Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ဘယ်ဆီဘယ်ဝယ် လုံးလည်ချာလည်လိုက် ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်

$
0
0

ဘယ်ဆီဘယ်ဝယ် လုံးလည်ချာလည်လိုက် ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်
========================================
ရဲကျော်သူရ
=======
ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် The Voice Daily သတင်းစာပါ ဆရာကျော်ဝင်း၏ ၂၀၁၃ မှ ၂၀၁၄ သို့ မပြီးသေး သော ပန်းချီကား ဆောင်းပါးကိုဖတ်ရသည်။

၂၀၁၄ ဇန်နဝါရီလ ၄ ရက်က UMFCCI တွင်ဟောပြောခဲ့သည်များကို အနှစ်ချုပ်ပြန်ရေးထားခြင်းဟု ဆရာကပြောပါသည်။



"တိုင်းပြည်တစ်ပြည် ကံဆိုးမိုးမှောင်ကျပြီဆိုလျှင် သူရဲကောင်းတွေပေါ်ထွက်တတ်ပါသည်။ သို့တစေ သူရဲကောင်း တွေ လိုသည်ထက်ပိုများနေလျှင်လည်း အဆိုပါတိုင်းပြည် ပြန်ကံဆိုးသွားတတ်သည်။"ဆိုသည့် Time မဂ္ဂဇင်း အက်ဆေး တစ်ပုဒ်ထဲက စာပိုဒ်လေးတစ်ခုကို ကိုးကား၍ မီးမောင်းထိုးပြသည်။

ပကတိ အခြေအနေက ခွင့်ပြုသည်ထက်ကျော်လွန် လုပ်ဆောင်ခြင်းကို လက်ဝဲသွေဖည်ရေးဟု လည်းကောင်း ပကတိ အခြေအနေက ခွင့်ပြုသည်ထက် နောက်ကျကျန်ရစ်ခြင်းကို လက်ယာသွေဖည်ရေးဟု လည်းကောင်း ကင်ပွန်းတပ်၍ လက်ယာသွေဖည်ရေးကို အရှိန်တင်အဖတ်ဆယ်နိုင်သော်လည်း လက်ဝဲသွေဖည်ရေး မှောက်ထိုး လဲပါက ပြန်ထရန် မလွယ်ကူကြောင်းထောက်ပြပါသည်။

အမေရိကန်ပင် ဒီကနေ့အခြေအနေရောက်အောင် နှစ်ပေါင်း ၂၀၀ ကျော်ဖြတ်သန်းခဲ့ရပြီး ဒီမိုကရေစီ အုတ်မြစ်ခိုင်မာ စေရန် ၁၂ နှစ် အချိန်ယူ ပြင်ဆင်ခဲ့ရသည်ဟု ဆိုပါသည်။

ထို့အပြင် လွှတ်တော်နိုင်ငံရေး၊ လမ်းပေါ်နိုင်ငံရေး ခွဲခြားပြပြီး အများကြိုက် ပေါ်ပြူလာ နိုင်ငံရေး အန္တရာယ် ရှိပုံကို ထောက်ပြသည်။

ဆရာက ကိုယ့်ကိုယ်ကိုယ် ပညာရှင်ဟုကြွေးကြော်လေ့မရှိသော်လည်း ပညာရှင်ဆန်ဆန် ပညာရှိဆန်ဆန်ပြောသွား သည်။ သို့နှင့်တိုင် ဆရာ့ကို မလိုမုန်းထားသူများရှိနေကြပြန်သည်။

ကျွန်တော်ရဲကျော်သူရကတော့ လူပြိန်းတစ်ယောက်ဖြစ်၍ လူပြိန်းနားလည်သည့် စကားနှင့်ပြောကြည့်ချင်ပါသည်။
--------------------------------------------------------
၁။ မြန်မာ့နိုင်ငံရေးအရွေ့သည် တရုတ်နိုင်ငံ အင်အားကြီးမားလာခြင်းနှင့် တိုက်ရိုက်နီးပါး အဆက်အစပ်ရှိသည်။
--------------------------------------------------------
၂။ သိခွင့်မရှိသူ မည်သူမှ မသိနိုင်သော အချိန်တစ်ချိန်မှစ၍ မြန်မာ့တပ်မတော်အစိုးရနှင့် အမေရိကန်အစိုးရတို့ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် နှစ်ဖက်ညှိနှိုင်းမှုများရှိခဲ့နိုင်သည်။ (ယင်းဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်နိုင်သည်။)


--------------------------------------------------------
၃။ ယင်းကဲ့သို့ ညှိနှိုင်းပြီးနောက် ယခုလက်ရှိအခြေအနေ ရောက်လာစေရန် တပ်မတော်အစိုးရက လမ်းခင်းပေး ခဲ့ခြင်း ဖြစ်သည်။
--------------------------------------------------------
၎။ ဒီမိုကရေစီသည် Export မဟုတ်ဆိုသည့်အတိုင်း မြန်မာ့ဒီမိုကရေစီသည် အမေရိကန်ကဲ့သို့ အနောက်တိုင်း နိုင်ငံ များစွာတွင် ကျင့်သုံးနေသည့် ဒီမိုကရေစီနှင့် ထပ်တူထပ်မျှ တူနိုင်စရာအကြောင်းမမြင်။
--------------------------------------------------------
၅။ တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များနှင့် စပ်လျဉ်း၍ လူများစုဖြစ်သော မြန်မာ့နိုင်ငံရေး သမားများနှင့် တိုင်းရင်းသားများ အတိုင်းအတာတစ်ခုအထိ ညှိနှိုင်း၍ ရနိုင်သော်လည်း ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံ ရှိသော အခြားတိုင်းပြည်များ ကဲ့သို့ မြန်မာလူမျိုးစုကြီးစိုးမှုနှင့်ထိုလူမျိုးစုကိုးကွယ်သည့် ဗုဒ္ဓဘာသာ လွှမ်းမိုးမှုကို ထိခိုက်စေမည့် ပြောင်းလဲမှုမျိုးကို အချိုးအရ မြန်မာလူမျိုးအများစုဖြစ်သော တပ်မတော်က မည်သည့်နည်းနှင့်မျှ ခွင့်ပြုလိမ့်မည်မဟုတ်။
--------------------------------------------------------
၆။ ပုဒ်မ ၅၉ (စ) မပြင်ဘဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ကောင်းဖြစ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်၊ မဖြစ် မသေချာသော်လည်း ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန်လမ်းစ မရှိသည်မှာ သေချာသည်။
--------------------------------------------------------
၇။ ပုဒ်မ ၅၉ (စ) ကို အတင်းပြင်ရန်ကြိုးစားသည့်နေ့သည်တပ်မတော် အာဏာပြန်သိမ်းသည့်နေ့ဖြစ်လိမ့်မည်။
--------------------------------------------------------
၈။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လူ၊ လက်နက်အင်အားတိုးပွားလာခဲ့သည်မှာ မှန်သော်လည်း သမိုင်း တစ်လျှောက် စစ်ရေးသင်ခန်းစာများကို နမူနာယူ၍ မြန်မာစစ်တပ်သည် ၄င်း၏အင်အား အစစ်အမှန်ကို မည်သည့် အခါမှ ထုတ်ပြလေ့မရှိဆိုသည့် အချက်အား သတိမူသင့်သည်။
--------------------------------------------------------
၉။ ဖက်ဒရယ်စနစ်ဖြစ်နိုင်သော်လည်း အမေရိကန်ဖက်ဒရယ် စနစ်မျိုးကဲ့သို့ ဖြစ်လာနိုင်စရာ အကြောင်းမမြင်။ ယင်းကဲ့သို့ ဖြစ်လာလျှင်လည်း မြန်မာပြည် အစိတ်စိတ် အမွှာမွှာကွဲ၍ တိုင်းပြည်ပြိုကွဲသွားနိုင်သည်။
--------------------------------------------------------
၁၀။ မြန်မာပြည်ကို မိမိတို့စိတ်တိုင်းကျ နိုင်ငံရေးပုံစံမျိုးကျင့်သုံး သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေ ရန်ရည်ရွယ်၍ အဓိက လွှမ်းမိုးကြီးစိုးထားသော တပ်မတော်ကို သွေးခွဲရန်ကြံစီပါက လုံးဝ (လုံးဝ) အောင်မြင်မည် မဟုတ်ပါ။ အကျင့်ပျက်ခြစားမှုများ၊ အဂတိလိုက်စားမှုများ ရှိနေသော်ငြား မြန်မာ့တပ်မတော်သည် အာဏာရှင်တစ်ဦး တစ်ယောက်က လွှမ်းမိုးခြယ်လှယ်ထားသော စစ်တပ်မဟုတ်ဘဲ အမျိုး၊ ဘာသာ၊ သာသနာကို ဦးထိပ်ထား၍ ဗမာလူမျိုးများကြီးစိုးထားသည့် တပ်မတော်ဖြစ်ခြင်းကြောင့် အပိုဒ် ၅ တွင်ဖေါ်ပြထားသော မြန်မာလူမျိုးစုကြီးစိုး မှုနှင့် ထိုလူမျိုးစုကိုးကွယ်သည့် ဗုဒ္ဓဘာသာ လွှမ်းမိုးမှုကို ထိခိုက်စေမည့် ပြောင်းလဲမှုမျိုးကို မည်သည့် တပ်မတော် အကြီးအကဲကမှ ဆောင်ရွက်မည်မဟုတ်။
============================
တည့်တည့်ပြောတော့ နားဝင်ဆိုးပါလိမ့်မည်။

သို့သော်ဤသည်မှာ ပကတိအရှိတရားဖြစ်သည်၊ အမှန်တရားဖြစ် ပါသည်။ တိုင်းပြည်တစ်ပြည်တွင်ရှိနေသည့်ပကတိအရှိတရားကို ကျော်လွန်၍ စိတ်ကူးယဉ် ရတနာပုံဆိုက်ကိန်း စီမံချက်မျိုး အကောင်အထည်ဖေါ်၍ ရနိုင်၊ မရနိုင် နိုင်ငံရေး သုခမိန်များ ချင့်ချိန်တတ်ရန်လိုပါသည်။

နိုင်ငံရေးနဲ့ ဘုရားကျောင်းခွဲခြားထားရမယ်ဆိုတဲ့ စကားက အင်မတန်နားထောင်ကောင်းပါသည်။

သို့သော် အဆိုပါစကားမျိုးကို အရှေ့အလယ်ပိုင်းက နိုင်ငံများ၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်လို နိုင်ငံမျိုးတွေ မှာ သွားပြောကြည့်ပါ။ သူ့အရပ်နှင့် သူ့ဇာတ်သာဖြစ်ပါသည်။

ဆရာကျော်ဝင်းကတော့ လက်ဝဲသွေဖည်ရေး မှောက်ထိုး လဲပါက ပြန်ထရန် မလွယ်ကူကြောင်း ပညာရှိဆန်ဆန် ထောက်ပြပါသည်။ ကျွန်တော်ကတော့ စစ်သားလူထွက်ဖြစ်၍ လိုရင်းတိုရှင်းသာ ပြောလိုက်ရပါသည်။ ကျွန်တော့်ကို လူမျိုးကြီး ဝါဒသမား ဘာညာနှင့် စကားလုံးကြီးများသုံး၍ တိုက်ခိုက်နိုင်ပါသည်။

ပကတိ အခြေအနေမှန်ကို သဘောမပေါက်ဘဲ မကြံကောင်းမစီရာ ကြံစီရန်တွေးတောနေသူများ၊ အားထုတ်မည့် သူများ အတွက် တိုင်းပြည်အကျိုး၊ ထိုသူများ၏ အကျိုးကို ရည်စူး၍ ကောင်းမြတ်သည့် မနောအတိဖြင့် သတိပေး ရေးသားရခြင်းဖြစ်ပါသည်။

ကွင်းပြင်တစ်ခုလုံး ပိုက်စိတ်တိုက် မိုင်းအပြည့်ခင်းထားရာမှ လူသွားလမ်းဖေါက်၍ မိုင်းရှင်းပေးထားသည်ကို ထိုလမ်းအတိုင်း မလိုက်နိုင်၍ မိုင်းကွင်းသို့ ဆင်းမည်ဆိုပါက မိမိတို့သဘောရှိတော်မူသည့်အတိုင်းသာ ဆောင်ရွက် ကြပါကုန်။

အရေးအခင်းပြီးကာစ KNU စခန်းကို ရောက်ခဲ့ဖူးသည့် ကရင်အမျိုးသား မိတ်ဆွေတစ်ယောက်က ပြောဖူးသည်။

"ကျွန်တော် တောထဲရောက်တော့ မန်းဘဇံသားကပြောဖူးတယ်ဗျ။ ဒီခွေးမသားတွေကွာ (မြန်မာ့တပ်မတော်ကို ဆိုလိုသည်။) ဒီလောက်ကွဲဖို့ ကောင်းတဲ့ အချိန်မှာ မကွဲကြဘူး။ ဒီအချိန်ဟာ တကယ့်အချိန်ကောင်းကွ။ ဒီအချိန်မှာ မကွဲရင် နောင်ကွဲဖို့ဆိုတာ မလွယ်ဘူး။ ဒီကောင်တွေ ဘယ်လိုများ အုပ်ချုပ်ထားလဲ မသိဘူး။ ဟေ့ကောင် မင်းသိလား…ဗမာစစ်တပ်ဆိုတာ ဂျပန်ဆီက စစ်ပညာသွားသင်ပြီးတည်ထောင်လာခဲ့တဲ့ စစ်တပ်ကွ။ အခုဂျပန် စစ်တပ်တောင် အမိန့်နာခံမှုနဲ့ ပတ်သက်ရင် ဒီကောင်တွေဆီမှာ သင်တန်းလာပြန်တက်ရမလို ဖြစ်နေတယ်။ ရှီးမှပဲ..။"ပါတဲ့ ခင်ဗျား။

မြန်မာ့တပ်မတော်နဲ့ နှစ်ပေါင်းများစွာကြာအောင် စစ်တိုက်လာတဲ့ တစ်ချိန်က ရန်သူ့တပ်က အကြီးအကဲ တစ်ယောက်ရဲ့ စကားပါ။

မြန်မာပြည်မှာ နိုင်ငံရေးလုပ်မယ်ဆိုရင် မြန်မာ့တပ်မတော်အကြောင်း ထဲထဲဝင်ဝင်သိနားလည်အောင်ကြိုးစားပါ။

ပကတိ အခြေအနေနဲ့ကိုက်ညီပြီး စိတ်ရင်းစေတနာမှန်နဲ့ တပ်မတော်နဲ့ လက်တွဲနိုင်အောင်ကြိုးစားပါ။

ဒီလိုမှ မဟုတ်ရင်တော့ အပေါ်က အချက် ၁၀ ချက်ကို ဖတ်ကြည့်လိုက်ပါဦး ခင်ဗျား..။

နိုင်ငံရေးသမားမဟုတ်လို့ အပြောဆိုးတယ်ထင်ရင်လည်း ခွင့်လွှတ်နားလည်ပေးစေလိုကြောင်း

……………
=============================================


ရဲကျော်သူရ

ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၆)

$
0
0

Photo: ကိုရီးယာကျွန်းဆွယ်မှ US Marine များ (အပိုင်း ၆)   အထက်ပါအကြောင်းအရာများမှာ ဒုတိယကမ္ဘာစစ်အတွင်းက အရှေ့ဖျား တိုက်ပွဲ များတွင် အဆုံးအဖြတ် တိုက်ပွဲကြီးများဆင်နွှဲပြီး မိမိတို့စွမ်းရည်ကို  ကမ္ဘာသိအောင်ပြသခဲ့ကြသော US Marine များ၏ ကိုရီးယားစစ်ပွဲတွင် ပါဝင် ဆင်နွှဲကြပုံတချို့ကို မီးမောင်းထိုးပြထားခြင်းဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အင်အား ၄၈၅,၀၀၀ မှ ၇၇,၀၀၀ ထိ လျော့ချခြင်းခံခဲ့ရပီး ဒုတိယကမ္ဘာစစ် အတွင်းကျဆုံးသူ ဦးရေထက်ပင် ၁၀,၀၀၀ ခန့်နဲသည့် အင်အားဖြင့် ၁၉၅၀ခုနှစ် ကိုရီးယားကျွန်းဆွယ်အရေးတွင် ပါဝင်စွက်ဖက်ခဲ့ရပုံများ ကိုတင်ပြထားခြင်းဖြစ်ပေသည်။  ၁၉၅၀ ခုနှစ် ဂျွန်လ ၂၅ ရက်နေ့တွင် မြောက်ကိုရီးယားကွန်မြူနစ်တပ်များမှာ ရုရှားလုပ် တင့်ကားများအား ရှေ့တင်လျက် ၃၈ မျဉ်းပြိုင် အားဖြတ်ကျော် ကာ တောင်ကိုရီးယားနယ်မြေအတွင်းကျူးကျော် ချီတက်လာကြတော့ သည်။ ဒီတကြိမ်မတော့ အမေရိကန်မရင်းများအနေနှင့် ကုလသမဂ္ဂအလံတော်အောက်မှ တိုက်ခိုက်ကြရခြင်းဖြစ် သည်။ တောင်ကိုရီးယားတပ်မတော်မှာ ရုရှားတို့လေ့ကျင့်ပေးထားသော မြောက်ကိုရီးယားတပ်များ အတွက် ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့် ဂျပန်အခြေစိုက် ဗိုလ်ချုပ်ကြီး မက်အာသာ ဦးဆောင်သော ကုလသမဂ္ဂတပ်များ အနေဖြင့် အမေရိကန်မရင်းများအား တောင်ကိုရီးယားသို့ အမြန်ပို့ဆောင်ရပေတော့သည်။သူတို့ အနီကောင် များကိုတဘက်မှ ခုခံတွန်းလှန်နေချိန်တွင် အခြား ကြည်းတပ် တပ်ဖွဲ့များကလည်း တောင်ကိုရီးယား၏အသက် သွေးကြောတစ်ခုဖြစ်သည့် ပူဆန် သဘောင်္ဆိပ်မြို့အားကာကွယ်ထားရသည်။ ၃ လ ၄ လ ခန့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ ကြပြီးနောက် ၁၉၅၀ နိုဝင်ဘာလတွင် မြောက်ကိုရီးယား နယ်မြေအတွင်းသို့ချိမ်းခြောက်နိုင်သော အနေအထား ကုလ တပ်များရရှိလာသည်။ ထိုအခြေအနေတွင် အထက်ဖေါ်ပြပါ ဗိုလ် ဂျွန်ယန်ဆီ တို့၏ Hill 689 တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။    ပွိုင့် ၆၈၉ တိုက်ပွဲတွင် တပ်စု အင်အား ၃၂ ယောက် မှ ၆ ယောက်သာ ကျန်ရစ်သော်လည်း များမကြာမှီ မှာပင် အင်အားပြန်လည်ဖြည့်တင်း ၍ မြောက်ကိုရီးယားနယ်မြေ အတွင်းသို့ အခြားစစ်ကြောင်းများနှင့် အတူ ချီတက်ဝင်ရောက်လာနေကြရပြန်ပါသည်။ နေ့ရက်များစွာ မနားမနေခြေလျင် ချီတက်လာကြရသဖြင့် ယန်ဆီနှင့် ရဲဘော်များ စိတ်ဓါတ်ကျဆင်းလာကြသည်။ ရိက္ခာ နှင့် သောက်ရေများမှာလဲ အေးခဲကုန်သည်။ စစ်သည်များစွာမှာ နှင်းကိုက်ခြင်းဒဏ်ကိုအလူးအလဲ ခံစားကြရသည်။ ညနေတိုင်း စစ်ကြောင်းကြီး ရပ်နားလျှင် အေးခဲမာကြောနေ သော မြေကြီးအား တယာက်ဝပ်ပစ်ကျင်းများတူး၍ ရန်သူတို့၏ ရှောင်တခင် ၀င်ရောက် စီးနင်းခြင်းအန္တရယ်မှ ကာကွယ်ရန် ယာယီခံစစ်ပြင်ဆင်ရခြင်းမှာလဲ ဒုက္ခ တခုပေဘဲ။ .. အရပ်သားများနှင့်တွေ၍ရန်သူသတင်းမေးမြန်းမိ လျှင် “ အများကြီးဘဲ … အများကြီးဘဲ … ၅၀၀၀၀ လောက်ရှိမယ် …”  ဟုသာ ဖြေလေ့ရှိကြသည်။   အမှတ်(၇)တပ်ရင်း ရေလှောင်ကန် တခု၏ ကမ်းပါးပေါ်ရှိ ယူဒမ်နိ အမည်ရှိသောရွာတရွာအရောက် တပ်ခွဲ(၅) အား နေရာယူခံစစ်ပြင်ခိုင်းတော့သည်။ လမ်းမတလျှောက်မှာလဲ တင့်ကားများ၊ ကုန်တင်ကားများ၊ အမြှောက်ကြီးများ၊ စစ်သည်များဖြင့် ပြည့်ကြပ်နေပြီး ကျဉ်းမြောင်းသော တောင်ရိုးကုန်းတန်းတလျှောက် မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိနေပေသည်။ ယန်ဆီ မြေပုံကိုကြည့်လိုက်တော့ .. အော် .. ပွိုင့် ၁၂၈၂ ဆိုပါလား .. မြေအနေအထားမှာ ရာသီချုံပုတ်ငယ် တို့၏သစ်ကိုင်းအစအန များအား ၆ လက္မခန့် နှင်းထု ဖုံးအုပ် ထားပြီး ကြည့်လေရာတွင် မြေကြီးကိုပင် မမြင်ရတော့ပေ။ ကုန်းထိပ်သို့ ပေါင် ၆၀ မှ ၇၀ ခန့်ထိ အလေးချိန်ရှိ သော ကျောပိုးအိတ် များအားသယ်ဆောင်၍ ရွာတွင်း၌တွေ့ရသော တရုတ် တူရွင်းငန်းပြားများ၊ ပေါက်ချွန်းများ ကိုပါ ယူငင်ကာ ယန်ဆီ၏ တပ်စု တရွေ့ ရွေ့ တက်လာကြပေတော့သည်။ ယန်ဆီ ၏တပ်စုမှာ တောင်ရိုးတန်း ၏ မြောက်ဘက် ကိုမျက်နှာမူ၍ ဆင်ခြေလျော တောင်နှာမောင်းစွယ်များအား တူရူပြု ခံစစ်ယူရပေမည်။ ရန်သူတိုက် စစ်ဆင်ချဉ်းကပ်ရန်အကောင်းဆုံးမြေအနေအထားပေတကား ။ တောင်နှာမောင်းစွယ် တခုမှာ ပွိုင့် ၁၂၈၂ သို့ တိုက်ရိုက် တက်ရောက်ရန်  အဆင်သင့်လိုဖြစ်နေပေသည်။   ဤနေရာတွင်မတော့ စက်သေနတ်တလက် အားပုံသေပစ်ကြောင်းဆင် ထားရပေလိမ့်မည်။ ဘယ်သူ့ ကိုထားရကောင်းမလဲ .. မောင်မင်းကြီးသား ဂလောက်ဂေါ် ပေဘဲပေါ့ .. ပွိုင့် ၆၉၈ တွင် တပ်စု(၂) အားကယ်တင် ခဲ့သူလူစွမ်းကောင်းကြီးဘဲပေါ့ ။ ထိုနေရာပတ်ဝန်းကျင်တွင် တိုက်မိုင်း (Trip Flare) များအားလဲ ဆင်ထားလိုက် သည်။ သို့မှ ရန်သူချဉ်းကပ်လာပါက အလွယ်သိနိုင်ပေမည်။ တပ်စု မှ ကျန်အင်အားများအား အခြား ရန်သူ့ ချဉ်းကပ်လမ်းများတွင်တပ်ဖြန့်လျက် နေရာယူခိုင်းထားလိုက်သည်။    ဆက်ရန် ttkots73
အထက်ပါအကြောင်းအရာများမှာ ဒုတိယကမ္ဘာစစ်အတွင်းက အရှေ့ဖျား တိုက်ပွဲ များတွင် အဆုံးအဖြတ် တိုက်ပွဲကြီးများဆင်နွှဲပြီး မိမိတို့စွမ်းရည်ကို ကမ္ဘာသိအောင်ပြသခဲ့ကြသော US Marine များ၏ ကိုရီးယားစစ်ပွဲတွင်
ပါဝင် ဆင်နွှဲကြပုံတချို့ကို မီးမောင်းထိုးပြထားခြင်းဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အင်အား ၄၈၅,၀၀၀ မှ ၇၇,၀၀၀ ထိ လျော့ချခြင်းခံခဲ့ရပီး ဒုတိယကမ္ဘာစစ် အတွင်းကျဆုံးသူ ဦးရေထက်ပင် ၁၀,၀၀၀ ခန့်နဲသည့် အင်အားဖြင့် ၁၉၅၀ခုနှစ် ကိုရီးယားကျွန်းဆွယ်အရေးတွင် ပါဝင်စွက်ဖက်ခဲ့ရပုံများ ကိုတင်ပြထားခြင်းဖြစ်ပေသည်။


၁၉၅၀ ခုနှစ် ဂျွန်လ ၂၅ ရက်နေ့တွင် မြောက်ကိုရီးယားကွန်မြူနစ်တပ်များမှာ ရုရှားလုပ် တင့်ကားများအား ရှေ့တင်လျက် ၃၈ မျဉ်းပြိုင် အားဖြတ်ကျော် ကာ တောင်ကိုရီးယားနယ်မြေအတွင်းကျူးကျော် ချီတက်လာကြတော့ သည်။ ဒီတကြိမ်မတော့ အမေရိကန်မရင်းများအနေနှင့် ကုလသမဂ္ဂအလံတော်အောက်မှ တိုက်ခိုက်ကြရခြင်းဖြစ် သည်။ တောင်ကိုရီးယားတပ်မတော်မှာ ရုရှားတို့လေ့ကျင့်ပေးထားသော မြောက်ကိုရီးယားတပ်များ အတွက် ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့် ဂျပန်အခြေစိုက် ဗိုလ်ချုပ်ကြီး မက်အာသာ ဦးဆောင်သော ကုလသမဂ္ဂတပ်များ အနေဖြင့် အမေရိကန်မရင်းများအား တောင်ကိုရီးယားသို့ အမြန်ပို့ဆောင်ရပေတော့သည်။

သူတို့ အနီကောင် များကိုတဘက်မှ ခုခံတွန်းလှန်နေချိန်တွင် အခြား ကြည်းတပ် တပ်ဖွဲ့များကလည်း တောင်ကိုရီးယား၏အသက် သွေးကြောတစ်ခုဖြစ်သည့် ပူဆန် သဘောင်္ဆိပ်မြို့အားကာကွယ်ထားရသည်။ 

၃ လ ၄ လ ခန့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ ကြပြီးနောက် ၁၉၅၀ နိုဝင်ဘာလတွင် မြောက်ကိုရီးယား နယ်မြေအတွင်းသို့ချိမ်းခြောက်နိုင်သော အနေအထား ကုလ တပ်များရရှိလာသည်။ ထိုအခြေအနေတွင် အထက်ဖေါ်ပြပါ ဗိုလ် ဂျွန်ယန်ဆီ တို့၏ Hill 689 တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။


ပွိုင့် ၆၈၉ တိုက်ပွဲတွင် တပ်စု အင်အား ၃၂ ယောက် မှ ၆ ယောက်သာ ကျန်ရစ်သော်လည်း များမကြာမှီ မှာပင် အင်အားပြန်လည်ဖြည့်တင်း ၍ မြောက်ကိုရီးယားနယ်မြေ အတွင်းသို့ အခြားစစ်ကြောင်းများနှင့် အတူ ချီတက်ဝင်ရောက်လာနေကြရပြန်ပါသည်။ နေ့ရက်များစွာ မနားမနေခြေလျင် ချီတက်လာကြရသဖြင့် ယန်ဆီနှင့် ရဲဘော်များ စိတ်ဓါတ်ကျဆင်းလာကြသည်။ ရိက္ခာ နှင့် သောက်ရေများမှာလဲ အေးခဲကုန်သည်။ စစ်သည်များစွာမှာ နှင်းကိုက်ခြင်းဒဏ်ကိုအလူးအလဲ ခံစားကြရသည်။ ညနေတိုင်း စစ်ကြောင်းကြီး ရပ်နားလျှင် အေးခဲမာကြောနေ သော မြေကြီးအား တယာက်ဝပ်ပစ်ကျင်းများတူး၍ ရန်သူတို့၏ ရှောင်တခင် ၀င်ရောက် စီးနင်းခြင်းအန္တရယ်မှ ကာကွယ်ရန် ယာယီခံစစ်ပြင်ဆင်ရခြင်းမှာလဲ ဒုက္ခ တခုပေဘဲ။ .. အရပ်သားများနှင့်တွေ၍ရန်သူသတင်းမေးမြန်းမိ လျှင် “ အများကြီးဘဲ … အများကြီးဘဲ … ၅၀၀၀၀ လောက်ရှိမယ် …” ဟုသာ ဖြေလေ့ရှိကြသည်။


အမှတ်(၇)တပ်ရင်း ရေလှောင်ကန် တခု၏ ကမ်းပါးပေါ်ရှိ ယူဒမ်နိ အမည်ရှိသောရွာတရွာအရောက် တပ်ခွဲ(၅) အား နေရာယူခံစစ်ပြင်ခိုင်းတော့သည်။ လမ်းမတလျှောက်မှာလဲ တင့်ကားများ၊ ကုန်တင်ကားများ၊ အမြှောက်ကြီးများ၊ စစ်သည်များဖြင့် ပြည့်ကြပ်နေပြီး ကျဉ်းမြောင်းသော တောင်ရိုးကုန်းတန်းတလျှောက် မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိနေပေသည်။ ယန်ဆီ မြေပုံကိုကြည့်လိုက်တော့ .. အော် .. ပွိုင့် ၁၂၈၂ ဆိုပါလား .. မြေအနေအထားမှာ ရာသီချုံပုတ်ငယ် တို့၏သစ်ကိုင်းအစအန များအား ၆ လက္မခန့် နှင်းထု ဖုံးအုပ် ထားပြီး ကြည့်လေရာတွင် မြေကြီးကိုပင် မမြင်ရတော့ပေ။ 

ကုန်းထိပ်သို့ ပေါင် ၆၀ မှ ၇၀ ခန့်ထိ အလေးချိန်ရှိ သော ကျောပိုးအိတ် များအားသယ်ဆောင်၍ ရွာတွင်း၌တွေ့ရသော တရုတ် တူရွင်းငန်းပြားများ၊ ပေါက်ချွန်းများ ကိုပါ ယူငင်ကာ ယန်ဆီ၏ တပ်စု တရွေ့ ရွေ့ တက်လာကြပေတော့သည်။ ယန်ဆီ ၏တပ်စုမှာ တောင်ရိုးတန်း ၏ မြောက်ဘက် ကိုမျက်နှာမူ၍ ဆင်ခြေလျော တောင်နှာမောင်းစွယ်များအား တူရူပြု ခံစစ်ယူရပေမည်။ ရန်သူတိုက် စစ်ဆင်ချဉ်းကပ်ရန်အကောင်းဆုံးမြေအနေအထားပေတကား ။ တောင်နှာမောင်းစွယ် တခုမှာ ပွိုင့် ၁၂၈၂ သို့ တိုက်ရိုက် တက်ရောက်ရန် အဆင်သင့်လိုဖြစ်နေပေသည်။


ဤနေရာတွင်မတော့ စက်သေနတ်တလက် အားပုံသေပစ်ကြောင်းဆင် ထားရပေလိမ့်မည်။ ဘယ်သူ့ ကိုထားရကောင်းမလဲ .. မောင်မင်းကြီးသား ဂလောက်ဂေါ် ပေဘဲပေါ့ .. ပွိုင့် ၆၉၈ တွင် တပ်စု(၂) အားကယ်တင် ခဲ့သူလူစွမ်းကောင်းကြီးဘဲပေါ့ ။ ထိုနေရာပတ်ဝန်းကျင်တွင် တိုက်မိုင်း (Trip Flare) များအားလဲ ဆင်ထားလိုက် သည်။ သို့မှ ရန်သူချဉ်းကပ်လာပါက အလွယ်သိနိုင်ပေမည်။ တပ်စု မှ ကျန်အင်အားများအား အခြား ရန်သူ့ ချဉ်းကပ်လမ်းများတွင်တပ်ဖြန့်လျက် နေရာယူခိုင်းထားလိုက်သည်။

ဆက်ရန်

 ttkots73— 

တွေးမိတာလေးတစ်ခုပါ

$
0
0
Photo: တွေးမိတာလေးတစ်ခုပါ ***********************  ညီအကိုလည်းတော်တယ် သူငယ်ချင်းလည်း သူငယ်ချင်းပါ။ အူဝဲ ကတည်းက ဆိုပါစို့။ သူငယ်ချင်းတစ်ယောက် စင်္ကာပူမှာ အလုပ်သွားလုပ်နေပါတယ်။ ဒီနေ့ ညနေဘက် သူနဲ့ ဖုန်းပြောရတော့ စကားစပ်ရင်း မေးမိပါတယ်။   မင်း လစာ ဘယ်လောက်ရလဲ။ ၂၅၀၀ လောက် စင်္ကာပူငွေ မြန်မာ ငွေ ဆို ၁၇ သိန်း ၁၈ သိန်း လောက်ရှိမလား မသိဘူး။  သူရတာ။  သူ ပြောပြတယ်။ ပင်ပန်းတယ် တဲ့  ဟုတ်မှာပေါ့။ ဒီငွေ ပမာဏ လောက်ရနေတာကို။ တမျိုးလေးတွေးရင် တန်အောင်ခိုင်းမှာပေါ့။  လွန်ခဲ့သော ၉ နှစ် စတင်အလုပ်ဝင်ပါတယ်။ ဝန်ထမ်း ဘဝ ပါ။ အပြင်မှာ လက်ဖက်ရည် တခွက် ၁၀၀ ကျပ် ။ လစာ ၄၂၀၀ ထောက်ပံ့ကြေး ၅၀၀၀။ပေါင်း ၉ထောင်ကျော်နဲ့ စလုပ်ခဲ့ပါတယ်။  မိဘ စိတ် ချမ်းသာဖို့။ ကျွန်တော် မိဘတွေ ဝန်ထမ်းဖြစ်စေချင်လို့။ လုပ်နေခဲ့ လုပ်ခဲ့ ခုလဲ လုပ်ဆဲပါ။  ခုလစာ အဆင့်ဆင့် တိုးလို့ သိန်းဂဏန်း ရပါတယ်။ တစ်သိန်းပြောတာ။  နိုင်ငံ ဝန်ထမ်း ဘဝ အချိန်ပဲပြောပါ့မယ်။ ပေးဆပ်မူကို လူထု သိစေချင်တယ်။ လူတွေတော်တော် များများ မေးခွန်းတစ်ခု မေးလေ့ရှိတယ်။ နိုင်ငံဝန်ထမ်းလား? ပြည်သူ့ဝန်ထမ်းလား? အမေးရက်စက် သလောက် ထိမိသောမေးခွန်းလေးပါ။ ပြည်သူတင်မြောက်လို့ အစိုးရဖြစ်တာ။ ပြည်သူ့ရဲ့ အစိုးရဝန်ထမ်းပါ။ ပြည်သူကို ပေးဆပ်သော ဝန်ထမ်းဖြစ်ရမယ်ဆိုတာ အမှန်ပါ။  သို့သော် နိုင်ငံတကာမှာ အစိုးရဝန်ထမ်း လစာဘယ်ရွှေ့ ဘယ်မျှ ရတာမသိဘူး။ မြန်မာ့ ဝန်ထမ်းဘဝ ထဲ ဝင်ကြည့်စေချင်တယ်။ အခြေခံဝန်ထမ်း ဘဝ ကို ဆိုလိုရင်းပါ။ ပရုပ်လုံး လို ပါးနေသောဘဝပါဗျာ။ အဲ ရစ်ကြ ကျစ်ကြ လုပ်စား သူတော့ မပြောလို။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာသော ဒီမိုကရေစီ လမ်းပေါ် လျောက်နေကြပါပြီ။  အောက်ခြေ ဝန်ထမ်းရဲ့ လစာငွေ ကတော့ ဘယ်စနစ်ရောက်ရောက်ပါ။ ကုန်ဈေးနူန်းအလျင်ကို မယှဉ်နိုင်တာ ခေတ်အဆက်ဆက်။ ဝန်ထမ်းကောင်းတစ်ဦးဆိုပါစို့ဗျာ ဘယ်လောက်ကောင်းကောင်း သူ့ဝင်ငွေ လစာငွေ ဟာ သူ့မိသားစုကို မစေ့ငှဘူး မလောက်ပါဘူး။  ပြောပြချင်တာ စပြီ နေရာရ လူကြီး နဲ့ အောက်ခြေ ဝန်ထမ်းကွာဟချက်။  လစာ ငွေကို ကျွန်တော်လို လူမျိုး  ရာထူးမရှိသူမျိုး  ဘယ်လိုသုံးပါသလဲ? မိသားစု စားရေး နေရေး ဝတ်ရေး သုံးရပါတယ်။ လောက်အောင်သုံး မလောက်တာ ကိုယ့်အကြောင်း။  လူကြီးတွေ လစာငွေ ကတော့ အပို ပါ။ လစာနဲ့စားနေကြသူတွေ မဟုတ်။ သွားရင် သွားစရိတ် လာရင် လာစရိတ် စရိတ်ပေါင်းစုံ အပြင် ဂါဂါကြေး တနင့်တပိုး သယ်ဆောင်လို့။  မကောင်းတာလုပ်သူဆို ပိုလို့ ဝင်ငွေပေါပါတယ်။  မင်း အဲလို ပြောတော့ လိုချင်လို့လား မေး ဟုတ်ကဲ့လိုချင်တာပေါ့။  လုပ်သမျှ တန်ကြေးလိုချင်တယ် သွားရင် လောက်ငှသော စရိတ်လိုချင်တယ်။ အလုပ် အချိန်ပို ခေါ်ရင် အချိန်ပိုကြေး လိုချင်တယ်။ တန်ဖိုးမျှ လစာ လိုချင်တယ်။ နောက်ဆုံး ပြန်ပြောနိုင်ခွင့် ပြောရင် ပြောပြနိုင်ခွင့်လိုချင်တယ်။  အဲ သို့သော်   သို့သော်  မလုပ်နိုင်ထွက်တဲ့ ပင်စင်မပါဘူး--  ကဲ  စာဖတ်သူ သူငယ်ချင်းမောင်နမများ ကျွန်တော် စင်္ကာပူ ကို အလုပ် သွားလုပ်တာပဲ ကောင်းမယ်နော်။  ။ ၁၇ သိန်း မရ တောင် ၈ သိန်း ၉ သိန်းဆိုတော်ပါပြီ။
ညီအကိုလည်းတော်တယ်
သူငယ်ချင်းလည်း သူငယ်ချင်းပါ။
အူဝဲ ကတည်းက ဆိုပါစို့။

သူငယ်ချင်းတစ်ယောက် စင်္ကာပူမှာ အလုပ်သွားလုပ်နေပါတယ်။
ဒီနေ့ ညနေဘက် သူနဲ့
ဖုန်းပြောရတော့ စကားစပ်ရင်း
မေးမိပါတယ်။

မင်း လစာ ဘယ်လောက်ရလဲ။
၂၅၀၀ လောက် စင်္ကာပူငွေ
မြန်မာ ငွေ ဆို ၁၇ သိန်း ၁၈ သိန်း လောက်ရှိမလား မသိဘူး။
သူရတာ။

သူ ပြောပြတယ်။
ပင်ပန်းတယ် တဲ့
ဟုတ်မှာပေါ့။
ဒီငွေ ပမာဏ လောက်ရနေတာကို။
တမျိုးလေးတွေးရင် တန်အောင်ခိုင်းမှာပေါ့။

လွန်ခဲ့သော ၉ နှစ် စတင်အလုပ်ဝင်ပါတယ်။
ဝန်ထမ်း ဘဝ ပါ။
အပြင်မှာ လက်ဖက်ရည် တခွက် ၁၀၀ ကျပ် ။ လစာ ၄၂၀၀ ထောက်ပံ့ကြေး ၅၀၀၀။ပေါင်း ၉ထောင်ကျော်နဲ့
စလုပ်ခဲ့ပါတယ်။

မိဘ စိတ် ချမ်းသာဖို့။
ကျွန်တော် မိဘတွေ ဝန်ထမ်းဖြစ်စေချင်လို့။
လုပ်နေခဲ့ လုပ်ခဲ့ ခုလဲ လုပ်ဆဲပါ။

ခုလစာ အဆင့်ဆင့် တိုးလို့
သိန်းဂဏန်း ရပါတယ်။
တစ်သိန်းပြောတာ။

နိုင်ငံ ဝန်ထမ်း ဘဝ အချိန်ပဲပြောပါ့မယ်။
ပေးဆပ်မူကို လူထု သိစေချင်တယ်။
လူတွေတော်တော် များများ
မေးခွန်းတစ်ခု မေးလေ့ရှိတယ်။
နိုင်ငံဝန်ထမ်းလား?
ပြည်သူ့ဝန်ထမ်းလား?
အမေးရက်စက် သလောက်
ထိမိသောမေးခွန်းလေးပါ။
ပြည်သူတင်မြောက်လို့ အစိုးရဖြစ်တာ။
ပြည်သူ့ရဲ့ အစိုးရဝန်ထမ်းပါ။
ပြည်သူကို ပေးဆပ်သော ဝန်ထမ်းဖြစ်ရမယ်ဆိုတာ အမှန်ပါ။

သို့သော်
နိုင်ငံတကာမှာ အစိုးရဝန်ထမ်း လစာဘယ်ရွှေ့ ဘယ်မျှ ရတာမသိဘူး။
မြန်မာ့ ဝန်ထမ်းဘဝ ထဲ
ဝင်ကြည့်စေချင်တယ်။
အခြေခံဝန်ထမ်း ဘဝ ကို
ဆိုလိုရင်းပါ။
ပရုပ်လုံး လို ပါးနေသောဘဝပါဗျာ။
အဲ ရစ်ကြ ကျစ်ကြ လုပ်စား သူတော့ မပြောလို။
မြန်မာနိုင်ငံ
ပွင့်လင်းမြင်သာသော ဒီမိုကရေစီ လမ်းပေါ် လျောက်နေကြပါပြီ။

အောက်ခြေ ဝန်ထမ်းရဲ့
လစာငွေ ကတော့
ဘယ်စနစ်ရောက်ရောက်ပါ။
ကုန်ဈေးနူန်းအလျင်ကို
မယှဉ်နိုင်တာ ခေတ်အဆက်ဆက်။
ဝန်ထမ်းကောင်းတစ်ဦးဆိုပါစို့ဗျာ
ဘယ်လောက်ကောင်းကောင်း
သူ့ဝင်ငွေ လစာငွေ ဟာ
သူ့မိသားစုကို မစေ့ငှဘူး
မလောက်ပါဘူး။

ပြောပြချင်တာ စပြီ
နေရာရ လူကြီး နဲ့
အောက်ခြေ ဝန်ထမ်းကွာဟချက်။

လစာ ငွေကို ကျွန်တော်လို လူမျိုး ရာထူးမရှိသူမျိုး
ဘယ်လိုသုံးပါသလဲ?
မိသားစု စားရေး နေရေး ဝတ်ရေး သုံးရပါတယ်။
လောက်အောင်သုံး
မလောက်တာ ကိုယ့်အကြောင်း။

လူကြီးတွေ လစာငွေ ကတော့
အပို ပါ။
လစာနဲ့စားနေကြသူတွေ မဟုတ်။
သွားရင် သွားစရိတ်
လာရင် လာစရိတ်
စရိတ်ပေါင်းစုံ အပြင်
ဂါဂါကြေး တနင့်တပိုး
သယ်ဆောင်လို့။
မကောင်းတာလုပ်သူဆို
ပိုလို့ ဝင်ငွေပေါပါတယ်။

မင်း အဲလို ပြောတော့ လိုချင်လို့လား မေး
ဟုတ်ကဲ့လိုချင်တာပေါ့။

လုပ်သမျှ တန်ကြေးလိုချင်တယ်
သွားရင် လောက်ငှသော စရိတ်လိုချင်တယ်။
အလုပ် အချိန်ပို ခေါ်ရင် အချိန်ပိုကြေး လိုချင်တယ်။
တန်ဖိုးမျှ လစာ လိုချင်တယ်။
နောက်ဆုံး ပြန်ပြောနိုင်ခွင့်
ပြောရင် ပြောပြနိုင်ခွင့်လိုချင်တယ်။

အဲ
သို့သော် သို့သော်

မလုပ်နိုင်ထွက်တဲ့
ပင်စင်မပါဘူး--

ကဲ
စာဖတ်သူ သူငယ်ချင်းမောင်နမများ
ကျွန်တော် စင်္ကာပူ ကို
အလုပ် သွားလုပ်တာပဲ
ကောင်းမယ်နော်။ ။
၁၇ သိန်း မရ တောင်
၈ သိန်း ၉ သိန်းဆိုတော်ပါပြီ။

By 

သို့ …. နိုင်ငံတော် သမ္မတရုံး

$
0
0
သို့ …. နိုင်ငံတော် သမ္မတရုံး   အကြောင်းအရာ ။ မည်သည့်အတွက်ကြောင့်  နှောင့်နှေးကြန့် ကြာ နေရသည်ကို စိစစ်ဖော်ထုတ်ပေးပါရန် တင်ပြခြင်း ။  ၁။ မောင်တောမြို့ နယ်နေ မဲဆန္ဒရှင် ပြည်သူ ၄၁၃၉ ဦးမှ  ရခိုင်ပြည်နယ် မှ ရွေးကောက်ခံ လွှတ်တော် အမတ် ၅ ဦး သည်  ဖွဲ့ စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၆ က - ၄ အရ  လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း သတ်မှတ်ချက်ဖြင့်  မညီညွတ်သည့် အတွက် စိစစ်အရေးယူပေးပါရန်  ၂၀၁၃ မတ်လ ၁၄ရက်နေ့ နေ့ စွဲပါ စာ ဖြင့် ရေးသားတိုင်ကြားခဲ့ပါသည်။  ၂။ အစိုးရ အဖွဲ့ ရုံး မှ လ၀က ၀န်ကြီးရုံးသို့   ၎င်းကိစ္စ ပြန်လည်စိစစ်ပေးရန် အကြောင်းကြားခဲ့ပြီး ၀န်ကြီးရုံးမှ ၃၀.၇.၂၀၁၃ ရက်စွဲပါ ရုံးစာဖြင့်  လက်အောက်ဌာနများအား ပြန်လည်စိစစ်မှု ပြုလုပ်စေခဲ့ပါသည်။  ၃။ စိစစ်ဖော်ထုတ်ချက်များ အရ… ဦးအောင်မျိုးမင်း (ခ) ဇာဟိန်းဂိရ် ( ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ) ဒေါက်တာ ဘော်ရှီးအာမက် ( ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ) ဦးဌေးဝင်း (ခ) ဇာယာဒ်ရော်မန် ( အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ) ဦးရွှေမောင် (ခ) အဒူရော်ဇာတ် ( ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ) ဦးအောင်ဇော်ဝင်း (ခ) ဇော်ကိရ်အာမက် ( ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် )  တို့ ငါးဦးစလုံး သည်… ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား အက်ဥပဒေ မရေးဆွဲခင်က မွေးဖွားခဲ့သူများ ဖြစ်ပြီး … ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေ ၄(၂) အရ  နိုင်ငံသား အရည်အချင်း ရှိကြောင်း သုံးသပ်နိုင်သော်လည်း  လွှတ်တော် ကိုယ်စားလှယ်များ၏ မိဘနှစ်ပါး တို့ သည်  အထောက်အထားများအရ ... နိုင်ငံသားအရည်အချင်း ရှိသူများ မဟုတ်ကြောင်း စိစစ်တွေ့ ရှိပါသည်။  ၄။ အကယ် ၍ ... မိဘများ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ရှိခဲ့ပါက  လူကိုယ်တိုင်သော်လည်းကောင်း... ဖုန်းဖြင့်သော် လည်းကောင်း ... စာဖြင့်သော် လည်းကောင်း .... ဆက်သွယ် အကြောင်းကြား ပေးပို့ ပေးပါရန်  လ၀က ညွှန်ချုပ်ကိုယ်တိုင် .... စာဖြင့်ရေးသား မေတ္တာရပ်ခံခဲ့သော်လည်း  ဦးအောင်ဇော်ဝင်း တစ်ဦးတည်းသာ  အထောက်အထား စာရွက်စာတမ်းများအား .... ပြည်သူ့ လွှတ်တော်ဥက္ကဌကြီး ထံ တင်ပြထားရှိပါကြောင်း  အကြောင်း ပြန်ကြားခဲ့ပြီး .... ကျန်သူများမှာ လုံးဝဆက်သွယ်ခြင်း မရှိခဲ့ပါ။  ၅။ လ၀က စုံစမ်းစစ်ဆေးမှုများ အားလုံးမှာ  ၂၀၁၃ စက်တင်ဘာလအတွင်းခန့် ကတည်းက ...  ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း နှင့် ... ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ ခ နှင့် ပုဒ်မ ၁၀ စ တို့ အရ  လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆိုင်းနိုင်ရေး  ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြဆောင်ရွက်သွားရန် အကြံပြုထားပြီး  ၎င်း အစီရင်ခံစာအား ယနေ့ အချိန်အထိ .... အစိုးရ အဖွဲ့ ရုံးသို့  တင်ပြရခြင်း မရှိသေးကြောင်း စုံစမ်းသိရှိ ရပါသည် ။  ၆။ သို့ ဖြစ်ပါ ၍ .... မည်သည့်အတွက်ကြောင့် .... လ၀က ၀န်ကြီးရုံးမှ အမှုတွဲ တင်ပြလာခြင်း မရှိသေးကြောင်း နှင့်  မည်သည့် အတွက်ကြောင့် ... အစိုးရ အဖွဲ့ ရုံးမှ Reminder နိုးဆော်စာ မထုတ်ပြန်ရသည်ကို  အလျှင်အမြန် စိစစ် ဖော်ထုတ်ပေးပါရန် ..... လေးစားစွာ တင်ပြ အပ်ပါသည် ။  ( လ၀က စုံစမ်းရေးမှူး ရဲမိုး )
အကြောင်းအရာ ။ မည်သည့်အတွက်ကြောင့်
နှောင့်နှေးကြန့် ကြာ နေရသည်ကို စိစစ်ဖော်ထုတ်ပေးပါရန် တင်ပြခြင်း ။

၁။ မောင်တောမြို့ နယ်နေ မဲဆန္ဒရှင် ပြည်သူ ၄၁၃၉ ဦးမှ
ရခိုင်ပြည်နယ် မှ ရွေးကောက်ခံ လွှတ်တော် အမတ် ၅ ဦး သည်
ဖွဲ့ စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၆ က - ၄ အရ
လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း သတ်မှတ်ချက်ဖြင့်
မညီညွတ်သည့် အတွက် စိစစ်အရေးယူပေးပါရန်
၂၀၁၃ မတ်လ ၁၄ရက်နေ့ နေ့ စွဲပါ စာ ဖြင့် ရေးသားတိုင်ကြားခဲ့ပါသည်။

၂။ အစိုးရ အဖွဲ့ ရုံး မှ လ၀က ၀န်ကြီးရုံးသို့ 
၎င်းကိစ္စ ပြန်လည်စိစစ်ပေးရန် အကြောင်းကြားခဲ့ပြီး
ဝန်ကြီးရုံးမှ ၃၀.၇.၂၀၁၃ ရက်စွဲပါ ရုံးစာဖြင့်
လက်အောက်ဌာနများအား ပြန်လည်စိစစ်မှု ပြုလုပ်စေခဲ့ပါသည်။

၃။ စိစစ်ဖော်ထုတ်ချက်များ အရ…
ဦးအောင်မျိုးမင်း (ခ) ဇာဟိန်းဂိရ် ( ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် )
ဒေါက်တာ ဘော်ရှီးအာမက် ( ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် )
ဦးဌေးဝင်း (ခ) ဇာယာဒ်ရော်မန် ( အမျိုးသား လွှတ်တော်ကိုယ်စားလှယ် )
ဦးရွှေမောင် (ခ) အဒူရော်ဇာတ် ( ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် )
ဦးအောင်ဇော်ဝင်း (ခ) ဇော်ကိရ်အာမက် ( ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် )
တို့ ငါးဦးစလုံး သည်…
၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား အက်ဥပဒေ မရေးဆွဲခင်က မွေးဖွားခဲ့သူများ ဖြစ်ပြီး …
၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေ ၄(၂) အရ
နိုင်ငံသား အရည်အချင်း ရှိကြောင်း သုံးသပ်နိုင်သော်လည်း
လွှတ်တော် ကိုယ်စားလှယ်များ၏ မိဘနှစ်ပါး တို့ သည်
အထောက်အထားများအရ ...
နိုင်ငံသားအရည်အချင်း ရှိသူများ မဟုတ်ကြောင်း စိစစ်တွေ့ ရှိပါသည်။

၎။ အကယ် ၍ ...
မိဘများ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ရှိခဲ့ပါက
လူကိုယ်တိုင်သော်လည်းကောင်း...
ဖုန်းဖြင့်သော် လည်းကောင်း ...
စာဖြင့်သော် လည်းကောင်း ....
ဆက်သွယ် အကြောင်းကြား ပေးပို့ ပေးပါရန်
လ၀က ညွှန်ချုပ်ကိုယ်တိုင် ....
စာဖြင့်ရေးသား မေတ္တာရပ်ခံခဲ့သော်လည်း
ဦးအောင်ဇော်ဝင်း တစ်ဦးတည်းသာ
အထောက်အထား စာရွက်စာတမ်းများအား ....
ပြည်သူ့ လွှတ်တော်ဥက္ကဌကြီး ထံ တင်ပြထားရှိပါကြောင်း
အကြောင်း ပြန်ကြားခဲ့ပြီး ....
ကျန်သူများမှာ လုံးဝဆက်သွယ်ခြင်း မရှိခဲ့ပါ။

၅။ လ၀က စုံစမ်းစစ်ဆေးမှုများ အားလုံးမှာ
၂၀၁၃ စက်တင်ဘာလအတွင်းခန့် ကတည်းက ...
ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း နှင့် ...
ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ ခ နှင့် ပုဒ်မ ၁၀ စ တို့ အရ
လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆိုင်းနိုင်ရေး
ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြဆောင်ရွက်သွားရန် အကြံပြုထားပြီး
၎င်း အစီရင်ခံစာအား ယနေ့ အချိန်အထိ ....
အစိုးရ အဖွဲ့ ရုံးသို့  တင်ပြရခြင်း မရှိသေးကြောင်း စုံစမ်းသိရှိ ရပါသည် ။

၆။ သို့ ဖြစ်ပါ ၍ ....
မည်သည့်အတွက်ကြောင့် ....
လ၀က ၀န်ကြီးရုံးမှ အမှုတွဲ တင်ပြလာခြင်း မရှိသေးကြောင်း နှင့်
မည်သည့် အတွက်ကြောင့် ...
အစိုးရ အဖွဲ့ ရုံးမှ Reminder နိုးဆော်စာ မထုတ်ပြန်ရသည်ကို
အလျှင်အမြန် စိစစ် ဖော်ထုတ်ပေးပါရန် .....
လေးစားစွာ တင်ပြ အပ်ပါသည် ။

( လ၀က စုံစမ်းရေးမှူး ရဲမိုး )

ဧကမူစိတ်ပိုင်ရှင်(သို့မဟုတ်)အမျိုးသားခေါင်းဆောင်ကြီး

$
0
0
Photo: ဧကမူစိတ်ပိုင်ရှင်(သို့မဟုတ်)အမျိုးသားခေါင်းဆောင်ကြီး  အသိစိတ်ထဲမှာ အချိန်ကြာလအားဖြင့် မကြာရှည်သေးဘူး ထင်ရပေမယ့် တစ်ဆယ်ကြိမ်တိုင်တိုင် ရှိခဲ့ပါပြီ။ကျနော်တို့သူငယ်ချင်း အုပ်စုလေး ဖေဖေါ်ဝါရီ(13)ရက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ရောက်တိုင်း ပရဟိတကျောင်းများသို့ စတင်လှူဒါန်းလာခဲ့တာ၂၀၀၅ခုနှစ်ကနေ ၂၀၁၄ခုနှစ်ထိ ရောက်ရှိလာခဲ့ပါပြီ။ ဘာလိုလိုနဲ့ ဆယ်နှစ်ကြီးများတောင် ကြာခဲ့ပ့ါပြီကော။  ကျနော်တို့ feb13အထိမ်းအမှတ်နေ့ စတင်ကျင်းပ လှူဒါန်းခါစက ယခုလို နိုင်ငံရေးကောင်းကင်က မကြည်လင် မဝင်းပသေး။ တိမ်စိုင် တိမ်မည်းတွေနဲ့ အုံ့ဆိုင်း မှောင်ရီနေဆဲ။ ယခုလို လေပြေလေညှင်းများ အေးမြမြ ညင်သာ မတိုက်ခတ်သေး။ အရှိန်အဟုန်ကြမ်းကြမ်း နိုင်ငံရေး မိုးသက်မုန်တိုင်း ကာလများပင် ဖြစ်ပါတယ်။  ကျနော်တို့ ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ်နေ့လေး ကျင်းပရပုံ အကြောင်းကို မရေးခင်မှာ ဗိုလ်ချုပ်ဟာ ဘယ်လိုစိတ်ထားမျိုး ပိုင်ရှင်လဲဆိုတာကို ဆရာကြီး ဒဂုန်တာရာရဲ့ အကဲဖြတ်ချက်နဲ့် စဖွင့်ချင်ပါတယ်။ ဆရာကြီး ဒဂုန်တာရာက ဗိုလ်ချုပ်ရဲ့ထူးခြားချက်က တစ်ခုတည်းသော ရည်ရွယ်ချက်တွင် စိုက်စိုက်မတ်မတ် ထားရှိသောစိတ်ဓာတ်(သို့မဟုတ်)တစ်ခုတည်းသော အာရုံရှိသော ဧကမူစိတ်ပိုင်ရှင်တစ်ဦး ဖြစ်တယ်လို့ သူရဲ့ ဖြတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ စာအုပ်မှာ ဗိုလ်ချုပ်ရဲ့ စိတ်ခံယူချက်အကြောင်းကို ဖွဲ့ဆိုပြထားပါတယ်။အဲဒီဧကမူစိတ် ကြောင့်ပဲ ဗိုလ်ချုပ်ရဲ့ ရုပ်ပုံလွှာဟာ မှုန်ကုပ်ကုပ် ကြောင်စင်းစင်း။ဗိုလ်ချုပ်ရဲ့ တစ်ခုတည်းသော အာရုံရှိသော ဧကမူစိတ်ကတော့ နိုင်ငံလွတ်လပ်ရေးပင် ဖြစ်တယ်လို့ ရေးသားထားပါတယ်။  ဤလို ဤနှယ် ထူးခြားမြင့်မြတ်လှတဲ့ စိတ်ထားပိုင်ရှင် ဤမြေ ဤရေ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သူ ဒီလိုကျေးဇူးကြီးမားလှတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့် မွေးနေ့အထိမ်းအမှတ် ကျေးဇူးတရားအောက်မေ့ပွဲ လေးကို ကျင်းပရသည်မှာ တကယ်တော့ ဘာမှ မဆန်းလှ။ ဆန်းနေသည်က ဗိုလ်ချုပ်ကို အကြောင်းပြုပြီး အာဏာလုယူမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် လုပ်မှာကို စိုးရိမ်ပူပန်နေသူတွေများပင်။ အကျိုးအကြောင်းမဲ့ စိတ္တဇခံစားမူ့များပင်လို့ စွပ်စွဲသမုတ်လိုက်ချင်ပါတယ်။  feb13 အထိမ်းအမှတ်လေး စတင်ကျင်းပဖို့ သန္ဓေတည်ရာ နေရာက ပင်လုံလက်ဘက်ရည်ဆိုင်။ မြောက်ပြန်လေတွေနဲ့ အေးကိုက်နေတဲ့ ၂၀၀၅ဇန်နဝါရီရဲ့ နံနက်ခင်းများပင် ဖြစ်ပါတယ်။် ရေစီးကြောင်းအားကောင်းလာတဲ့ feb14ရဲ့ အရှိန်အဟုန်အောက်မှာ ဗိုလ်ချုပ်မွေးနေ့ feb13မှေးမှိန်သွားမှာ စိုးရိမ်ပူပန်တဲ့ လူရွယ်တစ်စုက စတင်စဉ်းစား အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနှစ်ဗိုလ်ချုပ်မွေးနေ့ကျရင် မိဘမဲ့ ပရဟိတကျောင်းလေးတွေကို အထိမ်းအမှတ် အဖြစ် သွားလှူကြရအောင်ကွာ ဆိုပြီး တစ်ယောက်က အဆိုတင် အားလုံးက ဝိုင်းထောက်ခံခဲ့ကြရာက ပွဲလေး ဖြစ်မြောက် သွားရခြင်းဖြစ်ပါတယ်။ ငွေကြေးအားဖြင့်လည်း များများစားစား မဟုတ်လှပါဘူး။ ဇန်နဝါရီလက စပြီး သူငယ်ချင်းတွေ တစ်ရက် ၂၀၀ကျပ် နေ့စဉ်စုပြီး လှူဒါန်းတာပါ။  ကျေးဇူးရှိသူကို ကျေးဇူးသိတာ မင်္ဂလာတစ်ပါးလို့ ဆိုကြပေမယ့် အစပိုင်းနှစ်များမှာတော့ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် လှူဒါန်းပွဲလေး ကျင်းပတဲ့ ကျနော်တို့အတွက် မထောင်းသာလှ။ ကလေးငယ်တွေရဲ့ လိုအပ်ချက်ကွက်လပ်လေးတွေကို ထိုက်သင့်သလောက် ဖြည့်ပေးနိုင်လို့ ပီတိတွေ ပျော်ရွှင်မူ့တွေနဲ့ တစ်ပြိုင်နက် မျက်စိဒေါက်ထောက်ကြည့်မူ့များ အရောင်ဆိုးချင်သူများနဲ့ စိတ်ညစ်နွမ်း ဖွယ်ရာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။  ဒါပေမယ့် ကျနော်တို့တတွေ feb13 အထိမ်းအမှတ်နေ့ကို ကျင်းပချင်တဲ့စိတ် ကလေးငယ်တွေကို တတ်နိုင်သလောက် ကူညီချင်တဲ့ စိတ် တွေနဲ့ ဖြူဖြူစင်စင်ပဲ ခရီးဆက်ခဲကြပါတယ်။ ၂၀၀၈ ခုနှစ် ၂၀၀၉ခုနှစ်များမှာတော့ ကျနော်တို့ စေတနာ အကျိုးပေးခဲ့ပါပြီ။အရောင်အသွေး အယူအဆမတူပေမယ့် ဗိုလ်ချုပ်ကိုချစ်မြစ်နိုးလေးစား သူတွေ စုမိကြပြီ။ ပထမ အတိုက်အခံ။နောက်ပြည်ခိုင်ပါတီဝင်တစ်ချို့။ကျနော်ပွဲလေးလည်း လှလာခဲ့ပါတယ်။နောက်ဆုံးတပ်မတော် က အရာရှိငယ်တစ်ချို့ပါဝင်လှူဒါန်း မှာ ဗိုလ်ချုပ်ကို ချစ်ခင်မြတ်နိုးသူတွေ အင်အားစု တစ်ခုအဖြစ်ခိုင်ခိုင်မာမာ ထွက်ပေါ်လာပြီး အင်နဲ့အားနဲ့ လှူဒါန်းလာနိုင်ခဲ့ပါတယ်။  ကျနော်တို့feb13အဖွဲ့ လေးဟာ လူအင်အားရော ငွေကြေးအင်အားမှာပါ သေးငယ်လှပေမယ့် တိကျတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ အဲဒီရည်မှန်းချက်ကတော့ အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အမှီပြုပြီး ကျနော်တို့ နိုင်ငံဒီမိုကရေစီရေး နိုင်ငံသူနိုင်ငံသားတွေအတွက် ဒီနေ့ မနက်ဖြန် လတ်တလော ချက်ခြင်းလိုအပ်နေတဲ့ လူမူစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါဆုံး အမျိုးသားပြန်လည်သွေးစည်း ညီညွှတ်ရေးကို ရည်သန်ပါတယ်လို့ ဆိုချင်ပါတယ်ခင်ဗျား။  ကျနော်တစ်ဦးတည်းရဲ့ သဘောထားအမြင်များသာ ဖြစ်ပါတယ်။  မိတ်ဆွေတို့ လူအား အကြံဥာဏ်အား ငွေအား အကူအညီပေးနိုင်ပါကြောင်း

အသိစိတ်ထဲမှာ အချိန်ကြာလအားဖြင့် မကြာရှည်သေးဘူး ထင်ရပေမယ့် တစ်ဆယ်ကြိမ်တိုင်တိုင် ရှိခဲ့ပါပြီ။ကျနော်တို့သူငယ်ချင်း အုပ်စုလေး ဖေဖေါ်ဝါရီ(13)ရက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ရောက်တိုင်း
 ပရဟိတကျောင်းများသို့ စတင်လှူဒါန်းလာခဲ့တာ၂၀၀၅ခုနှစ်ကနေ ၂၀၁၄ခုနှစ်ထိ ရောက်ရှိလာခဲ့ပါပြီ။
ဘာလိုလိုနဲ့ ဆယ်နှစ်ကြီးများတောင် ကြာခဲ့ပ့ါပြီကော။

ကျနော်တို့ feb13အထိမ်းအမှတ်နေ့ စတင်ကျင်းပ လှူဒါန်းခါစက ယခုလို နိုင်ငံရေးကောင်းကင်က မကြည်လင် မဝင်းပသေး။
တိမ်စိုင် တိမ်မည်းတွေနဲ့ အုံ့ဆိုင်း မှောင်ရီနေဆဲ။
ယခုလို လေပြေလေညှင်းများ အေးမြမြ ညင်သာ မတိုက်ခတ်သေး။
အရှိန်အဟုန်ကြမ်းကြမ်း နိုင်ငံရေး မိုးသက်မုန်တိုင်း ကာလများပင် ဖြစ်ပါတယ်။

ကျနော်တို့ ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ်နေ့လေး ကျင်းပရပုံ အကြောင်းကို မရေးခင်မှာ ဗိုလ်ချုပ်ဟာ ဘယ်လိုစိတ်ထားမျိုး ပိုင်ရှင်လဲဆိုတာကို ဆရာကြီး ဒဂုန်တာရာရဲ့ အကဲဖြတ်ချက်နဲ့် စဖွင့်ချင်ပါတယ်။
ဆရာကြီး ဒဂုန်တာရာက ဗိုလ်ချုပ်ရဲ့ထူးခြားချက်က တစ်ခုတည်းသော ရည်ရွယ်ချက်တွင် စိုက်စိုက်မတ်မတ် ထားရှိသောစိတ်ဓာတ်(သို့မဟုတ်)တစ်ခုတည်းသော အာရုံရှိသော ဧကမူစိတ်ပိုင်ရှင်တစ်ဦး ဖြစ်တယ်လို့ သူရဲ့ ဖြတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ စာအုပ်မှာ ဗိုလ်ချုပ်ရဲ့ စိတ်ခံယူချက်အကြောင်းကို ဖွဲ့ဆိုပြထားပါတယ်။အဲဒီဧကမူစိတ် ကြောင့်ပဲ ဗိုလ်ချုပ်ရဲ့ ရုပ်ပုံလွှာဟာ မှုန်ကုပ်ကုပ် ကြောင်စင်းစင်း။ဗိုလ်ချုပ်ရဲ့ တစ်ခုတည်းသော အာရုံရှိသော ဧကမူစိတ်ကတော့ နိုင်ငံလွတ်လပ်ရေးပင် ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဤလို ဤနှယ် ထူးခြားမြင့်မြတ်လှတဲ့ စိတ်ထားပိုင်ရှင် ဤမြေ ဤရေ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သူ ဒီလိုကျေးဇူးကြီးမားလှတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့်
မွေးနေ့အထိမ်းအမှတ် ကျေးဇူးတရားအောက်မေ့ပွဲ လေးကို ကျင်းပရသည်မှာ တကယ်တော့ ဘာမှ မဆန်းလှ။
ဆန်းနေသည်က ဗိုလ်ချုပ်ကို အကြောင်းပြုပြီး အာဏာလုယူမှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် လုပ်မှာကို စိုးရိမ်ပူပန်နေသူတွေများပင်။
အကျိုးအကြောင်းမဲ့ စိတ္တဇခံစားမူ့များပင်လို့ စွပ်စွဲသမုတ်လိုက်ချင်ပါတယ်။

feb13 အထိမ်းအမှတ်လေး စတင်ကျင်းပဖို့ သန္ဓေတည်ရာ နေရာက ပင်လုံလက်ဘက်ရည်ဆိုင်။
မြောက်ပြန်လေတွေနဲ့ အေးကိုက်နေတဲ့ ၂၀၀၅ဇန်နဝါရီရဲ့ နံနက်ခင်းများပင် ဖြစ်ပါတယ်။်
ရေစီးကြောင်းအားကောင်းလာတဲ့ feb14ရဲ့ အရှိန်အဟုန်အောက်မှာ ဗိုလ်ချုပ်မွေးနေ့ feb13မှေးမှိန်သွားမှာ စိုးရိမ်ပူပန်တဲ့ လူရွယ်တစ်စုက စတင်စဉ်းစား အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီနှစ်ဗိုလ်ချုပ်မွေးနေ့ကျရင် မိဘမဲ့ ပရဟိတကျောင်းလေးတွေကို အထိမ်းအမှတ် အဖြစ် သွားလှူကြရအောင်ကွာ ဆိုပြီး တစ်ယောက်က အဆိုတင် အားလုံးက ဝိုင်းထောက်ခံခဲ့ကြရာက ပွဲလေး ဖြစ်မြောက် သွားရခြင်းဖြစ်ပါတယ်။
ငွေကြေးအားဖြင့်လည်း များများစားစား မဟုတ်လှပါဘူး။
ဇန်နဝါရီလက စပြီး သူငယ်ချင်းတွေ တစ်ရက် ၂၀၀ကျပ် နေ့စဉ်စုပြီး လှူဒါန်းတာပါ။

ကျေးဇူးရှိသူကို ကျေးဇူးသိတာ မင်္ဂလာတစ်ပါးလို့ ဆိုကြပေမယ့် အစပိုင်းနှစ်များမှာတော့ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် လှူဒါန်းပွဲလေး ကျင်းပတဲ့ ကျနော်တို့အတွက် မထောင်းသာလှ။
ကလေးငယ်တွေရဲ့ လိုအပ်ချက်ကွက်လပ်လေးတွေကို ထိုက်သင့်သလောက် ဖြည့်ပေးနိုင်လို့ ပီတိတွေ ပျော်ရွှင်မူ့တွေနဲ့ တစ်ပြိုင်နက် မျက်စိဒေါက်ထောက်ကြည့်မူ့များ
အရောင်ဆိုးချင်သူများနဲ့ စိတ်ညစ်နွမ်း ဖွယ်ရာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ကျနော်တို့တတွေ feb13 အထိမ်းအမှတ်နေ့ကို ကျင်းပချင်တဲ့စိတ် ကလေးငယ်တွေကို တတ်နိုင်သလောက် ကူညီချင်တဲ့ စိတ် တွေနဲ့ ဖြူဖြူစင်စင်ပဲ ခရီးဆက်ခဲကြပါတယ်။
၂၀၀၈ ခုနှစ် ၂၀၀၉ခုနှစ်များမှာတော့ ကျနော်တို့ စေတနာ အကျိုးပေးခဲ့ပါပြီ။အရောင်အသွေး အယူအဆမတူပေမယ့် ဗိုလ်ချုပ်ကိုချစ်မြစ်နိုးလေးစား သူတွေ စုမိကြပြီ။
ပထမ အတိုက်အခံ။နောက်ပြည်ခိုင်ပါတီဝင်တစ်ချို့။ကျနော်ပွဲလေးလည်း လှလာခဲ့ပါတယ်။နောက်ဆုံးတပ်မတော် က အရာရှိငယ်တစ်ချို့ပါဝင်လှူဒါန်း မှာ ဗိုလ်ချုပ်ကို ချစ်ခင်မြတ်နိုးသူတွေ အင်အားစု တစ်ခုအဖြစ်ခိုင်ခိုင်မာမာ ထွက်ပေါ်လာပြီး အင်နဲ့အားနဲ့ လှူဒါန်းလာနိုင်ခဲ့ပါတယ်။

ကျနော်တို့feb13အဖွဲ့ လေးဟာ လူအင်အားရော ငွေကြေးအင်အားမှာပါ သေးငယ်လှပေမယ့် တိကျတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။
အဲဒီရည်မှန်းချက်ကတော့ အမျိုးသားခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အမှီပြုပြီး ကျနော်တို့ နိုင်ငံဒီမိုကရေစီရေး
နိုင်ငံသူနိုင်ငံသားတွေအတွက် ဒီနေ့ မနက်ဖြန် လတ်တလော ချက်ခြင်းလိုအပ်နေတဲ့ လူမူစီးပွားဖွံ့ဖြိုးရေးအတွက် အရေးပါဆုံး အမျိုးသားပြန်လည်သွေးစည်း ညီညွှတ်ရေးကို ရည်သန်ပါတယ်လို့ ဆိုချင်ပါတယ်ခင်ဗျား။

ကျနော်တစ်ဦးတည်းရဲ့ သဘောထားအမြင်များသာ ဖြစ်ပါတယ်။

မိတ်ဆွေတို့
လူအား အကြံဥာဏ်အား ငွေအား အကူအညီပေးနိုင်ပါကြောင်း

By  
Naing Soe


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရေယာဉ်တည်ဆောက်ရေး အကြောင်းတစေ့တစောင်း

$
0
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံအား သင်္ဘောဖျက်လုပ်ငန်းများရှိသော နိုင်ငံအဖြစ် လူသိများကြသည်။ ရေကြောင်းလောကကို ဝင်ရောက်လေ့လာကြည့်ပါက ဘင်္ဂလားတို့အား သင်္ဘောဖျက်လုပ်ငန်းများကြောင့် ပိုသိကြသည်။ ဒါဇင်ပေါင်းများစွာသော သက်တမ်းရင့် ကွန်တိန်နာသင်္ဘောများသည် နိုင်ငံ၏ တောင်ပိုင်းကမ်းခြေသို့ သံတိုသံစ ပြုလုပ်ရန် ဦးတည်ခုတ်မောင်းလျက်ရှိသည်။


ယနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သင်္ဘောကျင်းများသည် အသေးစား၊ အလတ်စား သင်္ဘောများတည်ဆောက်၍ ဥရောပဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့သူများ ဖြစ်လာခဲ့ပါပြီ။

၂၀၀၈ ခုနှစ်မှစ၍ ဘင်္ဂလားသင်္ဘောကျင်းများသည် ခရီးသည်တင်ရေယာဉ်များ၊ ကုန်တင်သင်္ဘောများ၊ ပင်လယ်ပြင်ဘက်စုံသုံးရေယာဉ်များစသည့် ဒေါ်လာ သန်း (၅၀၀) ကျော်တန်ဖိုးရှိ ရေယာဉ်အမျိုးမျိုး တည်ဆောက်တင်ပို့ နိုင်ခဲ့သည်။ အဆိုပါရေယာဉ်များအား ဒိန်းမတ်၊ ဂျာမနီနှင့် ဖင်လန်ကဲ့သို့ ဥရောပနိုင်ငံများ အတွက် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပြည်တွင်း သင်္ဘောကျင်းများမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်တို့၏ သင်္ဘောကျင်းများနှင့် နှိုင်းယှဉ်ပါက အလွန်သေးငယ်မည် ဖြစ်သော်လည်း ဘင်္ဂလားစက်မှုလုပ်ငန်းရှင်များက ယင်းတို့၏ သင်္ဘော တည်ဆောက်ရေးလုပ်ငန်းများသည် ပြိုင်ဘက်နိုင်ငံများထက် အားသာချက်များစွာ ရရှိထား၍ ပိုမိုကြီးထွားလာမည်ဟု ပြောဆိုကြပါသည်။

ကျွန်တော်တို့မှာ ကျွမ်းကျင်လုပ်သားတွေ အမြောက်အမြားရှိပြီး တစ်ခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် လုပ်သားဈေးချိုပါတယ်။ ဒါကြောင့်ပဲ ရေဘုံရအနေနဲ့ ရေယာဉ်ပိုင်ရှိင်တွေဟာ ကျွန်တော်တို့ဆီမှာ တည်ဆောက်ပါက တည်ဆောက်ရေးစရိတ် (၁၅%) အနည်းဆုံး သက်သာသွားပါတယ် ဟု စစ်တကောင်းရှိ West Marine သင်္ဘောကျင်း ဦးဆောင်ညွှန်ကြားရေးမှုး ဆကာဝပ်ဟိုစိန် ကပြောပါသည်။

မြို့တော်ဒါကာ နားတွင် အခြေစိုက်သော West Marine သင်္ဘောကျင်းနှင့် အာနဒ္ဒါသင်္ဘောကျင်းတို့သည် ပြည်ပဈေးကွက်အတွက် ရေယာဉ်များတည်ဆောက် ပေးနိုင်သည့် အခြေအနေသို့ရောက်နေသော်လည်း ပြည်ပဝယ်လက်များအတွက် တည်ဆောက်ပေးမည့် လမ်းကြောင်းသို့သာ ဦးတည်ထားသည်။ လက်တလောအားဖြင့် တန်ချိန် တစ်သောင်းရှိသင်္ဘောများအထိ တည်ဆောက်နိုင်ပြီး ပိုမိုကြီးမားသော ရေယာဉ်များ တည်ဆောက်သွားနိုင်အောင် ကြိုးပမ်းလျက်ရှိသည်။

စစ်တကောင်း ကနာပူလီမြစ်ကမ်းပေါ်ရှိ Western Marine သင်္ဘောကျင်းသည် ဥရောပဘောတစ်ပင်လယ်နှင့် North Sea ရေခဲပြင်သွားမည့် ကုန်သင်္ဘောတစ်စီးကို တည်ဆောက်ဆောက်လျက်ရှိသည်။

ဘင်္ဂလားသင်္ဘောကျင်းလုပ်ငန်းများသည် နောက်လာမည့် (၅)နှစ်အတွင်း ဒေါ်လာ (၂) ဘီလီယံ အထက်ပိုမိုရရှိရေး ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။ အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးနိုင်မည်ဟု မျှော်မှန်းထားသည်။

ဘင်္ဂလားဒေ့ရှ်တွင် သင်္ဘောကျင်းပေါင်း (၁၀၀)ကျော်ရှိပြီး အများစုမှာ ပြည်တွင်းလိုအပ်ချက်ကိုသာ ဖြည့်ဆည်းလျက်ရှိသည်။ ကျွမ်းကျင်သူများ အဆိုအရ တိုင်းပြည်၏ ကုန်စည် (၇၀%) နှင့် ရေနံထွက်ကုန် (၉၀%)မှာ ရေယာဉ်ငယ်များ၊ တွန်းသင်္ဘောများဖြင့် ကမ်းရိုးတန်းနှင့် ပြည်တွင်းမြစ်ကြောင်းများမှ ပို့ဆောင်လျက်ရှိသည်။ ပြည်သူ သိန်းပေါင်းများစွာသည် နိုင်ငံတွင်း တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် ကုတို့ရေယာဉ်များ၊ ရေနွေးငွေ့ သင်္ဘောများဖြင့် သွားလာကြရပြီး ယင်းရေယာဉ်များ အားလုံးနီးပါးသည် ပြည်တွင်း၌ တည်ဆောက်ထားခြင်းဖြစ်သည်။

ဘင်္ဂလားပြည်တွင်း စက်မှုအခြေခံကောင်းများနှင့် အနာဂတ်အတွက် ကတိကဝတ်များ ပေးနိုင်လင့်ကစား နိုင်ငံပြင်ပမှ ရိုက်ခတ်မှုများ ရင်ဆိုင်ရဖွယ်ရှိသည်။ လက်တလောဖြစ်ပေါ်နေသော ဥရောပ ငွေကြေးအကျပ်အတည်းသည် ဒေသတွင်း လုပ်ငန်းများအပေါ် ပြင်းထန်သောရိုက်ချက်ဖြစ်သည်။

ကျွန်တော်တို့ သင်္ဘော (၁၇)စီးစာ အမှာစာရထားပါတယ်။ တန်ဖိုးအားဖြင့် ယူရို သန်း (၂၀၀) ကျော်ရှိတယ်။ ဥရောပက အလုပ်အပ်နှံသူတွေဟာ ဘဏ်တွေက ငွေကြေး အထောက်အပံ့ မရတော့ဘူး။ ဒီလိုအခြေအနေတွေမှာ ငွေထပ်စိုက်ထုတ်ဖို့ သူတို့ သတိထားနေတယ်။ အဲ့ဒီဒါဏ်က ကျွန်တော်တို့ပါ လာထိတယ် ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဟိုစိန်က ပြောပါသည်။

သို့သော် ယူရိုဇုန်အကျပ်အတည်း၏ ရိုက်ခတ်မှုအား ကျော်လွှားရန် ပြည်တွင်းသင်္ဘောလိုအပ်ချက် ဈေးကွက်အခြေအနေက မိမိတို့ကို အထောက်အပံ့ ပြုလိမ့်မည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ယုံကြည်ကြပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တစ်နှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (၆%) ရှိလာပြီး ကုန်ချော/ကုန်ကြမ်းများအား စစ်တကောင်းပင်မ ဆိပ်ကမ်းမှ တိုင်းပြည်အတွင်း အခြားဆိပ်ကမ်းများ ဆီသို့ ပို့ဆောင်ရန် ရေယာဉ်ငယ်များနှင့် ကုန်သင်္ဘောများ လိုအပ်ချက် မြင့်တက်လာသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ယင်းတို့၏ ရှေ့မြောက်ပိုင်းဒေသများသို့ ကုန်စည်ပို့ဆောင်ရန် မြို့တော်ဒါကာကို ဖြတ်သန်းခွင့် စေ့စပ်ညှိနှိုင်းလာပါသည်။ အိန္ဒိယနိုင်ငံသည် လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျောက်ရှိ ကွေ့ကောက်သော တောင်ပတ်လမ်းများမှ တဆင့် ပို့ဆောင်နေရပါသည်။

ဘင်္ဂလားအတွင်း ဖြတ်သန်းခွင့် အပြီးသတ် သဘောတူညီမှု ရရှိပြီးပါက အိန္ဒိယကုန်သည်များသည် ကုန်စည်များအား ဈေးချိုချိုဖြင့် ဘင်္ဂလားဒေ့ရှ် မြစ်များအတွင်း ရေယာဉ်များဖြင့် နယ်စပ်အရောက်ပို့ဆောင်ကာ ထိုမှတဆင့် အရှေ့မြောက်ပိုင်း ဒေသအတွင်း ကုန်းလမ်းဖြင့် ပို့ဆောင်သွားနိုင်မည် ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး ပြန်လယ်ကောင်းမွန်လာပါက သင်္ဘောကျင်းလုပ်ငန်းများအတွက် မျှော်လင့်ချက်များ ပြန်လယ်ရရှိလာမည် ဖြစ်ပြီး ကြီးမားသော စီးပွားရေး အခြေခံကောင်းများကို ဖိတ်ခေါ်အသုံးချနိုင်မည် ဖြစ်သည်။ ကျွမ်းကျင်သူများ အဆိုအရ ကမ္ဘာ့ရေကြောင်းသင်္ဘောများ၏ (၅၀%) ကျော်မှာ သက်တမ်း အနှစ် (၂၀) ကျော်ရှိပြီး လဲလှယ်ရန် လိုအပ်လာမည် ဖြစ်သည်။

အရေးအကြီးဆုံးအနေဖြင့် ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှာ အလွန်ကြီးမားသော သင်္ဘောများ၊ အထူးသင်္ဘောများနှင့် နည်းပညာမြင့် သင်္ဘောများကိုသာ တည်ဆောက်ကြပြီး ရေယာဉ်ငယ်များ တည်ဆောက်ရန် စိတ်ဝင်စားကြမည် မဟုတ်ဟု ကျွမ်းကျင်သူများက ဆိုပါသည်။

ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက်အရ အသေးစားနှင့် အလတ်စား သင်္ဘောများ၏ ဈေးကွက်ပမာဏမှာ ဒေါ်လာ ဘီလီယံ (၂၀၀) ခန့် ရှိပါသည်။ အကယ်၍ ဘင်္ဂလားတို့ အနေဖြင့် ဈေးကွက်ဝေစု (၁%) ရရှိပါက တန်ဖိုးအားဖြင့် ဒေါ်လာ (၂) ဘီလီယံရှိမည် ဟု ဘင်္ဂလား စက်မှုတက္ကသိုလ် ရေကြောင်းနှင့် ဗိသုကာ အင်ဂျင်နီယာ ဌာနမှ ဒေါက်တာ ရာဖေးလ်အစ္စလမ်က ပြောပါသည်။

သို့သော် ရေယာဉ်သစ်များတည်ဆောက်ရေး အမှာစာများလက်ခံရရှိရန်၊ ဈေးကွက်စွဲဆောင်မှုရှိရန် တိုင်းပြည်၏ အခြေခံ အဆောက်အဦး လိုအပ်ချက်ကို မြှင့်တင်ရဦးမည်ဟု ထောက်ပြပါသည်။ နောက်တဆင့် အနေဖြင့် ရေယာဉ်တည်ဆောက်ရေး စက်မှုလုပ်ငန်းများအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍ၌ ရင်းနှီးမြုပ်နှံရန် လိုအပ်နေသေးသည်ဟု ထပ်လောင်းပြောကြားပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်ပပို့ကုန်အမယ် အနည်းငယ်သာရှိပြီး အမယ်စုံလင်စွာ တင်ပို့နိုင်ရန် ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။ အဆိုပါရည်မှန်းချက် ပြည့်မှီစေရန် ဘင်္ဂလားတို့၏ ပျိုမြစ်သစ်လွင်သော ရေယာဉ်တည်ဆောက်ရေး စက်မှုကဏ္ဍသည် ပင်မ မဏ္ဍိုင်တစ်ခုအဖြစ် မျှော်လင့်ချက် ရောင်ချည်ထွက်ပေါ် လာတော့မည် ဖြစ်ပေသည်။

မှတ်ချက်။ ကျွန်တော်တို့ ပရိုက်ဘိတ်ဂရုထဲမှ ၂၀၁၂ခု အောက်တိုဘာလတွင် ကျွန်တော် ဘာသာပြန်တင်ပြခဲ့သော ဆောင်းပါးတိုဖြစ်ပါသည်။ အများတကာ ရသတစ်ခုခု ရစိမ့်သောငှာ တင်ပြခြင်းဖြစ်ပါတယ်။

လေးစားစွာဖြင့်
သက်ထွေးအောင်
၁-၂-၂၀၁၄

မီးခိုးရောင်ဇုန် ဝဲလည်အိမ်မက်နှင့် မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း

$
0
0


တစ်ရက်ကို ဒေါ်လာသုံးသိန်းကျော် ကုန်ကျတဲ့ ဘန်ကောက်ရပ်ဆိုင်းရေး ဆန္ဒပြပွဲများ စတင်လိုက်ချိန်မှာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေးဟာ
မီးခိုးရောက်ဇုန်ထဲမှာ ဆုံးဆုံးနစ်မွန်းနေပြီလို့ ပြသလိုက်ခြင်ဲး ဖြစ်ပါတယ်။
ဂိုဏ်းဂဏစွဲကြီးလွန်းပြီး အပြုတ်တိုက်ချင်စိတ် လွန်ကဲခြင်းတွေရဲ့ အကျိုးဆက်ရလာဒ် အဖြစ် ထိုင်းနိုင်ငံရဲ့ စံကိုက်ဒီမိုကရေစီအရေးက ဝေးသထက်ဝေးခဲ့ရပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ စံကိုက်ဒီမိုကရေစီဆိုတာ ဘယ်လို မီးခိုးရောင်ဇုန်ဆိုတာ ဘယ်လိုအခြေအနေကို သတ်မှတ်တာ စတဲ့အဓိပ္ပါယ်တွေကို ဖွင့်ဆို ရှင်းလင်းဖို့ လိုပါလိမ့်မယ်။


လက်ရှိထိုင်းနိုင်ငံ နစ်ဝင်နေတဲ့ မီးခိုးရောင်ဇုန်ဆိုတာ ဒီမိုကရေစီကူးပြောင်းရေး ဆိုင်ရာ ပညာရှင် သောမတ်ကရိုသား စတင်သုံးစွဲ ခဲ့တာ ဖြစ်ပါတယ်။
အာဏာရှင်နိုင်ငံလည်း မဟုတ် ဒီမိုကရေစီကိုလည်း ဦးတည်သွားနေတာမဟုတ်တဲ့ နိုင်ငံတွေကိုဆိုလိုခြင်း ဖြစ်ပါတယ်။

မီခိုးရောင်ဇုန်ထဲမှာ ကျရောက်နေဆဲ ထိုင်းတို့ရဲ့ ပြဿနာကို အသာမေ့ထားပြီး
အိမ်ချင်းကပ်ရက် ၂၀၁၀က အစပြုခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီကူးပြောင်းရေးကို ဆန်းစစ်ကြည့်ရအောင်။
မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း သုံးခါလည်စွန်းစွန်းမှာ ဘယ်လောက်အတိုင်းအတာ ခရီးပေါက်ခဲ့ပြီလဲ။နောက် အလားအလာ ဘယ်လိုရှိမလဲ။

စံတော်ဝင်သတ်မှတ်ချက် (7)ပါး

မြန်မာ့ ဒီမိုကရက်တိုင်ဇေးရှင်းရဲ့ လားရားကို မမှန်းဆခင်မှာ ဒီမိုကရေစီရဲ့စံတွေက ဘာတွေလဲဆိုတာ အဓိပ္ပါယ် ဖွင့်ဖို့ လိုပါလိမ့်မယ်။

ဒီမိုကရေစီ ဂုရုကြီး ရောဘတ်ဒါးလ်က စံကိုက်ဒီမိုကရေစီဟုတ်မဟုတ်ကို သတ်မှတ်ချက် (7)ချက်နဲ့ အကဲဖြတ်ပါတယ်။
သူပြောတဲ့ အချက်တွေက

၁ ရွေးကောက်တင်မြှောက်ခံရ သူတွေ ရှိမယ်။
၂ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။
၃ လူတိုင်းပါဝင် မဲပေးခွင့်ရှိရမယ်။
၎ လူတိုင်းရွေးကောက်တင်မြှောက် ခံပိုင်ခွင့် ရှိတယ်။
၅ လွတ်လွတ်လပ်လပ် ဖော်ပြပြောဆိုနိုင်တယ်။
၆ သတင်းလွတ်လပ်ခွင့်ရှိတယ်။
၇ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်တဲ့ အသင်းအပင်း အဖွဲ့အစည်းတွေ ရှိတယ်။
ဒီစံတော်ဝင် (7)ပါးနဲ့ ချိန်ထိုးကြည့်တဲ့အခါ အမေရိကန်လို နိုင်ငံတောင် စံကိုက်ဖြစ်လာတာ နှစ်ပေါင်းတစ်ရာ မပြည့်သေးဘူးဆိုတာ အံသြဖွယ် တွေ့ရှိရပါတယ်။
ဘာလို့လဲဆိုတော့ အမျိုးသမီးတွေမဲပေးခွင့် 1919မှရှိခဲ့ပြီး လူဖြူလူမည်း ခွဲခြားမူ့ကို တိုက်ဖျက်နိုင်ခဲ့တာ နှစ်ပေါင်း 50ဝန်းကျင်ခဲ့ ရှိသေးလို့ ဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့မီးရူးတိုင်ကြီး အမေရိကန်နိုင်ငံမှာတောင် စံကိုက်ဖြစ်ခဲ့တာ ရာစုနှစ်တစ်ခုစာ မပြည့်ချိန်သေးမှာ မနေ့ တစ်နေ့ကမှ အစပြုခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေး စံချိန်မှီ ဖြစ်ရေးဟာ အချိန်တို နှစ်အနည်းငယ်အတွင်း ဘယ်လိုပဲတွက်ချက်ကြည့်ကြည့် ဖြစ်နိုင်ချေ မရှိသေးတာကို လက်ခံဖို့ လိုပါလိမ့်မယ်။
ဒီမိုကရေစီရေးမှာ သူများထက် ခြေလှမ်းပေါင်းများစွာ နောက်ကျနေလို့ သူတလှမ်း ကိုယ်ဆယ်လှမ်း လျှောက်လှမ်းလို့ မရဘူးဆိုတာ သတိထားမိရပါ့မယ်။

PEOPLE POWER အလုပ်ဖြစ်မလား

ဒီမိုကရေစီမှာ လူထု ဆန္ဒက အသက်သွေးကြောဆိုပေမယ့် စံကိုက်ဒီမိုကရေစီ ရရှိဖို့ ကြိုးစားရာမှာ အခက်အခဲ အကန့်အသတ်တွေ မြောက်များစွာ ရှိပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် အနေနဲ့ အခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်ပြီး စံကိုက်ဒီမိုကရေစီကို ကူးပြောင်းဖို့ လူထုဟောပြောပွဲတွေ မြေပြန့်တောင်တန်းဒေသတွေမှာ ဆက်တိုက်ကျင်းပပြီး PEOPLE POWERနဲ့ အရှိန်မြှင့်ကြိုးပမ်း လာတာကို ခပ်စိတ်စိတ်တွေ့လာရပါတယ်။
ုဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ အရေး ကြိုးပမ်းမူ့အပေါ် အသိအမှတ်ပြု လက်ခံပေမယ့် ပညာရှင်တွေက ရေခံမြေခံ 5ရပ် မရှိရင် လူထုလှုပ်ရှားမူ့တွေကနေ ပန်းတိုင်ကို ရောက်အောင် သွားနိုင်ဖို့ ခက်ခဲတယ်လို့ ဆိုကြပါတယ်။
လူထုလှုပ်ရှားမူ့ အောင်မြင်မူ့နဲ့ အပြန်အလှန်ဆက်စပ် မှီခိုနေတဲ့ ရေခံမြေခံတွေက
အရပ်ဘက် အဖွဲ့အစည်း အားကောင်ခြင်း

ကိုယ့် သဘောကို ဆောင်တဲ့နိုင်ငံရေး လောကရှိခြင်း

တရားဥပဒေစိုးမိုးမူ့ ရှိခြင်း

ဒီမိုကရေစီအတွက် အရံသင့်အသုံးပြုနိုင်တဲ့ ပြည်သူ့ဝန်ထမ်းစနစ်ရှိခြင်း

စီးပွားရေးအဖွဲ့အစည်းတွေ အားကောင်းမူ့ ရှိခြင်းတို့ ဖြစ်ပါတယ်။

ရေနစ်ရာ ဝါးကူထိုး ပေးထားချက်များ

လူထုလှုပ်ရှားမူ့နဲ့ ဒီမိုကရေစီ ကူးပြောင်းမူ့ အဆက်အစပ် ရေခံမြေခံ အားနည်းရတဲ့ အထဲ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ပေးထားချက်မှာလည်း ကမ္ဘာအရှည်ကြာဆုံး ပြည်တွင်းစစ် ဆင်းရဲနွမ်းပါးမူ့ ဒီမိုကရေစီမဟုတ်တဲ့ အင်အားကြီးနိုင်ငံနဲ့ နီးနီးကပ်ကပ်ရှိနေပြီး ဆိုးဝါးချို့တဲ့လှပါတယ်။
အခုဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေဆိုတာလည်း အင်စတီးကျူးရှင်းကမေွးဖွားလာတာ မဟုတ်ပဲ actor politicsလို့ခေါ်တဲ့ ဇတ်ဆောင်တွေက တဆင့် စီးဆင်းလာဖြစ်ပါတယ်။
မြွေပူရာကင်းမှောင့်ဆို သလို မြန်မာနိုင်ငံရေး ဦးဆောင်နေသူတွေဟာလည်း system ပြောင်းသွားရေးထက် powerအတွက် အာရုံကျနေခြင်းက ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ဆိုးဝါးလှတဲ့ ထိုးနှက်ချက်တွေ ဖြစ်ပါတယ်။

သောမတ်ကရိုးသားရဲ့ စကားကြီးသုံးခွန်း

ဒီမိုကရေစီအောင်မြင်စွာ ကူးပြောင်းရေးအတွက် ပေးထားချက် မှာရော ဇာတ်ဆောင်တွေကြားမှာပါ အားနည်းမူ့တွေ နဲ့ လှိုင်းထန်လေထန် ခရီးနှင်နေရတဲ့ မြန်မာ့ ဒီမိုကရေစီရေးအတွက် သောမတ်ကရိုးသားရဲ့ စကားကြီးသုံးခွန်းက အိပ်ဆောင်ဂါထာတွေ ဖြစ်လာနိုင်ပါတယ်။
ပထမဂါထာက အတိုက်အခံတွေ စည်လုံးညီညွတ်ရေး ဖြစ်ပြီး ဒုတိယဂါထာက အရင် အခွင့်ထူးရ အာဏာရ ပုဂ္ဂိုလ်တွေ နိုင်ငံရေးဘဝသေဆုံးသွားလောက်အောင် ပိတ်ပင်ခြင်း မလုပ်ကြဖို့နဲ့ နောက်ဆုံးဂါထာကတော့ စစ်တပ်ကို နိုင်ငံရေးတချီတည်း ထွက်သွားအောင် ကြိုးစားတာထက် တစ်ဆင့်ချင်း ဆုတ်ခွာဖို့ ကြိုးစားပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ကြပါလို့ အကြံပြုထားပါတယ်။
ဒါပေမယ့် မြန်မာ့ ဒီမိုကရေစီအရေး ကံဆိုးမိုးမှောင်ကျခြင်းလို ဆိုရမလားမသိ။
မြန်မာ့နိုင်ငံရေး ပလေယာအားလုံး ကရိုသားရဲ့ ဂါထာသုံးပုဒ်စလုံးကို ကျန်နေရာတွေမှာသာ ကွဲကွဲပြားပြား ရှိလှပေမယ့် ရှောင်ကြဉ်တဲ့ နေရာမှာတော့ တကါညီလက်ညီ ရွက်ကုန်ဖွင့်နေကြတာကို တွေ့နေရပါတယ်။

နိဂုံး

ဘယ်လိုပဲဖြစ်ဖြစ် လောကနိယာမ တစ်ခု ရှိပါတယ်။
ပေးသလောက် ပဲ ပြန်ရမယ်။
အဲဒီနိယာအရ မြန်မာ့နိုင်ငံရေး ပလေယာတွေ အားစိုက်သလောက် ပေးသလောက်ပဲ မြန်မာ့ဒီမိုကရေစီ အရေး ဟာ ခရီးတွင်မှာပါ။
အဲဒီအတွက် အခုလို တက်ကုန်ရွက်ကုန်ဖွင့်နေကြရင်တော့ မြန်မာဒီမိုကရက်တိုင်ဇေးရှင်းဟာမီးခိုးရောင်ဇုန်ရဲ့ ခေါင်းစဉ်ခွဲ ပရမ်းပတာ ဗဟုဝါဒမှာ လာမယ့်နှစ်အတန်ကြာထိ နစ်မွန်းနေအုံးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ကိုးကား တင်မောင်ဝေ
Debates'on democratization— with Aung Phyo and 2 others.

By 

Naing Soe

"အမွေ "

$
0
0
Photo: " အမွေ " …………………. (၁)  " အမွေ"  အမေသေတော့  အမွေ…အမွေ၊ မက်သူတွေက  ရွှေတစ်စ ငွေတစ်စ၊ ကြေးတစ်စနှင့်  မြေစတောင်မှ မကျန်ရအောင်  ယူကြငင်ကြ၊ လုယက်ကြ…။  အမေသေလည်း  မသေသေးတာ စိတ်ဓာတ်ပါပဲ  ငါမှာ ခုထိ အမွေရှိတယ်  သတ္တိဇွဲတွေ ဒီအမွေကို  ခွဲဝေမယူတော့ဘူးလား။  ။  သြော်.. အမွေ..အမွေ..အမွေ။  ၁၉၉၈ ခုနှစ်၊ ဇူလိုင်လထုတ် ရွှေအောင်လံမဂ္ဂဇင်းမှာပါဝင်သည့် ဆရာ မောင်သာလင်း၏ အမွေကဗျာလေးကို ဖတ်မိရင်း အတွေးတို့က ပျံ့လွှင့်ခဲ့ရပါသည်။ (၂)  ကျွန်တော်တို့ လင်ယားနှစ်ယောက် မင်္ဂလာဦးညက စကားများခဲ့ကြသည်။ ဖြစ်ပုံကတော့ ကျွန်တော့် အမေကို ချွေးမဖြစ်သူ ကျွန်တော့်ဇနီးက အထင်လွှဲပြီးစကားပြောရာမှ ရန်ဖြစ်ကြခြင်းဖြစ်သည်။  ဘေးအိမ်တွေ ကပါရောက်ရှိလာပြီး ဖြန်ဖြေရသည်။  ဤတွင် မိဘဆီမှ ကျွန်တော်အမွေတစ်ခုရခဲ့ပါသည်။  " နင်တို့အစား ငါရှက်ပါတယ်ဟယ်။ ရန်ဖြစ်တာ ဘေးအိမ်တွေသိလောက်အောင် အော်ကြီးဟစ်ကျယ် နဲ့။  နင်တို့သားသမီးတွေရလာရင် ပိုဆိုးမယ်။ အဲဒီကျရင်ဒီလိုရန်ဖြစ်လို့မရဘူး။  သားသမီးတွေစိတ်ထဲမှာ ထိ ခိုက်နာကျင်သွားမယ်။ တို့တွေလည်း ရန်ဖြစ်တာပဲ။  အေးဒါပေမယ့် ဘယ်တော့မှ ဘေးအိမ်တွေမသိဘူး။ သား သမီးတွေရှိတာတောင် သားသမီးတွေ တို့လင်မယားရန်ဖြစ်တာမသိဘူး။  ဘာလို့လဲ ဆိုရင် သားသမီးတွေ မမြင်ကွယ်ရာမှာ တိတ်တဆိတ်ဖြစ်ကြလို့ပဲ။  ပြီးတော့ ကိုယ့်မညီညွတ်တဲ့ အိမ်တွင်းရေးကို သူများတွေမသိ အောင်တိုးတိုးတိတ်တိတ်ပဲဖြစ်တယ်။ အော်ကြီးဟစ်ကျယ်နဲ့ဘယ်တော့မှ စကားများရန်မဖြစ်ကြဘူး။ အဲဒါ နင် တို့တစ်လျှောက်မှတ်ထား "  အမေက ကျွန်တော်တို့ကို ဆုံးမခြင်းဖြစ်သည်။  ဟုတ်သည် ရန်ဖြစ်နေသည့် အဖေအမေကြားတွင် သားသမီးဖြစ်သူတို့ မည်သို့နေမည်နည်း။ ထည့်တွက်သင့်သည်။ ပြီးတော့ ရန်ဖြစ်သည်ကို တိုးတိုးတိတ်တိတ် ဖြစ်သည်တဲ့။  အော်ကြီးဟစ်ကျယ်ဖြစ်မှ ရန်ဖြစ်သည်ဟု အထင်မှတ်ခဲ့ကြသော ကျွန်တော်။  ခုလို တိုးတိုးတိတ် တိတ်ရန်ဖြစ်တတ်ဖို့လိုမည်။  လင်မယားလျှာနှင့်သွားဆိုသလို ရန်တော့ တစ်ကြီမ်တစ်ခါဖြစ်ကြပေမည်။ ထိုဖြစ် ခိုက်တွင် မိမိတို့စိတ်ကို လျှော့ပြီး ဘေးလူမသိအောင်၊ သားသမီးတွေမသိအောင် ရန်ဖြစ်ဖို့၊ ရန်ဖြစ်တတ်ဖို့ စိတ် ဓာတ်အမွေကို ကျွန်တော်ရရှိခဲ့ပါသည်။  ကျွန်တော် ရယူခဲ့သောအမွေတစ်ခုဖြစ်ပါသည်။ (၃)  ကျွန်တော်တို့ခပ်ငယ်ငယ်က ကုဋေရှစ်ဆယ် သူဌေးသား အကြောင်းကို သင်ခဲ့ကြရပါသည်။  မိဘ နှစ်ပါးက ရှစ်ဆယ်သော ကုဋေတွေကို ပေးအပ်ခဲ့ပါသည်။  ဖခင်ဖြစ်သူက " တို့မှာ ဒီသားတစ်ယောက်ပဲရှိတာ၊ အမွေဥစ္စာတွေက ကုဋေရှစ်ဆယ်တောင်ရှိတာ တစ်သက်စားကုန်မှမဟုတ် " ဟုဆိုကာ ပညာသင်ရွယ်တွင် ပညာမသင်ခဲ့ရပါ။  ကျွန်တော်တို့ကို ဆရာများက သင်ကြားခဲ့ရသည်မှာ သူဌေးသားသည် ပညာအမွေမရခဲ့သည့်အတွက် ဆင်းရဲပြီး သူတောင်းဖြစ်သွားသည်ဟု သင်ခဲ့ကြရပါသည်။  မဟုတ်ဘူးလားဟုဆိုလျှင် ဟုတ်ပါသည်။  သို့သော် ကျွန်တော်ဆက်တွေးကြည့်မိသည်။  သူဌေးသားသည် ယခင်ယခင်ဘ၀တွေက ကြီးစွာသော ဒါနကုသိုလ် များကိုပြုလုပ်ခဲ့ပါလိမ့်မည်။ သို့ကြောင့် ယခုဘ၀တွင် ချမ်းသာသော သူဌေးတစ်ယောက်ဖြစ်ခဲ့ရသည်။  ယခင့်  ယခင် ဘ၀က ကုသိုလ်အမွေကို ဒီဘ၀ရသည်ဟုထင်ပါသည်။  ဆင်းရဲ၍ တောင်းစားရသည့်ဘ၀သည်လည်း ကျင်လည်ခဲ့သည့် ဘ၀တွေတွင် မသန့်စင်ခဲ့သော ကုသိုလ်နှင့် အကုသိုလ်အကျိုးဆက်တို့၏ အမွေဖြစ်သည်ဟု ထင်မိသည်။  နောက်တစ်ချက်မှာ ပေးအပ်သည့် မိဘတို့၏ အမွေ။   ဥစ္စာအမွေ၊ အသိပညာအမွေ၊ ပညာအမွေ တို့တွင် ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာအမွေကို မပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ သားဖြစ်သူမှာလည်း ထို အမွေခံထိုက်သော အကျိုးမပါခဲ့လို့ပင်ဖြစ်ပါမည်။  ဒီတော့ မိဘတွေဆီက ဥစ္စာအမွေထက် အသိပညာအမွေ၊ စိတ်ဓာတ်ကောင်းအမွေတို့ကို ရယူတတ်ဖို့ လိုပါမည်။  လက်ခံတတ်ဖို့လိုပါမည်။   များသောအားဖြင့် ဥစ္စာဓနအမွေကိုသာ အမွေအဖြစ် ရယူတတ်ကြပါ သည်။  တစ်သက်လုံးချစ်ခင်စွာ နေထိုင်လာခဲ့သော ညီအစ်ကိုမောင်နှမများသည် မိဘသေလွန်၍ ဥစ္စာများအား ခွဲဝေသည့်အခါမှ ရုံးရောက်ဂါတ်ရောက် ဖြစ်ကြရတော့သည်။  အမွေလုသည်၊ အမွေဆိုင်ခွဲသည်။   မိဘနှစ်ပါး၏ ဘ၀တစ်လျှောက်လုံးဖြတ်သန်းခဲ့ရသော ဘ၀အတွေ့အကြုံ၊ သားသမီးတွေအပေါ်ပြုစု ပျိုးထောင်ပေးခဲ့သော စေတနာ၊ မေတ္တာ၊ ဇွဲ၊ အားတို့ကို အမွေအဖြစ် လက်ခံရန်မေ့နေတတ်ကြပါသည်။  စိတ် ဓာတ်ခွန်အားတို့ကို ရယူရန်မေ့လျော့နေတတ်ကြပါသည်။ (၄)  " ချစ်သား…သုံးပါးသော လောက၀ယ် အတုမရ အသဒိသစစ်ဖြစ်တော်မူ၍ နတ် လူ အလုံးတို့ ညွတ်ရုံးဦးခိုက်ကြကာ ရဟန္တာနှစ်သောင်း ခြံရံလျက် စံပယ်တော်မူသော ဤပုဂ္ဂိုလ်မြတ်သည်ကား အခြားမဟုတ်၊ သားမောင့်ဖခင် ကျေးဇူးရှင်တည်း၊ မွေးမိခင်နှင့် ရွှေနန်းပြင်ဝယ် စံရွှင်တော်မူသော ကာလက တစ်ယူဇနာသုံးဂါဝုတ်မျှကြီးကျယ်လှသော ရွှေအိုးလေးလုံးတို့သည် ရှိကုန်၏။ ထိုရွှေအိုးတို့သည် အားတော့် ဖခင် တောဝင်သည်မှစ၍ မိခင်တို့ မမြင်ရကုန် "  " ဘယ်အရပ် ဘယ်ကွက် ဘယ်သူ့လက်၌ လျှို့ဝှက်ခဲ့သည်ဟု မသိရပါ၊ ငါ့သားမှာမူ အောင်ချာပြည်ကြီး ရွှေထီးရွှေနန်း သည်တိုင်းခန်းကို သိမ်းမြန်းစိုးချုပ် ရှစ်ဖြူအုပ်၍ မင်းလုပ်ရမည့်သူ ဖြစ်ချေသည်။ ဘိုးတော် ဘွားတော် မယ်တော်တို့အား နှစ် လ ရှည်လျား သင်ချစ်သားပင် စောင့်စား ကျွေးမွေးရလိမ့်မည်၊ သားဟူသမျှသည် အဘအမွေကို ခံရစမြဲဖြစ်သည်။ သို့ဖြစ်သောကြောင့် မောင်ဘဘုရားမှာ သွား၍ အမွေတောင်းချေလော့" ဟု ယသောဓရာမိဖုရားသည် သားတော်ရာဟုလာအား မြတ်စွာဘုရားရှင်ထံ အမွေတောင်းရန် စေလွှတ်လိုက်သည်။  ဘုရားသခင်ဆွမ်းဘုဉ်းပေးပြီး၍ ကြွတော်မူသော် နောက်တော်က ကပ်၍ သင်္ကန်းစကို ကိုင်လျက် " ဖခင် ရဟန်းမြတ် ..အကျွန်ုပ်အား အမွေသနားတော်မူပါ၊ အဖဥစ္စာဟူက သားရမြဲဓမ္မတာ ဖြစ်ပါသည် " ဟု တောင်းကာ တောင်းကာဖြင့် ကျောင်းတော်သို့တိုင်အောင် လိုက်ပါလာလေသည်။    ထိုအခါ မြတ်စွာဘုရားရှင်က " ငါ့သား ရာဟုလာသည် ဥစ္စာအမွေကို အလိုရှိ၏။  ထိုဥစ္စာကား ၀ဋ်တရား၌ ရှည်လျားစွာ ကျင်လည်ရ ကြောင်း မကောင်းသော အဆောက်အဦသာ ဖြစ်သည်။ မောင့်ဘမြတ်စွာ ငါဘုရားသည် ကြိုးစားကုတ်ကပ်၍ ရှာသဖြင့် မဟာဗောဓိပင် ပလ္လင်ရွှေဘုံ၌ အလုံးစုံရအပ်သော လောကုတ္တရာ ဓမ္မအမွေကိုသာ ငါပေးတော်မူမည်" ဟုမိန့်တော်မူပြီးလျှင် ရှင်သာရိပုတ္တရာကို ခေါ်တော်မူ၍ " ဤရာဟုလာမင်းသားကို ငါအမွေ သနားတော်မူလိုသည်၊ ရှင်ပြုဘိလော့ " ဟုမိန့်တော်မူသောကြောင့် ရှင်မဟာမောဂ္ဂလာန်သည် ဆံရိတ်၍ သင်္ကန်းဝတ်ပေး၏။ ရှင်သာရိပုတ္တရာသည် သရဏဂုံပေး၏။  ရှင်မဟာကဿပသည် သြ၀ါဒဆရာ ဖြစ်၏။  ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ " ဇိနတ္ထပကာသနီကျမ်း" တွင် ပါဝင်သော ရှင်ရာဟုလာ အမွေတောင်းခန်းကို ဖတ်ရှုရင်း ယနေ့ခေတ်နှင့် ချိန်တွေးမိသည်။    ကျွန်တော်တို့ မြန်မာ့မှုလူဝန်းကျင်တွင် သားဖြစ်လျှင် ရှင်ပြုပေး၍၊ သမီးဖြစ်လျှင် နားသမှုတို့ကို မဖြစ် မနေလုပ်ကြသည်။  သားဖြစ်သူကို ရှင်ပြုပေးရန်အတွက် ဘ၀မျိုးစုံကို ရုန်းကန်ရင်း ခြစ်ခြုတ်၍ ရှင်ပြုပွဲလုပ်ကြ သည်။  အဘယ့်ကြောင့် ရှင်ပြုပေးကြသနည်း။  သားဖြစ်သူအား ရှင်ပြုရဟန်းခံပေးခြင်းဖြင့် မိဘဖြစ်သူတို့ အပယ်တံခါးပိတ်သည်ဟူသော အယူအဆ၊ ရှင်ပြုရဟန်းခံပေးလိုက်မှ မြတ်သည်ဟူသော အယူအဆ၊  မိဘတို့ ကသာသနာ့အမွေ ပေးရာသည်ဟူသော အယူအဆတို့ကြောင့် ရှင်ပြုပေးကြသည်ဟု ကျွန်တော်ထင်ပါသည်။  မည်သို့ပင်ဖြစ်စေ သာသနာ့ဘောင်တွင်းသို့ သွပ်သွင်းပေးခြင်းသည် အင်မတန်ကောင်းမွန်သော အလုပ်တစ်ခုဖြစ်သလို အဖိုးဖြတ်မရသော သာသနာ့အမွေပင်ဖြစ်ပါသည်။  သို့သော် တစ်ခါတစ်ခါတွင် ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များ၊ စိတ်သဘောထားများကွဲလွဲလာသည်ကို တွေ့မြင်ရပါသည်။  မိဘဖြစ် သူတို့က သားဖြစ်သူအား ရှင်ပြုခြင်း၊ ရဟန်းခံပေးခြင်းပြုလုပ်ပေးခြင်းနှင့်အတူ " သားက အိမ်မှာ ဦးစီးရမှာနော်၊ ကျောင်းတက်ရမှာ၊ ကျူရှင်တက်ရမှာ၊ ဒီတော့ တစ်ပတ်ပဲဝတ်ရမှာ၊ တစ်ပတ်နေရင်ထွက်ရမှာနော် "ဟူသော စကားတို့သည်ကား လူရိုသေရှင်ရိုသေ၊ မိဘတာဝန်ဝတ္တရားအရ လုပ်ဆောင်နေသော အလုပ်တစ်ခုလိုဖြစ်လာ နေသည်ကို ပြသနေခြင်းဖြစ်ပါသည်။  ပျော်သလောက်ဝတ်စေ၊ ရာသက်ပန် ၀တ်စေ၊ တရားအသိ သိအောင်အားထုတ်စေ ဟူသော စိတ်မျိုးဖြင့် သားသမီးအပေါ် ဓမ္မအမွေ၊ သာသနာ့အမွေပေးအပ်ခြင်းသည်ကား တုနှိုင်းမရသော အမွေ ဖြစ်သည်ဟု ဆိုချင် ပါတော့သည်။ (၅)  " သားတို့ သမီးတို့ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ"  " ပေးတဲ့ဆုနဲ့ ပြည့်ပါစေ "  ကျွန်တော်တို့ ဦးသုံးကြိမ်ချ ကန်တော့လိုက်သည်။  လုပ်ငန်းရှိရာ တစ်နေတစ်ကျေးသို့ ပြန်ရတော့မည် ဖြစ်သဖြင့် မိဘနှစ်ပါးအား ကန်တော့နေခြင်းဖြစ်ပါသည်။  ခရီးသွားသည့်အခါတိုင်း မိဘကို ကန်တော့ခြင်းမှာ ကျွန်တော်တို့ မြန်မာမှုဓလေ့တစ်ခုဖြစ်သလို ဘာသာတရား၏ ဆုံးမသွန်သင်မှုကြောင့်လည်းဖြစ်ပါသည်။   ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် ဂါရဝေါစ၊ နိဝါတောစ တရားတို့ကို လိုက်နာကျင့်သုံးနေထိုင် တတ် ကြပါသည်။ ဤသည်မှာ ကျွန်တော်တို့ကို ရှေးဘိုးဘေးဘီဘင်တို့က လက်ဆင့်ကမ်းခဲ့သော လူ့ယဉ်ကျေးမှု အမွေဖြစ်သည်။    ယဉ်ကျေးသော၊ သိမ်မွေ့သော၊ သည်းခံတတ်သော၊ စာနာတတ်သော၊ ဖော်ရွေတတ်သော မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့အမွေ၊ လောကီ၊ လောကုတ္တရာတို့အတွက် ကောင်းကျိုးကိုလိုလား တတ်သော ဆိုဆုံးမစကားအမွေအနှစ်တို့ကို ကျွန်တော်တို့ လက်ဆင့်ကမ်းသယ်ဆောင်ရပါမည်။  ထို့အတူ လက်ဆင့်ကမ်း ပြန်လည် ပေးရပါမည်။  ထို့ပြင် သဘာဝသယံဇာတ၊ တောတောင်ရေမြေ၊ မြစ်ချောင်းအင်းအိုင်ကြီးတို့ကို ရှေးဘိုးဘေးဘီဘင် တို့က ထိန်းသိမ်းစောင့်ရှောက်ပြီး ကျွန်တော်တို့ကို အမွေပေးခဲ့ကြပါသည်။  ထိုအမွေတို့ကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းဖို့လိုမည်။ စောင့်ရှောက်ဖို့လိုမည်။  မြတ်နိုးဖို့လိုပါမည်။  ကျွန်တော်တို့ လက်ထက်ကြပါမှ ထိုအမွေအနှစ်တို့ ပျောက်ပျက်ချို့ယွင်းသွားခြင်း အဖြစ်မခံနိုင်ပါ။ (၆)  ဥစ္စာဓနအမွေ၊ အသိပညာအမွေ၊ လောကအကျိုးသယ်ပိုးချင်သော စိတ်ဓာတ်ကောင်းမွန်သောအမွေ၊  မြတ်စွာဘုရားရှင်၏ သာသနာ့အမွေတို့သည် ကျွန်တော်တို့ လက်ထဲတွင်ရှိနေပါသည်။  ထိုအမွေတို့ကို လက်ခံ နိုင်သည့် စိတ်ခွန်အား၊ ကိုယ်ခွန်အားများ ဖြည့်တင်းဖို့လိုပါမည်။   နောင်မျိုးဆက်တို့ကို ကျွန်တော်လက်ထဲတွင်ရှိနေသာ  အမိမြန်မာပြည်ကြီး၏ သဘာဝအမွေ၊ ယဉ်ကျေးမှု ဓလေ့စရိုက်အမွေ၊ ဆိုဆုံးမစကားအမွေတို့ကို ကောင်းမွန်သော၊ ကြံ့ခိုင်သောအနေအထားဖြင့် ပြန် လည် လက်ဆင့်ကမ်းရမည်ဖြစ်ပါသည်။  နောင်လား နောင်သားတို့အတွက် ဆိုးသောအမွေတို့ကို လက်ကမ်း ပေးရန်၊ ချန်ထားပေးရန် မသင့်ပါပြီ။  အမွေ..အမွေ..အမွေ…။  ကျွန်တော့်တို့ကို ပေးခဲ့သည့်အမွေ။  ကျွန်တော်တို့ လက်ထဲက အမွေ။  ကျွန်တော်တို့ ပြန်လည်ပေးရမည့်အမွေ။  *************** မောင်ပိုင် ၂-၂-၂၀၁၄။

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
(၁)
 
"အမွေ"
အမေသေတော့
အမွေ…အမွေ၊ မက်သူတွေက
ရွှေတစ်စ ငွေတစ်စ၊ ကြေးတစ်စနှင့်
မြေစတောင်မှ မကျန်ရအောင်
ယူကြငင်ကြ၊ လုယက်ကြ…။
အမေသေလည်း
မသေသေးတာ စိတ်ဓာတ်ပါပဲ
ငါမှာ ခုထိ အမွေရှိတယ်
သတ္တိဇွဲတွေ ဒီအမွေကို
ခွဲဝေမယူတော့ဘူးလား။ ။
သြော်.. အမွေ..အမွေ..အမွေ။ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လထုတ် ရွှေအောင်လံမဂ္ဂဇင်းမှာပါဝင်သည့် ဆရာ မောင်သာလင်း၏ အမွေကဗျာလေးကို ဖတ်မိရင်း အတွေးတို့က ပျံ့လွှင့်ခဲ့ရပါသည်။
 
(၂)
 
ကျွန်တော်တို့ လင်ယားနှစ်ယောက် မင်္ဂလာဦးညက စကားများခဲ့ကြသည်။ ဖြစ်ပုံကတော့ ကျွန်တော့် အမေကို ချွေးမဖြစ်သူ ကျွန်တော့်ဇနီးက အထင်လွှဲပြီးစကားပြောရာမှ ရန်ဖြစ်ကြခြင်းဖြစ်သည်။ ဘေးအိမ်တွေ ကပါရောက်ရှိလာပြီး ဖြန်ဖြေရသည်။
ဤတွင် မိဘဆီမှ ကျွန်တော်အမွေတစ်ခုရခဲ့ပါသည်။
"နင်တို့အစား ငါရှက်ပါတယ်ဟယ်။ ရန်ဖြစ်တာ ဘေးအိမ်တွေသိလောက်အောင် အော်ကြီးဟစ်ကျယ် နဲ့။ နင်တို့သားသမီးတွေရလာရင် ပိုဆိုးမယ်။ အဲဒီကျရင်ဒီလိုရန်ဖြစ်လို့မရဘူး။ သားသမီးတွေစိတ်ထဲမှာ ထိ ခိုက်နာကျင်သွားမယ်။ တို့တွေလည်း ရန်ဖြစ်တာပဲ။ အေးဒါပေမယ့် ဘယ်တော့မှ ဘေးအိမ်တွေမသိဘူး။ သား သမီးတွေရှိတာတောင် သားသမီးတွေ တို့လင်မယားရန်ဖြစ်တာမသိဘူး။ ဘာလို့လဲ ဆိုရင် သားသမီးတွေ မမြင်ကွယ်ရာမှာ တိတ်တဆိတ်ဖြစ်ကြလို့ပဲ။ ပြီးတော့ ကိုယ့်မညီညွတ်တဲ့ အိမ်တွင်းရေးကို သူများတွေမသိ အောင်တိုးတိုးတိတ်တိတ်ပဲဖြစ်တယ်။ အော်ကြီးဟစ်ကျယ်နဲ့ဘယ်တော့မှ စကားများရန်မဖြစ်ကြဘူး။ အဲဒါ နင် တို့တစ်လျှောက်မှတ်ထား "
အမေက ကျွန်တော်တို့ကို ဆုံးမခြင်းဖြစ်သည်။ ဟုတ်သည် ရန်ဖြစ်နေသည့် အဖေအမေကြားတွင် သားသမီးဖြစ်သူတို့ မည်သို့နေမည်နည်း။ ထည့်တွက်သင့်သည်။ ပြီးတော့ ရန်ဖြစ်သည်ကို တိုးတိုးတိတ်တိတ် ဖြစ်သည်တဲ့။ အော်ကြီးဟစ်ကျယ်ဖြစ်မှ ရန်ဖြစ်သည်ဟု အထင်မှတ်ခဲ့ကြသော ကျွန်တော်။ ခုလို တိုးတိုးတိတ် တိတ်ရန်ဖြစ်တတ်ဖို့လိုမည်။ လင်မယားလျှာနှင့်သွားဆိုသလို ရန်တော့ တစ်ကြီမ်တစ်ခါဖြစ်ကြပေမည်။ ထိုဖြစ် ခိုက်တွင် မိမိတို့စိတ်ကို လျှော့ပြီး ဘေးလူမသိအောင်၊ သားသမီးတွေမသိအောင် ရန်ဖြစ်ဖို့၊ ရန်ဖြစ်တတ်ဖို့ စိတ် ဓာတ်အမွေကို ကျွန်တော်ရရှိခဲ့ပါသည်။
ကျွန်တော် ရယူခဲ့သောအမွေတစ်ခုဖြစ်ပါသည်။
 
(၃)
 
ကျွန်တော်တို့ခပ်ငယ်ငယ်က ကုဋေရှစ်ဆယ် သူဌေးသား အကြောင်းကို သင်ခဲ့ကြရပါသည်။ မိဘ နှစ်ပါးက ရှစ်ဆယ်သော ကုဋေတွေကို ပေးအပ်ခဲ့ပါသည်။ ဖခင်ဖြစ်သူက "တို့မှာ ဒီသားတစ်ယောက်ပဲရှိတာ၊ အမွေဥစ္စာတွေက ကုဋေရှစ်ဆယ်တောင်ရှိတာ တစ်သက်စားကုန်မှမဟုတ် "ဟုဆိုကာ ပညာသင်ရွယ်တွင် ပညာမသင်ခဲ့ရပါ။
ကျွန်တော်တို့ကို ဆရာများက သင်ကြားခဲ့ရသည်မှာ သူဌေးသားသည် ပညာအမွေမရခဲ့သည့်အတွက် ဆင်းရဲပြီး သူတောင်းဖြစ်သွားသည်ဟု သင်ခဲ့ကြရပါသည်။ မဟုတ်ဘူးလားဟုဆိုလျှင် ဟုတ်ပါသည်။ သို့သော် ကျွန်တော်ဆက်တွေးကြည့်မိသည်။ သူဌေးသားသည် ယခင်ယခင်ဘ၀တွေက ကြီးစွာသော ဒါနကုသိုလ် များကိုပြုလုပ်ခဲ့ပါလိမ့်မည်။ သို့ကြောင့် ယခုဘ၀တွင် ချမ်းသာသော သူဌေးတစ်ယောက်ဖြစ်ခဲ့ရသည်။ ယခင့် ယခင် ဘ၀က ကုသိုလ်အမွေကို ဒီဘ၀ရသည်ဟုထင်ပါသည်။ ဆင်းရဲ၍ တောင်းစားရသည့်ဘ၀သည်လည်း ကျင်လည်ခဲ့သည့် ဘ၀တွေတွင် မသန့်စင်ခဲ့သော ကုသိုလ်နှင့် အကုသိုလ်အကျိုးဆက်တို့၏ အမွေဖြစ်သည်ဟု ထင်မိသည်။
နောက်တစ်ချက်မှာ ပေးအပ်သည့် မိဘတို့၏ အမွေ။ ဥစ္စာအမွေ၊ အသိပညာအမွေ၊ ပညာအမွေ တို့တွင် ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာအမွေကို မပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ သားဖြစ်သူမှာလည်း ထို အမွေခံထိုက်သော အကျိုးမပါခဲ့လို့ပင်ဖြစ်ပါမည်။
ဒီတော့ မိဘတွေဆီက ဥစ္စာအမွေထက် အသိပညာအမွေ၊ စိတ်ဓာတ်ကောင်းအမွေတို့ကို ရယူတတ်ဖို့ လိုပါမည်။ လက်ခံတတ်ဖို့လိုပါမည်။ များသောအားဖြင့် ဥစ္စာဓနအမွေကိုသာ အမွေအဖြစ် ရယူတတ်ကြပါ သည်။ တစ်သက်လုံးချစ်ခင်စွာ နေထိုင်လာခဲ့သော ညီအစ်ကိုမောင်နှမများသည် မိဘသေလွန်၍ ဥစ္စာများအား ခွဲဝေသည့်အခါမှ ရုံးရောက်ဂါတ်ရောက် ဖြစ်ကြရတော့သည်။ အမွေလုသည်၊ အမွေဆိုင်ခွဲသည်။ 
မိဘနှစ်ပါး၏ ဘ၀တစ်လျှောက်လုံးဖြတ်သန်းခဲ့ရသော ဘ၀အတွေ့အကြုံ၊ သားသမီးတွေအပေါ်ပြုစု ပျိုးထောင်ပေးခဲ့သော စေတနာ၊ မေတ္တာ၊ ဇွဲ၊ အားတို့ကို အမွေအဖြစ် လက်ခံရန်မေ့နေတတ်ကြပါသည်။ စိတ် ဓာတ်ခွန်အားတို့ကို ရယူရန်မေ့လျော့နေတတ်ကြပါသည်။
 
(၄)
 
"ချစ်သား…သုံးပါးသော လောက၀ယ် အတုမရ အသဒိသစစ်ဖြစ်တော်မူ၍ နတ် လူ အလုံးတို့ ညွတ်ရုံးဦးခိုက်ကြကာ ရဟန္တာနှစ်သောင်း ခြံရံလျက် စံပယ်တော်မူသော ဤပုဂ္ဂိုလ်မြတ်သည်ကား အခြားမဟုတ်၊ သားမောင့်ဖခင် ကျေးဇူးရှင်တည်း၊ မွေးမိခင်နှင့် ရွှေနန်းပြင်ဝယ် စံရွှင်တော်မူသော ကာလက တစ်ယူဇနာသုံးဂါဝုတ်မျှကြီးကျယ်လှသော ရွှေအိုးလေးလုံးတို့သည် ရှိကုန်၏။ ထိုရွှေအိုးတို့သည် အားတော့် ဖခင် တောဝင်သည်မှစ၍ မိခင်တို့ မမြင်ရကုန် "
"ဘယ်အရပ် ဘယ်ကွက် ဘယ်သူ့လက်၌ လျှို့ဝှက်ခဲ့သည်ဟု မသိရပါ၊ ငါ့သားမှာမူ အောင်ချာပြည်ကြီး ရွှေထီးရွှေနန်း သည်တိုင်းခန်းကို သိမ်းမြန်းစိုးချုပ် ရှစ်ဖြူအုပ်၍ မင်းလုပ်ရမည့်သူ ဖြစ်ချေသည်။ ဘိုးတော် ဘွားတော် မယ်တော်တို့အား နှစ် လ ရှည်လျား သင်ချစ်သားပင် စောင့်စား ကျွေးမွေးရလိမ့်မည်၊ သားဟူသမျှသည် အဘအမွေကို ခံရစမြဲဖြစ်သည်။ သို့ဖြစ်သောကြောင့် မောင်ဘဘုရားမှာ သွား၍ အမွေတောင်းချေလော့"ဟု ယသောဓရာမိဖုရားသည် သားတော်ရာဟုလာအား မြတ်စွာဘုရားရှင်ထံ အမွေတောင်းရန် စေလွှတ်လိုက်သည်။
ဘုရားသခင်ဆွမ်းဘုဉ်းပေးပြီး၍ ကြွတော်မူသော် နောက်တော်က ကပ်၍ သင်္ကန်းစကို ကိုင်လျက် "ဖခင် ရဟန်းမြတ် ..အကျွန်ုပ်အား အမွေသနားတော်မူပါ၊ အဖဥစ္စာဟူက သားရမြဲဓမ္မတာ ဖြစ်ပါသည် "ဟု တောင်းကာ တောင်းကာဖြင့် ကျောင်းတော်သို့တိုင်အောင် လိုက်ပါလာလေသည်။ 
ထိုအခါ မြတ်စွာဘုရားရှင်က "ငါ့သား ရာဟုလာသည် ဥစ္စာအမွေကို အလိုရှိ၏။ ထိုဥစ္စာကား ၀ဋ်တရား၌ ရှည်လျားစွာ ကျင်လည်ရ ကြောင်း မကောင်းသော အဆောက်အဦသာ ဖြစ်သည်။ မောင့်ဘမြတ်စွာ ငါဘုရားသည် ကြိုးစားကုတ်ကပ်၍ ရှာသဖြင့် မဟာဗောဓိပင် ပလ္လင်ရွှေဘုံ၌ အလုံးစုံရအပ်သော လောကုတ္တရာ ဓမ္မအမွေကိုသာ ငါပေးတော်မူမည်"ဟုမိန့်တော်မူပြီးလျှင် ရှင်သာရိပုတ္တရာကို ခေါ်တော်မူ၍ "ဤရာဟုလာမင်းသားကို ငါအမွေ သနားတော်မူလိုသည်၊ ရှင်ပြုဘိလော့ "ဟုမိန့်တော်မူသောကြောင့် ရှင်မဟာမောဂ္ဂလာန်သည် ဆံရိတ်၍ သင်္ကန်းဝတ်ပေး၏။ ရှင်သာရိပုတ္တရာသည် သရဏဂုံပေး၏။ ရှင်မဟာကဿပသည် သြ၀ါဒဆရာ ဖြစ်၏။
ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ "ဇိနတ္ထပကာသနီကျမ်း"တွင် ပါဝင်သော ရှင်ရာဟုလာ အမွေတောင်းခန်းကို ဖတ်ရှုရင်း ယနေ့ခေတ်နှင့် ချိန်တွေးမိသည်။ 
ကျွန်တော်တို့ မြန်မာ့မှုလူဝန်းကျင်တွင် သားဖြစ်လျှင် ရှင်ပြုပေး၍၊ သမီးဖြစ်လျှင် နားသမှုတို့ကို မဖြစ် မနေလုပ်ကြသည်။ သားဖြစ်သူကို ရှင်ပြုပေးရန်အတွက် ဘ၀မျိုးစုံကို ရုန်းကန်ရင်း ခြစ်ခြုတ်၍ ရှင်ပြုပွဲလုပ်ကြ သည်။ အဘယ့်ကြောင့် ရှင်ပြုပေးကြသနည်း။ သားဖြစ်သူအား ရှင်ပြုရဟန်းခံပေးခြင်းဖြင့် မိဘဖြစ်သူတို့ အပယ်တံခါးပိတ်သည်ဟူသော အယူအဆ၊ ရှင်ပြုရဟန်းခံပေးလိုက်မှ မြတ်သည်ဟူသော အယူအဆ၊ မိဘတို့ ကသာသနာ့အမွေ ပေးရာသည်ဟူသော အယူအဆတို့ကြောင့် ရှင်ပြုပေးကြသည်ဟု ကျွန်တော်ထင်ပါသည်။
မည်သို့ပင်ဖြစ်စေ သာသနာ့ဘောင်တွင်းသို့ သွပ်သွင်းပေးခြင်းသည် အင်မတန်ကောင်းမွန်သော အလုပ်တစ်ခုဖြစ်သလို အဖိုးဖြတ်မရသော သာသနာ့အမွေပင်ဖြစ်ပါသည်။ သို့သော် တစ်ခါတစ်ခါတွင် ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များ၊ စိတ်သဘောထားများကွဲလွဲလာသည်ကို တွေ့မြင်ရပါသည်။ မိဘဖြစ် သူတို့က သားဖြစ်သူအား ရှင်ပြုခြင်း၊ ရဟန်းခံပေးခြင်းပြုလုပ်ပေးခြင်းနှင့်အတူ "သားက အိမ်မှာ ဦးစီးရမှာနော်၊ ကျောင်းတက်ရမှာ၊ ကျူရှင်တက်ရမှာ၊ ဒီတော့ တစ်ပတ်ပဲဝတ်ရမှာ၊ တစ်ပတ်နေရင်ထွက်ရမှာနော် "ဟူသော စကားတို့သည်ကား လူရိုသေရှင်ရိုသေ၊ မိဘတာဝန်ဝတ္တရားအရ လုပ်ဆောင်နေသော အလုပ်တစ်ခုလိုဖြစ်လာ နေသည်ကို ပြသနေခြင်းဖြစ်ပါသည်။
ပျော်သလောက်ဝတ်စေ၊ ရာသက်ပန် ၀တ်စေ၊ တရားအသိ သိအောင်အားထုတ်စေ ဟူသော စိတ်မျိုးဖြင့် သားသမီးအပေါ် ဓမ္မအမွေ၊ သာသနာ့အမွေပေးအပ်ခြင်းသည်ကား တုနှိုင်းမရသော အမွေ ဖြစ်သည်ဟု ဆိုချင် ပါတော့သည်။
 
(၅)
 
"သားတို့ သမီးတို့ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ "
ကျွန်တော်တို့ ဦးသုံးကြိမ်ချ ကန်တော့လိုက်သည်။ လုပ်ငန်းရှိရာ တစ်နေတစ်ကျေးသို့ ပြန်ရတော့မည် ဖြစ်သဖြင့် မိဘနှစ်ပါးအား ကန်တော့နေခြင်းဖြစ်ပါသည်။ ခရီးသွားသည့်အခါတိုင်း မိဘကို ကန်တော့ခြင်းမှာ ကျွန်တော်တို့ မြန်မာမှုဓလေ့တစ်ခုဖြစ်သလို ဘာသာတရား၏ ဆုံးမသွန်သင်မှုကြောင့်လည်းဖြစ်ပါသည်။ 
ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် ဂါရဝေါစ၊ နိဝါတောစ တရားတို့ကို လိုက်နာကျင့်သုံးနေထိုင် တတ် ကြပါသည်။ ဤသည်မှာ ကျွန်တော်တို့ကို ရှေးဘိုးဘေးဘီဘင်တို့က လက်ဆင့်ကမ်းခဲ့သော လူ့ယဉ်ကျေးမှု အမွေဖြစ်သည်။ 
ယဉ်ကျေးသော၊ သိမ်မွေ့သော၊ သည်းခံတတ်သော၊ စာနာတတ်သော၊ ဖော်ရွေတတ်သော မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့အမွေ၊ လောကီ၊ လောကုတ္တရာတို့အတွက် ကောင်းကျိုးကိုလိုလား တတ်သော ဆိုဆုံးမစကားအမွေအနှစ်တို့ကို ကျွန်တော်တို့ လက်ဆင့်ကမ်းသယ်ဆောင်ရပါမည်။ ထို့အတူ လက်ဆင့်ကမ်း ပြန်လည် ပေးရပါမည်။
ထို့ပြင် သဘာဝသယံဇာတ၊ တောတောင်ရေမြေ၊ မြစ်ချောင်းအင်းအိုင်ကြီးတို့ကို ရှေးဘိုးဘေးဘီဘင် တို့က ထိန်းသိမ်းစောင့်ရှောက်ပြီး ကျွန်တော်တို့ကို အမွေပေးခဲ့ကြပါသည်။ ထိုအမွေတို့ကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းဖို့လိုမည်။ စောင့်ရှောက်ဖို့လိုမည်။ မြတ်နိုးဖို့လိုပါမည်။ ကျွန်တော်တို့ လက်ထက်ကြပါမှ ထိုအမွေအနှစ်တို့ ပျောက်ပျက်ချို့ယွင်းသွားခြင်း အဖြစ်မခံနိုင်ပါ။
 
(၆)
 
ဥစ္စာဓနအမွေ၊ အသိပညာအမွေ၊ လောကအကျိုးသယ်ပိုးချင်သော စိတ်ဓာတ်ကောင်းမွန်သောအမွေ၊ မြတ်စွာဘုရားရှင်၏ သာသနာ့အမွေတို့သည် ကျွန်တော်တို့ လက်ထဲတွင်ရှိနေပါသည်။ ထိုအမွေတို့ကို လက်ခံ နိုင်သည့် စိတ်ခွန်အား၊ ကိုယ်ခွန်အားများ ဖြည့်တင်းဖို့လိုပါမည်။ 
နောင်မျိုးဆက်တို့ကို ကျွန်တော်လက်ထဲတွင်ရှိနေသာ အမိမြန်မာပြည်ကြီး၏ သဘာဝအမွေ၊ ယဉ်ကျေးမှု ဓလေ့စရိုက်အမွေ၊ ဆိုဆုံးမစကားအမွေတို့ကို ကောင်းမွန်သော၊ ကြံ့ခိုင်သောအနေအထားဖြင့် ပြန် လည် လက်ဆင့်ကမ်းရမည်ဖြစ်ပါသည်။ နောင်လား နောင်သားတို့အတွက် ဆိုးသောအမွေတို့ကို လက်ကမ်း ပေးရန်၊ ချန်ထားပေးရန် မသင့်ပါပြီ။
အမွေ..အမွေ..အမွေ…။
ကျွန်တော့်တို့ကို ပေးခဲ့သည့်အမွေ။
ကျွန်တော်တို့ လက်ထဲက အမွေ။
ကျွန်တော်တို့ ပြန်လည်ပေးရမည့်အမွေ။

***************
မောင်ပိုင်
၂-၂-၂၀၁၄။
 — with William Tuntunko and 25 others.


"ငယ်ငယ့်မှာ ပုဇွန်ခြောက်ကလေးတစ်ကောင် ရှိတယ် "

$
0
0







Photo: " ငယ်ငယ့်မှာ ပုဇွန်ခြောက်ကလေးတစ်ကောင် ရှိတယ် "  (@) . . . . . " ငယ်ငယ့်မှာ ပုဇွန်ခြောက်ကြီးတစ်ကောင် ရှိတယ် " . . ငယ်ငယ်က သူ့လက်ဝါးသေးသေးလေးကိုဖြန့်ပြတယ်။ ဟုတ်ပါရဲ့ . . တကယ့် ပုဇွန်ခြောက်ကြီးပါပဲ။ ဒီလောက်ကြီးတာ မောင်ဖိုးချို မြင်တောင်မမြင်ဘူးဘူး။ တော်တော်ဈေးကြီးမှာပဲ။  . . . . . " ကိုချို့ကို တ၀က်ကျွေးပါမယ် " . . ငယ်ငယ်က ပုဇွန်ခြောက်ကြီးကို ထက်ပိုင်းဖဲ့နေတယ်။ သူမဖဲ့နိုင်တော့ မောင်ဖိုးချိုက ယူဖဲ့ပေးပြီး တစ်ယောက်တစ်ပိုင်း ထိုင်မြုံ့နေကြတယ်။ သိပ်ကောင်းတဲ့ ပုဇွန်ခြောက်ကောင်ကြီးပဲ။ ရွှေပုဇွန်ခြောက် တဲ့။  (#) . . . . . ငယ်ငယ်ရော မောင်ဖိုးချိုရော ပုဇွန်ခြောက်ကို သိပ်ကြိုက်ကြတာပဲ။ မောင်ဖိုးချိုတို့အိမ်မှာတော့ ပုဇွန်ခြောက် မရှိဘူး။ တစ်ဝမ်းကွဲမောင်နှမပေမယ့် အိမ့်စီးပွားတွေ ကွာခြားတယ်။ မောင်ဖိုးချိုတို့အိမ်က ပုဇွန်ခြောက် ၀ယ်မစားနိုင်ဘူး။ ငယ်ငယ်တုန်းကတော့ အဖေ့ကို မောင်ဖိုးချိုပြောဘူးတယ်။ "တစ်နေ့တော့ ကြောင်အိမ်ထဲမှာ ပုဇွန်ခြောက်ဘူးကြီး ထားနိုင်လာမှာပေါ့ သားရာ" တဲ့။ ငယ်ငယ်တို့ အိမ်မှာလိုမျိုးပေါ့။ ခုတော့ အရင်ကထက်ပို ကြီးလာလို့ မောင်ဖိုးချို အဖေ့ကို ဒါမျိုးမမေးတော့ဘူး။ အဖေပြောတတ်တဲ့ "ပုဇွန်ခြောက် ၀ယ်စားနိုင်ရင်လည်း အမြဲတမ်း ၀ယ်စားနိုင်မှကောင်းတာ" . . ဆိုတာကိုပဲ စဉ်းစားတော့တယ်။   . . . . . ဟုတ်တယ်။ ငယ်ငယ်တို့အိမ်ကလည်း ပုဇွန်ခြောက်ကြီးတွေ အမြဲစားနိုင်တာတော့ မဟုတ်ဘူး။ ငယ်ငယ့် အဖေက ချဲထီရောင်းတယ်။ သူတို့မှာ ပိုက်ဆံရှိရင် သိပ်ရှိတာ။ မရှိတဲ့အခါဆိုလည်း တော်တော်မွဲတဲ့ပုံမျိုးပဲ။ ငယ်ငယ့်မှာ မုန့်ဘိုးမရှိလို့ မောင်ဖိုးချိုရဲ့ထမင်းဘူးကို တစ်ခါတစ်ခါ ကပ်စားတတ်သေးတယ်။   ($) . . . . . " ငယ်ငယ့်မှာ ပုဇွန်ခြောက်ကလေးတစ်ကောင် ရှိတယ် " . . ငယ်ငယ်က သူ့လက်ဝါးသေးသေးလေးကိုဖြန့်ပြတယ်။ ဟုတ်ပါရဲ့ . . ပုဇွန်ခြောက်သေးသေးလေး။ " ဒါပေမယ့် . . ကိုချို့ကို တ၀က်ကျွေးမှာပါ " . . ပြောရင်းနဲ့ ပုဇွန်ခြောက်ကလေးကို ဖဲ့တယ်။ " နင့်ဟာနင် စားစမ်းပါ ၊ သေးသေးလေးကို " . . မောင်ဖိုးချိုပြောတော့ ငယ်ငယ်က ဟီးဟီးလို့ရယ်ပြီး ပါးစပ်ထဲပစ်ထည့် ၀ါးနေတယ်။   . . . . . ပုဇွန်ခြောက်ဆိုတာ ကြီးရင် ပိုစားကောင်းတာတော့ အမှန်ပဲ။ ဒါကြောင့်လည်း ဈေးကြီးတာပေါ့။ ပုဇွန်ခြောက်အကြီးကြီးတွေ ၀ယ်မယ့်အစား သေးသေးတွေဝယ်ရင် အများကြီးရမှာ။ ဒါဆိုကြာကြာစားရမယ် မဟုတ်လား။ ငယ်ငယ်တို့အိမ်ကတော့ ကြီးလိုက်သေးလိုက်ပဲ။ ငယ်ငယ့်ကိုပြောရင်လည်း သိမှာမဟုတ်ပါဘူး။ သူက မောင်ဖိုးချိုထက် သုံး လေးနှစ်လောက်တောင် ငယ်တာကိုး။   (&) . . . . . " ပုဇွန်ခြောက်ကြီး စားချင်လိုက်တာ ကိုချို . . နော် " . . ငယ်ငယ်က သွားရည်ကို ထိန်းထားတဲ့အသံနဲ့ ပြောတော့ မောင်ဖိုးချိုလည်း ဂလုဆိုပြီး ခေါင်းလိုက်ငြိမ့်တယ်။  " သေးသေးလေးကော မစားချင်ဘူးလား " . . မောင်ဖိုးချိုကပြန်မေးတယ်။  " စားချင်တယ် . . ခုက သေးသေးလည်းမရှိဘူး "  " အကြီးကြီးတွေ မဟုတ်ပဲ . . ခပ်သေးသေးလေးတွေ အမြဲစားရရင် မကောင်းဘူးလား . . ငယ်ငယ် "  " ကောင်းသားပဲ . . "  " ငါကြီးလာရင် . . ကြောင်အိမ်ထဲမှာ ပုဇွန်ခြောက်ဘူးကြီးထားနိုင်အောင် လုပ်မယ်။ နေ့တိုင်း တစ်နေ့တစ်ကောင် စားမယ်။ မဟုတ်ဘူး . . နှစ်ကောင်တော့ စားမယ်။ မနက်တစ်ကောင် ၊ ညတစ်ကောင်ပေါ့။ အကြီးကြီးတွေတော့ မဟုတ်ဘူး။ ခပ်သေးသေးပေါ့ဟာ။ ဒါပေမယ့် . .  နေ့တိုင်းစားရမယ့် ပုဇွန်ခြောက်ခပ်သေးသေးပေါ့။ နင့်ကိုလည်း ကျွေးမယ်။ "  " ဟီး ဟီး . . ရွှတ် " . . ငယ်ငယ် သွားရည်ကျပြီ။ တကယ်စားလိုက်ရသလို မျက်နှာကို ၀င်းလို့။   " ငါ ချဲ တော့ မရောင်းဘူး "   " ဘာလို့ လဲ "   " နင့်လိုမျိုး . . ပုဇွန်ခြောက် ကြီးကြီး တစ်ခါတစ်လေစားရလိုက် . . တစ်ကောင်မှ စားစရာမရှိလိုက် . . ဖြစ်နေတာမျိုးကို မကြိုက်လို့ "  " . . . . "  " နောက်ပြီး . . ငါ့ မှာ သားတွေ သမီးတွေရှိလာရင်လည်း အဲဒီလိုမျိုး မဖြစ်စေချင်လို့ "  " အမလေး . . အဝေးကြီးရှိသေး . . ကိုချို့ဟာ . . နောက်ပြီး ချဲရောင်းတာနဲ့ ဘာဆိုင်လို့လဲ "  " ဆိုင်တယ် ထင်တယ်ဟ . . ဆိုင်မှာပါ . . ဆိုင်လိမ့်မယ် " . . သုံး လေးနှစ်ငယ်တဲ့ နှမကို နားလည်အောင် မောင်ဖိုးချိုရှင်းမပြတတ်ဘူး။  (~) . . . . . စိတ်စွဲလမ်းမှုကြောင့် အဲဒီညမှာ သူတို့နှစ်ယောက် အိပ်မက်မက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အိပ်မက်က သိပ်တူနေတယ်။  . . . . . " ငယ်ငယ့်မှာ ပုဇွန်ခြောက်ကလေးတစ်ကောင် ရှိတယ် " . . ငယ်ငယ်က  သူ့လက်ဝါးသေးသေးလေးကိုဖြန့်ပြတယ်။ ပုဇွန်ခြောက်သေးသေးလေး နှစ်ကောင်ကိုတွေ့ရတယ်။ "ဟင်" ဆိုပြီး သူတို့အံ့သြ သွားတာပေါ့။ "သိကြားမင်းပေးတာ ၊ တစ်ယောက်တစ်ကောင် တဲ့ . . ဟီး ဟီး" . . ငယ်ငယ်က လက်ညှိုးလေးမိုးပေါ်ကိုထိုးပြီးပြောတယ်။ နှစ်ယောက်သား တစ်ယောက်တစ်ကောင် ထိုင်ဝါးကြတာပေါ့။  . . . . . မောင်ဖိုးချိုနဲ့ ငယ်ငယ်ဟာ အဲဒီညက ကိုယ်စီ အိပ်ရင်းပြုံးနေကြတယ်။      ။   (ယက္ခ) ရဲကြီး ။ ၂-၃.၂.၁၄ ။ https://www.facebook.com/yekkha.yejee https://www.facebook.com/yekkha.yegyii.fanpage http://yekkhayejee.blogspot.com/

(@)
. . . . . "ငယ်ငယ့်မှာ 

ပုဇွန်ခြောက်ကြီးတစ်ကောင် ရှိတယ် " . . ငယ်ငယ်က သူ့လက်ဝါးသေးသေးလေးကိုဖြန့်ပြတယ်။ ဟုတ်ပါရဲ့ . . တကယ့် ပုဇွန်ခြောက်ကြီးပါပဲ။ ဒီလောက်ကြီးတာ မောင်ဖိုးချို မြင်တောင်မမြင်ဘူးဘူး။ တော်တော်ဈေးကြီးမှာပဲ။

. . . . . "ကိုချို့ကို တ၀က်ကျွေးပါမယ် " . . ငယ်ငယ်က ပုဇွန်ခြောက်ကြီးကို ထက်ပိုင်းဖဲ့နေတယ်။ သူမဖဲ့နိုင်တော့ မောင်ဖိုးချိုက ယူဖဲ့ပေးပြီး တစ်ယောက်တစ်ပိုင်း ထိုင်မြုံ့နေကြတယ်။ သိပ်ကောင်းတဲ့ ပုဇွန်ခြောက်ကောင်ကြီးပဲ။ ရွှေပုဇွန်ခြောက် တဲ့။



(#)
. . . . . ငယ်ငယ်ရော မောင်ဖိုးချိုရော ပုဇွန်ခြောက်ကို သိပ်ကြိုက်ကြတာပဲ။ မောင်ဖိုးချိုတို့အိမ်မှာတော့ ပုဇွန်ခြောက် မရှိဘူး။ တစ်ဝမ်းကွဲမောင်နှမပေမယ့် အိမ့်စီးပွားတွေ ကွာခြားတယ်။ မောင်ဖိုးချိုတို့အိမ်က ပုဇွန်ခြောက် ၀ယ်မစားနိုင်ဘူး။ ငယ်ငယ်တုန်းကတော့ အဖေ့ကို မောင်ဖိုးချိုပြောဘူးတယ်။ "တစ်နေ့တော့ ကြောင်အိမ်ထဲမှာ ပုဇွန်ခြောက်ဘူးကြီး ထားနိုင်လာမှာပေါ့ သားရာ"တဲ့။ ငယ်ငယ်တို့ အိမ်မှာလိုမျိုးပေါ့။ ခုတော့ အရင်ကထက်ပို ကြီးလာလို့ မောင်ဖိုးချို အဖေ့ကို ဒါမျိုးမမေးတော့ဘူး။ အဖေပြောတတ်တဲ့ "ပုဇွန်ခြောက် ၀ယ်စားနိုင်ရင်လည်း အမြဲတမ်း ၀ယ်စားနိုင်မှကောင်းတာ" . . ဆိုတာကိုပဲ စဉ်းစားတော့တယ်။ 

. . . . . ဟုတ်တယ်။ ငယ်ငယ်တို့အိမ်ကလည်း ပုဇွန်ခြောက်ကြီးတွေ အမြဲစားနိုင်တာတော့ မဟုတ်ဘူး။ ငယ်ငယ့် အဖေက ချဲထီရောင်းတယ်။ သူတို့မှာ ပိုက်ဆံရှိရင် သိပ်ရှိတာ။ မရှိတဲ့အခါဆိုလည်း တော်တော်မွဲတဲ့ပုံမျိုးပဲ။ ငယ်ငယ့်မှာ မုန့်ဘိုးမရှိလို့ မောင်ဖိုးချိုရဲ့ထမင်းဘူးကို တစ်ခါတစ်ခါ ကပ်စားတတ်သေးတယ်။ 

($)
. . . . . "ငယ်ငယ့်မှာ ပုဇွန်ခြောက်ကလေးတစ်ကောင် ရှိတယ် " . . ငယ်ငယ်က သူ့လက်ဝါးသေးသေးလေးကိုဖြန့်ပြတယ်။ ဟုတ်ပါရဲ့ . . ပုဇွန်ခြောက်သေးသေးလေး။ "ဒါပေမယ့် . . ကိုချို့ကို တ၀က်ကျွေးမှာပါ " . . ပြောရင်းနဲ့ ပုဇွန်ခြောက်ကလေးကို ဖဲ့တယ်။ "နင့်ဟာနင် စားစမ်းပါ ၊ သေးသေးလေးကို " . . မောင်ဖိုးချိုပြောတော့ ငယ်ငယ်က ဟီးဟီးလို့ရယ်ပြီး ပါးစပ်ထဲပစ်ထည့် ၀ါးနေတယ်။ 

. . . . . ပုဇွန်ခြောက်ဆိုတာ ကြီးရင် ပိုစားကောင်းတာတော့ အမှန်ပဲ။ ဒါကြောင့်လည်း ဈေးကြီးတာပေါ့။ ပုဇွန်ခြောက်အကြီးကြီးတွေ ၀ယ်မယ့်အစား သေးသေးတွေဝယ်ရင် အများကြီးရမှာ။ ဒါဆိုကြာကြာစားရမယ် မဟုတ်လား။ ငယ်ငယ်တို့အိမ်ကတော့ ကြီးလိုက်သေးလိုက်ပဲ။ ငယ်ငယ့်ကိုပြောရင်လည်း သိမှာမဟုတ်ပါဘူး။ သူက မောင်ဖိုးချိုထက် သုံး လေးနှစ်လောက်တောင် ငယ်တာကိုး။ 

(&)
. . . . . "ပုဇွန်ခြောက်ကြီး စားချင်လိုက်တာ ကိုချို . . နော် " . . ငယ်ငယ်က သွားရည်ကို ထိန်းထားတဲ့အသံနဲ့ ပြောတော့ မောင်ဖိုးချိုလည်း ဂလုဆိုပြီး ခေါင်းလိုက်ငြိမ့်တယ်။
"သေးသေးလေးကော မစားချင်ဘူးလား " . . မောင်ဖိုးချိုကပြန်မေးတယ်။
"စားချင်တယ် . . ခုက သေးသေးလည်းမရှိဘူး "
"အကြီးကြီးတွေ မဟုတ်ပဲ . . ခပ်သေးသေးလေးတွေ အမြဲစားရရင် မကောင်းဘူးလား . . ငယ်ငယ် "
"ကောင်းသားပဲ . . "
"ငါကြီးလာရင် . . ကြောင်အိမ်ထဲမှာ ပုဇွန်ခြောက်ဘူးကြီးထားနိုင်အောင် လုပ်မယ်။ နေ့တိုင်း တစ်နေ့တစ်ကောင် စားမယ်။ မဟုတ်ဘူး . . နှစ်ကောင်တော့ စားမယ်။ မနက်တစ်ကောင် ၊ ညတစ်ကောင်ပေါ့။ အကြီးကြီးတွေတော့ မဟုတ်ဘူး။ ခပ်သေးသေးပေါ့ဟာ။ ဒါပေမယ့် . . နေ့တိုင်းစားရမယ့် ပုဇွန်ခြောက်ခပ်သေးသေးပေါ့။ နင့်ကိုလည်း ကျွေးမယ်။ "
"ဟီး ဟီး . . ရွှတ် " . . ငယ်ငယ် သွားရည်ကျပြီ။ တကယ်စားလိုက်ရသလို မျက်နှာကို ၀င်းလို့။

"ငါ ချဲ တော့ မရောင်းဘူး " 
"ဘာလို့ လဲ " 
"နင့်လိုမျိုး . . ပုဇွန်ခြောက် ကြီးကြီး တစ်ခါတစ်လေစားရလိုက် . . တစ်ကောင်မှ စားစရာမရှိလိုက် . . ဖြစ်နေတာမျိုးကို မကြိုက်လို့ "
" . . . . "
"နောက်ပြီး . . ငါ့ မှာ သားတွေ သမီးတွေရှိလာရင်လည်း အဲဒီလိုမျိုး မဖြစ်စေချင်လို့ "
"အမလေး . . အဝေးကြီးရှိသေး . . ကိုချို့ဟာ . . နောက်ပြီး ချဲရောင်းတာနဲ့ ဘာဆိုင်လို့လဲ "
"ဆိုင်တယ် ထင်တယ်ဟ . . ဆိုင်မှာပါ . . ဆိုင်လိမ့်မယ် " . . သုံး လေးနှစ်ငယ်တဲ့ နှမကို နားလည်အောင် မောင်ဖိုးချိုရှင်းမပြတတ်ဘူး။

(~)
. . . . . စိတ်စွဲလမ်းမှုကြောင့် အဲဒီညမှာ သူတို့နှစ်ယောက် အိပ်မက်မက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် အိပ်မက်က သိပ်တူနေတယ်။ 
. . . . . "ငယ်ငယ့်မှာ ပုဇွန်ခြောက်ကလေးတစ်ကောင် ရှိတယ် " . . ငယ်ငယ်က သူ့လက်ဝါးသေးသေးလေးကိုဖြန့်ပြတယ်။ ပုဇွန်ခြောက်သေးသေးလေး နှစ်ကောင်ကိုတွေ့ရတယ်။ "ဟင်"ဆိုပြီး သူတို့အံ့သြ သွားတာပေါ့။ "သိကြားမင်းပေးတာ ၊ တစ်ယောက်တစ်ကောင် တဲ့ . . ဟီး ဟီး" . . ငယ်ငယ်က လက်ညှိုးလေးမိုးပေါ်ကိုထိုးပြီးပြောတယ်။ နှစ်ယောက်သား တစ်ယောက်တစ်ကောင် ထိုင်ဝါးကြတာပေါ့။ 
. . . . . မောင်ဖိုးချိုနဲ့ ငယ်ငယ်ဟာ အဲဒီညက ကိုယ်စီ အိပ်ရင်းပြုံးနေကြတယ်။ ။

(ယက္ခ) ရဲကြီး ။ ၂-၃.၂.၁၄ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
 — with Maung Paing and 50 others.


ခေတ်ကိုက

$
0
0

ခေတ်ကိုက
ဆုပ်ကပ်ကို အဟုတ်မှတ်နေတဲ့ခေတ်။
 
ခေတ်ကိုက
ကကြီးခခွေး
 ပီသအောင် 
မရွတ်တတ်ခင် rapper လုပ်လို့ရ**
A B C D အလွတ်မရခင် 
တိုင်းတပါးကို အထင်ကြီးနေတဲ့ခေတ်။
 
ခေတ်ကိုက 
ကျားတွေ မ နဲ့ တူ
မတွေ ကျား နဲ့ တူ
အတုတွေ စစ်ပြီး
အစစ်တွေ တု တဲ့ ခေတ်။
 
ခေတ်ကိုက
လေးဘက်တွား ကလေး လေး
ဒီမို ဒီမိုကရေစီ လို့အော်ကြ
လူ့အခွင့်အရေးလို့ ပြော
ပြီးရင် လုပ်ချင်တာ လုပ်ကြတဲ့ခေတ်။
 
ခေတ်ကိုက
ဝတ်လစ်စလစ် နီးပါးဝတ်ရဲရင်
Model ဖြစ်နေတဲ့ ခေတ်။
 
ခေတ်ကိုက
ဘာသာတရားကို အနေကြပ်စေလို့
 ရှောင်ရှားကြတဲ့ ခေတ်။
 
ခေတ်ကိုက
အသိပါပါမပါပါ 
အနှစ်ပါပါမပါပါ
နိုင်ငံရေးလို့ ကြွေးကြော်ကြ**
နာမည်ကြီးဖို့ရေး ဘာပဲလုပ်လုပ် လုပ်မယ် ဆိုသူ များတဲ့ ခေတ်။
 
မေတ္တာ အကြောင်းမသိပဲ 
အချစ်အကြောင်း ပြော ပြောကြလွန်းတယ်ဗျာ။
 
ဆုပ်ကပ်ကို
အဟုတ်ကြီး မှတ်နေသူများတော့
လူမိုက်တွေ နေရာရတာ
ဘာဆန်းလဲ။ ။
 
By 

မြန်မာ အမေရိကန် ဆက်ဆံရေး၏ ရောင်နီပျိုးစ ကာလ

$
0
0


မြန်မာ-အမေရိကန် ဆက်ဆံရေး တစ်ခေတ်ဆန်းလာစေသည့် ရှေ့တော်ပြေးမှာ ဂျွန်ယက်တော ဖြစ်သည်။ မစ်စူရီပြည်နယ်မှ အသက် ၅၃ ခုနှစ်ရှိ ယက်တောသည် ဗီယက်နမ် စစ်ပြန်တစ်ဦး ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်၊ မေလတွင် သူသည် အင်းလျားကန် ကို ဖြတ်ကူးလျက် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန် ဘုရားသခင်၏ စေလွှတ်ချက်အရဆိုကာ ဒီမိုကရေစီခေါင်းဆောင် အိမ်သို့ ရောက်သွားခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင်အား ခေါင်းမြီးခြုံစေပြီး တိုင်းပြည်မှ ခိုးထုတ်သွားရန် ကြံစည်ခဲ့သည်ဟု သူက ဆိုသည်။ ၎င်း၏ စိတ်ရူးပေါက် လုပ်ဆောင်မှုကြောင့် နေအိမ်အကျယ်ချုပ် ကန့်သတ်ချက်များကို ချိုးဖောက်သည်ဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် ကာလ တိုးမြှင့်ခံရသည်။



ယက်တောလည်း ထောင်ဒဏ်စီရင်ခြင်းခံရသည်။ သို့သော်၎င်းအား အင်းစိန်ထောင်သို့ မပို့ဘဲ အမေရိကန် လွှတ်တော်အမတ် ဂျင်ဝဘ်နှင့် အတူ အမေရိကန်သို့ ပြန်ခွင့်ပြုလိုက်သည်။

ယင်းသို့ ယက်တောအား လွှတ်ပေးလိုက်ခြင်းသည် မြန်မာနိုင်ငံက အမေရိကန်နှင့် ဆက်ဆံရေး တိုးတက်စေရန် ကြိုးပမ်း ခဲ့သော ခြေလှမ်းများ အနက်တစ်ခု ဖြစ်သည်။ ထိုခြေလှမ်းသည် ထိရောက်သော ကြိုးပမ်းချက် ဖြစ်ခဲ့သည်။

ရန်ကုန်၊ ဝါရှင်တန်နှင့် အရှေ့တောင်အာရှတစ်လွှားမှ သံတမန် များအား မေးမြန်းချက်များအရ လည်းကောင်း၊ ဝီကီလိခ် မှ ပေါက် ကြားလာသော အချက်အလက်များအရလည်းကောင်း မြန်မာ-အမေရိကန် ဆက်ဆံရေး ကောင်းမွန်လာစေရန် နှစ်ဖက်စလုံးက အိုဘာမား သမ္မတ တာဝန်ယူသည့်အချိန်တွင် စတင် ကြိုးပမ်းလာသည်ကို တွေ့ရသည်။

ယက်တော၏ အဖြစ်အပျက်က ယင်းသို့ ကြိုးပမ်းမှုများကို နောက်တစ်ဆင့်သို့ ဆွဲတင်ပေးလိုက်ခြင်း ဖြစ်သည်။ တရုတ်၏ နိုင်ငံ အပေါ် ကြီးမားစွာ သြဇာသက်ရောက်လာခြင်းကို မြန်မာဗိုလ်ချုပ်များက မနှစ်မြို့ နိုင်တော့သည့်အချိန်လည်း ဖြစ်သည်။ ထိုစဉ်က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ- Marty Natalegawa သည် မြန်မာ-အာဆီယံ ဆက်ဆံရေး တာဝန်ခံ အဖြစ် ဆောင်ရွက်နေသည်။ မြန်မာဘက်မှ ချေငံ လိုက်လျောသော အပြုအမူကို ဝါရှင်တန်က အပြုသဘော တုံ့ပြန်လိုက် သည်။ ယင်းသို့ဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သည် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် မြန်မာနိုင်ငံ သို့ ရောက်လာသည်။

သို့ရာတွင် မြန်မာနိုင်ငံသည် အမှန်တကယ် ပြောင်းလဲပါမည် လားဆိုသည့် မေးခွန်းကို အမေရိကန် အပါအဝင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက မဖြေဆိုနိုင်သေးပေ။ စစ်အစိုးရသည် ၂ဝ၁ဝခု ရွေးကောက်ပွဲဖြင့် အရပ်သားအသွင် ပြောင်းခဲ့သော် လည်း ကောင်း ပင်ကောင်းလျက်နှင့် နောက်သို့ တွန့်ဆုတ်သွားသော အကြိမ်ပေါင်းမနည်းလှသည်မို့ မယုံရဲကြသေး။ လျှို့ဝှက်သိပ်သည်း လွန်းသော မြန်မာအစိုးရသည် ပိတ်ထား သော တံခါးများနောက်ကွယ်တွင် မည်သို့ကြံစည်လုပ်ကိုင်နေ သည်ကိုလည်း မသိနိုင်ကြ။

မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုများကို မည်မျှ အတိုင်းအတာအထိ နိုင်ငံရေး တွင်ဝင်ဆန့်စေမည်နည်းဆိုသည့် အမေး၏အဖြေကိုလည်း မည်သူမျှမသိကြ။ အာဏာရပါတီအတွင်း တစ်ယောက်တစ်ပေါက်ဖြစ်နေ သည့်အတွက် အမေရိကန်အစိုးရက စိုးရိမ်မကင်း ဖြစ်ရသည်။ နောက်ပြန် ဆွဲလိုသူများ အာဏာရပါတီအတွင်း ရှိနေသည်က အမှန်ပင်ဖြစ်သည်။

ဦးသိန်းစိန် ခေါင်းဆောင်သော ပြုပြင်ပြောင်းလဲရေး အုပ်စုကို အမေရိကန်နှင့် အနောက်နိုင်ငံများက အားပေးနေရသော်လည်း တယူသန်သမားများ၏ နောက်ပြန်ဆွဲရန် ကြိုးစားမှုကို စိုးရိမ်နေရဆဲ ဖြစ်သည်။

အနောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ရရှိသော စီးပွားရေး တိုးတက်မှုများသည် ပြုပြင်ပြောင်းလဲရေး အုပ်စုကို ပိုမို ခိုင်မာစေမည်ဟု အမေရိကန်အစိုးရက မျှော်လင့်ထားသည်။ တစ်ဖက်တွင် တရုတ်က ငွေကြေး၊ နည်းပညာ အကူအညီ တို့ဖြင့် မြန်မာနိုင်ငံကို ၎င်း၏ သြဇာနယ်ပယ်ထဲတွင် ထိန်းထားရန် ကြိုးစားသည်။ ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို တန်ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံတော်ကောင်စီဝင် ဒိုင်ဘင်ဂူး- Dai Bingguo မြန်မာနိုင်ငံသို့ ရောက်လာပြီး သူနှင့်အတူ ရက်ရောသော ကမ်းလှမ်းချက်များ ပါလာသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ အတိုက်အခံတို့နှင့် အဆက်အသွယ် မလုပ်ခဲ့သော တရုတ်သည် ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်လာသည်။

အာဆီယံ ကျားကွက်

၂ဝဝ၉ ခုနှစ်အစပိုင်းတွင် အိုဘားမားအစိုးရသည် ¤င်း ၏ မဟာဗျူဟာဆုံချက်ကို အာရှတိုက်သို့ ရွှေ့လာသည်။ ထောင်စု နှစ်လွန် ဆယ်စုနှစ်တွင် အီရတ်နှင့် အာဖဂန်၌ အမေရိကန်သည် အစ္စလာမ်အစွန်းရောက်များနှင့် နပန်းလုံးနေခဲ့ရသည်။ အာရှတိုက် ကို အာရုံမထားနိုင်ခဲ့။ ယင်းသို့ အမေရိကန် အလုပ်ရှုပ်နေခိုက် တရုတ်သည် ငွေကြေးအလုံးအရင်း ဖြင့် အာရှတိုက်တွင် သြဇာလွှမ်းမိုး လာသည်။

အနောက်နိုင်ငံများ၏ စီးပွားရေးနှင့် ရင်နှီးမြုပ်နှံမှု ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံသည် တရုတ်မှတစ်ပါး အားထားရာမရှိ ဖြစ်ခဲ့ သည်။ အမေရိကန်ဘက်မှ လိုလိုလားလားရှိလာသည့်အတွက် မြန်မာနိုင်ငံကို အာဆီယံလမ်း ကြောင်းပေါ်သို့ ဆွဲတင်ရန် အခြေ အနေကောင်းအဖြစ် အာဆီယံနိုင်ငံများကယူဆသည်။ တရုတ်၏ သြဇာနယ်ပယ်အတွင်းမှ မြန်မာနိုင်ငံကို ဆွဲထုတ်ရန် အခွင့်ကောင်း ဖြစ်သည်။

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဝိုင်းဝန်းအားပေးကြခြင်းဖြင့် အမေရိကန်သည် ၎င်း၏ ပိတ်ဆို့ထားမှု များကို လျှော့ချလာမည်ဟု အာဆီ ယံက သဘောပေါက်ထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူခြင်းသည် အကျိုးမထူးသည်ကို အမေရိကန်က သဘော ပေါက်စ ပြုလာသည်။ မြန်မာနိုင်ငံ နှင့် ဆက်ဆံရေး ပြန်လည်ပျိုး ထောင်ခြင်းသည်သာလျှင် အဖြစ် သင့်ဆုံး နည်းလမ်း ဖြစ်သည်ကို လည်း အမေရိကန်က သိမြင်လာ သည်။ မြန်မာနိုင်ငံကို အရာသွင်း ဆက်ဆံခြင်းဖြင့် တရုတ်၏ တစ် ဟုန်ထိုး မြင့်တက်လာနေသည့် သြ ဇာကို ဟန့်တားနိုင်မည်ဟု အမေ ရိကန်နှင့် အာဆီယံနိုင်ငံများက ယူဆသည်။ ထိုရွှေ့ကွက်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ကို ဖြောင့်ဖြူးေ ၏စခဲ့ သည်။

အမေရိကန် အစိုးရ အရာရှိတစ်ဦးက ''ပိတ်ဆို့ခြင်း ပေါ်လစီဟာ အလုပ်မဖြစ်ဘူး ဆိုတာကို ကျွန်တော်တို့ ခါးသည်းစွာ အသိ အမှတ်ပြု လိုက်တယ်။ ပိတ် ဆို့ကန့်သတ်ခြင်းကြောင့် အမေရိကန်ဟာ နောက်ကျန်နေခဲ့ရတယ်''ဟု ပြောသည်။

သံသယ ဝင်္ကပါ

မြန်မာနိုင်ငံကို ဗြိတိသျှ တို့ အပြီးအပိုင် မသိမ်းပိုက်မီ ၁၈၈၅ ခုမတိုင်မီကတည်းက အ နောက်နိုင်ငံများအပေါ် မြန်မာတို့၏ သံသယ စိတ်သည် သန္ဓေတည်ခဲ့သည်ဟု ဆိုနိုင်သည်။ ထိုသံသယ ဝင်္ကဘာအတွင်းမှ မြန်မာသည် ရုန်းမထွက်နိုင်သည်မှာ လွန်ခဲ့ သောနှစ် များအထိ ဖြစ်သည်။

ဗြိတိသျှစစ်တပ်များသည် မြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး သီပေါဘုရင်နှင့် မိသားစုကို ကြက်ကလေး၊ ငှက်ကလေး ဖမ်းသ လို ဖမ်းသွားသည်ကို စစ်ဗိုလ်ချုပ် များသည် မမေ့နိုင်ကြသေး။ အနှစ် တစ်ရာကျော်ကြာသည့်တိုင် စွဲစွဲ ထင်ထင်ရှိနေဆဲ။ ထို့ကြောင့်ပင် နာဂစ်မုန်တိုင်းလွန် ကာလတွင် အ မေရိကန်တပ်များ ကယ်ဆယ်ရေး လုပ်ရန်ကို ငြင်းပယ်ခဲ့ခြင်း ဖြစ် သည်။ သံသယဝင်္ကပါထဲတွင် တဝဲ လည်လည်ဖြစ်နေသော ဗိုလ်ချုပ် များကို မနည်းဆွဲထုတ်ရမည်။

လူပေါင်း တစ်သိန်းခွဲနီးပါး အသက်ဆုံးခဲ့ရသော နာဂစ်မုန်တိုင်းကြောင့် မြန်မာဗိုလ်ချုပ်များသည် ပြည်ပအကူအညီများကို မတတ် သာဘဲ ယူခဲ့ရသည်။ အမေရိကန်ထံမှ ဒေါ်လာ သန်းလေး ဆယ်ကျော်ဖိုး အကူအညီများကို လက်ခံခဲ့သည်။

မြန်မာ့ရေးရာ ကျွမ်းကျင် သူ သန့်မြင့်ဦးက ''နာဂစ်ဟာ (အာဏာပိုင်များ၏) စိတ်ဓာတ်အခံကို ပြောင်းလဲစေတဲ့ အရေးပါတဲ့ အဖြစ် အပျက်လို့ ယူဆရတယ်။ နိုင်ငံခြား အကူအညီတွေကို တံခါးဖွင့်ပေးမယ်၊ နိုင်ငံခြားသားတွေနဲ့ ဆက်ဆံမယ်၊ ဒါလေးလောက်နဲ့တော့ ကမ္ဘာ ပျက်မသွားနိုင်ဘူးဆိုတာ နေပြည် တော်က သဘောပေါက်သွားပုံရ တယ်''ဟု ပြောသည်။

အိုဘားမား သမ္မတာဝန်ယူပြီးခါစ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီကို ပြန်လည်သုံးသပ် သည်။ ယက်တော လွတ်မြောက်ရေးအတွက် ဆီနေတာ ဂျိမ်းဝဘ်သည် မြန်မာနိုင်ငံသို့ ၂ဝဝ၉ ခုနှစ်၊ သြဂုတ်လတွင် ရောက်လာ သည်။ သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရန် မတောင်းဆိုခဲ့။ သို့စဉ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရန် မြန်မာ ဘက် က ကမ်းလှမ်းလာသည်။

ထိုစဉ်က မည်သည့် အမေရိကန်အရာရှိမျှ ဗိုလ်ချုပ်မှူးကြီးအား မတွေ့ဆုံဖူးသေးပေ။ ဗိုလ်ချုပ်မှူးကြီးသည် အမေရိကန် နှင့် ဆက်ဆံရေး ကောင်းမွန်စေရန်အခွင့်အလမ်းစောင့်နေသည်မှာအတော်ပင်ကြာခဲ့ပြီဟုစစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သော ဆောက် လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။ အမေရိကန် နှင့် ဆက်ဆံရေးကောင်းမွန်စေရန် တရုတ်ကပင် တိုက်တွန်းနေသော အချိန် ဖြစ်သည်။ အနောက်နိုင်ငံများနှင့် ကူးလူးဆက်ဆံခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေ ကောင်းမွန်လာပြီး တိုင်းပြည်တည်ငြိမ်စေရန် တရုတ်က မျှော်လင့်ဟန်တူသည်။ အချိန်မရွေး ပေါက်ကွဲနိုင်သည့် မြန်မာ နိုင်ငံအခြေအနေကို တရုတ်က မလိုလားပေ။ ပြည်တွင်း ပဋိပက္ခများသည် အစိုးရ အပြောင်းအလဲ ဖြစ်စေနိုင်သည်။ ယင်းသို့ ဖြစ်ပျက်လာလျှင် တရုတ်က ဗိုလ်ချုပ် များနှင့် စည်းဝါးရိုက် ဆောင်ရွက် နေသည့် စီမံကိန်းကြီးများ ရေစုန် မျောကုန်နိုင်သည်။

မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေး တိုးတက်လိုကြောင်း ပြတ်သားသော သတင်းစကားကို လွှတ်တော်အမတ် ဂျိမ်း ဝဘ်မှတစ်ဆင့် ပါးလိုသဖြင့် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံစေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးက ကောက်ချက်ချခဲ့ သည်။

၂ဝဝ၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့၊ နေပြည်တော်တွင် ဂျိမ်းဝဘ်သည် အမေရိကန် သံအရာရှိများ လိုက်ပါလျက် ဗိုလ်ချုပ် မှူးကြီးသန်းရွှေနှင့် တွေ့ဆုံသည်။ ဗိုလ်ချုပ်မှူးကြီးနှင့် တပ်မတော်အရာရှိများသည် ဂျင်ဝဘ်အား လက်ခံတွေ့ဆုံရာတွင် စိတ်လက် ပေါ့ပါးစွာ ပြောဆိုဆက်ဆံကြသည်။

သမ္မတ ထရူးမင်း ပြောဆိုခဲ့သော စကားတစ်ခုကို ဂျင်ဝဘ် က ပြက်လုံးတစ်ခုအနေဖြင့် ပြောဆိုသည်ကို အားလုံးက ကောင်းစွာ နားလည်ကြသည်။ ထိုစကားမှာ- ''နိုင်ငံရေးမှာ သစ္စာရှိတဲ့မိတ်ဆွေ ဆိုလို့ ခွေးပဲရှိမယ်''။

အထူးသံခန့် ခြင်း

အမေရိကန်သည် မြန်မာနိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါကြောင်းကို ဂျင်ဝဘ်က ဗိုလ်ချုပ်မှူးကြီးအား ပြောပြသည်။ မြန် မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေးကို ပြန်လည်စတင်လို ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြော သည်။

အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသော ဦးသောင်းအား အထူးသံအဖြစ် ခန့်အပ် မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး၏ အဆိုပြုချက်ကို ဂျင်ဝဘ် က အံ့အားသင့်စွာ လက်ခံလိုက် သည်။

စက်တင်ဘာ ၁၉ ရက် နေ့တွင် အထူးသံ ဦးသောင်းသည် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်ဘဲလ်နှင့် နယူးယောက် မြို့တွင် တွေ့ဆုံသည်။ အမေရိကန် နိုင်ငံခြားရေး အရာထမ်းတစ်ဦးက ''ဦးသောင်းဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို စိတ်မဝင်စားတဲ့ အပြင် ဆက်ဆံရေး တိုးတက်မှာကို မလိုလားတဲ့ လူလည်း ဖြစ်တယ်''ဟု ဆိုသည်။

ယင်းသို့နှင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ မတင်မကျ ဖြစ်ရသည်။ ''မြန်မာဘက်က မထုံတက် တေးလုပ်တော့ ခက်ကုန်တာပေါ့။ ကျွန်တော်တို့ကတော့ ရတဲ့ အခွင့် အရေးကို ယူဖို့ ဆုံးဖြတ်ထားတယ်''ဟု အိုဘားမား၏ အကြံပေးအရာရှိ ဘန်ရုဒ်က ဆိုသည်။

ကန့်သတ်ပိတ်ဆို့မှု၏ရလဒ် ကန့်သတ်ပိတ်ဆို့မှုများသည် လိုချင်သော ရလဒ်ကို မပေးနိုင်ဟု အမေရိကန် အရာရှိပိုင်းက လက်ခံလာ သည်။ ရလဒ် ထွက်လာရမည့်အစား စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်နေသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက် အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ကန့်သတ်မှု များ ချမှတ်လိုက်သည်။ ၁၉၉၇ ခုနှစ်တွင် မြန်မာ နိုင်ငံတွင် အမေရိကန် ရင်းနှီးမြုပ်နှံ မှုများကို တားမြစ်ပြီး ပိတ်ဆို့မှုများ ထပ်မံချ မှတ်သည်။ ၂ဝဝ၃ ခုနှစ် တွင် မြန်မာနိုင်ငံမှ သွင်းကုန်များကို တားမြစ်ပိတ်ပင်သည်။ ရွှေဝါ ရောင်တော်လှန်ရေးကို ဖြိုခွင်းခံရ သည့်အခါ မြန်မာအစိုးရနှင့် ခရိုနီများ၏ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများကို စာရင်းသေအဖြစ် ပိတ်ဆို့ လိုက်သည်။ ¤င်းတို့၏ မိသားစုဝင် များကို အမေရိကန် ဗီဇာ မထုတ် ပေးရန် ကန့်သတ်လိုက်သည်။

ဗီဇာကန့်သတ်ခြင်းသည် ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့ပုံရ သည်။

အစိုးရနှင့် နီးစပ်သော ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက အမေရိကန် သံအရာရှိအား ''ဂျင်ဝဘ် ပြန်သွားပြီးနောက် နှစ် နိုင်ငံ ဆက်ဆံရေး ချက်ချင်းကောင်း လာမယ်လို့ အစိုးရပိုင်းက မျှော်လင့်မထားဘူး။ ဒါပေမဲ့ သူတို့ရဲ့ ကလေးတွေ အမေရိကန်မှာ ပညာ သင်နိုင်ဖို့ ဗီဇာအခွင့်အရေးကိုတော့ မျှော်လင့်နေကြတယ်''ဟု ပြောသည်။ တရုတ်အပေါ်တွင် လုံးလုံးလျားလျား မီခိုနေရခြင်း ကို မြန်မာ အစိုးရက မနှစ်မြို့ဟု ထိုလုပ်ငန်းရှင်က ပြောပြသည်။

အနောက်နိုင်ငံများမှ ကုန်ပစ္စည်းနှင့် ရင်းနှီးမြုပ်နှံမှုတို့ ကန့်သတ်ခြင်းခံရသည့်အခါ တရုတ်ကုန်ပစ္စည်းနှင့် ရင်းနှီးမြုပ်နှံမှုတွှို သည် မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်ခဲ့သည်။ တရုတ်နိုင်ငံသား အများအပြား သည် မန္တလေးတွင် ရောက်နေကြ သည်။ ထို့ကြောင့် မန္တလေးသားတို့ ဆိုရိုးစကားတစ်ခုမှာ ''တရုတ်က တံထွေးထွေးလိုက်ရင်၊ မန္တလေး သားတွေ ရေကူးနေရမယ်''ဟူလို။

တရုတ်လွှမ်းမိုးကြီးစိုးလာ ခြင်းအပေါ် မကျေနပ်မှုများသည် တိုင်းပြည်အတွင်း ကြီးထွားလာ သည်။

ပေါက်ဖော်ကြီး ခံတွင်းပျက်လာခြင်း

၂ဝဝ၈ ခုနှစ် ဇန်နဝါရီလတစ်ရက်တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ ရှာရီ ဗီလာရိုဇာက တရုတ်သံအမတ်ကြီး ဂွမ်မူး အား နေ့လယ်စာဖြင့် တည်ခင်းသည်။ ယင်းသို့ ဧည့်ခံပြီးနောက် သံရုံး ယာယီတာဝန်ခံက ဝါရှင်တန်သို့ လျှို့ဝှက်ကြေးနန်း တစ်စောင်ဖြင့် အစီရင်ခံ တင်ပြခဲ့ သည်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုဖြစ်စဉ် တုံ့နှေးနေခြင်း ကို တရုတ်က ခံတွင်းမတွေ့တော့။ မြန်မာအစိုးရက တုံ့နှေးနေခြင်းအ ပေါ် တရုတ်က စိတ်ပျက်ငြီးငွေ့နေ ပြီဖြစ်ကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံက ဝါရှင်တန်သို့ အစီရင်ခံသည်။ ထိုအစီရင်ခံစာ သည် ဝီကီလိခ်မှတစ်ဆင့် အပြင် သို့ ပေါက်ကြားသွားသည်။

မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများ ဖြစ်လာပါက တရုတ်၏ ရင်းနှီးမြုပ်နှံထားမှုများ ပျက်စီးဆုံးရှုံးရမည်ကို တရုတ်က စိုး ရိမ်နေကြောင်း၊ ထို့ကြောင့် အမေ ရိကန်၏ ချဉ်းကပ်မှုလမ်းကြောင်း ကို တရုတ်က လက်ခံကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြ ထားသည်။ စစ်ခေါင်းဆောင်များ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို အာမခံချက်ပေးနိုင်မည်ဆိုပါက ၎င်းတို့အနေဖြင့် အာဏာ ကို ဖြည်း ဖြည်း ချင်း လွှဲပြောင်းပေးရန်မှာ ဖြစ်နိုင်ကြောင်းဖြင့် တရုတ်သံအ မတ်က ပြောဆိုသည်ဟုလည်း ဖော်ပြထားသည်။

၂ဝ၁ဝ ရွေးကောက်ပွဲအပြီးတွင် ဦးသိန်းစိန် ခေါင်းဆောင် သော အစိုးရသစ်တက်လာသည်။ ထိုအခါတွင် တရုတ်တို့ ရတက် မအေး စရာ အဖြစ်အပျက်များ ဖြစ်ပွားလာသည်။ ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းကို ကချင် လွတ်မြောက်ရေးတပ်က ဝင် ရောက်တိုက်ခိုက်သဖြင့် တရုတ် အလုပ်သမား ၂ဝဝ ထွက်ပြေးရ သည်။

မြန်မာပြည်၏ အသက် သွေးကြောသဖွယ်ဖြစ်သော ဧရာဝတီမြစ် ခန်းခြောက်သွားမည့် အခြေအနေကြောင့် တစ်ပြည်လုံး ဆူပွက်ဆန္ဒပြကြသည်။ သုံးလ အကြာတွင် သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို၎င်း၏ သမ္မတ သက်တမ်းကာလတွင် ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ကြေညာ သည်။

အောက်ခြေလူတန်းစားများ၏ အုံကြွဆန္ဒပြမှုကို အစိုးရက လိုက်လျောပေးလိုက်ခြင်း ဖြစ်သ ဖြင့် မြန်မာနိုင်ငံသည် အမှန်တ ကယ် ပြုပြင်ပြောင်းလဲနေပြီ ဆိုသည်ကို သက်သေပြလိုက်ခြင်း ဖြစ် သည်။ အိုဘားမားနှင့် သူ၏ အကြံ ပေးများက မြန်မာနိုင်ငံသည် အ မှန်တကယ် ပြောင်းလဲနေပြီဆို သည့် အချက်ကို လက်ခံလိုက်ကြ သည်။

''ပြည်သူတွေရဲ့ စိုးရိမ် ကြောင့်ကြမှုကို အစိုးရက နားလည်လက်ခံလိုက်တဲ့ သဘောပဲ။ ပြည်သူတွေရဲ့ အလိုဆန္ဒကို အစိုးရ လိုက်လျောရမယ်ဆိုတဲ့ ဒီမိုကရေစီ အခြေခံကို လက်ခံတယ်လို့ ပြသလိုက်တာပဲ''ဟု အိုဘားမား၏ အကြံပေးအရာရှိ ဘန်ရုဒ်က သတင်းထောက်ကို ပြောသည်။

အာဆီယံ ဥက္ကဋ္ဌ

၂ဝ၁၂ ခုနှစ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးသို့ အိုဘားမား တက်ရောက်ရန် ရှိနေသည်။ ထိုအစည်းအဝေးတွင် အာ ဆီယံကဆွေးနွေးရန်ဘာသာရပ်တစ်ခုမှာ ၂ဝ၁၄ ခုနှစ်တွင် မြမာနိုန်နင်ငံအား အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့်ပြုရေး ဖြစ် သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါသည် အာဆီယံနှင့် မြန်မာဆက်ဆံရေး တာဝန်ခံ အဖြစ် ဆောင်ရွက်နေ သည်။

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ၏ အသိအမှတ်ပြုမှုကို ရမည်ဖြစ်သည်။ အသိအမှတ်ပြုမှုကို မြန်မာနိုင်ငံက အာသီသပြင်းပြနေသည်။ ထိုအချက်ကို အသုံးပြုလျက် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးဖြစ် စဉ်ကို အရှိန်အဟုန်မြှင့်ပေးရန် နာတာလီ ဂါဝါက ဆုံးဖြတ်လိုက်သည်။

သမ္မတဦးသိန်းစိန်သည် အိုဘားမားနှင့် ဘာလီအစည်း အဝေး၏ သီးခြားအစီအစဉ်အနေ ဖြင့် တွေ့ဆုံရန် ရှိနေသည်။ အမေ ရိကန် က အထူးသတိထားရသည်။ ကန့်သတ်ပိတ်ဆို့မှုများကို လျှော့ချမပေးဘဲ မြန်မာနှင့် ဆက်ဆံရသည်မှာ အထူးသတိထား ရသော ဆောင် ရွက်ချက် ဖြစ်သည်။ ပြုပြင် ပြောင်းလဲရေး အမှန်တကယ် လုပ် နေပါသည်ဆိုသော အချက်ကို မြန် မာနိုင်ငံဘက်က အထောက်အ ထား ခိုင်လုံစွာ ပြသရန် လိုအပ်နေ သည်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်သည် အာဆီယံအတွက် များစွာအရေးပါသည်။ ဆယ်နိုင်ငံပါဝင်သော အာဆီယံ အဖွဲ့၏ ဒေသအတွင်း လူဦးရေ သန်းခြောက်ရာရှိပြီး တစ်နှစ် အသားတင်ထုတ်လုပ်မှု တန်ဖိုး ၁.၅ ထရီလျံရှိသည်။ ၂ဝ၁၅ ခုနှစ် သို့ရောက်သည့်အခါ ဥရောပသမဂ္ဂကဲ့သို့ ပေါင်းစည်းထားသည့် စီးပွားရေးဒေသတစ်ခု ဖြစ်လာရန် ရည်မှန်းထားသည်။ မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးသည် နောက် ကျနေပါက ပေါင်းစည်းသည့်အခါ အခက်အခဲများစွာ ရှိလာမည် ဖြစ် သည်။

အောက်တိုဘာလနှောင်း ပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝါသည် သမ္မတ ဦးသိန်းစိန်အား နေပြည်တော် တွင် သွားရောက်တွေ့ဆုံသည်။

မင်းနေပြည်တော်

နေပြည်တော် ဆိုသည့် အဓိပ္ပာယ်မှာ ထီးနန်းစိုက်ရာ မြို့တော်ဟူ၍ ဖြစ်သည်။ သမ္မတအိမ်တော်နှင့် လွှတ်တော် အဆောက် အအုံတို့သို့ သွားရောက်ရာတွင် မုခ်ဦးများကို ဖြတ်သန်းသွားရ သည်။ နေပြည်တော်သည် မြန်မာပြည်ရှိ မည်သည့်မြို့တော်နှင့်မျှ မတူ။

''သမ္မတကြီးနဲ့ တွေ့ရတယ်။ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့လည်းတွေ့ရတယ်။ ကျွန်တော်က ဘာမှ မတောင်းဆိုဘဲနဲ့ ဒေါ် အောင်ဆန်း စုကြည် နဲ့ မတွေ့တော့ဘူးလားလို့ သူတို့က စပြောတယ်။ အရင်တုန်းကဆိုရင် အဲဒီနာမည်ကို လေသံဟလိုက်တာနဲ့ အခန်းထဲက အားလုံးထထွက်သွားကြတယ်''ဟု နာတာလီဂါဝါက ပြော သည်။

အန်အယ်ဒီပါတီသည် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်မှာမှန်ကြောင်း အစိုးရအရာရှိများက ဝန်ခံပြောဆို သည်။ ယခင်ဆိုလျှင် ယင်းကဲ့သို့ ဝန်ခံပြောဆိုမှုမရှိဟု နာတာလီဂါ ဝါက ဆိုသည်။

''သူတို့က ရွေးကောက်ပွဲ မှာ မဲခိုးတယ်ဆိုတာကို မငြင်းပေမယ့် ဝန်တော့ မခံဘူးဗျ။ ဘယ်လို ဖြစ်စေ ဒါဟာ ကြီးမားတဲ့ တိုးတက် မှုပဲ''ဟု နာတာလီဂါဝါက သတင်း ထောက်အား ပြောပြသည်။

အိုဘားမားရဲ့ ဂန္ထဝင်သူရဲကောင်း

ဟီလာရီကလင်တန်အား မြန်မာနိုင်ငံသို့ စေလွှတ်ရန် စိတ်ကူးကို နာတာလီဂါဝါ မြန်မာနိုင်ငံသို့ ရောက်နေစဉ် အမေရိကန် အစိုးရ က စတင်စဉ်းစားခဲ့သည်။ နိုဝင်ဘာလ ဘာလီထိပ်သီးအစည်း အဝေးသို့ အိုဘားမား မသွားမီ ဟီလာရီအား မြန်မာနိုင်ငံသို့ စေ လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းသို့ စေလွှတ်ရန် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် သဘောတူခြင်း ရှိ၊ မရှိ စူးစမ်း ရန် လိုသည်။

ဘာလီသို့ အိုဘားမား၏ လေယာဉ်ပျံသန်းနေစဉ် အိုဘားမား က ဒေါ်အောင်ဆန်းစုကြည်ထံ တယ်လီဖုန်း ခေါ်သည်။ ဟီလာရီ ကို စေလွှတ်ရန် အစီအစဉ်ကို ဒေါ် အောင်ဆန်းစုကြည်က သဘောတူ သည်။

''အကြမ်းမဖက် ကြိုးပမ်း မှုတွေကြောင့် ဒေါ်စုကို အိုဘားမား က သိပ်အားကျတယ်။ ဒေါ်စုဟာ အိုဘားမား လေးစားအားကျရတဲ့ ဂန္ထဝင်သူရဲကောင်းပဲ''သမ္မတ အကြံပေး ဘန်ရုဒ်က ပြောသည်။

ဒီမိုကရေစီ အတွေ့အကြုံ

မြန်မာနိုင်ငံသည် အမှန်တကယ် ပြုပြင်ပြောင်းလဲနေသည်ဟု နာတာလီဂါဝါက ယုံကြည် သည်။ မြန်မာနိုင်ငံ၏ အစိုးရသစ် သည် အင်ဒိုနီးရှား၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လေ့လာရန် သမ္မတ၏ အကြံပေးပုဂ္ဂိုလ်များကို စေလွှတ် လေ့ လာစေခဲ့သည်။

အစိုးရသည် ဒီမိုကရေစီစနစ်ကို မြေစမ်းခရမ်းပျိုးနေရဆဲ ဖြစ်ကြောင်း သမ္မတ၏အကြံပေးပုဂ္ဂိုလ် ဦးကိုကိုလှိုင်က သတင်း ထောက် ကို ပြောသည်။ ''ကျွန်တော်တို့ရဲ့ မဟာဗျူုဟာနဲ့ နည်းဗျူဟာတွေကို ပြောင်းပစ်ရမယ်။ အဲဒီလိုပဲ ကျွမ်းကျင်မှုနဲ့ နည်း ပညာတွေကို လည်း အပြောင်းအလဲလုပ်ရမယ်။ လူ့အဖွဲ့အစည်းမှာ အရိုးစွဲနေတဲ့အမြင်တွေနဲ့ သဘောထားတွေကိုလဲ ပြောင်းလဲရမယ်။ အခက်ဆုံး ကတော့ အရိုးစွဲနေတဲ့ အမြင်တွေကို ပြောင်းဖို့ပဲ''ဟု ဦးကိုကိုလှိုင်က ပြောသည်။

အေးထွန်းမင်း

Dai Bingguo
Ref: How the U.S. coaxed Myanmar in from the cold:
Editing by Bill Tarrant and Michael Williams (ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြပါတယ်။)

https://www.facebook.com/mg.aungnainghtay/posts/251562371683622 မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။  

စောက်တော်ကြီးများဖတ်ဖို့ စောက်တုံးရေးတဲ့စာ

$
0
0


ပညာရပ်နယ်ပယ်တွေ ရဲ့ သဘောသဘာဝ က ပထမ အခြေခံ အဆင့်မှာ ဒီပညာရပ်ကိုသင်ယူသူတစ်ယောက် အနေနဲ့ နားလည်ဖို့ တတ်ကျွမ်းဖို့ တခြားနယ်ပယ်က အကြောင်းရာတွေ နဲ့ စကားလုံးတွေ နဲ့ အကူညီယူရတယ် ။

နောက်တဆင့် တက်လာတယ် ။ ဒီပညာရပ် ထဲ မှာ သင်ယူသူက နစ်မြုပ်လာတယ် ၊ ကျယ်ကျယ်ပြန့်ပြန့် သိလာတယ် ။ နှိုက်နှိုက်ချွတ်ချွတ် သိလာတဲ့ အဆင့် ။ အဲဒီ အဆင့်ထိ ပညာရပ်ရဲ့ ဘောင်ထဲမှာ ပဲ ရှိနေသေးတယ် ။



နောက်တစ်ဆင့် တက်လာရင်တော့ ... အဲဒီပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်သွားပြီ ။
အဲဒီ ကျွမ်းကျင် ပိုင်နိုင်တဲ့ ပညာရပ်ရဲ့ concept တွေ ကို တခြား နယ်ပယ်တွေ အတွက် ပါ apply လုပ်လာနိုင်တယ် ။ လူ့သဘော သဘာဝ ၊ လူ့လောက လိုအပ်ချက်ပေါ် မူတည်ပြီး ... ပညာရပ်နယ်ပယ်တွေ ဟာ သီးသန့်ရှိမနေတော့ ပဲ ဒွေးရောယှက်တင် ဖြစ်လာကြတယ် ။ ပညာရပ်တစ်ခုရဲ့ ကျွမ်းကျင်ပညာရှင်တွေ ဟာ ကိုယ်ပိုင်နိုင်တဲ့ ပညာရပ်နဲ့ ပက်သက်ပြီး တခြား နယ်ပယ်က လူတွေနားလည်ဖို့ အလွယ်ကူဆုံး စကားလုံးတွေ သုံး ၊ အတိုဆုံး ဖွင့် ဆိုချက်တွေသုံးပြီး ရှင်းပြ နိုင်ကြတယ် ။

အဲဒါ တွေ က ပညာရပ်တိုင်း ၊ နယ်ပယ်တိုင်းရဲ့ သဘောသဘာဝတွေ ။

စစ်သားတွေ က စစ်ပညာ သင်ခဲ့ကြတာ ။ နိုင်ငံရေး နဲ့ အံဝင်ခွင်ကျ မဖြစ်နိုင်ဘူး ။ ဒါကို လက်ခံတယ် ။ စစ်သား ဟာ စစ်သား ပဲ လုပ်သင့်တယ်လို့လည်း သတ်မှတ်ထားတယ် ။ never surrender ဟာ everything we can do နဲ့ မတူဘူးဆိုတာ ကောင်းကောင်းနားလည်ထားပါတယ် ။ never surrender ဆိုတာ mental power ကို အားပေးတာ ဖြစ်ပါတယ် ။ process တစ်ခုကို မမှိတ်မသုန်ပြု နေဖို့ဦးတည်တာ ။ everything we can do ဆိုတာ ability ကိုဦးတည်တာ ဖြစ်ပါတယ် ။ စစ်သားတွေ ပိုင်ဆိုင်ခြင်း ဟာ Never surrender စိတ်ပါ ။ everything we can do ဆိုတဲ့ ability မျိုး မဟုတ်ဘူး ။ high quality မဟုတ်ဘူး ။ ဒါတွေ ကို ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက်တယ် ။

ဒါပေမဲ့ .... စစ်သားတွေ မှာ right education မရှိဘူး ။ right reasoning မရှိဘူးဆိုတဲ့ အယူဆတွေ ကိုတော့ လက်မခံဘူး ။
ကိုယ့်ကိုယ်ကို စောက်တော်ကြီးလို့ ထင်နေတာ က ဘာမှမဖြစ်သေးဘူး ။
သူများတွေအားလုံး စောက်တုံး ချည်း ပဲ လို့ ထင်ရင်တော့ ရှော့ကြီးကြီးရှိတယ် ။

education ဆိုတာ educere လုပ်ရတာ ။ လူတွေ မှာရှိ နေတဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးရတာ ၊ ညှစ်ထုတ်ပေးရတာ ။ ကျွမ်းကျင်မှုတွေ တတ်မြောက်အောင် စွမ်းဆောင်ပေးရတာ ၊ စိတ်နဲ့ အကျင့်ကို ဖွံ့ဖြိုးအောင်လုပ်ပေးရတာ ။ အဲဒီ အရာတွေရှိနေသမျှ ၊ အဲဒီအရာတွေ နဲ့ အကျုံးဝင်နေ သမျှ အဲဒါ education ဖြစ်နေမှာပဲ ။ စစ်သားဖြစ်ဖြစ် ၊ လယ်သမားဖြစ်ဖြစ် ၊ ဆိုက်ကားသမားမှာ ဖြစ်ဖြစ် အဲဒီ အချက်တွေ ရှိနေရင် education ရှိတယ် ။
ကျောင်းကြီးကြီးမှာ စာအုပ်ထူထူကြီးတွေ အီးလိုရေးတဲ့ သီအိုရီတွေကို ကမ္ဘာနဲ့ ချီ သင်ရမှာ education မထင်နဲ့ ။

ဒါကအမှန် ၊ ဒါက အမှား .... အမှန်မဟုတ်ရင် အမှား ၊ အမှားနဲ့ ဆန့်ကျင့်ရင်အမှန် ဆိုတဲ့ လော့ဂျစ်တွေကို ၂၀ ရာစုနဲ့ အတူထားခဲ့လိုက်တော့ ။ သုံးစားလို့ မရတော့ဘူး ။ ပိုကောင်းတဲ့ သန့်စင်မှု ကို လိုချင်ရင် တောင် ညစ်ပတ်တာတွေ ပေါင်းထည့် နေရတဲ့ သိပ္ပံ ခေတ်မှာ .. အမှန် အမှား ချဉ်းကပ် မှု ထက် ... အကျိုးပြုမပြု ကပိုအရေးကြီးတယ် ။ အသုံးဝင်မဝင် က ပို တွက်ချေကိုက်တယ် ။

Reasoning ဆိုတာ ကျိုးကြောင်းကို စပ်ဆက် နားလည်ဖို့ ဝိဘဇ္ဇ ရတာ ။ ဒီနည်းက right ဒါကိုလိုက် ..ဆိုတဲ့ သတ်မှတ်ချက်မဟုတ်ဘူး ။ one way မဟုတ်ဘူး ။ ဟုတ်နိုင်သလား မှန်နိုင်လား ၊ ဖြစ်နိုင်သလား ၊ မဖြစ်နိုင်ဘူးလား ... ဒီလိုဆိုရင်ကော မရဘူး လား ၊ ဟိုတိုင်းဆိုရင်ကော မဖြစ်ဘူးလား ... ဆိုတဲ့ သံသယ စိတ် နဲ့ သေချာမှုကိုမေ့ထားရတာ ။ အဲဒါမှ ပညာ သဘော အစစ် အမှန်ကိုတွေ့တယ် ။
ဒီနည်းက right .. ဒီတိုင်း လိုက် ဆိုရင် ... မှန်ကောင်း မှန်လိမ့်မယ် ။ အဲဒါ ပညာမဟုတ်ဘူး သညာ မှ သညာ စစ်စစ်ကြီးတွေ ။

By
ရုပ် ဆိုး

“Ownership”

$
0
0


နာဂစ်မှာ အလုပ်လုပ်တုန်းက နိုင်ငံတကာ အကူအညီတွေအများစုဟာ အရေးပေါ် ကယ်ဆယ်ရေးမှ (emergency responses) အပ ဘယ်တော့မှ အလကားပေးလေ့မရှိတာကို သတိပြုမိခဲ့တယ်.. ။ ဥပမာ- အနဲဆုံးတော့ လုပ်အားဖြစ်ဖြစ် လက်နက်ကိရိယာဖြစ်ဖြစ် ရွာကလူတွေက စိုက်ထုတ်ကြရတာပဲ…။ ဘာကြောင့်လဲလို့  နားမလည်နိုင်ခဲ့ဖူး…။ ကိုယ်နားလည်တဲ့ “ပရဟိတ” လုပ်ငန်းဆိုတာ မိရိုးဖလာ ဘာသာရေး အလှူအတန်းပေးတာမျိုး (Charity based) သဘောပဲ..။ “မုတ္တစာဂ” လွတ်လွတ်စွန့် ကြဲရမယ် လို့ ပဲ နားလည်နေခဲ့တာကိုး..။

နိုင်ငံတကာအကူအညီတွေရဲ့ သဘောသဘာဝနဲ့ ဖွံ့ ဖြိုးမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို ဂယနဏ မသိခဲ့တာပေါ့လေ..။ အမှန်တကယ်က နာဂစ်ပြန်လည်ထူထောင်ရေးမှာ အလုပ်လုပ်တော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် မှာ ညနေပိုင်းဖွံ့ ဖြိုးရေးပညာမဟာသင်တန်း (EMDevS) ဒုတိယနှစ်တက်နေတာပဲ..။ အဲ ကံအားလျှော်စွာ အမေရိကားရောက်လို့ ဖွံ့ ဖြိုးမှုသဘောတရား သီအိုရီတွေကို ကျယ်ကျယ်ပြန့် ပြန့် သင်ရပြီဆိုတော့မှ မြန်မာပြည်ရဲ့ ဖွံ့ ဖြိုးရေးပညာ (Development Studies) ဆိုတာ ဘောဂဗေဒဆိုင်ရာဖွံ့ ဖြိုးမှု (Economic Development) မျှပဲဆိုတာကိုသဘောပေါက်သွားပြီး အလှူပေးတဲ့ ” ဒါန ” နဲ “့အကူအညီ” (Aid) ကွာခြားပုံကို စိစစ်ခွဲခြားနားလည်လာတာ..။

ဒီနေရာမှာ နိုင်ငံတကာအကူအညီ (International Aids) ဆိုတာကို လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီ (Humanitarian Aids) နဲ့  ဖွံ့ ဖြိုးရေးအကူအညီ (Development Aids) စသဖြင့်ခွဲခြားနားလည်ရတာပဲ။ နာဂစ်နဲ့ ပတ်သက်တဲ့ အကူအညီတွေက အမှန်တကယ်က လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေပါ…။ ဒီလိုအကူအညီတွေက နိုင်ငံတကာ အင်ဂျီအိုတွေ၊ နိုင်ငံတကာကြက်ခြေနီတွေနဲ့ ကုလသမဂ္ဂ တို့ ကတဆင့် လာတာ..။ ဒီ လူမှုဂရုဏာ အကူအညီတွေရဲ့ သဘောသဘာဝကိုက အခြေခံစည်းမျဉ်းတွေနဲ့ လုပ်ရကိုင်ရစမြဲပဲ..။ ဥပမာ…ကြားနေရမည် (neutrality)၊ လူသားဂုဏ်ရည်ရှိရမည် humanity စသဖြင့် ပေါ့…။ ဒီလို လူသားခြင်းစာနာမှု စည်းမျဥ်း (Humanitarian Principles) ကြောင့်ပဲ ဒီအကူအညီတွေအများစုဟာ အစိုးရကို ဦးတည်ပေးလို့ မရတော့ဘူး..။ အစိုးရနဲ့ ကင်းကင်းနေမှ ဘက်လိုက်မှုကင်းတာကိုး…။ နောက်တစ်ခုက အစိုးရနဲ့ လုပ်ရင် ခြစားမှုက လည်း ပင်မပြဿနာကြီးလာဖြစ်သလို အကူအညီတွေကိုယ်တိုင်က ပဋ္ဋိပက္ခတွေကိုဆက်လက်တောက်လောင်စေဖို့ လောင်စာထဲ့ပေးသလိုဖြစ်သွားတတ်ပြန်ရော….။

ဒါပေမယ့် ဖွံ့ ဖြိုးရေးအကူအညီ ဆိုတာမျိုးကြ အစိုးရကနေတဆင့်လည်းသွားနိုင်တယ်…။ဒါမျိုးကို ပေးတာကြတော့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ အဖွဲ့ အစည်းကြီးတွေမှတဆင့်သော်လည်းကောင်း အစိုးရခြင်း (G to G) သော်လည်းကောင်း အကူအညီတွေ စီးဆင်းသွားနိုင်တာပေါ့..။ ကမ္ဘာ့ဘဏ်ကတော့ ပရောဂျက်တွေနဲ့ လာလေ့ရှိတယ်…။ တလောက ဒေါ်လာ ၂ ဘီလျံဟာ စွမ်းအင်နဲ့ ကျန်းမာရေးဆိုင်ရာ ပရောဂျက်တွေနဲ့ လာလိမ့်မယ်ထင်ရတာပဲ....။ နောက်တစ်ခုက အစိုးရကို အကူအညီတွေ ဖေါခြင်းသောခြင်းပေးနေတဲ့ ဂျပန်လိုနိုင်ငံပေါ့..။

ဒီလိုဖွံ့ ဖြိုးမှုအကူအညီတွေမှာကြတော့ လူသားခြင်းစာနာထောက်ထားမှုအကူအညီတွေလို လုပ်ရကိုင်ရတာ ကြပ်ကြပ်တည်းတည်းမရှိတာအားသာချက်ပေါ့လေ..။ ဘာအကူအညီပဲဖြစ်ဖြစ် လုပ်တာကိုင်တာချွတ်ချော်ရင် ဆေးကြောင့်လေးတတ်စမြဲ..။ ရွှံ့ ထဲဗွက်ထဲ၊ မိုးထဲရေထဲမှာ အသေအလဲ လုပ်ပင်လုပ်ခဲ့သော်ငြားလည်းပဲ လုပ်ခဲ့ကိုင်ခဲ့တာတွေက အမှန်တကယ်ရော ဖွံ့ ဖြိုးမှုအကျိုးတရားတွေဖြစ်စေခဲ့ရဲ့ လားဆိုတာက အဓိကပြဿနာပဲ…။

ပုံမှန်အားဖြင့်တော့ လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေဟာ ဘေးအန္တရာယ်တွေ(disaster) နဲ့ ပတ်သက်တဲ့ အခါမှာစီးဝင်လာကြစမြဲပေါ့..။ ဘေးအန္တရာယ်ဆိုရာမှာလည်း နာဂစ်လို သဘာဝဘေးအန္တရာယ် (Natural Disaster) နဲ့ လူလုပ်ဘေးအန္တရာယ် (ဥပမာ- စစ်ပွဲ၊) အကုန်ပါတာပေါ့…။ ဘယ်လိုဟာပဲဖြစ်ဖြစ် ဒီလိုအကူအညီတွေဟာ အများအားဖြင့် အဆင့် ၂ ဆင့်နဲ့  စီးဝင်လာကြတာပဲ…။ အရေးပေါ်တုန့် ပြန်မှုအဆင့် (Relief/Emergency Phase) နဲ့ ပြန်လည်ထူထောင်မှု (Recovery Phase) ဆိုပြီးတော့..။ ဒီအဆင့်၂ခု အကောင်အထည်ဖေါ်ပုံဟာ ကွဲပြားသလောက် တစ်ခုကနေ တစ်ခုကို ချောချောမွေ့ မွေ့ နဲ့ မှန်မှန်ကန်ကန်ကူးပြောင်းနိုင်ဖို့ ကလည်း အင်မတန်အရေးပါတာကိုး…။

ပထမအဆင့် အရေးပေါ်ကယ်ဆယ်ရေးမှာ ချွတ်ချော်ရင် ဖွံ့ ဖြိုးမှုဆိုတာ ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်ကရော….။ ဒီပထမအဆင့်က အရေးပေါ်ကယ်ဆယ်ရေး (Relief) ဆိုတော့ လူတွေကို အသက်မသေအောင် (Survival) ကယ်ဆယ်စောင့်ရှေက်ရတဲ့လုပ်ငန်းကိုး.။ လက်ငင်းလိုအပ်ချက် (immediate needs) တွေပြေလည်စေဖို့ ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့် ဝေပေးတာ (relief distribution) လုပ်ရတာ..။အစားအသောက် (food) နဲ့ အသုံးအဆောင် (non-food item) တွေကို ဖေါခြင်းသောခြင်း အလကားပေးတာဆိုတော့ ဒုက္ခသည်တွေကြားမှာ ဒီအကူအညီတွေကိုပဲ မှီခိုစားသောက်လိုတဲ့စိတ်ဓါတ်က ကြာရင် ၀င်သွားတတ်ရော..။ ဒါကို Moral Hazard ဆိုပြီးခေါ်လေ့ရှိတာပေါ့….။ ဒီလို ဘေးထွက်ဆိုးကျိုးတွေကို လျော့ချဖို့ အတွက် ဖွံ့ ဖြိုးရေးသဘောတရားတွေကို ထဲ့သွင်းလုပ်ဆောင်ကြရတာပဲ....။ နောက်ဒုတိယအဆင့် ပြန်လည်ထူထောင်ရေး ကန္တ ရဲ့  စီမံချက်တွေမှာလည်းပဲ ဒီသဘောတရားတွေကို ထဲ့သွင်းမြှုပ်နှံ ရေးဆွဲ အကောင်အထည်ဖေါ်ရတာပဲ..။

ဒီသဘောတရားတွေထဲမှာ အကူအညီ (aid) ဆိုတာကို အလှူအတန်းပေးတဲ့ “ဒါနမှု “ နဲ့  ကွဲပြားသွားစေတာက ကိုယ်ပိုင်စိုက်ထုတ်ခြင်း “Ownership” ဆိုတဲ့အယူဆ (concept) ပဲ....။ လူ့ စိတ်သဘာဝအရ အလကားရရင် တန်ဖိုးမထားတတ်လေတော့ ဒါကိုကာကွယ်ဖို့ ဒီသဘောတရားကို ထဲ့သွင်းထားတယ်လို့ လည်းဆိုနိုင်တယ်..။ နောက်တစ်ချက်က လူဆိုတာ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်လက်ရာလေး၊ ကိုယ့်အမြင်လေးတစ်ခုခု (အတ္တ) ပါနေရင် တန်ဖိုးထားစောင့်ရှောက်တတ်စမြဲကိုး…။ ဒီလို ဖြစ်စေဖို့ က လူတိုင်းကို ပူးပေါင်းပါဝင်ခွင့်ပေးရမယ် (participatory development)။ ဘာအကြောင်းနဲ့ မှခွဲခြားဆက်ဆံခြင်း (discriminate) မပြုရ။ ၀ိုင်းပယ်မထားရ (marginalization) စသဖြင့်…။

နောက်တစ်ချက်က.. ကူညီထားတဲ့လုပ်ငန်းမှာကိုပဲ ရပ်ရွာက (သို့ မဟုတ်) သက်ဆိုင်ရာ အစိုးရက အနည်းဆုံး လုပ်အားဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ လက်နက်ကိရိယာဖြစ်ဖြစ်၊ အကြံညဏ်ဖြစ်ဖြစ် တတ်နိုင်သမျှစိုက်ခိုင်းတာပဲ…။ အစိုးရကို ပေးတဲ့ အကူညအညီတွေမှာလည်း ဒီလို ကန့် သတ်အခြေအနေတစ်ခုနဲ့ ပေးတာပဲ..(Conditional Adis)။ ဥပမာ အစိုးရ၀န်ကြီးဋ္ဋာနဘက်က ရာခိုင်နှုန်းဘယ်လောက် ပါဝင်ကျခံသုံးစွဲပေးရမယ်ဆိုတာမျိုး....။ ဒီအကူအညီတွေရဲ့ ထိရောက်မှု (Aid Effectiveness) ဆိုတာကိုလည်း ဒီသဘောတရားကို အခြေခံတည်ဆောက်ထားတဲ့ ညွှန်ပြကိန်း (indicators) တွေနဲ့ အကဲဖြတ်လေ့ရှိကြတယ်..။ ဒီလို အကဲဖြတ်နိုင်ဖို့ ဆိုရင် ဖွံ့ ဖြိုးမှုပေါ်လစီဆိုင်ရာ သဘောတရားတွေကိုနားလည်ပိုင်နိုင်ဖို့ က အရေးပါလာတော့တာပေါ့..။

ဥပမာ- နာဂစ်ကြောင့်အတိဒုက္ခရောက်သွားတဲ့ ရွာကို ပြန်လည်ထူထောင်ဖို့ အကူအညီပေးမယ်ဆိုပါစို့ ..။ ပထမအဆင့်အနေနဲ့ ဒီရွာရဲ့ လိုအပ်ချက်တွေကို ရှာဖွေဖေါ်ထုတ်ရမယ် (Assessment)။ ဒီလိုဖေါ်ထုတ်ရာမှာလည်း ရပ်ရွာကပူးပေါင်းပါဝင်တဲ့နည်းလမ်းအားဖြင့်သာလျှင် ဖေါ်ထုတ်ရမယ် (participatory assessment)။ နောက်တဆင့်က လိုအပ်ချက် အနမတဂ္ဂတွေထဲကမှ ဦးစားပေးအဆင့်အလိုက်ခွဲခြားရမယ် (Priorities)။ ဒီလို သတ်မှတ်ရာမှာလည်း ရပ်ရွာရဲ့ တညီတညွတ်အသံနဲ့ ဖြစ်ရမယ် (Community Decision)။ ရွာထဲမှာ အကူအညီလိုအပ်နေသူတွေဟာ ရွာလုံးကျွတ်နီးပါးဖြစ်နေတတ်ပြီးတော့ ပေးနိုင်တာ (resource) က လက်တစ်စုပ်စာပဲဖြစ်နေတတ်စမြဲဆိုတော့.. ဘယ်သူ့ ကို ဦးစားပေးကူညီမလဲ ဆုံးဖြတ်ရမယ်…(Beneficiary Selection)။ဒီလို ဆုံးဖြတ်ရွေးခြယ်စေရာမှာလည်း ရွာသားတွေကိုယ်တိုင်က သတ်မှတ်စံတွေ(criteria) သတ်မှတ်တာ၊ ဒီစံတွေနဲ့ အညီရွေးခြယ်တာလုပ်ရမယ်..စသဖြင့်ပေါ့..။

ဒီလို လုပ်ဆောင်ချက်အဆင့်တွေအားလုံးကို ကြည့်လိုက်ရင် ရွာကလူတွေအားလုံးဟာ ကိုယ့်ရွာရဲ့ အကျိုးစီးပွားအတွက် ပူးပေါင်းပါဝင်လာခြင်း participation ဆိုတဲ့ သဘောတရားနဲ့ လုပ်ဆောင်နေကြတယ်ဆိုတာကို မြင်ရမှာပဲ..။ ဒါရဲ့ အကျိုးရလဒ်က…ဒီလုပ်ငန်းကြောင့် ဖြစ်လာတဲ့ ပြဿနာအ၀၀ကို ရွာကလူတွေက ခေါင်းခံဖြေရှင်းရဲတဲ့သတ္တိ (accountability)၊ ကျရာတာဝန်ကိုကျေပွန်အောင်လုပ်လိုတဲ့စိတ်ဓါတ် (responsibility)၊ အဆုံးမတော့..ကိုယ့်ရဲ့ အသံ၊စိတ်ကူး၊အကြံပါသွားတဲ့အတွက် ကိုယ်ပိုင်ဖြစ်လို့ တန်ဖိုးထားခြင်း (ownership) ဆိုတဲ့ အကျိုးတရားကိုဖြစ်စေတော့တာပဲ....။ဒါတွေရဲ့ ရေရှည်သက်ရောက်မှုက… အချင်းချင်း ညီညီညွတ်ညွတ် လုပ်တတ်ကိုင်တတ်တဲ့ စွမ်းရည် (Good Governance) နဲ့  စုပေါင်းဖြေရှင်းတတ်တဲ့ အလေ့အထ (Democratic Practice) တွေကိုပါ ကျွဲကူးရေပါ လေ့ကျင့်ပေးပြီးသားဖြစ်သွားတော့တယ်..။

အနှစ်ချုပ် ကြည့်လိုက်ရင် အားလုံးပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း (participation) ကြောင့် ထွက်လာမယ့် ရလဒ်ဟာ လူတိုင်းနဲ့ ဆိုင်တယ်ဆိုတဲ့ အသိ (ownership) ကို ရရှိသွားစေပြီး ဒီကမှတဆင့် လုပ်ရဲကိုင်ရဲ၊ တာဝန်ခံရဲ၊ ခေါင်းခံရဲတဲ့ အရည်အသွေးတွေကို မွေးမြူဖို့ တွန်းအားဖြစ်သွားတော့တာပေါ့...(empowerment).။ အကောင်အထည်ဖေါ်လိုက်တဲ့ စီမံချက် (သို့ မဟုတ်) အလုပ်ကိုလည်း ရေရှည်တည်တံ့အောင် တရွာလုံးက အသိစိဓါတ်ရှိရှိ စောင့်ရှောက်သွားတော့တာပေါ့…။ ဒါကိုပဲ ရေရှည်တည်တံ့သော ဖွံ့ ဖြိုးမှု (sustainable development) လို့ စကားလုံးသုံးပြီးခေါ်ကြတာပါပဲ..။

နိုင်ငံတကာ အကူအညီ (International Aids) တွေဆိုတာ ဒီသဘောတရားတွေနဲ့ တည်ဆောက်ထားတဲ့ ပေါ်လစီတွေဖြစ်လေတော့ လုပ်ငန်းအ၀၀ ကို ဒီသဘောတရားတွေနဲ့ သာ အကဲဖြတ်လေ့ရှိပြီး အကူအညီပေးလေ့ရှိတာပဲ….။ ဒီနေ့ ခေတ်မှာ ownership မပြနိုင်၊ မလုပ်နိုင်ပါဘဲ အကူအညီပေးတာမျိုးဆိုတာ ရှာမှရှားပဲ..။

ဒီလို သဘောတရားကို ဖွံ့ ဖြိုးမှုလုပ်ငန်းနယ်ပယ်ကိုကျော်ပြီး အခြားနယ်ပယ်တွေ (ဥပမာ - လက်ရှိမြန်မာ့နိုင်ငံရေး ) ထိ ဆက်စပ်စဉ်းစားကြည့်ရင်လည်း ဒီသဘောတရားတွေရဲ့ အရေးပါမှုကိုသိမြင်နိုင်တာပဲ..။ အထင်ရှားဆုံးကတော့… ပူးပေါင်းပါဝင်ခွင့်မပေး (un-participatory) ခဲ့တဲ့အတွက်ကြောင့် ၂၀၀၈ စာအုပ်စိမ်းကြီးဟာ မြန်မာနိုင်ငံသားတို့ ကြားမှာ ငါနဲ့ ဆိုင်တယ်ဆိုတဲ့ အသိ (ownership) ကိုမပေးစွမ်းနိုင်ပဲ…ဒီနေ့ အကျပ်အတည်းမျိုးဆိုက်ရောက်နေတယ်ဆိုတာ ကို မြင်မိမှာပါပဲ..။

ဒီလို ကိုယ်နဲ့ ဆိုင်တယ်ဆိုတဲ့ ခံစားချက် (sense of belongingness) မရှိတဲ့အတွက် ဒီစာအုပ်ကြီးအရ ဖြစ်လာတဲ့အစိုးရနဲ့ လွှတ်တော်အမတ်များကိုလည်း ဘ၀င်ကျကျလက်ခံလို့ မရ တဲ့ ပြဿနာ (illegitimacy) ထွက်လာတာပေါ့။ ဒါတွေရဲ့ ရလဒ်အနေနေဲ့ .. အစိုးရနဲ့ ပြည်သူကြားက မမြင်ရတဲ့ အပြန်အလှန်နားလည်မှုစာချုပ် (Social Contract) ဟာ ကျိုးပေါက်သွားပြီး တိုင်းပြည်တစ်ခုလုံး နိုင်ငံရေးအရ ရုန်းကန်ရတဲ့ အဆင့်ကိုရောက်သွားတာပဲလို့ မြင်လို့ ရတာပဲမဟုတ်လား..။

ဖြေရှင်းဖို့ နည်းလမ်းအနေနဲ့ က..ဒီ လူမှုပဋ္ဋိညဉ် ပြန်လည်အသက်ဝင်ခိုင်မာစေဖို့ ဆိုရင် အစိုးရအပါအ၀င် နိုင်ငံသားတိုင်းက ပူးပေါင်းပါဝင်လုပ်ဆောင်ရတဲ့ (participatory) နိုင်ငံသားဖြစ်မှု (citizenship) ကို အမျှော်အမြင်ရှိရှိလုပ်ဆောင်ကြဖို့ လိုမှာပဲ..။ နိုင်ငံသားဖြစ်မှုဆိုရာမှာ အယုတ်အလတ်အမြတ်မရွေး နိုင်ငံသားတိုင်းဟာ နိုင်ငံ့အရေးနဲ့ ပတ်သက်တဲ့ အရေးအရာကိစ္စမှန်သမျှကို ကျရာနေရာက ပါဝင်ပတ်သက်တာ၊ တာဝန်ယူထမ်းဆောင်တာ၊ ဝေဖန်အကြံပေးတာ၊ အကျိုးအကြောင်း အဆိုးအကောင်းထောက်ပြတာ…စသဖြင့်.အားလုံးပါဝင်နေမှာပဲလေ..။ ဒီလို သာ အားလုံးက ပူးပေါင်းပါဝင် ကြမယ်ဆိုရင် ငါတို့ ရေငါတို့ မြေဖြစ်တယ်ဆိုတဲ့အသိ “ownership” ကို ပြန်လည်ရရပြီး…အဆုံးမှာ အချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှု (mutual trust) ကို တည်ဆောက်နိုင်မှာ..။ ဒီလိုနဲ့ …အမျိုးသားပြန်လည်သင့်မြတ်ရေး (national reconciliation) ကိုဖန်တီးနိုင်မယ်လို့  မြင်လာမှာပါပဲ…

By

"Bitter Truth"

$
0
0


- ဘင်္ဂလီကိစ္စကြတော့ Humanitarian Aid အောက်မှာ။ အမှန်က အစိုးရညံ့လို့ ဒီကိစ္စက ပိုရှုပ်ပိုကြီးထွားလာတာ...ဘာလို့ လဲဆိုတော့ နိုင်ငံတကာဥပဒေ (international law) အရ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နမိတ်အတွင်းမှာရောက်ရှိနေတဲ့ လူသားတိုင်းအတွက် ပထမဆုံးတာဝန်ရှိသူက သက်ဆိုင်ရာ နိုင်ငံရဲ့ အစိုးရပဲ….။ ဒါကိုသိတဲ့ ချမ်းသာတဲ့လူလည်ကြီးတိုင်းပြည်တွေက သူတို့ တိုင်းပြည်ထဲကို အ၀င်အထွက်ခက်အောင်လုပ်ထားကြတာ…။ဒါကြောင့် သူတို့ တိုင်းပြည်တွေထဲကို ဆင်းရဲတဲ့ နိုင်ငံတွေက လူတွေ ၀င်ဖို့ ဗီဇာ ခက်တာပဲ..။



- အခုရခိုင်မှာ.. UNHCR တို့  INGO တို့ ဝင်ရောက်ခြယ်လှယ်ခွင့်ရတာ အစိုးရက သူ့ ဇတ်သူမနိုင်တော့လို့ ...။ ဒီအဖွဲ့ တွေက သူတို့ ရဲ့ မန်ဒိတ် (to safeguard the well beings of refugees) နဲ့ လာတာဆိုတော့ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တော့… အဲဒီမှာ ခွဲခြားဆက်ဆံတယ်ဆိုပြီးဖြစ်ကုန်တာ..။ ဒေသခံရခိုင်တွေက ဒုက္ခသည် (Refugee) မဟုတ်တော့ ဘင်္ဂလီတွေကို ထောက်ပံသလို ကူညီချင်တောင် ကူညီထောက်ပံ့လို့ မရဘူး...။ သူတို့ ရဲ့ ဘတ်ဂျက်သုံးစွဲမှုမှာ သုံးသမျှ ဒေါ်လာတိုင်းဟာ မန်းဒိတ်နဲ့ ညီရတယ်....ဥပမာ UNHCR ရဲ့ ပထမဦးစားပေး အုပ်စုက Refugees တွေဖြစ်နေတော့ ဒီ ဘင်္ဂလီတွေကိုပဲ ဦးစားပေးစောင့်ရှောက်မှာပဲ....နှစ်ကုန်လို့ ဘတ်ဂျက်ကို အလှူရှင်ဆီ တင်ပြရပြီဆိုရင်…အကဲဖြတ်ပြီဆိုရင် ဒါနဲ့ ဆုံးဖြတ်တာ...။.သူတို့ က သူ တို့ အလုပ်သူတို့ လုပ်တာ..။.အစိုးရကညံ့ ပြီးခြစားလွန်းတော့ ကိုယ့်လူက ဒုက္ခသည်လောက်မှ လူမွေးလူရောင်မပြောင်တော့လို့  ခွဲခြားဆက်ဆံခံရသလို အလို လိုဖြစ်သွားတာ...

- ဒီလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအင်ဂျီအိုတွေရဲ့ ထောက်ပံ့မှု စံနှုန်း (International Humanitarian Standards) တွေက မြန်မာနိုင်ငံလိုဆင်းရဲ စုတ်ချာနေတဲ့ နိုင်ငံအတွက် မြင့်လွန်းနေတာရယ်...ဘင်္ဂလားလို မွဲတဲ့နိုင်ငံအနေနဲ့ ဒီထောက်ပံ့မှုတွေက နတ်သုဒ္ဓါဖြစ်နေတာရယ်က အဓိက အကြောင်းပါ..။.ဒါကြောင့် ဒီလိုထောက်ပံ့မှုအပေါ်ဒုက္ခသည်တွေကမှီခိုလာတာကို Moral Hazard လို့ ခေါ်တာပဲ…။ Dependency ပဲ..။ ဒါမျိုးက..နာဂစ်မှာလည်း ရှိတာပဲ ...။ နိုင်ငံတကာအဖွဲ့ အစည်းတွေရဲ့ လုပ်မှားကိုင်မှားတွေကလည်း အကြောင်းတရားတစ်ခုပေါ့…။

- ဒီ ဘင်္ဂလီတွေကို မြန်မာအစိုးရကလည်း လက်မခံ သူ့ နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံတော့ ဘယ်သူက စောင့်ရှောက်မှာလဲ....။ သူတို့ ကလည်း လူတွေလေ...။ လူသားခြင်းစာနာမှုအကူအညီ (Humanitarian Aids) ဆိုတာ ဒါကိုပြောတာပဲ...။ မြန်မာအစိုးရက ညံ့လွန်းတော့…သူ့ နိုင်ငံသား သူ့ နိုင်ငံတာဝန်က ကိုယ့်ပခုံးပေါ်ပုံကျလာတာ…။ အမှားက အမှန်ဖြစ်လာတာ...။

- ဒီ ဘင်္ဂလီတွေကို ထောက်ပံ့တဲ့နေရာမှာလည်း ဖွံ့ ဖြိုးမှု သဘောတရားတွေနဲ့ ထောက်ပံ့တာပဲ။ ပေးနိုင်တာက နည်းနည်း ရချင်တဲ့သူက များနေတော့ ဘယ်သူ့ ကို ထောက်ပံ့မှာလည်းဆိုတာ (beneficiary selection) ဆိုတာကိုလုပ်ရတာပဲ..။ ဥပမာ အိမ်ထောင်စုကြီးတဲ့ ဘင်္ဂလီမိသားစုကို ထောက်ပံ့ပြီး အိမ်ထောင်စုသေးတဲ့ မိသားစုကို မထောက်ပံ့နိုင်တာမျိုးပေါ့….

- ဒါပေမယ့်…ဒီလို နိုင်ငံရေးခိုလှုံသူ ဒုက္ခသည်တွေ (refugees) နဲ့ ပတ်သက်ရင် ထောက်ပံတဲ့အကူအညီ Humanitarian Aid မှာကိုပဲ ၂ မျိုးကွဲသွားတယ်...၁) သမရိုးကျ အသက်ရှင်သန်ရေးအတွက် ထောက်ပံ့တာ..ဥပမာ WFP က မငတ်အောင်ဆန်ပေးတာ…AZG တို့ လို အဖွဲ့ တွေက ကျန်းမာရေးစောင့်ရှောက်ပေးတာမျိုး ..။ ၂) အကာအကွယ်ပေးတာ (protection).။.ဒီ အကာအကွယ်ပေးခြင်း protection မှာက နိုင်ငံရေးပါလာတယ်...။ ဥပဒေတွေပါလာတယ်..။.နိုင်ငံတကာဥပဒေတွေပါလာတယ်...(International Law) ကိုနားလည်ရတယ်...ဥပမာ..International Refugee Law, International Human Rights Law, Internatonal Humanitarian Law စသဖြင့်...။ အခု ပြောနေကြတဲ့ White Card ဆိုတာ အဲဒီ protection ကလာတာ…UNHCR လို အဖွဲ့ က ဒါမျိုးကို အားပေးလှသပေါ့…။ International Human Rights Law မှာက Right to participation လို့ ပါသကိုး..။ မဲပေးခွင့် ပြုလိုက်တာ…နိုင်ငံသားအဖြစ် အသိအမှတ်ပြုတော့မယ်လို့  အချက်ပြလိုက်တာကိုး…။

- အဲဒီလို Protection ကိစ္စဟာ နိုင်ငံတကာ ကိစ္စဖြစ်လာတဲ့အခါ ...ကိုယ့်အစိုးရ ရဲ့ ကိုင်တွယ်ပုံက နေရာမကျရင် ပိုရှုပ်ထွေးလာပြီး ကိုယ့်ဇတ်ကိုယ်မနိုင်ဖြစ်လာရော...။ ဘင်္ဂလီ ပြဿနာ..ဒီနေ့ ဒီအခြေအနေရောက်တာ ကိုယ့်အစိုးရ အသုံးမကျ ညံ့ဖျင်းလို့ ပဲ...။
နိုင်ငံတကာ အဖွဲ့ အစည်းတွေကတော့ သူ့ မန်းဒိတ်အတိုင်းလုပ်ကြတာဆိုတော့ နိုင်ငံရေးခံစားချက်နဲ့ ကြည့်ရင် ရခိုင်တွေ၊မြန်မာနိုင်ငံသားတွေအတွက်က (biased) ဘက်လိုက်တာပဲ...။ ဒီလိုပဲ...မယ်လ တို့ အုန်းပြန့် တို့ မှာရှိတဲ့ မြန်မာဒုက္ခသည် စခန်းတွေမှာဆိုရင်လည်း ထိုင်းတွေက သူတို့ ကို ဒီအဖွဲ့ တွေကို မြန်မာတွေ မနှစ်မြို့ သလို သဘောကျမှာမဟုတ်ဘူး..။ ဒါပေမယ့် ဘာပဲပြောပြော...ဒီ အဖွဲ့ အစည်းတွေမှာက လူသားခြင်းစာနာမှုစည်းမျဉ်း (Humanitarian Principles) တွေအတိုင်းလုပ်ကြ ကိုင်ကြတာ...။ အဲဒီအခါမှာ...ဘက်လိုက်သလိုဖြစ်ကုန်တာပဲ...။

- တကယ်လို့  သူတို့ ကို သဘောမကျ ထွက်သွားစေချင်ရင် အစိုးရက အဲဒီ ဘင်္ဂလီတွေကို တာဝန်ယူနိုင်လား...ဒါက မေးစရာဖြစ်လာတယ်..။ တာဝန်မယူနိုင်လို့ ဦးသိန်းစိန်တောင် မဟာမင်းကြီးကို တတိယနိုင်ငံ ပို့ ပေးဖို့ အရေး ကပ်ပြီးပြောသေးမင့်ဟာပဲ....။ သန်းနဲ့ ချီနေတဲ့လူတွေကို တရက် ထမင်း သုံးနပ် အလကားကျွေးထားရမယ့်အပြင် နိုင်ငံတကာ လူသားခြင်းဆိုင်ရာစံနှုန်းနဲ့ အညီစောင့်ရှောက်ထားရမှာ....။ အဲသလို လုပ်နိုင်လား အရင်ကိုယ့်ဟာကိုယ်မေးကြည့်ပေါ့...။ တကယ့် နိုင်ငံသားစစ်စစ်ကြီးတွေတောင် လူမွေးလူရောင်ပြောင်အောင်မစောင့်ရှောက်နိုင်တဲ့ဥစ္စာပဲ...။-

- သူ့ ကိုယ်သူတောင် နိုင်ငံတကာမျက်နှာရအောင်... နိုင်ငံတကာ လူရာဝင်ဆံ့အောင် အမျိုးမျိုးလုပ်ပြနေရတယ့် အစိုးရလေ….။ပြဿာနကိုယ်တိုင်က အစိုးရပဲ..။ အစိုးရက ဒီလူတွေဟာ ဥပဒေအရ (၈၂ အရ) နိုင်ငံသားအဖြစ်မပေးနိုင်ကြောင်း နိုင်ငံတကာကို ခိုင်ခိုင်မာမာ မထောက်ပြနိုင်တာ၊ မလှန်ဝံ့တာ...။ သူကိုယ်တိုင်က တရားဝင်တဲ့ အစိုးရ (legitimacy) ဖြစ်ဖို့ နိုင်ငံတကာ ကထောက်ခံလာအောင် မျက်နှာရအာင်ရုန်းကန်နေရတာကိုး..။

- ဒီ protection မှာပါတာက Right to citizenship, right to participation, right to free movement စသဖြင့် လူ့ အခွင့်အရေး ပြဋ္ဋာန်းချက်တွေလာတာကိုး..။ အမှန်က ဒီအခွင့်အရေးတွေက နိုင်ငံသား (citizen) အခွင့်အရေးတွေ..။ အစိုးရကိုယ်တိုင်က တရားဝင်အစိုးမဟုတ်ဘဲ.. နိုင်ငံတကာအလယ်မှာ လူရာဝင်ဖို့ ရုန်းကန်နေရတော့..."ဒီအခွင့်အရေးတွေကို ဘင်္ဂလီတွေကိုမပေးနိုင်ပါဘူး...နိုင်ငံသား မဟုတ်လို့ ပါ လို့  မာမာတင်းတင်းမငြင်းရဲဘူး..။ သက်သေအထောက်အထားနဲ့ ခိုင်ခိုင်မာမာမပြောရဲဘူး.."..။ အဓိက လက်သည်တရားခံက အဲဒါပဲ...။ ခေတ်အဆက်ဆက် အရိုးစွဲလာတဲ့ ခြစားမှုက ထပ်ဆောင်းလိုက်တော့ ....အ၀ီစိထိရောက်သွားတော့တာပေါ့...။ ဒါကို နိုင်ငံရေးကစားကွက်အဖြစ် ပုံဖေါ်လာတဲ့ ဦးတည်ချက်ကတော့ "မိုက်မဲမှုကမ်းကုန်တယ်"ပြောရုံမှအပ အခြားမရှိပဲ...

- အခု ဘင်္ဂလီပြဿနာက ဒုတိယပိုင်း Protection မှာအဓိကပဲ…။ နိုင်ငံသား ရဲ့ အခွင့်အရေး citizenship right ကိုပေးကြည့်လိုက်…။.အဲဒီ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့ တွေက "က"ပြီးတောင် ထွက်သွားမှာ..။ ဘတ်ဂျက်တွေကို အခြားနေရာတွေမှာ သုံးနိုင်မှာမို့ ....။ အဲ မပေးနိုင်ဘူးလား…ဒီ သန်းချီနေတဲ့ လူတွေကို ဘယ်လိုကျွေးမွေး စောင့်ရှောက်မလဲဆိုတာ စဉ်းစား…။ ဒါ လုပ်နိုင်မှ တကယ် မျိုးစောင့်ရာ ၊ မျိုးချစ်ရာ ရောက်မယ်….

By
Athenian Ahnyarthar

“Participation”

$
0
0

Photo: :::::: Athenian Ahnyarthar ::::::  “Participation”  ပူးပေါင်းပါဝင် ဖွံ့ဖြိုးမှု (participatory development) ဆိုတာ ကနေ့ ခေတ်မှာ ဘုရားဟော ကျမ်းလို လိုက်နာကျင့်သုံးနေရတဲ့ ဖွံ့ ဖြိုးမှုဆိုင်ရာ သဘောတရားတစ်ခု (concept) ပါပဲ..။ ၁၉၆၀ ပြည့်လွန်နှစ်များတုန်းက နိုင်ငံတကာအကူအညီတွေဆိုတာ ပညာရှင်တွေရဲ့ အမြင် (Expert knowledge) ကသာအရာရာဖြစ်ပြီး သူတို့ ရဲ့ အမြင်အပေါ်မှာ ပဲမူတည်ပြီး စီမံကိန်းတွေချမှတ် အကောင်အထည်ဖေါ်ခဲ့ကြတာကိုး။ ဒါရဲ့ အကောင်းဆုံး ဥပမာကတော့ တည်ဆောက်ပုံအပြောင်းအလဲပရိုဂရမ် လို့ ခေါ်တဲ့ SAP (Structural Adjustment Programs) တွေပေါ့…။ ဥပမာ-သောက်သုံးရေ ရရှိရေး စီမံချက်အထည်ဖေါ်ဖို့ ရာမှာ ကျွမ်းကျင် ပညာရှင် (expert) ရဲ့ အသိအမြင်နဲ့ ပညာကိုသာ အရေးထားပြီး သက်ဆိုင်ရာ ရပ်ရွာရဲ့ အခန်းကဏ္တကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ သဘောမထားခဲ့တာမျိုး....။  အဲ ..ပြဿနာတက်တာက ဒီလို သက်ဆိုင်ရာပညာရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကိုပဲ လုံးဝ ယုံ၊ပုံလိုက်ပြီး ဖွံ့ ဖြိုးမှုစီမံချက်တွေ အကောင်အထည်ဖေါ်လိုက်တာ.. အာဖရိကနိုင်ငံတော်တော်များများ နူရာဝဲစွဲ ဖြစ်သွားကြရော…။ ဒီလိုနဲ့ … Participatory Approach ပူးပေါင်းပါဝင်ချဉ်းကပ်ခြင်းဖြစ်စဉ်က ပိုအရေးကြီးတယ် ဆိုတဲ့အမြင်ကို ဖေါ်ထုတ်လာကြတာပေါ့…။ တနည်း.. လူတစ်ဦးချင်းရယ်နဲ့  ရပ်ရွာလူထု (community) ရဲ့ အသံနဲ့ အမြင်က (သို့ မဟုတ်) လူထုကြားက လာတဲ့ သတင်းအချက်အလက် (information) အမှန်ကို ဖမ်းဆုပ်နိုင်ဖို့ အရေး က ပညာရှင်တွေသင်ယူထားတဲ့ သတင်းအချက် လက်တွေထက် ပိုမို အရေးပါတယ်ဆိုတဲ့ အမြင်ပေါ့..။  မိမိရပ်ရွာဖွံ့ ဖြိုးမှုအတွက် အပြင်ကလာတဲ့ ပညာရှင်ဆိုသူတွေထက် မိမိတို့ ရပ်ရွာက ပိုသိတယ်လို့ ခံယူတဲ့သဘော….။ ဒီနေရာမှာ…အရေးကြီးတာက ဒါဟာ ရပ်ရွာလူထုကို စာနာထောက်ထားလို့ သနားညှာတာလို့ ဆိုတာမဟုတ်ပဲ လူတိုင်းရဲ့ အသိအမြင်ဟာ အရေးပါတယ် လေးလေးစားစားနဲ့ နားထောင်အပ်တဲ့ အရာဖြစ်တယ်လို့ ပြောင်းလဲခံယူဖို့ လိုခြင်းဆိုတာပါပဲ…။  ဒီ Participatory သဘောတရားရဲ့ အခြေခံလိုက်နာရမယ့်စည်းမျဉ်းက (how to listen) နားထောင်တတ်ဖို့ ပါတဲ့…။ နောက် သတိပေးတာတစ်ခုက ပညာရှင်တွေ (experts, technocrats, practitioners etc) အတွက် လိုက်နာရမဲ့အရာက "unlearn your knowledge" တဲ့ ။ တနည်းအာဖြင့် သင်လာခဲ့တဲ့ အသိပညာတွေကို မေ့ လိုက်ပြီး လူထုကြားက စစ်မှန်တဲ့အသံနဲ့ အမြင်ကို အရအမိ ဖမ်းယူဖို့  လူထုဆီက သင်ယူပါပေါ့...။ ဒါကြောင့်.. အချို့ ပညာရှင်တွေဆိုရင် လူထုကြားမှာ သွားလာနေထိုင်ပြီး ရပ်ရွာလူထုရဲ့ သမားရိုးကျနည်းပညာနဲ့ အသိပညာ တွေကို သင်ယူတဲ့အထိလုပ်လာကြတယ်…။ တနည်းအားဖြင့် မိရိုးဖလာ အသိပညာ (indigenous knowledge) တွေဟာလည်းပဲ ခေတ်မှီ သိပ္ပံပညာ၊ နည်းပညာတွေလို အရေးကြီးတယ်လို့ ယူဆလက်ခံကြတဲ့သဘော။  အထူးသဖြင့် ရေရှည်တည်တံတဲ့ ဖွံ့ ဖြိုးမှု (sustainable development) ဆိုတာ ကို အကောင်အထည်ဖေါ်ဖို့ ဆိုရင် ဒီလို မိရိုးဖလာ အသိပညာ တွေက ခိုင်ခိုင်မာမာ ရှိနေတဲ့ သိပ္ပံဆိုင်ရာ ၊ နည်းပညာဆိုင်ရာ ဗဟုသုတေတွေထက် ပိုအရေးပါအရာရောက်တဲ့အပြင် စီပွားရေးအရ လည်းပိုထိရောက် (budget efficiency) တာကိုး…။ ဥပမာ..အန္ဒိယ ကျေးရွာတွေမှာ သူတို့ ရပ်ရွာဓလေ့နည်းလမ်းတွေအရ သောက်သုံးရေအဆင်ပြေပြေဖန်တီးနေနိုင်တာကို မလိုအပ်ပါပဲစေတနာဗလပွနဲ့ ခေတ်မှီနည်းပညာသုံး ဘုံဘိုင်ရေတွင်းတွေတူးပေးလိုက်တာမှာ… (indigenous knowledge) ရပ်ရွာဓလေ့နည်းလမ်းတွေ တွေပျောက်ကွယ်သွားပြီး…တူးပေးထားတဲ့ ဘုံဘိုင်တွေက လည်း သောက်သုံးရေအခက်အခဲကို တကယ့်တကယ်ကြ.. အမြဲ ဖြေရှင်းမပေးနိုင်တော့ဘူးတဲ့..။  ဒီလို အယူအဆတွေကြောင့် ရပ်ရွာဖွံ ဖြိုးရေး (community development) ၊ ဆင်းရဲမွဲတေမှုပပျောက်ရေး (poverty reduction).. ပြည်သူ့ ရေးရာမူဝါဒ (Public policies) စတဲ့ နယ်ပယ်တွေမှာ "Participatory approach" သို့ မဟုတ် မြန်မာမှုအားဖြင့် "ပူးပေါင်းပါဝင်ချဉ်းကပ်မှု" ဟာ အောက်ခြေအဆင့် (grass-root level) ကနေ နိုင်ငံတော်အဆင့် (National Level) အဆုံး မရှိမဖြစ် အရေးပါလာတော့တာပဲ…။ ဖွံ့ ဖြိုးမှုစီမံချက်တွေမှာ.. ဒီ "participatory concept" ဟာ တနည်းမဟုတ် တနည်း ပါကိုပါလာရတော့တာပဲ…။ ဥပမာ… participatory Assessment, participatory appraisal, participatory evaluation, စသဖြင့်…  ဒါဖြင့်ရင် …ပူးပေါင်းပါဝင်ခြင်း (participation) ဆိုတာ လုံးဝ ဥုဿုံ ပြည့်စုံကောင်းမွန်တဲ့ သဘောတရားတစ်ခုလား…။ အမှန်မတော့ participation ကိုယ်နှိုက်ကိုက အကောင်အထည်ဖေါ်ဖို့ မလွယ်ကူတဲ့ သဘောတရားတစ်ခုပါ..။ အကောင်းဆုံးဥပမာတွေပေးရရင်…လက်ရှိမြန်မာ့နိုင်ငံရေးရှုခင်းတွေပဲ။ သမ္မတကြီးက “မိဘပြည်သူများခင်ဗျား” လို့ အစချီပြီး “အရက်အစား နွားနို့ ”သောက်သုံးဖို့ ပြောတဲ့ အကြောင်းအရာကိုကြည့်ပေါ့..။ ဘာသာရေးအရ ကြည့်ကြည့် ကျန်းမာရေးအရကြည့်ကြည့် အရက်ထက် နွားနို့ ဟာ ပို သောက်သုံးသင့်တဲ့အရာပါပဲ…။ ဒါပေမယ့် ဘာကြောင့် လူတွေဟာ အရက်ကို နွားနို့ ထက် ပိုခုံမင်ပြီး ပိုမိုသောက်သုံးသလဲဆိုတာကို မစူးစမ်းပါပဲ အရက်ရောင်းချခွင့်လုံးဝ ပိတ်ပင်ပြီး အိပ်ထောင်စုတိုင်းနို့ စားနွား မွေးမြူရေးလုပ်ခိုင်းမယ်ဆိုပါစို့ …။ ဒီစီမံကိန်းဟာ အောင်မြင်နိုင်ဖို့ ဖြစ်တန်စွမ်း အတော်နည်းပါးပါလိမ့်မယ်....။ by the people, for the people, with the people လို့ မိန့် ခွန်းတွေထဲမှာဆိုပင်ဆိုသော်ငြား.. ဒီ စီမံကိန်းရဲ့ အဓိက အားနဲချက်ဟာ... တကယ့်မြေပြင်ပေါ်က အခက်အခဲနဲ့ လိုအပ်ချက်တွေကို ထဲ့မတွက်ပဲ လူတစ်ဦးရဲ့ စိတ်ကူးကို အထက်အောက် စီးဆင်းတဲ့ အမိန့် နဲ့ အကောင်အထည်ဖေါ်ခြင်းဆိုတာပဲ..။ နောက်တစ်ခုက... ၀န်ကြီးတစ်ဦးက ရပ်ရွာကိုဆဲ့ဆိုခြင်းဆိုတာမျိုးဟာ "ပူးပေါင်းပါဝင်ခြင်း" ရဲ့ ဆန် ကျင်ဘက်ဖြစ်တဲ့ "အကြောက်တရားနဲ့ မုန်းတီးမှု" ကိုသာပဲ မျှော်လင့်နိုင်တယ်ဆိုတာပဲ...။  အခြားတစ်ဖက်မှာလည်း ရပ်ထဲရွာထဲကလူတွေရဲ့ အသံတိုင်းဟာလည်း အစစ်အမှန်သတင်းအချက်အလက်ဖြစ်ရဲ့ လားဆိုတာ..။ ဥပမာ..ဒေါ်စုရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပွဲတွေမှာ တက်ရောက်လာတဲ့ လူတွေရဲ့ ဥပဒေကြောင်းဆိုင်ရာ အသိအမြင်တွေဟာ သူတို့ တတွေရဲ့ တကယ့် လိုအပ်ချက် လိုအင်တွေကို ရောင်ပြန်ဟပ်တာဟုတ်ရဲ့ လား…ရှေ့ ကခေါင်းဆောင်ရဲ့ အသိအမြင်ကိုပဲ ပဲ့တင်ထပ်နေတာလား ဆိုတာမျိုး..။  အမှန်တကယ်က ပူးပေါင်းပါဝင်ခြင်း participation ဆိုတာ တိမ်မယောင်နဲ့ နက် လွယ်မယောင်နဲ့ ခက်တဲ့ အရာပါ..။ ကုခန်းစိတ်ပညာ "Clinical Psychology" မှာလာတဲ့ "Non-directive counseling" နဲ့ တူပါတယ်..။ ကိုယ့်ပြဿာနာကို ကာယကံရှင်ကိုယ်တိုင်သိသွားပြီး…ကိုယ့်အဖြေကို ကိုယ်ကိုယ်တိုင်ရှာခိုင်းတာမျိုး..။ ဒီနေရာမှာ ကုခန်းစိတ်ပညာရှင် (psychologist) သို့ မဟုတ် ပညာရှင် expert ရဲ့ အခန်းကဏ္တဟာ အဖြေကိုထုတ်ပေးတဲ့သူမဟုတ်ပဲ အဖြေရှာခြင်းဖြစ်စဉ်မှာ ကူညီပံ့ပိုးသူမျှ (facilitator) မျှပဲ..။ ပညာရေးမှာဆိုရင် ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း (Student-Centered Approach) နဲ့ တူမယ်ထင်တယ်…။ ပေးထားတဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဆရာက အဖြေကိုထုတ်ပေးတာထက် ကျောင်းသားရဲ့ အသိအမြင်ကို ဆွဲထုတ်တဲ့ ချဉ်းကပ်နည်းပေါ့..။ အမှန်စင်စစ်မတော့ ဆရာသိထားတဲ့အဖြေဟာလည်း တကယ့် အဖြေ အစစ်အမှန် ဟုတ်ချင်မှ ဟုတ်မယ်…။ အစစ်အမှန်ဖြစ်ဦးတော့… ကျောင်းသားရဲ့ အသိအမြင်လောက် အရေးမပါဘူးလို့ ယူဆလိုက်တာ..။  ဒီလို သဘောတရားမျိုးကို အနောက်ကမ္ဘာရဲ့ အဆင့်မှီ ပညာရေး စံနစ်တွေ မှာတွေ့ ရတာပေါ့လေ..။ လက်ချာပို့ ချတဲ့ပါမောက္ခဟာ ကျောင်းသားအတွက် စာကြည့်တိုက်မှူးအနေအထားမျိုးမျှသာ။ တနည်း.. လိုအပ်တဲ့ ...ဖတ်သင့်ဖတ်ထိုက်တဲ့.. စာအုပ်စာတမ်းတွေ ရှာဖွေပေးနိုင်တဲ့သူထက် မပိုတဲ့ အနေအထားမျိုးပေါ့။ ကျန်တဲ့ လုပ်ရမယ့်အပိုင်းတွေအားလုံးကတော့ ကျောင်းသားရဲ့ ပခုံးပေါ်မှာလုံးလုံးလျားလျား…။ တနည်းအားဖြင့် ပူးပေါင်းပါဝင်ခြင်း (participation) မှာ လူတစ်ဦးခြင်းရဲ့ အခန်းကဏ္တဟာ ဘာလဲဆိုတာကို ဒီ ကမ္ဘာ့အဆင့်မှီပညာရေးက ပြောပြနေတာပဲ..။ "ကျောင်းသားသည်ပင်လျှင် ရှေ့ ကလက်ချာပို့ ချနေတဲ့ ပရော်ဖက်ဆာနည်းတူ expert တစ်ယောက်ဖြစ်တယ်"…"အကြောင်းအရာတစ်ရပ်ကို အခြားသော ပညာရှင်တွေနဲ့ ရင်ပေါင်တန်း ငြင်းခုန် ဆွေးနွေး debate လုပ်ရမယ့်သူ၊ လုပ်နိုင်တဲ့သူဖြစ်တယ်…" ..."ဒီလိုလုပ်ဖို့ အတွက် တက္ကသိုလ်ကို လာတယ်"..ဆိုတဲ့ ယဉ်ကျေးမှု တစ်ရပ် (culture) ကို မွေးမြူထူထောင်ထားတာ…။ “တက္က = ကြံစည်ခြင်း” နဲ “့သီလ = အကျင့်” ဆိုတဲ့ “တက္ကသိုလ်” ရဲ့ အနက်အဓိပ္ပါယ်ကို ပူးပေါင်းပါဝင်ခြင်း (participation) ဖြစ်စဉ်နဲ့ ထိမ်းသိမ်းစောင့်ရှောက်ထားတာ..။  တနည်းအားဖြင့် ဒါဟာ…လူတစ်ဦးချင်း (individual) ရဲ့ ပူးပေါင်းပါဝင်ခြင်းအရေးကြီးပုံနဲ့ အဲဒီလို ပူးပေါင်းပါဝင်ခွင့်ပေးခြင်းဟာ စွမ်းအားမြှင့်တင်ခြင်း (empowerment) ဖြစ်စေတယ်ကိုဆိုလိုတာပဲ..။ ဒါ့ အပြင်... ဒီလို ပူးပေါင်းပါဝင်ဖြစ်စဉ် (participatory process) မရှိပဲနဲ့ ဖြင့် လူ့ အဖွဲ့ အစည်းတစ်ရပ်ဟာ ဖွံ့ ဖြိုးတိုးတက်မှု မရှိနိုင်ဖူးလို့ ဆိုလိုတဲ့သဘော…။ ဒီလို စွမ်းအားမြှင့် ပူးပေါင်းပါဝင်ခြင်း (empowerment and participation) မျိုးကိုနိုင်ငံရေး သိပ္ပံ (political sciences) မှာတော့ နိုင်ငံသားဖြစ်မှု (citizenship) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွင့်ဆိုတာပဲ။  ဒီမိုကရေစီသဘောတရားမှာတော့ ဒီမိုကရေစီဘိုးဘေးကြီး ရှေးခေတ် အေသင်မြို့ ပြနိုင်ငံ လက်တွေ့ ကျင့်သုံးတဲ့  ပူးပေါင်း ပါဝင် ဒီမိုကရေစီ (participatory democracy) ဆိုတာ... ဒါပဲလေ....။ နိုင်ငံသား (citizen) တိုင်းဟာ နိုင်ငံ့ရဲ့ အရေးရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ရမယ်၊ ဒီလိုဆောင်ရွက်ခွင့်လည်းရှိရမယ်။ ဒီ့အတွက် နိုင်ငံသားတိုင်း မဲပေးခွင့် (voting) ရှိရမယ်လို့ ဆိုလိုတာပေါ့....။ ဒီနေရာမှာ နိုင်ငံသား (citizen) နဲ့ အုပ်စိုးခံ (subject) ကို ကွဲဖို့ လိုတယ်..။  ရှေးအေသင်ရဲ့ နိုင်ငံသား (citizen) ခေါင်းစဉ်အောက်မှာ မိန်းမတွေနဲ့ ကျွန်တွေကို ထဲ့သွင်းရေတွက်ခဲ့ခြင်းမရှိဘဲ အုပ်စိုးခံ (subject) လို့ သတ်မှတ်ခဲ့တဲ့အတွက် သူတို့ တတွေဟာ မဲပေးခွင့်မရခဲ့ကြဖူး။ အမျိုးသမီးတွေဟာ စစ်မှုထမ်းနိုင်ခြင်းမရှိတဲ့အတွက် နိုင်ငံ့ရေးရာကိစ္စတွေမှာ ပူးပေါင်းပါဝင်ခွင့် (participation) မပြုနိုင်ဖူးလို့ ယူဆခဲ့ကြတဲ့အတွက် သမိုင်းမှာ အမျိုးသမီးတွေမဲပေးခွင့်ကို ပိတ်ပင်ထားခဲ့ကြတာ ဒါကြောင့်ပဲ..။ အချို့ သောနိုင်ငံနဲ့ လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေမှာ စီးပွားရေးလုပ်ပိုင်ခွင့်၊ ပညာသင်ခွင့် စတာတွေကို ပါ ပိတ်ပင်ထားခဲ့ကြတာဟာ ဒီအယူအဆမှာ အခြေခံတာပဲ…။ တနည်းအားဖြင့် ပူးပေါင်းပါဝင်ခွင့်မပြုခြင်း (un-participatory) ဟာလူမှုရေး ၀ိုင်းပယ်ခြင်း (social exclusion) ပေါ့…။ လူမှုရေးမမျှတမှု (social injustice) ပဲ..။  ဒီလိုလူမှုအဖွဲ့ အစည်းရဲ့ ကန့် သတ်ချက်တွေ (structural constraints) ကို ချိုးဖျက်ပြီး အမျိုးသမီးထုကို ပူးပေါင်းပါဝင်ဖို့ အခွင့်အလမ်းတွေ ဖွင့်ပေးတာကို စွမ်းအားမြှင့်တင်ခြင်း (empowerment) လို့ ခေါ်တာပဲ..။ လူ့ အဖွဲ့အစည်းတစ်ခုရဲ့  အာဏာတည်ဆောက်ပုံ (power structure) ကို တနည်းတဖုံပြောင်းလဲပစ်လိုက်တာပေါ့…။ ဒီလို ပူးပေါင်းပါဝင်ခွင့်ပေးခြင်းနည်းလမ်းအားဖြင့် စွမ်းအားမြှင့်တင်ခြင်းရဲ့ အအောင်မြင်ဆုံးဥပမာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမက်ယူနွတ်ရဲ့ Grameen Bank နဲ့ အသေးစားချေးငွေအစီအစဉ်မှာတွေ့ နိုင်တယ်…။ တကယ့်တကယ်... ယူနွတ်စ် တစ်ယောက်.. နိုဘယ်ဆုကိုဆွတ်ခူးသွားနိုင်ခဲ့တာက ဆင်းရဲမွဲတေမှုကိုလျော့ချနိုင်ခဲ့လို့ ဆိုတာထက်... လူရာမ၀င်၊လူရာသွင်းမခံရတဲ့ ဘင်္ဂလီကုလားမကြီးတွေ ကို စီးပွားရေး၊လူမှုရေးတွေမှာ ပိုမိုပါဝင်လာနိုင်ဖို့  ဖန်တီးလမ်းဖွင့်ပေးနိုင်ခဲ့ခြင်းက အဓိကအချက်ဖြစ်တယ်ဆိုရင် မှားလိမ့်မယ်မဟုတ်ဖူး..။  အမှန်တကယ်က ပူးပေါင်းပါဝင်ခြင်း (participation) ဆိုတဲ့သဘောတရားဟာ ကျယ်ပြန့် သလောက် မရှိမဖြစ်လောက်အောင် အရေးကြီးလှတယ်…။ တည်ငြိမ်တဲ့၊ တရားမျှတတဲ့ လူ့ အဖွဲ့ အစည်းကို တည်ဆောက်ဖို့ ….. နိုင်ငံတော်သီချင်းမှာပါတဲ့  “တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ….ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ” ဖြစ်ဖို့ ဆိုရင် ဒီ (participation) ပူးပေါင်းပါဝင်ခြင်းဟာ အဓိက အခရာပါပဲ..။ ဘာလို့ လဲဆိုတော့….လမ်းဘေးမှာအမှိုက်တစ်စ မချပဲ စည်းကမ်းတကျ စွန့် ပစ်တာက အစ၊ နိုင်ငံ့ဝန်ထမ်းတစ်ယေက် တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်တာအလယ်၊ တိုင်းပြည်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးအဆုံး အားလုံးဟာ လူတိုင်းရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လူတိုင်းရဲ့ စစ်မှန်တဲ့အသံတွေမပါပဲ ဘယ်လိုမှ မအောင်မြင်နိုင်လို့ ပဲ..။  စင်စစ်မတော့…နိုင်ငံသားတိုင်းကို ပါဝင်ခွင့်ပေးခြင်း (participatory development) ဟာ ….အဲသလိုပါဝင်ခွင့်ရတဲ့သူတိုင်းအပေါ်မှာ… တာဝန်ယူမှု (responsibility)နဲ့  တာဝန်ခံနိုင်မှု (accountability) စတာတွေကို လွှဲပြောင်းပခုံးထမ်းခိုင်းလိုက်ခြင်းပဲ..။ တနည်းအားဖြင့်…တလေးတစားအသိအမှတ်ပြု သိမ်းသွင်းခြင်း (inclusion) ပဲ..။ … ဒီလို စွမ်းအားမြှင့်တင်ခြင်း (empowerment)အားဖြင့်သာလျှင် အစိုးရနဲ့ ပြည်သူကြားက လူမှုပဋ္ဋိညဉ် (social contract) ကိုခိုင်မာ အားကောင်းစေနိုင်မှာဖြစ်သလို၊ အစိုးရရဲ့ တရားဝင်မှု (legitimacy) နဲ့ အုပ်စိုးမှုကောင်း (good governance) စတာတွေကို စစ်စစ်မှန်မှန်အကောင်အထည်ဖေါ်နိုင်မှာ....။ သည့်အတွက်ကြောင့်.... "participation" လို့ ဆိုကြတဲ့ ပူးပေါင်းပါဝင်ခြင်းဟာ နိုငံရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ လူမှုရေးနယ်ပယ်ပေါင်းစုံအတွက်တော့ မရှိမဖြစ်လို့ ဆိုရမှာပါပဲ…။

ပူးပေါင်းပါဝင် ဖွံ့ဖြိုးမှု (participatory development) ဆိုတာ ကနေ့ ခေတ်မှာ ဘုရားဟော ကျမ်းလို လိုက်နာကျင့်သုံးနေရတဲ့ ဖွံ့ ဖြိုးမှုဆိုင်ရာ သဘောတရားတစ်ခု (concept) ပါပဲ..။ ၁၉၆၀ ပြည့်လွန်နှစ်များတုန်းက
 နိုင်ငံတကာအကူအညီတွေဆိုတာ ပညာရှင်တွေရဲ့ အမြင် (Expert knowledge) ကသာအရာရာဖြစ်ပြီး သူတို့ ရဲ့ အမြင်အပေါ်မှာ ပဲမူတည်ပြီး စီမံကိန်းတွေချမှတ် အကောင်အထည်ဖေါ် ခဲ့ကြတာကိုး။ ဒါရဲ့ အကောင်းဆုံး ဥပမာကတော့ တည်ဆောက်ပုံအပြောင်းအလဲပရိုဂရမ် လို့ ခေါ်တဲ့ SAP (Structural Adjustment Programs) တွေပေါ့…။ ဥပမာ-သောက်သုံးရေ ရရှိရေး စီမံချက်အထည်ဖေါ်ဖို့ ရာမှာ ကျွမ်းကျင် ပညာရှင် (expert) ရဲ့ အသိအမြင်နဲ့ ပညာကိုသာ အရေးထားပြီး သက်ဆိုင်ရာ ရပ်ရွာရဲ့ အခန်းကဏ္တကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ သဘောမထားခဲ့တာမျိုး....။

အဲ ..ပြဿနာတက်တာက ဒီလို သက်ဆိုင်ရာပညာရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကိုပဲ လုံးဝ ယုံ၊ပုံလိုက်ပြီး ဖွံ့ ဖြိုးမှုစီမံချက်တွေ အကောင်အထည်ဖေါ်လိုက်တာ.. အာဖရိကနိုင်ငံတော်တော်များများ နူရာဝဲစွဲ ဖြစ်သွားကြရော…။ ဒီလိုနဲ့ … Participatory Approach ပူးပေါင်းပါဝင်ချဉ်းကပ်ခြင်းဖြစ်စဉ်က ပိုအရေးကြီးတယ် ဆိုတဲ့အမြင်ကို ဖေါ်ထုတ်လာကြတာပေါ့…။ တနည်း.. လူတစ်ဦးချင်းရယ်နဲ့  ရပ်ရွာလူထု (community) ရဲ့ အသံနဲ့ အမြင်က (သို့ မဟုတ်) လူထုကြားက လာတဲ့ သတင်းအချက်အလက် (information) အမှန်ကို ဖမ်းဆုပ်နိုင်ဖို့ အရေး က ပညာရှင်တွေသင်ယူထားတဲ့ သတင်းအချက် လက်တွေထက် ပိုမို အရေးပါတယ်ဆိုတဲ့ အမြင်ပေါ့..။

မိမိရပ်ရွာဖွံ့ ဖြိုးမှုအတွက် အပြင်ကလာတဲ့ ပညာရှင်ဆိုသူတွေထက် မိမိတို့ ရပ်ရွာက ပိုသိတယ်လို့ ခံယူတဲ့သဘော….။ ဒီနေရာမှာ…အရေးကြီးတာက ဒါဟာ ရပ်ရွာလူထုကို စာနာထောက်ထားလို့ သနားညှာတာလို့ ဆိုတာမဟုတ်ပဲ လူတိုင်းရဲ့ အသိအမြင်ဟာ အရေးပါတယ် လေးလေးစားစားနဲ့ နားထောင်အပ်တဲ့ အရာဖြစ်တယ်လို့ ပြောင်းလဲခံယူဖို့ လိုခြင်းဆိုတာပါပဲ…။

ဒီ Participatory သဘောတရားရဲ့ အခြေခံလိုက်နာရမယ့်စည်းမျဉ်းက (how to listen)
နားထောင်တတ်ဖို့ ပါတဲ့…။ နောက် သတိပေးတာတစ်ခုက ပညာရှင်တွေ (experts, technocrats, practitioners etc) အတွက် လိုက်နာရမဲ့အရာက "unlearn your knowledge"တဲ့ ။ တနည်းအာဖြင့် သင်လာခဲ့တဲ့ အသိပညာတွေကို မေ့ လိုက်ပြီး လူထုကြားက စစ်မှန်တဲ့အသံနဲ့ အမြင်ကို အရအမိ ဖမ်းယူဖို့  လူထုဆီက သင်ယူပါပေါ့...။ ဒါကြောင့်.. အချို့ ပညာရှင်တွေဆိုရင် လူထုကြားမှာ သွားလာနေထိုင်ပြီး ရပ်ရွာလူထုရဲ့ သမားရိုးကျနည်းပညာနဲ့ အသိပညာ တွေကို သင်ယူတဲ့အထိလုပ်လာကြတယ်…။ တနည်းအားဖြင့် မိရိုးဖလာ အသိပညာ (indigenous knowledge) တွေဟာလည်းပဲ ခေတ်မှီ သိပ္ပံပညာ၊ နည်းပညာတွေလို အရေးကြီးတယ်လို့ ယူဆလက်ခံကြတဲ့သဘော။

အထူးသဖြင့် ရေရှည်တည်တံတဲ့ ဖွံ့ ဖြိုးမှု (sustainable development) ဆိုတာ ကို အကောင်အထည်ဖေါ်ဖို့ ဆိုရင် ဒီလို မိရိုးဖလာ အသိပညာ တွေက ခိုင်ခိုင်မာမာ ရှိနေတဲ့ သိပ္ပံဆိုင်ရာ ၊ နည်းပညာဆိုင်ရာ ဗဟုသုတေတွေထက် ပိုအရေးပါအရာရောက်တဲ့အပြင် စီပွားရေးအရ လည်းပိုထိရောက် (budget efficiency) တာကိုး…။ ဥပမာ..အန္ဒိယ ကျေးရွာတွေမှာ သူတို့ ရပ်ရွာဓလေ့နည်းလမ်းတွေအရ သောက်သုံးရေအဆင်ပြေပြေဖန်တီးနေနိုင်တာကို မလိုအပ်ပါပဲစေတနာဗလပွနဲ့ ခေတ်မှီနည်းပညာသုံး ဘုံဘိုင်ရေတွင်းတွေတူးပေးလိုက်တာမှာ… (indigenous knowledge) ရပ်ရွာဓလေ့နည်းလမ်းတွေ တွေပျောက်ကွယ်သွားပြီး…တူးပေးထားတဲ့ ဘုံဘိုင်တွေက လည်း သောက်သုံးရေအခက်အခဲကို တကယ့်တကယ်ကြ.. အမြဲ ဖြေရှင်းမပေးနိုင်တော့ဘူးတဲ့..။

ဒီလို အယူအဆတွေကြောင့် ရပ်ရွာဖွံ ဖြိုးရေး (community development) ၊ ဆင်းရဲမွဲတေမှုပပျောက်ရေး (poverty reduction).. ပြည်သူ့ ရေးရာမူဝါဒ (Public policies) စတဲ့ နယ်ပယ်တွေမှာ "Participatory approach"သို့ မဟုတ် မြန်မာမှုအားဖြင့် "ပူးပေါင်းပါဝင်ချဉ်းကပ်မှု"ဟာ အောက်ခြေအဆင့် (grass-root level) ကနေ နိုင်ငံတော်အဆင့် (National Level) အဆုံး မရှိမဖြစ် အရေးပါလာတော့တာပဲ…။ ဖွံ့ ဖြိုးမှုစီမံချက်တွေမှာ.. ဒီ "participatory concept"ဟာ တနည်းမဟုတ် တနည်း ပါကိုပါလာရတော့တာပဲ…။ ဥပမာ… participatory Assessment, participatory appraisal, participatory evaluation, စသဖြင့်…

ဒါဖြင့်ရင် …ပူးပေါင်းပါဝင်ခြင်း (participation) ဆိုတာ လုံးဝ ဥုဿုံ ပြည့်စုံကောင်းမွန်တဲ့ သဘောတရားတစ်ခုလား…။ အမှန်မတော့ participation ကိုယ်နှိုက်ကိုက အကောင်အထည်ဖေါ်ဖို့ မလွယ်ကူတဲ့ သဘောတရားတစ်ခုပါ..။ အကောင်းဆုံးဥပမာတွေပေးရရင်…လက်ရှိမြန်မာ့နိုင်ငံရေးရှုခင်းတွေပဲ။ သမ္မတကြီးက “မိဘပြည်သူများခင်ဗျား” လို့ အစချီပြီး “အရက်အစား နွားနို့ ”သောက်သုံးဖို့ ပြောတဲ့ အကြောင်းအရာကိုကြည့်ပေါ့..။ ဘာသာရေးအရ ကြည့်ကြည့် ကျန်းမာရေးအရကြည့်ကြည့် အရက်ထက် နွားနို့ ဟာ ပို သောက်သုံးသင့်တဲ့အရာပါပဲ…။ ဒါပေမယ့် ဘာကြောင့် လူတွေဟာ အရက်ကို နွားနို့ ထက် ပိုခုံမင်ပြီး ပိုမိုသောက်သုံးသလဲဆိုတာကို မစူးစမ်းပါပဲ အရက်ရောင်းချခွင့်လုံးဝ ပိတ်ပင်ပြီး အိပ်ထောင်စုတိုင်းနို့ စားနွား မွေးမြူရေးလုပ်ခိုင်းမယ်ဆိုပါစို့ …။ ဒီစီမံကိန်းဟာ အောင်မြင်နိုင်ဖို့ ဖြစ်တန်စွမ်း အတော်နည်းပါးပါလိမ့်မယ်....။ by the people, for the people, with the people လို့ မိန့် ခွန်းတွေထဲမှာဆိုပင်ဆိုသော်ငြား.. ဒီ စီမံကိန်းရဲ့ အဓိက အားနဲချက်ဟာ... တကယ့်မြေပြင်ပေါ်က အခက်အခဲနဲ့ လိုအပ်ချက်တွေကို ထဲ့မတွက်ပဲ လူတစ်ဦးရဲ့ စိတ်ကူးကို အထက်အောက် စီးဆင်းတဲ့ အမိန့် နဲ့ အကောင်အထည်ဖေါ်ခြင်းဆိုတာပဲ..။ နောက်တစ်ခုက... ၀န်ကြီးတစ်ဦးက ရပ်ရွာကိုဆဲ့ဆိုခြင်းဆိုတာမျိုးဟာ "ပူးပေါင်းပါဝင်ခြင်း"ရဲ့ ဆန် ကျင်ဘက်ဖြစ်တဲ့ "အကြောက်တရားနဲ့ မုန်းတီးမှု"ကိုသာပဲ မျှော်လင့်နိုင်တယ်ဆိုတာပဲ...။

အခြားတစ်ဖက်မှာလည်း ရပ်ထဲရွာထဲကလူတွေရဲ့ အသံတိုင်းဟာလည်း အစစ်အမှန်သတင်းအချက်အလက်ဖြစ်ရဲ့ လားဆိုတာ..။ ဥပမာ..ဒေါ်စုရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပွဲတွေမှာ တက်ရောက်လာတဲ့ လူတွေရဲ့ ဥပဒေကြောင်းဆိုင်ရာ အသိအမြင်တွေဟာ သူတို့ တတွေရဲ့ တကယ့် လိုအပ်ချက် လိုအင်တွေကို ရောင်ပြန်ဟပ်တာဟုတ်ရဲ့ လား…ရှေ့ ကခေါင်းဆောင်ရဲ့ အသိအမြင်ကိုပဲ ပဲ့တင်ထပ်နေတာလား ဆိုတာမျိုး..။

အမှန်တကယ်က ပူးပေါင်းပါဝင်ခြင်း participation ဆိုတာ တိမ်မယောင်နဲ့ နက် လွယ်မယောင်နဲ့ ခက်တဲ့ အရာပါ..။ ကုခန်းစိတ်ပညာ "Clinical Psychology"မှာလာတဲ့ "Non-directive counseling"နဲ့ တူပါတယ်..။ ကိုယ့်ပြဿာနာကို ကာယကံရှင်ကိုယ်တိုင်သိသွားပြီး…ကိုယ့်အဖြေကို ကိုယ်ကိုယ်တိုင်ရှာခိုင်းတာမျိုး..။ ဒီနေရာမှာ ကုခန်းစိတ်ပညာရှင် (psychologist) သို့ မဟုတ် ပညာရှင် expert ရဲ့ အခန်းကဏ္တဟာ အဖြေကိုထုတ်ပေးတဲ့သူမဟုတ်ပဲ အဖြေရှာခြင်းဖြစ်စဉ်မှာ ကူညီပံ့ပိုးသူမျှ (facilitator) မျှပဲ..။ ပညာရေးမှာဆိုရင် ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း (Student-Centered Approach) နဲ့ တူမယ်ထင်တယ်…။ ပေးထားတဲ့ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဆရာက အဖြေကိုထုတ်ပေးတာထက် ကျောင်းသားရဲ့ အသိအမြင်ကို ဆွဲထုတ်တဲ့ ချဉ်းကပ်နည်းပေါ့..။ အမှန်စင်စစ်မတော့ ဆရာသိထားတဲ့အဖြေဟာလည်း တကယ့် အဖြေ အစစ်အမှန် ဟုတ်ချင်မှ ဟုတ်မယ်…။ အစစ်အမှန်ဖြစ်ဦးတော့… ကျောင်းသားရဲ့ အသိအမြင်လောက် အရေးမပါဘူးလို့ ယူဆလိုက်တာ..။

ဒီလို သဘောတရားမျိုးကို အနောက်ကမ္ဘာရဲ့ အဆင့်မှီ ပညာရေး စံနစ်တွေ မှာတွေ့ ရတာပေါ့လေ..။ လက်ချာပို့ ချတဲ့ပါမောက္ခဟာ ကျောင်းသားအတွက် စာကြည့်တိုက်မှူးအနေအထားမျိုးမျှသာ။ တနည်း.. လိုအပ်တဲ့ ...ဖတ်သင့်ဖတ်ထိုက်တဲ့.. စာအုပ်စာတမ်းတွေ ရှာဖွေပေးနိုင်တဲ့သူထက် မပိုတဲ့ အနေအထားမျိုးပေါ့။ ကျန်တဲ့ လုပ်ရမယ့်အပိုင်းတွေအားလုံးကတော့ ကျောင်းသားရဲ့ ပခုံးပေါ်မှာလုံးလုံးလျားလျား…။
တနည်းအားဖြင့် ပူးပေါင်းပါဝင်ခြင်း (participation) မှာ လူတစ်ဦးခြင်းရဲ့ အခန်းကဏ္တဟာ ဘာလဲဆိုတာကို ဒီ ကမ္ဘာ့အဆင့်မှီပညာရေးက ပြောပြနေတာပဲ..။ "ကျောင်းသားသည်ပင်လျှင် ရှေ့ ကလက်ချာပို့ ချနေတဲ့ ပရော်ဖက်ဆာနည်းတူ expert တစ်ယောက်ဖြစ်တယ်"…"အကြောင်းအရာတစ်ရပ်ကို အခြားသော ပညာရှင်တွေနဲ့ ရင်ပေါင်တန်း ငြင်းခုန် ဆွေးနွေး debate လုပ်ရမယ့်သူ၊ လုပ်နိုင်တဲ့သူဖြစ်တယ်…" ..."ဒီလိုလုပ်ဖို့ အတွက် တက္ကသိုလ်ကို လာတယ်"..ဆိုတဲ့ ယဉ်ကျေးမှု တစ်ရပ် (culture) ကို မွေးမြူထူထောင်ထားတာ…။ “တက္က = ကြံစည်ခြင်း” နဲ “့သီလ = အကျင့်” ဆိုတဲ့ “တက္ကသိုလ်” ရဲ့ အနက်အဓိပ္ပါယ်ကို ပူးပေါင်းပါဝင်ခြင်း (participation) ဖြစ်စဉ်နဲ့ ထိမ်းသိမ်းစောင့်ရှောက်ထားတာ..။

တနည်းအားဖြင့် ဒါဟာ…လူတစ်ဦးချင်း (individual) ရဲ့ ပူးပေါင်းပါဝင်ခြင်းအရေးကြီးပုံနဲ့ အဲဒီလို ပူးပေါင်းပါဝင်ခွင့်ပေးခြင်းဟာ စွမ်းအားမြှင့်တင်ခြင်း (empowerment) ဖြစ်စေတယ်ကိုဆိုလိုတာပဲ..။ ဒါ့ အပြင်... ဒီလို ပူးပေါင်းပါဝင်ဖြစ်စဉ် (participatory process) မရှိပဲနဲ့ ဖြင့် လူ့ အဖွဲ့ အစည်းတစ်ရပ်ဟာ ဖွံ့ ဖြိုးတိုးတက်မှု မရှိနိုင်ဖူးလို့ ဆိုလိုတဲ့သဘော…။ ဒီလို စွမ်းအားမြှင့် ပူးပေါင်းပါဝင်ခြင်း (empowerment and participation) မျိုးကိုနိုင်ငံရေး သိပ္ပံ (political sciences) မှာတော့ နိုင်ငံသားဖြစ်မှု (citizenship) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွင့်ဆိုတာပဲ။

ဒီမိုကရေစီသဘောတရားမှာတော့ ဒီမိုကရေစီဘိုးဘေးကြီး ရှေးခေတ် အေသင်မြို့ ပြနိုင်ငံ လက်တွေ့ ကျင့်သုံးတဲ့  ပူးပေါင်း ပါဝင် ဒီမိုကရေစီ (participatory democracy) ဆိုတာ... ဒါပဲလေ....။ နိုင်ငံသား (citizen) တိုင်းဟာ နိုင်ငံ့ရဲ့ အရေးရာ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ရမယ်၊ ဒီလိုဆောင်ရွက်ခွင့်လည်းရှိရမယ်။ ဒီ့အတွက် နိုင်ငံသားတိုင်း မဲပေးခွင့် (voting) ရှိရမယ်လို့ ဆိုလိုတာပေါ့....။ ဒီနေရာမှာ နိုင်ငံသား (citizen) နဲ့ အုပ်စိုးခံ (subject) ကို ကွဲဖို့ လိုတယ်..။

ရှေးအေသင်ရဲ့ နိုင်ငံသား (citizen) ခေါင်းစဉ်အောက်မှာ မိန်းမတွေနဲ့ ကျွန်တွေကို ထဲ့သွင်းရေတွက်ခဲ့ခြင်းမရှိဘဲ အုပ်စိုးခံ (subject) လို့ သတ်မှတ်ခဲ့တဲ့အတွက် သူတို့ တတွေဟာ မဲပေးခွင့်မရခဲ့ကြဖူး။ အမျိုးသမီးတွေဟာ စစ်မှုထမ်းနိုင်ခြင်းမရှိတဲ့အတွက် နိုင်ငံ့ရေးရာကိစ္စတွေမှာ ပူးပေါင်းပါဝင်ခွင့် (participation) မပြုနိုင်ဖူးလို့ ယူဆခဲ့ကြတဲ့အတွက် သမိုင်းမှာ အမျိုးသမီးတွေမဲပေးခွင့်ကို ပိတ်ပင်ထားခဲ့ကြတာ ဒါကြောင့်ပဲ..။ အချို့ သောနိုင်ငံနဲ့ လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေမှာ စီးပွားရေးလုပ်ပိုင်ခွင့်၊ ပညာသင်ခွင့် စတာတွေကို ပါ ပိတ်ပင်ထားခဲ့ကြတာဟာ ဒီအယူအဆမှာ အခြေခံတာပဲ…။ တနည်းအားဖြင့် ပူးပေါင်းပါဝင်ခွင့်မပြုခြင်း (un-participatory) ဟာလူမှုရေး ၀ိုင်းပယ်ခြင်း (social exclusion) ပေါ့…။ လူမှုရေးမမျှတမှု (social injustice) ပဲ..။

ဒီလိုလူမှုအဖွဲ့ အစည်းရဲ့ ကန့် သတ်ချက်တွေ (structural constraints) ကို ချိုးဖျက်ပြီး အမျိုးသမီးထုကို ပူးပေါင်းပါဝင်ဖို့ အခွင့်အလမ်းတွေ ဖွင့်ပေးတာကို စွမ်းအားမြှင့်တင်ခြင်း (empowerment) လို့ ခေါ်တာပဲ..။ လူ့ အဖွဲ့အစည်းတစ်ခုရဲ့  အာဏာတည်ဆောက်ပုံ (power structure) ကို တနည်းတဖုံပြောင်းလဲပစ်လိုက်တာပေါ့…။ ဒီလို ပူးပေါင်းပါဝင်ခွင့်ပေးခြင်းနည်းလမ်းအားဖြင့် စွမ်းအားမြှင့်တင်ခြင်းရဲ့ အအောင်မြင်ဆုံးဥပမာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမက်ယူနွတ်ရဲ့ Grameen Bank နဲ့ အသေးစားချေးငွေအစီအစဉ်မှာတွေ့ နိုင်တယ်…။ တကယ့်တကယ်... ယူနွတ်စ် တစ်ယောက်.. နိုဘယ်ဆုကိုဆွတ်ခူးသွားနိုင်ခဲ့တာက ဆင်းရဲမွဲတေမှုကိုလျော့ချနိုင်ခဲ့လို့ ဆိုတာထက်... လူရာမ၀င်၊လူရာသွင်းမခံရတဲ့ ဘင်္ဂလီကုလားမကြီးတွေ ကို စီးပွားရေး၊လူမှုရေးတွေမှာ ပိုမိုပါဝင်လာနိုင်ဖို့  ဖန်တီးလမ်းဖွင့်ပေးနိုင်ခဲ့ခြင်းက အဓိကအချက်ဖြစ်တယ်ဆိုရင် မှားလိမ့်မယ်မဟုတ်ဖူး..။

အမှန်တကယ်က ပူးပေါင်းပါဝင်ခြင်း (participation) ဆိုတဲ့သဘောတရားဟာ ကျယ်ပြန့် သလောက် မရှိမဖြစ်လောက်အောင် အရေးကြီးလှတယ်…။ တည်ငြိမ်တဲ့၊ တရားမျှတတဲ့ လူ့ အဖွဲ့ အစည်းကို တည်ဆောက်ဖို့ ….. နိုင်ငံတော်သီချင်းမှာပါတဲ့  “တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ….ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ” ဖြစ်ဖို့ ဆိုရင် ဒီ (participation) ပူးပေါင်းပါဝင်ခြင်းဟာ အဓိက အခရာပါပဲ..။ ဘာလို့ လဲဆိုတော့….လမ်းဘေးမှာအမှိုက်တစ်စ မချပဲ စည်းကမ်းတကျ စွန့် ပစ်တာက အစ၊ နိုင်ငံ့ဝန်ထမ်းတစ်ယေက် တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်တာအလယ်၊ တိုင်းပြည်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးအဆုံး အားလုံးဟာ လူတိုင်းရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လူတိုင်းရဲ့ စစ်မှန်တဲ့အသံတွေမပါပဲ ဘယ်လိုမှ မအောင်မြင်နိုင်လို့ ပဲ..။

စင်စစ်မတော့…နိုင်ငံသားတိုင်းကို ပါဝင်ခွင့်ပေးခြင်း (participatory development) ဟာ ….အဲသလိုပါဝင်ခွင့်ရတဲ့သူတိုင်းအပေါ်မှာ… တာဝန်ယူမှု (responsibility)နဲ့  တာဝန်ခံနိုင်မှု (accountability) စတာတွေကို လွှဲပြောင်းပခုံးထမ်းခိုင်းလိုက်ခြင်းပဲ..။ တနည်းအားဖြင့်…တလေးတစားအသိအမှတ်ပြု သိမ်းသွင်းခြင်း (inclusion) ပဲ..။ … ဒီလို စွမ်းအားမြှင့်တင်ခြင်း (empowerment)အားဖြင့်သာလျှင် အစိုးရနဲ့ ပြည်သူကြားက လူမှုပဋ္ဋိညဉ် (social contract) ကိုခိုင်မာ အားကောင်းစေနိုင်မှာဖြစ်သလို၊ အစိုးရရဲ့ တရားဝင်မှု (legitimacy) နဲ့ အုပ်စိုးမှုကောင်း (good governance) စတာတွေကို စစ်စစ်မှန်မှန်အကောင်အထည်ဖေါ်နိုင်မှာ....။ သည့်အတွက်ကြောင့်.... "participation"လို့ ဆိုကြတဲ့ ပူးပေါင်းပါဝင်ခြင်းဟာ နိုငံရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ လူမှုရေးနယ်ပယ်ပေါင်းစုံအတွက်တော့ မရှိမဖြစ်လို့ ဆိုရမှာပါပဲ…။
 

By




နှလုံးသားဒိုင်ယာရီ(၂၃)

$
0
0

၃-၅-၂၀၀၂
ရှေ့သို့ဘ၀ခရီးဆက်ရပေအုံးမည်။ ဒေါလောခူရွာလေးမှတဆင့် မိသားစုအသိုက်အမြုံရှိရာ ထိုင်း- မြန်မာနယ်စပ်သို့ ရက်အတော်တော်ကြာကြာခရီးနှင်ခဲ့ရသည်။ နွေကာလခရီးစဉ်တလျှောက် အခက် အခဲဆုံးမှာရေပင်ဖြစ်သည်။

နွေရာသီသို့ရောက်သည်နှင့် တောတောင်ရေမြေတို့မှာလည်း ခမ်းခြောက် လာခဲ့သည်။ ရေကိုလမ်းခရီးတလျှောက်ချွေတာသုံးစွဲကြရသည်။ ရေရရှိရန်အတွက် တစ်ရက်တာခရီး အကွာအဝေးခန့်သွားရသည်။ ရေငတ်သည့်ဒဏ်ကြောင့် အချို့အသက်ဆုံးရှုံးခဲ့ရသည်ပင်ရှိခဲ့သည်။ ၂၀၀၂ခုနှစ်၊သင်္ကြန်ကာလကိုတော့ သံလွင်မြစ်ကမ်းနံဘေး၌ပင်ဆင်နွှဲလိုက်ရသည့်အဖြစ်ကယနေ့ တိုင်အမှတ်တရရှိနေခဲ့သည်။ ခရီးပြင်းတစ်ခုကို(၁၄)ရက်ခန့်ဖြတ်သန်းလွန်မြောက်ပြီးနောက် နယ်စပ် တပ်စခန်းရှိရာသို့ပြန်ရောက်လာခဲ့သည်။


ကျနော်ပြန်လည်ရောက်ရှိချိန်တွင်တော့ BPA (Burma Patriotic Army )မှာလည်း ကိုယ်ပိုင်တပ်စခန်းအဖြစ်ရပ်တည်နေပေပြီ။ ထိုင်း-မြန်မာနယ်စပ် တောင် ကြောတစ်လျှောက်တွင်တော့ ကရင်နီတပ်မတော်ကအခိုင်အမာတပ်စွဲထားပြီး ကျနော်တို့ BPA မှာ နယ်စပ်တောင်ကြောမှ မြန်မာပြည်အတွင်းပိုင်း ကိုက်(၁၅၀၀)ခန့်တွင် တပ်စွဲခွင့်ပြုထားသည်။ မြန်မာ့ တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသောစခန်းပင်ဖြစ်ပေတော့သည်။ မြန်မာ့တပ်မတော်မှ ညပိုင်း ကင်းအလဲအလှယ်လုပ်သည်ကိုပင် မီးရောင်အောက်တွင်မြင်တွေ့နိုင်ပေသည်။

ကျနော်တို့ BPA တွင် လူအင်အားနှင့်လက်နက်အင်အားက မျှတမှုမရှိ။ မီးကျိုးမောင်းပျက် သေနတ်အချို့သာရှိနေခဲ့သည်။ ကိုယ်ပိုင်လက်နက်ရရန်အတွက် အသက်ကိုအရင်းတည်၍ ကြိုးစား တည်ဆောက်ခဲ့ကြရသည်။ စစ်ဝတ်ယူနီဖေါင်းနှင့်လိုအပ်သည့်ရိက္ခာဆန်ကို ကရင်နီတပ်မတော်မှကူညီ ပံ့ပိုးပေးသည်။ အခြားသောနည်းလမ်းများနှင့်လည်း အကူအညီတောင်းခံခဲ့ရသည်။ ငွေကြေးအချို့ကို NCGUB (မြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ)မှကူညီပံ့ပိုးခဲ့သည်။

ထိုသို့ကိုယ်ပိုင်တပ်မတော်တစ်ခုအဖြစ် ကြိုးစားတည်ဆောက်နေချိန်တွင် အချောင်သမားအချို့မှ သူတို့အဖွဲ့အစည်းလက်အောက်ခံအဖြစ်အမှု ထမ်းရန်ကမ်းလှမ်းခဲ့ကြသည်။ လိုအပ်သည့်လက်နက်၊ ငွေကြေးတို့ဖြင့်ဆွဲဆောင်သိမ်းသွင်းခဲ့ကြသည်။ မည်သို့မျှသိမ်းသွင်းမရသည့်အဆုံး သုတ်ခြေတင် ကာပြန်သွားကြသည်။ သူခေါင်းဆောင်လုပ်နေသော အဖွဲ့အစည်းမှာ လက်နက်အင်အား၊ လူအင်အားမည်မျှရှိနေသည်ကိုတော့မသိ၊ လေ့လာကြည့်လိုက် တော့ တိုက်ပွဲပင်မဖေါ်ဆောင်ဘူးပဲ လေတိုက်ပွဲဆင်နွှဲနေသူများသာဖြစ်နေသည်။ သို့သော်သူကနိုင်ငံ ရေးမှာတော့ တန်းဝင်သည်။ ၀င်ငွေကောင်းသလို၊ဟိတ်ဟန်လည်းကောင်းသည်။ ပညာတတ်ဆရာဝန် တစ်ဦးလည်းဖြစ်နေသည်။ လေတစ်လုံး၊မိုးတစ်လုံးနှင့်အပြောကောင်းသလောက် ကတုံးပေါ်ထိပ်ကွက် ရန်သာ အမြဲစဉ်းစားနေသောတော်လှန်ရေးအချောင်သမားဖြစ်မှန်းမသိဖြစ်နေသည်။

မည်သို့ပင်ဆိုစေ မြန်မာ့တပ်မတော်မှအကြောင်းအမျိုးမျိုးကြောင့်တော်လှန်ရေးနယ်မြေသို့အသွင် ကူးပြောင်းရောက်ရှိလာသောတပ်မတော်သားများကို ဥမကွဲသိုက်မပျက်၊စည်းစည်းလုံးလုံးရပ်တည် နိုင်ခဲ့ကြသည်။ ပြစ်မှုတစ်စုံတရာကျူးလွန်ခဲ့ပါကလည်း အရင်ကလိုလက်လွတ်စပယ်မလုပ်ကြတော့။ သက်ဆိုင်ရာသို့အကြောင်းကြားပြီးပူးပေါင်းဖြေရှင်းကြသောကြောင့်ကြီးမားသောဆုံးရှုံးမှုများမှ ကာ ကွယ်နိုင်ခဲ့သည်မှာအမြတ်တစ်ခုဟုဆိုရမည်။ တပ်တွင်းစားသောက်ရန်အတွက်ဆန်မှာပူပင်ကြောင့်ကြ ရန်မလိုသော်လည်း ကွမ်းဘိုးဆေးဘိုးရရန်အတွက်ရဲဘော်များအလှည့်ကျ ထိုင်းနိုင်ငံ၊မဲ့ဟောင်ဆောင် မြို့အနီးကျေးရွာများသို့အလှည့်ကျသွားရောက်အလုပ်လုပ်ကာ ရံပုံငွေရှာကြရသည်။ ရရှိလာသောငွေ ကြေးကို မျှဝေစားသောက်ကြရသည်။

တစ်နေ့တွင် ရဲဘော်လေးနိုင်ဦးအလုပ်မှပြန်လာသော်လည်းငွေကြေးဟူ၍တစ်ပြားတစ်ချပ်မှပါ မလာခဲ့ပေ။ အလုပ်ရှင်မှငွေမရှင်းပေးသောကြောင့် ပြန်လာရခြင်းသာဖြစ်ကြောင်းပြောပြသည်။ ကျနော် လည်းသူ့ကို ဘာမှအပြစ်မတင်၊လုပ်စရာရှိသည့်အလုပ်ကိုသာလုပ်နေမိသည်။ BPA တွင်သူက အသက် အငယ်ဆုံး (၁၆နှစ်စွန်းစွန်း)သာရှိသောရဲဘော်လေးဖြစ်သည်။ တောင်ကြီးဖက်မှဖြစ်သည်။ မိဘများမှာ ချမ်းသာကြွယ်ဝကြကြောင်းသိရသည်။ မိဘနှင့်စိတ်ဆိုးကာ တပ်မတော်ထဲရောက်လာသူလေး ဖြစ် သည်။

တစ်နေ့သောညနေ တပ်စခန်းအောက်မှသေနတ်သံကြားသောကြောင့်ကျနော်ရှာဖွေကြည့်ရာ ရဲဘော်လေးနိုင်ဦး သေနတ်ထမ်းရင်းစည်းရိုးထဲသို့ဝင်လာသည်ကိုကျနော်တွေ့လိုက်သည်နှင့် “တပ်မှူး ရယ် ကျနော်တောကြက်ပစ်လိုက်တာလွတ်သွားတယ်ဗျာ၊ ဒီတောကြက်တွေရဲ့စားကျက် ကျနော်သိ ထားတယ်” ဟုဆိုလာသည်။ “ဟုတ်လားကွ၊ မင်းကလည်းပစ်ရင်သေသေချာချာပစ်လေကွာ၊ဟင်းစား တစ်နပ်ရရင်လည်းနည်းတာမှတ်လို့” ဟုဆိုလိုက်မိသည်။

သူလည်းသူ့တဲအတွင်းသို့ခေတ္တ၀င်သွားပြီး နောက် “တပ်မှူး ကျနော်တောကြက်သွားချောင်းလိုက်ဦးမယ်”ဟု ပြောပြောဆိုဆိုသေနတ်ဆွဲကာ တောင်ကြောအောက်ဖက်သို့ဆင်းသွားတော့သည်။ မိုးချုပ်သည်အထိ ပြန်မရောက်ခဲ့။ ကျနော်အတော် စိတ်ပူသွားရသည်။ ရဲဘော်များကိုအနီးတစ်ဝိုက် လိုက်လံရှာဖွေ ခိုင်းသော်လည်းမည်သို့မျှရှာဖွေ၍မတွေ့ တော့။ နီးစပ်ရာတပ်စခန်းများသို့ စက်ဖြင့်မေးမြန်းသော်လည်း မရောက်ရှိကြောင်းသာ သိလိုက်ရ သည်။

နောက်ဆုံးရဲဘော်များကို မိသားစုများရှိရာရွာသို့သွားရောက်ရှာဖွေရန် တာဝန်ပေးရတော့သည်။ ရဲဘော်များလည်းညတွင်းချင်း မိသားစုများရှိရာသို့ အသော့နှင်၍ဆင်းခဲ့ကြရတော့သည်။ ရွာနှင့် တပ် စခန်းမှာ သုံးနာရီခန့်သွားရသည်။ ကျနော်လည်းစခန်းပေါ်တွင်နေမထိ၊ထိုင်မထိနှင့်အတော်ညဥ့်နက်မှ စက်ဝင်လာသည်။ ရဲဘော်လေးနိုင်ဦး ဆာလာအိတ်တစ်လုံးထမ်း၍ရွာသို့ဝင်လာကြောင်းနှင့် ဆက်၍ ထိုင်းနိုင်ငံဖက်သို့ ထွက်သွားကြောင်းသာသိလိုက်ရသည်။

နောက်တစ်နေ့နံနက်သတင်းဆိုးတစ်ခုကျနော့ထံရောက်လာခဲ့ပြန်သည်။ ကျနော့ကိုထိုင်းစစ်တပ် နှင့်ရဲများမှတွေ့ဆုံလိုကြောင်း အကြောင်းကြားလာခြင်းပင်ဖြစ်သည်။ ကျနော်လည်း သူတို့ချိန်းဆို သည့် နန်းဆွယ်ရွာထိပ်ရှိ ထိုင်းရဲစခန်းသို့ရောက်သည်နှင့်စကားပြန်မှ “ခင်ဗျားတို့တပ်ကရဲဘော်လေး တစ်ယောက် အမ်-၁၆တစ်လက်နဲ့ ထိုင်းတစ်ယောက်ကိုလာပစ်သွားတယ်၊ခင်ဗျားတို့သူ့ကိုရအောင်ဖမ်း ပေးရမယ်” ဟုဆိုလာခဲ့သည်။ မည်သို့မျှမငြင်းသာသည့်အဆုံးဖမ်းပေးမည်ဖြစ်ကြောင်းကတိပေးလိုက် ရသည်။ ရဲဘော်လေးနိုင်ဦး၏ရုပ်ပုံကိုလည်း ထိုင်းတီဗွီများမှထုတ်လွှင့်နေသည်ကိုလည်းတွေ့လိုက်ရ သည်။ ဖမ်းဆီးရန်အတွက်လိုအပ်သည့်လက်နက်၊ရိက္ခာနှင့်ဓါတ်မီး၊ဆိုင်ကယ်၊ကားတို့ကိုလည်း ထိုင်း ဖက်မှစီစဉ်ပေးသည်။

ကျနော်လည်းသူသွားလာနိုင်သည့်နေရာများသို့ဝင်ရောက်ရှာဖွေရသည်။ တစ် နေရာပြီးတစ်နေရာရှာဖွေကြရာ နောက်ဆုံး စွပ်ဆွယ်ရွာလေးနံဘေးသို့ပင်ရောက်ရှိခဲ့သည်။ ကျနော် စီးနင်းလာသောဆိုင်ကယ်ကို ထိုင်းရဲ ကြာအောမှမောင်းနှင်လေသည်။ စွပ်ဆွယ်ကြိုးတံတားနားသို့ မရောက်မီ ရဲဘော်လေးနိုင်ဦး ငိုက်စိုက်ငိုက်စိုက်နှင့်ကားလမ်းအတိုင်းလှမ်းလာသည်ကို တွေ့လိုက်ရ သည်။ လက်ထဲတွင် ဓါးမြှောင်တစ်ချောင်းကိုကိုင်ဆောင်ထားလျက်ရှိသည်။ ကျနော်သူ့ကိုတွေ့သည် နှင့် “ နိုင်ဦး မင်းလက်ထဲကဓါးချပြီးငါ့စီကိုလာခဲ့” ဟုပြောလိုက်သည်နှင့်နောက်ကြောင်းပြန်ပြေးရန်ပြင် လိုက်သည်။

သူ့နောက်တွင်လည်း ထိုင်းတပ်မတော်မှစစ်သားများဝိုင်းရံထားကြောင်းသိလိုက်သည် နှင့် ကျနော့ထံသို့လှမ်းလာခဲ့တော့သည်။ ကျနော်ကလည်း “ မင်းကွာ ဘာတွေလျှောက်လုပ်နေတာလဲ၊ အခုတော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ကုန်ပြီ” ဟုဆိုလိုက်သည်နှင့် “ တပ်မှူးရယ် ကျနော်လည်း ဘယ်လုပ်ချင်ပါ့မလဲ၊ အလုပ်သွားလုပ်တော့လုပ်အားခမပေးတဲ့အပြင် ပါးပါကျနော့ကိုရိုက်လိုက်တယ်၊ စိတ်နာလွန်းလို့တပ်ကသေနတ်ပြန်ယူပြီး ကျနော်လာပြန်ပစ်တာ၊လမ်းမကျွမ်းတာနဲ့ မျက်စိလည်ပြီး ထွက်မရဖြစ်နေတာ၊ကျနော့ကိုကယ်ပါအုံးဗျာ” ဟုဆိုရုံရှိသေးချိန် ထိုင်းစစ်သားနှင့်ရဲများမှ သူ့ကိုဝင် ရောက်ဖမ်းဆီးချုပ်နှောင်ခေါ်ဆောင်သွားတော့သည်။


ကျနော်တို့အားလုံး သည်နေရာ၊သည်ဒေသတွင် ရှေ့ဆက်ရပ်တည်နိုင်ရေးအတွက် သူ့ဘ၀ကိုကျနော်ဘာများကူညီပေးနိုင်ပါအံ့နည်း။

ဆက်ပါအုံးမည်။

အုပ်ကြီးဖေ

၅-၂-၂၀၁၄

သက်ငယ်စကား သက်ကြီးကြား

$
0
0
Photo: သက်ငယ်စကား သက်ကြီးကြား ( အပိုင်း အစ အဆုံး) xxxxxxxxxxxxxxxxxxxxxxxxxxx ယနေ့ မွန်းတည့်လုနီးနီး ကာလလေး   ထမင်းစားချိန်တွင် နောင်တော်ကြီးတစ်ပါးနှင့် အတူ ကျွန်တော် ထမင်းစားဖြစ်သည်  ထမင်းစားပြီး နောက် လ္ဘက်ရည် သောက်ရင်း တောင်တောင်အီအီဆွေးနွေးနေကြစဉ် ဘယ်ကဘယ်လိုရောက်သွားမှန်းမသိ ၅၉(စ) ဆီသို့ ရောက်သွားလေသည် ---  #နောင်တော်ကြီး > မင့် အခုလူတွေ ပြင်ဘူး ပြင်မယ် လုပ်တဲ့ ၅၉ (စ) က ဒေါ်စုကို ညစ်ပတ်ထားသလိုဘဲကွနော်  #ကျွန်ုပ် > မဟုတ်ပါဘူး ဗျာ လက်ရှိကာလမှာ ညိနေတာ သူဘဲရှိတာပါ  #နောင်တော်ကြီး > မင်း ဘက်မလိုက်နဲ့ သေချာစဉ်းစဉ်းစားစားလည်းပြောကွ #ကျွန်ုပ် > ဘက်လိုက်ရအောင် ကျွန်တော်နဲ့ အနေသာကြီးပါ ၁၉၄၇ အခြေခံဥပဒေ ကတည်းကိုက အသွင်ဆောင်ပုံ တစ်မျိုးနဲ့ ပါပြီးသားလေ အစ်ကိုကြီးရယ် #နောင်တော်ကြီး > မင်းက သူ့အဖေရေးတာ သူ့သမီးမှလာထိတယ်ပြောချင်တာလား ကွ ၊ အတော်လည်းတတ်နိုင်တဲ့မောင်ရင် ဘဲ  #ကျွန်ုပ်> ဟာဗျာ မဆီလေးရယ်တဲ့ အိုမဆိုင် အစ်ကိုကြီး ကိုယ့်ဟာကိုယ် အိပ်ငိုက်ပြီး မသိတာကို ကျွန်တော့လာရန်ရှာနေတယ် ပြောပြမယ် အစ်ကိုကြီးရေ  ----၁၉၄၇ နဲ့ ဘယ်လိုကွာခြားတယ်လို့ များအစ်ကိုကြီးထင်သတုန်း  #နောင်တော်ကြီး > ၂၀၀၈ အခြေခံဥပဒေ က ၅၉(စ) နဲ့ ဘာမှ မဆိုင်ဘူးလေ ဟိုက အဲဒီလောက်ထိ မကန့်သန်ခဲ့တာတော့ အမှန်ဘဲကွ  #ကျွန်ုပ်> စိတ်က ပေါက်လာချေပြီ ပြောရဆိုရ အတော်လက်ပေါက်ကပ် အငြင်းသန်သူပေဘဲ ဟု စိတ်တွင်းမှ ရေရွတ်ရင်း ဒါဆိုလည်း မတူဘူးချည်းခွမအော်နဲ့လေ  ပြောဆိုတော့မပြောဘူး  #နောင်တော်ကြီး > အေးပါကွာ အေးပါကွာ မင်းသိတာလေးပြောပါ #ကျွန်ုပ် > ဒီလို အစ်ကိုကြီးရ အမေးအဖြေလေးနဲ့ ပြောမယ်ဗျာ- Q> ၁၉၄၇ ခုနှစ်က ပါလီမန်အမတ်တွေ ရွေးကောက်ခံကြတယ်နော်ဟုတ်လား A> အေး ဟုတ်တယ်လေ ဘာဖြစ်တုန်း Q> သမ္မတကို ဘယ်ကရွေးသတုန်း  A> ဟေ့ကောင် မင်းလာမရစ်နဲ့ ပါလီမန်အမတ်တွေထဲကရွေးသပေါ့ Q> ကိုင်း အခု ၂၀၀၈ အခြေခံဥပဒေမှာ သမ္မတကို ဘယ်လိုရွေးလို့ရလည်း  A> အေး ဟုတ်သား လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူတွေကိုလည်း သမ္မတအဖြစ်အရွေးချယ်ခံနိုင်ဖို့ အဆိုတင်သွင်းနိုင်သားဟ ၊ ဟာ ဒါအတော်အဓိက ကျသကွ ငါသဘောပေါက်ပြီ  Q> ကဲ ဒါဆို အစ်ကိုကြီးပဲဖြေလိုက်တော့လေဗျာ  A> ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် အဆင့်မဟုတ်ဘဲ နိုင်ငံတော်သမ္မတအဆင့်ကို သေချာ ကန့်သတ်ပေးခဲ့တာကိုး ခေတ်ကာလနဲ့ လိုက်လျောညီထွေ ပိုချောင်လာသဟ ကျေးဇူး ညီလေးရာ သက်ငယ်စကား သက်ကြီးကြားရပါပေတယ်  #နောင်တော်ကြီး >> ဒါဆို အခု ၁၉၄၇ မှာ ဗိုလ်ချုပ်ရေးဆွဲတဲ့ ဥပဒေမှာ မပါဘူး အခုမှ ဖြည့်တယ်လို့ လူသိထင်ရှား စာလုံးမည်းကြီးတွေနဲ့ ရေးနေတဲ့ ဂျာနယ်တွေက အခြေအမြစ်မရှိ ထဲထဲဝင်ဝင် မလေ့လာ တတ်ရောင်ကား လုပ်စားတဲ့ ရောင်းရပြီးရော စီးပွားရေးသမားစစ်စစ်တွေပေါ့ ၊ ပြည်သူကို လမ်းလွဲပို့နေကြတာပေါ့ အန္တရာယ်ကြီးလိုက်လေခြင်း နော်  #ကျွန်ုပ်> အဲဒါက ပုဒ်မ ၅၉ (စ) ကျေလည်ပြီ ထားပါတော့  ၂၀၀၈ အခြေခံ ဥပဒေ တစ်ရပ်လုံးနဲ့ ချီပြီးပြောရရင် """ ပထမ အချက်က   စာနဲ့ရေးသား ထားတဲ့ အခြေခံ ဥပဒေ ရှိပါတယ်။ အဲဒါ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ဖြစ်ပါတယ်။  ဒုတိယ အချက်က အစိုးရနှစ်ခု၊ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဆိုတဲ့ အစိုးရကို ဖန်တီး ပေးထားပါတယ်။ တတိယ အချက်က ပြည်သူထံကနေ  ဆင်းသက်လာတဲ့  အချုပ်အခြာ အာဏာကြီးကို ခက် မကြီးသုံးဖြာနဲ့ ပိုင်းခြား ပေးထားပါတယ်။ တရား စီရင် ရေးရှိတယ်။ အုပ်ချုပ်ရေးရှိတယ်။ ဥပဒေပြု ရေးရှိပါတယ်။ စတုတ္ထ အနေနဲ့ အခြေခံ ဥပဒေဆိုင်ရာ အငြင်း ပွားမှုတွေ ဖြစ်လာတဲ့အခါမှာ သမာသမတ် ကျကျ ဖြေရှင်းပေးမယ့် အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးလည်း ရှိပါ တယ်။ ပဉ္စမအနေနဲ့   လူဦးရေကို အခြေမခံဘဲ  ဒေသန္တရနဲ့ မျိုးနွယ်စုတွေ  ဒီအနေ အထားတွေ အခြေခံတဲ့ အမျိုးသား လွှတ်တော်ကို လည်းဖွဲ့စည်း ပေးထားပါတယ်။ ဒီအချက် (၅)ချက်နဲ့ ပြည့်စုံတဲ့ အတွက် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေဟာ ဖက်ဒရယ် စနစ်ဒါမှ မဟုတ် ဖက်ဒရယ်မူကို အခြေခံ ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အနေ အထား၊ သူ့ရဲ့ ရေးသားပုံ၊ ဖွဲ့စည်းပုံ တွေကြောင့် ပြည်သူ တွေလို လားတဲ့ ဖက်ဒရယ် အဆင့်ကို ရောက်ပြီလား၊ မရောက် သေးဘူးလား ဆိုတာ ကတော့ ကျွန်တော် မပြောနိုင် သေးပါဘူး။ ဒါပေမယ့် ကျွန်တော် တို့လိုချင် တဲ့ဟာကို တဖြည်းဖြည်းချင်း ဖြည့်စွက် ပြီးတော့  ကျွန်တော်တို့   လုပ်လို့ ရလိမ့်မယ် မဟုတ်ဘူးလားဗျာ"""" xxxxxxxxxxxxxxxxxxx #နောင်တော်ကြီး > အေး ဟုတ်တယ်နော် ဒို့ အဖြစ်ကမုန့်ဆီကြော်က ဘယ်ဆီနေမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုသလိုဖြစ်နေတယ် #ကျွနုပ်> အစ်ကိုကြီးရေ ၂၀၀၈ အခြေခံဥပဒေ ကို ရေးဆွဲဖို့ အမျိုးသားညီလာခံ ဆိုတာကြီး ညောင်နှစ်ပင်မှာ နှစ်ရှည်လများ ကျင်းပခဲ့တာ အစ်ကိုကြီးတို့လည်းသိနေတာဘဲလေ  #နောင်တော်ကြီး > အခု နိုင်ငံတော်သမ္မတကြီးက အဲဒီတုန်းက အမျိုးသားညီလာခံ ဥက္ကဋ္ဌ လေကွာ သိတာပေါ့  #ကျွနုပ် > အဖြေ က ရှင်းပြီပေါ့ အစ်ကိုကြီးရယ် ကိုယ်တိုင် ပါဝင်ကြီးမှူး ရေးဆွဲဖို့ လုပ်ခဲ့တဲ့ သမ္မတကြီးကိုယ်တိုင်က အစပြုပြီးမှ အခြေခံဥပဒေဟာ လစ်ဟာမှုတွေ ရှိနေပါတယ် ၊ ခေတ် စနစ်နဲ့အညီ လျော်ကန်သင့်မြတ်အောင် ပြင်ဆင်ရပါမယ်ဆိုတာ ကို ထုတ်ဖော်ပြောကြားခဲ့တာပေါ့ဗျာ မရှင်းပေဘူးလား စေတနာမှန်သူဆိုတာ အဲဒီလိုဖြစ်ရမယ်လို့ ကျွန်တော်တော့ ယုံကြည်တော့တာပါဘဲအစ်ကိုကြီးရယ်  -------------------  Yaung Ni Oo Soe Lin Wunnaphe Thaw Zaw Htut Zaw Myat Min David Khaino Yamin Thura ဝင်းဇော် မိုး မလေး အိမ့်ချမ်းမြေ့ ထက်အောင် လင်း Thura Ninethree Thuu Aung Minmin Soe Myint Swe Mg Myint Tin Moe Win Tin Moe Aung Nay Win Japangyi Nla Nay Lin Aung Seaman Nayminthu
သက်ငယ်စကား သက်ကြီးကြား ( အပိုင်း အစ အဆုံး)
xxxxxxxxxxxxxxxxxxxxxxxxxxx
ယနေ့ မွန်းတည့်လုနီးနီး ကာလလေး
ထမင်းစားချိန်တွင် နောင်တော်ကြီးတစ်ပါးနှင့် အတူ ကျွန်တော် ထမင်းစားဖြစ်သည်
ထမင်းစားပြီး နောက် လ္ဘက်ရည် သောက်ရင်း တောင်တောင်အီအီဆွေးနွေးနေကြစဉ် ဘယ်ကဘယ်လိုရောက်သွားမှန်းမသိ
 ၅၉(စ) ဆီသို့ ရောက်သွားလေသည် ---

#နောင်တော်ကြီး> မင့် အခုလူတွေ ပြင်ဘူး ပြင်မယ် လုပ်တဲ့ ၅၉ (စ) က ဒေါ်စုကို ညစ်ပတ်ထားသလိုဘဲကွနော်
#ကျွန်ုပ်> မဟုတ်ပါဘူး ဗျာ လက်ရှိကာလမှာ ညိနေတာ သူဘဲရှိတာပါ
#နောင်တော်ကြီး > မင်း ဘက်မလိုက်နဲ့ သေချာစဉ်းစဉ်းစားစားလည်းပြောကွ
#ကျွန်ုပ်> ဘက်လိုက်ရအောင် ကျွန်တော်နဲ့ အနေသာကြီးပါ ၁၉၄၇ အခြေခံဥပဒေ ကတည်းကိုက အသွင်ဆောင်ပုံ တစ်မျိုးနဲ့ ပါပြီးသားလေ အစ်ကိုကြီးရယ်
#နောင်တော်ကြီး> မင်းက သူ့အဖေရေးတာ သူ့သမီးမှလာထိတယ်ပြောချင်တာလား ကွ ၊ အတော်လည်းတတ်နိုင်တဲ့မောင်ရင် ဘဲ
#ကျွန်ုပ်> ဟာဗျာ မဆီလေးရယ်တဲ့ အိုမဆိုင် အစ်ကိုကြီး ကိုယ့်ဟာကိုယ် အိပ်ငိုက်ပြီး မသိတာကို ကျွန်တော့လာရန်ရှာနေတယ် ပြောပြမယ် အစ်ကိုကြီးရေ
----၁၉၄၇ နဲ့ ဘယ်လိုကွာခြားတယ်လို့ များအစ်ကိုကြီးထင်သတုန်း
#နောင်တော်ကြီး > ၂၀၀၈ အခြေခံဥပဒေ က ၅၉(စ) နဲ့ ဘာမှ မဆိုင်ဘူးလေ ဟိုက အဲဒီလောက်ထိ မကန့်သန်ခဲ့တာတော့ အမှန်ဘဲကွ
#ကျွန်ုပ်> စိတ်က ပေါက်လာချေပြီ ပြောရဆိုရ အတော်လက်ပေါက်ကပ် အငြင်းသန်သူပေဘဲ ဟု စိတ်တွင်းမှ ရေရွတ်ရင်း ဒါဆိုလည်း မတူဘူးချည်းခွမအော်နဲ့လေ ပြောဆိုတော့မပြောဘူး
#နောင်တော်ကြီး > အေးပါကွာ အေးပါကွာ မင်းသိတာလေးပြောပါ
#ကျွန်ုပ် > ဒီလို အစ်ကိုကြီးရ အမေးအဖြေလေးနဲ့ ပြောမယ်ဗျာ-
Q> ၁၉၄၇ ခုနှစ်က ပါလီမန်အမတ်တွေ ရွေးကောက်ခံကြတယ်နော်ဟုတ်လား
A> အေး ဟုတ်တယ်လေ ဘာဖြစ်တုန်း
Q> သမ္မတကို ဘယ်ကရွေးသတုန်း
A> ဟေ့ကောင် မင်းလာမရစ်နဲ့ ပါလီမန်အမတ်တွေထဲကရွေးသပေါ့
Q> ကိုင်း အခု ၂၀၀၈ အခြေခံဥပဒေမှာ သမ္မတကို ဘယ်လိုရွေးလို့ရလည်း
A> အေး ဟုတ်သား လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူတွေကိုလည်း သမ္မတအဖြစ်အရွေးချယ်ခံနိုင်ဖို့ အဆိုတင်သွင်းနိုင်သားဟ ၊ ဟာ ဒါအတော်အဓိက ကျသကွ ငါသဘောပေါက်ပြီ
Q> ကဲ ဒါဆို အစ်ကိုကြီးပဲဖြေလိုက်တော့လေဗျာ
A> ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် အဆင့်မဟုတ်ဘဲ နိုင်ငံတော်သမ္မတအဆင့်ကို သေချာ ကန့်သတ်ပေးခဲ့တာကိုး ခေတ်ကာလနဲ့ လိုက်လျောညီထွေ ပိုချောင်လာသဟ ကျေးဇူး ညီလေးရာ သက်ငယ်စကား သက်ကြီးကြားရပါပေတယ်
#နောင်တော်ကြီး >> ဒါဆို အခု ၁၉၄၇ မှာ ဗိုလ်ချုပ်ရေးဆွဲတဲ့ ဥပဒေမှာ မပါဘူး အခုမှ ဖြည့်တယ်လို့ လူသိထင်ရှား စာလုံးမည်းကြီးတွေနဲ့ ရေးနေတဲ့ ဂျာနယ်တွေက အခြေအမြစ်မရှိ ထဲထဲဝင်ဝင် မလေ့လာ တတ်ရောင်ကား လုပ်စားတဲ့ ရောင်းရပြီးရော စီးပွားရေးသမားစစ်စစ်တွေပေါ့ ၊ ပြည်သူကို လမ်းလွဲပို့နေကြတာပေါ့ အန္တရာယ်ကြီးလိုက်လေခြင်း နော်
#ကျွန်ုပ်> အဲဒါက ပုဒ်မ ၅၉ (စ) ကျေလည်ပြီ ထားပါတော့ ၂၀၀၈ အခြေခံ ဥပဒေ တစ်ရပ်လုံးနဲ့ ချီပြီးပြောရရင် """ပထမ အချက်က စာနဲ့ရေးသား ထားတဲ့ အခြေခံ ဥပဒေ ရှိပါတယ်။ အဲဒါ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ဖြစ်ပါတယ်။ ဒုတိယ အချက်က အစိုးရနှစ်ခု၊ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ဆိုတဲ့ အစိုးရကို ဖန်တီး ပေးထားပါတယ်။
တတိယ အချက်က ပြည်သူထံကနေ ဆင်းသက်လာတဲ့ အချုပ်အခြာ အာဏာကြီးကို ခက် မကြီးသုံးဖြာနဲ့ ပိုင်းခြား ပေးထားပါတယ်။ တရား စီရင် ရေးရှိတယ်။ အုပ်ချုပ်ရေးရှိတယ်။ ဥပဒေပြု ရေးရှိပါတယ်။ စတုတ္ထ အနေနဲ့ အခြေခံ ဥပဒေဆိုင်ရာ အငြင်း ပွားမှုတွေ ဖြစ်လာတဲ့အခါမှာ သမာသမတ် ကျကျ ဖြေရှင်းပေးမယ့် အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးလည်း ရှိပါ တယ်။ ပဉ္စမအနေနဲ့ လူဦးရေကို အခြေမခံဘဲ ဒေသန္တရနဲ့ မျိုးနွယ်စုတွေ ဒီအနေ အထားတွေ အခြေခံတဲ့ အမျိုးသား လွှတ်တော်ကို လည်းဖွဲ့စည်း ပေးထားပါတယ်။
ဒီအချက် (၅)ချက်နဲ့ ပြည့်စုံတဲ့ အတွက် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေဟာ ဖက်ဒရယ် စနစ်ဒါမှ မဟုတ် ဖက်ဒရယ်မူကို အခြေခံ ထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အနေ အထား၊ သူ့ရဲ့ ရေးသားပုံ၊ ဖွဲ့စည်းပုံ တွေကြောင့် ပြည်သူ တွေလို လားတဲ့ ဖက်ဒရယ် အဆင့်ကို ရောက်ပြီလား၊ မရောက် သေးဘူးလား ဆိုတာ ကတော့ ကျွန်တော် မပြောနိုင် သေးပါဘူး။ ဒါပေမယ့် ကျွန်တော် တို့လိုချင် တဲ့ဟာကို တဖြည်းဖြည်းချင်း ဖြည့်စွက် ပြီးတော့ ကျွန်တော်တို့ လုပ်လို့ ရလိမ့်မယ် မဟုတ်ဘူးလားဗျာ""""
xxxxxxxxxxxxxxxxxxx
#နောင်တော်ကြီး > အေး ဟုတ်တယ်နော် ဒို့ အဖြစ်ကမုန့်ဆီကြော်က ဘယ်ဆီနေမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုသလိုဖြစ်နေတယ်
#ကျွနုပ်> အစ်ကိုကြီးရေ ၂၀၀၈ အခြေခံဥပဒေ ကို ရေးဆွဲဖို့ အမျိုးသားညီလာခံ ဆိုတာကြီး ညောင်နှစ်ပင်မှာ နှစ်ရှည်လများ ကျင်းပခဲ့တာ အစ်ကိုကြီးတို့လည်းသိနေတာဘဲလေ
#နောင်တော်ကြီး > အခု နိုင်ငံတော်သမ္မတကြီးက အဲဒီတုန်းက အမျိုးသားညီလာခံ ဥက္ကဋ္ဌ လေကွာ သိတာပေါ့
#ကျွနုပ် > အဖြေ က ရှင်းပြီပေါ့ အစ်ကိုကြီးရယ် ကိုယ်တိုင် ပါဝင်ကြီးမှူး ရေးဆွဲဖို့ လုပ်ခဲ့တဲ့ သမ္မတကြီးကိုယ်တိုင်က အစပြုပြီးမှ အခြေခံဥပဒေဟာ လစ်ဟာမှုတွေ ရှိနေပါတယ် ၊ ခေတ် စနစ်နဲ့အညီ လျော်ကန်သင့်မြတ်အောင် ပြင်ဆင်ရပါမယ်ဆိုတာ ကို ထုတ်ဖော်ပြောကြားခဲ့တာပေါ့ဗျာ မရှင်းပေဘူးလား စေတနာမှန်သူဆိုတာ အဲဒီလိုဖြစ်ရမယ်လို့ ကျွန်တော်တော့ ယုံကြည်တော့တာပါဘဲအစ်ကိုကြီးရယ်
-------------------

By 
Kyaw Lin Nyein

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ

$
0
0
Photo

အာဇာနည်ကုန်းတွင် ကိုရီးယားနိုင်ငံက အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက်မည့် အစီအစဉ်ကို တစ်ကိုယ်တော် ဆန္ဒပြသမားတစ်ဦးက ကန့်ကွက်ခဲ့ပါတယ်။ဒီသတင်းနဲ့ ပတ်သတ်ပြီး တစ်ကိုယ်တော် ကန့်ကွက်ခဲ့သူ ပြည်သူ့အကျိုးပြု ဒီမိုကရေစီအင်အားစုမှ
 ဦးဇော်ဝင်းကို ဂုဏ်ပြုပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ အခန်းကဏ္ဍ တစ်ခုကနေ တတ်အားသရွေ့ လုပ်ဆောင်ပေးခြင်းကိုလည်း ကျေးဇူးတင်ပါတယ်။ 

ကိုရီးယားတွေနဲ့ ပတ်သတ်ရင် သတိကြီးကြီးထားကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ပြီးခဲ့တဲ့ ၁၇ ရက်၁၂လမှာ ကိုရီးယား အလှူရှင် အဖွဲ့အစည်းတစ်ခုက မန္တလေးမြို့မှ ရတနာအောင်မြင် မိဘမဲ့ ကျောင်းတိုက်ကို အဆောက်အအုံတစ်ခု ဆောက်လုပ်လှူဒါန်းဖို့ MOU လက်မှတ်ထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ စကားပြန်လုပ်ပေးဖို့ ဆက်သွယ်လာပါတယ်။ ဘုန်းကြီးကျောင်း အသွား ကားပေါ်မှာပဲ မနန်းစံဟွမ်က MOU မိတ္တူကို ပြပါတယ်။ ဒါနဲ့ဖတ်ကြည့်တော့ နံပါတ်၃နှင့် ၅မှာ ပြဿနာရှိနေတယ်လို့ ထောက်ပြလိုက်ပါတယ်။ နံပါတ်၃မှာက ကိုရီးယား အလှူရှင် အဖွဲ့က သူတို့လှူတဲ့ အဆောက်အဦးရဲ့ အခန်းကျယ်တစ်ခု(တစ်ထပ်လုံးစာနီးပါး)ကို လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမြဲတမ်းအသုံးပြုခွင့်ပေးရမည်လို့ ရေးထားပါတယ်။ ဒါက ပြဿနာတွေ အများကြီးရှိပါတယ်။ လူမှုရေး လုပ်ငန်းဆိုတဲ့ စကားလုံးက အလွန်ကျယ်ပြန့်ပါတယ်။ အမြဲတမ်း ဆိုတာက နှစ်အကန့်အသတ်မရှိပါဘူး။

ပိုပြီးဆိုးတာက နံပါတ်၅မှာ စာချုပ်ပါ အချက်အလက်တွေကို လုံးဝပြင်ဆင်ခွင့် မရှိဆိုတာပါပဲ။ လိုချင်တာ တောင်းပြီး အခိုင်အမာ ချည်ပြီးချုပ်ပြီး လုပ်ထားတာပါ။ နံပါတ်၅ဟာ MOUရဲ့ သဘောသဘာဝနဲ့ ဆန့်ကျင်နေပါတယ်။ ဒီနှစ်ချက်ကို ထောက်ပြတော့ မမနန်းက "ကိုရီးယားတွေက တစ်ခါတစ်ရံ မြန်မာပြည် လာတဲ့အခါမှာ အစည်းအဝေးလေး ဘာလေး လုပ်ချင်ရင် လုပ်ခွင့်ပြုပါလို့ ပြောထားပါတယ်။ ဒါ့ကြောင့် ပြဿနာ မရှိလောက်ပါဘူး။"လို့ သူကယူဆပါတယ်တဲ့။ ဒါဆိုရင် သူတို့စကား အတိုင်းပဲ စာချုပ်မှာ ရေးသင့်ပါတယ်။ဒီလိုလက်တစ်လုံးခြား အပြောတစ်မျိုး အရေးတစ်မျိုး မလုပ်စေ သင့်ဘူးလို့ ကျွန်မက တိုက်တွန်းရပါတယ်။

ကျွန်မတို့ ဒုတိယနှစ်ကျောင်းသူ အရွယ်မှာ မြန်မာပြည်ကို လာပြီး လူမှုရေး ဘာသာရေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုဟာ မန္တလေးမြို့သစ်ဘက်က သူတို့အခြေစိုက် ရုံးခွဲအိမ်မှာ မြောက်ကိုရီးယား ဒုက္ခသည်တွေကို ခိုးသွင်းလာမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာမြောက်ကိုရီးယား ဒုက္ခသည်တွေ တရုပ်နယ်စပ်ကနေ တဆင့် ထွက်ပြေးမှုလမ်းကြောင်းပေါ်က ကူညီရေးစခန်းတစ်ခု လူမှုရေး ဘာသာရေးအဖွဲ့ အရေးခြုံပြီး လာဖွင့်ထားခဲ့တာလို့ ယူဆလို့ ရပါတယ်။ ဒီပြဿနာကြီးမှာ မန္တလေးက ခရစ်ယာန်အဖွဲ့အစည်း အချို့ပါ မဆိုင်ဘဲနဲ့ ငြိ
သလို ဖြစ်ပြီးအတော် လေးဖြေရှင်းယူ ခဲ့ရတယ်လို့လည်း ကြားရပါတယ်။

ဒီလိုရှုပ်ထွေးမှုတွေ၊ ဥပဒေနဲ့ ငြိစွန်းမှုတွေ ဖြစ်လာရင် ဆရာတော်နဲ့ ကျောင်းတိုက်လည်း ရှောင်ထွက်လို့ မရနိုင် ပါဘူး။ ပြီးတော့ ကျွန်မနားလည်ထားတဲ့ MOUဆိုတာ နှစ်ဦးနှစ်ဘက် အခြေအနေ အရ ပြောင်းလွယ် ပြင်လွယ် လုပ်လို့ရရမှာ ဖြစ်ပါတယ်။ဒါတွေကိုလည်း ရှင်းပြပြီး တခြားသောကြုံတွေ့ဖူးတဲ့ ကိုရီးယားနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေကိုလည်း ထည့်သွင်းရှင်းပြလိုက်ရပါတယ်။
Photo
ဒါနဲ့ မနန်းလည်း သူ့သူငယ်ချင်း ရှေ့နေတစ်ယောက်ကို ဖုန်းဆက်ခေါ်ယူ ခဲ့ပါတယ်။ လမ်းမှာ ကျွန်မသူငယ်ချင်း နွယ်နီလှိုင်ကိုပါ ထပ်မံအားဖြည့် ခေါ်ယူခဲ့ပါတယ်။ကိုရီးယား အလှူရှင်တွေ ရောက်လာတော့ အင်မတိအင်မတန်မှ ကိုရီးယားဆန်တဲ့ မြန်မာလူမျိုးကိုရီးယား အလိုတော်ရိ စကားပြန်တစ်ယောက် ပါလာပါတယ်။ ဒါနဲ့ မနန်း၊ရှေ့နေကြီးနဲ့ ကျွန်မတို့နှစ်ယောက်ပေါင်းပြီး တိုင်ပင်ကြပါတယ်။

ကျွန်မတို့သူငယ်ချင်း နှစ်ယောက်က ကိုရီးယားစကားပြန်ဆိုတာ မပြောတော့ဘဲ U ပုံစံ နေရာစီထားတဲ့ ထိုင်ခုံတွေရဲ့ ဘယ်ညာမှာ နေရာယူလိုက်ပါတယ်။ လိုအပ်လာမှ ဝင်ရောက်ပြောဆို စကားပြန်လုပ်ပေးဖို့ပါစည်းဝါးရိုက်လိုက်ပါတယ်။အဲဒီနှစ်ချက်ကို ပယ်ဖျက်ပေးဖို့ ညှိနှိုင်းတော့ မောင်အလိုတော်ရိက ကိုရီးယား ဘုန်းကြီးနဲ့ အလှူရှင်တွေကို သေသေချာချာ ရှင်းမပြဘဲ ၃နှင့်၅ ကို ပြင်ချင်တယ်လို့ပဲ အဖြစ်လေးပြောပြ ပါတယ်။ ပြီးတော့ ရှေ့နေကြီးနဲ့ မနန်း တို့ကို လုံးဝအရေးလုပ် စကားမပြောတော့ဘဲ ဘာမှနားမလည်လို့ ရှေ့နေကြီးလက်လွှဲအပ် ထားပါတယ်လို့ပြောပြီး ထိုင်နေတဲ့ ဆရာတော်ကိုပဲ ဇွတ်အတင်း ဖိအားပေးပြီး ဘယ်အချက်မှမပြင်ဆင်ဘဲ လက်မှတ်ထိုးပေးဖို့ လှည့်ပတ်တောင်းဆို ပါတော့တယ်။

အဓိက ကတော့ သီတဂူ ဆရာတော်ကြီး နာမည်ကိုပဲ တွင်တွင်သုံး သွားပါတယ်။ သီတဂူဆရာတော်နဲ့ သူတို့အဖွဲ့အစည်းနဲ့ ဒီလိုပဲMOUရေးထိုးခဲ့ ကြောင်းးး မှတ်တမ်းဓါတ်ပုံတွေကို ဖုံးထဲကထုတ်ပြပြီး အော်ကြီးဟစ်ကျယ်တွေ အကြာကြီးပြောပါတယ်။ ဘာပြဿနာ ဘာအငြင်းပွားမှုမှ မရှိခဲ့ကြောင်းလည်း အက်ကြောင်းထပ်အောင် ပြောပါတယ်။ဒီမှာကြမှ သူတို့ရဲ့MOU ကို ဈေးဆစ်နေမယ်ဆိုရင် သီတဂူ ဆရာတော်ကြီးကို ပြန်တိုင်ပင်ပြီး တခြားနေရာ ထပ်ပြီးရှာဖွေဖို့ အကူအညီတောင်းရပါလိမ့်မယ် ဘာညာ သာတကာတွေလည်း ပြောပါတယ်။ဒါနဲ့ သီတဂူဆရာတော်နဲ့ MOU ထိုးတာ ဘာအလှူလဲလို့မေးတော့ ရေသန့်စက်လှူတာ ဖြစ်နေပါတယ်။

သီတဂူမှာ ရေသန့်စက်တွေ တပ်ဆင်လှူဒါန်း ဖို့ MOUနဲ့ ဒီဘုန်းကြီးကျောင်း လေးပေါ် အဆောက်အအုံ ဆောက်ပြီး ရုံးခန်းနေရာ အမြဲတမ်းအသုံးပြုခွင့်တောင်းတဲ့ MOUနဲ့က ဘယ်လိုသွားပြီး အကြောင်းအရာ အချက်အလက်တူမှာလဲ။ ဒီမှာအထက်စီးယူပြီး ရေးထားသလို MOU မျိုးကို သီတဂူဆရာတော်ကြီးဆီ သွားပြီး သူတို့ ကမ်းလှမ်းရဲသလားးး။ မိုးမပြို ပြိုခဲ့သော်....ပြဿနာ တစ်ခုခု တက်လာခဲ့ရင် နိုင်ငံခြားသားတွေ တည်းခိုနေထိုင်ခွင့်ပြုမှု၊ နိုင်ငံခြားအဖွဲ့ အစည်းတွေကို တရားမဝင် အခြေစိုက်ခွင့်ပြုမှု... စတာတွေပါ ပေါင်းစုပြီး ဆရာတော်ကဖြေရှင်းရမှာပါ။ သီတဂူ ဆရာတော်ကြီးရဲ့ ပါဝါနဲ့ ကျွန်မတို့ ဆရာတော်ရဲ့ ပါဝါက မတူပါဘူး။
Photo
သီတဂူ ဆရာတော်ကြီးကို ဟိုကတည်းက စစ်အစိုးရတောင် မထိရဲခဲ့ကြပါဘူးးး အခုဆိုရင် ဆရာတော်ကြီးရဲ့ Soft Power က ပိုပြီး ကြီးမားကျယ်ပြန့် အားကောင်းလာတာ အားလုံး သိကြပါတယ်။ ပြဿနာ ဖြစ်ခဲ့သည်ရှိသော် သီတဂူ ဆရာတော်ကြီးဘက်က ဝင်ရှင်းပေမယ့် ပုဂ္ဂိုလ်တွေ ချည်းပါပဲ။ ကျွန်မတို့ ဆရာတော်ကတော့ တစ်ယောက်ထဲ ရုံးပြင်ကန္နား ကိုယ်တိုင်ထွက် ရှင်းရမှာပါ။ဒီတော့ ဘယ်လိုအကြောင်းနဲ့မှ ဒီMOU ကို သူတို့အလိုအတိုင်း လက်မှတ်ထိုးလို့ မဖြစ်ပါဘူး။

မရမက ဇွတ်ရောအတင်းရော မဟုတ်က ဟုတ်ကတွေကို အာဘောင်အာရင်း သန်သန်နဲ့ ပြောပြီး ဆရာတော်ကို စည်းရုံးနေတဲ့ မောင်အလိုတော်ရိကို ကျွန်မတို့ရဲ့ ရှေ့နေကြီးက "နိုင်ငံခြားသားတွေနဲ့ စာချုပ်ချုပ်ဆိုခြင်းဟာ တရားမဝင်ဘူးးး ဒီတော့ခင်ဗျားက ဒီအဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်အဖြစ် လက်မှတ် ထိုးပေးရမယ်"လို့ တောင်းဆိုပါတယ်။

ဒီမှာပဲ မောင်အလိုတော်ရိက နှုတ်ခမ်းကိုမဲ့၊မျက်မှောင်ကိုချိုးပြီး မခန့်တရန့် မျက်နှာပေးနဲ့ ရှေ့နေကြီးကို "နိုးနိုးနိုးးးး ကျွန်တော် လုံးဝလက်မှတ်မထိုးနိုင်ပါဘူးးး ခင်ဗျားဆိုရင်လည်း ကိုယ့်အလှူဒါနကို သူများနာမည်ခံခိုင်းပြီး ဘယ်လှူချင် မှာလဲဗျ။"လို့ ဟန်ပါပါနဲ့ ဖိန့်ပြောပြောပါတယ်။ မနန်းကလည်း ဒီအချက်တွေ မပြင်ရင် MOUကို လက်မှတ်ထိုးမပေးနိုင်ဘူးးး မလှူချင်လည်း ပြန်ရုတ်သိမ်းလို့ရတယ်။ ဒီကျောင်းအတွက် အလှူရှင်တွေအများကြီးရှိပါတယ်။ ကြိုက်သလို ဆုံးဖြတ်ပါ လို့ ခပ်တင်းတင်း ပြောပစ်ပါတယ်။

နောက်ဆုံးတော့ နံပါတ်၃နှင့်၅ကို ဖျက်ပြီးMOUထိုးဖြစ်ခဲ့ပေမယ့် သူတို့ရုံးခန်းဖွင့်ခွင့်မရရင် နှစ်ထပ်ကျောင်းဆောင် အဖြစ်သာ လှူဒါန်းတော့မယ်၊သုံးထပ်မလှူတော့ဘူး ဆိုပြီးတော့ ဆုံးဖြတ်သွားပါတယ်။ ဒီတော့ မြန်မာပြည်က ဘုန်းကြီးကျောင်းများ သီလရှင်ကျောင်းများအနေနဲ့ နိုင်ငံတကာက အလှူရှင်တွေနဲ့ စာချုပ်တွေ နားလည်မှု စာချွန်တွေ လက်မှတ်ထိုးတော့မယ် ဆိုရင် သတိရှိဖို့နဲ့ ဥပဒေနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးကြပါလို့ပဲ အကြံပေး ချင်ပါတယ်။


နေထက်ထက်အောင်



တပ်မတော်ဧ။် အခန်းကဏ္ဍနှင့် အရွယ်အစားကို ပြင်ဆင်ခြင်း

$
0
0
Photo: တပ်မတော်ဧ။် အခန်းကဏ္ဍနှင့် အရွယ်အစားကို ပြင်ဆင်ခြင်း =============================== ( Against the Odds -- မတ်လ၊ ၂၀၁၃ ။ ရေးသားသူ --- Prof. David O Dapice ( International Fellow, Tufts University; Harvard Kennedy School, ex-principal advisor to the Indonesian Ministry of Finance when this country enjoyed its period of rapid growth), Thomas Vallely (Senior Advisor, Mainland Southeast Asia, Ash Center for Democratic Governance and Innovation))   တပ်မတော်ရဲ့ အခန်းကဏ္ဍအတွက်စဉ်းစားမယ်ဆိုရင် တပ်မတော်ရဲ့ မူလတာဝန်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်စောင့်ရှောက်ရေးကို တိုးမြှင့်ရပါမယ်။ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်နေတာကို လျှော့ချရပါမယ်။ အရင်ဆုံး အရွယ်အစားနဲ့ ထိန်းချုပ်ထားတာတွေကို ချုံ့ရပါမယ်။ တပ်မတော်အတွက် ကုန်ကျစားရိတ်ဆိုတာက နိုင်ငံတော်ဘတ်ဂျက်တစ်ခုထဲမဟုတ်ပါဘူး။ တပ်က သိမ်းယူထားတဲ့ နယ်မြေအများကြီးလည်းပါဝင်ပါတယ်။ တစ်ချို့နေရာတွေမှာ သီးပင်စားပင်စိုက်ပြီးဝင်ငွေရနေတယ်။ တစ်ချို့နေရာတွေကိုတော့ ပုဂ္ဂလိကကို ပြန်ရောင်းတာ၊ ထိပ်တန်းအရာရှိတွေက ရှယ်ယာပြန်ထည့်တာမျိုးတွေလုပ်ထားပါတယ်။ တစ်ချို့မှာတော့ ဒေသခံလယ်သမားတွေကို သီးစားခနဲ့ ပြန်လုပ်ပေးစေပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ရင်တော့ စီးပွားရေးနဲ့ နိုင်ငံရေးမူဝါဒကောင်းတွေထွက်လာပါလိမ့်မယ်။  အရာရှိတွေဟာ ပုဂ္ဂလိကကုမ္ပဏီအများအပြားကို ပိုင်ဆိုင်ပြီး ဈေးကွက်ကလည်း ရှေးကျနေတာမို့ အမြင့်ဆုံးဈေးရအောင်ချုပ်ကိုင်ထားကြရာမှာ အငယ်စားစွမ်းအင်ကုမ္ပဏီတွေကနေ ဦးပိုင်လိုအကြီးစားတွေအထိပါဝင်ပါတယ်။ တပ်နဲ့ချိတ်ဆက်ထားတဲ့လုပ်ငန်းတွေမှာ ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အဖျော်ယမကာစက်ရုံ၊ အိမ်ခြံမြေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေပါဝင်ကြပါတယ်။ ဒီလုပ်ငန်းများရဲ့ စွမ်းဆောင်ရည်မပြည့်တာ၊ ၀န်ဆောင်မှုညံ့ဖျင်းတာနဲ့ ဈေးနှုန်းကြီးမြင့်နေတာကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးကို နောက်ပြန်ဆွဲပြီး လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးဖို့ကိုလည်း ပိတ်ထားသလိုဖြစ်နေပါတယ်။ ဒီလို လည်ပင်းကြိုးကွင်းစွပ်ထားတာကို ဖြည်ထုတ်နိုင်မှ၊ စီးပွားရေးမှာတပ်ကချုပ်ကိုင်ထားတာကို ဖြေလျှော့နိုင်မှ အတိအကျမသိရတဲ့ ဘတ်ဂျက်ပြင်ပ ထောက်ပံ့စားရိတ်တွေလျော့ကျမှာပါ။ ဒါပေမဲ့ သယံဇာတထုတ်လုပ်မှုကတော့ အတိုင်းအတာတစ်ခုအထိ ကျန်နေပါဦးမယ်။  သဘာဝသယံဇာတထုတ်တာကတော့ အင်မတန်များလှပါတယ်။ ဒေါ်လာသန်းထောင်ချီတဲ့ ကျွန်းသစ်တွေ၊ ဓါတ်ငွေ့တွေကို ရောင်းရတဲ့ငွေတွေကို တပ်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ စာရင်းပျောက်သိမ်းခဲ့ကြပါတယ်။ ၂၀၁၁ မှာ ကျောက်စိမ်းရောင်းရငွေက ၁၀ ဘီလီယံဒေါ်လာနဲ့ အထက်ရှိပေမဲ့ နိုင်ငံတော်ဘတ်ဂျက်ထဲကို နည်းနည်းပဲရောက်ပါတယ်။ တပ်မတော်အတွက်သုံးနေတဲ့ သယံဇာတပမာဏ၊ ငွေပမာဏနဲ့ တခြားရင်းနှီးမြှပ်နှံမှုတွေကို အတိအကျသိဖို့ကတော့ အတော်အားစိုက်ရပါဦးမယ်။ ဥပမာအနေနဲ့ လွှတ်တော်ကို ခွင့်တောင်းစရာမလိုပဲ သမ္မတက အတည်ပြုရုံနဲ့ အထူးဘဏ္ဍာငွေအဖြစ် တပ်အတွက် ကုန်ကျစားရိတ်တွေကို အတိအကျမသိရပဲ ယူနေတာမျိုးတွေလည်း ပါ ပါတယ်။ ဒီငွေတွေအားလုံးကို တစ်စုတည်းပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေမှာ သုံးလိုက်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲခြင်းအစစ်ပါပဲ။  တကယ်လို့ ငြိမ်းချမ်းရေးသာတည်ဆောက်နိုင်ခဲ့ရင် တပ်ရဲ့ အရွယ်အစားကလည်း အလိုအလျောက်သေးငယ်သွားမှာပါ။ ငြိမ်းချမ်းတဲ့မြန်မာပြည်မှာ တပ်မတော်အရွယ်အစားဘယ်လောက်ဖြစ်သင့်သလဲလို့ ကြည့်ရအောင်။ အင်ဒိုနီးရှားမှာ စစ်သားပေါင်း ၅၈၂၀၀၀ ရှိပြီး လူဦးရေက သန်း ၂၄၀ ရှိတာမို့ လူတစ်သန်းကို စစ်သား ၂၄၀၀ နှုန်းပါ။ ဘင်္ဂလားဒေ့ရှ်မှာောတ့ လူတစ်သန်းကို စစ်သား ၁၅၀၀ နှုန်း၊ တရုတ်မှာ ၂၂၀၀ နှုန်း ရှိပါတယ်။ မြန်မာပြည်မှာ လူဦးရေသန်း ၆၀ ရှိတယ်ဆိုရင် စစ်သားဦးရေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအ၀င် ၉ သောင်းမှ တစ်သိန်းလေးသောင်းအတွင်းရှိရပါမယ်။ ငယ်ပေမဲ့လည်း တိုက်စွမ်းရည်ပြည့်ဝတဲ့ တပ်မတော်အနေနဲ့ ရခိုင်ဒေသမှာလို ပြည်သူလူထုကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်စွမ်းရှိပါလိမ့်မယ်။ လက်ရှိတပ်မတော်သား ခန့်မှန်းခြေ ၂ သိန်းမှ ၄ သိန်းအထိရှိနေပေမဲ့ စွမ်းရည်ပြည့်တပ်မတော်သားဘယ်လောက်ရှိလဲ မသိရပါဘူး။ ( အစိုးရမှန်းခြေအရတော့ အားလုံးစွမ်းရည်ပြည့်တယ်လို့ ဆိုပါတယ်။ ) တိုင်းရင်းသားလက်နက်ကိုင်တွေအပါအ၀င် တပ်မတော်သားအများစုအတွက် အလုပ်အကိုင်သစ်တွေကို ရှာဖွေရပြီး အများအပြားကလည်း တပ်မှာပဲ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါလိမ့်မယ်။ လက်နက်ကိုင်ဘ၀ကို စွန့်လွှတ်သူတွေအတွက် အဆင့်အတန်းရှိတဲ့ လူနေမှုဘ၀တွေဖြစ်ဖို့ အထူးတလည်အကူအညီတွေလည်း လိုအပ်ပါတယ်။  အခြေခံဥပဒေထဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရရဲ့ မူဝါဒတွေကို ပြုပြင်ဖို့ တပ်မတော်မှ ဆန္ဒရှိသလို အာဏာသိမ်းခွင့်ရထားတာဟာ ဒီမိုကရေစီနဲ့ပဲဖြစ်ဖြစ်၊ တရားဥပဒေစိုးမိုးရေးနဲ့ပဲဖြစ်ဖြစ် မကိုက်ညီပါဘူး။ လွှတ်တော်ထဲမှာ ၂၅% တပ်မတော်သားတွေကတော့ အချိန်ကာလတစ်ခုအထိရှိနေဦးမှာဖြစ်လို့ ဒါကိုလည်း ညှိနှိုင်းယူရမှာပါ။ အားထားလောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ခံခေါင်းဆောင်တွေရဲ့ သြဇာအာဏာရှိမှုက လိုအပ်လှပါတယ်။ ဒါဟာ တပ်မတော်ရဲ့ တရားဝင်ရပ်တည်မှုအတွက် အခြေခံအကျဆုံး အရွေ့လည်းဖြစ်ပါတယ်။ ဒီအရွေ့ဟာတပ်မတော်ရဲ့ အရွယ်အစား၊ သယံဇာတအသုံးပြုမှုနဲ့ စီးပွားရေးကဏ္ဍပါဝင်ပါတ်သက်မှုတွေကို လျော့ကျစေပါလိမ့်မယ်။   အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ တပ်မတော်က နမော်နမဲ့အမှားမှားအယွင်းယွင်းလုပ်ခဲ့သမျှတွေကို အားပြန်ဖြည့်တင်းထားတဲ့ တရားရုံးတွေနဲ့ အဓိပ္ပါယ်ရှိရှိအစားထိုးရပါမယ်။ စနစ်တကျကောင်းကောင်းမွန်မွန်ဖွဲ့စည်းထားတဲ့ တရားရုံးတွေဟာ သမာသမတ်မျှတတဲ့ ဥပဒေတွေ၊ မူဝါဒတွေကို အားပေးတာမို့ တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပေးပါတယ်။ နိုင်ငံရေးမှာ ပါဝင်လိုတဲ့ တပ်မတော်သားတွေ၊ စီးပွားရေးမှာ ဥပဒေနဲ့အညီ တန်းတူဆက်ဆံခွင့်ကို လိုလားကြတဲ့ တပ်မတော်သားတွေအတွက်ကတော့ လျှင်မြန်သွက်လက်တဲ့ တရားရုံးချုပ်ဟာ တစ်ဦးချင်းနဲ့ အဖွဲ့လိုက်ရပိုင်ခွင့်တွေကို အာမခံပေးနိုင်တာကြောင့် အရေးပါလှပါတယ်။  ဒီအပြောင်းအလဲတွေအတွက် တခြားအရေးပါတဲ့ ဆုံးဖြတ်ချက်ကတော့ တပ်မတော်နဲ့ အရာရှိတွေကို ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေက လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ပါပဲ။ အရင်တပ်အရာရှိတွေလက်အောက်မှာ နှုတ်မိန့်ကသာ အတည်ဖြစ်နေပြီး ထိရောက်တဲ့တရားဥပဒေစိုးမိုးရေးဆိုတာ မရှိခဲ့ပါဘူး။ တပ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ စေခိုင်းခံရတာကြောင့် သယံဇာတနဲ့ မြေတွေသိမ်းတာ၊ အာဏာနဲ့ အခွန်ကောက်တာ၊ ကုန်သွယ်ရေးကိုလက်ဝါးကြီးအုပ်တာတွေကို လုပ်ခဲ့ကြပါတယ်။ ( တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ဒီနည်းကိုပဲ ကျင့်သုံးခဲ့ကြပါတယ်။ ) ဒါကြောင့် အရာရှိတွေအများကြီး ချမ်းသာလာကြပါတယ်။ တကယ်လို့ တစ်ယောက်ယောက်ကို ရုံးတင်စစ်ဆေးမယ်ဆိုရင် တပ်နဲ့ လက်နက်ကိုင်အရာရှိတွေအများကြီးကို ခုံရုံးတင်ရပါလိမ့်မယ်။ တရုတ်ပြည်မှာ ဒီလိုခြစားမှုတိုက်ဖျက်ရေးတွန်းအားတွေဟာ စနစ်ကို အမှန်တကယ်ပြုပြင်နိုင်တာထက် အစိုးရအဖွဲ့ကို နှိပ်ကွပ်ဖို့အတွက်သာဖြစ်နေပါတယ်။ တရားစွဲမခံချင်တဲ့အရာရှိတွေဟာ အနိုင်ရတဲ့ဘက်ကိုပြောင်းကုန်တာကြောင့် မတည်ငြိမ်မှုတွေ၊ တာဝန်ခံနိုင်မှုတွေပျောက်ကုန်ပါတယ်။   ဒါကြောင့် သူတို့ပိုင်ဆိုင်တာတွေကို ပြန်မသိမ်းတာဟာ အမျှော်အမြင်ကြီးရာရောက်သလားလို့ မေးနိုင်ပါတယ်။ အရာရှိတွေကို အနိမ့်ဆုံးထိုက်သင့်တဲ့ဓနဥစ္စာပိုင်ဆိုင်ခွင့်ကိုပြုရပါမယ်။ ဒါဟာ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တည်ဆောက်ရာရောက်ပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုတဲ့ ပိုင်ဆိုင်မှုတွေကိုတော့ နိုင်ငံတော်အတွက် ပြန်လည်သိမ်းယူရပါမယ်။ ဒီပိုင်ဆိုင်မှုတွေကို ခြေရာခံဖို့ဆိုတာ နည်းစနစ်ပိုင်းအရ အခက်အခဲတွေရှိနိုင်ပြီး နိုင်ငံရေးအရလည်း မေးခွန်းထုတ်စရာတွေရှိပါတယ်။ အတိတ်ကာလမှောင်ကျခဲ့ချိန်တွေမှာ ကျုးလွန်ခဲ့တဲ့ စီးပွားရေးဆိုင်ရာပြစ်မှုတွေကို ခွင့်လွှတ်ပေးလိုက်တာဟာ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ရှေ့ကိုချီတက်ဖို့အတွက် လိုအပ်ပါတယ်။ ဒါပေမဲ့ ပမာဏကြီးမားတဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံရေးအင်အားစုတစ်ခုကို ဖန်တီးနိုင်ပြီး အနာဂတ်မှာ ကောင်းကောင်းအုပ်ချုပ်ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့် ရှေ့ခရီးမှာတော့ ပိုတင်းကြပ်တဲ့ဥပဒေတွေကို ပြဌာန်းရပါလိမ့်မယ်။   ဘာသာပြန်သူ -- သန္တာဝင်း (၀၅.၀၂.၁၄ )  ကိုးကား။ http://www.ash.harvard.edu/extension/ash/docs/against.pdf
တပ်မတော်ဧ။် အခန်းကဏ္ဍနှင့် အရွယ်အစားကို ပြင်ဆင်ခြင်း
===============================
( Against the Odds -- မတ်လ၊ ၂၀၁၃ ။ ရေးသားသူ --- Prof. David O Dapice ( International Fellow, Tufts University; Harvard Kennedy School, ex-principal advisor to the Indonesian Ministry of Finance when this country enjoyed its period of rapid growth), Thomas Vallely (Senior Advisor, Mainland Southeast Asia, Ash Center for Democratic Governance and Innovation))

တပ်မတော်ရဲ့ အခန်းကဏ္ဍအတွက်စဉ်းစားမယ်ဆိုရင် တပ်မတော်ရဲ့ မူလတာဝန်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်စောင့်ရှောက်ရေးကို တိုးမြှင့်ရပါမယ်။ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်နေတာကို လျှော့ချရပါမယ်။ အရင်ဆုံး အရွယ်အစားနဲ့ ထိန်းချုပ်ထားတာတွေကို ချုံ့ရပါမယ်။ တပ်မတော်အတွက် ကုန်ကျစားရိတ်ဆိုတာက နိုင်ငံတော်ဘတ်ဂျက်တစ်ခုထဲမဟုတ်ပါဘူး။ တပ်က သိမ်းယူထားတဲ့ နယ်မြေအများကြီးလည်းပါဝင်ပါတယ်။ တစ်ချို့နေရာတွေမှာ သီးပင်စားပင်စိုက်ပြီးဝင်ငွေရနေတယ်။ တစ်ချို့နေရာတွေကိုတော့ ပုဂ္ဂလိကကို ပြန်ရောင်းတာ၊ ထိပ်တန်းအရာရှိတွေက ရှယ်ယာပြန်ထည့်တာမျိုးတွေလုပ်ထားပါတယ်။ တစ်ချို့မှာတော့ ဒေသခံလယ်သမားတွေကို သီးစားခနဲ့ ပြန်လုပ်ပေးစေပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ရင်တော့ စီးပွားရေးနဲ့ နိုင်ငံရေးမူဝါဒကောင်းတွေထွက်လာပါလိမ့်မယ်။

အရာရှိတွေဟာ ပုဂ္ဂလိကကုမ္ပဏီအများအပြားကို ပိုင်ဆိုင်ပြီး ဈေးကွက်ကလည်း ရှေးကျနေတာမို့ အမြင့်ဆုံးဈေးရအောင်ချုပ်ကိုင်ထားကြရာမှာ အငယ်စားစွမ်းအင်ကုမ္ပဏီတွေကနေ ဦးပိုင်လိုအကြီးစားတွေအထိပါဝင်ပါတယ်။ တပ်နဲ့ချိတ်ဆက်ထားတဲ့လုပ်ငန်းတွေမှာ ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အဖျော်ယမကာစက်ရုံ၊ အိမ်ခြံမြေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေပါဝင်ကြပါတယ်။ ဒီလုပ်ငန်းများရဲ့ စွမ်းဆောင်ရည်မပြည့်တာ၊ ၀န်ဆောင်မှုညံ့ဖျင်းတာနဲ့ ဈေးနှုန်းကြီးမြင့်နေတာကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးကို နောက်ပြန်ဆွဲပြီး လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးဖို့ကိုလည်း ပိတ်ထားသလိုဖြစ်နေပါတယ်။ ဒီလို လည်ပင်းကြိုးကွင်းစွပ်ထားတာကို ဖြည်ထုတ်နိုင်မှ၊ စီးပွားရေးမှာတပ်ကချုပ်ကိုင်ထားတာကို ဖြေလျှော့နိုင်မှ အတိအကျမသိရတဲ့ ဘတ်ဂျက်ပြင်ပ ထောက်ပံ့စားရိတ်တွေလျော့ကျမှာပါ။ ဒါပေမဲ့ သယံဇာတထုတ်လုပ်မှုကတော့ အတိုင်းအတာတစ်ခုအထိ ကျန်နေပါဦးမယ်။

သဘာဝသယံဇာတထုတ်တာကတော့ အင်မတန်များလှပါတယ်။ ဒေါ်လာသန်းထောင်ချီတဲ့ ကျွန်းသစ်တွေ၊ ဓါတ်ငွေ့တွေကို ရောင်းရတဲ့ငွေတွေကို တပ်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ စာရင်းပျောက်သိမ်းခဲ့ကြပါတယ်။ ၂၀၁၁ မှာ ကျောက်စိမ်းရောင်းရငွေက ၁၀ ဘီလီယံဒေါ်လာနဲ့ အထက်ရှိပေမဲ့ နိုင်ငံတော်ဘတ်ဂျက်ထဲကို နည်းနည်းပဲရောက်ပါတယ်။ တပ်မတော်အတွက်သုံးနေတဲ့ သယံဇာတပမာဏ၊ ငွေပမာဏနဲ့ တခြားရင်းနှီးမြှပ်နှံမှုတွေကို အတိအကျသိဖို့ကတော့ အတော်အားစိုက်ရပါဦးမယ်။ ဥပမာအနေနဲ့ လွှတ်တော်ကို ခွင့်တောင်းစရာမလိုပဲ သမ္မတက အတည်ပြုရုံနဲ့ အထူးဘဏ္ဍာငွေအဖြစ် တပ်အတွက် ကုန်ကျစားရိတ်တွေကို အတိအကျမသိရပဲ ယူနေတာမျိုးတွေလည်း ပါ ပါတယ်။ ဒီငွေတွေအားလုံးကို တစ်စုတည်းပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေမှာ သုံးလိုက်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲခြင်းအစစ်ပါပဲ။

တကယ်လို့ ငြိမ်းချမ်းရေးသာတည်ဆောက်နိုင်ခဲ့ရင် တပ်ရဲ့ အရွယ်အစားကလည်း အလိုအလျောက်သေးငယ်သွားမှာပါ။ ငြိမ်းချမ်းတဲ့မြန်မာပြည်မှာ တပ်မတော်အရွယ်အစားဘယ်လောက်ဖြစ်သင့်သလဲလို့ ကြည့်ရအောင်။ အင်ဒိုနီးရှားမှာ စစ်သားပေါင်း ၅၈၂၀၀၀ ရှိပြီး လူဦးရေက သန်း ၂၄၀ ရှိတာမို့ လူတစ်သန်းကို စစ်သား ၂၄၀၀ နှုန်းပါ။ ဘင်္ဂလားဒေ့ရှ်မှာောတ့ လူတစ်သန်းကို စစ်သား ၁၅၀၀ နှုန်း၊ တရုတ်မှာ ၂၂၀၀ နှုန်း ရှိပါတယ်။ မြန်မာပြည်မှာ လူဦးရေသန်း ၆၀ ရှိတယ်ဆိုရင် စစ်သားဦးရေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအ၀င် ၉ သောင်းမှ တစ်သိန်းလေးသောင်းအတွင်းရှိရပါမယ်။ ငယ်ပေမဲ့လည်း တိုက်စွမ်းရည်ပြည့်ဝတဲ့ တပ်မတော်အနေနဲ့ ရခိုင်ဒေသမှာလို ပြည်သူလူထုကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်စွမ်းရှိပါလိမ့်မယ်။ လက်ရှိတပ်မတော်သား ခန့်မှန်းခြေ ၂ သိန်းမှ ၄ သိန်းအထိရှိနေပေမဲ့ စွမ်းရည်ပြည့်တပ်မတော်သားဘယ်လောက်ရှိလဲ မသိရပါဘူး။ ( အစိုးရမှန်းခြေအရတော့ အားလုံးစွမ်းရည်ပြည့်တယ်လို့ ဆိုပါတယ်။ ) တိုင်းရင်းသားလက်နက်ကိုင်တွေအပါအ၀င် တပ်မတော်သားအများစုအတွက် အလုပ်အကိုင်သစ်တွေကို ရှာဖွေရပြီး အများအပြားကလည်း တပ်မှာပဲ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါလိမ့်မယ်။ လက်နက်ကိုင်ဘ၀ကို စွန့်လွှတ်သူတွေအတွက် အဆင့်အတန်းရှိတဲ့ လူနေမှုဘ၀တွေဖြစ်ဖို့ အထူးတလည်အကူအညီတွေလည်း လိုအပ်ပါတယ်။

အခြေခံဥပဒေထဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရရဲ့ မူဝါဒတွေကို ပြုပြင်ဖို့ တပ်မတော်မှ ဆန္ဒရှိသလို အာဏာသိမ်းခွင့်ရထားတာဟာ ဒီမိုကရေစီနဲ့ပဲဖြစ်ဖြစ်၊ တရားဥပဒေစိုးမိုးရေးနဲ့ပဲဖြစ်ဖြစ် မကိုက်ညီပါဘူး။ လွှတ်တော်ထဲမှာ ၂၅% တပ်မတော်သားတွေကတော့ အချိန်ကာလတစ်ခုအထိရှိနေဦးမှာဖြစ်လို့ ဒါကိုလည်း ညှိနှိုင်းယူရမှာပါ။ အားထားလောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ခံခေါင်းဆောင်တွေရဲ့ သြဇာအာဏာရှိမှုက လိုအပ်လှပါတယ်။ ဒါဟာ တပ်မတော်ရဲ့ တရားဝင်ရပ်တည်မှုအတွက် အခြေခံအကျဆုံး အရွေ့လည်းဖြစ်ပါတယ်။ ဒီအရွေ့ဟာတပ်မတော်ရဲ့ အရွယ်အစား၊ သယံဇာတအသုံးပြုမှုနဲ့ စီးပွားရေးကဏ္ဍပါဝင်ပါတ်သက်မှုတွေကို လျော့ကျစေပါလိမ့်မယ်။

အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ တပ်မတော်က နမော်နမဲ့အမှားမှားအယွင်းယွင်းလုပ်ခဲ့သမျှတွေကို အားပြန်ဖြည့်တင်းထားတဲ့ တရားရုံးတွေနဲ့ အဓိပ္ပါယ်ရှိရှိအစားထိုးရပါမယ်။ စနစ်တကျကောင်းကောင်းမွန်မွန်ဖွဲ့စည်းထားတဲ့ တရားရုံးတွေဟာ သမာသမတ်မျှတတဲ့ ဥပဒေတွေ၊ မူဝါဒတွေကို အားပေးတာမို့ တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပေးပါတယ်။ နိုင်ငံရေးမှာ ပါဝင်လိုတဲ့ တပ်မတော်သားတွေ၊ စီးပွားရေးမှာ ဥပဒေနဲ့အညီ တန်းတူဆက်ဆံခွင့်ကို လိုလားကြတဲ့ တပ်မတော်သားတွေအတွက်ကတော့ လျှင်မြန်သွက်လက်တဲ့ တရားရုံးချုပ်ဟာ တစ်ဦးချင်းနဲ့ အဖွဲ့လိုက်ရပိုင်ခွင့်တွေကို အာမခံပေးနိုင်တာကြောင့် အရေးပါလှပါတယ်။

ဒီအပြောင်းအလဲတွေအတွက် တခြားအရေးပါတဲ့ ဆုံးဖြတ်ချက်ကတော့ တပ်မတော်နဲ့ အရာရှိတွေကို ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေက လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ပါပဲ။ အရင်တပ်အရာရှိတွေလက်အောက်မှာ နှုတ်မိန့်ကသာ အတည်ဖြစ်နေပြီး ထိရောက်တဲ့တရားဥပဒေစိုးမိုးရေးဆိုတာ မရှိခဲ့ပါဘူး။ တပ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ စေခိုင်းခံရတာကြောင့် သယံဇာတနဲ့ မြေတွေသိမ်းတာ၊ အာဏာနဲ့ အခွန်ကောက်တာ၊ ကုန်သွယ်ရေးကိုလက်ဝါးကြီးအုပ်တာတွေကို လုပ်ခဲ့ကြပါတယ်။ ( တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ဒီနည်းကိုပဲ ကျင့်သုံးခဲ့ကြပါတယ်။ ) ဒါကြောင့် အရာရှိတွေအများကြီး ချမ်းသာလာကြပါတယ်။ တကယ်လို့ တစ်ယောက်ယောက်ကို ရုံးတင်စစ်ဆေးမယ်ဆိုရင် တပ်နဲ့ လက်နက်ကိုင်အရာရှိတွေအများကြီးကို ခုံရုံးတင်ရပါလိမ့်မယ်။ တရုတ်ပြည်မှာ ဒီလိုခြစားမှုတိုက်ဖျက်ရေးတွန်းအားတွေဟာ စနစ်ကို အမှန်တကယ်ပြုပြင်နိုင်တာထက် အစိုးရအဖွဲ့ကို နှိပ်ကွပ်ဖို့အတွက်သာဖြစ်နေပါတယ်။ တရားစွဲမခံချင်တဲ့အရာရှိတွေဟာ အနိုင်ရတဲ့ဘက်ကိုပြောင်းကုန်တာကြောင့် မတည်ငြိမ်မှုတွေ၊ တာဝန်ခံနိုင်မှုတွေပျောက်ကုန်ပါတယ်။

ဒါကြောင့် သူတို့ပိုင်ဆိုင်တာတွေကို ပြန်မသိမ်းတာဟာ အမျှော်အမြင်ကြီးရာရောက်သလားလို့ မေးနိုင်ပါတယ်။ အရာရှိတွေကို အနိမ့်ဆုံးထိုက်သင့်တဲ့ဓနဥစ္စာပိုင်ဆိုင်ခွင့်ကိုပြုရပါမယ်။ ဒါဟာ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တည်ဆောက်ရာရောက်ပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုတဲ့ ပိုင်ဆိုင်မှုတွေကိုတော့ နိုင်ငံတော်အတွက် ပြန်လည်သိမ်းယူရပါမယ်။ ဒီပိုင်ဆိုင်မှုတွေကို ခြေရာခံဖို့ဆိုတာ နည်းစနစ်ပိုင်းအရ အခက်အခဲတွေရှိနိုင်ပြီး နိုင်ငံရေးအရလည်း မေးခွန်းထုတ်စရာတွေရှိပါတယ်။ အတိတ်ကာလမှောင်ကျခဲ့ချိန်တွေမှာ ကျုးလွန်ခဲ့တဲ့ စီးပွားရေးဆိုင်ရာပြစ်မှုတွေကို ခွင့်လွှတ်ပေးလိုက်တာဟာ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ရှေ့ကိုချီတက်ဖို့အတွက် လိုအပ်ပါတယ်။ ဒါပေမဲ့ ပမာဏကြီးမားတဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံရေးအင်အားစုတစ်ခုကို ဖန်တီးနိုင်ပြီး အနာဂတ်မှာ ကောင်းကောင်းအုပ်ချုပ်ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့် ရှေ့ခရီးမှာတော့ ပိုတင်းကြပ်တဲ့ဥပဒေတွေကို ပြဌာန်းရပါလိမ့်မယ်။

ဘာသာပြန်သူ -- သန္တာဝင်း
(၀၅.၀၂.၁၄ )

ကိုးကား။
http://www.ash.harvard.edu/extension/ash/docs/against.pdf
— with Htet Paing and 3 others.

ကျွန်တော့် ခံယူချက်၊ ကျွန်တော့် အမြင်နှင့် ဦးအုန်းမြင့်အား သုံးသပ်ခြင်း

$
0
0


လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာ စော်ကားပိုင်ခွင့်မရှိဘူး။
လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာ ပုတ်ခတ်ပိုင်ခွင့်မရှိဘူး။
လွတ်လပ်စွာ ဟောပြောပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာ တိုက်ခိုက်ပိုင်ခွင့်မရှိဘူး။
လွတ်လပ်စွာဆန္ဒဖော်ထုတ်နိုင်တယ်။ လွတ်လပ်စွာ သရော်ပိုင်ခွင့်မရှိဘူး။
လွတ်လပ်စွာစည်းရုံးပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာ ပိုင်နက်ကျူးကျော်ခွင့်မရှိဘူး။
လွတ်လပ်စွာဝါဒဖြန့်ဝေခွင့်ရှိတယ်။ လွတ်လပ်စွာ သွတ်သွင်းခွင့်မရှိဘူး။
လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ရှိတယ်။ လွတ်လပ်စွာ စွတ်စွဲခွင့်မရှိဘူး။
လွတ်လပ်စွာ အင်္ကျီမဝတ်ဘဲ နေလို့ရတယ်။ လွတ်လပ်စွာ လက်ကွင်းပြီး လက်ညိုးနဲ့ သွားထိုးပြလို့တောင် မရဘူး။


တစ်ဖက်ဖက်ကို လော်ဘီလုပ်နေတဲ့ အုပ်စုတွေဟာ ဒုတိယတန်းစား လုပ်ရပ်တွေကို လုပ်ကြတာ အရသာပိုတွေ့တယ်။
ဒုတိယတန်းစားလုပ်ရပ်တွေကို လူမှုစံနှုန်းတွေနဲ့ မထိန်းနိုင်ရင် ဥပဒေကြောင်းအရ ထိန်းဖို့လိုမယ်။ ဒီမိုကရေစီကို ကျွန်တော်မသိဘူး။ မလေ့လာမိသေးဘူး။

ကျွန်တော်စစ်သားဖြစ်ဖူးတယ်။ စစ်တပ်လော်ဘီမဟုတ်ဘူး။
စစ်တပ်တည်ရှိမှုကို ထောက်ခံတယ်။ စစ်သားတိုင်းကို မထောက်ခံဘူး။

ကျွန်တော်ဟာ ပြည်သူတစ်ယောက်ဖြစ်တယ်။ သမ္မတ၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ အမတ်တွေဟာ နိုင်ငံရေးရာထူးဖြစ်တယ်။
နိုင်ငံရေးသမားတိုင်းကို ကျွန်တော်ဝေဖန်ခွင့်ရှိတယ်။

ပြည်သူ့အသံနားထောင်ရမယ်။ ပြည့်သူအသံနားယောင်လို့မရဘူး။
ဦးသိန်းစိန်ရဲ့ မပြတ်သားတဲ့ အစိုးရမျိုးမလိုချင်ဘူး။ မြစ်ဆုံဆည်တည်ဆောက်မှုကိုရပ်ထားတာ ပြည်သူ့အသံနားယောင်တာ၊ သို့မဟုတ် ချွေးသိပ်တာဖြစ်တယ်။ ယခုအစိုးရဟာ ဖွဲ့စည်းပုံးအခြေခံဥပဒေအရ အရင်အစိုးရရဲ့ နိုင်ငံတကာ ကတိ၊ ကဝတ်၊ စာချုပ်တွေလိုက်နာဖို့တာဝန်ရှိတယ်။ ဆက်လုပ်သင့်တယ်။ မလုပ်သင့်ဘူးဆိုတာ ဥပဒေ၊ နည်းလမ်းနဲ့ စနစ်တကျ မရှင်းပေးဘဲ မသိမသာ ထားခြင်းဟာ လိုအပ်လာရင် ပြာမှုတ်လိုက်မယ်၊ ယပ်ခတ်လိုက်မယ်ဆိုပြီး မီးကျီးခဲတစ်ခု ဆောင်ထားတဲ့ သဘောပဲ။

တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေတဲ့ ရဲကို ရွာသားတွေက ဖမ်းထားတာတွေ၊ ကျုးကျော်နေထိုင်သူတွေက ဓားဆွဲပြီး ရဲကို မောင်းထုတ်တာတွေ အပေါ်မှာ ပြတ်ပြတ်သားသား ပြောတာလိုချင်တယ်။ ကုလားရွာမှာ အထိကရုန်းဖြစ်တော့ လီရှင်လွန်းပြောတာရှင်းတယ်။ နိုင်ငံခြားသားအလုပ်သမားတွေအပေါ်မှာ သေးသိမ်စေမှာမဟုတ်ဘူး။ ဒါပေမယ့် ပါဝင်ပတ်သတ်တဲ့သူတွေကို ခွင့်မလွှတ်ဘူးတဲ့။ ဦးသိန်းစိန်လဲ ရေဒီယို မိန့်ခွန်းပြောတာတွေရှိပါတယ်။ အသက်ကြီးတာ ပြသနာမဟုတ်ဘူး။ တုန်ချိတုန်ချိမကြိုက်ဘူး။ ပြတ်သားတဲ့သူကိုပဲ ခေါင်းဆောင်ဖြစ်စေချင်တယ်။ လုပ်ဆောင်ချက်မှားတဲ့ ဝန်ကြီးတွေကို မသိမသာပြောင်းရွှေ့တာ၊ အနားယူစေတာ၊ သူတို့သဘောနဲ့ နှုတ်ထွက်ခိုင်းတာထက် ပြည်သူ့ဝန်ဆောင်မှုအားနည်းလို့၊ လာဘ်စားလို့၊ အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ထိခိုက်လို့ စသဖြင့် ရဲရဲဝံ့ဝံ့ လူသိရှင်ကြား ထုတ်ပယ်တာကို လိုချင်တယ်။ ကိုယ်တစ်သက်လုံးမှန်ခဲ့တယ်ဆိုရင် မမှန်ဘဲ ကိုယ့်ထက် ငွေကြေးချမ်းသာနေတဲ့သူတွေကို ဘာဂရုစိုက်စရာရှိလဲ။

ဦးအုန်းမြင့်ကို ထုတ်ပယ်စေချင်တယ်။ ဦးအုန်းမြင့်ကိုယ်တိုင်ဖြစ်စေ၊ သမ္မတကိုယ်တိုင်ဖြစ်စေ မိမိအစိုးရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ရပ်များကြောင့် အရှက်ရမိပါသည်လို့ လူသိရှင်ကြား ထုတ်ဖော်ကြေငြာသင့်တယ်။ ဘာဖြစ်လို့လဲ……………

လက်ရှိအစိုးရကို အသွင်းပြောင်း စစ်အစိုးရအများက ယူဆ ပြီး၊ အစိုးရအနေနဲ့ ယုံကြည်မှု ပြန်တည်ဆောက်နေချိန်မှာ ဗိုလ်ချုပ်အုန်းမြင့်ကွ......... သေနတ်လွယ်ပြီး စစ်တိုက်လာတာ……ဘာမှ ပြောစရာအကြောင်းမရှိဘူး။
စစ်အာဏာကို ပြချင်နေသေးတဲ့ သဘောပါတယ်။ စစ်သားက နိုင်ငံရေးသမားထက် မြတ်ကြောင်း ပြသလိုတယ်။ မိမိတို့ အနစ်နာခံခဲ့ကြောင်း ပြောကြားလိုတယ်။ ခိုင်းလို့လုပ်ခဲ့တာတွေလည်း အများကြီးရှိတယ်။ အသာစံနေတာတွေလဲ အများကြီးရှိတယ်။

နိုင်ငံရေးသမားကို ဆဲမယ်ဆိုရင် ဝန်ကြီးကိုယ်တိုင် နိုင်ငံရေးသမားဖြစ်တယ်ဆိုတာ သိသင့်တယ်။ အမှန်က ပက်လက်လှန်ပြီး ကိုယ့်ပေါ်ကိုယ် သေးကော့ပန်းနေတာပဲ။

ဝန်ကြီးကိုယ်တိုင် ငွေကိုင်ပြီး ခရီးသွား၊ ကိုယ်ရောက်မှ ငွေပေး၊ စေတနာရှိမှ ပေး၊ စကားကောင်းကောင်း ပြော၊ ခခယယ ပြောတဲ့ အပေါ်မူတည်ပြီး ငွေထုတ်ပေးတဲ့ သဘောရှိလို့ အဂတိလိုက်စားမှု မြောက်တယ်။ ဝန်ကြီးတစ်ဦးရဲ့ စိတ်ခံစားမှုပေါ်အခြေခံပြီး သုံးစွဲတယ်။ နယ်ခံပြည်သူတွေက ဝန်ကြီး၊ ညွှန်ချုပ်တွေအပေါ် ဆက်ဆံရေး၊ ဧည့်ဝတ်ကျေတဲ့အပေါ်မူတည်ပြီး ငွေထုတ်ပေးတဲ့ သဘောအများကြီးတွေ့ရတယ်။ စံနှုန်းမရှိဘူး။

ကျေးရွာခြောက်သောင်း သုံးနှစ်နဲ့ အကုန်မရောက်နိုင်ဘူး ပြောခြင်းအားဖြင့် စွမ်းဆောင်ရည်နဲ့ စီမံခန့်ခွဲမှု နည်းလမ်းမရှိဘူးလို့ ပြဆိုတယ်။ လုပ်ပိုင်ခွင့် မပေးထားဘူး။ အောက်ကလူဆို ခိုးမှာပဲလို့ ယူဆနေသေးတယ်။ ခိုးချင်းခိုး အထက်ကနေပဲ ခိုးချင်တာပဲ။ ရွာတိုင်းမှာ ညွန်ချုပ်တွေ စောင့်ခိုင်းထားလို့ မဖြစ်လို၊ အလုပ်မဖြစ်တဲ့ နည်းတွေနဲ့ပဲ ဆက်အလုပ်လုပ်နေမယ်။ လွှတ်တော်က လာရှင်းခိုင်းရင် အရေမရ၊ အဖတ်မရ အကြောင်းပြပြီး ရှောင်လွှဲလို့ ကြံရွယ်ထားကြောင်း ထင်ရှားတယ်။

ကျေးလက်ဖွံ့ဖြိုးရေးဘဏ်တွေဟာ စည်ပင်ဘဏ်တွေကို အမည်ပြောင်းလိုက်တာဖြစ်လို့ မူလငွေပိုင်ရှင်ဟာ ပြည်သူတွေဖြစ်တယ်။ နှစ်အလိုက် နိုင်ငံတော်ဘက်ဂျက်က ချပေးထားတာမဟုတ်။ အဲ့ဒီဘဏ်တွေက ငွေတွေကို ဘယ်လိုအသုံးချထားတယ်။ ဘယ်သူတွေထုတ်ယူသုံးစွဲတယ်။ ဘယ်လိုချေးတယ် ဆိုတာတွေကို လွှတ်တော်ဘဏ္ဍာရေးကော်မတီက စစ်ဆေးသင့်တယ်။ ကျေးရွာတွေ၊ မြို့နယ်တွေ၊ တစ်နည်းအားဖြင့် ပြည်နယ်အစိုးရစီမံခန့်ခွဲသင့်တဲ့ ငွေကို ပြည်ထောင်စုဝန်ကြီးတစ်ဦးတည်းက စီမံခန့်ခွဲ သင့်မသင့် ပြန်လယ်စီစစ်ရမှာဖြစ်တယ်။

အစိုးရရဲ့ ဂုဏ်သိက္ခာထိခိုက်စေလို့၊ အရှက်ရစေလို့ ဦးအုန်းမြင့်ကို ထုတ်ပယ်လိုက်ရင် ဦးသိန်းစိန်ကို ထောက်ခံမယ်။ လွှတ်တော်ကလည်း အလွတ်သဘောပြောနေတာထက် လုပ်ထုံးလုပ်နည်းနဲ့အညီ ဝန်ကြီးကို ထုတ်ပယ်ဖို့ ဆောင်ရွက်သင့်တယ်။ ဒါမှလဲ နောက်ဘယ်အစိုးရတက်တက် စောက်ဂရုမစိုက်ဘူး၊ ပြောချင်ရာပြောမယ်ဆိုတဲ့ ဝန်ကြီးမျိုးကို ဖြုတ်ချနိုင်မှာဖြစ်တယ်။

သမ္မတကို နိုင်ငံရေးသမားတွေ၊ တစ်နည်း လွှတ်တော်အမတ်တွေ (လက်ရှိအမတ်ရော၊ ဝန်ကြီးရော)နဲ့ စစ်တပ်က တိုက်ရိုက်ရွေးခြယ်တင်မြောက်မယ့်အစား ပြည်သူတစ်ယောက်အနေနဲ့ ဘယ်သူ့ကို သမ္မတဖြစ်စေချင်ပါတယ်လို့ တိုက်ရိုက် မဲပေးခွင့်ရချင်တယ်။ ဒါမှ သမ္မတက အကောင်းအဆိုးကို ပြည်သူ့မျက်နှာအဓိက ကြည့်ပြီးလုပ်နိုင်မယ်။ မင်းတို့ရွေးပေးထားလို့၊ ငါတို့ ပေးထားတာပါကွာ ဆိုပြီး အမတ်၊ ဝန်ကြီး၊ စစ်တပ်မျက်နှာကြည့်နေရတဲ့ သမ္မတမျိုးမလိုချင်ဘူး။ သမ္မတက ပြည်ထောင်စု ဝန်ကြီးတွေ သူကိုယ်တိုင်ရွေးတာ ထောက်ခံတယ်။ တိုင်း/ပြည်နယ်အစိုးရကို သက်ဆိုင်ရာ တိုင်း/ပြည်နယ်က ရွေးတာဖြစ်စေချင်တယ်။ ဒါမှ သူနယ်အကျိုးသူ တိုက်ရိုက်သယ်ပိုးခွင့်ရှိမယ်။ မဲဆန္ဒနယ်က ပြည်သူ့အသံ၊ လိုအပ်ချက်ကို မျက်ကွယ်ပြုခွင့်မရဘူး။ အခုက သမ္မတအောက်မှာပဲရှိသလိုလို၊ သမ္မတက မခိုင်းလို့ မလုပ်သလိုလို အဆင်မပြေဘူး။ ပြည်ထောင်စုအစိုးရနဲ့ တိုင်း/ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်ရမယ့် နည်းနဲ့ အာဏာခွဲဝေခွင့်ကို ပီပီပြင်ပြင် ဖြစ်စေချင်တယ်။

ကုလားရွှေမောင် အကြောင်း မပြောတော့ဘူး။ ဒီနေ့ပဲ စုံစမ်းနေပြီလို့ သတင်းရလို့ အားရတယ်။ ကုလားကို ကုလားလို့ ခေါ်နေကျမို့ ကုလားလို့ခေါ်တယ်။ စော်ကားတယ်ထင်ရင် လာပြော။ ကုလားလူမျိုးလို့ လူမျိုးအမည်ကို ခေါ်တာ။ မကျိုက်ဘူး ပြောရင် စိတ်ဆိုးဒယ်………….အေး..မခေါ်ဘူး။

ကျေးဇူးတင်ပါတယ်။

သက်ထွေးအောင်
၎-၂-၂၀၁၄
Viewing all 1811 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>