Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

သပွတ်အူ၊ ပဋိပက္ခတို.၏ နိဂုံးကမ္မ

$
0
0

July 18, 2014 at 11:43am

အငြင်းပွါးမှု.တွေ၊ ပဋိပက္ခတွေ ဆိုးဆိုးရွားရွား ယုတ်မာကြမ်းတမ်းမှု.တွေ ဆိုတာ ဒီဘက်ခေတ်မှာ ပိုများလာ သလိုမျိုးပဲ။ သို့သော်လည်း ကျွန်တော်တို့ရဲ. ဘိုးဘွားဘီဘင်တွေ လက်ထက်ကတည်းက ဖြစ်ပျက်နေခဲ့ဖူးတယ်။ လူတွေရဲ. ညစ်ညမ်း စုတ်ပဲ့တဲ့ အောက်တန်းစား စရိုက်တွေ ကမ္ဘာတည်သရွေ. အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။


မနေ့ည ရုပ်သံကနေ “လောကသားတို.အတွက် မြတ်ဗုဒ္ဒရဲ. ကြိုးပမ်းချက်များ(ဒေါက်တာ နန္ဒမာလာဘိဝံသ)”  အပိုင်း (၁၃)ကို နာယူဖြစ်တယ်။ ဗုဒ္ဒ သာဝထ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတုန်း အချိန်မှာပဲ အခြားဘာသာရေး အသင်းအဖွဲ. ခေါင်းဆောင်တွေရဲ. အကွက်ကျကျ ကြံစည်မှု.ကို ခံလိုက်ရတယ်။ လူတွေရဲ. ဆရာအဖြစ်နဲ့ ဗုဒ္ဒဟာ တရားနာယူမှု၊ ကိုးကွယ်ဆည်းကပ်မှု. ကိုခံယူရလေလေ၊ အခြားဘာသာရေး ခေါင်းဆောင်တွေရဲ. လာဘ်လာဘ စည်းစိမ်တွေဟာ ရှားပါးလေလေပါပဲ။ ဒါကြောင့် အကြီးမားဆုံး လုပ်ကြံစီစဉ်မှု. တစ်ခုကို အချိန်ယူပြီး ကြံစည်ကြတယ်။

ဒီကြိုတင်ကြံစည်မှု.ကြီးမှာ သုန္ဒရီဆိုတဲ့ ပုရိဗုဇ်မ တစ်ယောက်ကို အသက်သေဆုံးတဲ့ အထိကို အသုံးချသွား ခဲ့တယ်။ သုန္ဒရီကို ဇေတ၀န် ကျောင်းအနားကို ခဏခဏ သွားစေတယ်။ လူတွေရဲ. အမြင်မှာ ဇေတ၀န် ကျောင်းတော်ကို သွားတယ်လို့ စွဲမြဲလာအောင် သွားခိုင်းခဲ့တယ်။ အဲ့ဒီအချိန်ထဲမှာပဲ သုန္ဒရီက အခြားယောကျာင်္းတွေနဲ့ အတူတူ နေခဲ့တယ်။ အချိန် ၇ လ/ ၈ လ ယူပြီးတဲ့ အခါမှာ ကိုယ်ဝန်ရှိ လာတယ်။ အဲ့ဒီအချိန်ကျမှ ပုရိဗုဇ်မကို သတ်ပစ်ပြီး ဇေတ၀န်ကျောင်း ထဲက ပန်းအမှိုက်စွန့်တဲ့ နေရာမှာ ပစ်ထား လိုက်တယ်။ အလောင်းကို ဇေတ၀န် ကျောင်းမှာ ရှာတွေ.တဲ့ အခါကျတော့ ဗုဒ္ဒနဲ့ ရဟန်းတော်တွေကပဲ စော်ကားပြီး သတ်သလို သတင်းလွှင့်တယ်။

သာဝထ္ထိ တစ်မြို.လုံး ရုတ်ရုတ်သဲသဲနဲ့ သတင်းတွေပျံ.နှံ.နေတဲ့ အချိန်မှာ ဗုဒ္ဒနဲ့ သံဃာတွေ ဆဲဆိုကြိမ်းမောင်း ပြစ်တင်ခြင်းကို ခံရတယ်။ အခြားဘာသာတွေရဲ. ကြိုတင်ကြံစည်မှု.ကြီး ခံရပြီးတဲ့နောက်မှာ ဗုဒ္ဒဟာ ရဟန်းတော်တွေကို မကျူးလွန်ကြောင်း ပြန်လှန်ချေပဖို့ လုံးဝမပြောခဲ့ဘူး။ (၇) ရက်လွန်မြောက်ရင် စွတ်စွဲမှု.တွေ ပြစ်တင် ကြိမ်းမောင်းမှု.တွေ ပျောက်သွားလိမ့်မယ်။ ရဟန်းတော်တွေ အနေနဲ့ လူတွေကို ဆုံးမဖို. တရားတစ်ပုဒ်ပဲ သင်ကြားပေးခဲ့တယ်။

အဲ့ဒီတရားရဲ. ပါဠိကနေ မြန်မာလို ဘာသာပြန်ထားတာက “မဟုတ်မမှန် ပြောလေ့ရှိသူသည် ငရဲသို့ကျရောက်ရဧ။်။ မကောင်းမှု. ပြု.ပြီးလျှင် ငါမပြု.ဟု ဆိုသူသည်လည်း ငရဲသို့ ကျရောက်ရဧ။်။ ယုတ်ညံ့သော အမှု.ရှိကြသည့် ထိုသူနှစ်ယောက်တို.သည် ဤဘ၀မှ တစ်ပါးသော တမလွန်ဘ၀၌ တူမျှစွာ ဖြစ်ကြရကုန်ဧ။်” ဒီဂါထား တစ်ပုဒ်နဲ့ပဲ လူတွေကို ချေပခိုင်းတယ်။

(၇) ရက်တောင် မကြာခဲ့ပါဘူး။ သုန္ဒရီကို သတ်ဖြတ် သုတ်သင်ပြီး သတင်းလွှင့်စေတဲ့ လူစုကို ဖော်ထုတ်မိခဲ့တယ်။ ကြိမ်းမောင်း ပြစ်တင် စွတ်စွဲ ခံနေချိန်အတွင်းမှာ ဗုဒ္ဒရဲ. ဖြေရှင်းသွားတဲ့ နည်းလမ်းက အမှန်ကန်ဆုံး အကောင်းဆုံးပါပဲ။ မကောင်းမှု.လုပ်ရင် မကောင်းတဲ့လူ သံသရာမှာ ခံစားရမယ် ဆိုတာနဲ့ပဲ ပြသနာကို ရင်ဆိုင်သွားခဲ့တယ်။ ကျွန်တော်တို. သာမန်လူတွေမှာ ဒေါသတွေထွက်မယ်။ ပြန်ပြီး လက်စားချေ ချင်တဲ့ စိတ်ထားတွေ မွေးမြူမိမယ်။ မျက်လုံးတစ်လုံးဆိုရင် မျက်လုံးတစ်လုံး ပြန်ဖောက်ထုတ်ဖို့ အတွေးတွေ စဉ်းစားနေ မိမှာပဲ။

ဗုဒ္ဒက မဟုတ်မမှန်ပြောရင် ငရဲကျမယ်။ မဟုတ်တာလုပ်ပြီး မလုပ်ဘူးလို. လိမ်ညာ ငြင်းဆိုတဲ့လူလည်း ငရဲကျမယ် ဆိုပြီးဆုံးမသွားတယ်။ ငရဲဆိုတာ ဘယ်လိုမျိုးလဲ။ ခရစ်ယန် တရားဟောဆရာတစ်ယောက် ပြောသွားတာလည်း စဉ်းစားမိတယ်။ သူပြောတာက “ငရဲဆိုတာ ပုံပြင်တွေထဲမှာလို သေပြီးတဲ့နောက် ရောက်သွားတာမျိုးလည်း ဖြစ်နိုင်သလို၊ အသက်ရှင်နေစဉ် အချိန်မှာလည်း ကိုယ်ပြု.မူခဲ့တဲ့ မကောင်းကျိုးဒဏ်နဲ့ အရှင်လတ်လတ် ငရဲကျသလို ဖြစ်နိုင်တယ်။ ကိုယ့်အပေါ် မတရားလုပ်ခဲ့၊ မကောင်းကြံစည်ခဲ့တဲ့ လူတွေအပေါ်မှာ ခွင့်မလွှတ် နိုင်သေးရင်တော့ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး။ အမုန်းတရားက သင့်လည်ပင်းကို သံကြိုးနဲ့ ရစ်ပတ်သလို ဆွဲခေါ်သွားပြီး သင်မရောက်ချင်တဲ့ နေရာတွေ ရောက်သွားလိမ့်မယ်။”တဲ့ဗျာ။

ကျွန်တော်တို. ပြသနာပေါင်းစုံ၊ အခက်အခဲ ပေါင်းစုံတွေကြားထဲ အသက်ရှင်နေတယ်။ လူအချင်းချင်း ဖြစ်တတ်တဲ့ လူမှု.ရေး၊ စီးပွါးရေး၊ နိုင်ငံရေးပြသနာတွေ၊ လူနဲ့ သာသန၀န်ထမ်း ဖြစ်တဲ့ ပြသနာတွေ၊ သာသန၀န်ထမ်း (သံဃာတော်) အချင်းချင်းဖြစ်တဲ့ ပြသနာတွေနဲ့ မမှန်မကန် ကိစ္စတွေ မနည်းမနော ဖြစ်တတ်တဲ့ လောကကြီး။ ပြေလည်သည် ဖြစ်စေ၊ မပြေလည်သည် ဖြစ်စေ အချိန်တန်တော့လည်း ပြီးသွားတာပဲ။ သို့သော် လျှို.၀ှက်ကြံစည်မှု.တွေ၊ ပူပေါင်းလှုပ်ရှားမှု.တွေ မာန်မာနတွေ အာဃာတတွေနဲ့ အဆုံးမသတ်နိုင်တဲ့ မီးပွါးတွေ ဆက်တိုက်ဆက်တိုက် ဖြစ်နေဦးမှာ အမှန်ပဲဗျ။

ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ. ခုနှစ်ရက်တဲ့ ဘာပဲလုပ်လုပ် လူတွေရဲ. စိတ်အာရုံက လာတဲ့ ပါးစပ်ဖျားမှာ ၇ ရက်တာပဲ ရှိလိမ့်မယ်။ ဖေ.စ်ဘွတ်ပေါ်မှာ ဆိုရင် ၇ ရက်တောင် ကြာမယ်မထင်ဘူး။ ခဏခဏ လျှပ်တပြက် ပေါ်လာတတ် တဲ့ အဖြစ်အပျက်တွေ အကြောင်းအရာတွေ ပေါက်ကရ ခြောက်သောင်း မျိုးတော်ပေါင်းတွေ အင်တာနက် ထဲမှာ စီးမျောပျောက်ကွယ် လွင့်စင် သွားတတ်ကြတယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ လူတိုင်းက ကိုယ်လုပ်သမျှ ကိုယ်ခံရမယ် ဆိုပြီး တိတိကျကျ ခံယူထားခြင်း မရှိကြပေမယ့် လောကကြီးက သတ်မှတ်ပြီးသားပါ။


စိုးထက်
၁၂:၀၃ မနက်၊စနေနေ့၊
၁၉ရက် ဇူလိုင်လ ၂၀၁၄၊
မှော်ဘီမြို. မြန်မာပြည်။

PS-သုန္ဒရီသုတ် ဆိုတာက ပိဋကတ်သုံးပုံ ထဲက သုတ္တန်ပိဋကမှာ ခုဒ္ဒကနိကာယ်၊ ဥဒါန်းပါဠိတော် မှာပါဝင်ပါတယ်။ ဥဒါန်းပါဠိတော် ထဲက နံပါတ် ၄- မေဃိဃ၀ဂ် နံပါတ် ၈ ခုမြောက် သုန္ဒရီသုတ်ပါ။ သေချာရှာဖွေ မွှေနှောက် ပေးတဲ့  Dcota Loach နဲ့ ဦးညီကို ကျေးဇူးအထူး တင်ရှိပါတယ်။

ခင်ဗျားနဲ့ ကျွန်တော်ကြားက ၁၉ ဇူလိုင်

$
0
0
 Photo: " ခင်ဗျားနဲ့ ကျွန်တော်ကြားက ၁၉ ဇူလိုင် "  . . . ၁၉ ဇူလိုင်ရောက်တိုင်း စကားသံတွေ ၊ စာသံတွေနဲ့ ကျွန်တော်တို့ရဲ့ နှလုံးသွေးတွေပွက်အံ ဆူညံလာစမြဲပဲ မဟုတ်လား။  . . . ကျွန်တော်တို့သမိုင်းတလျှောက်ရဲ့ တကယ့်အခိုက်အတန့်ကြီးထဲက ကျွန်တော်တို့သမိုင်းတလျှောက်ရဲ့ တကယ့်သူရဲကောင်းတွေ . . ။ ကျွန်တော်တို့ လွမ်းမောကြရ ၊ တသကြရ။ သတိရအောက်မေ့ပြီး ချီးကျူးထောပနာပြုကြ ၊ ကျေးဇူးကို အောက်မေ့ဆင်ခြင်ကြ။  . . . လွတ်ထွက်နေတဲ့ မြင်ပေါက်ကလေးတစ်ခုကနေ အာဇာနည်နေ့ကို ချောင်းကြည့်လိုက်ပါတယ်။   . . . သေသွားခဲ့တာက ကျွန်တော်တို့လူမျိုး ၊ အာဇာနည်လို့ သတ်မှတ်ရတဲ့ ကျွန်တော်တို့ရဲ့သူရဲကောင်းများ။ အစားထိုးလို့ မရခဲ့တာ ယနေ့တိုင်။ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဆိုတာ လက်ခံကြရမြဲ။  . . . သတ်တဲ့လူက ကျွန်တော်တို့လူမျိုး ၊ လူတော်တွေထဲက တစ်ယောက်။ သတ်တဲ့နေရာက ကျွန်တော်တို့နိုင်ငံတွင်းမှာ ၊ ရန်ကုန်မြို့တော်ရဲ့မြို့လယ်ကောင်။ သတ်တဲ့အချိန်က အပေါ်ယံပြောရရင် ကျွန်တော်တို့တိုင်းပြည်အတွက် အလုပ်လုပ် (အစည်းအဝေးထိုင်) နေတဲ့ အချိန်။ ခပ်နက်နက်ပြောရရင် တမျိုးသားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရလုရခင်။ ရပြီးနောက်မှာ ဆက်တိုက်တည်ထောင်ရမယ့် ကျွန်တော်တို့ရဲ့အသစ်ကျပ်ချွတ်နိုင်ငံတော်အတွက် တမျိုးသားလုံးလက်တွဲစည်းလုံး ပြင်ဆင်ကြရမယ့် အချိန်မျိုး။ ပြင်သူတွေ ပြင်နေကြချိန်။   . . . သတ်တဲ့ အကြောင်းက . . . ခင်ဗျားလည်း စဉ်းစားကြည့်ပါဦး ၊ ကျွန်တော်လည်း ပြန်ပြောင်း စဉ်းစားပါ့မယ်။ ကောင်းပါပြီ ၊ အခြားသူများကိုလည်း စဉ်းစားခိုင်းလိုက်ကြပါဦးစို့လား။ ဒီအချက်ဟာ ဒီဖြစ်စဉ်ကြီး တစ်ခုလုံးရဲ့အနှစ်သာရ ဖြစ်ခဲ့တဲ့အပြင် ၊ ဒီအချက်ကပဲ ဒီနေ့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့နိုင်ငံကို ဒီလိုအဖြစ်မျိုးဆီတွန်းပို့ပေးခဲ့တဲ့ အဓိကလက်သည် ဖြစ်ခဲ့တယ်မဟုတ်ဘူးလား။   . . . ဟုတ်ပါတယ် . . ခင်ဗျားတွေ့သလို ကျွန်တော်လည်းတွေ့ပါတယ်။ အခြားသူများလည်း စဉ်းစားပြီးရင် တွေ့ကြပါလိမ့်မယ်။ . . ကြောက်စရာကောင်းတဲ့ စိတ်ထား ၊ စက်ဆုပ်ဖို့ကောင်းတဲ့ စိတ်ထား ၊ ရွံဖို့ကောင်းတဲ့ စိတ်ကူး နဲ့ လူမဆန်တဲ့ အတွေးအကြံ။ " ငါတို့လူမျိုးအတွက် " ဆိုတဲ့ ဘုံအတွေးတစ်ခုကိုတောင် မွမွချေပစ်လိုက်နိုင်ခဲ့တဲ့ မစ္ဆေရိယ ၊ အတ္တ နဲ့ လောဘ ပေါင်းစွက်ထားတဲ့ ၊ လူတစ်ယောက်အတွက် ကိုယ့်ကိုကိုယ် သတ်သေပစ်နိုင်လောက်အောင် ရှက်ဖို့ကောင်းတဲ့ စိတ်ထား ကို ကျွန်တော်တို့ တစ်ချက်လောက် ချောင်းကြည့်ဖြစ်တာပါပဲ။   . . . အဲဒီစိတ်ကူးကို စိတ်ပါလက်ပါစိတ်ကူးခဲ့တဲ့သူဟာ ခင်ဗျားတို့ ကျွန်တော်တို့ လူမျိုးကြီးပါပဲ။ အဲဒီစိတ်ကူးကို ပီပီပြင်ပြင် အကောင်အထည်ဖော်ခဲ့တဲ့သူကလည်း ခင်ဗျားတို့ ကျွန်တော်တို့ လူမျိုးကြီးပါပဲ။ ၀င်ရောက်ကပြသွားတဲ့ ဇာတ်သားများကလည်း ကျွန်တော်တို့လူမျိုးများပါပဲ။ သေသွားသူတွေထဲမယ် ကျွန်တော်တို့လူမျိုးများရဲ့အပြင်က ပါဝင်သေးသော်လည်း သတ်ခဲ့သူတွေကတော့ ကျွန်တော်တို့လူမျိုးများပါပဲ။ တနည်းအားဖြင့် ကျုပ်တို့ ပေါ့ဗျာ။  . . . ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကို ကျွန်တော်တို့ ပြန်သတ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကျွန်တော်တို့ဘာသာ မြေမြှုပ်ခဲ့ကြ။ ကျွန်တော်တို့ရဲ့သမိုင်းကို ကျွန်တော်တို့ဘာသာ ပြဋ္ဌာန်းခဲ့ကြ။ ကျွန်တော်တို့ရဲ့စရိုက်ကပဲ ကျွန်တော်တို့နဲ့ကိုက်တဲ့ အိမ်အသစ်ကို ပုံဖော်ပေးခဲ့ပြီ။   . . . ကျွန်တော်တို့လူမျိုးတစ်ခုလုံးရဲ့ နှစ်ခေတ် သုံးခေတ်စာ သူရဲကောင်းတစ်ယောက်က အသက် ၃၀ မှာ သေသွားခဲ့တယ်။ ရှက်ဖို့ကောင်းတဲ့ ကျွန်တော်တို့လူမျိုးကြီးကလည်း သူလိုချင်တာမျိုးမရဘဲ သေတာပါပဲ။ ပါဝင်ခဲ့တဲ့ ဇာတ်သားတွေလည်း သေ။ တစ်ခေတ်တစ်ယောက်စာ ခေါင်းဆောင်တွေလည်း သေခဲ့ကြပေါ့။ . . . ဒီဖြစ်စဉ်ရဲ့ ရလာဒ်ကတော့ အခုစာဖတ်နေတဲ့ ခင်ဗျား နဲ့ အခုစာကိုရေးတဲ့ ကျွန်တော် တို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကြီး တစ်ခုလုံး ၊ နဲ့ ဒီနေ့ ကျုပ်တို့ရဲ့ တိုင်းနိုင်ငံကြီးပါပဲ။  . . . ၁၉ ဇူလိုင် ရောက်တိုင်း . . တချိန်က တကယ်ရှိခဲ့တဲ့ ကြောက်စရာ ၊ ရှက်စရာ စိတ်ထားမျိုးအကြောင်း ပြန်တွေးကြည့်ရင်းနဲ့  'ဒီနေ့'ကို တတ်နိုင်သလောက် ပုံဖော်ကြည့်ကြဖို့ပါ။   . . . အနည်းဆုံးတော့ ခင်ဗျားနဲ့ ကျွန်တော်ကြားမှာ ဒီလိုစိတ်ထားမျိုးကို ဒီနေ့ကစပြီး သင်းသတ် ပစ်နိုင်ကောင်းပါရဲ့ဗျာ။   မေတ္တာ များစွာဖြင့် . .  (ယက္ခ) ရဲကြီး ။ ၅ ၊ နိုဝင်ဘာ ၊ ၂၀၁၃ ။ https://www.facebook.com/yekkha.yejee https://www.facebook.com/yekkha.yegyii.fanpage http://yekkhayejee.blogspot.com/
"ခင်ဗျားနဲ့ ကျွန်တော်ကြားက ၁၉ ဇူလိုင် "

. . . ၁၉ ဇူလိုင်ရောက်တိုင်း စကားသံတွေ ၊ စာသံတွေနဲ့ ကျွန်တော်တို့ရဲ့ နှလုံးသွေးတွေပွက်အံ ဆူညံလာစမြဲပဲ မဟုတ်လား။

. . . ကျွန်တော်တို့သမိုင်းတလျှောက်ရဲ့ တကယ့်အခိုက်အတန့်ကြီးထဲက ကျွန်တော်တို့သမိုင်းတလျှောက်ရဲ့ တကယ့်သူရဲကောင်းတွေ . . ။ ကျွန်တော်တို့ လွမ်းမောကြရ ၊ တသကြရ။ သတိရအောက်မေ့ပြီး ချီးကျူးထောပနာပြုကြ ၊ ကျေးဇူးကို အောက်မေ့ဆင်ခြင်ကြ။

. . . လွတ်ထွက်နေတဲ့ မြင်ပေါက်ကလေးတစ်ခုကနေ အာဇာနည်နေ့ကို ချောင်းကြည့်လိုက်ပါတယ်။

. . . သေသွားခဲ့တာက ကျွန်တော်တို့လူမျိုး ၊ အာဇာနည်လို့ သတ်မှတ်ရတဲ့ ကျွန်တော်တို့ရဲ့သူရဲကောင်းများ။ အစားထိုးလို့ မရခဲ့တာ ယနေ့တိုင်။ ကြီးမားလှတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဆိုတာ လက်ခံကြရမြဲ။

. . . သတ်တဲ့လူက ကျွန်တော်တို့လူမျိုး ၊ လူတော်တွေထဲက တစ်ယောက်။ သတ်တဲ့နေရာက ကျွန်တော်တို့နိုင်ငံတွင်းမှာ ၊ ရန်ကုန်မြို့တော်ရဲ့မြို့လယ်ကောင်။ သတ်တဲ့အချိန်က အပေါ်ယံပြောရရင် ကျွန်တော်တို့တိုင်းပြည်အတွက် အလုပ်လုပ် (အစည်းအဝေးထိုင်) နေတဲ့ အချိန်။ ခပ်နက်နက်ပြောရရင် တမျိုးသားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရလုရခင်။ ရပြီးနောက်မှာ ဆက်တိုက်တည်ထောင်ရမယ့် ကျွန်တော်တို့ရဲ့အသစ်ကျပ်ချွတ်နိုင်ငံတော်အတွက် တမျိုးသားလုံးလက်တွဲစည်းလုံး ပြင်ဆင်ကြရမယ့် အချိန်မျိုး။ ပြင်သူတွေ ပြင်နေကြချိန်။

. . . သတ်တဲ့ အကြောင်းက . . . ခင်ဗျားလည်း စဉ်းစားကြည့်ပါဦး ၊ ကျွန်တော်လည်း ပြန်ပြောင်း စဉ်းစားပါ့မယ်။ ကောင်းပါပြီ ၊ အခြားသူများကိုလည်း စဉ်းစားခိုင်းလိုက်ကြပါဦးစို့လား။ ဒီအချက်ဟာ ဒီဖြစ်စဉ်ကြီး တစ်ခုလုံးရဲ့အနှစ်သာရ ဖြစ်ခဲ့တဲ့အပြင် ၊ ဒီအချက်ကပဲ ဒီနေ့ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့နိုင်ငံကို ဒီလိုအဖြစ်မျိုးဆီတွန်းပို့ပေးခဲ့တဲ့ အဓိကလက်သည် ဖြစ်ခဲ့တယ်မဟုတ်ဘူးလား။

. . . ဟုတ်ပါတယ် . . ခင်ဗျားတွေ့သလို ကျွန်တော်လည်းတွေ့ပါတယ်။ အခြားသူများလည်း စဉ်းစားပြီးရင် တွေ့ကြပါလိမ့်မယ်။ . . ကြောက်စရာကောင်းတဲ့ စိတ်ထား ၊ စက်ဆုပ်ဖို့ကောင်းတဲ့ စိတ်ထား ၊ ရွံဖို့ကောင်းတဲ့ စိတ်ကူး နဲ့ လူမဆန်တဲ့ အတွေးအကြံ။ "ငါတို့လူမျိုးအတွက် "ဆိုတဲ့ ဘုံအတွေးတစ်ခုကိုတောင် မွမွချေပစ်လိုက်နိုင်ခဲ့တဲ့ မစ္ဆေရိယ ၊ အတ္တ နဲ့ လောဘ ပေါင်းစွက်ထားတဲ့ ၊ လူတစ်ယောက်အတွက် ကိုယ့်ကိုကိုယ် သတ်သေပစ်နိုင်လောက်အောင် ရှက်ဖို့ကောင်းတဲ့ စိတ်ထား ကို ကျွန်တော်တို့ တစ်ချက်လောက် ချောင်းကြည့်ဖြစ်တာပါပဲ။

. . . အဲဒီစိတ်ကူးကို စိတ်ပါလက်ပါစိတ်ကူးခဲ့တဲ့သူဟာ ခင်ဗျားတို့ ကျွန်တော်တို့ လူမျိုးကြီးပါပဲ။ အဲဒီစိတ်ကူးကို ပီပီပြင်ပြင် အကောင်အထည်ဖော်ခဲ့တဲ့သူကလည်း ခင်ဗျားတို့ ကျွန်တော်တို့ လူမျိုးကြီးပါပဲ။ ၀င်ရောက်ကပြသွားတဲ့ ဇာတ်သားများကလည်း ကျွန်တော်တို့လူမျိုးများပါပဲ။ သေသွားသူတွေထဲမယ် ကျွန်တော်တို့လူမျိုးများရဲ့အပြင်က ပါဝင်သေးသော်လည်း သတ်ခဲ့သူတွေကတော့ ကျွန်တော်တို့လူမျိုးများပါပဲ။ တနည်းအားဖြင့် ကျုပ်တို့ ပေါ့ဗျာ။

. . . ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကို ကျွန်တော်တို့ ပြန်သတ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ကျွန်တော်တို့ဘာသာ မြေမြှုပ်ခဲ့ကြ။ ကျွန်တော်တို့ရဲ့သမိုင်းကို ကျွန်တော်တို့ဘာသာ ပြဋ္ဌာန်းခဲ့ကြ။ ကျွန်တော်တို့ရဲ့စရိုက်ကပဲ ကျွန်တော်တို့နဲ့ကိုက်တဲ့ အိမ်အသစ်ကို ပုံဖော်ပေးခဲ့ပြီ။

. . . ကျွန်တော်တို့လူမျိုးတစ်ခုလုံးရဲ့ နှစ်ခေတ် သုံးခေတ်စာ သူရဲကောင်းတစ်ယောက်က အသက် ၃၀ မှာ သေသွားခဲ့တယ်။ ရှက်ဖို့ကောင်းတဲ့ ကျွန်တော်တို့လူမျိုးကြီးကလည်း သူလိုချင်တာမျိုးမရဘဲ သေတာပါပဲ။ ပါဝင်ခဲ့တဲ့ ဇာတ်သားတွေလည်း သေ။ တစ်ခေတ်တစ်ယောက်စာ ခေါင်းဆောင်တွေလည်း သေခဲ့ကြပေါ့။ . . . ဒီဖြစ်စဉ်ရဲ့ ရလာဒ်ကတော့ အခုစာဖတ်နေတဲ့ ခင်ဗျား နဲ့ အခုစာကိုရေးတဲ့ ကျွန်တော် တို့ရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကြီး တစ်ခုလုံး ၊ နဲ့ ဒီနေ့ ကျုပ်တို့ရဲ့ တိုင်းနိုင်ငံကြီးပါပဲ။

. . . ၁၉ ဇူလိုင် ရောက်တိုင်း . . တချိန်က တကယ်ရှိခဲ့တဲ့ ကြောက်စရာ ၊ ရှက်စရာ စိတ်ထားမျိုးအကြောင်း ပြန်တွေးကြည့်ရင်းနဲ့ 'ဒီနေ့'ကို တတ်နိုင်သလောက် ပုံဖော်ကြည့်ကြဖို့ပါ။

. . . အနည်းဆုံးတော့ ခင်ဗျားနဲ့ ကျွန်တော်ကြားမှာ ဒီလိုစိတ်ထားမျိုးကို ဒီနေ့ကစပြီး သင်းသတ် ပစ်နိုင်ကောင်းပါရဲ့ဗျာ။

မေတ္တာ များစွာဖြင့် . .
(ယက္ခ) ရဲကြီး ။
၅ ၊ နိုဝင်ဘာ ၊ ၂၀၁၃ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
— with ရုပ် ဆိုး and 79 others.

အာဇာနည်နေ့ အတွေး

$
0
0

July 18, 2011 at 1:35pm

(Photo - ကိုခိုင်) 
 (တပ်မတော် အရာရှိငယ်တဦး ရေးခဲ့ဖူးတဲ့ အာဇာနည်နေ့ အမှတ်တရ စာစုလေးပါ)
(Photo - ကိုခိုင်)

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာ ၆၄ နှစ်ရှိခဲ့ပြီ။ ခုချိန်ထိ ကျွန်တော်တို့ နိုင်ငံဟာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ အနေအထားနဲ့ အလှမ်းကွာဆဲပဲ။ တပ်မတော်ဟာလည်း ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ တပ်မတော်မျိုး ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ။ ဒီ(၆၄)နှစ် အတွင်းမှာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တာတွေကို ကျွန်တော်တို့ဘာတွေများ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့သလည်းဆိုတာ ပြန်သုံးသပ်မိတယ်။
လွဲမှားခဲ့တာတွေ ဆုံးရှုံးခဲ့တာတွေ အတွက် ဝမ်းနည်းနေလို့ မပြီးသေးပါဘူး၊ ကျွန်တော်တို့ အားလုံး ကိုယ်စီ ကိုယ်စီ အားစိုက်ထုတ် ကြိုးပမ်းဖို့ အများကြီး လိုနေသေးတယ်။ ကျွန်တော်တို့တွေ ဗိုလ်ချုပ်စကားကို နားမထောင်ကြလို့ ခုချိန်ထိ မြန်မာချင်း ချကြတုန်း၊ သတ်ကြတုန်း၊ တလွဲဆံပင်ကောင်း ကြတုန်း ရှိသေးပေမယ့်၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ ပြန်လည်ဖော်ထုတ်လာကြတာ၊ ဗိုလ်ချုပ်အမှတ်တရတွေ ရေးဖွဲ့ကြတာ၊ ဗိုလ်ချုပ်ကို မမေ့ကြောင်း ပုံတွေ စာတွေနဲ့ ဖေါ်ကျူးကြတာ အဆိုးထဲက အကောင်းပါပဲ။ အနည်းဆုံးတော့ ဗိုလ်ချုပ်ရဲ့ ရိုးဖြောင့်တဲ့ စိတ်ဓါတ်နဲ့ ဆုံးမ စကားတွေကို ကျွန်တော်တို့ မမေ့ကြသေးတဲ့ သဘောပေါ့။ လိုက်နာနိုင်ကြရင်တော့ ကျွန်တော်တို့နိုင်ငံဟာ ညီညွတ် ငြိမ်းချမ်းတဲ့ လမ်းကို နိုင်ငံသားအားလုံး အတူလှမ်းနိုင်ကြပါလိမ့်မယ်။


နိုင်ငံအပိုင်းနဲ့ ပက်သက်လို့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေနဲ့ ချိန်ထိုးပြီး သုံးသပ်သူတွေ အများအပြားရှိပြီးသားမို့ ကျွန်တော်ကတော့ တပ်မတော်နဲ့ ပက်သက်လို့ ကျွန်တော်ဉာဏ်မှီသလောက် သုံးသပ်တင်ပြ ပါရစေ။ ရုပ်ပိုင်းဆိုင်ရာ သုံးသပ်ရရင် ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ တပ်မတော်ကို မှီဖို့ အများကြီး လိုပါသေးတယ်။ လေတပ် အနေနဲ့တင် ရှေ့တန်းတိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) အနည်းဆုံး ထားရှိနိုင်ဖို့ ဗိုလ်ချုပ်က ရည်မှန်းခဲ့တာပါ။ အရန်နဲ့ ထောက်ပံ့ရေး လေယာဉ် အနည်းဆုံး အစင်း(၅၀၀)၊ ကြည်းတပ် အင်အား ၁ သန်း (၁ ၀၀၀ ၀၀၀) ထားရှိဖို့ ရည်ရွယ်ခဲ့တယ်။ တိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) ဆိုတာ အခုခေတ် လေယာဉ်တွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာတဲ့ အတွက် အဲဒီ့ အရေ အတွက်လောက် မလိုဘူးလို့ ဆိုကောင်း ဆိုနိုင်ပေမယ့် အိမ်နီးချင်း အိန္ဒိယလေတပ်ရဲ့ လေယာဉ် အစင်း (၁၆၀၀) ကျော်၊ တရုတ်လေတပ်ရဲ့ လေယာဉ်အစင်း (၂၅၀၀) ကျော်နဲ့  နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဗိုလ်ချုပ်က ကြည်းတပ်အင်အား ၁ သန်း ထားနိုင်ဖို့ ရည်ရွယ်ခဲ့တဲ့ အပြင်၊ နိုင်ငံသားတိုင်း စစ်ပညာတတ်စေဖို့၊ အရေးကြုံရင် အသင့် ဖွဲ့စည်း တိုက်နိုင် ခိုက်နိုင်တဲ့ အရန်အင်အား သန်းချီပြီး ပြည်သူထဲမှာ ရှိနိုင်ဖို့ အထိ ရည်ရွယ်ခဲ့ပါတယ်။ military doctrine နဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ချမှတ်ခဲ့တာ ပြည်သူ့စစ်မဟာဗျူဟာ (People's strategy) ပါပဲ။

၁၉၄၉ ခုနှစ်မှ စတင် ထူထောင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကို ဗိုလ်ချုပ်ကြိုမြင်ခဲ့လေ သလား မသိပါ၊ အနာဂါတ်မှာ အရှေ့တောင် အာရှနိုင်ငံတွေ အားလုံး စုပေါင်းပြီး ပြည်ထောင်စုကြီး တစ်ခု ထူထောင်ရမယ် ဆိုတာ ကြိုတင် မိန့်ကြားခဲ့ဖူးပါတယ်။ ပထဝီနိုင်ငံရေး အရ မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင် အာရှဒေသနဲ့ ပိုပြီး နီးကပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ရမယ် ဆိုတာ ဗိုလ်ချုပ် ကြိုမြင်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားအရ အင်အားတောင့်တင်း ခိုင်မာတဲ့ တပ်မတော် တစ်ရပ်မရှိလို့ မရပါ။ တပ်မတော် အင်အားရှိဖို့ အတွက်က တိုင်းပြည် အင်အားရှိဖို့ အဓိက အရေးကြီးပါတယ်။ ဘယ်သူ့သြဇာမှ မခံရတဲ့ သိက္ခာရှိတဲ့ အချုပ်အခြာပိုင် နိုင်ငံတစ်ခု အဖြစ်ရပ်တည်ချင်ရင် ကျွန်တော်တို့ ပြည်တွင်းရေး စည်းလုံးညီညွတ်မှ ရမယ်၊ ကာကွယ်ရေး စွမ်းအား တောင့်တင်းနေမှ ရမယ်။ ကိုယ့်အချင်းချင်း မတည့်လို့ သူများကို မျက်နှာချိုသွေးရတဲ့ အဖြစ်မျိုးဟာ အသည်းနာဖို့ ကောင်းလှတယ်။ မိမိတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအကျိုးထက် အမျိုးသား အကျိုးစီးပွားကိုသာ အဓိက အခြေခံ စဉ်းစားတတ်ကြရင် ကျွန်တော်တို့ ဒီထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ လုပ်စရာတွေ အများကြီး ရှိနေကြောင်း မြင်ကြရပါလိမ့်မယ်။

ကိုယ့်ဘေးက နိုင်ငံကြီး နှစ်ခုက အင်အားတွေ (နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး)  ကြီးထွားလာလိုက်တာ၊ အနောက်ကမ္ဘာမှာတောင် အိန္ဒိယနဲ့ တရုတ်တို့ အတက် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး နေကြရပီ။ အဲ့ဒီ့နှစ်နိုင်ငံကြားက ကျွန်တော်တို့ နိုင်ငံမှာတော့ ရန်ဖြစ်လို့ ကောင်းတုန်း။ လှေတစ်စီးတည်း စီးရင်း သူလှော်မယ်၊ ငါလှော်မယ်၊ ဟိုလို လှော်မယ်၊ ဒီလို လှော်မယ်နဲ့ ရန်ဖြစ်နေကြပုံနဲ့တော့ ရှေ့က ရောက်နှင့်ကြတဲ့ လှေတွေကို မှီဖို့ ဝေးစွ လှေစီးရင်း ရန်ဖြစ်လို့ အားလုံးရေနစ်ကြရမယ့် အရေးပါပဲ။

ကျွန်တော်တို့ အချိန်မှီပြင်ကြမှ ဖြစ်မယ်။ နိုင်ငံကြီး နှစ်နိုင်ငံကြားရောက်နေတာ အဆိုးချည်းပဲတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လုပ်တတ်မယ်၊ လုပ်နိုင်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိအောင် လုပ်နိုင်တာတွေ အများကြီးပါ။ သူများကို အမှီအခို ကင်းကင်းနဲ့ ကိုယ့်ခွန်ကိုယ့်အားကို အားကိုးပြီး ရပ်တည်နိုင်ဖို့ အရင်ဆုံး ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အချင်းချင်း စည်းလုံးကြဖို့ လိုနေပါပြီ၊ ပြီးရင်တော့ ဗိုလ်ချုပ်ပြောသလို ပြဲနေအောင် လုပ်ကြရမှ ဖြစ်လိမ့်မယ်။

တပ်မတော်ကိစ္စ သုံးသပ်ရင်းကနေ ညီညွတ်ရေး အထိ တွေးမိသွားတယ်။ ကျွန်တော်ပြောချင်တာ ပြန်ကောက်ရရင် တပ်မတော်ဟာ ရုပ်ပိုင်းဆိုင်ရင် တိုးတက်မှုတွေ အများကြီး လိုနေပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ တပ်မတော်မျိုးကို ကျွန်တော်တို့ မရောက်ရှိသေးပါဘူး။ အမျိုးသားရေး လိုအပ်ချက်အရ လွတ်လပ်ရေးသမိုင်းနဲ့ အတူ မွေးဖွားလာတဲ့ တပ်မတော်ဟာ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ အစဉ်အလာကောင်းတွေကို ခံယူခဲ့ပြီးသားပါ။

ဒါပေမယ့် လွတ်လပ်ပြီးစ ပြည်တွင်းစစ် ဝင်္ကပါ အတွင်းကျရောက်ခဲ့ရတာ၊ နိုင်ငံအုပ်ချုပ်ရေး အပိုင်းမှာ ကာလရှည် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ပါဝင်ခဲ့ရတာဟာ တပ်မတော်ရဲ့ စိတ်ဓါတ်ကို ရိုက်ခတ်မှုမျိုးစုံရှိခဲ့ပြီး အရောင်အမျိုးမျိုးလည်း ဆိုးခံခဲ့ရ ပါတယ်။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးမှာ အဖုအထစ် တွေလည်း ဖြစ်စေခဲ့တယ်။

တပ်မတော်ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ယနေ့မှာ ပြန်လည်ထမ်းဆောင်နေရပြီ  ဖြစ်တဲ့ အတွက် တပ်မတော်ရဲ့ စိတ်ဓါတ်ကို အခြေခံက စလို့ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းကနေ စပြီး ကိုယ်စီကိုယ်စီ၊ ထိုမှ တဆင့် ကိုယ့်ရဲ့ လက်လှမ်းမှီသလောက် ပြန်လည် ပြုပြင်ကြပါစို့၊ မွန်မြတ်တဲ့ အစဉ်လာကောင်းတွေကို ထိန်းသိမ်း ကြပါစို့ဗျာ။

ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုပါသည်။

regards,
Comrade

ဆံရစ်ဝိုင်းတို့ရွာ ၎

$
0
0

Photo
......

ဟိုး..မြို့ပြနဲဝေးနေတဲ ဆံရစ်ဝိုင်းတို့ရွာ

ခေတ်မမှီပေမယ့် ယဉ်ကျေး မှု့အစစ်ရှိနေတဲ

ရွာလေးတစ်ရွာပါ

ဆံရစ်ဝိုင်းတို့ရွာလေးမှာ အလှတရားတွေစုဝေးလို့နေဆဲပါ

မြို့ပြတွေလို အကျီ်လည်ဟိုက်ဝတ်လို့လှတာမဟုပ်ပါဘူး

စကပ်တိုဘေးကွဲဝတ်လို့လှတာလဲ မဟုပ်ပါဘူး

မိက်ကပ်အရောင်စုံ လိမ်းခြယ်ထားလို့လဲမဟုပ်ပါဘူး

ပကတိ ရိုးသားခြင်းအလှတရားက
မျက်နှာကို စဉ်မြနိးထားလို့ပါ

ဒီအချိန် ဆို ဆံရစ်ဝိုင်းတိုရွာလေးမှာ
ဝါ၀င်ပွဲ စဉ်နွဲလေ့ရှိတယ်

မြို့ပြတွေလို လေးဖြူ အငဲ ခေတ်ပေါ်တီးဝိုင်းတွေနဲမဟုပ်ပါဘူး

ဘာသာရေးပွဲလေးပါ ဆံရစ်ဝိုင်းတို့က အနားပတ်ပတ်လည်မှာရှိတဲရွာတွေကို

လှည့်လည် ပြီး ဆီမီးပူဇော်ကြတယ်

ဆယ်ရွာပက်လည် သံဃာအပါးတစ်ရာဆွမ်းလောင်းပွဲလုပ်လေ့ရှိတယ် ဥပုသ်ရက်တိုင်းပေါ့

ရိုးရါဓလေ့လေးတစ်ခုပါ

မြို့ပြတွေလို အသားကောင်းဟင်းစားရဖို့မပြော့နဲ
ငါးဟင်း မကြိုက်ဘူး
ဘဲဥကြော်နဲ့မစားနိုင်ဘူး
ငြီးညူရဖိုးဝေးတေး

ကြက်ဥကြော် တောင်နေ့တိုင်းမစားနိုင်ပါးဘူး

တောင်ယာလယ်လုပ် တွင်မခုပ်ဘ၀ဆိုတဲအတိုင်း လယ်ယာ မြေကထွက်တဲ အသီးအရွက်တွေကသူတို့အတွက်

ဟော်တယ်တွေက ဟင်းလျာ ထက်ပိုပြီးစားရတာမြိန်ရေရှိလှပါတယ်

နေစုပ်ပေယ့် ရွေးထုတ် တဲမြက်ပ၀ါဆိုတဲဆံရစ်ဝိုင်းတို့ရွာလေးပါ

ဆံရစ်ဝိုင်းတို့ရွာလေးမှာ အနေဆင်းရဲပေမယ့်

ဒဒ္ဒါတရားကတော့ မဆင်းရဲဘူး
လူတိုင်းလိုလို စေတနာတရားထက်သန်လွန်းတယ်

ဆံရစ်ဝိုင်းတို့ရွာလေးမှာ နိုင်ငံတော် ကဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမရှိသေးပါဘူး

ရွာဦးဘုန်းကြီးက ဦစီးပြီဖွင့်လှစ်ထားတဲ မူလတန်းလေးပဲရှိပါတယ်

တစ်ရွာလုံးဆုငွေခွဲပြီး ရွာနားက.ဆယ်တန်းအောင်တွေကို
လစာပေးပြီးငှါးထားတဲ ကျောင်းဆရာတွေပဲရှိတယ် စားရိတ်အငြိမ်းပေးငှါးရတာ

တစ်ရွာလုံး ကျောင်းဆရာတွေ စားသောက်ဖို့ အလှည့်အကြ ထမင်းအုပ်ပို့ကြတာ

ကြည်နူးစရာလေးတွေဖြစ်ပေမယ့် ရင်ထဲမှာ တော့မကောင်းဘူးဗျာ

တိုးတတ်နေတဲ့ ခေတ်မှာ ဆံရစ်ဝိုင်းတို့ ရွာအတွက် နိုင်ငံတော်က

ဖွင်လှစ်ထားကျောင်းမရှိတာ ရင်ထဲမှာ စိတ်မကောင်းဖြစ်မိတယ်

ဒါပေမယ့် ဆံရစ်ဝိုင်းတို့ ကတော့နိုင်ငံတော်မမုနိးပါဘူး

မြို့ပြတွေ အဆင်အလာပြတ်
နေတဲ့ ကမ္ဘာ မကြေနိုင်ငံတော်သီချင်းကို

ဆံရစ်ဝိုင်းတို့ ရွာလေးမှာ ကျောင်းတတ်တာနဲ
အလံတော်ကို အလေးပြု လို့ ကမ္ဘာ မကြေနိုင်ငံတော်သီချင်းလေးယနေ့ထက်တိုင်ဆိုနေတုံးပါ

ယဉ်ကျေး ပျူငှါ စေတနာထက်တန်တဲ ဆံရစ်ဝိုင်းတို့ ရွာကို အလည်တစ်ခေါက်အရောက်လာပါဖိတ်ခေါ်ရင်း

အလယ်ပိုင်းဒေသ
မိုးနည်းရက်ဝန်း မြင်းခြံခရိုင် ပုပ္ပါးနှင့် မနီးမဝေး
မှာတည်ရှိတဲရွာလေးပါ

နောက်ရက်များမှဆက်ပါဦးမည်

ပန်းတို့ပွင့်ရာ စကားဝါမြေ
https://www.facebook.com/profile.php?id=100007569513269&fref=photo

21.7.2014

ပန်းတို့ ပွင့်ရာစကားဝါမြေ

စာစီစာကုံး အမှားပါရင်ပြင်ဖတ်ပေးပါ

သူငယ်ချင်း အားလုံးထာဝရ လေးစာလျှက်ပါ
— with ပိုး ဦး and 34 others.

ကွန်မန်ဒို ညတိုက်ပွဲ ….

$
0
0



photo credit to  Ko Ye Kyaw Thura
ကွန်မန်ဒိုတိုက်စစ်ကို ကျွဲနားတောက်မှာ သွားတိုက်ရသည်။ တပ်ခွဲတိုက်စစ်ဖြစ်သည်။ ကျောင်းကနေ နံနက်အစောကြီး သေနတ်ထုတ်၍ အမှိုက်ကျင်းရွာမှ မန္တလေး-လားရှိုး ရထားလမ်းကို ဖြတ်ဆင်းပြီး ငါးရံ့ချောင်းမှတဆင့် ဆင်လမ်းရွာကို ချီတက်ရသည်။ ဆင်လမ်းမှာ ခေတ္တအခြေပြုပြီး ကွန်မန်ဒိုတိုက်စစ်မှာ အသုံးပြုမည့် ဆက်စပ် စစ်ဗျူဟာသင်ခန်းစာများကို တပ်ခွဲမှူး ဗိုလ်မှူးစိုးမောင်၊ တပ်စုမှူးများဖြစ်သည့် ဗိုလ်ကြီးထွန်းထွန်း နှင့် ဗိုလ်ကြီးအေးကြူတို့က ပြန်လည်ဆွေးနွေးပေးကြသည်။ ပြီးတော့မှ တပ်ခွဲကို စုဖွဲ့သည်။ တပ်ခွဲမှူးက ဌေးနိုင် (နောင် ချယ်မန်ဒိုတပ်ခွဲမှူးဟု နာမည်ရသူ) ဖြစ်သည်။


တစ်နေ့လုံး သင်ခန်းစာများ ဆွေးနွေးပြီး ညနေစာကို ချက်ကြီးကိုဘိုတင်တို့အဖွဲ့ စီစဉ်ပေးသည့် ငါးသေတ္တာဟင်း၊ ချဉ်ပေါင်ဟင်းရည်တို့ဖြင့် အပြီးစားကာ နေဝင်သည်နှင့် ညအချိန်ချီတက်ခြင်း Night Move နှင့် မြေပုံဖတ်သင်ခန်းစာ Compass March တို့ကို ပေါင်းစပ်အသုံးပြုကာ ကျွဲနားထောက်ရွာသို့ ချီတက်ကြပါသည်။

မချီတက်မီ ကျွန်တော်တို့ ပထမနှစ်က သင်ကြားခဲ့ရသည့် ပုံဖျက်ခြင်း သင်ခန်းစာနှင့် စတင်ရုပ်ဖျက် ကြသည်။ ကိုဘိုတင်တို့ ဖိုကြီးအဖွဲ့ထံမှ အိုးမည်းတွေကို လက်ဝါးဖြင့်သပ်ယူပြီး မျက်နှာတွေကို လိမ်းကြ၏။ သစ်ခက်တွေချိုးပြီး ချပ်ဝတ်တွေမှာထိုးကာ ပုံဖျက်ခြင်း Comouflage ကို စနစ်တကျ ဦးစွာ လုပ်ကြသည်။ အထွေအထူး အိုးမည်းသုတ်ဖို့မလိုသည့် အောင်ကို၊ နေဝင်း (အောင်ဇေယျ)၊ သိန်းဦး နှင့် ခင်မောင်ထွန်းတို့မှာ သူများထက်ဦးအောင် အိုးမည်းတွေ အရင်သုတ်ပြီးကြပြီဖြစ်ရာ မှောင်ရီပျိုးစမှာ မျက်လုံးနှင့် သွားတွေကိုသာ မြင်ကြရသည်။ တပ်စုသုံးစုဖြစ်ပြီး ကျွန်တော်တို့ တပ်စု(၁)က ရှေ့ပြေးပွိုင့်တပ်စု ဖြစ်၏။

ဦးစွာပေးထားသော မြေပုံညွှန်းအတိုင်း အနောက်စူးစူးသို့ စတင်ချီတက်ခဲ့ရာ ည (၁၁) နာရီခန့်မှာ လယ်ပြောင်းပြန်ရွာအနီးက တောင်ကုန်းတစ်ခုကို ရောက်သည်။ လမိုက်ဖြစ်၍ ချီတက်ရာ လမ်းကြောင်းကို ခက်ခက်ခဲခဲ ရှာကြရ၏။ ညချီတက်ခြင်းဖြစ်သောကြောင့် လုံခြုံမှုနှင့် အလစ်အငိုက် ရသော်လည်း အုပ်ချုပ်မှုက ခက်ခဲလှသည်။

လယ်ပြောင်းပြန်မှာ တပ်ကို ပြန်စစ်ပြီး ဆက်လက်ချီတက်ချိန်တွင်တော့ ကျွန်တော်တို့ ကွန်မန်ဒို တပ်ခွဲအဖို့ ကြီးသည့် အုပ်ချုပ်မှု ပြဿနာကြီးနှင့် စတင်ရင်ဆိုင်ရတော့သည်။ ညချီတက်ရာတွင် ရှေ့က ဗိုလ်လောင်း၏ တောဆောင်းဦးထုပ်နောက်မှာ တပ်ဆင်ထားသည့် အဖြူရောင် ညကြည့် တြိဂံ အမှတ်အသားကို ကြည့်၍ ချီတက်ရသည်။ ထိုစဉ်မှာပင် ကျွန်တော်တို့ပွိုင့် တပ်စုကစ၍ လေလည်သံတွေ ကြားလာရပြီး ရှေ့က ညကြည့်အမှတ်အသားတွေ တစ်ခုပြီးတစ်ခု ပျောက်ကုန်၏။ ရှေ့နောက်တစ်ယောက်တန်း ချီတက်နေရာမှ လမ်းဘေးချုံတွေထဲတိုးဝင်ပြီး ဗိုက်ပြဿနာ ရှင်းကြရခြင်း ဖြစ်၏။ ပထမ တစ်ယောက်တလေ တောဝင်တိုင်တာလို့ ထင်ခဲ့သော်လည်း နောက်တော့ တပ်စုတစ်စုလုံးနီးပါး ဖြစ်လာ၏။

ညနေက ကမန်းကတန်း စားခဲ့ကြသော ငါးသေတ္တာဟင်းနှင့် ချဉ်ပေါင်ဟင်းရည်ကြောင့် ဝမ်းပျက်ကြခြင်း ဖြစ်သည်။ ရှေ့က ညကြည့်သင်္ကေတကို မမြင်ရတော့သဖြင့် ဆက်လက်ချီတက်ဖို့ ခက်ခဲသွား၏။ ညချီတက်မှု ဥပဒေသအရ အသံမထွက်ရ၊ လိုအပ်လျှင် ရှေ့လူထံ အသာကပ်သွားပြီး လက်ဖြင့်တို့ကာ အချက်ပေးရ၏။ ထိုသို့အချက်ပေးဖို့လည်း ရှေ့လူကို ရှာလို့မတွေ့။ အသံမထွက်ရ ဆိုသော်လည်း ချီတက်ရာ လမ်းဘေး ချုံပုတ်တွေထဲမှ တဗျတ်ဗျတ် တပျစ်ပျစ် ဝမ်းသွားသံတွေက ဟိုမှသည်မှ အဆက်မပြတ်ထွက်ပေါ်နေ၏။ ပုပ်အဲ့အဲ့ ညှီစို့စို့နှင့် အနံ့အသက်ကလည်း ရွံရှာစဖွယ် ဆိုးဝါးလှပါဘိတောင်း။

ပထမတော့ ကျွန်တော်တို့ တပ်စုတစ်စုတည်းဖြစ်နေတာလို့ ထင်ရသော်လည်း တပ်ခွဲရုံးနှင့် နောက်တပ်စုတွေလည်း ရောက်မလာကြ။ တော်တော်ကြာတော့မှ ခွဲရုံးဆက်သား စောမြသောင်း အပြေးအလွှားရောက်လာသည်။ သူလည်း အမှောင်ထဲမှာ တကျွတ်ကျွတ် ညည်းနေပြီး နောက်တပ်စုတွေ ဝမ်းပျက်နေသဖြင့် ပွိုင့်တပ်စု၏ ချီတက်နှုန်းကို ထိန်းထားရန် လိုက်သတင်းပို့ခြင်း ဖြစ်၏။ သူ့တစ်ကိုယ်လုံးလည်း နံစော်နေ၏။ သူ့ထံမှ ကြားသိချက်အရ တပ်ခွဲမှူး ဌေးနိုင် လည်း ချုံထဲဝင်ထိုင်တာ သုံးကြိမ်ရှိသွားပြီ ဖြစ်ကြောင်း သိရ၏။ မျှော်လင့်မထားသော ကိစ္စဖြစ်သဖြင့် မကြာခင်မှာပင် သန့်ရှင်းရေးစက္ကူ ပြဿနာ ပေါ်လာတော့သည်။

စက္ကူကုန်သွားသဖြင့် အချို့က ချုံပုတ်ထဲမှ သစ်ကိုင်းတွေ ချိုးသုံးကြသည်။ ကိုဖိုးသန့်တချို့ကား သောက်ရေဘူးထဲက ရေဖြင့် သန့်ရှင်းရေးကို ဖြေရှင်းကြသည်။ တပ်ခွဲမှူးကြီး ဌေးနိုင်သည် သုံးကြိမ်မြောက်တောထိုင်စဉ် စိန်နားပန်ကိုင်းတစ်ခုကို ချိုးပြီး ကိစ္စရှင်းမိရာ ဆူးတွေစူးကုန်သဖြင့် လေသံနှင့် စုတ်သတ်ညည်းညူနေပြီး လမ်းလျှောက်ရာတွင် ကွတတဖြစ်နေကြောင်းလည်း ဆက်သားထံကတဆင့် ကြားသိရ၏။

တပ်စု(၃)က အဖွဲ့တွေလည်း တဗျင်းဗျင်း တဗျန်းဗျန်းနှင့် တောဝင်ထိုင်ကြရာ ရှေ့တပ်စုတွေကို အမီမလိုက်နိုင်သေး။ ရန်ကင်းသား သန်းသန်းကား ဘယ်နှစ်ကြိမ်မြောက် ချုံထဲဝင်ထိုင်သည် မသိ။ စက္ကူကကုန်  သောက်ရေဘူးထဲမှာလည်း ရေကမကျန်တော့။ သစ်ကိုင်းလည်း ချိုးမသုံးတတ်သဖြင့် နီးရာချုံထဲက သောင်းထွဋ်ကြူကို လေသံဖြင့် လှမ်းအကူအညီတောင်းရာ သောင်းထွဋ်ကြူက မကြားချင်ယောင် ဆောင်နေ၏။ သိန်းသန်းက ကြံရာမရသည့်အဆုံး အမှောင်ထဲမှာ လှမ်းစမ်းပြီး သောင်းထွဋ်ကြူ၏ အီကွစ်မင့်မှာ ချိတ်ထားသည့် ချွေးသုတ်ပုဝါကို လှမ်းဆွဲလိုက်၏။ သောင်းထွဋ်ကြူက အတင်းပြန်ဆွဲသော်လည်း မမီလိုက်တော့။ ဖရိုဖရဲဖြင့် နောက်ထပ် မြေပုံညွှန်းပေးထားရာ တောင်ဘက်စူးစူးရှိ လက်ပံကုန်းရွာ အနောက်က တောင်ကုန်းတွေကို ဖြတ်ဆင်းခဲ့ကြ၏။ တောတိုးချီတက်ရသဖြင့် လမ်းခရီးက ကြမ်းလှ၏။ ဆောင်းတွင်းဖြစ်သဖြင့် ရာသီဥတုက အေးစိမ့်နေပြီး ခိုက်ခိုက်တုန်နေသည်။ ဝမ်းတွင်းမှာ စားထားသမျှ အကုန်ထွက်ကုန် ပြီးဖြစ်၍ ဆာလောင်နေကြသော်လည်း ရေပင်သောက်စရာ မရှိတော့ပေ။

photo credit to Ko Ye Kyaw Thura
အမှောင်ထုအတွင်း ချီတက်ရသဖြင့် လျင်မြန်မှု မရှိသော်လည်း နံနက် ၃ နာရီခန့်မှာတော့ သရက်ပင်ကုန်းကို ကျော်ပြီး စီရပ်ဖြစ်သည့် ကျွဲနားထောက် တောင်ခြေအနီးကို ရောက်လာကြသည်။ စီရပ်အင်္ဂါရပ်နှင့်အညီ တပ်ခွဲမှူးက တပ်တွေကို စုဖွဲ့မှုပြန်ယူသည်။ တပ်စု (၃) ရောက်မလာသေးသဖြင့် သူတို့ရောက်လာသည်ထိ စောင့်နေရ၏။ ရန်သူကို အလစ်အငိုက်ယူ၍ အရုဏ်ဦးမှာ ဟန်ချက်ညီ တိုက်ခိုက်ကြမည်ဖြစ်ရာ စီမံချက်အတိုင်း အံဝင်ခွင်ကျဖြစ်ဖို့ အရေးကြီးသည်။ ကျွန်တော်တို့ တပ်စု(၁) က ညာဘက်မှပန်းပြီး ကာပစ် ပစ်ပေးရ၏။ တပ်ခွဲရုံးနှင့် တပ်စုနှစ်စု ရန်သူ့ခံစစ်စည်းကို ချဉ်းကပ်သွား ကြ၏။

သတ်မှတ်(န)နာရီမှာ တပ်ခွဲမှူး၏ အမိန့်ဖြင့် ရန်သူ့တောင်ကုန်းကို စတင်ပစ်ခတ်သံများ ပေါ်ထွက်လာ၏။ ရန်သူအဖြစ် သရုပ်ဆောင်ထားသည့် နည်းပြအဖွဲ့ထံမှ ကျည်စစ်ဖြင့် ပြန်လည် ပစ်ခတ်သံများ ဟိန်းထွက်လာသည်။ ကျွန်တော်တို့ ကာပစ်တပ်စုကတော့ နုံးခွေနေသည့်ကြားမှပင် အာခေါင်ခြစ်မတတ် ပါးစပ်သေနတ်ဖြင့် ဝိုင်းပစ်ပေးကြသည်။ မကြာမီ ချေမှုန်းရေး တပ်ခွဲဘက်ဆီမှ ‘ဖောင်း’ ခနဲ မြည်သံနှင့်အတူ အစိမ်းရောင် လေထီးမီးကျည်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတာ တွေ့လိုက်ရသည်။ ရန်သူ့တောင်ကုန်းကို သိမ်းမိပြီဟု အချက်ပြခြင်းဖြစ်၏။ ရန်သူတွေအားလုံး တုံးလုံးပက်လက်။

ကျွန်တော်တို့ တပ်ခွဲကြီးလည်း ဖလက်ပြနေကြပြီ။ တောင်ကုန်းပေါ်မှာတော့ ရန်သူအဖြစ် သရုပ်ဆောင်သည့် နည်းပြများအားလုံး ကျွန်တော်တို့နှင့် အတူပါလာသည့် ပုပ်အဲ့အဲ့ ညှီစို့စို့ အနံ့များကြောင့် နှာခေါင်းတွေ ကိုယ်စီပိတ်၍ မျက်နှာတွေလည်း ရှုံ့မဲ့နေကြတော့သည်။ ဒယိမ်းဒယိုင်နှင့် တပ်ခွဲပြန်လည်စုဖွဲ့ပြီးချိန်တွင် တောင်ခြေမှ လေနုအေးနဲ့အတူ လွင့်ပါလာသော အရုဏ်ဦးလက်ဖက်ရည်ချိုရနံ့က ကျွန်တော်တို့နှာခေါင်းဝကို သင်းပျံ့စွာ ကလူကျီစယ် လိုက်ပါတော့သည်။


 ဗိုလ်မှူး ကြိုင်လျှမ်း (ငြိမ်း - တပ်မတော် ရေ)

(စစ်တက္ကသိုလ် အမှတ်တရ ‘လွမ်းငွေ့မပြေ ချယ်ရီမြေ’ စာအုပ်မှ ‘ကွန်မန်ဒို ညတိုက်ပွဲ’ ခေါင်းစဉ်ပါ စာစုထဲက  ထုတ်နှုတ်တင်ပြပါသည်။ )

BUK တာလတ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်

$
0
0



ဒီနေ့ ကမ္ဘာမှာ အုန်းအုန်း ထလောက်အောင်ဖြစ်နေတဲ့ မလေးရှား MH 17 ခရီးသည်တင်လေယာဉ်ကို ပစ်ချရာမှာ အဓိက လက်သည်ဖြစ်တဲ့ BUK တာလတ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် အကြောင်းတင်ဆက်ပါမယ်။

BUK ဒုံးပျံစနစ်ကို ဆိုဗီယက်ပြည်ထောင်စု က ၁၉၇၉ ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပီး ခရုစ် ဒုံးပျံများပဲ့ထိန်းဗုံးများ လေယာဉ်ရဟတ်ယာဉ်များကိုကြားဖြတ်တိုက်ခိုက်ဖို့ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။

BUK စနစ်သည် ရွေ့လျား မြေပြင်မှ ဝေဟင်ပစ် SAM ဒုံးပျံစနစ်ဖြစ်ပီး အဓိကအစိတ်အပိုင်းကြီး ၄ခုပါဝင်ပါတယ် အဲဒါတွေကတော့ ပစ်မှတ်ရှာရေဒါ ကွပ်ကဲမှုယာဉ် ဒုံးပစ်စင် နဲ့ ထောက်ပံ့ရေးယာဉ်တို့ပဲဖြစ်ပါတယ် ဒီအစိတ်အပိုင်းတွေအားလုံးကိုတီ-၇၂ တင့်ရဲ့ ချာစီပေါ်မှာ အခြေခံထားတာပဲဖြစ်ပါတယ်။

ဒီအစိတ်အပိုင်းကြီးလေးခုရဲ့ အလုပ်လုပ်ဆောင်တာကတော့ ပစ်မှတ်ရှာဖွေရေး ရေဒါ9S18M11 ကနေပီးအကွာအဝေး ၁၄၀ကီလိုမီတာ အမြင့် ၂၅ကီလိုမီတာ အတွင်း ၀င်လာတဲ့ Flying Object ကိုဖမ်းယူပေးပါတယ်ဒီက ရလာတဲ့ Information ကို Command Element ကနေပီး ရန်သူမိတ်ဆွေခွဲခြားခြင်း အမျိုးအစားခွဲခြားခြင်း လုပ်ပီး အချက်အလက်ကို ပစ်စင် တွေဆီပေးပို့ ပါတယ် ပစ်စင်ကနေတပ်ဆင်ထားတဲ့ 9M17 ဒုံး ၄လက်ကနေပီး အနည်းစုံးပစ်မှတ် ၂ခုထက် မနည်းကို တချိန်တည်း ခေမှုန်းနိုင်ပါတယ် ထောက်ပံ့ရေးယာဉ်ကတော့ အရံ ဒုံးပျံများ အပိုပစ္စည်းများတင်ဆောင်နိုင်ပါတယ်။

9k27 BUK ဒုံးစနစ်ကို ၁၉၇၂ မှာစတင်စမ်းသပ်ခဲ့ပီး တစ်ချိန်တည်းမှာ 2K12KUB SA-6 Gainedful စနစ်ကိုလည်းတစ်ပြိုင်နက်ထုတ်လုပ်ခဲ့ပါတယ်။ ဆက်လက်ပီး KUB အပေါ်အခြေခံပီး 9K37 BUK ကိုအဆင့်မြင့်တင်ထုတ်လုပ်ခဲ့ပါတယ်။၁၉၈၃ခုနှစ်မှာ 9K37 BUK M-1 အဖြစ်အဆင့်ထပ်မံ မြင့်တင်ခဲ့ပါတယ်။ရေတပ်သုံးအဖြစ် 9K37 M 1ကို9S90 အဖြစ်ပြောင်းလဲပီး Sovremmeny Class ဖျက်သဘောင်္ တွေမှာတပ်ဆင်ခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ BUK M-1-2 ကို ထုတ်လုပ်ခဲ့ပီး ၁၉၉၈ မှ ယနေ့အထိ အသုံးပြုဆဲဖြစ်ပါတယ်။သူရဲ့ အထွေထွေ အချက်အလက်တွေကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်-

အကွာအဝေး- ၁၄၀ ကီလိုမီတာ
ဝေဟင်အမြင့်- ၂၅ကီလိုမီတာ
တပ်မတစ်မအတွက် စနစ် ၆ခု Command Post တစ်ခု
ဒုံပျံ ၄ခုအတွက် ကျည်ထိုးချိန် ၁၅မိနစ်
တိုက်ပွဲဝင် အသင့်ဖြစ်ချိန် ၅မိနစ်အတွင်း

ပစ်မှတ်ချေမှုန်းနိုင်စွမ်း

လေယာဉ်-အမြင့် ၂၅ကီလိုမီတာအတွင်း အကွာအဝေး ၄၂ကီလိုမီတာအတွင်း
တိုက်ချင်းပစ်ဒုံးပျံ-အမြင့် ၁၆ကီလိုမီတာအတွင်း အကွာအဝေး ၂၀ကီလိုမီတာအတွင်း

ဒုံးပျံထိပ်ဖူးအမျိုးအစား-အစထွက်ခွင်းကျည်
ဒုံးပျံအမြန်နှုန်း-အသံထက်၃ဆ
ပဲ့ထိန်းစနစ်- တ၀က်အလိုလျောက် ရေဒါထိန်းစနစ်

အသုံးပြုသောနိုင်ငံများအနေနဲ့ ရုရှားနိုင်ငံ ဘီလာရုနိုင်ငံ ယူက၇ိန်းနိုင်ငံ နဲ့ တရုတ်နိုင်ငံမှ BUK M1 ကိုအခြေခံပီး HQ-16 အဖြစ်ထုတ်လုပ်ပါတယ်။အီရန်နိုင်ငံမှလည်း ဒီစနစ်ကိုအများအပြားဝယ်ယူသုံးစွဲပါတယ်။ သတင်းအရတော့မြန်မာ့ တပ်မတော်မှလည်း BUK စနစ်ကို သုံးစွဲ လျက်ရှိကြောင်း ကြားသိရပါတယ် အတည်ပြုနိုင်ခြင်းတော့မရှိပါ.

(ကြယ်နီ)
 — with Nanda Htun Htet and 11 others. (4 photos)
Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.
Htet Sweoo's photo.

ဒီမိုကရေစီပန်းတိုင်အတွက် လိုအပ်သော အခြေခံအုတ်မြစ်များ

$
0
0

ဒီမိုကရေစီပန်းတိုင်အတွက် လိုအပ်သော အခြေခံအုတ်မြစ်များ(ယခုအပါတ်ထုတ် လူထုပုံရိပ်ဂျာနယ်ပါ ကျနော် ဆောင်းပါး) ညီသုတ(ဖာပွန်)

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါ အချိန်တစ်ခု ကြာမြင့်တတ်ပါတယ်။ဒီကြာမြင့်ချိန်ဟာ မတူညီတဲ့နောက်ခံအကြောင်းအရင်းတွေပေါ်မူတည်ပြီး နိုင်ငံတစ်နိုင်ငံနဲ့ မတူတတ်ပါဘူး။အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ဟာ ခြားနားကွာဟ လွန်းတဲ့အတွက် လူတွေမှာ ဒီမိုကရက်တစ်အမူအကျင့် ဖြစ်ထွန်းလာဖို့ စောင့်ဆိုင်းရလေ့ရှိပါတယ်။နောက်တစ်ချက်က ဒီမိုကရေစီစနစ်ဟာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှူကို အာမ မခံနိုင်ပေးတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ဖွံ့ဖြိုးမှူအနည်းဆုံးနိုင်ငံတွေအတွက် ဒီမိုကရေစီစံနှူန်းတွေဟာ တခါတရံကန့်လန့် ဖြစ်နေတတ်ပါတယ်။လူထုရဲ့အစိုးရအပေါ်ယုံ
ကြည်မှူ အပေါ် မူတည်ပြီး အစိုးရနဲ့ပြည်သူကြားက အဟ ပိုမိုကြီးထွားတတ်ပါတယ်။အများစုက ခံစားမှူရှေ့တန်းတင် တွေးခေါ်ကြ ပြီး အစိုးရအနေနဲ့ ဒီမိုကရေစီစံနှူန်းတွေနဲ့အညီ မနေနိုင်သေးတဲ့ကာလတွေမှာ ကြုံတွေ့ရလေ့ရှိပါတယ်။ဒီမိုကရေစီစနစ်မှာ အစိုးကို ပြည်သူက ထိန်းကျောင်းခွင့် ပေးထားပါတယ်။ဒါက ဒီမိုကရေစီစနစ်ရဲ့ အားသာချက်ဖြစ်ပေမဲ့ ပြည်သူတွေရဲ့ ဖိအားတွေကြောင့် အစိုးရ(ယခင် အာဏာရှိသူအမျိားစုပါဝင်သော)တွေဟာ ဒီမိုကရေစီစနစ်အပေါ် လွဲမှားစွာ ခံစားသိမြင်သွားတတ်ပါတယ်။ပိုဆိုးတဲ့အခြေအနေကတော့ ဒီမိုကရေစီအပေါ်မှာ အာဏာဖြေလျော့ပေးသူတွေ ယုံကြည်မှူနည်းပါးသွားတတ်ခြင်းဖြစ်ပါတယ်။လွတ်လပ်ခွင့်တွေကိုပြည်သူက အပြည့်အဝအသုံးလွန်းတဲ့အခါ သူတို့ရဲ့စိုးရိမ်ထိတ်လန့်မှူတွေကို တိုးစေပြီး ဒီမိုကရေစီအပေါ် ယုံကြည်မှူနည်းပါးသွားပြီး အာဏာကို ဆက်လက်ချုပ်ကိုင် လိုစိတ်တွေ တိုးပွားလာတတ်ပါတယ်။အာဏာဖြေလျော့သူတွေ ဒီမိုကရေစီစနစ်အပေါ် ယုံကြည်မှူနည်းပါးလေလေ ဒီမိုကရေစီခရီး ကြန့်ကြာလေလေ ဖြစ်ပါတယ်။အများစုက ဒီအချက်ကို လျစ်လျူရှူတွေးခေါ်တတ်ကြပါတယ်။လောဆေယ် နိုင်ငံဟာ အကူးအပြောင်းအဆင့်သာဖြစ်ပြီး ခိုင်မာပြီးစံနှူန်းပြည့်တဲ့စနစ်ကို မတည်ဆောက်နိုင်သေးပါဘူး။ဒီကာလမှာ အာဏာဖြေလျော့ပေးသူတွေကို ဖိအားပေးလွန်းပါက အာဏာဖြေလျော့ပေးသူတွေရဲ့ စိုးရိမ်စိတ်တွေတိုးလာနိုင်တာကို နိုင်ငံရေးသမားများနဲ့ ပြည်သူတွေကသာ အမြော်အမြင်ရှိစွာနဲ့ ထိန်းကျောင်းကိုင်တွယ် နိုင်ဖို့လိုအပ်ပါတယ်။

နိုင်ငံရေးစနစ်ကို တွန်းတင်လွန်းသလောက် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှူကမလိုက်နိုင်တဲ့အခါ ဒီမိုကရေစီဟာ အောက်ခြေထိမရောက်ဘဲ လူတန်းစားအလွှာတစ်ခုအတွက်သာဖြစ်နေတတ်ပါတယ်။ဒါပေမဲ့လည်း အာမခံချက်မရှိတဲ့ နိုင်ငံရေးစနစ်တစ်ခုဟာလည်း ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အပါအဝင် ရပိုင်ခွင့်များကို အာမ မခံပေးနိုင်ခြင်း မရှိပြန်ပါဘူး။ဒါကြောင့် အစိုးရနဲ့ပြည်သူ အပြန်အလှန် ထိန်းကျောင်းနိုင်တဲ့ ဒီမိုကရေစီစနစ်ကို လိုလားကြတာဖြစ်ပါတယ်။စံနှူန်းပြည့်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ အတွက် အစိုးနဲ့လူထုမှာ ဒီမိုကရက်တစ် အမူအကျင့်တွေ စိမ့်ဝင်ပျံ့နှံ့နေဖို့လိုအပ်ပါတယ်။အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းကြတဲ့ အခြေအနေတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ထပ်တူမကျတတ်ပေမဲ့ တူညီတာက တော့ အာဏာဖြေလျော့ပေးသူတွေဟာ အာဏာကိုလုံးဝလက်လွှတ်ပေးလိုက်တာမျိုးမဟုတ်ဘဲ တဆင့်ချင်း ဖြေလျော့သွားတတ်ကြတာဖြစ်ပါတယ်။ဒီလိုဖြစ်ရတာက အာဏာရှိသူတွေဘက်က သူတို့အကျိုးစီးပွါးနဲ့ဘဝကို အာမခံချက်လိုချင်ကြလို့ပါ။လုံးဝဖြေလျော့လိုက်တဲ့အခါ မျိုးမှာ သူတို့အတွက်အာမခံချက် ကင်းမဲ့သွားမှာကို စိုးရိမ်တတ်ကြပါတယ်။နောက်ထပ်ဖြစ်နိုင်တာကတော့ သူတို့ကိုယ်တိုင် ဒီမိုကရက်တစ် အမူအကျင့်တွေနဲ့ အကျွမ်းတဝင်မရှိကြသေးလို့ပါပဲ။ဒီလိုအခြေအနေတွေကြောင် ဒီမိုကရေစီခရီးအစတွေမှာ အရင် အာဏာရှိခဲ့ဖူးသူတွေဟာ အာဏာကို တနည်းမဟုတ် တနည်းနဲ့ ချုပ်ကိုင်ထားတတ်ကြပါတယ်။ဒါပေမဲ့ ၁၀၀ရာခိုင်နှူန်းတော့ မဟုတ်တော့ပါဘူး။ရာခိုင်နှူန်းအများစုသာ ဖြစ်ပါတယ်။ဒါကို ကျွန်တော်တို့က အပြုသဘောတိုးတက်မှူလို့ယူဆပြီး စိတ်ရှည်သည်းခံပေးဖို့လိုအပ်ပါတယ်။အမြော်အမြင်ရှိစွာနဲ့ အာဏာဖြေလျော့ပေးသူတွေရဲ့ စိုးရိမ်စိတ်ကို ကိုင်တွယ်ဖြေရှင်း တတ်ဖို့လိုအပ်ပါတယ်။

ဒီမိုကရေစီပန်းတိုင်ကို ရောက်နိုင်ဖို့ အာဏာဖြေလျော့ပေးသူတွေရဲ့ စိုးရိမ်မှူကိုအာမခံချက်ပေးနိုင်ဖို့လိုသလို တပြိုင်နက် နိုင်ငံရဲ့စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှူကို ဆွဲခေါ်နိုင်မှသာ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စိတ်ချလက်ချ ရောက်ရှိသွားမှာဖြစ်ပါတယ်။ပန်းတိုင်ကို အမြန် ရောက်နိုင်ဖို့အတွက်တော့ အစိုးရနဲ့လူထုရဲ့ နိုင်ငံရေးအသိရေချိန် တနည်းအားဖြင့် ဒီမိုကရက်တစ်အမူအကျင့် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ထွန်းကားနိုင်မှူအပေါ် တည်မှီနေပါတယ်။လက်ရှိမှာ နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုတောင် စိတ်ချလက်ချ မရောက်သေးပါဘူး။ဒါပေမဲ့ ခပ်မြန်မြန်သွားဖို့လည်း မလိုအပ်ပါဘူး။ခပ်မြန်မြန်သွားတဲ့အခါမျိုးမှာ ဟန်ချက်မညီမျှဖြစ်ပေါ်နိုင်ပြီး တိုးတက်မှူတွေအားလုံး ဆုတ်ယုတ်သွားတတ်ပါတယ်။ဒီအချက်ဟာ အထူးသတိပြုမဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အင်စတီကျူးရှင်းတွေအားကောင်းဖို့လိုအပ်ပါတယ်။လောလောဆယ်မှာ ပါတီအင်စတီကျူးရှင်းတွေ အားမကောင်းသေူးးသလို အာဏာဖြေလျော့ပေးသူတွေ ဘက်မှာလည်းဒီမိုကရက်တစ်အမူအကျင့်တွေ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပျံ့နှံ့ခြင်း မရှိသေးပါဘူး။ဒီမိုကရေစီနိုင်ငံအတွက် ရေခံမြေခံကောင်းတွေကို အုတ်မြစ်ချပြီးချိန်မှာ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှူလည်း အားကောင်းနေဖို့လိုအပ်ပါတယ်။ဒါကြောင့် လက်ရှိအကူးအပြောင်းကာလမှာ အဓိကလိုအပ်နေတာက ဒီမိုကရေစီ ရေခံမြေခံကောင်းလာအောင် ဒီမိုကရက်တစ်အမူအကျင့်တွေပျိုးထောင်ပေးဖို့နဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့က အဓိက ဦးစားပေးလုပ်သင့်တဲ့ အရာများဖြစ်နေပါတယ်။ဒီလို လုပ်ဆောင်တဲ့ ကာလမှာ ဒီမိုကရေစီ စံနှူန်းပြည့်တဲ့အခြေအနေကို မျော်မှန်းလို့မရပါဘူး။ အများစုက ခံစားမှူကို ရှေ့တန်းတင် တွေးခေါ်ရတာကို အားသန်ကြပါတယ်။နိုင်ငံရေးအသိရေချိန် နည်းပါးသေးတဲ့ကာလမှာ ခံစားမှူအခြေခံတွေးခေါ်မှူများနဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံအသုံးချတဲ့အခါ မလိုလားအပ်တဲ့ တန်ပြန်လှိုင်းတွေရဲ့ သက်ရောက်မှူကို ခံရနိုင်ပါတယ်။အစိုးရ(ယခင် အာဏာပိုင် အများစုပါဝင်သော)တွေဟာ ဒီမိုကရေစီအပေါ် ယုံကြည်မှုနည်းသွားတတ်ကြပါတယ်။ဒါကြောင့် အကူးအပြောင်းကာလကို သိမ်မွေ့စွာ ကိုင်တွယ်နိုင်ဖို့ အတိုက်အခံနိုင်ငံရေးသမားများရဲ့ အမြော်အမြင်ရှိမှူက အဓိကကျပါတယ်။ဒီအချိန်ဟာ လူထုရဲ့ခံစားမှူတွေကို နိုးဆွပေးရမဲ့အချိန် မဟုတ်ပါဘူး။လူထုမှာ ဒီမိုကရက်တစ်အမူအကျင့်တွေ နက်ရှိုင်းစွာစိမ့်ဝင်နိုင်အောင် ပြုစုပျိုးထောင်ပေးရမဲ့အချိန်တစ်ခုဖြစ်ပါတယ်။လူထုရဲ့ နိုင်ငံရေးယဉ်ကျေးမှူမြင့်မားလာလေလေ အစိုးရတွေလည်း ကောင်းလာလေလေ ဆိုတာကို လေ့လာတွေရှိရပါတယ်။နိုင်ငံရေးအသိရေချိန်မြင့် တဲ့နိုင်ငံတွေမှာ လူထုဟာ အစိုးရကို ကောင်းစွာ ထိန်းကျောင်းနိုင်ကြပါတယ်။ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့အားလုံးဟာ ဒီမိုကရေစီနိုင်ငံကို အမြန်ရောက်ချင်ကြမှာ အသေအချာပါပဲ။ဒါပေမဲ့ နိုင်ငံသားအားလုံးပါဝင် တည်ဆောက်ရတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ ရနိုင်ဖို့အတွက် လိုအပ်နေတာတွေရှိပါသေးတယ်။

နောက်ထပ်အရေးကြီးတာက အစိုးရ ။အတိုက်အခံ ။တိုင်းရင်းသား။တပ် စတဲ့အင်အားစုတွေကြားမှာ ယုံကြည်မှူတည်ဆောက်ရမဲ့အချိန်လည်းဖြစ်ပါတယ်။အင်အားစုတွေကြားမှာ ယုံကြည်မှူအုတ်မြစ် အခိုင်အမာမချနိုင်သေးဘဲ ခိုင်မာတဲ့နိုင်ငံရေးစနစ်တစ်ခုကို ကျွန်တော်တို့မျော်မှန်းလို့မရနိုင်ပါဘူး။

အချို့သောသူတွေက ဒီမိုကရေစီစနစ်အပေါ်နားလည်မှူလွဲမှားနေကြပါတယ်။ဒီမိုကရေစီစနစ်ဟာ နိုင်ငံသားအားလုံး ဝိုင်းဝန်းတည်ဆောက်မှသာ အခိုင်အမာ တည့်တံ့နိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံအတွက် ဆိုရင် တော့ အောက်ဖော်ပြပါ အခြေခံအုတ်မြစ် သုံးခုကို ခိုင်မာသေချာအောင်တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။

၁။အစိုးရနဲ့လူထုမှာ ဒီမိုကရက်တစ်အမူအကျင့်တွေ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပျံ့နှံ့ရန်
၂။တိုင်းပြည်တွင်းရှိအင်အားစုများ (အစိုးရ။အတိုက်အခံ။တိုင်းရင်းသား။တပ်) အတွင်း ယုံကြည်မှူတည်ဆောက်နိုင်ရန်
၃။တိုင်းပြည်ရဲ့စီးပွါးရေး ခိုင်မာဖို့လိုသလို နိုင်ငံသားတွေရဲ့ လူမှူရင်းအမြစ် အားကောင်းရန်
တို့ဖြစ်ပါတယ်။

အဆိုပါ အခြေခံ အုတ်မြစ်တွေ အားမကောင်းသေးဘဲ ဒီမိုကရေစီ မရနိုင်ဘူးဆိုတာကို ရဲရဲကြီးအာမခံ ပြောလိုပါတယ်။အခြေခံအုတ်မြစ်တွေအားကောင်းလာဖို့ အချိန်တစ်ခု လိုအပ်တာလည်း အသေအချာပင် ဖြစ်ပါတယ်။အချိန်ဆွဲဖို့ ပြောခြင်းမဟုတ်ပါဘူး။ဖြည့်ဆည်းဖို့လိုအပ်တာတွေကို အချိန်နဲ့တပြေးညီ ဖြည့်ဆည်းတည်ဆောက်သွားဖို့ လိုအပ်တာကို ပြောလိုခြင်းဖြစ်ပါတယ်။နိုင်ငံသားတိုင်း ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်လာဖို့ နဲ့ ဒီမိုကရေစီယဉ်ကျေးမှူထွန်းကားလာဖို့ကို ဦးစားပေးလုပ်ဆောင်တာဟာ လက်တွေ့ပိုကျပါတယ်။

တိုင်းပြည်အာဏာကို ပြည်သူ့လက်ထဲထည့်နိုင်ဖို့အတွက် အာဏာရပါတီအပါအဝင် အာဏာဖြေလျော့ပေးသူတွေဘက်က တိုင်းပြည်အပေါ်စေတနာမှန်ရပါမယ်။နိုင်ငံကို လွတ်လပ်ပြီးတရားမျှတ တဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ လိုလိုလားလား ဆန္ဒရှိရပါမယ်။ဟန်ပြ ဒီမိုကရေစီမဟုတ်ဘဲ အမှန်တကယ် သက်ဝင်ယုံကြည်ပြီး ဒီမိုကရေစီယဉ်ကျေးမှူကို လက်ခံနိုင်ဖို့ ကြိုးစားကြရပါမယ်။နိမ့်ပါးနေတဲ့နိုင်ငံတစ်ခုကို မြှင့်တင်ဖို့ တိုင်းပြည်အပေါ် ရိုးသားဖို့လိုသလို အတ္တတွေ သိပ်မကြီးဖို့လည်း လိုအပ်ပါတယ်။

အတိုက်အခံဘက်ကလည်း နိုင်ငံမှာ အခြေခံအုတ်မြစ်ကောင်းတွေတည်ဆောက်နိုင်ရေးကို ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။အကူးအပြောင်းကာလမှာဖြစ်ချင်တာတွေကို တွန်းလုပ်ရင် ဖြစ်လာမဲ့ တန်ပြန်သက်ရောက်မှူတွေကို သတိပြုဖို့ လိုအပ်ပါတယ်။နိုင်ငံရေးဟာ တည်ဆောက်ရေးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။အခုချိန်မှာ နိုင်ငံရေးအာဏာ မရခဲ့ပေမဲ့လည်း တိုင်းပြည်အတွက် အခြေခံအုတ်မြစ်ကောင်းတွေကို သာတည်ဆောက်ပေးနိုင်ခဲ့မယ်ဆိုရင် သမိုင်းက မှတ်တမ်းတင်ပေးထားမှာဖြစ်ပါတယ်။

အချုပ်ပြောရမယ်ဆိုရင် လောလောဆယ်မှာ တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းအပေါ်စိတ်ချလက်ချ မရောက်သေးပါဘူး။အာဏာဖြေလျော့ပေးတဲ့ဘက်ကလည်း အချိန်ယူတဲ့ သဘောရှိနေသလို အတိုက်အခံက ခပ်မြန်မြန် မျော်လင့်နေပါတယ်။ဒီကာလမှာ ကျွန်တော်တင်ပြခဲ့တဲ့ အခြေခံအုတ်မြစ် ၃ ခုကို တည်ဆောက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဒီမိုကရေစီ ပန်းတိုင်ကို အမြန်ရောက်ပါလိမ့်မယ်။အချိန်ဆွဲလွန်းတာလည်း တိုင်းပြည်အတွက် မကောင်းသလို အချိန်မြန်မြန် သွားချင်တာလည်း ရလာဒ်မကောင်းနိုင်ပါ။လိုအပ်တဲ့အခြေခံအုတ်မြစ်တွေကို တည်ဆောက်သွားနိုင်တဲ့ တနေ့မှာ ကျွန်တော်တို့ ဒီမိုကရေစီပန်းတိုင်ကို ရောက်ပါလိမ့်မယ်။အဲ့ဒီအခါကျရင် အချိန်ဆွဲချင်သူတွေအတွက်လည်း အခွင့်အရေးဆိုတာမရှိနိုင်တော့ပါဘူး။လိုအပ်နေတာက အခြေခံအုတ်မြစ်တွေကို ဝိုင်းဝန်းတည်ဆော်ကြဖို့သာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်
Nyi Thuta

Sent from my Huawei Mobile

phoetharr88 <phoetharr88@gmail.com> wrote:
 —


ဒုက္ခသည် ဈေးတနေ့

$
0
0

 

(တစ်)
အဖိုးကြီးထထ၊ ဒီနေ့ဈေးနေ့လေ .... ကျမထမင်းချက်ထားလိုက်မယ်။
ကလေးတွေကျောင်းတက်အမှီ စားသွားလို့ရအောင်၊ အမြန်လည်းပြန်ခဲ့အုံးနော်။
ဟုတ်ပ ဒီနေ့သောကြာနေ့ဆိုတော့ဈေးနေ့။ ပြီးခဲ့တဲ့ တင်္နလာနေ့နဲ့ ဗုဒ္ဓဟူးဈေးနေ့တွေမှာ ဈေးမသွားဖြစ်ခဲ့။ ဒါကြောင့် ဒီနေ့တော့ သွားကိုသွားတော့မှ … ပြောမယ့်သာပြောရတာပါ။ တခါတခါ လည်း နှစ်ပတ်သုံးပတ်အထိကို ဈေးမသွားနိုင်တဲ့အခါလည်းရှိပါတယ်။ ရှိတော့ရှိတယ်များတယ် လို့တောင် ပြောရမလိုလို၊ အိမ်ရှေ့မျက်စောင်းထိုးမှာရှိတဲ့ ကုန်စိမ်းဆိုင်လေးက ချဉ်ပေါင်ရွက် ၅ ဘတ် ဖိုးလောက်၊ ကန်စွန်းရွက် ၅ ဘတ်ဖိုးလောက်နဲ့ ပြီးသွားရတဲ့ရက်တွေကလည်း အများကြီး။


အခုဟာကလည်း ငွေယားလေးရှိလာလို့လို့ ပြောရမှာပဲ။ နော်ဝေးကို မကြာခင်ကမှ ထွက်သွားတဲ့ ကိုနွေအောင်က ကလေးတွေကို သင်္ကြန်မှာသုံးနိုင်ဖို့ အတွက်ဆိုပြီး ရင်းနှီးရာ တအိမ် တအိမ်ကို ဘတ် ၅၀၀ စီပို့လိုက်လို့ ကလေးတွေ စကေးထဲက ကပ်သုံးရမှာ ကလေးတွေကတော့ မသိရှာကြပါဘူး။ တယောက်ကို ၂၀ တန်တရွက်စီနဲ့ သင်္ကြန်သေနတ်လေးတွေ ဝယ်ပေးလိုက်လို့ ပျော်နေကြပြီ။ ဒုက္ခသည်စခန်းမှာကလည်း တတိယနိုင်ငံတခုခုကို ထွက်သွားတဲ့ လူတွေပြန်ကြင်နာနိုင်မှ အူစိုကြရတာ။
တချို့ဒုက္ခသည်တွေကတော့ တတိယနိုင်ငံတွေမှာ ဆွေမျိုးအရင်းအချာတွေရှိကြလို့ ငွေကို အလျှံအပယ် သုံးနိုင်ကြတယ်။ ဒုက္ခသည်စခန်းထဲမှာ ငွေထုတ်ပိုက်ပြီး ဝင်လာကြသူတွေနဲ့ နိုင်ငံခြားမှာ ဆွေမျိုးရှိတဲ့လူတွေက အခွင့်ထူးခံလူတန်းစားတစ်ရပ်၊ သူများကောင်းစားတာ မနာလို လို့ ပြောခဲ့တယ် အထင်ရှိခဲ့မယ်ဆိုရင်လည်း လွတ်ခွင့်ဗျာ။ ကျနော်တို့ရောက်စ ၂၀၀၆ ခုနှစ် လောက်ကဆို မီးသွေးတအိတ်မှ ၃၅ ဘတ်ထဲ။ အခုတအိတ် ၆၀ - ၇၀ ဖြစ်သွားပြီ။ အဲဒီ လူတန်းစား တွေလက်ချက်ပေါ့။ အိမ်အရောက်သာလာပို့ပေး ၅၀ ပေးမယ်၊ ၆၀ ပေးမယ်နဲ့ လုပ်ကြရာက ဖြစ်သွားတာ။ ဝက်သားဆိုလည်း အရင်ကတကီလိုမှ ၅၀ ပဲ။ အရိုး၊ အသား၊ အဆီ မျှပြီးပါတယ်။ အခုတော့အသားချည်း သက်သက်ဆို ၁၀၀ ဖြစ်သွားပြီဗျ။ အသားကောင်းကောင်းပဲပေးနော် ဈေးပိုပေးမယ် ဈေးပိုပေးမယ်နဲ့ ဈေးဖျက်လိုက်ကြတာပေါ့။ ခုဆို အရိုးချည်းသက်သက်တောင် တကီလို ၅၀ ဖြစ်ကုန်ပြီလေ။
ဆွေမျိုးမရှိကြပေမယ့် ခင်ရာမင်ရာတွေက လှမ်းပို့ပေးတဲ့လူတွေလည်းရှိကြပါတယ်။ တူရာ တူရာ အစုအဖွဲ့လေးတွေအလိုက်လေ။ ဥပမာ - နိုင်ငံရေးသမားချင်း တူကြတာမျိုးလိုပေါ့။ ဒီလိုမျိုး အစုအဖွဲ့လေးတွေက ကျနော်တို့ နို့ဖိုးစခန်းမှာက အများသား။ အဖွဲ့အစည်းသဘောအရဆိုရင် NLD တို့ ABSDF တို့ နိုင်ငံရေးအကျဉ်းသားသမဂ္ဂတို့ မျိုးချစ်စစ်သည်ဟောင်းအဖွဲ့ တို့လိုမျိုး၊ တိုင်းရင်းသားအရဆိုရင်လည်း ရခိုင်လူမျိုး၊ မွန်လူမျိုး ၊ ချင်းလူမျိုး၊ ကချင်လူမျိုး စသည်ဖြင့် အချင်း ချင်းပြန်ကူညီကြတာလေးတွေက ကြည်နူးစရာပီတိဖြစ်စရာ။ ပုံမှန်တောင်းကြ ပို့ကြတာလေးတွေ ရှိကြသလို အရေးပေါ်အခြေအနေတွေအရ ကလေးမွေးခါနီးလို့ နေမကောင်းလို့ ဘာအခမ်းအနား ညာပွဲတော်ရှိလို့ စသဖြင့်တွေလည်းရှိတတ်ကြသေးတယ်။
ဒီလိုပြန်ပြန်ပြီးကူညီကြတဲ့အထဲမှာ တောင်းစရာကိုမလိုပဲ အလိုက်တသိနဲ့ ပြန်ကူနေတဲ့ ထူးထူးခြားခြားအဖွဲ့တဖွဲ့လည်းရှိလေရဲ့။ ယမကာလုလင်ဆိုတဲ့အဖွဲ့ပေါ့ဗျာ။ သူတို့ အဖွဲ့ကတော့ တကယ့်နယ်ခြားမဲ့ပဲ။ သူတို့မှာဘာတံဆိတ်၊ ဘာအလံမလညှ်း မရှိဘူး။ သောက်ဖူးသူချင်းဆိုရပြီ။ သူတို့နဲ့ ပတ်သတ်ပြီး အိမ်ရှင်မတွေဆီက လျှံထွက်လာတဲ့စကားရှိတယ်လေ။ ဘာတဲ့…
ရှင်တို့ နိုင်ငံရေးသမားတွေထက် အရက်သမားတွေကမှ သယောဇဉ်တို့၊ သစ္စာတို့ ပိုရှိကြ သေးတယ်တဲ့။ လက်တွေ့ပဲ အာနဲ့မဟုတ်ဘူး။ သူတို့အချင်းချင်းက ဖုန်းဆက်စရာတောင်မလိုဘူး။ ဘယ်သူကိုဘယ်လောက်ဆိုတဲ့စာရင်းနဲ့ အိမ်အရောက်စီစဉ်ပြီး ပို့ပေးကြတာ။ ရှင်တို့ ရဲဘော်ရဲဘက် ဆိုသူတွေကတော့ ဖုန်းနံပါတ် လျှို့ဝှက်ထားရတာတို့ ဖုန်းဆက်ရင်မကိုင်ချင်တာတို့ ကလေးတွေကို ကိုင်ခိုင်းပြီး မရှိဘူးလို့ပြောခိုင်းတာတို့နဲ့ ။ ဖုန်းရပြန်တော့လည်း အဆင်ပြေရဲ့လား အဆင်ပြေရဲ့လား မေးမေးနေသေးတယ်။ ဖြစ်မှဖြစ်ရလေတော်။ ဒီဒုက္ခသည်စခန်းမှာ တဝနေပြီးမှ ထွက်သွားကြတဲ့ လူတွေကများ အဆင်ပြေကြရဲ့လားတဲ့ မေးရက်ကြတယ်ရှင်။ ဪ… ဪ… ။ အံ့ပါ့။

(နှစ်)
ဟောဒီမှာ အမဲသားအသားကောင်းကောင်းလေးတွေရမယ်နော်…
အမဲသားဆိုပေမယ့် ဒီက အမဲသားက အတန်းအစားတွေက အများသာ့း့  ။ မိုးခိုသားတို့၊ အသည်းတို့၊ ပေါင်သားတို့၊ ကလီစာတို့ကနေ ခေါင်း၊ အမြီး၊ အရိုးပေါင်းစုံနဲ့ အရိအရွဲအစုံရှိတယ်။ နွားတကောင်လုံးက အမွေးတို့ ချိုတို့နဲ့ ခွာတွေပဲ ဆိုင်ပေါ် တင်ရောင်းတာ မတွေ့ရမှာ။ ဈေးနေ့ ဈေးနေ့ဆို အမဲသားဆိုင်နားမှာ ထိုင်ထိုင်ပြီးတော့လေ ဒုက္ခသည်တွေထဲက ဘယ်သူဘယ်အဆင့် ဆိုတာကို စစ်တမ်းကောက်လို့ ရနိုင်တယ် သိလား။ တချို့ဆို ဆိုင်ရှေ့ရောက်တာနဲ့ မိုးခိုသားအပုံ ကို လက်ညှိုးထိုး၊ ရာတန်နှစ်ရွက်ကိုပစ်ချပေးလိုက်ပြီး လက်လေး ၂ ချောင်းပဲ ထောက်ပြ လိုက်တယ်။ မျက်နှာကလည်းခပ်မော့မော့ ခပ်တင်းတင်းနဲ့ ။ တချို့ကြပြန်တော့လည်း အသားတို့ ကလီစာတို့ ထားတဲ့ဘက်ကိုတောင်မကြည့်နိုင်အား အရိုးတထောင်ထောင်နဲ့ အပုံဘက်က နံရိုးတွေ ကိုကိုင်ကြည့်လိုက်၊ ဒူးဆစ်ရိုးတွေကို ကိုင်ကြည့်လိုက်နဲ့ တော်တော်နဲ့ကို မဝယ်ဖြစ်ဖူး။ တအောင့် လောက်ကြာတော့မှ ဒီအထဲက ၂၀ ဖိုးလောက်ရောင်းပေးပါဆိုတဲ့ ဖျော့တော့တော့ လေသံမျိုး ကိုကြားရလိမ့်မယ်။
ကျနော်က ဈေးတစ်ခါတခါဝယ်ရင် စခန်းအဝင်ဂိတ်နဲ့ UNHCR ရုံးနားအထိ ဈေးအစအဆုံးကို အနည်းဆုံး သုံးလေးခေါက်လောက် လျှောက်ဖြစ်တယ်။ ဒီလိုဈေးဝယ်ရတဲ့အလုပ်က ဒုက္ခသည် စခန်းထဲမှာ နေနေသမျှ ဦးနှောက် အစားရဆုံးအချိန်လို့တောင် ပြောရမယ်ထင်တယ်။ ပါလာတဲ့ ပိုက်ဆံလေးနဲ့ ဟာမိုနီဖြစ်အောင် ဘယ်ဟာကို ဘယ်လောက်ဖိုး ဝယ်ရမယ်ဆိုတာ စဉ်းစားရတာကို က အနုပညာပဲ။
ဦးနှောက်ချည်းပဲလားဆိုတော့ မဟုတ်ရပါဘူးဗျာ။ ခြေထောက်တွေကိုလည်း လိုရင်လို သလောက် အနှေးအမြန်ချိန်ပြီးလျှောက်နေရတယ်။ ဈေးဝယ်ချင်းတိုက်မိမှာ ဈေးသည်နဲ့ တိုက်မိမှာ အပြင် ဈေးကား၊ ဈေးတွန်းလှည်း၊ ဆိုင်ကယ်နဲ့ စက်ဘီးတွေကိုလည်း ရှောင်ရ ဖယ်ပေးရ သေးတယ်။ မျက်လုံးနှစ်လုံးကလည်း ကိုယ်လိုချင်တာလေးတွေ ကျော်မသွားရအောင် မကျန်ခဲ့ ရအောင် လမ်းဘေး ဝဲ၊ ယာ နှစ်ဖက်ကို မပြတ်အာရုံစိုက်ထားရတယ်။ ထူးထူးခြားခြား ဘာလေး တွေများ တွေ့မလဲပေါ့။ ဥပမာ ဈေးပေါပေါနဲ့ များများရမယ့်၊ ကိုက်မယ့်ဟာမျိုး။
တခါတခါ စခန်းနဲ့ အနီးအနားရွာတွေက လာရောင်းကြတဲ့ အသီးအရွက်တွေက လတ်ဆတ် တဲ့အပြင် ဈေးလည်းတော်ကြတယ်။ စားလို့လည်းပိုကောင်းတယ်။ ကြာကြာအထားလည်း ခံတယ်လေ။ မြို့ကနေလာရောင်းတဲ့ အသီးအရွက်တွေက မြေဩဇာတွေ ဆေးတွေသုံးထားတာ များလို့ဖြစ်မယ်။ ကြာကြာအထားမခံဘူး။ ခဏလေးနဲ့ ရိ ပုပ်ပြီး အနံ့ထွက်လာတတ်တယ်။ စားလို့ လည်း သိပ်အရသာမရှိဘူး။
ဈေးဝယ်ရင် နားကိုလည်းအလုပ်ပေးထားရတယ်ဗျ။
ကဲ … ကဲ … ကုန်တော့မယ်နော် … တကီလို တဆယ်ထဲနဲ့ပဲယူသွား ဆိုတဲ့ အသံမျိုးကို လည်း ဂရုစိုက်ရသေးတယ်။ ကုန်ခါနီးပြီဆို ဈေးတော်တတ်တယ်လေ။ ဈေးသည်ရဲ့အသံကိုချည်း မဟုတ်ဘူး။ ဈေးဝယ်အချင်းချင်းရဲ့ အသံတွေကိုလည်း အမှုမဲ့ အမှတ်မဲ့ ထားလို့ မရဘူးနော်။
အမရေ … အောစော်ရုံးရှေ့က ရှမ်းမဆိုင်မှာလေ ခရမ်းချဉ်သီးတွေတန်မှတန် ၃ ကီလိုမှ အစိတ်ထဲရယ်
ဂိတ်ဝနားက ကရင်မကြီးဆီမှာ သံပုရာသီး နှစ်လုံး တဘတ်တဲ့၊ မြန်မြန်သွားဝယ်နော်၊ ဟိုမှာ လုဝယ်နေကြတာ အောင်မလေ့း့  အလကားပေးနေသလိုပဲ…
ဟိုးဈေးကားပေါ်ကဝယ်လာတာတော်ရေ့ … သင်္ဘောသီးမှည့်တွေ၊ ရွှေဖရုံသီးတွေလည်း ပါတယ်။ ဈေးချိုမှချိုပဲ။
ဒီအသံတွေက မင်္ဂလာသံတွေလေ။ ဒီအသံတွေကြောင့် ပေါချောင်ကောင်းနဲ့ ညားတတ်သလို အိမ်ရောက်ရင်လည်း အဝင်လှပြီး နားပူသက်သာတာပေါ့။ မဟုတ်လို့ကတော့ မသက်သာဘူး သာမှတ်။
အ ပါ့တော် သူများတွေဝယ်လာကြတာ တကီလိုမှ ၁၀ ထဲ။
ရှင့်ကျမှ ၁၅ ဘတ် တောင်ပေးရတယ်ဆိုတော့ သေလိုက် …
ဈေးသွားတယ်ဆိုတာ စတိုးဆိုင်မှာ ပစ္စည်းဝယ်သလိုမျိုးမဟုတ်ဘူးရှင့် တဈေးလုံး လျှောက် ကြည့်နိုင်၊ ရှာနိုင်၊ ဈေးဆစ်နိုင်မှတော့။ ရှင့်ပုံစံက ပိုက်ဆံ အထပ်လိုက်ကိုင်ပြီး ဈေးဝယ်နည်းမျိုး ဆိုတော့ …
ပိုက်ဆံရမယ့် အလုပ်တော့ မလုပ်တတ်ဘဲနဲ့ … စသဖြင့် နိဂုံးမချုပ်တတ်တော့ …
ဟုတ်တော့လည်း အဟုတ်သား။ လောလောဆယ် ဒုက္ခသည်စခန်းမှာက ပြည်တွင်းမှာ
၁၄ နှစ် - ၁၅ နှစ် သင်ခဲ့တဲ့ ပညာတွေနဲ့လည်း လုပ်စားလို့ မရ။ နယ်စပ်တကျောမှာ လေ့လာခဲ့ သင်ခဲ့ရတဲ့ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ ဥပဒေစိုးမိုးရေးတို့ဆိုတဲ့ ပညာတွေနဲ့လည်း လုပ်စား လို့က မရ။ ဂွကျပါ့။

(သုံး)
ကျနော်တို့ မိသားစုကလည်းအခက်သား။ တယောက်နဲ့တယောက် အကြိုက်က မတူကြဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ဆိုတာကို မြတ်မြတ်နိုးနိုး ယုံကြည်မိပေမယ့် ခုလို အကြပ် အတည်းကာလမှာတော့ ဝန်ထုတ်ဝန်ပိုး ဖြစ်တာအမှန်၊ ဒီတော့ ဈေးတခါတခါလာရင် ကျနော့်မှာ အနည်းဆုံး သုံးမျိုးလောက် ခွဲစဉ်းစားရတယ်။ ကျနော်ကိုယ်တိုင်လာဝယ်တော့ ကျနော့်အကြိုက် ပထမစဉ်းစားမိတာ သဘာဝကျပါတယ်နော်။ ကျနော်က ထူးထူးခြားခြားလေးတွေ ကြိုက်တတ် တယ်ဗျ။ အသီးအရွက်ဆိုရင် ခွေးအီးသီး ၊ ခွေးအီးညွန့် ၊ ပိန်းနွယ် ၊ ပိန်းပွင့် ၊ ဆိတ်ဖူးမြစ်နဲ့ ဒရင် ကောက်ညွန့်လိုမျိုး သဘာဝတောထွက်အစာတွေကို ပိုကြိုက်တယ်။
ဝက်သားတို့ အမဲသားတို့ ဆိုရင်လည်း ဦးနှောက်တို့ လျှာတို့ ကလီစာတို့ ပဲကြိုက်တယ်။ ငါး ဆိုရင်တော့ ခေါင်းနဲ့ ဝမ်းတွင်းသားပဲ။ ဒါပေမယ့် ကျနော့် အကြိုက်တွေဝယ်သွားရင် အိမ်ကလူတွေ ဘယ်သူမှ မစားကြတော့အခက်သား။ တယောက်တည်းစားရတော့လည်း ပျင်းစရာကြီး ။ ဒါကြောင့် ပဲ ကြိုက်တာလေးတွေ တွေ့ပေမယ့် နောက်ဆုံးဦးစားပေး စာရင်းထဲမှာ ပဲထားပြီး ပိုက်ဆံလေးပိုမှ စဉ်းစားရတယ်။
ဒီတော့ တအိမ်သားလုံးစားလို့ ရမယ့် အကြိုက်တူမယ်ဲ့ဟာကို အရင်အလှည့်ပေးရပြန်ရော။ ဒါတွေကလည်း ပုံမှန်လိုဖြစ်နေတဲ့ ဈေးပေါပေါ၊ များများရနဲ့ ကြာကြာခံတဲ့ အမျိုးအစားတွေပဲလေ။ ခရမ်းသီး ရွှေဖရုံသီး ဘူးသီး အာလူးနဲ့ ငါး ငါးခြောက်တွေပဲ ပေါ့။
ကလေး၂ ယောက်က အထူးဦးစားပေးဆိုတော့ သူတို့ကို ကျော်စဉ်းစားလို့လည်း မရပြန်ဘူး။ သူတို့ ကြိုက်တဲ့ ပုဇွန်လေး ၂ ခစ်လောက်ဖြစ်ဖြစ် ကြက်အသည်းအမြစ်လေး ၂ ခစ်လောက် ဖြစ်ဖြစ်၊ ကြက်ပေါင်လေးတချောင်း နှစ်ချောင်းဖြစ်ဖြစ် ဝယ်ဝယ်ပေးမှ။ ဒါတင်မကဘူးရာသီစာ အသီးအနှံတွေပေါ်လာရင်လည်း ကလေးတွေကစားချင်ကြပြန်ရော။ လိမ္မော်သီးတို့ သရက်သီးတို့ ပြောင်းဖူးတို့ လမ်းမရမ်းသီးတို့ စသဖြင့်ပေါ့ဗျာ ။ မနက်က ဈေးကိုလာခါနီးတောင် သမီးငယ်က နား နားကပ်ပြီး မှာလိုက်သေးတယ်။
အဖေ … နန်းအိစံတို့ စားတဲ့ ကြက်မောက်သီးလိုမျိုး ဝယ်ခဲ့ပေးနော် တဲ့

(လေး)
ကိုကိုကျော်အဂ္ဂရေ၊ အဖေ ကြက်မောက်သီးတွေ ဝယ်လာတယ်
ဝယ်လာတဲ့ ကြက်မောက်သီးကီလိုဝက်ကို တခါတည်း အကုန်ကျွေးလို့မဖြစ်ဘူး။ သူတို့ စားချင်သလောက်သာ အဝကျွေးလို့ကတော့ ဒီမောင်နှမ နှစ်ယောက်ထဲနဲ့ ၃ - ၄ ကီလို လောက် ကုန်မယ်။ တဝက်ကို ခွဲခြန်ထားပြီး ကျန်တာကို ဝေပေးလိုက်တယ်။ ချန်ထားတဲ့ တဝက်ကိုတော့ ကျောင်းသွားမှ ထည့်ပေးလိုက်ရမယ်။ မုန့်ဖိုးထပ်မကုန်တော့ဖူးပေါ့ဗျာ။
ပြီးတာနဲ့ ဟင်းချက်ဖို့ နေရာယူရပြန်ပါလေရော။ ကလေးတွေ အမေက ထမင်းချက်ထား ပြီးပြီမို့ ရုံးမသွားခင်အဝတ်တွေ ကမန်းကတန်း လျှော်နေတယ်။ သူက ARC လို့ ခေါ်တဲ့ ကျန်းမာ ရေးဌာနတခုမှာ ဝန်ထမ်းလုပ်ပြီး တအိမ်လုံးကို ရှာကျွေးနေတာ။ အိမ်ထောင်ဦးစီးဆိုလည်း ဟုတ် ပေါ့။ ကျနော်က မှီခိုအဆင့် ဖြစ်လာပြီးကတည်းက ကြွင်းကျန်အာဏာလို့ ပြောရမယ့် သူမလုပ်တဲ့ တောက်တိုမယ်ရအလုပ် အကုန်လုပ်ရတယ်။ ဒီဖက်နယ်စပ် အမျိုးသမီးအခွင့်အရေးအဖွဲ့တွေ ခေါ်ခေါ်နေတဲ့။ ခေတ်မှီ ယောက်ျား ဆိုတာမျိုးပေါ့ဗျာ။
ဝယ်လာတဲ့ငါးကြင်းကို ချက်လို့ရတဲ့ အနေအထားရောက်အောင် ခုတ်ထွင်ရှင်းလင်းလိုက် တယ်။ ဝယ်လာကတည်းက ဗိုက်ဖောင်းဖောင်းကို ရွေးခဲ့တော့ အထဲမှာ ဥတွေပါတယ်လေ။ ဒါက ကလေးတွေအတွက်။ ကျန်တဲ့အသားတွေကိုကျော်ပြီး နောက်အနပ်တွေအတွက် တခုခုနဲ့ရောချက် ဖို့ ချန်ထားရမယ်။ ဒီမနက်စာကိုတော့ ခေါင်းနဲ့ အမြီးကို ချဉ်ပေါင်ရွက်နဲ့ရောပြီး အချဉ်ရည်ချက် မယ်ဗျ။ အယ် … နောက်ပြီး ဗိုက်ထဲက အူတွေကိုလည့်း ဒုက္ခသည် ငါးပိနဲ့ရောပြီး ငါးချီးခါး ချက်မယ်။ တို့စရာကတော့ ဝယ်လာတဲ့ ခွေးအီးသီး။ ဒီကောင်က အသီးလို့သာပြောတာပါ။ အသီးလိုလို ဥလိုလိုနဲ့ စားလိုက်ရင်လဲ ဓညင်းဝက်စားရသလိုလို။ နာမည်ဆိုးပေမယ့် ခံတွင်းတော့ အတွေ့သား။ မြန်မာပြည်တုန်းက စားဖူးဖို့ နေနေသာသာ ကြားတောင်မကြားဖူးခဲ့ဘူး။ တတိယ နိုင်ငံ ရောက်ရင်လည်း ဒိပြင် အသီးအရွက်တွေတော့ ရှိချင်ရှိမယ်၊ ဒါမျိုးကို စားရတော့မှာ မဟုတ်ဘူး။
ပဲသက်သက်နဲ့ နွှဲခဲ့ရတဲ့ ပြီးခဲ့တဲ့ရက်တွေထက်
ဒီမနက်ထမင်းပွဲကတော့ ခံတွင်းတွေ့ဦးတော့မှာ အသေအချာ … ။

လူဗိုလ်
၁၈. ၇. ၂၀၀၉ .

ဒုက္ခသည်စခန်း အလွမ်းပြေ ပြန်တင်ပါသည်။


လူ့အဖွဲ့အစည်း ၊ စစ်ပွဲ ၊ တွေးတောကြံဆမှု နှင့် စစ်လက်နက်များ

$
0
0
ရှေးခေတ်သုံး ယမ်းထောင်းသေနတ်

လူ့အဖွဲ့အစည်း ၊ စစ်ပွဲ ၊ တွေးတောကြံဆမှု နှင့် စစ်လက်နက်များ
----------------------------------------------------------------

ကျွန်တော်တို့ လူသားတွေ ရဲ့ သန္တာန်မှာ ပျော်ရွှင်လိုစိတ် ၊ အောင်မြင်လိုစိတ် ၊ ရယူလိုစိတ် စတဲ့ လောဘတွေရှိသလို ၊ ထိခိုက်ခံရတဲ့ခါ နာကျင် မှု ၊ ခံပြင်းမှု ၊ အလိုမကျမှု စတဲ့ ဒေါသတွေရှိလည်းရှိကြတယ် ။ လူ့သမိုင်း တိုးတက်လာတာနဲ့ အ မျှ လူသားတွေ ဟာ အုပ်စုတွေ ဖွဲ့ပြီး နေထိုင်ခဲ့ကြတယ် ။ တစ်ဦးချင်း ၊ တစ်ယောက်ချင်း ၊ အုပ်စုချင်း ၊ အဖွဲ့ချင်း ကာယအား ၊ ဥာဏအားတွေ ယှဉ်ပြိုင် ၊ ရင်ဆိုင် ၊ အနိုင်ကျဲ ကြရင်းနဲ့ လူ့သမိုင်းတွေကိုတည်ဆောက်ခဲ့ကြတယ် ။ ဘေးထွက်ဆိုးကျိုး အနေနဲ့ သတ္တဝါတွေထဲမှာ အသိဥာဏ် အမြင့်မားဆုံးအဖြစ် ကြွေးကြော်ခဲ့ကြတဲ့လူသားတွေဟာ မျိုးနွှယ်တူချင်း ပြန်လည်သတ်ဖြတ်မှု တွေ ၊ ရန်ပွဲတွေ ၊ တိုက်ပွဲတွေ ၊ စစ်ပွဲ တွေ ဖြစ်ပေါ် ခဲ့ကြတယ်
။ ပြန်လည်တူးဆွ နိုင်ခဲ့ကြတဲ့ လူအဖွဲ့စည်း တွေ ရဲ့သမိုင်းအရ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော် ကတည်း က လူသားတွေဟာ စစ်တွေတိုက်ခဲ့ကြတဲ့ အထောက်ထားတွေတွေ့ရှိခဲ့ကြတယ်လို့ဆိုတယ် ။ လူသားတို့ သမိုင်း နဲ့ အတူ ၊ တိုးတက်ထွန်းကားလာတဲ့ ယဉ်ကျေးမှုတို့ နှင့် အတူ စစ် ပွဲတွေ ဟာလည်း ရှင်သန်ပေါက်ဖွား လာခဲ့ကြတယ် ။ စစ်သမိုင်းပညာရှင်တွေရဲ့ လေ့လာချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော် ကနေ ယနေ့ချိန်ထိ လူသားတို့ သမိုင်းမှာ ၊ လူမှု ပတ်ဝန်းကျင်မှာ စစ်ပွဲတွေ မရှိပဲ ငြိမ်းချမ်းနေခဲ့ တဲ့ နှစ်အရေအတွက်ဟာ နှစ်ပေါင်း ၂၀၀ ခန့်သာ ရှိသေးတယ်လို့ ဆိုတယ် ။ ပြောင်းလဲ လာတဲ့ ခေတ်စနစ် ၊ အခြေနေတွေ ပေါ် မူတည်ပြီး လူသားတို့ ဟာ လက်နက်အမျိုးမျိုးကို စွဲကိုင်ပြီး စစ်တိုက်ခဲ့ကြတယ် ။

 ကျည်ခွံ ၊ ယမ်း နှင့် ကျည်ဖူး
ယမ်းကိုတွေ့ရှိခြင်း
အေဒီ ၉ ရာစု နှစ်မှာ တရုတ်နိုင်ငံက လောင်ကျွမ်းပေါက်ကွဲစေတတ်တဲ့ ယမ်းတွေကို စတင်တွေ့ရှိခဲ့တယ်။ မီးရှို့ လိုက်တဲ့ခါ လောင်ကျွမ်းအားကောင်းကောင်း နဲ့ တွန်းကန်တတ်တဲ့ ယမ်းကိုအသုံးပြုပြီး ပျော်ပွဲ ၊ ရွှင်ပွဲတွေ မှာ ပစ်လွှတ်တဲ့ မီးပန်းတွေကို တီထွင်ခဲ့ကြတယ် ။ မီးပန်းရဲ့ အောက်ခြေပြောင်းဝမှာ ယမ်းတွေ ကို သိပ် ထည့်ပြီး မီးရှို့ လိုက်တဲ့ခါ အပေါ် ကို တွန်းကန်တက်သွားတဲ့ မီးပန်းတွေ ကို လူသားတွေ နှစ်သက်သဘောကျခဲ့ကြတယ် ။ အဲဒီနှစ်သက်သဘောကျမှု ကနေတဆင့် ဆင့်ကဲ လေ့လာသုံးသပ်မှုတွေ ပေါင်းစပ်ပြီး တခြားနေရာတွေမှာပါ အသုံးချနိုင်လာခဲ့ကြတယ် ။
၁၂ ရာစုအတွင်း တရုတ်နိုင်ငံတွင်အသုံးပြုခဲ့သော သေနတ်
ပြောင်းချော သေနတ်များ

တရုတ်နိုင်ငံ မှ တွေ့ ရှိခဲ့ တဲ့ ယမ်းဟာ အရှေ့အာရှ ၊ အာရှအလယ်ပိုင်း ၊ ဥရောပ ဒေသတွေဆီကို တဆင့်ပြီးတဆင့် ပျံ့နှံ့သွားခဲ့ကြတယ် ။ ၁၂ ရာစုမှာတော့ ပထမဆုံး ပြောင်းထဲ ကိုယမ်းထောင်းထည့်ပြီး ပစ်ခတ်ရတဲ့ သေနတ်တွေကိုလူသားတွေ တီထွင်အသုံးပြုခဲ့ကြတယ် ။ အဲဒီနောက်တော့ ပြောင်းထဲကို သံလုံးထည့်ပြီး ယမ်းရဲ့ တွန်းကန်အားနဲ့ ပစ်ခတ်ခဲ့ကြတဲ့ အမြောက် တွေ ၊ စိန်ပြောင်းတွေ တီထွင်ခဲ့ကြတယ် ။ ပေါက်ကွဲ အား ၊ တွန်းကန်အား ရှိတဲ့ ယမ်းရဲ့ သိမ်မွေ့ မှုကို လူတွေ သတိထားမိလာတယ် ။ စူးစမ်းလေ့လာ မှု က နေတဆင့် ပမဏနည်းနည်း ၊ ကျစ်ကျစ်လစ်လစ် နဲ့ ပေါက်ကွဲအားကြီးမားအောင် တီထွင် ကြံဆခဲ့ကြတယ် ။ မီးခိုးအထွက်နည်းအောင် ၊ ယမ်းအမှုန့် အဖြစ်သာမဟာ ဂျယ်လီပုံသဏ္ဍန်တွေဖြစ်အောင် တီထွင်ခဲ့ကြတယ် ။
 Rifle (ရိုင်ဖယ်သေနတ်)
ပြောင်းရစ်သေနတ်များ

ယမ်းဘီလူးတွေ တီထွင်ပြီးတဲ့ နောက်မှာတော့ ပင်မ သေနတ်ထဲကို ယမ်းထည့်ပြီး ပစ်ခတ်ခြင်းထက် ပိုမိုကောင်းမွန်တဲ့ ကျည်ဆံ တွေမှာ ယမ်းဘီလူးတွေထည့် ၊ ကျည်ရိုက်ခွက်တွေ ထည့် ၊ ကျည်ဖူးတွေထည့် မူလသေနတ်မှာတော့ မောင်းခလုတ်တွေ ၊ကျည်ရိုက်တံ တွေ ပြုလုပ်ပြီး ပစ်ခတ်နိုင်တဲ့ အဆင့်ကိုရောက်လာတယ် ။ ပြောင်းအချော တိုင်း ပြောင်းနံရံကို တိုးထွက် တဲ့ ကျည်ဆံ ထက် ၊ ပြောင်းအရစ် အလိုက် တွန်းလှည့်ပြီး ထွက်သွားတဲ့ကျည်ဆံ ဟာ ဖောက်ထွင်း အားပိုကောင်းတာ ၊ ပစ်မှတ်ကို ထိမှန်မှု ပိုမိုတိကျ တာ ကိုတွေ့ရှိပြီးတဲ့ နောက်မှာတော့ သေနတ် တွေကို ပြောင်းရစ် တွေ ပါတဲ့ Rifle (ရိုင်ဖယ်သေနတ်)တွေကို တီထွင်ထုတ်လုပ်ခဲ့ကြတယ် ။ ယင်းနောက်မှာတော့ ယမ်းပေါက်ကွဲတဲ့ခါ နောက်ကို ပြန်ကန်တဲ့ တွန်ကန်အားနည်းအောင်တီထွင် ထုတ်လုပ်ထားတဲ့ လက်ကိုင်ပစ်သေနတ်တွေ ၊ အဲဒီ ပြန်ကန်အားကို pressure အဖြစ် ပြန်လည်အသုံးပြုပြီး ကျည်ပြန်ထိုးစေတဲ့ မောင်းပြန် စနစ်တွေ ။ အတွဲလိုက်ပစ်ခတ်လို့ရတဲ့ Machine Gun တွေ ပေါ်ပေါက်လာခဲ့ တယ် ။ အသုံးပြု မဲ့ ရည်ရွယ်ချက် ပေါ် မူတည်ပြီး ထိရောက်မှု အကွာဝေး သိပ် မရောက်ပေမဲ့ တစ်မိနစ်အတွင်းမှာ ကျည်ဆံပေါင်း ရာချီပစ်ခတ်နိုင်တဲ့ ချေမှုန်းရေး ရိုင်ဖယ်တွေ ၊ submachine gun တွေ ၊ လေယာဉ်ပစ် စက်သေနတ်တွေ တီထွင်ထုတ်လုပ်ခဲ့ကြတယ် ။ ကိုယ်ထည်ကြီးမားတဲ့ လက်နက်ကြီး တွေ ဖက်မှာလည်း အမြောက်တွေ ၊ အော်တိုမက်တစ် ကျည်သွင်းကျည်ထိုး လုပ်နိုင်တဲ့ စက်အမြောက်တွေ တီထွင်လာခဲ့ကြတယ် ။
 ကျည်တစ်တောင့် ဖွဲ့စည်းပုံ

SPG (Self-Propelled Gun) တွန်းကန်ရွေ့လျားနိုင်သောလက်နက်များ

အပေါ်မှာ ပြောခဲ့ တဲ့ လက်နက်တွေ ထိဟာ ကျည်ဖူးထဲမှာ ပေါက်ကွဲစေတတ်တဲ့ယမ်းတွေထည့်တယ် ။ ယမ်းရဲ့ပေါက်ကွဲအား နဲ့ တွန်းကန်ပြီး ပြောင်းကနေ ထွက်တယ် ။ ပြောင်းရစ် တွေ လိုက် လည်ပြီးထွက်သွားတဲ့ ကျည်ဖူးတွေ ဟာ အရှိန်နဲ့ပိုမိုအားကောင်းပြီး ပစ်မှတ်ဆီကိုထိမှန်တယ် ။ သို့တည်းမဟုတ် သူ့ရဲ့မူလတွန်းကန်အား ကုန်သွားတဲ့ခါ အရှိန်လျော့ပြီး မြေဆွဲအားကြောင့် မြေကြီးပေါ် ကို ကျသွားတယ် ။ ဒီနည်းစနစ်ကိုသုံးပြီးတော့ တိုက်ရိုက်ပစ်လက်နက်တွေ ၊ သွယ်ဝိုက်ပစ်လက်နက်တွေ ၊ ပခုံးထမ်းတွေ ၊ အမြောက်တွေ ၊ အလွယ်တကူရွေ့ပြောင်းနိုင်တဲ့ ယာဉ်တွေနဲ့ ပေါင်းစပ်ပြီး တင့်တွေ ၊ သံချပ်ကာတွေ အဖြစ်တီထွင်ခဲ့ကြတယ် ။ ဒီစနစ်တွေမှာ လူက ကိုယ်တိုင် ကျည်ထိုးပေးရတာ ဖြစ်ပါတယ် ။ SPG လို့ ခေါ်တဲ့ လက်နက်တွေမှာ တော့ လူ က Control စနစ်တွေထိန်းချုပ်ထားပြီး လက်နက်ကိုယ်တိုင်ကျည်ထိုးနိုင်တဲ့ စနစ်တွေ ၊ ကျည်ပျံသန်းချိန် ပိုမိုကြာမြင့် လာပြီး ထိရောက်နိုင်တဲ့ အကွာအဝေး ဟာလည်း ပို လာတယ် ။ ဟောဝဇ်ဇာ အမြောက် တွေဟာ SPG အမျိုးစားလက်နက်ဖြစ်ပြီး မိုင်ပေါင်း ၂၀ ခန့် အကွာဝေးထိ ပစ်ခတ်နိုင်ပါတယ် ။ SPG တွေကို အလျင်အမြန်ရွေ့လျားနိုင်တဲ့ Mobile စနစ်တွေနဲ့ ပေါင်းစပ်ပြီး armoured fighting vehicle (AFV) တွေ အနေနဲ့လည်း အသုံးချကြပါတယ် ။

Rocket (ရော့ကတ်များ)

ရော့ကတ်တွေရဲ့ မူလ concept ကိုတော့ တရုတ်အလယ်ခတ်မှာအသုံးပြု ခဲ့တဲ့ မီးမြှား တွေ ကနေယူခဲ့တယ် ။ မီးမြှား တွေ ကို အေဒီ ၉၀၄ မှာ စတင် တီထွင်ခဲ့ ပြီးတော့ ၁၁၂၆ ခု နှစ်မှာ Jin နိုင်ငံ နဲ့ Song နိုင်ငံတို့ အကြားဖြစ်ပွားခဲ့ တဲ့ Jin-Song wars စစ်ပွဲမှာ စတင်အသုံးပြုခဲ့ကြတယ်လို့ဆိုတယ် ။ ၄င်းနောက်မှာတော့ ဂျင်ဂျစ်ခန် ရဲ့ မွန်ဂို အင်ပါယာ တွေ ကနေတဆင့် အာရှအလယ်ပိုင်း နဲ့ အရှေ့ဥရောပ နိုင်ငံတွေ မှာ Rocket အသုံးပြု မှု တွေ ရောက်ရှိသွားခဲ့တယ် ။ ပထမဆုံး သံ/သတ္ထု နဲ့ ပြုလုပ်ထားတဲ့ Rocket ကိုတော့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ နဲ့ အိန္ဒိယတိုက်တောင်ပိုင်း Mysore ဘုရင့်နိုင်ငံတို့ကြားဖြစ်ပွားခဲ့တဲ့ Second Anglo-Mysore War မှာ Mysore သားတို့က အသုံးပြုခဲ့ကြတယ် ။ အဲဒီ Rocket ကိုတော့ Mysorean Rocket လို့ခေါ်ဝေါ်ခဲ့ကြတယ် ။ ၂၀ ရာစုအစပိုင်း ကာလမှာတော့ ရုရှား ရုရှားသိပ္ပံပညာရှင် ဆိုက်ကော့စကီး ရဲ့ အာကာသသီအိုရီတွေ နဲ့ အတူ ကမ္ဘာ့အပြင်ဘက် ထွက်နိုင်ဖို့ စိတ်ကူးခြေလှမ်းဖြစ်တဲ့ Rocket Equation တွေ ထွက်ပေါ် လာခဲ့တယ် ။ အဲဒီသီအိုရီတွေကို apply လုပ်ပေးနိုင်မဲ့သူ ကတော့ ပြင်သစ် အာကာသနဲ့ ရော့ကတ်အင်ဂျင်နီယာ Robert Esnault-Pelteri ပဲဖြစ်ပါတယ် ။ ယနေ့ ခတ် စစ်ဘက်သုံး Rocket ကိုတော့ ဂျာမဏီ နိုင်ငံက ၁၉၄၃ ခုနှစ်မှာ တီထွင်ထုတ်လုပ်ခဲ့ပါတယ် ။ V-2 Rocket လို့ ခေါ်ပြီးတော့ မိုင် ပေါင်း ၁၉၀ အကွာဝေးထိ ပစ်ခတ် နိုင်ပါတယ် ။
SPG လက်နစ်ဖြစ်တဲ့ Rocket တွေဟာ ကိုယ်တိုင် Lounch လုပ်နိုင်သလို ၊ Mobline စနစ်တွေနဲ့ အလွယ်တကူသယ်ယူရွှေ့ပြောင်းနိုင်ပါတယ် ။ ပေါက်ကွဲအားပိုမိုးပြင်းထန်သလို ၊ ထိရောက်မှု အကွာဝေးတွေကလည်း ပိုမိုများပြားလာခဲ့ တယ် ။ short range , long range စသဖြင့် အကွာအဝေးလိုက် မိုင်ပေါင်း ဆယ် ကျော်ကနေ မိုင်းပေါင်းရာချီ ထိ ပစ်ခတ်နိုင်တယ် ။ စက္ကန့် ၃၀ တွင်း မှာ အရေတွက် ဆယ်ဂဏန်းထိ ပစ်ခတ်နိုင်ကြတယ် ။

Missile (မဇ်ဇိုင်းများ)

မဇ်ဇိုင်းနဲ့ ရော့ကတ် ဟာ ထိရောက်မှု အကွာအဝေး ၊ တည်ဆောက်ပုံ စသဖြင့် တူညီ ကြပါတယ် ။ သို့သော် ကွဲပြားခြား နားတဲ့ အချက်ကတော့ မဇ်ဇိုင်း ဟာ Guided လုပ်ပေး နိုင်တာပါပဲ ။ နည်းပညာတွေ အဆင့် မြင့်လာတဲ့ နောက်မှာတော့ ပြောင်းဝ ကနေ ပစ်လွှတ်လိုက်တဲ့ ကျည်ဆံ ဆိုတဲ့ အမြင်ကနေ စမှတ်ကနေ ထွက်ခွါသွားတဲ့ object အဖြစ် အယူအဆတွေပြောင်းလဲ လာတယ် ။ အဲဒီနောက်မှာတော့ ထိရောက်ပေါက် ကွဲ စေနိုင်တဲ့ သာမာန် ကျည်ဖူး အဆင့် ကနေ လားရာလမ်းကြောင်းတွေကို လိုသလိုထိန်းချုပ်ပေးနိုင်တဲ့ targeting တွေပါလာခြင်းပါပဲ ။ မဇ်ဇိုင်းတစ်ခုမှာဆိုရင် Targeting (ဝါ) guidance လို့ခေါ်တဲ့ လိုရာနေရာကို ကျရောက်ပေါကွဲစေနိုင်တဲ့ စနစ် ၊ Flight System ဆိုတဲ့ ပျံသန်းမှု စနစ် ၊ Engine ဆိုတဲ့ မောင်းနှင်မှု စနစ်နဲ့ warhead လို့ခေါ်တဲ့ ထိမှန်ပေါက်ကွဲ မဲ့ ကျည်ဖူးတို့ ပါဝင်ပါတယ် ။
မဇ်ဇိုင်းများ မှာမှ အသုံးပြုမဲ့ရည်ရွယ်ချက်ပေါ် မူတည်ပြီး အမျိုးစားတွေလည်းကွဲပြားပါသေးတယ် ။ သဘောင်္တွေ ၊ sea-based target တွေကို ပစ်ခတ်ဖို့အတွက် Cruise Missile တွေ ၊ Anti Ship Missile တွေ ဆိုပြီးရှိသလို ၊ တင့်ကားတွေ ၊ သံချပ်ကားတွေကို ပစ်ခတ်ဖျက်ဆီးဖို့အတွက်ထုတ်လုပ်ထားတဲ့ Anti-Tank Missile တွေ ၊ တိုက်လေယာဉ်တွေကို ပစ်ချ နိုင်မဲ့ Aircraft Missile တွေ ၊ နြူကလီးယား ထိပ်ဖူးတပ် ထားတဲ့ ballistic missile တွေ ၊ ဂြိုလ်တုတွေကို ပစ်ချနိုင်မဲ့ Anti-satellite missile တွေ ဆိုပြီး အမျိုးမျိုးရှိပါတယ် ။ နြူ ကလီးယား ထိပ်ဖူးတပ် intercontinental ballistic missile (ICBM) များကတော့ နောက်ဆုံး ပေါ် လက်နက်များဖြစ်ပါတယ် ။ ကမ္ဘာမှာ ပိုင်ဆိုင်တဲ့ နိုင်ငံ အနည်းငယ်သာရှိပါသေးတယ် ။ အကွာဝေး မိုင်ပေါင်း ၃၅၀၀ လောက်ထိ ရောက်ရှိနိုင်ပြီးတော့ မဇ်ဇိုင်းတစ်လုံးတည်းနဲ့ နြူကလီးယားထိပ်ဖူးတွေ အများကြီးတပ်ထားပြီး မတူညီတဲ့ နေရာတွေကိုကျရောက်ပေါက်ကွဲ စေနိုင်ပါတယ် ။

အခု ပြောတဲ့ အကြောင်းရာတွေဟာ လူသားတွေရဲ့အသိဥာဏ် ၊ နည်းပညာ ဖွံ့ဖြိုးလာမှုနဲ့အတူ တိုးတက်ပြောင်းလဲ့ခဲ့ တဲ့ ကျည်ဆံတွေရဲ့ development ဖြစ်စဉ်တွေပဲရှိပါသေးတယ် (ကြားထဲမှာကျန်နေခဲ့တာတွေလည်းအများကြီးရှိပါသေးတယ် ) ။ နောက်ပြီးတော့ ဒီ ကျည်ဖူးတွေ ၊ ရော့ကတ်တွေ ၊ မဇ်ဇိုင်းတွေကို counter ပြန်ပစ်ခတ်နိုင်စွမ်းရှိတဲ့ anti-rocket ၊ anti-missile တွေ ။ အာရုံခံ ရေဒါတွေ ၊ missile defence system တွေ ၊ dome လို့ခေါ်တဲ့ သံကွန်ချာစနစ်တွေ ၊ emp လို့ခေါ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းလက်နက်တွေ ၊ လေဆာရောင်ခြည် လက်နက်တွေ စသဖြင့် အများကြီးရှိနေပါသေးတယ် ။



(ရုပ်ဆိုး)






ရေပြာကမ်းမှ လွမ်းတက္ကသီလာ

$
0
0
Kyine Lian's photo.

ဆိပ်ကြီးဆိုသည်နှင့်အချို့ ကဆိပ်ကြီးခနောင်တိုနှင့်မှားတတ်ကြသည်။ကရင်ပြည်နယ်အတွင်း မှ
ကြာအင်းဆိပ်ကြီးလည်းမဟုတ်ပါ။ ကြာအင်းဆိပ်ကြီးကိုလည်းဒေသခံများကအတိုကောက်
ကြာအင်းဟု၎င်း ဆိပ်ကြီးဟု၎င်းသုံးနှုန်းတတ်ကြသည်။ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း
ကသံလွင်၊ ဂျိုင်းနှင့်အတ္ထရံမြစ်တွေနှင့်ကျွန်တော် ကာလအတန်ကြာ လက်ပွန်းတတီးနေခဲ့ရဘူး
သည်။ ထိုသို့နေရဖို့မြစ်ဖျားခံရာဒေသကတော့ သံလျင်မြို့နယ်အတွင်းကသီလ၀ါ၊ဗိုလ်ချုပ်ရွာတို့နှင့်
မလှမ်းမကမ်း၌ ရှိသည့်ဆိပ်ကြီးပင်ဖြစ်ပါ၏။ဆိပ်ကြီး၌ရေတပ်လေ့ကျင့်ရေးဌာနချုပ်(ယခု၊ရေ
တပ်လေ့ကျင့်ရေးကျောင်း)တည်ရှိသည်။ ကျွန်တော်တို့တွေပြင်ဦးလွင် ကကျောင်းဆင်းလာ
ကြပြီး ဆိပ်ကြီးရှိရေတပ်လေ့ကျင့်ရေးဌာနချုပ် မှာစီမံခန့်ခွဲရေး အရာရှိငယ်သင်တန်း Junior
Executive Officer Course ကိုတက်ကြရ၏။

သင်တန်းမစမီရေတပ်နှင့်ပတ်သက်သည့်တပ်၊စခန်း၊ရေယာဉ်များအကြောင်းအကြမ်းဖျင်းသိရှိနိုင်စေရန်ဧရာဝတီရေတပ်စခန်းဌာနချုပ်လက်အောက်ခံတပ်၊ စခန်း၊ရေယာဉ်များနှင့် ဗျူဟာရေယာဉ်စုတို့မှ စစ်ရေယာဉ်ကြီးများကိုသွား
ရောက်လေ့လာကြရသည်။ ဆိပ်ကြီးမှာသင်တန်းစသည်နှင့် ရေကြောင်းဆိုင်ရာ ဘာသာရပ်များ
ဖြစ်သည့် ရေကြောင်းလမ်းညွှန်၊မိုးလေ၀သဘာသာ၊ရေတပ်သားဘာသာ၊လက်နက်နှင့်
ဆက်သွယ်ရေး၊အုပ်ချုပ်မှုစသည်တို့ကိုသင်ကြားကြရ၏။

ကျွန်တော်တို့ တက်ရသည့် ရေကြောင်းနှင့် အုပ်ချုပ်မှုအတတ်သင်ကျောင်းအုပ် မှာဗိုလ်မှူး
လောစောကြိုင်၊ဒုကျောင်းအုပ် ဗိုလ်မှူးကျော်မြင့်နှင့် သင်တန်းတာဝန်ခံအရာရှိက ဗိုလ်မှူးစိုးသိန်း (ယခုနိုင်ငံတော်သမ္မတရုံးဝန်ကြီး)ဖြစ်ပြီး တပ်ဖွဲ့တာဝန်ခံအရာရှိ Divisional Officer မှာ ဗိုလ်ကြီးစိုးမြိုင်ဖြစ်ပါသည်။ဗိုလ်ကြီးကကျွန်တော်တို့တွေနံနက်စောစောပီတီ ပြေးတိုင်း
လူစစ်ရန်လာလေ့ရှိ၏။ဗိုလ်ကြီးလူစစ်ချိန်တွင်တီရှပ်ဖြူ၊ဘောင်းဘီတိုဖြူနှင့်ကင်းဘတ် အဖြူကိုစီးကာကမ္ဘာကျော် အိန္ဒိယဂေါက်သီးသမားဗီဂျေဆင်းစတိုင်ဖြင့် သံဂေါက်သီးရိုက်
တုတ်တချောင်း ကို ကိုင်ပြီးလာလေ့ရှိသည်။ကောလိပ်ဂျင်နေ၀င်းတတ်လေ့ရှိသည့်ထူထူထဲ
ထဲကော်ကိုင်းမျက်မှန်ကြီးမျိုးတတ်ထား၏။ကျွန်တော်တို့ကိုစစ်ဆေး၍ကျေနပ်သွားပြီဆိုလျင်
ချက်ချင်းမပြန်သေးဘဲ မေယုသင်္ဘောကြီးနံဘေးက မြက်ရိုင်းပင်များကို တချောင်းတည်း
သောသံဂေါက်တုတ်ဖြင့်ခုတ်ဖြတ်ယင်းကျွန်တော်တို့တွေသတ်မှတ်ထားသည့်နေရာထိရောက်အောင်ပြေးမပြေးအကဲခတ်နေလေ့ရှိပါသည်။ ဗိုလ်ကြီးသည် ထိုစဉ်က အမေရိကန်နိုင်ငံဆန်ဒီရေးဂိုး
ရေတပ် တက္ကသိုလ်တွင် သင်တန်းတက်ရောက်ပြီး ပြန်လာကာစဖြစ်၍ ကျွန်တော်တို့က
စာမေးသည့် အခါဖြစ်စေ၊သင်တန်းကိစ္စတင်ပြသည့်အခါဖြစ်စေသူသဘောကျလျင် “အိုကေ၊
အိုကေ၊ယူ ရိုက်” ဟုပြန်ပြောပြီး သူသဘော မတူသည့် ကိစ္စဆိုလျင်“ နိုး နိုး၊နိုးဝေး၊ကိုယ့်ညီတို့၊
ယူနိုးဂွတ်၊နိုးဝေး” ဟု ပြန်ပြောလေ့ရှိ၏။ ကျွန်တော်တို့ သင်တန်းသားများကလည်း ဆရာ့ကို
တညီတညွတ်တည်း အိုကေအက်စ်အမ် လို့နာမည်ပေးလိုက်ကြပါသည်။ အက်စ်အမ်မှာ ဆရာ့နာမည် အတိုကောက်ပင်ဖြစ်ပါ၏။

ဆရာသည်ကျွန်တော်တို့သင်တန်း၏တပ်ဖွဲ့တာဝန်ခံဖြစ်၍ ကျွန်တော်တို့ သင်တန်း၏ ရိပ်သာမှာနေရေးထိုင်ရေးနှင့်စားသောက်မှုကိစ္စများ အစစ အဆင်ပြေအောင်စီစဉ်ပေးရုံမက ရေကြောင်းသင်တန်းဌာနဆရာတဦး အနေဖြင့်စာလည်းသင်ပေးပါ၏။ ကျွန်တော်တို့ သင်တန်း
သားအရာရှိများ ပုဏ္ဏမီနှစ်ထပ်အရာရှိဆောင်မှာနေကြရပါသည်။ ဆရာကကျွန်တော်တို့
ကိုရေတပ်သား ဘာသာသင်ကြားပေးပြီးနေ့စဉ်ရေကြောင်းဆိုင်ရာဝေါဟာရ Nautical terms အ
လုံးနှစ်ဆယ်ကျက်မှတ်ခိုင်းကာတပတ်တကြိမ် စာမေးပွဲစစ်သည်။ စာလုံး
ရေဆယ်လုံးနှင့် အထက်မှားပါက စနေ၊ တနင်္ဂနွေပြင်ပထွက်လည်ခွင့် ပိတ်(Liberty stop)သည်။
ဆရာက ကျွန်တော်တို့ကို အသက်ကယ်လှေ ဘာသာသင်ပေးပြီး ပြင်ပထွက်ခွင့် ပိတ်သည့်ရက် တရက်တွင်ပုဏ္ဏမီ ရိပ်သာဘေးကရေကန်ကြီးထဲမှာဒင်ဂီ Dinghy လှေချပြီး ကျွန်တော်တို့
အားလေ့ကျင့်လှော်ခတ်ခိုင်းပါသည်။ လှေလှော်နေစဉ် မိုးရွာလာသဖြင့် ရေကန်ကြီးထဲရှိ
ငါးကြင်းကြီးများ ပျော်ရွှင်မြူးထူးပြီးရေပြင်ပေါ်ထိတက်၍ ကခုန်နေကြပါသည်။ နေ့လည်ပိုင်းတွင် ဆရာကရုံးမှာအစည်းအဝေးရှိသေးသဖြင့်ကျွန်တော်တို့ကိုနားခိုင်းပါသည်။ ကျွန်တော်တို့က ပိုမိုကျွမ်းကျင်အောင်ဆက်လက်လှော်ချင်သေးသည့်အကြောင်းတင်ပြရာဆရာက “အိုကေ၊အိုကေ၊
ယူထရိုင်းဟတ်၊ဗဲရီးဂွတ်” ဟုဆိုကာသူ၏ တချောင်းတည်းသောသံဂေါတ်တုတ်ကိုထမ်း
လျက်ပြန်သွားပါ၏။ အကြံသမားကျွန်တော်တို့လည်း ချက်ချင်းလှေလှော်သည့်လုပ်ငန်းစ
ကြပါသည်။ဒင်ဂီလှေကိုလှော်သည့်အဖွဲ့ကလှော်ကြသည်။မင်းဇော်၊ဘရွှေနှင့်ကျော်
ထွန်းတို့က ရေပြင်ကိုလှော်တက်များ နှင့်တဗြန်းဗြန်းရိုက်ကြ၏။ ဇော်မင်းဦး၊ သန်းနိုင်မြင့်နှင့် ကံလှတို့ကအင်းလေးမှာရွာတဲ့မိုး နှင့် လှေကလေးကိုလှော်မည်သီချင်းများကို အသံဗြဲကြီးနှင့်
သီဆိုကြသည်။ 

လှေလှော်နေစဉ် သန်းနိုင်မြင့် တယောက် ရုတ်တရက် ရေထဲချော်ကျသွားပြီးသူ့ထံမှ“ အမလေး၊
ကယ်ကြပါအုံး”ဟူသောကြောက်မက်ဖွယ်အော်သံကြီးထွက်ပေါ်လာ၏။ရေမကူးတတ်သည့် သန်းနိုင်မြင့်တယောက်ကန်ထဲ၌၀ရုန်းသုန်းကားဖြစ်နေစဉ်မျောက်ကြီးနိုင်ဝင်းကရေထဲခုန်ချပြီးဆင်းဆယ်၏။သန်းနိုင်မြင့် ခမျာရေအနက်ကြီးထင်ပြီးကြိုးစားပမ်းစားအသက်လုကူးခတ်နေစဉ် မျောက်ကြီးကကြမ်းပြင်မှာမတ်တပ်ရပ်လျက် သန်းနိုင်မြင့်အား ချိုင်းကြားမှမြှောက်ကိုင်ထားပေး၏။ကြောက်လန့်တကြားအော်နေသည့်သန်းနိုင်မြင့်အား နိုင်ဝင်းက“ဟေ့ကောင်၊အောက်ကို
လည်းထောက်ကြည့်အုံး” ဆိုမှသူ့ခမျာ ကြမ်းပြင်ကိုခြေထောက်မိပြီးရှက်ရယ်ရယ်နေတော့၏။
ဆရာ့အိမ်မှာကျွန်တော်တို့နှင့် အတော်လှမ်းသည့်ပြင်မိုးသည်းထန်နေသဖြင့်ကျွန်တော်တို့ဆူ
ညံသံကိုကြားရမည်မထင်။ကန်ထဲမှငါးကြီးတွေကလည်းသူတို့ကဖို့ဆိုင်းတီးပေးနေသည်
ထင်ရော့သလားမသိ။ပို၍မြူးတူးကာရေပေါ် ၌ဂျွမ်းပစ်၍ ကခုန်နေကြတော့သည်။
နိုင်နိုင်၊မြ၀င်းနှင့်သူရနိုင်တို့က ဒင်ဂီလှေကိုတဖက်ခြမ်းမှတက်ထိုင် ပြီးစောင်း ထားပေးသည်။ စိုး
လှိုင်၊ဌေးနိုင်နှင့်ကိုသန်းတို့ကငါးတွေပိုပျော်အောင်ဟုဆိုကာရေထဲခုန်ချပြီးခြောက်ကူးကူးကြသည်။ ရေပြင်ပေါ်ခုန်တက်လာသည့်ငါးကြင်းကြီးတွေပြန်အကျမှာ တဖက်စောင်းထားသည့် ဒင်ဂီလှေဝမ်းထဲကိုတဘုံးဘုံးနှင့်ပြုတ်ကျတော့သည်။ ကျော်နိုင်ဦးနှင့် သန်းကျော်စိုးတို့အဖွဲ့က ငါးတွေရေ ထဲပြန်မဆင်းအောင်ဖမ်းကြသည်။ငါးတွေမှာ ဘယ်တုန်းကတည်းက ထည့်ထားပြီး ကြီးထွားနေကြသည်မသိ။တကောင်လျင်တပိဿာမကရှိမည်။ကျွန်တော်တို့အဖွဲ့နှစ်ဆယ်စာလောက်ငသည့်အခါနေ၀င်း၊ သောင်းထွဋ်ကြူ နှင့်နိုင်ဝင်းတို့ကငါးကြီးတွေကိုရိပ်သာသို့ယူသွားပြီးကြော်ချက်ကြတော့၏။

ထိုစဉ်ကကျွန်တော်တို့သင်တန်းသားစားရိပ်သာတာဝန်ခံမှာသောင်းထွဋ်ကြူ ဖြစ်၍ ရိက္ခာများကို
တာဝန်ခံပြီး ပုဏ္ဏမီရိပ်သာရှိ အခန်းတခန်းမှာသိမ်းထားရာ ငါးကြော်ဖို့ လိုသည့်ဆီ ကိုသူက ထုတ်ပေးပါသည်။သာမန်အားဖြင့်ဆိုလျင် ထိုနေ့က ရိပ်သာမှ ဆရာကြီးသန်းမြင့် ကျွေးသည့်ပဲဟင်းနှင့် လက်တလုံးသာသာ ငါးကြော်နှပ်ကိုသာစားကြရမည်ဖြစ်ပါ၏။ထိုနေ့ကကျွန်တော်တို့ ပင်ပင်ပန်းပန်းလှေလှော်ကြပြီးဖမ်းဆီးရမိသည့် ငါးကြော်ပူပူကြွပ်ကြွပ်ဖြင့် ဗိုက်ခွေးနမ်းအောင်စားခဲ့ရသည်ကိုအမှတ်ရနေပါသေးသည်။
ကျောင်းပြန်ဖွင့်သည့် နေ့၌ ဆရာက “ ကျောင်းပိတ်ရက်လှေလှော်လို့ကောင်းကြရဲ့လား” ဟုမေးရာ ကျွန်တော်တို့ အားလုံး တညီတညွတ်တည်း“ ကောင်းပါတယ်ဗိုလ်ကြီး၊အလွန်ကောင်းပါတယ်” ဟုသံပြိုင်ဖြေလိုက်ရာဆရာက “ အိုကေ၊ယူဗဲရီးဂွတ်၊အိုကေ” ဟုပြန်ပြောလိုက်ပါသည်။

ရိပ်သာတာဝန်ခံဆရာကြီးသန်းမြင့်ကားစားဖိုပညာသည်(ပည/၉၅) မဟုတ်ပဲ၊ ရုံးလုပ်ငန်းဆိုင်ရာ
ပစ္စည်းထိန်းထောက်(ပည/၇၂)ဖြစ်၏။ သို့သော်ကျွန်တော်တို့သင်တန်းသား အရာရှိများစား ဖို့ထမင်းနှင့်ဟင်းကို သူကိုယ်တိုင်သူ့အိမ်၌ချက်၍ပုဏ္ဏမီရိပ်သာသို့လာပို့လေ့ရှိသည်။သွားအနည်းငယ် ခေါသဖြင့်သူ့ကိုကျွန်တော်တို့ကသခေါသန်းမြင့် ဟုခေါ်ကြ၏။ သူကကျွန်တော်တို့အား နေ့စဉ်နံနက်စာ အဖြစ်ထမင်းကြော်နှင့် ပဲပြုတ်မှန်မှန် ကျွေးလေ့ရှိ၏။ သူသည် ကော်ဖီပန်းကန် အောက်ခံပြားသာသာပန်းကန်တွင်ထမင်းကြော်ကိုထည့်ပြီးပဲပြုတ်နှင့် ကြက်သွန်နီအကြွပ်ကြော်ကို စတိ ဖြူးထား၏။စား၍ကောင်းသော်လည်းကျွန်တော်တို့မ၀ကြ။ကျွန်တော်တို့မှာ ဗိုလ်လောင်းဘ၀မှအရာရှိငယ်ဘ၀သို့ကူးပြောင်းခါစ ဖြစ်၍Heavy
Breakfast စားချင်ကြ၏။သူ့လဘက်ရည်ကလည်းဗူးနို့ဆီနှင့်ဖျော်ပါလျက်အတော်ကျဲ၏။နေ့လည်ထမင်းချိန်၌လည်း ကျွန်တော်တို့ကို အများဆုံးကျွေးသည်မှာ ဘဲဥချဉ်ဟင်းနှင့် ငါးခြောက်ဖြစ်၏။ ငါးခြောက် ကကြိမ်ရေပိုများလေ့ရှိပြီးဈေးပေါသည့် ငါးလေးခြောက် များဖြစ်၍ကျွန်တော်တို့သိတ်မကြိုက်ကြ။ ချဉ်ပေါင်ဟင်းရည်သို့မဟုတ်ပဲဟင်းကိုပင်တိုင်
ချက်ပါသည်။ဟင်းတွေ စားမကောင်းသဖြင့်သူ့ကိုပြောမည်ဆိုလျင်အနားမှာဘယ်တော့မှမရှိ။
သူ့တပည့်မောင်ဇော်လွင်ကိုဝိုင်းဆူတော့ သူ့မှာလည်းဆရာကြီးချက်ပေးတဲ့အ
တိုင်းကျွေးရကြောင်းပြန်ပြောလေ့ရှိ၏။သူ့ကိုအပြစ်ပြောမှာသေချာသဖြင့်ကြိုရှောင်နေတာဖြစ်မည်။
လကုန်ခါနီးဆိုလျင်တော့ဝက်သား၊ကြက်သားဟင်းများ ချက်လေ့ရှိ၏။ 

ကျွန်တော်တို့ကရိက္ခာအပြင် ထမင်းတနပ် လျင်နှစ်ကျပ်နှုန်း ဆောင်းစားကြခြင်းဖြစ်ရာ ဆာင်းငွေကိုလကုန်လျင်ဆရာကြီးသန်းမြင့်ကလိုက်ကောက်ခံ၏။သူ့ဟင်းမကောင်းလျင်ကျွန်တော်တို့ကဆောင်းငွေကိုတော်ေ
တ်ာနှင့်မသွင်းသဖြင့်ထိုရက်များတွင်ဟင်းကောင်းချက်ခြင်းဖြစ်၏။ဟင်းကောင်းသည့်နေ့များ
တွင်ယူနီဖောင်းသပ်သပ်ယပ်ယပ်ဝတ်ပြီးကျွန်တော်တို့တယောက်ချင်းကို“ ဗိုလ်ကြီးဟင်းကောင်းရဲ့လား၊စားလို့အဆင်ပြေတယ်နော် ” ဟုလိုက်မေးလေ့ရှိ၏။ကျွန်တော်တို့
ကသူ့ဟင်း ကိုမချီးကျူးပဲနေကြ၏။တရက်နှစ်ရက်နေလျင်ဘဲဥနှင့်ငါး
ခြောက်ဟင်း အလှည့်ကျ လာတော့မှာကိုကျွန်တော်တို့အားလုံးကြိုသိနေကြ၏။
Kyine Lian's photo.

နောက်ပိုင်းငါးခြောက်ဟင်းချည်းကျွေးသဖြင့်သင်တန်းသားရိပ်သာ တာဝန်ခံ သောင်းထွဋ်ကြူက
ပုဏ္ဏမီစားရိပ်သာတာဝန်ခံ ဗိုလ်မှူးအောင်မြင့်ကိုသွားသတင်းပို့၏။ဗိုလ်မှူးကဆရာကြီး
သန်းမြင့်ကိုခေါ်ဆူရာသူကကုန်ဈေးနှုန်းတွေတက်သောကြောင့်ဈေးဝယ်ရခက်ခဲကြောင်း၊ဟိုက်ဒရိုဘတ်စ် Ferry boat နှင့် အစောကြီးထသွားရသဖြင့်ဘုတ်ရောက်ချိန်ပုဇွန်တောင်ဈေး၌ အသားငါးစုံလင်အောင်ဝယ်၍မရကြောင်းနှပ်တရှုံ့ရှုံ့၊ မျက်ရည်တလည်လည် ဖြင့်
နတ်သံနှောပြီးရှင်းပြကြောင်း သောင်းထွဋ်ကြူက ကျွန်တော်တို့ကိုပြန်ပြောပြလေ၏။ 

သည့်နောက်ပိုင်း ဟင်းနည်းနည်းပိုကောင်းလာသဖြင့် သောင်းထွဋ်ကြူ ကိုကျေးဇူး
တင်ကြ၏။ခုတော့ဆရာကြီးသန်းမြင့်လည်းမရှိရှာတော့ပါ။ သူကွယ်လွန်ခဲ့သည်မှာ အတော်ပင်ကြာပြီဟုသိရပါသည်။
ကျွန်တော်တို့သင်တန်းသားဘဝကရေတပ်လေ့ကျင့်ရေးဌာနချုပ်မှူးမှာ ဗိုလ်မှူးကြီးကိုလေးဖြစ်ပြီး
ဒုဌာနချုပ်မှူးကဒုတိယဗိုလ်မှူးကြီးဝင်းရှိန်(ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး-ငြိမ်း) ဖြစ်ပါသည်။ထိုစဉ်ကကျွန်တော်တို့သင်တန်းသားအရာရှိတွေ ပုဏ္ဏမီနှစ်ထပ်ဆောင်အောက်
ထပ်၌နေကြရသည်။အပေါ်ထပ်မှာတော့ သင်တန်းမှူးနှင့်ရေကြောင်းလမ်းညွှန် အရာရှိသင်တန်းတက်နေကြသည့်စီနီယာအရာရှိတွေနေကြပါသည်။ယခုတော့ ထိုပုဏ္ဏမီ
ဆာင်ကြီးမရှိတော့ပါ။သူ့အစား ပိုမိုခေတ်မီသည့် နှစ်ထပ်အဆောင်သစ်ကြီးတွေ
ထပ်မံဆောက်လုပ် ထားပြီးဖြစ်ပါသည်။

ဆိပ်ကြီးကိုရောက်တော့ တောင်ပေါ်မှာကြီးပြင်းလာခဲ့ရသည့် ကျွန်တော့်အတွက် အစစအရာရာ
မြင်ကွင်းတွေကထူးဆန်းနေသည်။မေယု သင်္ဘောကြီးကို Museum piece အဖြစ်ရန်ကုန်မြစ်ကမ်းဘေးဆိပ်ကြီးအ၀င်ကုန်းမြေပေါ် ၌တင်ထားရာထိုမျှကြီးမားသော သင်္ဘောမျိုးကိုမမြင်ဘူးသည့်ကျွန်တော်တို့တွေ ညနေ ထမင်းစားပြီးထိုင်း ကမ်းနားတလျောက်လမ်းလျှောက်ရင်း မေယုကြီးကိုသွား၍ငေးကြည့်နေကြဖြစ်သည်။

ဗြိတိသျှတို့က ၁၉၄၇ ခုနှစ်မေလ(၂၅)ရက်နေ့တွင်မြန်မာပြည်ဘုရင့်
အပျော်တမ်းအရန်ရေတပ် BRNVR အတွက် ၎င်းတို့ရေတပ်ပိုင် HMS Fal
အမည်ရှိဖရီးဂိတ် အမျိုးအစား စစ်သင်္ဘောကြီးကို လွှဲပြောင်းပေးခဲ့ရာ ထိုစဉ်က
စစ်သေနာပတိဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လက်ခံယူခဲ့ပါသည်။ အဆိုပါ
စစ်သင်္ဘောကြီးကိုပင်မြန်မာ့ရေတပ်မတော်အတွက်အလံဆောင်သင်္ဘောကြီး Flag Ship အဖြစ် အသုံးပြုခဲ့ပြီးစစ်ရေယာဉ်မေယု ဟူ၍အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ပထမဆုံး စစ်ရေယာဉ်မှူးမှာဒုတိယဗိုလ်မှူးကြီးခင်မောင်ဘိုဖြစ်၏။မေယုကြီး သည်ဗြိတိသျှရေတပ်၌ရှိခဲ့စဉ်
ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်ဘုရင့်ရေတပ်နှင့်တိုက်ပွဲဝင်ခဲ့ပါသည်။မြန်မာရေတပ်၌လည်းအင်း
စိန်တိုက်ပွဲ၊ပုသိမ်တိုက်ပွဲ၊ကျောက်ဖြူ၊မော်လမြိုင်နှင့်သန်လျင်ကျိုက်ခေါက်တိုက်ပွဲများ
တွင်ပါဝင်ဆင်နွှဲခဲ့သည့်သမိုင်းဝင်စစ်သင်္ဘောကြီးဖြစ်ပါ၏။
Kyine Lian's photo.

ကျွန်တော်တို့သင်တန်းတက်စဉ်ပုဏ္ဏမီစားရိပ်သာတာဝန်ခံအရာရှိမှာရေတပ်လက်နက်နှင့်ဆက်
သွယ်ရေးအတတ်သင်ကျောင်းမှဗိုလ်မှူးအောင်မြင့်ဖြစ်သည်။ဗိုလ်မှူးသည်စာရေးဆရာတယောက်လည်းဖြစ်ပြီးသူ၏ ကလောင်အမည်မှာ မောင်မောင်အေးအောင်ဖြစ်သည်။ကျွန်တော်တို့ ဆိပ်ကြီးရောက်သည့်
နှစ်တွင်သူရေးသားထုတ်ဝေခဲ့သည့် ကြွေတာကြွေလည်း ဝေတာဝေဆဲပါနွေ ၀တ္ထုမှာ နာမည်ကြီးသည်။ဗိုလ်မှူးကသူ့ဝတ္ထုထဲက ဇာတ်လိုက် ရှိန်းဘိုလတ် စစ်တက္ကသိုလ်ဗိုလ်လောင်းဖြေဘို့ငွေယားတောင်ဗှိုလ်ရွေးအဖွဲ့မှာ သွားရောက်ဖြေ
ဆိုသည့် အခန်းအတွက် ကျွန်တော်၏ ဒိုင်ယာရီစာအုပ်ကို ငှားပြီးကျွန်တော်
လက်တွေ့ဖြေဆိုခဲ့တာတွေကိုမှီး၍ရေးပါသည်ကျွန်တော့်ဒိုင်ယာရီစာအုပ်ကိုပြန်ပေးချိန်မှာသူကိုယ်တိုင်လက်မှတ်ရေးထိုးပေးသည့်ဝတ္ထုစာ အုပ်တစ်အုပ်လက်ဆောင်ပေးခဲ့ပါသေးသည်။



ရေပြာကမ်းမှ လွမ်းတက္ကသီလာ - (အဆက်)

$
0
0
 
Kyine Lian's photo.
ဗိုလ်မှူးက စားရိပ်သာကိုလာစစ်ချိန်မှာ ရိပ်သာ ညစ်ပတ်သည်ဟုဆိုကာ ကျွန်တော် တို့ သင်တန်း
သားစားရိပ်သာတာဝန်ခံသောင်းထွဋ်ကြူနှင့် ထမင်းချက် တာဝန်ခံဆရာကြီး သန်းမြင့်တို့ကိုဆူပါ၏။ဗိုလ်
မှူးသည်ထိုစဉ်ကအမေရိကန်နိုင်ငံဆင်ဒီယေးဂိုးရေတပ်တက္ကသိုလ်မှ သင်တန်းဆင်းပြီးပြန်လာခါစဖြစ်၍
ကျွန်တော်တို့သင်တန်းကိုရေအောက်လက်နက် ဘာသာရပ်သင်ကြားပေးသည့်ဆရာလည်းဖြစ်ပါသည်။
အလွန်စည်းကမ်းကြီးသူဖြစ်ပြီးချက်ကိုအမျိုးအစားတိုက်ပွဲဝင်ဘိနပ်ကြီးကိုဦး၌ပြောင်လက်နေအောင်ဘိုး
Bold တင်၍စီးသူဖြစ်သည်။အရပ်မှာ(၆)ပေခန့်ရှိပြီးသူလာလျင် အဝေးကြီး ကနေချက်ကိုဘိနပ်သံတဂွပ်
ဂွပ်ကြားနေရပါသည်။ဆရာကရိပ်သာကိုလာစစ်ဆေးစဉ်အရာရှိများ စားဖို့ပြင်ဆင်ထား သည့်ထမင်းပန်း
ကန်တွေကိုလက်နှင့်တို့ကြည့်ပြီးဆီပေရာတွေ ထင်နေသဖြင့်စိတ်ဆိုးပြီး ထပ်ဆူရာဆရာကြီးသန်းမြင့်က ပန်းကန်တွေမှာဟောင်းနွမ်းနေပြီး အချို့ အက်ရာတွေ ထင်နေသဖြင့်ဆေးကြောရ ခက်ကြောင်းနှင့်တတ်
နိုင်ပါကအသစ် ထပ်ဝယ်ပေးရန်တင်ပြပါသည်။
ဆရာကြီးသန်းမြင့်ကထမင်းဟင်းတွေကိုသူ့အိမ်၌ချက်ယူလာပြီးပုဏ္ဏမီအနောက်ဆောင်ဘေးမှာအဖီလေးထိုး၍ယာယီမီးဖိုဖြင့်ထမင်းဟင်းများနွှေးပါ၏။ပုဏ္ဏမီစားရိပ်သာအတွင်းအရာရှိများအတွက်ဘား
ကောင်တာတခုဖွင့်ထားပေးပြီး ဘိလိယက်ခုံနှင့်စားပွဲတင်တင်းနစ်ခုံများလည်းထားရှိသဖြင့်ရိပ်သာမညစ်
ပတ်စေရေးအတွက်အဆောင်တွင်းထမင်းဟင်းချက်ခွင့်မပြုပါ။ဆရာက အနောက်ဆောင်ကိုဝင်စစ်ဆေး
စဉ်အဖီထဲ၌ လေတိုက်ပြီး ရှုပ်ပွနေသည့် သစ်ရွက်ခြောက်များ၊ပြန့်ကြဲနေသည့် အိုးခွက် ပန်းကန်တွေကို
တွေ့သွားသဖြင့်သောင်းထွဋ်ကြူကို ဖိဆူတော့သည်။နောင်တွင်ဤကဲ့သို့ ထပ်မံ ညစ်ပတ်ပါက သင်တန်း
သားအရာရှိများကိုယ်တိုင်အမှိုက်ဝင်လှဲကြရမည်ဟုလည်းညွှန်ကြားပါသည်။ပြီးနောက်ဆရာကသူ့ဖိုင်ထဲမှ စာရွက်လွတ်တရွက်ကို ထုတ်ယူပြီး အောက်ပါအတိုင်း လက်တန်းကဗျာ တပိုဒ်စပ်၍ သောင်းထွဋ်ကြူ
အားပေးကာအများမြင်အောင်ရိပ်သာ Notice Board ၌ကပ်ထားရမည်ဖြစ်ကြောင်းမှာကြားပါသည်။
ပန်းကန်အက်လည်း ပြောင်လက်ရမည်။

မြေစိုက် တဲလည်း အမှိုက်လှဲ ရမည်။

(စားရိပ်သာတာဝန်ခံအရာရှိ)

ထိုစဉ်က ကျွန်တော်တို့နေသည့် ပုဏ္ဏမီဆောင်ကြီးမှာအိုမင်းနေပြီဖြစ်ပြီး အိမ်သာများမှာအတော်
ဟောင်းပါသည်။ဗိုလ်ထိုင်အိမ်သာ ကမုတ်များမှာလည်း အက်ရာတွေထင်နေပါသည်။ကျွန်တော်တို့ ဆိပ်
ကြီးမှာရေချိုရှားပြီး ထိုစဉ်က ဇာမဏီအင်းကြီးမှရေကိုရေတွန်းစက်ဖြင့် ပို့ပေးပါသည်။ကျွန်တော်တို့ သင်
တန်းသား အရာရှိတွေ ချိုးဖို့ရေကိုသံတိုင်ကီများဖြင့် ရေလာချိန်၌ခံထားပြီး ညဘက်ရေပြတ်ချိန် တွင်ထို
ရေဖြင့်ပင်အိမ်သာများကိုလောင်းရပါသည်။တညမိုးလေတွေသည်းထန်နေပြီးလျှပ်စစ်မီးများ လည်းပြတ်
တောက်လျက်ရှိပါသည်။ထိုစဉ်အနောက်ဆောင်ဘက်အိမ်သာအတွင်းမှဆူညံအော်ဟစ်နေသံများကြားရသဖြင့်သွားကြည့်ရာအမှောင်ထဲ၌လက်နှိပ်ဓာတ်မီးမပါပဲအိမ်သာသွားတက်ရာမှပထမလူကသေချာရေ
လောင်း မသွားသောကြောင့် ကမုတ်နှုတ်ခမ်း၌တင်နေသည့်မစင်များပေါ် တည့်တည့်တက်ထိုင် မိသည့်
သောင်းထွဋ်ကြူတယောက်စိတ်ဆိုးမာန်ဆိုးဖြင့်အော်ဟစ်ကြိမ်းမောင်းနေခြင်းဖြစ်ပါသည်။
နောက်တနေ့နံနက်မှာတော့ပုံမှန် ရေလာသဖြင့်ထိုပြဿနာများပြေလည်သွားပါသည်။သို့သော်
လည်းအိမ်သာခန်းများအ၀င်နံရံ၌စာရွက်ဖြူပေါ်တွင်စာလုံးမည်းကြီးများဖြင့်ရေးထားသောအောက်ပါက
ဗျာတပိုဒ် ကိုကျွန်တော်တို့တွေ့ မြင်ကြရပြန်ပါသည် -
မီးမလာလည်း အီးပါရမည် ။
အိမ်သာမကောင်းလည်း ရေလောင်းရမည်။
(သင်တန်းသားရိပ်သာတာဝန်ခံအရာရှိ ) ဟူ၍ ဖြစ်ပါတော့သည်။
 
သူ့ကဗျာက ပြောင်မြောက်သဖြင့်ဝိုင်း၍ ချီးကျူးကြရာသောင်းထွဋ်ကြူ တယောက်သူ့ပါးရိုးကားကြီးတွေကို ပို၍ဘေးသို့ဆန့််ထုတ်လျက်မျက်လုံးတွေ ချိုင့်ဝင်သွားအောင်ပြုံးလိုက်ရင်း ဒါတောင်ဇော်မင်းဦး (အမျိုးသားစာပေ ဆုရ ကဗျာဆရာဇော်မင်းမင်းဦး) ကိုသနားလို့ ဒါလောက်ပဲလက်စွမ်းပြထားတာ ဟူ၍ပြောလိုက်သေးသည်။

ဆရာ့အိမ်မှာနီညိုရောင်ရှိခွေးလေးတကောင်မွေးထားတာကိုတွေ့ဘူးပါသည်။တခါတလေဆရာ
လမ်းလျှောက်ချိန်မှာထိုခွေးလေးဆရာ့နောက်ကလိုက်ပါလေ့ရှိသည်။ထိုခွေးလေးကအနည်းငယ်စွာလေ
သည်။ ဆရာနှင့်အတူ လမ်းလျှောက်ယင်းဖြတ်သွားဖြတ်လာတို့အားတ၀ုတ်ဝုတ် မာန်မဲလေ့ရှိပြီးတခါတ
လေသူ့ကိုကြောက်ပြပါကလိုက်ဆွဲတတ်သေးသည်။လိုင်းထဲကဆရာကြီးလှအောင်ဖွင့်ထားသည့်သီတာ
စာပေမှာစာအုပ်အမြဲသွားငှားလေ့ရှိသည့် ကိုကျော်၊ဌေးနိုင်နှင့်စိုးလှိုင်တို့အား တညနေမှောင်ရီပျိုး၌ တီရုံး
ကြီးအနီးက ရေကန်ကြီးနားမှာ ခွေးလိုက်ဆွဲတာ ခံလိုက်ရပါသည်။ဌေးနိုင်ပုဆိုးပြဲ သွားပြီး ခြေထောက်၌
ခွေးကိုက်ခံလိုက်ရသဖြင့်ဆေးခန်းပြရသည်။ဆေးခန်းတာဝန်ခံဆရာကြီးဖိုးတုတ်က “ဗိုလ်ကြီးချက်မှာ
လိုလိုမည်မည်ခွေးရူးကာကွယ်ဆေး(၁၄) လုံးထိုးပေးမယ် ” ဆိုသဖြင့်တောင်းပန်ပြီးနောက်တနေ့ခွေးအ
ခြေအနေကိုစောင့်ကြည့်ပြီးမှလိုလျင်ထိုးမည်ဖြစ်ကြောင်း ပြောပြပါသည်။စိုးလှိုင်က “အဲဒီခွေးရူးနေလို့က
တော့သတ်ပစ်မယ် ” လို့ ဓားကြိမ်းကြိမ်းကာ ပြန်လာကြသည်။ အဆောင်ပြန်ရောက်တော့ ခွေးကိုက်ခံရ
သည့်ကိစ္စကို တသောသောဝိုင်းဖွဲ့ ပြောဆိုနေကြ၏။မြင်လိုက်ရသူတို့က ထိုခွေးမှာ ဆရာ့အိမ်ကခွေးဖြစ်
သည်ဟုစွပ်စွဲသည်။တချို့ ကလည်းအခြားခွေးတကောင်ဖြစ်သည်ဟုဆိုသည်။

နောက်တနေ့ညနေပိုင်းမှာတော့ ဆရာ့အိမ်ကခွေးလေး သေသွားကြောင်း၊ တစုံတစ်ယောက် က
သတ်သွားခြင်းဖြစ်ကြောင်းကြားကြရသည်။ထိုစဉ်ကဆိပ်ကြီးမှာနီးနားဝန်းကျင်ရွာတွေကအရပ်သားလုပ်
သားတွေရှိသည်။စစ်ထောက်ဌာန မှာလည်း ဗိုလ်ချုပ်ရွာက အလုပ်လာဆင်းသည့်လုပ်သားတွေရှိကြ၏။
ဆရာ့ခွေးကလည်းဟိုလိုက်ဆွဲ ဒီလိုက်ဆွဲလုပ်သဖြင့်ကြည့်လို့မရသူတွေရှိနေသည်။ထို့ပြင်ထိုစဉ်ကဆိပ်
ကြီး၌ဟောင်ကောင်သားစားလို့ကောင်းသည်ဆိုပြီးလိုင်းထဲကခွေးများပင်မကြာခဏလက်သည်မပေါ်ဘဲ
ပျောက်ပျောက်သွားတတ်သည်။သို့ဖြစ်၍ဆရာ့ခွေးကို ဘယ်သူကတွယ်သွားသည်ဆိုတာသေချာမသိရ
သော်လည်းဆေးခန်းမှာ စိုးလှိုင်ဓားကြိမ်းကြိမ်းခဲ့သည့်ကိစ္စကိုဆရာကြားသွားဟန်တူသည်။

နောက်တနေ့ဆရာစာလာသင်ချိန်တွင် စိုးလှိုင်နှင့် မင်းဇော်တို့၏ စာရေးစားပွဲပေါ်က ရေအောက်
လက်နက်ပြဋ္ဌာန်းစာအုပ်တအုပ်ကို ခေတ္တယူ၍ စာသင်ပါသည်။ကျွန်တော်တို့ အတန်းထဲမှာ စာရေးစားပွဲ
ကိုနှစ်ယောက်တလုံးထိုင်ရသည်။ထိုနေ့က ဆရာမျက်နှာမသာယာ။စာသင်ချိန်၌ တခါတရံ အိပ်ငိုက်ပြေ
ပြင်ပ ဗဟုသုတတွေပြောတတ်သော်လည်းထိုနေ့ကမည်သည့် အပိုစကားမှမပြောဘဲ သင်သွားသည်ကို
ကျွန်တော်တို့သတိပြု လိုက်မိကြသည်။ယမန်နေ့များကဆရာစာသင်စဉ် ပြည်ပသင်တန်းတက်စဉ် ကအ
တွေ့အကြုံတွေပြောပြတတ်သည်။ဂျကူစီခေါ်ပေါင်းခံရေနွေးငွေ့ ဖိအားဖြင့်ခန္ဓာကိုယ်အနှံ့ကိုအလိုရှိသလို
နှိပ်နယ်ပေးသည့် စက်ဖြင့်ဟိုတယ်မယ်လေးတွေကရေချိုးပေးသည့် အကြောင်းပြောပြစဉ်စိုးလှိုင်တို့ မင်း
ဇော်တို့ပါးစပ်ကြီးတွေ အဟောင်းသားဟပြီးအားကျစွာနားထောင်တတ်ကြသည်။ဆရာရေးသည့် ဂျကူစီ
အမည်ရှိလုံးချင်းဝတ္ထုထိုနှစ်အပိုင်းအခြားမှာပင် ဆက်ထွက်ပေါ်လာပြီးနာမည်ကြီးခဲ့ပါသည်။ထိုနေ့နံနက်
ပိုင်းစာသင်ပြီး သွားချိန်တွင် မင်းဇော်တို့စားပွဲမှ ယူထားသည့်စာအုပ်ကိုပြန်ပေးပြီး အတန်းဖြုတ်လိုက်၏။
စာအုပ်ကြားထဲမှာ ညှပ်ထားသည့်စာရွက်ဖြူလေးကို ထုတ်ကြည့်တော့အောက်ပါ အတိုင်းကဗျာလေးတ
ပိုဒ်ရေးထားတာကိုတွေ့ကြရပါသည်။
ဓားသွား၏အောက်၊ မြေစာမြက်ဘ၀ ရောက်ရပြီ။
ခွေးနီလေး နဲ့ လူ ၊ ဘယ်သူက ပိုမိုက်သလဲ။

ကျွန်တော်တို့ ဆိပ်ကြီး၌နေ့ခင်းဘက် တီရုံးကြီး၌ စာသင်ကြရသည်။ တီရုံးကြီးကား သက်တမ်း
ကြာမြင့်လှပြီ။လေးထောင့်ပုံဆောက်လုပ် ထားသဖြင့် ဒီဇိုင်းကရိုးရှင်းသော်လည်းယနေ့တိုင်အမြင်ဆန်း
သစ်နေဆဲဖြစ်သည်။သုံးထပ်ဆောင်ကြီး ဖြစ်ပြီးအင်္ဂလိပ်အက္ခရာတီပုံ သဏ္ဍန်တည်ဆောက်ထားသည့်
အတွက်တီရုံးကြီးလို့ခေါ်ကြခြင်းဖြစ်သည်။မြေညီထပ်နှင့် ဒုတိယထပ်တို့၌စာသင်ခန်းများရှိပါသည်။ပထ
မထပ်တွင်တော့ဌာနချုပ်မှူးရုံးခန်း၊ဒုဌာနချုပ်မှူးရုံးခန်းနှင့်လေ့ကျင့်ရေးဌာန၊ရေးထောက်ဌာနရုံးခန်းများရှိ
ကြသည်။ဒုတိယထပ်လှေကားကြီးနှင့်ကပ်လျက်ဘယ်ဘက်မှာရေတပ်လက်နက်နှင့်ဆက်သွယ်ရေးအ
တတ်သင်ကျောင်းရုံးရှိသည်။ညာဘက်ကပ်လျက် အခန်းကတော့ရေကြောင်းနှင့် အုပ်ချုပ်မှုကျောင်း ရုံး
ခန်းဖြစ်သည်။တီရုံးကြီးနှင့် စက်မှုလက်မှု အတတ်သင်ကျောင်း စာသင်ခန်းများ ရှိရာ အီးဘလောက်တို့
မှာလူသွားစင်္ကြန်နှင့်တဆက်တည်းဖြစ်သည်။အီးဘလောက်ကားတစ်ထပ်ဆောင်ဖြစ်ပြီးအင်္ဂလိပ်အက္ခ္ခရာအီး ပုံသဏ္ဍန်တည်ဆောက် ထားခြင်းဖြစ်၏။တီရုံးးကြီးမြေညီထပ်မှ(၃) ထပ် ခေါင်မိုးပေါ်ထိ အလယ်
လှေကားကြီးကနေ တောက်လျှောက်တက်သွားနိုင်သည်။

တီရုံးကြီး(၃) ထပ်အမိုးပေါ်မှာကျွန်တော်တို့တွေညဘက်၌ရေကြောင်းလမ်းညွှန်သုံး နက္ခတ် နှင့်
ကြယ်တာရာများကို လက်တွေ့ရှာဖွေ၍ Sextant ခေါ် ထောင့်တိုင်း ကိရိယာဖြင့်တိုင်းတာပြီးအာကာသ
သိပ္ပံပုစ္ဆာများတွက်ကြရသည်။တီရုံးကြီးခေါင်မိုးပေါ်ကနေအရှေ့ ဘက်ခပ်လှမ်းလှမ်းကုန်းမြင့်ထက်ဆီမှ ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ကြီးကိုကြည်ညိုဖွယ် ဖူးမြင်နိုင်သည်။အနောက်ဘက်တွင် ရန်ကုန်
မြစ်ကြီးနှင့်တဖက်ကမ်းထိလှမ်းမြင်နိုင်၏။ရန်ကုန် မြစ်ထဲ၌ ရန်ကုန်ဆိပ်ကမ်းသို့နေ့စဉ် ၀င်ထွက်နေကြ
သည့်ပင်လယ်ကူးသင်္ဘောကြီးတွေကိုလည်းအလွန်နီးကပ်စွာလှမ်းမြင်ကြရသဖြင့်ကျွန်တော်တို့တွေည
နေဘက်ထမင်းစားပြီးတိုင်းတီရုံးကြီးခေါင်မိုးပေါ်တက်ကြည့်၍လေညင်းခံလေ့ရှိကြသည်။

တီရုံးကြီးပေါ်ကဆင်းပြီးတော့တပ်တွင်းဆေးခန်း လမ်းအတိုင်းမေယုကြီးဘေးမှဖြတ်၍ဆိပ်ခံတံ
တားပေါ် ထိလမ်းလျှောက်ကြသည်။တံတားပေါ် ၌ ညနေဘက်ရန်ကုန်သို့ဖယ်ရီပို့ပြီးညောင်တန်း ဆိပ်မှ
ဈေးဝယ်မိသားစုများကိုကြို၍ပြန်လာသည့်ဟိုက်ဒရိုဘတ်ကြီးကိုငေးလျက် နတ်ကရာကြည့်မောကြ၏။
ဟိုက်ဒရိုဘတ်(စ)ဖယ်ရီအသစ်ကြီးကိုထိုစဉ်ကသံလျက်စွန်းရေတပ်ပင်မစက်မှုလက်မှုတပ်မှ ဒီဇိုင်းရေး
ဆွဲတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လွန်စွာသစ်လွင်လှပ၏။ရန်ကုန်မြစ် အတိုင်းမြောက်ဘက် သိင်္ဂုတ္တရကုန်း
တော် ထက်မှရွှေတိဂုံစေတီတော်မြတ်ကြီး ကိုနောက်ခံပြုလျက် ပုဇွန်တောင်ချောင်းတွင်း ကထွက်ခဲ့ပြီး
ဆိပ်ကြီး တက္ကသီလာဆီဦးတည်ကာမြစ်ပြင်ကိုတဖွားဖွားထိုးခွဲမောင်းနှင်လာသည့်မီးခိုးနုရောင်ဟိုက်ဒ
ရိုဘတ်(စ)သင်္ဘောသစ်ကြီးနှင့်အနောက်ဘက်ကမ်းက၀င်လုဆဲပုစွန်ဆီရောင်နေလုံးကြီးတို့၏ပနံရလှ
သည့်ညနေဆည်းဆာရှုခင်းများ ကိုကျွန်တော်တို့ဘယ်တော့မှခံစားလို့မ၀နိုင်ခဲ့ကြပါ။

ထိုမှ တဆင့် သင်တန်းသား စစ်သည်များနေထိုင်ရာ အဒြဆောင်၊ ဟံသဆောင်တို့နှင့် မလှမ်းမ
ကမ်းမျက်စောင်းထိုး၌ရှိသောတပ်တွင်းလဘက်ရည်ဆိုင် Canteen မှာလဘက်ရည်သောက်ကြသည်။
ကင်တင်းအနီး၌်ကြံ့ခိုင်ရေးဌာနမှ ဆရာသန်းထူးထမင်းဆိုင်နှင့် ဆရာဖုန်းမြင့်မိသားစု၏ ၀က်ခေါင်းသုပ်
ဆိုင်တို့လည်းရှိကြသည်။ပုဏ္ဏမီ စားရိပ်သာ၌ ဆရာကြီးသန်းမြင့်ချက်ကျွေးသည့် ထမင်းဟင်းကိုမတင်း
တိမ်ကြသူတွေဆရာသန်းထူးဆိုင်ကထမင်းနှင့်ဆရာ ဖုန်းမြင့်၏၀က်ခေါင်းသုပ်ကိုထပ်မံအားပေးကြ၏။
ဝက်ခေါင်းသုပ်ကြိုက် သည့်သောင်းထွဋ်ကြူ၊ ဌေးနိုင်နှင့် ကံလှတင်ထွန်းတို့ အားပေးနေကြဆိုင်ဖြစ်၏။
သူတို့ကမင်းဇော်ကိုဝက်ခေါင်းသုပ်ကျွေးချင်လို့အတင်းခေါ်လေ့ရှိသော်လည်းသူ့အားဘယ်တော့မှခေါ်၍
မရ။ “ ငါဇာတ်တူသား မစားချင်ဘူးကွာ” ဟုဆိုကာအမြဲငြင်းလေ့ရှိ၏။မင်းဇော်ကြီးကိုပန်းမြို့တော်ချယ်ရီ
မြေမှာကတည်းက၀က်ခေါင်းလို့ ကျွန်တော်တို့ချစ်စနိုးနာမည်ပေးထားကြ၏။

ကျွန်တော်တို့ကင်တင်းကနေတပ်တွင်းရုပ်ရှင်ရုံကိုကျော်ပြီးအမှတ်(၄)ဂိတ်ကင်းရုံရှိရာရေနံချက်
စက်ခြံစည်းရိုးနား ထိလမ်းလျှောက်ကြသည်။ထိုမှပြန်လှည့်၍ အဆောင်ဘက်ကိုပြန်လျှောက်ကြ၏။အ
ချို့ ကလည်းသီတာစာပေမှာစာအုပ်သွားငှားကြသည်။တည၌ကျွန်တော်နှင့်ဇော်မင်းဦးတာဝန်ကျအရာ
ရှိ တာဝန်ကျ၏။ထိုစဉ် က တာဝန်ကျအရာရှိများ ညဘက်ကင်းစစ်ဖို့ဘီ-၆၀၀ အမျိုးအစားလေးဘီးကား
တစ်စီးကိုတီရုံးကြီးရှိတာဝန်မှူးရုံးခန်း၌ထားပေးသည်။ညနက်ပိုင်း တာဝန်ကျအရာရှိများကင်းစစ်ရန် အ
တွက်တာဝန်မှူးရုံးကိုသွားပြီးထိုမှတဆင့်ကားနှင့်လုံခြုံရေးဂိတ်(၄)ခုစလုံးကိုကင်းလိုက်စစ်ရသည်။ကင်း
များတနေရာနှင့်တနေရာဝေးလံပြီးဆိပ်ကြီး၌မိုးများသည့်ပြင်မြွေပါးကင်းပါးပေါသဖြင့်ဌာနချုပ်မှကားနှင့်
ကင်း စစ်ကြဘို့စီစဉ်ပေးခြင်းဖြစ်သည်။

Kyine Lian's photo.ကျွန်တော်တို့မှာသင်တန်းသားများဖြစ်သဖြင့်တာဝန်မှူးရုံးတွင်အိပ်စရာမလိုပဲပုဏ္ဏမီရိပ်သာအိပ်
ဆောင်၌သာအိပ်ရ၏။တာဝန်မှူးရုံးမှယာဉ်မောင်းတာဝန်ကျကိုကင်းစစ်မည့်အချိန်ကြိုပြောထားလျင်သူ
ကလေးဘီးကားကိုကျွန်တော်တို့အဆောင်ရှေ့ ထိမောင်းလာလေ့ရှိ၏။တကယ်တော့ပုဏ္ဏမီဆောင်မှတီ
ရုံးကြီးသို့လမ်းလျှောက်လျင်(၅)မိနစ်ခန့်သာလျှောက်ရ၏။ကျွန်တော်တို့တွေပုဏ္ဏမီဆောင်အောက်ထပ်၌နှစ်ယောက် တခန်းနေကြရပြီးဇော်မင်းဦးနှင့်ကျွန်တော်တခန်းထဲဖြစ်၏။ထိုည၌ဇော်မင်းဦးကသောင်း
ထွဋ်ကြူငှားလာသည့် သိုင်းဝတ္ထုတွေကိုယူပြီးသဲသဲမဲမဲဖတ်နေ၏။ကျွန်တော်စောအိပ်သဖြင့် ကင်းစစ်ဖို့
ည သန်းခေါင်၌ ဇော်မင်းဦးအား နှိုးရန်မှာထား၏။နောက်တနေ့ နံနက်တွင်ဇော်မင်းဦးက သူသိုင်းဇာတ်
လမ်းထဲနစ်မျောသွားခဲ့(အမှန်တော့မိုးအေးအေး၌ကင်းထစစ်ဖို့ပျင်း)သဖြင့်ကျွန်တော့်ကိုမနှိုးပဲအိပ်လိုက်
ကြောင်းပြော၏။

ကျွန်တော်တို့ နံနက်စာသင်ခန်းသို့ရောက်တော့လက်နက်သင်တန်းဌာနမှဗိုလ်ကြီးမြင့်သိန်းက
ယမန်နေ့တာဝန်ကျသင်တန်းသားအရာရှိနှစ်ဦးသူ့ရုံးခန်းကိုလာတွေ့ဘို့မှာပါသည်။နောက်ဆုံးတွင်ဇော်
မင်းဦးနှင့် ကျွန်တော်တို့ ညကင်းစစ် ရန်ပျက်ကွက်မှုဖြင့်တာဝန်မှူးဗိုလ်ကြီးမြင့်သိန်း၏အစီရင်ခံစာ အရ
ကျောင်းအုပ်ဗိုလ်မှူးလောစောကြိုင်ရုံး၌ရုံးတက်ရ၏။ထိုကိစ္စအတွက်ကျွန်တော်တို့နှစ်ယောက်တပ်ပြင်
ထွက်ခွင့်ပိတ်ခံရပြီး ရုံးပိတ်ရက်၌သီးခြားအပိုဂျူတီစောင့်ခဲ့ရပါတော့သည်။

ကျွန်တော်တို့ပုဏ္ဏမီဆောင်မှာရန်ကုန်မြစ်ကမ်းဘေး၌ရှိပြီးညဘက်ဆိုလျင်မြစ်ပြင်ကိုဖြတ်တိုက်
လာသည့်လေကပြင်းထန်လှ၏။လေရောမိုးပါပါလာသည့်အခါ အဆောင်တံစက်မြိတ်အတွင်းထိမိုးပက်
လေ့ရှိပါသည်။အဆောင်နှင့်မြစ်ကမ်းကြားမှာကိုက်(၁၀၀)ခန့်သာဝေးပြီးသစ်ပင်ကြီးများမရှိပဲလူတစ်ရပ်
ကျော်မြင့်မားသည့်ကိုင်းတောကြီးနှင့်ကျူ ပင်များသာရှိပါသည်။အဆိုပါကိုင်းတောကြီးထဲ၌ရေကြက်၊ စ
နိုက်နှင့် ဗျိုင်းများပင် ကျက်စားနေထိုင် ကြ၏။မြစ်ပြင်ကိုဖြတ် တိုက်လာသည့်လေပြင်းကြောင့် ကိုင်းပင်
များမှာညဘက်တိတ်ဆိတ်ချိန်၌တဟဲဟဲတရှဲရှဲမြည်ဟီးလျက်ယိမ်းထိုးလှုပ်ရှားနေတတ်သဖြင့်စိတ်အား
ငယ် တတ်သူများ အတွက်ခြောက်ခြားစရာကောင်းလှ၏။သည်ကြားထဲ အစအနောက်သန်သည့်နောင်
တော်တဦးထံကဆင်းသက်လာသောပုဏ္ဏမီဆောင်သရဲပုံပြင်များကလည်းကျွန်တော်တို့သင်တန်းသား
များကြားပျံ့ နှံ့ပြောဆိုလျက်ရှိကြ၏။ယခုတော့ထိုပုဏ္ဏမီဆောင်ကြီးမရှိတော့ပါ။

ပုဏ္ဏမီဆောင်ရှေ့ ဆင်ဝင်အနီး၌ဘန်ဒါပင်ကြီးတပင်ရှိ၏။စတုန်းခေါ်ကျော်ထွန်းနှင့်သောင်းထွဋ်
ကြူတို့ညဥ့်နက်သည်ထိ ထိုဘန်ဒါပင်ကြီးအောက်၌ဂီတာထိုင်တီးလေ့ရှိသည်။သောင်းထွဋ်ကြူကိုကျွန်
တော်တို့ကြူကီး လို့ခေါ်ကြ၏။မူလကကြူကြီးလို့ခေါ်ရာမှကာလရွေ့ လျောပြီးကြူကီး ဖြစ်သွား၏။တည
ကျွန်တော်တို့အိပ်ကောင်းနေကြချိန်၌အဆိုပါ ဘန်ဒါပင်ကြီးအောက်မှ“အောင်မယ်လေး ကယ်ကြပါဦး။
ဒီမှာသရဲကြီး။သရဲကြီးလည်ပင်းလိုက်ညှစ်နေလို့”ဟု ရုတ်တရက်ငယ်သံပါအောင်အော်ဟစ်လိုက်သံနှင့်
အတူ တဖုတ်ဖုတ်ပြေးလွှားသံများကြားရသဖြင့် ကျွန်တော်တို့အားလုံးလိုလိုအမြန်ထ၍ကြည့်ကြ၏။ထို
စဉ်ကမိုးသည်းထန်နေပြီးအဆောင်၌မီးပျက်လျက်ရှိ၏။မကြာမီခြေသံကြားသည့်နောက်ပြေးလိုက်သွား
သည့်ကျော်နိုင်ဦးနှင့် ကံလှတို့တီရုံးကြီးနားကပြန်ခေါ်လာသည့် အသံရှင်ဖြစ်သူကိုတွေ့ကြရ၏။သူကား
အခြားသူမဟုတ်၊ကျွန်တော်တို့စားရိပ်သာတာဝန်ခံဆရာကြီးသန်းမြင့်၏တပည့်မောင်ဇော်လွင်ဖြစ်၏။
သူကားအသက် ဆယ့်သုံးနှစ်ခန့်သာရှိသေးပြီးနောက်တနေ့ နံနက်ရိပ်သာတွင်နံနက်စာကော်ဖီ
ဖျော်ရန်နို့ဆီဗူး၊သကြားနှင့်လဘက်ခြောက်များလာပို့ခြင်းဖြစ်၏။သူလာစဉ်ဘန်ဒါပင်အောက်အဆောင်
ရှေ့ အုတ်လှေကားမှာထိုင်၍ဆေးလိပ်မီးတဖွားဖွား ဖွာနေသူကိုတွေ့ရသဖြင့် အနားသို့ ကပ်ပြီး“ဗိုလ်ကြီး
ကြူကီးမအိပ်သေးဘူးလား”ဟုနှုတ်ဆက်လိုက်ရာထိုင်နေသူ က မျက်လုံးကြီးနှစ်လုံးကိုပြူးပြီးပါးရိုးကား
ကြီးများဖြင့်ခြေမအရွယ်ရှိ သွားကြီးတွေပေါ်အောင်ပြုံးပြပြီး တစ်တောင်လောက်ရှည်သည့်လျှာကိုထုတ်
ပြသည်ဟုဆို၏။သူက ပထမတော့သောင်းထွဋ်ကြူနောက်နေတာလို့ထင်ပြီး “ဗိုလ်ကြီးကြူကီး” လို့ထပ်
ခေါ်လိုက်မှမျက်လုံးကြီးတွေကို နို့ဆီဗူးလောက်ပြူးပြပြီးအေးစက်နေသည့်လက်ကြီးနှင့်သူ့လည်ပင်းကို
လှမ်းဆွဲသဖြင့်ငယ်သံပါအောင်အော်ပြီး ပစ္စည်းတွေထည့်လာသည့်ခြင်းတောင်းကိုပစ်ချ၍လာလမ်းအ
တိုင်းတီရုံးကြီးဘက်သို့ထွက်ပြေးခြင်းဖြစ်ကြောင်းရှင်းပြ၏။

သူ့ တကိုယ်လုံး မိုးရေများစိုရွှဲနေပြီး မျက်နှာမှာ လည်းအကြောက်မပြေသေးပဲသွေးမရှိသလိုဖြူ
ဆွတ်နေသဖြင့်ကျော်ထွန်းကသူ့အကျီ င်္နှင့်ပဆိုးတထည်ထုတ်ပေးပြီးလဲခိုင်းလိုက်၏။သည်ကြားထဲအိပ်
ချင်မူးတူးဖြင့်ထလာဟန်ရှိသည့်သောင်းထွဋ်ကြူက “ဟေ့ မောင်ဇော်လွင်၊ မင်းမြင်လိုက်တာငါလားကွ”
ဟု မကျေမနပ် လေသံဖြင့်မေးနေရာ ကောင်လေးကသောင်းထွဋ်ကြူကို ကြောက်လန့်ပြီးမျက်လုံးလေး
ကလယ်ကလယ်နှင့် မရဲတရဲပြန်ကြည့်နေလေ၏။ယခင်ညများ က ဆရာကြီးသန်းမြင့် ခိုင်းသဖြင့်မောင်
ဇော်လွင် ရိပ်သာသို့ လာတတ်သည့်အချိန်များ၌သောင်းထွဋ်ကြူ နှင့်ကျော်ထွန်းတို့ဘန်ဒါပင်အောက်၌
ဂီတာတီး နေလေ့ရှိပြီး မောင်ဇော်လွင်ကလည်း သူတို့ကိုနှုတ်ဆက်နေကြဟုဆိုပါသည်။ထိုညကကျော်
နိုင်ဦးနှင့်နေ၀င်းတို့ မောင်ဇော်လွင်အားဆရာကြီးသန်းမြင့်အိမ်သို့လိုက်ပို့ပေးခဲ့ကြရသည်။

နောက်ရက်များတွင်မောင်ဇော်လွင်ရိပ် သာ သို့လာသည်ကိုမတွေ့သဖြင့်ဆရာကြီးသန်းမြင့်ကို
မေးကြည့်ရာဖျားနေ၍အိမ်မှာပင်နားနေရကြောင်းပြောပြပါသည်။အအေးမိ၍ဖျားတာလားကြောက်ဖျား
ဖျားတာလားဆိုတာတော့မပြောနိုင်ပါ။တကယ်တော့ ထိုညကမောင်ဇော်လွင် ဘန်ဒါပင် အောက်၌တွေ့
ခဲ့သည့်ဆေးလိပ်တဖွားဖွားသောက်နေသူမှာသောင်းထွဋ်ကြူ ဟုတ်မဟုတ်မည်သူမှသေချာမပြောနိုင်။
သောင်းထွဋ်ကြူ ကတော့သူ့ကို သရဲအထင်ခံရမှာစိုး၍လားမသိယနေ့ထိသူမဟုတ်ကြောင်းငြင်းဆိုနေ
ဆဲဖြစ်၏။သူကပါးရိုးကားကြီးနှင့်ဆေးလိပ်ကြိုက်တတ်သူဖြစ်သော်လည်းထိုညကမောင်ဇော်လွင်ပြော
ပြသည့်သရဲကြီးလောက်တော့အရုပ်ဆိုးသူမဟုတ်ပါ။ 

လွန်ခဲ့သည့် ငွေရတုလွန်ကာလက ဆိပ်ကြီးမှာ အတူပညာသင်ခဲ့ကြသည့်ကျွန်တော်တို့သူငယ်
ချင်းများအနက်ကိုကျော်သန်းဦးနှင့် ကိုသန်းထိုက်တို့ ကွယ်လွန်ခဲ့ကြသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်၏။
ကျန်သူများအနက်အချို့ နယ်ဘက်ဌာနများသို့ပြောင်းရွှေ့ တာဝန်ထမ်းနေကြသလိုအချို့ ကား ပင်လယ်
ပြာပြာကြီးကိုသံယောဇဉ်မကုန်ပဲ ဝတ်စုံအရောင်ပြောင်းကာနိုင်ငံခြားသင်္ဘောလိုင်းများ၌ကပ္ပတိန်အဖြစ်
ပင်လယ်ခရီး ဆက်နှင်နေကြဆဲ။အချို့ ကတော့ပြင်ပလောက၌ဘဝအောင်မြင်ရပ်တည်ရေးအတွက်လုပ်
ငန်းနယ်ပယ်အသီးသီး၌ကံဇာတ်ဆရာအလိုကျ ဘဝပင်လယ်ပြင်မှာရွက်လွှင့်ရင်းလောကဓံကိုကြံ့ကြံ့ခိုင်
ရင်ဆိုင်နေကြ၏။တပ်မတော်(ရေ)၌ ဌာနချုပ်မှူးများ အပါအဝင် အရာရှိကြီးအဆင့်ဖြင့်ကျရာနေရာ၌တာ
ဝန်ကျေအောင်မြင်နေကြသည့်သူငယ်ချင်းများအတွက်လည်းများစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။ကျွန်
တော်တို့၏ဆရာဗိုလ်မှူးအောင်မြင့်(စာရေးဆရာမောင်မောင်အေးအောင်)ဆိုခဲ့သည့်အတိုင်း ကြွေတာ
တွေကြွေနေကြသော်လည်း ဝေတာတွေကတော့ဝေနေကြဆဲ။ သြော် အဟောင်းအဟောင်းတို့ကြွေရာ
တွင်အသစ်တို့လက်ဆင့်ကမ်းဝင်၍ပခုံးပြောင်းထမ်းရွက်ကြခြင်းသည် သဘာဝတရားကြီးပင်မဟုတ်ပါ
လား။မည်သို့ဆိုစေ အတိတ်ကငယ်နုစဉ်အရိပ်များကိုပြန်တွေးမိတိုင်းရေပြာကမ်းစပ်မှလွမ်းတက္ကသီလာ
ဆိပ်ကြီး သို့ပြန်လည်မြင်ယောင်တမ်းဆွတ်မိနေဆဲပင်ဖြစ်ပါတော့သည်။

(၁၉၈၅ ခုမေလမှ နိုဝင်ဘာလထိကာလအားခံစားတမ်းတရေးဖွဲ့ပါသည်။)
 

အနော်ရထာသိရင် ဘာလုပ်မယ်???

$
0
0
Photo: အနော်ရထာသိရင် ဘာလုပ်မယ်???   ပထမပိုင်း  တောင်ပြုံး ပွဲကြီး နီးလာပြီ။ မြန်မာမှန်ရင် တောင်ပြုံးမင်း၂ပါး မင်းကြီးမင်းလေးကို မကိုးကွယ်ရင်သာ ရှိမယ် မသိသူတော့ရှားမယ်ထင်တယ်။  အနော်ရထာမင်းကြီးဟာ သူနဲ့  သွေးမတော်တဲ့ မြေးတော် ၂ယောက်ကို ဆော့လွန်း ဗရုပ်ကျလွန်းလို့ အတော့်ကိုစိတ်ညစ်နေခဲ့တယ်ဆိုသဗျ။  ဒါနဲ့ ဘဲ မျက်စိနောက်နားပူသက်သာအေးရော ဆိုတဲ့သဘောနဲ့  တောင်ပြုံး စေတီတည်တဲ့ နေရာမှာ ကုသိုလ်ယူဖို့  ထဲ့ပေးလိုက်ပါတယ်။ ခေတ်စကားအရဆိုရင်တော့ ပြည်သူ့ အကျိုးပြုလုပ်ငန်းပေါ့ဗျာ။  ဒါပေမဲ့ ကလေးဟာ ကလေးဘဲ ဘယ်အဆော့ပျက်မလဲ။ မင်းကြီးမျက်ကွယ်မှာ ပိုတောင် ကြိုက်သေး။ ဝန်ကြီးတွေကိုဂုတ်ခွစီးလိုက်၊ ဝန်ကတော်တွေကို                                လူရှေ့ တင်ပါးဆွဲဆိတ်လိုက်နဲ့ပေါ့။ ဒါကိုလဲ ဝန်မင်းတွေက ပျော်တပြုံးပြုံးဘဲ။ မြေးတော်လေးတွေလေ သိတယ်မဟုတ်လားးး  ဒီထဲမှာ ဝန်မင်းတပါးကတော့သိပ်မကြည်ဘူးဗျ။  မကြည်ဆို---သူနဲ့ သူ့ မိန်းမကြည်နူးနေကြတာကို မြေးတော်လေးတွေက ချောင်းကြည့် ပြီး တောင်ပြုံးတခွင်ပြဲပြဲစင်အောင် ဟာသလုပ်ပြောတာကိုးဗျ။ ဝန်မင်းဘဲ ရှက်တာပေါ့လို့ ။  ဒီလိုနဲ့ တောင်ပြုံး စေတီကြီးပြီးလို့ ဖွင့်ပွဲကိုရောက်လာပါလေရော။  အနော်ရထာမင်းကြီးလဲ ဖဲကြိုးတွေဖြတ် မိုးပျံပူပေါင်းတွေ လွှတ်ပြီးထုံးစံအတိုင်းစေတီတော်ဝန်းကျင် ကြည့်ရှု ပြီး လိုအပ်သည်များကိုမှာကြားလေသတဲ့။  သူလိုအပ်လို့မှာကြားတဲ့ထဲမှာ ထူးထူးခြားခြားပါတာက------ စေတီတော်နံရံမှာ အုတ်၂ချပ်လွတ်နေကြောင်း၊ တရားခံအားစောလျင်စွာဖော်ထုတ်၍ ထိရောက်သောပြစ်ဒဏ်များချမှတ်ရန်အတွက် တရားခံဖော်ထုတ်ရေးကော်မရှင်ဖွဲ့ စည်းကြောင်းပေါ့။  ဇာတ်လမ်းကအဲ့တော့မှစတာ။ သူဖွဲ့ ပေးလိုက်တဲ့ကော်မရှင်ရဲ့  ဥက္ကဌ ကစောစောကပြောတဲ့ သိပ်မကြည်တဲ့ ဝန်မင်း ဖြစ်နေပါလေရော။ ဝန်မင်းလဲ အမိန့် ရလျင်ရချင်း တရာခံရှာလိုက်တာ စက်နာရီ ၁၀မိနစ်အတွင်း တွေ့ ရောဗျာ။  ဘယ်သူရှိမလဲ ????? သူမကြည်တဲ့ ဟို၂ယောက်ပေါ့။  ဒါနဲ့ တခါထဲ မင်းတရားကြီးကို လူရှေ့သူရှေ့ တင်လျောက်တဲ့ အခါ မင်းတရားကြီးလဲ ရှက်ရှက်နဲ့ သူ့စကားအတိုင်းအရေးယူစေပေါ့။ ဒါပေမဲ့ သူ့မြေးတော်လေးတွေဖြစ်နေလို့  ရွှေဖော့ရိုးနဲ့ ရိုက်နှက်စေတဲ့။  တတ်လဲတတ်နိုင်တဲ့သူကြီး။ ဒါတောင်မကြည့်ရက်လို့  နန်းတော်ကို အရင်ပြန်နှင့်တယ်ဆိုလားဘဲ။     ဒါကိုအခွင့်ကောင်းယူပြီး ဝန်မင်းက မြေးတော်၂ယောက်ကို တုတ်တိုနဲ့ ဗျဉ်းလိုက်တာ အလာရှင် ရဲ့ အမိန့်တော်ခံသွားရသတဲ့။       နောက်တော့အဲ့ ဝန်မင်းလဲ  နိုင်ငံတော်ပြန်တမ်းထုတ်ပြီး ကျမ္မာရေးအရ နှုတ်ထွက်ခွင့်ပြု လိုက်ပါတယ်။      နောက်ပိုင်းမင်းကြီးလဲ  အိပ်မက်ပေးတယ် ဘာဖြစ်တယ် ညာဖြစ်တယ် အကြောင်းပြပြီး တောင်ပြုံးတခွင်ကို ဝက်သားမယူရ နယ်အဖြစ်သတ်မှတ်ပြီး သေသွားတဲ့ မြေး ၂ ယောက်ကို မင်းကြီးမင်းလေးဘွဲ့ ခံစေကာ အပိုင်စားပေးလေသတဲ့။ နှစ်စဉ်ဝါခေါင်လမှာလဲ  မာမီတသိုက် နဲ့  အကြည်ဆိုက်ခွင့် ပါမစ်တောင်ပါသေးသဗျ။ ကဲပြီးတာတွေလဲ ပြီးးးးးးးခဲ့ပါပြီ ( နတ်သံဖြင့် )  ဒုတိယပိုင်ုး  ကြာတော့နဲနဲ ကြာခဲ့ ပါပြီ။ ကျနော့အဖေနဲ့ ကျနော် စစ်သမိုင်းပြတိုက်ကိုသွားလေ့လာတုန်းကပေါ့---------- ခမ်းနားလှတဲ့ ပြတိုက်ကြီးထဲရောက်လို့ ကြည့်စရာတွေ ကြည့်ရင်း တနေရာရောက်တော့ စိတ်ထဲ နဲနဲ ဇဝေဇဝါ ဖြစ်သွားတယ်။ ခေတ်အဆက်ဆက်ကာကွယ်ရေးဦးစီးချုပ်များ ဓါတ်ပုံဆိုတဲ့ နေရာပေါ့။ ကိုယ်သိထားတဲ့ သမိုင်းအရဆိုရင် ဓါတ်ပုံ၂ပုံကပျောက်နေပြီ။ သမိုင်းကသမိုင်း အုတ်ကျင်းကအုတ်ကျင်းဘဲ ဘာဆိုင်တာမှတ်လို့။ ဒါနဲ့ သက်ပြည့်ပင်စင်စား မွေးသဖခင် စစ်သားဟောင်းကြီးကို မေးလိုက်ပါတယ်။ အဖေ ကလဲ----- အေးကွာ မိုနာလီဇာပုံနဲ့ မှားများ ခိုးသွားလား မသိဘူး တဲ့။  ကျနော်လဲ နောက်ချင်စိတ်ရှိလာတာနဲ့ အဖေကိုပြောလိုက်ပါတယ်-------- အဖေအဖေ  ခုနေ အနော်ရထာမင်းကြီးသာ တွေ့ သွားရင် ဓါတ်ပုံဖျောက်ထားတဲ့ သူကြီးကို ဘာလုပ်လဲမသိဘူးနော်  လို့။  ကျနော်အဖေကလဲ စစ်သားဆိုပေမဲ့ အင်မတန်မှ ပျော်တတ် နောက်တတ်တဲ့ သူဆိုတော့ ပြာပြာသလဲ ပြန်ဖြေရှာပါတယ်-------- အမလေးငါ့သားရယ် မပြောကောင်းမဆိုကောင်းတွေ  ။သူများတွေကြားကုန်လို့ အားလုံး ဒုက္ခရောက်ကုန်ပါအုံးမယ်။   သားပြောသလို ဓါတ်ပုံဖျောက်သူကြီးကို အပြစ်ပေးလိုက်ရင် သူ့ အတွက် ကျောက်ဆည်နယ်ကို အပိုင်ပေးရပြီး နှစ်တိုင်း တို့ တွေ ကတော့ပွဲတွေသွားပေး နေရပါအုံးမယ်။ အေးအေးနေစမ်းပါ သားရယ်တဲ့။     NZM  31/07/14'''''10am
အနော်ရထာသိရင် ဘာလုပ်မယ်???

ပထမပိုင်း

တောင်ပြုံး ပွဲကြီး နီးလာပြီ။
မြန်မာမှန်ရင် တောင်ပြုံးမင်း၂ပါး မင်းကြီးမင်းလေးကို မကိုးကွယ်ရင်သာ ရှိမယ် မသိသူတော့ရှားမယ်ထင်တယ်။

အနော်ရထာမင်းကြီးဟာ သူနဲ့ 
သွေးမတော်တဲ့ မြေးတော် ၂ယောက်ကို
ဆော့လွန်း ဗရုပ်ကျလွန်းလို့ အတော့်ကိုစိတ်ညစ်နေခဲ့တယ်ဆိုသဗျ။

ဒါနဲ့ ဘဲ မျက်စိနောက်နားပူသက်သာအေးရော ဆိုတဲ့သဘောနဲ့  တောင်ပြုံး စေတီတည်တဲ့ နေရာမှာ ကုသိုလ်ယူဖို့  ထဲ့ပေးလိုက်ပါတယ်။
ခေတ်စကားအရဆိုရင်တော့ ပြည်သူ့ အကျိုးပြုလုပ်ငန်းပေါ့ဗျာ။

ဒါပေမဲ့ ကလေးဟာ ကလေးဘဲ ဘယ်အဆော့ပျက်မလဲ။ မင်းကြီးမျက်ကွယ်မှာ ပိုတောင် ကြိုက်သေး။ ဝန်ကြီးတွေကိုဂုတ်ခွစီးလိုက်၊ ဝန်ကတော်တွေကို လူရှေ့ တင်ပါးဆွဲဆိတ်လိုက်နဲ့ပေါ့။
ဒါကိုလဲ ဝန်မင်းတွေက ပျော်တပြုံးပြုံးဘဲ။
မြေးတော်လေးတွေလေ သိတယ်မဟုတ်လားးး

ဒီထဲမှာ ဝန်မင်းတပါးကတော့သိပ်မကြည်ဘူးဗျ။
မကြည်ဆို---သူနဲ့ သူ့ မိန်းမကြည်နူးနေကြတာကို မြေးတော်လေးတွေက ချောင်းကြည့် ပြီး တောင်ပြုံးတခွင်ပြဲပြဲစင်အောင် ဟာသလုပ်ပြောတာကိုးဗျ။ ဝန်မင်းဘဲ ရှက်တာပေါ့လို့ ။

ဒီလိုနဲ့ တောင်ပြုံး စေတီကြီးပြီးလို့ ဖွင့်ပွဲကိုရောက်လာပါလေရော။

အနော်ရထာမင်းကြီးလဲ ဖဲကြိုးတွေဖြတ် မိုးပျံပူပေါင်းတွေ လွှတ်ပြီးထုံးစံအတိုင်းစေတီတော်ဝန်းကျင် ကြည့်ရှု ပြီး လိုအပ်သည်များကိုမှာကြားလေသတဲ့။

သူလိုအပ်လို့မှာကြားတဲ့ထဲမှာ ထူးထူးခြားခြားပါတာက------
စေတီတော်နံရံမှာ အုတ်၂ချပ်လွတ်နေကြောင်း၊ တရားခံအားစောလျင်စွာဖော်ထုတ်၍ ထိရောက်သောပြစ်ဒဏ်များချမှတ်ရန်အတွက် တရားခံဖော်ထုတ်ရေးကော်မရှင်ဖွဲ့ စည်းကြောင်းပေါ့။

ဇာတ်လမ်းကအဲ့တော့မှစတာ။
သူဖွဲ့ ပေးလိုက်တဲ့ကော်မရှင်ရဲ့  ဥက္ကဌ ကစောစောကပြောတဲ့ သိပ်မကြည်တဲ့ ဝန်မင်း ဖြစ်နေပါလေရော။
ဝန်မင်းလဲ အမိန့် ရလျင်ရချင်း တရာခံရှာလိုက်တာ စက်နာရီ ၁၀မိနစ်အတွင်း တွေ့ ရောဗျာ။

ဘယ်သူရှိမလဲ ????? သူမကြည်တဲ့ ဟို၂ယောက်ပေါ့။

ဒါနဲ့ တခါထဲ မင်းတရားကြီးကို လူရှေ့သူရှေ့ တင်လျောက်တဲ့ အခါ မင်းတရားကြီးလဲ ရှက်ရှက်နဲ့ သူ့စကားအတိုင်းအရေးယူစေပေါ့။ ဒါပေမဲ့ သူ့မြေးတော်လေးတွေဖြစ်နေလို့  ရွှေဖော့ရိုးနဲ့ ရိုက်နှက်စေတဲ့။
တတ်လဲတတ်နိုင်တဲ့သူကြီး။
ဒါတောင်မကြည့်ရက်လို့  နန်းတော်ကို အရင်ပြန်နှင့်တယ်ဆိုလားဘဲ။
ဒါကိုအခွင့်ကောင်းယူပြီး ဝန်မင်းက မြေးတော်၂ယောက်ကို တုတ်တိုနဲ့ ဗျဉ်းလိုက်တာ အလာရှင် ရဲ့ အမိန့်တော်ခံသွားရသတဲ့။
နောက်တော့အဲ့ ဝန်မင်းလဲ နိုင်ငံတော်ပြန်တမ်းထုတ်ပြီး ကျမ္မာရေးအရ နှုတ်ထွက်ခွင့်ပြု လိုက်ပါတယ်။
နောက်ပိုင်းမင်းကြီးလဲ အိပ်မက်ပေးတယ် ဘာဖြစ်တယ် ညာဖြစ်တယ် အကြောင်းပြပြီး တောင်ပြုံးတခွင်ကို ဝက်သားမယူရ နယ်အဖြစ်သတ်မှတ်ပြီး သေသွားတဲ့ မြေး ၂ ယောက်ကို မင်းကြီးမင်းလေးဘွဲ့ ခံစေကာ အပိုင်စားပေးလေသတဲ့။ နှစ်စဉ်ဝါခေါင်လမှာလဲ မာမီတသိုက် နဲ့  အကြည်ဆိုက်ခွင့် ပါမစ်တောင်ပါသေးသဗျ။
ကဲပြီးတာတွေလဲ ပြီးးးးးးးခဲ့ပါပြီ ( နတ်သံဖြင့် )

ဒုတိယပိုင်ုး

ကြာတော့နဲနဲ ကြာခဲ့ ပါပြီ။
ကျနော့အဖေနဲ့ ကျနော် စစ်သမိုင်းပြတိုက်ကိုသွားလေ့လာတုန်းကပေါ့----------
ခမ်းနားလှတဲ့ ပြတိုက်ကြီးထဲရောက်လို့ ကြည့်စရာတွေ ကြည့်ရင်း တနေရာရောက်တော့ စိတ်ထဲ နဲနဲ ဇဝေဇဝါ ဖြစ်သွားတယ်။
ခေတ်အဆက်ဆက်ကာကွယ်ရေးဦးစီးချုပ်များ ဓါတ်ပုံဆိုတဲ့ နေရာပေါ့။
ကိုယ်သိထားတဲ့ သမိုင်းအရဆိုရင် ဓါတ်ပုံ၂ပုံကပျောက်နေပြီ။
သမိုင်းကသမိုင်း အုတ်ကျင်းကအုတ်ကျင်းဘဲ
ဘာဆိုင်တာမှတ်လို့။
ဒါနဲ့ သက်ပြည့်ပင်စင်စား မွေးသဖခင် စစ်သားဟောင်းကြီးကို မေးလိုက်ပါတယ်။
အဖေ ကလဲ-----
အေးကွာ မိုနာလီဇာပုံနဲ့ မှားများ ခိုးသွားလား မသိဘူး တဲ့။

ကျနော်လဲ နောက်ချင်စိတ်ရှိလာတာနဲ့ အဖေကိုပြောလိုက်ပါတယ်--------
အဖေအဖေ ခုနေ အနော်ရထာမင်းကြီးသာ တွေ့ သွားရင် ဓါတ်ပုံဖျောက်ထားတဲ့ သူကြီးကို ဘာလုပ်လဲမသိဘူးနော် လို့။

ကျနော်အဖေကလဲ စစ်သားဆိုပေမဲ့ အင်မတန်မှ ပျော်တတ် နောက်တတ်တဲ့ သူဆိုတော့ ပြာပြာသလဲ ပြန်ဖြေရှာပါတယ်--------
အမလေးငါ့သားရယ် မပြောကောင်းမဆိုကောင်းတွေ ။သူများတွေကြားကုန်လို့ အားလုံး ဒုက္ခရောက်ကုန်ပါအုံးမယ်။
သားပြောသလို ဓါတ်ပုံဖျောက်သူကြီးကို အပြစ်ပေးလိုက်ရင် သူ့ အတွက် ကျောက်ဆည်နယ်ကို အပိုင်ပေးရပြီး နှစ်တိုင်း တို့ တွေ ကတော့ပွဲတွေသွားပေး နေရပါအုံးမယ်။ အေးအေးနေစမ်းပါ သားရယ်တဲ့။ 

Naingzar Myint
NZM 31/07/14'''''10am
 

သွေး သံ အသက်(၁)

$
0
0
 
Photo: သွေး သံ အသက်(၁)  ဖောက် - - - ဖောက်  မြေခင်းအမိုးပေါ်သို့ နှင်းစက် များကျသံ ကတိတ်ဆိတ်သောပတ်ဝန်းကျင်ကို အသက်ဝင်စေလျက်ရှိသည်။ နာရီကို ကြည့်တော့ လက်တံက ၈ဂဏန်းတွင်  ထိုးနာရီ စက်တက်ရဦးမှာပါလားဆိုသော အသိက တပ်သားနန္ဒ ၏ ထိုင်းမှိုင်းနေသောအသိ ကို  နိုးကြား လာစေသည်။ ထိုခဏတွင် စဉ်းစားမိတာက အင်း ဒီအချိန်စက်တက်လဲ အဆက်အသွယ်ကောင်းမှာမဟုတ်ပါဘူး မတက်ပဲနေရင်ကောင်းမလား ၉၀၆ စက်များသည် ည ပိုင်း အချိန်များတွင် Ionosphere လေထု မြင့်တက်မှုကြောင့် အဆက်အသွယ်ပြတ်တောက်လေ့ရှိသည်ကို စဉ်းစားမိခြင်းဖြစ်သည်။ အို ကောင်းကောင်းမကောင်းကောင်း တာဝန်ကတာဝန်ကတာဝန်ပါပဲ စက်ကိုဖွင့်လိုက်သည်။  ဖွင့် ဖွင့်ခြင်းကြားမိတာက စစ်ကြောင်းရုံး မှခေါ်သံ  ၀က်ဝံ မှ ပျံလွှား ပျံလွှားရှိလား အသံသဲ့သဲ့ ကို အားစိုက် နားထောင်ရင်း ရှိတယ် ပျံလွှားရှိသည် ပျံလွှား အောက်လိုက်ခဲ့ သီးခြားလိုင်းကိုခေါ်နေပီ တစ်ခုခုတော့ထူးခြားချေပီ သီးခြား Frequency ကိုလိုက်သည် ပိုမိကြည်လင်သော အသံကိုကြားရပီ အေး ပျံလွှား မင်းတို့ခေါင်းပေါင်းနဲ့ စိန်ပန်းကြီး ၇၀ ကိုင်မယ် တပ်မှူးး မှသူတို့ တပ်စုမှူး နှင့် စကားပြောလိုကြောင်း ပင်ဖြစ်သညိ ၃၅ ၃၅ အပြေးအလွှားပင် တပ်စုမှူးး အားခေါ်ရန် လိုက်ကျင်းတလျောက် ပြေးစဉ် လဘက်ရည်ခွက်ကိုင်လာသော ဒုတပ်ကြပ် ရန်မျိုးနိုင်နှင့် တိုက်အမိ ငါ့ လခွေး ဘာတွေများသောက်ရေးကြီးလာတုံး ဒီမှာမှောက်ကုန်ပီခွေးသား ဟာကတော့ကတော့ဆရာ CO ကြီးက ဗိုလ်ကြီးကို ၇၀ ကိုင်မလို့အဲဒါသွားခေါ်မလို့  ဘာတွေအရေးပေါ်ပြန်ပလဲကွာ အေးသွားသွား တပ်စုမှူးး ၏ ဘန်ကာရောက်တော့ တပ်စုမှူးဗိုလ်ကြီး ထက်ဦး မအိပ်သေး ရေဒီယို အသံသဲ့သဲ့ မှ သတင်းကြေငြာသံကြားရသည် ဟနန္ဒ ဘာတွေအရေးကြီးလာတာလဲ ဗိုလ်ကြီး တပ်ရင်းမှူးးက ဗိုလ်ကြီးနှင့် ၇၀ကိုင်မယ်တဲ့  ဟုတ်လားအေးအေး  အီကွေ့မင့်ပတ်ကာထလိုက်လာခဲ့သည်။လက်ထဲမှာကာဘိုင်သေနတ်ကိုကိုင်စွဲလျက်-  COကြီး ပေါက်ပါခင်ဗျ  အေး ထက်ဦးနားထောင် ကစို စခန်း ပစ်ခံရတယ် ဒို့ဆီကတော်တော်ထိတယ်  ရထားပါ  အေးဒီကောင်တွေ ရဲ့ နောက်ပစ်မှတ်ကမင်းဖြစ်နိုင်တယ် သတိနဲ့နေ တပ်ကို Stand to များများလုပ် ခြံစည်းရိုးတွေပြန်စစ် မိုင်းကွင်းတွေပြန်စစ် တ၀က်အိပ်တ၀က်နားထား အကုန် အထဲမှာပြန်စုထားရှင်းလား  ရှင်းပါတယ် Coကြီး  အေး အဆက်အသွယ်မပြတ်စေနဲ့ ဆင်းပီ  ဟေ့ ဆရာကြီးမိုးမြင့် ကိုသွားခေါ်စမ်း တပ်စုတပ်ကြပ်ကြီး ဆရာမိုးမြင့် ရောက်လာသည် လူကယိုင်ထိုးယိုင်ထိုး  ခင်ဗျားသောက်ထားပြန်ပီလား မဟုတ်ပါဘူးဗိုလ်ကြီး ကျနော်ငှက်ဖျားတက်ချင်လို့ပါ  ဆရာမိုးမြင့်ကား စစ်ရေးစစ်ရာတွင်အားကိုးရသော်လည်း အသောက်အစားမကင်း အိမ်ထောင်လည်းမရှိသူမို့ သေနတ်နှင့် အရက်သာသူ့ဘ၀ ဖြစ်သည်။  တပ်စုမှူး ဆူရန် အပြင် -  ဖောက်  ဟူသောအသံနှင့် တူ ပတ်ဝန်းကျင်သည် နေ့ခင်းအလားလင်းထိန်သွားစဉ်  ဟေ့အားလုံးဝပ်မီးကျည် နောက်ဆက်တွဲကား   ရွှီ --------၀ုန်း နားကွဲမတတ် ပစ်ခတ်လိုက်သော ၅၇ မမ ကျညများစခန်းပေါ တ၀ုန်းဝုန်း  ခံစစ်စခန်းလေး သည် ငရဲ အလား ------------  (ဆက်ရန်)  (မဲသဝေါ တိုက်ပွဲအား မိမိ၏ Version ဖြင့်မတတ်တတ်ခံစားရေးဖွဲ့ပါသည်)
ဖောက်
-
-
-
ဖောက်

မြေခင်းအမိုးပေါ်သို့ နှင်းစက် များကျသံ ကတိတ်ဆိတ်သောပတ်ဝန်းကျင်ကို အသက်ဝင်စေလျက်ရှိသည်။ နာရီကို ကြည့်တော့ လက်တံက ၈ဂဏန်းတွင်
ထိုးနာရီ စက်တက်ရဦးမှာပါလားဆိုသော အသိက တပ်သားနန္ဒ ၏ ထိုင်းမှိုင်းနေသောအသိ ကို နိုးကြား လာစေသည်။ ထိုခဏတွင် စဉ်းစားမိတာက အင်း ဒီအချိန်စက်တက်လဲ အဆက်အသွယ်ကောင်းမှာမဟုတ်ပါဘူး မတက်ပဲနေရင်ကောင်းမလား ၉၀၆ စက်များသည် ည ပိုင်း အချိန်များတွင် Ionosphere လေထု မြင့်တက်မှုကြောင့် အဆက်အသွယ်ပြတ်တောက်လေ့ရှိသည်ကို စဉ်းစားမိခြင်းဖြစ်သည်။ အို ကောင်းကောင်းမကောင်းကောင်း တာဝန်ကတာဝန်ကတာဝန်ပါပဲ စက်ကိုဖွင့်လိုက်သည်။ 

ဖွင့် ဖွင့်ခြင်းကြားမိတာက စစ်ကြောင်းရုံး မှခေါ်သံ ၀က်ဝံ မှ ပျံလွှား ပျံလွှားရှိလား အသံသဲ့သဲ့ ကို အားစိုက် နားထောင်ရင်း ရှိတယ် ပျံလွှားရှိသည် ပျံလွှား အောက်လိုက်ခဲ့ သီးခြားလိုင်းကိုခေါ်နေပီ တစ်ခုခုတော့ထူးခြားချေပီ သီးခြား Frequency ကိုလိုက်သည် ပိုမိကြည်လင်သော အသံကိုကြားရပီ အေး ပျံလွှား မင်းတို့ခေါင်းပေါင်းနဲ့ စိန်ပန်းကြီး ၇၀ ကိုင်မယ် တပ်မှူးး မှသူတို့ တပ်စုမှူး နှင့် စကားပြောလိုကြောင်း ပင်ဖြစ်သညိ ၃၅ ၃၅ အပြေးအလွှားပင် တပ်စုမှူးး အားခေါ်ရန် လိုက်ကျင်းတလျောက် ပြေးစဉ် လဘက်ရည်ခွက်ကိုင်လာသော ဒုတပ်ကြပ် ရန်မျိုးနိုင်နှင့် တိုက်အမိ 

"ငါ့ လခွေး ဘာတွေများသောက်ရေးကြီးလာတုံး ဒီမှာမှောက်ကုန်ပီခွေးသား"
 "ဟာ ,, ကတော့ကတော့ဆရာ CO ကြီးက ဗိုလ်ကြီးကို ၇၀ ကိုင်မလို့အဲဒါသွားခေါ်မလို့ "
"ဘာတွေအရေးပေါ်ပြန်ပလဲကွာ ..... အေးသွားသွား"
တပ်စုမှူးး ၏ ဘန်ကာရောက်တော့ တပ်စုမှူးဗိုလ်ကြီး ထက်ဦး မအိပ်သေး ရေဒီယို အသံသဲ့သဲ့ မှ သတင်းကြေငြာသံကြားရသည် 
"ဟနန္ဒ ဘာတွေအရေးကြီးလာတာလဲ"
"ဗိုလ်ကြီး တပ်ရင်းမှူးးက ဗိုလ်ကြီးနှင့် ၇၀ကိုင်မယ်တဲ့"

"ဟုတ်လား ... အေးအေး"

အီကွေ့မင့်ပတ်ကာထလိုက်လာခဲ့သည်။လက်ထဲမှာကာဘိုင်သေနတ်ကိုကိုင်စွဲလျက်-

"COကြီး ပေါက်ပါခင်ဗျ"

"အေး ထက်ဦးနားထောင် ကစို စခန်း ပစ်ခံရတယ် ဒို့ဆီကတော်တော်ထိတယ်"

"ရထားပါ"

"အေးဒီကောင်တွေ ရဲ့ နောက်ပစ်မှတ်ကမင်းဖြစ်နိုင်တယ် သတိနဲ့နေ တပ်ကို Stand to များများလုပ် ခြံစည်းရိုးတွေပြန်စစ် မိုင်းကွင်းတွေပြန်စစ် တ၀က်အိပ်တ၀က်နားထား အကုန် အထဲမှာပြန်စုထားရှင်းလား"

"ရှင်းပါတယ် COကြီး"

"အေး အဆက်အသွယ်မပြတ်စေနဲ့ ဆင်းပီ"

"ဟေ့ ဆရာကြီးမိုးမြင့် ကိုသွားခေါ်စမ်း" 
တပ်စုတပ်ကြပ်ကြီး ဆရာမိုးမြင့် ရောက်လာသည် လူကယိုင်ထိုးယိုင်ထိုး ...
"ခင်ဗျားသောက်ထားပြန်ပီလား" 
"မဟုတ်ပါဘူးဗိုလ်ကြီး ကျနော်ငှက်ဖျားတက်ချင်လို့ပါ" 
ဆရာမိုးမြင့်ကား စစ်ရေးစစ်ရာတွင်အားကိုးရသော်လည်း အသောက်အစားမကင်း အိမ်ထောင်လည်းမရှိသူမို့ သေနတ်နှင့် အရက်သာသူ့ဘ၀ ဖြစ်သည်။

တပ်စုမှူး ဆူရန် အပြင် -

"ဖောက်"

ဟူသောအသံနှင့် တူ ပတ်ဝန်းကျင်သည် နေ့ခင်းအလားလင်းထိန်သွားစဉ်

"ဟေ့အားလုံးဝပ်  မီးကျည်"
 
 နောက်ဆက်တွဲကား

ရွှီ --------၀ုန်း နားကွဲမတတ် ပစ်ခတ်လိုက်သော ၅၇ မမ ကျညများစခန်းပေါ တ၀ုန်းဝုန်း

ခံစစ်စခန်းလေး သည် ငရဲ အလား ------------

(ဆက်ရန်)

Htet Sweoo

(မဲသဝေါ တိုက်ပွဲအား မိမိ၏ Version ဖြင့်မတတ်တတ်ခံစားရေးဖွဲ့ပါသည်)
 

“ အမေ” တို့  “အဘ” တို့ ခေတ်ကို နိဂုံးချုပ်ပေး မဲ့ “ပီ----အာ”

$
0
0

by ရွှေမြင့်မောင်
-----------------------------------------
“သူခိုးတွေအဝေမတည့်ရင် ပိုင်ရှင်လက်ထည်းပစ္စည်းပြန်ရောက်တတ်တယ် ”
(ရုရှားဆိုရိုးစကားဟောင်းတစ်ခု)
အပြောင်းအလဲ တစ်ခုဖြစ်တော့မယ်ဆိုတိုင်း တည်ဆဲအခြေအနေ (status quo) မှာစားသာနေ၊ အထက်စီးရနေတဲ့သူတွေက နည်းလမ်းရှိသမျှနဲ့ အသေအလဲ ခုခံကြတာသဘာဝဖြစ်ပါတယ်။ ရွေးကောက်ပွဲနည်းစံနစ်ကို ပြောင်း မယ်ဆိုရင် ၂ဝဝ၈ အခြေခံဥပဒေနဲ့ မညီဘူးလို့  တစ်ခုသော လွှတ်တော်ဆွေး နွေးပွဲမှာ NLD အမတ်ပုသိမ်ဦးဝင်းမြင့်ကပြောခဲ့တယ်။ သူက အခြေခံဥပဒေပါ ရွေးချယ်တင်မြှောက်ရေးနဲ့ သက်ဆိုင်တဲ့ပြဌန်းချက်တွေဟာ FPTPကို အခြေခံပြီးစဉ်းစားထားတာလို့ ကောက်ချက်ချပြတယ်။ အဲဒီအထိတော့မှန်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ကို မူတည်ပြီး (ရှိပြီးသား) ရွေးကောက်ပွဲစံနစ်ကို အခုပြင်ရင်အခြေခံဥပဒေနဲ့ မညီဘူး (unconstitutional) ဆိုတာ ကတော့ သူလိုရာဆွဲပြောခဲ့တာဖြစ်တယ်။

FPTP ကို အခြေခံစဉ်းစားခဲ့ပေမဲ့ FPTP သည်သာ အသိအမှတ်ပြုထားတဲ့ တရားဝင်ရွေးကောက်ပွဲစံနစ်ဖြစ်သည်လို့ အခြေခံဥပဒေထည်းမှာ လိုက်နာကျင့်သုံးရမည့် ရွေးကောက်ပွဲစံနစ်ကို အမည်တပ်ပြီးအတိအလင်း ရေးသားပြဌန်းမထားဘူး။ ဒါကြောင့် အခြေခံဥပဒေပါ ပြဌန်းချက်များကို ပြင်ဆင်ပြောင်းလဲချင်ရင် ဘယ်နည်းဘယ်ပုံလုပ်ရ မယ်ဆိုတဲ့ ကန့် သတ်ချက်တွေဟာ ရွေးကောက်ပွဲစံနစ်(များပြောင်းလဲရေး) အပေါ်အကြုံးမဝင်ဘူး။
တိုင်းပြည်ရဲ့ အချုပ်အချာအာဏာသုံးရပ်မှာ လွှတ်တော်ဟာ အချုပ်အချာအာဏာတစ်ရပ်ဖြစ်တယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တခုခုနှင့်ပါတ်သက်ပြီး လွှတ်တော်က အကူအညီမတောင်းခံဘဲနှင့်လဲ ဘယ်အဖွဲ့ အစည်းကမှ ဝင်ရောက်စွတ်ဖက်ပိုင်ခွင့်မရှိဘူး။
ဦးဝင်းမြင့်က မဲဆန္ဒနယ်သတ်မှတ်ရာမှာ လူဦးရေနဲ့ မြို့ နယ်တွေကို အခြေခံရမယ်လို့  ဥပဒေမှာပါတယ်လို့  စကား နိဒါန်းချီတဲ့ အထည်းမှာတော့ ထည့်ပြောခဲ့တယ်။ ဆက်ပြောတဲ့အခါကျတော့ လူဦးရေကို ဦးစားမပေးတော့ဘဲမြို့ နယ်အလိုက် မဲဆန္ဒနယ်သတ်မှတ်တာတွေကိုဘဲ အသားပေးပြောသွားတယ်။ အမှန်က ကိုယ်စားပြုတယ်ဆိုတာ လူကိုကိုယ်စားပြုတာကို ဆိုလိုရင်းပါ။ လူဦးရေက ပထဝီတို့ အုပ်ချုပ်ရေးစီရင်စုတို့ ထက် ပိုအရေးကြီးတယ်။
PR ကို အအောင်မြင်ဆုံးအသုံးချနေတဲ့ ဂျာမဏီမှာ လူဦးရေ ၂၂၂, ဝဝဝ ရှိတိုင်း အမတ်တစ်ဦးနှူံး ရစေရမည်လို့  လူဦးရေကို အဓိကထားပြဌန်းပေးထားတယ်။ ဒီတော့ လွှတ်တော်မှာ ကိုယ့်မြို့နယ်က အမတ်ဘယ်နေရာ ဘယ်နှစ်
နေရာ ရမလဲဆိုတာ ကိုယ့်မြို့နယ်က လူဦးရေပမာဏအပေါ် မူတည်တယ်။ FPTP မြို့နယ်အပေါ်အခြေခံပြီး ကြီးကြီးသေးသေး အမတ်တစ်ဦးတည်းရွေးရမယ်ဆိုတာမျိုး မဟုတ်ဘူး။ ကြီးကြီးသေးသေး တစ်ယောက်ထည်းရွေးဆိုရင် လူငါးသိန်းရှိတဲ့မြို့နယ်နဲ့ လူငါးသောင်းရှိတဲ့မြို့နယ်၂ ခု ကိုယ်စားလှယ်တစ်ဦးချင်း အတူတူ ဖြစ်နေမှာပေါ့။
ဒီလိုဆိုရင် မဲပြားချင်းတူတူ တန်ဘိုးချင်းကျတော့ ဆယ်ဆကွာခြားနေကြမှာပေါ့။ FPTP မှာ တော့အဲဒီလို “ပေါ့-ချောင်-ကောင်း”ဲဆန္ဒနယ်ကလေးတွေကို နိုင်ငံရေးပါတီတွေက သူတို့ ကျိမ်းသေအမတ်ဖြစ်စေချင်တဲ့ လူကို လွှတ်တယ်။ ၂ဝ၁၂ုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်နိုင်ငံလုံး (၄၃) နေရာ
လစ်လပ်နေတဲ့အနက် ရပ်ကွက် (၇) ခုသာရှိတဲ့ ကော့မှူးမြို့နယ်ကို ရွေးချယ်ခဲ့တယ်။
PR မှာတော့ မဲဆန္ဒနယ်မြေတွေကကြီးတယ် ။ အမတ်နေရာတွေက တစ်ဦးတည်းမကဘဲ လူဦးရေအလိုက်
အချိုးကျမို့ ပိုပြီးကိုယ်စားပြုခြင်း - လျော့ပြီးကိုယ်စားပြုခြင်းမရှိနိုင်ဘူး (under/over representation) နိုင်ငံရေးဗဟုသုတမဲ့တဲ့ အခြားလူ့ အန္ဓတစ်ယောက်က facebook wall မှာ PR ကို “ရှူံးမဲတွေကို ကောက်သင်းကောက်ပြီး လွှတ်တော်ထည်း အချောင်ဝင်ထိုင်ချင်လို့ ” လို့  သရော်ထားတယ်။
သူမသိတာက PR မှာနိုင်မဲ - ရှူံးမဲမရှိဘူး။ ကိုတာမဲ (quota) ပဲရှိတယ်ဆိုတာဘဲ။ ဥပမာ ထည့်မဲစုစုပေါင်း တစ်သိန်းရှိတဲ့ မဲဆန္ဒနယ်မြေတစ်ခုမှာ အမတ်နေရာက ငါးနေရာရှိ တယ်ဆိုရင် အမတ်လောင်းတစ်ဦးဟာ မဲနှစ်သောင်း ရရင် အမတ်ဖြစ်ဖို့ မဲပြည့်မှီတယ် (qualify) ဖြစ်တယ်လို့ သတ်မှတ်ပြီးရွေးလိုက်တယ်။ ကျောင်းမှာ အတန်းတင် စာမေးပွဲဖြေကြသလိုပေါ့။ သတ်မှတ်ထားတဲ့ အောင်မှတ်ရတဲ့သူတိုင်း အောင်တာဘဲ။
စာမေးပွဲဖြေသူအချင်းချင်း ပြိုင်ဆိုင်ပြီး အမှတ်အများဆုံးလူတစ်ဦးတည်းကိုသာ အအောင်ပေးတာ မဟုတ်ဘူး။ ပြိုင်တာမဟုတ်ဘူး - ရွေးတာ၊ ပြိုင်ပွဲမဟုတ်ဘူး - ရွေးပွဲဖြစ်တယ်။ “ရွေးကောက်” ပွဲဆိုတဲ့ အသုံးအနှူံးနဲ့ တကယ် ကိုက်ညီတဲ့ပွဲစံနစ်ဖြစ်တယ်။ ဒီအချက်ဟာ PR နဲ့  FPTP အကြားက တစ်ခုသော အခြေခံကျကျကွဲပြားခြားနားမှု (fundamental difference) တစ်ခုဖြစ်တယ်။
Quota သတ်မှတ်ချက်ကတော့ ပေးမဲစုစုပေါင်းကို အမတ်နေရာအရေအတွက်နဲ့ စားပြီးတွက်ချက်ယူတာဖြစ် တယ်။ ဒီနည်းကို PR အစစ်ဆုံး Party List PR မှာသုံးတယ်။
PR လုပ်လိုက်ရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို - ငြိမ်းချမ်းရေးကျိုးပမ်းမှုကို ထိခိုက်မည် စတဲ့စကားတွေ လဲကြားရပါတယ်။ အထူးသဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေဆီကပါ။ ကျနော့်အမြင်ပြောရယင် ငြိမ်းချမ်းရေး
တို့  အမျိုးသားစီးလုံးညီညွတ်ရေးတို့ စတဲ့ကိစ္စတွေဟာ PR နဲ့ မဆိုင်ပါဘူး - ဖက်ဒရယ်ကိစ္စနဲ့ သာဆိုင်ပါတယ်။
မဆိုင်တဲ့အချက်ဆွဲသုံးပီး ချောက်လှန့် တာလို့ ယူဆပါတယ်။ နောင်လဲကြားချင်ကြားရနိုင်ပါသေးတယ်။ PR နှင့်ပါတ်သက်၍ ကန့် ကွက်ချက်အမျိုးမျိုးရှိတဲ့အနက် အချိန်မတန်သေးဟူသော ကန့် ကွက်ချက်က အားအ ကောင်းဆုံးလို့ ယူဆပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ (PR ) စံနစ်ကို မပုတ်ခတ်ဘဲ မြန်မာနိုင်ငံရေးလက်ရှိအနေအထားကို ထောက်ပြ၍ကန့် ကွက်တာဖြစ်နေတယ်။
ဖလုံစဝေါ်ပါတီမှ စောသန်းအောင်က ဒီမိုကရေစီရင့်ကျက်ချိန်ကျမှ PRကို ကျင့်သုံးရန်ဈေးဆစ်တယ်။ ဒီမိုကရေစီ ဟာ သူ့ အလိုလို ရင့်ကျက်လာမှာမဟုတ်ဘူး။ နိုင်ငံရေးပါတီ ၆၅ ပါတီရှိတဲ့ တိုင်းပြည်မှာပါတီကြီး ၂ခုဘဲ နိုင်ငံရေး လက်ဝါးကြီးအုပ်နိုင်နေတဲ့ အခြေအနေကို ဖျက်ဆီးပစ်ပြီး ပါတီငယ်တွေကိုပါ စင်ပေါ်တင်ပေးမှ ဒီမိုကရေစီရင့်ကျက်ဖို့ ဖြစ်နိုင်မယ်။ အဲသလိုဖြစ်ဘို့ ပြင်ညီကစားကွင်းဖြစ်တဲ့ အချိုးကျကိုယ်စားပြုရေးကို ပြောင်းရတာဖြစ်ပါတယ်။
စောင့်ကြည့်သတင်းဂျာနယ်ကတော့ အာဏာ ဆက်လက်ချုပ်ကိုင်ရေးဗျူဟာလို့ အတိအကျ အကဲဖြတ်တယ်။ ဒီအချက်ကလဲ ယုတ္တိတန်ပါတယ်။ အုပ်စိုးသူလူတန်းစားတရပ်ဟာ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ သူ့ သဘောနဲ့  သူ ဆင်းပေးသွားတယ်ဆိုတဲ့ အဖြစ်မျိုးသမိုင်းမှာ မပေါ်ပေါက်သေးဘူးလို့ ” စတာလင်က မှတ်ချက်ချဘူးတယ်။
ပြည်ခိုင်ဖြိုးရဲ့ လူတန်းစားဇစ်မြစ်ကို တစ်စက္ကန့် ကလေးမှ သတိမလစ်ဘဲသူလုပ်လိုက်တဲ့အလုပ် - အချိုးကျ ကိုယ်စားပြုစံနစ်သို့ ပြောင်းလဲရေး - ဟာ ဒီမိုကရေစီအတွက် အပေါင်းဖြစ်မလားအနှုတ်ဖြစ်မလားဆိုတာကို ဆက်လက်စဉ်းစားမှာဖြစ်တယ်။
ယခုကိစ္စမှာ ‘အစိုးရဘက်’ ၊ ‘အတိုက်အခံဘက်’ - နဲ့ တိုင်းပြည်(ဒီမိုကရေစီအကျိုးစီးပွား) “ဘက်သုံးဘက်” ခြွဲကည့်ပြီးတော့ တတိယဘက်ကို ရွေးတာဖြစ်တယ်။ ပါတီနိုင်ငံရေးခေတ်မှာ ရပ်တည်ချက်တွေဟာ ဟိုအရင် တခေတ်တုံးကလို ‘အုပ်စိုးရေးဘက်’ နဲ့  ‘တိုင်းပြည်/လူထုဘက်’ ဆိုပြီး ဘက်နှစ်ဘက်ထည်းမဟုတ်တော့ဘူး။
အချိုးကျကိုယ်စားပြုစံနစ် (PR) ကို ပထမဆုံး (၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲမတိုင်မီကတည်းက) တင်ပြတဲ့ပါတီ ကတော့တိုင်းရင်းသားစီးလုံးညီညွတ်ရေးပါတီပါ။ ဒါပေမဲ့သူ့ ခမျာ ‘မဆလ’ အရိပ်မည်းကြီးကြောင့် မအောင်မြင်ခဲ့ဘူး။ ခုတစ်ခါ ပြန်တင်သူကတော့ ၁၈ နှစ်လုံးလုံး အောင်ဆန်းစုကြည်ရဲ့နောက်လိုက်တွေဖြစ်ခဲ့တဲ့ NDF ပါတီပါ။ ပြည်ခိုင်ဖြိုးကတော့ သူ့ အကြောင်း နဲ့ သူ NDF အဆိုကို endorse လုပ်တာဖြစ်မယ်။
“သူ့ အကြောင်းနဲ့ သူ” ဆိုတာကတော့ သတင်းစောင့်ကြည့်ဂျာနယ်ကရေးသလို ၄၃၆ ကို တန်ပြန်တဲ့ဗျူဟာလဲ ဖြစ်နိုင်တာဘဲ။ PR ကို ဘယ်သူကဘာကြောင့်ဘဲလုပ်လုပ် ‘တတိယဘက်’ ဖြစ်တဲ့လူထုအကျိုး - ဒီမိုကရေစီ အကျိုးအတွက်တော့ ပိုကောင်းလိမ့်မယ်။ ရုရှားဆိုရိုးစကားဟောင်းတစ်ခုပြောသလို “သူခိုးတွေအဝေမတဲ့ကြလို့ ပိုင်ရှင်လက်ထည်းပစ္စည်းပြန်ရောက်လာ” မဲ့ကိန်းလို့ ဘဲမှတ်ယူတယ်။
မြန်မာနိုင်ငံရေးသမားတွေဟာ ဦးသိန်းဖေမြင့်ရေးခဲ့ဘူးသလို “တူတာတွေကိုတွဲလုပ်” နိုင်တဲ့ အရည်အချင်းမျိုး - ရင့်ကျက်မှုမျိုး လိုအပ်နေတယ်။ နိုင်ငံရေးမှာထာဝရရန်သူမရှိ - ထာဝရမိတ်ဆွေမရှိ - ထာဝရအကျိုးစီးပွားသာရှိတယ်။ ဒီမိုကရေစီဘက်သို့ ရှေ့ တစ်လှမ်းဆက်တိုးရေးဟာ တိုင်းပြည့် ထာဝရအကျိုးစီးပွားရဲ့တစိပ်တစ်ပိုင်းဘဲ။
လက်ရှိမြန်မာ့ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်ဟာ အာဏာလက်ရှိအုပ်စိုးရေးကြီး (incumbent regime) က ဦးဆောင်ပြီးလုပ်နေတဲ့ အပြောင်းအလဲတစ်ခု (Regime-led “regime change”) ဖြစ်တယ်။ စစ်အာဏာရှင် စံနစ်ဟာတိုင်းပြည်ကို (ဒီမိုကရေစီ ဘက်သို့ သတိကြီးစွာနဲ့ တဖြည်းဖြည်းချင်းရွေ့ ရှား) ပြောင်းလဲပစ်နေစဉ် မှာပဲ သူကိုယ်တိုင်လဲ (မကျန်ရစ်အောင်) ပြောင်းလဲယူနေတယ်။ ဒါကို သတိထားကြည့်နေတဲ့လူတိုင်းမြင်တယ်။
ဒါပေမဲ့ ဒီအုပ်စိုးရေးအဟောင်းကြီးဟာလဲ နိုင်ငံရေးလောကလိုဘဲ တမျိုးတစ်စားထည်း (monolithic) မဟုတ်ဘူး။ ပြောင်းလဲမှဖြစ်တော့မယ်လို့ သဘောပေါက်တဲ့အုပ်စု (politically enlightened section of the ruling elite) နဲ့ အရင်ကလိုဘဲ မိုက်တိမိုက်ကမ်းနေချင် လုပ်ချင်တဲ့ ဗိုလ်ချုပ်ဟောင်းတွေ ဆိုပြီးအကြမ်းအားဖြင့် အစုနှစ်စုဖြစ်နေတယ်။
တိုင်းပြည်အကောင်းဘက်ကို မျက်နှာမူရွေ့ ရှားစပြုလာတာ နိုင်ငံရေးအမြင်မှန်ရတဲ့အုပ်စုက အထက်စီးရနေလို့  ဖြစ်တယ်။ ဒါကို သဘောပေါက်တဲ့သူတွေက အုပ်စိုးသူဘက်က ရှေ့ တစ်လှမ်းတိုးတဲ့ကိစ္စတိုင်းကို အမိအရဆုပ်ကိုင်တယ်။ တစ်ချိန်တည်းမှာပဲ သူတို့ အကျိုးစီးပွားကို ကာကွယ်ဘို့ တိုင်းပြည်နဲ့ လူထုအကျိုးစီးပွားကို ချနင်း တဲ့
ကိစ္စတိုင်းကိုလဲ ဆန့် ကျင်နေရတယ်။ ဥပမာ လယ်မြေတွေကို သိမ်းယူနေတာ - ဝန်ထမ်းယန္တယားကြီး ချစားယို ယွင်းနေတာ - ခိုးဝင်ဘင်္ဂလီတွေပြဿနာကို ထိထိရောက်ရောက်ပြတ်ပြတ်သားသားမကိုင်တွယ်တာ ..
ဒါကြောင့်ဖါးတစ်ပိုင်း-မြွေတစ်ပိုင်းဖြစ်နေသေးတဲ့အုပ်စိုးရေးနဲ့ ‘ တွဲလည်းတွဲ - တိုက်လည်းတိုက်’ လုပ်နေရ တယ်။ တူတာတွေ တွဲလုပ်နိုင်အောင်ကျိုးစားပြီး မတူတာတွေကို တိုက်တယ်။ အချိုးကိုယ်စားပြုရေးစံနစ်ကိစ္စ ဟာ တူတာကိုတွဲလုပ်တာဖြစ်တယ်။
ဒီလိုအမြင်မျိုးကို ပါတီကြီးအစွဲရှိသူများ - ပုဂ္ဂိုလ်ကိုးကွယ်ရေးသမားများက မမြင်နိုင်ဘူး။ မြင်လဲလက်မခံကြဘူး။ သူတို့ အတွက် ‘ရန်သူ’ နဲ့  တစက်ကလေးမှ မပါတ်သက်ရဆိုတဲ့ နိုင်ငံရေးသီလစင်ကြယ်ရေးက အဓိကဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တောင် ခဏတဖြုတ်နှစ်သက်ခဲ့ဘူးတဲ့ လက်ဝဲဝါဒရဲ့သြဇာကြောင့် မြန်မာနိုင်ငံရေးယဉ်ကျေးမှု (political culture) မှာ တဖက်စွန်းဆီရောက်နေကြမှု (polarized) ဟာ သက်တမ်းရင့်နေပြီ။ မဆလဆိုရှယ်လစ်တစ်ပါတီစံနစ်အောက်မှာ ပိုဆိုးလာခဲ့တယ်။ “ရန် - ငါ” စည်းပြတ်ရမယ်ဆိုတဲ့ ဗကပယူဂျီတွေသွင်း ပေးထားခဲ့တဲ့အတွေးအခေါ်အရ ဘက်နှစ်ထည်းရှိတယ် ကြားမရှိဘူး မရှိရဘူး။ ဘယ်ဘက်မှမပါဘဲ ကြားနေသူများနဲ့ - ကြားနေရပ်တည်ချက်ကိုလဲ ရန်သူ့ ဘက်ဘဲလို့ သတ်မှတ်တယ်။
ဒီအတွေးအခေါ်အရ နိုင်ငံရေးပါတီ တစ်ခု - နိုင်ငံရေးခေါင်းဆောင်တစ်ယောက် ဘယ်လောက်ပဲ ညံ့ဖျင်းနေနေ “ဘက်” သဘောအရ မျက်စေ့မှိတ် ပြီးထောက်ခံ ရပ်တည်ပေးနေမှ နိုင်ငံရေးအရ မှန်ကန် (politically correct) တယ်လို့ ခံယူတယ်။
ဦးသိန်းစိန်အစိုးရ ခေတ်သုံးနှစ်အတွင်း သတင်းစာလွပ်လပ်ခွင့်ရလာတော့လဲ လွပ်လပ်ခွင့်ကို အဲဒီအဆိပ်သင့် အတွေးအခေါ်နဲ့ ဘဲဆက်သုံးကြတယ်။ ‘ဘက်နှစ်ဘက်’ အတွေးအခေါ် - ပါတီကြီးနှစ်ခုစံနစ်နဲ့  - အဲဒီစံနစ်ကိုမွေး ဖွားပေးတဲ့နိုင်သူအကုန်ယူစံနစ် (winner take all) ဟာပါရာဒိုင်း (paradigm) တစ်ခုဖြစ်တယ်။
လက်ရှိမြန်မာ့နိုင်ငံရေးကို လွှမ်းမိုးထားတာ “ဘက်နှစ်ဘက်အမြင်” နဲ့ “ပုဂ္ဂိုလ်ကိုးကွယ်မှု” ဖြစ်တယ်။ ဒါတွေ အပေါ်ကိုယ်ကျိုးရှာ “ကပ်ပါးအချောင်သမားဝါဒ” (parasitism) အပင်ပေါက်ခွင့်ရသွားတဲ့အခါ နိုင်ငံရေးဟာ ပြည်သူတွေအဖို့ ရွံစရာဖြစ်လာတယ်။ ဒီအချက်သုံးချက်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးယဉ်ကျေးမှုရဲ့ တရားကိုယ် တွေဖြစ်နေတယ်။ (elements of Burmese political culture)
ဒီယဉ်ကျေးမှုအရနိုင်ငံရေးအင်အားစုတွေဟာ ဘက်နှစ်ဘက်အခွဲသတ်မှတ်ခံရပြီး တဘက် နဲ့ တဘက် သူဖြုရင် ငါမဲ တဘက်စွန်းစီမှာနေတယ်(polarized)။ ပုဂ္ဂိုလ်ကိုးကွယ်ခြင်းအရ တဘက်က ‘အမေ’ ကိုအခြားတဘက်က ‘အဘ’ (တွေ)ကို ကိုးကွယ်တယ်အားထားတယ်။
အချိုးကျကိုယ်စားပြုစံနစ်ကို တိုင်းပြည်ရဲ့တစိပ်တစ်ပိုင်းမှာ စတင်ကျင့်သုံးတော့မယ်လို့ အတည်ပြုလိုက်နိုင်တာဟာ တည်ဆဲနိုင်ငံရေးလောကဟောင်းကြီးကို ချုပ်ငြိမ်းပေးနိုင်မဲ့ မဟာဗျူဟာမြောက်တဲ့ ပထမခြေလှမ်းဖြစ်တယ်။ နှစ်ပါတီကြီးစိုးစံနစ်ကို အဆုံးသတ်ဘို့ တတိယအင်အားစု (Third Forces) ဖြစ်တဲ့ အရေအတွက် ၆ဝ ကျော်တဲ့ပါတီတွေကို မြန်မာ့နိုင်ငံရေးမြင်ကွင်းထည်းကို လမ်းဖွင့်ပေးမယ်။ သူတို့ အထည်းကတစ်ချို့ ဟာ ပါတီစုံစံနစ်မှာ ဗဟိုအချက်အချာကျပြီး လေးစားလောက်တဲ့ အင်အားစုဖြစ်လာမယ်။ ဖေါင်းပွနေတဲ့ သူတို့ အရေအတွက်ကိုလဲ
အချိန်က ကိုယ်ရည်စစ်ပေးလိမ့်မယ်။ တပ်ပေါင်းစုတွေ - ရွေးကောက်ပွဲပလက်ဖေါင်း (coalitions, election platform) တွေဖွဲ့ ခြင်းအားဖြင့် တူရာတွေ ပေါင်းစည်းပြီး ပါတီအရေအတွက် တဝက်လောက်အထိချုံ့ သွားမှာပါ။
ဤနည်းအားဖြင့် ရှိနေတဲ့အစွန်းရောက်အနေအထား (polarized situation) ဟာ အဆုံးသပ်သွားပြီးပြင်/ညီပုံမှန် (balanced) နိုင်ငံရေး အခင်းအကျင်းသစ်တစ်ခုကို တည်ဆောက်ယူနိုင်မယ်။ အရင်ပါလီမန်တခေတ်က ပထစနဲ့ တည်မြဲဖဆပလ တို့ ရဲ့ပြင်းထန်တဲ့အားပြိုင်မှုအကြားမှာ ပြည်ထောင်စုမြန်မာ
နိုင်ငံညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) ဟာ ထိရောက်တဲ့ပွဲထိမ်းသူ (balancing power) ဖြစ်ခဲ့တယ်။ ကယ်၍ စစ်တပ်ကသာ အာဏာမသိမ်းဖြစ်ခဲ့ရင် ၁၉၆၄ ခုနှစ်မှာ လုပ်မဲ့ ရွေးကောက်ပွဲဟာပမညတရဲ့ပွဲလို့  လူအများကထင်ကြေးပေးခဲ့တယ်။
အရေးကြီးတာကတော့ ဒီမိုကရေစီခေတ်သစ်မှာ ဘယ်သူဘဲအာဏာရရ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ခု (a new political culture) တစ်ခု တည်ဆောက်နိုင်တယ်ဆိုရင် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစံနစ်ကို ပြောင်းလဲရ ကျိုးနပ်မယ်။
ယခုနောက်ဆုံးအနေနဲ့ PR ကို ဆန့် ကျင်တဲ့ နိုင်ငံရေးအမြင်ရှိသူတွေ ထောက်ပြတဲ့အရေးကြီးတဲ့ အချက်တစ်ခုကို
ဆွေးနွေးပါမယ်။ စံနစ်သစ်ကို ကျင့်သုံးဖို့ ဆုံးဖြတ်ပြီးပြီဆိုသည့်တိုင် ဒီအချက်ကို ပြေလည်အောင်ဖြေရှင်းမထားခဲ့
ရင် ဒါဟာ တလျှောက်လုံးစကားနာထိုးစရာ ခိုးလို့ ခုလုအချက်တစ်ခု ဆက်ဖြစ်နေမှာပါ။ အဲဒါကတော့ - လွှတ်တော်ထည်းမှာ စစ်ဗိုလ်တွေက နေရာ၂၅% ယူပြီး ဝင်ထိုင်နေတာကိုတော့ ဘာမှမပြောဘဲရွေးကောက်ပွဲ စံနစ်ကိုကျတော့ ဘာကြောင့်ပြောင်းချင်တာလဲလို့ မေးလာတယ်။
ဒီနှစ်ခုဟာ သူ့ အချိန်နဲ့ သူလုပ်ရမဲ့ သီခြားကိစ္စ တွေဖြစ်တယ်ဆိုတာ နိုင်ငံရေးလက်တွေ့ နယ်ထဲက လူတွေကတော့သိတယ်။ သို့ သော်အရပ်သားအတွေးနဲ့  ဆက်စပ်ပြီးပြောလာတော့လဲ ပြန်လည်ဆွေးနွေးဖို့ လိုပါတယ်။ လွှတ်တော်ထည်းမှာ တပ်မတော်ကိုယ်စားလှယ်တွေရှိနေတာဟာ အချိန်တန်လာတဲအခါ အလွယ်တကူပြေလည်
သွားမဲ့ကိစ္စလို့ ပြောချင်တယ်။ အချိန်မတန်သေးခင် ကိုင်တွယ်ဘို့ ကျိုးစားရင်တော့ ပိုဆိုးသွားနိုင်တယ်။ အခြေခံဥပဒေမှာ ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်သားကိုယ်စားလှယ် ၂၅% ကို လွှတ်တော်သို့ စေလွှတ်ပေးရ
မည်လို့  ပြဌန်းမထားဘူး။ အကယ်၍သာ ဒီတပ်မတော်အရာရှိ ၁၆၆ ဦးကို တပ်မတော်တွင်း မဲဆန္ဒနယ်တွေကဘဲ ဖြစ်ဖြစ် - အရပ်ဘက်ရှိ ၃၃ဝ သောမဲဆန္ဒနယ်တွေကဘဲဖြစ်ဖြစ် - (ဘယ် Constitutency ကဖြစ်ဖြစ်) - မဲရွေး
စံနစ်တစ်ခုခုနဲ့ ရွေးချယ်ပြီး စေလွှတ်ပေးရမည်လို့ အခြေခံဥပဒေကပြဌန်းထားခဲ့ရင် သူတို့ မှာ mandate ရှိနေလို့ သူတို့ ကို dis-qualify လုပ်ဖို့ ခက်လိမ့်မယ်။
အခုနေ အတိုင်းကတော့ ဒီလူတွေကို ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်ထားတာဖြစ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြန်ခေါ်လိုက်တဲ့နေ့ မှာကိစ္စပြတ်ပြီ။ ဒါဟာ ကာ/ချုပ်ရဲ့လုပ်ပိုင်ခွင့်ထည်းမှာဘဲရှိနေတယ် (It falls within the
jurisdiction of his discretional power)။ ဒါကြောင့် စစ်တပ်ကို နိုင်ငံရေးလောကနဲ့ တိုင်းရင်းသားလောကတို့ တွေက “ရန်ဘက်”ရပ်တည်ချက် (hostile attitude) မထားတော့ဘူးလို့ စစ်တပ်ဘက်က ခံစားလာယုံကြည်လာတဲ့တနေ့ ကာချုပ်က - “ကိုယ့်လူတို့ ပြန် လာခဲ့ကြတော့ ” ဆိုတာနဲ့ တင်ပြီးပြတ်သွားနိုင်တယ်။ လူတွေကို အရင်ပြန်ခေါ်လိုက်ပြီးမှ အနီးဆုံး လွှတ်တော်အစည်းအဝေးမှာ အဲဒါနဲ့ ပါတ်သက်တဲ့အခြေခံဥပဒေထည်းကပြဌန်းချက်ကို နှုတ်ပယ်ပြင်ဆင်လိုက်လို့ ရတယ်။
ဒီကိစ္စနဲ့ ပါတ်သက်ရင် ရှေ့ ကိုကြိုပြီးမျှော်ခေါ်ကြည့် မြင်စွမ်းမရှိတဲ့သူများအဖို့ တော့ ကမ္ဘာတည်သရွေ့  တည် နေမဲ့ကိစ္စကြီးလိုလို ခံစားနေကြတာမဆန်းဘူး။ တကယ်က နိုင်ငံရေးသမားတွေဘက်က စစ်တပ်လောက် Learning process နှုံးမြန်မယ်ဆိုရင် ငါးနှစ်တကြိမ် ရွေးကောက်ပွဲသတ်မှတ်ထားတဲ့ (five year electoral cycle) မြန်မာပြည်မှာ ၂ဝ၂ဝ ခုနှစ်လောက်ဆိုရင်ကို လက်တွေ့ ဖြစ်လာနိုင်တယ်။
ဘာဘဲဖြစ်ဖြစ် စစ်ဗိုလ်တွေ လွှတ်တော်ထည်းရောက်နေတာဟာ သူတို့ နဲ့ မဆိုင်တဲ့နေရာ လာနေကြတာဆိုတဲ့ အမြင်ဟာ အားကောင်းတဲ့အမြင်ဖြစ်တယ်။ သို့ သော် အဆိုးထည်းက အကောင်းကိုလဲ မြင်နိုင်စွမ်းရှိရပါမယ်။ သူတို့ တွေ လွှတ်တော်ထည်းရောက်နေတာ သူတို့ လူတန်းစားအကျိုးစီးပွားကို ကာကွယ်ဘို့ ဖြစ်ကောင်းဖြစ်မယ်။ လက်တွေ့ မှာကတော့ သူတို့ ဟာ civilianizing process တစ်ခုကို ဖြတ်သန်းနေရာရောက်တယ်။ စစ်ဗိုလ်တွေ လူတန်းစားတရပ်လို ဖြစ်နေတာကို အဆုံးသပ်စေမဲ့အရပ်သားတွေနဲ့ လက်ပွန်းတတီးလာနေ - အရပ်သားခံစား ချက်နဲ့ ထိတွေ့  - အရပ်သားနိုင်ငံရေး (ဒီမိုကရေ စီနိုင်ငံရေး) လက်တွေ့ သင်တန်း( democratic internship)
လာတက်မိရက်သားဖြစ်နေတယ်လို့ လဲအဓိပ္ပါယ်ကောက်ယူလို့ ရတယ်။
ဒီိလိုနီးစပ်မှုမျိုး ပထမအကြိမ်ပေါ်ပေါက်
ခဲ့ဘူးတာ ၁၉၉၄ - ၂ဝဝ၆ အမျိုးသားညီလာခံ ကာလတုံးကဖြစ်တယ်။ အခုလွှတ်တော်တက်နေတဲ့ အရာရှိတွေဟာ ဦးနေဝင်းခေတ်ကလို တပ်ထည်းမှာသုံးမရတဲ့ အိုနာကျိုးကန်းတွေ-ပညာမဲ့တွေအရက်ချိုးတွေကို ဘီအီးဒီစီတို့  ပပကတို့ သမဝါယမတို့  ဆီပို့ လိုက်တာမျိုး မဟုတ်ဘူး။ ခေတ်ပညာ တတ်မျိုးဆက်သစ်တွေဖြစ်တယ်။ သူတို့ ဟာ လွှတ်တော်ထည်းမှာ အရပ်သားတွေနဲ့ အဆင်ပြေအောင်နေတယ်။
အရေးအကြီးဆုံးက လွှတ်တော်ထည်းမှာ ဒီမိုကရေစီဘက်ဦးတည်တဲ့ ဥပဒေပြုတာတွေကို ကဖျက်ယဖျက်မလုပ် ကြဘူး။ တပ်ကထွက်ခွင့်ရတဲ့အခါ သူတို့ ထည်းက လူတွေ ဒီမိုကရေစီနိုင်ငံရေးထည်းရောက်မလာဘူး ဘယ်သူပြောနိုင်လဲ။
Learning process ကိုတော့ စစ်ဘက်-ရပ်ဘက်နှစ်ဘက်စလုံးက ဆက်လုပ်နေကြရမှာဖြစ်တယ်။ အထူးသ ဖြင့်တိုင်းပြည်ကံကြမ္မာကို ပြဌန်းနေသေးတဲ့ စစ်တပ်ဘက်က ပိုလုပ်ပြသင့်တယ်။ ပိုလဲလုပ်နေတယ် - ဒါပေမဲ့မလုံ လောက်သေးဘူး။ ကနေ့ အထိ တိုင်းပြည်နဲ့ လူထုကစစ်ဘက်ကို ရွံ့ နေသေးတာဟာ ဒီမိုကရေစီအုပ်ချုပ် ရေးစံနစ်သစ်နဲ့ လိုက်ဖက်တဲ့တပ်တွင်းပြုပြင်ရေး (military reform) တစ်ခု လုပ်မပြသေးလို့ ဖြစ်တယ်။
စစ်ဘက်က military reform ကို ထိထိရောက်ရောက်လုပ်ပြရင်အရပ်ဘက်ကလဲ bureaucracy reform ကို ထိထိရောက်ရောက် မလုပ်ဘဲမနေနိုင်ဖြစ်လာမယ်။ အချိုးကျကိုယ်စားပြုစံနစ်နဲ့ အထွေထွေရွေးကောက်ပွဲကြီး တစ်ကြိမ်ဖြတ်သန်းပြီးသွားတဲ့အခါမှာ လူထုကရော နိုင်ငံရေးလောကကပါ နိုင်ငံရေးကို အမြင်တစ်မျိုးနဲ့ ပြောင်းလဲသုံးသပ်လာကြမယ်။ နိုင်ငံရေးပြဿနာတွေမှာ “လူ” ထက် “နိုင်ငံရေး”ဘက်ကို ပိုအလေးပေးအကဲဖြတ်လာကြမယ်။ နိုင်ငံရေးလောကထည်းကို တန်ဘိုးအသစ်တွေ
(new values) စဝင်လာမယ်။ အတိပ်ကိုသာ ပြန်လှည့်ကြည့်နေတဲ့ အကျင့်ဟောင်းနေရာမှာ အတိပ်ကို အတိပ်မှာ ဘဲထားခဲ့ပြီး ပစ္စုပ္ပန်နဲ့ အနာဂါတ်အရေးကို ပိုဦးစားပေးတွေးတာတွေဖြစ်လာမယ်။ ဒါဟာ လူထုဘက်ကစတင်မဲ့ အပြောင်းအလဲဖြစ်ပြီး နိုင်ငံရေးသမားတွေကလဲ လူထုရဲ့ပြောင်းလဲလာတဲ့ Mood နဲ့ အညီလိုက်ပြောင်းလဲလာ
ရမှာဘဲ။ ဒီအဆင့်ကျရင် အတိပ်ကို ခဏခဏပြန်နှူးပြီး ချောက်လှန့် ပြစားနေတဲ့သူတွေ အတိပ်နဲ့ လက်မထောင် နတဲ့သူတွေ အလုပ်မဖြစ်တော့ဘဲ နောက်မှာကျန်ရစ်ခဲ့လိမ့်မယ်။
PR စံနစ်နဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်လောက် လုပ်ပြီးတဲ့အချိန်လောက်ကျရင် တိုင်းပြည်နဲ့ လူထုကအတိပ်ကို အတိပ်မှာဘဲ ပို၍ပို၍ ထားခဲ့လာသည့်နှင့်အမျှ တပ်မတော်အနေနဲ့ ကလဲ နေရထိုင်ရပိုပြီး သက်တောင့်သက်သာ (comfortable) ဖြစ်လာမယ်။ ဒီအခါမှာ အမျိုးသားရင်ကြားစေ့ရေးဟာ ဘယ်သူကဘယ်သူ့ ကို ပိုပြီးအလျှော့ပေး လို့ မဟုတ်ဘဲ အချိန်ကကုစားတဲ့နည်းနဲ့  ရုပ်လုံးစပေါ်လာနိုင်တယ်။ အဲဒီဘူတာ (scenario) ကို ဆိုက်နိုင်ဘို့ ကတော့ လူမှန်တွေကို နေရာမှန်ပို့ ပေးနိုင်တဲ့ နိုင်ငံရေးနည်းမှန်စံနစ်မှန်တွေကို တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်မိကြဘို့ လိုတယ်။
အချိုးကျကိုယ်စားပြုရေးစံနစ်ဟာ နည်းမှန် စံနစ်မှန်တွေအနက် တစ်ခုဖြစ်ပါတယ်။
ရွှေမြင့်မောင်
၂၆ - ဝ၇ -၁၄

အီးပါတဲ့ယောက်ျားနှင့် ထူးဆန်းသည့် စားပိုးနင့်ရောဂါ

$
0
0



ဘုရင့်နောင်တပ်ခွဲမှ သန်းနိုင်မြင့်(မြင့်ကြူနိုင်- မုံရွာ) ကတော့ စစ်ဗျူဟာဘာသာရပ်မှာဖြစ်ဖြစ်၊ စာပေသင်တန်းမှာဖြစ်ဖြစ် နည်းပြဆရာများ မေးတိုင်း အရင်ဦးဆုံး ထထဖြေတတ်သူဖြစ်သည်။ ကျွန်တော်တို့အပတ်စဉ်တွင် အင်္ဂလိပ်စာ ထူးချွန်သူတစ်ဦးလည်းဖြစ်၏။ သူသည် သူများထက် ဦးအောင်ဖြေရမှ ကျေနပ်သူဖြစ်လေရာ တစ်ခါက ကျောက်တောင်အနီး ယူကလစ်တောစပ်တွင် စစ်ဗျူဟာဘာသာ ကိုယ်စီတိုက်ပွဲ ထိုင်လျက်သင်ခန်းစာ ပို့ချနေစဉ် အိပ်ငိုက်နေသဖြင့် ဆရာမေးတာကို သေချာမကြားဘဲ ဦးအောင်ခုန်ထပြီး တလွဲဖြေလိုက်ရာ သေနတ်ကို မြှောက်ကိုင်လျက် Squad ကို ပတ်ပြေးရရှာသည်။ နောက်တော့မှ သူအိပ်ငိုက်နေစဉ် အိပ်မက်ထဲမှာ ကြားရသော မေးခွန်း၏အဖြေကို ဖြေကြားလိုက်ခြင်းသာဖြစ်ကြောင်း ကျွန်တော်တို့ကို ရှင်းပြလေသည်။


သူသည် တပ်ခွဲဝင်ဖို့ ဆေးစစ်တုန်းက ပေါင် (၁၀၀) ပြည့်အောင် ဖီးကြမ်းငှက်ပျောသီး သုံးလုံးစားပြီး ရေမတ်ခွက် နှစ်ခွက် အပြည့်သောက်ကာ ဝိတ်ချိန်ခဲ့ရသူဖြစ်၍ ပထမနှစ်မှာ ပင်ပင်ပန်းပန်း လေ့ကျင့်ရသော်လည်း ဝိတ်တက်မလာဘဲ အတော်ပိန်သူဖြစ်သည်။ သို့သော် သူတာဝန်ကျ ဗိုလ်လောင်း Duty Cadet အလှည့်ကျစဉ် လက်ပတ်အပြာရောင်ကို ပတ်၍ သူ့ရင်ဘတ်ကို ကြက်ရင်အုပ်ကဲ့သို့ အတင်းမောင်အောင် Chest out လုပ်ကာ စစ်မိန့်ပေးရာမှာ အားနှင့်မာန်နှင့် အာခေါင်အာရင်းခြစ်အောင် အော်တတ်သဖြင့် သူ့ကို မိုကြောင်ဟု ခေါ်ကြပါသည်။ ဗိုလ်လောင်းဘဝတွင် ဘာလုပ်လုပ် ရေသာမခိုတမ်း အားကြိုးမာန်တက် လုပ်တတ်သူကို စိတ်ဓာတ် Morale ကောင်းသည်၊ တက်ကြွသည်ဟုဆိုကာ “မိုကြွသူ” ဟု ခေါ်ဆိုကြသည်။ သူ့အမည်ပြောင်မှာ ကာလရွေ့လျောသွားသဖြင့် မိုကြွ မှ မိုကြောင် ဖြစ်သွားလေသည်။

တပ်ခွဲဝင်ခါစ တစ်ရက်တွင် စကင်းရီးယား LC က ရက်လွန်နေသော ယင်ကောင်အခြောက်တွေ အပ်သည်ဟုဆိုကာ ကျွန်တော်တို့ ပထမနှစ်အားလုံး တပ်ခွဲတန်းစီကွင်းမှာ အပြစ်ပေးခံရသည်။ လက်ထောက်မှောက် လုပ်ခိုင်းရာ တင်မောင်မြင့် (ယခု ကျောင်းအုပ်ကြီး၊ ခြေလျင်အကူ လက်နက်ကြီးသင်တန်းကျောင်း) သည် ဗျူဟာဆိုင်က မုန့်တွေ မဆန့်မပြဲ ဝယ်စားထားသဖြင့် အခေါက် နှစ်ဆယ်အရောက်မှာ သူ့ဗိုက်ကို မ,မတင်နိုင်တော့ဘဲ လက်မောင်းကြီးသာ တက်လာတော့ သည်။ ထိုအခါ စကင်းရီးယား LC က တင်မောင်မြင့်အား ‘ဖတ်စ်ရီးယား သေချာလုပ်စမ်း မင်းယောက်ျား မဟုတ်ဘူးလား’ ဟု မေးရာ ‘မဟုတ်’ ဟု ဖြေလိုက်၏။

‘ဟေ  မဟုတ်ဘူး   ဟုတ်လား’

‘ဟုတ်’

‘အာ  မင်းနဲ့တော့ ရှုပ်ကုန်ပါပြီ။ ဒါဆို အရှည်ပဲပြောတော့။ ကဲ ဘာယောက်ျားလဲ’


ကျွန်တော်တို့ ဟုတ်မဟုတ်ဘာသာစကားမှာ အလွန်ရိုးရှင်းသော်လည်း တစ်ခါတလေ မေးသူနှင့် ဖြေသူကြားမှာ နားလည်မှုလွဲပြီး လည်ထွက်သွားတတ်ပါသည်။ စစ်သားဖြစ်ကာစ တင်မောင်မြင့် ကလည်း ဟုတ်ပါတယ်ဆိုကာမှ ဘာယောက်ျားလဲလို့ မေးနေခြင်းသည် စစ်သားပီပီ အမှန်ကို တဲ့တိုး ပြောစေချင်သောကြောင့် ဖြစ်မည်ဟု တွေးလိုက်ပြီး ..

‘ဟုတ်  အီး … အီး (နေရာအနည်းငယ်လွှဲထား) အီးပါတဲ့ ယောက်ျားပါ ခင်ဗျ’
ဟု သံကုန်ဟစ်ဖြေလိုက်ရာ  အပေါ်ဆုံးထပ် ဝရံတာမှ ကျွန်တော်တို့ လက်ထောက်မှောက် လုပ်နေတာကို ကြည့်နေသော ဖိုင်နယ်ရီးယား အချို့၏ ရယ်သံများကြားလိုက်ရပြီး ကျွန်တော်တို့လည်း  တင်မောင်မြင့် အဖြေကောင်းမှုကြောင့် နောက်ထပ် လေထီးခုန် အခါနှစ်ဆယ် ထပ်ခုန်ပြီးမှ တန်းဖြုတ်ကြရပါသည်။

သူသည် ကဗျာဝါသနာပါသဖြင့် သူ့ရည်းစားထံ ဗိုလ်လောင်းအတွေ့အကြုံများကို ကဗျာစပ်၍ စာရေးခဲ့သူလည်း ဖြစ်သည်။ ထိုသို့ရေးတာကို သူ့ကုတင်ဘေးမှ ညီညီကျော်နှင့် တင်မောင်တို့က ခိုးဖတ်ပြီး သူ့ချွဲချွဲနွဲ့နွဲ့ စာသားတွေကို ကျက်ထားကာ လူစုံပြီဆိုမှ ရွတ်ပြတတ်ကြသည်။ စစ်တက္ကသိုလ် နံရံကပ်စာစောင်ဖြစ်သော သီဟစာစောင်မှာလည်း ပြောင်မြောက်သည့် ကဗျာ၊ စာညွန့်တွေ ဝင်ရေးခဲ့သူ ဖြစ်သည်။ သူသည် ဝါသနာကို မတားနိုင်ဘဲ ယခုအချိန်ထိ တေးရေး ‘အနက်နုရောင်’ အမည်ဖြင့် နိုင်ငံကျော် ဟစ်ဟော့အဆိုတော်များအတွက် ဟစ်ဟော့သီချင်းများနှင့် ရက်ပ်သီချင်းများ ရေးသားလျက်ရှိပါသည်။

တင်မောင်မြင့်နှင့် အေးဝင်းမှာ အညာသားများဖြစ်ကြပြီး အသားအရောင်မှာ သူ့ကလောင်နာမည် အတိုင်း အနက်ရောင်နုနုဖြစ်ရာ လယုန်ဓာတ်ပုံတိုက်က ကိုအာသာကို သူတို့ဓာတ်ပုံများအား နဂ္ဂတစ်ခဲထိုးပြီး အသားဖြူဖြူနုနုလေးဖြစ်အောင်  ကူးပေးဖို့ အတင်းရစ်ကြသောကြောင့် ကိုအာသာက သူတို့နှစ်ယောက် ဆိုင်ထဲဝင်လာလျှင် ဆိုင်နောက်ဘက်ကို ဝင်ပုန်းနေလေ့ရှိသည်။ လယုန်ဓာတ်ပုံတိုက်မှာ မန္တလေး-လားရှိုးလမ်းမကြီးဘေးမှာ ကပ်လျက် နာရီစင်ကြီးနှင့် မလှမ်းမကမ်းမှာ ရှိပါသည်။ လယုန်ဓာတ်ပုံတိုက်ပိုင်ရှင် ကိုအာသာတို့မိသားစုသည် အလွန်ကြေးများသော ကျွန်တော်တို့ ဗိုလ်လောင်းများကို အနွံတာခံ၍ စိတ်ရှည်သည်းခံစွာ ဓာတ်ပုံကူးပေးသောကြောင့် ဗိုလ်လောင်းများက ခင်မင်ကြပါသည်။

အသားညိုသည့် အညာသားနှင့် မြေလတ်သားများ သူ့ကို ပိုမိုခင်ကြသည်။ ဣန္ဓိလှ ( ယခု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန) မှာ ဗိုလ်လောင်းဘဝက မျက်နှာပေါ်တွင် ဝက်ခြံများ ထူပိန်းပြီး ပေါက်နေရာ သူ့ရည်းစားထံပို့ပေးဖို့ ကိုအာသာကို ရိုက်ခိုင်းသော ဓာတ်ပုံတွင် ဝက်ခြံများ မပေါ်အောင်ကူးပေးဖို့ ကိုအာသာကို ဂျီကျတာ ကြားခဲ့ရကြောင်း ရိပ်သာမှာ တစ်ဝိုင်းတည်း ထမင်း ငါးပန်းကန် ကုန်အောင်စားနိုင်သဖြင့် Five Plate ဘွဲ့ရသူ အောင်မြင့်ဦးက တီးတိုး သတင်းဖြန့်လေသည်။ ဣန္ဓိလှ ၏ ဖခင်မှာ ရန်ကုန်မြို့က ဆရာဝန်ကြီးတဦးဖြစ်ပြီး ၄င်းအတွက် လစဉ်အားဆေးများ ပို့ပေးပါသည်။ သူသည် သူစားမည့် အားဆေးများထဲမှ အချို့ကိုခွဲ၍ သူ့ကို ဓာတ်ပုံလှပအောင်ရိုက်ပေးသော ကိုအာသာကို လက်ဆောင်သွားပေးကြောင်း အပ္ပနား  နှင့် သောင်းထွဋ်ကြူတို့က အခြားသူများကို လိုက်ပြောပြလေသည်။

အောင်မြင့်ဦးက တစ်ထိုင်တည်းနှင့် ထမင်း ငါးပန်းကန် စားနိုင်သော်လည်း နေဝင်းကတော့ ထမင်းစားနည်းသူ ဖြစ်သည်။ သူသည် ဂါဒီယံကျွေးပွဲနေ့မှာ နောင်တော်များက ကိုရောဘတ်၏ စိန်ပေါက်ခေါက်ဆွဲဆိုင်မှာ တရုတ်စာထမင်းကျွေးရာ အနည်းငယ်သာစားသဖြင့် စကင်းရီးယား ကိုနေလင်းနှင့် ကိုဟီဟတို့က ‘နေဝင်းရာ မင်းက အားနာလို့လား၊ ထမင်းစားတာ မိန်းခလေးကျနေတာပဲ  ဝအောင်အားရပါးရ စားစမ်းပါ။ ဘာလဲ ကိုရောဘတ်ချက်တာ မကောင်းလို့လား။ ဒါဆို လေငွန်မှာ သွားစားမလား’  လို့ မေးလေ၏။ နေဝင်းက သူ့ကို မိန်းခလေးကျနေတာပဲလို့ ပြောတာ  မခံချင်သဖြင့် လေးပန်းကန်လောက်ကုန်အောင် ဆက်တိုက်စားရာ ကိုရောဘတ်က သူချက်တာ ကောင်းလို့အားပေးတယ်ထင်ပြီး နေဝင်းအတွက် ဝက်စတူးများ အဆစ်ထပ်ထည့် ပေးလေ၏။ ကိုရောဘတ်နှင့် ဓာတ်ပုံပိုင်ရှင် ကိုအာသာတို့မှာ ညီအစ်ကိုတော်ကြပါသည်။

နေ့လည်ပိုင်း မြို့မရုံမှာ ရုပ်ရှင်ကြည့်ကြပြီး Out pass ပြန်မဝင်မီ ဆရာချစ်ဆွေ (မေမြို့ချစ်ဆွေ) ၏ စခန်းသာ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်နှင့် ပေါင်မုန့်ထောပတ်သုတ်များလည်း ဝင်ကြိတ်ကြသေးရာ နေဝင်းသည် ညဘက်မှာ ဗိုက်ကယ်ပြီး တစ်ညလုံးအိပ်မရ ဖြစ်တော့သည်။ နောက်တစ်နေ့မနက်တွင် သင်တန်း မလိုက်နိုင်ဘဲ ဆေးခန်းလိုက်ရတော့၏။ ညနေသင်တန်းပြန်ချိန်တွင် တပ်စု (၁၀) ဖိုင်နယ်ရီးယား တပ်စုမှူး ကိုစိုးဝင်းက နေဝင်း၏ ကျန်းမာရေးအခြေအနေကို သိလိုသဖြင့် ‘ဘာရောဂါနဲ့ ဆေးခန်းလိုက်တာလဲ’ ဟုမေးရာ Line Sick form က ဆေးမှတ်ချက်နှင့် ရောဂါကို သူမဖတ်တတ်သဖြင့် ‘ဟုတ်  ဂါဒီယံကျွေးပွဲ အဝအပြဲစား၊ စားပိုးနင့်ရောဂါဖြစ်’ ဟု ဖြေလိုက်ပါတော့သည်။


သူများတွေ အကြောင်းချည်း လွမ်းပြနေလို့ ကျွန်တော်ကတော့ လွတ်သည်ဟု မထင်စေချင်ပါ။ ကျွန်တော်တို့ တပ်ခွဲ ပထမနှစ်မှာ  ကျွန်တော်၊ နေဝင်းနှင့် ဇော်မြင့်စန်းတို့မှာ နံနက်တန်းစီ BRC တွင် ဖိုင်နယ်ရီးယား တပ်ခွဲမှူးများနှင့် တပ်စုမှူးများ ယူနီဖောင်း ဝတ်စားဆင်ယင်မှုစစ်ဆေးရာတွင် ဝတ်စားဆင်ယင်မှု အကောင်းဆုံး Best Turnout  ပထမ၊ ဒုတိယ နှင့် တတိယ အလှည့်ကျ ရလေ့ရှိပါသည်။ အပတ်စဉ် တနင်္လာနေ့ နံနက် တန်းစီတိုင်း ထိုဆုကို သတ်မှတ်ပေးလေ့ရှိပါသည်။ ကျွန်တော်သည် ကျွန်တော်တို့တပ်ခွဲက မိုကြွသူများထဲမှ တစ်ယောက် အပါအဝင်ဖြစ်ရာ ယူနီဖောင်းကို သပ်သပ်ယပ်ယပ် ဖြစ်အောင် ကြိုးစားဝတ်ပါသည်။ ယူနီဖောင်း တစ်ခုတည်း သပ်ယပ်နေရုံနှင့် မလုံလောက်ပါ။ ဆံပင်ကို ဆီလိမ်းပြီး သေသပ်အောင်ဖြီး၍ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများ ပြောင်အောင် ရိတ်ရသလို ခါးပတ်ကြေးပြောင်အောင်နှင့် စစ်ဖိနပ်ကြီးကိုလည်း ပြောင်လက်အောင် တိုက်ရပါသည်။ ဤအချက်များအပြင် စစ်ရေးပြ ပုံစံ မှန်ကန်အောင် ခါးဆန့် ရင်ဖွင့် ဗိုက်ကိုရှပ်၍  Military bearing အပြည့်ဖြင့် တန်းစီရပါသည်။

တစ်ရက်မှာတော့ ကျွန်တော်တန်းစီဖို့ ယူနီဖောင်းအမြန်ဝတ်၊ စစ်ဖိနပ်ကြီးကို ကမန်းကတန်း ကောက်စွပ် ကြိုးချည်ပြီး ပြေးဆင်းသွားကာ တန်းစီပါသည်။ တန်းစီပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများကို အလေးပြု၍ သစ္စာလေးချက်  ဆိုရပါသည်။ သစ္စာဆိုနေစဉ် ကျွန်တော်၏ ညာဘက် စစ်ဖိနပ်ကြီးအတွင်း ခြေဖဝါးအောက်မှာ လှုပ်စိလှုပ်စိဖြစ်နေတာ သတိပြုလိုက်မိသည်။ ပထမတုန်းက ခိုးလိုးခုလု ဖြစ်နေတာ ခြေအိတ်ဟောင်း မေ့ကျန်ခဲ့လို့ ခုနေတာဟု ထင်ခဲ့သည်။ သစ္စာဆိုပြီး၍ ဗိုလ်လောင်း တပ်ခွဲမှူး စကားပြောနေစဉ် ကျွန်တော့ ခြေထောက်အောက်က လှုပ်စိလှုပ်စိကြောင့်  ခြေဖဝါးကို ကလိထိုးသလို ဖြစ်နေပြီး ကျွန်တော်လည်း မြွေတစ်ကောင်ဝင်နေသည်ထင်၍ ဇောချွေးများ ပြန်လာတော့၏။ တပ်ခွဲမှူးဖြစ်သူ ကိုခင်မောင်ဝေက ကျွန်တော် ဂနာမငြိမ် ခြေထောက်လှုပ်နေတာ မြင်သွားပြီး ‘ဖတ်စ်ရီးယား ဘာဖြစ်နေတာလဲ’ ဟု မေးပါသည်။ ကျွန်တော်လည်း ကြောက်ကြောက်ဖြင့် ‘ဟို ဟို  ကျွန်တော့ဖိနပ်ထဲမှာ မြွေ မြွေကြီး ရောက်နေလို့’ ဟု ဖြေလိုက်ပါသည်။

တပ်ခွဲမှူးက ကျွန်တော့်ကို တန်းထဲကထွက်ခိုင်းပြီး  ဖိနပ်ကို အမြန်ချွတ်စေပါသည်။  စကင်းရီးယားအချို့လည်း နီးရာ ပန်းဘောင် ကာထားသော အုတ်ခဲနှင့် ဝါးလုံးများ ပြေးဆွဲပြီး ကျွန်တော့ဘေးမှာ အသင့်အနေအထားနှင့် ဝိုင်းထားကြပါသည်။ ကျွန်တော်က  ဖိနပ်ကြီးကို ဆွဲချွတ်လိုက်ပြီး ပစ်လိုက်ရာ အနားရှိသူများလည်း ရှဲသွား တော့သည်။

စီနီယာတစ်ယောက်က ကျွန်တော့ဖိနပ်ကြီးကို ဝါးလုံးဖြင့် ထိုးလှန်လိုက်ရာ ဖိနပ်ထဲက ထွက်လာသည်ကား လက်သီးဆုပ်အရွယ်ခန့် ဖောင်းနေသော ဖားပြုတ်ကြီးတစ်ကောင် ဖြစ်နေပါတော့သည်။ ကျွန်တော်လည်း နောက်ကို ဖိနပ်မစီးခင် သေချာစစ်ဆေးပြီးမှ စီးဖို့ တပ်ခွဲမှူးက သတိပေးတာ ခံလိုက်ရသည်။ ထိုနေ့က ဝတ်စားဆင်ယင်မှု စစ်ဆေးရာ  ဖားပြုတ်ကြီး နှိပ်စက်ထားသော ဖိနပ်အပေကြောင့် ကျွန်တော် Best Turnout နှင့် လွဲသွားရပါသည်။

တကယ်တော့ အဆိုပါ ဖားပြုတ်ကြီးကို ကျွန်တော်သေချာ ပြောင်လက်အောင် တိုက်ထားသည့် ဖိနပ်ထဲ ထည့်ခဲ့သည့် လက်သည်တရားခံမှာ ကျော်ထွန်း(အော်လီဗာစတုန်း) နှင့် စောထွန်းချိုတို့ ဖြစ်ကြောင်း ကျောင်းဆင်းပြီး အနှစ်နှစ်ဆယ်ကျော် ကြာတော့မှ အော်လီဗာစတုန်းက ကျွန်တော့ကို ဖြောင့်ချက် ပေးခဲ့ပါတော့သည်။

ဗိုလ်မှူး ကြိုင်လျှမ်း (ငြိမ်း) ရေးသားသော  ‘လွမ်းငွေ့မပြေ ချယ်ရီမြေ’  စစ်တက္ကသိုလ် ဗိုလ်လောင်းဘဝ အမှတ်တရ စာအုပ်မှ  ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။

ချယ်ရီရိပ်ကတက္ကသိုလ်မှာ----

$
0
0

Kyine Lian's photo.

ချယ်ရီရိပ်ကတက္ကသိုလ်မှာ----
လွန်ခဲ့သောဆယ်စုနှစ်သုံးခုခန့် ကျွန်တော်တို့ ချယ်ရီရိပ်က တက္ကသိုလ်မှာတက်ရောက်ခဲ့ကြစဉ်အတွင်းခေတ်မီသော
ဗိုလ်လောင်းတိုင်း Nickname ဟုခေါ်သည့် ဝိသေသ အမည်ပြောင်များ ကိုယ်စီရှိကြသူချည်းဖြစ်သည်။တပ်ခွဲတိုင်းမှာလည်း အမည်ပြောင်ပေးရာ၌ အထူးကျွမ်းကျင်သူ ဗိုလ်လောင်းများရှိစမြဲဖြစ်၍ အမည်ပြောင်မရမှာမပူရ။အမည်ပြောင်ပေးရာမှာ ရုပ်
ပိုင်းဆိုင်ရာအမည်ပြောင်များဖြစ်သည့်ပြောင်ကြီး၊မှိန်းကြီး၊ခွင်ကြီး၊ ခွက်ကြီး၊ဖြဲကြီး၊ဖျင်းကြီး၊ဗြုတ်ကြီးစသဖြင့်ပေးကြသကဲ့သို့ စိတ်နေစိတ်ထားနှင့် အမူအကျင့်ကိုလိုက်၍ ငပွ၊ ငဖေါက်၊ ငပဲ့၊ ငပျင်း၊ ကပ်စီး၊ ချစ်တီး၊ ငကြောင်၊ ဂရောင်စသဖြင့်လည်းပေးကြ၏။ ကိုယ့်တပ်ခွဲအလိုက်ဗိုလ်လောင်းများအချင်းချင်းသာမကစာပေနှင့်စစ်ပညာဌာနတို့မှဆရာတွေကိုလည်းချမ်းသာမပေး။


နာမည်ပြောင်တွေကိုရက်ရောစွာပေးလေ့ရှိ၏။အချို့ လည်းအချင်းချင်း တိရ စ္ဆာန်များနှင့်နှိုင်း၍ မြွေကြီး၊လင်းတ၊ဘဲခေါင်း၊ဝက်ခေါင်း၊ဆိတ်မှိန်း၊လားကြီး၊မြင်းခေါင်း၊ကြောင်ချေး စသည်၊စသည်ဖြင့်။
ဘုရင့်နောင်တပ်ခွဲ မှခင်မောင်ဆင့်သည်စကားပြောရာ၌နှပ်တရှုံ့ ရှုံ့ လုပ်၍မျက်နှာကို မဲ့ကာစကားပြောသူဖြစ်ရာသူ
သည် မွေးနေ့ပွဲလုပ်စရာမလိုပဲ အလွယ်တကူပင် ရှုံ့ ကြီးဟူသော အမည်နာမကိုချီးမြှင့်ခြင်းခံရပါသည်။သူသည်အထက်တန်း
ကျောင်းသားဘဝကပင် ဘောလုံးထူးချွန်သူဖြစ်၍ ပထမနှစ်တပ်ခွဲဝင်ပြီး မကြာမီမှာပင် ဘုရင့်နောင်တပ်ခွဲ ကိုယ်စားပြုဘောလုံးအသင်း၏ First Line Up ကွင်းလယ်ကစားသမားတဦးအဖြစ် ထင်ပေါ်၍စင်တော်ကောက်ခြင်းခံရ၏။သို့ဖြစ်၍သူများတွေ
ပီတီပြေးချိန်မှာမပြေးရတော့ပဲခွင့်လွှတ်ရကာဘောလုံးတမျိုးကိုသာအထူးပြုလေ့ကျင့်ရ၏။ကျွန်တော်တို့ဗိုလ်လောင်းဘဝကခင်မောင်ဆင့်တို့၏ ဘုရင့်နောင်တပ်ခွဲမှာ အောင်စစ်သည် တပ်ခွဲပြိုင်ပွဲ၌နောက်ဆုံး အဆင့်ရသဖြင့်ပီတီကွင်းနှင့်အနီးဆုံးဖြစ်သောအောက်ဆောင်ခေါ် တထပ်အုတ်တိုက် အနီဆောင်လေးတွေမှာနေကြရ၏။ပီတီကွင်းနှင့်ကပ်လျက်၌ ဘောလုံးကွင်းရှိ
သောကြောင့်သူတို့တပ်ခွဲဘောလုံးလေ့ကျင့်ရသည်မှာအဆင်ပြေလှ၏။
Kyine Lian's photo.

တခါတလေ ပီတီတန်းဖြုတ်ချိန်တွင်သူတို့ အသင်းဘောလုံးလေ့ကျင့်နေကြတာကိုကျွန်တော်တို့သွားကြည့်ကြ၏။ခင်
မောင်ဆင့်ကားဗိုလ်လောင်းဖြစ်တာနှစ်လပင်မပြည့်သေးသော်လည်းပီတီခွင့်လွတ်ရနေသူပီပီသူတို့ဘောလုံးအသင်း၌ဖိုင်နယ်ရီးယားဗိုလ်လောင်းများနှင့်အပြိုင်အိုက်တင်များနေလေ၏။သူကားဖတ်စရီးယားသာဖြစ်သော်လည်းဘောလုံးလေ့ကျင့်ရာတွင်စီနီယာ ဗိုလ်လောင်းများက နားလည်ခွင့်လွတ်ပေးထားသည်ကို အခွင့်ကောင်းယူလျက် မန်ယူတိုက်စစ်မှူးဝိန်းရူနီ၏မျက်နှာပေးဖြင့် တမင်ဟန်လုပ်တင်းထား၏။သူငယ်ချင်းများကတော့ ကိုယ့်အပတ်စဉ်တူချင်းပဲလေဟု ဖြေတွေးတွေး၍သူတို့ဘောလုံးအ
သင်းကန်သည့်ပွဲများ၌သူ့ကို ရှုံ့ ကြီး၊ ရှုံ့ ကြီး ဟုတခဲနက် သံပြိုင်အော်ဟစ် အားပေးကြ၏။ထိုစဉ် သူတို့အသင်းက ဖိုင်နယ်ရီးယား တိုက်စစ်မှူးများဖြစ်သော ကိုကျော်ဝဏ္ဏ က ကိုမောင်မောင်ထွန်းအား ဟေ့ကောင်မှုန်ကြီး ဘယ်ဘက်ဖြတ်ပို့၊ဘယ်ဘက်ကိုဖြတ်ပို့ ရှေ့ ကိုတင်လိုက်တော့ဟု ဘောလုံးလှမ်းတောင်းလိုက်၏။ကိုကျော်ဝဏ္ဏ ဘောလုံးရသွားပြီးတဖက်အသင်းနောက်ခံလူများအမဲဖျက်သကဲ့သို့ဝိုင်းလုကြစဉ် ညာတောင်ပံတိုက်စစ်မှူးကိုမောင်မောင်ထွန်းကဟေ့ကောင်ကြီးကျောက်လုံးညာဘက်
ကို၊ညာဘက်ကိုဟု အော်တောင်းပြန်၏။ထိုစဉ် အထက်တန်းကျောင်းသားဘဝက ဗိုလ်တထောင်မြို့နယ်၌ သုံးလေးပွဲလောက်ကန်ဘူးရုံဖြင့် ကမ္ဘာကျော်ဘောသမားဝိန်းရူနီစတိုင်ဖြင့် အိုက်တင်ထုတ်နေသောကွင်းလယ်ကစားသမားဖြစ်သည့်ကျွန်တော်
တို့ ဇာတ်လိုက်ကျော် ရှုံ့ ကြီးတယောက်နောင်တော် တိုက်စစ်မှူးများကိုအားမလိုအားမရဖြစ်လာပြီးဟေ့ကိုကျောက်လုံး သည်ဘက်ကိုပေးပါတော့လား။ဗျိုး ကိုမှုန်ကြီး ခင်ဗျားနောက်ကိုပြန်ပို့လိုက်လေ ကျွန်တော်ရှိတယ်၊ဟာတယ်ခက်တာပဲ စသည်ဖြင်အော်ဟစ်၍ ဘောလုံးတောင်းလေတော့၏။ ကျောက်လုံးဟူသောအမည်ပြောင်မှာလည်းဗိုလ်လောင်းအပတ်စဉ်တိုင်းလိုလိုမှာ ရှိ၏။ကျွန်တော်တို့အပတ်စဉ်က ကျောက်လုံးအမည်ပြောင် ကံစမ်းမဲကိုဆွတ်ခူးရရှိသူ ကတော့အောင်ဇေယျတပ်ခွဲက သန့်ဇင်ဦးဖြစ်ပါသည်။သူသည်မင်းသားကြီး ဦးကျောက်လုံးနှင့်ရုပ်ချင်းဆင်သူလည်းဖြစ်၏။
ခင်မောင်ဆင့်သည်တပ်ခွဲဝင်တာမကြာသေးသဖြင့်ဖိုင်နယ်ရီးယားတို့၏နာမည်ရင်းကိုမသိပဲသူတို့အပတ်စဉ်တူချင်း
သာ ခေါ်လေ့ရှိသည့် နာမည်ပြောင်များကို အမည်ရင်းထင်၍ အော်ဟစ်နေခြင်းဖြစ်တော့၏။ ထိုစဉ်တတိယနှစ်ဗိုလ်လောင်းနောက်တန်းကစားသမား ကိုစောဘိုဘိုက ခင်မောင်ဆင့်အနီးသို့အသာပြေးကပ်လာပြီး ဖတ်စရီးယား မင်းအဲလိုမခေါ်နဲ့၊ကိုယ်တို့စီနီယာဝမ်းတွေတောင်အဲလိုခေါ်လို့မရဘူး။ အဲဒါသူတို့အချင်းချင်းပဲခေါ်လို့ရတဲ့နာမည်၊နောက်ကိုအဲလိုထပ်မခေါ်နဲ့ဟုသတိပေးလေ၏။ရှုံ့ ကြီးကားဘာမှ ထပ်မအော်တော့။သို့သော် သူကံမကောင်းရှာပါ။ဘောလုံးပွဲပြီးသည်နှင့်ကွင်းအပြင်ဘက်ပရိတ်
သတ် နေရာကနေ အားပေးနေသော ကုလားမင်းသား အမီတာဘချန်းနှင့် ရုပ်ဆင်သည့် ဒုတိယနှစ်နောင်တော်ဗိုလ်လောင်းတဦး ဖိုင်နယ်ရီးယားနှင့် စီနီယာဝမ်းဘောလုံးသမားများ၏ အလစ်အငိုက်၌ အသာအယာချဉ်းကပ်ရောက်ရှိလာပြီးညပိုင်းစာကြည့်ချိန်ပြီးဆုံးသည်နှင့် သူ့ထံသို့လာရောက်သတင်းပို့ရန်လက်တို့၍ဖိတ်ကြားခြင်းခံလိုက်ရပါသည်။မန်ယူတိုက်စစ်မှူးယူနီ
အိုက်တင်ဖမ်း နေသည့် ရှုံ့ ကြီးတယောက် နောင်တော်များ၏ အမည်ပြောင်ကို မဆင်မခြင် အော်ခေါ်မှုဖြင့် လက်ထောက်မှောက်၊လေထီးခုန်နှင့်ဖားခုန်စသော သန်မာမှုလေ့ကျင့်ခန်းများ အပိုလေ့ကျင့်ရဦးမှာသေချာနေလေပြီ။ကိုစောဘိုဘို ကားရုပ်ရည်ချောမောသည့် ဗိုလ်လောင်းတဦးဖြစ်ပြီးညီငယ်ဗိုလ်လောင်းများကိုကြင်ကြင်နာနာဆက်ဆံတတ်သူဖြစ်၍ဗိုလ်လောင်းဘ
ဝ၌ လူချစ်လူခင်ပေါသလို ကျောင်းဆင်းပြီးနောက် ဝိုင်းမော်မြို့၊ ခလရ(၅၈)၌တာဝန်ထမ်းဆောင်စဉ်မှာလည်းလက်အောက်မှရဲဘော်ရဲဘက်များ၏ ချစ်ကြည်လေးစားခြင်းခံရသော အရာရှိတဦးပင်ဖြစ်၏။နောက်ပိုင်းတွင်ကချင်ပြည်နယ်စစ်ဆင်ရေးတခု
အတွင်းသူကျဆုံးသွားခဲ့ပါသည်။


ကျွန်တော်တို့အောင်ဆန်းတပ်ခွဲဘောလုံးအသင်းမှာတော့ဖိုင်နယ်ရီးယားကိုသက်တင်ကအသင်းကပ္ပတိန်ဖြစ်ပြီး၊ကျွန်
တော်တို့ပထမနှစ်များလူရွေးချယ်ရာတွင်ကျွန်တော်လည်းဝင်အရွေးခံပါသည်။သို့သော်ကိုသက်တင်နှင့် ကျွန်တော်ကတမြို့ထဲသားများဖြစ်ကြပြီး တခုတည်းသာရှိသည့် အထက်တန်းကျောင်းမှာသူကကျွန်တော့်ထက်သုံးတန်းကြီးအတူတက်ခဲ့ကြပါသည်။
ထိုစဉ်ကကျွန်တော်တို့ကျောင်းကိုယ်စားပြုအထက(က)သင်းနှင့် အထက(ခ)သင်းနှစ်သင်းရှိရာ(က)သင်းကနှစ်စဉ်နှစ်တိုင်းနီး ပါးမြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲမှာ ဒိုင်းဆုကြီးဆွတ်ခူးရလေ့ရှိရာ ကိုသက်တင်သည်(က)သင်း၏အသင်းခေါင်းဆောင်လည်းဖြစ်၏။ကျွန်တော်ကတော့ ကျောင်း၏ အရံအသင်း ဖြစ်သော(ခ)သင်း၌ပင် First line up ၌ ပါဝင်ခွင့်မရပဲနောက်တန်းအရံကစားသမားအဖြစ်အသင်းအတွက် သံပုရာသီးစိတ်၊အအေးဖျော်တာဝန်များယူခဲ့ရ၏။အထက်တန်းကျောင်းသားဘဝကတည်းက
ကျွန်တော့်ဘောလုံးအရည်အချင်းနှင့်သဘာ ကိုကောင်းစွာသိသော ကိုသက်တင်ကအင်တိုက်အားတိုက် ရဲရဲဝင်ရဲရဲထွက်တွန်းတွန်းတိုက်တိုက်ကစားရသောတပ်ခွဲဘောလုံးအသင်း အတွက်ရွေးချယ်ခြင်းမပြုခဲ့ပါ။ကျွန်တော်တို့အပတ်စဉ်၌ခြေထောက်သာ
ခွင်သော်လည်းဘောလုံးပညာကောင်းကြသည့်အမရပူရက ကုလားကြီးအောင်ကျော်ထွန်း၊ သံတွဲသားဌေးနိုင်နှင့်ဖြူးသားသန်းထူးတို့အရွေးခံကြရပြီး တပ်ခွဲအသင်းအတွက်ခြေစွမ်းပြခွင့်ရကြပါသည်။
၁၉၈၄ ခုနှစ်တွင် ကျွန်တော်တို့အပါတ်စဉ်က တတိယနှစ်တက်ရောက်နေပြီးနောင်တော်အမှတ်စဉ်(၂၅)သင်တန်းက
နောက်ဆုံးနှစ်ဖြစ်၍ ကျောင်းဆင်းရန်ပြင်ဆင်နေကြလေပြီ။မတ်လအတွင်း တနင်္ဂနွေတရက်မှာ နောက်ဆုံးနှစ်ဗိုလ်လောင်းများလေ့ကျင့်ရေးဌာန ၏ ခွင့်ပြုချက်ဖြင့်ပြင်ဦးလွင်မြို့ အထွက်ပွဲကောက်ရှိ ဘီအီးရေတံခွန်သို့နှုတ်ဆက်ပျော်ပွဲစားထွက်ကြ၏။

ဗိုလ်လောင်းများအပတ်စဉ်လိုက်တပ်ပြင်ပလေ့ကျင့်ရေးသွားသည့်ကိစ္စမှလွဲ၍တဦးချင်းရေတံခွန်သို့အလည်အပတ်သွားရောက်ခွင့်မရှိသောဧရိယာ Out of boundဖြစ်ပါသည်။ ကျွန်တော်တို့အပတ်စဉ်က ခင်မောင်ဆင့်၊စိုးလှိုင်၊ရန်နောင်သိန်းနှင့်ဇော်ထွန်း တို့ဘုရင့်နောင်တပ်ခွဲက တတိယနှစ်ဗိုလ်လောင်း လေးယောက်ရထားလုံးဖြင့်ပွဲကောက်ရေတံခွန်သို့သွားလည်ခဲ့ရုံမကပဲခပ်တည်တည်ဖြင့်နောက်ဆုံးနှစ်ဗိုလ်လောင်းများစားသောက်ပွဲမှာဝင်စားကြပါသည်။ထို့ပြင်ကက်ဆက်ဖွင့်၍သီချင်းဆိုပါဆယ်ဂိမ်းများကစားစဉ်မှာလည်း ပါဝင်ကစားမြူးတူး ကခုန်ခဲ့ကြလေသည်။စီနီယာများကအစားအသောက်ကိစ္စဖြစ်၍သူတို့ကိုဘာမျှအပြစ်မ
ပြောပဲဖော်ရွေစွာကျွေးမွေးကြပါသည်။ထိုတနင်္ဂနွေနေ့ညနေပိုင်းတန်းပေါင်းစီတန်းဖြုတ်ချိန်မှာတော့ဗိုလ်လောင်းတပ်ရင်းမှူးကိုထွန်းထွန်းနောင်ကသူတို့ကို ရောင်တော်ပြန်နှင့်ရောလွှတ်သည့် စီနီယာဝမ်းလေးယောက် ကျန်ခဲ့ရန်ပြောပြီးဘုရင့်နောင်တပ်ခွဲမတပ်ခွဲမှူးအပွိုင့်မင့်ထံသတင်းပို့ခိုင်းသဖြင့်တပ်ခွဲ၌အီးဒီခေါ်အပိုစစ်ရေးပြပြစ်ဒဏ်နှစ်ပတ်အပေးခံခဲ့ကြရပါတော့သည်။


ကျွန်တော်တို့ဗိုလ်လောင်းအပတ်စဉ်တိုင်းမှာဗိုလ်လောင်းနံပါတ်အပြင်လေ့ကျင့်ရေးဘာသာရပ်အတွက်ဗျူဟာနံပါတ်
ကိုလည်းသတ်မှတ်ပေး၏။ဗိုလ်လောင်းအမှတ်က စစ်တက္ကသိုလ်အပါတ်စဉ်(၁)ကတည်းက တက်ရောက်ခဲ့သောနံပါတ်စဉ်အတိုင်းအစဉ်လိုက်သတ်မှတ်ပေးခြင်းဖြစ်ပြီး ဗျူဟာနံပါတ်မှာအပတ်စဉ်ရှိ လူအရေအတွက်အတိုင်းနံပါတ်(၁)မှစ၍သတ်မှတ်ပေးခြင်းဖြစ်၏။ ထိုအခါနံပါတ်(၈၇)ကျသောဗိုလ်လောင်းမှာသီးခြားနာမည်ပြောင်မရှိပါကအလိုအလျောက်ဂရောင်ဟူသောနာမည်
ကိုရပါသည်။ဂရောင်ဆိုသည်မှာအလုပ်လုပ်ရာ၌တလွဲတချော်အရောင်ရောင်အမှားမှားလုပ်တတ်သူကိုတင်စားခြင်းဖြစ်၏။အချို့ ထိုနာမည်အတပ်ခံရပြီးမှပို၍တလွဲတွေလုပ်တတ်ကြ၏။

ကျွန်တော်တို့အပတ်စဉ်ကဗျူဟာနံပါတ်(၈၇)မှာ အနော်ရထာတပ်ခွဲကဖေညွန့်ဖြစ်သည်။ထို့ကြောင့်သူသည် ဂရောင်
အမည်ကိုအလွယ်တကူရရှိသွားသည်။သူကပထမနှစ်မှာမကြာမကြာအမှားလုပ်တတ်လို့စီနီယာတွေကအထူးသဖြင့်အနီးကပ်နေရသည့် ဒုတိယနှစ် ဗိုလ်လောင်းများက သူ့ကိုသတင်းပို့ခေါ်(တနည်း)ဖိတ်စာပို့ခြင်းခံရပါသည်။တရက်မှာတော့ညစာကြည့်ချိန်ပြီးတာနဲ့ ဖေညွန့်ကြီး နောက်ဆုံးနှစ်ဗိုလ်လောင်းများနေသည့်အခန်း ကော်ရစ်ဒါ ရှေ့မှာ ကလစ်ဘုတ်ကိုလက်တဖက်ကကိုင်
၍လက်တဖက်က(၉ဝံ လွှဲလျက်ဟိုဘက်ထိပ်မှ သည်ဘက်ထိပ်ကိုခေါက်တုန့်ခေါက်ပြန် လျှောက်နေတာတွေ့ကြရသည်။ဘယ်အခန်းကိုမှတော့မဝင်။နောက်ဆုံးနှစ်အခန်းများရှေ့ မှာဖြစ်၍စီနီယာဝမ်းနှင့်စကင်းရီးယားတို့လည်းလာမကြည့်ကြပါ။သို့သော်သူ့ကိုသတင်းပို့ခေါ်ထားသည့် ဒုတိယနှစ်ဗိုလ်လောင်းကိုအံ့မော်ကတော့ဖေညွန့်ကြီးကိုစောင့်နေတာမီးပိတ်ချိန်အော်သည်အထိဖြစ်သည်။နောက်တနေ့လည်းထို့နည်းတူပင်။စာကြည့်ပြီးချိန်ခရာမှုတ်သည်နှင့်အပေါ်ဆုံးထပ်ဖိုင်နယ်ရီးယားအခန်းများရှေ့ 
၌သူ့ကိုဘယ်သူမှသတင်းပို့ခေါ်မထားပဲ ခေါက်တုံ့ခေါက်ပြန်တက်လျှောက်နေပြန်၏။မီးပိတ်ချိန် အထိဖေညွန့်ကြီးဆင်းမလာ။
Kyine Lian's photo.
နောက်ဆုံးကိုအံ့မော်ကလက်လျှော့လိုက်သည်။ဂျူတီကဒက်ဖြစ်သူ အောင်စိုးအား ဖေညွန့်ကြီးကို သူ့ထံလာသတင်းပို့ရန်ကိစ္စနှင့်ပတ်သက်၍ ဖေညွန့်တယောက်အလွန်အလုပ်များပြီး၊ ဖိုင်နယ်ရီးယားတို့ကိစ္စများကိုညအိပ်ချိန်ထိလုပ်ဆောင်နေရသဖြင့်သူ့ထံသို့ လာရောက် သတင်းပို့ရန်ခေါ်ယူထားခြင်းမှ ပယ်ဖျက်လိုက်ကြောင်းမှာကြားသွားပါ၏။တောင်ပြာတန်းက တက္ကသိုလ်မှလွမ်းမောစရာ အမှတ်တရဖြစ်ရပ်လေးများပင်မဟုတ်ပါလား။






ယာတောများဆီသို့ အပြန်

$
0
0

လရောင်က အိမ်ခေါင်မိုးများပေါ်သို့ တိတ်တဆိတ် ယိုဖိတ်ကျနေသည်ကို ဖွင့်ထားသော ပြတင်းတံခါးမှ လှမ်းမြင်နေရသည်။
အချိန်က ညသန်းခေါင်ယံရောက်နေမှန်း အခန်းထိပ်မှ တိုင်ကပ်နာရီကြောင့် သိလိုက်ရသည်။
ဝန်းကျင်တစ်ခုလုံးက လျှပ်စစ်မီးထွန်းမထားပေမယ့် ပြည့်တဲ့လမင်းကြောင့် လင်းလက်နေသည်။ညအမှောင်ထု နက်ရိုင်းသွားလေလေ လရောင်က ထွန်းလင်းတောက်ပလာ လေလေ ဖြစ်သည်။
ရုတ်တရက် ခွေးတစ်ကောင်က စူးစူးနစ်နစ် အူလိုက်သည်။သို့သော် လရောင်က လျော့မသွား။
ထွန်းပမြဲ လင်းလက်မြဲ အေးမြမြဲ သာ ....။
အိမ်ရှေ့က စံပယ်ပင်သည် လရောင်အောက်မှာ လေယူရာ ယိမ်းနွဲ့နေသည်။
အရွက်အခက်များသည် လရောင်၏ ဆွဲဆောင်မူ့ကြောင့် ရှိရင်းစွဲထက် ပိုပြီး စိမ်းမြနေသည်ဟု ထင်ရသည်။
ထို့အတူ စံပယ်ပွင့်များကလည်း ခါတိုင်းထက် ဖွေးဖြူနေကြသည်။
လရောင် စံပယ်ရနံ့ လေညှင်းများတို့ကြောင့် ညက လှပ အသက်ဝင်နေသည်။
သန်းခေါင်ယံကျော်လာပြီ ဖြစ်ပေမယ့် အိပ်စက်ပစ်ဖို့ စိတ်မကူး။ ပြတင်းတံခါးက တိတ်တဆိတ်ညကို ငေးမော တိမ်းမူးနေမိသည်။

မြူပဝါ လွှမ်းထားသော လမင်းကို ငေးကြည့်နေဆဲမှာ ခုတင်ခြေရင်းထားသော ဖုန်းက ထမြည်လာသည်။

လမင်းတစ်စင်းလို...
ဝေဖြာနေ အလင်းရောင်
အလှမ်းဝေးတဲ့ ကမ္ဘာမှာ
အမြဲတမ်း မနေနဲ့ကွာ

ဖုန်းကိုင်လိုက်တော့ တစ်ဘက်တုန့်ပြန်မူ့ မရှိ။
ဟလို ဟလိုနဲ့သာ စခန်းဆုံးသွားသည်။

သြော် .....မနက်ဖြန်မနက် မရောက်ဖြစ်တာ ကြာပြီဖြစ်သော ဇာတိမြေကို ပြန်ရအုံးမှာပါလား အတွေးက စိတ်တို့ကို လှုပ်ရှားသွားစေသည်။
ဇာတိမြေ ဆိုလို့ ကျနော့် မွေးရပ် ချက်ကြွေရာ အရပ်တော့ မဟုတ်ပါ။ကျနော့် အဘိုး အဘွားတို၏ မွေးရပ်မြေ ဖြစ်သည်။
တစ်နည်းဆိုရရင် ဘိုးဘွားဘေဘီတို့ အရပ်။
ကျနော့် လူသားတစ်ယောက် ဖြစ်တည်မူ့အစ လာရင်း အရပ်ကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဇာတိမြေကို ပြန်ရမည်ကို တွေးလိုက်တော့ ကွယ်လွန်သွားပြီး ဖြစ်သော အဘိုး အဘွားတို့ကို သတိရမိသည်။
သူတို့ဝိညဉ် သူတို့အားမာန်တွေက လရောင်အောက်မှာ ကျနော့်ဘယ်ဘက်ရင်အုံဆီသို့ ခပ်ပြင်းပြင်း ရိုက်ခတ်လာလေသည်။
အနောက်ဘက်လေတို့ကြောင့် ဇာတိပုည မာန်မာန များဖြင့် တစ်ကိုယ်လုံး ပေါ့ပါး လန်းဆန်းတက်ကြွ လာလေသည်။
ကျနော်ရှေ့က မြင်ကွင်းက လရောင် လေညှင်း စံပယ်ပွင့်တို့ကနေ တစ်မျှော်တစ်ခေါ် ဂျူံခင်းများ
မျက်စိတစ်ဆုံး ပန်းနှမ်းခင်းကြီးများ
နောက်ခံအဖြစ် ထန်းရိပ်ညှိညှိတို့ဖြင့် အသက်ဝင်လာတော့သည်။

ကြက်သီးထဖွယ် မွေးရပ်မြေပါလား။
ဆွဲဆောင်နိုင်လှပါလား လာရာအရပ်ရယ်..,။

ဆောင့်တိုက်လိုက်သော လေနုအေးကြောင့် လူတစ်ကိုယ်လုံး အေးမြသွားသည်။
သို့ပေမယ့် ဖွင့်ထားသော ပြတင်းတံခါး ပိတ်ပစ်ဖို့ စိတ်မကူးမိပါ။
စိတ်အလျဉ်က ကျေးလက်ကနေ မြို့ပြသို့ ကျနော်တို့ ရောက်ရှိလာပုံကို တွေးဝင်စီးမျောနေမိသည်။
တစ်ဆက်တည်းမှာပင် မြို့ပြဖြစ်ထွန်းလာပုံတွေ အကြောင်း ဖတ်ရမှတ်ရသမျှကို အတွေးနယ်ချဲ့မိလိုက်သည်။
ဥရောပရဲ့ မြိုပြဖြစ်ထွန်းလာမူ့ကတော့ စက်မူ့တော်လှမ်းရေးကို အခြေခံသည်ဟု ဆိုကြသည်။
စက်မူ့တော်လှန်ရေးကြောင့် အသစ်ပေါ်လာသော စီးပွားရေးအခွင့်အလမ်းတို့ ဖမ်းဆုပ်နိုင်ရန် လူအများ ပြောင်းရွေ့အခြေချကြသည်။
သို့အတွက် ကျေးလက်မှ ဓလေ့ ထုံးစံတို့ကို အပြီးအပိုင် လမ်းခွဲကာ စီးပွားရေးသစ်နဲ့ လိုက်လျောညီထွေ ရှိသော ထုံးတမ်းစဉ်လာ ဓလေ့များသို့ လွယ်လက့်တကူ ကူးပြောင်းသွားနိုင်ခဲ့သည်။
ို အဆိုပါ ရေခံမြေခံက ဒီမိုကရေစီစနစ် ထူထောင်သောအခါ ရေကန်အသင့် ကြာအသင့် ဖြစ်စေသည်ဟု ပညာရှင်များ ဆိုကြသည်။

ကျနော်တို့ မြို့ပြရွေ့ပြောင်းလာပုံကား ဤသို့မဟုတ်။
ပြည်တွင်းစစ် နယ်မြေဒေသမလုံခြုံမူ့များကြောင့် မြိုပြသို့ လာရောက် နေထိုင်ကြခြင်း ဖြစ်သည်။
သို့နှင့်အမျှ ကျေးလက်က ဓလေ့ထုံးစံများကို ခါချပစ်စရာ မလိုဘဲ
ကျေးလက်က တွေးပုံခေါ်ပုံ ဓလေ့အပင်ကို မြို့ပြသို့ ရွေ့ပြောင်း စိုက်ပျိုးခြင်းသာ ဖြစ်သည်။
ကျနော်တို့ ဓလေ့ ထုံးစံဆိုသည်ကလည်း ဖြတ်သန်းခဲ့ရသော နိုင်ငံရေးစနစ်နှင့် စီးပွားရေး ပညာရေးတို့က ပုံသွင်းထားသည်။
ကျနော်တို့ကား သက်ဦးဆံပိုင် ဘုရင်စနစ် ကိုလိုနီခေတ် ဖက်ဆစ်ခေတ် စစ်အာဏာရှင် စနစ်တို့ကို ဖြတ်သန်း၍ရသော နိုင်ငံရေး ဓလေ့ထုံးစံ ရှိသည်။
တစ်ဘက် စီးပွားရေးကို မျက်နှာမူရင်လည်း သမားရိုးကျ လယ်ယာစိုက်ပျိုးရေးက ပေးသော စီးပွားရေးဓလေ့ ရှိသည်။
ထိုဓလေ့ထုံးစံတို့က ကျနော်တို့တောင်းဆိုသော ဒီမိုကရေစီစနစ်နှင့် စရွေးမကိုက်။
ထို့အတွက် ရှိရင်းစွဲ ဓလေ့ ထုံးစံတို့ကို ရွေ့သွားအောင် တွန်းဖို့ လိုလာသည်။
တွန်းအားက အခြားမဟုတ်။
စီးပွားရေးဖွံ့ဖြိုးမူ့ ပညာရေးပြုပြင်ပြောင်းလဲမူ့သာ ဖြစ်သည်။

လမ်းမပေါ်က ဖြတ်သန်းသွားလာသူတို့ အသံကြောင့် ကျနော်အတွေးတို့ ရပ်တန့်သွားသည်။
အပြင်မှာ လရောင်ဖျော့စ ပြုပြီး နေမင်းက ရောင်ခြည်နူနူဖြင့် အစားထိုးလာလေသည်။ညမှ နေ့အကူး ကာလက လှပလွန်းပါတကား။အသက်ရူမှားမတတ်. ..။
နိုင်ငံရေးစနစ် အကူးအပြောင်းမှာကား....????။
 

KIA 101 vs BGF (1002)

$
0
0



August 3, 2014 at 10:54pm
ရေးသားသူ - နယ်ခြားစောင့်တပ်မှူးတစ်ဦး
Credit to - Saw Kyaw @ နယ်ခြားစောင့်တပ်မှူးတစ်ဦး

အပိုင်း (A)
၂၅ ဧပြီ ၂၀၁၂ ၂၀၃၀ နာရီ
ချီဖွေမြို့အနောက်ဖက်ကမ်း၊ ဇနောင်ယန်ကျေးရွာ

ဗိုလ်မှူးကြီးနော်ခမ်း၊ တပ်မဟာမှူး၊ KIA တပ်မဟာ ၁၀၁

..............................................................................

ပထမဆုံးစက်လှေ၏....အင်ဂျင်နှိုးသံက....
သူ့ နှလုံးခုန်သံကို....လွှမ်းမိုးသွားသည်.....
မှောင်စပျိုးကတည်းက....ကမ်းစပ်သို့ ရောက်ရှိနေခဲ့ကြသော်လည်း....
လုံးဝ မှောင်သွားသည်အထိ...သူစောင့်နေခဲ့သည်....
သိပ်နောက်ကျလွန်းလျှင်လည်း....မဖြစ်....
အင်အား ၇၀၀ ပါတပ်အား....မြစ်တစ်ဖက်ကမ်းသို့....
အရုဏ်မတိုင်မီ ....ကူးဖြတ်ပြီး ဖြစ်နေဖို့လိုသည်။
ချီဖွေမှ ထွက်သည်နှင့်...လုံခြုံရေးက...က
ျိုးပေါက်ပြီးဖြစ်မည်မှာ...
သေချာသလောက်ရှိသည် မဟုတ်လား....။

ဝါရှားပါဒေသတွင်....စုဖွဲ့စဉ်က...
သတင်းမပေါက်ခဲ့ကြောင်း....ယခုည....
မြစ်ဖြတ်ကူးချိန်ထိ....အားလုံးအ
ဆင်ချောသည်ကို...
ကြည့်ခြင်းဖြင့်သိနိုင်သည်.....
စက်လှေများ....လုံလောက်သည်မဆိုနိုင်သော်လည်း....
မဆိုးလှ.....
ရင်း (၃) ဌာနချု ပ် (၀ထောင်စခန်း) ကျသွားကတည်းက....
ဒီအခြေဆိုက်တော့မည်ကို...သူတွက်ထားပြီးသားပင်.....
ဗန်းမော် - မန်စီ - လိုင်ဇာ ....ဒေသမှာ...
ကျဆင်းခဲ့ရသမျှ ....စစ်ရေး...စီးပွားရေး...အင်အားများအတွက်....
ဆဒုံး - ကန်ပိုက်တီး - ပန်ဝါ - ဆော့လော်....ဒေသများသို့....
သူရောက်ရှိခဲ့ရခြင်းပင်........။

သူ့တပ်များ....ကောင်းစွာ အနားမရမှာသာ...သူစိတ်ပူနေသည်....
သူတို့၏....ရည်မှန်းချက်မှာ....
မြစ်တစ်ဖက်မှ...
ညအမှောင်အောက်တွင်....တိတ်ဆိတ်ငြိမ်သက်နေသော....
ချီဖွေမြို့မှ....မဟုတ်သည်ပဲလေ.....
ချီဖွေမှ တစ်ဆင့်တော့....ခြေလျင်ခရီးဖြင့် မဖြစ်....
စီစဉ်ထားသော မော်တော်ယာဉ်များ....
အသင့်ရှိနေဖို့....ဘုရားသခင်စောင့်ရှောက်မှာပါ....

သူ့တပ်သားများ...တိတ်ဆိတ်သွက်လက်စွာ....
စက်လှေတစ်စီးပြီး တစ်စီး....တစ်ဖက်ကမ်းဆီသို့....
ကူးဖြတ်နေသည်ကို...အားရကျေနပ်စွာကြည့်ရင်း....
လုံးပြောင်ချောမွတ်နေသော....ကျောက်စရစ်ခဲတစ်လုံးအား....
ခပ်ပြင်းပြင်းလွှဲကန်လိုက်ရာ.....မေခမြစ်ထဲသို့....
တိုးတိတ်စွာ လွင့်ဝင်သွားတော့သည်....
အသံမမြည်သည်တော့မဟုတ်....
စက်လှေသံများကြောင့် ....သူမကြားရခြင်းသာ။


========================================
အပိုင်း (B)
၂၆ ဧပြီ ၂၀၁၂
အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်၊ ပန်ဝါမြို့နယ်ခွဲ

ဗိုလ်မှူးလန်းဂျောဆောင်တိန့်၊ တပ်မှူး၊ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်
..............................................................................

နေအတော်မြင့်လာသော်လည်း....
မြင်သင့်သလောက် မမြင်နိုင်သေး....
သည်ဒေသကတော့....သည်လိုပါပဲလေ....
ဟိုး ....ချီဖွေမြို့ ဘက်ဆီသို့....မှန်းမျှော်ကြည့်ရင်း....
သက်ပြင်း ...မျဉ်းမျှ ချ ဖြစ်သည်.....

လွန်ခဲ့သည့်....၂ နှစ်ကျော်...အတိအကျဆိုရလျှင်....
သူတို့ နယ်ခြားစောင့်တပ်...စတင်ဖွဲ့စည်းသည့်....
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်ကတည်းက....
သည်နေ့လို အဖြစ်မျိုး....မျှော်လင့်ပြီးသားပင်....

သူတို့၏ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်သည်....
ချီဖွေမြို့နယ်...ပန်ဝါမြို့နယ်ခွဲ...အတွင်း....
ချီဖွေ - ပန်ဝါသွား ကားလမ်းပေါ်တွင်...
ပန်ဝါနှင့် ပိုနီးသော....
လုပီကျေးရွာတွင်....အခြေစိုက်သည်။

ယခု...သူရပ်နေသည့်နေရာက....
တပ်၏ မြောက်ဖက်....တောင်ကုန်း ဆင်ခြေလျောတစ်နေရာဖြစ်သည်...
ထိုတောင်ကုန်းသည်....၂၆၅၉ မီတာမြင့်ပြီး....
တပ်အားစိုးမိုးထားသည်....
ဆင်ခြေလျော မတ်စောက်သည့် တောင်ကြောတစ်ခုဖြစ်သည်....
သူ့မြင်ကွင်းကို...တပ်အနောက်ဖက်
သို့ ရွှေ့လိုက်ရာ....
တပ်ဧရိယာနှင့် ကပ်လျက် လုပီရွာ....
ရွာအနောက်မှ မီတာ ၄၀၀ ခန့်အကွာရှိ တောင်ကုန်းများ....
ထို မီတာ ၆၀၀ မျှ မြင့်သောတောင်ကုန်းများကလည်း....
ရွာကိုစိုးမိုးထားလေသည်....
ခြုံ၍ ဆိုရပါမူ...သူ၏တပ်သည်....ပတ်ဝန်းကျင်အား...စိုးမိုးသည့်...
အချက်အခြာမြေမဟုတ်သော်လည်း....
ဒေသတွင်း အရေးပါသည့်....ချီဖွေ - ပန်ဝါ ကားလမ်းအား...
အနီးကပ်ဆုံး စိုးမိုးထားသည့်....စစ်ဗျူ ဟာအရေးကြီးမြေပင်တည်း။

ယနေ့မနက်...ရသော သတင်းတစ်ခုက....
သူ၏သွေးများကို....နွေးသွားစေခဲ့သည်....
ချီဖွေမှ ထွက်လာကြသော....KIA အင်အားစုကြီးတစ်စု သတင်းဖြစ်သည်....
ဒင်းတို့....မေခ အနောက်ဖက်မှ ကူးလာကြခြင်းသာဖြစ်မည်....
ထိုအချိန်...ထိုနေရာတွင်...ထိုအင်အားစုကြီး...စုဖွဲ့နေသည်ကို....
မသိခဲ့ရခြင်းမှာ....မိမိတို့အတွက်...ကံမကောင်းခဲ့ပေ....
သို့သော်....
ထိုဒေသရှိ....ဒေသခံများကို...ထိုသူတို့ ...ကောင်းကောင်းထိန်းချုပ်နိုင်ကြောင်း...
သူ...သံသယ မရှိ.....

၁၀၁ ...တဲ့လား....
သူ့နှုတ်မှ ရေရွတ်သံအဆုံး....
သူ့နောက်တွင်...ရပ်နေသော....
ဒုတပ်မှူး ဗိုလ်မှူးဂျွန်ဇန်ဒေါင်းလွမ်...ထံမှ....
ဟုတ်....တပ်မဟာမှူးကိုယ်တိုင်ပါလာတယ်တဲ့ တပ်မှူး.....

သူ...ယဲ့ယဲ့...ပြုံးသည်....
နောက်သို့မလှည့်ပဲ...ဆက်ပြောသည်....
နော်ခမ်း ဘာလုပ်မယ်ဆိုတာ...တွက်လို့ရတယ်....
သူ...အငိုက်ရအောင်...အပြင်းတက်လာမယ်....
သူနဲ့ တို့ကြားမှာ....
၁၁မိုင်ရွာ....
လန်းဂျောရွာ...
လုဝမ်ရွာ....
ရှဖုတ်ရွာသစ်...
ပြီးရင်....တို့ လုပီ ....တပ်စခန်းပဲ....
သူ့ရည်မှန်းချက်က....တို့တပ်တစ်
ခုတည်းမဟုတ်နိုင်ဘူး....
ပန်ဝါမြို့နယ်ခွဲ ပါ ပါမယ်....
အဲဒီတော့....
တို့လည်း....တာဝန် ၂ ခု တပြိုင်တည်း...ရှိလာပြီ....
၁။ လုပီ တပ်စခန်းမကျရေး...
၂။ ပန်ပါမြို့နယ်ခွဲ မကျရေး....

သူနှင့် သူ့ဒုတပ်မှူး....တပ်ခွဲမှူးတို့....
တပ်ရင်းရုံးသို့ ပြန်ဝင်လာစဉ်....
ဆင်ခြေလျောမှ....ချီဖွေဘက်ဆီသို့....
တစ်ချက်လှမ်းကြည့်ရင်း....
နော်ခမ်း...မျက်နှာကြီးကို...မြင်ယောင်လာမိလေသည်။
===================================

အပိုင်း (C)
၂၆ ဧပြီ ၂၀၁၂ နံနက်ပိုင်း
ချီဖွေမြို့အထွက်၊ ချီဖွေ - ပန်ဝါ ကားလမ်း (၄) မိုင် စခန်း

ဗိုလ်မှူးကြီးနော်ခမ်း၊ တပ်မဟာမှူး၊ KIA တပ်မဟာ ၁၀၁
..............................................................................

မျက်စိမျက်နှာပျက်နေသော....
Asia World မှ စခန်းတာဝန်ခံကို....သူ....ခပ်ပြုံးပြုံးကြည့်ရင်း....
ခင်ဗျား ကားတွေ....ဘာမှ မဖြစ်ပါဘူး...ဟုပြောသည်....
ဖြစ်လည်း....ဒီလောက်ကတော့ ...ခင်ဗျားတို့ အတွက်....
ဖြုတ်ကိုက်တာမှ ...ယားမှန်းသိဦးမယ် မဟုတ်ဘူးလား.....
အမှန်တော့ ဒီ ၅ စီးထက်ကို....ပိုရချင်သေးတာပါ...
သည်နေရာမှ...စောစောထွက်နိုင်လေလေ....
လုပီ နှင့် ပန်ဝါ တို့သို့....ဗမာတပ်များ ...
အင်အားဖြည့်ချိန်...နည်းလေလေဖြစ်သည်။

သို့သော်.....
သည်နေရာတွင်....အချိန်က အတော်ကုန်သွားသည်....
သူ့တပ်များကို.... ၂ ပိုင်းခွဲနေရသေးသည်...
တစ်ပိုင်းက....
ချီဖွေမြို့အား....၀န်းရံပိတ်ဆို့ပြီး....
မြို့နှင့်...သည်နေရာကြား လမ်းကြောင်းပေါ်...
ဖြန့်ခွဲ နေရာယူထားရန်....
နောက်တစ်ပိုင်းကဖြင့်....
လုပီနှင့် ပန်ဝါ သို့ ချီတက်တိုက်ခိုက်ရန်...ဖြစ်သည်....

သည်နေရာတွင်...ချန်ရစ်ထားမည်က....
ကေအိုင်အေ နယ်ဘက်အုပ်ချု ပ်ရေးအဖွဲ့များနှင့်....
၎င်းတို့၏ ....ဒေသခံပြည်သူ့စစ်များ.....
သူ့တပ်လည်း အနည်းငယ် ပေးထားခဲ့ရမည်....
မြို့ကို...ပိတ်ဆို့ထားရန်က....၁၅၀ လောက်....
လမ်းကြောင်းထိန်းဖို့က.....၃၀၀ လောက်ဆို...
လုံလောက်ပြီဖြစ်၏။

တိုက်စွမ်းရည်ရှိသော....
ကျန်အင်အား ၂၅၀ သည်ကား.....
အဓိက ရည်မှန်းချက်ဖြစ်သည့်.....
လုပီ တပ်စခန်းနှင့်....မြို့နယ်ခွဲ ပန်ဝါ....ကို....
စစ်ကြောင်း ၅ ကြောင်းခွဲ၍....
သူကိုယ်တိုင် ဦးစီး စစ်ဆင်မည်ဖြစ်သည်....

ချီဖွေချောင်းနှင့် အပြိုင်ဖေါက်လုပ်ထားသော....
ကားလမ်း ကွေးကောက်ကောက်ဆီ....
သူမျှော်ကြည့်လိုက်သည်....
ပထမဆုံးရောက်မှာက....
ခစတ ၁၀၀၂ က တပ်စုတစ်စုသာရှိသည့်....
၁၁ မိုင် စခန်း....
ထိုနောက်မှ....လန်းဂျောရွာ....လုဝမ်ရွာ....အန်းခေါတံတား....
အစဉ်အတိုင်း...ရောက်ရှိမည်ဖြစ်သည်....
အရေးကြီးသည်က....အန်းခေါ တံတား....
ထိုတံတားသည်...လုပီနှင့် ၄ မိုင်ခန့်သာ ဝေးသည်....
တကယ်က...သူ ဒီညတွင်းချင်းပင်....
အန်းခေါ တံတားသို့ ရောက်လိုသည်....
ဟိုကောင်တွေ....မဦးခင် ...တံတားမချိုးခင်....
ကိုယ်က...ဦးအောင် ရောက်မှ....
နှောင့်နှေးမှု မရှိမည်....
သူတို့ကလည်း...ကိုယ့်ထက်ဦးအောင် လာမည်ဖြစ်သည်....

မည်သို့ပင်ဖြစ်စေ.....
ထိုအချိန်မျှလောက်နှင့်တော့.....
ပန်ဝါနှင့် လုပီ သို့....
မည်သည့် ဗမာစစ်တပ်မှ....
စစ်ကူ အမီမလာနိုင်ကြောင်း....
သူကောင်းကောင်းကြီးသိသည်....

၁၁ မိုင်စခန်းရှိ....
၁၀၀၂ တပ်စုအား....
ချေမှုန်းခြင်း မပြု သေးပဲ....
ပြင်ပမှ....ထိန်းချုပ်ထားရန်....
၃၀ ခန့် ထားခဲ့ပြီး....
စစ်ကြောင်းအဟုန် မတန့်ပဲ....
ဆက်လက်ထွက်ခွာရန်....
သူဆုံးဖြတ်လိုက်သည်....

မင်းတို့ အားကိုးတဲ့ ဗမာကောင်တွေ....
မင်းတို့ကို ...ကယ်မလား....ပစ်ထားမလား....
ကြည့်လိုက်စမ်း....လန်းဂျောဆောင်တိန့်။

==============================================

အပိုင်း (D)
၂၆ ဧပြီ ၂၀၁၂ ၊ နေ့လည်ပိုင်း
အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်၊လုပီ ၊ ပန်ဝါမြို့နယ်ခွဲ

ဗိုလ်မှူးလန်းဂျောဆောင်တိန့်၊ တပ်မှူး၊ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်
..............................................................................

မနက်စောပိုင်း...သတင်းရလျှင် ရခြင်းပင်....
ဒုတပ်မှူး...ဗိုလ်မှူး ဂျွန်ဇန်ဒေါင်းလွမ်ကို....
ပန်ဝါမြို့နယ်ခွဲ လုံခြုံရေးအတွက်....စေလွှတ်လိုက်ရာ....
နံနက် ၉ နာရီကပင်....ထွက်ခွာသွားခဲ့လေပြီ.....

သူကတော့....တပ်မှူးပီပီ....
သည်မြေ...သည်တပ်စခန်းအား....
အသေခံကာကွယ်သွားမည်သာ.....

အင်နှင့်အားနှင့်....
အရှိန်အဟုန်ပြင်းပြင်း....
ချီ လာသော....တပ်မဟာ ၁၀၁ ကို....
အင်အားပြုန်းတီးပြီး....
အရှိန်တန့်သွားစေရန်.....
ဟန့်စစ်...အဆင့်ဆင့်ဆင်ရမည်ဖြစ်သည်....
ထိုသို့....ဟန့်နိုင်သမျှ ....ဟန့်ထားနိုင်မှလည်း....
တပ်စခန်း လုပီနှင့်....
မြို့နယ်ခွဲ ပန်ဝါတို့.....
ခံစစ်ပြင်ဆင်စုဖွဲ့မှု....အချိန်ရမည် မဟုတ်ပါလား....

သူတို့၏...မွေးရာပါ....စစ်စိတ်စစ်မာန်နှင့်...အတွေ့အကြုံ များသည်....
တပ်မတော်မှ..စံနစ်တကျ လေ့ကျင့်သင်ကြားပေးလိုက်သော....
စစ်ပညာများနှင့်....ထိတွေ့ပေါင်းစပ်လိုက်သောအခါ....

ဟန့်စစ်အား....
သူ....၃ ဆင့်....ခွဲလိုက်သည်....
ပထမအဆင့်မှာ....အန်းခေါ တံတားဖြစ်သည်....
အန်းခေါတံတားသို့.....
နော်ခမ်းထက် အရင်ရောက်ရန်လိုသည်....
ထိုအချက်မှာလည်း....
သိပ်အခက်ကြီးမဟုတ်....
မိမိတို့နှင့် ၄ မိုင် ခန့်သာဝေး၍....
မိမိတို့သာ အရင်ရောက်နိုင်သည်....
ရောက်သည်နှင့်....တံတားအားချိုးဖျက်ပြီး....
တံတားအရှေ့ဖက်မှနေ၍...
စောင့်ကြို တိုက်ခိုက်ချေ မှုန်း၇န်ဖြစ်သည်....

ဒုတိယအဆင့်မှာ....
ခန့်မှန်း ( အမ်ဂျေ ၂၆၆၄၈၁ ) ဖြစ်ပြီး....
တတိယအဆင့်မှာ...
ခန့်မှန်း ( အမ်ဂျေ ၂၈၉၄၅၇ ) ရှိ...တောင်ကြောငယ်ပေါ်တွင်ဖြစ်သည်...

ထို သုံးနေရာစလုံးသည်....
တပ်ရင်းဌာနချုပ် ခံစစ်ဆင်ရန် အချိန်ပိုရစေပြီး....
၇န်သူ့အင်အား...ပြုန်းတီးစေရန်သာဖြစ်သည်ကို....
စစ်သည်အဆင့်အတန်း...အားလုံးအား....
ချပြပြီး......
နောက်ဆုံး....တပ်ရင်းဌာနချုပ်တွင်မူ....
ငါမသေ ငါ့စခန်းမကျစေရ သံဓိဌာန်ဖြင့်....
အသက်စွန့် ခုခံတိုက်ခိုက်သွားကြရန်....
ပြတ်သားစွာ...ညွှန်ကြားခဲ့ပြီးလည်း....ဖြစ်လေသည်....

=================================

အပိုင်း (E)
၂၆ ဧပြီ ၂၀၁၂၊ ၁၇၀၀ နာရီ
လန်းဂျောရွာ၊ ချီဖွေ - ပန်ဝါ ကားလမ်း

ဗိုလ်မှူးကြီးနော်ခမ်း၊ တပ်မဟာမှူး၊ KIA တပ်မဟာ ၁၀၁
..............................................................................

ကားပေါ်မှ...ခပ်သွက်သွက်သူဆင်းလိုက်သည်....
ရောက်နှင့်နေသည့်...သူ့လက်အောက်အရာရှိများ....
သူ့မျက်နှာ အနေအထားကိုကြည့်၍....ဆိတ်ဆိတ်နေနေကြသည်....
လန်းဂျောကျေးရွာသို့....မရောက်မီပင်...
သူ့ဆီ သတင်းရပြီးဖြစ်သည်.....
အန်းခေါတံတား...ချိုးခံလိုက်ရပြီဖြစ်၏....

သူတို့....၁၁ မိုင်စခန်းမှ ထွက်လာချိန်တွင်...
၁၃၀၀ နာရီ ရှိပြီ....ထိုချိန်ထိတော့ တံတားအကြောင်းမကြားရသေး...
ယခု လန်းဂျော ရောက်ခါနီးမှ သိရခြင်းဖြစ်သည်....
ဒါက...သတင်းဆိုးဖြစ်သည်...
သတင်းကောင်းကတော့....
နောက်ပိုင်းက စစ်ကူလိုက်လာနိုင်သည့်...
မြစ်ကြီးနား - ချီဖွေ လမ်းကြောင်းပေါ်မှ....
တံတားတစ်ခုအား....သူ့လူများက....
မိုင်းခွဲ ဖျက်ဆီးလိုက်ပြီ....ဟူသည့် သတင်းပင်ဖြစ်သည်....
သည်လိုဆိုလျှင်ဖြင့်.....
လုပီသို့....အနီးဆုံး....အမြန်ဆုံး...
စစ်ကူလိုက်လာနိုင်သည်မှာ....
ခမရ (၃၈၂) မှ တပ်ခွဲတစ်ခွဲသာ ရှိတော့သည်....
ထိုတပ်ခွဲသည်ပင်....အစောဆုံး မနက်ဖြန် ညနေပိုင်းမှ...
လုပီသို့ ရောက်ရှိနိုင်တော့မည်ဖြစ်၍....
သူကောင်းကောင်းထိုးနှက်ချိန်....ရမည်ဖြစ်သည်....

ထို့ကြောင့်....
သိပ်မလောတော့ပဲ...
လန်းဂျောတွင် တစ်ညနားရန်...အမိန့်ပေးလိုက်လေသည်...
ဆက်လက်ထွက်လျှင်လည်း....
ည မှောင်မှသာ...အန်းခေါတံတားသို့...
ရောက်ပေတော့မည်...
ထိုအခါ....အသင့်စောင့်နေသူတို့အား...
အခွင့်အရေးပေးရန်....သူမလိုလားချေ.....
တပ်များအား....ယနေ့ည....
ကောင်းစွာ အနားပေးပြီး....
မနက်အရုဏ်မတက်ခင်....
စတင်...ချီတက်...ထိုးနှက်ပါက...မသင့်လော။

=================================
ခွင့်တောင်း၍ ဆက်လက်ဖေါ်ပြပါမည်

ရေးသားသူ - နယ်ခြားစောင့်တပ်မှူးတစ်ဦး
Credit to - @ Saw Kyaw

သွေး သံ အသက် (၂)

$
0
0
Photo: သွေး သံ အသက် (၂)  ၀ုန်း ၀ုန်း  ဟေ့ အားလုံး ကျင်းထဲဆင်း အကုန်မသာပေါ်ကုန်မယ် ငါ့အမိန့်စောင့်  တပ်စုမှူး ၏ အမိန့်သံသည် လက်နက်ကြီး သံကြားထဲမြုပ်လိုက်ပေါ်လိုက်  တပ်စုသည်ဆောက်တည်ရာမရဖြစ်လာသည်  အတည်ငြိမ်ဆုံးက ဆရာမိုးမြင့် -  ဟေ့ နန္ဒ စစ်ကြောင်းရုံးနဲ့ ရအောင်ဆက်စမ်း  ပျံလွှား မှဝက်ဝံ ပျံလွှားမှဝက်ဝံ   ဆရာကြီးမရတော့ဘူး စက်ကိုထိသွားပီ  ချီး ထဲမှပဲ မအေ-တွေ  ဆရာကြီးဗိုလ်ကြီးရော  တပ်စုမှူး အသံပျောက်နေပီ  ပတ်ဝန်းကျင်ဲကြည့်လိုက်တော့ နန္ဒ ရန်မျိုးနိုင်နှင့် ငှက်ဖျားမိ ကာအိပ်ရာထဲလဲလျက်ရှိသော တပ်သားသစ်ကလေး ရန်နိုင်စိုး ငှက်ဖျားအရှိန်ကြောင့်လော တိုက်ပွဲအရှိန်ကြောင့် လောမသိ ဘီအေ-၆၃ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တုန်ယင်နေသည်  ဟေ့ကောင် မင်းဘာဖြစ်နေလဲ  မဖြေနိုင်  -ီးမှပဲ ထမီဝတ်ထားဟိုမှာမင့်ပထွေးတက်လာပီ  ၅၇ အသံများသာမက ဒသမ ၅စက်ကြီးသံ RPG ဗုံးသီးများကွဲသံ နှင့် အတူ လက်နက်ငယ်သံများ အရပ်လေးမျက်နှာ ၀ိုင်းဝန်း ပစ်ခတ်နေသလိုခံစားလာရသည်။ ဘေးမှစစ်သည် များမျက်နှာပျက် လာချေပီ။  ပစ်ပိုင်နယ် အစပ်မှ ခြံစည်းရိုးသုံးထပ်သည်လည်း ဘယ်ရောက်ပီမသိ   ရုတ်တရက်ပစ်ခတ်သံကြားမှ မိုင်းကွင်းအတွင်း မိုင်းကွဲုသံများဆက်တိုက်ကြားရသည်။  ဘယ်ဘက် ပစ်ကျင်းမှဘီအေ ၆၄ အတွဲလိုက်ပစ်သံကြားရသည်။ မိမိတို့ချည်းမဟုတ်သေး ဘီအေ-၆၄ ပစ်သံသည် မိမိတို့အတွက် နတ်စောင်းသံ အလားခံစားရသည်။   ဟေ့ ဟိုသုံးကောင် မိုင်းကွဲတဲ့ဆီပစ်စမ်း  ကိုယ်တိုင်လည်း ပစ်ကျင်းပေါ်ခုံတက် ကာဘိုင် ကို အတွဲလိုက်  တပ်စုတပ်ကြပ်ကြီး ၏နောက်သို့ နန္ဒ ရန်မျိုးနိုင်တို့နှစ်ဦး ၆၃ ကိုယ်စီပိုက် ကာခုန်ထွက်ပစ်ခတ်ကြသည်။  ဟေ့ လ(၇၆)ကွ ခွဲ(၂)ကွ   တဖက်မှ  ထော------ထော------ထော  ဆဲဗင်းဗရီဂိတ်ကွ ဟေ့ ယောက်ဖတွေ မသာပေါ်ချင်လားလက်နက်ချ  (ကြယ်နီ)  (ဆက်ရန်)

ဝုန်း
ဝုန်း

ဟေ့ အားလုံး ကျင်းထဲဆင်း အကုန်မသာပေါ်ကုန်မယ် ငါ့အမိန့်စောင့်

တပ်စုမှူး ၏ အမိန့်သံသည် လက်နက်ကြီး သံကြားထဲမြုပ်လိုက်ပေါ်လိုက်

တပ်စုသည်ဆောက်တည်ရာမရဖြစ်လာသည်

အတည်ငြိမ်ဆုံးက ဆရာမိုးမြင့် -

ဟေ့ နန္ဒ စစ်ကြောင်းရုံးနဲ့ ရအောင်ဆက်စမ်း

ပျံလွှား မှဝက်ဝံ ပျံလွှားမှဝက်ဝံ

ဆရာကြီးမရတော့ဘူး စက်ကိုထိသွားပီ

ချီး ထဲမှပဲ မအေ-တွေ

ဆရာကြီးဗိုလ်ကြီးရော

တပ်စုမှူး အသံပျောက်နေပီ

ပတ်ဝန်းကျင်ဲကြည့်လိုက်တော့ နန္ဒ ရန်မျိုးနိုင်နှင့် ငှက်ဖျားမိ ကာအိပ်ရာထဲလဲလျက်ရှိသော တပ်သားသစ်ကလေး ရန်နိုင်စိုး ငှက်ဖျားအရှိန်ကြောင့်လော တိုက်ပွဲအရှိန်ကြောင့် လောမသိ ဘီအေ-၆၃ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တုန်ယင်နေသည်

ဟေ့ကောင် မင်းဘာဖြစ်နေလဲ

မဖြေနိုင်

-ီးမှပဲ ထမီဝတ်ထားဟိုမှာမင့်ပထွေးတက်လာပီ

၅၇ အသံများသာမက ဒသမ ၅စက်ကြီးသံ RPG ဗုံးသီးများကွဲသံ နှင့် အတူ လက်နက်ငယ်သံများ အရပ်လေးမျက်နှာ ၀ိုင်းဝန်း ပစ်ခတ်နေသလိုခံစားလာရသည်။ ဘေးမှစစ်သည် များမျက်နှာပျက် လာချေပီ။

ပစ်ပိုင်နယ် အစပ်မှ ခြံစည်းရိုးသုံးထပ်သည်လည်း ဘယ်ရောက်ပီမသိ

ရုတ်တရက်ပစ်ခတ်သံကြားမှ မိုင်းကွင်းအတွင်း မိုင်းကွဲုသံများဆက်တိုက်ကြားရသည်။

ဘယ်ဘက် ပစ်ကျင်းမှဘီအေ ၆၄ အတွဲလိုက်ပစ်သံကြားရသည်။ မိမိတို့ချည်းမဟုတ်သေး ဘီအေ-၆၄ ပစ်သံသည် မိမိတို့အတွက် နတ်စောင်းသံ အလားခံစားရသည်။

ဟေ့ ဟိုသုံးကောင် မိုင်းကွဲတဲ့ဆီပစ်စမ်း

ကိုယ်တိုင်လည်း ပစ်ကျင်းပေါ်ခုံတက် ကာဘိုင် ကို အတွဲလိုက်
တပ်စုတပ်ကြပ်ကြီး ၏နောက်သို့ နန္ဒ ရန်မျိုးနိုင်တို့နှစ်ဦး ၆၃ ကိုယ်စီပိုက် ကာခုန်ထွက်ပစ်ခတ်ကြသည်။

ဟေ့ လ(၇၆)ကွ ခွဲ(၂)ကွ

တဖက်မှ

ထော------ထော------ထော

ဆဲဗင်းဗရီဂိတ်ကွ ဟေ့ ယောက်ဖတွေ မသာပေါ်ချင်လားလက်နက်ချ

(ကြယ်နီ)

(ဆက်ရန်)
 

သွေး သံ အသက် (၃)

$
0
0
Photo: သွေး သံ အသက် (၃)  ရန်သူ ၏ ပထမဆုံး အကြိမ် ကျားထိုးမှုမှာ မိုင်းကွင်း အတွင်း တန့်သွားချေပီ  သို့သော်ငြား ပစ်ခတ်မှု ကားလျော့ပါးသွားသည် မရှိ  လက်နက်ကြီးငယ်များအား မိုးသီးမိုးပေါက်  ပမာပစ်ခတ်ဆဲ  ပစ်ကျင်းထဲတွင် ဆရာမိုးမြင့် နန္ဒ  ရန်နိုင်စိုးနှင့် ရန်မျိုးနိုင်တို့ (၃) ဦးသားပု နေရသည်  ဆရာကြီး ဗိုလ်ကြီး တို့ တပ်စုရုံးဖက်က ခုနဒီကောင်တွေလုံးနေတာတွေ့ တယ် ဗိုလ်ကြီးတို့ ကျပီလားမသိဘူး  ဆရာမိုးမြင့်ဘာမှမပြောနိုင် ပစ်ခတ်သံများကြားတွင် ဘီအေ ပစ်ခတ်သံမှာ တချက်တချက်တွင်သာ ကြားရတော့သည်  ၄ ဦးသားအားငယ်စိတ်ဝင်လာသည်။  ထောထော ထော သံများပြန်ဆူလာပြန်ချေပီ  ကဲ နောက်တချီပေါ့ကွာ  ပစ်ကျင်းပေါ်သို့ ခေါင်းပြူလိုက်စဉ်  ဟေ့ သောက်ခွေး နောက်က ဘယ်မအေ ကပစ်တာလဲ ရှေ့မှာပစ်ကျင်းရှိတယ်ကွ  ဟေ့ကောင် နန္ဒ အော်မနေနဲ့ နောက်က မင့် အဘတွေ နောက်ဘက်က ဖောက်လာပီ  ပြောပြောဆိုဆိုပင် ဆရာမိုးမြင့် နန္ဒ ကို ပစ်ကျင်းထဲဆွဲချသည်  အခြေအနေက မလှတော့  ကဲ ရန်သူတော့ဝိုင်းပီ ဆုတ်မှ ဖြစ်မယ် ငါတို့ဖောက်ထွက်ပီး မောရလီက စစ်ကြောင်း(၁)ဆီရောက်အောင်သွားမယ်   ငါပစ်ပေးထားမယ် မင်းတို့ ၃ယောက် ဘယ်ဘက် လျိုထဲလိမ့်ဆင်း ငါ့ကိုမစောင့်နဲ့  ဆရာကြီးကရော  ငါမောရလီကို ရောက်အောင်လိုက်ခဲ့မယ် ဗိုလ်ကြီးတို့နဲ့ ကျန်တဲ့ ကောင်တွေအခြေအနေ ငါသိချင်သေးတယ်ကဲ နန္ဒ မင်း G3 ငါ့ကိုပေး  ဆရာကြီး အတူတူ ပေါ့   ဟေ့ကောင်တွေငါသွားလို့ပြောနေတယ် အကုန်မသာပေါ်ကုန်မယ် ဟို ကောင် ရန်နိုင်စိုးကိုမင်းတို့ပဲထိန်းခေါ်သွားသွားတော့  ၃ဦးသား ပစ်ကျင်းထဲမှလိမ့် အထွက် ဆရာမိုးမြင့်၏ G3  သံကတ၀ုန်းဝုန်း  (ကြယ်နီ) (ဆက်ရန်)

ရန်သူ ၏ ပထမဆုံး အကြိမ် ကျားထိုးမှုမှာ မိုင်းကွင်း အတွင်း တန့်သွားချေပီ

သို့သော်ငြား ပစ်ခတ်မှု ကားလျော့ပါးသွားသည် မရှိ လက်နက်ကြီးငယ်များအား မိုးသီးမိုးပေါက်

ပမာပစ်ခတ်ဆဲ

ပစ်ကျင်းထဲတွင် ဆရာမိုးမြင့် နန္ဒ ရန်နိုင်စိုးနှင့် ရန်မျိုးနိုင်တို့ (၃) ဦးသားပု နေရသည်

ဆရာကြီး ဗိုလ်ကြီး တို့ တပ်စုရုံးဖက်က ခုနဒီကောင်တွေလုံးနေတာတွေ့ တယ် ဗိုလ်ကြီးတို့ ကျပီလားမသိဘူး

ဆရာမိုးမြင့်ဘာမှမပြောနိုင် ပစ်ခတ်သံများကြားတွင် ဘီအေ ပစ်ခတ်သံမှာ တချက်တချက်တွင်သာ ကြားရတော့သည်

၎ ဦးသားအားငယ်စိတ်ဝင်လာသည်။

ထောထော ထော သံများပြန်ဆူလာပြန်ချေပီ

ကဲ နောက်တချီပေါ့ကွာ

ပစ်ကျင်းပေါ်သို့ ခေါင်းပြူလိုက်စဉ်

ဟေ့ သောက်ခွေး နောက်က ဘယ်မအေ ကပစ်တာလဲ ရှေ့မှာပစ်ကျင်းရှိတယ်ကွ

ဟေ့ကောင် နန္ဒ အော်မနေနဲ့ နောက်က မင့် အဘတွေ နောက်ဘက်က ဖောက်လာပီ

ပြောပြောဆိုဆိုပင် ဆရာမိုးမြင့် နန္ဒ ကို ပစ်ကျင်းထဲဆွဲချသည်

အခြေအနေက မလှတော့

ကဲ ရန်သူတော့ဝိုင်းပီ ဆုတ်မှ ဖြစ်မယ် ငါတို့ဖောက်ထွက်ပီး မောရလီက စစ်ကြောင်း(၁)ဆီရောက်အောင်သွားမယ်

ငါပစ်ပေးထားမယ် မင်းတို့ ၃ယောက် ဘယ်ဘက် လျိုထဲလိမ့်ဆင်း ငါ့ကိုမစောင့်နဲ့

ဆရာကြီးကရော

ငါမောရလီကို ရောက်အောင်လိုက်ခဲ့မယ် ဗိုလ်ကြီးတို့နဲ့ ကျန်တဲ့ ကောင်တွေအခြေအနေ ငါသိချင်သေးတယ်ကဲ နန္ဒ မင်း G3 ငါ့ကိုပေး

ဆရာကြီး အတူတူ ပေါ့

ဟေ့ကောင်တွေငါသွားလို့ပြောနေတယ် အကုန်မသာပေါ်ကုန်မယ် ဟို ကောင် ရန်နိုင်စိုးကိုမင်းတို့ပဲထိန်းခေါ်သွားသွားတော့

၃ဦးသား ပစ်ကျင်းထဲမှလိမ့် အထွက် ဆရာမိုးမြင့်၏ G3 သံကတ၀ုန်းဝုန်း

(ကြယ်နီ)

(ဆက်ရန်)
 


Viewing all 1811 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>