Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
ပြုပြင်ပြောင်းလဲရေး၊ နှေင့်နှေးကြန့်ကြာမှုနဲ့ ပွင့်လင်းမြင်သာ အားနည်းမှု
$
0
0
Mg Aungnainghtay and အိမ်လွမ်း သူ shared James Mint's photo.
ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များ ကလပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများ မြန်ဆန်သည့်အပေါ် ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့တာကို ဒေါ်စုရဲ့ "သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရခြင်းတွင် ပြုပြင်ပြောင်းလဲရေး အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး” ဆိုတာလေး ဖတ်ရတော့ ပြုံးမိတယ်......  ဘာကြောင့်လဲဆိုတော့ လက်ရှိအစိုးရရဲ့ Transpancy အားနည်းခြင်းနှင့် သတင်းထုတ်ပြန်မှု နှောင့်နှေးခြင်းနှင့် ဝန်ကြီးဌာနများ ပြည်သူလူထုနှင့် ဆက်ဆံဆောင်ရွက်ရာတွင် နှောင့်နှေးနေခြင်းများကြောင့် အခုလိုဝေဖန်ခံလိုက်ရတာကို သဘောပေါက်လိုက်လို့ပါပဲ....... လက်ရှိအစိုးရအနေနဲ့ ၂၀၁၀ အာဏာကို လွှဲပြောင်းရယူခဲ့စဉ်က ယို့ယွင်းခြစား၊ ပြိုကျလုနီးပါး ဖြစ်နေတဲ့ အစိုးရ ယန္တရားကြီးနဲ့ အခြားအခြားသော လုပ်ငန်းများကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဆွဲတင်ရာမှာ Phase အလိုက် လုပ်ဆောင်ခဲ့သော်လည်း သတင်းထုတ်ပြန်မှု၊ ပြည်သူလူထုနှင့် ဆက်ဆံဆောင်ရွက်ရာတွင် နှောင့်နှေးနေမှု၊ Transparency အားနည်းမှုတွေကြောင့်လို့ မြင်မိပါတယ်.......  သိသာသော ပြောင်းလဲမှုများအဖြစ် မြစ်ဆုံကို ရပ်ဆိုင်းခြင်းမှသည် အစပြု၍ စာပေ၊ အနုပညာ လွတ်လပ်စွာ လုပ်ကိုင်စေခြင်းများ၊ ကားများလွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်း၊ လက်ဝေခံ လုပ်ပိုင်ခွင့်ပေးခြင်းများကို ဆက်လက် လုပ်ကိုင်မှ မရှိခြင်း၊ လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်ဆဲသည်ဟုဆိုစေကာမူ ယာယီငြိမ်းချမ်းရေးများ ရအောင်ယူနေခြင်း၊ ဖုန်းများ ဈေးချသည်မှ အစပြု၍ ပြောင်းလဲရေးနှင့် မလိုက်နိုင်သည့် အရာထမ်း၊ ဝန်ထမ်း အကြီးအသေး ပေါင်းစုံအား ပြောင်းလဲခန့်အပ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊  Efficiency ရှိသူများနှင့် အစားထိုး ခန့်အပ်ခြင်းများကြောင့်ပဲ ဖြစ်ပါတယ်......  အဆိုပါ ကိစ္စရပ်များဟာ လက်ရှိအစိုးရ မြန်မာနိုင်ငံကို လက်ခံစဉ် ၂၀၁၀ ရှိအခြေအနေ ထက် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ များစွာတည်ငြိမ်နေစေရန် အကောင်အထည်ဖော်သွားသည့် Phase များပင် ဖြစ်တယ်လို့ လက်ခံထားပါတယ်..... သို့မှသာ ၂၀၁၅ တွင် တက်သည့် အစိုးရသည် ၂၀၁၀ အစိုးရ မြန်မာနိုင်ငံကို လက်ခံရရှိသည့် အခြေအနေထက် များစွာကောင်းမွန်နေသည့် မြန်မာနိုင်ငံကို ဆက်လက် အုပ်ချုပ်နိုင်မှာလည်း ဖြစ်ပါတယ်......  ဒါကြောင့် လက်ရှိအစိုးရဟာ Phase by Phase သွားနေတယ်လို့ မြင်ရခြင်း ဖြစ်ပါတယ်.... အဘယ့်ကြောင့်ဆိုသော် အဖက်ဖက်မှ ယို့ယွင်းနေသော၊ ခြစားနေသော မြန်မာနိုင်ငံ အုပ်ချုပ်ရေး ယန္တရားအား ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲရန်မှာ စနစ်တကျ ရေးဆွဲသတ်မှတ်ထားသော မူဝါဒများ၊ Mile stone များမရှိပဲ ယုတ်ချည်းပြောင်းလဲလို့ ရတဲ့ကိစ္စတွေမဟုတ်ပါဘူး..... ထို့အတွက်ကြောင့် မည်မျှပင် ကောင်းမွန်အောင်လုပ်ဆောင်နေစေကာမူ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံဆောင်ရွက်ရာတွင် နှောင့်နှေးနေခြင်းမှု၊ Transparency အားနည်းခြင်းနှင့် သတင်းထုတ်ပြန်မှု နှောင့်နှေးခြင်းများကြောင့် ဝေဖန်ခံရခြင်း ဖြစ်သည်လို့ ကောက်ချက်ဆွဲမိပါတယ်......   နိုင်ငံသူ နိုင်ငံသားများနှင့် အစိုးရ၏ အတိုက်အခံများသည် လက်ရှိအုပ်ချုပ်နေသည့် အစိုးရ၏ သတင်းထုတ်ပြန်မှု၊ Transparency ပြည့်ဝမှုပေါ်မူတည်၍ နိုင်ငံကို မည်သို့ပုံစံဖြင့် အုပ်ချုပ်နေသည်ကို အကဲခတ်နေရခြင်း ဖြစ်ပါတယ်.... ထို့ကြောင့် လက်ရှိအစိုးရအနေဖြင့် ပြည်သူလူထုအပေါ်တွင် ယခုထက် ပိုမိုပွင့်လင်းသော၊ ရင်းနှီးသော ဆက်ဆံရေးများအား အစိုးရအပေါ်ပိုင်း သမ္မတရုံးမှသည် ဝန်ကြီးဌာန အများစုသို့ပါ လိုက်နာနိုင်စေရန် ဆောက်ရွက်စေသင့်ပါတယ်.......  လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေအား ကြည့်ရသည်မှာ ၂၀၁၀ ကနှင့် များစွာခြားနားခဲ့ပြီး အားရစရာများစွာ တွေ့လာရပါတယ်.... သို့ဖြစ်သည့်အတွက် နိုင်ငံသား တစ်ယောက်အနေဖြင့် ၂၀၁၅ တွင်တက်လာမည့် အစိုးရသည် ယခုအစိုးရထက် များစွာ နိုင်ငံနှင့် ပြည်သူလူထုအတွက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိပေသည်...... သို့ရာတွင် ၂၀၁၅ အတွက် အားခဲလာသော နိုင်ငံရေး ပါတီများထံမှာ မဲဆွယ်ခြင်းများ ပြုလုပ်ခြင်း အတွေ့ရနည်းနေသည့်အပြင် ၂၀၁၅ တွင် မိမိတို့ပါတီ အာဏာရပါက တိုင်းပြည်အား မည်သို့အုပ်ချုပ်သွားမည် ဆိုသည်ကို ပြည်သူလူထုသို့ ချပြခြင်း မရှိသေးပေ......  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လာရောက်ရန် စူးစမ်းနေသည့် ပြည်ပလုပ်ငန်းရှင်များစွာ ရှိသော်လည်း အချို့၏ သုံးသပ်ချက်မှာ လက်ရှိအစိုးရ သက်တန်းမှာ ကုန်ဆုံးရန် သိပ်မလိုတော့သကဲ့သို့ နောင်တက်မည့် အစိုးရလက်ထက်တွင် မည်သည့် စီးပွားရေး မူဝါဒဖြင့် အကောင်အထည်ဖော်မည်နည်း အစရှိသည်တို့ကို သုံးသပ်နေခြင်းပင် ဖြစ်ပါတယ်..... အထူးသဖြင့် ၎င်းတို့၏အမြင်တွင် ၂၀၁၅ ၌ ကြိမ်းသေ အာဏာရမည့်အစိုးရမှာ ဒေါ်စု ဦးဆောင်မည်ဟု တွက်ဆထားသည့်အတွက် ၎င်းအစိုးရလက်ထက်တွင် အမျိုးသား အကျိုးစီးပွားကို ကာကွယ်သည့် မူဝါဒဖြင့်သွားမည်လော၊ တိုင်းတပါး ရင်းနှီးမြှုပ်နှံသူများအတွက် မည်မျှ အခွင့်အရေး ပေးမည်နည်း အစရှိသည်တို့ဖြင့် ချိန်ထိုးနေသည်များလည်း ရှိပေသည်..... အဘယ့်ကြောင့်မူ တောင်အာဖရိကတွင် လူထုခေါင်းဆောင် မင်ဒဲလား အစိုးရတက်အပြီး ယို့ယွင်းသွားသော စီးပွားရေးလုပ်ငန်းများက ၎င်းတို့အတွက် သင်ခန်းစာ ဖြစ်နေသောကြောင့်ပင်တည်း.......  ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် အစိုးရအပေါ်တွင်သာမက အတိုက်အခံများ၏ ၎င်းတို့အာဏာရရှိလာချိန်တွင် နိုင်ငံအား မည်သို့ပုံစံဖြင့် အုပ်ချုပ်မည်၊ မည်သည့်မူဝါဒဖြင့် သွားမည်ကို သိလို၍ မိမိဆန္ဒနှင့် ကိုက်ညီမှုအပေါ်တွင် မဲပေးနိုင်မှုကို ဆုံးဖြတ်ကြမည် ဖြစ်ပေသည်...... အဆိုပါ နောက်တက်မည့် အစိုးရ၏ တိုင်းပြည်အား မောင်းနှင်သွားမည့် စီးပွားရေးမူဝါဒသည်ပင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနည်းအများ ပမာဏကိုလည်း အဆုံးအဖြတ် ပေးသွားမည်မှာ သေခြာလှပေသည်.......  သို့ဖြစ်သည့်အတွက် နိုင်ငံသား တစ်ယောက်အနေဖြင့် လက်ရှိအုပ်ချုပ်နေသည့် အစိုးရနှင့် နောင်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံအား အုပ်ချုပ်မည်ဟု ရည်မှန်းထားသည့် အတိုက်အခံပါတီများ၏ Transparency ရှိရှိနှင့် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်မှုများကို တောင့်တမိပေတော့သည်.......
ဂျပန်နိုင်ငံ တိုကျိုမြို့ သတင်းထောက်များ ကလပ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများ မြန်ဆန်သည့်အပေါ် ဘယ်လိုသုံးသပ်ပါသလဲ၊ သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့တာကို ဒေါ်စုရဲ့
 "သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ အားအနည်းဆုံးအချက်ဟာ တိကျတဲ့မူဝါဒချမှတ်ပြီး အကောင်အထည်ဖေါ်နေတာမျိုး မရှိခြင်းပါပဲ၊ လတ်တလော မြင်နေရခြင်းတွင် ပြုပြင်ပြောင်းလဲရေး အဆင့်လိုက်သတ်မှတ်ပြီး အကောင်အထည် ဖေါ်နေတာမျိုးမရှိသလို၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး ချမှတ်ရေးဆွဲ အကောင်အထည်ဖေါ်နေတာမျိုး မတွေ့ရပါဘူး” ဆိုတာလေး ဖတ်ရတော့ ပြုံးမိတယ်......
ဘာကြောင့်လဲဆိုတော့ လက်ရှိအစိုးရရဲ့ Transpancy အားနည်းခြင်းနှင့် သတင်းထုတ်ပြန်မှု နှောင့်နှေးခြင်းနှင့် ဝန်ကြီးဌာနများ ပြည်သူလူထုနှင့် ဆက်ဆံဆောင်ရွက်ရာတွင် နှောင့်နှေးနေခြင်းများကြောင့် အခုလိုဝေဖန်ခံလိုက်ရတာကို သဘောပေါက်လိုက်လို့ပါပဲ....... လက်ရှိအစိုးရအနေနဲ့ ၂၀၁၀ အာဏာကို လွှဲပြောင်းရယူခဲ့စဉ်က ယို့ယွင်းခြစား၊ ပြိုကျလုနီးပါး ဖြစ်နေတဲ့ အစိုးရ ယန္တရားကြီးနဲ့ အခြားအခြားသော လုပ်ငန်းများကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဆွဲတင်ရာမှာ Phase အလိုက် လုပ်ဆောင်ခဲ့သော်လည်း သတင်းထုတ်ပြန်မှု၊ ပြည်သူလူထုနှင့် ဆက်ဆံဆောင်ရွက်ရာတွင် နှောင့်နှေးနေမှု၊ Transparency အားနည်းမှုတွေကြောင့်လို့ မြင်မိပါတယ်.......
သိသာသော ပြောင်းလဲမှုများအဖြစ် မြစ်ဆုံကို ရပ်ဆိုင်းခြင်းမှသည် အစပြု၍ စာပေ၊ အနုပညာ လွတ်လပ်စွာ လုပ်ကိုင်စေခြင်းများ၊ ကားများလွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်း၊ လက်ဝေခံ လုပ်ပိုင်ခွင့်ပေးခြင်းများကို ဆက်လက် လုပ်ကိုင်မှ မရှိခြင်း၊ လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်ဆဲသည်ဟုဆိုစေကာမူ ယာယီငြိမ်းချမ်းရေးများ ရအောင်ယူနေခြင်း၊ ဖုန်းများ ဈေးချသည်မှ အစပြု၍ ပြောင်းလဲရေးနှင့် မလိုက်နိုင်သည့် အရာထမ်း၊ ဝန်ထမ်း အကြီးအသေး ပေါင်းစုံအား ပြောင်းလဲခန့်အပ်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ Efficiency ရှိသူများနှင့် အစားထိုး ခန့်အပ်ခြင်းများကြောင့်ပဲ ဖြစ်ပါတယ်......
အဆိုပါ ကိစ္စရပ်များဟာ လက်ရှိအစိုးရ မြန်မာနိုင်ငံကို လက်ခံစဉ် ၂၀၁၀ ရှိအခြေအနေ ထက် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ များစွာတည်ငြိမ်နေစေရန် အကောင်အထည်ဖော်သွားသည့် Phase များပင် ဖြစ်တယ်လို့ လက်ခံထားပါတယ်..... သို့မှသာ ၂၀၁၅ တွင် တက်သည့် အစိုးရသည် ၂၀၁၀ အစိုးရ မြန်မာနိုင်ငံကို လက်ခံရရှိသည့် အခြေအနေထက် များစွာကောင်းမွန်နေသည့် မြန်မာနိုင်ငံကို ဆက်လက် အုပ်ချုပ်နိုင်မှာလည်း ဖြစ်ပါတယ်......
ဒါကြောင့် လက်ရှိအစိုးရဟာ Phase by Phase သွားနေတယ်လို့ မြင်ရခြင်း ဖြစ်ပါတယ်.... အဘယ့်ကြောင့်ဆိုသော် အဖက်ဖက်မှ ယို့ယွင်းနေသော၊ ခြစားနေသော မြန်မာနိုင်ငံ အုပ်ချုပ်ရေး ယန္တရားအား ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲရန်မှာ စနစ်တကျ ရေးဆွဲသတ်မှတ်ထားသော မူဝါဒများ၊ Mile stone များမရှိပဲ ယုတ်ချည်းပြောင်းလဲလို့ ရတဲ့ကိစ္စတွေမဟုတ်ပါဘူး..... ထို့အတွက်ကြောင့် မည်မျှပင် ကောင်းမွန်အောင်လုပ်ဆောင်နေစေကာမူ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံဆောင်ရွက်ရာတွင် နှောင့်နှေးနေခြင်းမှု၊ Transparency အားနည်းခြင်းနှင့် သတင်းထုတ်ပြန်မှု နှောင့်နှေးခြင်းများကြောင့် ဝေဖန်ခံရခြင်း ဖြစ်သည်လို့ ကောက်ချက်ဆွဲမိပါတယ်......
နိုင်ငံသူ နိုင်ငံသားများနှင့် အစိုးရ၏ အတိုက်အခံများသည် လက်ရှိအုပ်ချုပ်နေသည့် အစိုးရ၏ သတင်းထုတ်ပြန်မှု၊ Transparency ပြည့်ဝမှုပေါ်မူတည်၍ နိုင်ငံကို မည်သို့ပုံစံဖြင့် အုပ်ချုပ်နေသည်ကို အကဲခတ်နေရခြင်း ဖြစ်ပါတယ်.... ထို့ကြောင့် လက်ရှိအစိုးရအနေဖြင့် ပြည်သူလူထုအပေါ်တွင် ယခုထက် ပိုမိုပွင့်လင်းသော၊ ရင်းနှီးသော ဆက်ဆံရေးများအား အစိုးရအပေါ်ပိုင်း သမ္မတရုံးမှသည် ဝန်ကြီးဌာန အများစုသို့ပါ လိုက်နာနိုင်စေရန် ဆောက်ရွက်စေသင့်ပါတယ်.......
လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေအား ကြည့်ရသည်မှာ ၂၀၁၀ ကနှင့် များစွာခြားနားခဲ့ပြီး အားရစရာများစွာ တွေ့လာရပါတယ်.... သို့ဖြစ်သည့်အတွက် နိုင်ငံသား တစ်ယောက်အနေဖြင့် ၂၀၁၅ တွင်တက်လာမည့် အစိုးရသည် ယခုအစိုးရထက် များစွာ နိုင်ငံနှင့် ပြည်သူလူထုအတွက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိပေသည်...... သို့ရာတွင် ၂၀၁၅ အတွက် အားခဲလာသော နိုင်ငံရေး ပါတီများထံမှာ မဲဆွယ်ခြင်းများ ပြုလုပ်ခြင်း အတွေ့ရနည်းနေသည့်အပြင် ၂၀၁၅ တွင် မိမိတို့ပါတီ အာဏာရပါက တိုင်းပြည်အား မည်သို့အုပ်ချုပ်သွားမည် ဆိုသည်ကို ပြည်သူလူထုသို့ ချပြခြင်း မရှိသေးပေ......
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လာရောက်ရန် စူးစမ်းနေသည့် ပြည်ပလုပ်ငန်းရှင်များစွာ ရှိသော်လည်း အချို့၏ သုံးသပ်ချက်မှာ လက်ရှိအစိုးရ သက်တန်းမှာ ကုန်ဆုံးရန် သိပ်မလိုတော့သကဲ့သို့ နောင်တက်မည့် အစိုးရလက်ထက်တွင် မည်သည့် စီးပွားရေး မူဝါဒဖြင့် အကောင်အထည်ဖော်မည်နည်း အစရှိသည်တို့ကို သုံးသပ်နေခြင်းပင် ဖြစ်ပါတယ်..... အထူးသဖြင့် ၎င်းတို့၏အမြင်တွင် ၂၀၁၅ ၌ ကြိမ်းသေ အာဏာရမည့်အစိုးရမှာ ဒေါ်စု ဦးဆောင်မည်ဟု တွက်ဆထားသည့်အတွက် ၎င်းအစိုးရလက်ထက်တွင် အမျိုးသား အကျိုးစီးပွားကို ကာကွယ်သည့် မူဝါဒဖြင့်သွားမည်လော၊ တိုင်းတပါး ရင်းနှီးမြှုပ်နှံသူများအတွက် မည်မျှ အခွင့်အရေး ပေးမည်နည်း အစရှိသည်တို့ဖြင့် ချိန်ထိုးနေသည်များလည်း ရှိပေသည်..... အဘယ့်ကြောင့်မူ တောင်အာဖရိကတွင် လူထုခေါင်းဆောင် မင်ဒဲလား အစိုးရတက်အပြီး ယို့ယွင်းသွားသော စီးပွားရေးလုပ်ငန်းများက ၎င်းတို့အတွက် သင်ခန်းစာ ဖြစ်နေသောကြောင့်ပင်တည်း.......
ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် အစိုးရအပေါ်တွင်သာမက အတိုက်အခံများ၏ ၎င်းတို့အာဏာရရှိလာချိန်တွင် နိုင်ငံအား မည်သို့ပုံစံဖြင့် အုပ်ချုပ်မည်၊ မည်သည့်မူဝါဒဖြင့် သွားမည်ကို သိလို၍ မိမိဆန္ဒနှင့် ကိုက်ညီမှုအပေါ်တွင် မဲပေးနိုင်မှုကို ဆုံးဖြတ်ကြမည် ဖြစ်ပေသည်...... အဆိုပါ နောက်တက်မည့် အစိုးရ၏ တိုင်းပြည်အား မောင်းနှင်သွားမည့် စီးပွားရေးမူဝါဒသည်ပင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနည်းအများ ပမာဏကိုလည်း အဆုံးအဖြတ် ပေးသွားမည်မှာ သေခြာလှပေသည်.......
သို့ဖြစ်သည့်အတွက် နိုင်ငံသား တစ်ယောက်အနေဖြင့် လက်ရှိအုပ်ချုပ်နေသည့် အစိုးရနှင့် နောင်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံအား အုပ်ချုပ်မည်ဟု ရည်မှန်းထားသည့် အတိုက်အခံပါတီများ၏ Transparency ရှိရှိနှင့် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်မှုများကို တောင့်တမိပေတော့သည်.......
လက်ပံတောင်းတောင် ကော်မရှင် အစီရင်ခံစာ မှ ကောက်နှုတ်ချက်
$
0
0
by James Mint (Notes) on Tuesday, March 12, 2013 at 7:27pm
ကြေးနီ စီမံကိန်းဟာ ယခုမှ ပေါ်လာသလား……
သတ္တုတွင်း ၀န်ကြီးဌာနက ဆိုရှယ်လစ် အစိုးရလက်ထက်မှာ ယူဂိုနည်းပညာနှင့် စက်ပစ္စည်းများ ၀ယ်ယူပြီး စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းကို တစ်နေ့ တန် ၈၀၀၀ ကျ စက်ရုံတည်ဆောက်ပီး ၁၉၈၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့၊ နည်းပညာမှားယွင်းခြင်း၊
ခေတ်မှီမှု မရှိခြင်းကြောင့် သတ္ထုရိုင်းအတွင်းရှိ ကြေးနီများ ကုန်စင်အောင် ထုတ်ယူနိုင်မှု မရှိခြင်း၊ ရင်းနှီးမှု စားရိတ်ကြီးမြင့်ခြင်း၊ ငွေကုန် အကျိုးအမြတ်မရသဖြင့် ၁၉၈၈ ခုနှစ်တွင် ရပ်ဆိုင်းခဲ့..... ၁၉၉၈ နိုဝင်ဘာတွင် အမှတ်(၁) သတ္ထုတွင်းလုပ်ငန်း၊ သတ္ထုတွင်းဝန်ကြီးဌာနနှင့် ကနေဒါနိုင်ငံ အိုင်ဗင်းဟိုး ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာအိုင်ဗင်ဟိုးနာမည်ဖြင့် ၅၀း ၅၀ အကျိုးတူ လုပ်ဆောင်ခဲ့၊ ၂၀၁၀ ခုနှစ် ဒီဇင်ဘာအထိ ဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်…......
အကျိုးအမြတ်နဲ့ ပွင့်လင်းမြင်သာမှု……
ဝမ်ပေါင်နဲ့ စာချုပ်ကိစ္စ ပါတ်သက်လို့တော့ ကုန်ကျစားရိတ် ဖယ်အပြီး ဦးပိုင်မှ ၅၁ ရာနှုန်းနဲ့  ၀မ်ပေါင်မှ ၄၉ ရာနှုန်းဖြင့် ခွဲယူမယ်လို့ ဖော်ပြပါရှိကြောင်း သို့သော် အခြားသော ၀င်ငွေခွန်များနဲ့ ပါတ်သက်ပြီး မရှင်းလင်းတာတွေလည်း တွေ့ရပါတယ်….. တနည်းအားဖြင့် နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ ၀င်ငွေ အပြည့်မရတဲ့ သဘောကို သက်ရောက်နေပါတယ်…. သို့ရာတွင် ၀မ်ပေါင်နှင့် ဦးပိုင်တို့ ချုပ်ဆိုထားသော စာချုပ်များမှာ အိုင်ဗင်ဟိုး ကုမ္ပဏီမှ ပြုစုထားသော စာရွက်စာတန်းများကဲ့သို့ အသေးစိတ် အချက်အလက်များ ဖော်ပြပါရှိသည်ကို မတွေ့ရလို့ ဆိုထားပါတယ်..... စာချုပ်စာတန်းများမှာလည်း လက်ရှိ ကြေးနီပေါက်ဈေးနဲ့ ထည့်သွင်းတွက်ချက်ထားခြင်း မရှိတာလည်း တွေ့ရပါတယ်…. ကြေးနီ တစ်တန်လျင် ဒေါ်လာ ၄၇၅၀ နှင့် တစ်နှစ်လျင် တန်ချိန် တစ်သိန်းအတွက် တွက်ချက်ထားတယ်လို့ ဆိုပါတယ်….. လက်ရှိအရတော့ ၀မ်ပေါင်ထက် ဦးပိုင်က အကျိုးအမြတ် ပိုမို ရရှိမယ်လို့ ဆိုထားပါတယ်.....
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ မိုးကြိုး ဆာလ်ဖျူရစ်အက်စစ် စက်ရုံသည် စီးပွားရေး ဦးပိုင်လီမိတက်၏ စက်ရုံဖြစ်၊ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်းမရှိကြောင်း၊ ဦးပိုင်၏စီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်းဖြစ်၊ ISO လည်းရယူထားခြင်းမရှိ.... သို့သော် ခေါင်တိုင်သည် ၁၃၁ မေမြင့်ပြီး စွန့်ထုတ်အငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုဒ် ပါဝင်မှု ၁၅၅၀ PPM (Parts Per Million) ထက် မများစေရန် သက်မှတ်ထိမ်းချုပ် စွန့်ထုတ်၊ ၂၄ နာရီ မပြတ်လည်ပါတ်ရသည့်အတွက် အန္တရာယ်ရှိသော ဓါတုဗေဒပစ္စည်းစက်ရုံအဖြစ် နိုင်ငံတကာက သတ်မှတ်ထားတယ်လို့ ဆိုထားပါတယ်….. သို့သော် ပြည်သူများ အဆိုပါကိစ္စကို သိရှိခြင်း မရှိတာကြောင့် ကော်မရှင် အစီရင်ခံစာမှာ ပွင့်လင်းမြင်သာမှုကို တောင်းဆိုထားတယ်လို့ မှတ်ယူရပါတယ်…....
ဝန်ထမ်းခန့်အပ်ထားမှုနှင့် ၀မ်ပေါင်မှ ဒေသခံများအတွက် ဆောင်ရွက်ထားရှိမှု…..
အစီရင်ခံစာ အပိုဒ် (၅၆) မှာ စံပယ်တောင်နှင့် ကြေးစင်တောင် သတ္ထုတွင်း လုပ်သားအင်အားမှာ နိုင်ငံခြားသား ၆ ဦး၊ မြန်မာဝန်ထမ်း၊ ၁၄၃၉ ဦး၊ လက်ပန်းတောင်းတောင်တွင် နိုင်ငံခြားသား ပညာရှင် ၁၆၉ ဦး၊ မြန်မာဝန်ထမ်း ၆၆၀ ဦး၊ အသစ်ခန့်ထားမည့် အင်ဂျင်နီယာဘွဲ့ရများနှင့် အခြားဘွဲရ မြန်မာဝန်ထမ်း ၁၂၈ ဦးအား ၂၄-၀၉-၂၀၁၂ မှ စတင်၊ လုပ်ငန်းခွင် အခြေခံ ၉ လ၊ သင်တန်းကာလ နေစရာပေးပြီး စားစရိတ်၊ အထွေထွေစားရိတ် တစ်ယောက်လျင် ၁ သိန်းထောက်ပံ့တယ်လို့ ဆိုထားပါတယ်…. အပိုဒ် (၅၇) မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့က အသံမစဲ မဟာပဌာန်းပွဲ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခြင်း၊ တောင်ကြားကျောင်းတိုက် ပဌာန်းသိမ်း အောင်ပွဲ အခမ်းအနား ကျင်းပခြင်း၊ ရေဘေးသင့်ဒေသခံများအတွက် အလှူငွေ ပေးအပ်ခြင်း၊ ၀က်မှေး - ကံတော ကျေးရွာသစ်တွင် ကျောင်းသုံးစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံး ဗီရိုများ လှူဒါန်းခြင်းတို့ ပါဝင်ပါတယ်….
ထို့အတူ ရွာသာရွာ၊ ယမားချောင်း တာပေါင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရွာသာ-ရွှေပန်းခိုင်လမ်း ဆောက်လုပ်ပေးခြင်း၊ သာယာကုန်းရွာတံတား၊ မိုးကြိုးပြင်ရွာဆည် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ဖောင်းကားရွာဆည် ပြုပြင်ပေးခြင်း၊ လက်ပံတောင်းကျေးရွာ ဆေးပေးခန်း၊ စာကြည့်တိုက်ရှေ့ မြေနေရာအား စက်ယန္တရားများဖြင့် ပြုပြင်ကူညီပေးခြင်း၊ ၂၀၁၁ ခုနှစ်အတါင်း မိုးရွာသွန်းမှုကြောင့် ကျိုးပေါက်သွားသော ဆားလင်းကြီးမြို့လယ်ရှိ အများသုံး ရေကန်ကြီး ပြန်လည်ပြုပြင်မှုအား စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်ပေးခြင်း၊ ကံကုန်းကျေးရွာတွင် သောက်သုံးရေအတွက် အ၀ီစိတွင်းနှင့် အုတ်ရေကန် တူးဖော်လှူဒါန်းခြင်း၊ သောက်ရေအတွက် ရေသန့်စက် လှူဒါန်းခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့
အပိုဒ် (၆၁) မိုင်းမြို့ (Mine Town (၀ါ) လုပ်သားမြို့) ရှိ ပြည်သူ့ဆေးရုံသည် ခုတင် ၂၅ လုံးဆံ့ဆေးရုံဖြစ်ပြီး အထွေထွေရောဂါကု ဆရာဝန် ၄ ဦး၊ သွား ဆရာဝန် ၁ ဦး၊ သူနာပြု ဆရာမ ၆ ဦး၊ သူနာပြုအကူ ၅ ဦး၊ အထွေထွေအကူ ၃ ဦးဖြင့် စီမံကိန်း ၀န်ထမ်းနှင့် ၀န်ထမ်းမိသားစုများအား ၂၄ နာရီ ကျန်းမာရေး စောင့်လျှောက်မှု ပေးလျက်ရှိသည့်အပြင် ယခုအခါ ၂၁-၀၅-၂၀၁၂ ရက်နေ့မှစ၍ နေ့စဉ် (Mobile Medical Team) တစ်ခုဖြင့် လှည့်လည်၍ အနီးပါတ်ဝန်းကျင် ကျေးရွာ ၂၈ ရွာမှ လူနာများကိုပါ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်၊ ဒေသခံများက ထို့ထက်ပိုမို၍ ထိရောက်သော အကူအညီများ ပေးစေလိုသည်......
ဒေသခံများကော ကြေးနီချက်သလား…….
အပိုဒ် (၆၂) မှာ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ဒုန်းတောရွာနှင့် လေးညှင်းတောင် ဘုန်းတော်ကြီးကျောင်းအကြား၊ မိုင်တိုင်အမှတ် (၄၄၆ / ၂) မှ (၄၄၆ / ၇) အထိတွင်ရှိသော ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည် စွန့်ပစ်မြေများကို ဒေသခံများက ဒေသန္တရနည်းဖြင့် ဒုတ္ထာ / ကြေးနီ ချက်လုပ်ပြီး ကျန်ရှိနေသည့် ညစ်နွမ်းမြေသားများကို အရုပ်ဆိုး အကျည်းတန်စွာ တွေ့ရ၊ ထို့ပြင် ပုသိမ်-မုံရွာ ကားလမ်းလေးရှိ ကံကုန်းကျေးရွာ အတွင်းနှင့် အနီးပါတ်ဝန်းကျင်တွင်လည်း ယခင်က စွန့်ပစ်မြေများကို ဒေသန္တရနည်းများဖြင့် ဒုတ္ထာ / ကြေးနီ ချက်လုပ်မှုကြောင့် မြေသားများ ညစ်နွမ်းပြီး မြေအောက်သို့ စိမ့်ဝင်မှုကြောင့် သောက်သုံးရေ မသန့်ရှင်းမှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့ရသည်လို့ ဆိုထားပါတယ်….......
စီမံကိန်းကြောင်း ဖြစ်လေသလော…..
၀၂-၀၂-၂၀၁၃ မှာ ကျောက်မိုင်းခွဲလို့ ယင်းမာပင်မြို့နယ်၊ ရေကြည်ပြင်ရွာမှ အုတ်ကန်ပြို၍ အမျိုးသမီး တစ်ယောက် ထိခိုက်တာနဲ့ ပါတ်သက်ပီး ကော်မရှင် အဖွဲ့နှစ်ယောက် သွားစစ်ဆေးတာနဲ့ ပါတ်သက်လို့ အပိုဒ် (၆၈)၊ အပိုဒ်ခွဲ (ခ)  ပြိုကျတဲ့ အုတ်ရေကန်ကို စစ်ဆေးကြည့်ရာ အုတ်ရေကန်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်လုပ်ခဲ့ပြီး လက်ရာမှာ သတ်မှတ် အရည်အသွေး မမီကြောင်း၊ အုတ်ရေကန်မှာ မြေတုန်ခါမှု (Vibration) လားရာဘက်သို့ ဆန့်ကျင်၍ ပြိုကျခဲ့သည်ကို တွေ့ရပြီး ရွာတွင်းရှိ အခြားရေကန်များ ထိခိုက်ပျက်စီးမှု မရှိ၊ ကော်မရှင်အနေဖြင့် ကြေးစင်တောင်နှင့် စံပါတ်တောင်တို့တွင် စမ်းသပ်ကျောက်မိုင်းခွဲမှုများကို မျက်မြင် ကြည့်ရှုခဲ့ရာ များစွာ ကျယ်လောင်သော အသံများ မကြားရပဲ တုန်ခါမှု မရှိခဲ့ကြောင်း.....
ပါတ်ဝန်းကျင်သို့ ဆက်လက်လေ့လာခဲ့ရာ ရေပုပ်ကျေးရွာရှိ ဘုရားများအား ပျက်စီးမှု ရှိ / မရှိ လှည့်လည် ကြည့်ရှုဖူးမြော်ပြီး ဆရာတော် ဦးသီလနန္ဒ၏ မိန့်ကြားချက်အရ ယခင်နှစ်က ငလျင်ဒဏ်ကြောင့် ဘုရားစေတီအချို့ ကွဲအက်ခဲ့ကြောင်း၊ ကျောက်မိုင်းခွဲမှုကြောင့် အသံကျယ်ပြီး မြေတုန်ခါမှု အနည်းငယ်သာရှိတယ်လို့ ဆိုပါတယ်…...... ထို့အတူ အက်စစ်ထိ၍ ကျန်းမားရေးထိခိုက်သည်ဟုသော ကလေးလေးယောက်ကို စစ်ဆေးရာ အက်စစ်ကြောင့် ဖြစ်သော ရောဂါလက္ခဏာများမဟုတ်ဟု ကော်မရှင်က ဆိုထားပါတယ်….....အပိုဒ်ခွဲ (ဂ) မှာတော့ အမျိုးသမီး၏ ထိခိုက်ဒဏ်ရာရရှိမှုသည် ကျောက်မိုင်းခွဲမှုနှင့် ဆက်စပ်မှု မရှိသော်လည်း မြန်မာ-ယန်စီ ကော့ပါးကုမ္ပဏီမှ စေတနာအလျောက် ဆေးကုသပေးခဲ့.....
ကျေးရွာများပြောင်းရွှေ့မှုနှင့် လျော်ကြေးကိစ္စ ….
ဝက်မှေးကျေးရွာမှ ရွာသစ်ကျေးရွာကို ပြောင်းရွှေ့နေရတဲ့သူတွေအတွက် အိမ်အစားထိုး ပေးထားတာမှာ Type A, Type B, Type C & Type D ဆိုပီး ၄ မျိုးရှိ။ ယခင်က အဆောင်အအုံနှင့် နေထိုင်ခဲ့သူများ (ငွေကြေးချောင်လည်သူများ) က ကျေနပ်မှုမရှိပဲ၊ တဲအိမ်ငယ်နှင့် နေထိုင်ခဲ့ရသူများ (စီးပွားရေး ပြေလည်သူများ) ကမူ ရွာသစ်တွင် သစ်သားအိမ်နှင့် နေထိုင်ရသည်ကို နှစ်ခြိုက်သဘောကျတယ်လို့ သိရပါတယ်…...
အပိုဒ် (၅၅) ကျေးရွာသစ်သို့ ပြောင်းရွှေ့သူများအား ကျေးရွာဟောင်းတွင် နေထိုင်ခဲ့သော နေအိမ်အမျိုးအစားအလိုက် အဆောက်အအုံ၏ တစ်စုတရန်းပေနှုန်းထားဖြင့် တွက်ချက်ထားသော အဆောက်အအုံ ပျက်စီးမှု နစ်နာကြေးများကို (အနည်းဆုံး ၃၅၀၀၀ ကျပ်မှ အများဆုံး ၁၀ သိန်းအထိ) ထောက်ပံ့ခြင်း၊ ကျေးရွာသစ် နေအိမ်များတွင် လိုအပ်ချက်များ ရှိပါက စိတ်တိုင်းကျ ပြင်ဆင်ထိန်းသိမ်းနိုင်ရန် အိမ်အမျိုးအစားအလိုက် A-Type ၁၀ သိန်း၊ B-Type ၈ သိန်း၊ C-Type ၆ သိန်းနှင့် D-Type ၄ သိန်းနှုန်းများဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ အခြား လိုအပ်ချက်များ ပံ့ပိုးခြင်းများ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်.....
တူညီသောအချက်မှာ မြို့သစ်တည်ဆောက်ခွင့်ရသည့် ကန်ထရိုက်တာများ၊ ဆပ်ကန်ထရိုက်တာများသည် နေအိမ်၊ အဆောက်အုံကို ဆောက်လုပ်စဉ်က အရည်အသွေး ညံ့ဖျင်းသော (သို့မဟုတ်) စံချိန်မမှီသော သစ်နှင့် အခြားအိမ်ဆောက်ပစ္စည်းများကို သုံးစွဲခဲ့သည်ဟု မျက်မြင်သက်သေ အထောက်အထားများဖြင့် တင်ပြသည်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်…......
SIA နဲ့ပါတ်သက်လို့တော့ အပိုဒ်ခွဲ (ဂ) မှတော့ စံပယ်တောင်၊ ကြေးစင်တောင်နှင့် လက်ပန်းတောင်းတောင်တို့ သဘာဝပါတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေး ဆောင်ရွက်မှု အခြေအနေများကို လေ့လာခြင်း၊ ရွာသားများအား စီမံကိန်းနှင့် ပါတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့..... လေ့လာရာတွင် ပြောင်းရွှေ့ရမည့် ကျေးရွာသစ်ကို တည်ဆောက်ခြင်း၊ မူလတန်းကျောင်း၊ စာကြည့်တိုက်၊ ဆက်သွယ်ရေးစခန်းနှင့် မီးသတ်စခန်းများ ထားရှိခြင်း၊ ရေ၊ မီး ရရှိရန် ဆောင်ရွက်ပေးခြင်၊ ဘုန်းတော်ကြီးကျောင်းများ တည်ဆောက်ပေးခြင်းတို့ကို တွေ့ရှိရလို့ ဆိုပါတယ်.....
သို့သော် အိမ်များကို တည်ဆောက်ပေးရာမှာ အရည်အသွေးညံ့သဖြင့် အိမ်အမျိုးအစားအလိုက်လျော်ကြေး ၄ သိန်းမှ ၁၀ သိန်းအထိ ထပ်မံပေးအပ်၊ မြေယာ / သီးနှံ လျော်ကြေးအဖြစ် တစ်ဧကလျင် ၅၂၀,၀၀၀ မှ ၅၅၀,၀၀၀ အထိလည်းကောင်း၊ ထန်းတစ်ပင်နှင့် သနပ်ခါး တစ်ပင်လျင် ၁၀,၀၀၀ ကျပ်၊ သရက်ပင် တစ်ပင်လျင် ၁၆,၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း လျော်ကြေးပေးခဲ့တယ်လို့ ဆိုထားပါတယ်.....
အပိုဒ် (၇၀) အပိုဒ်ခွဲ (ဃ) မှာတော့ ရွာတွေဟာ စံပြကျေးရွာ အဆင့်တည်ဆောက်ထားမှု မရှိခြင်း၊ လျော်ကြေးကိစ္စတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ရွာသူရွာသားများအား စီမံကိန်းနှင့် ပါတ်သက်သည့် သိကောင်းစရာများကို ခေါ်ယူဆွေးနွေးခြင်း မရှိခြင်း၊ လျော်ကြေးပေးမည့် ဆင့်ခေါ်စာမှာ မြေယာ / သီးနှံ လျော်ကြေးဟု ရေးထားပြီး လျော်ကြေး လက်ခံရရှိကြောင်း ၀န်ခံစာရွက်မှာတော့ လျော်ကြေးငွေရရှိကြောင်းနှင့် မြေယာစွန့်လွှတ်ကြောင်း ၀န်ခံချက်ဟု တွေ့ရခြင်း၊ ကာလတန်ဖိုးဖြင့် လျော်ကြေးပေးမှု မရှိခြင်း၊ SIA စနစ်တကျ ဆောင်ရွက်ထားမှု မရှိခြင်းတို့ ပါဝင်ပါတယ်......
EIA နှင့် လေထုညစ်ညမ်းမှု....
EIA နဲ့ ပါတ်သက်ပြီး အပိုဒ် (၇၀) အပိုဒ်ခွဲ (က) မှာ ဂေဟ စနစ်နဲ့ ပါတ်သက်လို့ လက်ပံတောင်းတောင် တ၀ိုက်မှာ မျိုးတုံးမည့် သစ်ပင် အမျိုးအစား မတွေ့လို့ ဆိုပါတယ်..... စီမံကိန်းဟာ ချင်းတွင်းမြစ်နားမှာ ရှိတဲ့အတွက် မြစ်ရေလျှံသည့်အခါ မိုင်းနားအထိ ရောက်ကြောင်း၊ အဲဒိအတွက် ချင်းတွင်းမြစ်ရေကို စစ်ဆေးကြည့်တဲ့အခါ နိုင်ငံတကာ စံနှုန်းအတွင်း ရှိကြောင်း၊ မြေအောက်ရေကို စစ်ဆေးကြည့်ရာတွင်မူ သောက်သုံး၇န် မသင့်လျော်ကြောင်း၊ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် များစွာ နိမ့်ကျ..... အပိုဒ်ခွဲ (ခ) စီမကိန်းတ၀ိုက် ဖုန်မှုန်းပါဝင်မှုဟာ WHO စံချိန်စံညွှန်းထက် များနေ၊ အခြားသော ညစ်ညန်းမှုများဖြစ်သည့် CO2, VOC, NO2 and SO2 တို့ ပါဝင်မှုမှာ စံချိန်စံညွှန်းများအရ ကောင်းမွန်သည့် အခြေအနေတွင်ရှိတယ်လို့ ဆိုပါတယ်......
လယ်တီဆရာတော်ဘုရားကြီး စံကျောင်း……
လယ်တီဆရာတော်ကြီး စံကျောင်းဆိုတာနဲ့ ပါတ်သက်ပြီး အပိုဒ် ၇၀၊ အပိုဒ်ခွဲ (င) မှာ လယ်တီဆရာတော်ကြီးဟာ လက်ပံတောင်းမှာ တောရ စင်္ကြန်ဆောက်လုပ်၍ ၁ ၀ါဆိုခဲ့တယ်လို့ သိရပြီး တည်နေရာ အတိအကျ ဖော်ပြထားခြင်းမရှိ၊ ဆရာတော် သီတင်းသုံးစဉ် တောင်၏ အနောက်မြောက်ရှိ ကျော်ရွာ၊ တောင်ပလူရွာ စသည်တို့ကို ဆွမ်းခံရွာအဖြစ် သတ်မှတ်ခဲ့..... လက်ပန်းတောင်းတောရစေတီမှာ မြန်မာမင်းများလက်ထက်က တည်ခဲ့ခြင်းဖြစ်၍ နှစ်ကြာသဖြင့် ပျက်စီးခဲ့ပြိး အောက်ခြေနှင့် ခြင်္သေ့လေးကောင်သာ ကျန်ခဲ့၍ မြန်မာသက္ကရာဇ် ၁၃၂၆ ခုနှစ် (ခရစ် သက္ကရာဇ် ၁၉၆၄ ခုနှစ်) တွင် ပြန်လည်တည်ဆောက်ခဲ့၊ သိမ်နေရာတွင် သိမ်တိုင် နှစ်မျိုးတွေ့၊ တစ်ခုမှာ ယနေ့ခေတ် လက်ရာဖြစ်၍ တစ်မျိုးမှာ ရှေးကျသည့် သဲကျောက်တိုက်ဖြစ်၊ လယ်တီဆရာတော်ကြီး သီတင်းသုံးခဲ့သည့် နေရာနှင့် စပ်လျဉ်း၍ ကွဲပြားချက်များ ရှိနေ၊ ရွှေမြင်တင်နှင့် ရွှေဇာလီစေတီတို့နှင့် ပါတ်သက်သည့် သမိုင်းအထောက်အထား နည်းပါး၍ ရှေးဟောင်းစေတီဟု ဆိုနိုင်ရန် ခက်ခဲကြောင်း တင်ပြထားသည်.......
ကော်မရှင် အကြံပြုချက်…..
အပိုဒ် (၈၃) အပိုဒ်ခွဲ (ဂ) မှာတော့ လယ်တီဆရာတော်ဘုရားကြီးရဲ့ တောရစင်္ကြန်ကျောင်းလို့ ခေါ်တဲ့ မြေနေရာနဲ့ အဲ့ဒိအပေါ်မှာရှိတဲ့ စေတီ၊ သိမ်ကျောင်းစတဲ့ ဗုဒ္ဓသာသနိက အဆောက်အဦးများဟာ လက်ပံတောင်း ကြေးနီစီမံကိန်းရဲ့ အလယ်ဗဟိုမှာ ရှိနေပြီး သတ္တုသိုက်ရဲ့ အဓိကနေရာဖြစ်နေတယ်လို့ ဆိုပါတယ်.... ဒါကြောင့် ရှောင်ကွင်းပြီး သတ္ထုတူးဖော်လို့ မဖြစ်နိုင်တဲ့အတွက် အဆိုပါ ဗုဒ္ဓသာသနိက အဆောက်အဦးများကို လက်ရှိအနေအထား မပျက်စေပဲ အခြားသင့်လျော်မယ့် နေရာတစ်ခုကို ပြောင်းရွှေ့ပေးဖို့ တိုက်တွန်းထားပြီး ဒေသခံ ပြည်သူလူထု၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရန် အကြံပြုထားပါတယ်.....
စီမံကိန်းဟာ စနစ်တကျ အကဲဖြတ်ခဲ့သလား….
အပိုဒ် (၈၁) မှာတော့ လက်ပံတောင်းတောင် စီမံကိန်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေဖြစ်တဲ့ ပါတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စနစ် (Environmental Management Plan - EMP)၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ် (Occupational Health and Safety Assessment System - OHSAS) မရှိသေးဘူးလို့ ဆိုထားပါတယ်..... ထို့အတူ အိုင်ဗင်ဟိုးရဲ့ ပါတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ချက် အစီရင်ခံစာတွေမှာလည်း ပါတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကို ယေဘုယျအားဖြင့် ခန့်မှန်းထားပြီး ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်.....
စီမံကိန်း ဒေသဟာ ယခင်ကပင် လူအများသွားလာခွင့် ပြုထားခဲ့လေသလား….
ပုဒ်မ (၁၄၄) ထုတ်ပြန်ရခြင်းအပေါ် အပိုဒ် (၈၈) အပိုဒ်ခွဲ (ဂ) မှာ ၂ လ တစ်ကြိမ် ထုတ်ပြန်ခဲ့တာယခုအချိန်ထိ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ခဲ့တာ ဖေဖော်ဝါရလ ၂၈ ရက်နေ့အထိ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်..... ယခင်က သတ္ထုမိုင်း ဧရိယာအတွင်း သတ္ထုများ ခိုးယူတူးဖော်မှုများကြောင့် မြေပိသေဆုံးခြင်း၊ ခိုက်ရန်ဖြစ်ပွား၍ ဒဏ်ရာရရှိခြင်း စသည်များကြောင့်လို သိရပါတယ်...... (စကားချပ်.... မင်းဘူး ရေနံမြေမှာလည်း ပုဒ်မ ၁၄၄ သက်ဝင်လျက် ရှိပါတယ်..... ညအချိန်တွေမှာ ရေနံပန့်များမှ ထွက်သော ရေနံများကို သိုလှောင်ရာ ကန်မရောက်ခင်ကြားမှာ ပိုက်ကိုဖောက်ခိုးခြင်းများ ရှိတဲ့အတွက် MOGE ရဲများ စောင့်ကြပ်ပြီး ပစ်မိန့်ပါ တစ်ပါတည်း ရရှိထားတယ်လို့ သိရပါတယ်....)
ဆန္ဒပြမှု ဖြစ်လာခြင်းနဲ့ပါတ်သက်လို့တော့ အပိုဒ် (၉၀) မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ကျေးရွာအချို့မှာ ရွာသူ၊ ရွာသားများက စီမံကိန်းများ ဆက်လက်မပြုလုပ်ရန် ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်.... အစပိုင်းမှာ ဘ၀လုံခြုံရေးအတွက် မြေယာလျော်ကြေး ရရှိရေး၊ ကျေးရွာများ မပြောင်းရွှေ့ရေးကိုသာ တောင်းဆိုခဲ့ကြပါတယ်.....နောက်ပိုင်းမှာ အခြားအဖွဲ့အစည်းများ ရောက်လာပြီး EIA, SIA နဲ့ Transparency ပိုင်းဆိုင်ရာတွေ ပါဝင်လာကာ စီမံကိန်းကို လုံးဝရပ်ဆိုင်းရန် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်.....  (စကားချပ်..... သေရွာမှ ပြန်ထလာတဲ့ ပါဖောင်းမန့်တွေလည်း ပါဝင်ခဲ့ပါတယ်....) တာဝန်ရှိသူတွေ ကိုင်တွယ်မှု မှားယွင်းခြင်း၊ ချဉ်းကပ်ပုံ မှားယွင်းခြင်းကြောင့် ပြဿနာ မလိုလားအပ်ပဲ ကြီးမားလာတယ်လို့ သိရပါတယ်......
ဆန္ဒပြသူများဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသလား…..
လူစုလူဝေးကြီးဟာ သတ္ထုတွင်း ဧရိယာအတွင်း ကျူးကျော်ဝင်ရောက်ခြင်း၊ စီမံကိန်း တာဝန်ထမ်းဆောင်နေသည့် တရုတ်ပညာရှင် ၂ ဦးနှင် စကားပြန် ၁ ဦးတို့အား အဓမ္မခြိမ်းခြောက်၍ ဆည်တည်းရွာ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်ခဲ့ကာ မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ထိမ်းသိမ်းထားတယ်လို့ သိရပါတယ်.... ထို့အတူ ၀က်မှေးကျေးရွာနေ လူစုမှ ခြံဝင်းတံခါးအား နှစ်ကြိမ်တိုင် ချိုးဖျက်ကာ စီမံကိန်းနယ်မြေအတွင်း ၀င်ရောက်ခဲ့တယ်လို့ သိရပါတယ်..... အခြားသော ပြင်ပအဖွဲ့အစည်းများ ပါဝင်ခဲ့ခြင်းကြောင့် နဂိုကပင် ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေအတွင်းမှာ သပိတ်စခန်း ၆ ခု ဖွင့်ခဲ့သည်အထိ ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်.....
၀၃-၀၃-၂၀၁၂ မှ စတင်၍ ဟန့်တားနှောင့်ယှက်မှု၊ ဆဲဆိုခြိမ်းခြောက်မှု၊ ဖျက်ဆီးမှုများနှင့် ဆူပူဆန္ဒပြမှုများ ၂၅-၁၁-၂၀၁၂ ရက်နေ့အထိ ၁ နှစ်တာ ကာလအတွင်း ၁၂၄ ကြိမ် ဖြစ်ပေါ်ခဲ့သဖြင့် ဦးပိုင်မှ တရားလိုပြုလုပ် တိုင်ကြားမှု ၂၂ မှု၊ ရဲမှ အမှုဖွင့်မှု ၅ မှု၊ ရွာသူ / ရွာသားများမှ ပြန်လည် အမှုဖွင့်မှု ၄ မှု အသီးသီး အပြန်အလှန် အရေးယူခဲ့ကြောင်း သိရတယ်လို့ ဆိုပါတယ်.... သို့ဖြစ်သည့်အတွက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းမပြုခဲ့ပဲ ၃-၃-၂၀၁၂ မှ ၂၅-၁၁-၂၀၁၂ အထိ ကာလအတွင်း ၁၂၄ ကြိမ်ခန့် ဆူပူဆန္ဒပြခဲ့ကြောင်း၊ ၀မ်ပေါင် ကုမ္ပဏီဝန်းကျင်တွင် ဥပဒေနှင့် ဆန့်ကျင်သော သပိတ်စခန်း ၆ နေရာ ဖွင့်လှစ်ဆန္ဒပြခဲ့မှုဟာ ၁၇-၁၁-၂၀၁၂ မှ ၂၉-၁၁-၂၀၁၂ ရက်နေ့အထိ ၁၃ ကြိမ် ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်.....
ရဲတပ်ဖွဲ့မှ အရေးယူမှု…..
ရဲတပ်ဖွဲ့မှ အရေးယူမှုနဲ့ ပါတ်သက်လို့ ၂၇-၁၁-၂၀၁၂ နေ့ ည ၁၂ နာရီ နောက်ဆုံးထား ဖျက်သိမ်းဖို့ မြန်မာ့ရုပ်မြင်သံကြားမှ ကြေငြာခဲ့ပြီး ၂၉-၁၁-၂၀၁၂ ရက်နေ့ နံနက် ၀၃း၀၀ နာရီအချိန်မှာ လူစုခွဲခဲ့တယ်လို့ ဆိုပါတယ်..... မူလက မျက်ရည်ယိုဗုံးများ ပစ်၍ ရှင်းလင်းဖယ်ရှားသော်လည်း လူစုခွဲထွက်ခွာမှုမရှိပဲ အင်အားစုစည်းနေသဖြင့် အမှတ် ၁၆ ရဲတပ်ရင်းမှူးမှ မိးခိုးဗုံးများသုံးစွဲ၍ အနီးကပ် ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်.... မီးခိုးဗုံး အလုံး ၁၀၀ အနက် ၅၅ လုံးသာ သုံးခဲ့တယ်လို့ ဆိုပါတယ်..... မြန်မာနိုင်ငံရဲချုပ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးတို့ တင်ပြချက်အရ နံနက် ၃ နာရီအချိန်မှာ ဆန္ဒပြမှုများကို ဖယ်ရှားရန် ဆောင်ရွက်ခဲ့တာဟာ သပိတ်စခန်းအတွင်း လူစုလူဝေး အနည်းဆုံးအချိန် ဖြစ်တဲ့အတွက် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း ဆိုပါတယ်.....
လူ၊ ရဟန်း သံဃာများ မီးလောင်ဒဏ်ရာ ရရှိမှု…..
ကော်မရှင်မှ စမ်းသပ်ချက်အရ အဆိုပါ မီးခိုးဗုံးများဟာ ပိုလီယက်စတာ မိုးကာစများနှင့် တွေ့ထိပါက မီးလောင်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်.... ထို့အတူ ရဲတပ်ဖွဲ့ဝင်များဟာလည်း မီးခိုးဗုံးနှင့် ပါတ်သက်၍ အတွေ့အကြုံ အားနည်းခြင်း၊ ထိတွေ့အသုံးပြုခဲ့မှု မရှိခြင်းတို့ကြောင်း ပစ်ခတ် အသုံးပြုရာတွင် သဘောသဘာဝ၊ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုး အန္တရာယ်များကို မသုံးသပ်နိုင်ခြင်း၊ ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့မှာ နီးကပ်ပြီး လူအုပ်စုနှင့် သံဃာထုမှာ တာပေါ်လင်မိုးကာ အမိုးအောက်မှ ရှောင်ထွက်ခြင်းမပြုပဲ ထိုင်မြဲထိုင်နေခြင်း၊ အိပ်နေခြင်းတို့ကြောင့် လျင်မြန်စွာ ထွက်ခွာနိုင်မှု မရှိ၍လည်းကောင်း၊ မဏ္ဍပ်မှာ တာပေါ်လင် မိုးကာစများ မိုးထားသဖြင့် မီးခိုးဗုံးမှ ထွက်ရှိသော မီးစများကြောင့် မိုးကာစများ အကွင်းလိုက် မီးလောင်ပြီး ပလတ်စတစ်အပူရည်များ ပျော်ကျကာ မဏ္ဍပ်အောက်ရှိ သံဃာတော်များ၏ သင်္ကန်းများ၊ ဂွမ်းစောင်များ၊ မြေယာခင်းများအပေါ်သို့ ကျရောက်မီးလောင်ခြင်းတို့ ဖြစ်စေခဲ့ကြောင်းလို့ ဆိုထားပါတယ်....
ကော်မရှင်၏ အကြံပြုချက်…..
သို့ဖြစ်သည့်အတွက် ကော်မတီကတော့ အပိုဒ် (၉၂) မှာ လူစုလူဝေးခွဲရာတွင် သုံးစွဲရန် ရည်ရွယ်သည့် မည်သည့်ပစ္စည်းကိုမဆို ကြိုတင်စမ်းသပ်သင့်ကြောင့်၊ ဘေးထွက်ဆိုးကျိုးကို လေ့လာသင့်ကြောင်း လိုအပ်လျင် လိုအပ်သလို ပြည်တွင်းတွင်လည်းကောင်း၊ ပြည်ပထွက်၍  လည်းကောင်း လေ့ကျင့်သင်ကြားစေသင့်ကြောင်း အကြံပြု တင်ပြခဲ့သည်.... ထို့အတူ အဓိကရုဏ်းနှိမ်နှင်းမှု လေ့ကျင့်ခြင်းကို မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာအကူအညီ ရယူ၍လည်းကောင်း အမြန်စတင် လေ့ကျင့်သင့်ကြောင်း၊ အဆင့်မြင့် နိုင်ငံခြား သင်တန်းများလည်း စေလွှတ်သင့်ကြောင်း အကြံပြုထားပါတယ်.....
အပိုဒ် (၉၃) အပိုဒ်ခွဲ (ခ) မှာတော့ ကော်မရှင်ဟာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ပါတ်သက်ပြီး အဆိုပါ ဥပဒေကို အများပြည်သူ သိရှိနိုင်ရေး၊ လိုက်နာနိုင်ရေး ဆောင်ရွက်မှုအားနည်းကြောင်း၊ သို့ဖြစ်သည့်အတွက် လူထုအား ပညာပေးခြင်း၊ ပို့ချခြင်းများ ဆောင်ရွက်သင့်ကြောင်း..... ငြိမ်းချမ်းစွာ စုဝေးခွင့်အား လျှောက်ထားလာပါက နည်းဥပဒေပုဒ်မ ၁၆ နှင့်အညီ ဥပဒေများအား မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်း မပြုသင့်ကြောင်း၊ငြိမ်းချမ်းစွာ စုဝေးခွင့်အား ခွင့်ပြုသည်မှာ ရဲတပ်ဖွဲ့ ဖြစ်နေပြီး အဓိကရုဏ်းဖြစ်လာပါက ဖြေရှင်းရန်မှာလည်း ရဲတပ်ဖွဲ့ပင် ဖြစ်နေသည်မှာ မသင့်သဖြင့်လည်း ဥပဒေကို လိုအပ်သလို ပြင်ဆင်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်.....
နိဂုံးချုပ်……
ကော်မရှင်ရဲ့ အစီရင်ခံစာကို အကြမ်းမျဥ်း ပြန်လည် အကျဉ်းချုပ်ထားတာပဲ ဖြစ်ပါတယ်…. အသေးစိတ်ကို ဖတ်ရှုရမှာ ပျင်းသူများ၊ လိုချင်သည့် အချက်အလက်သာ သိလိုသူများအတွက် ရည်ရွယ်ပါတယ်…… စိတ်ဝင်စားမိတာကတော့ မူလ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေမှာ ဆန္ဒပြဖြစ်လာအောင် လှုံ့ဆော်ခဲ့သူများကို မည်သို့မည်ပုံ အရေးယူမလဲ ဆိုတာပါပဲ…… လူသေမှ ဖုတ်ဝင်လာသည် ဆိုသည့် ပါဖောင့်မန့်မျိုး ပြလာကတည်းက ထိုကိစ္စ မရိုးတော့မှန်းလည်း သဘောပေါက်ခဲ့ပါတယ်….. ထို့အတူ အစားထိုး နေအိမ်များ ဆောက်လုပ်ပေးရာမှာ စံချိန်စံညွှန်းမကိုက်ညီခြင်းနဲ့ ပါတ်သက်ပြီး မည်သို့မည်ပုံ ပြန်လည် ဆောင်ရွက်ကြမလဲ၊ ခွက်စောင်းခုတ်ကြမလဲ စိတ်ဝင်စားမိပါတယ်….. လယ်တီဆရာတော် စံတော်မူခဲ့တဲ့ ကျောင်းကိုလည်း မူလပုံမပျက် ပြောင်းရွှေ့မှာကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေမိပါတယ်……
အားလုံးထက် ပိုမိုစိတ်ဝင်စားတာကတော့ လယ်တီစံကျောင်းနဲ့ စေတီ ပြိုပါပီဆိုပီး သတင်းထုတ်ခဲ့တဲ့ ဒီဗီဘီ၊ သံဃာတော်တွေ မီးလောင်တိုက် အသွင်းခံရလို့ သေကုန်တာ ဘယ်နှစ်ပါးဆိုပီး ပြောခဲ့တဲ့ အွန်လိုင်းမီဒီယာက မမ တစ်ယောက်အပြင်၊ အခြား အခြားသော တာဝန်ယူမှုမရှိ၊ သတင်းမှန်ကို မတင်ပြခဲ့တဲ့ မီဒီယာတွေ အဆိုပါ အစီရင်ခံစာနဲ့ ပါတ်သက်ပီး ဘာများ ဝေဖန်လာမလဲ အထူးပဲ စိတ်ဝင်စားမိပါတယ်…..
ယခင် ရေးခဲ့သော စီမံကိန်းကြီးများနဲ့ မစည်ပင်နိုင်တဲ့ ကျွန်တော်တို့နိုင်ငံ
၉၆၉ ဆိုတာဘာလဲ
$
0
0
by James Mint (Notes) on Monday, March 25, 2013 at 5:50pm
၉၆၉ ကို အခုမှ ပေါ်လာတဲ့ နံပါတ်၊ အခုမှ လုပ်လာတဲ့ လှုပ်ရှားမှု၊ အခုမှ ပေါ်ပင်လုပ်တဲ့ဟာ အစရှိသဖြင့် ဝေဖန်လာတာ တွေ့ရပါတယ်.... ဒါကြောင့် ၉၆၉ ဆိုတာ အခုမှ ပေါ်လာတာ မဟုတ်ပဲ အရင်ကတည်းက ရှိနေခဲ့ လုပ်နေခဲ့တယ်ဆိုတာသိအောင် တစ်ချိန်က သတင်းလေးကို ပြန်မျှလိုက်ပါတယ်......
မန္တလေးမြို့၊ မဟာအောင်မြေ ပေါင်းလဲတိုက် “ယဉ်ကျေးလိမ္မာ ရင်သွေးရတနာ” ယဉ်ကျေးမှုသင်တန်းအောင်ပွဲ အခမ်းအနားကို ၁၃၇၄ ခု၊ ကဆုန်လဆန်း (၁၄) ရက်၊ ၂၀၁၂၊ မေလ ၄ ရက်နေ့ မွန်းလွဲတနာရီက ကျင်းပရာ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ - အရှင်ဝီရသူ(မစိုးရိမ်) သည် ကြွရောက်ချီးမြှောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ အခမ်းအနားကို အစီအစဉ် (၇) ရပ်ဖြင့် ကျင်းပရာ ဆရာတော် အရှင်ဝီရသူက ယဉ်ကျေးခြင်းသုံးပါး၊ လိမ္မာရေးတရားများကို ဟောကြား ဆုံးမခြင်း၊ ကိုရဲထွန်းနှင့် ၉၆၉ လူငယ်အဖွဲ့က သရုပ်ပျက် အဝတ်အစားများကို သံချပ်ထိုး၍ ရှုတ်ချခြင်း၊ အခြေပြုအဆင့် သင်တန်းသားလေးများက “ကိုယ်ရိုင်း လူရိုင်း” ၊ အခြေပြုအဆင့် သင်တန်းသူလေးများက “လှချင်ရင် ဘုရားရှိခိုး” ၊ ပထမအဆင့်သင်တန်းသားများက “ငါးပါးသီလ”၊ ပထမအဆင့် သင်တန်းသူများက “လိမ္မာတယ် ဆိုတာ” စတဲ့ ဓမ္မတေးများကို သရုပ်ဖော်ကပြခြင်း၊ ယဉ်ကျေးမှုသင်တန်း ဦးဆောင်ကျင်းပသူ ဆရာမကြီး ဒေါ်ကြင်ကြင်မြိုင်က ဇာတိမာန်သီချင်းဆိုကာ သင်တန်းနည်းပြ ယောဂီအမျိုးသမီးလေးများက သရုပ်ဖော်ကပြခဲ့ကြခြင်း အစီအစဉ်များ ပါဝင်ကြောင်း သိရှိရပါတယ်။
ဇာတိမာန်သီချင်း သီဆိုသူ ဆရာမကြီး ဒေါ်ကြင်ကြင်မြိုင်ဟာ ရှိုင်းဟုတ်ကုမ္ပဏီ မန္တလေးဌာနခွဲတွင် အဖွဲ့ဝင်မန်နေဂျာ တဦးဖြစ်ပြီး၊ “အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)” သီချင်းနှင့် ဆရာတော်အရှင်ဝီရသူ ရေးစပ်ခဲ့သော “ရွှေဝါရောင်အိပ်မက်များ” အကျဉ်းသားတေးသီချင်းများကို သီဆိုသူ ဝါသနာရှင်အဆင့် တေးသံရှင်တယောက်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ လူငယ် ယဉ်ကျေးလိမ္မာ သင်တန်း ကို မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနဲ့ လမ်း ၄၀ ကြား၊ ၈၂ လမ်းနဲ့ ၈၄ လမ်းကြား၊ ပေါင်းလဲဘုရားဝင်းအတွင်းရှိ ပေါင်းလဲဓမ္မဗိမာန်တော်ကြီး၌ ၂၀၁၂၊ ဧပြီ ၂၁ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သင်တန်း ဖြစ်မြောက်ရေး အကျိုးတော်ဆောင် အဖွဲ့၊ ရေတံခွန်တောင် သစ္စာဝေဒဂူ မိုးကုတ်ဝိပဿနာရိပ်သာ ဆရာတော် သဓမ္မဇောတိကဓဇ အရှင် ခေမာစာရ ဦးစီးတဲ့ သင်တန်း အုပ်ချုပ်သင်ကြားရေးအဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။
ဒါဆိုရင် ၉၆၉ ဟာ အရင်ကတည်းက လှုပ်ရှားနေတာလား အခုမှ ပေါ်ပင်ဖြစ်လာတာလား လေ့လာသိနိုင်ပါတယ်...... ဒါဖြင့် အရင်က ၉၆၉ ဘာကြောင့် လူသိမများခဲ့သလဲ မေးနိုင်ပါတယ်...... အွန်လိုင်းမှာ ပေါ်ပင်ဖြစ်ချင်ရင် အစိုးရကို ဆန့်ကျင်တိုက်ခိုက်မှ လူသိများမယ့် အနေအထားမှာ သူ့လမ်းသူသွားနေတဲ့အတွက် လူသိနည်းခဲ့တာ ဖြစ်ပါတယ်...... အခုဘာလို့ လူသိများလာသလဲ မေးစရာ ရှိပါတယ်..... ရခိုင်ကိစ္စ ဖြစ်ပီးချိန်မှာ မြန်မာလူမျိုးတွေ မျက်စိပွင့်၊ နားပွင့်လာခြင်းရဲ့ အကျိုးဆက်အရ မိမိ အမျိုးသား အကျိုးစီးပွားအတွက်ဆိုတဲ့ အမြင်တွေ ၀င်လာကြတဲ့အတွက် ဖြစ်ပါတယ်.....
ဒါဖြင့် ၉၆၉ ကို မြန်မာလူမျိုးအချင်းချင်း ဘာလို့ ကြည့်မရကြသလဲ မေးစရာ ရှိပါတယ်...... ၉၆၉ အယောင်ဆောင်ပီး လူစွာ၊ လူတတ်၊ လူဆောက်မြင်ကပ်အောင် လုပ်နေသူတွေကြောင့်လို့ ပြောလို့ရပါတယ်.... အဲ့ဒိလိုပဲ အစိုးရကို ကလော်တုတ်ခြင်းမျိုး မလုပ်တဲ့အတွက်ရယ်၊ အမျိုးဘာသာ အတွက်လုပ်ခြင်းဖြစ်တာရယ်ကြောင့် သောက်မြင်ကပ်ခံရခြင်းဖြစ်သလို၊ ဒီမိုဖက်တီး (ခေါ်) ခွန်ဒီးယမ်းကလည်း ဒီလိုကိစ္စတွေကို အမြဲလိုလို အပုတ်ချနေတဲ့အတွက်လည်း အဓိက ပါဝင်ပါတယ်.....
ဒါဆိုရင် ၉၆၉ ရဲ့ လှုပ်ရှားမှုနဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ပါလိမ့်မယ်...... ဘယ်နေရာမှာမဆို အယောင်ဆောင်တွေ၊ သူ့လူကိုယ့်ဘက်သားတွေ ရှိကြတဲ့အတွက် ၉၆၉ အယောင်ဆောင် ယုတ်မာတာတွေလည်း ရှိလာမှာပါပဲ....... ဥပမာ ပေးရရင် NLD ၀တ်စုံဝတ်ထားတိုင်း NLD မဟုတ်သလို ၉၆၉ အင်္ကျီဝတ်ထားတိုင်းလည်း ၉၆၉ သမား မဟုတ်တာကို စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့ ဦးနှောက်နဲ့ သုံးသပ်နိုင်ပါတယ်.....
လက်ရှိ မိတ္ထီလာကိစ္စမှာ ၉၆၉ သမားတွေကို အပြစ်ပုံချနေပေမယ့် ၉၆၉ သမားတွေရဲ့ လုပ်ရပ်လား တောကြောင်တွေရဲ့ လုပ်ရပ်လား တဖြည်းဖြည်း ပေါ်လာနေသလို၊ ဗုဒ္ဓဘာသာဝင်တွေနေ စောင့်လျှောက်သွားတဲ့ ဖြစ်ရပ်တွေလည်း မြင်လာနေရတာကို တွေ့ရပါလိမ့်မယ်.....
ဘာသာရေး မုန်းတီးမှုတွေအကြောင်းကို ပြောရမယ်ဆိုရင် ၉၆၉ ထက် ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ ၀က်ဘ်ဆိုဒ်တွေနဲ့ ဖေ့ဘွတ်ပေ့ခ်ျတွေ၊ အကောင့်တွေကို အရင်ဆုံး ဝေဖန်ရမှာဖြစ်ပါတယ်...... အဲ့ဒိပေ့ခ်ျတွေကို ဘယ်သူတွေ လုပ်သလဲ၊ ဘယ်သူတွေ အများဆုံးအားပေးသလဲ၊
ဘယ်သူတွေ ဂေါတမ ကုလားကြီး ၀မ်းလျှောသေတယ်ဆိုတာကို အားရပါးရ ရှယ်နေသလဲ၊ ဘယ်သူတွေ ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်ဆိုပြီး ဗုဒ္ဓဘာသာကို အဆုံးစွန် ဘလိုင်းကစ်တွေနဲ့ စော်ကားထားသလဲ.... ဒါတွေဟာ ရည်ရွယ်ချက်ရှိရှိ ဘယ်သူလုပ်နေသလဲ မေးချင်လာတယ်.. ပြန်လည်လေ့လာကြည့်ဖို့ လိုပါတယ်.......
ဒါဆိုရင် ဘာသာရေး မုန်းတီးမှု ဖြစ်ရခြင်းဟာ ဘယ်ဟာတွေကြောင့်လည်း သိပါလိမ့်မယ်.... အကြောင်းရှိလို့ အကျိုးဖြစ်သလို၊ အစွန်းရောက်နေတဲ့ လက်ခုပ် နှစ်ဖက် ပြင်းပြင်းတီးကြလို့ စိတ်မကောင်းစရာတွေဖြစ်ရတာကို သိနိုင်ကြပါစေ......
ဒါမူရင်း သတင်းလင့်ပါ..... http://www.burmatoday.net/news.php?news_ID=364
ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
$
0
0
) ဒီအချိန်မှာအိပ်ငိုက်နေလျှင်မင်းအိပ်မက်မက်လိမ့်မည်။ဒီအချိန်မှာကြိုးစားလျှင်မင်းအိပ်မက်အကောင်ထည်ဖော်နိုင်မည်။
) ငါလစ်လျှူခဲ့သောယနေ့သည်မနေ့ကနောက်ရက်တွင်ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
) အချိန်နှောင်းပြီဟုထင်လိုက်သောအချိန်သည်အစောဆုံးအချိန်ပင်ဖြစ်သည်။
) ယနေ့အလုပ်ကိုနောက်နေ့အထိမဆွဲပါနှင့်။
) စာကြိုးစားချိန်ပင်ပန်းတာဟာတခဏပါ။မကြိုးစားလိုက်ပါမှတသက်တာပင်ပန်းမှာ။
) သင်ယူတာဟာအချိန်မရှိတာမဟုတ်ဘူး။ကြိုးစားအားထုတ်မှုမရှိတာပါ။
) စိတ်ချမ်းသာမှုဟာအဆင့်သတ်မှတ်ထားတာရှိချင်မှရှိလိမ့်မည်။အောင်မြင်မှုမှာတော့ရှိတယ်။
) သင်ယူတာဟာလူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှမအောင်မြင်နိုင်ဘူးဆိုရင်ဘာလုပ်နိုင်ဦးမှာလဲ။
) မရှောင်ဖယ်နိုင်တဲ့ပင်ပန်းဆင်းရဲမှုများကိုခံစားပါ။
၁၀) သူများထက်ပိုစော၊ပိုကြိုးစားနိုင်မှအောင်မြင်မှုအရသာကိုခံစားရမှာ။
၁၁) ဘယ်သူမှလွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ဒါဟာကိုယ့်ရဲ. ပြည့်စုံသောပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့မလျှော့သောဇွဲလုံ့လတို့မှရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင်လူကြီးလူကောင်းလိုကစားပါ။
၁၅) ဒီနေ့မသွားလျှင်နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကိုရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာဝင်ငွေအဆင့်အတန်းကိုကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင်ပြန်မလာတော့ပါ။
၁၉) အခုတောင်မှသင်၏ပြိုင်ဖက်သည်စာရွက်ကိုအဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင်အကျိုးအမြတ်မရနိုင်ပါ။
Forward Email မှ ကူးယူဖော်ပြပါသည်။
စည်းရုံးခြင်း၊ အပြစ်တင်ခြင်းနှင့် ကျွန်တော်...
$
0
0
ကျွန်တော်အပါအဝင် မြန်မာအများစုဟာ စည်းရုံးသိမ်းသွင်းတယ် ဆိုတဲ့ကိစ္စရပ်ကို နားမလည်ကြဘူး တစ်နည်းပြောရရင် စည်းရုံးသိမ်းသွင်းရ ကောင်မှန်းကို မသိကြဘူး။ ဒါတွေဟာ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်ဆိုတဲ့ မွေးကင်းစ ကလေးအရွယ်ကနေ အစပြုပြီး အခြေခံလူမှုဆက်ဆံရေး နယ်ပယ်မှာ ထိတွေ့ လက်ခံကျင့်သုံးလာခဲ့ကြတာပါပဲ။
မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ကြောက်ရွံရိုသေတယ် ဆိုတဲ့ စကားရပ်ဟာ အတော်လေးကို ထိထိရောက်ရောက် နှလုံးသားထဲအထိ စွဲဝင်စူးနစ်နေခဲ့တာပါ။ မိဘက သားသမီးကိုပဲ ဆိုဆုံးမသည်ဖြစ်စေ၊ ဆရာက တပည့်ကို ဆိုဆုံးမသည်ဖြစ်စေ ဆိုဆုံးမခံရတဲ့ ကလေးရဲ့ မှားယွင်းမှု၊ ကွဲလွဲမှု၊ နားမလည်မှုတွေကြောင့် အရှက်ရသွားအောင်၊ နာကျင်သွားအောင် ဒဏ်ပေးတဲ့ နည်းကိုပဲ အများဆုံး အသုံးပြုကြပါတယ်၊ အခုထက်အသုံးလဲ ပြုနေကြဆဲပါ။
ဘယ်လောက်ပဲ နားလည်သဘောပေါက်အောင် ပြောဆိုဆုံမတာတွေကို လက်ခံကြတယ်ပြောပြော ကိုယ်တိုင်ဆိုဆုံးမရမယ့် နေရာရောက်လာရင်တော့ နာကျင်အောင်၊ အရှက်ရအောင် ပြုလုပ်ဒဏ်ပေးတဲ့ နည်းကိုပဲ အသုံးပြုကြဆဲပါပဲ။ ဒီအကျင့် စရိုက်တွေဟာ ကိုယ်နဲ့ မသက်ဆိုင်တဲ့ တခြားတပါးသူတွေကို ဝေဖန်ထောက်ပြတဲ့ အခါမှာလဲ စွဲကပ်လာပါတော့တယ်။ ကိုယ်နဲ့ မပက်သက် မဆက်စပ်တဲ့အတွက် နာကျင်အောင် မလုပ်နိုင်ပေမယ့် အရှက်ရသွားစေမယ့် ပုံစံမျိုးနဲ့ ထိန်းကျောင်းပဲ့ပြင်ကြတာဟာ ပုံမှန်လို ဖြစ်နေပါပြီ။
လူတစ်ယောက်ကို မကျေနပ်တာ ဒါမှမဟုတ် မကြိုက်နှစ်သက်တဲ့ အပြုအမူမျိုး လုပ်နေတာကို မကျေနပ်တဲ့အခါ အပြစ်တင်တဲ့နည်းလမ်း၊ အပြစ်ရှာပြီးတော့ အရှက်ရစေတဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုကြပါတယ်။ ဒါတင်မကဘူး မိမိလုပ်စေချင်တဲ့ ကိစ္စရပ်တွေကို မလုပ်ဘူးဆိုရင်လဲ အရှက်ခွဲခြင်း၊ အသုံးမကျဘူးပြောခြင်း စတာတွေနဲ့ မလုပ်မိရင် ဖြစ်လာမယ့် ဖိအားတွေ ပေးပြီးတော့ ခြောက်လှန့်ပြောဆို ကြပါတယ်။
ပထမဆုံး သတိထားမိတာက NLD ကိစ္စပါ။ NLD အခြေအနေ ကောင်းလာတော့ သာကူးတွေ၊ ဆိတ်လစေ့တွေ ဆိုတဲ့ စကားရပ်တွေ သိပ်ကြားရပါတယ်။ နိုင်ငံရေး ပါတီဆိုတာမျိုးက ဘယ်လိုဖြစ်နေပစေ များများစည်းရုံးဖို့ လိုအပ်တယ် မဟုတ်ပါလား။ နောက်တစ်ခုက ဘင်္ဂလီကိစ္စ ၉၆၉ ကိစ္စရပ်တွေပါ။ ဒီက်စ္စတွေမှာ အကြွင်းမဲ့ အထောက်ခံတဲ့သူ၊ ဘာသာခြားတွေနဲ့ ပက်သက်တာကို ပြုလုပ်နေသူ စတာတွေကို အပြစ်တင် အရှက်ခွဲတဲ့ နည်းလမ်းနဲ့ ကြောက်လာအောင် ရှက်လာအောင် လုပ်ပြီးတော့ စည်းရုံးပါတယ်။ ရလာဒ်ကတော့ ကိုယ့်ဘက် ပါရမယ့်သူတွေကို ရန်သူ့ (ပြိုင်ဘက် ဖက်ကို) တွန်းပို့လိုက်တာပါပဲ။
နောက် မြင်မိတာတွေက လေးစားမှု အားကျမှုနဲ့ ယုံကြည်သက်ဝင် ကိုးကွယ်မှုတွေပါပဲ။ မိမိထားတဲ့ စံနှုန်းအတိုင်း မကိုက်ညီရင် ဖြောင်းဖျ ပြောဆိုဖို့ထက် အပြစ်တင်၊ ရန်ရှာဖို့၊ ပြောဆို အရှက်ခွဲဖို့ လုပ်နေကြတာပါပဲ။ ဒါတွေဟာ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ်လုပ်သလို အများကို လိုက်လုပ်စေချင်တာရဲ့ ဘေးထွက်ဆိုးကျိုးပါပဲ။ ဒေါ်စုနဲ့ နန်းခင်ဇေယျာကို ဗုတ်လုပ်ရာမှာ အများကြီး ကြုံခဲ့ပြီးပါပြီ။ ဒီနေ့ဟာ နိုင်ငံတော် သမ္မတဖြစ်တဲ့ ဦးသိန်းစိန် မွေးနေ့ပါ။ လူတိုင်းဟာ ကြိုက်လွန်းလို့ ချစ်လွန်းလို့ ဆုတောင်းပေးနေတာ မဟုတ်ပါဘူး။ လိုအပ်ချက်တွေ ရှိနေပေမယ့် သူ့လုပ်ရပ်ကို လက်ခံနိုင်တဲ့ အချက်တွေ ရှိလို့ ဆုတောင်းပေးကြတာရယ်ပါ။ အင်တာနက်မှာ ကိုယ့်စတေးတပ်တောင် တစ်ခါမှ လိုက်မလုပ်ပေးတဲ့သူတောင် မွေးနေ့ကျရင် Happy Birthday လုပ်ပေးသေးတာကို လက်ခံစေချင့်ပါတယ်။ ဒီအချိန်မှာ အပြစ်တင်လိုက်လို့ ကိုယ့်ဘက်ကလူ၊ ကိုယ့်ထောက်ခံမယ့်သူ လျော့သွားဖို့ ခပ်တန်းတန်း ဖြစ်သွားဖို့ပဲ ရှိပါမယ်။
မိမိကိုယ်ပိုင်အမြင်နဲ့ ပြောရရင် ရွှေတိဂုံဘုရားလိုမျိုးကို ရွှေတွေပုံကပ်နေတယ် တကယ်လိုနေတဲ့ နေရာတွေ ငတ်ပြတ်နေတဲ့ နေရာမျိုးကျတော့ မလှူဘူးဆိုတဲ့ ဥပမာကို ပေးပါမယ်။ ဒါကို ပြန်ကြည့်ရင် ကိုယ့်အမြင်နဲ့ မတူတိုင်း အပြစ်ရှာ အပြစ်တင် အရှက်ခွဲချင်တဲ့ စိတ်က အခြေခံပါတယ်။ ကိုယ်တိုင်လဲ လူမှုရေးတွေ လုပ်နေတာပါပဲ။ အရင်ကတော့ ဒီလိုစိတ်မျိုး ဖြစ်ပေမယ့် နောက်ပိုင်းရှောင်ပါတယ်။ သူ့ရဲ့ ယုံကြည်သက်ဝင်မှု စေတနာ သဒ္ဒါတရားနဲ့ ရည်ရွယ်ချက်ကို ကိုယ်ကမသိတာ ဖြစ်မှာပါ။ တကယ်တမ်း ကိုယ်ကဖြစ်စေချင်တယ်ဆိုရင် ကိုယ်လှူစေချင်တဲ့ နေရာအကြောင်း သဒ္ဒါပေါက်အောင် ပြောပြ စည်းရုံရမှာပါ။ မဟုတ်ပဲ အပြစ်တင်တဲ့ နည်းလမ်းကို သုံးမယ်ဆိုရင်တော့ ကိုယ်နဲ့သူ ဝေးသထက် ဝေးလာမှာပါ။
အကျင့်ပါ အသားကျနေတဲ့ စိတ်ဓါတ်၊ အပြစ်တင်ပြီးတော့ အရှက်ရစေချင်တဲ့ စိတ်ဓါတ်တွေဟာ ကိုယ့်စေတနာကို လူနားမလည်စေရုံမက ကိုယ်ဖြစ်စေချင်တဲ့ နည်းလမ်းကနေ ဆန့်ကျင်ဘက် လားရာအကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ စည်ရုံးသိမ်းသွင်းတာရဲ့ ရန်သူဖြစ်ပါတယ်။ ကိုယ်ဖြစ်နေတဲ့စိတ်၊ ကိုယ်လုပ်စေချင်တဲ့ စေတနာကို သဘောပေါက်အောင် မရှင်းပြနိုင် မစည်းရုံးနိုင်တာဟာ ကိုယ့်မှာချို့ယွင်းချက် အားနည်းချက် တစ်စုံတစ်ရာ ရှိနေတာ ဖြစ်နိုင်သလို စေတနာမပါတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီးပါ။ အခုအချိန် လုမ္မနီကိစ္စ ဝိုင်းဗုတ်ကြပါဆိုရင် Times လောက် စိတ်မဝင်စားတာ၊ ဘာသာတရား အဲ့လောက် အလေးထားပါတယ် ဆိုတဲ့ ၉၆၉ တွေ ဘာလုပ်နေကြလဲ ပြောလို့ရတာပေါ့။ တကယ်က သူတို့ရင်ထဲ ရောက်သွားအောင် မပြောတတ်တဲ့ ကိုယ့်အားနည်းချက်ကြောင့် လိုအပ်နေတာကို လက်ခံရပါမယ်။ မခံချင်အောင် အရှက်ရအောင် ပြောလိုက်လို့ ဘာများပိုကောင်းသွားမလဲ တကယ့်စေတနာ မပါပဲနဲ့ မခံချင်စိတ်နဲပ လုပ်တော့ကော ဘာများပိုကောင်းလာပါမလဲ။
စည်းရုံရင်းနဲ့ ရန်သူပေါလာတာ၊ သိမ်းသွင်းရင်းနဲ့ ပြောင်းပြန်ဖြစ်ကုန်ကြတာဟာ အရှက်ခွဲလိုတဲ့စိတ်၊ အပြစ်တင်ပြီး ခြိမ်းခြောက်လိုတဲ့စိတ်၊ လွှမ်းမိုးလိုစိတ် အားကြီးနေတာနဲ့ စေတနာ မဖြူစင်တာ၊ စိတ်အားတက်ကြွမှု မရှိတာတွေကြောင့်ပဲ ထင်မိပါတယ်။
စိတ်ထဲအထိ လိုက်မထိန်းချုပ်နိုင်ပေမယ့် ဝစီကံနဲ့ ကာယကံအထိတော့ ထိန်းတတ်နေပါပြီ။
ကိုယ့်ဌာနေ မန်းလေးရဲ့ အလှ
$
0
0
ကျွန်တော့်ရဲ့ အွန်လိုင်းမှ ခင်မင်ရပါသော မိတ်ဆွေ မောင်သန့်ရဲ့ လှပတဲ့ အတွေးအမြင်လေးမို့ အခြားသူတွေလည်း ဖတ်ရအောင် ရှယ်လိုက်ပါတယ်......
(ဓာတ်ပုံလေးတွေ ဝေဝေစာစာနဲ့ နုတ်ကလေး ရှည်ရှည်ရေးပြီး မိတ်ဆွေများကို တဂ်ဖို့ စိတ်ကူးထားပေမဲ့ အချိန်နဲ့ ကိုးနတ်ရှင် အခက်အခဲကြောင့် စတေးတပ်သာ တင်လိုက်ရပါကြောင်း။)
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက မရောက်တာ ၁၅ နှစ်လောက် ရှိပြီဖြစ်တဲ့ မန္တလေး ရွှေမြို့တော်ကြီးကို ပြန်ရောက်ဖြစ်ခဲ့တယ်။ မေမြို့ကိုသွားတိုင်း မန္တလေးကို ညဘက်ပဲ ဖြတ်သွားဖြစ်တော့ မဝင်ဖြစ်ခဲ့ဘူး။ မရောက်တာ အတော်ကြာပြီဆိုတော့လည်း အရာအားလုံးဟာ
အတော်ကို ပြောင်းလည်းသွားသလိုပဲလို့ ခံစားမိတယ်။ ဘုရားကြီးကိုရောက်တော့ ကိုယ်တော်တွေ တစ်ပါးပြီးတစ်ပါး အနားကပ်ပြီး လိုက်အလှူခံနေတာ တွေ့ရတော့ စိတ်ထဲမှာ သိပ်ပြီးမသက်သာလှဘူး။
မြနန်းစံကျော် ရွှေနန်းတော်ကြီးမှာတော့ “ဘိနပ်မစီးရ” ဆိုတာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ရေးထားပေမဲ့ စီးနေကြတာတွေကို တွေ့ရပြန်တော့ သမီးက သူတို့ကဘာဖြစ်လို့ စီးတာလဲဟင်လို့ မေးလာပြန်တယ်၊ သူတို့စာမတတ်လို့ ဖြစ်မှာပေါ့ သမီးရယ်လို့ပဲ ပြန်ဖြေမိလိုက်တယ်။ ကိုယ်ကတော့ အဲဒီမှာထိုင်ရင်း စဉ်းစားနေခဲ့မိတယ် လွှတ်တော်အတွင်းက ၂၅ % ကို ဖယ်ဖို့ထက် ဒီနန်းမြို့ထဲကစစ်တပ်ကြီးကို အရင်ရွှေ့လို့ရရင် ကောင်းမှာပဲလို့၊ နန်းမြို့တစ်ခုလုံးကို သေချာ ပြန်ပြုပြင်ပြီး Culture Zone ကြီးသာ လုပ်ကြည့်လိုက်စမ်းပါဗျာ ရလိုက်မယ့် နိုင်ငံခြားငွေတွေ သောက်သောက်လဲ။
မင်းကွန်းဘက်ရောက်တော့လည်း ကိုယ်ဒုလ္လဘရဟန်းဘဝနဲ့ နေခဲ့ဘူးတဲ့ ကျောင်းလေးကို သမီးကို လိုက်ပြခဲ့ရသေးတယ် ဟိုတုန်းက မနက်တိုင်းဆွမ်းခံထွက်ခဲ့ရတဲ့ လှည်းလမ်းကြောင်း လေးလည်း အခုတော့ ကတ္တရာလမ်းတောင် ဖြစ်နေပြီပဲ။
ဒုဋ္ဌဝတီမြစ်ကို စက်လှေနဲ့ဖြတ်ပြီး အင်းဝဘက်ကိုကူးပြန်တော့ အခုတော့ မြစ်ခေါ်ရမလား ချောင်းခေါ်ရမလားလား ဆိုတာကို ဇဝေဇဝါ ဖြစ်မိပါရဲ့။
အင်းဝမြို့ဟောင်းရောက်တော့လည်း လာကြတဲ့ ဧည့်သည်တွေ မြင်းလှည်းအစီး သုံးဆယ်လောက်မှာ မြန်မာဆိုလို့ ကိုယ်စီးတဲ့ မြင်းလှည်းတစ်စီးပဲရှိတယ်။ မြန်မာတွေ မလာကြဘူးလားဗျလို့ မြင်းလှည်းဆရာကို (အမှန်က မြင်းလှည်းဆရာမပါ) မေးမိတော့ သိပ်မလာကြဘူးတဲ့၊ တစ်ခါတစ်လေ ဆိုင်ကယ်နဲ့လာတာတော့ ရှိပါတယ်ဆိုပဲ။ သြော် ... အင်းဝရွှေပြည်ကြီးလည်း အခုတော့ ငှက်ပျောတောကြီး ဖြစ်နေပါပေါ့။
ဗားကရာကျောင်းကြီးရောက်တော့အဝင်ဝမှာ ဝင်ကြေးပေးရဦး မလားလို့ မေးမိလိုက်ပြန်တော့ မြန်မာဆို ပေးစရာမလိုပါဘူးတဲ့။ ကျောင်းကြီးပေါ်ရောက်တော့ တစ်ပတ်ပြည့်အောင်တောင် မပတ်လိုက်ရပါဘူး၊ ကြိုးတွေနဲ့တားထားတယ်၊ ကြမ်းခင်းတွေ ပျက်စီးနေတာ အန္တရာယ်ရှိလို့တဲ့။ ပြင်ပါလားဗျာ၊ နိုင်ငံခြားသား တွေစီက ကောက်ထားတဲ့ ဝင်ကြေးဒေါ်လာတွေနဲ့။
မယ်နုအုတ်ကျောင်း ရောက်တော့ ခလေးတွေက အလုအယက် ရာဇဝင်ကြောင်းကို သူတို့ရှင်းပြပါမယ် မုန့်ဖိုးပဲပေးပါဆိုလို့ ကဲ ပြောစမ်းကွာဆိုပြီး သူတို့လေးတွေပြောတာ ထိုင်ပြီးနားထောင် နေလိုက်သေးတယ်။ မယ်နုတစ်ယောက် ဘဝင်လေဟပ်ပြီး မန်ကျည်းရွက် နုတယ်လို့မပြောရ၊ ထွတ်တယ်လို့ပဲ ပြောရမယ် ဆိုပြီး နုတယ်ပြောလို့ လူသုံးရောက်ကို သတ်ပြစ်တယ်ဆိုတော့ မဆီမဆိုင် အတွေးက ဝင်လာသေးတယ်။ ကိုယ်တွေခေတ်မှာ နန်းလုံးကြိုင်လို့ မခေါ်ရ၊ နန်းလုံးမွှေးလို့ပဲ ခေါ်ရမည်၊ မခေါ်ရင် သတ်စေဆိုလို့ကတော့ ခက်ရချည်ရဲ့လို့။
ဦးပိန်တံတားကြီးပေါ်ရောက်ပြန်တော့ သမီးကို ဘိုင်ဆပ်တို့ အကြောင်းရှင်းပြရသေးတယ်။ သမီးကတော့ ဖေကြီး၊ သမီး အဆုံးအထိ မလျှောက်ရဲဘူး၊ တံတားကြီးက လှုပ်နေတယ် မခိုင်ဘူးလား မသိဘူးတဲ့။ မန္တလေးတောင် ရောက်တော့ အတက်ကတော့ စက်လှေခါးနဲ့
တက်ပြီး အဆင်းမှာ ဓါတ်လှေခါးနဲ့ ဆင်းလိုက်မိတာမှာတော့ နာရီဝက်လောက် တန်းစီရတော့တာပါပဲ။ ရှေ့ကိုတိုးလို့လည်း မရ၊ နောက်ကို ဆုတ်လို့လည်းမရ၊ ဓါတ်လှေခါးလေးခမျာလည်း သနားစရာပဲ၊ တစ်ခါတင် လူခြောက်ယောက်နဲ့ မနားရရှာဘူး။ ပြည်မြို့က ရွှေဆံတော်ဘုရားတောင် ဓါတ်လှေခါးအကြီးနှစ်စင်း ထားတာ မန္တလေးတောင်လို ဧည့်သည်များတဲ့ နေရာလည်း ထားသင့်တာပဲ။
မပြန်ခင်မှာတော့ မစိုးရိမ်တိုက်သစ်ကိုလည်း ဝင်ခဲ့ရသေးတယ်၊ ကိုယ်ပဉ္စင်းခံပေးထားတဲ့ ကိုယ်တော်လေးကို ရဟန်းဖြစ်ပြီး ကတည်းက မစိုးရိမ်တိုက်သစ်ကို ပို့ထားတာ မနှစ်ကတော့ တစ်ကျမ်းစွဲတယ်။ ဒီနှစ်တော့ စာမေးပွဲတွေ ရက်ရွှေ့တယ်တဲ့။ ပြန်ခါနီး ကိုယ်တော် ကောင်းကောင်းနေနော်လို့ ပြောမိတော့ ပြန်မိန့်ရှာတယ်။ ဒကာကြီး တစ်ယောက်ထဲ လျှောက်လျှောက် မသွားနဲ့တဲ့။ မန္တလေးကနေအပြန် ကားပေါ်မှာတော့ လွှမ်းမိုးရဲ့ မန္တလေးက ဒေဝီသီချင်းကို ဖွင့်ရင်း လိုက်ပြီး ဆိုညည်းခဲ့မိလို့ မိန်းမနဲ့သမီးရဲ့ မျက်စောင်းဒဏ်ကို ကောင်းကောင်းကြီး ခံခဲ့ရကြောင်းပါခင်ဗျား။
Photo Credit to Original Photographer
— with Maung Thant.
လမ်းဘေးက ပန်းလေးတစ်ပွင့်
$
0
0
by Ko Zaw (Notes) on Saturday, April 20, 2013 at 1:51pm
             တစ်နေ့ ကျွန်တော် ဗိုလ်ချုပ်ဈေးမှာ ပစ္စည်းသွားဝယ်ရင်းနဲ့ နိုင်ငံခြားသားတွေ ၀ိုင်းအုံတိုးကြည့်နေတာတွေ့လို့မြန်မာလူမျိုးပီပီ ၀င်ရောက်စပ်စုမိခဲ့ပါတယ်။ ဗိုလ်ချုပ်ဈေးရဲ့အရှေ့ ဘယ်ဘက်ထောင့် လမ်းဘေးပလက်ဖောင်းပေါ်မှာ သားအဖနှစ်ယောက် ဆီဆေး ပန်းချီ ကားလေးတွေရောင်းနေကြတာပါ။ ကလေးမလေးက ပန်းချီကားလေးတွေ ကိုဆွဲပြီး ဖေလို့ထင်ရတဲ့သူကတော့ ပိုက်ဆံတွေသိမ်းနေတယ်လေ။
မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ဆုတောင်းကို ဒီကလေးမလေးများရခဲ့လေသလား လို့တောင်ထိမိပါတယ်။သူ့ရဲ့ ဖော်ရွေတဲ့အပြုံးကလေးတွေနဲ့ လက်ခြောင်းကလေးတွေရဲ့
လှုပ်ရှားပုံလေးတွေက ဖော်ရိန်နာ တော်တော်များများကို ညှို့ယူဖမ်းစားထားနိုင်တယ်ခင်ဗျ။ပြီးတော့ စိတ်ထဲမှာလဲ ကိုယ့်လူမျိုးရဲ့အနုပညာ လက်ရာလေးတွေကို နိုင်ငံခြားသားတွေ စိတ်ဝင်စားတာမြင်ရတော့ ရင်ထဲမှာ ကြိတ်ပြီး ပီတိဖြစ်နေမိပါတယ်။
အဲ့ဒီ့ကလေးမလေးက ဗိုလ်ချုပ်ဈေးနားမှာ နေ့တိုင်း ရှိလား မရှိလားတော့ ကျနော်လဲအတိအကျ မသိပါဘူး။ကျနော် မလေးရှားထဲကို ပြန်ဝင်မလာခင် လိုတာလေးတွေသွား ၀ယ်ရင်းနဲ့တွေ့ခဲ့ မိတာဆိုတော့ လေ။ဒါပေမယ့် ကျွန်တော် ရှိနေတဲ့အချိန်ခဏလေးမှာပဲ ပန်းချီကားတစ်ချပ်ကို US 2 ဒေါ်လာနဲ့တော်တော်အရောင်းသွက်သွားတာကိုမြင်ရတော့ ကလေးမလေးဆီက အပျော်တွေ ကျွန်တော့ဆီကိုပါ ကူးစပ်လာပါတော့တယ်။ မြန်မာငွေနဲ့ဆိုရင်တော့ 1500 K  ဆိုတဲ့ဆိုင်းဘုဒ်လေးကိုလဲ ချထားပါသေးတယ်။
တိုးရစ် တစ်အုပ်စုလုံးက အဲ့ဒီ့ကလေးမလေးကို ဓါတ်ပုံတွေ တစ်ဖြတ်ဖြတ် ရိုက်ပြီးယူနေကြလေရဲ့။
သူ့ရဲ့ပန်းချီကားလေးကို ကျွန်တော့အတွက် တကယ်မလိုအပ်သေးလို့ မ၀ယ်ဖြစ်ခဲ့ပေမယ့် သူ့အရွယ်လေးနဲ့ မိဘကိုတက်နိုင်သလောက် ပိုက်ဆံရှာပေးနေတဲ့ စိတ်ဓါတ်လေးကို လေးစားမြတ်နိုးမိလို့ မှတ်တမ်းတင် ဓါတ်ပုံလေးနှစ်ပုံ ရိုက်လာဖြစ်ခဲ့ပါတယ်။
ကျွန်တော့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အရွယ်ရောက်ပြီး မှန်ကန်တဲ့အသိတရားမရှိပဲ မိဘဆီက ပိုက်ဆံကို လက်ဖြန့်တောင်း၊
အဓိပ္ပါယ်မဲ့ ဖြုန်းတီးနေတဲ့ ကျွန်တော်တို့တိုင်းပြည်က လူငယ် လူရွယ်လေးတွေကို မြင်စေချင်လို့ပါ။အသိတရားလေး တစ်ခုရသွားစေချင်လို့ပါ။ တကယ်လို့ စိတ်ဝင်စားတဲ့သူများရှိတယ်ဆိုရင် ဒါမှမဟုတ် သူ့ရဲ့အနုပညာ လက်ရာလေးတွေကို အားပေးချင်တယ်ဆိုရင်ဗိုလ်ချုပ်ဈေး ရှေ့မှာ သွားရှာရင် တွေ့နိုင်မယ်ထင်ပါတယ်။ ဒီလို လူငယ် လူရွယ်လေးတွေရဲ့လက်ထဲမှာ ကျွန်တော်တို့ အနာဂတ်
မြန်မာပြည်ကြီးရဲ့ ပိုင်ဆိုင်တဲ့အချိန်တွေအားလုံး အကျိုးရှိရှိ လည်ပတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်မိ ပါကြောင်းနဲ့ ဒီကလေးမလေးကို
(လမ်းဘေးက ပန်းလေးတစ်ပွင့်) လို့တင်စားပြီး ဒီ ပို့စ် လေးနဲ့ဂုဏ်ပြုလိုက်ရပါသည်။
ကိုဇော်( မလေးရှား )
20.4.2013
၂၀၁၅မှာ ဘယ်သူ.ကိုေ၇ွးမှာလဲ..........?????
$
0
0
by မင်း သားကြီး (Notes) on Saturday, April 20, 2013 at 2:43pm
''နိုင်ငံရေးသမားဆိုတာ လူထုကို စိတ်ဝင်စားတယ်။ ဒါဟာ အမြဲတမ်း ကောင်းမွန်မြင့်မြတ်တဲ့ အရာတော့ မဟုတ်ဘူး။ ခွေးလှေးခွေးသန်းတွေက ခွေးကို စိတ်ဝင်စားသလိုမျိုးလေ''လို့ ဗြိတိသျှစစ်သမိုင်းနဲ့ ၀တ္ထုရေးဆရာ လန်ဒေတန်က ပြောဖူးပါတယ်။ သူမြင်ရတဲ့ လူထုကို သွေးစုပ်ဖို့ ကြိုးစားတဲ့ နိုင်ငံရေးသမားတချို့ကို ရွဲ့ပြောတာပဲနေမှာပါ။ မြင့်မြတ်တဲ့ ကိုယ်ကျိုးစွန့်တဲ့ နိုင်ငံရေးသမားတွေ အများကြီး အထင်အရှား ရှိနေတာပဲ။ ဒါပေမဲ့ လန်ဒေတန် ပြောသလို ခွေးသန်းလို နိုင်ငံရေးသမားတွေလည်း ခေတ်တိုင်းမှာ ပေါ်ခဲ့ကြတာကိုး။
        ဂရိစကား Polis ကလာတဲ့  နိုင်ငံရေးသမား Politician ဆိုတာ ပြည်သူနဲ့ဆိုင်တဲ့ မူဝါဒချမှတ်ရေးမှာ လွှမ်းမိုး ပါဝင်ပတ်သက်တဲ့သူလို့ အဓိပ္ပာယ် ဖွင့်ကြပါတယ်။ အစိုးရအဖွဲ့တွင်းက မူဝါဒချမှတ်တဲ့ နေရာတွေကို ရယူထားကြသူတွေအပြင် ဒီနေရာတွေ ကိုရယူဖို့ ကြိုးပမ်းကြသူတွေကိုပါ နိုင်ငံရေးသမားလို့ ခေါ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲအရ ဖြစ်စေ၊ အာဏာလွှဲယူခြင်းကနေ ဖြစ်စေ၊ ခန့်ထားမှုကနေ ဖြစ်စေ၊ မဲလိမ်ပြီးပဲ ဖြစ်စေ၊ စစ်အောင်နိုင်လို့ပဲ ဖြစ်စေ ဒီနေရာတွေကို ရယူကြသူတွေ၊ ရယူဖို့ ကြိုး စားကြသူတွေကို နိုင်ငံရေးသမား စာရင်းထဲ ထည့်ပါတယ်။
        ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုတော့ ဘယ်သူ့ကို ရွေးကြမှာတုန်း၊ ဘယ်နိုင်ငံရေးသမားကို ရွေးကြမှာတုန်းဆိုတဲ့ မေးခွန်းက ခေါင်းထဲပေါ်လာမိတယ်။ လူက နဂိုကတည်းက ပြောင်းပြန်စောက်ထိုး စဉ်းစားချင်တဲ့ အကျင့်ကလေးကရှိတော့ ဘယ်လို လူမျိုးကို ရွေးမလဲဆိုတာထက် ဘယ်လိုလူမျိုးကို မရွေးသင့်ဘူးလဲဆိုတာကို စဉ်းစားကြည့်မိတယ်။
        မရွေးသင့်တဲ့ နိုင်ငံရေးသမား အမျိုးအစားတွေကို အမျိုးအစားခွဲကြည့်ရင် အဲဒီအထဲ မပါတဲ့ သူမျိုးဆို ရွေးသင့်တယ်လို့ အဖြေထွက်လာမယ် ထင်လို့ပါ။ ဘယ်ကျမ်းထဲကမှ မဟုတ်၊ကိုယ့်စိတ်ကူးထဲက ပေါ်သလို သရုပ်ခွဲကြည့်တာမို့ စံပေတံတစ်ခု လို့ မပြောနိုင်ပေမဲ့ အတွေးနယ်ချဲ့ ကြည့်စရာ ကောင်းမယ်ထင်လို့ တွေးမိတာလေးတွေအတိုင်း မျှဝေကြည့်ပါမယ်။
လက်ဝေခံ၊ လက်အောက်ခံ အဖြစ်နဲ့ နိုင်ငံရေးလုပ်ကြရင် ဒီလို နိုင်ငံရေးသမားမျိုးဟာ သူပေးတဲ့ ကတိက၀တ်တွေအတိုင်း ပြည်သူကို အလုပ်အကြွေး ပြုနိုင် မပြုနိုင်ဆိုတာ အရမ်းကို သံသယဖြစ်စရာ ကောင်းတာ . . 
ဒေါင်းယောင်ဆောင်သောကျီး (Wolf in Sheep Clothing)
        မြန်မာလို ဒေါင်းယောင်ဆောင်သောကျီး ဆိုတော့ ဘိုလိုက သိုးရေခြုံတဲ့ ၀ံပုလွေပေါ့။ (ဘိုလိုပြန်တာ ဟုတ်မယ်တော့ထင်တာပဲ) လူထုနှစ်သက်တဲ့ အသွင်ကို ယူတတ်ကြတဲ့ အရေခြုံ နိုင်ငံရေးသမားမျိုးပေါ့။ လူထုရဲ့ အာရုံခြောက်ပါး (မျက်စိ၊နား၊နှာခေါင်း၊ လျာ၊ကိုယ်၊ စိတ်) ထဲ စွဲလမ်းနေတာတွေကို အတု လိုက်လုပ်ကြသူတွေပေါ့။ လူထုမြင်ချင်တဲ့ အသွင်၊ ကြားချင်တဲ့ စကား၊ ရှူသွင်းချင်တဲ့ လွတ်လပ်မှုဆိုတဲ့ လေ၊ ခံစားချင်တဲ့ အရသာ၊ ထိတွေ့ချင်တာတွေ၊ စိတ်ခံစားမှုတွေကို ပေးစွမ်းနိုင်တဲ့ သူတွေဟာ သူတို့ဖြစ်တယ်လို့ အသွင်အမျိုးမျိုး၊ အပြောအမျိုးမျိုးနဲ့ လိမ်မဲ့သူတွေပေါ့။ အမြင်မကျယ်သူတွေကို စိတ်ကတိမ်းကပါး ဖြစ်အောင်လုပ်ဖို့ အလွန်ကောင်းတဲ့ နည်းတစ်နည်းပေါ့။ ဒါပေမဲ့ လူထုက မတုံးပါဘူး။ စင်ဒရဲလားလေးနဲ့မှ တော်တဲ့ ဖိနပ်ဟာ မိထွေးသမီးနှစ်ယောက် (အနက်စ်တေရှာနဲ့ ဒရစ်ဇယ်လာ)တို့ ဘယ်လိုစွပ်စွပ် မတော်ပါဘူး။
သစ္စာဖောက် (Traitor)
        ဒီလိုလူမျိုးကတော့ လူ့အဖွဲ့အစည်းမှာ ရှိကိုမရှိသင့်တာ မေးနေစရာကို မလိုပါဘူး။ ကိုယ်ယုံကြည်ရာ၊ ကိုယ်မြတ်နိုးရာကို သစ္စာဖောက်တဲ့သူ၊ ကိုယ်ကိုယ်တိုင်တောင် မယုံကြည်တဲ့အရာကို လုပ်ရဲတဲ့သူ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ပတ်ဝန်းကျင်ကို သစ္စာဖောက်တဲ့ သူတွေ။ ဒီလိုလူမျိုးတွေဟာ ခေတ်အဆက်ဆက် ရှိခဲ့တာပဲ။ ကြောက်စရာ ကောင်းလောက်အောင်ကို ကိုယ့်အနီးအပါးမှာကို ရှိနေကြတာပဲ။ ခရစ်တော်ရဲ့ တပည့်ကြီး  ၁၂ ယောက်ထဲက ယုဒရှကာရုတ်(Judas Iscariot) ဟာ ငွေဒင်္ဂါး ၃၀ ပဲပါတဲ့ ငွေအိတ်ကလေးအတွက်နဲ့ ခရစ်တော်ကို သစ္စာဖောက်ခဲ့တယ်။ လာဖမ်းတဲ့သူတွေ ခရစ်တော် ဘယ်သူလည်းဆိုတာ သိအောင် ခရစ်တော်ပါးကို တစ်ချက်နမ်းပြီး ''ဒါသခင် ယေရှု''လို့ မပြောဘဲနဲ့ သိအောင်လုပ်ခဲ့တယ်။ ရောမအင်ပါယာကို တည်ထောင်ခဲ့တဲ့ စစ်ဘုရင် ဂျူးလီယက်ဆီဇာဟာ ဘရုတပ်စ်ဆိုတဲ့ မိတ်ဆွေရင်းက ပူးပေါင်းလုပ်ကြံလို့ သေခဲ့ရတာ။ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲမှာ ဆီဇာနောက်ဆုံး ရေရွတ်မြည်တမ်းခဲ့တဲ့'' ဘရုတပ်စ် မင်းလည်းပါသကိုး''(Et tu, Brute?) ဆိုတဲ့စကားဟာ ကမ္ဘာကျော်ပါတယ်။ ဒီလိုမျိုး သစ္စာဖောက်မျိုးကတော့ ရှောင်ကို ရှောင်သင့်တယ် ထင်တာပဲ။
အခွင့်အရေးသမား၊ သာကူး (Opportunist)
        ငါတော့ ရွေးကောက်ပွဲ ၀င်လိုက်ရင်၊ အမတ်များ ဖြစ်လိုက်ရင် ဘာအခွင့်အရေးများ ရမလဲဟဲ့။ ဟိုလူသာရင် ဟိုလူနဲ့ပေါင်း၊ ဒီလူသာရင် ဒီလူနဲ့ပေါင်း သာကူးသမားတွေကိုလည်း opportunist ပဲ ခေါ်ကြပါတယ်။ ကိုလိုနီခေတ်နှောင်းနဲ့ လွတ် လပ်ရေး ခေတ်ဦးမှာ ကတည်းက ၅၀၀၀ စား အမတ်ဖြစ်ရင် ဟန်ပြီဆိုပြီး လုပ်ကြသူတွေ၊ ခေါင်းပေါင်း ''ညာ'' ချကြသူတွေ ရှိခဲ့ကြတယ်ဆိုတာ သမိုင်းသက်သေရှိပါတယ်။ ဒီလိုလူမျိုးတွေဟာ သူ့အကျိုးစီးပွားပဲ ကြည့်ကြသူတွေ။ ဟိုကဒီက ပိုက်ဆံ တွေ တောင်းမဲ့သူတွေ၊ ရန်ပုံငွေလေး ပေးဖို့ ခွေးကသူ့သခင်ဆီက အမဲရိုးတောင်းသလို တောင်းကြမဲ့သူတွေ၊ ဒီမိုကရေစီကို ဗန်းပြပြီး ယမမင်းနဲ့တောင် တစ်လှေတည်းစီးပြီး စီးပွားရှာမဲ့သူတွေ၊ အခွင့်အရေးအတွက် ဖောက်ပြန်ဖို့ဆိုတာ လက်မနှေးမဲ့သူ တွေပါ။ ရန်ပုံငွေမရှိဘဲ ဘယ်လိုမဲ ဆွယ်မလဲလို့ ပြောလို့မရပါဘူး။ အိုဘားမားက အမေရိကန်မှာမို့ ရန်ပုံငွေ သန်းချီသုံးရတာ။ ဒီမှာက ကိုယ့်အပေါ်သာ တကယ်ယုံကြည် မေတ္တာရှိကြလို့ရှိရင် ဘယ်နေရာသွားသွား အဆင်ပြေတယ်ဆိုတာ သာဓကတွေ ပေါမှပေါ။
လက်ဝေခံ၊ လက်ကိုင်တုတ် (Proxy)
        ဒါကတော့ အိမ်နီးချင်း ထိုင်းသတင်းတွေမှာ ပါနေကြ။ သက်ဆင်ထောက်ခံသူတွေ တည်ထောင်တဲ့ ပါတီကို သက်ဆင်ရဲ့ Proxy လို့ တစ်ဖက်က ဝေဖန်ကြသလို ထိုင်းဒီမိုကရက်တွေကိုလည်း တပ်နဲ့ဘုရင်ရဲ့ Proxy လို့ တစ်ဖက်က ဝေဖန်ကြမြဲ။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုရဲ့ လက်ဝေခံ၊ လက်အောက်ခံ အဖြစ်နဲ့ နိုင်ငံရေးလုပ်ကြရင် ဒီလို နိုင်ငံရေးသမားမျိုးဟာ သူပေးတဲ့ ကတိက၀တ်တွေအတိုင်း ပြည်သူကို အလုပ်အကြွေး ပြုနိုင်၊မပြုနိုင် ဆိုတာ အရမ်းကို သံသယဖြစ်စရာ ကောင်းတာ။ပြည်တွင်းပြည်ပက အကူအညီတွေနဲ့ လက်ဝေခံ လုပ်ကြသူတွေဟာလည်း ဘယ်လိုမျိုးလဲဆိုတာ ရှင်းနေတာပဲ။ ပြည်တွင်းဖြစ်ပဲဖြစ်ဖြစ်၊ ပြည်ပလုပ်ပဲဖြစ်ဖြစ် လက်ဝေခံက လက်ဝေခံပဲ။
ဆိုင်းသံဗုံသံကြားရင် ကချင်ကြသူတွေ (ဘိုလို ဘယ့်နှယ်ပြောရမှန်းတောင် မသိတော့ဘူး။ busybody in politics နိုင်ငံရေး ပါလေရာလို့ ခေါ်ရင် ကောင်းမယ်ထင်တယ်)
        အရပ်ထဲမှာရှိပါတယ်။ ဘာဖြစ်ဖြစ် ပွဲလမ်းသဘင်ဆို ဆိုင်းသံဗုံသံကြားရင် ကချင် ခုန်ချင်၊ ပါချင်ကြသူတွေပါ။ မြန်မာတို့ရဲ့ ရိုးရာဓလေ့အရ ဒီလိုလူမျိုးတွေက ချစ်ဖို့ကောင်းပါတယ်။ နောက်စရာ ပြောင်စရာမျိုး ဖြစ်တတ်သလို၊ သူတို့ပါလို့ ပွဲစည်တာ လည်း ရှိပါတယ်။ နိုင်ငံရေးမှာတော့ ဒီလို ဆိုင်းသံဗုံသံကြားတိုင်း 'က'ချင် ကြတာ တယ်မကောင်းလှပါဘူး။ အပျော်အပါးမှ မဟုတ်တာ။ ဒီလိုလူမျိုးတွေဟာ အန္တရာယ်မရှိပေမဲ့ အလုပ်ဖြစ်ဖို့လည်း ခဲယဉ်းတယ်။ ဒီလို လူမျိုးတွေဟာ လုပ်ချင်စိတ်ပဲရှိပြီး လုပ်နိုင်တဲ့အစွမ်း နည်းတတ်ကြပါတယ်။ ''ပါတော့ပါလိုက်တယ်။ ဘာပဲဖြစ်ဖြစ်ရတယ်။ ပါချင်လို့ကိုပါတာ'' ဆိုတာမျိုးကတော့ အရပ်ထဲက ပွဲလမ်းသဘင်မှာပဲ ကောင်းတယ်။ ရွေးကောက်ပွဲဆိုတာ အလှူအိမ်မှ မဟုတ်တာဗျာ။
နေ့ခင်းကြောင်တောင် အိပ်မက်မက်သူ (daydreamer)
        ပစ္စုပ္ပန်ကို မေ့ပစ်ပြီး သာယာဖွယ်ကောင်းတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပျော်မွေ့နေသူတွေကို ဘိုလို Daydreamer နေ့ခင်းကြောင်တောင် အိပ်မက်မက်သူလို့ ခေါ်ကြပါတယ်။ဒီလူတွေက သနားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလူမျိုးတွေက အပြော ကောင်းရင် နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်။ မစားရ၀ခမန်းတွေ လျှောက်ပြောပြီး စိတ်ကူးယဉ်ပြနေရင် ''ကြွေ'' သွားနိုင်တယ်။ သူကိုယ်တိုင် တစ်ကယ်ယုံကြည်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒါက ပိုကြောက်ရတာ။ ယုံယုံကြည်ကြည်နဲ့ကို ပြောနေတော့လည်း အခက်သားလား။ ဒါကြောင့် ဒီလူစိတ်ကူးယဉ်ပြီး လျှောက်ပြောနေတာလားဆိုတာ သေချာစဉ်းစားဖို့ လိုတယ်။မြန်မာပြည်သိန်းတန်ရဲ့ ''ငါသာ စော်ဘွားဖြစ်ချင်တယ်'' ဆိုတဲ့ သီချင်းထဲကလို ငါသာ အမတ် ဖြစ်ရင် လူတိုင်းတိုက်တစ်လုံး၊ ကားတစ်စီး၊ ရေမီးအစုံအလင်နဲ့ထားမယ် ဆိုလို့ကတော့ တရုတ်သိုင်းကားထဲက မင်းသားနာမည်ပဲ ပြောရလိမ့် မယ်။ ''ချင့်ယုံ''လို့။
        ကိုယ် စဉ်းစားမိသလောက် သရုပ်ခွဲကြည့်တာမို့ မစဉ်းစားမိတဲ့ မရွေးသင့်တဲ့ အမျိုးအစားတွေ ကျန်ကောင်းကျန်ဦးမယ်။ ဒါပေမဲ့ ဒီလောက်ဖယ်လိုက်ရင် ရွေးသင့်တဲ့ သူဆိုတာ ဘယ်လိုလူမျိုးဆိုတာ ရှင်းလာပါလိမ့်မယ် ထင်ပါတယ်။
ကတိက၀တ်
        အရေးကြီးတဲ့တစ်ချက်က နိုင်ငံရေးသမားတွေရဲ့ ကတိကို အရမ်းကာရော မယုံမိဖို့ပါပဲ။ နိုင်ငံကို အုပ်ချုပ်လိုသူတို့ရဲ့ လက်စွဲကျမ်းလို့ ခေါ်ရမဲ့ အဝေဖန်ခံရဆုံး အီတလီနိုင်ငံရေး သုခမိန် Niccoló Machiavelli  ရဲ့ The Prince ကျမ်းထဲမှာ ခေါင်း ဆောင်အုပ်ချုပ် မင်းလုပ်လိုသူ (Prince)ရဲ့ ကတိက၀တ်ထားရပုံကို ဟောဒီလို ဖွင့်ဆိုဖူးတယ်။ ဒီလိုလူဟာ ကိုယ့်စကားကိုယ်တည်ရတယ်တဲ့။ဒါပေမဲ့ ပိုအရေးကြီးတာက ကိုယ့်စကားတည်တယ်လို့ အများထင်ကြဖို့ပဲတဲ့။ သူ့ရည်ရွယ်ချက်နဲ့ သင့်တော် ရင် စကားတည်ပေါ့၊ မသင့်တော်ရင်တော့ စကားတည်တယ်လို့ အများထင်ဖို့ပဲ လုပ်ရမယ်တဲ့။ ဒီလိုမျိုး ကတိက၀တ်မျိုးနဲ့ နိုင်ငံရေးသမားမျိုးကတော့ တော်တော်ကြီးကို သတိထားရမှာ။ အထက်က မရွေးသင့်တဲ့ ခြောက်မျိုးနဲ့ သတိထားရမဲ့ ကတိက၀တ်တွေကို ဆင်ခြင်ကြည့်ရင် လာမဲ့ ရွေးကောက်ပွဲမှာ သင့်တော်လျော်ကန်တဲ့သူကို ရွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
 ရည်ညွှန်း။ ။ Bible: The New Testament, Niccoló Machiavelli's The Prince, William Shakespeare's   Julius Caesar,  Wikipedia,   News Agencies.
( ဖတ်မိတဲ.သတင်းဆောင်းပါးလေးတပုဒ်မှကူးယူဖော်ပြခြင်းပါ၊။)
'' မာန်မာနတို့ ကျဆုံးချိန် ''
$
0
0
Yaung Ni Oo and Shwe Tun were tagged in You'realways Onmymind's photo.— with Rupa Singi and 47 others.
'' မာန်မာနတို့ ကျဆုံးချိန် ''
ရုပ်ရည်ချောမောသူက အလှဂုဏ်ကြောင့် မာန်တက်ပြီး
အလှအပများ ကုန်ဆုံးလေသောအခါ …
ပစ္စည်းဥစ္စာ ချမ်းသာသူက ဓနဂုဏ်ကြောင့် မာန်တက်ပြီး
ဘ၀အတက်အကျကြောင့် လက်ဗလာ ဖြစ်ရသောအခါ…
ပညာတတ်သူများက ပညာဂုဏ်ကြောင့် မာန်တက်ပြီး
အသုံးချမှားမှုကြောင့် အများချဉ်ဖတ် ဖြစ်လေသောအခါ…
ဆွေကြီးမျိုးကြီး မွေးဖွားသူက ကုလဂုဏ်ကြောင့် မာန်တက်ပြီး
ဆွေမျိုးနတ္ထိ အားကိုးမရှိသောအခါ…
ငယ်ရွယ်သူများက ကြီးသူများနှင့်ယှဉ်ကာ ယောဗ္ဗနမာန်တက်ပြီး
အိုမင်းမစွမ်း ဇရာလွှမ်းလေသောအခါ…
ကျမ္မာသန်စွမ်းသူများက ရောဂါသည်များနှင့်ယှဉ်ကာ အာရောဂျမာန်တက်ပြီး
ရောဂါတစ်မျိုးမျိုး နှိပ်စက်ခံရလေသောအခါ…
အသက်ရှင်နေသူများက သေသူနှင့်ယှဉ်ကာ ဇီဝိတမာန်တက်ပြီး
ဥပစ္ဆေဒကကံကြောင့် ဖြုတ်ကနဲ သေဆုံးရသောအခါ…
ရာထူး အာဏာ ဂုဏ်ပါဝါရှိသူတို့က ပါဝါဂုဏ်ကြောင့် မာန်တက်ပြီး
အနိစ္စသဘောကြောင့် သာမာန်ဘ၀ ရောက်ရှိသွားသောအခါ…
နောက်ဆုံးတွင် မည်သူမျှ တရားမချရပဲ ထိုသူတို့၏ မာန်မာနသည် အလိုလို လျောကျရလေ၏။
++++++++++++++++++++++++++++++++++
'' မာန ဟူသည် "
မာန ဟူသည် ဇာတိအနွယ်၊ အမျိုးကျယ်၍၊
ရာထူး အာဏာ၊ ပညာဂုဏ်ဒြပ် လှဂုဏ်ဖက်လျက်၊
စည်းစိမ်ဥစ္စာ ကျမ္မာ ငယ်ဂုဏ်၊ တစ်စုံတစ်ရာ ရှိကြပါမူ၊
ငါနှင့် မတန်၊ ငါ့ဟန် ငါသာ၊ ပြိုင် မလာနှင့်၊
ဝါးခေါင်းလသာ၊ နှိုင်းပမာသို့၊
နားထင်သွေးရောက် ဂုဏ်မောက်တတ်စွ၊
အင်္ဂါအားလုံး သိမ်းကြုံးကာသာ ပြည့်စုံပါမူ၊
ကျားကို တောင်ပံ၊ တပ်သည့်ဟန်သို့၊
ထိုသူ့ မာန၊ တိုင်းအဆကား၊
ဆိုဖွယ်စကား မရှိငြားတည်း၊
ရာထူးအာဏာ၊ ပညာ ရူပ၊ ဂုဏ် ဓနတို့၊
ဖြစ်မြဲဓမ္မတာ၊ အနိစ္စာဖြင့်၊
ရွေ့ရွေ့ကုန်ဆုံး၊ ပျက်ပြယ်သုဉ်းက၊
ထောင်လွှားတတ်လှ၊ မာန်မာနတို့၊
လျောကျသည်မှာ မလွဲသာရှင့်။
မာနကိုယ်စီ၊ ဘ၀င်ချီလျက်၊
တစ်ရာတမ်းမှာ၊ လူဖြစ်လာကြ၊ တခဏ၀ယ်၊
မာ- လျင်၊ န-မြဲ၊ သဘောပဲမို့၊
ကာလရွှေ့ပြောင်း၊ အချိန်နှောင်းက၊
ရန်ငြိုးအာဃာတ၊ ဗလပွနှင့်၊
ဒဏ်ရာကိုယ်စီ၊ နောင်တဆီသို့၊
ချဉ်းကပ်ရင်းသာ၊ ရင့်ကျက်လာသည်၊
လူ့ရွာ မာန၊ ပြိုင်ပွဲတည်း…
အမှားကိုယ်စီ ရှိမြဲတည်း…
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
တွေးမိ တွေးရာ ပြည်မြန်မာ
$
0
0
by Hla Shwe (Notes) on Saturday, April 20, 2013 at 6:34pm
ကမ္ဘာ့သတင်းမီဒီယာတွေမှာတရုတ်နိုင်ငံရဲ့ အံ့မခန်း စီးပွားရေးတိုးတက်မှုတွေ၊ကုန်သွယ်ရေး ပိုငွေပြမှုတွေ၊ တရုတ်လူလတ်တန်းစား တိုးပွားလာမှုတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့ ကြားသိနေရတာတွေနဲ့ ဆန့်ကျင်ဘက် တရုတ်နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ဟာ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ကမ္ဘာ့ ရာသီဥတုကိုပါ ခြိမ်းခြောက်လာနေပြီ ဆိုတာ ပြောဆိုခြင်း ခံနေရပါတယ်။
Foreign Affairs မဂ္ဂဇင်းကြီးမှာ တရုတ်နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေမှုကိုမီးမောင်းထိုးပြတဲ့ Choking on China ဆိုတဲ့ ဆောင်းပါး တပုဒ်ရေးထားပါတယ်။ တရုတ်နိုင်ငံရဲ့ စက်မှု မြို့တော် ရှန်ဟဲကို ဖြတ်သန်း စီးဆင်းနေတဲ့ Whompoa မြစ်ထဲမှာ ၀က်သေကောင်ရေ တသောင်း ခြောက်ထောင် မျောနေတဲ့ သတင်းကတော့ တရုတ်ပြည်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်ပါ။ တရုတ်နိုင်ငံရဲ့ မြို့ ၂၀ မှာ ၁၆ မြို့ဟာ ညစ်ပတ်ဆုံး မြို့တွေဖြစ်နေပါတယ်။သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုနဲ့အတူ H7 N9 ကြက်ငှက် ဗိုင်းရပ်စ်ကလည်း တရုတ်နိုင်ငံနဲ့ ကမ္ဘာတ၀ှမ်းရှိ လူသားတွေကို ခြိမ်းခြောက်လာနေတဲ့ ကူးစက်ရောဂါ ဖြစ်နေပြန်တယ်။
သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်လာရင် တရုတ်ခေါင်းဆောင်တွေကဆတ်ဆတ်ထိမခံတဲ့ သူတွေ ဖြစ်နေကြတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးပိုင်ခွင့်ရှိတယ်လို့ခံယူထားတဲ့ တရုတ်ခေါင်းဆွေကတော့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စံချိန်စံညွန်းတွေကိုလက်ခံလိုက်ရင် တရုတ်ရဲ့ စီးပွားရေး ဇက်သတ်လိုက်သလို ဖြစ်သွားနိုင်တဲ့အတွက်သဘာဝပတ်ဝန်းကျင် ကိစ္စက အထိမခံတဲ့ ရွှေပန်းကန် လိုဖြစ်နေပါတယ်။
တရုတ်အစိုးရနဲ့တရုတ်ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံအပြင် ကမ္ဘာတ၀ှမ်းက ဆင်းရဲမွဲတေပြီး စစ်အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံတွေကို ထောက်ခံ အားပေးရင်း သဘာဝအရင်း အမြစ်နှင့် သဘာပတ်ဝန်းကျင်ကို အတားအဆီးမရှိ ဖျက်ဆီးနေတဲ့ နိုင်ငံလည်း ဖြစ်နေပြန်တယ်။ အဲဒီလို နိုင်ငံရဲ့ သဘာဝအရင်း အမြစ်တွေကို ဂုတ်သွေးစုတ် ဖျက်ဆီခြင်း ခံလိုက်ရတဲ့ နိုင်ငံတွေထဲမှာ အာဖရိကတိုက်က အာဏာရှင်တွေကြီးစိုးတဲ့နိုင်ငံတွေနဲ့အရှေ့တောင်အာရှာက မြန်မာနိုင်ငံဟာ အဆိုးရွားဆုံး ခံရရတဲ့ နိုင်ငံတွေ ဖြစ်နေပါတယ်။
ဗူးလဲရာဖရုံဆင်တဲ့မြန်မာနိုင်ငံကတော့ လက်ရှိ အချိန်ထိ တရုတ်အစိုးရရဲ့ ဂုတ်သွေးစုတ်ယူခြင်းကိုခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမုံရွာအနီး လက်ပံတောင်း ကြေးနီစီမံကိန်းဟာ အနီးအနားတ၀ိုက်က တောင်ပေါင်းများစွာကိုဖြိုဖျက်ပြီး ကြေးနီ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီတောတောင်တွေဟာ ဘယ်တော့မှ ပြန်လည် အစားထိုးလို့မရနိုင်တဲ့ရာသက်ပန် ဖျက်ဆီးခြင်း ခံလိုက်ရတဲ့ သဘာဝ ရင်းမြစ်တွေဘဲ ဖြစ်ပါတယ်။ နဂိုကတည်းက ပူပြင်းခြောက်သွေ့နေတဲ့အညာဒေသရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘူးလဲရာ ဖရုံဆင့်လိုက်သလို ဖြစ်သွားစေပါတယ်။
အဲဒါအပြင်လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲက တောတောင် ရေမြေတွေကလည်း နေ့စဉ်နဲ့အမျှ ဖျက်ဆီးခြင်း ခံနေရပါတယ်။ အရှေ့တောင်အာရှရဲ့ တခုတည်းသော ရေခဲတောင် တည်ရှိရာ ကချင်ပြည်နယ်ကတော့ အ၀တ်မပါတဲ့ သမီးပျိုလို ဖြစ်နေပါပြီ။ အစိုးရကြီးစိုးတဲ့ နယ်မြေတွေမှာ ခရိုနီတွေက ကျောက်မျက် တူးဖေါ်ရေးလုပ်ငန်းတွေကိုပျော်ပျော်ပါးပါး လုပ်နေချိန်မှာ ကချင်တပ်မတော်ဘက်က ထိမ်းချုပ်တဲ့ နယ်မြေတွေမှာလည်း တရုတ်ကုမ္ပဏီတွေက လက်နက်နဲ့ သယံဇာတကို လှဲလည်ရင်း သဘာဝ ပတ်ဝန်းကျင်ကို မြင်မကောင်း ရှုမကောင်းအောင် ဖျက်ဆီးခြင်းခံနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ရခိုင်၊ ကရင်၊ ရှမ်း၊ ကချင် စတဲ့ပြည်နယ်တွေက သစ်တောတွေကတော့ န၀တ၊ နအဖ လက်ထက်ကတည်းက ကုန်သလောက် ဖြစ်နေပါပြီ။
ရခိုင်ပြည်နယ်မှာတူးဖေါ်နေတဲ့ သဘာဝဓါတ်ငွေ့ တူးဖေါ်ထုတ်လုပ်ရေးက သဘာဝ ပတ်ဝန်းကျင်ကို ဘယ်အထိ ထိခုက်ပျက်စီးနေပြီလဲဆိုတာကို ရေလုပ်သားတွေရဲ့ ဘ၀ကို လေ့လာရင်း သိနိုင်တဲ့ အရာဖြစ်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်သဘာဝအရ တည်ရှိနေတဲ့ သန္တာ ကျောက်တန်းတွေဟာ ပင်လယ်ပျော် သက်ရှိတို့ရဲ့ နိဗ္ဗာန်ဘုံ ဖြစ်ပါတယ်။ အဲဒီ သန္တာကျောက်တန်းတွေဟာ ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်မှု၊ ပိုက်လိုင်းတည်ဆောက်မှုကြောင့်နိတိတံ သွားတဲ့ သဘာဝအရင်း အမြစ်တွေ ဖြစ်ပါတယ်။ တချိန်က မြန်မာနိုင်ငံမှာ ရခိုင်ဒေသဟာ ပင်လယ်ထွက် ပစ္စည်းပေါများတဲ့ ပြည်နယ်အဖြစ် တည်ရှိခဲ့တာဟာ ဒဏ္ဍာရီ ပုံပြင်တပုဒ်အဖြစ် ကျန်နေခဲ့ပါပြီ။ ပင်လယ်ထွက် အစားအစာ ပေါများတဲ့ ရခိုင်ဒေသခံတွေဟာ ပြည်မဘက်က တင်သွင်းတဲ့ မွေးမြူရေး ငါးတွေကိုဈေးကြီးပေးပြီးဝယ်စားရတဲ့ ဘ၀ကို ရောက်သွားပါပြီ။
သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့အတူ ရခိုင်ဒေသခံတွေဟာ ဘ၀ရပ်တည်ရေး ခက်ခဲလာတဲ့အတွက် မလေးနဲ့ ထိုင်းနိုင်ငံမှာ ရေလုပ်သား၊ စက်ရုံ၊ စိုက်ပျိုးရေးခြံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တရားမ၀င် လုပ်သားများအဖြစ်ကို ရောက်ခဲ့ရပါတယ်။
ရှေးခေတ်တရုတ်ရာဇ၀င်မှာ ထင်ပေါ်ခဲ့တဲ့ ယန်စီ မြစ်ဆိုတာ ခုတော့ ရာဇ၀င်ထဲက သတိုးသမီး အဖြစ်ကျန်ခဲ့ပါပြီ။ တရုတ် ပြည်မကြီးကို ဖြတ်သန်း စီးဆင်းနေတဲ့ မြစ်ကြီးတွေဟာ အတားအဆီးမရှိ ရေကာတာတည် ဆောက်ဆောက်မှုကြောင့် တိမ်ကော သွားတဲ့ မြစ်အရေအတွက်က တရုတ်နိုင်ငံ အနှုံ့အပြားမှာ တွေ့နေရပါတယ်။
တရုတ်နိုင်ငံကိုကြည့်တဲ့အခါ စက်မှု လုပ်ငန်းတွေကြောင့် လောင်စာဆီ လိုအပ်လာမှုကိုဘဲ ဇောင်းပေး ပြောဆိုကြလေ့ရှိပါတယ်။၂၁ ရာစုနှစ်တွေမှာ တရုတ်နိုင်ငံ ရင်ဆိုင်ရမယ့် ပြသနာက သောက်သုံးရေ ရှားပါး ပြတ်လတ်မှုက ထိပ်ဆုံးက ပါဝင်လာနိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန်း ပြောဆိုနေကြပါတယ်။ တရုတ်နိုင်ငံက မြို့ပြ (၉၀) ရာခိုင်နှုန်းကျော်ဟာ မသန့်ရှင်းတဲ့ မြေအောက်ရေကို မှီခိုနေရကြောင်း သိပ္ပံပညာရှင်တွေက ဖေါ်ထုတ်ခဲ့ပါတယ်။ ဒီလို ဖြစ်ပေါ်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းဟာ တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေရဲ့ မဆင်မခြင် လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။
လောင်စာဆီရရှိရေးနှင့်ရေကောင်းရေသန့် ရရှိရေး ဟာ ၂၁ ရာစု တရုတ်နိုင်ငံရဲ့ဦးစားပေး မဟာဗျူဟာ ဖြစ်လာနေပါတယ်။
စိုက်ပျိုးရေးနှင့်သောက်သုံးရေ၊ လျပ်စစ် ဓါတ်အား ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံ တ၀ှမ်းရှိ မြစ်များကို ဆည်တည်ဆောက်ခဲ့ပါတယ်။ကမ္ဘာပေါ်ရှိ အကြီးဆုံး ရေကာတာရဲ့ တ၀က်ကျော် အရေအတွက်ဟာ တရုတ်နိုင်ငံမှာ တည်ရှိပါတယ်။ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဒေသတွင်း ရေမျှဝေ သုံးစွဲရေး ပြဌာန်းချက်တွေကို တရုတ်နိုင်ငံက ဆန့်ကျင်နေပြီး၊ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ရေအရင်းအမြစ် သုံးစွဲရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုလက်မှတ်ရေးထိုးထားတာ မရှိပါဘူး။ တရုတ်နိုင်ငံရဲ့ ရေအရင်း အမြစ်ဝန်ကြီး အဖြစ်ထမ်းဆောင်ခဲ့တဲ့ Wang Shucheng ကတော့ တရုတ်အစိုးရရဲ့ ရေနဲ့ပတ်သက်တဲ့ မူဝါဒကို အခုလိုဖေါ်ပြခဲ့ပါတယ်။ “ Fight for every dropof water or die” ရေရရှိရေးအတွက်တိုက်ပွဲဝင်မလား အသေခံမလား ဆိုတာ တရုတ်ပြည်သူတွေ ရွေးရလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။
ဒါကြောင့်ကမ္ဘာပေါ်မှာ ရေအရင်းအမြစ် ကြွယ်ဝတဲ့၊ မြစ်ချောင်းတောတောင်တွေ၊မြေပေါ်မြေအောက် သယံဇာတတွေပေါများတဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက်တော့သရေကျစရာ အိမ်နီးနားချင်းနိုင်ငံဖြစ်နေပါတယ်။
UNCAP ရဲ့၂၀၀၁ ခုနှစ် အစီရင် ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ မြေအောက်ရေ ရရှိမှုပမာဏဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် နိုင်ငံဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံရဲ့ ရေလုံခြုံမှု အဆင့်ဟာ ကမ္ဘာပေါ်မှာ အဆင့် (၁၅) သာရှိတဲ့လို့ ဖေါ်ပြခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၁ ခုနှစ်က ရေအရင်း အမြစ် ကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ဆယ်စုနှစ် တခုကျော်အကြာ လက်ရှိအချိန်မှာတော့ ပြောင်းပြန် ဖြစ်ကုန်ပါပြီ။ မြန်မာနိုင်ငံတ၀ှမ်းကသစ်တောတွေကို အတားအဆီးမရှိ ခုတ်ထွင်မှုကြောင့် သစ်တော ပြုန်းတီးပြီး မြစ်ချောင်းတွေ တိမ်ကောကာ ရာသီဥတု ဖေါက်ပြန်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ။
သဘာဝပတ်ဝန်းကျင်ဝါဒီများနှင့်ပညာရှင်များက အနာဂါတ်မှာ ကြုံတွေ့ရမယ့် ပဋိပက္ခ စစ်ပွဲတွေဟာ ရေပိုင်ဆိုင်မှုကြောင့်ဖြစ်လာနိုင်တယ်လို့ ဟောကိန်း ထုတ်ထားတွေရှိနေပါတယ်။အဲဒီဟောကိန်းတွေဟာ အရှေ့အလယ်ပိုင်းက အာရပ်-အစ္စရေးနိုင်ငံတွေအတွက်မှန်ကန်နေပါပြီ။ တောင်အာရှ နိုင်ငံတွေလည်း အလားတူ ပြသနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ပညာတွေက သုံးသတ်ထားပါတယ်။
မြန်မာနိုင်ငံမှာရင်းနှီးမှုလုပ်နေတဲ့ ကုမ္ပဏီအများစုဟာ ကမ္ဘာ့စံနှုန်းတွေ၊ ကျင့်ဝတ်တွေကို မလိုက်နာတဲ့ တရုတ်နိုင်ငံထွက် ကုမ္ပဏီတွေဖြစ်နေပါတယ်။မိမိနိုင်ငံရဲ့ သဘာဝပတ်ဝန်ကျင်ကိုမှ ဂရုမစိုက်တဲ့ တရုတ်လုပ်ငန်းရှင်တွေမြန်မာနိုင်ငံအတွက်တော့စိတ်မောစရာပါ။
 ဒီမိုကရေစီကနုနု၊ ပြည်တွင်းစစ်ကရှိနေဆဲ၊သူတလူငါတမင်း စစ်ဘုရင်တွေနဲ့ စခန်းသွားနေရဆဲ မြန်မာနိုင်ငံဟာ လူဦးရေ သန်းထောင်ကျော်ရှိတဲ့ကမ္ဘာ့စီးပွားရေး နံပါတ် (၂) တရုတ်က လောင်စာဆီ ဖူလုံရေး ၊ ရေသန့်ဖူလုံမှုစတဲ့ မဟာဗျူဟာတွေနဲ့ နယ်ပယ်ချဲ့ထွင်လာမယ့်၂၁ ရာစုကို ဘယ်လို ရင်ဆိုင် ဖြတ်သန်းကြမလဲ။  တရုတ်ရေအရင်းအမြစ် ၀န်ကြီးဟောင်းရဲ့ စကားကို ငှားသုံးရမယ်ဆိုရင် အနာဂါတ် မျိုးဆက်အတွက် “fight for every drop of water or die”။
လှရွှေ
နော်ဝေမှ ဘရီဗစ်ခ် ကဲ့သို့ မျိုးချစ်လူငယ်များ မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာခဲ့သော်
$
0
0
LinHtet Demon shared Myanmar Defense League - MDL's photo.
နော်ဝေမှ ဘရီဗစ်ခ် ကဲ့သို့ မျိုးချစ်လူငယ်များ မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာခဲ့သော် ========================================= အကြမ်းဖက် မွတ်ဆလင် ကုလားဆိုး ရန်စွယ်ကနေ ခုခံကာကွယ် မယ်ဆိုရင် မှားယွင်းတဲ့ နည်းလမ်းကို အသုံးမပြုမိစေဖို့ သင်ခန်းစာပေးတဲ့ ဆောင်းပါး တိုလေးပါ။ မွတ်ဆလင်ကုလားဆိုး ကို အကြမ်းမဖက် အနုနည်း အလိမ္မာ နည်း ဥပမာ - စင်ကာပူ၊ ဂျပန်၊ ကိုးရီးယား၊ တရုတ် စသလို ကြမ်းတန်ရင် အကြမ်းကိုင်၊ ခဏလေး လျှော့တန်ရင် ခေတ္တတစ်ဖြုတ်လောက် ဥထားလိုက်ရမှာပါ။   ဟိုးတစ်လောက နော်ဝေမှာဘရေးဗစ်ဆိုတဲ့လူငယ်တစ်ယောက်ကလူငယ်အပန်းဖြေ  စခန်းတစ်ခုကို ၀င်ရောက်ပြီး ပစ်ခတ်လို့ လူ ၆၀ကျော်သေသွားတယ်ဆိုတဲ့သတင်းကို ဖတ်လိုက်ရမှာပါ။  ဂေါက်လို့ပဲ ပစ်သလိုလို၊ ရူးလို့ပဲပစ်သလိုလို နဲ့ ဘာကြောင့်ပစ်တယ်ဆိုတာကို သတင်းဌာနတွေက အသေအချာမဖော်ပြကြဘဲနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ ပဲ ပြီးသွားခဲ့ပါတယ်။ တကယ့်အကြောင်းအရင်းမှန်က မွတ်စလင်တွေ လူနဲ့ မျိုနေတဲ့ကိစ္စပါပဲ။ ဘရေးဗစ်က မရိကန်ပညာရှင်တွေတွက်ချက်ပြထားတာကို  သွားဖတ်မိလိုက်တော့ ငါတို့ဥရောပကြီးတစ်ခုလုံးကို မွတ်စလင်တွေက သွေးတစ်စက်မှ မြေမကျစေဘဲ အေးအေးလေး နဲ့ ငြိမ့်ငြိမ့်လေး ၀ါးမျိုနေပါလား ... နောက် အနှစ် ၄၀ လောက်ဆိုရင် ဥရောပကြီးတစ်ခုလုံး မွတ်စလင်အင်ပါယာအောက် ကို ရောက်တော့မှာပါလားဆိုတာကို  သူနားလည် သွားတော့ မခံမရပ်နိုင်ဖြစ်ပြီး ထပေါက်ကွဲသွားတာပါ။   သူသွားပစ်သတ်တယ်ဆိုတဲ့နေရာက မွတ်စလင်လူငယ်အများစုရှိနေတဲ့ လူငယ်အပန်းဖြေ စခန်းပါ။...လုပ်ရပ်ကမှားပါတယ်။  မြန်မာလူငယ်များအတုမယူကြပါနဲ့။ အတုယူမှားမှာစိုးလို့ သတင်းဂျာနယ်တွေ မှာ မဖော်ပြ တာလည်းဖြစ်နိုင်ပါတယ်။ ဒါဘာကို ပြနေသလဲဆိုတော့ လုပ်သင့် တာကို အချိန်မီ မလုပ်ခဲ့ရင် နှောင်းသွားတဲ့အချိန်မှာ ငြိမ်းချမ်းမှန်ကန် တဲ့နည်းနဲ့ ဖြေရှင်းနိုင်တဲ့အဖြေကို ရှာလို့မတွေ့နိုင်တော့ဘူး ဆိုတဲ့အချက်ပါ။ ပြင်သစ်ကိုလည်းသိပ်တော့အထင်မကြီးကြပါနဲ့။   သူလည်းမွန်စလင်အင်ပါယာအောက်ရောက်ခါနီးမို့ အသက်ငင်နေပါပြီ။ Multiculturism ဆိုပြီး ကုလားတွေခေါ်သွင်းလာလိုက်တာ မကြာခင်မှာပြင်သင်လူမျိုးက လူနည်းစု၊ ကုလားကလူများ စုဖြစ်ပြီးး ၂၀၈၀ ဆိုရင် ပြင်သစ်ပြည်ဆိုတာ လုံးဝပျောက်ဆုံးပြီး Islamic Republic of France ဆိုတာပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။   အခုပြင်သစ်လုပ်နေတယ်ဆိုတာတွေက မယောင်ရာ ဆီလူး၊ သေခါနီး သွေးရူးသွေးတန်း လုပ်မိလုပ်ရာ လျှောက်လုပ်နေတာပါ။ အခုမှ ဘာသာရေးခေါင်းဆောင်တွေ နှင်ထုတ်လည်း အရမ်းကို  နောက်ကျသွားပါပြီ။ ဥရောပသားတွေ အရမ်းကိုနောက်ကျနေပါပြီ။ ကျွန်တော်ပြောဖူးသလို သူတို့တီထွင်ကြံဆထားခဲ့တဲ့ သီအိုရီတွေ၊value တွေနဲ့ပိတ်မိနေတာဖြစ်တဲ့ အပြင် မွတ်စလင်တွေရဲ့ ချိမ်းခြောက်အန္တရာယ်ပေးမှုတွေကို စိုးရိမ်နေရတာတွေကြောင့်လည်း ပီပီပြင်ပြင် မလုပ်နိုင်တော့ တာပါ။  Freedom of Speech ဆိုတဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ လှိုင်လှိုင်ပေါကြွ ယ်တဲ့ အနောက်နိုင်ငံကြီးတွေ မှာ မွတ်စလင်တွေ အကြောင်းကို ရဲရဲကြီး ဝေဖန်ရဲတဲ့သူတွေ နည်းနည်း လာတာ ကတော့ သင်ခန်းစာ ယူစရာကောင်း လှပါတယ်။ သူတို့ဆီက အဖြူပညာရှင်တစ်ယောက်က ဘယ်လိုထောက်ပြထား သလဲဆိုတော့ ...   ငါတို့ အနောက်တိုင်းသားတွေရဲ့ ဂုဏ်ယူဝင့်ကြွား အားသာချက်ဟာ ဒီမိုကရေစီနဲ့ Freedom ဖြစ်သလို၊ မွတ်စလင်တွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ဒီ ဒီမိုကရေစီနဲ့ Freedom တွေကပဲ ငါတို့ရဲ့အားနည်းချက်ပြန်ဖြစ်သွားတယ်လို့ ၀န်ခံထားပါတယ်။   (ကျွန်တော်ဟာ ဒီမိုကရေစီမြတ်နိုးသူပါ။ ဒီမိုကရေစီဆန့်ကျင်သူလို့ မမြင်စေ ချင်ပါဘူး။ ဒီမိုကရေစီရဲ့အားနည်းချက်ကို ကြိုတင်သိမြင်ပြီး ကြိုတင်ဖာထေး သင့်တဲ့အကြောင်း သတိပေးတာပါ)  ကျွန်တော်ဆက်စပ်ပြီး စဉ်းစားမိတာက ကုလားတွေဟာ ဒီမိုကရေစီကို cover ယူလှုပ်ရှားနေတာပါ။ အခုဆိုအန်တီစုကို cover ယူသွားပြီ။ သူရထားတဲ့ ဆုတွေဟာ သူ့ကိုအကျဉ်းအကျပ်ဖြစ်စေပြီ။ ကျွန်တော်တို့အမျိုး၊ ဘာသာ၊ သာသနာဟာ ဒီမိုကရေစီရဲ့အားနဲချက်နဲ့အတူ မပျောက်ကွယ်စေချင်ပါဘူး။
နော်ဝေမှ ဘရီဗစ်ခ် ကဲ့သို့ မျိုးချစ်လူငယ်များ မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာခဲ့သော်
==============================
===========
အကြမ်းဖက် မွတ်ဆလင် ကုလားဆိုး ရန်စွယ်ကနေ ခုခံကာကွယ် မယ်ဆိုရင် မှားယွင်းတဲ့ နည်းလမ်းကို အသုံးမပြုမိစေဖို့ သင်ခန်းစာပေးတဲ့ ဆောင်းပါး တိုလေးပါ။ မွတ်ဆလင်ကုလားဆိုး ကို အကြမ်းမဖက် အနုနည်း အလိမ္မာ နည်း ဥပမာ - စင်ကာပူ၊ ဂျပန်၊ ကိုးရီးယား၊ တရုတ် စသလို ကြမ်းတန်ရင် အကြမ်းကိုင်၊ ခဏလေး လျှော့တန်ရင် ခေတ္တတစ်ဖြုတ်လောက် ဥထားလိုက်ရမှာပါ။
ဟိုးတစ်လောက နော်ဝေမှာဘရေးဗစ်ဆိုတဲ့လူငယ်တစ်ယောက်ကလူငယ်အပန်းဖြေ
စခန်းတစ်ခုကို ၀င်ရောက်ပြီး ပစ်ခတ်လို့ လူ ၆၀ကျော်သေသွားတယ်ဆိုတဲ့သတင်းကိုဖတ်လိုက်ရမှာပါ။
ဂေါက်လို့ပဲ ပစ်သလိုလို၊ ရူးလို့ပဲပစ်သလိုလို နဲ့ ဘာကြောင့်ပစ်တယ်ဆိုတာကို သတင်းဌာနတွေက အသေအချာမဖော်ပြကြဘဲနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ ပဲ ပြီးသွားခဲ့ပါတယ်။ တကယ့်အကြောင်းအရင်းမှန်က မွတ်စလင်တွေ လူနဲ့ မျိုနေတဲ့ကိစ္စပါပဲ။ ဘရေးဗစ်က မရိကန်ပညာရှင်တွေတွက်ချက်ပြထားတာကို
သွားဖတ်မိလိုက်တော့ ငါတို့ဥရောပကြီးတစ်ခုလုံးကို မွတ်စလင်တွေက သွေးတစ်စက်မှ မြေမကျစေဘဲ အေးအေးလေး နဲ့ ငြိမ့်ငြိမ့်လေး ၀ါးမျိုနေပါလား ... နောက် အနှစ် ၄၀ လောက်ဆိုရင် ဥရောပကြီးတစ်ခုလုံး မွတ်စလင်အင်ပါယာအောက် ကို ရောက်တော့မှာပါလားဆိုတာကို
သူနားလည် သွားတော့ မခံမရပ်နိုင်ဖြစ်ပြီး ထပေါက်ကွဲသွားတာပါ။
သူသွားပစ်သတ်တယ်ဆိုတဲ့နေရာက မွတ်စလင်လူငယ်အများစုရှိနေတဲ့ လူငယ်အပန်းဖြေ စခန်းပါ။...လုပ်ရပ်ကမှားပါတယ်။
မြန်မာလူငယ်များအတုမယူကြပါနဲ့။ အတုယူမှားမှာစိုးလို့ သတင်းဂျာနယ်တွေ မှာ မဖော်ပြ တာလည်းဖြစ်နိုင်ပါတယ်။ ဒါဘာကို ပြနေသလဲဆိုတော့ လုပ်သင့် တာကို အချိန်မီ မလုပ်ခဲ့ရင် နှောင်းသွားတဲ့အချိန်မှာ ငြိမ်းချမ်းမှန်ကန် တဲ့နည်းနဲ့ ဖြေရှင်းနိုင်တဲ့အဖြေကို ရှာလို့မတွေ့နိုင်တော့ဘူး ဆိုတဲ့အချက်ပါ။ ပြင်သစ်ကိုလည်းသိပ်တော့အထင်မကြီးကြပါနဲ့။
သူလည်းမွန်စလင်အင်ပါယာအောက်ရောက်ခါနီးမို့ အသက်ငင်နေပါပြီ။ Multiculturism ဆိုပြီး ကုလားတွေခေါ်သွင်းလာလိုက်တာ မကြာခင်မှာပြင်သင်လူမျိုးက လူနည်းစု၊ ကုလားကလူများ စုဖြစ်ပြီးး ၂၀၈၀ ဆိုရင် ပြင်သစ်ပြည်ဆိုတာ လုံးဝပျောက်ဆုံးပြီး Islamic Republic of France ဆိုတာပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။
အခုပြင်သစ်လုပ်နေတယ်ဆိုတာတွေက မယောင်ရာ ဆီလူး၊ သေခါနီး သွေးရူးသွေးတန်း လုပ်မိလုပ်ရာ လျှောက်လုပ်နေတာပါ။ အခုမှ ဘာသာရေးခေါင်းဆောင်တွေ နှင်ထုတ်လည်း အရမ်းကို
နောက်ကျသွားပါပြီ။ ဥရောပသားတွေ အရမ်းကိုနောက်ကျနေပါပြီ။ ကျွန်တော်ပြောဖူးသလို သူတို့တီထွင်ကြံဆထားခဲ့တဲ့ သီအိုရီတွေ၊value တွေနဲ့ပိတ်မိနေတာဖြစ်တဲ့ အပြင် မွတ်စလင်တွေရဲ့ ချိမ်းခြောက်အန္တရာယ်ပေးမှုတွေကိုစိုးရိမ်နေရတာတွေကြောင့်လည်း ပီပီပြင်ပြင် မလုပ်နိုင်တော့ တာပါ။
Freedom of Speech ဆိုတဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ လှိုင်လှိုင်ပေါကြွ ယ်တဲ့ အနောက်နိုင်ငံကြီးတွေ မှာ မွတ်စလင်တွေ အကြောင်းကို ရဲရဲကြီး ဝေဖန်ရဲတဲ့သူတွေ နည်းနည်း လာတာ ကတော့ သင်ခန်းစာ ယူစရာကောင်း လှပါတယ်။ သူတို့ဆီက အဖြူပညာရှင်တစ်ယောက်က ဘယ်လိုထောက်ပြထား သလဲဆိုတော့ ...
ငါတို့ အနောက်တိုင်းသားတွေရဲ့ ဂုဏ်ယူဝင့်ကြွား အားသာချက်ဟာ ဒီမိုကရေစီနဲ့ Freedom ဖြစ်သလို၊ မွတ်စလင်တွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ဒီ ဒီမိုကရေစီနဲ့ Freedom တွေကပဲ ငါတို့ရဲ့အားနည်းချက်ပြန်ဖြစ်သွားတယ်လို့ ၀န်ခံထားပါတယ်။
(ကျွန်တော်ဟာ ဒီမိုကရေစီမြတ်နိုးသူပါ။ ဒီမိုကရေစီဆန့်ကျင်သူလို့ မမြင်စေ ချင်ပါဘူး။ ဒီမိုကရေစီရဲ့အားနည်းချက်ကို ကြိုတင်သိမြင်ပြီး ကြိုတင်ဖာထေး သင့်တဲ့အကြောင်း သတိပေးတာပါ)
ကျွန်တော်ဆက်စပ်ပြီး စဉ်းစားမိတာက ကုလားတွေဟာ ဒီမိုကရေစီကို cover ယူလှုပ်ရှားနေတာပါ။ အခုဆိုအန်တီစုကို cover ယူသွားပြီ။ သူရထားတဲ့ ဆုတွေဟာ သူ့ကိုအကျဉ်းအကျပ်ဖြစ်စေပြီ။ ကျွန်တော်တို့အမျိုး၊ ဘာသာ၊ သာသနာဟာ ဒီမိုကရေစီရဲ့အားနဲချက်နဲ့အတူ မပျောက်ကွယ်စေချင်ပါဘူး။
တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ဆောင်ရွက်ချက် တစ်ခု
$
0
0
ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ .....
တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းစိန်ရဲ့ ဆောင်ရွက်ချက် တစ်ခု
==============================
========
၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက် ကို ရှောင်ပြေး သွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။
အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ် လို့ သတင်း ရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။
တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ် ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။
ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။
ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။
ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။
အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။
ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ။ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါ။
ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”
ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း) က ပြော ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့သစ်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးချိန် နောက်ပိုင်းကာလ တစ်လျှောက်လုပ်ဆောင်ခဲ့သည်များ မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
ရေးသူ- ကိုလင်း အချိန် 7:08 PM
မြန်မြန်လေးဗိျု့ မြန်မာ့အင်တာနက်
$
0
0
Lu Bo shared Zin Yaw's photo.
မြန်မြန်လေးဗိျု့ မြန်မာ့အင်တာနက်  အင်တာနက်ကိုတော့ ဘယ်သူကမှ သေသေ ချာချာ ဆွေးနွေးတာမ ရှိသေးပါဘူး။ ဆွေးနွေးကောင်းဆွေးနွေးနိုင်ပါတယ် ။ဒါပေမယ့် မီဒီ ယာတွေပေါ် ကျယ် ကျယ် လောင်လောင်ဖြစ်လာတာ မတွေ့ရသေးတာပါ။  နိုင်ငံခြားသွားပြီး ပြန်လာတိုင်း အင်တာနက် ချိတ်ဆက်မိ လိုက်တာနဲ့ အော် မြန်မာပြည် ပြန်ရောက် ပါပေါ့လား ဆိုတဲ့အသိကို အလိုလိုဖြစ် စေနိုင်ပါတယ်။ နှေးလွန်းလှတဲ့အင်တာ နက်ပါ။ ဝက်ဘ်ဆိုက်အခိျု့ကို မဆီမဆိုင်ပိတ်ထားတုန်း မြန်မာ့ အင်တာ နက် ပါ။  ၂၀၁၁ ခုနှစ် အခြေခံပြုစုထားတဲ့ ကမ္ဘာ့အင်တာနက် ထိုးဖောက်ဝင်ရောက်မှု စာရင်းဇယား များအရ မြန်မာပြည်မှာ လူဦးရေ ငါးသိန်းခွဲခန့် အင်တာနက်သုံးနိုင်တယ်ဆိုပါတယ်။  လူဦးရေနဲ့အချိုး ချရင် ၀.၉၈ရာနှုန်းဖြစ်ပါတယ်။ တစ်ရာ ခိုင်နှုန်းပဲ ထားလိုက်ပါတော့။ အာဆီယံ နိုင်ငံတွေ ထဲက ရှေ့ပြေးနိုင် ငံကြီး တွေကိုအသာထား လာအိုလိုနိုင်ငံတောင်မှ အင်တာနက်သုံးစွဲနှိုင်မှုဟာလူဦးရေနဲ့ အချိုး ချရင် ၉ ရာခိုင်နှုန်းရှိနေတာတွေ့ ရတော့ ပြည်ထောင် စုဝန်ကြီး အပြော နောက်ကျလေခြင်းလို့ ဝေဖန် တာတွေဟာ မလွန်ဘူးလို့တောင် ခံစားမိလိုက်ပါတယ်။  CLMV မှာ ကမ္ဘောဒီးယားက ၃.၁ရာခိုင်နှုန်၊ဗီယက်နမ်က ၃၅ရာခိုင်နှုန်းရှိနေပါတယ်။ အီသီယိုပီးယားလိုနိုင်ငံမျိုးတောင် ၁.၁ရာ ခိုင်နှုန်း ရှိနေပါတယ်။  အီးဂါဘင်မင့်ရယ် လို့ပြောနေ ဆိုနေကြ၊ ဝန်ကြီး ဌာနတွေ၊ လွှတ်တော်တွေ၊ သမတရုံး၊ အခြေခံ ဥပဒေခုံရုံး တို့ ကအစ ကိုယ်ပိုင်ဝက်ဘ် ဆိုက် တွေ အပြိုင်းအရိုင်း ထူထောင်လာကြပါတယ်။  သို့သော် တစ်ရာခိုင်နှုန်းမျှသော ပြည်သူများ အင်တာနက်သုံး နိုင်တဲ့ အခြေအနေမှာ အီးဂါး ဘင်မင့်ကို အောင်မြင်အောင် လုပ်နိုင် ဖို့ အိပ်မက်လိုသာ ဖြစ်နေဦး မှာဖြစ်ပါတယ် ။  ကိုယ့်ရှေ့မှာရှိနေတဲ သူတွေကိုပြောရင်စိတ်ဓါတ်ကျ စရာဖြစ်မှာစိုးလို့ကိုယ့်အနောက်မှာ ဘယ်နှနိုင်ငံကျန်သလဲကြည့်လိုက်တော့ ပိုစိတ်ဓာတ်ကျသွားရပါတယ်။ မြန်မာအနောက်မှာ မြောက်ကိုရီး ယား ၊ အရှေ့ တီမောလ်နဲ့ ဆီယာလီယွန်(၃) နိုင်ငံ ပဲရှိ နေတာ တွေ့လိုက်ရ လို့ဖြစ် ပါတယ်။  မြန်မာနိုင်ငံဟာဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီး ကောင်းမွန်သောအုပ်ချုပ်ရေးကိုသွား နိုင်ဖို့ အီးလက်ထရွန်းနစ် အစိုးရပုံစံ ကျင့်သုံးရတော့ မှာဖြစ်ပါတယ်။ အီးဂါဘင်မင့်ရယ် လို့ပြောနေ ဆိုနေကြ၊  ဝန်ကြီးဌာနတွေ၊ လွှတ်တော်တွေ၊ သမတရုံး၊ အခြေခံ ဥပဒေခုံရုံး တို့ ကအစ ကိုယ်ပိုင်ဝက်ဘ် ဆိုက်တွေ အပြိုင်းအရိုင်း ထူထောင်လာကြပါတယ်။  သို့သော် တစ်ရာခိုင်နှုန်းမျှသော ပြည်သူများ အင်တာနက်သုံး နိုင်တဲ့ အခြေအနေမှာ အီးဂါးဘင်မင့်ကို အောင်မြင်အောင် လုပ်နိုင် ဖို့ အိပ်မက်လိုသာ ဖြစ်နေဦး မှာဖြစ်ပါတယ် ။  အဲဒါကြောင့် ဘာမှမလုပ်ဘဲ ဆက်ထား မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲနိုင်မှုဟာ နံပါတ်တစ်(နောက်ဆုံးကပြန်ရေရင်)ဖြစ်သွားမှာ အသေအချာပါပဲ။  ၂၀၁၃ ဆို ဆီးဂိမ်းလာပြီ ။၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရ တော့မယ်ဆို လိုတာက မြန်မာနိုင်ငံ မှာ ဒေသ အဆင့်နဲ့ နိုင်ငံတကာအဆင့် အစည်းအဝေး ကြီးတွေ အများကြီး လုပ်ရတော့မယ်။  အဲဒီ အခမ်းအနား ကြီး တွေကို သတင်းယူမယ့် သတင်း သမား တွေ အများ ကြီးလာတော့မယ်။ လူထောင်ကျော် အင်တာနက် သုံးနိုင်တဲ့ မီဒီယာစင်တာကြီး တွေထားရတော့မယ်။  အဲဒါကြောင့် အင်တာနက် သုံးစွဲသူများ တိုးပွားလာရေး တစ်နည်း အင်တာနက်ထိုးဖောက် ဝင်ရောက်မှုမြင့်မားလာရေး အမြန်ဆုံးလုပ်သင့်ပါပြီ။  ပိုက်တွေကတော့ အများကြီးသွယ်လိုက်ပါရဲ့ ဝင်တဲ့ပိုက်မကြီးက ဒီအရွယ်ဒီအတိုင်း ပဲဖြစ်နေ မယ် ဆိုရင် တော့ ပိုက်တွေသာ များလာပြီး ရေမစီး သလိုဖြစ်နေဦး မှာဖြစ်ပါတယ်။  အဲဒါကြောင့် အင်တာနက် bandwidth တိုးချဲ့ရေး၊သုံးစွဲသူ တိုးချဲ့ရေးတစ်ပြိုင်နက်လုပ်ဖို့လိုပါတယ်။ အဲဒါတင်မက ဝန်ဆောင်မှုပေးသော ကုမ္ပဏီ များများ စားစား ပေါ်ထွန်း လာပြီး ဝန်ဆောင်မှုယှဉ်ပြိုင် မှုအဆင့်ဖြစ်လာရေး ဦးတည် ဆောင်ရွက် သင့်တယ် မြင်ပါတယ်။  လာမယ့်၂၀၁၃ ဆို ဆီးဂိမ်းလာပြီ ။၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရ တော့မယ် ဆိုလိုတာက မြန်မာနိုင်ငံမှာ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့် အစည်းအဝေး ကြီးတွေ အများကြီးလုပ်ရတော့မယ်။  အဲဒီ အခမ်းအနား ကြီး တွေကို သတင်းယူမယ့် သတင်း သမားတွေ အများ ကြီးလာတော့မယ်။ လူထောင်ကျော် အင်တာနက်သုံးနိုင်တဲ့ မီဒီယာစင်တာကြီးတွေထားရတော့ မယ်။  မြန်မာနိုင်ငံရဲ့ လက်ရှိအင်တာနက်က တစ်ခါတစ်ခါ ဂူးဂဲလ်စာ မျက်နှာကျလာဖို့ တောင် မိနစ်ပိုင်း ထိုင်စောင့် နေရတဲ့ မြန်နှုန်းမျိုးနဲ့အခိျု့က အင်တာနက် ကို နှေးလွန်း လို့အင်တာလိပ် လို့တောင် အမည်ပြောင်ပေးလိုက်သေး။  တော်တော်လုပ်ယူရမယ့် မြန်မြန်လုပ်ယူရမယ့် အင်တာနက်ပါ။   ကိုကို(စက်မှုတက္ကသိုလ်) ၏ ဆောင်းပါးလေးပါ။ ကောက်နှုတ်ပြီး ပြန်လည်တင်ပြလိုက်ပါသည်။  Yangon Media Group မှ ပြည်လည်ကူးယူဖေါ်ပြပါသည်။  ZinYawNews
မြန်မြန်လေးဗိျု့ မြန်မာ့အင်တာနက်
အင်တာနက်ကိုတော့ ဘယ်သူကမှ သေသေ ချာချာ ဆွေးနွေးတာမ ရှိသေးပါဘူး။ ဆွေးနွေးကောင်းဆွေးနွေးနိုင်ပါတ
ယ် ။ဒါပေမယ့် မီဒီ ယာတွေပေါ် ကျယ် ကျယ် လောင်လောင်ဖြစ်လာတာ မတွေ့ရသေးတာပါ။
နိုင်ငံခြားသွားပြီး ပြန်လာတိုင်း အင်တာနက် ချိတ်ဆက်မိ
လိုက်တာနဲ့ အော် မြန်မာပြည် ပြန်ရောက် ပါပေါ့လား ဆိုတဲ့အသိကို အလိုလိုဖြစ် စေနိုင်ပါတယ်။ နှေးလွန်းလှတဲ့အင်တာ နက်ပါ။ ဝက်ဘ်ဆိုက်အခိျု့ကို မဆီမဆိုင်ပိတ်ထားတုန်း မြန်မာ့ အင်တာ နက် ပါ။
၂၀၁၁ ခုနှစ် အခြေခံပြုစုထားတဲ့ ကမ္ဘာ့အင်တာနက် ထိုးဖောက်ဝင်ရောက်မှု စာရင်းဇယား များအရ မြန်မာပြည်မှာ လူဦးရေ ငါးသိန်းခွဲခန့် အင်တာနက်သုံးနိုင်တယ်ဆိုပါတယ်။
လူဦးရေနဲ့အချိုး ချရင် ၀.၉၈ရာနှုန်းဖြစ်ပါတယ်။ တစ်ရာ ခိုင်နှုန်းပဲ ထားလိုက်ပါတော့။ အာဆီယံ နိုင်ငံတွေ ထဲက ရှေ့ပြေးနိုင် ငံကြီး တွေကိုအသာထား လာအိုလိုနိုင်ငံတောင်မှ အင်တာနက်သုံးစွဲနှိုင်မှုဟာလူဦးရေနဲ့ အချိုး ချရင် ၉ ရာခိုင်နှုန်းရှိနေတာတွေ့ ရတော့ ပြည်ထောင် စုဝန်ကြီး အပြော နောက်ကျလေခြင်းလို့ ဝေဖန် တာတွေဟာ မလွန်ဘူးလို့တောင် ခံစားမိလိုက်ပါတယ်။
CLMV မှာ ကမ္ဘောဒီးယားက ၃.၁ရာခိုင်နှုန်၊ဗီယက်နမ်က ၃၅ရာခိုင်နှုန်းရှိနေပါတယ်။ အီသီယိုပီးယားလိုနိုင်ငံမျိုးတောင် ၁.၁ရာ ခိုင်နှုန်း ရှိနေပါတယ်။
အီးဂါဘင်မင့်ရယ် လို့ပြောနေ ဆိုနေကြ၊ ဝန်ကြီး ဌာနတွေ၊ လွှတ်တော်တွေ၊ သမတရုံး၊ အခြေခံ ဥပဒေခုံရုံး တို့ ကအစ ကိုယ်ပိုင်ဝက်ဘ် ဆိုက် တွေ အပြိုင်းအရိုင်း ထူထောင်လာကြပါတယ်။
သို့သော် တစ်ရာခိုင်နှုန်းမျှသော ပြည်သူများ အင်တာနက်သုံး နိုင်တဲ့ အခြေအနေမှာ အီးဂါး ဘင်မင့်ကို အောင်မြင်အောင် လုပ်နိုင် ဖို့ အိပ်မက်လိုသာ ဖြစ်နေဦး မှာဖြစ်ပါတယ် ။
ကိုယ့်ရှေ့မှာရှိနေတဲ သူတွေကိုပြောရင်စိတ်ဓါတ်ကျ စရာဖြစ်မှာစိုးလို့ကိုယ့်အနောက်မှာ ဘယ်နှနိုင်ငံကျန်သလဲကြည့်လိုက်တော့ ပိုစိတ်ဓာတ်ကျသွားရပါတယ်။ မြန်မာအနောက်မှာ မြောက်ကိုရီး ယား ၊ အရှေ့ တီမောလ်နဲ့ ဆီယာလီယွန်(၃) နိုင်ငံ ပဲရှိ နေတာ တွေ့လိုက်ရ လို့ဖြစ် ပါတယ်။
မြန်မာနိုင်ငံဟာဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီး ကောင်းမွန်သောအုပ်ချုပ်ရေးကိုသွား နိုင်ဖို့ အီးလက်ထရွန်းနစ် အစိုးရပုံစံ ကျင့်သုံးရတော့ မှာဖြစ်ပါတယ်။ အီးဂါဘင်မင့်ရယ် လို့ပြောနေ ဆိုနေကြ၊
ဝန်ကြီးဌာနတွေ၊ လွှတ်တော်တွေ၊ သမတရုံး၊ အခြေခံ ဥပဒေခုံရုံး တို့ ကအစ ကိုယ်ပိုင်ဝက်ဘ် ဆိုက်တွေ အပြိုင်းအရိုင်း ထူထောင်လာကြပါတယ်။
သို့သော် တစ်ရာခိုင်နှုန်းမျှသော ပြည်သူများ အင်တာနက်သုံး နိုင်တဲ့ အခြေအနေမှာ အီးဂါးဘင်မင့်ကို အောင်မြင်အောင် လုပ်နိုင် ဖို့ အိပ်မက်လိုသာ ဖြစ်နေဦး မှာဖြစ်ပါတယ် ။
အဲဒါကြောင့် ဘာမှမလုပ်ဘဲ ဆက်ထား မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အင်တာနက်သုံးစွဲနိုင်မှုဟာ နံပါတ်တစ်(နောက်ဆုံးကပြန်ရေရင်)ဖြစ်သွားမှာ အသေအချာပါပဲ။
၂၀၁၃ ဆို ဆီးဂိမ်းလာပြီ ။၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရ တော့မယ်ဆို လိုတာက မြန်မာနိုင်ငံ မှာ ဒေသ အဆင့်နဲ့ နိုင်ငံတကာအဆင့် အစည်းအဝေး ကြီးတွေ အများကြီး လုပ်ရတော့မယ်။
အဲဒီ အခမ်းအနား ကြီး တွေကို သတင်းယူမယ့် သတင်း သမား တွေ အများ ကြီးလာတော့မယ်။ လူထောင်ကျော် အင်တာနက် သုံးနိုင်တဲ့ မီဒီယာစင်တာကြီး တွေထားရတော့မယ်။
အဲဒါကြောင့် အင်တာနက် သုံးစွဲသူများ တိုးပွားလာရေး တစ်နည်း အင်တာနက်ထိုးဖောက် ဝင်ရောက်မှုမြင့်မားလာရေး အမြန်ဆုံးလုပ်သင့်ပါပြီ။
ပိုက်တွေကတော့ အများကြီးသွယ်လိုက်ပါရဲ့ ဝင်တဲ့ပိုက်မကြီးက ဒီအရွယ်ဒီအတိုင်း ပဲဖြစ်နေ မယ် ဆိုရင် တော့ ပိုက်တွေသာ များလာပြီး ရေမစီး သလိုဖြစ်နေဦး မှာဖြစ်ပါတယ်။
အဲဒါကြောင့် အင်တာနက် bandwidth တိုးချဲ့ရေး၊သုံးစွဲသူ တိုးချဲ့ရေးတစ်ပြိုင်နက်လုပ်ဖို့လိုပါတယ်။ အဲဒါတင်မက ဝန်ဆောင်မှုပေးသော ကုမ္ပဏီ များများ စားစား ပေါ်ထွန်း လာပြီး ဝန်ဆောင်မှုယှဉ်ပြိုင် မှုအဆင့်ဖြစ်လာရေး ဦးတည် ဆောင်ရွက် သင့်တယ် မြင်ပါတယ်။
လာမယ့်၂၀၁၃ ဆို ဆီးဂိမ်းလာပြီ ။၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရ တော့မယ် ဆိုလိုတာက မြန်မာနိုင်ငံမှာ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့် အစည်းအဝေး ကြီးတွေ အများကြီးလုပ်ရတော့မယ်။
အဲဒီ အခမ်းအနား ကြီး တွေကို သတင်းယူမယ့် သတင်း သမားတွေ အများ ကြီးလာတော့မယ်။ လူထောင်ကျော် အင်တာနက်သုံးနိုင်တဲ့ မီဒီယာစင်တာကြီးတွေထားရတော့ မယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအင်တာနက်က တစ်ခါတစ်ခါ ဂူးဂဲလ်စာ မျက်နှာကျလာဖို့ တောင် မိနစ်ပိုင်း ထိုင်စောင့် နေရတဲ့ မြန်နှုန်းမျိုးနဲ့အခိျု့က အင်တာနက် ကို နှေးလွန်း လို့အင်တာလိပ် လို့တောင် အမည်ပြောင်ပေးလိုက်သေး။
တော်တော်လုပ်ယူရမယ့် မြန်မြန်လုပ်ယူရမယ့် အင်တာနက်ပါ။
ကိုကို(စက်မှုတက္ကသိုလ်) ၏ ဆောင်းပါးလေးပါ။
ကောက်နှုတ်ပြီး ပြန်လည်တင်ပြလိုက်ပါသည်။
Yangon Media Group မှ ပြည်လည်ကူးယူဖေါ်ပြပါသည်။
ZinYawNews
သမ္မတ အိုဘားမားမိန့်ခွန်း (အစ-အဆုံး)
$
0
0
Lu Bo shared Burma-Newselite's photo.
သမ္မတ အိုဘားမားမိန့်ခွန်း  (အစ-အဆုံး) ~~~~~~~~~~~~~~ (ခင်မေဇော်-Burma-Newselite က ဘာသာပြန်ဆိုပါတယ်)  ရှယ်နိုင်ပါတယ်။ စာသားကူးယူပြီး ပြန်တင်ခြင်းသည်းခံပါ။  ဘော်စတွန်ဗုံးခွဲမှုကြောင့် သေဆုံးသွားသူတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲတရပ်ကို ဘော်စတွန်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ သမ္မတ အိုဘားမားတက်ရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။ သူ့မိန့်ခွန်းကို လေ့လာသူတွေက အကောင်းဆုံးမိန့်ခွန်းလို့ မှတ်ချက်ပေးကြပါတယ်။ မိနစ် ၂၀ ကြာမိန့်ကြားခဲ့တဲ့ သမ္မတမိန့်ခွန်းကို တတ်အားသလောက် ဘာသာပြန်ဆိုပြီး ဒီမှာရှယ်ပေးလိုက်ပါတယ်။ ဒီဘာသာပြန်ဆိုချက်ဟာ Burma-Newselite ရဲ့ ပြန်ဆိုချက်သာဖြစ်ပြီး တရားဝင် ဘာသာပြန်မှုမဟုတ်ကြောင်းပါ။ အမှားအယွင်း၊ မပြည့်စုံမှုများ ရှိခဲ့ရင် Burma-Newselite ရဲ့ မှားယွင်းမှုသာ ဖြစ်ပါတယ်။   မူရင်း အင်္ဂလိပ်ဘာသာကိုလည်း နောက်ဆုံးမှာ တွဲထဲ့ထားပါတယ်။  -------------------------------------------------------------- တနလာင်္နေ့မနက်မှာ ဘော်စတွန်မြို့ပေါ်နေရောင်လွှမ်းခြုံနေခဲ့ပြီး လူတွေကြားမှာ ပန်းခြံတွေထဲမှာ နွေဦးက အစွမ်းကုန်စွင့်နေခဲ့ပါတယ်လို့ အစချီပြီး သမ္မတအိုဘားမားက ဘော်စတွန်အကြောင်း ပြောပါတယ်။   .... ဒီလိုနေ့မျိုးမှာ ရာထောင်ချီနေတဲ့ ဘော်စတွန်မြို့သားတွေဟာ အပြေးသမားတွေကို ရေခွက်ကမ်းပေးဖို့ အားပေးဖို့ မြို့တလျှောက် တန်းစီနေခဲ့ပါတယ်။ ဘော်စတွန်မြို့ရဲ့ အင်မတန်လှတဲ့ နေ့တနေ့ပါ။ ဒါကြောင့်လည်း တချိန်က ကဗျာဆရာတဦးက ဒီမြို့ဟာ ရိုးရိုး မြို့တော်တခု တင်မဟုတ်ပါဘူး။ ဘော်စတွန်ဟာ ဂုဏ်ကျက်သရေအပေါင်းနဲ့ ခငြောင်းတဲ့ မြို့လို့ ရေးခဲ့ဖူးပါတယ်။  ဒါပေမဲ့ ရုတ်တရက် အချိန်တိုတိုအတွင်းမှာပဲ လှပတဲ့နေ့တနေ့ဟာ ကြေမွလို့သွားခဲ့ရပါတယ်။ ပျော်ရွှင်ဖွယ် ဆင်နွဲနေရာကနေ ကြေကွဲဝမ်းနဲ စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ကျနော်တို့ အတူတကွ ဒီဆုံးရှုံးမှုတွေအတွက် ဒီကနေ့ ဆုတောင်း ကြေကွဲ ၀မ်းနဲနေရပါပြီ။ ဒါပေမဲ့ ဒီ မြို့ရဲ့ ဂုဏ်ကြက်သရေပြန်ပြီးတင်နိုင်ဖို့၊ မြို့ရဲ့စိတ်ဓာတ်ဟာ ကျဆင်းမသွားဘူး ဆိုတာပြသနိုင်ဖို့၊ မြို့ရဲ့ ၀ိဥာဏ်ဟာ တောက်ပနေဆဲဆိုတာ သိသာအောင်လို့ ကျနော်တို့ဟာ ဒီကနေ့ အတူရှိနေကြတာလည်း ဖြစ်တယ်။  ပြည်နယ်အုပ်ချုပ်ရေးမှူး ပက်ထရစ်၊ မြို့တော်ဝန် မာနီနို၊ ဘုန်းတော်ကြီး အိုမာလေးနဲ့ အခုဒီကို ရောက်နေကြတဲ့ ဘာသာရေးခေါင်းဆောင်ကြီးများ ၊ ပြည်နယ်မှူး ရွမ်နီ၊ စ၀ိဗ်၊ ၀က်လ်နဲ့ ဒုကာကီး၊ ကွန်ကရက်အဖွဲ့ဝင်များ၊  ဘော်စတွန်မြို့သားများနဲ့ ခင်ဗျားတို့ရဲ့ နှလုံးသားတစိတ်တပိုင်းကို ဆုံးရှုံးလိုက်ရတဲ့ မိသားစုများခင်ဗျား၊ လူကြီးမင်းတို့ရဲ့ ဦးဆောင်မှုတွေ အတွက် ကျေးဇူးတင်ပါတယ်။ လူကြီးမင်းတို့ရဲ့ သတ္တိနဲ့ ဂုဏ်သရေရှိမှုတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။   ကျနော်ဟာ ဒီနေရာကို အမေရိကန်ပြည်သူတွေရဲ့ကိုယ်စား ရိုးရိုးရှင်းရှင်း သတင်းစကား တခုနဲ့ လာခဲ့ပါတယ်။   ကျနော်တို့ တဦးတိုင်း တယောက်တိုင်းဟာ ခင်ဗျားတို့ရဲ့ ချစ်လှစွာသော မြို့ကိုတိုက်ခိုက်ခံရမှုအတွက် ထိခိုက်ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့ဟာ ကျနော်တို့ အားလုံးချစ်တဲ့ မြို့ လည်း ဖြစ်လို့ပါပဲ။  ခင်ဗျားတို့ရဲ့ မြို့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ မြို့လို့လည်း ပြောပါရစေ။ ဒီမြို့ဟာ အမေရိကန်နိုင်ငံရဲ့ အထင်ကရမြို့တမြို့ ဖြစ်သလို ကမ္ဘာ့အကြီးကျယ်ဆုံး မြို့ထဲကတမြို့လည်း ဖြစ်ပါတယ်။ ဘော်စတွန်ဟာ ကမ္ဘာကို နွေးထွေးစွာ လက်ခံကြိုဆိုတဲ့အတွက်လည်းပဲ ဘော်စတွန်ကို ကမ္ဘာက အတော်သိနေကြတာပါ။   ပြီးခဲ့တဲ့ ကျနော်တို့ရဲ့ မျိုးဆက်အဆက်ဆက်မှာ ဘော်စတွန်ဟာ ကျနော်တို့ရဲ့ နိုင်ငံရဲ့ကမ်းခြေကို အသစ်အသစ်ရောက်လာကြသူတွေကို အဆက်မပြတ်ကြိုဆိုနေခဲ့ပါတယ်။ ဒီရွှေ့ပြောင်းလာကြသူတွေက ဒီမြို့၊ ဒီနယ် ဒီနိုင်ငံကို စဉ်ဆက်မပြတ် သစ်လွင်ဖြတ်လတ်နေစေခဲ့ ပါတယ်။  ဆောင်းဦးကာလတွေမှာ အမေရိကန်နိုင်ငံတခွင်နဲ့ တကမ္ဘာလုံးက ကျောင်းသား လူငယ်တွေကို ဘော်စတွန်က ကြိုဆိုခဲ့တယ်။ နွေဦးကာလတိုင်းမှာလည်း ခင်ဗျားက သူတို့ကို ပညာအပြည့်နဲ့ ကမ္ဘာကြီးထဲကို ပြန်လွှတ်ပေးခဲ့တယ်။ ဘော်စတွန်ကနေ ဖြန့်ကျက်ပေးလိုက်တဲ့သူတဦးဟာ လူသားတဦးအနေနဲ့ စွမ်းဆောင်နိုင်တဲ့ ပညာရပ်တိုင်းမှာ ထူးချွန်ပြောင်မြောက်သူပဲ ဖြစ်ပါတယ်။  ဘော်စတွန်ရေ၊ ခင်ဗျားဟာ တနှစ်ပြီး တနှစ် အနုပညာ၊ သိပံ္ပ၊ သုတေသနနယ်တွေမှာ အထူးချွန်ဆုံးသူတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ ခင်ဗျားရဲ့ အနုပညာခမ်းမကြီးတွေ၊ ဆေးရုံတွေ၊ ဓာတ်ခွဲခန်းတွေထဲမှာ အတွေးအမြင်တွေ ဖလှယ်ပြီး ကမ္ဘာကြီးကို တပေါင်းတစည်းထဲရှိအောင် လုပ်ခဲ့တယ်။  နောက်ပြီး ဧပြီလရဲ့ တတိယမြောက် တနင်္လာနေ့တိုင်းမှာလည်း ခင်ဗျားဟာ ကမ္ဘာအရပ်ရပ်က လူမျိုးစုံ ဘာသာစုံ အရွယ်စုံက ယောက်ျား မိန်းမတွေကို စုစည်းပြီး ချစ်ကြည်ရင်းနှီးမှုတွေအတွက် ဒီလိုကောင်းမွန်တဲ့အားကစား ပြိုင်ပွဲတွေ အတွက် ဖိတ်ခေါ်ခဲ့တယ်။ ကိုယ်စားပြုမှုပေါင်းများစွာနဲ့ ဟောဟိုက အလံတွေဟာ ပန်းဝင်တဲ့မျဉ်းပေါ်မှာ ပျံဝဲလို့နေခဲ့ပါတယ်။  လူတွေက ဘော်စတွန်ကို တရက်ပဲလာလာ၊ နှစ်ရှည်လများပဲ နေနေ သူတို့ပြန်ကြတဲ့အခါမှာ သူတို့ရင်ထဲမှာ ဒီမြို့ရဲ့ တစိတ်တပိုင်းက တွယ်ညှိလို့ ပါသွားခဲ့တာပါ။ ဒီတော့ ဘော်စတွန်ကို ခင်ဗျားတို့ရဲ့ မြို့လို့ ဆိုပေမဲ့ ကျနော်တို့လည်း နဲနဲလေးတော့ဖြင့် ဆိုင်ပါတယ်လို့ ပြောခွင့်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ဘော်စတွန်ရဲ့ တစိတ်တပိုင်းက ကျနော်ရင်ထဲမှာ ကျန်ရှိနေလို့ပါပဲ။ ခင်ဗျားဟာ မြစ်တဖက်ကမ်းကလာတဲ့ ကျနော့်ကို ဥပဒေကျောင်းသားလေးတယောက် အနေနဲ့ လက်ခံကြိုဆိုခဲ့ပါတယ်။ မီရှယ်ကိုလည်း ဒီလိုပဲ ကြိုခဲ့ပါတယ်။ ပြည်နယ် အမတ်ဘ၀နဲ့ လူတချို့ကပဲ ကျနော့်နာမယ်ကို မှန်မှန်ကန်ကန် အသံထွက်နိုင်ခဲ့တဲ့အချိန်ကလည်း ညီလာခံတခုမှာ ခင်ဗျားဟာ ကျနော့်ကို လက်ကမ်းကြိုခဲ့ပါတယ်။   ခင်ဗျားတို့လိုပဲ မီရှယ်နဲ့ ကျနော် ဒီလမ်းမတွေမှာ လျှောက်လှမ်းခဲ့ပါတယ်။ ခင်ဗျားတို့လိုပဲ ဒီနေရာကို ကျနော်တို့ သိပါတယ်။ နောက်ပြီး ခင်ဗျားတို့လိုပဲ ဒီကြေကွဲဖွယ်ရာအချိန်မှာ ခင်ဗျားတို့နဲ့အတူ တွဲပြီး ဒီလိုပြောချင်ပါတယ်။ ဘော်စတွန်ရေ၊ ခင်ဗျားဟာ ကျနော့်အိမ်ပါ။ သန်းပေါင်းများစွာသော ကျနော်တို့အားလုံးအတွက် တနင်္လာနေ့က ဖြစ်ခဲ့တာဟာ ကျနော်တို့နဲ့ ဆိုင်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် ပုဂ္ဂိုလ်ရေး ဖြစ်သွားပါပြီ။  ဒီကနေ့ ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာတွေဟာ မက်ဖို့က ကင်းပဲလ်ရဲ့ မိသားစုအတွက် ဖြစ်ပါတယ်။ သူတို့လည်း ဒီမှာ ရှိနေပါတယ်။ သူတို့သမီး ခရစ်တယ်ဟာ အမြဲတန်း ပြုံးရွှင်နေခဲ့တဲ့သူပါ။ သူ့ကိုသိခဲ့သူတွေပြောပြတာကတော့ ဆံပင်နီနီ၊ မှဲ့ခြောက်လေးတွေနဲ့ အမြဲလိုသူ့စိတ်ထဲရှိတာပြောတတ်တဲ့ မိန်းကလေးဟာ အင်မတန်လှပပါတယ်။ တခါတလေနဲနဲတော့ အသံကျယ်တတ်ပါတယ်။ ဒါကြောင့်လည်းသူ့ကို လူတိုင်းက ချစ်ကြတာပါတဲ့။ နောက်လမှာ သူဟာ အသက် ၃၀ ပြည့်မှာပါ။ သူ့မိခင် မျက်ရည်ကြားက ပြောသလိုပါပဲ။ ဖြစ်ခဲ့တာက နားကိုမလည်နိုင်စရာပါပဲ။   ဒီမြို့ကနေ ပေးဝေနိုင်တဲ့ အတွေ့အကြုံတွေကို ရရှိစေဖို့ သူတို့ရဲ့ သမီး လင်ဇီကို ဘော်စတွန်တက္ကသိုလ်ကို လွှတ်ခဲ့တဲ့ တရုတ်နိုင်ငံက Lu မိသားစုအတွက် ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာတွေကို ပို့သပါတယ်။  သူဟာ အိမ်နဲ့ ဝေးကွာနေတဲ့ အသက် ၂၃ နှစ် အရွယ် ကျောင်းသူ တယောက်ပါ။ သမုဒ္ဒရာကြီးရဲ့ နှစ်ဘက်စလုံးမှာရှိနေတဲ့ သူ့ရဲ့ မိတ်ဆွေတွေ မိသားစုတွေရဲ့ နှလုံးကြေကွဲမှုတွေထဲမှာပဲ ကျနော်တို့ဟာ လူသားတွေ မျှဝေခံစားနေရတဲ့ အဖြစ်ကို သတိပြုမိရပါတယ်။   ပြန်လည်နလံထူနိုင်ဖို့ ကြိုးပန်းနေကြတဲ့ ဒေါ်ချက်စတာက ရစ်ချတ်မိသားစုနဲ့လည်း ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာ ရှိနေပါတယ်။ ဒဲနီးနဲ့ သမီးငယ် ဂျိန်းအတွက်လည်း ဆုတောင်းပါတယ်။ တောက်ပတဲ့ မျက်လုံးတွေနဲ့ အားရပါးရပြုံးရယ်နေတဲ့ ၈ နှစ်သားလေး မာတင်အတွက် ကျနော်တို့ နှလုံးတွေ ကြေကွဲရပါတယ်။ သူ့ရဲ့ နောက်ဆုံးနာရီကတော့ ၈ နှစ်သားလေးအတွက် အင်မတန်မှ ပြည့်စုံနေခဲ့တာပါ။ သူ့မိသားစုနဲ့ အားကစားပွဲမှာ ရေခဲမုန့်စားပြီးတော့ပေါ့။ ဒီကလေးရဲ့ ပုံရိပ်ဟာ ကျနော်တို့ ရင်ထဲမှာ ကာလရှည်ကြာ ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ အမြဲတန်းပြုံးရယ်နေတာတွေ၊ ပိုစတာအပြာရောင်ပေါ်မှာ ရေးခဲ့တဲ့ သူ့ဆုတောင်းတွေ၊ ဘာတဲ့... လူတွေကိုနာကျင်အောင်မလုပ်ကြပါနဲ့။ ငြိမ်းချမ်းရေးကို လိုလားတယ်။ လူတွေကိုနာကျင်အောင် မလုပ်ကြပါနဲ့။ ငြိမ်းချိမ်းရေးကို လိုလားတယ်တဲ့။   ကျနော်တို့ရဲ့ ဆုတောင်းမှုတွေဟာ ထိခိုက်ဒဏ်ရာရသူတွေနဲ့အတူ ရှိနေပါတယ်။ အချို့ဆိုရင် အတော်ဒဏ်ရာပြင်းထန်ကြတာပါ။ အတော်များများက ကျနော်တို့ဒီမှာ စုဝေးနေကြတာကို သူတို့ရဲ့ အိပ်ရာပေါ်ကနေ ကြည့်ရှုနေကြမယ်ဆိုရင် သူတို့ကို သိစေချင်ပါတယ်။ ခင်ဗျားတို့ ပြန်လည်နလံထူနိုင်ဖို့ ခရီးကြမ်းကြီးကို စတင်နေချိန်မှာ ခင်ဗျားတို့ရဲ့ မြို့ဟာ ခင်ဗျားတို့နဲ့အတူ ရှိနေပါတယ်။ ခင်ဗျားတို့ နယ်၊ ခင်ဗျားတို့ နိုင်ငံက ခင်ဗျားတို့နဲ့ အတူ ရှိနေပါတယ်။ ခင်ဗျားတို့ ပြန်ပြီး ရပ်နိုင် လျှောက်နိုင် ပြေးနိုင်တဲ့အချိန်အထိ ကျနော်တို့ဟာ ခင်ဗျားတို့နဲ့ အတူ ရှိနေမှာပါ။ ဟုတ်ပါတယ်။ ပြန်ပြီး ပြေးနိုင်တဲ့ အချိန်အထိပါ။ ဒီအပေါ်မှာ ကျနော် သံသယမရှိပါဘူး။ ခင်ဗျားတို့ ပြန်ပြီး ပြေးကြအုန်းမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဘော်စတွန်သားတွေမို့ပါ။   ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီလို ရက်စက်ကြမ်းကြုပ်စွာ ကျူးလွန်ခဲ့တဲ့ ဘယ်သူ့ကိုမဆို တွန်းလှန်တုန့်ပြန်လိုက်တဲ့ အကောင်းဆုံး အဖြေပါပဲ။  ကျနော်တို့ကို ကြောက်လန့်သွားအောင်လုပ်ဖို့ ကြိုးစားတယ်ဆိုရင်၊ အကြမ်းဖက်တယ်ဆိုရင်၊ ကျနော်တို့ကို အမေရိကန် ဖြစ်စေတဲ့ တန်ဖိုးတွေကနေ လှုပ်ခါချဖို့ ကြံစီတယ်ဆိုရင်တော့ အခုလောက်ဆိုရင် သူတို့လည်း ရှင်းရှင်းလင်းလင်း သိလောက်ပါပြီ။ သူတို့ နေရာအရွေးမှားသွားတယ်ဆိုတာ။ ဘော်စတွန်မှာမှ ဒါမျိုး မရဘူး။ ဘော်စတွန်ကို ဒီလိုလုပ်ဖို့ မရဘူး။  မကောင်းဆိုးဝါးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ အမေရိကန်ဟာ  ကောင်းမြတ်မှုတွေကိုသာ မြှင့်တင်တယ်ဆိုတာကို ဘော်စတွန်က ကျနော်တို့ကို ပြသခဲ့ပါပြီ။ ရက်စက်ကြမ်းကြုပ်မှုကိုတွေ့ချိန်မှာ ကျနော်တို့က သနားစာနာမှုကို ရွေးပါတယ်။ အပစ်မဲ့သူတွေကို သေကြေအောင် ဖန်တီးသူတွေရှေ့မှောက်မှာ ကျနော်တို့က ကယ်ဆယ်ဖို့၊ နှစ်သိမ့်ဖို့နဲ့ ကုစားပေးဖို့ကို ရွေးချယ်ပါတယ်။ ခင်မင်ရင်းနှီးမှုကို ကျနော်တို့ ရွေးပါတယ်။ ချစ်ခင်မှုကို ကျနော်တို့ ရွေးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျမ်းစာတွေက ကျနော်တို့ကို သင်ပါတယ်။ ဘုရားသခင်ဟာ ကျနော်တို့ကို အကြောက်တရားနဲ့ တွန့်ဆုတ်တဲ့ ၀ိဥာဏ်တွေ မပေးခဲ့ပါဘူး။ သူပေးခဲ့တာက ခွန်အား၊ မေတ္တာနဲ့ ကိုယ်ပိုင်ပြဌာန်းတဲ့ စည်းကမ်း ခံယူချက်တွေပါ။ ဒီရက်ပိုင်းတွေမှာ ခင်ဗျားတို့က ဒီစိတ်ဓာတ်တွေကို ပြသခဲ့ကြတယ်။   ဆရာဝန်တွေ၊ သူနာပြုတွေ၊ ရဲဝန်ထမ်းတွေ၊ မီးသတ်သမားတွေ၊ အရေးပေါ်လုပ်သားတွေ၊ အစောင့်အကြပ်တွေက  ပေါက်ကွဲမှုတွေထဲက ပြေးဝင်ပြီး ဒဏ်ရာရနေတဲ့သူတွေကို ကုသကူညီတာ - ဒါဟာ ကိုယ်ပိုင်ခံယူချက်ပါ။ အမောဆို့နေတဲ့ အပြေးသမားတွေ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့စစ်ပြန်တွေအပါအ၀င် ဒီလို အစုလိုက်အပြုလိုက်  သေကြေအောင် အကြမ်းဖက်တာတွေကို ဒီလမ်းမတွေပေါ်မှာ မြင်ရမယ်လို့  ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သူတွေ၊ ဒီလူတွေက ဖြစ်ဖြစ်ချင်းပဲ ဒဏ်ရာရသူတွေကို ၀င်ကူခဲ့ကြတာတွေက ဒါက တကဲ့ အင်အားတွေပါ။ ဘော်စတွန်မြို့သားတွေက ဒဏ်ရာရသူတွေကို သူတို့လက်နဲ့ သယ်ပိုးပေးခဲ့တာ၊ ရေနဲ့ အနွေးစောင်တွေ ကမ်းပေးခဲ့တာ၊ သွေးလှူဖို့ တန်းစီစောင့်ဆိုင်းနေခဲ့တာ၊ ကိုယ်နဲ့ မသိတဲ့ သူစိမ်းတွေကို အိမ်မှာလက်ခံပေးခဲ့တာ၊ မိသားစုနဲ့ ကွဲသွားသူတွေကို သူတို့ အိမ်တွေကို ကူညီပို့ဆောင်ပေးခဲ့ကြတာ - ဒါတွေက မေတ္တာတွေပါ။   ဒါဟာ ကျနော်တို့ပြည်သူတွေကို အန္တရာယ်ပြုမဲ့သူတွေ၊ ဖောက်ခွဲအကြမ်းဖက်သူတွေဆီကို ကျနော်တို့ကနေ ပေးပို့တဲ့ သတင်းစကားပါပဲ။ ခင်ဗျားတို့ကို ကျနော်တို့ ရှာတွေ့မှာပါ။ တရားဥပဒေအရ အရေးယူစီရင်ခံရမှာကလည်း အသေအချာပါပဲ။ ခင်ဗျားတို့ကို ကျနော်တို့ တွေ့မှာပါပဲ။ ခင်ဗျားတို့ရဲ့ကျူးလွန်မှုအပေါ် တာဝန်ယူရမှာပါပဲ။ ဒါပေမဲ့ အဲဒီထက်ပိုတာကတော့ ကျနော်တို့ရဲ့ မှန်ကန်တဲ့ သစ္စာတရားဖြစ်တဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဟာ ပိုပြီးတော့ ခိုင်မာဖွံ့ဖြိုးလာတယ်၊ ဒါဟာဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ကျနော်တို့ကို အကြောက်တရားနဲ့ တွန့်ဆုတ်တဲ့ ၀ိဥာဏ်တွေ မပေးခဲ့ဘဲ ခွန်အား၊ မေတ္တာနဲ့ ခံယူချက်တွေကို ပေးခဲ့လို့ ပါပဲ။  သူရဲ့ မသန်စွမ်းတဲ့သားဖြစ်သူ ရိခ်ကို ဘော်စတွန် ၃၁ ကြိမ်မြောက် မာရသွန်မှာ တွန်းပြီး ပြေးခဲ့ဖူးတဲ့ အသက် ၇၈ နှစ်အရွယ် ဘီလ်အီဖရစ်လိုပါပဲ၊ ဒီလိုအဖြစ်က ကျနော်တို့အားလုံးကို ရပ်တန့်သွားအောင်လုပ်လို့ မရပါဘူး။ မရပါဘူး။ ဒါက ဘော်စတွန်က ကျနော်တို့ကို သင်ပေးလိုက်တဲ့ အရာပါ။ ပူပင်ကြောင့်ကြမနေဘဲ နာကျင်နေရင်တောင် လဲကျမသွားဘဲ ဆက်တွန်းဖို့၊ တောင့်ခံထားဖို့ ခင်ဗျားက ကျနော်တို့ကို သတိပေးနေတာပါ ဘော်စတွန်ခင်ဗျား။  ကျနော်တို့ မောပန်းနာကျင်နေတာချိန်မှာတောင် ကျနော်တို့ဆီမှာ ရှိမယ်လို့တောင် ထင်မထားတဲ့ အင်အားတွေကိုရယူပြီး ကျနော်တို့ဟာ ဆက်လျှောက်လှမ်းခဲ့ပါတယ်။ ပြိုင်ပွဲကို အဆုံးတိုင်လျှောက်လှမ်းခဲ့ပါတယ်။ ဘာလို့ ကျနော်တို့ ဒီလိုလုပ်ခဲ့သလဲ။ ကျနော်တို့ ဟာ ဒီလိုလူတွေ ဖြစ်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ရှေ့တကွေ့မှာ ရေတခွက်နဲ့ စောင့်နေမယ့် ကျနော်တို့ မသိတဲ့ သူစိမ်း တယောက်ယောက်ရှိနေတယ်ဆိုတာ ကျနော်တို့ သိနေလို့ပါပဲ။ နောက်တကွေ့လေးမှာ ကျနော်တို့ကို တခဲနက်အားပေးမဲ့သူ တယောက်ယောက် ရှိနေလို့ ပါပဲ။ အခက်ခဲဆုံး မိုင်တွေကိုရောက်လာချိန်မှာ ဘယ်လိုမှ ဆက်မသွားနိုင်တော့ဘူးလို့ ထင်ထားတဲ့အချိန်မှာတောင် ကျနော်တို့ကို အားပေးမဲ့သူတယောက်ယောက် ကျနော်တို့လဲကျရင် ထူပေးမဲ့သူ တယောက်ယောက် အမြဲတန်းရှိနေတယ်။ ဒါကို ကျနော်တို့ ဒါကို သိနေပါတယ်။   အခုလို အဓိပ္ပါယ်မဲ့တဲ့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေ၊ သေးသိမ်တဲ့ လူတွေက ဒါတွေကို နားမလည်ပါဘူး။ တည်ဆောက်ဖို့ထက် ဖျက်ဆီးဖို့ကို လိုလားပြီး  ဒီလိုလုပ်ရင်ကိုပဲ သူတို့ဟာ အရေးပါအရာရောက်လာမယ်လို့ အထင်ရောက်နေတာပါ။   ကျနော်တို့ရဲ့ တဦးပေါ်တဦးထားရှိတဲ့ ယုံကြည်မှုတွေ၊ မေတ္တာတွေ၊ ကျနော်တို့ နိုင်ငံကို ချစ်ခင်မြတ်နိုးမှုတွေ၊ အပေါ်ယံ ကွဲပြားခြားနားမှုတွေကို ကျော်လွန်နိုင်တဲ့ ကျနော်တို့ရဲ့ ဘာသာအယူဝါဒတွေ၊ ဒါတွေက ကျနော်တို့ရဲ့ စွမ်းအားတွေပါ။ အင်အားတွေပါ။ ဒါကြောင့်မို့လို့လည်း ဗုံးတလုံးက ကျနော်တို့ကို ပြိုလဲသွားအောင်မလုပ်အောင်ပါဘူး။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ဟာ လဲကျမသွားပါဘူး။ ကြောက်ရွံ့မသွားပါဘူး။  ကျနော်တို့ ဆက်လက်လျှောက်လှမ်းနေပါတယ်။ ဆက်လက် ယှဉ်ပြိုင်နေပါတယ်။ ဆက်လက် ကြိုးပန်းအားထုတ်နေပါတယ်။ တည်ဆောက်နေတယ်။ လုပ်ကိုင်နေတယ်။ မေတ္တာတွေပေးဝေတယ်။ ကလေးတွေကို ကျွေးမွေးသုတ်သင်တယ်။ ဒါတွေကို ကျနော်တို့က တပြိုင်နက်တည်း လုပ်နေကြတယ်။   ကျနော်တို့ဟာ အတူတကွ ဘ၀ကို တည်ဆောက်ဖို့၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွဲဖို့ ဖြစ်တယ်။ ကျနော်တို့ မြို့တွေထဲ လျှောက်ကြပြီး နယူးယောက်၊ ချီကာဂို ပရိဿတ်တွေနဲ့အတူ ကျနော်တို့ရဲ့ အသင်းတွေဖြစ်တဲ့ Sox, Celtics, Partiots , Bruin ပဲဖြစ်ဖြစ် ချန်ပီယံပြန်ဖြစ်ကြသူတွေကို အားပေးကြတယ်။   ပရိဿတ်တွေ စုဝေးပြီးဘွိုင်စတွန်လမ်းမတလျှောက် လျှောက်သွားကြမဲ့ ချီတက်ပွဲကြီးကို စောင့်ကြည့်ကြအုန်းမှာပါ။ နောက်နှစ်ဒီအချိန် ဧပြီလရဲ့ တတိယမြောက် တနင်္လာနေ့မှာ ကမ္ဘာက ဒီအမေရိကန်မြို့ကို ပြန်လာကြပြီး ၁၁၈ ကြိမ်မြောက် ဘော်စတွန်မာရသွန်ပွဲမှာ ဘယ်တုန်းကနဲ့မှမတူအောင် အားသွန်ခွန်စိုက် ပြေးကြပါအုန်းမယ်။ ဘယ်တုန်းကနဲ့မှမတူအောင်လည်း ကျယ်ကျယ်လောင်လောင် ချီးမြောက်အားပေးကြပါလိမ့်မယ်။ စောင့်ကြည့်လိုက်ကြစမ်းပါ။  ကျနော်တို့ရဲ့ ရှေ့မှာ ပြင်ဆင်ထားတဲ့ ပြိုင်ပွဲကို သည်းခံနိုင်ရည် အပြည့်နဲ့ ပြေးပါလို့ ကျမ်းစာတွေက ကျနော်တို့ကို သင်ကြားနေပါတယ်။ ဒီသင်ကြားမှုကို ကျနော်တို့ နာခံကျင့်သုံးနေတဲ့ တချိန်ထဲမှာပဲ ကျနော်တို့ဆီကနေ အချိန်စောစွာ  ခေါ်ယူသွားသူတွေကို ဘုရားသခင်က အနားမှာ ခေါ်ယူထားပါစေ။ သူတို့ရဲ့ မိသားစုတွေကို ဘုရားရှင်က ဖြေသိမ့်မှုတွေပေးပါစေ၊ အမေရိကန်ပြည်ထောင်စုကို ဘုရားသခင်က ဆက်လက် စောင့်ရှောက်ပါစေ။ သမ္မတ အိုဘားမားရဲ့ မိန့်ခွန်း၊ ဧပြီလ ၁၈ ရက် ၂၀၁၃ ခုနှစ် ------------------------------------------------------- မူရင်း အင်္ဂလိပ်ဘာသာမိန့်ခွန်း On Monday morning, the sun rose over Boston. The sunlight glistened off the State House Dome. In the commons, in the public garden, spring was in bloom. On this Patriot's Day, like so many before, fans jumped onto the T to see the Sox at Fenway. In Hopkinton, runners laced up their shoes and set out on a 26.2-mile test of dedication and grit and the human spirit. And across this city, hundreds of thousands Bostonians lined the streets to hand the runners cups of water, to cheer them on. It was a beautiful day to be in Boston, a day that explains why a poet once wrote that this town is not just a capital, not just a place. Boston, he said, is the perfect state of grace. And then, in an instant, the day's beauty was shattered. A celebration became a tragedy. And so we come together to pray and mourn and measure our loss. But we also come together today to reclaim that state of grace, to reaffirm that the spirit of this city is undaunted and the spirit of the country shall remained undimmed. To Governor Patrick, Mayor Menino, Cardinal O'Malley and all the faith leaders who are here, governors Romney, Swift, Weld and Dukakis, members of Congress, and most of all, the people of Boston and the families who've lost a piece of your heart, we thank you for your leadership. We thank you for your courage. We thank you for your grace. I'm here today on behalf of the American people with a simple message.  Every one of us has been touched by this attack on your beloved city. Every one of us stands with you. Because, after all, it's our beloved city, too. Boston may be your hometown but we claim it, too. It's one of America's iconic cities. It's one of the world's great cities. And one of the reason(s), the world knows Boston so well is that Boston opens its heart to the world. Over successive generations, you've welcomed again and again new arrivals to our shores; immigrants who constantly reinvigorated this city and this commonwealth and our nation. Every fall, you welcome students from all across America and all across the globe. And every spring, you graduate them back into the world - a Boston diaspora that excels in every field of human endeavor. Year after year, you welcome the greatest talents in the arts, in science, research. You welcome them to your concert halls and your hospitals and your laboratories to exchange ideas and insights that draw this world together. And every third Monday in April, you welcome people from all around the world to the hub for friendship and fellowship and healthy competition - a gathering of men and women of every race and every religion, every shape and every size - a multitude represented by all those flags that flew over the finish line. So whether folks come here to Boston for just a day, or they stay here for years, they leave with a piece of this town tucked firmly into their hearts. So Boston's your home town, but we claim it a little bit too. I know this - I know this because there's a piece of Boston in me. You welcomed me as a young law student across the river - welcomed Michelle too. You welcomed me - you welcomed me during a convention when I was still a state senator and very few people could pronounce my name right. Like you, Michelle and I have walked these streets. Like you, we know these neighborhoods. And like you, in this moment of grief, we join you in saying: Boston, you're my home. For millions of us, what happened in Monday is personal. It's personal. Today our prayers are with the Campbell family of Medford. They're here today. Their daughter Krystle was always smiling. Those who knew her said that with her red hair and her freckles and her ever-eager willingness to speak her mind, she was beautiful, sometimes she could be a little noisy, and everybody loved her for it. She would have turned 30 next month. As her mother said, through her tears, this doesn't make any sense. Our prayers are with the Lu family of China, who sent their daughter Lingzi to BU so that she could experience all that this city has to offer. She was a 23-year-old student, far from home. And in the heartache of her family and friends on both sides of the great ocean, we're reminded of the humanity that we all share. Our prayers are with the Richard family of Dorchester, to Denise and the young daughter Jane, as they fight to recover. And our hearts are broken for 8-year-old Martin, with his big smile and bright eyes. His last hours were as perfect as an 8-year-old boy could hope for, with his family, eating ice cream at a sporting event. And we're left with two enduring images of this little boy, forever smiling for his beloved Bruins and forever expressing a wish he made on a blue poster board: No more hurting people. Peace. No more hurting people. Peace. Our prayers are with the injured, so many wounded, some gravely. From their beds, some are surely watching us gather here today. And if you are, know this: As you begin this long journey of recovery, your city is with you. Your commonwealth is with you. Your country is with you. We will all be with you as you learn to stand and walk and, yes, run again. Of that I have no doubt. You will run again. You will run again because that's what the people of Boston are made of. Your resolve is the greatest rebuke to whoever committed this heinous act. If they sought to intimidate us, to terrorise us, to shake us from those values that Deval described, the values that make us who we are as Americans, well, it should be pretty clear by now that they picked the wrong city to do it. Not here in Boston. Not here in Boston. You showed us, Boston, that in the face of evil, Americans will lift up what's good. In the face of cruelty, we will choose compassion. In the face of those who would visit death upon innocents, we will choose to save and to comfort and to heal. We'll choose friendship. We'll choose love. Because Scripture teaches us God has not given us a spirit of fear and timidity, but of power, love and self-discipline. And that's the spirit you've displayed in recent days. When doctors and nurses, police and firefighters and EMTs and guardsmen run towards explosions to treat the wounded, that's discipline. When exhausted runners, including our troops and veterans, who never expected to see such carnage on the streets back home, become first responders themselves, tending to the injured, that's real power. When Bostonians carry victims in their arms, deliver water and blankets, line up to give blood, open their homes to total strangers, give them rides back to reunite with their families, that's love. That's the message we send to those who carried this out and anyone who would do harm to our people. Yes, we will find you. And yes, you will face justice. We will find you. We will hold you accountable. But more than that, our fidelity to our way of life, for a free and open society, will only grow stronger, for God has not given us a spirit of fear and timidity, but one of power and love and self-discipline. Like Bill Ifrig, 78 years old - the runner in the orange tank top who we all saw get knocked down by the blast, we may be momentarily knocked off our feet - but we'll pick ourselves up. We'll keep going. We will finish the face. In the words of Dick Hoyt, who has pushed his disabled son Rick in 31 Boston marathons, we can't let something like this stop us. This doesn't stop us. And that's what you've taught us, Boston. That's what you've reminded us, to push on, to persevere, to not grow weary, to not get faint even when it hurts. Even when our heart aches, we summon the strength that maybe we didn't even know we had, and we carry on; we finish the race. We finish the race, and we do that because of who we are, and we do that because we know that somewhere around the bend, a stranger has a cup of water. Around the bend, somebody's there to boost our spirits. On that toughest mile, just when we think that we've hit a wall, someone will be there to cheer us on and pick us up if we fall. We know that. And that's what the perpetrators of such senseless violence, these small, stunted individuals who would destroy instead of build and think somehow that makes them important - that's what they don't understand. Our faith in each other, our love for each other, our love for country, our common creed that cuts across whatever superficial differences there may be, that is our power. That's our strength. That's why a bomb can't beat us. That's why we don't hunker down. That's why we don't cower in fear. We carry on. We race. We strive. We build and we work and we love and we raise our kids to do the same. And we come together to celebrate life and to walk our cities and to cheer for our teams when the Sox, then Celtics, then Patriots or Bruins are champions again, to the chagrin of New York and Chicago fans. The crowds will gather and watch a parade go down Boylston Street. And this time next year on the third Monday in April, the world will return to this great American city to run harder than ever and to cheer even louder for the 118th Boston Marathon. Bet on it. Tomorrow the sun will rise over Boston. Tomorrow the sun will rise over the - this country that we love, this special place, this state of grace. Scripture tells us to run with endurance the race that is set before us. As we do, may God hold close those who've been taken from us too soon, may he comfort their families and may he continue to watch over these United States of America.
သမ္မတ အိုဘားမားမိန့်ခွန်း (အစ-အဆုံး)
~~~~~~~~~~~~~~
(ခင်မေဇော်-Burma-Newselite က ဘာသာပြန်ဆိုပါတယ်)
ရှယ်နိုင်ပါတယ်။ စာသားကူးယူပြီး ပြန်တင်ခြင်းသည်းခံပါ။
ဘော်စတွန်ဗုံးခွဲမှုကြောင့် သေဆုံးသွားသူတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲတရပ်ကို ဘော်စတွန်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ သမ္မတ အိုဘားမားတက်ရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။ သူ့မိန့်ခွန်းကို လေ့လာသူတွေက အကောင်းဆုံးမိန့်ခွန်းလို့ မှတ်ချက်ပေးကြပါတယ်။ မိနစ် ၂၀ ကြာမိန့်ကြားခဲ့တဲ့ သမ္မတမိန့်ခွန်းကို တတ်အားသလောက် ဘာသာပြန်ဆိုပြီး ဒီမှာရှယ်ပေးလိုက်ပါတယ်။
 ဒီဘာသာပြန်ဆိုချက်ဟာ Burma-Newselite ရဲ့ ပြန်ဆိုချက်သာဖြစ်ပြီး တရားဝင် ဘာသာပြန်မှုမဟုတ်ကြောင်းပါ။ အမှားအယွင်း၊ မပြည့်စုံမှုများ ရှိခဲ့ရင် Burma-Newselite ရဲ့ မှားယွင်းမှုသာ ဖြစ်ပါတယ်။
မူရင်း အင်္ဂလိပ်ဘာသာကိုလည်း နောက်ဆုံးမှာ တွဲထဲ့ထားပါတယ်။
--------------------------------------------------------------
တနလာင်္နေ့မနက်မှာ ဘော်စတွန်မြို့ပေါ်နေရောင်လွှမ်းခြုံနေခဲ့ပြီး လူတွေကြားမှာ ပန်းခြံတွေထဲမှာ နွေဦးက အစွမ်းကုန်စွင့်နေခဲ့ပါတယ်လို့ အစချီပြီး သမ္မတအိုဘားမားက ဘော်စတွန်အကြောင်း ပြောပါတယ်။
.... ဒီလိုနေ့မျိုးမှာ ရာထောင်ချီနေတဲ့ ဘော်စတွန်မြို့သားတွေဟာ အပြေးသမားတွေကို ရေခွက်ကမ်းပေးဖို့ အားပေးဖို့ မြို့တလျှောက် တန်းစီနေခဲ့ပါတယ်။ ဘော်စတွန်မြို့ရဲ့ အင်မတန်လှတဲ့ နေ့တနေ့ပါ။ ဒါကြောင့်လည်း တချိန်က ကဗျာဆရာတဦးက ဒီမြို့ဟာ ရိုးရိုး မြို့တော်တခု တင်မဟုတ်ပါဘူး။ ဘော်စတွန်ဟာ ဂုဏ်ကျက်သရေအပေါင်းနဲ့ ခငြောင်းတဲ့ မြို့လို့ ရေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ ရုတ်တရက် အချိန်တိုတိုအတွင်းမှာပဲ လှပတဲ့နေ့တနေ့ဟာ
ကြေမွလို့သွားခဲ့ရပါတယ်။ ပျော်ရွှင်ဖွယ် ဆင်နွဲနေရာကနေ ကြေကွဲဝမ်းနဲ စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ကျနော်တို့ အတူတကွ ဒီဆုံးရှုံးမှုတွေအတွက် ဒီကနေ့ ဆုတောင်း ကြေကွဲ ၀မ်းနဲနေရပါပြီ။ ဒါပေမဲ့ ဒီ မြို့ရဲ့ ဂုဏ်ကြက်သရေပြန်ပြီးတင်နိုင်ဖို့၊ မြို့ရဲ့စိတ်ဓာတ်ဟာ ကျဆင်းမသွားဘူး ဆိုတာပြသနိုင်ဖို့၊ မြို့ရဲ့ ၀ိဥာဏ်ဟာ တောက်ပနေဆဲဆိုတာ သိသာအောင်လို့ ကျနော်တို့ဟာ ဒီကနေ့ အတူရှိနေကြတာလည်း ဖြစ်တယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ပက်ထရစ်၊ မြို့တော်ဝန် မာနီနို၊ ဘုန်းတော်ကြီး အိုမာလေးနဲ့ အခုဒီကို ရောက်နေကြတဲ့ ဘာသာရေးခေါင်းဆောင်ကြီးများ ၊ ပြည်နယ်မှူး ရွမ်နီ၊ စ၀ိဗ်၊ ၀က်လ်နဲ့ ဒုကာကီး၊ ကွန်ကရက်အဖွဲ့ဝင်များ၊
ဘော်စတွန်မြို့သားများနဲ့ ခင်ဗျားတို့ရဲ့ နှလုံးသားတစိတ်တပိုင်းကို ဆုံးရှုံးလိုက်ရတဲ့ မိသားစုများခင်ဗျား၊ လူကြီးမင်းတို့ရဲ့ ဦးဆောင်မှုတွေ အတွက် ကျေးဇူးတင်ပါတယ်။ လူကြီးမင်းတို့ရဲ့ သတ္တိနဲ့ ဂုဏ်သရေရှိမှုတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ကျနော်ဟာ ဒီနေရာကို အမေရိကန်ပြည်သူတွေရဲ့ကိုယ်စား ရိုးရိုးရှင်းရှင်း သတင်းစကား တခုနဲ့ လာခဲ့ပါတယ်။
ကျနော်တို့ တဦးတိုင်း တယောက်တိုင်းဟာ ခင်ဗျားတို့ရဲ့ ချစ်လှစွာသော
မြို့ကိုတိုက်ခိုက်ခံရမှုအတွက် ထိခိုက်ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့ဟာ ကျနော်တို့ အားလုံးချစ်တဲ့ မြို့ လည်း ဖြစ်လို့ပါပဲ။
ခင်ဗျားတို့ရဲ့ မြို့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ မြို့လို့လည်း
ပြောပါရစေ။ ဒီမြို့ဟာ အမေရိကန်နိုင်ငံရဲ့ အထင်ကရမြို့တမြို့ ဖြစ်သလို ကမ္ဘာ့အကြီးကျယ်ဆုံး မြို့ထဲကတမြို့လည်း ဖြစ်ပါတယ်။ ဘော်စတွန်ဟာ ကမ္ဘာကို နွေးထွေးစွာ လက်ခံကြိုဆိုတဲ့အတွက်လည်းပဲ ဘော်စတွန်ကို ကမ္ဘာက အတော်သိနေကြတာပါ။
ပြီးခဲ့တဲ့ ကျနော်တို့ရဲ့ မျိုးဆက်အဆက်ဆက်မှာ ဘော်စတွန်ဟာ ကျနော်တို့ရဲ့ နိုင်ငံရဲ့ကမ်းခြေကို အသစ်အသစ်ရောက်လာကြသူတွေကို အဆက်မပြတ်ကြိုဆိုနေခဲ့ပါတယ်။ ဒီရွှေ့ပြောင်းလာကြသူတွေက ဒီမြို့၊ ဒီနယ် ဒီနိုင်ငံကို စဉ်ဆက်မပြတ် သစ်လွင်ဖြတ်လတ်နေစေခဲ့ ပါတယ်။
ဆောင်းဦးကာလတွေမှာ အမေရိကန်နိုင်ငံတခွင်နဲ့ တကမ္ဘာလုံးက
ကျောင်းသား လူငယ်တွေကို ဘော်စတွန်က ကြိုဆိုခဲ့တယ်။
နွေဦးကာလတိုင်းမှာလည်း ခင်ဗျားက သူတို့ကို ပညာအပြည့်နဲ့ ကမ္ဘာကြီးထဲကို ပြန်လွှတ်ပေးခဲ့တယ်။
ဘော်စတွန်ကနေ ဖြန့်ကျက်ပေးလိုက်တဲ့သူတဦးဟာ လူသားတဦးအနေနဲ့ စွမ်းဆောင်နိုင်တဲ့ ပညာရပ်တိုင်းမှာ ထူးချွန်ပြောင်မြောက်သူပဲ ဖြစ်ပါတယ်။
ဘော်စတွန်ရေ၊ ခင်ဗျားဟာ တနှစ်ပြီး တနှစ် အနုပညာ၊ သိပံ္ပ၊ သုတေသနနယ်တွေမှာ အထူးချွန်ဆုံးသူတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ ခင်ဗျားရဲ့ အနုပညာခမ်းမကြီးတွေ၊ ဆေးရုံတွေ၊ ဓာတ်ခွဲခန်းတွေထဲမှာ အတွေးအမြင်တွေ ဖလှယ်ပြီး ကမ္ဘာကြီးကို တပေါင်းတစည်းထဲရှိအောင် လုပ်ခဲ့တယ်။
နောက်ပြီး ဧပြီလရဲ့ တတိယမြောက် တနင်္လာနေ့တိုင်းမှာလည်း ခင်ဗျားဟာ ကမ္ဘာအရပ်ရပ်က လူမျိုးစုံ ဘာသာစုံ အရွယ်စုံက ယောက်ျား မိန်းမတွေကို စုစည်းပြီး ချစ်ကြည်ရင်းနှီးမှုတွေအတွက် ဒီလိုကောင်းမွန်တဲ့အားကစား
ပြိုင်ပွဲတွေ အတွက် ဖိတ်ခေါ်ခဲ့တယ်။ ကိုယ်စားပြုမှုပေါင်းများစွာနဲ့
ဟောဟိုက အလံတွေဟာ ပန်းဝင်တဲ့မျဉ်းပေါ်မှာ ပျံဝဲလို့နေခဲ့ပါတယ်။
လူတွေက ဘော်စတွန်ကို တရက်ပဲလာလာ၊ နှစ်ရှည်လများပဲ နေနေ သူတို့ပြန်ကြတဲ့အခါမှာ သူတို့ရင်ထဲမှာ ဒီမြို့ရဲ့ တစိတ်တပိုင်းက တွယ်ညှိလို့ ပါသွားခဲ့တာပါ။ ဒီတော့ ဘော်စတွန်ကို ခင်ဗျားတို့ရဲ့ မြို့လို့ ဆိုပေမဲ့ ကျနော်တို့လည်း နဲနဲလေးတော့ဖြင့် ဆိုင်ပါတယ်လို့ ပြောခွင့်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ဘော်စတွန်ရဲ့ တစိတ်တပိုင်းက ကျနော်ရင်ထဲမှာ ကျန်ရှိနေလို့ပါပဲ။ ခင်ဗျားဟာ မြစ်တဖက်ကမ်းကလာတဲ့ ကျနော့်ကို ဥပဒေကျောင်းသားလေးတယောက် အနေနဲ့ လက်ခံကြိုဆိုခဲ့ပါတယ်။ မီရှယ်ကိုလည်း ဒီလိုပဲ ကြိုခဲ့ပါတယ်။ ပြည်နယ် အမတ်ဘ၀နဲ့ လူတချို့ကပဲ ကျနော့်နာမယ်ကို မှန်မှန်ကန်ကန် အသံထွက်နိုင်ခဲ့တဲ့အချိန်ကလည်း ညီလာခံတခုမှာ ခင်ဗျားဟာ ကျနော့်ကို လက်ကမ်းကြိုခဲ့ပါတယ်။
ခင်ဗျားတို့လိုပဲ မီရှယ်နဲ့ ကျနော် ဒီလမ်းမတွေမှာ လျှောက်လှမ်းခဲ့ပါတယ်။ ခင်ဗျားတို့လိုပဲ ဒီနေရာကို ကျနော်တို့ သိပါတယ်။ နောက်ပြီး ခင်ဗျားတို့လိုပဲ ဒီကြေကွဲဖွယ်ရာအချိန်မှာ ခင်ဗျားတို့နဲ့အတူ တွဲပြီး ဒီလိုပြောချင်ပါတယ်။ ဘော်စတွန်ရေ၊ ခင်ဗျားဟာ ကျနော့်အိမ်ပါ။ သန်းပေါင်းများစွာသော ကျနော်တို့အားလုံးအတွက် တနင်္လာနေ့က ဖြစ်ခဲ့တာဟာ ကျနော်တို့နဲ့ ဆိုင်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် ပုဂ္ဂိုလ်ရေး ဖြစ်သွားပါပြီ။
ဒီကနေ့ ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာတွေဟာ မက်ဖို့က ကင်းပဲလ်ရဲ့ မိသားစုအတွက် ဖြစ်ပါတယ်။ သူတို့လည်း ဒီမှာ ရှိနေပါတယ်။ သူတို့သမီး ခရစ်တယ်ဟာ အမြဲတန်း ပြုံးရွှင်နေခဲ့တဲ့သူပါ။ သူ့ကိုသိခဲ့သူတွေပြောပြတာကတော့ ဆံပင်နီနီ၊ မှဲ့ခြောက်လေးတွေနဲ့ အမြဲလိုသူ့စိတ်ထဲရှိတာပြောတတ်တဲ့ မိန်းကလေးဟာ အင်မတန်လှပပါတယ်။ တခါတလေနဲနဲတော့ အသံကျယ်တတ်ပါတယ်။ ဒါကြောင့်လည်းသူ့ကို လူတိုင်းက ချစ်ကြတာပါတဲ့။ နောက်လမှာ သူဟာ အသက် ၃၀ ပြည့်မှာပါ။ သူ့မိခင် မျက်ရည်ကြားက ပြောသလိုပါပဲ။
ဖြစ်ခဲ့တာက နားကိုမလည်နိုင်စရာပါပဲ။
ဒီမြို့ကနေ ပေးဝေနိုင်တဲ့ အတွေ့အကြုံတွေကို ရရှိစေဖို့ သူတို့ရဲ့ သမီး လင်ဇီကို ဘော်စတွန်တက္ကသိုလ်ကို လွှတ်ခဲ့တဲ့ တရုတ်နိုင်ငံက Lu မိသားစုအတွက် ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာတွေကို ပို့သပါတယ်။
သူဟာ အိမ်နဲ့ ဝေးကွာနေတဲ့ အသက် ၂၃ နှစ် အရွယ် ကျောင်းသူ တယောက်ပါ။ သမုဒ္ဒရာကြီးရဲ့ နှစ်ဘက်စလုံးမှာရှိနေတဲ့ သူ့ရဲ့ မိတ်ဆွေတွေ မိသားစုတွေရဲ့ နှလုံးကြေကွဲမှုတွေထဲမှာပဲ ကျနော်တို့ဟာ လူသားတွေ မျှဝေခံစားနေရတဲ့ အဖြစ်ကို သတိပြုမိရပါတယ်။
ပြန်လည်နလံထူနိုင်ဖို့ ကြိုးပန်းနေကြတဲ့ ဒေါ်ချက်စတာက ရစ်ချတ်မိသားစုနဲ့လည်း ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာ ရှိနေပါတယ်။ ဒဲနီးနဲ့ သမီးငယ် ဂျိန်းအတွက်လည်း ဆုတောင်းပါတယ်။
တောက်ပတဲ့ မျက်လုံးတွေနဲ့ အားရပါးရပြုံးရယ်နေတဲ့ ၈ နှစ်သားလေး မာတင်အတွက် ကျနော်တို့ နှလုံးတွေ ကြေကွဲရပါတယ်။ သူ့ရဲ့ နောက်ဆုံးနာရီကတော့ ၈ နှစ်သားလေးအတွက် အင်မတန်မှ ပြည့်စုံနေခဲ့တာပါ။ သူ့မိသားစုနဲ့ အားကစားပွဲမှာ ရေခဲမုန့်စားပြီးတော့ပေါ့။
ဒီကလေးရဲ့ ပုံရိပ်ဟာ ကျနော်တို့ ရင်ထဲမှာ ကာလရှည်ကြာ ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ အမြဲတန်းပြုံးရယ်နေတာတွေ၊ ပိုစတာအပြာရောင်ပေါ်မှာ ရေးခဲ့တဲ့ သူ့ဆုတောင်းတွေ၊ ဘာတဲ့... လူတွေကိုနာကျင်အောင်မလုပ်ကြပါနဲ့။ ငြိမ်းချမ်းရေးကို လိုလားတယ်။ လူတွေကိုနာကျင်အောင် မလုပ်ကြပါနဲ့။ ငြိမ်းချိမ်းရေးကို လိုလားတယ်တဲ့။
ကျနော်တို့ရဲ့ ဆုတောင်းမှုတွေဟာ ထိခိုက်ဒဏ်ရာရသူတွေနဲ့အတူ ရှိနေပါတယ်။ အချို့ဆိုရင် အတော်ဒဏ်ရာပြင်းထန်ကြတာပါ။ အတော်များများက ကျနော်တို့ဒီမှာ စုဝေးနေကြတာကို သူတို့ရဲ့ အိပ်ရာပေါ်ကနေ ကြည့်ရှုနေကြမယ်ဆိုရင် သူတို့ကို သိစေချင်ပါတယ်။ ခင်ဗျားတို့ ပြန်လည်နလံထူနိုင်ဖို့ ခရီးကြမ်းကြီးကို စတင်နေချိန်မှာ ခင်ဗျားတို့ရဲ့ မြို့ဟာ ခင်ဗျားတို့နဲ့အတူ ရှိနေပါတယ်။ ခင်ဗျားတို့ နယ်၊ ခင်ဗျားတို့ နိုင်ငံက ခင်ဗျားတို့နဲ့ အတူ ရှိနေပါတယ်။ ခင်ဗျားတို့ ပြန်ပြီး ရပ်နိုင် လျှောက်နိုင် ပြေးနိုင်တဲ့အချိန်အထိ ကျနော်တို့ဟာ ခင်ဗျားတို့နဲ့ အတူ ရှိနေမှာပါ။ ဟုတ်ပါတယ်။ ပြန်ပြီး ပြေးနိုင်တဲ့ အချိန်အထိပါ။ ဒီအပေါ်မှာ ကျနော် သံသယမရှိပါဘူး။ ခင်ဗျားတို့ ပြန်ပြီး ပြေးကြအုန်းမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဘော်စတွန်သားတွေမို့ပါ။
ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီလို ရက်စက်ကြမ်းကြုပ်စွာ ကျူးလွန်ခဲ့တဲ့ ဘယ်သူ့ကိုမဆို တွန်းလှန်တုန့်ပြန်လိုက်တဲ့ အကောင်းဆုံး အဖြေပါပဲ။
ကျနော်တို့ကို ကြောက်လန့်သွားအောင်လုပ်ဖို့ ကြိုးစားတယ်ဆိုရင်၊ အကြမ်းဖက်တယ်ဆိုရင်၊ ကျနော်တို့ကို အမေရိကန် ဖြစ်စေတဲ့ တန်ဖိုးတွေကနေ လှုပ်ခါချဖို့ ကြံစီတယ်ဆိုရင်တော့ အခုလောက်ဆိုရင် သူတို့လည်း ရှင်းရှင်းလင်းလင်း သိလောက်ပါပြီ။ သူတို့ နေရာအရွေးမှားသွားတယ်ဆိုတာ။ ဘော်စတွန်မှာမှ ဒါမျိုး မရဘူး။ ဘော်စတွန်ကို ဒီလိုလုပ်ဖို့ မရဘူး။
မကောင်းဆိုးဝါးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ အမေရိကန်ဟာ
ကောင်းမြတ်မှုတွေကိုသာ မြှင့်တင်တယ်ဆိုတာကို ဘော်စတွန်က ကျနော်တို့ကို ပြသခဲ့ပါပြီ။ ရက်စက်ကြမ်းကြုပ်မှုကိုတွေ့ချိန်မှာ ကျနော်တို့က သနားစာနာမှုကို ရွေးပါတယ်။ အပစ်မဲ့သူတွေကို သေကြေအောင် ဖန်တီးသူတွေရှေ့မှောက်မှာ ကျနော်တို့က ကယ်ဆယ်ဖို့၊ နှစ်သိမ့်ဖို့နဲ့ ကုစားပေးဖို့ကို ရွေးချယ်ပါတယ်။ ခင်မင်ရင်းနှီးမှုကို ကျနော်တို့ ရွေးပါတယ်။ ချစ်ခင်မှုကို ကျနော်တို့ ရွေးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျမ်းစာတွေက ကျနော်တို့ကို သင်ပါတယ်။ ဘုရားသခင်ဟာ ကျနော်တို့ကို အကြောက်တရားနဲ့ တွန့်ဆုတ်တဲ့ ၀ိဥာဏ်တွေ မပေးခဲ့ပါဘူး။ သူပေးခဲ့တာက ခွန်အား၊ မေတ္တာနဲ့ ကိုယ်ပိုင်ပြဌာန်းတဲ့ စည်းကမ်း ခံယူချက်တွေပါ။ ဒီရက်ပိုင်းတွေမှာ ခင်ဗျားတို့က ဒီစိတ်ဓာတ်တွေကို ပြသခဲ့ကြတယ်။
ဆရာဝန်တွေ၊ သူနာပြုတွေ၊ ရဲဝန်ထမ်းတွေ၊ မီးသတ်သမားတွေ၊ အရေးပေါ်လုပ်သားတွေ၊ အစောင့်အကြပ်တွေက
ပေါက်ကွဲမှုတွေထဲက ပြေးဝင်ပြီး ဒဏ်ရာရနေတဲ့သူတွေကို ကုသကူညီတာ - ဒါဟာ ကိုယ်ပိုင်ခံယူချက်ပါ။ အမောဆို့နေတဲ့ အပြေးသမားတွေ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့စစ်ပြန်တွေအပါအ၀င် ဒီလို အစုလိုက်အပြုလိုက်
သေကြေအောင် အကြမ်းဖက်တာတွေကို ဒီလမ်းမတွေပေါ်မှာ မြင်ရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သူတွေ၊ ဒီလူတွေက ဖြစ်ဖြစ်ချင်းပဲ ဒဏ်ရာရသူတွေကို ၀င်ကူခဲ့ကြတာတွေက ဒါက တကဲ့ အင်အားတွေပါ။ ဘော်စတွန်မြို့သားတွေက ဒဏ်ရာရသူတွေကို သူတို့လက်နဲ့ သယ်ပိုးပေးခဲ့တာ၊ ရေနဲ့ အနွေးစောင်တွေ ကမ်းပေးခဲ့တာ၊ သွေးလှူဖို့ တန်းစီစောင့်ဆိုင်းနေခဲ့တာ၊ ကိုယ်နဲ့ မသိတဲ့ သူစိမ်းတွေကို အိမ်မှာလက်ခံပေးခဲ့တာ၊ မိသားစုနဲ့ ကွဲသွားသူတွေကို သူတို့ အိမ်တွေကို ကူညီပို့ဆောင်ပေးခဲ့ကြတာ - ဒါတွေက မေတ္တာတွေပါ။
ဒါဟာ ကျနော်တို့ပြည်သူတွေကို အန္တရာယ်ပြုမဲ့သူတွေ၊ ဖောက်ခွဲအကြမ်းဖက်သူတွေဆီကို ကျနော်တို့ကနေ ပေးပို့တဲ့ သတင်းစကားပါပဲ။ ခင်ဗျားတို့ကို ကျနော်တို့ ရှာတွေ့မှာပါ။ တရားဥပဒေအရ အရေးယူစီရင်ခံရမှာကလည်း အသေအချာပါပဲ။ ခင်ဗျားတို့ကို ကျနော်တို့ တွေ့မှာပါပဲ။ ခင်ဗျားတို့ရဲ့ကျူးလွန်မှုအပေါ် တာဝန်ယူရမှာပါပဲ။ ဒါပေမဲ့ အဲဒီထက်ပိုတာကတော့ ကျနော်တို့ရဲ့ မှန်ကန်တဲ့ သစ္စာတရားဖြစ်တဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဟာ ပိုပြီးတော့ ခိုင်မာဖွံ့ဖြိုးလာတယ်၊ ဒါဟာဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ကျနော်တို့ကို အကြောက်တရားနဲ့ တွန့်ဆုတ်တဲ့ ၀ိဥာဏ်တွေ မပေးခဲ့ဘဲ ခွန်အား၊ မေတ္တာနဲ့ ခံယူချက်တွေကို ပေးခဲ့လို့ ပါပဲ။
သူရဲ့ မသန်စွမ်းတဲ့သားဖြစ်သူ ရိခ်ကို ဘော်စတွန် ၃၁ ကြိမ်မြောက် မာရသွန်မှာ တွန်းပြီး ပြေးခဲ့ဖူးတဲ့ အသက် ၇၈ နှစ်အရွယ် ဘီလ်အီဖရစ်လိုပါပဲ၊ ဒီလိုအဖြစ်က ကျနော်တို့အားလုံးကို ရပ်တန့်သွားအောင်လုပ်လို့ မရပါဘူး။ မရပါဘူး။ ဒါက ဘော်စတွန်က ကျနော်တို့ကို သင်ပေးလိုက်တဲ့ အရာပါ။ ပူပင်ကြောင့်ကြမနေဘဲ နာကျင်နေရင်တောင် လဲကျမသွားဘဲ ဆက်တွန်းဖို့၊ တောင့်ခံထားဖို့ ခင်ဗျားက ကျနော်တို့ကို သတိပေးနေတာပါ ဘော်စတွန်ခင်ဗျား။
ကျနော်တို့ မောပန်းနာကျင်နေတာချိန်မှာတောင်ကျနော်တို့ဆီမှာ ရှိမယ်လို့တောင် ထင်မထားတဲ့ အင်အားတွေကိုရယူပြီး ကျနော်တို့ဟာ ဆက်လျှောက်လှမ်းခဲ့ပါတယ်။ ပြိုင်ပွဲကို အဆုံးတိုင်လျှောက်လှမ်းခဲ့ပါတယ်။ ဘာလို့ ကျနော်တို့ ဒီလိုလုပ်ခဲ့သလဲ။ ကျနော်တို့ ဟာ ဒီလိုလူတွေ ဖြစ်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ရှေ့တကွေ့မှာ ရေတခွက်နဲ့ စောင့်နေမယ့် ကျနော်တို့ မသိတဲ့ သူစိမ်း တယောက်ယောက်ရှိနေတယ်ဆိုတာ ကျနော်တို့ သိနေလို့ပါပဲ။ နောက်တကွေ့လေးမှာ ကျနော်တို့ကို တခဲနက်အားပေးမဲ့သူ တယောက်ယောက် ရှိနေလို့ ပါပဲ။ အခက်ခဲဆုံး မိုင်တွေကိုရောက်လာချိန်မှာ ဘယ်လိုမှ ဆက်မသွားနိုင်တော့ဘူးလို့ ထင်ထားတဲ့အချိန်မှာတောင် ကျနော်တို့ကို အားပေးမဲ့သူတယောက်ယောက် ကျနော်တို့လဲကျရင် ထူပေးမဲ့သူ တယောက်ယောက် အမြဲတန်းရှိနေတယ်။ ဒါကို ကျနော်တို့ ဒါကို သိနေပါတယ်။
အခုလို အဓိပ္ပါယ်မဲ့တဲ့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေ၊ သေးသိမ်တဲ့ လူတွေက ဒါတွေကို နားမလည်ပါဘူး။ တည်ဆောက်ဖို့ထက် ဖျက်ဆီးဖို့ကို လိုလားပြီး ဒီလိုလုပ်ရင်ကိုပဲ သူတို့ဟာ အရေးပါအရာရောက်လာမယ်လို့ အထင်ရောက်နေတာပါ။
ကျနော်တို့ရဲ့ တဦးပေါ်တဦးထားရှိတဲ့ ယုံကြည်မှုတွေ၊ မေတ္တာတွေ၊ ကျနော်တို့ နိုင်ငံကို ချစ်ခင်မြတ်နိုးမှုတွေ၊ အပေါ်ယံ ကွဲပြားခြားနားမှုတွေကို ကျော်လွန်နိုင်တဲ့ ကျနော်တို့ရဲ့ ဘာသာအယူဝါဒတွေ၊ ဒါတွေက ကျနော်တို့ရဲ့ စွမ်းအားတွေပါ။ အင်အားတွေပါ။ ဒါကြောင့်မို့လို့လည်း ဗုံးတလုံးက ကျနော်တို့ကို ပြိုလဲသွားအောင်မလုပ်အောင်ပါဘူး။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ဟာ လဲကျမသွားပါဘူး။ ကြောက်ရွံ့မသွားပါဘူး။
ကျနော်တို့ ဆက်လက်လျှောက်လှမ်းနေပါတယ်။ ဆက်လက် ယှဉ်ပြိုင်နေပါတယ်။ ဆက်လက် ကြိုးပန်းအားထုတ်နေပါတယ်။ တည်ဆောက်နေတယ်။ လုပ်ကိုင်နေတယ်။ မေတ္တာတွေပေးဝေတယ်။ ကလေးတွေကို ကျွေးမွေးသုတ်သင်တယ်။ ဒါတွေကို ကျနော်တို့က တပြိုင်နက်တည်း လုပ်နေကြတယ်။
ကျနော်တို့ဟာ အတူတကွ ဘ၀ကို တည်ဆောက်ဖို့၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွဲဖို့ ဖြစ်တယ်။ ကျနော်တို့ မြို့တွေထဲ လျှောက်ကြပြီး နယူးယောက်၊ ချီကာဂို ပရိဿတ်တွေနဲ့အတူ ကျနော်တို့ရဲ့ အသင်းတွေဖြစ်တဲ့ Sox, Celtics, Partiots , Bruin ပဲဖြစ်ဖြစ် ချန်ပီယံပြန်ဖြစ်ကြသူတွေကို အားပေးကြတယ်။
ပရိဿတ်တွေ စုဝေးပြီးဘွိုင်စတွန်လမ်းမတလျှောက် လျှောက်သွားကြမဲ့ ချီတက်ပွဲကြီးကို စောင့်ကြည့်ကြအုန်းမှာပါ။ နောက်နှစ်ဒီအချိန် ဧပြီလရဲ့ တတိယမြောက် တနင်္လာနေ့မှာ ကမ္ဘာက ဒီအမေရိကန်မြို့ကို ပြန်လာကြပြီး ၁၁၈ ကြိမ်မြောက် ဘော်စတွန်မာရသွန်ပွဲမှာ ဘယ်တုန်းကနဲ့မှမတူအောင် အားသွန်ခွန်စိုက် ပြေးကြပါအုန်းမယ်။ ဘယ်တုန်းကနဲ့မှမတူအောင်လည်း ကျယ်ကျယ်လောင်လောင် ချီးမြောက်အားပေးကြပါလိမ့်မယ်။ စောင့်ကြည့်လိုက်ကြစမ်းပါ။
ကျနော်တို့ရဲ့ ရှေ့မှာ ပြင်ဆင်ထားတဲ့ ပြိုင်ပွဲကို သည်းခံနိုင်ရည် အပြည့်နဲ့ ပြေးပါလို့ ကျမ်းစာတွေက ကျနော်တို့ကို သင်ကြားနေပါတယ်။ ဒီသင်ကြားမှုကို ကျနော်တို့ နာခံကျင့်သုံးနေတဲ့ တချိန်ထဲမှာပဲ ကျနော်တို့ဆီကနေ အချိန်စောစွာ
ခေါ်ယူသွားသူတွေကို ဘုရားသခင်က အနားမှာ ခေါ်ယူထားပါစေ။ သူတို့ရဲ့ မိသားစုတွေကို ဘုရားရှင်က ဖြေသိမ့်မှုတွေပေးပါစေ၊ အမေရိကန်ပြည်ထောင်စုကို ဘုရားသခင်က ဆက်လက် စောင့်ရှောက်ပါစေ။
သမ္မတ အိုဘားမားရဲ့ မိန့်ခွန်း၊ ဧပြီလ ၁၈ ရက် ၂၀၁၃ ခုနှစ်
-------------------------------------------------------
မူရင်း အင်္ဂလိပ်ဘာသာမိန့်ခွန်း
On Monday morning, the sun rose over Boston. The sunlight glistened off the State House Dome. In the commons, in the public garden, spring was in bloom. On this Patriot's Day, like so many before, fans jumped onto the T to see the Sox at Fenway. In Hopkinton, runners laced up their shoes and set out on a 26.2-mile test of dedication and grit and the human spirit.
And across this city, hundreds of thousands Bostonians lined the streets to hand the runners cups of water, to cheer them on. It was a beautiful day to be in Boston, a day that explains why a poet once wrote that this town is not just a capital, not just a place. Boston, he said, is the perfect state of grace.
And then, in an instant, the day's beauty was shattered. A celebration became a tragedy. And so we come together to pray and mourn and measure our loss. But we also come together today to reclaim that state of grace, to reaffirm that the spirit of this city is undaunted and the spirit of the country shall remained undimmed.
To Governor Patrick, Mayor Menino, Cardinal O'Malley and all the faith leaders who are here, governors Romney, Swift, Weld and Dukakis, members of Congress, and most of all, the people of Boston and the families who've lost a piece of your heart, we thank you for your leadership. We thank you for your courage. We thank you for your grace.
I'm here today on behalf of the American people with a simple message.
Every one of us has been touched by this attack on your beloved city. Every one of us stands with you. Because, after all, it's our beloved city, too.
Boston may be your hometown but we claim it, too. It's one of America's iconic cities. It's one of the world's great cities. And one of the reason(s), the world knows Boston so well is that Boston opens its heart to the world.
Over successive generations, you've welcomed again and again new arrivals to our shores; immigrants who constantly reinvigorated this city and this commonwealth and our nation. Every fall, you welcome students from all across America and all across the globe. And every spring, you graduate them back into the world - a Boston diaspora that excels in every field of human endeavor.
Year after year, you welcome the greatest talents in the arts, in science, research. You welcome them to your concert halls and your hospitals and your laboratories to exchange ideas and insights that draw this world together.
And every third Monday in April, you welcome people from all around the world to the hub for friendship and fellowship and healthy competition - a gathering of men and women of every race and every religion, every shape and every size - a multitude represented by all those flags that flew over the finish line.
So whether folks come here to Boston for just a day, or they stay here for years, they leave with a piece of this town tucked firmly into their hearts. So Boston's your home town, but we claim it a little bit too. I know this - I know this because there's a piece of Boston in me. You welcomed me as a young law student across the river - welcomed Michelle too. You welcomed me - you welcomed me during a convention when I was still a state senator and very few people could pronounce my name right.
Like you, Michelle and I have walked these streets. Like you, we know these neighborhoods. And like you, in this moment of grief, we join you in saying: Boston, you're my home. For millions of us, what happened in Monday is personal. It's personal.
Today our prayers are with the Campbell family of Medford. They're here today. Their daughter Krystle was always smiling. Those who knew her said that with her red hair and her freckles and her ever-eager willingness to speak her mind, she was beautiful, sometimes she could be a little noisy, and everybody loved her for it. She would have turned 30 next month. As her mother said, through her tears, this doesn't make any sense.
Our prayers are with the Lu family of China, who sent their daughter Lingzi to BU so that she could experience all that this city has to offer.
She was a 23-year-old student, far from home. And in the heartache of her family and friends on both sides of the great ocean, we're reminded of the humanity that we all share.
Our prayers are with the Richard family of Dorchester, to Denise and the young daughter Jane, as they fight to recover.
And our hearts are broken for 8-year-old Martin, with his big smile and bright eyes. His last hours were as perfect as an 8-year-old boy could hope for, with his family, eating ice cream at a sporting event. And we're left with two enduring images of this little boy, forever smiling for his beloved Bruins and forever expressing a wish he made on a blue poster board: No more hurting people. Peace. No more hurting people. Peace.
Our prayers are with the injured, so many wounded, some gravely. From their beds, some are surely watching us gather here today. And if you are, know this: As you begin this long journey of recovery, your city is with you. Your commonwealth is with you. Your country is with you. We will all be with you as you learn to stand and walk and, yes, run again. Of that I have no doubt. You will run again. You will run again because that's what the people of Boston are made of.
Your resolve is the greatest rebuke to whoever committed this heinous act.
If they sought to intimidate us, to terrorise us, to shake us from those values that Deval described, the values that make us who we are as Americans, well, it should be pretty clear by now that they picked the wrong city to do it. Not here in Boston. Not here in Boston.
You showed us, Boston, that in the face of evil, Americans will lift up what's good. In the face of cruelty, we will choose compassion. In the face of those who would visit death upon innocents, we will choose to save and to comfort and to heal. We'll choose friendship. We'll choose love. Because Scripture teaches us God has not given us a spirit of fear and timidity, but of power, love and self-discipline.
And that's the spirit you've displayed in recent days. When doctors and nurses, police and firefighters and EMTs and guardsmen run towards explosions to treat the wounded, that's discipline. When exhausted runners, including our troops and veterans, who never expected to see such carnage on the streets back home, become first responders themselves, tending to the injured, that's real power. When Bostonians carry victims in their arms, deliver water and blankets, line up to give blood, open their homes to total strangers, give them rides back to reunite with their families, that's love.
That's the message we send to those who carried this out and anyone who would do harm to our people. Yes, we will find you. And yes, you will face justice. We will find you. We will hold you accountable. But more than that, our fidelity to our way of life, for a free and open society, will only grow stronger, for God has not given us a spirit of fear and timidity, but one of power and love and self-discipline.
Like Bill Ifrig, 78 years old - the runner in the orange tank top who we all saw get knocked down by the blast, we may be momentarily knocked off our feet - but we'll pick ourselves up. We'll keep going. We will finish the face.
In the words of Dick Hoyt, who has pushed his disabled son Rick in 31 Boston marathons, we can't let something like this stop us.
This doesn't stop us. And that's what you've taught us, Boston.
That's what you've reminded us, to push on, to persevere, to not grow weary, to not get faint even when it hurts.
Even when our heart aches, we summon the strength that maybe we didn't even know we had, and we carry on; we finish the race. We finish the race, and we do that because of who we are, and we do that because we know that somewhere around the bend, a stranger has a cup of water. Around the bend, somebody's there to boost our spirits. On that toughest mile, just when we think that we've hit a wall, someone will be there to cheer us on and pick us up if we fall. We know that.
And that's what the perpetrators of such senseless violence, these small, stunted individuals who would destroy instead of build and think somehow that makes them important - that's what they don't understand.
Our faith in each other, our love for each other, our love for country, our common creed that cuts across whatever superficial differences there may be, that is our power. That's our strength. That's why a bomb can't beat us. That's why we don't hunker down. That's why we don't cower in fear.
We carry on. We race. We strive. We build and we work and we love and we raise our kids to do the same. And we come together to celebrate life and to walk our cities and to cheer for our teams when the Sox, then Celtics, then Patriots or Bruins are champions again, to the chagrin of New York and Chicago fans. The crowds will gather and watch a parade go down Boylston Street. And this time next year on the third Monday in April, the world will return to this great American city to run harder than ever and to cheer even louder for the 118th Boston Marathon.
Bet on it.
Tomorrow the sun will rise over Boston. Tomorrow the sun will rise over the - this country that we love, this special place, this state of grace.
Scripture tells us to run with endurance the race that is set before us. As we do, may God hold close those who've been taken from us too soon, may he comfort their families and may he continue to watch over these United States of America.
အင်တာနက်ပေါ်မှ တပ်မတော်နှင့် ပတ်သက်သော အမှု(၃)မှု
$
0
0
အင်တာနက်ပေါ်မှ တပ်မတော်နှင့် ပတ်သက်သော အမှု(၃)မှု
===================================
ယခု ဧပြီလအတွင်း တပ်မတော်နှင့်ပတ်သက်သော အမှု(၃)မှု အင်တာနက် ပေါ် ရောက်လာသည်။
အမှု(၁)မှာ AGB ဘဏ် မဏ္ဍပ်ရှေ့တွင် လူသေမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော တပ်မတော်သားများအား ထိုက်တန် သည့် ပြစ်ဒဏ်ကျခံစေလို ဆိုသည့် မြန်မာခေတ်မှ သတင်း ဖြစ်သည်။ သတင်းပါ အချက်များအရ မဏ္ဍပ်ရှေ့ တွင် ရေပက်ခံ ကားနှစ်စီး ခိုက်ရန်ဖြစ်သည်။ ရန်ဖြစ်ကြရာမှ မဖောက်ရသေးသည့် အရက်ပုလင်းဖြင့် လှမ်းပစ် လိုက်ရာ လည် ပင်း သွေးပြန်ကြော ပြတ်ရှ ဒဏ်ရာဖြင့် ရန်ပွဲတွင် ပါဝင်သူ(၁)ဦး သေသည်။ ထိုအတွက် ရဲစခန်း တွင် အမှုဖွင့်သည်။ လူဟာ လူဖြစ်ပြီး မတစ်ထောင်သားများ ဖြစ်သည့်အတွက် ပြဿနာဖြစ်တတ်ကြသည်။ မူး လာရင် ရန်ဖြစ်တတ်ကြသည်။ သာမန် အရပ်သားပြည်သူများအဖို့ ထိုပြဿနာသည် ဖြစ်လေ့ရှိသော ပြဿနာ များ ဖြစ်သည်။
သို့သော် တပ်မတော်သား တစ်ဦးအဖို့ ပြည်သူလူထုနှင့် ယဉ်ကျေးစွာ ဆက်ဆံပါ ဆိုသည့် စစ် သည်တော် ကျင့် ၀တ်ကို လိုက်နာရပါသည်။ ကမ္ဘာတွင် အရပ်သားနှင့် ခိုက်ရန် မဖြစ်ဖူးသည့် စစ်တပ် မရှိပါ။ ပျော်ပွဲရွှင်ပွဲများတွင် ရန်ဖြစ်ခြင်းကြောင့် သေဆုံးသည်အထိ ဖြစ်သည်မှာလည်း ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။ တပ် မတော် တစ်ရပ်လုံးနှင့် ဖြစ် သည့် ပြဿနာ မဟုတ်သလို အရေးယူမှုမှာလည်း တပ်မတော်နှင့် စပ်ဆိုင်သည့် မှု ခင်း စည်းမျဉ်း အတိုင်း သာ ဖြစ်ပါလိမ့်မည်။ အရပ်သားများနှင့် ခိုက်ရန် ဖြစ်ပွားခြင်းကို လက်မခံပါ။
အမှု(၂)မှာတော့ ဗိုလ်ချုပ်ဟောင်း သားများ လက်ချက်ဖြင့် လူငယ် နှစ်ဦး ဓားဒဏ်ရာရ ဆိုသည့် ဧရာဝတီ သတင်းဌာန၏ သတင်းဖြစ်ပါသည်။ ဧရာဝတီတွင် ဖော်ပြချက်အရ ရန်ငြိုးရန်စ မရှိဘဲ ဓား၊ဒုတ်များဖြင့် ၀င် ရိုက် သည်ဟု ဆိုသည်။ သို့သော် မည်သူတွေဖြစ်ကြောင်းကိုလည်းအရိုက်ခံရသူမှ အတိအကျသိနေသည်။ ထို အရိုက်ခံရသူမှာလည်း မည်သူ့သားသမီး၊ မည်သည့်အလုပ် လုပ်ကိုင်သည် ဆိုသည့် အချက်များကို ဖော်ပြခြင်း မရှိ။ ဤတွင် သားသမီးမကောင်း မိဘခေါင်းအဖြစ် မိဘများ၏ ယခင်စစ်မှုထမ်းစဉ်က ရာထူးများ၊ လက်ရှိ ရာထူးများကို ဖော်ပြသည်။
မည်သည့်နေရာတွင် မဆို ခိုက်ရန်ဖြစ်ပွားခြင်းသည် လက်ခုပ်တစ်ဖက်ထဲဖြင့် မဖြစ်နိုင်ပါ။ သတင်းဌာနက ဖွသည်။ ဗိုလ်ချုပ်ဆိုသည့် အမည်ပါလျှင် ကျန်သူများက ဆွသည်။ မတရားမှုကို လက်မခံပါ။ ဖြစ်စဉ်အတိုင်း ဆိုပါက ဥပဒေအရ အရေးယူရမည်သာ ဖြစ်သည်။
အမှု(၃) ရန်ကုန်မြို့ပေါ်မှာ လက်နက်ကိုင်ဆောင်နေသော တိုင်းမှူး ၏ သား စည်သူထွဋ် ဆိုသည့် ခေါင်းစဉ် ၊ သေနတ်များနှင့် အလှရိုက်ထားသော ဓာတ်ပုံ၊ သေနတ်(၂)လက်ကို ကျည်ဆံများဖြင့် ချထားသည့် ဓာတ်ပုံ များ ဖြင့် ခွန်ဒီးယမ်းထံမှ သတင်းဖြစ်သည်။ တပ်မတော်တွင် ဖခင် အရာရှိကြီး ဖြစ်၍ သားသမီး သေနတ်ကိုင်ရသည် ဆိုသည့် စည်းမျဉ်း ရှိသည်ဟု မကြားဖူးပါ။ လိုင်စင်ရ သေနတ်ကိုင်ဆောင်သည့် ဥပဒေလည်း ရှိချင်မှ ရှိပါလိမ့် မည်။ ငယ်ရွယ်သူ လူငယ်တစ်ဦးသည် တပ်မတော် အရာရှိဖြစ်လျှင်တောင်မှ တာဝန်မှအပ မြို့တွင်း သေနတ် ကိုင်ဆောင်ခွင့် မရှိပါ။
ပုံတွင် ဖော်ပြထားသည့် သေနတ်များမှာ မြန်မာ့တပ်မတော် အရာရှိကြီးပိုင်းနှင့် အထူးရဲတပ်ဖွဲ့များတွင် သုံးမသုံး မသေချာပါ။ ကျွမ်းကျင်သူ တစ်ဦး အဆိုအရ အမျိုးအစားက Walther PPK/S .22LR ၊ Walther အစစ်ဆိုရင် ဘော်ဒီမှာ ကုမဏီနံမည် သေနတ်အမျိုးအစား ထုတ်တဲ့နိုင်ငံ နဲ့ walther တံဆိပ် ထိုးတယ်.အခု ဘော်ဒီက ပြောင်ကြီး.Black market က ဝင်တဲ့ပုံစံ ။walther .22lrတွေကို ဂျာမဏီက ထုတ်တယ် ။ ထိုင်း .Black market ထုတ်လည်းရှိတယ်.တရုတ်ထုတ်လည်းရှိတယ် ။ ဟု သိရသည်။ လူငယ် သဘာဝ ခင်မင်ရင်းနှီးမှုဖြင့် သေနတ်ကို တွေ့သည့်အခါ ဓာတ်ပုံရိုက်သည်လည်း ဖြစ်နိုင်သည်။ သို့သော် တရားဝင် ကိုင်ဆောင်ခွင့် မရှိ။ ကိုင်ဆောင်ပါက ဥပဒေအရ အရေးယူခံရမည်သာ ဖြစ်သည်။
အထက်ပါ အမှုများကို ဖတ်ပြီးသူများလည်း ရှိမည်။ မဖတ်ရသေးသူများလည်း ရှိမည်။ တပ်မတော်သားများ ထဲ တွင်လည်းကောင်း၊ တပ်မတော်သားဟောင်း မိသားစုများတွင် လည်းကောင်း ဆိုးသွမ်းသူများ ရှိမည်မှာ ဓမ္မတာ ပင် ဖြစ်သည်။ တပ်မတော်ဟု ဆိုသည်နှင့် ကြည်း၊ရေ၊လေ တပ်ပေါင်းစုများ ပါဝင်သည့် နိုင်ငံတော် ကာကွယ် ရေး အဖွဲ့ကြီး အဖြစ် မြင်တတ်ဖို့လိုပါသည်။ လူများ ဖြစ်သည့်အတွက် အမှုများ ဖြစ်နေအုံးမည်မှာလည်း မလွဲပါ။ သို့သော် တစ်ယောက်မကောင်း အများဆိုသည့် အမြင်ကို ပြင်ဖို့သာ အဓိက ကျပါသည်။
မတရားမှု၊ ဥပဒေမဲ့ လုပ်ဆောင်မှုများကို ကန့်ကွက်ပါသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က လူသတ်မှု ၇၈၉ မှုသာရှိခဲ့သော်လည်း ၂၀၁၂ခုနှစ်တွင် ၁၃၁၂မှုဖြစ် ပွားခဲ့ပြီး အမှုကြီး ၁၀မျိုး ဖြစ်သည့် လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှုစသည့် အမှု အခင်းဖြစ်ပွားမှုမှာ ၂၀၀၈ ခုနှစ်တွင် အမှုပေါင်း ၁၄၈၄မှု ရှိခဲ့ပြီး ၂၀၁၂ နှစ်တွင်မှု ၂၃၁၈မှုထိ မှုခင်းဖြစ် ပွားမှုရှိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည့် စာရင်းအရသိရသည်။
ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..
$
0
0
Shan Gyi shared Myanmar News Update's photo.
ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..  Acacia - ကင်မွန်းချဉ်ရွက် Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက် Marrow / chayote / chaico - ဂေါ်ရခါးသီး Cabbage - ဂေါ်ဖီထုပ်ဖြူ Asparagus - ကညွတ် Spinach - ဟင်းနုနွယ် Egg plant / Aubergine - ခရမ်းသီး Bamboo shoot - မျှစ် Bean curds - ပဲပြား Bean spouts - ပဲပင်ပေါက် tomato - ခရမ်းချဉ်သီး Gourd - ဗူးခါးသီး ( အသေးစား ) Calabash - ဘူးသီး  Calabash shoot - ဘူးညွှန့် Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး carrot - မုန်လာဥနီ ( ရှည် မျောမျော ပုံ ) beet root - မုန်လာဥနီ ( အလုံး ပုံ ) White radish / turnip - မုန်လာဥဖြူ အကြီး။ Red radish - မုန်လာဥ နီ အလုံးသေး Cauliflower - ပန်းဂေါ်ဖီ Chinese cabbage - မုန်ညင်းဖြူ ( တရုပ် ) White mustard - မုန်ညင်းဖြူ ( ကြံမဆိုင် ) cucumber - သခွားသီး Gherkin - သခွားငယ် ( ချဉ် ) Musk melon - သခွားသီးမွှေး White pumpkin - ကျောက်ဖရုံသီး yellw pumpkin - ရွှေဖရုံသီး Okra / lady's fingure - ရုံးပတေသီး  capsicum - bell pepper spring onion - ကြက်သွန်မြိတ် garlic - ကြက်သွန်ဖြူ cardamon - ဖာလာစေ့ star of aniseed - နာနတ်ပွင့် ginger - ဂျင်း chives - ဂျူးဖူး clove - လေးညှင်းပွင့် cumin - ဇီယာ။ basil - ပင်စိမ်းရွက် bay leave - ကရဝေးရွက်။ lemon grass - စပါးလင်  nut meg - ဇာဒိပိုသီး။ Cinnamon bark - သစ်ဂျပိုးခေါက်။ licorice or sweet wood - နွယ်ချို shallot or small onion - ကြက်သွန်နီအသေးစား။   salt - ဆား chilli powder - ငရုပ်သီးမူန့် green chilli - ငရုပ်သီးစိမ်း pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း  curry leaf -ပျဉ်းတော်သိမ်းရွက် pepper corn/ black pepper - ငရုပ်ကောင်း။ leek ( shallot, scallion ) - ကြက်သွန်မြိတ် seasoning powder ( monosodium glutamate powder ) - အချိုမူန့် celery or chinese persley- တရုပ်နံနံ  coriander leaf/ seeds - နံနံရွက်။ နံနံပင်။ mustard seeds - မုန့်ညင်းစေ့။ mustard leaf - မုန့်ညင်းရွက်။ mint - ပူစီနံ။ tamarind - မန်ကျည်းသီး။ turmeric powder - နနွင်းမှုန့်။ saffron - ဂုန်မာန်။
ဟင်းသီးဟင်းရွက် များ၏ အင်္ဂလိပ် အခေါ်အဝေါ်များ..
Acacia - ကင်မွန်းချဉ်ရွက်
Sour green/Roselle/Sorrel/Kenaf - ချဉ်ပေါင်ရွက်
Marrow / chayote / chaico - ဂေါ်ရခါးသီး
Cabbage - ဂေါ်ဖီထုပ်ဖြူ
Asparagus - ကညွတ်
Spinach - ဟင်းနုနွယ်
Egg plant / Aubergine - ခရမ်းသီး
Bamboo shoot - မျှစ်
Bean curds - ပဲပြား
Bean spouts - ပဲပင်ပေါက်
tomato - ခရမ်းချဉ်သီး
Gourd - ဗူးခါးသီး ( အသေးစား )
Calabash - ဘူးသီး
Calabash shoot - ဘူးညွှန့်
Bitter gourd/ karilla fruit - ကြက်ဟင်းခါးသီး
carrot - မုန်လာဥနီ ( ရှည် မျောမျော ပုံ )
beet root - မုန်လာဥနီ ( အလုံး ပုံ )
White radish / turnip - မုန်လာဥဖြူ အကြီး။
Red radish - မုန်လာဥ နီ အလုံးသေး
Cauliflower - ပန်းဂေါ်ဖီ
Chinese cabbage - မုန်ညင်းဖြူ ( တရုပ် )
White mustard - မုန်ညင်းဖြူ ( ကြံမဆိုင် )
cucumber - သခွားသီး
Gherkin - သခွားငယ် ( ချဉ် )
Musk melon - သခွားသီးမွှေး
White pumpkin - ကျောက်ဖရုံသီး
yellw pumpkin - ရွှေဖရုံသီး
Okra / lady's fingure - ရုံးပတေသီး
capsicum - bell pepper
spring onion - ကြက်သွန်မြိတ်
garlic - ကြက်သွန်ဖြူ
cardamon - ဖာလာစေ့
star of aniseed - နာနတ်ပွင့်
ginger - ဂျင်း
chives - ဂျူးဖူး
clove - လေးညှင်းပွင့်
cumin - ဇီယာ။
basil - ပင်စိမ်းရွက်
bay leave - ကရဝေးရွက်။
lemon grass - စပါးလင်
nut meg - ဇာဒိပိုသီး။
Cinnamon bark - သစ်ဂျပိုးခေါက်။
licorice or sweet wood - နွယ်ချို
shallot or small onion - ကြက်သွန်နီအသေးစား။
salt - ဆား
chilli powder - ငရုပ်သီးမူန့်
green chilli - ငရုပ်သီးစိမ်း
pepper/hot pepper/ cayenne pepper - ငရုပ်ကောင်း
curry leaf -ပျဉ်းတော်သိမ်းရွက်
pepper corn/ black pepper - ငရုပ်ကောင်း။
leek ( shallot, scallion ) - ကြက်သွန်မြိတ်
seasoning powder ( monosodium glutamate powder ) - အချိုမူန့်
celery or chinese persley- တရုပ်နံနံ
coriander leaf/ seeds - နံနံရွက်။ နံနံပင်။
mustard seeds - မုန့်ညင်းစေ့။
mustard leaf - မုန့်ညင်းရွက်။
mint - ပူစီနံ။
tamarind - မန်ကျည်းသီး။
turmeric powder - နနွင်းမှုန့်။
saffron - ဂုန်မာန်။
အောင်ပြည့်စုံ ထမင်းဆိုင် ပိုင်ရှင်ကြီး
$
0
0
(မျက်နှာမဲလောဘအိုးတွေသာ တွင်ကျယ်ခဲ့တဲ့ အမှောင်ခေတ်တခေတ်ထဲက ရိုးသားဖြူစင်သူတွေ အကြောင်း ထပ်ခါတလဲလဲ ဖော်ပြရကောင်းလားဆိုပြီး အပြစ်တင်ကြရင်လည်း ပြုံးပြုံးလေး ရင်ဆိုင်ဖို့ အသင့်ပါ.... နေမင်းသူ)
ဝန်ကြီးဌာန (၁၅) ခုမှာ အဂတိလိုက်စားမှု ၊ အလွဲသုံးစားမှု တွေ အထွဠ် အထိပ် ရောက်ပြီး ငွေကြေးကွာဟမှု ကျပ်သန်းပေါင်း သောင်းချီပြီး
အကြီးမားဆုံး ဖြစ်လာတဲ့ အချိန်မှာ ဗိုလ်ချုပ်လွန်းမောင်လို (လာဘ်ထိုးပြီး ညှိလို့ မရတဲ့) စာရင်းစစ်ချုပ်လို လူမျိုး က ၀င်စစ်မယ်ဆိုရင် လင်ခရူဇာစီးနေတဲ့ ဘဘသူခိုးတွေ “ဂွိ” ဖို့ဘဲ ရှိတယ် ..
ဒါနဲ့ဘဲ ..
ရှုပ်ထွေးပြီး လျှို့ဝှက် နက်နဲ တဲ့ “စောရ သိုင်းလောကသားတွေ ” က ..
“မိုးပေါ်သို့ ဂါဂါလုပ်” ဆိုတဲ့ နာမည်ကြီး သိုင်းကွက် ကို သုံး လိုက်တယ် ထင်ပါရဲ့ ..
အားလုံး အေးဆေးဖြစ်သွား ပါတော့တယ် ..
ဒီလိုနဲ့ ..
လင်ခရူဇာပေါ်က သူခိုးကြီး တွေ က
ရိုးသားတဲ့ စာရင်းစစ်ချုပ်ကြီး ကို
လက်တွဲဖြုတ် လိုက် ကြတယ် ..
ဒါနဲ့ဘဲ ..
ဘီးလင်း က ချစ်ဘီယာဆိုင်နေရာ မှာ ..
အငြိမ်းစား စာရင်းစစ်ချုပ်ကြီး ကိုယ်တိုင် ဦးစီး တဲ့
အောင်ပြည့်စုံ ဆိုတဲ့ ထမင်းဆိုင် ပေါ်လာပါတော့တယ် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ချစ်ဘီယာ ဆိုင်”
ဟိုး လွန်ခဲ့တဲ့ (၈) နှစ်ကျော် ကတည်းက ..
ကျနော် ခရီး သွားတိုင်း .. ဘီးလင်း ရောက်ရင်
ခဏနားနေကျ ၊ဗိုက်ဖြည့်နေကျ ၊ ဘီယာသောက်နေကျ ဆိုင် တစ်ဆိုင် ။
(ဒီ ဆိုင်ဟာ ဗိုလ်ချုပ်လွန်းမောင် ရဲ့ ဆိုင်ဆိုတာ ကိုတော့ အဲဒီကတည်း က သိထားပါတယ်)
ပြီးခဲတဲ့ နှစ်တွေမှာတော့ ..
ဆိုင်အပြင်အဆင်တွေ ဆိုင်နာမည်တွေ ပြောင်းသွားတာကိုတော့ သတိ ထားမိတယ် ။
နောက်ပိုင်းတော့ အောင်ပြည့်စုံ ထမင်းဆိုင် ဆိုတဲ့ နာမည် နဲ့ ဖြစ်နေပြီ ။
အဲဒီဆိုင်က ထမင်းပေါင်း ကောင်းတော့ လည်း ၀င်စား ဖြစ်နေပါသေးတယ် ။
ဧပြီ ၁၉ ရက် နေ့ မှာရန်ကုန်ပြန်လာတော့ .
ဘီးလင်း က အောင်ပြည့်စုံ ထမင်းဆိုင်မှာ ခဏနားဖြစ်တယ် ။
အအေးဘူး တွေမှာသောက်တော့ ..
ရေခဲသေတ္တာထဲ က အအေးဘူးတွေ ကို ကိုယ်တိုင်ယူပေးနေတဲ့
စစ်စွပ်ကျယ် လက်ပြတ် နဲ့ လူကို မြင်ဘူးသလိုရှိလို့ သတိထားမိတယ် ..
အောက်ခြေသိမ်း အလုပ်တွေ ကိုယ်တိုင်လုပ်နေတာမို့
ဆိုင် က ၀န်ထမ်း တစ်ယောက်ဘဲ လို့ ထင်လိုက်တယ် ။
သေချာကြည့်မှ ဗိုလ်ချုပ်လွန်းမောင်ရဲ့ ဓါတ်ပုံထဲ က ပုံနဲ့ တူနေတာမို့
ဖုန်းပြောရင်း ဓါတ်ပုံ ရိုက်ဖြစ်လိုက်ပါတယ် ..
အပေါ့သွားရင်း Toilet က ၀န်ထမ်းကို မေးကြည့်တော့ မှ
အအေးဘူးတွေ ထုတ်ပေးတဲ့ သူဟာ ..
ဗိုလ်ချုပ် လွန်းမောင်ကိုယ်တိုင် ဖြစ်နေ မှန်း သိရတော့တယ် ။
ဘယ်လိုဘဲ ဖြစ်ဖြစ် ..
ပိုင်ဆိုင်မှုမတင်ပြရဲ တဲ့ လွတ်တော်ထဲ က သူခိုးတွေ ၊
လင်ခရူဇာစီးနေတဲ့ ရာထူးကြီးကြီး သူခိုးတွေ နဲ့
အတူတူ နေလို့ မဖြစ်နိုင်တဲ့/ စာရင်းစစ်ဖို့ မဖြစ်နိုင်တဲ့
ဗိုလ်ချုပ်လွန်းမောင် ရဲ့ ရိုးဂုဏ် ကိုတော့
လေးစားမိပါရဲ့ ။ ။
(သိန်းဝင်း - ကော့ကရိတ်)
၂၂-၄-၂၀၁၃
“တေးဆိုလို့ ချော့ပါ့မယ်”
$
0
0
by Soe Min (Notes) on Sunday, April 21, 2013 at 8:15pm
          မနေ့တနေ့ကမှ ဘုရားသခင်ထံမှောက် ရောက်ရှိသွားလေသူ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်းကြီးကိုတကမ္ဘာလုံးက ပေးထားတဲ့ နံမယ်ကတော့ သံမဏိဘွားတော်ပါတဲ့။ တော်တော် အကြောမာမယ့် သဘောရှိတယ်နော်။သူ့အကြောင်းရိုက်ပြထားတဲ့ Iron Lady ကို ကြည့်လိုက်ရတော့ မာရီစထရိကြီးက ပါးစုံ့ကြီးဖောင်းဖောင်းနဲ့ခပ်မာမာထန်ထန် သရုပ်ဆောင်ပြတာတွေ့ရတယ်။
သက်တမ်းအကြာဆုံးဝန်ကြီးချုပ်လုပ်သွားတဲ့ သူ့လက်ထက်မှာမကြာခဏ ဆိုသလို နိုင်ငံရေးထိပ်တိုင်ရင်ဆိုင်မှုတွေ၊ အကြမ်းဖက်လုပ်ကြံမှုတွေ ရှိခဲ့တယ်။သူ့အနေနဲ့တော့ အကြမ်းဖက်သမားတွေကို ဘယ်တော့မှ အလျှော့ပေးလိုက်လျောရိုး ထုံးစံမရှိဘူးရယ်လို့ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် အဲသည်နံမယ်ရသွားသလား မသိပါဘူး။ ကိုယ်တို့အရှေ့တိုင်းမှာလည်း သူ့လိုပဲ ထက်ထက်ထန်ထန် အုပ်ချုပ်သွားတဲ့  ခေါင်းဆောင် မိန်းမသားတစ်ယောက် ရှိခဲ့ပါတယ်။ အင်ဒီယာဂန္ဒီလေ။မိန်းမတန်မဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားကြတာချီးကျူးပါတယ်။ ဘယ်ကြောက်မလဲ။ သူတို့မှာ စစ်တပ်ရှိတာကိုး လို့တော့ ပြောလို့ရတာပေါ့။ဒါပေမယ့် အဲသလို လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုကို လမ်းမှားမရောက်အောင် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်နဲ့ ညွှန်ကြားချက်တွေ ပေးဖို့ဆိုတာ လွယ်လို့လား။ ဂျူးလိယက်ဆီဇာတောင် သူများကလာသတ်တာမဟုတ်ဘူး။ သူ့တပ်ထဲက၊ သူ့လွှတ်တော်ထဲက လူတွေပဲ သတ်သွားတာလေ။ အင်ဒီရာလည်း ကြွေချိန်တန်တော့သူ့ကိုယ်ရံတော်က ပြန်သတ်တာပဲ။ အဲသလို မဆုံးနိုင်တဲ့ အကြမ်းဖက်လုပ်ကြံမှုတွေဟာ သမိုင်းစာအုပ်ကြီးကိုသွေးတောက်တောက်ယိုတဲ့အထိ ဟိုကသည်က အစမသတ်နိုင်အောင် ဆက်ဖြစ်နေတုန်းပဲ။
          စစ်ဆိုတာရှေ့တန်းစစ်မြေပြင်မှာ စစ်သားတွေအချင်းချင်း ဓါးဓါးချင်း လှံလှံချင်း ရင်ဆိုင်တိုက်တဲ့ခေတ်မဟုတ်တော့ဘူး။ ဘယ်သူမဆို ဘယ်နေရာမှာမဆို ဘာမှန်းတောင် မသိလိုက်ပဲ အလစ်အငိုက် ၀င်တိုက်သွားသလိုရက်ရက်စက်စက် ပက်ပက်စက်စက်တွေ တိုက်ကုန်ကြပြီ။ အပြစ်မဲ့တဲ့ပြည်သူတွေကို လို့တော့ မပြောတော့ပါဘူး။ဒါဆို ငါတို့စစ်သားတွေက အပြစ်ရှိလို့ အသေခံနေရမှာလား လို့ အမေးခံနေရဦးမယ်။ သူများနိုင်ငံတွေမှာမှမဟုတ်ပါဘူး။ ကိုယ့်ဆီမှာလည်း အဲသည်အဖြစ်အပျက်မျိုးတွေက မဆန်းတော့ဘူး။ ရန်ကုန်မှာ လူအစည်ကားဆုံးနေရာသုံးနေရာ တပြိုက်နက် ဗုံးကွဲတယ်။ သင်္ကြန်ရေကစားမဏ္ဍပ် နာနတ်သီးစာမိတယ်။ တရားခံကတော့ ဟိုလိုလိုသည်လိုလိုပဲ။ ငါခလုတ်တိုက် ငါနဲ့မတည့်တဲ့အကောင် ခလုတ်ဆင်ထားတာ လို့ ပြောသလို အလွတ်သဘောပြောဆိုစွပ်စွဲတာမျိုးလောက်၊ မသင်္ကာတဲ့သူဖမ်းထောင်ချ၊ သမုတိအတွက် င၀က်ကခံ၊ တော်တန်တိတ်လောက်နဲ့ ပြီးသွားရော။ သူတို့အထဲက ဘယ်သူမှ ထိခိုက်တာမှ မဟုတ်ပဲ။ တဘက်က လုပ်ကြံတဲ့သူတွေကရော။နိုင်ငံရေးအကျိုးအမြတ်၊ စစ်ရေးအကျိုးအမြတ်၊ စီးပွားရေး အကျိုးအမြတ် ဘာတစ်ခုမှ ဟုတ်ဟုတ်ငြားငြားရမလာပဲနဲ့ သေချင်တဲ့သူတွေ သေချင်သလောက် သေစေကုန်သတည်း လုပ်ရတာ ပျော်များနေကြသလား မသိဘူး။ဘယ်ဘုရားသခင်ရဲ့ အဆုံးအမ၊ ဘယ်ခေါင်းဆောင်ရဲ့ အသွန်အသင်၊ ဘယ်မိဘအသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာခဲ့လို့သည်လိုလုပ်ရပ်မျိုး ကျူးလွန်နိုင်တာပါလိမ့်လို့ တအံ့တသြ တွေးကြည့်မိပါတယ်။
            နောက်ဆုံးတော့လောလောလတ်လတ် မျက်စိအောက်တင် မြင်နေရဆဲ ဘော့စတွန်မာရသွန်မှာ ဗုံးခွဲတဲ့ ရွှေဖျဉ်းညီနောင်ကိုအစဆွဲထုတ်ပြီး သုံးသပ်ကြည့်ကြတာပေါ့။ အငယ်ကောင်ကလေးက ခုမှ ၁၉ နှစ်ပဲ ရှိသေးတယ်။ အဏ္ဏ၀ါဇီဝဗေဒသင်နေတဲ့ကျောင်းသားကလေး၊ သူ့ကျောင်းမှာ သူ့အပေါင်းအသင်းနဲ့သူ ပျော်ပျော်ရွှင်ရွှင်။ Gym ဆော့တုန်း၊Club တက်တုန်း၊ ကိုယ့်ဆီက ဟစ်ဟော့ပ်အဆိုတော်တွေလို ဦးထုပ်ကလေး နောက်ပြန်ဆောင်းလို့။သူ့စိတ်ထဲ ဘယ်က အမုန်းတရားတွေ ရောက်လာပါလိမ့်။ သူ့အကို အင်ဂျင်နီယာက ၂၆ နှစ် ဆိုတာလည်းကိုယ်တွေလိုဆို အိမ်ထောင်တောင် မကျသေးဘူး။ လူပျိုဘ၀ ကျောင်းမပြီးသေးခင်၊ ဘ၀အကြောင်းရေရေရာရာ ဘာတစ်ခုမှ မသိသေးတဲ့အရွယ်။ သူတို့ဆီမှာ အသက်နဲ့ရင်းပြီး လူအမြောက်အများ သေကြေပျက်စီးစေမယ့်အကြံအစည် ဘယ်ကများ သင်ကြားပေးလိုက်ပါလိမ့်။ ဒါကြောင့် အဲသည်မင်းညီနောင် ဘယ်ကလာသတုန်းလို့စပ်စုကြည့်လိုက်တဲ့အခါ လားလား။ ရွှေပြုံးက ကြွလာတာတော်မူတာကပဲ။ ချေချင်းညှာတဲ့။ နံမယ်ကလေးကလှတယ်နော်။ ကမ္ဘာပေါ်မှာ အကြမ်းဖက်သမားတွေ ထွက်ပေါ်လာစေတဲ့ ရေသောက်မြစ်ကြီးဆိုပဲ။ နိုင်ငံတကာသတင်းတွေထဲမှာနားစွန်နားဖျား ကြားဖူးနေတာတော့ ကြာပါပြီ။ အခုတော့ တော်တော်ကလေး စိတ်ဝင်တစား ရှိလာလို့မေးမြန်းရှာဖွေ ဖတ်ရှုရတယ်ဗျ။ အင်ဂျလီနာဂျိုလီကြီးတောင် ရုပ်ရှင်သွားရိုက်ယူရတဲ့ အရပ်ဒေသ။နောင်ကျ တို့ဆီက ငရဲသား အလောင်းအလျာလေးတွေလည်း ရဖြူဂျီနဲ့ နော်ဝေ ဆွီဒင်မသွားပဲ အသေခံဗုံးခွဲပညာတွေသင်ချင်တယ်ဆိုရင် ချေချင်းတွေနဲ့ ခြေချင်းလိမ်ကြရအောင် လေ့လာကြည့်ကြတာပေါ့။
          ကမ္ဘာမြေပုံကြီးကိုကြည့်လိုက်ရင်အာရှတိုက်ကြီးရဲ့ မြောက်ဘက်တခြမ်းလုံးကို သိမ်းပိုက်ထားတဲ့ ဆိုဗီယက်ယူနီယံကြီးဆီက(အခုတော့ ရုရှားဖက်ဒရေးရှင်း ဖြစ်သွားပြီ) အနောက်ဘက်နဲ့
တောင်ဘက်အကျဆုံး ပြည်နယ်ကလေးတစ်ခု။ကော့ကေးဆပ်တောင်တန်းကြီးတွေ တည်ရှိရာ၊ ရုရှအတွက်ဆိုရင်တော့ မြွေတွင်းထဲ လက်နှိုက်မိထားတဲ့နေရာ။လက်တကမ်းမှာ ရှိတာကအရှေ့အလယ်ပိုင်း မူဆလင်နိုင်ငံတွေချည့်ပဲ။ အယူသည်းခရစ်ယန်ဘာသာလို့ခေါ်တဲ့ ရုရှားတွေရဲ့ Orthodox ခရစ်ယာန်ဘာသာနဲ့ အမြဲ ကဏ္ဍကောစဖြစ်ခဲ့တဲ့ မူဆလင် ပြည်နယ်တစ်ခုလည်း ဖြစ်တယ်။ ဒါကြောင့်မို့ အဲဒီနေရာမှာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စစ်ရေးတွေကတစ်ခုနဲ့တစ်ခု ထွေးရောယှက်တင်နဲ့ သပွတ်အူလိုက်နေခဲ့တာ ပဝေသဏီကတည်းကပဲ။ လောလောဆယ် အကြီးကြီးကိုက်နေတဲ့မြွေခြောက်ကတော့ ခွဲထွက်ရေးသမားတွေရဲ့ ပြဿနာပေါ့။ အောင်မယ်မင်း အမယ်ဘုတ်ကဲ့ သူ့ချည်ခင်။ဘယ်ကစရှင်းရမှန်းတောင် မသိတော့ဘူး။
            အဲသည်ကော့ကေးဆပ်တောင်တန်းကြီးတွေပေါ်မှာလွန်ခဲ့သော နှစ်ပေါင်း ၈၀၀၀ လောက်ကတည်းက ဂူအောင်းလူသားတွေ နေခဲ့ကြတယ်။ သူ့ဘာသူနေခဲ့ကြတဲ့သူတွေကိုဟိုခေတ်မှာ ဟိုလူတွေကလာသိမ်းလိုက်၊ သည်ခေတ်မှာ သည်လူတွေကလာသိမ်းလိုက် သိမ်းခဲ့ကြတဲ့အထဲမှာကိုယ်တို့ အရှေ့တိုင်းဆီက မွန်ဂိုတွေတောင် ပါသေးသတဲ့။ ဂျင်ဂျစ်ခန်ကြီးလည်း အဲသည်က ထိပ်ဖျားပြတ်သွားခဲ့တာနေပါလိမ့်မယ်။ သည်လိုနဲ့ ရုရှားလက်အောက် ခဏရောက်သွားလိုက်၊ အော်တိုမန်အင်ပါယာကြီးဆီကအကူအညီတွေယူပြီး ပြန်ပြန်တိုက်လိုက် လုပ်နေခဲ့ရင်းက ချေချင်းတွေဟာ စွန်နီမူဆလင်တွေဖြစ်ကုန်သတဲ့။ နောက်ဆုံးတော့ ဂျော်ဂျီယာစစ်ပွဲတွေနဲ့ ရုရှားတွေလက်အောက်ကို လုံးလုံးလျားလျားကြီးရောက်သွားပြီးတဲ့နောက် ၁၉၄၄ စတာလင်ကြီးတက်လာတဲ့အခါ ချေချင်းတွေကို တော်တော် မျက်စိစပါးမွှေးစူးခဲ့သတဲ့။သမိုင်းမှာ ချေချင်းစစ်ပွဲကြီး နှစ်ကြိမ်တိုင်တိုင် အကြီးအကျယ် ဖြစ်ပွားခဲ့တာကိုး။နောင်လည်းပဲ သည်ကောင်တွေ ငါ့အမြဲ သူ့ကျွန်မခံပြီ ရိုက်နေဦးမှာပဲဆိုပြီးတော့ ကလေးလူကြီးကျားမမကျန် ကုန်ကားကြီးတွေနဲ့တင်ပြီး အင်မတန်ရာသီဥတုဆိုးတဲ့ အာရှကုန်းတွင်းပိုင်းကိုအတင်းအကြပ် ပြောင်းရွှေ့စေသတဲ့။ မြေပုံပေါ်မှာရှိတဲ့ ချေချင်းသမ္မတနိုင်ငံဆိုတာလည်း တခါတည်းအပြီး ဖျောက်ဖျက်ပစ်လိုက်တော့တယ်။ အဲသည်အပြောင်းအရွှေ့နဲ့တင် ချေချင်းလေးယောက်မှာ တစ်ယောက်သေကုန်တယ်လို့ဆိုတယ်။ အဲလို ဟိုပြေးသည်ပြေး သိမ်ကြီးဈေးမိသားစုထဲကနေ ရွှေဖျဉ်းညီနောင်တို့ ဆင်းသက်လာခဲ့တာတဲ့။
အငယ်ကောင်လေးမွေးတဲ့အချိန်တုန်းက သူတို့ချေချင်းတွေ ပျားတုပ်နေတဲ့ စစ်အတွင်းကာလထဲမှာပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးက ၂၄ နာရီအတွင်း အပြီးတိုင်ခြေမှုန်းပစ်မယ်ဆိုတဲ့ ခွဲထွက်ရေးတိုက်ပွဲမှာချေချင်းတွေ သောင်းနဲ့ချီပြီး သေကြပျက်စီးကြရတယ် လို့ ဆိုတယ်။ အဲဒီတိုက်ပွဲကနေ ထွက်ပြေးရတဲ့ခန့်မှန်းမရနိုင်သော မိသားစုတွေထဲမှာ သူတို့ညီအကို ပါခဲ့တာတော့ အမှန်ပဲ။
           လူ့အသက်ကဖက်ရွက်ကလေးလောက်တောင် တန်ဖိုးထားမခံရတဲ့ မတရားမှုတွေကို လည်စင်းခံလာရတဲ့ ကလေးတွေစိတ်မှာသူတို့က မတရားမှုတွေကို လုပ်ခဲ့ရင်လည်း ဒါဟာ အတုန့်အလှည့်မို့ ဘုရားသခင် အလိုတော်နဲ့မဆန့်ကျင်ဘူးလို့ တွေးကောင်း တွေးကြလိမ့်မယ်။ ကိုယ့်ကျ မတရားလာလုပ်ပြီး ကိုယ်ကမတရားပြန်လုပ်တာကျမှမတရားဘူးလို့ လာအပြစ်မတင်နဲ့ လို့ လူမိုက်ဆင်ခြေလည်း ပေးကောင်းပေးကြလိမ့်မယ်။ သည်လိုနဲ့မိုက်ဇာတ်ကိုသိမ်းရမယ့်အစား မိုက်တယ်ဆိုတာ လွယ်ပါတယ် လမ်းကို ဆက်လျှောက်ကြပြန်ရော။၂၀၀၄ မှာ ချေချင်းတွေဟာ ဘက်စလန်မြို့က မူကြိုကျောင်းကလေးက ကလေးငယ် ၃၀၀ ကျော်ကို တန်ဆာခံအဖြစ်ဖမ်းထားပြီးခွဲထွက်ခွင့်တောင်းတဲ့အထိ ဆင်ကန်းတောတိုး လုပ်ခဲ့ကြတယ်။ ဒင်းတို့လူငယ်တွေ မိုက်တယ်ဆိုတာဟိုက ရာဇပလ္လင်ဖင်ခုထိုင်ထားတဲ့ သေခါနီးကြီးတွေ အိပ်နေသလောက်ရှိတယ်။ ဒီအကောင်တွေက အခုမှသတ်မယ် ဖြတ်မယ် ခြိမ်းခြောက်တတ်တာ။ ဟိုကလူတွေက အဲသည်နေရာကိုရောက်အောင် ယုတ်ကမ်းနည်းမျိုးစုံမသုံးခဲ့ရဘူး ထင်လို့လား။ လူ့အသက်ဆိုတာ သူတို့လို တယ်လီဗီးရှင်းကြီးပေါ်မှာ သတင်းပါလာတော့မှသေမှန်းသိရတာ မဟုတ်ဘူး။ နိုင်ငံရေး ကျားကစားရင်း အသံမထွက်အောင် သတ်ခဲ့ရတာတွေက အံတိုနေပြီ။ပါးစပ်ကတော့ မယ်သံမဏိကြီးလို အကြမ်းဖက်သမားနဲ့ အပေးအယူ မလုပ်ဘူး ပြောတာပေါ့။ ဒါပေသိကျောင်းထဲကို အဆိပ်ငွေ့တွေလွှတ်ပလိုက်တာ တစ်ယောက်မှ မရှင်ဘူး။ လူသုံးရာဆိုတာ နိုင်ငံတော်ကြီးနဲ့မနှိုင်းယှဉ်အပ်ဘူး မဟုတ်လား။ ပူတင်တို့ ယဲ့လ်ဆင်တို့လည်း တို့တာဝန်အရေးကြီး သုံးပါးကိုဦးထိပ်ထားတတ်တာပဲ။ သူတို့လိုချင်တဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အကုန်ပြန်ရသွားတယ်။ နောက်ပိုင်းမှာ တတိတတိနဲ့ ဟိုနားတစ်ကျိပ်သေသည်နားတစ်ကျိပ်သေ အကြမ်းဖက်မှုတွေကတော့ သတင်းစာတောင် မျက်နှာဖုံးမတင်လောက်တော့ဘူး။
           ဒါပေမယ့်အဲသည်ကနေဖိတ်စင်လာတဲ့ ချေချင်းပျောက်ကျားတွေဟာ ဟိုနေရာ အညှောင့်ထွက် သည်နေရာ အညှောင့်ထွက်နဲ့ထွက်ခဲ့တာ ရပ်တော့မသွားခဲ့ဘူး။ ၂၀၁၀ မှာ မော်စကိုက မြေအောက်ဘူတာရုံဗုံးပေါက်တော့ ဖေကြံတာဖေကြံတာနဲ့ ထအော်ကြတယ်။ ဒါတောင် ၂၀၀၈တုန်းက ချေချင်းရွာတွေမှာ အိမ်ပေါက်စေ့ပိုက်စိပ်တိုက်ရှာပြီးလက်နက်ဆိုလို့ အပ်တိုတစ်ချောင်း မကျန်အောင် သိမ်းထားပြီးသား။ တို့ဆီ ဧည့်စာရင်းစစ်သလိုစစ်ကြည့်လိုက်တော့လူပိုလူလျှံမတွေ့ရတဲ့အပြင် အိမ်ရှိလူငယ်လူလတ်တွေတောင် စာရင်းပျောက်နေတာ အတော်များများပဲတဲ့။ဒီအထဲမှာ ဒီဗီမပေါက်ပဲ မန်ဆာချူးဆက်ရောက်သွားတဲ့ ချေချင်းညီနောင် ပါနေတာတော့ ပြောစရာမလိုတော့ဘူးပေါ့ကွယ်။ ဒါဆိုရင် ချေချင်းတွေရင်ထဲက အမုန်းမီးတောက် ဘယ်လောက်ကြီးကြမယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။
          အရွယ်နဲ့မမျှအောင်စစ်ဘေးစစ်ဒဏ်နဲ့ လူလားမြောက်ခဲ့ရတဲ့ သူတို့အဖို့ ကျားကျားယားယား သန်သန်စွမ်းစွမ်းရှိနေတာအံသြစရာတော့ မကောင်းပါဘူး။ (နှစ်ယောက်စလုံး လက်ဝှေ့တွေ နပန်းတွေ တတ်ကြသတဲ့) ဇာတိကိုစွန့်ခွာပြီးတရပ်တကျေးမှာ ခြေမဲ့လက်မဲ့နဲ့ ရုန်းကန်ရလေလေ၊ ပတ်ဝန်းကျင်သစ်က ခွဲခြားဖိနှိပ်ဆက်ဆံခံရလေလေ၊တရုတ်သိုင်းကားတွေထဲကလို မခံချင်စိတ်နဲ့ ရဲစိတ်ရဲမာန်တွေ တက်လာလေလေပဲ။ သည်အချိန်မှာကောင်းကောင်းကြီး မီးလောင်ရာလေပင့် ပေးနိုင်တာကတော့ အင်တာနက်ကြီးပဲ ဖြစ်ပါတယ်။ ဂျီဟဒ်ဂျီဟဒ် နဲ့ ကိုယ့်အသက်မဟုတ်တိုင်း သူများအသက်ကိုရင်းဖို့ မြှောက်ပင့်ရေးသား နေတဲ့ ၀က်ဆိုက်တွေအများကြီး ရှိတယ်။ ကိုယ့်ဆီမှာ မြန်မာဘာသာနဲ့ ဖေ့စ်ဘုတ်အကောင့်တွေတောင် အဲလောက်ဘုန်းပေါလအောရှိနေမှ အမေရိကန်စတန်းဒတ်တွေ ဘယ်မရှိပဲ နေပါ့မလဲ။ နဂိုကတည်းက ချေချင်းပျောက်ကျားတွေဟာအယ်လ်ကိုင်ဒါတွေနဲ့ အဆက်အသွယ်ရှိကြတာလည်း အထောက်အထားတွေနဲ့ တွေ့ထားတယ်။ ဘယ်နိုင်ငံကဘာအကြောင်းနဲ့ခိုလှုံလာရတဲ့ မူဆလင်မျိုးကိုမဆို သူတို့လိုချင်သလို မှိုင်းတိုက် အသုံးချမယ့်အဖွဲ့အစည်းတွေဟာ မြေပေါ်မှာရော မြေအောက်မှာပါ ရှိတယ်။ ဘင်လာဒင်သေလို့၊ ဆဒမ်ဟူစိန်သေလို့အနောက်ကမ္ဘာကြီး အေးချမ်းသွားလိမ့်မယ် လို့ မထင်နဲ့။ သူတို့ရင်ထဲက အမုန်းမီးတောက်တွေကိုမငြှိမ်းနိုင်ရင် ဖွဲမီးလို ဆက်လောင်နေဦးမှာပဲ။ မီးစာရယ်၊ ဓါတ်ဆီရယ်၊ ယပ်တောင်ရယ်သုံးခုအတူထားမိလို့ကတော့ လောင်တဲ့မီးကို အဆိုးမဆိုနိုင်တော့ဘူး။ ရှို့မယ့်သူက အဆင်သင့်။
           အခုဖြစ်ရပ်ကိုပြန်ဇယားချကြည့်လိုက်တော့ တရားခံသုံးယောက်ထွက်လာတယ်။ တစ်တရားခံကတော့ ကာယကံရှင် ညီအကိုပေါ့။နှစ်တရားခံ နောက်ကွယ်က ကြိုးကိုင်သူ၊ မြှောက်ပင့် သွေးထိုး လှုံ့ဆော်သူ၊ ဘယ်သူပဲ ဖြစ်ဖြစ်၊မိအောင် ဖမ်းနိုင်သည်ဖြစ်စေ၊ မဖမ်းနိုင်သည်ဖြစ်စေ၊ ဘယ်လောက်ပဲ နှိမ်နှင်းနှိမ်နှင်း၊ငကန်းသေရင် ငစွေလာဦးမှာပဲ။ ဒါကြောင့် တတိယတရားခံဖြစ်တဲ့ မညှာမတာ မတရားသဖြင့် အကြမ်းဖက်နှိမ်နှင်းတဲ့မုန်းပင်ပျိုးခဲ့သူ အစိုးရမင်းများအပေါ်မှာလည်း တာဝန်မကင်းဘူး။ ရုရှားအစိုးရကလုပ်တာအမေရိကန်ပြည်သူတွေနဲ့ ဘာဆိုင်လို့လဲဆိုရင် ဘာမှ မဆိုင်ပါဘူး။ ဒါပေမယ့် ချေချင်းတွေသွေးကြွအောင်မြှောက်ပေးပြီး လက်နက်ထောက်ပံ့နေတာ အယ်လ်ကိုင်ဒါတွေတင် မဟုတ်ဘူး။ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေကလည်းပါသတဲ့။ မီးစတစ်ဘက် ရေမှုတ်တစ်ဘက်နဲ့ နိုင်ငံရေးကစားနေတဲ့ နေတိုးကလူတွေကိုလည်း ချေချင်းတွေကမော်စကိုကလူတွေလောက်နီးနီး မုန်းပါသတဲ့။ မြှောက်တုန်းကမြှောက်ပေးပြီး အရေးအကြောင်းကျတော့သူမပါသလို ပါးစပ်ကြီးပိတ်နေတာကို စိတ်နာလို့ ဆိုပဲ။ မတရားမှုတစ်ခုမှာ ကြားနေတယ်ဆိုရင်..ဆိုတဲ့ ပုဒ်မကြီး တပ်ထားမှာပေါ့လေ။ အဲဒါ သူတို့ အရှုပ်ထုပ်ကြီးထဲက ကိုယ်မွှေလို့ ရသမျှပါပဲ။
            အလကားနေအလကားဘာဖြစ်လို့ ဓါးခုတ်ရာ လက်ဝင်လျှိုရသလဲဆိုတာကတော့ ကိုယ့်ဆီကလူတွေ သင်ခန်းစာယူစရာတွေအများကြီး ပါလို့ပါ။ ချေချင်းညာမှာ ခွဲထွက်ရေးသမားတွေရှိသလိုပဲ ကိုယ့်ဆီမှာလည်း ဖက်ဒရယ်တောင်းနေတဲ့သူတွေရှိတယ်။ ဘာဖြစ်လို့ တောင်းရသလဲဆိုတော့ ပြည်နယ်ပြည်မ မညီမျှတာတွေ ပြောလို့မကုန်အောင်ရှိတယ်။တိုင်းရင်းသားတွေအပေါ်မှာ လူမျိုးကြီးဝါဒနဲ့ အနိုင်ကျင့် အုပ်စိုးနေတယ် လို့ မြင်တဲ့သူတွေလည်းမြင်တယ်။ ကိုယ့်ပြည်ကထွက်တဲ့ သယံဇာတတွေကို အကုန်လက်ဝါးကြီးအုပ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်ဘာတစ်ခုမှ လုပ်မပေးဘူး လို့ မပြေးသော်ကန်ရာရှိတဲ့ စွပ်စွဲချက်တွေကိုလည်း မငြင်းနိုင်ဘူး။အဲဒီအထဲမှာမှ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ခုထက်ထိ ပြီးပြီးပြတ်ပြတ် ငြိမ်းချမ်းရေးမယူရသေးဘူး။ လိုင်ဆာကို အနိုင်သိမ်းနိုင်လိုက်ရင် ချေချင်းမှာ ငြိမ်သလို ငြိမ်သွားမယ်ပဲတွက်နေတယ်။ အနောက်တံခါးက ကျိုးပေါက်ဝင်လာတဲ့သူတွေရှိသလို အရှေ့စည်းရိုးက လက်နက်ထောက်ပံ့နေတာတွေလည်းအထင်အရှားပဲ။ ပြည်တွင်းပြည်ပ မီဒီယာတွေကနေ အမွှေဇယားခင်းပြီး အိမ်ကြက်ချင်း အိုးမည်းသုတ်နေတာလည်းလောလောလတ်လတ်ကြီး ရှိသေးတယ်။ အဲဒီလူတွေကြားထဲမှာ ချေချင်းတွေလို သေမှာမကြောက်ပဲ ပေတရာလျှောက်သွားမယ့်သူပေါ်လာမှာ စိုးရသေးတယ်လေ။ ဒါကြောင့်မို့လို့ ဘယ်ဘက်ကိုမှ အမုန်းမီးတွေကို မမွှေးစေချင်တော့ဘူး။ကိုယ့်ပြည်တွင်းကလူတွေ မငြိမ်မသက်နဲ့ ကျီးလန့်စာစားဘ၀ရောက်အောင် မီးလောင်ရာလေပင့်ပြီးကိုယ်ကျိုးစီးပွားရှာတဲ့ တောကြောင်တွေကိုလည်း ရပ်စေချင်ပြီ။
              ကိုယ့်ဆီမှာလည်းမကြာခင် ဆီးဂိမ်းကလာတော့မှာ။ နေပူတော်ကြီးကို ရှပ်ဒေါင်းလုပ်ပြီး ခရုခါးတောင်းကျိုက်ဖမ်းနေရရင်လွယ်မယ်မထင်ပါဘူး။ မဖြစ်နိုင်ဘူးလို့တော့ ဘယ်ပြောလို့ရမလဲ။ တခါတခါမှာ ပညာတတ်လှပါတယ်ဆိုပြီးဆရာဝန်ကြီးလုပ်နေတဲ့သူတွေတောင်မှ မြန်မာပြည်မှာ  ဗုံးတစ်လုံးတော့ မဖြစ်မနေ ကွဲရတော့မယ်ဆိုရင် ဟိုရုံးကြီးမှာသာကွဲပလိုက် အေးရောဆိုတဲ့ အတွေးတွေ သူသူကိုယ်ကိုယ် ရှိကြတာ မနည်းဘူးဗျ။ အပေးအယူ အလျော်အစားတွေနဲ့တော်တော်ကြီးစိတ်နာလောက်အောင် ချောင်ထိုးထားခံရတဲ့ ဆရာဝန်တွေ မရှိဘူးလို့ ပြောဦးမလို့လား။ဒါဆိုလည်း နောင်ကျလို့ အသေခံဗုံးခွဲတဲ့ဆရာဝန်တွေ ပေါ်လာခဲ့ရင် မအံ့သြကြေးပေါ့ကွယ်။ အိပ်မက်ထဲမှာပြောတာပါ။ သားသားက ဘောက်ဆင်လည်းမတတ်၊ သေနတ်လည်းခလုပ်မဆွဲတတ်ဘူး။ (ဖောင်ကြီးတက်လို့မရလို့) ရုရှားက ပြန်လာတဲ့ ဆေးဗိုလ်လေးတွေဆို နည်းနည်းနီးစပ်တယ်။ ချေချင်းကြီးတို့ချေချင်းငယ်တို့နဲ့ အဆက်အသွယ်ရှိချင်ရှိခဲ့မှာ။ သူတို့လည်း ဟိုမှာ သုံးနှစ်နေပြီး ဘွဲ့မပေးပဲလက်မှတ်ပဲပေးလို့ စိတ်နာနေသတဲ့။ ဘယ်သူ့ကိုမှ စိတ်နာအောင် မလုပ်တာ အကောင်းဆုံး မဟုတ်လားဗျာ။လူဆိုတာ အချော့ကြိုက်သတဲ့။ နတ်တွေတောင် အချော့ကြိုက်သေးတာပဲ။ ခုကတည်းက မင်းညီနောင်ချော့တတ်အောင် နားထောင်ထားလိုက်ဦးစို့။
“ရွှေပြုံးက ပန်းခွာညို မွှေးလှတယ်ဆို။ပန်စေလို လောင်းညိုလှေကလေးနဲ့ ချိုးတင်ခဲ့လေး။ ရွှေပြုံးကိုသွားမယ်လို့ လှံသွားရယ်တဲ့သုံးတောင်ပြောင်လောက်အောင်သွေး၊ ကျောက်ပျဉ်ကြီးရယ်နှင့် မှန်ဘီးကို ယူခဲ့ပါ့ ညိုနွဲ့ငယ့်လေး။”
မြန်မာ့နိုင်ငံရေးနှင့် အတိုက်အခံ.......
$
0
0
by Pyay Chit Thu (Notes) on Monday, April 22, 2013 at 3:26pm
အတိုက်အခံလုပ်တယ်ဆိုတာက နိုင်ငံရေးဖြစ်စဉ်တွေမှာတော့ လုပ်ငန်းစဉ်တစ်ခုကို ဖျက်ဆီးတာ၊ ပျက်အောင်လုပ်တာ၊ မချောမွေ့ အောင်လုပ်တာ၊ကန့် လန့် တိုက်တာ သက်သက် မဟုတ်ပဲ  တိုးတက်မှု ဖြစ်ထွန်းဖို့ ၊ လူ့ အခွင့်အရေးနဲ့  တရားမျှတမှုတို့  ဖြစ်ထွန်းပေါ်ပေါက်ဖို့ ၊နိုင်ငံရေးဖြစ်စဉ်များ ကောင်းမွန်စွာ ဖြစ်ထွန်းပေါ်ပေါက်ဖို့ အတွက်  မလွဲမသွေလိုအပ်သော ဖြစ်စဉ်တစ်ခုပါ။ အတိုက်အခံ ဆိုတာကိုကအာဏာရှိအစိုးရအဖွဲ့ ကို  အာဏာရှင်အဖြစ် ထင်ရာမစိုင်းရလေအောင်  ထိန်းကျောင်းတည့်မတ် ပေးနေသူတွေလို့  အဓိပ္ပါယ် သက်ရောက်ပါတယ်။ Check & Balance လုပ်ပေးနေတဲ့ အဖွဲ့ အစည်းမရှိတဲ့အခါ  ၊ ဝေဖန်ထောက်ပြနေသူတွေ မရှိတော့တဲ့အခါ  တိုးတက်မှုဖြစ်စဉ်တွေဆုတ်ယုတ်ပြီး ၊ တိုင်းပြည်ဟာ ပျက်ဆီးခြင်းလမ်းဆီကို ဦးတည်ပါတယ်။
သွေးမြေကျခဲ့ရမှုများစွာ၊ အသက်သွေးချွေးဘ၀များစွာ၊ လူပေါင်းမြောက်များစွာ၊ ပြည်သူအားလုံးရဲ့ ခွန်အားအစွမ်းတွေလည်း အတူထောက်ပံ့ပေးခဲ့ကြ၊ ပါဝင်ခဲ့ကြတာပါ။ပြည်သူတစ်ဦးချင်းဆီကပေးသောစိတ်ဓာတ်ခွန်အား များနဲ့  လူထုခေါင်းဆောင်အဖြစ် ထွန်းလင်းတောက်ပခဲ့ရတာပါ။  ပြည်သူနဲ့ ခေါင်းဆောင်ဟာ အချင်းချင်း အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ကြတာပါ။ လူထုခေါင်းဆောင်ဆိုတဲ့ နေရာကို ပြည်သူကပဲ ပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တန်ဖိုးကြီးမားရုံနဲ့  ကျန်ပေးဆပ်ခဲ့ကြသူတွေရဲ့ ပုံရိပ်တွေကိုလည်း မဆင်မခြင် ပစ်ပယ်လိုက်လို့ မရပါဘူး။  မြန်မာ့နိုင်ငံရေးဟာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့  မရပါဘူး။ ဆီ ထွက်လာတဲ့အထိ  စုစုစည်းစည်း ကြိတ်ဖို့  နှမ်းတွေ အများကြီး လိုအပ်ဦးမှာပါ။ 
ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ထက်အစစအရာရာ လက်ဦးမှုရယူပြီး အရာရာကို စံနစ်တကျ ကြိုတင်ပြင်ဆင်ထားသော၊ ထိုသူတို့ ရဲ့ တူညီတဲ့ဘုံအကျိုးစီးပွားအတွက် တစ်ညီတစ်ညွတ်တည်း ရက်စက်ဝံ့သော အာဏာရှင် ဘုံရန်သူ လက်အောက်က လွတ်မြောက်ဖို့  တိုက်နေကြရ ၊ တောင်းဆိုနေကြရတာပါ။ တစ်ယောက်တည်းအားနဲ့ တော့ ရင်ဆိုင်လို့  မရနိုင်ပါဘူး။ ရန်သူက မာယာများတယ်၊ ဆင်ကွက်တွေများတယ်၊ အစွမ်းကုန်ကောက်ကျစ်တယ်၊လက်နက်ရှိတယ်၊ စုစည်းထားပြီးသား အားရှိတယ်၊ နောက်ကနေ ခိုင်ခိုင်မာမာ ထောက်တည်ပေးထားတဲ့၂၀၀၈ ဖွဲ့ စည်းပုံကြီးရှိတယ်။ လက်ရှိအခြေအနေကို မြင်အောင်ကြည့်ရင် ကျွန်တော်တို့ က သူများခင်းထားပြီးသား ကစားကွက်ထဲမှာ စံနစ်တကျ ထည့်သိုခြင်း ခံထားကြရတဲ့ မလှုပ်နိုင်တဲ့ နယ်ရုပ်ကလေးတွေပါ။ အပေးအယူ အလျှော့အတင်း ဆိုရာမှာလည်း သူတို့  လှမ်းတဲ့ ကြိုးစကိုသာ တိုလိုက်ရှည်လိုက် လုပ်နေခဲ့ပြီး အဲဒါကိုသာ ဖမ်းဆုပ်လိုက် ၊ လွှတ်လိုက်လုပ်ပြီး ရချင်ယောင်ဆောင်နေရတဲ့ ဘ၀ပါ။
အခုNLD က ၀ါးအစည်းပြေသလို ဖြစ်နေခဲ့တာပါ။ လက်ရှိခေါင်းဆောင် နှစ်ပါးလို့  ဆိုအပ်သော ဒေါ်စုနဲ့  ဦးဝင်းတင် နှစ်ယောက်မှာကိုက သဘောထား  ကွဲလွဲမှုတွေ၊ အမြင်မတူတဲ့  မညီညွတ်မှုတွေက ပြည်သူအကြားမှာ ရောက်သထက် ရောက်လာနေပါတယ်။ သဘောကတော့ ဦးဝင်းတင်က အတိုက်အခံအလုပ်နဲ့  အတိုက်အခံတာဝန်ကို ဆက်လက်ထမ်းဆောင်နေပြီး။ ဒေါ်စုက လွှတ်တော်ထဲ၊ ပါလီမန်ထဲ ရောက်သွားတဲ့ အစိုးရတစ်ပိုင်းဖြစ်နေသလိုမျိုး  ညှပ်ပူးညှပ်ပိတ် အမိခံနေရသလိုမျိုးနဲ့  မလှုပ်နိုင်အောင် ဖြစ်နေတယ်လို့  မြင်နေကြရတာပါ။ NLD အနိုင်ရခဲ့တဲ့ လွှတ်တော်နေရာ 43 နေရာနဲ့  ဘာမှ မလုပ်နိုင်ဘူးဆိုတာကို လက်ခံနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ သာမာန်လွှတ်တော် ကိုယ်စားလည် မဟုတ်ပါဘူး။ 
သူတို့ ရဲ့ အာဏာကို မထိပါးခဲ့ရင်၊ သူတို့ ရဲ့ အကျိုးစီးပွားကိုသာ မပျက်စီးစေရင်  သူတို့ လည်း လိုက်လျောနိုင်ပြီး ၊ ကမ္ဘာကိုလည်း မျက်နှာပန်းလှစေမယ့် ၊ တိုင်းပြည်အတွက်လည်း အမှန်တစ်ကယ် အကျိုးရှိတဲ့ ကိစ္စတွေ ရှိပါတယ်။ နှစ်ပေါင်းများစွာ စံနစ်တကျ ဖျက်ဆီးခံထားရလို့  ဒီနေ့ ဒီအချိန်မှာ ဘယ်လိုနည်းနဲ့ မှ အဖတ်ဆယ်လို့  ခက်ခဲလှတဲ့  ပညာရေးနဲ့  ကျန်းမာရေးပါ။ တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေတဲ့ အကြောင်းအရာဖြစ်သလို ၊ လက်တွေ့ အကျိုးသက်ရောက်နိုင်ပြီး၊ သူတို့ ရဲ့ အာဏာကို မထိခိုက်စေလို့  ညှိနိုင်းဖို့  လွယ်ကူစေမယ့် ခေါင်းစဉ်တွေပါ။ ညှိနှိုင်းမှုသာ ပါးနပ်ခဲ့ရင် လက်ပန်းတောင်လို ကပ်ဆိုးကြီးကို ခေါင်းခံမယ့်အစား ဒီကိစ္စတွေကို ကြံ့ဖွင့်ကပဲ အဆိုတင်ပါ။ NLD ကထောက်ခံပါ့မယ်။ သမ္မတကြီးကလည်း လိုက်လျောပေးပါ ၊ လုပ်တာတော့ သူ့ သဘောကျ စီမံပိုင်ခွင့်ပေးပါ ဆိုတာမျိုးကို အလွယ်တကူ ညှိနှိုင်းလို့  ဖြစ်နိုင်ခဲ့မှာပါ။ သူ့ ဂုဏ်ကိုမြှင့်ပေးရင်းနဲ့  ကိုယ်လိုချင်တာရအောင်ယူခြင်းကလည်း နိုင်ငံရေးပရိယယ် ပါ။ 
ကျွန်တော်တို့  တိုင်းပြည်ဟာနာလှပါပြီ။ အရာရာမှာ အဖတ်ဆယ်ဖို့  ခက်ခဲအောင်ကို ချွတ်ချုံကြလှပါပြီ။ ဒေါ်စု မှာ အာဏာမရှိလို့  လုပ်မပေးနိုင်ဘူးတို့ ၊ ၂၀၁၅ တမ်းချင်းတို့ နဲ့  စောင့်နေဖို့  မဖြစ်နိုင်လို့ ပါ။ စောင့်နေရင်းနဲ့  တတ်နိုင်တာလေး၊ သိပ်အရေးကြီးတဲ့ အရာလေးတွေကို စွမ်းဆောင်ပေးရင် ပြည်သူတွေမှာ အနာသက်သာ နိုင်လို့ ပါ။ ဒေါ်စုရဲ့ အင်မတန်ကြီးမားတဲ့ သြဇာကို ပညာရေးနဲ့ ကျန်းမာရေး အတွက်ပဲ လောလောဆယ်သုံးပေးပါ။၂၀၁၅ မှာလည်း ပြည်သူကတော့ ဒေါ်စုနဲ့  တစ်သားတည်းရှိပြီး တာဝန်ကျေကြဦး မှာပါ။၁၃
ဂျပန်မှာ ဒေါ်စုပြောခဲ့သလို ဖေဖေသာရှိရင် ၊ ဗိုလ်ချုပ်သာရှိရင်  လက်ရှိ ကွဲပြားနေတဲ့ အတိုက်အခံအဖွဲ့ အစည်းတွေအားလုံးကို ကျုပ်တို့ ဘုံရန်သူကို တိုက်နေကြရတာဆိုပြီး မရရအောင် စုစည်းမှာ၊ စည်းရုံးမှာ အသေအချာပါ။ အင်အားဆိုတာ စုစည်းလေ တန်ဖိုးရှိလေ ဖြစ်ပြီးကွဲပြားကြလေ ရန်သူပျော်လေမျိုးပါ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာခါစက မျော်လင့်ခဲ့မိကြတာက ဒီမိုကရေစီအဖွဲ့ အစည်းတွေအားလုံးကို စုစည်းလိမ့်မယ်လို့ ပါ။ ပြီးခဲ့တဲ့ ပါတီညီလာခံမှာ တူညီတဲ့လမ်းကို လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ အဖွဲ့ သားတွေကို ပါတီအရိပ်မတူရုံနဲ့ NLD က ဘယ်လိုသဘောထားတယ်ဆိုတာကို ဖော်ပြခဲ့တဲ့အခါ ကျွန်တော်တို့  အကြီးအကျယ် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
၂၀၁၅ မျာ ဒေါ်စု သမ္မတဖြစ်တယ်ပဲထားပါ။ လွှတ်တော်မှာပါ အင်အားရှိဖို့ လိုတယ်ဆိုတာ လက်ရှိသမ္မတက သက်သေပြနေတာပါ။ မဟုတ်ရင် သြဇာမရှိသော သမ္မတခင်မျာ  ဘယ်နေ့ ဖြုတ်ချခံရမလဲလို့  လွှတ်တော်ကို ပြန်ကြောက်နေရတာမျိုးပါ။ ပါတီအစွဲကြောင့်လူတော်တွေကို လက်လွှတ်လိုက်ဖို့  မသင့်ပါဘူး။ နိုင်ငံ့အရေးဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့  ရနိုင်ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒေါ်စုကလွဲလို့  ကျန်တဲ့ နိုင်ငံရေးသမားတွေ တစ်ယောက်မှ အသုံးမ၀င်ဘူးလို့  ပစ်ပယ်လို့ မရပါဘူး။ အားလုံးကတိုင်းပြည်အတွက် ကိုယ်နိုင်ရာထောင့်က ၀င်ထမ်းခဲ့ကြတဲ့သူတွေပါ။ ဒေါ်စုရှေ့ က သွားပါ။ အားလုံးဘေးကနေ၀န်းရံပေးပါ့မယ်ဆိုတဲ့အချိန်မှာ  အတ္တတစ်ခုထဲကို ကြည့်ပြီး လမ်းတူတဲ့သူတွေကို ပစ်ပယ်လိုက်လို့ မရပါဘူး။ 
ဒီလိုနဲ့ ပဲ ကျွန်တော်တို့  ရတန်သလောက်တော့ တက်ညီလက်ညီ တွန်းကြရပါလိမ့်မယ်။             ။
                                                                                                             ပြည်ချစ်သူ
လျှောက်လမ်းမတူပေမဲ့ ပန်းတိုင်တူတယ်
$
0
0
by Phio Thiha (Notes) on Monday, April 22, 2013 at 11:04pm
"နင်တို့က ကူညီပေးမယ်ပြောလာပြီးရင် ဒီမှာလာပြီး ချောင်လာလာထိုးတယ်"
"ခင်ဗျားတို့ NGO တွေက လုပ်ပေးမယ်ပြော၊ ပြီးရင် project က ဘာဖြစ်လို့ ညာဖြစ်လို့နဲ့၊ ကျွန်တော်တို့မှာ မျက်နှာအတော်ပျက်ရတယ်"
"NGO အချင်းချင်း စကားပြောရတာပဲ အဆင်ပြေတယ်ဗျာ၊ အစိုးရရုံးတွေ သွားပြီး ပြန်လာရင် လူဆိုတာ ဘယ်လိုကြီး ဖြစ်ဖြစ်လာမှန်းကို မသိဘူး"
ဒီစကားတွေကတော့ NGO မှာ လုပ်နေသူတွေနဲ့ အစိုးရ၀န်ထမ်းတချို့ရဲ့ တစ်ဖက်ကိုတစ်ဖက် အပြစ်မြင်နေကြတဲ့ စကားသံများပဲ ဖြစ်ပါတယ်။
ကျွန်တော် တစ်ခါရေးဖူးတယ်..
အာဏာရှင်စနစ် အော်တိုကရေစီကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့နေရာမှာ ယေဘုယျအနေနဲ့ အဆင့်၃ဆင့် ရှိပါတယ်၊ ထိန်းချုပ်မှုတွေ လျော့ပါးလာတဲ့ အဆင့် (Liberalization)၊ ကူးပြောင်းရေးအဆင့် (Transition) နဲ့ ခိုင်မာရေးအဆင့် (Consolidation) တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိရောက်နေတာကတော့ အသွင်ကူးပြောင်းနေတဲ့ အဆင့်လို့ ဆိုရမှာပါ။ တကယ်တော့ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မြဲဖို့၊ နောက်ကြောင်းပြန်မလှည့်ဖို့အတွက် အရေးကြီးတဲ့အပိုင်း ၅ပိုင်းရှိပါတယ်၊ အဲဒါတွေကတော့..
(၁) အစိုးရအဖွဲ့အစည်း (Political society)
(၂) တရားဥပဒေ စိုးမိုးရေး (Rule of Law)
(၃) ဗျူရိုကရေစီယန္တရား (Bureaucracy)
(၄) စီးပွါးရေးအဖွဲ့အစည်း (Economic society)နဲ့
(၅) အရပ်ဘက်လူ့အဖွဲ့အစည်း (Civil society) တို့ပဲ ဖြစ်ပါတယ်။
ကျွန်တော် ၂၀၁၂ခုနှစ်အတွင်းက ပဲခူးဘက်ကို ပရဟိတအဖွဲ့တစ်ခုနဲ့ အခမဲ့ဆေးကုသရေးခရီးစဉ် လိုက်သွားရင်း အူကျလို့ ခွဲစိတ်ဖို့လိုနေတဲ့ ကလေးတစ်ယောက်ကို တွေ့ခဲ့ဖူးပါတယ်။ အဖွဲ့မှာပါလာတဲ့ သူတွေက ငွေကြေးလှူကြမယ်ဆိုတာနဲ့ အဲ့ဒီကလေးကို ရန်ကုန်ခေါ်ပြီး ခွဲစိတ်ပေးတဲ့နေရာမှာ လုပ်အားဒါန ၀င်ပါဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကလေးဆေးရုံကြီးကို ရောက်၊ အကျိုးအကြောင်း ပြောပြတော့ အားလုံးက ၀မ်းပန်းတသာ ကြိုဆိုကြပါတယ်၊ ကျွန်တော် ၀င်လုပ်ဖြစ်နေတဲ့ ပရဟိတအဖွဲ့လေးအကြောင်းကိုလည်း မေးကြမြန်းကြပါတယ်။ အရေးပေါ်အခြေအနေ မဟုတ်လို့ ချက်ချင်းခွဲရက် မရပေမဲ့ အဲ့ဒီကလေး ပဲခူးကို ပြန်စရာ မလိုခဲ့ပါဘူး၊ တစ်ပတ်အတွင်း ခွဲဖြစ်သွားပါတယ်။ လိုအပ်တဲ့ဆေးတွေကို ဆေးရုံဘက်ကလည်း ကူညီပေးပါတယ်။ သတိထားမိသလောက် မေးကြည့်မြန်းကြည့်သလောက် အဟိန်းအဟောက်လည်း မခံလိုက်ရပါဘူး။ ကလေးရဲ့ မိဘတွေလည်း စိတ်ချမ်းသာ၊ ဆရာဝန်၊ ဆရာမတွေလည်း ပျော်ရွှင်၊ ကျွန်တော်တို့တွေလည်း ပီတိဖြစ်လို့ပေါ့။
အဲ့ဒီလို အနေအထားမျိုးဆန်ဆန်ပဲ ကျွန်တော် NGO မှာ ၀င်လုပ်ပြီး ၄လလောက်အကြာမှာ ထပ်ဖြစ်ပြန်ပါတယ်။ သွေးတွေ မတရားဆင်းပြီး ဖြူဖျော့နေတဲ့ အမျိုးသမီးတစ်ယောက်ကို တခြားသော ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ NGO တစ်ဖွဲ့က ရွာသွားရင်း တွေ့တော့ အမြင်မတော်တာနဲ့ပဲ ဆေးခန်းပြရအောင် မြို့ပေါ် ခေါ်လာပါတယ်။ ဆေးရုံကိုလည်း တန်းမသွားရဲတော့ ကျွန်တော့်ဆီ အကူအညီလာတောင်းပါတယ်။ ကျွန်တော်ကလည်း ကိုယ်မကုနိုင်တဲ့ အနေအထားဆိုတော့ ဆေးရုံသွားရမယ်၊ ကျွန်တော်လည်း လိုက်ကူညီပေးပါမယ်ပေါ့။ ငွေကြေးအလှူလေးပါ နိုင်သလောက် ထည့်လိုက်ပါသေးတယ်။ အဲ့ဒါနဲ့ ဆေးရုံကို ရောက်တော့ ပထမပိုင်းမှာ တော်တော်အဆင်ပြေပါတယ်။ နောက် လူနာ wardထဲရောက်ပြီး အကျိုးအကြောင်း ပြောပြလိုက်တော့မှ အဲ့ဒီက တာဝန်ကျဆရာဝန်က ချောင်လာထိုးတယ်လို့ ပြောတာကို ခံလိုက်ရတော့တာပါပဲ။ အမှန်အတိုင်း ပြောရရင် စိတ်ထဲတော့ အတော်လေး မကောင်းဖြစ်သွားပါတယ်။ ရွာက လူနာတစ်ယောက် ဆေးရုံတင်ဖို့ လိုနေတာကို တွေ့လို့ ဆေးရုံကို ပို့ပေးတယ်၊ ဒါဟာ ချောင်လာထိုးတာလား၊ လူနာဆိုတာ သုံးမရတဲ့ပစ္စည်းတစ်ခုမှ မဟုတ်တာ၊ အမှန်ဆို ငွေကြေးအကူအညီပေးတာတောင် ပရဟိတအဖွဲ့တစ်ခုလို အများကြီး ရှိလို့ ပေးနိုင်တာ မဟုတ်ဘူး၊ ကိုယ့်ဝင်ငွေထဲက နိုင်သလောက်လေး ထည့်ဝင်ထားကြတာ၊ NGO ၀န်ထမ်းတွေအနေနဲ့ ဒီလူနာကို ခေါ်လာတာ မဟုတ်ပါဘူး၊ လူသားတစ်ယောက်အနေနဲ့ ကူညီသင့်လို့ ကူညီပေးတာပဲ ဖြစ်ပါတယ်။ ဒါကို ဒီလိုမျိုးပြောတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ ပိုဆိုးတာက ဆရာဝန်မဟုတ်သော တခြားသူများရဲ့ ရှေ့မှာ ဖြစ်နေတာပါပဲ။ ဆရာဝန်မဟုတ်တဲ့သူတွေက လူနာကို အမြင်မတော်လို့ လာပို့တာကို Noble profession ဆိုတဲ့ ဆရာဝန်က ချောင်လာထိုးတယ် လို့ တုံ့ပြန်လိုက်တာဆိုတော့လည်း ကျွန်တော် မျက်နှာပျက်ရပြန်တာပေါ့။ နောက်မှ စိတ်လေးနည်းနည်းအေးသွားလို့ သေချာစဉ်းစားကြည့်လိုက်တော့မှ မြင်လာတာတစ်ခုက အဲ့ဒီတာဝန်ကျဆရာဝန်ဟာ ကျွန်တော်တို့ရဲ့ရှေ့မှာ NGO အဖွဲ့အစည်း ဘယ်လောက်များများနဲ့ ကြုံခဲ့ဆုံခဲ့ပြီးလို့ ဒီလိုဖြစ်နေရတာလဲ ဆိုတာပါပဲ။ ဒီဖြစ်စဉ်နှစ်ရပ်မှာ ကျွန်တော့်ရဲ့ အားထုတ်မှု၊ ကျွန်တော်တို့ရဲ့ စေတနာ၊ လူနာရဲ့ အခြေအနေ အားလုံးအတူတူပါပဲ။ တစ်ခုပဲ မတူတော့တာက ကျွန်တော်ဟာ အရင်ကတော့ ပရဟိတအဖွဲ့တစ်ဖွဲ့ကို ကိုယ်စားပြုခဲ့သူဖြစ်ပြီး ခုမှာတော့ NGO တစ်ခုမှာ အလုပ်ဝင်လုပ်နေသူ ဖြစ်နေတာပါပဲ။ ပရဟိတအဖွဲ့ဆိုတော့ ယုံကြည်တယ်၊ လေးစားတယ်။ NGO ကျတော့ သူတို့ကို လှည့်နေပတ်နေတဲ့ အဖွဲ့အစည်းလို့ မြင်နေကြပါတယ်။ ဒီတော့မှ သဘောပေါက်လိုက်တယ်၊ တကယ်တော့ ယုံကြည်မှုတည်ဆောက်ဖို့ လိုနေတာ ကချင်နဲ့ မြန်မာ့တပ်မတော်တင် မဟုတ်ဘူး၊ အစိုးရနဲ့ NGO တွေကြားထဲမှာလည်း လိုအပ်နေတာပဲ ဆိုတာပါပဲ။
ဒါဖြင့် ရိုးရိုးပရဟိတအဖွဲ့နဲ့ NGO ဘာကွာပါသလဲ။ ပရဟိတအဖွဲ့မှာ တစ်သက်လုံးတော့ အချိန်ပြည့်လုပ်လို့မရပါဘူး၊ ဒါဟာ ပေ၇ာ်ဖက်ရှင်နယ်တစ်ခု မဟုတ်လို့ပါ၊ ကုသိုလ်ရေးအနေနဲ့ လုပ်ကြတဲ့အလုပ်တစ်ခုပေါ့။ အဲဒီအတွက် တာဝန်ယူမှု တာဝန်ခံမှုဆိုတာလည်း မရှိပါဘူး၊ ကိုယ်ခေါင်းကိုက်နေတယ်၊ ဒီတစ်ခေါက် မလိုက်ချင်ဘူးဆိုလည်း ဘယ်သူကမှ ဘာမှမပြောပါဘူး။ NGO မှာလုပ်ရင်တော့ ထိုက်သင့်တဲ့ လခတစ်ခု ရပါတယ်၊ အဲ့ဒီလခနဲ့ တန်တဲ့ တာဝန်ဆိုတာ ပါလာပါတယ်၊ Valentines Day အတွက်နဲ့တော့ ခွင့်ယူလို့ မသင့်ပါဘူး။ ပရဟိတအဖွဲ့အနေနဲ့ ရွာတစ်ရွာကိုသွားလို့ လူနာသိပ်မလာဘူးဆိုလည်း ပြဿနာ မရှိပေမဲ့ NGO အနေနဲ့တော့ အစစအရာရာ သေချာစီစဉ်ပြီးတော့မှ ငွေကြေးအလေအလွင့် မရှိရအောင် ဆောင်ရွက်ကြရပါတယ်။ တကယ်တော့ NGO ဆိုတာလည်း ပရဟိတအဖွဲ့ပါပဲ၊ လစာပေး ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ ရည်မှန်းချက်အတိအကျထား ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့အကြီးစားလို့ ဆိုရမှာပေါ့။
ဒါပေမဲ့ မြန်မာပြည်က NGO တွေကို တကယ်ရော ပရဟိတအဖွဲ့လို့ မြင်ကြရဲ့လား၊ သူတို့ကိုယ်တိုင်ရော အဲ့ဒီပုံစံပေါက်နေရဲ့လား စဉ်းစားကြရပါမယ်။ ဒါမှ ဘာကြောင့် ယုံကြည်မှုပျက်ပြားနေကြရလဲ သိနိုင်မှာပါ။
ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်လာရတာလဲ စဉ်းစားမိသလောက် ဆွေးနွေးကြည့်ပါမယ်။
အာဏာရှင်နဲ့ အကြောက်တရား
NGO ဆိုတာကို မြန်မာလို တိုက်ရိုက်ဘာသာပြန်တော့ အစိုးရမဟုတ်သော အဖွဲ့အစည်းပေါ့။ အစိုးရနဲ့ မပတ်သက်ဘူး၊ လက်အောက်ခံ မဟုတ်ဘူး ဆိုတဲ့ အနေအထားတစ်ရပ်မှာ ရှိနေပါတယ်။ မြန်မာပြည်မှာတော့ NGO ဆိုရင် နိုင်ငံခြားက အလှူရှင်တွေရဲ့ ငွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့တွေကိုမှ NGO လို့ ထင်တတ်ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတိုင်းသည် NGO ပါပဲ။ နာရေးကူညီမှုအသင်း၊ ရုပ်ရှင်အစည်းအရုံး၊ ဆရာဝန်အသင်း၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ဒါတွေအားလုံးဟာ NGO တွေပဲ ဖြစ်ပါတယ်။ သဘောသဘာဝအရ အစိုးရရဲ့ လက်အောက်ခံမဟုတ်သလို၊ အစိုးရလောက်လည်း ကျယ်ကျယ်ပြန့်ပြန့် အလုပ်မလုပ်နိုင်ပါဘူး၊ တစ်ပိုင်တစ်နိုင်သဘောမျှသာ ဖြစ်ပါတယ်။ သဘောချင်းတူတဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်တာမျိုး ရှိသလို၊ တစ်ခါတစ်ရံမှာလည်း check & balance ထိန်းညှိဝေဖန်တဲ့ သဘောရှိပါတယ်။ (မြစ်ဆုံလိုကိစ္စမျိုးမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO များဟာ ဒီတာဝန်ကို အပြည့်အ၀ ကျေပွန်ကြရပါတယ်) အဲ့ဒီမှာတင် အစိုးရနဲ့ NGO ထိပ်တိုက်တွေ့ကြရတာပါပဲ။ တစ်ဖက်က ဆင်းရဲနွမ်းပါးမှုဆိုရင် လက်ခံဖို့ဝေးလို့ အသံတောင် မကြားချင်ဘူး။ တစ်ဖက်ကလည်း ဒီလို ဒီလိုတွေ ဆင်းရဲနေတယ်၊ နွမ်းပါးနေတယ်လို့ ပြောပြနိုင်မှ ရပ်တည်နိုင်မဲ့ အနေအထားမှာ ရှိနေတယ်။ တစ်ဖက်က HIV ဝေဒနာသည်တွေကို ကူညီဖို့ ကြိုးစားနေကြတယ်၊ တစ်ဖက်ကတော့ ဒီလူနာစာရင်းကို ဖြစ်နိုင်သမျှ ခပ်နည်းနည်းပဲ ကြားချင်တယ်။ အဲ့ဒီတော့ အာဏာရှင်စနစ်အောက်မှာ NGO တွေဟာ ရှင်သန်ခွင့် မရကြပါဘူး။ အဲ့ဒီအတွက် report တွေပို့တဲ့အခါမှာ တကယ့်အစစ်အမှန်ဆိုတာထက် ဟိုဘက်က သဘောကျလောက်မဲ့၊ ကိုယ့်အလုပ်တွေ ဆက်လုပ်လို့ ရလောက်မဲ့ ပမာဏတွေကိုသာ တင်ပြကြရပါတော့တယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ အစိုးရနဲ့ NGO ကြားမှာ ယုံကြည်မှုပျက်ပြားလာပါတယ်။ အမှန်မကြားချင်လို့သာ သူတို့တင်သမျှ မျက်စိမှိတ်ထားပေမဲ့ တကယ်မဟုတ်ဘူးဆိုတာကိုလည်း တစ်ဖက်က သိနေပြန်ပါတယ်။
ကိုယ်တိုင်တော့ မကြည့်ဖူးပေမဲ့ ဆရာဦးရဲမြင့်ကျော်ရေးတဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ ဇာတ်ကားလေးတစ်ကားအကြောင်းပေါ့။ မှတ်မိသလောက် ဖတ်လို့ကောင်းအောင် ပြန်ရေးပါမယ်၊ အဲ့ဒီကားထဲမှာ မင်းသားက နာမည်ကျော်ရှေ့နေတစ်ယောက်၊ သူလိုက်သမျှ အမှုတိုင်းနိုင်တယ်၊ မှန်တာ မမှန်တာ နောက်ထားပေါ့၊ အဲ့ဒီဘ၀မှာလည်း မင်းသားက အရမ်းပျော်နေတယ်။ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ မင်းသားဟာ သူ့စိတ်က မရည်ရွယ်ပါဘဲနဲ့ ပါးစပ်က အမှန်တွေချည်း ပြောထွက်ထွက်သွားတာမျိုး ဖြစ်လာပါတယ်။ အဲ့ဒီမှာတင် သူလိုက်သမျှအမှုတိုင်း ရှုံးတော့တာပေါ့။ စိတ်ဓါတ်တွေလည်း အကြီးအကျယ်ကျရတယ်။ ဒါပေမဲ့ အချိန်တစ်ခု ကြာလာတဲ့အခါမှာတော့ လူအများရဲ့ ယုံကြည်မှုကို ရလာတယ်၊ အရင်ကတော့ သူ့အရည်အသွေးကြောင့် အောင်မြင်ခဲ့ပေမဲ့ ခုတော့ သူ့ရဲ့ ရိုးသားမှုက အောင်မြင်မှုရဲ့ အသက်သွေးကြော ဖြစ်လာတယ်။ သူ့ပါးစပ်က ထွက်လိုက်ရင်တော့ အဲဒါမှန်လို့ပေါ့ ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ မဟုတ်မမှန် လုပ်ထားတဲ့သူတွေလည်း သူ့ကို ရှေ့နေလိုက်ပေးဖို့ မငှားရဲတော့ဘူး။ တရားသူကြီးကလည်း အထွေအထူးတောင် စဉ်းစားနေစရာ မလိုဘူး၊ သူပြောတဲ့စကား နားထောင်လိုက်ရုံနဲ့တင် ပြီးတယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်လာတာပေါ့။နောက်ဆုံးမှာတော့ အမှန်တရားသာလျှင် အင်အားပါပဲဆိုတာကို ပြသွားတဲ့ ကားလေးပါ။ အမှန်ကို တင်ပြလို့မရတဲ့ အခြေအနေ၊ အရှိအရှိတိုင်း ပြောလို့မဖြစ်တဲ့ အနေအထားတစ်ရပ်မှာ အပေါ်က ပြောင်းတာကို စောင့်မှာလား၊ ကိုယ်က အရင်ပြောင်းပြီး အမှန်အမှန်တိုင်း ပြောမှာလား ရွေးချယ်ကြရပါမယ်။ ယနေ့ခေတ်မှာ ပျက်ပြားနေသမျှသော ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့အရေးမှာ ရိုးသားမှုနဲ့ အကြောက်တရားကင်းမှုဟာ အင်မတန် အရေးပါလာပါတယ်။
ပွင့်လင်းမြင်သာမှု
နောက်ထပ်လူပြောသူပြော အများဆုံးကိစ္စကတော့ Transparency လို့ခေါ်တဲ့ ပွင့်လင်းမြင်သာမှုပေါ့။ ခုနောက်ဆုံး Myanmar Peace Center တောင်မှ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်လာလို့ ရှင်းရလင်းရ လုပ်ရသေးတယ်မဟုတ်လား။ ကိုယ်တိုင်တော့ မကြုံဖူးပေမဲ့ ဖေ့စ်ဘွတ်ပေါ်က ပို့စ်လေးတစ်ခုမှာတော့ NGO ၀န်ထမ်းတွေဟာ ကိုယ်တက်ရမဲ့ Training ရဲ့ ခေါင်းစဉ်ကိုတောင် မသိဘဲ Perdium ရရင်ပြီးရော လာတက်ကြတာမျိုး၊ ရိုးရိုးကား ငှားစီးသွားရင် ရရက်နဲ့ ကားကို စင်းလုံးငှားသွားတာမျိုးတွေ ရှိတယ် လို့ ရေးထားတာကို ဖတ်ဖူးပါတယ်။ အင်မတန် မှတ်သားစရာ ကောင်းပါတယ်။ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့လို ဆရာတွေကိုယ်တိုင် ဝေဖန်ထားတဲ့ ကိစ္စဖြစ်လို့ မျက်လုံးမှိတ်ဇွတ်ငြင်းနေလို့တော့ မရပါဘူး။ အစိုးရနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် ဒါဟာလည်း အင်မတန် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်
အစွန်းမရောက်ဖို့
နောက်တစ်ခုကတော့ NGO အဖွဲ့အတော်များများမှာ Core values လို့ခေါ်တဲ့ မိမိတို့ တန်ဖိုးထားတဲ့ အရာများ ရှိတတ်ပါတယ်။ ဥပမာ ကိုယ်က ရိုးသားမှုကို တန်ဖိုးထားတယ်ဆို ကိုယ့်လုပ်သမျှအလုပ်တိုင်းမှာ ရိုးသားမှုဟာ ထင်ဟပ်နေမှာပေါ့။ ကိုယ့်ရဲ့ core value က ပိုက်ဆံဆို ကိုယ်ဘာလုပ်လုပ် ငွေရမှလုပ်မယ်ဆိုတဲ့ အနေအထားမျိုးပေါ့။ အဲဒီိလို NGO တွေရဲ့ core value မှာ ပါသင့်တာတစ်ခုကတော့ မဇျိမပဋိပဒါ ဆိုတဲ့ အလယ်အလတ်လမ်းစဉ်ပါပဲ။ အစွန်းမရောက်သွားဖို့ သိပ်ကို အရေးကြီးပါတယ်။
ပထမတစ်တွဲကတော့မှတ်တမ်းမှတ်ရာ မရှိခြင်း နဲ့ အဖြစ်လုပ်ခြင်းပါ။ ကျွန်တော်တို့ မြန်မာတွေ သိပ်အားနည်းတဲ့ အပိုင်းလို့ ဆိုရမလားပဲ၊ ဘာလုပ်လုပ် ဘာကိုင်ကိုင် မှတ်တမ်းတင်ထားလေ့ မရှိကြဘူး၊ အဲ့ဒီတော့ ကိုယ်က ဘယ်လောက်ကြီးပဲ ကြိုးစားကြိုးစား၊ ဘယ်သူမှ မသိဘူး၊ တစ်ယောက်ယောက်က စစ်ဆေးရေးဝင်တဲ့အခါမှာ အလဲအကွဲ ဖြစ်ကြရတော့တာပါပဲ။ နောက်တစ်ဖက်စွန်းကတော့ မှတ်တမ်းဝင်ရင် ပြီးတာပဲ ဆိုတဲ့ အနေအထားမျိုးပေါ့။ ဟောပြောပွဲတစ်ခု လုပ်တယ်၊ ဓါတ်ပုံတွေ ရိုက်တယ်၊ လက်ဆောင်တွေ ဝေတယ်၊ ဘယ်သူလာကြည့်ကြည့် ဟောပြောပွဲလုပ်လား ဆို လုပ်တယ်၊ လက်ဆောင်ဝေလား ဆို ဝေတယ်၊ ဒါပေမဲ့ တက်ရောက်နားထောင်တဲ့သူတွေ တကယ်အကျိုးရှိသွားလားဆိုတော့ မရှိဘူး၊ မရှိဆို ဟောပြောတဲ့အချိန်က ခဏလေး၊ ဟောမဲ့ပြောမဲ့သူတွေက သေချာမပြင်ဆင်လာ ဆိုမှတော့ ဘယ်လိုမှ အကျိုးမရှိနိုင်တော့ဘူး။ ဒါမျိုးတွေ များလာတဲ့အခါမှာ သူတို့က ဟန်ပြပဲ လုပ်နေတာပဲ ဆိုပြီး ယုံကြည်မှု ကင်းမဲ့လာကြပါတယ်။ အဖြစ်လုပ်တာနဲ့ အလုပ်ဖြစ်တာ ကွဲပြားကြရပါမယ်။
နောက်တစ်တွဲကတော့ Target ဆိုတဲ့ ရည်မှန်းချက်ကို ဂရုမစိုက်ခြင်းနဲ့ Target ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ် ဆိုတဲ့စိတ်မျိုးမွေးခြင်းပါ။ ခုနကပြောခဲ့သလို အပျော်တမ်းဝင်လုပ်နေတဲ့ Volunteer မဟုတ်ပါဘူး၊ လခတစ်ခုကို ယူထားတဲ့ ၀န်ထမ်းတွေဖြစ်လို့ Target ဆိုတာကို ဂရုမစိုက်လို့တော့ မရပါဘူး၊ ပရော်ဖက်ရှင်နယ် ပီသကြရပါမယ်။ ဒါပေမဲ့လည်း Target ဆိုတာ တစ်ခုတည်း ခေါင်းထဲရှိုနေလို့တော့ မရပါဘူး၊ ကိုယ့်လုပ်ရပ်တွေရဲ့ ရေရှည်အကျိုးသက်ရောက်မှုကိုလည်း ထည့်စဉ်းစားရပါမယ်။ မဟုတ်ရင် ကိုယ်တွေလုပ်ပေးလိုက်တဲ့ ဆောင်ရွက်မှုတွေရဲ့ အရည်အသွေးဟာ ကျလာတတ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အများရဲ့ ယုံကြည်မှုဟာ ကျဆင်းလာတော့တာပါပဲ။
Sustainable Development
ကြုံကြိုက်တုန်းမှာ ဖတ်ဖူးတာလေးတစ်ခု ပြောပါရစေ၊ Sustainable Development လို့ ခေါ်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအကြောင်းပါ။ စဉ်ဆက်မပြတ်လို့ ဘာသာပြန်လိုက်တော့ အများရဲ့အမြင်မှာ Continuous & Successive Development လို့ အမှတ်မှားသွားကြပါတယ်။ ဥပမာ ကျွန်တော့ဆေးခန်းကို ဒီလ လူနာတစ်ရာ လာလို့ နောက်လ နှစ်ရာ၊ နောက်တစ်လကျ သုံးရာ၊ အဲ့ဒီလို တစ်ဆင့်တစ်ဆင့် တက်တက်လာတာကို Sustainable Development လို့ မသတ်မှတ်ပါဘူး။ တကယ်တော့ Sustainable Development ဆိုတာဟာ Future Generation ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ဘဲ လက်ရှိ Generation ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းခြင်းကို ခေါ်တာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ ကိုယ်တာဝန်ယူနေတဲ့ ကာလမှာတော့ ဖွံ့ဖြိုးလို့ တိုးတက်လို့၊ ကိုယ်လည်း အလုပ်ထွက်သွားရော နောက်လူက ဘာမှကို လုပ်လို့မရတော့လောက်အောင် ဖြစ်ကျန်ခဲ့ရတာမျိုးတွေနဲ့ ကြုံရနိုင်ပါတယ်။
ပခုံးပေါ်က တာဝန်
ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားတစ်ခွန်းကို ကျွန်တော်သိပ်သဘောကျပါတယ်။
လူတစ်ယောက်ရဲ့တန်ဖိုးကို သူဖြတ်သန်းနေတဲ့ ခေတ်ကြီးက သူရဲ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို ဘယ်လောက်ထမ်းဆောင်နိုင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ပဲ တိုင်းရမှာပဲဆိုတဲ့ စကားပါ။
၈၈မျိုးဆက်တွေအတွက်တော့ အာဏာရှင်စနစ် ပြုတ်ကျပြီး ဒီမိုကရေစီ ရဖို့က သူတို့ပခုံးပေါ်က တာဝန်ပေါ့။ ဒါဆို ကျွန်တော်တို့ ၂၀၁၁ မျိုးဆက်တွေကရော၊ ရလုရခင် ဖြစ်နေတဲ့ ဒီမိုကရေစီစနစ် နောက်ပြန်လှည့်မသွားဖို့ ပိုမိုခိုင်မြဲဖို့ဟာ ကျွန်တော်တို့ရဲ့ ခေတ်ကြီးက ပေးလိုက်တဲ့ တာဝန်ပေါ့။ ကျွန်တော်တို့တွေ ဒီတာဝန်ကိုသာ ကျေမယ်ဆို တန်ဖိုးမြင့်တဲ့ လူတွေဖြစ်လာမှာ ဖြစ်သလို၊ နောင်နှစ်ပေါင်း ၅၀၊ ၁၀၀ ကြာတဲ့အချိန်မှာ ရှိနေမဲ့ လူတွေရဲ့ ပခုံးပေါ်က တာဝန်ကလည်း ပြောင်းသွားမှာပေါ့၊ မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာ့နံပါတ်တစ်နိုင်ငံတစ်ခု ဖြစ်လာစေဖို့ ဆိုတာမျိုး ဖြစ်နေနိုင်တယ်လေ။
ဒါဆို ခုလောလောဆယ် ဒီတာဝန်ကို ဘယ်လို ထမ်းဆောင်ကြမလဲ။ လွှတ်တော်ထဲ ၀င်မှမဟုတ်ပါဘူး၊ လွှတ်တော်ထဲလည်း ကျွန်တော်တို့အားလုံး ၀င်နေလို့ မရပါဘူး။ ဒီမိုကရေစီစနစ် ခိုင်မာဖို့၊ အပြောင်းအလဲတွေ ရှေ့ကိုပဲ ဦးတည်နေဖို့အစိုးရ (State)၊ ပုဂလိက (Private) နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) ကဏ္ဍ(၃)ခုကြားက ပူးပေါင်းဆောင်ရွက်မှုဟာသိပ်ကိုအရေးကြီးပါတယ်။ ခုခါမှာတော့ လွတ်လပ်စွာ အသင်းဖွဲ့စည်းနိုင်ခွင့်နဲ့အတူ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ တော်တော်များများတော့ ပေါ်ထွက်လာနေပါပြီ။ ပေါ်လာတိုင်းလည်း မရသေးပါဘူး။ အားကောင်းဖို့လည်း လိုပါသေးတယ်။ အဲဒီအတွက်တော့ သုံးဖက်စလုံးမှာ အပြန်အလှန် လေးစားမှု ယုံကြည်မှုတွေ ရှိကြရပါမယ်။ Us & Them ဆိုတဲ့ အမြင်မျိုး မဟုတ်ဘဲ ငါတို့အားလုံးဟာ ငါတို့မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် အလုပ်လုပ်နေကြတာ ဆိုတဲ့ အမြင်မျိုး ရှိကြဖို့တော့ လိုပါတယ်။ လျှောက်လမ်းချင်းတော့ မတူဘူးပေါ့ဗျာ၊ ဒါပေမဲ့ ပန်းတိုင်ချင်း တူနေတာပဲ၊ ဘာဖြစ်လို့ လက်မတွဲနိုင်ကြရမှာလဲ၊ မယုံကြည်နိုင်ရမှာလဲ၊ မလေးစားနိုင်ကြရမှာလဲ။
Viewing all 1811 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>