Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ဘင်္ဂလားဒေရှ်လေတပ်၏ မြန်မာတပ်မတော်(လေ)အပေါ်သက်ရောက်နိုင်မူ

$
0
0
 Sky Hunter's photo.
ဘင်္ဂလားဒေရှ်လေတပ်၏ Yak-130အမောင်းသင်တိုက်လေယာဉ်ဝယ်ယူမူနှင့် မြန်မာတပ်မတော်(လေ)အပေါ်သက်ရောက်နိုင်မူ

ဘင်္ဂလားဒေရှ်လေတပ်သည် ရုရှားနိုင်ငံ Yakolev Aircraft Production Companyထုတ် Yak-130 ကနဦးအမောင်းသင်တိုက်လေယာဉ် ၂၄စီးကို ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လက်ခံရရှိတော့မည်ဖြစ်သည်။Yak-130သည် နောက်ဆုံးပေါ် စတုထ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်သော Su-30MKI/MKM/SM,Su-35,Mig-29M/M2/SMT/UPG,Mig-35,J-10A/B,Dassualt Rafel,Eurofighter Typhoon,Gripen C/D/NG,F-16 block-50/52+/60,F-15E/F,F/A-18E/Fအစရှိသော ခေတ်မှီတိုက်လေယာဉ်များနှင့် ပဉ္စမမျိုးဆက် F-22,F-35A/B/C,J-20/31,Su-T-50PAKFA/FGFAအစရှိသော ကိုယ်ပျောက်တိုက်လေယာဉ်များကို အချိန်တိုအတွင်း မောင်းနှင်နိုင်ရန်အတွက် အထောက်အကူပေးနိုင်သော အမောင်းသင်တိုက်လေယာဉ်တစ်မျိုးဖြစ်သည်။

လေယာဉ်သမိုင်းအကျဉ်း

၁၉၉၀ခုနှစ်တွင် ဆိုဗီယက်လေတပ်သည် ခေတ်မှီ Mig-29နှင့် Su-27တိုက်လေယာဉ်များအား လေ့ကျင့်ပေးရန် အမောင်းသင်တိုက်လေယာဉ်တစ်မျိုး ထုတ်လုပ်ရန် ကြိုးစားခဲ့သည်။အသုံးပြုနေသော L-29 Delfinများသည် အလွန်အမင်းအိုမင်းကာ ခေတ်မှီတော့ခြင်းမရှိသလို L-39 Albatroesသည်လည်း Su-27,Mig-29အစရှိသော ခေတ်မှီတိုက်လေယာဉ်များအတွက် လေ့ကျင့်မူတွင် အထောက်အပံကောင်းကောင်းမပေးနိုင်ပေ။ထိုကြောင့် ဆိုဗီယက်လေတပ်သည် ခေတ်မှီအမောင်းသင်တိုက်လေယာဉ်ဝယ်ယူရန် တင်ဒါခေါ်ခဲ့သည်။ထိုတင်ဒါခေါ်မူတွင် Sukoiမှ S-54,Mikoyanမှ Mig-AT,Myasischev မှ M-200 နှင့် Yakolevမှ Yak-UTSတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် Mig-ATနှင့် Yak-UTSလေယာဉ်နှစ်မျိုးကိုသာ ဆက်လက်ယှဉ်ပြိုင်စေခဲ့သည်။Yak-UTSအတွက် ၁၉၉၃ခုနှစ်တွင် အပြီးသတ်ဒီဇိုင်းရေးဆွဲခဲ့ပြီး ထိုလေယာဉ်စီမံကိန်းတွင် အီတလီနိုင်ငံမှ Aermacchi Companyနှင့် ပူးပေါင်းကာ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။YAK/AME-130အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမူကြောင့် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်လာရသောအခါ ရုရှားသည် ၎င်း၏ လေယာဉ်စီမံကိန်းအများအပြားကို ရပ်တန့်ထားမူကြောင့် နှောင့်နှေးမူများဖြစ်ပေါ်လာရာ Aermacchi companyသည် Yakolev၏ Yak/AEM-130 စီမံကိန်းမှ နှုတ်ထွက်၍ Aermacchi Me-346အဖြစ် ဆက်လက် လုပ်ကိုင်ခဲ့သည်။Yak-130သည် ၂၀၀၂ခုနှစ် နိုဝင်ဘာလတွင် ပြိုင်ဖက် Mig-ATလေယာဉ်အား အနိုင်ရှိကာ ရုရှား၏ တန်းမြင့်အမောင်းသင်တိုက်လေယာဉ်စီမံကိန်းကို ရရှိခဲ့သည်။Yak-130လေယာဉ် ၂၀၁၂ခုနှစ်က အပြီးသတ်ထုတ်လုပ်ရေးစာချုပ်အဖြစ် ရုရှားနှင့် ချုပ်ဆိုခဲ့ပြီး သက်တမ်းရင့် L-39တန်းမြင့်အမောင်းသင်ဂျက်လေယာဉ်များ နေရာတွင် အစားထိုးမည်ဖြစ်ပါသည်။ထို့အပြင် Yak-130၏ တစ်ယောက်မောင်းမျိုးကွဲ Yak-131ကို ထုတ်လုပ်ကာ ကမ္ဘာအကောင်းဆုံး မြေပြင်တိုက်ခိုက်ရေးလေယာဉ်အဖြစ် Tank killer birdဟု နာမည်ကျော်ကြားသော Su-25 Frogfootနေရာများတွင် ၂၀၂၀ပြည့်နှစ်မှ စတင်ကာ အစားထိုးမည်ဖြစ်သည်။

ဒီဇိုင်းနှင့်စွမ်းဆောင်နိုင်မူ

Yak-130တိုက်လေယာဉ်သည် ယူကရိန်းနိုင်ငံလုပ် AI-222-25အင်ဂျင်ကို တပ်ဆင်ထားပြီး တွန်းကန်အားအချိုး ၀.၇၈ဆအထိ ရှိအောင်စွမ်းဆောင်နိုင်ပါသည်။အပိုဆီကျွေးမူစနစ်မသုံးပဲ max; power ဖြင့် ဆိုလျှင် 12,000lbfတွန်းကန်အားဖြင့် တွန်းကန်အားအချိုး ၀.၇၀ဆအထိ ရှိပါသည်။နောက်ပိုင်းတွင် အဆင့်မြင့်တင်ထားသော AI-222-28အင်ဂျင်ကို အသုံးပြုလျှင် full power with no A/Bအခြေအနေတွင် တွန်းကန်အားအချိုး ၀.၇၇ဆအထိရှိပြီး အပိုဆီကျွေးစနစ်ပါ အသုံးပြုပါက တွန်းကန်အားအချိုး ၀.၈၇ဆအထိ တိုးမြင့်ပေးနိုင်ပါသည်။အခြားသော အမောင်းသင်တိုက်လေယာဉ်များဖြစ်သော ဗြိတိန်နိုင်ငံထုတ် နာမည်ကျော် BAE system Hawk-128သည် တွန်းကန်အားအချိုး ၀.၆၅ဆသာရှိပြီး Aero Vodochody၏ L-159သည် တွန်းကန်အားအချိုး ၀.၄၇ဆသာရှိသောကြောင့် လေယာဉ်၏ တွန်းကန်အားအချိုးမှာ အတိုင်းအတာ တစ်ခုအထိ အတော်ကောင်းသည်ဟုဆိုရမည်ဖြစ်သည်။AOAသည်လည်း ၃၂ဒီဂရီအထိရှိပြီး ကမ္ဘာမြေဆွဲအား အပေါင်း၉ဆ အနှုတ်၃ဆ အထိ လှုပ်ရှားစစ်ကစားနိုင်သောကြောင့် အဆင့်လွန်လှုပ်ရှားစစ်ကစားနိုင်သော Su-27 Flanker family,Mig-29 Fulcrum familyနှင့် F-22အစရှိသော လေကြောင်းအရေးသာမူရယူရေး တိုက်လေယာဉ်များအတွက် အထောက်အပံကောင်းများရှိစေပါသည်။လက်နက်တပ်ဆင်နိုင်သော နေရာ ၉ခုနှင့် လက်နက်သယ်ဆောင်နိုင်သော ပမာဏမှာ 3000kgအထိရှိသောကြောင့် အမောင်းသင်လေယာဉ်တစ်စီးထက် အပေါ့စားတိုက်လေယာဉ်တစ်စီးကဲ့သို့ လက်နက်အများအပြားသယ်ဆောင်နိုင်သည်ကို တွေ့ရှိရပါသည်။ဖန်သားပြင်လေယာဉ်မောင်းခန်းစနစ်(Glass Cockpit),လေသူရဲလေယာဉ်မောင်းကရိယာမှ ထိန်းချုပ်ပစ်ခတ်သောစနစ်(HOTAS-Hand on Throttle and Stick system),လေသူရဲဆောင်းဦးထုတ်မှ ချိန်ရွယ်ပစ်ခတ်နိုင်သောစနစ်(HMS-Helmet Mounted Sight),လေဆာရောင်ခြည်ရှာဖွေတိုက်ခိုက်ရေးစနစ်(IRST-Infered Search and Track system),ဒီဂျစ်တယ်အီလက်ထရောနစ်ကွန်ပြုတာ စနစ်ဖြင့် ထိန်းချုပ်သော လေယာဉ်ထိန်းချုပ်မောင်းနှင်စနစ်(Digital Computing Quardruplex Fly By-Wire system),အလိုအလျောက်မောင်းနှင်စနစ်(Auto-pilot system)များ တပ်ဆင်ထားပါသည်။အသံအောက်ပျံသန်းနှုန်း 0.98machအထိ ပျံသန်းနိုင်ပြီး အပိုဆီတိုင်ကီ နှစ်ခုဖြင့် အကွာအဝေး ၁၅၃၆မိုင်အထိ ပျံသန်းနိုင်ပါတယ်။အင်ဂျင်နှစ်လုံးတပ်ဆင်ထားခြင်းကြောင့် ယုံကြည်စိတ်ချရမူ ပိုမို အားကောင်းပြီး အင်ဂျင်၏ လေဝင်ပေါက်တွင် Mig-29တိုက်လေယာဉ်များကဲ့သို့ လေဝင်ပေါက်တံခါးများတပ်ဆင်ထားပါသည်။ထိုသို့တပ်ဆင်ထားခြင်းကြောင့် ပင်မလေဝင်ပေါက်မှ တိုက်ရိုက်လေစုတ်မယူပဲ လေကိုယ်အထည်အပေါ်ဖက်ပိုင်းပါးဟက်များမှ စုတ်ယူခြင်းကြောင့် မြေကြီးကွင်းကဲ့သို့သော ကွင်းကြမ်းများတွင်ဆင်းသက်နိုင်ပါသည်။လက်နက်ပ်ဆင်နိုင်မူ အနေဖြင့်-
၁။R-73Eဝေဟင်မှဝေဟင်အပူငွေ့ရှာတာတိုပစ်ဒုံး
၂။KAB-500Kr TV camera guidedဗုံး
၃။၈၀မမ S-8ရော့ကတ်
၎။၁၃၀မမ S-13ရော့ကတ်
၅။၂၅၀မမ S-25တိကျလမ်းညွန်ရော့ကတ်
၆။၅၀/၁၀၀/၁၅၀/၂၅၀/၅၀၀ကီလိုဂရမ်ဗုံး
၇။SNPU podနှငိ့တပ်ဆင်ထားသော GSh-23 ၂၃မမစက်အမြောက်
၈။ဆီ၄၅၀လီတာဆန့် PTB-450အပိုဆီတိုင်ကီတို့ကို တပ်ဆင်နိုင်ပါသည်။

လက်နက်စနစ်အခြေအနေ

လက်နက်တပ်ဆင်နိုင်သည့်နေရာ ကိုးခုတွင် ကိုယ်ထည်အောက် တစ်နေရာ တောင်ပံအောက် သုံးနေရာ တောင်ပံဖျားတစ်နေရာစီပါဝင်ပါသည်။ကိုယ်ထည်အောက်နေရာတွင် GSh-23 ၂၃မမစက်အမြောက်နှင့်ကျဉ် ၁၅၀တောင့်,တောင်ပံအောက် အတွင်းဆုံးနေရာတွင် အပိုဆီတိုင်ကီ ၂လုံး,အတွင်းလက်နက်တပ်ဆင်နိုင်သော နေရာနှစ်ခုတွင် ၅၀/၁၀၀/၁၅၀ကီလိုဂရမ်ဗုံးတစ်နေရာတွင် ၂လုံးနှုန်းဖြင့် ၄လုံး, ၂၅၀/၅၀၀ကီလိုဂရမ်ဗုံး တစ်နေရာတွင် ၁လုံး နှစ်လုံး(သို့မဟုတ်)S-8ရော့ကတ် podတစ်ခုလျှင် အတောင့် ၄၀နှုန်းဖြင့် ၈၀တောင့်,S-13ရော့ကတ် pod တစ်ခုလျှင် ၁၀တောင့်နှုန်းဖြင့် ၂၀တောင်,S-25ရော့ကတ် တစ်နေရာတွင် ၂တောင့်နှုန်းဖြင့် ၄တောင့်(သို့မဟုတ်)KAB-500Kr TV guidedဗုံး တစ်နေရာတွင် တစ်လုံးနှုန်းဖြင့် နှစ်လုံး,တောင်ပံအောက် အပြင်ဆုံးနေရာတွင် R-73Eတာတိုဝေဟင်မှဝေဟင်ပစ်ဒုံး တစ်ဖက်တစ်လုံးစီနှင့်တောင်ပံထိပ်ဖျားနေရာတွင် R-73E တာတိုပစ် ဝေဟင်မှဝေဟင်ပစ်ဒုံး(သို့မဟုတ်)ပစ်မှတ်တု ပုံဖော်စနစ်(decoy)ပါဝင်သော အီလက်ထရောနစ်တန်ပြန်နှောက်ယှက်ရေး pod တစ်ဖက်တစ်ခုစီတပ်ဆင်နိုင်ပါတယ်။ Yak-130အမောင်းသင်တိုက်လေယာဉ်သည် လက်နက်တပ်ဆင် ကင်းထောက်ခြင်း,အနီးကပ်ပးကူပေးခြင်း,ပိုင်းဖြတ်တိုက်ခိုက်ခြင်း,တိုက်လေယာဉ်တန်းမြင့်လေ့ကျင့်ခန်းဆောင်ရွက်ခြင်း အစရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။

လက်နက်များ၏ စွမ်းပကား

လက်နက်များ၏ စွမ်းပကားအနေနဲ့ ဖော်ပြရလျှင် ဝေဟင်-ဝေဟင်စစ်ဆင်နိုင်ရန်အတွက် တာတိုပစ် R-73အပူငွေ့ရှာဒုံး တပ်ဆင်ထားပြီး အကွာအဝေး 20မှ30kmအထိ ပစ်ခတ်နိုင်ပါသည်။မြေပြင်ပစ် တိကျလမ်းညွန်စနစ်သုံး လက်နက်အနေဖြင့် KSB-500 တီဗီကင်မရာတိကျလမ်းညွန်စနစ်သုံးဗုံးကို တပ်ဆင်နိုင်ပါသည်။ထိုကင်မရာဗုံးစနစ်သည် ရာသီဥတုအခြေအနေ မြင်ကွင်းကောင်းမွန်မူအပေါ်မူတည်ပြီး ၉.၆မိုင်မှ ၁၀.၈မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်ပါတယ်။တိကျမဲ့ဗုံးအဖြစ် 50kg,100kg,150kg,250kg,500kgအစရှိသော ဗုံးများကို missionအလိုက်အမျိုးမျိုးပြောင်းလဲတပ်ဆင်နိုင်ပါသည်။၈၀မမ S-8ရော့ကတ် ၁၃၀မမ S-13ရော့ကတ်နှင့် အကွာအဝေး ၆မိုင်အထိပစ်ခတ်နိုင်သော S-25လေဆာလမ်းညွန်ဒုံးစနစ်များ ပါဝင်ပါသည်။

Yak-130လေယာဉ်ဝယ်ယူမူနှင့် ဘင်္ဂလားဒေရှ်လေတပ်အတွက် အကျိုးဖြစ်ထွန်းမူ

ဘင်္ဂလားဒေရှ်လေတပ်တွင် Mig-29B/UB,F-7MB/BG/BGIအစရှိသော လေယာဉ်များကို ပင်မတိုက်ပွဲဝင်လေယာဉ်အဖြစ် အသုံးပြုနေသော်လည်း မြေမြင်တိုက်ခိုက်ရေးအတွက် ထိုလေယာဉ်များသည် အသုံးဝင်မူနည်းပါးပါသည်။Mig-29တိုက်လေယာဉ်များ၏ ပထမမျိုးဆက် Bများဖြစ်သည်နှင့်အညီ မြေပြင်တိုက်ခိုက်ရေးအတွက် တိကျလမ်းညွန်သုံးစနစ်များ ပါဝင်ခြင်းမရှိပေ။ထို့အပြင် Mig-29တိုက်လေယာဉ်သည် လေကြောင်းအရေးသာမူရယူရေးတိုက်လေယာဉ်ဖြစ်ခြင်း အရည်အတွက်မှာ ၈စီးသာရှိခြင်းတို့ကြောင့် ဘင်္ဂလားဒေရှ်လေတပ်အတွက် မြေပြင်တိုက်ခိုက်ရေးတာဝန်ကို ရံဖန်ရံခါ သုံးစွဲနိုင်သော်လည်း အမြဲတန်းအသုံးပြုရန်မဖြစ်နိုင်ပေ။F-7MBမှာ interceptorသီးသန့်တိုက်လေယာဉ်ဖြစ်သောကြောင့် မြေပြင်ပစ်မှတ်များကို ထိအောင် ပစ်ခတ်ရန် ခက်ခဲပေသည်။(interceptorများသည် ကြားဖြတ်တိုက်ခိုက်ရန်နှင့် ဝေဟင်တိုက်ပွဲဝင်ရန်သာ စဉ်းစားတည်ဆောက်ထားပြီး မြေပြင်တိုက်ခိုက်ရေးတာဝန်ကို လုံးဝမစဉ်းစားသောကြောင့် တိကျမူမရှိနိုင်ပေ။ထို့အပြင် အရှိန်အလွန်အမင်းများခြင်းသည်ကလည်း မြေပြင်ပစ်မှတ်ကို ထိရန်ခက်ခဲစေသည့် အကြောင်းတရားတစ်ခုပင်ဖြစ်သည်။F-7BG/BGIများသည် မြေပြင်တိုက်ခိုက်ရေးတာဝန်ကို စွမ်းဆောင်နိုင်သော်လည်း ပင်မကျောရိုးတိုက်လေယာဉ်များဖြစ်သောကြောင့် အခြားသော multi-missionအများအပြားအသုံးပြုရသောကြောင့် အနီးကပ်ပစ်ကူပေးခြင်းတာဝန်ကို စစ်မက်ဖြစ်ပွားချိန်တွင် ထမ်းဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။L-39ZAတန်းမြင့်အမောင်းသင်ဂျက်လေယာဉ်များရှိသော်လည်း ပြည်ပစစ်ပွဲအခြေအနေတွင် သင့်တော်မူမရှိပေ။ထို့ကြောင့်တစ်ခုထဲသော မြေပြင်တိုက်ခိုက်ရေးတာဝန်ကို ထမ်းဆောင်ရသောလေယာဉ်မှာ A-5lllC Fantan လေယာဉ်များဖြစ်လာပါသည်။

ဘင်္ဂလားဒေရှ်လေတပ်သည် ၁၉၈၆ခုနှစ်ကတည်းက ဝယ်ယူခဲ့သော A-5lllCတိုက်ခိုက်ရေးလေယာဉ်များသည် ၂၀၀၆ခုနှစ်ကတည်းက သက်တမ်းပြည့်သွားသော်လည်း စရိတ်မတက်နိုင်၍ လက်ပူတိုက်သက်တမ်းတိုးထားသည်မှာ ယခုအထိပင်ဖြစ်သည်။ထိုလေယာဉ်များသည် အလွန်ဟောင်နွမ်းနေပြီး မကြာခဏ မတော်တဆမူဖြစ်ပွားရာ ယခုနှစ်အစောပိုင်းကပင် A-5လေယာဉ်တစ်စီး ထပ်မံပျက်ကျမူ ဖြစ်ပွားခဲ့သည်။ထိုလေယာဉ်များမှာ ထုတ်လုပ်မူ အရည်အသွေး အလွန်ညံဖျင်းခြင်း သက်တမ်းကျော်လွန်နေသော်လည်း ဆက်လက်အသုံးပြုနေခြင်းကြောင့် လေသူရဲများ၏ အသက်အန္တရယ်မှာ စိုးရိမ်ဖွယ် အခြေအနေရှိနေပါသည်။ဝယ်ယူစဉ်က ၈စီးမှာယူခဲ့သောလည်း အမျိုးမျိုးသော မတော်တဆမူများကြောင့် ငါးစီးခန့်သာ လည်ပါတ်နိုင်သော အခြေအနေဖြစ်သည်။ထို့အပြင် ယနေ့ခေတ်စစ်ပွဲများနှင့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များမှာ အံဝင်ဂွင်ကျခြင်းမရှိတော့ပေ။ဘင်္ဂလားဒေရှ်လေတပ်သည် မြန်မာနှင့် ရေပိုင်နက် အငြင်းပွားမူ အပြီးတွင် အစေတလျင်စွာ A-5lllCများကို လေဆာလမ်းညွန်ဗုံးစနစ်များဖြစ်သော LT-2/LS-6PGMစနစ်များတပ်ဆင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ရေဒါတပ်ဆင်၍မရခြင်း လေယာဉ်လက်နက်နှင့် လေယာဉ်မောင်းခန်း အကြီးစားပြုပြင်ခြင်း လေဆာလမ်းညွန်စနစ်သုံး Podများချိတ်ဆွဲနိုင်ရန် pylonများအား ပြင်ဆင်ရခြင်းတို့ကြောင့် ဖြစ်နိုင်မူ လုံးဝမရှိဟု နိုင်ငံတကာ အသိုင်းအဝိုင်းမှ သုံးသပ်ခဲ့ကျသည်။သက်တမ်းကျော်လွန်နေသော လေယာဉ်တစ်စီးကို ထိုကဲ့သို့ ပြုပြင်မူသည်လည်း အရာမထင်သော ဆောင်ရွက်မူသာ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုကျပါသည်။ ထို့အပြင် A-5လေယာဉ်စက်ရုံမှာ ထုတ်လုပ်မူ ရပ်ဆိုင်းသွားသည့်အပြင် ၂၀၁၂ခုနှစ်မှစတင်ကာ တပ်တရုပ်ပြည်သူလွပ်မြောက်ရေးလေတပ်မတော်(PLAAF)တွင် အသုံးပြုမူကို စတင်ရပ်ဆိုင်းခဲ့ပြီး JH-7Aလေယာဉ်များဖြင့် အစားထိုးခဲ့သောအခါ အပိုပစ္စည်းစက်ရုံလည်ပါတ်မူပါ ရပ်တန့်ခဲ့ရသည်။A-5lllCများ၏ လေယာဉ်ပစ္စည်းများသည်လည်း ၁၉၇၀ခုနှစ်ခန့်က အသုံးပြုသော နည်းပညာ ပစ္စည်းများ ဖြစ်တာနဲ့ အညီ အပိုပစ္စည်များကို သီးသန့် စက်ရုံမှ ထုတ်လုပ်ပေးရသောကြောင့် ပို၍ဈေးကြီးပေးကာ ဝယ်ယူနေရခြင်းဖြစ်သည်။ထိုကြောင့် ယခုအခါ အပိုပစ္စည်းစက်ရုံပါ ပိတ်ပစ်လိုက်သောကြောင့် လေယာဉ်တွင်ရှိနေသော ပစ္စည်းများကို လက်ပူတိုက်ကာ နှစ်စီးတစ်စီး သုံးစွဲရမည့် အခြေအနေသို့ ရောက်ရှိလာပါသည်။ထိုကြောင့် မဖြစ်မနေ မြေပြင်တိုက်ခိုက်ရေးလေယာဉ်ကို ဝယ်ယူရမည့် အခြေအနေသို့ ဖြစ်လာသောအခါ တိုက်လေယာဉ်အမောင်းသင်လေယာဉ်အဖြစ်ပါ အသုံးပြုနိုင်သော Yak-130မြေပြင်တိုက်ခိုက်ရေး/အမောင်းသင်တိုက်လေယာဉ်များကို ရွေးချယ်ခဲ့သည်။

Yak-130နှင့် A-5lllCတို့၏ စွမ်ပကား နှိုင်းယှဉ်ချက်

Yak-130လေယာဉ်သည် ဒေါ်လာ၁၈သန်းခန့်ဈေးနှုန်းရှိပါသည်။ထိုဈေးမှာ JF-17 block lနှင့် F-7BGI အစရှိသော တိုက်ပွဲဝင်တိုက်လေယာဉ်များနှင့် ဈေးနှုန်းထားခြင်း တူသောကြောင့် ဈေးကြီးသော အမောင်းသင်တိုက်လေယာဉ်ဟု သတ်မှတ်နိုင်သော်လည်း ဘင်္ဂလားဒေရှ်လေတပ်၏ 4++generationနှင့် 5th generationတိုက်လေယာဉ် ဝယ်ယူရေး အိမ်မက်များအတွက် အထောက်အပံပေးနိုင်သော လေယာဉ်ကောင်းတစ်မျိုးဖြစ်သည်။ လက်ရှိအသုံးပြုနေသော A-5lllCမြေပြင်တိုက်ခိုက်ရေးလေယာဉ်နှင့် Yak-130တို့၏ အကြမ်းဖျင်းအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

Yak-130

ထုတ်လုပ်သည့်Company-Yakolev aircraft corporation
စတင်ထုတ်လုပ်သည့် ခုနှစ်-၁၉၉၄ခုနှစ် နိုဝင်ဘာလ
အတန်းအစား-အမောင်းသင်တိုက်လေယာဉ်/မြေပြင်တိုက်ခိုက်ရေးလေယာဉ်
အများဆုံးရရှိသောအရှိန်-အသံအောက်ဝ.၉၃ဆ(တစ်နာရီလျှင် ၅၇၃နော်တီကယ်မိုင်)
အများဆုံးပျံတက်နိုင်သော အမြင့်ပေ-၄၁,၀၀၀ပေ
အများဆုံးပျံတက်နိုင်သောနှုန်း-တစ်မိနစ်လျှင် ပေ၁၀,၀၀၀
အင်ဂျင်အမျိုးအစား-AI-222-25turbo fan engine
အင်ဂျင်အရေအတွက်-နှစ်လုံး
အင်ဂျင်တွန်းကန်အား-5542lb/ft
အများဆုံးပျံတက်နိုင်သောအလေးချိန်- ၂၂၆၈၅ပေါင်
အင်ဂျင်တွန်းကန်အားအချိုး-၁၅၉၈၀ပေါင်အလေးချိန်ဖြင့် အပိုဆီကျွေးစနစ်မပါ တွန်းကန်အားအချိုး ၀.၇၀ဆ/အပိုဆီကျွေးစနစ်ပါ တွန်းကန်အားအချိုး ၀.၇၈ဆ
ကမ္ဘာမြေဆွဲအားခံနိုင်မူ- +၉ဆ/-၃ဆ
လက်နက်တပ်ဆင်နိုင်သောနေရာ-၉ခု(ကိုယ်ထည်အောက် ၁ခု/တောင်ပံအောက်၆ခု/တောင်ပံဖျား၂ခု)
အများဆုံးသယ်ဆောင်နိုင်သော လက်နက်အလေးချိန်-၃,၀၀၀ကီလိုဂရမ်
စစ်ဆင်နိုင်သော အကွာအဝေး-၅၉၈မိုင် (အပိုဆီတိုင်ကီ သုံးခု/Kh-31Kr TV guided bomb နှစ်လုံး/R-73E AAM နှစ်လုံး/ECM pod နှစ်ခုဖြင့်)
အဝေးဆုံးပျံသန်းနိုင်သော အကွာအဝေး-၁၅၈၂မိုင်
တပ်ဆင်နိုင်သောလက်နက်-R-73ဝေဟင်မှဝေဟင် တာတိုပစ် အပူငွေ့ရှာဒုံး
Kh-31Kr TV Camera ပဲ့ထိန်းဗုံး
50kg/100kg/150kg/250kg/500kg ပဲ့ထိန်းမဲ့ဗုံး
S-8/S-13ပဲ့ထိန်းမဲ့ ရော့ကတ်
S-25 လေဆာပဲ့ထိန်း ရော့ကတ်
GSh-23 ၂၃မမ စက်အမြောက်

A-5lllC

ထုတ်လုပ်သည့် company-Nanchaung Aircraft Mfg.Co
စတင်ထုတ်လုပ်သည့်ခုနှစ်- ၁၉၈၄ခုနှစ်
အတန်းအစား-မြေပြင်တိုက်ခိုက်ရေး/အနီးကပ်ပစ်ကူပေး
အများဆုံးပျံသန်းနိုင်သောအရှိန်-အသံအောက် ၁.၁၂ဆ(တစ်နာရီလျှင် ၆၈၄နော်တီကယ်မိုင်)
အမြင့်ဆုံးပျံတက်နိုင်သော အမြင့်-၅၄,၁၃၃ပေ
အများဆုံး ပျံတက်နိုင်သောနှုန်း-တစ်မိနစ်လျှင် ၂၀၃၀၀ပေ
အင်ဂျင်အမျိုးအစား-WP-6C turbo jet engine
အင်ဂျင်အရေအတွက်-နှစ်လုံး
အင်ဂျင်တွန်းကန်အား-အပိုဆီကျွေးစနစ်မပါ ၆၆၁၂ပေါင်/အပိုဆီကျွေးစနစ်ပါ ၈၂၁၆ပေါင်
အင်ဂျင်တွန်းကန်အားအချိုး-၂၀,၉၁၀ပေါင် အလေးချိန်ဖြင့် အပိုဆီကျွေးစနစ်ပါ ၀.၆၇ဆ
ကမ္ဘာမြေဆွဲအားခံနိုင်မူ-+၆.၇ဆ/-၂ဆ
စစ်ဆင်နိုင်သော အကွာအဝေး- လက်နက်အပြည့်အစုံဖြင့် ၂၂၀နော်တီကယ်မိုင်
လက်နက်တပ်ဆင်နိုင်သော နေရာ- ကိုးခု(ကိုယ်ထည်အောက် ၄ခု/တောင်ပံအောက် ၆ခု)
အများဆုံးသယ်ဆောင်နိုင်သော လက်နက်သယ်ဆောင်နိုင်သော အလေးချိန်-၂၀၀၀ကီလိုဂရမ်
တပ်ဆင်နိုင်သော လက်နက်များ-Norinco Type-30-lllC ၃၀မမ စက်အမြောက် ၂လက်(တစ်လက်လျှင် အတောင့် ၁၀၀ဖြင့်×၂လက်=အတောင့်၂၀၀)
၅၇မမ/၉၀မမ/၁၃၀မမ ရော့ကတ်
၅၀/၁၀၀/၁၅၀/၂၅၀/၅၀၀ပေါင်ဗုံး
၁၀၅/၂၀၀/၃၀၀ဂါလံ အပိုဆီတိုင်ကီ

Sky Hunter's photo. 
 Yak-130 နှင့် A-5lllCတို့၏ တပ်ဆင်ထားသော ခေတ်မှီ စစ်ဆင်ရေး စနစ်နှင့် အီလက်ထရောနစ်စနစ်များ နှိုင်းယှဉ်ချက်

Yak-130

Glass cockpit-ပါ
HOTAS-ပါ
Air refulling system-တပ်ဆင်နိုင်
GPS/INS navigation system-ပါ Rader-မပါ
IRST/FLIR-ပါ
ECM-ပါ
Decoy-ပါ
Rader Warning Reciver-ပါ
Chaffs/Flares-ပါ
Data link-မပါ
SAAM-R-73E missile
BVR missile-မပါ
Guided ground attacking system-Kh-31Kr TV guided bomb
Anti-Ship missile-မပါ

A-5lllC

Glass cockpit-မပါ
HOTAS-မပါ
Air refulling system-မပါ
GPS/INS navigation system-တပ်ဆင်နိုင်
Rader-မပါ
IRST/FLIR-မပါ
ECM-မပါ
Decoy-မပါ
Rader Warning Receiver-ပါ
Chaffs/Flares-ပါ
Data link-မပါ
SAAM-မပါ(A-5Dတွင်သာတပ်ဆင်သည်)
BVR missile-မပါ
Guided ground attacking system-မပါ
Anti-Ship missile-မပါ

အသေးစိတ် နှိုင်းယှဉ်ချက်

A-5lllCသည် မြေပြင်တိုက်ခိုက်ရေးလေယာဉ် တစ်စီးဖြစ်ပြီး Yak-130သည် ကနဦးအမောင်းသင်တိုက်လေယာဉ်ဖြစ်ကာ မြေပြင်တိုက်ခိုက်ရေးနှင့် အနီးကပ် ပစ်ကူပေးလေယာဉ်အဖြစ်ပါ အသုံးပြုနိုင်ပါသည်။A-5လေယာဉ်သည် ဆိုဗီယက်၏ အသံထက်မြန်သော တိုက်လေယာဉ် Mig-19ကို အခြေခံကာတည်ဆောက်ထားသော J-6လေယာဉ်ကို အဆင့်မြင့်တင်ထားပြီး ၁၉၆၄ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။စတင်တည်ဆောက်စဉ်က J-6၏ ရှေဖက်လေဝင်ပေါက်အစား ဘေးဘက်သို့ ပြောင်းလဲတပ်ဆင်ကာ ချွန်ထက်သောလေယာဉ်ဦးကို တပ်ဆင်ကာ ထိုနေရာတွင် ရေဒါတပ်ဆင်ရန်စီစဉ်ခဲ့သော်လည်း နောက်ဆုံးပေါ်မျိုးကွဲအထိ တပ်ဆင်နိုင်ခြင်းမရှိပေ။A-5lllCသည် Yak-130လေယာဉ်ထက် အမြန်နှုန်း အမြင့်ပျံသန်းနိုင်မူ အမြင့်တက်ရောက်နိုင်မူနှုန်းတို့တွင် ပိုမိုသာလွန်သော်လည်း ဘင်္ဂလားဒေရှ်လေတပ်၏ A-5lllCများသည် သက်တမ်းကြာမြင့်လာမူကြောင့် လေယာဉ်ပေါင်းမိုးခန်းလေလုံမူအားနည်းကာ အမြင့်တက်ရောက်နိုင်မူတွင် ပေ၂၀၀၀၀အထက် ပိုမိုမတက်ရောက်နိုင်တော့ပေ။ထို့အပြင်အမြန်နှုန်းမှာလည်း သိပ်ထူးထူးခြားခြား ကွာဟမူမရှိပေ။Yak-130လေယာဉ်သည် AOA-32°အထိရှိသောကြောင့် ပြင်းထန်သော လှုပ်ရှာစစ်ကစားမူလုပ်ဆောင်နိုင်ပါသည်။A-5လေယာဉ်မှာမူ မြေပြင်တိုက်ခိုက်ရေးလေယာဉ်တို့ ထုံးစံအတိုင်း လှုပ်ရှားစစ်ကစားမူ မကောင်းပေ။တွန်းကန်အားအချိုးတွင်လည်း A-5သည် ၀.၆၂ဆသာရှိပြီး Yak-130လေယာဉ်သည် ၀.၇၈အထိရှိသောကြောင့် သာလွန်သော လှုပ်ရှားစစ်ကစားမူကို ရှိပေသည်။စစ်ဆင်နိုင်မူအကွာအဝေးတွင်လည်း A-5လေယာဉ်သည် ၂၂၀နော်တီကယ်မိုင်သာရှိပြီး Yak-130လေယာဉ်သည် ၅၉၈နော်တီကယ်မိုင်အထိ ရရှိသောကြောင့် အတော်ကွာခြားသော ပမာဏပင်ဖြစ်သည်။လေယာဉ်နှစ်မျိုးစလုံးသည် အင်ဂျင်နှစ်လုံးပါဝင်သောကြောင့် စိတ်ချယုံကြည်မူကောင်းမွန်ပေသည်။လက်နက်တပ်ဆင်နိုင်သောနေရာ ကိုးခုတူသော်လည်း Yak-130လေယာဉ်သည် 3000kg အထိ သယ်ဆောင်နိုင်ပြီး A-5လေယာဉ်သည် 2000kgသာ သယ်ဆောင်နိုင်သောကြောင့် Yak-130မှာ လက်နက်ပိုမို သယ်ဆောင်နိုင်စွမ်းရှိပေသည်။ဝေဟင်-ဝေဟင်စစ်ဆင်မူတွင် လေယာဉ်နှစ်မျိုးလုံးတွင် အထောက်အကူပြု ရေဒါမပါဝင်သောကြောင့် မြင်တာလွန်စစ်ဆင်နိုင်စွမ်းမရှိပေ။အနီးကပ် ဝေဟင်စီးချင်းထိုးစစ်ဆင်မူတွင် Yak-130လေယာဉ်သည် R-27E missileကို တပ်ဆင်ထားပြီး လှုပ်ရှားစစ်ကစားမူ ကောင်းသောကြောင့် အနီးကပ်ဝေဟင်စီးချင်းထိုးစစ်ဆင်ရေးအတွက် အထောက်အပံဖြစ်စေပါတယ်။A-5လေယာဉ်သည် မြေပြင်တိုက်ခိုက်ရေးလေယာဉ်ဖြစ်သောကြောင့် လှုပ်ရှားစစ်ကစားမူအားနည်းပြီး ဝေဟင်-ဝေဟင်ပစ် missileတပ်ဆင်နိုင်ခြင်းမရှိသောကြောင့် စစ်မက်ဖြစ်ပွားချိန်တွင် အစောင့်လိုက် တိုက်လေယာဉ်မပါဝင်ပဲ စစ်ဆင်နိုင်စွမ်း လုံးဝမရှိပေ။မြေပြင်တိုက်ခိုက်ရေးတွင်လည်း Yak-130သည် Kh-31Kr TV camera bombနှင့် S-25 guided rocketများတပ်ဆင်နိုင်သည်။ထိုလက်နက်များ၏ စွမ်းဆောင်ရည်မှာ အလွန်ကောင်းမွန်သော အဆင့်ရှိမနေသော်လည်း ခေတ်သစ်စစ်ပွဲတွင် အသုံးဝင်သော လက်နက်များပင်ဖြစ်သည်။ဘင်္ဂလားဒေရှ်၏ A-5lllCတွင် ပဲ့ထိန်းလက်နက်စနစ် LT-2/LS-6 PGMများ တပ်ဆင်သည်ဟု ဆိုနေသော်လည်း တိကျသော သတင်းထုတ်ပြန်မူ မရှိပေ။ထို့အပြင် သက်တမ်းကုန်လေယာဉ်တစ်စီးအား ထို့ကဲ့သို့အဆင့်မြင့်ထားပါကလည်း Yak-130လေယာဉ်များ ဝယ်ယူမည် မဟုတ်ပေ။ထိုကြောင့် တပ်ဆင်ထားခြင်းမရှိဟုသာ ဆိုရမည်ဖြစ်သည်။ထို့အပြင် ခေတ်မှီလေကြောင်းစက်ပစ္စည်းများ အီလက်ထရောနစ် စစ်ဆင်ရေးပစ္စည်းများတွင် A-5lllCနှင့် Yak-130သည် အတော်ကွာခြားသောအခြေအနေတွင် တွေ့ရှိရပါသည်။IRST/FLIR ကဲ့သို့သော အနီအောက်ရောင်ခြည် ရှာဖွေရေးစနစ်များ မပါဝင်သောကြောင့် ရာသီဥတုဆိုးရွားချိန်နှင့် ညအချိန်တွင် A-5lllCလေယာဉ်များ အနေဖြင့် စစ်ဆင်ရန် ခက်ခဲပေသည်။အီလက်ထရောနစ်တန်ပြန်နှောက်ယှဉ်ရေးစနစ်များ ပစ်မှတ်တုပုံဖော်စနစ် (Decoy)အစရှိသော စနစ်များမပါဝင်သောကြောင့် မြင်တာလွန် ရေဒါလမ်းညွန်ဒုံးဖြင့် ပစ်ခတ်သောအခါ ရှောင်ရှားရန် မဖြစ်နိုင်ပေ။ထိုကြောင့် Yak-130သည် A-5လေယာဉ်ထက် အဖက်ဖက်က သာလွန်သော လေယာဉ်တစ်စီးဟုဆိုရပေမည်။

Sky Hunter's photo. 
 Yak-130လေယာဉ်၏ အားသားချက်များ

Yak-130သည် ကမ္ဘာအကောင်းဆုံး ကနဦးအမောင်းသင်တိုက်လေယာဉ်အဖြစ် ကမ္ဘာက အသိအမှတ်ပြုထားခြင်းခံရသည့်လေယာဉ်ဖြစ်ပါတယ်။ခေတ်မှီဖန်သားပြင်လေယာဉ်မောင်းခန်းစနစ်များ GPS/INSကဲ့သို့သော ခေတ်မှီ လေကြောင်းလမ်းညွန်ပစ္စည်းများ တပ်ဆင်ထားပြီး စတုထ္ထမျိုးဆက်လွန်နှင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များကို မောင်းနှင်ရန်အတွက်အထောက်အပံပေးနိုင်သည့် အနီအောက်ရောင်ခြည်ပစ်မှတ်ရှာဖွေရေးစနစ်(IRST) တန်ပြန်အီလက်ထရောနစ်စစ်ဆင်ရေးစနစ်များ(ECM) တိကျလမ်းညွန်မြေပြင်တိုက်ခိုက်ရေးဗုံးများတပ်ဆင်နိုင်ခြင်း လေကြောင်းတိုက်ခိုက်မူအတွက် ဝေဟင်မှဝေဟင်ပစ်ဒုံး များတပ်ဆင်နိုင်ပါသည်။ထို့အပြင် မြေပြင်ပစ်ကူပေးနှင့် သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးများကိုပါ ဆောင်ရွက်နိုင်ပါသည်။မြေပြင်ပစ်မှတ်များကို တီဗီကင်မရာလမ်းညွန်ဗုံးများ အသုံးပြုနိုင်ခြင်းကြောင့် မြေပြင်ပစ်မှတ်များကို ထိရောက်စွာတိုက်ခိုက်နိုင်ပြီး ရန်သူအားခြိမ်းခြောက်နိုင်စွမ်းလည်းကောင်းမွန်ပါသည်။လက်နက်သယ်ဆောင်နိုင်မူမှာ 3000kgအထိရှိသောကြောင့် အမောင်းသင်တိုက်လေယာဉ်တစ်စီးထက် တိုက်လေယာဉ်တစ်စီးကဲ့သို့ သယ်ဆောင်နိုင်ကြောင်းတွေ့ရှိရပါသည်။ပစ်မတ်တု(decoy)များ မီးကျဉ်များ(flares) တန်ပြန်အီလက်ထရောနစ်စနစ်များ ပါဝင်ခြင်းကြောင့် ရန်သူ၏ တိုက်ခိုက်မူကိုကောင်းစွာ ရှောင်ရှားနိုင်ပါသည်။လက်နက်တပ်ဆင်နိုင်သော နေရာ ၉ခု ရှိသောကြောင့် လက်နက်အမျိုးအစားအမျိုးမျိုးကို missionအမျိုးမျိုးအတွက် တစ်စီးထဲတွင် ပေါင်းစပ်တပ်ဆင်နိုင်သော စွမ်းဆောင်ရည်ကို ရှိပါသည်။

Yak-130၏ အားနည်းချက်များ

Yak-130လေယာဉ်သည် ရေဒါမပါဝင်သောကြောင့် မြင်တာလွန်တိုက်ပွဲဝင်နိုင်ခြင်းမရှိပေ။ယနေ့ခေတ်တွင် အနီးကပ်စစ်ဆင်မူများကို ပြုလုပ်မူ အနည်းငယ်သာရှိသောကြောင့် တိုက်လေယာဉ်တစ်စီးအနေဖြင့် အသုံးပြုရန်မဖြစ်နိုင်ပေ။ထို့အပြင် အမြင့်သို့ တက်ရောက်နိုင်နှုန်းနှေးခြင်း R-73E missile၏ ရရှိသော အကွာအဝေးမှာ Sparrow/Sidewiderအစရှိသော missileများနှင့်ယှဉ်ပါက နည်းပါးသည်ကို တွေ့ရှိရပါသည်။ရေဒါမပါဝင်သောကြောင့် Datalinkစနစ်မပါဝင်ပေ။ထိုကြောင့် C4ISRဟုခေါ်သော ခေတ်သစ်ဆက်သွယ်ထိန်းချုပ် အမိန့်ပေးမူ ကွန်ယက်စနစ်တွင် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိသလို လေယာဉ်ချင်း ပူးပေါင်းကာ တိုက်ပွဲဝင်နိုင်စွမ်းမရှိပေ။မြေပြင်တိုက်ခိုက်ရေးဟုဆိုသော်လည်း တစ်ယောက်မောင်း Yak-131မှသာ မြေပြင်တိုက်ခိုက်ရေးလေယာဉ်အစစ်ဖြစ်သောကြောင့် Yak-130လေယာဉ်သည် မြေပြင်မှ ရန်သူ၏ ပစ်ခတ်မူကို အကာအကွယ်ပေးနိုင်သော ကျဉ်ကာစနစ်ပါဝင်ခြင်းမရှိသောကြောင့် လေယာဉ်ပစ်လက်နက် ထူထပ်သောနေရာများတွင် ထိုးဖောက်စစ်ဆင်ရန် မဖြစ်နိုင်ပေ။

Sky Hunter's photo. 
 ဘင်္ဂလားဒေရှ်လေတပ်၏ ဝယ်ယူမူ အလားအလာ

ဘင်္ဂလားဒေရှ်လေတပ်သည် Yak-130လေယာဉ် ဝယ်ယူမူမှာ သက်တမ်းအိုမင်းနေသော A-5lllCများနေရာတွင် အစားထိုးရန်ဖြစ်ပြီး ခေတ်မှီမျိုးဆက်မြင့်တိုက်လေယာဉ်များကို လေ့ကျင့်ပေးရန်ပါ ရည်ရွယ်ဝယ်ယူခဲ့ခြင်းကြောင့် ကောင်းမွန်သော ရည်ရွယ်ချက်ဖြစ်ပေသည်။မျိုးဆက်မြင့်တိုက်လေယာဉ်များကို ဝယ်ယူသော်လည်း အခြေခံအမောင်းသင်တိုက်လေယာဉ်သည် မျိုးဆက်နိမ့်နေပါက ထိုတိုက်လေယာဉ်များကို မောင်းနှင်မည့်လေသူရဲများသည် အစိမ်းသက်သက်ဖြစ် အစက သင်နေရသောကြောင့် combat readyဖြစ်မူအပိုင်းတွင် အလွန်အားနည်းပါသည်။ထိုကြောင့်လေကျင့်ရေးတိုက်လေယာဉ်များသည်လည်း မျိုးဆက်မြင့်တိုက်လေယာဉ်များအတွက်အထောက်အပံဖြစ်ရေးသည် အလွန်အမင်းအရေးပါပါသည်။

ထို့အပြင် လက်ရှိအသုံးပြုနေသော A-5lllCလေယာဉ်နေရာတွင် အစားထိုးမူမှာ မှန်ကန်မူရှိသည်ဟု သုံးသပ်နိုင်ပြီး လေ့ကျင့်ရေးကော မြေပြင်တိုက်ခိုက်ရေးပါ အသုံးပြုနိုင်သောကြောင့် ဒေါ်လာ၁၈သန်းမှာ တန်သည်ဟု ဆိုဖွယ်ရာရှိပါသည်။သို့သော် ၂၄စီးဆိုသည့် ပမာဏမှာ ဘင်္ဂလားဒေရှ်လေတပ်လို သေးငယ်သော လေတပ်တစ်ခုအတွက် ဒေါ်လာ၁၈သန်းတန် အမောင်းသင်တိုက်လေယာဉ်ဝယ်ယူမူမှာ ပမာဏများပြားသည်ဟုဆိုနိုင်ပါသည်။ထို့အပြင် F-7ကဲသို့သော တတိယမျိုးဆက်တိုက်လေယာဉ်များကိုသာ အမာခံထားပြီးအသုံးပြုရသော လေတပ်တွင် ထို၂၄စီးဆိုသော ပမာဏထက် လျော့သုံးကာ မျိုးဆက်မြင့်တိုက်လေယာဉ်များကိုသာ ဖြည့်တင်းသင့်ပေသည်။ယခုဝယ်ယူမူအပါအဝင် ရေတပ်စစ်သဘောင်္အချို့နှင့် ရေငုတ်သဘောင်္ ၂စီးအပါအဝင် အခြားလက်နက်အနည်းငယ် ဝယ်ယူရေးအတွက် ၅နှစ်စာ ကာကွယ်ရေးဘတ်ဂျက်ကို အသုံးပြုရမူသည် ဤမျှသော လေယာဉ်ဖြင့်သာရပ်တန့်သွားသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်သည်။မည့်သို့ပင်ဆိုစေကာမူ Yak-130လေယာဉ်ဝယ်ယူမူသည် ဘင်္ဂလားဒေရှ်လေတပ်အတွက် အကျိုးရှိသော ကိစ္စတစ်ခုဟုသာသုံးသပ်မြင်မိပါသည်။

ဘင်္ဂလားဒေရှ်၏ Yak-130ဝယ်ယူမူနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မူ

Yak-130လေယာဉ်သည် လေ့ကျင့်ရေးလေယာဉ်အမျိုးအစားသာဖြစ်၍ တိုက်ပွဲဝင်လေယာဉ်တစ်စီးမဟုတ်ပေ။ထို့အပြင် လေယာဉ်သည် အသံအောက်မြန်နှုန်းသာ ပျံသန်းနိုင်ခြင်း လှုပ်ရှားစစ်ကစားမူတွင် တိုက်လေယာဉ်တစ်စီးကဲ့သို့ စွမ်းဆောင်နိုင်မူမရှိခြင်း မြင်တာလွန်တိုက်ပွဲဝင်နိုင်စွမ်း မရှိခြင်း လေယာဉ်များအုပ်ဖွဲ့၍ သတင်းအချက်အလက်ချိတ်ဆက်တိုက်ခိုက်နိုင်မူ မရှိခြင်း မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ရာတွင် counter fireများပြားသော နေရာမျိုးအား အနီးကပ်ပစ်ကူပေးရန်ခက်ခဲခြင်းများ ရှိနေပါသည်။ထို့အပြင်မြေပြင်တိုက်ခိုက်ရေး တိကျလမ်းညွန်လက်နက်သည် ရာသီဥတုဆိုးရွားသော အချိန်မျိုးတွင် တိကျစွာနှင့် အကွာအဝေးကောင်းမွန်စွာ ပစ်ခတ်နိုင်ခြင်းမရှိပေ။သို့သော်လည်း လေသူရဲလေ့ကျင့်ရေးကို ကြီးမားသော အထောက်အပံပေးနိုင်ခြင်းကြောင့် အနာဂတ်မျိုးဆက်မြင့်တိုက်လေယာဉ်များ မောင်းနှင်ရာတွင် အထောက်အပံပေးနိုင်ပါသည်။ထိုလေယာဉ်ဝယ်ယူမူသည် ပင်မတိုက်ပွဲဝင်လေယာဉ်မဟုတ်ခြင်း မြေပြင်တိုက်ခိုက်ရေးတာဝန်ကိုသာ အဓိက တာဝန်ယူဆောင်ရွက်နိုင်ခြင်းကြောင့် တပ်မတော်(လေ)အတွက် ကြီးမားသော ခြိမ်းခြောက်မူ တစ်ခု ဖြစ်လာမည်မဟုတ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Sky(4.6.2014)
(4 photos)






"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"

$
0
0
B 24 Liberator Y2 အမျိုးအစား ဗုံးကြဲလေယာဉ်
B 24 Liberator Y2 အမျိုးအစား ဗုံးကြဲလေယာဉ်
     
   ဗိုလ်ပီတာထံမှ သတင်းပေးပို့ချက်ကိုရရှိသည်နှင့် ဗိုလ်မောင်သိန်း၏မျက်လုံးများက ကျူးကျော်ဝင်ရောက်လာသည့် ရန်သူ့လေယာဉ်ကိုအလျင်အမြန်ရှာဖွေနေမိသည်။
စက္ကန့်ပိုင်းအတွင်းမှာပင်လျှင် ရန်သူ့လေယာဉ်ကိုရှာဖွေတွေ့ရှိလိုက်သည်။ ဗိုလ်ချစ်ခိုင်သည် ဝင်ရောက်လာနေသည့် လေယာဉ်၏အမျိုးအစားကို သေချာတိကျစွာ မသိချေ။

ထို့ကြောင့် အုပ်ခေါင်းဆောင်ဗိုလ်မောင်သိန်းထံသို့ ရေဒီယိုဆက်သွယ်ရေးမှတဆင့် လေယာဉ်၏အမျိုးအစားကို လှမ်းမေးပြန်တော့ ဗိုလ်မောင်သိန်းလည်း ထိုလေယာဉ်ကြီး၏
အမျိုးအမည်ကို သေချာစွာမသိ။ လေတပ်ရဲညွန့်အဖြစ် အင်္ဂလန်နိုင်ငံတွင် ပညာတော်သင်သွားရောက်ခဲ့သည့် အင်္ဂလန်ပြန်ဗိုလ်ပီတာကို လှမ်းမေးပြန်တော့လည်း ဘာမှ မထူး။
သူတို့အတွက် ဤလေယာဉ်၏အမျိုးအစားကို အဘယ်ကြောင့် ဤမျှအထိသိလိုစိတ် ပြင်းပြနေရပါသနည်း။ အဖြေကတော့ ရှင်းပါသည်။ ယခုကျူးကျော်လာသော လေယာဉ်သည်
သယ်ယူပို့ဆောင်ရေးလေယာဉ်သာ ဖြစ်ငြားအံ့...။ ဗိုလ်မှူးခင်မောင်အေး မိန့်မှာလိုက်သည့်အတိုင်း ကျိုင်းတုံလေဆိပ်အထိ ထိုလေယာဉ်ပျံကို ဖမ်းခေါ်သွားရပေလိမ့်မည်။
အကယ်၍ ဗုံးကြဲလေယာဉ်ဖြစ်နေလျှင်လည်း နိုင်ငံပိုင်နက်ဝေဟင်ထဲတွင် အပြီးသတ်ချေမှုန်းရပေလိမ့်မည်။ (တိုက်ပွဲပြီးဆုံးချိန်တွင် သိရသည်မှာ ထိုလေယာဉ်သည် B 24 Liberator Y2 အမျိုးအစား ဗုံးကြဲလေယာဉ်ကြီးဖြစ်လေသည်။အချို့စာစောင်များ၌ P4 Y2 Privateerလေယာဉ်ဟု ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။ မည်သည်က အမှန်ဟူ၍ မသိပါ။) ရန်သူ့လေယာဉ်ကြီးပုံသဏ္ဍာန်မှာ High Wings Single Fan with Defensive Armament ဖြစ်သည်။ လေယာဉ်ကြီးတွင် ဒဿမ၅၀ကျည်သုံး စက်သေနတ်ကြီး (ပွိုင့်ဖိုက်ပေါ့) ၁၂လက်ကို တပ်ဆင်ထားကြောင်း သိရသည်။


        လေသူရဲ(၃)ဦးစလုံး လေယာဉ်အသီးသီးပေါ်တွင် ထိုလေယာဉ်ကြီး၏အမျိုးအစားကို ကိုယ်စီကိုယ်ငှ ဝေခွဲမရဖြစ်နေကြချိန်တွင် ရန်သူ့လေယာဉ်ကိုယ်ထည် အလယ်ထိပ်တွင် တပ်ဆင်ထားသည့် စက်သေနတ်ကြောင့် ဗုံးကြဲလေယာဉ်ကြီးပင်ဖြစ်ကြောင်း ဗိုလ်ပီတာ ဦးစွာပထမမြင်တွေ့လိုက်ရပြီး အုပ်ခေါင်းဆောင် ဗိုလ်မောင်သိန်းထံသို့ အလျင်အမြန်သတင်းပို့လိုက်သည်။ ဗိုလ်မောင်သိန်းတယောက် မြင်ကွင်းအတွင်းမှ လေယာဉ်ထံသို့ အဖမ်းခံရန်အတွက် ရေဒီယိုဆက်သွယ်ရေးစက်မှတဆင့် အကြောင်းကြား
ရာ ..... မလိုက်နာသည့်အတွက် အတူအုပ်စုဖွဲ့ပျံသန်းနေသည့် လေသူရဲဗိုလ်မောင်သိန်းနှင့် ဗိုလ်ပီတာတို့ထံသို့ ရန်သူ့လေယာဉ်အား ပစ်ခတ်ချေမှုန်းရန် အမိန့်ပေးလိုက်တော့သည်။ ဗိုလ်မောင်သိန်းတို့နေရာယူထားသည်က အမြင့်ပေ ခုနစ်ထောင်တွင်ဖြစ်ပြီး တဖက်မှ ရန်သူ့လေယာဉ်ကြီးမှာ ပေငါးထောင်အမြင့်တွင် ဖြစ်နေသဖြင့်
ဗိုလ်မောင်သိန်းတို့ဖက်မှ အသာစီးရနေပေသည်။ ပထမဦးဆုံး ဗိုလ်မောင်သိန်း၏ တိုက်လေယာဉ်ထိုးဆင်းသွားပြီး လေယာဉ်တွင်တပ်ဆင်ထားသည့် ၂၀ မီလီမီတာ Hispano
စက်သေနတ်ဖြင့် ရန်သူ့လေယာဉ်၏ ဘယ်ဘက်အင်ဂျင်နှစ်လုံးကို စတင်ကာ ပစ်ခတ်ခြင်းဖြင့် မြန်မာ့တပ်မတော်(လေ)၏ ပထမဦးဆုံးသော လေကြောင်းစီးချင်းထိုးမှုသမိုင်းကို စတင်ဖွင့်လှစ်လိုက်တော့သည်.......။


         Hispano  နှင့်ပတ်သက်၍ ဗဟုသုတအနေဖြင့်ဆိုရသော် ၄င်းမှာ စက်သေနတ်လည်းမက၊ အမြှောက်လည်းမကျသည့် စက်အမြှောက်ဟုပင် ဆိုရချိမ့်မည်။ သာမန် စက်သေနတ်များကဲ့သို့ ရိုးရိုးဖောက်ထွင်းကျည်များသာမက တဆင့်ထပ်မံပေါက်ကွဲစေသည့်ကျည်များလည်းပါဝင်သဖြင့် ထိုလက်နက်ကို စက်အမြှောက်ဟု ခေါ်ခြင်းပင်။
ထိုသို့သော ဟစ္စပါနိုစက်အမြှောက်များသည် ဆီဖြူရီလေယာဉ်တောင်ပံတဖက်လျှင် နှစ်လက်နှုန်းဖြင့် လေယာဉ်တစီးတွင် လေးလက်စီ တပ်ဆင်ထားလေသည်။ ပစ်ခတ်မှုကို
လျှပ်စစ်ဓာတ်အားဖြင့် ထိန်းချုပ်ထားပြီး စက်သေနတ်တလက်လျှင် ကျည်ဆန်အရေအတွက် (၁၂၅) တောင့်ပါရှိလေသည်။ ကျည်ဆန်သုံးတောင့် (သို့တည်းမဟုတ်) ငါးတောင့် ပစ်ခတ်ပြီးသည်နှင့် မီးလမ်းပြကျည် (Tracer) တတောင့်နှုန်း ထွက်စေရန် စီမံထားသဖြင့် လေသူရဲအနေဖြင့် ကျည်သွားလမ်းကြောင်းကို ကောင်းမွန်စွာမြင်တွေ့နိုင်လေသည်။


             ဗိုလ်မောင်သိန်းတယောက် ရန်သူ့လေယာဉ်နှင့်တိုက်မိလုနီးပါး အကွာအဝေးသို့ချဉ်းကပ်မိသည်အထိ တရစပ်ပစ်ခတ်တိုက်ခိုက်သော်လည်း လေယာဉ်၏အမြန်နှုန်း
ကြောင့် ပစ်ခတ်ခွင့်ရသည့်အချိန်မှာ လေးစက္ကန့်ထက်ပင် မပိုပါချေ။ ဗိုလ်မောင်သိန်းလေယာဉ်ပြီးသည်နှင့် ဗိုလ်ပီတာအလှည့်သို့ရောက်လာသည်။ ဗိုလ်ပီတာလည်း သူ့လေယာဉ်မှ ဟစ္စပါနိုသေနတ်ဖြင့် ဆက်တိုက်ဆိုသလိုပင် ဝင်ရောက်ပစ်ခတ်တော့သည်။ သူ၏ ပစ်ခတ်ခွင့်ရချိန်မှာလည်း ဗိုလ်မောင်သိန်းကဲ့သို့ပင်။ ထူးခြားချက်အနေနှင့်
ဗိုလ်မောင်သိန်းလေယာဉ်ဝင်အပစ်နှင့် ရှေ့ဆင့်နောက်ဆင့်တွင် ရန်သူ့လေယာဉ်မှအထုပ်နှစ်ထုပ် ပြုတ်ကျသွားသည်ကို တွေ့မြင်လိုက်ရသည်။ မြေပြင်ရှိ တရုတ်ဖြူစခန်းသို့ချပေးရန်အတွက် ယူဆောင်ခဲ့သည့် လက်နက်ပစ္စည်း (သို့မဟုတ်) ရိက္ခာထုပ်များပင် ဖြစ်ချေလိမ့်မည်။ ဗိုလ်ပီတာလေယာဉ် တိုက်ခိုက်မှုမစတင်မီတွင်လည်း
လေထီးဖြင့်ရိက္ခာချသောတံခါးပေါက်ဆီမှ လူနှစ်ယောက် လေထီးအစိမ်းရောင်များဖြင့် ခုန်ဆင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။ ဗိုလ်ပီတာ၏လေယာဉ်ထံမှ ပစ်ခတ်မှု
ပြီးဆုံး၍ တကျော့ပြန်လည် မဝင်လာမီတွင် ဗိုလ်ချစ်ခိုင်၏လေယာဉ်လည်း ထိုးစိုက်ဝင်လာနေပေပြီ။ သည်တချီတွင်တော့ ရန်သူ့လေယာဉ်ထံမှ တုံ့ပြန်ပစ်ခတ်သည့် ကျည်ဆံများ
က ဗိုလ်ချစ်ခိုင်၏လေယာဉ်အမိုးကို ချိန်သားမမှန်စွာဖြင့် ဖြတ်ကျော်သွားကြသည်။ ဗိုလ်ချစ်ခိုင်ပစ်ခတ်လိုက်သည့် ကျည်ဆန်များကမူ ရန်သူ့လေယာဉ်အင်ဂျင်ခန်းအောက် ကိုယ်
ထည်ပိုင်းဆီသို့ တည့်မတ်စွာပြေးဝင်သွားကြောင်းကို မီးလမ်းပြကျည် (Tracer Bullet)များကြောင့် သိလိုက်ရသည်။ အပြီးသတ်ချေမှုန်းတော့မည့်အန္တရာယ်ကို ရိပ်စားမိသည့်
တဖက်ရန်သူ့လေယာဉ်မှူးမှာလည်း သူ၏လေယာဉ်ကို ၁၈၀ ဒီဂရီလှည့်လျက် အိမ်နီးချင်းတဖက်နိုင်ငံနယ်နိမိတ်ဆီသို့ ဦးတည်ပျံသန်းရန် အားထုတ်လေတော့သည်။ ထိုသို့
လေယာဉ်ကို တပတ်ပြန်လှည့်နေစဉ်မှာပင် ဗိုလ်မောင်သိန်း၏လေယာဉ်က ဒုတိယအကြော့အနေဖြင့် ထပ်မံထိုးနှက်တိုက်ခိုက်ပြန်၏။ ဗိုလ်မောင်သိန်း၏ ပစ်ခတ်မှု အပြီးတွင်တော့ ရန်သူလေယာဉ်ပျံကြီး၏ ဘယ်ဘက်တွင်တပ်ဆင်ထားသော အင်ဂျင်နှစ်လုံးနှင့် ညာဘက်အပြင်ခြမ်းအင်ဂျင်များ စတင်မီးတောက်လောက်ချေပြီ။ သို့သော်လည်း
ရန်သူမှာ သူ့လေယာဉ်ကို လုံးဝ မလျှော့ချပဲ တဖက်အိမ်နီးချင်းနိုင်ငံနယ်နိမိတ်အတွင်းရောက်အောင် အရှိန်ပြင်းစွာနှင့် ဆက်လက်ပျံသန်းလို့နေသေးသည်။


             ရန်သူကို အလွတ်မပေးလိုသည့် ဗိုလ်ပီတာတယောက် ရန်သူ့လေယာဉ်ညာဘက်ခြမ်းဆီသို့ ပျံသန်းချဉ်းကပ်လျက် ထပ်မံတိုက်ခိုက်ပြန်တော့သည်။ သည်တချီတွင်တော့ တလုံးတည်းသာ အကောင်းပကတိကျန်ရှိနေသေးသည့် ရန်သူ့လေယာဉ်၏ညာတောင်ပံအတွင်းအင်ဂျင်လည်း စတင်ကာ မီးစွဲလောင်လေပြီ.....။
အင်ဂျင်အားလုံးမီးလောင်နေပြီဖြစ်သော်လည်း လေယာဉ်ကြီးမှာမြေသို့ထိုးစိုက်ကျမသွားသေးပဲ အရှေ့တူရူအရပ်သို့ ဆက်လက်ပျံသန်းလျက်ရှိနေသေးသည်။
ထိုအခိုက်မှာပင် ဗိုလ်ပီတာထံမှ သူ့အား ရန်သူ့ပစ်ခတ်မှုခံလိုက်ရခြင်း သတင်းပေးပို့ချက်ကို ဗိုလ်ချစ်ခိုင်တယောက် ဆက်သွယ်ရေးစက်မှတဆင့် ကြားလိုက်ရသည်။
သို့သော် ရန်သူ့လေယာဉ်ထံမှ ပေါက်ကွဲသံကြောင့် ရန်သူအားအပြီးသတ်ချေမှုန်းရန်စိတ်အားထက်သန်နေသော ဗိုလ်ချစ်ခိုင်မှာ ဗိုလ်ပီတာလေယာဉ်ထံ ကြည့်ရန် အာရုံ
မရလိုက်ပဲ ရန်သူ့လေယာဉ်ဦးခန်းဆီသို့ ကျည်ဆန်များ တသီတတန်းကြီး ထပ်မံပစ်လွှတ်လိုက်ပြန်သည်။ သို့ရာတွင် ထိုအခေါက်သူပစ်သမျှကျည်ဆန်များက ရည်မှန်းချက်သို့
မရောက်ပဲ အင်ဂျင်အနောက်ဖက်ခြမ်းမှ ကိုယ်ထည်ပိုင်းဆီသို့သာ စုပြုံတိုးဝှေ့လျက် ထိမှန်သွားကြသည်။ သည်တကြိမ်ပစ်ခတ်ရာတွင် ဗိုလ်ချစ်ခိုင်၏လေယာဉ်နှင့် ရန်သူ့
လေယာဉ်မှာ ဆယ်ပေမျှပင်မကွာဝေးတော့သည့် အနေအထားရောက်သည်အထိ ပူးကပ်တိုက်ခိုက်မိသဖြင့် လေယာဉ်ချင်းဝင်ဆောင့်မည့်အန္တရာယ်ကို ရှောင်လွှဲနိုင်ရန်အတွက်
ဗိုလ်ချစ်ခိုင်မှာ သူ့လေယာဉ်ကို အပေါ်သို့ဆွဲတင်ပျံသန်းလိုက်ရတော့သည်။ စက္ကန့်ဝက်မျှသာ နောက်ကျခဲ့လျှင် ဗိုလ်ချစ်ခိုင်သည်လည်း ရန်သူ့လေယာဉ်နှင့်တိုက်မိပြီး အသက်ဆုံးရှုံးရမည်မှာ အသေအချာတည့်.....။ ထိုသို့ ရန်သူ့လေယာဉ်နှင့်ကပ်လျက် အပေါ်မှ ပျံသန်းရင်းဗိုလ်ချစ်ခိုင်လေယာဉ်နောက်မြီးပိုင်းမှ ကျယ်လောင်သော အသံတခု
ထွက်လာသည်။ ရန်သူ့ကျည်သင့်လေသလော၊ လေယာဉ်အမြီးပိုင်းနှင့် ရန်သူ့လေယာဉ်တိုက်မိလေသည်လော ဗိုလ်ချစ်ခိုင် မသိလိုက်ရ။ လေယာဉ်ကို ထိန်းသိမ်းမောင်းနှင်
နေရသည်မှာ လေယာဉ်အမြီးပိုင်းမှ ခါသကဲ့သို့ဖြစ်လို့နေသည်။ ဗိုလ်ချစ်ခိုင်၏ တိုက်လေယာဉ်တွင် ကျည်ဆံလည်း ကုန်ချေပြီ.....။


               ဆက်လက်ပျံသန်းနေသည့် ရန်သူ့လေယာဉ်ထံသို့ ပေတရာခန့်အထိ နီးကပ်အောင်ပျံသန်းပြီးနောက် ဗိုလ်မောင်သိန်းတယောက် ဆက်လက်ပစ်ခတ်နေရင်းမှ
ရန်သူ့လေယာဉ်ကြီးသည် အမြီးပိုင်းတခုလုံးပြုတ်ကျသွားကာ မြေပြင်ဆီသို့ တရှိန်ထိုး ပြုတ်ကျသွားသည်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတော့သည်။ရန်သူ့လေယာဉ်ကြီးပျက်ကျသွားသည့်နေရာမှာ အိမ်နီးချင်းတဖက်နိုင်ငံအတွင်းပင်ဖြစ်သည်။ ပေးအပ်လိုက်သည့်
တာဝန်ကို ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့ပြီ.....။ ငါးမိနစ်မျှသာကြာမြင့်ခဲ့သည့် ဤလေကြောင်းတိုက်ပွဲကြီးကို သူတို့အောင်မြင်ခဲ့လေပြီ။ စစ်ပွဲ၏သဘောသဘာဝအတိုင်း တိုက်ပွဲ
ပြီးသည်နှင့် မိမိတပ်ကိုစနစ်တကျပြန်လည်စုဖွဲ့ကာ လေယာဉ်ကွင်းဆီသို့ ပြန်လည်ထွက်ခွာရန်အတွက် ရေဒီယိုဆက်သွယ်ရေးစက်မှတဆင့် မိမိလေယာဉ်အုပ်မှ လေသူရဲများကို
ဆက်သွယ်လိုက်ချိန်တွင် ဗိုလ်ပီတာ၏လေယာဉ်မှ တုံ့ပြန်မှုကိုလုံးဝမကြားရတော့ချေ....။ ဗိုလ်ချစ်ခိုင်မောင်းနှင်သည့်လေယာဉ်မှာလည်း တိုက်ပွဲတွင် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် လေယာဉ်ကွင်းဆီသို့ အရေးပေါ်ပြန်လည်ဆင်းသက်ရပေတော့မည်။ ဗိုလ်ချစ်ခိုင်တဦးတည်းပျံသန်းရင်းမှ လမ်းတွင် တစုံတခု အန္တရာယ်ဖြစ်ပွား
ခဲ့သော် လေယာဉ်ပျက်ကျရာနေရာကို အကြောင်းကြားပေးနိုင်မည့်သူမရှိနိုင်မှန်းကို ခန့်မှန်းမိသဖြင့် ဗိုလ်ပီတာ၏လေယာဉ်ကို လိုက်လံရှာဖွေခြင်းမပြုပဲ ဗိုလ်ချစ်ခိုင်နှင့် ဗိုလ်မောင်သိန်းတို့နှစ်ဦး ကျိုင်းတုံမြို့ဆီသို့ ဦးတည်လျက် သူတို့တိုက်လေယာဉ်များကို ပျံသန်းလာခဲ့ကြတော့သည်။


             ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၅၀၀၀)အမြင့်မှ ပျံသန်းလာခဲ့ကြရင်း ကျိုင်းတုံလေယာဉ်ကွင်းရှိ လေကြောင်းထိန်းမျှော်စင်သို့ အခြေအနေအကျဉ်းချုပ်ကို ဆက်သွယ်ရေးစက်မှတဆင့် သတင်းပို့ကာ ကွင်းဆင်းခွင့်တောင်းခံလိုက်ရတော့သည်။ ကွင်းဆင်းခွင့်ရပြီးသည်နှင့် ဗိုလ်ချစ်ခိုင်လေယာဉ်ကို ဦးစားပေးဆင်းသက်စေရတော့
သည်။ ဗိုလ်ချစ်ခိုင်လေယာဉ်မှာ လေယာဉ်နောက်မြီးအောက်ပိုင်းတခုလုံး ကြေမွပျက်စီးသွားသည့်အပြင် ဘီးလည်းပြုတ်ထွက်သွားခဲ့သဖြင့် လေယာဉ်ဝမ်းဗိုက်ဖြင့် ရှပ်ဆင်းခဲ့ရ
တော့သည်။ လေယာဉ်အရှေ့ဘက်ရှိ အင်ဂျင်တွင်တပ်ဆင်ထားသည့် ပန်ကာဒလက်လေးခုစလုံးမြေကြီးနှင့်ခုတ်မိသဖြင့် အတွင်းဘက်သို့ ကောက်ဝင်သွားကာ ကိုက်တရာ၊ နှစ်
ရာခန့်အထိ ပွတ်တိုက်ပြေးပြီးမှ ဗိုလ်ချစ်ခိုင်လေယာဉ်မှာ ရပ်တန့်သွားလေတော့သည်။ သေကံမရောက် သက်မပျောက်သဖြင့် ဗိုလ်ချစ်ခိုင်တယောက် အသက်နှင့်ခန္ဓာ ဒွန်တွဲ လျက် လေယာဉ်အတွင်းမှ ထွက်လာနိုင်ခဲ့ပြီဖြစ်သော်ငြားလည်း စိတ်အေးလက်အေးမနေနိုင်သေး။ တောင်ကြီးသားကလေး အင်္ဂလန်ပြန် ဗိုလ်ပီတာအတွက် သူတို့လေတပ်စခန်းမှ စစ်သည် အားလုံး၏ ရင်တွင်တော့ စိုးထိတ်မှု ကိုယ်စီဖြင့်သာ.........။

မြန်မာ့လေတပ်မတော်၏ ပထမဆုံးလေကြောင်းတိုက်ပွဲအပြီး ပါဝင်တိုက်ပွဲဝင်ခဲ့သည့် ဗိုလ်ချစ်ခိုင်ဗိုလ်ချစ်ခိုင်(လေ/၁၂၁၆)၏လေယာဉ် UB465ကျိုင်းတုံကွင်းသို့ ပြန်ရောက်လာစဉ် ၀မ်းပိုက်နှင့်ရှ့ပ်ဆင်းရ၍ ပန်ကာများကွေးကောက်နေပုံ
မြန်မာ့လေတပ်မတော်၏ ပထမဆုံးလေကြောင်းတိုက်ပွဲအပြီး ပါဝင်တိုက်ပွဲဝင်ခဲ့သည့် ဗိုလ်ချစ်ခိုင်ဗိုလ်ချစ်ခိုင်(လေ/၁၂၁၆)၏လေယာဉ် UB465ကျိုင်းတုံကွင်းသို့ ပြန်ရောက်လာစဉ် ၀မ်းပိုက်နှင့်ရှ့ပ်ဆင်းရ၍ ပန်ကာများကွေးကောက်နေပုံ
      

ဖြစ်စဉ်နိဂုံး
xxxxxxxx

            ပွိုင့်(၃၁၁၅)နှင့် ဝင်းမနော်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး မိုင်းပါလျှိုတွင်တပ်စွဲထားသော အမှတ်(၃) သေနတ်ကိုင်တပ်ရင်း သနက(၃)ထံမှ နယ်မြေတာဝန်လွှဲပြောင်းလက်ခံထားသည့် တပ်မတော် ခြေမြန်တပ်ရင်းတရင်းသည် ထိုနေ့၏ ည (၂၀း၀၀)နာရီတွင်တော့   တပ်ရင်းတရင်းလုံး တာချီလိတ်မြို့သို့ အမြန်ဆုံးချီတက်ရန်ဟူသော ကြေးနန်းပေးပို့ချက်တခုကို လက်ခံရရှိခဲ့လေတော့သည်။ တပ်ရင်းမှ တပ်ခွဲများကို ကုန်းလမ်းအတိုင်း မိုင်းပါလျှိုမှ တာလေသို့ချီတက်စေ၍ တာလေမှ တာချီလိတ်သို့ ယာဉ်တန်းဖြင့် ပို့ဆောင်ပေးခဲ့သည်။ ထိုတပ်ရင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခင်မောင်သောင်းကို အော်တာ လေယာဉ်ဖြင် မိုင်းပါလျှိုးမှ တာချီလိတ်သို့ ပို့ဆောင်ပေးခဲ့သည်။ ထိုတပ်ရင်း ထမ်းဆောင်ရမည့် အဓိကတာဝန်မှာ ညနေပိုင်းတွင်ဖြစ်ပွားခဲ့သော လေကြောင်းစစ်ပွဲတွင် ပျက်ကျသွားသည်ဟု ယူဆထားသည့် တပ်မတော်(လေ)မှ ဆီဖြူရီတိုက်လေယာဉ်နှင့် လေသူရဲဗိုလ်ပီတာ၊ ပစ်ချခံလိုက်ရသည့် ကျူးကျော်ဝင်ရောက်လာသော ရန်သူ့ဗုံးကြဲလေယာဉ်ကြီးတို့ကို ရှာဖွေရန်ပင် ဖြစ်လေတော့သည်။ 


             ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင်တော့ ထိုစဉ်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးချုပ် အောင်ကြီး ကျိုင်းတုံမြို့သို့ ရောက်
လာခဲ့ပေပြီ။   ထိုနေ့တွင်ပင် မြန်မာ အစိုးရက (KMT)  တရုတ်ဖြူတို့၏ (B-24 LIBERATOR) အမျိုးအစား လေယာဉ်ကြီး တစ်စင်းကို တရုတ်ဖြူတပ်များအတွက် လေကြောင်းမှ လက်နက်နှင့် ရိက္ခာ၊ခဲယမ်းများ လာရောက် ချပေးစဉ် မြန်မာ့လေတပ် တိုက်လေယာဉ်များက ပစ်ချ လိုက်ကြောင်း ကြေညာ လိုက်သည်။ ထိုနေ့တနေ့တည်းတွင် တိုင်ပေ အခြေပြု (Free China Relief Association)လွတ်လပ်သော တရုတ်ပြည် ကယ်ဆယ်ရေး အသင်းအဖွဲ့ ကြေညာချက် တစ်ခု ထုတ်ပြန်ရာတွင် မြန်မာ့ နယ်မြေပေါ်တွင် ပစ်ချခြင်း ခံရသော (B-24 LIBERATIOR) အမျိုးအစား လေယာဉ်ပျံမှာ မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ တရုတ်ဖြူ စစ်ပြေး ဒုက္ခသည်များနှင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော တရုတ်စစ်ပြေး ဒုက္ခသည်များကို သယ်ဆောင်ရေးအတွက် တရုတ်ဖြူ အစိုးရက စင်းလုံးငှားရမ်း ခဲ့သော လေယာဉ်ဖြစ်ကြောင်း ဖော်ပြခဲ့လေသည်။ ထိုနေ့၏  ညနေပိုင်းအရောက်တွင်တော့ ထိုင်းနိုင်ငံရှိ ကောင်ဆယ်လာ ရုံးမှ ဗိုလ်ပီတာ၏ လေယာဉ် အပျက်နှင့် ဗိုလ်ပီတာ အလောင်းကို ထိုင်းနယ်မြေ အတွင်း တောထဲတွင် တွေ့ရှိကြောင်း သတင်း ပေးပို့ချက်ကိုရရှိသဖြင့် ဖေဖော်ဝါရီ (၁၇) ရက်တွင် ဗိုလ်မှူးကြီး သူရ တင်မောင်အေး အပါအဝင် ရှေ့တန်း တပ်မဟာ(၉)မှ အဖွဲ့တစ်ဖွဲ့ လေယာဉ် ပျက်ကျသည့် နေရာသို့ ထွက်ခွာခဲ့ကြသည်။ သတင်းရထားသည့် မြေပုံညွှန်းအရောက်တွင်ရှေ့ပိုင်း တစ်ခုလုံး မီးလောင်၍  ခါးလယ်မှ ကျိုးသွားသည့် လေသူရဲဗိုလ်ပီတာ၏ တိုက်လေယာဉ်ကို တွေ့ရှိရတော့သည်။  လေယာဉ်ပျံသည် ရန်သူ လေယာဉ်မှ ပစ်ခတ်လိုက်သော ကျည်ထိမှန်ပြီး မြေပြင်ပေါ်သို့ အရှိန် ပြင်းစွာဖြင့် ရှပ်ဆင်းသွားသည့် စွတ်ကြောင်းကြီး တွေ့ရှိရပြီး ဗိုလ်ပီတာ၏ အလောင်းကိုမူ ကျိုးပဲ့နေသော လေယာဉ်ပျံ၏ အတောင်တစ်ခု ပေါ်တွင် တင်ထားသည်ကို တွေ့ရှိရသည်။ လေယာဉ် ကိုယ်ထည်တွင် ဒသမ ၅ မမ ကျည်တစ်ချက် မှန်ထားပြီး ထိုကျည်ဆန်က ဗိုလ်ပီတာကိုပါ ထိမှန်ကာ ၎င်း၏ နံရိုးငါးချောင်း ကျိုးသွားသည်ကို စစ်ဆေး တွေ့ရှိရသည်။ ထိုမြင်ကွင်း တစ်ခုလုံးကို လေ့လာ ဆန်းစစ်ချက်အရ လေယာဉ်ကို စစ်ဆေးသူ အားလုံးက လေယာဉ်သည် မြေပြင်သို့  ကောင်းမွန်စွာ ထိန်းကျောင်းပြီး ဆင်းသက်လာသည့် သဘော တွေ့ရသည့် အတွက် ဤမျှ ပြင်းထန်သော ဒဏ်ရာဖြင့် လေယာဉ်ပျံကို နိုင်နင်းစွာ ထိန်းကျောင်း သက်ဆင်းခဲ့သူ ဗိုလ်ပီတာ၏ သက်လုံကောင်းမှု၊ သတ္တိရှိမှု၊ သတိ ကောင်းမွန်မှု များကို အံ့သြ ချီးမွမ်း ခဲ့ကြသည်။

မြန်မာ့လေတပ်မတော်၏ ပထမဆုံးလေကြောင်းတိုက်ပွဲတွင် ရန်သူ့လေယာဉ်အားပစ်ချခဲ့အပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လှူသွားသော ဗိုလ်ပီတာ၏ မီးလောင်ပျက်စီးနေသော လေယာဉ် (ယိုးဒယားနယ်မြေအတွင်း)
မြန်မာ့လေတပ်မတော်၏ ပထမဆုံးလေကြောင်းတိုက်ပွဲတွင် ရန်သူ့လေယာဉ်အားပစ်ချခဲ့အပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လှူသွားသော ဗိုလ်ပီတာ၏ မီးလောင်ပျက်စီးနေသော လေယာဉ် (ယိုးဒယားနယ်မြေအတွင်း)

          ထိုလေယာဉ်ပျံကြီး ပစ်ချခြင်း ခံခဲ့ရပြီးနောက် ရက်များ မကြာမီ ထိုကိစ္စနှင့် ပတ်သက်ပြီး အခြေအနေမှာ ပိုမိုဆိုးဝါး ပြင်းထန်လာပြီး ထိုစစ်ဆင်ရေး ဒေသတွင် ဖမ်းဆီးရမိသော လက်နက်များမှာ (KMT)  တရုတ်ဖြူများ ထံသို့ ပေးပို့ခဲ့သော အင်အားကြီးနိုင်ငံတနိုင်ငံမှထုတ်လုပ်သည့် လက်နက်ခဲယမ်း များသာ ဖြစ်ကြောင်း မြန်မာ့ သတင်း မီဒီယာများက သက်သေ အထောက်အထားများနှင့် ဖော်ပြလိုက်သည်။ ဖေဖော်ဝါရီ  (၁၈) ရက်တွင် မန္တလေးမြို့ရှိ ထိုအင်အားကြီးနိုင်ငံ၏ ကောင်စစ်ဝန်ရုံး ရှေ့တွင် ဆန္ဒပြ ကန့်ကွက်မှုများ စတင်ဖြစ်ပွားခဲ့ပါတော့သည်။ ထို့အတူ ဖေဖော်ဝါရီ (၂၁) ရက်တွင် ရန်ကုန်မြို့၌ လူထုအင်အား (၁ဝဝဝဝ) ခန့် စုရုံး၍  ကန့်ကွက်ကြကြောင်း  မြန်မာ့သတင်း မီဒီယာများ၏  ရှေ့မျက်နှာ စာခေါင်းစီးများတွင် ဖော်ပြခဲ့ပါသည်။ ထိုသတင်းများတွင် ဆက်လက် ဖော်ပြခဲ့ရာ၌ ဆန္ဒပြသူ လူထုကြီးမှာ  သံရုံးကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ကြိုးပမ်း ကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်းပြန် သေနတ်များကို မိုးပေါ် ထောင်ဖောက်၍ လူစုခွဲ ခဲ့ရကြောင်း၊ ထိုဆန္ဒပြပွဲတွင် လူပေါင်း ၄ဝ ခန့်နှင့်ရဲတပ်ဖွဲ့ သုံးယောက် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။


          ထို့ကြောင့် အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ရန်ကုန်ရှိ စစ်သံမှူးကို ကျိုင်းတုံသို့စေလွှတ်ခဲ့ပြီး စစ်ဆေးခဲ့သည်။ ထိုအရာရှိ များက (KMT) ထံမှ ဖမ်းဆီး
ရမိသော လက်နက် ခဲယမ်းများကို စစ်ဆေးခဲ့ရာ အမေရိကန်လုပ် အမှတ်အသားများ ပါရှိကြောင်း တွေ့ရှိခဲ့ပြီး အချို့မှာ ဒုတိယ ကမ္ဘာစစ် အတွင်းက အသုံးပြုခဲ့သော လက်နက်ဟောင်းများ ဖြစ်ကြကြောင်း၊ တွေ့ရှိရသော လက်နက် အားလုံး အမေရိကန်လုပ် လက်နက်များ မဟုတ်သော်လည်း ယတိပြတ် ပြောရန် ခက်ခဲကြောင်း အမေရိကန် တို့က ဖော်ပြခဲ့ပါသည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် အမေရိကန် သတင်း ထုတ်ပြန်ရေး ဌာနက ထုတ်ပြန်ခဲ့ရာ မြန်မာ့ လေတပ်က ပစ်ချခဲ့သော လေယာဉ်ပျံ အမျိုးအစားမှာ PB4Y- ရေတပ်သုံး ခရီးဝေး ပျံသန်းနိုင်သော (Liberator) အမျိုးအစား သယ်ယူ ပို့ဆောင်ရေးနှင့် ဗုံးကြဲ လေယာဉ် ဖြစ်ပြီး ထိုလေယာဉ်မှာ တရုတ် (တိုင်ပေ)မှ မြန်မာပြည် အထိ ခရီးဝေး ပျံသန်းနိုင်စွမ်း ရှိကြောင်း ဖော်ပြခဲ့ ပါသည်။ အဆိုပါကိစ္စကြောင့် ကုလသမဂ္ဂတွင်တရုတ်ဖြူကျူးကျော်မှုကို တရားဝင်တိုင်တန်းပြီး အင်အားကြီးနိုင်ငံတခု၏ပါဝင် ပတ်သက်မှုကို မီးမောင်းထိုးပြနိုင်ခဲ့သည်။


        ထို့နောက် မြန်မာပြည်ရှိ  (KMT)တရုတ်ဖြူ ပြဿနာမှာ ကုလသမဂ္ဂသို့တိုင် ရောက်ရှိ သွားပြီးနောက် ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဗန်ကောက်မြို့တွင် လေးနိုင်ငံ စစ်ဘက် ကိုယ်စားလှယ်များ မျက်နှာစုံညီ ထိုင်၍ တရုတ်ဖြူ တပ်ကြွင်း တပ်ကျန်များ မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာရေးကို ဆွေးနွေး ဆုံးဖြတ် ခဲ့ကြသည်။ စောစောပိုင်းက (KMT)  တရုတ်ဖြူများ ကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာ လောကတွင် သတိ မမူမိကြဟန် တူပါသည်။ ထိုလေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်မှ ကမ္ဘာက စိတ်ဝင်စားကာ သိရှိလာခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်အတွင်းမှာပင် (KMT) တရုတ်ဖြူများ ကိစ္စနှင့် ပတ်သက်ပြီး ကမ္ဘာ့သတင်း မီဒီယာ လောကတွင် သတိပြုကာ သတင်းစာ များတွင် ရေးလာကြသည်။ ထိုလေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်တွင်မှ ကမ္ဘာက စိတ်ဝင်စားကာ သိရှိလာခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ထိုနှစ် အတွင်းမှာပင် (KMT) တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ် တောင်တန်း ဒေသ များပေါ်တွင် နေရာအနှံ့ ဖြန့်ကြက် တပ်စွဲထားရာမှ တဖြည်းဖြည်း ရုပ်သိမ်းခဲ့သဖြင့် ရွှေတြိဂံ နယ်မြေ  တောင်တန်းများ ပေါ်က  စစ်ရေး လှုပ်ရှားမှုများလည်း  နိဂုံးချုပ် ခဲ့ရသည်။


           ထိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၏နယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်နေရာယူထားသည့် တရုတ်ဖြူတပ်များအား မြန်မာ့အချုပ်အခြာပိုင်မြေပေါ်မှ ဖယ်ရှားနိုင်ခဲ့ခြင်းကြောင့် အထက်ဖော်ပြပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ကိုပဓါနမထားပဲ စွန့်လွှတ်စွန့်စားခဲ့ကြသည့် တိုက်လေယာဉ်အုပ်ခေါင်းဆောင်
ဗိုလ်မောင်သိန်း( ပြန်တမ်းဝင်အမှတ် လေ/၁၂၀၁)၊ ဗိုလ်ချစ်ခိုင်( ပြန်တမ်းဝင်အမှတ် လေ/၁၂၁၆) နှင့် ဒုတိယဗိုလ် ပီတာ (လေ/၁၂၉၂) (ကျဆုံး) တို့အား
နိုင်ငံတော်မှ“သူရဘွဲ့”ကို ချီးမြှင့်လျက် ထိုက်တန်စွာ ဂုဏ်ပြုခဲ့လေသည်။  

တပ်မတော်စစ်သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသော ဗိုလ်ပီတာ၏ တိုက်လေယာဉ်ပျက်ကျမှု မြင်ကွင်း ပုံစံတူ
တပ်မတော်စစ်သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသော ဗိုလ်ပီတာ၏ တိုက်လေယာဉ်ပျက်ကျမှု မြင်ကွင်း ပုံစံတူ


            နိုင်ငံ၊လူမျိုး၊ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေအတွက် သက်စွန့်ကြိုးပမ်းထမ်းဆောင်ရင်း အသက်စွန့်လွှတ်သွားခဲ့ရရှာသည့် အသက်(၂၆)နှစ်အရွယ်၊ ဒုတိယဗိုလ် ပီတာ၏ ဂုဏ်သတင်းကား မြန်မာပြည်တွင်း၌သာလျှင် မကပဲ ကမ္ဘာကပင်လျှင် ချီးကျူးဂုဏ်တင်ခဲ့ခြင်းကို ထိုခေတ်၊ ထိုကာလက ထုတ်ဝေခဲ့သော“The Times”
စာစောင်တွင် အောက်ပါအတိုင်းတွေ့မြင်ရပေသည်။

      
"Farewell to A HERO Pilot Noel Peters, 26-year old son of Mr. and Mrs. Peters, who died in action in an air engagement with a KMT supply plane on Feb 15, 1961. Leaving the university in 1953, Pilot Peters was admitted into the Burma Air Force (BAF) as a Hatton apprentice, and proceeded to England of that year for training with the Royal Air Force (RAF). He passed all subjects with flying colours and was awarded the Robinson gold medal for having stood first in the written examinations. He won his wings in the BAF in July 1959 and posted to the BAF no.501 Wing at Hmawbi. He was promoted pilot on Jan 25, 1960. Pilot Peters will be buried tomorrow (Tuesday) at the Dahnyingon Military Cemetery, following services at the Mingalardon Roman Catholic Church. Credited to uncle Richard Aung Myint, DSA 1st batch, BAF-1271 15th Feb 1961 The Hawker Sea Fury (Burma AF-UB 466), piloted by Noel Peters, was intercepting a CNAF P4Y-2 privateer which was dropping supplies to KMT forces in Northern, Burma. Peters shot down the P4Y-2 but was hit by return fire and crashed, losing his life."“The Times” Press Report
           

             ယနေ့ မျက်မှောက်ခေတ်ကာလတွင်လည်း တပ်မတော်စစ်သမိုင်းပြတိုက်အတွင်းရှိ တပ်မတော်(လေ)ပြခန်းအတွင်းဝယ်  အနာဂတ်မြန်မာနိုင်ငံသားများအတွက် အသက်ပေးလှူသွားခဲ့လေသော လေသူရဲအရာရှိငယ် ဒုတိယဗိုလ်ပီတာအား အမှတ်ရစိမ့်သောငှာ အတိတ်ကာလဆီမှ လေကြောင်းစီးချင်းထိုးပွဲ ပုံစံတူရုပ်ပုံများ ပြုလုပ်ခင်းကျင်းပြသထားရှိပေသည်။ အချိန်နှင့်အမျှ သမိုင်းမှတ်တိုင်များ ကုန်ဆုံးကျော်လွန်ခဲ့သော်လည်း ဒညင်းကုန်းမြို့နယ်အတွင်းရှိ တပ်မတော်စစ်သချီင်္ုင်းတနေရာတွင်
အေးချမ်းစွာ အိပ်စက်အနားယူနေသော လေသူရဲဗိုလ်ပီတာ၏ သမိုင်းမှတ်တမ်းသည်ကား ဤနိုင်ငံ၊ဤပြည်ထောင်စု၊ ကမ္ဘာပေါ်မှ မပျောက်ကွယ်သေးသရွေ့ ထာဝရ တည်တံ့နေမည်သာ ဖြစ်ပေတော့သည်။


            တိုင်းပြည်၊နိုင်ငံ၊ လူမျိုး၊ အချုပ်အခြာအာဏာ၊ အမျိုး၊ဘာသာ၊ သာသနာအတွက် ခေတ်အဆက်ဆက်တွင် ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ရင်း ကျဆုံးကွယ်လွန်သွားကြ
သော စစ်သည်ရဲမက်များအားလုံး ကောင်းရာဘုံဘဝသို့ ရောက်ရှိနိုင်ကြပါစေ။

တပ်မတော်စစ်သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသော ဗိုလ်ပီတာ၏ တိုက်လေယာဉ်ပျက်ကျမှု မြင်ကွင်း ပုံစံတူ
တပ်မတော်စစ်သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသော ဗိုလ်ပီတာ၏ တိုက်လေယာဉ်ပျက်ကျမှု မြင်ကွင်း ပုံစံတူ




ကိုးကားသော စာအုပ်စာတမ်းများ
၁။ တပ်မတော်(လေ)သမိုင်း
၂။ ကိုကိုအေး - နမ့်တိန်းချောင်းမှသည် . . . . . မဲခေါင်သို့ . . . . .
၃။ တပ်မတော်မော်ကွန်းတိုက်မှတ်တမ်းများ
၎။ (၁၉၆၁)ခုနှစ်၊ဖေဖော်ဝါရီလထုတ် “The Times”  စာစောင်


(နေ့စွဲ၊ အချက်အလက်၊ နေရာဒေသ၊ အချိန်နှင့် အကြောင်းအရာများတွင် မှားယွင်းချွတ်ချော်မှုများ ရှိခဲ့ပါလျှင်သော်လည်းကောင်း၊ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များ
ရှိခဲ့ပါလျှင်သော်လည်းကောင်း ဝေဖန်အကြံပြုနိုင်ပါသည်။)

အချိန်ပေးဖတ်ရှုသည့်အတွက် ကျေးဇူးတင်စွာဖြင့်
Khant Linn Htet

ကာဂီးလ်စစ်ပွဲ (အိန္ဒိယ-ပါကစ္စတန်)(အပိုင်း-၁)

$
0
0






https://www.facebook.com/htet.sweoo မှကူးယူဖော်ပြပါသည်။ 

(၁၉၉၉)
ကာဂီးလ်စစ်ပွဲသည် ဟိန္ဒူနှင့် မွတ်စလင်အဖွဲ့အစည်းနှစ်ရပ်၏ သမိုင်းကြောင်းအရ မပြေလည်သည့် ကိုးကွယ်ယုံကြည်မှုအပေါ် ဗြိတိသျှတို့၏ နည်းမျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်မှုစနစ်ကျင့် သုံးမှုတို့ကြောင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲဖြစ်ပြီး ပြောက်ကျားစစ်နှင့် သမားရိုးကျစစ်တို့ပေါင်းစပ်အသုံးပြုခဲ့သော စစ်ပွဲဖြစ်ပါသည်။

နောက်ခံသမိုင်း

၁။ ကက်ရှ်မီးယားသည်Himilia နှင့်Karakorum တောင်တန်းကြီးများ၏ အလယ်တွင် ချိုင့်ဝှမ်းအဖြစ်တည်ရှိပြီး ကက်ရှ်မီးယားရှိလူမျိုးအများစုမှာ အင်ဒို ဥရောပအနွယ်ဝင် အာရီယန်မျိုးနွယ်များ ဖြစ်ကြသည်။ အိန္ဒိယအား အရှေ့အိန္ဒိယ ကုမ္ပဏီက သိမ်းပိုက်ပြီးနောက်silkတို့အား အောင်နိုင်သည့် အခါ Panjub နှင့် kashmir ကို သိမ်းယူခဲ့သည်။

၂။ အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား တင်းမာမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပေါ်လာခဲ့ရသည့် နောက်ခံအခြေအနေ များမှာ ဟိန္ဒူနှင့် မွတ်စလင်အဖွဲ့အစည်းနှစ်ရပ်၏ သမိုင်းရေးအရ မပြေလည်သည့် ကိုးကွယ်ယုံကြည်မှုအပေါ် ဗြိတိသျှတို့၏ နည်းမျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်မှု စနစ်ကျင့်သုံးမှုတို့ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ဟိန္ဒူနှင့် မွတ်စလင်များသည် ပဒေသရာဇ်၏ အစဉ်အလာ၊ အတွေးအခေါ်၊ လုပ်ထုံးလုပ်နည်းများကိုသာ လိုက်စားနေကြပြီး အတွေးအခေါ် အမျှော်အမြင် နောက်ကျနေခြင်းတို့ကြောင့် နှစ်ပေါင်းကြာရှည်စွာ နေထိုင်ကြသည့် လူမျိုးစုကြီးများ အနေဖြင့် လူမှုရေး၊ ဘာသာရေး ကိစ္စများတွင် ညှိနှိုင်းမှုမရှိခြင်း တို့ကြောင့် ကိုလိုနီဘ၀သို့ရောက်ခဲ့ ရသည့်အပြင် စည်းလုံးညီညွှတ်မှုမရှိဘဲ ဖြစ်ခဲ့ရသည်။ လူအများစု မွတ်စလင် များကိုသွေးခွဲဖိနှိပ် အုပ်ချုပ်မှုကြောင့်ဟိန္ဒူ၊ မွတ်စလင်၊ ဆစ်ခ်တို့၏ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှု ပျက်ပြားလာပြီး လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် စိတ်ဓာတ်များကိန်းအောင်း လာကာဒေသတွင်းတည်ငြိမ်မှုကို ပျက်စီးလာစေခြင်း ဖြစ်သည်။ လူမျိုးရေးအဓိကရုဏ်းသို့ ဦးတည် လာခဲ့ပြီး ကက်ရှ်မီးယားဒေသတွင် နောင်လွတ်လပ်ရေးလှုပ်ရှားမှု၌ လူမျိုးစု၊ ဘာသာကြီးနှစ်ခုတို့၏ အားပြိုင်ရာဒေသအဖြစ် ကိုလိုနီ အမွေဆိုးမျိုးစေ့ချထားခဲ့ခြင်းပင် ဖြစ်ပါသည်။ 

၃။ ဗြိတိသျှတို့က ဟိန္ဒူ-မွတ်စလင်တို့အား နှစ်ဘက်စလုံးကို မြှောက်ပင့်မှုပြုလုပ်ခြင်း၊ ဘေးမှသွေးထိုးလှုံ့ဆော်ပေးခြင်းဖြင့် မွတ်စလင်တို့အား သီးခြားမဲဆန္ဒနယ်များ တောင်းခံစေခြင်း အဖြစ် အခြားကိစ္စများတွင် အားပေးအားမြှောက်ပြုခဲ့ကြသည်။ အိန္ဒိယတိုက်ငယ်အတွင်း လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော ဟိန္ဒူနှင့်မွတ်စလင်တို့၏ စိတ်ဝမ်းကွဲမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ လူမျိုးပြုတ်သုတ်သင်မှု အရှိန်ဆက်လက်မြှင့်တက်လာသဖြင့် နန်းရင်းဝန် အက်တလီသည် ၁၉၄၇ ခုနှစ်၊ မတ်လတွင် အရှေ့တောင်အာရှ စစ်သေနာပတိချုပ်ဟောင်း ရေတပ်ဗိုလ်ချုပ်ကြီး လူဝီမောင့်ဘက်တန်အား အင်္ဂလိပ်ဘုရင်၏ အိန္ဒိယဆိုင်ရာ ၂၀ ဦးမြောက် ဘုရင်ခံချုပ်အဖြစ် ခန့်အပ်ပြီးအိန္ဒိယ၏ပြဿနာကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းရန် စေလွှတ် ခဲ့သော်လည်း အိန္ဒိယတိုက်နယ်တစ်ခုလုံးစည်းလုံးညီညွှတ်မှုကို မဖန်တီးနိုင်ဘဲ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအဖြစ်ပေါ်ထွက်လာခဲ့ရပါသည်။ အိန္ဒိယနှင့်ပါကစ္စတန်အား အမြန်ဆုံးလွတ်လပ်ရေးပေးရန်လို သကဲ့သို့ လွတ်လပ်ရေးပေးရန်အတွက် နှစ်နိုင်ငံပိုင်းခြားသတ်မှတ်ရေးကိုလည်း အလျှင်အမြန် ဆောင်ရွက်ရသဖြင့် ပြည့်စုံကောင်းမွန်မှုမရှိခဲ့ပေ။ ဒေသလူထုတို့၏ ဆန္ဒမပါရှိခဲ့ဘဲဆောင်ရွက်ခဲ့ခြင်းဖြစသဖြင့် အကျိုးဆက်အနေနှင့်သွေးထွက် သံယိုမှုများ၊ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ၊ မျိုးဖြုတ် သုတ်သင်မှုများသာဖြစ်ပေါ်လာပြီး နှစ်နိုင်ငံလုံးလူမျိုးများ၏စိတ်တွင်း၌ လွတ်လပ်ရေးနှင့်အတူ မကျေနပ်မှုများသာ သန္ဓေတည်ကြီးထွားလာခဲ့ပါသည်။

၎။ ဘုရင်ခံချုပ် မောင့်ဘက်တန်က ကက်ရှ်မီးယားဒေသအား လူထုဆန္ဒဖြင့် အဆုံးအဖြတ် ပြုကြရန် တိုက်တွန်းခဲ့သည်။ ထိုအချိန်တွင် ကက်ရှ်မီးယားရှိ မွတ်စလင်အများစုတို့သည် ပါကစ္စတန်နှင့် ပူးပေါင်းလိုကြသည်။ ပါကစ္စတန်သည် ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၄ ရက်တွင် လည်းကောင်း၊ အိန္ဒိယသည် ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင်လည်းကောင်း လွတ်လပ်ရေး ရခဲ့ကြပြီး အိန္ဒိယနိုင်ငံဖြစ်လာမည့်ဒေသတွင် အခြေချနေထိုင်ခဲ့ကြသော မွတ်စလင်များနှင့် ပါကစ္စတန်ဖြစ်လာမည့်ဒေသတွင် အခြေချနေထိုင်ခဲ့ကြသော ဟိန္ဒူလူ့အဖွဲ့အစည်းများ အပြန်အလှန် အလုံးအရင်းလိုက်ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ လွတ်လပ်ရေးမရမီကပင် ဟိန္ဒူပြည်နယ် များတွင် မွတ်စလင်များကို ဘာသာရေးမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာမှ ပါကစ္စတန်အနေဖြင့် မွတ်စလင်များ စုစည်း၍ထွက်ပေါ်လာသောနိုင်ငံဖြစ်ခဲ့သည်။

၅။ လွတ်လပ်ရေးရပြီးချိန် ၁၉၄၇ ခုနှစ် သြဂုတ်လတွင် ကက်ရှ်မီးယားအနေဖြင့် ဗြိတိန်ဘုရင်မ၏ ၅၆၁ ခုသော ပြည်နယ်အဖြစ် ဘုရင်မအား သစ္စာစောင့်သိသမျှ လွတ်လပ်နေမည့် ပြည်နယ်တစ်ခုအဖြစ်ခံယူသည်။ ဗြိတိန်မှကာကွယ်ရေး၊ နိုင်ငံရေးနှင့်ဆက်သွယ်ရေးကို ထိန်းချုပ်ထားရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည့် ပြည်နယ်ဖြစ်လာသည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကက်ရှ်မီးယားနှင့် အိန္ဒိယတို့၏ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံ၏နယ်တစ်ခုအဖြစ် ကက်ရှ်မီးယားဒေသပါဝင်လာခဲ့သည်။ ဂျမူး-ကက်ရှ်မီးယား ပြည်နယ်နှင့်ပတ်သက်၍ အိန္ဒိယသည်အခြားနိုင်ငံများနှင့်ဖြစ်ပေါ်လာသည့်ပြဿနာရပ်များကို နိုင်ငံတကာမှ ဖြေရှင်းရမည့် ပြဿနာအဖြစ်သဘောမထားဘဲနှစ်နိုင်ငံဖြေရှင်းရမည်ဟု သဘောထား ခဲ့သော်လည်း ပါကစ္စတန်က ပြဿနာတိုင်းကို နိုင်ငံတကာပြဿနာအဖြစ်ဖန်တီးလိုခဲ့ပေသည်။
(ဆက်ရန်)
 — with Htet Aung and 8 others.


Htet Sweoo's photo.

Htet Sweoo's photo.
Htet Sweoo's photo.

ချစ်သောကမ္ဘာမြေ(၂)

$
0
0

ကျမချစ်သောကမ္ဘာမြေကိုကာကွယ်စောင့်ရှောက်ကြစေဘို့အတွက်
နံပါတ်(၁)ရေထုညစ်ညမ်းမှုနဲ့ ရေချို၊ရေသန့်ရှားပါးမှုပြဿနာပြီးတော့
နံပါတ်(၂)ပြဿနာဖြစ်တဲ့လေထုညစ်ညမ်းမှုပြဿနာများအကြောင်း ပြောချင်ပါတယ်။
ဒီပြဿနာက ပိုမိုကျယ်ပြန့်ပြီး ပါတ်သက်ဆက်နွယ်နေတဲ့ အကြောင်းတရားတွေကလဲ
အင်မတန် များပြားပါတယ်။

လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ အစိမ်းရောင်ဖန်လုံအိမ်ဓါတ်ငွေ့
(Green House Gas)အဓိက ခြောက်မျိုးကတော့ ၁။ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့(CO2)၊၂။မီသိန်း(CH4)၊
၃။နိုက်ထရပ်စ်အောက်ဆိုဒ်(N2O)၊
၎။ဟိုက်ဒြိုဖလိုရိုကာဗွန်(HFC5)၊၅။ပါဖလူရိုကာဗွန်(PFC5)၊
၆။ဆာလဖာဟက်ဇာဖလိုရိုဒ်(SF6)တို့ဖြစ်ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ထွက်ရှိမှုရဲ့ ၂၅ရာနှုံးဟာ ကားတွေရဲ့ လောင်စာဆီအသုံးပြုမှုကြောင့် ဖြစ်ပြီး စက်ရုံအလုပ်ရုံလည်ပတ်မှု၊တောင်ယာမီးရှို့မှု၊သစ်တောပြုန်းတီးမှု၊
အစားအစာချက်ပြုတ်မှုတွေကနေပြီးတော့လဲကျန်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
ထွက်ရှိပါတယ်။
ဒါကလူကြောင့်ဖြစ်ရတဲ့အကြောင်းတရားပါ။တောမီးလောင်မှုကနေလဲ
ကာဗွန်ဒိုင်အောက်ဆိုဒ် အမြောက်အများ ထွက်ရှိပါသေးတယ် ။
နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၂၇ဘီလီယံတန်ကျော် ရှိနေပါတယ်။ကမ္ဘာ့လေထုထဲမှာ ၁၉၅၀ခုနှစ်ကထက် ကာဗွန်ဒိုင်အောက်ဆိုဒ်
အဆ၄၀၀ကျော် တိုးပွားလာနေတာ ဖြစ်ပါတယ်။
မီသိန်းဓါတ်ငွေ့ကတော့စိုက်ပျိုးရေးလုပ်ငန်းတွေမှာဓါတ်မြေသြဇာသုံးစွဲမှု၊
အမှိုက်ပုံနဲ့တိရိစ္ဆာန်အသေတွေ၊မွေးမြူရေးလုပ်ငန်းတွေက ထွက်ရှိလာတဲ့
တိရိစ္ဆာန်တွေရဲ့ အညစ်အကြေးတွေကနေ ထွက်လာပါတယ်။
မီသိန်းဓါတ်ငွေ့ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထက် လေထုညစ်ညမ်းမှုကို ရှစ်ဆတိုးစေပါတယ်။
စက်ရုံ၊အလုပ်ရုံတွေ၊နျူကလီးယားဓါတ်ပေါင်းဖိုတွေ၊ရေနံနဲ့သဘာဝဓါတ်ငွေ့တူးဖေါ်
ထုတ်လုပ်ရေး လုပ်ငန်းတွေကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့သာမက
အခြားGreen House Gas တွေကို ထွက်ရှိစေပါတယ်။
လူတွေရဲ့နေ့စဉ်တီဗီ၊ရေခဲသေတ္တာ၊ကွန်ပျူတာ၊လေအေးစက်တွေအသုံးပြုမှုနဲ့
လူသုံးကုန်ပစ္စည်းဆေးမှုတ်မှု၊ ဆံပင်,ခန္ဓာကိုယ်သုံးအမွှေးအကြိုင်များ သုံးစွဲတွေမှုကနေ ထွက်ရှိလာတဲ့ ကလိုရိုဖလိုရွန်ကာဗွန်ကလဲ လေထုညစ်ညမ်းမှုကို
ဆိုးဆိုးဝါးဝါးဖြစ်ပေါ်စေပါသတဲ့။အဲဒီဓါတ်ငွေ့ကနေကွဲထွက်လာတဲ့
ကလိုရင်းအက်တမ် တစ်လုံးဟာ အိုဇုန်းအက်တမ် ၆၀၀လုံးကို
ဖျက်ဆီးနိုင်လို့ပဲ ဖြစ်ပါတယ်။
ကမ္ဘာဟာအပူစွမ်းအင်ကိုကိုယ်တိုင်မထုတ်လုပ်နိုင်ပဲ နေကရရှိတဲ့
အပူစွမ်းအင်ကို မှီခိုထားရတာပါ။ နေရောင်ခြည်ဟာလူတွေကိုတိုက်ရိုက်
ထိတွေ့ခဲ့မယ်ဆိုယင် အရေပြားကင်ဆာရောဂါကိုဖြစ်ပွားစေပါတယ်။
ဒါပေမဲ့ကျမတို့ချစ်တဲ့ကမ္ဘာကြီးကသဘာဝတရားရဲ့မေတ္တာလက်ဆောင်အဖြစ်
ထူထဲတဲ့လေထုကြီးနဲ့လွှမ်းခြုံကာကွယ်ပေးထားရှာတာဟာ
မိခင်ကောင်းတစ်ယောက်လိုပါပဲ။
အိုဇုန်းဆိုတာသန့်စင်တဲ့အောက်ဆီဂျင်ဓါတ်ငွေ့ဖြစ်ပြီး ကမ္ဘာမြေအထက် ၁၅မိုင်မှ၃၀မိုင်အကွာအဝေးမှာရှိတဲ့ စထရက်တိုစဖီးယားလွှာမှာတည်ရှိပါတယ်။
ပြီးတော့နေရောင်ခြည်မှာပါဝင်တဲ့ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပါတယ်။
ခရမ်းလွန်ရောင်ခြည်(ဘီ)ဟာလူတွေရဲ့အရေပြားကိုအိုမင်းစေပြီးအရေပြားကင်ဆာကို
ဖြစ်စေတာပါ။
အသားဖြူသူတွေဟာလူမည်းတွေထက်ခုနှစ်ဆကနေဆယ်ဆပိုမိုထိခိုက်
ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ခရမ်းလွန်ရောင်ခြည်တိုးပွားမှုကြောင့်သစ်ရွက်တွေကြုံလှီမှု၊
အပင်ငယ်တွေနဲ့ သေးမွှားတဲ့ သတ္တ၀ါတွေ သေဆုံးမှုတွေ ဖြစ်ပေါ်စေပြီး
သဘာဝဂေဟစံနစ်ကို ဆိုးဝါးစွာ ထိခိုက်ပျက်စီးစေမှာပါ။ပြီးတော့ လူတွေရဲ့ရောဂါဗေဒခုခံနိုင်မှုဗီဇစံနစ်ကို ပျက်စီးစေပါတယ်။
မျက်စိကင်ဆာရောဂါကိုလဲ ဖြစ်ပွားစေပါတယ်။
လေထုညစ်ညမ်းမှုကြောင့် အဲဒီလို တန်ဖိုးရှိတဲ့ အိုဇုန်းလွှာပျက်စီးလာတာကို လွန်ခဲ့တဲ့ဆယ်စုနှစ်များကပင် တွေ့ရှိခဲ့ရပါတယ်။
ကမ္ဘာ့တောင်ဝင်ရိုးစွန်းဒေသမှာဧ၀ရတ်တောင်နီးပါးအထူရှိပြီး
အမေရိကန်ပြည်ထောင်စု လောက်ကျယ်ဝန်းတဲ့ အိုဇုန်းလွှာအပေါက်ကြီးကို
စတင်တွေ့ရှိခြင်းပါပဲ။
အိုဇုန်းလွှာသာ လုံးဝပျက်စီးသွားယင် သက်ရှိလူ၊သတ္တ၀ါတွေလဲ လုံးဝ
မျိုးတုန်းပျောက်ကွယ်မှာ အသေအချာပါ။
၁၈၅၀၀န်းကျင်လောက်က လန်ဒန်မြို့တော်ကို ကျောက်မီးသွေးလောင်ကျွမ်းရာက
ထွက်လာတဲ့ အခိုးအငွေ့တွေနဲ့ မြူမှုန်တွေ ပေါင်းစပ်ထားတဲ့ အငွေ့အစိုင်အခဲထုကြီးက ရက်သတ္တပါတ်ပေါင်း များစွာ ဖုံးအုပ်ထားခဲ့ပါတယ်။
၁၈၈၀ခုလောက်အထိ အဲဒီအငွေ့တွေ ဖုံးအုပ်ခဲ့လို့ လူပေါင်း၂၂၀၀ကျော် သေဆုံးခဲ့ရပါတယ်။၁၉၅၂ခုလောက်မှာလဲ
အ၀ါရောင်မြူမှုန်အစိုင်အခဲတွေ ၅ရက်လောက် ဖုံးအုပ်ခဲ့လို့လူပေါင်း ၄၀၀၀လောက် သေဆုံးခဲ့ရပါတယ်။အခုလဲ ဗြိတိန်မှာ လေထုညစ်ညမ်းမှုကြောင့်
တစ်နှစ်ကို လူငါးသောင်းကျော် သေဆုံးနေကြောင်း သိရှိရပါတယ်။
အမေရိကန်နိုင်ငံမှာဆိုယင်လဲ ၁၉၄၈ခု၊အောက်တိုဘာလ ၀န်းကျင်က ပစ္စဘတ်မြို့မှာ ညစ်ညမ်းတဲ့ဓါတ်ငွေ့တွေ ပါတဲ့ မြူမှုန်အစိုင်အခဲတွေ ၅ရက်လောက် သိပ်သည်းစွာ
ဖုံးအုပ်ခဲ့တာ။
အဲဒီမြို့ရဲ့ လူဦးရေ ထက်ဝက်လောက် ဖျားနာခဲ့ပြီး ၂၂ယောက်သေဆုံးခဲ့တာပါ။၁၉၆၃ခုလောက်ကလဲနယူးယော့မြို့တော်မှာ
လေထုညစ်ညမ်းမှုကြောင့် လူ၃၀၀ကျော် သေဆုံးခဲ့ပါသေးတယ်။
အခုလဲ အမေရိကန်ပြည်ထောင်စုရဲ့ ကောင်းကင်ယံလေထုထဲမှာ (ပင်လယ်ရေမျက်နှာပြင်အထက် ၃ကီလိုမီတာကနေ ၈ကီလိုမီတာအတွင်း) အဆိပ်အတောက်ဖြစ်စေတဲ့ အိုဇုန်း ပမာဏဟာ ၁၉၉၅ခုကထက်
၁၄ရာနှုံးမြင့်တက်နေတယ်လို့ သိရပါတယ်။
စထရက်တိုစဖီးယားအလွှာအပေါ်မှာ ရှိတဲ့ အိုဇုန်းကသာ အကျိုးပြုပေမဲ့ စထရက်တိုစဖီးယားနဲ့ ထရိုပိုစဖီးယားကြားမှာ ရှိတဲ့ပါးလွှာသော အိုဇုန်းကတော့ ခရမ်းလွန်ရောင်ခြည်ကို ပိုမိုစိမ့်ထွက်စေပါတယ်။မြေဆီလွှာအနီးမှာ ရှိတဲ့ အိုဇုန်းကတော့
နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပွားစေတာပါ။
ကျမတို့အာရှက တရုတ်နိုင်ငံ၊ပေကျင်းမှာလဲ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့ အဆင့်ကိုတောင် ကျော်နေပါပြီ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ လေထုတစ်ကုဗမီတာမှာ အမှုန်အမွှား၁၀၀ မိုက်ခရို ဂရမ်ထက်
ကျော်ယင် ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ သတ်မှတ်ထားတာပါ။
ယခုနှစ် ဇန္န၀ါရီလ ၁၁ရက်နေ့က ပေကျင်းရဲ့လေထုထဲမှာ အမှုန်အမွှားပါဝင်မှုဟာ မိုက်ခရိုဂရမ်၄၀၀ကျော်နေတယ်လို့ တရုတ်အစိုးရက တရားဝင်တိုင်းတာချက်
ထုတ်ပြန်ခဲ့ပါတယ်။
ဟောင်ကောင်မှာလဲ ၂၀၁၁ခုထဲက လေထုညစ်ညမ်းမှု စံချိန်တင် မြင့်မားနေပြီး လူတွေအိမ်ပြင်မထွက်ပဲ နေကြပါလို့ ပြောရတဲ့အဆင့်ထက်
နှစ်ဆပိုနေတာတွေ့ရှိရပါတယ်။
လေထုထဲမှာ အမှုန်အမွှားပါဝင်မှု ၁၀၀၀မိုက်ခရိုဂရမ်အထိ ဆိုးဝါးစွာ
ညစ်ညမ်းနေတာကို တိုင်းတာရရှိခဲ့တာပါ။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုယင်လဲ လွန်ခဲ့တဲ့နှစ်၃၀က စတင်ခဲ့တဲ့ လိုင်ယွန်ပြည်နယ်၊
မဲထဖွတ် စက်မှုဇုန်စီမံကိန်းရဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်ထုတ်စက်ရုံက ထွက်လာတဲ့ဓါတ်ငွေ့တွေ၊ တခြား စက်မှုလုပ်ငန်းတွေက ထွက်လာတဲ့ ဓါတ်ငွေ့တွေကြောင့် လေထုညစ်ညမ်းမှုဆိုးဝါးနေပြီ ဖြစ်ပါတယ်။
ဒေသခံတွေဟာ ညှီစို့နေတဲ့ လေထုကို အမြဲရှူရှိက်နေရတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ ကင်ဆာရောဂါတွေ မျိုးစုံ ခံစားနေကြရပါတယ်။ သိပ်မကြာခင်က အဲဒီမှာသွားပြီး သတင်းယူတဲ့ ကျမမိတ်ဆွေ သတင်းထောက် ကောင်မလေးတစ်ယောက်က ပြောပါတယ်။
” အန်တီရယ်။ အနံ့က တော်တော်ဆိုးတာ။ သမီးတို့ သတင်းသွားယူတဲ့ထဲက ၃ယောက်လောက် အော့အန်ကုန်တာ။ သမီးတို့လို ခဏတဖြုတ် သတင်းသွားယူတဲ့ သူတွေတောင် ဒီအချိန်လေးအတွင်းမှာ အဲဒီလို ဆိုးဆိုးဝါးဝါး ခံစားရတယ် ဆိုယင် အမြဲ နေကြတဲ့ ဒေသခံတွေဆို ဘယ်လောက် ခံစားရမလဲလို့ ”ဆိုပြီးတော့။
အဲဒါနဲ့ ကျမက မေးမိတယ်။ အနံ့က ဘယ်လိုအနံ့ ထွက်နေတာလဲ ဆိုတော့
ဓာတုစွန့်ထွက်ပစ္စည်း အနံ့တဲ့။
အခုဆိုယင်လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ဓါတ်ငွေ့တွေဟာဘာတွေဖြစ်တယ်ဆိုတာရယ်၊
အဲဒီဓါတ်ငွေ့တွေ ကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ ဘယ်လိုဆိုးကျိုးတွေ သက်ရောက်နေတယ် ဆိုတာတွေ ပြောပြီးတဲ့နောက် ကျမတို့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုအခြေအနေကိုလဲ ပြောပြပါ့မယ်။
ပြီးခဲ့တဲ့ ၂၀၁၀ခုလောက်က မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် အချို့ ဒေသတွေမှာ မီးခိုးငွေတွေနဲ့ မြူတွေ ဆိုင်းသလို အုံ့မှိုင်းခဲ့ပါတယ်။ ဒေသခံ လူထုမှာ မျက်လုံးစပ်တဲ့ ဝေဒနာတွေ ခံစားခဲ့ရပါတယ်။ ရှမ်းပြည်နယ် တာချီလိတ်မှာဆို မြူတွေအုံ့ဆိုင်းပြီး လေယာဉ်ခရီးစဉ် အချို့ ဖျက်သိမ်းခဲ့ရပါတယ်။
လာမဲ့ ဆယ်စုနှစ်တွေအတွင်း ရန်ကုန်နဲ့ မန္တလေးဟာ တခြားမြို့ကြီးတွေထက် လေထုညစ်ညမ်းမှုကို ပိုမိုကြုံတွေ့ရမယ်လို့ မြန်မာနိုင်ငံမှာ
လာရောက် သုတေသနပြုခဲ့တဲ့ ဂျပန် သုတေသန ပညာရှင် ငါးဦးက
စာတမ်းဖတ်ကြားခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ တိုးတက်လာတဲ့ ယာဉ်စီးရေက ထွက်ရှိလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ဟာ လေထုညစ်ညမ်းမှုကို လက်ရှိထက် ဆယ်ဆပိုမို ညစ်ညမ်းစေမယ်လို့ ပြောကြားသွားတာပါ။
လေထုညစ်ညမ်းမှုကို ဒုတိယ ဆိုးဝါးစွာ ခံစားရမှာကတော့ မန္တလေးမြို့ဖြစ်ပါတယ်တဲ့။
ဒါပေမဲ့ နဲနဲ စိတ်ချမ်းသာစရာ ကောင်းတာက ကျမတို့ရဲ့ မြန်မာနိုင်ငံဟာ သစ်တောတွေ အလျင်အမြန် ပြုန်းတီးနေတယ် ဆိုသော်ငြား အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အများဆုံး ချေဖျက်ပေးနေနိုင်တာပါပဲ။
မြန်မာဟာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ပမာဏ ထဲက
ကာဗွန်ဒိုင်အောက်ဆိုဒ် မက်ထရစ်တန် သန်းပေါင်း ၃၉ ဒဿမ ၅၇ လောက်
ချေဖျက်ပေးနေတာပါ။
မြန်မာလိုပဲ ကမ္ဘောဒီးယားကလဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ
မက်ထရစ်တန် သန်းပေါင်း ၃၉ ဒဿမ ၅၇နီးပါးကို ချေဖျက် ဖယ်ရှားပေးနေပါတယ်။
ဒီနိုင်ငံ နှစ်နိုင်ငံမှာပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသားတင် ဖယ်ရှားပေးနိုင်တဲ့ သစ်တောသစ်ပင်တွေ ကျန်ရှိတော့တာပါ။
အဲဒီတော့ လေထုညစ်ညမ်းမှုကို ဖြစ်စေတာ ဘာတွေလဲ ဆိုတာရယ်၊ ဘယ်လောက်အထိ ဘယ်တွေမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေပြီ ဆိုတာတွေကို ပြောပြပြီးတဲ့နောက် အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ ဘယ်လို ကာကွယ်ပြုပြင်ကြမလဲ ဆိုတဲ့ အပိုင်းကို ပြောပြချင်ပါတယ်။
လေထုညစ်ညမ်းမှုဟာ သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်သလို လူတွေကြောင့်လဲ ဖြစ်နေတဲ့အတွက် လူတွေကို အသိပညာပေး စည်ရုံးမှုနဲ့ လေထုညစ်ညမ်းမှုကို လျှော့ချ ကာကွယ်ဘို့ လိုအပ်နေပါတယ်။
အသိပညာပေး စည်းရုံးရာမှာ အခြေခံ အဆင့် ကျောင်းတွေ၊ ရပ်ကွက်တွေ၊ စက်ရုံ၊အလုပ်ရုံတွေမှာ ဟောပြောပွဲတွေ မကြာခဏ ပြုလုပ်ပေးတာ၊ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ဘို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာ၊
စာအုပ်တွေကို တန်ဘိုးချိုသာစွာ ဖြန့်ဝေပေးတာမျိုးတွေ စီမံချက်ထားပြီး
လုပ်ဆောင်သင့်ပါတယ်။

ရပ်ကွက်၊ကျေးရွာတွေမှာ ဆိုယင်လဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စိတ်ဝင်စားတဲ့ လူငယ်တွေ၊ ဒေသခံ ပညာတတ်လူငယ်တွေကို အယင်နားလည်အောင် ပျိုးထောင်တဲ့
အနေနဲ့ သင်တန်းတွေ ပေးပြီး သူတို့ရဲ့ နယ်မြေ၊ ဒေသ အသီးသီးမှာ ထိထိရောက်ရောက် ပြန်လည်လုပ်ဆောင်နိုင်အောင် ကူညီပေးရပါမယ်။
လေထုညစ်ညမ်းမှုကို လျှော့ချ ကာကွယ်နိုင်ဘို့ကတော့ မိမိနိုင်ငံမှာ စံနစ်တကျ ရေးဆွဲချမှတ်ထားတဲ့ ဥပဒေတွေ ထုတ်ထားရပါမယ်။
အဲဒီ ဥပဒေကို ချိုးဖောက်ခဲ့ယင် ထိထိရောက်ရောက် အရေးယူရပါမယ်။
ကျမတို့ချစ်တဲ့ ကမ္ဘာမြေကို ကာကွယ်ဘို့ အားလုံးသာ လက်တွဲနိုင်ခဲ့မယ် ဆိုယင် ကျမတို့ ချစ်တဲ့ အနာဂတ်မျိုးဆက်တွေ အတွက် လှပတဲ့ ကောင်းကင်ပြာကြီးရယ်၊ ကြည်လင် သန့်ရှင်းစွာ တသွင်သွင် စီးဆင်းနေမဲ့ မြစ်တွေ၊ ချောင်းတွေရယ်၊ စိမ်းလန်းနေတဲ့ တော တောင်တွေရယ်၊ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်း လေသန့်တွေရယ်ကို မေတ္တာလက်ဆောင် ပေးနိုင်ကြမယ် ထင်ပါရဲ့။

By 

Khin Chowar Win 

ကာဂီးစစ်ပွဲ(၁၉၉၉) အပိုင်း(၂)

$
0
0

စစ်ဖြစ်ရသည့်အကြောင်းရင်း

၆။ ၁၉၄၇ ခုနှစ်ပထမအကြိမ်ထိပ်တိုက်ရင်ဆိုင်မှု။ အိန္ဒိယနှင့်ပါကစ္စတန်တို့ လွတ်လပ်ရေး ရရှိခဲ့သော်လည်း ကက်ရှ်မီးယားသွေးခွဲအုပ်ချုပ်မှုနှင့်အတူ ဂျမူး-ကက်ရှ်မီးယား ပြည်နယ်ပိုင်ဆိုင်ခွင့်ကိစ္စမှာ အိန္ဒိယနှင့်ပါကစ္စတန် အကြား၌ ထိုအချိန်မှစ၍ ရန်မီးတစ်ခုဖြစ်လာခဲ့သည်။ အိန္ဒိယနှင့်ပါကစ္စတန် လွတ်လပ်ရေးရသည်နှင့် ကက်ရှ်မီးယားပြည်နယ်သည် တစ်ဦးတည်းမရပ်တည် နိုင်တော့ဘဲ အိန္ဒိယနှင့်ပါကစ္စတန်တို့၏ ပြဿနာအဖြစ် ကြီးထွားလာသည်ကို တွေ့ မြင်ရသည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလတွင် ကက်ရှ်မီးယားတောင်ပိုင် နှင့်ဂျမူး တို့တွင် ဟိန္ဒူနှင့်ဆစ်ခ်တို့က မွတ်စလင်တို့အား တိုက်ခိုက်ခဲ့ကြပြီး အဆိုပါတိုက်ခိုက်မှုတွင် မဟာရာဇာ၏ ဆစ်ခ်လူမျိုးတပ်သားများက ပါဝင်တိုက်ခိုက်ကြသည်။ မွတ်စလင် ၂ သိန်း အသတ်ခံရသည်ဟု မွတ်စလင်တို့ကထင်မြင်ပြီး ကျန်မွတ်ဆလင်များ ပါကစ္စတန်သို့ ထွက်ပြေးကြရသည်။ ဤသည်ကို မကျေနပ်၍ မွတ်ဆလင်တို့ကလည်း တန်ပြန်၍လူအုပ်စုဖြင့် တိုက်ခိုက်လာကြသည်။ ကက်ရှ်မီးယား မြောက်ဘက်ခြမ်းတွင် အဓိကရုဏ်းများ ပြန့်နှံ့လာသည်နှင့်ပါကစ္စတန်တို့ကလည်း ချက်ခြင်းတုံ့ပြန် တိုက်ခိုက်ရန် ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ပထန် လူမျိုးနွယ်ဝင်အား စုစည်း စေလွှတ်ခဲ့ပြီး မဟာရာဇာအစိုးရသည် နယူးဒေလီရှိအိန္ဒိယအစိုးရအား စစ်ရေးအကူအညီပေးရန် တောင်းခံခဲ့သည်။ 

၇။ အိန္ဒိယက တိုက်ခိုက်ရေးတပ်များစုစည်းပြီး ဒါကိုတာလေယာဉ်အစီး ၃၀ ဖြင့် ဆစ်ခ်တပ်ရင်းတစ်ရင်းကို ပေးပို့ခဲ့သည်။ ၎င်းင်းအပြင် အင်အား ၃၀၀၀ ရှိတပ်မဟာတစ်ခုကိုလည်း ကုန်းကြောင်းမှစေလွှတ်ခဲ့သည်။ တစ်လခန့် တိုက်ခိုက်ကြပြီး ပထန်နှင့်အခြားလက်နက်ကိုင်များ အနောက်ဘက်သို့ ဆုတ်ခွာခဲ့သည်။ ဆရီနာဂါမြို့သို့ အိန္ဒိယတပ်များရောက်သည့်နေ့မှာပင် အိန္ဒိယ ဘုရင်ခံချုပ် လော့မောင့်ဘက်တန်အနေဖြင့် ကက်ရှ်မီးယားပြည်နယ်နှင့်အိန္ဒိယတို့ ပူးပေါင်းသည်ကို တရားဝင်လက်ခံခဲ့သည်။ ဤသည်မှာ ဗြိတိသျှတို့မှကက်ရှ်မီးယား ဒေသပြဿနာအား ငြိမ်းချမ်းစွာ ဖြေရှင်းရေး ဦးတည်မဆောင်ရွက်ဘဲ အိန္ဒိယအလိုကျ ဆောင်ရွက်မှုကြောင့် ပိုမိုရှုပ်ထွေးလာစေခဲ့ သည်။ အိန္ဒိယသည် ဆရီနာဂါသို့ လေထီးတပ်များ လျှင်မြန်စွာပို့ခဲ့သော်လည်း ကျူးကျော်သူများကယ်မြေ၏ သုံးပုံတစ်ပုံအားသိမ်းပိုက်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် ပါကစ္စတန်တပ်များ ပါဝင်တိုက်ခဲ့သဖြင့် စစ်တိုက်မှုသည် ဒီဇင်ဘာလတွင် ပိုမိုပြင်းထန်လာခဲ့သည်။ လော့မောင့်ဘက်တန်၏ အကြံပြုချက်အရ ““အိန္ဒိယကက်ဘိနက်”” အဖွဲ့သည် ၁၉၄၈ ခုနှစ်ဇန်န၀ါရီလ ၁ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြခဲ့သည်။

၈။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလတွင် ကုလသမဂ္ဂ၏ အပစ်အခတ်ရပ်စဲရန် ကြားဝင် ဆောင်ရွက်မှုကြောင့် တိုက်ခိုက်မှုပြီးဆုံးသောအခါ ပါကစ္စတန်တို့က ကက်ရှ်မီးယား၏ သုံးပုံတစ်ပုံကို လည်းကောင်း၊ အိန္ဒိယတို့ဘက်မှ နယ်မြေသုံးပုံနှစ်ပုံကိုလည်းကောင်း ထိန်းချုပ်ထားခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေး မျဉ်းကြောင်းအဖြစ် ထိန်းချုပ်ရေးမျဉ်းကို (LOC ) ဟုသတ်မှတ်ရာ ယနေ့တိုင် နယ်နိမိတ်သဖွယ် ဖြစ်လာခဲ့သည်။ အိန္ဒိယသည် စိမ်းစိုသော ကက်ရှ်မီးယား ချိုင့်ဝှမ်း ဆရီနာဂါမြို့နှင့် လူဦးရေထူထပ်သော လာဒက်ဒေသတို့ကိုစိုးမိုးခဲ့ပြီး ပါကစ္စတန်သည် ကက်ရှ်မီးယားချိုင့်ဝှမ်း အနောက်ပိုင်း အပြင် ဂီးကတ်နှင့်ဘယ်တီဆတန်တို့ကိုစိုးမိုးခဲ့သည်။ ၁၉၄၈ ခုနှစ်မှ စတင်၍ ကမ္ဘာ့ကုလသမဂ္ဂသည် ဆုံးဖြတ်ချက်များချမှတ်ခဲ့ရာတွင် ကက်ရှ်မီးယား နယ်မြေကို လွတ်လပ်၍ ဘက်မလိုက်သော လူထုဆန္ဒဖြင့် ဆုံးဖြတ်ရန်ပါရှိသည်။ လူထုဆန္ဒခံယူပါက သုံးပုံနှစ်ပုံရှိသော မွတ်စလင်တို့ကို ပါကစ္စတန်တို့နှင့်ပူးပေါင်းရေးကိုသာ မဲပေးကြမည်ဖြစ်၍ မဟာရာဇာနှင့် ချုပ်ဆိုခဲ့ သောစာချုပ်အရ ကက်ရှ်မီးယားသည် အိန္ဒိယပိုင်နက်ဟုစွဲကိုင်ပြီး အိန္ဒိယက အကြောင်းအမျိုးမျိုးပြ၍ လက်မခံဘဲ ၁၉၅၇ ခုနှစ်တွင် အိန္ဒိယသည် ကက်ရှ်မီးယားကို တရားဝင် အိန္ဒိယနိုင်ငံအတွင်း သွတ်သွင်းခဲ့ပါသည်။

၉။ ၁၉၆၅ ခုနှစ်ဒုတိယအကြိမ် ထိပ်တိုက်ရင်ဆိုင်မှု ။ ကက်ရှ်မီးယားပြည်နယ် အတွင်းရှိ လူများစု မွတ်စလင်များက ပါကစ္စတန်ဘက်သို့သာ လိုက်ပါမဲပေးကြမည်ဖြစ်ရာ ကြားလူဝင်ရောက်ခြင်းသည် ပါကစ္စတန်အတွက် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း ယူဆခဲ့သည်။ အိန္ဒိယနိုင်ငံကမူ ကက်ရှ်မီးယားဒေသသည် အိန္ဒိယနိုင်ငံမှ ခွဲထွက်၍မရနိုင်သော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟူသော မူဝါဒကိုပုံသေကိုင်စွဲ ထားသည်။ ၁၉၆၄ ခုနှစ်မှစ၍ အိန္ဒိယကက်ရှ်မီးယား ဒေသကိုစစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ရန် ပါကစ္စတန်က ပြင်ဆင်လာခဲ့သည်။ ပါကစ္စတန်ဘက်ရှိ အဇက်ကက်ရှ်မီးယားဒေသတွင် အင်အား ၂၀၀၀၀ ရှိသော တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးခဲ့ပြီး မူဂျာဟစ်နှင့် ရာဇကာကဲ့သို့သော ပြောက်ကျားတပ်ဖွဲ့များကိုလည်း လက်နက်တပ်ဆင်လေ့ကျင့်ဖွဲ့စည်းပေး ခဲ့သည်။ ၁၉၆၅ ခုနှစ် ဧပြီလ ၉ ရက်နေ့၌ ကွတ်ခ်ျ ပြည်နယ်ရှိ ရန်းမြစ် အနီုးညြေေုသအ ဒေသမှ ဆာဒါပို့စ် ခေါ် အိန္ဒိယနယ်စပ်စခန်းကို ပါကစ္စတန် အမှတ်(၅၁)တပ်မဟာက ၀င်ရောက်တိုက်ခိုက်ခြင်းဖြင့် ပါကစ္စတန်ဘက်မှ ယောင်ပြထိုးစစ်ကို စတင်ခဲ့သည်။ ၁၉၆၅ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ဂျီဘရော်တာ တပ်ဖွဲ့ဟုအမည်ပေးထားသော အထူးပြောက်ကျားတပ်ဖွဲ့ အင်အား ၃၀၀၀၀ သည် တပ်မ ၁၀ ခုအဖြစ် ဖွဲ့စည်းလျက် အပစ်အခတ်ရပ်စဲရေးမျဉ်းကို ဖြတ်ကျော်ကာ အိန္ဒိယ ကက်ရှ်မီးယားဒေသတွင်းသို့ ၀င်ရောက်လာခဲ့ကြသည်။ သြဂုတ်လ ၂၃ ရက်နေ့တွင် အိန္ဒိယဘက်မှ တန်ပြန်ထိုးစစ်ကို စတင်ခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့တွင် ဟာဂျီးပီးရ် တောင်ကြားဒေသကို ပြန်လည်တိုက်ခိုက်ခဲ့သည်။ အိန္ဒိယတပ်များက နိုင်ငံတကာနယ်နိမိတ်ကိုဖြတ် ကျော် ကာ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ဘက် သို့ဦးတည် တိုက်ခိုက်ခဲ့သည်။ ပါကစ္စတန်တို့အငိုက်မိကာ ရှေ့ကျွံနေသောတပ်များ ပြန်ဆုတ်၍ အိန္ဒိယထိုးစစ်ကို အပြင်းအထန်ခုခံခဲ့သဖြင့် ပါကစ္စတန်အနေဖြင့် အိန္ဒိယ၏ဆုံးရှုံးမှုအရေအတွက်ထက် မပိုသော်လည်း နိုင်ငံနှင့်တပ်မတော်အရွယ်အစားသေးငယ်သော ကြောင့် ပိုမို ထိခိုက် နစ်နာဆုံးရှုံးခဲ့ရသည်။

၁၀။ ၁၉၇၁ ခုနှစ် တတိယအကြိမ်ထိပ်တိုက်ရင်ဆိုင်မှု။ ၁၉၇၀ပြည့်နှစ် ပါကစ္စတန် ရွေးကောက်ပွဲ ရလဒ်မှ ဖြစ်ပေါ်လာသော အရှေ့ပါကစ္စတန် လွတ်မြောက်ရေးလှုပ်ရှားမှု သည် ၁၉၇၁ ခုနှစ် အိန္ဒိယ-ပါကစ္စတန် တတိယစစ်ပွဲကို ဖြစ်လာစေခဲ့သည့် အကြောင်းရင်းဖြစ်စေခဲ့သည်။ ဘာသာရေးကိုအခြေခံသဖြင့် ပါကစ္စတန်နိုင်ငံအနေနှင့်လည်း အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) နှင့်အနောက်ပါကစ္စတန်ဟူ၍ အိန္ဒိယနိုင်ငံကိုခြား၍ နှစ်ပိုင်းကွဲထွက်နေခဲ့ရသည်။ ဘာသာချင်းတူ သော်လည်း လူမျိုးနွယ်စုချင်း မတူညီမှု၊ ဗဟိုအစိုးရနှင့် ဝေးကွာနေမှု၊ အုပ်ချုပ်ရေးအလှမ်းကွာဝေးမှု၊ ထိတွေ့မှုနည်းပါးခြင်း၊ နားလည်မှုမရှိခြင်းတို့ကြောင့် အရှေ့ပါကစ္စတန်၌ ဗဟိုအစိုးရမခွဲထွက်လိုမှုအတွက် လက်နက်စွဲကိုင်တော်လှန်ခဲ့ရာမှ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရပါသည်။ ၁၉၇၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ရှိတ်မူဂျီဘူရာမန်က ပါကစ္စတန်နိုင်ငံမှခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် ထူထောင်ကြောင်းကြေညာခဲ့ သည်။ ပါကစ္စတန်အစိုးရက အ၀ါမီလိဂ်ပါတီအား မတရားအသင်း ကြေညာပြီး ရှိတ်မူဂျီဘူရာမန်နှင့် အခြားပါတီဝင် ခေါင်းဆောင်များအား လိုက်လံဖမ်းဆီးခဲ့သည်။ ဗိုလ်မှူးဇီယာရာမန်ဦးဆောင်သော ဘင်္ဂါလီသေနတ်ကိုင်တပ်ရင်းများမှ တပ်ဖွဲ့ဝင်များကလည်း ပါကစ္စတန်လက်အောက်မှ လွတ်မြောက်ရေး လက်နက်ကိုင်တိုက်ပွဲများ တွင်ပါဝင်၍ တိုက်ခိုက်လာခဲ့ကြသည်။ အခြားဘင်္ဂါလီပြည်သူ့စစ်၊ ရဲနှင့်ဘင်္ဂါလီ လူငယ်များကလည်း အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးကာ မုတ္တိဘဟီနီခေါ်လွတ်မြောက် ရေးပြောက်ကျားတပ်ဖွဲ့များ ဖွဲ့စည်း၍ အရှေ့ပါကစ္စတန်နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်ပြီး ပြောက်ကျားစစ် ဆင်နွှဲခဲ့ကြ သည်။ အိန္ဒိယအစိုးရကလည်း ထွက်ပြေးလာသော အ၀ါမီလိဂ်ပါတီဝင် များ၏ ပြည်ပြေးဌာနချုပ်ကို အိန္ဒိယနိုင်ငံတွင် ထူထောင်ခွင့်ပေးခဲ့ပြီး မုတ္တိဘဟီနီအဖွဲ့များကိုလည်း အိန္ဒိယစစ်ဘက်မှ စုဝေးလေ့ကျင့် လက်နက်တပ်ဆင်ပေးခဲ့သည်။ ဤသို့ဖြင့် အိန္ဒိယနှင့် ပါကစ္စတန် ကြားတွင် တင်းမာမှု ထပ်မံမြင့်တက် လာခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တပ်အင်အား တိုးမြှင့်ချထားခဲ့ ကြသည်။ ၁၉၇၁ ခုနှစ် အောက်တိုဘာလမှစ၍ အရှေ့ပါကစ္စတန် နယ်စပ်တစ်လျှောက်တွင် အိန္ဒိယတပ်ဖွဲ့များသည် သံချပ်ကာတပ်ဖွဲ့နှင့် လေကြောင်း အကူများရယူပြီး စတင်တိုက်ခိုက်သည်။ ကြည်း၊ ရေ၊ လေနှင့် လူထုထောက်ခံမှု အင်အားများစွာ သာလွန်သော အိန္ဒိယတပ်များက ရက်သတ္တပတ်နှစ်ပတ်မျှအတွင်း ပါကစ္စတန်တို့ကိုအနိုင် တိုက်ခိုက်နိုင်ခဲ့ သည်။

(ဆက်ရန်)
 

By 

Htet Sweoo
Htet Sweoo's photo.
Htet Sweoo's photo.

ကာဂီလ်စစ်ပွဲ(၁၉၉၉) အပိုင်း(၃)

$
0
0


၁၁။ ၁၉၇၁ ခုနှစ်စစ်ပွဲသည် အိန္ဒိယနိုင်ငံအတွက်ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ နိုင်ငံရေးအောင်မြင်မှုအဖြစ် အရှေ့ပါကစ္စတန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ထူထောင်ကာ အိန္ဒိယလိုလားသော ဘင်္ဂါလီအမျိုးသားရေးဝါဒီရှိတ်မူဂျစ် အစိုးရအား တင်မြှောက်ပေးနိုင်ခဲ့သည့်အပြင် အနောက်ပါကစ္စတန်နယ်မြေ အတွင်းသို့ကန့်သတ်စစ်ဆင်နွှဲ၍ ကက်ရှ်မီးယားဒေသ အပစ်အခတ်ရပ်စဲရေးမျဉ်းတစ်လျှောက် ပါကစ္စတန်ဘက်၌ ရောက်ရှိနေသော စစ်မဟာဗျူဟာ အရေးကြီး နေရာများကို သိမ်းယူနိုင်ခဲ့ခြင်းဖြင့် ပါကစ္စတန်နိုင်ငံသားတို့၏ စိတ်အတွင်း၌ အိန္ဒိယနိုင်ငံအပေါ် အခဲမကျေနိုင်သော ရန်ငြိုးများ၊ အစိုင်အခဲများအဖြစ် အမြစ်တွယ်ကြီးထွားခဲ့သည်။ စစ်ကြီးပြီးဆုံး သော်လည်း ကက်ရှ်မီးယားဒေသတွင် ဆူပူအုံကြမှုများ ရှိနေပြီး အိန္ဒိယနှင့်ပါကစ္စတန်တို့သည်ူဥဃ တစ်လျှောက် ထိပ်တိုက်ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ စစ်အေးတိုက်ပွဲကာလအတွင်း အရှေ့အုပ်စုနှင့်အနောက်အုပ်စုတို့၏ အင်အားစမ်းသပ်ခြင်း၊ သြဇာနယ်ပယ်ထူထောင်ခြင်း အကျိုးဆက် တို့ကြောင့်လည်း စစ်ပွဲဖြစ်ခဲ့ရခြင်းဖြစ်ပါသည်။

၁၂။ မဟာဗျူဟာလက်နက်ပြိုင်ပွဲ။ ၁၉၇၁ ခုနှစ်စစ်ပွဲတွင် အရှုံးကြီးရှုံးခဲ့ရသည့် ပါကစ္စတန် တို့အနေဖြင့် အားကိုးရာလက်နက်ကို ရှာဖွေခဲ့ရာ ၁၉၇၂ ခုနှစ်မှစ၍ ပါကစ္စတန်တို့ အဏုမြူလက်နက် ထုတ်လုပ်နိုင်ရန် စတင်ကြိုးပမ်းလာခဲ့သည်။ အိန္ဒိယတို့သည်အဏုမြူလက်နက်ထုတ်လုပ်ရေးအတွက် စတင်သုတေသနပြုဆောင်ရွက်ခဲ့သည်မှာ ၁၉၆၀ ပြည့်နှစ်များမှပင်ဖြစ်သည်။ ၁၉၆၂ ခုနှစ် အိန္ဒိယ-တရုတ်နယ်စပ်စစ်ပွဲတွင် အိန္ဒိယဘက်မှ ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်၌ တရုတ်တို့က ပထမဆုံးအဏုမြူဗုံးဖောက်ခွဲစမ်းသပ်လိုက်သောအခါ တရုတ်နိုင်ငံကို မဟာဗျူဟာအရ တန်ပြန်ရန်အဏုမြူလက်နက် ထုတ်လုပ်ရေးကို စတင်ဦးတည်ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။ ၁၉၇၄ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံက ပထမဆုံးမြေအောက် အဏုမြူစမ်းသပ် ဖောက်ခွဲမှုကို ပြုလုပ်နိုင်ခဲ့သည်။ ထိုစဉ်က အိန္ဒိယ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီက အိန္ဒိယနိုင်ငံ၏ အဏုမြူဖောက်ခွဲမှုမှာ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆည်မြောင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကြီးမားသော မြေစိုင်မြေခဲကြီးများကို အဏုမြူဖောက်ခွဲမှုဖြင့် တူးဖော်ဖယ်ရှားနိုင်ရန် စမ်းသပ်ခြင်းဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ သို့ရာတွင် ပါကစ္စတန်တို့က အိန္ဒိယက ဖယ်ရှားတူးဖော်လိုသည့် မြေစိုင်မြေခဲကြီးမှာ အိန္ဒိယ ဘက်မှမဟုတ်ဘဲ ယင်းတို့ဘက်က မြေကြီးများသာဖြစ်ကြောင်း နားလည်ခဲ့ကြပြီး အဏုမြူဗုံးရအောင် မဖြစ်မနေကြိုးပမ်းလာခဲ့ရာ ထိုစဉ်က ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတိုက ““ အိန္ဒိယကသာ အဏုမြူဗုံး လုပ်လာပြီဆိုလျှင် ပါကစ္စတန်သားတို့ သစ်ရွက်နှင့်မြက်တို့ကိုသာ စားနေရပါစေ၊ ငတ်ပြတ်၍ နေပါစေ၊ ပါကစ္စတန်ကလည်းအဏုမြူဗုံးရအောင်လုပ်မည်””ဟု ကြုံးဝါးခဲ့ပြီးမဖြစ်ဖြစ်အောင် ကြိုးပမ်းလာခဲ့သည်။ စင်စစ်၌ နိုင်ငံအကျယ်အ၀န်း၊ လူဦးရေအရ ပခုံးယှဉ်နိုင်ရေးမှာ ပါကစ္စတန်နိုင်ငံအတွက် အဏုမြူလက်နက်မရှိမဖြစ်လိုအပ်သည်ဟု ပါကစ္စတန်နိုင်ငံဘက်မှ ယုံကြည် ထားခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဥရောပအဏုမြူဓာတ်ခွဲခန်းတစ်ခုမှ ပြန်လာသည့် ပါကစ္စတန်သား Abdual Khanအမည်ရှိ အဏုမြူသိပ္ပံပညာရှင်တစ်ဦးက ဦးဆောင်၍ လက်နက် အဖြစ်ထုတ်လုပ် နိုင်သောအဆင့်ရှိ ယူရေနီယံသတ္တုစင် ထုတ်လုပ်ရေးလုပ်ငန်းကို ရာဂါလ်ပင်ဒီမြို့အနီးရှိ ကာဟူတာအဏုမြူဓာတ်ခွဲခန်း၌ စတင်ဆောင်ရွက်ခဲ့သည်။ လိုအပ်သောစက်ပစ္စည်းကိရိယာများကို ကနေဒါ၊ပြင်သစ်၊ ဂျာမနီ၊ ဆွဇ်ဇာလန် အစရှိသော ဥရောပနိုင်ငံများမှ လျှို့ဝှက်စွာ မှာယူတင်သွင်း ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များတွင် ပါကစ္စတန်တို့၏ အဏုမြူလက်နက် သုတေသနလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မှုရရှိလာခဲ့သည်။ ၁၉၈၆ ခုနှစ်သို့ ရောက်သောအခါ ပါကစ္စတန်တို့၌ အဏုမြူဗုံးထုတ်လုပ်နိုင်ရန် အနေအထားသို့ရောက်ရှိနေခဲ့ပြီး ကက်ရှ်မီးယားဒေသနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ထပ်မံ ဖြစ်ပွားလာသည်။ ကက်ရှ်မီးယားဒေသ မြောက်ဘက် စွန်းရှိ ဆီယာချင်း ရေခဲတောင်တန်းမှာ ပေ ၂၀၀၀၀ ကျော်မြင့်ပြီး ပါကစ္စတန်နှင့်တရုတ်နိုင်ငံတို့ ဆက်သွယ်ရာ ကာရာကူရမ်တောင်ကြားလမ်းကို စိုးမိုးနေသဖြင့် ပါကစ္စတန်တို့အတွက် မဟာဗျူဟာ အရ အရေးပါနေခဲ့သည်။ ပေ ၂၀၀၀၀ ကျော် မြင့်သောကမ္ဘာ့အမြင့်ဆုံး စစ်မြေပြင်တွင် နှစ်ဘက်တပ်ဖွဲ့ များ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် တင်းမာမှုများမြင့်တက်လာခဲ့ပြီး ၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလ တွင် အိန္ဒိယကြည်းတပ်အင်အား စစ်သည်လေးသိန်းပါဝင်သော Operation Brass Trackအမည်ရှိ စစ်ရေးလေ့ကျင့်ခန်းကြီးတစ်ခုကို ပါကစ္စတန်နယ်စပ်တွင်ပြုလုပ်ခဲ့ရာမှ ပါကစ္စတန်တို့ကလည်း တစ်နိုင်ငံလုံး တပ်လှန့်မှုများပြုလုပ်ကာ အဏုမြူလက်နက်များ အရေးပေါ် ထုတ်လုပ်နိုင်ရေးအထိ ပြင်ဆင်လာခဲ့သည်။ အိန္ဒိယနိုင်ငံဘက်မှလည်း အဏုမြူတပ်ဖွဲ့များကို တပ်လှန့်ထားခဲ့ခြင်းဖြင့် ပထမဆုံးအကြိမ် အဏုမြူလက်နက်ချင်း ထိပ်တိုက် ရင်ဆိုင်လုနီးပါးအခြေအနေသို့ ရောက်ရှိခဲ့ပါ သည်။

၁၃။ ၁၉၉၀ ပြည့်နှစ်၊ မေလတွင် ပါကစ္စတန်နယ်စပ်အနီး အိန္ဒိယကထပ်မံပို့လွှတ်သည့် တပ်ဖွဲ့များတွင် အဏုမြူထိပ်ဖူးတပ် တာတိုပစ်ဒုံးပျံများပါရှိသည်ဟု ပါကစ္စတန်တို့က ယုံကြည်သည့် အတွက် ယင်းတို့ဘက်မှလည်းလိုအပ်ပါက အဏုမြူလက်နက် အသုံးပြုရန် ပြင်ဆင်လာခဲ့ခြင်းဖြင့် အခြေအနေမှာ အဏုမြူစစ်ဖြစ်ပွားရန်အခြေအနေဖြစ်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် ဟိန္ဒူ အမျိုးသားရေးအစွန်းရောက်BJPပါတီဦးဆောင်သော လူအုပ်ကြီးက အိန္ဒိယနိုင်ငံမြောက်ပိုင်း အယုဒ္ဓယမြို့ရှိ ရှေးဟောင်းဘရီမဂျစ်ဗလီအား ၀င်ရောက်ဖျက်ဆီးခဲ့ခြင်းမှစ၍ ဟိန္ဒူ-မွတ်ဆလင် အဓိကရုဏ်းကြီးမားကျယ်ပြန့်စွာဖြစ်ပွားခဲ့ရာ မွတ်ဆလင်များ ထောင်နှင့်ချီ၍ သေဆုံးခဲ့သည်။ အဆိုပါ အရေးအခင်းကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တင်းမာမှုများ အမြင့်ဆုံးအဆင့်သို့ရောက်ခဲ့ရပြီး အဏုမြူ တပ်ဖွဲ့များ တပ်လှန့်ထားသည့် အနေအထားသို့ ထပ်မံရောက်ရှိခဲ့သည်ဟုဆိုပါသည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် အဏုမြူဗုံးများ ပိုင်ဆိုင်လာခဲ့ကြပြီးနောက် ယင်းဗုံးများ သယ်ဆောင်ပစ်လွှတ် နိုင်သည့် ဒုံးပျံစနစ်များကိုလည်း အထူးဦးစားပေးကာ သုတေသနပြု၍ စမ်းသပ်ထုတ်လုပ်ခဲ့ကြပါ သည်။

၁၄။ အိန္ဒိယနိုင်ငံသည် ၁၉၉၈ ခုနှစ် မေလ ၁၁ ရက်နေ့ တွင် ရာဂျစသန်ပြည် နယ်သား ရ်သဲကန္တာရအတွင်းရှိ ပိုဒါရန်လက်နက်စမ်းသပ်ရေးစခန်း၌ အဏုမြူဗုံး ၃ လုံးကို မြေအောက်တွင် ဖောက်ခွဲစမ်းသပ်ခဲ့ပါသည်။ ပါကစ္စတန်မှ တုံ့ပြန်စမ်းသပ်ဖောက်ခွဲမှုမပြုရန် ကမ္ဘာ့နိုင်ငံများက တိုက်တွန်းခဲ့သည့်ကြားမှ မဖြစ်မနေလက်တုံ့ ပြန်၍ အဏုမြူဗုံးဖောက်ခွဲ စမ်းသပ်ပြခဲ့သည်။ ဤသို့ဖြင့် တောင်အာရှဒေသတွင် အဏုမြူလက်နက်ပိုင်ဆိုင်မှု တရားဝင် စတင်လာခဲ့ပါသည်။ အဏုမြူလက်နက် များ စမ်းသပ်ပြီးနောက်ပိုင်းမှစ၍ ကက်ရှ်မီးယားဒေသတွင် နှစ်ဘက်လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ကက်ရှ်မီးယားဒေသ၌ နှစ်ဘက်တပ်များအကြား အမြောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။ ယခင် နယ်စပ်ပစ်ခတ်မှုများတွင် လက်နက်ငယ်များကိုသာ အသုံးပြုခဲ့ရာမှ အမြောက်ကြီးများကိုပါ စတင် အသုံးပြုလာခဲ့ခြင်းမှာ လက်နက်ကိုင်ပဋိပက္ခအရှိန် ပြင်းထန်ခဲ့ခြင်းဖြစ်ပြီး အဏုမြူလက်နက်ပိုင်ဆိုင် ထားကြသူများပီပီ နယ်စပ်ဒေသ လက်နက်ကိုင် တပ်ဖွဲ့ချင်း ရန်ဘက်အသွင်ရှိနေခဲ့ကြပါသည်

(ဆက်ရန်)
 

By

Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.

ကာဂီးလ်စစ်ပွဲ (၁၉၉၉) အပိုင်း(၄)

$
0
0

၁၅။ ၁၉၉၉ ကာဂီးလ်စစ်ပွဲဖြစ်ပွားခြင်း။ 

၁၉၉၉ ခုနှစ် ဧပြီလလယ်ပိုင်းမှစ၍ အရှေ့မြောက် ဂူရက်ဇ် ဒေသမှ ပါကစ္စတန်ထောက်ခံအားပေးသည့် မွတ်စလင် ခွဲထွက်ရေး ပြောက်ကျားများသည် ကာဂီးလ်ဒေသတောင်ကုန်းများသို့ စတင်စိမ့်ဝင်လာခဲ့ကြပါသည်။ ၎င်းင်းပြောက်ကျားများ ထိုးဖောက်ရာဒေသသည် နှစ်နိုင်ငံထိန်းချုပ်ရေးမျဉ်းဖြတ်သန်းသွားရာ တောင်မြင့်ပိုင်းဒေသဖြစ်၍ လူသူမရှိခြင်း၊ အိန္ဒိယတပ်များလည်း တပ်စွဲထားခြင်းမရှိသော နယ်မြေဖြစ်ပါသည်။ ကက်ရှ်မီးယားချိုင့်ဝှမ်းရှိ စစ်သွေးကြများကို ပြင်ပမှထောက်ပံ့ကူညီ ခြင်းဖြင့် အရေးအခင်းကို ပိုမိုဆိုးရွားစေခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲများအဖြစ် အိန္ဒိယပိုင်နက် ကက်ရှ်မီးယား ပိုင်နက်နယ်မြေကဲ့သို့ ဖြတ်ကျော်ဝင်ရောက်ခြင်းဖြင့် အိန္ဒိယ၏ကက်ရှ်မီးယားဒေသသို့ စစ်သွေးကြများ မ၀င်ရောက်ရေး တားဆီးဟန့်တားဆောင်ရွက်ရာတွင် ၁၉၉၉ ခုနှစ် မေလတွင် ကက်ရှ်မီးယား တောင်ကြားဒေသသို့ ကာဂီးလ်တောင်ကုန်းမှတစ်ဆင့် ပါကစ္စတန်ထောက်ခံအားပေးသည့် မွတ်ဆလင်ခွဲထွက်ရေးပြောက်ကျားများ စိမ့်ဝင်ထိုးဖောက်မှုအပေါ် အိန္ဒိယတို့က စွပ်စွဲချက်များ ဖြစ်ပေါ်ခဲ့ရာမှ အိန္ဒိယတို့ကဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စတင်ပေါ်ပေါက်လာခဲ့သော စစ်ပွဲဖြစ်ပါသည်။

တိုက်ပွဲ/စစ်ပွဲအတွက်နှစ်ဘက်စစ်ပြင်ဆင်မှု

၁၆။ ပါကစ္စတန်ဘက်မှ စစ်ပြင်ဆင်မှုအခြေအနေ။ ၁၉၉၈-၁၉၉၉ ခုနှစ် ဆောင်းရာသီ အတွင်း ပါကစ္စတန်စစ်တပ်သည် ပါကစ္စတန်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့များကို လျှို့ဝှက်စွာလေ့ကျင့် ပေးခဲ့ပြီး ထိန်းချုပ်ရေးမျဉ်း၏ အိန္ဒိဘက်ခြမ်းနယ်မြေအတွင်းသို့ စေလွှတ်ခဲ့သည်။ ၎င်းင်းစိမ့်ဝင်ထိုးဖောက် ၀င်ရောက်မှုကို ““စစ်ဆင်ရေးဘာဒါ ””ဟု လျှို့ဝှက်အမည်ပေးခဲ့ပြီး ၎င်း၏ရည်ရွယ်ချက်မှာ ကက်ရှ်မီးယားနှင့်လာဒက်ကြား ဆက်သွယ်မှုကို ထိန်းချုပ်ရန်၊ အိန္ဒိယတပ်ဖွဲ့များ ကှိုငခေ့နည ရေခဲတောင်မှ ဆုတ်ခွာမှုဖြစ်စေရန်၊ ဤသို့အားဖြင့် အိန္ဒိယအား ကက်ရှ်မီးယားအငြင်းပွားမှု နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စေ့စပ်ဆွေးနွေး လာစေရေးအတွက် ဖိအားပေးရန်တို့ ဖြစ်သည်။

၁၇။ ဆောင်းရာသီကာလအတွင်း ဆီးနှင်းများဖုံးအုပ်နေသော တောင်ထူထပ်သည့် ကက်ရှ်မီးယားဒေသ၏ အလွန်အေးခဲမှုကြောင့် ထိန်းချုပ်ရေးမျဉ်းမှ သက်ဆိုင်ရာဘက်များရှိ ရှေ့တန်း စခန်းအချို့မှ ခေတ္တစွန့်ခွာခြင်းနှင့် နယ်မြေကင်းလှည့်ခြင်းလျှော့ချမှုတို့မှာ အိန္ဒိယနှင့် ပါကစ္စတန်နှစ်ဘက် တပ်ဖွဲ့များ ပြုလုပ်လေ့ရှိသည့် အချက်တစ်ခု ဖြစ်သည်။ ၎င်းကို အခွင့်ကောင်းယူ၍ ပါကစ္စတန်ဘက်မှ စိမ့်ဝင်မှုပြုလုပ်ခြင်းဖြစ်နိုင်သည်။ ရာသီဥတုအခြေအနေဆိုးဝါးမှု လျော့သည့်အခါ ရှေ့တန်းစခန်းများပြန်လည်နေရာယူကာ ကင်းလှည့်ခြင်းပြန်လည်ဆောင်ရွက်ကြလေ့ရှိသည်။

၁၈။ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပါကစ္စတန်တပ်ဖွဲ့များသည် ကာဂီးလ်ဒေသရှိ ထိန်းချုပ်ရေးမျဉ်း၏ ၎င်းင်းတို့စွန့်ခွာခဲ့သောစခန်းများသို့ ပြန်လည်နေရာယူမှုစတင်ခဲ့သည်။ ထို့ပြင် ထိန်းချုပ်ရေးမျဉ်းမှ အိန္ဒိယဘက်ရှိ စခန်းများသို့လည်း ၀င်ရောက်နေရာယူရန် တပ်ဖွဲ့များကိုလည်း စေလွှတ်ခဲ့သည်။ အထူးတာဝန်အုပ်စုများမှ တပ်ဖွဲ့များနှင့်မြောက်ပိုင်းခြေမြန်တပ်မ၏တပ်ရင်း ၇ ရင်းတို့ သည် အိန္ဒိယမှထိန်းချုပ်ထားသည့်ဒေသ တောင်ကြောပေါ် အချက်အချာနေရာများ၌ စခန်းများကို လျှို့ဝှက်စွာဖွဲ့စည်းခြေကုပ်ယူခဲ့ကြသည်။ ၎င်းင်းပါကစ္စတန်တပ်ဖွဲ့များကို ကက်ရှ်မီးယားပြောက်ကျား များနှင့် အာဖဂန်ကြေးစားတပ်များက အထောက်အကူပြုခဲ့ကြသည်။

၁၉။ ပါကစ္စတန်တပ်ဖွဲ့သည် Muskosh တောင်ကြားDrass ရှိ Marpola တောင်ကြော တစ်လျှောက် ကာဂီးလ်အနီးရှိKaskar Indus မြစ်အရှေ့ဘက်ရှိBatalik အပိုင်း ထိန်းချုပ်ရေး မျဉ်းမြောက်ဘက်သို့ ဦးတည်သွားသည့် Chorbatala တောင်ကုန်းများSaichen ဧရိယာတောင်ဘက်ရွှိTurtuk အပိုင်းများသို့ ကျူးကျော်ခြေကုပ်ယူခဲ့ကြသည်။ 

၂၀။ အိန္ဒိယတပ်များက စိမ့်ဝင်ကျူးကျော်မှုများကို ရှာဖွေတွေ့ရှိခြင်း။ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-
(က) မူလအစပိုင်းတွင် ၎င်းင်းစိမ့်ဝင်ကျူးကျော်မှုများကို အောက်ပါအကြောင်း အချက်များကြောင့် ရှာဖွေ တွေ့ရှိခြင်းမရှိခဲ့ပါ-
(၁) အိန္ဒိယကင်းလှည့်တပ်ဖွဲ့များကို ပါကစ္စတန်တပ်ဖွဲ့များ ကျူးကျော် ၀င်ရောက်လာသည့် နေရာ အချို့သို့ စေလွှတ်မှုမရှိခဲ့ခြင်း။
(၂) ကျူးကျော်ဝင်ရောက်သူများအတွက် အကာအကွယ်ပေးရန် ပါကစ္စတန်ဘက်မှ အမြောက်များ ဖြင့် ပြင်းထန်စွာ ပစ်ခတ်ခဲ့ခြင်း။
(ခ) မေလဒုတိယပတ်အတွင်းတွင်Batalik အပိုင်း၌ သိုးကျောင်းသားတစ်ဦး၏လမ်းပြ သတင်းပေးမှုဖြင့် သွားရောက်ခဲ့သည့် Captain Surabuk Kachalia ခေါင်းဆောင်သည့် အိန္ဒိယကင်းလှည့် တပ်ဖွဲ့ကိုခြုံခိုတိုက်ခိုက်ခံရခြင်းက ကျူးကျော်ဝင်ရောက်မှုများကို ရှာဖွေတွေ့ရှိသွားစေပါသည်။
(ဂ) ပထမတွင် ကျူးကျော်မှုသဘာဝ၊ ပမာဏတို့နှင့်ပတ်သက်၍ အနည်းငယ်သာ သိရှိခဲ့ကြ သောကြောင့် ၎င်းင်းဧရိယာရှိ အိန္ဒိယတပ်ဖွဲ့များက ကျူးကျော်သူများ သည် ဘာသာရေးတိုက်ပွဲဝင်သူJihadများဟု ထင်မြင်ခဲ့ပြီး၎င်းတို့ကို ရက်အနည်းငယ်အတွင်း တိုက်ထုတ်နိုင်မည်ဟု ယူဆခဲ့ကြသည်။
(ဃ) ထိန်းချုပ်ရေးမျဉ်းတစ်လျှောက် အခြားနေရာတွင် ကျူးကျော်ဝင်ရောက်မှု ရှာဖွေတွေ့ရှိခြင်းနှင့် ကျူးကျော်သူများ စစ်နည်းဗျူဟာအသုံးပြုမှုတို့က တိုက်ခိုက်မှုစီမံချက်ကြီးမားကြောင်း အိန္ဒိယ စစ်တပ်ကို သိမြင်လာစေသည်။
(င) ကျူးကျော်သူတို့ ခြေကုပ်ယူခဲ့သော စုစုပေါင်းဧရိယာမှာ ယေဘုယျအားဖြင့် ၁၃၀ စတုရန်း ကီလိုမီတာ နှင့် ၂၀၀ စတုရန်းကီလိုမီတာအကြား ရှိခဲ့သည်။ 

၂၁။ အိန္ဒိယဘက်မှ တုံ့ပြန်ဆောင်ရွက်မှု။ အိန္ဒိယအစိုးရသည် တပ်ဖွဲ့ဝင် ၂၀၀ယ၀၀၀ ပါဝင်သည့် စစ်ဆင်ရေး ဗီဂျေးဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ သို့သော် သဘာဝမြေအခြေအနေကြောင့် တပ်မနှင့် တပ်မကြီးအဆင့် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ တပ်မဟာ (သို့မဟုတ်) တပ်ရင်းအဆင့် တိုက်ခိုက်မှုများသာ ပြုလုပ်နိုင်ခဲ့ကြသည်။ အမှန်စင်စစ် တပ်ဖွဲ့ဝင် ၂၀ယ၀၀၀ ပါရှိသည့် အိန္ဒိယ ကြည်းတပ်၏ တပ်မ ၂ ခု၊ အိန္ဒိယစစ်တပ်ကိုအထာက်အကူပြုသည့် ထောင်ပေါင်းများစွာသော လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် လေတပ်တို့ကို ပဋိပက္ခဇုန်၌ ဖြန့်ချထားခဲ့သည်။

၂၂။ အိန္ဒိယလေတပ်သည် ကြည်းတပ်ဖွဲ့များ၏ စစ်ဆင်ရေးကိုအထောက်အကူအဖြစ် စစ်ဆင်ရေှးေ်နှိေါမေ ကို ဆင်နွှဲခဲ့သည်။ သို့သော် စစ်ပွဲအတွင်း ၎င်းင်း၏ထိရောက်မှုကို မြင့်မားသော တောင်တန်းများနှင့် ရာသီဥတု အခြေအနေများက ကန့်သတ်မှုရှိခဲ့သည်။ တစ်နည်းအားဖြင့် ၎င်းင်းတို့ အသုံးပြုနိုင်သည့် လေယာဉ်ကွင်းအရေအတွက်နှင့် ဗုံးကြဲချနိုင်မှုတို့အပေါ် ကန့်သတ်ချက်ရှိခဲ့သည်။

၂၃။ အိန္ဒိယရေတပ်သည်လည်း ထောက်ပံ့ရေးလမ်းကြောင်းများကိုဖြတ်တောက်ရန် ပါကစ္စတန်ဆိပ်ကမ်းများ (အဓိကအားဖြင့် ကရာချိဆိပ်ကမ်း)ကို ပိတ်ဆို့ရန်ပြင်ဆင်ခဲ့သည်။ နောက်ပိုင်း တွင် ထိုအချိန်က ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှာရစ်ဖ်က စစ်ပွဲကြီးဖြစ်ပွားပါက ပါကစ္စတန် ၌ လောင်စာဆီ ၆ ရက်စာသာကျန်ရှိတော့ကြောင်း ပြောကြားခဲ့သည်။

နှစ်ဘက်စစ်အင်အားနှိုင်းယှဉ်ချက်

၂၄။ ပါကစ္စတန်ဘက်၏ စစ်အင်အား။ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
(က) ကာကွယ်ရေးအသုံးစရိတ် (၁၉၉၆ ခုနှစ်)။ အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ။
(ခ) ကြည်းတပ်
(၁) အင်အား။ ၅၂၀၀၀၀ ဦး။
(၂) တင့်ကား။ ၂၁၂၀ စီး။
(၃) ယာဉ်ဆွဲအမြောက်။ ၁၅၉၀ လက်။
(ဂ) ရေတပ်
(၁) အင်အား။ ၂၂၀၀၀ ဦး။
(၂) ရေငုပ်သင်္ဘော။ ၉ စီး။
(၃) ဖျက်သင်္ဘော။ ၃ စီး။
(၄) ဖရီးဂိတ်စစ်ရေယာဉ်။ ၈ စီး။
(ဃ) လေတပ်
(၁) အင်အား။ ၄၅၀၀၀ ဦး။
(၂) တိုက်လေယာဉ်။ ၄၂၉ စီး။(၃) ရဟတ်ယာဉ်။ ၂၀ စီး။

၂၅။ အိန္ဒိယဘက်၏ စစ်အင်အား။ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(က) ကာကွယ်ရေးအသုံးစရိတ် (၁၉၉၆ ခုနှစ်)။ အမေရိကန်ဒေါ်လာ ၁၀.၄ ဘီလီယံ။
(ခ) ကြည်းတပ်
(၁) အင်အား။ ၉၈၀၀၀၀ ဦး။
(၂) တင့်ကား။ ၃၃၁၄ စီး။
(၃) ယာဉ်ဆွဲအမြောက်။ ၄၁၇၅ လက်။
(ဂ ) ရေတပ်
(၁) အင်အား။ ၅၅၀၀၀ ဦး။
(၂) ရေငုပ်သင်္ဘော။ ၁၇ စီး။
(၃) ဖျက်သင်္ဘော။ ၆ စီး။
(၄) ဖရီးဂိတ်စစ်ရေယာဉ်။ ၁၈ စီး။
(ဃ) လေတပ်
(၁) အင်အား။ ၁၁၀၀၀၀ ဦး။
(၂) တိုက်လေယာဉ်။ ၇၇၇ စီး။
(၃) ရဟတ်ယာဉ်။ ၃၄ စီး။

၂၆။ နှစ်ဘက်တိုက်ပွဲဝင် စစ်အင်အားနှိုင်းယှဉ်ချက်။ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(က) ပါကစ္စတန်ဘက်မှ တိုက်ပွဲဝင်စစ်အင်အား။ ကျူးကျော်သူအင်အားမှာ အုပ်ချုပ်ထောက်ပံ့မှု ဆောင်ရွက်သည့် တပ်ဖွဲ့များအပါအ၀င် ၅၀၀၀ ခန့်ရှိခဲ့သည်။ ၎င်းင်းအရေအတွက်တွင် အမြောက်ပစ်ကူ ပေးခဲ့သည့် ပါကစ္စတန်ကထိန်းချုပ်သည့် ကက်ရှ်မီးယားမှ တပ်ဖွဲ့များပါ ပါဝင်သည်။
(ခ) အိန္ဒိယဘက်မှ တိုက်ပွဲဝင်စစ်အင်အား။ တပ်ဖွဲ့ဝင် ၂၀၀၀၀ ပါရှိသည့် အိန္ဒိယကြည်းတပ်၏ တပ်မ ၂ ခု၊ အိန္ဒိယစစ်တပ်ကိုအထာက်အကူပြုသည့် ထောင်ပေါင်းများစွာသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းတပ်ဖွဲ့ဝင် ၃၀၀၀၀ နှင့် လေတပ်တို့ကို ပဋိပက္ခဇုန်၌ ဖြန့်ချထားခဲ့သည်။

၂၇။ နှစ်ဘက်လက်နက် (စက်သေနတ်၊ စိန်ပြောင်း၊ ဒုံးပစ်လောင်ချာ၊ ဒုံးပျံ၊ အမြောက်၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်) အမျိုးအစားနှိုင်းယှဉ်ချက်

(က) ပါကစ္စတန်ကျူးကျော်သူများဘက် လက်နက်အမျိုးအစားများ
(၁) စက်သေနတ် ။
(၂) ဟောင်ဝစ်ဇာအမြောက်။
(၃) စိန်ပြောင်း ။
(၄) မြေပြင်မှ ဝေဟင်ပစ်ဒုံးပျံ ။
(ခ) အိန္ဒိယဘက်လက်နက်အမျိုးအစားများ
(၁) စိန်ပြောင်း ။
(၂) ဒုံးပစ်လောင်ချာ ။
(၃) ဟောင်ဝစ်ဇာအမြောuf။
(၄) ရဟတ်ယာဉ်များ
(၅) တိုက်လေယာဉ်များ 

အုပ်ချုပ်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေးအခြေအနေ

၂၈။ ကက်ရှ်မီးယားပဋိပက္ခတွင်အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ငွေကြေး အလွန်အမင်း သုံးစွဲကာ စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် ကက်ရှ်မီးယား ပြဿနာပြေလည် သွားသည့်တိုင်အောင် နှစ်နိုင်ငံစလုံးသည် ၎င်းင်းတို့၏နယ်စပ်ဒေသကို ကင်းလှည့် စောင့်ကြပ်ရန်နှင့် ပိုင်နက်နယ်မြေအငြင်းပွားမှု မဖြစ်ပွားစေရေး ကာကွယ်ထိန်းသိမ်းရန်အတွက် နှစ်စဉ်အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့်စီကို သုံးစွဲကြရမည်ဖြစ်သည်။ စစ်ပွဲပြီးဆုံးသွားပြီးနောက် ပါကစ္စတန်နိုင်ငံသည် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့မှ ဒေါ်လာ သန်း ၁၀၀ ချေးငှါးခွင့်ရမည်ဖြစ်သည်။ ထို့အပြင်လေ့လာ သူများ၏ ခန့်မှန်းချက်အရ ၁၉၉၉ ခုသြဂုတ်လတွင် ဥရောပ ငွေချေးစာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၇၅၀ အပါအ၀င် ပြည်ပကြေးမြီဒေါ်လာဘီလီယံ ၄၀ ခန့် ရှိနေမည်ဟု ခန့်မှန်းခဲ့ကြပြီး နိုင်ငံတွင်အကြွေးပင်လယ်ဝေလျက်ရှိသည့် အခြေအနေဖြစ်သည်။ ထို့အတူ အိန္ဒိယနိုင်ငံသည်လည်း ကာကွယ်ရေးအတွက်နယ်စပ်ဒေသတွင် တပ်များအလွန်အမင်းဖြန့်ကျက်ချထားမှုကြောင့် နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှု မြင့်တက်စေရန်တွန်းအားပေးသကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုစဉ်က အိန္ဒိယ၏ ကာကွယ်ရေးအသုံးစရိတ်သည် ပြည်တွင်းအသားတင် ထုတ်လုပ်မှု၏ ၂.၃% ရှိပြီး၊ နိုင်ငံကာကွယ်ရေး အခြေအနေအရ ၃% အထိ သုံးစွဲရန်လိုအပ်ပြီး ၁၉၉၉ ခုနှစ် ကာကွယ်ရေး ဘတ်ဂျက်သည် ၁၁% ထိ မြင့်တက်ကာ ခန့်မှန်းခြေဒေါ်လာ ၁၀ ဘီလီယံခန့်ရှိပါသည်။ ထို့အပြင် ၁၉၉၈-၁၉၉၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လိုငွေပြမှုသည် ၇% ထိ မြင့်တက်လာကာ အစိုးရက ခန့်မှန်းထားခဲ့သည့် ၅.၆% ထက်ပိုမိုခဲ့ကြောင်း သိရသည်။

(ဆက်ရန်)

By 
Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.

စစ်သားတယောက်ရဲ့ ရွေးချယ်ခွင့်

$
0
0

ဝေလည်းမွှေး ကြွေလည်းမွှေး ဇာတ်ကား ကို ကျွန်တော်တို့ ခပ်ငယ်ငယ်က ကြည့်ခဲ့ဖူးတယ် ။ အဖြူ အမဲ တီဗီတွေမှာ ၅ မူး ပေးပြီး ကြည့်ခဲ့ရတာ ။ စခန်းသိမ်းတိုက်ပွဲ တွေ ဖြစ် ပြီးတော့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ တဲ့ တပ်ကြပ်ကြီး ဖိုးစီ ကို ဂုဏ်ပြုတဲ့ အနေနဲ့ စစ်မြေပြင်အဆင့်တိုးဆိုပြီး တံဆိပ်ကလေး ပေးတယ် ။ အဲဒီ အချိန် ညဘက် ရိုက်ထားတာဆိုတော့ ပတ်ဝန်းကျင်ကလည်းမှောင်လို့ ၊ မျက်နှာကလည်း မဲ လို့ ။ တံဆိပ်ကလေး လှမ်းယူလိုက်တဲ့ အချိန် ပြုံးသွားတဲ့ ဦးကျော်ဟိန်း မျက်နှာ ကို နှစ်ပေါင်းများစွာ ကြာတဲ့ ထိ ပြန်မြင်ကြည့်လို့ရနေတုန်းပဲ ။ ဖွေးတက်သွားတဲ့ သွားတွေ ၊ ရီသွားတဲ့ မျက်လုံးလေးတွေတင်မဟုတ်ဘူး စစ်သည်တစ်ယောက်ရဲ့ နှလုံးသားထဲထိ လှမ်းမြင်ကြည့်လို့ရတယ် ။

ရှေ့တန်းမှာ တချို့ တပ်ခွဲ မှုးတွေ ဆိုရင် ညဘက်ကတုပ်ကျင်းလေးထဲမှာ နေရင်း သစ်သားကလေးတွေကို အရုပ်ကလေးတွေလုပ်ကြတယ် ။ တိုက်ပွဲ မှာ စစ်သားပီပီ သသ တိုက်ခိုက်ကြတဲ့စစ်သည်တွေ ၊ ကိုယ့်တပ်ခွဲ ၊ ကိုယ့်တပ်စုအတွက် စွန့်စွန့်စားစား အနစ်နာခံ ကြတဲ့စစ်သည်တွေကို .... လတ်တလော အထက်ဌာနတွေက ဂုဏ်ပြုဖို့ အခွင့် မသာတဲ့ခါ .. တပ်ဖွဲ့ရဲ့ ခေါင်းဆောင် တပ်ခွဲ မှူးတွေက အသိအမှတ်ပြု အရုပ်ကလေး တွေပေးအပ်တယ် ။ ဒီအရုပ်လေးတွေဟာ ငွေကြေးတန်ဖိုးနဲ့ တွက်ကြည့်ရင် ဘာတန်မှာလဲ ။ ဒါပေမဲ့ မြတ်နိုးမှု တန်ဖိုးနဲ့ တွက်ကြည့်ရင်တော့ အသက် နဲ့ ထပ်တူ တန်ဖိုးရှိတယ် ။ ဂုဏ်သိက္ခာတွေ တန်းတူ ညီမျှ မှုရှိတယ် ။ ရှေ့တန်း မှာ အဲဒီသစ်သား ရုပ်လေး ရတဲ့ ချိန် ခံစား ရတဲ့ ချို မြိန်မှု မျိုး ၊ ပီတိမျိုးဟာ ဘဝရဲ့ ဘယ်အရာတွေ နဲ့ မှ ထပ်တူ ကျနိုင်မယ်မထင်ဘူး ။

နိုင်ငံတစ်နိုင်ငံရဲ့ စစ်တပ် ဆိုတာ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ ဥပဒေပြုရေး မဏ္ဍိုင်တွေရဲ့ အောက်က အဖွဲ့စည်းတစ်ခုဖြစ်ပါတယ် ။ စစ်တပ် ထဲ က စစ်သားတစ်ယောက် အတွက် စစ်ပွဲ တစ်ခုကို တိုက်ခိုက်တဲ့ အခါ Why ? ဘာကြောင့် တိုက်ရသလဲ ဆိုတာ ရွေးချယ်ခွင့် မရှိဘူး ။ Whom ဆိုတာကိုလည်း ရွေးချယ်ခွင့် မရှိဘူး ။ကိုယ်တိုက်ရတဲ့ တစ်ဖက် ရန်သူဟာ ကိုယ်နဲ့ ရန်ငြိုးရှိသူ ဟုတ်ချင်မှ ဟုတ်မယ် ၊ကိုယ်နဲ့ တခါမှ မတွေ့ဖူးမဆုံးဖူးသူလည်း ဖြစ်ချင်မှ ဖြစ်မယ် ။ ကိုယ်နဲ့ မိတ်ဆွေ ဖြစ်နေပေမဲ့ နိုင်ငံ အတွက် ရန်သူဖြစ်နေလို့ တိုက်ခိုက်ရတာတွေလည်းရှိချင်ရှိမယ် ။ သေချာတာက ဘယ်သူ့ကိုတိုက်ခိုက်ရမယ်ဆိုတာ စစ်သားတွေအတွက်ရွေးချယ်ခွင့် မရှိဘူး ။တပ်မတော် ရွေးချယ်ရမဲ့ အလုပ်လည်းမဟုတ်ဘူး ။ နောက် When ဆိုတဲ့ ဘယ်အချိန်တိုက်မလဲ ဆိုတာလည်း စစ်သားတွေ ရွေးချယ်ခွင့် မရှိဘူး ။ တိုက်ဆိုတဲ့ အချိန်မှာ တိုက်ခိုက်ကြရတယ် ။

စစ်သားတွေ အတွက် ရွေးချယ်ခွင့် ဟာ ဘာလဲဆိုတော့ How (ဘယ်လိုတိုက်ခိုက်မလဲ) ဆိုတာပဲ ။ စစ်ဘယ်လိုချီမယ် ၊ ဘယ်လို စစ်မျက်နှာဖွင့်မယ် ၊ ဘယ်လိုတပ်တွေ နေရာချထားမယ် ၊ တိုက်ဆိုတဲ့ရန်သူကို ဘယ်လိုလှည့်စားမယ် ။ ဘယ်လို အငိုက်ဖမ်းမယ် ။ ဘယ်လို တိုက်ခိုက်မယ် ။ ဘယ်လိုနည်း နဲ့ အနိုင်ယူမယ် ဆိုတာ ကိုသာ စစ်သားတိုင်း ရွေးချယ်ခွင့်ရှိကြတယ် ။ စစ်သား တစ်ယောက် ရဲ့ အရည်အသွေး ကို ဆန်းစစ် တဲ့ ခါမှာလည်း How ဆိုတဲ့ ဘောင်တစ်ခု ၊ နယ်တစ်ခု ကို သူဘယ်လို ဖြတ်သန်း သလဲ ဆိုတာနဲ့ ပဲ တိုင်းတာကြတယ် ။ စစ်ရေး ပရိယာယ်တွေကိုဘယ်လိုသုံးခဲ့ သလဲ ။ စစ်ပွဲတွေမှာ ဗျူဟာမြောက်အောင် ဘယ်လိုစွမ်းဆောင်ခဲ့သလဲ ။ ဘယ်လို ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့ သလဲ ။ ဘယ်လို စွန့်ဝံ့ စွန့်စား ဖြတ်ကျော်ခဲ့သလဲ ။ သူနဲ့ အတူရှိနေတဲ့ တပ်ဖွဲ့ ဝင်တွေ အတွက် ၊ ရဲဘော်ရဲဘက်တွေ အတွက် ဘယ်လို အနစ်နာ ခံ ဆောင်ရွက်ခဲ့သလဲ ဆိုတာ ကိုသာ ကြည့်ရတယ် ။

ဘာလို့ လဲ ။ ကားဘီး တွေ ကောင်းမကောင်းဟာ ဘယ်ကို ဦးတည်မောင်းနေ လဲဆိုတာ ကို ကြည့်ပြိးဆုံးဖြတ်ရတာမဟုတ်ဘူး ။ ဘယ်လောက် အသုံးခံသလဲ ၊ ဘယ်လောက်စွမ်းဆောင်နိုင်သလဲ ။ ဘယ်လောက်မောင်းနှင်နိုင်သလဲ ဆိုတာကိုသာကြည့်ပြီးဆုံးဖြတ်ရ တာ မျိုးလိုပဲ ။ Whom ဘယ်သူ့ကို တိုက်ခိုက်ရမလဲ ရွေးချယ်ဖို့ က တပ်မတော်အလုပ်မဟုတ်ဘူး။ စစ်သားတွေ ရွေးချယ်နိုင်ခွင့် ထဲမှာ မရှိဘူး ။ Why (ဘာကြောင့်တိုက်ခိုက်ရသလဲ) ဆိုတဲ့မေးခွန်းကလည်း စစ်သားတွေ အလုပ်မဟုတ်ဘူး ။ ဘယ်လိုတိုက်ခိုက်မလဲ ၊ ဘယ်လိုတိုက်ခိုက်သလဲ ဆိုတဲ့ How သည်သာ စစ်သားတွေ ရဲ့ နယ်ပယ်ပဲ ။

ဝန်မင်း ရဲ့ တိုင်းရင်းသားတွေ နဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲတွေဖြစ်လို့ စစ်သည်တွေကို စွမ်းရည်ဘွဲ့ ပေးအပ်ဖို့ မသင့်ဘူးဆိုတဲ့ စကား ဟာ ... ကားတစ်စီးကို တောင်ကိုမောင်းနေလို့ ၊ မြောက်ကိုမောင်းနေလို့ ကားတာယာကောင်း တွေ လို့ မသတ်မှတ်သင့်ဘူးဆိုတဲ့ စကားလိုပဲ ။ ကြောင်းကျိုး မဲ့ တယ်။

စကားအပြောအဆိုတွေ ဆင်ခြင်နိုင်ဖို့ပါ ။ တပ်မတော်ထဲ ရှိနေတဲ့ စစ်သား အားလုံး ဟာ စစ်မှု မထမ်းမနေရ စနစ်အောက်မှာ မလွှဲ သာ လို့ စစ်သားလုပ်နေမဟုတ် ပဲ ... ကျွန်တော်တို့ နိုင်ငံ အတွက် စစ်မှုထမ်းပါမယ်ဆိုပြီး ဗော်လန်တီယာ စစ်သားလုပ်နေသူတွေ မို့ ဝန်မင်းတို့ ကံကောင်းခဲ့ တယ်မှတ်ပါ ။ 

ခင်ဗျား တို့ လက်အောက်မှာ နေနေတဲ့ လက်အောက်ငယ်သားတွေကို ကျတော့ စုတ်ပြတ်သတ် နေတယ် ၊ ကိုယ်နဲ့ မဆိုင်သလိုပဲ ။ သေနတ်ချင်းယှဉ်ပစ် ၊ ပုန်ကန် ၊ ဘယ်ဥပဒေမှ လိုက်နာ စရာမလို လုပ်ချင်တာ လုပ် ၊ ပြီး တော့ ငြိမ်းချမ်းရေး ယူတဲ့ ကောင်တွေကျတော့ ဘောပြေးပြေးမနေတယ် ။ တဖက်သတ်ငြိမ်းချမ်းရေး တွေ ၊ ငြိမ်းချမ်းရေးပါမစ်ဆိုတာတွေ ၊ အထူးဇုန်ဆိုတာတွေ ၊ ရှန်ပိန်ခွက်တိုက်သံတွေ ကို.... ခင်ဗျား တို့ စေတနာတွေ မှန်လွန်းလို့ ၊ ဘာမှ မသိလို့ ငြိမ်ခံ နေတယ်မထင်ပါနဲ့ ။ လွတ်လပ်ရေးရတည်း က ဖြစ်နေရတဲ့ ပြည်တွင်းစစ်ကြီး အဆုံးသတ်ပါစေတော့ ၊ နောက် မျိုးဆက် မြန်မာနိုင်ငံသားတွေ ၊ မြန်မာစစ်သားတွေ ပြည်တွင်း စစ်နဲ့ ဝေးပါစေတော့ ။ ကိုယ့် စစ်သည်တွေ ၊ ကိုယ့်ရဲဘော်တွေ ကတုတ်ကျင်း က တက်ရလည်း မနည်း ဘူး ၊ ကျန်တာက သာမည ဆိုပြီး မျက်စိမှိတ် နေနေ ကြတယ်ဆိုတာ ခင်ဗျားတို့ သိထားပါ ။

ကိုယ် ဆိုခဲ့ တဲ့ သစ္စာ ကိုပြန်အမှတ်ရပါ ။ ကိုယ် ကိုင်ခဲ့ တဲ့ အလံ ကိုယ်ပြန် သတိရပါ ။


"ဟောဒီက ပညာ "

$
0
0
Photo: " ဟောဒီက ပညာ " …………………  (၁)  "  ဟေ …"  " တစ်လ ၃၀၀၀ တဲ့  ကလေးသုံးယောက်ကို ဆရာမတစ်ယောက်က တာဝန်ယူတယ်၊ ၀ လုံး ရေးသင်တာကအစ သေသေချာချာသင်တယ် ပြောတယ် "  ကျွန်တော်ကတော့ " ဟေ " လို့သာ အာမေဍိတ်ပြုမိပါတယ်။  ဒီနေ့ သမီးတော်လေးကို မူကြိုတက္ကသိုလ် ကြီးကိုစတင်ပို့တယ်။  ကျောင်းပို့ပြီးပြန်လာတဲ့ ကျွန်တော့်အမျိုးသမီးက " သမီးကို ကျူရှင်ထားမလား " တဲ့။ အဲဒီအမေးကြောင့် ကျွန်တော် " ဟေ " လိုက်ရခြင်းပါ။   မူကြိုကျူရှင်တဲ့လေ။  ကြားလို့မှ မတော်။  ခက်ပဲခက်ရချည်ရဲ့။  လုံးဝအခြေခံပညာရပ်ဖြစ်တဲ့ ၀ လုံးတန်းပေါ့လေ။ ဒီ ၀ လုံးတန်းကိုတောင် ကျူရှင်ရှိတယ်ဆိုတော့။    " မထားဘူးဟေ့ အိမ်ရောက်မှ သင်ပေးတော့မယ်။  ကလေး ဆော့ဖို့အချိန်ပေးရမယ်။  ပေါက်စန လေးကစ ကျူရှင်နဲ့ မရင်းနှီးစေချင်ဘူးကွာ။ ဒီတော့ မထားဘူး "  (၂)  ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးဘ၀ရဲ့ လွတ်လပ်ပျော်ရွှင်မှုအရသာကို အပြည့်အ၀ ရရှိခဲ့တယ်လို့ ထင်ပါတယ်။  ယနေ့ခေတ်ကာလ ကလေးတွေကို မြင်တွေ့ရတော့ ကျွန်တော်တို့ ငယ်ဘ၀နဲ့ယှဉ်ပြီး ကြည့်လိုက်တာ စိတ်မသက်မသာ ခံစားရမိတယ်။     ကလေးဘ၀ လွတ်လပ်စွာ ပျော်ပါးဆော့ကစားခွင့် အချိန်တွေဟာ နည်းပါးသွားသလိုပါပဲ။  နွေရာသီ ကျောင်းပိတ်ရက်မျိုးမှာတောင် အထူးကျူရှင်၊ အကြိုကျူရှင်နဲ့ ဘာသင်တန်း၊ ညာသင်တန်းဆိုတာတွေ တက်နေ ရတာဟာ ၀န်လေးပင်စွာသယ်နေရတဲ့ လှည်းကြီးတွေလို တအီအီ သွားနေရတယ်လို့ ထင်တယ်။    ကျောင်း၊ ကျူရှင်၊ အိမ်နဲ့ ကလေးတွေ ချာလပတ်လည်နေတော့တာပါပဲ။    ကျွန်တော်တို့ ငယ်ဘ၀က ကျောင်းကပြန်လာပြီဆိုရင် လွယ်အိပ်က ပစ်ချပြီး တစ်နည်းမဟုတ်တစ်နည်း ဆော့ကစားတော့တာပါပဲ။  ချွေးတွေ၊ ဖုန်တွေ ပေတလူးပြီး မောပြီဆိုမှ ရပ်ကြတယ်။ ဒါတောင် လူကြီးတွေက တုတ်ကိုင်ပြီး တော်တော့ ပြောမှ တစ်ခါတလေ ဆော့တာကို ရပ်ကြသေးတာ။     ပြီးတော့ ရေမိုးချိုး၊ ထမင်းစားပြီး စာကျက်တယ်။  ဟော စာကျက်တာရပ်ပြီး အိပ်မယ် ဆိုတော့ အိပ် လိုက်တာ မိုးလင်းမှ တစ်ရေးနိုးတယ်။  ဒါကလည်း ဆော့ကစားပြီး ပင်ပန်းသွားလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတာပါ။  မနက်မိုးလင်းရင် လန်းဆန်းလို့။  ဒီလိုနဲ့ ကျောင်းတော်ကြီးဆီကို ချီတက်ကြပါတယ်။   ယခုကလေးတွေကတော့ ကျောင်းကနေ ကျူရှင်တန်းပြီးသွားသူရယ်၊ ကျောင်းကနေ အိမ်ပြန် ရေချိုးပြီး  ကျူရှင်ကို ပြန်သွားကြတဲ့ သူရယ် အမျိုးမျိုးမြင်တွေ့ရပါတယ်။  ဒီလိုနဲ့ မိုးချုပ်၊ ထမင်းစား၊ စာကျက်ချိန် ရောက်တော့ ကျောင်းကပေးလိုက်တဲ့ စာတွေရယ်၊ ကျူရှင်က ပေးလိုက်တဲ့စာတွေရယ်ကို သိမ်းကျုံးပြီး လုပ်ရ တော့တယ်။  (၃)  " ကျောင်းပညာရေး "၊ " အတန်းပညာ " ဆိုတာ ဘ၀အတွက် လိုအပ်နေတယ်။  အသက်မွေးဝမ်း ကျောင်းကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့၊  လူ့ပတ်ဝန်းကျင်မှာ ဂုဏ် ဆိုတဲ့ အတွန့်လေး တက်စေဖို့ ဒီ အတန်း ပညာတွေကို သင်ကြားနေကြရတယ်လို့ ကျွန်တော်ထင်တာပါပဲ။   ပညာရေးဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ-၆ မှာ " ပညာရေးဆိုသည်မှာ လူတို့၏ အသိဥာဏ် တိုးတက်အောင် အဆင့်ဆင့် ပြုလုပ်သမျှတို့ကို လိုလိုသည်။  လူတို့သည် အက္ခရာစာလုံးများကို မတီထွင်တတ်မီကပင် နောင်လာနောက်သားတို့အား မိမိတို့က အရေးကြီးသည်ဟုထင်သော ပညာတို့ကို သင်ကြားပေးခဲ့ကြ၏။  မိမိတို့က အမြတ်တနိုးထားသော အရာတို့ကိုလည်း မြတ်နိုးတတ်လာစေအောင် သွန်သင် ခဲ့ကြ၏။  ရှေးခေတ်အခါမှစ၍ လူတို့သည် အစုအသင်းအဖွဲ၍ နေထိုင်လေ့ရှိခဲ့ကြရာ သက်ကြီးသူတို့က မိမိတို့ အသင်းအဖွဲ့တို့အား တစ်ဆင့် သင်ကြားပေးခဲ့ကြပေသည်။  ထိုသို့ အသိပညာရှိပြီးသူတို့က အသိပညာမရှိသေး သော သူတို့အား ပညာပေးခြင်းမှာ ပညာရေးအခြေခံ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။   တစ်ဖန် ပညာရေး ဟူသည်မှာ စာသင်ကျောင်းတွင် အသက်ငယ်စဉ်က သင်ကြားခဲ့ရသော ပညာသက်သက်ကိုချည်း မဆိုလိုချေ။  ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် မူလတန်းပညာမှအစ တက္ကသိုလ်ပညာအထိ တတ်မြောက်ခဲ့ပြီး ဖြစ်သည်ဟု ဆိုနိုင်စေကာမူ ထိုသူအဖို့ ပညာစုံပြီဟူ၍ကား မဆိုသာချေ။      အဘယ့်ကြောင့်ဆိုသော ကျောင်းမှ ထွက်ပြီးနောက် စာအုပ်များကို ဖတ်ခြင်းအားဖြင့်သော်လည်းကောင်း၊ သဘာဝကို လေ့လာခြင်း အားဖြင့်သော် လည်းကောင်း၊ အချင်းချင်း ပေါင်းသင်ဆက်ဆံရခြင်းအားဖြင့် သော်လည်းကောင်း ပညာကို ဆက်လက်ဆည်းပူး နေကြရသောကြောင့် ဖြစ်သည်။  သို့ရာတွင် စာသင်ကျောင်း၌ ရရှိခဲ့သော ပညာကို အခြေခံပြု၍သာလျှင် နောင် ကြီးပြင်းလာသောအခါ ရရှိသော အသိပညာသည် တိုးပွားစုံလင်လာရပေသည်  " ဟု ရေးသား ဖော်ပြထား ပါတယ်။   ကျောင်းပညာရေးကနေ ဘ၀အတွက် အသိပညာ၊ အတတ်ပညာတွေကို ဆက်လက်ရယူနိုင်ပါတယ်။  ဆက်လက်သင်ယူနိုင်ပါတယ်။  ဒါ့အပြင် လူနေမူလိုအပ်ချက်၊ ဘ၀လိုအပ်ချက်အရ ကျောင်းတက်ရမယ်။ ပညာ သင်ယူကြရပါ့မယ်။   ဒီလို ကျောင်းတက်ရတဲ့အခါ ကျောင်းပညာကို ရယူနိုင်ဖို့ ကိုယ့်ဘက်ကလိုအပ်ချက်တွေ ရှိလာပါတယ်။ အထူးသဖြင့် ငွေကြေးပိုင်းဆိုင်ရာပေါ့။     ဆရာကာတွန်းငွေကြည်ရဲ့ ကာတွန်းလေးတစ်ကွက်ရှိပါတယ်။  လူတစ်ယောက်က ဆိုင်းဘုတ်တစ်ခု ကိုင်ထားတယ်။ သူကိုင်ထားတဲ့ ဆိုင်းဘုတ်မှာ ရေးထားတာက " ပညာ ရောင်းသည် " တဲ့။   (၄)  " မူကြိုက ကျူရှင်မထားလို့မရဘူး။  ထားရတယ်။  ဘာလို့လဲဆိုတော့ သူငယ်တန်းတက်ရင် မူကြိုက အဆင့်နဲ့ အခန်း A , B , C ခွဲသွားတာ "  " မူကြိုမှာက ၀လုံးကို သေချာစနစ်တကျသင်တယ်။ ရေးခိုင်းတယ်။  လက်ထပ်သင်တယ်ပေါ့။ ဒီတော့ ကိုယ့်ကလေး A ခန်းရောက်နိုင်အောင် ခုကတည်းက ကျူရှင်ထားမှ "   အသိမိတ်ဆွေတစ်ယောက်က ပြောနေတာပါ။  သူ့သားကလည်း ကျွန်တော့်သမီးနဲ့အတူ ဒီနှစ် မူကြို တက်ရတယ်လေ။  သူ့သားကို မူကြိုကျူရှင်ထားတော့ သူက သိတာကိုပြောပြာတာပါ။  အဲဒီကြမှ ကျွန်တော် ကလည်း သြော်လောကကြီး ဒီလိုလည်းရှိသေးသကိုးလို့ သြချမိပါတယ်။   ကျွန်တော်တစ်ယောက်တည်း အယူအဆအရပြောရရင် ကလေးတွေကို A,B,C အတန်းခွဲတာကို မနှစ် သက်လှပါဘူး။  ကျောင်းသားဦးရေများလို့ အတန်းခွဲတာကတော့ တစ်မျိုးပေါ့။  ကလေးတွေရဲ့ ကောင်း၊ သင့်၊ ညံ့ ဆိုတာကို အခန်းနဲ့ လိုက်ခွဲတာက မသင့်တော်ဘူးလို့ထင်ပါတယ်။   A တန်းက ကလေးကိုမှီဖို့ B တန်းက ကလေးက အပြိုင်ကြိုးစားချင်စိတ် ဖြစ်လာရင်တော့ ပြဿနာမရှိလှပေမဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ်လေးတွေ ကိုယ်စီဝင်သွားမှာ စိုးရွံ့မိပါတယ်။       နောက်အရေးကြီးတဲ့တစ်ချက်က ဆရာ၊ ဆရာမတွေရဲ့ စိတ်စေတနာပါ။  တချို့သော ဆရာ၊ ဆရာမတွေက ညံ့လှတဲ့ကလေးတွေကို ပိုပြီး ဂရုစိုက်သင်ကြားပေးရမဲ့အစား  တော်နေတဲ့ကလေးတွေကိုသာ ပိုပို ဂရိုက်စိုက် တတ်ကြပါတယ်။   ဒီတော့ အရည်အသွေးတက်လာမဲ့ကလေးက တက်သင့်သလောက် တက်မလာရတော့ဘူး။  နောက် ဆရာ၊ ဆရာမတွေရဲ့ ကျောင်းစာသင်ချိန်တွေဟာ ပေါ့လို့လာတာကြောင့် ကလေးတွေက ကျူရှင်ဆီကို ပြေးရ တော့တယ်။  အတန်းတက်ပြီဆိုရင်လဲ ကျူရှင်တက်တဲ့ ကလေးရဲ့ ကျောင်းစာတတ်မှုနဲ့ ကျူရှင်မတက်နိုင်တဲ့ ကလေးရဲ့ ကျောင်းစာတတ်မှုက ကွာဟလာတယ်။  ပြီးတော့ " မျက်နှာကြီးရာ ဟင်းဖတ်ပါသလို ပိုက်ပိုက်ပေးရာ မျက်နှာပါ " တော့ပါတယ်။   ဒါတွေက ယေဘုယျသဘောကိုသာ ကျွန်တော်ဆိုလိုခြင်းပါ။  တကယ့် စေတနာ၊ မေတ္တာ၊ ကရုဏာတွေနဲ့ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီးရှိနေပါတယ်။  ဒါပေမယ့် စေတနာ ဆရာ၊ ဆရာမတွေအပေါ်မှာ အသပြာ ဆရာ၊ ဆရာမတွေက လွှမ်းမိုးလို့ သွားတတ်ပါသေးတယ်။  (၅)  ကျွန်တော့် သူငယ်ချင်းတစ်ယောက်က သူ့သမီးကို အပြင်ကျောင်း(ပုဂ္ဂလိက)မှာ ထားတယ်။  သူ့သမီးလဲ မူကြိုပါပဲ။ တစ်လကို သုံးသောင်းပေးရပါတယ်။     နောက်တစ်ယောက်ဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ကတော့ သူ့သား သုံးတန်းကလေးကို ပုဂ္ဂလိကကျောင်း မှာပဲထားတယ်။  သူကတော့ ၀င်ကြေးသတ်သတ်ပေးရပြီး တစ်နှစ်ပတ်လုံး သုံးသိန်းတဲ့။     ဒါတွေကို ကြားသိရတယ်၊ ကိုယ်တိုင်ကြုံတွေ့ရတော့ ဆရာကာတွန်းငွေကြည်ရဲ့ ကာတွန်းလေးလို ပညာကို တကယ်ရောင်းနေကြတာပါလားလို့ တွေးမိပါတယ်။  ဒီတော့လဲ ပညာရေးကြီးက ရောင်းပန်းဝယ်ပန်းလို ဖြစ်နေတယ်။       ဈေးကွက်စီးပွားရေးဖြစ်လာတော့  ပိုက်ဆံများများရှိတဲ့ မိဘတွေက သူ့သားသမီးတွေကို ပညာ ကောင်းကောင်းတွေ ၀ယ်ပေးနိုင်တယ်။  ထားပေးနိုင်တယ်။   အတော်အသင့် မိဘတွေက တန်ရာတန်ရာမှန်းဆိုသလို တော်သင့်ရုံပညာလောက်သာ ၀ယ်ပေးနိုင် တယ်။  ဟော ဆင်းရဲနွမ်းပါးတဲ့ မိဘတွေရဲ့ ကလေးတွေရဲ့ ဘ၀ကတော့ ၀မ်းက ၀ တစ်လှည့် မ၀တစ်လှည့်လို ပညာကလည်း ရတဲ့အခါ၊ ငတ်တဲ့အခါ ငယ်လေတော့တယ်။   တော်ချင်၊ တတ်ချင်၊ သင်ယူချင်တဲ့ ကလေးတွေခမျာ အဖေအမေရဲ့ အိပ် အဖောင်းအပိန်ကိုလိုက်ပြီး ပညာတွေကို ရှူသွင်း ရှိုက်ထုတ်နေလေတယ်။  သူတို့ရဲ့ အနာဂတ်လေးတွေ၊ ဘ၀ရပ်တည်မှု အာမခံချက်၊ ၀မ်းရေးအတွက် အတတ်ပညာတွေဟာ ၀ယ်နိုင်သလောက်သာ ရကြတော့မှာလားလေ။  (၆)  " ဟောဒီက ပညာ၊ ပညာရမယ် နော် ပညာ ရမယ် "  ဟုတ်သေးပါဘူးဟ။  စောစောစီးစီး။  အိပ်ယာကနေ ကပျာကသီ ထလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ကြည့် လိုက်မိတယ်။   အမျိုးသမီးတစ်ဦးက ဈေးဗန်းကို ခေါင်းပေါ်ရွက်ပြီး အောင်ဟစ်ရောင်းနေတာကို တွေ့လိုက်ရတယ်။ ဟုတ်သေးပါဘူး။  ပညာက ဒီလိုရောင်းလို့ ရရိုးလား။  ကျွန်တော် သေသေချာချာ အာရုံစိုက်နားထောင်လိုက်မိ တယ်။   " ဟော ဒီ က ပဲ ပြုတ် ၊ ပဲပြုတ် ပူပူလေးနော် ပဲပြုတ်ပူပူလေး "  " ဟင်း တော်သေးတာပေါ့ ငါ့နှယ်နော် "  ****************** မောင်ပိုင် ၁၁-၆-၂၀၁၄။

(၁)
"ဟေ …"
"တစ်လ ၃၀၀၀ တဲ့ ကလေးသုံးယောက်ကို ဆရာမတစ်ယောက်က တာဝန်ယူတယ်၊ ၀ လုံး ရေးသင်တာကအစ သေသေချာချာသင်တယ် ပြောတယ် "
ကျွန်တော်ကတော့ "ဟေ "လို့သာ အာမေဍိတ်ပြုမိပါတယ်။ ဒီနေ့ သမီးတော်လေးကို မူကြိုတက္ကသိုလ် ကြီးကိုစတင်ပို့တယ်။ ကျောင်းပို့ပြီးပြန်လာတဲ့ ကျွန်တော့်အမျိုးသမီးက "သမီးကို ကျူရှင်ထားမလား "တဲ့။ အဲဒီအမေးကြောင့် ကျွန်တော် "ဟေ "လိုက်ရခြင်းပါ။

မူကြိုကျူရှင်တဲ့လေ။ ကြားလို့မှ မတော်။ ခက်ပဲခက်ရချည်ရဲ့။ လုံးဝအခြေခံပညာရပ်ဖြစ်တဲ့ ၀ လုံးတန်းပေါ့လေ။ ဒီ ၀ လုံးတန်းကိုတောင် ကျူရှင်ရှိတယ်ဆိုတော့။

"မထားဘူးဟေ့ အိမ်ရောက်မှ သင်ပေးတော့မယ်။ ကလေး ဆော့ဖို့အချိန်ပေးရမယ်။ ပေါက်စန လေးကစ ကျူရှင်နဲ့ မရင်းနှီးစေချင်ဘူးကွာ။ ဒီတော့ မထားဘူး "

(၂)
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးဘ၀ရဲ့ လွတ်လပ်ပျော်ရွှင်မှုအရသာကို အပြည့်အ၀ ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ယနေ့ခေတ်ကာလ ကလေးတွေကို မြင်တွေ့ရတော့ ကျွန်တော်တို့ ငယ်ဘ၀နဲ့ယှဉ်ပြီး ကြည့်လိုက်တာ စိတ်မသက်မသာ ခံစားရမိတယ်။

ကလေးဘ၀ လွတ်လပ်စွာ ပျော်ပါးဆော့ကစားခွင့် အချိန်တွေဟာ နည်းပါးသွားသလိုပါပဲ။ နွေရာသီ ကျောင်းပိတ်ရက်မျိုးမှာတောင် အထူးကျူရှင်၊ အကြိုကျူရှင်နဲ့ ဘာသင်တန်း၊ ညာသင်တန်းဆိုတာတွေ တက်နေ ရတာဟာ ၀န်လေးပင်စွာသယ်နေရတဲ့ လှည်းကြီးတွေလို တအီအီ သွားနေရတယ်လို့ ထင်တယ်။

ကျောင်း၊ ကျူရှင်၊ အိမ်နဲ့ ကလေးတွေ ချာလပတ်လည်နေတော့တာပါပဲ။
ကျွန်တော်တို့ ငယ်ဘ၀က ကျောင်းကပြန်လာပြီဆိုရင် လွယ်အိပ်က ပစ်ချပြီး တစ်နည်းမဟုတ်တစ်နည်း ဆော့ကစားတော့တာပါပဲ။ ချွေးတွေ၊ ဖုန်တွေ ပေတလူးပြီး မောပြီဆိုမှ ရပ်ကြတယ်။ ဒါတောင် လူကြီးတွေက တုတ်ကိုင်ပြီး တော်တော့ ပြောမှ တစ်ခါတလေ ဆော့တာကို ရပ်ကြသေးတာ။

ပြီးတော့ ရေမိုးချိုး၊ ထမင်းစားပြီး စာကျက်တယ်။ ဟော စာကျက်တာရပ်ပြီး အိပ်မယ် ဆိုတော့ အိပ် လိုက်တာ မိုးလင်းမှ တစ်ရေးနိုးတယ်။ ဒါကလည်း ဆော့ကစားပြီး ပင်ပန်းသွားလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားတာပါ။ မနက်မိုးလင်းရင် လန်းဆန်းလို့။ ဒီလိုနဲ့ ကျောင်းတော်ကြီးဆီကို ချီတက်ကြပါတယ်။

ယခုကလေးတွေကတော့ ကျောင်းကနေ ကျူရှင်တန်းပြီးသွားသူရယ်၊ ကျောင်းကနေ အိမ်ပြန် ရေချိုးပြီး ကျူရှင်ကို ပြန်သွားကြတဲ့ သူရယ် အမျိုးမျိုးမြင်တွေ့ရပါတယ်။ ဒီလိုနဲ့ မိုးချုပ်၊ ထမင်းစား၊ စာကျက်ချိန် ရောက်တော့ ကျောင်းကပေးလိုက်တဲ့ စာတွေရယ်၊ ကျူရှင်က ပေးလိုက်တဲ့စာတွေရယ်ကို သိမ်းကျုံးပြီး လုပ်ရ တော့တယ်။

(၃)
"ကျောင်းပညာရေး "၊ "အတန်းပညာ "ဆိုတာ ဘ၀အတွက် လိုအပ်နေတယ်။ အသက်မွေးဝမ်း ကျောင်းကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့၊ လူ့ပတ်ဝန်းကျင်မှာ ဂုဏ် ဆိုတဲ့ အတွန့်လေး တက်စေဖို့ ဒီ အတန်း ပညာတွေကို သင်ကြားနေကြရတယ်လို့ ကျွန်တော်ထင်တာပါပဲ။

ပညာရေးဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ-၆ မှာ "ပညာရေးဆိုသည်မှာ လူတို့၏ အသိဥာဏ် တိုးတက်အောင် အဆင့်ဆင့် ပြုလုပ်သမျှတို့ကို လိုလိုသည်။ လူတို့သည် အက္ခရာစာလုံးများကို မတီထွင်တတ်မီကပင် နောင်လာနောက်သားတို့အား မိမိတို့က အရေးကြီးသည်ဟုထင်သော ပညာတို့ကို သင်ကြားပေးခဲ့ကြ၏။ မိမိတို့က အမြတ်တနိုးထားသော အရာတို့ကိုလည်း မြတ်နိုးတတ်လာစေအောင် သွန်သင် ခဲ့ကြ၏။ ရှေးခေတ်အခါမှစ၍ လူတို့သည် အစုအသင်းအဖွဲ၍ နေထိုင်လေ့ရှိခဲ့ကြရာ သက်ကြီးသူတို့က မိမိတို့ အသင်းအဖွဲ့တို့အား တစ်ဆင့် သင်ကြားပေးခဲ့ကြပေသည်။ ထိုသို့ အသိပညာရှိပြီးသူတို့က အသိပညာမရှိသေး သော သူတို့အား ပညာပေးခြင်းမှာ ပညာရေးအခြေခံ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
တစ်ဖန် ပညာရေး ဟူသည်မှာ စာသင်ကျောင်းတွင် အသက်ငယ်စဉ်က သင်ကြားခဲ့ရသော ပညာသက်သက်ကိုချည်း မဆိုလိုချေ။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် မူလတန်းပညာမှအစ တက္ကသိုလ်ပညာအထိ တတ်မြောက်ခဲ့ပြီး ဖြစ်သည်ဟု ဆိုနိုင်စေကာမူ ထိုသူအဖို့ ပညာစုံပြီဟူ၍ကား မဆိုသာချေ။
အဘယ့်ကြောင့်ဆိုသော ကျောင်းမှ ထွက်ပြီးနောက် စာအုပ်များကို ဖတ်ခြင်းအားဖြင့်သော်လည်းကောင်း၊ သဘာဝကို လေ့လာခြင်း အားဖြင့်သော် လည်းကောင်း၊ အချင်းချင်း ပေါင်းသင်ဆက်ဆံရခြင်းအားဖြင့် သော်လည်းကောင်း ပညာကို ဆက်လက်ဆည်းပူး နေကြရသောကြောင့် ဖြစ်သည်။ သို့ရာတွင် စာသင်ကျောင်း၌ ရရှိခဲ့သော ပညာကို အခြေခံပြု၍သာလျှင် နောင် ကြီးပြင်းလာသောအခါ ရရှိသော အသိပညာသည် တိုးပွားစုံလင်လာရပေသည် "ဟု ရေးသား ဖော်ပြထား ပါတယ်။

ကျောင်းပညာရေးကနေ ဘ၀အတွက် အသိပညာ၊ အတတ်ပညာတွေကို ဆက်လက်ရယူနိုင်ပါတယ်။ ဆက်လက်သင်ယူနိုင်ပါတယ်။ ဒါ့အပြင် လူနေမူလိုအပ်ချက်၊ ဘ၀လိုအပ်ချက်အရ ကျောင်းတက်ရမယ်။ ပညာ သင်ယူကြရပါ့မယ်။

ဒီလို ကျောင်းတက်ရတဲ့အခါ ကျောင်းပညာကို ရယူနိုင်ဖို့ ကိုယ့်ဘက်ကလိုအပ်ချက်တွေ ရှိလာပါတယ်။ အထူးသဖြင့် ငွေကြေးပိုင်းဆိုင်ရာပေါ့။

ဆရာကာတွန်းငွေကြည်ရဲ့ ကာတွန်းလေးတစ်ကွက်ရှိပါတယ်။ လူတစ်ယောက်က ဆိုင်းဘုတ်တစ်ခု ကိုင်ထားတယ်။ သူကိုင်ထားတဲ့ ဆိုင်းဘုတ်မှာ ရေးထားတာက "ပညာ ရောင်းသည် "တဲ့။

(၄)
"မူကြိုက ကျူရှင်မထားလို့မရဘူး။ ထားရတယ်။ ဘာလို့လဲဆိုတော့ သူငယ်တန်းတက်ရင် မူကြိုက အဆင့်နဲ့ အခန်း A , B , C ခွဲသွားတာ "
"မူကြိုမှာက ၀လုံးကို သေချာစနစ်တကျသင်တယ်။ ရေးခိုင်းတယ်။ လက်ထပ်သင်တယ်ပေါ့။ ဒီတော့ ကိုယ့်ကလေး A ခန်းရောက်နိုင်အောင် ခုကတည်းက ကျူရှင်ထားမှ "

အသိမိတ်ဆွေတစ်ယောက်က ပြောနေတာပါ။ သူ့သားကလည်း ကျွန်တော့်သမီးနဲ့အတူ ဒီနှစ် မူကြို တက်ရတယ်လေ။ သူ့သားကို မူကြိုကျူရှင်ထားတော့ သူက သိတာကိုပြောပြာတာပါ။ အဲဒီကြမှ ကျွန်တော် ကလည်း သြော်လောကကြီး ဒီလိုလည်းရှိသေးသကိုးလို့ သြချမိပါတယ်။

ကျွန်တော်တစ်ယောက်တည်း အယူအဆအရပြောရရင် ကလေးတွေကို A,B,C အတန်းခွဲတာကို မနှစ် သက်လှပါဘူး။ ကျောင်းသားဦးရေများလို့ အတန်းခွဲတာကတော့ တစ်မျိုးပေါ့။ ကလေးတွေရဲ့ ကောင်း၊ သင့်၊ ညံ့ ဆိုတာကို အခန်းနဲ့ လိုက်ခွဲတာက မသင့်တော်ဘူးလို့ထင်ပါတယ်။

A တန်းက ကလေးကိုမှီဖို့ B တန်းက ကလေးက အပြိုင်ကြိုးစားချင်စိတ် ဖြစ်လာရင်တော့ ပြဿနာမရှိလှပေမဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ်လေးတွေ ကိုယ်စီဝင်သွားမှာ စိုးရွံ့မိပါတယ်။
နောက်အရေးကြီးတဲ့တစ်ချက်က ဆရာ၊ ဆရာမတွေရဲ့ စိတ်စေတနာပါ။ တချို့သော ဆရာ၊ ဆရာမတွေက ညံ့လှတဲ့ကလေးတွေကို ပိုပြီး ဂရုစိုက်သင်ကြားပေးရမဲ့အစား တော်နေတဲ့ကလေးတွေကိုသာ ပိုပို ဂရိုက်စိုက် တတ်ကြပါတယ်။

ဒီတော့ အရည်အသွေးတက်လာမဲ့ကလေးက တက်သင့်သလောက် တက်မလာရတော့ဘူး။ နောက် ဆရာ၊ ဆရာမတွေရဲ့ ကျောင်းစာသင်ချိန်တွေဟာ ပေါ့လို့လာတာကြောင့် ကလေးတွေက ကျူရှင်ဆီကို ပြေးရ တော့တယ်။ အတန်းတက်ပြီဆိုရင်လဲ ကျူရှင်တက်တဲ့ ကလေးရဲ့ ကျောင်းစာတတ်မှုနဲ့ ကျူရှင်မတက်နိုင်တဲ့ ကလေးရဲ့ ကျောင်းစာတတ်မှုက ကွာဟလာတယ်။ ပြီးတော့ "မျက်နှာကြီးရာ ဟင်းဖတ်ပါသလို ပိုက်ပိုက်ပေးရာ မျက်နှာပါ "တော့ပါတယ်။

ဒါတွေက ယေဘုယျသဘောကိုသာ ကျွန်တော်ဆိုလိုခြင်းပါ။ တကယ့် စေတနာ၊ မေတ္တာ၊ ကရုဏာတွေနဲ့ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမယ့် စေတနာ ဆရာ၊ ဆရာမတွေအပေါ်မှာ အသပြာ ဆရာ၊ ဆရာမတွေက လွှမ်းမိုးလို့ သွားတတ်ပါသေးတယ်။

(၅)
ကျွန်တော့် သူငယ်ချင်းတစ်ယောက်က သူ့သမီးကို အပြင်ကျောင်း(ပုဂ္ဂလိက)မှာ ထားတယ်။ သူ့သမီးလဲ မူကြိုပါပဲ။ တစ်လကို သုံးသောင်းပေးရပါတယ်။

နောက်တစ်ယောက်ဖြစ်တဲ့ မိတ်ဆွေတစ်ယောက်ကတော့ သူ့သား သုံးတန်းကလေးကို ပုဂ္ဂလိကကျောင်း မှာပဲထားတယ်။ သူကတော့ ၀င်ကြေးသတ်သတ်ပေးရပြီး တစ်နှစ်ပတ်လုံး သုံးသိန်းတဲ့။

ဒါတွေကို ကြားသိရတယ်၊ ကိုယ်တိုင်ကြုံတွေ့ရတော့ ဆရာကာတွန်းငွေကြည်ရဲ့ ကာတွန်းလေးလို ပညာကို တကယ်ရောင်းနေကြတာပါလားလို့ တွေးမိပါတယ်။ ဒီတော့လဲ ပညာရေးကြီးက ရောင်းပန်းဝယ်ပန်းလို ဖြစ်နေတယ်။
ဈေးကွက်စီးပွားရေးဖြစ်လာတော့ ပိုက်ဆံများများရှိတဲ့ မိဘတွေက သူ့သားသမီးတွေကို ပညာ ကောင်းကောင်းတွေ ၀ယ်ပေးနိုင်တယ်။ ထားပေးနိုင်တယ်။

အတော်အသင့် မိဘတွေက တန်ရာတန်ရာမှန်းဆိုသလို တော်သင့်ရုံပညာလောက်သာ ၀ယ်ပေးနိုင် တယ်။ ဟော ဆင်းရဲနွမ်းပါးတဲ့ မိဘတွေရဲ့ ကလေးတွေရဲ့ ဘ၀ကတော့ ၀မ်းက ၀ တစ်လှည့် မ၀တစ်လှည့်လို ပညာကလည်း ရတဲ့အခါ၊ ငတ်တဲ့အခါ ငယ်လေတော့တယ်။

တော်ချင်၊ တတ်ချင်၊ သင်ယူချင်တဲ့ ကလေးတွေခမျာ အဖေအမေရဲ့ အိပ် အဖောင်းအပိန်ကိုလိုက်ပြီး ပညာတွေကို ရှူသွင်း ရှိုက်ထုတ်နေလေတယ်။ သူတို့ရဲ့ အနာဂတ်လေးတွေ၊ ဘ၀ရပ်တည်မှု အာမခံချက်၊ ၀မ်းရေးအတွက် အတတ်ပညာတွေဟာ ၀ယ်နိုင်သလောက်သာ ရကြတော့မှာလားလေ။

(၆)
"ဟောဒီက ပညာ၊ ပညာရမယ် နော် ပညာ ရမယ် "
ဟုတ်သေးပါဘူးဟ။ စောစောစီးစီး။ အိပ်ယာကနေ ကပျာကသီ ထလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ကြည့် လိုက်မိတယ်။

အမျိုးသမီးတစ်ဦးက ဈေးဗန်းကို ခေါင်းပေါ်ရွက်ပြီး အောင်ဟစ်ရောင်းနေတာကို တွေ့လိုက်ရတယ်။ ဟုတ်သေးပါဘူး။ ပညာက ဒီလိုရောင်းလို့ ရရိုးလား။ ကျွန်တော် သေသေချာချာ အာရုံစိုက်နားထောင်လိုက်မိ တယ်။

"ဟော ဒီ က ပဲ ပြုတ် ၊ ပဲပြုတ် ပူပူလေးနော် ပဲပြုတ်ပူပူလေး "
"ဟင်း တော်သေးတာပေါ့ ငါ့နှယ်နော် "

******************
မောင်ပိုင်
၁၁-၆-၂၀၁၄။
 — with Khin Soe Lwin and 34 others.

ကာဂီးလ်စစ်ပွဲ(၁၉၉၉) အပိုင်း(၅)

$
0
0

၂၉။ ကာဂီးလ်ဒေသတိုက်ပွဲဖြစ်စဉ်များသည် အကျယ်အ၀န်းစတုရန်းကီလိုမီတာ ၁၄၀၃၆ ရှိသော ကာဂီးလ်တောင်တန်းဒေသ၏ မြင့်မားသောတောင်စဉ်တောင်တန်းများပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုတောင်တန်း များသည် ၃၀ ဒီဂရီဆဲလ်ဆီးယပ်အောက်အေးသည့် ဒေသများဖြစ်ပြီး၊ ကမ္ဘာ့အမြင့်ဆုံးစစ်မြေပြင်ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ထို့အပြင် ကာဂီးလ် နယ်စပ်မြို့သည် တောတောင်ထူထပ်သောမြို့ဖြစ်ပြီး ကက်ရှ်မီးယားပြည်နယ် ဆရင်နာဂါးမှ အရှေ့မြောက်ဘက်၁၃၈ မိုင်အကွာအဝေးတွင်လည်းကောင်း၊ ပါကစ္စတန်၏ထောက်ပံ့ရေး စခန်းမြို့ဖြစ်သော Skardu မှ ၁၀၈ မိုင်အကွာတွင်လည်းကောင်းတည်ရှိနေသည်။ တိုက်ပွဲ ဖြစ်ပွားရာဒေသများမှာ မီတာ ၅၀၀၀ ခန့် မြင့်မားသည့် တောင်တန်းများပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ နှစ်ဘက်စလုံးအတွက် အုပ်ချုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေအနေမှာ ခက်ခဲလှသည်။ 

၃၀။ ထိုသို့ နှစ်နိုင်ငံတပ်များတိုက်ပွဲဖြစ်ပွားရာတွင် အိန္ဒိယနိုင်ငံသည် တစ်ရက်လျှင် ရူပီး ၁၅ ကုဋေခန့် ကုန်ကျခဲ့သည်။ ကျူးကျော်သူများကို အိန္ဒိယကလေကြောင်းမှ တိုက်ခိုက်ခဲ့သကဲ့သို့ တာဝေးပစ်အမြောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲစတင်ဖြစ်ပွားပြီး သီတင်းနှစ်ပတ် အတွင်း အမြောက်အချက်ပေါင်း (၄၀၀၀၀) ခန့်ပစ်ခတ်ခဲ့သည်။ ယင်းအမြောက်ဆန်များ ပါကစ္စတန် နယ်မြေအတွင်းကျရောက်သည်ဟုဆိုကာပါကစ္စတန်ကလည်း အမြောက်များဖြင့် အချက်ပေါင်း (၄၀၀၀၀)မကပြန်လည်ပစ်ခတ်ခဲ့ပါသည်။ အိန္ဒိယဘက်မှ ၁၅၅ မမ အမြောက်ကြီးများအတွက် ကျည်ထုတ်လုပ်သည့်စက်ရုံမရှိသောကြောင့်ကျည်အတောင့်ရေ (၁၄၀၀၀) ခန့် ပစ်ခတ်ပြီးနောက်တွင် ကျည်လက်ကျန်မရှိတော့ဘဲ တောင်အာဖရိကနိုင်ငံမှ ကျည်တစ်တောင့်လျှင် ဒေါ်လာ ၁၀၀၀ နှုန်းပေး၍ ၀ယ်ယူခဲ့ရသည်ဟုသိရသည်။

၃၁။ အိန္ဒိယသည် တိုက်ပွဲဖြစ်စဉ်များ၌ လေတပ်၏အကူအညီအများဆုံးဖြင့် မြေပြင်တပ် များက တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း မြင့်မားသောတောင်တန်းများနှင့် ရာသီဥတု အခြေအနေကြောင့် လေကြောင်းတိုက်ခိုက်မှုတွင် ကန့်သတ်မှုများရှိခဲ့သည်။ အိန္ဒိယရေတပ် အနေဖြင့်လည်း မိမိ၏ရေလမ်းကြောင်း လုံခြုံရေးနှင့်ပါကစ္စတန်ကရာချိဆိပ်ကမ်းသို့ ထောက်ပံ့ရေး ပစ္စည်းများမ၀င်ရောက်နိုင်ရန်အတွက် ပိတ်ဆို့ မှုများပြုလုပ်ထားခဲ့သည်။ တိုက်ပွဲစတင်ဖြစ်ပွားချိန်တွငပါကစ္စတန်၌ ၆ ရက်အသုံးပြုရန်သာ စက်သုံးဆီလုံလောက်မှုရှိတော့သည်။ အိန္ဒိယဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ထောက်ပံ့ပို့ဆောင်မှုများပြုလုပ်ရာတွင် ဆရီနာဂါနှင့် Leh ကို ဆက်သွယ်ထားသော အမျိုးသားလမ်းမကြီးအမှတ် NH1D ကို အသုံးပြုခဲ့ရသည်။ မြေမျက်နှာပြင်ကြမ်းတမ်းမှုနှင့် ကျဉ်းမြောင်းသောလမ်းများကြောင့် ယာဉ်တန်းများသွားလာရန် နှေးကွေးစေခဲ့သည်။ မြင့်မားသောတောင်တန်းများ၏အမြင့်ပေကြောင့် လေယာဉ်များအနေဖြင့် ၀န်ချိန်များသယ်ယူရာတွင် အကန့်အသတ်ဖြစ်စေခဲ့သည်။ အိန္ဒိယတို့၏ တစ်ခုတည်းသောအဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သော LH1D မှာ ပါကစ္စတန်အမြောက်ကြီးများ၏ ပစ်ခတ်မှု အောက်တွင်ရောက်ရှိနေခဲ့သည့်အတွက် သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲများဖြစ်စေခဲ့သည့် အပြင် ကြီးမားသောဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ 

၃၂။ အိန္ဒိယကြည်းတပ်သည် ကာဂီးလ်တိုက်ပွဲစဉ်တစ်လျှောက်တွင် ဗုံး၊ စိန်ပြောင်းနှင့် အမြောက်ကျည် ၂၅၀ယ၀၀၀ ခန့် ပစ်ခတ်အသုံးပြုခဲ့သည်။ နေ့စဉ် သေနတ်အလက် ၃၀၀ ခန့်မှ ဗုံး၊ စိန်ပြောင်းနှင့်အမြောက်ကျည် ၅၀၀၀ ခန့်အား ပါကစ္စတန်ဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အိန္ဒိယလေတပ်သည် အမြင့်ပေ ၁၆၀၀၀ မှ ၁၈၀၀၀ အထိမြင့်မားသောတောင်တန်းများပေါ်၌ စစ်ဆင်ရသည်ဖြစ်ရာ အမြင့်ပေ ၂၀၀၀၀ ခန့်မှ ပျံသန်းရသည့်အတွက်လေဖိအား နည်းပါး သည့်အခြေအနေမျိုးကြုံတွေ့ရပြီး သယ်ယူသည့်ဝန်အလေးချိန်ကို လျှော့ချ၍တိုက်ပွဲဝင်ခဲ့ရသည်။ အိန္ဒိယလေတပ်သည် ကာဂီးလ်တိုက်ပွဲစဉ်အတွက် လေတပ်အခြေစိုက်စခန်းများကို ဆရီနာဂါနှင့် Avantapur မြို့များရှိ လေယာဉ်ကွင်းများကို အသုံးပြုခဲ့သည်။ အိန္ဒိယ၏ MIRAGE 2000 နှင် Jaguar တိုက်လေယာဉ်များသည် ခြေလျင်တပ်နှင့်ပူးပေါင်းကာ ရန်သူ၏ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း များ၊ ထောက်ပို့စခန်းများနှင့် ရန်သူအင်အားကြီးမားစွာ နေရာယူထားသည့် ခံစစ်နေရာများကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်။ ပါကစ္စတန်ခြေလျင်တပ်များသည် ၎င်းင်းတို့အခြေစိုက်စခန်းမှ ရှေ့တန်းသို့ ချီတက်ရာတွင် တပ်ရင်းတစ်ရင်းလျှင် အပိုင်း ၂ ပိုင်းခွဲခြားပြီး၊ တစ်ပိုင်းက၀န်ထမ်းတပ်ဖွဲ့အဖြစ် လည်းကောင်း၊ ကျန်တစ်ပိုင်းက တိုက်ခိုက်ရေးတပ်အဖြစ် လည်းကောင်း စုဖွဲ့၍ထောက်ပံ့ပို့ဆောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

စစ်ပွဲ၏ ရည်မှန်းချက်များ

၃၃။ ကက်ရှ်မီးယားဒေသတင်းမာမှုအရေးအခင်းဟု ခေါ်ဆိုသည့် ကာဂီးလ်တိုက်ပွဲမှာ ပါကစ္စတန်နိုင်ငံက စတင်၍ မွတ်ဆလင်စစ်သွေးကြပျောက်ကျားများကို အထောက်အကူပေးကာ ဆင်းမလား သဘောတူ စာချုပ်အရ ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်း LOC ကို ဖြတ်ကျော်၍ ကျူးကျော်ဝင်ရောက်သည့် သဘောသက်ရောက်နေပေသည်။ ပါကစ္စတန် နိုင်ငံ၏ ကျူးကျော်မှုသည်Srinagar နှင့် Leh ဒေသကို ဆက်သွယ်ထားသည့် မဟာဗျူဟာကျသည့် အဝေးပြေးလမ်းမကြီးကို ထိန်းချုပ်ရန်နှင့် Ladaksh ဒေသသို့ ဆောင်းရာသီရိက္ခာများပေးပို့မှုကို တားဆီးရန်အတွက်လည်းကောင်း၊ LOC မျဉ်းကိုကျော်ကာDrass နှင့် Kargil မြို့များကို သိမ်းပိုက်ရန်အတွက်လည်းကောင်း၊ ဆီယာချင်ဒေသရှိ အိန္ဒိယတပ်ဖွဲ့ဝင်များကို မောင်းထုတ်ရန် အတွက် Batalik နှင့် Turtuk ဒေသများကို သိမ်းပိုက်အသုံးချရန်လည်းကောင်း၊ Mashkok တောင်ကြားအနီး Kargilကိုထိန်းချုပ်ကာ နောက်ထပ်ကျူးကျော်သူများ ထိုးဖောက် ၀င်ရောက်စေနိုင်ရေးအတွက် အဓိကလမ်းကြောင်း အဖြစ်အသုံးပြုရန်အတွက်လည်းကောင်း၊ ဆင်းမလား သဘောတူစာချုပ်ကို ဖောက်ဖျက်ကာ၊ ကက်ရှ်မီးယား ဒေသကိုပိုင်းခြားထားသည့် LOCကိုပြောင်းလဲပြင်ဆင်ရေးဆွဲရန် အတွက်လည်းကောင်း၊ ကက်ရှ်မီးယား ပြဿနာကို နိုင်ငံတကာပြဿနာတစ်ရပ်အဖြစ် ပြန်လည်ကြိုးပမ်းလုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟုလည်း ကောင်း အိန္ဒိယမဟာဗျူဟာ ပညာရှင်များက ယူဆလျက်ရှိကြပါသည်။ 

၃၄။ ကာဂီးလ်တောင်တန်းဒေသသည် Srinagar နှင့် Leh ကိုဆက်သွယ်ထားသော အဝေးပြေး လမ်းမကြီးကို အပေါ်စီးမှ မြင်ကွင်းစိုးမိုးလျက်ရှိပြီး ၎င်းင်းတောင်ပေါ်မှ အကဲကြည့် ပစ်ခတ်ခြင်းဖြင့် အိန္ဒိယဘက်မှ ပစ်မှတ်များကို ပါကစ္စတန်ဘက်မှ အမြောက်ကြီးများဖြင့် ချိန်ရွယ်ပစ်ခတ်နိုင်သည့်အတွက် မဟာဗျူဟာအချက်အချာကျလျက်ရှိရာ ထိုတောင်တန်းပေါ်မှ ပြောက်ကျားတပ်များကို ဖယ်ရှားပစ်ရန် အိန္ဒိယသည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ပွဲဖြစ်စဉ်

၃၅။ ကျူးကျော်မှုအားတွေ့ရှိခြင်း ။ အိန္ဒိယကြည်းတပ်ကင်းလှည့်တပ်များသည် ကာဂီလ်း တောင်ကြောတစ်ဝိုက်တွင် ကျူးကျော်ဝင်ရောက်လာသူများကို မေလဒုတိယပတ်အတွင်း စတင်တွေ့ရှိခဲ့ကြသည်။ ၀င်ရောက်လာသူများ၏အနေအထားအရ ၎င်းင်းတို့သည်လေ့ကျင့်ထားသော မူဂျာဟေဒင်အဖွဲ့ဝင်များနှင့် ပါကစ္စတန်တပ်ဖွဲ့ဝင်များဖြစ်ကြပြီး ဘာတာလစ်အရှေ့ဘက်နှင့် ဒရပ်စ်နယ်မြေမြောက်ပိုင်းတို့တွင် လှုပ်ရှားလျက်ရှိကြောင်းတွေ့ရသည်။ ပါကစ္စတန်တို့သည် နယ်စပ်ကိုကျော်ဖြတ်၍ ကာဂီးလ်နှင့်ဒရက်စ်ဒေသများသို့ အမြောက်ဖြင့်ပစ်ခတ်ချေမှုန်းခြင်းကို အားကိုးအားထားပြုခဲ့ကြလေသည်။

၃၆။ တောင်ပေါ်ဒေသသို့ ကျူးကျော်ဝင်ရောက်လာသူများတွင် ပါကစ္စတန်အမြဲတမ်း တပ်ဖွဲ့ဝင်များအပြင် ကြေးစားစစ်သားများလည်းပါဝင်သည်။ ၎င်းင်းတပ်ဖွဲ့များတွင် ပါကစ္စတန်ကြည်းတပ်၏ မြောက်ပိုင်းခြေမြန်တပ်မ ဌာနချုပ်မှ တပ်ရင်း ၅ ရင်းပါဝင်သည့်အပြင် မူဂျာဟေဒင်တပ်ဖွဲ့ဝင်များနှင့် ပါကစ္စတန်တပ်မတော်၏ အထူးတပ်ဖွဲ့များလည်း အများအပြား ပါဝင်လျက်ရှိသည်။ ပထမပိုင်းတွင် ကျူးကျော်ဝင်ရောက်သူများမှာ အင်အား ၅၀၀ မှ ၁၀၀၀ ခန့် အထိသာရှိမည်ဟုခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင်အမှန်တကယ်ဝင်ရောက် ကျူးကျော်နေသော တပ်ဖွဲ့ဝင်အင်အားစုစုပေါင်း ၅၀၀၀ ခန့် အထိရှိကြောင်းခန့်မှန်းနိုင်ခဲ့လေသည်။ ကျူးကျော် ၀င်ရောက်နေသောနယ်မြေဧရိယာမှာ စတုရန်းကီလိုမီတာ ၁၃၀မှ ၂၀၀ ခန့်ရှိပေသည်။ ပါကစ္စတန်တပ်မတော်သည် ကျူးကျော်ဝင်ရောက်နေသောတပ်ဖွဲ့များအတွက် အုပ်ချုပ်ထောက်ပံ့မှု ကောင်းမွန်စေရန်အတွက် နယ်ခြားမျဉ်းတစ်လျှောက်ရှိတပ်ဖွဲ့များကို ပါကစ္စတန်ပိုင် ကက်ရှ်မီးယား ဒေသမှ အုပ်ချုပ်ထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် အထူးအုပ်ချုပ်ထောက်ပံ့မှုစနစ်တစ်ခုကို ဆောင်ရွက်ပေးခဲ့သည်။ ကျူးကျော်တပ်ဖွဲ့များသည် အေကေ-၄၇ နှင့် ၅၆ မောင်းပြန်သေနတ်များ၊ မော်တာများ၊ အမြောက်များ၊ လေယာဉ်ပစ်အမြောက်များနှင့် စတင်ဂါဒုံးကျည်များဖြင့် လက်နက်တပ်ဆင်ထားခဲ့လေသည်။ 

၃၇။ တိုက်ပွဲများစတင်ဖြစ်ပွားခြင်း။ မေလ ၈ ရက်နေ့တွင်ကာဂီလ်းဒေသမှ အချို့ နေရာများတွင် လက်နက်ကိုင်ကျူးကျော်ဝင်ရောက်လာသူများကို တွေ့ရှိထားခဲ့ရပြီ ဖြစ်သော်လည်း ၎င်းင်းကျူးကျော် ၀င်ရောက်လာသူများအမှန်တကယ်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများ မရရှိပေ။ သို့ရာတွင် အိန္ဒိယကင်းလှည့်တပ်ဖွဲ့ဝင်များသည် ပထမဆုံး ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ကျဆုံးမှုများရှိလာခဲ့သည်။ အမြောက်ပစ်ခတ်မှုများမှာ နယ်စပ် နှစ်ဘက်စလုံး တွင် ကျရောက်ပေါက်ကွဲနေလေရာ အိန္ဒိယကြည်းတပ်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ရုံးချုပ်သို့ ရဟတ်ယာဉ်ဖြင့်ပစ်ကူပေးရန် တင်ပြလေသည်။ ထိုသို့လေကြောင်း ပစ်ကူတောင်းခံမှုသည် အိန္ဒိယလေတပ်မှတစ်ဆင့် နိုင်ငံတော်၏အဆင့်အမြင့်ဆုံးအဆင့်ထိ ရောက်ရှိသွားလေတော့သည်။ သို့ရာတွင် နယ်မြေဒေသ၏ တိကျသောသတင်းအချက်အလက် မရှိသေးခြင်းနှင့် စစ်ပွဲအရှိန်အဟုန် အလွန်ကြီးမားလာမည်ကိုစိုးရိမ်ခြင်းများကြောင့် ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးရန်ကိစ္စကို ကနဦးတွင် ခွင့်မပြုခဲ့ပေ။ ထိုအခြေအနေမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သော မေလ ၂၅ ရက်နေ့မတိုင်မီအထိ ဖြစ်ပေသည်။ 

၃၈။ မေလ ၁၂ ရက်နေ့တွင် ဒရက်စ်စစ်ဆင်ရေးနယ်မြေအတွင်း ရန်သူအချို့ကိုတွေ့ရှိရသဖြင့် အမှတ် (၇၀) ခြေလျင်တပ်မ၏ ဒုတပ်မမှူးနှင့် အမှတ် (၁၆)ွမနညေိငနမ တပ်မှူးတို့သည် ရဟတ်ယာဉ်ဖြင့် ကင်းထောက် ပျံသန်းခဲ့ကြပြီး ရန်သူ့ထိုးဖောက်ဝင်ရောက်နေမှုကိုအတည်ပြုခဲ့သည်။ အိန္ဒိယလေတပ်မှ ရဟတ်ယာဉ်တစ်စင်းသည် ရန်သူ့ပစ်ခတ်ခြင်းကိုခံရပြီး ပန်ကာရွက် ထိခိုက်ပျက်စီးကာဆင်းသက်ခဲ့ရသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဂျမူးနှင့် ကက်ရှ်မီးယား ဒေသများကို အရေးပေါ်အခြေအနေဖြင့် တပ်အသင့်ပြင်ဆင်ရန်ညွှန်ကြားခဲ့ပါသည်။ အနောက်ပိုင်း လေတပ်စခန်းဌာနချုပ်မှလည်း တပ်အသင့်အနေအထားပြုလုပ်လိုက်သည်။ ဆရီနာဂါနှင့်အဗန်တီပူ တို့တွင် စစ်ဆင်ရေးအသင့်အနေအထား ပြင်ဆင်မှုများဆောင်ရွက်ခဲ့သည်။ 

၃၉။ လေကြောင်းကင်းထောက်ခြင်းနှင့်စစ်ဆင်ရေးစီမံချက်ရေးဆွဲခြင်း။ မေလ ၁၃ ရက်နေ့တွင် တာဝေးမှလေကြောင်းဓာတ်ပုံအစောင်းလိုက်ရိုက်ကူးခြင်း (Long Range Oblique Photography)ကို Jaguar လေယာဉ်ဖြင့်ရိုက်ကူးပြီး လေကြောင်းကင်းထောက်ခြင်း၊ လေကြောင်းဓာတ်ပုံရိုက်ခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ ရွေ့လျား အကဲကြည့်စခန်းများကို အနောက်ပိုင်းလေတပ်စခန်းဌာနချုပ်နယ်မြေ အတွင်းတပ်စွဲထားစေသည်။ လေးမြို့တွင် အလတ်စားလမ်းညွှန်ဌာနတစ်ခုကိုဖွင့်လှစ်ပြီး ၎င်းင်းဌာနနှင့် ကာဂီလ်းတို့ကို လှိုင်းနှုန်း မြင့်ဆက်သွယ်ရေးဆက်ကြောင်းဖြင့် ချိတ်ဆက်လိုက်သည်။ 

၄၀။ မေလ ၁၄ ရက်နေ့တွင် အိန္ဒိယကြည်းတပ်မတော်၏ အမ်အိုင်-၁၇ ရဟတ်ယာဉ်ဖြင့် လေကြောင်းကင်းထောက်လှမ်းခဲ့ပြီးနယ်မြေဒေသ၏ မြေပြင်အခြေအနေကို ဗွီဒီယိုရိုက်ကူးနိုင် ခဲ့ပေသည်။ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိတပ်များကိုအသင့်ပြင်ထားပြီး ကြည်းတပ်ဖွဲ့များကို တပ်အသင့်ပြင်ဆင်ထားကာ အိန္ဒိယလေတပ်မတော်မှလေယာဉ်မှူးများသည် အမြင့်ပေမြင့်မားသော တောင်ပေါ်ဒေသတွင် ပစ်ခတ်ခြင်း လေ့ကျင့်ခန်းများကို အပြင်းအထန်လေ့ကျင့်မှုပြုလုပ်ရလေသည်။ 

၄၁။ မေလ ၁၅ ရက်နေ့တွင် ကက်စကာဒေသ၌ အိန္ဒိယလေတပ်မှရဟတ်ယာဉ် တစ်စီး ထပ်မံပစ်ခတ်ခံရပြီး ပန်ကာဒလက်ပျက်စီးသွားခဲ့သည်။ မေလ ၁၈ ရက်နေ့တွင် လေတပ်စစ်ရုံးချုပ်၌ လေကြောင်းထိုးစစ်အတွက် အစည်းအဝေးကျင်းပခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် အိန္ဒိယလေတပ်မှ ကင်ဘာရာကင်းထောက်လှမ်းရေး စီမံချက်ကိုစတင်ဆောင်ရွက်ရာ ဘာတာလစ်ဒေသတွင်ပျံသန်း နေရင်း ကင်ဘာရာလေယာဉ်သည် L ၁၃၃၉၂ အနီး နယ်ခြားမျဉ်းနှင့် ၄ ကီလိုမီတာခန့်အကွာ အိန္ဒိယပိုင်နက်နယ်မြေအတွင်းမှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကိုခံရသည်။ သို့ရာတွင် လေယာဉ်မှူးသည် ဆရီနာဂါတွင် အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။

၄၂။ မေလ ၂၅ရက်နေ့တွင် အိန္ဒိယလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအေ၀ိုင်တစ်ပ်နစ် သည် မြေပြင်အခြေအနေလေ့လာသုံးသပ်မှုပြုလုပ်ရန် ဆရီနာဂါနှင့်အဗန်တူပူ သို့လာရောက်ပြီး အိန္ဒိယကြည်းတပ် အမှတ်(၁၅)တပ်မကြီးမှူးနှင့်တွေ့ဆုံ၍ လေကြောင်းပစ်ကူပေးတိုက်ခိုက်ရန် စစ်ဆင်ရေးစီမံချက်များကိုရေးဆွဲခဲ့ပြီး တပ်ဖွဲ့များသည် တိုက်ပွဲဝင်မည့်နေရာများသို့ ချီတက်နေရာယူခဲ့ကြပါသည်။

(ဆက်ရန်)
 

Htet Sweoo
Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.

ကာဂီးလ်စစ်ပွဲ (၁၉၉၉) အပိုင်း(၆)

$
0
0

၄၃။ ဗွီဂျေးစစ်ဆင်ရေးနှင့်လေကြောင်းတိုက်ခိုက်မှုစတင်ခြင်း။ ပစ်ကူပေး အမြောက် တပ်များနှင့် အကူလက်ရုံးတပ်ဖွဲ့များကိုလည်း အသင့်နေရာယူစေပြီး အခြားလိုအပ်သော အထောက်အကူပြု ပစ္စည်းများကို ချက်ချင်းဝယ်ယူဖြည့်တင်းထားခဲ့သည်။ အိန္ဒိယကြည်းတပ်၏ တိုက်စစ်ဆင်မည့်စစ်ဆင်ရေးကို ““ဗွီဂျေးစစ်ဆင်ရေး””ဟု အမည်ပေးပြီး ၁၉၉၉ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် အိန္ဒိယလေတပ်သည် နယ်ခြားထိန်းချုပ်ရေးမျဉ်း (LOC) အတွင်း တပ်စွဲနေရာယူထားသော ပါကစ္စတန် တပ်ဖွဲ့များအားMIG-21 MIG-27 လေယာဉ်များဖြင့် ပထမဦးဆုံး လေကြောင်းတိုက်ခိုက်မှုအား စတင်ခဲ့ပါသည်။ မြေပြင်တပ်များသည်လည်း လေကြောင်းအကာအကွယ်ဖြင့် ချီတက်ကြသည်။ အိန္ဒိယ၏လေကြောင်း တိုက်ခိုက်မှုသည် နှစ်ပေါင်း ၂၀ ကြာကာလအတွင်း ပထမဦးဆုံးပြုလုပ်သည့် စစ်ဆင်ရေးပင်ဖြစ်ပါသည်။ မေလ ၂၇ ရက်နေ့တွင် ထိန်းချုပ်ရေးမျဉ်းတောင်ဘက်ရှိDrass-Kagil-Batalik နယ်မြေအားအဓိကထားတိုက်ခိုက်ခဲ့ရာ ပါကစ္စတန်ဘက်မှ ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေး လက်နက်များဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ သည့်အတွက် MIG-21တစ်စီးနှင့်MI-17 တစ်စီးတို့ ပျက်ကျခဲ့ပါသည်။ ဇွန်လ ၁ ရက်နေ့တွင် သတ္တမမြောက် လေကြောင်းတိုက်ခိုက်မှုအဖြစ် ကာဂီးလ်နှင့်ဘာတာလစ် နယ်မြေရှိပစ်မှတ်များအား ဦးစားပေးတိုက်ခိုက်ခဲ့ပါသည်။ မြင့်မားသောတောင်ထိပ်များတွင် ကတုတ်ကျင်းများမှခုခံနေသော ပါကစ္စတန်ဘက်မှတပ်ဖွဲ့များအား တိုက်ခိုက်ရာတွင်MIGတိုက်လေယာဉ်များသည် ထိရောက်မှု နည်းသည့် အတွက်Jaguar နှင့် MIrage-2000 တိုက်လေယာဉ်များအားပြောင်းလဲအသုံးပြုခဲ့ပြီး လေကြောင်း စစ်ဆင်ရေးအမည်အား (Safeed Sagar) ဟုသတ်မှတ်ခဲ့ပါသည်။ ဇွန် ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် ဘာတာလစ်ဒေသ၊ ဒရက်စ်အနောက်မြောက်ဒေသနှင့်ျြေု့သည ဒေသများရှိ ပစ်မှတ်များအား ဆက်လက်တိုက်ခိုက်ခဲ့ပါသည်။ ဇွန်လ ၃ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင်သည့်အတွက် ဇွန်လ ၄ ရက်နေ့တွင် ဒဿမမြောက်နေ့လေကြောင်းတိုက်ခိုက်မှုအား ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဇွန်လ ၅ ရက်နေ့တွင် တိုက်ခိုက်မှုများအား ခေတ္တရပ်နားကြောင်း အိန္ဒိယဘက်မှကြေညာခဲ့ပြီး နှစ်ဘက်တပ်ဖွဲ့အလောင်းများ အပြန်အလှန် လွှဲပြောင်းခဲ့ကြပါသည်။၄၄။ ဂျမူးနှင့်ကက်ရှ်မီးယားဒေသ၏ ကာဂီလ်းတွင်ဆင်နွဲသော ဗွီဂျေးစစ်ဆင်ရေးသည် အိန္ဒိယပိုင်နယ်မြေအတွင်းသို့ နယ်ခြားစည်းတစ်လျှောက် ကျူးကျော်ဝင်ရောက်လာပြီး လူသူမဲ့တောင်ထိပ်မြင့်များနှင့် တောင်ကြောတစ်လျှောက်တို့တွင် တပ်စွဲနေရာယူထားသော ပါကစ္စတန်မြောက်ပိုင်းခြေမြန်တပ်များမှ ပါကစ္စတန်တပ်ဖွဲ့ဝင်များကိုပြန်လည်မောင်းထုတ်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သော ခြေလျင်-အမြောက်ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ဖြစ်ပေသည်။ ဘာတာလစ်စစ်မျက်နှာတွင် မြေအနေအထားသည်များစွာပိုမိုကြမ်းတမ်းပြီး ပါကစ္စတန် မူဂျာဟစ်ဒင်တပ်ဖွဲ့များသည်လည်း ပိုမို၍ခိုင်မာစွာတပ်စွဲထားမှုကြောင့် စစ်ပွဲသည်တစ်လနီးပါး ကြာမြင့်ခဲ့သည်။ စိုးမိုးတောင်ကုန်းများပေါ်တွင်အမြောက်အကဲကြည့်စခန်းများကို တည်ဆောက်ပြီး အမြောက်ပစ်ကူများသည် ပါကစ္စတန်တပ်များအားအနားမရအောင် တရစပ်ပစ်ခတ်နေခဲ့ပါသည်။ ထိုသို့ စုပြုံပစ်ခတ်သောပစ်ကူအားဖြင့်သာ ကျူးကျော်လာသောရန်သူတို့ကို ချေမှုန်းမောင်းထုတ်နိုင်မည် ဖြစ်ကြောင်းနှင့် ၎င်းင်းတို့ကို တဖြည်းဖြည်း အင်အားဆုတ်ယုတ်လာအောင် စနစ်တကျဖြိုခွင်း တိုက်ခိုက်သွားရမည်ဖြစ်ကြောင်း သုံးသပ်နိုင်ခဲ့ပြီး ထိုသို့ပစ်ခတ်တိုက်ခိုက်ရန် ခြေလျင်တပ်များဖြင့် ရန်သူကိုအနီးကပ်တိုက်ပွဲဆင်နွဲခဲ့ပေသည်။
၄၅။ တိုလိုလင်းဒေသ အားပြန်လည်သိမ်းပိုက်ခြင်း ။ ဇွန်လ ၉ ရက်မှ ၁၁ ရက်အတွင်းTololand နှင့်Batalik ဒေသများသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သော်လည်း ထိရောက်မှုမရှိဘဲ ဇွန်လ ၁၃ ရက်နေ့မှသာ အိန္ဒိယတို့ ပထမဆုံးပြန်လည်ရရှိသော တောင်ကြောမှာ ဒရက်စ်ဒေသရှိ တိုလိုလင်းတောင်ကြောဖြစ်သည်။ ၎င်းင်းတောင်ကြောကို ရက်သတ္တပတ် ပေါင်းအတော်ကြာ အပြင်းအထန်တိုက်ခိုက်ပြီးမှ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပါသည်။ တိုက်ပွဲများတွင် အမြောက်များ၊ စိန်ပြောင်းများနှင့်ရော့ကက်လောင်ချာ အလက်ပေါင်း ၁၀၀ ကျော်ဖြင့် အင်အားသုံး ပစ်ကူပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထောင်ပေါင်းများစွာသော ကျည်ဆံများ၊ ဗုံးသီးများ၊ ရော့ကက်ထိပ်ဖူးများသည် ရန်သူကိုခေါင်းမဖော် နိုင်အောင်ဦးနှိမ်ပစ်ခတ်ခဲ့မှုကြောင့် ပါကစ္စတန်တို့ သည်တိုက်ပွဲဝင်နိုင်စွမ်း ဆုံးရှုံးခဲ့ပေသည်။ ရန်သူကို တိုက်ရိုက်ပစ်ခတ်နေသော ၁၅၅ မီလီမီတာဘိုဖာ အမြောက်များနှင့် ၁၀၅ မီလီမီတာ အိန္ဒိယစစ်မြေပြင် အမြောက်များသည် မြင်တွေ့နေရသော ရန်သူ့ပစ်မှတ်မှန်သမျှကို ဖျက်ဆီးပစ်ခဲ့ပြီး ပါကစ္စတန်တပ်များကို ကစဥ့်ကလျား ပြိုကွဲထွက်ပြေး စေခဲ့သည်။ အမြောက်ပစ်ခတ်ရာမှ ထွက်ပေါ်လာသော မီးလျှံများနှင့်ယမ်းပေါက်ကွဲသံများသည် ပါကစ္စတန်တပ်ဖွဲ့များကို စိတ်ဓါတ်ခြောက်ခြားစေခဲ့ပြီး ဒရက်စ်ဒေသမှ ၅ ကီလိုမီတာ အကွာထိ ဆုတ်ခွာသွားစေခဲ့ပါသည်။ 

၄၆။ ဇွန်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း အိန္ဒိယတို့ဘက်မှ လေကြောင်းစစ်ဆင်မှု များတိုးမြင့်ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် ပွိုင့် ၅၂၀၃ တောင်ကုန်းအားအမြောက်ပစ်ကူရယူ၍ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဇွန်လ ၂၄ ရက်နေ့တွင် ကျားတောင်ကုန်း(Tiger Hill)အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပါကစ္စတန်ရဟတ်ယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့ပါသည်။ ဇွန်လ ၂၅ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုအား ၂၄ နာရီအဆက်မပြတ် အလှည့်ကျတိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း အမြောက်တပ်ဖွဲ့ ပစ်ကူရယူ၍ ဘာတာလစ်ဒေသတွင် ကျန်ရှိနေသောပါကစ္စတန်တပ်စခန်းများ၊ ဒရက်စ်ဒေသနှင့်Muhodalo ဒေသများရှိ ဌာနချုပ်စခန်းများ၊ အုပ်ချုပ်ထောက်ပံ့မှုအဆောက်အအုံများအား တိုက်ခိုက်ဖျက်ဆီးခဲ့ပါသည်။ ဆက်လက်၍ ဇူလိုင်လ ၂ ရက်နေ့တွင် Kaskar နယ်မြေရှိ ပါကစ္စတန်တပ်စခန်းများအား တိုက်ခိုက်ဖျက်ဆီးခဲ့ပါသည်။ ဇူလိုင်လ ၄ ရက်နေ့တွင် အမေရိကန်သမ္မတ ကလင်တန်မှ ကက်ရှ်မီယား ဒေသကာဂီးလ်တွင်ဖြစ်ပွားနေသော တိုက်ခိုက်မှုများအဆုံးသတ်ရန် တောင်းဆိုခဲ့ ပါသည်။

၄၇။ ကျားတောင်ကုန်း အားပြန်လည်သိမ်းပိုက်ခြင်း။ တိုလိုလင်းကို သိမ်းပိုက်နိုင်လိုက်ခြင်းသည် နောက်ထပ်ဆင်နွှဲမည့် ကျားတောင်ကုန်းထိုးစစ်အတွက် အဘက်ဘက်မှအောင်မြင်မှု လမ်းကြောင်းကိုအစပျိုးပေးလိုက်သကဲ့သို့ဖြစ်ပါသည်။ ကျားတောင်ကုန်းသည် ၄၆၆၀ မီတာမြင့်သော မဟာဗျူဟာမြောက်တောင်ကုန်းဖြစ်ပြီး ဒရက်စ်ဒေသတွင် ဆရီနာဂါ-လေးမြို့ကားလမ်းကို စိုးမိုးထားသည်။ (Tiger Hill) ကို ဇူလိုင်လ ၅ ရက်နေ့တွင်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကျားတောင်ကုန်း၏ အနောက်ဘက်တွင်ရှိ၍ မက်ရှကို တောင်ကြားသို့ထိုးထွက်နေသည့် နောက်ထပ်စိုးမိုးတောင်ကုန်းတစ်ခု ဖြစ်သော ပွိုင့် ၄၈၇၅ ကိုလည်းဇူလိုင် ၇ ရက်နေ့တွင်ပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။ 

၄၈။ ပေါက်ကွဲအားပြင်းထန်သော ၁၅၅ မမ အမြောက်ကျည် ၁၂၀၀ ကျော်ခန့်သည် ကျားတောင်ကုန်းပေါ်သို့ ကျည်မိုးရွာချခဲ့သဖြင့် ပါကစ္စတန်တပ်ဖွဲ့ဝင်မြောက်မြားစွာ သေကြေ ပျက်စီးစေခဲ့သည်။ တဖန် အိန္ဒိယအမြောက်တပ်ဖွဲ့မှအမြောက်များကလည်း ပါကစ္စတန် အကဲကြည့်စခန်းများနှင့် နီးကပ်နေသောနေရာများမှ နေ၍တန်ပြန်တိုက်ခိုက်ခံရမည်ကိုဂရုမထားဘဲ တိုက်ရိုက်ပစ်ခတ်ခြင်းနည်းစနစ်ဖြင့် ရဲဝံ့စွာပစ်ခတ်ချေမှုန်းခဲ့ပေသည်။ အတွဲလိုက် ပစ်ခတ်သည့် အမြောက်စနစ်ဖြစ်သော ၁၂၂ မီလီမီတာ MLRS များမှလည်း တိုက်ရိုက် ပစ်ကူပေးခဲ့သဖြင့် ဇူလိုင်လ ၇ ရက်နေ့တွင် ကျားတောင်ကုန်းအနောက်ဘက်ရှိ အဓိကကျသည့် စစ်ဗျူဟာအရေးကြီး နယ်မြေဖြစ်သော ပွိုင့် ၄၈၇၅ တောင်ကုန်းအားပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် အိန္ဒိယကြည်းတပ်သည် ဘာတာလစ်ဒေသနှင့် ဒရက်စ်ဒေသတို့အား ပြန်လည် သိမ်းပိုက်နိုင် ခဲ့ပါသည်။ ကာဂီလ်းစစ်ပွဲတွင် အိန္ဒိယအမြောက်တပ်ဖွဲ့မှ ဗုံးသီးနှင့်ရော့ကတ် ကျည်ပေါင်း ၂၅၀၀၀၀ ကျော်ကို ပစ်ခတ်ခဲ့သည်။ အမြောက်၊ စိန်ပြောင်းများမှ နေ့စဉ် ကျည်ဆံ၊ ဗုံးဆန်နှင့် ရော့ကတ်ဗုံးသီးပေါင်း ၅၀၀၀ ကျော်ပစ်ခတ်ခဲ့သည်။ စစ်ပွဲတစ်လျှောက် လေယာဉ်အစီး ၃၀၀ ကျော်ဖြင့် ပျံသန်းမှုအကြိမ်ရေ ၅၀၀ ကျော်ပြုလုပ်ခဲ့ပါသည်။

၄၉။ တိုက်ပွဲပြီးဆုံးခြင်း။ စစ်ပွဲဖြစ်ပွားပြီး ၂ လခန့်အကြာတွင်အိန္ဒိယတပ်များသည် ပါကစ္စတန်တို့ ၀င်ရောက်သိမ်းပိုက်ထားသော တောင်ကုန်းများမှ အချို့တောင်ကုန်းများအား ပြန်လည် သိမ်းပိုက်ရရှိခဲ့လေသည်။ တရားဝင်ထုတ်ပြန်ချက်များအရ ခန့်မှန်းခြေ ၇၅ မှ ၈၀ ရာခိုင်နှုန်းခန့်ရှိသော ကျူးကျော်ခံထားရသည့် နယ်မြေကိုပြန်လည်ရရှိခဲ့ပြီး အရေးပါသော တောင်ကုန်းများအားလုံးကို အိန္ဒိယတပ်များနေရာယူပြီးဖြစ်ပေသည်။ ဇူလိုင်လ ၁၁ ရက်နေ့တွင် နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့များ ရုပ်သိမ်းရေးကို သဘောတူညီခဲ့ကြပြီး ပါကစ္စတန်တို့သည် အမေရိကန်တို့၏အကူအညီဖြင့် စစ်ပွဲရပ်စဲရေးအတွက် ကြိုးပမ်းလာပါသည်။ အမေရိကန် သမ္မတဘီလ်ကလင်တန်၏ လက်ထောက် အရာရှိ ဘရုစ်ရိုင်ဒယ်က အမေရိကန်ထောက်လှမ်းရေးမှ ပါကစ္စတန်တို့သည် ကာဂီလ်းစစ်ပွဲမှ နှစ်နိုင်ငံအကြားစစ်ပွဲကြီးအဖြစ် အရှိန်မြှင့်တင်ရန်အတွက် နျူကလီးယားလက်နက်များကို ရှေ့တန်းသသယ်ယူနေကြောင်း အထောက်အထားပုံများ ရရှိခဲ့ကြောင်း ကြေငြာခဲ့သည်။ သို့ရာတွင် သမ္မတကလင်တန်က ပါကစ္စတန်တို့၏တပ်များ အားလုံးကို နယ်စပ်မျဉ်းတစ်ဖက်ရှိ အိန္ဒိယပိုင်နယ် မြေအတွင်းမှဆုတ်ခွာခြင်းမပြုပါက စစ်ပြေငြိမ်းရေးအတွက် စေ့စပ်မပေးနိုင်ဟုငြင်းဆန်ခဲ့သည်။ အမေရိကန်တို့၏သဘောထားကို လိုက်နာသောအနေဖြင့် န၀ပ်ရှရစ်က ပါကစ္စတန်တပ်များ ကိုဆုတ်ခွာပေးမည်ဟု ဇူလိုင်လ ၄ ရက်နေ့တွင်ပြောကြားခဲ့ပြီး တပ်ဖွဲ့အများစုမှာ ဆုတ်ခွာသွား ကြသည်။ သို့သော် အချို့တပ်များမှာအိန္ဒိယဘက်ခြမ်းနယ်မြေများတွင် ကျန်ရှိနေသေး သည်။ ထို့ပြင် ဂျီဟတ်ပူးပေါင်းကောင်စီ(အစွန်းရောက်အုပ်စုအဖွဲ့)မှလည်း ပါကစ္စတန်၏ဆုတ်ခွာရေး အစီအစဉ်ကို ပယ်ချခဲ့ပြီး ဆက်လက်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

၅၀။ အိန္ဒိတပ်များသည် ၎င်းင်းတို့၏နောက်ဆုံးတိုက်ခိုက်မှုများကို ဇူလိုင်လနောက်ဆုံးပတ်ထိ ပြုလုပ်ခဲ့ပြီး ဒရက်စ်ဒေသတွင် ပါကစ္စတန်တပ်များရှင်းလင်းသွားသည်နှင့်တပြိုင်နက် ဇူလိုင်လ ၂၆ ရက်နေ့တွင် တိုက်ခိုက်မှုများ ရပ်စဲခဲ့ပါသည်။ ထိုနေ့ကို အိန္ဒိယနိုင်ငံတွင် ကာဂီလ်းဗွီဂျေးဒီဝါနေ့ ( ကာဂီလ်းအောင်ပွဲနေ့ ) ဟုသတ်မှတ်ကာ စစ်ပွဲအပြီးတွင် အိန္ဒိဘက်မှ ၁၉၇၂ ဆင်းမလား သဘောတူညီချက်ပါအချက်များအတိုင်း နယ်ခြားမျဉ်း၏ အရှေ့ဘက်နှင့်တောင်ဘက်ခြမ်းများရှိ နယ်မြေများအားလုံးကိုပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့သည်။
(ဆက်ရန်)
 

ံHtet Sweoo
Htet Sweoo's photo.
Htet Sweoo's photo.

ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ

$
0
0


သိသလောက်ကလေးရေတာပါ ၊ ဒါပေမဲ့ တပ်မ တော်နဲ့ကင်းကွာနေတာ တော်တော်ကြာခဲ့ ဘီမို့ တချို့ အမှား တွေလဲ ပါသွားနိုင်ပါတယ်ခွင့်လွှတ်ပေးပါ။ ဗမာ့ တပ်မတော် စတင်ဖွဲ့စည်းစဉ် တုန်းကတော့ အင်္ဂလိပ်ပုံစံ Regimental System နဲ့ ဖွဲ့ခဲ့ကြတယ်။ ဥပမာ ဗမာ့သေနတ်ကိုင် တပ်ရင်း ၁၊၂၊၃၊၄၊၅၊၆၊ စသဖြင့် ဒါ ဗမာ Regiment ရဲ့ Battalion တွေအဖြစ်ပေါ့ ။ ကရင်သေနတ်ကိုင်တပ်ရင်း ၁၊၂၊၃၊၄၊ ဒါ ကရင် Regiment ရဲ့ Battalion တွေပေါ့။ အဲလိုဘဲ ကချင် ၁၊၂၊၃၊၄၊ ချင်း ၁၊၂၊၃၊၄၊ ဂေါ်ရခါး၊ ကယား ၊ရှမ်း စသဖြင့် Regimental System တွေနဲ့ Battalion တွေ ဖွဲ့စည်း တည်ဆောက်ခဲ့ကြ တာဖြစ်တယ် ။ 


နောက်ပိုင်းမှာ Regimental System ကနေ Brigade System ဖွဲ့လာတော့ ခြေလျင်တပ်ရင်းဆိုပီး ခလရ (၁) (၂) စသဖြင့် ပေါ်လာတယ် အဲဒီခေတ်ကလူကြီး တွေ က အဲ့ဒီခြေလျင်တပ်ရင်းဆိုတာတွေကို အင်္ဂလိပ်ဘာသာပြန်ဆိုရာမှာ No. 1 Infantry Regiment စသဖြင့် ပြန်ဆိုခဲ့ကြ တော့ နဲနဲလွဲကုန်တယ်။ ဘာလို့လဲဆိုတော့ ခလရ(--)မှာ ဘာ Battalion မှမရှိဘူးလေ။ နောက်ပိုင်းတော်လှန်ရေးကောင်စီ လက် ထက် မှာ ကွန်မြူနစ် ရန်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ခြေမြန် တပ်မတွေ ဆိုပီး ဖွဲ့စည်းတဲ့အခါကြတော့ ဖွဲ့စည်းပုံ တွေကသိသိသာသာ နိုင်ငံတကာဖွဲ့စည်းပုံတွေနဲ့ကွဲထွက် သွားတယ် ။ အမှတ်(၁၀၁) ခြေမြန်တပ်ရင်း စတာတွေကို အင်္ဂလိပ် လို N0. 101 Light Infantry Battalion လို့ခေါ်ခဲ့ကြတယ်။

ဒီမှာတင် ဦးတို့ ငယ်ငယ်တုန်းက အော် ခြေလျင် တပ်ရင်း ဆိုတာ Regiment ခြေမြန်တပ်ရင်း ဆိုတာ Battalion လို့ လွယ်လွယ် မှတ်ခဲ့ကြဘူးတယ်။ အမှန်ကတော့ အခုဦး တို့ ရဲ့ ခြေမြန်တပ်မဆိုတာတွေဟာ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် Regiment တွေပဲပေါ့ နိုင်ငံတကာစံနှုန်းမှာ Division တခုမှာ ကိုယ်ပိုင်လက်ရုံးတပ်တွေက တပ်ရင်းအဆင့် နဲ့ကို ပါဝင်ရမှာ ဒီတော့တို့လူကြီးတွေက သူရဲ့ တပ်ရင်း ၁၀ ရင်းပါတဲ့ တပ်ကြီး ကို Regiment လို့လဲမခေါ်ခြင် Division အဆင့်လဲ မရောက်တော့ Light Infantry Division ဆိုပြီးလုပ်ချလိုက်တာပေါ့ ။

ဒီနေရာမှာ Battalion, Regiment, Bridge နဲ့ Division , Corps, Army ဆိုတဲ့ တပ်တွေ အကြောင်းအမြွက်မျှ ပြောလိုပါတယ် ဒါမှ ခြေလျင် ခြေမြန် ဘာကွာသလဲဆိုတဲ့ မေးခွန်းကို ရှင်းတဲ့နေရာမှာ အထောက် အကူဖြစ်မှာလေ။ နိုင်ငံတကာ စံနှုန်းအရ Battalion တခုဟာ လူ ၃၀၀ ကနေ ၁၂၀၀ လောက်ထိပါဝင် နိုင်တယ် Lt:Col သို့မဟုတ် Colonel တစ်ယောက် အုပ်ချုပ်ပါတယ်။ Regiment/Brigade တစ်ခုမှာတော့ လူ ၃၀၀၀ ကနေ ၅၀၀၀ လောက် ထိ ပါဝင်ပြီး Colonel သို့မဟုတ် Brigadier General တစ်ယောက်အုပ်ချုပ်တယ်။ Division မှာတော့ လူ ၁၀၀၀၀ ကနေ ၁၅၀၀၀ လောက်ပါပြီး Major General တယောက် အုပ်ချုပ်ပါတယ်။ Corps လို့ခေါ်တဲ့ တပ်မကြီးအဆင့်မှာ Lt:General အုပ်ချုပ်တယ် လူ ၂၀၀၀၀ ကနေ ၄၅၀၀၀ အထိပါတယ်။ Army လို့ခေါ်တဲ့ တပ်တော် တခုမှာတော့ General တစ်ယောက်အုပ်ချုပ်ပီး တော့ လူ ၈၀၀၀၀ ကနေ ၂၀၀၀၀၀ ထိပါတယ်။

Battalion ရဲ့အောက်မှာ သေနတ်အဖွဲ့၊ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ တွေရှိတယ်။ဒီတော့ နိုင်ငံတကာ ပုံမှန်ဖွဲ့စည်းပုံ တွေအရ ကော မြန်မာ့တပ်မတော် ရဲ့ဖွဲ့စည်းပုံအရကော အောက်ခြေပိုင်းမှာ ကတော့ သိပ်မကွာပါဘူး (ဥပမာ - သေနတ်အဖွဲ့ တစ်ခုမှာ နတ်တစ်၊ ဗုံးတစ်၊ အဖွဲ့ခေါင်းဆောင် ပေါင်း ၃ ယောက်၊ တပ်စိတ်တစ်စိတ်မှာ အဖွဲ့ ၃ဖွဲ့ ဒုတပ်စိတ်မှုး တပ်စိတ်မှုး ပေါင်း ၁၁ ယောက်၊ တပ်စုတစ်စုမှာ တပ်စိတ် ၃ စိတ် တပ်စုတပ်ကြပ်ကြီး တပ်စုမှုး ၃၅ ယောက်၊ တပ်ခွဲတစ်ခွဲမှာ တပ်စု ၃ စု တပ်ခွဲရုံး ပေါင်း ၁၁၅ ယောက် ဆိုပြီးရှိတယ် မြန်မာ့တပ်မတော်မှာလဲ (ကဖ ၇၀/ဂ ၆၈) အရ ဒီအတိုင်းဘဲ ဖွဲ့တယ်လေ။ ဒါပေမဲ့ တပ်ရင်း (Battalion) အဆင့်မှာတော့ လိုအပ်ချက်အရ ဖွဲ့စည်းထားတဲ့ တပ်ခွဲအရေ အတွက် ပေါ်မူတည်ပြီး ပြောင်းသွားတယ်။ အဲ့ဒီမှာ မြန်မာ့တပ်မတော် ရဲ့ ဖွဲ့စည်းပုံအရ ခြေလျင်/ခြေမြန် ဖွဲ့စည်းပုံပြောင်း သွားသလို ထင်ရတော့တာဘဲ။

ဘာလိုလဲဆိုတော့ ယေဘူယျ အားဖြင့် ခလရ ဆိုတာ တိုင်းစစ်ဋ္ဌာချုပ် လက်အောက်ခံတပ် တွေ များတယ်ဆိုတော့ နယ်မြေထိန်းတာဝန်ယူရတာလေ စခန်းတခုနဲ့ အခြေချပီး နယ်ထိန်းရတာဆိုတော့ နယ်မြေအကျယ် အ၀န်းပေါ်မူတည်ပြီး တပ်ခွဲအနည်းအများကွာသွားတယ် အဲ့ဒီမှာ ခလရ ဆိုရင် အရာရှိ ၄၀ ကျော် အခြားအဆင့် ၇၀၀ ကျော် ဖွဲ့စည်းပုံဆိုရင် ခလရ (ခြေလျင်) ၊ အရာရှိ ၃၀ ကျော် အခြားအဆင့် ၅၀၀ ကျော် ဖွဲ့စည်းပုံဆိုရင် ခမရ(ခြေမြန်) ဖွဲ့စည်းပုံ ဆိုပြီး ယေဘူယျ သတ်မှတ်တော့တာပေါ့ ။

အဲဒီတော့ ခြေလျင်နဲ့ ခြေမြန် ဘာကွာသလဲ ဆိုတဲ့ မေးခွန်းကို ဖြေရရင် (ယေဘူယျ သဘောနဲ့နော်) ခြေမြန်က လူ ၅၀၀ ကျော် ပါမယ် လျှင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်ရမယ် မြန်မာနိုင်ငံအနှံ စစ်မြေပြင်မရွေး အရောက်သွားပြီးလိုအပ်တဲ့ စစ်ဆင်ရေးတွေလုပ်မယ် တမခ တို့ စကခ တို့ လက်အောက်ခံဖြစ်မယ်။ ခြေလျင်က လူ ၇၀၀ ကျော်ခန့်ရှိမယ် နယ်မြေထိန်း စခန်းတွေထိုင်မယ် တိုင်းစစ်ဋ္ဌာချုပ်တို့ ဒကစ တို့ လက်အောက်ခံဖြစ်မယ် ။ ဒါယေဘူယျ ပြောတာနော် ဟာ ခလရတွေလဲ တမခ တွေအောက်မှာ ရှိတာဘဲလို့ ငြင်းမှာစိုးလို့ပါ ဟုတ်ပါတယ် ရှိပါတယ် ဒါ့ကြောင့် ခြေလျင် ခြေမြန်ဆိုတာ နာမည်အရသာ မဟုတ်ဘဲ တာဝန်အရပါ ကွဲပြားတတ်ပါတယ်။

ttkots73

ကာဂီးလ်စစ်ပွဲ(၁၉၉၉) (ဇတ်သိမ်း)

$
0
0


အရှုံး/အမြတ်

၅၁။ ကာဂီးလ်စစ်ပွဲသည် မေလပထမပတ်ကုန်မှစတင်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြီးဆုံးခဲ့ပါသည်။ စစ်ပွဲအတွင်းနှစ်ဖက်တပ်ဖွဲ့များဆုံးရှုံးမှုအနေဖြင့် အိန္ဒိယဘက်မှ အရာရှိ ၂၅ ဦးအပါအ၀င် ၅၂၇ ဦးကျဆုံး၊ အရာရှိ ၄၅ ဦးအပါအ၀င် ၆၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရပါသည်။ အိန္ဒိယလေတပ်မှတိုက်လေယာဉ်MIG-21 တစ်စီး၊ MI-12 တစ်စီး၊ ရဟတ်ယာဉ် MI-17တစ်စီးတို့ပျက်စီး ဆုံးရှုံးခဲ့ပါသည်။ တိုက်လေယာဉ် တစ်စင်းနှင့်ရဟတ်ယာဉ်တစ်စင်းတို့မှာ စစ်ပွဲအတွင်းပစ်ချခံခဲ့ရပြီး အခြားတိုက်လေယာဉ် တစ်စင်းမှာမူ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပါသည်။

၅၂။ ပါကစ္စတန်ဘက်မှ အရာရှိ ၄၅ ဦးအပါအ၀င် ၃၅၇ ဦးမှ ၄၀၀၀ ဦးထက်မနည်းကျဆုံး၊ ၆၆၅ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၈ ဦးမှာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရပါသည်။ ပါကစ္စတန်လေတပ်မှ ရဟတ်ယာဉ်တစ်စီး ဆုံးရှုံးခဲ့ပါသည်။
၅၃။ အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့အကြား ၁၉၉၉ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ကာဂီးလ်စစ်ပွဲအား စစ်ရေးဆိုင်ရာမဟာဗျူဟာလေ့လာသူများက ပါကစ္စတန်တပ်မတော် စစ်ဦးစီးချုပ် မူရှာရက်ဖ်၏ စီမံညွှန်ကြားမှုအောက်တွင် ပါကစ္စတန်တပ်မတော်၏ စစ်ရေးဆိုင်ရာ ရှုံးနိမ့်မှုတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါသည်။ ပါကစ္စတန်တပ်မတော်သည်တိုက်ပွဲအစပိုင်းတွင် အောင်မြင်မှုအနည်းငယ် ရှိခဲ့ သော်လည်း နောက်ဆုံးတွင် အိန္ဒိယတပ်မတော်၏ လက်အောက်တွင် အကြီးအကျယ်ရှုံးနိမ့်ခဲ့ရပေ သည်။ ပါကစ္စတန်၏ အဓိကအားနည်းချက်မှာ ပါကစ္စတန်စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များ အကြား မဟာဗျူဟာဆိုင်ရာညှိနှိုင်းမှုမရှိခြင်းပင် ဖြစ်ပါသည်။

စစ်မဟာဗျူဟာနှင့်စစ်နည်းဗျူဟာကျင့်သုံးမှု 

၅၄။ အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန် နိုင်ငံအကြား ၁၉၉၉ခုနှစ်၊ မေလနှင့် ဇွန်လ အတွင်း ဖြစ်ပွားခဲ့သော ကာဂီးလ်စစ်ပွဲအား ပါကစ္စတန်နိုင်ငံဘက်မှ ပါကစ္စတန်တပ်မတော်၊ ပါကစ္စတန် မူဂျာဟစ်ဒင်တပ်ဖွဲ့နှင့်ကက်ရှ်မီးယား စစ်သွေးကြ(ပြည်သူ့စစ်ပြောက်ကျား) တပ်ဖွဲ့များဖြင့် ပါဝင်တိုက်ခိုက်ခဲ့ပါသည်။၎င်းင်းစစ်ပွဲတွင် ပါကစ္စတန်တပ်မတော်သမားရိုးကျတပ်များသည် ပါကစ္စတန် မူဂျာဟစ်ဒင်တပ်ဖွဲ့၊ ကက်ရှ်မီးယား စစ်သွေးကြတို့နှင့်ပူးပေါင်းကာ ပြောက်ကျားစစ်ကို အမြောက် ပစ်ကူယူ၍ သမားရိုးကျစစ်အသွင် တိုက်ခိုက်သော စစ်မဟာဗျူဟာကို ကျင့်သုံးခဲ့ပါသည်။ အိန္ဒိယနိုင်ငံ တပ်မတော်၏ တန်ပြန်ထိုးစစ် ကာလတွင်မူ ခံစစ်သေအဖြစ် ၎င်းင်းတို့သိမ်းယူခဲ့သောတောင်ကုန်း နယ်မြေများကို ကာကွယ်ခဲ့ပါသည်။ အိန္ဒိယတပ်မတော်ကမူ စစ်ပွဲအား ကန့်သတ်စစ် (Limited War ) အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

၅၅။ ကားဂီးလ်စစ်ပွဲ၏ ထင်ရှားသော စစ်နည်းဗျူဟာမှာ နှစ်ဘက်တပ်မတော်များက အမြင့်ပေမြင့်မားပြီး ၊ ရာသီဥတုဆိုးရွားပြင်းထန်သော စစ်မြေပြင်တွင် တောင်ပေါ်တိုက်ပွဲ စစ်နည်းဗျူဟာကို ကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။ ပါကစ္စတန်တပ်မတော်အနေဖြင့် ကက်ရှ်မီးယား စစ်သွေးကြ (ပြည်သူ့စစ်ပြောက်ကျား)များကိုပါအသုံးပြုပြီး သမားရိုးကျစစ်၊ ပြောက်ကျားစစ် ကိုပေါင်းစပ်၍ နယ်မြေသိမ်းတိုက်ပွဲများအား အလစ်အငိုက်ရယူကာ မြင့်မားသော တောင်တန်းများရှိရာ အဆိုပါဒေသတွင် ဆောင်ရွက်ခဲ့ပါသည်။ နှစ်ဘက်တပ်မတော်များအတွက် တိုက်ပွဲစဉ်အတွင်း အုပ်ချုပ်ထောက်ပံ့မှုအခက်အခဲများ ကြီးမားလွန်းခြင်းကို ခက်ခဲစွာဖြေရှင်း ခဲ့ရပါသည်။ နယ်မြေတစ်ခုလုံးသည် ရေခဲနှင့်နှင်းများဖုံးလွှမ်းနေသော၊ အအေးလွန်ကဲသည့် မြင့်မားလွန်းသော တောင်တန်းတောင်စွယ်များဖြစ်ပါသည်။ သဘာဝမြေအခြေအနေ၏ ကန့်သတ်ချက်အရ တပ်မနှင့်တပ်မဟာအဆင့် နည်းဗျူဟာမြောက် စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည် ဟုဆိုသော်လည်း တပ်ရင်းကြီးအဆင့်နှင့်တပ်ရင်းအဆင့် တိုက်ပွဲများကိုသာ ဖန်တီးတိုက်ခိုက်ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိရပါသည်။ အမြင့်ပေမြင့်မားလွန်းခြင်းနှင့် ရာသီဥတုဆိုးရွားခြင်းများကြောင့်လည်း လေကြောင်း တိုက်ခိုက်မှုများနှင့် လေကြောင်းမှ ဗုံးကြဲခြင်းများမှာထိရောက်သင့်သလောက် ထိရောက်မှု မရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

သုံးသပ်ချက်

၅၆။ ကက်ရှ်မီးယားပဋိပက္ခတွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် ထိုအချိန်က ငွေကြေး အကျပ်အတည်း ဖြစ်နေသည့်ကြားမှပင် အမေရိကန်၊ ရုရှားနှင့်တရုတ်တို့၏ ထောက်ပံ့ ကူညီမှုများဖြင့် ငွေကြေးများစွာအကုန်ကျခံ၍ စစ်မက်ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပါသည်။ အထူးသဖြင့် ပါကစ္စတန် အနေဖြင့် ပြည်ပထောက်ပံ့မှုများသည် ၎င်းင်းအတွက်များစွာ အရေးပါခဲ့ပါသည်။ အမေရိကန်မှ ပါကစ္စတန်သို့ ထောက်ပံ့ထားသော မောင်းသူမဲ့လေယာဉ်ပျံများနှင့် AN TPQ-36 ပစ်မှတ်ရှာရေဒါ များသည် ပါကစ္စတန်၏ထောက်လှမ်းရေးလုပ်ငန်းတွင် များစွာအထောက်အကူပြုခဲ့ ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအား အစ္စရေးက အမြောက်လက်နက်များ၊ မောင်းသူမဲ့ရဟတ်ယာဉ်၊ လေဆာ ထိန်းချုပ်ဗုံးနှင့် ဂြိုလ်တုထောက်လှမ်းရေးဓါတ်ပုံများအား လျှို့ဝှက်စွာထောက်ပံ့ပေးခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံသည် နိုင်ငံတကာငွေကြေး၇ံပုံငွေအဖွဲ့မှ ချေးငှားငွေဒေါ်လာ သန်း ၁၀၀ နှင့် ဥရောပငွေချေးစာချုပ်တန်ဘိုး အမေရိကန်ဒေါ်လာသန်း ၇၅၀ ရရှိမှုတို့သည် ပါကစ္စတန်၏ အခက်အခဲများအားများစွာ အဆင်ပြေမှုရှိခဲ့ပါသည်။ နောက်ဆုံးတွင် ကက်ရှ်မီးယားပြဿနာ ပြေလည်သွားသည့်တိုင် နှစ်နိုင်ငံစလုံးသည် ၎င်းင်းတို့၏ နယ်စပ်ဒေသကို ကင်းလှည့်စောင့်ကြပ်ရန်နှင့် ပိုင်နက်အငြင်းပွားမှုမဖြစ်ပွားစေရန် ကာကွယ်ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံစီခန့်ကို သုံးစွဲနေကြရပါသည်။ လက်ရှိအချိန်တွင် ပါကစ္စတန်သည် ပြည်ပကြေးမြီဒေါ်လာ ဘီလီယံ ၄၀ ရှိသည်ကို တွေ့ရပြီး အကြေးပင်လယ်ဝေလျှက်ရှိပါသည်။ ထိုနည်းတူစွာပင် အိန္ဒိယနိုင်ငံသည်လည်း ကာကွယ်ရေးအတွက် နယ်စပ်ဒေသတွင်တပ်များ အလွန်အမင်း ဖြန့်ကျက်ချထားမှုကြောင့် နိုင်ငံ၏ဘတ်ဂျက်လိုငွေပြမှုမြင့်တက်စေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေပါသည်။

၅၇။ နှစ်နိုင်ငံစလုံးသည် နျူးကလီးယားလက်နက်များ ပိုင်ဆိုင်ထားသည့် ရန်ဘက် အိမ်နီးချင်းများ ဖြစ်နေသည့် အလျောက် ကာကွယ်ရေးကဏ္ဍကို ဦးစားပေးလျှက် ရှိကြရာ ပါကစ္စတန်နိုင်ငံသည် ၎င်းင်း၏ လေတပ်နှင့် ရေတပ်အတွက်MIRAGE IIIတိုက်လေယာဉ်များနှင့် ဗါသျအေ အတန်းအစား ရေငုပ်သင်္ဘောများ ၀ယ်ယူရေးကို သတ်မှတ်ထားသည့် ကာလအတိုင်း ၀ယ်ယူရန် စီစဉ်ကြိုးပမ်းလျှက် ရှိသကဲ့သို့ အိန္ဒိယနိုင်ငံမှလည်း လေကြောင်းရန်ကာကွယ်ရေး စစ်ရေယာဉ် အား နိုင်ငံတောင်ဘက်ကမ်းရိုးတန်း ကိုချင်မြို့တွင် ရူပီး ၁၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃၇ သန်းကျော်) အကုန်အကျခံ တည်ဆောက်ရန်နှင့် ရေငုပ်သင်္ဘောတစ်စင်းတည်ဆောက်ရန်စီစဉ်လျှက်ရှိပြီး ရုရှားလေယာဉ်တင်သင်္ဘော ADMIRAL KROSKOV အား ၀ယ်ယူရေးအတွက်လည်း ရုရှားနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်ပါသည်။

၅၈။ နှစ်နိုင်ငံစလုံးသည် စစ်ရေးတည်ဆောက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည့်အတွက် နှစ်ဘက်ရန်လိုမှုများ အဆုံးသတ်နိုင်ခြေနည်းပါးနေသည့်နည်းတူ အိန္ဒိယ ပိုင်နယ်ဘက်ခြမ်းရှိ ယခု မွတ်စလင် စစ်သွေးကြများ ထိုးဖောက်ဝင်ရောက်ခဲ့သည့် တောင်တန်းများသည် -၃၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်အောက် အေးသည့်ဒေသဖြစ်ရာ ဆောင်းရာသီရောက်ချိန် အိန္ဒိယတပ်ဖွဲ့များ လှုပ်ရှားမှု နည်းပါးနေချိန်တွင် အလစ်အငိုက်ရယူ ထပ်မံထိုးဖောက် ၀င်ရောက်နိုင်မှုရှိနိုင်သဖြင့် အကယ်၍ထပ်မ၀င်ရောက်လာပါက စစ်ပွဲပြန်ဖြစ်လာနိုင်ဖွယ် ရှိပါသည်။

၅၉။ ပါကစ္စတန်ဝန်ကြီးချုပ်ကအိန္ဒိယနိုင်ငံ ပိုင်နက်တောင်ကုန်းများမှ မူဂျာဟီဒင်စစ်သွေးကြ မွတ်စလင် ပြောက်ကျားများအပေါ် ပါကစ္စတန်နိုင်ငံက အထောက်အကူပေးထားသည်ဟူသော အိန္ဒိယနိုင်ငံ၏ စွပ်စွဲချက်မှာ မဟုတ်မမှန်ကြောင်း၊ ၎င်းင်းတို့သည် အိန္ဒိယထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေသူများသာဖြစ်ကြောင်း ငြင်းဆိုပြောကြားခဲ့သော်လည်း ယင်းပြောက်ကျားများ ပြန်လည်ရုပ်သိမ်းရေးကို ဆောင်ရွက်မည်ဟု အမေရိကန် သမ္မတကလင်တန် နှင့် သဘောတူညီခဲ့သည်ကို ထောက်ရှုခြင်းဖြင့် ပြောက်ကျားများနှင့်ဆက်နွယ်မှုရှိသည်မှာထင်ရှား နေပါသည်။

၆၀။ ကက်ရှ်မီးယားအရေး တင်းမာမှုမှာ ပါကစ္စတန်နိုင်ငံက စတင်၍ မွတ်စလင်စစ်သွေးကြ ပြောက်ကျား များ ကို အထောက်အကူပေးကာ ဆင်းမလားသဘောတူစာချုပ်အရ ကက်ရှ်မီးယား ဒေသကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်း ကို ဖြတ်ကျော်၍ ကျူးကျော်ဝင်ရောက်သည့်သဘော သက်ရောက်နေပါသည်။ စစ်အင်အားအရ ကြည့်လျှင်လည်း ပါကစ္စတန်နိုင်ငံသည် အိန္ဒိယနိုင်ငံထက် အင်အားနည်းပြီး အကန့်အသတ်ဖြင့်သာ စစ်ဆင်နွဲနေရသည့်အခြေအနေရှိပါသည်။ သို့ဖြစ်ရာ ကက်ရှ်မီးယားပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံရေးအရ လည်းကောင်း၊ စစ်ရေးအရလည်းကောင်း ပါကစ္စတန်က အနိမ့်စည်းမှရောက်နေပြီး တတိယကြားနိုင်ငံတစ်ခု၏ သံတမန်ရေးအရ စေ့စပ်ဖျန်ဖြေမှုဖြင့် ဆောင်ရွက်သွားလိုသည့်ဆန္ဒရှိကြောင်း တွေ့ရှိရပါသည်။

၆၁။ လတ်တလောအခြေအနေ၌ ကာဂီးလ်ပြဿနာ ပြေလည်သွားသည့်တိုင် နှစ်နိုင်ငံ ပိုင်ဆိုင်မှု ကာလတာရှည်အငြင်းပွားနေသည့် ကမ္ဘာ့အမြင့်ဆုံးစစ်မြေပြင်ဟု တင်စားခေါ်ဝေါ်သည့် ဆီယာချင်ရေခဲတောင်ပြဿနာမှာကျန်ရှိနေသေးသည်ကတစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရေးနှင့် ပတ်သက်၍လည်း တစ်ဘက်နှင့်တစ်ဘက် ပြစ်တင်ဝေဖန်နေမှုများ ပြုလုပ် နေကြခြင်းကြောင့်တစ်ကြောင်း၊ နှစ်နိုင်ငံပြဿနာများပြေလည်ရေး ကြိုပမ်းနေမှုမှာအလှမ်းဝေး နေဦးမည်ဖြစ်ကြောင်းနှင့် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်နေဦးမည်ဖြစ်ပါသည်။
 —

By 

Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.

၂၀၀၈ခုနှစ် တောင်အိုဆက်တီးယားစစ်ပွဲ(ရုရှား-ဂျော်ဂျီယာ)(အပိုင်း-၁)

$
0
0



ဒီကနေ့တော့ ခေတ်သစ်စစ်ပွဲသမိုင်းမှာအရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ကိုဖန်တီးပေးခဲ့တဲ့ ၂၀၀၈ခုနှစ်အတွင်း ရုရှားနဲ့ ဂျော်ဂျီယာနှစ်နိုင်ငံကြားဖြစ်ပွားခဲ့တဲ့ တောင်အိုဆက်တီးယားစစ်ပွဲကို ဗဟုသုတအလို့ငှာတင်ပြလိုက်ပါတယ်။

နောက်ခံသမိုင်း

၁။ ဂျော်ဂျီယာသည် စတုရန်းကီလိုမီတာ (၆၉၇၀၀)ကျယ်ဝန်းပြီး အက်ခါဇီးယားနှင့် တောင် အိုဆက်တီးယားအပါအ၀င် လူဦးရေ ၄.၄ သန်းရှိကာ ကက်စ်ပီယံနှင့် ပင်လယ်နက်ကြားတွင်ရှိသည့် နိုင်ငံ ငယ်လေးဖြစ်သည်။ ၁၉၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားဘုရင်အား ရုရှားဘော်ရှီဗစ်(ကွန်မြူနစ်)တို့မှ ဖြုတ်ချနိုင် ခဲ့သည်။ ၎င်းင်းအချိန်တွင် ဂျော်ဂျီယာက ခွဲထွက်ပြီး ဂျော်ဂျီယာ၌ မင်ရှီဗစ်တို့မှ ဦးဆောင်ပြီး အစိုးရဖွဲ့စည်းသည်။ ၁၉၃၆ ခုနှစ်တွင် ဆိုဗီယက်တို့က ပြန်လည် သိမ်းပိုက်ပြီး ဆိုဗီယက် ပြည်ထောင်စုအတွင်း ထည့်သွင်းလိုက်သည်။ သို့သော်လည်း ဂျော်ဂျီယာက ရုရှားထံမှ ပြန်လည်ခွဲထွက်လိုစိတ် အမြဲရှိနေခဲ့သည်။ ထို့ကြောင့် ၁၉၉၁ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်တွင် ဂျော်ဂျီယာက လွတ်လပ်ရေးကြေငြာခဲ့သည်။ ထိုသို့ကြေငြာချိန်တွင် တောင်အိုဆက်တီးယားနှင့် အက်ခါဇီးယား တို့သည် ဂျော်ဂျီယာထဲတွင် ပါဝင်ခဲ့သည်။ 

၂။ ယင်းအချိန်ကတည်းက အက်ခါဇီးယားနှင့် တောင်အိုဆက်တီးယားတို့သည် ဂျော်ဂျီယာ ထံမှ ခွဲထွက်လိုကြသည်။ တောင်အိုဆက်တီးယားပြည်သူသည် ရုရှားပြည်ထောင်စုရှိ မြောက်အိုဆက်တီးယားဒေသလူမျိုးများနှင့် လူမျိုးချင်းတူညီသောကြောင့် ပူးပေါင်းလိုကြောင်း ၎င်းင်းအချိန်ကတည်းက ပြောကြားခဲ့သည်။ ထို့ကြောင့် ဂျော်ဂျီယာသမ္မတနိုင်ငံ ပေါ်ပေါက်လာချိန်တွင် မြောက်အိုဆက်တီးယားနှင့်ပူးပေါင်းကာ ရုရှားနှင့်ပူးပေါင်းမည်ဟု တောင်အိုဆက်တီးယားက အတိအလင်းပြောကြားလာခဲ့သည်။ အလားတူပင် အက်ခါဇီးယားကလည်း ပုန်ကန်လာခဲ့သည်။ ဤသို့ဖြင့် ဂျော်ဂျီယာက အင်အားသုံးပြီး ဖြေရှင်းရန်ကြိုးပမ်းလာခဲ့သည်။ ၎င်းင်းအခြေအနေကို ရုရှားက တောင်အိုဆက်တီးယား၌ ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေလွှတ်ထားရှိခြင်းဖြင့် ဖြေရှင်းခဲ့သည်။ ဂျော်ဂျီယာသမ္မတ ရှီဗာနာဇေ (ယခင် ဆိုဗီယက်နိုင်ငံခြားရေးဝန်ကြီးဟောင်း)သည် ၂၀၀၃ ခုနှစ်တွင် ပြုတ်ကျပြီးနောက် ၎င်းင်း၏ လက်ထောက်ဖြစ်သူ ဆက်ကက်ရှီဗလီ သမ္မတဖြစ်လာခဲ့သည်။ ၎င်းင်းကဂျော်ဂျီယာရှိ ခွဲထွက်ရေးတောင်းဆိုသည့် ဒေသများအား ပြန်လည်သိမ်းပိုက်ရရှိရေး လုပ်ဆောင်မည်ဟု ကြေးကြော်ခဲ့သည်။ ၎င်းင်းအချိန်တွင် အမေရိကန်ပြည်ထောင်စုက ဂျော်ဂျီယာ တပ်မတော် စွမ်းရည်မြင့်မားရေးလေ့ကျင့်ပေးမှုများ ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် ရုရှား-ဂျော်ဂျီယာ ဆက်ဆံရေးတင်းမာလာသကဲ့သို့ ရုရှား-အမေရိကန် ဆက်ဆံရေးသည်လည်း တင်းမာလာခဲ့သည်။ 

၃။ ရုရှားနှင့် တိုက်ပွဲမဖြစ်ပွားမီ သီတင်းတစ်ပတ်လိုသည့်အချိန်ထိ အမေရိကန်နည်းပြများ ဂျော်ဂျီယာနိုင်ငံ၌ ရှိနေခဲ့သည်။ အမေရိကန်တို့က လေ့ကျင့်ပေးနေသောကြောင့် တစ်ချိန်ချိန်တွင် တောင်အိုဆက်တီးယားကို တိုက်ခိုက်လိမ့်မည်ဟူသော သတင်းများထွက်ပေါ်နေခဲ့သည်။ ၎င်းအပြင်ဂျော်ဂျီယာနှင့် ယူကရိန်းတို့ကလည်း နေတိုးအဖွဲ့ဝင်ဖြစ်ရန် ပြင်ဆင်နေခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် တောင်အိုဆက်တီးယားရှိ တက်စ်ခင်ဗီလီမြို့ကို ဂျော်ဂျီယာက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် တောင်အိုဆက်တီးယားရှိ ရုရှားငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် ရုရှားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အရပ်သားများ လည်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်။ ထို့ကြောင့် ရုရှားနိုင်ငံသည် ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ရန်တာဝန်ရှိသည်ဟုပြောကြားကာ ဂျော်ဂျီယာကို အင်အားအလုံးအရင်းဖြင့် တုံ့ပြန် တိုက်ခိုက်ခဲ့သည်။

စစ်ဖြစ်ရသည့်အကြောင်းရင်း

၎။ အမေရိကန်တို့၏ ဒုံးပျံကာကွယ်ရေးစနစ်ဆောက်လုပ်ရန်စီမံမှု။ ၂၀၀၇ ခုနှစ် ရုရှားနိုင်ငံ၏ တာဝေးပစ်ဒုံးကျည်များ စမ်းသပ်မှုနောက်ပိုင်းတွင် အမေရိကန်အနေဖြင့် အီရန်နှင့် မြောက်ကိုရီးယား၏ ဒုံးပျံများဖြင့် တိုက်ခိုက်မှုရန်မှ ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ပိုလန်နှင့် ချက်သမ္မတနိုင်ငံတို့တွင် ဒုံးကျည်ကာကွယ်ရေးစနစ် တစ်ရပ်ထူထောင်ရန် ကြိုးပမ်း လာခဲ့ပါသည်။ ယင်းလုပ်ဆောင်မှုကို ဥရောပနိုင်ငံများအတွက် ဒုံးကျည်ရန်မှကာကွယ်ရန် လုပ်ဆောင်မှုဟုမမြင်ဘဲ မိမိတို့ကိုသာရည်ရွယ်သည်ဟု ရုရှားက မှတ်ယူထားပါသည်။ အမေရိကန် ဒုံးပျံကာကွယ်ရေးစနစ်သည် ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများအပြည့်အ၀ ထမ်းဆောင်နိုင်မည်ဖြစ်ပြီး ဥရောပတိုက်အစိတ်အပိုင်းများသာမက ဘူဂေးလ်ရီးယား၊ ဂရိနှင့် တူရကီတို့ကိုလည်း အကာအကွယ် ပေးနိုင်မည်ဖြစ်ပါသည်။ အမေရိကန်ဒုံးပျံကာကွယ်ရေးစနစ်ကို ရုရှားကအပြင်းအထန်ကန့်ကွက်ခဲ့ပြီး ထိုလုပ်ဆောင်မှုသည် လက်နက်ပြိုင်ပွဲသစ်တစ်ရပ်ဆီသို့ ဦးတည်နေကြောင်း၊ ၁၉၉၀ ခုနှစ်က ချုပ်ဆိုခဲ့သည့် ဥရောပဒေသအတွင်း သမားရိုးကျလက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာစာချုပ် CFEကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ ၁၆ နှစ်ကြာရပ်ဆိုင်းထားသည့် နိုင်ငံတကာဝေဟင်ပိုင်နက်တွင် ဗုံးကြဲလေယာဉ်များ ဆက်လက်ပျံသန်းတော့မည် ဖြစ်ကြောင်း ရုရှားက ပြောကြားခဲ့ပါသည်။ ဤကဲ့သို့ ဆိုဗီယက်မဟာမိတ်ဟောင်းနိုင်ငံများ၌ အမေရိကန်တို့၏ ဒုံးပျံကာကွယ်ရေးစနစ်ဆောက်လုပ်ရန် စီမံမှုများသည်လည်း ရုရှား-ဂျော်ဂျီယာစစ်ပွဲဖြစ်ပွားစေရေး အကြောင်းတစ်ရပ်ပင်ဖြစ်ပါသည်။

၅။ ၂၀၀၈ ခုနှစ်အတွင်းဖြစ်ပွားနေသော ရုရှား-ဂျော်ဂျီယာပဋိပက္ခသည် အက်ခါဇီးယား ခွဲထွက်ဒေသအပေါ် လွတ်လပ်သော ဓနသဟာယနိုင်ငံများအဖွဲ့ (CIS) က ရေရှည်စီးပွားရေး ပိတ်ဆို့မှုတွင် ရုရှားနိုင်ငံအနေဖြင့် ပါဝင်လုပ်ဆောင်တော့ခြင်းမပြုဟု ၂၀၀၈ ခုနှစ်မတ်လ ၆ ရက်နေ့တွင် ကြေညာခဲ့ခြင်းမှစတင်ခဲ့ပါသည်။ ရုရှားနိုင်ငံ အနေဖြင့် အက်ခါဇီးယား ခွဲထွက်ဒေသအပေါ် အရေးယူ ပိတ်ဆို့မှုမပြုတော့ဟု ကြေညာခဲ့ခြင်းသည် ဂျော်ဂျီယာနိုင်ငံအား နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံမည့်အစီအစဉ်၊ ကိုဆိုဗိုလွတ်လပ်ရေးကြေညာခဲ့မှုတို့နှင့်လည်း ပတ်သက်ဆက်နွယ်နေပါသည်။ အက်ခါဇီးယားဒေသ ခွဲထွက်ရေးကြိုးပမ်းမှုကိုဗဟိုပြု၍ ရုရှားနှင့် ဂျော်ဂျီယာ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသော တင်းမာမှုများသည် ဂျော်ဂျီယာမောင်းသူမဲ့ ကင်းထောက် လေယာဉ်ပစ်ချခံရမှုနှင့် အက်ခါဇီးယား ခွဲထွက်ဒေသတွင် ရုရှားနိုင်ငံက စစ်ရေးတည်ဆောက်မှုများ ပြုလုပ်ပြီးနောက်ပိုင်း ပိုမိုမြင့်တက်လာခဲ့ပါသည်။

၆။ အက်ခါဇီးယားခွဲထွက်ဒေသအပေါ် ရုရှားနိုင်ငံမှ အရေးယူပိတ်ဆို့မှု စတင် ပြုလုပ်ခြင်း။ ရုရှားနိုင်ငံအနေဖြင့် ကိုဆိုဗိုလွတ်လပ်ရေးကြေညာမှုအားတုံ့ပြန်သည့်အနေဖြင့် အက်ခါဇီးယားခွဲထွက်ဒေသအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်တော့မည်မဟုတ်ကြောင်း ရုရှားတာဝန်ရှိသူများက မတ်လ ၆ ရက်နေ့တွင် ကြေငြာခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် အက်ခါဇီးယားပြည်သူတို့၏ စီးပွားရေး၊ လူမှုရေးဖွံ့ ဖြိုးတိုးတက်စေရန် အဆိုပါဒေသအပေါ် လွတ်လပ်သောဓနသဟာယအဖွဲ့ဝင်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုပြုလုပ်ခြင်းတွင် ပါဝင်တော့ မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး အခြားလွတ်လပ်သော ဓနသဟာယအဖွဲ့ဝင်နိုင်ငံများအားလည်း အက်ခါဇီးယားဒေသအပေါ် အရေးယူပိတ်ဆို့ခြင်းမပြုတော့ရန် တိုက်တွန်းခဲ့ပါသည်။ သို့သော် လွတ်လပ်သော ဓနသဟာယအဖွဲ့ဝင်နိုင်ငံများထဲမှ အချို့နိုင်ငံများ၏ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ အက်ခါဇီးယားဒေသအပေါ် ချမှတ်ထားသောအရေးယူပိတ်ဆို့မှုများအား ဖယ်ရှားလိုက်ပါက အဆိုပါဒေသသည် နောက်ဆုံးတွင် ဂျော်ဂျီယာနိုင်ငံမှခွဲထွက်သွားလိမ့်မည်ဟု ဂျော်ဂျီယာအလုပ်သမားပါတီခေါင်းဆောင်က သတိပေးပြောကြားခဲ့ပါသည်။ ထို့အပြင် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးCarl Bilt ကလည်း အက်ခါဇီးယားဒေသအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား ဖယ်ရှားလိုက်ပါက အလွန်ကြီးမားသောပြဿနာရပ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပါသည်။ 

၇။ အက်ခါဇီးယားနှင့်ရုရှားတို့ဆက်ဆံမှုတိုးမြှင့်ခြင်း။ အက်ခါဇီးယားနှင့် တောင် အိုဆက်တီးယားဒေသများသည် အခြားနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကိုဆိုဗို လွတ်လပ်ရေးကြေငြာခဲ့မှုအား အသိအမှတ်ပြုလိုက်စဉ် ၎င်းတို့အားလည်း လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုရေး ရုရှားနိုင်ငံအပေါ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါသည်။ ရုရှားဒူးမား လွှတ်တော်အနေဖြင့် အဆိုပါဒေသများ၏တောင်းဆိုမှုများအား အသိအမှတ်ပြုရေး၊ မပြုရေးအတွက် မတ်လ ၁၃ ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် အက်ခါဇီးယားနှင့် တောင်အိုဆက်တီးယားဒေသတို့၏တောင်းဆိုမှုအပေါ် မည်သို့ဆုံးဖြတ်မည်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုဖြစ်ပေါ်နေရကြောင်း ဆလိုဗေးနီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ပြည်ပဆက်ဆံရေးကော်မရှင်နာမင်းကြီး နြညငအေ င်္နမမနမသ-ျွှေိုညနမ ကလည်း ရုရှားနိုင်ငံအနေဖြင့် အက်ခါဇီးယား၏တောင်းဆိုမှုအား လိုက်လျောမှုပြုမည်ကို စိုးရိမ်ပူပန်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာနိုင်ငံအနေဖြင့်မူ ၎င်းင်း၏ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ဥရောပသမဂ္ဂ၏ ထောက်ခံမှုကိုရရှိထားပါသည်။ 

၈။ မတ်လ ၁၃ ရက်နေ့က ရုရှားဒူးမားလွှတ်တော်တွင်ပြုလုပ်သည့် အစည်းအဝေး၌ အက်ခါဇီးယား၊Transinistria နှင့်တောင်အိုဆက်တီးယားဒေသတို့အား လွတ်လပ်သောနိုင်ငံများ အဖြစ် အသိအမှတ်ပြုရေး အပါအ၀င် အခြားဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ကြားနာမှုတစ်ရပ်ပြုလုပ်ခဲ့ပါသည်။ အခြားကိစ္စရပ်များနှင့်ပတ်သက်ပြီး အဆိုပါဒေသများနှင့် သံတမန်ဆက်ဆံရေးထူထောင်ရန်၊ ကောင်စစ်ဝန်ရုံး ထားရှိရန်၊ သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ရပ် ထားရှိရန်တို့နှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက အဆုံးအဖြတ်ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် အဆိုပါဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရှယ်ယာထည့်ဝင်ထားသည့် ရုရှားနိုင်ငံသားများ အနေဖြင့် စီးပွားရေးတိုးတက်စေရေးအတွက် အကောက်ခွန်ပေးဆောင်မှုများအား လျှော့ချ ပေးသွားမည်ဖြစ်ပြီး အဆိုပါဒေသရှိ ရုရှားနိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်ထားသူများအပေါ် လူသားချင်းစာနာထောက်ထားရေးနှင့် စီးပွားရေးဆိုင်ရာကူညီထောက်ပံ့ပေးမှုများ တိုးမြှင့်လုပ်ဆောင် ပေး သွားမည်ဖြစ်ပါသည်။ Nizvishimayat Gazette နေ့စဉ်ထုတ်သတင်းစာကမူ ရုရှားနိုင်ငံသည် အက်ခါဇီးယားဒေသအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုရေးအစီအစဉ်ကို စတင်နေပြီဟု ထုတ်ပြန်ခဲ့ပါသည်။ 

ဆက်ရန် — 

Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.

၂၀၀၈ခုနှစ် တောင်အိုဆက်တီးယားစစ်ပွဲ(ရုရှား-ဂျော်ဂျီယာ)(အပိုင်း-၂)

$
0
0


ရုရှားနိုင်ငံအနေဖြင့် အက်ခါဇီးယားဒေသနှင့် ကုန်သွယ်ရေး၊ အခြားကဏ္ဍရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် အဆိုပါဒေသခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ Vladimir Putin က ပြောကြားခဲ့ပါသည်။ ထို့အပြင် အက်ခါဇီးယားဒေသနှင့် တောင်အိုဆက်တီးယားဒေသတို့နှင့် သဘောတူချမှတ်ထားသည့် စီးပွားရေးနှင့် အခြားအဖွဲ့အစည်း ဆိုင်ရာဥပဒေများအား လေးစားလိုက်နာရန်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံများအား သမ္မတ Putin ၏ အစိုးရအဖွဲ့က ပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာနိုင်ငံအား နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေး ကြိုးပမ်းမှုသည် အက်ခါဇီးယားနှင့် တောင်အိုဆက်တီးယားဒေသတို့အား လွတ်လပ်သောနိုင်ငံများ အဖြစ် အသိအမှတ်ပြုရေး ရုရှားနိုင်ငံအား တွန်းအားပေးနေသကဲ့သို့ ဖြစ်နေကြောင်းလည်း ရုရှား တာဝန်ရှိသူများက သတိပေးပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက် မပါဘဲ အက်ခါဇီးယားအကျဉ်းထောင်မှ အကျဉ်းသားများအားလွှဲပြောင်းပေးအပ်ရေး ရုရှားနှင့် အက်ခါဇီးယား တိုက်ရိုက်သဘောတူညီမှုပြုလုပ်ခဲ့ခြင်းသည်လည်း ရုရှား-ဂျော်ဂျီယာဆက်ဆံရေး တင်းမာမှုအား ပိုမိုမြင့်တက်စေခဲ့ပါသည်။

ဂျော်ဂျီယာမောင်းသူမဲ့ကင်းထောက်လေယာဉ်ပစ်ချခံရခြင်း။ ဂျော်ဂျီယာ မောင်းသူမဲ့ကင်းထောက် လေယာဉ်တစ်စင်းသည် ၂၀၀၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အက်ခါဇီးယား ဝေဟင်ပိုင်နက်အတွင်း၌ ပစ်ချခံခဲ့ရပါသည်။ အဆိုပါမောင်းသူမဲ့ကင်းထောက်လေယာဉ်သည် အက်ခါဇီးယားဝေဟင်ပိုင်နက်အတွင်းချိုးဖောက်ဝင်ရောက်ခဲ့မှုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအား ချိုးဖောက်ခဲ့မှုတို့ကြောင့် အက်ခါဇီးယားကိုယ်ပိုင်တပ်ဖွဲ့မှ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဒေသအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ 
ထို့အပြင် အဆိုပါမောင်းသူမဲ့ ကင်းထောက်လေယာဉ်အား အက်ခါဇီးယားလေတပ်၏ L-39 လေယာဉ်က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဒုတိယ၀န်ကြီးGarry Kupalbul ကလည်း အတည်ပြုပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာ နိုင်ငံကမူ ၎င်းင်းတို့၏မောင်းသူမဲ့ကင်းထောက်လေယာဉ်အား ရုရှားလေတပ်မှMIG-29တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့ပြီး ထိုသို့ပစ်ချခဲ့မှု မှတ်တမ်းတင် ဗီဒီယိုခွေအား ဧပြီလ(၂၁)ရက်နေ့တွင် ထုတ်လွှင့်ပြသခဲ့ပါသည်။ ဂျော်ဂျီယာနိုင်ငံ၏အဆိုအရ ရုရှားလေတပ်မှ MIG-29တိုက်လေယာဉ်တစ်စင်းGuadata မှ ပျံတက်လာပြီးနောက် ၎င်းင်းတို့၏ မောင်းသူမဲ့ ကင်းထောက်လေယာဉ်အား ဒုံးပျံတစ်စင်းဖြင့်ပစ်ချခဲ့ကြောင်း၊ ထို့နောက် ရုရှားနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း စွပ်စွဲပြောကြား ထားပါသည်။ 

ရုရှားနိုင်ငံကမူ အဆိုပါစွပ်စွဲပြောကြားချက်များအား ငြင်းဆိုခဲ့ပြီး ဂျော်ဂျီယာနိုင်ငံသည် ၁၉၉၄ ခုနှစ် မော်စကိုသဘောတူညီမှုအား ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးဇုန်များနှင့် စစ်လက်နက်ပစ္စည်းကန့်သတ်ရေးဇုန်များတွင် ကုလသမဂ္ဂ၏ခွင့်ပြုချက်မရရှိဘဲ မောင်းသူမဲ့ ကင်းထောက်လေယာဉ်များအား တပ်ဖြန့်ချထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် အက်ခါဇီးယားနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ဖြေရှင်းဆောင်ရွက်ပေးထားမှုအား လေးစားလိုက်နာမှုမရှိခြင်း ဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာမောင်းသူမဲ့ကင်းထောက်လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်ပြီး ဖြေရှင်းပေးရေး ဂျော်ဂျီယာနိုင်ငံက ကုလသမဂ္ဂသို့တင်ပြခဲ့ရာ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဧပြီလ (၂၄)ရက်နေ့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးပေါ်အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပါသည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည် အက်ခါဇီးယား၊ အိုဆက်တီးယားအရေးကိစ္စနှင့်ပတ်သက်ပြီး ရုရှား၏ သဘောထားပြောင်းလဲရေး သို့မဟုတ် ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရကြောင်း ပူးတွဲကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ 

ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီး Vitaya Chakin ကမူ အက်ခါဇီးယားနှင့် အိုဆက်တီးယားအပေါ်ထားရှိသည့် ရုရှားနိုင်ငံ၏သဘောထားမှာ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ရုရှားနိုင်ငံအနေဖြင့် ဂျော်ဂျီယာမောင်းသူမဲ့ကင်းထောက်လေယာဉ်အား ပစ်ချခဲ့သည်ဆိုသည်ကိုမူ ငြင်းဆိုထားပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နေတိုးဆိုင်ရာ ရုရှား သံတမန်Dimitry Ragogav ကလည်း MIG-29 တိုက်လေယာဉ်များအား နေတိုးအဖွဲ့ဝင်နိုင်ငံများကလည်းပိုင်ဆိုင်ထားသောကြောင့် ၎င်းင်းတို့လေယာဉ်များ၏ လက်ချက်လည်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားမှုအားတုံ့ပြန်သည့်အနေဖြင့် နေတိုးအတွင်းရေးမှူးချုပ်Jeep De Hop Hopper က အက်ခါဇီးယားမှ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏MIG-29 လေယာဉ်တစ်စင်း ပျံတက်လာပြီး ဂျော်ဂျီယာမောင်းသူမဲ့ကင်းထောက်လေယာဉ်အား ပစ်ချခဲ့သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောကိစ္စရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၀၈ ခုနှစ် မေလအစောပိုင်းတွင် အက်ခါဇီးယားဝေဟင်ပိုင်နက်အတွင်း၌ ဂျော်ဂျီယာကင်းထောက် လေယာဉ် ၃ စင်းကျော်အား ပစ်ချခဲ့ရ ကြောင်းနှင့် ထိုသို့ အက်ခါဇီးယားဝေဟင်ပိုင်နက်အတွင်း ဂျော်ဂျီယာကင်းထောက်လေယာဉ်များ တပ်ဖြန့်ချထားမှုသည် ဂျော်ဂျီယာနိုင်ငံအနေဖြင့် အဆိုပါဒေသအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရုရှားနှင့် အက်ခါဇီးယားနှစ်ဘက်စလုံးက စွပ်စွဲပြောကြားခဲ့ပါသည်။ သို့သော် ဂျော်ဂျီယာနိုင်ငံကမူ အဆိုပါစွပ်စွဲပြောကြားမှုများအား ငြင်းဆိုထားပြီး ထိုသို့စွပ်စွဲပြောကြားမှု သည် အက်ခါဇီးယားအနေဖြင့် ၎င်းင်းတို့နှစ်ဦးအကြား ရုရှားစစ်ဘက်၏ကြားဝင်စွက်ဖက်မှုဖြစ်ပေါ်လာ အောင် ၀ါဒဖြန့်ချိခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အက်ခါဇီးယားတွင် ရုရှား၏စစ်ရေးတည်ဆောက်မှု။ ဂျော်ဂျီယာမောင်းသူမဲ့ ကင်းထောက်လေယာဉ်ပစ်ချခံခဲ့ရပြီးနောက်ပိုင်း ရုရှား-ဂျော်ဂျီယာ ဆက်ဆံရေးမှာ ပိုမိုတင်းမာလာ ခဲ့ပါသည်။ ဂျော်ဂျီယာနိုင်ငံသည် နေတိုးအဖွဲ့၏ထောက်ခံမှုကိုအသုံးချပြီး အက်ခါဇီးယားပြဿနာအား အင်အားသုံးဖြေရှင်းရန် ကြိုးပမ်းနေကြောင်းနှင့် ၎င်းင်း၏တပ်ဖွဲ့များအား နိုင်ငံအရှေ့မြောက်ပိုင်းရှိုKodori တောင်ကြားသို့စေလွှတ်နေကြောင်း ရုရှားနိုင်ငံကစွပ်စွဲပြောကြားခဲ့ပါသည်။ သို့သော် အက်ခါဇီးယားရှိ ကုလသမဂ္ဂခေါင်းဆောင်များကမူ အဆိုပါဒေသနှင့် အခြားစစ်လက်နက်ပစ္စည်း ကင်းမဲ့ဇုန်များတွင် မည်သည့်စစ်ရေးတည်ဆောက်မှုကိုမျှမတွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာနိုင်ငံ၏ စစ်ရေးတည်ဆောက်မှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံသည် အက်ခါဇီးယား ဒေသရှိ ၎င်းင်း၏စစ်အင်အားကိုတိုးချဲ့သွားမည်ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အက်ခါဇီးယားတွင် ၎င်းင်း၏ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်အင်အားကို ၂၅၄၂ ဦးအထိ တိုးမြှင့်ထားကြောင်းနှင့် ပြုလုပ်ထားသော သဘောတူညီချက်များအရ တပ်ဖွဲ့ဝင် ၃၀၀၀ အထိ ထားပိုင်ခွင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခပါသည်။ ဂျော်ဂျီယာနိုင်ငံကမူ အက်ခါဇီးယားနှင့် အိုဆက်တီးယားဒေသတွင် ရုရှား၏ စစ်အင်အား တိုးချဲ့မှုသည် ကျူးကျော်ရန်စမှုသာ ဖြစ်ကြောင်း ဂျော်ဂျီယာသမ္မတ၏မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားပါသည်။ ဥရောပသမဂ္ဂကလည်း ထိုသို့ရုရှားနိုင်ငံက အက်ခါဇီးယားနှင့် အိုဆက်တီးယားတွင် စစ်အင်အားတိုးချဲ့ တည်ဆောက်မှုသည် မှားယွင်းသောလုပ်ဆောင်မှုဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသောပြဿနာများအားဖြေရှင်းမှုလုပ်ဆောင်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့ ပါသည်။ 

အက်ခါဇီးယားဒေသအနေဖြင့် လုံခြုံရေးဆိုင်ရာအာမခံချက်ရရှိစေရန် ရုရှားစစ်ဘက်၏ ထိန်းချုပ်မှုအောက်တွင်ထားရှိရန် တောင်းဆိုခဲ့ပါသည်။ အက်ခါဇီးယားဒေသရှိ ခွဲထွက်အုပ်ချုပ်ရေးအဖွဲ့ သမ္မတှနမါနငြေါစျေ့ ကလည်း အက်ခါဇီးယားဒေသတွင် ရုရှားနိုင်ငံ၏စစ်ရေးတည်ဆောက်မှု အား သဘောတူခွင့်ပြုခဲ့ပြီး ရုရှားနိုင်ငံနှင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ထိုသို့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေးအတွက် အာမေးနီးယားနိုင်ငံနှင့်လည်း သဘောတူညီချက်ရရှိထားပါသည်။ ရုရှားနိုင်ငံအနေဖြင့် အက်ခါဇီးယားတွင် စစ်ရေးတည်ဆောက်မှုများ ပြုလုပ်နေသည်ဆိုသော်လည်း အဆိုပါဒေသတွင် စစ်အခြေစိုက်စခန်းများထားရှိရေး လုပ်ဆောင်နေသည်ဟူသောပြောကြားချက်ကိုမူ ရုရှားစစ်ဦးစီးအရာရှိချုပ့် Yuri Balusky ကမေလ ၁၆ ရက်နေ့တွင် ငြင်းဆို ပြောကြားခဲ့ပါသည်။ 

တိုက်ပွဲ/စစ်ပွဲအတွက်နှစ်ဘက်စစ်ပြင်ဆင်မှု

၁၅။ ရုရှား၏စစ်ရေးပြင်ဆင်မှုများနှင့်လေ့ကျင့်မှုများ။ ရုရှားက ဂျော်ဂျီယာနှင့် တိုက်ခိုက်မှုမဖြစ်မီ ကာလအတွင်းတွင် စစ်ရေးပြင်ဆင်မှုများကို အောက်ပါအတိုင်းပြုလုပ်ခဲ့သည်-

(က) ကော့ကေးဆပ်နယ်စပ်စစ်ပွဲ၂၀၀၈ပူးပေါင်း စစ်ရေးလေ့ကျင့်ခန်း။ ရုရှား နိုင်ငံသည် ကော့ကေးဆပ်နယ်စပ်စစ်ပွ
ဲ(၂၀၀၈) (Cacaus Fontier ၂၀၀၈) စစ်ရေး လေ့ကျင့်ခန်းများအား တောင်ပိုင်းပြည်နယ်များ ၏ဒေသအများအပြားတွင် ဇူလိုင်လ (၅)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြုလုပ်ခဲ့ သည်။ စစ်ရေးလေ့ကျင့်မှုပြုလုပ်သည့်နယ်မြေများတွင် ချေချင်းညာ၊ မြောက်အိုဆက်တီးယား၊ အင်ဂူချီတီးယား ၊ ကာဘဒီနို ချာကီစီးယားတို့ ပါဝင်ခဲ့သည်။ ၎င်းင်း ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းတွင် အမှတ်(၅၈)တပ်မကြီး၊ အမှတ်(၄) ကြည်းတပ်၊ လေတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့များအပါအ၀င် တပ်ဖွဲ့ဝင်(၈၀၀၀)၊ ယာဉ်မျိုးစုံ (၇၀၀) ကျော်နှင့် လေယာဉ်(၃၀)စီးကျော် ပါဝင်လေ့ကျင့်ခဲ့သည်။ လေ့ကျင့်ခန်း၏ ရည်ရွယ်ချက်သည် ရုရှားတပ်မတော်၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့များအကြား၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ရန်ဖြစ်သည်ဟု မြောက်ကော့ကေးဆပ် စစ်ဒေသကြီးမှ ဒုတိယအကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ဗလာဒီမာမေစထရင်ကို က ပြောကြားခဲ့သည်။

(ခ) တောင်အိုဆက်တီးယားနှင့် အက်ခါဇီးယားတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ အင်အား တိုးမြှင့်ခြင်း။ ဂျော်ဂျီယာက တပ်ဖွဲ့ဝင်များအား စုစည်းလျက် ရှိသောကြောင့် ရုရှားက တောင်အိုဆက်တီးယားနှင့် အက်ခါဇီးယားတို့တွင် ငြိမ်းချမ်းရေးတပ်ဖွဲ့အင်အားကိုလေထီးတပ်ဖွဲ့များအင်အားဖြည့်ပေးခြင်းဖြင့် (၂၅၄၂)ဦးအထိ တိုးမြှင့်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ပြုလုပ်ထားသည့် သဘောတူညီချက်အရ ငြိမ်းချမ်းရေးတပ်ဖွဲ့အင်အားများ ကို(၃၀၀၀)ထက် ပိုထား၍ မရပေ။

၁၆။ ဂျော်ဂျီယာတပ်မတော်အား အမေရိကန်ကလေ့ကျင့်ပေးမှုနှင့် စစ်ရေးပြင်ဆင်မှု များ။ ဂျော်ဂျီယာတပ်မတော်သည် ၂၀၀၀ခုနှစ်နောက်ပိုင်းတွင် ခေတ်မီလက်နက် တပ်ဆင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် အနောက်အုပ်စုလိုလားသော ဂျော်ဂျီယာသမ္မတ ဆက်ကက်ရှီဗီလီ၏ လက်ထက်တွင် ကာကွယ်ရေးအသုံးစရိတ်အား ၂၀၀၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း(၃၀)ရှိရာမှ ၂၀၀၇ ခုနှစ်တွင် ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်ခဲ့ သည်။ အမေရိကန်တို့က အီရတ်စစ်ပွဲတွင် အထောက်အကူပေးနေသည့် ဂျော်ဂျီယာတပ်ဖွဲ့များကို အကြောင်းပြု၍ အထောက်အကူပေးမှုများ လုပ်ဆောင်ပေးခဲ့သည်။ ဂျော်ဂျီယာတပ်မတော်လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ပေးရေးအစီအစဉ် သည် အမေရိကန်က အကုန်အကျခံဆောင်ရွက်ပေးသည့် (၁၈)လကြာ လေ့ကျင့်ပေးမှုအစီအစဉ်ဖြစ်သည်။ လေ့ကျင့်ပေးရေးအစီအစဉ်ဖော်ဆောင်ရေးအား ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စတင်ခဲ့ ပြီး ဒေါ်လာ(၆၄)သန်း အကုန်အကျခံဆောင်ရွက်ခြင်းဖြစ်သည်။ ဂျော်ဂျီယာတပ်ဖွဲ့များကို လေ့ကျင့်ပေးရန်အတွက် အမေရိကန်ကြည်းတပ် အထူးတပ်ဖွဲ့ (၂၀၀) ကျော်ကို ဂျော်ဂျီယာသို့စေလွှတ်ခဲ့သည်ဟု အမေရိကန်ကဆိုပါသည်။ ထိုသို့ လေ့ကျင့်မှုသည် အကြမ်းဖက်မှုနှိမ်နင်းရေး စွမ်းရည်မြင့်မားစေရန်နှင့် အထောက်အကူပေးရန် ဂျော်ဂျီယာအစိုးရ၏ မေတ္တာရပ်ခံချက်အရ သမ္မတ ဘုရှ်က ဆောင်ရွက်ပေးခြင်းဖြစ်သည်။

၁၇။ ဂျော်ဂျီယာတပ်မတော်၏ အမှတ်(၁၂)ကွန်မန်ဒိုခြေမြန်တပ်ရင်း၊ အမှတ်(၁၆) တောင်ပေါ် ခြေလျင်တပ်ရင်း၊ အမှတ် (၁၃) ချက်နာဗာဒါ ခြေမြန်တပ်ရင်း၊ အမှတ်(၁၁)ခြေမြန်တပ်ရင်း၊ ယန္တရား တပ်ခွဲနှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေးတပ်ဖွဲ့ငယ်များကို လေ့ကျင့်ပေးမည့်အစီအစဉ် အား ၂၀၀၂ ခုနှစ် မေလတွင် စတင်ခဲ့သည်။ အမေရိကန်၏ ပစိဖိတ်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဦးစီးကွပ်ကဲသော GTEPအစီအစဉ်သည် ဂျော်ဂျီယာပြည်သူများနှင့် ဒေသတွင်းလုံခြုံရေး ဆောင်ရွက် ပေးနိုင်ရန်အတွက် ဂျော်ဂျီယာတပ်မတော်မှ လက်ရွေးစင်တပ်ဖွဲ့များကို လေ့ကျင့်ပေးရန်ဖြစ်သည်။ လေ့ကျင့်ခန်းတွင် လက်နက်ငယ်ကျွမ်းကျင်မှုနှင့် ဖြုတ်ခြင်း၊ တပ်ခြင်းလေ့ကျင့်မှုမှအစပြု၍ လေ့ကျင့်ခဲ့ သည်။ ဂျော်ဂျီယာတပ်ဖွဲ့များသည် ဆိုဗီယက်လက်နက်ဟောင်းများကို အဓိကအသုံးပြုခဲ့သော်လည်း ဤလေ့ကျင့်မှုများတွင် အမေရိကန်၏လက်နက်အသစ်များကိုသာ အများဆုံးအသုံးပြု လေ့ကျင့် ခဲ့ကြသည်။ အမေရိကန်တပ်ဖွဲ့များက လေ့ကျင့်ပေးသည့် လက်နက်အများစုသည် AK-47 AK-74 12.7mm DshK စက်သေနတ်ကြီး၊ ဗုံးပစ်လောင်ချာနှင့် စိန်ပြောင်း ပစ်ခတ်မှုများ ဖြစ်သည်။

(ဆက်ရန်) — 


ပုံရိပ်တခု အတွေး နှစ်မျိုး

$
0
0
Photo: - - - မြန်မာနိုင်ငံ - - -  အဆင့် လုံးဝမရှိသော . . . စာနာမှု လုံးဝမရှိသော . . . မီဒီယံ၏သဘောကိုမသိသော  . . . ကိုယ်ကျင့်သိက္ခာမဲ့သော . . . ဟီရိဥတ္တပ္ပ တရားကို မစောင့်စည်းသော . . . မြန်မာ့ယဉ်ကျေးမှုကို မထီမဲ့မြင်ပြုတတ်သော . . . သနားညှာတာစိတ် လုံးဝမရှိသော . . . နှမချင်း စာနာစိတ်မရှိသော . . . သားသမီးချင်း စာနာစိတ်မရှိသော . . . နောက်ကွယ်မှ စီးပွားရေးပံ့ပိုးမှုများဖြင့် ရေးသားကြသော . . . ခင်ရာမင်ရာ ဆန္ဒာဂတိ လိုက်စားလျက် သတင်းရေးကြသော . . . မြန်မာနိုင်ငံအပေါ် စေတနာမရှိသော . . . မြန်မာနိုင်ငံသားများကို ချိုးနှိမ်လိုသော . . . မြန်မာအစိုးရကို ဖိနှိပ်လိုသော . . . မြန်မာစစ်တပ်ကို သေလောက်အောင်မုန်းသော . . . လုပ်စားသတင်းများသာရေးတတ်သော . . . သူတစ်ပါးဆီမှ ခိုးယူကူးချတတ်သော . . . သတင်းပညာ လုံးဝမလေ့လာဘူးသော . . . ဗြောင်လိမ် ဗြောင်ငြင်း သတင်းရေးတတ်သော . . . တစ်ကယ်မသိသည်များကို မမှန်သော်လည်း ရဲဝံ့စွာ ရေးသားတတ်သော . . . အမည်မဖော်နိုင်သော သတင်းရပ်ကွက်ကိုသာ ကိုးကားစရာရှိသော . . . ဘယ်သူမှန်း သူတို့ပင် မသိသော အဆင့်မြင့်အရာရှိများထံမှ သတင်းရတတ်သော . . . ``သတင်းထောက် ဟူသမျှ ၊ ထောင်ကျမှ´´ ဆိုသော မူကို လက်ကိုင်ထားတတ်သော . . . သတင်းထောက်များ ဖင်ခေါင်းကျယ်တတ်သော . . . ဖင်ခေါင်းကျယ်တတ်သလောက် အရည်အချင်းမပြည့်မီသော . . . အရည်အချင်းမရှိသလောက် အခွင့်အရေးတောင်းယူလိုသော . . .  အခွင့်အရေးတောင်းတတ်သလောက် သင်ယူပြင်ဆင်လိုစိတ် ကင်းမဲ့သော . . . မြန်မာလို ထုတ်ဝေပါလျက် မြန်မာစာကို မှန်အောင်မရေးတတ်သော . . . ရှက်တတ်လျှင် လဲသေလောက်သော်လည်း ရှက်တတ်ခြင်းကင်းမဲ့သော . . .  ................................. ....................... သတင်းသမား-စာနယ်ဇင်းသမား-ဂျာနယ်သမား အများစု . . .ပါဝင်သည့် . . . . . ....................... တစ်ခုတည်းသော ကြောက်ရွံ့ စရာ - စတုတ္ထ မဏ္ဍိုင် မယိမ်းမယိုင် ခိုင်ကြည်စွာ  ၀ိုင်းကွပ် - ဘေးတီးခြင်းကို ခံနေရရှာသော . . .  ကျွန်ုပ်တို့၏ သနားစရာ `` မြန်မာနိုင်ငံ´´  ===================================== ( စနေသား )


- - -  မြန်မာနိုင်ငံ - - -

အဆင့် လုံးဝမရှိသော . . .
စာနာမှု လုံးဝမရှိသော . . .
မီဒီယံ၏သဘောကိုမသိသော . . .
ကိုယ်ကျင့်သိက္ခာမဲ့သော . . .
ဟီရိဥတ္တပ္ပ တရားကို မစောင့်စည်းသော . . .
မြန်မာ့ယဉ်ကျေးမှုကို မထီမဲ့မြင်ပြုတတ်သော . . .
သနားညှာတာစိတ် လုံးဝမရှိသော . . .
နှမချင်း စာနာစိတ်မရှိသော . . .
သားသမီးချင်း စာနာစိတ်မရှိသော . . .
နောက်ကွယ်မှ စီးပွားရေးပံ့ပိုးမှုများဖြင့် ရေးသားကြသော . . .
ခင်ရာမင်ရာ ဆန္ဒာဂတိ လိုက်စားလျက် သတင်းရေးကြသော . . .
မြန်မာနိုင်ငံအပေါ် စေတနာမရှိသော . . .
မြန်မာနိုင်ငံသားများကို ချိုးနှိမ်လိုသော . . .
မြန်မာအစိုးရကို ဖိနှိပ်လိုသော . . .
မြန်မာစစ်တပ်ကို သေလောက်အောင်မုန်းသော . . .
လုပ်စားသတင်းများသာရေးတတ်သော . . .
သူတစ်ပါးဆီမှ ခိုးယူကူးချတတ်သော . . .
သတင်းပညာ လုံးဝမလေ့လာဘူးသော . . .
ဗြောင်လိမ် ဗြောင်ငြင်း သတင်းရေးတတ်သော . . .
တစ်ကယ်မသိသည်များကို မမှန်သော်လည်း ရဲဝံ့စွာ ရေးသားတတ်သော . . .
အမည်မဖော်နိုင်သော သတင်းရပ်ကွက်ကိုသာ ကိုးကားစရာရှိသော . . .
ဘယ်သူမှန်း သူတို့ပင် မသိသော အဆင့်မြင့်အရာရှိများထံမှ သတင်းရတတ်သော . . .
``သတင်းထောက် ဟူသမျှ ၊ ထောင်ကျမှ´´ ဆိုသော မူကို လက်ကိုင်ထားတတ်သော . . .
သတင်းထောက်များ ဖင်ခေါင်းကျယ်တတ်သော . . .
ဖင်ခေါင်းကျယ်တတ်သလောက် အရည်အချင်းမပြည့်မီသော . . .
အရည်အချင်းမရှိသလောက် အခွင့်အရေးတောင်းယူလိုသော . . .
အခွင့်အရေးတောင်းတတ်သလောက် သင်ယူပြင်ဆင်လိုစိတ် ကင်းမဲ့သော . . .
မြန်မာလို ထုတ်ဝေပါလျက် မြန်မာစာကို မှန်အောင်မရေးတတ်သော . . .
ရှက်တတ်လျှင် လဲသေလောက်သော်လည်း ရှက်တတ်ခြင်းကင်းမဲ့သော . . .
.................................
.......................
သတင်းသမား-စာနယ်ဇင်းသမား-ဂျာနယ်သမား အများစု . . .ပါဝင်သည့် . . . . .
.......................
တစ်ခုတည်းသော ကြောက်ရွံ့ စရာ - စတုတ္ထ မဏ္ဍိုင် မယိမ်းမယိုင် ခိုင်ကြည်စွာ ၀ိုင်းကွပ် - ဘေးတီးခြင်းကို ခံနေရရှာသော . . .

ကျွန်ုပ်တို့၏ သနားစရာ `` မြန်မာနိုင်ငံ´´


( စနေသား )
 —

=====================================

ခုတလော တွေးနေတဲ့ရောက်တတ်ရာရာအတွေးများ
.................................................................
လူတွေက စာတွေတော့ရေးကြတာပဲ .. ဒီလောကထဲမှာ (ဆိုရှယ်နက်ဝေါ့ကို ရည်ညွန်းပါတယ် ) လူတန်းစားပေါင်းစုံကိုတွေ့နိုင်တယ် ၊ ဒီအသိုင်းအ၀ိုင်းမှာ အောက်တန်းစားမောင်တွေ၊ လေး စားလောက်ဖွယ် အတွေးအခေါ် သမားတွေ၊ ပညာရှင်တွေ ၊ အမျိုးဘာသာကိုလေးစားသူတွေ၊ အစွန်းရောက်တွေ ၊ နောက်တစ်မျိုးက silent reader တွေ၊ သူများဦးနှောက်ဖောက်စားတဲ့လူတွေ၊ သိက္ခာမဲ့ သူတွေ၊ အော်နာရှိသူတွေ၊ ပရိုတွေ၊ ဘာသမာသမတ်ကျ သူတွေ၊ နိုင်ငံရေးကို ခေါင်းစဉ် တပ်ပြီး အပေါစားစည်းရုံးမှုလုပ်နေသူတွေ၊ အမှန်တကယ် နိုင်ငံကိုချစ်သူတွေ၊ သစ္စာဖောက်တွေ၊ မိမိစိတ်ကိုတောင်အစိုးမရလို့ လူတိုင်းကို ဘေးထိုင်ဘုပြောသူတွေ၊ ငါတကောကောနေသူတွေ၊ သာသနာ့ဝန်ထမ်းတွေ၊ ဘာသာရေးနဲ့လူမျိုးရေးမှိုင်းတိုက်နေသူတွေ၊ လက်နက်ကိုင်အဖွဲ့ အစည်းက ဆိုက်ဝါးသမားတွေ၊ သက်ဆိုင်ရာလခရ အဆင့်အတန်းသတ်မှတ်ချက်နဲ့ လူတွေ၊ နေရာတစ်ခုမှာ ရောက်နေသူတွေ၊ ဗဟုသုတရှာမှီးသူတွေ၊ ဖောက်ပြန်သူတွေ၊ sex ကလွဲလို့စိတ်မ၀င်စား သူတွေ၊ လေတိုးရင်တောင်ဒေါကန်ပြီး အဆဲသန်သူတွေ၊ မိုက်ရိုင်းမှ ခေတ်မီတယ်လို့ထင်နေသူတွေ၊ တခါမဆဲရရင် အိပ်မပျော်တဲ့သူတွေ၊ အဆဲသန်မှ တိုင်းပြည်ချစ်တဲ့လူတွေ၊ ဒီမိုဘက်သားမောင်မောင်မမတွေ၊ အဘသားတွေ၊ အမေ့သားတွေ၊ မိမိနှင့်မတူ ကိုယ့်ရန်သူလို့သတ်မှတ်သူတွေ၊ မီဒီယာသမားအမည်တပ် ပြည်ဖျက်ချင် တဲ့မောင်တွေ ၊ ပေးဆပ်သူတွေ...... စသဖြင့် လူတန်းစားပေါင်းစုံပါပဲ။ အဲ့လို လူတန်းစားပေါင်စုံကနေ ထွက်လာတဲ့ အတွေး အခေါ်ပေါင်းစုံဟာ အဝေးရောက်မီဒီယာ တစ်မျိုးဖြစ်တဲ့ ဆိုရှယ်နက်ဝေါ့ ဆိုတဲ့ နေရာတွေမှာ ပစ်မှတ်ပရိသတ်တွေဟာ လူတိုင်း ပဲဖြစ် ပါတယ်။ 

သူတိုကပဲ ဖြန့်ဝေသူတွေဖြစ်ပြီး သူတို့ကိုယ်တိုင်ပဲ ပစ်မှတ်တွေဖြစ် ပါတယ်။ အဲ့ပစ်မှတ်တွေကို ၃ မျိုးလောက်တော့ ပြန်ခွဲကြည့်လိုက်ပါ ... ရန်သူ(မိမိနှင့်အတွေး အခေါ်မတူသူများ)၊ ကြားနေ(အစွန်း၂ဖက်ကြားကနေ အလွယ်တကူ စည်းရုံးနိုင်သူများ) ၊ မိမိ(မိမိကဲ့သို့ ခံယူချက်ရှိသူများ) ပဲဖြစ်ပါတယ်။ အဲ့ဒီ ၃ မျိုးကို ခုနကလိုပဲ ရန်ကြားမိ ဆိုပြီးပြန်ခွဲကြည့်လိုက်ရင် ၉ မျိုးပြန်ထွက်လာပါတယ် ... ဒါတွေကတော့ သူတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် ၊ ဖြတ်သန်းနေတဲ့ဘ၀၊ ခံယူချက်၊ လက်ရှိတွေ့နေရသော စိတ်ခံစားချက်၊ အထွေတွေမကျေနပ်ချက်များ၊ စိတ်ဖိစီးမှုတွေ...အပေါ်မှုတည်ပြီး ဒီစာမျက်နှာတွေပေါ်ကို ချရေးတယ်၊ အဲ့အချိန်မှာ ခုနက ညှို့ချက် ကို ထိအောင်ပစ်နိုင်တဲ့ အရေးအသားတွေသည် သူတို့ စိတ်ထဲကနေ လက်ခံလာပါတယ် ၊ မသိစိတ်ကနေ လက်ခံမိတဲ့အပေါ်မှုတည်ပြီး သူတို့ရဲ့နေ့ စဉ်ဖြတ်သန်းနေတဲ့ဘ၀ကို သွားပြီး effective ဖြစ်စေပါတယ် ၊ အဲ့ဒီလို နေ့စဉ်ဖြတ် သန်းနေတဲ့ဘ၀ကနေ သွေဖီလောက်အောင် စိတ်ဓါတ်စစ်ဆင်ခြင်းကို နေရာတိုင်းမှာ အတိုင်းအတာ ပမာဏတစ်ခုထိ တိုက်ခိုက်ခံနေရတယ်၊ နိုင်ငံလိုက်၊ ဘာသာလိုက်၊ လူမျိုးလိုက်၊ အဖွဲ့အစည်းလိုက်၊ ဒေသအလိုက်။ ဒီလို တိုက်ခိုက်လိုက်တဲ့ သတင်းကို စိစစ်ခြင်းမရှိဘဲ မိမိစိတ်ကနေလက်ခံလိုက်တဲ့ ပမာဏသည် ဘာနဲ့ တန်ပြန်စိစစ်ရမလဲဆိုတော့ သတင်းရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ မှန်တိဆီလျှော်ထင်ရှားဖော်.... နောက်ထပ် ထပ်စိစစ်ရမှာက စာဖတ်ခြင်းနှင့် ဗဟုသုတပြည့်စုံခြင်း၊ နောက်တစ်ခုက ခံယူချက်မြင့်မားခြင်း၊ နောက်တစ်ခု ကောလဟာလရဲ့ သတ္တိတွေကိုနားလည်ထားခြင်း.... စတဲ့ အချက်လေးတွေဖြစ်ပါတယ် ...၊ ဥပမာ ခုတလော တက်နေတဲ့ သတင်းတစ်ပုဒ်ကို ချပြပါ့မယ် ... ယိုးဒယားမှာ ကောင်းကင်ပေါ်က နဂါး တစ်ကောင်ပြုတ်ကျလာတယ် ပုံလေးနဲ့ အိမ်ခန်းထဲကပုံ .... ကိုယ်တွေကလည်း ကိုယ့်နိုင်ငံ ကမဟုတ် တခြားနိုင်ငံကဆို လွှတ်ယုံတဲ့အမျိုးကို ... အဲ့ ပုံအောက်က ကွန့်မန်တွေ ဖတ်ကြည့်လိုက် လူတွေရဲ့ စိတ်ပေါင်းစုံကိုမြင်နေရတယ် .... ကဲခု အဲ့သတင်းကမှန်မမှန် စိစစ်လား .. စာဖတ်သူတွေရဲ့ % အနည်းငယ်ကသာ စိစစ်ပါတယ် ။ ဒီလိုသတင်းမျိုးက မိမိကို ဘာမှ လာမထိခိုက်ပေမဲ့ ထိခိုက်စေသောသတင်းတွေလည်း အများကြီး ပါပဲ။ 

နောက်ဆုံးအဲ့သ တင်းက ပုံထဲက နဂါးသည် အရုပ်ကြီးဖြစ်နေတယ် ... ဆိုတော့ကာ ကိုယ့်ဘာသာ အစစ်လို့ထင် တဲ့လူတွေစိတ်ထဲမှာ ပြန်သိရင် မိမိဘာသာ အရှက်ရမယ် ၊ လုပ်ငန်းခွင်ထဲမှာ ကိုယ်ဘာသာ မယုံကြည်ဘူး၊ လူလိမ်ခံရနိုင်တဲ့ လူတွေ လို့ သုံးသပ်နိုင်ပါတယ်.. အဆိုးထဲက အကောင်း ကဘာလဲဆိုတော့ မိမိဘာသာပြန်သုံးသပ်မိမယ် (ဒါကလည်း လူနည်းစုပါပဲ).. ဒါလေးက ကျွန်တော်မြင်တဲ့ သာဓက လေးတစ်ခုပါ ။ နောက်တစ်ခု ဒေါ်ကြိုင်ကြိုင်ကြီးသေပြီ ဆိုတဲ့သတင်း မျိုးတွေ၊ နောက် စစ်ရေးသတင်းတွေ ၊ အဲ့လိုသတင်းမျိုးတွေကျတော့ ဘယ်ကရတဲ့သတင်းလဲ .. ရေးထားမှာပေါ့ မသေမချာ .. အမည်မဖော်လိုသော သတင်းရပ်ကွက်က ၊ လုံခြုံရေး အသိုင်းအ၀ိုင်း၊ လက်လုပ်လက်စား လူတန်းစားများ အလုပ်သမားများ (အများစုကို အဲ့လိုရေးမယ်) စစ်ဆေးရုံနှင့် နီးစပ်သော အမည်မဖော်လိုသူ ၊ မှော်ထဲရှိ လုပ်ငန်းရှင်တစ်ဦး ၊ ရေမဆေးကျောက် ရှာသူများ၊ တပ်မ(xx) ၊ စစ်ရေးလေ့လာသူ စသဖြင့်ပေါ့။ မည်သို့ပင်ဆိုစေကာမှု ဆိုရှယ် နက်ဝေါ့လောကထဲမှာ မည်းမည်းမြင်တိုင်းရင်ခုန်ခြင်းမှ ကင်းဝေးကြပါစေသောဝ်၊ မိမိစိတ်ကို အလွယ်တကူ လှည့်ဖျားခံရခြင်းမှ ကင်းဝေးကြပါစေသောဝ်၊( ဒီနိုင်ငံနဲ့ ဒီလူသားတွေ အားလုံးပါပဲ ) 
(ဖောကြီး ၂၂-၆-၂၀၁၄)

တောင်အိုဆက်တီးယားစစ်ပွဲ (၂၀၀၈)(ရုရှား-ဂျော်ဂျီယာ) (အပိုင်း-၃)

$
0
0

ဂျော်ဂျီယာရေရှည်တည်တံ့မှုနှင့်တည်ငြိမ်မှုဆောင်ရွက်ရေးအစီအစဉ်။ 

ဂျော်ဂျီယာ ရေရှည်တည်တံ့မှုနှင့် တည်ငြိမ်မှုဆောင်ရွက်ရေးအစီအစဉ်သည် အီရတ်လွတ်မြောက်ရေး စစ်ဆင်ရေးတွင် ဂျော်ဂျီယာတပ်မတော်၏ စွမ်းရည်တိုးမြင့်စေရန်အတွက် အမေရိကန်က ဆောင်ရွက်ခဲ့သော လုံခြုံရေး အစီအစဉ်တစ်ခုဖြစ်သည်။ ၂၀၀၅ ခုနှစ် ဇန်န၀ါရီလတွင်စတင်ခဲ့သော အဆိုပါအစီအစဉ်သည် ၂၀၀၂-၂၀၀၄ ခုနှစ်အတွင်းပြုလုပ်ခဲ့သောGTEP အစီအစဉ်တိုးတက်မှုအား အထောက်အကူပြုလိမ့်မည် ဖြစ်ပြီး ဂျော်ဂျီယာတပ်မတော်အား အနောက်အုပ်စု ပုံစံ(နေတိုးပုံစံ)အကောင်အထည်ဖော်မှုတွင် အကူအညီဖြစ်စေမည့် SSOPအစီအစဉ်သည် (၁၈)လကြာမြင့်ပြီး ဒေါ်လာသန်း(၆၀)ကုန်ကျသည်။ ဥရောပရှိ အမေရိကန်ကြည်းတပ် အထူးအဖွဲ့နှင့် အမေရိကန် မရိန်းတပ်ဖွဲ့တို့က ဦးစီးဆောင်ရွက်သော ၎င်းင်းအစီအစဉ်သည် အီရတ်နိုင်ငံရှိ ဂျော်ဂျီယာခြေလျင် တပ်ရင်း(၂)ရင်း၊ ထောက်ပံ့ရေးတပ်ရင်း(၂)ရင်း၊ ဂျော်ဂျီယာအမှတ်(၁) တပ်မအထူးအဖွဲ့၊ ဂျော်ဂျီယာ အမှတ်(၁)နှင့် အမှတ်(၂)တပ်မမှ ဦးစီးအဖွဲ့၊ မြေပြင်တပ်ဖွဲ့ ကွပ်ကဲမှုဦးစီးအဖွဲ့နှင့်ဂျော်ဂျီယာဦးစီးဌာနမှ ဦးစီး အဖွဲ့များအား လေ့ကျင့်ပေးရန် ပုံစံပြုထားခြင်းဖြစ်သည်။ SSOP အစီအစဉ်က ဂျော်ဂျီယာဗိုလ်လောင်း အများ အပြား ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တာဝန် ထမ်းဆောင်မှုများကို လေ့ကျင့်ပေးခြင်းဖြစ်သည်။

ဂျော်ဂျီယာ-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်ခန်းပြုလုပ်ခြင်း။ 

အမေရိကန် တပ်ဖွဲ့ဝင် (၁၀၀၀)သည် ၂၀၀၈ ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် ဂျော်ဂျီယာနိုင်ငံ၌ (၂)ပတ်ကြာ စစ်ရေးလေ့ကျင့်မှု စတင်ခဲ့သည်။ ၎င်းင်းလေ့ကျင့်ခန်းအား ၂၀၀၈ခုနှစ်အလျင် အမြန်တုံ့ပြန်ရေး (Immidiate Response 2008) ဟု အမည်ပေးထားပြီး လေ့ကျင့်ခန်းသည် ရုရှား-ဂျော်ဂျီယာ ဆက်ဆံရေး တင်းမာနေမှုနှင့် သက်ဆိုင်မှုမရှိဟု ဆိုသည်။ လေ့ကျင့်ခန်း၏ ရည်ရွယ်ချက်သည် အမေရိကန်နှင့် ဂျော်ဂျီယာ တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်ဟု အမေရိကန်၏ ဥရောပတောင်ပိုင်း အထူးတပ်ဖွဲ့ကွပ်ကဲရေးမှူးက ပြောကြားခဲ့သည်။ ယင်းလေ့ကျင့်ခန်းတွင် ဂျော်ဂျီယာတပ်ဖွဲ့ ၀င်(၆၀၀) နှင့်အတူ ဆိုဗီယက် ပြည်ထောင်စုဟောင်း နိုင်ငံများဖြစ်သည့် အဇာဘိုင် ဂျန်၊ အာမေးနီးယားနှင့် ယူကရိန်းနိုင်ငံတို့မှ တပ်ဖွဲ့ဝင် အနည်းငယ် ပါဝင်လေ့ကျင့်ခဲ့သည်။

အမေရိကန်စစ်ဘက်က ဂျော်ဂျီယာ ကွန်မန်ဒိုများကိုလေ့ကျင့်ပေးခဲ့ခြင်း။ ဂျော်ဂျီယာ တပ်ဖွဲ့များ 

တောင်အိုဆက်တီးယားသို့ မတိုက်ခိုက်မီ လအနည်းငယ်အလို၌ အမေရိကန်စစ်ဘက်က ဂျော်ဂျီယာအထူးတပ်ဖွဲ့ (၈၀)ဦးကို တိုက်ခိုက်ရေး သင်တန်းများ ပို့ချပေးခဲ့သည်ဟု ဆိုပါသည်။ ဂျော်ဂျီယာအထူးတပ်ဖွဲ့များကိုအမေရိကန် စစ်သည်များနှင့် စစ်ဘက် ကန်ထရိုက်တာနှစ်ဖွဲ့ တို့က လေ့ကျင့်ရေးပြုလုပ်ပေးခဲ့ကြောင်း၊ ၎င်းင်းအထူး တပ်ဖွဲ့များကို ဂျော်ဂျီယာပဋိပက္ခတွင် အသုံးပြုခဲ့ ဖွယ်ရှိကြောင်းလည်း ဖော်ပြခဲ့သည်။ လေ့ကျင့်ပေးမှု အစီအစဉ်သည် အာဖဂန်နစ္စတန်နိုင်ငံတွင် နေတိုး ဦးဆောင်သည့် နိုင်ငံတကာလုံခြုံရေး အထောက် အကူပေးတပ်ဖွဲ့၏ အစိတ်အပိုင်းအဖြစ် ရည်ရွယ်ကြောင်း၊ ဂျော်ဂျီယာရှိ အထူးတပ်ဖွဲ့များကို လေ့ကျင့်ရန်အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဗာဂျီးနီးယား၌ အခြေစိုက်သည့်MPRI နှင့် American Systems ကန်ထရိုက်တာနှစ်ဖွဲ့ကို ငှားရမ်းခဲ့ကြောင်း၊ ၎င်းင်းကန်ထရိုက်တာ နှစ်ဖွဲ့တွင် အထူးတပ်ဖွဲ့ဝင်ဟောင်း (၁၅)ဦးကို နည်းပြအဖြစ်ငှားရမ်းထားခဲ့ကြောင်း၊ အမေရိကန် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်သည် လူအင်အား လျော့နည်းနေသောကြောင့် ဖြည့်စွက်သင်ကြားမှု အခြေအနေဖြင့် စစ်ဘက်ကန်ထရိုက်တာများကို ငှားရမ်းခဲ့ကြောင်း၊ ရက်(၇၀) ကြာမည့် ဒုတိယအဆင့် သင်ကြားရေးကို သြဂုတ်လ (၁၁)ရက်နေ့တွင် စတင်ရန်ဖြစ်ကြောင်း၊ ၎င်းင်းနည်းပြများသည် ပဋိပက္ခမဖြစ်မီ (၄)ရက်အလိုဖြစ်သော သြဂုတ်လ (၁၃)ရက်နေ့တွင် ဂျော်ဂျီယာသို့ရောက်ရှိခဲ့ကြောင်း၊ ပြည်ပလေ့ကျင့်ရေးအစီအစဉ်နှင့်နီးစပ်သော အမေရိကန်စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ လေ့ကျင့်ပေးမှုအစီအစဉ်သည် လျှို့ဝှက် အဆင့်မဟုတ်သော်လည်း မြင်သာပွင့်လင်းမှု မရှိခဲ့ကြောင်းဆိုသည်။ သို့သော် အမေရိကနအရာရှိများက အများပြည်သူသို့ သတင်းထုတ်ပြန်မှုမရှိခြင်းသည် လျှို့ဝှက်အစီအစဉ်ပြုလုပ်မှုမဟုတ် ကြောင်း၊ ဂျော်ဂျီယာလေ့ကျင့်ပေးသည့် မှတ်တမ်းဓာတ်ပုံများသည် ဂျော်ဂျီယာ၏၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားကြောင်းပြောကြားခဲ့သည်။

နှစ်ဘက်စစ်အင်အားနှိုင်းယှဉ်ချက်

ရုရှား၏ စစ်အင်အားအသုံးပြုမှု။ ရုရှားနိုင်ငံသည် ဂျော်ဂျီယာနှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲတွင် အောက်ပါစစ်လက်နက်ပစ္စည်းများကို အဓိကအသုံးပြုခဲ့သည်-
(က) T-62/ T-72 MBT ၁၅၀ စီး
(ခ) အမြောက် ၁၀၀ +
(ဂ) OTR-2 torchka တာတိုပစ်ဒုံးကျည် ၁၅ စင်း
(ဃ) အမှတ်(၅၈)ကြည်းတပ် တပ်တော်စု လူအင်အား ၁၅၀၀၀ +

တောင်အိုဆက်တီးယားစစ်မျက်နှာရှိရုရှားတပ်ဖွဲ့များ။ တောင်အိုဆက်တီးယား တွင် ယခင်ကတည်းက ဖြန့်ကျက်ထားသော ရုရှားငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များရှိနေပြီး တောင်အိုဆက်တီးယားရှိ ခွဲထွက်ရေးတပ်ဖွဲ့များသည် ရုရှားတပ်ဖွဲ့ဘက်မှပါဝင်ခဲ့သည်-

(က) ရုရှားအမှတ်(၅၈)ကြည်းတပ်၊ တပ်တော်စုမှငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ ၆၀၀+။
(ခ) အမှတ်(၁၃၅)ယန္တရားတပ်မဟာမှ တပ်ရင်း (၂)ရင်း။
(ဂ) အမှတ်(၁၉)ယန္တရားတပ်မမှ အမှတ်(၅၀၃)နှင့် အမှတ်(၆၉၃)တပ်မဟာ။
(ဃ) အမှတ်(၄၂)ယန္တရားတပ်မမှ အမှတ်(၇၀)နှင့် အမှတ်(၇၁)ယန္တရား
တပ်မဟာ။
(င)  လေကြောင်းချီတပ်ဖွဲ့
( ၁ ) အမှတ်(၇၆)လေကြောင်းချီတပ်မမှ အမှတ်(၁၀၄)နှင့် အမှတ်(၂၃၄)

လေကြောင်းချီ တပ်ရင်းများ။
( ၂ ) အမှတ်(၉၈)လေကြောင်းချီတပ်မ စောင့်ရှောက်ရေးတပ်။

(စ) ရုရှားအထူးတပ်ဖွဲ့များ
( ၁ ) အမှတ်(၄၅) Spetnez အထူးတပ်ဖွဲ့၏ ထောက်လှမ်းရေး
တပ်ဆွယ်။
( ၂ ) အမှတ်(၁၀) Spetnez အထူးတပ်ဖွဲ့။
( ၃ ) အမှတ်(၂၂) Spetnez အထူးတပ်ဖွဲ့။
( ၄ ) ချေချင်ညာရှိ Vostok အထူးတပ်မှ တပ်ခွဲ တစ်ခွဲ။
( ၅ ) ချေချင်ညာရှိ Zapad အထူးတပ်မှ တပ်ခွဲ တစ်ခွဲ။
(ဆ) တောင်အိုဆက်တီးယားရှိ တိုက်ခိုက်ရေးအင်အားခန့်မှန်း ၂၅၀၀။
၂၃။ အက်ခါဇီးယားစစ်မျက်နှာရှိ ရုရှားတပ်အင်အား။ ခွဲထွက်ရေးလုပ်ဆောင်နေသည့် အက်ခါဇီးယားဒေသတွင် ဖြန့်ကြက်ထားသော ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များရှိနေပြီး ယင်းဒေသရှိ ခွဲထွက်ရေးလှုပ်ရှားနေသည့်တပ်ဖွဲ့များသည် ရုရှားတပ်များနှင့်ပူးပေါင်းတိုက်ခိုက် ခဲ့ကြသည်။ 

အက်ခါးဇီးယားစစ်မျက်နှာရှိ စစ်အင်အားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အမှတ်(၁၃၁)သီးခြားယန္တရားတပ်။
(ခ) အက်ခါဇီးယားတပ်မတော် (ကြည်းတပ်နှင့် လေတပ်)။
(ဂ) ပင်လယ်ရေတပ်၏ ရေတပ်အထူးတပ်ဖွဲ့။

ဂျော်ဂျီယာစစ်အင်အား။ 

ဂျော်ဂျီယာသည် တိုက်ခိုက်မှုမဖြစ်မီ သြဂုတ်လ ၅ ရက်နေ့ ကတည်းက တပ်ဖွဲ့ဝင် (၁၅၀၀)ခန့်ကို တောင်အိုဆက်တီးယားဒေသသို့စေလွှတ်ရန် စုဖွဲ့လျက်ရှိပြီး ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်အင်အားမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ခြေလျင်တပ်မ(၄)ခု၊ အင်အား(၉၀၀၀)မှ (၁၆၀၀၀)ကြား။

(ခ) ဂိုရီနှင့် ခိုနီတွင် အခြေစိုက်သည့် အမြောက်တပ်မ (၁)ခု။
(ဂ) ဂိုရီ၌အခြေစိုက်သည့် တင့်ကားတပ်မ (၁)ခု။
(ဃ) T-72MBT(၈၂)စီး။
(င) သံချပ်ကာလူသယ်ယာဉ် (BMP VTR) (၁၃၉)စီး။
(စ) SU-25 မြေပြင်တိုက်ခိုက်ရေးလေယာဉ် (၇)စင်း။
(ဆ) Grad BM-21 122mm အတွဲတိုက် ဒုံးပစ်လောင်ချာနှင့်အမြောက် (၉၅)လက်။
(ဇ) RM-70 အတွဲလိုက် ဒုံးပစ်လောင်ချာများ။
(ဈ) အစ္စရေးလုပ် M-85 ကလပ်စတာဗုံးများ။
(ည) TOR and BUK လေကြောင်းရန် ကာကွယ်ရေးဒုံး။

အုပ်ချုပ်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေးအခြေအနေ

၂၅။ စစ်ပွဲအတွင်း ရုရှား၊ အယ်ခါဇီးယားနှင့် တောင်အို ဆက်တီးယားတို့၏ တပ်ဖွဲ့အင်အား မှာ အနည်းဆုံး ၄၀၀၀၀ ရှိပြီး၊ ရုရှားစစ်သည် ၄၀၀၀၀ ကိုလည်း ရုရှားနယ်စပ်တွင် အသင့် စုဖွဲ့ထားနိုင်ခဲ့ပါသည်။ သို့ရာတွင် ဂျော်ဂျီယာဘက်မှ စစ်သည်မှာ ၁၅၀၀၀ မှ ၂၅၀၀၀ ကြားသာ ရှိသောကြောင့် ရုရှားတို့မှ သာလွန်သောအင်အားဖြင့် စစ်ဆင်ခဲ့သော်လည်း စစ်ပွဲတွင် ရုရှားကြည်း တပ်ဖွဲ့များကို ခဲယမ်းများ လုံလောက်စွာ ထပ်မံဖြည့်တင်းပေးခဲ့မှုမရှိ၍ Zemo Nikozi ရွာတိုက်ပွဲတွင် ရုရှားတင့် ၂ စီးမှာ ကျည်ကုန်သွားသောကြောင့် ဂျော်ဂျီယာတပ်များ၏ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခံခဲ့ရခြင်းမှာ ရုရှားတို့၏အုပ်ချုပ်ထောက်ပံ့မှု အချိန်မီမရောက်ရှိ၍ဖြစ် ကြောင်း တွေ့ရှိရပါသည်။

စစ်ပွဲ၏ရည်မှန်းချက်များ

ဂျော်ဂျီယာစစ်ပွဲသည် အင်အားကြီးအမေရိကန်နှင့်ရုရှားတို့၏အကျိုးစီးပွားများ ပါဝင်လျက် ဖြစ်ပေါ်လာရသည်။ ဂျော်ဂျီယာသည်ပထ၀ီနိုင်ငံရေးအရ ရုရှားနိုင်ငံ၏အရေးပါသည့် ပင်လယ်နက်ထွက်ပေါက်ဖြစ်သည်။ အထူးသဖြင့်ယူကရိန်းနှင့် ဂျော်ဂျီယာသည် ရုရှား၏ ပင်လယ်နက် ထွက်ပေါက်အား ဘေးတစ်ဖက်စီမှ ကာရံထားသည်။ 

ယူကရိန်းနှင့်ဂျော်ဂျီယာတို့သည် ရုရှားနှင့် ဆက်ဆံရေးမပြေလည်သောကြောင့် အမေရိကန်က ၄င်းနှစ်နိုင်ငံအား နေတိုးအဖွဲ့ဝင်ဖြစ်စေရန် စည်းရုံးခဲ့ခြင်းဖြစ်သည်။ အမေရိကန်သည် ဥရောပရှိ ယခင်ဆိုရှယ်လစ်နိုင်ငံဟောင်းများနှင့် ဥရောပနိုင်ငံများကို သိမ်းသွင်းသြဇာချဲ့ရာတွင် ယူကရိန်းနှင့် ဂျော်ဂျီယာတို့ကို ပါဝင်သိမ်းသွင်းခဲ့ခြင်း သည် ရုရှား၏အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက် ခြိမ်းခြောက်စေနိုင်ခြင်းပင်ဖြစ်သည်။ ထို့အပြင် အမေရိကန်အတွက် ဂျော်ဂျီယာသည် ကက်စပီယံပင်လယ်မှရရှိမည့် ရေနံသယ်ယူရေး၊ အထူးသဖြင့် အမေရိကန်၏စည်းရုံးသိမ်းသွင်းယူနိုင်ခဲ့သည့် အဇာဘိုင်ဂျန်မှရေနံအား ဂျော်ဂျီယာကိုဖြတ်သန်း၍ ဥရောပသို့သယ်ယူနိုင်ရေးအတွက် ပဓာနကျသည်။ ၄င်းအပြင် အီရန်အား ရန်ပြုမည်ဆိုက ဂျော်ဂျီယာ ကိုဖြတ်သန်းပြီး အဇာဘိုင်ဂျန်မှတဆင့် တိုက်ခိုက်နိုင်သကဲ့သို့ ရုရှားကိုလည်း တန်ပြန်ထိန်းချုပ် နိုင်သည့်အနေအထားဖြစ်သည်။ 

ထို့ကြောင့် ဂျော်ဂျီယာသည် အမေရိကန်အတွက် စစ်ရေးအရ အရေးပါသော ရည်မှန်းချက်တစ်ခုဖြစ်ခဲ့သည်။ ဂျော်ဂျီယာ၏ရည်မှန်းချက်မှာလည်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးပင်ဖြစ်သည်။ ဂျော်ဂျီယာ အနေဖြင့် အမေရိကန်နှင့်နီးနီးကပ်ကပ်ဆက်ဆံပေါင်းသင်းလျက် ရုရှား-ဂျော်ဂျီယာပဋိပက္ခတွင် နေတိုးမှ ၀င်ရောက်ကူညီဖြေရှင်းပေးနိုင်ရေး ရည်မှန်းထားသည်။ ဂျော်ဂျီယာအစိတ်အပိုင်းဖြစ်သော တောင်အိုဆက်တီးယားပြည်နယ်၏ရည်မှန်းချက်ကလည်း ဂျော်ဂျီယာနိုင်ငံမှခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာနိုင်ရန် ကြိုးစားနေသည်။ ယင်းကြိုးပမ်းမှုကြောင့် တောင်အိုဆက်တီးယားသူပုန်နှင့် ၄င်းကို ကူညီနေသောရုရှားတို့အား နေတိုး၏အကူအညီရယူချေမှုန်းနိုင်ရန် ဂျော်ဂျီယာက ရည်မှန်းလျက် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။


(ဆက်ရန်)
 — 

Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.

လစ်ဘရယ်ဝါဒ(Liberalism)နှင့်လစ်ဘရယ်သမိုင်းကြောင်း(အပိုင်း-၈)

$
0
0


အချုပ်အခြာအာဏာ(Sovereignty)

အချုပ်အခြာအာဏာ (Sovereignty)ဆိုသည့် ဝေါဟာရသည် ပြင်သစ်ဘာသာစကား (Sovereign)မှ ဆင်းသက်လာပြီး၊ "အကြွင်းမဲ့ဖြစ်ခြင်း၊ (သို့မဟုတ်) အခြားသူများ၏ အထွဋ်အမြတ်ဖြစ်ခြင်း"ဟု အဓိပ္ပါယ်ရသည်။ အချုပ် အခြာအာဏာ (Sovereignty)ဆိုသော သဘောတရားကို အရစ္စတိုတယ်လ် (Aristotle, 384-322 BC)က (The Politics)ကျမ်းတွင်ဖေါ်ပြခဲ့ပြီး၊ (၁၆)ရာစုအလယ်ပိုင်းဝန်းကျင်လောက်မှသာအချုပ်အခြာအာဏာနှင့်ပတ်သက်သောသဘောတရားများကို တွေးခေါ်ပညာရှင်တို့က လေ့လာဖေါ်ထုတ်လာကြခြင်းဖြစ်သည်။ အရစ္စတိုတယ်လ်၏ အယူအဆများသည် ဒီမိုကရေစီစံနစ်ကို ဦးတည်ခဲ့သည်။ ၄င်းက "ပြည်သူလူထု၏ အာဏာအပ်နှင်းခြင်း ခံရ သူများက အစိုးရအဖွဲ့ကာ ဥပဒေနှင့်အညီအုပ်ချုပ်ရမည်။ ထိုသို့ နိုင်ငံကိုအုပ်ချုပ်ရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားစီရင်ရေးဟူ၍ အာဏာသုံးရပ်ပိုင်းခြားကာ အုပ်ချုပ်ရမည်"ဟု ဆိုသည်။ 


ပြင်သစ်၊ အင်္ဂလန်၊ ဟောလန်၊ စကော့တလန်အစရှိသော နိုင်ငံများမှ ကာလ်ဗင် (Calvin)ဂိုဏ်းသားများကလည်း အချုပ်အခြာအာဏာဆိုသည်မှာ အများပိုင်ဖြစ်ပြီး၊ ပြည်သူတို့က ဘုရင်ထံပဋိညာဉ်ပြုကာ အပ်နှံထားခြင်း (တစ်နည်းဆိုရသော်) အကန့် အသတ်ဖြင့် အပ်နှံထားခြင်းသာ ဖြစ်သည်ဟုဆိုကာ ဘုရားသခင်၏ တန်ခိုးအာဏာ အယူ အဆ(Divine Right Theory)ကို ဆန့်ကျင်ကြသည်။ အမှန်တစ်ကယ်တွင် (၁၆)ရာစုနှောင်းပိုင်းအထိပင် ဘုရင်ထံ၌ အကြွင်းမဲ့ အာဏာကို မထားသင့်ဆိုသောအယူအဆမှာ တွင်တွင်ကျယ်ကျယ်ရှိလှသည်မဟုတ်ချေ။ အာဏာ အယူအဆ နှင့် ပတ်သက်၍ (၁၇) ရာစုနှင့် (၁၈)ရာစုများတွင် ဘုရင်နှင့် ပည်သူအကြား ပဋိပက္ခများဖြစ်လာကြသည်။ ထို့နောက်တွင် ဘုရင်၏တန်ခိုးအာဏာကို ကန့်သတ်ရန်ကြိုးစားလာကြလေသည်။ သို့သော် ဘုရင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းခြင်းတော့မရှိခဲ့ပေ။ ဘုရင်စနစ်ကို ပြုပြင်မွမ်းမံသုံးစွဲရန်သာဆန္ဒရှိခဲ့ကြသည်။ 

ထိုအယူအဆများအနက် ပြင်သစ်တွေးခေါ်ပညာရှင်ဂျိမ်းဗိုဒင်(Jean Bodin)၏ အတွေးအခေါ်မှာ ထင်ရှားသည်။ သူ၏အယူ အဆမှာ အချုပ်အခြာအာဏာပိုင်သော အမျိုးသားနိုင်ငံများ ပေါ်ထွန်းလာရေးကို အထောက်အကူပြု စေနိုင် သော နိုင်ငံရေးသဘောတရားတစ်ခုတည်ဆောက်ရန်ဖြစ်သည်။ သို့သော်လည်း ဂျိမ်းဗိုဒင်၏ အယူအဆမှာ အကြွင်းမဲ့အာဏာပိုင်ဘုရင်စနစ်ကိုသာ အားပေးခြင်းဖြစ်သည်။ 

အချုပ်အခြာအာဏာပိုင်စိုးသူသာ ဘုရင်သာဖြစ်ပြီး၊ အာဏာပိုင်သည့်ဘုရင်၏ ဥပဒေကို နိုင်ငံသားတိုင်းကလိုက်နာရမည်ဖြစ်ကာ ဘုရင်ကိုယ်တိုင်ကမူ ထို ဥပဒေများကို လိုက်နာစရာမလိုဟု ဆိုသည်။ သို့ရာတွင် ဘုရင်သည် ဥပဒေကို လိုက်နာစရာမလိုသော်ငြား
လည်း ကိုယ်ကျင့်တရားများကိုစောင့်ထိန်းရပြီး၊ ပြည်သူလူထုအပေါ် မိမိ၏တာဝန်ဝတ္တရားများ ပျက်ကွက်ခြင်းမရှိရချေ။ ဘုရင်သည် ပြည်သူလူထုနှင့် သဘောတူချုပ်ဆိုထားသောပဋိညာဉ်ကို မချိုးဖေါက်ရဟု ဆိုလိုပါသည်။ဥပမာအားဖြင့် မြန်မာဘုရင်များသည် သက်ဦးဆံပိုင်ဘုရင်များဖြစ်ကြကာ ဥပဒေပြုသူ၊ တရားစီရင်သူ၊ စီမံ အုပ် ချုပ်သူလည်းဖြစ်သည်။ ၄င်းတို့၏အာဏာသည် အကြွင်းမဲ့ဖြစ်သည်။ ဘုရင်များအပေါ် ကန့်သတ်ထိန်းချုပ်ထားသည့် ဥပဒေလည်း မရှိပေ။ သို့သော် မြန်မာဘုရင်များသည် ပြည်သူလူထုအပေါ် မင်းကျင့်တရား(၁၀)ပါး (The Ten Duties of the King)နှင့်အညီ စီရင်အုပ်ချုပ်ရသည်။ ထိုမင်းကျင့်တရား(၁၀)ပါးသည် ဂျိမ်းဗိုဒင်ဆိုလိုသည့်ဘုရင်အား ကိုယ်ကျင့်တရားနှင့် ထိန်းကွပ်ခြင်းအယူအဆမှာ ဆင်တူသည်ကိုတွေ့ရသည်။ ဗိုဒင်အနေဖြင့် ဘုရင်စနစ်အားထောက်ခံသော်လည်း နိုင်ငံသားတို့၏ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နှင့် အုပ်ချုပ်မှုနယ်ပယ်ကိုခွဲခြားထားပါသည်။အာဏာပိုင်စိုးသော အုပ်ချုပ်သူတို့သည် ပြည်သူလူထု၏ ပုဂ္ဂလိကပိုင်ပစ္စည်းကို ထိပါးနှောက်ယှက်ပိုင်ခွင့်မရှိရဟု မှတ်ယူထားသည်။ ဆိုလိုသည်မှာ ဘုရင်များသည် အကြွင်းမဲ့အာဏာပိုင်သူဖြစ်သော်ငြားလည်း အာဏာအလွဲသုံးစားပြုကာ ပြည်သူတို့ကို မနှိပ်စက်အပ်ဟု ထောက်ပြခြင်းဖြစ်သည်။

ထိုဘုရင်စနစ်ကို ထေက်ခံသောအယူအဆများနှင့်အပြိုင် ဘုရင့်အာဏာကိုကန့်သတ်၍ ပြည်သူတို့၏ လွတ်လပ်ခွင့်များကို တိုးချဲ့ရမည်ဆိုသော လူသားဝါဒ(Humanism) အယူအဆများ ပေါ်ထွက်လာခဲ့သည်။ ပြင်သစ်တွင်သက်ဦးဆံပိုင်ဘုရင်စနစ်ကိုဆန့်ကျင်၍ လူသားတိုင်းသည် လွတ်လပ်ပိုင်ခွင့်ရှိသည် ဟူသော အယူအဆမှာ ပျံ့နှံ့လာသည်။ ဘုရင်စနစ်ကိုဆန့်ကျင်သူများတွင် ဘာသာရေးခေါင်းဆောင်များပင် ပါဝင်လာကြသည်ကို တွေ့ရသည်။ စကော့တလန်တွင် ဂျွန်နော့စ် (John Knxo)၊ ၀န်ချက်စတာဂိုဏ်းချုပ် (Bishop of Winchester) ဂျွန်ပွိုင်နက် (John Poynet)စသော ဘာသာရေး ခေါင်းဆောင်များက ဘုရင်နှင့် ပြည်သူအကြားထားရှိရမည့် ဆက်ဆံရေး(ပဋိညာဉ်)ကို အထူးအလေးပေးဟောပြောခဲ့ကြသည်။ အထူးသဖြင့်  ဂျွန်ပွိုင်နက်က ဘုရင်သည် အာဏာအလွဲသုံးစားပြုလုပ်ပါက ပြည်သူလူထုက ၄င်းတို့အပ်နှံထားသောအာဏာကိုပြန်လည်ရုတ်သိမ်းပိုင်ခွင့်ရှိကြောင်း ထုတ်ဖေါ်ခဲ့သည်။ ဂျော့ဘူကယ်နန် (George Buchanan, 506-1586)ကလည်း ဧကရာဇ်မင်းတို့၏ အာဏာဆိုသည်မှာ အုပ်ချုပ်သူ (ဘုရင်)နှင့် အုပ်ချုပ်ခံ (ပြည်သူလူထု)တို့အကြား သဘောတူပဋိညာဉ်ပြုလုပ်၍ အပ်နှံ
ထားသော အာဏာများသာဖြစ်ကြောင်း ဖေါ်ထုတ်ခဲ့ပါသည်။

ယနေ့ခေတ်တွင် တစ်ချို့သော ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ "အချုပ်အခြာအာဏာသည် ပြည်သူလူထုထံ တွင် တည်သည်"ဟူ၍လည်းကောင်း၊ "အချုပ်အခြာအာဏာသည် ပါလီမန်(လွှတ်တော်)တွင် တည်သည်"ဟု လည်းကောင်း ဖေါ်ပြလေ့ရှိသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၄၇)၊ အခန်း(၁)၊ နိုင်ငံဖွဲ့စည်းပုံ၊ ပုဒ်မ(၃) ၌ "ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် နိုင်ငံသားတို့၌ တည်သည်"ဟုရှိပြီး၊ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၄)၊ အခန်း(၁)၊ နိုင်ငံတော်၊ ပုဒ်မ(၄)တွင်မူ "နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံတော်တ၀ှမ်းလုံး၌ တည်စေရမည်"ဟု ဖေါ်ပြပါရှိပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ(၁)တွင်လည်း "နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတ၀န်းလုံး၌ တည်သည်"  ဟု ရေးသားဖေါ်ပြထားသည်ကို တွေ့ရသည်။ 

အစိုးရသည် အချုပ် အခြာအာဏာပိုင်စိုးသူမဟုတ်ကြောင်း ကန့်သတ်အစိုးရကဏ္ဍတွင်ဖေါ်ပြပြီးဖြစ်ပါသည်။ ထိုနည်းတူစွာ ပါလီမန် (လွှတ်တော်)ဆိုသည်မှာလည်း အချုပ်အခြာအာဏာပိုင်သသူမဟုတ်ချေ။ ပါလီမန်အစိုးရစနစ်တွင် ပါလီမန်နှင့် အစိုးရအဖွဲ့တို့ ကွဲကွဲပြားပြားမရှိခြင်းကြောင့်၊ တစ်နည်းဆိုသော် အုပ်ချုပ်မှုအာဏာနှင့် ဥပဒေပြုအာဏာတို့ ဗလုံးဗထွေးဖြစ်မှုအပေါ်အခြေခံ၍အချုပ်အခြာအာဏာသည် ပါလီမန်တွင် တည်သည်ဟုလည်း ဖေါ်ပြလေ့ရှိ တတ်ပါသည်။ ဥပမာအားဖြင့် ဗြိန်တိန်နိုင်ငံ(UK)တွင် အချုပ်အခြာအာဏာသည် ပါလီမန်၌တည်သည်ဟု ပြဋ္ဌာန်းသည်ကိုတွေ့ရသည်။ ပါလီမန်၌တည်သည်ဆိုသော်ငြားလည်း ပါလီမန်ရှိ လွှတ်တော်အမတ်များသည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးကောက် တင်မြှောက်ထားခြင်းသာဖြစ်သဖြင့် ပါလီမန်မှာ မူလပိုင်ရှင် မဟုတ်ကြောင်း ထင်ရှားပေါ်လွင်နေပါသည်။ သို့ဆိုလျှင် "လွှတ်တော်၏ အထက်တွင် မိုးကောင်းကင် သာရှိ သည်"ဆိုသော မြန်မာနိုင်ငံမှ လွှတ်တော်အမတ်တစ်ဦး၏ ပြောစကားမှာ မေးခွန်းထုတ်ချင်စရာ ကောင်းနေပါ တော့သည်။

အပိုင်း(၉)အားဆက်လက်ဖေါ်ပြပါဦးမည်-
 (လင်းသက်)
ရည်ညွှန်းကိုးကား-      
                                     
                      ၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)                    
                      ၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
                      ၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
                      ၄။ ကမ္ဘာ့သမိုင်းအခြေပြ
                      ၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
                      ၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
                      ၇။ Political Ideologies: an introduction – Andrew Heywood 
                      ၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈) 
                      ၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF 
                    ၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက်  (Ecovision)-  ကျော်သူဟန်၊ ဧမင်းယဉ်
                    ၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
                    ၁၂။ The End of History- 1983 – Francis Fukuyama 
                    ၁၃။ Liberalism From Wikipedia, the free encyclopedia
                    ၁၄။ http://www.britannica.com/EBchecked/topic/339173/liberalism
                    ၁၅။ Classical liberalism From Wikipedia, the free 
                          encyclopedia                             
                    ၁၆။ Fundamentals of Political Economy by P.Nikitin
                    ၁၇။ Willam Boyd; (tr, and ed;) The Emile of jean jacques Rousseau,  
                          Teacher College Press, New York; 1962.  
                    ၁၈။ TheTen Duties of the King – New York: Gove Press, 1974
                    ၁၉။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)
                    ၂၀။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)
                    ၂၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

                    ၂၂။ ဖက်ဒရယ် (Federal) - ABSDF

လစ်ဘရယ်ဝါဒ(Liberalism)နှင့်လစ်ဘရယ်သမိုင်းကြောင်း(အပိုင်း-၉)

$
0
0


လစ်ဘရယ်တို့လက်ခံထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သော အစိုးရ(Constitutional Government)


လစ်ဘရယ်တို့အနေဖြင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှေက်ရန်အလို့ငှာသော်လည်းကောင်း၊ လူ့ အဖွဲ့အစည်းအတွင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားဖြစ်ပေါ်လာသော ပဋိပက္ခများကို ဖြေရှင်းရန် သော်လည်းကောင်းမိမိတို့ကိုယ်စား (တရားမျှတစွာ) ကြားဝင်ဖြေရှင်းပေးနိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်ကို အလိုရှိကြပါသည်။ ထို့အတွက် မိမိတို့ ပြည်သူလူထုက တစ်ဦးချင်းစီပိုင်ဆိုင်ထားသော အချုပ်အခြာအာဏာများကို မိမိတို့ စိတ်ကြိုက်ရွေးချယ်ထားသော အစိုးရဆိုသည့် ပုဂ္ဂိုလ်များအား စုစည်းအပ်နှံကြသည်။ (အကျယ်ကို လစ်ဘရယ် ၀ါဒ(Liberalism)နှင့်လစ်ဘရယ်သမိုင်းကြောင်း(အပိုင်း-၇)၊ လစ်ဘရယ်ဝါဒနှင့် ကန့်သတ်အစိုးရ (Liberalism and Limited Government) နှင့် လစ်ဘရယ်ဝါဒ(Liberalism)နှင့် လစ်ဘရယ်သမိုင်း ကြောင်း(အပိုင်း-၈)၊အချုပ်အခြာအာဏာ (Soverignty) တို့တွင် ဖတ်ရှုနိုင်ပါသည်။) 


သို့သော် လစ်ဘရယ် တို့က အာဏာ၏ အစွန်းထွက်အန္တရာယ် (၂)ခုကို ကောင်းစွာသိမြင်ထားကြပါသည်။ ပထမအန္တရာယ် မှာ အာဏာဆိုသည်မှာ အကြွင်းမဲ့သဘောတရားနှင့် ပြီးပြည့်စုံသည်ဖြစ်၍ အစိုးရများက ထိုအကြွင်းမဲ့အာဏာကို ကျင့်သုံးသောအခါ အာဏာ၏ မူလပိုင်ရှင်များဖြစ်သော နိုင်ငံသားများ၏ လွတ်လပ်မှုကို ထိပါးနိုင်၊ ခြိမ်းခြောက်နိုင်သည်။ ဒုတိယအန္တရာယ်မှာ လူတို့၏အတ္တနှင့် သက်ဆိုင်နေ ပါသည်။ လူဆိုသည်မှာ မိမိအကျိုးအမြတ်အတွက် ကိုယ်ကျိုးရှာတတ်သည့်သဘောရှိသောကြောင့် မိမိလက်ထဲတွင် အာဏာရှိလာသည်နှင့် တပြိုင်တည်း ထိုအာဏာကို မိမိကိုယ်ကျိုးအတ္တအတွက် အသုံးချတတ်ကြသည်။ အတ္တ+ အာဏာ= အာဏာအလွဲသုံးစားပြုခြင်းဟု ခေါ်သည်။ 

အာဏာသည် လူကို ဖျက်စီးတတ်သော သဘောရှိသည်။ အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့ အကျင့် ပျက်ချစားတတ်သည် (Power corrupts, and absolute power corrupts absolutely)ဟု လော့အက်တန်က ဆိုသည်။ ထို့ကြောင့် လစ်ဘရယ်တို့က မိမိတို့ (ပြည်သူတို့)၏ အကျိုးစီးပွားအလို့ငှာ မလွှဲသာ၍ အာဏာ အပ်နှင်းဖွဲ့စည်းထားသော အစိုးရဆိုသည်ကို ထိန်းကွပ်ကန့်သတ်မှုရှိသော ပုံစံဖြစ်စေလိုကြသည်။ သို့အတွက် အစိုးရ၏အာဏာကို ထိန်းချုပ်ကန့်သတ်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်ကို ရေးဆွဲပြဋ္ဌာန်းကြရသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားများနှင့် အုပ်ချုပ်သူအစိုးရအကြားထားရှိသော ပဋိညာဉ် (သို့တည်းမဟုတ်) အချုပ်အခြာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုနှင့် ထိုအချုပ်အခြာ အာဏာကို အပ်နှံခြင်းခံထားရသော (ပြည်သူ့ ကိုယ်စားစီရင်အုပ်ချုပ်သူ) အစိုးရတို့အကြား အာဏာအလွဲသုံးစားခြင်းမပြုစေရန် သဘောတူချုပ်ဆိုထားသော စာချုပ် တစ်ရပ်ပင်ဖြစ်ပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ၏ အမြင့်ဆုံးသော ဥပဒေဖြစ်ပြီး၊ တရားဥပဒေများအရ ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံရေးအဖွဲ့အစည်း၏ စည်းကမ်းဘောင်လည်းဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် Lord Bryce က ဆိုသည်။


နိုင်ငံဖွဲ့စည်းပုံ (Constitution)မှာ လက်တင်ဝေါဟာရဖြစ်သော (Constituore)မှ ဆင်းသက်လာပြီး မူလအဓိပ္ပါယ်မှာ “ဖွဲ့စည်းရန်”ဟူ၍ ဖြစ်သည်။ ဖွဲ့စည်းအခြေခံဥပဒေသမိုင်းတွင် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၇၈၇)သည် ယနေ့ခေတ်ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ ပထမဦးဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်းလူသိများကြသော်လည်း ဂရိနှင့် ရောမခေတ်များတွင် မြို့ပြနိုင်ငံများ (City-State)၌ စတင်အသုံးပြုခဲ့သည်ကိုတွေ့ရသည်။ အထူးသဖြင့် အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး၊ နိုင်ငံသားတိုင်းကို နိုင်ငံ့အရေးအရာကိစ္စများတွင် ပါဝင်ခွင့်ပြုထားသည်ကို တွေ့ရှိရပါသည်။ (အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေ (The Athenian Constitution) အား လေ့လာလိုပါက heinlinn.thet@gmail.com သို့ လိပ်မူ၍ တောင်းဆိုနိုင်ပါသည်။  ။စာရေးသူ) <p> </p> ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အစိုးရတို့၏အာဏာကို ကန့်သတ်ထားရုံသာမက အစိုးရတို့၏တာဝန်များ၊ လိုက်နာရမည့် ကျင့်ဝတ်များ၊ ပြည်သူတို့၏ ပိုင်ခွင့်အမျိုးမျိုးကို အာမခံချက်များကိုလည်း ဖေါ်ပြကြရသည်။ 

ထို့အပြင် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်မှာ ပြည်သူလူထုသာ ဖြစ်ကြောင်းကိုလည်း (ဒီမိုကရေစီနိုင်ငံတွင်ဖြစ်စေ၊ ဆိုရှယ်လစ်နိုင်ငံများတွင် ဖြစ်စေ) မဖြစ်မနေထည့်သွင်းဖေါ်ပြကြရပါသည်။) အထူးသဖြင့် လစ်ဘရယ်ဝါဒကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံသားများ၏ ရပိုင်ခွင့်ကြော်ငြာစာတမ်း (Bill of Rights)မှာ မပါမဖြစ်ထည့်သွင်းပြဋ္ဌာန်းကြသည်ကို တွေ့ရသည်။အချုပ်အခြာအာဏာကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပညာရှင် ဒိုင်စီ (Dicey)က ဥပဒေဆိုင်ရာအချုပ်အခြာအာဏာ (Legal Sovereignty)နှင့် နိုင်ငံရေးအချုပ်အခြာအာဏာ (Political Sovereignty)ဟူ၍ နှစ်မျိုးခွဲခြားပြခဲ့သည်။ 

အစိုးရ၏ လက်ဝယ်တွင် ဥပဒေပြုအာဏာမှပြဋ္ဌာန်းရေးဆွဲထားသော ဥပဒေများကို လက်တွေ့ကျင့်သုံးသည့် အာဏာရှိပြီး၊ မဲဆန္ဒရှင်နိုင်ငံသားတို့က လျှို့ဝှက်မဲဆန္ဒပေးခြင်းဖြင့် နိုင်ငံရေးအချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြသည်။ ဆိုလိုသည့်သဘောမှာ အစိုးရများသည် ပြည်သူများအပ်နှင်းထားသော အချုပ်အခြာအာဏာကိုအလွဲသုံးစားခြင်းပြုပါက (တစ်နည်းအားဖြင့်) အာဏာအလွဲသုံးစား၍အုပ်ချုပ်မှု (Tyranny)ပြုပါက ပြည်သူလူထုက မဲဆန္ဒဖြင့် ဖြုတ်ချခြင်း၊ အသစ်တဖန်ရွေးကောက်တင်မြှောက်ခြင်းများပြုလုပ်နိုင်ခွင့်ကို ရည်ညွှန်းပါသည်။ ထိုသို့ လုပ်ပိုင်ခွင့်ရှိကြောင်းကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပြဋ္ဌာန်းထားကြရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးတစ်ခုခုဆုံးရှုံးနစ်နာပါက အစိုးရအား အခြေခံဥပဒေနှင့်အညီ အရေးဆိုပိုင်ခွင့် (Constitutional Remedy)ရှိရပါသည်။ တစ်ချို့နိုင်ငံများတွင် အစိုးရများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာရလာသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့် အတိုင်း အုပ်ချုပ်ခြင်းမရှိကြပေ။ ထိုအခြေအနေမျိုးကို တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သောနိုင်ငံများ၊ ကွန်မြူနစ်နိုင်ငံများတွင် အများဆုံးတွေ့ရတတ်သည်။ ၄င်းကို နိုင်ငံရေးသိပ္ပံပညာရှင်များက အခြေခံဥပဒေနှင့်အညီညွတ်သော
အုပ်ချုပ်ခြင်း (Unconstitutionalism)ဟု ခေါ်ဝေါ်ကြသည်။

လွတ်လပ်မျှတမှုကို တန်ဖိုးထားသော လစ်ဘရယ်တို့အနေဖြင့် မိမိတို့ကို နှောင်ဖွဲ့နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်ကို လက်ခံထားနိုင်သည့် အကြောင်းတရား (၂)ရပ်ရှိပါသည်။ ပထမအကြောင်းတရားမှာ နိုင်ငံရေးအရ စုဖွဲ့ထားသော အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထားနိုင်ခြင်းဖြစ်သည်။ ဒုတိယအကြောင်းတရားမှာ အာဏာအပြန်အလှန်ထိန်းညှိခြင်းကြောင့်ဖြစ်ပါသည်။ ဒုတိယသဘောတရားမှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်များနှင့် များစွာသက်ဆိုင်ပါသည်။ (မှတ်ချက်။  ။
လင်းသက်၏ “အစိုးရအုပ်ချုပ်ပုံစနစ်များ (Governmental Systems)ဆောင်းပါး”တွင် အကျယ်တ၀င့် ဖတ်ရှု နိုင်ပါသည်။) 

အချုပ်အခြာအာဏာ၏သဘောမှာ အုပ်ချုပ်ခံပြည်သူလူထုတို့လိုက်နာရန် ဥပဒေ ပြုဋ္ဌာနမှ ဥပဒေပြုခြင်း၊ ၄င်းဥပဒေနှင့်အညီ နိုင်ငံသားတို့အား စီမံခန့်ခွဲအုပ်ချုပ်ခြင်းနှင့် ထိုဥပဒေများကို ချိုးဖေါက် သူတို့အားအပြစ်ပေးဒဏ်ခတ်ခြင်းတို့ပင် ဖြစ်ပါသည်။ ထို့အတွက် အချုပ်အခြာအာဏာကို ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာဟူ၍ (၃)ပိုင်း ခွဲခြားကာ ဋ္ဌာနကြီး (၃)ခုက စီမံရပါသည်။ ပြင်သစ် လူ့အခွင့်အရေးကြော်ငြာစာတမ်း (The French declaration of the rights of man and of the citizen,1789)တွင် အာဏာ သီးခြားခွဲထားခြင်းမရှိလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ မရှိနိုင်ဟု ဖေါ်ပြထားသည်။ ၄င်းကိုအာဏာ ပိုင်းခြားခွဲဝေခြင်း (Seperation of Power)ဟု ခေါ်သည်။ ထိုအာဏာသုံးရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပိုင်းခြားထားပြီး၊ လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးထားပါသည်။ ထိုသို့သတ်မှတ်ရာတွင် အပြန်အလှန်ထိန်းကြောင်း စေရန် ဖွဲ့စည်းပုံတွင် အပြန်အလှန်စစ်ဆေးသည့် ကွန်ယက် (Net of Check and Balance)ကို ဖန်တီးရေးဆွဲပေးထားပါသည်။ Check and Balance ၏ သဘောတရားမှာ အာဏာကို အာဏာဖြင့် စစ်ဆေးစေခြင်းပင်ဖြစ်ပါသည်။ (အာဏာ (၃)ရပ်ပိုင်းခြားခွဲဝေခြင်း (Seperation of Power)၊ အပြန်အလှန်ထိန်းညှိခြင်းနှင့်Check and Balance သဘောတရားများကိုလင်းသက်၏ “ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ-“  ဆောင်းပါတွင် အကျယ်တ၀င့်ဖေါ်ပြထားပါသည်။  ။ စာရေးသူ) 

ထို့အပြင် ထိုသို့ အာဏာပိုင်းခြားသတ်မှတ်ရာတွင် ဋ္ဌာနတစ်ခုနှင့် တစ်ခုအကြား ဖြစ်ပေါ်လာသော ပဋိပက္ခများ၊ (သို့တည်းမဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်သည့် အငြင်းပွားဖွယ်ရာကိစ္စရပ်များကို ဖြေရှင်းပေးရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး (Supreme Court)ဆိုသည့် နိုင်ငံ၏ အမြင့်ဆုံးတရားရုံးတစ်ခုထားရှိရသည်။ (မှတ်ချက်။  ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံး/ ခုံရုံးနှင့်ပတ်သက်၍ လင်းသက်၏ “ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ-“ ဆောင်းပါးနှင့် “ ဖက်ဒရယ်၊ မြန်မာ့နိုင်ငံ ရေးနှင့် ဗလုံးဗထွေးဖြစ်နေဆဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဆောင်းပါးတို့တွင် အကျယ်တ၀င့် ဖေါ်ပြထားပါသည်။)

အထက်ဖေါ်ပြပါ အကြောင်းတရား (၂)ရပ်ကြောင့် လစ်ဘရယ်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံကြခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အချုပ်အခြာအာဏာကို လူတစ်ဦး၊ (သို့မဟုတ်) လူတစ်စုတည်းမှ လက်ဝါးကြီးအုပ် အပိုင်စီးခြင်းကို ကာကွယ်တားစီးနိုင်သည့် စနစ်တစ်ခုအဖြစ် လစ်ဘရယ်တို့က ယုံကြည်ကြလေသည်။

အပိုင်း(၁၀)အားဆက်လက်ဖေါ်ပြပါဦးမည်-
 (လင်းသက်)
ရည်ညွှန်းကိုးကား-      
                                     

                      ၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)                    
                      ၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
                      ၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
                      ၄။ ကမ္ဘာ့သမိုင်းအခြေပြ
                      ၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
                      ၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
                      ၇။ Political Ideologies: an introduction – Andrew Heywood 
                      ၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈) 
                      ၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF 
                    ၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက်  (Ecovision)-  ကျော်သူဟန်၊ ဧမင်းယဉ်
                    ၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
                    ၁၂။ The End of History- 1983 – Francis Fukuyama 
                    ၁၃။ Liberalism From Wikipedia, the free encyclopedia
                    ၁၄။ http://www.britannica.com/EBchecked/topic/339173/liberalism
                    ၁၅။Classical liberalism From Wikipedia, the free 
                         encyclopedia                             
                    ၁၆။ Fundamentals of Political Economy by P.Nikitin
                    ၁၇။ Willam Boyd; (tr, and ed;) The Emile of jean jacques Rousseau,
                         Teacher College Press, New York; 1962.
                    ၁၈။ TheTen Duties of the King – New York: Gove Press, 1974
                    ၁၉။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၄၇)
                    ၂၀။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၄)
                    ၂၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
                    ၂၂။ ဖက်ဒရယ် (Federal) – ABSDF
                    ၂၃။ ကမ္ဘာ့နိုင်ငံရေးအတွေးအခေါ်များ သမိုင်း- (ပထမပိုင်း)
                    ၂၄။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ပညာပေးစာစဉ်အမှတ် (၁) - ဆလိုင်းလျန်မှုန်း
                          ဆာခေါင်း
                    ၂၅။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ပထမပိုင်းနှင့် ဒုတိယပိုင်း)
                    ၂၆။ ဒီမိုကရေစီ၏ အခြေခံအုပ်မြစ်များ-   ဒေါင်းညို
                    ၂၇။ The Athenian Constitution
                    ၂၈။ French Constitution

                    ၂၉။ The Constitution of the United States

လစ်ဘရယ်ဝါဒ (Liberalism)နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၁၀)

$
0
0


အမျိုးသားရေးဝါဒ(Nationalism)နှင့် လစ်ဘရယ်အမျိုးသားရေးဝါဒ(Liberal Nationalism)-
အပိုင်း (၁)

အမျိုးသားရေးဝါဒ စတင်ပေါ်ပေါက်လာခြင်း 


အင်္ဂလန်တွင် ပထမမြောက်ဂျိန်းဘုရင် (၁၅၆၆-၁၆၂၅)က ဘုရင်နှင့်ဘုရားသခင်၏ တန်ခိုး အာဏာ
တူညီသည်ဟူသော အယူအဆဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာကို လွှမ်းမိုး ချုပ်ကိုင် ထားခဲ့သည်။
ထို့အတူ ယင်းအယူအဆကို လက်မခံသူများက ဆန့်ကျင်ခဲ့ကြပြီး၊ တရားရေးပါရဂူ ဂျွန်ဆဲလ်ဒန်
(John Seldon) ကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ ဘုရင်ကို ဝေဖန်ခြင်းကြောင့် ခေါင်းဖြတ်စက်ဖြင့် အသတ်
ခံရသည်။



နောက်ပိုင်းတွင် ဘုရင်သည်သာ အချုပ်အခြာအာဏာ ပိုင်ရှင်ဖြစ်ကြောင်း ထောက်ခံသည့် ဘုရင့်ဂိုဏ်း
သားများနှင့် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်မှာ ပြည်သူသာဖြစ်ကြောင်း လက်ခံ ထားသည့်ပါလီမန်
ဂိုဏ်းသားတို့ တိုက်ခိုက်ခဲ့ကြရာ ၄င်းပြည်တွင်းစစ်တွင် ပါလီမန်ဂိုဏ်းသားတို့ အောင်ပွဲခံနိုင်ခဲ့ကြလေ
သည်။ ထိုအချိန်ကာလက ဂျိန်းဘုရင်ကို ဆန့်ကျင် တော်လှန်သူများထဲတွင် ပြင်သစ်ဘုန်းတော်ကြီး
သြောဂတ်စတင်းဘာရု(လ်)သည် ထင်ရှားပြီး၊ အမျိုးသားဝါဒ(Nationalism)ဟူသော ဝေါဟာရကို
ယင်းက စတင်သုံးစွဲခဲ့ခြင်းဖြစ်လေသည်။


ထို့နောက် (၁၆)ရာစုနိဂုံးပိုင်းလောက်တွင် ပြင်သစ်နိုင်ငံ၌ ပေါ်လတစ် (Politiques) ဟူသော နိုင်ငံရေး
ပါတီတခုပေါ်ထွန်းလာခဲ့သည်။ ယင်းပါတီသည် လူသာ (Luther)နှင့် မက်ခီဗယ်လီ(Machiavelli)တို့၏
အတွေးအမြင်များကို ထောက်ခံသည်။ ၄င်းပါတီ၏ အယူအဆသဘော တရားမှာ နိုင်ငံသားတိုင်းသည်
နိုင်ငံအပေါ်သစ္စာစောင့်သိရိုသေရမည်ဖြစ်ပြီး၊ ဘာသာရေးသည် လူတစ်ဦးချင်း၏ ပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်
သဖြင့် နိုင်ငံသားများအနေဖြင့် မည်သည့်ဘာသာပင် ကိုးကွယ်သည်ဖြစ်ပါစေ နားလည်ခွင့်ပြုပေးရမည်
ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ဘာသာရေး ကို လွတ်လပ်စွာ ကိုးကွယ်မှုပေးခြင်းဖြင့် နိုင်ငံတော်ဟူ
သော ခေါင်းစဉ်အောက်တွင် စည်းလုံး ညီညွတ်မှုရှိစေရန် ရည်ရွယ်ကြပါသည်။ ၄င်းတို့က နိုင်ငံရေးနယ်
ပယ်အတွင်း ဘာသာရေးကိစ္စများ ပါဝင်လာခြင်းကို မလိုလားချေ။ ပြည်တွင်းစစ်များက နိုင်ငံသားအချင်း
ချင်း ဖိနှိပ်ချုပ်ခြယ်သတ်ဖြတ်ခြင်းကိုဖြစ်စေကာ စည်းလုံး ညီညွတ်မှုကို ပျက်ပြားစေသကဲ့သို့ တိုင်းပြည်
အင်အားကို ပြိုကွဲစေနိုင်သည်ဟုလည်းထောက်ပြ ကြသည်။ ယင်းတို့၏အယူအဆများမှာ မက်ခီဗယ်လီ
၏ အန္ဓိမရည်မှန်းချက်ဖြစ်သောနိုင်ငံတော် အကျိုးစီးပွား (National Interest)ကို ရှေးရှုနေကြောင်း တွေ့
ရသည်။ နိုင်ငံတော်အကျိုးစီးပွား တိုးပွားခြင်းသည် နိုင်ငံသားတဦးချင်း၏အကျိုးစီးပွားကို မြှင့်တင်ပေးခြင်း
သာဖြစ်ကြောင်း မှတ် ယူထားကြသည်။

အမျိုးသားရေးဝါဒ(Nationalism)၏ မူလရင်းမြစ်

အမှန်တကယ်အားဖြင့် အမျိုးသားရေးဝါဒ (Nationalism)၏ မူလရင်းမြစ်မှာ နိုင်ငံရေးအစွန်းအထင်း
ကင်းစင်ပါသည်။ Nasci(မွေးဖွားခြင်း)ဟူသော လက်တင်ဝေါဟာရမှ Nation(နိုင်ငံ)သို့ ပြောင်းလဲလာ
ခြင်းဖြစ်သည်။ Nation ၏ မူလအဖွင့်မှာ မျိုးနွယ်တစုတည်း မွေးဖွားလာသော လူအုပ်စုတစု(သို့မဟုတ်)
လူမျိုးစုကိုသာ ညွှန်းပြီး၊ (၁၈)ရာစုရောက်သော အခါတွင်မှ ထိုလူ အုပ်စု/ လူတဦးချင်းကို နိုင်ငံသားများ
အဖြစ် သွတ်သွင်း သတ်မှတ်လိုက်ခြင်းဖြင့် နိုင်ငံဟူသော အကောက်အယူအသစ်တခု ပေါ်ထွက်လာခဲ့
ခြင်းဖြစ်သည်။


နောက်ပိုင်းတွင် အမျိုးသားရေးဝါဒသည် အုပ်ချုပ်သူလူတန်းစားမှ အုပ်ချုပ်ခံလူတန်းစားတို့ကို အလွယ်
တကူအုပ်ချုပ်နိုင်မည့် အကောင်းဆုံးလက်နက်တခု ဖြစ်လာခဲ့လေသည်။ နိုင်ငံတော်ဟူသော ခေါင်းစဉ်
အောက်တွင် ကွဲပြားသော မျိုးနွယ်စုများ၊ ဘာသာများအတူတကွ တစည်းတလုံးတည်းရှိနေစေရေးသည်
အုပ်ချုပ်သူလူတန်းစားတို့၏ အရေးအကြီးဆုံးသော ရည်မှန်း ချက်ပင်ဖြစ်လေသည်။ အုပ်ချုပ်သူ လူတန်း
စားများအနေဖြင့် နိုင်ငံသားများအား ပညာရေးတွင် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေသည့် သင်ခန်း
စာများထည့်သွင်းသင်ကြားပေးခြင်းဖြင့် အမျိုးသားရေးစိတ်ဓါတ်ဟူသော မျက်မှန်အမျိုးအစားတခုတည်း
ကို ဆင်တူတပ်ဆင်ပေးတတ် ကြလေသည်။


အမျိုးသားရေးဝါဒ၏ နောက်ထပ်ရေသောက်မြစ်တစ်ခုမှာ (၁၆၁၈-၄၈)အတွင်းဖြစ်ပွားခဲ့သော နှစ်(၃၀)
စစ်ပွဲအပြီး ချုပ်ဆိုခဲ့သော ၀က်စ်ဖေးလီယား သဘောတူစာချုပ် (Treaty of Westphalia)၏ နောက်ဆက်
တွဲရလဒ်ပင်ဖြစ်ပါသည်။ ယင်းစာချုပ်က ခေတ်သစ်နိုင်ငံတော်နှင့် နိုင်ငံတော်အဖွဲ့အစည်းဟူသော ခေါင်း
စဉ်တခုကို ဖန်တီးပေးနိုင်ခဲ့ပြီး၊ နိုင်ငံများသည် ၄င်းတို့၏ အဓိကအသက်သွေးကြောမှာ "အချုပ်အခြာအာ
ဏာ"ဖြစ်ကြောင်း နားလည်လာကြလေသည်။ ထိုအယူအဆကပင် ဥရောပရှိနိုင်ငံများအား နယ်မြေကျယ်
ပြန့်စေလိုသည့် ချင်ခြင်းက တဘက် ဖြစ်ပြီး၊ ထိုမှအခြားတဘက်တွင် ကိုလိုနီ လက်အောက်ခံနိုင်ငံများအား
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုစေသည့် မီးထိုးပေးမှုကိုလည်း ဖြစ်စေပြန်ပါသည်။ တစ်ကယ်တန်းအား
ဖြင့်လည်း ပေါ်တူဂီ-ဂျူးကပြားဖြစ်သူ ဘင်နေဒစ် စပီနိုဇာ(Benedict Spinoza, 1632-1677)၊ ဆင်မြူရယ်
ပူဖန်ဒေါ့ဖ် (Samulal Pufendorf, 1632-1694)တို့၏ နိုင်ငံတော်နှင့် အုပ်ချုပ်ရေးဆိုင်ရာအယူအဆများက
ထိုခေတ်ထိုကာလ၏အမျိုးသားနိုင်ငံတော်များသဘောတရားကို ကောင်းစွာလွှမ်းမိုးနိုင်ခဲ့သည်ဟု ယူဆ၍
ရနိုင်ပါသည်။

၁၈၄၈ ခုနှစ်တွင်မူ အမျိုးသားရေးဝါဒသည် ဥရောပရှိ ကိုလိုနီလက်အောက်ခံနိုင်ငံများက အင်္ဂလန်နှင့် စပိန်
တို့ကို တော်လှန်ကာ အမျိုးသားနိုင်ငံများ အပြိုင်းအရိုင်းပေါ်ထွက်လာစေရေးအတွက် အဓိကမောင်းနှင်အား
ဖြစ်ခဲ့လေသည်။ ဆိုလိုသည့်အဓိပ္ပါယ်မှာ အမျိုးသားရေးဝါဒ သည် သူ့ကျွန်ဘ၀ကျရောက်နေသော နိုင်ငံများ
အဖို့ ကိုယ်ပိုင်အချုပ်အခြာအာဏာ ရယူရန် အတွက် တိုက်ပွဲဝင် အမှတ်တံဆိပ်ပင်ဖြစ်လေသည်။ ဤအမှတ်တံဆိပ်ကပင် နိုင်ငံများ၏ သမိုင်းကြောင်းကို ပုံဖေါ်ပေးနိုင်ခဲ့သည့်အပြင်၊ မျိုးချစ်ဝါဒီတို့၏ တော်လှန်ရေးပေါင်းများစွာကိုလည်း အောင်မြင်စေခဲ့ပါသည်။

ရှေးယခင်ကာလများတွင် ဗြိတိန်နိုင်ငံအပါအ၀င် တိုင်းပြည်အများအပြားသည် နိုင်ငံ(State)ဆိုသည့် အယူ
အဆထက် ဘုရင့်အုပ်ချုပ်မှုနယ်မြေ (Kingdom)အဖြစ်သာ မှတ်ယူထားခဲ့ကြသည်။ ထို့အပြင် ယနေ့ခေတ်
မှာကဲ့သို့ နိုင်ငံသားများသည် မျိုးချစ်စိတ်ဓါတ်ဖြင့် အမျိုးသားအကျိုးစီးပွား(National Intrest)ကို ရှေးရှုစရာ
မလိုအပ်ပဲ ထီးနန်းဆက်ခံသူဘုရင်/မကိုသာ သစ္စာခံရမည်ဟူသော သတ်မှတ်ချက်သာရှိပေသည်။ (၁၇၈၉)ခုနှစ်၌ ပြင်သစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံအစိုးရ(Constitutional Government)ကို လိုလားသောလူလတ်တန်းစားတို့က ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်သူတော်ဝင်လူတန်းစားတို့ကိုတော်လှန်ကာ နိုင်ငံဟူသော အယူအဆကို ပုံပေါ်စေခဲ့ခြင်းဖြစ်သည်။

ပြင်သစ်တွင် နပိုလီယံအာဏာရလာပြီး၊(၁၇၉၂-၁၈၁၅)ခုနှစ်အတွင်း ဥရောပတလွှားရှိ ပြင်သစ်၏ကိုလိုနီ
လက်အောက်ခံနိုင်ငံများ၏ ပြင်သစ်မုန်းတီးရေးနှင့် လွတ်လပ်ရေးစိတ်ဓါတ်များ ပြင်းထန်စွာ ပေါက်ဖွားလာ
သည်ဟု တစ်ချို့ပညာရှင်များက ထောက်ပြသော်လည်း တစ်ကယ်တန်းတွင်မူ ပြင်သစ်ဘုရင်လူဝီ-၁၄(Louis XIV, 1643-1715)လက်ထက်တွင်ကတည်းက ယင်း၏မတော်လောဘကြောင့် ဥရောပနိုင်ငံကြီးများ စစ်မီး
လောင်ခဲ့ပြီး ဖြစ်ပါသည်။

ထိုကာလအတွင်း အပြင်းထန်ဆုံးပြိုင်ဆိုင်မှုမှာ ပြင်သစ်နှင့်အင်္ဂလန်တို့၏နယ်မြေအပြိုင်အဆိုင်ချဲ့ထွင်ခြင်း
ဖြစ်သည်။ အိန္ဒိယနှင့် အမေရိကတိုက်တို့တွင် ပြင်သစ်နှင့် အင်္ဂလန်တို့ ထိပ်တိုက်ရင်ဆိုင်မှုများကိုလည်း
တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ထိုသို့ဖြင့် နိုင်ငံကြီးများက မိမိတို့အကျိုးစီးပွားအတွက် သော်လည်းကောင်း၊
နိုင်ငံငယ်များကလည်း မိမိတို့၏အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက်သော်လည်းကောင်း နိုင်ငံ
အချင်းချင်း မဟာမိတ်စာချုပ်များ အပြိုင်အဆိုင်ချုပ်ဆိုကြလေတော့၏။ သို့သော် အဆိုပါစစ်ပွဲများမှာ အုပ်ချုပ်
သူဘုရင်များ၏ ကိုယ်ကျိုးစီးပွားအလို့ငှာသာ ဖြစ်ပွားခဲ့ကြပြီး၊ နိုင်ငံသားများမှာမူ စစ်ဒဏ်ကို အလှုးအလှိမ့်
ခံစားခဲ့ရပါသည်။

ပြင်သစ်နိုင်ငံ၏ အမျိုးသားရေးစိတ်ဓါတ်နှင့်ဘုရင်စနစ်ကို အားပေးထောက်ခံသူများထဲတွင် ပြင်သစ်နိုင်ငံ
သား ဘာရွန်ဒ် မွန်တက်စ်ကယူး(Baronde Montesquieu, 1689-1755)ဆိုသူဖြစ်၏။

ပြင်သစ်တွင် နပိုလီယံဗိုနာပတ်(Napoleon Bonaparte)၊ (Corsica ကျွန်း-မူလက အီတလီပိုင်နက်၌
၁၇၆၉ ခုနှစ်မွေးဖွားသူ)အာဏာရလာပြီး၊ (၁၇၉၂-၁၈၁၅)ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများတွင်
ယင်း၏ ဗိုလ်ကျ ခြိမ်းခြောက်မှုကို မခံရပ်နိုင်ကြသော ဥရောပနိုင်ငံများသည် နပိုလီယံကို ဆန့်ကျင် ပုန်
ကန်ကြသည်။ ၄င်းတို့ထဲတွင် ဦးဆောင်ပုန်ကန်သူများမှာ စပိန်နှင့် ပေါ်တူဂီတို့ဖြစ်ပြီး၊ ယင်းကျွန်းဆွယ်
စစ်ပွဲတွင် ပြင်သစ် စစ်ရှုံးခဲ့လေသည်။ ၁၈၁၃ ခုနှစ်တွင် သြစတြီးယား၊ ရုရှား၊ ပရပ်ရှားတို့ ဦးဆောင်
သော ဥရောပအမျိုးသားအင်အားစုများ မဟာမိတ် တပ်ဖွဲ့သည် ရုရှားမှ ဆုတ်ခွာလာသော နပိုလီယံ၏
တပ်ကို ၀ိုင်းဝန်းချေမှုန်းကြသည်။ ယင်းစစ်ပွဲကို The War of Liberation ဟုခေါ်တွင်သည်။

၁၈၁၄ခုနှစ်တွင် နပိုလီယံလက်နက်ချပြီးနောက်၊ ဗီယာနာမြို့(Vienna)တွင် ဥရောပအမျိုးသား နိုင်ငံများ
နယ်နမိတ်ပြန်လည်သတ်မှတ်ရေး အစည်းအဝေးတခု ပြုလုပ်ခဲ့ကြသည်။ ဗီယာနာ ကွန်ဂရက် (၁၈၁၄-
၁၈၁၅)ခုနှစ်ကို ဦးဆောင်ကျင်းပခဲ့သူမှာ သြစတြီးယား နိုင်ငံခြားရေးဝန်ကြီး မက်တာနစ် (Metternich,
1773-1859)ဖြစ်သည်။ သူသည်ဆွေမျိုးစဉ်ဆက် ရာထူးအာဏာဆက်ခံရေးဝါဒ(Legitimacy)ကို လက်ခံ
ယုံကြည်ခဲ့သူလည်းဖြစ်သည်။ ထိုကာလများသည် နပိုလီယံ၏လက်အောက်၌ ဖရိုဖရဲ အလဲလဲအကွဲကွဲဖြစ်
ခဲ့သော ဥရောပနိုင်ငံများအဖို့ နိုင်ငံတည်ဆောက်ရေးပြုလုပ်သည့် ကာလပင်ဖြစ်သည်။ ၁၉ ရာစုတွင် အမျိုး
သားနိုင်ငံ အများအပြား ပေါ်ထွန်းလာကာ အမျိုးသားရေးဝါဒက ရေးဆွဲပေးသည့် ဥရောပမြေပုံသစ် ပေါ်
ထွက်လာခဲ့သည်။

လစ်ဘရယ်ဝါဒ(Liberalism)နှင့် မက်တားနစ်(Metternich)၀ါဒ


၁၈၀၉ ခုနှစ်လောက်တွင် မက်တားနစ်သည် သြစတီးရီးယားမှဘုရင်၏အားကိုးယုံကြည်ရသော နိုင်ငံရေး
ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူသည် သက်ဦးဆံပိုင်ဘုရင်စနစ်ကို အားပေးထောက်ခံသူဖြစ်သော
ကြောင့် မျိုးရိုးစဉ်ဆက် တန်ခိုးအာဏာ ဆက်ခံရေး(Legitimacy)၀ါဒကို ယုံကြည်သူဖြစ်၏။ ၄င်း၏ စေ့ဆော်
မှုဖြင့် ဗီယာနာကွန်ဂရက်ခေါ်ယူသောအခါ ဥရောပတလွှားမှ အရေးပါသောနိုင်ငံ့ကိုယ်စားလှယ်များ တက်
ရောက်ကြသည်။ ယင်းတို့ထဲတွင် ရုရှနှင့် အင်္ဂလန်ကိုယ်စားလှယ်တို့မှာ လစ်ဘရယ်ဝါဒလက်ခံသူများ ဖြစ်
ကြသော်လည်း နောက်ပိုင်းတွင် ရုရှားက မက်တားနစ်ဝါဒကို ထောက်ခံသွားခဲ့ပါသည်။

ထို ၁၉ ရာစုမှာပင် လစ်ဘရယ်ဝါဒနှင့်စက်မှုတော်လှန်ရေးတို့မှာ ဥရောပတလွှား စိမ့်ဝင် ပြန့်နှံ့လာသည်။
၎င်းကာလများတွင် ဥရောပနိုင်ငံများ နေရာပြန်လည်ချထားရေး အစီအစဉ်တွင် ဂရိတ်ဗြိတိန်၊ ရုရှား၊ ပရပ်
ရှားနှင့် သြစတြီးယားတို့ပါဝင်သော လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့(The Quadruple Alliance) အဖွဲ့ဝင်နိုင်ငံ
များသည် နိုင်ငံငယ်လေးများ၏ အမျိုးသားရေးစိတ်ဓါတ်နှင့် ဆန္ဒသဘောထားကို လျစ်လျူရှု့ကာ မိမိတို့စိတ်
ကြိုက် ပြုမူစီမံကြလေသည်။ ဥပမာအားဖြင့်- နပိုလီယန်ကို တော်လှန်ရာတွင် ပါဝင်ခဲ့သော ဂျာမနီပြည်နယ်
များ အနေဖြင့် မိမိတို့ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် လွတ်လပ်သော ပြည်ထောင်စုတည်ထောင်လိုကြပါသည်။
သို့သော် သက်ဦး ဆံပိုင်စနစ်ကိုလိုလားသော မက်တားနစ်က နှစ်သက်လိုလားခြင်းမရှိခဲ့ချေ။ ထိုသို့ဖြင့်
ဥရောပတွင် သက်ဦးဆံပိုင်စနစ်ကိုလိုလားသည့် နိုင်ငံကြီးများနှင့် အမျိုးသားရေးစိတ်ဓါတ်တက်ကြွနေ
သော နိုင်ငံငယ်များအကြား အားပြိုင်မှုဖြစ်ခဲ့တော့သည်။ တနည်းအားဖြင့်ဆိုသော် သက်ဦး ဆံပိုင်စနစ်က
တစ်ဘက်၊ အမျိုးသားရေးဝါဒ၊ လစ်ဘရယ်ဝါဒနှင့် ဒီမိုကရေစီစနစ်တို့ကတစ်ဘက် ထိပ်တိုက်တွေ့ကြခြင်း
ပင် ဖြစ်လေသည်။


နပိုလီယန်ကို တွန်းလှန်ခဲ့သည့် စစ်ပွဲများတွင် ၀င်ရောက်တိုက်ခိုက်ခဲ့သည် ပြည်နယ်လေးများမှာ အမျိုး
သားရေးစိတ်ဓါတ်တက်ကြွလာပြီး စည်းလုံးညီညွတ်သော ဂျာမနီနိုင်ငံထူထောင်လိုစိတ် ပြင်းပြလာခဲ့ပါ
သည်။ သက်ဦးဆံပိုင်ဝါဒကိုထောက်ခံသော မက်တားနစ်က ဂျာမနီကို ပြည်နယ်(၃၈)ခုခွဲလိုက်ကာ သူ
နှင့်သဘောညီမျှသော မင်းညီမင်းသားများကို သီးခြားစီခွဲ၍အုပ်ချုပ်စေခဲ့သည်။ သို့ရာတွင် ဂျာမန်လူမျိုးများ
မှာ လစ်ဘရယ်ဝါဒကို လက်ခံနေပြီဖြစ်ရာ၊ ဒီမိုကရေစီသဘောတရားကိုလည်း ယုံကြည်ခဲ့ကြလေသည်။
ဂျာမနီပြည်နယ်များရှိ တက္ကသိုလ်ကျောင်းများတွင်လည်း အမျိုးသားရေးစိတ်ဓါတ်တက်ကြွစေရေးနှင့် ဒီမို
ကရေစီသဘောတရားများကို သင်ကြားသွတ်သွင်းပေးကြရာ အမျိုးသားရေး အဖွဲ့အစည်းများ ပေါ်ပေါက်
လာပါတော့သည်။ မက်တားနစ်က ၁၈၉၁ ခုနှစ်တွင် ကားလ်စ်ဘက် ပြန်တမ်း(Karlsbad Decrees)ကို
ထုတ်ပြန်ကြော်ငြာပြီး လစ်ဘရယ်အဖွဲ့အစည်းများနှင့် လစ်ဘရယ်ဝါဒကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့လေ
သည်။ ထိုအချိန်တွင်ပင် အီတလီနိုင်ငံ၌လည်း အမျိုးသားရေးလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပါသည်။


အမျိုးသားရေးဝါဒသည် ဤကာလများအထိပင် ဖိနှိပ်မှုကိုတွန်းလှန်ကာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆို
သည့် အနက်အဓိပ္ပါယ်မျှသာ ရှိသေးပါသည်။ ထို့အပြင် (၁၉)ရာစု၏ အမျိုးသားရေးဝါဒသည် လစ်ဘရယ်
လက္ခဏာများဖြင့် နှီးနွယ် ရပ်တည်ခဲ့သည်ကိုလည်း တွေ့နိုင်လေသည်။ လစ်ဘရယ်တို့ ယုံကြည်သော  
အီမန်နယူဝယ်ကန့်(Immanuel Kant, 1724-1804)၏ မွေးရာပါ သဘာဝအခွင့်အရေး (Natural
Right) သဘောတရားအရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ပြဋ္ဌာန်းပိုင်ခွင့်သည် ပုဂ္ဂလိက လူသားဖြစ်တည်မှု
(Individualism) ညွှန်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ခေတ်သစ်အမျိုးသားနိုင်ငံတော်များအတွက်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကိုသာ ပိုမိုကိုယ်စားပြုသွားလေသည်။

ဖက်ဆစ်ဝါဒ(Fascism) ပေါ်ပေါက်လာခြင်း

ဖက်ဆစ်ဝါဒ(Fascism)၀ါဒ၏ မူလရင်းမြစ်မှာ လက်တင်ဘာသာစကားဖြစ်သော Fasces မှ ဆင်းသက်
လာကာ၊ ယင်းဝေါဟာရ၏ အဓိပ္ပါယ်မှာ “ပုဆိန်တစ်လက်ကို တုတ်ချောင်းများဖြင့် စုစည်းချည်နှောင်ထား
သည့်သဘောဖြစ်ပြီး၊ ယင်းတံဆိပ်မှာ ရှေးခေတ်ရောမဘုရင်တို့၏ အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်သည်ဟူ
သော လက္ခဏာရပ်”ပင်ဖြစ်ပါသည်။ ၁၈ ရာစုတွင် ဖြစ်ပွားခဲ့သော Commune of Paris အရေးတော်ပုံနှင့်
၁၉၁၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သောအလုပ်သမားလူတန်းစားတို့၏ လက်နက်ကိုင်ပုန်ကန်ခဲ့ကြသည့် အောက်
တိုဘာတော်လှန်ရေးတို့သည် ဖက်ဆစ်ဝါဒ၏ မူလတည်ခဲ့ရာ သန္ဓေပင် ဖြစ်ပါသည်။

ဖက်ဆစ်ဝါဒအယူအဆကို ကမ္ဘာကြီးနှင့်စတင်မိတ်ဆက်ပေးခဲ့သူများအနေဖြင့်ဂျာမနီနိုင်ငံသား ရစ်ချပ် ၀ဂ်
နာ(Richard Wagner)နှင့် အင်္ဂလန်နိုင်ငံသား သော်မတ်စ်ကာလိုင်(Thomas Carlyle)တို့မှာထင်ရှား၏။
Richard Wagner(1813-1883)သည် ဂျမန်လူမျိုးများ၏အမျိုးသားရေး ဇာတိမာန်များ တက်ကြွစေရန် သီ
ချင်းများ သီကုံးစပ်ဆိုခြင်း၊ ဂျမနီရှေးဟောင်းရာဇ၀င်များဖေါ်ထုတ်ခြင်းများ ပြုလုပ်ပေးခဲ့သူဖြစ်သည်။ ယင်း
၏ အလိုအရ ဂျာမန်တမျိုးသားလုံး၏ ကြည်ညို လေးစားကိုးကွယ်ဆည်းကပ်ရာဖြစ်သော၊ တစ်နည်းအားဖြင့်
တမျိုးသားလုံး၏စိတ်နှင့် တထပ်တည်းကျသည့် ခေါင်းဆောင်သူရဲကောင်းတစ်ယောက်ကသာလျှင် ဂျမနီနိုင်
ငံကို ဆွဲတင်နိုင်လိမ့်မည်ဟုဖြစ်သည်။ သောမတ်စ် ကာလိုင်(1795-1881)၏အတွေးအယူမှာလည်း အရည်
အချင်းနှင့် ပြည့်စုံသော ခေါင်းဆောင်တစ်ဦးကို ရှေ့တန်းတင်ရေးပင်ဖြစ်၏။ ယင်းတို့နှစ်ဦး၏ အတွေးအခေါ်
များမှာ သူရဲကောင်းကိုးကွယ်သည့်(Heroism) သဘောမျိုးဆန်လွန်းသည့်အပြင် စည်းလုံးညီညွတ်သည့်
တိုင်းပြည်ကို ပုံဖေါ်ခြင်းထက် လူမျိုးကြီးစိတ်ဓါတ် သွတ်သွင်းခြင်းက ပိုမိုသည်ဟု သုံးသပ်လို့ ရပါသည်။


သို့သော် ဖက်ဆစ်ဝါဒနှင့်ပတ်သက်၍ ရစ်ချပ်ဝဂ်နာနှင့်သော်မတ်စ်ကာလိုင်တို့ထက် ပိုပြင်းထန်သည့် အယူ
အဆရှိသူနှစ်ဦးတို့မှာ ပရပ်ရှားလူမျိုးများဖြစ်ကြသော ဟိန်းနရစ်ခ်ျဗွန်ထရိုင်ရှ်ကေး(Heinrich Von
Treitschke,1834-1896))နှင့်ဖရက်ဒရစ်ကားလ်ဗွန်ဆာဗီညီ(Friedrich Karl Von Savigny,1779-1861)
တို့ ဖြစ်သည်။ ယင်းတို့နှစ်ဦးအနက်မှ ဟိန်းနရစ်ခ်ျ ဗွန်ထရိုင်ရှ်ကေး၏အယူအဆကို အနည်းငယ်ပြောပြလို
ပါသည်။


ဟိန်းနရစ်ခ်ျ၏အယူအဆအရ ဂျာမနီနိုင်ငံ၏နယ်နမိတ်ကို တိုးချဲ့ရမည်ဖြစ်ပြီး၊ ယင်းသို့ တိုးချဲ့ နိုင်ရန် မိမိတို့
စစ်အင်အားကို ဖြည့်တင်းထားရမည်ဟုဆိုသည်။ ဂျာမနီနိုင်ငံတန်ခိုးအာဏာကြီးထွားရန်အတွက် မည်သည့်
နည်းကိုမဆို အသုံးပြုရမည်ဖြစ်သည်။ မိမိတို့၏ ယဉ်ကျေးမှုကို နိမ့်ကျစေသော လူမျိုးများကို လွှမ်းမိုးနိုင်ရန်
ကြိုးပမ်းရမည်လည်းဖြစ်ပြီး၊ ယင်းသို့ လွှမ်းမိုးနိုင်ရန် စစ်ပြုရလျှင်လည်း နိုင်ငံအတွက်ဖြစ်၍ တရားသည်ဟု
၎င်းက မှတ်ယူခဲ့သည်။ ဂျာမနီနိုင်ငံအင်အားကြီးမားနေမှသာလျှင် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ရာ ဂျာမနီနိုင်ငံအား အရည်အချင်းထက်မြက်သောစစ်ခေါင်းဆောင်များက ဦးဆောင်ရမည်ဟူသော အတွေးအယူပင် ဖြစ်လေသည်။


ဖရက်ဒရစ်ကားလ်ဗွန်ဆာဗီညီကမူ နိုင်ငံသားများ စည်းလုံးညီညွတ်မှုရှိမှသာလျှင် နိုင်ငံရေးအာဏာ တည်
တန့် ခိုင်မြဲမည်ဟု ယူဆခဲ့ပါသည်။


နောက်ထပ် ဖက်ဆစ်ဝါဒကို အထောက်အကူပြုခဲ့သူနှစ်ဦးမှာ ဖရက်ဒရစ်နီရှေး(Friedrich Nietzshe,1844-1900)နှင့်ဗီးလ်ဖရေဒိုပါရေတို(Vilfredo Pareto, 1843-1923)တို့ ဖြစ်၏။ နီရှေးက မော်ဒန်လစ်ဘရယ်တို့
ယုံကြည်သော ဆင်ခြင်တံတရားအခြေပြုနည်း(Rationalism)ကို ငြင်းပယ်သည်။ ယင်းက ဒါဝင်၏ လူသားဖြစ်ပေါ်မှုအယူအဆကို ထောက်ခံကာ လူတန်းစားနှစ်ရပ် ခွဲလိုက်သည်။ ပထမတစ်မျိုးမှာ မြင့်မြတ်သောအတန်းအစားဖြစ်ပြီး၊ ဒုတိယမှာ ယုတ်ညံ့သော လူအမျိုးအစားဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကာယ၊ဥာဏ ခွန်အား ဗလနှင့်ပြည့်စုံသော မြင့်မြတ်သည့်အတန်းအစားက ယုတ်ညံ့သည့်အတန်းအစားကို လွှမ်းမိုး အုပ်ချုပ်သည်မှာ ဖြစ်သင့်သည့်သဘောဟု ကောက်ချက်ချသည်။ နီရှေးသည် ဒီမိုကရေစီစနစ်နှင့် ခရစ်ယာန်ဘာသာကို ဆန့်ကျင်သူဖြစ်ပြီး၊ သူ၏အတွေးအခေါ်များမှာ အရည်အချင်းနှင့်အာဏာကို တိုက်ပွဲများဖြင့် ပုံဖေါ်ရမည်ဆိုသည့် သဘောတရားများကသာ ဖုံးလွှမ်းနေခဲ့သူဖြစ်ပါသည်။




 အမျိုးသားရေးလစ်ဘရယ်ဝါဒ-အပိုင်း(၂)ကို မကြာမီ ဆက်လက်ဖေါ်ပြပေးသွားမည် ဖြစ်ပါသည်။

-လင်းသက်-


Viewing all 1811 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>