Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ဂရက်စ်ရုလေးတွေ မြေခကြရရှာ

$
0
0

ဂရက်စ်ရုလေးတွေ မြေခကြရရှာ…………….

Grass roots လယ်ပယ်ကို မြှင့်တင်ရမယ်လို့ သမ္မတကြီး ပြောသံကြားတော့ အားတက်မိပါရဲ့။ အခုလောလောဆယ် ဂရပ်စ်ရုလေးတွေပေါက်ဖို့ မြေတောင်မရှိတော့ပါလား။

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ jobless, hopeless တွေက time bomb ဖြစ်လာမယ်။ မှန်တာပေါ့။ vocational training တွေပေးရမယ်။ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးရမယ်။ ဒါလဲ မှန်တာပဲ။ သူဖြစ်မလုပ်နိုင်ပဲနဲ့။ ဟုတ်တာပေါ့ဗျာ။ သူက ဇောတိကလဲ မဟုတ်၊ ဖန်ဆင်းရှင်လဲမဟုတ်။ အခုတောင် ဘယ်သူ့အကူအညီနဲ့ ရပ်တည်နေလဲမှ မသိတာ။ ပြည်သူတွေကို ပညာပေးဖို့၊ အလုပ်အကိုင်ဖန်တီးပေးဖို့ဆိုတာ အစိုးရလုပ်ဗျ။ ပရဟိတအဖွဲ့တွေအားကိုးရမယ်၊ ကိုယ့်ဒူးကိုယ်ချွန်ရမယ်ဆိုရင် အစိုးရဘာလိုတော့မလဲ။ ကိုယ့်ဖာသာလုပ်၊ ကိုယ့်တရားကိုယ်စီရင်ကြရမှာပေါ့။

ဘယ်ဘီလယံနာ ပရဟိတသမားမှ မြန်မာပြည်ကြီး ဆင်းရဲတွင်းက လွတ်အောင် မဆောင်ကျဉ်းနိုင်ပါဘူးဗျာ။ ဘီလယံနဲ့ချီ ငွေတွေ သုံးစွဲပိုင်ခွင့်ရထားတဲ့ အစိုးရ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ အခွန်စီမံခန့်ခွဲစနစ်၊ မြေယာစနစ်တွေ ပေါ်လာဖို့ သင့်တင့်လျောက်ပတ်တဲ့ ဥပဒေပြဒါန်းရမဲ့ လွှတ်တော်တွေမှ စွမ်းဆောင်ရည်မရှိ၊ စေတနာမရှိ၊ အသိအမြင်မရှိရင် တိုင်းပြည်ပျက်နေတာနဲ့ အတူတူပဲဗျ။

သေခြာတာပေါ့ဗျာ။ တိုင်းပြည်ပျက်နေပါတယ်။

ဖြစ်စဉ်(၁)
သားတို့က ဧက ကိုးထောင်ရှိတာလား။ ဘာတွေများ စိုက်ပျိုးထားလဲ။ ပဲ၊ ပြောင်းစိုက်ပါတယ်။ အေးကွာ အန်ကယ့်မှာ ဧက ၅၀၀၀ လောက်ပဲ ရှိတယ်ကွ။ နေရာက ချောင်နည်းနည်းကျတယ်။ အဘကြီးကလဲ မစိုက်သေးဘူးလား၊ ဘာစိုက်ထားလဲ မေး မေးနေတယ်ကွ။
(စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး မူကို အကောင်အထည် ဖော်ရာတွင် လုပ်ငန်းရှင်ကြီးများ၊ ဝန်ကြီး၊ တိုင်းမှူးများအား မြေရာများ ချထား၍ အကောင်အထည် ဖော်စေခြင်း)

ဖြစ်စဉ်(၂)
ခင်ဗျားတို့ကို အကြိမ်ကြိမ်ပြောထားပြီးသား၊ ဒီနေရာမှာ မစိုက်ပါနဲ့ လို့။ ခင်ဗျားတို့ အပင်တွေ ပျက်လို့ ဘာရော်ကြေးမှ လာမတောင်းနဲ့။ ပြောင်းဖူးပင်တွေ ကျိုးကျေပြီး အတော်အတန်ပျက်ဆီးကုန်ပါသည်။ တောင်သူရှမ်းကြီးမှာ မျက်နှာငယ်လေးဖြင့် ရပ်နေရှာသည်။

(ရှမ်းပြည်နယ် စစ်ကျောင်းကြီးများ အခြေစိုက်ရာဒေသတွင် ချီ၊ တိုက်၊ ခံ၊ ခွာ၊ လိုက်စစ်၊ ရန်သူကို ကျုံးသွင်းတိုက်ခိုက်နည်း၊ တောတွင်း စစ်ဆင်ရေး၊ တောင်ပေါ်စစ်ဆင်ရေး သင်္ခန်းစာများ လေ့ကျင့်သင်ကြားရန် သင်္ခန်းစာနှင့် ကိုက်ညီမည့်၊ တော၊ တောင်၊ လျိုမြောင်၊ ခြောက်ကမ်းပါးများတွင် အမြဲတစေ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ရှိသဖြင့် တောင်ယာ မစိုက်သင့်။ စိုက်ပါကလဲ ပျက်ဆီးမည်သာ။ တဖက်ကလည်း ကာကွယ်ရေးတာဝန်။ တောင်သူများကလည်း လေ့ကျင့်ရေး ကွင်းအချို့က စိုက်ပျိုးလို့ကောင်းတဲ့ မြေဖြစ်နေ၍ မတတ်သာ ပျက်ကာမှ ပျက်တော့။ လယ်ရာစိုက်ပျိုးရေး ဝန်ကြီးဌာနတွင် စိုက်ပျိုးမြေအဖြစ် တရားဝင်သွားလျောက်လည်း ကျမည်မထင်။ မြန်မာပြည်အနှံ့ ဓားမဦးချ ဒီလိုပဲ စိုက်ပျိုးလာခဲ့တာ အများကြီး မဟုတ်ပါလား။)

ဖြစ်စဉ်(၃)
တပ်မှူး ဒီ ရန်ကုန်-မန္တလေး အမြန်လမ်းကြီးမှာ သင့်တော်မဲ့ တစ်နေရာမှာ တို့တပ်ပိုင် နားနေဆောင်တစ်ခုလောက် ဆောက်ဖို့ ကြည့်စမ်းကွာ။ မြေလွတ်မြေရိုင်းဖြစ်ဖြစ်၊ ပလပ်မြေဖြစ်ဖြစ်၊ သစ်တောနဲ့ ညှိလို့ရရင်လဲ ရကွာ။ ပုဂ္ဂလိက ပိုင်ဆိုလဲ တို့ တစ်နေရာစာလောက် ဝယ်တာပေါ့။ သီးခြား အခွင့်ထူးခံဖို့တော့ မဟုတ်ဘူးပေါ့ကွာ။ တပ်လမ်းကြောင်းတွေ၊ ဘာတွေနဲ့ သွားတော့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေကြတော့ မသင့်တော်တာတွေ၊ အများပြည်သူအနှောက်အယှက်ဖြစ်တာတွေ ရှိနိုင်တယ်ကွ။ ဟုတ်ကဲ့ ကောင်းပါတယ် တပ်ချုပ်ကြီး။

အေး ငါပြောထားတဲ့ အခြေအနေလေး ဘယ်လိုလဲကွ။ အဆောက်အဦးအတွက် ဂျီအီးတပ်၊ ထောက်တို့ဘာတို့နဲ့ပါ ညှိနှိုင်းကွာ လိုတာ တင်ပြ။ ဟုတ်ကဲ့ အဘ အဲ့ဒါတင်ပြမလို့ပါပဲ။ မြေက ရှာမရဘူးဖြစ်နေတယ်။ ဟုတ်လို့လားကွ ဒီလောက်မိုင်အရှည်ကြီး၊ မြေနေရာအများကြီးလေကွာ။ ဟုတ်တဲ့အဘ ပိုင်ရှင်အမည်ပေါက်တွေ စုံစမ်းပြီးပါပြီ။ သွားတော့ မညှိရသေးဘူး။ ဟိုလေ……..အရင် ဘဘကြီးအမည်တွေနဲ့ ဖြစ်နေလို့။ အေး…အေးကွာ ဒါဆိုလဲ ထားလိုက်တော့။

ဖြစ်စဉ်(၄)
အဖွား ဟိုးက ကျွဲကောပင်တွေက အဖွားပိုင်တာလား။ အသီးတွေ ပြွတ်နေတာ အားရစရာကြီးဗျာ။ မဟုတ်ပါဘူး မြေးလေးရယ်၊ အရင်ကတော့ ဟုတ်ပါတယ်။ မြိတ်မြို့သစ်တိုးချဲ့မယ်ဆိုလို့ အသိမ်းခံထားရတာနဲ့ အဖွား ဒီနားမှာပဲ အကြော်ရောင်းနေတာ။ အဲ့ဒါဆိုလဲ မြေယူရင် ယူနေဗျာ။ အသီးတွေ သွားခူးပေါ့။ မရတော့ဘူး မြေးလေးရဲ့ နိုင်ငံတော်ပိုင်ဖြစ်သွားပြီ။ ခူးခွင့်မရှိတော့ဘူးတဲ့။ ဌာနဆိုင်ရာက လူတွေ လာခူးတာတော့ တွေ့တယ်။ အော်…………..

ဖြစ်စဉ်(၅)
တက်စီ……ကျွန်တော့်ကို ဗိုလ်ချုပ်ရွာ လိုက်ပို့စမ်းပါဗျာ။ ဘယ်ဗိုလ်ချုပ်ရွာလဲ။ ငှင်…..ဗိုလ်ချုပ်ရွာက ဘယ်နှစ်ခုတောင်ရှိလို့လဲ။ သုဝဏ္ဏလား၊ လှိုင်လား၊ ကိုးမိုင်ခွဲလား၊ တာမွေလား၊ သာကေတ၊ မင်္ဂလာဒုံ…လား………..လားးးးး
မသိဘူးဗျာ ဖုန်းဆက်ကြည့်လိုက်ဦးမယ်။

ဖြစ်စဉ်(၆)
ခင်ဗျားတို့က မူလအခင်းပိုင်ရှင်တွေလား။ မူလပိုင်ရှင် ဦးစားပေးမယ်ဗျာ။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒီနေရာတွေက ကျွန်တော်တို့ တပ်လုံခြုံရေးအတွက်၊ နောင်တစ်ချိန် နိုင်ငံတော် ဘက်ဂျက်အရ နှစ်အလိုက် တိုးချဲ့သွားဖို့ အထက်က ဥပဒေနဲ့ အညီ သိမ်းဆီးခိုင်းထားတာ။ ဒါပေမယ့် ဒီအတိုင်းထားလိုက်ရင် အဖိုးတန်မြေတွေ ဆုံးရှုံးတယ်။ နိုင်ငံတော်လဲ နစ်နာတယ်။ ကျွန်တော်တို့ကလဲ စစ်ပဲတိုက်တတ်တာ။ ဒါကြောင့် ခင်ဗျားတို့နဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်၊ နိုင်ငံတော်လဲ အကျိုးပြုအောင် ခေါ်ပြီး တိုင်ပင်တာပဲ။ ဦးနီက ရာဘာခြံပိုင်ရှင်လား။ ရာဘာစီးခြစ်၊ သုံးချိုးနှစ်ချိုးသွင်းဗျာ။ ဦးဖြူက သီဟိုခြံပိုင်ရှင်မဟုတ်လား။ သုံးတင်း၊ တစ်တင်းယူဗျာ။ ဦးညိုက မူလက ဘယ်နှစ်ဧက ပိုင်လဲ။ ခင်ဗျားလယ်နဲ့ ကျွန်တော်တို့ တပ်ပိုင်လယ်နဲ့ တစ်ဆက်စပ်ထဲမဟုတ်လား။ တစ်ဧက တင်းသုံးဆယ်ဆို ဖြစ်မလား။ ခင်ဗျားတို့ သဘောလေး………..

ဖြစ်စဉ်(…………..တစ်သိန်း)

မယုံကြည်လောက်နိုင်ဘဲ ချစ်တဲ့သူမှာ တကယ်၊ သံသရာဘုံဘဝဓလေ့ တွေ့ကြပြန်ရာကွယ်။ အကြောင်းကံမကောင်းလို့.......

လှိုင်သာယာတဲ့၊ တိုက်ကြီးတဲ့၊ ဒဂုံအရှေ့တဲ့ ဗျို့။ မြေတွေ ကျူးတယ်၊ မြေတွေဦးတယ်။ မြက်တွေ့ရင် ရိတ်တယ်။ မြက်တွေဖြတ်တယ်။ မြတ်ဖြတ်စက်တွေရမယ်။

ဒါတို့တိုင်း တို့ပြည်၊ တို့မြန်မာပြည်……..လွတ်လပ်တဲ့ တို့တိုင်းပြည်၊ ခြေင်္သေ့တို့ စိတ်ထားတွေ…..စစ်သားဘာမထီ အာဇာနည်နွယ်ပွားတွေ။

ကျူးကျော်စရင်း၊ သန်းကောင်စရင်း၊ ဘယ်ကရောက်လာတယ် စသဖြင့် အချက်အလက်တွေ မယူထားဘူးလားတဲ့။ ဟုတ်တာပေါ့။ မှန်တာပေါ့။ ဘောဒူဇာနဲ့ ဖျက်မယ်ချည်း လုပ်နေလို့မရဘူး။ ဟိုမှာက အပျော့ဆွဲတွေ၊ အပြင်းတိုက်တွေ (နိုင်ငံရေးသမားများ) ၊ ကင်မလောင် (ကင်မရာကိုင် ကလောင်ကိုင် ဂျာနယ်လစ်များ)၊ ငိုချင်းရေး ဆရာများ၊ ဇာတ်ညွှန်းရေး မြေပွဲစားများ ခြေချင်းလိမ်နေသည်။ တစ်ပွဲအောင်ရင် ကြေးဖလားနဲ့ ကြက်သားကိုင်မယ်တဲ့။

အစိုးရရယ် နင်မတတ်ရင် နင်ဆင်းပါ။ မျှတတဲ့ မြေယာစနစ် ပြဒါန်းပါ။ မြက်ပေါက်ဖို့ မြေပေးပါ။ အမှန်တကယ်လိုအပ်နေသူတွေ မြို့ပြ၊ ကျေးရွာ တည်ထောင်ပေးပါ။ မြန်မာဘုရင်တွေလက်ထက်ကတောင် ထောင်ပြုမြို့၊ ရာပြုမြို့တွေတည်ခဲ့တာ မြေမရှားပါဘူး။

သန်းကောင်စရင်းနဲ့ တိုက်၊ တကယ်မရှိသူ ပေး။ သန်းကောင်စရင်း အတုလုပ်၊ ပိုက်ဆံပေးရသတဲ့။
ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာယူခဲ့ရမယ်။ အော် နေစရာမရှိပါဘူး ဆိုမှာ ဘယ်ရပ်ကွက်က ထောက်ခံစာယူခဲ့ရမှာလဲ။
တိုင်းကျော်ရင် မပေးဘူး။ ဒါများ နာမည်အငှားချ၊ နာမည်ပွား မှာပေါ့။
အမှန်တကယ်နေထိုင်သူသာ ပေးမယ်။ မရောင်းရဘူး။ အငှားမချရဘူး။
ဒါများ အမျိုးတွေပါ၊ ခရီးသွားလို့ အိမ်လာစောင့်ပေးတာလို့ ပြောမှာပေါ့။
အခွန်တင်းတင်းကြပ်ကြပ်ကောက်မယ်။ အိမ်မြေ တစ်ခုထက်ပို ပိုင်ဆိုင်ပါက အခွန်ကို မြေတန်ဖိုးရဲ့ ၅၀၊ ၁၀၀၊ ၂၀၀ ရာခိုင်နှုန်းထိ ဆောင်ခိုင်းမယ်။
အမည်ပွားတွေနဲ့ လုပ်မှာပေါ့။ မှတ်ပုံတင် လုပ်ရတာလွယ်ပါတယ်။
ခေါင်းမကုပ်ပါနဲ့ အဖြေရှိမှာပါ။ လုပ်ချင်ရင် လွယ်ပါတယ်။ ဟုတ်ဘူးလား။ လယ်မြေ၊ ပလပ်မြေ၊ နိုင်ငံပိုင်မြေတွေတောင် ဗိုလ်ချုပ်ရွာဖြစ်သေးတာပဲ။ လူကြံရင် နတ်မခံနိုင်ပါဘူး။ တပ်မြေတောင် စီးတီးမက်ဖြစ်သေးတာပဲ။

ခေါင်းတစ်ရာသားစားပါ။ ခေါင်းပုံမဖြတ်ပါနှင့်။ အိမ်နောက်ဖေး ဈေးဆိုင်တယ်ပါ။ စစ်၊ ကျောင်း၊ ရဲ၊ ဘုန်း ခြံစည်းရိုးတွင် ဈေးဆိုင်မဖွင့်ရ။

နိုင်ငံတော်၏ ဘက်ဂျက်မလုံလောက်မှု၊ ကာကွယ်ရေးအသုံးစရိတ်များ အထိုက်အလျောက်လျော့ပါးစေရန် တပ်ပိုင်စီးပွားရေးများ ပြုလုပ်၍ တပ်မတော်သားများအား ထောက်ပံ့လျက်ရှိပါသည်။ ထိုစီးပွားရေးလုပ်ငန်းများအား UMEHL ဟူ၍လည်းကောင်း၊ MEC ဟူ၍လည်းကောင်း သင့်တော်သလို ဖွဲ့စည်းစေ။ အရင်းအနှီးအတွက် မပူစေရ၊ မြန်မာ့ စီးပွားရေး ဘဏ်အား လွှဲပြောင်းလက်ခံစေ။ လုပ်ထုံးလုပ်နည်းနှင့် အညီ ရွှေတိဂုံဘုရားဘဏ္ဍာငွေ ဘီလီယံ ၇၀၀ အားထုတ်ယူသုံးဆွဲစေ။ အတိုးအား ဘုရားသို့နှစ်စဉ်အပ်နှံစေ။ အတိုးယူတဲ့ ဘုရား………..။မြေနေရာအား မြန်မာပြည်အနှံ့ရှိ အလိုရှိရာအရပ်အား လမ်းဖောက် တံတားဆောက်ရယူစေ။ စေ…………..စေ……များလွန်းလို့ နားမယ်ဗျာ။

တပ်မတော်သားတွေက အမှန်တကယ်ဒုက္ခရောက် ပါတယ်။
ဟင်…..ဘက်ဂျက်တွေ အများကြီးယူပြီးတော့။
အဲ့ဒါတွေက ခေတ်မီလက်နက်တွေ ဝယ်ရသေးတယ်လေ။
ဟေ…….မင်းတို့ ဘာဝယ်လဲ တို့မှ မသိတာ။ သေသေခြာခြာကော သုံးရဲ့လား။
အဲ့ဒါက ပြောလို့မရဘူး။ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေအရ…………
မင်းတို့ဟာက ငွေလဲ တောင်းချင်တယ်။ ဘာသုံးမယ်လဲ မပြောနိုင်ဘူးဆိုတော့…….
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်သည် တပ်ပိုင်ဆိုင်ရာ ကိစ္စများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သည်တဲ့။
အဲ့ဒါဆိုလဲ ဘာမှာ လာငိုမနေနဲ့တော့ကွာ မင်းတို့ဘာသာ ငတ်ငတ်၊ သေသေ၊ မင်းတို့ လူကြီးတွေ ချမ်းသာနေတာပဲ တွေ့တယ်။ ပြည်သူအားလုံးကို ပြောပြဖို့ သင့်ချင်မှသင့်မယ်။ ပြည်သူက ရွေးကောက်ထားတဲ့ အမတ်တွေတော့ သိသင့်တယ်မဟုတ်လား။ ဒါမှ ဟုတ်ပါတယ်။ ကျွန်တော်တို့ သိပါတယ်လို့ ပြည်သူ့အမတ်က ပြောနိုင်မှာပေါ့။
လွှတ်တော်တွင်း ကာကွယ်ရေးဆိုင်ရာကိစ္စတွေကို အတော်အတန် ဆွေးနွေးသင့်ပါတယ်။ လွှတ်တော်အတွင်း ပြည်သူသို့ချပြရန် public enclose မလုပ်သမျှ လွှတ်တော်အမတ်က မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထုတ်ဖော်မပြောဖို့ ဥပဒေပြဒါန်းနိုင်ပါတယ်။ စစ်တပ်က အားလုံးလျှို့ဝှက်တွေထားနေမယ်ဆိုရင် ကိုယ်ဒုက္ခရောက်တဲ့အခါ၊ အမှန်တကယ်အကူလိုတဲ့အခါ ဘယ်အမတ်မှ စစ်တပ်ဖက်က ရပ်တည်မှာမဟုတ်ပါဘူး။ လာမပြောနဲ့ ငါတို့ မသိဘူး လုပ်လိုက်မှာပါ။

အကြောင်းအရာတွေလဲ ချော်နေပါပြီ။ ဥက္ကဌကြီးက စာမျက်နှာ သုံးရာကျော်စာအုပ်ကြီး ဖွက်ထားတယ်ဆိုတာပဲ။ ကိုယ်ကျိုးစီးပွားကာကွယ်မဲ့ အမတ်တွေ၊ ကိုယ်ကျိုးစီးပွားလိုအပ်ချက်ကြောင့် အမတ်တက်လုပ်တဲ့သူတွေများနေမှတော့ တိုင်းပြည်ပျက်နေတာနဲ့ အတူတူပါပဲဗျာ။

by

ရဲဘော်ရဲဘက်စိတ်

$
0
0


ရဲကျော်သူရ

ဒီအကြောင်းကိုမပြောချင်ပါဘူး..ဒါပေမဲ့ အမှားသရုပ်ပြလို့ သတ်မှတ်ပြီး သင်ခန်းစာ ယူနိုင်အောင် ရေးလိုက်တာပါ။

သူ့နာမည်ကို ဆရာကြီး ခင်မောင်စိုးလို့ပဲထားလိုက်ပါတော့ (အမည်ရင်းမဟုတ်ပါ။)။ ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာ ဒုအရာခံဗိုလ်အဆင့်နဲ့ အငြိမ်းစားယူခါနီးပါပြီ။ အခုလောက်ဆို အငြိမ်းစား ယူပြီးလောက်ပါပြီ။

၁၉၈၈ အရေးအခင်းကာလက ကျွန်တော်တို့တပ်ရင်းက မိုင်းခတ်၊ မိုင်းယန်းဘက်မှာ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်နေတဲ့ အချိန်ပါ။



ဆရာကြီး ခင်မောင်စိုးတို့တပ်ရင်းကတော့ ရန်ကုန်မှာရောက်နေပါတယ်။ သူက အဲဒီအချိန်မှာ ဒုတပ်ကြပ်ပါ။

သူတို့တပ်စုတာဝန်ကျနေတာ စံပြရုပ်ရှင်ရုံထဲမှာပါ။ 

အဲဒီနေ့က ကုန်သွယ်ရေးရုံးက စစ်သည်တွေဆီက လက်နက်ခဲယမ်းတွေကို လေ၊ ရေ က ဆန္ဒပြ စစ်သည်တချို့နဲ့ သံဃာတွေပေါင်းပြီး တက်သိမ်းခဲ့တဲ့နေ့...........ပါ...။

အဲဒီအချိန်မတိုင်ခင်လေးမှာပဲ အဲဒီတပ်ခွဲက တကကလား၊ စီကြူကြီးလား ကောင်းကောင်းမမှတ်မိတော့တဲ့ ဆရာကြီးတစ်ယောက်ဟာ ကုန်သွယ်ရေးရုံးနောက်ဖက် ပိုက်လုံးကတဆင့် အောက်ကိုဆင်းပြီးထွက်ပြေးလာခဲ့ပါတယ်။

သူ့နောက်ကတော့ ဝရုန်းသုန်းကားနဲ့ သွေးဆူနေတဲ့ လူအုပ်ကြီးက လိုက်လို့...ပြေး...ပြေး...ပြေး ပြေးနိုင်မှ လွတ်မယ် ဆရာကြီးရေ..။

ဒီလိုနဲ့ပြေးလာလိုက်တာ အဲဒီအချိန်က ဆရာခင်မောင်စိုးတို့ တပ်စု စခန်းချထားတဲ့ စံပြရုံကို ရောက်လာပါတော့တယ်။

ကျွန်တော် စစ်သားပါ၊ ဘယ်တပ်ကပါ၊ ကုန်သွယ်ရေးရုံးမှာ ဒီလိုဒီလို ဖြစ်လို့ပြေးလာတာပါလို့ အမောတကော ပြောနေတဲ့ ဆရာကြီးဟာ အသက်ကိုတောင် မှန်မှန် မရှုနိုင်သေးပါဘူး။

ဆရာ ခင်မောင်စိုးတို့ အဖွဲ့က တပ်စုတပ်ကြပ်ကြီး တင်ဝင်း (အမည်ရင်းမဟုတ်) ကတော့ ရေခပ်တိုက်ပြီး ဆရာကြီး ဖြည်းဖြည်းပြော၊ မောနေတယ်၊ နားပြီးမှပြော ဆိုပြီး နားခိုင်းပါတယ်။

အဲဒီအချိန်မှာ နောက်က လိုက်လာတဲ့ လူအုပ်ကြီး စံပြရုံရှေ့ကို ရောက်လာပြီး ထွက်ပြေးလာတဲ့ ဆရာကြီးကို သူတို့လက်ကို အပ်ဖို့ဆိုပြီး တောင်းဆိုပါတယ်။

ဒီအချိန်မှာ ဆရာခင်မောင်စိုးတို့ တပ်စုမှူးက ဒီဆရာကြီး ဒီမှာရောက်နေတာကို သိပ်သဘောမကျပါဘူး။ 

"ဘာတွေလုပ်လာမှန်းလဲမသိဘူးဗျာ၊ ကိုယ့်တပ်ကလည်း မဟုတ်ဘူး၊ ရှုပ်ရှုပ်ရှက်ရှက်နဲ့ အပ်လိုက်တာကောင်းမယ်ထင်တယ်..."လို့ပြောလိုက်ပါတယ်။

"ဘာ...ဘာပြောတယ် ဗိုလ်ကြီး၊ ဒါ (....) က စစ်သားဗျ၊ ကိုယ့်ရဲဘော်ဗျ၊ ရဲဘော်ရဲဘက်စိတ်ဆိုတာ တပ်တူတယ်မတူဘူးဆိုတာ မရှိဘူး၊ ခင်ဗျားမို့လို့ ပြောရက်တယ်ဗျာ"..လို့ ဆရာကြီးတင်ဝင်းက ဒေါသတကြီးပြန်ပြောလိုက်ပါတယ်။

သူ့တပ်စုမှူးကို ခင်ဗျားလို့ သူတစ်ခါမှ မသုံးဘူးပါဘူး၊ ဒါပေမဲ့ အခုအချိန်မှာတော့ ဒေါသတော်တော်ထွက်နေပြီမို့ သူတပ်စုမှူးကိုလည်း ပြေပြေပျစ်ပျစ် မပြောနိုင်တော့ပါဘူး။

"မဟုတ်ဘူးလေဗျာ..ကျွန်တော်တို့မှာလည်း ကိုယ့်တာဝန်နဲ့ကိုယ်ရှိသေးတယ်လေ။ ဒီလိုလုပ်မယ်ဗျာ တပ်ရင်းမှူးဆီ အမိန့်တောင်းကြည့်မယ်၊ တပ်ရင်းမှူးပြောတဲ့အတိုင်း လုပ်ကြတာပေါ့။"လို့ တပ်စုမှူးက ပြောပါတယ်။


စစ်သည်အားလုံးကတော့ ဘာမှပြန်မပြောဘဲ အခြေအနေ စောင့်ကြည့်နေပါတယ်။ တပ်စုမှူးက ဗိုလ်ကြီးပါ။ သူက တစ်လုံးတည်းသော ကြိုးဖုန်းကို လှည့်ပြီး.."တပ်ရင်းမှူးကြီးလား ခင်ဗျာ၊ ဟုတ်ကဲ့ ကျွန်တော်......ပါ၊ ဟုတ်...ဒီလိုဖြစ်နေပါတယ်၊ ကျွန်တော်ဘာဆက်လုပ်ရမလဲ ခင်ဗျ။ ဟုတ်ကဲ့..ပြန်ထည့်ပေးလိုက်ရမယ်၊ ဟုတ်ကဲ့ ပြန်ထည့်ပေးလိုက်ပါ့မယ်၊ ၉၆ ပါခင်ဗျ.."ဆိုပြီး ဖုန်းကို ချလိုက်ပါတယ်။

"ကဲ...ဆရာကြီး တင်ဝင်း ခင်ဗျားတို့ကြားတဲ့အတိုင်းပဲ၊ ပြန်ထည့်ပေးလိုက်ပါတဲ့။ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ ခင်ဗျားတို့ ကြားတဲ့ အတိုင်းပဲ.."ဆိုပြီး ပြောပါတယ်။

ဆရာကြီးတင်ဝင်းနဲ့ စစ်သည်တွေဟာ မကျေနပ်ပေမဲ့လည်း တပ်ရင်းမှူး အမိန့်ဆိုတော့ စစ်သားများပီပီ ဘာမှပြန်မပြောနိုင်တော့ပါဘူး။ အားလုံးရဲ့ ရင်ထဲမှာ ဝမ်းနည်းကြေကွဲစိတ်တွေနဲ့ မျက်ရည်တွေ ဝဲနေကြပါတယ်။

ကာယကံရှင်ဆရာကြီး ဘယ်လိုနေမလဲ စဉ်းစားကြည့်ကြပေါ့။ သွေးဆူနေတဲ့ လူအုပ်ကြီးထဲကို တပ်မတော်က ဆရာကြီးကို ပြန်ထည့်လိုက်ပါတဲ့.....။

အဲဒီဆရာကြီးကတော့ ယက်ကန် ယက်ကန်နဲ့ လူအုပ်ကြီးနဲ့ ပြန်ပါသွားပါပြီ...............။

စစ်သည်တွေ တောက်ခေါက်တဲ့သူ ခေါက်၊ တွေ့ရာကို ပိတ်ကန်တဲ့သူ ကန်နဲ့ ဒေါသတွေလျှံထွက်နေကြပါတယ်။

ဒီအချိန်မှာ မမျှော်လင့်ဘဲ တပ်ရင်းမှူးကားလေး စံပြရုံကိုရောက်လာပါတယ်။

အားလုံးအလေးပြုပြီးပြီးချင်း ဆရာကြီး တင်ဝင်းက ခုနက အဖြစ်အပျက်ကို အကြောင်းစုံသတင်းပို့ပြီး တပ်စုမှူးက တပ်ရင်းမှူးအမိန့်ကြောင့် ပြန်အပ်လိုက်ရတယ်လို့ ပြောတာ ဟုတ်မဟုတ်မေးပါတယ်။

တပ်ရင်းမှူးလည်း ကြောင်သွားပြီး "ဟေ..ငါ့ဆီကို ဘယ်သူမှ ဖုန်းမဆက်သေးပါဘူး၊ ဟေ့ကောင်..မင်းဘာတွေလျှောက်လုပ်နေတာလဲ.."လို့ အပြော တပ်ရင်းမှူးစကား မဆုံးခင်လေးမှာပဲ ဆရာကြီးတင်ဝင်းဟာ တပ်စုမှူးရဲ့ခေါင်းကို လက်ထဲက ကာဘိုင်ဒင်နဲ့လွှဲပြီး ရိုက်ချလိုက်ပါတယ်။

ဆရာကြီးတင်ဝင်းရိုက်ချလိုက်တာနဲ့ ကျန်တဲ့ အကြပ် စစ်သည်တွေကလည်း ကန်တဲ့သူကန် ထိုးတဲ့သူထိုးနဲ့ ခဏကြာတော့ အဲဒီတပ်စုမှူးလည်း ထွက်ပြေးသွားပါတယ်။

တပ်ရင်းမှူးလည်း ထိန်းလို့မနိုင်တော့ပါဘူး။ ဆရာကြီးတင်ဝင်းက တပ်ရင်းမှူးစကားလည်း နားမထောင်တော့ပါဘူး။

"ဟေ့...ငါ ခုနက လူအုပ်ကြီးထဲပါသွားတဲ့ ဆရာကြီးကို သွားကယ်မယ်၊ ဘယ်သူလိုက်မလဲ..."လို့ မေးလိုက်ပါတယ်။ အကြပ်စစ်သည်အားလုံး "လိုက်မယ်၊ လိုက်မယ်..."နဲ့ အော်ကြပါတယ်။

"အေး..မင်းတို့ လိုက်ချင်မှ လိုက်နော်၊ ငါကတော့ ဒါ..ဘယ်တပ်ကဖြစ်ဖြစ် ငါ့ရဲဘော်ပဲ၊ လိုအပ်လို့ ပစ်သင့်ရင်လည်း ပစ်ရမယ်၊ လိုက်ရဲမှ လိုက်..."လို့ ပြောပါတယ်။

"လိုက်မယ်၊ လိုက်မယ် "နဲ့ အားလုံးက ညာသံပေးပြီး ဆရာကြီးတင်ဝင်းနောက် လိုက်သွားကြပါတယ်..။

သိပ်မကြာခင်မှာ စောစောက လူအုပ်ကြီးကို သူတို့ မီသွားကြပါပြီ။ မလှမ်းမကမ်းကနေ ဆရာကြီးတင်ဝင်းက "ဟေ့....မင်းတို့ ခုနက ခေါ်သွားတဲ့ ဆရာကြီးရော.."လို့ လှမ်းအော်မေးပါတယ်။



တစ်ဘက်အဖွဲ့ကလည်း "မရှိတော့ဘူး၊ မရှိတော့ဘူး.."လို့ ဖြေပါတယ်။

ဆရာကြီးတင်ဝင်းက ထပ်မေးပါတယ်.."မရှိတော့ဘူး ဆိုတာ သေချာလား၊ ရှိရင် ငါတို့နဲ့ပြန်ထည့်ပေးလိုက်ပါ.."လို့ ထပ်ပြောပါတယ်။

တစ်ဖက်အဖွဲ့ကလည်း "သေချာတယ်၊ သေချာတယ်..."လို့ အော်ပါတယ်။

အဲဒီမှာ ဆရာကြီး တင်ဝင်းလည်း ငယ်ထိပါရောက်နေတဲ့ ဒေါသစိတ်နဲ့ "အေး သေချာရင် ပစ်ကွာ.."ဆိုပြီး ပစ်မိန့်ပေးလိုက်ပါတယ်။

ဟုတ်ကဲ့ စိတ်မကောင်းပါဘူး။ အဲဒီပွဲမှာ ဆရာကြီးတင်ဝင်းတို့ တပ်စု ပစ်လိုက်တာ အတော်ထိသွားပါတယ်။

ဆရာကြိးတင်ဝင်းနဲ့ သူ့တပ်စုကတော့ မိုးချုပ်တဲ့ အထိ ခုနက ဆရာကြီး သတင်းကိုလိုက်စုံစမ်းရင်း မိုးကြီး စုန်းစုန်းချုပ်မှ စံပြကို ပြန်လာကြပါတယ်။

ဆက်ရန်...............................................................

မှတ်ချက်- အရာရှိစစ်သည်များ သင်ခန်းစာ ယူနိုင်ရန် ဖေါ်ပြတာဖြစ်လို့ နာမည်အရင်းများနဲ့တပ်ကိုတော့ ဖေါ်ပြမှာမဟုတ်ပါ။


 https://www.facebook.com/yekyaw.thura  မှ ကူးယူဖော်ပြပါသည် ... 

စစ်သွေးတွေက တဝေဝေ

$
0
0

Photo
 
 
 
 
 
 
 
 
 
 
ရဲကျော်သူရ

ဒီပုံလေးတွေမြင်တော့ ငယ်ငယ်က အမေ့နောက်ကို ငိုပြီး ပြေးလိုက်တာ သတိရမိတယ်။

အဲဒိတုန်းက ၁၉၆၈ ဝန်းကျင်လောက်ဖြစ်မယ်ထင်တယ်..၊ ကျွန်တော်က ၆၆ ဖွား ၂ နှစ်သား ဝန်းကျင်၊ မင်္ဂလာဒုံ ဗဟိုထောက်လှမ်းရေးတပ်မှာပေါ့။

အမေက စစ်သင်တန်းတက်နေရတော့ မနက်ပိုင်း PT ပြေးရတယ်။ အဲဒါ စကားမပီ့တပီနဲ့ အမေ့နောက်ငိုပြီးပြေးလိုက်တာကို ရုပ်ရှင်ရိုက်ထားသလို အခုထိမြင်နေတယ်...။

အမေ့ခမျာ PT ပြေးရင်းတန်းလန်း သားဇောနဲ့ လှည့်လှည့်ကြည့်လို့ PT တပ်ကြပ်ကြီးက ငေါက်တာ ခံရတယ်။

အဲဒီ ဆရာကြီးကိုလည်း ငါ့အမေကို ဟောက်တဲ့လူကြီး ဆိုပြီး အခုထိ ပုံရိပ်ကို မှတ်မိနေတယ်ဗျ။

စကားကောင်းကောင်း မပြောနိုင်သေးပေမဲ့ အမေ...အမေနဲ့ တဝါးဝါးအော်ငိုရင်း အနောက်က တောက်လျှောက်ပြေးလိုက်နေတော့ အမေဘယ်လို စိတ်ဖြောင့်နိုင်ပါ့မလဲ...။

မွေးတာက မွန်၊ မြန်မာ အနှစ် ၄၀ စစ်ပွဲရဲ့ ဆုံရပ် တောင်ငူ၊ အဲဒီကမှ မင်္ဂလာဒုံ၊ နောက်မင်္ဂလာဒုံ ကနေ လွိုင်လင်ပြောင်းတော့လည်း လမ်းမှာ စစ်သားတွေ ပစ်ရှင်းရှင်းတာကို မကြောက်ဘဲ "ချကွ၊ ချကွ.."နဲ့ တစ်လမ်းလုံးအော်လာ၊ စစ်သားတွေ စစ်ချီတေးဆိုရင် မပီကလာ ပီကလာနဲ့ လိုက်ဆို၊ ငယ်ငယ်က အဖေက ချော့သိပ်တိုင်း စစ်သီချင်းပဲ ဆိုပြီး ချော့သိပ်သတဲ့လေ...၊ ဒီလိုကောင်မျိုးမှ စစ်သားမဖြစ် ဘယ်သူဖြစ်မလဲ....။

အဖေဆုံးပြိးနောက် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့အမေ၊ ကျွနတော်စစ်သားဘဝမှာ ခွင့်နဲ့ အိမ်ကိုပြန်တော့ ၄ တန်းမအောင်ခဲ့တဲ့အမေက " Key ဆိုတာ ထာဝရ လုံခြုံမှု မရှိဘူးလေ..သား.."တဲ့။

ဟင်...အမေ အဲဒီစကားကို ဘယ်ကကြားဖူးတာလဲ လို့မေးတော့ မုန့်ဟင်းခါး ဟင်းရည်အိုးမွှေနေတဲ့ အမေက "အော်..ဗထလ မှာနေခဲ့ဖူးတဲ့ စစ်သားရဲ့ မိန်းမလေ..သားရဲ့.."တဲ့..။

စစ်သားတွေကို ချစ်တဲ့အမေ၊ စစ်သားမယား၊ စစ်သားမိခင်၊ ကိုယ်တိုင်အခြေခံစစ်ပညာသင်ခဲ့သူ အမေက သူ့ဆိုင်က အကျွေးစားသွားတဲ့ စစ်သည်တစ်ယေယာက်တလေများ တိုက်ပွဲကျတယ်လို့ ကြားရင် စိတ်မကောင်းဖြစ်ရုံမျှမက "မောင်...ရေ၊ အဒေါ့်ဆိုင်မှာ မင်းပေးစရာရှိတဲ့အကြွေးကို အဒေါ် ချေလိုက်ပြီ၊ မင်းနဲ့ အဒေါ့်ကြားမှာ ဘာအကြွေးမှ မရှိတော့ဘူး၊ မင်း ကောင်းရာမွန်ရာ ဘဝကို ရောက်ပါစေကွယ်၊ အမျှ...အမျှ...အမျှ လို့ အမြဲအမျှဝေပြီး တမလွန်က စစ်သည် သွားလမ်းမဖြောင့်မှာစိုးလို့ ဆိုပြီး အကြွေးတွေ ကြေအေးခဲ့....။

"ဘယ်သူတွေ ဘာပြောနေပြောနေ အမေကတော့ စစ်သားတွေကို ချစ်တယ်၊ သနားတယ်။ အမေတို့ တိုက်ခိုက်ရေးတပ်က စစ်သားတွေအကြောင်းကို အမေတို့အုပ်စု အသိုင်းအဝိုင်းကလွဲလို့ ဘယ်သူက သိတာမှတ်လို့ သားရယ်..."တဲ့။

ယောက်ကျားလုပ်တဲ့သူက တပ်ကြပ်ကြီးစာရေး စီနီယာမို့လို့ ရှေ့တန်းမပါတော့ပေမဲ့ ရှေ့တန်းပြန်ဝင်တဲ့နေ့ဆို ကိုယ်နဲ့ရင်းနှီးတဲ့ ရဲဘော်တွေ စားရအောင်ထမင်းတွေ၊ ဟင်းတွေ ပိုချက်လေ့ရှိတဲ့ အမေ....။

အမေဟာ အာဏာရှင်တစ်ယောက်ယောက်အတွက် စစ်စိမ်းရောင်ကို ချစ်တာမဟုတ်ဘူး၊ အမေဟာ တစ်ခုခုကို မျှော်ကိုးပြီး စစ်စိမ်းရောင်ကို ချစ်တာမဟုတ်ဘူး၊ ခင်ပွန်းသည်ရော သားဖြစ်သူပါ ဘာပင်စင်မှ မရဘဲထွက်လာပေမဲ့ အမေအပါအဝင် ကျွန်တော်တို့မိသားစုတစ်စုလုံး တပ်မတော်ကို ထာဝရချစ်ခင် သံယောဇဉ်တိုးလျှက်...။

စစ်သွေးတွေက တဝေဝေ...............ဆိုတဲ့ ရေဒီယိုက မေရှင်သီချင်းလေးကို သတိရပါဘိ...။

ရဲကျော်သူရ
Photo

ရှင်းဖို့ လိုလာပြီ ထင်လို့ ရှင်းပါတယ်….

$
0
0
Ye Moe's photo.






ရှင်းဖို့ လိုလာပြီ ထင်လို့ ရှင်းပါတယ်….
======================
ဖေ့စ်ဘုတ်ကို …
၂၀၁၁ ခုနှစ် မှာ စသုံးပါတယ် …
စသုံးကတည်းက ဒီနာမည် ....
နာမည်အရင်း ဖြစ်ပါတယ်…

တစ်ခါမှ ....
နာမည် အချိန်းအပြောင်း မလုပ်ဘူးပါ….
ပရိုဖိုင်လဲ အမှန် ဖြစ်ပါတယ်…
အဲတော့ တစ်စုံတစ်ယောက်က …
ရဲမိုးဆိုတဲ့ နာမည်ဟာ ….
သူများကို ထင်ယောင်ထင်မှား လုပ်တယ်လို့  ....
လာ စွပ်စွဲမယ် ဆိုရင်…
ကျွန်တော် ဖေ့စ်ဘုတ် စသုံးတဲ့  ….
၂၀၁၁ အောက်တိုဘာ ၂၆ ရက်နေ့ မှာ ….
ရဲမိုးဆိုတဲ့ နာမည်နဲ့  တော့ ….
ဘယ်သူမှ ရေးနေတာ မတွေ့ မိဘူးလို့ ပဲ ဆိုပါရစေ…

၂၀၀၂ ခုနှစ် ၀န်းကျင်က ဂျာနယ်တစ်ခုမှာ ….
ရဲမိုးဆိုတဲ့ အမည်ရင်း နဲ့ ….
ကျွန်တော် သတင်း လေးငါးပုဒ် ရေးဖူးပါတယ်…
အဲဒီအချိန်တုန်းက ….
ကိုယ်က တာဝန်အရ ….
အစိုးရအဖွဲ့ ရဲ့ သတင်းစာရှင်းလင်းပွဲတွေ တက်ရတဲ့ အတွက်…
အဲဒီမှာ ရှင်းလင်းတဲ့ အချက်အလက်တွေကို အခြေခံပြီး …
သတင်းအတိုအစလေးတွေ ရေးခဲ့တာ ဖြစ်ပါတယ်…
သာမန် ပေါ့ပေါ့ပါးပါး ရေးတာမျိုး ဖြစ်တဲ့အတွက် ….
အဲ နာမည်နဲ့  ....
စိုက်လိုက်မတ်တပ် လဲ မရေးဖြစ် ခဲ့ပါဘူး….

ကဗျာတွေ ....
စာတိုပေစလေးတွေ ရေးရင်တော့ …
တစ်ခြားကလောင် အမည်တွေကို သုံးလေ့ရှိပါတယ်…
သုံးတဲ့ အမည်တွေကတော့ ....
အများကြီး ဖြစ်ပါတယ်...

အောက်မှာပါတဲ့  ညနေခင်း နှစ်ခုဆိုတဲ့ ကဗျာလေးဟာ …
၁၉၉၅ ခုနှစ် ဇွန်လထုတ် ....
ဦးမြတ်ခိုင် စီစဉ်တဲ့  ....
မန္တလေး ယဉ်ကျေးမှုဂျာနယ် ( မဂ္ဂဇင်း ) မှာ …
ပထမဆုံး စပြီး ဖော်ပြခံရတဲ့  .....
ကျွန်တော့် ကဗျာ ဖြစ်ပါတယ်…
နောက်ဆုံး ဖော်ပြခံရတာတော့ …
သူ့ ဘေးက … 

Ye Moe's photo.

နွေဖေဖော်ဝါရီ ၁၄ ဆိုတဲ့  အက်ဆေးကတော့ …
ပြီးခဲ့တဲ့ အပတ်ထုတ် 8 days ဂျာနယ်မှာ ပါတဲ့  ...
ကျွန်တော့် အက်ဆေးပါ…






Ye Moe's photo.








ပြောချင်တာကတော့ …
ရဲမိုး ဆိုတာသည် ....
ကျွန်တော့် နာမည်ရင်းဖြစ်ပြီး….
Printed Media မှာ စာရေးရင်လဲ …
ရဲမိုးဆိုတဲ့ နာမည်ကို သုံးမှာ မဟုတ်ကြောင်း….
ဘယ်သူ့ ကိုမှ ....
ထင်ယောင် ထင်မှား လုပ်စရာ မရှိကြောင်းပါ ....။

(လေးစားစွာဖြင့် …. ရဲမိုး )



တစ်ခါက ... တိုင်းရင်းသား တပ်မတော်ခေါင်းဆောင်များ

$
0
0
Photo: တစ်ခါက ... တိုင်းရင်းသား တပ်မတော်ခေါင်းဆောင်များ  12 Feb 2014 by EMG   ယနေ့ မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် နေရာများတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများကို မတွေ့ရတာ တော်တော်ကြာသွားပါပြီ။ တိတိကျကျ ဆိုရလျှင် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မတွေ့ရသလောက် ရှားပါးသွားသည်။  ၁၉၄၅ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် သီရိလင်္ကာနိုင်ငံ၊ ကန္နီမြို့၌ ဗမာ့မျိုးချစ် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မဟာမိတ်တပ်များ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ စစ်သေနာပတိချုပ် မောင့်ဘက်တန်တို့သည် မြန်မာ့တပ်မတော် ပြန်လည်ဖွဲ့စည်းရေးဆိုင်ရာ သဘောတူညီချက် ကန္နီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ဤစာချုပ်အရ ဗမာ့မျိုးချစ် တပ်မတော်မှ တပ်ဖွဲ့ဝင်များကို (၃)၊ (၄)၊ (၅) ဗမာ့သေနတ်ကိုင် တပ်ရင်းအဖြစ် ဖွဲ့စည်းပြီး တိုင်းရင်းသား လူမျိုးစုများနှင့် ဖွဲ့စည်းထားသော တပ်ရင်းများနှင့်ပေါင်းကာ မြန်မာ့တပ်မတော်ကို စတင်ခဲ့ကြသည်။  ပြည်တွင်းသောင်းကျန်းမှုများ မစတင်မီ တပ်မတော်တွင် တိုက်ခိုက်ရေးတပ်ရင်း ၁၅ ရင်းရှိခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိပြီး မရှေးမနှောင်းမှာပင် စတင်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုနှင့် ၁၉၅ဝ ပြည့်နှစ်က စတင်ခဲ့သည့် ပြည်ပကျူးကျော်သူ တရုတ်ဖြူ (ကူမင်တန်)များကို ဗမာနှင့် တိုင်းရင်းသား တပ်မတော်အရာရှိ စစ်သည်များသည် အတူတကွ သက်စွန့်ကြိုးပမ်း တိုက်ခိုက်နှိမ်နင်း ခဲ့ကြသည်။  ထို့ကြောင့်လည်း မြန်မာ့တပ်မတော် သမိုင်းတွင် ရဲစွမ်းသတ္တိဆိုင်ရာ အဆင့်မြင့်ဆုံးဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ပေးခဲ့ရာ စုစုပေါင်းခြောက်ဦး ရရှိခဲ့သည်။ ယင်းခြောက်ဦးထဲတွင် ဗမာတပ်ဖွဲ့ဝင်များရော တိုင်းရင်းသား တပ်ဖွဲ့ဝင်များပါ ပါဝင်ခဲ့ကြသည်။  ဥပမာ-အရာရှိ အဆင့်၌ ဗမာလူမျိုး ဗိုလ်မှူးအေးချို (ကြည်း ၅၁၈ဝ) “ကျဆုံး” နှင့် ချင်းလူမျိုး ဗိုလ်ကြီးတိုက်ချွန်း (ကြည်း ၇၂၈၈) “ကွယ်လွန်” တို့ရရှိခဲ့ကြပြီး အခြားအဆင့်၌ ဗမာလူမျိုး တပ်သားလှသောင်း (ကပ ၈၈၈၆၅) “ကျဆုံး” နှင့် ကရင်လူမျိုး တပ်သားစောမြင့် (ကပ ဝဝ၆ဝ၃) “ကျဆုံး” တို့ ရရှိခဲ့ကြသည်။ ထို့အတူ တပ်မတော်၏ အဆင့်မြင့် တာဝန်များကိုလည်း ဗမာနှင့် တိုင်းရင်းသား တပ်မတော် အရာရှိများသည် အတူတကွ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။  တိုင်းရင်းသား ကာချုပ်နှင့် ဒု-ကာချုပ်  လွတ်လပ်ရေးရပြီးစ မြန်မာ့တပ်မတော်၌ ပထမဦးဆုံး ကာကွယ်ရေးဦးစီးချုပ်မှာ ကရင်လူမျိုး ဗိုလ်ချုပ်စမစ်ဒွန်း (ကြည်း ၅၁ဝ၆) ဖြစ်သည်။ ပထမဦးဆုံး ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း)မှာလည်း ကရင်လူမျိုး ဗိုလ်မှူးချုပ်စောကြာဒိုး (ကြည်း ၅၁ဝ၇) ဖြစ်သည်။  ဗြိတိန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ်(Sandhurst) ကျောင်းဆင်းတစ်ဦးဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။  တိုင်းရင်းသား ဒု-ကာချုပ်(လေ) များ  ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် မြန်မာ့တပ်မတော် (လေ)၏ ပထမဦးဆုံး ဒုတိယကာကွယ်ရေး ဦးစီးချုပ် (လေ) မှာ ကရင်လူမျိုး ဒု-ဗိုလ်မှူးကြီးစောရှီးရှိုး (လေ ၁ဝ၂ဝ) ဖြစ်သည်။  မဆလခေတ်တွင် ၁၉၇၄ ခုနှစ်မှ ၁၉၈ဝ ပြည့်နှစ်အထိ ခြောက်နှစ်ကြာ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (လေ) တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်သူရစောဖြူ (လေ ၁ဝ၄၇) သည် ရခိုင်လူမျိုးဖြစ်သည်။ တိုက်လေယာဉ်အုပ်များကို ခေါင်းဆောင်၍ ပြည်ပကျူးကျော်သူ တရုတ်ဖြူ (ကူမင်တန်) များကို စွန့်စားတိုက်ခိုက် နှိမ်နင်းခဲ့သောကြောင့် သူရဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။  တိုင်းရင်းသား စစ်တိုင်းမှူးများ  ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပထမဦးဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်နေဝင်း (ကြည်း ၃၅ဝ၂) ‘နောင်- ဗိုလ်ချုပ်ကြီးနေဝင်းနှင့် မဆလပါတီဥက္ကဋ္ဌကြီး’ ဖြစ်သည်။ ဒုတိယ မြောက်တိုင်းမှူးမှာ ကချင်လူမျိုး ဗိုလ်မှူးချုပ်လဇွန်တန် (ကြည်း ၅၁၈၁) ဖြစ်သည်။  မဆလခေတ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၁၃) ဦးမြောက် စစ်တိုင်းမှူးမှာ ကချင်လူမျိုး ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် (ကြည်း ၅၉၉၇) ဖြစ်သည်။ ၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် လုပ်ကြံခံရ၍ ကွယ်လွန်ခဲ့သည်။ စတီရီယိုတေးသံရှင် ဦးသောင်းထိုက် (အားကစား ဒု-ဝန်ကြီး) + ဒေါ်အယ်လ်ခွန်းရီ တို့၏ ဖခင်ဖြစ်သည်။  မဆလခေတ်တွင် ၁၉၇၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ချင်းလူမျိုး ဗိုလ်မှူးချုပ် ဂျီတောင်ဇာခိုင် (ကြည်း ၅၈၄၁) ဖြစ်သည်။ ၁၉၈၃ နောက်ပိုင်းတွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခံရပြီး စစ်ထောက်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။  တိုင်းရင်းသား D.S.A ကျောင်းအုပ်ကြီး  စစ်တက္ကသိုလ် (D.S.A) ၏ တတိယမြောက် ကျောင်းအုပ်ကြီးမှာ ကချင်အမျိုးသား ဗိုလ်မှူးကြီး သီရိပျံချီအယ်လ်ခွန်နောင် (ကြည်း ၅၁၈၉)ဖြစ်သည်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်ကို (၉-၁ဝ-၁၉၅၇) မှ (၃၁-၁ဝ-၁၉၆၈)ထိ ၁၁ နှစ်တာမျှ ထမ်းဆောင်ခဲ့ရာ သက်တမ်းအရှည်ဆုံး ကျောင်းအုပ်ကြီး ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ်တော်နာယကကြီး သူရဦးရွှေမန်းတို့ ဗိုလ်လောင်းသင်တန်း တက်ရောက်စဉ်ကာလက အုပ်ချုပ်ခဲ့သည့် ဆရာကြီးဖြစ်သည်။  ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ၏ အတွင်းပိုင်းသို့ လေထီးဖြင့်ဆင်းသက်ပြီး ပြောက်ကျားစစ် ဆင်နွှဲခဲ့သဖြင့် Military Cross သူရဲကောင်းတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ သီရိပျံချီဘွဲ့တံဆိပ်၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဘွဲ့တံဆိပ်နှင့် ခရစ်တော် အမှုတော်၌ သစ္စာရှိစွာ ထမ်းဆောင်ခဲ့သည့် အတွက် ၁၉၇၇ ခုနှစ် ကချင်နှစ်ခြင်း ခရစ်ယာန် ရာပြည့်ပွဲတော်တွင် Kang Ka U Dang ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရသည်။  ယခုအခါ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးရာထူးသည် စစ်တိုင်းမှူး ခန့်အပ်ခံရရေးအတွက် အရေးပါသောနေရာ ဖြစ်လာခဲ့ပြီ။  ဒု-တိုင်းမှူးရာထူးနှင့် ချင်းတိုင်းရင်းသားများ  မဆလခေတ်တွင် ဒုတိယတိုင်းမှူး ရာထူးနေရာ တော်တော်များများတွင် ချင်းတိုင်းရင်းသား တပ်မတော် အရာရှိများ တာဝန်ထမ်းဆောင် ခဲ့သည်ကို တွေ့ရှိရ၏။  ဗိုလ်မှူးကြီး ဗန်ကူးလ် (ကြည်း ၃၆၆၆) သည် နတခနှင့် နမခ တို့တွင် ဒု-တိုင်းမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီး ခင်ဇာမုံ (ကြည်း ၅ဝဝ၇) သည် ရတခနှင့် နတခတို့ တွင် ဒု-တိုင်းမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီး ဆွင်ခိုဝင်း (ကြည်း ၆၆၆၁) သည် နပခ ဒု-တိုင်းမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီး ဇမုန်းသည် ရတခ ဒု-တိုင်းမှူးအဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင် ခဲ့ကြသည်။ နအဖခေတ် နှောင်းပိုင်းတွင် တိုင်းရင်းသားထဲမှ ရှားရှားပါးပါး ဒုတိယတိုင်းမှူး ရာထူးကို ထမ်းဆောင်ခဲ့သူမှာ ချင်းအမျိုးသား ဗိုလ်မှူးချုပ် ဟုန်းငိုင်း (ကြည်း ၁၅၄၅ဝ) ဖြစ်သည်။ သူသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် (ကရခ) ၌ ဒုတိယတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ချင်းပြည်နယ်ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။  ဖွဲ့စည်းပုံကြီးမားသည့် ယနေ့တပ်မတော်  ယခုအခါ နိုင်ငံတော်ကို ကောင်းစွာကာကွယ် နိုင်ရေးအတွက် အင်အားတောင့်တင်း ပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်ကြီးကို တည်ဆောက်လျက် ရှိသည်နှင့်အညီ တပ်မတော်၏ ဖွဲ့စည်းပုံမှာ ကြီးမားလာခဲ့သည်။  ယနေ့တပ်မတော်တွင် ဗိုလ်ချုပ်မှူးကြီးအဆင့် (၁) ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး အဆင့် (၁) ဦး၊ ဗိုလ်ချုပ်ကြီးအဆင့် (၃)ဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် (၁၅) ဦ ခန့်၊ ဗိုလ်ချုပ်အဆင့် (၄ဝ) ခန့်တို့ ဦးဆောင်၍ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ဖော်ပြပါ တပ်မတော်၏ ထိပ်သီးအဆင့်ခေါင်းဆောင် အယောက် (၆ဝ) ထဲတွင် တိုင်းရင်းသားလူမျိုးဟု ထင်ရှားစွာ သိနိုင်သည့် အမည်နာမ မှည့်ခေါ်ထားသည့် တပ်မတော်အရာရှိကြီး တစ်ဦးတစ်ယောက်မျှ ပါဝင်သည်ကို မတွေ့ရချေ။  ဘာပဲပြောပြော တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ရာထူးများတွင် တစ်ခါက ပြည်ထောင်စုဖွား တိုင်းရင်းသား တပ်မတော် အရာရှိများ နေရာရရှိခဲ့သည့် အစဉ်အလာကောင်းများ ရှိခဲ့သည်ကို အမှတ်ရရင်းဖြင့် ယခုလို (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယ၌ ဂုဏ်ပြုရေးသား လိုက်ရပါသည်။  (Written by: စိုးမြင့်မိုး (ဘူမိ)

ယနေ့ မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် နေရာများတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများကို မတွေ့ရတာ တော်တော်ကြာသွားပါပြီ။ တိတိကျကျ ဆိုရလျှင် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မတွေ့ရသလောက် ရှားပါးသွားသည်။

၁၉၄၅ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် သီရိလင်္ကာနိုင်ငံ၊ ကန္နီမြို့၌ ဗမာ့မျိုးချစ် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မဟာမိတ်တပ်များ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ စစ်သေနာပတိချုပ် မောင့်ဘက်တန်တို့သည် မြန်မာ့တပ်မတော် ပြန်လည်ဖွဲ့စည်းရေးဆိုင်ရာ သဘောတူညီချက် ကန္နီစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ဤစာချုပ်အရ ဗမာ့မျိုးချစ် တပ်မတော်မှ တပ်ဖွဲ့ဝင်များကို (၃)၊ (၄)၊ (၅) ဗမာ့သေနတ်ကိုင် တပ်ရင်းအဖြစ် ဖွဲ့စည်းပြီး တိုင်းရင်းသား လူမျိုးစုများနှင့် ဖွဲ့စည်းထားသော တပ်ရင်းများနှင့်ပေါင်းကာ မြန်မာ့တပ်မတော်ကို စတင်ခဲ့ကြသည်။

ပြည်တွင်းသောင်းကျန်းမှုများ မစတင်မီ တပ်မတော်တွင် တိုက်ခိုက်ရေးတပ်ရင်း ၁၅ ရင်းရှိခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိပြီး မရှေးမနှောင်းမှာပင် စတင်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုနှင့် ၁၉၅ဝ ပြည့်နှစ်က စတင်ခဲ့သည့် ပြည်ပကျူးကျော်သူ တရုတ်ဖြူ (ကူမင်တန်)များကို ဗမာနှင့် တိုင်းရင်းသား တပ်မတော်အရာရှိ စစ်သည်များသည် အတူတကွ သက်စွန့်ကြိုးပမ်း တိုက်ခိုက်နှိမ်နင်း ခဲ့ကြသည်။

ထို့ကြောင့်လည်း မြန်မာ့တပ်မတော် သမိုင်းတွင် ရဲစွမ်းသတ္တိဆိုင်ရာ အဆင့်မြင့်ဆုံးဖြစ်သည့် အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ပေးခဲ့ရာ စုစုပေါင်းခြောက်ဦး ရရှိခဲ့သည်။ ယင်းခြောက်ဦးထဲတွင် ဗမာတပ်ဖွဲ့ဝင်များရော တိုင်းရင်းသား တပ်ဖွဲ့ဝင်များပါ ပါဝင်ခဲ့ကြသည်။

ဥပမာ-အရာရှိ အဆင့်၌ ဗမာလူမျိုး ဗိုလ်မှူးအေးချို (ကြည်း ၅၁၈ဝ) “ကျဆုံး” နှင့် ချင်းလူမျိုး ဗိုလ်ကြီးတိုက်ချွန်း (ကြည်း ၇၂၈၈) “ကွယ်လွန်” တို့ရရှိခဲ့ကြပြီး အခြားအဆင့်၌ ဗမာလူမျိုး တပ်သားလှသောင်း (ကပ ၈၈၈၆၅) “ကျဆုံး” နှင့် ကရင်လူမျိုး တပ်သားစောမြင့် (ကပ ဝဝ၆ဝ၃) “ကျဆုံး” တို့ ရရှိခဲ့ကြသည်။ ထို့အတူ တပ်မတော်၏ အဆင့်မြင့် တာဝန်များကိုလည်း ဗမာနှင့် တိုင်းရင်းသား တပ်မတော် အရာရှိများသည် အတူတကွ ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်။

တိုင်းရင်းသား ကာချုပ်နှင့် ဒု-ကာချုပ်

လွတ်လပ်ရေးရပြီးစ မြန်မာ့တပ်မတော်၌ ပထမဦးဆုံး ကာကွယ်ရေးဦးစီးချုပ်မှာ ကရင်လူမျိုး ဗိုလ်ချုပ်စမစ်ဒွန်း (ကြည်း ၅၁ဝ၆) ဖြစ်သည်။ ပထမဦးဆုံး ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း)မှာလည်း ကရင်လူမျိုး ဗိုလ်မှူးချုပ်စောကြာဒိုး (ကြည်း ၅၁ဝ၇) ဖြစ်သည်။

ဗြိတိန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ်(Sandhurst) ကျောင်းဆင်းတစ်ဦးဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

တိုင်းရင်းသား ဒု-ကာချုပ်(လေ) များ

၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ပေါ်ပေါက်လာခဲ့သည့် မြန်မာ့တပ်မတော် (လေ)၏ ပထမဦးဆုံး ဒုတိယကာကွယ်ရေး ဦးစီးချုပ် (လေ) မှာ ကရင်လူမျိုး ဒု-ဗိုလ်မှူးကြီးစောရှီးရှိုး (လေ ၁ဝ၂ဝ) ဖြစ်သည်။

မဆလခေတ်တွင် ၁၉၇၄ ခုနှစ်မှ ၁၉၈ဝ ပြည့်နှစ်အထိ ခြောက်နှစ်ကြာ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (လေ) တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်သူရစောဖြူ (လေ ၁ဝ၄၇) သည် ရခိုင်လူမျိုးဖြစ်သည်။ တိုက်လေယာဉ်အုပ်များကို ခေါင်းဆောင်၍ ပြည်ပကျူးကျော်သူ တရုတ်ဖြူ (ကူမင်တန်) များကို စွန့်စားတိုက်ခိုက် နှိမ်နင်းခဲ့သောကြောင့် သူရဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။

တိုင်းရင်းသား စစ်တိုင်းမှူးများ

၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပထမဦးဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်နေဝင်း (ကြည်း ၃၅ဝ၂) ‘နောင်- ဗိုလ်ချုပ်ကြီးနေဝင်းနှင့် မဆလပါတီဥက္ကဋ္ဌကြီး’ ဖြစ်သည်။ ဒုတိယ မြောက်တိုင်းမှူးမှာ ကချင်လူမျိုး ဗိုလ်မှူးချုပ်လဇွန်တန် (ကြည်း ၅၁၈၁) ဖြစ်သည်။

မဆလခေတ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၁၃) ဦးမြောက် စစ်တိုင်းမှူးမှာ ကချင်လူမျိုး ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် (ကြည်း ၅၉၉၇) ဖြစ်သည်။ ၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် လုပ်ကြံခံရ၍ ကွယ်လွန်ခဲ့သည်။ စတီရီယိုတေးသံရှင် ဦးသောင်းထိုက် (အားကစား ဒု-ဝန်ကြီး) + ဒေါ်အယ်လ်ခွန်းရီ တို့၏ ဖခင်ဖြစ်သည်။

မဆလခေတ်တွင် ၁၉၇၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ချင်းလူမျိုး ဗိုလ်မှူးချုပ် ဂျီတောင်ဇာခိုင် (ကြည်း ၅၈၄၁) ဖြစ်သည်။ ၁၉၈၃ နောက်ပိုင်းတွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခံရပြီး စစ်ထောက်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။

တိုင်းရင်းသား D.S.A ကျောင်းအုပ်ကြီး

စစ်တက္ကသိုလ် (D.S.A) ၏ တတိယမြောက် ကျောင်းအုပ်ကြီးမှာ ကချင်အမျိုးသား ဗိုလ်မှူးကြီး သီရိပျံချီအယ်လ်ခွန်နောင် (ကြည်း ၅၁၈၉)ဖြစ်သည်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်ကို (၉-၁ဝ-၁၉၅၇) မှ (၃၁-၁ဝ-၁၉၆၈)ထိ ၁၁ နှစ်တာမျှ ထမ်းဆောင်ခဲ့ရာ သက်တမ်းအရှည်ဆုံး ကျောင်းအုပ်ကြီး ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထောင်စု လွှတ်တော်နာယကကြီး သူရဦးရွှေမန်းတို့ ဗိုလ်လောင်းသင်တန်း တက်ရောက်စဉ်ကာလက အုပ်ချုပ်ခဲ့သည့် ဆရာကြီးဖြစ်သည်။

ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ၏ အတွင်းပိုင်းသို့ လေထီးဖြင့်ဆင်းသက်ပြီး ပြောက်ကျားစစ် ဆင်နွှဲခဲ့သဖြင့် Military Cross သူရဲကောင်းတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ သီရိပျံချီဘွဲ့တံဆိပ်၊ နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ဘွဲ့တံဆိပ်နှင့် ခရစ်တော် အမှုတော်၌ သစ္စာရှိစွာ ထမ်းဆောင်ခဲ့သည့် အတွက် ၁၉၇၇ ခုနှစ် ကချင်နှစ်ခြင်း ခရစ်ယာန် ရာပြည့်ပွဲတော်တွင် Kang Ka U Dang ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရသည်။

ယခုအခါ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးရာထူးသည် စစ်တိုင်းမှူး ခန့်အပ်ခံရရေးအတွက် အရေးပါသောနေရာ ဖြစ်လာခဲ့ပြီ။

ဒု-တိုင်းမှူးရာထူးနှင့် ချင်းတိုင်းရင်းသားများ

မဆလခေတ်တွင် ဒုတိယတိုင်းမှူး ရာထူးနေရာ တော်တော်များများတွင် ချင်းတိုင်းရင်းသား တပ်မတော် အရာရှိများ တာဝန်ထမ်းဆောင် ခဲ့သည်ကို တွေ့ရှိရ၏။

ဗိုလ်မှူးကြီး ဗန်ကူးလ် (ကြည်း ၃၆၆၆) သည် နတခနှင့် နမခ တို့တွင် ဒု-တိုင်းမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီး ခင်ဇာမုံ (ကြည်း ၅ဝဝ၇) သည် ရတခနှင့် နတခတို့ တွင် ဒု-တိုင်းမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီး ဆွင်ခိုဝင်း (ကြည်း ၆၆၆၁) သည် နပခ ဒု-တိုင်းမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီး ဇမုန်းသည် ရတခ ဒု-တိုင်းမှူးအဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင် ခဲ့ကြသည်။ နအဖခေတ် နှောင်းပိုင်းတွင် တိုင်းရင်းသားထဲမှ ရှားရှားပါးပါး ဒုတိယတိုင်းမှူး ရာထူးကို ထမ်းဆောင်ခဲ့သူမှာ ချင်းအမျိုးသား ဗိုလ်မှူးချုပ် ဟုန်းငိုင်း (ကြည်း ၁၅၄၅ဝ) ဖြစ်သည်။ သူသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် (ကရခ) ၌ ဒုတိယတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ချင်းပြည်နယ်ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။

ဖွဲ့စည်းပုံကြီးမားသည့် ယနေ့တပ်မတော်

ယခုအခါ နိုင်ငံတော်ကို ကောင်းစွာကာကွယ် နိုင်ရေးအတွက် အင်အားတောင့်တင်း ပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော်ကြီးကို တည်ဆောက်လျက် ရှိသည်နှင့်အညီ တပ်မတော်၏ ဖွဲ့စည်းပုံမှာ ကြီးမားလာခဲ့သည်။

ယနေ့တပ်မတော်တွင် ဗိုလ်ချုပ်မှူးကြီးအဆင့် (၁) ဦး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး အဆင့် (၁) ဦး၊ ဗိုလ်ချုပ်ကြီးအဆင့် (၃)ဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် (၁၅) ဦ ခန့်၊ ဗိုလ်ချုပ်အဆင့် (၄ဝ) ခန့်တို့ ဦးဆောင်၍ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။ ဖော်ပြပါ တပ်မတော်၏ ထိပ်သီးအဆင့်ခေါင်းဆောင် အယောက် (၆ဝ) ထဲတွင် တိုင်းရင်းသားလူမျိုးဟု ထင်ရှားစွာ သိနိုင်သည့် အမည်နာမ မှည့်ခေါ်ထားသည့် တပ်မတော်အရာရှိကြီး တစ်ဦးတစ်ယောက်မျှ ပါဝင်သည်ကို မတွေ့ရချေ။

ဘာပဲပြောပြော တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ရာထူးများတွင် တစ်ခါက ပြည်ထောင်စုဖွား တိုင်းရင်းသား တပ်မတော် အရာရှိများ နေရာရရှိခဲ့သည့် အစဉ်အလာကောင်းများ ရှိခဲ့သည်ကို အမှတ်ရရင်းဖြင့် ယခုလို (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယ၌ ဂုဏ်ပြုရေးသား လိုက်ရပါသည်။

(Written by: စိုးမြင့်မိုး (ဘူမိ)

ရဲဘော်ရဲဘက်စိတ်(၂)

$
0
0

ယမန်နေ့ကအဆက်.............................................................................................

ဆရာကြီးတင်ဝင်းနဲ့ သူ့တပ်စုဟာ ပျောက်သွားတဲ့ ဆရာကြီးသတင်းကို နောက်နေ့တွေမှာလည်း ဆက်ပြီးစုံစမ်းကြ တယ်။ တစ်နေရာပြီး တစ်နေရာပေါ့။

သူတို့တပ်စုတစ်စုလုံး အဲဒီဆရာကြီးကိုမတွေ့ရင် သေချင်လည်းသေပစေတော့ လမ်းမှာ ဆူပူသောင်းကျန်းတဲ့အဖွဲ့က အန္တရာယ်ပြုရင်လည်း ပစ်မယ်၊ လိုအပ်ရင် အားလုံးအသေခံပြီး လိုက်ရှာကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

သူတို့ကို တပ်ရင်းမှူးလည်း မထိန်းနိုင်တော့ပါဘူး။

နေ့စဉ်အပြင်ထွက်ရှာ စိတ်တိုလာရင် လမ်းမှာတွေ့တာ ရိုက်နှက် ဖျက်ဆီးလာကြသေးတယ်လို့လည်း ပြောကြတယ်။

သုံးလေးရက်လောက်အကြာမှာ တပ်ရင်းမှူးက ဘယ်လိုသတင်းပို့လိုက်တယ်မသိဘူး အဲဒီအချိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်ကိုယ်တိုင် ဆရာကြီးတင်ဝင်းတို့ တပ်စုဆီရောက်လာပါတယ်။

ကာချုပ်က "ငါမင်းတို့ အကြောင်းအားလုံးကြားပြီးပြီ၊ ဟိုကောင်တပ်စုမှူးကိုလည်း အရေးယူပေးမယ်၊ နောက်ပြီး မင်းတို့ကို ငါပြောချင်တာက မင်းတို့ရှာနေတဲ့ ဆရာကြီးမသေဘူး၊ ဒါ့ကြောင့် မင်းတို့သောင်းကျန်းနေတာကို ရပ်လိုက် ကြတော့…"လို့ပြောပါတယ်။

ဆရာကြီးတင်ဝင်းနဲ့ စစ်သည်တွေက ကာချုပ်သူတို့ကို လာချော့နေတာလို့ပဲ ယူဆတယ်၊ အခုလောက်ဆို ဟိုဆရာကြီးတော့ အရိုးတခြား အသားတခြားဖြစ်နေပြီနဲ့ တူတယ် လို့ပဲ တွေးနေကြလေရဲ့။

ဒါ့ကြောင့် သူတို့က ကာချုပ်ကို "ကျွန်တော်တို့ မယုံဘူး ဗိုလ်ချုပ်ကြီး…"လို့ ပြန်ပြောတယ်။

ကာကွယ်ရေးဦးစီးချုပ် မျက်နှာမကောင်းဘူးဖြစ်သွားပါတယ်။

"မင်းတို့…ငါ့ကိုတောင် မယုံကြတော့ဘူးလား.."လို့ ကာချုပ်က ပြောတော့ ဆရာကြီးတင်ဝင်းနဲ့ စစ်သည်တွေလည်း စိတ်မကောင်းဖြစ်ပြီး အတော်လေး ဝမ်းနည်း သွားကြတယ်။

ဒါပေမဲ့ တပ်စုတစ်စုလုံးက "ဟုတ်ကဲ့…မယုံပါဘူး..၊ ကျွန်တော်တို့ကို သက်သေပြပါ.."လို့ပဲ ပြန်ဖြေလိုက်တယ်။

အဲဒီမှာ ကာချုပ်က "ကောင်းပြီ မင်းတို့ ငါ့ကို ၂ ရက် အချိန်ပေး၊ ၂ ရက်အတွင်း အဲဒီ ဆရာကြီး အသက်ရှင်ကြောင်း မင်းတို့ကို ငါသက်သေပြမယ်၊ အေး မင်းတို့လည်း ဒီ ၂ ရက်အတွင်းမှာ ဘာမှထပ်ပြီး မသောင်းကျန်းကြနဲ့တော့.."လို့ပြောပါတယ်။




ဆရာကြီးတင်ဝင်းနဲ့စစ်သည်တွေကလည်း "ဟုတ်ကဲ့…ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးပြောတဲ့အတိုင်း ၂ ရက်အတွင်း ဘာမှထပ်မလှုပ်ရှားဘဲ စောင့်နေပါ့မယ်။ တကယ်လို့များ ဒီ ၂ ရက်အတွင်းမှာ ကျွန်တော်တို့ အဲဒီဆရာကြီးကို အသက်ရှင်လျှက် ပြန်မတွေ့ရတော့ဘူးဆိုရင် ဗိုလ်ချုပ်ကြီး ကျွန်တော်တို့ကို ကြိုက်သလိုအရေးယူပါ၊ သတ်ချင်လည်း သတ်ပါ၊ ကျွန်တော်တို့ အသတ်ခံမယ်၊ ကျွန်တော်တို့ အဲဒီဆရာကြီးကို ရန်ကုန်တစ်မြို့လုံး ပတ်ပြီးရှာမယ်…"လို့ပြောလိုက်ကြပါတယ်။

"အေး…စိတ်လိုက်မာန်ပါ လျှောက်မလုပ်ကြပါနဲ့ကွာ၊ ငါမင်းတို့ဆီကို အဲဒီဆရာကြီး မရောက်ရောက်အောင် ပို့လိုက်ပါ့မယ်…"လို့ပြောပြီး ကာချုပ်လည်း ပြန်သွားပါတယ်။

ကာချုပ်ပြန်သွားပြီး နှစ်ရက်မြောက်နေ့မှာ ဆရာကြီးတင်ဝင်းတို့တပ်စုရှိရာကို စစ်ကားတစ်စီး ထိုးဆိုက်လာပါတယ်။

ပြီးတော့ ကားပေါ်ကနေ ရဟန်းတစ်ပါး ကြွလာပါတယ်။

ဟုတ်ကဲ့…အဲဒီရဟန်းဟာ ဆရာကြီးတင်ဝင်းတို့တပ်စုလိုက်ရှာနေတဲ့ ပျောက်သွားတဲ့ ဆရာကြီးအစစ်ပါပဲ။

ဆရာကြီးတင်ဝင်းဟာ ဘုန်းဘုန်းကိုမြင်တော့ ပြေးဖက်ပါတယ်၊ ဘုန်းဘုန်းကလည်းပြန်ဖက် ထားတယ်၊ ပြီးတော့ နှစ်ယောက်စလုံးဖက်ပြီး ငိုကြပါလေရော၊ စစ်သည်တွေလည်း မျက်ရည်တွေကျလို့ပေါ့။

ကံကောင်းလို့ လူရမ်းကားတွေလက်ထဲမှာ မသေခဲ့ရတဲ့ ဆရာကြီးနဲ့ ပြန်တွေ့တဲ့ပွဲ၊ ဝမ်းသာ ဝမ်းနည်း၊ မျက်ရည်တွေ က မစဲနိုင်…။

"ပြောပါဦး ဆရာကြီး အဲ..ဦးဇင်းရယ် ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ…"လို့ ဆရာကြီးတင်ဝင်းကမေးတယ်။

"ခင်ဗျားတို့ အရာရှိက ကျုပ်ကို ဟိုအုပ်စုလက်ထဲ ထည့်လိုက်တော့ အဲဒိအုပ်စုက ကျုပ်ကိုဓားနဲ့ခုတ်သတ်ဖို့ပြင်နေပြီ၊ ကျုပ်လည်းသွားပြီပေါ့ဗျာ၊ ငါ စစ်ဆင်ရေးမှာ ရန်သူနဲ့တိုက်ရင်းမသေရဘဲ ရန်ကုန်မှာ လူရမ်းကားတွေ လက်ချက်နဲ့ သေရတော့မယ်လို့ တွက်လိုက်တယ်။ စိတ်ကိုလည်း လျှော့ချလိုက်တယ်။"

ဘုန်းဘုန်း ရှင်းပြနေတဲ့အချိန်မှာ တပ်စုတစ်စုလုံး ဝိုင်းပြီးနားထောင်နေကြတယ်။ တချို့ကလည်းအံကြိတ်ရင်း တောက်ခေါက်ရင်းပေါ့။




"အဲဒီအချိန်မှာ လူအုပ်ထဲက ဘုန်းကြီးတစ်ပါးရှေ့ထွက်လာပြီး ကျုပ်ကိုသတ်ဖို့ ဓားကိုင်ထားတဲ့ သူတွေကို ဖြောင်းဖျ ပြီး ကျုပ်ကို အလှူခံတော့တာပဲ။ အဲဒီဘုန်းဘုန်းက အခုအချိန်မှာ ဒီဒကာကြီးလည်း စစ်သားမဟုတ်တော့ပါဘူး။ ပြီးတော့ ဒီဒကာကြီးက ဒကာတို့ အုပ်စုကို ဘာမှအန္တာရယ်ပေးခဲ့တာမဟုတ်သလို အခုလည်း ဘာမှ အန္တာရယ် ပေးနိုင် တဲ့ အနေအထားမရှိတော့ပါဘူး။ လူ့အသက်တစ်ချောင်းဆိုတာ ရခဲပါတယ်။ ဒါ့ကြောင့် ဒကာတို့ရဲ့ ဒေါသတွေကို လျှော့ပြီး ဒီဒကာကြီးရဲ့ အသက်ကို ဘုန်းဘုန်းကိုလှူပါလို့ပြောပြီး အလှူခံခဲ့တာဗျ.."လို့ ဘုန်းဘုန်းက ရှင်းပြပါတယ်။

ဆက်ပါဦး ဘုန်းဘုန်းလို့ ဆရာကြီးတင်ဝင်းက ထောက်ပေးတယ်။

"အဲဒီနောက်တော့ ကျုပ်ကို မှော်ဘီမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ခေါ်လာပြီး အန္တရာယ်ကင်းအောင်လို့ဆိုပြီး ရဟန်းဝတ်ပေးထားကြတယ်။ ပြီးတော့ တပ်ကို အကြောင်းကြားထားကြပုံရတယ်…"လို့ပြောရင်း ဘုန်းဘုန်းက ခဏနားလိုက်ပါတယ်။

"ဒါဆို ဘုန်းဘုန်း တပည့်တော်တို့ဆီကို ဘယ်လိုရောက်လာတာလဲ ဘုရား…"လို့ ဆရာကြီးတင်ဝင်းက မေးပါတယ်။

"အမှန်ပြောရရင် ကျုပ်စစ်ဆိုတာကို မကြားချင်တော့သလို စစ်သားဆိုတာလည်း မမြင်ချင်တော့ဘူး၊ ကျုပ်ကိုသတ်မယ့်သူတွေရဲ့လက်ကို ကျုပ်ကို ကြက်ကလေး ငှက်ကလေးလို ထည့်လိုက်ကြတာလေ…။"လို့ ခံပြင်းနာကျည်းတဲ့ အသံနဲ့ ဘုန်းဘုန်းက ပြောပါတယ်။

ဆရာကြီးတင်ဝင်းက ငိုသံကြီးနဲ့ "အဲဒီလို မပြောပါနဲ့ ဘုရား၊ တပည့်တော်တို့ တပ်စုမပါပါဘူး ဘုရား၊ ဟိုကောင် တစ်ယောက်တည်း ဆုံးဖြတ်ပြီး ဒီလိုလုပ်လိုက်တာပါ။ အဲဒီတုန်းကလည်း တပ်ရင်းမှူးအမိန့်ဆိုလို့ မချိတင်ကဲနဲ့ ပြန်မပြောခဲ့ကြတာပါ။ စစ်သားဆိုတော့ အရှင်ဘုရားလည်း နားလည်ပါတယ် ဘုရား။ တပ်ရင်းမှူးလာလို့ အကြောင်း စုံသိရတဲ့ အချိန်မှာ တပည့်တော်တို့ အဲဒီကောင်ကို…"ဆရာကြီးတင်ဝင်း စကားမဆုံးခင် ဘုန်းဘုန်းက လက်ပြပြီး တားလိုက်ပါတယ်။

"ဟိုး…ဟိုး…ကျုပ်အားလုံးသိတယ်၊ သိလို့လည်း ခင်ဗျားတို့ဆီကို ရောက်လာတာပေါ့။ ကျုပ်ဆီကို ကာချုပ်ဆီက သတင်းရောက်လာတယ်၊ စစ်ရုံးကတစ်ဆင့်ပေါ့။ ဖုန်းဆက်ပြီး လှမ်းပြောတယ်၊ ဆရာကြီး (……….) အခု ဖုန်းသတင်း ရရချင်း စံပြမှာရှိတဲ့ ဆရာကြီးတင်ဝင်းတို့ အဖွဲ့ကို သွားတွေ့ပါ။ ခင်ဗျားသွားမတွေ့ရင် လူတေါအများကြီးသေကုန်လိမ့်မယ်၊ သူတို့လည်းသေလိမ့်မယ်၊ ရန်ကုန်မြို့လည်းတော်တော်များများ မီးလောင်ကုန်လိမ့်မယ်။ သူတို့က ခင်ဗျားကိုလိုက်ရှာနေကြတာ။ ခင်ဗျားကို မတွေ့မချင်းသောင်ကျန်းနေကြလိမ့်မယ် လို့ ကျုပ်ဆီကို ဆက်တာပေါ့။ ပြီးတော့ ဒါ ကာကွယ်ရေးဦးစီးချုပ်အမိန့်လို့ပြောတယ်။"

"ကံကောင်းလို့ပါလား ဘုန်းဘုန်းရယ်၊ တပည့်တော်တို့ကတော့ ဘုန်းဘုန်းကို သူတို့သတ်ပစ်လိုက်ကြပြီ ထင်ပြီး သောင်းကျန်းနေကြတာ၊ မတွေ့မချင်းရှာမယ်၊ သတ်တဲ့လူ အတိအကျသိရင် အဲဒီကောင်တွေကို သတ်မယ်ဆိုပြီး ရှာနေတာပါ။"လို့ ဆရာကြီးတင်ဝင်းက ပြောပါတယ်။

ဒီလိုနဲ့ အဲဒီနေ့တစ်နေ့ ဆရာကြီးတင်ဝင်းတို့ တပ်စုရှိတဲ့နေရာမှာ နေပြီး ညနေမစောင်းခင် ဘုန်းဘုန်းပြန်ကြွသွား ပါတယ်။

ကြာနီကန်ဆရာတော်လေသံနဲ့ပြောရရင် ဇာတ်ပေါင်းခန်းမှာ ဆရာကြီးတင်ဝင်းတို့ တပ်စုတစ်စုလုံးကို အထက်က ဘာမှအရေးမယူပါဘူး။

အဲ…တပ်စုက ဝိုင်းရိုက်နှက်ထိုးကြိတ်ကြတဲ့ အချိန်မှာ ထွက်ပြေးသွားပြီး စံပြရုပ်ရှင်ရုံအပေါ်ထပ်က ရေစင်ကြားမှာ ဝင်ပုန်းနေတဲ့ တပ်စုမှူး ဗိုလ်ကြီးကတော့ တပ်မတော် အာဏာသိမ်းပြီး မကြာခင်မှာပဲ အရေးယူပြီး တပ်က နုတ်ထွက်သွားရတယ်လို့ သိရပါတယ်။

အရာရှိတစ်ယောက်ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ ရဲဘော်ရဲဘက်စိတ် ခေါင်းပါးမှုကြောင့် လူအုပ်ကြီးထဲ ပါသွားတဲ့ ဆရာကြီး အသတ်ခံရတော့မလို့ပါ၊ ကံကောင်းလို့ လွတ်လာသလို ကံကောင်းလို့ မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်တာပါ။

အရေးအခင်းတုန်းက မိုင်းယန်းဘက်မတက်ခင် မိုးနဲမှာနေတုန်း လွိုင်လင်ကို ရိက္ခာသွားထုတ်ကြတယ်။

ဒီတုန်းက တပ်ခွဲမှူးပြောတဲ့စကားလေးသတိရမိတယ်…"အခြေအနေ သိပြီးသားဖြစ်လို့ အထူးပြောစရာမရှိ၊ ဆန္ဒပြတဲ့အုပ်စုနဲ့ တိုးလို့ရှိရင် (၁) လူ (၂) လက်နက်ခဲယမ်း (၃) ယာဉ် (၄) ရိက္ခာ မထိခိုက်မချင်း မင်းတို့ကို ဘယ်လောက်ပဲ မိုက်မိုက် ရိုင်းရိုင်း ဆဲဆဲ၊ ဖင်ပဲလှန်ပြပြ၊ ….ီး ပဲဖြဲပြပြ ဘာမှမလုပ်ရဘူး၊ သည်းခံရမယ်။ အေး..အခု ပြောတဲ့ လူ၊ လက်နက် ခဲယမ်း၊ ယာဉ်၊ ရိက္ခာ တစ်ခုခုကို ထိခိုက်လာပြီဆိုရင်တော့ ငါ့အမိန့်စောင့်စရာမလိုဘူး။ ရှင်းလား…"ဟုတ်ကဲ့ ရှင်းတာမှ ချစ်တီးခေါင်း သန်းရှာတာထက်တောင် ရှင်းပါတယ်ခင်ဗျ။ စစ်သားဟာ စစ်သားလိုအလုပ်လုပ် စစ်သား စကားပြော၊ ဘယ်လောက် ကျက်သရေရှိလိုက်ပါသလဲ….။

အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား တပ်မတော်သားအားလုံး သင်ခန်းစာယူနိုင်အောင်လို့ အမည်လွှဲတွေနဲ့ရေးသား တငြ့်ပခြင်းဖြစ်ပါတယ်။

ဒီအဖြစ်အပျက်မျိုး နောင်ဘယ်တော့မှ မဖြစ်သင့်တော့ဘူးဆိုတာကတော့ အထူးပြောစရာ လိုမယ်မထင်ပါ။

တစ်အိုးစား ရဲဘော်ရဲဘက်ဆိုတာ တစ်ယောက်မှန်ရင် တစ်ယောက်ဆွဲ၊ တစ်ယောက်လဲရင် တစ်ယောက်ထူ၊ မနက်ရန်ဖြစ် ညကျတော့ ပစ်ကျင်းတစ်ကျင်းထဲ နေရာယူ ဘယ်သူတွေ ကျွန်တော်တို့လို ချစ်နိုင်ကြသလဲ။

မရနိုင်မှန်းသိလျှက်နဲ့ "မြူစွမ်လေး စားချင်လိုက်တာကွာ"လို့ ငြီးတဲ့ ရဲဘော်ကို ကျွန်တော်တို့ ဝက်စာသာသာ ဆန်ပြုတ်ကို ချော့ကြွေးခဲ့ကြရတယ်…။

စစ်သားဘဝက ခွင့်ပြန်သွားတော့ ကျွန်တော့်အမေက ပြောဖူးတယ်။

"သား…ဘာပဲစားစား အဲဒီလိုစုပြုံပြီး ရှင်းတာ အမေတို့ တိုက်ခိုက်ရေးတပ်က စစ်သားတွေပဲရှိတယ်။ ကျန်တဲ့သူတွေကတော့ သူစားသူရှင်းပဲ။ သားရော ထောက် ၂၅ အစုံရှိသေးရဲ့လား။ လိုရင်ယူသွားသား အမေစုထားတာရှိတယ်…"တဲ့။

ကျွန်တော်ထင်ပါတယ်။ ကိုယ့်တပ်က မဟုတ်ဘူးဆိုတဲ့ စစ်သားမဆန်တဲ့ အကြောင်းပြချက်နဲ့ တပ်မတော်က ဆရာ ကြီး တစ်ယောက်ကို သွေးဆူနေတဲ့ လူအုပ်ကြီး လက်ထဲထည့်လိုက်တဲ့ အရာရှိဟာ အပြင်က လူအုပ်ကို ကြောက် နေပုံရပါတယ်။ အပြင်မှာသာ လူအုပ်ကြီး မရှိရင် သူ့ဖြေရှင်းနည်းဟာလည်း တစ်မျိုးဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကြောက်တတ်တဲ့အတွက် သူနှစ်ခါသေရပါတယ်။

ဘယ်သူမှတော့ အလကားနေရင်း မသေချင် ကြပါ ဘူး။ ဒါပေမဲ့ စစ်သားတစ်ယောက်ဖြစ်ပါ လျှက်ကနဲ့ အလွန်အမင်း သူရဲဘောကြောင်ချင်တဲ့ စိတ်ဝင်လာရင်တော့ ဆရာ မင်းသိင်္ခရဲ့ ပြောထုံးဖြစ်အောင် ငနက်ခေါင် စာအုပ်ထဲက ငနက်ခေါင် စစ်ထဲမလိုက်ခင် ရွာက ဆရာတော်မှာတဲ့ စကားလေးကိုပဲ လက်ဆောင်ပေးချင်ပါတယ်။

"ကိုယ့် အမျိုး၊ ဘာသာ၊ သာသနာကို ကျူးကျော်စော်ကားလာတဲ့ မိစ္ဆာဒိဋ္ဌိ တွေကို တိုက်ရင်းသေရတာ မြတ်သော သေခြင်းပဲ။ အေး…ထွေထွေထူးထူးတော့ မှာစရာမရှိဘူးကွဲ့၊ တိုက်ပွဲတိုက်ရင်း သူရဲဘောကြောင်ချင်တဲ့ စိတ်ကလေး များ ဝင်လာရင် ကိုယ့်ပေါင်ခြံ ကိုယ်ပြန်စမ်းကြည့်ကွဲ့..ကြားလား…"ဆိုတဲ့ စကားလေးပါ ခင်ဗျား…..။

သူရဲဘာသာ အသက်ကိုစွန့်မြဲ…..

ရဲကျော်သူရ

(မှတ်ချက်-ကျွန်တော်တို့ ခေတ်က စစ်သည်များဟာ ဦးနေဝင်းတစ်ယောက်ကလွဲလို့ တခြားလူကြီးတွေကို ရာထူး အတိုင်းပဲခေါ်လေ့ရှိပါတယ်။ အခုခေတ်လို အဘတွေမပေါပါဘူး။ စစ်တပ်မှာ ရင်းမှူး၊ ဒုရင်းမှူးက အစ အဘ၊ အဘ လေးနဲ့ ခေါ်တာဟာ ဒါရိုက်တာ စာရေးဆရာ ဒုဗိုလ်မှူးကြီး တင်သန်းဦး ထွင်လိုက်တဲ့ လက်ရာများလားမသိဘူး။ မှတ်မှတ်ရရ ကျွန်တော်တပ်က ထွက်ခါနီးလေးမှာ ကျော်သူနဲ့နေအောင်ပါတဲ့ တပ်မတော်နေ့တီဗီ ဂုဏ်ပြုဇာတ်လမ်း တစ်ခုမှာ အခုသုံးနေကြတဲ့ အဘဆိုတဲ့ အသုံးအနှုန်းကို စကြားဖူးတာပါပဲ။ ဒီတုန်းက ဇာတ်လမ်းတွေက တင်သန်းဦး ဇာတ်လမ်းတွေ များပါတယ်။ ဥပမာ- တပ်ရင်းမှူးကို CO ကြီး ဒါမှမဟုတ် တပ်ရင်းမှူးကြီး ၊ ဒုရင်းမှူးကိုတော့ ဗိုလ်မှူး ပါပဲ။ အဲဒီလိုပဲ ခေါ်ကြပါ တယ်။ အဘလို့သွားခေါ်ရင်လည်း ကြိုက်ကြမယ်မထင်ပါဘူး။ အခုတော့ ၃၅ နှစ်လောက် ကိုလည်း အဘ ဆိုတော့ တစ်မျိုးကြီးလိုပါပဲ။ ထားပါတော့ သူ့ခေတ်နဲ့သူကိုး…။)

ငါမသေ…ငါ့စခန်းမကျစေရ

$
0
0
Photo



(ပို့စ်အဟောင်းလေး ပြန်တင်ပေးတာပါ…..)

အချိန်က ၁၉၈၃ ခုနှစ် နှစ်ဦးပိုင်းကာလ၊ နေရာက ကရင်ပြည်နယ် တပ်စခန်းတစ်ခု (အကြောင်းအမျိုးမျိုးကြောင့် နာမည် မဖေါ်ပြတော့ပါ။)

တပ်ရင်းရောက်တာ ၃ လပဲရှိသေးတဲ့ တပ်သား မျိုးမင်းနဲ့ ၄ လလောက်ပဲရှိသေးတဲ့ ဒုဗိုလ် အောင်ကျော်ဦးတို့ ၂ ယောက်ကတော့ ဒီစခန်းမှာလူသစ်တွေဆိုပါတော့..။

ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို ဌာနေပြည်သူ့စစ် ၁၀ ယောက်နဲ့ပေါင်းမှ အင်အား ၄၀ ကျော်ကျော်လောက်ရှိတဲ့ သူတို့စခန်းကို ရန်သူ့အင်အား ၆၀၀ ကျော်က မီးကုန်ယမ်းကုန်လာရောက်တိုက်ခိုက်တာ ခံနေရတဲ့အချိန်..။

စခန်းကိုလာတိုက်တဲ့ ရန်သူ့ပင်မအဖွဲ့က ၆၀၀ ကျော်ဆိုပေမဲ့ ပတ်ပတ်လည်မှာ ပိတ်ဆို့ရေးလုပ်ထားတဲ့အဖွဲ့ကလည်း အင်အား ၅၀၀ ထက်မနည်း..။

စစ်ကူလာတဲ့ တပ်ရင်းလည်း ရန်သူ့ဖြတ်တောက်ရေးအဖွဲ့နဲ့ သူလုံး ကိုယ်လုံး…။
သူတို့စခန်းကုန်းက ရှည်မျောမျောစခန်းကုန်းလေးပါ။

အမြင့်ပိုင်းနဲ့ အနိမ့်ပိုင်း နှစ်နေရာတွဲဆက်နေတဲ့ တောင်ကုန်းလေးတစ်ခုဆိုပါတော့…။

တိုက်ပွဲဖြစ်ပြီး ၃ ရက်မြောက်နေ့မှာ ပြည်သူ့စစ်အပါအဝင် ရှိတဲ့ စစ်သည်အင်အား သုံးပုံတစ်ပုံလောက် ကျဆုံးသွားပါပြီ..။

ရန်သူကလည်း လက်နက်ချခိုင်းနေပါတယ်။

စစ်သည်တွေအားလုံး ကိုယ့်နေရာက တစ်ဖဝါးမှ မခွာဘဲ ရန်သူကို ကျားကုတ်ကျားခဲ ခုခံနေကြပါတယ်။

ဒုဗိုလ် အောင်ကျော်ဦးနဲ့ တပ်သား မျိုးမင်းအတွက်တော့ အတွေ့အကြုံအသစ်ပေါ့။
ရန်သူ့လက်နက်ကြီး၊ လက်နက်ငယ်သံတွေမိုးမွှန်နေပေမဲ့ နှစ်ယောက်စ လုံး ကြောက်စိတ်တွေဘယ်ရောက်မှန်းမသိ ဘဲ တိုက်ပွဲပျော် စစ်သားကြီးတွေဖြစ်သွားကြပါပြီ။

ဒီအချိန်မှာ တပ်စု တပ်ကြပ်ကြီး ဆရာကြီးတင်ဝင်းခိုင်းလို့ တပ်သားမျိုးမင်းဟာ ဆက်သွယ်ရေးမြောင်းအတိုင်း တပ်ခွဲမှူး ဗိုလ်မှူး ရွှေစိန် (အမည်ရင်းမဟုတ်) ရှိတဲ့ဘက်ကိုပြေးသွားပါတယ်။

ဗိုလ်မှူး ရွှေစိန်ဆီရောက်တော့ မျိုးမင်းကြောင်ပြီးရပ်ကြည့်နေမိပါတယ်။

ဗိုလ်မှူး ရွှေစိန်ဟာ သေတ္တာထဲက အင်္ကျီအဖြူရောင်တစ်ထည်ကို ထုတ်ပြီး ဝါးလုံးတစ်ခုမှာ ဖြစ်သလို စုချည်လိုက်ပါတယ်။


Photo





ပြီးတော့ ရန်သူဘက်ကို အဝတ်ဖြူချည်ထားတဲ့ ဝါးလုံးကို ဝှေ့ယမ်းပြပါတယ်။

မျိုးမင်းကြောင်ပြီးကြည့်နေသလို ရုတ်တရက်တော့ ရန်သူတွေလည်း ကြောင်သွားပုံရပါတယ်။

အပစ်လည်းရပ်သွားတယ်။ အပစ်ရပ်သွားပေမဲ့ ရှေ့ကိုတော့ တက်မလာရဲသေးပါဘူး။

စစ်သက် တစ်နှစ်မပြည့်သေးတဲ့ အတွေ့အကြုံ နုနယ်လှတဲ့ မျိုးမင်းဟာ ဘာဆက်လုပ်ရမှန်းမသိတာနဲ့ ဆက်သွယ်ရေးမြောင်းအတိုင်း ဆရာကြီးတင်ဝင်းဆီကို ပြေးပြီး သတင်းပို့ပါတယ်။

"ဆရာကြီး…ဆရာကြီး..ဗိုလ်မှူး ဘာလုပ်တာလဲမသိဘူး။ သူ့အင်းကျီအဖြူကို ဝါးလုံးထိပ်မှာချည်ပြီး ရန်သူဘက်ကိုထောင်ပြနေတယ်"လို့ အမောတကောပြောလိုက်ပါတယ်။

မျိုးမင်းစကားဆုံးတာနဲ့ ဆရာကြီးတင်ဝင်းဟာ အတူတိုက်ပွဲဝင်နေတဲ့ ဒုဗိုလ်အောင်ကျော်ဦးကိုမှာစရာရှိတာ အမြန်မှာပြီး ဗိုလ်မှူး ရွှေစိန်ရှိရာကို အပြေးချီတက်ပါတော့တယ်။ မျိုးမင်းလည်း ဘုမသိဘမသိနဲ့ နောက်ကလိုက် လာတာပေါ့။

ဟော…တွေ့ပါပြီ။ အလံဖြူကြီးထောင်ပြီး ဦးခေါင်းကို အောက်စိုက်ထားတဲ့ ဗိုလ်မှူး ရွှေစိန်ကို…။

ရန်သူဘက်ကလည်း ဘာမှပစ်ခတ်သံမကြားရတော့ဘဲ ကွိကွိ ကွကွနဲ့ တီးတိုးသံတွေပဲကြားနေရပါတယ်။

ဆရာကြီးတင်ဝင်းဟာ ဘာစကားမှ ရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး။

အသင့်ကျည်ထိုးပြီးဖြစ်တဲ့ ကာဘိုင်သေနတ်ပြောင်းနဲ့ ဗိုလ်မှူး ရွှေစိန်နားထင်ကိုတေ့ပြီးချိန်လိုက်ပါတယ်…။

ပြီးမှ..ကဲ..ကျုပ် တစ်ကနေ တစ်ဆယ်အထိရေမယ်၊ တစ်ဆယ်ရောက်လို့မှ ခင်ဗျားလက်ထဲက အလံကို မချရင်တော့ အပစ်ပဲ..စမ်းကြည့်ပေါ့ဗျာ..။လို့ပြောလိုက်ပြီး တစ်..နှစ်..သုံး…လေး..ကို ခပ်မှန်မှန်လေးလေးပင်ပင်ရွတ်ပါတယ်။

မျိုးမင်းလည်းရင်တမမနဲ့ပေါ့။ ခုနှစ်…ရှစ်…အလံမချသေးပါဘူး။ ကိုး……မျိုးမင်းကတော့ သွားပြီလို့တွက်လိုက်ပါတယ်။

တစ်………….ဆယ် ဆိုတဲ့အသံလည်းဆုံးရော ဗိုလ်မှူး ရွှေစိန်လည်းထောင်ထားတဲ့ ဝါးလုံးကို အောက်ကိုလှဲချလိုက်ပါတယ်။

ဆရာကြီးတင်ဝင်းလည်း သူ့သေနတ်ကိုပြန်ရုတ်လိုက်တယ်။

၃ ရက်မြောက်ဖြစ်တဲ့ အဲဒီနေ့မှာပဲ ဗိုလ်မှူး ရွှေစိန်ဦးစီးတဲ့ အဲဒီကုန်းတစ်ဝက်လောက်ရန်သူ့လက်ကို ရောက်သွားပါတယ်။

တောင်ကုန်းတစ်ခုထဲမှာ မိမိတပ်၊ ရန်သူ့တပ် တစ်ဖက်စီရင်ဆိုင်လို့ပေါ့…။

ဒါပေမဲ့…ည ၂ နာရီလောက်မှာ ရန်သူသိမ်းထားတဲ့ တောင်ကုန်းကို ပြန်သိမ်းဖို့ လက်ရွေးစင်ထုတ်နုတ်ပါတယ်။

အဲဒီတိုက်ပွဲကို ဦးစီးတဲ့အဓိက ပုဂ္ဂိုလ်က ဆရာကြီးတင်ဝင်းဖြစ်နေပါတယ်။

လူရွေးတော့ ဒုဗိုလ်အောင်ကျော်ဦးကို မခေါ်ဘဲ ဗိုလ်မှူး ရွှေစိန်ကိုပဲ ပြန်ခေါ်ပြီး တိုက်ဖို့ဆုံးဖြတ်ပါတယ်။

ဒုဗိုလ်အောင်ကျော်ဦးက စွန့်စွန့်စားစားပြန်တိုက်ယူရမယ့်တိုက်ပွဲမှာ သူ့ကိုမခေါ်လို့ဆိုပြီး ဆရာကြီးတင်ဝင်းကို စိတ်ဆိုးနေပါသေးတယ်။

ဆရာကြီးတင်ဝင်းက ဒုဗိုလ်အောင်ကျော်ဦးကို အသာလေး လက်ကုတ်ခေါ်သွားပြီး တစ်နေရာရောက်မှ…ဗိုလ်မှူးက ဒီမှာထားခဲ့လို့ ဘယ်လိုစိတ်ချရမှာလဲ၊ ဗိုလ်ကြီးကို ယုံကြည်လို့ ကျွန်တော်ဒီမှာ စိတ်ချလက်ချထားခဲ့မှာလေ။ ကျွန်တော်နောက်ဆံမတင်းပါရစေနဲ့… လို့ပြောလိုက်ပါတယ်။

ဒုဗိုလ်အောင်ကျော်ဦးလည်း သဘောပေါက်လက်ခံသွားပါတယ်။ 


Photo






ဒါနဲ့ တိုတိုပြောရရင် ညတွင်းချင်းပဲ ရန်သူသိမ်းပိုက်ထားတဲ့ အဲဒီတောင်ကုန်းကို ပြန်ရလိုက်ပါတယ်။

၎ ရက်မြောက်နေ့မှာ ကိုယ့်စခန်းတစ်ခုလုံးပြန်စိုးမိုးထားနိုင်ပါပြီ။

အင်အားကတော့ ယဲ့ယဲ့ပေါ့…။

၅ရက်၊ ၆ ရက် မြောက်နေ့ ညနေပိုင်းအထိတိုက်ပြီး စခန်းမကျတော့ ရန်သူလည်းဆုတ်သွားပါတယ်။

မိမိထက်သာလွန်အင်အား များပြားလှတဲ့ ရန်သူကို ၆ ရက်တိုင်တိုင် ကြံ့ကြံ့ခံ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့တဲ့ အတွက် တိုက်ပွဲဝင်စစ်သည်တွေကို အထက်က ချီးကျူးဂုဏ်ပြုပြီး ဘွဲ့တံဆိပ်ချီးမြင့်သင့်တဲ့သူကို ချီးမြင့်ပါတယ်။

တပ်ခွဲမှူး၊ တပ်စုမှူး၊ ဆရာကြီး တင်ဝင်းအပါအဝင် အရာရှိစစ်သည်တွေ ဘွဲ့တံဆိပ်တော်တော်များများရကြပါတယ်။

အော် ဒီတိုက်ပွဲရဲ့ အဓိက ဇာတ်လိုက်ကြီး ဆရာကြီးတင်ဝင်းကတော့ မိမိတာဝန်ကျတဲ့အတိုင်း တပ်စုကို ကွပ်ကဲတိုက်ပွဲဝင်ရင်း ရန်သူဆုတ်ခွာမယ့် ၆ ရက်မြောက်နေ့မှာပဲ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ပါတယ်။

အဲဒီအချိန်က တပ်သားသစ်ကလေးမျိုးမင်းက ကျွန်တော့်ကို ပြန်ပြောပြတဲ့အချိန်မှာ "ဗိုလ်ကြီး အောင်ကျော်ဦးက သတ္တိကောင်းပါတယ်၊ ဒါပေမဲ့ သူက အတွေ့အကြုံနည်းသေးတယ်။ တိုက်ပွဲကိုတကယ် ဦးဆောင်သွားတာ ဆရာကြီးတင်ဝင်းပါကွာ"..တဲ့။

သူရဲဘာသာ အသက်ကိုစွန့်မြဲ………………

ရဲကျော်သူရ.....

မှတ်ချက်… တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိများ၊ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပလောကမှာ ရောက်နေတဲ့ အရာရှိများ ကျွဲမြီးမတိုကျပါနဲ့။ သင်ခန်းစာယူနိုင်အောင် Sharing လုပ်တာ သက်သက်ပါ။ ဗိုလ်မှူး ရွှေစိန်လို သူရဲဘောကြောင်တဲ့ လူမျိုးရှိသလို ဗိုလ်ကြီး အောင်ကျော်ဦးလို သတ္တိကောင်းတဲ့ အရာရှိတွေလည်းရှိပါတယ်။ ဗိုလ်မှူး ရွှေစိန်ဟာ နိုင်ငံခြားသားသွေးပါသူလို့လည်းသိရပါတယ်ခင်ဗျား။
ဒုဗိုလ်အောင်ကျော်ဦးဟာ ဗိုလ်ကြီးဘဝမှာပဲ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ပါတယ်။



ဗိုလ်ချုပ်ကိုချစ်ရင် စစ်သားစစ်စစ်ဖြစ်အောင် ကြိုးစားပါ

$
0
0
Photo

ဒီနေ့ ဗိုလ်ချုပ်မွေးနေ့ဆိုတော့ အားလုံး ဗိုလ်ချုပ်ကို လွမ်းဆွတ်သတိရကြမှပါ။

ကျွန်တော်တို့ချစ်တဲ့ ဗိုလ်ချုပ်ဟာ မြန်မာပြည်မှာ ခေတ်မီတပ်မတော်ကြီးပေါ်လာအောင် အင်မတန် ရည်ရွယ်ချက်ကြီးမားစွာနဲ့ ဆောင်ရွက်ခဲ့တာပါ။

ကျွန်တော်တို့ တပ်မတော်ကြီး ဗိုလ်ချုပ်တို့ မျှော်မှန်းတဲ့ အတိုင်း ဖြစ်ရဲ့လား။

ဟုတ်ကဲ့ ... အညတြ စစ်သားဟောင်းလေး တစ်ယေယာက်ရဲ့ အမြင်ကိုပြောပါ့မယ်။

တိုင်းပြည်ကို ချစ်တဲ့စိတ်၊ တပ်မတော်ကိုချစ်တဲ့စိတ်၊ တိုက်ရည်ခိုက်ရည်၊ အပင်ပန်းခံနိုင်မှု၊ ဇွဲ၊ သတ္တိ အရာမှာ ဗိုလ်ချုပ်တို့လိုချင်တဲ့ အတိုင်းဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ခေတ်မီပြီး စွမ်းရည်ထက်မြက်တဲ့ တပ်မတော်ဖြစ်အောင်ကတော့ လက်ရှိ တပ်မတော် ခေါင်းဆောင်များ ကြိုးစားနေတာကို တွေ့ရမှာပါ။

တစ်ခုပဲ ပြောစရာရှိပါတယ်၊ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၁ နှစ်အတွင်းမှာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို အာဏာအလွဲသုံးစားလုပ်ပြီး စစ်ဗိုလ်ချုပ်တချို့ ကျိကျိတက် ချမ်းသာသွားကြပါတယ်။

ဒီတစ်ချက်ကတော့ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ လုံးဝမညီပါဘူး။

ကျွန်တော် တပ်မတော်ကို ချစ်လွန်းလို့ သံယောဇဉ်ကြီးလွန်းလို့ စစ်တပ်ဘက်က ကာကွယ်ပြောဆိုနေတာဟာ နိုင်ငံ့ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်ပြီး ကျိကျိတက် ဟိုမှာဘက်ကမ်းထိရောက်အောင် ချမ်းသာနေကြတဲ့ အဘ ဆိုသူတွေကို ထောက်ခံနေတာ မဟုတ်ဘူးဆိုတာကိုတော့ ကွဲကွဲပြားပြား နားလည်ပေးစေချင်ပါတယ်။

အတိတ်ကို မတူးဆွချင်တော့ပါ။ တပ်မတော်ကို ဖြိုခွဲမယ့်သူကိုလည်း လက်မခံပါ။ ဒါပေမဲ့ ကျွန်တော်တစ်ခါက တင်ခဲ့ဖူးတဲ့ ပို့စ်ထဲကလို တံပိုးထက် လက်ခကြီးနေတဲ့ ကိုရွှေအဘတွေလည်း အများကြီးပါပဲ။

တပ်ထဲက ဆရာကြီး သားသမီး အချို့ကျောင်းမထားနိုင်တဲ့ အချိန်မှာ အဘတို့ သားသမီးတွေ ဧရာမကုမ္ပဏီကြီးတွေ တစ်ခုပြီးတစ်ခု ထောင်နေကြပါတယ်။ ငွေကို မရေနိုင်လောက်အောင် ခင်ဗျားတို့ ကျွန်တော်တို့ မမှန်းနိုင်လောက်အောင် ချမ်းသာကြပါတယ်။

ဗိုလ်ချုပ်ကက်စိန်တို့လို ဗိုလ်ချုပ်မောင်လှတို့လို စစ်သားစစ်စစ် ဗိုလ်ချုပ်တွေလည်း ရှိတော့ရှိပါတယ်၊ ဒါပေမဲ့ အင်မတန် နည်းတယ်..။

နောင်တက်မယ့် အဘလေးတွေကို တစ်ခုပဲ မေတ္တာရပ်ခံချင်ပါတယ်။ ရှေ့က အဘတွေကို ကြည့်ပြီး တိုင်းပြည်ကို မှန်မှန်ကန်ကန် ရိုးရိုးသားသား ချစ်ကြစေချင်ပါတယ်။

ကျွန်တော်တို့အားလုံးချစ်တဲ့ ဗိုလ်ချုပ်ဟာ သေတော့ ရေလဲလုံချည်နှစ်ကွင်းပဲ ရှိပါသတဲ့။

စစ်တပ်ကို ထောက်ခံနေတယ်ဆိုတာ စစ်တပ်ကို အကြောင်းပြုပြီး လူလည်ကျ ကြီးပွားသွားတဲ့ စစ်ဗိုလ်ချုပ်တွေကို ထောက်ခံနေတာ လုံးဝ (လုံးဝ) မဟုတ်ပါ။

Photo


ကျွန်တော်တို့ ငတုံးတွေ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။

နောင်မျိုးဆက်အတွက် အဘလက်သစ်များအနေနဲ့ စံပြဖြစ်အောင်ပြုပြင်စေချင်ပါတယ်။ ဒါ ကျွန်တော့်ရင်ထဲက စစ်မှန်တဲ့ စေတနာပါ။

ဆင်းရဲတာ ရှက်စရာမဟုတ်ပါ။

အားလုံးဆင်းရဲနေတဲ့အချိန်မှာ မရိုးသားတဲ့နည်းနဲ့ ဘီလျံနာဖြစ်နေတာကသာ ရှက်စရာပါ။ ခင်ဗျားတို့ ဘယ်လောက်လှူလှူ တမလွန်မှာ ရှင်းရပါလိမ့်မယ်.....။

ထပ်ပြောချင်ပါတယ်...ကျွန်တော်တို့ ငတုံးတွေ မဟုတ်ကြပါဘူး။

စစ်သားစစ်စစ်တွေကို ချစ်တဲ့

စစ်သားစစ်စစ်ဟောင်း-

ရဲကျော်သူရ



ယောမြို့ ကပြန်ခဲ့တယ် .... ဆေးဝါးလည်း ကျွန်တော်နားမလည် ( ၁ )

$
0
0





                          ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းက စိတ်ဝင်စားဖို့ ကောင်းတဲ့ ယောဒေသကို အောက်ပြည် အောက်ရွာမှနေထိုင်တဲ့ လူတစ်ယောက် အနေနဲ့ အကြောင်းမရှိပဲ သွားရောက်လည်ပတ်ဖို့ ဆိုတာ အိပ်မက်ထဲ မှာတောင်မှ ထည့်ပြီးမက်ဖို့ ခပ်ခက်ခက်ပါပဲ ။ ပြီးတော့ ကျတော်အပါအ၀င် ဒီနိုင်ငံက လူတွေအများစုဟာလည်း ကိုယ်နဲ့ လှမ်းဝေးလှတဲ့ ၊ သွားရေးလာရေးခက်ခဲတဲ့ နေရာဒေသတွေ ဆီကို  အကြောင်း တစ်စုံတစ်ရာမရှိဘဲ တကူးတက သွားပြီးတော့ မလည်ပတ်ဖြစ်ခဲ့ ကြပါဘူး ။
တကယ်လို့ သွားဖြစ်ကြတယ်ဆိုရင်လည်း ဒေသခံမိတ်ဆွေ တစ်ယောက်ယောက်က ဖိတ်ခေါ်မှသာ သွားရောက်လည်ပတ်ဖြစ်ကြတာပါ ။ ယောဒေသကို သွားရောက်လည်ပတ်ဖို့ ကျတော်အနေနဲ့ ခက်ခဲ မှုတွေရှိနေပေမယ့် အဲဒီဒေသနဲ့ ပက်သက်ပြီး ကြားဖူးနားဝ သတင်းစကားတွေကတော့ တော်တော်လေးကို ရင်းရင်းနှီးနှီးရှိနေခဲ့ပါတယ် ။ အရင်က သိပ် အမြင်မကျယ်လှတဲ့ လူကြီးသူမတွေက ..ယောနယ်မှာ ရှိတဲ့ သူတွေ အကုန်လုံးဟာ အောက်လမ်း ပညာတွေတတ်ကြတာတဲ့…. ၊ သူတို့ အိမ်ကိုလာလည်တဲ့ တခြားနယ်ကလာတဲ့ ယောင်္ကျားပျိုလေးကိုတောင်မှ ပညာစမ်းချင်ရင် ထိုင်ပြီးထလိုက်တာနဲ့ တင်ပါးမှာ ဖျာကပ်ပြီး ပါလာအောင် လုပ်နိုင်စွမ်း ရှိတာတဲ့…. ..။ ပြီးတော့ သူတို့ ရွာတွေ ကိုသွားရင် သူတို့ရဲ့ ဆေးဝါး ပညာကို ခုခံ နိုင်တဲ့ အစီမံတွေ ၊အဆောင်တွေ လုပ်ပြီးမှ သွားရတာတဲ့…..စသဖြင့် ..ပြောကြဆိုကြတာတွေ ကို ငယ်ငယ်ကတော့ စိတ်ဝင်စားပြီး ယုံကြည်ခဲ့ပါတယ် ။ အခု နောက်ပိုင်းကြီးလာတော့ အဲဒီဒေသတွေ အပေါ်မှာ ပုံစံတစ်မျိုးနဲ့ စိတ်ဝင်စားမှုတွေပိုလာပြီး  ရောက်ဖူးချင်တဲ့ စိတ်တွေဖြစ်ခဲ့ ရတယ် ။ နောက်ပြီး ငယ်ငယ် က အိမ်မှာ ရှိတဲ့ ဓာတ်စက်ပေါ်မှာ တင်ပြီး ဖွင့် ရတဲ့ ခေတ်ဟောင်းဓာတ်ပြားထဲက အဆိုတော်ကြီး မအေးမိ ရဲ့  “ ယောမြို့ ကပြန်ခဲ့ တယ် xxxx ဆေးဝါးလည်း သူနာမလည် xxxx အုတ်ရောရောနဲ့ ကျောက်ရောရောနဲ့ မောင်ဒီလိုနေတာကို xxxxx ပျိုအေးမိအံ့သြပါတယ် xxx ယောရီယောရာ ယောဆရာကြီးရယ် ….. ဆိုတဲ့ ယောဆရာ သီချင်းကို ကြိုက်နှစ်သက်တာကလည်း ယောနယ် ကိုစိတ်ဝင်စားမှု ပိုစေခဲ့တာပါပဲ ။ အခုချိန်မှာ သမိုင်းနဲ့ ပက်သက်ပြီး စာလေးဘာလေး ဖတ်ဖြစ်ပြန်တော့ မြန်မာနိုင်ငံ မှာယဉ်ကျေးမှု အစောဆုံး ထူထောင်နိုင်ငံခဲ့ တဲ့ ပျူလူမျိုး တွေရဲ့ မျိုးဆက် လက်ကျန်ဟာ ဒီယောဒေသ တစ်ဝိုက်မှာရှိနေသေးတယ် ဆိုတာနဲ့  ယောနယ်ဒေသက လူတွေ ရဲ့  ပြောစကားတွေတချို့ ဟာ  ကျတော်တို့  ထားဝယ်ဒေသ စကားတွေနဲ့  တူတာတွေ ရှိတယ်လို့ သမိုင်းဆရာတွေတချို့ က ပြောကြပြန်တော့ ကျတော့် အနေနဲ့ အဲဒီဒေသကို သွားရောက်လေ့လာ လည်ပတ်ချင်တဲ့ စိတ်က တော်တော်တော်လေးကို ပြင်းထန်နေခဲ့ပါတယ် .။ ဒါပေမယ့် ဘယ်သူ့ ကို အမှီပြုပြီး အဲဒီဒေသကိုသွားရမယ်ဆိုတာကတော့ ကျတော့် အတွက် တကယ့်ပြဿနာပါ ။



ကျတော်ရဲ့ ခရီးသွားဖေါ် ချင်း တိုင်းရင်းသူသားမိ .....
ကျတော်ရဲ့ ခရီးသွားဖေါ် ချင်း တိုင်းရင်းသူသားမိ .....



                    တစ်ခါတလေတော့လည်း ဖေ့ဘုတ်ကြီးကို အရမ်းကျေးဇူးတင်မိပါတယ် ။ ဟုတ်ပါတယ် … ဘယ်လောက်ဝေးတဲ့ နေရာက လူတွေဖြစ်နေဖြစ်နေ ၊ စိတ်တူ ၀ါသနာတူသူတွေ အချင်းချင်း ကို မိတ်ဆွေတွေဖြစ်ခွင့်ပေးတတ်ကြပါတယ် ။  အခု ကျတော့် မှာလည်း ကိုယ့်ရပ်ကိုယ့်ဒေသနဲ့ ဝေးကွာလှတဲ့ ယောဒေသ ကသူငယ်ချင်းတစ်ယောက်ကို အင်တာနက်ပေါ်က လူမှုကွန်ယက် အကူညီနဲ့ ခင်မင်ခွင့် ရနေပါပြီ ။ အဲဒီလို ခင်မင်ခွင့် ရတဲ့ ယောဒေသ ဇာတိဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ဟာ ပြီးခဲ့ တဲ့ နှစ်လခန့်က နိုင်ငံခြားကနေ ရန်ကုန်ကို ဆိုင်းမဆင့် ဗုံမဆင့် ပဲ ပေါက်ချလာတော့ တယ် ။  သူက ကျနော်ရောက်ချင်နေတဲ့ ယောဒေသ ကို အရှင်လတ်လတ်ကြီး ပို့ ဆောင်ပေးနိုင်တဲ့  မိုးနတ်မင်းကြီးပဲဆိုပါတော့ ။  မိုးနတ်မင်းကြီး ..အဲ ……ယောနယ်သား သူငယ်ချင်းက ကျတော့် ဆီမှာ တစ်နေ့တာ ၀င်နားပြီး သူ့ဒေသအပြန်မှာ ကျတော့် ကိုပါ တစ်ခါတည်းသူနဲ့ လိုက်ခဲ့ ဖို့ ဖိတ်ခေါ်ပါတယ် ။ ကျတော်လည်း ရုတ်တရက်ဆိုတော့ ဘာမှ မပြင်ဆင်ရသေးတာနဲ့ မလိုက်ဖြစ်ခဲ့ပါဘူး ။ နောက် မှ အလုပ်တွေ ရှင်းလင်းပြီး လိုက်ခဲ့ ဖို့ ကတိပေးလိုက်ပါတယ် ။ ကတိသာပေးလိုက်ရတယ် .သူ့တို့ ဒေသကို သွားဖို့ ခရီးစဉ်ကို တော်ရုံနဲ့ မဆွဲနိုင်ဘဲ အချိန်သာ နှစ်လ လောက်ကြာသွားခဲ့ တယ် .။  ဒီအကြားထဲ သူက ဖုန်းဆက်ပြီး ကျတော့်ကို မလာသေးဘူးလား ၊ ဘယ်တော့ လာမှာလဲ ၊ သူ ရွာမှာရှိတုန်း ဖြစ်အောင်လာပါ ..ဆိုပြီး ဖုန်းနဲ့ လှမ်းလှမ်းပြီး ခေါ်နေတော့ တာပါပဲ ။
                 ကျတော်မှာလည်း  “ မောင်ဖိုးခ ကလည်း စေတနာ ၊ ငါကလည်း ခပ်ဆာဆာ “ ဆိုတဲ့ ထားဝယ် စကားပုံ တစ်ခုထဲ ကလို သွားချင်လှတဲ့ ဒီခရီးကို လာရောက်ဖို့ လှမ်းဖိတ်တဲ့ သူကလည်းရှိနေတော့ အရမ်းကို ရောက်ဖူးချင်လှတဲ့  ယောနယ် ဘက်ကို ခရီးသွားဖို့ ပြင်ဆင်ရပါတော့ တယ် ။ ဒါပေမယ့်  ဘုရား ချည်းဘဲ ဖူးနေလို့ ကလည်း မဖြစ်သေးပြန်တော့ လိပ်ဥ တူးဖို့ကိုပါ စီစဉ်ရသေးတယ် ။ ဒါမှလည်း လိပ်ဥတူးရင်း ဘုရားဖူးရင်း ဆိုတဲ့ စကားနဲ့ ကိုက်ညီပြီး အိမ်ကနေထွက်လို့ ကောင်းမှာကိုး ..။ တစ်ကယ်တော့ ဘုရားဖူးချင်လို့ လိပ်ဥ ကိုပါ ရှာပြီး တူးခဲ့တဲ့ သဘောပါပဲ ။


ကျတော့်ကို ကျောက်ထု အရောက်ပို့ ဆောင်ပေးခဲ့ တဲ့ ဇလပ်ဖြူ ဟိုင်းဝေး ဘာစ်ကား
ကျတော့်ကို ကျောက်ထု အရောက်ပို့ ဆောင်ပေးခဲ့ တဲ့ ဇလပ်ဖြူ ဟိုင်းဝေး ဘာစ်ကား



                         ပထမ ရန်ကုန်ကနေ ထွက်လာတော့ သူငယ်ချင်းနဲ့ ချိန်းထားတဲ့ ရက်ထက် 1 ရက်စောပြီး ထွက်လာခဲ့ ပါတယ် ။ ပခုက္ကူ မှာ အလုပ်ကိစ္စ နဲ့ ပက်သက်ပြီး လုပ်စရာ ရှိတာလေးတွေ လုပ်ဖို့ ပါ ။ နောက်တစ်နေ့ မှာ တည်းခိုခန်းကနေ စောစော ထပြီး ပြီး ကျောက်ထုမြို့ ကိုသွားမယ့်ကားဂိတ်ရှိရာကို မနက် 8 နာရီခွဲ ကိုအရောက်သွားခဲ့ တယ် ။ သွားရမယ့် ခရီးစဉ်က  ပခုက္ကူ မှ ကျောက်ထု ၊ တစ်ခါ အဲဒီကျောက်ထု မှ ခြောက်မိုင် လောက်ဝေးတဲ့ လက်ပန်း ဆိုတဲ့ ရွာလေးကိုပါ ။ ကားလက်မှတ် ၀ယ်တုန်းကတော့ မနက်ကိုးနာရီ ကားထွက်မယ်လို့ ပြောထားခဲ့ပေမယ့် ဂိတ်ရောက်တဲ့အခါမှာ မုံရွာက လာတဲ့ ခရီးသည်တွေကိုစောင့် ပြီး မှ ထွက်မှာ မို့လို့ နောက်တစ်နာရီ နောက်ဆုတ်ပြီး မှ ထွက်မယ်လို့ သိရပါတယ် ။ မနက် အစောကြီး ထပြီး ပြင်ဆင်ခဲ့ ရတဲ့ ကျတော့် မှာ တော်တ်ေလေးကို စိတ်မောသွားပါတယ် ။ စီးရမယ့် ကားက မင်းတပ် - မတူဘီ အထိ သွားမယ့် ကားဖြစ်ပြီး ကျတော့် က ကျောက်ထု ကို အရောက် လမ်းခုလပ်မှာ ဆင်းနေခဲ့ ရမှာ ဖြစ်တယ် ။ ဂိတ်မှာ ဒီတိုင်းထိုင်ပြီး ကားထွက်မယ့် အချိန်စောင့် နေခဲ့တာ 10 နာရီထိုးလည်း ကားက မထွက်ဘူး ။ ပိုနေတဲ့ အချိန်လေးမှာ လက်ဖက်ရည်ဆိုင်ကိုတောင် မှ မထွက်ဝံ့ဘူး ။ ဒီအတိုင်းဘဲ ကျတော်နဲ့ အတူ ခရီးသွားရမယ့် မျက်နှာစိမ်း ခရီးဖော်တွေကိုအကဲခပ် ရင်နဲ့ ပဲ အချိန်ဖြုန်းနေလိုက်ရပါတယ် ။ အဲဒီလို စောင့်ရင်းနဲ့ နေ့လည် 11 နာရီထိုးကာမှ ပခုက္ကူကနေ ကားစထွက်ပါတော့ တယ် ။
                                ကျွန်တော် စီးလာတဲ့ ကားက တော်တော် ကောင်းတယ်လို့ ဆိုရပါမယ် ။ အဲကွန်းလွတ်ပေးထားတဲ့ မှန်လုံကား အလတ်စားလေးပါ ။ ကားကလည်း အသစ်စက်စက် လေး ။ ဒီခရီးကို သွားဖို့ သူငယ် ချင်းကို အကြိုးအကြောင်း မေးတုန်းက  အဲကွန်းပါတဲ့ မှန်လုံ ကားကိုတော့ မမျော်လင့်နဲ့ အစ်ကိုကြီးရေ ..ဒီဒေသမှာတော့ ရိုးရိုး မှန်လုံတွေဘဲ ဆွဲကြတာတဲ့ ။ အခု ကျွန်တော် စီးလာတဲ့ မင်းတပ် မတူပီ လိုင်းကို ဆွဲတဲ့ ဇလပ်ဖြူဆိုတဲ့ ကားသင်းကို ရွေးခဲ့ မိတာ တော်တော်ကို ကံကောင်းတာပါပဲ ။



ပခုက္ကူမြို့ မှ အထွက် ....
ပခုက္ကူမြို့ မှ အထွက် ....



                           ကားစထွက်တော့ ခရီးသည်က အပြည့်မပါဘူး ။ လူလေးဆယ်လောက် ဆန့်တဲ့ ကားမှာ လူ 12 ယောက်ပဲ ပါ တော့ ကားက စီးရတာ တော်တော်လေးချောင်ပါတယ် ။ နောက်ပြီး ပစ္စည်းတွေကလည်း ကား တစ်ဝက်လောက် နီးနီးတော့ တင်ထားသေးတယ် ။ ကျတော်နဲ့ အတူ စီးလာတဲ့ ခရီး သည်တွေကတော့ ချင်းတိုင်းရင်းသားက အများစုဖြစ်ပြီး ဗမာ ဆိုလို့ ကျတော် အပါဝင် 3 ယောက်လောက်ဘဲရှိမှာပါ ။ ခရီးသည်တွေ အချင်းချင်းကတော့  ဖော်ရွေ ကြပါတယ် ။ ရန်ကုန်-မန္တလေး လမ်းခရီးက အဆင့်မြင့် ကားကြီးတွေ ပေါ်မှာ ပါလာတဲ့  အဆင့်တန်းမြင့်လား  မမြင့်လား မသိတဲ့ ခရီးသည်တွေလို မေးလိုက်ရင် မသိသလိုလို မပြောချင်သလို ပြောချင်သလို ပုံစံမျိုးတွ မဟုတ်ကြဘူး ။ ကျတော့်လို ဒီဒေသ ကို မရောက်ဖူးသေးတဲ့ ခရီးသည် တစ်ယောက်ရဲ့ မေးမြန်းမှု တွေကို စိတ်လိုလက်ရ သူတို့ သိသလောက် စိတ်ရည်လက်ရှည် ဖြေကြားပေးကြရှာပါတယ် ။ ထူးဆန်းတာက မေးလိုက်တဲ့ သူတော်တော် များများက သူတို့ သွားနေကြ ခရီး တစ်လျှောက်မှာ ရှိတဲ့ မြို့ ရွာတွေရဲ့ ခရီး မိုင် အကွာဝေးကို သိပ်ပြီး မပြောနိုင်ကြတာပါပဲ ။
        ကျတော် စီးနင်းလိုက်ပါလာတဲ့ ဇလပ်ဖြူ ကားလေးဟာ ပခုက္ကူမြို့ ကနေ အနောက်ဖက် စူးစူး ကို ထိုးပြီး ထွက်လာနေပြီဆိုတာကို ကျတော့် အိုင်ပက်ပေါ်က GPS မြေပုံ မှာ ပြနေတာမို့ သိရပါတယ် ။ မြို့ ကနေ ထွက်လာပြီ ဆိုတာနဲ့ အညာဒေသရဲ့  ထုံးစံအတိုင်း မြေပြင်တခုလုံး ကြေးနီရောင်သန်းလို့ ပူပြင်းချောက်သွေ့ တဲ့ လက္ခဏာတွေက ထင်ဟပ်လို့ပါပဲ  ။ ဒါပေမယ့် သစ်ပင်ကြီးတွေကတော့ စိုစိုပြေပြေနဲ့ ကြည့်ကောင်းနေပါသေးတယ် ။ ပူပြင်းချောက်သွေ့ ဆုံးအချိန်ကို မရောက်သေးလို့ လားတော့ မသိဘူး ။ ကားလမ်းတွေကတော့ တော်တော် လေး ကောင်းတယ်လို့ ဆိုရပါမယ် ။ ပခုက္ကူကနေထွက်လာပြီး 17 မိုင် လောက် အရောက်မှာတော့ ကမ္မ စံပြကျေးရွာ ကိုရောက်ပါတယ် စံပြရွာ ဆိုပေမယ့် မြို့ ငယ်လေး တစ်မြို့ လိုပါပဲ ။ တိုက်တာအဆောက်အဦ ပုံစံတွေဆိုရင် ပခုက္ကူ မြို့ ထက်တောင် မှခေတ်မှီတယ်လို့ ဆိုနိုင်ပါသေးတယ် ။ တချို့ ခရီးသည်တင် ကားလိုင်းတော်တော် များများဟာလည်း ကံမ္မကနေ မန္တလေး လို ရန်ကုန်လို မြို့ ကြီးတွေကို ပြေးဆွဲနေတဲ့အကြောင်း ကားသင်းကြေငြာဘုတ်များကို ကြည့်ရုံနဲ့ သိသာပါတယ် ။ ပုဂံ ညောင်ဦး နဲ့ ဧရာဝတီ မြစ်ခြားပြီး တဖက် တစ်ချက်မှာ တည်ရှိတဲ့ မြစ်ချေ ကိုလည်း ဒီကမ္မ ကနေလမ်းခွဲတယ်လို့ သိရတယ် ။ တချို့ အစိုးရ ဌာများရဲ့ ဆိုင်းဘုတ် တွေမှာ ကမ္မ - မြစ်ချေ မြို့ နယ်ဆိုပြီး ရေးထားတာကိုဖတ်ရသလို ကံမ္မ -ပခုက္ကူ မြို့ နယ်လို့ ရေးထားတာကိုလည်းဖတ်ရပါသေးတယ် ။



ရေပြာ နားမှ ယောချောင်း ...
ရေပြာ နားမှ ယောချောင်း ...



                           ကံမ္မကို ကျော်လာပြီး 33 မိုင်နားလောက်ရောက်မှာ “ရေပြာ” ကိုရောက်ပါတယ် ။ ရေပြာ ကတော့ ပုသိမ် - မုံရွာ ကားလမ်းနဲ့ အခု ကျတော် သွားနေတဲ့ ကျောက်ထု- မင်းဒပ်- မတူဘီ ကားလမ်းဆုံတဲ့ နေရာမှာ ရှိနေလို့လားမသိဘူး အတော်လေးကို စည်ကားပါတယ် ။ ရေပြာကို ကျော်ပြီးတာနဲ့ သိပ်မကြာခင် ယောချောင်းကြီးကို ဖြတ်ရတယ် ။ ချောင်းထဲအထိ ကားအစင်းလိုက်ထိုးဆင်းပြီး ဖြတ်ရတာပါ ။ ယောချောင်းလို့ သာပြောတယ်  ကျတော်တို့ ဆီက ထားဝယ်မြစ်ထက်တောင် ပိုပြီး ကျယ် မလားဘဲ ။ နွေအခါမှာ ချောင်းရေက နည်းနည်းလေးပဲ ကျန်နေတော့ ကားနဲ့ တစ်ခါတည်း ချောင်းထဲ ဖြတ်မောင်းလို့ လွယ်ကူပါတယ် ။ မိုးတွင်းဆို လှေတွေ နဲ့ ဖြတ်ကူးကြတာလားမသိဘူး ။ ချောင်းအကျယ်ကြီးထဲမှာ ရေစီးနေတဲ့ နေရာက နည်းနေပြီး အများစုဖြစ်တဲ့ ကုန်းပေါ်နေတဲ့ နေရာတွေ မှာတော့ ကြက်သွန်ခင်းတွေ နဲ့ အပြည့်လို့ပါဘဲ ။ အဲဒီလို ကျောက်စရစ်ဆန်တဲ့ မြေပေါ်မှာ ကြက်သွန်ပင်တွေ ဖြစ်ထွန်းနေတာကို ကျတော်ကတော့ အတော်လေး အံ့သြနေမိတယ် ။ စီးဆင်းနေတဲ့ ရေတွေက စိမ့်စမ်းရေလို ကြည်လင်တောက်ပနေတော့  ငယ်ငယ်တုန်းက ချောင်းနားရောက်ရင် ဝေးဟေးဟေး ဆိုပြီး ရေထဲ တစ်ရှိန်ထိုးကို ခုန်ဆင်းပြီး ရေထဲပြေးဆော့ခဲ့ ဖူးတာကိုလည်း လွမ်းမိသလိုလိုဖြစ်လာပါသေးတယ်  ။ အခုတော့ ရေပြင်ပြာလဲလဲကြီးကို ကားပေါ်ကနေပြီးတော့ပဲ အမိအရ ဓာတ်ပုံတွေ ရိုက်ယူရင်း ကြေနပ်လိုက်ရတယ် ။ ကျတော်တို့ ချောင်းကြီးထဲကိုဖြတ်သွားနေစဉ်မှာတော့ ယောချာင်းကူး တံတား ( ရေပြာ ) ဆောက်လုပ်မှုလုပ်ငန်းတွေကိုတွေ့ ရသေးတယ် ။ ချောင်းရဲ့  ရေမရှိတဲ့ အပိုင်းတွေ မှာ ဆောက်လုပ်ရေးသမားတွေ ရဲ့ ယာယီ တဲလေးတွေ နဲ့ ရွာတစ်ရွာစာလောက်ကို စည်းကားနေတော့ တာပါပဲ .။ ဒီယောချောင်းကူး တံတားကို လာမယ့် မိုးရာသီအမှီ ပြီးအောင် ဆောက်လုပ်နိုင်မယ်မထင်ဘူး ၊ အခုမှ တံတား တိုင်ထူရုံဘဲ ရှိပါသေးလို့ပါ ။



ယောချောင်းအတွင်းမှ မြင်ကွင်းကြယ်
ယောချောင်းအတွင်းမှ မြင်ကွင်းကြယ်



                                ယောချောင်းကို ဖြတ်ပြီးတာနဲ့ သိပ် မကြာခင် ပခုက္ကူ မြို့ ကနေ 45 မိုင်လောက်အကွာ လောက်မှာ ပေါက်မြို့ ကိုရောက်ပါတယ် ။ ပေါက်မြို့ ဟာ မြို့ နယ်ရုံးစိုက်ရာ မြို့ တစ်မြို့ ဖြစ်ပြီး ဈေးနားဝန်းကျင်မှာ တော့ လူသွားလူလာ အတော်လေး စည်ကားတာကိုတွေ့ ရတယ် ။ မြို့ လေးက ငယ်ပေမယ့် ဒေသထွက်ကုန်တွေ နဲ့ အထိုက်လျှောက် စီးပွားဖြစ်ထွန်းတဲ့ မြို့ တစ်မြို့  ဖြစ်ပုံရပါတယ် ။ ပေါက်မြို့ က နေကျော်ပြီးသိပ် မကြာခင်မှာ ရေအကုန်လုံး နီးပါးခန်းချောက်နေတဲ့ ယောချောင်းကြီးကို ထပ်ပြီးဖြတ်ရပြန်တယ် ။ အဲဒီလို မကြာခဏ ဒီချောင်းကြီးကို ဖြတ်ပြီး မှ ပေါက်မြို့ တည်ရှိနေတာကိုလည်း အံ့သြမိပါတယ် ။ ကျတော်စိတ်ထဲမှာ ….တကယ်ဆို ဒီလို ကျယ်ပျံ့ လှတဲ့  ချောင်းကြီးကို ခဏ ခဏမဖြတ်ဘဲ အရင်က မြို့ တည်သူတွေက ဘာဖြစ်လို့ မရှောင်းကွင်းဘဲ ဒီမြို့ ကို တည်ရတာပါလိမ့် ……ဆိုပြီး စိတ်ထဲမှာဘ၀င်မကျချင်သလိုလိုပါ. ။ တကယ်တော့ ….ဒီအတွေးက လက်ရှိ ဒီဖက်ခေတ်ကနေပြီး ကျတော့် အနေနဲ့ အရှေ့ အနောက် မစဉ်းစားဘဲ တွေးခဲ့မိတာပါ ။ အမှန်မှာတော့ အခု ကျတော် ဖြတ်သန်း နေတဲ့ ကားလမ်းဟာ အရင်က ရှိခဲ့ တာမှ မဟုတ်ပဲ ။ အရင်က လူတွေဟာ မြို့ ရွာတည်ရင် မြစ်ကမ်းနဘေး ၊ ချောင်းကမ်းနဘေးမှာသာ တည်လေ့ရှိပြီး အဲဒီ မြစ်တွေ ချောင်းတွေ ကိုပဲ အားကိုးအားထားပြုပြီး သွားလာကြရတာကလား. ။ ဒီတော့ အခုလက်ရှိ လမ်းတွေ အတွက် ဘယ်ထည့်စဉ်းစာလိမ့် အုံးမလဲ ။ ဒီမြို့ ကို တည်တဲ့ ရှေးလူကြီးတွေ နေရာရွေးမှန်သားပဲ ဆိုပြီး ကိုယ့် အတွေးနဲ့ ကိုယ် သဘောကျနေမိတယ် ။ ပြီးတော့ စောစောက မြို့ တည်တဲ့ ရှေးလူကြီးတွေ ကို ဒီချောင်းကြီးကို ဖြတ်ရတဲ့ ဒုက္ခက လွတ်ကင်းအောင် မြို့ ကိုရှောင်ကွင်းပြီးတည်ပါတော့လား ဆိုပြီး အပြစ်တင်တဲ့ အတွေးတွေ ၀င်မိတာကို လည်း ရှက်သလိုလို ဖြစ်နေမိပါတယ် ။



      ပေါက်မြို့  ...
ပေါက်မြို့  ...


                    ပေါက်မြို့ ကိုကျော်ပြီးတာနဲ့ ပတ်ဝန်းကျင်ဟာ သိသိသာသာ စိမ်းလန်း စိုပြေလာတာကို သတိထားမိပါတယ် ။ ကျတော်စီးလာတဲ့ ကားကလည်း တောင်ကုန်း ပေါ် တဖြည်းဖြည်း တက်စပြုလာနေပြီဆိုတော့ ချင်းတောင်တန်းနဲ့ ဆက်စပ်နေတဲ့ ပုံတောင်ပုံညာ တောင်တန်းနဲ့ နီးလာပြီဆိုတာကိုလည်း သတိပြုမိလိုက်တယ် ။  ကားထဲမှာ ပခုက္ကူမြို့ ထွက်စ ကတည်းက  နားမခံသာလောက်အောင် အသံကျယ်ကြီးဖွင့် လာတဲ့ ကကက်ဆက်သံကလည်း ပတ်ဝန်းကျင်လေ့လာရင်း အတွေးနယ်ချဲ့ လာတဲ့ ကျတော်ကို အနှောက်ယှက်လို့ ကောင်းတုန်းပါ ။ ကားဆရာကို အသံတိုးပေးဖို့ လည်း မပြောဝံ့  ။ ကိုယ်က ဒီခရီးကို အခုမှ သွားဖူးပြီး ခရီးသည် တစ်ယောက်ရဲ့ အခွင့် အရေးတွေ ဘာတွေ သွားပြောနေလို့ကလည်းမဖြစ်ပြန် ။ အဲဒီလိုဖွင့်ပေးထားတာဟာ ဒီခရီးကို သွားနေကျ လူတွေ ရဲ့ အကြိုက်ကို လုပ်ပေးထားတာ နေမှာဘဲလေ..ဆိုပြီး နားလည်ပေးထားရပါတယ် ။ နောက်ဆုံးတော့ အကြံ တစ်ခုရတာနဲ့ တစ်ရှူးစ နှစ်စကိုလုံးချေပြီး နားနှစ်ဖက်မှာဆို့ထားလိုက်တော့ မှနားဝမှာ နေသာထိုင်သာရှိသွားပြီး ပတ်ဝန်းကျင်ကို သေချာဂရုစိုက်နိုင်တော့ တယ် ။



ပေါက်မြို့  အလွန် ....
ပေါက်မြို့  အလွန် ....



                                   ပုံတောင်ကို စတင်ပြီး တက်နေပါပြီ  ။ ပုံတောင်ဒေသဟာ အောက်ပြည်က ကျတော်တို့ ဒေသနဲ့ တော်တော် တူပါတယ် ။ သစ်ပင်ကြီး သစ်ပင်ငယ် တွေနဲ့ အုပ်ဆိုင်းနေပြီး တချို့ နေရာတွေ မှာဆိုရင် နေရောင်တောင် မပေါက်ပါဘူး ။ တောင်ကို ပတ်ပြီး ကားလမ်းဖောက်ထားတာဟာလည်း ကျတော်တို့ ထားဝယ်ကို သွားရာ မလွှဲတောင် လမ်းနဲ့ အတော်ကိုတူလှတယ် ။ တစ်ကယ်လို့ များ တန်ခိုးရှင် တစ်ယောက်က ကျတော့် ရဲ့ မျက်လုံးအစုံကို ပိတ်ပြီး ဒီနေရာမှာ လာပြီး ချထားခဲ့တယ်ဆိုရင် မျက်စိဖွင့် ပြီး ကြည့်လိုက်စဉ် တစ်ခဏမှာတော့ စောစောက ကျတော်ပြောခဲ့ တဲ့ ထားဝယ်ကိုသွားရာ မလွဲတောင်လမ်းလို့ပဲ မုချ ထင်မိမှာပါ ။ တောင်တက်လမ်း တစ်လျှောက် မြင်နေရတဲ့ သစ်ပင်တွေကိုလည်းကြည့်ပါအုံး ။ ကျတော်တို့ ဒေသမှာ ပေါက်နေတဲ့ အပင်မျိုးစာတွေ ချည်းပါပဲ ။ တောင်ထိပ် မရောက်ခင် တစ်နေရာမှာတော့ အပေါ်စီကနေ တောင်ကမ်းပါးတစ်နေရာကို လှမ်းမျော်ကြည့်မိပါတယ် ။ အခုတလော ဖေ့ဘုတ်မှာ သတင်းတွေ ပြန့် နှံ့နေတဲ့ ဘာစက်ရုံ ညာစက်ရုံရှိတယ် ဆိုတဲ့ နေရာကိုပါ ။ ကျတော် ကြည့်တဲ့ အချိန်က အဲဒီ သတင်းတွေ ဂျာနယ်တွေနဲ့ အင်တာနက် ဖေ့ဘုတ် စာမျက်နှာတွေအပေါ်မှာ မပျံ့ နှံ့သေးပါဘူး ။ ဒေသခံ သူငယ်ချင်းက တစ်ခါပြောဖူးလို့ သာကြည့်ဖြစ်လိုက်တာပါ ။ ကျတော့် အနေနဲ့ တောင်ကြီးကို ဖြိုထားတဲ့ တောင်နံရံကြီးကို အဝေးက နေ လှမ်းမြင်ရတာကလွဲလို့ ဘာမှလဲ မမြင်ခဲ့ရပါဘူး ။



ပုံတောင်ထိပ် တစ်နေရာ...
ပုံတောင်ထိပ် တစ်နေရာ...



                       အခု ကျတော်ရောက်နေတဲ့ ပုံတောင်ပုံညာ ဒေသဆိုတာ မြန်မာ့ သမိုင်းအတွက် သာမက ကမ္ဘာပေါ် ရှိလူသား မျိုးနွယ် တစ်စုလုံး ရဲ့  သမိုင်းတစ်စိတ်တစ်ဒေသကို ဖော်ထုတ်ပေးနိုင်ခဲ့ တဲ့ နေရာဖြစပ်ပါတယ် ။ ဒီနေရာ ဒီဒေသကြောင့် မြန်မာကို ကမ္ဘာက ပညာရှင်များစိတ်ဝင်စားလာကြတယ် ။ ကျတ်ာတို့ မြန်မာတွေ အနေနဲ့ ကတော့ ဒီဒေသအတွက် တစ်ကယ့် ကိုဂုဏ်ယူစရာပါ ။ ကားလမ်းနဘေး တောင်နံရံတွေ မှာမှာတော့ ကျောက်လိုလို မြေလိုလို အလွှာတွေ နေရာအနှံ့မှာတွေ့ရပါတယ် ။ ပခုက္ကမြို့ မှ 64 မိုင်ဝန်းကျင်လောက်မှာ ပုံတောင်ထိပ်ကိုရောက်ပါတယ် ။ တောင်ထိပ်မှာတော့ စေတီတစ်ဆူနဲ့ နတ်ရုပ်တွေ ထားရှိတဲ့ နနတ်နန်းတစ်ခု ကိုကားပေါ်ကနေ လှမ်းမြင်ခဲ့ ရပါတယ် ။ တချို့ ခရီးသည်တင်ကားတွေ နတ်နန်းမှာ ဦးတင်ပြီးမှ လိုရာခရီးကို ဆက်လက်ထွက်ခွာလေ့ရှိကြောင်း ဒေသခံ သူငယ်ချင်းက ပြောဖူးပေမယ့် ကျတော်စီးလာတဲ့ ကားက မရပ်ပါဘူး ။ ကားပိုင်ရှင်က ခရစ်ယာန်ဘာသာဝင်မို့ လို့ အဲတာတွေကို မယုံကြည်တာလားတော့မပြောတတ်ဘူး ။      


ပုံတောင်ထိပ်စေတီ ...
ပုံတောင်ထိပ်စေတီ ...


                                                  တောင်ထိပ်ကနေ ကားစဆင်းလာပြီး တောင်ပေါ်မကျ မြေပြန့် မကျ တောင်ကျော တစ်နေရာက “တပြင်း” ဆိုတဲ့ ရွာလေးကိုအရောက်မှာ ခရီးသည်များ နေ့လည်စာ ထမင်းစားဖို့ ကားရပ်ပေးပါတယ် ။ နေ့လည်စာ လို့သာဆိုရတယ် အချိန်ကြည့်တော့ ညနေ 3 နာရီထိုးနေပါပြီ ။  ဗိုက်က တအားကိုဆာနေတာနဲ့ စားပွဲအလွတ်တစ်ခုမှာ ၀င်ထိုင်လိုက်တယ်ဆိုရင်ဘဲ ဆိုင်ရှင်ကောင်မလေးက အနည်းဆုံး သုံးယောက်လောက် စားပွဲတစ်ခုထည်းမှာ စုပြီး ထိုင်ပေးဖို့ တောင်းဆိုလာပါတယ် ။  ဘာဖြစ်လို့ ပါလိမ့် ဆိုပြီး စိတ်ထဲ မှာတော့ ဖြစ်မိပါတယ် ။…ဒါပေမယ့် မတတ်နိုင်ဘူးလေ..သူတို့ နေရာဆိုတော့ သူတို့နဲ့ အလိုက်ထိုက်ပေါ့ ..ဆိုတွေးပြီး ကျတော် မထိုင်ခင်ကထည်းက ခပ်တည်တည်နဲ့ ( သပ်သပ်ရပ်ရပ် ၀တ်စားထားပြီး အသက် 40 လောက်ရှိတဲ့ ပညာတတ် ချင်း တိုင်းရင်းသားတစ်ယောက် ဖြစ်ပုံရပါတယ် ) လူတစ်ယောက် ထိုင်နေတဲ့ စားပွဲ တစ်ခု မှာ အသာလေးဝင်ထိုင်လိုက်ပါတယ် ။ ကိုယ်နဲ့ ထမင်း အတူတူစားရမယ့် သူနဲ့ တော့ တစ်ယောက်ကိုတစ်ယောက် မသိပေမယ့် အနည်းဆုံး မျက်လုံးလေးနဲ့ တော့  ပြုံးပြီး နှုတ်ဆက်သင့် တယ်ထင်လို့ အဲဒီပုဂ္ဂိုလ်ရဲ့ မျက်နှာ ကိုကြည့်လိုက်တော့ ကိုယ်တော်ချောက ခပ်တည်တည်လုပ်နေပါတယ် ။ ဒီတော့လည်း ကိုယ့် မျက်နှာကျောကို သပ်ပြီး အသာလေး နေလိုက်ရတာပေါ့  ။ လာချပေးတဲ့ ဟင်းခွက်တွေက စုံလင်လှတော့ စားပွဲ တစ်ခုလုံးပြည့်လုမတတ်ပါပဲ  ။ ဟင်းတွေ ထဲ မှာ ကြက်သား ၊ ၀က်သား ၊ ငါး ၊ တောကောင်တစ်မျိုးမျိုးကို ချက်ထားပုံရတဲ့ ဟင်းတစ်မျိုး ၊ ပြီးတော့ ကလီစာဟင်းတွေ နဲ့ အရံဟင်းတွေကိုတော့ မမှတ်မိတော့ ပါဘူး ။ ဒီတော့ မှ ဒီတမင်းဆိုင်ဟာ ဘူဖေး ပုံစံနဲ့ ရောင်းတဲ့ဆိုင်ပါလား ဆိုပြီး သဘောပေါကလိုက်ရတယ် ။

                                ထမင်းစားတာ့ မယ်ဆိုတော့ ဒုတိယအကြီမ် ခပ်တည်တည်လုပ်နေတဲ့ ကိုယ်တော်ချောကို တချက်ကြည့်လိုက်တဲ့ အချိန်မှာ ထမင်းပန်းကန်ကိုကိုင်ပြီး ဘုရားဆုတောင်းနေတာ မြင်ရတော့ ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ်မှာဘဲလို့ တွေးလိုက်ပြီး သူဆုတောင်းစာရွတ်ပြီးတဲ့ အချိန်ထိ ထမင်းစမစားဘဲ စောင့်နေလိုက်ပါတယ် ။ ပြီးမှ  ကျတော်လည်း ဇွန်းနဲ့ ခက်ရင်းကို စကိုင်ပြီး ထမင်းစ စားဖို့ ပြင်ရတယ် ။ ထမင်းစစားတော့ မယ်ဆိုတော့  ကဲ..စားရအောင် ၊ စားပါ ..ဆိုပြီး တစ်ယောက် ကိုတစ်ယောက် လောကွက် ပြုရင် ကောင်းမလားလို့ တွေးမိပေမယ့် ကိုယ့် လူက ထမင်းကိုသာ ကသိုက်ကရိုက်စားနေတော့ ကျတော်လည်း ဆောင်လောင်လှတဲ့ ကိုယ့်ဗိုက်ကိုဘဲ ခပ်မြန်မြန်လေး ဖြည်နေရတော့တယ် ။ ကိုယ်ရောက်နေတဲ့ ဒေသက ချက်ပြုတ်ထားတဲ့ ဟင်းလျှာအကုန်လုံးကို မြည်းစမ်းချင်ပေမယ့် တဖက်လူနားကပ်ပြီးချပေးထားတဲ့ ဟင်းကိုတော့ လှမ်းပြီး မနိုက်ဝံ့ဘူး ။ သူကလည်းကျတော့် လက်လှမ်းမှီအောင် ဟင်းခွက်ကိုရွှေ့ ပေးတာမဟုတ်တော့ ..တော်ကြာ ဘယ်ရပ် ဘယ်ဒေသက အငတ်ဘေးဆိုက်ပြီး ရောက်လာတဲ့ လူပါလိမ့် ဆိုပြီး ကျတော့် အပေါ်ထင်ရောက်သွားရင် မခက်ပေဘူးလား ။ ဒီတော့ လက်လှမ်း မှီတဲ့ ဟင်းတွေ နဲ့ ပဲကျေနပ်လိုက်ရပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် စုံလင်လှတဲ့ ဟင်းတွေနဲ့ ထမင်း တစ်နပ်စာ ကို1500ကျပ်ပေးရတာ အတော်ကိုတန်တာပါ ။    


သူတို့ ဆီက ထန်းပင်တွေမှာ...
သူတို့ ဆီက ထန်းပင်တွေမှာ...



                               ထမင်းစား နားတဲ့ တပြင်းရွာ ကျော်ပြီးနောက်မှာတော့ ကျောက်ထုမြို့ ကိုရောက်ဖို့ သိပ်မလိုတော့ ပါဘူးလို့ ခန့်မှန်းမိပါတယ်  ။ အိုင်ပက်မှာ ပြနေတဲ့ GPS မြေပုံကလည်း ကျတော်သွားမယ့် ခရီး 75 ရာခိုင်နုန်း လောက်ထိ ရောက်နေကြောင်းပြနေပါတယ် ။  အဲဒီရွာကနေ ဆက်ပြီးထွေက်လာပြီး ကတည်းက တောင်ကုန်းတွေ ကိုမတက်ရတော့ပါဘူး ။ မြေပြန့် ခပ်ပြေပြေ ပေါ်မှာဘဲ ကားလေးက ပြေးနေပါတယ် ။ မြေပြန့် ဆိုပေမယ့်  တောင်ပေါ်ဒေသဖြစ်နေတာမို့ သာမန်မြေပြန့်ထက်တော့ ပိုမြင့်ပုံရပါတယ် ။ ပတ်ဝန်းကျင် ကိုကြည့်လိုက်ရင် စိမ်းစိမ်း စိုစိုနဲ့မို့ ကျတော့် စိတ်ထဲ မှာတော့ ကိုယ်မရောက်ဖူးတဲ့ ဒေသ တစ်ခုကိုရောက်နေတယ်လို့ကို မထင်ရဘူး ။ အားလုံးက ကျတော်တို့ အောက်ပြည် အောက်ရွာက ပတ်ဝန်းကျင်ရှုခင်းတွေ နဲ့ တစ်ထပ်တည်းကို ကျနေတော့ တာ. ။ အုန်းပင်တွေ  တွေ့ ရတယ် ၊ ၀ါးပင်တွေကိုလည်းတွေ့ ရတယ် ၊ ပြီးတော့ ထန်းပင်တွေ ကိုရောပဲ ။ အဲ …. ထန်းပင်ဆိုလို့ ကျတော်တို့ ဒေသက ထန်းပင်နဲ့ မတူဘဲ ထူးခြားတာလေးကို တွေ့ ခဲ့ ရသေးတယ် ။ ထန်းပင်တွေက အညာဒေသ မှာလို တောလိုက်ပေါက်ရောက်နေတာမျိုးတော့ မဟုတ်ဘူး ။ ကျိုးတိုးကျဲတဲ ပါပဲ ။ ကားလမ်းနဘေး ရွာနဲ့ နီးတဲ့ တချို့ ထန်းပင်တွေမှာ ထန်းပင် ခေါင်းနားကပ်ပြီး ၀ါးလုံးတွေ နဲ့ လင့်စင် လိုလို ငြမ်းလိုလို ဆောက်ထားတာတွေ့ ခဲ့ရပါတယ် ။ စမြင်မြင်ချင်းမှာတော့ ဘာအတွက် အဲသလို တွေ လုပ်ထားကြတာကို သဘောမပေါက်ဘူး ။ ရွာကိုရောက်တော့ မှ ဒေသခံ ဖြစ်တဲ့ ကျတော့် သူငယ်ချင်းကို အသေချာမေးကြည့်ဖို့ စိတ်ထဲ တေးထားလိုက်ရတယ် ။


ကျောက်ထုမြို့ အ၀င် ....
ကျောက်ထုမြို့ အ၀င် ....



                              ကျောက်ထုမြို့ နဲ့ နီးလာလေလေ ရွာလေးတွေ ရွာလေးတွေ တဖြည်ဖြည်း စိတ်စိတ်လာလေလေပါပဲ ။. ရွာနာမယ်တွေက ဖတ်ရတာ နဲနဲ ထောက်သလိုလိုရှိပေမယ့် ကျတော်တို့ တနင်္သာရီ တိုင်းထဲ က မြို့ ရွာနာမည်တွေလို မဟုတ်ပဲ မြန်မာဆန်တဲ့ နာမည်တွေဖြစ်တာကို သတိပြုမိပါတယ် ။ သိပ်မကြာခင်မှာဘဲ  ပခုက္ကူကနေ ရေတွက်လာတဲ့ မိုင်တိုင် အမှတ် 78 မိုင်ကျော်ကျာ်လောက်မှာ ကျောက်စရစ်ခဲ ပြင်ကြီးတွေ ပေါ်နေတဲ့ ချောင်းကမ်းနဘေးက “ကျောက်ထုမြို့ မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ လိုက်ရပါပြီ ။ ဒီနေရာမှာ ကျတော်ပဲ အမှတ်မှားနေသလားတော့ မသိဘူး ။ မြန်မာပြည် ခရီးသွားလမ်းညွှန် 2013 စာအုပ်မှာ ပခုက္ကူမှ ကျောက်ထု ကို မိုင် 90 ဆယ်ခန့် ရှိတယ်လို့ ဖော်ပြထားပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျတော်ရောက်ချင်လှတဲ့ ယောနယ်ထဲ က ကျောက်ထုမြို့ ကိုတော့ အခုရောက်နေခဲ့ပါပြီ ။ ကျောက်ထုမြို့ ကို ဒီဒေသရဲ့ မြို့ ရွာတည်လေ့ရှိတဲ့ ထုံးစံ အတိုင်း ကျောက်တုံးနဲ့ မြေရောနှောနေတဲ့ တောင်ကုန်းကြီးပေါ်မှာ ထည်ထားတာ ဖြစ်ပါတယ် ။ မြို့ နယ်ရုံးစိုက်ရာ မြို့ ဖြစ်ပေမယ့် လည်း ဂန့်ဂေါ ခရိုင်ထဲက ဆောမြို့ လက်အောက်ခံ မြို့ နယ်ခွဲသာဖြစ်ပါတယ်လို့ သိရပါတယ် ။  မြို့ ကို တောင်ပေါ်မှာတည်ထားတာဆိုတော့ ကုန်းတက်ကုန်းဆင်းတော်တော်ကိုပေါများလှပါတယ် ။ ကျောက်ထုမြို့ ကနေ တောင်ဘက်သွားရင် ဆော နဲ့ လောင်းရှည် မြို့ တို့ ကိုရောက်ပါမယ် ။ တခါ ကျောက်ထုကနေ အနောက်ဘက်ကို ဆက်သွားမယ် ဆိုရင်တော့ မင်းဒပ် ၊ မတူဘီအထိ ရောက်တယ်တဲ့ ။


ကျောကိထုမြို့ တွင်းတစ်နေရာ ..
ကျောကိထုမြို့ တွင်းတစ်နေရာ ..



                              ဒီနေရာမှာ ကျောက်ထုမြို့ အကြောင်း ကို ခဏထားပြီး ကျတော် ဆက်သွားမယ့် ခရီးအတွက် စီစဉ်ရပါအုံးမယ် ။ ကားသမားက ကျောက်ထု မြို့ လယ်လို့ ထင်ရတဲ့ နေရာရောက်တော့ ကျတော့် ကိုဆင်းဖို့ သတိပေးပါတယ် ။ ဒါပေမယ့် ကျတော့် သူငယ်ချင်း စောင့် နေမယ်လို့ ပြောတဲ့ ဆေးရုံနားမှာဆင်းမယ်လို့ ပြန်ပြောလိုက်ရပါတယ် ။ ပြောမယ့် သာပြောရတယ် အဲဒီဆေးရုံကိုလည်း ကိုယ်ကသိတာမဟုတ်တော့ ကျတော့ ကိုလာကြိုနေမယ့် သူငယ်ချင်းဖြစ်သူရဲ့  မျက်နှာကိုသာ အကွင်းလိုက်ကြီးမြင်ရင်း ရင်ခုန်စွာနဲ့ ကားရပ်မယ့် နေရာအထိ လိုက်ပါခဲ့ရတယ် ဆိုပါတော့ ။
                                                                                                                  

( ခရီးဆက်ပါအုံးမယ် )

 ရန်နောင်စိုး

ယောမြို့ ကပြန်ခဲ့တယ် ... ဆေးဝါးလည်း ကျွန်တော်နားမလည် ( ၂ )

$
0
0





           ကျောက်ထုမြို့  ကိုရောက်လို့ ကားပေါ်ကနေ အထုတ်ဆွဲပြီးဆင်းတဲ့ အချိန်မှာ ညနေ ၄ နာရီ မီနစ် ၂၀ ရှိပါပြီ ။ ကျတော် အကွင်းလိုက်ကြီး မြင်ယောင်နေတဲ့ မျက်နှာနဲ့ လာကြိုမယ်သူကို လိုက်ရှာကြည့်တော့ အနီးနားတစ်ဝိုက်မှာ တစ်ယောက်မှ မတွေ့  ။ လမ်းပေါ်မှာ လူဆိုလို့ ကျတော့် တစ်ယောက်တည်း ငေါင်စင်းစင်းကြီးနဲ့ ရယ်ပါ ။ ကျတော့် လာခဲ့ တဲ့  လမ်းတစ်လျှောက် ဖုန်းလိုင်းမိတဲ့ နေရာတိုင်းမှာ  …. အစ်ကိုကြီး ဘယ်နားရောက်နေပြီ လဲ … ကျတော် အခု ကျောက်ထု ကိုသွားဖို့ ရွာကနေထွက်လာနေပြီ
..အေးဆေးသာလိုက်ခဲ့ ကျတော် ကြိုနှင့်မယ် ..ဆိုပြီး အတန်တန် ဖုန်းဆက်ထားတဲ့ သူက အခုကျတော် ကျောက်ထု ရောက်တဲ့ အချိန် သူအရင် ကြိုပြီးရောက်နှင့်မယ်လို့ ပြောခဲ့တဲ့ နေရာကို ရောက်မလာခဲ့ ဘူး  ။ နယ်မြို့ လေးဆိုတော့လည်း မြို့ ခံတွေက တခြားဒေသက သူစိမ်းတစ်ယောက် ရောက်လာရင် ထင်ထင်ရှားရှားနဲ့ လွယ်လွယ်ကူကူနဲ့ သိနေပုံရပါတယ်  ။  အနီးနား ပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေနဲ့ လက်ဖက်ရည်ဆိုင်ထဲ မှာ ထိုင်နေကြတဲ့ သူတွေက ကျတော့်ကို ကုတ်ချောင်းကုတ်ချောင်းနဲ့ စူးစမ်းသလို ကြည့်နေကြပါတယ် ။ အဲဒီချိန်မှာဘဲ ပထမဆုံးအကြိမ် ကျတော့် စိတ်ထဲ အားငယ်စိတ်တွေ ပြေးဝင်လာပါတော့ တယ် ။ ကျတော်က ရန်ကုန်ကနေပြီးတော့သာလာခဲ့တာ အောက်ပြည်ဖြစ်တဲ့  ထားဝယ်ဒေသကသာ ကိုယ့် ရပ်ရွာ ကိုယ့် ဇာတိ မြေအဖြစ် အမြဲတမ်းခံယူထားတော့ အခုလိုဝေးလံလှတဲ့ အရပ်ဒေသ ၊ ကိုယ်နဲ့ သိတဲ့ သူဆိုလို့ တစ်ယောက်တစ်လေ မှမရှိတဲ့ ဒီကျောက်ထု လို မြို့ လေးမှာ ဘယ်ကိုရှေ့ ဆက်သွားပြီး ဘာတွေဆက်လုပ်လို့ လုပ်ရမယ် မှန်း မသိတော့ ။ ပခုက္ကူ မြို့ မှာ လိုတည်းခိုခန်းတွေ ဟိုတယ်တွေ ရှိရင် ဘာအရေးလဲ ။ တကယ်ဆို ဒီဒေသကို မရောက်ဖူးတဲ့ ကျတော်စီးလာတဲ့ ကားမဆိုက်ခင် အချိန်နဲနဲ လေးစောပြီး လာစောင့် နေဖို့ ကောင်းတာ ။ သူ့ မျက်နှာကို တစ်ရွာ မဟုတ်ဘူး   ဒီချင်းတောင်ကြီး တခုလုံးစာမျှ အားကိုးပြီးလာခဲ့ တယ်ဆိုကာမှ  ဒီပုဂ္ဂိုလ် လုပ်ရက်လေခြင်းဆိုပြီးတော့ စိတ်ထဲ မှာတော့ တောင်တွေး မြောက်တွေးနဲ့ အတွေးတွေ ရှုပ်ရှက်ခပ်နေပါတယ် ။ လက်ကလည်း ကျောက်ထုမြို့ ကို ၀င်ပြီ ဆိုကတည်းက သူ့ ဖုန်းကို ခေါ်နေလိုက်တာ Call Logs မှာ ကြိမ်အရေတွက် 20 ကျော်နေပါပြီ ။ ခေါ်တိုင်းလည်း စက်ပိတ်ထားပါတယ် နဲ့ ဆက်သွယ်မှုဧရိယာ ရောက်နေတဲ့ အကြောင်းဘဲ ထပ်ခါထပ်ခါ ပြန်ပြောနေပါတယ် ။



ဆိုင်ကယ်က ရေထဲဆင်း ၊ လူတွေကတံတားပေါ်ကလျှောက် .......
ဆိုင်ကယ်က ရေထဲဆင်း ၊ လူတွေကတံတားပေါ်ကလျှောက် .......



                       ဒီတိုင်းကြီးလမ်းပေါ်မှာ ရပ်နေလို့ကလည်း မဖြစ်တာနဲ့ နီးစပ်ရာ ဈေးဆိုင်လေး တစ်ဆိုင်ရဲ့  အပြင်ခုံတန်းလေးမှာ ဆိုင်ရှင်ကိုအခွင့် တောင်းပြီး ၀င်ထိုင်လိုက်ရပါတယ် ။ စိတ်ထဲ မှာတော့    အို …. သူလာမကြိုလဲ ဘာအရေးလဲ ၊ ကိုယ်ရောက် ရှိနေတဲ့ နေရာဟာ ကိုယ့်နိုင်ငံ ကိုယ့် တိုင်းရင်သား တိုင်းရင်းသူတွေ နေတဲ့ အရပ်ဘဲဥစ္စာ အိပ်စရာ နေရာ မရှိရင်လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ၀င်တည်းပြီး ပတ်ဝန်းကျင်ဒေသ ကိုလေ့လာခဲ့ ရုံပေါ့ …… ဆိုတဲ့ အတွေးနဲ့ ကိုယ့် စိတ်ကိုယ် တင်းပြီး မိုးနတ်မင်း သူငယ်ချင်းကြီး ကြွလာနိုးနိုးနဲ့ ထိုင်စောင့် နေခဲ့ပါတယ် ။ အဲဒီလို ထိုင်စောင့် နေတာ အချိန်ဘယ်လောက်ကြာသွားသလဲ တော့ မသိဘူး ။ ဈေးဆိုင်ပိုင်ရှင် အစ်မကြီးက ကျတော့်ကို  စိတ်ချလက်ချ နဲ့ ဘာမှလည်းမပြောမဆိုဘဲ ဆိုင်ကိုထားပြီး အပြင်ထွက်သွားပါတယ် ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကျတော် စောင့် မျော်နေတဲ့ ကိုယ်တော်ချောက ဆိုင်ကယ် တစ်စီးနဲ့ အဝေးကနေပြီး ကျတော့ကို သိပ်ပြီး မျက်မှန်း မတန်းမိလို့ အကဲခတ်လာတဲ့ ပုံစံနဲ့ ကျတော့်ဆီ ဦးတည်ပြီး မောင်းဝင်းလာပါတယ် ။ ကျတော်ကလည်း သူရောက် ရောက်ချင်း   … ကျုပ်က မင်းဒပ်က ပြန်ဆင်းလာတဲ့ ကားနဲ့ ပခုက္ကူပြန်လိုက်သွားတော့ မလို့ လုပ်နေတာ…..( အဲလိုပြောလိုက်တဲ့ အချိန်မှာ ကျတော့ မျက်နှာက သုံမှုံနေပုံရပါတယ် ) …ဆိုပြီး ပြောလိုက်တော့   ကပြာကရာနဲ့   ဟာ..အစ်ကိုကြီး အဲ လိုလုပ်လို့ ဘယ်ဖြစ်မလဲ ဗျာ…အစ်ကို လာမှာမို့ လို့ စစရာရာပြင်ဆင်ပြီးသားဗျ ….. ပြီးတော့ ကျနော် ဒီနေရာကို ဆိုင်ကယ်နဲ့ လာပြီး ပတ်ပတ် ကြည့်နေတာ ဆယ်ခါလောက်ပြည့်ရော့ မယ် ..ကျတော့် ဖုန်း call logs ကိုကြည့်အုံး အစ်ကို့ ဖုန်းကို တောက်လျှောက် ခေါ်ထားတာဗျ ….ဆိုပြီး အားနာ စွာနဲ့ ဆိုပါတယ် ။  ဖြစ်ပုံက …. ကျောက်ထုမြို့ ရဲ့  ကုန်းအတက်အဆင်း များတဲ့ နေရာတွေ မှာ ဖုန်းလိုင်း မမိနိုင်တာကို သိထားမိပုံမရဘဲ ကျတော်နဲ့ ချိတ်ဆက်မိဖို့ ဖုန်းကိုဘဲ အားကိုးထားလို့ အဲ ဒီလို လွဲချော်မှုတွေ ဖြစ်ခဲ့ ရတယ်လို့ အဖြေထွက်လာပါတယ် ။



ကျောက်ထု ကနေ ရွာကို သွားတဲ့ လမ်းအကြားက ဖုန်လမ်းလေး..
ကျောက်ထု ကနေ ရွာကို သွားတဲ့ လမ်းအကြားက ဖုန်လမ်းလေး..



                     ကိုင်း ..ဒါဖြင့် ရင်လဲ မိုးကလဲ ချုပ်လာပြီဆိုတော့ ခရီးဆက်ကြစို့  ဆိုပြီး 6 မိုင်လောက် ဝေးတယ်လို့ သိရတဲ့  လာကြိုသူ ကျတော့် သူငယ်ချင်းရဲ့ ရွာဖြစ်တဲ့ လက်ပန်းရွာ လေးကိုထွက်ခွာဖို့ ပြင်ဆင်ရပါတယ် ။ စောစောက ပြောခဲ့ တဲ့ အတိုင်း ကျောက်ထု မြို့ လေးက တောင်ကုန်းပေါ် တည်ထားခဲ့ တာဆိုတော့ မြို့ နယ်နိမိတ်ကနေ ရွာဘက်ကို စထွက်ပြီဆိုတာနဲ့ တော်တော် ကိုမတ်စောင့် တဲ့ ကျောက်တုံးခင်း လမ်းပေါ်ကနေ ထိုးပြီးဆင်းရပါတယ် ။ အရှေ့ က မောင်းနေတဲ့ သူက ဘယ်လောက် သတိထားပြီးမောင်းနေရသလဲတော့ မသိ နောက်ကနေထိုင်တဲ့ သူတောင်မှ ဆိုင်ကယ်ကို ခုံတန်းက လက်ကိုင်ကို သေခြာမြဲမြံစွာကိုကိုင်ထားလိုက်ရတယ် ။ မြေပြန့် အပေါ် ရောက်လို့ နဲနဲ လေးမောင်းလာပြီးတာနဲ့ ချောင်းလေးတခု ခြားထားတဲ့ ရွာငယ်လေးတစ်ရွာ ကိုတွေ့ ရပါတယ် ။ ရွာနာမည်ကတော့ လေးရွာ ပါတဲ့ ။ ဆိုင်ကယ်တွေကတော့ ချောင်းထဲ က ဖြတ်မောင်းသွားပြီး တစ်လက်မ သံလုံး အရှည်ကြီးတွေနဲ့ ကြိုးတံတားလိုလုပ်ထားပြီး အခင်းပြင်မှာ ၀ါးကပ် ခင်းထားတဲ့ တံထားပေါ်ကနေ ကျတော်က ဖြတ်လျှောက်ရတယ် ။ ကြိုးတံတားဆိုတော့ ယိမ်းထိုးလှုပ်ခါနေတာမို့ တစ်နေ့တာလုံးကားစီလာရတဲ့ ကျတော့် ခေါင်းက ခပ်မူးမူး နဲ့ ချောင်းထဲ ပြုတ်မကျ အောင် အတော်လေးကို သတိထားပြီး လျှောက်ရတယ် ။
                               အဲဒီ လေးရွာ ကျော်လို့ ခရီးစအထွက်မှာ လှည်လမ်း ( လှည်းတွေ ဘဲ အဓိက သွားပုံရတယ် ) သာသာ မြေနီလမ်းလမ်းလေးက ဆက်မောင်းရပြန်တယ် ။ ဖုန်တွေက ခြေဖ၀ါး မြုတ်အောင် ထူနေပေမယ့် ကျတော်တို့ အရှေ့ က သွားနေတဲ့ ဆိုင်ကယ် မရှိတော့ ဖုန်ထတဲ့ ဒဏ်ကိုတော့ မခံရပါဘူး ။ ဒီလောက်ဖုန်ထူနေတာ မိုးတွင်းဆိုတော့ ဗွက်တွေထပြီး သွားရေးလာရေး တော်တော် ကိုခက်ခဲ မှာပဲလို့ စိထဲ မှာတော့ တွေးမိပါတယ် ။ဖောက်ထားတဲ့လမ်းတွေကလည်းအဆင်ပြေဆုံးနေရာတွေကိုမှ ရွေးပြီးဖောက်ထားရတာဖြစ်မယ် ထင်တယ် ။ ဒါတောင်မှ တချို့ တောင်ကုန်းတွေ ဆို မတ်စောက်လွန်းလို့ ဆိုင်ကယ်ကို ဂီယာအကြီးတင်ပြီး အသားကုန် မောင်းပြီးတက်နေတဲ့ အချိန်မှာ နောက်ကနေထိုင်ပြီးလိုက်နေတဲ့ ကျတော်က နောက်ပြန်မလန်ကျသွားအောင် ဆိုင်ကယ်မောင်းသူရဲ့ ပခုံးအသေကိုင်ထားရတယ် ။ တစ်ခါ အဲဒီလို မတ်စောက်တဲ့ ကုန်းကြီး အပေါ်က နေအရှိန်နဲ့ ဆင်းရပြန်တော့ နောက်ကနေ ခွပြီးစီးလိုက်နေတဲ့ ကျတော်က ဆိုင်ကယ် ထိုင်ခုံနောက် ထိုင်ခုံသံကိုင်းကြီးကို မလွတ်တမ်း ကိုင်ဆွဲထားရသေးတာ ။ အဲလိုမျိုးသာ မကိုင်ထားဘူးဆိုရင်တော့ နောက်ကနေ ထိုင်တဲ့ သူက မောင်းသူကိုကျော်ပြီး လက်ကားယား ခြေကားယားနဲ့ ဂျွန်းပြန်ပြီး ဆိုင်ကယ်အရှေ့ မှောက်  ၀ုန်း ..ဆိုပြီး သွားကျလောက်တယ် ။ ဒေသခံ သူငယ်ချင်းက သူ့ တို့ ရွာသွားတဲ့ လမ်းကို ဒီနှစ်မှာ ဘူဒိုဇာ ၀င်ပြီး လမ်းတွေ ချဲ့ ပေးသွားလို့ အခုလို ကောင်းသွားသေးတာ တဲ့   ။ သြ……ဒါဆို အရင်က သူတို့ ရွာကလူတွေဟာ ကျောက်ထုမြို့  လေးနဲ့ ဘယ်လိုများဆက်သွယ် ပြီးသွားလာနေကြပါလိမ့် လို့ စိတ်မသက်မသာနဲ့ တွေးနေမိပါတယ် ။



ကျောက်ထုနဲ့ လက်ပန်းရွာကို မြွေလိမ်မြွေကောက် ယောချောင်းနဲ့ အတူ မြေပုံမှာတော့ ဒီလိုတွေ့ ရတယ် ....
ကျောက်ထုနဲ့ လက်ပန်းရွာကို မြွေလိမ်မြွေကောက် ယောချောင်းနဲ့ အတူ မြေပုံမှာတော့ ဒီလိုတွေ့ ရတယ် ....



                           တိုတိုပြောရရင် ကျောက်ထု ကနေ ကျတော်သွားမယ့် လက်ပန်းရွာကိုရောက်ဖို့ စောစော ကပြောခဲ့ တဲ့ လေးရွာ ကိုကျော်ပြီး နောက်ထပ် မြေက်မကျဉ်း ၊ ပဆုပ် စတဲ့ ရွာတွေကိုဖြတ်ရပါသေးတယ် ။ အဲလိုသွားရာမှာ ကွေ့ ကောက်ပေါများလှတဲ့ ယောချောင်းကြီးကို ( စုစုပေါင်း 3 ခါဖြတ်ရတယ် ) ဖြတ် ၊  ကျောက်ခင်းလမ်း တစ်လှည့် ၊ ဖုန်လမ်းတစ်လှည့် နဲ့ တစ်ကုန်းတက် တစ်ကုန်းဆင်း သွားပြီး နောက်ဆုံးမှာတော့  ကျတော်သွားမယ့် လက်ပန်းရွာ အ၀င်က ယောချောင်းကိုဖြတ်ပြီးဆောက်ထားတဲ့ ယာယီတံတား လေးကို နေ၀င်ခါနီး အချိန်လေးမှာ မြင်နေရပါပြီ ။ အဲဒီယာယီ ချောင်းကူးတံတား အခင်းပြင်က ၀ါးကပ်နဲ့ ခင်းထားတာမို့ လို့ ဆိုင်ကယ်ကို အရင် ဖြတ်ခိုင်းပြီး ကျတော် ကနောက်ကနေ လမ်းလျှောက်ပြီး လိုက်ရပါတယ် ။ တံတားကိုဖြတ်နေတဲ့ အချိန်မှာ ကြည်လင် သန့် ရှင်းနေတဲ့ ယောချောင်းရေ ထဲ မှာ ငါးလေးတွေ ကူးခပ်နေတာကို အတိုင်းသားမြင်နေရတယ် ။ နွေအခါဆိုတော့ ချောင်းရဲ့ လေးပုံ ပုံလို့ တစ်ပုံသာ ရေရှိပြီး ကုန်းပေါ်နေတဲ့ နေရာတွေ မှာတော့ ထုံးစံအတိုင်း ကြက်သွန်ခင်းတွေ ကပြည့်လို့ပါပဲ ။ ယောချောင်း နဘေး ရွာအ၀င်လမ်းလေး နဘေးမှာတော့ လက်ပံပင်ကြီး တစ်ပင်က တစ်ပင်တည်း ထည်းထည်းကြီးရှိနေပြီး ဒီရွာကို လာလည်တဲ့ ကျတော့် ကို ကြိုဆိုနေသလိုလိုပါ ။ အဲဒီလက်ပံပင်ကိုကြည့်ပြီးတော့    xxx  ရွာထိပ်က လက်ပံ ပင်အောက် သူက လက်ပံပွင့်ကောက် အလာ xxx ကျတော်က ရွာကိုသွားမို့  xxx မမျော်လင့် ပါဘဲ တွေ့ ကြပြန်သည် xxxx   ဆိုတဲ့  ကိုမြကြီးရဲ့  ညိုချော သီချင်းလေးကို လည်း ကျတော့် ပါးစပ်ဖြားမှာ အလိုလို ညည်းမိသလို ဖြစ်သွားပါတယ် ။ အဆိုတော် ကိုမြကြီးကတော့ ရွာထိပ်လက်ပံပင်အောက်မှာ ညိုချောနဲ့ တွေ့ သတဲ့ .. ကျတော်လည်း ရွာက ညိုချော လေးတွေ နဲ့ လက်ပံပင်အနားမှာ တွေ့ များ တွေ့ လေမလားလို့ မျက်စိလေး မသိမသာ ရမ်းလိုက်မိသေးတယ် ။ ကျတော်တွေ့ တာကတော့ ညိုချောတွေ မဟုတ်ဘူး ။ ဖြူချောလေးတွေ ပါ ။ ယောချာင်းမှာ ရေချိုးပြီး လို့ပြန်လာကြပုံရပါတယ် ။ သီချင်းရေးဆရာတို့ ၊ စာရေးဆရာတို့ ဖွဲ မယ်ဆိုလည်း ဖွဲစရာဘဲကိုး ။ ကြည့်ပါအုံး ရွာထိပ် မှာ လက်ပံပင်ကြီးနဲ့ ဘယ်လောက်တောင်မှ အနုပညာ ဆန်လိုက်သလဲလို့ ။



လက်ပန်းရွာ အ၀င်က ယောချောင်းကူးတံတာလေး .....
လက်ပန်းရွာ အ၀င်က ယောချောင်းကူးတံတာလေး .....




                   ရွာထဲကိုဝင်တော့ မှောင်ရည်ပျိုးနေပါပြီ ။ ဒီရွာကလည်း ယောချောင်း ကမ်းနဘေးမှာဆိုတော့ မိုးတွင်း ရေကြီးမှုအန္တရာယ်ကို ရှေး လူကြီးတို့ တွေးမိလို့ လားတော့ မသိဘူး တောင်ကုန်းလေးပေါ်မှာပဲ ရွာကိုတည်ထားပါတယ် ။  ရွာအနေထားနဲ့ အိမ်အခြေ နေတို့ ကို ရောက်တာနဲ့ လေ့လာချင်ပေမယ့်လို့ မိုးလည်းတော်တော် ချုပ်နေတာနဲ့ ကျတော်အတွက် နေရာထိုင်ခင်း စီစဉ်ပေးထားတဲ့ သူငယ်ချင်းရဲ့  အိမ်အသစ်စက်စက် လေးဆီကိုသာ ဦးတည်ပြီး လာလိုက်ပါတော့တယ် ။ အိမ်လေးက ရွာနဲ့ စိုက်ခင်းတွေ ရဲ့ အစပ်မှာ ဆောက်ထားတော့ ပတ်ဝန်းကျင်သဘ၀ အလှတွေကိုခံစားပြီး လေကောင်းလေသန့် တွေ တစ်ဝကြီးရှု ရှိုက်ခွင့် ရလိုက်တယ် ။ ကျတော့် သူငယ်ချင်းက သူရှာဖွေစုဆောင်းခဲ့တဲ့ ငွေတွေ နဲ့သူမိသားစု အတွက် အိမ်အသစ်လေးတစ်လုံးဆောက်ထားတာတဲ့  ။ အောက်မှာ အုတ်ခုံခံပြီး အပေါ်ကို အုတ်ဆက်ပြီးစီမှာ ဖြစ်ပေမယ့် လောလောဆယ်မှာတော့ ထရံအပြားတွေ နဲ့ ယာယီ ကာထားပါတယ် ။ အထဲ ကိုဝင်ပြီး ကိုကြည့်လိုက်တော့ အားပါးပါး …. အိမ်ရဲ့ ပတ်ပတ်လည်မှာ အသုံးပြုထားတဲ့ တိုင်တွေက 6 လက်မ ပတ်လည်ကြီးတွေ ။ ကျတော်တို့ ဆီမှာ အိမ်တိုင်တွေ 6 လက်မ ပတ်လည်သုံးပြီး ဆောက်နိုင်တဲ့ သူမရှိသလောာက်ပါပဲ ။ ဘုန်းကြီးကျောင်းကြီးတွေ နဲ့  စာသင်ကျောင်းကြီးတွေ ထည်ထည်ဝါ၀ါ ဆောက်မှသာ အဲဒီ ခြောက်လက်မ ပတ်လည် တိုင်ကြီးတွေကိုသုံးကြတာ ။  ပြီးတော့ ထုတ်တမ်းဆွဲထားတဲ့ နေရာမှာလည်းကြည့်အုံး 4 လက်မ 3 လက်မ သစ်သားချောင်းကြီးတွေ ။ ဒါတောင်မှ အိမ်ပိုင်ရှင်ကျတော့် သူငယ်ချင်းက တံခါးပေါက်တွေနဲ့ ပြူတင်းပေါက်တွေကို ကျွန်းသား ရမှ လုပ်မှာမို့လို့ အခု ဒီအတိုင်းဘဲ ထား ထားသေးတာတဲ့  ။  စိတ်ထဲမှာတော့…… ဒီကလူတွေ ဒီလိုသာမန်အိမ်လေးမှာတောင် အဲလို သစ်ကြီးဝါးကြီးတွေ သုံးပြုပြီးဆောက်နေကြတာ ပိုက်ဆံပေါလွန်းလို့ တော့ ဟုတ်ဟန်မတူးဘူး… ၊  ဒီနေရာ ဒီဒေသတွေမှာ သစ်တွေ မတရားပေါပြီး ဈေးနုန်းချို သာလို့သာ ဖြစ်ရမယ်လို့ တွေးနေမိတယ် ။ ကျတော်တွေးတာ မှန်ပါတယ် ။ နောက်ပိုင်း ကျတော် စုံစမ်းကြည့်တော့ သစ်ဈေးက ကျတော်တို့ ထားဝယ် နယ်ဘက်က သစ်ဈေးထက် 3 ဆကျော်လောက် သက်သာနေပါတယ် ။



ကျွန်တော့ သူငယ်ချင်းရဲ့  ဆောက်လက်စ အိမ်အသစ်စက်စက်လေး ....
ကျွန်တော့ သူငယ်ချင်းရဲ့  ဆောက်လက်စ အိမ်အသစ်စက်စက်လေး ....



                                 အဲဒီအိမ်လေးမှာ အ၀တ်စားလဲ ပြီး ရေချိုးသွားရအောင်ဆိုပြီး ညဘက် ရွာထဲကိုဖြတ်ပြီး လမ်းလျှောက်ရင်း ခေါ်လာပေမယ့် ကျတော့် ကတော့ ဘယ်နားရောက်လို့ ရောက်နေမှန်းမသိဘူး ။ တချို့ အိမ်လေးတွေ တော်တော်များများမှာတော့ ရွာက စီးစက်မောင်းပြီး ပေးထားတဲ့ မီးလေး တစ်ပွင့် နှစ်ပွင့် စီလောက်ထွန်းထားတာတာ့ တွေ့ ရပါတယ် ။ ရေချိုး သွားမယ်ဆိုတော့ ရေတွင်းမှာ သွားပြီးချို့ မလို့ ထင်ပါရဲ့  ဆိုပြီး လိုက်လာခဲ့တာ နောက်မှ သူတို့ တစ်တွေ ကျတော့်ကို ရွာအပြင်က ယောချာင်းဆီကို ခေါ်သွားတယ် ဆိုတာသိလိုက်ရတယ် ။ ဒီယောချာင်းဟာ ဒီရွာကလူတွေ အတွက်တော့ နေ့ စာဉ်နေ့တိုင်း ရေချိုးကြတဲ့ နေရာကြီးတစ်ခုလည်း ဖြစ်ပေတယ် ။ ကျတော့် မှာတော့ ပြာသိုလကွယ် ည 7 နာရီအချိန် မှောင်မှောင်မဲမဲကွင်းပြင်ကြီးထဲ အမာဂျင်စီလိုက် တစ်ခုကိုကိုင်ပြီး ရေချိုးဖို့ ချီတက်လာနေရတာ တစ်မျိုးလေး စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်တယ် ။ ငယ်ငယ်ကဆို ချောင်းထဲ မှာ ရေကူးရတာ ပျော်မှပျော်ပဲ ။ ဒါပေမယ့် သီးသန့်ကြီး ရေချိုးဖို့ တော့ ရေချောင်းရှိရာကို တစ်ခါမှ မသွားခဲ ဖူးပါဘူး ။  ချောင်းကမ်းနားရောက်လို့ ရေချိုးတော့ မယ်ဟေ့..ဆိုတော့ ကျတော်နဲ့ လိုက်လာတဲ့ အဖော်နှစ်ယောက်က ရေချိုးပြီးသားမို့ မချိုးတော့ ဘူးတဲ့ ။ အဲဒီတော့ ကျတော့် တစ်ယောက်ထဲ မှောင်မှောင်မဲမဲ ကြီးတဲမှာ ရေဆင်းချိုးရတော့ တာပဲ ။ ကုန်းပေါ်က တော့ အမာဂျင်စီ လိုက် လေးနဲ့ သူတို့ ကမီးပြပေးထားပါတယ် ။ ကိုယ်တစ်ပိုင်းမြုတ်နေတဲ့ ချောင်းရေထဲ မှာ ဆပ်ပြာကို ဘယ်ကနေစပြီး တိုက်လို့ တိုက်ရမှန်းမသိဘဲ ဖြစ်နေပုံ                                                                                                           ကို ချောင်းပေါ်ကနေကြည့်နေကြတဲ့ ဟိုနှစ်ယောက်ကတော့ တော်တော်ကိုရည်ချင်နေပုံရတယ် ။
            အဲဒီညက ခရီးပန်းနေတော့  ညစာကို ဘာနဲ့ကျွေးလည်းတော့ မသိဘူး စားလို့ ကောင်းကောင်းနဲ့ ဆွဲလိုက်တာ တော်တော်လေးဗိုက်တင်းသွားတယ် ။ သူတို့ ရွာမှာက ညဘက် 9 နာရီလောက်ထိဘဲ မီးစက်မောင်းပေးတာတဲ့ ။ မီးပိတ်ပြီးပေမယ့် လည်း ကျတော့် ကိုလာနုတ်ဆက်ကြတဲ့ ရွာသားများနဲ့ စကားတွေ ပြောကြပြီး သိပ်မကြာခင်မှာဘဲ အသင့် ပြင်ဆင်ပေးထားတဲ့ အိပ်ရမှာ ထိုးအိပ်လိုက်ပါတော့ တယ် ။ ကျတော့် အတွက်ပြင်အေးထားတဲ့ ခြုံစောင် အထပ်လိုက်ကြီးကို သေခြာကြည့်လိုက်တော့ အကုန်လုံးရှစ်လွှာတိတိ ရှိပါတယ် ။ ဒါတောင်မှ စိမ့်နေအောင်အေးတာမို့ ကွေးလို့သိပ်ပြီးမလုံချင်ဘူး ။ ကျတော်ကတော့ ချမ်းစိမ့်စိမ့်လေးနဲ့ တစ်ချိုးတည်းအိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းအထိ တစ်ရေးပဲရတယ် ။ ကျတော်နဲ့ ကပ်ရက် အိပ်နေတဲ့ သူငယ်ချင်းကတော့ ကျတော့် ရဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျပြီး ထွက်ပေါ်လာတဲ့ ဟောက်သံကြောင့် တစ်ရေးမှကို အိပ်လို့ မပျော်ဘူးတဲ့ ။



ကျွန်တော် လာခဲ့တဲ့ လမ်းတစ်လျှောက်နဲ့ ယောနယ်မြေ တစ်စိတ်တစ်ဒေသ ...
ကျွန်တော် လာခဲ့တဲ့ လမ်းတစ်လျှောက်နဲ့ ယောနယ်မြေ တစ်စိတ်တစ်ဒေသ ...



                    ကျတော် အခုရောက်နေတဲ့ ယောဒေသဆိုတာ ယခုလက်ရှိ ခေတ်မှာ ယေဘုရအားဖြင့် ချင်းတောင်နဲ့ ပုံတောင်ပုံညာ ဒေသ ကြားက မြေပြန့် မြေပြန်လွင်ပြင်လေး တွေ ရှိရာ ဒေသတွေ ဖြစ်ပြီး မြောက်ကနေ တောင်ဘက်ကို ဂန့်ဂေါ ၊ ထီးလင်း ၊ ကျောက်ထု ၊ ဆော ၊ လောင်းရှည်   စတဲ့ မြို့ တွေရှိတဲ့ ဒေသတစ်ဝိုက်ကိုခေါ်ဆိုတာ ဖြစ်ပါတယ်တဲ့ ။ အဲ ဒီတောင်နဲ့ မြောက်တန်းနေတဲ့ တောင်ကြားဒေသ ရဲ့  အလယ်နားလောက်မှာ ကျရောက်တဲ့ ထီးလင်းမြို့ ကို ဗဟိုပြုပြီး မြောက်ဘက် ဂန့်ဂေါ ဖက်ခြမ်းကို မြောက်ယော ၊ တောင်ဘက် ကျောက်ထု ၊ ဆော ၊ လောင်းရှည် စတဲ့ မြို့ တွေ ရှိတဲ့ ဖက်ကိုတော့ တောင်ယောဆိုပြီး ခေါ်ကြပါတယ် ။ အရင်က ဒီဒေသ တစ်လျှောက်လုံးကို အတွင်းယော လို့ ခေါ်ပြီး ပြည်မနဲ့ ကာဆီးထားတဲ့ တောင်တန်းကြီးရဲ့  အပြင်ဘက်ပိုင်းကို အပြင်ယောလို့ ခေါ်ကြတယ်တဲ့ ။ အခုချိန်မှာ အပြင်ယောဒေသမှာရှိတဲ့ လူတွေက မြေပြန့်က ဗမာများနဲ့ ရောနှောသွားပြီး ယောလူမျိုးလို့ သိသိသာသာ မရှိတော့ ဘူးလို့ ဆိုပါတယ် ။ အရင်က ရှိခဲ့ ဖူးတဲ့ ယောမြို့ ဆိုတာက တောင်ယောဖက်မှာ ပါပြီး ကျောက်ထုကနေ 3 မိုင်ကျော်ကျော်ခရီးလောက်သွားရင် ရောက်တယ်လို့ သိရပါတယ် ။  အရင်က မြို့ အုပ် အဆင့် စော်ဘွားတွေ နေခဲ့ တဲ့ အဆောက်အဦ အကြွင်းကျန်လောက်သာ ရှိတော့ ပြီး အခုချိန်မှာတော့ ရွာငယ်တစ်ခု အဖြစ်နဲ့ သာတည်ရှိနေတယ်လို့ ဆိုပါတယ် ။ အဲ ဒီနေရာကို သွားရောက်လေ့လာသင့် ပါလျှက်နဲ့ ကျတော်မရောက်ဖြစ်ပါဘူး ။ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီဘောဘုရင်ရဲ့ မယ်တော် ၊ မင်းတုန်းမင်းကြီးရဲ့  များလှစွာသော မိဖုရားတွေ ထဲက တစ်ပါးဖြစ်တဲ့ လောင်းရှည်မိဘုရားဆိုတာ ဒီယောနယ်က လောင်းရှည်မြို့ သူဖြစ်ကြောင်း သိရပါတယ် ။ ဒီယောနယ်ဒေသဟာ ဘုရင်တွေ ရှိစဉ်ခေတ်ကာလကတည်းက အထင်ရဖြစ်ခဲ့ တဲ့ နေရာဖြစ်ကြောင်းကို ယောအတွင်းဝန် ဦးဖိုးလှိုင် လိုအထက်တန်းစား ပညာရှိအမတ်က ယောမြို့ စားဖြစ် ခန့်အပ်ခြင်းခံရတာကိုခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ် ။


ယောနယ်ထဲက တောင်သားလူမျိုးများ ...( ယောနယ်သူ ယောနယ်သား အဖွဲ့ ထဲ မှ ကူးယူဖော်ပြပါတယ် )
ယောနယ်ထဲက တောင်သားလူမျိုးများ ...( ယောနယ်သူ ယောနယ်သား အဖွဲ့ ထဲ မှ ကူးယူဖော်ပြပါတယ် )



                  ယောနယ်ထဲ မှာ စိတ်ဝင်စားစရာကောင်းတဲ့ တောင်သားလူမျိုးဆိုတာ ရှိသေးတယ် ။ သူတို့ တစ်တွေက သီးသန့် ရွာတွေ နဲ့ နေကြပြီး တခြားလူမျိုးတွေ နဲ့ ရောရောနှောနှောနေလေ့မရှိဘဲ သီးသန့် ဆန်တယ်လို့ ဆိုပါတယ် ။ သမိုင်းပညာရှင် တစ်ချို့ က အဲဒီ တောင်သားလူမျိုးတို့ ကို ပျူလူမျိုးတို့ လက်ကျန်တွေ အဖြစ်နဲ့ ယူဆထားတယ်လို့ မှတ်သားရဖူးပါတယ် ။ သူတို့ ရဲ့ ဝတ်စားဆင်ရင်မှုကလည်း တစ်မျိုးထူးခြားပါတယ် ။ အမျိုးသမီးတွေ မှာ သမိုင်းအထောက်ထားအရ ပျူလူမျိုးတွေလို ဖြူရောင်ပိတ်အင်္ကျီ ကိုဝတ်ဆင်လေ့ရှိပြီး ရင်စည်းလို တဘက်ပိုင်းကို ရင်ဘက်မှာ စလွယ်သိုင်းပြီး ၀တ်ဆင်လေ့ ရှိတယ်လို့ သိရပါတယ် ။ အမျိုးသမီးများ ၀တ်ဆင်လေ့ရှိတဲ့ ရင်စည်း တဘက်ပိုင်းအရောင်ကိုလိုက်ပြီး   အနီရောင် ၀တ်ဆင်သူကို အိမ်ထောင်မကျသေးတဲ့ အပျို ၊ အနက်ရောင်ဝတ်ဆင်သူကို အိမ်ထောင်ကျပြီးသား မိန်းမ အဖြစ် ခွဲခြား သပ်မှထားတယ်လို့ ဆိုပါတယ် ။ တောင်သားလူမျိုးတွေဟာ အရင်ကတည်းက ဒီဒေသခံတွေ မဟုတ်ကြဘဲ နောက်မှ ၀င်ရောက်လာတဲ့ လူမျိုးတွေသာဖြစ်တယ်တဲ့  ။ 1924 ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့ တဲ့  RACES OF BURMA ( မြန်မာပြန် ) ဆိုတဲ့ စာအုပ်မှာ ချင်းတောင်ခြေရင်းဒေသမှာ ထူးခြားတဲ့ တောင်သားလူမျိုးနဲ့ ယောလူမျိုးတို့ ကိုတွေ့ ရကြောင်း ၊ တောင်သားလူမျိုးတို့က ချင်းလူမျိုးများနဲ့ မျိုးစပ်ပေါက်ဖွားလာတယ်လို့ ယူဆရပြီး ယော တို့က ရှမ်းလူမျိုးကနေဆင်းသက်လာတာ ဖြစ်နိုင်ကြောင်း ရေးသားဖော်ပြထားပါတယ် ။ နောက်ပြီး အဲ ဒီစာအုပ်မှာ တောင်သားလူမျိုးနဲ့ ယောတွေက အစဉ်ဆက်ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်လို့ ရေးထားပါတယ် ။


လက်ပန်းရွာနဲ့ ယောဒေသတွေ မှာတွေ့ ရလေ့ရှိတဲ့ ရှေးမြန်မာ အိမ်ပုံစံ နဲ့ အိမ်တစ်အိမ် ....
လက်ပန်းရွာနဲ့ ယောဒေသတွေ မှာတွေ့ ရလေ့ရှိတဲ့ ရှေးမြန်မာ အိမ်ပုံစံ နဲ့ အိမ်တစ်အိမ် ....




မနက်မိုးလင်းလို့ ကိုယ်လက်သန့်စင်ပြီး ရွာထဲကို သူငယ်ချင်းနဲ့ အတူ ပတ်ကြည့်ကြပါတယ် ။ ရွာလေးက အိမ်ခြေ 200 ကျော်လောက်ရှိပါတယ်တဲ့ ။ အနီးနားပတ်ဝန်းကျင်မှာတော့ ဒီရွာက ကြီးဆုံးလို့ ဆိုပါတယ် ။ ဒီရွာမှာ ထူးထူးခြားခြားမြင်ရတာကတော့ အိမ်တွေပါပဲ ။ ရန်ကုန်က တိုင်းရင်းသားကျေးရွာထဲမှာ မြန်မာအိမ်ဆိုပြီးဆောက်ပြထားတဲ့ အိမ်လိုမျိုးတွေ ဒီရွာမှာ အများကြီးတွေ့ ရပါတယ် ။ အားလုံးသိတဲ့ အတိုင်း အိမ်အမြီးပိုင်း လှေကားနားမှာ ၀ရန်တာအကြီးလို ဟာလာဟင်းလင်းကြီးနဲ့ အဆောင်တစ်ဆောင်က ပြီးပြည့်စုံတဲ့ အိမ်တစ်မ်မှာ မပါမဖြစ်ကိုပါ ပါတယ် ။ အဲဒီ အဆောင်မှာ ထမင်းဟင်းတွေ ချက်ကြပြီး မိသာစု ထမင်းဝိုင်းကိုလည်း အဲဒီအဆောင်မှာဘဲ စားကြပုံရပါတယ် ။ ကျတော်တို့ ဘက်က အိမ်နဲ့ မတူတာက မီးဖိုဆောင်နဲ့ ဆေးကြောသန့် စင်တဲ့ နေရာကို အိမ်အနောက်ဖက် မှာထားလေ့မရှိဘဲ ဒီဒေသက အိမ်တွေမှာ စောစောက ပြောတဲ့ အဆောင်မှာ ထားလေ့ ရှိတာပါပဲ ။ နောက်တစ်ခုထူးခြားချက်က အိမ်တိုင်တွေဟာ လေးထောင့် မဟုတ်ဘဲ သစ်ပင်ကို အလုံးလိုက်သေသေချာချာ အခြောသပ်ပြီး သုံးပြုထားကြတာကိုတွေ့ ရပါတယ် ။ အဲဒီလိုအလုံးတိုင်နဲ့ ဆောက်ထားတဲ့ အိမ်က ဒီရွာမှာ 90 ရာခိုင်နုန်းလောက်ရှိပါတယ် ။ အများစုကတော့ အရင်အိမ်ဟောင်းတွေက ကြာရှည်ခံလွန်းလှတဲ့ သစ်သားလုံးတိုင်ကြီးတွေကို နောက် အိမ် အသစ် ဆောက်တဲ့ အခါမှာလည်း ပြန်လည်ထည့်သွင်းအသုံးပြုထားပုံရပါတယ် ။ ဘာဖြစ်လို့အဲဒီလို ပြောရသလဲ ဆိုရင် လက်ရှိ အသုံးပြုထားတဲ့ အိမ်တိုင် တွေ မှာ အရင် အိမ်ဟောင်းကယက်မ တို့ ထုတ်တန်းတို့ ထိုးလျှိုရာ ထွင်းထားတဲ့ အပေါက်ကြီးတွေ တွေ့ နေရလို့ပါပဲ ။ အဲဒါမျိုး အိမ်တိုင်တွေမှာ အပေါက်ဖောက်ပြီး ယက်မလျှိုသွင်းတာတွေက ရှေးခေတ်အိမ်တွေမှာ လုပ်လေ့ ရှိပြီး အိမ်ရိုက်သံ တွင်ကျယ်စွာမသုံးပြုသေးတဲ့ခေတ်က လုပ်လေ့ရှိတဲ့ အလေ့ထ တွေ ဖြစ်တယ် ။ အနီးနားက တချို့ ရွာတွေ မှာ အဲလို မူလရှေး အိမ်မျိုးတွေ ရှိနေကြသေးတယ်လို့ သိရပါတယ်  ။ ကျတော်တို့ ဘက်မှာတော့ ငယ်ငယ်က အပေါက်ကြီးတွေ ပါတဲ့ အိမ်တိုင်ဟောင်းကြီးတွေ ကိုတွေ့ ခဲ့ ရဖူးပေမယ့် အခုတော့ ရှေးဟောင်းပစ္စည်းအဖြစ်နဲ့ ပြစရာတောင်မရှိတော့ ဘူး ။



အရင်အိမ်ဟောင်း ကတည်းက ထွင်းပေါက်ပါတဲ့ အိမ်တိုင်များ ..
အရင်အိမ်ဟောင်း ကတည်းက ထွင်းပေါက်ပါတဲ့ အိမ်တိုင်များ ..



                        ရွာရဲ့ တစ်နေရာ အရောက်မှာ သူငယ်ချင်းဖြစ်သူရဲ့  အဘိုးတော်စပ်သူတို့ အိမ်ကိုဝင်တဲ့ အခါ မှာ ပြောင်းဆံကို ဖွတ်ပြီးမှ ရလာတဲ့ အဆံကို ကောက်ညှင်း ၊ မြေပဲတို့ နဲ့ ရောချက်ထားပြီး ပဲဆီ နိုင်နိုင်လောင်းထားတဲ့ မုန့် တစ်မျိုးကိုရေနွေးကျမ်းနဲ့ ချကြွေးပါတယ် ။ ကျတာ့် အနေနဲ့ကတော့ ပထမဆုံးအကြီမ်စားဖူးတာပါ ။ ထမနဲလိုအီဆိမ့်တဲ့ အရသာရှိပြီး စားလို့ တောာ်တော်ကိုကောင်းပါတယ် ။ အိမ်ရှင် အဒေါ်ကြီးက ဆီအိုးကြီးထဲက မြေပဲဆီတွေကို မှုတ်ကြီးနဲ့ ခပ်ခပ်ပြီး ခဏခဏလောင်းထည့်နေတာကို ကြည့်ပြီး မျက်လုံးပြူးနေတဲ့ ကျတာ့် ကို သူငယ်ချင်းက ဘာမှမပူနဲ့ အစ်ကိုကြီး အဲဒါကိုယ့် ဟာကို ကြိတ်ထားတဲ့ မြေပဲ ဆီ ၊ ဘာဥပါဒ်မှ မပေးဘူးတဲ့ ။ ကျတော်က အဲ ဒီ ဆီကြိတ်တဲ့ ကိစ္စကို စစ်စုတော့ .. မြေပဲဆံ တစ်ပြည် နဲ့ ဆီသွားကြိတ်ရင် ကြိတ်ခက 200 ကျပ်ပေးရပြီး ဆီက 50 သားလောက်ရပါတယ်တဲ့ ။ ပိုင်လိုက်တာ … မြို့ ပေါ်မှာတော့ မြေပဲဆီဆိုပြီးတော့ သာ ၀ယ်နေရတယ် မြေပဲဆီ စစ်မစစ်ကိုတော့ ကျတော်တို့ ဘယ်လိုမှ မသိနိုင်ဘူး ။


ပြောင်းဆန် ၊ ကောက်ညှင်း ၊ ပဲတစ်မျိုးမျိုးကို ရောချက်ထားတာတဲ့ ....
ပြောင်းဆန် ၊ ကောက်ညှင်း ၊ ပဲတစ်မျိုးမျိုးကို ရောချက်ထားတာတဲ့ ....



                      ကျတော်တို့ ရွာကို ပတ်နေတဲ့ အချိန်မှာ ယောချောင်းကနေ စပါးစိုက်လယ်တွေ အတွက် ရေသွယ်မြောင်းတူးဖို့ လုပ်အားပေးခေါ်တဲ့ အသံကို အသံချဲ့ စက်ကြီးနဲ့ ဆော်အောနေတာ ကြားရပါတယ် ။ ဒီရွာမှာ သဘ၀ကပေးတဲ့ ရေတွေ တော်တော်လေးကိုပေါပေါများများရနေတာတွေ့ ရတယ် ။ သာမန်ပြေပြန့် မှာဆိုရင် ဘယ်လောက်မှ မတူးရဘဲ ရေပေါ်တာပဲတဲ့ ။ ခက်တာက ရွာကို ကုန်းပေါ်မှာ ထည်ထားတယ်ဆိုတော့ သောက်ရေနဲ့ သုံးရေကို အများသုံး ဘုံရေထွင်းမှာ ခပ်ကြရပါတယ် ။ ချိုးရေကျတော့ ယောချောင်းကိုပြေးပေါ့ ။ ဒီဒေသမှာ ယောချောင်းကြီးရှိနေတာကလည်း သူတို့ အတွက် သဘ၀က ပေးထားတဲ့ အဖိုးထိုက် အဖိုးတန် လက်ဆောင်တစ်ခုပါပဲ ။ ဒါကြောင့် နီးနားပတ်ဝန်းကျင်ရှိ ရွာ 8 ရွာလောက်ဟာ ယောချောင်းကြီးကိုအမှီပြုပြီးနေကြပါတယလို့ သိရပါတယ် ။ မြေဆီလွာကတော့ ဘယ်လိုအပင်မျိုးဘဲ စိုက်စိုက် ဖြစ်ထွန်းပုံရတယ် ။ ဒီတေတာ့ ရေကလည်းပေါ ၊ မြေဆီလွှာကလည်းကောင်းဆိုတော့ ရွာပတ်ဝန်းကျင် ရှိသမျှ မြေပေးမှာ စပါး ၊ ကြပ်သွန် ၊ ပဲမျိုးစုံနဲ့ နေကြာစိုက်ခင်းကြီးတွေ ကို မြင်နေရပါတယ် ။ ဒါပေမယ့် ကျတော်တို့ အောက်ပြည်မှာလို စိုးပျိုးမြေ ကျယ်ကျယ်ဝန်းဝန်းမရှိတာကတော့ တော်တော်ဆိုးပါတယ် ။ တောင်သူတွေကလည်း ၀မ်းစာလောက်သာစိုက်ပျိုးရတယ်ဆိုတော့ စီးပွားဖြစ်ထွန်းမှုနည်းပါးကြပါတယ် ။ ကျတော့် သူငယ်ချင်းပြောပြချက်အရ ရွာမှာ ရှိတဲ့ လူဦးရေ 25 ရာခိုင်နုန်းသာ လယ်ပိုင်ရှင် ယာပိုင်ရှင်စာရင်းဝင်ပြီး ကျန် 75 ရာခိုင်နုန်းကတော့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးတဲ့ တောင်သူတွေ သာ ဖြစ်ကြပါတယ်တဲ့ ။



သူတို့ရွာမှာ ဆီကို အဲလို အိုးကြီးနဲ့ ထည့်ပြီးစားကြတယ် .. အိမ်တစ်အိမ် ဆို တစ်လ ဆီ ငါးပိဿလောက်ကုန်တယ်တဲ့
သူတို့ရွာမှာ ဆီကို အဲလို အိုးကြီးနဲ့ ထည့်ပြီးစားကြတယ် .. အိမ်တစ်အိမ် ဆို တစ်လ ဆီ ငါးပိဿလောက်ကုန်တယ်တဲ့



                         ရွာကို လျှောက်ပတ်ကြည့်ရင်း ဒီရွာရဲ့ ရေရရှိမှု နဲ့ စကားစပ်မိတော့ ရွာနီးတစ်ဝိုက်မှာ ရေအရင်းမြစ် ဖောဖော သီသီရနိုင်လျှက်သားနဲ့ ကုန်းပေါ်မှာ တည်ထားတဲ့ ရွာဆိုတော့ သောက်ရေနဲ့ ချိုးရေ ကို ရွာအနိပ်ပိုင်းမှာ ရှိတဲ့ ရေတွင်းတွေ ကနေ ပင်ပန်းကြီးစွာ သယ်ယူနေရတယ်လို့သိရတယ် ။ ဒါကြောင့် မို့ ရွာမှာ ရှိတဲ့ တစ်ကျောင်းတည်းသော ဘုန်းကြီးကျောင်းရဲ့  ကျောင်းထိုင်ဆရာတော်က ကြီးမှုးပြီး တစ်ရွာလုံး ကိုရေပေးဝေနိုင်အောင် စီစဉ်နေတယ်ဆိုတဲ့ အကြောင်းသိရပါတယ် .။ ကျတော်ကလည်း ဒီရွာကို အလည်လာတဲ့ အခါ ရည်ရွယ်ချက်သေးသေးလေးတစ်ခုကိုပါ ယူခဲ့တာဆိုတော့ စောစောကပြောတဲ့ ရွာဦးကျောင်းဆရာတော်ဆီကို သွားရောက်ဖူးတွေ့ ခဲ့ ပါတယ် ။ ကျတော့် ရဲ့ ရည်ရွယ်ချက် သေးသေး လေး ဆိုတာက  ကိုယ်ရောက်ရှိခဲ့တဲ့ ရပ်ရွာရဲ့  ဖွံ့ဖြိုးမှု နဲ့ တိုးတက်ရာ တိုးတက်ကြောင်းဆောင်ရွက်ချက်တွေမှာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုလောက် နဲ့ ပါဝင် အားဖြည့်ကူညီဆောင်ရွက်ဖို့ ပါပဲ ။ ဆရာတော်က အသက်လေးဆယ်ဝန်းကျင်လောက်သာရှိသေးတဲ့ လူငယ်ဘုန်းကြီးတစ်ပါးဖြစ်ပါတယ် ။ ဆယ်တန်းအောင်ပြီးမှ ဘုန်းကြီးဝင်ဝတ်ပြီး ဒီကျောင်းမှာ ကျောင်းထိုင်ဖြစ်နေတာပါ ။ ဆရာတော်က ရွာကိုရေပေးဝေနိုင်ဖို့ အတွက် ရွာရဲ့ အမြင့် ဆုံးကုန်းမြေအပေါ်မှာ တည်ရှိနေတဲ့ ဘုန်းကြီးကျောင်းပေါ်ကို စက်နဲ့ ရေတင်ပြီး အဲဒီကမှ တဆင့် တစ်ရွာထဲက အိမ် 5 ဆောင်လောက်ကိုရေပိုက်နဲ့ ရေတစ်ငုတ်စီကျ ရေပေးဝေဖို့ စီစဉ်ထားတဲ့ အကြောင်း ၊ ရေကိုလည်း သူ့ အချိန်နဲ့ သူဖြန့် ဖြူးပေးဖို့ စီစဉ်ထားကြောင်း ၊ အဲဒီအတွက် ရေကန်တည်ဆောက်ဖို့ နဲ့ ရေပိုက်သွယ်တန်းဖို့ အတွက် ငွေကျပ် သိန်း 50 နဲ့ အထက်ကုန်ကျမယ်လို့ ခန့် မှန်းရတဲ့ အကြောင်း ၊ အဲဒီ အစီအစဉ် ဖြစ်မြောက်ဖို့ အတွက် အစိုးရ အဖွဲ စည်းတွေကိုရော အစိုးရမဟုတ်တဲ့ အဖွဲ့ စည်းတွေကိုရော အကူညီ တောင်းခံထားပေမယ့် အကြောင်းမထူးတော့ ရွာက ကိုယ်ထူကိုယ်ထ လုပ်ဖို့ အတွက် တဖြည်းဖြည်း ပိုက်ဆံစုနေကြတဲ့ အကြောင်း အမိန့်ရှိပါတယ် ။ အဲဒီမှာ စောစောက ပြောခဲ့ တဲ့ ကျတော့် ရဲ့ ရည်ရွယ်ချက်သေးသေးလေးကို အားဖြည့် ကူညီတဲ့ အနေနဲ့ ရွာရေ ရရှိရေးအတွက် လိုအပ်နေတဲ့ ငွေပမာဏ မှာ နဲနဲလေးကာမိစေဖို့ အလှူငွေ ကျပ်တစ်သိန်း ပါဝင်လှူဒါန်းခဲ့ ပါတယ် ။



ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် .....
ရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် .....



                  ဘုန်းကြီးကျောင်းနဲ့ ကပ်လျှက်မှာတော့ အတက်တန်းကျောင်း တစ်ဆောင်ကိုတွေ့ ရပါတယ် ။ အထက်တန်းကျောင်းဆိုပေမယ့် ကိုးတန်းနဲ့ ဆယ်တန်း ကိုတော့  အတွဲဘက် အနေနဲ့ သာထားရှိသေးတယ်လို့ သိရပါတယ် ။ ဒီကျောင်းမှာ ကျောင်းသား ကျောင်းသူ 350 ခန့်ရှိကြောင်းသိရပြီး ဆယ်တန်းအောင်ချက် တော်တော်ကောင်းတယ်လို့ ဆိုပါတယ် ။ ပြီးခဲ့ တဲ့ နှစ်က ဒီကျောင်းကနေပြီး လေးဘာသာဂုဏ်ထူးရှင် တစ်ယောက် ပေါ်ထွက်ခဲ့ တယ်တဲ့ ။ ကျတော်ရောက်ရှိနေတဲ့ အချိန်မှာ အနီးနာရွာက ဆယ်တန်း ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစား နဲ့  ဆရာ ဆရာမတွေက အနီးကပ်ကြပ်မတ်သင်ကြားပြီး စခန်းသွင်းလေ့ကျင့် နေတဲ့ အကြောင်းသိရပါတယ် ။ ဒီတော့ တစ်ခါ ကျောင်းက တာဝန်ရှိတဲ့ ဆရာ တစ်ယောက်ယောက်နဲ့ တွေ့ ပေးဖို့ သူငယ်လချင်းကို အပူကပ်ရပြန်တယ် ။ ကျောင်းအုပ်ဆရာကြီးက ခရီးသွားနေတာမို့ မတွေ့ လိုက်ရဘူး ။ ရွာခံ ကျောင်း ဆရာတစ်ယောက်နဲ့ တော့ တွေ့ ခဲ့ ရပါတယ် ။ ရွာခံဆရာ ဦးအောင်ကျော်လင်းက ကျောင်းနဲ့ ပက်သက်ပြီး  ဒီကျောင်းမှာ နီးနားပတ်ဝန်းကျင်ရွာ 7 ရွာက ကျောင်းသူ ကျောင်ကျောင်းသားတွေ လာတက်ကြတဲ့ အကြောင်း ၊ ကျောင်းသားလေးတွေဟာ ပညာကိုလိုချင်လွန်းလို့ မိုးတွင်းမှာဆို ခက်ခက်ခဲခဲ ချောင်းတွေကို လှေတွေနဲ့ ကူးပြီး လာကြရတဲ့ အကြောင်း ၊ ဒီကျောင်းမှာ ရှိတဲ့ ဆရာ ဆရာမတွေကလည်း စေတနာပါပါနဲ့ ကြိုးစားပမ်းစား သင်ကြားပေးကြလို့ သူတို့ နယ်တစ်ဝိုက်မှာ ဒီကျောင်းက ဆယ်တန်းအောင်ချက် Top Ten စားရင်ဝင်လေ့ ရှိကြောင်း ပြောပြပါတယ် ။ ထူဆန်းတာက ကျတော်တို့ ဒေသက ရွာတွေ မှာလို သူငယ်တန်းကစ ကျူရှင်တွေ သင်နေကြတဲ့ ခေတ်မှာ ဒီက ကျောင်းသားတွေ ဟာ ဆယ်တန်း အထိ ကျူရှင် ဆိုတာ ဘာမှန်းကို မသိကြဘဲ ကျောင်းက ဆရာ ၊ ဆရာမ တွေရဲ့ သင်ကြားပြသမှုတစ်ခုတည်းနဲ့ ဆယ်တန်းအောင်ချက်တွေ ကောင်းနေကြတယ်ဆိုတာကိုပါ ။ အောင်ချက်ကောင်းမှာပေါ့ ဆရ ဆရာမတွေက နေ့ ဘက်မှာရော ညဘက်တွေမှာပါ ကျောင်းသားတွေ နဲ့ အတူတူ ကျောင်းမှာ အိပ်ပြီး ကျောင်းသားတွေကို စိတ်ပါလက်ပါနဲ့ လေ့ကျင့် သင်ကြားပေးနေတာကိုး ။ ဆရာ ၊ ဆရာမတွေ မှာ အစိုးရက ပေးတဲ့ လခ အပြင် တခြားအပိုငွေ ရဖို့ မဆိုထားနဲ့ ကျောင်းသားတွေ ညဘက် စားဖို့ သောက်ဖို့ ကြွေးမွေးစရိပ်လေးတောင် အိပ်ထဲက ပြန်ပြီး ပါသွားနိုင်သေးတယ် ။ အခု ညဘက်နဲ့ မနက်စောစော စာကျက်ဖို့ အတွက် မီးစက် မောင်းရတာက တစ်နေ့ ကို ဒီဇယ်ဆီ တစ်ဂါလံ ကုန်ပါတယ်တဲ့ ။ ကျောင်းသားလေးတွေ ညဘက် စာကျက်နေတုန်း အဆာပြေစားဖို့ မုန့် ပဲ သွားရေစာကိုတော့ ကျောင်းသားမိဘတွေ စေတနာပေါက်လို့ လားကြွေးတာတွေတော့ ရှိပုံရပါတယ် ။ ကျတော်လည်း ကျောင်းသားလေးတွေ ညဘက် စာကျက်နေကြတာကို သွားကြည့်ရင်း သူတို့ လေးတွေ ညဘက်စာကျက်အချိန်မှာအဆာပြေ ကော်ဖီနဲ့ မုန့် လိုမျိုး ကြွေးနိုင်ဖို့ နဲ့ တခြားလိုအပ်တဲ့ အသုံးစရိပ်တွေ မှာ နဲနဲ ပါးပါးကာမိစေဖို့ ရွာခံ ကျောင်းဆရာ ဦးအောင်ကျော်လင်း  ကနေတဆင့် အလှူငွေ တစ်သိန်း ထပ်ပြီး လှူခဲ့ ပါတယ် ။



လက်ပန်း ရွာခံ ကျောင်းဆရာ ဦးအောင်ကျော်လင်း
လက်ပန်း ရွာခံ ကျောင်းဆရာ ဦးအောင်ကျော်လင်း



                                 ဒီလိုနေရာမှာ ဒီလိုခန့် ခန့် ညားညား အထက်တန်းကျောင်းကြီးတစ်ဆောင် ရှိနေတာဟာ အနီးနားရှိ ရွာတွေအတွက်တော်တော် ကံကောင်းတာပါပဲ ။ မိုးတွင်းလို အခါမျိုးမှာ ရေကြီး ရေလျှံ လွယ်တဲ့ ချောင်းတွေ မြောင်းတွေ ကိုကျော်ဖြတ်ပြီး ကျောင်းလာတက်ကြတဲ့ နီးနားပတ်ဝန်းကျင်ရွာက ကျောင်းသားလေးတွေ ဟာလည်း ချီးကျူးဖို့ အရမ်းကောင်းတယ် ။ ဒီဒေသက ကလေးလေးတွေ ကျောင်းတက်နေရတဲ့ မြင်ကွင်းကို ရန်ကုန်မြို့ မှာ အလုပ်မရှိအလုပ်ရှာ စာသင်ကျောင်းအထိ လိုက်ပြီး ထမင်းခွံ့ ကျွေးနေတဲ့ မိဘတွေကို ဒီအထိ ခေါ်ပြီး ပြချင်လှတယ် ။ ပြီးတော့ ရေစီးသန်လှတဲ့ ချောင်းတွေ ကိုလှေနဲ့ ဖြတ်ကူနေရတဲ့ ကျောင်းသားကျောင်းသူ ကလေးလေးတွေအတွက် အုပ်ချုပ်သူ လူကြီးမင်းတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ချောင်းကူးတံတားတွေ ဆောက်ပေးနိုင်စေဖို့ ကျတော့် အနေနဲ့ ဆုတောင်းမိပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဒေသမှာ မိဘ ၊ ဆရာ ၊ ကျောင်းသား တို့ရဲ့ လုံ့လ၀ိရိယ ကောင်းစွာနဲ့ ပညာရေးကို ကျိုပမ်း အားထ�

(ကျန်နေသော စာပိုဒ်များကို အပိုင်း ၃ မှာ ဖြည့်စွက်ဖတ်ရှုနိုင်ပါတယ်)

ကျေးဇူးတင်စွာဖြင့်

ရန်နောင်စိုး 

ယောမြို့ ကပြန်ခဲ့တယ်... ဆေးဝါးလည်း ကျွန်တော်နားမလည် ( ၃ )

$
0
0




ကျွန်တော်ရေးနေတဲ့ ယောနယ်သွားဆောင်းပါးကို ၁ နဲ ၂ နှစ်ပိုင်းသာခွဲပြီး ဖေ့ဘုတ်အပေါ်တင်ဖို့ စိတ်ကူးပြီး နောက်ဆုံး အပိုင်း ၂ ကိုတင်တဲ့ အခါမှာ လင့်မင့် ပြည့်သွားလို့ ဆိုပြီး စာတွေ တစ်ပိုင်းတစ်စာကြီးနဲ့ တက်သွားပါတယ် ။ အဲဒီတော့ အခုကျန်နေသေးတဲ့ စာတွေ နဲ့ ပုံတွေကို အပိုင်း ၃ ဆိုပြီးတင်လိုက်ပါတယ် ခင်ဗျာ ။ အချိန်ပေးပြီး ကျတော့် စာကိုဖတ်ပေးကြတဲ့ ကျွန်တော့ သူငယ်ချင်းတွေ ကိုရော သူငယ်ချင်းမဟုတ်သေးတဲ့ စာဖတ်သူတွေကိုရော အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ ။




                             ဒီလိုနေရာမှာ ဒီလိုခန့် ခန့် ညားညား အထက်တန်းကျောင်းကြီးတစ်ဆောင် ရှိနေတာဟာ အနီးနားရှိ ရွာတွေအတွက်တော်တော် ကံကောင်းတာပါပဲ ။ မိုးတွင်းလို အခါမျိုးမှာ ရေကြီး ရေလျှံ လွယ်တဲ့ ချောင်းတွေ မြောင်းတွေ ကိုကျော်ဖြတ်ပြီး ကျောင်းလာတက်ကြတဲ့ နီးနားပတ်ဝန်းကျင်ရွာက ကျောင်းသားလေးတွေ ဟာလည်း ချီးကျူးဖို့ အရမ်းကောင်းတယ် ။ ဒီဒေသက ကလေးလေးတွေ ကျောင်းတက်နေရတဲ့ မြင်ကွင်းကို ရန်ကုန်မြို့ မှာ အလုပ်မရှိအလုပ်ရှာ စာသင်ကျောင်းအထိ လိုက်ပြီး ထမင်းခွံ့ ကျွေးနေတဲ့ မိဘတွေကို ဒီအထိ ခေါ်ပြီး ပြချင
်လှတယ် ။ ပြီးတော့ ရေစီးသန်လှတဲ့ ချောင်းတွေ ကိုလှေနဲ့ ဖြတ်ကူနေရတဲ့ ကျောင်းသားကျောင်းသူ ကလေးလေးတွေအတွက် အုပ်ချုပ်သူ လူကြီးမင်းတွေက အမှန်တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ချောင်းကူးတံတားတွေ ဆောက်ပေးနိုင်စေဖို့ ကျတော့် အနေနဲ့ ဆုတောင်းမိပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဒေသမှာ မိဘ ၊ ဆရာ ၊ ကျောင်းသား တို့ရဲ့ လုံ့လ၀ိရိယ ကောင်းစွာနဲ့ ပညာရေးကို ကျိုပမ်း အားထုတ်မှုတွေကြောင့် အခုဆိုရင် လက်ပန်း တစ်ရွာထည်းမှာ လက်ရှိ ဆယ်တန်း အောင် ၊ ဘွဲရ လူငယ်တို့ အယေက် 50 လောက်ရှိနေကြပါပြီ ။ ဒါပေမယ့် သူတို့ လေးတွေက တတ်ထားတဲ့ ပညာနဲ့ ကိုက်ညီတဲ့ အလုပ်ကိုင်အခွင့်လမ်းတွေ မရရှိကြသေးဘဲ ဖြစ်နေကြပါတယ် ။ အလုပ်တစ်ခုခေါ်တယ်ဆိုရင် ရွာကနေလမ်းစရိတ် ၊ စားစရိတ် နဲ့ အထွေတွစရိတ်တွေ ကုန်ကျခံပြီး အလုပ်လျှောက်ကြပေမယ့် လို့  အလုပ်လစ်လပ်နေရာနဲ့ လျှောက်တဲ့ လူဦးရေ မမျှကြလို့ လားတော့ မသိဘူး အလုပ်ရရှိတဲ့သူတော်တော်ရှားတယ်လို့ သိရပါတယ် ။ ဟိုတလောက မြန်မာ တစ်ပြည်လုံး အုံးအုံးကျက်ကျက် ဆရာ ဆရာမတွေ အဖြစ်လုပ်တွေ ရရှိသွားကြပေမယ့်လို့ ဒီလက်ပန်းရွာက တစ်ယောက်တစ်လေမှ ကို မရှိကြပါဘူးတဲ့ ။ မိဘတွေခမြာ သူတို့သားသမီးတွေရဲ့ ဘ၀ ထွက်ပေါက်ရရှိဖို့ အတွက် စီးပွားရေး အဆင်မပြေကြတဲ့ အထဲက ကြိုးစားပြီး ပညာသင်ပေးကြရှာပေမယ့် ထိုက်တန်တဲ့ အလုပ်လေးတွ မရရှိကြတော့ အခုချိန်မှာတော့ စိတ်ဓာတ်တွေကျနေကြရရှာတယ် ။ အဲတာတွေကိုကြားသိရပြီးနောက်မှာ ကျွန်တော့ ကိုယ်ကျွန်တော် ဒီနယ် တစ်ဝိုက်က လူငယ်လေးတွေကို အလုပ်ကိုင် အခွင့်လမ်းတွေချပေးနိုင်ပြီး အရာရာ ဖန်တီးနိုင်တဲ့ လူတစ်ယောက်ဖြစ်ရင် ဘယ်လောက် ကောင်းလေ့မလဲ လို့ လေကြီးမိုးကြီး အတွေးတွေ ၀င်နေမိပါတယ် ။


လက်ပန်းရွာ အတွဲဘက် ( အ ထ က ) ကျောင်းကြီး
လက်ပန်းရွာ အတွဲဘက် ( အ ထ က ) ကျောင်းကြီး



                             ရွာမှာ အစိုရက အခမဲ့လွှင့်ပေးတဲ့ ရုပ်သံလိုင်းတွေ မမိပါ ။ ဒီတော့ Sky Net လို ဆလောင်းကနေဖမ်းယူရတဲ့ လိုင်းကို ဘဲ စုပြုံကြည့်နေရတယ်လို့သိရပါတယ်  ။ အဲဒီလိုလိုင်းတွေ တတ်ဆင်နိုင်တဲ့ အိမ်က ဘယ်နှစ်အိမ်မှ မရှိတော့ လူတိုင်းစေ့ အပြင်ပလောကနဲ့ အပြည့်ဝ ထိတွေ့ မှု မရသေးဘူးလို့ ပြောရင် လွန်မယ်မထင်ဘူး ။ ဒီလို ချောင်ကျကျ နေရာတွေ မှာ သက်ရှင်ပြီး လူလုပ်နေရတဲ့ သူတွေအတွက် အခမဲ့ ရုပ်သံလိုင်းတွေတောင်မှ မဖြန့် ကျက်နိုင်သေးတာတော့ တော်တော်ကို ဆိုးပါတယ် ။ စိတ်ထဲမှာတော့ တာဝန်ရှိသူတို့ ကို အားမလိုအားမရတွေ ဖြစ်နေမိတယ် ။ ရွာက အစ်ကိုကြီးတစ်ယောက် ပြောစကားမရ ပြောရမယ်ဆိုရင် …. ပခုက္ကူမြို့  ကနေတဆင့် ဖြန့်ဖြူးနေတဲ့ ပဲမျိုးစုံနဲ့ ဒေသထွက်ကုန်တွေဟာ ကျတော်တို့ ယောဒေသက အများဆုံးကျားကန်ပေးထားတာပါဗျာ… တဲ့ ။ ဒါတင်ဘယ်ကမလဲ ကျွန်းသစ်လို ကမ္ဘာ့ဈေးကွက်အထိ တင်ပို့ နိုင်တဲ့ သစ်တွေကလည်း ဒီဒေသကနေထွက်နေတာဘဘဲ မဟုတ်လား ။ ဒါဆိုရင် သူ့ အထိုက်လျှောက်ဒေသထွက်ကုန်တွေ ထုတ်လုပ်ပေးနေတဲ့ ဒီဒေသ ဖွံ့ ဖြိုးမှု အတွက် အခြေခံ လိုအပ်ချက်လေးတွေကို တော့ ဖြည့်ဆည်းပေးသင့် တယ်လို့ ထင်တာပါပဲ ။ ရွာမှာ ကျောင်နေဖူးပြီး စာ  အုပ် စာပေတွေကို ဖတ်ရကောင်းမှန်း သိနေတဲ့ လူငယ် ၊ လူလတ်ပိုင်း အရွယ်တွေကလည်း စာကို အငမ်းမရ ဖတ်ချင်နေကြပေမယ့်လို့ ဘယ်လို စာပေမျိုးက မှ လွယ်လွယ်ကူကူနဲ့ မရနိုင်သေးပါဘူး ။ တချို့ စေတနာရှင်လေးတွေက ပခုက္ကူမြို့ ကနေ သတင်းစာနဲ့ ဂျာနယ်အဟောင်းလေးတွေ စုပြီး ပေးပို့ ကြတာလောက်ဘဲ ဖတ်နေကြရရှာပါတယ် ။ ရွာထဲမှာတော့ စာအုပ်မရှိပဲ ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ စာကြည့်တိုက်လေးတခုတော့ တွေ့ ရပါတယ် ။ အခုအဲ ဒီစာကြည့်တိုက်လေး ပြန်လည် အသက်ရှင်လာဖို့ အတွက် ရွာကလူငယ်လေးတွေ လှုပ်ရှားမှုလေးတွေ လုပ်နေတယ် အသံကြားလို့ ကျတော်လည်း ရန်ကုန်ကနေ ရတတ်သမျှ စာအုပ်စာစောင် တွေ ပို့ပေးဖို့ စီစဉ်ထားပါတယ် ။


ညဘက် ကျောင်းမှာ စာလာကျက်နေကြတဲ့ ကျောင်းသားလေးများ ......
ညဘက် ကျောင်းမှာ စာလာကျက်နေကြတဲ့ ကျောင်းသားလေးများ ......



                                တကယ်တော့ သူတို့ လေးတွေ ဟာ လူသာ ချောင်ကျတဲ့ နေရာမှာ အကြောင်းကြောင်းကြောင့် ခြေချ နေထိုင်ကြရပေမယ့် အသိမြင် ဗဟုသုတ အားဖြင့် တော့ ပိတ်ဆိုပြီး မနေသင့် ဘူးမဟုတ်လား ။ တချို့ လူတွေက ကမ္ဘာကြီးဟာ ရွာကြီးဖြစ်နေပြီလို့ ကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုနေကြပေမယ့်လည်း  ကျတော်တို့ ဆီမှာတော့  ရွာဟာ ရွာ မြို့ ဟာမြို့ အဖြစ် ကွာဟမှုတွေ ရှိနေပါသေးလားလို့ တွေးနေမိပါတယ် ။ အခုချိန်မှာ ဆက်သွယ် ပြောဆိုစရာ တယ်လီဖုန်းတွေ ရွာမှာ ( လိုင်းမိအောင် အထူးတလည် တပ်ဆင်ပြီး ) သုံးပြုနိုင်ကြလို့ သာတော်တော့တယ် ။ ရွာမှာ ကျမ်းမာရေး စောက်ရှောက်မှု အနေနဲ့ အစိုးရ သားဖွားဆရာမတစ်ယောက်ရှိတယ်လို့ သိရပါတယ် ။ သာမန် အဖြားရောဂါနဲ့ ဆေးရုံ မတက်ရတဲ့ ရောဂါ တွေ ဆိုရင်တော့ ရွာကလက်ခံထားတဲ့ ဆေးဆရာ အမည်ခံတွေ ဆီမှာပဲ ဆေးထိုး ဆေးသောက် နဲ့ ကုသခံကြ ပုံရတယ် ။ ရွာထဲက စီးပွားရေး ပြေလည်ပြီး အသိဥာဏ် ဗဟု သုတရှိတဲ့ အဒေါ်ကြီးတစ်ယောက်က .. တို့ ဆီမှာ ဆရာဝန်တစ်ယောက် တော့ လိုတာပါ့….အခုလက်ရှိမှာတော့ မသေသင့်ဘဲ သေတဲ့ သူနဲ့ ရေတိမ်နစ်တဲ့ သူတွေ တော်တော်များနေပြီ… တဲ့ ။ အဲ လို အပြောမျိုး ကျန်တဲ့ ရွာသားတွေ ပြောသံ သိမ်မကြားရပါဘူး ။ စောစောက အဒေါ်ကြီးပြောသလို မသေသင့် ဘဲ သေသွးကြရတဲ့ လူတွေအတွက် ဗုဒ္ဓဘာသာဝင်တွေ ပီပီ သေနေ့ စေ့လို့ သေတယ် ဆိုတာ နဲ့ လူတွေဟာ သူ့ ကံပါလာသလောက်ပဲ လူ့ ပြည်မှာ နေကြရတယ်လို့ ယူဆ ထားကြတာလားတော့ မသိဘူး ။


လက်ပန်း ရွာတွင်းလမ်းတနေရာ .....
လက်ပန်း ရွာတွင်းလမ်းတနေရာ .....



                    ဒီနေ့ တစ်နေကုန် ရွာထဲ လျှောက်လည်ပြီးတာနဲ့ မနေ့ က ညဘက်ကြီးယောချောင်းမှာ ကျတော့် ကို ရေသွားချိုးခိုင်းရတာ အားနာလို့ လားတော့ မသိ ညနေ 4 နာရီလောက်မှာ ကျတော့်ကို ယောချောင်းဆီ ခေါ်သွားပြီး ရေချိုးစေပါတယ် ။ အဲလိုမျိုးလင်းလင်းကျင်းကျင်း အချိန်မှာဆိုရင်တော့ ရေချိုးရုံ ဘယ်ကမလဲ အားရအောင် ရေတွေ ဘာတွေတောင် ကူးလိုက်သေးတယ် ။ ဒီလို ချောင်းထဲ ရေမကူးရတာကြာပေါ့ ..။ ကျတော့် အထင် ဒီလက်ပန်းရွာ ရှုခင်းကို ဒီအချိန်မှာ ကြည့်ရတာ အကောင်းဆုံးလို့ ထင်တယ် ။ အနောက်ဘက်က ၀င်ခါနီး နေလုံးကြီးက လက်ပန်းရွာရှိတဲ့ တောင်ကုန်းလေးရယ်  ရွာအ၀င် လက်ပံပင် ကြီးရယ် ပြီးတော့ အဲဒီနားမှာ တောင်နဲ့ မြောက် စီးဆင်းနေတဲ့ ယောချာင်းကြီးကို မီးမောင်ထိုးပေးထားသလိုကို ဖြစ်နေပါတော့ တယ် ။ အဲ ဒီ အချိန်မှာ ဆိုရင် ချောင်းတန်း တစ်လျောက်ရှိ ရွာတွေက ရေချိုးနေသူ ၊ ချိုးဖို့ လာနေသူနဲ့ ရေချိုးပြီး ပြန်သွားသူတွေဟာ စည်ကားလို့ နေတယ် ။ ဒါအပြင် အဲ ဒီ အချိန်ဟာ ချောင်းတစ်လျှောက် ကြက်သွန်ခင်း ၊ ပဲခင်း စိုက်ပျိုးထားတဲ့ သူတွေက စိုက်ခင်းထဲကို ရေတွေ ပက်ကြတဲ့ အချိန်ဖြစ်ပါတယ်  ။


ညနေစောင်း ယောချောင်းကို ရေချိုးဆင်းချိန် .....
ညနေစောင်း ယောချောင်းကို ရေချိုးဆင်းချိန် .....


                              ညစာထမင်းကိုတော့ သူငယ်ချင်းရဲ့ အဘိုးနဲ့ အဖွား အိမ်မှာ အဒေါ်တွေက ချက်ကြွေးတဲ့ ထမင်းကို စားရမယ်တဲ့ ။ စားပွဲ အ၀ိုင်း တစ်ခုထဲ မှာ ဟင်းခွက်တွေ အပြည်ခင်းထားပြီး အိမ်ဦးခန်းမှာ ပြင်ထားပေးတယ် ။ အဲ ဒီအချိန်ကျတော့် သူငယ်ချင်းက ရွာထဲ ခဏ ၀င်သွားတာမို့ ကျတော့် တစ်ယောက်တည်း စားဖို့ အတွက် ပြင်ပေးထားတာ လို့ ပြောပါတယ် ။ ကျတော့် က ..အဲ လိုတော့ မဖြစ်ဘူး ဆိုပြီး အဖိုးနဲ့ အဖွားကိုပါ ကျတော်နဲ့ အတူတူ ၀င်စားဖို့ အတော်လေးကိုတောင်းပန်ရတယ် ။ ဟင်းတွေကတော့ စုံနေတာပါဘဲ ။ လက်ပံခြောက် အချဉ်ရည်ဟင်းက သောက်လို့ ကောင်းပြီး အနံ့ လေးက တစ်မျိုး ဖြစ်နေလို့ သေချာ ကြည့်လိုက်တော့ ဇီးသီးခြောက်လေးတွေ ထည့်ချက်ထားတာကို တွေ့ ရတယ် ။ .ဇီးသီခြောက်လည်း ဟာင်းချက်လို့ ရတာပဲကိုး …။ ကြက်သား ဟင်းကတော့ ငရုပ်သီးစပ်စပ်လေးနဲ့ ချက်ထားတော့ မအီဘဲနဲ့ စားလို့ ကောင်းလှတယ် ။ ကျတော်တို့ ဆီက စီပီ ကြက် အရသာနဲ့ တော့ ကွာပါ့ ။ နောက် ပြီး ဟင်းတစ်မယ်က ချမ်းချဉ်သီးနဲ့ ပျားသားပေါက်လေးတွေကို ရောပြီးချက်ထားတာတဲ့ ။ အဆန်းပါလား … တစ်ခါမှကို မစားဖူးသေးတဲ့ ဟင်းတစ်မျိုးပါပဲ ။ နောက်ပြီး ကျွန်တော်တို့ ရေချိုးသွားတုန်း သူငယ်ချင်းက ငါးဖမ်းတဲ့ သူဆီမှာ လပ်လပ်ဆပ်ဆပ် ၀ယ်လာပြီး အသုပ်လုပ်ထားတဲ့ ငါးသုပ် လည်းပါသေးတယ် ။ အဲဒီညက စားရတဲ့ ညစာကိုတော့ စားနေကျထက် နဲနဲ ပိုပြည့်အောင်ကို စားလိုက်မိပါတယ် ။ မနက်ရောက်တော့  ကျတော့ သူငယ်ချင်းက .. အစ်ကိုကြီးကို ကျတော့် အဘိုးက တော်တော်ကို ခင်မင်ပုံဘဲ ဗျ .. ကျတော်တို့ ကာလသားတွေ ဟင်းချက်စားဖို့ သူမွေးထား တဲ့ ကြက်ကိုတောင်းရင် တစ်ခါမှ မရဘူး ..အခု အစ်ကိုကြီးကို ချက်ကျွေးဖို့ သူမွေးထားတဲ့ ကြက်ကို တစ်ခြားတစ်ယောက်အကူညီနဲ့  သူကိုယ်တိုင်စီမံလိုက်တာဗျ …တဲ့  ..ကဲ ။ ကျတော့်မှာတော့ ကြားရတာ အားနာသလိုလို ၊ စိတ်ညစ်သလိုလို ၊ ရည်ချင်သလိုလိုနဲ့ စိတ်ထဲမှာ ခံစားရတာ ဘယ်လိုကြီးမှန်းကိုသိဘူး ။ အဘ ကိုတော့ စိတ်ထဲ ကနေပြီး အမြန်ဦးချကန်တော့လိုက်ရပါတယ် ။

ညနေစောင်းရေချိုးဆင်းချိန် ယောချောင်းမြင်ကွင်း .....
ညနေစောင်းရေချိုးဆင်းချိန် ယောချောင်းမြင်ကွင်း .....


                       ထမင်းစားပြီးလို့ ခဏ အကြာမှာ သူတို့ ရွာဓလေ့ ထမဲနဲ ထိုးပါတယ် ။ ညဘက် ကျတော်ကို အကြောင်းပြုပြီး အိမ်ကို လာလည်တဲ့ ဧည်သည်တွေ နဲ့ ကျတော့် ကိုကျွေးရအောင်တဲ့ ။ ထမဲနဲ ထိုးတာ ကျတော်တို့ ဘက် မှာလို မိုးဗြဲဒယ် အိုးကြီးထဲ မှာ မီး အပူပေးပြီး ထိုးတာမျိုမဟုတ်ဘူး ။ ကောက်ညှင်းကို အရင်တည်ပြီး ဒန်အိုးအငယ်ကို မီးပူ မပေးဘဲ ယောင်းမငယ် နှစ်လက်နဲ့ ထိုးရင်း ပဲဆီထည့် ၊ မြေပဲထည့် ၊ နှမ်းထည့် .နဲ့ ကောက်ညှင်းတွေ စေထန်းသွားတဲ့ အထိ ထိုးကြတာပါ ။ ထမဲနဲ နဲ့ ရေနွေးကျမ်း ၀ိုင်းဖွဲ့ ပြီးနောက်မှာ ညအိပ်တဲ့ သူငယ်ချင်းရဲ့ အိမ်အသစ်လေးကိုသွားကြပါတယ် ။
                              အိမ်ရောက်မှာတော့ ကျတော်သူငယ်ချင်းရဲ့ ဆွေမျိုးတွေ အကုန်လုံးနဲ့ အနီးနားက လူတွေလည်း အိမ်ကိုလာပြီး စကားတွေ လာပြောကြပါတယ် ။ တချို့ ကလည်း မနက်ဖြန်ပြန်တော့ မယ့် ကျတော့် ကို ယာခင်းထဲ သွားတဲ့ အချိန်နဲ့ လွဲ နေမှာမို့ ကြိုပြီး လာနုတ်ဆက်တာတဲ့ ။ သူငယ်ချင်းနဲ့ ပက်သက်တဲ့ ဆွေမျိုးတွေက တော့ သူတို့ ဆွေမျိုးတွေ နဲ့ တွေ အကြောင်း ၊ သူ့ဒေသ ကိုယ့် ဒေသ ကွဲပြားမှုလေးတွေ ၊ ထူးဆန်းစွာ ထားဝယ်စကားနဲ့ အသံထွက်ရော ပြောဆိုပုံ လေသံ ပါတူနေတာတွေ ပြောဆို ဖလှယ်ကြပါတယ် ။ ရွာခံဖြစ်တဲ့ ကျတော့် သူငယ်ချင်းက သူ့ အဖွား စကားပြောတာ ယောဝဲလို့ တော်ရုံလူ နားမလည်ဘူးတဲ့ .။ အခု ဟိုးအဝေးကြီးဖြစ်တဲ့ ထားဝယ်က လာတဲ့ ကျတော်က အဖွားပြောတာ ကောင်းကောင်းကြီးကိုနားလည်နေတယ် ။ ဘာလို့ လဲ ဆိုတော့ စကားလုံးတော်တော် များများက ထားဝယ် စကားနဲ့ တူနေတာကိုး ။   ဥပမာ … နင် ဆိုရင်  နန် ၊ စာသင်တယ် ဆိုရင် စာသန်တယ် ၊ နင်း တယ် ဆိုရင် နမ်းတယ် ၊ ရည်းစား ဆိုရင် ရဲစား ၊ ရေတွင်း ဆိုရင် ရေဒွမ်း ၊ ထမင်းနဲ့ ဟင်း ဆိုရင် ထမှန်း န ဟမ်း …..စသဖြင့် အဲလိုဟာမျိုးလေးတွေပါ ။  အဘွားက ဒီရွာမှာမွေး ဒီရွာမှာကြီးပြီး ရွာကနေ ကနေ အပြင်ဘက်ဒေသ ကို သိပ်မရောက်ဖူးတော့ ယောစကား ယော သံတွေက မပျောက်ဘူးတဲ့ ။ အခုခေတ် နောက်လူတွေ က တခြားဒေသတွေနဲ့ ကူးလူးဆက်နွယ်သွာလာဖူးကြတဲ့အခါ ယောစကား အသံဟာပျောက်သလောက်ဖြစ်လာပြီး ဗမာပြောဟန်တွေပါလာတယ်လို့ သိရပါတယ် ။ အခုယောသား ကျတော့် သူငယ်ချင်းစကားပြောရာမှာလည်း ယောဟန်နဲ့ ပြောမိသွာတဲ့ စကားလုံးလေးတွေ ကို မသိမသာ ချက်ချင်းပြန်ပြင်ပြီး ပြောနေတာကို သတိထားမိပါတယ် ။ လူတွေကလည်း အခက်သားမို့လား .။  အဲလို မူလဒေသ လေသံတွေ နဲ့ စကားပြောကြတဲ့ သူတွေ ကို တောသံပါတယ် .. အညာလေသံကြီး ..စသဖြစ်ပြောဆိုတတ်ကြတော့  အဲလို မျိုးအပြောမခံရလေအောင် ကိုရွေနယ်သားတွေက သူတို့ ပင်ကိုယ် စကားသံတွေ ကို ပြင်ပြောရင်းပြောရင်း နဲ့ မူရင်းစကားသံဟာပျောက်ကုန် တော့တာပဲ ။ ကျန်တော် တို့ ထားဝယ်စကားတွေ လည်း အဲလို ပုံစံမျိုးနဲ့ တော်တော် များများပျောက်ကုန်ပါပြီ ။


သူတို့ ဆီက ထမနဲ့ ထိုးနည်း ......
သူတို့ ဆီက ထမနဲ့ ထိုးနည်း ......



                        ကျတော့် ကိုလာတွေ့ ပြီး စကားလာပြောတဲ့ အသက် 25 နှစ်ကနေ 50 အကြား အစ်ကိုကြီး အစ်မကြီး ၊ အဒေါ်ကြီး တို့ကို ရန်ကုန်မြို့ ကိုရောက်ဖူးလားလို့ မေးတော့ တစ်ယောက်မှ ရောက်ဖူးတယ်လို့ မဖြေဘူး ။ ကျောက်ထုမြို့ နဲ့ တိုက်ရိုက်က်ကားလမ်းပေါက်နေတဲ့ ပခုက္ကူနဲ့ မန္တလေး မြို့ တွေ ကိုတောင်မှ ရောက်ဖူးတဲ့ သူခပ်ရှားရှားပါ ။ အသက် 38 နှစ်အရွယ် အစ်ကို တစ်ယောက်က   ဒီတစ်သက်တော့ ရန်ကုန်မြို့ ကြီးကို ရောက်ဖူးတော့ မှာမဟုတ်တော့ ပါဘူးဗျာ… ဆိုပြီးအားလျှော့တဲ့ လေသံနဲ့ ပြောတာကိုတော့ တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ ဆိုလိုတာက ရန်ကုန်မြို့ ကြီးကို ရောက်ဖူးမှ လူရာဝင်မယ်လို့ ပြောတာမဟုတ်ပါဘူး ။ သူတို့ သက်တမ်း တစ်လျှောက်မှာ ဒီရွာနဲ့ ဒီပတ်ဝန်းကျင် နေရာတွေ မှာသာ အချိန်ကုန်သွားတာ မျိုးမဟုတ်ဘဲ အပြင်ဘက်လောက ကြီးကိုလည်း တစ်ခါတစ်လေလောက် ထွက်ပြီး လေ့လာ ကြည့်ရှု စေချင်လို့ပါ ။ အသက် ခြောက်ဆယ်နား နီးကပ်နေတဲ့ အဘကြီး အဒေါ်ကြီး အနေနဲ့ လည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတဲ့ အလျှောက် ကိုယ့်နိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ ရွှေတိဂုံ စေတီကြီးလို အထင်ကရဘုရားတွေကို ဖူးခွင့် ရစေချင်တာပါပဲ ။ ရွာမှာက ရှမ်းစတားဂျစ် လို ကားလေး သုံးစီးရှိပြီး ပခုက္ကူနဲ့ အလှည့်ကျ ကုန်ပစ္စည်းနဲ့ လူတွေကို ပို့ ဆောင်ပေးနေတယ်လို့ သိရပါတယ် ။ အသက်ကြီးပိုင်းက လူတွေ ပြောလေ့ရှိတာက     ကားကြားကြာမစီးနိုင်ဘူး .. အဲလိုစီးလို့ ရှိရင် မူးဝေ အော့အန်တော့ တာ ..တဲ့  ။ အဲဒါက motion sickness ဖြစ်တာကိုပြောတယ်လို့ ထင်ရပါတယ်  ။ ဒါကလည်း ခရီးသွားလေ့မရှိတဲ့ သူတွေ ပဲဖြစ်တတ်ကြတာပါ ။ အလေ့အကျင့်ဖြစ်ဖြစ်သွားရင် အဲ ဒါတွေက မဖြစ်တော့ပါဘူး ။  နောက် လူငယ်လေးတွေကို ကမ္ဘာ့နိုင်ငံ အသီးသီးကနေပြီးမှ လာရောက်လည်ပတ်ကြရတဲ့   သူတို့ အရပ်ဒေသနဲ့ သိပ်မဝေးလှတဲ့   ပုဂံရှေးဟောင်းနယ်မြေကို ရောက်ဖူးကြလားလို့ မေးတော့ လည်း ရောက်ဖူးတယ်လို့ပြောတဲ့ သူတော်တော်ရှားပါတယ် ။ ရုပ်စွဆုံး သူတို့ အနားမှာ ကပ်နေတဲ့ ပုံတောင် ပုံညာဒေသအကြောင်းကိုလည်း သူတို့ ရေရေရာရာ မသိကြ ။ ဒါကတော့ တန်းပညာ သင်ဖူးတာအပြင် တခြားအပြင်ပ ဗဟုသုတ ဖြစ်ဖွယ် စာပေတွေကိုပါလေ့လာမှ သိနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်တော့ သိပ်ပြီး အပြစ်တင်လို့ တော့ မဖြစ်ဘူး ။


ညဘက် ကျတော့် ဆီကို စကားလာပြောရင် နုတ်ဆက်ကြသူတွေ .....
ညဘက် ကျတော့် ဆီကို စကားလာပြောရင် နုတ်ဆက်ကြသူတွေ .....



                        ဒီဒေသက ဒီရွာတွေနဲ့ ပက်သက်ပြီး အကြောင်းတွေ ပြောနေရရင်တော့ စာတော်တော် ရှည်သွားမှာမို့ ဒီမှာပဲ အဆုံးသပ် လိုက်ပါရစေတော့ ။ အဓိကကတော့ ကျေးရွာနေ လူထုကြီးတစ်ခုလုံး ဘ၀မြှင့်တင်နိုင်ဖို့ ဆိုတာ စီးပွားရေး လူမှုရေး နဲ့ အလုပ်ကိုင်အခွင့်လမ်းတွေပေါ်ပေါက်အောင် သက်ဆိုင်ရာ အစိုးရအဖွဲ့ စည်းတွေက လုပ်ဆောင်ပေးကြရမှာ ဖြစ်သလို ဒေသခံ ပြည်သူလူထုဖက်မှလည်း ရလာတဲ့ အခွင်းရေးကိုလက်မလွပ်စေဘဲ သူတို့ ကိုယ်နှိက်က လက်ရှိဘ၀ကနေ ရုန်းထွက်လိုစိတ်နဲ့ ကြိုးစားရမှာ ဖြစ်တယ်လို့ ကျတော့် အနေနဲ့ မြင်မိပါတယ် ။ ဒါက ကျတော်မြင်တတ်သလောက်မြင်မိတာပါ ။ တကယ်တော့  ဒီလို တစ်ရက် နှစ်ရက် အတွင်း ကျတော်မြင်တွေ့ ကြားသိခဲ့ရတာတွေ ကိုအခြေခံပြီး လည်း မှန်ကန်ဆုံးကောက်ချက်ချမှုကို မရရှိနိုင်ဘူးလို့ ကျတော် ကောင်းကောင်းကြီး သဘောပေါက်ပါတယ် ။
                        မနက်မိုးလင်းတော့ ရွာကနေ ပြန်ရတော့ မှာမို့ ကျောက်ထုကို မနက် 10 နာရီထိုးသွားဖို့ ပြင်ဆင်ရပါတယ် ။ ကျတော်တို့ စုရပ်ဖြစ်တဲ့ သူငယ်ချင်းရဲ့  အဖိုးဖွားအိမ် ကိုကျတော်ရောက်လာတဲ့ အချိန်မှာ ရွာထဲက လူတွေ အလျှိုလျှိုထွက်လာကြပြီး ကျတော့် ကိုလာနုတ်ဆက်ကြပါတယ် ။ အဖွားတို့ မိသားစုကလည်း လာနုတ်ဆက်တဲ့ သူတွေကို ညက ထိုးထားတဲ့ ထမဲနဲ နဲ့ ရေနွေးကျမ်းချကျွေးရတာလဲအမောပါပဲ ။ တချို့ ကလည်း ဒီနှစ်ရက်ထဲ ရွာကိုလာလည်လို့ ဧည့်ဝတ်တောင် ကောင်းကောင်းမပြုလိုက်ရဘူးဆိုပြီး မကြေမနပ်နဲ့ ဆိုပြန်တယ် ။ သူတို့ အလိုရ တစ်ပါတ်လောက်ကိုနေစေချင်ပြီးတော့ ကျွေးမွေးပြုစုပြီးတော့ မှ ရွာအနေနဲ့ ဧည့်ဝတ်ကျေတယ်လို့ ယူဆထားပုံရပါတယ် ။ ကျတော့် ဘက်ကလည်း ဒီလို ပြုစုပုံမျိုးနဲ့ တော့ အားနာလွန်းလို့ နောက်ထပ် တစ်ရက်လောက်တောင်ထပ်ပြီး နေလို့ မကျတော့ပါဘူး ။

ကျွန်တေည်ပြန်ခါနီး လာနုတ်ဆက်ကြသူ တစ်ချို့  .....
ကျွန်တေည်ပြန်ခါနီး လာနုတ်ဆက်ကြသူ တစ်ချို့  .....


                      ဒီလိုနဲ့ ဘဲ မနက် 9 နာရီလောက်မှာ ကျတော့်ကိုလိုက်ပို့ မယ့် ဆိုင်ကယ် နှစ်စီး ရောက်လာတော့ လာရောက်နုတ်ဆက်ကြတဲ့ အစ်မကြီး အဒေါ်ကြီး တွေကို လေးလေးနက်နက် နုတ်ဆက်ပြီး ရွာကနေထွက်ခွာလာခဲ့ ပါတယ် ။ ရွာအပြင် ကိုရောက်တဲ့ အခါမှာဆိုင်ကယ်ကို ခဏ နားစေပြီး နေရောင်အောက်မှာ ငြိမ်သက်စွာ စီဆင်းနေတဲ့ ယောချောင်းကြီးနဲ့ ကုန်းမြင့် လေးအပေါ်က လက်ပန်းရွာလေးကို ရွာအ၀င်လက်ပံပင်ကြီးနဲ့ အတူ နောက်ဆုံးနှတ်ဆက်တဲ့ အနေနဲ့ မျက်နှာမူပြီး ကြည့်လိုက်ပါသေးတယ်……… ။



ရွာအပြင် ယောချောင်းနဘေးကနေ လက်ပန်းရွာကို ရွာ အ၀င် လက်ပံပင်ကြီးနဲ့ အတူ နုတ်ဆက်ခဲ့တယ် .....
ရွာအပြင် ယောချောင်းနဘေးကနေ လက်ပန်းရွာကို ရွာ အ၀င် လက်ပံပင်ကြီးနဲ့ အတူ နုတ်ဆက်ခဲ့တယ် .....





                                        ……..နောက်ထပ် ဘယ်တော့ များမှ ရောက်လာအုံးမယ်မှန်းမသိတဲ့ …….. ဒါမှ မဟုတ် …….. နောက်ထပ် ရောက်ဖြစ်ချင်မှလည်း ရောက်ဖြစ်တော့ မှာဖြစ်တဲ့ လက်ပန်း ရွာလေးရေ …….နှတ်ဆက်ပါတယ် ခင်ဗျာ…. ။

                                                                                              

 ( ယောနယ်က ပြန်ခဲ့ တဲ့ ရန်နောင်စိုး )

ကိုလေးဖြူ၊ ABC နှင့် ဘ၀ခဏယစ်မူးခြင်း

$
0
0
Photo: ကိုလေးဖြူ၊ ABC နှင့် ဘ၀ခဏယစ်မူးခြင်း ………….   တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ မီးကပျက်လို့နေတယ်။ ဟုတ်တယ် အရင်နေ့တွေက မီးမှန်တယ်ဗျ။ ဒီအချိန်ဆိုပျက်လေ့ပျက်ထမရှိလှဘူး။  ဒီနေ့တော့ ပိုပြီးရသမြောက်သွားအောင် မြန်မာ့လျှပ်စစ်က ဖြတ်လို့ထား ပေးတာဖြစ်ရမယ်။  ဖယောင်းတိုင်မီးကို ဖုန်းက ဓာတ်မီးအကူအညီနဲ့ ရှာရတယ်။ ဖယောင်းတိုင်မီး ထွန်းညှိလိုက်တယ်။  အလင်းရောင်တော့ရပြီ။  ဖန်ခွက် တစ်လုံးနဲ့ မနက်တုန်းစီက ကျန်နေတဲ့ ဟင်းခွက်ကို ခုံပေါ်အတူတကွ တင်လိုက်တယ်။  အမြည်းကတော့ များများစားစားမလုပ်တော့ မြေပဲဆံတစ်ထုပ်နဲ့ ဟင်းကျန်တစ်ခွက်ပေါ့။  အော် သောက်မယ့် အရာကလည်း များများစားစားမဟုတ်လှပါဘူး။  ဒီနေ့မှ သူများပေးလိုက်လို့ ယူလာခဲ့တဲ့ ABC Stout  သံဗူးတစ်ဗူးထဲပါ။  ဘီယာတို့ အရက်တို့ဆိုတာကလဲ ဒီနေ့အထိ သောက်တဲ့ အကြိမ်ကို လက်ချိုးရေလို့ ရပါတယ်။  ဘာလို့အရက်မသောက်လဲဆိုတော့ မကြိုက်လို့ဗျ။  အ၀င်ကို မကြိုက်တာ။ ပြီးတော့ အခါးကို ကျွန်တော်ကြောက်သဗျ။  ဒါကြောင့်မသောက်တာ။    အဲ တစ်သက်နဲ့တစ်ခါ အရက်နာကျတဲ့အထိ မူးနေအောင်သောက်ဖြစ်တာကတော့ ကျွန်တော့်အစ်မ မင်္ဂလာဆောင်ညမှာ သောက်တာဖြစ်တာပဲဗျ။  ၀မ်းနည်းလို့လားဆိုတော့ ဟုတ်ပါဘူး။  လူစုံသွားပြီး သောက်ကွာဆိုလို့ သောက်ချလိုက်တာ မနက်လဲကျရော ခေါင်းကိုမထူနိုင်တော့ဘူး။  တစ်နေ့လုံး အိပ်ယာ ထဲကမထတော့ဘူး။  စားမရသောက်မရဖြစ်ရော။  အဲဒီနောက်ပိုင်း အရက်လေးများသောက်ဖြစ်ရင် မူးနေအောင်များများစားစား မသောက်တော့တာ။  ခက်တာကလဲ အရက်သောက်တယ်ဆိုတာက မူးနေမှလည်း အရသာရှိလှသကိုး။  တစ်ခါတခါ လူမှန်း သူမှန်းမသိအောင် သောက်ပစ်ချင်တာ။  ဒါပေမဲ့လဲ သတိလေးရှိနေတော့ သောက်ရတာ တယ်ပြီး ဇိမ်မရှိလှ ပါဘူး။  ဒါကြောင့်လဲ အရက်ကို သိပ်မသောက်ဖြစ်တာပေါ့ဗျာ။    အဲ ဘီယာကတော့ အရက်ထက် အကြိမ်ရေများများ သောက်ဖြစ်ခဲ့တာပေါ့။  ဒါပေမဲ့ သူလဲ လက်ချိုးရေလို့ ရသဗျ။  ဘီယာလေးနည်းနည်းသောက်ရင်း ခေါင်းထဲ ရီဝေ ရီဝေအရသာကိုတော့ သဘောကျ သကိုး။  ဒါကြောင့်လဲ ဘိန်းမှိန်းမမှိန်းပဲ ဘီယာမှိန်းမှိန်းနေတတ်သေးတယ်။  ဒါကိုပဲ ကျွန်တော်ကတော့ ဘ၀ထဲက အရသာလေးခံယူတယ်လို့ ထင်တာပေါ့လေ။  ဖန်ခွက်ထဲကို ABC stout လေး ငှဲ့ထည့်တယ်။  လက်သုံးသစ်လောက်အရောက်မှာ ရပ်လိုက်တယ်။  အမြုပ်တွေက ဖန်ခွက်အပြည့်နီးပါးတက်လာတာကိုး။  ဒါကို ကျွန်တော် ဇိမ်ပြေနပြေကြည့်နေမိသေးတယ်။ ပြီး တော့ လူတွေရဲ့ ဘ၀နဲ့ စိတ်တွေကို စဉ်းစားမိတော့တာပါပဲ။  ဘီယာရဲ့ အမြုပ်က ဘာမှအရသာ မရှိပါဘူး။  အောက်က တကယ့်အရည်ကသာ အရသာရှိတာ မဟုတ်လား။ ပြီးတော့ တကယ့်ဘီယာမဟုတ်လား။  လူတွေကလဲ ဒီအတိုင်းပဲ တကယ့်အရသာက နည်းနည်း၊ အဲပြောရရင်တော့ ကိုယ်ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု၊ ဆင်းရဲမှုကိုကြည့် ဘာရှိလှမှာလဲ။  သို့သော်လည်း ရှိတဲ့သူကလဲ ရှိသူအလျှောက် ဘီယာရဲ့အမြုပ်တွေလို ဟိုးခွက်ပြည့်အထိ တက်လာတော့တာပါပဲ။  ဆင်းရဲသူကလဲ ဆင်းရဲတာကနည်းနည်း ဆင်းရဲတာကို အကြောင်းပြ ငိုချင်းချ၊ မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုတဲ့ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေက ခွက်အထက်ထိ လျှံကျချင်နေသကိုး။  ငယ်စဉ်ကဖြူစင်လှတဲ့ စိတ်ကလေးမှာ လောဘလေး၊ ဒေါသလေး၊ မောဟလေးက နည်းနည်းရယ်။ ဒါပေမယ့် ထပ်ထပ်တက်လာတဲ့ အမြုပ်တွေကတော့ အဆများစွာမဟုတ်လား။  အမြုပ်လေးတွေငြိမ်သွားပြီဆိုတာနဲ့  ဘီယာတစ်ငုံသောက်လိုက်တယ်။  နည်းနည်းခါးသက်သက် အရသာက လျှာပေါ်ကို ဖြတ်သွားတယ်။ မြေပဲဆံလေး တစ်ခုနှစ်ခုကောက်ဝါးလိုက်တယ်။  ကျွန်တော် အရက် သောက်ပုံနဲ့ ဘီယာသောက်ပုံခြင်း မတူဘူးဗျ။  အရက်သောက်ပြီဆိုရင် ခွက်ထဲထည့်ထားတာက ၃ ပက်လောက် ရှိရင် တစ်ခါတည်းမော့တယ်။  ခွက်ကြီးလို့ တစ်ဝက်လောက်ထည့်ထားရင်တောင် ၂ ခါ ၃ ခါ လောက်ပဲသောက်တယ်။  လျှာပေါ်မှာ အရက်ရဲ့ အရသာကြီးကို ခဏခဏ မခံချင်လို့ပဲ။  ဘီယာ၊ လက်ဖက်ရည်တို့ကိုတော့ တစ်ငုံခြင်းပဲ ဇိမ်စွဲသောက်တတ်သဗျ။  ဘီယာလေးတစ်ငုံလောက် ရောက်လာတော့ စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားမိတယ်။  ဖယောင်းတိုင်မီးရဲ့ အရောင်က တကယ့်ဆိုင် ကြီးတွေလို Romantic  ပုံစံမျိုးလုပ်ယူစရာမလိုဘူး။  Candlelight လေးက ပိုပြီး ကျွန်တော့်အတွက် အသက်ဝင် နေသလိုခံစားမိတယ်။  ဒါပေမဲ့တစ်ခုခုတော့လိုနေတယ်။  ဟုတ်တယ် တွေးမိပြီ။  ဂီတ။  သီချင်းသံ။  ကျွန်တော့်မှာ ငယ်စဉ်ကတည်းက အကျင့်တစ်ခုရှိတယ်။  စာကျက်ရင်ဖြစ်ဖြစ်၊ အလုပ်လေးတစ်ခုလုပ် နေရင်ဖြစ်ဖြစ် သီချင်းဖွင့်ထားလေ့ရှိတယ်။  အဲသီချင်းကို တစ်ပုဒ်လုံးရတယ်ဆိုတာတော့မရှိဘူး။  ဂီတသံလေး နဲ့ လုပ်ကိုင်နေရတာ ပိုပြီး လွတ်လပ်သလို၊ ပြီးမြောက်သလိုပဲ။  နောက်ဆုံးစာကျက်ရင်တော့ သီချင်းသံကို ခပ် ပါးပါးလေးဖွင့်ထားတတ်တယ်။  စာကျက်ရတာ ပိုပြီးရသလိုပါပဲ။  ကျွန်တော့်အကျင့်ပေါ့လေ။  ဒါနဲ့ ဖုန်းထဲက သီချင်းလေးတွေရှာရင်း လေးဖြူရဲ့ BOB Album လေးကို ဖွင့်လိုက်တယ်။  " ဒီလိုငါ…ယုတ္တိမရှိတဲ့ အဖြစ်ကို ယုတ္တိရှိဖို့ မွမ်းမံနေရင်း…သေချာအောင် အသေးစိတ်ခွဲခြမ်း ကြည့်တော့ …ငါလုပ်တဲ့ အလုပ်က အဓိပ္ပါယ်မရှိပဲ …"  အားလားလား…စဖွင့်မိလိုက်တဲ့ သီချင်းက ရင်ထဲကို ထိသွားတာပဲ။  ကိုလေးဖြူကတော့ ကျွန်တော့်ကို တိုက်ရိုက်ကြီး ဆိုနေပြီ။  ဘယ့်နှယ် တစ်ခါလေး ဘီယာလေး အရသာခံရတာပါဗျာ။  ဟွန်း ဘယ်ရမလဲ ကျော် လိုက်မှ ဖြစ်မယ်။  ဟုတ်တယ်လေ ဘ၀ကိုကြည့်  မနက်အိပ်ယာထ၊ ကိုယ်လက်သန့်စင်၊ နံနက်စာစား၊ ရုံးသွား၊ ရုံးမှာ ဟိုလုပ်ဒီလုပ်၊ စာရွက်ပေါ်က အလုပ်တွေလုပ်၊ နေ့လယ်စာစား၊ ရုံးသွား ဟိုလုပ်ဒီလုပ်၊ ညနေပြန်၊ ရေချိုး၊ ထမင်းစား၊ စိတ်ပါရင် စာလေးဘာလေးရေး၊ ပြီးတော့ အိပ်။  ဘာမှာလာ ဘ၀ရအနှစ်သာရ ရှိလို့တုံး။ ယုတ္တိရှိ လို့တုံး။  အဓိပ္ပါယ်ရှိလို့တုံး။   တော်ပြီ ဒီသီချင်းကို ကျော်ပစ်လိုက်တယ်။  ဘီယာ တစ်ငုံထပ်သောက်၊ အမြည်းလေး စားရင်း ဘီယာ လေးထပ်ဖြည့်တယ်။  အမယ် အလုပ်ကိုဖြစ်လို့ ကိုယ့်ဘာသာတွေးရင်း ပြုံးမိတယ်။ တယ်လည်း ဇိမ်ကျနေ သကိုး။  ဟာသလေး တစ်ခုကို အမှတ်ရမိလိုက်တယ်။  ကမ်းခြေမှာ သူဌေးကြီး တစ်ယောက်က လာပြီး စိတ် အပန်းဖြေ ဇိမ်ယူတာပေါ့လေ။  အဲဒီလိုနားနေခိုက်မှာ သူဆင်းရဲတစ်ယောက်က သဲသောင်ပြင်ပေါ်မှာ ခြေပစ် လက်ပစ်လှဲအိပ်နေသတဲ့။  သူဌေးကြီးက သွားပြီး ဆင်းရဲသားကို မေးသတဲ့။  " ဘယ်လိုဖြစ်တာလဲ အလုပ်အကိုင် အဆင်မပြေဘူးလား "  " ဒီလိုပါပဲ "  " ခင်ဗျား ဒီလိုလှဲနေလို့ ဘယ်ပြီးမလဲ အလုပ်လုပ်မှပေါ့ဗျ။  ဒါမှ အဆင်ပြေမှာပေါ့ "  သူဆင်းရဲက သူဌေးကြီး မော့ကြီးရင်း ပြန်မေးတယ်။  " နေပါဦး သူဌေးမင်းကရော ဒီကိုဘာလာလုပ်တာလဲ "  " ဟ အပန်းဖြေလာတာပေါ့။  လာနားတာပေါ့ကွ "  " အော် ဒီလိုနားရဖို့ ပိုက်ဆံကုန်မှာပဲနော်။  ပိုက်ဆံပေးရဖို့ ပိုက်ဆံတွေရှာရမယ်၊ အလုပ်တွေ အများကြီး လုပ်ရမှာပေါ့နော် "  " အေးပေါ့ဟ ငါဒီလောက် လုပ်ခဲ့လို့လဲ ခုလိုနားနေနိုင်တာပေါ့ကွ "  သူဆင်းရဲက ခေါင်းလေးတဆတ်ဆတ်ညိတ်ရင်း.  " အော် သူဌေး သူဌေး သနားစရာ။  တစ်သက်လုံး ဒီလောက်လုပ်ပြီး ဒီမှာ လာနားရတယ်လို့။  ဘာထူးတုန်းဗျာ ကျွန်တော်လဲ ခုနားနေတာလေ။  အေးဆေးပဲ။  တစ်နေ့လုပ် တစ်နေ့စား နားနားနေနေပဲ။  ပင်လယ်ကမ်းခြေမှာ အတူတူနားရတာပါပဲဗျာ။ သိပ်မရှာနဲ့ သူဌေးမင်း၊ ပင်ပန်းတယ် "  သူဌေးမင်းလဲ ဘာမှ မပြောတော့ပဲထွက်သွားတော့တာပေါ့။  အင်း ဘ၀မှာ ရှာလိုက်ရတာ ရှာလိုက်ရတာ။  ကောင်းကောင်းနေ၊ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းဇိမ်ခံ၊ ကောင်းကောင်းအရသာခံဖို့ပေါ့။ ရော ပြီးတော့လဲ ချမ်းသာရင် အခေါင်းကောင်းကောင်း၊ ဂူကောင်းကောင်းနဲ့ နေရတာပဲ ကွာလှပါတာတကား။  တော်ပြီ ရှာတော့ဘူး။  စိတ်ထဲကဖြစ်တာပေါ့လေ။  ပြီးတော့လဲ မိုးလင်းကတည်းက လုပ်ရ ကိုင်ရတာပါပဲ။  " ဒီကမ္ဘာဟာ ငါ့အတွက်ပါ ..ထင်မှတ်သမျှ…နောက်ဆုံးမှာ သူ့အလိုတိုင်းပါ..လွှင့်ပျယ်ပျောက်ကာသွား ရင်း.. ဒီကမ္ဘာမှာ.. ငါ့အတွက်သာ ..မျှော်လင့်သမျှ…နောက်ဆုံးမှာ လွှင့်ပျယ်ပျောက်ကာ.. သူ့အလိုတိုင်း..အို.. ခရီးဆက်နေဆဲပါ…"  ၀မ်းထဲ ဘီယာဗူးတစ်ဝက်လောက် ၀င်သွားပြီဆိုတာနဲ့ အတွေးတို့က ရစ်သီနေပြီ။  အမြည်းလေး ကောက်မြည်းလိုက်။ ဘီယားလေး တစ်ငုံလောက်သောက်လိုက်၊ ကိုလေးဖြူသီချင်းကို ကျော်လိုက် ပြန်ရစ် လိုက်လုပ်ရင်း..ကမ္ဘာကြီးပေါ်မှာ တစ်ယောက်ထဲရှိနေသလို လွတ်လပ်ပေါ့ပါးနေလိုက်တာ။  စိတ်ရှိရာ လုပ်နေ ရတော့ကလဲ တယ်အရသာရှိလှတကိုး။  အင်း စိတ်မနှံ့တဲ့ အရူးတွေရဲ့ ဘ၀က ကြည့်ရတာစိတ်မချမ်းမြေ့စရာ ဆိုပေမယ့် သူ့ကိုယ်၌က ဘယ်လောက်ပေါ့ပါးနေသလို။  စိတ်ထဲရှိရာ မချင့်ချိန်၊ မနှိုင်းစနိုင်ပဲ လုပ်ချင်ရာလုပ်နေ တော့တာကိုး။  အင်းလေ  ..တစ်ခါတလေတော့လဲ ..စိတ်ရှိရာလွှင့်မျောရင်း ရူးသွပ်လိုက်တာ ပိုပြီး စိတ်လက် ပေါ့ပါးသွားတာပေါ့။  " အတိတ်တွေက မှုန်ဝါးပေမယ့်..ငါတို့နှစ်ဦးဇာတ်လမ်းမှာ တချို့နေရာက..အကောင်းအတိုင်းရှိနေဆဲ ပါပဲ…ဟိုတစ်ကွက်ဒီတစ်ကွက်..ပိတ်သားထက်..အရင်လိုကြည့်မကောင်းပေမယ့်..မြင်ရတယ်..အဓိပ္ပါယ်မရှိတာ သိပေမယ့်..တစ်ခါတလေ..တိုက်ဆိုင်မှုတွေရှိလာတော့လဲ..အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်…"  သြော်..ကိုလေးဖြူ..ကိုလေးဖြူ…ဒါ့ကြောင့်လဲ..နာမည်ကြီးလှတာကိုး။  ခုလဲကြည့် သီချင်းက နားထဲ ဖြတ်သန်းစီးဆင်းပြီဆိုတာနဲ့ ဦးနှောက်တို့က လှုပ်လဲ့လို့ အတိတ်ကထကြွတော့ တာပါပဲ။  အော် ခပ်ငယ်ငယ်က ချစ်လိုက်ရတာ။  အိပ်လဲ ဒီစိတ်၊ စားလဲ ဒီစိတ်၊ ရွှေမြင်းမိုရ်တစ်တောင်လုံး တုံးမှတ်လို့ ခုန်ယုံမက ပင်လယ် တစ်ဘက်ကမ်း ကူးခတ်လို့တောင် သွားတော့မယောင်။  အချစ်ဆိုတာကို ကျွန်တော်ခပ်ငယ်ငယ်ကတည်းက ရှာဖွေတွေ့ရှိခဲ့တာဗျ။  ပြောရရင်တော့ ရှစ်တန်း ကျောင်းသားပဲရှိသေးတယ်။  အဲဒီအချိန်တုန်းကတော့ မျက်နှာလေး တွေ့လိုက်တယ်ဆိုရင်ပဲ ရင်ထဲမှာ တလှပ်လှပ်၊ မမြင်ရပြန်ရင်လဲ သူ့မျက်နှာကို အကုသိုလ်မဖြစ်ဘူးလို့ထင်တဲ့ စိတ်က ခိုးခိုးကြည့်မိတာ ခဏခဏ။  အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးတဲ့။  ဟုတ်လိမ့်မယ် ဒီစကားက လွဲခဲ့လို့ ဆိုခဲ့တာဖြစ်မယ်။  တွဲနေခဲ့တာဆိုရင် ရန်ဖြစ်တာနဲ့ တစ်သက်လုံးပေါင်းရတာနဲ့ဆိုရင် ငယ်ချစ်ဦးပေမယ့် အိမ်ကဟာကြီးကို မေ့ချင်ချင်မဟုတ်လား။  ခုတော့ လွဲခဲ့ရတာဆိုတော့ ခု သမီးဦးရတာတောင် ကိုလေးဖြူကြောင့် အမှတ်က ရနေပြန်ပါပြီ။    ကိုယ့်ကိုယ်ကို မလုံလဲလို့ အိပ်နေကြပြီဖြစ်တဲ့ ဇနီးနဲ့ သမီးကို လှည့်ကြည့်မိလိုက်သေးတယ်။  စိတ်က ဖြစ်တာကို ဘယ်သိနိုင်ပါ့မလဲ။  သို့ပေသည့် မဟုတ်တာလုပ်ထား၊ ကြံထားတော့ စိတ်ကိုက မလုံတော့တာ လေ။  ခုတော့ အဟောင်းကအကြောင်းကို တိုက်ဆိုင်မှုတွေရှိလာလို့ ခဏတော့ ပြန်ဖြစ်သွားတာပါ အိမ်သူသက်ထားရယ်။  အဟေ့ တစ်ယောက်တည်း လျှောက်လဲချက်တော့ပေးနေပါပြီ။  အင်း..ဘီယာကတော့ ကုန်လုပြီ..စိတ်ကလဲ အကောင်းစိတ် ကုန်လုချင်ချင်..။ တော်ပြီ  ကိုလေးဖြူကို ပိတ်ပစ်လိုက်တယ်။ နိုမို့ဆို စိတ်က ဘီယာအမြုပ်တွေလို ထပ်ထပ် တက်နေဦးမယ်။    ဘီယာကို နောက်ဆုံး သံယောဇဉ်ဖြတ် လက်ကျန်တစ်ခွက် ကောက်မော့လိုက်တယ်။ အင်းလေ.. ကုန်မှတော့လဲ ဖြတ်ရပြီပေါ့။  ဘ၀မှာလဲ ဒီလိုလုပ်နေကြမဟုတ်လား။  မနိုင်တော့ဘူးဆိုရင် အလျှော့ပေးတာ ပေါ့။  မရရင်တော့ စွန့်လွှတ်လိုက်တာပေါ့။  ဒီလိုပဲ တွေးနေ၊ ပြောနေကြဆိုတော့ ပြောရတာပေါ့။  အားပါး..နောက်ဆုံးမို့လားမသိဘူး..ခါးသက်သက် အရသာက ..ချိုအေးနေသလိုပဲ။  ကုန်သွားမှန်း သိလျက်နဲ့ ခွက်ကို ထောင်ကြည့်လိုက်တယ်။  ဘာမှမရှိတာကို ထောင်ကြည့်ပြီး မရှိတော့ပါလားဆိုပြီး ပြန်ချလိုက်တယ်။  ပြီးတော့ အမြည်းလေးခပ်စားလိုက်တယ်။  "  သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ  "     အရှင်ဘုရား သေရည်သေရက်နှင့် မူးယစ်စေတတ်သော ဆေးဝါးအစားအသောက်များကို ဝေးစွာ ရှောင်ကျဉ်ရပါလို၏ အရှင်ဘုရား။  ရှောင်ကျဉ်ရလို၏။  ခုလဲမရှောင်နိုင်သေး။  သောက်ပြီးသွားပြီကိုး။  ခပ် ရွတ်ရွတ်လူတွေပြောသလို " ဘုရားမကြိုက်၊ မိဘမကြိုက်တာမလုပ်ဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ " ဆိုသလို ခုတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီးသွားပြီ။  ကိုယ်ကြိုက်တာဆိုတော့ ဓမ္မနဲ့ညီမညီတော့ မဆန်းစစ် ဖြစ်တော့ပါဘူး။  ကုသိုလ်၊ အကုသိုလ်ဆိုတာလဲ စိတ်ထဲရောက်ကိုမလာဘူး။  သြော်..ဒါပြီးရင်တော့..မသောက်တော့ပါဘူး။  ကုန်သွားပြီလေ။  ဘ၀မှာလဲ  ဓမ္မဆိုတာကို သိ နေတယ်။  သိတယ်ဆိုယုံပေါ့။  အဓမ္မဆိုတာကိုလဲ သိနေတယ်။  သေသေချာချာပဲ။   စိတ်ဆိုတာ မကောင်းမှု၌ သာပျော်မွေ့၏ ဆိုပြီး ရုန်းမလားမအောက်မေ့မိလေနဲ့။  ပျော်ကိုပျော်နေတာလေ။  အင်းလေ တစ်ခါတည်းပါ။ နောက်မလုပ်ပါဘူးဆိုတာနဲ့  အကုသိုလ်အကျိုးတွေ ကျွန်တော်ဘယ်လောက်တောင်စုဆောင်းမိနေပြီလဲ။  မီလျံ နာကြီးလား။ ဘီလျံနာကြီးလား။  ကိုလေးဖြူကို ပိတ်ပြီးပြီ။  ABC ကို အကုန်ရှင်းပြီးပြီ။ ဘ၀ကို စားပွဲဝိုင်းထိုင်ပြီး ယစ်မူးလို့ပြီးပြီ။  အတိတ်ကိုလဲ ပြန်ခဲ့ပြီ။ Candlelight လေးလဲငြိမ်းတော့မယ်။  ကျွန်တော့်တစ်နေ့တာကိုလဲ သိမ်းပါတော့မယ်။ သို့ဖြစ်၍ အိပ်ယာဝင်ပြီဖြစ်ပါကြောင်း။  ၁၅-၂-၂၀၁၄ မောင်ပိုင် **********
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ မီးကပျက်လို့နေတယ်။ ဟုတ်တယ် အရင်နေ့တွေက မီးမှန်တယ်ဗျ။ ဒီအချိန်ဆိုပျက်လေ့ပျက်ထမရှိလှဘူး။ ဒီနေ့တော့ ပိုပြီးရသမြောက်သွားအောင် မြန်မာ့လျှပ်စစ်က ဖြတ်လို့ထား ပေးတာဖြစ်ရမယ်။
  
 ဖယောင်းတိုင်မီးကို ဖုန်းက ဓာတ်မီးအကူအညီနဲ့ ရှာရတယ်။ ဖယောင်းတိုင်မီး ထွန်းညှိလိုက်တယ်။ အလင်းရောင်တော့ရပြီ။ ဖန်ခွက် တစ်လုံးနဲ့ မနက်တုန်းစီက ကျန်နေတဲ့ ဟင်းခွက်ကို ခုံပေါ်အတူတကွ တင်လိုက်တယ်။ အမြည်းကတော့ များများစားစားမလုပ်တော့ မြေပဲဆံတစ်ထုပ်နဲ့ ဟင်းကျန်တစ်ခွက်ပေါ့။
အော် သောက်မယ့် အရာကလည်း များများစားစားမဟုတ်လှပါဘူး။ ဒီနေ့မှ သူများပေးလိုက်လို့ ယူလာခဲ့တဲ့ ABC Stout သံဗူးတစ်ဗူးထဲပါ။ ဘီယာတို့ အရက်တို့ဆိုတာကလဲ ဒီနေ့အထိ သောက်တဲ့ အကြိမ်ကို လက်ချိုးရေလို့ ရပါတယ်။ ဘာလို့အရက်မသောက်လဲဆိုတော့ မကြိုက်လို့ဗျ။ အ၀င်ကို မကြိုက်တာ။ ပြီးတော့ အခါးကို ကျွန်တော်ကြောက်သဗျ။ ဒါကြောင့်မသောက်တာ။

အဲ တစ်သက်နဲ့တစ်ခါ အရက်နာကျတဲ့အထိ မူးနေအောင်သောက်ဖြစ်တာကတော့ ကျွန်တော့်အစ်မ မင်္ဂလာဆောင်ညမှာ သောက်တာဖြစ်တာပဲဗျ။ ၀မ်းနည်းလို့လားဆိုတော့ ဟုတ်ပါဘူး။ လူစုံသွားပြီး သောက်ကွာဆိုလို့ သောက်ချလိုက်တာ မနက်လဲကျရော ခေါင်းကိုမထူနိုင်တော့ဘူး။ တစ်နေ့လုံး အိပ်ယာ ထဲကမထတော့ဘူး။ စားမရသောက်မရဖြစ်ရော။ အဲဒီနောက်ပိုင်း အရက်လေးများသောက်ဖြစ်ရင် မူးနေအောင်များများစားစား မသောက်တော့တာ။

ခက်တာကလဲ အရက်သောက်တယ်ဆိုတာက မူးနေမှလည်း အရသာရှိလှသကိုး။ တစ်ခါတခါ လူမှန်း သူမှန်းမသိအောင် သောက်ပစ်ချင်တာ။ ဒါပေမဲ့လဲ သတိလေးရှိနေတော့ သောက်ရတာ တယ်ပြီး ဇိမ်မရှိလှ ပါဘူး။ ဒါကြောင့်လဲ အရက်ကို သိပ်မသောက်ဖြစ်တာပေါ့ဗျာ။

အဲ ဘီယာကတော့ အရက်ထက် အကြိမ်ရေများများ သောက်ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ သူလဲ လက်ချိုးရေလို့ ရသဗျ။ ဘီယာလေးနည်းနည်းသောက်ရင်း ခေါင်းထဲ ရီဝေ ရီဝေအရသာကိုတော့ သဘောကျ သကိုး။ ဒါကြောင့်လဲ ဘိန်းမှိန်းမမှိန်းပဲ ဘီယာမှိန်းမှိန်းနေတတ်သေးတယ်။ ဒါကိုပဲ ကျွန်တော်ကတော့ ဘ၀ထဲက အရသာလေးခံယူတယ်လို့ ထင်တာပေါ့လေ။

ဖန်ခွက်ထဲကို ABC stout လေး ငှဲ့ထည့်တယ်။ လက်သုံးသစ်လောက်အရောက်မှာ ရပ်လိုက်တယ်။ အမြုပ်တွေက ဖန်ခွက်အပြည့်နီးပါးတက်လာတာကိုး။ ဒါကို ကျွန်တော် ဇိမ်ပြေနပြေကြည့်နေမိသေးတယ်။ ပြီး တော့ လူတွေရဲ့ ဘ၀နဲ့ စိတ်တွေကို စဉ်းစားမိတော့တာပါပဲ။

ဘီယာရဲ့ အမြုပ်က ဘာမှအရသာ မရှိပါဘူး။ အောက်က တကယ့်အရည်ကသာ အရသာရှိတာ မဟုတ်လား။ ပြီးတော့ တကယ့်ဘီယာမဟုတ်လား။ လူတွေကလဲ ဒီအတိုင်းပဲ တကယ့်အရသာက နည်းနည်း၊ အဲပြောရရင်တော့ ကိုယ်ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု၊ ဆင်းရဲမှုကိုကြည့် ဘာရှိလှမှာလဲ။ သို့သော်လည်း ရှိတဲ့သူကလဲ ရှိသူအလျှောက် ဘီယာရဲ့အမြုပ်တွေလို ဟိုးခွက်ပြည့်အထိ တက်လာတော့တာပါပဲ။ ဆင်းရဲသူကလဲ ဆင်းရဲတာကနည်းနည်း ဆင်းရဲတာကို အကြောင်းပြ ငိုချင်းချ၊ မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုတဲ့ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေက ခွက်အထက်ထိ လျှံကျချင်နေသကိုး။
ငယ်စဉ်ကဖြူစင်လှတဲ့ စိတ်ကလေးမှာ လောဘလေး၊ ဒေါသလေး၊ မောဟလေးက နည်းနည်းရယ်။ ဒါပေမယ့် ထပ်ထပ်တက်လာတဲ့ အမြုပ်တွေကတော့ အဆများစွာမဟုတ်လား။

အမြုပ်လေးတွေငြိမ်သွားပြီဆိုတာနဲ့ ဘီယာတစ်ငုံသောက်လိုက်တယ်။ နည်းနည်းခါးသက်သက် အရသာက လျှာပေါ်ကို ဖြတ်သွားတယ်။ မြေပဲဆံလေး တစ်ခုနှစ်ခုကောက်ဝါးလိုက်တယ်။ ကျွန်တော် အရက် သောက်ပုံနဲ့ ဘီယာသောက်ပုံခြင်း မတူဘူးဗျ။ အရက်သောက်ပြီဆိုရင် ခွက်ထဲထည့်ထားတာက ၃ ပက်လောက် ရှိရင် တစ်ခါတည်းမော့တယ်။ ခွက်ကြီးလို့ တစ်ဝက်လောက်ထည့်ထားရင်တောင် ၂ ခါ ၃ ခါ လောက်ပဲသောက်တယ်။ လျှာပေါ်မှာ အရက်ရဲ့ အရသာကြီးကို ခဏခဏ မခံချင်လို့ပဲ။
ဘီယာ၊ လက်ဖက်ရည်တို့ကိုတော့ တစ်ငုံခြင်းပဲ ဇိမ်စွဲသောက်တတ်သဗျ။ ဘီယာလေးတစ်ငုံလောက် ရောက်လာတော့ စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားမိတယ်။ ဖယောင်းတိုင်မီးရဲ့ အရောင်က တကယ့်ဆိုင် ကြီးတွေလို Romantic ပုံစံမျိုးလုပ်ယူစရာမလိုဘူး။ Candlelight လေးက ပိုပြီး ကျွန်တော့်အတွက် အသက်ဝင် နေသလိုခံစားမိတယ်။ ဒါပေမဲ့တစ်ခုခုတော့လိုနေတယ်။ ဟုတ်တယ် တွေးမိပြီ။ ဂီတ။ သီချင်းသံ။

ကျွန်တော့်မှာ ငယ်စဉ်ကတည်းက အကျင့်တစ်ခုရှိတယ်။ စာကျက်ရင်ဖြစ်ဖြစ်၊ အလုပ်လေးတစ်ခုလုပ် နေရင်ဖြစ်ဖြစ် သီချင်းဖွင့်ထားလေ့ရှိတယ်။ အဲသီချင်းကို တစ်ပုဒ်လုံးရတယ်ဆိုတာတော့မရှိဘူး။ ဂီတသံလေး နဲ့ လုပ်ကိုင်နေရတာ ပိုပြီး လွတ်လပ်သလို၊ ပြီးမြောက်သလိုပဲ။ နောက်ဆုံးစာကျက်ရင်တော့ သီချင်းသံကို ခပ် ပါးပါးလေးဖွင့်ထားတတ်တယ်။ စာကျက်ရတာ ပိုပြီးရသလိုပါပဲ။ 

ကျွန်တော့်အကျင့်ပေါ့လေ။ ဒါနဲ့ ဖုန်းထဲက သီချင်းလေးတွေရှာရင်း လေးဖြူရဲ့ BOB Album လေးကို ဖွင့်လိုက်တယ်။

"ဒီလိုငါ…ယုတ္တိမရှိတဲ့ အဖြစ်ကို ယုတ္တိရှိဖို့ မွမ်းမံနေရင်း…သေချာအောင် အသေးစိတ်ခွဲခြမ်း ကြည့်တော့ …ငါလုပ်တဲ့ အလုပ်က အဓိပ္ပါယ်မရှိပဲ …"

အားလားလား…စဖွင့်မိလိုက်တဲ့ သီချင်းက ရင်ထဲကို ထိသွားတာပဲ။ ကိုလေးဖြူကတော့ ကျွန်တော့်ကို တိုက်ရိုက်ကြီး ဆိုနေပြီ။ ဘယ့်နှယ် တစ်ခါလေး ဘီယာလေး အရသာခံရတာပါဗျာ။ ဟွန်း ဘယ်ရမလဲ ကျော် လိုက်မှ ဖြစ်မယ်။

ဟုတ်တယ်လေ ဘ၀ကိုကြည့် မနက်အိပ်ယာထ၊ ကိုယ်လက်သန့်စင်၊ နံနက်စာစား၊ ရုံးသွား၊ ရုံးမှာ ဟိုလုပ်ဒီလုပ်၊ စာရွက်ပေါ်က အလုပ်တွေလုပ်၊ နေ့လယ်စာစား၊ ရုံးသွား ဟိုလုပ်ဒီလုပ်၊ ညနေပြန်၊ ရေချိုး၊ ထမင်းစား၊ စိတ်ပါရင် စာလေးဘာလေးရေး၊ ပြီးတော့ အိပ်။ ဘာမှာလာ ဘ၀ရအနှစ်သာရ ရှိလို့တုံး။ ယုတ္တိရှိ လို့တုံး။ အဓိပ္ပါယ်ရှိလို့တုံး။ 

တော်ပြီ ဒီသီချင်းကို ကျော်ပစ်လိုက်တယ်။ ဘီယာ တစ်ငုံထပ်သောက်၊ အမြည်းလေး စားရင်း ဘီယာ လေးထပ်ဖြည့်တယ်။ အမယ် အလုပ်ကိုဖြစ်လို့ ကိုယ့်ဘာသာတွေးရင်း ပြုံးမိတယ်။ တယ်လည်း ဇိမ်ကျနေ သကိုး။

ဟာသလေး တစ်ခုကို အမှတ်ရမိလိုက်တယ်။ ကမ်းခြေမှာ သူဌေးကြီး တစ်ယောက်က လာပြီး စိတ် အပန်းဖြေ ဇိမ်ယူတာပေါ့လေ။ အဲဒီလိုနားနေခိုက်မှာ သူဆင်းရဲတစ်ယောက်က သဲသောင်ပြင်ပေါ်မှာ ခြေပစ် လက်ပစ်လှဲအိပ်နေသတဲ့။ သူဌေးကြီးက သွားပြီး ဆင်းရဲသားကို မေးသတဲ့။

"ဘယ်လိုဖြစ်တာလဲ အလုပ်အကိုင် အဆင်မပြေဘူးလား "

"ဒီလိုပါပဲ "

"ခင်ဗျား ဒီလိုလှဲနေလို့ ဘယ်ပြီးမလဲ အလုပ်လုပ်မှပေါ့ဗျ။ ဒါမှ အဆင်ပြေမှာပေါ့ "

သူဆင်းရဲက သူဌေးကြီး မော့ကြီးရင်း ပြန်မေးတယ်။

"နေပါဦး သူဌေးမင်းကရော ဒီကိုဘာလာလုပ်တာလဲ "

"ဟ အပန်းဖြေလာတာပေါ့။ လာနားတာပေါ့ကွ "

"အော် ဒီလိုနားရဖို့ ပိုက်ဆံကုန်မှာပဲနော်။ ပိုက်ဆံပေးရဖို့ ပိုက်ဆံတွေရှာရမယ်၊ အလုပ်တွေ အများကြီး လုပ်ရမှာပေါ့နော် "

"အေးပေါ့ဟ ငါဒီလောက် လုပ်ခဲ့လို့လဲ ခုလိုနားနေနိုင်တာပေါ့ကွ "

သူဆင်းရဲက ခေါင်းလေးတဆတ်ဆတ်ညိတ်ရင်း.

"အော် သူဌေး သူဌေး သနားစရာ။ တစ်သက်လုံး ဒီလောက်လုပ်ပြီး ဒီမှာ လာနားရတယ်လို့။ ဘာထူးတုန်းဗျာ ကျွန်တော်လဲ ခုနားနေတာလေ။ အေးဆေးပဲ။ တစ်နေ့လုပ် တစ်နေ့စား နားနားနေနေပဲ။ ပင်လယ်ကမ်းခြေမှာ အတူတူနားရတာပါပဲဗျာ။ သိပ်မရှာနဲ့ သူဌေးမင်း၊ ပင်ပန်းတယ် "

သူဌေးမင်းလဲ ဘာမှ မပြောတော့ပဲထွက်သွားတော့တာပေါ့။

အင်း ဘ၀မှာ ရှာလိုက်ရတာ ရှာလိုက်ရတာ။ ကောင်းကောင်းနေ၊ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်၊ ကောင်းကောင်းဇိမ်ခံ၊ ကောင်းကောင်းအရသာခံဖို့ပေါ့။ ရော ပြီးတော့လဲ ချမ်းသာရင် အခေါင်းကောင်းကောင်း၊ ဂူကောင်းကောင်းနဲ့ နေရတာပဲ ကွာလှပါတာတကား။ တော်ပြီ ရှာတော့ဘူး။ စိတ်ထဲကဖြစ်တာပေါ့လေ။ ပြီးတော့လဲ မိုးလင်းကတည်းက လုပ်ရ ကိုင်ရတာပါပဲ။

"ဒီကမ္ဘာဟာ ငါ့အတွက်ပါ ..ထင်မှတ်သမျှ…နောက်ဆုံးမှာ သူ့အလိုတိုင်းပါ..လွှင့်ပျယ်ပျောက်ကာသွား ရင်း.. ဒီကမ္ဘာမှာ.. ငါ့အတွက်သာ ..မျှော်လင့်သမျှ…နောက်ဆုံးမှာ လွှင့်ပျယ်ပျောက်ကာ.. သူ့အလိုတိုင်း..အို.. ခရီးဆက်နေဆဲပါ…"

ဝမ်းထဲ ဘီယာဗူးတစ်ဝက်လောက် ၀င်သွားပြီဆိုတာနဲ့ အတွေးတို့က ရစ်သီနေပြီ။ အမြည်းလေး ကောက်မြည်းလိုက်။ ဘီယားလေး တစ်ငုံလောက်သောက်လိုက်၊ ကိုလေးဖြူသီချင်းကို ကျော်လိုက် ပြန်ရစ် လိုက်လုပ်ရင်း..ကမ္ဘာကြီးပေါ်မှာ တစ်ယောက်ထဲရှိနေသလို လွတ်လပ်ပေါ့ပါးနေလိုက်တာ။ စိတ်ရှိရာ လုပ်နေ ရတော့ကလဲ တယ်အရသာရှိလှတကိုး။ အင်း စိတ်မနှံ့တဲ့ အရူးတွေရဲ့ ဘ၀က ကြည့်ရတာစိတ်မချမ်းမြေ့စရာ ဆိုပေမယ့် သူ့ကိုယ်၌က ဘယ်လောက်ပေါ့ပါးနေသလို။ စိတ်ထဲရှိရာ မချင့်ချိန်၊ မနှိုင်းစနိုင်ပဲ လုပ်ချင်ရာလုပ်နေ တော့တာကိုး။ အင်းလေ ..တစ်ခါတလေတော့လဲ ..စိတ်ရှိရာလွှင့်မျောရင်း ရူးသွပ်လိုက်တာ ပိုပြီး စိတ်လက် ပေါ့ပါးသွားတာပေါ့။

"အတိတ်တွေက မှုန်ဝါးပေမယ့်..ငါတို့နှစ်ဦးဇာတ်လမ်းမှာ တချို့နေရာက..အကောင်းအတိုင်းရှိနေဆဲ ပါပဲ…

ဟိုတစ်ကွက်ဒီတစ်ကွက်..ပိတ်သားထက်..အရင်လိုကြည့်မကောင်းပေမယ့်..မြင်ရတယ်..အဓိပ္ပါယ်မရှိတာ သိပေမယ့်..တစ်ခါတလေ..တိုက်ဆိုင်မှုတွေရှိလာတော့လဲ..အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်…"
သြော်..ကိုလေးဖြူ..ကိုလေးဖြူ…ဒါ့ကြောင့်လဲ..နာမည်ကြီးလှတာကိုး။ ခုလဲကြည့် သီချင်းက နားထဲ ဖြတ်သန်းစီးဆင်းပြီဆိုတာနဲ့ ဦးနှောက်တို့က လှုပ်လဲ့လို့ အတိတ်ကထကြွတော့ တာပါပဲ။ အော် ခပ်ငယ်ငယ်က ချစ်လိုက်ရတာ။ အိပ်လဲ ဒီစိတ်၊ စားလဲ ဒီစိတ်၊ ရွှေမြင်းမိုရ်တစ်တောင်လုံး တုံးမှတ်လို့ ခုန်ယုံမက ပင်လယ် တစ်ဘက်ကမ်း ကူးခတ်လို့တောင် သွားတော့မယောင်။

အချစ်ဆိုတာကို ကျွန်တော်ခပ်ငယ်ငယ်ကတည်းက ရှာဖွေတွေ့ရှိခဲ့တာဗျ။ ပြောရရင်တော့ ရှစ်တန်း ကျောင်းသားပဲရှိသေးတယ်။ အဲဒီအချိန်တုန်းကတော့ မျက်နှာလေး တွေ့လိုက်တယ်ဆိုရင်ပဲ ရင်ထဲမှာ တလှပ်လှပ်၊ မမြင်ရပြန်ရင်လဲ သူ့မျက်နှာကို အကုသိုလ်မဖြစ်ဘူးလို့ထင်တဲ့ စိတ်က ခိုးခိုးကြည့်မိတာ ခဏခဏ။ အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးတဲ့။ ဟုတ်လိမ့်မယ် ဒီစကားက လွဲခဲ့လို့ ဆိုခဲ့တာဖြစ်မယ်။ တွဲနေခဲ့တာဆိုရင် ရန်ဖြစ်တာနဲ့ တစ်သက်လုံးပေါင်းရတာနဲ့ဆိုရင် ငယ်ချစ်ဦးပေမယ့် အိမ်ကဟာကြီးကို မေ့ချင်ချင်မဟုတ်လား။ ခုတော့ လွဲခဲ့ရတာဆိုတော့ ခု သမီးဦးရတာတောင် ကိုလေးဖြူကြောင့် အမှတ်က ရနေပြန်ပါပြီ။ 

ကိုယ့်ကိုယ်ကို မလုံလဲလို့ အိပ်နေကြပြီဖြစ်တဲ့ ဇနီးနဲ့ သမီးကို လှည့်ကြည့်မိလိုက်သေးတယ်။ စိတ်က ဖြစ်တာကို ဘယ်သိနိုင်ပါ့မလဲ။ သို့ပေသည့် မဟုတ်တာလုပ်ထား၊ ကြံထားတော့ စိတ်ကိုက မလုံတော့တာ လေ။ ခုတော့ အဟောင်းကအကြောင်းကို တိုက်ဆိုင်မှုတွေရှိလာလို့ ခဏတော့ ပြန်ဖြစ်သွားတာပါ အိမ်သူသက်ထားရယ်။ အဟေ့ တစ်ယောက်တည်း လျှောက်လဲချက်တော့ပေးနေပါပြီ။
အင်း..ဘီယာကတော့ ကုန်လုပြီ..စိတ်ကလဲ အကောင်းစိတ် ကုန်လုချင်ချင်..။ တော်ပြီ ကိုလေးဖြူကို ပိတ်ပစ်လိုက်တယ်။ နိုမို့ဆို စိတ်က ဘီယာအမြုပ်တွေလို ထပ်ထပ် တက်နေဦးမယ်။ 

ဘီယာကို နောက်ဆုံး သံယောဇဉ်ဖြတ် လက်ကျန်တစ်ခွက် ကောက်မော့လိုက်တယ်။ အင်းလေ.. ကုန်မှတော့လဲ ဖြတ်ရပြီပေါ့။ ဘ၀မှာလဲ ဒီလိုလုပ်နေကြမဟုတ်လား။ မနိုင်တော့ဘူးဆိုရင် အလျှော့ပေးတာ ပေါ့။ မရရင်တော့ စွန့်လွှတ်လိုက်တာပေါ့။ ဒီလိုပဲ တွေးနေ၊ ပြောနေကြဆိုတော့ ပြောရတာပေါ့။
အားပါး..နောက်ဆုံးမို့လားမသိဘူး..ခါးသက်သက် အရသာက ..ချိုအေးနေသလိုပဲ။ ကုန်သွားမှန်း သိလျက်နဲ့ ခွက်ကို ထောင်ကြည့်လိုက်တယ်။ ဘာမှမရှိတာကို ထောင်ကြည့်ပြီး မရှိတော့ပါလားဆိုပြီး ပြန်ချလိုက်တယ်။ ပြီးတော့ အမြည်းလေးခပ်စားလိုက်တယ်။

"သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ " 

အရှင်ဘုရား သေရည်သေရက်နှင့် မူးယစ်စေတတ်သော ဆေးဝါးအစားအသောက်များကို ဝေးစွာ ရှောင်ကျဉ်ရပါလို၏ အရှင်ဘုရား။ ရှောင်ကျဉ်ရလို၏။ ခုလဲမရှောင်နိုင်သေး။ သောက်ပြီးသွားပြီကိုး။ ခပ် ရွတ်ရွတ်လူတွေပြောသလို "ဘုရားမကြိုက်၊ မိဘမကြိုက်တာမလုပ်ဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာ "ဆိုသလို ခုတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပြီးသွားပြီ။ ကိုယ်ကြိုက်တာဆိုတော့ ဓမ္မနဲ့ညီမညီတော့ မဆန်းစစ် ဖြစ်တော့ပါဘူး။ ကုသိုလ်၊ အကုသိုလ်ဆိုတာလဲ စိတ်ထဲရောက်ကိုမလာဘူး။

သြော်..ဒါပြီးရင်တော့..မသောက်တော့ပါဘူး။ ကုန်သွားပြီလေ။ ဘ၀မှာလဲ ဓမ္မဆိုတာကို သိ နေတယ်။ သိတယ်ဆိုယုံပေါ့။ အဓမ္မဆိုတာကိုလဲ သိနေတယ်။ သေသေချာချာပဲ။ စိတ်ဆိုတာ မကောင်းမှု၌ သာပျော်မွေ့၏ ဆိုပြီး ရုန်းမလားမအောက်မေ့မိလေနဲ့။ ပျော်ကိုပျော်နေတာလေ။ အင်းလေ တစ်ခါတည်းပါ။ နောက်မလုပ်ပါဘူးဆိုတာနဲ့ အကုသိုလ်အကျိုးတွေ ကျွန်တော်ဘယ်လောက်တောင်စုဆောင်းမိနေပြီလဲ။ မီလျံ နာကြီးလား။ ဘီလျံနာကြီးလား။

ကိုလေးဖြူကို ပိတ်ပြီးပြီ။ ABC ကို အကုန်ရှင်းပြီးပြီ။ ဘ၀ကို စားပွဲဝိုင်းထိုင်ပြီး ယစ်မူးလို့ပြီးပြီ။ အတိတ်ကိုလဲ ပြန်ခဲ့ပြီ။ Candlelight လေးလဲငြိမ်းတော့မယ်။ ကျွန်တော့်တစ်နေ့တာကိုလဲ သိမ်းပါတော့မယ်။ သို့ဖြစ်၍ အိပ်ယာဝင်ပြီဖြစ်ပါကြောင်း။

၁၅-၂-၂၀၁၄
မောင်ပိုင်

ပုဂံ မြို့ ရိုး .........

$
0
0


သာရဗါ တံခါး ......
သာရဗါ တံခါး ......



ပုဂံ မသွားခင် ပုဂံ အကြောင်း သိထားဖို့ ကောင်းတယ် ။ တို့ များသိပြီးသားပါ လို့ ပြောတဲ့ သူရှိမယ် ။ အဲဒီလူက ဥပမာ မှန်နန်းရာဇ၀င်ထဲ က ပုဂံ အကြောင်း သူငယ်ငယ်ကပဲ ဖတ်ခဲ့ ဖူးတယ် ။ ပုဂံ ဘုရားသမိုင်းတွေ ဖတ်ဖူးမယ် ။ ဒီတော့ သူဘယ်လောက် ပုဂံ အကြောင်း ဘယ်လောက်သိတယ်ဆိုတာ ခန့် မှန်းလို့ အောင် မှန်နန်းရဇ၀င်ထဲ က ပုဂံ အကြောင်း နည်းနည်း ပြန်ပြောကြည်ံ ရအောင်...ဆိုပြီး ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့  အမှာစာလေးတစ်ခုဖတ်ရတော့ သဘောကျလို့ စာဖတ်ရင်း ပြုံးခဲ့ မိပါတယ် ။ ဒေါက်ထာသန်းထွန်း က မြန်မာပြည်တွင်းက ပုံဂံ
ကိုသွားရောက် လည်ပတ်ကြမဲ့ သူတွေ ကို ပုဂံ နဲ့ ပက်သက်ပြီး သာမန်ရိုးကျ သိထားတဲ့ အကြောင်းတွေ အပြင် သုတေသနဆန်ဆန် ဖော်ထုတ်ရေးသားထားတဲ့ ပုဂံ အကြောင်းကို လည်း လေ့လာသိရှိစေချင်တဲ့ စေတနာနဲ့ ရေးထးတဲ့ အမှာစာလေးဖြစ်ပါတယ် ။ ကျတော်တို့ သိသလောက် ပုဂံ ကိုရောက်လာတဲ့ သူတွေ ထဲ မှာ ပုဂံအကြောင်း ပညာရှင်တွေ နဲ့ အထူးတစ်လည်လေ့လာလိုက်စားတဲ့ သူတွေ ကလွဲလို့ အများစုဟာ ပုဂံနဲပက်သက်ပြီး သာမန်ရိုးကျ သိထားတဲ့ သူတွေ ပိုများမယ် ထင်ပါတယ် ။ တစ်ချို့ ဆို ပုံဂံက နာမည်ကြီးဘုရားတစ်ဆူ ကိုရောက်ပြီ ဆိုမှ ဘုရားမှာ အဲဒီဘုရားနဲ့ ပက်သက်တဲ့ ရာဇ၀င်ပြောပြတဲ့ သူကို ရှင်းပြခိုင်းနေတာလည်းတွေ့ ခဲ့ ရဖူးပါတယ် ။ ကျတော် ဆိုလည်းဘာထူးလဲ  အရင် နှစ်ခေါက် ပုဂံ ကိုရောက်ခဲ့ တုန်းက ကျတော်တို့ မိသားတစ်စုလုံးကို လိုက်ပို့ တဲ့ ကားသမားက နာမည်ကြီးပြီးလူပြောများတဲ့ ဘုရားတွေ ကို တစ်ရက် နှစ်ရက် အတွင်း လိုက်ပို့တာကို အပြေးအလွှားလေ့ လာဖူးခဲ့ ရတာ ။ ဒီအကြားထဲ ကိုယ်စိတ်ဝင်စားတဲ့ ဘုရား အကြေင်းကိုတော့ အသင့် ပါလာတဲ့ စာအုပ်ဖွင့် ဖတ်ပြီး လေ့လာခဲ့ ရပါတယ် ။



အရှေ့ ဘက်မြို့ ရိုး
အရှေ့ ဘက်မြို့ ရိုး



                         အခု ဒီတစ်ခေါက် ပုဂံ ကိုသွားရတာကတော့ ဘုရားစုံအောင်ဖူးဖို့ ရည်ရွယ်ပြီး သွားခဲ့ တာမဟုတ်ပါဘူး ။ ပုဂံအကြောင်း ပညာရှင်တွေ ရေးထားတဲ့ စာတွေ လက်လှန်းမီ သလောက် ဖတ်ခဲ့ ရတော့ စိတ်ဝင်စားမိတဲ့ နေရာလေးတွေ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လေ့လာကြည်ချင်တဲ့ စိတ်ဖြစ်ပေါ်လာလို့ ပါ ။ အဓိက အားဖြစ် ပုဂံ မြို့ ရိုးနဲ့ ကျူံးကြီး ၊ ပညာရှင်တွေ ချီးမွှမ်းပြောဆိုလေ့ ရှိတဲ့ အာနန္ဒာ ဂူဘုရားကြီးနဲ့ ပျူခေတ် လက်ရာနဲ့ ဆင်တူတဲ့ စေတီကြီးတွေ ကိုထပ်ပြီး ကြည့်ချင်လို့ ဖြစ်ပါတယ် ။
                         ပုဂံ မှာ အာနန္ဒာဘုရားနဲ့ မျက်စောင်းထိုး နားမှာ ရှိတဲ့ သာရဗါ တံခါး လက်ကျန်ကြီး ကို လူတိုင်းသတိပြုကြပါလိမ့်မယ်ထင်ပါတယ် ။ သာရဗါ တံခါးဟာ ပုဂံ မြို့ ရိုးရဲ့  အရှေ့ ဖက်မြို့ ရိုးရဲ့  အလည်တည့်တည့်မှာရှိတဲ့  တခါးဖြစ်ပါတယ် ။ ပုဂံ နိုင်ငံတော်ကြီးကိုစတင်တည်ထောင်တဲ့ အချိန်ကို ပညာရှင်များက အမျိုးမျိုးယူဆပြီး ကောက်ချက်ချနေပေမယ့် အခုချိန်မှာ ပြစရာဆိုလို့  11 ရာစု အနော်ရထာမင်းကြီးလက်ထက် မှာတည်ထောင်ခဲ့ တယ်လို့ ယူရတဲ့ လက်ရှိ မြို့ ဟောင်းကြီးသာ ကျန်ရှိနေခဲ့ပါတယ် ။ ကျုံးနဲ့ မြို့ ရိုးဆိုတာ များအားဖြင့် မြို့ တော်တည်ဆောက်စဉ် ကတည်းက စတင်တည်ဆောက်ခဲ့ တာဟာ လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်တာကြောင့် ပုဂံမှာ လက်ရှိ ကျန်နေသေးတဲ့ သာရဗါ တံခါး အပါအ၀င် မြို့ ရိုးနဲ့ ကျုံး သုံးဖက်သုံးတန်ဟာ ပုဂံကို စတည်ထောင်စဉ် ကတည်းက မင်းနေပြည်တော်နဲ့ အပြိုင်တည်ဆောက် ခဲ့တာဖြစ်လိမ့် မယ်လို့ ပညာရှင်များက ယူဆခဲ့ ပါတယ် ။



ပုဂံမြို့ ဟောင်း ကောင်းကင်မြေပုံ..
ပုဂံမြို့ ဟောင်း ကောင်းကင်မြေပုံ..



                     တစ်ကယ်တော့ အဲဒီလို မဟုတ်ပါဘူးတဲ့ ။ 1991 ခုနှစ်မှာ ပုဂံ ကျုံးဟောင်းကြီးကို စတင်ထူးဖော် ခဲ့ တဲ့ တူးဖော်မှု ရလဒ်အရ ပုဂံ ကျုံးနဲ့ မြို့ ရိုးကို တရုပ်ပြေးမင်းလို့ လူသိများတဲ့ နရသီဟပတေ့ မင်း လက်ထက် AD 1284  ခုနှစ်လောက်ရောက်မှာ ရန်သူတွေလာတော့ မယ်ဆိုမှ အပူတပြင်း တူးဖော်တည်ဆောက်ခဲ့ တာသေချာသလောက်ရှိတယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် သာရဗါ တံခါးကြီးကိုတော့ ဘယ်အချိန်မှာ ထည်ဆောက်ခဲ့ တယ်ဆိုတာကတော့ ခန့် မှန်းဖို့ ခက်နေပြန်ပါတယ် တဲ့ ။ ကျုံးကို တူးဖော်ရာမှာ လူသေအရုပ်လောင်းတွေ ကိုတွေ့ ရှိသေးတာမို့ အဲ ဒီခေတ်က အဆောက်အအဦ တစ်ခု ဆောက်လုပ်တဲ့ အခါ လူတွေ ကိုစတေး တဲ့ အလေ့ထ ရှိနေသေးတယ်လို့ ယူဆရမလို ဖြစ်နေပါတယ် ။ ကျုံကိုတူးဖော်စဉ် မှာ ပျုခေတ်အုတ်ချပ်တွေ လို့ ယူဆထားတဲ့ အုတ်ချပ်တွေ တွေ့ ရတာကြောင့် ပုဂံ ခေတ်မတိုင်မှီက ရှိနေခဲ့ တဲ့ ပျူခေတ်ဘုရားပျက်တွေကနေ မြို့ရိုးတည်ဆောက်ရာမှာ ယူသုံးခဲ့ မယ်လို့ ယူဆခဲ့ ပါတယ် ။  “မင်း အမိန့် နဲ့ ဘုရားပျက်တွေက အုတ်ချပ်တွေကို ကာကွယ်ရေးအတွက် ယူသုံးတယ်ဆိုတာ ဒီတစ်ခါ ဘဲ တွေ့ ဖူးသေးတယ် “ ဆိုပြီး ဒေါက်တာသန်းထွန်းက ကောက်ချက်ချထားတာ ကို ဖတ်ခဲ့ ရဖူးပါတယ် ။



အရှေ့ မြောက်ဘက် မြို့ ရိုး....
အရှေ့ မြောက်ဘက် မြို့ ရိုး....



                        လက်ရှိ ကျတော်မြင်တွေ့ ခဲ့ တဲ့ ( ကောင်းကင်မြေပုံ အရ နဲ့ မျက်မြင်အရပါ ) ပုဂံ မြို့ ရိုးကြီးဟာ လေးဖက်လေးတန်မဟုတ်ဘဲ တောင်ဖက် ၊ အရှေ့ ဖက်နဲ့ မြောက်ဖက် ဆိုပြီး သုံးမျက်နှာသာရှိပါတယ် ။ အနောက်ဖက်မျက်နှာကတော့ ဧရာဝတီ မြစ်ကမ်းပါးပြိုလို့ ပါသွားတာလား ၊ ဒါမှ မဟုတ် မြစ်ကို အကာအကွယ်ကူပြီး ဒီအတိုင်လွတ်ထားတာလားတော့ မပြောတတ် ပါ ။ အဲဒီ ကျုံးမျက်နှာသုံးဖက်မှာ အရှေ့ ဘက်ကျုံး တစ်ခုသာ မူရင်းအရှည်အတိုင်းရှိနေပါတယ် ။ တောင်ဘက်ကျုံးအတိုင်းအတာဟာ တစ်မိုင်ရဲ့  လေးပုံ သုံးပုံ ရှိနေပေမယ့်  အမြောက်ဘက်ကျုံးကတော့ တော်တော်လေးကို တိုနေတာ တွေ့ ရပါတယ် ။ နန်းမြို့ တွင်း အကျယ်ဝန်းဟာ စတုရန်း တစ်မိုင်ပတ်လည်တောင်မရှိပါဘူးတဲ့ ။ ဒါဟာ သရေခတ္တရာမြို့ ဟောင်း အင်းဝမြို့ ဟောင်း အမရပူရမြို့ ဟောင်းနဲ့ မန္တလေး မြို့ ဟောင်းတို့နဲ့ စာရင်အတော်ကိုသေးငယ်လှတယ်လို့ ဆိုနိုင်ပါတယ် ။  ကျုံးရေ ကိုတော့ ဧရာဝတီမြစ်ကနေ သွယ်ယူပုံ ရပါတယ် ။ ဒါဆို မြစ်ရေကျတဲ့ အချိန် ရေခန်းနေပြီး ကျုံးခြောက်ဖြစ်နေမလားဘဲ ။



မြောက်ဘက်မြို့ ရိုး.......
မြောက်ဘက်မြို့ ရိုး.......



                       ကျတော်တို့ မြန်မာ နိုင်ငံ မှာ လက်ရှိကျန်နေသေးတဲ့ မြို့ ဟောင်းတွေ မှာ နန်းတော်ရာ ကို နန်းမြို့ ရိုးရဲ့  အလည်တည့်တည့် သို့မဟုတ် အလည်နီးနားပတ်ဝန်းကျင်မှာသာ တွေ့ ရလေ့ရှိပါတယ် ။ အခု ပုဂံ နန်းမြို့ ထဲ မှာတူးဖော်မှု ပြုလုပ်နေတဲ့ နန်းတော်ရာ အရဆိုရင် ပုဂံ နန်းတော်ရာ ဟာ နန်းမြို့ တော်ရဲ့  အလည်တည့်တည့် မှာ မဟုတ်ပဲ အရှေ့ ဖက် ကျုံးနဲ့ တော်တော်ကိုနီးကပ်နေတာကိုတွေ့ ရပါတယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ပညာရှင်တွေ ယူဆခဲ့သလို ပုဂံ မြို့ ရိုးနဲ့ ကျုံးကို ရန်သူလာတော့ မယ်ဆိုတော့ မှ အဆင်ပြေသလို တူးဖော်တည်ဆောက်ခဲ့ တယ်ဆိုတာကို သက်သေပြနေသလို ဖြစ်တယ်လို့ ကျတော်ထင်ပါတယ် ။  တစ်ကယ်ဆို မြို့ ရိုးနဲ့ ကျုံး ကို အခုလက်ရှိ အာနန္ဒာဘုရား တည်ရှိနေတဲ့ နေရာလောက်ထိ ချဲ့ ထွင် တူးဖော်ခဲ့ မှာသာ နန်းတော်ရာ ဟာ မြို့ တော်ရဲ့ အလည်တည့်တည့် လောက်မှာ ကျရောက်လိမ့် မယ်ထင်ပါတယ် ။



တောင်ဘက်မြို့ ရိုး .......
တောင်ဘက်မြို့ ရိုး .......



                             အခုလက်ရှိ နေထားအရ အရှေ့ ဖက် မြို့ ရိုးမှာ ရှိတဲ့ သာရဗါ တံခါး အနီးတစ်ဝိုက် လောက်မှာသာ ကျုံး ဟောင်းနေရာကို သေချာ ပြုပြင်ထားတာကိုတွေ့ ရပါတယ် ..ကျန်တဲ့ နေရာတွေ မှာတော့ ခြုံထူထပ်စွာ ပေါက်ရောက်နေတာမို့ ထင်ရှားစွာ မမြင်နိုင်တော့ ပါဘူး ။ တစ်ကယ်လို့ လက်ရှိကျန်နေသေးတဲ့ မြို့ ရိုးပတ်ပတ်လည်ကိုလည်း သေချာ ရှင်းလင်းပြီး ပြုပြင်ထားမယ်ဆိုရင်တော့ ပုံဂံ ရှေးဟောင်းနယ်မြေမှာ လေ့လာစရာ နေရာတစ်ခုတော့ ထပ်တိုးလာနိုင်တယ်လို့ ကျတော်ထင်မိပါတယ် ။
                                                                                                            ( ရန်နောင်စိုး )

ကြက်ပွဲ နဲ့ ကြက်ဆွဲ

$
0
0




Photo Credit to Minoakar Nge

စက်ဝိုင်းပုံ စည်းထဲမှာ  ကြက်နှစ်ကောင် လူနှစ်ယောက် ပတ်ခြာလည် ရွေ့လျားနေရင်း … လူ့အသိ မရှိတဲ့ ကြက်နှစ်ကောင်ဟာ လူစိတ်မရှိတဲ့ ကြက်ဆွဲ နှစ်ဦးနဲ့ ဝိုင်းအုံကြည့်နေသူ လူအချို့ရဲ့ မြှောက်ပင့်သွေးထိုးပေးမှု စကားလုံးတွေ ဟန်အမူအရာ တွေအောက်မှာ  ကိုယ့်ကိုယ်ကို … ငါကွ … အထင်ရောက် ဘဝင်မြောက် ကြောက်ရ လန့်ရမှန်းမသိ အစွမ်းကုန် တိုက်ခိုက် သတ်ပုတ်နေတဲ့ … ကြက်ပွဲ။


ကြက်ပွဲဟေ့ … ဆိုတာနဲ့ ကြက်ဆွဲသမားက ပါလာပြီ။ တချို့နေရာတွေမှာ ကြက်ကု လို့ခေါ်ကြတယ်။ ကြက်ကု ကောင်းတဲ့လူများ ကြည့်ရတာ တကယ့် သမ္ဘာရင့် သမားတော်တဦးလိုပဲ … ဝိုင်းထဲမှာ အကြောလိုက် ဒေါင်ချာ စိုင်းနေတဲ့ ကြက်ကို  ၂ မိနစ် ၃ မိနစ်အတွင်း  တက်ကြွလန်းဆန်းလာအောင် ကုသနိုင်စွမ်းရှိတာ။

တကယ်တော့ .. ကြက်ဆွဲ ဆိုတာ  အမည်နာမနဲ့ ဆန့်ကျင်ဘက်အလုပ်ကို လုပ်ရသူလို့  ပြောရမလားပဲ။  ဘာလို့ဆို လူ ၂ ယောက် ရန်ဖြစ်တဲ့နေရာမှာ ဝိုင်းဆွဲကြထိန်းကြသူတွေဟာ  ရန်ပွဲဆက်မဖြစ်အောင် ဟန့်တားကြတာ ဖြစ်ကြောင်း သာမန်အားဖြင့် ကျနော်တို့ နားလည်ထားကြပါတယ်။ “ဟဲ့ ဟိုမှာ ဒီလောက် သတ်ပုတ်နေတာ ဆွဲမယ့်သူ တယောက်မှ မရှိကြဘူးလား” ဆိုတာမျိုးပေါ့။

ကြက်ပွဲမှာတော့ အဲလိုမဟုတ်လေဘူး ခင်ဗျ။  ကိုယ့်ကြက်ကို ကောက်ကိုင်ပြီး အာပူထိုး … ဘယ်ပြန်ညာပြန် အတောင်ပံသ … ရေတငုံစာ ဖူးခနဲမှုတ် … ပေါင်ရင်းကို ဆုပ်ဆုပ်ပြီး ဒဏ်ရာတွေ ပြုစုပေးနေတာဟာ တဖက်ကြက်ကို အနိုင်ရဖို့  သွေးထိုးမြှောက်ပင့်လုပ်ပေးတာနဲ့ အတူတူပဲ။ ပေါင်ကြားမှာ အသာညှပ်လို့ ခဏတာ ပြုစုကုသလိုက်ပြီး … အမောနည်းနည်းပြေပြီဆိုတာနဲ့ “ဒူးရေဆွတ် နာနာခွပ်”  ပြိုင်ဘက်ကြက်နဲ့ မျက်နှာချင်းဆိုင် တတောင်သာသာ အကွာအဝေးမှာ ရွရွကလေးမြေကိုချ … နောက်ကနေ  အမြီးကြားကို လေတချက် ပင့်မှုတ်ပေးရင်း နောက်မဆုတ်တမ်း တိုက်ခိုက်ဖို့ အချက်ပေးလိုက်လေရဲ့။

အဲဒီတပြိုင်နက် ဝဋ်ကြွေးပါလာတဲ့ ကြက်နှစ်ကောင် ခနကိုယ် ဒယိမ်းဒယိုင်ဖြစ်နေတဲ့ကြားက တောင်ပံကိုဖွင့် လည်ဆံမွှေး တဝင့်ဝင့်နဲ့  အသေအလဲ တိုက်ပွဲဝင်ကြပြန်ရော။ ဖြုန်းခနဲ … ဖောက်ခနဲ အသံတွေကြားမှာ ဟက်ဟက်ပက်ပက် အားပေးကြ … မချင့်မရဲ  အံကြိတ်လိုက်ကြနဲ့  လက်ဖျားကြေးတွေ တိုးတိုးလာ ..။ ကြက်ဆွဲက လောင်းကြေးတချို့ကို ယပ်တောင်သဖွယ် ဖြန့်ပြီး သူ့ကြက်မြင်သာအောင် ယပ်ခပ်ပြလိုက် သေး တယ်။ “ဖေ့သားကြီး ဒါမျိုးတွေ အများကြီးရှိသေးတယ် တောင့်ထား”  ဆိုတဲ့ သဘောနဲ့ အချက်ပြလိုက်ပုံ။

အသေအကြေ တိုက်ပွဲမှာ  ထိချက်ဒဏ်ရာပြင်းလို့ ဝိုင်းထဲမှာပဲ အသေခံသွားတဲ့ ကြက်လည်းရှိရဲ့။  အဲလို မဟုတ်ဘဲ မျက်လုံးမျက်ဆံ ကန်းသွားလို့ရော  ဘယ်သူက အစားထိုးကုပေးပါ့မလဲ။ ဝေးစွ။ သခင်ကို အလုပ်အကျွေးပြုရင်း မျက်စိမမြင်တော့တဲ့ ကြက်တကောင်ကို လွတ်ငြိမ်းခွင့်ပေးပြီး ကြာရှည် အလှကြည့်ထားဖို့ ဝေလာဝေး။  ဘယ်လောက်ပဲ ခြေကောင်းကောင်း “ကြက်ကန်း မြင်းကျိုး သားမထိုးအပ်”  စကားပုံကို အာဂုံ ဆောင်ထားသူ  ကြက်သခင်(ကြက်ဆွဲ) က ကြက်မလေးအနားတောင် ရစ်သီရစ်သီ လုပ်ခွင့်မပြု။ မဲလေးနဲ့ ပေးတိုက်ရင်တိုက် .. အဲလိုမဟုတ်ဘဲ ကိုယ်မွေးတဲ့ကြက်မို့ ကိုယ်တိုင် မရက်စက်ချင်သူ ဆိုရင်တော့  အသားဈေးနဲ့ ဒိုင်ကြက်ခြင်းထဲ အသာလေး အရောက်ပို့တော့မှာ။ ဘယ်လောက် အသဲနာဖို့ ကောင်းလိုက် သလဲ။

အနိုင်ခွပ်ပေးနိုင်တုန်း တခဏသာ မျက်နှာကောင်းရ။ “ဖေ့သားကြီး ဖေ့သားကြီး” ပေါင်ပေါ်တင် ဂုတ်ပေါ်တင် နဲ့ တယုတယ ထားတတ်ကြတာ။ “ကြွေတလက် ကြက်တခုန်”  ကိုယ့်ဘက်က အခွင့်မသာ ကံကြမ္မာ တိမ်းစောင်း အရှုံးနဲ့ ရင်ဆိုင်ရလို့ကတော့ သကောင့်သား အရိပ်သုံးပါး နားလည်ပါမှ။ ခြေနှစ်ချောင်းချင်း တူပေမဲ့ အခြေအနေ အရ “သူ့လက်ခုပ်ထဲက ရေ”  လူစိတ်အလိုမကျတိုင်း ကြက်ခမျာ ဒုက္ခပြီး ဒုက္ခ။

ကြက်သမား အတော်များများ တွေ့ဖူးပါတယ်။  ကြက်နဲ့ပတ်သက်လာရင် ဇနီးမယား သမီးသားထက် ပိုပြီး ဂရုစိုက် ယုယတတ်ကြပုံများ။  ကြက်ကို ကိုင်လိုက်ရင် ရင်ပုံအောက် အသာလက်လျှိုပြီး ညင်ညင်သာသာလေး ကိုင်ကြတာ။ ပြီးတော့ တနေရာကို ယူသွားမယ်ဆိုလဲ  ရင်ဘတ်မှာ အသာကပ်လို့ ချော့ချော့မော့မော့လေး။ အစာကျွေးတဲ့အခါ နှုတ်သီးနာမှာစိုးတော့  မြေအိုးလည်ပင်းပြတ်မှာ အဝတ်စ,အုပ်ချည်လို့ မလျော့မတင်း အစာကောက်လို့ အဆင်ပြေအောင် လုပ်ထားပေးတယ်။

မနက်စောစော နေလုံး ထန်းတဖျားလောက် ရောက်ချိန် … နေခြည်လှုံရင်း မြက်စိမ်းမြက်စိုလေးတွေ စားနိုင်ဖို့ မြက်စာပေါတဲ့နေရာမှာ ကြက်စူးတိုင် မြေမှာစိုက် ကြိုးကလေးနဲ့ လွှတ်ပေးကာ တကူးတက အချိန်ကုန်ခံ စောင့်ပေးရတာ။ ကြက်နာကျချိန်ဆို ရောဂါဘယကင်းဝေးအောင် ကြိုတင်ဆေးတိုက်ရုံနဲ့ အားမရနိုင်သေးဘူး။ သီးသန့်လှောင်အိမ်မှာ ထည့်လို့  အရိပ်ကောင်းကောင်း ပင်စည်မြင့်မြင့် သစ်ပင်ထက်မှာ စက်သီးကြိုးနဲ့ ဆွဲတင် အိပ်တန်း သိပ်ရတာ။ အိပ်တန်းမတက်ခင် ကျင့်သားရ အမောစေ့အောင် ကျောကုန်းလေး အသာဖိပြီး ထိုင်ထ လေ့ကျင့်ခန်း လုပ်ခိုင်းလိုက်သေးတယ်။

ပြုစုခံဘဝကို မသိမိုက်မှား သာယာနေတဲ့ ကြက်က လူနားမှာ ရစ်သီ ရစ်သီ။ အလုပ်မအားတဲ့ကြားမှာ ခြေထောက်ကြား ရောက်လာတဲ့ကြက်ကို မိန်းမဖြစ်သူက ခြောက်လှန့်လွှတ်ရင် ဒေါသတထောင်းထောင်း။ အစာကျွေးဖို့ ကြက်ဖမ်းခိုင်းတဲ့အခါ  ကလေးတွေက မမီမကမ်းနဲ့ ကြက်အမြီးဆွဲမိပြန်တော့  ရိုက်မောင်း ပုတ်မောင်း။ အို …. စုံလို့  စုံလို့ ပါပဲ။

ကြက်သမားတယောက်အနေနဲ့ တိုက်ကြက်တကောင်ကို သသရွရွလေး ဖူးဖူးမှုတ် ပြုစုယုယနေတာဟာ ချစ်ခင်မြတ်နိုးသမှုနဲ့ တန်ဖိုးထား အလှကြည့်ခံစားလိုစိတ်ကြောင့် မဟုတ်ပါဘူး။ သွေးသံရဲရဲတိုက်ပွဲဝင် အသင့်ဖြစ်ဖို့ အားမွေးပေးခြင်းဖြစ်ပြီး လောင်းကြေးငွေသပြာတွေပိုင်ဆိုင်ရဖို့ အတွေးစိတ်ကူးနဲ့ ရူးနေခြင်း တမျိုးသာ။ ကိုယ့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ သွေးဆာခြင်း ဝေဒနာကို ကြက်နှစ်ကောင် ဒဏ်ရာပလပွနဲ့  သွေးချင်းချင်းနီရဲ တိုက်ခိုက်နေတာ ကြည့်ရင်း ကျေနပ်နှစ်သိမ့်နေတာမျိုး။

ခွပ်လက်တိုက်စရာ အခြားကြက် မရှိ … အားအားယားယား ဖြစ်နေချိန်မှာ ကိုယ်မွေးထားတဲ့ ခြံထဲက ကြက်အချင်းချင်း အိုးမဲသုတ် ရုတ်ဖျက်ကာ တိုက်ခိုက်စေခြင်းကိုလည်း အခါအားလျော်စွာ လုပ်တတ်ပါ သေးတယ်။ တမိတည်းသား တခြံတည်းထားတဲ့ ကြက်တွေအချင်းချင်း အနေကြာရင်းနှီးမှုကြောင့် ဖြစ်စေ .. တကောင်နဲ့တကောင် ငယ်နိုင် (သို့) ငယ်ကြောက်ဖြစ်နေလို့ဖြစ်စေ … ခွပ်ချင်စိတ် တိုက်ခိုက်ရန်လိုစိတ် မရှိတဲ့အခါ  မျက်နှာကို အိုးမဲသုတ် .. အမွေး အတောင် တွေကို ဆေးဆိုးပုံဖျက်လို့ တခြားနေရာက ရောက်လာတဲ့ မျက်နှာစိမ်း ပုံမျိုး ဖန်တီးပေးလိုက်တဲ့အခါ စေ့စေ့ကြည့်မခံ နယ်ခံ ကြက်မိုက်နဲ့ စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့် နယ်မရှောင် လည်ပြောင်တို့  သတ်ကွင်းမှာ တွေ့ကြပြီပေါ့။

အဲဒီတော့ ကြက်ပွဲသံ သောသောညံနေတဲ့  ဒီရွာဝန်းကျင်မှာ သွေးသံရဲရဲ ကြက်ခွပ်ပွဲ အနိဋ္ဌာရုံ မြင်ကွင်းတွေ … လောင်းကြေးရမက်နဲ့ ဘေးကနေ အသက်ရှုမှားမတတ် မြှောက်ပင့်သွေးထိုးသံတွေ … ရှင်းလင်း ပျောက်ကွယ် ကင်းစင် သွားစေဖို့  ဘာလုပ်ရင် အကောင်ဆုံးဖြစ်မလဲ … ကြက်တိုက်သမားတွေကို မသေမချင်း ကြက်လိုခွပ်ခိုင်းတဲ့နည်းနဲ့ အပြစ်ပေးလိုက်ရင် ကောင်းမလား …. ဒါမှမဟုတ် သူများမြှောက်ပေးတာကို မြှောက်ပေးမှန်းမသိနိုင် လောက်အောင်ကို  အသိဥာဏ်ထုံအ,တဲ့ ကြက်ငပိန်းတွေကိုပဲ  မျိုးတုံးအောင်သာ ခွပ်ပစေတော့လို့ ဒီအတိုင်း  ပစ်ထားလိုက်ရင် ကောင်းမလား   ….  ကဲ။

ကြက်သမား မဟုတ်တဲ့ ……

နေမင်းသူ
၁၆-၂-၂၀၁၄

ကျွန်တော် ချစ်သော အညာ

$
0
0




..................ဒီတစ်ခါ တော့ ဆုံးဖြတ်လိုက်ပါ ပြီ....ကျတော် ရေက်ဖူးချင်ခဲ့တဲ့ အညာမြေဒေသ ဆီ အလည်အပတ်သွားဖို့ ပါ ။ ကျတော်သွားချင်တဲ့ ပုံစံက မန္တလေး တို့ ပုဂံတို့
ကို သွားရောက်လည်ပတ်သလို တည်းခိုခန်း တို့ ဟိုတယ် တို့ မှာ တည်းခို နားနေပြီး သွားရတဲ့ ခရီးမျိုး မဟုတ်ဘဲ အညာဒေသ ရဲ့  ကျေးလက်ဒေသ မှာရှိတဲ့ အိမ်လေးတွေ မှာ တည်းခိုပြီး သူတို့ ရဲ့ ဘ၀တွေကို နီးနီးကပ်ကပ် လေ့ လာခွင့် ရမဲ့ ခရီး မျိုး ကိုသွားချင်ခဲ့တာပါ .။  ဒီတော့  22 . 3 . 2013 ရက်နေ့မှာ မန်းလေး ကို အရင်ဦးဆုံးထွက်လာခဲ့ ပြီး လုပ်ကိစ္စ လေးတွေ ကို အရင်ဖြတ်ရပါတယ် ။ 26 . 3 . 2013 ရက်နေ့ မနက်စောစော4 နာရီ လောက်  မှာတော့   မန်းလေး အိမ်က နေ  ကျွဲဆည်ကန် ကားကြီး ၀င်း ကို ထွက်လာခဲ့ လိုက်တယ် ။ ကျတော်သွားမဲ့ နေရာ က မကွေးတိုင်း နတ်မောက်မြို့ နယ် အတွင်းမှာ ရှိတဲ့ ဂွေးကုန်း ဆိုတဲ့ ရွာလေး ကိုပါ ။ နတ်မောက်မြို့  ကိုပြေးဆွဲ မဲ့ ကားသင်း မှာ ကားလက်မှတ်ဝယ်ပြီး ကိုယ်
ထိုင်ရမဲ့ နေရာလေး ကိုတက်ကြည့် တော့ ....ကားရဲ့  အောက်ပိုင်းတ၀က်လောက် မှာ ကုန်ပစည်းတွေ အပြည့်နဲ့ ခရီးသည်တွေ အတွက် ခြေဆင်းစရာ မရှိဘဲ တင်ပြင်ခွေထိုင်ရမဲ့ အနေတာကိုတွေ့ ရပါတယ် ...။ ပြီးတော့ ပါလာတဲ့ အ၀တ်အိပ်နဲ့ ပစ္စည်း အနည်းပါးလဲ ထားဖို့ နေရာ ဆိုလို့ ဘယ် နေရာ မှ မမြင် ..။ ဒီ အကြားထဲ ကိုယ့် နဘေး မှာ တခြားလူတယောက် လာထိုင် အုံးမှာ ဆိုတော့  ..ကျတော် ဘာ မှ ကို မစဉ်းစား နိုင်တော့ ဘူး..ချက်ချင်းဘဲ ဂိတ်မှူး ဆီ မှာ ကျတော့် နဘေး ကခုံ အတွက် လက် မှတ်တစ်စောင် ထပ်ဝယ်လိုက်ရတယ် ။ ဂိတ်မှူး ကထူးဆန်း သလို ကြည့် နေပြီး လက်မှတ်တစ်စောင် ထပ်ရောင်းပေးလိုက် တယ် ။ တကယ် တော့ ကျတော် ကသာ စိတ်ပူပြီး ထပ်ဝယ် တာ ခရီး ဆုံးရောက် တဲ့ အထိ လူက မပြည့် ပါဘူး ။........ ကားက မနက် 6 နာရီ မှာ စထွက်ပါတယ် ။ မန္တလေး ၊ မိထ္ထိလာ ၊ ပျော်ဘွယ် လမ်း အတိုင်းလာပြီး  ပျော်ဘွယ် ကနေတဆင့်  အနောက်စူးစူး ချိုးထွက်လာ လိုက်တာ ရန်ကုန်- မန်းလေး အမြန်လမ်း မကြီး ကို မိုင်တိုင် အမှတ် 262 နားလောက် မှာ ဖြတ်ကျော်ပြီး နောက်ဘက် ကိုဘဲ ဆက်ပြီး သွားပါတယ် ။ တစ်နေရာ အရောက် မှာ တော့ မကွေးတိုင်း မှ ကြို ဆိုပါ၏ ဆိုတဲ့ ဆိုင်း ဘုတ်အကြီး ကို မြင်ခဲ့ရပါတယ် ..။ အဲ ဒီ နောက် မှာ တော့ ကျတော် သွားချင်တဲ့ နတ်မောက် မျြိ့ နယ် ထဲ ရောက် လာခဲ့ တာပါဘဲ ။ ကျတော် ကတော့ ကားစီးရင်း လုံးဝ အိပ် မငိုက် ရအောင်သတိပြု ရသေးတယ်...  ဒါ မှ လဲ ကိုယ် ရောက် ဖူးချင်ခဲ့တဲ့ နေရာ ဒေသ ကို သေချာလေ့ လာ ချင်တာဆိုတော့  ။

ကျတော့် ကို မန္တလေးမှ နတ်မောက် ရွာမွန်လမ်း ဆုံအထိ ပို့ ဆောင်ပေးခဲ့ တဲ့ အောင်သစ္စာ အထူးအမြန်ယာဉ်..
ကျတော့် ကို မန္တလေးမှ နတ်မောက် ရွာမွန်လမ်း ဆုံအထိ ပို့ ဆောင်ပေးခဲ့ တဲ့ အောင်သစ္စာ အထူးအမြန်ယာဉ်..


   ကားစီး ရင်းက  ကျတော် ထွက်လာခဲ့ တဲ့ ခရီး စဉ် အကြောင်းကိုတွေးနေမိတယ် ။ တကယ်တော့ ဒီခရီးကိုထွက်လာခဲ့ တာဟာ ကျတော် နဲ့ အပြင် မှာ လဲ
မတွေ ဖူးမမြင်ဖူး ( ယုတ်စွဆုံး သူ့ အသံ လဲ ကိုယ် မကြားဖူး သလို ကိုယ့် အသံလဲ သူမကြားဖူးဘဲ နဲ့ ) ဘဲ ခင်မင်တဲ့ သူငယ် ချင်းတစ်ယေက် က သူ့မိဘတွေ ရှိတဲ့ သူ့ ရွာလေး ကို အလည် သွားဖို့ တိုက်တွန်း ကူညီခဲ့ လို့ ထွက်လာခဲ့ ခြင်းဖြစ်ပါတယ် ။   ကျတော့ အနေနဲ့ ကတော့   သူ့ မိဘတွေ နဲ့ သူ့ ညီလေး နှစ်ယောက်ပုံကို သူပေးပို့ ထားတဲ့ ဓာတ်ပုံ
ကလွဲ လို့ အပြင်မှာ မြင်ဖူးတာ မဟုတ်ဘဲ ကိုယ် တစ်ခါ မှ မရောက်ဖူးတဲ့ နေရာ ဒေသ တစ် ခုကို သွားရမှာ ဆိုတော့ ...အိပ်မက်ထဲ လမ်းလျှောက် နေရသလို ပါဘဲ လားလို့ ကိုယ့် ကိုယ် ကိုတွေး နေမိပါတယ် ။ ဒါပေမယ့် ကျတော် အသေချာ ယုံကြည်နေတာတစ်ခု တော့ ရှိပါတယ် ။ လူလူချင်း မေတ္တာ တရား အရှေ့ ထားပြီး ခင်မင်ကြတယ် ဆိုတာ လူလူချင်းမြင်းဖူး တွေ့ ဖူးမှ မဟုတ်ပါဘူး ။ လူတစ်ယောက် ရဲ့  ပြောပုံ ဆိုပုံ သူတို့ လုပ်ခဲ့ တဲ့ အလုပ်ရပ် နဲ့ အတွေးခေါ် အယူဆတွေ ကို ထောင့် ချင့် ပြီး ယုံယုံကြည်ကြည် ခင်မင်သံယောဇဉ်တွယ်နိုင် ကြတာဘဲ လို့ ကျတော်ယုံကြည်ထားပါတယ် ။ အမှန်မှာ ကျတော့် ဘက်ကသာ စွန့် စားပြီး သူတို့ မိသားစု ထံ ကို ခရီးထွက်လာတာ မဟုတ်ပါဘူး ။ သူ့ ဘက်ကလဲ စွန့် စားမှု တစ်ခု ကို အရယူပြီးတော့ မှ ကျတော့် ကို သူမိသားစု နဲ့ အမျိုးတွေ ဆီ လွတ် ခဲ့ရတာပါဘဲ ။ သူ့ဘက်က တွေးကြည့် မယ် ဆိုရင် အပြင်မှာ တစ်ခါ လည်းမတွေ ဖူးဘဲ ၊ ဖုန်းလဲ မဆက်ဖူးဘဲ ၊ အင်တာနက်မှာ စာရိုက်ပြီး ပြောဆို ခင်မင်ခဲ့ တဲ့ ကျွန်တော့ ကို သူ့ မိဘတွေဆီ လွတ်တယ် ဆိုတာ တော်ရုံ စွန့်စားမှု မျိုးတော့ မဟုတ်ဘူး ။ တကယ် ဆို ကျတော်ဟာ သူ့မိဘတွေ နဲ့ အဆွေမျိုးတွေ ကိုဒုက္ခ ပေးနိုင်တဲ့ လူလိမ် လူညာ လဲ ဖြစ်နိုင်တာဘဲ မဟုတ်လား...။ ဘာဘဲ ဖြစ်ဖြစ်ပါ ..ကျတော် တို့ သူငယ် ချင်းနှစ်ယောက် ရဲ့ ခင် မင်မှု ကတော့ တကယ့် စစ်မှန်တဲ့ ခင်မင် မှု မျိုးဆိုတာကိုတော့ တယောက် အပေါ်ကို တစ်ယောက် ယုံကြည် မှု အပြည့်နဲ့ ပါ ။   
ဒါကြေင့် မို့ လဲ သူငယ်ချင်းရဲ့  မိဘ နှစ်ယောက် ဖြစ်တဲ့ ဦးလေး နဲ့ ဒေါ်လေး  ပြီးတော့ ညီလေး နှစ်ယောက်ဆီကို အဓိက ဦးတည်ထားပြီး ကျတော် ထွက်လာခဲ့တာပါဘဲ  ။ လောလောဆယ် မှု တော့ Google earth က ကူးယူလာတဲ့ မြေပုံ တစ်ချပ် နဲ့ Tablet မှာပါတဲ့ Gps အား ကိုအားကိုးပြီး  ကားစီး ထွက်လာခဲ့ တာပါ ။ တစ်ခု တော့ ထောင့်အကူပြု ပါတယ် ။ ရွာမှာ ရှိတဲ့ ကျတော့ သူငယ်ချင်းရဲ့  အိမ်ဖုန်း နံပါတ်လေး ပါတော့ တယောက် နဲ့ တယောက် ဆက်သွယ် လုပ်ပြီး ညီလေး နှစ်ယောက် ကို လာကြို ခိုင်းထားမယ် လို့ သတင်းလဲ ရထားပါတယ် .....။
.....................................အဲဒီ လိုနဲ့ ကျတော် စီးလာတဲ့ ကားဟာ ပျော်ဘွယ် ကနေ အနောက်စူးစူး ခရီးဆက်လာခဲ့ တာ နေ့လည် 12 နာရီခွဲ လောက် မှာ ကျောက်ပန်းတောင်း နတ်မောက် အကြား ကျတော် ဆင်းနေခဲ့ ရမယ့်  ရွာမွန်လမ်းဆုံ နား ရောက်လာခဲ့ ပြီ ဆိုရင်ဘဲ ကားနောက်လိုက် ကောင်လေး က...ရွာမွန်လမ်းဆုံ     ရောက်ပြီ အစ်ကို လို့ သတိပေးလိုက်တော့ ....ကျတော့ မှာ စိလှုပ်ရှားသွားပါတယ် ...လာကြို တဲ့ သူကို တွေ့ များ မှ တွေ့ ပါမလားရယ် လို့ စိတ်ပူသွားတာပါ ။ စပါယ်ယာ ကောင်လေးက ..အစ်ကို လာကြို မဲ့ သူရှိရဲ့ လားလို့  ကျတော့် အတွက်စိတ်ပူစွာမေးလိုက်ပါသေးတယ် ။ ကျတော်လည်း စိတ်ပူစွာနဲ့ ဘဲ ကားပေါ် မဆင်းခင် ပတ်ဝန်းကျင် ကို အကဲခတ်ကြည့် လိုက်တော့  .... ကျတော့် ကို စူးစိုက်ပြီး ကြည့် နေတဲ့ ညီငယ် နှစ်ယောက် နဲ့ မျက်လုံးချင်းဆုံ မိတော့ မှ ဟော....သေချာပြီ....သူတို့ ကို မှတ်မိတာပေါ့ ...ဓာတ်ပုံထဲ မှာ မြင်ဖူးခဲ့ တဲ့ မျက်နှာလေးတွေ ဆိုပြီး စိတ်ချလက်ချ ကားပေါ် မှ ဆင်းခဲ့ ရပါတယ် ။ ကားပေါ် ကဆင်းပြီးတော့ ကျတော့် ကိုလာကြို နေတဲ့ သူဟုတ်မဟုတ်..မမေးတော့ ဘဲ နဲ့  စောင့်နေတာ ကြာပြီလားညီလေး ..လို့ တန်းနုတ်ဆက်ပြီး သူတို့ ခေါ်ရာနောက် ကို ဆိုင်ကယ် စီးပြီး လိုက်လာခဲ့ပါတော့ တယ် ။
........................................ ကျတော့် သူငယ်ချင်းပြောပုံ အရ ရွာမွန်လမ်းဆုံနဲ့ သူတို့ ရွာ ကို ခဏလေးဘဲ သွားရမယ် ထင်ထားခဲ့တာ..တကယ်တော့ .တပေါင်းလပြည့်နေ့  နေ့ လည် 12 နာရီခွဲ 1 နာရီ ၀န်းကျင် ရဲ့  နေပူပူအောက် မှာ ဆိုင် ကယ် နဲ့  နာရီဝက်ကျော်ကျာ် မောင်းလာပြီးတော့ မှ သူငယ်ချင်းရဲ့ ရွာ ဖြစ်တဲ့ ဂွေးကုန်း ကျေးရွာလေး ကို ရောက်ရှိခဲ့ ပါတယ် ။ ရွာကိုသွားနေတဲ့ လမ်းတစ်လျှောက် အစ ပထမ မှာတော့ ကတ္တရာ လမ်းမ တစ်လျှောက် တော်တော် ကြာအောင်သွားရပြီး  တစ်နေရာ အရောက် မှာ ဖုန်ထူထူ မြေလမ်းလေး ထဲ ချိုး ကွေ့  ၀င်လိုက်တော့  ဒီတစ်ခါတော့ ရောက်ပြီ ထင်ပါရဲ့  လို့ တွေးနေမိပေမယ့်  နဘေး ၀ဲရာ မြင်မြင် သမျှတွေ မှာ ချောက်သွေ့ တဲ့ လွင်ပြင်ကြီး ကလွဲ လို့ ရွာရဲ့ အရိပ် အယောင် ကို မတွေ့ ရပါဘူး ။ မြေလမ်းလေး ပေါ် မှာ ဆိုင်ကယ် မောင်းတဲ့ ညီလေး ကကျွမ်းကျင်စွာ နဲ့ ကုန်းတက်ကုန်းဆင်း
တော်တော်ကြာအောင်မောင်းရ ပြီးတော့ မှ  နောက်ဆုံးတော့ သွပ်ပြားတွေ မိုးထားတဲ့ အိမ်လေး တွေကို အဝေးကနေ လှမ်းမြင်လိုက်ရပါတယ်  ..........
 ။

 ......................................... ရွာအ၀င်မှာ စေတီလေးနဲ့ ရေကန်အကြီး ကြီး တစ်ကန် ပနံရ စွာနဲ့ တည်ရှိနေပေမယ့် အောက်ခံ နုန်းမြေများ ဟတ်တက်ကွဲ အောင် အထိ ရေတွေ ခန်းခြောက်နေခဲ့ပါတယ် ။ ဒီ နှစ်မိုးရာသီ မှာ မိုးနည်းလွန်းလို့ ပါတဲ့ ..။ ကျတော့ အတွက်တော့ အဲဒီ မြင်ကွင်းလေးကလဲ တစ်မျိုးဘဲ လှပနေခဲ့ ပါတယ် ။ အဲဒီရေကန်နားကနေ ဖုန်ထူထူလမ်းလေး ကိုဖြတ်ကျော်လိုက်ပြီး ခဏကြာတော့ ကျတော် သူငယ်ချင်းရဲ့ အိမ်ကိုရောက်လာခဲ့ ပါတယ် ။ အိမ်လေး က အုတ်စီပြီးသွပ်မိုးထားတဲ့ တတစ်ထပ်အိမ်ကလေး ၊ ရထားလမ်း ကိုမေးတင်ပြီး ဆောက်ထားပါတယ် ။ ရောက်ရင် ရောက်ချင်းဘဲ ဦးလေးနဲ့ ဒေါ်လေး တို့ က ဆီးကြို နုတ်ဆက်တော့ ကျတော်ကလဲ ကိုယ့် ကိုယ် ပြန်မိတ်ဆက်ရပါတယ် ။ သူတို့ က ကျွန်တော့  ကို အခါ မှ မမြင်ဖူးကြဘူလေ..။ ဦးလေး ကိုမြင်ရတော့ ..ဓာတ်ပုံထဲ မှာ မြင်ရ တဲ့ ကျတော့် သူငယ်ချင်း ကို အပြင်မှာမြင်တွေ့ ရတယ် လို့ ထင်ရလောက်အောင် သူတို့ သားအဖ ရပ်ချင်းဆင်တူလှတာကိုတွေ့ ရပါတယ် ။
.............................................ဦးလေး နဲ့ ဒေါ်လေး ကိုတော့ ကျတော့ သူငယ်ချင်းပြောတဲ့ စကားများမှာ သားသုံးယောက် ကို ဘယ်လို ပြုစု ပျိုးထောင် ထိန်းကျောင်း ပြီး အသိညာဏ်မြင့် မား အောင်ပြုစုပျိုးထောင်ပေးခဲ့ တယ်ဆိုတာ ကိုကြားပြီး ကတည်းက ကျတော် လေးစားချစ်ခင်နေမိခဲ့ တာပါ ။ အထူးသဖြစ်ဦးလေး ကိုပေါ့ ။ ရောက်ရောက်ခြင်း အညာစားစာတွေ နဲ့ ကျတော့ ကိုဧည့်ခံကျွေးမွေးပြီး စကားတွေ ကောင်းနေလိုက်တာ ရေနွေး တစ်အိုးပြီး တစ်အိုး ကုန်တဲ့ အထိပါဘဲ ။ နောက်  .. ကျွန်တော့ အတွက် ပြင်ဆင်ပေးထားတဲ့ ကုတင်လေး ပေါ်မှာ အ၀တ်အိပ်တွေ နေရာချပြီး ခရီးကလည်း ပန်းဆိုတော့ အားရပါးရ လှဲ ချလိုက်တာ......အားပါး.....ဖျာကလဲ ပူ စောင်ကလဲ ပူ ခေါင်းအုံးကလဲ ပူနဲ့ ကျတော် ဘယ်လို မှ လှဲအိပ်လို့ မရနိုင်အောင်ပါဘဲ  ။ အော်..အညာရဲ့  နွေရာသီ ဆိုတာ အဲ လိုတောင်မှ ပူပါလား...ဆိုပြီး ကျတော့ မှာ ကျေကျေနပ်နပ် နဲ့ အတွေ့ အကြုံ အသစ် တစ်ခု ကို ရရှိခံစားခဲ့ ပါတယ် ။

...........................................ညပိုင်း ရောက်တဲ့အခါ  ရွာနဲ့ လှမ်းဝေးလွန်း လှတဲ့ ပင်းမြို့ ဟောင်းမှာ ရှိတဲ့ အညာဘုရားပွဲ ကိုလိုက်ပို့ မယ်ဆိုတော့ အားနာလှပေမယ့်  အညာဘုရားပွဲ ကို ကြုံ ဖူးချင် သေးတာ ဆိုတော့  ဆိုင်ကယ်တွေ နဲ့ ချီတက်ခဲ့ ကြပါတယ် ။ ကျတော် ဒီခရီး ကို ချက်ချင်းကြီး ထွတ်ခွါ လာခဲ့ တာ ဒီတပေါင်းလပြည့် အညာဘုရားပွဲ ကို လေ့ လာချင်တာလဲ ပါတာကိုး ။ တကယ်ဆို ဘုရားပွဲ ကို ညနေ 5 နာ၇ီလောက်အရောက်သွားချင်တာ..... ဒါမှ လဲ ဈေးဆိုင်လေးတွေ ကို သေသေချာချာ လေ့လာနိုင်မှာ ၊ အခုတော့ နဲနဲ နောက်ကျသွားတော့  လူတွေ က မတရားစည်ပြီး ဘယ်နေရာ မှာ မှ ရပ်စရာ မရှိအောင် ဖြစ်နေတာ မို့ အသေချာ မလေ့ လာရဘဲ ပြန်ခဲ့ ပါတယ် ။ ဘုရားပွဲ သွားတဲ့ လမ်းတစ်လျှောက် မှာ တော့ ဆိုင်ကယ် တ၀ီဝီ နဲ့ ရှုပ်ယှက်ခပ်နေသလို နွားလှည်း လေးတွေ နဲ့ ဘုရားပွဲ လာ ကြတာ ကိုကြည်နူး စရာမြင်တွေ့ ခဲ့ ရပါတယ် ။ ပင်းမြို့ ဟောင်းအကြောင်းနဲ့ ပက်သက် လို့ ဒေသခံ ဥပဇင်းတစ်ပါး နဲ့ ရွာသာတွေ ပြောပြချက်လောက် နဲ့ ကျေနပ်ခဲ့ ရပြီး နောက်ထပ် တစ်ခေါက်လောက် လာပြီးအသေချာ ကိုလာလေ့ လာအုံးမယ် လို့ စိတ်ထဲ မှာ ပိုင်းဖြတ်ထားလိုက်ရတယ် ။
...........................................မနက်မိုးလင်း ကျတော် အိပ်ရာ ကနိုးလို့ မျက်နှာသစ်နေတဲ့ အချိန်မှာ အိမ်နီးနား ရွာသားတစ်ယောက်က ကျတော့ သူငယ်ချင်းရဲ့ အဖေ ဦးလေး နဲ့  စကားပြောနေတာကို ကျတော် နားစွင့် လိုက်တော့ ...........ဒီမယ် ကိုစိုးမြင့် ...ဒီဧည့်သည် သူငယ်နဲ့ ခင်ဗျားသား က အပြင် မှာ လူချင်းမဆုံဖူးဘဲ အင်တာနက်မှာ သူငယ်ချင်းဖြစ်ပြီးတော့ ဒီ အထိရောက်လာတယ် ဆိုတော့  ကျုပ်ဖြင့် စဉ်းစားလို့ ကို မရပါဘူးဗျာ.....သူတို့ ပြောပြောနေတဲ့ အင်တာနက် ဆိုတာ က ဘယ်လိုဟာကြီးတုန်း....ဗျ .........တဲ့   ။ ဦးလေး ကလဲဟုတ်တယ် ဗျို့ .....သူ့ ခမြာ ကျတော့် သားနဲ့ လူချင်းမဆုံဖူးဘဲ ခင်မင်ကြပြီး ဒီ အထိရောက်လာတယ် ဆိုတော့ ကျုပ်တို့
လဲ ၀မ်းသာလို့ မဆုံးဘူး ......ပြီးတော့ 3 နှစ်နီးပါးလောက် ကွဲ ကွာနေတဲ့ ကျတော့သာကြီး ပြန်လာသလို လဲ ခံစားရတယ် .ဗျာ.....ဆိုပြီး အပြန်အလှန်ပြောနေကြတာ ကို ကျေတော် ကြားနေရပါတယ် ။ ကျတော် ဖြင့် ရွာထဲ ကဦးလေးကြီး ပြောတာကြားပြီး  ကို အရမ်းကို သဘောကျ သွားခဲ့ ပြီး  ဦးလေး ရဲ့  သူ့ သားနဲ့ ခွဲ နေရ လို့ လွမ်းနေတဲ့ စိတ်ကလေး တစ်စိတ်တဒေသ ကို ဖြည့် ဆည်းပေးနိုင်သလို ဖြစ်လို့ လဲ ကျတော်လာခဲ့ တဲ့ ခရီးအတွက် ကြည်နူးတဲ့ ခံစားချက်လေးလည်း ဖြစ်ပေါ် ရပါတယ် ။


................................................... ကျတော်ဒီ ရွာ ကိုမရောက်လာခင်ကတည်း က ကျတော့ သူငယ်ချင်း ကသူတို့ ရွာ မှာ ဘယ်လိုနေရာလေးက သာယာလှပကြောင်း ပျော်စရာကောင်းကြောင်း ..ဘယ်နေရာ ကိုတော့ ဖြစ် ရောက်အောင်သွားလေ့ လာသင့် ကြောင်း ကျတော့ ကိုပြောထားဖူးတော့ ..သူပြောတဲ့ နေရာတွေ ကိုသွားဖို့ ညီိငယ် နှစ်ယောက် ကို ဆိုင်ကယ် နဲ့ လိုက်ပို့ ခိုင်းရပါတယ် ။ ရွာကနေထွက်ပြီဆိုတာ နဲ့ မြင်မြင်သမျှ အရာရာ ဟာခြောက်သွေ့ နေပြီး သစ်ပင်လေးတွေ ကျိုးတိုးကျဲ တဲပေါက်ရောက်နေတာတွေ ကိုဘဲ မြင်ရပါတယ် ။ ပေါက်ရောက်နေတဲ့ သစ်ပင်တွေ ကလည်း အများအားဖြင့်  အရိုးတံကြဲကြဲ နဲ့ ခြောက်သွေ့ နေတာကများပါတယ် ။ ရှိနေတဲ့ တောင်တောင်တွေကလဲ တောင်ကတုံးတွေ နီးပါး ပါ ။ ကျတော်တို့ လို အောက်ပြည်သား တစ်ယောက်  ရဲ့ အတွေး နဲ့ ဆိုရင် ဒီလို ပူပြင်းချောက်သွေ့ တဲ့ လွင်ပြင်ကြီးမှာ ရွာကလေးတွေ တည်ထားကြတာ အံ့သြ လို့ မဆုံးနိုင်အောင်ဖြစ်ရပါတယ်  ။ ပြီးတော့ တစ်ရွာနဲ့ တစ်ရွာ ကလဲ တမျော်တစ်ခေါ် ။ ပတ်ပတ် လည် မှာရှိ နေတဲ့ မြေလွတ်မြေ ရိုင်းတွေက မျက်စိတဆုံး ရှိနေပေမယ့် အမှန်ကန် စိုက်ပျိုးနှိင်တဲ့ မြေက နည်းငယ် သာ ရှိတယ် လို့ ဆိုပါတယ် ။ အချို့ မြေလွာတွေ မှာ မြေချည်းသက်သက်
မဟုတ်ဘဲ ရှေးဘုရင် တွေခေတ်က ကျောက်ထက်အက္ခရာ မှတ်တမ်းတင်ရေးထိုးခဲ့ တဲ့ ကျောက်စာ ချပ်လို ကျောက်သားမျိုးကိုလဲ အများပြားတွေ့ ရပါတယ် ။

................................................ ကျတော် ရွာဝန်းကျင် လျှောက်လည် ကြည့်တဲ့အခါ ကုန်းနိပ်နိပ် ချိုင်းဝှမ်းလိုနေရာ မှာ ရေတွင်းလေးတွေ တူးထားပြီး ရေလာခတ်သူ ရေချိုးသူ အ၀တ်လျှော်သူတို့ နဲ့ စည်ကားနေပြီး ရေပုံးတွေ တင်တဲ့ လှည်းတွေ ပါတွေ့ ရပါသေးတယ် ။ ဒီရွာ မှာက သုံးရေရော သောက်ရေပါ တစ်နေရာ မှ ခပ်ယူရပြီး ချွေတာပြီး သုံးနေခဲ့ ရတာပါ ။တချို့ ဆို အဝေးကြီး ကနေသယ် ယူရတယ် လို့ ဆိုပါတယ် ။ .....ကျတော့ ကို လိုက်ပို့ ကြတဲ့ ညီလေး နှစ်ယာက် က သူတို့ နဲ့ အမျိုးတော်တဲ့ တန်းတောကိုခေါ်သွားခဲ့ ပါသေးတယ် ။ ကျတော်တို့ ရောက်တဲ့ အချိန်မှာ နည်းနည်း နောက်ကျသွားလို့ တဲ့ ..ထန်းရည်ချို အိုးကြီး က မီးဖိုအပေါ် ရောက်နေခဲ့ ပါပြီ..။
အဲဒီတော့ ကျတော့ ကို အဲဒီ အိုးထဲ မှ ပူပူနွေးနွး ထန်းရည်ချို ကို မြူအိုးနဲ့ ငှဲ့ပြီး တစ်ခွက်လောက် ဆွဲ လိုက်တာ ကျတော့ တစ်သက် မှာမမေ့ နိုင်စရာအရသာ
ကိုခံစားရလိုက်သလို ပါဘဲ ။ ဘာလို့ လဲ ဆိုတော့ ကျတော်တို့ က တန်းရည် အချိုဆိုတာ အပူ မဟုတ်ဘဲ အအေးဘဲ သောက်ဖူးတာလေ..။
.................အညာမြေမှာပေါက်ရောက်လေ့ ရှိတဲ့ အပင်တွေ ထဲ မှာ ကျတော်သတိထားမိတာ ထနောင်းနဲ့ တမာပင်တွေ ပါဘဲ ။ ဘယ်လိုဘဲ ပူပြင်းခြောက်သွေ့ သွေ့  အပူဒဏ် ကို အံတုပြီး စီမ်းလမ်း စိုပြေစွာနဲ့ ဖူးပွင့် နေကြတာ တကယ် ကိုအံ့သြစရာပါ ။ နေပူကြီးထဲ သွားနေတုန်း တမာပန်းတွေ ဝေနေအောင်ဖူးပွင့် နေကြတဲ့ တမာပင်ကြီး တစ်ပင် အနားရောက်တော့ ၀င်ပြီး အရိပ်ခိုမိပါတယ် ။ အပွင့်ရောင်က အ၀ါရောင်နုနုဖတ်ဖတ်နဲ့ သူ့ အရွက်စိမ်းစိမ်းလေးတွေ ဟာဖြစ် မြင်ရသူတွေ ကိုအမောပြေစေရုံမက စိတ်ကိုပါ လန်းဆန်းစေခဲ့ ပါတယ် ။


.....................ကျတော် ဒီ ဂွေးကုန်းရွာလေး မှာ 2 ရက်လောက်ဘဲ နေခွင့်ရခဲ့ ပါတယ် ။ မနက်ဖြန်ပြန်ရတော့ မယ်ဆိုတော့ ဦးလေး ရဲ့  အဖေ အမေနဲ့ မောင်နုမတွေ( ကျတော့ သူငယ်ချင်း ရဲ့  အဖေ့ဘက်ကတော်တဲ့ အဖိုးအဖွားတို့ အိမ် ) နေတဲ့ ရွာတဲ က အိမ်ကို ကျတော့ ကိုခေါ်သွားတော့ ပြာပြာသလဲ နဲ့ သူတို့ မြေး ၊ သူ့ တို့ တူရဲ့  သူငယ်ချင်းလာတယ် ဆိုပြီး ကြို ဆို ဧည့်ခံကြပါတယ် ။ ကျတော့် မှာတော့ သွေးသားရင်းချာ မဟုတ်ဘဲ ကျတော့် အပေါ် ဧည့်ဝတ်ကျေပွန်လှတဲ့ ကျတော့် သူငယ် ချင်းရဲ့  ဆွေမျိုး တွေ ကို တဖက်ကလဲ အားနာ တဖက်ကလဲ ချစ်ခင်လေးစားစိတ်တွေ ဖြစ်ပေါ် နေမိပါတယ် ။ ကျတော့ သူငယ်ချင်းရဲ့  ကြီးဒေါ်က ......နိုင်ငံခြားမှာ ပညာသင်နေတဲ့ ကျုပ်တူကြီး ကတော့  သူ့ သူငယ် ချင်းကို တို့ ဆီ ဆိုက်ဆိုက် မြိုက်မြိုက်ကြီး သူတာဝန်ကျေအောင် အရာက်ပို့ လိုက်ပြီ......ငါတို့ မှာသာ အဝေးကနေလာရတဲ့ ဧည်သည် ကို ကောင်းကောင်း ဧည့်ခံ မပြု စုလိုက်ရ လို့ အားမရဖြစ်မိတယ်ကွယ်.......ဆိုပြီး အရိုးခံစိတ်ကလေးနဲ့ပြောတော့ ..သူတို့ တတွေ ရဲ့  ကိုယ့် ဆီ လာလည်တဲ့ ဧည့် အပေါ် ထားရှိတဲ့ တကယ့် စေတာနာ အရင်းခံစိတ်ကလေးတွေ ကို ကျတော် ဖြင့် မလေးစားဘဲ ကို မနေန်ုင်လောက်အောင်ပါဘဲ ...။  ကျတော့ ကို ဧည့်ခံ ပုံလေး ကတော့ တကယ့် ကိုမမေ့ နိုင်စရာပါ ။ တစ်ပေါင်းလပြည့်ကျော် တစ်ရက်နေ့ လာရောင် အောက်မှာ ခံတန်းရှည် နှစ်လုံးအကြားမှာ စားပွဲ ကြီးတစ်ခု ကိုခင်း ပြီး စားပွဲ အပေါ် မှာ တော့ ရေနွးအိုးနဲ့ အညာ အစားအစာ အစုံလင် ကိုခင်းကျင်းပြီး ကျတော့ ကို ဧည့်ဝတ်ပြု ကြပါတယ် ။  ။ လရောင်အောက်မှာစကားတွေ ပြောကြ နဲ့  စာရင်းသောက်ရင်း ရည်ရင်းမောရင်း.ပေါ့  ။.... ကျတော့ အတွက်တော့ မမေ့ နိုင်တဲ့ အမှတ်တရ ညလေး တစ်ည ဖြစ်ခဲ့ ရပါတယ် ။


.............................ကျတော် နှစ်ညအိပ်နေပြီး ပြန်ရတော့ မယ်ဆိုတော့ ဦးလေး နဲ့ ဒေါ်လေး က သိပ်အားမရချင်ဘူး..တစ်ပါတ်လောက်နေစေချင်တာတဲ့ ။ ဒါပေမယ့် ကျတော့ မှာ ဒီထက်ပိုပြီး အချိန်က မပေးနိုင် ၊ က ဒီလို လာလို့ ရအောင် ကို မနည်း အချိန်ယူရတာလေ..။ ကျတော် လဲ နေချင်တာပါဘဲ ..ပြန်ရမယ်ဆိုတော့ အတော် စိတ်မကောင်းဖြစ်ရပါတယ် ။ ကျတော် ပြန်မဲ့ ခရီးစဉ်က သာမြား ဘူတာမှာ သွားစီးရမှာဆိုတော့ မနက်စောစော ထပြီး အထုတ်တွေ ပြင်ဆင်ရပါတယ် ။ အမျိုးတွေ ပေးလိုက်တဲ့ လက်ဆောင်တွေ ကိုတော့ ညကတည်း က စက္ကူသေတ္တာ တစ်ခုထဲ တည့်ပြီး အကုန်ပိတ်ထားပြီးသား ။ နို့ မို့ ရင်အတပ်တပ် လာထည့် နေမှာမို့ လို့ ပါ ။ ကျတော့ မှာ ခရီးတစ်ခု ကို သွားတော့ မယ်ဆိုရင် အရင်ဦးဆုံး ဘုရားကို ကန်တော့ ပါတယ် ပြီးတော့ မိဘနှစ်ပါး ကို ကန်တော့ ပြီးမှ ထွက်ခွာလေ့ ရှိပါတယ် ။အခုကျတော် လဲ ခရီးသွားရတော့ မှာ ဆိုတော့ ကျတော့် မိဘ နှစ်ပါးလို ခင်တွယ် နေမိတဲ့ ဦးလေး နဲ့ ဒေါ်လေး ကို အိမ်ကနေထွက်ခွာနီးဆဲဆဲ မှာ ကန်တော့ တဲ့ အခါ ....ဦးလေး က ...ငါ့သား ..ငါ့သားသွားလေရာ လမ်းခရီးမှာ ခလုတ်မထိ ဆူးမညိ ဘဲ လိုရာ ခရီးကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပြီး ကြံစည်သမျှ အလုပ်ကိုင်တွေ အဆင်ပြေချောမွေ့ ပါစေကွယ်......ဆိုပြီး ဆုပေးလိုက်တော့ ကျတော့် ရင်တဲ မှာ အမည်မဖော် နိုင်တဲ့ ခံစားချက်မျိုး ဖြစ်ပေါ်လာပြီး မျက်ရည်တွေ ဝေ့တက်လာရတဲ့ အထိပါဘဲ ။
...........................................................မနက် 7 နာရီ လောက် မှာ ဦးလေး ၊ ဒေါ် လေး နဲ့  ဂွေးကုန်း ရွာပါ ကို နုတ်ဆက်ထွက်ခွာလာခဲ့ ပြီး သာမြားဘူတာ ကို ဆိုင်ကယ် နဲ့ ညီလေး နှစ်ယောက် ကလိုက်ပို့ ခဲ့ ပါတယ် ။ သာမြား ရွာ ကိုရောက်တော့ ရထား လာမယ့် အချိန် လိုသေးတာ မို့ လို့ ဒေါ်လေး ရဲ့  အဖေနဲ့ မွေးချင်းတွေ ရှိတဲ့ အိမ် ကို ခေါ် သွားလိုက် သေးတယ် ။ ကျတော် ရောက်တော့ သူ့ တူ သူ့ သား ( ကျတော့်သူငယ်ချင်း ) ရဲ့ သူငယ်ချင်း လာတယ် ဆိုပြီး ဆွေမျိုး တစ်စု လုံး လာနုတ်ဆက်ကြပါတယ် ။ ပြီးတော့ ထုံးစံအတိုင်း ရေနွေးနဲ့ မုန့် ပဲ သရေစာ အစုံလင်ပြင်ဆင်ပြီး ဧည့်ဝတ်ပြု ကြတဲ့ အပြင် ကျတော့ အတွက် လက်ဆောင်ဆိုပြီး ဒေသထွက်ပစ္စည်းလေးတွေ လာထည့် ပေးကြပါသေးတယ် ။ ကျတော့ မှာ အားနာလွန်းပေမယ့် သူတို့ ပေးတဲ့ လက်ဆောင်တွေ မှာသူတို့ ရဲ့  ခင်မင်မှုမေတ္တာ အငွေ့ သက်လေးတွေ ကထုံမွန်းနေတာမို့ ကျတော်လည်းတန်ဖိုးထား လက်ခံ ခဲ့ပါတယ် ။ တကယ်တော့ သူငယ်ချင်း ပြောစကားအရ သာမြားရွာမှာ သူ့ အမေဘက်က အမျိုးတွေ ရှိတယ်ဆိုတာ သိထားပေမယ့် ကျတော့် ရဲ့ ခရီးစဉ်မှာ သူတို့ တစ်တွေ နဲ့ ဆုံတွေ့ ခွင့် ရမယ် လို့ မမျော်လင့် တာအမှန်ပါ ။ ကျတော် လည်း သူတို့ တစ်တွေ နဲ့ စကားကြာကြာ ပြောခွင့် မကြုံရပါဘူး ။ ဘူတာဘက် မှ ရထား ဆိုက်ခါ နီး ကြောင်း အချက်ပေးသံ ပေါ်ထွက်လာတာနဲ့ အားလုံး ကိုနုတ်ဆက်ပြီး ဘူတာ ဘက် ထွက် လာခဲ့ ပါတယ် ။ ရထား ဆိုက်တော့ ညီိလေးတွေ က ရထားပေါ် ထိုင်ခုံ အထိ နေရာလိုက်လံ ချပေးပ်တယ် ။ ရထားထွက်ခါနီး အချိန်မှာ ညီ အငယ်လေး က ထမင်းနဲ့ ဟင်း ထည့်ထားတဲ့ ဖော့ ဗူး နဲ့ ရေသန့် တစ်လုံး  အတင်းလာထည့် ပေးလိုက်သေးတယ် ..အစ်ကိုကြီး လမ်းမှာ ထမင်းဆာနေလိမ့် မယ်တဲ့ ......။ ကျတော် သူတို့ ကို ဘာမှမပြောနိုင်တော့ ပါဘူး...ပြောလိုက် ရင် ၀တ်ကျေ တမ်းကျေ ကျေးဇူးတင်စကားဖြစ်သွားမှာ စိုးလို့ ပါ ။ နက် 8 နာရီ 15 မှာ ရထားစထွက်တော့ ခင်မင်စရာ ကောင်းတဲ့ ညီလေး ညီ မလေး တွေ ဟာ ကျတော့် ကို လက်ပြကျန်နေခဲ့ ပြီး  ကျတော့် မြင်ကွင်း ကနေ ဝေး ပြီး ပျောက်ကွယ် ။ ကျတော် လည်း 2 ရက် တာ နေခွင့် ရခဲ့ တဲ့ ဂွေးကုန်းနဲ့ သာမြား ရွာလေးကို ထားခဲ့ ပြီး နေပြည်တော် အထိ ခရီးဆက် လာခဲ့ ပါတော့ တယ် ။

သာမြား ဘူတာ မှာ ကျတော့ ကို လိုက် ပို့ ကြတဲ့ ညီငယ် ညီမငယ် များ....
သာမြား ဘူတာ မှာ ကျတော့ ကို လိုက် ပို့ ကြတဲ့ ညီငယ် ညီမငယ် များ....

......................... အခုလိုမျိုး အညာဒေသ က လေးစား ခင်မင် စရာကောင်းတဲ့ ဆွေမျိုးတွေ နဲ့ တွေ့ ဆုံခင်မင်ရင်းနှိးခွင့် ရခဲ့ တာဟာ ကျတော့် အနေနဲ့ တန်ဖိုးရှိလှ တဲ့ အတွေ့ အကြုံ တစ်ရပ်ပါဘဲ ။ ဒါကြောင့် မို့   ကျတော့် ကို ဒီရွာအရောက် ပို့ ဆောင်ပေးခဲ့ တဲ့  ကျတော့် သူငယ် ချင်းကို ကျေးဇူးအထပ်ထပ် တင်နေမိပါတယ် ။ အညာဒေသ နဲ့ ပက်သက်ပြီး အရင်က ကဗျာ ၊ သီချင်း ၀ထ္ထု ရုပ်ရှင် စတာတွေ မှာ ကျတော် တို့ ဖတ်ဖူး ၊ မှတ်ဖူး ၊ မြင်ဖူး ကြပေမယ့် အဲ ဒီ လိုသိတဲ့ အသိဟာ သင်ညာ အသိသာဖြစ်တယ်ဆိုချင်ပါတယ် ။ တကယ်တမ်းလက်တွေ သွားရောက် နေထိုင်ခဲ့ ဖူးမှ ပညာအသိ ကို ရရှိနှိုင်မှာ ပါ ။့ ပညာအသိ ဆိုတဲ့ အထဲ မှာ အညာဒေသနဲ့ ပက်သက် ပြီး ကျတော် ညာဏ် မှီသလောက် သိရှိခံ စားခဲ့ ရတာတွေ ဟာ အများကြီး ပါဘဲ ။ အဲ ဒါတွေ ကို ကျတော့် အနေနဲ့ စာ အဖြစ် ရေးပြနိုင်စွမ်း မရှိတာ ကိုတော့ နားလည်ပေးစေချင်ပါတယ် ။ ကျတော် အပေါ် မှာရေးပြထားတာတွေ ဟာ ကျတော် မြင်ခဲ့ ကြားခဲ့ လောက် ကိုသာရေးပြထား ခြင်းသာဖြစ် ပါတယ် .။ ကျတော့ အနေနဲ့ကတော့  နောက်ထပ် အခွင်းရေး ရရင် ရသလို ဒီ လို စိတ်ဝင်စားဖွယ် ကောင်းတဲ့ တခြားဒေသ ခရီး တစ်ခုကို ထပ်မံ သွားခွင့် ကြုံ ပါစေလို့ ဆုတောင်းလျှက် ရှိပါတယ် ခင်ဗျာ...။

လေးစားစွာဖြင့်

ရန်နောင်စိုး  

စကားလုံးမရှိတဲ့ ကောင်းကင်

$
0
0

Photo: စကားလုံးမရှိတဲ့ ကောင်းကင်  ရဲကျော်သူရ  ဂျိုင်းခနဲ ပေါက်ကွဲသံနဲ့အတူ ရိပ်ခနဲမြောက်တက်သွားတဲ့ ခန္ဓာကိုယ်တစ်ခုကို ပါးစပ်အဟောင်းသားနဲ့ ကျွန်တော် လိုက်ကြည့်နေမိတယ်။   ဝါးတစ်ရိုက်ကျော်ကျော်လောက်မြောက်တက်သွားတဲ့ ခန္ဓာကိုယ် အောက်ကို ဘိုင်းခနဲပြန်ကျလာတဲ့အထိ ကျွန်တော် ကြောင်ပြီးကြည့်နေတုန်းပါ။   ယမ်းခိုး ယမ်းငွေ့တွေက မစဲသေးဘူး။  သေနတ်တခြား လူတခြား ပြန်ကျလာတဲ့သူက အုန်းမြင့်ပါ။   ညာဘက်ခြေထောက်တစ်ခုလုံး ခြေကျင်းဝတ်ကနေ ပြတ်လုနီးပါး ဖွာရရာကျဲလို့၊ ပြတ်တောက်နေတဲ့ အသားစတွေထဲက မညီညာတဲ့ အရိုးအပိုင်းအစတွေ ငေါထွက် နေတယ်။  သူ့ပါးစပ်က ခပ်သဲ့သဲ့ငြီးသံထွက်လာတယ်။   ကျွန်တော့်ရဲ့ ပထမဦးဆုံး လူသစ်ဘဝမှာ တွေ့လိုက်ရတဲ့ မိုင်းထိတဲ့ မြင်ကွင်းပါ။  ရှမ်းပြည်နယ်အရှေ့ပိုင်း ထင်းရူးတောင်၊ မိုင်းကိုင် စစ်ဆင်ရေးခွင်မှာပေါ့။  ဗကပ ဘိန်းတန်းကို ထောက်လှမ်းဖို့  ပင်မတပ်ခွဲနဲ့ ခွဲပြီး ကျွန်တော်တို့ ၁၀ ယောက်တည်း သီးသန့်လှုပ်ရှားနေရာကနေ တပ်ခွဲက ပြန်ခေါ်လို့ ပြန်လာတဲ့နေ့ လမ်းမှာ ရန်သူ့ဆွဲမိုင်းမိတာပါ။  တကယ်တော့ မိုင်းထိတဲ့ အုန်းမြင့်လိုက်ရမယ့်နေရာက ကျွန်တော်လိုက်ရမယ့်နေရာ၊ ကျွန်တော်တို့အဖွဲ့ မထွက်ခင် ကတည်းက Point က ဘယ်သူ Second Point ကဘယ်သူ၊ နောက်ပိတ်က ဘယ်သူ..အစရှိသဖြင့် နေရာ သတ်မှတ်ပြီးသားပါ။  ကျွန်တော်ကတော့ လူသစ်မို့လို့ တပ်စိတ်မှူးက "ရဲကျော်…မင်းငါ့နောက်က ကပ်လိုက်ခဲ့…" လို့ မှာပါတယ်။   အဲဒီအချိန်တုန်းက အုန်းမြင့်ကိုယ်တိုင်ကလည်း "အေး…ညီလေး မင်းဆရာဖိုးတိုးနောက်က လိုက်သွား၊ အစ်ကို နောက်ပိတ် လိုက်ခဲ့မယ်…" ဆိုပြီးပြောပါသေးတယ်။  တကယ်လည်းထွက်မယ်ဆိုပြီး စထွက်ရော အုန်းမြင့်တစ်ယောက် မပြောမဆိုနဲ့ ကျွန်တော့်ကိုလိုက်ခိုင်းတဲ့ ဆရာ ဖိုးတိုး နောက်ကနေ ကပ်လိုက်သွားပါတယ်။   ကျွန်တော်အခြေအနေကြည့်လိုက်တော့ နောက်မှာ ကျွန်တော် အပါ အဝင် ၃ ယောက်ပဲရှိတယ်၊ တစ်ယောက်က ၇၉ ကိုင်တဲ့ ကိုမြင့်ဇော်၊ နောက်တစ်ယောက်က သေနတ်မကောင်း တဲ့ အောင်မြင့်၊ သူ့သေနတ်က ယာဉ်တန်းနဲ့လာ တုန်း အိပ်ငိုက်နေလို့ ကျော်နံရံနဲ့တိုက်မိပြီး ပြောင်းကောက်ချင် သယောင်ယောင်ဖြစ်နေတယ်။   ဒါနဲ့ သူတို့ ၂ ယောက်တော့ နောက်ပိတ်ထားလို့ မဖြစ်ဘူးဆိုတဲ့အသိနဲ့ ကိုယ့်ဘာသာ နောက်ပိတ်က လိုက်ခဲ့တယ်။  မိုင်းအဆွဲခံရတော့ ဆရာဖိုးတိုးနဲ့ အုန်းမြင့်ကြားမှာ တစ်လုံး ကျွန်တော်နဲ့ မြင့်အောင်ကြားမှာ တစ်လုံး စုစုပေါင်း နှစ်လုံးဆွဲတာပါ။   မိုင်းနှစ်လုံးကို နွယ်ကြိုးနှစ်ချောင်းနဲ့ ဆက်ပြီး ထွက်လာတဲ့ ကြိုးနှစ်စကို နောက်ထပ်ကြိုး တစ်ချောင်းနဲ့ ဆက်ထားပြီးမှ လျှိုထဲကနေဆွဲပြီး ထွက်ပြေးသွားတာ။ အင်္ဂလိပ် အက္ခရာ ဝိုင်ပုံစံပေါ့။   ကံကောင်းချင်တော့ ကျွန်တော့်ရှေ့က မိုင်းတစ်လုံးဟာ လျှိုထဲက ကြိုးနဲ့ ဆက်ထားတဲ့နေရာမှာ ကြိုးပြေနေပါတယ်။  မိုင်းက နှစ်လုံးစလုံး အစိတ်ခြောက်ဆယ်မိုင်းတွေပါ။   အုန်းမြင့်ထိတဲ့မိုင်းဟာ သူ့နောက်ကလိုက်တဲ့ ကိုမြင့်ဇော်ရဲ့ လည်ပင်းနဲ့ အောင်မြင့်ရဲ့ ရင်ဘတ်ကိုလည်း လာမှန်ပါတယ်။ ကျွန်တော့်ကိုတော့ ခဲတွေ၊ ဖုန်တွေပဲ လာထိတယ်။   ကိုမြင့်ဇော်က အတော်သတိကောင်းသလို သတ္တိလည်းကောင်းတယ်။ တပ်စိတ်မှူးဆရာဖိုးတိုး မလုပ်တတ် မကိုင်တတ်နဲ့ အူတိအူကြောင်ဖြစ်နေတော့ သူ့လည်ပင်းက သွေးတစ်ပေါက်ပေါက် ကျနေတာကို ဆေးပတ်တီး စည်းပြီး အုန်းမြင့်ဒါဏ်ရာကို ကိုယ်တိုင်ပတ်တီးစည်းပေးတယ်။  အုန်းမြင့် မိုင်းထိထိချင်း ကျွန်တော်ကြောင်ပြီး ကုန်းကုန်းကွကွဖြစ်နေတော့လည်း သူဒါဏ်ရာရထားတဲ့ကြားက ကျွန်တော့်ဆီပြေးလာပြီး "ဟေ့ကောင် နောက်လှည့် ဝပ်ပြီး သေသေချာချာ ကြည့်၊ မြင်ရင်ပစ်.." ဆိုပြီး ကျွန်တော့်ကို နေရာချပေးလိုက်သေးတယ်။  အရေးထဲ ရယ်ရအခက် ငိုရအခက် ကြုံရသေးတယ်။   အုန်းမြင့်အတွက် အနားက ဝါးလုံးအရွယ်လောက်ရှိမယ့် သစ်ပင်ခပ်သေးသေး တစ်ပင်ခုတ် စောင်ကြားချည်ပြီး ထမ်းစင်လုပ်ကြတယ်။   ထမ်းစင်လုပ်ပြီးတော့ အုန်းမြင့်ကိုပွေ့ချီ ပြီး ပုခက်ထဲထည့် ရှေ့တစ်ယောက် နောက်တစ်ယောက်ထမ်းလိုက်တာ ချည်ထားတဲ့နိုင်လွန်ကြိုးက လျှောထွက်လို့ စောင်ကြားပြေပြီး အုန်းမြင့်တစ်ယောက် ဘိုင်းခနဲ ပြုတ်ကျပါလေရော…။  မိုင်းထိတုန်းက ဘာသံမှမကြားရတဲ့ အုန်းမြင့်လည်း "အောင်မလေးဗျာ…." လို့အော်ပါလေရော။  ဒါနဲ့ ပြန်ချည် ပြန်ထမ်း၊ တပ်ခွဲရုံး အခြေပြုထားတဲ့ စခန်းကို မိုးချုပ်မှရောက်ပါတယ်။  ရောက်ရောက်ချင်း ဆေးတပ်သားကိုအောင်မြင့်ခေါ် ဆံကောက်က တွဲလွဲဖြစ်နေတဲ့ အုန်းမြင့်ခြေထောက်ဖြတ်ဖို့ ဓားမရှိတာနဲ့ ခွဲရုံးတစ်ရုံးမှာရှိတဲ့ တစ်လက်တည်းသော ထင်းခုတ်ဓားမကို မီးကင်ပြီး အရက်ပျံနဲ့သုတ်နေလေရဲ့။   ဓားမကိုကြည့်လိုက်တော့ ခုတ်ပါများလို့ အနားတချို့ကလိပ်နေပြီ။ အီး…အုန်းမြင့်ကိုယ်စား ကျွန်တော်ခြေထောက် ယားလိုက်တာ။   ဆံကောက်က "ကိုင်း..စမယ်" ဆိုတာနဲ့ စစ်သည် သုံးယောက်လောက် အုန်းမြင့်အပေါ်ပိုင်းနဲ့ ကျန်တဲ့ခြေထောက် တစ်ဖက်ကို ဝိုင်းချုပ်လိုက်ကြတယ်။ ပြီးတော့ ပါးစပ်ထဲ စောင်ကြားထိုးထည့်ပေးလိုက်တယ်။   စပါပြီ….ဘယ်ဘက်လက်က ပေါင်ရင်းကိုဖိကိုင်ထားရင်း  ညာဘက်လက်က အသွားတွေလိပ်နေတဲ့ ဓားမကို မြှောက်ပြီး အမဲသားခုတ်သလို တဂုတ်ဂုတ်နဲ့ ခုတ်နေလိုက်တာ ဘယ်နှချက်မြောက်မှာ ပြတ်သွားလဲ မမှတ်မိတော့ပါဘူး။   အောက်က ခံနေရတဲ့ အုန်းမြင့်လည်း ပါးစပ်ထဲစောင်ကြားထည့်ထားပေမဲ့ ဝူးဝူးဝါးဝါးဖြစ်နေပါတယ်။  ကိစ္စ ဝိစ္စပြီးတော့ အားလုံး ကိုယ့်တဲကိုယ်ပြန် ညစာစားကြတယ်။   ဆေးလိပ်လေးရှုပြီး မှိန်းနေတုန်း "ရဲကျော်… ဆရာကြီး စီကြူခေါ်နေတယ်.." လို့ အသံကြားတာနဲ့ ကျွန်တော်လည်း ဝမ်းသာအားရ ပြေးထွက်သွားတယ်။    ဆရာကြီး စီကြူဆီမှာ ကျွန်တော် ပိုက်ဆံချေးထားတာ ပေးမလို့နဲ့တူပါတယ်။  ဒါနဲ့ ဆရာကြီးစီကြူတဲကိုရောက်တော့ သူက "အေး…ရဲကျော် ဒါလေး စခန်းအပြင်ဘက် ကိုက် ၁၀၀ လောက်မှာ သွားမြှုပ်လိုက်ပါကွာ…"တဲ့။   ဟုတ်ကဲ့ အုန်းမြင့်ခြေထောက်အပြတ်ကလေးပါ။  ကုသိုလ်ကံဆိုတာ ဆန်းကြယ်ပါတယ်။   သူကိုယ်တိုင်နောက်ပိတ်က လိုက်ပါ့မယ်လို့ ပြောတဲ့ အုန်းမြင့်၊ ဘယ်လို အတွေးပေါက်ပြီး ထွက်ခါနီးမှ ကျွန်တော်လိုက်ရမယ့်နေရာကနေ လိုက်သွားတာလဲ မစဉ်းစားတတ်ပါဘူး။   ဒါ့အပြင် ကျွန်တော်နဲ့ မြင့်အောင်ကြားက မိုင်းကလည်း နွယ်ကြိုးပြေပြီး မကွဲခဲ့ဘူး။   ကုသိုလ်ကံ ဆိုတဲ့ စကားလုံးကို အဲဒီအချိန်ကစပြီး ကျွန်တော် စိတ်ဝင်စားလာတာပါ။  ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျွန်တော်တို့ အခုလို အေးအေးချမ်းချမ်းနေရဖို့ တပ်မတော်သားတွေ ပေးဆပ်နေရတဲ့ အသက်တွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မရေမတွက် နိုင်လောက်အောင်များပြားလှပါတယ်။  ဘယ်သူမှ ကျွန်တော်တို့ ဘယ်လောက်အထိ စွန့်လွှတ်ခဲ့ကြတာပါလို့ မအော်ကြဘူးနော်…။  အော်…အချစ်ဆိုတာ နုတ်က တဖွဖွပြောနေဖို့မှ မလိုတာဗျာ…။   ။  ရဲကျော်သူရ


ဂျိုင်းခနဲ ပေါက်ကွဲသံနဲ့အတူ ရိပ်ခနဲမြောက်တက်သွားတဲ့ ခန္ဓာကိုယ်တစ်ခုကို ပါးစပ်အဟောင်းသားနဲ့ ကျွန်တော် လိုက်ကြည့်နေမိတယ်။

ဝါးတစ်ရိုက်ကျော်ကျော်လောက်မြောက်တက်သွားတဲ့ ခန္ဓာကိုယ် အောက်ကို ဘိုင်းခနဲပြန်ကျလာတဲ့အထိ ကျွန်တော် ကြောင်ပြီးကြည့်နေတုန်းပါ။

ယမ်းခိုး ယမ်းငွေ့တွေက မစဲသေးဘူး။

သေနတ်တခြား လူတခြား ပြန်ကျလာတဲ့သူက အုန်းမြင့်ပါ။

ညာဘက်ခြေထောက်တစ်ခုလုံး ခြေကျင်းဝတ်ကနေ ပြတ်လုနီးပါး ဖွာရရာကျဲလို့၊ ပြတ်တောက်နေတဲ့ အသားစတွေထဲက မညီညာတဲ့ အရိုးအပိုင်းအစတွေ ငေါထွက် နေတယ်။

သူ့ပါးစပ်က ခပ်သဲ့သဲ့ငြီးသံထွက်လာတယ်။

ကျွန်တော့်ရဲ့ ပထမဦးဆုံး လူသစ်ဘဝမှာ တွေ့လိုက်ရတဲ့ မိုင်းထိတဲ့ မြင်ကွင်းပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်း ထင်းရူးတောင်၊ မိုင်းကိုင် စစ်ဆင်ရေးခွင်မှာပေါ့။

ဗကပ ဘိန်းတန်းကို ထောက်လှမ်းဖို့ ပင်မတပ်ခွဲနဲ့ ခွဲပြီး ကျွန်တော်တို့ ၁၀ ယောက်တည်း သီးသန့်လှုပ်ရှားနေရာကနေ တပ်ခွဲက ပြန်ခေါ်လို့ ပြန်လာတဲ့နေ့ လမ်းမှာ ရန်သူ့ဆွဲမိုင်းမိတာပါ။

တကယ်တော့ မိုင်းထိတဲ့ အုန်းမြင့်လိုက်ရမယ့်နေရာက ကျွန်တော်လိုက်ရမယ့်နေရာ၊ ကျွန်တော်တို့အဖွဲ့ မထွက်ခင် ကတည်းက Point က ဘယ်သူ Second Point ကဘယ်သူ၊ နောက်ပိတ်က ဘယ်သူ..အစရှိသဖြင့် နေရာ သတ်မှတ်ပြီးသားပါ။

ကျွန်တော်ကတော့ လူသစ်မို့လို့ တပ်စိတ်မှူးက "ရဲကျော်…မင်းငါ့နောက်က ကပ်လိုက်ခဲ့…"လို့ မှာပါတယ်။

အဲဒီအချိန်တုန်းက အုန်းမြင့်ကိုယ်တိုင်ကလည်း "အေး…ညီလေး မင်းဆရာဖိုးတိုးနောက်က လိုက်သွား၊ အစ်ကို နောက်ပိတ် လိုက်ခဲ့မယ်…"ဆိုပြီးပြောပါသေးတယ်။

တကယ်လည်းထွက်မယ်ဆိုပြီး စထွက်ရော အုန်းမြင့်တစ်ယောက် မပြောမဆိုနဲ့ ကျွန်တော့်ကိုလိုက်ခိုင်းတဲ့ ဆရာ ဖိုးတိုး နောက်ကနေ ကပ်လိုက်သွားပါတယ်။

ကျွန်တော်အခြေအနေကြည့်လိုက်တော့ နောက်မှာ ကျွန်တော် အပါ အဝင် ၃ ယောက်ပဲရှိတယ်၊ တစ်ယောက်က ၇၉ ကိုင်တဲ့ ကိုမြင့်ဇော်၊ နောက်တစ်ယောက်က သေနတ်မကောင်း တဲ့ အောင်မြင့်၊ သူ့သေနတ်က ယာဉ်တန်းနဲ့လာ တုန်း အိပ်ငိုက်နေလို့ ကျော်နံရံနဲ့တိုက်မိပြီး ပြောင်းကောက်ချင် သယောင်ယောင်ဖြစ်နေတယ်။

ဒါနဲ့ သူတို့ ၂ ယောက်တော့ နောက်ပိတ်ထားလို့ မဖြစ်ဘူးဆိုတဲ့အသိနဲ့ ကိုယ့်ဘာသာ နောက်ပိတ်က လိုက်ခဲ့တယ်။

မိုင်းအဆွဲခံရတော့ ဆရာဖိုးတိုးနဲ့ အုန်းမြင့်ကြားမှာ တစ်လုံး ကျွန်တော်နဲ့ မြင့်အောင်ကြားမှာ တစ်လုံး စုစုပေါင်း နှစ်လုံးဆွဲတာပါ။

မိုင်းနှစ်လုံးကို နွယ်ကြိုးနှစ်ချောင်းနဲ့ ဆက်ပြီး ထွက်လာတဲ့ ကြိုးနှစ်စကို နောက်ထပ်ကြိုး တစ်ချောင်းနဲ့ ဆက်ထားပြီးမှ လျှိုထဲကနေဆွဲပြီး ထွက်ပြေးသွားတာ။ အင်္ဂလိပ် အက္ခရာ ဝိုင်ပုံစံပေါ့။

ကံကောင်းချင်တော့ ကျွန်တော့်ရှေ့က မိုင်းတစ်လုံးဟာ လျှိုထဲက ကြိုးနဲ့ ဆက်ထားတဲ့နေရာမှာ ကြိုးပြေနေပါတယ်။

မိုင်းက နှစ်လုံးစလုံး အစိတ်ခြောက်ဆယ်မိုင်းတွေပါ။

အုန်းမြင့်ထိတဲ့မိုင်းဟာ သူ့နောက်ကလိုက်တဲ့ ကိုမြင့်ဇော်ရဲ့ လည်ပင်းနဲ့ အောင်မြင့်ရဲ့ ရင်ဘတ်ကိုလည်း လာမှန်ပါတယ်။ ကျွန်တော့်ကိုတော့ ခဲတွေ၊ ဖုန်တွေပဲ လာထိတယ်။

ကိုမြင့်ဇော်က အတော်သတိကောင်းသလို သတ္တိလည်းကောင်းတယ်။ တပ်စိတ်မှူးဆရာဖိုးတိုး မလုပ်တတ် မကိုင်တတ်နဲ့ အူတိအူကြောင်ဖြစ်နေတော့ သူ့လည်ပင်းက သွေးတစ်ပေါက်ပေါက် ကျနေတာကို ဆေးပတ်တီး စည်းပြီး အုန်းမြင့်ဒါဏ်ရာကို ကိုယ်တိုင်ပတ်တီးစည်းပေးတယ်။

အုန်းမြင့် မိုင်းထိထိချင်း ကျွန်တော်ကြောင်ပြီး ကုန်းကုန်းကွကွဖြစ်နေတော့လည်း သူဒါဏ်ရာရထားတဲ့ကြားက ကျွန်တော့်ဆီပြေးလာပြီး "ဟေ့ကောင် နောက်လှည့် ဝပ်ပြီး သေသေချာချာ ကြည့်၊ မြင်ရင်ပစ်.."ဆိုပြီး ကျွန်တော့်ကို နေရာချပေးလိုက်သေးတယ်။

အရေးထဲ ရယ်ရအခက် ငိုရအခက် ကြုံရသေးတယ်။

အုန်းမြင့်အတွက် အနားက ဝါးလုံးအရွယ်လောက်ရှိမယ့် သစ်ပင်ခပ်သေးသေး တစ်ပင်ခုတ် စောင်ကြားချည်ပြီး ထမ်းစင်လုပ်ကြတယ်။

ထမ်းစင်လုပ်ပြီးတော့ အုန်းမြင့်ကိုပွေ့ချီ ပြီး ပုခက်ထဲထည့် ရှေ့တစ်ယောက် နောက်တစ်ယောက်ထမ်းလိုက်တာ ချည်ထားတဲ့နိုင်လွန်ကြိုးက လျှောထွက်လို့ စောင်ကြားပြေပြီး အုန်းမြင့်တစ်ယောက် ဘိုင်းခနဲ ပြုတ်ကျပါလေရော…။

မိုင်းထိတုန်းက ဘာသံမှမကြားရတဲ့ အုန်းမြင့်လည်း "အောင်မလေးဗျာ…."လို့အော်ပါလေရော။

ဒါနဲ့ ပြန်ချည် ပြန်ထမ်း၊ တပ်ခွဲရုံး အခြေပြုထားတဲ့ စခန်းကို မိုးချုပ်မှရောက်ပါတယ်။

ရောက်ရောက်ချင်း ဆေးတပ်သားကိုအောင်မြင့်ခေါ် ဆံကောက်က တွဲလွဲဖြစ်နေတဲ့ အုန်းမြင့်ခြေထောက်ဖြတ်ဖို့ ဓားမရှိတာနဲ့ ခွဲရုံးတစ်ရုံးမှာရှိတဲ့ တစ်လက်တည်းသော ထင်းခုတ်ဓားမကို မီးကင်ပြီး အရက်ပျံနဲ့သုတ်နေလေရဲ့။

ဓားမကိုကြည့်လိုက်တော့ ခုတ်ပါများလို့ အနားတချို့ကလိပ်နေပြီ။ အီး…အုန်းမြင့်ကိုယ်စား ကျွန်တော်ခြေထောက် ယားလိုက်တာ။

ဆံကောက်က "ကိုင်း..စမယ်"ဆိုတာနဲ့ စစ်သည် သုံးယောက်လောက် အုန်းမြင့်အပေါ်ပိုင်းနဲ့ ကျန်တဲ့ခြေထောက် တစ်ဖက်ကို ဝိုင်းချုပ်လိုက်ကြတယ်။ ပြီးတော့ ပါးစပ်ထဲ စောင်ကြားထိုးထည့်ပေးလိုက်တယ်။

စပါပြီ….ဘယ်ဘက်လက်က ပေါင်ရင်းကိုဖိကိုင်ထားရင်း ညာဘက်လက်က အသွားတွေလိပ်နေတဲ့ ဓားမကို မြှောက်ပြီး အမဲသားခုတ်သလို တဂုတ်ဂုတ်နဲ့ ခုတ်နေလိုက်တာ ဘယ်နှချက်မြောက်မှာ ပြတ်သွားလဲ မမှတ်မိတော့ပါဘူး။

အောက်က ခံနေရတဲ့ အုန်းမြင့်လည်း ပါးစပ်ထဲစောင်ကြားထည့်ထားပေမဲ့ ဝူးဝူးဝါးဝါးဖြစ်နေပါတယ်။

ကိစ္စ ဝိစ္စပြီးတော့ အားလုံး ကိုယ့်တဲကိုယ်ပြန် ညစာစားကြတယ်။

ဆေးလိပ်လေးရှုပြီး မှိန်းနေတုန်း "ရဲကျော်… ဆရာကြီး စီကြူခေါ်နေတယ်.."လို့ အသံကြားတာနဲ့ ကျွန်တော်လည်း ဝမ်းသာအားရ ပြေးထွက်သွားတယ်။

ဆရာကြီး စီကြူဆီမှာ ကျွန်တော် ပိုက်ဆံချေးထားတာ ပေးမလို့နဲ့တူပါတယ်။

ဒါနဲ့ ဆရာကြီးစီကြူတဲကိုရောက်တော့ သူက "အေး…ရဲကျော် ဒါလေး စခန်းအပြင်ဘက် ကိုက် ၁၀၀ လောက်မှာ သွားမြှုပ်လိုက်ပါကွာ…"တဲ့။

ဟုတ်ကဲ့ အုန်းမြင့်ခြေထောက်အပြတ်ကလေးပါ။

ကုသိုလ်ကံဆိုတာ ဆန်းကြယ်ပါတယ်။

သူကိုယ်တိုင်နောက်ပိတ်က လိုက်ပါ့မယ်လို့ ပြောတဲ့ အုန်းမြင့်၊ ဘယ်လို အတွေးပေါက်ပြီး ထွက်ခါနီးမှ ကျွန်တော်လိုက်ရမယ့်နေရာကနေ လိုက်သွားတာလဲ မစဉ်းစားတတ်ပါဘူး။

ဒါ့အပြင် ကျွန်တော်နဲ့ မြင့်အောင်ကြားက မိုင်းကလည်း နွယ်ကြိုးပြေပြီး မကွဲခဲ့ဘူး။

ကုသိုလ်ကံ ဆိုတဲ့ စကားလုံးကို အဲဒီအချိန်ကစပြီး ကျွန်တော် စိတ်ဝင်စားလာတာပါ။

ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျွန်တော်တို့ အခုလို အေးအေးချမ်းချမ်းနေရဖို့ တပ်မတော်သားတွေ ပေးဆပ်နေရတဲ့ အသက်တွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မရေမတွက် နိုင်လောက်အောင်များပြားလှပါတယ်။

ဘယ်သူမှ ကျွန်တော်တို့ ဘယ်လောက်အထိ စွန့်လွှတ်ခဲ့ကြတာပါလို့ မအော်ကြဘူးနော်…။

အော်…အချစ်ဆိုတာ နုတ်က တဖွဖွပြောနေဖို့မှ မလိုတာဗျာ…။ ။

ရဲကျော်သူရ

ခေါင်းဆောင်ဆိုတာ အမြော်အမြင်ရှိရတယ်

$
0
0
Photo

ဆိုကြပါစို့၊ မိတ်ဆွေအနေနဲ့ လူတစ်ယောက်ကို ယုံကြည်မှု အပြည့်အဝ မရှိသေးတဲ့အချိန်မျိုးမှာ အကြောင်းအမျိုးမျိုး ကြောင့် အဲဒီပုဂ္ဂိုလ်ကို ငွေအမြောက်အများချေးပေးဖို့ ဒါမှမဟုတ် အဲဒီပုဂ္ဂိုလ်နဲ့ လုပ်ငန်းတစ်ခုခု စပ်တူလုပ်ဖို့ သဘောတူပါ့မလား။

ဒီကြားထဲမှာ အဲဒီလူက တစ်ချိန်တုန်းက ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ကိုယ့်မိသားစုနဲ့ ပဋိပက္ခအကြီးအကျယ် ဖြစ်ခဲ့ဖူးတဲ့သူဆိုပါစို့ မိတ်ဆွေအနေနဲ့ ဘယ်လိုများ စဉ်းစားမှာပါလိမ့်။

ဘာပဲပြောပြော ယတိပြတ်အဖြေတစ်ခုပေးရမယ်ဆိုရင်တောင် သိပ်မလွယ်လှဘူးလို့ထင်ပါတယ်။

ကျွန်တော်တို့ခင်ဗျားတို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ရှိအခြေအနေရောက်အောင် တပ်မတော် အစိုးရက လမ်းဖွင့်ပေးခဲ့တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒီနေရာမှာ ၁၉၈၈ အရေးအခင်းကြီးနဲ့ ကျောင်းသား၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လှုပ်ရှားမှုတွေ၊ စွန့်လွှတ်မှုတွေဟာ အရေးမပါဘူးလို့ ကျွန်တော်ပြောနေတာမဟုတ်ပါ။

၂၀၁၀ အထွေထွေရွေးကောက်ပွဲမတိုင်ခင်ကာလကို ပြန်ပြီးငဲ့စောင်းကြည့်စေချင်ပါတယ်။

ဒီအချိန်မှာ ဘယ်သူတွေ ဘာတွေအော်နေအော်နေ အဲဒီကာလက ဘာမှလှုပ်ရှားခွင့်မရခဲ့တာ အမှန်ပါပဲ။ ဟုတ်ကဲ့၊ လှုပ်တဲ့သူကိုလည်း မလှုပ်နိုင်အောင် ဘယ်လိုချုပ်ထားတယ်ဆိုတာ အားလုံးအသိပါ။ နိုင်ငံခြား အသံလွှင့် ဌာနတွေက အော်ပေးနေတာကလွဲလို့ ဘယ်သူမှ ဘာမှ မတတ်နိုင်ပါဘူး။

လက်နက်ကိုင်တော်လှန်ရေးဆိုတာလည်း အားလုံးသိတဲ့အတိုင်းပါပဲ။ နိုင်ငံတကာအကူအညီ
ဆိုတာကလည်း ရုပ်ဝတ္ထု၊ စိတ်ဓာတ် ပိုင်းဆိုင်ရာ အကူအညီ တချို့တလေကလွဲရင် တချို့စိတ်ကူးယဉ်သလို အီရတ်ကိုဝင်တိုက်သလို အမေရိကန်က လာတိုက်ဖို့ဆိုတာလည်း အင်မတန်ထိခိုက်လွယ်တဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်နိုင်ငံကြားမှာ ညှပ်နေတဲ့ နိုင်ငံဖြစ်နေ တဲ့ ပထဝီနိုင်ငံရေးအရ မဖြစ်နိုင်ပါဘူး။

ဘာ့ကြောင့်လဲ၊ ဟုတ်ကဲ့ စစ်တပ်ဟာ တခြားအဖွဲ့အစည်းတွေနဲ့ နှိုင်းယှဉ်ရင် အင်မတန်မှ ကျစ်လျစ်ခိုင်မာပြီး စနစ်ကျ တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေလို့ပါ။

၁၉၄၈-၄၉ မှာ အင်အား ၄၀၀၀ မပြည့်တဲ့ မြန်မာစစ်တပ်ဟာ KNDO တွေလက်ထဲက တိုင်းပြည်ကို အရပြန်တိုက် ယူခဲ့ပြီး အဖြည်းဖြည်းအင်အားတိုးချဲ့လာပါတယ်။

၁၉၆၂ တော်လှန်ရေးကောင်စီတက်တဲ့အချိန်ကနေ ၁၉၈၈ အရေး အခင်းကာလအထိ အင်အား ၁၅၀၀၀၀ နဲ့ ၁၈၀၀၀၀ ကြားရှိတဲ့ စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံကို စစ်ရေးအရ ထိန်းချုပ်ထား နိုင်ခဲ့ပါတယ်။ အဲဒီကာလမှာ တင့်ကားတပ်ရင်း ၂ ရင်းနဲ့ အမြောက်တပ်ရင်း ၄ ရင်း၊ လေတပ်မှာ ဆွစ်ကအမောင်း သင်လေယာဉ်ကို စက်သေနတ်တပ် ဗုံးချိတ်ပြီးသုံးခဲ့တဲ့ ဘုရားစူးလေယာဉ် ၁၀ စီး ကျော်ကျော်လောက်နဲ့ သံချေး အထပ်ထပ်တက်နေတဲ့ စစ်ရေယာဉ်အဟောင်းအနွမ်းများသာရှိပါတယ်။

၁၉၈၈ နောက်ပိုင်းမှာ စစ်တပ်ဟာ အင်အားကို တတ်နိုင်သလောက် အစွမ်းကုန်တိုးချဲ့ တည်ဆောက်ခဲ့၊ တည် ဆောက်နေဆဲ ဖြစ်ပါတယ်။ အမြောက်နဲ့သံချပ်ကာ၊ အရင်မရှိခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေအပြင် အကူလက်ရုံးတပ်တွေ အပါအဝင် ရေတပ်၊ လေတပ်တို့ရဲ့ တိုးချဲ့မှုဟာ အနှစ်နှစ်ဆယ်ကျော်ကာလမှာ ကျွန်တော်တို့ မမျှော်မှန်းနိုင်လောက်အောင် အင်အားတောင့်တင်းလာခဲ့ပါတယ်။

အဲဒီ အင်အားတောင့်တင်းလှတဲ့ တပ်မတော်မှာ လူဦးရေအချိုးအရကြောင့်ပဲ ဖြစ်ဖြစ်၊ လူများစုကြီးစိုးလို့ပဲ ဖြစ်ဖြစ် ဗမာအများစုကြီးစိုးတာလည်း အားလုံးအသိပါပဲ။

အဲဒီ ဗမာအများစုကြီးစိုးတဲ့ စစ်တပ်က ဖွင့်ပေးလိုက်လို့ ဒီလမ်းကြောင်းပေါ် လျှောက်ခွင့်ရလာတဲ့အချိန်မှာ ဗမာတွေ အမြတ်တနိုးထားတဲ့ နေပြည်တော်က မင်းသုံးပါးရုပ်တုကို မမြင်ချင်ဘူးလို့ ဆိုသူကဆို၊ တိုင်းပြည်နာမည်ကိုတောင် မြန်မာလို့မှည့်ခေါ်ထားတာကို မကျေနပ်လို့ ပြောင်းပစ်ချင်တယ်လို့ အော်သူကအော်၊ ဒို့ကတော့ မဟာလူမျိုးကြီးဝါဒ ကျင့်သုံးလို့ကတော့ တစ်ပြည်လုံးသေနတ်သံတွေ ပြန်ညံသွားမယ်လို့ ခြိမ်းခြောက်သူက ခြိမ်းခြောက်…စတာတွေ မြင်ရ၊ ကြားရတဲ့အခါ စိတ်ပျက်မိတာတော့ အမှန်ပါပဲ။

ဒီကြားထဲ မြန်မာစာကို ၈၀% ပဲသင်မယ်၊ ကျန်တဲ့ဘာသာရပ်အားလုံးကို သက်ဆိုင်ရာ တိုင်းရင်းသားဘာသာနဲ့ပဲ သင်မယ်လို့ တောင်းဆိုတဲ့သူက တောင်းဆို၊ မြန်မာဆရာ၊ ဆရာမတွေနဲ့ အဆင်မပြေဘူး၊ ကိုယ့်ဆရာနဲ့ကိုယ်သင် မယ်လို့ ပြောသူကပြော၊ တစ်ခုခုတောင်းဆိုတာကို ကန့်သတ်ပိတ်ပင်မထားပါနဲ့လို့ ကာသူက ကာနဲ့ ပွဲစည်တာလား ပွဲပျက်မယ့် လက္ခဏာလားတော့ ကျွန်တော်လည်း မခန့်မှန်းတတ်ပါဘူး။

ဖက်ဒရယ်ပြည်ထောင်စုဆိုရင် ဖက်ဒရယ်တပ်မတော် မဖြစ်မနေထားကိုထားရမယ်လို့ပြောပြီး ကာကွယ်ရေးဦးစီး ချုပ်ကို တိုင်းရင်းသားတွေကို အလှည့်ကျထားရမယ်လို့ တောင်းတဲ့သူကတောင်း အင်း…သူ့အရှိန်နဲ့သူတော့ ဟုတ်နေတာပဲလို့ ပြောရမလားမသိ။

လက်ရှိအစိုးရနဲ့ တပ်မတော်ကို စစ်ရေးအရခြိမ်းခြောက်တဲ့သူတွေကိုတော့ တစ်ခုပြောချင်ပါတယ်။

ကျွန်တော်တို့ တပ်ထဲမှာတုန်းက အချင်းချင်းပြောတဲ့စကားတစ်ခုရှိပါတယ်။ ခပ်ရိုင်းရိုင်းစကားမို့လို့ အင်္ဂလိပ်လို ညှပ်ပြောပါရစေ၊ တပ်မှာရဲဘော်အချင်းချင်းတစ်ခုခု ကတောက်ကဆ ဖြစ်လို့ သေနတ်အကြောင်းစကားထဲ ထည့်ပြောတဲ့အခါ "ဟား မင်းကလည်း Sex Worker ကို Penis နဲ့လာခြောက်နေပြန်ပြီ…"လို့ပြောလေ့ရှိပါတယ်။

ကန်တော့ပါခင်ဗျာ၊ ကျွန်တော်တို့ပြောတဲ့အခါ အဲဒီစကားကို မြန်မာလို ဒဲ့ (တည့်) ပြောတာပါ။ အခုလည်း တပ်မတော်ကို သေနတ်သံညံသွားမယ်တို့ သွေးချောင်းစီးသွားမယ်တို့ အစရှိတဲ့ စကားမျိုးသွားပြောတာဟာ အထက်က ဥပမာရိုင်းရိုင်းလိုဖြစ်နေပါတယ်။

ကျွန်တော် တိုင်းရင်းသားတွေကို သူတို့မကြာခဏစစ်တပ်ကို စွပ်စွဲသလို ခြိမ်းခြောက်နေတာ မဟုတ်သလို တိုင်းရင်း သားအခွင့်အရေးတောင်းဆိုမှုတွေကို လူမျိုးကြီးဝါဒနဲ့ ပိတ်ပင်တားဆီးနေတာလည်းမဟုတ်ပါဘူး။

အစိုးရ ကိုယ်တိုင် က ဒီလမ်းစဉ်နဲ့သွားမယ်ဆိုပြီး တောင်းဆိုခွင့်ပြုထား၊ ညှိနှိုင်းခွင့်ပြုထားပြီးသားပါ။

ဟုတ်ကဲ့…ကျွန်တော်ပြောချင်တာက ကိုယ့်အခွင့်အရေးကိုယ်တောင်းဆိုတဲ့အခါ တခြားသူရဲ့ တန်ဖိုးထားတဲ့အရာ တွေ ပြောရရင် National Identity တွေကို မထိခိုက်ဖို့လိုပါတယ်။

ငါ့ဖိနပ်မကောင်းဘူး၊ သေးလည်းသေးနေတယ် ဆိုရင် ငါ့ဖိနပ်ကောင်းအောင် ဘာတွေလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားရမှာဖြစ်ပါတယ်။

ငါ့ဖိနပ်က သေးလည်းသေး တယ် ကောင်းလည်းမကောင်းဘူးကွာ၊ ဒီတော့ မျှမျှတတဖြစ်အောင် မင်းဖိနပ်နောက်မြီးကို လှီးထုတ်ပစ်လိုက် လို့ တောင်းဆိုရင်တော့ ဒါဟာ ကိုယ့်လိုအပ်ချက်အတွက် တောင်းဆိုမှုတစ်ခုမဟုတ်တော့ဘဲ က္ကုဿစိတ် သက်သက် ဖြစ်သွားပါပြီ။

က္ကုဿ၊ မစ္ဆရိယမှာ က္ကုဿဆိုတာက ကိုယ့်ဆီက ဘာမှမပေးရဘဲ၊ ဘာမှမဆုံးရှုံးဘဲ တခြားသူကို သက်သက်မနာလို ဖြစ်တာပါ။ မစ္ဆရိယကတော့ ကိုယ်ရထားတဲ့အခွင့်အရေးတွေ၊ ဝေစုတွေကို မပေးချင်တာပေါ့။

ဒါ့ကြောင့် က္ကုဿ၊ မစ္ဆရိယ ကို မနာလို၊ ဝန်တိုစိတ်လို့ တွဲသုံးလေ့ရှိပါတယ်။

နိုင်ငံရေးသမားက တိုင်းပြည်နာမည်ပါဖျက်ပစ်လို့ပြောနေတဲ့အချိန်မှာ အစိုးရကတော့ SEA Games ဖွင့်ပွဲမှာ မဟာ သီချင်းတွေရော၊ ကာချင်းတွေရော မြိုင်မြိုင်ဆိုင်ဆိုင်ဆင်နွဲလို့ပေါ့ခင်ဗျာ။

လူတိုင်း ကိုယ့်အမျိုးကိုယ်ချစ်သလို အမျိုးသားရေးစိတ်ဓာတ်ဆိုတာလည်း လူမျိုးတိုင်းမှာရှိပါတယ်။

ကိုယ့်ရဲ့အမျိုး သားရေး သရုပ်လက္ခဏာ ကိုဖေါ်ထုတ်တာဟာ တခြားလူမျိုးတစ်မျိုးရဲ့ အမျိုးသားရေး သရုပ်လက္ခဏာကို ထိပါး ပုတ်ခတ်ခြင်းမလုပ်မိဖို့လိုပါတယ်။

ဘယ်မြန်မာမှ ပဒေသရာဇ်ခေတ်ကို ပြန်မတမ်းတပေမဲ့ သူတို့ရဲ့သမိုင်းအမွေအနှစ်ကို တန်ဖိုးထားကြတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေမှာလည်း ကိုယ်စီကိုယ်ငှ တန်ဖိုးထားတဲ့ အရာတွေရှိကြမှာပါပဲ။

ဒီလိုပဲ ကမ္ဘာပေါ်က ဘယ်တိုင်းပြည်မှာမဆို လူဦးရေများတဲ့ လူများစုနဲ့ အဲဒီလူများစုကိုးကွယ်တဲ့ ဘာသာတရား လွှမ်းမိုးတာဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတရားတစ်ခုပါပဲ။ ဒါကို အဲဒီလူများစုကြီးစိုးနေတာကို ဖြိုဖျက်ပစ် ရမယ်၊ အဲဒီဘာသာကို သေးသိမ်မှေးမှိန်အောင် လုပ်ပစ်ရမယ်လို့ သဘောထားနေရင်တော့ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး။

၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ NLD အာဏာရလာခဲ့ရင် ဒုတိယဗိုလ်မှူးကြီးနဲ့အထက် အကုန်ဖြုတ်ပစ်မယ်၊ စစ်တပ် ကို နောက်ထပ် အာဏာ မသိမ်းနိုင်အောင် စစ်ရုံးချုပ်ကို ပဲခူး၊ အင်းတိုင်ဘက် ရွှေ့ပစ်မယ်ဆိုတာ NLD မှာ မူဝါဒ ရှိခဲ့ဖူးပါတယ်။

အဲဒီလို အဆင်အခြင်မဲ့မှုတွေကြောင့်လည်း မြန်မာ့ ဒီမိုကရေစီခရီး ပိုကြန့်ကြာခဲ့တာလို့တောင် ဆိုနိုင်ပါတယ်။

လက်ရှိအချိန်ဟာ မြန်မာပြည် ဒီမိုကရေစီခရီးအတွက် စမ်းသပ်ဆဲကာလပဲ ရှိပါသေးတယ်။

ဒီအစမ်းခံ ကာလမှာ ဖွင့်ပေးလိုက်တာကို ဉာဏ်ပညာနဲ့ယှဉ်ပြီး ရအောင်မယူနိုင်ရင် ကျွန်တော်တို့ ပြည်သူအများစု လိုလားနေတဲ့ ပန်းတိုင်နဲ့ ဝေးမှာပါပဲ။

ဟို..အမေရိကန်လာမှာတွေ၊ နေတိုးလာမှာတွေလို မစားရဝခမန်း စိတ်ကူးတွေယဉ်ပြီး လျှောက်မလုပ်ပါနဲ့ ပထဝီ နိုင်ငံရေးဆိုတာ ကိုထည့်သွင်းစဉ်းစားပါ။ မြန်မာပြည်ဟာ အီရတ်မဟုတ်သလို အရှေ့အာရှဟာ အရှေ့အလယ်ပိုင်း မဟုတ်ပါဘူး။

ကိုယ့်အခွင့်အရေးကိုယ်တောင်းဆိုတာကို ချွင်းချက်မရှိလက်ခံပါတယ်။

အဓိကကတော့ တခြားလူမျိုးတစ်မျိုးရဲ့ တန်ဖိုးတွေကို မထိခိုက်အောင်တောင်းဆိုတတ်ဖို့ အရေးကြီးပါတယ်။

ကိုယ့်ဖိနပ်နောက်မြီးပြတ်နေတာနဲ့ တခြားသူရဲ့ဖိနပ်နောက်မြီးကို ဓားနဲ့လှီးဖို့ကြံတာဟာ လုပ်ကောင်းတဲ့ အလုပ် မဟုတ်ပါဘူး။

လမ်းဘေး လက်ဖက်ရည်ဆိုင်မှာပြောတဲ့စကားမျိုးဆိုရင်တော့ ထားပါတော့။ အခုဟာက တိုင်းရင်း သား ပါတီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌကပြောတာပါ။

အဲဒီအမုန်းတွေရင်ထဲမှာ မငြိမ်းသ၍ ခင်ဗျားတို့ကာကယကံရှင်တွေကိုယ်တိုင် မငြိမ်းချမ်းနိုင်သလို တိုင်းပြည်လည်း ငြိမ်းချမ်းမှာ မဟုတ်တဲ့အပြင် ပန်းတိုင်လည်း ဝေးသထက်ဝေးသွားနိုင်ပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီကျင့်သုံးမယ်ဆိုတာနဲ့ မြန်မာအများစုကြီးစိုးမှုနဲ့ ဗုဒ္ဓဘာသာလွှမ်းမိုးမှုကို ပယ်ဖျက်ပစ်ဖို့ မလွယ်ပါဘူး။ အဲဒီဘောင်ထဲကပဲ တတ်နိုင်သလောက်ညှိနှိုင်းပြီး သွားကြရမှာပါ။

ဖက်ဒရယ်ပြည်ထောင်စုဆိုတာ နှစ်ဖက်အလျော့အတင်းလုပ်ပြီး ညှိနှိုင်းရင် ရနိုင်ပါတယ်။

ဒါပေမဲ့ မဲသရောထ ကြေညာချက်မှာပါသလို ၈ ပြည်နယ် ကိစ္စဖြစ်ဖို့ဆိုတာ မလွယ်ပါ။

ကျွန်တော်ပြောတာမယုံရင် ဗမာအများစုရှိတဲ့ တိုင်းဒေသကြီးတွေမှာ ပြည်သူ့ဆန္ဒ မဲကောက်ကြည့်ကြပါလား။

အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ဆိုတာ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော အမြော်အမြင်ရှိဖို့လိုပါတယ်။

ဒီလူတွေဟာတစ်နေ့မှာ နိုင်ငံခေါင်းဆောင် ဖြစ်ကောင်းဖြစ်လာနိုင်တဲ့လူတွေ မဟုတ်လား။

လူပြိန်းကြိုက်စကားတွေကို လက်လွတ်စပယ်ပြောဆိုခြင်းဟာ မိမိအတွက်ရော တိုင်းပြည်အတွက်ပါ မကောင်းဘူးဆိုတာကလေးလောက်ကို တော့ဖြင့် ခေါင်းဆောင်ပီပီ အရှည်မျှော်တွေး၍ သတိချပ်သင့်ပါကြောင်း……………။ ။

ရဲကျော်သူရ

လူထဲက လူတစ်ယောက်၊ သို့သော်.....

$
0
0
လူထဲက လူတစ်ယောက်၊ သို့သော်..... ••••••••••••••••••••••••••••••••••• မောင်အောင်ဆန်း ငယ်စဉ်က မကြာခဏ နေမကောင်း ဖြစ်တတ်၍ ငွေပေးမှ ဆေးသောက်မည်ဟူ၍ မိခင်ကို  အကျပ်ကိုင်လေ့ရှိရာ မိခင်ထံမှ ငွေဒင်္ဂါး အတော်များများ ရထားသည်။ မိမိလိုချင်သော ပစ္စည်းကို အစ်ကိုဖြစ်သူ  မောင်အောင်သန်းမှတစ်ဆင့် ကုလားဆိုင်မှဝယ်ရာတွင် အစ်ကိုလည်း ဝယ်နိုင်ရန် သူ့ငွေကိုပေးလေ့ရှိသည်။ ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်သေအခါ သူ့ငွေပြန်ပေး ရန်တောင်းတတ်သည်။ မိခင်က " နင် ဘာလို့အစက ပေးသလဲ " ဟုမေးရာ " အို၊ သူက ညီအစ်ကိုချင်းပဲ ကွာ ဘာညာနဲ့ ချော့တောင်းတာကိုးဗျ" ဟုပြန်ပြောသည်။  အစ်ကိုအောင်သန်းသည် မောင်အောင်ဆန်း ရိုးမှန်း  အမှန်းသိသဖြင့် မကြာခဏ စလေ့ရှိသည်။ "ငါက မင်းအရင် ထမင်းစားရတာပါကွာ" ဟုပြော လျှင် စိတ်ဆိုးတတ်သည်။ မိခင်က " ဒါစိတ်ဆိုးစရာ လား၊ သူ အရင်မွေးတော့ အရင်ထမင်းစားရတာပေါ့၊ ဒါ ဘာဖြစ်သလဲ" ဟု ပြောသည်ကို လက်မခံ။ ရန်ဖြစ်ရသည်အထိ ဖြစ်သည်။ ရန်ဖြစ်ပြီးလျှင်လည်း သူအရင်ပြန်ခေါ်သည်က များသည်။  ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သူ၏အလေ့စရိုက် ကို ထုတ်ဖော်ရေးရာ၌ သူ့အစ်ကိုအောင်သန်းနှင့်နှိုင်း ယှဉ်၍ " သူကားပါး၏။ လျင်၏။ ကျွန်တော်ကားထူ၏။ အ၏။ ဟူ၍ရေးသားထားပါသည်။ မောင်အောင်ဆန်း ဤသို့ ရိုးအခြင်းကို မိခင်ကြီး အလွန်သဘောကျသည်။ " ပါးလွန်းလျှင် ပေါက်တတ်တယ်။ ငယ်တုန်းမှာ အတာ ပဲကောင်းတယ် " ဟု မိခင်ဒေါ်စုက ပြောလေ့ရှိသည်။ မောင်အောင်ဆန်းသည် ရိုးအသည့်အပြင် စိတ်ထားလည်း ဖြောင့်မတ်သည်။ သူတစ်ပါးကိုရန်စခြင်း မပြုတတ်ချေ။   မောင်အောင်ဆန်းသည် ငယ်စဉ်ကတည်းက လိမ်လည် ပြေညဆိုလေ့ မရှိကြောင်း၊ စိတ်ထားဖြောင့်မတ်ကြောင်း ကို အောက်ပါသာဓက အရသိနိုင်သည်။ တစ်ခါက သူ့အစ်မ ရက်လုပ်ထားသော အိမ်အောက် ရက်ကန်းစင်၌ လုံချည်စကို ဓားနှင့်ထိုးကစားပစ်ရာ အသုံးမပြုနိုင်လောက်အောင် ပျက်စီးသွားသည်။  မိခင်က "မင်းလုပ်တာ မဟုတ်လား"ဟုမေးရာ ဟုတ်မှန် ကြောင်း ဝန်ခံသည်။ မောင်အောင်ဆန်းသည် ဟန် မလုပ်တတ်ချေ၊ စားချင်လျှင် စားချင်သည်။ လိုချင်လျှင် လိုချင်သည်။ ကြောက်လျှင် ကြောက်သည် စသည်ဖြင့် မလိမ်ညာတတ်ပဲ ဖွင့်ဟပြောဆိုတတ်သည်။  သူသည် ကလေးပီပီ အမြှောက်ကြိုက်သည်။ တစ်ခါက ဆယ်မိုင်ခန့် ဝေးသည့် ရွာတစ်ရွာသို့ မိဘများနှင့်လိုက် ပါသွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူ ကလေးငယ်တစ်ယောက်က သူ့အားမြှောက်၍ " ဗိုလ်ကြီး ဗိုလ်ကြီး " ဟုခေါ်ရာ များစွာသဘောတွေ့ သဖြင့် ထန်းလျက်အဖြူကို ဗိုလ်ကြီးဟု အခေါ်ခံရ တိုင်းပေးသည်။  ( ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ်များမှ  ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်)
 
လူထဲက လူတစ်ယောက်၊ သို့သော်.....
•••••••••••••••••••••••••••••••••••
မောင်အောင်ဆန်း ငယ်စဉ်က မကြာခဏ နေမကောင်း
ဖြစ်တတ်၍ ငွေပေးမှ ဆေးသောက်မည်ဟူ၍ မိခင်ကို
အကျပ်ကိုင်လေ့ရှိရာ မိခင်ထံမှ ငွေဒင်္ဂါး အတော်များများ
ရထားသည်။ မိမိလိုချင်သော ပစ္စည်းကို အစ်ကိုဖြစ်သူ
မောင်အောင်သန်းမှတစ်ဆင့် ကုလားဆိုင်မှဝယ်ရာတွင်
အစ်ကိုလည်း ဝယ်နိုင်ရန် သူ့ငွေကိုပေးလေ့ရှိသည်။
ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်သေအခါ သူ့ငွေပြန်ပေး
ရန်တောင်းတတ်သည်။ မိခင်က "နင် ဘာလို့အစက
ပေးသလဲ "ဟုမေးရာ "အို၊ သူက ညီအစ်ကိုချင်းပဲ
ကွာ ဘာညာနဲ့ ချော့တောင်းတာကိုးဗျ"ဟုပြန်ပြောသည်။

အစ်ကိုအောင်သန်းသည် မောင်အောင်ဆန်း ရိုးမှန်း
အမှန်းသိသဖြင့် မကြာခဏ စလေ့ရှိသည်။
"ငါက မင်းအရင် ထမင်းစားရတာပါကွာ"ဟုပြော
လျှင် စိတ်ဆိုးတတ်သည်။ မိခင်က "ဒါစိတ်ဆိုးစရာ
လား၊ သူ အရင်မွေးတော့ အရင်ထမင်းစားရတာပေါ့၊
ဒါ ဘာဖြစ်သလဲ"ဟု ပြောသည်ကို လက်မခံ။
ရန်ဖြစ်ရသည်အထိ ဖြစ်သည်။ ရန်ဖြစ်ပြီးလျှင်လည်း
သူအရင်ပြန်ခေါ်သည်က များသည်။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သူ၏အလေ့စရိုက်
ကို ထုတ်ဖော်ရေးရာ၌ သူ့အစ်ကိုအောင်သန်းနှင့်နှိုင်း
ယှဉ်၍ "သူကားပါး၏။ လျင်၏။ ကျွန်တော်ကားထူ၏။
အ၏။ ဟူ၍ရေးသားထားပါသည်။ မောင်အောင်ဆန်း
ဤသို့ ရိုးအခြင်းကို မိခင်ကြီး အလွန်သဘောကျသည်။
"ပါးလွန်းလျှင် ပေါက်တတ်တယ်။ ငယ်တုန်းမှာ အတာ
ပဲကောင်းတယ် "ဟု မိခင်ဒေါ်စုက ပြောလေ့ရှိသည်။
 မောင်အောင်ဆန်းသည် ရိုးအသည့်အပြင်
စိတ်ထားလည်း ဖြောင့်မတ်သည်။ သူတစ်ပါးကိုရန်စခြင်း
မပြုတတ်ချေ။

မောင်အောင်ဆန်းသည် ငယ်စဉ်ကတည်းက လိမ်လည်
ပြေညဆိုလေ့ မရှိကြောင်း၊ စိတ်ထားဖြောင့်မတ်ကြောင်း
ကို အောက်ပါသာဓက အရသိနိုင်သည်။
တစ်ခါက သူ့အစ်မ ရက်လုပ်ထားသော အိမ်အောက်
ရက်ကန်းစင်၌ လုံချည်စကို ဓားနှင့်ထိုးကစားပစ်ရာ
အသုံးမပြုနိုင်လောက်အောင် ပျက်စီးသွားသည်။
မိခင်က "မင်းလုပ်တာ မဟုတ်လား"ဟုမေးရာ ဟုတ်မှန်
ကြောင်း ဝန်ခံသည်။ မောင်အောင်ဆန်းသည် ဟန်
မလုပ်တတ်ချေ၊ စားချင်လျှင် စားချင်သည်။ လိုချင်လျှင်
လိုချင်သည်။ ကြောက်လျှင် ကြောက်သည် စသည်ဖြင့်
မလိမ်ညာတတ်ပဲ ဖွင့်ဟပြောဆိုတတ်သည်။

သူသည် ကလေးပီပီ အမြှောက်ကြိုက်သည်။ တစ်ခါက
ဆယ်မိုင်ခန့် ဝေးသည့် ရွာတစ်ရွာသို့ မိဘများနှင့်လိုက်
ပါသွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ
ရွယ်တူ ကလေးငယ်တစ်ယောက်က သူ့အားမြှောက်၍
"ဗိုလ်ကြီး ဗိုလ်ကြီး "ဟုခေါ်ရာ များစွာသဘောတွေ့
သဖြင့် ထန်းလျက်အဖြူကို ဗိုလ်ကြီးဟု အခေါ်ခံရ
တိုင်းပေးသည်။

( ဗိုလ်ချုပ်အောင်ဆန်းအကြောင်းစာအုပ်များမှ
ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်)

ရဲဘော်ရဲဘက်စိတ်(၂)

$
0
0

ယမန်နေ့ကအဆက်.............................................................................................

ဆရာကြီးတင်ဝင်းနဲ့ သူ့တပ်စုဟာ ပျောက်သွားတဲ့ ဆရာကြီးသတင်းကို နောက်နေ့တွေမှာလည်း ဆက်ပြီးစုံစမ်းကြ တယ်။ တစ်နေရာပြီး တစ်နေရာပေါ့။

သူတို့တပ်စုတစ်စုလုံး အဲဒီဆရာကြီးကိုမတွေ့ရင် သေချင်လည်းသေပစေတော့ လမ်းမှာ ဆူပူသောင်းကျန်းတဲ့အဖွဲ့က အန္တရာယ်ပြုရင်လည်း ပစ်မယ်၊ လိုအပ်ရင် အားလုံးအသေခံပြီး လိုက်ရှာကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

သူတို့ကို တပ်ရင်းမှူးလည်း မထိန်းနိုင်တော့ပါဘူး။

နေ့စဉ်အပြင်ထွက်ရှာ စိတ်တိုလာရင် လမ်းမှာတွေ့တာ ရိုက်နှက် ဖျက်ဆီးလာကြသေးတယ်လို့လည်း ပြောကြတယ်။

သုံးလေးရက်လောက်အကြာမှာ တပ်ရင်းမှူးက ဘယ်လိုသတင်းပို့လိုက်တယ်မသိဘူး အဲဒီအချိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်ကိုယ်တိုင် ဆရာကြီးတင်ဝင်းတို့ တပ်စုဆီရောက်လာပါတယ်။

ကာချုပ်က "ငါမင်းတို့ အကြောင်းအားလုံးကြားပြီးပြီ၊ ဟိုကောင်တပ်စုမှူးကိုလည်း အရေးယူပေးမယ်၊ နောက်ပြီး မင်းတို့ကို ငါပြောချင်တာက မင်းတို့ရှာနေတဲ့ ဆရာကြီးမသေဘူး၊ ဒါ့ကြောင့် မင်းတို့သောင်းကျန်းနေတာကို ရပ်လိုက် ကြတော့…"လို့ပြောပါတယ်။

ဆရာကြီးတင်ဝင်းနဲ့ စစ်သည်တွေက ကာချုပ်သူတို့ကို လာချော့နေတာလို့ပဲ ယူဆတယ်၊ အခုလောက်ဆို ဟိုဆရာကြီးတော့ အရိုးတခြား အသားတခြားဖြစ်နေပြီနဲ့ တူတယ် လို့ပဲ တွေးနေကြလေရဲ့။

ဒါ့ကြောင့် သူတို့က ကာချုပ်ကို "ကျွန်တော်တို့ မယုံဘူး ဗိုလ်ချုပ်ကြီး…"လို့ ပြန်ပြောတယ်။

ကာကွယ်ရေးဦးစီးချုပ် မျက်နှာမကောင်းဘူးဖြစ်သွားပါတယ်။

"မင်းတို့…ငါ့ကိုတောင် မယုံကြတော့ဘူးလား.."လို့ ကာချုပ်က ပြောတော့ ဆရာကြီးတင်ဝင်းနဲ့ စစ်သည်တွေလည်း စိတ်မကောင်းဖြစ်ပြီး အတော်လေး ဝမ်းနည်း သွားကြတယ်။

ဒါပေမဲ့ တပ်စုတစ်စုလုံးက "ဟုတ်ကဲ့…မယုံပါဘူး..၊ ကျွန်တော်တို့ကို သက်သေပြပါ.."လို့ပဲ ပြန်ဖြေလိုက်တယ်။

အဲဒီမှာ ကာချုပ်က "ကောင်းပြီ မင်းတို့ ငါ့ကို ၂ ရက် အချိန်ပေး၊ ၂ ရက်အတွင်း အဲဒီ ဆရာကြီး အသက်ရှင်ကြောင်း မင်းတို့ကို ငါသက်သေပြမယ်၊ အေး မင်းတို့လည်း ဒီ ၂ ရက်အတွင်းမှာ ဘာမှထပ်ပြီး မသောင်းကျန်းကြနဲ့တော့.."လို့ပြောပါတယ်။




ဆရာကြီးတင်ဝင်းနဲ့စစ်သည်တွေကလည်း "ဟုတ်ကဲ့…ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးပြောတဲ့အတိုင်း ၂ ရက်အတွင်း ဘာမှထပ်မလှုပ်ရှားဘဲ စောင့်နေပါ့မယ်။ တကယ်လို့များ ဒီ ၂ ရက်အတွင်းမှာ ကျွန်တော်တို့ အဲဒီဆရာကြီးကို အသက်ရှင်လျှက် ပြန်မတွေ့ရတော့ဘူးဆိုရင် ဗိုလ်ချုပ်ကြီး ကျွန်တော်တို့ကို ကြိုက်သလိုအရေးယူပါ၊ သတ်ချင်လည်း သတ်ပါ၊ ကျွန်တော်တို့ အသတ်ခံမယ်၊ ကျွန်တော်တို့ အဲဒီဆရာကြီးကို ရန်ကုန်တစ်မြို့လုံး ပတ်ပြီးရှာမယ်…"လို့ပြောလိုက်ကြပါတယ်။

"အေး…စိတ်လိုက်မာန်ပါ လျှောက်မလုပ်ကြပါနဲ့ကွာ၊ ငါမင်းတို့ဆီကို အဲဒီဆရာကြီး မရောက်ရောက်အောင် ပို့လိုက်ပါ့မယ်…"လို့ပြောပြီး ကာချုပ်လည်း ပြန်သွားပါတယ်။

ကာချုပ်ပြန်သွားပြီး နှစ်ရက်မြောက်နေ့မှာ ဆရာကြီးတင်ဝင်းတို့တပ်စုရှိရာကို စစ်ကားတစ်စီး ထိုးဆိုက်လာပါတယ်။

ပြီးတော့ ကားပေါ်ကနေ ရဟန်းတစ်ပါး ကြွလာပါတယ်။

ဟုတ်ကဲ့…အဲဒီရဟန်းဟာ ဆရာကြီးတင်ဝင်းတို့တပ်စုလိုက်ရှာနေတဲ့ ပျောက်သွားတဲ့ ဆရာကြီးအစစ်ပါပဲ။

ဆရာကြီးတင်ဝင်းဟာ ဘုန်းဘုန်းကိုမြင်တော့ ပြေးဖက်ပါတယ်၊ ဘုန်းဘုန်းကလည်းပြန်ဖက် ထားတယ်၊ ပြီးတော့ နှစ်ယောက်စလုံးဖက်ပြီး ငိုကြပါလေရော၊ စစ်သည်တွေလည်း မျက်ရည်တွေကျလို့ပေါ့။

ကံကောင်းလို့ လူရမ်းကားတွေလက်ထဲမှာ မသေခဲ့ရတဲ့ ဆရာကြီးနဲ့ ပြန်တွေ့တဲ့ပွဲ၊ ဝမ်းသာ ဝမ်းနည်း၊ မျက်ရည်တွေ က မစဲနိုင်…။

"ပြောပါဦး ဆရာကြီး အဲ..ဦးဇင်းရယ် ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ…"လို့ ဆရာကြီးတင်ဝင်းကမေးတယ်။

"ခင်ဗျားတို့ အရာရှိက ကျုပ်ကို ဟိုအုပ်စုလက်ထဲ ထည့်လိုက်တော့ အဲဒိအုပ်စုက ကျုပ်ကိုဓားနဲ့ခုတ်သတ်ဖို့ပြင်နေပြီ၊ ကျုပ်လည်းသွားပြီပေါ့ဗျာ၊ ငါ စစ်ဆင်ရေးမှာ ရန်သူနဲ့တိုက်ရင်းမသေရဘဲ ရန်ကုန်မှာ လူရမ်းကားတွေ လက်ချက်နဲ့ သေရတော့မယ်လို့ တွက်လိုက်တယ်။ စိတ်ကိုလည်း လျှော့ချလိုက်တယ်။"

ဘုန်းဘုန်း ရှင်းပြနေတဲ့အချိန်မှာ တပ်စုတစ်စုလုံး ဝိုင်းပြီးနားထောင်နေကြတယ်။ တချို့ကလည်းအံကြိတ်ရင်း တောက်ခေါက်ရင်းပေါ့။




"အဲဒီအချိန်မှာ လူအုပ်ထဲက ဘုန်းကြီးတစ်ပါးရှေ့ထွက်လာပြီး ကျုပ်ကိုသတ်ဖို့ ဓားကိုင်ထားတဲ့ သူတွေကို ဖြောင်းဖျ ပြီး ကျုပ်ကို အလှူခံတော့တာပဲ။ အဲဒီဘုန်းဘုန်းက အခုအချိန်မှာ ဒီဒကာကြီးလည်း စစ်သားမဟုတ်တော့ပါဘူး။ ပြီးတော့ ဒီဒကာကြီးက ဒကာတို့ အုပ်စုကို ဘာမှအန္တာရယ်ပေးခဲ့တာမဟုတ်သလို အခုလည်း ဘာမှ အန္တာရယ် ပေးနိုင် တဲ့ အနေအထားမရှိတော့ပါဘူး။ လူ့အသက်တစ်ချောင်းဆိုတာ ရခဲပါတယ်။ ဒါ့ကြောင့် ဒကာတို့ရဲ့ ဒေါသတွေကို လျှော့ပြီး ဒီဒကာကြီးရဲ့ အသက်ကို ဘုန်းဘုန်းကိုလှူပါလို့ပြောပြီး အလှူခံခဲ့တာဗျ.."လို့ ဘုန်းဘုန်းက ရှင်းပြပါတယ်။

ဆက်ပါဦး ဘုန်းဘုန်းလို့ ဆရာကြီးတင်ဝင်းက ထောက်ပေးတယ်။

"အဲဒီနောက်တော့ ကျုပ်ကို မှော်ဘီမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ခေါ်လာပြီး အန္တရာယ်ကင်းအောင်လို့ဆိုပြီး ရဟန်းဝတ်ပေးထားကြတယ်။ ပြီးတော့ တပ်ကို အကြောင်းကြားထားကြပုံရတယ်…"လို့ပြောရင်း ဘုန်းဘုန်းက ခဏနားလိုက်ပါတယ်။

"ဒါဆို ဘုန်းဘုန်း တပည့်တော်တို့ဆီကို ဘယ်လိုရောက်လာတာလဲ ဘုရား…"လို့ ဆရာကြီးတင်ဝင်းက မေးပါတယ်။

"အမှန်ပြောရရင် ကျုပ်စစ်ဆိုတာကို မကြားချင်တော့သလို စစ်သားဆိုတာလည်း မမြင်ချင်တော့ဘူး၊ ကျုပ်ကိုသတ်မယ့်သူတွေရဲ့လက်ကို ကျုပ်ကို ကြက်ကလေး ငှက်ကလေးလို ထည့်လိုက်ကြတာလေ…။"လို့ ခံပြင်းနာကျည်းတဲ့ အသံနဲ့ ဘုန်းဘုန်းက ပြောပါတယ်။

ဆရာကြီးတင်ဝင်းက ငိုသံကြီးနဲ့ "အဲဒီလို မပြောပါနဲ့ ဘုရား၊ တပည့်တော်တို့ တပ်စုမပါပါဘူး ဘုရား၊ ဟိုကောင် တစ်ယောက်တည်း ဆုံးဖြတ်ပြီး ဒီလိုလုပ်လိုက်တာပါ။ အဲဒီတုန်းကလည်း တပ်ရင်းမှူးအမိန့်ဆိုလို့ မချိတင်ကဲနဲ့ ပြန်မပြောခဲ့ကြတာပါ။ စစ်သားဆိုတော့ အရှင်ဘုရားလည်း နားလည်ပါတယ် ဘုရား။ တပ်ရင်းမှူးလာလို့ အကြောင်း စုံသိရတဲ့ အချိန်မှာ တပည့်တော်တို့ အဲဒီကောင်ကို…"ဆရာကြီးတင်ဝင်း စကားမဆုံးခင် ဘုန်းဘုန်းက လက်ပြပြီး တားလိုက်ပါတယ်။

"ဟိုး…ဟိုး…ကျုပ်အားလုံးသိတယ်၊ သိလို့လည်း ခင်ဗျားတို့ဆီကို ရောက်လာတာပေါ့။ ကျုပ်ဆီကို ကာချုပ်ဆီက သတင်းရောက်လာတယ်၊ စစ်ရုံးကတစ်ဆင့်ပေါ့။ ဖုန်းဆက်ပြီး လှမ်းပြောတယ်၊ ဆရာကြီး (……….) အခု ဖုန်းသတင်း ရရချင်း စံပြမှာရှိတဲ့ ဆရာကြီးတင်ဝင်းတို့ အဖွဲ့ကို သွားတွေ့ပါ။ ခင်ဗျားသွားမတွေ့ရင် လူတေါအများကြီးသေကုန်လိမ့်မယ်၊ သူတို့လည်းသေလိမ့်မယ်၊ ရန်ကုန်မြို့လည်းတော်တော်များများ မီးလောင်ကုန်လိမ့်မယ်။ သူတို့က ခင်ဗျားကိုလိုက်ရှာနေကြတာ။ ခင်ဗျားကို မတွေ့မချင်းသောင်ကျန်းနေကြလိမ့်မယ် လို့ ကျုပ်ဆီကို ဆက်တာပေါ့။ ပြီးတော့ ဒါ ကာကွယ်ရေးဦးစီးချုပ်အမိန့်လို့ပြောတယ်။"

"ကံကောင်းလို့ပါလား ဘုန်းဘုန်းရယ်၊ တပည့်တော်တို့ကတော့ ဘုန်းဘုန်းကို သူတို့သတ်ပစ်လိုက်ကြပြီ ထင်ပြီး သောင်းကျန်းနေကြတာ၊ မတွေ့မချင်းရှာမယ်၊ သတ်တဲ့လူ အတိအကျသိရင် အဲဒီကောင်တွေကို သတ်မယ်ဆိုပြီး ရှာနေတာပါ။"လို့ ဆရာကြီးတင်ဝင်းက ပြောပါတယ်။

ဒီလိုနဲ့ အဲဒီနေ့တစ်နေ့ ဆရာကြီးတင်ဝင်းတို့ တပ်စုရှိတဲ့နေရာမှာ နေပြီး ညနေမစောင်းခင် ဘုန်းဘုန်းပြန်ကြွသွား ပါတယ်။

ကြာနီကန်ဆရာတော်လေသံနဲ့ပြောရရင် ဇာတ်ပေါင်းခန်းမှာ ဆရာကြီးတင်ဝင်းတို့ တပ်စုတစ်စုလုံးကို အထက်က ဘာမှအရေးမယူပါဘူး။

အဲ…တပ်စုက ဝိုင်းရိုက်နှက်ထိုးကြိတ်ကြတဲ့ အချိန်မှာ ထွက်ပြေးသွားပြီး စံပြရုပ်ရှင်ရုံအပေါ်ထပ်က ရေစင်ကြားမှာ ဝင်ပုန်းနေတဲ့ တပ်စုမှူး ဗိုလ်ကြီးကတော့ တပ်မတော် အာဏာသိမ်းပြီး မကြာခင်မှာပဲ အရေးယူပြီး တပ်က နုတ်ထွက်သွားရတယ်လို့ သိရပါတယ်။

အရာရှိတစ်ယောက်ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ ရဲဘော်ရဲဘက်စိတ် ခေါင်းပါးမှုကြောင့် လူအုပ်ကြီးထဲ ပါသွားတဲ့ ဆရာကြီး အသတ်ခံရတော့မလို့ပါ၊ ကံကောင်းလို့ လွတ်လာသလို ကံကောင်းလို့ မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်တာပါ။

အရေးအခင်းတုန်းက မိုင်းယန်းဘက်မတက်ခင် မိုးနဲမှာနေတုန်း လွိုင်လင်ကို ရိက္ခာသွားထုတ်ကြတယ်။

ဒီတုန်းက တပ်ခွဲမှူးပြောတဲ့စကားလေးသတိရမိတယ်…"အခြေအနေ သိပြီးသားဖြစ်လို့ အထူးပြောစရာမရှိ၊ ဆန္ဒပြတဲ့အုပ်စုနဲ့ တိုးလို့ရှိရင် (၁) လူ (၂) လက်နက်ခဲယမ်း (၃) ယာဉ် (၄) ရိက္ခာ မထိခိုက်မချင်း မင်းတို့ကို ဘယ်လောက်ပဲ မိုက်မိုက် ရိုင်းရိုင်း ဆဲဆဲ၊ ဖင်ပဲလှန်ပြပြ၊ ….ီး ပဲဖြဲပြပြ ဘာမှမလုပ်ရဘူး၊ သည်းခံရမယ်။ အေး..အခု ပြောတဲ့ လူ၊ လက်နက် ခဲယမ်း၊ ယာဉ်၊ ရိက္ခာ တစ်ခုခုကို ထိခိုက်လာပြီဆိုရင်တော့ ငါ့အမိန့်စောင့်စရာမလိုဘူး။ ရှင်းလား…"ဟုတ်ကဲ့ ရှင်းတာမှ ချစ်တီးခေါင်း သန်းရှာတာထက်တောင် ရှင်းပါတယ်ခင်ဗျ။ စစ်သားဟာ စစ်သားလိုအလုပ်လုပ် စစ်သား စကားပြော၊ ဘယ်လောက် ကျက်သရေရှိလိုက်ပါသလဲ….။

အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား တပ်မတော်သားအားလုံး သင်ခန်းစာယူနိုင်အောင်လို့ အမည်လွှဲတွေနဲ့ရေးသား တငြ့်ပခြင်းဖြစ်ပါတယ်။

ဒီအဖြစ်အပျက်မျိုး နောင်ဘယ်တော့မှ မဖြစ်သင့်တော့ဘူးဆိုတာကတော့ အထူးပြောစရာ လိုမယ်မထင်ပါ။

တစ်အိုးစား ရဲဘော်ရဲဘက်ဆိုတာ တစ်ယောက်မှန်ရင် တစ်ယောက်ဆွဲ၊ တစ်ယောက်လဲရင် တစ်ယောက်ထူ၊ မနက်ရန်ဖြစ် ညကျတော့ ပစ်ကျင်းတစ်ကျင်းထဲ နေရာယူ ဘယ်သူတွေ ကျွန်တော်တို့လို ချစ်နိုင်ကြသလဲ။

မရနိုင်မှန်းသိလျှက်နဲ့ "မြူစွမ်လေး စားချင်လိုက်တာကွာ"လို့ ငြီးတဲ့ ရဲဘော်ကို ကျွန်တော်တို့ ဝက်စာသာသာ ဆန်ပြုတ်ကို ချော့ကြွေးခဲ့ကြရတယ်…။

စစ်သားဘဝက ခွင့်ပြန်သွားတော့ ကျွန်တော့်အမေက ပြောဖူးတယ်။

"သား…ဘာပဲစားစား အဲဒီလိုစုပြုံပြီး ရှင်းတာ အမေတို့ တိုက်ခိုက်ရေးတပ်က စစ်သားတွေပဲရှိတယ်။ ကျန်တဲ့သူတွေကတော့ သူစားသူရှင်းပဲ။ သားရော ထောက် ၂၅ အစုံရှိသေးရဲ့လား။ လိုရင်ယူသွားသား အမေစုထားတာရှိတယ်…"တဲ့။

ကျွန်တော်ထင်ပါတယ်။ ကိုယ့်တပ်က မဟုတ်ဘူးဆိုတဲ့ စစ်သားမဆန်တဲ့ အကြောင်းပြချက်နဲ့ တပ်မတော်က ဆရာ ကြီး တစ်ယောက်ကို သွေးဆူနေတဲ့ လူအုပ်ကြီး လက်ထဲထည့်လိုက်တဲ့ အရာရှိဟာ အပြင်က လူအုပ်ကို ကြောက် နေပုံရပါတယ်။ အပြင်မှာသာ လူအုပ်ကြီး မရှိရင် သူ့ဖြေရှင်းနည်းဟာလည်း တစ်မျိုးဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကြောက်တတ်တဲ့အတွက် သူနှစ်ခါသေရပါတယ်။

ဘယ်သူမှတော့ အလကားနေရင်း မသေချင် ကြပါ ဘူး။ ဒါပေမဲ့ စစ်သားတစ်ယောက်ဖြစ်ပါ လျှက်ကနဲ့ အလွန်အမင်း သူရဲဘောကြောင်ချင်တဲ့ စိတ်ဝင်လာရင်တော့ ဆရာ မင်းသိင်္ခရဲ့ ပြောထုံးဖြစ်အောင် ငနက်ခေါင် စာအုပ်ထဲက ငနက်ခေါင် စစ်ထဲမလိုက်ခင် ရွာက ဆရာတော်မှာတဲ့ စကားလေးကိုပဲ လက်ဆောင်ပေးချင်ပါတယ်။

"ကိုယ့် အမျိုး၊ ဘာသာ၊ သာသနာကို ကျူးကျော်စော်ကားလာတဲ့ မိစ္ဆာဒိဋ္ဌိ တွေကို တိုက်ရင်းသေရတာ မြတ်သော သေခြင်းပဲ။ အေး…ထွေထွေထူးထူးတော့ မှာစရာမရှိဘူးကွဲ့၊ တိုက်ပွဲတိုက်ရင်း သူရဲဘောကြောင်ချင်တဲ့ စိတ်ကလေး များ ဝင်လာရင် ကိုယ့်ပေါင်ခြံ ကိုယ်ပြန်စမ်းကြည့်ကွဲ့..ကြားလား…"ဆိုတဲ့ စကားလေးပါ ခင်ဗျား…..။

သူရဲဘာသာ အသက်ကိုစွန့်မြဲ…..

ရဲကျော်သူရ

(မှတ်ချက်-ကျွန်တော်တို့ ခေတ်က စစ်သည်များဟာ ဦးနေဝင်းတစ်ယောက်ကလွဲလို့ တခြားလူကြီးတွေကို ရာထူး အတိုင်းပဲခေါ်လေ့ရှိပါတယ်။ အခုခေတ်လို အဘတွေမပေါပါဘူး။ စစ်တပ်မှာ ရင်းမှူး၊ ဒုရင်းမှူးက အစ အဘ၊ အဘ လေးနဲ့ ခေါ်တာဟာ ဒါရိုက်တာ စာရေးဆရာ ဒုဗိုလ်မှူးကြီး တင်သန်းဦး ထွင်လိုက်တဲ့ လက်ရာများလားမသိဘူး။ မှတ်မှတ်ရရ ကျွန်တော်တပ်က ထွက်ခါနီးလေးမှာ ကျော်သူနဲ့နေအောင်ပါတဲ့ တပ်မတော်နေ့တီဗီ ဂုဏ်ပြုဇာတ်လမ်း တစ်ခုမှာ အခုသုံးနေကြတဲ့ အဘဆိုတဲ့ အသုံးအနှုန်းကို စကြားဖူးတာပါပဲ။ ဒီတုန်းက ဇာတ်လမ်းတွေက တင်သန်းဦး ဇာတ်လမ်းတွေ များပါတယ်။ ဥပမာ- တပ်ရင်းမှူးကို CO ကြီး ဒါမှမဟုတ် တပ်ရင်းမှူးကြီး ၊ ဒုရင်းမှူးကိုတော့ ဗိုလ်မှူး ပါပဲ။ အဲဒီလိုပဲ ခေါ်ကြပါ တယ်။ အဘလို့သွားခေါ်ရင်လည်း ကြိုက်ကြမယ်မထင်ပါဘူး။ အခုတော့ ၃၅ နှစ်လောက် ကိုလည်း အဘ ဆိုတော့ တစ်မျိုးကြီးလိုပါပဲ။ ထားပါတော့ သူ့ခေတ်နဲ့သူကိုး…။)

၂၀၁၅ အလွန် နိုင်ငံရေးဟောစာတမ်း

$
0
0
၂၀၁၅ အလွန် နိုင်ငံရေးဟောစာတမ်း   သရ၀ဏ်(ပြည်)  ကျွန်တော်သည် ဗေဒင်ဆရာလည်းမဟုတ် ၊ ဘိုးတော်လည်းမဟုတ် ၊ အကြားအမြင်ရသူလည်းမဟုတ်ပါ ။ သို.သော် တိရိစ္ဆာန်များတွင် မိုးရွာမည် ရေကြီးမည် ၊ငလျင်လှုပ်မည်ကိုကြိုတင်သိတတ်သော မွေးပါဥာဏ် ( Instinct )  ရှိသကဲ.သို.လည်းကောင်း ၊ မြန်မာနိုင်ငံတွင် (၄၆)နှစ်ခန်.နေထိုင်လာခဲ.ပြီးသော နိုင်ငံသားတစ်ယောက်အနေနှင်.လည်းကောင်း ၊ နိုင်ငံရေးကိုမျက်ခြေမပြတ် စိတ်ဝင်စားစွာစောင်.ကြည်.လာသူတစ်ဦးအနေနှင်.သော်လည်းကောင်း ကျွန်ုပ်ဥာဏ်တစ်ထွာတစ်မိုက်ဖြင်. ပိန်းပိတ်အောင်မှောင်နေသောအနာဂါတ်အမှောင်ထုထဲသို. ဆင်ခြင်ဥာဏ် လက်နှိပ်ဓါတ်မီးကလေးတစ်လက်ဖြင်.မပီဝိုးတစ်ဝါးထိုးကြည်.ရပေအံ. ။ ဤခန်.မှန်းချက်များမှာကျွန်တော်၏ ပုဂ္ဂလိကထင်မြင်ချက်များသာဖြစ်၍ ဤအတိုင်းတရားသေဖြစ်ရမည်ဟုမဆိုလိုပါကြောင်း ၊ဖြစ်နိုင်သည်များကိုတွက်ပြခြင်းသာဖြစ်ပါကြောင်းကြိုတင်ပန်ကြားအပ်ပါသည် ။   ရွေးကောက်ပွဲ   ရွေးကောက်ပွဲသည်မြန်မာနိုင်ငံတွင် အများကထင်နေသလို ၂၀၁၅ သို.ရောက်ရောက်ခြင်း နှစ်ဦးပိုင်းတွင်ကျင်းပဦးမည်မဟုတ် ။ ရွေးကောက်ပွဲကော်မရှင်၏ ယခင်ကပြောခဲ.ဖူးသောစကားရိပ်စကားဦးသန်းထားမှုများ ၊ နိုင်ငံတော်အစိုးရ၏ တတ်နိုင်သမျှ အချိန်ဆွဲထားလိုမှုများကြောင်. ၂၀၁၅ ရွေးကောက်ပွဲသည် ၂၀၁၅ နှစ်ကုန်ခါနီး  နိုဝင်ဘာလလောက်မှကျင်းပပေလိမ်.မည် ။ ယခင်အစိုးရသည် (၉) ဂဏန်းကိုသူတို.အတွက်ကံကောင်းစေသောဂဏန်းဟုယုံကြည်သလိုသာ ယခုအစိုးရလည်းယူဆခဲ.ပါက (၉) လပိုင်း (၉)ရက်နေ.၊  (၁၈)ရက်နေ. ၊ (၂၇) ရက်နေ.များတွင်လည်းကျင်းပနိုင်သည် ( ၁၉၉၀ ရွေးကောက်ပွဲကို မေ လ ၂၇ ရက်နေ.တွင်ကျင်းပခဲ.ပေသည် )  စက်တင်ဘာလတွင်အစောဆုံးကျင်းပနိုင်ခြေရှိပြီး နိုဝင်ဘာအထိလည်းရောက်သွားနိုင်သဖြင်. အစိုးရအဖွဲ.သစ်သည် အများထင်သလို ၂၀၁၅ တွင်ပေါ်ပေါက်လာဖွယ်မမြင် ၂၀၁၆ နှစ်ဆန်းပိုင်းကျမှသာ အာဏာလွှဲပြောင်းဖွယ်ရှိသည် ။   ရွေးကောက်ပွဲတွင် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း (ပြည်သူ.လွှတ်တော်တွင် ၁၁၀ ဦး ၊အမျိုးသားလွှတ်တော်တွင် (၅၆ )ဦး ဆက်ယူထားဆဲဖြစ်ရာ ပြည်သူ.လွှတ်တော်တွင်အမတ်နေရာ ( ၃၃၀     ) ဦး ၊ အမျိုးသားလွှတ်တော်တွင် အမတ်နေရာ (၁၆၈   ) ဦး ကိုသာ ပါတီများကအဓိကထားယှဉ်ပြိုင်ရမည် ။ ရွေးကောက်ပွဲမသမာမှုများ ၊ဘက်လိုက်မှုများရှိမည်ဖြစ်သော်လည်း တစ်ပြည်လုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကသာ အမတ်နေရာအများစုကိုအနိုင်ရရှိလိမ်.မည် ။ တိတိကျကျပြောရလျင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်သည် ရွေးကောက်ခံအမတ်နေရာများ၏ ၈၅ ရာခိုင်နှုန်း(အမတ်ဦးရေ ၄၂၃ ဦး)  အနိုင်ရ၇ှိလိမ်.မည် ။ ကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည်ရွေးကောက်ခံကိုယ်စားလှယ်များ၏(၅) ရာခိုင်နှုန်း( အမတ်ဦးရေ ၂၅ ဦး ) အနိုင်ရရှိလိမ်.မည် ။ တိုင်းရင်းသား ပါတီများသည် (၅) ရာခိုင်နှုန်း ( အမတ်ဦးရေ ၂၅ ဦး ) ၊ တစ်သီးပုဂ္ဂလနှင်.အခြားဒီမိုကရက်တစ်ပါတီငယ်များသည် (၅) ရာခိုင်နှုန်းနီးပါး (အမတ်ဦးရေ ၂၄ ဦး ) ခန်. အသီးသီးအနိုင်ရရှိလိမ်.မည် ။ ရွေးကောက်ပွဲတွင် ရှုံးနိမ်.သူများက အနိုင်ရသောအမတ်များကို ကန်.ကွက်လွှာများအတောမသတ်တင်သွင်းကြသဖြင်. ရွေးကောက်ပွဲကောက်မရှင်မှာ ထိုကိစ္စကိုပဲလပေါင်းအတော်ကြာအောင်ရှင်းရဖွယ်ရှိသည် ။ မဲခိုးမဲလိမ်မှုများ ၊ သွေးထွက်သံယိုမှုများ အချို.မဲဆန္ဒနယ်များတွင်ရှိမည် ။ ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်ထားသူများမဲပေးခွင်.ရုပ်သိမ်းခံရဖွယ်ရှိသည် ။   လွှတ်တော်  ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ၊ ရွေးကောက်ခံကိုယ်စားလှယ် ၄၉၈ ဦး ၊ စုစုပေါင်း (၆၆၄ )ဦးဖြင်.ဖွဲ.စည်းသည်ဖြစ်ရာ တပ်မတော်သားသည် ၂၅ ရာခိုင်နှုန်း ၊ NLD သည် ၆၄ ရာခိုင်နှုန်း ၊ ကြံ.ခိုင်ဖွံ.ဖြိုးပါတီသည် ၄ ရာခိုင်နှုန်း ၊ တစ်သီးပုဂ္ဂလနှင်.အခြား ဒီမိုကရက်တစ်ပါတီငယ်များသည် ၃ ရာခိုင်နှုန်း ဖြင်.ပြည်ထောင်စုလွှတ်တော် ဖြစ်ပေါ်လာမည် ။ NLD သည် အဓိကပါတီကြီးဖြစ်လာကြပြီး ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် အင်အားအကြီးဆုံးသောအတိုက်အခံပါတီကြီးဖြစ်လာမည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင်းဆုံးဖြတ်ချက်များမဲခွဲသောအခါ အဓိက သော.ချက် ( Key Holder ) ဖြစ်လာပေမည် ။ ပြည်ထောင်စုလွှတ်တော် နာယက သည် N.L.D မှပင်ဖြစ်မည် ။  အစိုးရအဖွဲ.   N.L.D သည် အနိုင်ရပါတီဖြစ်သဖြင်. ပထမဆုံးအကြိမ် တရားဝင် အစိုးရဖွဲ.ခွင်.ရမည် ။ လွှတ်တော်တွင် ဒုသမ္မတလောင်းတစ်ယောက်စီရွေးထုတ်သောအခါ တပ်မတော်မှတစ်ဦး ၊ ပြည်သူ.လွှတ်တော်မှရွေးသော N.L.D အမတ်တစ်ဦး ၊ အမျိုးသားလွှတ်တော်မှ N.L.D အမတ်တစ်ဦးတို. စုစုပေါင်းသုံးဦး သမ္မလောင်းများဖြစ်လာမည် ။ ထိုသုံးဦးကို ပြည်ထောင်စုလွှတ်တော်မှ အများဆန္ဒဖြင်.ထပ်ရွေးသောအခါ လွှတ်တော်တွင် ၆၄ ရာခိုင်နှုန်းမဲရထားသော N.L.D က တပ်မတော်သားနှင်.ကြံ.ခိုင်ရေးနှစ်ရပ်ပေါင်းထက်မဲသာသဖြင်. N.L.D မှရွေးသောသူသည် သမ္မတဖြစ်လာပေမည် ။ အခြေခံဥပဒေပြင်ဆင်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပိုင်ခွင်.ကို ကန်.သတ်ထားသော ၊ သားသမီးများသည် နိုင်ငံခြားကျေးဇူးသစ္စာခံမဖြစ်စေရဟူသောအချက်ကို ပြင်ဆင်မပေးသဖြင်. မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးကမျှော်လင်.နေသော ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူးရရှိရေးသည်ကားဖြစ်လာနိုင်မည်မဟုတ် ။ N.L.D မှ အမတ်မင်းများရွေးချယ်မဲအများစုဖြင်.တက်လာသော သမ္မတသည် အမျိုးသမီးသမ္မတ ဖြစ်နိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်နိုင်မည်မဟုတ်ချေ ။ ထို.ကြောင်. သမ္မတ (သို.မဟုတ် ) ဒုသမ္မတ တစ်ဦးဦးသည် အမျိုးသမီးဖြစ်လာမည် ။ ထိုအမျိုးသမီးသည် N.L.D  ဖြစ်မည် ။ စစ်တပ်မှရွေးချယ်လိုက်သော ကိုယ်စားလှယ်သည် ဒုသမ္မတသာဖြစ်လာမည် ။ ထိုအခါ အစိုးရအကြီးအကဲမှာအောက်ပါပုံစံအတိုင်းတစ်ခုမဟုတ်တစ်ခုဖြစ်မည် ။  အမျိုးသမီးသမ္မတ ( N.L.D )  အမျိုးသား ဒုသမ္မတ ( N.L.D ) အမျိုးသား ဒုသမ္မတ ( တပ်မတော် )   (ထိုသို.မဟုတ် ပါက အောက်ပါပုံစံဖြစ်မည် )  အမျိုးသားသမ္မတ ( N.L.D )  အမျိုးသမီးဒုသမ္မတ ( N.L.D )  အမျိုးသား ဒုသမ္မတ ( တပ်မတော် )   ဒေါ်အောင်ဆန်းစုကြည်သည်လွှတ်တော်နာယကအဖြစ်လွှတ်တော်အစည်းအဝေးပထမဆုံးကျင်းပသောနေ. တွင်ရွေးကောက်ခံရမည် ။ထိုသို.မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ.ထဲတွင် နိုင်ငံခြားရေးဝန်ကြီးရာထူးကိုရယူလိမ်.မည် ။ ပညာရေးနှင်.ကျန်းမာရေးဝန်ကြီးရာထူးများကိုရယူနိုင်သော်လည်း သမ္မတမလုပ်ရလျင်သူမနှင်.အကိုက်ညီဆုံးရာထူးမှာ နိုင်ငံခြားရေးဝန်ကြီး ရာထူးဖြစ်သည် ။တစ်ချိန်တည်းမှာပင် N.L.D ပါတီကို ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဌအဖြစ်နှင်.ဆက်လက်ဦးဆောင်မည် ။   ယခင် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီအစိုးရလက်ထက်ကအစိုးရအဖွဲ.ထဲတွင် စစ်ထွက်များ ၊ခရိုနီများ ၊   မိမိပါတီဝင်အများစုကိုသာ ၀န်ကြီးအဖွဲ.တွင် အဓိကနေရာပေးခန်.အပ်ခဲ.ကြသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် အစိုးရလက်ထက်တွင် မိမိပါတီဝင်မဟုတ်သော်လည်း သင်.တော်သော တတ်သိ ပညာရှင်များကိုအစိုးရအဖွဲ.ထဲသို.ခေါ်သွင်းလိမ်.မည် ။ ၈၈ မျိုးဆက် ပွင်.လင်.လင်းလူ.အဖွဲ.အစည်းမှ ကျောင်းသားခေါင်းဆောင်ကြီးများ အစိုးရအဖွဲ.အတွင်းရောက်ရှိလာနိုင်သည် ။   ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး   ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည်အလွန်ရှည်လျားသော လုပ်ငန်းစဉ်ကြီးအဖြစ်နှေးကွေးလေးလံစွာ ရွေ.လျားနေလိမ်.မည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေလေ.လာသုံးသပ်ရေးကော်မတီ သည် သူတို.၏ထင်မြင်ယူဆချက် တွေ.ရှိချက် များကိုလွှတ်တော်သို. တင်ပြရမည် ။လွှတ်တော်မှ ဆွေးနွေးခြင်း ၊ ကန်.ကွက်ခြင်း၊ အတည်ပြုခြင်း ၊ နှုတ်ပါယ်ခြင်း ၊ဆိုင်းငံ.ခြင်း ၊ မဲခွဲဆုံးဖြတ်ခြင်းများပြုရမည် ၊ ပြီးလျင်သမ္မတထံသို.ပို.ရမည် ၊သမ္မက သဘောထားမှတ်ချက်ဖြင်.လွှတ်တော်သို.ပြန်လည် တင်ပို.လိမ်.မည် ။ လွှတ်တော်တွင်အချိန်အတန်ကြာအောင်ဆွေးနွေးငြင်းခုန်ပြီးသောအခါ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်သို.အကြောင်းကြားရမည် ။ရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက်အလုပ်ရှုပ်နေရာ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို ၂၀၁၅ ရွေးကောက်ပွဲကျင်းပပြီးမှလုပ်ရန် (သို.မဟုတ် ) ၂၀၁၅ ရွေးကောက်ပွဲ တွင် ရွေးချယ်တင်မြှောက်ပွဲနှင်. ဆန္ဒခံယူပွဲကိုပေါင်း၍ပြုလုပ်ရန် အကြောင်းပြန်ကြားပေလိမ်.မည် ။သို.ဖြင်.ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၏ရလာဒ်ကို သမ္မတဦးသိန်စိန်လက်ထက်တွင် လက်ဆုပ်လက်ကိုင်ပြနိုင်မည်မဟုတ်ချေ ။ ပြည်သူအများစုလိုလားတောင်းဆိုနေကြသော ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးမှာ လွှတ်တော်အတွင်းအာဏာရနေသော ရှေးရိုးစွဲပုဂိုလ်အများစုကြောင်. အလှမ်းဝေးနေပေဦးမည် ။   ဖက်ဒရယ်ပြည်ထောင်စုဖွဲ.စည်းမှု   ဖွဲ.စည်းပုံအခြေခံဥပဒပြင်ဆင်ရာတွင် တိုင်းရင်းသားတို.အခွင်.အရေးများတောင်းဆိုချက်များသည် အတော်အသင်.အတိုင်းအတာအထိရရှိလာနိုင်စရာရှိသည် ။ ဥပမာ ပြည်နယ်ဝန်ကြီးချုပ်များကိုသမ္မတက တိုက်ရိုက်ခန်.အပ်သည်.စနစ်အစား ပြည်သူလူထုကမဲပေးရွေးချယ်သောစနစ်သို.ပြောင်းခြင်း ၊ ဖွဲ.စည်းပုံအခြေခံဥပဒေ ဇယား(၁) ပြည်ထောင်စုဥပဒေပြုစာရင်းမှ လုပ်ပိုင်ခွင်.အချို.သည် ဇယား(၂) တိုင်းဒေသကြီး သို.မဟုတ်ပြည်နယ် ဥပဒေပြုစာရင်းထဲသို.ရောက်လာလိမ်.မည် ( ဥပမာ စွမ်းအင် ၊လျှပ်စစ် ၊သတ္တုနှင်.သစ်တော ကဏ္ဍ ၊ စိုက်ပျိုးရေးနှင်.မွေးမြူရေးကဏ္ဍ ၊ စီးပွားရေးကဏ္ဍ ၊ စက်မှုလက်မှုကဏ္ဍ၊ လူမှုရေးကဏ္ဍ ) မှအချို.လုပ်ပိုင်ခွင်.များ တိုးတက်ရရှိမည် ။ သို.သော် တိုင်းရင်းသားများ အဆိုပြုတင်ပြနေသော ပြည်ထောင်စုတပ်မတော် (ဖက်ဒရယ်တပ်မတော် ) ဖွဲ.စည်းရေး ကို ပြည်ထောင်စုကာကွယ်ရေးဝန်ကြီး ၊ကာကွယ်ရေးဦးစီးချုပ်တို.မှ လက်မခံပါယ်ချလိမ်.မည် ။ ဖျက်သိမ်းလိုက်သောတိုင်းရင်းသားတပ်မတော်များမှ အရာရှိကြီးများမှာ အနေကြာ မေဂျာဖြစ်ဟူသော မြန်မာ.တပ်မတော် မှဆောင်ပုဒ်နှင်.အညီ မေဂျာ ( ဗိုလ်မှူး ) ရာထူးများကိုသာလက်ခံရရှိလိမ်.မည် ။ ဖျက်သိမ်းလိုက်သော K.N.U   ၊ K.I.A  , S.S.A စသောတပ်များမှ တိုင်းရင်းသားများ မြန်မာ.တပ်မတော်တွင် ကိုယ်.တိုင်းရင်းသားသီးသန်.တပ် ကို ပြန်လည်ကွပ်ကဲရသော ဒုတိယဗိုလ်ချုပ် ၊  ဗိုလ်ချုပ် ၊ ဒုဗိုလ်ချုပ်ကြီး ရာထူးများနှင်.မူအလှမ်းဝေးနေဦးမည် ။   မြေယာသိမ်းယူမှုများ   အခုရှုပ်မှနောင်ရှင်း ၊ အစကောင်းမှအနှောင်းသေချာ စသော မြန်မာစကားပုံများအတိုင်းမကျင်.သုံးခဲ.ပဲ ယခင်(န.၀.တ ၊န.အ.ဖ)စစ်အစိုးရလက်ထက်က စစ်တပ်နှင်.ခရိုနီတို.ပေါင်းကာ  ရှုပ်ချင်တိုင်းရှုပ်ခဲ.သောအရှုပ်ထုပ်များသည် ၂၀၁၅ အလွန်တွင်လည်း ရှုပ်မြဲရှုပ် နေမည် ။ တပ်မတော်မှ သိမ်းယူခဲ.သောမြေများ မူလပိုင်ရှင်များသို.ပြန်ပေးရေးမှာ စာရွက်ပေါ်တွင်လွယ်သလောက် ကိုယ်ကျိုးသုံး ထားမှုများ၊ ကိုယ်ကျိုးအတွက်အဆင်.ဆင်.လက်လွှဲရောင်းချထားမှုများကြောင်. တပ်မတော်အရာရှိဟောင်းများက အလွယ်တကူ ဘ ယ်တော.မှပြန်ပေးမည်မဟုတ်ချေ ။ အလွန်သတ္တိကောင်း၍ ဗိုလ်ချုပ်အောင်ဆန်းကဲ.သို. စစ်တပ်မျက်နှာထက်တိုင်းပြည်မျက်နှာ ကိုကြည်.တတ်သော ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်လက်ထက်သို.မရာက်မချင်း စစ်တပ်မှ အသိမ်းခံထားရသောလယ်များဘယ်တော.မှပြန်ရမည်မဟုတ်ချေ ။ နောက်ထပ်အသိမ်းမခံရလျင်သော်မှကံကောင်းလှသည်ဟုပျော်ရွှင်ကြည်နူးကြရန်ဖြစ်သည် ။   နိဂုံး  ၂၀၁၅ အလွန်တွင် မြန်မာနိုင်ငံ၌ စီးပွားရေးအခွင်.အလန်းများပို၍ ပွင်.လန်းလာမည် ။ ခရီးသွားလုပ်ငန်းတစ်ဟုန်ထိုးကြီးမားတိုးတက်လာပြီး ရေရှည်စီမံကိန်းများကြိုတင်ပြင်ဆင်ထားမှုမရှိခြင်းကြောင်. ခရီးသွားလုပ်ငန်း၏ဘေးထွက်ဆိုးကျိုးများကိုစတင်ခံစားရမည် ။ ရွေးကောက်ပွဲတွင်ရှုံးနိမ်.သွားသော လက်ညှိုးညွန်ရာရေဖြစ်ခဲ.သော အထည်ကြီးပျက် အာဏာရှင်အချို.မနေတတ်မထိုင်တတ်ဖြစ်ကာ လူမှုရေးအသင်းများတွင် လူတွင်ကျယ်ဝင်လုပ်ကာ ဒီမိုကရေစီမကောင်းကြောင်းကြုံလျင်ကြုံသလိုဟောပြောမည် ။ အာဏာရပါတီဖြစ်လာမည်. ပါတီကြီး၏အောက်ခြေအဖွဲ.၀င်အချို.သည် အာဏာယစ်မူးပြီးလူထုကိုထီမထင်သောကိစ္စအချို.ဖြစ်လာမည် ။စာနယ်ဇင်းသမားများအမှန်ကိုရေးလွန်းသောကြောင်.ထောင်တန်းကျခံရကိန်းရှိသည် ။ ယခင်အစိုးရလက်ထက်က တရားလက်လွတ်ပြုလုပ်ခဲ.မှုများကို တရားစွဲဆိုမှုများ ပိုမို များပြားလာသဖြင်.ရှေ.နေများဝင်ငွေကောင်းမည် ။ ခရိုနီများ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ.တွင်ခြေချင်းလိမ်နေမည် ။ ခရိုနီတို. ဒေါ်အောင်ဆန်းစုကြည်ခြံအတွင်းသို. ကားကြီးကားငယ်များဖြင်.တံခါးမရှိဓါးမရှိဝင်ထွက်ခွင်.ရနေခြင်းကို အညတရ ထောင်ထွက်နိုင်ငံရေးသမား အချို.မှာ တက္ကသိုလ်ရိပ်သာလမ်းထောင်.ကွမ်းယာဆိုင်မှ ငေးကြည်.နေရလိမ်.မည် ။ စစ်အစိုးရလူထွက်များသည် သူတို.တာဝန်ယူစဉ်ကတိုင်းပြည်အပေါ်ဘယ်လိုကောင်းခဲ.ကြောင်းစားမြုံ.ပြန်ကာ စာအုပ်များရေးသားထုတ်ဝေကြလိမ်.မည် ။သာကူး ၊ ဆိတ်ဝှေးစေ.များသည် ခြံစည်းရိုးဟိုဘက်မှသည်ဘက်သို.မျောက်လွှဲကျော်ပမာ ခုန်ကြလိမ်.မည် ။ တောင်သူလယ်သမားများ သည်လယ်ယာမြေများမရှိတော.သောကြောင်. ရာထူးတက်ကာ ဟိုတယ်များတွင်တံခါးပေါက်စောင်.များဖြစ်ကြလိမ်.မည် ။ အချို.လယ်သမားများသည် အရက် ၊ဘီယာစက်ရုံတွင် အလုပ်ရကြလိမ်.မည် ။နိုင်ငံခြားသို.သွား၍ အလုပ်လုပ်သူများလွန်းသောကြောင်.ရွာတွင် နို.စို.ကလေးနှင်.အဘိုး အဘွားများသာကျန်မည် ။    ပြည်သူများကား ထမင်းတစ်နပ်လျှော.စားပြီး စုဆောင်းကြသောကြောင်. ယခင်ကထက်စားနိုင်သောက်နိုင်ရှိလာပေလိမ်.မည်  သို.သော်ယခင်ကမကြာခနပါးရိုက်ခံခဲ.ရသော ဒဏ်ရာများကိုကုစားရသဖြင်.ဆေးဖိုးအကုန်အကျများနေမည် ။ဤကား ၂၀၁၅ အလွန်နိုင်ငံရေးဟောကိန်းပေတည်း ။  သရ၀ဏ်(ပြည်)   စောင်.ကြည်.ဂျာနယ် ၂၅.၂.၂၀၁၄
၂၀၁၅ အလွန် နိုင်ငံရေးဟောစာတမ်း

သရ၀ဏ်(ပြည်)

ကျွန်တော်သည် ဗေဒင်ဆရာလည်းမဟုတ် ၊ ဘိုးတော်လည်းမဟုတ် ၊ အကြားအမြင်ရသူလည်းမဟုတ်ပါ ။ သို.သော် တိရိစ္ဆာန်များတွင် မိုးရွာမည် ရေကြီးမည် ၊ငလျင်လှုပ်မည်ကိုကြိုတင်သိတတ်သော မွေးပါဥာဏ် ( Instinct ) ရှိသကဲ.သို.လည်းကောင်း ၊ မြန်မာနိုင်ငံတွင် (၄၆)နှစ်ခန်.နေထိုင်လာခဲ.ပြီးသော နိုင်ငံသားတစ်ယောက်အနေနှင်.လည်းကောင်း ၊ နိုင်ငံရေးကိုမျက်ခြေမပြတ် စိတ်ဝင်စားစွာစောင်.ကြည်.လာသူတစ်ဦးအနေနှင်.သော်လည်းကောင်း ကျွန်ုပ်ဥာဏ်တစ်ထွာတစ်မိုက်ဖြင်. ပိန်းပိတ်အောင်မှောင်နေသောအနာဂါတ်အမှောင်ထုထဲသို. ဆင်ခြင်ဥာဏ် လက်နှိပ်ဓါတ်မီးကလေးတစ်လက်ဖြင်.မပီဝိုးတစ်ဝါးထိုးကြည်.ရပေအံ. ။ ဤခန်.မှန်းချက်များမှာကျွန်တော်၏ ပုဂ္ဂလိကထင်မြင်ချက်များသာဖြစ်၍ ဤအတိုင်းတရားသေဖြစ်ရမည်ဟုမဆိုလိုပါကြောင်း ၊ဖြစ်နိုင်သည်များကိုတွက်ပြခြင်းသာဖြစ်ပါကြောင်းကြိုတင်ပန်ကြားအပ်ပါသည် ။

ရွေးကောက်ပွဲ

ရွေးကောက်ပွဲသည်မြန်မာနိုင်ငံတွင် အများကထင်နေသလို ၂၀၁၅ သို.ရောက်ရောက်ခြင်း နှစ်ဦးပိုင်းတွင်ကျင်းပဦးမည်မဟုတ် ။ ရွေးကောက်ပွဲကော်မရှင်၏ ယခင်ကပြောခဲ.ဖူးသောစကားရိပ်စကားဦးသန်းထားမှုများ ၊ နိုင်ငံတော်အစိုးရ၏ တတ်နိုင်သမျှ အချိန်ဆွဲထားလိုမှုများကြောင်. ၂၀၁၅ ရွေးကောက်ပွဲသည် ၂၀၁၅ နှစ်ကုန်ခါနီး နိုဝင်ဘာလလောက်မှကျင်းပပေလိမ်.မည် ။ ယခင်အစိုးရသည် (၉) ဂဏန်းကိုသူတို.အတွက်ကံကောင်းစေသောဂဏန်းဟုယုံကြည်သလိုသာ ယခုအစိုးရလည်းယူဆခဲ.ပါက (၉) လပိုင်း (၉)ရက်နေ.၊ (၁၈)ရက်နေ. ၊ (၂၇) ရက်နေ.များတွင်လည်းကျင်းပနိုင်သည် ( ၁၉၉၀ ရွေးကောက်ပွဲကို မေ လ ၂၇ ရက်နေ.တွင်ကျင်းပခဲ.ပေသည် ) စက်တင်ဘာလတွင်အစောဆုံးကျင်းပနိုင်ခြေရှိပြီး နိုဝင်ဘာအထိလည်းရောက်သွားနိုင်သဖြင်. အစိုးရအဖွဲ.သစ်သည် အများထင်သလို ၂၀၁၅ တွင်ပေါ်ပေါက်လာဖွယ်မမြင် ၂၀၁၆ နှစ်ဆန်းပိုင်းကျမှသာ အာဏာလွှဲပြောင်းဖွယ်ရှိသည် ။

ရွေးကောက်ပွဲတွင် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း (ပြည်သူ.လွှတ်တော်တွင် ၁၁၀ ဦး ၊အမျိုးသားလွှတ်တော်တွင် (၅၆ )ဦး ဆက်ယူထားဆဲဖြစ်ရာ ပြည်သူ.လွှတ်တော်တွင်အမတ်နေရာ ( ၃၃၀ ) ဦး ၊ အမျိုးသားလွှတ်တော်တွင် အမတ်နေရာ (၁၆၈ ) ဦး ကိုသာ ပါတီများကအဓိကထားယှဉ်ပြိုင်ရမည် ။ ရွေးကောက်ပွဲမသမာမှုများ ၊ဘက်လိုက်မှုများရှိမည်ဖြစ်သော်လည်း တစ်ပြည်လုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကသာ အမတ်နေရာအများစုကိုအနိုင်ရရှိလိမ်.မည် ။ တိတိကျကျပြောရလျင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်သည် ရွေးကောက်ခံအမတ်နေရာများ၏ ၈၅ ရာခိုင်နှုန်း(အမတ်ဦးရေ ၄၂၃ ဦး) အနိုင်ရ၇ှိလိမ်.မည် ။ ကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည်ရွေးကောက်ခံကိုယ်စားလှယ်များ၏(၅) ရာခိုင်နှုန်း( အမတ်ဦးရေ ၂၅ ဦး ) အနိုင်ရရှိလိမ်.မည် ။ တိုင်းရင်းသား ပါတီများသည် (၅) ရာခိုင်နှုန်း ( အမတ်ဦးရေ ၂၅ ဦး ) ၊ တစ်သီးပုဂ္ဂလနှင်.အခြားဒီမိုကရက်တစ်ပါတီငယ်များသည် (၅) ရာခိုင်နှုန်းနီးပါး (အမတ်ဦးရေ ၂၄ ဦး ) ခန်. အသီးသီးအနိုင်ရရှိလိမ်.မည် ။ ရွေးကောက်ပွဲတွင် ရှုံးနိမ်.သူများက အနိုင်ရသောအမတ်များကို ကန်.ကွက်လွှာများအတောမသတ်တင်သွင်းကြသဖြင်. ရွေးကောက်ပွဲကောက်မရှင်မှာ ထိုကိစ္စကိုပဲလပေါင်းအတော်ကြာအောင်ရှင်းရဖွယ်ရှိသည် ။ မဲခိုးမဲလိမ်မှုများ ၊ သွေးထွက်သံယိုမှုများ အချို.မဲဆန္ဒနယ်များတွင်ရှိမည် ။ ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်ထားသူများမဲပေးခွင်.ရုပ်သိမ်းခံရဖွယ်ရှိသည် ။

လွှတ်တော်

ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ၊ ရွေးကောက်ခံကိုယ်စားလှယ် ၄၉၈ ဦး ၊ စုစုပေါင်း (၆၆၄ )ဦးဖြင်.ဖွဲ.စည်းသည်ဖြစ်ရာ တပ်မတော်သားသည် ၂၅ ရာခိုင်နှုန်း ၊ NLD သည် ၆၄ ရာခိုင်နှုန်း ၊ ကြံ.ခိုင်ဖွံ.ဖြိုးပါတီသည် ၄ ရာခိုင်နှုန်း ၊ တစ်သီးပုဂ္ဂလနှင်.အခြား ဒီမိုကရက်တစ်ပါတီငယ်များသည် ၃ ရာခိုင်နှုန်း ဖြင်.ပြည်ထောင်စုလွှတ်တော် ဖြစ်ပေါ်လာမည် ။ NLD သည် အဓိကပါတီကြီးဖြစ်လာကြပြီး ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် အင်အားအကြီးဆုံးသောအတိုက်အခံပါတီကြီးဖြစ်လာမည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင်းဆုံးဖြတ်ချက်များမဲခွဲသောအခါ အဓိက သော.ချက် ( Key Holder ) ဖြစ်လာပေမည် ။ ပြည်ထောင်စုလွှတ်တော် နာယက သည် N.L.D မှပင်ဖြစ်မည် ။

အစိုးရအဖွဲ.

N.L.D သည် အနိုင်ရပါတီဖြစ်သဖြင်. ပထမဆုံးအကြိမ် တရားဝင် အစိုးရဖွဲ.ခွင်.ရမည် ။ လွှတ်တော်တွင် ဒုသမ္မတလောင်းတစ်ယောက်စီရွေးထုတ်သောအခါ တပ်မတော်မှတစ်ဦး ၊ ပြည်သူ.လွှတ်တော်မှရွေးသော N.L.D အမတ်တစ်ဦး ၊ အမျိုးသားလွှတ်တော်မှ N.L.D အမတ်တစ်ဦးတို. စုစုပေါင်းသုံးဦး သမ္မလောင်းများဖြစ်လာမည် ။ ထိုသုံးဦးကို ပြည်ထောင်စုလွှတ်တော်မှ အများဆန္ဒဖြင်.ထပ်ရွေးသောအခါ လွှတ်တော်တွင် ၆၄ ရာခိုင်နှုန်းမဲရထားသော N.L.D က တပ်မတော်သားနှင်.ကြံ.ခိုင်ရေးနှစ်ရပ်ပေါင်းထက်မဲသာသဖြင်. N.L.D မှရွေးသောသူသည် သမ္မတဖြစ်လာပေမည် ။ အခြေခံဥပဒေပြင်ဆင်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပိုင်ခွင်.ကို ကန်.သတ်ထားသော ၊ သားသမီးများသည် နိုင်ငံခြားကျေးဇူးသစ္စာခံမဖြစ်စေရဟူသောအချက်ကို ပြင်ဆင်မပေးသဖြင်. မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးကမျှော်လင်.နေသော ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူးရရှိရေးသည်ကားဖြစ်လာနိုင်မည်မဟုတ် ။ N.L.D မှ အမတ်မင်းများရွေးချယ်မဲအများစုဖြင်.တက်လာသော သမ္မတသည် အမျိုးသမီးသမ္မတ ဖြစ်နိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်နိုင်မည်မဟုတ်ချေ ။ ထို.ကြောင်. သမ္မတ (သို.မဟုတ် ) ဒုသမ္မတ တစ်ဦးဦးသည် အမျိုးသမီးဖြစ်လာမည် ။ ထိုအမျိုးသမီးသည် N.L.D ဖြစ်မည် ။ စစ်တပ်မှရွေးချယ်လိုက်သော ကိုယ်စားလှယ်သည် ဒုသမ္မတသာဖြစ်လာမည် ။ ထိုအခါ အစိုးရအကြီးအကဲမှာအောက်ပါပုံစံအတိုင်းတစ်ခုမဟုတ်တစ်ခုဖြစ်မည် ။

အမျိုးသမီးသမ္မတ ( N.L.D )
အမျိုးသား ဒုသမ္မတ ( N.L.D )
အမျိုးသား ဒုသမ္မတ ( တပ်မတော် )

(ထိုသို.မဟုတ် ပါက အောက်ပါပုံစံဖြစ်မည် )
အမျိုးသားသမ္မတ ( N.L.D )
အမျိုးသမီးဒုသမ္မတ ( N.L.D )
အမျိုးသား ဒုသမ္မတ ( တပ်မတော် )

ဒေါ်အောင်ဆန်းစုကြည်သည်လွှတ်တော်နာယကအဖြစ်လွှတ်တော်အစည်းအဝေးပထမဆုံးကျင်းပသောနေ. တွင်ရွေးကောက်ခံရမည် ။ထိုသို.မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ.ထဲတွင် နိုင်ငံခြားရေးဝန်ကြီးရာထူးကိုရယူလိမ်.မည် ။ ပညာရေးနှင်.ကျန်းမာရေးဝန်ကြီးရာထူးများကိုရယူနိုင်သော်လည်း သမ္မတမလုပ်ရလျင်သူမနှင်.အကိုက်ညီဆုံးရာထူးမှာ နိုင်ငံခြားရေးဝန်ကြီး ရာထူးဖြစ်သည် ။တစ်ချိန်တည်းမှာပင် N.L.D ပါတီကို ဒေါ်အောင်ဆန်းစုကြည်သည် ဥက္ကဌအဖြစ်နှင်.ဆက်လက်ဦးဆောင်မည် ။

ယခင် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီအစိုးရလက်ထက်ကအစိုးရအဖွဲ.ထဲတွင် စစ်ထွက်များ ၊ခရိုနီများ ၊ မိမိပါတီဝင်အများစုကိုသာ ၀န်ကြီးအဖွဲ.တွင် အဓိကနေရာပေးခန်.အပ်ခဲ.ကြသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် အစိုးရလက်ထက်တွင် မိမိပါတီဝင်မဟုတ်သော်လည်း သင်.တော်သော တတ်သိ ပညာရှင်များကိုအစိုးရအဖွဲ.ထဲသို.ခေါ်သွင်းလိမ်.မည် ။ ၈၈ မျိုးဆက် ပွင်.လင်.လင်းလူ.အဖွဲ.အစည်းမှ ကျောင်းသားခေါင်းဆောင်ကြီးများ အစိုးရအဖွဲ.အတွင်းရောက်ရှိလာနိုင်သည် ။

ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည်အလွန်ရှည်လျားသော လုပ်ငန်းစဉ်ကြီးအဖြစ်နှေးကွေးလေးလံစွာ ရွေ.လျားနေလိမ်.မည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေလေ.လာသုံးသပ်ရေးကော်မတီ သည် သူတို.၏ထင်မြင်ယူဆချက် တွေ.ရှိချက် များကိုလွှတ်တော်သို. တင်ပြရမည် ။လွှတ်တော်မှ ဆွေးနွေးခြင်း ၊ ကန်.ကွက်ခြင်း၊ အတည်ပြုခြင်း ၊ နှုတ်ပါယ်ခြင်း ၊ဆိုင်းငံ.ခြင်း ၊ မဲခွဲဆုံးဖြတ်ခြင်းများပြုရမည် ၊ ပြီးလျင်သမ္မတထံသို.ပို.ရမည် ၊သမ္မက သဘောထားမှတ်ချက်ဖြင်.လွှတ်တော်သို.ပြန်လည် တင်ပို.လိမ်.မည် ။ လွှတ်တော်တွင်အချိန်အတန်ကြာအောင်ဆွေးနွေးငြင်းခုန်ပြီးသောအခါ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်သို.အကြောင်းကြားရမည် ။ရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက်အလုပ်ရှုပ်နေရာ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို ၂၀၁၅ ရွေးကောက်ပွဲကျင်းပပြီးမှလုပ်ရန် (သို.မဟုတ် ) ၂၀၁၅ ရွေးကောက်ပွဲ တွင် ရွေးချယ်တင်မြှောက်ပွဲနှင်. ဆန္ဒခံယူပွဲကိုပေါင်း၍ပြုလုပ်ရန် အကြောင်းပြန်ကြားပေလိမ်.မည် ။သို.ဖြင်.ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၏ရလာဒ်ကို သမ္မတဦးသိန်စိန်လက်ထက်တွင် လက်ဆုပ်လက်ကိုင်ပြနိုင်မည်မဟုတ်ချေ ။ ပြည်သူအများစုလိုလားတောင်းဆိုနေကြသော ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးမှာ လွှတ်တော်အတွင်းအာဏာရနေသော ရှေးရိုးစွဲပုဂိုလ်အများစုကြောင်. အလှမ်းဝေးနေပေဦးမည် ။

ဖက်ဒရယ်ပြည်ထောင်စုဖွဲ.စည်းမှု

ဖွဲ.စည်းပုံအခြေခံဥပဒပြင်ဆင်ရာတွင် တိုင်းရင်းသားတို.အခွင်.အရေးများတောင်းဆိုချက်များသည် အတော်အသင်.အတိုင်းအတာအထိရရှိလာနိုင်စရာရှိသည် ။ ဥပမာ ပြည်နယ်ဝန်ကြီးချုပ်များကိုသမ္မတက တိုက်ရိုက်ခန်.အပ်သည်.စနစ်အစား ပြည်သူလူထုကမဲပေးရွေးချယ်သောစနစ်သို.ပြောင်းခြင်း ၊ ဖွဲ.စည်းပုံအခြေခံဥပဒေ ဇယား(၁) ပြည်ထောင်စုဥပဒေပြုစာရင်းမှ လုပ်ပိုင်ခွင်.အချို.သည် ဇယား(၂) တိုင်းဒေသကြီး သို.မဟုတ်ပြည်နယ် ဥပဒေပြုစာရင်းထဲသို.ရောက်လာလိမ်.မည် ( ဥပမာ စွမ်းအင် ၊လျှပ်စစ် ၊သတ္တုနှင်.သစ်တော ကဏ္ဍ ၊ စိုက်ပျိုးရေးနှင်.မွေးမြူရေးကဏ္ဍ ၊ စီးပွားရေးကဏ္ဍ ၊ စက်မှုလက်မှုကဏ္ဍ၊ လူမှုရေးကဏ္ဍ ) မှအချို.လုပ်ပိုင်ခွင်.များ တိုးတက်ရရှိမည် ။ သို.သော် တိုင်းရင်းသားများ အဆိုပြုတင်ပြနေသော ပြည်ထောင်စုတပ်မတော် (ဖက်ဒရယ်တပ်မတော် ) ဖွဲ.စည်းရေး ကို ပြည်ထောင်စုကာကွယ်ရေးဝန်ကြီး ၊ကာကွယ်ရေးဦးစီးချုပ်တို.မှ လက်မခံပါယ်ချလိမ်.မည် ။ ဖျက်သိမ်းလိုက်သောတိုင်းရင်းသားတပ်မတော်များမှ အရာရှိကြီးများမှာ အနေကြာ မေဂျာဖြစ်ဟူသော မြန်မာ.တပ်မတော် မှဆောင်ပုဒ်နှင်.အညီ မေဂျာ ( ဗိုလ်မှူး ) ရာထူးများကိုသာလက်ခံရရှိလိမ်.မည် ။ ဖျက်သိမ်းလိုက်သော K.N.U ၊ K.I.A , S.S.A စသောတပ်များမှ တိုင်းရင်းသားများ မြန်မာ.တပ်မတော်တွင် ကိုယ်.တိုင်းရင်းသားသီးသန်.တပ် ကို ပြန်လည်ကွပ်ကဲရသော ဒုတိယဗိုလ်ချုပ် ၊ ဗိုလ်ချုပ် ၊ ဒုဗိုလ်ချုပ်ကြီး ရာထူးများနှင်.မူအလှမ်းဝေးနေဦးမည် ။

မြေယာသိမ်းယူမှုများ

အခုရှုပ်မှနောင်ရှင်း ၊ အစကောင်းမှအနှောင်းသေချာ စသော မြန်မာစကားပုံများအတိုင်းမကျင်.သုံးခဲ.ပဲ ယခင်(န.၀.တ ၊န.အ.ဖ)စစ်အစိုးရလက်ထက်က စစ်တပ်နှင်.ခရိုနီတို.ပေါင်းကာ ရှုပ်ချင်တိုင်းရှုပ်ခဲ.သောအရှုပ်ထုပ်များသည် ၂၀၁၅ အလွန်တွင်လည်း ရှုပ်မြဲရှုပ် နေမည် ။ တပ်မတော်မှ သိမ်းယူခဲ.သောမြေများ မူလပိုင်ရှင်များသို.ပြန်ပေးရေးမှာ စာရွက်ပေါ်တွင်လွယ်သလောက် ကိုယ်ကျိုးသုံး ထားမှုများ၊ ကိုယ်ကျိုးအတွက်အဆင်.ဆင်.လက်လွှဲရောင်းချထားမှုများကြောင်. တပ်မတော်အရာရှိဟောင်းများက အလွယ်တကူ ဘ ယ်တော.မှပြန်ပေးမည်မဟုတ်ချေ ။ အလွန်သတ္တိကောင်း၍ ဗိုလ်ချုပ်အောင်ဆန်းကဲ.သို. စစ်တပ်မျက်နှာထက်တိုင်းပြည်မျက်နှာ ကိုကြည်.တတ်သော ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်လက်ထက်သို.မရာက်မချင်း စစ်တပ်မှ အသိမ်းခံထားရသောလယ်များဘယ်တော.မှပြန်ရမည်မဟုတ်ချေ ။ နောက်ထပ်အသိမ်းမခံရလျင်သော်မှကံကောင်းလှသည်ဟုပျော်ရွှင်ကြည်နူးကြရန်ဖြစ်သည် ။

နိဂုံး

၂၀၁၅ အလွန်တွင် မြန်မာနိုင်ငံ၌ စီးပွားရေးအခွင်.အလန်းများပို၍ ပွင်.လန်းလာမည် ။ ခရီးသွားလုပ်ငန်းတစ်ဟုန်ထိုးကြီးမားတိုးတက်လာပြီး ရေရှည်စီမံကိန်းများကြိုတင်ပြင်ဆင်ထားမှုမရှိခြင်းကြောင်. ခရီးသွားလုပ်ငန်း၏ဘေးထွက်ဆိုးကျိုးများကိုစတင်ခံစားရမည် ။ ရွေးကောက်ပွဲတွင်ရှုံးနိမ်.သွားသော လက်ညှိုးညွန်ရာရေဖြစ်ခဲ.သော အထည်ကြီးပျက် အာဏာရှင်အချို.မနေတတ်မထိုင်တတ်ဖြစ်ကာ လူမှုရေးအသင်းများတွင် လူတွင်ကျယ်ဝင်လုပ်ကာ ဒီမိုကရေစီမကောင်းကြောင်းကြုံလျင်ကြုံသလိုဟောပြောမည် ။ အာဏာရပါတီဖြစ်လာမည်. ပါတီကြီး၏အောက်ခြေအဖွဲ.၀င်အချို.သည် အာဏာယစ်မူးပြီးလူထုကိုထီမထင်သောကိစ္စအချို.ဖြစ်လာမည် ။စာနယ်ဇင်းသမားများအမှန်ကိုရေးလွန်းသောကြောင်.ထောင်တန်းကျခံရကိန်းရှိသည် ။ ယခင်အစိုးရလက်ထက်က တရားလက်လွတ်ပြုလုပ်ခဲ.မှုများကို တရားစွဲဆိုမှုများ ပိုမို များပြားလာသဖြင်.ရှေ.နေများဝင်ငွေကောင်းမည် ။ ခရိုနီများ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ.တွင်ခြေချင်းလိမ်နေမည် ။ ခရိုနီတို. ဒေါ်အောင်ဆန်းစုကြည်ခြံအတွင်းသို. ကားကြီးကားငယ်များဖြင်.တံခါးမရှိဓါးမရှိဝင်ထွက်ခွင်.ရနေခြင်းကို အညတရ ထောင်ထွက်နိုင်ငံရေးသမား အချို.မှာ တက္ကသိုလ်ရိပ်သာလမ်းထောင်.ကွမ်းယာဆိုင်မှ ငေးကြည်.နေရလိမ်.မည် ။ စစ်အစိုးရလူထွက်များသည် သူတို.တာဝန်ယူစဉ်ကတိုင်းပြည်အပေါ်ဘယ်လိုကောင်းခဲ.ကြောင်းစားမြုံ.ပြန်ကာ စာအုပ်များရေးသားထုတ်ဝေကြလိမ်.မည် ။သာကူး ၊ ဆိတ်ဝှေးစေ.များသည် ခြံစည်းရိုးဟိုဘက်မှသည်ဘက်သို.မျောက်လွှဲကျော်ပမာ ခုန်ကြလိမ်.မည် ။ တောင်သူလယ်သမားများ သည်လယ်ယာမြေများမရှိတော.သောကြောင်. ရာထူးတက်ကာ ဟိုတယ်များတွင်တံခါးပေါက်စောင်.များဖြစ်ကြလိမ်.မည် ။ အချို.လယ်သမားများသည် အရက် ၊ဘီယာစက်ရုံတွင် အလုပ်ရကြလိမ်.မည် ။နိုင်ငံခြားသို.သွား၍ အလုပ်လုပ်သူများလွန်းသောကြောင်.ရွာတွင် နို.စို.ကလေးနှင်.အဘိုး အဘွားများသာကျန်မည် ။

ပြည်သူများကား ထမင်းတစ်နပ်လျှော.စားပြီး စုဆောင်းကြသောကြောင်. ယခင်ကထက်စားနိုင်သောက်နိုင်ရှိလာပေလိမ်.မည် သို.သော်ယခင်ကမကြာခနပါးရိုက်ခံခဲ.ရသော ဒဏ်ရာများကိုကုစားရသဖြင်.ဆေးဖိုးအကုန်အကျများနေမည် ။ဤကား ၂၀၁၅ အလွန်နိုင်ငံရေးဟောကိန်းပေတည်း ။

သရ၀ဏ်(ပြည်)

စောင်.ကြည်.ဂျာနယ် ၂၅.၂.၂၀၁၄
Viewing all 1811 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>