဝန်ထမိးဆောင်နေတဲ့ တပ်မတော်သားတွေ အသက်ပေးခဲ့တဲ့ တပ်မတော်တော်သားတွေ အဖေ မောင်နှမ သားသမီးဆုံးရှုံးခဲ့ရတဲ့ တပ်မတော်သားမိသားစုတွေအတွက် စိတ်မကောင်းစရာပါပဲ..အကိုက အရိပ်ထဲကစစ်ခွေးထိုင်အော်နေလို့ သူတို့ စိတ်မကောင်းဖြစ်ရုံကလွဲလို့ဘာမှ ပြောကြမှာမဟုတ်ပါဘူး သူတို့ အကို့ထက်ပိုပြီးစစ်ကိုမုန်းကြမှာပါ တပ်မတော်သားတွေက သူတို့မိသားစုကိုထားပြီးရှေ့တန်းကိုသွားချင်နေတဲ့သူဘယ်သူမှမရှိပါဘူး သူတို့တိုက်နေရတယ်ဆိုတာ မြန်မာတိုင်းရင်သားမောင်နှမတွေ တစ်စုထဲရှိနေစေချင်လို့ပါ အစိတ်အပိုင်းတွေ အမျိုးမျိုး ကွဲနေပြီး မြန်မာပြည်မြေပုံမပျောက်စေချင်လို့ပါ လက်တောင်အတိုအရှည်မညီပါဘူး တပ်မတော်မှမဟုတ်ပါဘူး နေရာတိုင်း ငှာနတိုင်း နောက်ဆုံးစီးပွားရေးလုပ်ငန်းတိုင်းမှာတောင် လူအမျိုးမျိုးရှိပါတယ် အကိုသုံးနေတဲ့ စစ်ခွေးဆိုတဲ့ စကားလုံးဟာ တဖက်သားကိုပုတ်ခတ်တယ်ဆိုတာထက်ဆိုးပါတယ် ဒါပေမယ့် လရိပ် အဆင်ပြေဆုံးစကားလုံးရွေးသုံးထားတာပါ အကို့ကိုတခုပြောချင်ပါသေးတယ် တပ်မတော်သားတွေကိုလေးစားနေတဲ့ ပြည်သူတွေ လရိပ်အပါအ၀င် အများကြီးရှိပါသေးတယ် အကိုလေ့လာကြည့်ပါအုံး အရာရာကို လေ့လာပြီးကိုယ်ချင်းစာစိတ်တွေနဲ့ မျှမျှတတ တွေးပေးနိုင်ပါစေ ကိုကိုကို
    • ကို ကို ကိုNay Min Nyo။ ။ စစ် သား က စစ် တိုက် ချင် လို့ ဝင် တာ ကို လက် ခံ ပါ တယ်။ ဗိုလ် လုပ် ချင် လို့ အာ နာ ယူ ချင် လို့ စစ် ထဲ ဝင် တာ က အ များ ကြီး ပါ။ အစ် ကို ပြော သ လို သာ စစ် တပ် မှာ တ ကယ် စစ် တိုက် ချင် လို့ ဝင် ခဲ့ ရင် တပ် ကြပ် ကြီး တွေ က အ သက် မ ပြည့် သေး တဲ့ ကိုယ့် သား အ ရွယ် ကိုယ့် မြည်း အ ရွယ် လေး တွေ ကို က လေး စစ် သား လုပ် ပါ ဆို ပြီး အ တင်း အ ကြပ် ခိုင်း နေ စ ရာ မ လို လောက် ပါ ဘူး။ Engineer , Doctor အ ဆင့် မှိ တဲ့ သူ က စစ် ထဲ မ ဝင် ပါ ဘူး။ Engineer Doctor တွေ က သ မာ အာ ဇီ ဝ နဲ့ ဝမ်း ဝ အောင် ရှာ စား လို့ ရ တယ်။ စစ် ဗိုလ် တစ် ယောက် ဖြစ် ဖို့ အ တွေး အ ခေါ် မ လို ပဲ မိုက် ရိုင်း ရဲ ရင် ရက် စက် ရဲ ရင် ဖြစ် တယ်။ Doctor Engineer ဆို တာ က ထက် မျက် ပြီး အ တွေး အ ခေါ် လို သ လို ပါရ မီ ပါ မှ ဖြစ် တာ။ Engineer Doctor ဖြစ် ဖို့ က ၆ နှစ် ဆို တဲ့ အ ချိန် နဲ့ ခောတ် နဲ့ အ မှီ လိုက် နေ ရ တယ်။ စစ် ဗိုလ် ဖြစ် ဖို့ အ ရမ်း လွယ် တာ ပေါ့ လူ ၁၀၀၀ မှာ ၁ ယောက် လောက် ပဲ စိတ် ဝင် စား တာ။ စစ် ဗိုလ် တစ် ယောက် ဖြစ် ဖို့ ဒီ လောက် လွယ် နေ တော့ စင်း စား ကြည့် ပေါ့။ စစ် တိုက် ချင် လို့ ဝင် တဲ့ သူ ဘယ် နှစ် ယောက် ရှိ လဲ။
  • Seaman Nayminthuသိပ်ကောင်းတဲ့ ဆွေးနွေးခန်း တခုအဖြစ် Blog စာမျက်နှာပေါ် တင်ပေးလိုက်ပါပြီ ... Silent Reader များ ဖတ်ရှုသုံးသပ်နိုင်ဖို့ပါ .... http://www.bawacheyar.com/2014/01/blog-post_31.html#more
  • ကို ကို ကိုSeaman Nayminthu။ ။ လရိပ် ချို ။ ။ Nay Min Nyo။ ။ စစ် တပ် က လာ တဲ့ သူ တွေ အ များ စု က ဘယ် လောက် တော် သ လဲ ဆို ရင် သေနပ် ခါး ချိတ် ပြီး ဒုတ် တို တစ် ချောင်း တောင် ကိုင် မ ထား တဲ့ လူ တွေ ကို နယ် လှည့် စိန် ခေါ် နေ တာ နော် အဲ ဒါ လော လော ဆယ် ထွက် နေ တဲ့ Video file နော်။ ဦး အုန်း မြင့် တဲ့ သူ့ နာမည် က။ နောက် တစ် ယောက် က တော့ တောင် သူ တွေ ကို ထ မင်း တစ် နပ် စား ခိုင်း တဲ့ လူ လေ သူ လည်း ဘဲ စစ် တပ် က လာ တာ နော်။ အင်း ဒါ မျိုး ရက် စက် ရဲ လို့ စစ် တပ် အ ရာ ရှိ ဖြစ် တာ။ တ ကယ် ပါ ကောင်း တဲ့ သူ တွေ နော် စစ် တပ် မှာ မိုး ကျ ရွှေ ကို တွေ လေ။
  • Seaman Nayminthuဘာပဲဖြစ်ဖြစ် မင်းဟာ တပ်မတော်နဲ့ ပြည်သူတွေအကြား အမုန်းတရားတခု သွတ်သွင်းပေးဖို့ စစ်အာဏာရှင် တဦးဦးက စေခိုင်းလိုက်တဲ့ ဒလံဆိုတာ ... ငါလုံးဝ မှတ်ချက်ချလိုက်ပြီ ...
  • ကို ကို ကိုSeaman Nayminthu။ ။ ကြိုက် သ လို ထင် မြင် ယူ ဆ လို့ ရ ပါ တယ်။ လူ တိုင်း မှာ လွတ် လပ် ခွင့် ဆို တာ မ နေ့ တ နေ့ က မှ ပေါ် လာ တာ ပါ။ အ မှန် တ ရား ကို တ ကယ် မြတ် နိုး တယ် ။ အဲ ဒါ တော့ သေ ချာ တယ်။
  • လရိပ် ချိုအမှန်တရားကိုသာတကယ်မြတ်နိုးတဲ့သူဆိုရင် မျက်စိစုံမှိတ် ပြီးမကောင်းပြောနေမှာမဟုတ်ပါဘူး အခြေနေတခုတိုးတက်ဖို့ဆိုတာ အကြောင်းအရာတခု ကို ပုံသေ သတ်မှတ်ရုံနဲ့ ဖြစ်မလာပါဘူး နေရာတိုင်းကိုလေ့လာစမ်းစစ်ပြီး ဝေဖန်ဖို့လိုပါတယ် မကောင်းတဲ့ ငါးလေးတစ်ကောင်စားခဲ့ဖူးတာနဲ့ ငါးတွေအကုန်မကောင်းဘူးမစားပါနဲ့လို့ပြောလို့မရဘူးလေ ကိုယ်ကောင်းတယ်ထင်နေတဲ့ အခြားအသားတွေကလည်း ပုတ်နေနိုင်တာပဲ အကို့ကြည့်ရတာ စစ်တပ်အရမ်းမုန်းနေတယ်ထင်ပါတယ် ဒါပေမယ့် တိုင်းပြည်ချစ်လို့ မုန်းတာနဲ့ မတူပဲ ကိုယ်ကျိုး တခုခုကြောင့် အတင်းမုန်းနေသလိုဖြစ်နေတယ်
  • ကို ကို ကိုလရိပ် ချို။ ။ ကျွန် တော် စစ် တပ် မုန်း တာ တိုင်း ပြည် ကောင်း ဖို့ တိုင်း ပြည် ချစ် လို့ ပါ။ ကျွန် တော် မိ သား စု မှာ စစ် တပ် က အ ရာ ရှိ ၃ ယောက် ရှိ တယ် ။ ရဲ အ ရာ ရှိ ၁ ယောက် ရှိ တယ်။ စစ် တပ် က တစ် ယောက် က ၂၀၁၀ က ပင် စင် ယူ သွား တယ် သူ့ အ သက် ၄၄ နှစ်မှာ ပင် စင် ရ တာ ပါ ပင် စင် ခံစား ခွင့် က တော့ ၁၉ သိန်း ရ တယ် သူ က အ ရင် က တော့ ဦး သိန်း စိန် နဲ့ တွဲ လာ တာ ရှမ်း ပြည် နယ် တြိ ဂံ တိုင်း မှူး မှ အ စ သမ္မ တ ဖြစ် တဲ့ အ ထိ ပေါ့ ကျွန် တော် က တော့ လော လော ဆယ် oversea မှာ နေ တယ်။ oversea မှာ ကျောင်း တက် တယ်။ မိ သား စု က ဝန် ထမ်း မျိုး ရိုး ပါ။ ညီအစ် ကို ၅ ယောက် မှာ အ ငယ် ဆုံး ပါ။ မိ သား စု က အာနာ မ ရှိ မ ချမ်း သာ ပင် မဲ့ သမာ အာ ဇီ ဝ ကြ ကြ နေ နိုင် စား နိုင် ပါ တယ်။
  • လရိပ် ချိုဟုတ်လား အကိုကတပ်မတော်သားမိသားစုသာဖြစ်ခဲ့ရင် အနည်းဆုံးစစ်ခွေးဆိုတဲ့ အသုးနှုန်း ဘယ်တော့မှ သုံးမှာမဟုတ်ဘူးဆိုတာ တပ်မတော်သားတယောက်မဟုတ်တဲ့ လရိပ်ယုံကြည်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို မိသားစုဝင်တွေ အသိဆုံးဖြစ်နေလို့ပါအကို ...နိုင်ငံခြားမှာပညာသင်နေတဲ့ သူ နေထိုင်တဲ့သူတစ်ယောက်ဆိုတာတော့ လရိပ်အပြည့်ဝယုံကြည်ပါတယ် ဘာလို့လဲဆိုတော့ အဲ့လိုလူမျိုးအများစုတွေပဲ နိုင်ငံနဲ့တပ်မတော်အပေါ် စော်ကားတာနေတာတွေ့ဖူးလို့ပါ..လရိပ်ကတော့မြန်မာနိုင်ငံမှာပဲနေပါတယ်. အေးချမ်းတည်ငြိမ်မှုကိုမြတ်နိုးပါတယ် ဒါကြောင့် လရိပ်တို့ မြန်မာနိုင်ငံမှာနေနေကြတဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေ စ်တ်ဝမ်းကွဲမှာ သွေးကွဲပြီး မုန်းနေကြမှာစိတ်ပူပါတယ် အဲ့ဒီ့အတွက် လရိပ် ဒီလိုစာတွေရေးနေပါတယ် ဘာဖြစ်လို့လဲဆိုတော့ အကို့လို အခြားတိုင်းပြည်မှာ နေနေတဲ့သူတစ်ယောက်မဟုတ်သလို လရိပ် နိုင်ငံကို အရမ်းချစ်မြတ်နိုးတဲ့ အတွက် တိုင်းတပါးဝင်လာမှာမလိုလားသလို မညီမညွတ်နဲ့ စိတ်ဝမ်းကွဲလာခဲ့ရင် မြန်မာနိုင်ငံ ကိုပစ်ထားပြီး ထွက်မပြေးနိုင်လို့ပါ. ...,ကိုကိုကို
  • ကို ကို ကိုလရိပ်။ ။ စစ် ခွေး လို့ သုံး တာ ကျွန် တော် လက် သုံး စ ကား ပါ။ အ နှစ် ၂၀ ကျော် အုပ် ချုပ် လာ တာ ဘာ တွေ တိုး တက် မှူ့ ရှိ လဲ။ တံတား ဆောက် ဘု ရား တည် ပြ နေ တာ တိုး တက် တာ မ ဟုတ် ဘူး ။ ဟို တုန်း က Asian မှာ အ ကောင်း ဆုံး ကျောင်း တွေ လေ ဆိပ် တွေ ရုပ် ရှင် ရုံ တွေ ပိုင် ဆိုင် ခဲ့ တာ စစ် ခွေး တွေ အုပ် ချုပ် မှ တိုင်း ပြည် ဘယ် ရောက် နေ လဲ။ ကျွန် တော် လည်း တ ကယ် ကို တိုင်း ပြည် ချစ်ပါ တယ်။ open eyes ဖြစ် ခဲ့ တယ်။ စစ် ခွေး တွေ ကိုယ် ကျိုး မ ကြည့် ခဲ့ ရင် တိုင်း ပြည် က Asia ကျား ဖြစ် မှာ သေ ချာ တယ်။ တ ကဟ် ကို ပါ အ ခု ကြည့် ဆင်း ရဲ တဲ့ က လေး တွေ ကို ပြု စု ပျိုး ထောင် ပေး နေ တာ မျိုး ချစ် မြန်မာ တိုင်း ရင်း သား တွေ က ပဲ ပြည် ပ က နေ ထောက် ပံ့ နေ ရ တာ ပါ။
  • လရိပ် ချိုအကို အခုဖြစ်စေချင်တာ တိုင်းပြည်တိုးတက်စေချင်တာလား ပြိုကွဲစေချင်တာလား ပြန်တွေးကြည့်ပါ လရိပ်ပြောခဲ့ သလိုပါပဲ အရာရာတိုင်း ကောင်းတယ်မရှိသလို မကောင်းဘူးလဲမရှိပါဘူး အမြင်ဆိုးဆိုတာ နေရာတိုင်းအတွက်မကောင်းပါဘူး တိုင်းပြည်အတက်တကယ်အလုပ်လုပ်ခဲ့တဲ့ တပ်မတော်သားတွေ အသက်စွန်ခဲ့တဲ့ တပ်မတော်သားတွေ ဘက်ကတွေးကြည့်ပေးပါ ခွေးဆိုတဲ့ စကားလုံးဟာ အကို့ လက်သုံးစကားဆိုပေမယ့် အကိုအသက် ၈၀ လောက်မရှိသေးဘူးထင်ပါတယ် အကိုခွေးနဲ့ ခိုင်းနှိုင်းပြောနေတဲ့ သူတွေထဲမှာ အကို့ အဖေ အဖိုး အကိုအရွယ်ပါပါတယ် လရိပ်က ဗုဒ္ဓဘာသာဝင်မို့ ပြောတာပါ ဘာသာမတူခဲ့ရင် sorry ပါ
  • ကို ကို ကိုအော် စစ် ခွေး ပါ ဆို သူ တို့ စိတ် က ရော ခွေး လောက် အ ဆင့် ရှိ လား။ မ သိ ရင် အ ရမ်း hot ဖြစ် နေ တဲ့ ဦး အုန်း မြင့် ကို မေး ကြည့် လိုက်။
  • လရိပ် ချိုဒါကြောင့်ပြောပါတယ် အကိုက တိုင်းပြည်အတွက်ထက် ကိုယ်ရေးကိုယ်တာကြောင့် မုန်းနေပုံပဲ
  • ကို ကို ကိုကျွန် တော် လည်း ဗုဒ္ဓဘာ သာ မြန် မာ လူး မျိုး စစ် စစ် ပါ။ လရိပ် က စစ် ခွေး ထိ ရင် နာ နေ တော့ အဲဒီ အ သိုင်း အ ဝိုင်း က လား။ စိတ် မရှိ ပါ နဲ့ နော်
  • လရိပ် ချိုစိတ်မရှိပါဘူးရှင့် အကိုသိချင်ရင်လရိပ်ဖြေပါ့မယ်...လရိပ်ကစစ်တပ်အသိုင်းဝိုင်းကမဟုတ်ပါဘူး အပေါ်မှာအကိုမန့်ခဲ့တဲ့ ထက်မြတ်ပြီးအတွေးခေါ်လိုတယ်လို့ ပြောထားတဲ့ အလုပ်ကို လုပ်နေတဲ့သူတယောက်ပါ...လရိပ်အသက်ကယ်တဲ့ အလုပ်ကိုမြတ်နိုးသလို မတရား ပြောတာကိုလဲမနှစ်သက်လို့ ဒီလိုတွေရေးနေတာပါ လရိပ်ပြောခဲ့ဘူးသလိုပါပဲ လရိပ်အစိုးရ၀န်ထမ်းပါ အစိုးရအလုပ်ကိုသန့်သန့်စင်စင် ဒီနေ့ထိ လုပ်ခဲ့သလို အခြားရင်ငွေရအောင် အပြင်ဆေးခန်းအလုပ်လဲ နားချိန်တွေမှာလုပ်ခဲ့ပါတယ် ဒါပေမယ့် ဒီလိုလုပ်နေရတာ အစိုးရမကောင်းလို့ စစ်တပ်မကောင်းလို့ ဟိုလူမကောင်းလို့ ဒီလူမကောင်းလို့ တခါမှမတွေးခဲ့ပါဘူး ဘာလို့လဲဆိုတော့ အရာရာတိုင်းမှာ ခက်ခဲတာ မလွယ်ကူနိုင်တာ အဆင်မပြေနိုင်တာ ရှိတယ်ဆိုတာ ယုံကြည်လို့ပါ အရာရာတိုင်းအဆိုးအကောင်းဒွန်တွဲနေတယ်ဆိုတဲ သဘောတရားကို နားလည်လို့ပါ အမြဲမကောင်းမြင်ရန်တိုက်နေမယ့်အစား လရိပ်နိုင်ငံတိုးတက်ဖို့ပဲမျှော်လင့်ပါတယ် လရိပ်တို့ နိုင်ငံနဲ့လူမျိုး တိုးတက်ရေးနဲ့ ဘာသာသာသနာကိုကာကွယ်စောင့်ရှောက်နိုင်မယ့် သူကိုလိုလားပါတယ်
  • လရိပ် ချိုကဲအကိုရေ ဒီလောက်ပဲနော် လရိပ်လဲမောနေပါပြီ တပ်မတော်ကောင်းကြောင်းပြောမိတာနဲ့ စစ်တပ်အသိုင်းဝိုင်းကလို့ တစ်ထစ်ချယုံကြည်ထားတယ်ဆိုရင် လရိပ်ချို က တစ်ဦးထဲသောပြည်သူတစ်ယောက်လို့ မှတ်ထားလိုက်ပါရှင့် ခုလိုလရိပ်post မှာနိုင်ငံခြားကနေ တကူးတကန့် ၀င်ရောက်ပြောပေးလို့ကျေးဇူးတင်ပါတယ် ကိုကိုကို စိတ်ချမ်းသာကိုယ်ကျန်းမာပါစေရှင့်
Viewing all 1811 articles
Browse latest View live