Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
စစ်တွေမှာ အီဘိုလာ ဗိုင်းရပ်စ်တွေ့တယ်ဆိုတာ မဟုတ်ပါ
$
0
0
ရှင်းအောင်ပြောပါမယ် စစ်တွေမှာ အီဘိုလာ ဗိုင်းရပ်စ်တွေ့တယ် ဆိုတာ မဟုတ်ပါဘူး
စစ်တွေတွင် အီဘိုလာ ဗိုင်းရပ်စ်တွေ့သည်ဆိုသော ပုဂ္ဂိုလ်ကျော်များ ဖတ်ရန်ဖြစ်သည်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အီဘိုလာ ဗိုင်းရပ်စ် တွေ့သည် ဆိုခြင်းမှာ မမှန်သတင်းသာဖြစ်သည်
ကျန်းမာရေးဝန်ကြီးဌာနမှ ပိုမိုခိုင်မာသော ထုတ်ပြန်ချက် လာပေလိမ့်မည်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စစ်တွေပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကလေးတစ်ယောက် Ebola virusကူးစက်ခံနေရတယ်လို့ ဖွနေတဲ့ကောင်တွေရှိတယ်။ တစ်ချို့က ဆေးရုံက ဆရာဝန် ဆရာမတွေပြောတာပါ လို့ ဖွတဲ့သူတွေရှိတယ်။ ဒီသတင်း လုံးဝမမှန်ပါဘူး။ Ebola virusက ကူးစက်ခံရရင် ခုလေ့လာတွေ့ရှိချက် တွေအရ သေတာပါပဲ။
ခုအဲဒီကလေးက နေကောင်းနေပါပြီ။ မကြာခင်ဆေးရုံက ဆင်းရပါတော့မယ်။
Ebola virusကိုနိုင်တဲ့ဆေး ခုထိ ရှာမတွေ့သေးပါဘူး။
အဲဒီကလေးသာ Ebola virus ကူးစက်ခံရင် အခုရောဂါသက်သာပျောက်ကင်းနေပြီ ဖြစ်တဲ့အတွက် စစ်တွေဆေးရုံကြီးက ကလေးအထူးကုဆရာဝန်တွေဟာ Ebola Virusပိုးကို ပျောက်ကင်းအောင် ကုသပေးနိုင်တယ်ဆိုပြီး နိုဘယ်ဆုချီးမြှင့်ခံရပါလိမ့်မယ်။
ဆေးရုံအုပ်ကြီးလည်း စီမံထူးချွန်ပထမဆုကို ရပါလိမ့်မယ်။ ဆရာဆရာမတွေလည်း လူမှုထူးချွန် ပထမဆုကို ရပါလိမ့်မယ်။
ခုဆရာဆရာမတွေက သွေးလွန်တုပ်ကွေးနဲ့ ဂျပန်ဦးနှောက်ရောင် ကုထုံးကိုပိုပြီးအာရုံစိုက်နေရတဲ့အတွက် Ebolaလေးက အသာလေးနေပါဦး။
နိုဘယ်ဆုလည်းမမက်မောပါဘူး။
တစ်ကယ်လို့ Ebola virusသာ စစ်တွေဆေးရုံကြီး မှာဖြစ်ပွားခဲ့ရင် ဦးဆုံး Child wardမှာရှိတဲ့ ကျနော့်သူငယ်ချင်းတွေ ဆရာ ဆရာမတွေ အရင်ဆုံး မာလကီးယား ပါလိမ့်မယ်။
ဒုတိယ Child wardနဲ့ဆက်စပ်နေတဲ့ ကျနော်တို့ OG ward ကဆရာ ဆရာမတွေလည်း နိဗ္ဗာနပစ္စယောဟောတု ဖြစ်ပါလိမ့်မယ်။
မာလကီးမယားရင်တောင် ဆေးရုံဝင်းတစ်ခုလုံးနဲ့ တစ်မိုင်ပတ်လည် မည်သူမျှမဝင်ရဆိုပြီး ချိတ်ပိတ် ခြံခတ် စစ်တပ်ကြီးတွေချပြီး အဆက်အသွယ် ဖြတ်ခြင်းခံရပါလိမ့်မယ်။ လက်ထဲကဖုန်းကိုလည်း သိမ်းသွားလို့ အွန်လိုင်းတောင် သုံးရမှာမဟုတ်ဘူး။
ခုအချိန်က ရာသီဥတု အကူးအပြောင်းကာလ ဖြစ်တဲ့အတွက်ကြောင့် ဆေးရုံကြီးမှာ သွေးလွန်တုပ်ကွေး လူနာတွေ ဂျပန်ဦးနှောက်ရောင် ရောဂါတွေကြောင့် ဆေးရုံကြီးကို အားကိုးတကြီး လာရောက်ကုသကြပါတယ်။ တစ်ကယ်လဲ တက်ရောက်ကုသဖို့ လိုအပ်ပါတယ်။ အကယ်၍ သတင်းမှားတွေကြောင့် ဆေးရုံတက်ရောက်ကုသဖို့ နှောင့်နှေးခဲ့ရင် မလိုလားအပ်တဲ့ အသက်အန္တရာယ်တွေ ကျရောက်နိုင်ပါတယ်။ ဒါကြောင့် သတင်းအမှားတွေ ကောလဟာလတွေမဖြန့်ကြပါနဲ့။
ခရက်ဒစ် အောင်အောင် (အာရကန်)
"လှည်းလယ်ရှင် "
$
0
0
" လှည်းလယ်ရှင် " …………….   " မုတ်သုန်လေ တစ်ရေးနိုးလို့ …မိုးဦးကျခဲ့ပြန်ပြီလေ… ခုချိန်ဆို တို့လယ်တောမှာ …မိုးရေတွေလည်း  ဖွေးနေရော့မယ် ….ကြာဖြူ ကြာနီ လှိုင်လှိုင်ပွင့်လို့….ကြာပန်းရနံ့တွေ သင်းနေတော့မယ်…"     ဒီအချိန်ဆို မုတ်သုန်လေ၀င်လို့ မိုးသံလေသံတွေ ကြားသင့်ပြီ။ မိုးရာသီဆိုတဲ့ အရိပ်အမြွက်မျိုး ပေးသင့်နေပြီ ထင်ပါရဲ့။ ဟုတ်တယ် တာဝန်ကျရာ ဒီအရပ်မှာဖြင့် မိုးရနံ့တွေက ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိ။  ပူလိုက်တာလည်း လွန်ပါရော။   တကယ်ဆိုရင် ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ထားဝယ်ဒိန်းသံဆိုတဲ့ ကဗျာကိုတောင် ရွတ်ဆိုသင့် ပါရဲ့လေ။   "   မိုးမ၀ါပဲ ကြာလေပြီ    မိုးကီး လေကီး လာလေပြီ    မိုး..မိုး ၀ါလိုက်ပါမိုး။    အီမိုးခေါန်    မြောင်းထောင်ရအောန်။   မိုး မိုး ၀ါလိုက်ပါတော့မိုး "   မျှော်တဲ့သူတွေလည်း မျှော်လှပြီ မိုးရယ်ဖြင့် ရွာသင့်ပြီ။  " ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာရွှေမိုး " ရွာ သင့်ပြီ။  ကျွန်တော့်အဖို့ကတော့ ဒီအချိန် ဒီရာသီဆိုရင်ဖြင့် ဟိုးငယ်ဘ၀ကို လွမ်းဆွတ်မိပါရဲ့။   ကျွန်တော်တို့ အိမ်နဲ့ တက်ရတဲ့ကျောင်းက နည်းနည်းအလှမ်းဝေးတယ်။  ကျောင်းက ပရဟိတကျောင်းနဲ့ တွဲပြီးဖွင့်ထားတဲ့ကျောင်း။  ကျောင်းဝန်းထဲမှာ သစ်ပင်ပန်းမန်တွေကလည်း ပြည့်နှက်လို့ အရိပ်အာဝါသက အေးချမ်းလှသမို့ ကလေးတွေအတွက် ဆော့ကစားဖို့က တကယ်ကို ကောင်းမွန်လှပါတယ်။     ကျောင်းရဲ့ နောက်ဘက်မှာတော့ လယ်ကွင်းပြင်ကြီးပေါ့။  ကျောင်းတက်ရာသီဖြစ်တဲ့ မိုးအစဆိုရင် စပါး ပျိုးပင်တွေက စိမ်းလဲ့လို့ လှပနေတယ်။  အဲဒီစပါးခင်းကြီးကနေ ဟိုးအဝေးကို လှမ်းမျှော်ကြည့်ပြန်ရင် မြန်မာနိုင်ငံရဲ့ အနောက်ရိုးမတောင်တန်းကြီးက မှိုင်းညို့ညို့နဲ့ ဆွဲဆောင်နေတယ်။    ကျွန်တော်တို့မြို့ရဲ့ နယ်နိမိတ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတယ်။  " ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ စပါးကျီ" လို့ဆိုလေတဲ့အတိုင်း မြို့ရဲ့ ဧရိယာထက်ဝက်ကျော်ကျော်က လယ်ကွင်းတွေ၊ စပါးခင်းတွေ။  မြေဆီသြဇာက ကောင်းမွန်လှတာကြောင့် စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ နေကြာ ဘာပဲစိုက်စိုက် အပင်တွေက ဖွံ့ဖြိုး ကြီးထွားနေကြတယ်။    င၀န်မြစ်ခေါ် ပုသိမ်မြစ်ကလဲ မြို့ရဲ့ ဘေးကနေ ဖြတ်သန်းစီးဆင်းနေတော့ ရေဆိုတာ ပိုလို့လျှံတက် နေတယ်။  မြစ်ကျိုးအင်း၊ အိုင်တွေကလဲ ဖြစ်ထွန်းနေတော့ ငါး၊ ငါးပိကလဲ အလျှံပယ်ပါပဲ။  ဒီတော့ မြို့ခံလူတွေက လယ်၊ ကိုင်း၊ အင်းအိုင် လုပ်ကြတယ်။  သင်ဖြူးဖျာ၊ အိုးလုပ်ငန်းလုပ်ကြတယ်။     မိုးကြိုလ စပြီဆိုကတည်းက ကောင်းကင်မှာ ဘင်တပ်က ချီတက်လေပြီ။  " တအုန်းအုန်း" ၊ "တဂျုန်းဂျုန်း"၊ " တဂျိမ်းဂျိမ်း" သံတွေနဲ့ မိုးပေါက်တယ်လို့ လူကြီးသူမက ဆိုကြပါတယ်။  အဲဒီလိုအချိန်ဆိုရင် လယ်လုပ်ကိုင်သူတွေ လယ်ကွင်းပြင်မှာ ကိုယ်စီရောက်ရှိနေကြပြီ။ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာကြတဲ့ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးထဲမှာ လုပ်ငန်းခွင်စကြပြီ။   " ယမထာ ရွှေကြိမ်လုံးရယ်နဲ့   ထွန်တုံးကိုတဲ့ ခြေတော်တင်   နွားကြန်စုံနှင်   ပျိုးခင်းကိုဝင် ကောင်းကင်က   ရွှေပိန်ညင်းရယ်   မိုးခေါ်လို့ဆင်း …"   စပါးစိုက်ရင် ဆန်ရမယ်။ ဆန်ရရင် ပိုက်ဆံရမယ်။ ပိုက်ဆံရရင် စား၊ ၀တ်၊ နေရေး အတွက် အဆင်ပြေ မယ်။  ဒါကတော့ ပုံမှန်လုပ်နေကြအလုပ်၊ ပုံမှန်စီးဆင်းနေမှု တစ်ခုဆိုသော်လည်း မိုးထဲ၊ ရေထဲမှာ သူတို့ရဲ့ မိတ်ဆွေ နွားတွေနဲ့ ဘ၀ကို ရုန်းကန်ကြတယ်။  ဒီလို ခွန်အားစိုက်ထုတ်ရုန်းကန်ခြင်းရဲ့ အကျိုးကျေးဇူးဟာ လယ်သမားတစ်ဦးတစ်ယောက်ရဲ့ ကိုယ်အကျိုးစီးပွားသာ ရရှိစေတာ မဟုတ်ပါဘူး။   နိုင်ငံတော်အုပ်ချုပ်တဲ့ မင်း၊ သံဃာတော်ရှင်မြတ်တွေ၊ သူဌေးသူကြွယ်တွေ၊ သူဆင်းရဲသားတွေပါမကျန် သုံးဆောင်ခံစားကြရတာပါ။     ဟိုးတစ်ခေတ်တစ်ခါက လယ်သမားကြီးတွေက ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှားကြပါစေ ရရှိတဲ့အသီး အပွင့်ကိုတော့ အပြည့်အ၀မခံစားခဲ့ကြရပါဘူး။  အရင်းရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ ဈေးနိမ်မှု၊ နိုင့်ထက်ကလူပြုမှု တွေကြောင့် လယ်သမား၊ ယာသမား၊ တောင်သူတောင်သားတွေရဲ့ ဘ၀က တစ်ဝါ၀င်၊ သီတင်းကျွတ်ပြန်လဲ ထူးမခြားနားခဲ့ကြရပါဘူး။   ဆင်းရဲတွင်းကနေ ချမ်းသာမှု နှုတ်ခမ်းဝအထိကို လက်လှမ်းလို့ မမှီခဲ့ကြရပါဘူး။  ခေတ်တွေ၊ စနစ်တွေ ပြောင်းလဲလာလေပြီဆိုတော့ တောသူတောင်သား၊ လယ်သမားတွေရဲ့ ဘ၀တွေက အခြေတင့်လာကြပြီလား။  ကျောမွဲကနေ ကျောပြောင်ဘ၀အထိ ဖြစ်သွားကြပြီလား။    " မြေကြီးက ရွှေသီးတဲ့ ဒို့နိုင်ငံ " တဲ့။  ကျွန်တော်တို့ အမိမြေကြီးက တကယ့်ကို ရွှေသီးတဲ့ ပြည်ကြီးပါ။ ထိုရွှေတွေကို တို့မြေကြီးက လယ်သမားတွေ၊ ယာသမားတွေ၊ ကိုင်းသမားတွေ၊ လုပ်ငန်းကိုယ်စီက အလုပ်သမား တွေက ပြည့်ပြည့်၀၀ သုံးစွဲဆင်ယင်ခွင့် ရနေကြပြီလား။  မြေကြီးက ရွှေသီးကို ဒို့ပြည်က ပြည်သူပြည်သားတွေ သုံးနိုင်ပါစေသ်ာဝ်လေ။   " ထမင်းဘယ်ကရလဲ၊ ဆိုင်ကရတာပေါ့"၊ " ဆန်ဘယ်ကရလဲ ဆန်အိုးထဲက ရတာပေါ့ " ၊ " စပါးဆိုတာ ဘယ်အပင်က သီးတာလဲ၊ ဂျုံပင်ကသီး သပေါ့"။   အသံဇာတ်လမ်းခေတ်တုန်းက ဒီလိုစကားမျိုး ကြားခဲ့ဘူးတယ်။  အဲဒီအချိန်တုန်းကတော့ ဒါလေးတောင် မသိဘူးလားလို့ စိတ်ကထင်မိတယ်။  ကျွန်တော်တို့ အမိမြေကြီးက စပါးတွေ ၀င်းမှည့်အောင် သီးတဲ့နိုင်ငံကြီး၊ အရှေ့တောင်အာရှရဲ့ ဆန်အိုးလို့တောင် ဆိုခဲ့ကြမဟုတ်လား။  ဒီတော့ ကိုယ့်ပြည်၊ ကိုယ်မြေရဲ့ အဓိကအရင်း အမြစ်ဖြစ်လေတဲ့ ဆန်စပါးကို ဘယ်က ရသလဲဆိုတာ တလွှဲသိ သိတာကို မကျေမနပ်ဖြစ်မိတယ်။   လက်မှုနိုင်ငံမှ စက်မှုနိုင်ငံသို့လို့ ကြွေးကြော်သံတွေနဲ့အတူ စပါးဘယ်က သီးသလဲ၊ ဆန်ဘယ်ကရသလဲ မသိသူတွေ ပိုများလာသလို၊  ထမင်းဆိုတာ ပို့ဆွမ်းလို၊ ဆန်ဆိုတာလဲ ပူစရာမလိုတဲ့ ဘ၀တွေကလဲ ဘ၀င်ဟပ်လို့ မေ့လျော့လာကြပြီ။   ကျွန်တော့် အဘိုးအဘွားတွေ၊ အဖေအမေတွေက လယ်လုပ်ငန်း လုပ်ကိုင်ကြတာ မဟုတ်ပေမဲ့ လယ်တွေ၊ လှည်းတွေနဲ့ မစိမ်းလှပါဘူး။  ကျောင်းသွားလဲ လယ်ကွင်းပြင်တွေဖြတ်ရတယ်။  ဈေးသွားလဲ လယ် ကွင်းပြင်တွေဖြတ်ရတယ်။  စပါးပင်လေးတွေ ပျိုးထောင်ပြီး စိမ်းလဲ့လာတဲ့အချိန်၊ လေက စပါးခင်းတဲ့ ဖြတ်တိုက် သွားတဲ့အချိန်တွေ ဆိုရင်ဖြင့် လယ်ကွင်းပြင်ကြီးက တကယ့်ကို ညီညာလှပတဲ့ ယိမ်းသမတွေလိုပါပဲ။    လယ်ယာလုပ်ငန်းဝင်ကြပြီဆိုရင် လယ်သမားကြီးတွေနဲ့တင် ပြီးမြောက်တာမဟုတ်ပါဘူး။  လယ်သမား ကြီးတွေနဲ့အတူ လုပ်ဖော်ကိုင်ဖက်လို့ ပြောရမဲ့ နွားကြီးတွေပြီးတော့ လှည်းကြီးတွေလေပါတာပေါ့။   " လှည်းယာဉ်ကြော့ငယ်နဲ့ လိုက်ခဲ့ပါလား မြို့ကြီးသူရယ် " တဲ့။ လှည်းဆိုတာ ကျွန်တော်တို့ မြန်မာလူထု နဲ့ မစိမ်းကားလှပါဘူး။  သို့သော်လည်း ယနေ့အချိန်အခါမှာ လှည်းစီးဘူးတဲ့ လူငယ်တွေ၊ လူကြီးတွေ အဘယ်မျှ ရှိနေမလဲ။  လှည်းမစီးဘူးလို့ မြန်မာမဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။  လှည်းဆိုတာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအမွေတစ်ခုဖြစ်သလို ကျေးဇူးရှင်ဆိုလဲ မှားမယ်မထင်ပါဘူး။    တစ်ခေတ်တစ်ခါက ကုန်စည်ရောင်းဝယ်၊ ဘုရားဖူးသွား၊ ခရီးသွားတာကအစ ဒီလှည်းယာဉ်ပဲ သုံးခဲ့ကြ ရတာမဟုတ်ပါလား။     " ခလောက်ကလေးရယ်တဲ့ …ဒိုးဒိုးဒေါင်ဒေါင်    ပျိုတို့မောင်…ယာမလုပ်တယ်    ၀ါးခုတ်တဲ့တောင်။    နွားညီနောင်…စည်အောင်ကွဲ့ဖေကျောင်း။    မောင်နှင့်မယ် တူယှဉ်နွှဲကာမှ    ယူငင်ကာ…ချူဆင်ဆွဲပါလို့    လှည်းယဉ်နဲ့မောင်း "   " အမေဆိုဆဲ … ၀ါဆိုပွဲ    လှည်းကလေးနဲ့ သွားရအောင်    ကုက္ကိုပင် မြန်မြန်ခုတ်ပါ့     လှည်းလုပ်ရအောင် "   ချစ်စရာကောင်းလှတဲ့ ကဗျာတေးတွေ။  မြန်မာ့ဓလေ့ သရုပ်သကန်တွေပေါ့။  ဒီဓလေ့တွေနဲ့အတူ ကပ်ပါလာတဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှု၊ စာနာနားလည်တတ်မှု၊ ဒါန၊ သီလ၊ ဘာဝနာစတဲ့ လူ့ယဉ်ကျေးမှု တွေကိုပါ မြင်သိစေပါတယ်။  ခံစားရမိစေပါတယ်။  ဒါတွေပျောက်ကွယ် စိတ်သုဉ်းပြီဆိုရင်တော့ ကျွန်တော်တို့ အမိမြေကြီး ပျောက်ဆုံးတော့မှာ အမှန်ပါပဲ။   လှည်းရယ်၊ နွားရယ်၊ လယ်ရယ်ဆိုတာက မြန်မာလူထုအတွက် မစိမ်းလှသလို လယ်သမားကြီးတွေကို ကျေးဇူးရှင်လို့ ဆိုကြပါတယ်။  ကျွန်တော်တို့ စားသုံးနိုင်ဖို့ လုပ်ကိုင်ကြတဲ့ လယ်သမားကြီးတွေဆိုတာ တကယ့်ကို ကျေးဇူးတင်စရာ ကောင်းလှတဲ့ ကျေးဇူးရှင်ကြီးတွေပါ။   သူတို့အကျိုးစီးပွားအတွက် သူတို့လုပ်ကိုင် ကြတာ ကျေးဇူးတင်စရာမလိုဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပစ်ပယ်ထားရင်တော့ ကျွန်တော်တို့အတွက် ကပ်ဘေးတစ်ခု ဆိုက်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။   ဒီတော့ လှည်းကို ချစ်ရမယ်၊ လယ်ကိုချစ်ရမယ် ထို့အတူ ကျွန်တော်တို့ရဲ့ ထမင်းရှင် လယ်သမားတွေ ကိုလည်း ချစ်ဖို့လိုပါလိမ့်မယ်။  သြော် ကျွန်တော်တို့ တန်ဖိုးထားတတ်ဖို့လိုပါလိမ့်မယ်လေ။   လယ်ဆိုတာ မြန်မာရဲ့ ဆန်အိုးဖြစ်သလို လယ်သမားဆိုတာ ဆန်အိုးထဲ ဆန်ဖြည့်ပေးတဲ့သူပါ။  လယ် မပျောက်သမျှ လယ်သမားမပျောက်ဘူး။  လယ်သမားမပျောက်သမျှလဲ လယ်မပျောက်နိုင်ပါဘူး။  ဘယ်လောက်ပဲ စက်မှုနိုင်ငံတည်ထောင်တယ်ပဲဆိုဆို  လယ်နှင့်အတူ နွားနှင့်လှည်းဆိုတာ တွဲလျက်ယှဉ်လျက် ပါနေဦးမှာပဲ မဟုတ်ပါလား။   ကျွန်တော်တို့ နှလုံးသားမှာလဲ လှည်းရယ်၊ လယ်ရယ်၊ ကျေးဇူးရှင် လယ်သမားကြီးတွေက စိမ့်ဝင် စီးဆင်းနေဦးမှာပဲလေ။  ***********  မောင်ပိုင် ၂၂-၆-၂၀၁၄
"လှည်းလယ်ရှင် "
…………….
"မုတ်သုန်လေ တစ်ရေးနိုးလို့ …မိုးဦးကျခဲ့ပြန်ပြီလေ… ခုချိန်ဆို တို့လယ်တောမှာ …မိုးရေတွေလည်း ဖွေးနေရော့မယ် ….ကြာဖြူ ကြာနီ လှိုင်လှိုင်ပွင့်လို့….ကြာပန်းရနံ့တွေ သင်းနေတော့မယ်…"
ဒီအချိန်ဆို မုတ်သုန်လေ၀င်လို့ မိုးသံလေသံတွေ ကြားသင့်ပြီ။ မိုးရာသီဆိုတဲ့ အရိပ်အမြွက်မျိုး ပေးသင့်နေပြီ ထင်ပါရဲ့။ ဟုတ်တယ် တာဝန်ကျရာ ဒီအရပ်မှာဖြင့် မိုးရနံ့တွေက ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိ။ ပူလိုက်တာလည်း လွန်ပါရော။
တကယ်ဆိုရင် ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ထားဝယ်ဒိန်းသံဆိုတဲ့ ကဗျာကိုတောင် ရွတ်ဆိုသင့် ပါရဲ့လေ။
"မိုးမ၀ါပဲ ကြာလေပြီ
မိုးကီး လေကီး လာလေပြီ
မိုး..မိုး ၀ါလိုက်ပါမိုး။
အီမိုးခေါန်
မြောင်းထောင်ရအောန်။
မိုး မိုး ၀ါလိုက်ပါတော့မိုး "
မျှော်တဲ့သူတွေလည်း မျှော်လှပြီ မိုးရယ်ဖြင့် ရွာသင့်ပြီ။ "ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာရွှေမိုး "ရွာ သင့်ပြီ။ ကျွန်တော့်အဖို့ကတော့ ဒီအချိန် ဒီရာသီဆိုရင်ဖြင့် ဟိုးငယ်ဘ၀ကို လွမ်းဆွတ်မိပါရဲ့။
ကျွန်တော်တို့ အိမ်နဲ့ တက်ရတဲ့ကျောင်းက နည်းနည်းအလှမ်းဝေးတယ်။ ကျောင်းက ပရဟိတကျောင်းနဲ့ တွဲပြီးဖွင့်ထားတဲ့ကျောင်း။ ကျောင်းဝန်းထဲမှာ သစ်ပင်ပန်းမန်တွေကလည်း ပြည့်နှက်လို့ အရိပ်အာဝါသက အေးချမ်းလှသမို့ ကလေးတွေအတွက် ဆော့ကစားဖို့က တကယ်ကို ကောင်းမွန်လှပါတယ်။
ကျောင်းရဲ့ နောက်ဘက်မှာတော့ လယ်ကွင်းပြင်ကြီးပေါ့။ ကျောင်းတက်ရာသီဖြစ်တဲ့ မိုးအစဆိုရင် စပါး ပျိုးပင်တွေက စိမ်းလဲ့လို့ လှပနေတယ်။ အဲဒီစပါးခင်းကြီးကနေ ဟိုးအဝေးကို လှမ်းမျှော်ကြည့်ပြန်ရင် မြန်မာနိုင်ငံရဲ့ အနောက်ရိုးမတောင်တန်းကြီးက မှိုင်းညို့ညို့နဲ့ ဆွဲဆောင်နေတယ်။
ကျွန်တော်တို့မြို့ရဲ့ နယ်နိမိတ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတယ်။ "ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ စပါးကျီ"လို့ဆိုလေတဲ့အတိုင်း မြို့ရဲ့ ဧရိယာထက်ဝက်ကျော်ကျော်က လယ်ကွင်းတွေ၊ စပါးခင်းတွေ။ မြေဆီသြဇာက ကောင်းမွန်လှတာကြောင့် စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ နေကြာ ဘာပဲစိုက်စိုက် အပင်တွေက ဖွံ့ဖြိုး ကြီးထွားနေကြတယ်။
င၀န်မြစ်ခေါ် ပုသိမ်မြစ်ကလဲ မြို့ရဲ့ ဘေးကနေ ဖြတ်သန်းစီးဆင်းနေတော့ ရေဆိုတာ ပိုလို့လျှံတက် နေတယ်။ မြစ်ကျိုးအင်း၊ အိုင်တွေကလဲ ဖြစ်ထွန်းနေတော့ ငါး၊ ငါးပိကလဲ အလျှံပယ်ပါပဲ။ ဒီတော့ မြို့ခံလူတွေက လယ်၊ ကိုင်း၊ အင်းအိုင် လုပ်ကြတယ်။ သင်ဖြူးဖျာ၊ အိုးလုပ်ငန်းလုပ်ကြတယ်။
မိုးကြိုလ စပြီဆိုကတည်းက ကောင်းကင်မှာ ဘင်တပ်က ချီတက်လေပြီ။ "တအုန်းအုန်း"၊ "တဂျုန်းဂျုန်း"၊ "တဂျိမ်းဂျိမ်း"သံတွေနဲ့ မိုးပေါက်တယ်လို့ လူကြီးသူမက ဆိုကြပါတယ်။ အဲဒီလိုအချိန်ဆိုရင် လယ်လုပ်ကိုင်သူတွေ လယ်ကွင်းပြင်မှာ ကိုယ်စီရောက်ရှိနေကြပြီ။ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာကြတဲ့ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးထဲမှာ လုပ်ငန်းခွင်စကြပြီ။
"ယမထာ ရွှေကြိမ်လုံးရယ်နဲ့
ထွန်တုံးကိုတဲ့ ခြေတော်တင်
နွားကြန်စုံနှင်
ပျိုးခင်းကိုဝင် ကောင်းကင်က
ရွှေပိန်ညင်းရယ်
မိုးခေါ်လို့ဆင်း …"
စပါးစိုက်ရင် ဆန်ရမယ်။ ဆန်ရရင် ပိုက်ဆံရမယ်။ ပိုက်ဆံရရင် စား၊ ၀တ်၊ နေရေး အတွက် အဆင်ပြေ မယ်။ ဒါကတော့ ပုံမှန်လုပ်နေကြအလုပ်၊ ပုံမှန်စီးဆင်းနေမှု တစ်ခုဆိုသော်လည်း မိုးထဲ၊ ရေထဲမှာ သူတို့ရဲ့ မိတ်ဆွေ နွားတွေနဲ့ ဘ၀ကို ရုန်းကန်ကြတယ်။ ဒီလို ခွန်အားစိုက်ထုတ်ရုန်းကန်ခြင်းရဲ့ အကျိုးကျေးဇူးဟာ လယ်သမားတစ်ဦးတစ်ယောက်ရဲ့ ကိုယ်အကျိုးစီးပွားသာ ရရှိစေတာ မဟုတ်ပါဘူး။
နိုင်ငံတော်အုပ်ချုပ်တဲ့ မင်း၊ သံဃာတော်ရှင်မြတ်တွေ၊ သူဌေးသူကြွယ်တွေ၊ သူဆင်းရဲသားတွေပါမကျန် သုံးဆောင်ခံစားကြရတာပါ။
ဟိုးတစ်ခေတ်တစ်ခါက လယ်သမားကြီးတွေက ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှားကြပါစေ ရရှိတဲ့အသီး အပွင့်ကိုတော့ အပြည့်အ၀မခံစားခဲ့ကြရပါဘူး။ အရင်းရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ ဈေးနိမ်မှု၊ နိုင့်ထက်ကလူပြုမှု တွေကြောင့် လယ်သမား၊ ယာသမား၊ တောင်သူတောင်သားတွေရဲ့ ဘ၀က တစ်ဝါ၀င်၊ သီတင်းကျွတ်ပြန်လဲ ထူးမခြားနားခဲ့ကြရပါဘူး။ ဆင်းရဲတွင်းကနေ ချမ်းသာမှု နှုတ်ခမ်းဝအထိကို လက်လှမ်းလို့ မမှီခဲ့ကြရပါဘူး။ ခေတ်တွေ၊ စနစ်တွေ ပြောင်းလဲလာလေပြီဆိုတော့ တောသူတောင်သား၊ လယ်သမားတွေရဲ့ ဘ၀တွေက အခြေတင့်လာကြပြီလား။ ကျောမွဲကနေ ကျောပြောင်ဘ၀အထိ ဖြစ်သွားကြပြီလား။
"မြေကြီးက ရွှေသီးတဲ့ ဒို့နိုင်ငံ "တဲ့။ ကျွန်တော်တို့ အမိမြေကြီးက တကယ့်ကို ရွှေသီးတဲ့ ပြည်ကြီးပါ။ ထိုရွှေတွေကို တို့မြေကြီးက လယ်သမားတွေ၊ ယာသမားတွေ၊ ကိုင်းသမားတွေ၊ လုပ်ငန်းကိုယ်စီက အလုပ်သမား တွေက ပြည့်ပြည့်၀၀ သုံးစွဲဆင်ယင်ခွင့် ရနေကြပြီလား။ မြေကြီးက ရွှေသီးကို ဒို့ပြည်က ပြည်သူပြည်သားတွေ သုံးနိုင်ပါစေသ်ာဝ်လေ။
"ထမင်းဘယ်ကရလဲ၊ ဆိုင်ကရတာပေါ့"၊ "ဆန်ဘယ်ကရလဲ ဆန်အိုးထဲက ရတာပေါ့ "၊ "စပါးဆိုတာ ဘယ်အပင်က သီးတာလဲ၊ ဂျုံပင်ကသီး သပေါ့"။
အသံဇာတ်လမ်းခေတ်တုန်းက ဒီလိုစကားမျိုး ကြားခဲ့ဘူးတယ်။ အဲဒီအချိန်တုန်းကတော့ ဒါလေးတောင် မသိဘူးလားလို့ စိတ်ကထင်မိတယ်။ ကျွန်တော်တို့ အမိမြေကြီးက စပါးတွေ ၀င်းမှည့်အောင် သီးတဲ့နိုင်ငံကြီး၊ အရှေ့တောင်အာရှရဲ့ ဆန်အိုးလို့တောင် ဆိုခဲ့ကြမဟုတ်လား။ ဒီတော့ ကိုယ့်ပြည်၊ ကိုယ်မြေရဲ့ အဓိကအရင်း အမြစ်ဖြစ်လေတဲ့ ဆန်စပါးကို ဘယ်က ရသလဲဆိုတာ တလွှဲသိ သိတာကို မကျေမနပ်ဖြစ်မိတယ်။
လက်မှုနိုင်ငံမှ စက်မှုနိုင်ငံသို့လို့ ကြွေးကြော်သံတွေနဲ့အတူ စပါးဘယ်က သီးသလဲ၊ ဆန်ဘယ်ကရသလဲ မသိသူတွေ ပိုများလာသလို၊ ထမင်းဆိုတာ ပို့ဆွမ်းလို၊ ဆန်ဆိုတာလဲ ပူစရာမလိုတဲ့ ဘ၀တွေကလဲ ဘ၀င်ဟပ်လို့ မေ့လျော့လာကြပြီ။
ကျွန်တော့် အဘိုးအဘွားတွေ၊ အဖေအမေတွေက လယ်လုပ်ငန်း လုပ်ကိုင်ကြတာ မဟုတ်ပေမဲ့ လယ်တွေ၊ လှည်းတွေနဲ့ မစိမ်းလှပါဘူး။ ကျောင်းသွားလဲ လယ်ကွင်းပြင်တွေဖြတ်ရတယ်။ ဈေးသွားလဲ လယ် ကွင်းပြင်တွေဖြတ်ရတယ်။ စပါးပင်လေးတွေ ပျိုးထောင်ပြီး စိမ်းလဲ့လာတဲ့အချိန်၊ လေက စပါးခင်းတဲ့ ဖြတ်တိုက် သွားတဲ့အချိန်တွေ ဆိုရင်ဖြင့် လယ်ကွင်းပြင်ကြီးက တကယ့်ကို ညီညာလှပတဲ့ ယိမ်းသမတွေလိုပါပဲ။
လယ်ယာလုပ်ငန်းဝင်ကြပြီဆိုရင် လယ်သမားကြီးတွေနဲ့တင် ပြီးမြောက်တာမဟုတ်ပါဘူး။ လယ်သမား ကြီးတွေနဲ့အတူ လုပ်ဖော်ကိုင်ဖက်လို့ ပြောရမဲ့ နွားကြီးတွေပြီးတော့ လှည်းကြီးတွေလေပါတာပေါ့။
"လှည်းယာဉ်ကြော့ငယ်နဲ့ လိုက်ခဲ့ပါလား မြို့ကြီးသူရယ် "တဲ့။ လှည်းဆိုတာ ကျွန်တော်တို့ မြန်မာလူထု နဲ့ မစိမ်းကားလှပါဘူး။ သို့သော်လည်း ယနေ့အချိန်အခါမှာ လှည်းစီးဘူးတဲ့ လူငယ်တွေ၊ လူကြီးတွေ အဘယ်မျှ ရှိနေမလဲ။ လှည်းမစီးဘူးလို့ မြန်မာမဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လှည်းဆိုတာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအမွေတစ်ခုဖြစ်သလို ကျေးဇူးရှင်ဆိုလဲ မှားမယ်မထင်ပါဘူး။
တစ်ခေတ်တစ်ခါက ကုန်စည်ရောင်းဝယ်၊ ဘုရားဖူးသွား၊ ခရီးသွားတာကအစ ဒီလှည်းယာဉ်ပဲ သုံးခဲ့ကြ ရတာမဟုတ်ပါလား။
"ခလောက်ကလေးရယ်တဲ့ …ဒိုးဒိုးဒေါင်ဒေါင်
ပျိုတို့မောင်…ယာမလုပ်တယ်
ဝါးခုတ်တဲ့တောင်။
နွားညီနောင်…စည်အောင်ကွဲ့ဖေကျောင်း။
မောင်နှင့်မယ် တူယှဉ်နွှဲကာမှ
ယူငင်ကာ…ချူဆင်ဆွဲပါလို့
လှည်းယဉ်နဲ့မောင်း "
"အမေဆိုဆဲ … ၀ါဆိုပွဲ
လှည်းကလေးနဲ့ သွားရအောင်
ကုက္ကိုပင် မြန်မြန်ခုတ်ပါ့
လှည်းလုပ်ရအောင် "
ချစ်စရာကောင်းလှတဲ့ ကဗျာတေးတွေ။ မြန်မာ့ဓလေ့ သရုပ်သကန်တွေပေါ့။ ဒီဓလေ့တွေနဲ့အတူ ကပ်ပါလာတဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှု၊ စာနာနားလည်တတ်မှု၊ ဒါန၊ သီလ၊ ဘာဝနာစတဲ့ လူ့ယဉ်ကျေးမှု တွေကိုပါ မြင်သိစေပါတယ်။ ခံစားရမိစေပါတယ်။ ဒါတွေပျောက်ကွယ် စိတ်သုဉ်းပြီဆိုရင်တော့ ကျွန်တော်တို့ အမိမြေကြီး ပျောက်ဆုံးတော့မှာ အမှန်ပါပဲ။
လှည်းရယ်၊ နွားရယ်၊ လယ်ရယ်ဆိုတာက မြန်မာလူထုအတွက် မစိမ်းလှသလို လယ်သမားကြီးတွေကို ကျေးဇူးရှင်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့ စားသုံးနိုင်ဖို့ လုပ်ကိုင်ကြတဲ့ လယ်သမားကြီးတွေဆိုတာ တကယ့်ကို ကျေးဇူးတင်စရာ ကောင်းလှတဲ့ ကျေးဇူးရှင်ကြီးတွေပါ။ သူတို့အကျိုးစီးပွားအတွက် သူတို့လုပ်ကိုင် ကြတာ ကျေးဇူးတင်စရာမလိုဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပစ်ပယ်ထားရင်တော့ ကျွန်တော်တို့အတွက် ကပ်ဘေးတစ်ခု ဆိုက်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။
ဒီတော့ လှည်းကို ချစ်ရမယ်၊ လယ်ကိုချစ်ရမယ် ထို့အတူ ကျွန်တော်တို့ရဲ့ ထမင်းရှင် လယ်သမားတွေ ကိုလည်း ချစ်ဖို့လိုပါလိမ့်မယ်။ သြော် ကျွန်တော်တို့ တန်ဖိုးထားတတ်ဖို့လိုပါလိမ့်မယ်လေ။
လယ်ဆိုတာ မြန်မာရဲ့ ဆန်အိုးဖြစ်သလို လယ်သမားဆိုတာ ဆန်အိုးထဲ ဆန်ဖြည့်ပေးတဲ့သူပါ။ လယ် မပျောက်သမျှ လယ်သမားမပျောက်ဘူး။ လယ်သမားမပျောက်သမျှလဲ လယ်မပျောက်နိုင်ပါဘူး။ ဘယ်လောက်ပဲ စက်မှုနိုင်ငံတည်ထောင်တယ်ပဲဆိုဆို လယ်နှင့်အတူ နွားနှင့်လှည်းဆိုတာ တွဲလျက်ယှဉ်လျက် ပါနေဦးမှာပဲ မဟုတ်ပါလား။
ကျွန်တော်တို့ နှလုံးသားမှာလဲ လှည်းရယ်၊ လယ်ရယ်၊ ကျေးဇူးရှင် လယ်သမားကြီးတွေက စိမ့်ဝင် စီးဆင်းနေဦးမှာပဲလေ။
***********
မောင်ပိုင်
၂၂-၆-၂၀၁၄
ယုံကြည်ရတဲ့သူဆိုတာ
$
0
0
(ဆောင်းပါးရှင် - ဖြိုးသီဟ)
ဒီနေ့ခေတ်မှာ အကျယ်လောင်ဆုံးကြားနေရတဲ့ စကားတစ်ခွန်းက Trust Building ဆိုတဲ့ ယုံကြည်မှုတည်ဆောက်ခြင်း။ နိုင်ငံရေးနယ်ပယ်မှာ အကြားရများပေမယ့် တကယ်တမ်းတော့ ယုံကြည်မှုဆိုတာဟာ လူပုဂ္ဂိုလ်တစ်ယောက်ချင်းမှသည် အဖွဲ့အစည်းချင်း၊ နောက်ဆုံး နိုင်ငံအဆင့်ထိ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် ယုံကြည်မှုမရှိဘဲ ဘာဆိုဘာမှ လုပ်လို့မရပါဘူး။ စားသုံးသူကမယုံတဲ့ စီးပွားရေးလုပ်ငန်း၊ လူနာရဲ့ယုံကြည်မှုကို မရတဲ့ ဆရာဝန်၊ ပြည်သူက အယုံအကြည်မရှိတဲ့ အစိုးရ၊ ဘယ်လောက်တော်တော်၊ ဘယ်လောက်ပဲ လုပ်ပေးချင်လုပ်ပေးချင် မအောင်မြင်နိုင်ပါဘူး။
ဒါဆို တစ်ဖက်ရဲ့ ယုံကြည်မှုကိုရဖို့၊ အများရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်သူဖြစ်ဖို့ ဘာတွေများလိုအပ်ပါမလဲ။
(၁) ယုံကြည်မှုဟူသည် ရောမမြို့ကြီးနှင့် တူ၏။
“ရောမမြို့ကြီးကို အချိန်အကြာကြီး တည်ဆောက်ခဲ့ရပေမယ့် ဖျက်ဆီးဖို့ဆိုရင်တော့ တစ်ရက်တစ်မနက်ပဲ လိုတယ်” ဆိုတဲ့ စကားလိုပါပဲ။ ယုံကြည်မှုဆိုတာဟာလည်း အချိန်ကာလကြာမြင့်စွာ၊ အဖြစ်အပျက်ပေါင်း မြောက်မြားစွာ၊ အကြောင်းအရာများစွာ ကုန်လွန်ဖြတ်သန်းပြီးမှ ရရှိလာနိုင်တာမျိုးဆိုပေမယ့် အဲဒီယုံကြည်မှု ပျက်သုဉ်းသွားဖို့ကတော့ အမှားလေး တစ်ခုတလေလောက်နဲ့လည်း ဖြစ်သွားနိုင်ပါတယ်။ အင်မတန်သိမ်မွေ့သလို စိတ်ရှည်သည်းခံဖို့လည်း လိုပါတယ်။ အဆင်မပြေ ဖြစ်နေကြတဲ့ ချစ်သူစုံတွဲတွေမှသည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေကြတဲ့ အဖွဲ့အစည်းတွေထိ ယုံကြည်မှုရဲ့ ဒီသဘောတရားလေးကို သတိထားမိဖို့ လိုပါတယ်။
(၂) ယုံကြည်မှုဟူသည် အတင်းလုပ်ယူ၍မရ၊ ခြိမ်းခြောက်၍မရ၊ အလိုလို ဖြစ်ပေါ်လာသော စိတ်ခံစားချက်တစ်ခုဖြစ်သည်။
သူ့ရဲ့ယုံကြည်မှုကို ရချင်ပါတယ်ဆိုပြီး လက်ဆောင်ပဏ္ဏာတွေပေးလည်း မရသလို၊ တောင်းပန်၊ အသနားခံလို့လည်းမရ၊ တစ်စုံတစ်ရာနဲ့ ခြိမ်းခြောက်ရင်လည်း မရနိုင်တဲ့အရာဟာ ယုံကြည်မှုပဲဖြစ်ပါတယ်။ သူ့အလိုလို စိတ်ထဲမှာဖြစ်လာတဲ့ ခံစားချက်တစ်ခုပါ။ လုပ်ယူလို့မရပါဘူး။ အဲ့ဒီလိုခံစားချက်မျိုး ဖြစ်လာအောင်ကလည်း စကားလုံးလှလှလေးတွေပဲ သုံးနေလို့တော့ အလကားပါပဲ။ အလုပ်နဲ့ပဲ သက်သေပြကြရမှာပါ။ စကားလုံးတွေကိုပဲ နားထောင်တတ်တဲ့၊ အဟုတ်ထင်တတ်တဲ့ခေတ်က ကုန်သွားပါပြီ။
(၃) ယုံကြည်မှုရရှိရန် ရိုးသားဖို့လိုသည်။ (Honesty)
ဒီလူက သိပ်ရိုးသားတာပဲ ဆိုလို့ရှိရင် ငွေကြေးနဲ့ပတ်သက်ရင် ရိုးသားတယ်။ စကားကိုလည်း ညာမပြောတတ်ဘူးလို့ ထင်လိုက်ကြပါတယ်။ လူတစ်ယောက်ချင်း အနေနဲ့တော့ လက်ခံနိုင်ပေမယ့် အဖွဲ့အစည်းတစ်ရပ် အနေနဲ့တော့ ဒါဟာ မလုံလောက်ပါဘူး။ ယုံကြည်ထိုက်တဲ့သူဖြစ်ဖို့ လိုအပ်တဲ့ ရိုးသားမှုဟာ သတ္တိနဲ့တွဲနေတဲ့ ရိုးသားမှုပဲ ဖြစ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း ရိုးသားဖို့လိုသလို။ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ရိုးသားရပါမယ်။ မတတ်ရင် မတတ်ကြောင်း၊ မှားသွားရင်မှားကြောင်း ၀န်ခံရဲရမယ်၊ ကိုယ့်အမြင်၊ ကိုယ့်စိတ်ကူးတွေ၊ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကိုလည်း ရဲရဲဝံ့ဝံ့ တင်ပြရဲရပါမယ်။
ဒီနေ့ခေတ်ဟာ ဒီမိုကရေစီခေတ်ပါ။ ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့ မဖြစ်မနေ လိုအပ်တာကတော့ Open Society လို့ခေါ်တဲ့ ပွင့်လင်းတဲ့၊ အကြောက်တရားကင်းတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ပါပဲ။ အဲဒီလို အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့၊ ပွင့်ပွင့်လင်းလင်း ပြောကြ၊ ဆွေးနွေးနိုင်ကြဖို့ဆိုရင် ခေါင်းဆောင်တွေ၊ အကြီးအကဲတွေအနေနဲ့လည်း အဖြစ်မှန်ကို ရင်ဆိုင်ရဲတဲ့သတ္တိ၊ အမှားကို အပြစ်မတင်ဘဲ ၀ိုင်းဝန်းအဖြေရှာတတ်တဲ့ အလေ့အကျင့်တွေ လိုအပ်ပါမယ်။ ဒါမှလည်း အကြောက်တရားကင်းကင်းနဲ့ အမှန်ကိုအမှန်အတိုင်း ပြောရဲလုပ်ရဲ ရိုးသားရဲတဲ့သူတွေကို ရမှာပါ။
၎။ ယုံကြည်မှုရရန် အပြောနဲ့ အလုပ်ညီဖို့ လိုသည်။ (Actions are consistent with words)
ဆိုခဲစေ မြဲစေဆိုတဲ့ စကားလိုပါပဲ။ ယုံကြည်ထိုက်တဲ့သူ ဖြစ်ချင်ရင် စကားတည်ဖို့လည်း အရေးကြီးပါတယ်။ စကားကိုတော့ အမှန်အတိုင်း ပြောပါရဲ့၊ ပြောပြီးရင် ပြောတဲ့အတိုင်းမလုပ်ဘူး။ ကိုယ့်စကား ကိုယ်တာဝန်မယူဘဲ စကားကို အလွယ်ပြောမယ်၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေမယ်ဆိုရင်တော့ တစ်ဖက်လူရဲ့ ယုံကြည်မှုကို မရနိုင်ပါဘူး။ လူလေးစားခြင်းကိုလည်း မခံရပါဘူး။ ကိုယ့်ပါးစပ်ကထွက်တဲ့ စကားကို တန်ဖိုးထားသူ၊ ကိုယ်ထုတ်တဲ့ စည်းကမ်းကို ကိုယ်လေးစားလိုက်နာသူ၊ ကိုယ့်ရဲ့နှုတ်ကတိကို စာချုပ်စာတမ်းတစ်ခုလို လေးစားတဲ့သူများသာ ယုံကြည်ထိုက်တဲ့သူများ ဖြစ်ပါတယ်။
၅။ ယုံကြည်မှုရှိရန် အရည်အသွေးမြင့်ဖို့လိုသည်။ (Competency)
အခုမှ ဘွဲ့ရတဲ့ ဆရာဝန်နဲ့ ဘွဲ့တွေအများကြီး အတွေ့အကြုံတွေ အများကြီးရှိထားတဲ့ ဆရာဝန်နှစ်ယောက်မှာ ဘယ်သူ့လက်ထဲ ကိုယ့်အသက် အပ်ချင်ပါသလဲ၊ အပ်ရဲပါသလဲ။ တကယ်တော့ မေးစရာတောင် မလိုတဲ့မေးခွန်းပါ။
စွမ်းဆောင်ရည်ပြည့်ဝမှုပဲ ဖြစ်ပါတယ်။ SAK လို့ အတိုကောက် ပြောလေ့ရှိကြတဲ့ Skill (အတတ်ပညာ)၊ Knowledge (အသိပညာ) နဲ့ Attitude (ခံယူချက်) အပိုင်းသုံးပိုင်းလုံးမှာ ပေမီတန်းမီဖြစ်ဖို့ လိုပါမယ်။ ပညာခေတ်လို့ ပြောနေကြတဲ့အချိန်မှာ ပညာပြည့်ဝဖို့ လိုတယ်ဆိုတာကတော့ အထွေအထူး ပြောစရာတောင် မလိုပါဘူး။ ဘယ်လောက်ပဲ ရိုးသားပါတယ် ပြောပြော၊ စိတ်ကောင်းရှိပါတယ်ဆိုဆို အရည်အချင်းမရှိရင်၊ စွမ်းဆောင်ရည်ညံ့ဖျင်းရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ လူတွေရဲ့ ယုံကြည်မှုကို မရရှိလို့ပါ။ လူတော်လူကောင်းလား၊ လူကောင်းလူတော်လား မငြင်းလိုပေမယ့် ကောင်းနေရုံနဲ့တော့ မရဘူး၊ တော်ဖို့ပါ လိုတယ်ဆိုတာကို ပြောချင်တာပါ။
၆။ ယုံကြည်မှုရရန် တစ်သမတ်တည်းရှိဖို့လိုသည်။ (Consistency)
ကောက်ရိုးမီး စိတ်ဓာတ်ပိုင်ရှင်များဟာ လူတွေရဲ့ ယုံကြည်ကိုးစားခြင်းကို မရနိုင်ပါဘူး။ ကိုယ့်ရဲ့လုပ်ရပ်တွေ၊ အားထုတ်မှုတွေ ခံယူချက်တွေဟာ တစ်သမတ်တည်း စွဲမြဲခိုင်မာနေဖို့ လိုပါမယ်။ ပြောင်းလွယ်ပြင်လွယ် ဖြစ်တာနဲ့ လူများတဲ့ဘက်လိုက်တာဟာ မတူပါဘူး။ ယုံကြည်ချက် စွဲမြဲခိုင်မာတာနဲ့ မှားမှန်းသိသိကြီးနဲ့ ဆက်လက်ဆုပ်ကိုင်ထားတာကိုလည်း ကွဲပြားကြဖို့ လိုပါတယ်။ စိတ်ပါတုန်းခဏ အလုပ်တွေ အရမ်းကြိုးစားပြီး နောက်တော့လည်း ဒုံရင်းက ဒုံရင်းပဲ ဆိုတာမျိုးဟာ အောင်မြင်သူတွေရဲ့ စရိုက်လက္ခဏာ မဟုတ်ပါဘူး။ ခံယူချက်တွေ အမြဲမှန်နေအောင် အသိကပ်ထားရပါမယ်။ စိတ်ဓာတ်တွေ အမြဲတက်ကြွနေအောင် နှိုးဆွထားရပါမယ်။ ခံယူချက်တစ်ခု၊ လုပ်ငန်းအစီအစဉ်တစ်ခု၊ မဟာဗျူဟာတစ်ခုဟာ လုံးဝကို မပြောင်းလဲရဘူးလို့တော့ မဟုတ်ပေမယ့် ခဏခဏ ပြောင်းလွန်းပြင်လွန်းခြင်းဟာ လူတွေရဲ့ယုံကြည်မှုကို ပျက်ပြားသွားစေပါတယ်။ 
ပြောခဲ့ပြီးတဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဥပမာတစ်ခုကို ပြပါဆိုရင်တော့ အဲဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပါပဲ။
တိုင်းပြည်အကျိုးကလွဲလို့ ကိုယ်ကျိုးနည်းနည်းမှ မရှာခဲ့တာ။ အရှိကိုအရှိအတိုင်း ခပ်ဘွင်းဘွင်း ပြောတတ်တာ။ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေ့မယ်ဆိုပြီး တကယ်လည်းဖြစ်အောင် လုပ်ပြခဲ့တာ။ အသက်အရွယ်နဲ့မှမလိုက်၊ အများလက်ဖျားခါလောက်အောင် တော်လွန်းခဲ့တာတွေက ပြည်သူအများရဲ့ တစ်ခဲနက် ယုံကြည်ထောက်ခံမှုကို ရရှိစေခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း ကျွန်တော်တို့ပြည်သူတွေ ဗိုလ်ချုပ်ကို တသသရှိနေကြရဆဲ မဟုတ်လား။ ဗိုလ်ချုပ်ဓာတ်ပုံကို အိမ်ရှေ့ခန်းမှာ ချိတ်ထားရုံနဲ့တင် မလုံလောက်ဘဲ၊ ဗိုလ်ချုပ်လို အများက ယုံကြည်အားကိုးရတဲ့သူဖြစ်အောင် ကြိုးစားကြမှသာ ကျွန်တော်တို့တွေ ဗိုလ်ချုပ်အပေါ် တာဝန်ကျေရာ ရောက်မှာပါ။
အားလုံးပဲ ယုံကြည်မှုနဲ့ ထိုက်တန်သူများ ဖြစ်ကြပါစေ ရည်သန်လျက်။ ။
((၆၇) နှစ်မြောက် အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်နေကြသူများအား တွေ့ရစဉ်)
https://www.facebook.com/ElevenMediaGroup/photos/a.211329105571387.50706.114803668557265/710396308997995/?type=1&theater  မှ ကူးယူဖော်ပြပါသည်။ 
လမ်းလျှောက်တတ်ဖို့ သင်ပေးပါ
$
0
0
လူငယ်ပညာရေး ဆိုင်ရာ ပရဟိတ လုပ်ရင်ဖြစ်ဖြစ်၊ သားသမီးပြုစု ပျိုးထောင်တာဖြစ်ဖြစ် အန္တိမ ရည်မှန်းချက်ဟာ သူတို့ ဖာသာလမ်းလျောက်တတ်ဖို့ပဲ။  လူ့အဖွဲ့ အစည်းမှာ ကုန်းပိုးစီးတဲ့သူ များရင်ဖြစ်စေ၊ ကုန်းပိုးတဲ့သူ များရင်ဖြစ်စေ မကောင်းဘူး။ လမ်းလျောက်နိုင်သူမှန်သမျှ တစ်ပေရ တစ်ပေ လျောက်နေရမယ်။ လမ်းလျောက်တတ်အောင် သင်ပေးရမယ်။ လမ်းလျောက်ခွင့် ပေးရမယ်။  တစ်ချို့ သမီးရှင်တွေက ရုပ်ရှင်ဇာတ်လမ်းထဲကအတိုင်း အသေးစိပ်ထိမ်းချုပ်လေ့ရှိတယ်။ ရုပ်ရှင်ဇာတ်လမ်းအများစုက သုတထက် ရသကို ပေးတာများတယ်။ ရသမှာ ကြောင်းကျိုးစဉ်ခြင်ဥာဏ် နည်းနည်းပါရင် အသိအမြင် အမှားတွေရတတ်တယ်။ ဥပမာ သမီးကို ယောက်ျားနောက်မလိုက်အောင် အိမ်ထဲပိတ်ထား၊ အစောင့် အလျောက်တွေ ဝန်းရံပေးထားတာမျိုးနဲ့ ဇာတ်ရှိန်မြှင့် ရသပေးတာမျိုး။ ဒီယောက်ျားကို ဘာလို့ မယူသင့်လဲ၊ ယူသင့်လဲဆိုတဲ့ ဆွေးနွေး၊ ဆုံးဖြတ်လွတ်လပ်ခွင့် ပေးတာမျိုးရိုက်ကူးတင်ပြတဲ့ ဇာတ်လမ်းက ရှားတယ်။ ရိုက်ရင်လည်း သိပ့်ကြည့်ကြမှာ မဟုတ်ဘူး။  လူငယ်စောင့်ရှောက်ရေး ဂေဟာတွေ၊ ပရဟိတတွေမှာလည်း လူတွေကို ကျွေးမွေးစောင့်ရှောက်ရာမှာ တစ်သက်လုံး ကျွေးနေဖို့ထက် သူတို့ကိုယ်တိုင်ရပ်တည်နိုင်အောင် လုပ်ပေးဖို့သာ ပဓာနပဲ။  ကိုရီးယားစစ်အပြီးမှာ တောင်ကိုရီးယားတွေက beggar ကနေ donor အဖြစ်ကို ပြောင်းလဲနိုင်ခဲ့တယ်။ beggar အစစ်တွေကတော့ အနာရင်းအောင်မွေးထားလေ့ရှိတယ်။ သွေးပြီယိုနေလေ တောင်းလို့ကောင်းလေ၊ အနာကျက်မှာစိုးကြတယ်။   မြန်မာပြည်ကြီးမှာ နိုင်ငံခြားပညာတော်သင် လွှတ်တာက ရုရှားက လွဲလို့ အများစုက ပြည်ပနိုင်ငံတွေက ပေးတဲ့ စကော်လာတွေပါ။ ဒါတောင် သိန်းငါးဆယ်၊ တစ်ရာ၊ ၁၀ နှစ်၊ ၁၅ နှစ် စာချုပ်တွေမှာ လက်မှတ်ထိုးပေးရပါသေးတယ်။ တစ်ခါက တရုတ်ပြည် နှစ်လလောက်သွားရမယ့်ခရီးမှာ မြန်မာအစိုးရဘက်က ဒေါ်လာ ၂၀၀ ကုန်ကျမှာမို့လို့ အဆိုပါပညာအား အရင့်အရင်သွားခဲ့သူများအား တဆင့်ပြန်လယ်ပို့ချစေခြင်းဖြင့် နိုင်ငံခြားငွေ အကုန်အကျသက်သာစေရန် ဆောင်ရွက်ပါမည်ဆိုတဲ့ မိမိတို့ အထက် အထက်က လူကြီးရဲ့ အထက် အထက်ကို တင်ပြတဲ့ မှတ်ချက်ကြောင့် မသွားခဲ့ရဘူး။  ITEC အစီအစဉ်က မြန်မာပြည်ကို ပညာတော်သင်ပေးခဲ့တာ နှစ်ပေါင်း ကျွန်တော့်တစ်သက်ကျော်၊ လူပေါင်းက ရာလား၊ ထောင်လား မမှတ်မိဘူး။ ကျွန်တော်တို့ Donor မဖြစ်သေးဘူး။ အနာလည်း မကျက်သေးဘူး။ လမ်းလည်း မလျောက်သေးဘူး။ ရန်ဖြစ်ကောင်းတုန်း။ ဂိုဏ်းချုပ်ကြီးလည်း ကမ္ဘာပတ်အလှူခံ။ တိုင်းပြည်အတွက် ဒေါ်လာနှစ်ရာလောက်ကို စနစ်တကျခြွေတာ ပေးတဲ့ ပုဂ္ဂိုလ်များက နန်းတော်နဲ့နေ ကျုပ်တို့က ခွက်ဆွဲ။   we can, but we are beggar!  ဓာတ်ပုံလေးကတော့ အဘကပေး ကျုပ်က ငြင်းပယ်ခဲ့တဲ့ သင်တန်း မသွားခင်ညစာစားပွဲပါ။ အဝစားခဲ့ပါတယ်။ :D
လူငယ်ပညာရေး ဆိုင်ရာ ပရဟိတ လုပ်ရင်ဖြစ်ဖြစ်၊ သားသမီးပြုစု ပျိုးထောင်တာဖြစ်ဖြစ် အန္တိမ ရည်မှန်းချက်ဟာ သူတို့ ဖာသာလမ်းလျောက်တတ်ဖို့ပဲ။
လူ့အဖွဲ့ အစည်းမှာ ကုန်းပိုးစီးတဲ့သူ များရင်ဖြစ်စေ၊ ကုန်းပိုးတဲ့သူ များရင်ဖြစ်စေ မကောင်းဘူး။ လမ်းလျောက်နိုင်သူမှန်သမျှ တစ်ပေရ တစ်ပေ လျောက်နေရမယ်။ လမ်းလျောက်တတ်အောင် သင်ပေးရမယ်။ လမ်းလျောက်ခွင့် ပေးရမယ်။
တစ်ချို့ သမီးရှင်တွေက ရုပ်ရှင်ဇာတ်လမ်းထဲကအတိုင်း အသေးစိပ်ထိမ်းချုပ်လေ့ရှိတယ်။ ရုပ်ရှင်ဇာတ်လမ်းအများစုက သုတထက် ရသကို ပေးတာများတယ်။ ရသမှာ ကြောင်းကျိုးစဉ်ခြင်ဥာဏ် နည်းနည်းပါရင် အသိအမြင် အမှားတွေရတတ်တယ်။ ဥပမာ သမီးကို ယောက်ျားနောက်မလိုက်အောင် အိမ်ထဲပိတ်ထား၊ အစောင့် အလျောက်တွေ ဝန်းရံပေးထားတာမျိုးနဲ့ ဇာတ်ရှိန်မြှင့် ရသပေးတာမျိုး။ ဒီယောက်ျားကို ဘာလို့ မယူသင့်လဲ၊ ယူသင့်လဲဆိုတဲ့ ဆွေးနွေး၊ ဆုံးဖြတ်လွတ်လပ်ခွင့် ပေးတာမျိုးရိုက်ကူးတင်ပြတဲ့ ဇာတ်လမ်းက ရှားတယ်။ ရိုက်ရင်လည်း သိပ့်ကြည့်ကြမှာ မဟုတ်ဘူး။
လူငယ်စောင့်ရှောက်ရေး ဂေဟာတွေ၊ ပရဟိတတွေမှာလည်း လူတွေကို ကျွေးမွေးစောင့်ရှောက်ရာမှာ တစ်သက်လုံး ကျွေးနေဖို့ထက် သူတို့ကိုယ်တိုင်ရပ်တည်နိုင်အောင် လုပ်ပေးဖို့သာ ပဓာနပဲ။
ကိုရီးယားစစ်အပြီးမှာ တောင်ကိုရီးယားတွေက beggar ကနေ donor အဖြစ်ကို ပြောင်းလဲနိုင်ခဲ့တယ်။ beggar အစစ်တွေကတော့ အနာရင်းအောင်မွေးထားလေ့ရှိတယ်။ သွေးပြီယိုနေလေ တောင်းလို့ကောင်းလေ၊ အနာကျက်မှာစိုးကြတယ်။
မြန်မာပြည်ကြီးမှာ နိုင်ငံခြားပညာတော်သင် လွှတ်တာက ရုရှားက လွဲလို့ အများစုက ပြည်ပနိုင်ငံတွေက ပေးတဲ့ စကော်လာတွေပါ။ ဒါတောင် သိန်းငါးဆယ်၊ တစ်ရာ၊ ၁၀ နှစ်၊ ၁၅ နှစ် စာချုပ်တွေမှာ လက်မှတ်ထိုးပေးရပါသေးတယ်။ တစ်ခါက တရုတ်ပြည် နှစ်လလောက်သွားရမယ့်ခရီးမှာ မြန်မာအစိုးရဘက်က ဒေါ်လာ ၂၀၀ ကုန်ကျမှာမို့လို့ အဆိုပါပညာအား အရင့်အရင်သွားခဲ့သူများအား တဆင့်ပြန်လယ်ပို့ချစေခြင်းဖြင့် နိုင်ငံခြားငွေ အကုန်အကျသက်သာစေရန် ဆောင်ရွက်ပါမည်ဆိုတဲ့ မိမိတို့ အထက် အထက်က လူကြီးရဲ့ အထက် အထက်ကို တင်ပြတဲ့ မှတ်ချက်ကြောင့် မသွားခဲ့ရဘူး။
ITEC အစီအစဉ်က မြန်မာပြည်ကို ပညာတော်သင်ပေးခဲ့တာ နှစ်ပေါင်း ကျွန်တော့်တစ်သက်ကျော်၊ လူပေါင်းက ရာလား၊ ထောင်လား မမှတ်မိဘူး။ ကျွန်တော်တို့ Donor မဖြစ်သေးဘူး။ အနာလည်း မကျက်သေးဘူး။ လမ်းလည်း မလျောက်သေးဘူး။ ရန်ဖြစ်ကောင်းတုန်း။ ဂိုဏ်းချုပ်ကြီးလည်း ကမ္ဘာပတ်အလှူခံ။ တိုင်းပြည်အတွက် ဒေါ်လာနှစ်ရာလောက်ကို စနစ်တကျခြွေတာ ပေးတဲ့ ပုဂ္ဂိုလ်များက နန်းတော်နဲ့နေ ကျုပ်တို့က ခွက်ဆွဲ။
we can, but we are beggar!
ဓာတ်ပုံလေးကတော့ အဘကပေး ကျုပ်က ငြင်းပယ်ခဲ့တဲ့ သင်တန်း မသွားခင်ညစာစားပွဲပါ။ အဝစားခဲ့ပါတယ်။
Thet Htwe Aung
ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန် [ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်း မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက်]
$
0
0
ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန် [ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်း မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက်]။ (ပုံမှာ - ဂျပန်ခေတ်က အခမ်းအနား တခုတွင် မြန်မာ့ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ကျောင်းသား ခေါင်းဆောင် ကိုဗဟိန်းနှင့် အတူ တွေ့ရပုံ။)
ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်
[ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်း မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက်]
ကိုင်း … ယခု လက်တွေ့ စမ်းကြည့်မယ်၊ ခု ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ် ယူကြမလား၊ တပ်ထဲ ဝင်ကြမလား ပြောကြစမ်း၊ စစ်ထဲ မဝင်ချင်တဲ့ သူတွေ များလျှင်၊ မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး၊ ရှေးတုန်းက ရာဇဝင် ပြောင်းပြန် ပြောနေလဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်းတွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။
အသက် ၁၈ နှစ်ပြည့် ကျန်းမာရေးနှင့် ပြည့်စုံလျှင် လက်ခံရန် ရှိခြင်း
မြန်မာပြည် ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ ကာကွယ်ရေး တပ်မတော် သေနာပတိကြီး ကာနယ် အောင်ဆန်းက အသံလွှင့် ဖြေဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း။
ယနေ့ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း ပြောရသည့် အတွက် ကျွန်တော် အထူးပဲ ဝမ်းမြောက်ပါတယ်၊ မြန်မာ့ ကာကွယ်ရေး တပ်မတော်နှင့် ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေ ရှိတာ သိပေမယ့် ပြောဖို့ ရှင်းဖို့ တပ်မတော် အခွင့်အလမ်း ရှာ၍ မရသေးတဲ့အတွက် အသာပဲ ရေငုံနေခဲ့ရတယ်၊ ယနေ့ ပြောခွင့်ရတဲ့အခါ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း အတော်အတန် ပြောပြရတာပေါ့။
နီပွန် နန်းရင်းဝန်ကြီး တိုဂျိုက မြန်မာပြည်ဟာ နီပွန်ပြည်၏ စိတ်နေ စိတ်ထား ဝါဒတို့ကို နားလည် သဘောကျပြီး ၎င်းတို့နှင့် အရှေ့အာရှ ခေတ်သစ် ထူးထောင်ရေးမှာ ပါမယ်ဆိုရင် လွတ်လပ်သော တိုင်းနိုင်ငံ အနေအထားမျိုး ဖြစ်ပါစေမယ်လို့ ကတိ ပေးထားတယ်။ ဒီ ကတိဟာ ပေါ့ပေါ့ဆဆ ပေးတဲ့ကတိ မဟုတ်ဘူး၊ ဒီ ကတိဟာ နီပွန်ပြည်ကြီးရဲ့ အစိုးရ အဓိကရ ခေါင်းဆောင်ကြီး တကမ္ဘာလုံး ကြေညာထားတဲ့ ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေ ဒီအတိုင်း ထိုင်နေကြလို့ ရတာ မထင်ကြနဲ့၊ ပထမဆုံး ဗြိတိသျှနဲ့ နီပွန် စစ်မဖြစ်ခင်က မြန်မာ့ လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့ လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လို လူမျိုးတွေ၊ မြန်မာပြည်က လူငယ်တွေ နီပွန်ပြည်ကို သွားပြီး စစ်ပညာသင်၊ မြန်မာပြည် အကြောင်း တိုက်တွန်း၊ မြန်မာပြည်က သိလိုတဲ့ မြန်မာပြည် အကြောင်းတွေ အမျိုးမျိုး ရှာပေး၊ နောက်စစ်ဖြစ်တဲ့ အခါလဲ ဒိုးတူပေါင်ဖက် ရှောက်လုပ်၊ တိုက်ခိုက်မှု အမျိုးမျိုးကူ၊ မြန်မာလူမျိုး တွေကလဲ ဝိုင်းဝန်း ထောက်ပံ့ခဲ့တာကြောင့် ဒီ ကတိ ပေးတယ် မှတ်ပါ၊ အလကား ထိုင်နေရင်း ရတယ် မထင်နဲ့ လုပ်တဲ့လူတွေ ရှိလို့ ရတယ်မှတ်ပါ။
မငြင်းနိုင်သော အချက်တရပ်
အဲဒီ နန်းရင်းဝန်ကြီး တိုဂျို၏ ကတိအတိုင်း မြန်မာပြည် လွတ်လပ်တော့မယ်လို့ ဆိုကြပါစို့၊ လွတ်လပ်ရေး ရပြီးတိုင်း ဘာက ကျုပ်တို့ တိုင်းပြည် စကြမလဲ၊ ယခု အစိုးရ အဖွဲ့က အတော်အတန် မြန်မာပြည် ခေတ်သစ် ထူထောင်ရေး အတွက် လုပ်ငန်း အစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့၊ ဒါပေမဲ့ ဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့ တနေ့ ဒီဟာတွေကို ကာကွယ်ဖို့ အားမရှိရင် ဘယ်မှ အသုံးကျတော့မလဲ၊ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသည် မြန်မာပြည် ကာကွယ်ရေး အပေါ် တည်၏။ ထို့ကြောင့် မြန်မာ့ ကာကွယ်ရေးသည် မြန်မာ့ လွတ်လပ်ရေးနှင့် ညီမျှ၏၊ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး၊ မြန်မာ့ အဓိက ပြဿနာဟာ မြန်မာ့ ကာကွယ်ရေးပဲလို့ တထစ်ချ မှတ်လိုက်ပါ။
ကိုင်း … မြန်မာ့ ကာကွယ်ရေး လုပ်ကြစို့၊ ဘယ်လို လုပ်ကြမလဲ၊ မြန်မာ့ ကာကွယ်ရေး ဆိုပေမယ်လို့ နားလည် မလွဲကြနဲ့နော်၊ ရှေ့မှာ မြန်မာ့ ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး။ မြန်မာ့ ကာကွယ်ရေးဟာ အရှေ့အာရှတိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံကို တနေ့က ကျောင်းဆရာတွေကို မြန်မာ့ ကာကွယ်ရေး အကြောင်းကို ပြောပြတုန်းက ရှင်းခဲ့ပြီ၊ ကာကွယ်ရေး ဆိုတာမှာလဲ ရန်သူက တချက်ခုတ်လျှင် ကျုပ်တို့က နှစ်ချက် ပြန်ခုတ်မယ်၊ ရန်သူက ကျုပ်တို့ ပြည် တိုက်မယ် ဆိုရင် ကျုပ်တို့ အရင် ဦးအောင် တိုက်မယ်၊ အဲဒီ ကာကွယ် ရေးမျိုး။ ဒီ ကာကွယ်ရေးမျိုး အတွက် ဆိုရင် လူလဲ များဖို့ လိုတယ်။ လူတွေ စိတ်ဓာတ်လဲ ရင့်ဖို့ လိုတယ်။ လက်နက် ကိရိယာ ခဲယမ်းမီးကျောက်လဲ ပြည့်စုံဖို့ လိုတယ်။ မြန်မာပြည်ဟာ လူဦးရေ နည်းတော့ မြန်မာ့ ကာကွယ်ရေးဟာ မြန်မာတိုင်း မြန်မာတိုင်း ကလေးမှ အစ အဖိုးကြီး အမယ်ကြီးထိ အားလုံး ပါနိုင်မှ မြန်မာ့ ကာကွယ်ရေးဟာ တောင့်တင်းမှာ။ ဘယ်လို ပါရမလဲ ဆိုရင် စစ်တိုက်တယ် ဆိုတာဟာ စစ်သားချည်းနဲ့ မပြီးဘူး၊ ရိက္ခာ ထောက်ဖို့၊ ရိက္ခာ စိုက်ပျိုး စုဆောင်းရေး၊ ရိက္ခာ တင်ပို့ရေး အစရှိသဖြင့် စစ်တိုက်ခြင်းနဲ့ တိုက်ရိုက် မဆိုင်တဲ့ အလုပ်တွေ တိုင်းပြည်ရဲ့ စီးပွားရေး အင်အားကို စစ်အင်အားနဲ့ ညီမျှအောင် လုပ်ဖို့တွေ အတွက် အားလုံး ယောက်ျား၊ မိန်းမ မကျန်လုပ်မှ ဖြစ်မယ်၊ ဒါက အကြမ်း ပြောပြခြင်းပဲ၊ တနေ့ကလဲ ကာကွယ်ရေး အကြောင်း အတော်အတန် ပြောခဲ့ပြီ။
လွတ်လပ်ရေး လက်တလှမ်း
သို့ပေမယ့် ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့ နေနေသာသာ ကျုပ်တို့မှာ ကာကွယ်ရေးဖို့ အချက်ဘာမှ မရှိသေးဘူး၊ အားလုံး စလုံးရေက စရမယ်၊ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ ကာကွယ်ရေး တပ်မတော်ဟာ ပထမ စလုံးရေ စခြင်းပဲ။ အစကရှိတဲ့ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ အမှန် ပြောရရင်တော့ အသင့်အတင့်လောက် အသုံးကျပါရဲ့၊ ဒါပေမဲ့ တခြား သွားတိုက်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ပြီးတော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ်ဆန်း ကျဖမ်း စီစဉ်ရတာမို့ ချို့ယွင်းချက်တွေ အများကြီး တွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ဒီ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ မြန်မာပြည်က အားကိုးနိုင်တဲ့ တပ်လဲ ဖြစ်မှာ မဟုတ်ဘူး။ မြန်မာတွေ အမြဲ ရင်လေးနေတဲ့ တပ်မျိုး အဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဘာလို့ မခေါ်ဘဲ မြန်မာ့ ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာ့ လွတ်လပ်ရေးသည် ယခင်က ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်၊ အခု ဒီ လွတ်လပ်ရေး ရဖို့ ကိစ္စဟာ အဓိက မဟုတ်တော့ဘူး၊ ရတော့မယ်၊ လက်တလှမ်းပဲ လိုတော့တယ်။ ရပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာက ပိုပြီး အရေးကြီး လာပြီ၊ အဲဒါကြောင့် ရှေ့အနာဂတ်ကို မြှော်ကိုးပြီး ရာဇဝင် အကြောင်းထောက်လို့ မြန်မာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပေးတာပဲ။ တခြား အထင်လွဲ နေစရာ မလိုပါဘူး။ ပြီးတော့ နာမည် အရေးမကြီးပါဘူးဗျာ၊ လူ အရေးကြီးပါတယ်။ လုပ်တဲ့လူတွေ လုပ်တဲ့လူတွေ အဲဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ် ကျွန်တော်တို့ ခံခဲ့သလား၊ မဟုတ်ပါဘူး။ ဒီပြင်ဟာတွေလဲ လုပ်ထားပါတယ်။ ပထမ အရေးကြီးဆုံးက အမြဲ တပ်ကြီးပဲ၊ လုပ်လျှင် လုပ်ခြင်း အဲဒီ တပ်တွေကို ဗိုလ်လုပ်နိုင်တဲ့ လူတွေ အလုံအလောက် ရှိဖို့ လိုတယ်။ အဲဒါကြောင့် မင်္ဂလာဒုံမှာ ယခုနှစ် ဗိုလ်သင်တန်း ဖွင့်ပြီး အမြောက်အမြား သင်ပေးနေတယ်။
ရန်ကုန်မြို့မှာ ဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်ကြီး အတွက် စည်းကမ်းစနစ်တွေ လုပ်၊ ရိက္ခာတွေထောက် ရှေ့ပြေး တပ်မတော် လုပ်ငန်းဆိုင်ရာ ဌာနကြီး အဖြစ်နဲ့ (ဟေဘီချိုတု) ခေါ်တဲ့နောက် ကာကွယ်ရေး ဝန်ကြီးရုံး ဖြစ်မယ့် ရုံးကိုလဲ တည်ထောင် ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေ ချထားပြီး ကျွန်တော် ကိုယ်တိုင်ပဲ အုပ်ချုပ် နေရပါတယ်။ အားလုံး မြန်မာ ဗိုလ်တွေနဲ့ မြန်မာ့တပ်တွေကို အုပ်ချုပ် နေကြပါတယ်။ နီပွန် အတိုင်ပင်ခံတွေကလဲ စစ်ရေး နည်းနာတွေကို ကူညီ သင်ပြ ပေးကြပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ စလုံးရေ စခြင်းပဲ။ ရှေ့ကို တဖြည်းဖြည်း လူတွေတိုး တပ်တွေချဲ့ လက်နက်တွေတိုး တင့်ကားတွေ အမြောက်ကြီး တွေ လေယာဉ်ပျံတွေ ရအောင် တဆင့် တဆင့် ကြိုးစား ကြရလိမ့်မယ်။ ယခု လာမယ့် နှစ်အတွက် တပ်ကို တိုးချဲ့ရအုံးမယ်။ ဒါပေမဲ့ စစ်သား အသစ်တွေ မကြာမီ ခေါ်တော့မယ်။ ဒါ မြန်မာတွေ အားလုံးရဲ့ တာဝန်ပဲ။ ဟို အရင်တုန်းက မြန်မာပြည် ကာကွယ်ရေး အတွက် မြန်မာ့ လက်ထဲအပ်ပါ။ မြန်မာတွေ ကိုယ့်ပြည် ကိုယ် ကာကွယ်ချင် လွန်းလို့ပါ။ လက်နက်သာ အပ်စမ်းပါ။ တိုက်ပြပါမယ်လို့ မြန်မာတွေက ပြောနေကြတယ်။ ကိုင်း … လက်တွေ့ စမ်းကြည့်မယ်။ ခု … ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ်။ ယူကြမလား၊ တပ်ထဲ ဝင်ကြမလား၊ ပြောကြစမ်း။ တို့မြန်မာ တို့စစ်ထဲ မဝင်ချင်ကြတဲ့ လူတွေများရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး။ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေလဲ အပိုပဲ၊ ရှေးတုန်းက ရာဇဝင်ကို ပြန်ပြောင်း ပြောနေရင်လဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်း တွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။
ကိုယ်တွေ့ (မျက်မြင်တခု)
ရှေးက မြန်မာတွေကတော့ တကယ့် ယောက်ျားတွေပဲ၊ ဒါ စာတွေ့တင် မဟုတ်ဘူး။ ကိုယ်တွေ့ မျက်မြင် ယိုးဒယားပြည် နေတုန်းက ရှေးမြန်မာ စွမ်းပကား သတ္တိ လက်ရာတွေ မြင်သိခဲ့ရသည်။ ယိုးဒယားပြည်မှ တောတောင် အတန်တန် ကျော်ပြီး ကျုပ်တို့ လာခဲ့ကြရလို့ ရှေးတုန်းက ဘုရင့်နောင်တို့ အလောင်းဘုရားတို့နှင့် စစ်သည်တော်များ၏ ဇွဲသတ္တိကို အဖန်ဖန် ချီးကျူးမိတယ်။ အဲသလို မြန်မာတွေ မြန်မာ့ သတ္တိကို ပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှု စတဲ့ အမှုအခင်းများ အမေရိကန်ပြည် ချီကာဂိုပြီးရင် ဒုတိယ စွဲတယ်လို့ ကြားဖူးတယ်။ မြန်မာ မြန်မာချင်း သတ်ဖြတ် တိုက်ခိုက်တာဟာ မြန်မာ့ သတ္တိ အစစ် မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုး မရှိဘူး။ သည်လို လုပ်မယ့် အစား မြန်မာပြည် အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြ လိုက်စမ်းပါ။ ဒါမှ ရာဇဝင်ပြောင်မှာ၊ ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့သလိုတော့ မတွေ့ပါ ရစေနဲ့ တော့။ ရွာတွေ ရွာတွေ ဖြတ်လာခဲ့တယ်။ ဒီရွာက လူတွေရဲ့ သတ္တိတော့ စိတ်ချ လူဆိုးကြီးပဲ။ စစ်ထဲ လိုက်မယ့်လူ ထွက်စမ်း ဆိုတော့ နှစ်ယောက်၊ သုံးယောက်ထဲ ဒါတောင် ပြန်ထွက်ပြေး လိုက်ကြသေးတယ်။ တက်လူ ဆိုတဲ့ လူငယ်တွေ ဘောင်းဘီနီ အင်္ကျီနီတွေနဲ့ တွေ့ပါရဲ့၊ စစ်ထဲ လိုက်ရမယ် ဆိုတော့ တီ ဆားနဲ့ တို့သလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။ အဲဒါမျိုး ဖြစ်ရင် မြန်မာပြည်မှာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ ကျွန်တော် တထစ်ချ ဆိုတယ်။ ဒီလို ပြည်မျိုး ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ပါရစေနဲ့ ဒီတခါတော့ ဝင်ကြစမ်းပါ၊ များများစားစား ဝင်ချင်တဲ့ သူတွေ များလွန်းလို့ ပြန်လွှတ် လိုက်ရတယ် ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ် ဆိုတာ မကြားချင်ဘူး။ အဲဒါကြောင့် ယခု မြန်မာ့ ကာကွယ်ရေး တပ်မတော် ထပ်ချဲ့မယ်၊ ထပ်ချဲ့ရင် မြန်မာတွေ အသက် ၁၈ နှစ်ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ် ဆိုရင် ဝင်နိုင်တယ်။ လက်ခံဖို့ အသင့်ပဲ ဝင်ကြစမ်းပါ။ ထောင်လိုက် ရာလိုက် သောင်းလိုက်၊ ဒါပေမဲ့ တခုတော့ နားလည် စေချင်တယ်။ ဒီ စစ်တပ်တွေကို ငွေ လိုချင်လို့၊ လခ လိုချင်လို့၊ ရာထူး လိုချင်လို့တော့ အလကားပဲ။ ရမှာ မဟုတ်ဘူး။ ကျုပ် တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည် ကာကွယ်ရေး အတွက် မည်၍ မည်မျှ စိတ်အား ထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးက စပြီး ခန့်ပါလို့ လာပြောတယ်။ ကျွန်တော် ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် စစ်ထဲ တန်းဝင်ဝင်ချင်း စစ်ဗိုလ် ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာ နည်းနည်း ရဖူးပါရဲ့ ရတာက စစ်ကြပ်လောက်၊ ဖြစ်ချင်တာက ဗိုလ်ကြီးလောက် အဲဒါမျိုးတွေ တွေ့ရတယ်။
လခကို မမျှော်ရဟု ဆိုခြင်း
စစ်သား လုပ်တဲ့ လူတွေကလဲ လခ နည်းတယ်။ အစားအသောက်လဲ ဆိုးတယ်။ အနေ ကြပ်တယ် ဆိုရင်ပဲ ချူသံပါအောင် ညည်းလာတာပဲ။ တချို့လဲ ထွက်ချင်တယ် ဖြစ်လာကြတယ်။ ဒါမျိုးတွေ နောက်ထပ် မကြားရ မတွေ့ရပါစေနဲ့၊ လာတဲ့ လူတွေဟာ ဒါတွေ နားလည်ပြီး ငွေမမက် ရာထူးမမက် မြန်မာပြည်သက်သက် သမားတွေ လိုချင်တယ်။ ဒီ တပ်ဟာ လာဘ်စားမယ့် လူတွေ၊ ငွေလိုတဲ့ လူတွေ၊ ရာထူးမက်တဲ့ လူတွေ၊ ဆွေမျိုးတွေ အလုပ်ပေးမယ့် လူတွေ၊ လိုချင်တဲ့ တပ် မဟုတ်ဘူး။ မြန်မာ့ ကာကွယ်ရေးအတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ် မှန်တယ်။ ဒါပေမဲ့ လခတွေ အပေါ်မှာ မသုံးဘူး။ ဒါက ရှေး အင်္ဂလိပ် စနစ်ဟန်ကို မကျလို့ အင်္ဂလိပ်တွေ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြရပြီ မဟုတ်လား။ နီပွန် စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့ လူတွေ ရှိအောင် လုပ်ရမယ်။ လခကို ပဓာန မထားရဘူး။ နီပွန် တပ်မှာ စစ်သားတယောက် လေးကျပ်၊ လေးကျပ် အဲ ခြောက်ကျပ်သာ ရတယ်။ အဲဒါတွေကို အားကျရမယ်။ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်း မီးကျောက်တွေ အပေါ် အများဆုံးသုံး၊ ဒါမှ ပထမတန်း စစ်တပ်ရမှာ၊ အဲဒါမှ ကျွန်တော် အစက ပြောသလို ရန်သူက တချက်ခုတ်လျှင် နှစ်ချက် ပြန်နှက်နိုင်မှ ရန်သူ မတိုက်ခင် ကိုယ်က ဦးအောင် တိုက်နိုင်မှာ။
အဲဒီ စစ်သား စုဆောင်းရေးနဲ့ ပတ်သက်လို့ စကား အလျဉ်းသင့်သလို ပြောစရာ တခု ကျန်သေးတယ်၊ အဲဒါဟာ အရင်တုန်းက မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှာ ပါတဲ့ လူတွေ အများအပြားထဲမှာ မထွက်ချင်ဘဲ မကျန်းမာလို့ လူအိုနေလို့ ဆိုပြီး တပ်က ထွက်ခိုင်းရတာတွေ ရှိတယ်၊ အဲဒီ လူတွေကို ကောင်းကောင်းမွန်မွန် ပြန်၍ မကြည့်နိုင်ခဲ့ဘူး၊ သူတို့ နောင်ရေး အတွက်လည်း ဘာတခုမှ မလုပ်နိုင်ခဲ့ဘူး၊ အခုတော့ တတ်အားသမျှ ဒီ ကိစ္စတွေကို စီမံလျက်ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကလေးတွေကြောင့် ကျုပ်တို့ တပ်တွေထဲ မဝင်ချင် ဆိုတဲ့ စိတ်ပျက်ခြင်းမျိုး မဖြစ်သင့်ကြဘူး၊ တိုင်းပြည် တပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ် ဆိုတော့ ကမ္ဘာ့ ရာဇဝင် သိတဲ့လူ တိုင်းတော့ ဆင်ခြင် နိုင်ကြမှာပဲ၊ ဒါကြောင့် အမျှော်အမြင်ကြီးကြီးနဲ့ ဖြစ်ခဲ့တာတွေ စိတ်မပျက် လက်မပျက်ဘဲ ရသမျှ အခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။
ဒါမှသာ ကျုပ်တို့ မြန်မာပြည်ကြီးကို ကျုပ်တို့ ချစ်ရာ ရောက်ကြမယ်၊ ကျုပ်တို့ မြန်မာပြည် ထူထောင်မယ်၊ ဒါကြောင့် စိတ်လက်တွေ ပျက်နေကြတဲ့ လူတွေရှိရင် မပျက်ကြပါနဲ့၊ ဆက်ဆက် တပ်ထဲဝင်ကြပါလို့ တိုက်တွန်း လိုပါတယ်၊ နောက် အရေးကြီးမယ့် အချက် တချက်က အခု ကျုပ်တို့ လုပ်နေတဲ့ ကာကွယ်ရေး တပ်မတော်တို့ မြန်မာ့ လွတ်လပ်ရေးတို့ဟာ အခု အာရှ စစ်ကြီးမှာ နီပွန် တပ်မတော်များက ရန်သူ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် အစရှိသည်တို့ကို အပြီးအပိုင် သေသေချာချာနိုင်မှ တည်တံ့မယ်ဆိုတာ အားလုံး နားလည် ကြရမယ်၊ ဒါကြောင့် မြန်မာ့ လွတ်လပ်ရေးနဲ့ မြန်မာ့ ကာကွယ်ရေး အတွက် ခုအခါ ရှေ့က မားမားမတ်မတ် ဦးစီး ဆောင်ရွက်နေတဲ့ နီပွန် တပ်မတော်ကြီးအား စစ်နိုင်ရေး အတွက် မြန်မာ့ တမျိုးသားလုံးက တတ်နိုင်သလောက် စွမ်းအားဖြင့် ကူညီကြဖို့ လိုတယ်။
စစ်သားကို နီပွန်တို့ ရိုသေပုံ
နောက်ဆုံး ကျွန်တော် ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ် စစ်သားကို ချီးမြှင့်ကြဖို့ ပြောလိုပါတယ်၊ နီပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သား တယောက် စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့ အခါ အဲဒီ စစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်၊ ချီးကျူးကြတယ်၊ ဆလန် ပေးကြတယ်၊ စစ်မြေပြင် ထွက်တဲ့ စစ်သားဆိုရင်၊ ဘယ်လောက်ပင် ရာထူးကြီးတဲ့ သူဖြစ်ဖြစ် အလေးပြု ကြတယ်၊ ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ နီပွန် ဘုရင်မင်းကြီး ကိုယ်တိုင်က စစ်သားတို့ကို လေးစားတယ်၊ နီပွန် ဘုရင် မင်းကြီး ဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ မဟုတ်ဘူး၊ နီပွန် ဘုရား အစစ်ပဲ၊ အဲဒီ ဘုရားရှင် ကိုယ်တိုင် ကျဆုံးတဲ့ စစ်သား အတွက် ရည်စူးပြီး ဌာပနာထားတဲ့ အရိုးအိုး စေတီကို ဦးခိုက်ရတယ်။ ဦးညွှတ်ရတယ်၊ မြန်မာပြည်မှာတော့ မဟုတ်ပေါင်၊ မြန်မာ့ လွတ်လပ် ရေး တပ်သားတွေ အသက်လဲ သေရသေးတယ်၊ အဆင်းရဲလဲ ခံရတယ်၊ ဒီ အလောင်းကောင် တွေကို နင်းပြီး တက်လဲ သွားကြရသေးတယ်၊ အကောင်း မပြောချင်ကြဘူး။
ခေတ်ပျက်ကြီးတုန်းက သူခိုးဒမြတွေ သူ့လိုလူတွေ ခိုးကိုးရာမဲ့ ဖြစ်တုန်းက ကာကွယ် ပေးခဲ့တာတွေကို မေ့၊ ကိုယ့်ပစ္စည်း ကလေးတွေ သိမ်းတာ ဆည်းတာ ဗာရာဏသီ ချဲ့ပြောပြီး မချီးမြှင့်ကြဘူး၊ ရှက်ဖွယ် ရှက်ဖွယ် တို့မြန်မာတွေ မရှက်ဘူးလား၊ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး၊ မြန်မာပြည်မှာ ရှိတဲ့ လူတွေထဲမှာ စစ်တပ် စစ်သားဟာ ထိပ်ဆုံးပဲ၊ သူတို့ထက် မြတ်တာ မရှိဘူး၊ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ၊ ဆောင်လဲ ဆောင်ရွက် ခဲ့ကြပြီ၊ ကျုပ်တို့ စစ်သားကို အားပေးကြ လေးစားကြပါ၊ ဒါမှ မြန်မာပြည် ချမ်းသာမယ်၊ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ တပ်စခန်း သွားကြတဲ့ အခါ ဆိုင်ရာ ဒေသက မြန်မာတွေ အားလုံး တံခွန် ကုက္ကား၊ မုလေးပွားနဲ့ စစ်တံခွန် စစ်သီချင်း စစ်သံတွေ ပေးပြီး လိုက်ပို့ကြစမ်းပါ၊ ကြည့်ရသေးတာပေါ့လေ၊ ကိုင်း … အခုညအဖို့ ဒါပဲ၊ တော်သေးပြီး မြန်မာတွေ အားလုံး အဝေရာ ဟောန္တု ။
▪ - ¤ - ▪
၁၃၀၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် ဗုဒ္ဓဟူးနေ့ (၂၊ ၁၂၊ ၄၂) ရန်ကုန် သူရိယ သတင်းစာမှာ ဖော်ပြ ပါရှိတဲ့ ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်းရဲ့ မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက် "ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်"မိန့်ခွန်းကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ'က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ'စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ရင်းမြစ်...မြန်မာသတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့
မြတ်လေးငုံ ဘလော့မှ  ကူးယူဖော်ပြပါသည်။  http://myatlayngon.blogspot.com/2011/07/blog-post_11.html
လိုလားအပ်သော တွေ့ဆုံဆွေးနွေးမှု
$
0
0
 Photo: အတိုင်းထက်အလွန်လေးစားသွားပါပြီ သမ္မတကြီးခင်ဗျ  တစ်ခွန်းတည်းနဲ့ အနှစ်အပြည့် ပြောလိုက်တဲ့ စကား အားရလိုက်တာဗျာ  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန်  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများကိုသာ အလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆိုပါ အောင်မြင်မှုများအခြေခိုင်အောင် အကူအညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ သမ္မတအိမ်တော်တွင် သြ ဂုတ် ၉ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအ နေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့သည့် အခြေအနေနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံကပြုပြင် ပြောင်းလဲရေးကို တည်ငြိမ်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ထို့အပြင် သုံးနှစ်တာကာလအတွင်း ဒီမိုကရေစီစံနှုန်းများအ ပြည့်အ၀ ပေါ်ပေါက်အောင် အကောင်အထည်ဖော်ရန် ကန့်သတ်ချက်များရှိသည်ကို နားလည်ပေး စေလိုပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် နောက်ပြန်လှည့်ရန် မရှိဘဲ ရှေ့သို့ဆက်လက်ချီတက် နိုင်ရန် ဆုံးဖြတ်ထားကာ နိုင်ငံတကာကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံနှင့် ဆက် ဆံရေးကောင်းမွန်စေရန် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကို သိသိသာသာ တိုးမြှင့်လုပ် ဆောင်ရန် လိုအပ်နေပြီး လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ဝန်ခံကတိပြုချက်များ နောက်ပြန်ဆွဲ နေသည့် အခြေအနေကို ပြင်ရန် လိုအပ်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က မြန်မာခေါင်းဆောင်များအား သတိပေးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လာမည့်နှစ်တွင် လွတ်လပ် တရားမျှတပြီး ယုံကြည်နိုင်သည့် ရွေးကောက်ပွဲဖြစ်ပေါ်လာရန်အ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်ရန်လည်း ဂျွန်ကယ်ရီက တိုက်တွန်းသွားခဲ့သည်။ လာမည့် နိုဝင်ဘာလတွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံရန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာ ရောက်ရန်ရှိပြီး ယင်းခရီးစဉ်မ တိုင်မီ အထက်ပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရေး ခြေလှမ်းရပ်များ လိုလားကြောင်း ဂျွန်ကယ်ရီက သမ္မတ ဦးသိန်းစိန်နှင့် မြန်မာလွှတ်တော်အမတ်များကို ရှင်းရှင်းလင်းလင်း သိသာစေခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောဆိုသည်။ သမ္မတအိုဘားမား အရှေ့အာရှ ထိပ်သီးညီလာခံသို့ တက်ရောက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအခြေအနေများ တိုးတက်လာမှုကို မမြင်တွေ့မချင်း နှစ် ၄၀ ကြာ စစ်အစိုးရအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန်အရာရှိများက ပြောဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် တံခါးပိတ်ဆွေးနွေးပွဲမှ အချက်အလက်များကို တရားဝင် ထုတ်ဖော်ပြောဆိုခွင့်မရှိသဖြင့် အဆိုပါ အမေရိကန်အရာရှိက အ မည်မဖော်ဘဲ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ရာတွင် ဂျွန်ကယ်ရီက စိုးရိမ်ပူပန် ကြောင်း ပြောဆိုသွားခြင်း မရှိ သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် အမေရိကန်က ကူညီလုပ်ဆောင်လိုကြောင်း ပြောဆိုသွားခဲ့သည်။ ‘‘မြန်မာနိုင်ငံက အနာဂတ် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေချိန်မှာ အမေရိကန်နိုင်ငံရဲ့ မိတ်ဆွေအဖြစ် ကူညီပံ့ပိုးမှုကို ရ ထားတယ်ဆိုတာကို မြန်မာပြည် သူတွေကို သိစေချင်တယ်’’ဟု ၎င်းက ပြောဆိုသွားသည်။ အိုဘားမားကလည်း မြန်မာနိုင်ငံသို့ ထပ်မံလည်ပတ်ရေးကို စိတ်အားထက်သန်နေကြောင်းလည်း ပြောဆိုသွားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးပြီးနောက် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။ ဂျွန်ကယ်ရီက သြဂုတ် ၁၀ ရက်တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ကိုးကား − အေပီ Ye Moe U Yaung Ni Oo Nla Nay Lin Aung Aung Chan Min Ko Stan Gyi Yemon Soe ဝင်းဇော် မိုး Wun Tha Wunnaphe Thaw Zaw Myat Min Zaw Win Khaing Seaman Nayminthu Min Aung Myint Swe Soe Hla Myint Koko Yeyint Japangyi Platoon April
စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများကိုသာ အလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆိုပါ အောင်မြင်မှုများအခြေခိုင်အောင် အကူအညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
သမ္မတအိမ်တော်တွင် သြ ဂုတ် ၉ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအ နေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့သည့် အခြေအနေနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံကပြုပြင် ပြောင်းလဲရေးကို တည်ငြိမ်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် သုံးနှစ်တာကာလအတွင်း ဒီမိုကရေစီစံနှုန်းများအ ပြည့်အ၀ ပေါ်ပေါက်အောင် အကောင်အထည်ဖော်ရန် ကန့်သတ်ချက်များရှိသည်ကို နားလည်ပေး စေလိုပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် နောက်ပြန်လှည့်ရန် မရှိဘဲ ရှေ့သို့ဆက်လက်ချီတက် နိုင်ရန် ဆုံးဖြတ်ထားကာ နိုင်ငံတကာကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံနှင့် ဆက် ဆံရေးကောင်းမွန်စေရန် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကို သိသိသာသာ တိုးမြှင့်လုပ် ဆောင်ရန် လိုအပ်နေပြီး လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ဝန်ခံကတိပြုချက်များ နောက်ပြန်ဆွဲ နေသည့် အခြေအနေကို ပြင်ရန် လိုအပ်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က မြန်မာခေါင်းဆောင်များအား သတိပေးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လာမည့်နှစ်တွင် လွတ်လပ် တရားမျှတပြီး ယုံကြည်နိုင်သည့် ရွေးကောက်ပွဲဖြစ်ပေါ်လာရန်အ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်ရန်လည်း ဂျွန်ကယ်ရီက တိုက်တွန်းသွားခဲ့သည်။
လာမည့် နိုဝင်ဘာလတွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံရန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာ ရောက်ရန်ရှိပြီး ယင်းခရီးစဉ်မ တိုင်မီ အထက်ပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရေး ခြေလှမ်းရပ်များ လိုလားကြောင်း ဂျွန်ကယ်ရီက သမ္မတ ဦးသိန်းစိန်နှင့် မြန်မာလွှတ်တော်အမတ်များကို ရှင်းရှင်းလင်းလင်း သိသာစေခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောဆိုသည်။
သမ္မတအိုဘားမား အရှေ့အာရှ ထိပ်သီးညီလာခံသို့လာ တက်ရောက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအခြေအနေများ တိုးတက်လာမှုကို မမြင်တွေ့မချင်း နှစ် ၄၀ ကြာ စစ်အစိုးရအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန်အရာရှိများက ပြောဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် တံခါးပိတ်ဆွေးနွေးပွဲမှ အချက်အလက်များကို တရားဝင် ထုတ်ဖော်ပြောဆိုခွင့်မရှိသဖြင့် အဆိုပါ အမေရိကန်အရာရှိက အ မည်မဖော်ဘဲ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ရာတွင် ဂျွန်ကယ်ရီက စိုးရိမ်ပူပန် ကြောင်း ပြောဆိုသွားခြင်း မရှိ သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် အမေရိကန်က ကူညီလုပ်ဆောင်လိုကြောင်း ပြောဆိုသွားခဲ့သည်။
‘‘မြန်မာနိုင်ငံက အနာဂတ် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေချိန်မှာ အမေရိကန်နိုင်ငံရဲ့ မိတ်ဆွေအဖြစ် ကူညီပံ့ပိုးမှုကို ရ ထားတယ်ဆိုတာကို မြန်မာပြည် သူတွေကို သိစေချင်တယ်’’ဟု ၎င်းက ပြောဆိုသွားသည်။ အိုဘားမားကလည်း မြန်မာနိုင်ငံသို့ ထပ်မံလည်ပတ်ရေးကို စိတ်အားထက်သန်နေကြောင်း လည်း ပြောဆိုသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးပြီးနောက် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။
ဂျွန်ကယ်ရီက သြဂုတ် ၁၀ ရက်တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။
reading http://www.7daydaily.com/story/17944#.U-ibqaMkQTB.
ကူးယူဖော်ပြသူ 
ချင်းတောင်မှ ပင်လယ်ဝါ ဟိုင်နမ်ဒါအို မှ ဆေးဂုံ သို့
$
0
0
ချင်းတောင်မှ ပင်လယ်ဝါ ဟိုင်နမ်ဒါအို မှ ဆေးဂုံ သို့
လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုနီးပါး မတ်လနှောင်းပိုင်းက ဖြစ်၏။မင်္ဂလာဒုံလေဆိပ်မှ နေ့လည်ပိုင်း၌စတင်
ထွက်ခွါခဲ့သည့် Air China (CAAC) လေကြောင်းလိုင်းမှဘိုးရင်း(၇၃၇) ဂျက်လေယာဉ်ကြီးသည် မြောက်စူးစူးသို့ ဦးတည်လျက် မှိုင်းပြာရီညှို့မို့မို့တိမ်လွှာပြင်များ အထက်ကောင်းကင်ယံပေသုံးသောင်းကျော်အမြင့်မှပျံသန်းနေ၏။
လေယာဉ်ပေါ်အတက်မှာအဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်မှူးကြီးချစ်ခင်၊စစ်ဦးစီးမှူး(ပထမတန်း-ဆေး) ဒုတိယဗိုလ်မှူးကြီးခင်ဝင်းတို့ အနောက်မှကပ်တက်ခဲ့ရာ လေယာဉ်မယ်လေးတွေနေရာ
ချပေးသည့် ဦးပိုင်းထိုင်ခုံကျယ်များ၌ထိုင်
ခွင့်ရခဲ့၏။ကျွန်တော်တို့ ခရီးစဉ်မှာ စီးလုံးငှား
Charter Flight ဖြစ်သည့်အတွက် Seat No.များမပါရှိပဲအစဉ်လိုက်
တက်ထိုင်ကြခြင်းဖြစ်ရာထိုထိုင်ခုံကျယ်များကားပုံမှန်ခရီးစဉ်၌အထူးတန်း Business Class ထိုင်ခုံများဖြစ်၏။
ကျွန်တော်နှင့်ဗိုလ်ကြီးငွေစိုးတို့မယောင်မလည်နှင့်အဆိုပါခုံများ၌ထိုင်
ခွင့်ရခဲ့ခြင်းဖြစ်သည်။လေယာဉ်ပျံသန်းချိန်(၆)နာ
ရီခန့်ကြာသဖြင့်သက်သက်သာသာစီးခွင့်ရ၏။လမ်းခုလတ်တနေရာဂျန်ရှာဆိုသောမြို့၌ခေတ္တဆင်းသက်ပြီးလောင်
စာဆီဖြည့်တင်းသည်။ခရီးသည်များအောက်မဆင်းရပါ။၎င်းမှ ဆက်၍ထွက်ခွါခဲ့ရာဒေသစံတော်ချိန်ညကိုးနာရီခန့်
တွင် စိန့်တိုင်း မြောက်ပိုင်း တနေရာရှိ ချင်းတောင် Qingdao လေဆိပ်သို့ရောက်ရှိပါသည်။လေယာဉ်မဆင်းမီက
တည်းကပြင်ပရာသီဥတုကိုလေယာဉ်မှူးကြီးကြိုတင်ပြောကြားထားသဖြင့်အနွေးထည်တွေထုတ်ဝတ်ထားရသည်။ပြင်ပအပူချိန်မှာအနှုတ် ၂ ဒီကရီ စင်တီဂရိတ်ခန့်သာရှိသဖြင့်လေ
ယာဉ်ပေါ်ကဆင်းသည်နှင့် ရေခဲခြစ်ဖတ်များဖြင့်
မျက်နှာကို ကျုံးပက်သလိုခံစားလိုက်ရပါသည်။
ချင်းတောင်ခေါ်ကျင်းတောင် Qingdao ကိုယခင်ကစင်တာအို Tsingtao ဟုခေါ် ခဲ့သည်။တောင်ကုန်းဒေသဖြစ်၍ ရာသီဥတုအေးမြသည်။ဘီယာနှင့် အရက်ချက်စက်ရုံများရှိပြီး ချင်းတောင်ဘီယာသည် ကမ္ဘာတွင်နာမည်ကြီးသည်။လေဆိပ်မှကျွန်တော်တို့တည်းခိုရမည့်ဟွေဟိုင်းဟိုတယ်သို့နာရီဝက်ခန့်ကားစီးရ၏။ ဟိုတယ်မှာဌာနပိုင်အဆောက်အဦးတခုကိုပြန်လည်မွမ်းမံထားဟန်တူ၏။ကြယ်သုံးပွင့်အဆင့်ဟု ဆိုသော်လည်းအနည်းငယ်ဟောင်းနွမ်းနေသည်။ရာသီဥတု အေးလွန်းသဖြင့် လေဆိပ်ကကြိုလာသည့်ကားပေါ်မှာသာမကဟိုတယ်၌
ပါ အပူပေးစက်များ ဖွင့်ထားပေး၏။နောက်နေ့မှာသူတို့ဆီကဌာန အစီအစဉ်ဖြင့်ကျွန်တော်တို့ကို ချင်းတောင်မြို့ဝန်းကျင် ရှိဈေးများ၊ ကုန်တိုက်များ၊အမှတ်(၁)ရေချိုးဆိပ် No.1 Bathing Beach နှင့်ငါးလေးတောင် Small fishMt. တောင်ကုန်းဒေသ တို့ကို လိုက်ပြ၏။ချန်ကေရှိတ် တရုတ်(တိုင်ပေ)သို့ ထွက်မပြေးမီ နောက်ဆုံးပုန်းခို ခဲ့ရာ
တောင်ကုန်းထက်ကရဲတိုက်ဆန်ဆန်အိမ်ကြီးကိုလည်းတွေ့ရ၏။ထိုနေရာမှ အနောက်ဖက်ရှိပင်လယ်ပြင်ကြီးကိုလှမ်းမျှော်ငေးမောရင်း ကိုရီးယားကျွန်းဆွယ် ရှိရာဘက်သို့ ငေးကြည့်ရ၏။ကျွန်တော်တို့အဖို့ရာသီဥတုကအတော်ပင်အေးနေသော်လည်းသူတို့အတွက်ကတော့နွေဦးရာသီ Spring ရောက်လာပြီဖြစ်၍ပင်လယ်ကမ်းခြေရှိအမှတ်
(၁)ရေချိုးဆိပ်၌နံနက်စောစောမှာပင်ရေကူးဝတ်စုံများဖြင့်ရေချိုးဖို့ပြင်ဆင်နေကြလေသည်။
နောက်တနေ့မှစ၍ကျွန်တော်တို့မောင်းနှင်ရမည့် ရန်(ဝ၃၇)အမျိုးအစားSubmarine Chaser ရေယာဉ်တွေရှိရာချင်းတောင်ဆိပ်ကမ်းသို့သွားရောက်ပြီးရေယာဉ်များကို စစ်ဆေးလက်ခံရ၏။ 
ရက်သတ္တပတ် အကြာတွင်ရေယာဉ်လက်ခံသည့်ကိစ္စများပြီးစီးပြီဖြစ်၍ကျွန်တော်တို့ ဟိုတယ်မှာ မနေရတော့ပဲ သင်္ဘောများ ပေါ်သို့ပြောင်းရွှေ့ ခဲ့ရတော့သည်။ သင်္ဘောပေါ်ရောက်ချိန်ကစ၍ ကျွန်တော်တို့ စားဖို့သောက်ဖို့ ၏ ကိုယ့်အစီအစဉ်နှင့်ကိုယ် ဈေးဝယ်ကြရ၏။နေ့စဉ်နံနက်ခုနှစ်နာရီ မှာဈေးဝယ်ဖို့ တောင်းအေ့စ်ကားတစီးသက်ဆိုင်ရာကစေလွှတ်ပေး၏။ဈေးဝယ်ရာ၌ အခက်အခဲမရှိစေရန် သူတို့ဆီက အရာရှိ မစ္စတာဝမ်ဒါယင်း၊နှင့်ဟူကျင်းရီတို့ကိုကျွန်တော်တို့နှင့်ထည့်ပေးပါသည်။ ချင်းတောင်နံနက်ဈေးကကမ်းနားဘက်မှာရှိပြီးအတော်ကြီး၏။ဈေးမှာအကာမရှိသော်လည်း အလင်းပေါက် အမိုးစိမ်းစိမ်းကြီးများ မိုးထားသဖြင့် လင်းထိန်နေ၏။ အသားတန်း၊ငါးတန်း၊သစ်သီးဝလံတန်း၊ ဂျုံနှင့်ဆန်တန်း၊ကုန်ခြောက်တန်းကြီးများသီးသန့်ရှိပြီးရောင်းသူဝယ်သူတို့ဖြင့်စည်ကားလှ၏။ဟင်းသီးဟင်းရွက်များမှာလတ်ဆတ်လှ
သည့်ပြင်အမိုးစိမ်းကြီးများကြောင့်ပို၍စိမ်းစိုနေသည်ထင်ရ၏။
ကျွန်တော်တို့ဈေးဝယ်နေစဉ်တလျှောက်လုံးဝမ်ဒါယင်းကခါးပိုက်နှိုက်များကိုသ
တိထားကြဖို့အင်္ဂလိပ်ဘာသာဖြင့် Beware of pick pocket ဟုမပြတ် သတိပေး၏။ဈေးဝယ်ချိန်၌ လည်း ဈေးကြီးမမိအောင်ဂရုစိုက်၍ဈေးဆစ်ပေးသဖြင့်သူ့ကိုကျေးဇူးတင်ရ၏။ ကျွန်တော်တို့အား နိုင်ငံခြားသားများဟုသိသဖြင့်ဈေးသယ်တို့က ဈေးတင်ခေါ်ကြသည်။နောက်ပိုင်း ရင်းနှီးသွားချိန်၌ သူ့ကိုကျွန်တော်တို့က ဝမ် လို့ပဲခေါ် ကြတော့၏။ 
တရက်ဈေးဝယ်နေစဉ် ကျွန်တော်နှင့် ကိုငွေစိုးက အသားတန်းတွေဘက်သွားကြ၏။ ဝင်းမြင့်အောင်က ဆန်ဝယ်ရန်ဆိုကာဆန်တန်းဘက်ထွက်သွား၏။ “ဝမ်”ကကျွန်တော်တို့နှင့် ပါလာပြီး“ဟူ”ကဘရွှေနှင့်အတူဝက် အူချောင်းဝယ်ရန်ကုန်ခြောက်တန်းဘက်သွား၏။ ဝင်းမြင့်အောင်နှင့်စကားပြန်ပါမသွား။သူတို့ဆီမှာကဆန်ကိုပြည်ချိန်
နှင့် မရောင်းပဲ ကတ္တား နှင့်ရောင်းခြင်း ဖြစ်၏။အသားငါးချိန်ရာ၌လည်း များလျင်ကတ္တားနှင့်ချိန်ပြီး နည်းလျင် ရိုးရိုးချိန်ခွင်ဖြင့်ချိန်၏။ သူတို့ချိန်ခွင်ကချိန်ခွက်နှစ်ခွက် မရှိပဲတခွက် သာပါ၏။ကျွန်တော်တို့နိုင်ငံရှမ်းပြည်နယ်ကအချို့ ဈေးများမှာထိုကဲ့သို့တခွက်တည်းပါသောချိန်ခွင်သုံး
သည်ကိုတွေ့ဘူး၏။ မကြာခင်ဝင်းမြင့်အောင်နှင့်ပါသွားသည့်အေးကိုကကျွန်တော်တို့အသား
ဝယ်နေသည့်ဆိုင်ကိုအပြေးတပိုင်းရောက်လာပြီး ဆန်တန်းဘက်မှာ ဝင်းမြင့်အောင်နှင့်ဆန်သည် ပြဿနာတွေတက်နေကြောင်းအမောတကော ပြောပြ၏။ကျွန်တော်တို့ အမြန်လိုက်သွားရာ ဝမ် လည်းနောက်က ပါလာ၏။ဆန်တန်းထဲ ရောက်
တော့ဝင်းမြင့်အောင်နှင့်ကျွန်တော်တို့်ဝယ်နေကြဆန်ဆိုင်ကဆိုင်ရှင်ကြီးစကားများနေကြပြီးသူတို့လူမျိုးများလည်းဝိုင်းအုံနေကြ၏။ဝမ် ကသူတို့ဘာသာဖြင့်ဝင်ရောက်ဖြေရှင်းပေး၏။ဇာတ်ပေါင်းတော့ ဝင်းမြင့်အောင် ဆန်ဝယ်စဉ်ဆိုင်ရှင်ကဝယ်ယူသည့်ကီလိုချိန်တဝက်သာချိန်ပေးပြီးပိုက်ဆံ
အပြည့်ယူသဖြင့်ဝင်းမြင့်အောင်က ဆိုင်ရှင်ကို လက်ဟန်ခြေဟန်ဖြင့်ပြန်ပြော၏။ ဆိုင်ရှင်ကသူမှန်သည်ဆိုပြီးကွိစွိကွစွစကားနှင့်ပြန်ငြင်း၏။
ဘေး ဆိုင်တွေကပါ ထိုဆိုင်ရှင် မတရားလိမ်ရောင်းနေတာ မခံချင်သဖြင့် ဝင်းမြင့်အောင်ဘက်ကနေပြီးကျီး
ကန်းများလိုဝိုင်းအာကြ၏။ထိုဆိုင်မှာယမန်နေ့တွေက ကျွန်တော်တို့ဆန်ဝယ်စဉ်၌လည်းထို ကဲ့သို့ညာရောင်းကြောင်းဘေးဆိုင်တွေက၀င်ပြော၏။ကျွန်တော်တို့ကဈေးနှုန်းသာသိသော်လည်းကတ္တားမချိန်တတ်သဖြင့်
သူချိန်ပေးသည့်ပမာဏအတိုင်းသာယူ၏။ဝင်းမြင့်အောင်ကသူပုသိမ်မှာနေစဉ်ဌာနသမဆိုင်၌ကတ္တားဖြင့်ဆန်
ချိန်နေကြဖြစ်၍ ထိုဆိုင်ရှင်လူလည်ကျသည်ကိုသိခြင်းဖြစ်၏။သူ့ကျေးဇူးနှင့်ယမန်နေ့တွေကထိုဆိုင်ရှင်ကျွန်
တော်တို့ထံမှပိုယူခဲ့သောပိုက်ဆံများကိုပါ ဝမ် ကပြန်တောင်းပေး၏။
ဈေးဝယ်လို့ပြီးတော့ ကျွန်တော်တို့က လ္ဘက်ရည်ဆိုင်ထိုင်ကြ၏။ဝမ် ကအားနာသဖြင့် ကားပေါ်က
စောင့်မည် ဆိုကာ သွားနှင့်၏။ ဆိုင်မှာ တွေ့သည့် မုန့်တွေကို လက်ညှိုးထိုးမှာစားကြ၏။သူများတွေ အငွေ့ထောင်းထောင်း ပေါက်စီ သေးသေးလေးတွေမှာစားနေကြတာတွေ့ရ၏။ကျွန်တော်တို့ကစားချင်သဖြင့်မှာရာ သူတို့က နားမလည်လို့ မှာမရ။သူများ စားနေတာသွားပြီး လက်ညှိုးထိုး ပြဖို့ကလည်းအလွန်ရိုင်းရာကျ
မည်။ နောက်ဆုံး ကျွန်တော်က ကိုငွေစိုးအား “ အကိုရေ ပေါက်စီနဲ့ တူတယ်ဗျ။ဘယ်လိုမှာရမလဲမသိဘူး”လို့ ပြောလိုက်ရာဆိုင်ရှင် အဖိုးကြီးကြားသွားပြီး “ဘောစီ၊ဘောစီ၊ အိုခေး” ဟုဆိုကာဆိုင်နောက်ဖက်ပေါင်းအိုးထဲမှ ကျွန်တော်တို့ စားချင်သည့်ပေါက်စီများလာချပေးတော့၏။
လ္ဘက်ရည်သောက်ပြီးတော့ကားဘေးကကုန်ခြောက်ဆိုင်သို့ဝင်ပြီး ပဲငံပြာရည်အနောက်ဝင်ဝယ်ကြ
ရာဘယ်လိုမှရှင်းပြလို့မရ။ကျွန်တော်တို့ နံနက် ထမင်းကြော်ရာ အဖြူထည်ဖြစ်နေသဖြင့်ကြာညို့ ခေါ်ပဲငံပြာရည် အနောက် ဝယ်လိုခြင်းဖြစ်၏။ကျွန်တော်တို့ ဝယ်တာကြာသဖြင့် ကားပေါ်ထိုင်နေသည့် ဝမ် ကဆိုင်ထဲလိုက်လာ၏။သူ့ကို အကူအညီတောင်းပြီး ပဲငံပြာရည် မှာတော့လည်း ဆိုင်ရှင် လာပေးတာကတလွဲတွေဖြစ်
နေ၏။ပဲနို့နှင့် ပဲပုတ်စေ့ရည် စိမ်ပုလင်း တွေလာပြ၏။ကျွန်တော်တို့တွေ ဆွိုင်းဘီ(န်)း တွေ၊ ဆွိုင်း ဆော့တီးလစ်ကွစ် တွေပြောပြရာ ဝမ် က သူတို့ ဘာသာစကား ဖြင့်ရှင်းပြပေမဲ့
ဆိုင်ရှင် လာပြသည်မှာ အလွဲတွေချည်း။
ဝင်းမြင့်အောင်က“ အကိုရေ။ သူတို့ဆီမှာ ကြာညို့ မရှိဘူးနဲ့တူတယ်ဗျ ” ဟု ကျွန်တော့်အားကပ် ပြောတာဆိုင်ရှင် ကြားသွားပြီး“အိုး ကျန်းလျို့  ကျန်းလျို ၊့ ရက် ရက် ” ဆိုကာ ဆိုင်နောက်ဖက်သို့ဝင်သွားပြီးကျွန်တော်တို့လိုချင်သည့်ပဲငံပြာရည်အနောက်ပုလင်းလေးငါးပုလင်းပွေ့ယူလာတော့၏။ကားပေါ်ရောက်တော့မှဘောစီ(ပေါက်စီ)
တို့ကျန်လျို့ (ကြာညို့)တို့ ဆိုသည်မှာသူတို့ ဘာသာစကားတွေဖြစ်ကြောင်းဝမ်ကရှင်းပြရာ ကျွန်တော်တို့တဝါးဝါးရယ်ကြရပါ၏။
ဧပြီလ(၁၅)ရက်နေ့နံနက်မှာသင်္ဘောများကိုအခမ်းအနားဖြင့်လွှဲပြောင်းပေးပါသည်။လွှဲပြီးသည်နှင့်မွန်းလွဲပိုင်း၌ ကျွန်တော်တို့တွေချင်းတောင်ကနေ ရေကြောင်းခရီးဖြင့် ချက်ခြင်းပြန်လည်ထွက်ခွါကြရပါသည်။ကျွန်တော်တို့ရန်ပိုင်အောင်မှာ ဦးဆောင်သင်္ဘောဖြစ်၍ အဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူးကြီးချစ်ခင်လိုက်ပါပြီးဒုစစ်ရေယာဉ်မှူးဗိုလ်
မှူးစိုးဌေး၊လက်နက်အရာရှိ ဗိုလ်မှူးမြင့်နိုင်ဖြစ်သည်။ ဗိုလ်ကြီးမြင့်နွယ်(ယခု ဗိုလ်မှူးချုပ် ရလရ မှူး)က ရေကြောင်းလမ်းညွှန် အရာရှိ၊ကျွန်တော်က ထောက်ပံ့ရေးအရာရှိ၊ ဗိုလ်ကြီးအောင်ကျော်ဦး(ဆက်သွယ်ရေး)ဖြစ်၏။အင်ဂျင်နီယာဗိုလ်မှူးရဲတင့်နှင့် ဒုအင်ဂျင်နီယာဗိုလ်ကြီးအေးသန်းမြင့်တို့ဖြစ်သည်။
ဒုတိယသင်္ဘော ရန်ဝင်းအောင်၏ စစ်ရေယာဉ်မှူးဗိုလ်မှူးကြည်ဝင်းနှင့်ဒုစစ်ရေယာဉ်မှူးဗိုလ်မှူးဥာဏ်ထွန်း (ယခုနိုင်ငံတော်ဒုတိယသမ္မတ)ဖြစ်ပါသည်။ တတိယသင်္ဘောရန်အေးအောင် စစ်ရေယာဉ်မှူးကဗိုလ်မှူးကျော်ဝင်းနှင့်ဒုစစ်ရေယာဉ်မှူးဗိုလ်မှူးသူရသက်ဆွေ(ယခုကာကွယ်ရေးဦးစီးချုပ်-ရေ)တို့ဖြစ်ကြပါသည်။စစ်ရေယာဉ်ရန်ဇွဲအောင်၏စစ်ရေယာဉ်မှူးမှာဗိုလ်မှူးစိန်ထွန်းဖြစ်ပြီးဒုစစ်
ရေယာဉ်မှူးကဗိုလ်မှူးဝင်းရှိန်(ယခုဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး)ဖြစ်သည်။ကျန်သင်္ဘော
အင်ဂျင်နီယာများမှာ ဗိုလ်မှူးကြည်စိုးဗိုလ်မှူးခင်မောင်ရီနှင့် ဗိုလ်မှူးမြင့်ထွန်းတို့ဖြစ်ပါသည်။ ကျွန်တော်တို့အပြန်ခရီးအတွက်ခရီးစဉ်စီမံချက်ကိုတော့ ဗိုလ်မှူးဥာဏ်ထွန်းကတာဝန်ယူရေးဆွဲခဲ့ပါသည်။
သင်္ဘောများအပြန်ခရီးစဉ်၌ သူတို့ ရေပိုင်နက်ဆုံးသည်ထိသူတို့ဘက်မှရေကြောင်းပြ၊ဆက်သွယ်ရေးနှင့် 
အင်ဂျင်နီယာအရာရှိများ ကျွန်တော်တို့နှင့် လိုက်ပါကြမည်ဖြစ်ပြီးဘာသာပြန် အဖြစ် ဗိုလ်ကြီး ဝမ်ဒါယင်း လိုက်ပါမည်ဖြစ်သည်။ ပထမပိုင်းမှာ ဝမ် ကပျော်နေ၏။ကျွန်တော်တို့ ချင်းတောင်ကထွက်ခွါပြီးပင်လယ်ဝါ Yellow sea ကိုဖြတ်ရ၏။ 
သင်္ဘောများအတန်းလိုက်ပုံပြု(၁) ဖြင့်မောင်းလာစဉ်ပဲ့စင်ပေါ်မှသူတို့ဆက်သွယ်ရေးအရာရှိ၏ “ စွတ်အ၊
စန်းအ၊ရိ အာဂျောင်” ရေယာဉ် အမှတ်သုံး နှင့်လေး၊ရေယာဉ် အမှတ်(၁) ခေါ်နေတယ်ဟု အဓိပ္ပာယ်ရသောဆက်သွယ်သံများမကြာခနကြားရပြီးရေယာဉ်များနှင့်စက်မကြီးများအခြေအနေကိုပြောဆိုကြ၏။နှစ်ရက်ခန့်ခုတ်မောင်း ခဲ့ပြီးရှန် ဟိုင်းအလွန်၌ ရေကြောင်းလမ်းညွှန်အရာရှိနှင့်ဆက်သွယ်ရေး အရာရှိများဆင်းသွားကြပါသည်။
အင်ဂျင်နီယာနှင့် ဝမ် တို့ ဆက်လက်လိုက်ပါရမည် ဆိုသောအခါဝမ်တယောက်မျက်နှာပျက်လာ၏။ သူ့အဖော်တွေဆင်းသွားကြပြီမှုတ်လား။အင်ဂျင်နီယာကလည်းစက်ခန်းထဲမှာအနေများသဖြင့်သူနှင့်သိတ်မတွေ့ရတော့
သူအားငယ်လာဟန်တူ၏။
ပထမပိုင်းမှာကျွန်တော်တို့ နှင့် ထမင်းလာစားသော်လည်းခပ်စပ်စပ်ဆီပြန်ဟင်းတွေကို
သူကြိုက်ဟန်မတူ။ဝတ္တရားကျေ “ ဗဲရီးဂွတ်၊ဗဲရီးဂွတ် ” ဟုဆိုနေရသော်လည်း မျက်နှာကြီးတခုလုံးနီရဲကာချွေးတွေပြန်နေပြီး နောက်ပိုင်း ကျွန်တော်တို့နှင့်လာမစားတော့။ မီးဖိုက ရေနွေးကို တောင်းကာသူယူလာသည့်အသင့်စား ခေါက်ဆွဲခြောက်ဘူးများကိုသာစားတော့၏။ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးချစ်ခင်ကိုယ်တိုင်ခေါ်ခိုင်းမှ
အားနာပြီး တခါတရံသာလာစားတော့သည်။စားတော့လည်း တို့ကနန်း ဆိတ်ကနန်းသာ။သည်ကြားထဲ တောင်တ၏ရုတ်ပင်လယ်ပြင်၌ရာသီဥတု ဆိုးပြီးလှိုင်းကြီးနေသဖြင့် ဝမ်တယောက် seasickness ရပြီးအန်နေတာကိုတွေ့ရသည်။နောက်သုံးရက်ခန့်အကြာ မကာအိုအနီးရှိကျန်ဂျင်း Zhanjiang မြို့အဝင်ပင်လယ်ဝ၌ ပင်ကျောက်ချရပ်
နားပြီးဆီရေများဖြည့်တင်းရ၏။ရေယာဉ်များအနက်တစီးစက်အနည်းငယ်ချို့ ယွင်းသွားသဖြင့်ပြင်ဆင်ကြရသေးသည်။
ဝမ်ကသူမကြာခင် ပြန် ရတော့မည်ဟုတွေးပျော်နေ၏။သူတို့ ရေပိုင်နက် အဆုံးနား သို့ရောက်နေလေပြီ။သူ့ကိုလည်းကိုယ်ချင်းစာပါသည်။ကိုယ့်အမိမြေ၊မိခင်ရင်ခွင်နဲ့ဝေးသောနေရာမှာမည်သူမျှကြာရှည်မနေလိုပါ။ကျွန်
တော်တို့ပင်တာဝန်တွေကြားမှအိမ်လွမ်းဝေဒနာကိုစတင်ခံစားနေကြရပြီ။ဝမ် ကသေချာပေါက်ပြန်ရတော့မည်ဆိုပြီးသူ့လက်ကျန်ခေါက်ဆွဲဘူးအချို့ ကိုကျွန်တော်တို့အားဝေငှပေးနေ၏။ညနေပိုင်းသင်္ဘောဦးပိုင်း Forecastle ၌
ဝမ် တယောက်ခေါက်ဆွဲပြုတ်စားရင်းအနောက်ဖက် တောင်တရုတ်ပင်လယ်ထဲသို့ ဝင်လုဆဲပုဇွန်ဆီရောင်နေလုံးကြီးကိုငေးမောကြည့်နေ၏။ထိုစဉ်သူ့အနားသို့ကျွန်တော်တို့သင်္ဘောကအင်ဂျင်နီယာကိုရဲတင့်နှင့်ဆက်သွယ်ရေး
ကိုအောင်ကျော်ဦး(ကုလားကြီး)တို့စာရွက်ပိုင်းလေးတခုကိုကိုင်ကာ မယောင်မလည်ချဉ်းကပ်လာကြ၏။ကိုရဲတင့်ကဟန်ပါပါ ချောင်းတချက် အရင်ဟန့်လိုက်ရင်း “ဟဲလိုး ဝမ်၊ အိုင်အမ် ဗဲရီး ဆောရီး ” ဟုဆိုကာစာရွက်ပိုင်းလေးကိုထိုးပေး၏။ စာပါအကြောင်းအရာမှာလိုအပ်ချက်အရကျွန်တော်တို့ခရီးဆုံးထိ ဝမ် လိုက်ပါရန်နှင့်အင်ဂျင်နီယာ
ကျန်ခဲ့ရန်ခရီးစဉ်ဆုံးမှ ဝမ် က လေယာဉ်ဖြင့်ပြန်လာရမည်ဖြစ်ကြောင်းဖော်ပြ ထား၏။ မူလကပြုံးယောင်သမ်းနေသည့်ဝမ့်မျက်နှာတွင် အပျော်ရိပ်များပျောက်ဆုံးသွားပြီး တိုက်ကြက်ဖကြီးဒေါသဖြစ်သလိုရဲရဲနီလာပါ၏။ထို့နောက်
I hate noodle ဟုကျယ်လောင်စွာ အော်ဟစ်ကာ စားလက်စခေါက်ဆွဲဘူးကို ပင်လယ်ထဲ ပစ်ပေါက်ချလိုက်ပြီးသူ့အခန်းထဲသို့ဒေါသတကြီးပြေးဆင်းသွားတော့၏။ထိုအခါမှ
ကိုရဲတင့်က“ ညီလေးရေ၊ကိုယ်တို့အနောက်လွန်သွားပြီထင်တယ် ”  ဟုဆိုကာကြေးနန်းကိုသူနှင့်ကိုအောင်ကျော်ဦးတို့တိုင်ပင်ရေးသားခဲ့ကြောင်း ရှင်းပြ၏။ 
ကံအားလျော်စွာထိုည၌ ဝမ်နှင့် အင်ဂျင်နီယာတို့နောက်တနေ့တွင်ကျန်ဂျင်းဆိပ်ကမ်းမှာဆင်းကြရမည့်
အကြောင်းအမှန်တကယ်ကြေးနန်းဝင်လာ၏။သူ့အခန်းကိုဘယ်သူမှဖွင့်ခိုင်း၍မရပဲတလခန့်သူနှင့်အတူဈေးဝယ်
ရင်းခင်မင်နေသည့်ကျွန်တော်ကသွားခေါ်ပြီးအကျိုးအကြောင်း ပြောပြတော့မှ ပြန်ပြုံးနိုင် တော့၏။နောက်နေ့နံနက်စောစောသူတို့ကိုလာခေါ်သည့် ဖယ်ရီဘုတ်ရောက်ချိန်မှာတော့ ဝမ်တယောက်စီအိုကြီးကိုဖက်ပြီးချုံးပွဲချ၍ငိုပါတော့သည်။ကျွန်တော်တို့ သင်္ဘောတစင်းလုံးလည်း အဖွဲ့ခေါင်းဆောင်ကစ၍ မည်သူမျှစိတ်မကောင်းကြပါ။
ဖယ်ရီဘုတ် ခွါသွားချိန်မှာ ကျွန်တော့်ကို လက်ဟန်ခြေဟန်ဖြင့် သူ့ထံ စာရေးဘို့ အချက်ပြ နေသေးသည်။ကျွန်တော်တို့ သင်္ဘောများ ကျောက်နှုတ်ပြီး ဆက်လက်ထွက်ခွါခဲ့ကြရာ ဝမ် လိုက်ပါသွားသည့်ဖယ်ရီဘုတ်လေးမှာမကြာမီ၌တဖြည်းဖြည်းဝေး၍ဝေး၍မှေးမှိန်ပျောက်ကွယ်သွား တော့၏။
Kyine Lian's photo.
Kyine Lian's photo.
Kyine Lian's photo.
ချင်းတောင်မှ ပင်လယ်ဝါ ဟိုင်နမ်ဒါအို မှ ဆေးဂုံ သို့- (အဆက်)
$
0
0
ချင်းတောင်မှ ပင်လယ်ဝါ ဟိုင်နမ်ဒါအို မှ ဆေးဂုံ သို့----continued
မျက်ရည်စများနှင့်ကျန်ခဲ့သည့်ဝမ်တို့၏မော်တော်ကလေးမှေးမှိန်ပျောက်ကွယ်သွားသည်နှင့်
ကျွန်တော်တို့သင်္ဘောတွေ ဇန်ကျင်းက ဆက်လက်ထွက်ခွါလာပြီး တောင်စူးစူးသို့ဦးတည်
ခုတ်မောင်းခဲ့ကြပါသည်။ဟိုင်နမ်ကျွန်းကို ညာဘက်၌ ထား၍မောင်းရ၏။ဟိုင်နမ်ကျွန်း
ကို ဟိုင်နမ်ဒေါင် Hinandao လို့လည်းခေါ်ကြသည်။ဒါအို သို့မဟုတ် ဒေါင်သည်သူတို့
ဘာသာစကားဖြင့်ဆိုလျင်ကျွန်း၊ကျွန်းစွယ်ဟူ၍အဓိပ္ပါယ်ရသည်။
ကျွန်တော်တို့ဖြတ်သန်းခုတ် မောင်းခဲ့သည့် ဖော်မိုဆာကျွန်းနှင့် ယခုဟိုင်နမ်ကျွန်းတို့သည်တချိန်ကမြန်မာလူငယ် ရဲဘော်သုံးကျိပ်တို့အမိနိုင်ငံ သူ့ကျွန်ဘဝမှလွတ်မြောက်ဖို့ ဂျပန်တို့ထံမှအပင်ပန်းအဆင်းရဲခံကာစစ်ပညာများ လာရောက်သင်ယူခဲ့ကြသည့် ကျွန်းများဖြစ်၏။ ရာသီဥတုကောင်းမွန်သဖြင့်ပဲ့စင်ပေါ်ကနေ မှန်ဘီလူးဖြင့်ကြည့်ရှုရာရေယာဉ်များ၏၀ဲဘက်
အနောက်၌မြေပုံပေါ်တွင် ဝက်ဝံကြီးတကောင်လမ်းလျှောက်နေသည်နှင့်တူသည့်ဖိ
လိပိုင်ကျွန်းမကြီးကိုမှုန်ပြပြလှမ်းမြင်နေရသည်။
ဟိုင်နမ်ကျွန်းကိုကျော်လာသည်နှင့်တောင်တရုတ်ပင်လယ်ထဲမှကမ်းလွန်ရေနံတွင်းတူးစင်ကြီးတွေ
ကိုတွေ့လာရသည်။တောင်တရုတ်ပင်လယ်အတွင်းက စပရတ်လေ ကျွန်းသိမ်စုကလေးနေရာ တ၀ိုက်မှာရေနံနှင့် ဓာတ်ငွေ့တွေ အကြီး အကျယ် ထွက်သဖြင့်ဤဒေသအနီးအနားကနိုင်ငံတွေ အားလုံးသူပိုင်ငါပိုင်ငြင်းခုန်ရင်း  ဦးသူ အလံတက်စိုက် လုပ်နေခဲ့ကြသည်မှာ ရာစုနှစ်တ၀က်မကရှိခဲ့ပြီ။ ယခုထိမပြီးပြတ်သေး။ငြင်းခုန်လို့ကောင်းနေကြဆဲပင်။တောင်တရုတ်ပင်လယ်နှင့် စပရတ်တလီကျွန်းများပိုင်ဆိုင်မှုအငြင်းပွားနေသည့်ပြဿနာမှာ
၂၁ ရာစုနှစ်ဦး၌ပို၍ပင်ကျယ်လောင်လာပြီး ကမ္ဘာက အာရုံစိုက်လာရသည့်ဒေသဖြစ်နေပြီ။ သည်နားတ၀ိုက်နိုင်ငံတွေက လည်း ရေနံနှင့် အကျိုးဖြစ်နေကြသည့်နိုင်ငံတွေဖြစ်၏။
မကြာမီတုံကင်း ပင်လယ်ကွေ့ ထဲသို့ ရောက်လာသည်။ Gulf of Tonkin သည် ဗီယက်နမ် နိုင်ငံ၏
အနောက်ဘက် ကမ်းခြေမှာ ရှိသည်။တုံကင်း ပင်လယ်ထဲ မှာလည်း မီးရှို့  ပြသထားသည့်
ဓာတ်ငွေ့ရည်တွင်းတူးစင်တွေ အတော်များများတွေ့လာရ၏။ဗီယက်နမ်ပိုင်တွေဖြစ်မည်။အနောက်
ဖက်မှာလည်းဖိလိပိုင်၊ ဘရူနိုင်းနှင့် မလေးရှားနိုင်ငံပိုင် ကမ်းလွန်ရေနံတွင်းတူးစင် များရှိပြီးဓာတ်
ငွေ့ များကိုမီးရှို့ ထားသဖြင့် ညဘက်သင်္ဘောခုတ်မောင်းစဉ်ရေပြင်မှာမီးထွန်းပွဲကျင်းပသလို
လင်းထိန်နေပါသည်။ဟိုင်ဖုံ ကမ်းခြေကိုအဖြတ်၌ ဗီယက်နမ်ရေတပ်ကဖရီဂိတ် အမျိုးအစားစစ်ရေယာဉ်ကြီးတစီးကင်းလှည့်စောင့်ကြပ်နေတာ လှမ်းမြင်ရ၏။ဗီယက်နမ်သည်မဝေး
လှသည့်အတိတ်ကအမေရိကန်တို့၏ ကျူးကျော်တိုက်ခိုက်မှုကိုရွပ်ရွပ်
ချွံချွံပြန်လည် ခုခံတွန်းလှန်ခဲ့ရသဖြင့်လုံခြုံရေး အသိအမြဲရှိနေသည်။ အနီးနားကအင်အားကြီးနိုင်ငံကြီးနှင့်လည်းအတိတ်က ကျောင်းတော်မှရန်စ ရှိရုံမကစပရတ်တလီကျွန်းများအရေးနှင့်လည်းအငြင်းပွားလျက်ရှိပါသည်။
တနေ့နှင့် တညဆက်တိုက် ခုတ်မောင်းခဲ့ရပြီးနောက်တနေ့ညနေပိုင်းတွင်ကျွန်တော်တို
့ရေယာဉ်များဆေးဂုံမြစ်ဝ Saigon River Entrance အနီးသို့ ရောက်ရှိလာ ကြသည်။
မူလက နံနက်ပိုင်း ရောက်မည်မှန်းသော်လည်းကျွန်တော်တို့ရေယာဉ်တစင်း၏ အင်ဂျင်တလုံးအနည်းငယ်ချွတ်ယွင်းသွားသဖြင့်ပြင်ဆင်နေရသောကြောင့်ခန့်မှန်းရောက်ချိန်နောက်ကျ
သွားခြင်းဖြစ်၏။ရောက်ရောက်ခြင်းဗီယက်နမ်ရေဒီယိုစတေရှင်င့် ဆိပ်ကမ်းရုံးတို့ကိုဆက်သွယ်ရေးစက်ဖြင့်ဆက်သွယ်ကြည့်သော်လည်းသူတို့ရေကြောင်းပြတွေအလုပ်ချိန်ပြီးသွားပြီဖြစ်လို့နောက်တနေ့မှ
ကျွန်တော်တို့သင်္ဘောတွေဆေးဂုံကို ဝင်ကြရတော့မည်။ထိုနေ့ ညနေပိုင်းမှာတော့ ကျွန်တော် တာဝန်ကျသည့်ပဲ့စင်၌လူအတော်စည်ကားနေပါတော့သည်။
အကြောင်းကားကျွန်တော်တို့ကျောက်ချထားသည့်နေရာသည်ဆေးဂုံ
မြစ် အဝင်ဗန်တောစွန်း Vung Tau Pt. အနီးမှာဖြစ်ပြီး ကမ်းခြေကအပန်းဖြေဟိုတယ်များ နှင့် သောင်ပြင် ရေချိုးဆိပ်တို့ကို သာမန် မျက်စေ့ဖြင့်ပင် ကောင်းစွာ တွေ့မြင်နေရသဖြင့် ကမ်းခြေမှာ အိုက်တင် အမျိုးမျိုးပေးရင်း လမ်းလျှောက်လေညင်း ခံနေကြသည့် ကမ္ဘာအရပ်ရပ်က လှပျိုဖြူကလေးများကို ပဲ့စင်ကမှန်ဘီလူးနှင့်လာကြည့်နေကြခြင်းဖြစ်တော့၏။ဆက်သွယ်ရေး
အရာရှိကုလားကြီး ကိုအောင်ကျော်ဦးလည်းအကြောင်းမရှိအကြောင်းရှာ၍ပဲ့စင်
ကိုတက်တက်လာပြီးခရီးနီးသုံး VHF ဆက်သွယ်ရေးစက်ကိုကလိသလိုလိုနှင့်ကမ်းခြေ
ဘက်ကိုမကြာမကြာငေး၍ ဘုရားလည်းဖူးလိပ်ဥလည်းတူး လုပ်နေလေ၏။
နောက်တနေ့မှာ ရေကြောင်းပြများ ရာက်လာပြီးနံနက်(၈)နာရီခန့်မှာဆေးဂုံမြစ်ထဲကိုစတင်ဝင်ရောက်ခဲ့
ကြပါသည်။ဆေးဂုံမြစ်သည်ရန်ကုန်မြစ်နှင့်ဆင်တူပြီးမြစ် ပိုကျဉ်း၍ရေစီးပိုသန်ဟန်ရှိ၏။ ဗီယက်နမ်သည်ထိုစဉ်ကစီးပွားရေး တံခါးဖွင့်လိုက်ပြီဖြစ်၍ဆေးဂုံမြစ်အတွင်း ကုန်သွယ်ရေကြောင်းသင်္ဘောများအဝင်အထွက်များလှ၏။
ရေကြောင်းကျဉ်းသဖြင့်ဆေးဂုံမှပြန်ထွက်လာသည့် သင်္ဘောကြီးများကို သတိထား၍ရှောင်နေရသည်။နှစ်နာရီနီးပါးမောင်းပြီးချိန်မှာဆေးဂုံဆိပ်ကမ်းသို့ ၀င်ရောက်လာ၏။မြင်ကွင်းတွေကရန်ကုန်သာကေတ ဆိပ်ကမ်းအဝင်မြင်ကွင်းများနှင့် ဆင်ဆင် တူလှသည်။ဆေးဂုံဆိပ်ကမ်းမှာဟနွိုင်းမြို့မြန်မာသံရုံးမှဒုတိယအတွင်းဝန်ဦးသန်းကျော်
(ယခုနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး)ရောက်လာပြီး ကျွန်တော်တို့ရေယာဉ်တွေ ဆီ၊ရေဖြည့်တင်းရေးကိစ္စများစီစဉ်ပေးပါသည်။ထိုစဉ်ကဟနွိုင်းမြို့ မြန်မာသံအမတ်ကြီးမှာ
ဦးဝင်းရှိန်ဖြစ်သည်။ကျွန်တော် တို့ရေယာဉ်တွေရက်အနည်းငယ်ကြာ အုပ်ချုပ်မှုနှင့် လမ်းခရီးကြံ့ခိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ကမ်းပေါ်တက်လည်ပတ်ဖို့အချိန်ရပါသည်။
ညဘက်မှာ ကျွန်တော်တို့အဖွဲ့ ဆရာဦးသန်းကျော်စီစဉ်ပေးသည့် ကားဖြင့်ဆေးဂုံမြို့တော် ခန်းမ City Hall ရှေ့ ကိုသွားပြီး ညရှုခင်းတွေကို လမ်းလျှောက်ကြည့်ရှုကြရသည်။ဆေးဂုံကို ပထမဦးဆုံး အကြိမ်ရောက်ဖူး ခြင်းဖြစ်သော်လည်း ဆေးဂုံမြို့ရှုခင်း တွေက ကျွန်တော်တို့နှင့် မစိမ်းလှ။ အကြောင်းမှာ ထိုစဉ်က ကမ္ဘာကျော် The Fall of Saigon ဆေးဂုံကျဆုံးခန်း ရုပ်ရှင်ဇာတ်ကားတွဲကြီးကို ကျွန်တော်တို့မကြာခဏကြည့်ဘူးပြီးသောကြောင့် ဖြစ်ပါသည်။ ညရှု ခင်းတွေ လိုက်ကြည့်ပြီး ချိန်မှာ ကျွန်တော်တို့ အဖွဲ့ ဆေးဂုံ ကမ်းနားက Riverside Restaurant မှာညစာစားကြသည်။စားသောက်ဆိုင် မှာကာရာအိုကေနှင့်တွဲဖွင့်ထားသဖြင့်ကျွန်တော်တို့တွေဆေးဂုံပျိုဖြူလေးတွေသီဆိုသည့် ဗီယက်နမ်ရိုးရာသီချင်းတွေကိုနားထောင်ယင်းညစာစားသောက်ကြ၏။ဗီယက်နမ်ဟင်းလျာတွေက အနည်းငယ်ပူစပ် သည်မှလွဲ၍ ကျွန်တော်တို့မြန်မာဟင်းများနှင့်ဆင်ဆင်တူလှ၏။
ထမင်းစားပြီးချိန်မှာအနုပညာဝါသနာကြီးလှသည့်နောင်တော်တဦးကဗီယက်နမ်ရိုးရာအကကိုကကြည့်ချင်သည် ဆိုသဖြင့် ကျွန်တော်နှင့် ကိုအောင်ကျော်ဦး တို့က နောင်တော်ကြီးနှင့် အတူအဖော်လုပ်က ရပါသည်။နောင်တော်ကြီးကား ဂီတသံကြားလျင် မနေနိုင်။ငယ်မူ ငယ်သွေးတွေ ပြန်ကြွလာ ဟန်ရှိ၏။ဆေးဂုံပျိုဖြူလေးများကလည်းကျွန်တော်တို့နှင့် တပျော်တပါးတွဲကရင်း သူတို့ရိုးရာအကကိုစိတ်ရှည်စွာပြသပေး၏။ကျွန်တော့်ကိုသင်ပြပေးသူကသူတို့ထဲမှာအလှဆုံးဖြစ်၏။ သူ့နာမည်က ငုယင်သီဒတ်ငန်ဟုဆိုပါသည်။နောင်တော်ကြီးနှင့် ကျွန်တော်က အရပ်ခပ်ပုပု၊ကိုအောင်ကျော်ဦးအရပ်က(၆)ပေခန့်ကလန်ကလားနှင့်ဖြစ်ရာဆေးဂုံပျိုဖြူလေးများနှင့်ကျွန်တော်တို့ကနေသည်မှာအမြင်မတော်ဆင်တော်နှင့်ခလောက်ဆိုသလို ဖြစ်နေသော်လည်းငုယင်သီဒတ်
ကကျွန်တော်ကတာ အလွန်ကောင်းသည်ဟု ချီးကျူးပါသည်။နောင်တော်ကြီးနှင့် ကိုအောင်ကျော်ဦးတို့ကားသူတို့ပျိုဖြူအသီးသီးနှင့်က နေကြသော်လည်း ပျိုဖြူတို့ထဲမှာ အလှဆုံးဖြစ်သည့် ငုယင်သီဒတ် ၏ ထူးထူးခြားခြား မျက်နှာသာပေးခြင်းခံရသည့် ကျွန်တော့်အား တချက်တချက်မျက်စောင်းခဲ
ကြည့်နေကြတာကို မသိချင်ယောင်ဆောင်နေရ၏။မည်သို့ဆိုစေဆေးဂုံပျိုဖြူလေးများ ကား လူမှုရေးဗေဒနှင့် မိတ္တဗလဋီကာ အလွန်ကျေညက်ကြပါ၏။
နောက်တနေ့မှာ ကျွန်တော်တို့တွေ ဆိုင်ဂုံမြို့ထဲကို နေ့ခင်းဘက် လည်ပတ်ကြည့်ရှုကြရပြန်သည်။ဦးသန်းကျော်ကသူမအားသဖြင့် ကျွန်တော်တို့ လည်ပတ်ရတာ အဆင်ပြေအောင်လမ်းပြ Guide စီစဉ်ပေးပါသည်။ ဆရာဦးသန်းကျော်သည်ကျွန်တော်ချယ်ရီရိပ်ကတက္ကသိုလ်တက်ရောက်စဉ် တပတ်စဉ်တည်းသူငယ်ချင်းမောင်မောင်ကျော်၏ အကိုကြီးဖြစ်၏။ကျွန်တော်တို့
ကျောင်းဆင်းစဉ်က ကာကွယ်ရေးဝန်ကြီးနှင့်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်
ချုပ်ကြီးသူရကျော်ထင်၏သားလည်းဖြစ်၏။အံ့သြဘွယ်ကောင်းလှစွာကျွန်တော်တို့ဆေးဂုံ အလည်အပတ် ခရီးကိုလမ်းပြပေးမည့် ဂိုက်မှာညတုန်းက ကျွန်တော့်ကိုသူများတွေ မနာလိုအောင် မျက်နှာသာပေးပြီး အက သင်ပေးခဲ့သူလေးပင်ဖြစ်လို့နေပါ၏။ အို ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား။နောင်တော်ကြီးနှင့် ကိုအောင်ကျော်ဦးတို့လည်းဝမ်းသာအားရလာနှုတ်ဆက်ကြပြီးသူတို့အကနည်းပြပျိုဖြူလေးများ ပါမပါမေးရာ ၎င်းတို့မှာဆိုင်ဂုံကနာမည်ကျော် ဘင်သန်းကမ်းနားဈေး၌ အုန်းသီးရောင်းနေရကြောင်း သိလိုက်ရသဖြင့် သူတို့ မျက်နှာကြီးတွေ မျောက်ငပိကိုင်မိသလိုလို ပက်ကျိဆားပက်ခံရသလိုလိုဖြစ်ကာရှုံ့  မဲ့သွားကြပါတော့သည်။
ကျွန်တော်တို့တွေမြို့တော်ခန်းမကိုဦးစွာကြည့်ရှုကြသည်။ခန်းမရှေ့ ၌ဗီယက်နမ် အမျိုးသားခေါင်းဆောင်ကြီးဟိုချီမင်း၏ကြေးရုပ်တုနှင့် အမှတ်တရဓာတ်ပုံရိုက်ကြ၏။ ဟိုချီမင်းကို သူတို့ကဦးလေးကြီးဟိုလို့ခေါ်ကြ၏။သူ့ကိုဂုဏ်ပြုသည့်အနေဖြင့် ဆေးဂုံမြို့ကိုဟိုချီမင်းစီးတီး
လို့လည်းခေါ်ကြပါသည်။ဆေးဂုံမြို့သည်ဆေးဂုံမြစ်ကမ်း၌တည်ရှိပြီး မဲခေါင်မြစ်ဝှမ်းဒေသ ၏ တောင်ဘက်ဆုံးမြို့လည်းဖြစ်ပါ၏။ ဗီယက်နမ်နိုင်ငံမှ ဆန်၊ကော်ဖီ၊သကြား၊
ချည်မျှင်နှင့် အထည်အလိပ်၊အးခဲထားသည့် ငါးပုစွန်များ၊ကြွေထည်ဖန်ထည်
၊ပလပ်စတစ် ပစ္စည်းများ၊စက်မှုထုတ်ကုန်နှင့် အိမ်ဆောက်ပစ္စည်း အမျိုးမျိုးတို့ကို ကမ္ဘာ
အနှံ့သို့တင်ပို့လျက်ရှိ၏။
ဗီယက်နမ်သည် (၁၉၈၆)ခုတွင်ဒွိုင်မွိုင်း Doi Moi ခေါ် စီးပွားရေး ပြုပြင်မှု ၀ါဒသစ်ချမှတ်၍ပြည်ပပို့ကုန် တင်ပို့မှုကို ဦးစားပေးဆောင်ရွက်လျက်ရှိရာဆေးဂုံသည်အဓိကဆိပ်ကမ်းမြို့ကြီး ဖြစ်လာ၏။ ဆက်လက်ပြီးကျွန်တော်တို့တွေဗီယက်နမ်သမ္မတ နန်းတော်ဟောင်းကိုကြည့်ရှုကြ၏။၁၉၆၆ ခုတွင်မွမ်းမံပြီးစီးခဲ့ပြီးယခုအခါခေတ်မီပြန်လည်ညီညွတ်ရေးခန်းမကြီးအဖြစ်ပြသ
ပြသထား၏။၎င်းမှတဆင့်ဗီယက်နမ်၏နာမည်ကြီးရေရုပ်သေးပြပွဲရုံ home of water puppets ကိုသွားရောက်ခဲ့၏။ဗီယက်နမ်တို့၏အမြင်ဆန်းသစ်လှပသည့်ရေထဲမှ
ရိုးရာရုပ်သေးပြကွက်များကိုကြည့်ရှုခဲ့ရပါသည်။
နေ့လည်ပိုင်း၌ ဆေးဂုံမြို့စွန်မှာရှိသည့် နာမည်ကျော် စစ်သမိုင်းပြတိုက် War Museum ကိုသွားရောက်လေ့လာကြပါသည်။စစ်သမိုင်းပြတိုက်မှာ ဗီယက်နမ်တို့လွတ်လပ်ရေးတိုက်ပွဲများ အကြောင်းနှင့်အမေရိကန် ဗီယက်နမ်စစ်ပွဲတုန်းကအမေရိကန်တို့ အသုံးပြုခဲ့သည့်
လက်နက်ဆန်းများကိုပြသထား၏။လူနှင့်အဆောက်အဦးများကိုသေကြေပျက်စီးစေရုံမျှမက သစ်တောကြီးများနှင့်မြေဆီလွှာကိုပင်မီးလောင်တိုက်ဖျက်ဆီးခဲ့သည့်နပမ်းဗုံးများသုံးစွဲခဲ့သည့် ပြကွက်တို့ကိုပြသထား၏။စစ်အတွင်းက အသုံးပြုခဲ့သောပေနှစ်ဆယ်ခန့်မြင့်သည့် ခေါင်းဖြတ်စက် giant guillotine ကြီးကိုလည်းကြက်သီးထဖွယ်တွေ့ရ၏။မြ၀တီရုပ်မြင်ပြည်သူ့တရားရှင်ဇာတ်လမ်းတွဲထဲက
ပေါင်ချိန်၏နဂါးခေါင်းဖြတ်စက်ကြီး ထက်များစွာကြီးမားလှပါ၏။ငုယင်သီဒတ်ကို မကြောက်ဘူးလားလို့ မေးကြည့်တော့ “ ဟင့်အင်း၊မကြောက်ပါဘူး ”လို့ ပြုံးပြုံးလေးဖြေလေသည်။အာဂသတ္တိခဲလေးပင်။
ဆိုင်ဂုံမှာငါးရက်နေပြီးနောက်ရေယာဉ်များဆီရေဖြည့်တင်းသည့်ကိစ္စနှင့်စက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုလုပ်ငန်းများပြီးစီးလျက်ခရီးဆက်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်၍ဆိုင်ဂုံဆိပ်ကမ်းမှနောက်တနေ့နံနက်စောစောထွက်ခွါကြရတော့သည်။အကိုကြီးဦးသန်းကျော်ကဆိပ်ခံတံတားပေါ်ထိ
လာရောက်နှုတ်ဆက်ပါသည်။ဆေးဂုံသူ လှပျိုဖြူလေး
ငုယင်သီဒတ်ငန်လည်း ဗီယက်နမ်ရိုးရာ ဝတ်စုံလေး ဝတ်ဆင်လျက် အဖြူရောင် ဇာပ၀ါလေးကို ဝှေ့ရမ်းပြရင်းလာရောက်နှုတ်ဆက်ပါ၏။ကျွန်တော်တို့ရေယာဉ်စက်ရှိန်ကိုမြှင့်လိုက်ချိန်မှာတော့ဆိပ်ခံတံတားပေါ်ကဆေးဂုံသူလေးငုယင်သီဒတ်တယောက် နှုတ်ဆက်လက်ပြမျက်ရည်စများနှင့် ပျပျဝေးသီ ကျန်ခဲ့ ရှာလေပြီ။ ။
Kyine Lian's photo.
Kyine Lian's photo.
Kyine Lian's photo.
ပီအာ ဟာ ထွက်ပေါက်တစ်ခုလား ????
$
0
0
ပီအာ ဟာ ထွက်ပေါက်တစ်ခုလား ????
=======================
ပီအာ စနစ်ကို …
ရွေးကောက်ပွဲတွင် အသုံးပြုရန် …
လွှတ်တော်တွင် အဆိုတင်သွင်းသည့်အခါ …
အတိုက်အခံ ဘက်မှ ကန့် ကွက်သံများ …
စီကနဲ ညံသွားပါသည် ….
အဘယ်ကြောင့် …
ဘယ်လိုကြောင့် …
ဒီလိုကြောင့် ….
စသဖြင့် အကိုးအကားများ ဝေေ၀ဆာဆာဖြင့် ….
ကန့် ကွက် တားမြစ်ကြပါသည် …
ကျွန်တော်ကတော့ စိတ်မ၀င်စားတော့ပါ …
ပီအာ စနစ် ၊ FPTP စနစ် စသည့် ကိစ္စများထက် …
နိုင်ငံရေးထွက်ပေါက် ရရှိဖို့ ကို သာ …
ပို စိတ်ဝင်စားပါသည် …
လက်ရှိ နိုင်ငံရေးအခြေအနေကြီးကိုလည်း ..
ကျွန်တော်တို့  ငြီးငွေ့ လွန်းလှပါပြီ ….
၁၉၈၈ နောက်ပိုင်းက စခဲ့သော …
အန်အယ်လ်ဒီ နှင့် တပ်မတော် အစိုးရတို့ ၏ …
စစ်အေးတိုက်ပွဲကြီးကိုလည်း …
စက်ဆုပ် မုန်းတီးလို့ လာနေပါပြီ ….
တစ်ဖက် နှင့် တစ်ဖက် …
အပြန်အလှန် တိုက်ခိုက်နေကြသော …
မပြီးဆုံးနိုင်သည့် …
တစ်ထောင့်တစ်ည နိုင်ငံရေး တိုက်ပွဲများသည် …
တိုင်းပြည်ကို မည်ကဲ့ သို့ အကျိုးပြုနိုင်ပါမည်နည်း ….
အရင်ကတော့ …
ကျွန်တော်တို့ မျှော်လင့်ခဲ့ဖူးသည်…
အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရင် …...????
ညီညွှတ်ရေးကို တည်ဆောက်နိုင်ရင် …....?????
စသဖြင့် အိပ်မက်များစွာ မက်ခဲ့ဖူးသည်…
ယခုကတော့ …
ဒီမိုး ဒီလေ ဒီလူတွေနှင့် …
ဒီ အိပ်မက်များမှာ …
ဆောင်းတွင်းအိပ်မက် ….
ကယောက်ကယက် အဆင့်ထက် မပိုတော့ပါ …
ယခု ပီအာ အသံ ကြားလာရသောအခါ ….
ပထမတော့ နည်းနည်း ခေါင်းထောင်ကြည့်မိပါသည်…
ခေါင်းထဲဝင်လာသည့် အတွေးက …
နောက်ထပ် နိုင်ငံရေးတိုက်ကွက်တစ်ခု ဟု …
ခပ်ပေါ့ပေါ့ ပင် တွေးလိုက်မိပါသည် ….
တစ်ခါ သေချာပြန်စဉ်းစားကြည့်ရင်း …
ခေါင်းထောင်ရုံ မဟုတ် …
ထထိုင်မိပါသည် ….
ပီအာဟာ ထွက်ပေါက်တစ်ခုများ ဖြစ်နေပါသလား ????
တင်းမာမှု လျော့ကျသွားမည့် …..
အခြေအနေတစ်ခုကို ရောက်ရှိသွားရန် ….
ပီအာက စွမ်းဆောင်နိုင်ပါသလား ….?????
သေချာပြန်သုံးသပ်ကြည့်တော့ …
ပီအာ စနစ်တွင် …
ကျွန်တော် သဘောကျသည့် အချက် နှစ်ချက်ရှိပါသည် …
ပထမအချက်က လူထု၏ ဆန္ဒအားလုံး …
လွှတ်တော်ထဲ ရောက်သွားသည့် အချက်ဖြစ်ပါသည် …
ပါတီတစ်ခုက …
မဲ ဆန္ဒနယ် အားလုံးတွင် အနိုင်ရသွားသဖြင့် …
လွှတ်တော်ထဲတွင် နေရာအားလုံး ယူလိုက်သည့် ကိစ္စ နှင့် …
မဲဆန္ဒနယ် အသီးသီးမှ …
ကိုယ် ရရှိသော မဲရာခိုင်နူန်း အလိုက် …
အချိုးကျ လွှတ်တော်ထဲတွင် နေရာယူရသော ကိစ္စ …
ဘယ်စနစ်က လူထု၏ ဆန္ဒကို ပို ကိုယ်စားပြုနိုင်သည်ကို ….
ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း …
တွေ့ မြင်နိုင်ပါသည် ….
ဒုတိယ အချက်ကတော့ …
ကျွန်တော့် အတွက် ပိုလို့ ပင် ....
သဘောကျစရာကောင်းပါသည် …
၂၀၁၅ တွင် …
အန်အယ်လ်ဒီ ၄၀ ရာခိုင်နူန်း …
အခြားပါတီများ ၂၀ ရာခိုင်နူန်း …
တိုင်းရင်းသားပါတီ ၁၅ ရာခိုင်နူန်း …
တပ်မတော် ၂၅ ရာခိုင်နူန်း …
စသည့် အနေအထားမျိုး ဖြစ်စေချင်ပါသည် ဟု …
အရင်ကတည်းက ပြောခဲ့ရေးခဲ့ ဖူးပါသည် …
ဒါပေမယ့် ကိုယ့်လူမျိုးတွေရဲ့  …
သူဖြူရင် ငါမည်း ဆိုသည့် …
ရယ်ဒီကယ် အစွဲများကြောင့် ….
ဖြစ်နိုင်ပါ့မလားလို့  ….
မယုံရဲရဲ သံသယလဲ ဖြစ်မိပါသည် …
ဒါပေမယ့် ပီအာ စနစ် အရ ဆိုရင်တော့ …
ဒီမျှော်လင့်ချက် ….
ဒီမဲ ရာခိုင်နူန်း ….
အများကြီး ဖြစ်နိုင်ချေ ရှိလာပါပြီ …
ကျွန်တော့်အမြင်မှာ …
အန်အယ်လ်ဒီ သည် အုပ်ချုပ်ရေး တာဝန်ကို မယူဖူးပါ ….
ပါတီ စထောင်ကတည်းက ….
တောက်လျှောက် တော်လှန်ရေးလုပ်လာရသဖြင့် …
ပြောလိုက်သောစကားများ အားလုံးက …
အစိုးရ ဆန့် ကျင်ရေး နှင့် …..
တော်လှန်ရေး အငွေ့ အသက် ဘယ်တော့မှ မစင် ….
ဟောပြောပွဲ များကို နားထောင်လိုက်တိုင်း...
ဟိုးယခင်က ခေတ်စားခဲ့သည် ...
"ဓနရှင် မှန်သမျှ တော်လှန်ရမည် "ဟူသော ...
ကွန်မြူနစ် ဇာတ်ပျက် မိန့် ခွန်းဆန်ဆန် လို ...
အမြဲ ခံစားရပါသည် ....
ဒီလိုကိစ္စတွေ ပျောက်ဖို့  …
အန်အယ်လ်ဒီကို အုပ်ချုပ်ရေးတာဝန်များ ….
ခွဲဝေပေးမှကို ရမည် ….
ကိုယ့်ပါတီက အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးမှာ …
အထိုက်အလျောက် တာဝန်ရှိလာရင် …
အန်အယ်လ်ဒီပါတီဝင်များရော …
ဒီမို အုပ်စုများပါ …
အစိုးရ လုပ်သမျှ ထိုင်ဆဲနေသည့် ယဉ်ကျေးမှု …
ဆက်ထွန်းကား ၍ မရတော့ ….
ဒါဆို တစ်ဖက် နှင့် တစ်ဖက် …
အပြန်အလှန် လက်ညိုးထိုး …
ဆော်ပလော်တီး နေကြသည့် ..
မြန်မာ့ စစ်အေးတိုက်ပွဲ ….
အရှိန် အတော်လျှော့ကျသွားမည် ….
ပြသနာက အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးတွင် …
အန်အယ်ဒီကို နေရာဘယ်လောက်ပေးမလဲ ….
ဟူသည့် မေးခွန်းဖြစ်သည်….
အန်အယ်လ်ဒီက အားလုံးလိုချင်သည် …
တစ်ဖက်ကလည်း လုံးဝ မပေးနိုင် …
အကန့် အသတ်နှင့်သာ ပေးလိုသည် …
ဒီလို စစ်အုပ်ချုပ်ရေး မုန်းတီးမှု နှင့် …
ကလဲ့ စား ချေလိုစိတ် အရှိန်မသေသေးသည့်ကာလမှာ …
အန်အယ်လ်ဒီ အာဏာအပြည့်အ၀ ရလာရင် …
အပြန်အလှန် ဆော်ကြနှက်ကြ နှင့် ….
တိုင်းပြည် မတည်မငြိမ်ဖြစ်မှာတော့ ….
အသေအချာဖြစ်သည် …
ဘာလို့ လဲဆိုတော့ …
အန်အယ်လ်ဒီ အဓိကထား တိုက်ခိုက်နေသည့် ..
အဖွဲ့ အစည်းကြီးများသည် …
အန်အယ်လ်ဒီ လုပ်သမျှ လည်စင်းခံနေရလောက်အောင် …
အင်အားသေးငယ်လှသူများ မဟုတ်သည့်အတွက် …
တန်ပြန် နိုင်ငံရေး ထိုးနှက်ချက်များကို ဖန်တီးပြီး ….
အစိုးရ အကျပ်အတည်း ဖြစ်အောင်…
ပြန်လည်တိုက်ခိုက်မည်မှာ သေချာသလောက်ဖြစ်သည် ….
ရှင်းနေအောင် ဥပမာပေးရလျှင် …
လက်ရှိ အခြေအနေအတိုင်း …
အစိုးရ နေရာတွင် အန်အယ်လ်ဒီ ရောက်လာကာ …
အတိုက်အခံနေရာတွင် ….
ပြည်ခိုင်ဖြိုး နှင့် သူ၏ မဟာမိတ် အဖွဲ့ များ ရောက်လာမည် ဖြစ်သည် …
တိုင်းပြည်ကတော့ ထုံးစံအတိုင်း …
အပြန်အလှန် နိုင်ငံရေး တိုက်ခိုက်မှု ၀ဲဂယက်များအတွင်း …
ထူးမခြားနားသာ ဖြစ်မည် ….
ဒါကြောင့် …
ယခု လက်ရှိအခြေအနေတွင် …
အစိုးရ နှင့် အတိုက်အခံ ရင်ကြားစေ့ရေးအတွက် …
အရေးအကြီးဆုံးမှာ ….
အာဏာကို ခွဲဝေရယူခြင်းဖြစ်သည် …
ပါတီတစ်ခုတည်းက ….
အာဏာကို လက်ဝါးကြီးအုပ်ထားခြင်းသည် ….
မဆုံးနိုင်သော နိုင်ငံရေး တိုက်ပွဲများကိုသာ ….
ဆက်လက် ဖြစ်ပေါ်စေလိမ့်မည် …
ပီအာစနစ်ကို ကျင့်သုံးရင်တော့ …
ဒီအခြေအနေက လွန်မြောက်သွားနိုင်သည် …
ပါတီအားလုံး လူထုထောက်ခံမှုအတိုင်း ....
အချိုးကျ နေရာရမှတော့ ...
ဘာမှ မကျေနပ်စရာမရှိ ....
ဒါကြောင့် ပီအာကို ထွက်ပေါက်လားဟု …
ကျွန်တော် စဉ်းစားလာရခြင်း ဖြစ်သည် ….
ပီအာကြောင့် ဖြစ်ပေါ်လာနိုင်သည့် ..
အခြား ပြသနာလေးများ ရှိကောင်းရှိနိုင်သော်လည်း …
အတိုက်အခံ နှင့် အစိုးရ ကြားမှ
ဘယ်လိုမှ စေ့စပ်မရသည့် …
၂၅ နှစ် စစ်အေးတိုက်ပွဲကြီးတော့ ပြီးဆုံးသွားနိုင်သည် …
တစ်မတ်သား ရှိနေလျှင် …
ပီအာကို လက်မခံနိုင်ဆိုသည့် သူများလဲ တွေ့ ရသည် …
တစ်မတ်သား ကိစ္စကတော့ …
အရင်ကတည်းက ပြောခဲ့ပြီးပါပြီ …
ပီအာဖြစ်ဖြစ် ၊ FPTP ဖြစ်ဖြစ် …
ဘုရင် စနစ်ပဲ ဖြစ်ဖြစ် …
ပြည်တွင်းစစ် အပြီးမသတ်သေး…
လက်နက်ကိုင်များအရေး မဆုံးသေးရင်တော့ …
တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ …
ကြိုက်ကြိုက် မကြိုက်ကြိုက် …
ဝင်ပါနေအုန်းမှာမို့  …
နဂို ပေးထားချက်တစ်ခု ဟုသာ …
သဘောထားစေချင် ပါသည် ….
Ps ။ လက်မခံနိုင်သော ….
တော်လှန်ရေးသမားများကိုလဲ မတားပါ ….
မိမိသဘောကျ ဆက်လက်တိုက်ပွဲဝင်…
တော်လှန်နိုင်ပါကြောင်း …..
( ရဲမိုး )
လွှတ်တော်မှာ ဇွတ်အော်နေသူများသို့
$
0
0
မကြာသေးမီကFacebookပေါ်မှာ လှိုင်သာယာ လက်ဖက်ရည်ဆိုင်ရဲ့ အကြမ်းဖက်စီစီတီဗီပြကွက်မှတ် တမ်းကို တွေ့လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေ ဒီလောက်တောင် ရက်စက်၊ ကြမ်းကြုတ်၊ ရိုင်းစိုင်းကုန်တာ ဘာကြောင့်လဲဆိုပြီးတော့လည်း အံ့အားသင့်မိတယ်။
တစ်လောက ရန်ကင်းမှာဖြစ်တဲ့ လူသတ်မှုကလည်း ရက်စက်မှုကမ်းကုန်နေပါတယ်။ လူတစ်ယောက်ကို မသေမချင်းသာမက ခေါင်းဖြတ်ပြီးတော့ပါ သတ်တယ်ဆိုတဲ့ ရက်စက်မှုမျိုးဟာ ၁၉၈၈ အရေးအခင်းကြီးပြီးတဲ့ နောက်ပိုင်း ရိုင်းစိုင်းတဲ့ ဖြစ်ရပ်တစ်ခုအနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
လှိုင်သာယာအဖြစ်အပျက်မှာကြည့်ရင်လည်း လူစိတ်ပျောက်နေတဲ့ လူငယ်တွေရဲ့ အသွင်သဏ္ဍန်တွေဟာ အထင် အရှားပေါ်လွင်နေပါတယ်။ လူတစ်ယောက်ကို သွေးအေးအေးနဲ့ ထိုးခုတ်ရိုက်နှက် သတ်ဖြတ်နေတာကို ဘယ်သူမှ လည်း ဝင်ရောက်ပြီး ထိန်းသိမ်းရဲမှာ မဟုတ်ပါဘူး။ ရုပ်ရှင်တွေထဲကလို ရဲဆိုတာကလည်း ဇာတ်သိမ်းခါနီးမှ ရောက်လာတတ်တာဆိုတော့ အားကိုးစရာ ဘယ်လမ်းမှမမြင်ဘဲ အကာအကွယ်မဲ့၊ ဆုံးရှုံးနေကြရတဲ့ ပြည်သူတွေရဲ့ ဘဝတွေဟာ ဘယ်နေရာမှ မလုံခြုံမှန်း သိသာထင်ရှားလှပါတယ်။
လူငယ်တွေ ဘာကြောင့် ဒီလောက် ရိုင်းစိုင်းရက်စက်ကုန်ကြတယ်ဆိုတာ လွှတ်တော်မှာ အဖြေမရှာကြသေးပါဘူး။ ရပ်ကွက်တွေထဲမှာ အရက်ဆိုင်တွေက လက်ဖက်ရည်ဆိုင်တွေထက်တောင်များနေပြီ။ အရက်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ သောက်သုံးခွင့်ပြုခြင်း၊ သယ်ဆောင်ခွင့်ပြုနေခြင်းတွေမှာ မြန်မာနိုင်ငံလောက် လွတ်လပ်တဲ့နိုင်ငံ ရှိမယ်တောင်မထင်ပါဘူး။
အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသလို၊ အရက်ကစပြီး လူငယ်တွေကြားထဲမှာ မိုးမီးလောင်သလိုဖြစ်နေရတာ တွေကို လွှတ်တော်က မသိ၊ မကြားဘူးဆိုရင် တာဝန်မဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ် တွေပဲလို့ ဆိုရပါလိမ့်မယ်။ လူငယ်တွေ ဘာကြောင့် ဒီလိုတွေဖြစ်နေရသလဲ၊ ဘာကြောင့် ရိုင်းစိုင်းပြီး ထင်ရာစိုင်းနေရသလဲဆိုတာကို သားသမီးချင်း ကိုယ်ချင်းစာပြီး လွှတ်တော်မှာ လူနားမလည်တဲ့ ပီအာဆိုတာတွေကို ဇွတ်အော်နေမယ့်အစား အရက်ကြောင့် ဖြစ်နေတဲ့ ပြဿနာတွေကို လူမိုက်လုပ်ပြီး ဆွေးနွေးဖို့လိုပြီထင်ပါတယ်။
တစ်လောက စင်ကာပူနိုင်ငံဝန်ကြီးချုပ်က သူဟာ သူ့နိုင်ငံသားတွေကို အမြဲတန်း လူချွန်လူကောင်းတွေဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးနေတယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောသွားတာကို ဖတ်လိုက်ရတယ်။ တိုင်းပြည် ကောင်းစားရေးအတွက်ပဲ ကြည့်နေတဲ့ ခေါင်းဆောင်တွေဟာ အာဏာတည်မြဲရေးအတွက် အရူးထမနေပါဘူး။ ငါ့နိုင်ငံ၊ ငါ့လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ သူတို့ လွှတ်တော်မှာ အမြဲဆွေးနွေးပြီး ပြည်သူပြည်သားတစ်ယောက် ရပိုင်ခွင့်များရရေး၊ ခံစားပိုင်ခွင့်များ အပြည့်အဝရရေး၊ အလုပ်လုပ်မှ အကျိုးခံစား ရမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝဖူလုံရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အမြဲရှေ့တန်းကထားပြီး လုပ်ဆောင်မယ်ဆိုပြီး ကြွေးကြော် လုပ်နေတာတွေကိုလည်း အားရမိတယ်။
စင်ကာပူနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းပြီး လုပ်ဆောင်နေတာ နှစ်ပေါင်း သုံးဆယ်ကျော်လောက်ရှိနေပါပြီ။ ရလဒ်ကဘာလဲဆိုတော့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးအတွက် အများ ကြီးအထောက်အကူပြုတဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ လူငယ်တွေကြားမှာ ကွဲပြားမှုတွေ မရှိတော့ ဘူး။ ဆိုသွမ်းရမ်းကားနေထိုင်ရမယ်ဆိုတဲ့အသိထက် စမတ်ကျသော နိုင်ငံ့သားကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်၊ ပြုမူ၊ ဆက်ဆံ၊ ပြောဆိုတတ်ရမယ်ဆိုတာ စစ်မှုထမ်းဘဝတွေကတည်းက လေ့ကျင့်သင်ကြားပေးလိုက် တယ်။ ဒါကြောင့် အားလုံးဟာ တစ်သွေးတည်း၊ တစ်သားတည်း ညီရင်းအစ်ကိုတွေလို နိုင်ငံတည်ဆောက်ရေး အတွက် တာဝန်အရ လုပ်ဆောင်ရမယ်ဆိုတာ အလိုလို သိထား၊ ခံယူထားကြတယ်။ အဲဒီလို ခံယူနိုင်အောင်လည်း နိုင်ငံကို ခေါင်းဆောင်နေသူတွေက ပညာကောင်းကောင်းပေးတယ်။ စစ်ပညာနဲ့ ကိုယ်ကျင့်ပညာ၊ နိုင်ငံသား ကောင်းတစ်ယောက်ထားရမယ့် အသိပညာတွေကို လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့လို့ စင်ကာပူနိုင်ငံဟာ ဘယ်လို နိုင်ငံမျိုးဖြစ်နေတယ်ဆိုတာ အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေတွေကို ထုတ် ကောင်းထုတ်ရမယ်။ လုပ်ချင်ချင်၊ မလုပ်ချင်ချင် နိုင်ငံတော်အတွက် လုပ်ကိုလုပ်ရမယ်လို့ ပြောသွားတဲ့ မိန့်ခွန်းကို သတိရမိတယ်။ အမျိုးသားခေါင်းဆောင်ကြီးဟာ အမြော်အမြင်နဲ့ ပြောသွားတာပါ။ အကြောင်းမဲ့ ပြောသွားတာ မဟုတ်ပါဘူး။
တကယ်ဆိုရင် ကိုယ့်နိုင်ငံက လူငယ်တွေကို အရက်အိုးထဲ ခေါင်းနှစ်ခိုင်းထားပြီး၊ မူးရူးနေရင်ပြီးရော၊ ပြဿနာမရှာနိုင်ဘူးဆိုတဲ့စိတ်တွေနဲ့ ပစ်ထားခဲ့တာ နှစ်ပေါင်းများစွာကြာလာတဲ့ ရလဒ်က သွေးအေးအေးနဲ့ သတ်ရဲ ဖြတ်ရဲတာတွေ အဖတ်တင်လာခဲ့တယ်ဆိုတာ သတိထားသင့်ပါပြီ။
လွှတ်တော်မှာရောက်နေတဲ့ ပြည်သူ့ကိုယ်စားလှယ်ကြီးများခင်ဗျား၊ လွှတ်တော်မှာ အကျိုးမရှိတာတွေ ဇွတ်အော်နေမယ့်အစား၊ ပီအာလို ဥပဒေအစား၊ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် အရွယ် ရောက်သူတိုင်း စစ်မှုထမ်းခွင့်ဥပဒေကို တစ်ဘက်လှည့် ဆွေးနွေးရင် ပိုပြီးသင့်မယ်ထင်ပါတယ်။ ပြောသာပြောရ ပါတယ်ဗျာ၊ ပြည်တွင်းစစ်မီးကြီး မငြိမ်းသတ်နိုင်သေးဘဲနဲ့ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းခိုင်းဖို့ဆိုတာ အလှမ်း ဝေးဦးမယ်ဆိုတာလည်း သိသားနဲ့ ပြောကြည့်လိုက်တာပါ။
(ကျော်ဗလ)
 https://www.facebook.com/notes/782897781730970/  မှကူးယူဖော်ပြပါသည်။
ရိုးမဲ ရှင်းတမ်း
$
0
0
ဒေါ်စုကို …
အတိုက်အခံပါတီကို …
ဖိုတိုရှော့တွေလုပ် …..
မဟုတ်တရုတ် သတင်းတွေတင် …
အနော့်ထက် အဆတစ်သိန်းလောက် ….
အသားလွတ်ထိုင်ဆဲနေတဲ့ သူတွေ ….
တစ်ပုံတစ်ခေါင်းကြီး ရှိနေပါလျှက်နဲ့  …
အနော် ရေးတဲ့ စာတွေကိုမှ Focus လုပ်ပြီး …
အရမ်း ငရုတ်သီးစပ် ….
ရူးရူးရှဲရှဲ ဖြစ်နေကြတဲ့ သူတွေကို …
တစ်ခုလောက် မေးချင်ပါတယ် …
အဲဒါ ဘာဖြစ်လို့ ပါလဲ …. ?????
ကျွန်တော်လဲ ကွကိုယ် သေချာ ….
ပြန်စဉ်းစားကြည့်မိပါတယ် …
ကျွန်တော်ရေးတဲ့ စာတွေကို ….
ဘာလို့ ဒီလောက်တောင်မှ ...
ဆတ်ဆတ်ခါ နာနေရတာပါလဲ ….????
ကျွန်တော့် ခံယူချက်ကို ရှင်းအောင်ပြောပါမယ် …
ကျွန်တော်ဟာ အိုဗာတင်း ဖျော်တဲ့ သူတွေကို …
သောက်မြင်ကပ်တတ်ပါတယ် …
အာ့တော့ အရမ်းအလွန်အကျွံ အိုဗာတင်း ဖျော်ပြီဆို …
အနော် က ၀င်ဝင်ပြီး …
ခနိုးခနဲ့  ရေးမိတတ်ပါတယ် …
၈၈ အရေးအခင်းကြီးကို ….
အဖြစ်အပျက်အားလုံး စုံစုံလင်လင် မဖော်ပြဘဲ …
ကိုယ်လိုရာ ကွက်ကွက်လေးတွေပဲ …
ရေးသားဖော်ပြချိန်မှာ …
သူတို့ ချန်ထားခဲ့တဲ့  ကိစ္စလေးတွေ ၀င်ရေးမိတော့ …
ကျွန်တော့် ကို မုန်းကြပါတယ် ….
ဒေါ်စုကို နတ်သကြားတမျှ အမွန်းတင် …
စင်္ကြ၀တေးမင်း ဆန်ဆန် …
ဒေါ်စု နိုင်ငံတော် တည်ဆောက်ရမယ် ထအော်တဲ့ အချိန် …
ဒေါ်စုရဲ့ နိုင်ငံရေးအမှားတွေကို ထောက်ပြတော့ …
ကျွန်တော့် ကို စစ်ကြေငြာ ကြပါတယ် …
တိုင်းရင်းသား နယ်မြေတွေမှာ ….
ဗမာစစ်တပ်က သွားပြီး အနိုင်ကျင့်နေပါတယ် လို့ …
မဟုတ်တရုတ် ဖွနေကြတဲ့ အချိန် …
၄၈ ခုနှစ်က အင်းစိန်ထိ တက်သိမ်းကြတာ …
ဗမာစစ်တပ်က အနိုင်ကျင့်လို့ လား လို့ ပြန်မေးတော့ ….
ဒေါသူပုန် ထကြပါတယ် …
နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးတည်ငြိမ်မယ် …
တိုင်းပြည် စီးပွားပျက်သွားရတဲ့  အကြောင်းတရားထဲမှာ …
နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် လုပ်ခဲ့တဲ့ သူတွေမှာလဲ …
တာဝန်မရှိဘူးလား လို့ ပြန်မေးတော့ …
တက်မတတ် ချက်မတတ် ဆဲခံ ဆိုခံ ရပါတယ် …
ကိစ္စမရှိပါ … မုန်းလို့ ရပါတယ် …
ဆဲလို့ ရပါတယ် …
သမိုင်းကို တစ်ဖက်သတ် …
အလွန်အကျွံတွေ အိုဗာတင်းဖျော်နေရင်တော့ ….
မနေနိုင်တဲ့ သူက ….
ရေးစရာရှိတာတွေ ပြန်ရေးရမှာပါပဲ …
ကျွန်တော်တို့ နိုင်ငံမှာ ...
ခေတ်အဆက်ဆက် …
အမှားတွေ အများကြီး ဖြစ်ခဲ့ကြပါတယ် …
ဒါကို ဘယ်သူမှ ငြင်းမနေပါဘူး …
ဒါပေမယ့် ဒီအမှားတွေအားလုံးဟာ …
အစိုးရ အပေါ်ပဲ တာဝန်ရှိတယ် …
ကျန်တဲ့ သူတွေက ...
ခြောက်ပြစ်ကင်းသဲလဲစင်ဆိုတဲ့ ပုံစံမျိုး …
သမိုင်း အမှားကို ....
ဘေးတီးဖို့ ကြိုးစားလာရင်တော့ ….
အနှစ် ၆၀ ပြည်တွင်းစစ်ကြီးအကြောင်း …
အချင်းချင်း ဘယ်တော့မှ မတည့် ….
အမြဲကွဲပြဲနေကြတဲ့ ပါတီတွေ အကြောင်း …
အင်အား ၂ သိန်းလောက်ရှိတဲ့  ….
လက်နက်ကိုင်အဖွဲ့ ပေါင်း ၁၀၀ကျော်အကြောင်း ….
သယံဇာတ ခိုးထုတ်ရေးမှာ ….
စစ်အာဏာရှင် အချို့  နဲ့  တန်းတူ လိုက်ခဲ့တဲ့  …
တိုင်းရင်းသား ခေါင်းဆောင်တွေ အကြောင်း …
ပြည်ပနိုင်ငံတွေနဲ့  တစ်ချိန်လုံး ဆက်သွယ် …
နိုင်ငံရေး အံတုမှု နဲ့  ...
လူထုတိုက်ပွဲကို အမြဲတန်း ပုံဖော်နေတဲ့  …
အတိုက်အခံ အုပ်စုတွေအကြောင်း ….
ကိုယ်အနေချောင်ရုံသက်သက် …
ပြည်ပအထောက်အပံ့ ယူပြီး …
တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်နေတဲ့  ....
အဖွဲ့ အစည်းတွေ အကြောင်း ….
ဒါတွေ ပြန်ပြီး ထောက်ပြရေးသား ရမှာပါပဲ ….
၂၂ နှစ် စစ်အုပ်ချုပ်ရေးဟာ …
ခြောက်ပြစ်ကင်းသဲလဲစင်မဟုတ် ….
ထောက်ပြစရာ အပြစ်အနာအဆာတွေ …
အများကြီး ရှိခဲ့ကြောင်း …
ကျွန်တော်တို့ အားလုံးသိကြပါတယ် …
တာဝန်ရှိသူ အချို့  …
ဘယ်လို မသမာခြစားမှုတွေ ဖြစ်ခဲ့တယ်ဆိုတာလဲ ….
တိုင်းသိပြည်သိပါပဲ …..
ဘယ်သူမှ ငြင်းနေတဲ့  ကိစ္စ မဟုတ်ပါဘူး …
ဒါပေမယ့် …
စစ်တပ်က အာဏာရူးပြီး ...
တိုင်းပြည်ကို အာဏာသိမ်းခဲ့တယ် …
ပညာရေးကို စနစ်တကျ ဘယ်လို ဖျက်ဆီးခဲ့တယ် ….
စသဖြင့် ပေါတောတော ကြောင်တောင်တောင်တွေ …
ဝါဒလာဖြန့် နေရင်တော့ …
မဟုတ်ကြောင်း ပြန်ပြီးချေပရေးသားရမှာပါ….
တိုင်းပြည်ရဲ့ ပညာရေး စီးပွားရေး နိမ့်ကျသွားရတဲ့  ….
အကြောင်းအရင်းခံတွေ အများကြီး ရှိပါတယ် …
စစ်အစိုးရ ဟာ တိုင်းပြည်ပညာရေးကို …
အဆင့်မမြှင့်နိုင်ခဲ့တာလဲ သေချာပါတယ် …
ဒါပေမယ့် တမင်သက်သက် ဖျက်ဆီးပြစ်ခဲ့တယ်ဆိုတဲ့  …
စွပ်စွဲချက်ကတော့ သဘာဝ ကျ မကျ …
ကွကိုယ်ပဲ သေချာ ပြန်စဉ်းစားကြည့်စေချင်ပါတယ် …
စစ်အစိုးရဟာ သူတာဝန်ယူရတဲ့  လက်ထက်အတွင်းမှာ …
သူနိုင်သလောက် စွမ်းသလောက် …
လုပ်ဆောင်ခဲ့တဲ့  ကိစ္စတွေ အများကြီးပါ …
ဥပမာ ပညာရေးပဲ ဆိုကြပါစို့  …
တက္ကသိုလ် တစ်ခု နှစ်ခုပဲ ရှိတဲ့  ခေတ်မှာ …
ချင်းတောင်က ကျောင်းသားတစ်ယောက် ….
ရန်ကုန်ကို မန်းလေးကို လာပြီး ….
တက္ကသိုလ် ပညာသင်ကြားဖို့ ဆိုတာ …
လွယ်တဲ့  ကိစ္စ မဟုတ်ပါ …
စစ်အစိုးရက ….
တစ်နိုင်ငံလုံးမှာ တက္ကသိုလ် ကောလိပ် တွေ ….
အများအပြား တည်ဆောက်ခဲ့တာသည် …
ကောင်းတဲ့  မှန်တဲ့ ကိစ္စ ဟုတ်မဟုတ် …
ခေါင်းရှိတဲ့ သူတိုင်း စဉ်းစားတတ်ပါတယ် …
ဒါဆို …. ဟ … မင်းတက္ကသိုလ် ကောလိပ်တွေက …
တောကြိုအုံကြား ရေမီး မပြည့်စုံ …
ဆရာ ဆရာမ မရှိ …
သင်ထောက်ကူ ပစ္စည်းမရှိ ဆိုပြီး ….
ပြန်ထောက်လာနိုင်စရာ အကြောင်းရှိပါတယ် …
ဟုတ်ပါတယ် … မပြည့်စုံပါဘူး …
ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀က …
တည်ဆောက်ခဲ့တဲ့ တက္ကသိုလ်တစ်ခုဟာ ….
အခုတော့ အထိုက်အလျှောက် …
အစစအရာရာ တိုးတက်ကောင်းမွန်လာခဲ့ပြီဆိုတာ ….
မှန်ပါသလား ….????
အရာရာဟာ အနှစ် ၂၀ လောက်အတွင်း …
တက်သုတ်ရိုက် လုပ်နေရတာပါ …
ပြည်တွင်းငြိမ်းချမ်းရေးလဲ လုပ်ရ …
လမ်းပန်းဆက်သွယ်ရေးလဲ လုပ်ရ …
တပ်မတော်ကိုလဲ အင်အားတည်ဆောက်ရ …
ဆည်မြောင်းတာတမံတွေလဲ …
တတ်နိုင်သလောက် တည်ဆောက်ရ ….
အရာရာဟာ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဖြစ်ခဲ့ပါဘူး….
မအောင်မြင်တဲ့  ….
သဘာဝ မကျတဲ့  …
လက်တွေ့ နဲ့  ကင်းကွာတဲ့  ….
တာဝန်ရှိသူ အဆင့်ဆင့် ခြစားခဲ့ကြတဲ့  ....
စီမံကိန်းတွေလဲ အများကြီး ရှိခဲ့ပါတယ် …
ဘယ်လိုပဲ ဖြစ်ဖြစ် …
လမ်းတွေဖောက် …
တံတားတွေဆောက် …
ဆည်တွေတည် …
တက္ကသိုလ် ကောလိပ်တွေ အများအပြား …
ဖွင့်လှစ်နိုင်ခဲ့တာတော့ အသေအချာပါပဲ …
ဒါဟာ အမှားတစ်ခု ဟုတ်ပါသလား …. ????
အခြေခံ အဆောက်အအုံဆိုတာဟာ …
ဘယ်အစိုးရပဲ တက်တက် …
တည်ဆောက်ရမယ့် အရာပါ ….
စစ်အစိုးရ ခင်းခဲ့တဲ့  လမ်းမကောင်းဘူး …
ဟုတ်ပါတယ် …မကောင်းပါဘူး …
ဒါပေမယ့်  လမ်းမပေါက်တဲ့  နေရာ လမ်းရောက်ခဲ့ပြီ …
အရင် မြေသားလမ်းနေရာမှာ …
ကျောက်ကြမ်းလမ်းတော့ အနည်းဆုံး ဖြစ်ခဲ့ပြီ …
နောက်အစိုးရတက်ရင် ….
ကတ္တရာ လမ်းလေး ဖြစ်သွားအောင်…
အကောင်အထည်ဖော်ရရုံ ပဲ မဟုတ်ပါလား …..
ကျွန်တော် ပြောချင်တာကတော့ ….
အားလုံးဟာ မြန်မာနိုင်ငံသား ….
တိုင်းပြည်ကို ချစ်ကြတဲ့ သူတွေချည်းပါ ….
ဒါပေမယ့် ….
ကိစ္စတစ်ခု ကို သမိုင်းတစ်ခုကို …
ကိုယ့်အမြင် ကိုယ့်အယူအဆနဲ့ ပဲ …
တစ်ဖက်သတ် ပုံဖော်နေတာသည် ….
နည်းလမ်းမကျပါဘူး …..
စစ်အစိုးရ လုပ်သမျှ အားလုံးမှားတယ်ဆိုတဲ့  ….
ခပ်ပိန်းပိန်း နိုင်ငံရေး အယူအဆ ….
စစ်အစိုးရ လုပ်ဆောင်ခဲ့တဲ့ အထဲက ….
အမှားအယွင်းတွေ မသမာခြစားမှုတွေကိုပဲ …
ကြက်တူရွေး စာအံသလို တတွတ်တွတ် ရေရွတ် …
ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်သာ …
မဟာအမှန်တရားကြီး ဖြစ်တယ် …
တိုင်းပြည်ရဲ့ လွတ်မြောက်ရာ လမ်းကြီး ဖြစ်တယ် …
နောက် မျိုးဆက်ရဲ့  ကယ်တင်ရှင်ကြီး ဖြစ်တယ် …
စတဲ့  အပေါစား နိုင်ငံရေးတရားတွေ ဟောနေရင်တော့ ….
တစ်ဖက်က ပြန်ပြီး လှောင်ပြောင်တော့တာဟာ …
အထူးအဆန်း မဟုတ်ပါဘူး ….
၂၀၁၅ မှာ နောက်ဆုံးအခွင့်အရေးပဲ …
ဒေါ်စုသာ အာဏာမရရင် …
တိုင်းပြည် ချောက်ထဲက တစ်သက်လုံး မတက်တော့ဘူး ….
ဘာညာရေးနေ ပြောနေတဲ့ သူတွေဟာ …
စိတ်ကောင်းကောင်း မနှံ့ တဲ့  သဘောရှိပါတယ် …
ဒေါ်စုဟာ မြန်မာနိုင်ငံရေး အရွေ့ မှာ …
အရေးပါတဲ့  လူတစ်ယောက် ဖြစ်ပါတယ် ….
ဒါပေမယ့် … မရှိမဖြစ်တော့ မဟုတ်ပါဘူး ….
သူလဲ အသက်ကြီးပါပြီ ….
သူမရှိတော့ရင်လဲ ….
တိုင်းပြည်က ရပ်ထားလို့  မရပါဘူး ….
ရှေ့ ကို ဆက်လက်ချီတက်ရမှာပါပဲ ….
အစိုးရ အဖွဲ့ တစ်ခုဟာ ငါးနှစ် သက်တမ်းရှိပါတယ် …
မြန်မာပြည်ရဲ့ တစ်ချို့ ပြသနာတွေဟာ …
လွတ်လပ်ရေး မရခင်ကတည်းက …
သန္ဓေတည်လာတာမို့  …
အစိုးရအဆက်ဆက် ...
အားသွန်ခွန်စိုက် ဖြေရှင်းရင်တောင် ….
အချိန်အတော် ကြာကြာဖြေရှင်း ရအုန်းမှာပါ ….
၂၀၁၅ မှာ ….
အန်အယ်လ်ဒီ ပါတီကို ….
အတိုင်းအတာ တစ်ခုအထိ နိုင်စေချင်ပါတယ် …..
Land Slide နေရာအားလုံး မနိုင်စေချင်ပါဘူး …
သူ့  ရဲ့ သဘောထားတင်းမာမှု နဲ့  ခေါင်းမာမှုတွေဟာ ….
တစ်ဖက် အုပ်စုတွေ နဲ့  ပဋိပက္ခတွေ …
အကြီးအကျယ် ဖြစ်လာမှာ စိုးရိမ်လို့ ပါ …
မြန်မာ့တပ်မတော်လို အဖွဲ့ အစည်းဟာ…
နိုင်ငံရေး အိုင်ဒီယိုလော်ဂျီ ….
ခိုင်ခိုင်မာမာ နဲ့  တည်ဆောက်ထားတဲ့  ….
အင်အားအကြီးမားဆုံး ....
လက်နက်ကိုင် အဖွဲ့ အစည်းကြီးပါ …
၄၈ လို ၈၈ လို အရူးမီးဝိုင်း ကာလတွေမှာတောင် ….
ဒီအဖွဲ့ အစည်းကို အနိုင်မရခဲ့ရင် …
အခုလို ကာလမျိုးမှာ …
ဒီ အဖွဲ့ အစည်းကို ငါတို့ နိုင်တော့မယ် …
ဒီထဲက ကောင်တွေက သူတို့ တပ်မှူးတွေကို စွန့် ပစ်ခဲ့ပြီး …
ငါတို့ နဲ့  လာပေါင်းတော့မယ် ထင်နေရင်တော့ …
အင်မတန်မှကို ...
သောက်ရူးထ စိတ်ကူးယဉ်နေတာပါပဲ လို့  …
ခပ်ရှင်းရှင်းပြတ်ပြတ် ပြောလိုပါတယ် …
ကျွန်တော် အနေနဲ့ …
အတိုက်အခံ အုပ်စုကို တိုက်တွန်းလိုတာက …
လက်တွေ့ ကျကျ စဉ်းစားတွေးခေါ်ဖို့ ပါပဲ …
လက်တွေ့ ကျတယ်ဆိုတာ …
လက်ရှိ အခြေအနေအရပ်ကို …
ထည့်သွင်းစဉ်းစား ဆုံးဖြတ်ပြီး …
ကိုယ့် ရည်မှန်းချက် အောင်မြင်ဖို့  …
အဖြစ်နိုင်ဆုံး နည်းလမ်းကို အကောင်အထည်ဖော်တာပါ ….
တစ်မတ်သားကို မုန်းတယ် …
လွှတ်တော်ထဲမှာ ရှိမနေသင့်ဘူးလို့  …
မြင်းအီးပေါက်သလို တဘွတ်ဘွတ် ရွတ်နေရုံနဲ့  …
တစ်မတ်သားက ထွက်မသွားပါဘူး …
ကျည်ဆံအစား ပန်းတွေ ဝေပါစေ ဆိုရုံနဲ့  ….
စစ်ပွဲတွေက ရပ်မသွားပါဘူး….
ငါတို့ ပါတီ က အကောင်းစား …
သူများပါတီက သူတောင်းစားလို့  အော်ဆဲနေရုံနဲ့  …
တစ်ခြား ပါတီတွေ ပျက်မသွားပါဘူး ….
ဘယ်နည်းလမ်းဟာ လက်တွေ့ ကျမလဲ …
ကွကို စဉ်းစားပါ …
ကျွန်တော်တို့  အွန်လိုင်းပေါ်မှာ …
တစ်ဖက် နဲ့ တစ်ဖက် အပြင်းအထန် ဆော်နေကြတာ …
၂၀၁၀ နောက်ပိုင်းကတည်းကပါပဲ ….
ဘာတွေများ ခင်ဗျားတို့ အတွက် …
လက်တွေ့ ကျကျ ….
အကျိုးအမြတ်တွေ ဖြစ်ထွန်းလာပါသလဲ …
တကယ်တန်းကတော့ …
သမိုင်းမှာ ဖြစ်ခဲ့တာအားလုံး …
မျိုးဆက်သစ်တွေကို မချွင်းမချန် ချပြလိုက်ပါ …
သူများ အမှားတွေကို ထောက်ပြသလို …
ကိုယ့်ဖက်က အမှားတွေ ရှိခဲ့တာကိုလဲ …
မချွင်းချန်ခဲ့ပါနဲ့  …
မျိုးဆက်သစ် လူငယ်တွေ ဥာဏ်ရှိပါတယ် …
သူတို့ ဖာသာ စဉ်းစားဆင်ခြင် …
သင်ခန်းစာယူ ကြပါစေ …
ကျွန်တော်တို့ တာဝန်က ….
သမိုင်းကို မချွင်းမချန် အကုန်ပြောပြရေးပဲ ဖြစ်ပါတယ် …
မျိုးဆက်သစ်လူငယ်တွေ ….
သမိုင်းအမှန်ကို ….
နှစ်ဘက်မျှမျှတတ ….
အမှန်အတိုင်း သိကုန်ကြပြီဆိုတဲ့  တစ်နေ့  …
ကျွန်တော်လဲ စာဆက်ရေးစရာ အကြောင်းမရှိတော့ပါဘူး ….
တိတ်တိတ်ဆိတ်ဆိတ် နဲ့ ပဲ …
ပျောက်ကွယ် သွားပါလိမ့်မယ် …
ဟုတ်ကဲ့  …
ကျွန်တော် ဘာကောင်မှ မဟုတ်ပါ …
တစ်ဖက်သတ် ကိုယ်ပဲအကောင်း …
သူများ လူဆိုး လုပ်နေတာတွေကို …
အမြင်ကပ်လာလို့  …
ကိုယ့်ထမင်း ကိုယ်စားပြီး
ကိုယ်နိုင်သလောက် စွမ်းသလောက် …
စာတစ်ကြောင်း တစ်ပိုဒ် ….
ဖေ့စ်ဘုတ်မှာ ၀င်ရေးနေတဲ့ သူ တစ်ယောက်သာ ....
ဖြစ်ကြောင်းပါ ခင်ဗျား …. ။ ။
( ရဲမိုး )
( Photo -ငါးကန်ထဲက တက်လာတဲ့  ...
ထောက်လှမ်းရေးတပ်က တပ်ရေး / တပ်ထောက် ဗိုလ်ကြီး )
အပျင်းပြေ _ ၁၃ " ( ငြီးငွေ့ခြင်း ပုံပြင် )
$
0
0
"အပျင်းပြေ _ ၁၃ " ( ငြီးငွေ့ခြင်း ပုံပြင် )
. . . . . တာဝန်ကျရာ တိုက်နယ်ဆေးရုံကလေးရဲ့ ဆရာဝန်အခန်းထဲကနေ ပြူတင်းပေါက်ကို ဖွင့်လိုက်တော့ . . . စိမ်းစိုစို လယ်ကွင်းတွေကို ဖြတ်တိုက်လာတဲ့ လေအေးအေးမွှေးမွှေးက ကျွန်တော့်မျက်နှာကို လာရိုက်တယ်။ လူကို လန်းဆန်းပြီး တက်ကြွသွားစေသလိုပါပဲ။ စိမ်းညို့နေတဲ့ စပါးပင်တွေက လေယူရာ ယိမ်းလို့ တိမ်းညွတ်နေ . . ၊ ဘဲအုပ်က "ဂတ် ဂတ် ဂတ်"လို့ မြည်ပြီး တာရိုးကိုကျော်လို့ ဒီဘက်ကွင်းကနေ ဟိုဘက်ကွင်းကို ကူးသွား . . ၊ ကျွဲပြောင် လေးငါးကောင်က လယ်စပ်ကနွံထဲမှာ စိမ်ပြီးဇိမ်ယူနေ . . ၊ တာလမ်းမပေါ်ကနေ ဒိန်းဒေါင်း(ထော်လာဂျီ)က တဒိန်းဒိန်းနဲ့ ဒုန်းမောင်းသွား . . ၊ တာရိုးပေါက်က ဗျိုင်းနှစ်ကောင်က မထုံတက်ထေးနဲ့ ပုစွန်စောင့်နေ . . ။ ကျွန်တော့်ရှေ့ ပြတင်းပေါက်က မြင်ကွင်းပဲ။ အလွန် စိတ်ကြည်နူးဖွယ် ပါ။ အလွန် စိတ်ချမ်းမြေ့ဖွယ် ပါ။ သဘာဝဆီမှာ ခဏပြန်ပြီးပျော်ဝင်စီးမြောမိတဲ့ လူတွေရဲ့ထုံးစံအတိုင်း ကျွန်တော့် မျက်လုံးတွေ ပြုံးနေပါလိမ့်မယ်။ ကျွန်တော်သိတယ်။ ကျွန်တော့် နှုတ်ခမ်းတွေပါ ပြုံးမနေရင်တောင် နှလုံးသားလည်း ပြုံးနေလိမ့်ဦးမယ်။ ကျွန်တော် သိပါတယ်။ ခင်ဗျားဆိုလည်း ဒီလိုနေမှာပါပဲ။
. . . . . လွန်ခဲ့တဲ့ ခုနစ်နှစ် ၊မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသရဲ့ တောင်ဘက်အကျဆုံးအပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ တိုက်နယ်ရဲ့ဆေးရုံကလေးကို ပထမဆုံးအကြိမ်ရောက်တဲ့ အခါဖြစ်တယ်။ လှမ်းမမြင်ရပေမယ့် ပင်လယ်နဲ့ သိပ်ကြီးကို နီးပါတယ်။ သဘာဝပင်လယ်လေထဲမှာ ပွဲတော်ညတွေဆို မုန့်နံ့ မီးနံ့တသင်းသင်းနဲ့ စည်ကားဖွံ့ဖြိုးတဲ့ တိုက်နယ်တစ်ခုပါ။ ခရိုင်မြို့ကြီးအထိ ကုန်းလမ်းပေါက်တော့ ယဉ်ကျေးမှုနဲ့ကုန်စည်စီးဆင်းမှုက ၀ီလီဂျစ်စီးလို့ မြန်ဆန်သွက်လက်တယ်။ တချိန်တည်းမှာပဲ မြန်မာကျေးတောရွာဓလေ့အပြည့်နဲ့ ၊ ရိုးရာယဉ်ကျေးမှုကိုတန်ဘိုးထားပြီး ဘာသာတရားကိုင်းရှိုင်းတတ်တဲ့ပင်လယ်ရွာကြီး ပါပဲ။
. . . . . သဘာဝနဲ့ တသားတည်းနေဖို့ ၊ ကျေးလက်လူထုဆီ ပျော်ဝင်ဖို့ အံခဲလှမ်းလာတဲ့ မြို့ကြီးသားတဖြစ်လဲ ဘ၀သမားဆရာဝန်ကို တိုက်နယ်ဆေးရုံက အထက်ပါအတိုင်းကြိုဆိုပါတယ်။ပထမဆုံးအထိအတွေ့ဟာ အတော် သာယာပြီး နှစ်လိုဖွယ်ရာပါပဲ။ ဆေးရုံကလေးကလည်း အသစ်ကလေးဗျ။ အသစ်နံ့တောင် မပျောက်တတ်သေးဘူး။ နေချင့်စဖွယ် . . . ။ ရေ ၊ မီး မရတာကလွဲလို့ ပေါ့လေ။
. . . . . စိတ်ချမ်းမြေ့စွာနဲ့ ခုတင်ပေါ်လှဲချလိုက်တဲ့အချိန်မှာတင် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ ကျွတ်ဆူကျွတ်ဆူအသံတွေကြောင့် ပြန်နိုးလာတော့ ညနေတောင် တော်တော်စောင်းသွားပေါ့ဗျာ။လူနာတွေရယ် ၊ လူနာရှင်တွေရယ် ၊ ရွာခံ ရပ်မိရပ်ဖတွေရော ၊ ဥက္ကဌ ဘာညာစုံလို့ပဲ . . . ကျွန်တော့် လာနှုတ်ဆက်ကြတယ်။ ကျေးလက်ဆရာဝန်ဘ၀အစကို ကျေနပ်နှစ်သိမ့်မိသေးတော့ဗျာ။ သူတို့တွေပြန်သွားတော့ ပြတင်းပေါက်ကို ကျွန်တော်သွားဖွင့်တယ်။
. . . . . စပါးပင်တွေက လေယူရာ ယိမ်းလို့ တိမ်းညွတ်နေ . . ၊ ဘဲအုပ်က "ဂတ် ဂတ် ဂတ်"လို့ မြည်ပြီး တာရိုးကိုကျော်လို့ ဒီဘက်ကွင်းကနေ ဟိုဘက်ကွင်းကို ကူးသွား . . ၊ ကျွဲပြောင် လေးငါးကောင်က လယ်စပ်ကနွံထဲမှာ စိမ်ပြီးဇိမ်ယူနေ . .( မနက်က နေရာတော့ မဟုတ်တော့ပါ ၊ နေရာပြောင်းလိုက်ပြီ ) ၊ တာလမ်းမပေါ်ကနေ ဒိန်းဒေါင်းက တဒိန်းဒိန်းနဲ့ ဒုန်းမောင်းသွား . . ၊ တာရိုးပေါက်က ဗျိုင်းနှစ်ကောင်က မထုံတက်ထေးနဲ့ ပုစွန်စောင့်နေ . . ။ ကျွန်တော့်ရှေ့ ပြတင်းပေါက်က မြင်ကွင်းပဲ။ မနက်နဲ့ ညနေပဲ ကွာသွားတယ်။ ဆည်းဆာရောင်ထဲက ရှုခင်း . . . သိပ်လှပါကလား။ . . . ပြတင်းပေါက်ကို ပိတ်ပြီး ထမင်းစားဖို့ ကျွန်တော်ထွက်ခဲ့တယ်။
. . . . . နောက်တစ်နေ့မနက်လင်းလို့ နိုးတယ်ဆိုရင် အရင်ဆုံးကျွန်တော်လုပ်ဖြစ်တဲ့အလုပ်က ပြတင်းပေါက်တံခါးကို သွားဖွင့်ခြင်းပဲ။ ဖွင့်လိုက်တာနဲ့ . . . လယ်ကွင်းတွေကို ဖြတ်တိုက်လာတဲ့ လေအေးအေးမွှေးမွှေးက ကျွန်တော့်မျက်နှာကို လာရိုက် . . ။ စပါးပင်စိမ်းစိမ်းတွေက လေယူရာ ယိမ်းလို့ တိမ်းညွတ်နေ . . ၊ ဘဲအုပ်က "ဂတ် ဂတ် ဂတ်"လို့ မြည်ပြီး တာရိုးကိုကျော်ခွ နေကြ ၊ ကျွဲ ငါးကောင်က လယ်စပ်ကနွံထဲမှာ စိမ်ပြီးဇိမ်ယူနေ . . ၊ တာရိုးပေါက်က ဗျိုင်းနှစ်ကောင်က မထုံတက်ထေးပဲ . . ။ . . . အင် . . ဒိန်းဒေါင်း မရှိပါကလား။ တွေးလို့မှ မဆုံးသေးခင် . . ကိုဒိန်းဒေါင်းက သူ့လက်ယပ်ခေါ်လိုက်သလို တဒုန်းဒုန်းနဲ့ မောင်းချလာပါရော . . ။ အင်း . . . ကျေးလက်ရှုခင်းလေး ပြည့်စုံသွားပါပေါ့လို့ တွေးရင်း ပြတင်းပေါက်ကို မျက်နှာလွှဲပြီး သွားတိုက်ဖို့ပြင်ရတယ်။
. . . . . ဒီစာလုံးတွေကို သုံးခါဖတ်လိုက်ရတဲ့ ခင်ဗျားတော့ ဘယ့်နှယ်နေမယ် မသိဘူး။ သုံးခါဆက်တိုက်ကြည့်လိုက်ရတဲ့ ကျွန်တော်တော့ . . . အင်း . . . ၊ . . ခင်ဗျား နောက်တစ်ခေါက်ဖတ်ချင်သေးလား
. . . . . အလုပ်တွေပြီးလို့ ညနေစောင်းတော့ ကျွန်တော့်အခန်းလေးထဲပြန်ရောက်လာ။ ရေချိုးမယ်ပြင်တုန်း . . ခဏအားလို့ ပျင်းတော့ ပြတင်းပေါက်ဆီ လျှောက်သွား . . ။ ဖွင့်မယ်ပြင်တော့ ဘာတွေ့ရမလဲဆိုတာ ကျွန်တော်သိနေပြီလေ . . ။ ကျွန်တော့်လက်က တုန့်သွားပြီး ပြန်လှည့်မိတယ်။ တခြားဖွင့်စရာ စဉ်းစားတော့ ဘာမှမရှိ။ တီဗွီ မရှိ ၊ ကက်ဆက် မရှိ ၊ ရေဒီယို မရှိ ၊ ရှိလည်း မီးမရှိ . . ၊ စာအုပ် လေး ငါး အုပ် ရှိပါရဲ့ . . ။ ဒီအချိန်မှာ စာအုပ်ဖတ်ချင်တာမျိုးမှ မဟုတ်ပဲ။ ခင်ဗျားဖြစ်ဖြစ် ၊ ကျွန်တော်ဖြစ်ဖြစ်ပေါ့ . . အလုပ်ကပြန်လာတဲ့ အချိန် ၊ ဆိုင်ရာဝပ်ကျင်းလေးထဲမှာ ဖိအားတချို့ကို ဝေမျှဖြေလျှော့ပေးနိုင်မယ့်ဂီတသံလေးဖြစ်ဖြစ် ၊ တီဗွီ သတင်း ရေဒီယိုသတင်းသံလေးဖြစ်ဖြစ် ၊ "ညောင်"လို့ အော်လိုက်တဲ့ ကြောင်သံလေးပဲ ဖြစ်ဖြစ်ပေါ့ . . ။ အဲဒါမျိုး တစ်ခုခု . . ဘာမှ မရှိ။ ၀န်ထမ်း သုံးလေးယောက်ကလည်း ပြန်ကုန်ပြီ။ လူနာဆောင်နဲ့လည်း လှမ်းတော့ ကျွန်တော့် အခန်းလေး ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်လွန်းတယ်။ ကွန်ကရစ်တောသားတဖြစ်လဲ ကျွန်တော့်အတွက် ကျေးလက်ရဲ့ ရိုက်ခတ်မှုက ဒဏ်ဖြစ်စေသလိုပါပဲ။ လူသံ ၊ ခွေးသံ ဘာသံမှ မရှိတဲ့အဆုံးမှာ ဘဲသံ"ဂတ် ဂတ်"က တော်ဦးမယ်လို့ တွေးပြီး ကျွန်တော် ပြတင်းပေါက်ကို သွားဖွင့်တယ်။
. . . . . ဟုတ်တယ် . . ဘဲတွေက "ဂတ် ဂတ် ဂတ်"လို့မြည်ပြီး ဆီးကြိုကြတယ်။ သူတို့ရဲ့ လုပ်ငန်းဆောင်တာအတိုင်း တာဘောင်ရိုးကို ကျော်လို့ ခွလို့ပေါ့။ ကျန်တာတွေက . . . ( ခင်ဗျားလည်း ဖတ်ရမယ်နော် ၊ ကျွန်တော်လည်း ရေးရတာပဲ ) . . စပါးပင်တွေ လေယူရာ တိမ်းလို့ ယိမ်းလို့ ၊ ကျွဲတွေက ရွှံ့ထဲမှာ စိမ်နေ ၊ ဟိုဗျိုင်းနှစ်ကောင်က . . အင်း အခုတော့ တစ်ကောင်ပဲ ရှိပါရဲ့ . . သူလည်း ညောင်းသင့်ပါပြီ . . ဒီတစ်ကောင်ကတော့ မညောင်းသေး . . မထုံတတ်ထေးပဲ။ ဒိန်းဒေါင်း . . ။ ဟိုမှာ လာနေပါပြီ ခင်ဗျား . . ။ အောင်မယ် လက်တောင်မြှောက်ပြလိုက်သေး . . ။ အမှန်က တစ်ဖက်လယ်ကွင်းထဲက အသိကို လှမ်းနှုတ်ဆက်တာ ဖြစ်ပါလိမ့်မယ်။ ရုတ်တရက်တော့ ကျွန်တော့်စိတ်ထဲ ဖျဉ်းခနဲဖြစ်သွားပြီး ပြတင်းပေါက်ကနေလှည့်ထွက်ခဲ့မိတယ်။ . . . အဲဒီညက ပြတင်းပေါက်မပိတ်ပဲ ကျွန်တော်အိပ်မိတယ်။
. . . . . အိပ်မက်ထဲမှာ သမ္မတရုံလည်းရောက်ပါရဲ့။ ဂျေဒိုးနတ်လည်းရောက် ၊ ညဘက် တရုတ်တန်းလည်းရောက်။ လက်ဘက်ရည်ဆိုင်ထဲ ဘောပွဲလည်း ၀င်ကြည့်ခဲ့ရသေး ၊ ရည်းစားလေးနဲ့လည်း ပြန်တွေ့ရသေး။
. . . . . မနက်လင်းလို့ အိပ်ယာက ငုတ်တုတ်ထထိုင်တော့ ပြတင်းပေါက်ပွင့်နေတာတွေ့ရတယ်။ ကျွန်တော်ဟာ အိပ်မက်ကလေးတွေပြန်စဉ်းစားရင်း ပြတင်းပေါက်ကို ထိုင်ငေးနေမိပါတယ်။ နယ်ကို၊ တောကို မသွားချင်ဘူးလို့ ခဏခဏပြောတတ်တဲ့ ရန်ကုန်သားသူငယ်ချင်းတချို့ရဲ့ မျက်နှာတွေကို ပြတင်းပေါက်ကတဆင့် ကျွန်တော်မြင်လိုက်ရသလိုပဲ။မဟုတ်ဘူးဗျား . . . ပြတင်းပေါက်တဆင့် ကျွန်တော်မြင်နေရတာက တဒုန်းဒုန်းနဲ့ ၀င်လာတဲ့ ဒိန်းဒေါင်းကြီးပဲ။ ကျွန်တော် ခုတင်ပေါ်က ကမန်းကတန်းထဆင်းပြီး ပြတင်းပေါက်ဆီသွားတယ်။
. . . . . ပြတင်းတံခါးကို ဆွဲပိတ်လိုက်ပါတယ်။ ( ထပ်မရေးတော့ပါဘူး . . မကြောက်နဲ့ ) ဒါပေမယ့် လယ်ကွင်းထဲက စပါးပင်တွေကိုရော ၊ ဘဲတွေကိုရော ၊ ကျွဲတွေကိုရော ၊ ဗျိုင်းတွေကိုပါ ကျွန်တော်မြင်ဖြစ်အောင် မြင်ခဲ့ရသေးတယ်။ ဗျိုင်းကလည်း နှစ်ကောင် ပြန်ဖြစ်နေပြီ ခင်ဗျ။ သူတို့မို့ မပျင်းနိုင် ၊ မညောင်းနိုင်လေတယ်။
. . . . . ပြတင်းပေါက်ကို ကျွန်တော်ဘယ်တော့မှ ပြန်မဖွင့်တော့ပါ။
. . . . . တာဝန်ပြီးလို့ ကျွန်တော်ပြန်ပြောင်းရွှေ့ရတော့ ရွာကို နိုင်သလောက်နှုတ်ဆက်ခဲ့ပါတယ်။ ပြတင်းပေါက်ရှေ့ကို ကျွန်တော် တစ်ခါပြန်ရပ်ဖြစ်တယ်။ ဖွင့်မယ်လို့ လုပ်တယ်။ မဖွင့်တာကြာပြီမို့လို့ တချို့မြင်ကွင်းတွေ ပြောင်းသွားလောက်ပြီလို့ ကျွန်တော်တွေးမိတယ်။ ဒါပေမယ့် ကျွန်တော့်မှတ်ဥာဏ်ထဲမှာ ဒီပြတင်းပေါက်ကို ဒီအတိုင်းလေးပဲ ဆက်ရှိနေစေချင်တာနဲ့ ကျွန်တော်မဖွင့်တော့ဘူး။ ကျွန်တော့်ဦးနှောက်ထဲမှာ အဲဒီပြတင်းပေါက်ဟာ ခုထိ ပိတ်ထားပေမယ့် သူ့ကိုဖြတ်ပြီး သူ့ရှေ့ကမြင်ကွင်းတွေကိုလည်း ခုထိကျွန်တော်မြင်နေရတုန်းပဲ။ ။
(ယက္ခ) ရဲကြီး ။
၇-၁၅ ၊ ၈ ၊ ၁၄ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
ဂျော့ဒဗယူဘုရှ်အင်စတီကျူ့နဲ့ ဂျွန်လော့ခ်
$
0
0
ပြီးခဲ့တဲ့ မတ်လမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အစ်ကိုလို ခင်မင်ရတဲ့  NHEC ဒါရိုက်တာ ကိုညိုမင်း က အမေရိကန် သင်တန်းတစ်ခုအတွက်  လျှောက်လွှာတစ်စောင် အီးမေးလ်နဲ့ လှမ်းပို့ပေးပါတယ်။  သင်တန်းက သမ္မတဟောင်း  ဂျော့ဒဗယူ ဘုရှ် အင်စတီကျူ့က ခေါ်တဲ့  လစ်ဘာတီနဲ့ ခေါင်းဆောင်မှု (Liberty and Leadership)  သုံးပတ် သင်တန်းပါ။သင်တန်းအကြောင်းအရာကို စိတ်ဝင်စားတာရယ်၊ အချိန်တိုတောင်းတာရယ်ကြောင့် သင်္ကြန်ရက်အတွင်းမှာ အက်ဆေး  လေးပုဒ်ရေးပြီး အွန်လိုင်းကနေ အချိန်ကပ် လျှောက်လိုက်ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ အမေရိကကနေ  ဖုန်းနဲ့လှမ်းအင်တာဗျူးပါတယ်။
မကြာပါဘူး၊ အရွေးခံရကြောင်း  ဘုရှ် အင်စတီကျူ့က  အီးမေးလ်နဲ့  အကြောင်းပြန်လာတယ်။ ကျွန်တော် အပါအ၀င် လူငယ် ၁၈ ယောက် အရွေးခံရပြီး၊ လျှောက်တဲ့သူ  ၁၀၀ လောက်ထဲက ၁၈ ယောက် ရွေးတာလို့ နောက်မှ သိရတယ်။ ရွေးချယ်ခံရသူ အများစုက  ပြည်တွင်းနဲ့ နယ်စပ်မှာ  နေထိုင်ပြီး နိုင်ငံရေး လူမှုရေး ပညာရေး တက်ကြွလှုပ်ရှားနေကြသူတွေပါ။ ရှုပ်ရှုပ်ထွေးထွေး အမေရိကန်ဗီဇာကို အွန်လိုင်းက လျှောက်နေချိန်အထိစိတ်တက်ကြွမှု မရှိပါ။ အမေရိက သွားရဖို့ တစ်စက်ကလေးမှ ရင်မခုန်ပါ။ လွန်ခဲ့တဲ့  ၇ နှစ်လောက်က အခြေချသွားနေဖို့အထိ  ကြိုးစားခဲ့ဖူးးတာ  မအောင်မြင်တဲ့နောက် ကိုယ့်တိုင်းပြည်က လွဲလို့ ဘယ်မှ သွားချင်စိတ် မရှိတော့တာ အမှန်ပါ။
၂၁  ရက် သင်တန်းအစီအစဉ်နဲ့ ဖတ်ရမယ့် စာတွေကို အင်စတီကျူ့က ကြိုတင်လှမ်းပို့ထားပါတယ်။ ၀ါရှင်တန်ဒီစီ လေ့လာရေးခရီးစဉ်လည်းပါတယ်။သင်ကြားပို့ချမယ့်သူတွေက  တက္ကသိုလ် ပါမောက္ခတွေဆိုတာလောက်သာ ကြည့်မိပြီး၊စာတွေကို ကြိုမဖတ်ဖြစ်ခဲ့ပါ။ပြည်တွင်းအုပ်စုက ဇွန်  ၂၄ ညမှာ ရန်ကုန်က စထွက်ကြတယ်။ ထိုင်းဘက်က လာကြသူတွေ၊ ဗကသအဖွဲ့က  ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင် တို့တွေနဲ့ အားလုံးတောင်ကိုရီးယားမှာ ဆုံပါတယ်။ ကမ္ဘာ့ မြန်နှုန်းအမြင့်ဆုံး အင်တာနက်ကို အင်ချွန်းလေဆိပ်မှာ ၁ နာရီလောက်  သုံးခွင့်ရလိုက်တယ်။ နောက် လူ ၅၀၀ ကျော်ပါတဲ့ ဘိုးရင်းလေယာဉ်ကို မိုင် ခုနှစ်ထောင်နီးပါး ခြေထောက်တွေ သွေးတောင့်တဲ့အထိ ၁၄ နာရီ စီးရပါတယ်။
ဇွန် ၂၆ နံနက် ၁၀ နာရီလောက်မှာ ဒါးလက်စ် လေဆိပ်ကို  ရောက်ပြီး ပရိုဂရမ် ဒါရိုက်တာနဲ့ မန်နေဂျာ အမျိုးသမီးနှစ်ဦးက လာကြိုနှင့်နေပါတယ်။ တက္ကစပ်ပြည်နယ် လွင်ပြင်ကျယ်တွေကို လေယာဉ်ပေါ်က  မြင်ခဲ့ရပြီး၊ ဒါးလက်စ်မြို့အလှကို  ငေးမောရင်း တက္ကစပ်  လေကို  တ၀ကြီးရှုလိုက်မိပါတယ်။ ဒီအထိလည်း အမေရိကဟာ  ရင်ခုန်စရာ မကောင်းပါဘူး။ အန်ကယ်ဆန် က  ကျွန်တော်တို့ကို  ဘယ်လိုအိုင်ဒီယာတွေ  ရိုက်ထည့်လိမ့်မလဲဆိုတာပဲ  တွေးတောနေမိတယ်။ အတူသွားသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကျော်ထွန်းကလည်း ဒါကိုပဲ စိတ်ပူနေတယ်။
ဟိုတယ်ကောင်းတစ်ခုမှာ  တစ်ယောက်တစ်ခန်းစီ ထားပေးလို့၊ မလိုအပ်ဘဲ  အပိုကုန်တယ်လို့တောင် ထင်မိပါတယ်။ ဒါပေမဲ့  ကျောင်းသားတစ်ယောက်ကို  ဒေါ်လာ  ၁ သောင်းအထိ  အကုန်ကျခံထားတဲ့ သင်တန်းဆိုတော့ ဒီလိုပဲ ရှိမှာပေါ့လေ။ ဟိုတယ်နဲ့  အင်စတီကျူ့က လမ်းလျှောက်ရင် ဆယ်မိနစ်ပါ။ ဘုရှ် အင်စတီကျူ့က Southern Methodist University ၀င်းထဲမှာ ရှိပါတယ်။ ဒါးလက်စ်မှာ နေထိုင်နေတဲ့  ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတစ်ဦးကတော့  “ခင်ဗျားတို့ အဲဒီမှာ တက်ခွင့်ရတာ  အရမ်းကံကောင်းတယ်၊ SMU တက္ကသိုလ်က  အရမ်းဈေးကြီးတယ်၊ ကျွန်တော်တို့  ဘယ်လိုမှ အနားမကပ်နိုင်ဘူး” လို့ ပြောပြီး  ဖုန်းနဲ့ အားပေးတယ်။ အဲဒီနေ့ နေ့လည်မှာပဲ အင်စတီကျူ့က သင်တန်းပရိုဂရမ်ဆောင်ရွက်တဲ့ အဖွဲ့ဝင်တွေနဲ့ သင်တန်းသားအားလုံး  မိတ်ဆက်ကြပါတယ်။
မမျှော်လင့်တဲ့  ညစာ
သင်တန်း အစနေ့မှာ ၀ါရှင်တန်ပို့စ် ပင်တိုင်ဆောင်းပါးရှင် Michael Gerson နဲ့ သင်တန်းကို စဖွင့်ပါတယ်။ နောက် SMU က  ပါမောက္ခ Maribeth Kuenzi နဲ့ ခေါင်းဆောင်မှုဆိုင်ရာ အခြေခံသဘောတရားတွေ စသင်ရပါတယ်။ ညနေမှာတော့  မထင်မှတ်တဲ့ အစီအစဉ် ရှိလာတယ်။ သင်တန်းကို ကမကထပြုတဲ့ သမ္မတဟောင်း ဂျော့ဒဗယူဘုရှ် နဲ့ လောရာဘုရှ် ဇနီးမောင်နှံက ညစာပါတီပေးဖို့  အသင့်ကြိုနေတာပါ။သမ္မတဇနီးမောင်နှံက တစ်ယောက်ချင်းစီကို ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်ပြီး ဓာတ်ပုံရိုက်ပါတယ်။ မြန်မာပြည်က လူငယ်တွေကို ဘယ်လောက်တန်ဖိုးထားတယ်၊ မြန်မာနိုင်ငံရေးအပေါ်  ဘယ်လောက်  စိတ်ဝင်စားတယ်ဆိုတာ သင်တန်းသားတွေ မျက်မြင်ကိုယ်တွေ့ပါ။
ညစားစားရင်း  မေးချင်ရာမေးခွင့် ပေးပါတယ်။ အားလုံးတစ်ယောက်တစ်ခွန်း ၀ိုင်းမေးလိုက် သမ္မတကြီးက ဖြေလိုက်နဲ့ စကားဝိုင်းက ပျော်ရွှင်နွေးထွေးမှု အပြည့်ပါပဲ။တစ်ဦးက  မြန်မာ့နိုင်ငံရေးအပေါ် ထင်မြင်ချက်ကို တောင်းတဲ့အခါ၊ ဘုရှ်က လက်ရှိ အခြေခံဥပဒေ မပြောင်းနိုင်သမျှ ဒီမိုကရေစီကို ရောက်နိုင်မှာ  မဟုတ်ဘူး၊ တပ်မတော်သားတွေ လွှတ်တော်ထဲ ၀င်ထိုင်နေတာ ဘယ်လိုမှ အမြင်မတော်ဘူးလို့ ဖြေပါတယ်။ ဘုရှ်နဲ့ မျက်နှာချင်းဆိုင် ထို်င်နေမိတဲ့  ကျွန်တော်က ခေါင်းဆောင်ကောင်းဖြစ်ဖို့  ဘယ်အရည်အချင်းက  အဓိက  ကျသလဲလို့  မေးမိတယ်။ ဆုံးဖြတ်ချက်  ပြတ်သားခိုင်မာမှုနဲ့  တာဝန်ယူမှုရှိဖို့ပဲလို့ ဖြေပါတယ်။ ဥပမာ၊ သူ  သမ္မတတာဝန်ယူစဉ်မှာ ခန့်အပ်ထားသူ လက်အောက်ငယ်သား အများကြီးရှိတယ်၊ ဒါပေမဲ့  သူတို့တွေ အမှားခဲ့လုပ်ရင် တာဝန်ယူရမှာကသူသာဖြစ်တယ်၊ သူ့မှာ  အဓိက  တာဝန်ရှိတယ်၊၉/၁၁ ဖြစ်ရပ်ဆိုးမျိုး ကြုံရတဲ့အခါမှာလည်း တွေဝေ တုန်လှုပ်ထိတ်လန့်မနေဘဲ  ပြတ်ပြတ်သားသား  ခေါင်းဆောင်မှုနဲ့ ရဲရင့်မှု ပြဖို့လိုတယ် မဟုတ်လားလို့  ဖြေပါတယ်။
သမ္မတဘုရှ်က “အမေရိကန်ရဲ့ အနာဂတ် လစ်ဘာတီဟာ အခြားကမ္ဘာ့နိုင်ငံတွေရဲ့ လစ်ဘာတီ တိုးပွားမှု အပေါ်မှာ အများကြီးမူတည်တယ်” လို့ ယုံကြည်လုပ်ကိုင်ခဲ့သူ  ဖြစ်တယ်။ ကျွန်တော့် ဘေးမှာထိုင်နေတဲ့  လောရာဘုရှ်ကိုတော့ First Ladyဖြစ်တုန်းက ထိုင်းနယ်စပ်မြန်မာဒုက္ခသည်စခန်းတွေ လာကြည့်ရှုပေးတာကျေးဇူးတင်ကြောင်း ပြောမိပါတယ်။
စတန်းဖို့ဒ် ဂိုဏ်း
နောက်ရက် သင်တန်းတွေကလည်း တစ်နေ့တစ်မျိုး စိတ်လှုပ်ရှားစရာတွေချည်းပါ။Freedom House အဖွဲ့ ဒုတိယအကြီးအကဲ Daniel Calingaert ရဲ့ ဒီမိုကရက်တိုက်ဇေးရှင်း  လက်ချာတွေကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေရဲ့  case study တွေ တော်တော်များများ သိရပါတယ်။ အထူးသဖြင့််  ဘယ်လို အခြေအနေမျိုးတွေမှာ ဒီမိုကရေစီနောက်ကြောင်းပြန်တတ်တယ်၊ စစ်တပ်ပါဝါကို  ဘယ်လို တစ်ဆင့်ချင်း  လျှော့ချလေ့ရှိတယ် ဆိုတာတွေပါ။ ချီလီရေးရာ ကျွမ်းကျင်သူ၊ တောင်အာဖရိက ရေးရာ  ကျွမ်းကျင်သူ၊ ရုရှားရေးရာ  ကျွင်းကျင်သူ၊ အမေရိကန်စစ်တပ်ဗိုလ်မှူးကြီးဟောင်းတွေက တစ်ချိန်စီ ၀င်ပြီး လာရောက်ဆွေးနွေးတာဖြင့် အားလုံး ခေါင်းအူလာတဲ့အထိပါပဲ။
သတိထားမိတာက  သမ္မတဘုရှ်ရဲ့ လုပ်ဖော်ကိုင်ဖက်  အကြံပေးတွေဟာ စတန်းဖို့ဒ် တက္ကသိုလ်က  များတယ်  ဆိုတာပါ။ နိုင်ငံခြားရေးဝန်ကြီးဟောင်း နိုင်ငံရေးဘောဂဗေဒ ပါမောက္ခ  ကွန်ဒိုလီဇာရိုက်  က စတန်းဖို့ဒ် တက္ကသိုလ်ကနေ တယ်လီကွန့်ဖရင့်နဲ့ ကျွန်တော်တို့ သင်တန်းသားတွေကို ဆွေးနွေးပေးပါတယ်။ သမ္မတဘုရှ်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့  ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ Edward Lazear ကလည်း  စတန်းဖို့ဒ်က ပါမောက္ခပါ။ ဒါးလက်စ်က ၆၄ ထပ်မြင့်တဲ့ CHASE ဘဏ် အဆောက်အဦမှာ သူနဲ့  သင်တန်းသားတွေ အုပ်စု သုံးဖွဲ့ခွဲပြီး မြန်မာစီးပွားရေး အလားအလာနဲ့ အိမ်နီးချင်းတရုတ်ပြဿနာကို ဆွေးနွေးပါတယ်။
သူ့အတွေ့အကြုံအရ နိုင်ငံတိုင်း စီးပွားရေး  တိုးတက်မှုနဲ့ တည်ငြိမ်ဖို့အတွက်  အဓိက  လိုအပ်တဲ့ အချက်တွေကို ရှင်းပြပါတယ်။ ဈေးကွက်နှုန်းထား တည်ငြိမ်မှု၊ လူထု ၀င်ငွေစုဆောင်းမှု မြင့်မားမှု၊ တရားဥပဒေ စိုးမိုးမှု၊ ပုဂလိကပိုင်ဆိုင်ခွင့်၊ ဘဏ္ဍာရေးနဲ့ ငွေကြေးမူဝါဒကောင်းရှိမှု၊  ငွေကြေးဖောင်းပွမှုနှုန်း နည်းမှု၊ နိုင်ငံခြားငွေကြေးလဲလည်မှုစနစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ လူသားအရင်းအမြစ်၊ လူထုလူမှုဘ၀ လုံခြုံရေး  (social welfare  and  safety nets)၊  နိုင်ငံတကာကုန်သွယ်မှု၊ အဆင့််မြင့်ပညာရေး စတဲ့ အချက်တွေ ကောင်းမွန်ဖို့လိုကြောင်း ပြောပါတယ်။
ဒါးလက်စ် ဗဟိုဘဏ် (Federal Reserve Bank) ကို  သွားလည်တဲ့အခါမှာတော့ အမေရိကန်အစိုးရ နိုင်ငံတကာ  ကုန်သွယ်ရေးကိုယ်စားလှယ်လုပ်ခဲ့တဲ့ လက်ရှိ ဒါးလက်စ် ဗဟိုဘဏ်ဥက္ကဋ္ဌက ဗဟိုဘဏ် လည်ပတ်ဆောင်ရွက်ပုံ၊  တစ်ကမ္ဘာလုံးကို ဒေါ်လာ လှည့်ပတ်စီးဆင်းပုံ၊ ဘဏ်တွေ အလုပ်လုပ်ကိုင်ပုံတွေ ရှင်းပြရင်း ဒေါ်လာစက္ကူရိုက်နှိပ်တဲ့ စက်ခန်းကိုပြပါတယ်။ မြန်မာသင်တန်းသားတွေအတွက် သူ့လက်မှတ်ထိုးပေးထားတဲ့ တစ်ဒေါ်လာစက္ကူ လက်ဆောင်ရယ်၊ ဖျက်ဆီးထားတဲ့  ဟောင်းနွမ်းဒေါ်လာစက္ကူအပိုင်းအစ အထုပ်လေးတွေရယ်ကို တစ်ဦးချင်းစီ လက်ဆောင်ပေးလိုက်ပါတယ်။
ပီတာရဲ့ ထူးခြားတဲ့  လက်ချာ
သင်တန်းကာလတစ်ခုလုံးမှာ အထူးခြားဆုံးနဲ့ အံအားသင့်ဖွယ်အကောင်းဆုံး အိုင်ဒီယာတွေ ပေးသူကတော့ စတန်းဖို့ဒ်တက္ကသိုလ် ပါမောက္ခ ပီတာ ဘာကိုဝစ်ဇ်  (Peter Berkowitz) ပါ။ သူ့ရဲ့  နိုင်ငံရေးဒဿနိကဗေဒ (political philosophy) သင်တန်းချိန်တွေက အများစုဖြစ်ပြီး၊ ကျွန်တော်တို့  အားလုံးကို  စွဲကိုင်လှုပ်ခါရမ်း ပစ်တဲ့သူပါ။ မြန်မာပြည်က  ကျောင်းသားတွေအဖို့ နိုင်ငံရေးဒဿနိကဗေဒက အလွန်စိမ်းတဲ့  ဘာသာရပ် ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် မြန်မာတက္ကသိုလ်တွေမှာ နိုင်ငံရေးဒဿနိကဗေဒဌာနတွေ မထားရှိသလို၊ သင်ကြားပေးနိုင်သူလည်း  အလွန်ရှားလို့ပါ။ အခုနောက်ပိုင်း နိုင်ငံရေးသိပ္ပံ သင်တန်းတွေ အတော်အတန် ရှိလာကြပေမယ့်၊ နိုင်ငံရေးဒဿနိက ပို့ချမှုကတော့ ရန်ကုန်မှာ မရှိသလောက်ပါပဲ။ နိုင်ငံရေးဒဿနိကနဲ့ နိုင်ငံရေးသိပ္ပံမှာလည်း ခြားနားမှုတွေ ရှိပါတယ်။
အရင် မြန်မာနိုင်ငံရေးသမားအချို့က မက်စ်ဝါဒကို  နိုင်ငံရေးဒဿနတစ်ရပ်အဖြစ် လေ့လာခဲ့တာ ရှိပါတယ်။ သို့သော် မက်စ်ဝါဒက နိုင်ငံရေးဒဿနိကဗေဒ ဘာသာရပ်ရဲ့ အစိတ်အပိုင်းတစ်ခုမျှပါပဲ။ ဂရိက စလိုက်တဲ့ နိုင်ငံရေး  အုပ်ချုပ်ရေး  အယူအဆတွေကနေ၊ အလယ်ခေတ်၊ ရီနေးဆန်းခေတ်၊ ယနေ့ခေတ် နိုင်ငံရေး အတွေးအခေါ်များအထိ ဖြစ်စဉ်တလျှောက် နှိုင်းယှဉ်  ပို့ချပေးနိုင်သူ ကျွန်တော်တို့ဆီမှာ  ရှာရခက်ပါတယ်။ ဘာကြောင့် နိုင်ငံရေးဒဿနိကဗေဒ အရေးကြီးသလဲဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး  အခြေအနေဟာ ၁၈ ရာစု၊ ၁၉ ရာစု အနောက်နိုင်ငံတွေ ဒီမိုကရေစီအတွက် ကြုံတွေ့ဖြတ်သန်းရတဲ့  ပုံစံမျိုး  ဖြစ်နေလို့ပါပဲ။ လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းကိစ္စ၊ နိုင်ငံတော်ကိစ္စ၊ အုပ်ချုပ်ရေးအာဏာ ခွဲကျင့်သုံးရေး ပြဿနာတွေကို အနောက်တိုင်း  နိုင်ငံရေးဒဿနပညာရှင်တွေက အကြိမ်ကြိမ်အဖန်ဖန် ငြင်းခုန်ဆွေးနွေး ရေးသားပြီးနောက်မှ ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံတွေ အစီအစီ ပေါ်ထွန်းလာတာ  ဖြစ်ပါတယ်။
အသက်  ၅၀ ခန့်ရှိတဲ့  ပါမောက္ခ ပီတာက ကျွန်တော်တို့ သင်တန်းသားအားလုံးကို လစ်ဘရယ် ဒီကရေစီရဲ့ နောက်ကွယ်မှာ ရှိတဲ့  အယူအဆတွေ ဆွေးနွေးပြပါတယ်။ အာဏာကန့်သတ်ထားရမယ့် အစိုးရ  (limited  government)၊ ဗဟုဝါဒ၊ မတူကွဲပြားမှုအပေါ် ခန္ဒီတရားနဲ့ ခန္ဒီတရားရဲ့ အကန့်အသတ် (toleration and limit to toleration)၊ လူ့သားရဲ့ သဘာဝအခွင့်အရေး (natural rights)၊ ကွဲပြားခြားနားမှုနဲ့ တန်းတူညီမျှမှု (separate at equal)၊ တရားမျှတမှု (justice)၊ စီးပွားရေးလစ်ဘာတီ၊ နိုင်ငံရေးလစ်ဘာတီ၊ လူမှုပဋိညာဉ်၊ ကျောင်းတော်နဲ့ နိုင်ငံတော်  စည်းခြားမှု၊ ရပိုင်ခွင့်တွေနဲ့ ကျင့်ဝတ်တန်ဖိုး  (rights and virtues)၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ၊ အစိုးရကို ဆန့်ကျင်ပုန်ကန်ပိုင်ခွင့် (rebellion) ၊ နိုင်ငံသားအယူအဆ၊ အရင်းရှင်စနစ်၊ လုပ်အားခွဲဝေမှု (division of labor)၊ ပုဂလိကပို်င်ဆိုင်ခွင့်၊ မက်စ်ရဲ့  ရုပ်ဝါဒ၊ ရုစဗဲ့၊ ထရူးမင်း၊ဂျွန်ဆင်၊ ရေဂင်၊ဂျော့ဒဗယူဘုရှ်နဲ့  အိုဘားမား တို့ အယူဝါဒတွေ (doctrines) အထိပါပဲ။
လော့ခ်ရဲ့ ဒုတိယကျမ်း
အထူးသဖြင့် ပီတာက ၁၇ ရာစု နိုင်ငံရေးပညာရှင် ဂျွန်လော့ခ်ကို ကျွန်တော်တို့နဲ့  ရင်းနှီးကျွမ်းဝင်အောင်လုပ်နိုင်ခဲ့ပါတယ်။ အင်္ဂလိပ်လူမျိုး ဂျွန်လော့ခ် (၁၆၃၂-၁၇၀၄) ဟာ ဆယ့်ရှစ်ရာစု ပြင်သစ် အသိဥာဏ် ပွင့်လင်းရေးခေတ်မှာ ပေါ်ထွက်လာတဲ့ လွတ်လပ်မှုအတွေးအခေါ်တွေရဲ့ ရှေ့ပြေး  ဖြစ်တယ်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဆိုတဲ့  ‘အာဏာခွဲဝေရေးမူ’ ကို ပထမဆုံး  အကြံပြုခဲ့သူ  ဖြစ်ပါတယ်။မင်းဆိုးမင်းညစ်ကို ရှောင်ချင်ရင်  ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအာဏာကို  ခွဲခြားပစ်ရမယ်လို့ လော့ခ်က စပြောခဲ့တယ်။
‘ငါသည်ပင် နိုင်ငံတော်’ ဆိုပြီး တရားမဲ့ ထင်ရာစိုင်း အုပ်စိုးနေတဲ့ လူဝီ  ၁၄  ခေတ်မှာ ကြီးခဲ့သူမို့ တရားဥပဒေနဲ့ညီတဲ့ နိုင်ငံတော်  ပေါ်ပေါက်ရေးတွေ လော့ခ်က ဆော်ဩတယ်။ ပြုည့်သူ့ကိုစားလှယ်တွေက ဥပဒေပြုပြီး၊ ဥပဒေအတိုင်း ကျင့်သုံးရမှာက  အစိုးရတာဝန်ဖြစ်တယ်။ လော့ခ်ရဲ့  နိုင်ငံရေး၊ ဘောဂဗေဒ၊ ပညာရေး၊ ဘာသာရေး၊ ဒဿန  စတဲ့ ကျမ်းပေါင်း  ၃၀ ကျော်အနက် အုပ်ချုပ်ရေးနဲ့  ပတ်သက်တဲ့ ကျမ်းစာနှစ်စောင်ဟာအထူးအရေးပါပါတယ်။ လော့ခ်ရဲ့ နာမည်ကြီး  Second Treatise ကျမ်းကတော့ နိုင်ငံရေးလေ့လာသူတိုင်း မဖြစ်မနေ  ဖတ်ရမယ့်စာအုပ်ပါ။
ပါမောက္ခပီတာက  ကျွန်တော်တို့ကို ၁၇ ရာစု အရေးအသားမို့ ဖတ်ရခက်တဲ့  လော့ခ်ရဲ့ Second Treatise ကျမ်းကို အခြေခံထားပြီး ဆွေးနွေးပါတယ်။လူသားရဲ့ အခြေခံတန်ဖိုးနဲ့ အသက်ရှင်ရေး၊ သဘာဝ အခြေအနေ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ တစ်ဦးချင်းလွတ်လပ်ခွင့် လစ်ဘာတီ၊ လူ့အဖွဲ့အစည်းနဲ့  အစိုးရရဲ့  ဦးတည်ချက်ပန်းတိုင်၊ တရားမ၀င်အစိုးရကို  ဖျက်သိမ်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် စတာတွေပါ။ ‘လူဟာ သဘာဝအားဖြင့်လွတ်လပ်ပြီး တန်းတူအခွင့် ရှိတယ်။ အုပ်ချုပ်သူက  လူ့အဖွဲ့အစည်း ကိုယ်စားလှယ်မျှသာ  ဖြစ်ပြီး၊ လူတစ်ဦးချင်းစီကို  ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ပုဂလက  အဓိကဖြစ်ပြီး အစိုးရက သာမည ဖြစ်ရမယ်၊ ပြည်သူလူထုဆန္ဒအပေါ် အခြေမခံရင် ဘယ်အစိုးရမှ တရားမ၀င်ဘူး၊ အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေ  လက်ထဲမှာပဲ  ရှိတယ်၊ တရားဥပဒေရဲ့ ပန်းတိုင်က လူတွေကို ကန့်သတ်ချုပ်ချယ်ဖို့  မဟုတ်ဘူး၊ လွတ်လပ်ခွင့် တိုးချဲ့ပေးဖို့နဲ့ အကာကွယ်ပေးဖို့ဖြစ်တယ်  ဆိုတာတွေကို လော့ခ်က အသေးစိတ် ရေးထားပါတယ်။
၁၇ ရာစု နိုင်ငံရေးသုခမိန်ရဲ့ ရေးသားချက်တွေဟာ အင်္ဂလန်မှာတင်မနေဘဲ အမေရိကန်တော်လှန်ရေးနဲ့  ပြင်သစ်တော်လှန်ရေးထဲ  ၀င်ရောက်သွားတယ်။ သောမတ်ဂျက်ဖာဆင်တို့ရဲ့  အမေရိကန်လွတ်လပ်ရေး  ကြေငြာစာတမ်းနဲ့ အမေရိကန်အခြေခံဥပဒေမှာ လော့ခ်ရဲ့ အယူအဆတွေ အများကြီးလွှမ်းမိုးထားပါတယ်။
တန်းတူညီမျှမှုနဲ့ တရားဥပဒေ
အဒမ်စမစ် ၁၇၅၉ ခုနှစ်မှာရေးတဲ့  The Theory of Moral Sentiments စာအုပ်ကို ပီတာနဲ့ ဖတ်ကြတယ်။ အဒမ်စမစ်ကို ‘နိုင်ငံများရဲ့ ဥစ္စာဓန’ စာအုပ်နဲ့သာ လူသိများပြီး၊ သူ့ရဲ့  ကျင့်ဝတ်ဆိုင်ရာ ဒဿနကျမ်းကို  လူသိနည်းပါတယ်။ သို့သော် ၁၇၇၆ ခုနှစ်ဟာ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းနဲ့ နိုင်ငံများရဲ့ ဥစ္စာဓန စာအုပ် ထွက်ခဲ့လို့ အနောက်မှာ  အပြောင်းလဲကြီးဖြစ်စေခဲ့တဲ့  နှစ်ပါ။ နှစ်ခုစလုံးက ဂျွန်လော့ခ်ရဲ့ တစ်ဦးချင်း လွတ်လပ်ခွင့်နဲ့ အစိုးရအာဏာကန့်သတ်ရေး အယူအဆတွေအပေါ်အခြေခံထားပါတယ်။
နောက် ၁၉ ရာစုမှာ အမေရိကကို ကိုးလတာ သွားရောက်ပြီး ရေးသားထားတဲ့ ပြင်သစ်နိုင်ငံသား အလက်ဇီ တော့ခ်ဗီးလ် ရဲ့ Democracy in America စာအုပ် နှစ်တွဲအကြောင်း ဆွေးနွေးရပါတယ်။ တော့ခ်ဗီးလ် က သူ့ရဲ့ ကိုးလ ခရီးစဉ်အတွင်း အဆွဲဆောင်နိုင်ဆုံးက အမေရိကန်လူထုအတွင်း  အခွင့်အရေး တန်းတူညီမျှရှိမှု၊ လူလတ်တန်းစား ကြီးထွားမှုနဲ့ တရားဥပဒေစိုးမိုးမှု  လို့ ဆိုပါတယ်။
နောက် လူမည်းခေါင်းဆောင်  မာတင်လူသားကင်း ဂျူနီယာရဲ့ Letter from Birmingham Jail စာတမ်းကို ပါမောက္ခပီတာက ဆွေးနွေးတဲ့အခါတရားမျှတမှု အယူအဆဟာ ပိုပြီး စိတ်ဝင်စားစရာတွေ တွေ့ရပါတယ်။ ဒေါက်တာကင်းရဲ့ ဘာမင်ဂန်  အကျဉ်းထောင်ကနေ သူ့မိတ်ဆွေ ခရစ်ယာန် ဘုန်းကြီးတွေဆီ ပေးစာထဲမှာ၊ “ဥပဒေ နှစ်မျိုးနှစ်စား ရှိတယ်၊ တရားသောဥပဒေနဲ့ မတရားသော  ဥပဒေ၊ လူတစ်ဦးဟာ  တရားသော  ဥပဒေကို  လိုက်နာဖို့  ကျင့်ဝတ်တာဝန်ရှိသလို၊ မတရားသော  ဥပဒေကို ဖီဆန်မနာခံဖို့  ကျင့်ဝတ်တာဝန်ရှိတယ်(One has a moral responsibility to obey just laws and to disobey  unjust laws.)… မတရားမမျှတမှုတွေက..တရားမျှတမှု ရှိတဲ့ နေရာတိုင်းကို အန္တရာယ်ပေးနေမယ်..၊ သမိုင်းရဲ့ ခါးသီးသော အတွေ့အကြုံအရ ဖိနှိပ်သူတွေဟာလွတ်လပ်မှုကို ဘယ်သောအခါမှ လိုလိုလားလား ပေးလေ့မရှိဘူး၊  အဖိနှိပ်ခံတွေက တောင်းဆိုယူကြရတာ ဖြစ်တယ်…၊လူ့အဖွဲ့အစည်းကောင်းဟာ အနိုင်ကျင့်ခံရသူတွေကို အကာကွယ်ပေးပြီး၊ အနိုင်ကျင့်သူတွေကို  အပြစ်ပေးဖို့  ဖြစ်တယ်…” ဆိုတဲ့ စကားတွေက  ကျွန်တော်တို့ သင်တန်းသားတွေကို စိတ်ခွန်အားတွေ ဖြစ်စေပါတယ်။
အမေရိကန် တည်ထောင်သူတွေဖြစ်တဲ့ ဂျိမ်းမက်ဒီဆန်၊ ဟမီလ်တန်၊ ဂျွန်ဂျေး  တို့ရဲ့ ‘ဖက်ဒရယ်စာတမ်း’ (The Federalist Papers) ကလည်း ကိုယ့်ဟာကိုယ့် ဘယ်လိုမှ မဖတ်ဖြစ်ပေမယ့်၊ ပါမောက္ခပီတာကြောင့် ဖတ်ချင်စိတ် ပိုမိုနားလည်ချင်စိတ် ရှိလာတယ်။ နိုင်ငံရေးသမားတိုင်း  မဖြစ်မနေ ဖတ်ရမယ့်  စာတမ်းပါပဲ။ အကြိုက်ဆုံး စာသားတွေထဲက တစ်ခုကတော့  စာတမ်းနံပါတ် ၅၁ မှာ မက်ဒီဆန် ရေးထားတဲ့ “လူတွေကို အုပ်ချုပ်နေတဲ့ အစိုးရက နတ်တွေ ဖြစ်ခဲ့လျှင်၊ အစိုးရကို အတွင်းအပြင် ထိန်းချုပ်ကန့်သတ်စရာ မလို၊ အစိုးရဟာ လူတွေပဲ  ဖြစ်တဲ့အတွက် ထိန်းချုပ်ကန့်သတ်ဖို့  လိုအပ်တယ်..။ အစိုးရ တစ်ရပ်ဟာ လူထုကို ထိန်းချုပ်နိုင်စွမ်း(law enforcement) ရှိရမှာဖြစ်သလို၊ သူ့ဟာသူလည်း  ထိန်းချုပ်နိုင်စွမ်း (limited  government)ရှိရမယ်” ဆိုတဲ့  စာသားပါပဲ။
နောက်ပြီး ဖက်ဒရယ်စာတမ်းက အစောကြီးကတည်းက ဒီမိုကရေစီရဲ့ အားနည်းချက်ဖြစ်တဲ့ လူအများစု ကြီးစိုးတဲ့  မင်းဆိုးမင်းညစ်ဝါဒ၊ အနိုင်ရပါတီကြီး ကြီးစိုးတတ်မှုအန္တရာယ်တွေ (tyranny of majority) ကို  သတိပေးထားတယ်။ ဒီမိုကရေစီကို တစ်ဦးချင်းလစ်ဘာတီနဲ့ ကန့်သတ်ထိန်းကြောင်းထားဖို့  အကျယ်တ၀င့် ရေးထားတယ်။ ဂရိမှာ ဒီမိုကရေစီသာရှိပြီး တစ်ဦးချင်းလစ်ဘာတီ မရှိတဲ့အတွက် ဆော့ခရတ္တိ သေဆုံးရတဲ့ ဖြစ်ရပ်ဟာ ကနေ့ ထူထောင်ဆဲ ဒီမိုကရေစီနိုင်ငံတွေရဲ့ လစ်ဘာတီကင်းမဲ့နေမှုကို သင်ခန်းစာပေးနေတုန်းပါပဲ။
ဝါရှင်တန်ခရီး
အမေရိကပြည်ထောင်စုဟာ လွတ်လပ်မှုနဲ့ တရားဥပဒေစိုးမိုးမှု အခြေပြုထားတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။ အထူးသဖြင့်  နေရာတကာမှာ ဥပဒေအသက်ဝင်မှု (law  enforcement) ရှိနေတာဟာဖြင့် အံဩစရာပါ။ တရုတ်နဲ့ အခြားနိုင်ငံတွေက ငွေကြေးနဲ့ ရုပ်ဝတ္ထုပိုင်းမှာ အမေရိကန် ကို ကျော်တက်သွားနိုင်ကောင်းပေမဲ့၊ လူတစ်ဦးချင်းစီအပေါ် တန်ဖိုးထားမှုနဲ့ လူ့အဖွဲ့အစည်းအတွင်း ဥပဒေ အကျိုးသက်ရောက်မှုကိုတော့ ရာစုချီလိုက်ကြရဦးမှာ။
ဒါကို ၀ါရှင်တန်ဒီစီ ခရီးစဉ်မှာ ထင်ထင်ရှားရှား  တွေ့ရပါတယ်။ ဇူလိုင် ၃ ရက်မှာ အမျိုးသား မော်ကွန်းတိုက်၊ တရားရုံးတော်နဲ့  Capitol တို့ကို သွားလေ့လာရတယ်။ညဖက်မှာ ဂျက်ဖာဆန်၊ လင်ကွန်း၊ မာတင်လူသာ အောက်မေ့ဖွယ်နေရာတွေကို  သွားကြတယ်။ သမ္မတလင်ကွန်းနဲ့  သမ္မတဂျော့ဝါရှင်တန် အမှတ်တရ  နေရာတွေမှာ လူတွေ အစည်ကားဆုံးနဲ့ အကြည်ညိုဆုံးဖြစ်တာ သတိထားမိတယ်။
ကျွန်တော်တို့ဟာ  ပင်လုံစာချုပ်  မူရင်းကိုမမြင်ဘူးပေမယ့်၊ အမေရိကန် လွတ်လပ်ရေးကြေငြာစာတမ်း၊ အမေရိကန်အခြေခံဥပဒေနဲ့  အခြား စာချုပ်စာတမ်း မူရင်းတွေကို ကြည့်ခွင့်ရခဲ့တယ်။ အများပြည်သူတွေ  လာရောက်ကြည့်ကြတာကို  မြင်ရတာလည်း  စိတ်လှုပ်ရှားစရာ။ ဇူလိုင် ၄ ရက်နေ့ဟာ အမေရိကန် လွတ်လပ်ရေးနေ့  ဖြစ်တာကြောင့် National Mall မှာ မီးရှုးမီးပန်းဖောက်တာ သွားကြည့်ပါတယ်။ ၀ါရှင်တန်  အထိမ်းအမှတ်ကွင်းပြင်မှာ ပြည်သူတွေ ညနေခင်း စောင့်ဆိုင်းနေတာဖြင့် ကြက်သီးမွေးညှင်းထစရာပါ၊ လွတ်လပ်ရေးကွင်းပြင်မှာ သိန်းနဲ့ချီ ထိုင်စောင့်နေကြသူ  လူအုပ်ဟာ အရက် စီးကရက်  သောက်စားခြင်း  မပြုကြပါ။
နောက်နေ့မှာတော့ ဗီအိုအေဌာန၊ အမေရိကန် သတင်းပြတိုက် (Newseum) နဲ့ သမိုင်းပြတိုက်တို့ကို ရောက်ပါတယ်။ တာဝန်ခံတွေက အသေးစိတ် ရှင်းပြပါတယ်။ နာဇီတွေ  သတ်ခဲ့တဲ့  ဂျူးခြောက်သန်းအတွက် Holocaust ပြတိုက်ကတော့ လူမျိုးရေးမုန်းတီးမှု ဘာသာရေးမုန်းတီးမှုဆိုးကျိုးတွေကို  သင်ခန်းစာယူနိုင်ဖို့ ပြသထားပါတယ်။ ပြတိုက်တွေ မော်ကွန်းတိုက်တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အိမ်တွေထဲ ပြည်သူတွေ  ၀င်ထွက်ကြည့်ရှုတာတွေ့ရတော့ ‘ဘိုးဘေးဘီဘင်တွေရဲ့ မှတ်တမ်းနဲ့ သမိုင်း လုပ်ဆောင်ချက်တွေကို တန်ဖိုးထားဂုဏ်ယူတတ်တဲ့လူမျိုးဟာ ကြီးမြတ်တဲ့  လူမျိုးပဲ’ ဆိုတဲ့ ငယ်စဉ်က ဖတ်ဖူးတဲ့ စာသားတစ်ခုကိုပြန်အမှတ်ရမိပါတယ်။
ဂျွန်လော့ခ်ရဲ့  လူ့အဖွဲ့အစည်း
ပြန်ချုပ်ရရင်  ကျွန်တော်တို့ တိုင်းရင်းသားစုံ  မြန်မာလူငယ် ၁၈ ယောက်ရဲ့ အမေရိကန်ခရီးစဉ်ဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှု တို့ကို  စာတွေ့ လက်တွေ့ လေ့လာခွင့်ရခဲ့တဲ့ ရက်တို သင်တန်း  တစ်ခုလို့ ဆိုရမယ်။အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့  နောက်ကွယ်မှာရှိတဲ့ အယူအဆအတွေးအခေါ်၊ အုပ်ချုပ်မှုပုံစံ၊ အစိုးရစနစ်၊ တစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်း ဆက်စပ်မှုတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ အမေရိကန်  လူ့အဖွဲ့အစည်းဟာ ၁၇ ရာစု ဂျွန်လော့ခ်ရဲ့ အတွေးအခေါ်တွေပေါ်မှာ  အခြေပြုထားဆဲပါပဲ။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားက ‘အို်င်ဒီယာကသာ လူ့အဖွဲ့အစည်းကို  မောင်းနှင်တယ်’ လို့ ပြောဖူးတာ ရှိတယ်။ အမေရိကန်လူ့အဖွဲ့အစည်းကို မောင်းနှင်နေတာ ဂျွန်လော့ခ်နဲ့  သူ့အတွေးအခေါ်ကို လက်ဆင့်ကမ်းသယ်ယူခဲ့ကြတဲ့ အမေရိကန်  တည်ထောင်သူတွေနဲ့ နောက်မျိုးဆက်ခေါင်းဆောင်တွေပါပဲ။
ကျွန်တော့်အတွက်တော့ အမေရိကန်ခရီးစဉ်နဲ့ ဂျွန်လော့ခ်ဆီကနေ အလွန်တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခု ရရှိခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ လွတ်လပ်မှုနဲ့  တရားဥပဒေစိုးမိုးမှု တွဲဖက်ထားနိုင်ရင် အစွမ်းကုန် အောင်မြင်တိုးတက်မှုရရှိပြီး၊ လူထုအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေများပြီး တရားဥပဒေအသက်ဝင်မှု (law enforcement) မရှိရင် အမြဲနောက်ကောက်ကျ ရှုံးနိမ့်နေဦးမယ်  ဆိုတဲ့ အချက်ပါပဲ။        ။
ရဲမြင့်ကျော်
Messenger Journal , 17 Aug 2014
ငါမသေဘူးရေကူးတတ်တယ်-
$
0
0
 Kyine Lian's photo.
Kyine Lian added 4 new photos.
ငါမသေဘူးရေကူးတတ်တယ်---
ကျွန်တော့်ဇာတိမြို့လေးမှာပင်လယ်ရေမျက်နှာပြင်အထက်ပေသုံးထောင်ကျော်မြင့်သောရှမ်း
တောင်တန်း ပေါ်မှာရှိပြီး ရေကူးကန်ဟူ၍ မရှိသောမြို့ကလေးဖြစ်ပါသည်။ကျွန်တော်တို့ မှာလူငယ်တို့ဘာဝ ငှက်ပစ်မျှစ်ချိုး သွားကြရင်း တောကြိုချောင်ကြားကစမ်းချောင်းလေးတွေမှာ ငါးဖမ်းကာဟိုခတ်သည်လူးနှင့်ပင်ရေကူးတတ်ခဲ့ရသည်။သည်တော့ကျွန်တော်ရေကောင်း
စွာမကူးနိုင်တာဘာမျှမဆန်း။
မှတ်မိနေသေးသည်။လွန်ခဲ့သောဆယ်စုနှစ်လေးခုခန့် ကျောင်းပိတ်ရက်တနေ့မှာခြောက်တန်း
ကျောင်းသားအရွယ်သာရှိသေးသောကျွန်တော်သည်သူငယ်ချင်းအချို့ နှင့်အတူမြို့ စွန်က
ငါးမွေးသောရေကန်တခုမှာလူကြီးများအလစ် ရေသွားကူးကြ၏။ရေကန်မှာ သိတ်မကြီး
လှသော်လည်းသူငယ်ချင်းတွေကန်ဟိုဘက်သည်ဘက်ကူးနေကြတာ အားကျပြီးကန်ကို အလျားလိုက်ကူးရာလက်ခတ်ခြေခတ် ခွေးကူးမျှသာ တတ်သောကျွန်တော်
ရေလည်မှာနစ်ပါတော့သည်။နှစ်ခါလောက်ဝူးဝါးဂူးဂဲနှင့်ပေါ်လိုက်မြှုပ်လိုက်ဖြစ်နေစဉ်
ကန်ဘောင်ပေါ်မှလူကြီးတယောက်ခုန်ချပြီးဆွဲခေါ်ခဲ့သဖြင့်သေကံမရောက်သက်မ
ပျောက် ခဲ့ရခြင်းဖြစ်သည်။နောက်ပိုင်းကျွန်တော်ရေကူးရမှာအကြောက်ကြီးကြောက်သွားခဲ့ပါသည်။
၁၉၈၁ ခုမေလမှာပြင်ဦးလွင် ချယ်ရီရိပ်ကတက္ကသိုလ်မှာတက်ခွင့်ရခဲ့သည်။ တတိယနှစ်
စစ်လက်ရုံးတွေခွဲတော့ ရေတပ်ကိုလျှောက်ခဲ့သည်။ လက်ရုံးအင်တာဗျူးဖြေပြီးချိန်မှာတော့ ငါရေတပ်များရောက်ခဲ့ယင်ရေမကူးတတ်လို့ တော့မဖြစ်ဘူးဆိုပြီးတပ်ခွဲတူ သူငယ်ချင်းဘီလုမ်းဇေ
နှင့်အတူ BTဘရားသားရကူးကန်မှာ စနေ၊တနင်္ဂနွေ Out pass ထွက်တိုင်းရေကူးကျင့်ရတော့
သည်။ဘီလုမ်းဇေသည်ပြင်ဦးလွင်မရောက်မီ လားရှိုးဒေသကောလိပ်မှာ ကတည်းကသူ
ငယ်ချင်းများ ဖြစ်ကြသဖြင့် ကျွန်တော့်အားရေကူးနည်းများကူပြပေးပါသည်။ သူသည် BT ကန်ကို
အလျားလိုက်အခေါက် (၂၀) ခန့် မနားတမ်းလက်ပစ်ကူးနိုင်သူဖြစ်သည်။ ကျွန်တော်ကား ရေတပ်ရ
ပြီးရေမကူးတတ်မှာ စိုးတာရယ်၊ပထမနှစ် သင်တန်းဝင်သတ်မှတ်ချက်ဖြစ်သော ၅ ပေ ၂လက်မ
မီရုံသာရှိခဲ့သော အရပ်ကိုရေကူးယင် အရပ်ရှည်တယ် ဆိုတဲ့စကားကြောင့် အရပ်
ကလေးရယ်တဲ့ရှည်စေလို ဘီတီကန်ရိပ်ခို ခဲ့ခြင်းမျှ သာပါ။ သို့ 
သော်ငယ်တုန်းက ရေနစ်ခဲ့ဘူးတဲ့ အငုတ်စိတ်ကြောင့် ပိုထူးပြီးကူးတတ်မလာခဲ့။ BT ကန်ကိုအသွားအပြန်တခေါက်ကူးနိုင် သည်ဆိုရုံမျှသာ။
အကြောင်းမသိတဲ့သူငယ်ချင်းအချို့ ကတော့ ကျွန်တော်တို့ အပတ်တိုင်း ဘီတီမှာ ရေ
သွားကူးတာကြည့်ပြီး ကြည်းရေလေ ရေကူးပြိုင်ပွဲမှာ ဆုချိန်နိုင်အောင်လေ့ကျင့်နေကြတာလို့ အထင်ကြီးတာခံခဲ့ရသေးသည်။ကျောင်းဆင်းတော့ကံဇာတ်ဆရာအလိုကျပင်လယ်ရေပြာ
အဏ္ဏဝါနဲ့ နပမ်းလုံးဘို့ ရေတပ်ကိုရောက်သည်။စီမံခန့် ခွဲရေးအရာရှိငယ်သင်တန်း
တက်တော့ကန်တော်ကြီးနဲ့ဧရာဝတီရေတပ်စခန်းဌာနချုပ်ရေကူးကန်မှာလှေလှော်ရွက်
တိုကနှင့်ရေကူးတပတ်စီသင်ကြားရသဖြင့်လက်ပစ်ကူး
နည်းအနည်းငယ်နှင့်ယခင်ပရမ်းပတာကူးတတ်ခဲ့သောပက်လက်ကူးနည်းကို ကွေး ၊ကား၊ကန်၊ညှပ် ဟူသောအဆင့်လေးဆင့်ဖြင့် စနစ်ကျရုံကူးနိုင်လာသည်။သိတ်အဝေးကြီးမကူးနိုင်သေး။
စီမံခန့် ခွဲ ရေးသင်တန်း ပြီးတော့ ကျွန်တော်တို့ အပတ်စဉ်ကသူငယ်ချင်းလေးယောက်
ရေယာဉ်ပေါ်လက်တွေ့ လေ့ကျင့်ခန်း O J T ဖြင့် ပင်လယ်သွား စစ်ရေယာဉ်တစီးသို့ တွဲ ဖက်ရောက်ရှိကြသည်။ ၁၉၈၅ နှစ်ကုန်လောက်မှာ အဆိုပါရေယာဉ်ဖြင့် မြန်မာနိုင်ငံ
တောင်ဘက်ဆုံးပိုင်း ပင်လယ်ပြင်မှာတာဝန်ထမ်းဆောင်ခဲ့ရသည်။ တရက်မှာတော့ စစ်ရေယာဉ်မှူးကြီးက အားလပ်ခွင့်ရစစ်သည်များနှင့် ကျွန်တော်တို့  သင်တန်းသားအရာရှိ
ငယ်များအား ပလောကာကျန်လို ကျွန်းပေါ် တက်ပြီးဘော
လုံးကန်ခိုင်းပါသည်။ ကျွန်တော်တို့ တွေ သင်္ဘောပေါ်က Whaler ကိုချ၍ ကမ်းတက်ဖို့ ပြင်ကြစဉ် တွဲဖက်အရာရှိ ဗိုလ်တင့်ဆွေ ကကျွန်တော်တို့ လေးယောက်အား စစ်ရေယာဉ်မှူးကလှေနဲ့ လိုက်ခွင့် မပြုကြောင်းကမ်းပေါ်သို့ရေ ကူးသွားကြရမည်ဖြစ်၍ ပဲ့ပိုင်းမှရေထဲခုန်
ဆင်းကြရန်လာပြောပါသည်။မှတ်မှတ်ရရသင်္ဘောမှာကမ်းစပ်မှကိုက်လေးရာခန့်ဝေးပါသည်။
နွားခြေရာခွက်ထဲကဖားသူငယ်လို ကုန်းပေါ်ကရေကန်မှာသာတန်သင့်ရုံ ကူး တတ်ခဲ့
သောကျွန်တော်တို့ လေးယောက် ကိုတင့်ဆွေနောက်နေတာ လို့ ပထမ ထင်ကြ သော်လည်း ဒုတိယကုန်းပတ်ပေါ်မှာဘောလုံးကန်ဝတ်စုံ ဝတ်လျက်မားမားကြီးစိုက်ကြညရင်း ရေထဲခုန်ချရန် လက်ပြနေသည့်စစ်ရေယာဉ်မှူးဒုဗိုလ်မှူးကြီးသိန်းငွေ (ယခု ဗိုလ်မှူးချုပ်-ငြိမ်း) ကိုမြင်တော့မှ
တယောက်မျက်နှာတယောက်ကြောင်စီစီကြည့်ရင်း မင်သက်နေမိကြတော့၏။
ကျွန်တော်တို့ ထဲမှာသိသိသာသာမျက်နှာပျက်နေသူကားမုံရွာသားကဗျာဆရာ မြင့်ကြူနိုင်
(ယခု ဒုဗိုလ်မှူးကြီး-ငြိမ်း) ပင်။ သူကားကျွန်တော်တို့ 
ရေကူးသင်တန်းမှာကျောက်ခဲဘွဲ့ ရကံလှတင်ထွန်း(ယခု ရေကြောင်းပြမှူးကြီး) ထက်မဆို
စလောက်မျှသာပိုကူးနိုင်သူဖြစ်သည်။
ထိုစဉ်မှာပင် စီအိုကြီး (Commanding Officer) ကိုယ်တိုင်ကျွန်တော်တို့ နားရောက်ရှိ
လာပြီးကင်းဘတ်ဖိနပ် စီးလျက်နှင့်ပင် ရေထဲခုန်ချသွားကာ ကိုယ်ဖော့နေလျက် ကျွန်တော်တို့ အားအမြန်ခုန်ချဖို့ လှမ်းခေါ်တော့သည်။ကြောင်တောင်တောင်ရပ်နေကြသောကျွန်တော်တို့ နောက်မှပဲ့နင်းမှူး(Coxswain) ဖြစ်သူဆရာကြီးအင်ဂွမ် (ယခု ဗိုလ်ကြီး ငြိမ်း) ရုတ်တရက်ရောက်လာပြီး
"ဟိုမှာ စီအိုကြီးခေါ်နေပြီ……….ဗိုလ်ကြီးတို့ အားလုံးဆင်းကြ "
ဟု ကျယ်လောင်စွာအော်လိုက်သဖြင့်ကျွန်တော်တို့ အားလုံး လန့် ဖြန့် ပြီး ဖွဲအိတ်များ
ပစ်ချလိုက်သကဲ့သို့စတိုင်အမျိုးမျိုးကိုးရိုကားယားဖြင့်ခုန်ချရတော့၏။နောက်တော့စီအိုကြီးကိုယ်တိုင်ဦးဆောင်ပြီးကမ်းဘက်ကို ကူးလေရာကျွန်တော်တို့ လည်း
ကိုယ်သန်ရာသန်ရာတောရမ်းမယ်ဘွဲ့ နည်းတို့ ဖြင့်ကူးကြရတော့၏။ခြေလေးချောင်းသတ္တဝါတမျိုးကူးသောနည်းအတိုင်းမောပန်းစွာကူးနေရှာသောမုံ
ရွာသားကဗျာဆရာကိုစိတ်မသက်သာစွာတွေ့ ရ၏ကဗျာဆရာဇော်မင်းမင်းဦး(ယခုဗဟိုပို
့ဆောင်ဆက် သွယ်ရေးကျောင်းအုပ်ကြီး) နှင့်မန္တလေးသား ကိုနေဝင်း(ယခု မောရဝတီရေတပ်စခန်းဌာနချုပ်မှူး)တို့ လည်းရေကူးရင်းရေငတ်နေကြသည့်အလားပင်လယ်ရေကို
ပင်ရေချိုထင်ကာအငမ်းမရသောက်မျိုနေကြသည်ကိုလှိုင်းလုံးများကြားမှာတွေ့ မြင်နေရပြန်သည်။
ကျွန်တော်တယောက်သာ BT ကန်မှာလေ့ကျင့်ခဲ့သည့်အကျိုးကျေးဇူးကြောင့်၎င်းတို့ 
ထက်ပို၍ အိနြေ္ဒ ရစွာကူးနိုင်လေ၏။
သို့ဖြင့်ပင်လယ်ရေကိုနွားငတ်ရေကျအဝသောက်ကာပုံပျက်ပန်းပျက်ဖရိုဖရဲ ပန်းဝင်လာ
ကြသည့်ကျွန်တော်တို့ အားတချိန်ကတက္ကသိုလ်လက်ရွေးစင် ဘောလုံးသမား ကြီးဖြစ်ခဲ့သောစီအိုကြိးကသောင်ပြင်ပေမှခါးထောက်ကာပြုံးပြုံးကြီးအားပေးကြည့်
ရှုနေလေ၏။ ကျွန်တော်တို့ နောက်မှာတော့Whaler လှေကကပ်လျက်ပါလာသည်။ ကျွန်တော်တို့ 
မှာသာဝှေလာလှေပါလာတာလဲမသိကြ။သေမှာစိုးလို့ ဒရောသောပါးကူးလာကြခြင်း Survival Run သာ။ ထိုစဉ်ကရေတက်နေ၍သာတော်သေးတော့သည်။
ထို့ နောက်တော့ရက်ကိုလစားလကိုနှစ်ကာလတို့ ဝါးမျိုကာစက္ကန်အစိတ်အပိုင်းလေးများတစ
စီပဲ့ကြွေသွားကြစဉ်မှာပင် ကျွန်တော်လည်းတာဝန်ကျရာတပ်စခန်း ရေယာဉ် အသီးသီး သို့ 
ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၂ဝဝ၁ ခုနှစ်ဆန်းမှာ B Class စစ်ရေယာဉ်မှူး တာဝန်ပြီးဆုံး၍မွန်ပြည်နယ်မော်လမြိုင်မြို့ သို့ အုပ်မှူးတာဝန် ဖြင့်ပြောင်းရွှေ့ ခဲ့ရသည်။ အမှတ်(၄၆) စစ်ရေယာဉ်စုလက်အောက်မှမြစ်တွင်းသွားစစ် ရေယာဉ်များကို မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်အတွင်းသံလွင်၊ဂျိုင်းနှင့် အတ္ထရံ မြစ်ကြောင်း များတလျှောက်စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်များထမ်းဆောင်စေရသည်။
တပ်တည်ဆောက်ရေးအတွက် စစ်သည်များ စိုက်ပျိုး မွေးမြူရေးလုပ်ကြရသည်။ ကျွန်
တော်ရောက်ပြီးမကြာမီကျိုက်မရော မြို့နယ် ခရုံဂူဒေသ၌ မိုးစပါးစိုက်ပျိုးရန် ပျိုးထုံးများ သယ်ဆောင်ယင်းမိမိတပ်က ရဲဘော်တဦးခရုံချောင်းအတွင်းလှေမှောက်၍အသက်ဆုံးခဲ့ရသည်။
သို့ ဖြစ်၍ စစ်သည်များမတော်တဆမှုများမဖြစ်ပွားစေရေးအတွက်ရေယာဉ်အားလုံး သို့ ဖြစ်စဉ်များ ဖော်ပြပြီး ပညာပေးဆွေးနွေးခြင်းကြိုတင်ကာကွယ်ခြင်းများဆောင်ရွက်စေခဲ့ပါသည်။သို့ ဆောင်ရွက် နေသည့်ကြားကပင်၂၀၀၁ ခုနှစ်ကုန်ပိုင်းမှာမြစ်တွင်းတိုက်ရေယာဉ်တ
စီးမှ စစ်သည်တဦး ညဘက်တာဝန်ထမ်းဆောင်ရင်းရေထဲလိမ့်ကျခဲ့ရာ တာဝန်ကျတပ်ဖွဲ့  က
အစွမ်းကုန် ကြိုးစားကယ်ဆယ်သော်လည်းကြမ်းတမ်းလှသည့်
သံလွင်မြစ်ရေစီးတွင်အသက်ဆုံးခဲ့ရပါသည်။
 Kyine Lian's photo.
၂ဝဝ၂ ခုနှစ်သြဂုတ်လ ၁၃ ရက်နေ့ ကားမိုးတွင်းကာလဖြစ်၍ ရာသီဥတုအတော်ဆိုးနေ
သည်။ရန်ကုန်မှမော်လမြိုင် သို့ ထွက်ခွာလာသောထောက်ပံ့ရေးရေယာဉ်တစီး သည်ကျိုက်ခမီ မီးပြ၏အနောက်တောင်ဘက်(၇)မိုင်အကွာတွင်ကျောက်ချပြီးသံလွင်မြစ်အတွင်းဝင်ရန်ရေစောင့်နေ
စဉ် နံနက်၇း၃၀ နာရီခန့် မှာရာသီဥတုပိုဆိုးလာပြီးသင်္ဘော၏ Fore Peak Tank မှရေများဝင်လာ
ခဲ့သည်။ ရေယာဉ်ကျောက်နုတ်ရန် ဆောင်ရွက်နေစဉ်မှာပင်ရေ၀င်မှုပိုများကာရေယာဉ်ယာဘက်ကို
တိမ်းစောင်းသွားခဲ့သည်။ Damage Control လုပ်နေသည့်ကြားကရာသီဥတုပိုဆိုးလာရာ ရေ၀င်မှုကို မထိန်းနိုင်တော့ပဲ နံနက် ၁၁ နာရီခန့် မှာ စစ်ရေယာဉ်မှူးက Abandon ship ရေယာဉ်စွန့် ခွာရန် အမိန့် ပေးခဲ့လေသည်။
အထက်ဌာနချုပ်၏ညွှန်ကြားချက်ဖြင့်ကယ်ဆယ်ရေးလုပ်ငန်းများချက်ချင်းဆောင်ရွက်
ရန်မရယ(၃၀၁) စစ်ရေယာဉ်မှူး ကိုဦးစီးစေပြီး မော်လမြိုင်ဆိပ်ကမ်းဌာနမှ မောရ၀တီ တွဲဆွဲရေယာဉ်နှင့်စက်လှေနှစ်စီးပါလိုက်ပါ၍ ကယ်ဆယ်ရေးစစ်သည် များကိုကျိုက်ခမီရေပြင်သို့  စေလွှတ်ခဲ့ပါသည်။
 Kyine Lian's photo.
အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကြီး၏ ညွှန်ကြားချက်ဖြင့်စစ်ဗျူဟာမှူးဗိုလ်မှူးကြီးမျိုးဝင်းနှင့်သံ
ဖြူဇရပ်တပ်နယ်မှဗိုလ်မှူးကြီးခင်မောင်စည်( ယခု ရဲဦးစီးအရာရှိချုပ်) တို့ အနိးကပ် ကြီးကြပ်၍ ဒေသခံလူထု၊ငါးဖမ်းစက်လှေများ၊ခလရ(၃၁) နှင့် အကရ(၄၆) မှ အရာရှိ စစ်သည်များဖြင့် Land and SeaRescue Party များဖွဲ့ စည်းကာ ကျိုက်ခမီရေပြင်၌ ဒေသခံေ
လှများဖြင့်ထပ်မံဖြန့် ခွဲရှာ ဖွေခဲ့ရာ ညနေပိုင်းမှာပင်လယ်ထဲမျောနေသော စစ်သည်(၆)
ဦးကိုစတင်တွေ့  ရှိခဲ့ပါသည်။ ညနေ ၁၈း၃၀ နာရီ
ခန့် မှာတော့ဗိုလ်မှူးစိုးမင်း၊ ဗိုလ်မှူးအောင်ကျော်ဦး ၊ဗိုလ်ကြီးရဲဝင်း နှင့်စစ်သည် ၂၁ ဦးအား မျောပါနေသည့်အသက်ကယ်ဖောင်နှင့်အတူကျွန်းညီနောင် Double Island အနီးမှာ ဒေသခံငါး လှေတစီးကကယ်ဆယ်နိုင်ခဲ့သည်။ ရှာဖွေကယ်ဆယ်နိုင်ခဲ့သည့် အရာရှိနှင့် စစ်သည်များအားကျိုက်ခမီမှအမှတ်(၅)စစ်မြေပြင်ဆေးတပ်ရင်းသို့ ပို့ ဆောင်ခဲ့ရာ
မိမိတပ်မှအရာရှိစစ်သည် မိသားစုများကိုယ်တိုင်သွားရောက်
ကြိုဆိုအားပေးကာလိုအပ်သည်များဆောင်ရွက်ပေးပါသည်။မဆရ(၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်သန်းမောင် ကိုယ်တိုင်အနီးကပ်ပြုစုကုသပေးခဲ့သည်။
၎င်းညမှာ ရေတပ်မှရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အားအနီးကပ်ကြီးကြပ်ဆောင်
ရွက်ရန် ဟိန်းဇဲမှစေလွှတ်လိုက်သည့် ရဗစ(၂)မှူးဗိုလ်မှူးကြီး ချိုသန်းမောင် တောလမ်းခရီးဖြင့် မှောင်နှင့်မဲမဲမှာပင်ထပ်မံရောက်ရှိလာခဲ့သည်။ ထို့ နောက်ကျွန်တော့်အားမော် လမြိုင်တွင် လို အပ်သည်များစီစဉ်ဆောင်ရွက် ပေးရန်မှာကြား ပြီးညတွင်းချင်း ကျိုက်ခမီ ကိုဆက်ထွက်ခွါသွားခဲ့ သည်။
 ထိုစဉ်က မဆရ(၅) တွင်ဆေးရုံတက်နေသည့် ဗိုလ်မှူးစိုးမင်းက ကျွန်တော့်အား -''ကို ကြိုင် ကြီးရေ၊ဘုရားကျေးဇူးပဲ ။ ကျွန်တော်ကရေ လုံးဝမကူးတတ်ဘူးဗျ။ခုလည်း ကက(ရေ) ကတွဲပေးလို့  One Trip ဆိုပြီးလိုက်လာတာ။ Life raft ကလည်း(၁၅) ယောက်စီး ဆိုတော့ကျွန်တော်တို့ လူအုပ်နဲ့ ကOver Weight ဗျ။ လေကလည်းတ်ာတော်လျော့နေပြီ။ တချို့  ရဲဘော်လေးတွေကအားငယ်ကြတာပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်ရေ မကူးတတ်ပေမဲ့ စစ်သည်တွေကို ဟေ့ ဒို့ အားလုံးအားတင်းထား ကြကွ။မော်လမြိုင်က အဖွဲ့ တွေဒို့ ကိုလိုက်ရှာနေကြ ပြီ။ အသက်
ကယ်လှေတွေ ခဏနေယင်ရောက်လာတော့ မှာကွ လို့ အားပေးယင်း သံဗုဒ္ဓေ ဂါထာနဲ့ ဘုရားရှိခိုးတွေကျွန်တော်ကတိုင်ပေးတော့အားလုံးကလိုက်ရွတ်ကြတယ်။အခုကျွန်တော်တို့ 
နဲ့ တွေတဲ့ ငါးဖမ်းလှေက ကျိုက်ခမီကို ဆေုံးဝင်လာတဲ့ငါးဖမ်းစက်လှေပဲ။ မိုးကအရမ်း
သည်းပြီး လှိုင်းလည်းတအား ကြီးလာတာ။မိုးချုပ်နေပြီဆို
တော့ ဒီလှေနဲ့ လွဲယင်ကျွန်တော်တို့ တည လုံးခံနိုင်ဖို့ မလွယ်တော့ ဘူး။ "
 Kyine Lian's photo.
ဗိုလ်မှူးစိုးမင်းပြောပြတာနားထောင်ယင်းကျွန်တော်ဒုဗိုလ်ဘ၀ကဖတ်ခဲ့ရသည့်တိုက်ရေယာဉ်
၁၀၃ဖြစ်ရပ်မှန် ပင်လယ်ပြင်စွန့် စားခန်း ၀တ္ထု ထဲကလှိုင်းလေ ကပ္ပလီပင်လယ်ပြင်ကို
အံတု၍(၁၃) ရက်ကြာအောင်အသက်ကယ်ဖောင်ဖြင့် ဥိးတည်ရာမဲ့မျောပါ နေကြရာမှပြန်လည်
လွတ်မြောက်လာကြသောစစ်ရေယာဉ်မှူးဗိုလ်ကြီးဘသော်နှင့်စစ်သည်များအကြောင်း ပြန်လည်မြင်ယောင်ခံစားရင်းကြက်သီးထနေမိ သေးတော့သည်။
ယခုလည်းထပရ(၆၀၈)မှ ရလုံးဝမကူးတတ်သော ရတနာသုံးပါးဂုဏ်ကျေးဇူး မမေ့သူ
EO ဗိုလ်မှူးစိုးမင်းနှင့် အရာရှိစစ်သည်များ၊ Over Load ဖြစ်ကာလေလျော့နေသည့် အသက်ကယ်ဖောင်တစင်း ၊ညအမှောင်ထုနှင့်ကြောက်မက်ဖွယ်ကောင်းလှသည့်ကြမ္မာမြင်းရိုင်း ဒီရေလှိုင်းလုံးကြီးများ။ နောက်ဆုံးမှာတော့ လှေခွက်ချည့်ကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် သဘာဝဘေးအန္တရာယ်ကိုကြံ့ ကြံ့ခံ အံတုခဲ့ ကြသည့် အရာရှိ စစ်သည်များက အခြေအနေကို
ဖန်တီး နိုင်ခဲ့ကြလေပြီ။
နောက်ပိုင်းတွင် ရတခ တိုင်းမှူးကြီး၏ ကြီးကြပ်မှု ဗိုလ်မှူးကြီးချိုသန်းမောင်၊ဗိုလ်မှူးကြီး
ခင်မောင်စည်၊ဗိုလ်မှူးကြီးမျိုးဝင်းတို့ ၏ အနီးကပ်ကွပ်ကဲမှုဖြင့်ခလရ(၃၁) နှင့်အကရ(၄၆) မှအရာရှိစစ်သည်မိသား စုများ ကျိုက်ခမီဒေသမှ ပြည်သူတရပ်လုံးက စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသဖြင့် ရေယာဉ်နစ်မြုပ်စဉ်ကရေထဲမျောပါပျောက်ဆုံး သွားသည့်စစ်ရေယာဉ်မှူးနှင့် စစ်သည်(၅) ဦးတို့ ၏ရုပ်ကလာပ်များကိုပင်လယ်ပြင်တွင်ရအောင် ရှာဖွေနိုင်ခဲ့ကြပြီး သံဖြူဇရပ် ၌ ပင်စစ်အခမ်း အနားဖြင့် သဂြိုလ်ခဲ့ပါသည်။ထိုစဉ်ကအားကြိုးမာန်
တက်ကူညီခဲ့သူတဦးဖြစ်သောခလရ(၃၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးလူအေးသည်လည်း
ချယ်ရီမြေတွင် ကျွန်တော်နှင့်တပတ်စဉ်ထဲ တက်ရောက်ခဲ့သူဖြစ်ပါသည်။မိသားစုစိတ်ဓာတ်
ဖြင့်ဝိုင်းဝန်းကူညီခဲ့ကြသူအားလုံးကိုကျန်ရစ်သူမိသားစုအားလုံးက မှတ်မှတ်ရရရှိနေကြ
မည်မှာမြေကြီးလက်ခတ်မလွဲပါပေ။
ငါမသေဘူးရေကူးတတ်တယ် (အဆက်)
$
0
0
 Kyine Lian's photo.
Kyine Lian added 4 new photos.
ငါမသေဘူးရေကူးတတ်တယ် - continued
မိမိတပ်မှာလည်းအထပ်ထပ်ကြတ်မတ်ဆောင်ရွက်နေသည့် ကြားက လူရေထဲကျဖြစ်
စဉ်များဖြစ်ပွားခဲ့သဖြင့် Man overboard and Ship board recovery drill များကိုရေယာဉ်အ
လိုက်တိုးမြင့်လေ့ကျင့်စေခဲ့ပါသည်။ ထို့ ပြင် စစ်သည်များရေထဲကျပြီးမှ ရေမကူးတတ်သဖြင့်အ
သက်ဆုံးရှုံးရသည်ကိုပါတွေ့ ရှိရသဖြင့် ရေယာဉ် အလိုက်ရေလုံးဝမကူးတတ်သော စစ်သည်
များနှင့်ကောင်းစွာမကူးတတ်သူများကိုစုစည်း၍အခြေခံနှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခဲ့
သည်။ကျွန်တော် ရေကူးကန်သွားစစ်ဆေးတိုင်း သင်တန်းတာဝန်ခံအရာခံဗိုလ်စောတင်ထွန်း၏
"စီအို ဒီနေ့  ကျောက်ခဲရေပေါ် သုံးယောက်ပါ "
စသည်စသည့် သတင်းပို့ သံများ ကိုယနေ့ တိုင်ကြားယောင်နေဆဲပင်။ ထိုသင်တန်းက
လေ့ကျင့်ပေးလိုက်သော စစ်သည်များဖြင့် ပင် ဌာနချုပ်လက်ရွေးစဉ်ရေကူးအသင်း ကိုဖွဲ့ စည်းနိုင်ရုံမကဥိးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်းဆု ကိုပင်ဆွတ်ခူးနိုင်ခဲ့သည်။သို့ သော်ကံဇာတ်
ဆရာကမျက်နှာသာမပေး ။ ဤမျှအထပ်ထပ်ကြတ်မတ်အားထုတ်လေ့ကျင့်နေသည့်ကြားက
ဇာသပြင်တံတားအနီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင် နေသောမိကျောင်းရေယာဉ်တစီးမှ
စစ်သည်တဦး ရေကူးတတ်ပါလျက် သံလွင်မြစ်အတွင်းမတော်တဆ ပြုတ်ကျသေဆုံး
သွားသဖြင့်ကျွန်တော့်မှာအထက်ဌာနကိုအလွန်မျက်နှာပူခဲ့ရပြီးတာဝန်မကင်းသလို ခံစား ခဲ့ရသည်။ယခုကွပ်ကဲမှုအောက်ရှိစစ်ရေယာဉ်မှူးများနှင့် ပဲ့နင်းမှူး အတော်များများမှာ ကျွန်တော် ရေကြောင်းနှင့်အုပ်ချုပ်မှုအတတ်သင်ကျောင်းတွင် နည်းပြ အရာရှိ တာဝန်ထမ်းဆောင်ခဲ့စဉ်က
CO course နှင့် ပဲ့နင်းမှူး သင်တန်းများတွင် Man overboard recovery drill နှင့် Search & Rescue သင်ခန်းစာများကိုအာပေါက်မတတ် စာတွေ့ လက်တွေ့ သင်ကြားပို့ ချပေးခဲ့ ပြီးသူများဖြစ်သည်။
 Kyine Lian's photo.
ကျွန်တော့်မှာကိုယ်တိုင်ကရေကူးသိတ်မကျွမ်းကျင်။ ငယ်စဉ်ကရေနစ်ပြီးရေ
အကြောက်ကြီးကြောက်ခဲ့တာကိုဟန်ကိုယ့်ဖို့ ဆိုသလို မေ့ထားလျက်ရေယာဉ်များကိုသွားရောက် စစ်ဆေး ကာတပည့်တို့ အား "မင်းတို့ ကွာ၊ ဒါလောက်သင်ပေးနေတဲ့ ကြားက ရေလည်ခေါင်မှာ ပြုတ်ကျလည်းမြုပ်၊ ကမ်းစပ်မှာကျတော့လည်းပေါ်မလာ။မင်းတို့ အစားငါ ကိုယ်တိုင်ပဲ ရေထဲ
ဆင်းသေလိုက်ချင်တော့တယ်ရေထဲပြုတ်ကျပြီဆိုတာနဲ့ ပြာမသွားနဲ့ ၊ Panic မဖြစ်နဲ့ ၊ စိတ်အေးအေးထား။ သင်္ဘောပေါ်က ရဲဘော်က Life ring တွေ ကြိုးတွေအမြန်ချပေး။ရေ
ထဲကျ တဲ့လူကလည်း ဘောကွင်းတွေကြိုးတွေရှိတဲ့နေရာကိုရောက်အောင်ကူးပြီး တွယ်
တက်ပေါ့ကွ။တွယ်မတက်နိုင်ယင်လည်း ရေစုန်အတိုင်း အနီးဆုံးကမ်းဘက်ရောက်အောင်
ကူး။ဘာခက်လဲကွ၊ အသက် ကို ဥာဏ်စောင့်ပဲ ''စသဖြင့်ဆုံးမရပြန်သည်။ တပည့်အ
ချို့ ကလည်း လာပြန်ပြီ၊ ဓာတ်ပြားဟောင်းကြီး။ ဒီလူကြီးသူ ကိုယ်တိုင်ရေထဲပြုတ်ကျမှသိမယ် ဟုစိတ်ထဲက ပြန်ပြောကောင်းပြောနေခဲ့ပါလိမ့်မည်။
၂၀၀၄ ခုနှစ်ဦးပိုင်းမှာတော့ ကျွန်တော်ရန်ကုန်ကိုပြောင်းရွှေ့ ခဲ့ရသည်။ ဇူလိုင်လထဲမှာကျွန်တော့်ရုံးခန်းသို့  သာကေတမှဦး စိန်အောင်ဆိုသူ ရောက်ရှိလာပြီး သူသည် ကျွန်တော်တို့ တပ်မှအငြိမ်းစားယူခဲ့
သူဖြစ်ကြောင်း စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်ဖြစ်ပြီးယခုမိသားစုဝင်များ အားကျွန်တော်တို့ 
တပ်မှပညာသင်ထောက်ပံ့ကြေးပေးမှုအခြေအနေကို သိလို၍လာခြင်းဖြစ်ကြောင်းမိတ်
ဆက်ပြောကြားလာ၏။
 Kyine Lian's photo.
သူသည်အသက်(၇၀)ကျော်ခန့် ရှိ ပြီးကျွန်တော့်စားပွဲမှာခေတ္တ စောင့်ခိုင်း ထားရသဖြင့် ကျွန်တော်က
"အဘ ပင်စင်ယူပြီးဘာတွေလုပ်နေလဲ။အလုပ်အကိုင်အဆင်ပြေရဲ့ လား၊ကျန်းမာရေးရောကောင်းပါရဲ့ လား "
ဟုပဋိသန္ဓာရ စကားမေးကြည့်ရာ ဆရာမင်းသိင်္ခ ထံတွင်ဝေဒ သင်တန်းတက်ရောက်ပြီး ယခုသာကေတမြို့ နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ရုံးအနီးမှာ ပင် လူမင်းဦး
အမည်ဖြင့် ဝေဒလက္ခဏ ဟောခန်းဖွင့်ထားကြောင်း ကျွန်တော့်အားလည်းအလည်
လာရောက်ရန်ဖိတ်လေ၏။ ကျွန်တော်လောလောဆယ်အလုပ်များနေသဖြင့် မလာနိုင်သေးကြောင်းအပန်းမကြီးက ယခုပင်ကြည့်သွားပေးစေလိုကြောင်းအလိုက်
ကန်းဆိုးမသိပြောရုံမက လက်ဝါးနှစ်ဖက် ကိုပါဖြန့် ပြ၏။ ဆရာကကျွန်တော့်မွေးသက္ကရာဇ် ကိုပါမေးပြီးယခုနှစ်ကျန်းမာရေးညံ့ကြောင်း၊ ရုတ်တရက်အသက်ဘေးကြုံ ရနိုင်ကြောင်း
သို့ သော်ဥပစ္ဆေ ဒက ကံမရှိ၍မသေနိုင်ကြောင်း ပြောပြီး အညံ့များပြေပျောက်စေ
သောယတြာကိုပေးလေ၏။ မလိုလဲ လိုလဲဆိုသလိုအဆိုပါယတြာအား ၂၆.၇.၂ဝဝ၄ ရက်နေ့ မှာပြုလုပ်ခဲ့ပါသည်။မှတ်မှတ်ရရ အဆိုပါယတြာလုပ် ပြီးနောက်တနေ့  နံနက်စောစောမှာ
ရန်ကုန်မြစ်တဖက်ကမ်း ရခိုင်ချောင် အရပ်ရှိ အဆောက်အဦးများအား ဌာနချုပ်မှူး သွားရောက်
စစ်ဆေးမည် ဖြစ်၍တပ်မှူးအားလုံးလိုက်ပါရန်ဌာနချုပ်ကအကြောင်းကြားလာ၏။
 Kyine Lian's photo.
 ၂၇.၇.၂ဝဝ၄ ရက်နေ့ နံနက်စောစောမှာသီလ၀ါဆိပ်ကမ်းတံတားသို့ ရောက်ရှိပြီး
ရလခ၌ပြုလုပ်သော သာဌာနချုပ်မှူးကြီးကိုစောင့်ဆိုင်းနေ ရလေသည်။ သို့ စောင့်ဆိုင်းနေစဉ်မှာပင်ကျွန်တော့်ခေါင်းမှာရိပ်ကနည်းတချက်တချက် ကိုက်၏။ ကျွန်တော်ကားသူများတွေ Life begins at forty ဆိုသည့်အစား
Pain begins at fortyဟုပြောင်းဆိုရမလောက်အသက်(၄၀) ကျော်တာနဲ့ ရောဂါတွေ တခုမဟုတ်တခုသွေးတိုးစမ်းဝင်ရောက်လာ၏။ ခဏခဏသွေးဖိအားတက်သဖြင့်ဆေးရုံ
တပ်မှူး ဗိုလ်မှူး ဒီပက်(ခ) ထံမှာမကြာခဏပြသရ၏။ ECG ရိုက်ကာ အဆီကျဆေး၊ သွေးကြောချဲ့ ဆေးများစားရ၏။
နံနက်(၉) နာရီခွဲ မှာဌာနချုပ်မှူး ရောက်လာပြီး ကျွန်တော်တို့ တဖက်ကမ်းကို သွားဖို့ ရေယာဉ်ကြီးတစီး၏ဘေးတွင်ကပ်ထားသော မိကျောင်းရယာဉ်ပေါ်ဆင်းကြ၏။ ကျွန်တော်ဆင်းသောအလှည့်တွင် ရုတ်တရက်ခေါင်းထဲ မိုက်ကနဲဖြစ်
သွားပြီး ရေယာဉ်ကြီးပေါ်ရှိကုန်းဘောင်ပြားပေါ်မှအောက်သို့ပြုတ်ကျသွား၏။အောက်ကမိကျောင်း
ကုန်းပတ်ပေါ်ကျမယ်ထင်မိသော်လည်း လှိုင်းအလှုပ်မှာ မိကျောင်းကကွာသွားပြီး
သင်္ဘောနှစ်စင်းကြားကရေထဲကိုတည့်တည့်ကျတော့သည်။ယူနီဖောင်းအပြည့်အစုံေ
တာစီးဖိနပ်နဲ့ ရေအောက် (၁၅) ပေလောက်မှာရောက်နေတာ သတိထားလိုက်မိ၏။ ရေပေါ်
ကြည့်လိုက်တော့မှောင်နေပြီးရှေ့ ညာတစောင်းလောက်မှာလင်းနေတာတွေ့ ရသည်။
ရုတ်တရက်ခါးမှာချိတ်ထားတဲ့ကင်မရာကိုစမ်း ကြည့်ရာမရှိတော့။ဆုံးပြီ။
ကြည့်စမ်း ဆိုးလိုက်တဲ့ သတိ။သေမင်းနဲ့ နပန်းလုံးနေရတာတောင်ဘုရားကိုအရင်သ
တိမရ ပဲ ကင်မရာဆိုတဲ့တဏှာက အရင်ပေါ်လာသည်။ ခုနေများသေသွားလို့ ကတော့
ကင်မရာဘေးမှာစောင့်ရတဲ့ ရေသတ္တ၀ါ တကောင်ကောင်သွားဖြစ်တော့မည်။
ကင်မရာကို ဥစ္စာခြောက်နေလို့ မဖြစ်။အပေါ်ကအလင်းရောင်ဘက် မှန်းပြီးကူးတက်ခဲ့ သည်။ ကွက်တိပင်။ သင်္ဘောနှစ်စီးကြားရောက်သွားသည်။ သင်္ဘောကြီးရဲ့  Port hole ကိုလှမ်း
ကိုင်ထားစဉ် လှိုင်းလှုပ်နေသဖြင့် အပေါ်ကစစ်သည်တချို့ သင်္ဘောနှစ်စီးကြားခြေထောက်နဲ့ 
ကန်ထားပေးကြသည်။မဟုတ်ကသင်္ဘောနှစ်စီးကြား မှာကြံဖတ်ဖြစ်သွားနိုင်သည်။
အပေါ်ကပြုတ်ကျစဉ်ဘာနဲ့ ရိုက်မိသည်မသိ၊ လက်မောင်းကနာနေသဖြင့်ကြာကြာမ
ကိုင်ထားနိုင်။မိကျောင်းပေါ်ကကြိုးတချောင်းကျလာသဖြင့်ဆွဲလိုက်ရာကြိုးနဲ့ အတူ
 ရေထဲမြုပ်သွားပြန်သည်။ပြန်ပေါ်လာတော့ဆရာကြီးတဦး Guard rail ကိုကိုင်ယင်း သူ့ ခြေထောက်တွဲလောင်းချထားရာထိုခြေထောက်ကိုပင်တွဲခိုမိတော့မှဝိုင်းဆွဲတင်ကြသည်။
"ဟေ့ သွေးမပူကြနဲ့ ၊ စိတ်အေးအေးထား မပြာနဲ့ ။ Life buoy ချပေးစမ်း "
သင်္ဘောကြီးပေါ်ကနေ ပြတ်သားသောသြဇာသံ ဖြင့်တည်ငြိမ်စွာ အမိန့် ပေးနေသူမှာ
ဦးစီး(ဒု) စစ်ထောက်ဖြစ်သူ မောင်တည်ငြိမ်ခေါ် ဗိုလ်မှူးစိုးလွင် ဖြစ်၏။ကျေးဇူးတင်ထိုက်သူများဖြစ်ကြပါသည်။
မိကျောင်းနောက်ကတွယ်တက်လာစဉ်
မှာတော့တံတားပေါ်က ဆောက်လုပ်ရေးသမားများလဲ ၀ိုင်းကြည့်နေကြ၏။ ခုနသေတော့
မလို ဖြစ်နေရာကခုတော့ မိုးတွင်းကြီးရေစီးသန်လှသည့် ရန်ကုန်မြစ်
ထဲ အပျင်းပြေရေဆင်းကူး သည့်မျက်နှာထား နှင့် ရင်ကော့ပြီးတက်လာခဲ့၏။ ဘယ်ရမလဲ။
ခုတော့လည်းဆယ်စုနှစ် နှစ်ခုကျော်မျှတာဝန် ထမ်းဆောင်ခဲ့ရသည့်ပင်လယ်ပြင်ကြီးနဲ့ 
မြစ်ကြီးမြစ်ငယ်အသွယ်သွယ် တို့ ကိုမကြာခဏပြန်လည်လွမ်းမော တမ်းတနေမိသည်။ တခါတရံနတ်မိမယ်လေးတွေလိုလှပ သိမ်မွေ့ သလောက်တခါတလေမှာ ဘီလူးသဘက်လို
ခက်ထန်ကြမ်းတမ်းတဲ့မာယာအပြည့်နဲ့ ပင်လယ်ကြီးကိုအဖော်ပြု နေရတဲ့ ပင်လယ်ပျော်တွေ
ဆိုတာ ကံမကောင်း လို့ ပဲဖြစ်ဖြစ် မတော်တဆဖြစ်ဖြစ် ရေထဲပြုတ်ကျတတ်ပါသည်။ ထိုအခါ
ရုတ်တရက် Panic ဖြစ် မသွားပဲစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားရန်လိုသည်။ပြီး
လျင်ဘေးဘီအ့ကဲခတ်။ ဘာကိုတွယ်လို့ ရမလဲ။ တွယ်စရာရှာမ
တွေ့ယင် အနီးဆုံး နေရာကိုကူး ၊ရေဆန်မကူးနဲ့ ၊မျှောကူး။ရှူးဖိနပ် စီးထားရင် ရေထဲမှာအသက်အောင့်ထားပြီးဖိနပ်ကိုအမြန်ချွတ်၊ခေါင်းအေးအေးထား
ပြီးဆောင်ရွက်လျင်အတန်အသင့် ရေကူးတတ်ရုံဖြင့် သတိတမံ၊ ဥာဏ်မြေကတုတ်
ပညာစွမ်းချွန်းအုပ်၍ အသက်ကိုကာကွယ်နိုင်ပါ လိမ့်မည်။
အရေးအကြီးဆုံးကတော့ဘ၀ပင်လယ်ပြင်ကျယ်ကြီးကိုကူးခတ်ကြရာမှာခြေကုန်လက်
ပမ်းကျမသွားဖို့ လိုအပ်သည်။သက်လုံကောင်း၍အမောစေ့နေသင့်သည်။ကျွန်တော့်အဖို့ လည်းရှေ့
ဆက်ကူးခတ်ရဦး မည့်ဘဝပင်လယ်ပြင်တမျှော်တခေါ် ကြီးကိုလှမ်းကြည့်ပြီး Brighten the corner where you are ဆိုသလိုရောက်ရာနေရာကလောကကိုအလင်းရောင်ပေးနိုင်ဖို့ အားတင်းထားရပေဦးတော့မည်။
အယ်ဖြူ သို့မဟုတ် soft powerရဲ့ စင်တာ
$
0
0
အယ်ဖြူ သို့မဟုတ် soft powerရဲ့ စင်တာ
ပြီးခဲ့တဲ့ နွေတုန်းက မိသားစုခရီးစဉ်လေးအဖြစ် တောင်ကြီးကို ဘာကြောင့် ရွေးချယ်ခဲ့ရသလဲ ဆိုတာ ပြန်စဉ်းစားကြည့်တော့ အကြောင်းအရင်း ၂ ရပ်ရှိတာ တွေ့ရတယ်။
ပထမအကြောင်းအရင်းက တော့ တောင်ကြီးမြို့ဟာ တောင်ပေါ်မြို့နဲ့အညီ အေးမြတယ်။စိမ်းလန်းတယ်။
ပူပြင်းခြောက်သွေ့တဲ့ အညာကလူအဖို့ ဒေသန္တာရ ပထဝီကိုက ဆွဲဆောင်နိုင်တယ်။
ဒုတိယကတော့ ဒေသထွက်ကုန်ကို စိတ်ဝင်စားခြင်း အကြောင်းရင်းတွေကြောင့် ခရီးသွားခဲ့ခြင်း ဖြစ်ပါတယ်။
ဒေသထွက်ကုန်ဆိုတဲ့နေရာမှာ နည်းနည်းခွဲခြားပြောဖို့ လိုမယ်ထင်ပါတယ်။
ဒေသထွက်ကုန် အစားအသောက် ကုန်ပစ္စည်း တွေရှိမယ်။နောက်ပြီး အဲဒီဒေသက နာမည်ကျော်ပုဂ္ဂိုလ်တွေ သူတို့ရဲ့ ထုတ်ကုန် အနုပညာလက်ရာတွေ ပါလိမ့်မယ်။
ရှမ်းပြည်ဆိုတာ ဂီတအနုပညာ သိပ်ထွန်းကားတဲ့နေရာဆိုတာ ဒီနေ့နာမည်ကျော်ကြားနေတဲ့ အနုပညာရှင်တွေ ကြည့်လိုက်တာနဲ့ သိနိုင်တယ်။
စိုင်းထီးဆိုင် စိုင်းခမ်းလိတ် စိုင်းဆိုင်မော့ လေးဖြူ အငဲ ဟန်ထွန်း နောက်ဆုံး စိုင်းစိုင်းခမ်းလှိုင် .,ထိ ရေတွက်ကြည့်ရင် ဆုံးမှာ မဟုတ်ဘူး။
ပြောချင်တာက ကျနော် တောင်ကြီးကို ရွေးလိုက်ရတဲ့ အကြောင်းက ပထဝီအနေအထားလှပမူ့
ဒေသထွက်ကုန် ကုန်ပစ္စည်း တွေကြောင့်ထက် ဒေသထွက် ဂီတအနုပညာရှင်တွေရဲ့ ဆွဲဆောင်နိုင်စွမ်းကို တိမ်းညွှတ်ခြင်းကြောင့်လို့ ဆိုရမယ် ထင်ပါတယ်။
ဒီဆွဲဆောင်နိုင်စွမ်းကို ပညာရှင်တွေက soft power လို့ သတ်မှတ်ထားပါတယ်။
စစ်ရေး အားကောင်းမူ့
စီးပွားရေးဖွံ့ဖြိုးမူ့
စတဲ့ လက္ခဏာတွေ ရှိရင် hard power အားကောင်းတယ်လို့ ဖွင့်ဆိုထားပါတယ်။
ယနေ့ အလွန်တရာ ရူပ်ထွေးပွေလီ အကဲဆတ်လှတဲ့ ကမ္ဘာကြီးမှာ ထိပ်တန်းရောက် ရှင်သန်ချင်ရင် ခုနပြောတဲ့ soft power ရော hard power ရော အားကောင်းရမယ်လို့ ဆိုကြပါတယ်။
အဲဒီpowerကို smart powerလို့ ဆိုထားကြပါတယ်။
ထူးခြားချက်က hard powerတွေဖြစ်တဲ့ စစ်ရေး စီးပွားရေ စတဲ့အချက်တွေဟာ အစိုးရတွေက တော်တော်များများ ဆင်းသက်လာတာ ဖြစ်ပြီး ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းရှိတဲ့ soft powerကတော့ အရပ်ဘပ်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။soft power ဖြန့်ဖြူးရာ စင်တာတွေက ပညာရေးအဖွဲ့အစည်းတွေ အနုပညာအဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
ကျနော်တောင်ကြီးကို ရွေးလိုက်ရတဲ့ အကြောင်းမှာ အပေါ်က ရေးခဲ့တဲ့ soft power စင်တာက ဂီတအနုပညာရှင် မောင်မောင်ဇော်လတ်နဲ့ အယ်ဖြူ တို့ကြောင့်လို့ ဆိုနိုင်ပါတယ်။
သူတို့ နှစ်ဦးကို စတင်သတိထားမိတာက ဇော်ဝင်းထွဋ်ရဲ့ နေရာသစ် စီးရီး မှာ ဖြစ်ပါတယ်။
အဲဒီထဲက ကိုယ်ပိုင်သံစဉ် သီချင်းတစ်ချို့က ကော်ပီတွေနဲ့ နေသားကျနေတဲ့ ကျနော့်ကို အံသြဘနန်း ဖြစ်စေခဲ့တယ်။
အဲဒီနောက်မှာ ရောင်စုံချောကလက်နဲ့ ရင်ခုန်ရှတစေခဲ့ပြီး နှံကောင်လေးရဲ့ နွေဦးပုံပြင်
ပထမ ဒုတိယ တတိယ စတဲ့ သီချင်းတွေနဲ့ ကော်ပီဂီတလောကကို ပြောင်းလဲစေခဲ့ပါတယ်။
ဒီထဲက နှံကောင်လေးရဲ့နွေဦးပုံပြင် စီးရီးက ခုထက်ထိ အထပ်ထပ် နားထောင် ဖြစ်နေပါသေးတယ်။ခုအချိန်မှာတော့
Soft powerရဲ့ စင်တာကြီး အယ်ဖြူ သေဆုံးသွားခဲ့ပါပြီ။
သူဆုံးသွားပေမယ့် သူကိုယ်တိုင်ရေး သူကိုယ်တိုင်ဆိုထားတဲ့ သီချင်းတပုဒ်ကတော့ ကျနော့်ကို ဆွေးဆွေးမြေ့မြေ့နဲ့ ဆွဲဆောင်နေပါတယ်။
ရင်ထဲက ချည်နှောင်ထားတဲ့
ဒီကြိုးလေးတွေလည်း
ပြတ်တောက်သွားရင် တို့နှစ်ဦးပဲ
နာကျင်မှာ တို့နှစ်ဦးပဲ
ဘယ်လိုရင်ဆိုင်မလဲ အမှောင်ညတွေ.,.
Soft power စင်တာကြီးကြောင့် တောင်ကြီးကို ခရီးသွားခဲ့တယ်။
သူကြောင့်ပဲ တောင်ကြီး တည်းခိုးခန်းတွေ စားသောက်ဆိုင်တွေ ရောင်းအားတက်ခဲ့ရတယ်။
တနည်း ဆွဲဆောင်နိုင်စွမ်း soft powerကြောင့် စီးပွားရေးတိုးတက်မူ့ Hard powerကို အထောက်အကူ ပြုပေးနိုင်ပြန်တယ်။
powerနှစ်ခုက သီးခြားမနေပါလား။
တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးပြုနေကြပါလား။
စီးပွားရေးအားနည်းတဲ့ ကျနော်တို့ နိုင်ငံအဖို့ soft powerနဲ့ကို စဉ်းစားမိပြီး သုံးတတ်ကြရင် ကောင်းမှာပဲလို့ အတွေးနယ်ချဲ့နေမိပါတယ်။
Naing Soe
၂၂ နှစ်ကာလမှာ တပ်မတော်က ဘာတွေလုပ်ခဲ့သလဲ
$
0
0
၈၈ခုနှစ်မှာ ….
တပ်က အာဏာရယူလိုက်ပြီးတဲ့ နောက် ….
အဓိက ပြုပြင်ပြောင်းလဲခဲ့တဲ့  ….
ကိစ္စကြီးတွေ အများကြီး ရှိတယ် ….
အဲဒီ အထဲကမှ …
အပစ်အခတ် ရပ်စဲခဲ့တဲ့ကိစ္စ …
တပ်မတော်ကို ခေတ်မီတပ်မတော် အဖြစ်…
အဆင့်မြှင့်တင်ခဲ့တဲ့  ကိစ္စ နဲ့  ….
နယ်စပ်ဒေသတွေမှာ ….
တပ်တွေနေရာချထားခဲ့တဲ့ ကိစ္စတွေက …
အတော် အရေးကြီးတယ် …
၄၈ ခုနှစ်ကတည်းက စခဲ့တဲ့  ပြည်တွင်းစစ်ဟာ …
တစ်ချိန်လုံး ဘယ်လိုမှ အဆုံးမသတ်နိုင်ခဲ့ဘူး…
ဒီအတိုင်းသွားနေရင်လဲ …
ဘယ်လိုမှ ဆုံးမှာမဟုတ်ဘူး ….
ဘာလို့ လဲဆိုတော့ …
ဗကပ အုပ်စုတွေကို …
တရုတ်က ထောက်ခံအားပေးနေပြီး …
တိုင်းရင်းသား အုပ်စုတွေကို …
ယိုးဒယားက ထောက်ခံအားပေးနေခဲ့လို့ ပဲ ….
၁၉၉၀ မှာ ဗကပ ပြိုကွဲသွားပြီး နောက် ….
အပစ်အခတ်တွေ စ ရပ်စဲတော့ …
စစ်အစိုးရ နဲ့  …
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့  ….
တွေ့ ဆုံတဲ့ နေရာမှာ …
အဓိက ပြောခဲ့တဲ့  စကား ၃ချက်ရှိတယ် …
၁။ ကိုယ့်ဒေသကို ကိုယ် ဖွံ့ ဖြိုးအောင်လုပ် …
၂။ မူးယစ်ဆေးဝါး မလုပ်နဲ့  ….
၃။ နောက်တက်လာတဲ့  ....
အရပ်သားအစိုးရ လက်ထက်မှာ …
နိုင်ငံရေး အရ ဆက်ဆွေး ….
ငါတို့ က အာဏာသိမ်း စစ်အစိုးရဖြစ်နေတော့ …
နိုင်ငံရေး လိုလားချက်တွေ ဆွေးနွေးလို့ မရဘူး ….
ဆိုတဲ့  အချက် တွေပဲ ….
အပစ်အခတ်ရပ်စဲ လိုက်တော့ …
ရှမ်းပြည် မှာတော့ ....
သိသိသာသာ ငြိမ်းချမ်းသွားတယ် …
ကျန်ခဲ့တာက ကေအန်ယူ နဲ့  ခွန်ဆာ ….
၉၃ ၉၄ ခုနှစ် ၀န်းကျင်တွေမှာ …
တပ်မတော်က ခြေမြန်တပ်မတွေက …
ယိုးဒယားနယ်စပ်က ...
ကေအန်ယူ အခိုင်အမာစခန်းတွေကို …
ထိုးစစ်တွေ စလုပ်တယ် …
မော်ဖိုးကေ မဲလ ...
ဝါးခသစ် ၀ါးခဟောင်း မာနယ်ပလော ….
အာ့စခန်းတွေ အကုန်ကျသွားတယ် …
နောက်ထပ် အခိုင်အမာစခန်းကြီးတွေ …
ထပ်မဆောက်နိုင်တော့ဘူး ….
ဒါပေမယ့် နယ်မြေကတော့ မငြိမ်းချမ်းဆဲပဲ ….
ခွန်ဆာ နဲ့  ၀နဲ့  က ...
၉၃ခုနှစ်ထဲက ….
စပြီး စစ်ဖြစ်ကြတယ် …
နယ်မြေလုတာရယ် စီးပွားရေးပြသနာရယ် …
ခွန်ဆာက သူ့ ကိုယ့်သူ ရှမ်းပြည်သမ္မတလို့  …
ထ လုပ်တာရယ် …
အကြောင်းတွေက အစုံပဲ ….
၁၉၉၅ လောက် အရောက်မှာ …
ဝတွေရော ခွန်ဆာရော နှစ်ဖက်လုံး …
လူထောင်ကျော် သေကုန်ပြီ ….
ဝက ပိုအထိနာတော့ အစိုးရဆီက …
အကူအညီ တောင်းရတယ် …
ခွန်ဆာအဖွဲ့ က အာ့တုန်းက …
အင်အားသုံးသောင်းလောက် ရှိတယ် ….
လေယာဉ်ပစ် SAM ဒုံးပျံတွေပါ ပိုင်တယ် …
ဌာနချုပ်က ဟိုမိန်းမှာ …
ဘုရင်လို နေတာ …
ပြည်ပ သတင်းထောက်တွေ …
အဖွဲ့ အစည်းတွေ …
တစ်ချိန်လုံး ၀င်ထွက် ….
ပွဲတွေ အခမ်းအနားတွေ ...
တစ်ချိန်လုံး လုပ်နေတာ…
ခွန်ဆာ ကို ထိန်းချုပ်ဖို့ က လိုနေတော့ …
အစိုးရကလဲ ၀တွေကို အကူအညီပေးတယ် …
၁၉၉၆ ၀န်းကျင်လောက်မှာ …
အဖွဲ့ တွင်းပြသနာတွေ ခွဲထွက်မှုတွေ …
စစ်ရေး အထိနာလာမှုတွေကြောင့် …
ခွန်ဆာအဖွဲ့ က လက်နက်ချလိုက်တယ် ….
အာ့မှာ ရှမ်းပြည်ဟာ ….
သေနတ်သံ တိတ်သလောက် ဖြစ်သွားတယ် ….
အဲဒီနောက်မှာ ….
စစ်အစိုးရ ရဲ့  လုပ်ဆောင်ချက်တွေ …
အများကြီးတွေ့ လာရတယ် ….
ကိုယ်တွေက အာ့အချိန် ဗိုလ်လောင်း ဖြစ်နေပြီ …
အာ့ကတည်းက Machanised army ဆိုတဲ့  စကားကို …
ကျောင်းမှာ တွင်တွင် ကြားနေရပြီ ….
အားလုံးကို မျက်လုံးပြူးစေတာက ….
တပ်သစ်တွေ အများကြီး ဖွင့်တဲ့  ကိစ္စပဲ ….
တပ်သစ်ကို ဘယ်စစ်သားမှ မသွားချင်ဘူး …
နေရထိုင်ရတာ အဆင်မပြေ …
အဆောက်အဦးမရှိ ယာယီတဲတွေနဲ့  ….
မီးမရှိ ရေက အဝေးကြီး သွားခပ်ရတယ် …
အဆိုးဆုံးက အာ့တပ်တွေက …
အရင်တုန်းက ...
ကိုယ်နဲ့ အသေအကြေ ချခဲ့တဲ့ သူတွေကြားမှာ …
အရင် ရှေ့ တန်း တစ်ဂျိန်းဂျိန်း ပစ်ခတ်နေတဲ့ ….
နေရာတွေမှာ သွားဖွင့်တာ …
ခလရ ၁၂၅ ကုန်းကြမ်းက တပ်ဆိုရင် …
ကိုယ် ကျောင်းဆင်းလို့  တပ်ရောက်တဲ့ အထိကို …
တစ်ခုခု အဆင်မပြေဖြစ်ရင် ….
အာ့နားက ကိုးကန့် ရွာတွေက …
တပ်ကို လာလာဝိုင်းတုန်း …
ရွာဆိုလို့  ပေါ့သေးသေး မမှတ်နဲ့  …
လက်နက်အပြည့်အစုံ ရှိတယ် …
ဗကပ ဟောင်းတွေ အများကြီး …
တစ်ချို့ အဖိုးကြီးတွေက …
ကွမ်းလုံတိုက်ပွဲတုန်းက ပါဖူးတယ်တဲ့  ….
အာ့တော့ ဘယ်သူမှ တပ်သစ်ကို မသွားချင်ကြဘူး…..
ဒါပေမယ့် ဘယ်လွတ်မလဲ …
တပ်သစ်က နည်းနည်းနောနော ဖွင့်တာ မဟုတ် …
တစ်ပြည်လုံးမှာ တပ်ရင်းတွေ ရာနဲ့ ချီ ဖွင့်တာ…
အခု အခြေကျနေပြီဖြစ်တဲ့  …
စကခ ဒကစတွေက အာ့တုန်းက စခဲ့ကြတာ …
တပ်မ ၂၀ ၃၀ လောက် ….
တပ်ရင်း ၃၀၀ ၄၀၀ လောက် ….
ဆက်တိုက်ဆိုသလို ဖွင့်လာတော့ …
တပ်မတော် တစ်ခုလုံး အကြီးအကျယ် ….
အပြောင်းအရွေ့ တွေ လုပ်ရတယ် …
တပ်ဟောင်းတွေက …
တစ်တပ် လူ၁၀ယောက် လာထား …
လူဟောင်း ၁၀၀ …
အခုမှ ကျောင်းဆင်းလာတဲ့  လူသစ် ၁၀၀ …
လာခဲ့ တပ်ရင်းမှူး …
တပ်ရင်းမှူးကလည်း ဗိုလ်မှူး …
အခုမှ ယာယီတပ်ရင်းမှူး အမိန့် ထွက်တာ ….
လစ်တော့ အာ့မှာ တပ်မြေပုံ …
မင်း သွားပြီး မြေညှိထားနှင့် ….
အာ့လိုလာတာ ….
အာ့ ကာလတွေက ကျောင်းဆင်းပွဲတွေမှာ …
ကျောင်းဆင်း အရာရှိတွေ အမြဲရွာလည်ရတာက …
ကိုယ့်တပ်က ဘယ်နားရှိမှန်း မသိတဲ့  ပြသနာ …
တပ်နံပါတ်တွေကလဲ အသစ်တွေ ….
ကျောင်းက အရာရှိတွေလဲ မသိကြတော့ဘူး …
ဒီလိုပဲ မေးလိုက် မြန်းလိုက်နဲ့  …
စုံစမ်းပြီး သတင်းသွားပို့ ရတယ် …
တပ်တွေက လူကမပြည့် …
အဆောက်အဦးက မရှိ နဲ့  …
ပတ်ဝန်းကျင်ကလဲ …
တစ်ယောက်တည်း နှစ်ယောက်တည်း …
အမှတ်တမဲ့ သွားမိရင် …
သတ်ပြစ်လိုက်ကြတာ ….
အာ့လို နေရာမျိုးတွေ ….
ည ၆နာရီနောက်ပိုင်း ဆိုရင်တော့ …
အရာရှိရိပ်သာ နား လုံးဝမသွားနဲ့  ….
( အမှန်က အရာရှိတဲလေး ကတ္တရာလိပ်လေးမိုးထားတာ )
ရိပ်သာ မရောက်ခင် …
ခြေလှမ်း ၃၀လောက်ကတည်းက ….
စစ်ရုံးက ပုဂ္ဂိုလ်တွေကို ….
နည်းမျိုးစုံ အော်ဆဲနေတဲ့ အသံတွေကို …
နားမဆံ့ အောင် ကြားရမယ် …
ဒါပေမယ့် ၂၀၁၀ မတိုင်ခင် …
အာ့တပ်တွေက အတော်အထိုင်ကျကုန်ပြီ …
အခိုင်အမာ အဆောက်အဦးတွေ ဖြစ်နေပြီ …
တပ်တွင်းလမ်းတောင် ကတ္တရာလမ်းတွေ ဘာတွေနဲ့ …
၂၀၁၀ ၀န်းကျင် လောက်ရောက်မှ …
လက်ရှိ တပ်မတော်က တပ်ရင်းတွေရဲ့ တပ်တည်တွေနဲ့  …
၁၉၈၈ ၀န်းကျင်က တပ်တည်တွေ …
ချိန်ထိုးကြည့်တော့မှ …
တစ်ချို့ အရာတွေကို နက်နက်နဲနဲ နားလည်လာမိတယ်…
မနှစ်က မပခ က ညီလေးတစ်ယောက်နဲ့ အတွေ့ …
အချိန် အတော်ကြာကြာ …
စကားလက်ဆုံ ကျ နေကြတယ် ….
သူပြန်သွားတော့ စဉ်းစားစရာတွေ…
တစ်ပုံတစ်ခေါင်း ကျန်ခဲ့ရတယ် ….
၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ၇က်နေ့ မှာ ….
ပန်ဝါမှာရှိတဲ့  …
နယ်ခြားစောင့်တပ်ရင်း (၁၀၀၂ ) ကို …
ကေအိုင်အေ တပ်မဟာ ၁၀၁ က …
တပ်မဟာမှူးကိုယ်တိုင် ဦးစီးပြီး ၀င်တိုက်တယ် …
ထုံးစံအတိုင်း …
ကြိုတင်စီစဉ်ပြီး တိုက်တာ …
ဝင်လမ်း ထွက်လမ်း ….
စစ်ကူလိုက်လာမယ့် တပ်တွေကို …
ကြားကဖြတ်တိုက်မယ့်တပ်တွေ…
ခြုံခို မယ့် အဖွဲ့ တွေ အားလုံးအသင့်နေရာယူပြီးမှ …
လက်နက်ကြီးတွေ ဗုံးဗောလအော ပစ်ပြီး …
အပြီဆော်တာ ….
စစ်ကူကတော့ ဘယ်လိုမှ လာနိုင်စရာ မရှိ…
နယ်ခြားစောင့်တပ်က လဲ …
အသေခံကို ချတယ် …
မိန်းမတွေပါ သေနတ်တွေကိုင်ပြီး ၀င်ဆော်တယ် …
ဒါပေမယ့် အင်အားက အရမ်းကွာနေတော့ …
တပ် ရဲ့  သုံးပုံ နှစ်ပုံလောက်ကို …
ရန်သူက ၀င်စီးမိနေပြီ …..
နောက်ဆုံး တပ်ဗဟိုကင်း တစ်ခုပဲ ကျန်တော့တယ် …
အဲ ဗဟိုကင်းလဲ ဇကာပေါက်ဖြစ်နေပြီ …
ဒါပေမယ့် တပ်မှာတော့ ….
ဒါဟာ ဘာမှ မထူးဆန်းဘူး …
ဖြစ်ရိုးဖြစ်စဉ်ပဲ …
စခန်းကို ၀ိုင်းချတယ် …
စစ်ကူအဖွဲ့ တွေကို ဖြတ်တောက်ထားတယ် ….
စခန်းကျပြီဆို …
စိမ်ပြေနပြေ မီးရှို့ ဖျက်ဆီးတယ် ….
စစ်ကူတပ်တွေက …
နောက်တစ်ရက်လောက်မှ ရောက်မယ် ….
အလောင်းကောက်မယ် …
မိုင်းရှင်းမယ် …
စခန်းကို ပြန်ဆောက်ရမယ် …
ဒါ သီအိုရီပဲ ….
တစ်သက်လုံး ဒီအတိုင်းဖြစ်ခဲ့တာ ….
ဒါပေမယ့် အခုကျတော့ ….
ထင်မထားတာတွေက ဖြစ်လာတယ် …
ရုပ်ရှင်ထဲကလိုပဲ ….
စခန်းကျခါနီး …
ခေါင်းပေါ်မှာ ရုတ်တရက် ရောက်လာတာက …
MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ….
ရော့ကက်တွေ တစ်ဂျိမ်းဂျိမ်း ပစ်တယ် …
ရဟတ်ယာဉ်မှာပါတဲ့  ….
၂၀ မီလီမီတာ စက်အမြောက်က …
အတော် ဆိုးတယ် …
ပေါင်လုံးလောက် သစ်ပင်တွေပါ ပြတ်ကျတယ် ….
ကေအိုင်အေ တပ်မဟာ ၁၀၁ …
ခဏ နောက်ပြန်ဆုတ်ရတယ် …
ရဟတ်ယာဉ် ကျည်ကုန်လို့  ပြန်သွားမှ …
ဆက်သိမ်းမယ်လို့ စဉ်းစားတယ် …
ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးဘူး …
ရဟတ်ယာဉ်တွေက ပိုပိုများလာတယ် …
ပွိုင့် ဖိုက် နဲ့  စက်လတ်ပစ်သံတွေပါ ပါလာတယ် …
မယုံနိုင်စရာကောင်းတာက …
တပ်မတော်က တပ်ရင်းတစ်ရင်းလုံး ….
ရဟတ်ယာဉ်တွေ နဲ့  လိုက်လာတာ …
လူသယ် ရဟတ်ယာဉ်တွေက …
ပစ်ရင်းခတ်ရင်း …
တိုက်ပွဲ ဧရိယာနားမှာပဲ ဆင်းတယ် ….
လူတွေ ခုန်ချတယ် …
ပြန်လှည့်တယ် ….
နောက်ထပ်လူတွေ သွားသယ်တယ် …
အပေါ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက …
ထောင်းလမောင်း ကျေအောင် ပစ်နေတော့ …
စစ်ကူ လူသယ်ရဟတ်ယာဉ်တွေ ….
တလစပ်ဆင်းနေတာကို…
ဘာမှ လုပ်မရဘဲ ….
နောက်ဆုံး ကေအိုင်အေ တပ်မဟာတစ်ခုလုံး …
အလဲလဲ အကွဲကွဲ နဲ့ ပြန်ဆုတ်ရတယ် …
တစ်ခါ လဂျားယန် ကိစ္စ …
လဂျားယန်မှာ ၀ိုင်းခံနေရတဲ့  တပ်ကို ကယ်ထုတ်ဖို့  …
စစ်ကြောင်းတွေက တိုးဝင်သွားတယ် …
ကေအိုင်အေ နဲ့  အေဘီ ပူးပေါင်းအဖွဲ့ က စောင့်ချတယ် …
အပေါ်က ရဟတ်ယာဉ်တွေလိုက်လာတယ် ..
ပစ်ကူ ပေးပြီး လမ်းကြောင်းကို ရှင်းထုတ်တယ် …
အာ့မှာ အချက်အခြာကျတဲ့  တောင်ကုန်းတစ်ချို့ ကို …
တပ်တွေက တက်ရှင်းလိုက်တယ် …
အာ့အထိ ဘာမှ မထူးဆန်းသေးဘူး …
ထူးဆန်းတာက နောက်က လိုက်လာတဲ့  ရဟတ်ယာဉ်တွေ ….
စစ်ကူတွေပါလာတယ် …
ရိက္ခာ ခဲယမ်းတွေပါလာတယ် …
တောင်ထိပ်တွေပေါ် ချပေးသွားတယ် …
နောက်တစ်ခေါက် ပါလာတာက …
အမြောက်တွေ ….
ကြိုးနဲ့ ဆွဲလာတာ …..
တစ်ရက်အတွင်း အာ့တောင်ကုန်းက …
အမြောက်စခန်း ဖြစ်သွားတယ် ….
အမြောက်တကမ်း မီတဲ့  ကုန်းတွေပေါ်က …
ကေအိုင်အေ စခန်းတွေ အားလုံးဆင်းပြေးရတယ် …..
နောက်က ခြေလျင်တပ်တွေ က …
ထပ်ချပ် လိုက်သိမ်းတယ် ……
တစ်ပတ်လောက်အတွင်း ...
ကေအိုင်အေ စခန်းတွေ ကုန်သလောက် ဖြစ်သွားတယ် ….
တပ်မတော်က ခုနောက်ပိုင်း စသုံးလာတဲ့  စစ်နည်းဗျူဟာအသစ် …
ခြေလျင်တပ်ကို …
တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက ပစ်ကူပေး …
အချက်အခြာကုန်းတွေရတာနဲ့  …
အမြောက်တွေကို ရဟတ်ယာဉ်နဲ့ ဆွဲလာ …
ပတ်ပတ်လည်ကို မွမွကြေအောင်ချေပြစ်လိုက်တာ …
ပြီးရင် နောက်တစ်ကုန်း …
နောက်တစ်ကုန်း ……
ဒီ စစ်နည်းဗျူဟာ ဟာ …
အခုအထိတော့ ….
လေတပ်မရှိတဲ့  လက်နက်ကိုင်တပ်တွေ အတွက် ….
တကယ့် အိပ်မက်ဆိုးပဲ ….
ဆိုလိုတာက …
ဝ လိုဟာမျိုး သူ့ ဖာသာသူ ….
ဘယ်လောက် အင်အားတောင့်တောင့် …
ခုနက စစ်နည်းဗျူဟာနဲ့ ဆို အတော်ခက်သွားပြီ…
အနောက်ကနေ အမြောက်ဆွဲပြီးလိုက်လာတဲ့  ….
ရဟတ်ယာဉ်တွေကို တားဆီးဖို့ 
လေယာဉ်ပစ် ဒုံးကို သုံးမယ် ဆိုရင်လဲ …
ရှေ့ ကနေ လမ်းကြောင်းကို ရှင်းနေတဲ့  …
ရှေ့ ကာတပ်တွေကို ဖောက်ဝင်နိုင်မှရမယ် …
ဒါလဲ အပြောသာ လွယ်တာ …
လက်တွေ့ တော့ ဒီလောက်မလွယ်လှဘူး ….
သေချာတာကတော့ တပ်မတော်ဟာ ….
ကြည်း လေ အမြောက် ဟန်ချက်ညီ စစ်နည်းဗျူဟာကို …
စတင် သုံးစပြုလာပြီ ….
မိတ္ထီလာမှာ လုပ်သွားတဲ့  …
လေ့ကျင့်ခန်း အနော်ရထာ ဟာ …
ဒါကို အထင်အရှား သက်သေပြတယ် ….
နောက်ထပ် ထင်ရှားတာက တစ်ခုက …
ဒီလိုဆိုရင် .....
တပ်မတော် ရဲ့  ၂၂ နှစ် စီမံကိန်းတစ်ချို့  …
မှန်ကန်အောင်မြင်ခဲ့တယ် ဆိုတာပဲ …
၂၂ နှစ် ကာလမှာ …
တပ်မတော် အနေနဲ့  ရုပ်ဆိုးခဲ့တာတွေလဲ ရှိတယ် …
အဓိက ရုပ်အပျက်ဆုံးက …
ဗိုလ်ချုပ်တွေ ကိုယ်ကျိုးရှာခဲ့တဲ့  ကိစ္စပဲ ….
ဒီနေရာမှာ ဗိုလ်ချုပ်အဆင့် လယ်ဗယ် မို့ သာ …
ဗိုလ်ချုပ်လို့ တပ်လိုက်ရတယ် …
တကယ်တန်းပြောရရင်တော့ ….
အရပ်ဖက်ရာထူး တယက ဥက္ကဌ လို့ ပြောမှ ပိုမှန်မယ် …
တိုင်းမှူးရာထူးကြောင့် ခြစားလို့ ရတာမဟုတ် …
တယက ဥက္ကဌ ရာထူးကြောင့် ခြစားလို့ ရတာ …
ဆိုလိုတာက အာဏာသိမ်းထားတော့ ….
စစ်တပ်ရာထူး အပြင် …
အရပ်ဖက် စီမံခန့် ခွဲမှုကို တွဲယူရတယ် …
အာ့မှာ လစ်ကုန်တာပဲ ….
တကယ်တန်း ပြောရရင် …
စည်းလွတ်ဝါးလွတ် လာဘ်စားမှု မသမာမှုကြီးတွေက …
ထောက်လှမ်းရေး မရှိတော့တဲ့  …
၂၀၀၄ နောက်ပိုင်းမှ စတယ် …
ဒီနေရာမှာ စစ်ခေါင်းဆောင်တွေ ဖြစ်ချင်တာက ….
၂၀၁၀ လောက်မှာ တပ်က နောက်ပြန်ဆုတ်တော့မှာမို့ …
ထောက်လှမ်းရေး တပ်ဖွဲ့ ကို …
Counter Role မပေးတော့ဘဲ …
သူ့ ရဲ့ မူလတာဝန် Combat Role ကိုပဲ …
လုပ်စေချင်တော့ဟန် ရှိတယ် …..
ဒါကြောင့် စရဖ ကို ပြန်ဖွဲ့ စည်းတဲ့  နေရာမှာ ….
အရင်ထောက်လှမ်းရေး စတိုင် …
ဒေသတစ်ခုမှာ တိုင်းမှူး နဲ့  ထောက်လှမ်းရေးတပ်မှူး ….
အပြိုင်ထားရှိတဲ့ စနစ်ကို ဖျက်သိမ်းပြီး …
အသစ်ဖွဲ့ တဲ့  စရဖ တပ်မှူးကို …
တိုင်းမှူးအောက် ထိုးထည့်လိုက်တယ် …
တိုင်း စရဖ G1 ကိုယ်တိုင်က …
တိုင်းမှူးအောက်မှာပဲ ရှိတော့ …
Report မှန်သမျှဟာလဲ …
အရင်လို ထိပ်ပိုင်းကို တိုက်ရိုက်မတင်ရတော့ဘဲ ….
တိုင်းက တစ်ဆင့်သာ တက်ရတော့တယ် ….
ဒါဟာ အခု ၂၀၁၀ နောက်ပိုင်း …
တိုင်းမှူးက အရပ်ဖက်ရာထူးကို ….
မကိုင်ရတော့တဲ့  အခြေအနေအတွက် ….
သင့်တော်ပေမယ့် ….
အာ့အချိန်တုန်းကတော့ …
ဒေသတွင်းမှာ တိုင်းမှူးတွေ အပေါ် …
Check & Balance လုပ်ထားတဲ့  ….
ဟန်ချက်တွေပျက်သွားစေခဲ့ပြီး ….
ထင်ရာစိုင်း ဇာတ်လမ်းတွေ …
အကြီးအကျယ် ပေါ်လာစေခဲ့တယ် ….
မြေကွက် ရာနဲ့ ထောင်နဲ့ ချီပြီး စီမံခန့် ခွဲခွင့်ရှိနေတဲ့  ….
တယက ဥက္ကဌတွေဟာ ….
သူတို့ လုပ်သမျှ Report ထိုင်တင်နေတဲ့  …
ထောက်လှမ်းရေးတပ် တွေ မရှိတော့တဲ့ နောက် …
ဒေသတွင်းမှာ မသမာမှုတွေ အမြောက်အများ …
ဖြစ်ကုန်ရတော့တယ် ….
ဒီလိုပြောလို့  ထောက်လှမ်းရေး ကောင်းကြောင်း ….
အမွမ်းတင်နေတာမဟုတ် …
ထောက်လှမ်းရေးတွေလဲ မသမာမှုတွေ ဖြစ်တာပဲ ….
သို့ သော်လည်း ထောက်လှမ်းရေး ဖြစ်တဲ့ မသမာမှုဟာ…
တယက ဥက္ကဌတွေ ဖြစ်တဲ့  မသမာမှုနဲ့  မတူ …
ဘာလို့ လဲ ဆိုတော့ …
တယက ဥက္ကဌ တွေမှာက …
Administrative Power ရှိနေလို့ ဖြစ်တယ် …
ဥပမာ ပြောရရင် …
မှောင်ခိုကားကို ပိုက်ဆံတောင်းတာနဲ့  …
မြို့ သစ်တည်ဖို့  မြေကွက်ဖော်ထုတ်တဲ့ နေရာမှာ …
လာဘ်စားတာ မတူတဲ့  သဘောမျိုး ဖြစ်တယ် ….
အရပ်ဖက် စသုံးလုံးတို့  ရဲတို့ ကလည်း …
စစ်အာဏာသိမ်းထားချိန်ဆိုတော့ ….
တိုင်းမှူးကို Report တင်ရဲဖို့ နေနေသာသာ …
မော့တောင် မကြည့်ရဲ ….
တင်ရဲတဲ့  စစ်သားချင်းကျတော့လဲ ….
ကိုယ့် အုပ်ချုပ်မှု အောက်ကို ဆွဲသွင်းလိုက်ပြီးပြီမို့  …
ဒီကိစ္စဟာ နောက်တစ်ချိန် …
ဒီ ၂၂ နှစ် တပ်မတော် သမိုင်းကာလမှာ …
ကိုယ်လုပ်ခဲ့တဲ့  ရလာဒ်ကောင်းတွေပေါ်တောင် …
အများကြီး အလွှမ်းမိုးခံခဲ့ ရပြီး ….
အတော် လက်ညိုးထိုးစရာလဲ ဖြစ်ခဲ့ရတယ် …..
ဘာရယ်မဟုတ် …
ဒီနေ့ မနက် ပျင်းပျင်းရှိတာနဲ့  …
အတွေး နယ်ချဲ့ နေမိတာ ….. ။ ။
( ရဲမိုး )
( Photo - လေ့ကျင့်ခန်း အနော်ရထာ )
ဒီမိုကရက်တိုင်ဇေးရှင်း နှင့် အာဏာဒေါက်တိုင်များ
$
0
0
ဒီမိုကရက်တိုင်ဇေးရှင်း နှင့် အာဏာဒေါက်တိုင်များ(ဒီနေ့ထုတ် The voice Daily ဆောင်းပါး)
ဒီမိုကရက်တိုင်ဇေးရှင်းဖြစ်စဉ် အောင်မြင်နိုင်ရန် သတိပြုရမည့်အချက်များထဲမှာ အာဏာဒေါက်တိုင်များကို စည်းရုံးသိမ်းသွင်းနိုင်ခြင်းသည် လည်း တစ်ခုအပါအဝင်ဖြစ်သည်။အာဏာအဆောက်အအုံတစ်ခု ခိုင်ခံ့တည်မြဲခြင်းသည် အာဏာဒေါက်တိုင်များ၏ ထောက်ပံ့စွမ်းအားမပါဘဲ ရပ်တည်နိုင်မည် မဟုတ်ပေ။သို့သော် အာဏာဒေါက်တိုင်များသည် ပေးဆပ်မှူအခြေခံထားသော အသက်မွေးဝမ်းကျောင်းပိုင်ရှင်များ ဖြစ်သည်ကို သတိပြုရန်လိုအပ်ပြီး ၎င်းတို့တန်ဖိုးကို လျစ်လျူရှူတွေးခေါ်ရန် မသင့်ပေ။
အာဏာဒေါက်တိုင်များသည် အာဏာဆောက်အအုံ တည်တံ့ခိုင်မြဲရေးအတွက် အရေးပါသည်ကို အာဏာပိုင်ဆိုင်သူများက ကောင်းစွာ သိမြင်ကြသည့်အတွက် အာဏာဒေါက်တိုင်များကို နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး သိမ်းသွင်းလေ့ရှိကြသည်။သိမ်းသွင်းမှူနည်းလမ်းများထဲတွင် မက်လုံးပေးခြင်းနှင့် ခြိမ်းခြောက်ဖိအားပေးခြင်းတို့ ပါဝင်ပြီး မိသားစုပိုင်ဆိုင် များသူအနေဖြင့် ပိုမိုလွန်ဆန်ရန်ခက်ခဲနေတတ်ကြသည်။နောက်ဆုံးတွင် အာဏာဒေါက်တိုင်များအနေဖြင့် လွန်ဆန်ရန်ခက်ခဲသော အခြေအနေများကြောင့် နာခံခြင်း ကို အ ကောင်းဆုံးဘဝ နေနည်းဖြင့် သိမြင် ခံစားနားလည်သွားတတ်ကြပြီး အာဏာအဆောက်အအုံကို ပိုမိုခိုင်ခံ့စေပေသည်။
စင်စစ်တွင် အာဏာအဆောက်အအုံကို ထောက်ပံ့ပေးထားသော အာဏာဒေါက်တိုင်များသည် မှားယွင်းသော စနစ်အောက်တွင် အလုပ်အကျွေးပြု နေသူများဖြစ်သည်။သူတို့သည် ပြည်သူ၏ ရန်သူမဟုတ်ပေ။စနစ်တစ်ခု၏သားကောင်းများသာုဖြစ်ပေသည်။အာဏာဒေါက်တိုင် များကို ဖြိုဖျက်ရန် ကြိုးပမ်းခြင်း (သို့) ရန်သူအဖြစ် ရှူမြင်ခြင်းက ဒီမိုကရက်တိုင်ဇေးရှင်း ဖြစ်စဉ်ကို ကောင်းစွာ အထောက်အပံ့မပြုဘဲ တခါတရံတွင် ဆိုးဝါးသော ရလာဒ်များနှင့်သာ ကြုံတွေရနိုင်ဖွယ် ရှိပေသည်။အာဏာဒေါက်တိုင်များကို "အား "တစ်ခုအဖြစ်ယူဆပြီး တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မှန်ကန်စွာရပ်တည်လုပ်ကိုင်နိုင်စေရန် စည်းရုံးဆွဲဆောင်ရမည်ဖြစ်သည်။
၎င်းတို့သည် တိုင်းပြည်တည်ငြိမ်ရေးနှင့် အစိုးရယန္တရားလည်ပတ်ရေးတို့အတွက် အဓိကကျသောအရာများဖြစ်ပြီးတိုင်းပြည်ခိုင်မာစေရန် ထောက်ပံ့ထားသော
 ဒေါက်တိုင်များလည်းဖြစ်ပေသည်။သူတို့သည် တိုင်းပြည်တည်ငြိမ်ရေးနှင့်လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်သောကြောင့် တိုင်းပြည်အတွက်ပေးဆပ်သူများ အဖြစ်ခံယူထားသူများဖြစ်သည်။ထို့ကြောင့် ၎င်းတို့ကို ဖိအားပြောဆိုရာ၌ တိုက်ခိုက်သည်ဟု မခံစားမိစေရန် သတိပြုပြောဆိုရန်လိုအပ်ပေသည်။အဘယ်ကြောင့်ဆိုသော် အာဏာဒေါက်တိုင်အများစုသည် အာဏာဒေါက်တိုင်အဖြစ်ထက် အုပ်ချုပ်ရေးလက်တံအဖြစ်သာ ၎င်းတို့ကိုယ်တိုင် သိမြင် နားလည်ထားသူများဖြစ်သောကြောင့် ဖြစ်သည်။
၎င်းတို့၏ နေ့စဉ်ဖြတ်သန်းမှူများတွင် ပေးဆပ်မှူများကို အခြေခံထားသည်ဖြစ်ရာ ၎င်းတို့ဘဝကို မြတ်နိုးနေကြသူများဖြစ်သည်။ခံစားမှူရှေ့တန်းတင်တွေးခေါ်သူ အများစုသည် ၎င်းတို့ကို ဖိအားပေးပြောဆိုရာ၌ လွဲမှားစွာချဉ်းကပ်လေ့ရှိကြသည်။ အာဏာရှင်စနစ်အပေါ် ဒေါက်တိုင်များအဖြစ် ထောက်ပံ့ထားမှူအပေါ် ပြောင်းလဲလိုသောကြောင့် ဖိအားပေးပြောဆိုမှူများသည် ၎င်းတို့အသက်မွေးဝမ်းကျောင်းအပေါ်ထားရှိသော ယုံကြည်မှူကို ချိုးဖျက် သည်ဟု ခံစားရလျင် ဖိအားပေးပြောဆိုမှူများသည် အသုံးဝင်မည်မဟုတ်ချေ။
အာဏာဒေါက်တိုင်များအနေဖြင့် သီးခြား နယ်မြေများ (လိုင်းခန်း။ဈေး။ကျောင်း။ဆေးပေးခန်း)တွင် နေထိုင်ရသည်မှာ အချိန်အများစုဖြစ်သည်။နေသားတကျဖြစ်သော အတွေးအခေါ်စံနှူန်းများနှင့် ယုံကြည်ချက်များမှာ သာမန်ပြည်သူအများစုနှင့် ကွာဟ နေတတ်သည်။၎င်းတို့သည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ဗဟိုပြုတွေးခေါ်ကြပြီး အချုပ်အချာအာဏာ ပိုင်ဆိုင်မှူကို ခြိမ်းခြောက်လာနိုင်မည့် အရာများကို ဦးစားပေးထည့်သွင်း ဆုံးဖြတ်တတ်သူများဖြစ်သည်။သာမန်ပြည်သူအများစုက ဒီမိုကရေစီစံနှူန်းများနှင့် လူ့အခွင့်အရေးကို ဗဟိုပြု တွေးခေါ်ရန် အားသန်ကြသည်။စင်စစ်တွင် တွေးခေါ်ခြင်း ရှူထောင့် ကွဲလွဲ၍ အတွေးပုံစံ ကွဲလွဲနေကြခြင်းသာဖြစ်သည်။မိမိတို့ဗဟိုပြုတွေးခေါ်ရာ ရှူထောင့်ကို တရားသေဆုပ်ကိုင်ထားခြင်းမပြုဘဲ ဖြန့်ကျက်တွေးခေါ်ခြင်းဖြင့် ကွာဟ မှူများကျဉ်းမြောင်းလာမည် ဖြစ်ပြီး အတွေးပုံစံများ နီးစပ်လာမည် ဖြစ်သည်။ထိုသို့ ဖြစ်လာစေရန် ကျွန်တော်တို့ဘာလုပ်ရန် လိုအပ်သနည်း။အာဏာဒေါက်တိုင်များ ၏ အတွေးပုံစံကို မည်သို့ပြောင်းလဲယူကြမည်နည်း။
ကျွန်တော်တို့၏ ရပ်တည်ချက်များသည် အတွေး များမှ ဖြစ်တည်ခြင်းဖြစ်ပြီး အတွေးများ၏ မြစ်ဖျားခံရာသည် ခံစားမှူဖြစ်သည်။ထို့ကြောင့် အာဏာဒေါက်တိုင်များကို ဖိအားပေးပြောဆိုရာ၌ ၎င်းတို့ရဲ့ခံစားမှူများကို ဂရုပြုရန်လိုအပ်သည်။အထူးသဖြင့် ၎င်းတို့ရဲ့အသက်မွေးဝမ်းကျောင်းအပေါ်ထားသော ယုံကြည်မှူတန်ဖိုးမကျစေဘဲ အာဏာရှင်စနစ်ကို ကာကွယ်ပေးသည့်အချက်များကိုသာ တည့်တည့်ပြောဆိုသင့်ပေသည်။သိမ်းကြုံးပြောဆိုခြင်းမပြုသင့်ပေ။ဒီမိုကရေစီစံနှူန်းနှင့် လူအခွင့်အရေးစံနှူန်းများကို နားလည်ယုံကြည်လာစေရန် စည်းရုံးသိမ်းသွင်းရမည်ဖြစ်သည်။ထို့သို့ စည်းရုံးရာ၌ စိတ်ရှည်သည်းခံရန် လိုအပ်သည်။အဘယ်ကြောင့်ဆိုသော် ဒီမိုကရက်တစ်အမူအကျင့်များ စိမ့်ဝင်ပျံ့နှံ့စေရန် အချိန်လိုအပ်သောကြောင့်ဖြစ်သည်။
ဒီမိုကရေစီ အမိုးအကာအောက်တွင် နေထို်င်ကြခြင်းဖြင့် ၎င်းတို့အပေါ်ထားသည့် ပြည်သူများရဲ့ ယုံကြည်လေးစားမှူတန်ဖိုး မြင့်မားလာမည်ဖြစ်ကြောင်း သိနားလည်သည် အထိစည်းရုံးရပေမည်။
၎င်းတို့သည် တိုင်းပြည်အတွက်ပေးဆပ်မှူများကို အခြေခံကာ နေ့စဉ် ဘဝကို ဖြတ်သန်းနေကြသူများဖြစ်သည်။သို့သော် လွဲမှားသောနိုင်ငံရေးစနစ်အောက်တွင် အများရဲ့ယုံကြည်လေးစားမှူကို မရနိုင်ဘဲဖြစ်နေကြသည်။တရားခံမှာ နိုင်ငံရေးစနစ်ဖြစ်သော်လည်း သိမ်းကြုံးပြောဆိုမှူများက ၎င်းတို့ရဲ့ ခံစားသိမြင်မှူကို လွဲမှားစေသည်။အချိန်ကြာလာသောအခါ ဖိအားပေးပြောဆိုမှူများကို အကောင်းမမြင်နိုင်တော့ဘဲ ၎င်းတို့ကို တိုက်ခိုက်သော လုပ်ရပ်များအဖြစ်သာရှူမြင်လာကြသည်။ထိုသို့ဖြစ်လာပါက ဒီမိုကရက်
တိုင်ဇေးရှင်းဖြစ်စဉ်သည် လိုအပ်သည်ထက် အချိန်ပိုကြာမည်ဖြစ်သည်။
အာဏာဒေါက်တိုင်များကိုယ်တိုင် ဒီမိုကရေစနစ်အပေါ် အမှန်တကယ်သက်ဝင်ယုံကြည်ခြင်း မရှိသမျှကာလ ပတ်လုံး အကူးအပြောင်းအဆင့်မှ ခိုင်မာသော အဆင့်ရောက်ပြီဟု ပြောဆိုရန် ခက်ခဲနေဦးမည်ဖြစ်သည်။လက်ရှိအချိန်တွင် ပြည်သူအများသည်ပင် ဒီမိုကရေစီစံနှူန်းများ အတိုင်း တွေခေါ်ပြုမူကျင့်ကြံနေထိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။ခေါက်ကျိုးနေသော အတွေးအခေါ်များနှင့် အမူအကျင့်များ ပိုင်ဆိုင်ထားသော အာဏာဒေါက်တိုင်များအဖို့ ဒီမိုကရေစီ စံနှူန်းများအောက်တွင် နေထိုင်တွေးခေါ်ရန် ခက်ခဲနေဦးမည်ဖြစ်ပေသည်။သို့သော် နည်းပညာထွန်းကားလာမှူနှင့် လွတ်လပ်သောမီဒီယာများအားကောင်းလာမှူက တွေးခေါ်မူပုံစံကွာဟမှူများ ကျဉ်းမြောင်းစေရေးအတွက် အဓိကကျသောအရာများဖြစ်သည်။သီးခြားနယ်မြေတွင် နေထိုင်သော်လည်း နည်းပညာနှင့်မီဒီယာများကြောင့် သီးခြားဖြစ်မနေတော့ဘဲ စည်းရုံးသိမ်းသွင်းရန် အခွင့်အလမ်းများ ပိုရလာမည်ဖြစ်သည်။ထိုအခွင့်အရေးကို ထိရောက်စွာအသုံးချတတ်ခြင်းဖြင့် အကူးအပြောင်း ကာလ မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားမည်ဖြစ်ပေသည်။
အာဏာဒေါက်တိုင်များ ပြောင်းလဲရမည့်အတွေးပုံစံများပေးဆပ်မှူ အခြေခံ ထားသော အသက်မွေးဝမ်းကျောင်း ပိုင် ရှင် များ အနေဖြင့် တိုင်းပြည် နှင့် အဖွဲ့အစည်း တွင် ဘယ်အရာအတွက် ဦးစားပေးလုပ်မည်နည်း ဆိုသောမေးခွန်းဖြစ်သည်။အဖွဲ့အစည်းအတွက် ဗဟိုပြုတွေးခေါ်မလား။တိုင်းပြည်အတွက် ဗဟိုပြုတွေးခေါ်မလားဆိုသည်ကို ကိုယ်တိုင်မေးကြည့်ပါ။"ငါတို့က တိုင်းပြည်အတွက်လုပ်နေတာပဲ "ဟု အများစုက ဖြေကြပါလိမ့်မည်။သို့သော် လက်တွေ့တွင် တိုင်းပြည်ထက် အဖွဲ့အစည်း၏ လွှမ်းမိုးမှူအောက်တွင်သာ နေထိုင်ကြသူများ သည်။နိုင်ငံနှင့် နိုင်ငံသားများအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် တိုင်းပြည်နှင့် ပြည်သူဘက် မားမားမတ်မတ် ရပ်တည်နိုင်သော စိတ်ဓာတ်ခွန်အား ရှိ မရှိ ကိုယ်တိုင် ဆန်းစစ်ရန်လိုအပ်သည်။မိမိ ရာထူးတည်မြဲရေး။ မိသားစုဘဝ တည်ငြိမ်ရေးများကို လျစ်လျူရှူတွေးခေါ်ရန် အသင့်ဖြစ်နေပါပြီလား။အများစုအတွက်တော့ အသင့် ရှိနေမည်မဟုတ်ချေ။အာဏာရှင်စနစ်တွင် ဘဝရပ်တည်ရေးအတွက် ဖိအားများရှိနေမည်ဖြစ်သော်လည်း ဒီမိုကရေစီစနစ်ခိုင်မာလာသည်နှင့်အမျှ လွတ်လပ်စွာ ရပ်တည်နိုင်ခွင့် ပိုမိုရှိလာပြီး လူသားဖြစ်တည်မှူတန်ဖိုး ပိုမိုမြင့်မားလာမည်ဖြစ်သည်။အာဏာရှင်စနစ်ကြောင့် သာ လေးစားတန်ဖိုးထားခံရမှူများ ကျဆင်းခဲ့ရခြင်းဖြစ်ပြီး အုပ်ချုပ်ရေးတွင် မစွက်ဖက်ဘဲ ပရိုဖက်ရှင်နယ်ကျကျ နေထိုင်ပါက ပုံရိပ်တန်ဖိုး မြင့်တက်လာမည်ဖြစ်ပေသည်။အဓိက တရားခံမှာ နိုင်ငံရေးစနစ် (အာဏာရှင်စနစ်)သာ ဖြစ်သည်ကို ကောင်းစွာ နားလည်သင့်ပေသည်။
မည်သူမဆို မိမိတို့အသက်မွေးဝမ်းကျောင်းအလုပ်အပေါ် ဂုဏ်ယူမှူ အပြည့်ရှိကြမည် ဖြစ်သည်။လူအများ၏ တန်ဖိုးထားလေးစားခံခြင်းကို အလိုရှိကြမည်သာဖြစ်သည်။အထူးသဖြင့် ပေးဆပ်မှူအခြေခံထားသော အသက်မွေးဝမ်းကျောင်းပိုင်ရှင်များအနေဖြင့် ပိုမို၍ လိုလားကြမည်မှာ အသေအချာပင်ဖြစ်သည်။ထို့ကြောင့် အဖွဲ့အစည်းပုံရိပ်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပေသည်။ဘယ်အရာများကြောင့် ပုံရိပ်ကျဆင်းနေရသည်ကို ဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲလိုက်လျင် ပုံရိပ်သည် တဖန်ပြန်လည်မြင့်မားလာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
လက်ရှိအချိန်တွင် ဒီမိုကရေစီအကူးအပြောင်းကာလကို ပိုမိုခိုင်မာစေမည့်အုတ်မြစ်များ အခိုင်အမာတည်ဆောက်ရန် လိုအပ်နေချိန်ဖြစ်သည်။ထိုအထဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးအုတ်မြစ် အခိုင်အမာ တည်ဆောက်ရန်အတွက် အာဏာဒေါက်တိုင်များနှင့် ပြည်သူများအကြား စည်းလုံးညီညွတ်ရေးသည် ဦးစားပေးလုပ်ဆောင်ရန် လိုအပ်သောအရာများ ဖြစ်ပေသည်။ လက်တွေ့တွင်မူ တွေးခေါ်မှူရှူထောင့်များ မတူညီမှူ ။ကိုယ်ကျိုးစီးပွါးများဖက်တွယ်ထားမှူတို့ကြောင့် စည်းလုံးညီညွတ်ရေးမှာ ခက်ခဲနေဆဲဖြစ်သည်။တစ်ဖက်နှင့်တစ်ဖက် အပြစ်ပုံချနေခြင်းများဖြင့် ပြဿနာရဲ့ အ ဖြေကို ရှာတွေ့စေနိုင်မည် မဟုတ်ဘဲ အချိန်ကုန်ဆုံးရုံသာ အဖတ်တင်မည်ဖြစ်သည်။
အာဏာလက်ဝယ်ရှိသူများ၏ ကိုယ်ကျိုးစီးပွါးအပေါ် ဖက်တွယ်လိုစိတ်သည် ၎င်းတို့ဘာသာ ချိုးနှိမ်ရမည့်အရာဖြစ်သည်။မည်သူမျှအစားဝင် ဖျောက်ဖျက်ပေးနိုင်မည်မဟုတ်ချေ။တွေးခေါ်မှူနည်းလမ်းမတူညီမှူများသည် ချိန်ညှိယူနိုင်သော အရာများဖြစ်သည့်အတွက် နိုင်ငံချစ်စိတ်ရှိလျင် ချိန်ညှိယူရန် ခက်ခဲမည်မဟုတ်ချေ။နိုင်ငံတော်တ်ာငြိမ်ရေးနှင့် လုံခြုံရေးသည် အရေးကြီးသကဲ့သို့ ဒီမိုကရေစီစံနှူန်းများ နှင့် လူ့အခွင့်အရေးစံနှူန်းများ ထွန်းကားရေးသည်လည်း လိုအပ်သော အရာများဖြစ်ပေသည်။သို့သော် တည်ငြိမ်ရေးနှင့်လုံခြုံရေး အကြောင်းပြ ပြီး အုပ်ချုပ်ရေးအာဏာကို လွှမ်းမိုးလိုခြင်းက သဘာဝကျသောအရာမဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် အရပ်ဖက်အုပ်ချုပ်ရေးအောက်၌ပင် တည်ငြိမ်ရေးနှင့်လုံခြုံရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သောကြောင့်ဖြစ်သည်။ပြည်သူများတွေ့မြင်ချင်သော ပုံစံမှာလည်း အရပ်ဖက်အုပ်ချုပ်ရေးအောက်တွင် တည်ငြိမ်ရေးနှင့်လုံခြုံရေး လုပ်ငန်းများ လုပ်ကိုင်စေလိုခြင်း ဖြစ်သည်။
ယခုဆောင်းပါးရေးသားရခြင်း ရည်ရွယ်ချက်မှာ အာဏာဒေါက်တိုင်များနှင့် ပြည်သူများအကြား ယုံကြည်မှူတည်ဆောက်နိုင်ရေးအတွက် ရည်ရွယ် ရေးသား ရခြင်းဖြစ်သည်။နှစ်ဖက်လုံးတွင် ပြုပြင်စရာများရှိနေသည်ဟု ကျွန်တော့်အနေဖြင့် ယူဆပါသည်။သို့သော် ပို၍တာဝန်ရှိနေသည်မှာအာဏာဒေါက်တိုင်များ ဘက်မှဖြစ်ပေသည်။အဓိက ပြုပြင်ပြောင်းလဲရမည့်သူများမှာ အာဏာလက်ဝယ်ပိုင်ဆိုင်သူများဖြစ်ကြောင်းကို အထူးပြောရန် လိုအပ်မည်မထင်။၎င်းတို့တွင် အဓိက တာဝန်အရှိဆုံးဖြစ်ပေသည်။ပြည်သူများအနေဖြင့် အာဏာဒေါက်တိုင်များအပေါ် ခံစားမှူရှေ့တန်းတင်တွေးခေါ်ထားသော အမြင်များဖြင့် မြင်နေခြင်းက ပြုပြင်ရမည့်အချက် တစ်ချက် ဖြစ်ကြောင်း နားလည်ထားသင့်ပေသည်။
အာဏာဒေါက်တိုင်များနှင့်ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်နိုင် သည်အမျှ နိုင်ငံသည် အပြုသဘောတိုးတက်မှူများစဉ်ဆက်မပြတ် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ကျွန်တော်တို့မျော်လင့်သော ပန်းတိုင်ကို ရောက်ရှိစေမည်ဖြစ်သည်။နိုင်ငံသားတိုင်းတွင် နိုင်ငံချစ်စိတ်ကိုယ်စီ ရှိကြပေသည်။ထိုစိတ်ကပင် ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အောင်မြင်စေမည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။ထို့အတွက် လိုအပ်နေသည့် အာဏာဒေါက်တိုင်များနှင့် ပြည်သူများအကြား ယုံကြည်မှူတည်ဆောက်နိုင်ရေးအတွက် အမြော်အမြင်ရှိစွာ ဝိုင်းဝန်းတည်ဆောက်ပေးကြရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။
Nyi Thuta
ကြက်တူရွေး သာလိကာ ကွန်ပြူတာနဲ့ ပါလီပါလဲ့
$
0
0
ကြက်တူရွေး သာလိကာ ကွန်ပြူတာနဲ့ ပါလီပါလဲ့ ************************************  ပါလီပါလဲ့အမှတ်တရတွေထဲက ဇတ်လမ်းလေးတစ်ခုပေါ့ သင်တန်းတက်ရမယ့် စစ်သည်ကို အချိန်မှီ နောက်တန်း ဌာနချုပ်ကိုပြန်ပို့ဖို့ စစ်ရေယာဉ်ကြုံတောင်းပေမယ့် ရာသီဥတုဆိုးရွားလွန်းလို့ စစ်ရေယာဉ်စီစဉ်မပေးနိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဌာနချုပ်လေ့ကျင့်ရေး ကက(ရေ) လေ့ကျင့်ရေးတွေနဲ့ ဆက်စပ်ညှိနှိုင်းတင်ပြနေရတာနဲ့ ခေါင်းကချာချာလည်နေပြီ ပညာသည် အတန်းတိုးသင်တန်းဆိုတာ ရေတပ် စစ်သည်အတွက် အခွင့်အရေးပါ ရာထူးတိုးရေးအတွက်အရေးပါသလို ပညာသည်အတန်းတိုးတာနဲ့ လစာပါတိုးတာဆိုတော့ ပေါ့လျော့စွာ လုပ်လို့မရပါဘူး အုပ်ချုပ်သူအရာရှိပေါ့လျော့မှုကြောင့် လက်အောက်စစ်သည်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးဆုံးရှုံးရတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်လို့ ခေါင်းဆောင်တိုင်းဟာ အားထည့်ဆောင်ရွက်ရပါတယ်။  ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့စကား ဟာ အဓိပ္ပါယ်တစ်လွဲတွေးရင် အတော်ဆိုးပါတယ်။ အမှန်က ဖြစ်နိုင်သမျှ နည်းလမ်းကို အားကုန်ဥာဏ်ထုတ် ဝိရိယစိုက်ထုတ်ကြဖို့ လွယ်လွယ်နဲ့အလျှော့မပေးဖို့ စိတ်ဓာတ်တွန်းအားပေးတဲ့စကားပါ အခြေအနေအခက်အခဲအမျိုးမျိုးကြားက အသက်ရှင်ရပ်တည်ဖို့ လုပ်ငန်းနဲ့တာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်နိုင်ဖို့ ပြောတဲ့စကားပါ။ ဘာမှမလုပ်ရသေးဘူး မရဘူးမဖြစ်နိုင်ဘူး ဆင်ခြေနဲ့ ငုတ်တုတ်ထိုင်မနေအောင်တွန်းအားပေးတဲ့စကားပါ။ လှိုင်းလေပြင်းထန်ပြီး ရေမိုင် ၈၀ ကျော်ဝေးတဲ့နောက်တန်းဌာနချုပ်ကို သင်တန်းအချိန်မှီ ပြန်ပို့ဖို့ ရေယာဉ်ကြုံမရှိတာနဲ့ သစ်ဖေါင်ဖွဲ့ စစ်သည်တင်လွတ်ပြီး ရောက်ချင်ရာရောက်ကွာလို့ ရွဲ့ပြီးလုပ်လို့မရပါဘူး။ လုပ်ထုံးလုပ်နည်းထဲက စစ်သည်ကို နောက်သင်တန်းအပတ်စဉ်မှာပြန်တက်ခွင့်ရဖို့ အခွင့်အရေးအကျိုးခံစားခွင့်ကို လွတ်သွားတဲ့သင်တန်းအပတ်စဉ်က စစ်သည်တွေနဲ့အတူတူ ခံစားခွင့်ရဖို့ တင်ပြဆောင်ရွက်ပေးရပါတယ် အထက်အကြီးအကဲတွေလည်း ဦးနှောက်မခြောက် လက်အောက်စစ်သည်လည်း မှန်ကန်တဲ့အခွင့်အရေးမဆုံးရှုံးအောင် တတ်နိုင်သမျှ ဥာဏ်ကူညှစ်ထုတ်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။  ဆိုခဲ့တဲ့လုပ်ငန်းတာဝန်ကြီးကို ဆက်သွယ်ရေးစက်ကိုယ်တိုင်ကိုင် အဆင်ပြေအောင်လုပ်လိုက်နိုင်တဲ့အတွက်  သက်ပြင်းချ စိတ်လက်ပေါ့ပါးစွာနဲ့ လေရှု  ဒုစခန်းမှူးကိုခေါ် မစစ်ဖြစ်တဲ့ စစ်သည်ဆောင်တွေကို စစ်ဖို့ပြင်ခိုင်းလိုက်တယ်။ အစစအသင့်ဖြစ်ပြီဆိုတာနဲ့ အိပ်ဆောင်တွေကိုစစ်တာပေါ့ အဆောင်ထဲဝင်တာနဲ့ စတွေ့တော့တာပဲ ငှက်လှောင်အိမ် ကိုယ်စီနဲ့  ကြက်တူရွေး သာလိကာ တွေ အသံတစာစာနဲ့ပေါ့ ဟ …… ဘာတွေတုန်းဟ ဘယ်လိုဖြစ်ပြီး ငှက်တွေဖမ်းထားရတာတုန်းမေးတော့ ဒုစခန်းမှူးက ရှင်းပြရှာပါတယ် အခုလိုအကောင်ပေါက်အသိုက်ခွဲတွေကိုမွေးမှ စကားသင်လို့ရတယ် CO အကောင်ကြီးသွားရင်စကားမတတ်တော့ဘူးတဲ့ အဲဒါကြောင့် ညဘက်အိပ်တန်းတက်ချိန် ဖမ်းပြီးမွေးထားတာတဲ့ အန် မင့်ကောင်တွေမွေးထားတဲ့ငှက် စကားကောင်းကောင်းတော့တတ်မယ်မထင်ဘူး  ဘလွတ်ရွှတ်တနဲ့ ပေါက်ကရပဲပြောမှာ သေချာတာတော့ သင်စရာမလိုပဲတတ်မှာက ဆဲတတ်သွားမှာအသေအချာပဲကွ ဆိုတော့ ဒုစခန်းမှူးက ပြုံးတယ် Absolutely right Sir. ဆိုပြီးပြန်ပြောတယ် ကိုယ်တွေလည်း ပြုံးဖြစ်သွားပါတယ်။ အပေါ်အောက် ဆက်ဆံရေးဆိုတာလည်း ဒီလိုပါပဲ နားလည်ခွင့်လွတ်မှုတွေနဲ့ သံယောဇဉ်ဖြစ်နေကြရတာပဲလေ။  ဆက်ပြီးစစ်တော့ စစ်သည်တစ်ယောက်ရဲ့ စောင်ခြင်ထောင်ခေါင်းအုံး ကစ်ခင်းထားတဲ့ဘေးမှာ ကွန်ပြူတာ display unit (tube type) တစ်လုံးနဲ့ key board ကိုချထားတယ် စိတ်ထဲအတော်အံ့သြသွားတယ် အာ ဒီစစ်သည်က လုံခြုံရေးပညာသည်အုပ်စုကပါ  အီလက်ထရောနစ်စစ်သည်(ET) လည်းမဟုတ်ဘူး ကွန်ပြူတာသုံးတတ်တာလားကွ လို့မေးတော့ စစ်သည်က မသုံးတတ်ပါဘူး CO မနေ့က ကျွန်းပတ်ရင်း ရေမြောကမ်းတင်တွေ့တာနဲ့ ကောက်လာပြီး အလှတင်ထားတာပါတဲ့။ ဒုတိယအကြိမ် ပြုံးမိပြန်တယ် အေးပါကွာ ထားပါထားပါ မင်းကွန်ပြူတာသိပ်တတ်ချင်ရင် စိတ်ဝင်စားရင် ညနေငါထမင်းစားပြီးအချိန် စာကြည့်ခန်းထဲလာခဲ့ သင်ပေးမယ် ဟုတ်လား ဆိုတော့ ဝမ်းသာအားရနဲ့ ဟုတ်ကဲ့ပါစီအို ဆိုပြီး အသံကျယ်ကျယ်အော် အလေးပြုပေါ့။   တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂ နှစ်ကာလအတွင်းမှာ ဆိုးတဲ့စစ်သည်ကိုလည်း ချစ်ရ ကောင်းတဲ့စစ်သည်ကိုလည်း ချစ်ရ အဖေလိုအကိုကြီးလိုတစ်မျိုး စစ်ခေါင်းဆောင်လိုတစ်ဖုံ ရင်အုပ်ပြီးစောင့်ရှောက်ရင်း တာဝန်တွေအတူတူထမ်းဆောင်ခဲ့ရတာလေး အမှတ်တရဖြစ်မိပါရဲ့ဗျာ။ အများစုက တပ်မတော်(ကြည်း) ရဲ့သဘာဝတွေကိုသာ သိကြပေမယ့် တပ်မတော်(ရေ)ရဲ့သဘာဝလေးတွေကိုမသိကြတော့ သိအောင် အပျင်းပြေ ဖတ်နိုင်အောင် တင်ပေးလိုက်ရပါတယ်ခင်ဗျား။  တစ်ကျွန်းပြန်ကြီး  ကိုရင်လူထွက် ငါးပိချက်  ဓာတ်ပုံခရက်ဒစ်- Jin Su
ကြက်တူရွေး သာလိကာ ကွန်ပြူတာနဲ့ ပါလီပါလဲ့
************************************
ပါလီပါလဲ့အမှတ်တရတွေထဲက ဇတ်လမ်းလေးတစ်ခုပေါ့
သင်တန်းတက်ရမယ့် စစ်သည်ကို အချိန်မှီ နောက်တန်း ဌာနချုပ်ကိုပြန်ပို့ဖို့ စစ်ရေယာဉ်ကြုံတောင်းပေမယ့် ရာသီဥတုဆိုးရွားလွန်းလို့ စစ်ရေယာဉ်စီစဉ်မပေးနိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဌာနချုပ်လေ့ကျင့်ရေး ကက(ရေ) လေ့ကျင့်ရေးတွေနဲ့ ဆက်စပ်ညှိနှိုင်းတင်ပြနေရတာနဲ့ ခေါင်းကချာချာလည်နေပြီ ပညာသည် အတန်းတိုးသင်တန်းဆိုတာ ရေတပ် စစ်သည်အတွက် အခွင့်အရေးပါ ရာထူးတိုးရေးအတွက်အရေးပါသလို ပညာသည်အတန်းတိုးတာနဲ့ လစာပါတိုးတာဆိုတော့ ပေါ့လျော့စွာ လုပ်လို့မရပါဘူး အုပ်ချုပ်သူအရာရှိပေါ့လျော့မှုကြောင့် လက်အောက်စစ်သည်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးဆုံးရှုံးရတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်လို့ ခေါင်းဆောင်တိုင်းဟာ အားထည့်ဆောင်ရွက်ရပါတယ်။
ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်ဆိုတဲ့စကား ဟာ အဓိပ္ပါယ်တစ်လွဲတွေးရင် အတော်ဆိုးပါတယ်။ အမှန်က ဖြစ်နိုင်သမျှ နည်းလမ်းကို အားကုန်ဥာဏ်ထုတ် ဝိရိယစိုက်ထုတ်ကြဖို့ လွယ်လွယ်နဲ့အလျှော့မပေးဖို့ စိတ်ဓာတ်တွန်းအားပေးတဲ့စကားပါ အခြေအနေအခက်အခဲအမျိုးမျိုးကြားက အသက်ရှင်ရပ်တည်ဖို့ လုပ်ငန်းနဲ့တာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်နိုင်ဖို့ ပြောတဲ့စကားပါ။ ဘာမှမလုပ်ရသေးဘူး မရဘူးမဖြစ်နိုင်ဘူး ဆင်ခြေနဲ့ ငုတ်တုတ်ထိုင်မနေအောင်တွန်းအားပေးတဲ့စကားပါ။
လှိုင်းလေပြင်းထန်ပြီး ရေမိုင် ၈၀ ကျော်ဝေးတဲ့နောက်တန်းဌာနချုပ်ကို သင်တန်းအချိန်မှီ ပြန်ပို့ဖို့ ရေယာဉ်ကြုံမရှိတာနဲ့ သစ်ဖေါင်ဖွဲ့ စစ်သည်တင်လွတ်ပြီး ရောက်ချင်ရာရောက်ကွာလို့ ရွဲ့ပြီးလုပ်လို့မရပါဘူး။ လုပ်ထုံးလုပ်နည်းထဲက စစ်သည်ကို နောက်သင်တန်းအပတ်စဉ်မှာပြန်တက်ခွင့်ရဖို့ အခွင့်အရေးအကျိုးခံစားခွင့်ကို လွတ်သွားတဲ့သင်တန်းအပတ်စဉ်က စစ်သည်တွေနဲ့အတူတူ ခံစားခွင့်ရဖို့ တင်ပြဆောင်ရွက်ပေးရပါတယ် အထက်အကြီးအကဲတွေလည်း ဦးနှောက်မခြောက် လက်အောက်စစ်သည်လည်း မှန်ကန်တဲ့အခွင့်အရေးမဆုံးရှုံးအောင် တတ်နိုင်သမျှ ဥာဏ်ကူညှစ်ထုတ်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။
ဆိုခဲ့တဲ့လုပ်ငန်းတာဝန်ကြီးကို ဆက်သွယ်ရေးစက်ကိုယ်တိုင်ကိုင် အဆင်ပြေအောင်လုပ်လိုက်နိုင်တဲ့အတွက် သက်ပြင်းချ စိတ်လက်ပေါ့ပါးစွာနဲ့ လေရှု ဒုစခန်းမှူးကိုခေါ် မစစ်ဖြစ်တဲ့ စစ်သည်ဆောင်တွေကို စစ်ဖို့ပြင်ခိုင်းလိုက်တယ်။ အစစအသင့်ဖြစ်ပြီဆိုတာနဲ့ အိပ်ဆောင်တွေကိုစစ်တာပေါ့
အဆောင်ထဲဝင်တာနဲ့ စတွေ့တော့တာပဲ ငှက်လှောင်အိမ် ကိုယ်စီနဲ့ ကြက်တူရွေး သာလိကာ တွေ အသံတစာစာနဲ့ပေါ့
"ဟ …… ဘာတွေတုန်းဟ ဘယ်လိုဖြစ်ပြီး ငှက်တွေဖမ်းထားရတာတုန်း"  မေးတော့ ဒုစခန်းမှူးက ရှင်းပြရှာပါတယ်  အခုလိုအကောင်ပေါက်အသိုက်ခွဲတွေကိုမွေးမှ စကားသင်လို့ရတယ် CO အကောင်ကြီးသွားရင်စကားမတတ်တော့ဘူးတဲ့ အဲဒါကြောင့် ညဘက်အိပ်တန်းတက်ချိန် ဖမ်းပြီးမွေးထားတာတဲ့
"အန် မင့်ကောင်တွေမွေးထားတဲ့ငှက် စကားကောင်းကောင်းတော့တတ်မယ်မထင်ဘူး
ဘလွတ်ရွှတ်တနဲ့ ပေါက်ကရပဲပြောမှာ သေချာတာတော့ သင်စရာမလိုပဲတတ်မှာက ဆဲတတ်သွားမှာအသေအချာပဲကွ"
ဆိုတော့ ဒုစခန်းမှူးက ပြုံးတယ် Absolutely right Sir.
ဆိုပြီးပြန်ပြောတယ် ကိုယ်တွေလည်း ပြုံးဖြစ်သွားပါတယ်။
အပေါ်အောက် ဆက်ဆံရေးဆိုတာလည်း ဒီလိုပါပဲ နားလည်ခွင့်လွတ်မှုတွေနဲ့ သံယောဇဉ်ဖြစ်နေကြရတာပဲလေ။
ဆက်ပြီးစစ်တော့ စစ်သည်တစ်ယောက်ရဲ့ စောင်ခြင်ထောင်ခေါင်းအုံး ကစ်ခင်းထားတဲ့ဘေးမှာ ကွန်ပြူတာ display unit (tube type) တစ်လုံးနဲ့ key board ကိုချထားတယ် စိတ်ထဲအတော်အံ့သြသွားတယ် အာ ဒီစစ်သည်က လုံခြုံရေးပညာသည်အုပ်စုကပါ အီလက်ထရောနစ်စစ်သည်(ET) လည်းမဟုတ်ဘူး ကွန်ပြူတာသုံးတတ်တာလားကွ လို့မေးတော့ စစ်သည်က မသုံးတတ်ပါဘူး CO မနေ့က ကျွန်းပတ်ရင်း ရေမြောကမ်းတင်တွေ့တာနဲ့ ကောက်လာပြီး အလှတင်ထားတာပါတဲ့။ ဒုတိယအကြိမ် ပြုံးမိပြန်တယ် အေးပါကွာ ထားပါထားပါ မင်းကွန်ပြူတာသိပ်တတ်ချင်ရင် စိတ်ဝင်စားရင် ညနေငါထမင်းစားပြီးအချိန် စာကြည့်ခန်းထဲလာခဲ့ သင်ပေးမယ် ဟုတ်လား ဆိုတော့ ဝမ်းသာအားရနဲ့ ဟုတ်ကဲ့ပါစီအို ဆိုပြီး အသံကျယ်ကျယ်အော် အလေးပြုပေါ့။
တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂ နှစ်ကာလအတွင်းမှာ ဆိုးတဲ့စစ်သည်ကိုလည်း ချစ်ရ ကောင်းတဲ့စစ်သည်ကိုလည်း ချစ်ရ အဖေလိုအကိုကြီးလိုတစ်မျိုး စစ်ခေါင်းဆောင်လိုတစ်ဖုံ ရင်အုပ်ပြီးစောင့်ရှောက်ရင်း တာဝန်တွေအတူတူထမ်းဆောင်ခဲ့ရတာလေး အမှတ်တရဖြစ်မိပါရဲ့ဗျာ။ အများစုက တပ်မတော်(ကြည်း) ရဲ့သဘာဝတွေကိုသာ သိကြပေမယ့် တပ်မတော်(ရေ)ရဲ့သဘာဝလေးတွေကိုမသိကြတော့
သိအောင် အပျင်းပြေ ဖတ်နိုင်အောင်
တင်ပေးလိုက်ရပါတယ်ခင်ဗျား။
တစ်ကျွန်းပြန်ကြီး
ကိုရင်လူထွက် ငါးပိချက်
ဓာတ်ပုံခရက်ဒစ်- Jin Su
လွတ်လပ်မှု အမျိုးမျိုးနဲ့ လစ်ဘာတီ
$
0
0
ယခင်စစ်အစိုးရလက်ထက် ဒီမိုကရေစီရေး  တိုက်ပွဲဝင်ကြတဲ့အခါ ‘ယခုကာလဟာ  ဒုတိယမြောက်  လွတ်လပ်ရေး  အရေးတော်ပုံ ဆင်နွှဲနေတဲ့ကာလ’ ဖြစ်တယ်လို့ ပြောဆို ကြွေးကြော်ခဲ့တာ ရှိပါတယ်။ ပထမ လွတ်လပ်ရေးက ဂျပန်နဲ့ အင်္ဂလိပ်ကို တော်လှန်ပြီး ရယူနိုင်ခဲ့ကြတာ။ ဒုတိယကတော့ စစ်အာဏာရှင်စနစ် ကို  တော်လှန်ပြီး  လွတ်လပ်ရေး  ရယူကြရမယ်ဆိုတဲ့  သဘော ဖြစ်ပါတယ်။
ဒီနေရာမှာ မရှင်းတာက ‘လွတ်လပ်ရေး’ လား၊ ‘လွတ်လပ်မှု’ လား ဆိုတဲ့ မြန်မာစကားပါ။ လွတ်လပ်ရေး (independence) အတွက်ဆိုရင် ဆင်နွှဲစရာ  မလိုတော့ပါဘူး။ အင်္ဂလိပ်ဆီက ရခဲ့ပြီးပြီ။ လွတ်လပ်မှု  (freedom) အတွက်ဆိုရင် ဆက်ဆင်နွှဲရမယ်၊ ကမ္ဘာတည်သရွှေ့  လူသားတွေဟာ သူတို့ လူသားရပိုင်ခွင့်နဲ့  လူသားဂုဏ်သိက္ခာအတွက် အမြဲတမ်း ဆင်နွှဲနေကြရမှာ  ဖြစ်ပါတယ်။ ဥပမာ၊ မြောက်ကိုရီးယား  နိုင်ငံဟာ လွတ်လပ်ရေးရထားပေမဲ့  လွတ်လပ်မှု စဉ်းငယ်မှ မရှိသလို၊ မြန်မာနိုင်ငံဟာလည်း  လွတ်လပ်ရေးရပြီးတာ ၆၆  နှစ်ရှိခဲ့ပေမဲ့ လွတ်လပ်မှုအတွက် အကြာကြီး လျှောက်လှမ်းရဦးမှာ ဖြစ်ပါတယ်။
အခု ဆောင်းပါးမှာ လွတ်လပ်မှု အဓိပ္ပါယ်ကို ဖွင့်ဆိုဆွေးနွေးကြည့်ချင်ပါတယ်။ လွတ်လပ်မှု အမျိုးမျိုး ရှိပါတယ်။  ဆင်းရဲဒုက္ခမှ လွတ်လပ်မှု (လွတ်မြောက်မှု)၊ အကြောက်တရားမှ လွတ်လပ်မှု၊ စိတ်ဖိစီးမှုမှ လွတ်လပ်မှု၊ အချုပ်အနှောင်မှ လွတ်လပ်မှု၊ စီးပွားရေးလွတ်လပ်မှု၊  နိုင်ငံရေးလွတ်လပ်မှု၊ ယောက္ခမထံက လွတ်လပ်မှု၊ အမျိုးသမီးများ လွတ်လပ်မှု၊ စကတ်တိုတိုနဲ့ လွတ်လပ်မှု၊ မင်းမဲ့စရိုက် လွတ်လပ်မှု စသဖြင့်..။
အဲဒီလို အမျိုးမျိုးသော အမယ်စုံ လွတ်လပ်မှုတွေထဲကမှ လူ့အဖွဲ့အစည်းတိုင်းမှ လူတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့၊ မြန်မာနိုင်ငံသားတွေအတွက်လည်း အရေးတကြီးလိုအပ်နေတဲ့ လွတ်လပ်မှုကို ပြောချင်ပါ တယ်။ အဲဒီ လွတ်လပ်မှု (freedom) ကတော့ တစ်ဦးချင်းလွတ်လပ်မှု ဆိုတဲ့ ‘လစ်ဘာတီ’ (liberty) ပါပဲ။ လစ်ဘာတီဟာ  လာတင်စကား libertas ကနေ လာပြီး၊ မင်းဆိုးမင်းညစ် အောက်ကနေ လူတစ်ဦးချင်းစီ လွတ်မြောက်မှု အခြေအနေကို  ဆိုလိုတာဖြစ်ပါတယ်။
၁၉၉၈ ထုတ် အောက်စဖို့ဒ်အဘိဓာန်က ‘လစ်ဘာတီဆိုတာ လူ့အဖွဲ့အစည်းအတွင်းရှိ လူတစ်ယောက်၏  ဘ၀နေထိုင် ပြုမူမှု သို့မဟုတ် နိုင်ငံရေးအမြင်များအပေါ် အာဏာပိုင်မှ ဖိနှိပ်ကန့်သတ်  ချုပ်ချယ်မှု လွတ်ကင်းသည့် အခြေအနေ’ (Liberty is  the state of being  free within society  from  oppressive restrictions imposed by authority on  one’s way of life, behavior or political views.) လို့  ဖွင့်ဆိုပါတယ်။ လစ်ဘရယ်အတွေးအခေါ် ပညာရှင်နဲ့  နိုဘယ်ဆုရစီးပွားရေးပညာရှင် F.A  Hayek ကတော့ ‘လူတစ်ယောက်ကို အခြားတစ်ယောက် သို့မဟုတ် အခြားသူများက တစ်ဖက်သတ် ဆန္ဒဖြင့် အနိုင်ထက်ပြုကျင့်မထားသော အခြေအနေ’လို့ (The  state  in which a man  is not subject  to  coercion  by arbitrary  will of  another  or others.) လို့  ဆိုပါတယ်။ ဒီတော့  လစ်ဘာတီဆိုတာ 'အုပ်ချုပ်သူ သို့မဟုတ် အခြားသူတစ်ဦးရဲ့  ဖိနှိပ်ခံရခြင်းမှ လွတ်လပ်မှု’ လို့  ဆိုရပါမယ်။
နိုင်ငံရေး လွတ်လပ်မှုနဲ့ လစ်ဘာတီ
ပထမဆုံး  သတိထားရမှာက လစ်ဘာတီလို့  ပြောတဲ့အခါ ‘civil  liberty’ ဆိုတဲ့  ဝေါဟာရနဲ့  ရောထွေး  ကြတာပါ။ civil liberty ဆိုတာ political liberty နဲ့ အတူတူပါပဲ။ civil ဝေါဟာရဟာ ဂရိနဲ့ လာတင် ဝေါဟာရဖြစ်ပြီး political နဲ့ အနက်တူပါတယ်။  ပြည်သူအများ လွတ်လပ်မှုကို ဆိုလိုပါတယ်။ အခု ပြောတဲ့ လစ်ဘာတီကတော့ နိုင်ငံရေး လွတ်လပ်ခွင့်  လစ်ဘာတီကိုမျှ ပြောတာမဟုတ်ဘဲ၊ လူတစ်ဦးအပေါ် အခြားတစ်ဦးက လက်အောက်ခံအဖြစ် ဖိနှိပ်ချုပ်ချယ်ထားခွင့် မရှိရေးဆိုတဲ့ တစ်ဦးချင်း လွတ်လပ်ခွင့်ကို  ဆိုလိုတာ ဖြစ်ပါတယ်။
နောက် အမျိုးသားလွတ်မြောက်ရေး၊ လူနည်းစုလွတ်မြောက်ရေး၊ ကျေးကျွန်အဖြစ်မှ လွတ်မြောက်ရေး၊ ကိုလိုနီလက်အောက်ခံဘ၀မှ လွတ်မြောက်ရေး စတာတွေဟာလည်း နိုင်ငံရေးလွတ်လပ်မှုတွေ ဖြစ်ပါတယ်။ ဒါတွေက  အစုအပေါင်းဆိုင်ရာ  လစ်ဘာတီ  (collective liberty) သာဖြစ်ပြီး၊ တစ်ဦးချင်းလစ်ဘာတီ  (individual liberty) မဟုတ်သေးပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်နဲ့ အစိုးရကို မဲပေးရွေးချယ်နိုင်ခွင့် တို့ကလည်း နိုင်ငံရေး  လွတ်လပ်ခွင့်သာဖြစ်ပြီး၊ တစ်ဦးချင်းလစ်ဘာတီ အတွက် မပြည့်စုံသေးပါဘူး။ ဘာကြောင့်လဲဆိုရင် ၂၀  ရာစု အစောပိုင်းအထိ နို်င်ငံရေးမှာ  အမျိးသမီးတွေကို  ကန့်သတ်ထားတာ၊ အမျိုးသားတွေပဲ  မဲပေးခွင့်ရှိတာတွေ ရှိခဲ့တယ်။ ၁၈ နှစ်အောက်ဟာ မဲပေးခွင့်မရှိပါဘူး။ ဒါတွေကြောင့်  နိုင်ငံရေးလစ်ဘာတီဟာ  တစ်ဦးချင်းလစ်ဘာတီအတွက် မပြည့်စုံပါဘူး။
အတွင်းစိတ် လွတ်လပ်မှုနဲ့ လစ်ဘာတီ
နောက်တစ်ခုက တစ်ဦးချင်းလွတ်လပ်မှု လို့ပြောရင် ဘာသာရေးနဲ့ စိတ်ပညာနယ်ပယ်တွေမှာရှိတဲ့ ‘အတွင်းအဇ္ဈတ္တ လွတ်လပ်မှု’ (inner freedom) နဲ့ အချို့က ရောထွေးကြည့်မြင်တတ်ပါတယ်။ စိတ်အတွင်းပိုင်းလွတ်လပ်မှု ကိစ္စဟာ အခြားသူက ဖိနှိပ်ကန့်သတ်ချုပ်ချယ်ထားလို့  ဖြစ်ရတာထက် မိမိကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ  အားနည်းချက်၊ စာရိတ္တ ပျော့ညံ့မှုတွေနဲ့ဆိုင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ အမှောင်ထုတွေ၊ အယူအစွဲအလမ်းနဲ့ အ၀ိဇာ တိမ်သလ္လာကနေ တစ်ဦးချင်း လွတ်မြောက်ဖို့  ကြိုးစားတာဟာ တစ်ဦးချင်းလွတ်လပ်မှု လစ်ဘာတီနဲ့ အဓိပ္ပါယ်ကွာပါတယ်။
တစ်ဦးချင်းလွတ်လပ်မှု ဆိုတဲ့ အသုံးနှုန်းချင်းတူပေမဲ့၊ အတွင်းစိတ်လွတ်လပ်မှုနဲ့ လစ်ဘာတီဟာ အဓိပ္ပါယ် ကွာခြားပါတယ်။ ဥပမာ၊ မြန်မာစစ်ဗိုလ်ချုပ်တွေ အငြိမ်းစားယူတဲ့အခါ ရိပ်သာတွေမှာ အေးအေးလူလူ  တရားအားထုတ်ရင်း တစ်ဦးချင်းလွတ်မြောက်ရေး ရှာကြတယ်။ လမ်းပေါ်ထွက်ဆန္ဒပြသူတွေကတော့  သူတို့  လယ်မြေတွေ အသိမ်းခံရမှုနဲ့ မတရားမှုတွေကနေ လွတ်မြောက်ဖို့  တောင်းဆိုကြတယ်။ ဘာသာရေးသမားရဲ့ တစ်ဦးချင်းလွတ်မြောက်ရေးအယူအဆနဲ့ အာဏာာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်မှုအောက်က  လူတစ်ဦးချင်းလွတ်မြောက်ရေးမှာ အယူအဆ ကွာခြားမှု အများကြီးရှိပါတယ်။
မင်းမဲ့စရိုက်နဲ့ လစ်ဘာတီ
တစ်ဦးချင်းလွတ်လပ်မှုလို့  ပြောတဲ့အခါ အများမျက်စိထဲ မြင်သွားတာက လူတစ်ယောက်ချင်း စည်းကမ်းမဲ့ လုပ်ချင်ရာလုပ်ပိုင်ခွင့်၊ ဥပဒေချိုးဖောက်ခွင့်၊ မင်းမဲ့စရိုက် စတာတွေပါ။ ငှက်တစ်ကောင်လို ကောင်းကင်ထဲ ဆန္ဒရှိသလို လွတ်လပ်စွာ ပျံသန်းနို်င်တယ်လို့  ထင်တာမျိုးပါ။ အကန့်သတ်မဲ့ လွတ်လပ်မှုက လစ်ဘာတီရဲ့  ဆန့်ကျင်ဘက်ပါ။ တကယ်က  တစ်ဦးချင်း လစ်ဘာတီဆိုတာ အခြားသူတစ်ယောက်ရဲ့  အကျပ်ကိုင် နိုင်ထက်စီးနင်းပြုကျင့်မှု  မရှိခြင်း (absence  of coercion) ကို ဆိုလိုတာ။ အဲဒီ အတွက် အားလုံးချမှတ်တဲ့ ဥပဒေအောက်မှာ တန်းတူ လိုက်နာနေထိုင်ကြရခြင်းနဲ့ တစ်ဦးကိုတစ်ဦး အပြန်အလှန်  လေးစားရခြင်းတို့  ဖြစ်တယ်။
အထူးသဖြင့် ဆိုရှယ်လစ်၊ ကွန်မြူနစ်နဲ့ အာဏာရှင်နိုင်ငံတွေဟာ တစ်ဦးချင်းလစ်ဘာတီကို မင်းမဲ့စရိုက်လို့ ပုံဖျက် ပြောဆို သုံးနှုန်းပါတယ်။ လူထုအတွက်၊ အများအကျိုးအတွက်၊ ပြည်ထောင်စုကြီးအတွက်၊ ညီညွတ်ရေးအတွက်၊ ဘုံလယ်ယာအတွက်၊ ဆိုရှယ်လစ်ပန်းတိုင်အတွက်၊ တိုင်းပြည်ချောက်ထဲမကျစေဖို့ အတွက်၊ စီမံကိန်းအတွက် ဆိုတဲ့ အစုအပေါင်းအယူဝါဒ (collectivism)  ခေါင်းစဉ်တွေအောက်မှာ နိုင်ငံသား တစ်ဦးချင်းရဲ့ လွတ်လပ်မှု (individualism) ကို ဖျက်ဆီးချေမွပစ်ခဲ့ကြတယ်။ တစ်ဦးချင်းလစ်ဘာတီကို မင်းမဲ့စရိုက်အဖြစ် ၀ါဒဖြန့်ပြီး၊ နုတ်နုတ်စင်းပစ်လိုက်ပါတယ်။
နိုင်ထက်စီးနင်းပြုခံရမှု
ဒုက္ခသစ္စာကို  ရည်လည်စွာသိမှ လွတ်မြောက်မှု  နိဗာန်ကို  သိမယ်လို့  ဆိုပါတယ်။ စစ်ပွဲတွေရင်ဆိုင်ရမှ ငြိမ်းချမ်းရေးကို ပိုလိုချင်ကြတယ်။ အလားတူပဲ အကျပ်ကိုင်နိုင်ထက်စီးနင်းပြုကျင့််မှု (coercion) အကြောင်း သိထားပါမှ တစ်ဦးချင်းလစ်ဘာတီကို ကောင်းကောင်းသိနိုင်ပါတယ်။
အကျပ်ကို်င်ဖိအားပေး အနိုင်ကျင့်ခံရတဲ့ ပတ်ဝန်းကျင် အခြေအနေတစ်ခုမှာ ရှိနေတဲ့ လူတစ်ယောက်ဟာ သူရဲ့ ပင်ကို စိတ်ဆန္ဒအတိုင်း ဆောင်ရွက်နိုင်မှု ကင်းမဲ့ပါတယ်။ တခြားသူရဲ့ စိတ်ဆန္ဒကို  ကျေးကျွန်ပမာ  လိုက်လံ အကောင်အထည်ဖော်ပေးရတယ်။ သူ့ကိုယ်ပိုင်  ယုံကြည်ချက်နဲ့ အသိပညာတွေကို အပြည့်အ၀  အသုံးချခွင့် မရဘူး။ အထက်အမိန့်အတိုင်း လုပ်ဆိုလုပ်ရမယ်၊ ဒီစီမံကိန်းကို အကောင်ထည်ဖော်ဆို ဖော်ရမယ်၊ ကြက်ဆူပင်  စိုက်ဆို အလုပ်မဖြစ်မှန်း  သိသိနဲ့ စိုက်ခဲ့ကြရတယ်။ ရေဗူးပေါက်တာ  မလိုချင်ဘူး ရေပါတာပဲ လို်ချင်တယ်လို့  အဘက ပြောတယ်။ ဒီလိုအခြေအနေမှာ တစ်ဦးချင်းစီဟာ ကိုယ်ပိုင်ပြောဆိုခွင့်  ရွေးချယ်ခွင့် မရှိတော့ဘဲ  ကျေးကျွန်ဖြစ်သွားရပါတယ်။
အုပ်ချုပ်သူရဲ့ အနိုင်ကျင့်ခံရခြင်းဟာ မကောင်းဆိုးဝါးဝင်ပူးခံရတဲ့ အခြေအနေမျိုးပါ။ ဘာကြောင့်ဆိုရင်  လူတစ်ဦးချင်းဟာ သူရဲ့ အတွေးအခေါ်နဲ့ ဂုဏ်သိက္ခာတန်ဖိုးတွေ အနုတ်ပယ်ခံလိုက်ရလို့ပါပဲ။ တစ်ပါးသူရဲ့  ဆုံးဖြတ်ချက်တွေ ဆန္ဒတွေကို အကောင်အထည်ဖော်ပေးရတဲ့ ကရိယာတန်ဆာပလာတစ်ခု သက်သက် ဖြစ်သွားလို့ပါပဲ။
မိမိလစ်ဘာတီကို ကာကွယ်ပါ
ဘယ်သူတွေက  အနိုင်ကျင့်နေသလဲ၊ အုပ်ချုပ်သူဖြစ်တယ်။ အုပ်ချုပ်သူက ဘယ်သူတွေလဲ၊ လူတွေထဲက  ပေါက်ဖွားလာတဲ့ လူတွေဖြစ်တယ်။ သူတို့ဘယ်နှယ့်ကြောင့် အနိုင်ကျင့်မှုပြုနိုင်သလဲ။ အုပ်ချုပ်ရေးအာဏာ ယန္တရား ရှိလို့ဖြစ်တယ်။ နိုင်ငံတော်ဆိုတဲ့ အခွင့်အာဏာ ရရှိထားလို့ဖြစ်တယ်။ ဒါဖြင့် ဒီယန္တရားနဲ့ နို်င်ငံတော် က တစ်ဦးချင်းအပေါ် မရမ်းကားအောင်၊ ဘ၀တွေမဖျက်ဆီးပစ်နိုင်အောင် အမြဲ ၀ိုင်းဝန်းကန့်သတ်ထားဖို့ လိုပါမယ်။ နိုင်ငံသား တစ်ဦးချင်းစီပိုင်တဲ့ မွေးရာပါ ဂုဏ်သိက္ခာနယ်ပယ်ထဲ၊ အသိပညာနယ်ပယ်ထဲ၊ ဆုံးဖြတ်ခွင့်နယ်ပယ်ထဲ နိုင်ငံတော်အာဏာ ၀င်ရောက်မစွက်ဖက်အောင် ဥပဒေတွေနဲ့ တားဆီးကြရမယ်။
အစိုးရရဲ့ တစ်ဦးချင်းအပေါ် အနိုင်ကျင့်မှု နည်းနိုင်သမျှနည်းအောင် တစ်ဦးချင်းစီတိုင်းက ကန့်သတ်ရမယ်။ အုပ်ချုပ်ရေးယန္တရား  အသေးဆုံးဖြစ်အောင် ချုံပစ်ပြီး  မိမိတို့တစ်ဦးချင်းစီ ကိုယ်ပို်င်နယ်ပယ်တွေ တိုးချဲ့ ယူရမယ်။ သူတစ်ပါး ပါးစပ်နဲ့ လမ်းစဉ်မှာ လမ်းဆုံးမနေဘဲ၊ မိမိကိုယ်ပိုင် ရည်မှန်းချက်နဲ့ အိပ်မက်တွေ ဆုံးဖြတ်အကောင်အထည် ဖော်နိုင်ဖို့ အားထုတ်ရမယ်။ ကိုယ့်အတွက် ကိုယ်စားပြုပေးတဲ့ ခေါင်းဆောင်နဲ့ ဥပဒေပြုအမတ်တွေဟာ အစိုးရအာဏာကန့်သတ်ရေးကို အမြဲလုပ်နေသလား စောင့်ကြည့် ဝေဖန်ရမယ်။
လစ်ဘာတီ  ဆိုတဲ့ စကားဟာ ရောမခေတ် လာတင်စကားအနေနဲ့ ‘ကျေးကျွန် မဟုတ်သူ’ (someone who is not a slave) လို့ လည်း အဓိပ္ပါယ်ရသေးတယ်။ ဒီကနေ့  ၂၁ ရာစု မြန်မာနိုင်ငံသားတွေကလည်း  အုပ်ချုပ်သူတွေရဲ့ အနိုင်ကျင့်မှုနဲ့ ကျေးကျွန်ပြုမှုမှ လွတ်မြောက်အောင် ကြိုးပမ်းသွားရမှာ ဖြစ်တယ်။ ဒါဟာ လူသမိုင်းပေးတာဝန်  ဖြစ်သလို နိုင်ငံ သမိုင်းပေးတာဝန်လည်းဖြစ်တယ်။ မိမိတစ်ဦးချင်း မလွတ်မြောက်ဘဲ ကျေးကျွန်ဖြစ်ခဲ့ရင်တောင်မှ နှောင်းမျိုးဆက်တွေအတွက် လစ်ဘာတီ အမွေချပေးရပါမယ်။ လစ်ဘာတီကို မိမိကိုယ်တိုင်ရော အများကြားမှာပါ နိုးနိုးကြားကြား သိရှိလာပြီး  အုပ်ချုပ်သူ့ရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို အမြဲ တော်လှန်သွားရမှာ ဖြစ်ပါတယ်။
ရဲမြင့်ကျော်
(Messenger  Journal , 24 Aug 2014)
Viewing all 1811 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>