Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
မှန်တင်ခုံရှေ့က ဥပဒေ
$
0
0
Photo: " မှန်တင်ခုံရှေ့က ဥပဒေ " -------------  (၁)  "  ဘာလဲဟဲ့ ဥပဒေ "  " ဘာလဲဟဲ့ လောကဓံ " လို ဥပဒေကို ခပ်မာမာ စိန်ခေါ်လိုက်တာ မဟုတ်ပါဘူး။  ဥပဒေဆိုတာ ဘာလဲလို့ မေးလိုက်ခြင်းပါဗျာ။  မသိနားမလည်လို့လဲ မေးလိုက်ရတာပါ။ ဟုတ်တယ် ခုတလော ဥပဒေဆိုတာကြီးက အသံတွေ ခဏခဏ ထွက်နေတာ မဟုတ်လား။  ဒီတော့ ဥပဒေဆိုတာ ဘာလဲလို့ ကျွန်တော်လဲ စပ်စုကြည့်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ စပ်စုလိုက်တယ်ပေါ့ဗျာ။   ပြီးတော့ ပတ်ဝန်းကျင်နယ်ပယ်မှာ ဂွကျကျ မတော်တရော်၊ မတော်မတည့်တွေ မြင်တွေ့လာရတော့ ဒါဟာ ဥပဒေနဲ့များ ဆက်စပ်နေသလားဆိုပြီး ဖွင့်ချကြည့်လိုက်တာပါ ခင်ဗျာ။  (၂)  ပါဋ္ဌိမှာတော့ ဥပ-ချဉ်းကပ်၍၊ ဒေသ-ရွတ်ဆိုခြင်း၊ ဥပဒေသ-ကောင်းသောနည်းညွှန်ချက်လို့ ဆိုပါတယ်။ ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်မှာလဲ " ကောင်းသောနည်းညွှန်ချက်၊ အတည်ပြုထားသော စည်းမျဉ်း " လိုဆိုထား ပါတယ်။   ဆိုတော့ကာ ဥပဒေဆိုတာ စည်မျဉ်း၊ ကောင်းသာအရာတွေ၊ ကောင်းသော လုပ်ဆောင်ချက်တွေဖြစ်ဖို့ ထိန်းချုပ်လမ်းညွှန်ချက်ပေါ့။   စည်းမျဉ်းဆိုရာကရော ဘယ်သူတွေထုတ်လို့ ဘယ်သူတွေ လိုက်နာရပါသလဲ။  ထုတ်တဲ့သူတွေက စည်းမျဉ်းကို လိုက်နာပါရဲ့လား။  တခြားသူလိုက်နာဖို့ ထုတ်တဲ့ စည်းမျဉ်းတွေများ ဖြစ်နေရော့သလားလေ။   မြန်မာ့ရာဇ၀င်ကို လှန်လောကြည့်လိုက်တော့ ဘုရင်မြတ်တစ်ပါးကို သွားတွေ့မိတယ်။  ရခိုင်ဘုရင်မြတ်တစ်ပါးပေါ့။  နန်းတော်ထဲမှာ ကွမ်းစားတဲ့ မှူးကြီးမတ်ရာတွေ များလေသတဲ့။  သူတို့ ကွမ်းစားတဲ့အခါ ကွမ်းရွက်ကို ထုံးတို့ပြီးစားသတဲ့။  လက်မှာပေနေတဲ့ ထုံးတွေကို နန်းတော်ရဲ့ တိုင်လုံးတွေမှာ သုတ်သတဲ့လေ။  ဒီတော့ နန်းတော်နဲ့ ထုံးပေရာတွေက ဘယ်လိုမှ အမြင်မတင့်တော်တော့ဘူး။   ဒီအခါ ဘုရင်မင်းမြတ်က ထုံးမသုတ်ရ(အမိန့်(သို့) စည်းမျဉ်း) လို့ထုတ်တယ်။ ထုံးသုတ်တဲ့သူ၊ ထုံးသုတ်တဲ့ လက်ညှိုးက ဖြတ်စေ(ပြစ်ဒဏ်)ဆိုပြီး အမိန့်ထုတ်တယ်။  (ယနေ့ခေတ်ကာလမှာလဲ ဒီလိုအမိန့်များတောင် ထုတ်ဖို့သင့်လေရဲ့။  စည်းမဲ့ ထွေးတဲ့ ကွမ်းတံတွေး ပါးစပ်တွေကို တစ်လတိတိ ပါးစပ်ကိုချုပ်ပစ်တဲ့ ပစ်ဒဏ်ပေးဖို့ သင့်တယ်။  ကိုယ်မစားတော့ ပြောအား ရှိတာပေါ့)။   တစ်နေ့ ဘုရင်ကိုယ်တော်မြတ်ကိုယ်တိုင် ကွမ်းယာစားစဉ် ယောင်မှားပြီး တိုင်ကို ထုံးသုတ်မိလေ တယ်။  အဲဒီမှာတင် ဘုရင်မင်းမြတ်က သူထုတ်တဲ့ အမိန့်(စည်းမျဉ်း)ကို သူအမှတ်ရပြီး သံလျက်နဲ့ မိမိလက်ညှိုးကို ဖြတ် (ပြစ်ဒဏ်ခံ)လေသတဲ့။  တကယ့်လေးစားစရာ ဘုရင်ကိုယ်တော်ပါပဲ။  (၃)  " ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်ပိုမစီးရ၊  ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ "  ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ စည်းကမ်းပါပဲ။  ကိုယ့်အသက်အန္တရာယ်အတွက် လိုအပ်လို့ထုတ် ထားတဲ့ အမိန့်ဆိုလျှင်လည်း မှားမယ်မထင်ပါဘူး။  အဲ ဒီအမိန့်ကို မလိုက်နာရင်တော့ လောလောဆယ် ကိုယ့် အသက်အန္တရာယ်ကို ထိခိုက်မှာ ဖြစ်သလို ဥပဒေချိုးဖောက်ခြင်းရဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်က ပါလာတော့မှာ ပါပဲ။   သို့သော် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါဆိုတာက ဆိုင်ကယ်စီးသူ အားလုံးကို ဆိုလိုတာပါ။  ဥပဒေကို မလိုက်နာတဲ့သူတွေကို ဖမ်းတဲ့ ယာဉ်ထိန်းရဲလဲ ပါဝင်ပါတယ်။  ယာဉ်ထိန်းရဲလဲ ဦးထုပ်ဆောင်းရပါ တယ်။   ထို့အတူ  ကြီးကြပ်ကန့်သတ်ထားတဲ့ နေရာ တစ်ခုဆိုပါစို့။  ထိုနေရာကို ၀င်တဲ့ အပေါက်(ဂိတ်)မှာ ၀င်၊ ထွက်သွားလာတဲ့သူတွေကို စစ်ဆေးနိုင်ဖို့ ပြုလုပ်ကြရပါတယ်။  ပြီးတော့ " ဆိုင်ကယ်မစီးရ၊ ဆင်းတွန်းပါ" ဆိုတာမျိုးကို တွေ့ရတတ်ပါတယ်။  ဒါမှလဲ စစ်ဆေးရလွယ်ကူမှာပါ။   သို့သော်ငြားလည်း ထိုဥပဒေစည်းမျဉ်းဟာ  ရာထူးသေးငယ်တဲ့သူတွေကို ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဥပဒေမဖြစ်ရပါဘူး။  ရာထူးသေးငယ်တဲ့ သူတွေက ဂိတ်မှာ ဆိုင်ကယ် ဆင်းတွန်းပြီး သွားလာချိန် ရာထူးခပ် ကြီးကြီးသမားကို " ၀ရော.." ဆိုပြီး ဆိုင်ကယ်ဖြတ်မောင်းသွားတဲ့ အဖြစ်မျိုးကို ကျွန်တော့် ပတ်ဝန်းကျင်မှာ တော့မြင်တွေ့ နေရတတ်ပါတယ်။   ဥပဒေဆိုသည်မှာ အားလုံး(အားလုံး)အတွက် သာပါ။  ဒီတော့ကာ အားလုံး လိုက်နာရမှာပါ။   မီးပေါ့ဆမှုကြောင့် မီးလောင်ပြီဆိုရင် ပေါ့ဆတဲ့သူကို ဥပဒေအရ အရေးယူနိုင်ပါတယ်။  မီးပေါ့ဆသူဟာ လယ်သမားဖြစ်ဖြစ်၊ ၀န်ထမ်းဖြစ်ဖြစ်၊ သူဌေးကြီးဖြစ်ဖြစ်၊ တရားသူကြီးဖြစ်ဖြစ်၊ ၀န်ကြီးဖြစ်ဖြစ် ပေါ့လေ။  ဒီအတိုင်းပါပဲ အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို ပါးရိုက်လဲ လက်ရောက်မှုပါပဲ၊ (အဲ ကိုယ့်ဘက်က မှန်ရဲ့သားနဲ့ ခံရတာကို ဆိုလိုတာပါ)။  အထက်လူကြီးက အောက်လက်ငယ်သားကို ပါးရိုက်တာ လဲ လက်ရောက်မှုပါပဲ။ (မသိနားမလည်လို့ ဆုံးမတာလို့ ပြောလို့မရပါ)။  (၄)  မြို့နယ်တစ်ခုရဲ့၊ ရပ်ကွက်တစ်ခုမှာ မီးလောင်မှုဖြစ်ပါတယ်။  မီးငြိမ်းသတ်ပြီး မီးစလောင်တဲ့ အိမ်က ပိုင်ရှင်ကို တရားစွဲပါတယ်။  ပိုင်ရှင် ထောင်ကျပါတယ်။  သို့သော် ပိုင်ရှင် ထောင်ထဲမရောက်ပါဘူး။  သူ့အိမ်က အလုပ်သမားသာ ထောင်ထဲရောက်ပါတယ်။   သူပြောတာကတော့ " ကိုယ်စား " တဲ့လေ။  ကျွန်တော်တို့ရဲ့ ဘာသာတရားမှာတော့ ကုသိုလ်အမှု၊ အကုသိုလ်အမှုကို ပြုသူကိုယ်တိုင်သာလျှင် ခံကြရတာပါ။  ကိုယ်စား ခံခိုင်းတယ်၊ ခံရတယ်လို့ မရှိပါဘူး။  ဒါဟာ မှန်ကန်သော သစ္စာတရားကြောင့်ပါ။   မှန်ကန်တဲ့ ဥပဒေ၊ နည်းလမ်းကြတဲ့ ဥပဒေတွေမှာ ကိုယ်စား ဆိုတာ မရှိသလို၊ ကျောသားရင်သား ခွဲခြားခြင်းဆိုတာမရှိပါဘူး။  သို့သော်လည်းပဲ လူတွေရဲ့ ကလိန်ကကျစ်ဥာဏ်တွေကြောင့် ဥပဒေဟာ လက်တစ် လုံးခြားလုပ်ခံရတယ်၊ ဥပဒေဟာ အသုံးချခံရတော့တာပါပဲ။   တစ်ခါတခါမှာလဲ ဥပဒေဟာ နာမည်ကိုအလွှဲသုံးစားလုပ်ခံရုံသာမက အမည်ပြောင်းခြင်းကိုပါ ခံလိုက်ရ ပါတယ်။     တစ်ခါတုန်းက အင်ဂျင်နီယာတစ်ယောက်ဟာ ငွေအလွှဲသုံးစားမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရ ပါတယ်။  သို့သော်လည်း သူ့ကို ထောင်ထဲမှာ မြင်ရခဲလှပါတယ်။  အပြင်လောကမှာပဲ ကျင်လည်ကျက်စားနေ တာကို မြင်တွေ့ရပါတယ်။  အပြင်လောကမှာ ကြားသိရတာကတော့ သူက ပိုက်ဆံရှိတယ်။  ထောင်ပိုင်ကို ပေးကျွေးထားတယ်။  ထောင်ထဲမှာ နေစရာမလို၊ အလုပ်လုပ်စရာမလို၊ အပြင်လောကမှာသာလျှင် စီးပွားရေး လုပ်တယ်။  ပြီးတော့ ထောင်ကို ပြန်ကြည့်တယ်ပေါ့လေ။  လိုအပ်တာတွေကူညီဖြည့်ဆည်းပေးတယ်ပေါ့။   ဒီဖြစ်စဉ်ကိုကြည့်ရင်း ကျွန်တော်စဉ်းစားမိတာက ဥပဒေဟာ အမည်ပြောင်းသွားတယ် ဆိုတာပါပဲ။  ဥပါဒ်-ကျရောက်လာတဲ့ ဥပါဒ်ဘေးအန္တရာယ်တွေကို၊ ထေ-ကာလိုက်ခြင်း၊ ဖာထေးလိုက်ခြင်း၊ ပြုပြင်လိုက်ခြင်း ဖြစ်တဲ့ " ဥပထေ " အဖြစ် ပြောင်းသွားတာပါ။   ဒါကတော့ ကျွန်တော်ဥာဏ်မိသလောက်ကလေး တွေးကြည့်မိတာပါ။  (၅)  ဥပဒေကို ကျွန်တော်နားလည်သလို ပြောရရင်တော့ စောင့်ထိန်းမှု၊ အများအတွက် မထိခိုက်စေလိုမှု အတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းလို့ ထင်ပါတယ်။   ဆိုပါစို့ အရက်မူးသမားတစ်ယောက်။  သူ့ပိုက်ဆံရှိလို့ သူပါးစပ်နဲ့ သူသောက်တာ ပြဿနာမရှိပါဘူး။ ပြီးတော့ ကိုယ့်အခန်းထဲမှာကိုယ် မူးလို့ အန်ချင်အန်မယ်၊ ဆဲချင်ဆဲမှာပေါ့ ဒါလဲ ပြဿနာ မရှိပါဘူး။ သို့သော် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်ပြီး ရပ်ကွက်ထဲ မူးပြီး ရစ်မယ်၊ ရန်စမယ်၊ ဆဲမယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘာလို့လဲဆိုရင် ဒါဟာ အများကို နှောင့်ယှက်ထိခိုက်လာလို့ပါပဲ။    ဒီတော့ မူးယစ်ရမ်းကားမှုဆိုတဲ့ ဥပဒေနဲ့ ညှိစွန်းသွားပါပြီ။  ဥပဒေရဲ့ နောက်မှာ ပြစ်ဒဏ်ဆိုတာကလဲ ပါလာပြီးသားဆိုတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရတော့မှာပါပဲ။   ဟုတ်ပါတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်သာပင် ဖြစ်ပါတယ်။     တစ်ခါတခါမှာ အပြစ်နဲ့ ပြစ်ဒဏ်မမျှတာတွေကို တွေ့မြင်ကြရမှာပါ။  ဒါဟာ ဥပဒေဆိုတာနဲ့ ကိုင်ပေါက် ပြီး မတော်မတရား ခံစေတာ၊ ဥပဒေကို လက်တစ်လုံးခြားလုပ်၊ ဥပဒေပေါ် ခွစီးပြီး လုပ်ကြံလိုက်တဲ့ ပြစ်ဒဏ်တွေသာ ဖြစ်ပါတယ်။  ဒီအခါ ဥပဒေဟာ မျှတခြင်း မရှိတော့သယောင်ဖြစ်သွားပါတယ်။ တကယ်တမ်း ကတော့ ဥပဒေကို ကြိုးကိုင်တဲ့ သူတွေရဲ့ စိတ်အားနည်းချက်လို့ ဆိုရမှာဖြစ်ပါတယ်။   ပြီးတော့ ဥပဒေလို့ ဆိုလိုက်တာနဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေကို ပြေးပြီးမြင်ယောင်မိပါတယ်။  ရှေ့နေတွေ၊ တရားသူကြီးဆိုတာ ဥပဒေကို နောကျေအောင် လေ့လာထားရသူတွေ မဟုတ်လား။  ဒီတော့ ရှေ့နေတွေ၊ တရားသူကြီးတွေရဲ့နှုတ်ဖျားမှာ တစ်ခါတခါ ဥပဒေဆိုတာ တည်နေတတ်ပါသေးတယ်။   ရှေ့နေတစ်ဦးရဲ့ လျှောက်တင်ချက်ဟာ အမှန်ဖြစ်ရဲ့လား။ ဥပဒေရဲ့ညီရဲ့လား။  တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကရော မျှတမှုရှိရဲ့လား၊ သမာသမတ်ဖြစ်ရဲ့လား။  အရေးကြီးတာက ထိုသူတွေရဲ့ စိတ်တွေဟာ ဥပဒေအတိုင်း ဖြေင့်မတ်နေပါရဲ့လား။   နောက်ဆုံးတော့ ဥပဒေကို ထုတ်ပြန်တဲ့သူတွေရယ်၊ ဥပဒေကို လိုက်နာနေထိုင်ရသူတွေရယ်၊ ဥပဒေအတိုင်း ဆုံးဖြတ်ပေးနေရသူတွေရယ် အားလုံး အားလုံးဟာ စည်းကမ်း၊ စည်းမျဉ်းတွေကို အလေးထား ရမှာဖြစ်သလို၊ ကိုယ့်ဥပဒေကိုယ်လဲ ပြဋ္ဌာန်းရဲရမှာပေါ့။  စိတ်ရဲ့ ကောင်းသောလမ်းညွှန်ချက်တွေ မှန်ကန်နေရ မှာပေါ့။  (၆)  ခေတ်တွေ စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ လူတွေ လူတွေဟာလဲ ပြောင်းလဲလာကုန်ကြပါတယ်။ ဒီလိုပြောင်းလဲခြင်းဟာ ကောင်းသောဘက်ကို ဦးတည်နေတယ်ဆိုရင်တော့ ကိစ္စမရှိလှပေမယ့် မှားယွင်းသော လမ်းကြောင်းဘက် ပြောင်းလဲပြီဆိုရင် ဆိုးခေတ်၊ ဆိုးစနစ်တွေကို ခံစားရတော့မှာပါ။   ဒီလို ခေတ်ဆိုး၊ စနစ်ဆိုးတွေကို ထိန်းသိမ်းဖို့ဆိုရာမှာ ဥပဒေက အရေးပါလှပါတယ်။  အရေးပါလှတဲ ဥပဒေကိုယ်တိုင် မှားယွင်းနေပြီဆိုရင်တော့ ဥပဒေဆိုတာကို ကျွန်တော်ပြောလိုက်ချင်ပါတယ်။" ဗျို့ ဥပဒေကြီး ခင်ဗျားလဲ အမျိုးသမီးတွေလို လှဖို့ ပဖို့အတွက် မှန်တင်ခုံရှေ့ထိုင်သလို ခင်ဗျားလဲ မှန်တင်ခုံရှေ့ ထိုင်ဖို့ လိုနေပြီ။  ခင်ဗျား မျက်နှာကို လှပအောင် ပြင်ဆင်လိုက်ဦးဗျာ " လို့သာ။  ******************  မောင်ပိုင် ၁၂-၆-၂၀၁၄။
(၁)
"ဘာလဲဟဲ့ ဥပဒေ "
"ဘာလဲဟဲ့ လောကဓံ "လို ဥပဒေကို ခပ်မာမာ စိန်ခေါ်လိုက်တာ မဟုတ်ပါဘူး။ ဥပဒေဆိုတာ ဘာလဲလို့ မေးလိုက်ခြင်းပါဗျာ။ မသိနားမလည်လို့လဲ မေးလိုက်ရတာပါ။ ဟုတ်တယ် ခုတလော ဥပဒေဆိုတာကြီးက အသံတွေ ခဏခဏ ထွက်နေတာ မဟုတ်လား။ ဒီတော့ ဥပဒေဆိုတာ ဘာလဲလို့ ကျွန်တော်လဲ စပ်စုကြည့်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ စပ်စုလိုက်တယ်ပေါ့ဗျာ။
ပြီးတော့ ပတ်ဝန်းကျင်နယ်ပယ်မှာ ဂွကျကျ မတော်တရော်၊ မတော်မတည့်တွေ မြင်တွေ့လာရတော့ ဒါဟာ ဥပဒေနဲ့များ ဆက်စပ်နေသလားဆိုပြီး ဖွင့်ချကြည့်လိုက်တာပါ ခင်ဗျာ။
(၂)
ပါဋ္ဌိမှာတော့ ဥပ-ချဉ်းကပ်၍၊ ဒေသ-ရွတ်ဆိုခြင်း၊ ဥပဒေသ-ကောင်းသောနည်းညွှန်ချက်လို့ ဆိုပါတယ်။ ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်မှာလဲ "ကောင်းသောနည်းညွှန်ချက်၊ အတည်ပြုထားသော စည်းမျဉ်း "လိုဆိုထား ပါတယ်။
ဆိုတော့ကာ ဥပဒေဆိုတာ စည်မျဉ်း၊ ကောင်းသာအရာတွေ၊ ကောင်းသော လုပ်ဆောင်ချက်တွေဖြစ်ဖို့ ထိန်းချုပ်လမ်းညွှန်ချက်ပေါ့။
စည်းမျဉ်းဆိုရာကရော ဘယ်သူတွေထုတ်လို့ ဘယ်သူတွေ လိုက်နာရပါသလဲ။ ထုတ်တဲ့သူတွေက စည်းမျဉ်းကို လိုက်နာပါရဲ့လား။ တခြားသူလိုက်နာဖို့ ထုတ်တဲ့ စည်းမျဉ်းတွေများ ဖြစ်နေရော့သလားလေ။
မြန်မာ့ရာဇ၀င်ကို လှန်လောကြည့်လိုက်တော့ ဘုရင်မြတ်တစ်ပါးကို သွားတွေ့မိတယ်။ ရခိုင်ဘုရင်မြတ်တစ်ပါးပေါ့။ နန်းတော်ထဲမှာ ကွမ်းစားတဲ့ မှူးကြီးမတ်ရာတွေ များလေသတဲ့။ သူတို့ ကွမ်းစားတဲ့အခါ ကွမ်းရွက်ကို ထုံးတို့ပြီးစားသတဲ့။ လက်မှာပေနေတဲ့ ထုံးတွေကို နန်းတော်ရဲ့ တိုင်လုံးတွေမှာ သုတ်သတဲ့လေ။ ဒီတော့ နန်းတော်နဲ့ ထုံးပေရာတွေက ဘယ်လိုမှ အမြင်မတင့်တော်တော့ဘူး။
ဒီအခါ ဘုရင်မင်းမြတ်က ထုံးမသုတ်ရ(အမိန့်(သို့) စည်းမျဉ်း) လို့ထုတ်တယ်။ ထုံးသုတ်တဲ့သူ၊ ထုံးသုတ်တဲ့ လက်ညှိုးက ဖြတ်စေ(ပြစ်ဒဏ်)ဆိုပြီး အမိန့်ထုတ်တယ်။ (ယနေ့ခေတ်ကာလမှာလဲ ဒီလိုအမိန့်များတောင် ထုတ်ဖို့သင့်လေရဲ့။ စည်းမဲ့ ထွေးတဲ့ ကွမ်းတံတွေး ပါးစပ်တွေကို တစ်လတိတိ ပါးစပ်ကိုချုပ်ပစ်တဲ့ ပစ်ဒဏ်ပေးဖို့ သင့်တယ်။ ကိုယ်မစားတော့ ပြောအား ရှိတာပေါ့)။
တစ်နေ့ ဘုရင်ကိုယ်တော်မြတ်ကိုယ်တိုင် ကွမ်းယာစားစဉ် ယောင်မှားပြီး တိုင်ကို ထုံးသုတ်မိလေ တယ်။ အဲဒီမှာတင် ဘုရင်မင်းမြတ်က သူထုတ်တဲ့ အမိန့်(စည်းမျဉ်း)ကို သူအမှတ်ရပြီး သံလျက်နဲ့ မိမိလက်ညှိုးကို ဖြတ် (ပြစ်ဒဏ်ခံ)လေသတဲ့။ တကယ့်လေးစားစရာ ဘုရင်ကိုယ်တော်ပါပဲ။
(၃)
"ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်ပိုမစီးရ၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ "
ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ စည်းကမ်းပါပဲ။ ကိုယ့်အသက်အန္တရာယ်အတွက် လိုအပ်လို့ထုတ် ထားတဲ့ အမိန့်ဆိုလျှင်လည်း မှားမယ်မထင်ပါဘူး။ အဲ ဒီအမိန့်ကို မလိုက်နာရင်တော့ လောလောဆယ် ကိုယ့် အသက်အန္တရာယ်ကို ထိခိုက်မှာ ဖြစ်သလို ဥပဒေချိုးဖောက်ခြင်းရဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်က ပါလာတော့မှာ ပါပဲ။
သို့သော် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါဆိုတာက ဆိုင်ကယ်စီးသူ အားလုံးကို ဆိုလိုတာပါ။ ဥပဒေကို မလိုက်နာတဲ့သူတွေကို ဖမ်းတဲ့ ယာဉ်ထိန်းရဲလဲ ပါဝင်ပါတယ်။ ယာဉ်ထိန်းရဲလဲ ဦးထုပ်ဆောင်းရပါ တယ်။
ထို့အတူ ကြီးကြပ်ကန့်သတ်ထားတဲ့ နေရာ တစ်ခုဆိုပါစို့။ ထိုနေရာကို ၀င်တဲ့ အပေါက်(ဂိတ်)မှာ ၀င်၊ ထွက်သွားလာတဲ့သူတွေကို စစ်ဆေးနိုင်ဖို့ ပြုလုပ်ကြရပါတယ်။ ပြီးတော့ "ဆိုင်ကယ်မစီးရ၊ ဆင်းတွန်းပါ"ဆိုတာမျိုးကို တွေ့ရတတ်ပါတယ်။ ဒါမှလဲ စစ်ဆေးရလွယ်ကူမှာပါ။
သို့သော်ငြားလည်း ထိုဥပဒေစည်းမျဉ်းဟာ ရာထူးသေးငယ်တဲ့သူတွေကို ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဥပဒေမဖြစ်ရပါဘူး။ ရာထူးသေးငယ်တဲ့ သူတွေက ဂိတ်မှာ ဆိုင်ကယ် ဆင်းတွန်းပြီး သွားလာချိန် ရာထူးခပ် ကြီးကြီးသမားကို "၀ရော.."ဆိုပြီး ဆိုင်ကယ်ဖြတ်မောင်းသွားတဲ့ အဖြစ်မျိုးကို ကျွန်တော့် ပတ်ဝန်းကျင်မှာ တော့မြင်တွေ့ နေရတတ်ပါတယ်။
ဥပဒေဆိုသည်မှာ အားလုံး(အားလုံး)အတွက် သာပါ။ ဒီတော့ကာ အားလုံး လိုက်နာရမှာပါ။
မီးပေါ့ဆမှုကြောင့် မီးလောင်ပြီဆိုရင် ပေါ့ဆတဲ့သူကို ဥပဒေအရ အရေးယူနိုင်ပါတယ်။ မီးပေါ့ဆသူဟာ လယ်သမားဖြစ်ဖြစ်၊ ၀န်ထမ်းဖြစ်ဖြစ်၊ သူဌေးကြီးဖြစ်ဖြစ်၊ တရားသူကြီးဖြစ်ဖြစ်၊ ၀န်ကြီးဖြစ်ဖြစ် ပေါ့လေ။ ဒီအတိုင်းပါပဲ အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို ပါးရိုက်လဲ လက်ရောက်မှုပါပဲ၊ (အဲ ကိုယ့်ဘက်က မှန်ရဲ့သားနဲ့ ခံရတာကို ဆိုလိုတာပါ)။ အထက်လူကြီးက အောက်လက်ငယ်သားကို ပါးရိုက်တာ လဲ လက်ရောက်မှုပါပဲ။ (မသိနားမလည်လို့ ဆုံးမတာလို့ ပြောလို့မရပါ)။
(၄)
မြို့နယ်တစ်ခုရဲ့၊ ရပ်ကွက်တစ်ခုမှာ မီးလောင်မှုဖြစ်ပါတယ်။ မီးငြိမ်းသတ်ပြီး မီးစလောင်တဲ့ အိမ်က ပိုင်ရှင်ကို တရားစွဲပါတယ်။ ပိုင်ရှင် ထောင်ကျပါတယ်။ သို့သော် ပိုင်ရှင် ထောင်ထဲမရောက်ပါဘူး။ သူ့အိမ်က အလုပ်သမားသာ ထောင်ထဲရောက်ပါတယ်။
သူပြောတာကတော့ "ကိုယ်စား "တဲ့လေ။
ကျွန်တော်တို့ရဲ့ ဘာသာတရားမှာတော့ ကုသိုလ်အမှု၊ အကုသိုလ်အမှုကို ပြုသူကိုယ်တိုင်သာလျှင် ခံကြရတာပါ။ ကိုယ်စား ခံခိုင်းတယ်၊ ခံရတယ်လို့ မရှိပါဘူး။ ဒါဟာ မှန်ကန်သော သစ္စာတရားကြောင့်ပါ။
မှန်ကန်တဲ့ ဥပဒေ၊ နည်းလမ်းကြတဲ့ ဥပဒေတွေမှာ ကိုယ်စား ဆိုတာ မရှိသလို၊ ကျောသားရင်သား ခွဲခြားခြင်းဆိုတာမရှိပါဘူး။ သို့သော်လည်းပဲ လူတွေရဲ့ ကလိန်ကကျစ်ဥာဏ်တွေကြောင့် ဥပဒေဟာ လက်တစ် လုံးခြားလုပ်ခံရတယ်၊ ဥပဒေဟာ အသုံးချခံရတော့တာပါပဲ။
တစ်ခါတခါမှာလဲ ဥပဒေဟာ နာမည်ကိုအလွှဲသုံးစားလုပ်ခံရုံသာမက အမည်ပြောင်းခြင်းကိုပါ ခံလိုက်ရ ပါတယ်။
တစ်ခါတုန်းက အင်ဂျင်နီယာတစ်ယောက်ဟာ ငွေအလွှဲသုံးစားမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရ ပါတယ်။ သို့သော်လည်း သူ့ကို ထောင်ထဲမှာ မြင်ရခဲလှပါတယ်။ အပြင်လောကမှာပဲ ကျင်လည်ကျက်စားနေ တာကို မြင်တွေ့ရပါတယ်။ အပြင်လောကမှာ ကြားသိရတာကတော့ သူက ပိုက်ဆံရှိတယ်။ ထောင်ပိုင်ကို ပေးကျွေးထားတယ်။ ထောင်ထဲမှာ နေစရာမလို၊ အလုပ်လုပ်စရာမလို၊ အပြင်လောကမှာသာလျှင် စီးပွားရေး လုပ်တယ်။ ပြီးတော့ ထောင်ကို ပြန်ကြည့်တယ်ပေါ့လေ။ လိုအပ်တာတွေကူညီဖြည့်ဆည်းပေးတယ်ပေါ့။
ဒီဖြစ်စဉ်ကိုကြည့်ရင်း ကျွန်တော်စဉ်းစားမိတာက ဥပဒေဟာ အမည်ပြောင်းသွားတယ် ဆိုတာပါပဲ။ ဥပါဒ်-ကျရောက်လာတဲ့ ဥပါဒ်ဘေးအန္တရာယ်တွေကို၊ ထေ-ကာလိုက်ခြင်း၊ ဖာထေးလိုက်ခြင်း၊ ပြုပြင်လိုက်ခြင်း ဖြစ်တဲ့ "ဥပထေ "အဖြစ် ပြောင်းသွားတာပါ။
ဒါကတော့ ကျွန်တော်ဥာဏ်မိသလောက်ကလေး တွေးကြည့်မိတာပါ။
(၅)
ဥပဒေကို ကျွန်တော်နားလည်သလို ပြောရရင်တော့ စောင့်ထိန်းမှု၊ အများအတွက် မထိခိုက်စေလိုမှု အတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းလို့ ထင်ပါတယ်။
ဆိုပါစို့ အရက်မူးသမားတစ်ယောက်။ သူ့ပိုက်ဆံရှိလို့ သူပါးစပ်နဲ့ သူသောက်တာ ပြဿနာမရှိပါဘူး။ ပြီးတော့ ကိုယ့်အခန်းထဲမှာကိုယ် မူးလို့ အန်ချင်အန်မယ်၊ ဆဲချင်ဆဲမှာပေါ့ ဒါလဲ ပြဿနာ မရှိပါဘူး။ သို့သော် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်ပြီး ရပ်ကွက်ထဲ မူးပြီး ရစ်မယ်၊ ရန်စမယ်၊ ဆဲမယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘာလို့လဲဆိုရင် ဒါဟာ အများကို နှောင့်ယှက်ထိခိုက်လာလို့ပါပဲ။
ဒီတော့ မူးယစ်ရမ်းကားမှုဆိုတဲ့ ဥပဒေနဲ့ ညှိစွန်းသွားပါပြီ။ ဥပဒေရဲ့ နောက်မှာ ပြစ်ဒဏ်ဆိုတာကလဲ ပါလာပြီးသားဆိုတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရတော့မှာပါပဲ။
ဟုတ်ပါတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်သာပင် ဖြစ်ပါတယ်။
တစ်ခါတခါမှာ အပြစ်နဲ့ ပြစ်ဒဏ်မမျှတာတွေကို တွေ့မြင်ကြရမှာပါ။ ဒါဟာ ဥပဒေဆိုတာနဲ့ ကိုင်ပေါက် ပြီး မတော်မတရား ခံစေတာ၊ ဥပဒေကို လက်တစ်လုံးခြားလုပ်၊ ဥပဒေပေါ် ခွစီးပြီး လုပ်ကြံလိုက်တဲ့ ပြစ်ဒဏ်တွေသာ ဖြစ်ပါတယ်။ ဒီအခါ ဥပဒေဟာ မျှတခြင်း မရှိတော့သယောင်ဖြစ်သွားပါတယ်။ တကယ်တမ်း ကတော့ ဥပဒေကို ကြိုးကိုင်တဲ့ သူတွေရဲ့ စိတ်အားနည်းချက်လို့ ဆိုရမှာဖြစ်ပါတယ်။
ပြီးတော့ ဥပဒေလို့ ဆိုလိုက်တာနဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေကို ပြေးပြီးမြင်ယောင်မိပါတယ်။ ရှေ့နေတွေ၊ တရားသူကြီးဆိုတာ ဥပဒေကို နောကျေအောင် လေ့လာထားရသူတွေ မဟုတ်လား။ ဒီတော့ ရှေ့နေတွေ၊ တရားသူကြီးတွေရဲ့နှုတ်ဖျားမှာ တစ်ခါတခါ ဥပဒေဆိုတာ တည်နေတတ်ပါသေးတယ်။
ရှေ့နေတစ်ဦးရဲ့ လျှောက်တင်ချက်ဟာ အမှန်ဖြစ်ရဲ့လား။ ဥပဒေရဲ့ညီရဲ့လား။ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကရော မျှတမှုရှိရဲ့လား၊ သမာသမတ်ဖြစ်ရဲ့လား။ အရေးကြီးတာက ထိုသူတွေရဲ့ စိတ်တွေဟာ ဥပဒေအတိုင်း ဖြေင့်မတ်နေပါရဲ့လား။
နောက်ဆုံးတော့ ဥပဒေကို ထုတ်ပြန်တဲ့သူတွေရယ်၊ ဥပဒေကို လိုက်နာနေထိုင်ရသူတွေရယ်၊ ဥပဒေအတိုင်း ဆုံးဖြတ်ပေးနေရသူတွေရယ် အားလုံး အားလုံးဟာ စည်းကမ်း၊ စည်းမျဉ်းတွေကို အလေးထား ရမှာဖြစ်သလို၊ ကိုယ့်ဥပဒေကိုယ်လဲ ပြဋ္ဌာန်းရဲရမှာပေါ့။ စိတ်ရဲ့ ကောင်းသောလမ်းညွှန်ချက်တွေ မှန်ကန်နေရ မှာပေါ့။
(၆)
ခေတ်တွေ စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ လူတွေ လူတွေဟာလဲ ပြောင်းလဲလာကုန်ကြပါတယ်။ ဒီလိုပြောင်းလဲခြင်းဟာ ကောင်းသောဘက်ကို ဦးတည်နေတယ်ဆိုရင်တော့ ကိစ္စမရှိလှပေမယ့် မှားယွင်းသော လမ်းကြောင်းဘက် ပြောင်းလဲပြီဆိုရင် ဆိုးခေတ်၊ ဆိုးစနစ်တွေကို ခံစားရတော့မှာပါ။
ဒီလို ခေတ်ဆိုး၊ စနစ်ဆိုးတွေကို ထိန်းသိမ်းဖို့ဆိုရာမှာ ဥပဒေက အရေးပါလှပါတယ်။ အရေးပါလှတဲ ဥပဒေကိုယ်တိုင် မှားယွင်းနေပြီဆိုရင်တော့ ဥပဒေဆိုတာကို ကျွန်တော်ပြောလိုက်ချင်ပါတယ်။
"ဗျို့ ဥပဒေကြီး ခင်ဗျားလဲ အမျိုးသမီးတွေလို လှဖို့ ပဖို့အတွက် မှန်တင်ခုံရှေ့ထိုင်သလို ခင်ဗျားလဲ မှန်တင်ခုံရှေ့ ထိုင်ဖို့ လိုနေပြီ။ ခင်ဗျား မျက်နှာကို လှပအောင် ပြင်ဆင်လိုက်ဦးဗျာ "လို့သာ။
******************
မောင်ပိုင်
၁၂-၆-၂၀၁၄။
 — with Khin Soe Lwin and 28 others.
အမှန်တရားဆိုတာ ဘာပါလဲ … ?
$
0
0
လူတိုင်းဟာ ကိုယ့်ဟာကိုယ်တော့ …
ကောင်းတယ် မှန်တယ်ထင်ပြီး …
ပြုမှုလုပ်ကိုင်နေကြသူတွေသာ ဖြစ်တယ် ….
( အသောကမင်း ရေးထိုးခဲ့သော ….
ကျောက်စာတစ်ခု မှ ကောက်နူတ်ချက် )
========================
အမှန်တရားဆိုတာ ဘာပါလဲ … ???
လူတစ်ယောက်ရဲ့ အပြုအမှု လုပ်ဆောင်ချက်တွေကို …
မှားတယ် မှန်တယ်ဆိုတာ ….
ဘာ ပေတံ စံနူန်း နဲ့ တိုင်းတာကြမလဲ … ???
အဲဒီပေတံ စံနူန်းဆိုတာရော ….
တကယ် ရှိရဲ့ လား …. ???
စတဲ့ မေးခွန်းတွေဟာ …
အမှား အမှန်ဆိုတဲ့  အဓိပ္ပာယ်ကို …
စစ်စစ်ပေါက်ပေါက် ဝေဖန်ဆန်းစစ်မိသူတိုင်း …
ခေါင်းထဲကို ရောက်လာဖူးတဲ့  မေးခွန်းတွေ ဖြစ်ပါတယ် …
ကောင်းပါပြီ …
အမှန်တရားဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့  …
ကျွန်တော်တို့  အတိတ်သမိုင်းကို ပြန်သွားကြည့်ကြပါစို့  ….
အနောက်တိုင်း ကိုယ်ကျင့်တရားဆိုင်ရာ အယူဝါဒတွေထဲက ….
Relativism လို့ ခေါ်တဲ့  သမုတိဝါဒဟာ …
အမှားအမှန်သည် …
အခြေအနေပေါ်မှာ မူတည်တယ်လို့  …
ယူဆကြပါတယ် …
အပြုအမှုတို့ ရဲ့  ကောင်းမှုဆိုးမှု မှန်မှု မှားမှုတွေဟာ …
ကာလံဒေသံ ပြောင်းလဲနေတဲ့ အခြေအနေတွေပေါ်မှာ …
လိုက်ပါပြောင်းလဲ နေပြီး …
ရောမရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတဲ့  စကားလို ….
ဘယ်ကိစ္စကို မဆို ….
အခြေအနေနဲ့ လိုက်လျောညီထွေ …
ကျင့်သုံးရမယ် လို့ ယူဆကြပါတယ် …
ဥပမာ - နှလုံးရောဂါသည် အမေကို …
သား ကွယ်လွန်သွားကြောင်း အသိမပေးဘဲ ….
မုသာဝါဒ လိမ်ညာပြောဆို ထားတာ ….
မှန်တယ် ဆိုတဲ့ အယူအဆမျိုး ဖြစ်ပါတယ် …
ဒီ အယူအဆအရ …
အခြေအနေဟာ အမှားအမှန်ကို တိုင်းတာတဲ့ စံနူန်းဖြစ်ပြီး ….
လိမ်သင့်ရင် လိမ်ရမယ် …
သတ်သင့်ရင် သတ်ရမယ် ဆိုတဲ့  သဘောမျိုးဖြစ်ပါတယ် ….
ဒီ အယူအဆကို လက်မခံတဲ့  အခြားဂိုဏ်းတစ်ခုကတော့ ….
Absolutism လို့ ခေါ်တဲ့  ပရမတ္တ ၀ါဒ ဂိုဏ်း ဖြစ်ပါတယ် ….
ဒီ ဂိုဏ်းရဲ့ အလိုအရ …
အပြုအမှုတို့ ရဲ့  ကောင်းမှုဆိုးမှု မှန်မှု မှားမှုတွေကို…
ကြိုတင်သတ်မှတ်ထားတဲ့  နူန်းစံတွေနဲ့  တိုင်းတာပါတယ် …
ဥပမာ… ပညတ်တော် ဆယ်ပါး အတိုင်း ….
ငါးပါးသီလအတိုင်း ….
လိုက်နာရင် မှန်တယ် …
မလိုက်နာရင် မမှန်ဘူးဆိုတဲ့  အယူအဆမျိုးပါ …
ဒီဂိုဏ်းရဲ့ အလိုအရ …
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် …
လိမ်တာဟာ မှားပါတယ် …
သတ်တာဟာ မှားပါတယ် လို့ ယူဆလေ့ရှိ ကြပါတယ် …
ဂရိ ဒဿန ပညာရှင် ပလေတိုကတော့ ….
ဒီလက်ရှိ လောကကြီးဟာ …
သူ့ သဘောသူဆောင်ပြီး …
မှားတာလဲ မရှိ ….
မှန်တာလဲ မရှိလို့  ဆိုပါတယ် …
ဒါပေမယ့် သီးခြား အစစ်အမှန်လောကတစ်ခု ….
( ဘုံတစ်ခုခု ) နောက်ထပ် ရှိသေးတယ်လို့ ယူဆပြီး …
အဲဒီ လောက မှာတော့ …
အမှားအမှန် နူန်းစံ တန်ဖိုးတွေဟာ …
မပြောင်းမလဲ မဖောက်မပြန်ဘဲ တည်ရှိနေတယ်လို့  …
ပလေတို က ယုံကြည်ပါတယ် ….
အိန္ဒိယ မှာ ဂေါတမ ဗုဒ္ဓ နဲ့ ခေတ်ပြိုင် ပေါ်ပေါက်ခဲ့တဲ့  ….
ပကုဓကစ္စာယန ဆိုတဲ့  ပုဂ္ဂိုလ်ကြီးကတော့ …
ရုပ်သဘော ဖြစ်တဲ့  လက်က ..
ရုပ်သဘောဖြစ်တဲ့  သတ္တ၀ါ ရဲ့  လည်ပင်းကို ခုတ်ပိုင်းတဲ့  ကိစ္စမှာ …
ရုပ်သဘောဖြစ်တဲ့  အသား အကြောတွေ ပြတ်ပြီး ….
ရုပ်သဘောဖြစ်တဲ့  သွေးတွေ ကျလာတာဟာ …
ကောင်းခြင်း ဆိုးခြင်းဆိုတဲ့  အကုသိုလ် မရှိဘူးလို့  …
ယူဆ ခဲ့ဘူးပါတယ် …..
ဒါဆို ကျွန်တော်တို့  ထေရ၀ါဒ ဗုဒ္ဒဘာသာမှာ …
အမှားအမှန် ဆိုတာကို ….
ဘယ်လို များ ခွဲခြားဆုံးဖြတ် သုံးသပ်ကြပါသလဲ ….
ထေရ၀ါဒ ဗုဒ္ဓဘာသာဟာ ...
အထက်မှာ ဖော်ပြခဲ့တဲ့  အယူအဆတွေကို ...
တစ်ခုမှ လက်မခံခဲ့ပါဘူး ....
ထေရ၀ါဒ ဗုဒ္ဓဒဿန ရဲ့  အလိုအရတော့ …
အပြုအမှုတွေရဲ့  ကောင်းခြင်း ဆိုးခြင်း …
မှန်ခြင်း မှားခြင်းတွေဟာ ….
ကာလံဒေသံ ….
အခြေအနေ အချိန်အခါ …
ဖြစ်စဉ် တွေကို ….
မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့  အသိဥာဏ်ပညာပေါ်မှာ …
အဓိက မူတည်နေတယ်လို့  ဆိုပါတယ် ….
ဒီလို သုံးသပ်ရာမှာ ….
စိတ်မှာ ဆန္ဒအစွဲ …
ဥပါဒန် တစ်မျိုးမျိုး ကပ်ညှိမှု ရှိနေပါက ….
အခြေအနေ အကြောင်းချင်းရာတို့ ကို ….
ကြည်ကြည်လင်လင် ရူမြင်နိုင်ခြင်း မရှိတော့ဘဲ …
ပုဂ္ဂလဓိဋ္ဌာန် သဘောကို ရောက်သွားပြီး …
မှားယွင်းချွတ်ချော်သွားတတ်တယ်လို့ ဆိုပါတယ် ….
ဓမ္မဓိဋ္ဌာန် ကျကျ ….
ဆုံးဖြတ် သုံးသပ်နိုင်တဲ့  …
စိတ်အခြေအနေတစ်ခု ရရှိဖို့  ဆိုရင် …
စိတ်ဟာ ဘာအစွဲ ဥပါဒန် မှ မရှိဘဲ …
ကြည်လင် သန့် စင်နေဖို့ လိုပါတယ် ….
ဒီလို ကြည်လင်သန့် စင် ခိုင်ခံ့ နေဖို့ အတွက် …
၁။ အကျင့်သီလ
၂။ စိတ်၏ စူးစိုက် တည်ငြိမ်ခိုင်ခံ့ မှု စွမ်းအင် ( သမာဓိ )
၃။ အသိဥာဏ်ပညာ
ဆိုတဲ့  အချက်သုံးခု ဟာ ….
မရှိမဖြစ် အရေးအကြီးဆုံး ဖြစ်တယ်လို့  ဆိုပါတယ် …
သီလ ဟာ လိုက်နာဆောက်တည်ရမယ့် ကိစ္စဖြစ်ပြီး …
အသိ ဥာဏ်ပညာဟာ …
လေ့လာဆည်းပူးရမယ့် ကိစ္စ ဖြစ်ပါတယ် …
သမာဓိ ကတော့ ကျင့်ကြံကြိုးကုပ် အားထုတ်ရမှာပါ ….
သီလ နဲ့  ပညာ နဲ့  သမာဓိ ဟာ …
အပြန်အလှန် ထောက်ပံ့ ပေးနေတဲ့  ….
အညမညသဘော ဖြစ်ပြီး …
သီလ မပါတဲ့  ပညာဟာ …
လောကကို အကျိုးမပြုနိုင်သလို …
ပညာ မပါတဲ့  သီလဟာလဲ …
မှန်ကန်တဲ့  အကျင့်ဆောက်တည်မှု မဖြစ်နိုင်ပါဘူး ….
ထေရ၀ါဒ ဗုဒ္ဓ ဒဿန အလိုအရ ….
အကျင့်သီလ မပါတဲ့  အသိဆင်ခြင် ဥာဏ်ပညာဟာ …
ဖြောင့်မတ်မှန်ကန်တယ်လို့  မဆိုပါဘူး …
လက်တစ်ဖက်နဲ့  …
အခြားလက်တစ်ဘက်ကို ဆေးကြောရသကဲ့ သို့ …
ခြေတစ်ဖက် နဲ့  ….
အခြားခြေတစ်ဖက်ကို ဆေးကြောရသကဲ့ သို့  …
သီလကို ပညာနဲ့ ဆေးကြောရပြီး …
ပညာကိုလဲ သီလနဲ့  ဆေးကြောရမယ်လို့  ဆိုပါတယ် ….
အမျှော်အမြင် ထိုးထွင်းသိမြင်တဲ့ ပညာရှိမှ …
အကျင့်ကောင်း သီလအမှန်ကို ရနိုင်မှာဖြစ်ပြီး …
အကျင့်ကောင်း သီလအမှန်ရှိမှ …
စိတ်ဟာ ကြည်လင်စင်ကြယ်ပြီး…
မှန်ကန် ထိုးထွင်းသိမြင်တဲ့  ပညာကို …
ရှေ့ ရူနိုင်မယ်လို့  ဆိုပါတယ် …
ခိုင်ခံ့တဲ့ စိတ်သမာဓိ မရှိရင်တော့ ….
သီလ ကို ဆောက်တည်နိုင်စွမ်း မရှိသလို …
ပညာကိုလဲ အပတ်တကုပ် ဆည်းပူးဖို့ မလွယ်ကူနိုင်ပါဘူး …
ဗုဒ္ဓကျမ်းဂန်တွေ ရဲ့ အလိုအရ ….
ခိုင်ခံ့ တဲ့ သမာဓိကို ရဖို့ အတွက်ကိုတော့ …
သမထ ကျင့်စဉ်တွေ …
သတိပဋ္ဌာန် ကျင့်စဉ် (၀ါ) ၀ိပဿနာ ကျင့်စဉ်တွေကို ….
ကျင့်ကြံ အားထုတ်ရမယ်လို့ ဆိုပါတယ်…
ဒါကြောင့် အားလုံးပြန်ချုပ်ရမယ်ဆိုရင် ….
ဘယ်ကိစ္စ ဘယ်အယူဝါဒကိုမဆို ….
သမထ ကျင့်စဉ်တွေ …
သတိပဋ္ဌာန် ကျင့်စဉ် (၀ါ) ၀ိပဿနာ ကျင့်စဉ်တွေကို ….
အားထုတ်ကျင့်ကြံထားတဲ့  သမာဓိ ….
အပတ်တကုတ် ဆည်းပူးလေ့လာထားတဲ့ ပညာ …
အထူးတလည်ဆောက်တည်ထားတဲ့  သီလ …
ဒီလို သုံးမျိုးသုံးရပ် ပြည့်စုံတဲ့  …
ကိုယ်စိတ်နှလုံး နဲ့ သာ ….
အပြုအမှုတွေရဲ့  ကောင်းခြင်း ဆိုးခြင်း …
မှန်ခြင်း မှားခြင်းတွေကို ….
ဓမ္မဓိဋ္ဌာန်ကျကျ ….
ကြည်ကြည်လင်လင် ရူမြင်သုံးသပ်ဆုံးဖြတ်နိုင်မှာ ဖြစ်ပြီး …
ကျွန်တော်တို့ ….
ဒီ လောကီ သမုတိ နယ်ပယ်မှာတော့…
ဓမ္မဓိဋ္ဌာန် ကျကျ ....
အစွဲ ဥပါဒန်ကင်းတဲ့  စိတ်အခြေအနေနဲ့ ….
ဆင်ခြင်ဥာဏ်ကို ရဖို့ ဆိုတာသည် …
လွယ်ကူတဲ့  ကိစ္စတစ်ခု မဟုတ်ဘဲ …
ဥပါဒန် အစွဲ ကိုယ်စီ နဲ့  …..
အသီးသီး ဆုံးဖြတ်သုံးသပ် နေကြတာသာဖြစ်ကြောင်း ….
တင်ပြအပ်ပါတယ် ခင်ဗျား ….။
=================================
အမှန်အတိုင်း မသိမြင်မှု တရား အ၀ိဇ္ဇာသည် …
အကုသိုလ် တရားတို့ ရဲ့  ခေါင်းဆောင်ဖြစ်၏ …
မသိမှု အ၀ိဇ္ဇာ ကြောင့် …
မှားသောအမြင် မိစ္ဆာဒိဋ္ဌိ ဖြစ်လာ၏ …
မှားသောအမြင် မိစ္ဆာဒိဋ္ဌိ ကြောင့် ….
မှားသောအကြံ မိစ္ဆာသင်္ကပ္ပ ဆက် ဖြစ် ၏ ….
မှားသောအကြံ မိစ္ဆာသင်္ကပ္ပ ကြောင့် …
မှားသောစကား မိစ္ဆာ၀ါစာ ဆက်ဖြစ်၏ …
မှားသောစကား မိစ္ဆာ၀ါစာ ကြောင့် …
မှားသောအလုပ် မိစ္ဆာကမ္မန္တ ဆက်ဖြစ်၏ …
မှားသောအလုပ် မိစ္ဆာကမ္မန္တ ကြောင့် …
မှားသောအသက်မွေးမှု မိစ္ဆာဇီဝ ဆက်ဖြစ်၏ …
မှားသောအသက်မွေးမှု မိစ္ဆာဇီဝ ကြောင့် …
မှားသောအားထုတ်မှု မိစ္ဆာ၀ါယမ ဆက်ဖြစ်၏ …
မှားသောအားထုတ်မှု မိစ္ဆာ၀ါယမ ကြောင့် ….
မှားသော အောက်မေ့မှု မိစ္ဆာသတိ ဆက်ဖြစ်၏ …
မှားသော အောက်မေ့မှု မိစ္ဆာသတိ ကြောင့် …
မှားသောတည်ကြည်မှု မိစ္ဆာသမာဓိ ဆက်ဖြစ်၏ …
==================
= အပ္ပမာဒေန သမ္မာဒေထ =
==================
အို ချစ်သားတို့  ....
မမေ့မလျော့ မပေါ့မဆ …..
ပြင်းပြ ထက်သန် ….
မှန်ကန်သော သတိတရားဖြင့် ….
သီလ၊ သမာဓိ၊ ပညာဟု ဆိုအပ်သော ….
သိက္ခာသုံးပါးတို့ကို ….
ကိုယ်စီကိုယ်င ပြည့်စုံအောင် …..
ကြိုးစား အားထုတ်ကြကုန် ...... ။ ။
==========================
ငါ့ အတွေးအခေါ် ...
ငါ့ အယူအဆ ...
ငါ့ ပါတီ .....
ငါ့ ဘက် .....
ငါ့  ×××××
ငါ့ ×××××
ငါ့ ×××××
ငါ နှင့် ငါ သာ နိုင်းစရာ .....
ငါ မှ သာ အမှန် ထင်နေသောသူများသို့  ....
ရည်ညွှန်း ပါသည် .....
Ye Moe
— feeling tired.
ကလေးငယ်များအနာဂတ်နဲ့ လူ့ဘောင်
$
0
0
စင်္ကာပူရောက်စမှာ ထူးခြားတဲ့ဝိသေသတစ်ခုကို သတိပြုမိတယ်။ မြန်မာပြည်က ဘုရားသွား ကျောင်းတက် သက်ကြီးရွယ်အိုအရွယ် စင်္ကာပူလူမျိုး ဘိုးဘွားတွေဟာ စားသောက်ဆိုင်မှာ သန့်ရှင်းရေး၊ အမှိုက်လှည်း၊ စားပြီးသားပန်းကန်တွေသိမ်းတဲ့အလုပ်ကို လုပ်နေကြတာ သတိထားမိတယ်။ တစ်ချို့တွေက သူများသောက်ပြီးသား ဘီယာ၊ အချိုရည် သတ္တုဗူးခွံတွေလိုက်ကောက်တယ်။ အသိတစ်ယောက်ကတော့ စပ်စပ်စုစုမေးလို့ သူတို့တစ်နေ့ဝင်ငွေဟာ စားနိုင်သောက်နိုင်တဲ့ အနေအထားရှိတယ်လို့ ဆိုတယ်။
ကိုယ့်မျက်စိထဲမှာ မြင်နေမကျဘူး။ မြန်မာပြည်မှာလည်း သက်ကြီးရွယ်အိုတွေ ချို့ချို့ငဲ့ငဲ့ အလုပ်လုပ်နေကြတာ ရှိပါတယ်။ စင်္ကာပူမှာ ကြောထောက်နောက်ခံမရှိတဲ့ သက်ကြီးရွယ်အိုများဟာ ကွန်မြူနတီစန်တာတွေမှာ အလုပ်လျောက်နိုင်တယ်။ စားသောက်ဆိုင်၊ အိမ်ယာသန့်ရှင်းရေး စတဲ့ လစ်လပ်နေရာများကို စင်တာက ရှာပေးတယ်ဆိုတယ်။ တစ်ချို့သိတတ်တဲ့ တတ်နိုင်တဲ့ သားသမီးများက သက်ကြီးစောင့်ရှောက်ရေး ဌာနတွေကို ပို့ပေး၊ လစဉ်ထောက်ပံ့ကြေး ပေးတတ်ကြတယ်။
စင်္ကာပူလို ချမ်းသာတဲ့၊ ပညာတတ်တဲ့နိုင်ငံမှာ နိုင်ငံသား သက်ကြီးရွယ်အိုတွေ ဘာကြောင့်များ ဒုက္ခရောက်နေရသလဲ စဉ်းစားမိတယ်။ သူတို့ဘာလို့ ဒီလိုဖြစ်နေရသလဲ။ ပညာမတတ်ခဲ့လို့လား။ မချိုးမချန် မိုက်ဇာတ်ခင်းခဲ့လို့လား။ တစ်သက်လုံး အလုပ် လုပ်ခဲ့သမျှ စားနိုင်သောက်နိုင်ရုံ အပြင်မပိုလျံလို့လား။ သားသမီးတွေကရော မထောက်ပံ့လို့လား။ သံယောဇဉ် မေတ္တာတရားခေါင်းပါးလို့လား။ စသည့် အကြောင်းအရာအားလုံး တစိတ်တဒေသ ပါဝင်နိုင်ပါတယ်။ စင်္ကာပူဟာ စာရိတ်ကြီးတယ်။ ဝင်ငွေထွက်ငွေ မျှတရုံပဲရှိတယ်။ ပညာမတတ်ရင် အလုပ်မကောင်း၊ အလုပ်မကောင်းရင် ဝင်ငွေမကောင်းနိုင်။ တိုးတက်တဲ့နိုင်ငံဖြစ်တာနဲ့အညီ လိုအပ်တဲ့၊ လိုချင်တဲ့ ရုပ်ဝတ္ထုပစ္စည်းပေါင်းများစွာ၊ အသုံးချချင်စဖွယ် ငွေထွက်လမ်းတွေလည်း လက်တစ်ကမ်းမှာ၊ မဖြစ်မနေကုန်ကျနေမယ့် စရိတ်တွေကလည်း လစဉ်တောင်းခံနေမှာပါ။ ရေတွင်းက ရေငင်စရာမလို၊ တုံငင်လည်း ဆွဲစရာမလို၊ ဖရောင်းတိုင်၊ ဆီမီးလည်း ထွန်းစရာမလို၊ ထင်းခွေစရာလည်းမလို၊ ဥယာဉ်လည်းပျိုးစရာမလိုတဲ့ နိုင်ငံပါ။ ဗားလှည့်လိုက်ရင် ရေကျလာမယ်။ ခလုပ်နှိပ်လိုက်ရင် မီးလင်းလာမယ်။ မက်ဂနက်ထောက်လိုက်ရင် ဂစ်မီးတောက်မယ်။ အိမ်ယာသန့်ရှင်းရေး၊ မြက်ဖြတ်ပန်းစိုက်မယ့်သူတွေ အဆင်သင့်။ အတော်အထင်ကြီးစရာကောင်းတဲ့ မြို့ပြလူနေမှုစနစ်နဲ့ စီမံခန့်ခွဲမှုကောင်းတွေပါပဲ။ အဲ့ဒီအတွက် ကိုယ်ပြန်ပေးဆပ်ရမှာကတော့ ငွေကြေးပါပဲ။ ငွေပေးနိုင်ဖို့ အလုပ်ရှိရမယ်။ သို့မဟုတ် ဝင်ငွေရလမ်း၊ စုဆောင်းငွေ တစ်မျိုးမျိုးရှိနေရမယ်။
ဒီဝင်ဆောင်မှုတွေမလိုချင်ဘူး၊ ငွေလည်းမရှိဘူးဆိုလို့ နေစရာအခြားမရှိ၊ တောထဲနေထိုင်ခွင့်လည်းရမှာမဟုတ်သလို၊ ထင်းခွေရေခပ် လုပ်စရာလည်းမရှိပါဘူး။ ဒါကို မြို့ပြရောဂါခေါ်မလားမပြောတတ်ဘူး။
အခုသက်ကြီးရွယ်အိုဆိုတာ စင်္ကာပူခေတ်ဦးက လူသားတွေတဲ့။ အဲ့ခေတ်က နိုင်ငံတစ်ခုထူထောင်ကာစ၊ တိုင်းပြည်လည်း မချမ်းသာသလို၊ ပညာမတတ်တဲ့ လူတန်းစားလည်းများခဲ့တယ်။ အဲ့ဒီအတွက် သူတို့ တစ်သက်တာမှာ အလုပ်အကိုင်ကောင်းတွေလည်း မရခဲ့ဘူး။ တိုးတက်လာတဲ့ခေတ်နဲ့ အညီ သားသမီးတွေကို လူတန်းစေ့ထားနိုင်ဖို့ အသည်းအသန်လုပ်ခဲ့ကြရသေးတယ်။ သူတို့ရဲ့ ဒုတိယမျိုးဆက်ကြပြန်တော့လည်း သူတို့ထက်သာတာမှန်ပေမယ့် ခေတ်နဲ့အညီ တိုးလာတဲ့ အသုံးစရိတ်တွေ၊ သူတို့ရဲ့ တတိယမျိုးဆက်ကို အဆင့်မြင့်အောင် ပျိုးထောင်ရတာတွေနဲ့ လုံးခြာလိုက်ခဲ့ပုံရပါတယ်။ ဒီလိုနဲ့ ပထမမျိုးဆက် ပညာသိပ်အများကြီးမတတ်တဲ့ သက်ကြီးရွယ်အိုတွေရဲ့ ဘဝဟာ အခုအချိန်မှာ ထောက်ပံ့ခံမဖြစ်ဘဲ တစ်ရှုးရောင်း၊ အမှိုက်ကောက်၊ စားပွဲသိမ်း၊ သန့်ရှင်းရေးအလုပ်တွေနဲ့ ကိုယ့်ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေရတာဖြစ်ပါလိမ့်မယ်။ သူတို့နိုင်ငံမှာ မရှိလို့ တောင်းစားခွင့်လည်း မရှိပါဘူး။ ဝန်ဆောင်မှု တစ်ခုခု လုပ်ရပါတယ်။ စွံ့အ၊ နားမကြား၊ ဒုက္ခိတ တစ်မျိုးမျိုး ဖြစ်နေသူတောင် တတ်သလောက် ဖျော်ဖြေမှု တစ်ခုခု လုပ်ရပါတယ်။ နေရာတိုင်းလည်း လျောက်လုပ်လို့ မရပါဘူး။ ခွင့်ပြုချက်တောင်းရပါသတဲ့။ သတ်မှတ်နေရာမှာ ခွင့်ပြုချက်ရတဲ့နေ့ အလှည့်ကျလုပ်ရပါသတဲ့။ လူကောင်း၊ လူငယ်၊ ကလေးသူတောင်းစားမရှိတာလည်း သတိထားမိတယ်။
သူတို့လူမျိုးတွေရဲ့ မိဘအပေါ်မေတ္တာတရားကို အလွန်စောကြော မဝေဖန်ချင်ပါဘူး။ တရုတ်စာရေးမတစ်ယောက်က သူမစားချင်တဲ့ မုန့်၊ မလိုချင်တဲ့ အိတ်ကို သူ့မိဘတွေ ပေးလိုက်တာကို မိဘကို သိတတ်တယ်ဆိုပြီး ဂုဏ်ယူဝံ့ကြွားပြောတာကို မြန်မာအမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အလိုမကျအပြောနဲ့ ဖောက်သည်ချလို့ သိလိုက်တယ်။ တစ်ခါလည်း အခန်းငှားဖို့ အေးဂျင့်နဲ့သွားကြည့်တဲ့အခါ စင်္ကာပူနိုင်ငံသား အိန္ဒိယအနွယ်ဖွားအိမ်ပါ။ ထုံးစံအတိုင်း သူများအိမ်မှာ အိပ်ခန်းတစ်ခန်းငှားနေဖို့ပါ။ ကိုယ်နဲ့ အပြိုင်လာငှားတာက နိုင်ငံသားတရုတ်မပါ။ သူ့အဖေနေဖို့ပါတဲ့။ သူ့တို့အိမ်က တစ်ဘလောက်ပဲ ဝေးတယ်။ အိမ်ပိုင်နဲ့ပဲ။ အိမ်မှာ မြေးတွေနဲ့ ဆူဆူညံညံဆိုတော့ လူကြီး စိတ်အနှောက်အယှက်ဖြစ်မှာ စိုးလို့ အခန်းငှားထားမလို့တဲ့။ အသက် ခုနှစ်ဆယ်ကျော်၊ ကျန်းကျန်းမာမာမို့ မပူပါနဲ့ သူဖာသာ ထသွားထလာ၊ စားနိုင်သောကနိုင်ပါတယ်တဲ့။ မြေးတွေက ဆယ်ကျော်သက်တွေ အိမ်မှာ သူငယ်ချင်းတွေလာမယ်။ ပါတီတွေလုပ်မယ်။ ဒါကြောင့် သူ့အဖေကို နားအေးပါးအေးနေစေချင်လို့ပါတဲ့။ ဒါလည်း ကိုယ့်အတွက်အဆန်းတကြယ်။ နောက်ရော မြန်မာပြည်မှာ ဘယ်တော့ ဖြစ်မလဲ၊ ဖြစ်ရောဖြစ်နေပြီလား မချင့်မရဲဖြစ်တာနဲ့ ဝေဖန်လိုစိတ်ကို ချိုးနှိမ်ခဲ့ရတယ်။
ဒါဖြင့် ဘဝတွေသိပ်ဆိုးနေပါလား။ အဲ့လိုကြီး အဆုံးစွန်တော့ မထင်လိုက်ပါနဲ့။ စင်္ကာပူမှာ အိမ်ယာအများစုက နိုင်ငံပိုင်တွေဖြစ်ပြီး နိုင်ငံသားတွေဟာ ဝင်ငွေရလမ်းနဲ့ အသက်အရွယ်၊ အိမ်ထောင်ရှိ/မရှိ စတဲ့သက်မှတ်ချက်တွေနဲ့အညီ နှစ် နှစ်ဆယ်၊ သုံးဆယ် နှစ်ရှည် အရစ်ကျ ပေးငွေနဲ့ အိမ်ဝယ်ခွင့်ရနေတာလည်း မြန်မာပြည်နဲ့ မတူတဲ့အချက်တွေပါဘဲ။ ဒါကြောင့်အိုးပိုင်အိမ်ပိုင်နေနိုင်တယ်။ သက်ကြီးရွယ်အိုတွေလည်း သားထောက်သမီးခံမရှိရင် အစိုးရဆီမှာ တစ်လ ဒေါ်လာ နှစ်ရာ၊ သုံးရာ (သူ့နိုင်ငံအနေနဲ့ နည်းပါးတဲ့ငွေပါ) ပေးရုံနဲ့ နေစရာအိမ်ပေးပါတယ်။ နောင်အရှည်မှာ သက်ကြီးရွယ်အိုတွေ ဒုက္ခမရောက်အောင် အလုပ်စလုပ်တည်းက နိုင်ငံသားတိုင်း လစာရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို လူမှုဖူလုံးရေး ရံပုံငွေအဖြစ် မစုမနေရ စုရတယ်။ အလုပ်ရှင်က ထပ်ဆောင်း တစ်ဆယ့်ငါးရာခိုင်နှုန်း ထည့်ဝင်ရတယ်။ အနာဂတ်ကာလမှာ လူမှုရေးဒုက္ခတွေမကျရောက်အောင် ဥပဒေပြဒါန်းပြီး အကောင်အထည်ဖော်ထားတာလည်း အတုယူဖို့ကောင်းပါတယ်။ အဲ့ငွေထဲက ဆေးကုခွင့်၊ အိမ်စရိတ်ပေးခြေခွင့်၊ ထုတ်ယူမှုသတ်မှတ်ချက်တွေ အသေးစိတ်ရေးရင် အကြောင်းအရာချော်သွားမှာမို့ ချန်လှပ်ခဲ့ပါတယ်။ ပထမမျိုးဆက်တွေက သူတို့လူမျိုးကို တွန်းတင်ခဲ့တယ်။ ဒုတိယမျိုးဆက်က ရုန်းကန်နေတယ်။ တတိယမျိုးဆက်က ကြိုးစားနေတယ်။ တိုင်းပြည်ရဲ့ အခြေခံကောင်း၊ စနစ်ကောင်းတွေ တည်ဆောက်ပြီးချိန်မှာ စတုတ္ထမျိုးဆက်တွေ ပညာသင်လေ့ကျင့်နေကြတယ်။ သူတို့နိုင်ငံမှာ သူတောင်းစားမျိုးဆက် မရှိတော့ဘူး။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံက နိုင်ငံသားတစ်ယောက်မျက်စိနဲ့ မြန်မာပြည်ကို ပြန်ကြည့်တဲ့အခါ ထူးခြားတဲ့ ဝိသေသကို သတိထားမိပြန်တယ်။ ဒါဟာ အဲ့ဒီလိုနိုင်ငံသားတွေအတွက် အဆန်းတကြယ်ဖြစ်စေတဲ့၊ သူတို့မတွေ့လိုတဲ့၊ နိုင်ငံပုံရိပ်ကို ထိခိုက်စေတဲ့၊ ကုလသမဂ္ဂ ပဋိညာဉ်တွေနဲ့ မကိုက်ညီတဲ့၊ သူတို့မီဒီယာတွေမှာ ရှုံ့ချသလိုသနားသလို ဖော်ပြနေတဲ့၊ နိုင်ငံအနာဂတ်ကို မတောက်ပစေမယ့် ကလေးအလုပ်သမားတွေပါပဲ။ နေ့စားအလုပ်တွေ၊ ဆိပ်ကမ်းကုန်ထမ်းတွေ၊ လမ်းဖောက်၊ တိုက်ဆောက်လုပ်ငန်းခွင်တွေ၊ သတ္တုတူးဖော်ရေးတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ လမ်းဘေးဈေးဆိုင်၊ အိမ်အကူအလုပ်မှအစ လက်နက်ကိုင်တပ်ဖွဲ့အဆုံး ဆယ့်ရှစ်နှစ်မပြည့်ရုံသာမက ဆယ်နှစ်ဝန်းကျင် ကလေးငယ်တွေကိုပါ မြင်တွေ့နေရတာဟာ နာကျင်ခံခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အမျိုးသားရေး၊ ကိုယ့်မိသားစုအရေးလို ဖြေရှင်းရမယ့် ရေရှည်ဆင်းရဲမယ့် ရောဂါတွေပါပဲ။
အနောက်နိုင်ငံအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေရတဲ့ မီဒီယာတွေက မကြာခဏ ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးဖြန့်ချီပါတယ်။ လမ်းဘေးကွမ်းယာဆိုင်မှာ ကျေးလက်က မိန်းကလေးငယ်တစ်ယောက် အလုပ်လုပ်တယ်။ သူကျောင်းတက်ချင်တယ်။ မိသားစုက ဆင်းရဲတယ်။ သူဈေးရောင်းရတဲ့ဘဝက ပင်ပန်းဆင်းရဲ နိမ့်ကျ ကျောင်းမတက်ရပေမယ့် စားရသောက်ရသေးတယ်။ ကျေးလက်က သူ့မောင်နှမတွေဘယ်လိုနေမလဲ ပြောရင်း မျက်ရည်ကျတဲ့ ပြကွက်၊ ဆရာဝန်ဖြစ်ချင်တယ်၊ ဘဝအခြေအနေက မပေးဘူး၊ ကျောင်းတောင်မတက်နိုင်ဘူးစသဖြင့် ဒုက္ခတွေနဲ့ ရုန်းကန်နေတဲ့ ဆယ်ကျော်သက်အရွယ် လက်ပတောင်းတောင်နားက ကြေးချက်တဲ့ ကလေးငယ်တစ်ဦး ဘဝဒဿန အနည်းငယ်ဖွင့်ဟသွားတဲ့ ပြကွက်၊ လမ်းတကာလှည့် အမှိုက်ကောက် တခါတလေ သူများစွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်ကောက်စားတဲ့ ကလေးငယ်တစ်ဦးရဲ့ သနားစဖွယ် ပြကွက်။ သဏ္ဍန်လုပ် သရုပ်တူ ရုပ်ပြဇာတ်လမ်းတွေ မဟုတ်တာတော့ ယုံကြည်ပါတယ်။ တကယ်တော့ ဘဝတွေဟာ ဒီထက်ဆိုးပါတယ်။ ဒီ့ထက်လည်းများပါလိမ့်မယ်။ စုံစမ်းဖော်ထုတ် မှတ်တမ်းတင်ရင် သန်းချီပြီး ထွက်လာနိုင်ပါတယ်။
အမေရိကမှာ တစ်ချိန်က ကြေးပိုင်ကျွန်ပိုင်စနစ်နဲ့ ယဉ်ပါးနေလို့ လူကျွန်မပြုဖို့ ဥပဒေပြဒါန်းရ ခက်လိုမျိုး မြန်မာပြည်မှာ ကလေးအလုပ်သမားတွေကို ယဉ်ပါးနေပါတယ်။ လက်ဖက်ရည်၊ စားသောက်ဆိုင်မှာ ကလေးသူငယ်စားပွဲထိုး အလုပ်သမားလုပ်တာ ခိုင်းတဲ့အလုပ်ရှင်ရော၊ ခွင့်ပြုတဲ့မိဘကိုရော အပြစ်မမြင်ကြပါဘူး။ အလေ့အထ တစ်ခုလိုလည်း ဖြစ်နေပါတယ်။ ဆောက်လုပ်ရေး နေ့စားလုပ်ငန်းတွေမှာလည်း လစာအများကြီးမပေးရလို့ ဖောဖောသီသီ သုံးပါတယ်။ အိမ်အကူဆိုလည်း ဇယားမကပ်တဲ့ ခိုင်းကောင်းတဲ့ ကလေးငယ်များကိုသာခေါ်ချင်တာ အလေ့အထလိုဖြစ်နေပါပြီ။ တရုပ်လူမျိုးတွေ၊ အနောက်နိုင်ငံသားတွေမှာ ကလေးကို အလုပ်ခိုင်းတာ၊ ဈေးရောင်းခိုင်းတာ၊ ပေါ့ပါးတဲ့အလုပ်တွေခိုင်းတာ ငယ်စဉ်တည်းက အလုပ်တန်ဖိုး၊ အလုပ်အကြောင်း၊ ငွေတန်ဖိုး၊ ဘဝသင်ခန်းစာအဖြစ် မြည်းစမ်းခိုင်းတယ်လို့ သဘောပိုက်ပါတယ်။ ခြွင်းချက်အချို့တော့ရှိနိုင်ပေမယ့် သူတို့နိုင်ငံတွေမှာ ခိုင်မာတဲ့ လူမှုစရိုက်၊ ဥပဒေတွေတည်ရှိလို့နေပါပြီ။ ကလေးလုပ်စာထိုင်စားဖို့၊ သူ့ဘဝသူကျောင်းဖို့၊ မိဘကိုယ်တိုင်ဖြစ်စေ၊ သူများကလေးခိုး၍ဖြစ်စေ၊ တောင်းစားခိုင်းတာ၊ သင်္ကန်းရုံတောင်းခိုင်းတာ၊ ခိုးဂုဏ်းထောင်တာတွေတောင် ဖြစ်နေပါပြီ။
မြန်မာ့ ဓလေ့ဘူးညွန့် ပြုတ်တို့တာ၊ သရက်ကင်းတို့တာ ကြိုက်နှစ်သက်ကြတယ်။ သရက်ကင်းတို့ချင်ရင် အကြွေစောင့်သင့်ပါတယ်။ အပင်ချိုင်ရင် ချိုမြိုန်တဲ့ သရက်သီးမှဲ့ စားဖို့အခွင့်အရေး ဆုံးရှုံးရသလို ကလေးငယ်များကို မတွန်းတင်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝထဲတွန်းပို့ အသုံးချတာများနေလို့ လူ့အဖွဲ့အစည်းတရပ်လုံး အကင်းသတ်ခံရသလို ဖြစ်နေပါပြီ။ တနည်းပြောရရင် သူတောင်းစားလူမျိုးကနေ တက်လာမှာမဟုတ်တော့ပါဘူး။
တိုင်းပြည်ဆင်းရဲတာ၊ အလုပ်အကိုင်မရှိတာ၊ ပညာမတတ်တာ အားလုံးရဲ့ ပြစ်တွေမှန်သမျှ အစိုးရအဆက်ဆက်က ကိုလိုနီအမွေဆိုးလို့ ဆိုတယ်။
စစ်အစိုးရက နိုင်ငံရေးသမားတွေကြောင့်လို့ ပြောတယ်။ နိုင်ငံရေးသမားတွေက စစ်အစိုးရကြောင့်လို့ အပြစ်တင်တယ်။ အရင်အစိုးရက စီးပွားရေးပိတ်ဆို့မှုကြောင့်လို့ အကြောင်းဖော်တယ်။ ကျွန်တော်မြင်တဲ့ အကြောင်းကတော့ အနုကြိုက်၊ အကင်းစားသလို ကလေးသူငယ်တွေအသုံးချတာနဲ့ အလေ့အထဖြစ်နေတဲ့ လူ့အဖွဲ့အစည်း၊ တာဝန်မယူတတ်တဲ့ မိဘတွေများနေတဲ့ လူ့အသိုင်းအဝိုင်းဖြစ်နေတာလည်း အကြောင်းတစ်ခုပါဗျာ။
ကလေးငယ်တွေမခိုင်းဖို့ ဥပဒေမပြဒါန်းနိုင်တောင် အသုံးမချဖို့၊ အတတ်နိုင်ဆုံးမခိုင်းဖို့၊ မဖြစ်မနေခိုင်းနေရတောင် ပညာသင်ပေးဖို့၊ ကျောင်းထားမပေးနိုင်တောင် စာသင်ပေးဖို့၊ ဘဝအသိပညာပေးဖို့၊ အသက်မွေးမှု အတတ် တစ်ခုခု သင်ပေးဖို့၊ တာဝန်ယူတတ်တဲ့ မိဘတွေများလာဖို့ တိုက်တွန်းရင်း ဖက်ခွက်စားကင်းတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်အောင်လုပ်ကြပါစို့ဗျာ။
 Thet Htwe Aung
၃-၁၁-၂၀၁၃ (၀၂း၂၁)
"စံပယ်တွေ ကြွေမယ့်နှစ် "
$
0
0
Photo: " စံပယ်တွေ ကြွေမယ့်နှစ် "  .. လည်ပြန်ကြည့်မိတော့မှ  မျောလွင့်ခဲ့တာ ကဗျာတစ်ပုဒ်မဟုတ်မှန်း သိရ ဒါပေမယ့် ကျွန်တော် ရေးချခဲ့တယ်  .. ဆံပင်တွေ ခဏခဏ မဖွတတ်တဲ့ကောင်မလေးက တစ်ဘ၀စာ ကျွန်တော်ရုန်းကန်ခဲ့ရသမျှကို ကလစ်တစ်ချောင်းနဲ့ မျှောအချမှာ သူလိုကိုယ်လို အရပ်ဝတ်နဲ့ သံယောဇဉ်ခမျာ မျက်နှာငယ်ရရှာ  .. ကျွန်တော့်ကဗျာ စ တော့ အများသူငါလို တိမ်တွေပွင့်တယ် အများသူငါလို ကြယ်တွေပွင့်တယ် အများသူငါလို စံပယ်တွေပွင့်ခဲ့တယ်  .. အများသူငါတွေ ဖူးပွင့်ကြတော့မှ ကျွန်တော့်ကဗျာကလေးရဲ့ ဖြစ်တည်ရာ လိုက်ရှာ ရာသီတွေ အလီလီပြောင်း ဒီ ဆံညှပ်တွေသာ ဟောင်းခဲ့သတဲ့  .. ကြယ်တွေ ဝေတဲ့ ညတချို့ အိပ်မက်ဆဲပါ စာသားတွေလွမ်းဆိပ်သင့် ကြွေလွင့်ဆဲပါ ရိုမင်တစ်နှင့် သူရဲကောင်းဖြစ်ခွင့် တစ်စုံတစ်ရာမှာ ကဗျာတစ်စ တန့်ရပ်ခဲ့ ကြာပြီ  .. ကျွန်တော့်ရဲ့ အများသူငါတွေကို နာရီလှမ်းမေးတော့ ကလေးတစ်ယောက် ကြယ်ကြွေကောက်နေခဲ့တယ်  .. ရာသီကုန်လက်မှတ်တစ်စောင်ရဲ့ အိပ်ယာထမှာ သူဖြစ်ချင်ရာ ကိုယ်ဆုတောင်းခွင့် ရစေမယ်ဆို ဘယ်သူတွေဝေနေဦးမှာလဲ စံပယ်တွေ မကြွေစေဖို့ပဲ ဖြစ်တယ်။    ။  (ယက္ခ) ရဲကြီး / ကိုရဲ (ဆေး-၂) 29. June . 2003 . https://www.facebook.com/yekkha.yejee https://www.facebook.com/yekkha.yegyii.fanpage http://yekkhayejee.blogspot.com/
.. လည်ပြန်ကြည့်မိတော့မှ
မျောလွင့်ခဲ့တာ ကဗျာတစ်ပုဒ်မဟုတ်မှန်း သိရ
ဒါပေမယ့် ကျွန်တော် ရေးချခဲ့တယ်
.. ဆံပင်တွေ ခဏခဏ မဖွတတ်တဲ့ကောင်မလေးက
တစ်ဘ၀စာ ကျွန်တော်ရုန်းကန်ခဲ့ရသမျှကို
ကလစ်တစ်ချောင်းနဲ့ မျှောအချမှာ
သူလိုကိုယ်လို အရပ်ဝတ်နဲ့ သံယောဇဉ်ခမျာ
မျက်နှာငယ်ရရှာ
.. ကျွန်တော့်ကဗျာ စ တော့
အများသူငါလို တိမ်တွေပွင့်တယ်
အများသူငါလို ကြယ်တွေပွင့်တယ်
အများသူငါလို စံပယ်တွေပွင့်ခဲ့တယ်
.. အများသူငါတွေ ဖူးပွင့်ကြတော့မှ
ကျွန်တော့်ကဗျာကလေးရဲ့ ဖြစ်တည်ရာ လိုက်ရှာ
ရာသီတွေ အလီလီပြောင်း
ဒီ ဆံညှပ်တွေသာ ဟောင်းခဲ့သတဲ့
.. ကြယ်တွေ ဝေတဲ့ ညတချို့ အိပ်မက်ဆဲပါ
စာသားတွေလွမ်းဆိပ်သင့် ကြွေလွင့်ဆဲပါ
ရိုမင်တစ်နှင့် သူရဲကောင်းဖြစ်ခွင့် တစ်စုံတစ်ရာမှာ
ကဗျာတစ်စ တန့်ရပ်ခဲ့ ကြာပြီ
.. ကျွန်တော့်ရဲ့ အများသူငါတွေကို နာရီလှမ်းမေးတော့
ကလေးတစ်ယောက် ကြယ်ကြွေကောက်နေခဲ့တယ်
.. ရာသီကုန်လက်မှတ်တစ်စောင်ရဲ့ အိပ်ယာထမှာ
သူဖြစ်ချင်ရာ ကိုယ်ဆုတောင်းခွင့် ရစေမယ်ဆို
ဘယ်သူတွေဝေနေဦးမှာလဲ
စံပယ်တွေ မကြွေစေဖို့ပဲ ဖြစ်တယ်။ ။
(ယက္ခ) ရဲကြီး / ကိုရဲ (ဆေး-၂)
29. June . 2003 .
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
 — with Aung Ko Ko and 96 others.
တောင်အိုဆက်တီးယားစစ်ပွဲ (၂၀၀၈)(ရုရှား-ဂျော်ဂျီယာ) (အပိုင်း-၄)
$
0
0
 Htet Sweoo's photo.
စစ်ပွဲ၏ရည်မှန်းချက်များ
၂၆။ ဂျော်ဂျီယာစစ်ပွဲသည် အင်အားကြီးအမေရိကန်နှင့်ရုရှားတို့၏အကျိုးစီးပွားများ ပါဝင်လျက် ဖြစ်ပေါ်လာရသည်။ ဂျော်ဂျီယာသည်ပထ၀ီနိုင်ငံရေးအရ ရုရှားနိုင်ငံ၏အရေးပါသည့် ပင်လယ်နက်ထွက်ပေါက်ဖြစ်သည်။ အထူးသဖြင့်ယူကရိန်းနှင့် ဂျော်ဂျီယာသည် ရုရှား၏ ပင်လယ်နက် ထွက်ပေါက်အား ဘေးတစ်ဖက်စီမှ ကာရံထားသည်။ ယူကရိန်းနှင့်ဂျော်ဂျီယာတို့သည် ရုရှားနှင့် ဆက်ဆံရေးမပြေလည်သောကြောင့် အမေရိကန်က ၄င်းနှစ်နိုင်ငံအား နေတိုးအဖွဲ့ဝင်ဖြစ်စေရန် စည်းရုံးခဲ့ခြင်းဖြစ်သည်။ အမေရိကန်သည် ဥရောပရှိ ယခင်ဆိုရှယ်လစ်နိုင်ငံဟောင်းများနှင့် ဥရောပနိုင်ငံများကို သိမ်းသွင်းသြဇာချဲ့ရာတွင် ယူကရိန်းနှင့် ဂျော်ဂျီယာတို့ကို ပါဝင်သိမ်းသွင်းခဲ့ခြင်း သည် ရုရှား၏အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက် ခြိမ်းခြောက်စေနိုင်ခြင်းပင်ဖြစ်သည်။ ထို့အပြင် အမေရိကန်အတွက် ဂျော်ဂျီယာသည် ကက်စပီယံပင်လယ်မှရရှိမည့် ရေနံသယ်ယူရေး၊ အထူးသဖြင့် အမေရိကန်၏စည်းရုံးသိမ်းသွင်းယူနိုင်ခဲ့သည့် အဇာဘိုင်ဂျန်မှရေနံအား ဂျော်ဂျီယာကိုဖြတ်သန်း၍ ဥရောပသို့သယ်ယူနိုင်ရေးအတွက် ပဓာနကျသည်။ ၄င်းအပြင် အီရန်အား ရန်ပြုမည်ဆိုက ဂျော်ဂျီယာ ကိုဖြတ်သန်းပြီး အဇာဘိုင်ဂျန်မှတဆင့် တိုက်ခိုက်နိုင်သကဲ့သို့ ရုရှားကိုလည်း တန်ပြန်ထိန်းချုပ် နိုင်သည့်အနေအထားဖြစ်သည်။ ထို့ကြောင့် ဂျော်ဂျီယာသည် အမေရိကန်အတွက် စစ်ရေးအရ အရေးပါသော ရည်မှန်းချက်တစ်ခုဖြစ်ခဲ့သည်။
၂၇။ ဂျော်ဂျီယာ၏ရည်မှန်းချက်မှာလည်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးပင်ဖြစ်သည်။ ဂျော်ဂျီယာ အနေဖြင့် အမေရိကန်နှင့်နီးနီးကပ်ကပ်ဆက်ဆံပေါင်းသင်းလျက် ရုရှား-ဂျော်ဂျီယာပဋိပက္ခတွင် နေတိုးမှ ၀င်ရောက်ကူညီဖြေရှင်းပေးနိုင်ရေး ရည်မှန်းထားသည်။ ဂျော်ဂျီယာအစိတ်အပိုင်းဖြစ်သော တောင်အိုဆက်တီးယားပြည်နယ်၏ရည်မှန်းချက်ကလည်း ဂျော်ဂျီယာနိုင်ငံမှခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာနိုင်ရန် ကြိုးစားနေသည်။ ယင်းကြိုးပမ်းမှုကြောင့် တောင်အိုဆက်တီးယားသူပုန်နှင့် ၄င်းကို ကူညီနေသောရုရှားတို့အား နေတိုး၏အကူအညီရယူချေမှုန်းနိုင်ရန် ဂျော်ဂျီယာက ရည်မှန်းလျက် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
၂၈။ တစ်ဖက်မှ ရုရှားတို့ကလည်း ဂျော်ဂျီယာမှခွဲထွက်ရန်ကြိုးပမ်းနေသော အက်ခါဇီးယား နှင့် တောင်အိုဆက်တီးယား ခွဲထွက်ရေး တပ်ဖွဲ့များကို တန်ပြန်ပူးပေါင်း ကူညီခဲ့သည်။ ရုရှားအစိုးရအနေဖြင့် တောင်၊ မြောက်အိုဆက်တီးယားပြည်နယ်နှစ်ခုအား ပြန်လည်ပေါင်းစည်းစေလျက် ရုရှား၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အနေဖြင့် သွပ်သွင်းလိုကြောင်း ပြသခဲ့သည်။ ဆိုဗီယက် ပြိုကွဲပြီး နောက်ပိုင်း အမေရိကန်သည် ဆိုဗီယက်နိုင်ငံငယ်များကို ၄င်းဘက်ပါအောင် ထိတွေ့ဆက်ဆံရေးနှင့် ကမ္ဘာ့အရှေ့ခြမ်းဆီ သို့ နယ်ပယ်ချဲ့ထွင်ရေးဝါဒ ချမှတ်ဆောင်ရွက် လာသည်။ ၄င်းနိုင်ငံငယ်များ နေတိုးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်လာကြပြီး ရုရှားကို ထိန်းချုပ်ရန်ရည်ရွယ်သည်။ ကိုဆိုဗို လွတ်လပ်ရေးကို ကုလသမဂ္ဂနှင့် ရုရှားတို့က လက်မခံခဲ့သော်လည်း အမေရိကန်နှင့်အနောက်အုပ်စုက ထောက်ခံခဲ့ သည်။ အနောက်အုပ်စု၏ ရုရှားအားဝိုင်းပတ်ပိတ်ဆို့ရေးမဟာဗျူဟာလည်းဖြစ်သည်။ အီရတ်တွင် ထားရှိသော နိုင်ငံစုံတပ်ဖွဲ့များအနက် ဂျော်ဂျီယာတပ်ဖွဲ့ဝင်များပါဝင်မှုက တတိယအများဆုံးဖြစ်သည်။ ဂျော်ဂျီယာ၏လုပ်ရပ်သည် အမေရိကန်၏ ရုရှားအားပိတ်ဆို့ရေး မဟာဗျူဟာ၏ အစီစဉ်တစ်ရပ်ဟု ရှုမြင်ကာ ရုရှားအနေဖြင့်လည်း ဂျော်ဂျီယာအား ဟန့်တားရေးအခွင့်အလမ်းကို စောင့်စားရည်မှန်း လျက် စစ်ပွဲကိုဆင်နွဲခဲ့ခြင်းဖြစ်သည်။
စစ်ပွဲဖြစ်စဉ်
၂၉။ စတင်ဖြစ်ပွားခြင်း။ 
 ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရာမှ ပေါ်ပေါက်လာခဲ့သော ဆိုဗီယက် ပြည်ထောင် စုဟောင်း ဂျော်ဂျီယာနိုင်ငံသည် အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် နီးကပ်စွာ ဆက်ဆံပြီး နေတိုးအဖွဲ့သို့ဝင်ရန် ကြိုးပမ်းနေသည်။ တစ်ဘက်ကလည်း ဂျော်ဂျီယာမှ ခွဲထွက်ရန် ကြိုးပမ်းနေသည့် ဒေသများကို အင်အားသုံး နှိမ်နင်းရန် ကြိုးပမ်းလျက်ရှိသည်။ ရုရှား နိုင်ငံကလည်း ဂျော်ဂျီယာမှ ခွဲထွက်ရန် ပြင်ဆင်နေသည့် တောင်အိုဆက်တီးယား နှင့် အက်ခါဇီးယားဒေသတို့အား ထောက်ပံ့ ကူညီ ပေးလျက်ရှိသည်။ ၂၀၀၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ ညနေတွင် ဂျော်ဂျီယာတို့က တောင်အိုဆက်တီးယားမြို့တော် တက်စ်ခင်ဗီလီကို မြေပြင်နှင့်လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ရုရှားကတောင် အိုဆက်တီးယားသို့ တပ်ဖွဲ့ များစေလွှတ်ပြီး ဂျော်ဂျီယာကို ဗုံးကြဲတိုက်ခိုက် တုံ့ပြန်ရာမှ စစ်ပွဲစတင် ဖြစ်ပွားခဲ့သည်။ သြဂုတ်လ ၇ ရက် နေ့တွင် ရုရှားရေတပ်က ဂျော်ဂျီယာကမ်းခြေ ကိုပိတ်ဆို့ပြီး ကမ်းတက်တပ်ဖွဲ့များနှင့် လေထီး တပ်ဖွဲ့များဖြင့် ဂျော်ဂျီယာကမ်းခြေကို ၀င်ရောက် ခဲ့သည်။ ရုရှားနှင့် အက်ခါဇီးယားတပ်ဖွဲ့များသည် ဂျော်ဂျီယာသိမ်းပိုက်ထားသော ဂိုရီမြို့ကို ဒုတိယ စစ်မျက်နှာဖွင့်၍ တိုက်ခိုက်ခဲ့ပြီး ဂျော်ဂျီယာ အနောက်ပိုင်းသို့ ၀င်ရောက်ခဲ့ရာမှ စစ်ပွဲအရှိန်မြင့် လာခဲ့သည်။
၃၀။ တက်စ်ခင်ဗီလီမြို့အား တိုက်ခိုက် မှု။ ဂျော်ဂျီယာတပ်ဖွဲ့များသည် တောင်အိုဆက် တီးယားသို့ ၀င်ရောက်ခြင်းမပြုမီ ၂၀၀၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ နေ့လည်(၂)နာရီ အချိန်တွင် ဂျော်ဂျီယာတပ်ဖွဲ့များမှ အမြောက်များဖြင့် တောင်အိုဆက်တီးယားသို့ စတင်တိုက်ခိုက်ခဲ့သည်။ ညနေ(၇) နာရီတွင် ဂျော်ဂျီယာသမ္မတ စကပ်ဗီလီက တစ်ဖက်သတ် အပစ်အခတ်ရပ်ဆဲရေး ကြေညာခဲ့ သည်။ သို့သော်လည်း ဂျော်ဂျီယာတပ်ဖွဲ့များက အမြောက်များဖြင့် ဆက်လက်ပစ်ခတ်ခဲ့သည်။ ဂျော်ဂျီယာက အပစ်အခတ်ရပ်စဲရေးကြေငြာမှုသည် အီရတ်သို့ စေလွှတ်ထားသော ဂျော်ဂျီယာ တပ်ဖွဲ့များ ဂျော်ဂျီယာသို့ဝင်ရောက်မှု အချိန်အလုံအလောက်ရရန် ဆောင်ရွက် ခြင်းဖြစ်သည်ဟု ရုရှားနှင့် တောင်အိုဆက်တီးယားအစိုးရတို့က ဖော်ပြခဲ့သည်။ ည(၁၁)နာရီအချိန်တွင် ဂျော်ဂျီယာ ကျေးရွာများ ပစ်ခတ်ခံနေရ သည်ဟု သတင်းများ ထုတ်လွှင့်၍ ည (၁၁)နာရီ (၃၀)မိနစ် အချိန်တွင် တက်စ်ခင်ဗီလီမြို့ကို အမြောက်များဖြင့် ပစ်ခတ်ချေမှုန်းခဲ့သည်။ ည (၁၁)နာရီ (၄၅)မိနစ်တွင် တက်စ်ခင်ဗီလီမြို့သည် ပြင်းပြင်းထန်ထန် ပစ်ခတ်ခံရပြီး အမြောက်ကျည်တစ်တောင့်နှင့် တစ်တောင့်ကြား (၁၅)စက္ကန့်မှ(၂၀) စက္ကန့်သာခြားသည်ဟု ဆိုသည်။ ထိုသို့ တိုက်ခိုက်မှုသည် ရုရှားတပ်ဖွဲ့များ၏ လှုပ်ရှားမှုကို တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ် သည်ဟု ဂျော်ဂျီယာက ပြောကြားခဲ့သည်။ ၎င်းင်းအချိန်တွင် ရုရှား၏အမှတ်(၅၈) ကြည်း တပ်တော်သည် ရော့ကီးဥမင် လှိုဏ်ခေါင်းမှတစ်ဆင့် တောင်အိုဆက်တီးယားသို့ ၀င်ရောက်လျက်ရှိသည်ဟု ဂျော်ဂျီယာ ထောက်လှမ်းရေးသတင်းက ဖော်ပြခဲ့သည်။
၃၁။ တက်စ်ခင်ဗီလီမြို့တိုက်ပွဲ။ သြဂုတ် လ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ဂျော်ဂျီယာက တက်စ်ခင်ဗီလီမြို့ကို သိမ်းပိုက်ရန် အတွက် Operation Clear Field စစ်ဆင်ရေးကို ဆင်နွှဲခဲ့ သည်။ ဂျော်ဂျီယာတပ်ဖွဲ့များက တောင် အိုဆက် တီးယားတို့ထိန်းချုပ်သည့် မြို့တော်ဝန်းကျင်ရှိ ကျေးရွာများကို သိမ်းပိုက်ခဲ့သည်။ (၁၂)နာရီ (၁၅)မိနစ် အချိန်တွင် တောင်အိုဆက်တီးယားရှိ ပူးတွဲငြိမ်းချမ်းရေးတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မာရက်အမ်ကူလာမိတော့ဗ် က တောင်အိုဆက်တီးယားရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များ တိုက်ခိုက်ခံနေရကြောင်း၊ ရုရှား ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် (၁၃)ဦးသေဆုံးပြီး (၃၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။ တက်စ်ခင် ဗီလီမြို့ရှိ ဆေးရုံသည်လည်း တိုက်ခိုက်ခံရပြီး (၁၈)နာရီ ကြာမျှ မီးလောင်နေခဲ့သည်။ ဂျော်ဂျီယာတို့၏ Grad အတွဲလိုက် ဒုံးပစ်လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် ဆေးရုံသည် ဆိုးဆိုး ၀ါးဝါးပျက်စီးခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် မြို့တော်နှင့်အတူ ကျေးရွာ(၈)ရွာကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဂျော်ဂျီယာက ကြေငြာခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် နာရီဝက်အတွင်းတွင် ရုရှားနိုင်ငံမှ တိုက်လေယာဉ် ၃ စင်းသည် ဂျော်ဂျီယာလေပိုင်နက် အတွင်းသို့ဝင်ရောက်ခဲ့ပြီး Kareli မြို့ အနီးရှိ ရဲစခန်းတစ်ခုအား ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း ဂျော်ဂျီယာသတင်းဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ ရုရှားအာဏာပိုင်များက ၎င်းင်းထုတ်ပြန်ချက်ကို ငြင်းဆို လျက်ရှိပါသည်။ ဂျော်ဂျီယာတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တက်စ်ခင်ဗီလီမြို့တော်ရှိ ရုရှားစစ်သည်များ၏ အိပ်ဆောင်ကို တိုက်ရိုက်ထိမှန်ခဲ့ရာ ရုရှားစစ်သည် ၁၂ ဦး သေဆုံး၍ ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းနေ့နံနက်(၁၀)နာရီတွင် ဂျော်ဂျီယာတပ်ဖွဲ့ဝင် (၁၅၀၀)သည် မြို့တွင်းသို့ ၀င်ရောက်ခဲ့သော်လည်း ရုရှားတပ်များ၏ အမြောက်နှင့်လေကြောင်း တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
၃၂။ ယင်းနေ့နံနက်(၁၀)နာရီတွင် ဂျော်ဂျီယာအား ရုရှားစစ်လေယာဉ်များက ဂျော်ဂျီ ယာ ပိုင်နက်အတွင်းသို့ ၀င်ရောက်တိုက်ခိုက် သကဲ့သို့ တင့်ကားများကလည်း ရော့ကီး တောင်တန်းလှိုဏ်ခေါင်းမှ ဖြတ်သန်း ၀င်ရောက် ခဲ့သည်။ ၎င်းင်းရုရှားတပ်ဖွဲ့တွင် တင့်ကား ၁၅၀ စီး၊ သံချပ်ကာ လူသယ်ယာဉ်များနှင့် အခြားလက်နက် ပစ္စည်းများပါဝင်ကြောင်း သိရှိရပါသည်။ တိုက်ပွဲ ဖြစ်ပွားရာနေရာသို့ ရုရှားတင့်ကား များ၊ ခြေလျင်တိုက်ခိုက်ရေးတိုက်ယာဉ်များနှင့် ၁၅၂ မီလီမီတာဟောင်ဝစ်ဇာတင်ယာဉ်များ ရွှေ့ပြောင်းလျက် ရှိကြောင်း သိရှိရပါသည်။ သြဂုတ်လ ၈ ရက်နေ့ အရုဏ်တက်ချိန်တွင် ရုရှား၏ အမှတ်(၁၃၅) တပ်ရင်းအား တက်စ်ခင်ဗီလီမြို့သို့ ချီတက်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။ ၎င်းင်းတပ်ရင်းသည် နေ့လည် (၂)နာရီ (၃၀)ချိန်တွင်ရော့ကီး ဥမင်လှိုဏ်ခေါင်းကိုဖြတ်သန်းခဲ့ရာ ညနေတွင် တက်စ်ခင်ဗီလီမြို့သို့ ရောက်ရှိပြီး ဂျော်ဂျီယာတပ်ဖွဲ့ များနှင့် ပြင်းပြင်းထန်ထန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုများတွင် တောင်အိုဆက်တီးယား ပြည့်သူ့စစ်၊ စေတနာ့ဝန်ထမ်းများနှင့် ရုရှားတပ်ဖွဲ့များကတစ်ဘက် ဂျော်ဂျီယာတပ်ဖွဲ့များကတစ်ဘက် တိုက်ခိုက်ခဲ့သည်။ ရုရှားမြေပြင်တပ်ဖွဲ့ များက ဂျော်ဂျီယာ၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဦးနှိမ် တိုက်ခိုက်ပြီး ရုရှားလေတပ်များကဂျော်ဂျီယာ၏အခြေခံအဆောက်အဦများကို ဦးတည် တိုက်ခိုက်ခဲ့သည်။ ရုရှားအထူးတပ်ဖွဲ့များကလည်း ရော့ကီးဥမင်လှိုဏ်ခေါင်းအား ဂျော်ဂျီယာတို့မှ ဖျက်ဆီးရန် ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့သည်။ ဥမင်လှိုဏ်ခေါင်းသည် ကျဉ်းမြောင်းမှုကြောင့် ရုရှားတပ်ဖွဲ့များသည် တပ်ရင်း ၁ ရင်းစီသာ ၀င်ရောက်လာနိုင်ပြီး အလုံးအရင်းဖြင့် ၀င်ရောက်ရန် အခက်တွေ့နေခဲ့သည်။ ထို့ကြောင့် ၎င်းင်းဥမင် လှိုဏ်ခေါင်းဝန်းကျင်တွင် သြဂုတ်လ ၉ ရက်နေ့၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ဆက်ရန်
Htet Sweoo
Htet Sweoo's photo.
"အပျင်းပြေ _ ၁၁ "
$
0
0
Photo: " အပျင်းပြေ _ ၁၁ "  . . . ငယ်ငယ်ကပေါ့ဗျာ။ အလယ်တန်းကျောင်းသား ၊ ၅ တန်း ၆ တန်း လောက်။ ကျွန်တော် မြစ်ဝကျွန်းပေါ်က နယ်မြို့တစ်မြို့မှာ ကျောင်းတက်ရတယ်။ မြို့က social & education level နိမ့်ကျတယ်။ ဗမာများတယ်။ လူနေ အလွန် သိပ်သည်းတယ်။ အထက ၁ ကျောင်းကြီးဟာ တော်တော်ကြီးကို ကြီးတယ်။ ကျောင်းသားဦးရေလည်း များတယ်။ ကျွန်တော်လည်း အဲဒီထဲက တစ်ယောက်ဖြစ်ဘူးတယ်။  . . . လွယ်လွယ်ပြောရရင် မြို့ရဲ့ အနေအထိုင်က တော်တော် ညစ်ပတ်တယ်။ မြို့ကြီးပါပဲ . . စီးပွားရေးလည်းကောင်းတယ် ၊ ဒါပေမယ့် မြို့မဆန်ဘူး။ ကားဆို မီးသတ်ကားပဲရှိတယ်။ ဆိုင်ကယ် ၂ စီး . . ဒါမျိုး ။ ရေလမ်းပဲ အားကိုးရာ။ ရန်ကုန်ကနေဆိုလည်း သဘောင်္နဲ့ပဲ သွားလို့ရတယ်။ မြို့ဝင်ပြီဆိုရင် မြစ်ကမ်းတစ်လျှောက် အိမ်သာတွေက တန်းစီပြီးကြိုတယ်။ အခန့်သင့်ရင် ပလုံခနဲ ၊ ပလွမ်ခနဲ လေးတွေလည်း မြင်ရကြားရတတ်တယ်။ လှိုက်လှဲစွာကြိုဆိုပါဧ။် ပေါ့လေ။ အိမ်သာအောက်က ပလုံဆိုရင် ဘေးကဗွမ်းခနဲ . . ရေပြန်ခပ်တာ။ ဒါပဲ ချိုးရေ ၊ ဒါပဲ သုံးရေ ၊ ဒါပဲ အီးကုန်းရေ လေ။ ဘေးမှာ ကလေးတွေ ရေငုပ်ပြိုင်နေကြလိမ့်ဦးမယ်။  . . . မြစ်ချောင်း နဲ့ ဒီရေက ဒေသခံတွေအတွက်တော့ က္ကစ္ဆာသယကြီးပါပဲ။ စားစရာ ပူရန်မလို။ ပိုက်ကလေး တလံလောက်ရှိရင် တစ်အိမ်လုံးငါးစားရတယ်။ သူတို့ကတော့ မုန်းလို့။ နေစရာ ဓနိ နဲ့ ဒီရေတောသစ်တွေ ကြိုက်တဲ့နေရာ ခုတ်ယူလို့ရတယ်။ ရေရှိရင် သွားစရာလမ်းဖြစ်တယ်။ လူ့ဘ၀ရဲ့ အခြေခံလိုအပ်ချက် အားလုံးလိုလိုကို ဒီရေ မြစ်ချောင်းတွေက အခမဲ့ထောက်ပံ့ပေးထားတာ။  . . . စားစရာ ငါးပုစွန်ပေါတာများ ပြောရင် ခင်ဗျားတို့ယုံပါ့မလားတောင် မသိဘူး။ မိုးဦးကျဆိုရင် ဖောင်းစီးဂဏန်းဆိုတဲ့ ဂဏန်းကောင်သေးသေးလေးတွေ သိပ်ပေါတယ်။ တစ်ကောင်နဲ့တစ်ကောင် တွယ်ပြီးရေပေါ်မှာ မျောနေတာ မြစ်ပြင်တစ်ခုလုံးနီးပါး ပြည့်တယ်ဗျာ . . တကယ်။ ရေပြင်တစ်ခုလုံး မည်းနေတာပဲ . . အဲဒီ ဂဏန်းကောင်တွေနဲ့ ပြည့်တာ။ ရေစပ်ဆင်းပြီး ခြင်းကြားတောင်းနဲ့ ဒီအတိုင်းဆယ်ယုံပဲ။ မိုးပြဲဒယ်ကြီးတွေထဲ ပစ်ထည့်ပြီး လှော်ပလိုက်ရင် မွှေးလို့။ ၀ယ်ရင် အလားကားလိုပဲ ရတယ်။  . . . အဲဒီမြို့မှာ အမဲသားမရဘူး။ ဆိတ်သား မရဘူး။ ၀က်သားကလည်း အလွန်ဆိုး။ မြင်ဘူးသမျှထဲ ရေအထိုးဆုံး ၀က်သားပါပဲ။ ရေကန်ကြီးထဲမှာ စိမ်ထားပြီးကို ရောင်းတာ။ မြို့ခံတွေက ၀က်သားသိပ်ကြိုက်ကြတယ်။ ဟင်းကောင်းပဲ။ ငါး ၊ ပုစွန် မမက်ကြဘူး။ အဆီတုံးကြီးတွေနဲ့ ၀က်သားဟင်းမှ တကယ့်ဟင်းကောင်း။  . . . ဆိုတော့ . . အထက ၁ ကျောင်းကြီးထဲမှာ ၀က်သားတုတ်ထိုးသည် ရှိတယ်။ တစ်ဦးတည်း။  အတန်းကြီးတွေ စားတာများတယ်။ အတန်းငယ်ထဲက ကြေးရေတတ်သားသမီးတွေလည်း စားကြတာပါပဲ။ ကျွန်တော်က ကြေးရေတတ်သားသမီးမဟုတ်တော့ မစားနိုင်ဘူး။ ၂ လ လောက်နေမှ တစ်ခါလောက် စားနိုင်တယ်။ ၀က်သားတုတ်ထိုးဆိုင်နားရောက်ရင် သွားရည်တွေ ပါးနှစ်ဖက်ကကျချင်လာတတ်တယ်။ တစ်ခါတစ်လေ စားနိုင်လည်း တစ်ကင် ၊ နှစ်ကင် ပါပဲ။ အဲဒီအရပ်က တုတ်ထိုး တစ်ချောင်း နှစ်ချောင်းကို တစ်ကင် နှစ်ကင် လို့ ခေါ်တတ်တယ်။   . . . တုတ်ထိုးသည် ဦးလေးကြီးရဲ့ အင်္ဂါရုပ်ကို အတိုဆုံးမြန်မြန်ပြောရရင် သောနုတ္ထိုရ် ခပ်ပိန်ပိန် ပုံမျိုး ဆိုပါတော့ဗျာ။ နှုတ်ခမ်းမွေးခပ်ကားကားနဲ့ . . သူ့နှုတ်ခမ်းမွှေးက ဖြူတချို့ နက်တချို့ပဲ။ တခါ တခါ ၀က်ဆီတွေပေနေတဲ့ လက်ကြီးနဲ့ တရုတ်သိုင်းဆရာကြီးတွေလို သပ်သပ်နေတတ်တယ်။ ပါးကတော့ ချောင် ကလောင်လို့။ အသားက အညိုရင့်ရင့်။ အင်္ကျီမပါတာ များတယ်။ ပါတဲ့အခါလည်း မ၀တ်ပဲ ပုခုံးပေါ် တင်ထားတာရယ်။ စားတဲ့လူ မရှိရင် ခုနပြောတဲ့ ၀က်ဆီပေနေတဲ့ လက်ကြီးနဲ့ သူ့ရင်ဘတ် ပိန်တာလေး တလျှောက် ဂျီး (ကြေး) တွန်း နေတတ်တယ်။ ဈာန်ဝင်လာရင် ကျောတွေ ပေါင်တွေပါ ပါလိုက်သေး။ စားမယ့်လူ လာထိုင်တော့မှ ပုခုံးပေါ်က အင်္ကျီစုတ်လေးနဲ့ ကျောတွေ ရင်တွေ ပုတ်ခါလိုက်ရင် ဂျီးဖတ် အလိပ်ကလေးတွေ ဖွားခနဲ ဖွားခနဲ လွင့်လို့ . . ။ ဒါကြောင့် စားကောင်းတာနေမှာပဲ။ ပုဆိုးက ဒူးအောက်ချပြီး ၀တ်တာ မတွေ့ဘူးဘူး။ ပူတဲ့နေ့မျိုးဆို အရောင်အဆင်းမရှိတဲ့ သူ့ပုဆိုးကို ပေါင်ခြံနှစ်ဖက်ထိရောက်အောင် ဆွဲတင်ထားလိုက်တာများ . . ချောင်နေတဲ့ ဒူးခေါင်းလုံးလေးတွေနဲ့ လျော့ရဲကျနေတဲ့ ပေါင်တံနှစ်ဖက် ထုတ်ကြွားနေသလိုလို။  . . . သူက အမြဲလို ဒူးကလေးတနှန့်နှန့်နဲ့ နေတတ်တယ်။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းတွေကို အာကောင်းကောင်းလေးနဲ့ ထ ထ ဟဲတတ်တယ်။ တစ်ခါ တစ်ခါ ဟဲတာကျယ်ရင် ဆရာမတွေက လှမ်းငေါက်ပြီးထိန်းရတာမျိုး။ ဒီပြင်တော့ စကားသိပ်မများတတ်ဘူးရယ်။ ၀က်သားလှီးတာတော့ တော်တယ်။ ပရော်ဖက်ရှင်နယ်ပဲ။ ငါးချောင်းလှီးပြီး ချထားရင် ပိုကြီးတဲ့အချောင်းရယ်လို့ ရွေးမရစေရဘူး။ ပုံစံ တူချင်မှ တူမယ် . . ငါးချောင်းလုံးမှာ ၀ယ်သူ အသာစီးရစေမယ့် အချောင်းရယ်လို့ မရှိ။ သူကတော့ ပြောပါတယ် " မင်းတို့  မငြင်းရအောင်လို့ " တဲ့။ တစ်ခါတစ်လေ ကြီးတဲ့ အဖတ်မျိုးပါလာလို့ ၀ိုင်းလုကြရင် သူက ပြုံးကြည့်နေတတ်တယ်။ ဒါကြောင့် . . သေချာတယ် . . ချော်ချွတ်ပြီး ကြီးသွားတာမျိုးတော့ လုံးဝမဟုတ်ဘူး။ သူပျင်းလာလို့ ကျွန်တော်တို့ ရန်ဖြစ်အောင် တမင်တကာ နည်းနည်းကြီးပေးလိုက်တာပဲ။   . . . စဉ်းတီတုံး မရှိဘူး။ တုတ်ထိုးခုံက လှီးစရာနေရာလေး ပါပြီးသား။ ပျဉ်ပြားကလေးပဲ။ လှီးတာများတော့ ချိုင့်နေပြီ။ ပြောင်ချောလို့ပဲ။ စားမယ့်လူလာရင် ဒီလိုပဲ လက်နဲ့ ကောက်ကိုင်ပြီး ဒီလိုပဲတင်ပြီး လှီးလိုက်တာပဲ။ လက်အိတ်တွေ ၊ ညှပ်တွေ စတဲ့ ပကာသနမျိုး လုံးဝမရှိ။ အူမကြီးခွေက ပူနေတာမျိုးများကိုင်မိရင် အာယို ဆိုပြီး ပေါင်ကြားက သူ့ပုဆိုးထဲလက်ကို ထိုးထည့်လိုက်တာပဲ။ လှီးပြီးသွားတဲ့ အခါ လှီးစင်ပျဉ်ပြားလေးပေါ်က ၀က်သားဖတ်အစအနလေးတွေနဲ့ ၀က်ဆီတွေကို သူဓါးမတိုလေးနဲ့ ခြစ် ခြစ် ချလိုက်တာများ 'ကျိ ခနဲ ကျိ ခနဲ ' . . ပြီးရင် ဓါးပြားမှာ ကပ်နေတဲ့ အကပ်အသတ်လေးတွေကို ရှေ့က အရည်သောက်ခွက်ကြီးထဲသော်လည်းကောင်း ၊ ငရုတ်ဆီချဉ်ရည် ပုလင်းထဲသော်လည်းကောင်း ပလစ် ခနဲ သပ်ချပစ်လိုက်တာ။ ဒါတွေကြောင့် စားကောင်းတာ။ တချို့ကောင်တွေဆို အဲဒီလို သပ်ချမယ့် ပလစ်ခနဲတွေကို 'ဒီကိုပေး'ဆိုပြီး သူတို့စားနေတဲ့ ကြာဇံသုပ်ပန်းကန်ထဲ ပလစ်ခိုင်းကြတာ။   . . . အရည်သောက်ခွက်ကြီး ဆိုတာက သိတဲ့အတိုင်းပဲ။ ရှေ့ချထားတဲ့ ၀က်ပြုတ်ရည် ခွက်ကြီးပေါ့။ ဇွန်း ၃ ချောင်း တပ်ထားပေးတယ်။ ဘယ်တော့မှ မလောက်ဘူးလေ။ အမြဲလုနေရတာပဲ။ ချာတိတ်တွေဆိုတာ တုတ်ထိုးတစ်ကင်စားပြီး အရည် ဇွန်း ၂၀ လောက်သောက်ချင်ကြတာမျိုး မဟုတ်လား။ သွားရည်ရော နှာရည်ရော တရွှတ်ရွှတ်နဲ့ လု လုပြီး ဆွဲရတာပဲ။ နှာရည်တပြင်တည်း ခေါ်မလား။ သွားရည်တပြင်တည်းခေါ်မလား။ ကုန်သွားလည်း ရတယ်။ သူ့နောက်မှာ ဂါလံပုံး တစ်ပုံးနဲ့ အရည် အသစ်တွေရှိတယ်။ ဒီပုံးကို ပထမဆုံးတွေ့တဲ့နေ့ကတော့ ကျွန်တော်နည်းနည်း တွန့်မိတယ်။ ဟင်းရည်ပုံးလို့ မသိပဲ ကျွန်တော်ခလုတ်တိုက်တိုက်နေမိတာရော ၊ အပြင်မှာပေနေတဲ့ ရွှံ့တွေကြောင့်ရောပဲ။ ပုံးအသေးလေးကိုတော့ ကျွန်တော်ထပ် မတိုက်မိတော့ဘူး။ ငရုတ်ဆီပုံးမှန်း သိနေပြီလေ။  . . . ငရုတ်ဆီကလည်း သိပ်ကောင်းတယ်။ ခုထိ အဲဒီလောက်ကောင်းတာ မတွေ့ရသလိုပဲ။ တချက် တချက် မွှေမွှေပေးရတယ်။ ပုဂ္ဂိုလ်ကြီးကတော့ သူ့လက်ထဲက ဓါးမတိုလေးနဲ့ မွှေလိုက်တာပဲ။ ငရုတ်ဆီခွက်က စတုမဓူ ဖန်ပုလင်း လေးထောင့်လေ။ ဓါးမအားရင် လက်ညှိုးလေးနဲ့ ပေါ့ . . ပြီးရင် ပြွတ်ခနဲ စုပ်လိုက်တာပဲ။ တခါတည်း မြည်းပြီးသား။ ပြီးရင် ပြောတတ်တယ် .. " ဒါလေးနဲ့ ထိန်းထားတာ " တဲ့။  . . . အတန်းထဲက မိဘချမ်းသာတဲ့ကောင် တစ်ကောင်ရှိတယ်။ ဒီကောင် အကျင့်တန်တယ်ဗျ။ ၀က်သားတုတ်ထိုးစားရင် တစ်ချောင်းကိုင်ပြီး ငရုတ်ဆီထဲနှစ်လိုက် ပြွတ်ခနဲ စုပ်လိုက် ၊ ပြန်နှစ်လိုက် ပြန်စုပ်လိုက် နဲ့ . . တစ်ချောင်းကို လေး ငါးခါ လောက်ပြွတ်ပြီးမှ စားတော်မူတတ်တယ်။ ဒီကောင်ရှိရင်တော့ ကျွန်တော်မစားတော့ဘူး။ ဒီစာမျိုးရေးနိုင်လောက်တဲ့ အထိ ခံနိုင်ရည်ရှိပေမယ့် အဲဒါမျိုး စားဖို့လောက်ထိတော့ မမှီဘူး။   . . . မုန့်စားကျောင်းပြန်တက်ပြီဆိုရင် တုတ်ထိုးသည်ကြီးလည်း မီးဖိုလေး မီးငြှိမ်းပြီး ပုံးကလေးတွေဆွဲ ပြန်တာပဲ။ တစ်ခါ တစ်လေ ကျွန်တော်တို့က အိမ်သာပြန်ထွက်ကြရင် တွေ့တာပေါ့။ သူပြန်သွားပြီဆိုတာနဲ့ ခွေးအုပ်ကြီး ရောက်ချလာရော။ ကျွန်တော်တို့ ကျောင်းနားက ခွေးအုပ်ပါပဲ။ ဗိုလ်ကောင်ကြီးရှိရင်တော့ ဆူဆူညံညံမဖြစ်ဘူး။ ဗိုလ်ကောင်ကြီးက ၀က်သားတုတ်ထိုးခုံကြီးတစ်ခုလုံးကို လှီးစင်ပျဉ်ပြားလေးကနေစပြီး လျက်တော့တာပဲ။ တုတ်ကလေးတွေတင်တဲ့နားရော ၊ အချဉ်ပုလင်းချိတ်တဲ့နားရော ၊ လက်ကိုင်ခုံရော အားလုံးပဲ။ သူအားရပြီဆိုမှ ကျန်တဲ့ကောင်တွေ လျက်ခွင့်ရတယ်။ ဗိုလ်ကောင်ကြီးမရှိတဲ့အခါဆိုရင်တော့ ပထမဆုံးလျက်ခွင့်ရဖို့ လုကြတာနဲ့ ဆူညံနေတတ်တယ်။ တုတ်ထိုးခုံနားမှာ ဖုန်တထောင်းထောင်းပဲ။  . . . တော်တော်ကြာလို့ အားလုံးရှင်းသွားပြီဆိုရင် ခုံကို ပြောင်လက်နေတာပဲ။ အဲဒီအခါကျရင် ခွေးအုပ်ထဲက အငယ်ဆုံးခွေးပိန်လေး တစ်ကောင်ရှိတယ်။ ဒီကောင်က ဘယ်တော့မှ ၀င်လျက်ခွင့်မရရှာဘူး။ အားလုံးထွက်သွားတော့မှ သူ့ခမျာ ဘေးကင်း ရန်ကင်း ခုံကြီးနားကို ကပ်ခွင့်ရတော့တယ်။ ခွေးဆယ်ကောင်လောက် ၀ိုင်းလျက်ထားတဲ့ ခုံကြီးက အနံ့တောင် တော်တော်ပျောက်သွားပုံရပါတယ်။ ငပိန်ကလေးဟာ ဟိုဟို ဒီဒီ တရှုံ့ရှုံ့လုပ်ပြီး ခုံကြီးပေါ်ခုန်တက်လို့ ခွေအိပ်တော့တာပဲ။ အိပ်မက်ထဲမှာ ၀က်သားတွေ အ၀စားမယ် အားခဲပုံနဲ့။   . . . ကျွန်တော် စိတ်ဝင်စားလို့ စောင့်ကြည့်မိတယ်။ တုတ်ထိုးသည်ကြီး ဘယ်လို ဆိုင်ခင်းသလဲလို့။ . . ဒီလိုပဲ . . ပကာသနတွေ မပါဘူး။ ပုဆိုးစုတ်လေးနဲ့ လေးငါးချက် ခါပြီးရင် ရပြီပဲ။ သန့်ပြီးသား ဖြစ်နေလို့ နေမှာပေါ့။ ပြီးရင် " ဒါလေးနဲ့ ထိန်းထားတာ " ဆိုတဲ့ ငရုတ်ဆီပုလင်းကြီး နှစ်ပုလင်း ဂလောက်ကနဲ ချိတ်လိုက်တာပဲ။ စတင် သုံးဆောင်နိုင်ပါပြီ ပဲ။  . . . ကဲ . . ဒီနေ့ကို ပြန်လာရအောင်။ ခုတော့ ကျောင်းထဲမှာ တုတ်ထိုးသည်ကြီး မရှိတော့ဘူး။ ခုံလည်း မတွေ့တော့ဘူး။ ခွေးအုပ်ထဲက အငယ်ဆုံး ငပိန်လေးတောင် သေလောက်ပြီ။ ကျွန်တော်တော့ လွမ်းလို့။ မြို့ထဲမှာ သပ်သပ်ရပ်ရပ်နဲ့ ရန်ကုန်စတိုင် တုတ်ထိုးဆိုင်တွေ ရှိနေပြီ။ တစ်ခါတစ်ခါသွားစားလည်း ငယ်ငယ်ကပုဂ္ဂိုလ်ကြီးရဲ့ အရသာနဲ့တော့ ကွာတယ်ဗျာ။ နံသာ နဲ့ အီး ပဲ။ ( ဘယ်ဟာ အီးလည်းတော့ မသေချာဘူးပေါ့ဗျာ ) ။ ထိန်းထားတာလေးတွေ မရှိလို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့လေ။  . . . မြို့ကြီးကလည်း တော်တော်ပြောင်းသွားပြီ ခင်ဗျ။ ခေတ်မီသူတိုင်း ကားစီးကြသည် ဖြစ်ကုန်ပြီ။ အရင်က လက်မှတ်ရဖို့မလွယ်တဲ့ ရန်ကုန်သဘောင်္ကြီးတွေတောင် ခြောက်ကပ်လို့။ မြစ်ကမ်းတစ်လျှောက် အိမ်သာတွေလည်း မရှိတော့ဘူး။ ပလုံသံ ပလွမ်သံ လေးတွေလည်း ကြားချင်လို့တောင် မကြားရတော့ဘူးလေ။ လွမ်းစရာကို ဖြစ်လို့။ ငါး ပုစွန်တွေလည်း ပစ္စည်းပဲ ပေါမယ် ၊ ဈေးမပေါတော့ဘူး။   . . . အချိန်နဲ့ အတူပြောင်းသွားတာတွေ အများစုက ကောင်းတာတွေပဲ ဖြစ်မှာပါ။ ဒါပေမယ့် လူတိုင်းက ကောင်းတာတွေချည်းပဲ ကြိုက်လိမ့်မယ်လို့တော့ မသေချာဘူးထင်တယ်နော်။ ကျွန်တော်ဆို ခုတောင် စာရေးရင်း သွားရည်ကျလို့ . . . ။  (ယက္ခ) ရဲကြီး ။  ၂၈ ၊ ဂျွန် ၊ ၂၀၁၄ ။ https://www.facebook.com/yekkha.yejee https://www.facebook.com/yekkha.yegyii.fanpage http://yekkhayejee.blogspot.com/
. . . ငယ်ငယ်ကပေါ့ဗျာ။ အလယ်တန်းကျောင်းသား ၊ ၅ တန်း ၆ တန်း လောက်။ ကျွန်တော် မြစ်ဝကျွန်းပေါ်က နယ်မြို့တစ်မြို့မှာ ကျောင်းတက်ရတယ်။ မြို့က social & education level နိမ့်ကျတယ်။ ဗမာများတယ်။ လူနေ အလွန် သိပ်သည်းတယ်။ အထက ၁ ကျောင်းကြီးဟာ တော်တော်ကြီးကို ကြီးတယ်။ ကျောင်းသားဦးရေလည်း များတယ်။ ကျွန်တော်လည်း အဲဒီထဲက တစ်ယောက်ဖြစ်ဘူးတယ်။
. . . လွယ်လွယ်ပြောရရင် မြို့ရဲ့ အနေအထိုင်က တော်တော် ညစ်ပတ်တယ်။ မြို့ကြီးပါပဲ . . စီးပွားရေးလည်းကောင်းတယ် ၊ ဒါပေမယ့် မြို့မဆန်ဘူး။ ကားဆို မီးသတ်ကားပဲရှိတယ်။ ဆိုင်ကယ် ၂ စီး . . ဒါမျိုး ။ ရေလမ်းပဲ အားကိုးရာ။ ရန်ကုန်ကနေဆိုလည်း သဘောင်္နဲ့ပဲ သွားလို့ရတယ်။ မြို့ဝင်ပြီဆိုရင် မြစ်ကမ်းတစ်လျှောက် အိမ်သာတွေက တန်းစီပြီးကြိုတယ်။ အခန့်သင့်ရင် ပလုံခနဲ ၊ ပလွမ်ခနဲ လေးတွေလည်း မြင်ရကြားရတတ်တယ်။ လှိုက်လှဲစွာကြိုဆိုပါဧ။် ပေါ့လေ။ အိမ်သာအောက်က ပလုံဆိုရင် ဘေးကဗွမ်းခနဲ . . ရေပြန်ခပ်တာ။ ဒါပဲ ချိုးရေ ၊ ဒါပဲ သုံးရေ ၊ ဒါပဲ အီးကုန်းရေ လေ။ ဘေးမှာ ကလေးတွေ ရေငုပ်ပြိုင်နေကြလိမ့်ဦးမယ်။
. . . မြစ်ချောင်း နဲ့ ဒီရေက ဒေသခံတွေအတွက်တော့ က္ကစ္ဆာသယကြီးပါပဲ။ စားစရာ ပူရန်မလို။ ပိုက်ကလေး တလံလောက်ရှိရင် တစ်အိမ်လုံးငါးစားရတယ်။ သူတို့ကတော့ မုန်းလို့။ နေစရာ ဓနိ နဲ့ ဒီရေတောသစ်တွေ ကြိုက်တဲ့နေရာ ခုတ်ယူလို့ရတယ်။ ရေရှိရင် သွားစရာလမ်းဖြစ်တယ်။ လူ့ဘ၀ရဲ့ အခြေခံလိုအပ်ချက် အားလုံးလိုလိုကို ဒီရေ မြစ်ချောင်းတွေက အခမဲ့ထောက်ပံ့ပေးထားတာ။
. . . စားစရာ ငါးပုစွန်ပေါတာများ ပြောရင် ခင်ဗျားတို့ယုံပါ့မလားတောင် မသိဘူး။ မိုးဦးကျဆိုရင် ဖောင်းစီးဂဏန်းဆိုတဲ့ ဂဏန်းကောင်သေးသေးလေးတွေ သိပ်ပေါတယ်။ တစ်ကောင်နဲ့တစ်ကောင် တွယ်ပြီးရေပေါ်မှာ မျောနေတာ မြစ်ပြင်တစ်ခုလုံးနီးပါး ပြည့်တယ်ဗျာ . . တကယ်။ ရေပြင်တစ်ခုလုံး မည်းနေတာပဲ . . အဲဒီ ဂဏန်းကောင်တွေနဲ့ ပြည့်တာ။ ရေစပ်ဆင်းပြီး ခြင်းကြားတောင်းနဲ့ ဒီအတိုင်းဆယ်ယုံပဲ။ မိုးပြဲဒယ်ကြီးတွေထဲ ပစ်ထည့်ပြီး လှော်ပလိုက်ရင် မွှေးလို့။ ၀ယ်ရင် အလားကားလိုပဲ ရတယ်။
. . . အဲဒီမြို့မှာ အမဲသားမရဘူး။ ဆိတ်သား မရဘူး။ ၀က်သားကလည်း အလွန်ဆိုး။ မြင်ဘူးသမျှထဲ ရေအထိုးဆုံး ၀က်သားပါပဲ။ ရေကန်ကြီးထဲမှာ စိမ်ထားပြီးကို ရောင်းတာ။ မြို့ခံတွေက ၀က်သားသိပ်ကြိုက်ကြတယ်။ ဟင်းကောင်းပဲ။ ငါး ၊ ပုစွန် မမက်ကြဘူး။ အဆီတုံးကြီးတွေနဲ့ ၀က်သားဟင်းမှ တကယ့်ဟင်းကောင်း။
. . . ဆိုတော့ . . အထက ၁ ကျောင်းကြီးထဲမှာ ၀က်သားတုတ်ထိုးသည် ရှိတယ်။ တစ်ဦးတည်း။
အတန်းကြီးတွေ စားတာများတယ်။ အတန်းငယ်ထဲက ကြေးရေတတ်သားသမီးတွေလည်း စားကြတာပါပဲ။ ကျွန်တော်က ကြေးရေတတ်သားသမီးမဟုတ်တော့ မစားနိုင်ဘူး။ ၂ လ လောက်နေမှ တစ်ခါလောက် စားနိုင်တယ်။ ၀က်သားတုတ်ထိုးဆိုင်နားရောက်ရင် သွားရည်တွေ ပါးနှစ်ဖက်ကကျချင်လာတတ်တယ်။ တစ်ခါတစ်လေ စားနိုင်လည်း တစ်ကင် ၊ နှစ်ကင် ပါပဲ။ အဲဒီအရပ်က တုတ်ထိုး တစ်ချောင်း နှစ်ချောင်းကို တစ်ကင် နှစ်ကင် လို့ ခေါ်တတ်တယ်။
. . . တုတ်ထိုးသည် ဦးလေးကြီးရဲ့ အင်္ဂါရုပ်ကို အတိုဆုံးမြန်မြန်ပြောရရင် သောနုတ္ထိုရ် ခပ်ပိန်ပိန် ပုံမျိုး ဆိုပါတော့ဗျာ။ နှုတ်ခမ်းမွေးခပ်ကားကားနဲ့ . . သူ့နှုတ်ခမ်းမွှေးက ဖြူတချို့ နက်တချို့ပဲ။ တခါ တခါ ၀က်ဆီတွေပေနေတဲ့ လက်ကြီးနဲ့ တရုတ်သိုင်းဆရာကြီးတွေလို သပ်သပ်နေတတ်တယ်။ ပါးကတော့ ချောင် ကလောင်လို့။ အသားက အညိုရင့်ရင့်။ အင်္ကျီမပါတာ များတယ်။ ပါတဲ့အခါလည်း မ၀တ်ပဲ ပုခုံးပေါ် တင်ထားတာရယ်။ စားတဲ့လူ မရှိရင် ခုနပြောတဲ့ ၀က်ဆီပေနေတဲ့ လက်ကြီးနဲ့ သူ့ရင်ဘတ် ပိန်တာလေး တလျှောက် ဂျီး (ကြေး) တွန်း နေတတ်တယ်။ ဈာန်ဝင်လာရင် ကျောတွေ ပေါင်တွေပါ ပါလိုက်သေး။ စားမယ့်လူ လာထိုင်တော့မှ ပုခုံးပေါ်က အင်္ကျီစုတ်လေးနဲ့ ကျောတွေ ရင်တွေ ပုတ်ခါလိုက်ရင် ဂျီးဖတ် အလိပ်ကလေးတွေ ဖွားခနဲ ဖွားခနဲ လွင့်လို့ . . ။ ဒါကြောင့် စားကောင်းတာနေမှာပဲ။ ပုဆိုးက ဒူးအောက်ချပြီး ၀တ်တာ မတွေ့ဘူးဘူး။ ပူတဲ့နေ့မျိုးဆို အရောင်အဆင်းမရှိတဲ့ သူ့ပုဆိုးကို ပေါင်ခြံနှစ်ဖက်ထိရောက်အောင် ဆွဲတင်ထားလိုက်တာများ . . ချောင်နေတဲ့ ဒူးခေါင်းလုံးလေးတွေနဲ့ လျော့ရဲကျနေတဲ့ ပေါင်တံနှစ်ဖက် ထုတ်ကြွားနေသလိုလို။
. . . သူက အမြဲလို ဒူးကလေးတနှန့်နှန့်နဲ့ နေတတ်တယ်။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းတွေကို အာကောင်းကောင်းလေးနဲ့ ထ ထ ဟဲတတ်တယ်။ တစ်ခါ တစ်ခါ ဟဲတာကျယ်ရင် ဆရာမတွေက လှမ်းငေါက်ပြီးထိန်းရတာမျိုး။ ဒီပြင်တော့ စကားသိပ်မများတတ်ဘူးရယ်။ ၀က်သားလှီးတာတော့ တော်တယ်။ ပရော်ဖက်ရှင်နယ်ပဲ။ ငါးချောင်းလှီးပြီး ချထားရင် ပိုကြီးတဲ့အချောင်းရယ်လို့ ရွေးမရစေရဘူး။ ပုံစံ တူချင်မှ တူမယ် . . ငါးချောင်းလုံးမှာ ၀ယ်သူ အသာစီးရစေမယ့် အချောင်းရယ်လို့ မရှိ။ သူကတော့ ပြောပါတယ် "မင်းတို့ မငြင်းရအောင်လို့ "တဲ့။ တစ်ခါတစ်လေ ကြီးတဲ့ အဖတ်မျိုးပါလာလို့ ၀ိုင်းလုကြရင် သူက ပြုံးကြည့်နေတတ်တယ်။ ဒါကြောင့် . . သေချာတယ် . . ချော်ချွတ်ပြီး ကြီးသွားတာမျိုးတော့ လုံးဝမဟုတ်ဘူး။ သူပျင်းလာလို့ ကျွန်တော်တို့ ရန်ဖြစ်အောင် တမင်တကာ နည်းနည်းကြီးပေးလိုက်တာပဲ။
. . . စဉ်းတီတုံး မရှိဘူး။ တုတ်ထိုးခုံက လှီးစရာနေရာလေး ပါပြီးသား။ ပျဉ်ပြားကလေးပဲ။ လှီးတာများတော့ ချိုင့်နေပြီ။ ပြောင်ချောလို့ပဲ။ စားမယ့်လူလာရင် ဒီလိုပဲ လက်နဲ့ ကောက်ကိုင်ပြီး ဒီလိုပဲတင်ပြီး လှီးလိုက်တာပဲ။ လက်အိတ်တွေ ၊ ညှပ်တွေ စတဲ့ ပကာသနမျိုး လုံးဝမရှိ။ အူမကြီးခွေက ပူနေတာမျိုးများကိုင်မိရင် အာယို ဆိုပြီး ပေါင်ကြားက သူ့ပုဆိုးထဲလက်ကို ထိုးထည့်လိုက်တာပဲ။ လှီးပြီးသွားတဲ့ အခါ လှီးစင်ပျဉ်ပြားလေးပေါ်က ၀က်သားဖတ်အစအနလေးတွေနဲ့ ၀က်ဆီတွေကို သူဓါးမတိုလေးနဲ့ ခြစ် ခြစ် ချလိုက်တာများ 'ကျိ ခနဲ ကျိ ခနဲ ' . . ပြီးရင် ဓါးပြားမှာ ကပ်နေတဲ့ အကပ်အသတ်လေးတွေကို ရှေ့က အရည်သောက်ခွက်ကြီးထဲသော်လည်းကောင်း ၊ ငရုတ်ဆီချဉ်ရည် ပုလင်းထဲသော်လည်းကောင်း ပလစ် ခနဲ သပ်ချပစ်လိုက်တာ။ ဒါတွေကြောင့် စားကောင်းတာ။ တချို့ကောင်တွေဆို အဲဒီလို သပ်ချမယ့် ပလစ်ခနဲတွေကို 'ဒီကိုပေး'ဆိုပြီး သူတို့စားနေတဲ့ ကြာဇံသုပ်ပန်းကန်ထဲ ပလစ်ခိုင်းကြတာ။
. . . အရည်သောက်ခွက်ကြီး ဆိုတာက သိတဲ့အတိုင်းပဲ။ ရှေ့ချထားတဲ့ ၀က်ပြုတ်ရည် ခွက်ကြီးပေါ့။ ဇွန်း ၃ ချောင်း တပ်ထားပေးတယ်။ ဘယ်တော့မှ မလောက်ဘူးလေ။ အမြဲလုနေရတာပဲ။ ချာတိတ်တွေဆိုတာ တုတ်ထိုးတစ်ကင်စားပြီး အရည် ဇွန်း ၂၀ လောက်သောက်ချင်ကြတာမျိုး မဟုတ်လား။ သွားရည်ရော နှာရည်ရော တရွှတ်ရွှတ်နဲ့ လု လုပြီး ဆွဲရတာပဲ။ နှာရည်တပြင်တည်း ခေါ်မလား။ သွားရည်တပြင်တည်းခေါ်မလား။ ကုန်သွားလည်း ရတယ်။ သူ့နောက်မှာ ဂါလံပုံး တစ်ပုံးနဲ့ အရည် အသစ်တွေရှိတယ်။ ဒီပုံးကို ပထမဆုံးတွေ့တဲ့နေ့ကတော့ ကျွန်တော်နည်းနည်း တွန့်မိတယ်။ ဟင်းရည်ပုံးလို့ မသိပဲ ကျွန်တော်ခလုတ်တိုက်တိုက်နေမိတာရော ၊ အပြင်မှာပေနေတဲ့ ရွှံ့တွေကြောင့်ရောပဲ။ ပုံးအသေးလေးကိုတော့ ကျွန်တော်ထပ် မတိုက်မိတော့ဘူး။ ငရုတ်ဆီပုံးမှန်း သိနေပြီလေ။
. . . ငရုတ်ဆီကလည်း သိပ်ကောင်းတယ်။ ခုထိ အဲဒီလောက်ကောင်းတာ မတွေ့ရသလိုပဲ။ တချက် တချက် မွှေမွှေပေးရတယ်။ ပုဂ္ဂိုလ်ကြီးကတော့ သူ့လက်ထဲက ဓါးမတိုလေးနဲ့ မွှေလိုက်တာပဲ။ ငရုတ်ဆီခွက်က စတုမဓူ ဖန်ပုလင်း လေးထောင့်လေ။ ဓါးမအားရင် လက်ညှိုးလေးနဲ့ ပေါ့ . . ပြီးရင် ပြွတ်ခနဲ စုပ်လိုက်တာပဲ။ တခါတည်း မြည်းပြီးသား။ ပြီးရင် ပြောတတ်တယ် .. "ဒါလေးနဲ့ ထိန်းထားတာ "တဲ့။
. . . အတန်းထဲက မိဘချမ်းသာတဲ့ကောင် တစ်ကောင်ရှိတယ်။ ဒီကောင် အကျင့်တန်တယ်ဗျ။ ၀က်သားတုတ်ထိုးစားရင် တစ်ချောင်းကိုင်ပြီး ငရုတ်ဆီထဲနှစ်လိုက် ပြွတ်ခနဲ စုပ်လိုက် ၊ ပြန်နှစ်လိုက် ပြန်စုပ်လိုက် နဲ့ . . တစ်ချောင်းကို လေး ငါးခါ လောက်ပြွတ်ပြီးမှ စားတော်မူတတ်တယ်။ ဒီကောင်ရှိရင်တော့ ကျွန်တော်မစားတော့ဘူး။ ဒီစာမျိုးရေးနိုင်လောက်တဲ့ အထိ ခံနိုင်ရည်ရှိပေမယ့် အဲဒါမျိုး စားဖို့လောက်ထိတော့ မမှီဘူး။
. . . မုန့်စားကျောင်းပြန်တက်ပြီဆိုရင် တုတ်ထိုးသည်ကြီးလည်း မီးဖိုလေး မီးငြှိမ်းပြီး ပုံးကလေးတွေဆွဲ ပြန်တာပဲ။ တစ်ခါ တစ်လေ ကျွန်တော်တို့က အိမ်သာပြန်ထွက်ကြရင် တွေ့တာပေါ့။ သူပြန်သွားပြီဆိုတာနဲ့ ခွေးအုပ်ကြီး ရောက်ချလာရော။ ကျွန်တော်တို့ ကျောင်းနားက ခွေးအုပ်ပါပဲ။ ဗိုလ်ကောင်ကြီးရှိရင်တော့ ဆူဆူညံညံမဖြစ်ဘူး။ ဗိုလ်ကောင်ကြီးက ၀က်သားတုတ်ထိုးခုံကြီးတစ်ခုလုံးကို လှီးစင်ပျဉ်ပြားလေးကနေစပြီး လျက်တော့တာပဲ။ တုတ်ကလေးတွေတင်တဲ့နားရော ၊ အချဉ်ပုလင်းချိတ်တဲ့နားရော ၊ လက်ကိုင်ခုံရော အားလုံးပဲ။ သူအားရပြီဆိုမှ ကျန်တဲ့ကောင်တွေ လျက်ခွင့်ရတယ်။ ဗိုလ်ကောင်ကြီးမရှိတဲ့အခါဆိုရင်တော့ ပထမဆုံးလျက်ခွင့်ရဖို့ လုကြတာနဲ့ ဆူညံနေတတ်တယ်။ တုတ်ထိုးခုံနားမှာ ဖုန်တထောင်းထောင်းပဲ။
. . . တော်တော်ကြာလို့ အားလုံးရှင်းသွားပြီဆိုရင် ခုံကို ပြောင်လက်နေတာပဲ။ အဲဒီအခါကျရင် ခွေးအုပ်ထဲက အငယ်ဆုံးခွေးပိန်လေး တစ်ကောင်ရှိတယ်။ ဒီကောင်က ဘယ်တော့မှ ၀င်လျက်ခွင့်မရရှာဘူး။ အားလုံးထွက်သွားတော့မှ သူ့ခမျာ ဘေးကင်း ရန်ကင်း ခုံကြီးနားကို ကပ်ခွင့်ရတော့တယ်။ ခွေးဆယ်ကောင်လောက် ၀ိုင်းလျက်ထားတဲ့ ခုံကြီးက အနံ့တောင် တော်တော်ပျောက်သွားပုံရပါတယ်။ ငပိန်ကလေးဟာ ဟိုဟို ဒီဒီ တရှုံ့ရှုံ့လုပ်ပြီး ခုံကြီးပေါ်ခုန်တက်လို့ ခွေအိပ်တော့တာပဲ။ အိပ်မက်ထဲမှာ ၀က်သားတွေ အ၀စားမယ် အားခဲပုံနဲ့။
. . . ကျွန်တော် စိတ်ဝင်စားလို့ စောင့်ကြည့်မိတယ်။ တုတ်ထိုးသည်ကြီး ဘယ်လို ဆိုင်ခင်းသလဲလို့။ . . ဒီလိုပဲ . . ပကာသနတွေ မပါဘူး။ ပုဆိုးစုတ်လေးနဲ့ လေးငါးချက် ခါပြီးရင် ရပြီပဲ။ သန့်ပြီးသား ဖြစ်နေလို့ နေမှာပေါ့။ ပြီးရင် "ဒါလေးနဲ့ ထိန်းထားတာ "ဆိုတဲ့ ငရုတ်ဆီပုလင်းကြီး နှစ်ပုလင်း ဂလောက်ကနဲ ချိတ်လိုက်တာပဲ။ စတင် သုံးဆောင်နိုင်ပါပြီ ပဲ။
. . . ကဲ . . ဒီနေ့ကို ပြန်လာရအောင်။ ခုတော့ ကျောင်းထဲမှာ တုတ်ထိုးသည်ကြီး မရှိတော့ဘူး။ ခုံလည်း မတွေ့တော့ဘူး။ ခွေးအုပ်ထဲက အငယ်ဆုံး ငပိန်လေးတောင် သေလောက်ပြီ။ ကျွန်တော်တော့ လွမ်းလို့။ မြို့ထဲမှာ သပ်သပ်ရပ်ရပ်နဲ့ ရန်ကုန်စတိုင် တုတ်ထိုးဆိုင်တွေ ရှိနေပြီ။ တစ်ခါတစ်ခါသွားစားလည်း ငယ်ငယ်ကပုဂ္ဂိုလ်ကြီးရဲ့ အရသာနဲ့တော့ ကွာတယ်ဗျာ။ နံသာ နဲ့ အီး ပဲ။ ( ဘယ်ဟာ အီးလည်းတော့ မသေချာဘူးပေါ့ဗျာ ) ။ ထိန်းထားတာလေးတွေ မရှိလို့လည်း ဖြစ်ကောင်းဖြစ်မှာပေါ့လေ။
. . . မြို့ကြီးကလည်း တော်တော်ပြောင်းသွားပြီ ခင်ဗျ။ ခေတ်မီသူတိုင်း ကားစီးကြသည် ဖြစ်ကုန်ပြီ။ အရင်က လက်မှတ်ရဖို့မလွယ်တဲ့ ရန်ကုန်သဘောင်္ကြီးတွေတောင် ခြောက်ကပ်လို့။ မြစ်ကမ်းတစ်လျှောက် အိမ်သာတွေလည်း မရှိတော့ဘူး။ ပလုံသံ ပလွမ်သံ လေးတွေလည်း ကြားချင်လို့တောင် မကြားရတော့ဘူးလေ။ လွမ်းစရာကို ဖြစ်လို့။ ငါး ပုစွန်တွေလည်း ပစ္စည်းပဲ ပေါမယ် ၊ ဈေးမပေါတော့ဘူး။
. . . အချိန်နဲ့ အတူပြောင်းသွားတာတွေ အများစုက ကောင်းတာတွေပဲ ဖြစ်မှာပါ။ ဒါပေမယ့် လူတိုင်းက ကောင်းတာတွေချည်းပဲ ကြိုက်လိမ့်မယ်လို့တော့ မသေချာဘူးထင်တယ်နော်။ ကျွန်တော်ဆို ခုတောင် စာရေးရင်း သွားရည်ကျလို့ . . . ။
(ယက္ခ) ရဲကြီး ။
၂၈ ၊ ဂျွန် ၊ ၂၀၁၄ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
 — with Nwenwe Win and 19 others.
အန္တရာယ်ကြီးသော မူလအထိုင်များဆီသို့
$
0
0
(ပါဝါကော်ရစ်ဒါမှ ငေးကြည့်နေရသူ တစ်ယောက်၏ စိုးရိမ်သောကများ)
(ကျော်ဝင်း)
-----------------------------------------------------------------------------------------------------------------------------
စကားပလ္လင်
မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သည်များကိုရေးတိုင်း၊ စာရေးသူအနေနှင့် “ဘေးမှ ရပ်ကြည့်သူတစ်ယောက် ၏ …” အစချီသော ဒုတိယခေါင်းစဉ်ကို တပ်ခဲ့ဘူးပါသည်။ ယခု ပါဝါ ကော်ရစ်ဒါပေါ်ရောက်သွားရာ၊ မြင်ကွင်းကို ပို၍ နီး နီး ကပ်ကပ် မြင်ခွင့်ရသလိုရှိသည်။ တစ်ပြိုင်နက်တည်း စိုးရိမ်မကင်းဖြစ်စရာတွေလည်း ပိုများလာသည်။ သို့တစေ.. စာ ရေးသူမှာ ဘာမှ မတတ်နိုင် ။ ငေးလို့သာကြည့်နေရသည်။ “ ပါဝါကော်ရစ်ဒါ မှငေးကြည့်နေရသူတစ်ယောက်၏ စိုးရိမ် သောကများ” ဆိုပါစို့..။
--------------------------------------------------------------------------------------------------------------------------
အရေးကြီးသည့်ချိန်ခွင်လျှာ
သုံးနှစ်ကျော်သက်တမ်းထဲသို့ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သော မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ တာ ထွက်ခါစ ကနဦးနှစ်များကလို ညင်သာသိမ်မွေ့မှု သိပ်မရှိလှတော့….။ ၂၀၁၃ ကုန်ခါနီးလောက်မှစ၍ အလှုပ်အရမ်း တွေများလာရာ၊ ယခု ၂၀၁၄ ခုနှစ်လည်တွင် လှုပ်ရုံ ရမ်းယုံသာမက အန္တရာယ်လမ်းသို့ပင် ဦးတည်မိသလိုရှိလာချေပြီ။ ဥပမာ စကားနှင့်တင်စားဆိုရလျှင်၊ လွန်ခဲ့သော သုံးနှစ်ကျော်က မနည်းကုပ်ကပ်တက်ခဲ့ရသော ချောက်ကမ်းပါးကြီးဆီသို့ ဦးတည် ပြေးနေသည့် ဘတ်စ်ကားကြီးတစ်စီးလိုဖြစ်နေသည်။ ဘတ်(စ)ကားအိုကြီးမှာ အင်ဂျင်ကဒေါင်းနေရသည့်အထဲ ဘရိတ် ကမမိ။ ဒရိုင်ဘာနှင့် စပယ်ယာတို့ အချင်းများလို့ကောင်းနေစဉ်မှာပင်၊ လိုက်ပါလာကြသော ခရီးသည်တွေက အချင်းချင်း ရန်ဖြစ်နေကြသည်။ သို့တိုင်အောင် ‘ စပိ’ ကမလျှော့ ။ သည်လိုနှင့် ချောက်ကမ်းပါးကြီးနှင့် နီးသထက်နီးလာချေပြီ။ ဘုရား…ဘုရား ။
ဇတ်၏အစမှာ အခြေခံဥပဒေ ဟုဆိုရမလိုရှိသည်။ ပြောရလျှင်၊ ဤကိစ္စမတိုင်မီကပင် စိန်ခေါ်ချက်တွေက မနည်းမနော။ ရခိုင်အရေး ၊ လက်ပံတောင်းအရေး..အရေး…အရေး…။ အခြေခံဥပဒေ.. သစ်ရေးလား- ပြင်ရေးလား တွင် အရှိန်တက်လာသည်။ ပြင်ရေးက အသာစီးရတော့ ၂၅% ကိစ္စထိပ်တက်လာသည်။ နောက် ၅၉(စ) ….။ နောက်ဆုံး ၄၃၆ တွင်အမြင့်ဆုံး စခန်းဆင့်သို့ ရောက်လာလေတော့သည်။
စာရေးသူအနေနှင့်မူ ၂၀၀၈ အခြေခံဥပဒေကို ယခင်အစိုးရ၏ “ ထွက်ပေါက်မဟာဗျူဟာ” (Exit strategy) အဖြစ်ကြည့်မြင်လိုသည်။ အပြောင်းအလဲ အတွက်လမ်းဖွင့်ပေးသော “ လှုပ်ရှားခွင်” ( Space ) များပါသလို၊ စိုးရိမ်သော ကများမှလာသော “ အကန့်အသတ်” ( Limit ) တွေလည်းရှိသည်။ အဆိုပါ Space နှင့် Limit များ ချိန်ခွင်လျှာမျှထား နိုင်ခြင်းကြောင့်ပင်၊ ရာစုဝက်မျှ နိုင်ငံတော် အာဏာထိန်းချုပ်ထားခဲ့သော တပ်မတော်ကိုယ်တိုင်က အပြောင်းအလဲကို လက်ခံလိုက်ပါခဲ့ခြင်းဖြစ်သည်။ ရေရှည်တွင် စိုးရိမ်မှုများကို လျှော့ချနိုင်သည်နှင့်အမျှ Limit များနည်းပြီး Space များ ကျယ်လာနိုင်စရာရှိပါလိမ့်မည်။ ဤအလားအလာကိုချိန်ရွယ်ပြီး မဟာဗျူဟာ ချမှတ်ဆောင်ရွက်ဖို့လိုလိမ့်မည်ဟုသဘော ရသည်။ ယခုလိုစိုးရိမ်မှုများ ထိပ်တက်နေဆဲ အချိန်မျိုးတွင်၊ ချိန်ခွင်လျှာပျက်သွားပါက အပြောင်းအလဲအတွက် အန္တ ရာယ်ကြီးသည်ဟုမြင်သည်။ အခြေခံဥပဒေ အခန်း (၁၁) ၊ ပုဒ်မ ၄၁၇ ကိုသတိပြုကြဖို့လိုမည်ထင်ပါသည်။
သတိပြုရမည့်အကန့်အသတ်
နိုင်ငံတကာအတွေ့အကြုံများအရ၊ ဒီမိုကရေစီအပြောင်းအလဲတွင် ရွေးချယ်စရာလမ်းနှစ်သွယ်ရှိသည်။ ပူးပေါင်း ဆောင်ရွက်ရေးလမ်းကြောင်းနှင့် ထိတ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်း ။ အပြောင်းအလဲကို အေးအေးငြောင်းငြောင်းဖြတ် သန်းနိုင်ခဲ့သည့် နိုင်ငံအားလုံးလောက်ပင် ပထမလမ်းကြောင်းကိုရွေးခဲ့ကြပါသည်။ ဒုတိယလမ်းကြောင်းကား အန္တရာယ် လမ်း…။ မကြာသေးမှီကပင် အီဂျစ်က သင်ခန်းစာပေးခဲ့သည်။ ယခု-ထိုင်း…..။ သို့တိုင်အောင် မင်္ဂလာလမ်းဟုဆိုရမည့် “ ပူးပေါင်းဆောင်ရွက်ရေး” လမ်းပွင့်ဖို့ဆိုလျှင်စေ့စပ်ညှိနှိုင်းအဖြေရှာကြဖို့လိုပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လေးပွင့်ဆိုင်ဆွေးနွေးဖို့ တရားဝင်တောင်းဆိုခဲ့သည်။ ဖြစ်မလာ…။ သမ္မတနှင့် တော့ တွေ့ခွင့်ရသည်။ ပြေလည်ဟန်မရှိပါ။ သည်တွင်မူလအထိုင်သို့ ပြန်သွားတော့သည်။ အာဏာမဲ့အတိုက်အခံ ဘဝတွင် လူထုအားနှင့် နိုင်ငံတကာသာအားကိုးဖို့ရှိလေရာ၊ သူမရွေးချယ်မှုကို တစ်ဘက်သတ်အပြစ်တင်ဖို့ခက်ပါသည်။ သို့တစေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာ ယခုအချိန်ထိ “ လွှတ်တော်လမ်းကြောင်းမှ ပြင်ရေး” ဆိုသည်တွင်သာ ခြေမြဲလက်မြဲရပ်တည်ထားဆဲဖြစ်သည်။ NLD နှင့်လက်တွဲလာသော ရှစ်ဆယ့်ရှစ်ခေါင်းဆောင် ဦးကိုကိုကြီးကလည်း “ ပေါင်းပြင်ဖို့ပါ၊ တိုက်ပြင်ဖို့မဟုတ်” ဟု အခိုင်အမာပြောထားသည်။
နိုင်ငံရေးသိပ္ပံပညာတွင်၊ ဥပဒေတွင်းလှုပ်ရှားမှုနှင့်ပတ်သက်သော “ က သုံးလုံး” ဆိုသည့်အယူအဆရှိသည်။ “ အကြောင်းအကျိုးရှိရမယ်။ အကျိုးအမြတ်ရှိရမယ်။ အကန့်အသတ်ရှိရမယ်” ဆိုသောသတ်မှတ်ချက်များဖြစ်သည်။ အ ကြောင်းအကျိုးခိုင်ရုံနှင့် မပြီး။ အကျိုးအမြတ်ရဖို့လည်း လိုပါသည်။ ဤသို့ အကျိုးအမြတ်ရဖို့ဆိုလျှင် ‘ အကန့်အသတ်’ က အရေးကြီးသည်။ သို့တစေ စစ်ဓလေ့ကဲသော မြန်မာ့နိုင်ငံရေးတွင် ‘ အကန့်အသတ်’ ကိုထိန်းနိုင်ရေးမှာ အခက်ဆုံး လည်းဖြစ်နေသည်။ အကန့်အသတ်ကျိုးလျှင် ချေမှုန်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ ( သာဓက ပြရလျှင် ၊ စာရေးသူတို့ ကျောင်းသားဘဝက ကြုံခဲ့ရသော ‘ ၁၉၇၄ ဦးသန့်အရေးအခင်း’ ။ စာရေးသူလူလားမြောက်မှ ကြုံခဲ့ရသော ၁၉၉၀ အာ ဏာဖီဆန်ရေးလှုပ်ရှားမှု…။) ထို့ထက်၊ အကန့်အသတ်မကျိုးကျိုးအောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့ကြမည့် အစွန်းရောက် အင်အားစုများရှိနေသည်ကိုလည်း သတိချပ်ဖို့လိုပါလိမ့်မည်။
တင်းလွန်းလျှင်ပြတ်
တစ်ခုတော့ရှိသည်။ တစ်ဘက်ဘက်က လိုအပ်သည်ထက်တင်းမာနေလျှင်လည်း အကန့်အသတ်ကျိုးတတ်ပါ သည်။ အကန့်အသတ်ကျိုးလျှင် နှစ်ဘက်လုံးရှုံးပါလိမ့်မည်။ တိုင်းပြည်၏ ကံကြမ္မာကိုပင် စတေးရဖို့ရှိသည်။ ဤအန္တ ရာယ်ဆိုးကြီးကို နှလုံးသွင်းပြီး၊ နှစ်ဘက်လုံးမှ အလေးထားစဉ်းစားပေးစေလိုသည်။
တစ်ဘက်မှ ပုဒ်မ ၄၃၆ ကိုဘာကြောင့်မပြင်လိုပါသနည်း။ ဘာတွေစိုးရိမ်မကင်းဖြစ်နေပါသနည်း။ ဤအချက် ကိုအတိုက်အခံဘက်မှ သိဖို့လိုပါသည်။ စိုးရိမ်မှုများလျော့ပါးသက်သာစေရန်၊ လိုအပ်သောကတိကဝတ်များပေးဖို့လည်း လက်မနှေးသင့်ပါ။ အလားတူ၊ တာဝန်ရှိသူများဘက်မှလည်း ‘ မလျှော့မတင်း ၊ စောင်းကြိုးညှင်း’ ဖြစ်ဖို့လိုပါလိမ့်မည်။ စာ ရေးသူအနေနှင့်ဆိုရလျှင်၊ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်ပါဝင်မှုကို အချိန်ကာလတစ်ခုထိ လက်ခံနိုင်ပါသည်။ ပဋိ ပက္ခများ အနှံ့အပြားသဘောဆောင်သောအဖွဲ့အစည်းများတွင် မလွဲမရှောင်သာကျင့်သုံးရသော ‘ ဗီတို’ သဘောဟုမြင် ပါသည်။ ( ဥပမာ ကုလသမဂ္ဂ၊ အမေရိက မှ သမ္မတ၏ ဗီတိုအာဏာ) ။ သို့တစေ နိုင်ငံတကာကျင့်ထုံးများအရ သုံးပုံနှစ်ပုံမဲ ဆန္ဒဖြင့် ဗီတိုကိုကျော်ခွင့်ပေးရစမြဲဖြစ်ပါသည်။ ၄၃၆ ကိုတည်ဆဲအတိုင်းတင်းခံနေလျှင်၊ အကန့်အသတ် ကျိုးနိုင်သည့် အန္တရာယ်ရှိသည်။
သမ္မတကြီး မကြာခဏဆိုသလို ညွှန်းဆိုလေ့ရှိသော ‘ ယဉ်ကျေးမှု သစ်’ ထွန်းကားစေရေးအတွက် စေ့စပ်ညှိနှိုင်းရေးတံခါးကို ဖွင့်ပေးဖို့လိုပါလိမ့်မည်။ ဤသို့မဟုတ်ဘဲ၊ မူလအထိုင်များသို့ပြန်သွားလျှင် သမ္မတကြီးမဖြစ် စေချင်သော ‘ ယဉ်ကျေးမှုဟောင်း’ ထဲသို့ပြန်ရောက်သွားပါလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင်၊ ဤသို့သော အရိပ်လက္ခ ဏာ အချို့ကိုတွေ့သလောက် တွေ့နေရရာ အမှန်ပင်စိုးရိမ်မိသည်။ ဥပမာ သန္တိသုခ အရေးကိုင်တွယ် ပုံမျိုး…။ ယခုလော လောဆယ် ရခိုင်ပြည်နယ်မှတင်းမာမှု….။
ဈေးဆစ် တိုကင်
၄၃၆ ကိစ္စ အရှိန်တက်နေဆဲမှာပင်၊ တစ်ကျော့ ပြန် PR ( အချိုးကျ ကိုယ်စားပြုစနစ် ) ကထိပ်တက်လာ သည်။ အမှန်စင်စစ် PR ကိုတင်ခဲ့သည်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးခါစ ကတည်းကဖြစ်သည်။ ထိုစဉ်ကတော့ အာဏာရ USDP မှာ စိတ်ဝင်စားဟန်မရှိပါ။ တပ်မတော်ကမူ ထိုစဉ်ကရော ယခုထိပါ ခံတွင်းတွေ့ဟန်မရှိ ။ စာရေးသူ ကိုယ်တိုင်သည်လည်း ထိုစဉ်ကာလက PR ကိုဘဝင်မကျလှပါ။ PR နှင့်ဆိုလျှင် ခိုင်မာအားကောင်းသော အစိုးရဖြစ်ဖို့ ခက်နိုင်၍၊ အပြောင်းအလဲနှေးကွေးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။ သို့တစေ၊ ယခုလို အပြန်အလှန်မယုံ ကြည်မှုနှင့် ထိပ်တိုက်တိုးနိုင်မှုများသည်းသန်ပြင်းထန်လာသော အခြေအနေသစ်တွင်မူ၊ PR သည်ပင် ‘ဖြေဆေး’ ဖြစ် လေမည်လား တွေးစရာရှိပါသည်။ သို့တိုင်အောင်၊ PR ကြောင့် နောက်ထပ် နိုင်ငံရေးအကျပ်အတည်း ဖြစ်နိုင်သည် ကိုကား တွေးပူမိသည်။
ယခုလောလောဆယ် ရခိုင်တွင်ကြုံနေရသော၊ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေးမှာလည်း အခြေခံဥပဒေနှင့် ဆက်စပ်နေသည်။ ပုဒ်မ ၂၆၁ (ခ) ဖြစ်သည်။ တိုင်းရင်းသားပါတီများက သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင် ရာပြည်နယ်လွှတ်တော်မှ ခန့်အပ်လိုသည့် ဆန္ဒရှိသည်။ သို့နှင့်တိုင် အဆိုပါပုဒ်မအရ သမ္မတက ခန့်ရမည်ဖြစ်သည်။ ( အ မှန်တော့ ကြားအဖြေရှိနှိုင်ပါသည်။ “ လွှတ်တော်က ဝန်ကြီးချုပ်လောင်း သုံးဦးရွေး ၊ သမ္မတက နှစ်သက်သူတစ်ယောက် ကိုခန့် - ဆိုသည်မျိုး ) လူမျိုးစုပြဿနာနှင့်ဆက်စပ်နေသော ဇယား ၁ ၊ ၂ ၊ ၃ နှင့် ၅ တို့မှာ အခြေခံဥပဒေပြင်ဆင်ရေး တွင် အလားအလာ ကောင်းလိမ့်မည်ဟု မှန်းဆရသော်လည်း၊ ဆိုခဲ့ပါ ပုဒ်မမှာ အဖုအထစ်ဖြစ်နိုင်ပါသည်။ ယခုပင် ရခိုင် တွင်ကြုံနေရပြီ။
ထားတော့ ၊ နှစ်ဘက် ဘာတွေကွဲလွဲနေကြပါသနည်း။ ပွင့်ပွင့်လင်းလင်းစာရင်းချကြည့်ဖို့ လိုပြီထင်ပါသည်။ NLD ၏လိုလားချက်မှာ ၅၉(စ) နှင့် ၄၃၆ ပြင်ရေး ။ တိုင်းရင်းသားပါတီများက ၂၆၁ (ခ) ။ အာဏာရပါတီက PR ။ တပ် မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု ။ အလွန်သဘာဝကျသော ကွဲလွဲမှုများဟု မြင်ပါသည်။ ဤကွဲလွဲချက်များကို မလျှော့တမ်း တင်းခံနေကြလျှင် တိုင်းပြည်နာဖို့ပဲ ရှိပါလိမ့်မည်။ ‘ ရန်ဖြစ်တိုကင်’ ( Quarrelling Chip ) အဖြစ် သဘော မထားဘဲ ‘ ဈေးဆစ် တိုကင်’ ( Bargaining Chip ) အဖြစ် အသုံးပြုကြလျှင်ကော….။ ဥပမာ PR နှင့် ၅၉ (စ) ..။ အမျိုး သားနိုင်ငံရေး ဦးဆောင်မှုနှင့် ၄၃၆ … စသဖြင့်၊ အလဲအထပ် လုပ်ကြည့်လျှင် အဖြေမထွက်နှိုင်ပါသလော…။ အမျိုးသား ရေးအင်အားစုအချင်းချင်း ‘ သမီးပေး သမက်ရ’ ဖြစ်စေချင်သည်။ သို့မှသာ ရိုမီယို - ဂျူးလိယက်လို အလွမ်းဇတ်တွေ ဝေးပါလိမ့်မည်။ ကျွနုပ်တို့ ဘတ်(စ) ကားကြီးကား ချောက်ကမ်းပါးကြီး ဆီသို့ဦးတည်ပြေးနေချေပြီ ။ အမြန်ဆုံး ‘ စပိချ’ ဖို့ အရေးကြီးသည်။ အချိန်ဆွဲမနေကြပါနှင့်တော့…..။ 
ကျော်ဝင်း
၂၇ ၊ ဇွန် ၊ ၂၀၁၄ ။
လေးစားဂုဏ်ယူအပ်သော “ရဲဘော်စိတ်”
$
0
0
၂၀၀၈ နှစ်ကုန်ပိုင်းလောက်က အာဖဂန်နစ်စတန်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တခု။
အာဖဂန်မှာ လာရောက်အမှုထမ်းဆောင်တဲ့ အမေရိကန်တပ်ဖွဲ့တခုကို  သူတို့အကြီးအကဲဖြစ်သူ ဗိုလ်မှူးချုပ်က  စစ်မြေပြင်လုံခြုံရေးတိုးမြှင့်ဆောက်ရွက်ဖို့ အမိန့်တရပ်  (သိသာအောင် လွယ်လွယ်ပြောရရင် မဲမဲမြင်တာနဲ့ပစ်) ထုတ်ပြန်လိုက်ပြီးတဲ့အချိန်မှာ  အဲ့ဒီတပ်ဖွဲ့က ဒုတပ်ကြပ်တဦး မှားယွင်းပစ်ခတ်မှုကြောင့်   ဆိတ်ကျောင်းသား ကလေးငယ်တဦး နဲ့ ဆိတ် ၂ ကောင် သေဆုံးသွားပါသတဲ့။
ဆိတ်ကျောင်းသား ကလေးငယ်က အသက် ၇ နှစ်အရွယ်သာသာလေး။ ကလေးငယ်သေဆုံးသွားတဲ့အခါ  ရွာသားတွေက ကလေးငယ်ရဲ့ အလောင်းကို ယူလာပြီး တပ်စခန်းမှာ လာတိုင်ကြားကြတယ်။ အမေရိကန် စစ်သားတွေဟာ အပြစ်မဲ့တဲ့ သူတို့ရွာသားတွေကို ဒီလိုပဲ ပစ်ခတ်သတ်ဖြတ်လေ့ရှိတယ်လို့လည်း တိုင်ချက် ဖွင့်ဆိုကြတယ်။ အမှုသွား အမှုလာအရဆိုရင် ပစ်ခတ်မိတဲ့ ဒုတပ်ကြပ်ဟာ အပြစ်ကနေ ဘယ်လိုမှ ရှောင်လွဲမရနိုင်တဲ့ အခြေအနေရောက်နေပါပြီ။
မှားယွင်းပစ်ခတ်မိတယ်ဆိုတာက ကလေးငယ်ရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ အရောင်လက်လက် သတ္တုပြား လေးကို အဝေးကနေ လှမ်းမြင်ရတော့ မသင်္ကာစရာ ဖြစ်ရာကနေ ပစ်ခတ်မိလျက်သား ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့ဘက်က ဘယ်လိုပဲ ထုချေတင်ပြချက်တင်တင် အပြစ်ဒဏ် ခံရမယ့်ကိန်း ဆိုက်နေတာပါ။
ပြစ်မှုကျူးလွန်လိုက်တဲ့  ဒုတပ်ကြပ်ဟာ စစ်သက် (၉) နှစ်ပါးရှိပြီးဖြစ်တဲ့  ကလေးတယောက်ဖခင် အိမ်ထောင်သည်။ သူဟာ  စစ်သားဘဝကို ခုံမင်နှစ်သက်သူတဦးဖြစ်တဲ့အပြင်  တပ်ပျော်စစ်သည်အဖြစ် နှစ်ပေါင်း ၂၀ လောက် တာဝန်ထမ်းဆောင်ပြီးမှ အငြိမ်းစားယူဖို့ ရည်မှန်းထားသူ။ အဲ့ဒီအကြောင်းကို သူနဲ့ နီးစပ်ခင်မင်တဲ့ အရာရှိငယ်တဦးက သိထားတယ်။ အဲ့ဒီအရာရှိငယ်ဟာ လူပျိုစစ်မှုထမ်း (သူက ၅ နှစ် စာချုပ်သက်တမ်း ပြည့်ချိန်ကျရင်  အပြင်ထွက် အရပ်သားအလုပ်လုပ်ပြီး အေးအေးချမ်းချမ်းနေချင်သူ) အဲဒီမှာ  ဒုတပ်ကြပ် ခံရမယ့်ပြစ်ဒဏ်ကို အရာရှိငယ်က လွှဲပြောင်းခံယူဖို့ ကြိုးစားလိုက်တယ်။
အထက်ကလာတဲ့ အမိန့်စာကို ပတ်ခတ်မှုဖြစ်ပွားတဲ့ ဒုတပ်ကြပ်ရဲ့လက်ထဲကို သူကိုယ်တိုင် ထည့်လိုက်မိပါတယ် လို့  အရာရှိငယ်က အစီရင်ခံစာတင်သွင်းလိုက်တော့  ပစ်ခတ်မှုမှာ တာဝန်အရှိဆုံးလူဟာ အဆိုပါ အရာရှိငယ် ဖြစ်သွားခဲ့တယ်။  ပြစ်ဒဏ်ကတော့  တပ်မှာနေသမျှကာလပတ်လုံး  လက်ရှိရာထူးကနေ မတက်စေရ ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျနော်တို့ဆီမှာ  အမှုထမ်းသက်လျှော့ချခံရတဲ့ ပြစ်ဒဏ်မျိုးနဲ့ ခပ်ဆင်ဆင် တူမယ် ထင်ပါတယ်။
သာမန်စဉ်းစားကြည့်လိုက်ရင် အဲ့ဒီဖြစ်ရပ်မှာ အရာရှိငယ်အနေနဲ့ တပ်ကထွက်ဖို့ရည်ရွယ်ထားလို့သာ  ခရီးသွားဟန်လွှဲသဘော ကူညီလိုက်တာပဲလို့ တွေးနိုင်ပါတယ်။ သို့သော်လည်း ကိုယ်နဲ့ခင်မင်ရင်းနှီး သံယောဇဉ်တွယ်ရသူ တဦးအပေါ်မှာ ငွေကြေး၊ပစ္စည်း ဥစ္စာတချို့ မျှဝေကူညီဖို့ ဝန်မလေးတတ်သော်လည်း ဘဝနဲ့ရင်းပြီး အကူအညီပေးဖို့ ဝန်လေးတတ်တဲ့ လူ့သဘာဝအရ  လူတိုင်းလုပ်ဖို့ ခဲယဉ်းတဲ့ လုပ်ရပ်တခု အနေနဲ့လည်း တွေးကြည့်နိုင်ပါတယ်။  ကိုယ်ရေးရာဇဝင် ပြန်လှန်လိုက်တိုင်း သူ့ဘဝမှာ အမဲစက်အဖြစ် တင်ကျန်နေမဲ့ လုပ်ရပ်မို့လား။ အမေရိကန်စစ်စစ် ဒုတပ်ကြပ်တဦးအပေါ် ကျရောက်လာမယ့် အပြစ်ကို ကိုယ်စားဝင်ခံလိုက်တဲ့ အရာရှိငယ်ဟာ  မြန်မာပြည်ဖွား (မြန်မာလူမျိုး) အမေရိကန် နိုင်ငံသား စစ်မှုထမ်းဖြစ်နေတော့ ကျနော့်စိတ်ထဲ ပိုပြီး ထိထိခိုက်ခိုက် ဖြစ်သွားရတယ်။ ဂုဏ်လည်းယူမိတယ်။
ဒီလို ကိုယ်ကျိုးမငဲ့အနစ်နာခံ စွန့်လွှတ်စွန့်စားစိတ် ရှိသူတွေဟာ  စစ်ဘက်မှာသာမက အရပ်ဘက်အဖွဲ့အစည်း တွေမှာလည်း ရှိပါတယ်။ မိမိမဟုတ်တဲ့ အခြားသူ တဦးတယောက်အတွက်ကစ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း၊ နိုင်ငံနဲ့လူမျိုးအတွက် အနစ်နာခံတတ်သူတွေရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ဟာ ဂုဏ်ယူနှစ်လိုဖွယ် ကောင်းပြီး အသိအမှတ်ပြုထိုက်ပါတယ်။ ဒါမျိုးဟာ လူတိုင်းမှာရှိနိုင်တဲ့ စိတ်ထားနဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် အစမ်းသပ်ခံကာလတွေမှာ သိသိသာသာ မြင်တွေ့ရတတ်ပါတယ်။ တပ်မတော်မှာတော့ ဒီစိတ်ဓာတ်မျိုးကို  “ရဲဘော်စိတ်” လို့ ခေါ်တာပေါ့။ ရဲဘော်စိတ်က လူမျိုးမရွေးဘူး။ နေရာဒေသမရွေးဘူး။ ရာထူးအဆင့်အတန်း ခွဲခြားမှုမရှိဘဲ အခက်အခဲကြားမှာ ရုန်းကန်ရှင်သန်ရင်း သေအတူရှင်မကွာ တိုက်ပွဲဝင်ရင်း ဖြစ်ပေါ်လာတဲ့ မြင့်မြတ်သော တပ်ဖွဲ့ဝင်ကောင်းစိတ်ဓာတ် ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ဖြစ်ရပ်လေးနဲ့ယှဉ်ပြီး မြန်မာ့တပ်မတော်မှာ စွမ်းရည်ဆိုင်ရာ ဘွဲ့တံဆိပ် ချီးမြှင့်ခံရသူတွေ ထဲက ဖြစ်စဉ်တချို့ကို ဆက်စပ်စဉ်းစားကြည့်မိပါတယ်။
ဒီနှစ်ဆန်းပိုင်းတုန်းက သီဟသူရဘွဲ့ ချီးမြှင့်ပေးအပ်ခြင်းခံရသူ  ဒုတပ်ကြပ်အောင်သိမ်း ဟာ  တဘက်ရန်သူဆီက ပစ်လွှတ်လိုက်တဲ့ လက်ပစ်ဗုံး ပေါက်ကွဲမှုဒဏ်ကို အနီးအနားမှာ ရှိနေတဲ့ သူရဲ့လုပ်ဖော်ကိုင်ဘက် အရာရှိ အရာခံ အကြပ်တပ်သားတွေ မထိခိုက်စေဖို့  သူ့ကိုယ်လုံးနဲ့ ဖိအုပ်ပြီး အကာအကွယ်ပေးရင်း ကျဆုံးသွားတာ။ သူ့အသက် သေမယ်မှန်းသိလျက်နဲ့ အများအတွက် စွန့်လွှတ်စွန့်စား လုပ်ရပ်ကို ရဲရဲတင်းတင်းလုပ်ချလိုက်တာ။ သူ့အသက် သေမှာကြောက်လို့ မြေကြီးမှာ ပြားပြားဝပ် မှောက်ချလိုက်မယ်ဆိုရင်လဲ ဘယ်သူကမှသူ့ကို အပြစ်တင်လို့ ရမှာမဟုတ်။ လွတ်လွတ်ကျွတ်ကျွတ် ပေါက်ကွဲသွားတဲ့ ဗုံးဒဏ်ကြောင့်  သူ့အသက် လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေမဲ့ အခြားသူတွေအတွက် ထိခိုက်ပျက်စီးနိုင်မှုက မခန့်မှန်းနိုင်။ အလွန့်အလွန် တိုတောင်းလှတဲ့ စက္ကန့်ပိုင်းအချိန်လေးအတွင်းမှာ  ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ကျန်တပ်ဖွဲ့ဝင်အားလုံးရဲ့ အသက်ကို ဒုတပ်ကြပ်အောင်သိမ်း ကယ်တင်နိုင်လိုက်တယ်။ ဒီအတွက် သူနဲ့ထိုက်တန်တဲ့ သီဟသူရဘွဲ့တံဆိပ် ချီးမြှင့်ခံခဲ့ရတာလို့ မြင်မိပါတယ်။
နောက်ထပ် … ကျနော် ကြားသိခဲ့ဖူးတဲ့ ဖြစ်ရပ်လေးတခု။  မဆလခေတ်က  ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတခုမှာ အကျဉ်းအကျပ် ကျရောက်နေချိန် … တပ်ခွဲ ၁ ခုလုံး ဆုတ်ခွာဖို့အခြေအနေ ဖြစ်လာချိန်မှာ … တပ်ခွဲမှူး ဗိုလ်ကြီး ကျော်ဝင်း ဆိုသူက … နောက်ချန်တပ်ဖွဲ့ ရွေးထုတ်လိုက်တယ်။  လူပျိုလူလွတ် စစ်သည်တွေ ဦးစားပေးနေရစ်စေချင်တဲ့အကြောင်း အကြံပြုတယ်။ ပြီးတော့ တပ်စိတ်တခုသာသာ အင်အားရှိတဲ့ နောက်ချန်တပ်ဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်ကျန်ရစ်ခဲ့ပြီး ကျန်တပ်ဖွဲ့အင်အားတွေ လုံခြုံစိတ်ချစွာ ဆုတ်ခွာနိုင်ဖို့ ခုခံတိုက်ပွဲဝင်ပေးခဲ့ရင်း ဗိုလ်ကြီးကျော်ဝင်း အပါအဝင် စစ်သည်တွေ ကျဆုံးသွားခဲ့ရတယ်။ အဲဒီလို အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ တပ်မတော်သားတွေအတွက် ကျန်ရစ်သူတွေ စိတ်ထဲမှာ ဘယ်လိုခံစားကြရပါမလဲ။ သူတို့ရဲ့ တပ်ဖွဲ့ဝင်ကောင်း ပီသတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေဟာ ကျန်ရစ်သူတွေရဲ့ နှလုံးသားမှာ စွဲထင်ကျန်ရစ်မှာ သေချာပါတယ်။
ရဲဘော်စိတ်ဆိုတာ အမိန့်ပေးပြီး စေခိုင်းလို့  ရှိလာနိုင်တဲ့ အရာမဟုတ်။ ဥပဒေတရပ်အနေနဲ့ အတင်းအကျပ်ပြဌာန်း လုပ်ဆောင်စေလို့ ရတာလည်းမဟုတ်။ စစ်ကျောင်းကြီးတွေမှာ အတိအကျ သင်ကြားပေးလို့ရတဲ့ ဘာသာရပ် မဟုတ်။ ကာယကံရှင်ကိုယ်တိုင်က  လွတ်လပ်တဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ လုပ်ဖော်ကိုင်ဖက်ချင်းအပေါ် ရိုင်းပင်းကူညီခြင်း၊ လုပ်ဖော်ကိုင်ဖက်များ အတွက် စွန့်လွှတ်အနစ်နာခံခြင်း။ ဒီထက်ပိုပြီးချဲ့တွေးမယ် ဆိုရင်တော့ နိုင်ငံတော်နဲ့ပြည်သူလူထုအတွက် အမြဲတမ်း စွန့်လွှတ်စွန့်စားစိတ် ထက်သန်ပြင်းပြနေခြင်း လို့ ဆိုနိုင်မှာပါ။
ကမ္ဘာ့နေရာအနှံ့မှာ စစ်ပွဲတွေဖြစ်ကြတယ်။ စစ်ပွဲတပွဲရဲ့ တရားခြင်း မတရားခြင်း ဆိုတာ စစ်ကြေငြာတဲ့ စစ်တိုက်ဖို့ အမိန့်ပေးတဲ့ အုပ်ချုပ်သူတွေ ဖြေရှင်းရမယ့် ပြဿနာပါ။ အမိန့်အတိုင်း တိုက်ပွဲဝင်ရတဲ့ စစ်သားတွေမှာ တာဝန်မရှိဘူးလို့ ယူဆပါတယ် (တိုက်ပွဲအတွင်း ဥပဒေချိုးဖောက်တာက သပ်သပ်ပါ)။  စစ်ပွဲကို သူတို့ ဖန်တီးတာမှ မဟုတ်တာ။ စစ်တိုက်ရင်း တိုက်ပွဲအတွင်းမှာ သူရဲကောင်းတွေ ပေါ်ထွက်လာတယ်။ ဒီသူရဲကောင်းတွေရဲ့ လုပ်ရပ်ဟာ တဘက်ယှဉ်ပြိုင်ဘက် ရန်သူအပေါ် ချေမှုန်း တိုက်ခိုက်နိုင်တဲ့ အရည်အသွေးတခုတည်းအပေါ်မှာ တည်တာမဟုတ်ပါဘူး။ တိုက်ပွဲအောင်မြင်တိုင်းလည်း သူရဲကောင်း ပေါ်ထွက်တာ မဟုတ်ပါဘူး။
စစ်တိုက်တာက  စစ်သားဖြစ်တဲ့အလျောက် အမိန့်နာခံမှု  တာဝန်ကို ထမ်းရွက်တာ။ ရဲဘော်စိတ်ဆိုတာက စွန့်လွှတ်အနစ်နာခံတဲ့ တပ်မတော်သား ဝတ္တရားကို ကျင့်ဆောင်တာ။ တူသလိုလိုနဲ့ မတူ။ အမြဲတမ်းလည်း ထပ်တူမကျ။ ရဲဘော်စိတ်ပြည့်ဝသူသာ သူရဲကောင်းအဖြစ် ထိုက်တန်တာပါ။ ဒီအတွက် ချီးမြှင့်မြှောက်စား တာလည်း သဘာဝကျတယ်လို့ မြင်ပါတယ်။ စစ်ကျောင်းကြီးတွေမှာ တွေ့ရလေ့ရှိတဲ့ “ခေါင်းဆောင်တိုင်း အထက်အရာရှိဖြစ်တယ်။ အထက်အရာရှိတိုင်း ခေါင်းဆောင်မဟုတ်” ဆိုတဲ့ ဆောင်ပုဒ် အတိုင်းပဲပေါ့။ တပ်မတော်သားဖြစ်တိုင်း ရဲဘော်စိတ်ပြည့်ဝတယ်လို့ မဆိုသာ။ တပ်မတော်မှာ ခေါင်းဆောင်ပီသတဲ့ အထက်အရာရှိတွေ လိုအပ်သလို ရဲဘော်စိတ်ပြည့်ဝတဲ့ တပ်မတော်သားတွေ (အဆင့်အတန်းအားလုံး) များသထက်များဖို့  အရေးကြီးပါတယ်။ ဒီအတွက် လက်တွေ့ စံနမူနာကောင်းတွေ လိုအပ်ပါတယ်။
ဟိုတလောက  တပ်မတော်သား သစ္စာ (၄) ချက်ထဲက ဒုတိယအချက်ကို ပယ်ဖျက်ဖို့ တိုက်တွန်းတဲ့ သမ္မတရုံးဝန်ကြီးအနေနဲ့ အဲဒီ ဒုတိယသစ္စာအဓိဌာန်ကို ဘယ်လို သဘောပေါက်တယ် မပြောတတ်။ သူပြန်တောင်းပန်တဲ့ စာထဲမှာလည်း တပ်မတော်သားထုအပေါ် ရည်ညွှန်းတဲ့ အသုံးအနှုန်း မတွေ့မိပါဘူး။ ကျနော် နားလည်တာက  အဲဒီ ဒုတိယမြောက် သစ္စာအဓိဌာန်ဟာ တပ်မတော်သားတွေ တန်ဖိုးထားတဲ့ “ရဲဘော်စိတ်” နဲ့ နက်နက်ရှိုင်းရှိုင်း ယှက်နွယ်ပေါင်းစပ်နေတယ် လို့ ယုံကြည်မိပါတယ်။
ရဲဘော်စိတ်ဆိုတာ  သူတပါးအပေါ် ရန်လိုပြီး သွေးကြွနေတဲ့ စိတ်မဟုတ်။ အများအတွက် မိမိအမြတ်နိုးဆုံး အသက်နဲ့ ခန္ဓာကိုယ်ကို ပေးလှူစွန့်လွှတ်ရဲတဲ့ တပ်ဖွဲ့ဝင်ကောင်း စိတ်ဓာတ်ဖြစ်ပါတယ်။
ရဲဘော်စိတ်ပြည့်ဝသော တပ်မတော်သားများကို အစဉ်ထာဝရလေးစားလျက် ….
နေမင်းသူ
၃-၇-၂၀၁၄
တောင်အိုဆက်တီးယားစစ်ပွဲ (၂၀၀၈)(ရုရှား-ဂျော်ဂျီယာ) (အပိုင်း-၅)
$
0
0
၃၃။ သြဂုတ်လ(၁၀)ရက်နေ့တွင် ဂျော်ဂျီယာ တပ်ဖွဲ့များက တက်ခင်ဗီလီမြို့ တစ်မြို့လုံးနီးပါးကို သိမ်းပိုက်ရရှိခဲ့သော် လည်း ရုရှားတပ်ဖွဲ့များက ပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်မှုကြောင့် ဂျော်ဂျီယာတပ်ဖွဲ့များ အားလုံးသည် ယင်းနေ့ ညနေတွင် မြို့မှပြန်လည်ဆုတ်ခွာခဲ့ရသည်။ဂျော်ဂျီယာတို့၏ အမြောက်တပ်ဖွဲ့သည် လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရ သည်။ တစ်ချိန်တည်း၌ပင် ရုရှားတပ်ဖွဲ့ များ၏ပစ်ကူပေးမှုဖြင့် တောင်အိုဆက်တီး ယားတပ်ဖွဲ့သည် တက်စ်ခင်ဗီလီမြို့သို့ ပြန်လည်ချီတက်ခဲ့သည်။ဂျော်ဂျီယာ အများစု တည်ရှိသည့်နယ်မြေများမှ ဂျော်ဂျီယာတပ်ဖွဲ့များ သည်လည်း ပြင်းပြင်း ထန်ထန် တိုက်ခိုက်ခံရပြီး ဇီမိုနီကိုစီ ကျေးရွာအနီးရှိ ဂျော်ဂျီယာ တပ်ဖွဲ့ကသာ ကြိုကြားကြိုကြားတုံ့ပြန် တိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့သည်။ ၎င်းင်းတပ်များသည်လည်း မကြာမီကာလအတွင်း တိုက်ခိုက်မှုခံရသည်။ တောင်ကုန်းများရှိ ဂျော်ဂျီယာအမြောက်များက မြို့တော်ကိုပစ်ခတ်ခဲ့သည်။ သို့သော်လည်း သြဂုတ်လ ၁၁ ရက်နေ့တွင် ဂျော်ဂျီယာတပ်ဖွဲ့ အားလုံးရှင်းလင်းခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့တွင် ရုရှားတပ်ဖွဲ့များ သည် ဂျော်ဂျီယာ သို့ စတင်ချီတက်ခဲ့သည်။ တောင် အိုဆက်တီးယားမှ စွန့်ခွာခဲ့ရသော ဂျော်ဂျီယာ တပ်ဖွဲ့ဝင်များသည် ဂိုရီမြို့တွင် ပြန်လည်စုဖွဲ့ခဲ့သည်။ တက်စ်ခင်ဗီလီမြို့ တိုက်ပွဲသည် ၃ ရက် ၃ ည ကြာမြင့်ပြီး ယင်းတိုက်ပွဲတွင် ဂျော်ဂျီယာအမြောက်များသည် တိုက်ခိုက်ခံရပြီး ဂျော်ဂျီယာတပ်ဖွဲ့များသည် မြို့တော်မှ ဆုတ်ခွာခဲ့ရသည်။
၃၄။ ဂိုရီမြို့အားဗုံးကြဲတိုက်ခိုက်ခြင်း။ ဂိုရီမြို့သည် တောင်အိုဆက်တီးယားနယ်စပ်နှင့် အနီးဆုံးဖြစ်ပြီး တက်စ်ခင်ဗီလီမြို့နှင့် ၂၅ ကီလိုမီတာသာ ကွာဝေးသည်။ တောင်အိုဆက်တီးယားကို ဂျော်ဂျီယာတပ်ဖွဲ့များ တိုက်ခိုက်ရာတွင် အဓိက စုဖွဲ့ရာနေရာဖြစ်ခဲ့ပြီး ရုရှားလေတပ်၏ပြင်းပြင်း ထန်ထန်ဗုံးကြဲတိုက်ခိုက်မှုကိုခံခဲ့ရသည်။ သြဂုတ်လ ၉ ရက်နေ့တွင် ရုရှားတပ်ဖွဲ့များက ဂိုရီမြို့ရှိ ဂျော်ဂျီယာအမြောက်တပ်ဖွဲ့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ဂိုရီမြို့ရှိ ဆေးရုံကိုလည်း ရုရှား၏ ဝေဟင်မှမြေပြင်ပစ်ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်။ သြဂုတ်လ ၁၂ ရက်နေ့တွင် ရုရှားလေယာဉ်များက ဂိုရီမြို့သို့ ကလပ်စတာ ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အရပ်သား (၈)ဦး သေဆုံးခဲ့ သည်ဟုဆိုသည်။ ဂိုရီမြို့ရှိ လက်နက်ခဲယမ်း သိုလှောင်ရေးတပ် တစ်ခုအား ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခဲယမ်းများထပ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား (၆၀) ကျော် သေဆုံးခဲ့ သည်။ သြဂုတ်လ ၁၁ ရက်နေ့တွင် ၎င်းင်းဒေသမှ ပစ်ခတ်မှုတစ်စုံတစ်ရာမပြုလုပ်ဘဲ ဆုတ်ခွာခဲ့သည်။ သြဂုတ်လ ၁၃ ရက်နေ့ တွင် ရုရှားမြေပြင်တပ်ဖွဲ့များသည် ဂိုရီမြို့သို့စတင် ၀င်ရောက်ခဲ့သည်။ ရုရှားတပ်များဝင်ရောက်ချိန်တွင် ဂျော်ဂျီယာ တပ်ဖွဲ့များမြို့တွင်း၌ မရှိတော့ပေ။ ရုရှား တပ်ဖွဲ့များက ဂိုရီမြို့ကို ထိန်းချုပ် နိုင်ခဲ့ပြီးဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက်နေ့တွင်ကြေငြာခဲ့သည်။ သြဂုတ်လ ၁၅ ရက်နေ့ တွင် လူသားချင်းစာနာထောက်ထားမှု အထောက် အကူပေးအဖွဲ့များ ဂိုရီမြို့ သို့ဝင်ရောက်မှုကို ရုရှားက ခွင့်ပြုခဲ့သည်။ ကြောက်ရွံ့နေသည့် မြို့သူ မြို့သားများ အား ရုရှားတပ်ဖွဲ့များက အကူအညီပေးခြင်းမရှိဟု လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့သောကြောင့် ရုရှားတပ်ဖွဲ့အရာရှိတစ်ဦးက မိမိတို့သည် ရဲတပ်ဖွဲ့မဟုတ်ကြောင်း၊ တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် ရဲအလုပ်ကို လုပ်ဆောင်ပေး မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။
၃၅။ အက်ခါဇီးယားစစ်မျက်နှာ။ ရုရှား၏ပင်လယ်နက်ရေတပ်က ဂျော်ဂျီယာဆိပ်ကမ်း ပိတ်ဆို့ရေးအဖွဲ့ ကို သြဂုတ်လ ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ သြဂုတ်လ ၉ ရက်နေ့တွင် ရုရှား၏ ငြအဖေ့ ကော်ဗတ် စစ်ရေယာဉ်က ဂျော်ဂျီယာ ကင်းလှည့် ရေယာဉ် ၁ စီးကို နှစ်မြှုပ်ခဲ့သည်။ ၎င်းင်းတွင် ရုရှားက အက်ခါဇီးယားစစ်မျက်နှာကို လူအင်အား ၉၀၀၀ ဖြင့် ဖွင့်ခဲ့သည်။ ၎င်းင်းစစ်မျက်နှာတွင် အမှတ်(၇) နိုဗိုဂိုဆီယက်စ် လေကြောင်းချေမှုန်းရေးတပ်နှင့် အမှတ် (၇၆) မီကော့ဗ်လေကြောင်း ချေမှုန်းရေးတပ်၊ အမှတ်(၂၀) ယန္တရားတပ်နှင့် ပင်လယ်နက်ရေတပ်၊ မရိန်းတပ်ရင်း နှစ်ရင်းတို့မှ တပ်ဖွဲ့များပါဝင်သည်။ သြဂုတ်လ ၁၀ ရက်နေ့တွင် အက်ခါဇီးယားရှိ ဂျော်ဂျီယာတပ်ဖွဲ့ဝင် (၁၀၀၀)ကို မောင်းထုတ်မည်ဟု အက်ခါဇီးယာက ကြေညာခဲ့သည်။ သြဂုတ်လ၁၁ ရက်နေ့ တွင် ရုရှားလေထီး တပ်ဖွဲ့များထပ်မံရောက်ရှိခဲ့ပြီး ဂျော်ဂျီယာနယ်မြေထဲအထိ ထိုးဖောက်တိုက်ခိုက်ခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် ခုခံတိုက်ခိုက်မှုမရှိဘဲ ဂျော်ဂျီယာ နယ်မြေအတွင်းသို့ ရောက်ရှိခဲ့ပြီး ဂျော်ဂျီယာတို့ ဖျက်ဆီးခဲ့သော ဆီနာကီ မြို့အနီးရှိ စစ်စခန်းများသို့ ရောက်ရှိခဲ့သည်။ ရုရှားလေယာဉ် များကလည်း ၎င်းင်းမြို့ရှိဂျော်ဂျီယာ ရဟတ်ယာဉ် ၂ စင်းကိုပစ်ချခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် ပိုတီဆိပ်ကမ်းဝန်းကျင်သို့ချီတက်ခဲ့ပြီး ပိုတီတွင်နေရာယူခဲ့သည်။ ကိုဒိုရီဂျော်ဂျီယာနယ်မြေအတွင်းရှိ ဂျော်ဂျီယာတပ်ဖွဲ့များကို စတင်တိုက်ခိုက်မည်ဟု အက်ခါဇီးယားအာဏာပိုင်တို့က ကြေငြာခဲ့သည်။ သြဂုတ်လ ၁၂ ရက်နေ့ တွင် ဂျော်ဂျီယာကလည်း ၎င်းင်းနယ်မြေရှိတပ်ဖွဲ့များကို စတင်ရုပ်သိမ်းမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး သြဂုတ်လ ၁၃ ရက်နေ့တွင် ကိုဒိုရီတောင်ကြားဒေသရှိ ဂျော်ဂျီယာ တပ်ဖွဲ့ဝင်(၁၅၀၀) သည် ဆုတ်ခွာခဲ့ရသည်။
၃၆။ ပိုတီဆိပ်ကမ်းအား သိမ်းပိုက်ခြင်း။ သြဂုတ်လ ၁၄ ရက်နေ့တွင် ရုရှားတပ်ဖွဲ့သည် ပိုတီဆိပ်ကမ်းကိုဝင်ရောက်ခဲ့ပြီး ၎င်းင်းဆိပ်ကမ်းရှိ ဂျော်ဂျီယာစစ်ရေယာဉ်အများအပြားကို နစ်မြှပ်ခဲ့ သည်။ စစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးခဲ့သည်။ ပိုတီနှင့် ဂျော်ဂျီယာမြို့တော် တက်ဘီလီစီသို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကိုလည်း ထိန်းချုပ်ခဲ့သည်။ ၄ ရက်ကြာမြင့်ပြီးနောက် ပိုတီမှ မြို့တော်သို့ ချီတက်သော ဂျော်ဂျီယာတပ်ဖွဲ့ဝင် ၂၂ ဦးကို ဖမ်းဆီးခဲ့ပြီး အက်ခါဇီးယားဒေသ၊ ဆီနာကီမြို့ရှိ ရုရှားစစ်စခန်းသို့ ခေါ်ဆောင်ခဲ့သည်။ သြဂုတ်လ ၁၃ ရက်နေ့မှ ၁၅ ရက်အတွင်းတွင် ရုရှားလေထီးတပ်ဖွဲ့များသည် ပိုတီဆိပ်ကမ်းအား အကြိမ်ကြိမ် စီးနင်းတိုက်ခိုက်ခဲ့ပြီး ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဂျော်ဂျီယာ စစ်ရေယာဉ်အားလုံး နီးပါးကို ဖျက်ဆီးကာ စစ်လက်နက် ပစ္စည်းများကို သိမ်းယူခဲ့သည်ဟု ရုရှားက ပြောကြားခဲ့သည်။
၃၇။ ရုရှားတို့၏ တိုက်ခိုက်မှုပြင်းထန်လာသည့်အပြင် စစ်ပွဲကြီးအသွင်ဆောင်လာမည်ကို စိုးရိမ်သည့်အတွက် သြဂုတ်လ ၁၀ ရက်နေ့တွင် ဂျော်ဂျီယာနိုင်ငံက အပစ်အခတ်ရပ်စဲရေးကို ကမ်းလှမ်းကာ တပ်ဖွဲ့ဝင်များကိုလည်း စတင်ဆုတ်ခွာပေးနေ ပြီဖြစ်ပါသည်။ အပစ်အခတ်ရပ်စဲရေး နှင့်ပတ်သက်၍ ရုရှားဘက်မှ တောင်းဆိုချက် ၂ ရပ် ရှိပါသည်။ ပထမအချက်မှာ အပစ်အခတ်ရပ်စဲရေး စေ့စပ်ဆွေးနွေးရန် ချွင်းချက်အနေဖြင့် ဂျော်ဂျီယာတပ်ဖွဲ့ ၀င်များ တောင်အိုဆက်တီးယားမှ ရုတ်သိမ်းပေးရန်၊ ဒုတိယအချက်အနေဖြင့် ရန်လိုအမုန်းပွားမှု များအဆုံးသတ်ရေးအတွက် တောင်အိုဆက်တီးယားအပေါ် အင်အားအသုံးမပြုရေး ကတိက၀တ်ပြု လက်မှတ ရေးထိုးပေးရန် တို့ဖြစ်ပါသည်။
၃၈။ တောင်အိုဆက်တီးယားအရေးကိစ္စနှင့်ပတ်သက်၍ ရုရှား-ဂျော်ဂျီယာ တိုက်ခိုက်မှု ၃ ရက်မြောက်နေ့ဖြစ်သော သြဂုတ်လ ၁၀ ရက်နေ့တွင် ဟက်ကာများက ဆိုင်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ရုရှား၏Novosti သတင်းဌာန ၀က်ဘ်ဆိုက် သည် နာရီများစွာ အသုံးပြု၍မရဖြစ်ခဲ့ပါသည်။ သြဂုတ် ၈ ရက်နေ့မှစတင်၍ ရုရှားနှင့် ဂျော်ဂျီယာတို့၏သတင်း ၀က်ဘ်ဆိုက် များသည် အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရပါသည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် ရုရှားနှင့်ဂျော်ဂျီယာတို့အကြား သြဂုတ်လ ၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သော စစ်ပွဲအတွက် အစည်းအဝေးများအား သြဂုတ်လ ၁၂ ရက်နေ့ က ၅ ကြိမ် ပြုလုပ်ခဲ့သော်လည်း သဘောတူ ဆုံးဖြတ်ချက်များ မရရှိခဲ့ပါ။ ဥရောပသမဂ္ဂ၏ ဥက္ကဋ္ဌတာဝန်ယူ ထားသည့် ပြင်သစ်သမ္မတ ဆာကိုဇီ၏ စေ့စပ်ဆွေးနွေးမှုကြောင့် စစ်ပွဲ ရပ်တန့်ရေး သဘောတူ စာချုပ်အား သမ္မတကလက်မှတ် ရေးထိုးခဲ့ပြီး နောက် သြဂုတ်လ ၁၂ ရက်နေ့တွင် ရုရှားသမ္မတက လက်မှတ်ရေးထိုး ခဲ့ပါသည်။
အရှုံး/အမြတ်
၃၉။ ရုရှားဘက်မှ လူ၊ လက်နက်ဆုံးရှုံးမှု။ ရုရှားဘက်မှ လူနှင့် လက်နက် ဆုံးရှုံးမှုများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
လူ
( ၁ ) သေဆုံး စစ်သည် (ရဲ ၁၄ ဦးပါ) ၇၈ ဦး
( ၂ ) ပျောက်ဆုံး ၇ ဦး
( ၃ ) ဒဏ်ရာရ ၂၈၃ ဦး
လက်နက်
( ၁ ) SU-25 မြေပြင်တိုက်ခိုက်ရေးလေယာဉ် ၄ စင်း
( ၂ ) TU-22M3 မဟာဗျူဟာ ဗုံးကြဲလေယာဉ် ၁ စင်း
( ၃ ) SU-24 Fencer ဗုံးကြဲလေယာဉ် ၁ စင်း
( ၄ ) SU-24MR Fencer အီလက်ထရောနစ် ၁ စင်း
၄၀။ ဂျော်ဂျီယာဘက်မှလူ၊လက်နက်ဆုံးရှုံးမှု။ဂျော်ဂျီယာ ဘက်မှ လူ၊ လက်နက် ဆုံးရှုံးမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လူ
( ၁ ) သေဆုံး စစ်သည် ၁၆၉ ဦး
( ၂ ) စစ်သည် ပျောက်ဆုံး ၁၇ ဦး
( ၃ ) စစ်သည် ဒဏ်ရာရ ၁၉၆၄ ဦး
လက်နက်
( ၁ ) T-72MBT ၇ စီး
( ၂ ) SPG ၁ စီး
(၃) MIG-29 ၅စီး
( ၅ ) လေယာဉ် ၅ စီး
( ၆ ) ရဟတ်ယာဉ် ၂ စီး
( ၇ ) ရေတပ်စစ်ရေယာဉ် ၆ စီး
(ဆက်ရန်)
Htet Sweoo
Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.
မြန်မာ-အမေရိကန် စစ်ဘက်ဆက်ဆံရေး နိဒါန်း
$
0
0
အမေရိကန်တပ်မတော် Gen. Crutchfield မှ နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသားကာကွယ်ရေးတက္ကသိုလ် (National Defense College) တွင် ပြောကြားခဲ့သော မိန့်ခွန်း
~၂၅ရက်၊ဇွန်လ၂၀၁၄
အားလုံးမင်္ဂလာပါခင်ဗျာ
မင်္ဂလာနေ့လယ်ခင်းပါ။အားလုံးနဲ့ ဒီနေ့အခုလိုစကားပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီမှာရှိနေခြင်းဟာ ကျွန်တော်တို့နိုင်ငံနှစ်နိုင်ငံရဲ့ သံတမန်ရေးရာကဏ္ဍသစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်းပြသလိုက်တာပါပဲ။
-------------------------------------------------------------------------------------------------
ကျွန်တော်ဟာအရာရှိငယ်တစ်ယောက်ဘဝတုန်းကအခုကာကွယ်ရေးတက္ကသိုလ်နဲ့အတော်လေးဆင်တူတဲ့စစ်တက္ကသိုလ်
ကိုတက်ရောက်ခဲ့ပါတယ်။စစ်တက္ကသိုလ်မှာကျွန်တော်ရရှိခ့တဲ့ပညာရေးဟာပြည့်ဝကောင်းမွန်ပြီးကျွန်တော်ရဲ့
အလုပ်အတွက်အများကြီးအကူအညီပေးပါတယ်။ကျွန်တော်အခုပြောမယ့်မှတ်ချက်စကားဟာဒီပွဲကိုကြွရောက်လာ
သူတွေရဲ့လေ့လာသင်ယူမှုန့ေဲ နာက်ပိုင်းမှာ ပေါ်ပေါက်လာမယ့်ကြိုးပမ်းချက်များကိုအနည်းငယ် အကျိုးပြုနိုင်မယ်လို့
ဆုတောင်းပါတယ်။ယခု ဤနေရာမှာအားလုံးနဲ့အတူရှိနေတာကိုဂုဏ်ယူပါတယ်။
-------------------------------------------------------------------------------------------------
ကျွန်တော်ဒေီ နရာကိုသံတမန်တစ်ဦး၊အစိုးရအရာရှိတစ်ဦးဒါမှမဟုတ်နိုင်ငံရေးသမားတစ်ဦးအနေန့လဲာရောက်တာမဟုတ်ပါဘူး။အရပ်သားအစိုးရရဲ့ဦးဆောင်မှုအောက်မှာကောင်းမွန်စွာလှုပ်ရှားဆောင်ရွက်နေတဲ့အမေရိကန်ပြည်ထောင်စုစစ်တပ်ကနိုင်ငံသားစစ်သားတစ်ယောက်အနေန့လဲာရောက်တာဖြစ်ပါတယ်။ကျွန်တော်တို့အမေရိကန်တွေဒီမိုကရေစီအုပ်ချုပ်ရေးန့ပဲ ရော်ဖက်ရှင်နယ်ပီသသောစစ်တပ်ကိုဘယ်လိုကောင်းစွာထိန်းညှိထားသလဲဆိုတာကိုစစ်ဘက်ရေးရာအရာရှိတစ်ယောက်အနေနဲ့ကြုံတေ့ခွဲ့ရတအဲ့ တွေ့အကြုံလေးတွေကိုပြောပြမှာပါ။
-------------------------------------------------------------------------------------------------
ပြီးရင်တော့ကျွန်တော့်ကိုမေးခွန်းလေးတွေ မေးနိုင်ပါတယ်။ မေးခွန်းတွေကိုဖြေရင်း ကျွန်တော် မသိတာလေးတွေကို
အခုကြွရောက်လာသူတွေထံမှပြန်လည်သင်ကြားလိုပါတယ်။လှပတဲ့မြန်မာနိုင်ငံကပြန်တဲ့အခါမှာ
ကျွန်တော်တို့စစ်တပ်နှစ်ခုအကြား အဓွန့်ရှည်သောဒိုင်ယာလော့ခ်တစ်ခု တည်ထောင်ရန် အခြေခံအုတ်မြစ်ချဖို့
မျှော်လင့်ချက်တစ်ခုကို ယူဆောင်သွားလိုပါတယ်။
-------------------------------------------------------------------------------------------------
အမေရိကန်ပြည်ထောင်စုရဲ့စစ်တပ်မှာ၃၂ နှစ်အကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီအချိန်အတောအတွင်းမှာ
အလုပ်ပေါင်းများစွာလုပ်ခဲ့ပြီးအတွေ့အကြုံလည်းအတော်လေးရခဲ့ပါတယ်။အီရတ်နဲ့အာဖဂန်နစ္စတန်က
တိုက်ပွဲတွေမှာပါဝင်ခဲ့ပါတယ်။လေယာဉ်ပျံပေါ်ကခုန်ချခြဲ့ပီး AH-64 APACHE ATTACK ရဟတ်ယာဉ်ကို
မောင်းနှင်ခ့ပဲါတယ်။စစ်ဖြစ်နေတ့အဲ ချိန်မှာရောငြိမ်းချမ်းနေတ့အဲ ချိန်မှာပါအမှုထမ်းခဲ့ပါတယ်။
-------------------------------------------------------------------------------------------------
တပ်စိတ်ခေါင်းဆောင်အဖြစ်စတင်ခြဲ့ပီး POST I ရာထူးကိုရရှိခဲ့ပါတယ်။ အခုအချိန်မှာအမေရိကန်စစ်တပ်ရဲ့
အာရှနဲ့ပစိဖိတ်မှလုပ်ငန်းဆောင်တာများကိုကြီးကြပ်ရတဲ့အမေရိကန်ပစိဖိတ်ညွှန်ကြားရေးဌာနရဲ့ ဒုတိယစစ်ဦးစီးဖြစ်နေပါပီ။
-------------------------------------------------------------------------------------------------
2
အမေရိကန်နိုင်ငံမှစစ်ဘက်ရေးရာအရာရှိတစ်ယောက်အနေနဲ့ကမ္ဘာအနှံ့အပြားမှာတာဝန်ထမ်းဆောင်ခဲ့ပြီးနိုင်ငံခြားစစ်တပ်အတော်များများန့ဆဲ က်ဆံခဲ့ပါတယ်။ဤကဲ့သို့ဆက်ဆံမှုများမှသဘောကျဖွယ်ရာကောင်းတဲ့အချက်တစ်ချက်ကတော့တာဝန်ထမ်းဆောင်ရသောတိုင်းပြည်များကွဲပြားသော်လည်းကျွန်တော်တို့အချင်းချင်းမှာတူညီမှုများစွာရှိခြင်းပဲဖြစ်ပါတယ်။သို့သော်လည်းအမေရိကန်နိုင်ငံစစ်တပ်အတွက်ကျွန်တော်ဂုဏ်အယူဆုံးအရာနဲ့ကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့အင်အားအကြီးဆုံးစစ်တပ်ကို
ကျွန်တော်တို့ဘယ်လိုစီမံခန့်ခွဲလဲဆိုတာကိုပြောချင်ပါတယ်။
-------------------------------------------------------------------------------------------------
ကျွန်တော်တို့အမေရိကန်နိုင်ငံမှာမတူကွဲပြားတ့လဲူမျိုးစုများစွာရှိတာကြောင့်ကျွန်တော်တို့ရဲ့စစ်တပ်ဟာလည်းအမေရိကန်လူဦးရေကိုထင်ဟပ်ပါတယ်။မတူကွဲပြားခြင်းဟာကျွန်တော်တို့ရဲ့အကြီးမားဆုံးခွန်အားဖြစ်ပါတယ်။အမေရိကန်စစ်တပ်ရဲ့အဖွ့ဝဲ င်တွေဖြစ်တဲ့ကျွန်တော်တို့ရဲ့အလုပ်ဟာလက်နက်တွေဒါမှမဟုတ်စနစ်တွေန့သဲာ အခြေခံကျကျ အဓိကအားဖြင့် ပတ်သက်တာမဟုတ်ပါဘူး။ကျွန်တော်တို့အလုပ်ဟာလူသားတွေန့ပဲ တ်သက်ပါတယ်။ကျွန်တော်တို့ဦးဆောင်တဲ့ကျွန်တော်တို့အမှုထမ်းတဲ့မတူကွဲပြားတဲ့လူမျိုးများန့ပဲ တ်သက်ပါတယ်။ကျွန်တော်တို့လုပ်သမျှအရာအားလုံးကိုထောက်ကန်ပေးတ့အဲ ရေးအကြီးဆုံးအချက်မှာကျွန်တော်တို့ရဲ့ကြီးမားမြင့်မြတ်ပြီး ဂုဏ်ယူဖွယ်ရာဖြစ်တဲ့အင်စတီကျူးရှင်းအတွက် ယုံကြည်မှုတည်ဆောက်ခြင်းနှင့်
တည်ဆောက်ပြီးတဲ့ ယုံကြည်မှုကိုထိန်းသိမ်းခြင်းပဲဖြစ်ပါတယ်။
-------------------------------------------------------------------------------------------------
အမေရိကန်နိုင်ငံရဲ့စစ်တပ်ကိုပရော်ဖက်ရှင်နယ်ပီသအောင်ဘယ်အရာကလုပ်ဆောင်ပါသလဲ။ ဘယ်လိုအရာတွေကြောင့်ကျွန်တော်တို့ စည်းကမ်းကောင်းအမိန့်နာခံပြီး အထူးသဖြင့် မိမိအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်အောင်အကျိုးသက်ရောက်မှုရှိအောင် လုပ်နိုင်ဖို့လိုအပ်တဲ့ အရည်အသွေးတွေကို ထိန်းသိမ်းနိုင်တာလဲ။အကျဉ်းချုပ်အားဖြင့်အောက်ပါရိုးရှင်းတ့အဲ ချက်များကြောင့်ဖြစ်ပါတယ်။
၁။ ပရော်ဖက်ရှင်နယ်ပီသမှု စွမ်းရည်၊ တန်ဖိုးများနှင့် အမိန့်အာဏာကို လိုက်နာစေရန်
လေ့ကျင့်သင်ကြားပေးမှု
၂။ ကျင့်ဝတ်သိက္ခာကိုတိကျလေးနက်စွာလိုက်နာခြင်းနှင့်လူ့အခွင့်အရေးကိုလေးစားမှု
၃။ မတူကွဲပြားမှုကိုလက်ခံခြင်း
၎။ တရားဥပဒေကိုအလေးထားခြင်း
၅။ အရပ်သားထိန်းချုပ်မှုကိုထောက်ခံခြင်း
-------------------------------------------------------------------------------------------------
ပထမဆုံးအနေဖြင့်ပရော်ဖက်ရှင်နယ်ပီသမှုစွမ်းရည်နှင့် စည်းကမ်းသည်ပညာရေး၊ လေ့ကျင့်သင်ကြားခြင်းနှင့်
အတွေ့အကြုံတို့နှင့်နိုင်ငံ၏တန်ဖိုးများကိုအလေးထားခြင်းမှ ထွက်ပေါ်လာပါတယ်။ ပရော်ဖက်ရှင်နယ်ပီသသောပညာရေးနှင့်လေ့ကျင့် သင်ကြားခြင်းတို့သည် ယနေ့တွင်ကျွန်တော်တို့မည်ကဲ့သို့ လူမျိုးဖြစ်သည်ကို အဆုံးအဖြတ်ပေးသည်။
စစ်သားတစ်ယောက်၏အရေးကြီးဆုံးကိရိယာမှာလက်နက်မဟုတ်ပါ။စစ်ပွဲသို့သူနှင့်အတူယူလာသည့်တန်ဖိုးထားမှုများဖြစ်တယ်။အမေရိကန်စစ်တပ်မှလည်းဤတန်ဖိုးများကိုတပ်ဖွဲ့များနားလည်စေရန်ပညာရေးနှင့်လေ့ကျင့်သင်ကြားခြင်းတို့မှတဆင့်လုပ်ဆောင်ရန်အလေးထားပါတယ်။
-------------------------------------------------------------------------------------------------
3
စစ်တပ်တစ်ခုရှိစစ်သားတစ်ယောက်ကိုဤအခြေခံတန်ဖိုးများအသုံးပြု၍စစ်မှန်သောပရော်ဖက်ရှင်နယ်ပီသသူတစ်ဦး၊နိုင်ငံတစ်နိုင်ငံအတွက်စစ်သည်တော်ကောင်းတစ်ဦးဖြစ်မဖြစ် ခွဲခြားနိုင်တယ်။ စစ်တပ်တစ်တပ်၏ပုံရိပ်သည် ထိုစစ်တပ်၏ဂုဏ်သိက္ခာအရှိဆုံးစစ်သားအပေါ်တွင်မူတည်ပါတယ်။ထို့ကြောင့်အမေရိကန်နိုင်ငံရှိအုပ်ချုပ်ရေးအရာရှိချုပ်ကစပြီးတပ်စိတ်မှူးအထိ စစ်တပ်အုပ်ချုပ်ရေးအရာရှိအားလုံး၏ ပထမဆုံးတာဝန်မှာပြုမူကျင့်ကြံရမည့်ရှင်းလင်းပြတ်သားသည့်စံနှုန်းများချမှတ်၍မိမိကိုယ်တိုင်နမူနာအဖြစ်ဦးဆောင်ဦးရွက်ပြုကာဤစံနှုန်းများကိုအားလုံးနားလည်ပြီးအဖွ့အဲ စည်းတစ်ဖွ့လဲုံးတွင် လိုက်နာကျင့်သုံးရန်ဆောင်ရွက်ရမည်ဖြစ်ပါတယ်။
-------------------------------------------------------------------------------------------------
ကြပ်ကြပ်မတ်မတ်လေ့ကျင့်သင်ကြားခြင်း၊ပညာရေးနှင့်ကြီးကြပ်ခြင်းတို့ကိုလုပ်ဆောင်မှသာအောင်မြင်နိုင်မည်
ဖြစ်ပါတယ်။အမေရိကန်နိုင်ငံစစ်တပ်အတွက်တန်ဖိုးများနှင့်စာရိတ္တများအကြောင်းလေ့ကျင့်သင်ကြားပေးခြင်းသည်တိုက်ပွဲအတွက်ကွင်းပြင်တွင်လေ့ကျင့်ခန်းဆင်းခြင်းသို့မဟုတ်သေနတ်ပစ်လေ့ကျင့်ခန်းဆင်းခြင်းကဲ့သို့အစစအရာရာအရေးပါပါတယ်။
-------------------------------------------------------------------------------------------------
ကျွန်တော့်တိုင်းပြည်၏တန်ဖိုးများကိုကိုယ်စားပြုပြီးဂုဏ်ပြုထားသောလေ့ကျင့်သင်ကြားမှုများကိုရရှိသည့်အတွက်အလွန်
ဝမ်းမြောက်မိပါတယ်။အရာရှိတစ်ယောက်အနေဖြင့်အနာဂတ်မျိုးဆက်၏စစ်ဘက်ဆိုင်ရာခေါင်းဆောင်များထံ
ဤတန်ဖိုးများပေးအပ်နုငိရန်ကျွန်တော်ကြိုးစားနေပါတယ်။
-------------------------------------------------------------------------------------------------
ဒုတိယအချက်အနေဖြင့်ကျွန်တော်ဆွေးနွေးလိုသော အကြောင်းအရာမှာ လူ့အခွင့်အရေးနှင့်ကျင့်ဝတ်ပိုင်းအပြုအမူကို
ကျွန်တော်တို့လေးစားပုံဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုသည်မှာ နိုင်ငံတကာဥပဒေများတွင်တရားဝင်ပြဌာန်း၍
အကာအကွယ်ပေးထားပြီးလူသားအပြုအမူစံနှုန်းများကိုသတ်မှတ်သည့်ကမ္ဘာလုံးဆိုင်ရာကိုယ်ကျင့်တရားစည်းကမ်းများဖြစ်ပါတယ်။
-------------------------------------------------------------------------------------------------
လူသားတိုင်းရသင့်သည့်အခြေခံအကျဆုံးအခွင့်အရေးများဖြစ်ပါတယ်။လူမျိုး၊လိင်၊ယုံကြည်မှုသို့မဟုတ်လူ့အဖွ့အဲ စည်း
အတွင်းရှိအဆင့်အတန်းအပေါ်မူတည်၍မပြောင်းလဲနိုင်ပါ။အခွင့်အရေးများတွင်အသက်၊လွတ်လပ်မှု၊ပညာရေး၊လူတစ်ယောက်၏လုံခြုံရေး၊ညှင်းပန်းခြင်း၊ရက်စက်စွာဆက်ဆံမှုနှင့်နှိပ်စက်ခြင်းရန်မှကင်းဝေးခြင်း၊လွတ်လပ်စွာတွေးခေါ်မှု၊အမြင်၊သဘောထား၊ဘာသာရေး၊ထုတ်ဖော်ပြောဆိုမှုနှင့်ငြိမ်းချမ်းစွာစုဝေးခွင့်တို့ပါဝင်ပါတယ်။
-------------------------------------------------------------------------------------------------
လူ့အဖွဲ့အစည်း၊အထူးသဖြင့်စစ်တပ်တွင်ဤအခွင့်အရေးများကိုလေးစားလိုက်နာခြင်းမရှိသေးပါကလူ့အဖွ့အဲ စည်းသည်အတူတကွဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်သေးပါ။အိမ်နီးချင်းများသည်တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိမည်
မဟုတ်ပါ။လူမျိုးစုများမှာလည်းမျှော်မှန်းထားသည့်အတိုင်းဖြစ်လာရန်ရုန်းကန်ရပါမည်။လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီးကာကွယ်ခြင်းသည်လူသားမျိုးနွယ်တစ်ခုလုံးကိုထိန်းသိမ်းယုံသာမကလူသားအားလုံးငြိမ်းချမ်းပြီးအကြောက်တရားမရှိဘဲနေထိုင်နိုင်သည့်ပတ်ဝန်းကျင်ကိုပါဖြစ်ပေါ်စေပါတယ်။စစ်တပ်သည်လူ့အခွင့်အရေးကိုမလိုက်နာပါကပြည်သူလူထုသည်၎င်းတို့၏စစ်တပ်ကိုလေးစားချစ်ခင်လိုစိတ်ရှိမည်မဟုတ်ပါ။
-------------------------------------------------------------------------------------------------
4
လူ့အခွင့်အရေးနှင့်ဆက်စပ်နေသည်မှာမြင့်မားသောကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများကိုထိန်းသိမ်းခြင်းဖြစ်ပါတယ်။ခုနကပြောခဲ့တဲ့အတိုင်းယုံကြည်မှုရရှိစေရန် (မိမိတိုင်းပြည်တွင်ဖြစ်စေနိုင်ငံခြားတွင်ဖြစ်စေ) စစ်တိုက်ရန်လိုအပ်သည့်အခါကျွန်တော်တို့ဟာမြင့်မားတဲ့ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများကိုဆုပ်ကိုင်ထားရန်လိုအပ်ပါတယ်။ဤစံနှုန်းများနှင့်အညီရန်လိုတဲ့အင်အားစုများကိုအရပ်သားများမှထောက်ခံသည့်တိုင်အောင်အရပ်သားများကိုထိခိုက်မှုမရှိစေရန်တတ်နိုင်သမျှလုပ်ဆောင်ရပါတယ်။
-------------------------------------------------------------------------------------------------
ဤစည်းမျဉ်းကိုအမေရိကန်နှင့်နိုင်ငံတကာဥပဒေများဥပမာအားဖြင့်ဂျနီဗာညီလာခံတွင်နိုင်ငံအားလုံးလိုက်နာရမည်ဟူ၍ထုတ်ပြန်ထားပါတယ်။သို့သော်ဤသည်မှာတရားဥပဒေနှင့်ကိုယ်ကျင့်တရားအတွက်စည်းမျည်းတစ်ခုထက်ပိုပါတယ်။ကျွန်တော်တို့လေ့လာမှုများအရဤစည်းမျဉ်းသည်စစ်ဆင်ရေးအတွက်လိုအပ်ချက်တစ်ခုလည်းဖြစ်ပါတယ်။အရပ်သားလူဦးရေကိုတိုက်ခိုက်
ပါက၄င်းတို့ထံမှထောက်ခံမှုကိုကျွန်တော်တို့ဆုံးရှုံးပြီးကျွန်တော်တို့၏ရန်သူမှာပိုမို၍လူကြိုက်များလာပါလိမ့်မယ်။ကျွန်တော်တို့တောင့်ခံနိုင်ရန်ပိုမိုခက်ခဲပြီးမိမိတို့၏တပ်ဖွဲ့များကိုပိုမိုကြီးမားသည့်အန္တရာယ်အတွင်း ကျရောက်စေပါလိမ့်မယ်။
-------------------------------------------------------------------------------------------------
ကျွန်တော်ဟာစစ်ပွဲများကိုမြင်ဖူးပြီးတပ်ဖွ့မျဲားကိုတိုက်ပွဲတွင်ဦးဆောင်ဖူးပါတယ်။စစပ်ွဲကိုနဖူးတွေ့ဒူးတွေ့ ကြုံဖူးတဲ့လူတွေနားလည်ကြပါလိမ့်မယ်။စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ပြောတာဟာတစ်ကယ့်တိုက်ပွဲမှာလိုက်နာဖို့ထက်ပိုမိုလွယ်ကူပါတယ်။ရန်သူရဲ့အပစ်ခံနေရတဲ့၊သူ့ရဲ့ရဲဘော်များဘေးမှာ တိုက်ပွဲကျတာကိုမြင်နေရတဲ့ စစ်သားတစ်ယောက်ဟာစိတ်ထင်တာကိုလုပ်တတ်ပါတယ်။ဒါဟာလူ့သဘာဝလည်းဖြစ်ပါတယ်။စိတ်အလိုလိုက်ခြင်းဟာစည်းကမ်းကိုအနိုင်ယူသွားတဲ့အခါလူ့အခွင့်အရေးချိုးဖောက်မှုကိုဘယ်လိုကိုယ်တွယ်ဖြေရှင်းပြီးပြင်ဆင်မလဲဆိုတဲ့အချက်ဟာနိုင်ငံတကာကရိုသေလေးစားပြီး ပရော်ဖက်ရှင်နယ်ပီသတဲ့စစ်တပ်ဟုတ် မဟုတ်အဆုံးအဖြတ်ပေးနိုင်တဲ့လက္ခဏာပဲဖြစ်ပါတယ်။
-------------------------------------------------------------------------------------------------
အမေရိကန်စစ်တပ်ဟာပြီးပြည့်စုံခြင်းမရှိသေးဘူးဆိုတာကိုကျွန်တော်အလေးအနက်ထားပြီးပြောလိုပါတယ်။ကျွန်တော်တို့ဟာတစ်ခါတစ်ရံမှာအမှားအယွင်းလုပ်တတ်တဲ့လူပုဂ္ဂိုလ်တွေန့ဖဲ့ စွဲ ည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့စစ်တပ်ရဲ့အမှားတွေထံမှသင်ခန်းစာယူပြင်ဆင်ပြီးအမြဲတမ်းတိုးတက်ချင်နေတ့စဲိတ်ထား၊ကြိုးပမ်းမှုအတွက်ကျွန်တော်အလွန်ဂုဏ်ယူကြောင်းပြောလိုပါတယ်။
ကျွန်တော်ထင်သာမြင်သာတဲ့ ဥပမာပေးပါမယ်။ ကျွန်တော်တို့အီရတ်မှာစစ်စတင်တိုက်တုန်းက အရပ်သားတွေကို
ညှင်းပမ်းနှိပ်စက်တဲ့ပြဿနာတွေရှိခ့ပဲါတယ်။ဒါကကျွန်တော်တို့ကိုလည်းထိခိုက်ပါတယ်။ကျွန်တော်တို့တိုက်ခိုက်နေတဲ့ရန်သူတွေအတွက်တပ်သားစုဆောင်းဖို့အခြေအနေကောင်းသွားပါတယ်။ရန်သူကဝါဒဖြန့်ဖို့အခွင့်အရေးရသွားပြီးအမေရိကန်စစ်တပ်ရဲ့နိုင်ငံတကာမှာရှိတဲ့ပုံရိပ်ကိုထိခိုက်စေပါတယ်။ ဒေသခံတွေဟာကျွန်တော်တို့န့ဲ အတူတကွအလုပ်လုပ်ဖို့နေနေသာသာအညံ့ခံဖို့တောင်မလိုလားကြတော့ပါဘူး။ကျွန်တော်တို့ရဲ့စစ်ဆင်ရေးကိုလည်းမလွယ်ကူစေဘဲပိုမိုခက်ခဲသွားစေပါတယ်။
အီရတ်မှာရှိတဲ့တပ်ဖွ့ေဲ တွကိုဗိုလ်ချုပ် DAVID PETRAEUS တာဝန်ယူတဲ့အခါမှာ သူပထမဆုံးပြောခ့တဲ့စကားတစ်ခွန်းက
ကျွန်တော်တို့နှိပ်စက်မှုတွေကိုသည်းညည်းခံမှာမဟုတ်ဘူးလို့ပြောခ့ပဲါတယ်။တစ်ယောက်ယောက်ကညှင်းပန်းနှိပ်စက်တဲ့အခါမှာကျန်သူတွေအားလုံးပါခံရပါတယ်။ဒီလိုနှိပ်စက်မှုတွေဟာကိုယ်ကျင့်တရားအရသာမကစစ်ဆင်ရေးကိုလည်းမဟာဗျူဟာပို
င်းအရထိခိုက်စေပါတယ်။တင်းတင်းကြပ်ကြပ်ကြီးကြပ်ခြင်းနှင့်တာဝန်ယူခြင်းအပါအဝင်သေသေချာချာဆောင်ရွက်ခြင်းကြောင့်ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကိုပြန်ဆည်နိုငခ့် ပဲါတယ်။အခြေအနေကိုအသာစီးရအောင်ပြန်လည်လုပ်ဆောင်နိုင်ခ့ပဲါတယ်။
-------------------------------------------------------------------------------------------------
5
ဒါကြောင့် ကျွန်တော်ဟာကျွန်တော်တို့စစ်တပ်ရဲ့တန်ဖိုးများနဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေလိုလားပြီး
ကျွန်တော်တို့အဖွ့အဲ စည်းကိုဂုဏ်သိက္ခာရှိစေတ့အဲ မြင့်မားဆုံးစံနှုန်းများနှင့်ကိုက်ညီစေရန်တစ်ရက်ချင်းဆီကျွန်တော်တို့အလုပ်လုပ်ခ့ရဲ တာတွေအပေါ်မှာအလွန်ပဲဂုဏ်ယူမိပါတယ်။
-------------------------------------------------------------------------------------------------
တတိယအချက်အနေနဲ့အမေရိကန်နိုင်ငံ၏စစ်တပ်မှာကျွန်တော်တို့ရဲ့လူ့အဖွ့အဲ စည်း၏လက္ခဏာအမျိုးမျိုး၊အမေရိကန်နိုင်ငံမှာတွေ့နိုင်မယ့်နောက်ခံအမျိုးမျိုးဖြင့်လူပုဂ္ဂိုလ်တို့ကိုတွေ့နိုင်ပါတယ်။အမျိုးသမီးတွေ၊အာဖရိကန်၊အမေရိကန်န့အဲ ခြားသောလူနည်းစုမကြာသေးခင်ကလိင်တူဆက်ဆံသောအမေရိကန်တွေကိုစစ်တပ်ထဲမှာအောင်မြင်စွာစုဝေးထားနိုင်ပါတယ်။ကျန်တဲ့အမေရိကန်လူ့အဖ့အွဲ စည်းရဲ့သည်းခံခြင်းတရားလက်စွဲပုံကိုကျွန်တော်တို့စစ်တပ်ကိုကြည့်ခြင်းဖြင့်သိသာပါတယ်။ဤကဲ့သို့စုဝေး
ထားခြင်းမှာကျွန်တော်တို့ရဲ့ပရော်ဖက်ရှင်နယ်စွမ်းဆောင်ရည်ကိုထိခိုက်ခြင်းမရှိဘဲအမေရိကန်လူ့အဖွဲ့အစည်းရဲ့ထောင့်ပေါင်းစုံကအားသာချက်များဖြင့်တန်ဖိုးတက်စေပါတယ်။
-------------------------------------------------------------------------------------------------
ကျွန်တော်ဟာအမေရိကန်နိုင်ငံစစ်တပ်ရဲ့အားလုံးစုဝေးပူးပေါင်းရေး၊သည်းခံမှုနှင့်ပါဝင်ရေးတို့အပေါ်အလေးပေးမှုရဲ့သက်ရှိဥပမာတစ်ခုဖြစ်ပါတယ်။ကျွန်တော့်ရဲ့ဘိုးဘွားတွေဟာဒေသခံအမေရိကန်တွေဖြစ်ပါတယ်။ကျွန်တော်တို့တိုင်းပြည်မှာအသေးငယ်ဆုံးနဲ့အဆင်းရဲဆုံးဒေသခံအုပ်စုဖြစ်ပါတယ်။နိုင်ငံသားမည်သူမဆိုကျွန်တော်တို့ရဲ့စစ်တပ်ထဲဝင်လို့ရပြီးအားလုံးဟာအငယ်ဆုံးအရာရှိသို့မဟုတ်စာရင်းသွင်းလူသစ်အဖြစ်စကြသောကြောင့်ကျွန်တော်ဟာအခြားသူတွေလိုပဲအောင်မြင်ဖို့
အခွင့်အလမ်းရခ့ပဲါတယ်။
-------------------------------------------------------------------------------------------------
ကျွန်တော့်ရဲ့လူကြီးများဟာကျွန်တော့်အရည်အချင်းကိုကြည့်ပြီးဆုံးဖြတ်ပါတယ်။အမိန့်ကိုဆောင်ရွက်နိုင်မှု၊ပြဿနာဖြေရှင်းနိုင်မှုန့ကျွဲန်တော့်ရဲ့တပ်သားတွေန့အဲ လုပ်အကျွေးပြုတ့လဲူထုရဲ့ယုံကြည်မှုရရှိခြင်းစတာတွေကိုသာကြည့်ပါတယ်။ရလဒ်အနေနဲ့ကျွန်တော်ဒီနေရာကိုကြယ်သုံးပွင့်ဗိုလ်ချုပ်တစ်ယောက်အနေန့လဲာရောက်နိုင်ပါပြီ။
-------------------------------------------------------------------------------------------------
စတုတ္ထအချက်အနေနဲ့ပရော်ဖက်ရှင်ကျတဲ့စစ်တပ်ဆိုတာဟာပြည်တွင်းန့နဲိုင်ငံတကာမှာချမှတ်ထားတဲ့ဥပဒေတွေကိုလိုက်နာပြီးအခြားသူများကိုလည်းဥပဒေလိုက်နာစေရန်လုပ်ဆောင်ရပါမယ်။နိုင်ငံသားများကိုအကာအကွယ်ပေးခြင်း၊၄င်းတို့၏အခွင့်အရေးများနှင့်ဥစ္စာပစ္စည်းများစသည်တို့ ပါဝင်ပါတယ်။ ပရော်ဖက်ရှင်နယ်ကျသောစစ်တပ်သည် ပွင့်လင်းမြင်သာမှုရှိပြီးဥပဒေချိုးဖောက်တဲ့တပ်ဖွ့မျဲားကိုမျှတစွာ၊မှန်ကန်စွာနှင့်မျက်နှာမလိုက်ဘဲအပြစေ် ပးရမှာဖြစ်ပါ တယ်။
-------------------------------------------------------------------------------------------------
သင်ကြားထားမှုများမှ၊စစ်ပွဲနှင့်လူသားဥပဒေများမှသွေဖယ်၍ပြုလုပ်သောစစ်တပ်ကိုအရှက်ရစေမည့်အာဏာအလွ
သုံးစားပြုခြင်းကဲ့သို့သောလုပ်ဆောင်မှုများကိုစုံစမ်းဖော်ထုတ်ရန်ထိရောက်သောစနစ်ရှိရပါမယ်။ဥပဒေချိုးဖောက်သည့်
သူများကိုဖော်ထုတ်၍ဒဏ်ပေးနိုင်ရန်ဤစနစ်မှစီစဉ်ရမည်ဖြစ်ပါတယ်။
-------------------------------------------------------------------------------------------------
ဤကဲ့သို့ပြစ်မှုချိုးဖောက်သည့်တပ်သားများကိုအပြစ်ပေးပါကတပ်တွင်းစည်းလုံးမှု၊ယုံကြည်မှုလျော့ကျသွားမည်ကိုစိုးရိမ်ကြောင်းတစ်ခါတစ်ရံ ကြားရပါသည်။အမေရိကန်စစ်တပ်မှာတော့ပြောင်းပြန်သာမှန်ကန်ပါတယ် ဆိုတာကို တွေ့ရပါတယ်။
6
ဤဖြစ်ရပ်များကို လျှင်လျှင်မြန်မြန်ဖြင့်ပွင့်လင်းမြင်သာစွာ ဖြေရှင်းခြင်းမရှိပါက စည်းကမ်းပိုင်းယိုယွင်း၍ ဌာနချုပ်နှင့်
ဗဟိုဌာနတွင်သက်ရောက်မှုရှိပြီး စစ်ဆင်ရေးသည်ကျရှုံးနိုင်ပါသည်။
-------------------------------------------------------------------------------------------------
အမေရိကန်ရှိစနစ်တွင်အကယ်၍အမေရိကန်စစ်သားတစ်ယောက်သို့မဟုတ်ယူနစ်သည်အင်အားချိုးဖောက်သုံးစွဲခြင်းသို့မဟုတ်စစ်ပွဲတွင်ဝင်ရောက်တိုက်ခိုက်ရာ၌စည်းမျဉ်းချိုးဖောက်ခြင်းသို့မဟုတ်စစ်မတိုက်သောဝန်ထမ်း၏လုံခြုံရေးအားအန္တရာယ်ပေးခြင်းတို့ကိုလုပ်ဆောင်သည်ဟုသံသယရှိပါကအသိအမှတ်ပြုလွတ်လပ်သည့်တရားစီရင်ရေးစနစ်မှတဆင့်အချက်အလက်များကိုစစ်ဆေး၍သင့်တော်သောဆုံးဖြတ်ချက်တစ်ခုကိုလိုအပ်သလိုချမှတ်ရန်လျှင်လျှင်မြန်မြန်ဖြင့်တရားမျှမျှတတလုပ်ဆောင်ရန်အရေးကြီးသည်ဟုကျွန်တော်တို့မှယူဆပါတယ်။
-------------------------------------------------------------------------------------------------
နောက်ဆုံးအနေဖြင့်အမေရိကန်နိုင်ငံစစ်တပ်ကိုပရော်ဖက်ရှင်နယ်ကျသည့်တပ်တစ်ခုဖြစ်စေသည့်အဓိကအုတ်မြစ်မှာအမေရိကန်စစ်တပ်သည်အရပ်သားအစိုးရ၏လက်အောက်တွင်ရှိနေသောကြာင့်ဖြစ်ပါတယ်။နိုင်ငံတော်ကာကွယ်ရေးအတွက်ကျွန်တော်တို့နိုင်ငံကိုတည်ထောင်သူများသည်လူထုမှရွေးချယ်လိုက်သည့်ခေါင်းဆောင်များ၏လက်အောက်တွင်တာဝန်ထမ်းဆောင်သည့်စစ်သားများနှင့်ကျွန်တော်တို့၏စစ်တပ်ကိုဖွဲ့စည်းထားပါတယ်။စစ်သားများသည်လူထုလိုက်နာရသည့်စည်းကမ်းများနှင့်ဥပဒေများကိုလိုက်နာရပြီးဒီမိုကရက်တစ်ဖြစ်စဉ်တွင်ပါဝင်ရန်၎င်းတို့၏အခွင့်အရေးများကိုအသုံးချရပါသည်။
-------------------------------------------------------------------------------------------------
ကျွန်တော့်လိုစစ်သားတစ်ဦးတစ်ယောက်ချင်းဆီမှမဲပေးပြီးမိမိ၏အခွင့်အရေးကိုချစ်မြတ်နိုးနိုင်သော်လည်းအမေရိကန်
နိုင်ငံစစ်တပ်အနေဖြင့်နိုင်ငံရေးဆုံးဖြတ်ချက်များ သို့မဟုတ်မေးခွန်းများတွင်ဝင်ရောက်စွက်ဖက်ခြင်းမရှိပါ။ရိုးရိုးရှင်းရှင်း
ပြောရလျှင်လူအများ၏ကိုယ်ပိုင်ဆုံးဖြတ်မှုကိုအစားထိုးလိုက်ရန်စစ်တပ်တွင်စွမ်းဆောင်နိုင်ရန်ရှိပါသည်။ဒါပေမယ့်စစ်တပ်သည်လူထုကိုအလုပ်အကျွေးပြုရန်သာဖြစ်ပြီးလူထု၏ဒီမုကိ ရက်တစ်နည်းလမ်းအရဆုံးဖြတ်မှုကိုသာအလေးထား ပါသည်။
-------------------------------------------------------------------------------------------------
စစ်ဘက်ဆိုင်ရာအရာရှိတစ်ယောက်အနေဖြင့် ကျွန်ုပ်၏စစ်မှုထမ်းဘဝကို အမေရိကန်ပြည်ထောင်စုကို
ကျမ်းသစ္စာကျိန်ဆိုခြင်းဖြင့် စတင်ခ့ပဲါသည်။ ကျမ်းသစ္စာတွင် ကျွန်ုပ်တို့တိုင်းပြည်၏ အမြင့်ဆုံးသော
အရပ်သားခေါင်းဆောင်ဖြစ်သည့် သမ္မတနှင့် ကျွန်တော်၏ အထက်အရာရှိများမှ ချမှတ်ပေးအပ်သော
တရားဥပဒေနှင့်အညီဖြစ်သည့် အမိန့်များကို လိုက်နာပါမည်ဟု သစ္စာဆိုခ့ပဲါသည်။ ဒီမိုကရက်တစ်နည်းကျကျရွေးကောက်ခံထားသောအရပ်သားခေါင်းဆောင်မှုအောက်တွင် ကျွန်တော့်ကိုထားပြီး လူထုမှအထူးပေးအပ်ထားသောအမေရိကန်နိုင်ငံရှိဥပဒေများမှ ကျွန်တော်၏အခွင့်အာဏာများကို ကန့်သတ်ထားပါသည်။ ကျွန်တော်တို့၏အစိုးရအဖွဲ့တွင်ကျွန်တော်၏တာဝန်တစ်ရပ်မှာအရပ်သားအစိုးရ၏ဦးဆောင်မှုတွင်ပြဿနာများကိုဖြေရှင်းရန်အကောင်းဆုံးသောစစ်ဘက်ရေးရာအကြံဥာဏ်များပေးအပ်ရေးဖြစ်ပါတယ်။
-------------------------------------------------------------------------------------------------
အချို့သောစိန်ခေါ်မှုများအတွက်အဖြေကိုရှာရာတွင်အမြဲတမ်းသဘောတူကြမည် မဟုတ်ပါ။ သို့သော်အခြားသော
စစ်ဘက်ရေးရာအရာရှိများနည်းတူ ကျွန်တော်သည်ကျွန်တော်၏ကျမ်းသစ္စာကုဒီမိုကရေစီအတွက်အထွဋ်အမြတ် ထားရာတာဝန်အဖြစ် တန်ဖိုးထားပါတယ်။ စစ်ဘက်နှင့်အရပ်သားဘက်မှအထက်လူကြီးများ ပေးအပ်သည့် အမိန့်ကိုနာခံပါတယ်။
ဤကဲ့သို့လိုက်နာခြင်းသည် ပြည်သူများများစွာ ဂုဏ်ယူသည့် အင်အားတောင့်တင်းပြီး ထိရောက်သည့်စစ်တပ်တစ်ခုကို
7အမေရိကန်နိုင်ငံထူထောင်နိုင်ရန်ပံ့ပိုးပေးပါတယ်။ အခြားသောနည်းလမ်းတစ်ရပ်ဖြင့်ထိုသို့ဖြစ်ရန် လုပ်ဆောင်နိုင်ခြင်းမရှိပါဟုကျွန်တော်မှတ်ယူပါတယ်။
-------------------------------------------------------------------------------------------------
နိဂုံးချုပ်အနေဖြင့်ကျွန်တော့်ဆရာဖြစ်သောဗိုလ်ချုပ်ကြီး Locklear ၏အတွေးအခေါ်ကို ကျွန်တော်လိုက်နာပါတယ်။
ဗိုလ်ချုပ်ကြီးသည် "လေ့ကျင့်ပါ၊ဆက်ဆံပါ၊ယုံကြည်မှုတည်ဆောက်ပါ"ဟုအမြဲပြောပါတယ်။
-------------------------------------------------------------------------------------------------
ပရော်ဖက်ရှင်နယ်ပီသမှုနှင့်တိုင်းပြည်၏တန်ဖိုးများကိုအလေးထားပြီး၎င်းတို့၏တာဝန်များကိုထမ်းဆောင်ရန်အသင့်ဖြစ်
နေရေးအတွက်သင်၏တပ်သားများကိုလေ့ကျင့်ပေးပါ၊ပညာပေးပါ။သင်ကာကွယ်မှုပေးသောနိုင်ငံသားများနှင့်စစ်သား
များကိုလေးစားစွာ၊ဂုဏ်သိက္ခာရှိစွာဆက်ဆံပါ။ထို့နောက်သင်၏တပ်သားများတွင်သာမကသင်၏တပ်သားများနှင့်အရပ်သားလူ့အဖွဲ့အစည်းများနှင့်ခေါင်းဆောင်များအကြားယုံကြည်မှုတည်ဆောက်ပါ။မြန်မာနိုင်ငံ၏စစ်တပ်တွင်လည်းစစ်တပ်နှင့်တိုင်းပြည်အပြည့်အဝအောင်မြင်တိုးတက်ရန်အလားတူစိတ်ဓာတ်မျိုးထားရှိကြမည်ဟုကျွန်တော်အမှန်တစ်ကယ်ထင်မြင်ပါတယ်။
-------------------------------------------------------------------------------------------------
သင်တို့ထဲမှအများစုသည်တပ်သားများကိုခက်ခဲသောအခြေအနေများထဲတွင်အမိန့်ပေး၍ဦးဆောင်ရလိမ့်မည်။သင်တို့ထဲမှအတော်များများသည်မြန်မာတပ်မတော်တွင်အမြင့်ဆုံးရာထူးများရရှိကြပါလိမ့်မယ်။အချို့သောသူများသည်စစ်ဘက်မှတိုင်းပြည်ကိုအကျိုးပြုပြီးသည့်အခါအရပ်သားအစိုးရတွင်လည်း တာဝန်ထမ်းဆောင်ကြပါလိမ့်မယ်။
-------------------------------------------------------------------------------------------------
မည်သည့်လမ်းကြောင်းကိုရွေးချယ်သည်ဖြစ်စေပရော်ဖက်ရှင်နယ်ပီသမှုနှင့်တန်ဖိုးများ၊လူ့အခွင့်အရေးကိုယ်ကျင့်
တရားနှင့်မတူကွဲပြားမှုကိုလေးစားလိုက်နာခြင်း၊တရားဥပဒေကိုလိုက်နာခြင်းနှင့်စစ်တပ်ကိုအရပ်သားအစိုးရ၏လက်အောက်တွင်ထားရှိခြင်းစသောအတွေးအခေါ်များကိုထပ်မံပြန့်ပွားအောင်လုပ်ဆောင်ရန်တာဝန်ရှိလာကြပါလိမ့်မယ်။ဤနည်းလမ်းအားဖြင့်ပိုမိုပြီးပရော်ဖက်ရှင်နယ်ကျသည့်စစ်တပ်နှင့်ပိုမိုခိုင်ခံ့သည့်တုငိးပြည်တစ်ခုကိုတည်ဆောက်နိုင်ရန်အကျိုးရှိသောပြုပြင်ပြောင်းလဲရေးလမ်းစဉ်သို့သွားနိုင်ရေးအပြောင်းအလဲများကိုဖန်တီးနိုင်ပါလိမ့်မယ်။
-------------------------------------------------------------------------------------------------
အမေရိကန်၏လက်နက်ကိုင်တပ်ဖွ့မျဲားတွင်အရာရှိတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကြုံတွေ့ရသည်များကိုအခြေခံ၍ကျွန်တော်နှိုင်းဆ ဆင်ခြင်ထားခြင်းများဖြစ်ပါသည်။ ကျွန်တော်၏အတွေ့အကြုံသည် သင်တို့၏အတွေ့အကြုံနှင့်
များစွာခြားနားမည်မှာသံသယရှိရန်ပင်မလိုပါ။ကျွန်တော်တို့တွင်အဖြေအားလုံးရှိပါသည်ဟုကျွန်တော်ဟန်မဆောင်လိုပါ။
-------------------------------------------------------------------------------------------------
သို့သော်ဖော်ပြခဲ့သောအခြေခံနည်းလမ်းများမှာမည်သည့်နေရာတွင်မဆိုသင့်လျော်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ဒီစည်းမျဉ်းတွေကို လိုက်နာမှုဟာ ခင်ဗျားတို့တိုင်းပြည် (ကချင်၊ ရှမ်းနဲ့ အခြားနေရာတွေမှာ) ဖြစ်နေတဲ့ ကာလကြာရှည်
ပဋိပက္ခတွေကို အဆုံးသတ်ဖို့နဲ့ လူတိုင်းကို အကျိုးရှိစေမယ့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့ အတွက် မရှိ မဖြစ်ပါဘဲ။
အခြားသောစစ်တပ်များနှင့်အလုပ်လုပ်ခဲ့သည့်ကျွန်တော်၏အတွေ့အကြုံအရတိုင်းပြည်တစ်ပြည်၏လက်နက်ကိုင်တပ်များသည်နိုင်ငံရေး၏အပေါ်ရောက်နေမည်ဆိုလျှင်၊ရွေးကောက်ခံရသောအရပ်သားများ၏အာဏာကိုလိုက်နာမည်ဆိုလျှင်၊တရားဥပဒေကိုလိုက်နာပြီးအရပ်သားများကိုကာကွယ်ပေးမည်ဆိုလျှင်၎င်းတို့အမှုထမ်းသောပြည်သူများ၏ယုံကြည်မှုကိုရရှိပါလိမ့်မယ်။
8
တပ်၏အာဏာကိုချုပ်ခြယ်မှုများကိုလက်ခံလိုက်သလိုရောက်မည်ဟုထင်ရပါတယ်။ဒါပေမယ့်တစ်ကယ်တမ်းလက်တွေ့တွင်စစ်တပ်သည်ပိုမိုသန်မာလာ၍ပိုမိုလေးစားခံရပြီးစစ်တိုက်သည့်အခါပိုမိုစွမ်းဆောင်နိုင် လာပါသည်။
-------------------------------------------------------------------------------------------------
အားလုံးကိုစကားပြောခွင့်ရခြင်းကြောင့်အလွန်ဝမ်းသာပါတယ်။မေးခွန်းများမေးလိုပါကဖြေကြားလိုပါတယ်။
Translated by 
တည်ငြိမ်ခါစ မန္တလေး
$
0
0
မန္တလေးမြို့ပေါ်တွင် ဇူလိုင်လ(၁)ရက်က စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှု ပဋိပက္ခ ဒီနေ့ထိဆို ရက်သတ္တ(၁)ပတ်ပြည့်ပါပြီ။
>>>>>ဇူလိုင်လ(၅)ရက်ကစပြီး အခြေအနေတွေ တည်ငြိမ်အေးချမ်းစ ပြုလာလို့ ၀မ်းသာရပါ၏။ အထူးသဖြင့် လက်လုပ်လက်စားနဲ့ ညဈေးသမားများ ၄င်းတို့ကို မှီခိုနေသော မိသားစုများ ၏ မျက်နှာလေးများကို အထူးကရုဏာသက်မိပါသည်။ မိမိတို့ကိုယ်တိုင် ကာယအား ၊ ဥာဏအားပြု ချွေးနဲ စာလေးများ ၊ မစားရက် မသောက်ရက် စုဆောင်းသိုမှီးခဲ့သည်များ ၊ နှစ်ပေါင်းများစွာ အချိန်ပေး၍ တည်ဆောက်ခဲ့ရသော စည်းစိမ်ဥစ္စာ မိသားစုဘ၀များကို ပဋိပက္ခဖန်တီးလိုသူ တောကြောင်များကြောင့် အချိန်တိုအတွင်း ပျက်စီးဆုံးရှုံးသွားမည်ကို မည်သည့်လူမျိုး ၊ မည်သည့်ဘာသာဝင်မျှ လိုလားကြမည် မထင်ပါ။
ဒါကြောင့်လည်း အုပ်ချုပ်ရေး ၊ လုံခြုံရေးတာဝန်ရှိသူများ ၊ ဘာသာရေးခေါင်းဆောင်များကပါ တည်ငြိမ်အေးချမ်းရေးအတွက် လက်တွဲ ဆောင်ရွက်လျက်ရှိနေကြပြီ ဖြစ်ပါတယ်။
>>>>>ဇူလိုင်(၅)ရက်နေ့မှာ မန္တလေးမြို့ခံ နိုင်ငံရေးပါတီ အသီးသီးကလည်း တိုင်းရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံကြပြီး မန္တလေးမြို့ကို ယခုထက် ပိုမိုတည်ငြိမ်အေးချမ်းအောင် ကူညီဆောင်ရွက်ကြမယ် ၊ ကောလာဟလသတင်း များကိုလည်း ၀ိုင်းဝန်းချေဖျက်ကြမယ်ဆိုတာ သိရတော့ ကျွန်တော်တို့ ပြည်သူတွေအတွက် မင်္ဂလာသတင်းပါဘဲ။ အဲဒီနေ့မှာ ပါတီတွေ တင်ပြတာက လုံခြုံရေးကို ပိုမိုချထားပေးဖို့ ၊ ပဋိပက္ခ အကြောင်းပြု အကြမ်းဖက်လုယက်သူ ၊ လက်နက်ကိုင်ဆောင်သူများကို ဖော်ထုတ်အရေးယူပေးဖို့ online မှာ မဟုတ်မမှန် ရေးသားလှုံ့ဆော်သူတွေကိုလည်း ဖော်ထုတ်အရေးယူပေးဖို့ ၊ ပြဿနာတစ်ခု ဖြစ်လာတိုင်း အထက်အမိန့်မစောင့်ဘဲ အချိန်မီထိန်းသိမ်းပေးဖို့ စတာတွေ တင်ပြကြပါတယ်။
>>>>>ထူးထူး ခြားခြား အချို့ပါတီတွေက လုံခြုံရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ပါတီကောင်စီခေတ်ကို တမ်းတပြောဆို သူ ၊ တပ်မတော်မှ အခြေအနေကို ၀င်ရောက်ထိန်းသိမ်းပေးစေလိုသူ ၊ တပ်မတော်အုပ်ချုပ်စဉ် ကာလများ တွင် စိတ်အေးချမ်း သာယာစွာနေရသည့်အတွက် အချို့ပြည်သူများမှ တပ်မတော်အား တမ်းတမှုများ ရှိနေ ကြောင်း တင်ပြချက်များအရ သိရှိနေရကြောင်း စသဖြင့် စသဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့လည်း တည်ငြိမ်အေးချမ်းရေး ကိစ္စတွေဟာ ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ဆိုပေမယ့် အခြေအနေ ဆိုးဝါးလာတိုင်း တပ်မတော်က ပါဝင်ပတ်သက်ရစမြဲဆိုတာ ကမ္ဘာ့နိယာမလို ဖြစ်နေပါပြီ။ 
>>>>>ကျွန်တော်ဆိုလိုချင်တာက ရဲဆိုရင် အနီရောင်တောင် မ၀တ်ဘူးဆိုသူတွေ ၊ စစ်ဆိုရင် ရေတောင်စစ်မသောက်ချင်ဘူး ဆိုသူတွေ ကိုယ့်ဆန္ဒတကယ်ပြည့်ဝအောင် (ရဲနဲ့စစ်ကိုမမြင်ရအောင်) မြို့ရွာတည်ငြိမ်အေးချမ်းရေးကို အစွမ်းကုန်ကူညီပေးကြဖို့ လိုပါမယ်။
ဒီမှာ ကြုံလို့ ပြောချင်တာက ဒီပဋိပက္ခက အစိုးရက စနစ်တကျ အကွက်ချတယ် ၊ နိုင်ငံရေးအမြတ်ထုတ်တယ် ပြောသူတွေဟာ ကြောင်းကျိုးဆက်စပ်နိုင်စွမ်း အားနည်းသူတွေလား မသိပါ။ 
>>>>>သစ်ထူးလွင်ကစတဲ့ ဖွတဲ့ ပြဿနာ ၊ 
>>>>>786 ညီအစ်ကိုရဲ့ နှာဘူးရောဂါ ၊ (ကျန် 786 များကို မဆိုလိုပါ)
>>>>> မြန်မာအမျိုးသမီးတစ်ဦးအပေါ် ကရုဏာသက်ရာက ဒေါသအဖြစ် ပြောင်းလဲကုန်ပြီး ပဋိပက္ခဖြစ်တာကို အစိုးရက အကွက်ချတယ် စွပ်စွဲနေရင် ကျွန်တော်တို့အရင် အစဉ်အဆက် အားထားခဲ့ရတဲ့ သတင်းဌာန သစ်ထူးလွင်လဲ ဒီအစိုးရလူ ဖြစ်နေပြီလို့ ဆိုလိုက်တာများလား ၊ ဆက်ပြီး တစ်ခါ နိုင်ငံရေး အမြတ်ထုတ်တယ် ဆိုရအောင် ဒီပဋိပက္ခမှာ ဘယ်ပါတီကထွက်ပြီး မဲဆွယ်နေလို့လဲဗျာ ၊ သူရဲကောင်းပါတီ ကယ်တင်ရှင်ပါတီ လုပ်နေကြလို့လဲဗျာ။ ဘယ်ပါတီက ပဋိပက္ခဗန်းပြ စည်းရုံးနေလို့လဲဗျာ။ 
ကျွန်တော်တို့အမြင် ပါတီတွေအားလုံး ဘာမှ အမြတ်ထုတ်စရာ မရှိပါ။ အမြန်ဆုံး တည်ငြိမ်အေးချမ်းအောင် လူထုအကျိုးရှေးရှုပြောဆိုနေကြတာတွေ သာဖြစ်ပါတယ်။ တစ်ဖက်သတ်ပြောဆိုမှုတွေဟာ ပြောဆိုသူရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အတ္တစွဲကို စာဖတ် ပရိသတ်က ခန့်မှန်းမိပြီး အထင်အမြင်သေးတတ်တာကြောင့် အဦးဆုံးတော့ စွပ်စွဲပြောဆိုသူကိုသာ ထိခိုက်တာပါ။ ဒါကြောင့် ပြည်သူလူထု ၊ မြို့နေလူထုအားလုံး ပြဿနာတစ်ရပ်ဖြစ်တိုင်း ဓမ္မဓိဌာန်ကျကျ ဝေဖန်ပိုင်းဖြတ်ပြီး ဆုံးရှုံးထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကိုယ်နိုင်တဲ့ အပိုင်းလေးက ပါဝင် ထမ်းဆောင်ကြပါစို့ ခင်ဗျာ။
ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)
$
0
0
၂၀၁၁ခုနှစ်ကတည်းကကျွန်တော် Myanmar Armour Corps Page မှာတင်ခဲ့တဲ့ Post ကိုပြန်လည်ကူး ယူမျှဝေတာပဲဖြစ်ပါတယ်-
တိုက်ပွဲဖြစ်ပွားရသောအကြောင်းအရင်း
အမှတ်(၃၅၉)ခြေမြန်တပ်ရင်းမှ ဒုအရာခံဗိုလ် ကျော်ဌေးဦးစီး အင်အား(၁၀)ဦးနေ၇ာယူထားသော(အို-၇)တောင်ကုန်းအား ယိုးဒယား တပ်မှတပ်ကြပ်ကြီးအဆင့်ရှိသူ ဦးစီး (၂၀)ဦးခန့်မှ နေရာယူတပ်စွဲရန်လာရောက်စဉ်မိမိတပ်မှ မြန်မာ့ပိုင်နက်ဖြစ်ကြောင်း ပြန်လည်ပြောဆို မောင်းထုတ်ရာမှ ပြန်မဆုတ်ပဲ စခန်းကုန်းရှေ့ ကိုက်(၂၀၀)ခန့်တွင်တပ်စွဲထားပြီး (၇-၁-၂၀၀၁)ရက်နေ့တွင် ယိုးဒယားတပ်မှ ဗိုလ်ကြီး ယိုးထင်ဦးစီးအင်အား(၄၀) ယောက်မှေ၇ာက်ရှိပီး ကုန်းမှဖယ်ပေးရန်ပြောကြားမှုကြောင့် ခမရ(၃၅၉) တပ်ခွဲ(၂) တပ်စု(၄)အားဖြည့်တင်း လုံခြုံရေးဆောင်ရွက်ခဲ့ပါသည်။ ယိုးဒယား တပ်မတော်မှ ခြေလျင်စစ်သည်(၁၀၀) COMMANDO သံချပ်ကာ(၂)စီး M-60 တင့် ၄စီး ၁၂၀ မမယာဉ်တင်စိန်ပြောင်း၂ လက်ထပ်မံရောက်ရှိလာမှု နှစိနိုင်ငံနယ်ခြာပြသနာ စတင်ဖြစ်ပွားခဲ့ရပါသည်။
နယ်မြေအခြေအနေ
မြန်မာ့တပ်မတော်မှ တရုတ်ဖြူအားတိုက်ခိုက်စဉ် အိုတောင်ကုန်းအား (OBJECTIVE-7)ဟုသတ်မှတ်ရာမှ အို-၇ ဟု ခေါ်တွင်ခဲ့ ပီးထိုတောင်ကုန်းအနီးတွင် ဦးကုသလသီတင်းသုံးသည့် ဘုန်းကြီးကျောင်းရှိသည်။ အို-၇တောင်ကုန်းသည်တာချီိလိတ်မြို့ ပုန်းထွန်ရပ်ကွက်အနီးတွင်နည်ရှိပါသည်။ စခန်းကုန်း၏ အရှေ့မြောက် (၂၅၀၀)ကိုက်အကွာတွင် တဘက်နိုင်ငံ မယ်ဆိုင်မြို့ ရှိပီး လမ်းပမ်း ဆက်သွယ်ရေးကောင်းမွန်ပါသည်။
တိုက်ပွဲတွင်ပါဝင်သောတပ်များ
ရန်သူ့ ယိုးဒယားတပ် တိုင်း(၃)လက်အောက်ခံ ခြေလင်တပ်(၃၀၀)၊ M-60 MBT (၃)စီး၊ stringary ligt tank (၂)စီး၊ commando သံချပိကာယာဉ်(၅)စီး MLRS (၃)စီး ၁၂၀မမ ယာဉ်တင်စိန်ပြောင်း (၅)လက် ၆၀မမ (၄)လက် RPG(၁၂)လက် .၅ စက်သေနက်ကြီး (၆)လက် ပါရှိပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် ခမရ(၃၅၉) မှ စစ်ကြောင်း(၂)တပ်စု(၈)စု အင်အား (၂၂၀) ၈၁မမစိန်ပြောင်း (၂)လက် MA-7 (၂)လက် BA-103 လောင်ချာ(၂)လက် MG-3 စက်လက်(၂)လက် နှင့် ပစ်ကူအနေဖြင့် အမှတ်(၀၇၉)အမြောက်တပ်ခွဲမှ (၁၂၀)မမစိန်ပြောင်း (၃)လက် နမ့်စန်လေတပ်စခန်းဌာနချုပ်မှ SUPER GALAP G-4 မြေပြင်တိုက်ခိုက်ရေး လေယာဉ်(၄)စီးပါဝင်ခဲ့ပါသည်။
ကွပ်ကဲမှု
အို-၇ တောင်ကုန်းတိုက်ပွဲဖြစ်စဉ်အား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန်( ယခုနိုင်ငံတော်သမတကြီး) သည် အနီးကပ်ကွပ်ကဲခဲ့သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် မိုင်းဖြတ်မှ စစိဦးစီးမှူး(ပထမတန်း) ဒုဗိုလ်မှူးကြီးတင်မောင်ဝင်းသည် လွယ်မဆုတ်၊ လွယ်ခန်းကျုံ၊ ကျတီးနားဂွင်အတွင်းရှိ တပ်၇င်းများအားကွပ်ကဲခဲ့သည်။ရန်သူယိုးဒယားတပ်မတော်မှ အမှတ်(၃) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ၀ပ်တနာချိုင်ချိုင်းမြွန်ဝုန်သည် မယ်ဆိုင်တွင်အခြေပြု ကွပ်ကဲခဲ့သည်။
တိုက်ပွဲဖြစ်စဉ်အဆင့်ဆင့်
၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ (၀၅၁၅)နာရီခန့်တွင်ယိုးဒယား တပ်ကင်းနေရာမှ လက်နက်ငယ်ဖြင့်စတင်ပစ်ခတ်ခဲ့သည်။ အမှတ်(၃၅၉)ခြေမြန်တပ်ရင်း ခံစစ်စည်းရိုးရှေ့ ကိုက်(၃၀)ခန့်အကွာသက်ကယ်တောအတွင်း ယိုးဒယားတပ်အင်အား (၂၀)ခန့် ရောက်ရှိလျှက်ရှိကြောင်းတွေ့ရှိရသဖြင့် ရန်သူအားလက်နက်ငယ်ဖြင့် ချက်ချင်းပြန်လည်ပစ်ခတ်ခဲ့သည်။တစ်ချိန်တည်းမှာပင် ရန်သူမှ ဗိုလ်ကြီးစောနိုင်ဥိး ဦးစီးခွဲ (၄)နေရာယူထားသည့် အို-၇ ပွိုင့်ကုန်းအား၎င်းတို့နှင့်မျက်နှာချင်းဆိုင် ကိုက်(၂၀၀)အကွာရှိကျောက်တောင်ကုန်းမှ လက်နက်ငယ် စက်လက် ဒသမ၅စက်သေနတ်ကြီးတို့ဖြင့် စတင်ပစ်ခတ်သဖြင့် မိမိမှ လက်နက်ငယ် ဘီအေ-၁၀၀များဖြင့် ပြန်လည်စုပြုံပစ်ခတ်စေခဲ့သဖြင့် ရန်သူသည်ရည်မှန်းချက်မအောင်ပဲ အထိနာစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဗိုလ်ကြီးစောနိုင်ဦးဦးစီးသည့် အို-၇ တောင်ကုန်းအား (၀၆၃၀)နာရီခန့်မှစ ပီး ယိုးဒယား တပ်မှလက်နက်ကြီးဖြင့် အချက်(၄၀)ပစ်ခတ်ခဲ့ရာ(၀၇၃၀)နာရီတွင် အပစ်ရပ်သွားပြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်။တိုက်ပွဲဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့် ခမရ(၃၅၉) ၇ှိဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးစိုးဇော်ဦးစီးစစ်ကြောင်း(၂)နှင့် ဗိုလ်စောဝင်းတင်ဦးစီး တပ်ခွဲ(၁)ခွဲ တို့သည်တပ်ရင်းဌာနချုပ်မှ (၀၅၅၀)နာရီတွင်ထွက်ခွာခဲ့ရာ အို-၇တေယင်ကုန်းသို့ (၀၇၀၀) နာရီတွင်ရောက်ရှိပီး ဒုအရာခံဗိုလ်ကြည်မြင့် ဦးစီး ခွဲ(၁)စု(၁)စု အားချက်ျခင်းအားဖြည့်တင်းစေခဲ့ပီးရန်သူ့နေရာများပစ်ကုပေးတိုက်ခိုက်ခဲ့သည်။ ဒဏ်ရာရသောစစ်သည်များအား တောင်ကုန်းအောက်ခြေ ပုန်းထွန်ပူးပေါင်းဂိတ်သို့ (၀၈၃၀)နာရီတင်သွားရောက်ပို့ဆောင်နိုင်ခဲ့သည်။ (၀၉၁၅)ချိန်တွင်ရင်ဆိုင်ကုန်းများသို့ရန်သူ့ COMMANDOသံချပ်ကာ (၅)စီး နှင့် ထရပ်ကားဖြင့်တင်ဆောင်လာသောယိုးးယားရိန်းဂျား စစ်သည် (၂၀၀)ခန့်ေ၇ာက်ရှိ အင်အားဖြည့်တင်းလာခဲ့သည်။ ၄င်းအပြင်အရှေ့တောင်ဘက် တောင်ခြေတွင်လည်း တင့် (၃)စီးနှင့် ရန်သူ့စစ်သည်(၆၀)ဦးထပ်မံရောက်ရှိလာသည်ကိုတွေ့ရှိရသဖြင့် အထက်ဌာနသို့သတင်းပို့ခဲ့ရာ နမ့်စန်လေတပ်စခန်း ဌာနချုပ်ရှိ G-4 တိုက်လေယာဉ်များ အသင့်ပြင်ဆင်ထားရှိခဲ့သည်။
ထို့နောက် (၁၀၁၀)ချိန် ရန်သူလက်နက်ငယ် လက်နက်ကြီးပစ်ခတ်သံများ ကျဲပါးသွားသဖြင့် အို-၇ ခံစစ်ကုန်းအား လူနှင့် လက်နက်များနေရာချထားခြင်း အမ်အေ-၇နှင့် ၈၁မမစိန်ပြောင်းအား မြောက်ဘက်ဆင်ခြေလျောနေရာတွင် နေရာချထားခြင်း လိုအပ်သည့် ခဲယမ်းနှင့် ရေများ ပြန်လည်ဖြည့်တင်းခဲ့ပါသည်။ (၁၃၀၀)ချိန်တွင် ယိုးဒယားတပ်မှစတင်ကာ အမြောက် တင့်ကား လက်နက်ကြီူများဖြင့် စတင်ပစ်ခတ်လာသဖြင့် ဗိုလ်ကြီးစောနိုင်ဦးနှင့် ဗိုလ်စောတင်ဝင်းနေရာယူထားစေသော ခံစစ်နေရာများသို့ များစွာကျရောက်ပေါက်ကွဲခဲ့သည်။ (၁၃၁၅)အချိန်တွင် ဗိုလ်နေမျိုးရှေ့ရင်ဆိုင်ကုန်းမှ ယိုးဒယားတပ်အင်အား (၁၀၀)ခန့်တိုက်ခိုက်လာသဖြင့် မိမိမှ ဘီအေ-၁၀၀ စက်လက် များဖြင့် ပစ်ခတ်ရာ (၁၃၄၀)အချိန်တွင် ၇န်သူများ၎င်းတို့အနောက်ဘက်ဆင်ခြေလျော၇ှိ လိုင်ချီးခင်းမ်ျးဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ထိုအချိန်မှစ ပြီးရန်သူသည် တက်ရောက်တိုက်ခိုက်ခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမိမိအမြောက်တပ်မှ (၁၅၁၅)အချိန်တွင်ယိုးဒယားလက်နက်ကြီးနေရာများသို့ (၁၂၀)မမ စိန်ပြောင်းကြီးဖြင့် (၁၀၀)ချက်ပစ်ခတ်ခဲ့သည်။ (၁၆၀၀)နာရီတွင် တပ်မတော်(လေ)G-4 တိုက်လေယာဉ်(၄)စီးမှ (၁၇၀၀)အချိန်ထိ ရန်သူ့ လက်နက်ကြိးနှု့ အခြေခံ နေရာများ အားပစ်ခတ်တိက်ခိုက်ခဲ့သည်။ ယိုးဒယားတပ်များမှ(၁၉၀၀)နာရီတွင်ပြန်လည်ဆုတ်ခွာသွားရာတိုက်ပွဲပြီးဆုံးခဲ့သည်။
တိုက်ပွဲအရှုံးအမြတ်
ရန်သူ (၆၀) ဦးအလောင်းရရှိ ၊ ရန်သူ့ထံမှအောက် ပါလက်နက်များရရှိခဲ့-
(၁) အမ်-၂၇ စက်လက်(၆)လက်။
(၂)အမ်-၁၆ (၃၂)လက်။
(၃) ၄၀မမလောင်ချာ (၅)လက်။
(၄) ဓာတ်ငွေ့ကာမျက်နှာဖုံး (၃၂)ခု။
(၅) ဆက်သွယ်ရေးစက် (၇)လုံး။
(၆)ဟမ်းဗီးကွပ်ကဲမှုယာဉ်(၁)စီး။
မိမိတပ်မှကျဆုံး(၁၅)ဦး ဒဏ်ရာရ(၁၂)ဦး ရန်သူ့ဘက်မှပစ်ခတ်သော ကြောင့်တာချီလိတ်မြို့ မှပြည်သူ (၃)ဦးသေဆုံး (၁၅)ဦးဒဏ်ရာရရှိခဲ့သည်။
စွမ်းစွမ်းတမံဆောင်ရွက်မှု
တိုက်ပွဲတွင်အသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွန်ချွန် တိုင်းပြည်အတွက်အတွက်တိုက်ပွဲဝင်ခဲ့သော အောက်ပါအရာရှိ/စစ်သည်များအား ဆုတံဆိပ်များချီးမြှင့်ခဲ့ပါသည်-
(၁)သူရဘွဲ့
ကြည်း ၂၆၈၅၉ ဗိုလ်ကြီး စောနိုင်ဦး
ကြည်း ၃၁၂၇၈ ဗိုလ် နေမျိုး
အမှတ် ၉၅၇၃၁၅ တပ်သားမောင်စိုး
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် အရာရှိ(၂)ဦး စစ်သည်(၇)ဦးရရှိခဲ့ပါသည်။
ကြယ်နီ
နိုင်ငံ၏ရင်သွေးတိုင်းနိုင်ငံတော်၊ပြည်ထောင်စုကိုကာကွယ်နိုင်ကြပါစေ
Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.
လယ်သမားပါတီ နှင့် ပါတီဥက္ကဌ ဦးကျော်စွာစိုး ဘာလဲ၊ ဘယ်လဲ
$
0
0
လယ်သမားပါတီ နှင့် ပါတီဥက္ကဌ ဦးကျော်စွာစိုး ဘာလဲ၊ ဘယ်လဲ
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က စတင်တည်ထောင်ခဲ့သော လယ်သမားဖွံဖြိုးရေးပါတီသည် ပါတီသက်တမ်း ၂ နှစ် ပြည့်ခါနီးအချိန်တွင် ပါတီဝင်အင်အား ၂ သန်း နီးပါး ရှိနေပြီဖြစ်သည်။ မကွေးတိုင်း၊ စလင်းမြို့မှ ပါတီဝင်လယ်သမား ၂၁ ဦး ဖြင့် စတင်ခဲ့သော လယ်သမားပါတီသည် ဧရာဝတီတိုင်းတွင် ပြည်ခိုင်ဖြိုး၊ NLD ပါတီတို့အား ကျော်လွန်လျက် အင်အားအကောင်းဆုံးဖြစ်နေကာ မြန်မာတစ်နိုင်ငံလုံးအနေအထား၌ တတိယအကြီးဆုံးပါတီဟု ယူဆရန် ရှိနေသည်။
၂၀၁၅ မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ၌ လယ်သမားပါတီမှ ပန်းတနော်၊ ရေကြည်၊ တောင်ဒဂုံ သုံးမြို့နယ်၌သာ ယှဉ်ပြိုင်ဦးမည်ဖြစ်ပြီး ပါတီ၏ အဓိကရည်မှန်းချက်မှာ ၂၀၁၅ ရွေးကောက်ပွဲ၌သာဖြစ်ကာ ပါတီကိုယ်စားလှယ် ၁၅၀ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ မြေပြန့်ဒေသများ၌သာ ယှဉ်ပြိုင်မည်ဖြစ်ပြီး တောင်တန်းဒေသပါတီများနှင့် နယ်မြေခွဲခြားယှဉ်ပြိုင်ရေး၊ ပူးပေါင်းလက်တွဲဆောင်ရွက်ရေးများကို နှုတ်ကတိပြုထားကြသည်။
ဦးကျော်စွာစိုး
လယ်သမားပါတီကို ထူထောင်သူဖြစ်ပြီး ပါတီဥက္ကဌလည်း ဖြစ်သည်။ မြန်မာပြည်ပါတီအများစုကဲ့သို့ပင် ပါတီဥက္ကဌသည်သာ ပေါ်လစီချမှတ်သူ၊ ဆုံးဖြတ်ချက်ချမှတ်သူဖြစ်သည်။ ဦးကျော်စွာစိုးမှာမူ ပါတီ၏ ကိစ္စအဝဝအား တစ်ဦးတည်း တာဝန်ခံသူဖြစ်ပြီး ပါတီမှ လိုအပ်သမျှ ငွေအရင်းအနှီးအား စိုက်ထူသူလည်း ဖြစ်သည်။
မကွေးတိုင်း စလင်းဇာတိဖြစ်ပြီး ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သည်။ ယောက္ခမဖြစ်သူမှာလည်း အလွန်ချမ်းသာသူတစ်ဦးဖြစ်သည်ဟု ၎င်းကိုယ်တိုင် ဖွင့်ဟထားသည်။ ပါတီနိုင်ငံရေးအား ၎င်း၏စည်းစိမ်ကုန်ဆုံးသွားသည်အထိ လုပ်ဆောင်သွားမည်ဟု ဆိုထားသူဖြစ်သည်။ ယခင်က အမျိုးသားနိုင်ငံရေးမဟာမိတ်များပါတီ၌ အတွင်းရေးမှုးလုပ်ခဲ့ဖူးပြီး၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပြိုင်ပွဲများ၌ ပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကာ ပြည်ခိုင်ဖြိုး နှင့် NLD ပါတီတို့အား ရှုံးနိမ့်ခဲ့သည်။ PR စနစ်အား ထောက်ခံသူဖြစ်ပြီး ၎င်းစနစ်ကသာ NLD, ပြည်ခိုင်ဖြိုးတို့၏ လွှမ်းမိုးမှုကို တွန်းလှန်နိုင်မည်ဟု ယူဆသူဖြစ်သည်။ လက်ရှိ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဗေးနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူများဖြစ်ကာ ၎င်းဂျပန်ပြည်၌ ရှိနေစဉ်ကတည်းက ရှင်ဇိုအာဘေး၏ ဂျီမင်းတိုးလယ်သမားပါတီအား အားပေးသူဖြစ်သည်။ လက်ရှိတွင် ရှင်ဇိုအာဘေးမှ လယ်သမားပါတီအား အားပေးလျက်ရှိပြီး ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်၌ ဦးကျော်စွာစိုး နှင့် တွေ့ဆုံရန် ရှိသည်။ တရုတ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီ၊ အမေရိကန်နောက်ခံ NLD ပါတီ နှင့် ဂျပန်နောက်ခံ ၎င်း၏ပါတီတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဟု ဦးကျော်စွာစိုးက ဆိုသည်။
လယ်သမားထု နှင့် လယ်သမားပါတီ
လယ်သမားပါတီသည် လယ်သမား ၂၁ ယောက်မှ ဦးကျော်စွာစိုးအား တောင်းဆိုသောကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး ပါတီ၏ အဓိကရည်ရွယ်ချက်မှာ လယ်သမားများအကျိုးအား ဆောင်ရွက်ရန်ဖြစ်သည်။ ပါတီ၏ ကြိုးစားမှုကြောင့် သိမ်းဆည်းခံမြေယာဧက သောင်းကျော်အား ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ လယ်သမားများအား ချေးငွေထုတ်ချေးနိုင်ရန် လယ်သမားဘဏ်ထောင်ခွင့်ကို နိုင်ငံတော်အစိုးရထံမှ လယ်သမားပါတီမှ တောင်းဆိုထားသည်။ ပါတီအာဏာရလာလျှင် လယ်ယာမြေစီမံခန့်ခွဲရေး ဥပဒေမှ "ကျေးရွာ၊ မြို့နယ်၊ တိုင်းနှင့် ဗဟို အဆင့်ဆင့် လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီမှ သဘောရိုးဖြင့် မှားယွင်းခဲ့သည်ရှိသော် အဆင့်ဆင့် တရားစွဲပိုင်ခွင့်မရှိ"ဟူသော အပိုဒ်အား ဖြုတ်ပစ်မည်ဟု ဦးကျော်စွာစိုးက ဆိုထားသည်။ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအား အုပ်ချုပ်ရေးမှုးမပါဝင်သော ကျေးရွာ ရပ်မိ/ရပ်ဖများနှင့် ပြန်လည်ဖွဲ့စည်းမည်ဟု ၎င်းက ဆိုခဲ့သည်။
ဦးကျော်စွာစိုး နှင့် ပြည်ခိုင်ဖြိုးပါတီ
လယ်သမားပါတီသည် ပြည်ခိုင်ဖြိုးပါတီ၏ အခွဲပါတီဖြစ်သည်၊ လယ်သမားပါတီသည် ပြည်ခိုင်ဖြိုးထံမှ ငွေကြေးအထောက်အပံ့ ယူထားသည်။ ဦးကျော်စွာစိုးသည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်း၏ တူဖြစ်သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ ဦးကျော်စွာစိုးမှ ဤသို့ မဟုတ်ပဲ စွပ်စွဲခံရသည့်အတွက် ၎င်းကိုယ်ကို "ဆွဲကြိုးချ သတ်သေချင်စိတ်ကို ပေါက်တယ်"ဟု ဆိုသည်။ ဦးကျော်စွာစိုးမှ ၎င်းတို့ပါတီသည် ပြည်ခိုင်ဖြိုးပါတီမှ တစ်ကျပ်တစ်ပြားမှပင် ငွေကြေးအထောက်အပံ့ ယူမထားကြောင်း၊ ပြည်ခိုင်ဖြိုး၏ လက်ပွားလည်း မဟုတ်ကြောင်း၊ ပါတီကို ၎င်း၏စည်းစိမ်၊ ငွေကြေးဖြင့်သာ လည်ပတ်နေကြောင်း၊ ဂျပန်အစိုးရနှင့် ၎င်းကိုလည်း ပြည်ခိုင်ဖြိုးမှ မိတ်ဆက်ပေးခဲ့ခြင်း မဟုတ်ကြောင်း၊ ၎င်းသာ ပြည်ခိုင်ဖြိုးလူဖြစ်လျှင် ဂျပန်အစိုးရက လှည့်၍ပင် ကြည့်လိမ့်မည် မဟုတ်ကြောင်း Messenger ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း၌ ဖြေကြားခဲ့သည်။ ထို့ပြင် လယ်သမားပါတီ၌ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်း တစ်ယောက်မှမရှိဟူ၍လည်း တုံ့ပြန်ခဲ့သည်။ ၎င်း၏ပါတီရပ်တည်နေသည်မှာ ပြည်ခိုင်ဖြိုး၏ ထောက်ပံ့ငွေ မဟုတ်ပဲ ၎င်းကိုယ်ပိုင်ငွေကြေးများဖြင့် ရပ်တည်နေခြင်းသာဖြစ်ကြောင်းရှင်းလင်းခဲ့သည်။
ဦးအောင်သိန်းလင်း၏ တူဖြစ်သည်ဟူသော ကောလဟာလကို ယင်းသို့ ဖြေရှင်းထားသည်။
"ဦးအောင်သိန်းလင်းနဲ့က ပခုက္ကူ (၁၀၁) တပ်မမှုးဘဝတည်းက သူနဲ့ခင်တာ။ ကျွန်တော်က စလင်းသား၊ စလင်းတပ်တွေကို သူကိုင်တာ။ ကျွန်တော်က မြို့မျက်နှာဖုံး၊ သူက တပ်မမှုး၊ မြို့ကိုလာရင် အိမ်မှာတည်းတယ်။ သူတို့လာတော့ ဧည့်ခံရမယ်။ အဲဒီကတည်းက ခင်တာ။ သူမြို့တော်ဝန်ဖြစ်တော့လည်းဖာသိဖာသာပါပဲ။ နိုင်ငံရေးလုပ်လာတဲ့အခါကျတော့ သူနဲ့ နိုင်ငံရေးမဟာမိတ်ပါတီတို့တွေ့တော့ သူက ဘာတွေလုပ်နေတာလဲမေးတော့ ကျွန်တော်အမျိုးသား မဟာမိတ်နိုင်ငံရေးပါတီမှာ လုပ်နေတာပါ။ ခင်ဗျား ဘာဖြစ်လို့ ပြည်ခိုင်ဖြိုးမလုပ်လဲ။ ကျွန်တော်စိတ်မပါလို့ မလုပ်တာပါလို့ ဖြေခဲ့တယ်။ အဲဒီလိုကနေ သူနဲ့ နိုင်ငံရေးနယ်ပယ်မှာ ပြန်တွေ့တာ။ သူနဲ့က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့တာ။ ဘာမှလည်း ဆွေမျိုးမတော်ဘူး။ ပြည်ခိုင်ဖြိုးတစ်ပါတီလုံးမှာ သူတစ်ယောက်ပဲ ရင်းနှီးတာရှိတယ်။"
ဦးကျော်စွာစိုး နှင့် NLD ပါတီ
ဦးကျော်စွာစိုးသည် NLD ပါတီနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော ဆက်ဆံရေးရှိသူတစ်ဦး ဖြစ်သည်။ ဖခင်ဖြစ်သူမှာ NLD လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်ပြီး ဦးကျော်စွာစိုးတို့ ဇနီးမောင်နှံအား NLD ပါတီဥက္ကဌဟောင်း ဦးအောင်ရွှေမှ လက်ထပ်ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိ NLD နာယက ဦးတင်ဦးနှင့်လည်း နွေးထွေးသော ဆက်ဆံရေးရှိပြီး ဦးကျော်စွာစိုးမှ ဦးတင်ဦးအား လမ်းတွေ့လျှင် ဦးချကန်တော့လေ့ရှိသည်။ ဦးကျော်စွာစိုးကိုယ်တိုင်လည်း ငယ်စဉ်က NLD ပါတီဝင်ဖြစ်ပြီး ၎င်း၏ လယ်သမားပါတီဝင်များမှာလည်း ယခင် NLD ပါတီဝင်များချည်းသာ ဖြစ်သည်။ ဦးကျော်စွာစိုး၏ အမြင်အရ NLD ပါတီ၌ ခံယူချက်အတည်တကျမရှိသော သာရာပေါင်း ခြံခုန်ကူးများသာလျှင် ရှိပြီး အများစုမှာ ပြည်ခိုင်ဖြိုးမှ ပြောင်းလာသူများဖြစ်သည်။ သို့ဖြစ်၍ NLD ပါတီတွင်း စည်းလုံးမှု ပျက်ပြားနေသည်။ ပြည်ခိုင်ဖြိုးအား ပြည်သူလူထုမှ မထောက်ခံသော်လည်း NLD အားလည်း မဲထည့်ကြမည်မဟုတ်ပဲ ကျန်တစ်ပါတီဖြစ်သော ၎င်းတို့ပါတီအား မဲထည့်လိမ့်မည်ဟု ခန့်မှန်းသည်။
ဦးသိန်းစိန်အပေါ် အမြင်သဘောထား
ဦးကျော်စွာစိုးမှ ဦးသိန်းစိန်သည် အတတ်ညာရှင်သာ ဖြစ်သည်၊ အသိညာရှင်မဟုတ်ဟု ဆိုသည်။ အတတ်ပညာရှင်သည် ကိုယ်ပိုင်အသိမရှိပဲ ခိုင်းသလိုသာ လုပ်တတ်သူဟူသော စကားကို ဦးကျော်စွာစိုးမှ ဆိုသည်။ ဦးသိန်းစိန်သည် အကြံပေးများပြောသည့်အတိုင်းလုပ်နေရသည့်အတွက် နိုင်ငံတိုးတက်ခြင်းမရှိဟု ဆိုလိုဟန် ရှိသည်။
"အခုက အကြံပေးတွေ အများကြီးထားပြီး တပည့်ပြောတာတွေ လိုက်ပြောနေတယ်။ တပည့်လိုသာ ပြောတာ၊ တပည့်ခိုင်းတာ၊ အကြံပေးတွေ ခိုင်းတာပဲ လုပ်နေတော့ ဘာလုပ်မလဲ။ သူက အသိပညာရှင် မဟုတ်ဘူး။ အတတ်ပညာရှင်။"
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသောအမြင်
မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ပြောရေးဆိုခွင့်ရှိလာခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးကြောင့်ဖြစ်၍ သူမအား ကျေးဇူးတင်ကြောင်း ဦးကျော်စွာစိုးမှ ဆိုသည်။ သို့သော် NLD မှ လူပ်ရှားလျက်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) ပြင်ဆင်ရေးများနှင့် ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်အား "မိန်းမဥာဏ်နဲ့ မလုပ်ပါနဲ့။ ယောက်ျားဥာဏ်နဲ့ လုပ်ပါ။ မိန်းမဥာဏ်နဲ့လုပ်နေရင် သေတဲ့အထိ ဘာမှမဖြစ်ဘူး။"ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြုမူနေပုံများသည် မိမိထံမှ အကုန်သိမ်း တိုက်ယူသွားသော ဓားပြထံမှ "နားကပ်ကလေး ပြန်ပေးပါ"ဟု တစာစာတောင်းနေသည်နှင့် တူကြောင်း ဥပမာပြုသည်။ ၎င်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ထိုအပြုအမူကို "မျက်နှာကို ဓားနဲ့သာ လှီးလိုက်ချင်တော့တယ်။ ရှက်လို့။ "ဟူ၍ ပြောဆိုခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲ မျှော်မှန်းချက်
၂၀၁၅ ရွေးကောက်ပွဲအတွက် ရိုးရိုးသားသားနှင့် ကြိုးကြိုးစားစား ယှဉ်ပြိုင်သွားမည်ဟု လယ်သမားပါတီဥက္ကဌ ဦးကျော်စွာစိုးက ဆိုထားသည်။ NLD ပါတီကို မဲမထည့်လိုသူများ၊ ပြည်ခိုင်ဖြိုးပါတီကို မကြိုက်သူများက ၎င်းတို့ပါတီကို မဲပေးလိမ့်မည်ဟု ဦးကျော်စွာစိုး မှ မျှော်မှန်းထားသည်။ ၎င်းတို့အခေါ် "ရွဲ့မဲ"များ ရမည်ဟု အပိုင်တွက်ထားသည်။ ပါတီကိုယ်စားလှယ်များကိုလည်း အမှန်တကယ် တိုင်းပြည်အား အလုပ်အကျွေးပြုမည့်သူများကို ဦးစားပေး ရွေးချယ်မည်ဖြစ်သည်။
အမျိုးသားရေး
လယ်သမားပါတီ၏ စည်းရုံးရေးဗီနိုင်း၊ ပိုစတာများ၌ "အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည့်လယ်သမားပါတီ"ဟု ရေးသားထားသည်။ "တိုင်းပြည်မှာ ဘယ်သူ့ကို စောင့်ရှောက်မှာလဲ။ တို့လူမျိုးကိုမှ တို့မစောင့်ရှောက်ဖူးဆိုလျှင် ဒီနိုင်ငံရေးပါတီ ဘာပါတီလဲ။ တို့ဘာသာကိုယ်မှ မစောင့်ရှောက်ဘူးဆိုရင် ဒီနိုင်ငံရေး ပါတီ ဘာပါတီလဲ။"ဟူ၍ ဦးကျော်စွာစိုးမှ ဆိုသည်။ အမျိုးသားရေးကို အခြေခံသော မူဝါဒကို စွဲကိုင်ထားသည့် ပါတီဖြစ်လျှင် လယ်သမားပါတီသည် မြန်မာနိုင်ငံ ၏ အမျိုးသား အကျိုးစီးပွားကို အလွန်တရာ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ယူဆရပေသည်။
Myo Min Thant
 https://www.facebook.com/photo.php?fbid=326870347481348&set=a.130002760501442.27313.100004751555043&type=1&theater  မှကူးယူဖော်ပြပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ (သို့မဟုတ်)
$
0
0
အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးအရ (သို့မဟုတ်)
ပြည်ထောင်စုအကျပ်အတည်းမှ ထွက်ရပ်လမ်း
:ကျော်ဝင်း
ထိလွယ်ရှလွယ်၊ အကဲဆတ်
''ထိလွယ်၊ရှလွယ်သော အကဲဆတ်လှသည့် အနေအထား''
(fragile state) ဆိုသည်ကို ကမ္ဘာ့ဘဏ် အဖွဲ့ကြီးက အချင်းအရာလေးရပ်ဖြင့် သတ်မှတ်အဓိပ္ပာယ်ဖွင့်ထားပါသည်။ ဖွံ့ဖြိုးမှုအတွက် ကြီးမားနက်ရှိုင်းသော စိန်ခေါ်ချက်များရှိနေခြင်း၊ အင်စတီကျူးရှင်းဆိုင်ရာစွမ်းဆောင်ရည် အားနည်းလှခြင်း၊ အုပ်ချုပ်ရေးစနစ် အားပျော့ချည့်နဲ့ခြင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ဖြစ်ပါသည်။ အဆိုပါ အချင်းအရာ၊ လက္ခဏာလေးရပ်ကို ပစ္စက္ခမြန်မာ့နိုင်ငံရေးအခြေအနေတွင် ပီပီသသတွေ့ နေရသည်။ အထူးသဖြင့် နိုင်ငံရေး တည်ငြိမ် မှုမှာ၊၂၀၁၃ခုနှစ် နောက်ပိုင်းလများမှစ၍ တစ်စစယိုယွင်းလာပြီး၊ ယခု ၂၀၁၄ နှစ်လည် တွင် အဆိုးဆုံးအခြေအနေသို့ပင် ဦးတည်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံရေးတွင် သော့ချက်အကျဆုံးဟုဆိုင်နိုင်လောက်သော အင်အားစု အသီးသီး၏ လိုလားချက်နှင့် သဘောဆန္ဒများကို ကြည့်လိုက်လျှင်ပင်၊ပို၍ပို၍ တင်းမာ လာသည့် အနေအထားကို အလွယ်နှင့် ဆ၀ါးနိုင်စရာရှိလာသည်။ လက်ရှိ အာဏာရ ပါတီ USDP က အချိုးကျကိုယ်စားပြုစနစ် (PR စနစ်)ကို ကျင့်သုံးဖို့ ကြိုးပမ်း နေသည်။ အဓိက အတိုက်အခံပါတီNLDက၊ ပုဒ်မ ၅၉(စ)နှင့် ၄၃၆ ပြင်ဆင်ရေးကို ရပ်ခံထား သည်။ တပ်မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းတွင် ၄င်းတို့၏ ပါဝင်မှုကို အဆော တလျှင် မဖယ်ရှားစေလို။ ဤစိုးရိမ်စိတ်ဖြင့်ပင် ပုဒ်မ ၄၃၆ ကို တင်းခံထား လိုဟန်ရှိသည်။ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များအပါအ၀င်၊ တိုင်းရင်းသားပါတီ များ က တင်းပြည့် ကျပ်ပြည့်ဖက်ဒရယ်ကိုတောင်းဆိုလျက်ရှိသည်။ အချို့အဖွဲ့များ က ဆိုလျှင် ဖက်ဒရယ် တပ်မတော်ထူထောင်ရေးအထိ အရေးဆိုနေကြသည်။ ဤသို့ လိုလားချက်ကိုယ်စီ၊ ဆန္ဒကိုယ်စီဖြစ်နေကြရာ၊ တည်ငြိမ်သော အပြောင်းအလဲ တစ်ရပ် အတွက် မရှိမဖြစ် လိုအပ်သော 'နိုင်ငံရေးပဋိဥာဉ်' (Political Pact) တစ်ရပ်မှာ ဝေးသထက် ဝေးလာ ရတော့ သည်။
သို့တစေ၊ ဆယ်စုများစွာ ရင်စီးခံခဲ့ရသော ပြည်သူလူထု၏ေ မျှာ်မှန်းချက်များ မှာကား အမြင့်ဆုံးသို့ရောက်ရှိနေချေပြီ။ အဆိုပါ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင် လောက်သည့် အလားအလာမှာလည်း မရှိသလောက် ပင်ဖြစ်နေရာ၊ လူအများစုကြီး၏ ကျိတ်မှတ်သည်းခံနိုင်စွမ်းမှာ၊ ပေါက်ကွဲလုလု အနေအထားသို့ ရောက်ရှိလာတော့သည်။ ထို့ထက် ဗူးလေးရာဖရုံဆင့်၊ မီးလောင်ရာလေပင့်သလိုရှိနေသည့် လူမျိုးရေး၊ ဘာသာရေး သဘောဆောင် လာသော အဓိကရုဏ်းများကလည်း ခပ်စိတ်စိတ်ထွက်ပေါ်လာနေသည်။ ဤသို့သော အရပ်ရပ်အခြေအနေမှာပင်၊ ရွေးကောက်ပွဲနှစ်ခု (၂၀၁၄ ကြားဖြတ် ရွေး ကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ)က နီးသထက်နီးလာရာ၊ နိုင်ငံရေး ပလေယါများ ကြား ယှဉ်ပြိုင်မှုမှာ၊ ပို၍ ပို၍ သည်းသန်ပြင်ထန်လာဖို့ရှိနေသည်၊ ဆိုရလျှင် ၂၀၁၅ ကို အသာထား၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဘာဖြစ်မည်ဆိုသည်ကိုပင် တိတိပပ မမှန်းဆနိုင်ဖြစ်နေရတော့သည်။
အပေးအယူနှင့် ကြားအဖြေ
ဤသို့တပြီကား၊ ဆိုခဲ့ပါထိလွယ်ရှလွယ် အကဲဆက်လှသော ပစ္စက္ခ အခြေ အနေတွင်၊ ကတိမ်းကပါးဖြစ်သွားနိုင်စရာ အပြည့်ရှိနေသော မြန်မာ့ဒီမိုကရေစီရေး၏ ကံကြမ္မာကို မည်သို့ကယ်တင်ကြမည်နည်း။ လွတ်လပ်ရေးရပြီးကတည်းက၊ ပဋိပက္ခ သံသရာတွင် ကူးရင်းနစ်နေရသောပြည်ထောင်စုကြီးကို၊ လက်ရှိအကျပ်အတည်းမှ မည်သို့ ဆယ်တင်ကြမည်နည်း။ မြန်မာနိုင်ငံအပေါ် သဘောထားမှန်လိမ့်မည်ဟု ယူဆ ရသော၊ နိုင်ငံတကာပညာရှင်များ၏ အကြံဥာဏ်အချို့ကို အခြေခံကာ၊စာရေးသူ စဉ်းစား မိသမျှ၊ အဆိုပြုချက်တစ်ရပ်ကို တင်ပြလိုက်ပါသည်။
ပထမဆုံးမဖြစ်မနေ ဆောင်ရွက်ကြဖို့လိုသည်မှာ၊
ယခုအခါ 'ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်နေကြသော' (confrontational competition) နိုင်ငံရေးအင်အားစုအချင်းချင်း၊ အကြေအလည်ညှိနှိုင်းပြီး၊'အပြုသဘောဆောင်သော ပူးပေါင်းလုပ် ဆောင်ယှဉ်ပြိုင်မှု' (constructive, cooperative competition) မျိုးဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို ရင်ဆိုင် ကြဖို့ဖြစ်ပါသည်။ ဤအတွက် ယခုလောလော ဆယ်၊ မတူခြားနားသော လိုလား ချက်များ ကို ''ဈေးဆစ်တိုကင်'' (bargaining chip) အဖြစ် သဘောယူကာ'အပေးအယူ လုပ်ပြီး ကြားအဖြေ (bargain and compromise) ရှာကြ ဖို့ ဖြစ်ပါသည်။ ဆိုကြပါစို့
ယခုလို …
- NLD က ၊ USDP လိုလားသော PR စနစ်ကိုလက်ခံပြီး၊ USDP ကလည်း NLD လိုလားသော ပုဒ်မ ၅၉(စ)ကို ပြင်ပေးရန်
- လွတ်တော်တွင် တပ်မတော်ကိုယ်စားလှယ် ၂၅%ပါဝင်မှု၊ ၀န်ကြီး ဌာနသုံးခု ကို တပ်မတော်မှ တာဝန်ယူမှုနှင့် ယခင်အစိုးရလက်ထက်မှ ကိစ္စများကို အရေးမယူရ ဆိုသော ပုဒ်မများကို၊ အစောတလျှင်မတို့ထိပါဟု NLD ဘက်မှ အာမခံချက်ပေးလျှင်၊ တပ်မတော်မှလည်း ပုဒ်မ ၄၃၆ ကိုလျော့ပေါ့ပြင်ဆင်ပေးရန်၊
- လူမျိုးစုပါတီများ လိုလားသော၊ ပုဒ်မ ၉၆(ဇယား-၁)၊ ပုဒ်မ ၁၈၈ (ဇယား-၂)၊ ပုဒ်မ ၂၅၄ (ဇယား-၅)၊ ပုဒ်မ ၂၆၁(ခ)နှင့် သယံဇာတခွဲပေးရေးတို့ကို ညှိနှိုင်းပြင်ဆင်နိုင်လျှင်၊ လက်နက်ကိုင်တပ်ဖွဲ့များဘက်မှ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲပြီး ကျန်ကွဲလွဲချက်များကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရသစ်လက်ထက်မှ ဆက်လက် ဆွေးနွေးရန်…
ဤအချက်သုံးချက်ကိုသာ အတိအကျမဟုတ်လျှင်သော်မှ၊ရေဘုယျသဘော တူညီမှုရလျှင် ၂၀၁၅ ရွေးကောက်ပွဲကို ဆိုခဲ့ပါအပြုသဘောဆောင်သော ပူးပေါင်း
လုပ်ဆောင်ယှဉ်ပြိုင်မှု မျိုးဖြင့် ရင်ဆိုင်နိုင်ကြပါလိမ့်မည်။ တစ်ဆက်တည်း စဉ်းစား ဆုံးဖြတ်ကြရမည်မှာ၂၀၁၅ ရွေးကောက်ပွဲကို သော့ချက်အင်အားစုအားလုံး မရှုံးစေဘဲ၊ အားလုံး သူ့အတိုင်းအတာနှင့်သူအနိုင်ရစေရန် နည်းလမ်းရှာ ဖွေ ညှိနှိုင်းကြဖို့ဖြစ်ပါသည်။
ရှုံးသူမရှိ၊ အားလုံးအနိုင်
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ကြုံခဲ့ရသော နိုင်ငံရေးပဋိပက္ခ များကို ကြည့်လိုက်လျှင်၊ အရှုံးအနိုင်သဘောဆောင်သည်ကများပါသည်။နိုင်သူက ရှုံးသူအပေါ် ရက်ရက်စက်စက် နှိပ်ကွပ်သည်ကလည်းများသည်။ တောတွင်းဗကပ က ဖြုတ်၊ထုတ်၊ သတ် သလို၊ မြေပေါ်တွင်လည်း ဖြုတ်ရုံထုတ်ရုံမျှမက၊ နိုင်ငံရေးအရ အသေသတ်ကြ သည်သာဖြစ်သည်။ သည်တွင် နိုင်ငံရေးအင်အားစုများမှာ၊ အရှုံးကိုအသေ ကြောက်လာ ကြသလို၊ အနိုင်ရအောင်လည်း အသေအလဲ ကြိုးပမ်းကြတော့သည်။ ဒီမိုကရေစီ နိုင်ငံရေး စနစ်နှင့် ဘယ်လိုမှ စရွေး မကိုက်သော
ဤဓလေ့ဆိုးကြီးကို၊ အမြန်ဆုံး အဆုံး သတ်ကြဖို့ လိုပြီထင်ပါသည်။ ဤအထင် ဤအမြင်နှင့်ပင် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးသူမရှိဘဲ အားလုံး(သူ့အတိုင်း အတာနှင့်သူ) အနိုင်ရစေမည့် နည်းလမ်းကို ရှာဖွေကြည့်ပါမည်။
ဆိုခဲ့ပြီးသော အပြုသဘောဆောင်၊ ပူးပေါင်းလုပ်ဆောင်ယှဉ်ပြိုင်မှုမျိုးဖြင့် ရင်ဆိုင် ကြလျှင် ၂၀၁၅ ရွေးကောက်ပွဲမှာ အသေအခြာပင်၊ လွပ်လပ်ပြီး၊ တရားမျှတမှု
ရှိပါလိမ့် မည်။ အနိုင်ရပါတီ(NLD ဖြစ်စေ၊ USDP ဖြစ်စေ) က သူတို့စိတ်ကြိုက် သမ္မတကို ရွေးချယ်ခွင့်ရှိရပါမည်။ အရေးနိမ့်သွားသော ပါတီ(သို့မဟုတ်) ဒုတိယ မဲအများဆုံးရသည့် ပါတီကို လည်းဒုတိယသမ္မတ တစ်ဦးရွေးခွင့်ပေးရပါမည်။ နောက်ထပ် ဒုတိယသမ္မတတစ်ဦးကိုမူ တပ်မတော်မှ ရွေးချယ်ဖို့ဖြစ်သည်။
လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ၊ ဒုတိယသမ္မတ နှစ်ဦး သာရှိရာ နောက်ထပ် ဒုတိယသမ္မတတစ်နေရာ ဖန်တီး သင့်ပါသည်။ ဤနေရာကိုမူ လူမျိုးစုပါတီ များသို့ပေးရပါလိမ့်မည်။ လွှတ်တော်နှစ်ရပ်တွင်၊အောက်လွှတ်တော် (ပြည်သူ့ လွှတ်တော်)ဥက္ကဋ္ဌ တာဝန်ကို လူများစုဖြစ်သော 'ဗမာ'ကယူ၍၊ အထက် လွတ်တော် (အမျိုးသားလွှတ်တော်)ဥက္ကဋ္ဌ တာဝန်ကိုလူမျိုးစုတစ်ခုခုသို့ ပေးနိုင်လျှင် ပိုသင့်မြတ် ပါလိမ့်မည်။ အလားတူ၊ ၀န်ကြီး အဖွဲ့တွင်လည်း ပါတီ တော်တော် များများ ပါဝင်နိုင်အောင် တတ်နိုင်သမျှ စုစည်းပေးနိုင်ပါက၊ ပို၍ သဘောထားကြီးရာ ရောက်ပါလိမ့်မည်။ ဤသို့ဆိုလျှင် သော့ချက်ကျသော အင်အားစု အားလုံး
(USDP, NLD ၊ တပ်မတော်နှင့် လူမျိုးစုပါတီများ) ပါဝင်သည့်အစိုးရ၊ တစ်နည်း 'အမျိုးသားပြန်လည် သင့်မြတ်ရေးအစိုးရ' (National Reconciliation government) တွက်ပေါ် လာပါ လိမ့်မည်။
အဆိုပါ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ၏ပထမဆုံးတာဝန်မှာ လူထု မျှော်လင့်ချက်များကို အတတ်နိုင်ဆုံးဖြည့်စွမ်းပေးဖို့ပင်ဖြစ်သည်။ဤသို့ ဖြည့်စွမ်း ပေးနိုင်သည်နှင့်အမျှ၊ လူထု၏ စိတ်ရှည်သည်းခံမှုမှာ ပိုမိုမြင့်မားလာပြီး၊တည်ငြိမ် အေးချမ်း သည့်နိုင်ငံရေးအခြေအနေတစ်ရပ်ကို တဖြည်းဖြည်းပုံဖော် လာနိုင်ပါ လိမ့်မည်။ ဤသို့သော တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေး နောက်ခံထက်တွင်မှ၊ ကျန်ရှိနေသေးသော သဘောထားကွဲလွဲမှုများကို စိတ်ရှည်လက်ရှည်ညှိနှိုင်း အဖြေရှာကြဖို့ဖြစ်ပါသည်။ နောက်ဆုံး အများညီအဖြေမရမခြင်း၊ နောင်လာမည့် ရွေးကောက်ပွဲများအနေနှင့် ဤသို့သော အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရမျိုး ကိုသာ မွေးထုတ်ဖို့လိုပါလိမ့်မည်။ ဤနည်းဖြင့်သာလျှင် အများမျှော်လင့်တောင့်တ နေကြသောစစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ တော်သစ်ကို ဦးတည်သွားနိုင်မည်ဖြစ်ပါ သတည်း။
ကျော်ဝင်း
၁၁ ဇူလိုင် ၂၀၁၄
စာညွန်း-
၁။ Few scenarios of Less and More Probable Developments in Burma.
(Igor Blazevic)
၂။ A Need for a Political Pact (L.Diamond)
၃။ Should I Worny about Fragility? (Markus Kostner)
၎။ Special Report (The Economist, 25th May, 2013)
Kyaw Win Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
အမျိုးသားအကျိုးစီးပွားနဲ့ အကျင့်ပျက်ခြစားမှု
$
0
0
အပြောင်းအလဲ လှုပ်ရှားမှုတွေနဲ့  လူးလွန့်ရုန်းကြွနေတဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ဖြစ်ရပ်တွေအကြောင်း ပုံနှိပ်မီဒီယာတွေ ဆိုရှယ်နက်ဝပ် မီဒီယာတွေပေါ်မှာ ရေးကြာတာတွေကို လိုက်ဖတ်မိရာက ကိုယ်လက်လှမ်းမီသလောက် နည်းနည်း စဉ်းစားကြည့်မိတာပါ။
သတင်းမီဒီယာ အထိုက်အလျောက် လွတ်လပ်မှုရှိလာပြီးနောက် ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ တပ်မတော်ခေါင်းဆောင်များရဲ့ အတွင်းရေးတွေ၊ အစိုးရ (ယခင်/လက်ရှိ) လုပ်ဆောင်တဲ့ ပွင့်လင်းမြင်သာမှု မရှိသော စီမံကိန်းလုပ်ငန်း တချို့နဲ့ ပတ်သက်ပြီး ဖွင့်ချရေးသားတဲ့ ဆောင်းပါးတွေ လူကြိုက်များပါတယ်။ တချို့သတင်းတွေက ဆိုရှယ်နက်ဝပ် ခေါ် အင်တာနက် အွန်လိုင်းပေါ်က ရေးသားချက်တွေကို ကူးယူဖော်ပြတာတွေလည်း ရှိပါတယ်။ အဲ့ဒါဟာ မြန်မာပြည်မှာ တပ်မတော်က နိုင်ငံ့အာဏာအရပ်ရပ်ကိုယူပြီး စစ်ခေါင်းဆောင်တွေ အုပ်ချုပ်ခဲ့တဲ့ ရာစုနှစ် တဝက်ဝန်းကျင် ကာလအတွင်း တိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ အခြေအနေတွေ လျှောကျနိမ့်ဆင်း သွားခဲ့ရတဲ့ လက်တွေ့ဖြစ်ရပ် က လူထုအာရုံကို ဖမ်းစားထားတာ ဖြစ်ပုံရပါတယ်။
စစ်အုပ်ချုပ်ရေး ကာလအတောအတွင်း တပ်မတော်ခေါင်းဆောင်တချို့  အာဏာနဲ့လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်ပြီး မသမာတဲ့နည်းလမ်းနဲ့ ကိုယ်ကျိုးစီးပွားတွေ အဆမတန် ရှာဖွေစုဆောင်းမှုတွေရှိခဲ့တာ ငြင်းမရတဲ့အချက်ပါ။ ဒါ့အပြင် အပြန်အလှန် အထိန်းအကွပ်မရှိတဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ကိုယ်ထင်ရာစိုင်း လုပ်တတ်သူတွေ အခွင့်သာခဲ့ပြီး   ကိုယ်နဲ့နီးစပ်ရာ မြှောက်စားတဲ့ ဆရာမွေးတပည့်မွေး အလေ့အထကို ကြီးထွားရင့်သန် စေခဲ့ပါတယ်။ လုပ်ငန်းတခုလုပ်တော့မယ် စီမံကိန်းတခု အကောင်အထည်ဖော်တော့မယ်ဆိုရင် လူမှန်နေရာမှန် ထိုက်ထိုက်တန်တန် အရည်အချင်းရှိသူတွေကို တာဝန်ပေးရမယ့်အစား အထက်လူကြီးနဲ့ နီးစပ်သူ ပနာစားသူ တွေသာ လုပ်ပိုင်ခွင့်များတဲ့ စီမံခန့်ခွဲမှုအလွဲကြောင့် ဆုံးရှုံးနစ်နာခဲ့တဲ့ လုပ်ငန်းပေါင်းလည်း မနည်းလှပါ။
စစ်အစိုးရလက်ထက်မှာ အုပ်ချုပ်ရေး ယန္တရားထဲက လူတွေအားလုံး အကျင့်စာရိတ္တယိုယွင်းတာ ၊ အရည်အချင်းညံ့တာ မဟုတ်ခဲ့သော်လည်း လုပ်ပိုင်ခွင့်နေရာအရ လုပ်ငန်း အကျိုးသက်ရောက်မှုရလဒ်တွေ မကောင်းတဲ့အခါ  မကြည်လင်မနွေးထွေးတဲ့ပုံရိပ်က သက်ဆိုင်ရာ အဖွဲ့အစည်းတရပ်လုံးအပေါ် ရိုက်ခတ်ခံရတယ်လို့ ယူဆပါတယ်။ လက်တွေ့လုပ်ဆောင်နေရတဲ့ ယန္တရားအတွင်းမှာကို  ခံစားခွင့်တွေ မညီမမျှ ဖြစ်ပေါ်နေတော့ လုပ်ငန်းအပေါ် အာရုံထားမှုတွေ လျော့ကျလာတယ်။ စေတနာ နည်းပါးသူတွေလည်း ရှိလာတယ်။ သူများလိုမရရင် ရတဲ့နေရာက ရတာကိုယူမယ်ဆိုတဲ့ စိတ်တွေ ဝင်လာကြပါတယ်။  ရေတပ် စစ်သင်္ဘောတွေမှာတပ်ဆင်ထားတဲ့  ရေလုံတံခါးပတ်တာက ကြေးမူလီတွေ ဖြုတ်ယူရောင်းစားပြီး သံမူလီတွေနဲ့ အစားထိုးတပ်ဆင်တဲ့ လုပ်ရပ်ကိုကြည့်ရင် တော်တော်တုန်လှုပ်စရာ ကောင်းလှပါတယ်။ လူတွေဟာ အများပိုင်ပစ္စည်း နိုင်ငံပိုင်ပစ္စည်းဆိုတဲ့ အရာတွေအပေါ် တန်ဖိုးထားရကောင်းမှန်း မသိတဲ့ အဖြစ်ကို ရောက်လာရပါတယ်။  ဆိုဗီယက်ယူနီယံ မပြိုကွဲမီက စက်ရုံအလုပ်ရုံတွေမှာ ပြည်သူပိုင်ပစ္စည်းတခုခု ပျက်စီးချွတ်ယွင်းသွားတဲ့အခါ အလုပ်သမားတွေ ပျော်ရွှင်အော်ဟစ်ကြတယ် ဆိုတဲ့ အကြောင်း ရေးထားတာ ဖတ်ဖူးပါတယ်။ ဒီလို စနစ်ရဲ့ ဆိုးကျိုးဒဏ်တွေကို မျှဝေခံစားကြရတဲ့ ပြည်သူလူထုရင်ထဲမှာလည်း အစိုးရ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သက်လာရင် ခံစားမှုမကောင်းနိုင်တော့ပါ။
အဆိုးဆုံးက  ပြည်သူတွေရဲ့ အမြင်မကြည်လင်မှုတွေထဲမှာ တိုင်းပြည်အတွက် လိုအပ်ချက်အရ ရေရှည်မြော်မြင်လုပ်ဆောင်ထားတဲ့ စီမံကိန်းတချို့အပေါ် ထင်ယောင်ထင်မှား သံသယအဖြစ်ခံရတဲ့ ကိစ္စပါ။ စစ်အစိုးရရဲ့ ထုံးစံအတိုင်း ပွင့်လင်းမြင်သာမှုမရှိ  လျှို့ဝှက် လုပ်ဆောင်တတ်တဲ့ သဘောအရ လုပ်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ ကာကွယ်ရေးဆိုင်ရာ စီမံချက်တွေလည်း ပါခဲ့တာကိုး။ လတ်တလော ပေါ်ပြူလာအဖြစ်ဆုံး  ယူနတီဂျာနယ်ရဲ့ ဓာတ်ပုံသတင်းဖော်ပြချက် အကျိုးဆက်တွေက ထင်ထင်ရှားရှား ပြသနေပါတယ်။ အခုတော့  ဓာတ်ပုံသတင်းရအောင် ယူမိတဲ့ သတင်းအဖွဲ့သားတွေ နှစ်ရှည် ထောင်နန်းစံရလို့  သတင်းမီဒီယာလောကမှာ မကျေမနပ် အုတ်အော်သောင်းတင်း ဖြစ်နေသလို တဖက်မှာလည်း  အဲ့ဒီကာကွယ်ရေးပစ္စည်းစက်ရုံမှာ တာဝန်ကျတဲ့ ကာကွယ်ရေး ဝန်ထမ်းအဆင့်ဆင့် အပြစ်စက်ကွင်းက မလွတ်ကြပါဘူး။ စစ်သားဘဝမှာ လက်နက်ပိုင်းဆိုင်ရာကို တာဝန်ယူရတဲ့ အလုပ်မျိုး ဘယ်စစ်သားမှ မလုပ်ချင်ကြပါဘူး။ တာဝန်ပေးလို့သာ မဖြစ်မနေ ထမ်းဆောင်ကြရတာပါ။ ကျနော်ကိုယ်တိုင် လက်နက်ခဲယမ်းတပ်မှာ တာဝန်ကျဖူးလို့ ကိုယ်ချင်းစာနိုင်ပါတယ်။ ဒီကြားထဲ နိုင်ငံတကာသတင်း စာမျက်နှာမှာပါ ဓာတ်ပုံသတင်းရဲ့ နောက်ဆက်တွဲ ဖော်ပြချက်တွေ ဝေဝေဆာဆာ ပေါ်ထွက်လာနေပြီး  ဒီအပေါ်မှာ နှစ်ဘက် ခံစားချက်နဲ့ အမြင်တွေ သိသိသာသာ ဆန့်ကျင်ဖီလာ ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။
ဒီနေရာမှာ တခုစဉ်းစားမိတာက အစိုးရလုပ်တဲ့ လုပ်ငန်းတိုင်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါတွေကို ရအောင် ဖော်ထုတ်ရမယ်ဆိုတဲ့ နေရာမှာ လုပ်ငန်းအနေအထားအရ တစုံတဦး အဖွဲ့တခုရဲ့ အကျိုးစီးပွားကို ရှေ့ရှုတဲ့ လုပ်ငန်းလား … နိုင်ငံအတွက် အကျိုးရှိစေမယ့်လုပ်ရပ်လား ဆိုတာကို အရင်ခွဲခြားလေ့လာသုံးသပ်ပြီးမှ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ကြရင် တိုင်းပြည်နဲ့ လူထုအတွက် အကျိုးများမယ်ထင်ပါတယ်။  ဥပမာ - မြစ်ဆုံစီမံကိန်း ၊ လက်ပံတောင်းစီမံကိန်း၊ ရွှေဂက်စ် စီမံကိန်းတွေလို လူထုအကျိုးစီးပွားနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ကိစ္စမျိုးတွေမှာ  ပွင့်လင်းမြင်သာမှု မရှိခဲ့တာကို ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး ပြည်သူလူထု အကျိုးစီးပွားအတွက် ရပိုင်ခွင့်တွေ တောင်းဆိုပေးတာ၊ လုပ်ငန်း ရပ်ဆိုင်းထားအောင် လုပ်နိုင်ခဲ့တာတွေဟာ ကောင်းပါတယ်။ ဒေသခံပြည်သူလူထုနဲ့ တိုင်းပြည်အတွက်လည်း အကျိုးရှိပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အာဏာပိုင်အသိုင်းအဝိုင်းထဲမှာကို အဲ့ဒီလုပ်ငန်း တွေနဲ့ပတ်သက်ပြီး မနှစ်မြို့သူတွေလည်း ရှိနေတာကြောင့် လှုပ်ရှားမှု အားကောင်းလာတာနဲ့အမျှ ထောက်ခံပါဝင်မှုလည်း ပိုမိုရရှိ လာတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ တစုံတရာ အလျှော့အတင်းတော့ လုပ်နိုင်ကြတာပါပဲ။
သို့သော် ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စီမံချက်လုပ်ငန်းတချို့မှာ တိုင်းပြည်အတွက် ရည်ရွယ်တာ မှန်သော်လည်း အားလုံးသိအောင် ထုတ်ပြန်လို့မရတဲ့ အပိုင်းတွေ အတော်များများရှိပါတယ်။ ပြည်သူလူထု အားလုံး မဆိုထားနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းဝင်တွေတောင်မှ သိသင့်သိထိုက်သူကလွဲပြီး ကျန်သူတွေ မသိအောင် လျှို့ဝှက်ထားရတဲ့ လုပ်ငန်းတွေ အများကြီးပါ။ ဒါက နိုင်ငံတိုင်းမှာ ရှိပါတယ်။ တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားမို့ ဒီမိုကရေစီ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာတွေ ရှိနိုင်ပါတယ်။ အဲ့လို ဟာမျိုးတွေမှာ ပြည်သူလူထုအနေနဲ့ လုပ်ရပ်အကျိုးဆက်ကိုကြည့်ပြီး ပွင့်လင်းမြင်သာမှုမရှိတာကို နားလည် ပေးနိုင်ဖို့ လိုမယ်ထင်ပါတယ်။
ဥပမာ …. လက်ရှိ ကျနော်တို့နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ဟာ နိုင်ငံတော် ဘတ်ဂျက်တခုလုံးရဲ့ ၂၁ ရာခိုင်နှုန်း ၊ အမေရိကန် ဒေါ်လာ ၁.၁၅ ဘီလီယံ (သန်းပေါင်း ၁၁၅၀) ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီအသုံးစရိတ်ကို ခွဲဝေ အသုံးပြုရာမှာ ရေတပ် စစ်သင်္ဘောတွေအတွက် ဒေါ်လာ ၉၃ သန်း သတ်မှတ်တယ်လို့ ဆိုပါတယ်။ ကျနော် တပ်မတော်နဲ့ ကင်းကွာလာတဲ့ ၈ နှစ်တာ ကာလအတွင်း ရေတပ်အတွက် ဖရီဂိတ် အပါအဝင် စစ်ရေယာဉ် ၁၀ စီးကျော် တည်ဆောက် ထုတ်လုပ်ပြီး ဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ အခုထိတိုင်လည်း အဆက်မပြတ် တည်ဆောက်နေဆဲပါ။ စစ်ရေယာဉ် တစီးချင်းရဲ့ တည်ဆောက်ကုန်ကျမှုစရိတ်ကို ခန့်မှန်းတွက်ချက်ကြည့်ရင် ငွေဘယ်လောက် ကုန်ကျမလဲ မှန်းကြည့်လို့ရနိုင်ပါတယ်။ ဒီငွေတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ဘယ်စစ်ခေါင်းဆောင်ရဲ့ အိတ်ထဲကမှ စိုက်ထုတ် အသုံးပြုခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော် သယံဇာတ ရောင်းချလို့ရတဲ့ငွေတွေ စီမံကိန်းကြီးတွေက ရတဲ့ဝင်ငွေတွေနဲ့ တည်ဆောက်ခဲ့ရတာပါ။ နောက်ပြီး ဒီစစ်ရေယာဉ်တွေကို  ဘယ်စစ်ခေါင်းဆောင်ကမှ ကိုယ်ပိုင်အဖြစ် လက်လွှဲရောင်းစားလို့ မရနိုင်ပါဘူး။ ရေယာဉ်သက်တမ်းကုန်တဲ့ အထိ အစိုးရအဆက်ဆက် အသုံးပြုသွားရမယ့် ဟာတွေပါ။ (ကျနော် ပြောပြတာဟာ ရေတပ်တခုအတွင်းက တချို့ဟာတွေလောက်ပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ဖော်ထုတ်ပြသခဲ့တဲ့ ယာဉ်တွေ လက်နက်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါတောင် အားလုံးအကုန်အစင်  မဟုတ်နိုင်သေးတာ သေချာပါတယ်။ )
ပြီးခဲ့တဲ့  စစ်အုပ်ချုပ်ရေးကာလအတွင်း  တပ်မတော် ခေါင်းဆောင်ကြီးတချို့  ကိုယ်ကျိုးရှာ အကျင့်ပျက်ခြစားမှုတွေ ရှိခဲ့တာ မှန်ပါတယ်။ သို့သော် တချို့နေရာတွေမှာ  ကိုယ်ကျိုးရှာ အကျင့်ပျက်မှုနဲ့ တိုင်းပြည်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့အရာတွေ အကြား  ပွင့်လင်းမြင်သာမှုမရှိ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ပူးတုံခွာတုံ ဆက်စပ်ယှက်နွယ်နေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- နိုင်ငံခြားက စစ်လက်နက် ပစ္စည်းမှာယူတင်သွင်းရာမှာ တာဝန်ယူရတဲ့ လက်နက်ပွဲစား အရာရှိကြီးက အကျင့်ပျက် လာဘ်စားတာ ရှိနိုင်ပေမဲ့ ဝယ်တဲ့လက်နက်က တိုင်းပြည်အတွက် ဖြစ်နေတာမျိုးပေါ့။ ပေါက်မြို့နယ်က ကာကွယ်ရေးစက်ရုံတွေဟာ ငွေကြေးမြောက်များစွာ ရင်းနှီးမတည်ထားသလို အလွယ်တကူ ပြန်ဖျက်ဖို့ ခဲယဉ်းတဲ့ စီမံကိန်း အမျိုးအစား ထဲမှာ ပါဝင်မယ်လို့ ယူဆပါတယ်။
တိုင်းပြည်တခု တည်ရှိနေသရွေ့ ပြည်ပစစ်ဆိုတာ အချိန်မရွေး ဖြစ်ပေါ် လာနိုင်ပါတယ်။ ကျနော်တို့တိုင်းပြည်ရဲ့ အနေအထားကိုက နိုင်ငံကြီးတွေရဲ့ အင်အားပြိုင်ဆိုင်မှု မဟာဗျူဟာ စက်ကွင်းအတွင်းမှာ ကျရောက်နေသလို အိမ်နီးချင်းနိုင်ငံတွေကလည်း သူလိုကိုယ်လို အလှုပ်အရမ်း ခပ်များများ နိုင်ငံတွေဆိုတော့ စစ်ရေးသတိ အမြဲရှိနေရအုံးမယ့် အနေအထားပါ။
ကမ္ဘာ့နိုင်ငံကြီးတွေကိုယ်တိုင်က နိုင်ငံခြားရေး ပေါ်လစီတွေချမှတ်ရာမှာ မိမိနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး စံနှုန်းတွေကို ချိန်ခွင်တဖက်စီမှာထည့်ပြီး အခြေအနေ အချိန်အခါ လိုက်ပြီး ဘယ်သာညာယိမ်း လိုအပ်သလို အလေးတင်းလုပ်ဆောင်ကြပါတယ်။ နိုင်ငံတကာကျင့်ဝတ်တွေနဲ့ ပတ်သက်လာရင် ကျယ်ကျယ်လောင်လောင် ပြောဆိုတတ်ကြပေမဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဆိုရင်တော့ တိုးတိုးကျိတ်ကျိတ်ပဲ အကောင်အထည်ဖော်လေ့ရှိပါတယ်။
 ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ တာဝန်ပြီးဆုံးချိန်မှာ ပြောသွားတဲ့ စကားလေးတခုရှိပါတယ် “အစိုးများအနေနဲ့ နိုင်ငံခြားရေးပေါ်လစီချမှတ်ရာမှာ အမျိုးသားအကျိုးစီးပွားကို အလေးပေးသင့်တယ် … ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် ဦးစားပေးရပ်တည်သင့်တယ် ဆိုတဲ့ အယူအဆ နှစ်ခုအကြား ကွဲပြားမှု နယ်နိမိတ်စည်းဟာ ပါးပါးလေးပဲ ရှိပါတယ်” ဆိုတဲ့ သဘောမျိုး ပြောခဲ့ဖူးပါတယ်။
နောက်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးပေါ်လစီ မှာလည်း နိုင်ငံတကာကျင့်ဝတ်ဝတ်ကို အလေးပေးရပ်တည်တဲ့ကာလနဲ့ မိမိနိုင်ငံအကျိုးစီးပွားအတွက် ရပ်တည်တဲ့ ကာလတွေ အချိန်အခါလိုက်ပြီး တလှည့်စီ ဖြစ်ပေါ်ခဲ့ကြောင်း မှတ်သားဖူးပါတယ်။ အီရတ် နိုင်ငံမှာ တကယ်မရှိတဲ့  WMD လက်နက်တွေကို အကြောင်းပြုပြီး တကိုယ်တော်ကျိတ်  စစ်ပွဲဆင်နွှဲခဲ့တဲ့ အမေရိကန်တို့ရဲ့  တိုက်စစ်မှာ အမေရိကန်အတွက် အကျိုးစီးပွားနဲ့ အမေရိကန်ရဲ့ ပုံရိပ်တို့ ယှက်နွယ်ပါဝင်နေတယ်လို့ တွေးမိပါတယ်။ အီရတ်က ရေနံသိုက်တွေကို ရယူလိုတဲ့ အတွက် ရမယ်ရှာတိုက်ခိုက်တယ်လို့ ဝေဖန်သူတွေရှိသလို  အရှေ့အလယ်ပိုင်းဒေသအတွင်း  ဒီမိုကရေစီ အမြစ်တွယ်ဖို့ ကြိုးပမ်းရာမှာ ခေါင်းအမာဆုံး အခုအခံဖြစ်နေတဲ့ အီရတ်အစိုးရကို အရင်ဆုံးဖြိုပစ်ရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲအကျိုးဆက် အနေနဲ့ အီရတ်မှာ အာဏာရှင် ဆတ်ဒမ်ဟူစိန် ပြုတ်ကျသွားပြီး မတည်ငြိမ်နိုင်သေးတဲ့ အကူးအပြောင်း ကာလကို ယနေ့တိုင် ဖြတ်သန်းနေရဆဲဖြစ်တာ အားလုံးအသိပါ။ အာဖဂန်နစ်စတန်မှာရော အလားတူ အခြေအနေ ရင်ဆိုင်နေရ တုန်းပါ။  အီရတ်၊ အာဖဂန်စစ်ပွဲကြောင့် ကမ္ဘာမှာ အမေရိကန် အစိုးရရဲ့ ပုံရိပ် ညှိုးမှိန်သွားစေခဲ့တာတော့ အမှန်ပါပဲ။
အမေရိကန်နဲ့ ဆက်ဆံရင်တော့ အမေရိကန် ယဉ်ကျေးမှုကိုလည်း လုံးဝငြင်းပယ်လို့ မရနိုင်ပါဘူး။ အီရတ်နဲ့ အာဖဂန်မှာ အမေရိကန် ယဉ်ကျေးမှု သရုပ်ဖြစ်တဲ့ နိုက်ကလပ်လိုနေရာမျိုးတွေဟာ အဲ့ဒီနိုင်ငံက အစ္စလာမ် ဘာသာရေးအစွန်းရောက်တွေရဲ့ အဓိက ပစ်မှတ်သဖွယ် အရပ်သားလူနေရပ်ဝန်းတွေ ဖြစ်နေကြောင်းလည်း သိရပါတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံမှာလည်း အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ကြိုဆိုတဝက် စောင့်ကြည့်တဝက်နဲ့ စခန်းသွားရမယ့် အနေအထားဖြစ်ပါတယ်။ စစ်အေးကာလအတွင်း အင်ဒိုချိုင်းနား စစ်ပွဲမှာ အမေရိကန်နဲ့ အလွမ်းသင့်တဲ့ အရှေ့တောင် အာရှနိုင်ငံတချို့ ဒေါ်လာစီးကြောင်းတွေ ရခဲ့ဖူးတဲ့ သွားရည်ယိုစရာ မက်လုံးတွေရှိသလို  ကိုယ့်ရေခံမြေခံနဲ့ အသွင်မတူတဲ့ ယဉ်ကျေးမှုတခုရဲ့ ဖိစီးမှုဒဏ်နဲ့ သူတို့လူလည်ကျမှုတွေကိုလည်း ထည့်တွက်ထားရမှာပါ။ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ကိုယ့်နိုင်ငံသားတွေကပဲ  ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အဓိက တာဝန်ရှိပါတယ်။
ထို့အတူ ထိုင်းနိုင်ငံက ငါးခိုးလှေတွေကို မြန်မာရေတပ်က ဖမ်းဆီးတဲ့ ကိစ္စမှာ မြန်မာရေတပ်ရဲ့ လုပ်ဆောင်မှု မှားယွင်းတဲ့သဘော ဆောင်းပါးရေးထားတာ တွေ့ရတော့ စိတ်မကောင်းမိပါဘူး။ အဲ့ဒီမှာလည်း အမျိုးသားအကျိုးစီးပွားကာကွယ်မှုနဲ့ အကျင့်ပျက်ခြစားမှု ဒွန်တွဲနေတဲ့ ဖြစ်ရပ်လို့ မှတ်ယူပါတယ်။ သူတပါး ရေပိုင်နက်အတွင်း ငါးခိုးဖမ်းတဲ့ဖြစ်စဉ်က နိုင်ငံတကာမှာ ကြုံတွေ့ရပါတယ်။ နော်ဝေနိုင်ငံရဲ့ ရေပိုင်နက် အတွင်းက ဝေလငါးတွေကို ဂျပန်ရေလုပ်ငန်းကျွမ်းကျင်သူတွေက ခိုးဖမ်းလို့ နော်ဝေအစိုးရက ဝေလငါးတွေ ကြိုက်တတ်တဲ့ နည်းပညာသုံးအနံ့တမျိုးကို ဖော်စပ်ကာ ရေထဲပျော်ဝင်စေခြင်းဖြင့် ဝေလငါးတွေကို လုံခြုံစိတ်ချလောက်တဲ့ ကမ်းခြေနေရာတွေမှာ နေရာပြောင်းရွှေ့ထားရတယ် လို့ သိရဖူးပါတယ်။ အဲ့ဒီလို အဆင့်မြင့်နည်းပညာတွေ မပိုင်ဆိုင်နိုင်သေးတဲ့  ကျနော်တို့နိုင်ငံမှာတော့ ဖမ်းတဲ့ ဆီးတဲ့ လုံခြုံရေးဟန့်တားမှု စနစ်နဲ့ပဲ စခန်းသွားနေရအုံးမှာပါ။ ဖမ်းလို့ရတဲ့ လှေတွေပေါ်က ပစ္စည်းရောင်းပြီး ကိုယ်ကျိုးရှာတဲ့ သူခိုးပေါ်သူဝှက်မှောက်ကိစ္စက  သပ်သပ်ဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။  ဝန်ထမ်းအများစုအဖို့  အကျင့်ပျက် လာဘ်စားတယ် ဆိုတာ လျော့ရဲတဲ့အုပ်ချုပ်ရေးယန္တရားနဲ့  လစာစရိတ် ဝင်ငွေ မလုံလောက်မှု တွေက အခြေခံကျမယ် ထင်ပါတယ်။
ဒီတော့ တိုင်းပြည်အပြောင်းအလဲအတွက် တွန်းအားဖြစ်စေမယ့် ဝေဖန်ထောက်ပြမှုတွေ  ပြုလုပ်ကြတဲ့ အခါမှာ  တကိုယ်ရေ အကျင့်ပျက်ခြစားမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ကိစ္စရပ်တွေကို ဖွင့်ချရင်း  အမျိုးသားအကျိုးစီးပွား အတွက် လိုအပ်ချက်တွေ ပဲ့ပါမသွားဖို့  ခွဲခွဲခြားခြား ချင့်ချင့်ချိန်ချိန် ရေးသားကြရင်ဖြင့် ထိရောက်မှုအတိုင်းအတာ ပိုမိုမြင့်မားလာမယ့်အပြင် ပူးပေါင်းဆောင်ရွက်မှုအားလည်း ပိုကောင်းလိမ့်မယ်လို့  ယူဆမိတဲ့ အကြောင်း ရေးသားအကြံပြုအပ်ပါတယ်။
(ဆက်ရေးချင်တာလေးတွေ ရှိနေသေးပေမဲ့ စာရှည်တာသာ အဖတ်တင်ပြီး  ဆိုလိုရင်းအချက်နဲ့ ပိုပိုဝေးသွားမှာစိုးလို့ ဒီမျှနဲ့ ရပ်နားလိုက်ပါတယ်)
ကျေးဇူးပါ ….
နေမင်းသူ
၁၅- ၇-၂၀၁၄
ေ၀၀ါးနေသောအနာဂတ်များ
$
0
0
ချစ်ရတဲ့ သားလေးများအတွက် “ေ၀၀ါးနေသောအနာဂတ်များ … “
ကျုပ်မှာလဲ သားတကောင်ရှိတာရယ် … သူလဲလူငယ်စာရင်းထဲဝင်နေတာရယ် … Facebook မှာလဲ Friends အများစုက တူအရွယ် သားအရွယ် လူငယ်တွေ ဖြစ်တာကြောင့် ဘော်ဒါလေး တွေ ဖတ်စေခြင်လို့ပါ ……..
ဒီနေ့ခေတ်မှာ အစစ အရာရာတိုးတက်လာတာနဲ့အညီ လူငယ်လေးတွေများစွာလဲ ခေတ်အလိုက်သွားလာနေထိုင်နေတာ တွေ့မှာပါ ခေတ်ကိုအမှီလိုက်နေကြတယ်ဆိုပေမဲ့ အများစုကတော့ ခေတ်ရဲ့တိုးတက်မှုနဲ့ကိုက်ညီတဲ့ အသိဥာဏ်၊ အနာဂတ် အတွက်ကြိုတင်ကြိုးစားအားထုတ်မှု နဲ့ အိမ်မက်တွေ ပျောက်ဆုံးနေကြတာကို စိတ်မကောင်းဖွယ်တွေ့မြင်နေရပါတယ်။
လုပ်ငန်းခွင်ဝင်ပြီးကိုယ်အရည်အချင်းနဲ့ကိုက်ညီတဲ့ အလုပ်မှာဝင်လုပ်နေကြတဲ့လူငယ်တွေရှိသလို ကိုယ်ဝါသနာပါတဲ့ အလုပ် ကို မိသားစုနဲ့အတိုက်အခံလုပ်ပီး ကြိုးစားရုန်းကန်နေသူတွေလဲ ရှိပါတယ်။ အဲလို ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် အနာဂတ် အတွက်ကြိုးစားနေတဲ့ ကလေးတွေရှိသလို အချိန်တွေ အလဟသ ဖြုန်းတီးပြီး ကိုယ်ဘာလုပ်ခြင်မှန်းမသိ ဘာလုပ်ရမှန်း မသိဘဲေ၀၀ါးနေတဲ့ လူငယ်တွေလဲ ဒီခေတ်ကြီးမှာပေါများလှပါဘိ။ အသက်အရွယ်တခုရောက်တာတောင် မိသားစုကိုဘာ အလုပ်အကျွေးမှမပြုနိုင်ဘဲ ကိုယ့်ဘ၀ရပ်တည်မှုအတွက်ကအစ မိဘကိုဘဲမှီခိုနေရသေးတဲ့ ကလေးတွေအများကြီးပါဘဲ။
တကယ်တော့ လူငယ်ဆိုတာ ရဲရင့်တယ် တက်ကြွတယ် ဆုံးဖြတ်ရဲတယ်၊ အနာဂတ်အိမ်မက်တွေအတွက် တက်ကြွစွာ ကြိုးစားရုန်းကန်နိုင်တဲ့ အရွယ်လဲဖြစ်တယ်။ သူ့အတွက်တင်မက သူ့မိသားစု သူ့မြို့ သူ့နိုင်ငံအတွက် အင်အားကြီးပါ၊ မှတ်ဥာဏ်စွမ်းရည်၊ ကာယစွမ်းရည်တွေ မြင့်မားနေတဲ့ အရွယ်လဲဖြစ်တယ်လေ၊ ဒီလူငယ်တွေကောင်းရကောင်းကြောင်း ဘာမှ မလုပ်ဘဲ ဟေးလားဝါးလားနဲ့ အချိန်တွေဖြုန်းပစ်တာ နှမြောဘို့ကောင်းလိုက်တာ…
ကျောင်းတက် တက္ကသိုလ်ရောက် အချိန်တန်ဘွဲ့ရ ခေတ်လိုအပ်ချက်အရ ဟိုသင်တန်းဒီသင်တန်းတက် တကယ့်တကယ် ဘာကိုမှဖြစ်မြောက်အောင်မသင်ဘဲ အပေါင်းအသင်းတွေနဲ့လျှောက်သွားမိဘပိုက်ဆံထိုင်ဖြုန်း၊ ကိုယ်တိုင်က ငွေဖြစ်မြောက် အောင်မရှာနိုင်သေးပေမဲ့ ငွေဖြုန်းနည်းပေါင်းစုံကိုတော့ ကျွမ်းကျင်စွာတတ်မြောက်နေကြတဲ့ ကလေးတွေ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာတနေ့တခြားများများလာနေရင်တော့ အနုတ်သဘောလက္ခဏာ ဆောင်လာတာပါဘဲ။ အေးချမ်း သာယာ သော ခေတ်မှီပြည်ထောင်စုကြီး ဆီကိုဘယ်လိုရောက်တော့မလဲဗျာ …
တကယ်တော့ တခြားသူတွေကိုယ့်ကိုဘာဖြစ်စေခြင်သလဲဆိုတာထက် ကိုယ်ဘာဖြစ်ခြင်သလဲဆိုတာကို ကိုယ်တိုင်ရွေးချယ် နိုင်ရမှာပါ။ ကိုယ်ဘ၀လမ်းကို မရွေးချယ်နိုင်တဲ့သူတယောက် ဘာမှမလုပ်ဘဲ ခေတ်စနစ်နဲ့အလုပ်အကိုင်မရရှိမှုအပေါ် ထိုင်အပြစ်တင်နေတဲ့သူတယောက် အနေနဲ့ ကိုယ်တိုင်ကကော ကိုယ့်ကိုကိုယ် တန်ဖိုးရှိသူအဖြစ်သတ်မှတ်နိုင်မှာလား … 
ဘာကိုဝါသနာပါမှန်းမသိရင်သမ္မာအာဇီဝဖြစ်ပြီးလုပ်သင့်တဲ့အလုပ်တခုကိုကိုယ်နဲ့အသင့်လျော်ဆုံးအလုပ်တခုကိုလုပ်ပါ။ စိတ်ပါဝင်စားစွာနဲ့အကောင်းဆုံးလုပ်ပါ၊ အလုပ်ကပြန်ပေးတဲ့ အောင်မြင်မှုတွေကြောင့် စိတ်ဝင်စားလာပါလိမ့်မယ်။
အသက်အရွယ်တခုရောက်လို့မှ အလုပ်တခု ရေရေရာရာမရှိဘဲ အချိန်ဖြုန်းနေတဲ့သူဟာ လူအများကြားမှာ ဂုဏ်ငယ်စရာ ကောင်း သလို ပတ်ဝန်းကျင်မှာလဲရှက်စရာပါ၊ မကြာခင်မှာ အပြောင်းအလဲများစွာနဲ့ ၂၀၁၅ ခုနှစ်ကိုရောက်လာပါတော့မယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့စီးပွားရေးလုပ်ငန်းတွေတွင်ကျယ်လာပါတော့မယ်။ 
မြန်မာလူငယ်တွေ ဘေးထိုင်ဘုပြော အရေမရအဖတ်မရ နိုင်ငံရေးယောင်ယောင် ဟစ်ပ်ဟော့ပ် ယောင်ယောင် လုပ်နေကြရင် တို့တိုင်းပြည်ကြီး အဖတ်ဆည် ရတော့မှာ မဟုတ်ဘူးကလေးတို့ရေ … တိုင်းပြည်အနာဂတ်ဟာ မင်းတို့လက်ထဲမှာဆိုတော့ကာ ရေလိုက်ငါးလိုက် ယောင်ပေပေ လုပ်မနေကြဘဲ … လုပ်သင့်တာ လုပ်ကြစမ်းပါဟဲ့ … ကလေးတို့ရဲ့ …
ttk.ots73
Credit to သဲသီရိကျော်
အလှကိုယ်စီ
ဖိုးလမင်းလည်း၊ သူ့အဆင်းနှင့် - အလင်းနှင့်။
မီးတိုင်ငယ်လည်း၊ သူ့အရွယ်နှင့် - အစွယ်နှင့်။
စံပယ်ဦးလည်း၊ သူ့ဂုဏ်ထူးနှင့် - ငုံဖူးနှင့်။
ပိတောက်ဝါလည်း၊ သူ့အခါနှင့် - နံ့သာနှင့်။
မြစ်ပြင်နက်လည်း၊ သူ့သိုင်းကွက်နှင့် - လှိုင်းယက်နှင့်။
စမ်းချောင်းခွေလည်း၊ သူ့ချောင်းရေနှင့် - လောင်းလှေနှင့်။
မည်သည့်အရာ၊ မဆိုသာတည့် ၊ သူ့မှာ ကိုယ့်မှာ အလှသာတည့်။
သဘာဝလျှင် အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏။
အလှဝန်တို၊ မငြင်ငြို နှင့် ဝန်တိုမှုသာ၊ မလှရာတည့်။
သူ့ဂုဏ် သူ့သိန်၊ သူ့အရှိန်နှင့် အချိန်အခါ၊ နေရာဒေသ ဌာနအလျောက်၊ အရေးရောက်သည်
စွမ်းလောက်နိုင်သူ ချည်းပါတကား။ ………………. 
တင်မိုး
https://www.facebook.com/tuntunko/posts/828837907136138 မှ ကူးယူဖော်ပြပါသည်။ 
"ရုပ်တစ်ရာ စိတ်သုည "
$
0
0
" ရုပ်တစ်ရာ စိတ်သုည " ………………  (၁)  " ဒီမှာသာ ထားခဲ့ပါဗျာ ရပါတယ်၊ မပျောက်ပါဘူး "  ကျွန်တော်က မယုံရဲသလိုနှင့် ဖိနပ်ကို မချွတ်သေး။  " ချွတ်ခဲ့ အာမခံတယ် မပျောက်ဘူး။ ကျွန်တော်တို့ ပုဂံမှာ သူခိုးမရှိဘူး စိတ်ချ "  ထိုစကားကြားတော့ စိတ်ထဲကျေနပ်မိသည်။  ယုံကြည်စွာဖြင့် ဆိုင်ကယ်ဘေးနားတွင် ဖိနပ်ကို ချွတ်ခဲ့ပြီး ဓမ္မံရံဘုရားကြီးအတွင်းသို့ ကျွန်တော်တို့ လှမ်းဝင်ခဲ့လိုက်သည်။   ထိုမှတစ်ဆင့် အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ ဗူးဘုရားစသည့် ပုဂံရှိ ဘုရားစေတီပုထိုး စုံနေအောင် လည်ပတ်ဖူးမြော်ခဲ့ကြသည်။  ရောက်ရှိသည့် နေရာတိုင်းတွင်လည်း ဖိနပ်၊ ဆိုင်ကယ်၊ ပစ္စည်းတို့အတွက် စိတ်က ခိုးလိုးခုလုမဖြစ်တော့။  ယုံကြည်စွာဖြင့် ထားခဲ့၊ အပ်နှံခဲ့နိုင်ခဲ့တော့သည်။   " ကျွန်တော်တို့ ပုဂံမှာ သူခိုးမရှိဘူး "  စကားသံက ကျွန်တော့် နားထဲ၌ ပဲ့တင်ရိုက်ခိုက်လို့နေသည်။  သြော် ရှေးနှစ်ပေါင်းများစွာက တည်ထားတော်မူခဲ့သော ဘုရားစေတီ၊ အဆောက်အဦတို့သည်  ခမ်းနားကြီးကျယ်လွန်းလှသော ရုပ်အပေါင်း လက္ခဏာပြီးပြည့်စုံရုံမျှမက ပုဂံသူ၊ ပုဂံသားတို့၏ စိတ်ထားတို့သည်လည်း အပေါင်းလက္ခဏာ ပြည့်ဝလှ ပါတကား။  ဆိုရလျှင်မူ  ရုပ် ၁၀၀၊ စိတ် ၁၀၀ ပေပေါ့။  (၂)  " ဆရာမ စားပါဦးလား၊ ငါ့ဟင်းကောင်းတယ်။  ငါးကချင်ချက် ချက်လာတာ "  " စားပါကွဲ့ စားပါ "  " ဆရာမ နင် ညနေ ငါ့အိမ်ကို လိုက်လည်ပါလား၊ ခေါပုတ် ကြော်ကျွေးမယ် "  " မလိုက်တော့ပါဘူး ကလေးရယ်၊ ဆရာမက အလုပ်တွေရှိသေးတယ် "  " အေး အေး ပြီးရော "  သူငယ်ချင်းဖြစ်သူ ဆရာမတစ်ဦးက သူ့ကျောင်းက ကလေးတွေအကြောင်းပြောပြနေခြင်းဖြစ်သည်။  ကျွန်တော်မြစ်ကြီးနားမြို့မှာ တာဝန်ကျနေစဉ် သူနှင့် တွေ့ဆုံရခြင်းဖြစ်သည်။  သူက ၀ိုင်းမော်ဘက်တွင် တာဝန်ကျနေခြင်းဖြစ်သည်။   ကချင်၊ လီဆူး၊ လ၀မ် စသည့် တိုင်းရင်းသားကလေးတွေက " နင် " နှင့် "ငါ " ပြောတတ်ကြောင်း၊ နား ထောင်လျှင် ရိုင်းသည်ထင်ရပေမဲ့ စိတ်ရင်းက ရိုးသားလှကြောင်း၊ တချို့သော ဘ၀လေးတွေက သနားစရာ ကောင်းလှကြောင်း ပြောပြသည်။   ပညာက သေစာ၊ ရှင်စာ တတ်လျှင်ရပြီဆိုပြီး တချို့သော မိဘတို့က သူတို့ကလေးတွေကို ကျောင်းထုတ်ပြီး တာယာအလုပ် လုပ်ခိုင်းကြောင်း၊ တချို့ကတော့ ကျောင်းထားပေးနေရသော်လည်း ကလေး အတွက် ပြည့်စုံအောင် လုပ်မပေးနိုင်ကြကြောင်း၊ အ၀တ်အစားက နုံချာချာဝတ်ပြီး ဖိနပ်ပင်မပါသော ကလေးတွေ အများကြီးရှိကြောင်း ပြောပြသည်။   သို့သော် အချင်းချင်းရိုင်းပင်းကူညီတတ်ကြောင်း၊ ဆရာ၊ ဆရာမတွေအပေါ် သံယောဇဉ်ကြီးမား လှကြောင်း၊ စိတ်ထားလေးတွေက ဖြူစင်လှကြောင်း သူငယ်ချင်းက ပြောပြသည်။    မြစ်ကြီးနားမြို့ အနီးဝန်းကျင်ရှိ ကျေးရွာတစ်ချို့ကို ကျွန်တော်လည်ပတ်၍ စူးစမ်းကြည့်သောအခါ သူငယ်ချင်းဖြစ်သူ၏ စကားများ မှန်ကန်လှကြောင်း ကိုယ်တိုင်သိခဲ့ရသည်။  မြစ်ကြီးနားသာမက ရောက်ရှိခဲ့ဖူး သော ကလော၊ သံတောင်၊ ပြင်ဦးလွင် စသည့်ဒေသတို့ရှိ တိုင်းရင်းသားတို့၏ ပြောဆိုမှုမှာ လူ့ယဉ်ကျေးဟုခေါ် သောအသိုက်အ၀န်းအတွက် နားရိုင်းစရာဖြစ်လင့်ကစား စိတ်ထားတို့ကမူ ယဉ်ကျေးနုနယ်ပါပေသည်။   ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံမှုမရှိလှ၍ အနှုတ်အသွင်ဆောင်သော်လည်း စိတ်ထားမှာမူ အပေါင်းလက္ခဏာ အပြည့်ပင်ဖြစ်ပေသည်။  ထို့ကြောင့်လည်း ရုပ် ၁၀၊ စိတ် ၁၀၀ ပင်ဖြစ်ပေသည်။  (၃)  " ပျစ် "  မှတ်တိုင်တွင် ကားရပ်စောင့်နေသော ကျွန်တော့်အပေါ်သို့ ကွမ်းတံတွေး အချို့လာစင်သည်။  ဖြတ်သွား သောလိုင်းကားပေါ်မှ ထွေးလိုက်သော ကွမ်းတံတွေးပင်ဖြစ်သည်။     ပလက်ဖောင်းပေါ်နှင့် လမ်းမထက်သို့ ကြည့်လိုက်သည့်အခါ အရုပ်ဆိုးလွန်းလှသော ကွမ်းတံတွေး အကွက်၊ အကွက်တို့ကို တွေ့မြင်ရသည်။  ကွမ်းတံတွေးတွေက ဒီလို လမ်းမထက်တွင်သာ မဟုတ်၊ အများသူငါ အပန်းဖြေနားနေရာ ပန်းခြံရှိ လမ်း၊ မြက်ခင်းပြင်ပေါ်တွေ၊  လမ်းဘေးရှိ အုပ်နံရံတွေ၊ စီးဆင်းနေသော ရေမြောင်း ပေါ်တွေ၊ အိမ်ခြံဝန်းအတွင်းတွေပါ နေရာအနှံ့ မြင်တွေ့ရသည်။  စည်းမရှိလိုက်သည့် ပါးစပ်တွေလို့သာ ကျွန်တော်ရေရွတ်မိပါသည်။   သွားလိုသည့်ခရီးကို ပို့ဆောင်မည့် လိုင်းကားရောက်ရှိလာသဖြင့် ကားပေါ်သို့ တိုးတက်လိုက်သည်။  " ကဲ ရှေ့က ခရီးသည်များ ရှေ့လေးကို တိုးပေးကြမယ်နော်၊  ရှေ့မှာ ဖိုးချစ်ဇာတ်ကလို့ရသေးတယ်၊ ဘေးဘယ်ညာ ရပ်နေသူများ ဘေးတန်းလေးတွေကိုင်ထားပေးကြနော် "  ပြွတ်ညပ်နေသော ကားထဲသို့ ကျွန်တော်လည်း တိုးဝင်ရသည်။  လူတွေကတော့ မလူးသာ မလွန့်သာ။  " ကျိုက်ဝိုင်းပါသေး ကျားနှစ် ဆရာရေ၊ နောက်မှာ ၁၂၁ လိုက်လာတယ် "  " ကျွီ.."  အရှိန်ဖြင့် မောင်းလာသော ကားကို ဘရိတ်ဖမ်းနင်းလိုက်သဖြင့် ကားထဲက ခရီးသည်များ ရှေ့သို့ပြုံကျ သွားသည်။  မှတ်တိုင်တွင် ဆင်းမည့် ခရီးသည်နှစ်ဦး မြေပေါ်သို့ ခြေကျမကျတော့ မသိချေ။ ကားက တန်း၍ မောင်းထွက်သည်။  နောက်ကားပါလာခြင်းကြောင့် သုတ်ချေတင်နေခြင်းဖြစ်သည်။   " လိုက်ရင်တင်ထားဆရာ၊ ပညာလေး ပညာ "  " ကျွီ…"  ကားကို ဘရိတ်ဖမ်းအုပ်ပြန်သည်။  ခရီးသည်များ ရှေ့သို့ ငိုက်ကျသွားခြင်းကြောင့် ကားပေါ်တွင် ခရီသည်ပိုဆန့်သွားသည်။  မှတ်တိုင်တွင် ခရီးသည် ထပ်တင်သည်။  ကားပေါ်က ခရီးသည်တို့ကတော့ တရား မဟုတ်သော မေတ္တာပို့ခြင်းဖြင့် ကားဆရာတို့ကို မေတ္တာပို့နေကြလေပြီ။   ကျွန်တော်သွားလိုသော ခရီးရောက်ရှိပြီဖြစ်သော်လည်း တည်းခိုရမည့် အခန်းက ရှာမတွေ့သေးချေ။  တတိယအထပ် အခန်းနံပါတ် ၃၀၂ ဖြစ်သော်လည်း အခန်းနံပါတ်တို့ ရေးမထားခြင်းကြောင့် ဘယ်နှင့် ညာ ဘယ် အခန်းကို တံခါးခေါက်ရမလဲ စဉ်းစားရသည်။   တံခါးက နှစ်ထပ်၊ သံတံခါးနှင့် သစ်သားတံခါး။  သံတံခါးအပေါက်မှ လက်လျှို၍ သစ်သားတံခါးကို ခေါက်လိုက်သည်။  အမျိုးသမီးတစ်ဦး တံခါးလာဖွင့်ပြီး တည်သော မျက်နှာထားဖြင့်ကြည့်သည်။  " ဒါ အခန်းနံပါတ် ၃၀၂ လားခင်ဗျာ။  မခိုင်လေးတို့အခန်းလားခင်ဗျ "  " မဟုတ်ဘူး ဒါက ၃၀၁၊ ၃၀၂ က ဟိုဘက်အခန်း၊ မခိုင်လေး ဟုတ်မဟုတ်မသိဘူး "  စကားလည်းဆုံး တံခါးလည်းပိတ်လိုက်သည်။  သြော်ခက်ပါဘိ ကိုယ့်ရှေ့ မျက်နှာချင်းဆိုင်က အခန်း ဘယ်သူ့အခန်းလဲဆိုတာ မသိတဲ့။  တို့ကျေးရွာက လူတွေနှင့် ကွာလိုက်ပါဘိ။  ကျွန်တော်တို့ ကျေးရွာမှာဆိုလျှင် တော့ အိမ်နံပါတ်ဘယ်လောက်ဆိုလျှင် အူတူတူဖြစ်နေဦးမည်  မောင်ပိုင့်အိမ် ဘယ်အိမ်လည်းဆိုလျှင်ဖြင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါလိမ့်မည်။   သြော် မဟာရန်ကုန်ရွှေမြို့တော်ကြီးက တစ်ချို့ တစ်ချို့သော လူတွေရဲ့ စိတ်ဓာတ်တွေ၊ လူ့မှုပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံမှုတွေက မပြည့်ဝကြပါလား။  အိုးအိမ်တိုက်တာတို့ကတော့ဖြင့် လည်ပင်း ညောင်းအောင် မော့ကြည့်နေရပေမယ့် စိတ်ထားပိုင်ဆိုင်ရာကတော့ အနှုတ်လက္ခဏာပါတကား။   ဒီတော့လည်း ရုပ် ၁၀၀၊ စိတ် ၁၀ ပေပေါ့။  (၄)  " မိန်းမရေ ငှက်ပျောဖီးဝယ်လာတယ်ဟေ့ ဈေးလည်းချို အလုံးကလည်း လှသကွ "  " ဟုတ်လား ပြစမ်းပါဦး တော့ ငှက်ပျောဖီးကြည့်ရအောင် "  ကျွန်တော့်ဇနီးက ငှက်ပျောဖီးကို ကိုင်ရင်း ငှက်ပျောသီအလုံးလေးတွေကို ဖိကြည့်သည်။ ပြီးတော့ ခေါင်းရမ်းသည်။  " ထင်သားပဲ အဲဒါကြောင့် ယူကြည့်တာ ရှိတော့ ဆေးနဲ့မိပြီ "  " ဘယ်လို ဘာလို့ ငါက ဆေးမိရမှာလဲ "  " ဒီမှာ သေချာကြည့် ငှက်ပျောသီးတွေက ထောင့်မပြည့်ဘူး၊  ၀င်းဝါပြီး မှည့်နေတယ်လို့ အမြင်ရှိပေမယ့် အသီးကိုဖြစ်ကြည့် မာနေတယ်၊ အထဲမှာ အစီးတောင်ကွာမှာမဟုတ်သေးဘူး၊ အဲဒါ ဆေးထိုးပြီး ကြီးအောင်၊ ၀ါ အောင်လုပ်ထားတာ "  ကျွန်တော်လည်း ငှက်ပျောသီးတစ်လုံးကို ဖြုတ်ပြီး လက်တွေ့စမ်းသပ်ကြည့်မိသည်။  တကယ်ပင် ငှက် ပျောသီးအခွံကို နွှာလိုက်သည်ဆိုလျှင်ပင် အစီးက မပြယ်သေး။  အသီးကလည်း မာနေသေးသည်။  အစိမ်းနီးပါး ရှိသေးသည်။  တော်သေးသည် အာဟာရမဖြစ်ပဲ ဘေးဖြစ်တော့မလို့။   ခေတ်ကာလတွင် ဘယ်အစားအသောက်မှ ရဲရဲ မစားရဲသလိုဖြစ်လာသည်။  စိုက်ပျိုးရေးခြံထွက် သဘာဝသီးနှံဆိုသော်လည်း  ဓာတ်မြေသြဇာဆေး၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေး စသည့် ဆေးအန္တရာယ်တို့က ကြောက်စရာကောင်းလာသည်။  ထိုအတူ အသင့်ထုတ်ပိုးပြီးသား အစားသောက်တို့တွင်လည်း  အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုဆေးဝါးများ ပါဝင်နေသည်ဟု သိရှိရသည်။   ထုတ်ပိုးမှု အပြင်အဆင်က ဆွဲမက်စရာကောင်းလှသလို အသီးအနှံတို့ကလည်း ဖွံ့ဖွံ့ထွားထွားဖြင့် ၀ယ်ယူစားသုံးချင်စရာ ကောင်းလှသည်။  သို့သော် မယုံရဲ။  အပေါ်ယံ အပြင်အဆင် ရုပ်ပိုင်းက ပြည့်စုံသော အပေါင်းလက္ခဏာဖြစ်သော်လည်း စီးပွားရေးသမား တို့၏ လောဘစိတ်တို့သည်ကတော့ အနှုတ်လက္ခဏာပြသနေပေသည်။  ဒီတော့လည်း ရုပ် ၁၀၀၊ စိတ် ၁၀ ပေပေါ့။  (၅)  " ဘယ်ကောင်မ လူမထင်ဘူးကွ၊ သတ္ထိရှိရင် ဖိုးတုတ်ဆီလာခဲ့၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်တာ ဘယ်ကောင်မှ လာမတားနဲ့ ထွီ "  " ဘုတ် ..ဂလွမ် "  သိလိုက်ပြီ ဒီအချိန်ဆိုလျှင် ကိုဖိုးတုတ် မူးပြီးပြန်လာပြီ။  တစ်ရပ်ကွက်လုံး ကိုဖိုးတုတ်ဆိုလျှင် မသိသူ မရှိ။  ကိုဖိုးတုတ်မှာ နေစရာ အိမ်မရှိ။  တွေ့သည့်နေရာ အိပ်သည်။ တွေ့သည့် နေရာစားသည်။ တွေ့သည့် ဆိုင် တွင်စားသည်။ မည်သူမျှ သူ့ကို အဖက်လုပ်မပြောကြ။  ပြောလည်း မပြောရဲကြ။   ကိုဖိုးတုတ်က လက်ရဲဇက်ရဲရှိလှသည်။  ရပ်ကွက်ထဲ ၀က်၊ ကြက်၊ နွား ပေါ်မည်ဆိုလျှင် ကိုဖိုးတုတ်ပါပြီး သား။  လူရိုက်မှုဟေ့ ဆိုလျှင်လည်း ကိုဖိုးတုတ်ပါပြီးသာ။  ရပ်ကွက်ကတော့ ဘုရားချွတ်တော် ကျွတ်မည် မဟုတ်သည့် သတ္တ၀ါဟု ဆိုကာ လွှတ်ထားကြသည်။   ကိုဖိုးတုတ်ကလည်း ဘယ်သူမျှဂရုမစိုက်။  ကိုယ်လုပ်ချင်ရာ လုပ်သည်။ ရှေ့နောက်တိုင်းထွာခြင်း လားလားမျှမရှိ။  အတန်းမပညာရှိ၊ အတတ်ပညာမရှိ။  ပစ္စည်းမရှိ၊ အချိန်တန်လျှင် မူးမည်၊ အော်မည်၊ ဆဲမည်။  မကျေနပ်လျှင် ထိုးမည်၊ ရိုက်မည်၊ တိရစ္ဆာန်လေးများကိုလည်း မညှာမတာ သတ်ဖြတ်သည်။   ကိုဖိုးတုတ်လို လူမျိုး ဒီနိုင်ငံတွင် မည်မျှရှိနေမည်နည်း။  ဒီကမ္ဘာပေါ်ရှိ လူဦးရေထဲတွင် မည်မျှ ပါဝင်နေ မည်နည်း။  များစွာရှိနေပါလိမ့်မည်။  ထိုသူတို့သည်ကား  ရုပ်သည်လည်း သုည၊ စိတ်သည်လည်း သုည။ ရုပ်အနှုတ်၊ စိတ်အနှုတ်ပင် မဟုတ်ပါလား။  (၆)  လောက လူ့ဝန်းကျင်တွင် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါလိမ့်မည်။ ထို့အတူ ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးစဲ နိုင်ငံ၊ မဖွံ့ဖြိုးသေးသည့်နိုင်ငံဟူ၍ နိုင်ငံအသီးသီး၊ ပြည့်နယ်အသီးသီး၊ မြို့နယ်အသီးသီး၊ ရပ်ကွက်အသီးသီး ရှိ ပါလိမ့်မည်။   တစ်ချို့သော အရပ်ဒေသတို့သည်ကား ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုသာမက စိတ်ပိုင်းဆိုင်ရာပါ ပြည့်ဝ ကြသည်။ တစ်ချို့ကတော့ ဆန့်ကျင်ဘက်အနေအထားတွင်ဖြစ်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းပါ နိမ့်ပါးကြသည်။ တစ်ချို့ကတော့ ရုပ်ဖွံ့ဖြိုးသလို စိတ်မဖွံ့ဖြိုးကြသေး။   ကျွန်တော်တို့ အမိမြန်ပြည်ကြီးသည် မည်သည့်အထဲတွင် ရှိနေသနည်း။  အမိပြည်တွင် နေထိုင် ကြကုန်သော ပြည်သူပြည်သား၊ အုပ်ချုပ်သူ၊ ပြည်သူ့ဝန်ထမ်းတို့သည်  မည်သည့်အထဲတွင် ပါဝင်နေပါသနည်း။   ရုပ် ၁၀၀ စိတ် ၁၀၀ ပင်လော။  ရုပ် ၁၀၀ စိတ် ၀ ပင်လော။  ရုပ် ၀ ၊ စိတ် ၁၀၀ ပင်လော၊ သို့တည်းမဟုတ် ရုပ် ၀၊ စိတ် ၀ ပင်လော။  (၇)  မှန်ကိုကြည့်ရင်း ကိုယ့်ကိုယ်ကို သဘောကျနေမိသည်။  ရေချိုးပြီး မှန်ရှေ့ရောက်နေသော မိမိကိုယ်မှာ ခွန်အားများ ပြည့်ဝနေသည်ဟု ထင်မိသည်။   လူ့သက်တမ်း တစ်ဝက်နီးပါး အသက်ရလာသော်လည်း " ဟယ် ငါမအိုအေး နုသေ၊ ခွန်အား ပြည့်စုံသေးသည် " ဟု ကျေနပ်မိသည်။        ဤသို့ဖြင့် ပြင်ဆင်ပြီးသကာလ လုပ်ငန်းခွင်သွားရမည်။  လုပ်ငန်းခွင်ရောက်လျှင်တော့ ဒေါသထွက် ရမည်၊ လောဘ တက်လိမ့်မည်၊ မကျေနပ်လျှင် လက်ပါချင်ပါလိမ့်မည်၊  ကိုယ့်ကို ကျော်တက်မည့်သူကို ခြေထိုး ခံချင်ခံလိမ့်မည်၊ ကိုယ့်ထက်နိမ့်ပါးသူက ဖိဟောက်ချင်ဟောက်လိမ့်မည်၊  ရသည့်အခွင့်အရေးထက် လက်တစ်ဆုံး ပိုနိုက်ချင်နိုင်လိမ့်မည်၊  သူတစ်ပါး ရသည့် အရာထဲမှ ခေါင်းပုံဖြတ်ယူချင် ယူပါလိမ့်မည်။   သြော် ဒီအချိန်ဝယ် ခွန်အားဖြင့် နိုပျိုတက်ကြွနေသော ခန္ဓာကြီးကတော့  ၁၀၀  အပြည့်၊ ရုပ်အပေါင်း လက္ခဏာရှိသေးသည်။     စိတ်တို့သည်လေကား တည်ငြိမ်၊ တည်ကြည်၊ တည်တံဖြောင့်မတ်ခြင်း မရှိလေသည်မို့ စိတ် ၁၀ (သက်သက်ညှာညှာ)ဖြစ်လိမ့်မည်။  စိတ်အနှုတ်အသွင် ဆောင်ပါလိမ့်မည်။  မည်သို့ပင်ဆိုစေ ရုပ် ၁၀၀ မပြည့်နိုင်လျှင်သာရှိစေ  စိတ် ၁၀၀ ပြည့်နိုင်အောင် ဖြည့်ဆည်းတည်ဆောက် သွားရပါလိမ့်တော့မည်။  ****************  မောင်ပိုင် ၁၅-၇-၂၀၁၄ (၂၄၀၀) နာရီ။
………………
(၁)
"ဒီမှာသာ ထားခဲ့ပါဗျာ ရပါတယ်၊ မပျောက်ပါဘူး "
ကျွန်တော်က မယုံရဲသလိုနှင့် ဖိနပ်ကို မချွတ်သေး။
"ချွတ်ခဲ့ အာမခံတယ် မပျောက်ဘူး။ ကျွန်တော်တို့ ပုဂံမှာ သူခိုးမရှိဘူး စိတ်ချ "
ထိုစကားကြားတော့ စိတ်ထဲကျေနပ်မိသည်။ ယုံကြည်စွာဖြင့် ဆိုင်ကယ်ဘေးနားတွင် ဖိနပ်ကို ချွတ်ခဲ့ပြီး ဓမ္မံရံဘုရားကြီးအတွင်းသို့ ကျွန်တော်တို့ လှမ်းဝင်ခဲ့လိုက်သည်။
ထိုမှတစ်ဆင့် အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ ဗူးဘုရားစသည့် ပုဂံရှိ ဘုရားစေတီပုထိုး စုံနေအောင် လည်ပတ်ဖူးမြော်ခဲ့ကြသည်။ ရောက်ရှိသည့် နေရာတိုင်းတွင်လည်း ဖိနပ်၊ ဆိုင်ကယ်၊ ပစ္စည်းတို့အတွက် စိတ်က ခိုးလိုးခုလုမဖြစ်တော့။ ယုံကြည်စွာဖြင့် ထားခဲ့၊ အပ်နှံခဲ့နိုင်ခဲ့တော့သည်။
"ကျွန်တော်တို့ ပုဂံမှာ သူခိုးမရှိဘူး "
စကားသံက ကျွန်တော့် နားထဲ၌ ပဲ့တင်ရိုက်ခိုက်လို့နေသည်။ သြော် ရှေးနှစ်ပေါင်းများစွာက တည်ထားတော်မူခဲ့သော ဘုရားစေတီ၊ အဆောက်အဦတို့သည် ခမ်းနားကြီးကျယ်လွန်းလှသော ရုပ်အပေါင်း လက္ခဏာပြီးပြည့်စုံရုံမျှမက ပုဂံသူ၊ ပုဂံသားတို့၏ စိတ်ထားတို့သည်လည်း အပေါင်းလက္ခဏာ ပြည့်ဝလှ ပါတကား။
ဆိုရလျှင်မူ ရုပ် ၁၀၀၊ စိတ် ၁၀၀ ပေပေါ့။
(၂)
"ဆရာမ စားပါဦးလား၊ ငါ့ဟင်းကောင်းတယ်။ ငါးကချင်ချက် ချက်လာတာ "
"စားပါကွဲ့ စားပါ "
"ဆရာမ နင် ညနေ ငါ့အိမ်ကို လိုက်လည်ပါလား၊ ခေါပုတ် ကြော်ကျွေးမယ် "
"မလိုက်တော့ပါဘူး ကလေးရယ်၊ ဆရာမက အလုပ်တွေရှိသေးတယ် "
"အေး အေး ပြီးရော "
သူငယ်ချင်းဖြစ်သူ ဆရာမတစ်ဦးက သူ့ကျောင်းက ကလေးတွေအကြောင်းပြောပြနေခြင်းဖြစ်သည်။ ကျွန်တော်မြစ်ကြီးနားမြို့မှာ တာဝန်ကျနေစဉ် သူနှင့် တွေ့ဆုံရခြင်းဖြစ်သည်။ သူက ၀ိုင်းမော်ဘက်တွင် တာဝန်ကျနေခြင်းဖြစ်သည်။
ကချင်၊ လီဆူး၊ လ၀မ် စသည့် တိုင်းရင်းသားကလေးတွေက "နင် "နှင့် "ငါ "ပြောတတ်ကြောင်း၊ နား ထောင်လျှင် ရိုင်းသည်ထင်ရပေမဲ့ စိတ်ရင်းက ရိုးသားလှကြောင်း၊ တချို့သော ဘ၀လေးတွေက သနားစရာ ကောင်းလှကြောင်း ပြောပြသည်။
ပညာက သေစာ၊ ရှင်စာ တတ်လျှင်ရပြီဆိုပြီး တချို့သော မိဘတို့က သူတို့ကလေးတွေကို ကျောင်းထုတ်ပြီး တာယာအလုပ် လုပ်ခိုင်းကြောင်း၊ တချို့ကတော့ ကျောင်းထားပေးနေရသော်လည်း ကလေး အတွက် ပြည့်စုံအောင် လုပ်မပေးနိုင်ကြကြောင်း၊ အ၀တ်အစားက နုံချာချာဝတ်ပြီး ဖိနပ်ပင်မပါသော ကလေးတွေ အများကြီးရှိကြောင်း ပြောပြသည်။
သို့သော် အချင်းချင်းရိုင်းပင်းကူညီတတ်ကြောင်း၊ ဆရာ၊ ဆရာမတွေအပေါ် သံယောဇဉ်ကြီးမား လှကြောင်း၊ စိတ်ထားလေးတွေက ဖြူစင်လှကြောင်း သူငယ်ချင်းက ပြောပြသည်။
မြစ်ကြီးနားမြို့ အနီးဝန်းကျင်ရှိ ကျေးရွာတစ်ချို့ကို ကျွန်တော်လည်ပတ်၍ စူးစမ်းကြည့်သောအခါ သူငယ်ချင်းဖြစ်သူ၏ စကားများ မှန်ကန်လှကြောင်း ကိုယ်တိုင်သိခဲ့ရသည်။ မြစ်ကြီးနားသာမက ရောက်ရှိခဲ့ဖူး သော ကလော၊ သံတောင်၊ ပြင်ဦးလွင် စသည့်ဒေသတို့ရှိ တိုင်းရင်းသားတို့၏ ပြောဆိုမှုမှာ လူ့ယဉ်ကျေးဟုခေါ် သောအသိုက်အ၀န်းအတွက် နားရိုင်းစရာဖြစ်လင့်ကစား စိတ်ထားတို့ကမူ ယဉ်ကျေးနုနယ်ပါပေသည်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံမှုမရှိလှ၍ အနှုတ်အသွင်ဆောင်သော်လည်း စိတ်ထားမှာမူ အပေါင်းလက္ခဏာ အပြည့်ပင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ရုပ် ၁၀၊ စိတ် ၁၀၀ ပင်ဖြစ်ပေသည်။
(၃)
"ပျစ် "
မှတ်တိုင်တွင် ကားရပ်စောင့်နေသော ကျွန်တော့်အပေါ်သို့ ကွမ်းတံတွေး အချို့လာစင်သည်။ ဖြတ်သွား သောလိုင်းကားပေါ်မှ ထွေးလိုက်သော ကွမ်းတံတွေးပင်ဖြစ်သည်။
ပလက်ဖောင်းပေါ်နှင့် လမ်းမထက်သို့ ကြည့်လိုက်သည့်အခါ အရုပ်ဆိုးလွန်းလှသော ကွမ်းတံတွေး အကွက်၊ အကွက်တို့ကို တွေ့မြင်ရသည်။ ကွမ်းတံတွေးတွေက ဒီလို လမ်းမထက်တွင်သာ မဟုတ်၊ အများသူငါ အပန်းဖြေနားနေရာ ပန်းခြံရှိ လမ်း၊ မြက်ခင်းပြင်ပေါ်တွေ၊ လမ်းဘေးရှိ အုပ်နံရံတွေ၊ စီးဆင်းနေသော ရေမြောင်း ပေါ်တွေ၊ အိမ်ခြံဝန်းအတွင်းတွေပါ နေရာအနှံ့ မြင်တွေ့ရသည်။ စည်းမရှိလိုက်သည့် ပါးစပ်တွေလို့သာ ကျွန်တော်ရေရွတ်မိပါသည်။
သွားလိုသည့်ခရီးကို ပို့ဆောင်မည့် လိုင်းကားရောက်ရှိလာသဖြင့် ကားပေါ်သို့ တိုးတက်လိုက်သည်။
"ကဲ ရှေ့က ခရီးသည်များ ရှေ့လေးကို တိုးပေးကြမယ်နော်၊ ရှေ့မှာ ဖိုးချစ်ဇာတ်ကလို့ရသေးတယ်၊ ဘေးဘယ်ညာ ရပ်နေသူများ ဘေးတန်းလေးတွေကိုင်ထားပေးကြနော် "
ပြွတ်ညပ်နေသော ကားထဲသို့ ကျွန်တော်လည်း တိုးဝင်ရသည်။ လူတွေကတော့ မလူးသာ မလွန့်သာ။
"ကျိုက်ဝိုင်းပါသေး ကျားနှစ် ဆရာရေ၊ နောက်မှာ ၁၂၁ လိုက်လာတယ် "
"ကျွီ.."
အရှိန်ဖြင့် မောင်းလာသော ကားကို ဘရိတ်ဖမ်းနင်းလိုက်သဖြင့် ကားထဲက ခရီးသည်များ ရှေ့သို့ပြုံကျ သွားသည်။ မှတ်တိုင်တွင် ဆင်းမည့် ခရီးသည်နှစ်ဦး မြေပေါ်သို့ ခြေကျမကျတော့ မသိချေ။ ကားက တန်း၍ မောင်းထွက်သည်။ နောက်ကားပါလာခြင်းကြောင့် သုတ်ချေတင်နေခြင်းဖြစ်သည်။
"လိုက်ရင်တင်ထားဆရာ၊ ပညာလေး ပညာ "
"ကျွီ…"
ကားကို ဘရိတ်ဖမ်းအုပ်ပြန်သည်။ ခရီးသည်များ ရှေ့သို့ ငိုက်ကျသွားခြင်းကြောင့် ကားပေါ်တွင် ခရီသည်ပိုဆန့်သွားသည်။ မှတ်တိုင်တွင် ခရီးသည် ထပ်တင်သည်။ ကားပေါ်က ခရီးသည်တို့ကတော့ တရား မဟုတ်သော မေတ္တာပို့ခြင်းဖြင့် ကားဆရာတို့ကို မေတ္တာပို့နေကြလေပြီ။
ကျွန်တော်သွားလိုသော ခရီးရောက်ရှိပြီဖြစ်သော်လည်း တည်းခိုရမည့် အခန်းက ရှာမတွေ့သေးချေ။ တတိယအထပ် အခန်းနံပါတ် ၃၀၂ ဖြစ်သော်လည်း အခန်းနံပါတ်တို့ ရေးမထားခြင်းကြောင့် ဘယ်နှင့် ညာ ဘယ် အခန်းကို တံခါးခေါက်ရမလဲ စဉ်းစားရသည်။
တံခါးက နှစ်ထပ်၊ သံတံခါးနှင့် သစ်သားတံခါး။ သံတံခါးအပေါက်မှ လက်လျှို၍ သစ်သားတံခါးကို ခေါက်လိုက်သည်။ အမျိုးသမီးတစ်ဦး တံခါးလာဖွင့်ပြီး တည်သော မျက်နှာထားဖြင့်ကြည့်သည်။
"ဒါ အခန်းနံပါတ် ၃၀၂ လားခင်ဗျာ။ မခိုင်လေးတို့အခန်းလားခင်ဗျ "
"မဟုတ်ဘူး ဒါက ၃၀၁၊ ၃၀၂ က ဟိုဘက်အခန်း၊ မခိုင်လေး ဟုတ်မဟုတ်မသိဘူး "
စကားလည်းဆုံး တံခါးလည်းပိတ်လိုက်သည်။ သြော်ခက်ပါဘိ ကိုယ့်ရှေ့ မျက်နှာချင်းဆိုင်က အခန်း ဘယ်သူ့အခန်းလဲဆိုတာ မသိတဲ့။ တို့ကျေးရွာက လူတွေနှင့် ကွာလိုက်ပါဘိ။ ကျွန်တော်တို့ ကျေးရွာမှာဆိုလျှင် တော့ အိမ်နံပါတ်ဘယ်လောက်ဆိုလျှင် အူတူတူဖြစ်နေဦးမည် မောင်ပိုင့်အိမ် ဘယ်အိမ်လည်းဆိုလျှင်ဖြင့် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါလိမ့်မည်။
သြော် မဟာရန်ကုန်ရွှေမြို့တော်ကြီးက တစ်ချို့ တစ်ချို့သော လူတွေရဲ့ စိတ်ဓာတ်တွေ၊ လူ့မှုပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံမှုတွေက မပြည့်ဝကြပါလား။ အိုးအိမ်တိုက်တာတို့ကတော့ဖြင့် လည်ပင်း ညောင်းအောင် မော့ကြည့်နေရပေမယ့် စိတ်ထားပိုင်ဆိုင်ရာကတော့ အနှုတ်လက္ခဏာပါတကား။
ဒီတော့လည်း ရုပ် ၁၀၀၊ စိတ် ၁၀ ပေပေါ့။
(၄)
"မိန်းမရေ ငှက်ပျောဖီးဝယ်လာတယ်ဟေ့ ဈေးလည်းချို အလုံးကလည်း လှသကွ "
"ဟုတ်လား ပြစမ်းပါဦး တော့ ငှက်ပျောဖီးကြည့်ရအောင် "
ကျွန်တော့်ဇနီးက ငှက်ပျောဖီးကို ကိုင်ရင်း ငှက်ပျောသီအလုံးလေးတွေကို ဖိကြည့်သည်။ ပြီးတော့ ခေါင်းရမ်းသည်။
"ထင်သားပဲ အဲဒါကြောင့် ယူကြည့်တာ ရှိတော့ ဆေးနဲ့မိပြီ "
"ဘယ်လို ဘာလို့ ငါက ဆေးမိရမှာလဲ "
"ဒီမှာ သေချာကြည့် ငှက်ပျောသီးတွေက ထောင့်မပြည့်ဘူး၊ ၀င်းဝါပြီး မှည့်နေတယ်လို့ အမြင်ရှိပေမယ့် အသီးကိုဖြစ်ကြည့် မာနေတယ်၊ အထဲမှာ အစီးတောင်ကွာမှာမဟုတ်သေးဘူး၊ အဲဒါ ဆေးထိုးပြီး ကြီးအောင်၊ ၀ါ အောင်လုပ်ထားတာ "
ကျွန်တော်လည်း ငှက်ပျောသီးတစ်လုံးကို ဖြုတ်ပြီး လက်တွေ့စမ်းသပ်ကြည့်မိသည်။ တကယ်ပင် ငှက် ပျောသီးအခွံကို နွှာလိုက်သည်ဆိုလျှင်ပင် အစီးက မပြယ်သေး။ အသီးကလည်း မာနေသေးသည်။ အစိမ်းနီးပါး ရှိသေးသည်။ တော်သေးသည် အာဟာရမဖြစ်ပဲ ဘေးဖြစ်တော့မလို့။
ခေတ်ကာလတွင် ဘယ်အစားအသောက်မှ ရဲရဲ မစားရဲသလိုဖြစ်လာသည်။ စိုက်ပျိုးရေးခြံထွက် သဘာဝသီးနှံဆိုသော်လည်း ဓာတ်မြေသြဇာဆေး၊ ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေး စသည့် ဆေးအန္တရာယ်တို့က ကြောက်စရာကောင်းလာသည်။ ထိုအတူ အသင့်ထုတ်ပိုးပြီးသား အစားသောက်တို့တွင်လည်း အန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုဆေးဝါးများ ပါဝင်နေသည်ဟု သိရှိရသည်။
ထုတ်ပိုးမှု အပြင်အဆင်က ဆွဲမက်စရာကောင်းလှသလို အသီးအနှံတို့ကလည်း ဖွံ့ဖွံ့ထွားထွားဖြင့် ၀ယ်ယူစားသုံးချင်စရာ ကောင်းလှသည်။ သို့သော် မယုံရဲ။
အပေါ်ယံ အပြင်အဆင် ရုပ်ပိုင်းက ပြည့်စုံသော အပေါင်းလက္ခဏာဖြစ်သော်လည်း စီးပွားရေးသမား တို့၏ လောဘစိတ်တို့သည်ကတော့ အနှုတ်လက္ခဏာပြသနေပေသည်။
ဒီတော့လည်း ရုပ် ၁၀၀၊ စိတ် ၁၀ ပေပေါ့။
(၅)
"ဘယ်ကောင်မ လူမထင်ဘူးကွ၊ သတ္ထိရှိရင် ဖိုးတုတ်ဆီလာခဲ့၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်တာ ဘယ်ကောင်မှ လာမတားနဲ့ ထွီ "
"ဘုတ် ..ဂလွမ် "
သိလိုက်ပြီ ဒီအချိန်ဆိုလျှင် ကိုဖိုးတုတ် မူးပြီးပြန်လာပြီ။ တစ်ရပ်ကွက်လုံး ကိုဖိုးတုတ်ဆိုလျှင် မသိသူ မရှိ။ ကိုဖိုးတုတ်မှာ နေစရာ အိမ်မရှိ။ တွေ့သည့်နေရာ အိပ်သည်။ တွေ့သည့် နေရာစားသည်။ တွေ့သည့် ဆိုင် တွင်စားသည်။ မည်သူမျှ သူ့ကို အဖက်လုပ်မပြောကြ။ ပြောလည်း မပြောရဲကြ။
ကိုဖိုးတုတ်က လက်ရဲဇက်ရဲရှိလှသည်။ ရပ်ကွက်ထဲ ၀က်၊ ကြက်၊ နွား ပေါ်မည်ဆိုလျှင် ကိုဖိုးတုတ်ပါပြီး သား။ လူရိုက်မှုဟေ့ ဆိုလျှင်လည်း ကိုဖိုးတုတ်ပါပြီးသာ။ ရပ်ကွက်ကတော့ ဘုရားချွတ်တော် ကျွတ်မည် မဟုတ်သည့် သတ္တ၀ါဟု ဆိုကာ လွှတ်ထားကြသည်။
ကိုဖိုးတုတ်ကလည်း ဘယ်သူမျှဂရုမစိုက်။ ကိုယ်လုပ်ချင်ရာ လုပ်သည်။ ရှေ့နောက်တိုင်းထွာခြင်း လားလားမျှမရှိ။ အတန်းမပညာရှိ၊ အတတ်ပညာမရှိ။ ပစ္စည်းမရှိ၊ အချိန်တန်လျှင် မူးမည်၊ အော်မည်၊ ဆဲမည်။ မကျေနပ်လျှင် ထိုးမည်၊ ရိုက်မည်၊ တိရစ္ဆာန်လေးများကိုလည်း မညှာမတာ သတ်ဖြတ်သည်။
ကိုဖိုးတုတ်လို လူမျိုး ဒီနိုင်ငံတွင် မည်မျှရှိနေမည်နည်း။ ဒီကမ္ဘာပေါ်ရှိ လူဦးရေထဲတွင် မည်မျှ ပါဝင်နေ မည်နည်း။ များစွာရှိနေပါလိမ့်မည်။
ထိုသူတို့သည်ကား ရုပ်သည်လည်း သုည၊ စိတ်သည်လည်း သုည။ ရုပ်အနှုတ်၊ စိတ်အနှုတ်ပင် မဟုတ်ပါလား။
(၆)
လောက လူ့ဝန်းကျင်တွင် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါလိမ့်မည်။ ထို့အတူ ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးစဲ နိုင်ငံ၊ မဖွံ့ဖြိုးသေးသည့်နိုင်ငံဟူ၍ နိုင်ငံအသီးသီး၊ ပြည့်နယ်အသီးသီး၊ မြို့နယ်အသီးသီး၊ ရပ်ကွက်အသီးသီး ရှိ ပါလိမ့်မည်။
တစ်ချို့သော အရပ်ဒေသတို့သည်ကား ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုသာမက စိတ်ပိုင်းဆိုင်ရာပါ ပြည့်ဝ ကြသည်။ တစ်ချို့ကတော့ ဆန့်ကျင်ဘက်အနေအထားတွင်ဖြစ်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းပါ နိမ့်ပါးကြသည်။ တစ်ချို့ကတော့ ရုပ်ဖွံ့ဖြိုးသလို စိတ်မဖွံ့ဖြိုးကြသေး။
ကျွန်တော်တို့ အမိမြန်ပြည်ကြီးသည် မည်သည့်အထဲတွင် ရှိနေသနည်း။ အမိပြည်တွင် နေထိုင် ကြကုန်သော ပြည်သူပြည်သား၊ အုပ်ချုပ်သူ၊ ပြည်သူ့ဝန်ထမ်းတို့သည် မည်သည့်အထဲတွင် ပါဝင်နေပါသနည်း။
ရုပ် ၁၀၀ စိတ် ၁၀၀ ပင်လော။ ရုပ် ၁၀၀ စိတ် ၀ ပင်လော။ ရုပ် ၀ ၊ စိတ် ၁၀၀ ပင်လော၊ သို့တည်းမဟုတ် ရုပ် ၀၊ စိတ် ၀ ပင်လော။
(၇)
မှန်ကိုကြည့်ရင်း ကိုယ့်ကိုယ်ကို သဘောကျနေမိသည်။ ရေချိုးပြီး မှန်ရှေ့ရောက်နေသော မိမိကိုယ်မှာ ခွန်အားများ ပြည့်ဝနေသည်ဟု ထင်မိသည်။
လူ့သက်တမ်း တစ်ဝက်နီးပါး အသက်ရလာသော်လည်း "ဟယ် ငါမအိုအေး နုသေ၊ ခွန်အား ပြည့်စုံသေးသည် "ဟု ကျေနပ်မိသည်။
ဤသို့ဖြင့် ပြင်ဆင်ပြီးသကာလ လုပ်ငန်းခွင်သွားရမည်။ လုပ်ငန်းခွင်ရောက်လျှင်တော့ ဒေါသထွက် ရမည်၊ လောဘ တက်လိမ့်မည်၊ မကျေနပ်လျှင် လက်ပါချင်ပါလိမ့်မည်၊ ကိုယ့်ကို ကျော်တက်မည့်သူကို ခြေထိုး ခံချင်ခံလိမ့်မည်၊ ကိုယ့်ထက်နိမ့်ပါးသူက ဖိဟောက်ချင်ဟောက်လိမ့်မည်၊ ရသည့်အခွင့်အရေးထက် လက်တစ်ဆုံး ပိုနိုက်ချင်နိုင်လိမ့်မည်၊ သူတစ်ပါး ရသည့် အရာထဲမှ ခေါင်းပုံဖြတ်ယူချင် ယူပါလိမ့်မည်။
သြော် ဒီအချိန်ဝယ် ခွန်အားဖြင့် နိုပျိုတက်ကြွနေသော ခန္ဓာကြီးကတော့ ၁၀၀ အပြည့်၊ ရုပ်အပေါင်း လက္ခဏာရှိသေးသည်။
စိတ်တို့သည်လေကား တည်ငြိမ်၊ တည်ကြည်၊ တည်တံဖြောင့်မတ်ခြင်း မရှိလေသည်မို့ စိတ် ၁၀ (သက်သက်ညှာညှာ)ဖြစ်လိမ့်မည်။ စိတ်အနှုတ်အသွင် ဆောင်ပါလိမ့်မည်။
မည်သို့ပင်ဆိုစေ ရုပ် ၁၀၀ မပြည့်နိုင်လျှင်သာရှိစေ စိတ် ၁၀၀ ပြည့်နိုင်အောင် ဖြည့်ဆည်းတည်ဆောက် သွားရပါလိမ့်တော့မည်။
****************
မောင်ပိုင်
၁၅-၇-၂၀၁၄
(၂၄၀၀) နာရီ။
“ ပန်းလှေတဲ့ ”
$
0
0
“ ပန်းလှေတဲ့ ”
လူဆိုတာက အသိုင်းနဲ့အ၀ိုင်းနဲ့နေကြတာဆိုတော့ခံယူချက်အမူအကျင့်တစ်ခုကို ခံယူကျင့်သုံးရင် တနွယ်ငင်တစဉ်ပါ ဆိုသလို ဖြစ်လေ့ရှိတာကို တွေးမိလို့ပါ …..
ကျုပ်တို့မြန်မာပြည်မှာ ၁၉၆၂ ကနေ ၂၀၁၀ ထိ အာဏာရှင်စနစ်ကို ၄၈ နှစ်လောက် ကျင့်သုံးလာခဲ့ပြီး ၂၀၁၀ မှာ ရွေးကောက်ခံ အစိုးရ နဲ့ ဒီမိုကရေစီ နည်းလမ်းအတိုင်း အုပ်စိုးလာခဲ့တာ ၄နှစ် အတွင်း ခြင်းနင်းလာဘီနော် … ပြုပြင် ပြောင်းလဲ လာတာတွေလဲ မနဲဘူးတွေ့ရပါတယ် လူတိုင်းကျေနပ်တဲ့အတိုင်းအတာတော့ ဘယ်ရှိနိုင်ပါအုံးမလဲဗျာ …
အဲ့ဒါနဲ့ဘဲ …. ဇတ်လမ်းလေးတပုဒ်သွားသတိရမိတယ်ဗျ
တခါတုန်းက ပင်လယ်ကမ်းခြေ ရွာတရွာမှာ တံငါအလုပ်နဲ့အသက်မွေးတဲ့ သူတဦးရှိတယ် တဲ့ဗျာ….. သူတံငါလုပ်ခဲ့တာ ၁၉၆၂ ခုကနေ ၂၀၁၀ ထိပေါ့လေ … နှစ်ပေါင်း ၄၈ နှစ်လုံးလုံး နေ့တိုင်း ငါးဖမ်းခဲ့တဲ့သူ့လှေကြီးဟာ ရက်ပေါင်း ၁၇၀၀၀ ကျော် ငါးစိမ်း၊ငါးပုတ်တွေထဲ့သိုခဲ့တဲ့ ကွန်တိန်နာကြီးပေါ့ဗျာ … ဒီတော့ခင်ဗျားတို့သိတဲ့အတိုင်းငါးညှီနံ့ဆိုတာအင်မတန် စွဲတာကလား ... တရက်နှစ်ရက်ဆိုရင်တောင်လွှတ်နံတာဗျ … ဟဲဟဲ … ရက်ပေါင်း ၁၇၀၀၀ ကျော်ဆိုတော့ … သူ့လှေ ကြီးဟာ ငါးညှီနံ့တို့ဖြင့်ထုံမွှန်းထားသောလှေကြီးဖြစ်နေတာပေါ့ဗျာ…
ဒါနဲ့ ၂၀၁၀ လောက်ကြတော့ တံငါသည်လဲ အသက်က ၇၀ နီးလာတံငါအလုပ်နဲ့ စီးပွားဖြစ်လာတာလဲ နှစ် ၅၀ နီးပါးဆိုတော့ ဒီအကုသိုလ် တံငါအလုပ်ကြီးကိုလဲ လူပြောသူပြောများနှာခေါင်းရှုံ့ကြတော့ စွန့်လွှတ်တော့မယ်ဆိုပြီးပြင်ဆင်တော့တာပေါ့။ ဒီအခါမှာ သူနဲ့နေပူမိုးရွာမရှောင် လက်တွဲခဲ့တဲ့ တံငါလှေကြီးကိုလဲ အနားပေးရတော့တာပေါ့.. ဒါ့ကြောင့် လှေကြီးကိုကုန်း ပေါ်တင်ထားတော့တာပေါ့ .. သူသွားစဉ်းစားမိတာက ..
အော် ..ငါ့လှေကြီးဟာ ငါးညှီနံ့တွေနဲ့ လှိုင်နေပါပေါ့လား ... အနံ့လေး ကောင်းလာအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲလို့စဉ်းစားရင်းကအကြံတခုပေါ်လာသတဲ့ .. 
ဒါနဲ့သူ့လှေကြီးကိုမြေကြီးတွေဖြည့် မြေသြဇာတွေဘာတွေထဲ့ပြီး နှင်းဆီ အစရှိတဲ့ အလွန်မွှေးရနံ့ကြိုင်မယ့် ပန်းတွေစိုက် သတဲ့ .. လူတွေတွေ့တော့မေးကြတာပေါ့ … သူကလဲ သူ့ငါးလှေကြီးကို ပန်းတွေနဲ့မွှေးပျံစေမဲ့ သူ့ရည်ရွယ်ချက်ကြီးကို ပြောပြတာပေါ့ .. 
လူတွေကလဲ .. အားပေးသူကပေး … အမနာပပြောသူကပြောနဲ့ပေါ့လေ .. ဒါနဲ့ဘဲ ရက်ကနေလပြောင်းလာ တော့ တံငါလှေကြီးလဲ ပန်းလှေကြီးအဖြစ် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာတာတွေ့ကြရသတဲ့ … ရုပ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း ဆိုတာ လှေကြီးထဲမှာစိုက်ထားတဲ့ပန်းတွေပွင့်လာတာကိုပြောတာပါ … 
လှေကြီးထဲမှာပန်းတွေပွင့်ဖူးဝေဆာလာတော့ အခေါ်အဝေါ်တွေလဲစပြောင်းလာတော့တာပေါ့ … ကနဦးတုန်းက ခေါ်ခေါ်နေတဲ့ တံငါလှေကြီး ဆိုတဲ့စကားရပ်အစား ပန်းလှေကြီးဆိုတဲ့စကားရပ်ဖြစ်ပေါ်လာတာပေါ့.. ရွာသူရွာသားတွေ အချိန်းအချက်ပြုကြရင်တောင် အရင်တုန်းကလို တံငါလှေကြီးနားတွေကြမယ်ဟေ့လို့မဟုတ်တော့ဘဲ .. ပန်းလှေကြီးနား တွေ့ကြမယ်ဟေ့ လို့ဖြစ်ကုန်တာပေါ့ .. 
ဒါပေမဲ့ .. စိတ်မကောင်းစရာ ကတော့.. ပန်းလှေကြီးဟာ … လှပတဲ့ပန်းတွေနဲ့ကြည်နူးစရာဝေဆာလှပေမဲ့ ……. ပန်းရနံ့တွေ မွှေပျံကြိုင်သင်းနေရမယ့်အစား … ငါးညှီနံ့တွေဖုံးလွှမ်းနေတုန်းဘဲတဲ့ကွယ် …. ပုံပြင်ကလေးကတော့ 
…ဒါပါဘဲ …
ပန်းလှေကြီး ပန်းရနံ့တွေ အမြန်ဆုံးကြိုင်လှိုင်နိုင်ပါစေသား ….
ttkots73
စိုင်းဦးမှာလား
ပင်လယ်ဝဆီက၊ ဒီတက်စ လှိုင်းဘောင်ဘင်။
မဗေဒါ တဟုန်ထိုး၊ ချောင်းရိုးကိုဝင်။
မိုးမမြင် လေမမြင်၊ ပန်းဆန်ချင် လေတိုင်း။
ရေထ ဦးပေမို့
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။
အထက်ချောင်းကျတော့၊ ဒီညောင်းစ ချောင်းရေသာ။
မဗေဒါ ကိုယ်ရှိန်သတ်၊ လှမ်းတက်နိုင်ပါ။
စိုင်းခဲ့တဲ့ ခရီးတာမှာ၊ သာနာစုံ ပုံခဲ့။
ရေသင်ဖြူး ပေမို့ ပွင့်ဖူးစုံ ငုံတံနဲ့ ၊ ပန်းမူရာနွဲ့။
ပန်းအလှ မဗေဒါ . . .တဲ့။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကသာ။
ပင်လယ်ဝ ဆီက ဒီရေကျ ခွန်းစသာ ၊ လွမ်းစရာပါတကား။
မိုးမမြင် လေမမြင်နဲ့
ထီမထင် စုန်ချင်တိုင်း၊ စိုင်းဦးမှာလား။
(ဆရာဇော်ဂျီ)
မှတ်ချက် ။ ။ ကိုယ်ထင်ရာကိုယ်စိုင်းခဲ့ကြတော့ ပန်းလှေကြီးလဲ ငါးညှီနံ့တွေ ထောင်းထောင်းထနေရတော့တာပေါ့ကွယ်
တပ်မတော်အရာရှိငယ်တွေရဲ့ အင်တာနက် အကောင့်တွေ .....ဘာလဲ...ဘယ်လဲ
$
0
0
တပ်မတော်အရာရှိငယ်တွေရဲ့ အင်တာနက် အကောင့်တွေ .....ဘာလဲ...ဘယ်လဲ????
===========================
တနေ့ က Eleven ဂျာနယ်မှာ ရေးထားတာလေးပါ....
အစိုးရရဲ့  မူဝါဒတွေကို ဖော်ပြ ဝါဒဖြန့် ပြနေတာ စစ်တပ်က စနစ်တကျ လေ့ကျင့်ထားတဲ့ အရာရှိငယ်တွေရဲ့ အကောင့်အတုတွေပါ ဆိုတဲ့ ရေးသားချက်လေးတွေဖတ်မိလိုက်လို့ ပါ....
ကျွန်တော်ပြောပါပြီ......
တပ်မတော်က ဒီအကောင့် လေးတွေပေါ်လာတဲ့ အကြောင်းအရင်းပါ.....
အရင်ကတည်းက ကျွန်တော်ပြောခဲ့ ဘူးပါတယ်..... ခင်များတို့ တွေရဲ့ မီဒီယာ လွတ်လပ်ခွင့်ကြီး စစ ပေးခဲ့ တဲ့ ....၂၀၁၀ ကနေ အခု ၂၀၁၄ ထိ ရေးသားချက်တွေ....ပြောဆိုချက်တွေ...ကိုပြန်သုံးသပ်ကြည့်ပါ.....
တစ်ခါလာ....၁၉၈၈ တုန်းကစစ်တပ်က ဘယ်လို.....တစ်ခါလာ....စစ်တပ်....နှစ်ခါလာလည်း ဒီစစ်တပ်..........
ဂျာနယ်တွေမှာ.ပြောလိုက်ရေးလိုက်တာ.....လည်း ငါ ကိုင်မတုတ်ရုံတမယ်ဘဲ.....
Internet မှာဆို ဆဲနည်းပေါင်းစုံနဲ့ ဆဲခဲ့ တာ ဘဲလေ.....ဒါကငြင်းမရပါဘူး.......
ဒါပေမယ့်....တပ်မတော်က အရာရှိတွေက .....အများကြီးသည်းခံခဲ့တာဘဲလေ........
အော် စနစ်က စအပြောင်းဆိုတော့.....မကျေနပ်တာတွေရှိမှာဘဲဆိုပြီး...........(စနစ်တိုင်းမှာဘေးထွက်ဆိုးကျိုးတွေနဲ့ ချည်းပါဘဲ)
ဒါပေမယ့်....ပြီးမသွားဘူး တစ်နှစ် ....မဟုတ်ဘူး....နှစ်နှစ်....မကဘူး......
လွန်လာလေပြီ........
စစ်သားလေဗျာ....
အသက်တောင်ပေးပြီး စစ်တိုက်နေတာ...ဒီနိုင်ငံအတွက်....ဒီအဖွဲ့ အစည်းအတွက်.....စိတ်ဓာတ်နဲ့ ....ပင်ပင်ပန်းပန်းး အလုပ်လုပ်နေတာ.....
ကိုတာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ အစည်းကိုစော်ကားနေတော့...ဘယ်သည်းခံနိုင်တော့မလဲ......
ဆန့် ကျင်ဘက်အဖွဲ့ အစည်းတွေ....အတိုက်အခံတွေယူဆတာက.....ဒီကောင်တွေငါတို့ ဆဲပါများရင်....ပြောပါများရင်...သမပါများရင်...စိတ်ဓာတ်ပျက်ယွင်းပြီး...အလုပ်လုပ်ချင်စိတ်ရှိမှာမဟုတ်တော့ဘူးဆိုပြီး.....စိတ်ဓာတ်စစ်ဆင်တာပါဘဲ......(မငြင်းပါနဲ့ ခင်များတို့ လုပ်ရပ်တွေ...ခင်များတို့ သိပါတယ်)
ဒါပေမယ့်....သူတို့ တွေးတာ....သူတို့ ယူဆတာသိပ်ကိုအကြီးကြီးမှားသွားပါတယ်.........
တပ်မတော်ဟာ ပိုမိုစည်းလုံးသွားပါပြီ.....ပိုမိုချိတ်ဆက်မိမိနဲ့ စနစ်တကျ....မူဝါဒအမှန်.....အချက်အလက်အမှန်နဲ့ တန်ပြန်ရေးသားချက်တွေကို....ပြန်လည်ရေးသားပြောဆိုလာပါတယ်......
တချိန်က....ဆန့် ကျင်ဘက်အဖွဲ့ အစည်းတွေကောင်းကောင်းပြောခဲ့တဲ့ ၃ ယောက်ပေါင်းတောင် ၁၀ တန်းမအောင်ဘူးတို့ .....စသဖြင့်ပြောဆိုတာတွေဟာလဲ....အခုတပ်မတော်အနေအထားကြောင့် သူတို့ ပြောဆိုချက်တွေဟာ....ဟာသဆန်ဆန်ဘဲ...ဖြစ်နေပါပြီ.....
တပ်မတော်ရဲ့ တိုက်ခိုက်ရေး အရာရှိများသာမကတော့ဘဲ .....တန်ပြန်ပြောဆိုနေတဲ့ အထဲမှာ.....ဆရာဝန်....အင်ဂျင်နီယာများပါ....ပါလာလေပြီ.....(ကိုယ် တာဝန်ထမ်းဆောင်တဲ့ အဖွဲ့ အစည်းကိုပုတ်ခတ်တာဘယ်သူမှမကြိုက်ပါဘူး)
ဆရာဝန်ဆိုလည်း....M.B.,B.S ဘွဲ့ တစ်မျိုးထဲ...တောင်မဟုတ်ဘဲ...M.Med.Sc ဘွဲ့ ရ ပါရဂူကြီးတွေ.....PhD ဘွဲ့ ရတွေ...London ကတော်ဝင်ဘွဲ့ လို့ ခေါ်တဲ့ ....MRCP, MRCS, MRCOG အစတဲ့ ဘွဲ့ နဲ့ တင်ဖို့ သတ်လို့ ရလောက်တဲ့ ဘွဲ့ ရ ဆရာဝန်ကြီးတွေ....တပ်မတော်မှာ ရာနဲ့ ချီရှိနေပြီဖြစ်သလို စိတ်ဓာတ်ရှိရှိ အလုပ်လုပ်နေကြပြီဖြစ်ပါတယ်.....
ဆိုလိုချင်တာက ဆန့် ကျင်ဘက်အဖွဲ့ အစည်းတွေရဲ့ ရေးသားပြောဆိုချက်များကြောင့်....တပ်မတော်ဟာ ပိုမိုကျစ်လစ် စည်းလုံးသွားစေခဲ့ပါတယ်.....
တပ်မတော်မှာ က စစ်တိုက်နေတဲ့ အချိန်မှာ စစ်အောင်နိုင်သူဟာ...ခေါင်းဆောင်ကောင်းပါဘဲ....
စစ်မတိုက်ဘဲ.....တပ်အနားယူနေတဲ့ အချိန်မျိုးမှာ.....တပ်ကိုပိုမိုစည်းလုံးအောင် ကျစ်လစ်အောင် ပြုလုပ်နိုင်သူဟာ ခေါင်းဆောင်ကောင်းပါဘဲ......
အင်တာနက်မှာ ....တပ်မတော်အကောင့်တွေဟာ....များသောအားဖြင့်တော့....အစိုးရနဲ့ ပတ်သတ်တာမပြောပါဘူး......
တပ်မတော်ကိုတိုက်ခိုက်ရေးသားတာမျိုး....
တပ်မတော်ကိုတိုက်ခိုက်ပြီး....နိုင်ငံရေး...ကစားကွက်မှအသုံးချတာမျိုး...မှသာလျှင်အချက်အလက်နဲ့ တန်ပြန်ပြောဆိုရေးသားကြတာများပါတယ်.....
ဒီလိုအချိန်မှာ....စိတ်ဓာတ်ကို အဓိကထားတည်ဆောက်ထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့အတွက်.....တစိုက်မတ်မတ်နဲ့ စည်းစည်းလုံးလုံးတန်ပြန်ရေးကြပြောကြပါတယ်.......
ဂျာနယ်မှာဖော်ပြထားသလို....အင်တာနက်အသုံးပြု ပြီးဝါဒဖြန့် ဖို့ လေ့ကျင့်ထားတာ လုံးဝမရှိပါဘူး........
စိတ်ဓာတ်အရ.....မခံချင်စိတ်နဲ့ ခံပြင်းတဲ့ စိတ်ကြောင့် အင်တာနက်အကောင့်တွေဖြစ်ပေါ်လာကြတာ ဘဲဖြစ်ပါတယ်......
ဒီလိုတန်ပြန်ပြောဆိုရေးသားလာတော့.....ဆန့် ကျင်ဘက်အဖွဲ့ အစည်းတွေ....ပေါက်ကွဲကုန်ပါတယ်....
၎င်းတို့ အချင်းချင်းလည်း အချင်းများကုန် ....အကွဲကွဲအပြဲပြဲ...ဖြစ်ကုန်တာပါဘဲ......
ဒီလိုနဲ့ ၎င်း တို့ သုံးနေကျ....လူထုဆိုတဲ့ စကားလုံးလှလှကိုဆွဲသုံးပြီး....ဂျာနယ်(Printed media) ကနေ တပ်မတော်အကောင့်တွေဟာ....ဘယ်လို....ညာလို.....ပြောလာကြတာပါဘဲ......
ဒီလောက်ဆို.....တပ်မတော်က အင်တာနက်အကောင့်တွေပေါ်လာပုံကို ရှင်းလောက်ပါပြီ.....
နောက်တချက်ကတော့.....တပ်မတော်အင်တာနက်အကောင့်များဟာလည်းဘဲ....စိတ်အရင်းတည်နေလို့ .....ဆက်လက်ရှိနေမှာဖြစ်ပါတယ်......
ဒီအကောင့်...Hack ခံရရင်နောက် အကောင့်အနေနဲ့ ပေါ်လာမှာဖြစ်သလို့ တပ်မတော်ကို တိုက်ခိုက်နေသမျှကာလပတ်လုံး....အချက်အလက် မူဝါဒအမှန်များဖြင့်....တန်ပြန်ရေးသားပြောဆိုေ နအုံး မှာဖြစ်ပါကြောင်းဖော်ပြလိုက်ရပါတယ်.......
လေးစားစွာဖြင့်.......
ဒေါက်တာနေဇော်
အို-၇ တိုက်ပွဲမှ သူရဲကောင်းများ
$
0
0
ကျွန်တော်   ဒီကပြန်ရင် ရွာကိုခွင့်ပြန်မယ် ကျွန်တော့်အမေက မမာဘူးဗိုလ်ကြီးရဲ့ ညီမလေးကလည်း ကျောင်းပညာတပိုင်းတစနဲ့ အိမ်ပြန်ပီးကျွန်တော်စုထားတဲ့ လစာလေးနဲ့ အမေနဲ့ညီမလေးကိုထောက်ပံ့ခြင်တယ်     အချိန်ကား ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ အတွင်း နေရာကား ရှမ်းပြည်နယ် အရှေ့ပိုင်း ယိုးဒယားနယ်စပ် အို-၇ မြန်မာ့တပ်မတော်၏ မဆုတ်တမ်းခံစစ်ကုန်း ခမရ(  ) တပ်ခွဲ (၁) တပ်စု(၂) မှ ရဲဘော်လေး ဇေယျမောင်မှ တပ်စုမှုးဖြစ်သူ ဗိုလ် ဝေလင်းအား မှတ်မှတ်ရရပြောကြားမိသော စကားစုလေးပင်   ဇေယျမောင်တို့တပ်စု အို-ရ ကုန်းတွင်မဆုတ်တမ်းခံစစ်ယူ ခဲ့ တာ ၁နှစ်တိုင်ခဲ့ပီ စစ်သည် ၃၀ခန့်တွင် ဗိုလ်ဝေလင်း အပါအ၀င် လူပျို အရာရှိစစ်သည် ကား ၇ဦးသာရှိပီး ကျန်စစ်သည်များကား အိမ်ထောင်သည်များဖြစ်ကြသည်။  တပ်ရင်းအခြေစိုက်ရာဒေသကား မအေးချမ်းသော ဒေသဖြစ်သဖြင့် နောက်ပိုင်း မှမိသားစုများအတွက် နောက်ကြောင်းမအေး ကြရှာ။     အိမ်ထောင်သည်များက ထိုသို့နောက်ကြောင်း မအေးကြသလို လူပျိုများကလည်း တွယ်မိတွယ်ရာသံယောဇဉ်များအတွက် နောက်တန်းသို့ပြန်ဝင်ချင်ကြပီ     ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နောက်တန်းပြန်ဝင်ရမည် ဆိုသောသတင်းများ သဲ့သဲ့ ကြားလာရ ပီ ရဲဘော်တွေကလည်း ကိုယ့်အတွေးတွေ ကိုယ့်မျှော်လင့်ချက်လေးတွေ ကိုယ်စီနဲ့ ပျော်နေကြပီပေါ့     ဒီအချိန်မှာ ရဲဘော်လေး ကသူ့ တပ်စုမှုးကို သူနောက်တန်းပြန်ရင် အမေနဲ့ ညီမလေးဆီ ပြန်ချင်တဲ့ အကြောင်းအထက်ပါအတိုင်း သတင်းပို့ လာရှာပါသည်     ဗိုလ်ဝေလင်းကိုယ်တိုင်ကလည်း အမေတစ်ခု သားတစ်ခုမို့ ကိုယ်ချင်းစာ နားလည်စွာနဲ့ ပဲ နောက်တန်း ပြန်ဝင်လျင်ခွင့် ရ အောင်ဆောင်ရွက် ပေးမည်ဟု ကတိပြု လိုက်ပါသည်။     ရဲဘော်လေးလည်း မျှော်လင့် ချက်အပြည့်နဲ့ ပျော်ရွှင်စွာနဲ့ပဲ တပ်စုမှုးအနားက အလေးပြုကာဖယ်ခွာသွားပါတော့သည်။     တပ်စုမှုးလည်းကိုယ့်ရဲဘော်များနောက်တန်းပြန်ရောက်ရင် ဘယ်လောက်များ ၀မ်းသာကြမှာပါလိမ့် ဆိုသောအတွေကို တွေးမိရင်းသူတို့အတွက်ရောကိုယ့်အတွက်ပါ ကြည်နူး ရပြန်သည် ကိုယ်ကိုယ်တိုင်လည်း နောက်တန်းပြန်ရင် ချစ်ရသူနဲ့ လက်ထပ်ပွဲဆင်နွှဲရမည်မဟုတ်ပါလား     ထိုနေ့ကား ၂၀၀၁ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်....................................     ထိုနေ့ ည ၁၂၀၀နာရီတွင် တပ်စူမှုး ရုတ်တရက်လန့်နိုးလာသည် စိတ်ထဲ မသန့်ဖြစ်လာသဖြင့် ချပ်ဝတ်တန်ဆာဝတ် သေနတ်ဆွဲပီး ကင်းများကိုစစ်ဆေးရန်ထွက်လာခဲ့သည် ၁၂၀၀နာရီမှ ၀၂၀၀နာရီကင်းက တပ်သားဇေယျမောင် စစ်သည်မှာအတွေ့အကြုံနည်းသေးသည် ကျောင်းဆင်းသည်မှာ မကြာသေး ထို့ကြောင့် တပ်စုမှုးမှစိတ်မချစွာ မှာကြားရင်း ကင်းတဲမှအထွက် တဖက်ကမ်း တိုင်း တပါးတပ်စခန်းဆီမှ မီးမောင်း များ ၀င်းခနဲလင်းလာပီး ၇၅ မမနောက်ပွင့် ကျဉ်များ အဆက်မပြတ် ကျလာပါတော့သည်။     ရုတ်တရက်အငိုက်မိသွားသော တပ်မတော်ခံစစ်စခန်းသည် တပ်စုမှုး၏ စစ်မိန့် သံနှင့်အတူ ရုတ်ခြည်း တိုငက်ပွဲဝင်အသင့်အနေအထားသို့ရောက်ရှိလာခဲ့ပါသည်----------------------------------------     လက်နက်ကြီး ကျည်များကြားထဲမှပင် ခံစစ်စခန်းသည် အသက်ဝင်လာခဲ့ပီ-----------------------------  စစ်သည်များ ခံစစ်ကျင်းအတွင်း အသင့်နေရာယူပီးပီ------------------------------     တပ်စုမှုး ဆက်သွယ်ရေးစက်ဖြင့် ဆက်သွယ်သော်လည်း ရန်သူ့ကျည်ကြောင့် XDD 6 M1 ဆက်သွယ်ရေးစက်မှာပျက်စီးခဲ့ရပီ  မိမိတို့တပ်စု ပြင်ပ နှင့် အဆက်အသွယ် ပြတ်ခဲ့ရပီကို တပ်စုမှုး သုံးသပ်မိ ပီ ကိုယ့်အားကိုယ်သာကိုးမှရမည် စစ်သည်များစိတ်ဓာတ်မကျစေရ NEVER SURRENDER ကျောင်းတော်ကြီးရဲ့ ဆောင်ပုဒ် ကိုနှလုံးသွင်းလိုက်သည်။     ရန်သူ့လက်နက်ကြီးများက ၁၂၀၀ နာရီမှ ၀၄၀၀နာရီ ထိ ဆက်မပြတ် မိမိအားကြိုတင်ချေမှုန်းလျက်ရှိသည် မိမိ စစ်သည် ၄ဦး ကျဆုံးခဲ့ပီ ၆ဦး ဒဏ်ရာရနေပီ မိမိလက်နက်များကရန်သူကိုလက်မှမ်းမမီ တပ်စု အဆင့် လက်နက်များသာရှိသည် ရန်သူက နည်းဗျူဟာ အဆင့် လက်နက်ကြီးများဖြင့်အဆက်မပြတ်ချေမှုန်းနေသည်     အာရုံတက်တော့မည် ရန်သူ့လက်နက်ကြီးသံ ဆဲ  သွားပီ ရန်သူ DAWN ATTACK လုပ်တော့မည် နံနက်ခင်း အလင်းရေင်နှင့်အတူ ကြည့်မိတော့ ရန်သူ၏့် အဆမတန်အင်အားကိုတွေ့ မိသည် အချို့ စစ်သည်များမျက်နှာတွင် အားငယ်သောအရိပ်အရောင်များ ကိုတပ်စုမှုး တွေ့ နေရပီ အလားအလာမကောင်း ၇န်သူတို့ ၏ M-60 တင့် ၄စီး နှင့် COMMANDO သံချပ်ကာယာဉ်များက  အတွေ့ အကြုံနုနယ်သူစစ်သည်များအတွက်ချောက်ချားစရာ     တပ်စုမှုးကိုယ်တိုင်လည်း ရန်သူ့ သံချပ်ကာများကို တွေ့ရသဖြင့် ရုတ်တရက်တုန်လှုပ်မိသည် သို့သော် တွေဝေနေချိန်မရ စစ်သည်များ၏ စိတ်ဓာတ်ကို မြင့်တင်ရမည်စိတ်ဓာတ်သာ အားကိုးစရာရှိသည် ၆၀မမ စိန်ပြောင်း နဲ့ အမ်အေ-၁၀ တင့်ဖျက်ကို ကိုယ်တိုင်ကွပ်ကဲမှုယူကာ ၇န်သူ့ တင့်များကိုပစ်ခတ်စေသည် တပ်စုလက်နက်များကို စုပြုံပစ်ခတ်စေသည် ကိုယ်တိုင် တင့် ဖျက်ကို ပစ်ခတ်ရင်း ၇န်သူ့တင့် (၂)စီးကိုဖျက်ဆီးရင်း တပ်စုမှုး  ကျညိသင့် ကျဆုံးခဲ့သည် ရန်သူ့တင့်(၂)စီးနှင့် သံချပ်ကာ(၁)စီးဖျက်ဆီးနိုင်ခဲ့သည်     ပြင်းထန်စွာဖြစ်ပွားနေသောတိုက်ပွဲသည် ၂၅ ရက်နေ့ ၁၀၀၀နာရီတိုင်ခဲ့ပီ ရန်သူသည် (၂)ကြိမ်တက်လာပီး ကတည်းကဆက်မတက်ရဲ လက်နက်ကြီးများဖြင့်သာ အဆက်မပြတ်ပစ်ခတ်နေသည်     တပ်စုမှုးလည်းကျဆုံးခဲ့ပီ ကျည်လည်းကုန်လုပီ ထမင်းဆိုတာမစဉ်းစားနိုင်သေး ရန်သူသည် မိမိအားအဲပီးတိုင်ချေမှုန်းတော့မည် ရဲဘော်များစိတ်ဓာတ် ပြီုကွဲတော့မည် ရန်သူများနောက်ဆုံးအကြိမ်အ ပီးသတ် ချေမှုန်းရေးလုပ်တော့မည်     သို့သော်------------------------     တောင်အရပ်ဆီမှ ငှက်မည်း(၄)ကောင်အလား G-4 တိုက်လေယာဉ် (၄)စီးဆင်းသက်လာပီး ရန်သူ့ တင့်နှင့် ခြေလျင်ဆီသို့ တဟုန်ထိုး--------------------------------------------     စစ်သည်များစစ်ကြွေးသံနှင့် အတူ လင်းယုန်ငှက်များ၏ အောင်ပွဲသည်စစ်မြေပြင်ကိုလွှမ်းခြုံခဲ့ပီ------------------     တပ်စုမှုး၏ အင်ကျီဘယ်ဘက် အိတ်ကပ်မှ ချစ်သူ၏သွေးစွန်းနေသောဓာတ်ပုံနှင့် တပ်သားသစ်လေးဇေယျမောင်၏ လက်တွင်စည်းထားသော မိခင်အထက်ဆင်လေး သည် ခက်ထန်သောစစ်မြေတွင် အမှတ်တရမျာုးအဖြစ်သာကျန်ခဲ့လေပီ--------------     ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမြန်မာ့တပ်မတော်နှင့် ယိုးဒယားတပ်မတော်တို့ကြားဖြစ်ပွားခဲ့သော အို-၇တောင်ကုန်းတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိ(၁)ဦးအပါအ၀င် စစ်သည် (၁၅)ဦးကျဆုံးခဲ့ပီး ကျူးကျော်သူ ယိုဒယား တပ်မတော်မှ တင့်(၂)စီး သံချပ်ကာ (၁)စီးပျက်စီးခဲ့ပီး ဗိုလ်ကြီး အဆင့် ရှိသူ(၁)ဦး အပါအ၀င် (၆၀)ခန့် ကျဆုံးခဲ့သည်။      မေ့ပျောက်ခံ အို-၇ သူရဲကောင်း အမိမြေကို ကာကွယ်ရင်းကျဆုံးခဲ့သော အာဇာနည်များအားဂုဏ်ပြုလျက်-------  ကြယ်နီ
"ကျွန်တော် ဒီကပြန်ရင် ရွာကိုခွင့်ပြန်မယ် ကျွန်တော့်အမေက မမာဘူးဗိုလ်ကြီးရဲ့ ညီမလေးကလည်း ကျောင်းပညာတပိုင်းတစနဲ့ အိမ်ပြန်ပီးကျွန်တော်စုထားတဲ့ လစာလေးနဲ့ အမေနဲ့ညီမလေးကိုထောက်ပံ့ခြင်တယ်"
အချိန်ကား ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ အတွင်း နေရာကား ရှမ်းပြည်နယ် အရှေ့ပိုင်း ယိုးဒယားနယ်စပ် အို-၇ မြန်မာ့တပ်မတော်၏ မဆုတ်တမ်းခံစစ်ကုန်း ခမရ( ) တပ်ခွဲ (၁) တပ်စု(၂) မှ ရဲဘော်လေး ဇေယျမောင်မှ တပ်စုမှုးဖြစ်သူ ဗိုလ် ဝေလင်းအား မှတ်မှတ်ရရပြောကြားမိသော စကားစုလေးပင်။
ဇေယျမောင်တို့တပ်စု အို-ရ ကုန်းတွင်မဆုတ်တမ်းခံစစ်ယူ ခဲ့ တာ ၁နှစ်တိုင်ခဲ့ပီ စစ်သည် ၃၀ခန့်တွင် ဗိုလ်ဝေလင်း အပါအ၀င် လူပျို အရာရှိစစ်သည် ကား ၇ဦးသာရှိပီး ကျန်စစ်သည်များကား အိမ်ထောင်သည်များဖြစ်ကြသည်။
တပ်ရင်းအခြေစိုက်ရာဒေသကား မအေးချမ်းသော ဒေသဖြစ်သဖြင့် နောက်ပိုင်း မှမိသားစုများအတွက် နောက်ကြောင်းမအေး ကြရှာ။
အိမ်ထောင်သည်များက ထိုသို့နောက်ကြောင်း မအေးကြသလို လူပျိုများကလည်း တွယ်မိတွယ်ရာသံယောဇဉ်များအတွက် နောက်တန်းသို့ပြန်ဝင်ချင်ကြပီ။
ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နောက်တန်းပြန်ဝင်ရမည် ဆိုသောသတင်းများ သဲ့သဲ့ ကြားလာရ ပီ ရဲဘော်တွေကလည်း ကိုယ့်အတွေးတွေ ကိုယ့်မျှော်လင့်ချက်လေးတွေ ကိုယ်စီနဲ့ ပျော်နေကြပီပေါ့။
ဒီအချိန်မှာ ရဲဘော်လေး ကသူ့ တပ်စုမှုးကို သူနောက်တန်းပြန်ရင် အမေနဲ့ ညီမလေးဆီ ပြန်ချင်တဲ့ အကြောင်းအထက်ပါအတိုင်း သတင်းပို့ လာရှာပါသည်။
ဗိုလ်ဝေလင်းကိုယ်တိုင်ကလည်း အမေတစ်ခု သားတစ်ခုမို့ ကိုယ်ချင်းစာ နားလည်စွာနဲ့ ပဲ နောက်တန်း ပြန်ဝင်လျင်ခွင့် ရ အောင်ဆောင်ရွက် ပေးမည်ဟု ကတိပြု လိုက်ပါသည်။
ရဲဘော်လေးလည်း မျှော်လင့် ချက်အပြည့်နဲ့ ပျော်ရွှင်စွာနဲ့ပဲ တပ်စုမှုးအနားက အလေးပြုကာဖယ်ခွာသွားပါတော့သည်။
တပ်စုမှုးလည်းကိုယ့်ရဲဘော်များနောက်တန်းပြန်ရောက်ရင် ဘယ်လောက်များ ၀မ်းသာကြမှာပါလိမ့် ဆိုသောအတွေကို တွေးမိရင်းသူတို့အတွက်ရောကိုယ့်အတွက်ပါ ကြည်နူး ရပြန်သည် ကိုယ်ကိုယ်တိုင်လည်း နောက်တန်းပြန်ရင် ချစ်ရသူနဲ့ လက်ထပ်ပွဲဆင်နွှဲရမည်မဟုတ်ပါလား။
ထိုနေ့ကား ၂၀၀၁ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်....................................
ထိုနေ့ ည ၁၂၀၀နာရီတွင် တပ်စူမှုး ရုတ်တရက်လန့်နိုးလာသည် စိတ်ထဲ မသန့်ဖြစ်လာသဖြင့် ချပ်ဝတ်တန်ဆာဝတ် သေနတ်ဆွဲပီး ကင်းများကိုစစ်ဆေးရန်ထွက်လာခဲ့သည် ၁၂၀၀နာရီမှ ၀၂၀၀နာရီကင်းက တပ်သားဇေယျမောင် ... စစ်သည်မှာအတွေ့အကြုံနည်းသေးသည် ကျောင်းဆင်းသည်မှာ မကြာသေး ထို့ကြောင့် တပ်စုမှုးမှစိတ်မချစွာ မှာကြားရင်း ကင်းတဲမှအထွက် တဖက်ကမ်း တိုင်း တပါးတပ်စခန်းဆီမှ မီးမောင်း များ ၀င်းခနဲလင်းလာပီး ၇၅ မမနောက်ပွင့် ကျဉ်များ အဆက်မပြတ် ကျလာပါတော့သည်။
ရုတ်တရက်အငိုက်မိသွားသော တပ်မတော်ခံစစ်စခန်းသည် တပ်စုမှုး၏ စစ်မိန့် သံနှင့်အတူ ရုတ်ခြည်း တိုငက်ပွဲဝင်အသင့်အနေအထားသို့ရောက်ရှိလာခဲ့ပါသည်----------------------------------------
လက်နက်ကြီး ကျည်များကြားထဲမှပင် ခံစစ်စခန်းသည် အသက်ဝင်လာခဲ့ပီ-----------------------------
စစ်သည်များ ခံစစ်ကျင်းအတွင်း အသင့်နေရာယူပီးပီ------------------------------
တပ်စုမှုး ဆက်သွယ်ရေးစက်ဖြင့် ဆက်သွယ်သော်လည်း ရန်သူ့ကျည်ကြောင့် XDD 6 M1 ဆက်သွယ်ရေးစက်မှာပျက်စီးခဲ့ရပီ။
မိမိတို့တပ်စု ပြင်ပ နှင့် အဆက်အသွယ် ပြတ်ခဲ့ရပီကို တပ်စုမှုး သုံးသပ်မိ ပီ ကိုယ့်အားကိုယ်သာကိုးမှရမည် စစ်သည်များစိတ်ဓာတ်မကျစေရ NEVER SURRENDER ကျောင်းတော်ကြီးရဲ့ ဆောင်ပုဒ် ကိုနှလုံးသွင်းလိုက်သည်။
ရန်သူ့လက်နက်ကြီးများက ၁၂၀၀ နာရီမှ ၀၄၀၀နာရီ ထိ ဆက်မပြတ် မိမိအားကြိုတင်ချေမှုန်းလျက်ရှိသည် မိမိ စစ်သည် ၄ဦး ကျဆုံးခဲ့ပီ ၆ဦး ဒဏ်ရာရနေပီ မိမိလက်နက်များကရန်သူကိုလက်မှမ်းမမီ တပ်စု အဆင့် လက်နက်များသာရှိသည် ရန်သူက နည်းဗျူဟာ အဆင့် လက်နက်ကြီးများဖြင့်အဆက်မပြတ်ချေမှုန်းနေသည်။
အာရုံတက်တော့မည် ရန်သူ့လက်နက်ကြီးသံ ဆဲ သွားပီ ရန်သူ DAWN ATTACK လုပ်တော့မည် နံနက်ခင်း အလင်းရေင်နှင့်အတူ ကြည့်မိတော့ ရန်သူ၏့် အဆမတန်အင်အားကိုတွေ့ မိသည် အချို့ စစ်သည်များမျက်နှာတွင် အားငယ်သောအရိပ်အရောင်များ ကိုတပ်စုမှုး တွေ့ နေရပီ အလားအလာမကောင်း ၇န်သူတို့ ၏ M-60 တင့် ၄စီး နှင့် COMMANDO သံချပ်ကာယာဉ်များက အတွေ့ အကြုံနုနယ်သူစစ်သည်များအတွက်ချောက်ချားစရာ။
တပ်စုမှုးကိုယ်တိုင်လည်း ရန်သူ့ သံချပ်ကာများကို တွေ့ရသဖြင့် ရုတ်တရက်တုန်လှုပ်မိသည် သို့သော် တွေဝေနေချိန်မရ စစ်သည်များ၏ စိတ်ဓာတ်ကို မြင့်တင်ရမည်စိတ်ဓာတ်သာ အားကိုးစရာရှိသည် ၆၀မမ စိန်ပြောင်း နဲ့ အမ်အေ-၁၀ တင့်ဖျက်ကို ကိုယ်တိုင်ကွပ်ကဲမှုယူကာ ၇န်သူ့ တင့်များကိုပစ်ခတ်စေသည် တပ်စုလက်နက်များကို စုပြုံပစ်ခတ်စေသည် ကိုယ်တိုင် တင့် ဖျက်ကို ပစ်ခတ်ရင်း ၇န်သူ့တင့် (၂)စီးကိုဖျက်ဆီးရင်း တပ်စုမှုး ကျညိသင့် ကျဆုံးခဲ့သည် ရန်သူ့တင့်(၂)စီးနှင့် သံချပ်ကာ(၁)စီးဖျက်ဆီးနိုင်ခဲ့သည်။
ပြင်းထန်စွာဖြစ်ပွားနေသောတိုက်ပွဲသည် ၂၅ ရက်နေ့ ၁၀၀၀နာရီတိုင်ခဲ့ပီ ရန်သူသည် (၂)ကြိမ်တက်လာပီး ကတည်းကဆက်မတက်ရဲ လက်နက်ကြီးများဖြင့်သာ အဆက်မပြတ်ပစ်ခတ်နေသည်။
တပ်စုမှုးလည်းကျဆုံးခဲ့ပီ ကျည်လည်းကုန်လုပီ ထမင်းဆိုတာမစဉ်းစားနိုင်သေး ရန်သူသည် မိမိအားအဲပီးတိုင်ချေမှုန်းတော့မည် ရဲဘော်များစိတ်ဓာတ် ပြီုကွဲတော့မည် ရန်သူများနောက်ဆုံးအကြိမ်အ ပီးသတ် ချေမှုန်းရေးလုပ်တော့မည်။
သို့သော်------------------------
တောင်အရပ်ဆီမှ ငှက်မည်း(၄)ကောင်အလား G-4 တိုက်လေယာဉ် (၄)စီးဆင်းသက်လာပီး ရန်သူ့ တင့်နှင့် ခြေလျင်ဆီသို့ တဟုန်ထိုး--------------------------------------------
စစ်သည်များစစ်ကြွေးသံနှင့် အတူ လင်းယုန်ငှက်များ၏ အောင်ပွဲသည်စစ်မြေပြင်ကိုလွှမ်းခြုံခဲ့ပီ------------------
တပ်စုမှုး၏ အင်ကျီဘယ်ဘက် အိတ်ကပ်မှ ချစ်သူ၏သွေးစွန်းနေသောဓာတ်ပုံနှင့် တပ်သားသစ်လေးဇေယျမောင်၏ လက်တွင်စည်းထားသော မိခင်အထက်ဆင်လေး သည် ခက်ထန်သောစစ်မြေတွင် အမှတ်တရမျာုးအဖြစ်သာကျန်ခဲ့လေပီ--------------
၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမြန်မာ့တပ်မတော်နှင့် ယိုးဒယားတပ်မတော်တို့ကြားဖြစ်ပွားခဲ့သော အို-၇တောင်ကုန်းတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ အရာရှိ(၁)ဦးအပါအ၀င် စစ်သည် (၁၅)ဦးကျဆုံးခဲ့ပီး ကျူးကျော်သူ ယိုဒယား တပ်မတော်မှ တင့်(၂)စီး သံချပ်ကာ (၁)စီးပျက်စီးခဲ့ပီး ဗိုလ်ကြီး အဆင့် ရှိသူ(၁)ဦး အပါအ၀င် (၆၀)ခန့် ကျဆုံးခဲ့သည်။
မေ့ပျောက်ခံ အို-၇ သူရဲကောင်း အမိမြေကို ကာကွယ်ရင်းကျဆုံးခဲ့သော အာဇာနည်များအားဂုဏ်ပြုလျက်-------
ကြယ်နီ
UnlikeUnlike ·  · 
Viewing all 1811 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>