Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

၈၈ ကိုယ်တွေ့ (၆)

$
0
0




အလောင်းဘုရား လက်ထက်က ၀ါးရင်းတုတ်နဲ့  ယိုးဒယားကို တက်တိုက်ခဲ့ တယ် ပြောကြတာ ပါးစပ်ရာဇ၀င်အဖြစ် ကြားခဲ့ဖူး ပေမယ့် G3 ၊ G4 အပါအ၀င် တိုက်ပွဲ အတွေ့ အကြုံအပြည့် ရှိတဲ့ တိုက်ပွဲဝင် ဖွဲ့  စည်းပုံအပြည့် တပ်မ တပ်ရင်းကို တူမီးသေ နတ်တောင်မပါဘဲ ဂျင်ဂလိ ၊လေးခွ၊ ခဲမျိုးစုံနဲ့ ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တဲ့အလောင်းဘုရား မျိုးဆက်တွေကိုတော့ ကိုယ်တွေ့  ကြုံခဲ့ရပါတယ်။ ရုပ်ရှင်ရုံခုံတန်းတွေ အပါအ၀င် အတားအဆီးမျိုးစုံ အထပ်ထပ်ကြောင့် သူတို့ ဆီကျည်ဆံမ ရောက်နိင်ဘူးထင်လို့ လား၊ အသေခံ တိုက်မယ် ဆုံးဖြတ်ထားသလား မသိပေမယ့် ရဲရဲဝန့် ဝန့်  ဆဲဆို ပစ်ခတ်နေတာကြောင့် အတားအဆီး ဖယ်ရှားရေး ကိုရပ်တန့် ပြီး နှောင့်ယှက်သူတွေကို ရှင်းလင်းဖို့ ပြင်ရပါတော့ တယ်။


ညအမှောင်ထုကြောင့် တစ်ဖက်နဲ့ တဖက် အသံတွေ ဆူညံနေပေမယ့် သဲသဲကွဲကွဲ မမြင်ကြပါဘူး။ အပြန်အလှန် တိုက်နေကြ စစ်မြေပြင်မှာတော့ အရင်လက်ဦးသူက စပစ်တာဖြစ် ပေမယ့် ၊ ထိန်းသိမ်းပစ်ခတ်ဖို့ တပ်ရင်းမှုးရဲ့  ညွှန်ကြားချက် ရှိတဲ့အပြင် တဖက်သတ်ပစ်ရမယ့် အခြေအနေဖြစ်နေလို့ စဉ်းစားရကြပ်ပါတယ်။ ပစ်မိန့် လည်းရထားပြီး ၊ တပ်စုလည်း ဆဲဆိုပစ်ခတ် ခံနေရတဲ့အပြင် ၊လမ်းကြောင်းအတားအဆီးတွေ ဖယ် ရှားရေး ရည်မှန်းချက်တာဝန် အောင်မြင်ဖို့ က မလွှဲမသွေပစ်ရတော့မှာ ဖြစ်ပါတယ်။ တပ်စုတစ်စုလုံး တာမွေအ၀ိုင်းလမ်း ဘယ်ဖက် (ရုပ်ရှင်ရုံဘက်ခြမ်း) ကိုမျက်နှာမူ ရင်ဘောင်တန်း နေရာယူထားပြီး ဖြစ်လို့  ရှေ့ပစ်အား လိုအပ်သလို စိတ်ကြိုက်ပစ်နိင်တဲ့ အနေ အထား ဖြစ်ပါတယ်။

ပထမဆုံး အလယ်မှာရှိတဲ့ တပ်စိတ်က G3 ကိုင် ရဲဘော်သုံးယောက်ကို တိုက်ခန်းတွေ လွတ်ရာ မိုးပေါ် ထောင်ပြီး တစ်တောင့်ချင်း သုံးချက်စီ တပြိုင်တည်း ပစ်ခတ်စေပါတယ်။ ခနငြိမ် သွားကြပြီး ပြန် အော်ဟစ် ဆဲဆို ပစ် လာပြန်ပါတယ်။ မိုးပေါ်ထောင်ပစ်တဲ့  အကျိုးကြောင့် လူအုပ်သံတွေ ပိုဆူညံများပြားလာပါတယ်။ နှစ်ဘက်အကြား ကာဆီးထားတဲ့ အတားအဆီး တွေသာ မရှိရင် မနေ့ က ကုန်သွယ်ရေးရုံး ၀င်စီးသလို စီးလာမလား ထင်ရပါတယ်။ လူစုကွဲသွားမလားလို့  စေတနာနဲ့  မိုးပေါ်ထောင်ပစ်လိုက်တဲ့ အမှားကြောင့် ပိုပြီး ဆူပူလူစုလာအောင် လုပ်သလိုဖြစ်သွားပါတယ်။ “တကယ်မပစ် ရဲပါဘူး” အော်သံတွေနဲ့ အတူ ပိုဆူညံလာလို့  ဆူညံနေတဲ့ လူအုပ်အသံတွေရဲ့  ခေါင်းပေါ်ကျော်ပြီး ပစ်ချင် ပေမယ့် ညအမှောင်ကြောင့် တိုက်ခန်းတွေ ကျည်လမ်းကြောင်း လွတ်မလွတ် မခန့် မှန်းနိင်လို့  နှစ်လက်ကို မိုးပေါ်ထောင်၊ တစ်လက်ကို ဆူညံနေတဲ့ အသံ တွေကြား တစ်တောင့်ချင်းဘဲ ငါးချက်စီပစ်ပါတယ်။  အော်ဟစ်ဆဲဆိုသံတွေနဲ့ အတူ အားလုံး ခြေဦးတည့်ရာ ပြေးလွှားသံတွေ ဆူညံသွားပြီး လူစုကွဲသွားပါတော့တယ်။ များပြား လှတဲ့ အတားအဆီးတွေကို ဖယ်ရှားပြီး အပြန်လမ်း တလျှောက်မှာလည်း အတားအဆီးတွေ ပြန်ပိတ်ဆို့ ထားပြန်လို့ ရှင်းလင်းရင်း ပြန်ခဲ့ကြတာ တော်တော်ညဥ့်နက်မှ ကျိက္ကဆံကွင်းကိုပြန်ရောက် ပါတော့တယ်။

တပ်နေရာတွေ  ပြန်ပြောင်းလဲကြပြီး တပ်ရင်းမှုးဦးစီးစစ်ကြောင်းနဲ့  တစ်ခွဲက သာကေတမြို့ နယ် ပညာရေးမှုးရုံးစိုက်ရာ အထက်တန်းကျောင်း၊ ကျန်တစ်ခွဲတွေက သင်္ကန်းကျွန်း အထက(၁)၊ ဒေါပုံ၊ သံလျှင်တံတားစီမံကိန်း အသီးသီး နေရာ ပြောင်းရွှေ့  တပ်စွဲကြပါတယ်။ သံလျင်တံတားစီမံကိန်းရုံးတပ်စွဲဖို့ တပ်ခွဲလမ်းကြောင်း ရှင်းလင်းသွားရာကို စစ်ဒေသမှုးလိုက်ပါပြီး သာကေတလမ်းမပေါ်မှာ တခါမှမကြုံဖူးတဲ့  မျက်စေ့တဆုံး လူပင်လယ်ကြီးနဲ့ ပိတ်ဆို့ နေပါတော့တယ်။ စစ်သဘောအရတော့ အမိန့် ပေးထားပြီး ဖြစ်လို့  ချီတက်ရာလမ်းကြောင်းမှာ လူစုလူဝေးပိတ်ဆို့ နေ သူတွေကို ပစ်ခတ်ရှင်းလင်း ချီတက်ဖို့ ဘဲရှိပါတယ်။ နောက်က စစ်ဒေသမှုးကိုယ်တိုင် လိုက်ပါလာတာ ဖြစ်လို့  ရှေ့ ပြေးတပ်ခွဲမှုးဟာ ဒီလူအုပ်ကြီးကို ရှင်းလင်းဖို့ အမြန် စဉ်းစား ဆုံးဖြတ်ရပါတော့တယ်။




ထိုင်းဘုရင့်တပ်မတော် တော်ဝင်မရိန်းတပ်ဖွဲ့ကြီး

$
0
0
Htay Gyi's photo.
ထိုင်းတပ်မတော်ဘုရင့်မရိန်းတပ်ဖွဲ့ကြီးသည်ထိုင်းဘုရင့်ရေတပ်မတော်\အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ၁၉၃၂ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


၁၉၄၀ပြည့်နှစ်တွင်တပ်ရင်းကြီးအဆင့်ထိတိုးမြင့်ဖွဲ့စည်းခဲ့ပြီး၁၉၅၀ မှ၁၉၆၀အတွင်း
ကွန်မြူနစ်သူပုန်များအားနှိမ်နင်းရာတွင်ပါဝင်ခဲ့သည်။

၁၉၆၀ပြည့်လွန်နှစ်များအတွင်း အမေရိကန်မရိန်းတပ်ဖွဲ့၏လေ့ကျင့်သင်ကြားပေးမှုဖြင့်တပ်မဟာ
အဆင့်ထိဖွဲ့စည်းလာနိုင်ခဲ့သည်။ လက်ရှိကာလတွင် အင်နား၂၀၀၀၀ ရှိသောတပ်မဟာ(၂)ခု အထိဖွဲ့စည်းထားရှိကာ မလေးရှားနယ်စပ်ဒေသများတွင်တပ်ဖြန့်ထားပါသည်။
Htay Gyi's photo.
ထိုင်းမရိန်းတပ်ဖွဲ့၏မူလ အမြုတေကို၁၈၈၃ ရာမ၃ ဘုရင်လက်ထက် တွင်ရေတပ်သားများနှင့်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ကို သဟန်မာရီးဟု ခေါ်ကြပါသည်။

၎င်းတို့၏ဖွဲ့စည်းပုံအနေဖြင့်
- တပ်ဖွဲ့ကြီးဌာနချုပ် (ဘန်ကောက်)
-တပ်ရင်း ၃ရင်းစီပါဝင်ဖွဲ့စည်းထားသော တပ်ရင်း(၃)ရင်း(တပ်ရင်း၉ရင်း)(သံချပ်ကာတပ်ရင်းကြီး၁ရင်းအပါအ၀င်)
-မြေပြင်ပစ်အမြောက်တပ်ရင်း၃ရင်းနှင့်လေယာဉ်ပစ်အမြောက်တပ်ရင်း ၁ရင်းတို့ဖြင့်ဖွဲ့စည်းထားသော မရိန်းအမြောက်တပ်ရင်းကြီး
-ဦးဆောင်ချေမှုန်းရေးတပ်ရင်း(အမေရိကန်နိုင်ငံလုပ် AAV 7A1 ကုန်းရေနှစ်သွယ်သွား သံချပ်ကာတိုက်ယာဉ်များဖြင့်ဖွဲ့စည်းထား)
-ကင်းထောက်တပ်ရင်း(၁)ရင်း(V-150 Commando တိုက်ယာဉ်များဖွဲ့စည်းထား)
တပ်ရင်းတိုင်းတွင် Subskinner ခေါ် ရေငုပ်ယာဉ်များ တပ်ဆင်ထားပါသည်။
Htay Gyi's photo.
လက်နက်ငယ်များအနေဖြင့် M-16A1 /2/3 ချေမှုန်းရေးရိုင်ဖယ်များ၊M 4 A1 /AR-15/G 36C ချေမှုန်းရေးရိုင်ဖယ်များ M-60 စက်သေနတ်များ M2 ဘရောင် နင်စက်သေနတ်ကြီးများ တပ်ဆင်ထားပါသည်။
လက်နက်ကြီးများအနေဖြင့် M203 ဗုံးပစ်လောင်ချာများ
Armbrust တင့်ဖျက်လောင်ချာများ TOW တင့်ဖျက်ပဲ့ထိန်းဒုံးများ Dragon တင့်ဖျက်ပဲ့ထိန်းဒုံးများ
QW-18 လေယာဉ်ပစ်ဒုံးများတပ်ဆင်ထားရှိပါသည်။
တပ်ရင်းများတွင် ဟမ်းဗီးယာဉ်များအမြောက်အများအသုံးပြုလျက်ရှိပြီး AAV-7 ကုန်းရေနှစ်သွယ်သွားသံချပ်ကာလူသယ်ယာဉ် ၃၆စီး BTR-3E သံချပ်ကာလူသယ်ယာဉ် ၁၂စီး
V-150Commando သံချပ်ကာတိုက်ယာဉ် ၂၄စီး ပုံစံ ၆၉ ပင်မတိုက်ပွဲဝင်တင့် ၅စီး တပ်ဆင်ထား
ပါသည်။

အမြောက်တပ်ရင်းကြီးတွင် M101A1 ၁၀၅မမ ဟောင်ဝစ်ဇာ၃၆လက် GC-45 ၁၅၅မမဟောင်ဝစ်ဇာ ၁၂လက် GH 45A1 ၁၅၅မမဟောင်ဝစ်ဇာ ၆လက် နှင့် M120 ၁၂၀မမစိန်ပြောင်းကြီးများ ၆၀မမ စိန်ပြောင်းများ ၈၁မမစိန်ပြောင်းများဖြင့်ဖွဲ့စည်းထားပါသည်
Htay Gyi's photo.
အထက်ပါအကြောင်းအရာများသည် ထိုင်းမရိန်းတပ်ဖွဲ့ အကျဉ်းချုပ်အကြောင်းအရာသာဖြစ်သည် ၁၉၃၂ တွင်ဖွဲ့စည်းခဲ့သော မရိန်းတပ်ဖွဲ့သည် ကွန်မြုနစ် ဆန့်ကျင်ရေးစစ်ပွဲ ဗီယက်နမ်စစ်ပွဲ
လာအို နယ်စပ်တိုက်ပွဲ ဗီယက်နမ် ရေပိုင်နက်ပြသနာများတွင် ပါဝင်ခဲ့သဖြင့် အတွေ့အကြုံရှိသက်တမ်းရင့်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။ လက်နက်တပ်ဆင်မှုအပိုင်းတွင်လည်း
အမေရိကန် ဂျာမဏီ အစ္စရေးနိုင်ငံထုတ်လက်နက်ပစ္စည်းများယူကရိန်းနိုင်ငံထုတ် B TR-3E တိုက်ယာဉ်များ အားတပ်ဆင်ထားရှိသောStandard Combat Group တစ်ခုအဖြစ်သတ်မှတ်နိုင်ပါသည်။ ၂၀၀၁ခုနှစ် မြန်မာနယ်စပ်တိုက်ပွဲများတွင် မရိန်းတပ်ဖွဲ့မှ
ကင်းထောက်တပ်ရင်းပါဝင်ခဲ့ကြောင်းကြားသိရပါသည်။ 

အနောက်နိုင်ငံ မရိန်းတပ်ဖွဲ့များကဲ့သိုံ့ မရိန်းလေတပ်ဖွဲ့ များဖွဲ့စည်းထားခြင်းမရှိသော်လည်း အနာဂတ်ကာလတွင် ၄င်းတို့၏ Seaharrier တိုက်လေယာဉ် ၆စီးအား ထည့်သွင်းဖွဲ့စည်းလာဖွယ်ရှိပါသည်။အချုပ်အားဖြင့်ဆိုရသော် တပ်မတော် စံနှုန်းပြည့် Elite မရိန်းတပ်ဖွဲ့များဖွဲ့စည်းရန်အချိန်တန်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

(ကြယ်နီ)





Type -052C Lanzhou Class ဖျက်သင်္ဘော

$
0
0
'Type -052C Lanzhou Class ဖျက်သဘောင်္  တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)တွင် ပုံစံ ၀၅၂ စီဖျက်သဘောင်္  ၆စီးအား ၂၀၁၀ ပြည့်နှစ်မှစတင်အသုံးပြုလျက်ရှိပါသည်။နေတိုးအခေါ် လောင်ဇူးအတန်းစားဖျက်သဘောင်္များသည်ခေတ်မီ ကိုယ်ပျောက် ဖျက်သဘောင်္အမျိုးအစား ဖြစ်ကာ တန်ချိန် ၇၀၀၀ အလျား ၁၅၅မီတာ ဖျက်သဘောင်္ဖြစ်ပါသည်။  တရုတ်ပြည်သူ့သမ္မတနိုင်ငံဂျင်နန်သဘောင်္ကျင်းမှတည်ဆောက်ခဲ့ခြင်းဖြစ်ကာ ဂျာမဏီနိုင်ငံလုပ် MTU Fridriechshafen Diesel Gas Turbine အင်ဂျင်တပ်ဆင်ထားက တစ်နာရီရေမိုင် ၂၉မိုင်မောင်းနှင်နိုင်ပါတယ်။  လက်နက်စနစ်များအနေဖြင့် YJ-62 (C-602၏ပြည်တွင်းသုံး Version) သဘောင်္ဖျက်ခရုစ်ဒုံးပျံ ၈လုံး ( Export Version C-602 သည်ကီလိုမီတာ၂၈၀ သာပစ်ခတ်နိုင်ကာ YJ-62 သည် ၅၀၀ကီလိုမီတာအထိပစ်ခတ်နိုင်ပါသည်)။ Type 210 ၁၀၀မမ ဘက်စုံသုံး အမြောက် ၁လက် ၃၀မမ CIWS စနစ်သုံး Type 730 လက်နက်စနစ် ASW စနစ်အတွက်တော်ပီဒို ပစ်စင် ၆ ခု  RDC ၁၈လုံးစီပါဝင်သောပစ်စင် ၄ခု VLS စနစ်သုံး HHQ-9 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံး ၄၈စင်း တပ်ဆင်ထားပါသည်။  ရေဒါစနစ်အနေဖြင့် Type 348 Active Phase Array ရေဒါစနစ်တပ်ဆင်ထားရှိကာ ၄၅၀ကီလိုမီတာအထိထောက်လှမ်းနိုင်ပါသည်။   OFC (0ptical Fire Control)စနစ်အတွက် လေဆာအကွာအဝေးတိုင်းကိရိယာများ တီဗီကင်မရာစနစ် အနီအောက်ရောင်ခြည်ကင်မရာစနစ်များ ပေါင်းစပ်အသုံးပြုထားပါသည်။  တိုက်ခိုက်ရေးစနစ်များဖြစ်သော ၁၀၀ မမ အမြောက် CIWS စနစ်များအတွက် Type 347 ရေဒါ စနစ်မအားသီးခြားတပ်ဆင်အသုံးပါသည်။တိုက်ခိုက်ရေးစနစ်တစ်လုံးအတွက် MIL-STD -1773 Data Link စနစ်အားတပ်ဆင်ထားပါသည်။  တိုက်ရေယာဉ်ကာကွယ်ရေးစနစ်အတွက် Type-726 4 Chaff Launcher စနစ်နှင့် Decoy Launcher များတပ်ဆင်ထားပါသည်။Type -348 ရေဒါစနစ်တွင်ရန်သူ့ ကိုယ်ပျောက်စနစ်အား အာရုံခံနိုင်ရန်အတွက် Yagi antenna စနစ်ထပ်ပေါင်းတပ်ဆင်ထားပါသည်။  ရှာဖွေကယ်ဆယ်ရေးနှင့် ရေငုပ်သဘောင်္တိုက်ဖျက်ရေးတာဝန်များအတွက် အသုံးပြုနိုင်ရန်Kamov  Ka 27 (သို့) Harbin Z-9C ရဟတ်ယာဉ် ၁စီး တင်ဆောင်နိုင်ပီး၎င့်းအတွက် သဘောင်္နောက်ပိုင်းတွင် Stern Hanger တစ်လုံးပါဝင်ပါသည်။ဆိုနာစနစ်အနေဖြင့် ရုရှားတို့၏ Sovremenny Class ဖျက်သဘောင်္များတွင်တပ်ဆင်ထားသောMGK-355 Platina Soner စနစ်တပ်ဆင်ထားပြီး ၅၀ကီလိုမီတာအထိထောက်လှမ်းနိုင်သည်။  ၄င်း ဖျက်သဘောင်္ခြောက်စီးအနက် ၂စီး အား တောင်တရုတ်ပင်လယ်ရေတပ်ဖွဲ့တွင်တပ်ဖြန့်ထားပြီး အခြား၎စီးအားအရှေ့တရုတ်ပင်လယ် ရေတပ်ဖွဲ့အတွင်းတပ်ဖြန့်ထားပါသည်။  အာဆီယံနိုင်ငံအချို့နှင့်ရေပိုင်နက်များ အတွင်းတပ်ဖြန့်ထားသော ဖျက်သဘောင်္ ၂စီးမှာ  ၁၇၀ လောင်ဇူး နှင့် ၁၇၁ ဟိုက်ကိုသဘောင်္တို့ဖြစ်သည်။  ပြည်ပသို့ရောင်းချခြင်းမရှိသော သဘောင်္အတန်းစားဖြစ်သော်လည်း  မကြာမီ Export လုပ်လာနိုင်ကာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းရေပိုင်နက်အငြင်းပွားမှုမကြာခဏဖြစ်ပွားလျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခေတ်မီ type-056 ကောင်္ဗက်စစ်ရေယာဉ် ၂စီးကိုရောင်းချပေးခဲ့သဖြင့် ဒေသတွင်း Power Balance အနေအထားအရ ဘင်္ဂးဒေ့ရှ်သို့ရောက်ရှိလာမည်ကိုစိုးရိမ်မိပါသည်။ ဖြင်္စနိုင်ချေ အလွန်နည်းပါးလှသော်လည်း ဖြစ်လာခဲ့လျင်ဟူသော အတွေးမျိုးထားသင့်ကြောင်းပါ။  (ကြယ်နီ)'

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)တွင် ပုံစံ ၀၅၂ စီဖျက်သဘောင်္ ၆စီးအား ၂၀၁၀ ပြည့်နှစ်မှစတင်အသုံးပြုလျက်ရှိပါသည်။နေတိုးအခေါ် လောင်ဇူးအတန်းစားဖျက်သဘောင်္များသည်ခေတ်မီ ကိုယ်ပျောက် ဖျက်သဘောင်္အမျိုးအစားဖြစ်ကာ တန်ချိန် ၇၀၀၀ အလျား ၁၅၅မီတာ ဖျက်သဘောင်္ဖြစ်ပါသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံဂျင်နန်သဘောင်္ကျင်းမှတည်ဆောက်ခဲ့ခြင်းဖြစ်ကာ
ဂျာမဏီနိုင်ငံလုပ် MTU Fridriechshafen Diesel Gas Turbine အင်ဂျင်တပ်ဆင်ထားက
တစ်နာရီရေမိုင် ၂၉မိုင်မောင်းနှင်နိုင်ပါတယ်။

လက်နက်စနစ်များအနေဖြင့် YJ-62 (C-602၏ပြည်တွင်းသုံး Version) သဘောင်္ဖျက်ခရုစ်ဒုံးပျံ ၈လုံး ( Export Version C-602 သည်ကီလိုမီတာ၂၈၀ သာပစ်ခတ်နိုင်ကာ YJ-62 သည် ၅၀၀ကီလိုမီတာအထိပစ်ခတ်နိုင်ပါသည်)။ Type 210 ၁၀၀မမ ဘက်စုံသုံး အမြောက် ၁လက်
၃၀မမ CIWS စနစ်သုံး Type 730 လက်နက်စနစ် ASW စနစ်အတွက်တော်ပီဒို ပစ်စင် ၆ ခု
RDC ၁၈လုံးစီပါဝင်သောပစ်စင် ၄ခု VLS စနစ်သုံး HHQ-9 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံး ၄၈စင်း တပ်ဆင်ထားပါသည်။

ရေဒါစနစ်အနေဖြင့် Type 348 Active Phase Array ရေဒါစနစ်တပ်ဆင်ထားရှိကာ ၄၅၀ကီလိုမီတာအထိထောက်လှမ်းနိုင်ပါသည်။

OFC (0ptical Fire Control)စနစ်အတွက် လေဆာအကွာအဝေးတိုင်းကိရိယာများ တီဗီကင်မရာစနစ် အနီအောက်ရောင်ခြည်ကင်မရာစနစ်များ ပေါင်းစပ်အသုံးပြုထားပါသည်။
တိုက်ခိုက်ရေးစနစ်များဖြစ်သော ၁၀၀ မမ အမြောက် CIWS စနစ်များအတွက် Type 347 ရေဒါ
စနစ်မအားသီးခြားတပ်ဆင်အသုံးပါသည်။တိုက်ခိုက်ရေးစနစ်တစ်လုံးအတွက်
MIL-STD -1773 Data Link စနစ်အားတပ်ဆင်ထားပါသည်။

တိုက်ရေယာဉ်ကာကွယ်ရေးစနစ်အတွက် Type-726 4 Chaff Launcher စနစ်နှင့် Decoy Launcher များတပ်ဆင်ထားပါသည်။Type -348 ရေဒါစနစ်တွင်ရန်သူ့ ကိုယ်ပျောက်စနစ်အား
အာရုံခံနိုင်ရန်အတွက် Yagi antenna စနစ်ထပ်ပေါင်းတပ်ဆင်ထားပါသည်။

ရှာဖွေကယ်ဆယ်ရေးနှင့် ရေငုပ်သဘောင်္တိုက်ဖျက်ရေးတာဝန်များအတွက် အသုံးပြုနိုင်ရန်Kamov
Ka 27 (သို့) Harbin Z-9C ရဟတ်ယာဉ် ၁စီး တင်ဆောင်နိုင်ပီး၎င့်းအတွက် သဘောင်္နောက်ပိုင်းတွင် Stern Hanger တစ်လုံးပါဝင်ပါသည်။ဆိုနာစနစ်အနေဖြင့် ရုရှားတို့၏
Sovremenny Class ဖျက်သဘောင်္များတွင်တပ်ဆင်ထားသောMGK-355 Platina Soner စနစ်တပ်ဆင်ထားပြီး ၅၀ကီလိုမီတာအထိထောက်လှမ်းနိုင်သည်။

၎င်း ဖျက်သဘောင်္ခြောက်စီးအနက် ၂စီး အား တောင်တရုတ်ပင်လယ်ရေတပ်ဖွဲ့တွင်တပ်ဖြန့်ထားပြီး
အခြား၎စီးအားအရှေ့တရုတ်ပင်လယ် ရေတပ်ဖွဲ့အတွင်းတပ်ဖြန့်ထားပါသည်။
အာဆီယံနိုင်ငံအချို့နှင့်ရေပိုင်နက်များ အတွင်းတပ်ဖြန့်ထားသော ဖျက်သဘောင်္ ၂စီးမှာ
၁၇၀ လောင်ဇူး နှင့် ၁၇၁ ဟိုက်ကိုသဘောင်္တို့ဖြစ်သည်။

ပြည်ပသို့ရောင်းချခြင်းမရှိသော သဘောင်္အတန်းစားဖြစ်သော်လည်း မကြာမီ Export လုပ်လာနိုင်ကာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းရေပိုင်နက်အငြင်းပွားမှုမကြာခဏဖြစ်ပွားလျက်ရှိသော
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခေတ်မီ type-056 ကောင်္ဗက်စစ်ရေယာဉ် ၂စီးကိုရောင်းချပေးခဲ့သဖြင့်
ဒေသတွင်း Power Balance အနေအထားအရ ဘင်္ဂးဒေ့ရှ်သို့ရောက်ရှိလာမည်ကိုစိုးရိမ်မိပါသည်။
ဖြင်္စနိုင်ချေ အလွန်နည်းပါးလှသော်လည်း ဖြစ်လာခဲ့လျင်ဟူသော အတွေးမျိုးထားသင့်ကြောင်းပါ။

(ကြယ်နီ)


၈၈ ကိုယ်တွေ့ (၇)

$
0
0


“ သူကြီးဘုရား ရွာသားကောင်းမှု”  ဆိုသလို  "ပညာမတတ်လို့ ဆင်းရဲ ၊ ဆင်းရဲ လို့  ပညာ မတတ် "တဲ့ လက်လုပ်လက်စား အခြေခံလူထု အများစုဟာ မုံ့ ဝေရာမှာ မပါပေမယ့် ဒုတ်ဝေရာ မှာတော့ အမြဲ ရှေ့ က ပါပါတယ်။  မင်းမဲ့ တိုင်းပြည် ဖြစ်နေချိန်မှာ ပညာနဲ့ ဓနရှိသူများတဲ့ မြို့ လယ်ခေါင်က သူတွေဟာ အမြှော်အမြင်ရှိရှိ သပိတ်အဖွဲ့ တွေနဲ့ ပူးပေါင်း လိုအပ်တာထောက်ပံ့၊ လမ်းရပ်ကွက်လုံခြုံရေးကင်း တွေချပြီး မိသားစုနဲ့ ပတ်ဝန်းကျင် လုံခြုံရေးကို ထိန်းသိမ်းနိင်ခဲ့ကြပေမယ့် သာကေတလို လက်လုပ်လက်စား အခြေခံ လူထု အများစု နေထိုင်ရာ ဆင်ခြေဖုံးမြို့ တွေမှာတော့ အရေး အခင်း ကာလတလျောက် ကျီးလန့်စာစား ဘ၀နဲ့ မိသားစု မငတ်အောင် ကြုံသလိုရှာ ကျွေးရသလို အခု အာဏာသိမ်းပြီးချိန် မှာလည်း ရှေ့ ဆုံးက အပစ်ခံရမယ့်သူတွေ ဖြစ်နေပါတယ်။ ၀င်ငွေရစရာ တခြားဘာအလုပ်မှ မရှိလို့  သံလျင်တံတား စီမံကိန်းကြီးသာ ထမင်းအိုးကြီးဖြစ် နေ ချိန်ဖြစ်ပါတယ်။


စစ်တပ်က နိင်ငံတော်တာဝန်ယူလိုက်ပြီးနောက် တန်ဖိုးကြီးမားတဲ့ သံလျင်တံတားစီမံကိန်း ပစ္စည်းတွေ အမြန်ဆုံး ပြန်ထိန်းသိမ်းဖို့  စစ်ရုံးက အလေးအနက်ထားတဲ့အတွက် စီမံကိန်းနေရာ အမြန်ရောက်ရှိဖို့  အရေးကြီးနေပါတယ်။ ကားလမ်းပေါ်တလျှောက် မျက်စေ့တဆုံး ပိတ်ဆို့ နေတဲ့ လူပင်လယ်ကြီးကို ကျော်ဖြတ်ပြီးမှ စီမံကိန်းနေရာက လုယက်နေမှုတွေကို အဆုံးသတ်နိင်မှာဖြစ်လို့  ရှေ့ ပြေးတပ်ခွဲမှုးဟာ စက်လတ် ကိုင်စစ်သည်နဲ့ အတူ ရှေ့ ကို ရောက်လာပါတယ်။ ကားလမ်းပေါ်မှာသာ တပ်ဖြန့် နိင်လို
့ရှေ့ မျက်နှာစာကျဉ်းပြီး လူအုပ်ကြီးကတော့ ကားလမ်းအတိုင်း ဒုနဲ့ ခံနေတဲ့ အခြေအနေဖြစ်ပါတယ်။ “ညီလေးဘယ်လိုလဲ” လို့ ပြောရင်း အခြေအနေကြည့်နေတဲ့ တပ်ခွဲမှုးကို ပြောစရာ အဖြေမရှိပေမယ့် တစ်ခုခုပြန် ဖြေရမယ့် ထုံးစံအတိုင်း “အကိုကြီး မြင်တဲ့ အတိုင်းဘဲ” လို့ ပြောလိုက်မိပါတယ်။

တပ်ခွဲမှုး ဟာ ဘေးမှာရှိနေတဲ့  M79 (40mm) ကိုင် ဒုတပ်စိတ်မှုး ကို သူ့ အနားခေါ် လိုက်ပြီး သူပစ်ချင်တဲ့ နေရာကို သေသေချာချာ ပြနေပါတယ်။ ဒီလိုထိခိုက် ဒဏ်ရာ ရများစေတဲ့ ဗုံးသီးမျိုးနဲ့ ပစ်ခတ်ဖို့ တစ်ခါမှ စိတ်ကူးမရှိခဲ့ဖူးလို့  ဘေးကရပ်ကြည့်ပြီး မျက်လုံးပြူးနေမိပါတယ်။  “ဖောင်”  ဆိုတဲ့ ကျည်ထွက်သံနဲ့ အတူ ဗုံးသီးဟာ လူအုပ်ကြီးရဲ့ခေါင်းပေါ်ကို  ဖြတ်သွားပြီး  နဲနဲကွေ့ နေတဲ့ကားလမ်းကိုကျော်လို့  ဘေးမြေကွက်လပ်မှာ  “ဂျိုင်း” ကနဲ ပေါက်ကွဲပါတော့တယ်။ ကျယ်လောင်တဲ့ ဗုံးသီးပေါက်ကွဲသံကြောင့်ကား
လမ်းပေါ်ကလူတွေဟာ ဘယ်ညာ ခြေဦးတည့်ရာ ပြေးလွှားကြပြီး လူအသေအပျောက်မရှိ ကားလမ်းကြောင်းပွင့် သွားပါတော့တယ်။  (M79 ဗုံးသီးဟာ ပေါက်ကွဲပြီးရင် အလွန်သေးငယ်တဲ့ ဗုံးအစအန Shrapnel လေးတွေ ပြန့်  ထွက်တာဖြစ်လို့ အသက်အန္တရယ်အတွက် စိုးရိမ်စရာသိပ်မရှိဘဲ ထိခိုက်ဒဏ်ရာရမှု  များပြားစေတဲ့ ဗုံးသီး ဖြစ်ပါတယ်)

သံလျင်တံတား စီမံကိန်းထဲမှာတော့ နေ့ စဉ်လုပ်နေကျလား၊ အာဏာသိမ်းလိုက်လို့  နောက်ဆုံးရသမျှ သယ်ဖို့ လားမသိဘဲ ပရွက်ဆိတ်တန်းကြီးလို ပစ္စည်းတွေ သယ်နေကြပါတယ်။ ရှေ့ ဆုံးကားပေါ်က ပစ်ရှင်းရှင်းရင်း မောင်းဝင်သွားချိန်မှာဘဲ အားလုံး ထွက်ပြေးကြပါတယ်။ ပစ္စည်းမျိုးစုံ ပြန့်ကျဲ နေပြီး ဖောက်ထားတဲ့  ဒီဇယ်ဆီလှောင်ကန်က ဒီဇယ်ဆ်ီတွေ ရေပိုက်က ရေကျသလို ဒလဟောကျနေပြီး မြေပြင်မှာ ဒီဇယ်ဆ်ီချောင်းကြီး ဖြစ်နေပါတော့တယ်။ ရောင်းစားရလွယ်တဲ့ စတီးပေပါခွံလိုချင်လို့  အထဲက အဖိုးတန် အရည်အဆီတွေဖောက်ချပြီး လှိမ့်ယူနေကြတာလည်း ရှိပါတယ်။ နေ့ စဉ် ဖောက်ထွှင်းသယ်နေကြ တာတောင် မကုန်နိင် လောက်အောင် စီမံကိန်း ၀င်းထဲမှာ ပစ္စည်းတွေ ကျန်နေပါသေးတယ်။ ( နောက်ပိုင်း ပြန်လိုက် သိမ်းလို့  ရသမျှ လိုက်သိမ်းရတာတွေ ရက်ပေါင်းများစွာ သိမ်းမကုန်နိင်အောင် များလွန်းလို့ ရဲဘော်တွေ ခြေကုန်လက်ပန်းကျပြီး မသိမ်းနိင်လောက်အောင် ဖြစ်ရပါတယ်)

ရုပ်ရှင်မင်းသား ဇော်ဝမ်းအဖွဲ့ လက်နက်ခဲယမ်းတွေနဲ့ မြစ်ထဲက တက်လာပြီး သာကေ တ ၁၀၈ တောင်ဘုရား သပိတ်စခန်းမှာ ရောက်နေတယ် ဆိုတဲ့ အထက် ဌာန သတင်းအရ ၁၀၈ တောင်ဘု၇ား သပိတ်စခန်း ကို ၀င်ရောက်ရှင်းလင်း ရာမှာတော့ တပ်စုတာဝန်ကျတဲ့ဘက် လမ်းကြောင်း ရွေးချယ်ရာမှာ ကျည်ကွယ်မျက်ကွယ် မရှိသလောက် ဖြစ်နေပါတယ်။  ရှေ့ တန်း စစ်မြေပြင်လို မသင်္ကာရင် ပစ်ရှင်းရှင်းလို့ လည်း မဖြစ် ဘဲ ရင်ဘောင်တန်း ချီတက်ရင်လည်း အပစ်ခံရရင် အကျအဆုံး များနိင်လို့  လေ့ကျင့်ရေး ပုံစံအတိုင်း လက်ထောက်ဒူးထောက်၊ လက်လှဲဒူးလှဲတွေ အဆင့်ဆင့်နဲ့ အုတ်တံတိုင်းတွေ ကာရံထားတဲ့  ၀င်းအနီး ကို တဖြည်းဖြည်း ချဉ်းကပ် ရပါတော့တယ်။



၈၈ ကိုယ်တွေ့ (၈)

$
0
0


သာကေတ ၁၀၈ တောင်ဘုရား သပိတ်စခန်းဝန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ် သက်နေပါတယ်။ ရှေ့ တန်း စစ်ဆင်ရေးတွေမှာတော့ ဒီလို တိတ်ဆိတ်ငြိမ်သက်နေပြီး ပုံမှန် သဘာဝ အတိုင်းမဟုတ်ရင် အန္တရယ် ရှိပြီလို့  သုံးသပ်ကြပါတယ်။  ရွာတစ်ရွာကို ၀င်ရှင်းဖို့ အခြေအနေကြည့်တဲ့အခါ ရွာထဲမှာ မောင်း ထောင်းသံ၊ ကလေးငိုသံ အော်ဟစ်သံ၊ ခွေးဟောင်သံတွေနဲ့  အသွားအလာမပျက်ကြတာ တွေ့ရရင် ရွာတစ်ရွာရဲ့ သဘာဝအတိုင်း ပုံမှန်ရှိနေလို့  ရန်သူမရှိနိင်ဘူးလို့ ယေဘူယျ သုံးသပ်ကြပြီး သဘာဝ မကျဘဲ အခု လို တိတ်ဆိတ် နေရင်တော့ အထူးဂရုစိုက်ကြပါတယ်။ နှစ်ဘက်စလုံးအဓိက လေ့လာကြ တာကတော့ ခေါင်းဆောင်နဲ့ တပ် ဖြစ်ပါတယ်။ မိမိရင်ဆိုင်ရမယ့် ရန်သူ့ခေါင်းဆောင် နဲ့တပ်ရဲ့ စရိုက် အလေ့အထ အင်အား တွေကို ရသလောက်လေ့လာပြီး တိုက်ကြတာ ဖြစ်ပါတယ်။ အခု သတင်း အရတော့ ခေါင်းဆောင်က ရုပ်ရှင်မင်း သား ဇော်ဝမ်း နဲ့ အဖွဲ့  လက်နက်ခဲယမ်းတွေနဲ့  ဆိုတာ လောက်ပဲ သိရပြီး ဘာမှ ထပ်မသိရပါဘူး။


သာကေတ ၁၀၈ တောင် ဘုရားဝန်းဟာ စေတီကြီး မိုးပေါ်ထိုးထွက်နေတာ တွေ့ ရပြီး အုတ် တံတိုင်း တွေ ကာရံ ထားတဲ့ အပြင် ချဉ်းကပ်ရမယ့် ပတ်လည်မှာ အကာအကွယ် ကြီးကြီးမားမား မရှိလို့ ခံစစ်ယူသင့်တဲ့ နေရာကောင်း တစ်ခုဖြစ်ပါတယ်။ ကွင်းပြင်ဖြတ်ချိန်မှာ အပစ်ခံရရင် အကျအဆုံး များနိင်လို့ စိတ်ကြိုက် အချိန်ပေးနိင်ရင် အာရုဏ်ဦး တိုက်ပွဲမျိုးနဲ့ သာ ၀င်ရှင်း သင့်ပေမယ့် အမိန့် အရ နေ့ခင်း ကြောင်တောင် ကွင်းပြောင်ဖြတ် တက်ရပါတော့တယ်။  ရန်သူ အသင့်စောင့်နေတယ်လို့  အစိုးရိမ် လွန်ပြီး လက်ဦးမှု ယူပစ်ခတ်လို့ မရသလို မရှိနိင်ပါဘူးလို့ လျှော့တွက်ပြီး ပေါ့ပေါ့ဆဆ သွားလို့လည်း မရပါဘူး။  

ရန်ကုန် စစ်ဆင်ရေး စ၀င်လာကတည်းက ခုလို လက်နက် ခဲယမ်း တွေနဲ့ခုခံ တိုက်ခိုက်မယ့် ရန်သူ ကိုတိုက်ဖို့  မျှော်မှန်းပြီး ယခင် ရှေ့တန်းထွက်နေကြအတိုင်း လူ လက်နက် ဖွဲ့  စည်းပုံ အပြည့် နဲ့ လာခဲ့ တာဖြစ်လို့  မူလ အဓိက ရည်ရွယ်ချက်ကို အခုမှ စ ရမှာဖြစ်ပါတယ်။  ပထမ ဆုံးတိုက်ပွဲ ဦးမကျိုးဖို့ လိုတဲ့အတွက် တပ်စု တစ်စုလုံး အာရုံစိုက်မှု အပြည့်နဲ့  အုတ်တံတိုင်း အောက်ခြေ အထိ ဖြန့်ခွဲ ချဉ်းကပ် ခဲ့ပါတယ်။ သပိတ်စခန်း အတွင်းဝင်ရှင်းရာမှာ လူတစ်ယောက်မှ မတွေ့ ရတော့ဘဲ ပစ္စည်း ပစ္စယတွေ နဲ့  လေ့ကျင့်ခန်း ဆင်းရာမှာ အသုံးပြုတဲ့ သစ်သား သေနတ်တွေ သာတွေ့  ရပါတော့ တယ်။ စက်တင်ဘာ (၁၈)ရက် ညက အားလုံး စွန့်ခွာသွား ပုံရပါတယ်။

အရေးအခင်း ကာလ အစစ်အဆေးမရှိ ၀င်ထွက်နေချိန်မှာ ရန်ကုန်မြို့ ထဲကို လက်နက် ခဲယမ်းတွေ ရောက်နေနိင်ပြီး မြို့ တွင်းတိုက်ပွဲ တွေ ဖြစ်နိင်တယ်ဆိုတဲ့ သုံးသပ်ချက် ဖြစ်မလာခဲ့ပါဘူး။ စက်တင်ဘာ (၁၉) ရက်နောက်ပိုင်း ဆန္ဒပြ အဖွဲ့ တွေ သပိတ်စခန်းတွေ ပျောက်ကွယ်သွားပြီး နေ့ လည်ဘက်တွေမှာ ပုံမှန် သွားလာလှုပ်ရှား လာနိင်ကြပါတယ်။ ညဘက်မှာတော့ လုယက်ဖောက်ထွင်းမှုတွေ ရှိနေပါသေးတယ်။ ညဘက် ဒီလို လုယက် ဖောက်ထွင်းသူတွေဟာ အများစုက မိသားစု နောက်တနေ့  ချက်စရာဆန်မရှိ အောင် ဆင်းရဲသူ တွေများပါတယ်။  လုံခြုံရေးမချ နိင်သေးတဲ့အစိုးရ ဌာနဆိုင်ရာ ဂိုဒေါင် သိုလှောင်ရုံတွေကို ည ဘက်ဝင်ပြီး ထမင်းငတ်တဲ့ဗိုက် ကျည်ဆံ မကြောက် လုပ်နေကြတာ ဖြစ်ပါတယ်။ ငိုရမလို ရီရမလို စိတ်မကောင်းစရာ တစ်ခုကတော့ ရဲဘော် တစ်ယောက် ညှပ်ဖိနပ် ၀ယ်ချင်လို့  တပ်ခွဲမှုး ဆီပိုက်ဆံ ချေးပါတယ်။ တပ်ခွဲမှုးက  “ဒီညတိုက်ကင်း ထွက်ရင် ပစ်ရအုံးမှာဘဲ၊ သူတို့ ထွက်ပြေးတဲ့ အခါ ကျန်ခဲ့တဲ့ ညှပ်ဖိနပ် စီးလိုက်ပေါ့ “ လို့  ပြောတော့ ရဲဘော်က “ ဗိုလ်ကြီး ဒီ အဖွဲ့ တွေက ညှပ်ဖိနပ်တောင် မပါ တဲ့ အဖွဲ့ တွေပါ၊ တခါမှ ညှပ်ဖိနပ် ကျန်ခဲ့ တာ မတွေ့ ရဘူး” တဲ့။

သာကေတ မြို့ နယ်ခန်းမမှာ လူထုနဲ့ ဆက်သွယ်နိင်ဖို့ ပြန်ကြားရေးရုံးဖွင့်လိုက်တဲ့ အခါမှာတော့ အရေးအခင်း ကာလတလျှောက်လုံး အားကိုးရာမရှိခဲ့သမျှ တိုင်ကြားသူတွေ ကြိတ်ကြိတ်တိုးနေပြီး တိုင်သမျှ လိုက်ဖမ်းတဲ့ လူဖမ်းပွဲ ကြီး စတင်ပါတော့တယ်။


ဘင်္ဂလားဒေ့ရှ်တပ်မတော်အကြောင်းတစေ့တစောင်း

$
0
0
Htay Gyi's photo.
မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သောဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တပ်မတော်ကို ကြည်းတပ် ရေတပ်လေတပ် ဟူသောအဓိက အရင်းအဖြစ်ကြီး ၃ခုဖြင့်ဖွဲ့ စည်း
ထားပါသည်။ အရံတပ်ဖွဲ့များအနေဖြင့် ဗိုလ်လောင်းတပ်ဖွဲ့ကြီး ၊ နယ်ခြားစောင့်တပ်
(ယခင်ဘင်္ဂဘလားဒေ့ရှ်ရိုင်ဖယ်) နှင့် ကမ်းခြေစောင့်တပ်ဖွဲံတို့ဖြစ်ပါသည်။
နယ်ခြားစောင့်တပ် နှင့် ကမ်းခြေစောင့်တပ်ဖွဲံတို့သည် စစ်အေးချိန်တွင်
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ဖြစ်သော်လည်း စစ်မက်ကာလတွင်
ကြည်းတပ်နှင့်ရေတပ်တို့၏ ကွပ်ကဲမှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။


ဘင်္ဂလားဒေ့ရှ်တပ်မတော်ရာထူး အဆင့်သတ်မှတ်မှုမှာ မြန်မာ့တပ်မတော်နှင့်တူညီမှုရှိကာ
တပ်သားမှ ဗိုလ်ချုပ်ကြီးအဆင့် ထိ သတ်မှတ်ထားပါသည်။ကာကွယ်ရေးဦးစီးချုပ်(ကာကွယ်ရေးဝန်ကြီးမှာ)
လက်ရှိဝန်ကြီးချုပ် မစ္စရှိတ်ဟာဇီနာဖြစ်ကာ စစ်ဦးစီးအရာရှိချုပ်(ကြည်း)မှာ ဗိုလ်ချုပ်ကြီးအီဘယ်ကရမ်ဘီရမ် ဖြစ်သည်။
ဘ၈င်္လားဒေ့ရှ်တပ်မတော်ကို ၁၉၇၁ မတ်လ ၂၆ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
ကြည်းတပ်ဖွဲ့အတွင်းဖွဲ့စည်းမှုအနေဖြင့် အစိတ်အပိုင်း ၂၀ ကိုအောက်ပါအတိုင်းစစ်အဂါင်္စဉ် အရဖွဲ့စည်းထားသည်-

သံချပ်ကာတပ်ဖွဲ့

- MBT-2000 ပင်မတိုက်ပွဲဝင်တင့် -၄၄စီး
-Type 69 G ပင်မတိုက်ပွဲဝင်တင့်-၁၂၀စီး
-T-55 ပင်မတိုက်ပွဲဝင်တင့်
-BTR-80 သံချပ်ကာလူသယ်ယာဉ်-၈၀စီး( ၄၀ခန့်မှာ UN Peace Keeping Force တွဲ)
-FAHD သံချပ်ကာလူသယ်ယာဉ်-၂၀( အားလုံး UN Peace Keeping Force တွဲ)
အမြောက်တပ်ရင်းကြီး
-D-30 ယာဉ်ဆွဲအမြောက် ၃၅လက်
-Nora B-52 ယာဉ်တင်အမြောက် ၂၀စီး
-M101A ၁၀၅မမ ဟောင်ဝစ်ဇာ
-၁၂၀မမစိန်ပြောင်းကြီးများ
-ပုံစံ-၈၅ ယာဉ်တင်၁၂၀မမစိန်ပြောင်းများ
Htay Gyi's photo.
ခြေလျင်တပ်

-အရှေ့ဘင်္ဂလားတပ်ရင်းကြီးများ(အမှတ်(၁၂/၁၃/၁၄/၁၅)စုစုပေါင်း ၄ရင်း
-ဘင်္ဂလားခြေလျင်တပ်ရင်းကြီးများ(စုစုပေါင်းတပ်ရင်းကြီး၈ရင်းအနက်၎ရင်းအားUN Peace Keeping Force တွဲ)
အထူးစစ်ဆင်ရေးတပ်ဖွဲ့(ဘင်္ဂလားကျား တန်ပြန်တိုက်ခိုက်ရေးတပ်ရင်းကြီး)
ကြည်းတပ်ပိုင်လေတပ်ဖွဲ့( Bell-206 ရဟတ်ယာဉ်များ၊ MI-171 ရဟတ်ယာဉ်အချို့)
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
-HQ-7(FM-90) တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်
- ZSU-23 လေယာဉ်ပစ် စက်အမြောက်များ
-HN-5 Manpad လေကြောင်းရန်ကာကွယ်ရေးဒုံးများ
-Bofer 30mm လေယာဉ်ပစ်စက်အမြောက်များ
-အင်ဂျင်နီယာတပ်ဖွဲ့
-ထောက်လှမ်းရေးတပ်ဖွဲ့
-ဆက်သွယ်ရေးတပ်ဖွဲ့
-တပ်ထိန်းတပ်ဖွဲ့
-အထွေထွေဝန်ထမ်းတပ်ဖွဲ့
-စစ်လက်နက်တပ်ဖွဲ့
-လျှပ်စစ်နှင့်စက်မှုတပ်ဖွဲ့
-ပညာရေးဝန်ဆောင်မှုတပ်ဖွဲ့
-ဆေးတပ်ဖွဲ့
-သွားဖက်ဆိုင်ရာဆေးတပ်ဖွဲ့
-တပ်မတော်သူနာပြုတပ်ဖွဲ့
-ရုံးလုပ်ငန်းဝန်ဆောင်မှုတပ်ဖွဲ့
-စစ်ဥပဒေဌာနကြီး
-စစ်တီးဝိုင်းတပ်တို့ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှိတပ်မတော်တွင်လက်နက်ငယ်များအနေဖြင့် တရုတ်နိုင်ငံမှ ပုံစံ-၈၁ ချေမှုန်းရေးရိုင်ဖယ်အား လိုင်စင်ရယူသော BD-01 ချေမှုန်းရေးရိုင်ဖယ်များ
QBZ Bulpap သေနတ်များ၊ MP-5 စက်သေနတ်များ BD-21 ၈၁မမစိန်ပြောင်းများ
၅၇မမ နောက်ပွင့်ရိုင်ဖယ်များ MG-3စက်လတ်များ .5 Broning စက်သေနတ်ကြီးများ.
တပ်ဆင်ထားရှိပါသည်။
စစ်ဒေသကြီး (၉)ခုခွဲခြားသတ်မှတ်ထား၇ှိပါသည်။
ဌာနချုပ်နယ်မြေ(ဒါကာမြို့တော်)
ဆာဗာဒေသကွပ်ကဲမှု
ဘိုဂရာဒေသ
ဆီလဟတ်ဒေသ
ဂါတေးဒေသ
စစ်တကောင်းဒေသ
ကော်မီလာဒေသ
ဂျပ်ဆိုးဒေသ
ရပ်ပူဒေသ
စုစုပေါင်းတိုက်ပွဲဝင်အင်အား ၃၀၀၀၀၀ခန့်ဟုခန့်မှန်းရပါသည်။
ဘင်္ဂလားဒေ့ရှ်ရေတပ်ဖွဲ့ သည်နောက်ပိုင်းကာလများတွင် အင်အားတိုးချဲ့လာသော ရေတပ်ဖွဲ့တစ်ခုဖြစ်ပေါင်း သဘောင်္ ၁၀၀ စီးခန့် စစ်သည် ၂၅၀၀၀ ဖြင့်ဖွဲ့စည်းထားသောတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ရေတပ်စစ်ဦးစီးအရာရှိချုပ်မှာဒုဗိုလ်ချုပ်ပြီး ဖာဟစ်ဟာဘိဖြစ်သည်။
Htay Gyi's photo.
သဘောင်္အမျိုးအစားများအနေဖြင့်
ဖရီးဂိတ်(၆)စီး
-ဟာမီတန်အတန်းစား-၂စီး(ကင်းလှည့် )
-ဆေးလ်ဘူရီအတန်းစား-၁စီး(လေ့ကျင့်ရေး)
-ပုံစံ ၀၅၃ -၂စီး (တရုတ်)
-ကိုရီးယားနိုင်ငံထုတ် F-25-၁စီး
ရေငုပ်သဘောင်္(တရုတ်နိုင်ငံထုတ်ရိုမီရို အတန်းစား၂စီး)
ကော်ဗတ်(၆)စီး
ကမ်းလွန်ကင်းလှည့်ရေယာဉ်(OPV)-၁၁စီး
အမြန်သွားတိုက်ခိုက်ရေးယာဉ်(ဒုံးပျံ)-၉စီး
အမြန်သွားတိုက်ခိုက်ရေးယာဉ်(ရေငုပ်သဘောင်္တိုက်ဖျက်ရေး)-၄စီး
အမြန်သွားတိုက်ခိုက်ရေးယာဉ်(အမြောက်)-၁၁စီး
တော်ပီဒိုရေယာဉ်-၄စီး
တိုင်းတာရေးရေယာဉ်-၂စီး
မိုင်းစစ်ဆင်ရေးသဘောင်္-၅စီး
အမြန်တိုက်ခိုက်ရေး ဘုတ်-၁၃စီး
ကမ်းထိုးယာဉ်-၁၁စီး
ထောက်ပံ့ရေးသဘောင်္-၁၃စီး
လေ့ကျင့်ရေးသဘောင်္-၁စီး
ရေတပ်ပိုင်လေတပ်ဖွဲ့ကို ဖွဲ့စည်းထားရှိကာ
ရှာဖွေကယ်ဆယ်ရေးနှင့် ရေငုပ်သဘောင်္တိုက်ဖျက်ရေးတာဝန်များအတွက် AW109 Augastawestland ရဟတ်ယာဉ်-၂စီး ၊ဟာဘင်း Z-9 ရဟတ်ယာဉ် ၃စီး
ဂျာမဏီနိုင်ငံထုတ် Donier 228Ng ကင်းလှည့်လေယာဉ် ၃စီးဖြင့်ဖွဲ့စည်းထားပါသည်။
ရေတပ်သဘောင်္များတွင်တပ်ဆင်မှုနှင့် ကမ်းရိုးတမ်းကာကွယ်ရေးအတွက်
C-802A သဘောင်္ဖျက်ဒုံးများ၊C-704 Aဒုံးများ၊Otomat MK 2 blogk IV ဒုံးများ၊Silkwarm HY-2ဒုံးများ၊ FM-90 လေယာဉ်ပစ်ဒုံးများ၊A244S တော်ပီဒိုများတပ်ဆင်ထားရှိပါသည်
လေတပ်အကြီူအကဲမှာ ဒုဗိုလ်ချုပ်ကြီး မိုဟာမက်အီမနူဘာရီနဒူ ဖြစ်ပီး အင်အား ၂၈၀၀၀ ခန့်ဖြင့်ဖွဲ့စည်းထားပါသည်။
Htay Gyi's photo.
လေတပ်ဖွျဲ့ားတပ်ဖြန့်မှုအနေဖြင့်
(၁)ဒါကာရှိခါဒီမူးဘာရှာလေတပ်စခန်း
(၂)စစ်တကောင်းရှိဇာဟူယူလေတပ်စခန်း
(၃)ဂျဆိုးရှိမူတီးယားရားရာမန်လေတပ်စခန်း
(၄)တန်ဂေးရှိကဟာတန်ဂါပူလေတပ်စခန်း
(၅)မူလိုပီဘဇားရေဒါတပ်ဖွဲ့
(၆)ဘိုဂ၇ာရေဒါတပ်ဖွဲ့
.များအသီးသီးတပ်ဖြန့်ထားသည်။
လေယာဉ်စီးရေ ၂၄၂ စီးခန့်ရှိကာ
တိုက်ခိုက်ရေးလေယာဉ်များအနေဖြင့်
(၁) F-7BGI ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်(၄၂)စီး
(၂) MIG-29B ဘက်စုံသုံးတိုက်လေယာဉ်(၈)စီး
သယ်ယူပို့ဆောင်ရေးလေယာသ်များအနေဖြင့်
(၁) AN-32 ၃စီး
(၂) C-130 ၄စီး ( ၃စီး UN တွဲ)
ရဟတ်ယာဉ်များအနေဖြင့်
(၁) Bell-212 ၁၄စီး
(၂) MI 171 ၈စီး
လေ့ကျင့်ရေးလေယာဉ်များအနေဖြင့်
(၁)JL-8 ၅စီး
(၂)L-39 ၇စီး
Htay Gyi's photo.
အထက်ပါအချက်များသည်ကျတော်တို့အိမ်နီးချင်းလည်းဖြစ် ဦးတည်ရန်သူလည်းဖြစ်လာနိုင်သော ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်အင်အားပါ ကျတော့်အနေနဲ့ မိမိနိုင်ငံနဲ့ယှဉ်ကာ သုံးသပ်တင်ပြချင်ပေမယ့် ၀ါသနာရှင်သက်သက်သာဖြစ်ပါသောကြောင့် မိမိတို့၏စစ်အင်အား ဂဃနဏ မသိရှိပါသောကြောင့်သုံးသပ်ခြင်းမပြုနိုင်သည်ကိုခွင့်လွှတ်ပါကုန်...

(စစ်ရူးကြယ်နီ)





Unlike ·  · 

ကာကွယ်ရေးအသုံးစရိတ် ဆိုသည်မှာ

$
0
0
'ကာကွယ်ရေးအသုံးစရိတ်ဆိုသည်မှာ  နိုင်ငံတစ်နိုင်တွင် ကဏ္ဍအားလုံးသည်အတူအရေးကြီးပါတယ်။ တစ်မျိုးတွေးကြည့်ရင် တခြားသောအရေးတွေကို နိုင်ငံတစ်ခုပီပီသသ ကိုယ့်လက်ကိုယ့်ခြေ အေးအေးချမ်းချမ်း လုပ်နိုင်ဖို့က ကာကွယ်ရေးကပိုအရေးကြီးတယ်။ ကာကွယ်မှုမပေးနိုင်ရင် စောစောက ကျန်တဲ့ကဏ္ဍတွေအလုံးစုံပျက်သုန်းရမှာဓမ္မတာပဲဖြစ်ပါတယ်။ ဘာမှမလုပ်နိုင်တဲ့အခြေအနေမျိုးလည်း ဖြစ်လာနိုင်တယ်။ သေချာတာက အရှေ့တောင်အာရှအပါအ၀င် ကမ္ဘာမှာ ကာကွယ်ရေးတိုးမြှင့်မှုဟာ ကြောက်စရာကောင်းအောင် တိုးမြှင့်လာပြီ။ သူတို့တွေကတိုးသာတိုးနေတာ။ သူတို့ကို ထိမှာကြောက်လို့ထက် သူများကို တို့နိုင်ထိနိုင်တောင် လုပ်လာတာ။ လုံလောက်နေလည်းထပ်တိုးနေတာပဲ။ ကျနော်တို့က မလုံလောက်သေးပါဘူး၊ အင်အားနည်းနေတုန်းပါပဲ။ အခုလောလောဆယ်တော့ဘာမှမဖြစ်နိုင်သေးဘူးထင်ရတယ်။ ဒါပေမယ့် အခြေအနေက ပြောမရဘူးဗျ။ ချစ်ကြည်ရေးဘောလုံးကန်တာကနေတောင် စစ်ဖြစ်နိုင်တဲ့ သာဓကတွေရှိခဲ့တယ်။ ဆန်တွေလှူနေပေးနေတဲ့ ဂျပန်ကိုတောင် နိုင်ငံဖြတ်ပြီးဒုံးဖြတ်ပစ်တဲ့ မြောက်ကိုရီးယားလိုနိုင်ငံမျိုးရှိတယ်။ သူများပိုင်တဲ့ ယဉ်ကျေးမှုအမွေကိုတောင် ကိုယ်ပိုင်လုပ်ချင်တဲ့ ထိုင်း၊ သမိုင်းအမုန်းကို ဆပွားလို့ ကျနော်တို့နိုင်ငံကို ဆန့်ကျင်သူမှန်သမျှကူညီတဲ့ထိုင်း၊ ကျနော်တို့ သံရုံးကိုဝင်စီးတဲ့သူတွေကိုတောင် တစ်ဖက်လှည့်နဲ့လွှတ်ပေးတဲ့ထိုင်း၊ ကျနော်တို့ရေပြင်ထဲကို စစ်သင်္ဘောတွေနဲ့ထိုးဝင်တဲ့ ဘင်္ဂလား၊အခုနောက်ဆုံကိုးကန့်အရေးအခင်းစသည်ဖြင့် မမျှော်မှန်းနိုင်သောကိစ္စများ အများကြီးရှိပါတယ်။ ဒါကြောင့် ကာကွယ်ရေးကို အားနည်းတဲ့နိုင်ငံဟာ စစ်ရေးအရမဟုတ်တောင် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးတွေမှာ အများရဲ့ ဗိုလ်ကျစိုးမိုးမှုကို အဓိကထားတဲ့ မဟာဗျူဟာများဖြင့် နှိမ့်ချဆက်ဆံခြင်းကို ခံရနိုင်ပါတယ်။ ငပိန်ငညောင်ဆိုရင် လူ့လောကမှာ တစ်ကယ်ပေးထားတဲ့ပိုက်ဆံ ပိုငွေပြန်တောင်းတာတောင် ကားစပယ်ရာကတောင် ဟောက်ချင်တယ်။ဗလကြီးအကြီးကြီးနဲ့ မျက်နှာထားတင်းတင်းနဲ့ကောင်ကျတော့ မပေးကိုမပေးရသေးတဲ့ ပိုက်ဆံကိုတောင် ရုပ်တည်နဲ့တောင်းတော့ ပေးလိုက်ရတာမျိုး တွေ့ဖူးတယ်။ ဒီသဘောပါပဲ ။ကဏ္ဍစုံအချိုးကျတိုးတက်ရင်တော့ အားလုံးကောင်းပါတယ်။ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံ အချို့ရဲ့ ကာကွယ်ရေးဘက်ဂျက်ခွဲဝေသုံးစွဲမှုတင်ပြပါရစေ။  အမေရိကန်ပြည်ထောင်စု    ဒေါ်လာ ၅၈၁ဘီလီယံ  GDP ရဲ့ ၃.၈ရာခိုင်နှုန်း တရုတ်          ဒေါ်လာ ၁၂၉ဘီလီယံ  GDP ရဲ့ ၂ရာခိုင်နှုန်း ရုရှား       ဒေါ်လာ ၈၁ဘီလီယံ  GDP ရဲ့ ၄.၁ရာခိုင်နှုန်း အိန္ဒိယ     ဒေါ်လာ ၄၇ဘီလီယံ  GDP ရဲ့ ၂.၅ရာခိုင်နှုန်း တောင်ကိုရီးယား   ဒေါ်လာ ၃၃ဘီလီယံ  GDP ရဲ့ ၂.၈ရာခိုင်နှုန်း ထိုင်း    ဒေါ်လာ ၅.၃ဘီလီယံ  GDP ရဲ့ ၁.၈ရာခိုင်နှုန်း ဘင်္ဂလားဒေ့ရှ်    ဒေါ်လာ ၁.၅ဘီလီယံ  GDP ရဲ့ ၂.၈ရာခိုင်နှုန်း ဗီယက်နမ်   ဒေါ်လာ ၃.၄ ဘီလီယံ  GDP ရဲ့ ၃ရာခိုင်နှုန်း မြန်မာ   ဒေါ်လာ ၁.၂ ဘီလီယံ  GDP ရဲ့ ၂.၁ရာခိုင်နှုန်း  နှိုင်းယှဉ်ကြည့်လိုက်ရင် အပေါ်ကနိုင်ငံကြီးတွေထားပါ  ဒေသတွင်းနိုင်ငံ တွေအနေအထားမှာကိုယ်က အနိမ့်ဆုံးပါပဲ GDP အရ ရာခိုင်နှုန်းမှာကော သုံးစွဲတဲ့  ငွေပမာဏမှာရော အနည်းဆုံးမှာပါပဲ၂၀၁၄- ၂၀၁၅ ဘက်ဂျက်ခွဲဝေမှုအရ ၂၀ရာခိုင်နှုန်းဖြစ်နေပေမယ့် GDP ၇ာခိုင်နှုန်း အရ ပမာဏအရတော့ဒေသတွင်းနိုင်ငံ တွေထဲမှာ အနည်းဆုံးပါပဲ ဒီလိုပမာဏနနဲ့တောင်  စစ်အင်အားကမ္ဘာ့ အဆင့် ၄၄  ရှိတဲ့တပ်မတော်တစ်ရပ်ကိုတည်ထောင်နိုင်ခဲ့ဖို့ဆိုတာဘယ်လောက်ရုန်းကန်ရမလဲစဉ်းစား စေလိုပါတယ်။ တခါတလေမျက်မှန်စိမ်းတွေချွတ်ကြည့်ကြရင်တော့ သိပ်ကောင်းမှာပါပဲဗျာ  မေတ္တာရည်လျက်  ကြယ်နီ'

နိုင်ငံတစ်နိုင်တွင် ကဏ္ဍအားလုံးသည်အတူအရေးကြီးပါတယ်။ တစ်မျိုးတွေးကြည့်ရင် တခြားသောအရေးတွေကို နိုင်ငံတစ်ခုပီပီသသ ကိုယ့်လက်ကိုယ့်ခြေ အေးအေးချမ်းချမ်း လုပ်နိုင်ဖို့က ကာကွယ်ရေးကပိုအရေးကြီးတယ်။ ကာကွယ်မှုမပေးနိုင်ရင် စောစောက ကျန်တဲ့ကဏ္ဍတွေအလုံးစုံပျက်သုန်းရမှာဓမ္မတာပဲဖြစ်ပါတယ်။ 

ဘာမှမလုပ်နိုင်တဲ့အခြေအနေမျိုးလည်း ဖြစ်လာနိုင်တယ်။ သေချာတာက အရှေ့တောင်အာရှအပါအ၀င် ကမ္ဘာမှာ ကာကွယ်ရေးတိုးမြှင့်မှုဟာ ကြောက်စရာကောင်းအောင် တိုးမြှင့်လာပြီ။ သူတို့တွေကတိုးသာတိုးနေတာ။ သူတို့ကို ထိမှာကြောက်လို့ထက် သူများကို တို့နိုင်ထိနိုင်တောင် လုပ်လာတာ။ လုံလောက်နေလည်းထပ်တိုးနေတာပဲ။ ကျနော်တို့က မလုံလောက်သေးပါဘူး၊ အင်အားနည်းနေတုန်းပါပဲ။ 
အခုလောလောဆယ်တော့ဘာမှမဖြစ်နိုင်သေးဘူးထင်ရတယ်။ ဒါပေမယ့် အခြေအနေက ပြောမရဘူးဗျ။ ချစ်ကြည်ရေးဘောလုံးကန်တာကနေတောင် စစ်ဖြစ်နိုင်တဲ့ သာဓကတွေရှိခဲ့တယ်။ ဆန်တွေလှူနေပေးနေတဲ့ ဂျပန်ကိုတောင် နိုင်ငံဖြတ်ပြီးဒုံးဖြတ်ပစ်တဲ့ မြောက်ကိုရီးယားလိုနိုင်ငံမျိုးရှိတယ်။ သူများပိုင်တဲ့ ယဉ်ကျေးမှုအမွေကိုတောင် ကိုယ်ပိုင်လုပ်ချင်တဲ့ ထိုင်း၊ သမိုင်းအမုန်းကို ဆပွားလို့ ကျနော်တို့နိုင်ငံကို ဆန့်ကျင်သူမှန်သမျှကူညီတဲ့ထိုင်း၊ ကျနော်တို့ သံရုံးကိုဝင်စီးတဲ့သူတွေကိုတောင် တစ်ဖက်လှည့်နဲ့လွှတ်ပေးတဲ့ထိုင်း၊ ကျနော်တို့ရေပြင်ထဲကို စစ်သင်္ဘောတွေနဲ့ထိုးဝင်တဲ့ ဘင်္ဂလား၊အခုနောက်ဆုံကိုးကန့်အရေးအခင်းစသည်ဖြင့် မမျှော်မှန်းနိုင်သောကိစ္စများ အများကြီးရှိပါတယ်။ ဒါကြောင့် ကာကွယ်ရေးကို အားနည်းတဲ့နိုင်ငံဟာ စစ်ရေးအရမဟုတ်တောင် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးတွေမှာ အများရဲ့ ဗိုလ်ကျစိုးမိုးမှုကို အဓိကထားတဲ့ မဟာဗျူဟာများဖြင့် နှိမ့်ချဆက်ဆံခြင်းကို ခံရနိုင်ပါတယ်။

ငပိန်ငညောင်ဆိုရင် လူ့လောကမှာ တစ်ကယ်ပေးထားတဲ့ပိုက်ဆံ ပိုငွေပြန်တောင်းတာတောင် ကားစပယ်ရာကတောင် ဟောက်ချင်တယ်။ဗလကြီးအကြီးကြီးနဲ့ မျက်နှာထားတင်းတင်းနဲ့ကောင်ကျတော့ မပေးကိုမပေးရသေးတဲ့ ပိုက်ဆံကိုတောင် ရုပ်တည်နဲ့တောင်းတော့ ပေးလိုက်ရတာမျိုး တွေ့ဖူးတယ်။ ဒီသဘောပါပဲ ။ကဏ္ဍစုံအချိုးကျတိုးတက်ရင်တော့ အားလုံးကောင်းပါတယ်။ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံ အချို့ရဲ့ ကာကွယ်ရေးဘက်ဂျက်ခွဲဝေသုံးစွဲမှုတင်ပြပါရစေ။

အမေရိကန်ပြည်ထောင်စု ဒေါ်လာ ၅၈၁ဘီလီယံ GDP ရဲ့ ၃.၈ရာခိုင်နှုန်း
တရုတ် ဒေါ်လာ ၁၂၉ဘီလီယံ GDP ရဲ့ ၂ရာခိုင်နှုန်း
ရုရှား ဒေါ်လာ ၈၁ဘီလီယံ GDP ရဲ့ ၄.၁ရာခိုင်နှုန်း
အိန္ဒိယ ဒေါ်လာ ၄၇ဘီလီယံ GDP ရဲ့ ၂.၅ရာခိုင်နှုန်း
တောင်ကိုရီးယား ဒေါ်လာ ၃၃ဘီလီယံ GDP ရဲ့ ၂.၈ရာခိုင်နှုန်း
ထိုင်း ဒေါ်လာ ၅.၃ဘီလီယံ GDP ရဲ့ ၁.၈ရာခိုင်နှုန်း
ဘင်္ဂလားဒေ့ရှ် ဒေါ်လာ ၁.၅ဘီလီယံ GDP ရဲ့ ၂.၈ရာခိုင်နှုန်း
ဗီယက်နမ် ဒေါ်လာ ၃.၄ ဘီလီယံ GDP ရဲ့ ၃ရာခိုင်နှုန်း
မြန်မာ ဒေါ်လာ ၁.၂ ဘီလီယံ GDP ရဲ့ ၂.၁ရာခိုင်နှုန်း

နှိုင်းယှဉ်ကြည့်လိုက်ရင် အပေါ်ကနိုင်ငံကြီးတွေထားပါ ဒေသတွင်းနိုင်ငံ တွေအနေအထားမှာကိုယ်က အနိမ့်ဆုံးပါပဲ GDP အရ ရာခိုင်နှုန်းမှာကော သုံးစွဲတဲ့ ငွေပမာဏမှာရော အနည်းဆုံးမှာပါပဲ၂၀၁၄- ၂၀၁၅ ဘက်ဂျက်ခွဲဝေမှုအရ ၂၀ရာခိုင်နှုန်းဖြစ်နေပေမယ့် GDP ၇ာခိုင်နှုန်း အရ ပမာဏအရတော့ဒေသတွင်းနိုင်ငံ
တွေထဲမှာ အနည်းဆုံးပါပဲ ဒီလိုပမာဏနနဲ့တောင် စစ်အင်အားကမ္ဘာ့ အဆင့် ၄၄
ရှိတဲ့တပ်မတော်တစ်ရပ်ကိုတည်ထောင်နိုင်ခဲ့ဖို့ဆိုတာဘယ်လောက်ရုန်းကန်ရမလဲစဉ်းစား
စေလိုပါတယ်။ တခါတလေမျက်မှန်စိမ်းတွေချွတ်ကြည့်ကြရင်တော့ သိပ်ကောင်းမှာပါပဲဗျာ ....

မေတ္တာရည်လျက်


ကြယ်နီ


Unlike · 

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၈)

$
0
0


==============
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေစဉ်မှာပင် ကလစ်ကလစ်ကလစ်ဟူသော မက်ဆင်ဂျာမှ
အသံထွက်လာပြီ တောက်ခနဲ နံပါတ်လေးတက်လာသည် ထိုနောက် နံပါတ်တွေကို
ပလုံစီတက်လာလေတော့သည်။ မိုးယံထက်တစ်ယောက် သူဖြစ်ပါစေဟူသော
အတွေးလေးနှင့် မက်ဆင်ဂျာကို တုန်ရီနေသောလက်နှင့် ဖွင့်ကြည့်လိုက်မိသည်။
ပျော်ရွှင်မှုတွေက လပြည့်နေ့ဒီရေလို အလုံးအရင်းဖြင့် ရင်ခွင်ထဲသို့စီးဝင်လာလေသည်။
သူမမှသူမအစစ်....။ ဟေး ခနဲပျော်ရွှင်စွာ အော်ဟစ်လိုက်ပြိးမှ ညဥ့်နက်နေပြီဆိုတာ
သတိရ၍ မနဲပြန်ထိန်းလိုက်ရသည်။ ဖုန်းပေါ်မှ စာများကိုအလျှင်အမြန်ဖတ်လိုက်တော့

"ယံ ရေစာမပြန်နိုင်တာဆောရီးနော် Ying ရဲ့ဖုန်းပင်လယ်ထဲပြုတ်ကျသွားလိုပါ
ပြီးတော့ ပြန်ရောက်ရောက်ခြင်း စာတမ်းတွေလုပ်နေရလို့ ဖုန်းလဲထွက်မ၀ယ်ဖြစ်ဖူး
ပြီးတော့ အမေလဲဆေးရုံတက်လိုက်ရလို့ ပိုက်ဆံတော်တော်ကုန်သွားတယ်လေ
ခုတောင်မှ လီ ကဖုန်းဝယ်ပေးလို့ပေါ့ မဟုတ်ရင် လကုန်မှဝယ်ဖြစ်မှာ ယံကိုအရမ်း
လွမ်းနေတာသိလား"
ဘာပဲပြောပြော သူမပြောတာတကယ်ဟုတ်ဟုတ်မဟုတ်ဟုတ် မိုးယံထက်တစ်ယောက်
တော့မျက်စိမှိတ်ယုံလိုက်သည်ပင်။ အကယ်၍ သူမက နေအနောက်အရပ်ကထွက်သည်
ဆိုလျှင်ပင် ခေါင်းညိတ်လက်ခံလိုက်မည့်သူမဟုတ်ပါလား။ အချစ်ဆိုတာ လူကိုရူးသွပ်စေ
တတ်သည်ဆိုသည်ကတော့ အမှန်တရားတခုပင်မဟုတ်ပါလား။
" Ying ရယ် အရမ်းလွမ်းနေတာသိလား"
"တကယ်"
"တကယ်ပေါ့ကွယ်။ ယံက တကယ်မချစ်ပဲချစ်တယ်လို့ပြောပြီး ပစ်သွားသလားလို့"
"အယ် ပြောရတယ်ရှိသေး ဘယ်သူကချစ်တယ်စပြောတာလဲ ပြောကြည့်"
"ကိုစပြောတာလေ"
"ဟုတ်လဲဟုတ်ပဲနဲ့"
"တကယ်ပါဆို ဗိုလ်ချုပ်ဈေးမှာ မြန်မာလိုပြောတာ ဘာပြောတာထင်လို့တုန်း"
"ဘာပြောတာလဲ"
"Ying ကိုအရမ်းချစ်တယ်ပြောတာ"
"ဟုတ်ပါတယ်ဆို"
"ဒါဆို ယံက အရင်ချစ်တယ်လိုပြောတာပေါ့"
"ဒါပေါ့"
"ဒါဆိုဘာလို့ Ying့ကို နားလည်အောင်မပြောရတာလဲ"
"အဲဒီတုန်းက တာဝန်တွေကရှိနေတယ်လေ အဲဒီတုန်းက Ying သာသဘောမတူခဲ့ရင်
နိုင်ငံအဆင့်တွေထိပါဖြစ်သွားနိုင်တယ်လေ ပြီးတော့ဒီလိုရုပ်ဆိုးဆိုးလူတစ်ယောက်ကို
Ying လို နတ်သမီးလေးတပါးက မချစ်နိုင်ဘူးလို့ထင်ခဲ့တာလေ"
"အပိုတွေ"
"တကယ်ပါကွာ မီးအိမ်ရှင် သီချင်းထဲကလို မင်းကငါရဲ့နတ်သမီးလေးပါ"
"အဲလိုအပြောတွေကြောင့် ပိုချစ်သွားပြီ"
ဒီလိုနှင့် မိုးယံထက်တစ်ယောက်ညဥ့်နက်မှ နှုတ်ဆက်ပြီးအိမ်ယာဝင်ခဲ့လေသည်။ သူ့အဖို့
တော့ လပိုင်းများစွာကြာမှပထမဆုံး ပျော်ရွှင်စွာအိပ်စက်ခဲ့ရခြင်းပင်ဖြစ်လေတော့သည်။
နောက်တနေ့ရုံးဖွင့်ရက် ရုံးပြန်တက်တော့ များစွာပြောင်းလဲနေသော သူ့ပုံစံကိုကြည့်ပြီးတော့
သူရဇော်တစ်ယောက်တော့အကြီးအကျယ်အံသြနေလေသည်။ အေးလေ လွန်ခဲ့သည့် နှစ်ရက်
လောက်ကပဲ လဒကြီးလည်လိမ်ထားသလိုပုပ်သိုးနေသောမျက်နှာနှင့်သူက အခုတော့ မှိုတွင်း
ကြားထဲမှ ကောက်ရသည့်ထီလက်မှတ်ကို ကံစမ်းမဲပေါက်သည့်အချိန်တွင်တိုက်မိပြီး ထီပေါက်
သည်ကိုသိလိုက်ရသည်မျက်နှာမျိုးအဖြစ်ပြောင်းလဲနေသည်ကိုး....။ သိပ်တော့ကြာကြာမအံသြ
လိုက်ရပါ မိုးယံထက်ကိုယ်တိုင် မနေနိုင်မထိုင်နိုင်ကြွားသည့်ကို ကြားလိုက်ရမှ ကြော်ငြာတွေထဲ
ကလို အော် ဒါ့ကြောင်းကိုးဆိုပြီဖြစ်သွားလေတော့သည်။
နောက်ပိုင်းရက်တွေကတော့ မိုးယံထက်တစ်ယောက်အတွက်တော့ မအားလပ်သည့်ရက်စွဲများ
ပင်။ တပ်အလုပ် ရုံးအလုပ်အပြင် ညနေရုံးဆင်းချိန် ကိုရီးယာစကားသင်ရသည့်ကိစ္စ ညဘက်တွင်
Ying နှင့်ချက်တင်တက်ရသည့်ကိစ္စ သူမထံသို့ပို့ရန် selfieများကို မလှလှအောင်ရိုက်ရသည့်ကိစ္စနှင့်
မအားလပ်နိုင်အောင်ပင်။ skypeပြောဖို့ လိုင်းကောင်းသည့်ဆိုင် ရှာရသည်ကလဲ မမောနိုင်မပန်းနိုင်
သော ကိစ္စတစ်ခုပင်။ မိုးယံထက်အတွက်ကတော့ သာကေတကနေ ရှစ်မိုင်အထိသွားပြီး အင်တာနက်
သုံးနေရသည်ကိုပင် ပင်ပန်းသည်ဟုမထင်မိတော့။ အချစ်စွမ်းအားက အလွန်တရာကြီးမားလှသည်
မဟုတ်ပါလား။ သူ့အတွက်ကတော့ အရာအားလုံးကလှပနေသည်။ ကျောင်းသားဟု ခေါင်းစဉ်တပ်
ထားသော ကလေက၀တွေ ဆန္ဒပြတာကလဲလှပနေသည်။ လက်ဝါးများဖြန့်ကာတားစီးနေသောရဲများ
ကလဲ ချစ်စရာကောင်းနေသည်။ဒါပေမယ့်ဟိုသက်ကြားအို တရုတ်ကြီးကတော့လှမလာနိုင်သေး။
လောကသဘောအရ ကောင်းမွန်သောအရာများမှာကြာရှည်မခံသည်ဆိုသည်ကို မိုးယံထက်တစ်
ယောက်မကြာခင်သိရှိခဲ့ရလေတော့သည်။ အဲဒီညကတော့ မိုးယံထက်အတွက် လောကငရဲကို
နောက်တဖန်ပြန်ဆင်းသက်စေပြန်သည်။ မြတ်စွာဘုရားကိုယ်တိုင်ဟောကြားခဲ့သည့် ဒုက္ခများထဲ
မှာ ချစ်သောသူနှင့်ကွေကွင်းရသည့်ဒုက္ခကို ခံစားနေရသော်လည်း အင်တာနက်ကျေးဇူးကြောင့်
အတူရှိနေသလိုဖြစ်နေ၍ မသိခဲ့သော်လည်း သူမပြောခဲ့သည့်စကားများက တကယ်ခံစားရတော့
မည်ဖြစ်ကြောင်းကိုသိရှိခဲ့ရလေတော့သည်။
"ယံကို ပြောစရာရှိတယ် ယံ"
"ပြောလေ Ying"
"Ying ကို အမေက အိမ်ထောင်ဖက်တွေ့ခိုင်းနေပြီ"
"ဘယ်လို ယံရှိနေတယ်ဆိုတာ မပြောဘူးလား Ying ရယ်"
"ပြောပါတယ် ဒါပေမယ့် ယံနဲ့ ကျွန်မကအဝေးကြီးမှာလေ အမေကမဖြစ်နိုင်ဘူး ဘယ်လိုမှပေါင်း
စည်းနိုင်မှာမဟုတ်ဘူးလို့ပြောတယ် Ying ငြင်းခြင်ပါတယ် ပေါင်းစည်းနိုင်မှာလို့ ပြောချင်ပါတယ်
ဒါပေမယ့်...... မဖြစ်နိုင်ဘူးဆိုတာ နှစ်ယောက်လုံးသိနေကြတာပဲလေ"
"ဘာလို့ဖြစ်နိုင်ရမှာလဲကွယ် ဖြစ်အောင်ကြိုးစားရင်ဖြစ်နိုင်ရမှာပေါ့"
"ဘယ်လိုဖြစ်နိုင်မှာလဲကွယ်"
"ယံကြိုးစားမယ် ယံဘယ်တော့မှအရှုံးပေးမှာ မဟုတ်ဘူး။ Ying သာစောင့်နေပေးပါ"
"အချိန်အတိုင်းအတာတစ်ခုထိတော့ ရနိုင်ပေမယ့် အချိန်ကြာလာရင်မဖြစ်နိုင်ဘူးလေ"
မိုးယံထက်တစ် ဖုန်းကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင် လောကကြီးကိုမေ့မျောနေလေတော့သည်။
သူဘယ်လိုပဲ ကိုယ့်ကိုယ်ကိုလိမ်လိမ် ဘယ်လောက်ပဲ ဖြစ်နိုင်ပါတယ်ပြောပြော ရေမြေခြားနေသော
သူတို့နှစ်ယောက်အဖြစ်က ဆုံဆည်းရဖို့ဆိုတာက ပုံပြင်တပုဒ်လိုသာပင်။ မိုးယံထက် ခေါင်းကိုတဗျင်း
ဗျင်းကုတ်ရင် စဉ်းစားနေမိသည်။ ဖြစ်နိုင်စရာအချက်တွေကိုတွေးကြည့်သည်။ သူတို့နှစ်ယောက်ပေါင်း
စည်းဖို့က Ying တပ်ကထွက်ပြီး သူမအမေနှင့်အတူ မြန်မာပြည်သို့လာမှ ဒါမှမဟုတ် သူတပ်ကထွက်
ပြီး သူမရှိရာကိုလိုက်သွားမှ သာဖြစ်နိုင်ပေလိမ့်မည်။ ဒါပေမယ့် ကျောင်းတောင်မဆင်းသေးသည့်သူမ
အတွက် တပ်ကထွက်ဖို့ဆိုတာ မဖြစ်နိုင်သလို သူ့အတွက်လဲ တပ်ကထွက်ဖို့ဆိုတာမဖြစ်နိုင်သလောက်
ပင်...။ ဒါဆိုဝေးရတော့မည်လား..။ သူမကိုလက်လွှတ်တော့မှာလား။ ဒါကိုလည်း သူ့နှလုံးသားကရော
ဦးနှောက်ကပါလက်မခံ။ အဖြေရှာမရနိုင်သော မေးခွန်းတွေကြားမှာ ချာချာလည်ရင်း အိပ်လို့မရသော
ညတညစတင်ခဲ့လေပြီ။
နောက်နေ့ရုံးရောက်တော့ သူရဇော်ကိုရင်ဖွင့်သော်လည်း သူရဇော်ဆီက သက်ပြင်းမောကြီးတခုနှင့်
သနားကြည့်တခုကိုသာရရှိလိုက်သည်။ မိုးယံထက်တစ်ယောက် စိတ်တွေအညစ်ကြီးညစ်နေရင်းက
မသောက်ဖြစ်တာကြာပြီဖြစ်သော အရက်ကို ပြန်သောက်ဖြစ်လေတော့သည်။ သူရဇော်ခင်ဗျာလဲ...
အရင်လိုပြန်ဖြစ်သွားသော မိုးယံထက်ကိုကြည့်ရင်းစိတ်မကောင်းဖြစ်သည်မှလွဲ၍ ဘာမှမတတ်နိုင်
အလွန်အကျွံမဖြစ်စေရန်နှင့် တာဝန်မပျက်ကွက်စေရန်ကိုသာ ထိန်းသိမ်းရလေတော့သည်။ သို့သော်
မိုးယံထက်အခြေအနေက တဖြည်းဖြည်းဆိုးသထက်ဆိုးလာသလို ပထမတစ်ခေါက်ကထက်ပင်ပို၍
စိုးရိမ်းစရာကောင်းလာသည်။ အရက်ကိုနေ့ရောညရောသောက်လာသလို တာဝန်တွေပင်ပျက်ကွက်
စပြုလာလေပြီ။ သူရဇော်တစ်ယောက်တော့ ကြံရမရသည့်အဆုံး ပထမအကြိမ်က ကူညီခဲ့လေသည့်
နှင်းသီရိဆီကိုသာ ဖုန်းဆက်အကူအညီတောင်းရလေတော့သည်။သူမက တတ်နိုင်သမျှကူညီပါမည်
ဆိုသည့် စကားကိုကြားသော်လည်း စိတ်မအေးနိုင်သည်က အမှန်ပင်။
မိုးယံထက်တစ်ယောက် နေ့လည်ကအရှိန်ကျသွားသည်ကို ပြန်တင်ရန် အရက်ဆိုင်သို့ရောက်နေပြန်
လေပြီ။ အရက်နှင့်အမြည်းများကိုမှာယူပြီး စောင့်ဆိုင်းနေစဉ် ဖုန်းဝင်လာသဖြင့်ကြည့်လိုက်တော့နံပတ်
အစိမ်းဖြစ်နေသဖြင့် မကိုင်ပဲနေတော့ရန် စဉ်းစားပြီးမှ စိတ်ပြောင်းသွားပြီး ကိုင်လိုက်တော့သည်။
"ဟယ်လို အမိန့်ရှိပါခင်ဗျာ"
"ကိုမိုးယံထက်လားရှင့်"
"ဟုတ်ပါတယ်ခင်ဗျာ အခုအမိန့်ရှိတာဘယ်သူပါလဲ"
"နှင်းသီရိပါ မှတ်မိလား ကိုသူ ကလပ်မှာမိတ်ဆက်ပေးတဲ့တစ်ယောက်လေ"
"အော် မှတ်မိပါတယ် ပြောပါ"
"ကိုသူဖုန်းဆက်လို့ ကိုမိုးအရက်တွေပြန်သောက်နေတယ်ဆို"
"အေးလေ အဲဒါမင်းနဲ့ဘာဆိုင်လို့လဲ"
"ဆိုင်တော့မဆိုင်ပါဘူး ဒါပေမယ့်"
"ဒါပေမယ့် ဘာဖြစ်လဲ"
"ကိုမိုး ဒီလိုပဲအရှုံးပေးတော့မှာလား"
"ဘယ်သူက အရှုံးပေးနေလို့လဲ"
"ကိုယ့်ဟာကိုယ်ပြန်စဉ်းစားကြည့်လေ"
"ဘာကိုပြောခြင်တာလဲ ရှင်းရှင်းပြော"
"ဒါဆိုလဲ ပြောပြပါမယ်။ ကိုမိုးဒီလိုသောက်နေလို့ရော ကိုမိုးကောင်မလေးနဲ့နီးရမှာလား ကိုမိုးအွန်လိုင်း
မှာပြောနေကြစကားရှိပါတယ် အမေ့သားကွ ဘယ်တော့မှ အရှုံးမပေးဘူး မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆို
တာလေ။ ဒီကိစ္စကြမှ အရှုံးပေးတော့မှာလာ မဖြစ်နိုင်တာတွေရှိလာတော့မှာလား"
"အဲဒါငါ့ကိစ္စ မင်းနဲ့မဆိုင်ဘူး တော်ပြီ မင်းနောက်ထက် ဖုန်းမဆက်နဲ့တော့ ဒါပဲ"
စကားပြန်ကိုမစောင့်ပဲ ဖုန်းကိုဦးအောင်ချပစ်လိုက်ရင်း ဖုန်းကိုစားပွဲပေါ်ပြန်တင်လိုက်သည်။ မိုးယံထက်
၏ခေါင်းထဲမှာတော့အတွေးတွေပလုံစီလျက်။ ဟုတ်သည် ဘာမဖြစ်နိုင်စရာရှိလဲ ကြိုးစားရမည်။ ကြိုးစား
လျှင် ဘုရားတောင်ဖြစ်နိုင်သေးသည်ပဲ..။ ဒီလိုကိစ္စလေးကတော့မဖြစ်နိုင်စရာဘာအကြောင်းမှမရှိ သူမကို
ချစ်ရင်တော့ ဒါလောက်တော့လုပ်နိုင်ရမည်ဟုတွေးပြီး ဆုံးဖြတ်ချက်တခုကိုပိုင်ပိုင်နိုင်နိုင်ချလိုက်သည်။သူမ
ဘ၀ကိုလဲ ဒီလို မျှော်လင့်စောင့်စားနေရသော ဘ၀မျိုးနှင့် မကုန်ဆုံးစေချင်သော မိုးယံထက်၏ ဆုံးဖြတ်ချက်
သည်ကား.....။


၈၈ ကိုယ်တွေ့  (၉)

$
0
0


အထွေထွေအုပ်ချုပ်ရေး၊ ရဲ၊ တရားရေး၊ ဥပဒေဆိုတဲ့ ဌာနတွေ အလုပ်ပြန်မစနိင်ကြသေးတဲ့ ကြားကာလ မ၀တ၊ ရ၀တ တွေ မရှိသေးဘဲ လုံခြုံရေးတပ်ဖွဲ့က ပြန်ကြားရေးဌာနဖွင့်ပြီး လူထု နဲ့  စတင်ထိတွေ့ ဆက်သွယ် ဆက်ဆံရတာ တော်တော်ကို့ရို့ကားယား နိင်ပါတယ်။


အလေ့အကျင့်များလာရင် အလေ့အထတစ်ခုလို ဖြစ်လာပြီး အလေ့အထကနေ ဒုတိယသဘာဝ ဖြစ်သွားတယ် ဆိုတဲ့ အတိုင်း ရှေ့ တန်းစစ်ဆင်ရေးမှာ သတင်းဟာ အသက်ဖြစ်လို့  သတင်းရရှိရေးကို နည်းမျိုးစုံ မရရအောင် စုံစမ်းရတာ အလေ့အထတစ်ခု ဖြစ်နေသူတွေအတွက် သာကေတခန်းမမှာတော့ စုံစမ်းစရာမလိုတော့အောင် သတင်းတွေ အလျှံပယ် ရောက်လာနေပါတယ်။ အစပိုင်းမှာတော့ သတင်းတစ်ခုရရင် လိုက်လုပ်ကြည့်တတ်တဲ့ အကျင့်အတိုင်း အရေးအခင်းတုံးက ဘယ်သူကဘာလုပ် တယ်လာတိုင်ရင် သွားဖမ်းလိုက် ၊ အရင်ဦးအောင် တိုင်သူက လွတ်နေပြီး အတိုင်ခံရသူ အရင်အဖမ်းခံရတာ ဖြစ်နေ ပါ တယ်။ သာကေတ အထက်တန်းကျောင်း အပေါ်ထပ် ခန်းမကျယ် ကြီးထဲမှာ အကုန်စု ထည့်ထားပါတယ်။

အခုလက်ငင်း ဦးစားပေး လုပ်ငန်းက လုယက်သောင်းကျန်း သတ်ဖြတ်မှုတွေကို နှိပ်ကွပ် ဖို့ နဲ့  ထပ်ဖြစ်မလာအောင် တားဆီးဖို့ သတင်းတွေ လိုချင်တာဖြစ်ပေမယ့် အများဆုံးလုပ်နေရတာက အရေးအခင်း ကာလက ဘယ်သူဘာတွေလုပ်ခဲ့ တယ်ဆိုတဲ့ တိုင်တာတွေ လိုက်ဖမ်းစစ်နေရတာ ဖြစ်ပါတယ်။ အများအားဖြင့် အရင်ဦးအောင်တိုင်ခဲ့ သူတွေဟာ အရေးအခင်းမှာ ကိုယ်တိုင် ပေါက်ကရ လုပ်ခဲ့ သူတွေဖြစ်ပြီး အဖမ်းခံရ သူတွေက လူမှန်တွေဖြစ်နေတာ တွေ့ရပါတယ်။ အရင်ဦးအောင်တိုင်ခဲ့ သူတွေ ရဲ့ သတင်း အများစုက မှားနေပြီး အတိုင်ခံရသူတွေဆီက ရတဲ့သတင်းက မှန်တာ များနေတာ သင်းခန်းစာ ယူစရာပါ။ ဘာဘဲပြောပြော ရိုးရိုးသားသား လက်လုပ်လက်စား အများစုဟာ ကျီးလန့်စာစား ကိုယ့်ခေါင်းကိုယ်စမ်း မင်းမဲ့ တိုင်းပြည် ဖြစ်နေရာကနေ အားကိုးစရာ မဟုတ်ရင်တောင် မြင်မြင်သမျှ ကြောက်နေရတဲ့ ဘ၀ကနေ ကြောက်စရာ တစ်ခုတည်း ရှိလာပြီဖြစ်လို့  ဗရမ်းဗတာ အဖြစ်ကနေ ငြိမ်ဝပ်ပိပြားတဲ့ အဆင့်ကိုတော့ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။


မြို့ နယ်ခန်းမမှာ ပြန်ကြားရေးရုံးထိုင်ပြီး တိုင်သမျှ လိုက်ဖမ်းခိုင်းနေတဲ့ တပ်ခွဲမှုး ဟာ တပ်မှာ ထူးထူးခြားခြား ၀ါရင့် တပ်ခွဲမှုးကြီးဖြစ်ပါတယ်။  ငယ်စဉ်က တပ်ရင်းတစ်ရင်းမှာ တပ်ထောက် ဗိုလ်ကြီး တာဝန် ထမ်းဆောင်ချိန် တပ်ထောက်ဗိုလ်ကြီးတိုင်း ပြုလုပ်ရလေ့ ရှိတတ်တဲ့ စစ်ဥပဒေနဲ့ မညီတဲ့ ကိစ္စ အသေးအမွှားတစ်ခု လုပ်မိ ခဲ့တဲ့ အပြစ်ဒဏ်လေးက ဘာမှမကြီးမားပေမယ့် ကံဆိုးချင်တော့ အဲ့ဒီအချိန်က ပါတီက စံပြ အနေနဲ့  ပါတီဝင် အဖြစ်က ထုတ်ပယ်ခံခဲ့ရလို့ တပါတ်စဉ်ထဲ သူငယ်ချင်း တွေ ဗိုလ်မှုးဖြစ်နေချိန်မှာ ပါတီကထုတ်ပယ်ခံရတဲ့ ပြစ်မှုနဲ့ (ပါတီထဲပြန်ဝင်လို့လဲမရ) ရာထူးမတက်နိင် ဖြစ်နေခဲ့ရသူပါ။ (၈၈မတိုင်မီက စစ်သားတွေဟာ ပါတီစည်းကမ်း၊ စစ်စည်းကမ်းနဲ့ နယ်ဘက်စည်းကမ်း သုံးခုစလုံးကို လိုက်နာကြရပါတယ်) အခု ပါတီကြီးပျက်သွားပြီဖြစ်လို ပါတီဝင်အဖြစ်က ထုတ်ပယ်ခံထားရတဲ့ ပြစ်ဒဏ်လည်း အလိုလိုပြီးဆုံးသွားပြီး ရာထူးတက်ဖို့ လမ်းကြောင်းပွင့်လာပြီ ဖြစ်ပါတယ်။ လူတွေ လက်မလည်အောင် လိုက်ဖမ်းနေရလို့  မနားရတော့ တဲ့ တပ်စုမှုးတွေ စုပေါင်းပြီး  “ အကိုကြီး ကို ဒုက္ခပေးခဲ့တဲ့ ပါတီကြီး ပြုတ်သွားအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေကို မပစ်မှားပါနဲ့ ” လို့  ၀ိုင်းဂျီကျ စကားနာထိုး မှ သေချာ စီစစ်ပြီး လိုအပ်သလောက်သာ လိုက် ဖမ်းရပါတော့တယ်။

(တပ်ခွဲမှုးဟာ ၁၉၈၉ မတ်လ ၂၄ ကနေ ၂၆ အထိဖြစ်ခဲ့တဲ့ ကရင်ပြည်နယ် မော်ဖိုးကေစခန်းသိမ်း တိုက်ပွဲမှာ စခန်းရတဲ့ မတ်၂၆ ရက် dateနဲ့ ပဲ fieldpromotionရ လို့ ဗိုလ်မှုးအဆင့် တန်းရခဲ့တဲ့ အပြင် သူရဲကောင်းမှတ်တမ်းဝင် ဘွဲ့ တံဆိပ်ပါ ရခဲ့ပါတယ် ။ သီဟသူရဘွဲ့ရ ကျဆုံးခဲ့ရတဲ့ ဗိုလ်ကြီးသန်းထူးက ၈၈ ကာလ ရန်ကုန် ဒေါပုံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်)


၈၈ ကိုယ်တွေ့ (၁၀)

$
0
0



(နိဂုံး)

မီးကိုရေနဲ့ ငြှိမ်းရတယ် ဆိုပေမယ့် တောမီးလောင်တာကိုတော့ ရေနဲ့မနိင်ဘဲ မီးနဲ့ ပြန်လှန်ရှို့ မှ ငြှိမ်း လို့ ရ သလို၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေ တောမီးလို ကြီးမားလာတဲ့ ဆူပူုသတ်ဖြတ် မှုတွေ ကို ငြှိမ်း သတ်ဖို့  စစ်အုပ်ချုပ်ရေးမီးနဲ့ ငြှိမ်းသတ်ခဲ့ရ ပါတယ်။  စစ်အုပ်ချုပ်ရေး ဆိုတာ အာဏာသည် သေနတ်ပြောင်းဝ ကလာသည်ဆို တဲ့အ တိုင်း သေနတ်ပြ အကြောက်တရား နဲ့ အုပ်ချုပ်ရတဲ့ စနစ်ဖြစ်လို့ သိမ်မွေ့ညင်သာမှု မ ရှိနိင်ပါဘူး။ မြို့တွင်းတိုက်ပွဲတွေ ဖြစ်နိင်တယ်ဆိုတဲ့ အဆုံးစွန် မျှော်လင့်ထားချက် အထိ မဖြစ်ခဲ့ဘဲ ဆူပူလုယက် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ရက်ပိုင်းအတွင်း နှိမ်နှင်းပြီးနောက် နိင်ငံတော် ငြိမ်ဝပ်ပိပြားရေး အဖွဲ့ လိုလားချက်အတိုင်း သာကေတ၊ ဒေါပုံ ၊သင်္ကန်းကျွန်းမြို့  နယ် တွေဟာ လိုအပ်တဲ့ ကြမ်းတမ်းမှုထက်မပိုဘဲ ငြိမ်ဝပ်ပြီးပိပြားလာ ခဲ့ပါတော့တယ်။


အပ်နဲ့ထွင်းရမှာ ပေါက်ဆိန်နဲ့ထွင်းရတယ် ဆိုသလို တကယ်တော့ ဦးနေ၀င်း ကိုယ်တိုင် သူ့ရဲ့ ဆိုရှယ်လစ်တစ်ပါတီနဲ့ ရှေ့ဆက်သွားလို့ မရတော့ဘူးဆိုတာ သိလို့  ပြည်သူလူထုက တစ်ပါတီကြိုက်သလား ပါတီစုံ ကြိုက်သလား ရွေးချယ်ဖို့ စကားကို သူက စပြောပြီးနောက်မှ ပါတီစုံ တောင်းဆို လာ ကြ တာဖြစ်ပါတယ်။ သူစမပြောခင်က ပါတီစုံဆိုတဲ့စကား ဘယ်သူမှ မပြောကြသေးပါဘူး။ ပါတီစုံသွားဖို့ လမ်းကြောင်းကို စချပေးသူဟာ ဦးနေ၀င်းဖြစ် ပါတယ်။ ဒေါက်တာ မောင်မောင်လက်ထက်မှာ တစ်ပါတီလား ပါတီစုံလား ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်ပေးမယ်ဆိုတာကို ကန့်ကွက်ခဲ့ကြလို့ ၊ ဆန္ဒခံယူပွဲ မလုပ်တော့ဘဲ သုံးလအတွင်း ပါတီစုံရွေးကောက်ပွဲ လုပ်ပေးပါမယ်ဆိုတဲ့ အစွမ်းကုန် လိုက်လျောမှုကိုလည်း လက်မခံခဲ့တဲ့ အဆုံးမှာတော့ ပါတီစုံအောင်ပွဲနဲ့ လက်တကမ်း အလိုအရောက်မှာ သုံးလမစောင့်လိုက်လို့ နှစ်ပေါင်း နှစ်ဆယ်ကျော် နောက်ကြောင်းပြန် လှည့်ခဲ့ရပါတယ်။ ဒါဟာ အကြီး မားဆုံးမှားယွင်းမှု ဖြစ်ပါတယ်။

တကယ်တော့လည်း ၁၃၀၀ ပြည့်အရေးတော်ပုံလို အရေး တော်ပုံအစအဆုံး ခေါင်းဆောင်မှု ကောင်းကောင်းနဲ့ ဦးဆောင်ခဲ့သူတွေတောင် သပိတ်လှန်ဖို့  အောက်ခြေ ခေါင်းဆောင်တွေကို ခက်ခက်ခဲခဲ ရှင်းပြခဲ့ရတာ ဖြစ်လို့ ၈၈ အရေးတော်ပုံလို ပစ်မိန့်လုံးဝမပေးတဲ့ သမ္မတဒေါက်တာမောင်မောင် လက်ထက် အရေးတော်ပုံ အသာစီး ရနေပြီး အရှိန် အမြင့်ဆုံး ရောက်နေမှ အရေးပေါ် ခေါင်းဆောင်ရှာတင်လို့ ခေါင်းဆောင် ၀င်လုပ် ရသူတွေ အတွက် အစိုးရရဲ့ အလျော့ပေးလိုက်လျောမှုတွေကို လက်ခံချင်ရင်တောင် သူတလူငါတမင်းဖြစ် နေတဲ့ အောက်ခြေ ခေါင်းဆောင်ငယ်တွေအပေါ် ဘယ်လိုမှ မလွှမ်းမိုးနိင်တဲ့ အခြေအနေ လည်းဖြစ်ပါ တယ်။ ခါတော်မီ ခေါင်းဆောင်ကြီးတွေစုပြီး ကြားဖြတ်အစိုးရ ဖွဲ့ဖို့ ဆွေးနွေး ကြပြန်တော့လည်း အာဏာခွဲဝေယူရေးတွေ အဝေ မတည့်လို့ပျက်သွားရပြန်ပါတယ်။

စစ်တပ်ရဲ့ ဖွဲ့စည်းပုံ ၊အလုပ်သဘာဝ၊ စည်းကမ်း အမိန့် စနစ်တွေ ကို မသိဘဲ ရန်စဆဲဆို လှောင်ပြာင်ရာကနေ ကုန်သွယ်ရေးရုံး ၀င်စီးတဲ့အထိ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ဟာ ကမ်းမမြင်လမ်းမမြင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အဆုံးသတ်စေခဲ့ပါတယ်။ (အခုထိလည်း စစ်စည်းကမ်း ဥပဒေကို မသိဘဲ ပုဒ်မ ၄၃၆ ပြင်ရေး စစ်သားတွေ လက်မှတ်ထိုးတာ ဥပဒေနဲ့ညီတယ်လို့ ဟောပြောတာတွေရှိနေပါတယ်)  သေနတ်ကိုင်ထားတဲ့သူကို အုပ်ချုပ်ရတာ အန္တာရယ်များတဲ့ ကိစ္စဖြစ်လို့ တင်းကျပ်တဲ့ အမိန့် စည်းကမ်းဥ ပေ ဒတွေနဲ့ အုပ်ချုပ်ရတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ခံယူချက်က လက်နက်တွေ အသိမ်းခံ ရတာဟာ အသက်သေတာထက် ဆိုးတဲ့ ရှက်စရာ ကိစ္စလို့ ခံယူထားတာဖြစ်လို့ ကုန်သွယ်ရေးရုံး သေနတ်တွေ အသိမ်းခံရမှုမျိုးကို နောက်တကြိမ် ဘယ်လိုမှ အဖြစ်ခံမှာ မဟုတ်ဘဲ ပြန်တုံ့ပြန်လာမယ်ဆိုတာ မျိုးလည်း ကြိုတင်မ မျှော်တွေးခဲ့ကြ ပါဘူး။

သာမန်ဝန်ထမ်းလို မဟုတ်ဘဲ တစ်သွေးတစ်သံတစ်မိန့် နဲ့ လှုပ်ရှားရတဲ့ စစ်တပ်ရဲ့ အလုပ်သဘာဝကို ဆန္ဒပြခေါင်းဆောင် တွေကိုယ်တိုင် နားမလည်ကြဘဲ စစ်တပ်ပြိုကွဲစေမယ့် အပြောအဆိုတွေ ပြောနေကြတာ ဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်ပြိုကွဲရင် ဒီမိုကရေစီနဲ့ ပိုဝေးဖို့ပဲရှိပါတယ်။ အရေးအခင်းကာလ ခေါင်းဖြတ်မှုတွေကို ထိန်းနိင်သူမရှိသလို ရောင်စုံ သောင်းကျန်းသူ မျိုးစုံ သူတလူ ငါတမင်း အုပ်ချုပ်ကြလို့ ရန်ကုန်အစိုးရ အခေါ်ခံရတာထက် ဆိုးမယ်ဆိုတာ ရိုးရိုးလေး တွေးကြည့်ရုံနဲ့ သိနိင်ပါတယ်။


၈၈ လှုပ်ရှားမှု သမိုင်းအမှန်ကို ဘက်မလိုက်တမ်း အမှန်အတိုင်း လေ့လာရင် မတ်လလှုပ်ရှားမှုကစလို့ သမ္မတဦးစိန်လွင် ပြုတ်ကျတဲ့အထိ လှုပ်ရှားမှုကာလကို အရေးတော်ပုံအဖြစ် အသိအမှတ်ပြုသင့်ပြီး ဒေါက်တာမောင်မောင် သမ္မတလက်ထက် ရွေးကောက်ပွဲ  (၃) လအတွင်း လုပ်ပေးမယ်ဆိုတာကို လက်မခံတဲ့ နောက်ပိုင်းလှုပ်ရှားမှု ကာလကိုတော့ အရေးအခင်းအဖြစ်သာ သတ်မှတ်သင့်ပါတယ်။ တစ်ပါတီ အာဏာရှင်စနစ်ကို ရဲရဲဝန့်ဝန့် အသက်စွန့်တိုက်ပွဲဝင်ခဲ့တဲ့ သူတွေကို ချီးကျုးဂုဏ်ပြုရမှာဖြစ်ပြီး ဒေါက်တာမောင်မောင် လက်ထက်မှ ရဲရဲတောက် သတ္တိပြသူတွေ၊ လုယက်သတ်ဖြတ် ခေါင်းဖြတ် မင်းမဲ့စရိုက် တွေနဲ့ စစ်တပ်အာဏာသိမ်းရေး လမ်းကြောင်းဖွင့်ပေးသူတွေကိုတော့ သမိုင်းတရားခံတွေအဖြစ်သာ သတ်မှတ်သင့်ပါတယ်။ အပြတ်အသတ် အသာစီးရနေပြီဖြစ်တဲ့ အရေးတော်ပုံ အထွတ်အထိပ်ကာလမှာ ခေါင်းဆောင်တွေ အမျှော်အမြင်ရှိရှိနဲ့သာ (၃) လအတွင်း ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ဒေါက်တာမောင်မောင်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ရင် စစ်အုပ်ချုပ်ရေး အောက်ရောက်စရာ အကြောင်း မရှိပါဘူး။

အစိုးရကလည်း ဘာမှမလုပ်နိုင် ဆန္ဒပြသူတွေကလည်း ဘာမှမထိန်းနိုင်ဘဲ လူဆိုးဒမြ တွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေလို့ ပြည်သူလူထုတရပ်လုံး ကျီးလန့်စာစား ခေါင်းနဲ့ကိုယ် စမ်းကြည့်နေရတဲ့ ကာလဆိုးကြီးမှာ စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေကို လုယူလာတဲ့အထိ ဖြစ်လာတဲ့အတွက် စက်တင်ဘာ (၁၈) ရက် စစ်တပ်က နိင်ငံတော်အာဏာ ရယူခြင်းဟာ မဖြစ်မနေ ယူသင့်တဲ့ကိစ္စဆိုတာ လက်ခံရမှာဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအထိ စစ်တပ်ရဲ့ စွမ်းဆောင်ချက်တွေကို အသိအမှတ် ပြုရမှာဖြစ်ပြီး ရွေးကောက်ပွဲ နောက်ပိုင်း အကြောင်းကြောင်းကြောင့် (မည်သည့် အကြောင်းကြောင့် ဖြစ်စေ) အာဏာမလွှဲပေးနိင်ဘဲ အချိန်ကြာမြင့်စွာ နိင်ငံတော်အာဏာ ရယူခဲ့ခြင်းကိုသာ အားနည်းချက်အဖြစ် သတ်မှတ်သင့်ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနိုင်ရတဲ့ ပါတီတွေက ဆွဲကြ ဆိုတဲ့ တရားဝင် မိန့်ခွန်းတွေအတိုင်း မလုပ်ပေးနိုင်ခဲ့ခြင်းဟာ န၀တ အစိုးရ အတွက်အမဲစက် ဖြစ်ခဲ့ရပါတယ်။

တိုင်းပြည်ကို အခက်အခဲ အကျပ်အတည်းတွေကြားက ရုန်းကန်ရင်းမှာပဲ ဒုက္ခမျိုးစုံနဲ့ ရုန်းကန်ခဲ့ရတဲ့ ဆင်းရဲတဲ့ ဒဏ်ခံနိုင်ခဲ့ကြပေမယ့် အရပ်ဘက်အာဏာရဲ့ ချမ်းသာ မှုဒဏ်တွေ မခံနိုင်တဲ့ ဗိုလ်ချုပ် ၊ဗိုလ်ချုပ်ကြီး တစ်ဦးချင်းစီကြောင့် န၀တ အစိုးရ နာမည်ပျက်လာတဲ့ ဂယက်ဟာ တပ်မတော်တစ်ရပ်လုံး အထိ ရိုက်ခတ်ခံရ အထင်မြင်လွဲခံ ခဲ့ရပါတော့တယ်။မိမိသန်ရာဆန္ဒကို ဦးစားပေးပြီး လုံးဝ သူမှန်တယ် ငါမှန်တယ် ငြင်းရင်း သမိုင်းကို လိုရာဆွဲ မှတ်တမ်းတင်ရင်တော့ နောင်မျိုးဆက်တွေ အတွက် သမိုင်းအမှန် မသိရလို့ အနာဂတ် လုပ်ရပ်တွေမှာ အမှားအယွင်းတွေ ဖြစ်လာပါလိမ့်မယ်။  

၈၈ အရေးပြီးလို့  တပ်ရင်းပြန်လည် ဖွဲ့ စည်းလေ့ကျင့်ချိန်မှာ သက်ဆိုင်ရာ စစ်ဒေသကနေ အရေးအခင်းကာလ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သူတွေကို ဘွဲ့ထူးဂုဏ်ထူးတွေချီးမြှင့်ဖို့ တင်ပြစေရာမှာ တပ်ရင်းမှုးရဲ့ ပြောကြားချက်ကတော့ “ဆူပူသောင်းကျန်းမှုတွေ ကိုနှိမ်နှင်းဖို့ သေနတ်မပါတဲ့ သူတွေကို တဖက်သတ်ပစ်ခတ် ရတဲ့ ကိစ္စကို တာဝန်အရ လိုအပ်ချက်အရ မလွှဲမရှောင်သာ မလုပ်မဖြစ်လို့သာ လုပ်ခဲ့ရတာဖြစ်တယ်။ ဒီဘွဲ့ထူးတွေရလာရင် ရှေ့တန်းမှာ ရန်သူနဲ့အပြိုင်အဆိုင် အသက်စွန့်တိုက်ပြီး ဘွဲ့တံဆိပ်ရခဲ့တဲ့ ငါတို့တပ်က
အရာရှိစစ်သည်တွေကို ဘယ်လိုမျက်နှာပြရမှာလဲ၊ ငါတို့တပ်က တစ်ယောက်မှတင်စရာ မလိုဘူး” တဲ့။ (နောက်ပိုင်း ဘွဲ့ထူးဂုဏ်ထူးပေးမယ့် အစီအစဉ်တွေလည်း ပျက်သွားခဲ့ပါတယ်)


၈၈ အရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ပဲဆိုဆို စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတွေပဲ ပြောပြော၊ ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို ၈၈ အရေးတော်ပုံ/၈၈အရေးအခင်းအဖြစ်မှန် စိတ်ဝင်စားသူများ ဖတ်ရှုပြီး သမိုင်းကို အမှန်အတိုင်း အသိအမှတ်ပြုနိင်ကြပါစေ လို့သာ ဆုတောင်းရင်း တစ်ခန်း တစ်ကဏ္ဍ ကိုယ် တိုင်ပါဝင်ခဲ့ရတဲ့  “ ၈၈ ကိုယ်တွေ့ “ ကိုနိဂုံးချုပ် လိုက်ရ ပါတော့တယ်။ ။




ပန်းလှိုင်မြစ် ကမ်းနဖူးက လွမ်းဖူးသူတယောက်ပါမေ

$
0
0
Khin Mg Thant's photo.

++++++++++++++++++++++++++++++++++++
(လောက်ကိုင်ဖက်ကိုအားပါပြီးစာတွေအတော်များများရေးနေမိတဲ့ကျနော့ကို ကြည့်မြင်တိုင်တဖက်ကမ်းကဘော်ဒါကြီး ကိုတင်စိန်က ဖုန်းနဲ့လှမ်းချဲပါတယ်၊ ဟေ့ကောင် တစစ်စစ်နဲ့
စစ်တိုက်ခြင်သလောက်နောက်မှတိုက် -ငါတို့ပြောထားတာလည်း ရေးဖို့မမေ့နဲ့ဦးလို့ လှမ်း သတိပေးပါတယ်၊ ဟုတ်ပါတယ် ကျနော်လည်း လက်ပတ်နီ ကိစ်စရေးပြီးကထဲက အာရုံနောက်လာလို့ အဲ့ဒီဖက်အခြမ်းကို နည်းနည်းလေးအာရုံပျောက်နေမိပါတယ်၊လက်ပတ်နီလက်တဆုပ်လောက်အတွက်နဲ့ ဒေသခံ ကျေးရွာ (၁၁)ရွာအကျိုးနဲ့မလဲနိုင်တာမို့ ရေးသင့်တာလေးတွေပြန်ရေးပါတော့မယ်-
အဓိက အဲသည်ကြည့်မြင်တိုင်တဖက်ကမ်းမှာ သေရေးရှင်ရေးနီးပါးသတိပေးရေးရမဲ့လတ်တလော အချက်နှစ်ချက် ရှိပါတယ်၊ အဲဒါတွေကတော့

(၁) နွေရာသီရေချိုပြတ်လပ်ခြင်းပြသနာ(သည်နှစ်ပိုဆိုးပါ့မယ်၊အရင်နှစ်ထက်အပူချိန်မြင့်လာလို့ တချို့ရွာတွေဆိုအခုအချိန်ထဲက ရေပြတ်လတ်နေပါပြီ)

(၂) မိုးရာသီ ရွာတွေရေကြီးတော့မဲ့ပြသနာ(မိုးရာသီမှာ ၀ါးရုံဆိပ်၊အေးရွာ၊ဘလုပ်ညွန့်စက်ဆန်းရွာတွေ ရေကြီးနစ်မြုပ်မှုခံရတော့မဲ့အခြေအနေရှိနေပါတယ်၊အကောင်းနဲ့အဆိုးရောနေတဲ့ပန်းလှိုင်မြစ်ပိတ်တာရိုးကြီး ကြောင့်ပါ
သည်နှစ်ချက်ထဲက ရေပြသနာအတွက်ချပြဖို့Dataတွေလိုနေသေးတာမို့ပန်းလှိုင်မြစ်ပိတ်တာရိုးအကြောင်းဘဲ အရင်ရေးလိုက်ပါရစေ) 
Khin Mg Thant's photo.
ဘာဖြစ်လို့လည်းဆိုတော့ကျနော်ဟာပန်းလှိုင်မြစ်ကမ်းနဖူးကလွမ်းဘူးသူတယောက်မို့ပါဘဲ××××××)
ပန်းလှိုင်မြစ်ဆိုတာ မြစ်အကြီးကြီးတော့မဟုတ်ပါဘူး ဧရာဝတီတိုင်းညောင်တုန်းမြို့နယ်မဲဇလီ ရွာနားကမြစ်ဦးပေါက်ထပ်ခွဲလာတဲ့မြစ်ကြီးဧရာဝတီရဲ့မြစ်လက်တက်ငယ်လေးတခုပါ၊အရှည်(၃၄)မိုင်ကျော်ရှိပြီးရန်ကုန်တိုင်းကြည့်မြင်တိုင်မြို့နယ် စက်ဆန်းအေးရွာနားမှာ မှုလလမ်းခွဲထွက်ခဲ့တဲ့ လှိုင်မြစ်နဲ့ပြန်ပေါင်းထုပ်ခဲ့ပါတယ်၊ ကျနော်(၈)တန်းကျောင်းသားဘ၀ကကြည့်မြင်တိုင် ကမ်းနားဈေး ကဌက်ပျောဆိုင်တန်းတွေမှာကျင်လည်ခဲ့ဘူးသလို၊ကြည့်မြင်တိုင်နတ်စင်လမ်းအောက် အခုဗဟိုစံပြငါးဈေးကြီးနေရာက မော်တော်ဆိပ်မှာလည်း ပန်းလှိုင်မြစ်ဝကိုထိုင်ငေးနေခဲ့ဘူးပါတယ်၊
ဘာဖြစ်လို့လည်းဆိုတော့ စွဲလမ်းမိသူလေးက အဲသည်လမ်းကလာတတ်လို့ပါဘဲ၊သန်းသန်းမေဆိုတော့ မေ လို့ဘဲ ခေါ်ကြပါစို့

အရင်က ရန်ကုန်ပုသိမ်လမ်းဆိုတာ အခုလိုဂျောင်းဂျောင်းပြေးကားမောင်းလို့မရသေးပါဘူး ၊လှိုင်သာယာဆိုတာတောင်မပေါ်သေးတဲ့မြို့ပါ၊ကျနော်မှတ်မိတာကတော့၁၉၈၅လောက်မှလှိုင်သာယာမြို့သစ်ဖေါ်တယ်ထင်ပါတယ်၊ဖေါ်ကာစကတော့ ၂၆.၀၁စတုရန်းမိုင်သာရှိပေမဲ့အခုကတော့မကလောက်တော့ပါဘူး၊
အဲသည်တော့ညောင်တုန်း၊မြန်အောင်၊ဟင်္သာတ၊အဖျောက်၊ဆကာကြီး၊ဓနုဖြူဒေသကလူတွေအတွက်ပန်းလှိုင်မြစ်ကိုအဓိကထားကြရပါတယ်၊အဲသည်ဖက်ကကုန်သည်တွေကိုလည်းအဲသည်မြစ်ကြောင်းလမ်းကနေရန်ကုန်ကိုကုန်တင်ပို့ကြရပါတယ်၊အထူးသဖြင့်ရန်ကုန်မှာအသုံးပြုနေတဲ့ စားသုံးနေကြတဲ့ အုန်းသီးဌက်ပျောသီးအားလုံးဟာ အဲ့သည့်လမ်းကြောင်းက၀င်ပါတယ်၊ကြည့်မြင်တိုင်ကမ်းနားဈေးဟာလည်း အဲသည်အချိန်က အုန်းဌက်ပျောဒိုင်တွေနဲ့စည်ကားခဲ့ပါတယ်၊(အခုတော့ အုန်းဌက်ပျောပွဲရုံတန်းက ကြည့်မြင်တိုင်ဈေးကြီး လမ်းနဲ့ဗားကရာလမ်းတလျောက်ကမ်းနဖူးမှာ စံနစ်တကျလေးတည်ခဲ့ပါပြီ၊ပန်းလှိုင်မြစ်ကောသွားတော့ အုန်းဌက်ပျောတွေလည်းသဘောင်္စီးမရတော့ဘူးပေါ့)
Khin Mg Thant's photo.

ကျနော့ရဲ့မေ ဟာအဲသည်ညောင်တုန်းဖက်ကပါ၊သူ့အဖေအမေတွေက မော်တော်တွေလည်းရှိသလို၊အုန်းဌက်ပျောဒိုင်လည်းလုပ်ပါတယ်၊သူတို့အမျိုးတွေက ကြည့်မြင်တိုင်နတ်စင်လမ်းဖက်မှာ နေပါတယ်၊ကျောင်းကတော့ ကျနော်နဲ့အတူ အထက(၃)ကြည့်မြင်တိုင်ရယ်ပေါ့၊ဘာမှန်းမသိ သူငယ်ချင်းတွေမြှောက်ပေးလို့မောင်ပန်းမွှေးကဗျာလေးကူးရေးပြီးရည်းစားဖြစ်လာခဲ့ပါတယ်၊ပြတ်သွားတဲ့အထိ လက်တောင်မကိုင်ခဲ့ရပါဘူး၊ ဒါပေမဲ့ အချစ်ဦးဆိုလားအဲ့သည်ရောဂါကြီးကအတော်ဆိုးတာပါဘဲ ငယ်ရွယ်တဲ့ဘ၀အသိပေါ့လေ၊သောကြာ နေ့ညနေသဘောင်္နဲ့သူတို့မိသားစု ညောင်တုန်းပြန်သွားရင် ကမ်းနားကနေခိုးကြည့်လိုက်မှ စားဝင်အိပ်ပျော်ဆိုသလို၊ပြန်လာမဲ့ရက်ရောက်ရင်လည်း မော်တော်ဝင်မလာမခြင်း ကမ်းနားကနေဖင်ဂဏှာမငြိမ် ပန်းလှိုင်မြစ်ဝှကို မှန်းမြော်နေမိပါတယ်၊ ဒါကြောင့်ကျနော်ပြောပါတယ်၊ပန်းလှိုင်မြစ်ကမ်းနဖူးကလွမ်းဘူးပါတယ် မေ လို့။


ကျနော့ရဲ့မေ ကနည်းနည်းတော့အကြွားသန်တယ်ဗျ၊ အဲ့သည်အချိန်က ရုပ်ရှင်မင်းသား ကျော်ရဲအောင်ပေါ်ကာစပေါ့၊
ကျော်ရဲအောင် က ဌက်ပျောသီး အုန်းသီးရောင်းတယ်၊သူတို့အမျိုးလို့ပြောတာဘဲ ပန်းပင်ကြီးလမ်း အောက်ကမ်းနားထိပ်က ဆိုင်ကကျော်ရဲအောင်ဆိုင်ဆိုပြီးပြတယ်၊ကျနော်တော့ ကျော်ရဲအောင်ဆိုင်လာတာတခါမှ မတွေ့ပါဘူး၊ဟဲ့ နင်ပြောတဲ့ကျော်ရဲအောင်က တခါမှမတွေ့ပါလားဆိုတော့၊ကျနော့ကိုငတုံး မင်းသားဖြစ်မှတော့ ဌက်ပျောသီးရောင်းတော့မလားတဲ့။အခုမှ သူပြောတာသဘောပေါက်တော့တယ် မင်းသားဖြစ်တော့ ဘယ်ဌက်ပျောသီးရောင်းစားတော့မှာလည်း --အင်းတောင်းစားတဲ့သူရှိရင်တော့အလကားကျွေးခြင်ကျွေးမှာပေါ့လေ၊
နောက်ကျနော်ကသူ့ကိုမေးတယ် နင့်ပုံက အသားဖြူဖြူတရုပ်ပုံ၊ကျော်ရဲအောင်က ညိုညိုဘယ်လို အမျိုးတော်တာလည်းဆိုတော့ မသိဘူး အမေတို့ပြောတာဘဲ တော်တယ်ဆိုတော်လိုက်ပေါ့တဲ့၊
အင်း ဒါကြောင့်ကျနော်လည်း ကျနော့ရဲ့မေ ကကျော်ရဲအောင်အမျိုးလို့ဘဲ မှတ်ထားလိုက်ရတော့ပါတယ်၊

Khin Mg Thant's photo.
ရီစရာတွေပြောမိနေတာ၊တကယ်တော့ ဘာမှန်းမသိ ညာမှန်းမသိရည်းစားဖြစ်ခဲ့ပြီး ကျနော်တို့အထက(၃)ကျောင်းကို ဒေသကောလိပ်(၃)လုပ်မယ်ဆိုတော့ ကျနော်ကမိဘတွေရှိရာ စမ်းချောင်းမြို့နယ်က အလောင်းစည်သူ ကျောင်း၊ကြံတောစတိတ် ခေါ်တဲ့ အထက(၁)စမ်းချောင်းကိုပြောင်းခဲ့ရပါတယ်၊အဲဒီကျောင်းမှာတက်ရင်း မေ့ကိုစွဲလမ်းစိတ်နဲ့ဘဲ၊ကျောင်းပြေးလို့တနည်း ၊အချိန်ခေါက်လို့တဖုံနဲ့ သူရှိရာ ကြည့်မြင်တိုင်ကျောင်းကို
သွားနေမိပါတယ်၊အရင်လိုဘဲ ပန်းလှိုင်မြစ်ကမ်းနဖူးမှာ လွမ်းလွန်လွန်းလို့ လိမ့်လိမ့်လူးနေခဲ့ပါတယ်၊ အဲ့ဒါရဲ့အကျိုးဆက်ပထမရိုချက်ကတော့ ကျနော် ရှစ်တန်းစာမေးပွဲကိုဗုန်းကနဲကျတော့တာပါဘဲ၊အစိုးရစစ်ဆိုတော့ ဘယ်သူမှလည်းမကယ်နိုင်တော့ပါဘူး၊နောက်နှစ်ကျနော် (၈)တန်း ၊မေ(၉)တန်းတက်တဲ့အချိန်မှာတော့ ကျနော့အတွက်နောက်တခါရလာတဲ့ရိုက်ချက်ကတော့ စာမေးပွဲကျတဲ့ကျနော့ကိုမေက အဆက်ဖြတ်လိုက်ခြင်းပါဘဲ၊


ဖြတ်စာထဲမှာတော့- နင်ငါ့စီလာနေလို့ စာမေးပွဲကျပြီ၊ အဲသည်တော့နင်ငါ့စီမလာနဲ့တော့၊ နင်နဲ့ငါနဲ့ပြတ်ပြီ၊ နင်စာမေးပွဲအောင်အောင်ဖြေပါ၊နင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်မှ ငါ့ကိုလာတောင်းပါ၊---အဲသည်လိုစာလေးရေးပြီးဖြတ်ခဲ့တာပါဘဲ။ အစကတော့တကယ်ဘဲငါစာမကျက်မှာစိုးလို့စေတနာနဲ့ဖြတ်ခဲ့တာဘဲ သည်လိုမြင်ခဲ့ပါတယ်၊နောက်မှဘယ်ဟုတ်မလဲ ကျနော်ကသူ့ထက်အတန်းငယ်သွားပြီ ကြိုးလည်းမကြိုးစားဘူး
ခွေးဖြစ်မဲ့ကောင်လို့ထင်သွားမိပါလိမ့်မယ်၊မကြာခင်မှာဘဲ သူနဲ့အတန်းတူ ကျနော့သူငယ်ချင်းတယောက်နဲ့ ရည်းစားဖြစ်နေကြောင်းသိရတော့တာဘဲ၊ 


အဲ့သည်လိုမစိမ်းကားကြီးမေရဲ့သစ်စိမ်းချိုးအချိုးခံရပြီးတဲ့အခါမှာတော့ကျနော့အမြင်တွေအများကြီးပြောင်းလဲသွားခဲ့ပါတယ်၊၈တန်းစာမေးပွဲကိုလည်းထူးချွန်ချွန်ဘဲအောင်မြင်ခဲ့ပါတယ်၊(၉)တန်းနှစ်မှာတော့ အဲသည့်မေ ရှိတဲ့ကျနော့ရဲ့မိခင်ကျောင်း အထက(၃)ကြည့်မြင်တိုင်ကိုရအောင်ပြန်ပြောင်း ခဲ့ပါတယ်၊ သူတို့က(၁၀)တန်းကျနော်က (၉)တန်းပေါ့၊အဲသည်မှာ မေနဲ့တွဲနေတဲ့ကျနော့သူငယ်ချင်း ကျောင်းကြီးလမ်းအောက်ထိပ်က ညွန့်ရှိန်က ကျနော့ကိုအားတုံ့အားနာရှိသလောက်၊ကျနော့ချစ်ရသူ မေ ကတော့ခပ်တည်တည်ပါဘဲ၊မတူမတန်သလိုပေါ့လေ၊ အဲသည်နောက်တော့ (၁၀)တန်းမှာသူတို့နှစ်ယောက်စလုံး ကျပါလေရော၊ကျနော်က(၉)တန်းအောင်တော့ အမှတ်ကောင်းပြီး ၁၀တန်းမှာ A တန်းမှာ တက်ရတယ်၊အဲ့ဒီမေကလည်း Aတန်းမှာဘဲ ပြန်တက်ရတယ်၊ ကျနော့မှာ့မခံခြင်စိတ်ဖြစ်နေတော့ အတန်းထဲမှာ မေးသမျှစာရအောင်ကြိုးစားတယ်၊သူ့ထက်သာအောင်ပေါ့
သည်လိုနဲ့ ၁၀တန်းဖြေပြီးအောင်စာရင်းတွေထွက်လာတော့ ကျနော်အောင်တယ်၊ညွန့်ရှိန်အောင်တယ်၊မေ ကျတယ်၊ 


အဲ့သည်နှစ်မှာဘဲ ကျနော် ရန်ကုန်တိုင်းကျောင်းပေါင်းစုံ အမျိုးသားနေ့ကဗျာပြိုင်ပွဲမှာ ပထမ ဆုရတယ်၊ ကျောင်းက ၁၀တန်းအောင်လို့ရော ကဗျာဆုရလို့ရော ထူးချွန်ကျောင်းသား ဂုဏ်ပြုပွဲမှာ ကျနော့ကိုမေ စကားလာပြောတယ်၊  အဲသည့်အချိန်မှာ ညွန့်ရှိန်နဲ့လည်းပြတ်သွားပြီထင်တယ်၊ကျနော့ကိုမေက ဂုဏ်ယူပါတယ်တဲ့ -နင်ကြိုးစားအောင် ငါလုပ်ခဲ့ရတာပါတဲ့- နင့်အတွက်တံခါးအမြဲဖွင့်ထားပါ့မယ်တဲ့၊ ကျနော်လည်းပြန်ပြောလိုက်ပါတယ်၊ကျေးဇူးတင်ပါတယ်မေ လို့၊တကယ်လည်းမေ့ကိုကျေးဇူးတင်ပါတယ် အဲသည်အချိန်ကထည်းက ရှုံးနိမ့်ခြင်းရဲ့အရသာကို ကျနော်နက်နက်နဲနဲ ခံစားခဲ့ရတာမို့နောက်ပိုင်း ဘယ်စာမေးပွဲမှ ကျနော်မကျခဲ့တော့ပါဘူး၊ဒါပေမဲ့ စိတ်ထဲကတော့ပြောမိပါတယ်၊ ကျေးဇူးတော့တင်ပါတယ်
ဒါပေမဲ့-ပန်းလှိုင်မြစ်ကမ်းစပ်မှာတော့မလွမ်းတတ်တော့ဘူးမေ----လို့ပါ----။


အဲသည်ကထဲကမေ့ထားခဲ့တဲ့ပန်းလှိုင်မြစ်ဟာ ကျနော် ဗိုလ်သင်တန်းတက်တော့ ပြန်ဆုံရပါတော့ တယ်၊
စာအုပ်ထဲမှာပါ .. ၁၉၈၃ အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၃)တက်တော့ သီရိကျော်ထင်တပ်ခွဲစာကြည့်တိုက်ကော်မတီ အဖြစ်သူငယ်ချင်းတွေက ၀ိုင်းရွေးကြတယ်၊ အဲသည်မှာသူငယ်ချင်းဗိုလ်လောင်းတွေ ကိုနေ့စဉ် စာဖတ်နိုင်ဖို့စာကြည့်တိုက်ထိုင်ပေးရင်း ကျနော်လည်း စာတွေဖတ်ဖြစ်ပါတယ်၊အများအားဖြင့်တော့ အပုံလိုက်အတွဲလိုက်ရှိနေတဲ့ စစ်ပညာဂျာနယ်တွေပါဘဲ၊ အဲသည်ကစစ်ပညာဂျာနယ်တအုပ်မှာ မြူဆွယ်ကျုံးသွင်းတိုက်ခိုက်ခြင်း ဆိုတဲ့ စစ်နည်းဗျူဟာအကြောင်းရေးထားတာမှာ ပန်းလှိုင်မြစ်ကပါလာပြန်ပါတယ်၊ ပန်းလှိုင်မြစ်ပေါ်မှာ မြောင်းမြစား လောက်ဖျားရဲ့တပ်တွေကို လဂွန်းအိမ်အောင်မြင်ခဲ့တဲ့အကြောင်းပါ၊မွန်ဘုရင် ရာဇဓိရာဇ် ကိုယ်တိုင်စစ်ဗျူဟာဆွဲပြီး တိုက်ခဲ့တဲ့တိုက်ပွဲတခုပါ၊ ရာဇဓိရာဇ်က အင်အားကြီးမားတောင့်တင်းပြီး အခိုင်အမာနေနေတဲ့မြောင်းမြစားရဲ့တပ်တွေကိုမြူဆွယ်ကျူံးသွင်းဖို့ ပန်းလှိုင်မြစ်ထဲမှာ ကြိုတင်ပြီးမြောတိုင်တွေနဲ့ညောင့်ချွန်တွေစိုက်ပါတယ်၊ လ၈ွန်းအိမ်ရဲ့လှေတပ်ကိုသုံးနေကျတိုက်လှေကြီးတွေအစား လှေပေါ့လှေငယ်တွေနဲ့လေ့ကျင့်စေပါတယ်၊
ညောင့်တွေကြားက၀င်လမ်းထွက်လမ်းတွေကို လဂွန်းအိမ်တပ်ကိုမှတ်သားပြီးအ၀င်အထွက်လေ့ကျင့်ပါတယ်၊
ရေထရက်၊ရေတက်ချိန် ရေကျချိန်တွေကိုမှတ်သားပါတယ်၊အဲသည်ညှောင့်ခင်းထားတဲ့ပန်းလှိုင်မြစ် ရဲ့ဘေးဘယ်ညာကမ်းနဖူးမှာတော့ ခြေလျင်တပ်တွေကိုကင်းပုန်းဝပ်ထားစေပါတယ်၊ကမ်းတက်ခြုံခိုပေါ့လေ၊
မြောင်းမြစားကပုသိမ်မြို့မှာ နော်ရထာ၊သမိန်ပြဂြင်၊လောက်ရှိန်ဆိုတဲ့ စစ်သူကြီးတွေနဲ့ စစ်သူရဲတသောင်းနဲ့ခံနေတယ်လို့ ဆိုပါတယ်၊
Khin Mg Thant's photo.

လှေ(၅၀၀)ကျော် (၆၀၀)လေက်နဲ့စစ်ပြင်ထားတဲ့ မြောင်းမြစစ်သူကြီးလောက်ရှိန်ဟာ ပန်းပင်အရပ်မှာ တပ်ချပြီးနေပါတယ်၊ လဂွန်းအိမ်က သတ်မှတ်ထားတဲ့အချိန်မှာ-လှေငယ် (၂၀လောက်နဲ့လောက်ရှိန်ရေတပ်ကြီးကို ၀င်တိုက်ပါတယ်၊လဂွန်းအိမ်မှာအင်အားနည်းတာကိုအထင်သေးပြီးအမှုန့်ခြေဖို့လောက်ရှိန်တပ်က စစ်လှေတွေ တလကြမ်းလိုက်ပါတယ်၊လ၈ွန်းအိမ်ရဲ့လှေငယ်တွေဟာပန်းလှိုင်မြစ်အတိုင်းမှုလ ပြင်ဆင်တဲ့လမ်းအတိုင်း ပြေးပါတယ်၊ လောက်ရှိန်ကဒလကြမ်းလိုက်ပါတယ်၊လဂွန်းအိမ်က ညှောင့်တိုင်တွေကြားက မှတ်သားထားတဲ့ ရေလမ်းကြောင်းအတိုင်း ပြေးပါတယ်၊လမ်းကြောင်းမသိတဲ့ လောက်ရှိန်ရဲ့ရေတပ်ကြီးဟာ လဂွန်းအိမ်နောက်လိုက်ရင်းမှ ပန်းလှိုင်မြစ်လယ်မှာ ညှောင့်တွေနဲထိပ်တိုက်တိုး လှေဝမ်းတွေကွဲတော့မှ သူတို့မြူဆွယ်ကျူံးသွင်းတိုက်ခိုက်ခံလိုက်ရကြောင်းသိခဲ့ရပါပြီ။


သည်အချိန်မှာတော့သူတို့နောင်တဟာအချိန်လွန်သွားခဲ့ပါပြီ၊တချိန်ထဲမှာဘဲရေကျချိန်နဲ့တိုးပြီးလောက်ရှိန်ရဲ့လှေတွေဟာညှောင့်တိုင်တွေပေါ်တင်လို့ရှေ့တိုးမရ နောက်ပြန်ဆုတ်လို့မလွယ်နဲ့မြစ်အတွင်းကသတ်ကွင်းထဲမှာ အထင်းသားဖြစ်နေပါပြီ၊ဖရိုဖရဲဖြစ်နေပါပြီ၊သည်အချိန်မှာ ကမ်းတဖက်ပုန်းအောင်းနေတဲ့ ရာဇဓိရာဇ်တပ်တွေစီက မြှားမိုးရွာချတာခံလိုက်ရပါပြီ၊တဖက်ကမ်းက မြှားတွေနဲ့ပစ်လို့ တဖက်ကမ်းကို အသက်လုပြေးတက်ခဲ့တဲ့ လောက်ရှိန်ရဲရေတပ်သားတွေခင်မျာလည်း အသက်ဘေးကမလွတ်ခဲ့ပါဘူး၊ 


သည်မှာဘက်ကမ်းမှာအသင့်ခြုံခိုစောင့်နေတဲ့ရာဇဓိရာဇ်ရဲ့ခြုံခိုတပ်တွေရဲ့ဒါးသွားတွေကြားအသက်ပေးခဲ့ရပါတော့တယ်၊
ဒါကတော့သမိုင်းကြောင်းမှာထင်ရှားခဲ့တဲ့ ပန်းလှိုင်မြစ်ပေါ်က တိုက်ပွဲဖြစ်စဉ်ရယ်ပါ၊ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းထဲမှာတော့ ပန်းလှိုင်မြစ်မကြီးကိုညွှန်းခဲ့ပေမဲ့ စစ်ပညာဂျာနယ်ဖတ်ရချိန်တုံးကတော့
ကျနော်လွမ်းခဲ့ရဖူးတဲ့ပန်းလှိုင်မြစ်ကမ်းနဖူးလေးကိုဘဲပြန်မြင်ယောင်မိနေပါတော့တယ်၊


(အဓိကရေးခြင်တာထက်ရှည်သွားလို့ နောက်တပိုင်းကိုညမှဆက်တင်ပြပါရစေခင်ဗျားကျေးဇူးတင်ပါတယ်မိတ်ဆွေများ------)

မြန်မာတပ်မတော်(လေ)၏ အမျိုးသမီးလေသူရဲနှင့် စစ်သမီးများ

$
0
0
Maung Paing's photo.
---------------------
(အပိုင်း-၁)

(၁)

၁၉၅၆ ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့သည် တပ်မတော်(လေ)တွင် သမိုင်းမှတ်တိုင် တွင်ရစ်မည့် လေကြောင်းပျံသန်းမှုတစ်ခု ပြုလုပ်ခဲ့သည့် နေ့ရက်ပင်ဖြစ်သည်။ ဇူလိုင်လ၏ နေ့ရက်များသည် တိမ်မဲညိုများနှင့် ပြည့်နေတတ်သော်လည်း ထိုနေ့နံနက်တွင်တော့ ကောင်းကင်ပြာကြီးကို တစ်ပြန့်တစ်ပြော မမြင်ရသော်လည်း နေရောင်တို့ကမူ တိမ်သားတိမ်လိတ်များကြားမှ ဖြာကျလျက်ရှိပါသည်။


"အော်စတာ "လေယာဉ်ငယ်သည် စက်မဲ့လေယာဉ်(ဂလိုက်ဒါ)ကို ကြိုးဖြင့် ချိတ်ဆွဲလျက် မှော်ဘီ လေယာဉ်ကွင်းမှ ပျံတက်သွားသည်။ စက်မဲ့လေယာဉ်သည် မှော်ဘီလေယာဉ်ကွင်း၏ ကောင်းကင်ယံဝယ် တစ်ပတ်ပြီးတစ်ပတ် ရစ်ဝဲ၍ "အော်စတာ"လေယာဉ်၏နောက်တွင် တကောက်ကောက်လိုက်ပါပျံသန်းလျက် ရှိပါသည်။

အမြင့်ပေ ၁၂၀၀ သို့ရောက်သောအခါ စက်မဲ့လေယာဉ်ကို ဆွဲယူလာသောကြိုးကို အော်စတာလေယာဉ်မှ ဖြုတ်ချလိုက်သည်။ ထိုစက်မဲ့လေယာဉ်သည် အော်စတာလေယာဉ်မှ ကြိုးဖြတ်ချလိုက်သည်နှင့် မှော်ဘီ လေယာဉ်ကွင်း အထက်ဝယ် လှပစွာ ပျံသန်းအစွမ်းပြနေတော့သည်။ ထိုသို့ပျံသန်းပြီးနောက် လေယာဉ်ကွင်းသို့ ပြန်လည်ဆင်းသက်လာသည်။ တပ်မတော်(လေ)မှ စစ်သည်များက လေယာဉ်ကို ကူညီထိန်းသိမ်းပေးသည်။
စက်မဲ့လေယာဉ်ကို အစွမ်းပြပျံသန်းပြီး လေယာဉ်ပေါ်မှ ပြုံးရွှင်စွာ ဆင်းလာသူကား တက္ကသိုလ်မလှသန်း (ခေါ်)မြန်မာ့တပ်မတော်(လေ)မှ ဗိုလ် လှသန်း(လေ ၁၁၅၇)ပင်ဖြစ်တော့သည်။
Maung Paing's photo.
(၂)

၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် အမျိုးသမီးအရာရှိများ၏ အခန်းကဏ္ဍသည် စိတ်ဝင်စားဖွယ်ရာအဖြစ် ထွက်ပေါ်လာခဲ့ပါသည်။

မကြာမီက တရုတ်နိုင်ငံ၌ပြုလုပ်သော လေကြောင်းအလှသရုပ်ပြပျံသန်းပွဲတွင် အမျိုးသမီးလေသူရဲများက ပါဝင် ပျံသန်းသရုပ်ပြခဲ့သည်ဆိုသည့် သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ ကျွန်တော်တို့ နိုင်ငံသမိုင်းတွင်လည်း အမျိုးသမီးလေသူရဲများရှိခဲ့သလားဟူသော သိချင်စိတ်ပြင်းပျလာသည်နှင့် စာအုပ်အဟောင်းများရှာဖွေပြီး ဖတ်ရှု ခဲ့မိသည်။

စိတ်ဝင်စားဖွယ်ရာ အမျိုးသမီးလေသူရဲများနှင့် စစ်သမီး(ရဲမေ)များ၏ အကြောင်းကို အနည်းငယ်သိလာ ရခဲ့ပါသည်။ ထိုစိတ်ဝင်စားဖွယ်အချက်များကို အများသူငါအား ဗဟုသုတအဖြစ် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ထို့ပြင် မြန်မာတပ်မတော်(လေ)၏ သမိုင်းတစ်ခေတ်ကို ပြန်လည်မီးမောင်းထိုးပြလိုခြင်းကြောင့်လည်း ဖြစ်ပါသည်။

(၃) 

စစ်ဦးစီးချုပ်များက တပ်မတော် ကြည်း၊ ရေ၊ လေ၌ အမျိုးသမီး အရာရှိများ စတင်ခေါ်ယူရန်စီစဉ်ခဲ့စဉ်က ကြည်းတပ်ဖွဲ့စည်းပုံမှာ အလွန်ကျယ်ပြန့်သဖြင့် အမျိုးသမီးများအတွက် သီးသန့်စစ်စည်းကမ်းရေးဆွဲရာတွင် ကြန့်ကြာနေသည်။ ရေတစ်ဝက်၊ ကုန်းတစ်ဝက်အခြေခံသည့် ရေတပ်ကျပြန်တော့လည်း လုပ်ငန်းသဘောအရ အမျိုးသမီးများအတွက် အချိန်ယူစဉ်းစားနေရသည်။ လေတပ်ကမူ ဖွဲ့စည်းပုံအရ လက်နိုင်ခြေနိုင်ဖွဲ့စည်းပုံမျိုး လည်းဖြစ်၊ လုပ်ငန်းသဘောအရလည်း အမျိုးသမီးများနှင့်သင့်လျော်သော လုပ်ငန်းအများအပြားရှိသဖြင့် တပန်းသာနေသည်။

ထိုခေတ်ကာလအချိန်က နိုင်ငံတကာတွင်လည်း အမျိုးသမီးစစ်သမီးများ၊ အမျိုးသမီးလေသူရဲများ ရှိနှင့် နေပြီဖြစ်သည်။ Royal Air Force တွင် ( Harrier Je XZ 147 ) နောက်ဆုံးပေါ် ဂျက်လေယာဉ်ကို ကိတ်ဆောင်းတား ( Kate Sounder) ဆိုသူ အမျိုးသမီးက မောင်းနှင်နေပြီဖြစ်သည်။ ကူဝိတ်စစ်ပွဲ ( Desert War) တွင်လည်း အမေရိကန်လေတပ်၌ အမေရိကမလေးတွေက ( Transport Aircraft ) များကို မောင်းနှင်၍ တစ်တပ်တစ်အား အမျိုးသားစစ်သည်များကို အကူအညီပေးခဲ့သည်။ အစ္စရေးလေတပ်တွင်လည်း ဂျူးမလေး များက လေယာဉ်မောင်းခြင်း၊ စက်ပြင်ခြင်းတို့ကို အမျိုးသားများနည်းတူ ဆောင်ရွက်နေကြပြီဖြစ်သည်။

ထို့ကြောင့် မြန်မာ့တပ်မတော်လေအတွက် အမျိုးသမီးများခေါ်ယူရန် ပြင်ဆင်ကြသည်။ စည်းကမ်းဥပဒေ နှင့် အုပ်ချုပ်ရေးဆိုင်ရာတို့၌ အလွန်ပါးနပ်လိမ္မာပြီး အတွေ့အကြုံရင့်ကျက်သူ (ယခင်အခေါ် Wing Commander) ယခုအခေါ် ဒုတိယဗိုလ်မှူးကြီး ပီအေးချိုက လေတပ်ဦးစီးချုပ် ( Air Commodore ) ယခုအခေါ် ဗိုလ်မှူးချုပ် တီကလစ်နှင့် တိုင်ပင်ကာ အမျိုးသားလေတပ်အရာရှိများအတွက် စစ်စည်းကမ်းဥပဒေတွင်ပါရှိသမျှ (He) ဆိုသည့် စကားများကို (She)ဖြင့် အစားထိုးပြောင်းလဲခဲ့ကြသည်။

ထို့နောက် အမျိုးသမီးအရာရှိများ စတင်ခေါ်ယူခွင့်အမိန့် တောင်းခံခဲ့ရာ ၁၉၅၃ ခုနှစ် သြဂုတ်လ(၄)ရက်နေ့ ၌ကျင်းပပြုလုပ်သော ကာကွယ်ရေးဌာနကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး အမှတ် ၁၀၂ မှ အတည်ပြုပေးခဲ့သည်။ ထို့ကြောင့် ၁၉၅၄ ခုနှစ် သတင်းစာများမှာ ကြော်ငြာခေါ်ယူခဲ့တော့သည်။ ဗိုလ်လောင်းရွေးချယ်ရေးအဖွဲ့တွင် လျှောက်ထားသူ ဘွဲ့ရ(၆၀)အနက် မလှသန်း၊ မညိုညို၊ မယဉ်ယဉ်မွန်နှင့် မခင်လှဝင်းတို့ကို ပထမဆုံး(၄)ဦးအဖြစ် စီစစ်ရွေးချယ်ခန့်ထားခဲ့သည်။

၁၉၅၇ ခုနှစ်တွင် မသန်းမြင့်၊ မတင်တင်မြင့်နှင့် မသန်းသန်းမြင့်တို့သည် ဒုတိယအသုတ် အမျိုးသမီးအရာရှိများ ဖြစ်လာကြပြီး ၁၉၅၈ ခုနှစ် တတိယအသုတ်တွင် မနွဲ့နွဲ့သိန်းနှင့် မရီရီဟန်၊ ၁၉၅၉ ခုနှစ် စတုတ္ထအသုတ်(နောက်ဆုံးခေါ်ယူခြင်း)တွင် မခင်ခင်ကြီးနှင့် မခိုင်မြင့်တို့ အမျိုးသမီးအရာရှိများဖြစ်လာကြပြီး လေတပ်အမျိုးသမီးအရာရှိ ၁၁ ဦးရှိလာခဲ့ပါသည်။
Maung Paing's photo.
(၄)

ပထမဆုံး အမျိုးသမီးလေတပ်အရာရှိ ၄ ဦးဖြစ်သည့် လေ ၁၁၅၇ ဗိုလ် လှသန်း၊ လေ ၁၁၅၈ ဗိုလ်ခင်လှဝင်း၊ လေ ၁၁၅၉ ဗိုလ် ညိုညိုနှင့် လေ ၁၁၆၀ ဗိုလ် ယဉ်ယဉ်တို့ကို မြန်မာနိုင်ငံတွင် အခြေခံစစ်ပညာ အနည်းငသာ် သင်ကြားစေပြီးနောက် အင်္ဂလန်ပြည်ရှိ ဘုရင့်လေတပ်မတော် လေတပ်အမျိုးသမီးသင်တန်းကျောင်း (ဟော်ကင်)၌ ဆက်လက်သင်တန်းတက်ရန် စေလွှတ်ခဲ့ပါသည်။

အင်္ဂလန်တွင် ရှစ်လခန့်သင်တန်းတက်ရောက် အောင်မြင်ပြီးသောအခါ အမျိုးသမီးအရာရှိများသည် အစ္စရေးလ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ၍ အစ္စရေးလေတပ်မတော် အမျိုးသမီးတပ်ဖွဲ့၏ ဖွဲ့စည်းပုံများကို လေ့လာ ခဲ့ကြပါသည်။

ထိုအချိန်က ဗိုလ်လှသန်းကို ထွန်းနေ့စဉ်သတင်းစာမှ သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် "အစ္စရေးနိုင်ငံဟာဆိုရင် ကျွန်မတို့နိုင်ငံလိုပဲ၊ ဗြိတိန်နိုင်ငံလို လေတပ်၊ ရေတပ်၊ ကုန်းတပ်ရယ်လို့ တစ်သီးတစ်ခြား မရှိကြဘူး၊ လေတပ်၊ ရေတပ်၊ ကုန်းတပ်အားလုံးဟာ တစ်စုတစ်စည်းတည်း ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ နိုင်ငံရေး ၀ါဒ အမျိုးမျိုးကွဲပြားနေတဲ့ အဖွဲ့ပေါင်းစုံက ကိုယ်စားလှယ်တွေစုံညီ ပါဝင်တဲ့ လေတပ်မတော်ဆိုင်ရာ ကော်မတီ တစ်ရပ်ရှိတယ်၊ ဒီကော်မတီကဆိုရင် နိုင်ငံရေးအရလည်းကောင်း၊ လူမျိုးရေးအရလည်းကောင်း ဘယ်လိုပင်ကွဲပြား နေကြပေမဲ့ တိုင်းပြည်ကာကွယ်ရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ လေတပ်မတော် လုပ်ငန်းတိုးတက်မှုကို တစ်စိတ်တည်း၊ တစ်ဝမ်းတည်း စိတ်တူကိုယ်တူ ဆောင်ရွက်နေကြတာကို တွေ့ခဲ့ရတယ်။ ကျမအနေနဲ့ သိပ်သဘောကျမိတယ်။ အခုလို ကျမတို့တတွေ တပ်မတော်ထဲ ၀င်ရောက် အမှုထမ်းတာဟာလဲ ကျရောက်လာတဲ့ နိုင်ငံ့တာဝန်ကို ယောက်ျားများနဲ့တန်းတူ မထမ်းဆောင်နိုင်လင့်ကစား ကိုယ်နိုင်တဲ့ဖက်က တတ်နိုင်သလောက် ပါဝင်ထမ်းဆောင် နိုင်ရေးကို အဓိကအားဖြင့် ရည်ရွယ်ပါတယ် "ဟု မှတ်သားဖွယ်ရာ ဖြေကြားခဲ့သည်။

အစ္စရေးနိုင်ငံတွင် ပညာသင်ကြားနေစဉ် ဗိုလ်လှသန်းတို့ (၄)ဦးအား အစ္စရေးနိုင်ငံ၏ ဗိုလ်ချုပ်ကြီး မိုရှေဒါယန်းက " Fighter Pilot မှာ အမျိုးသမီးက သိပ်တော်တယ်၊ မွေးပါ မိန်းမဥာဏ်ကြောင့် ရန်သူက အဲဒီ အမျိုးသမီး Fighter Pilot ရဲ့ လှည့်ကွက်ကို ဘယ်လိုမှ ကြိုတင်ပြီး မသိနိုင်ဘူး၊ ဒါပေမယ့် လေယာဉ်ပစ်ချခံရလို့ ရန်သူ့နယ်မြေထဲ ထိုးကျသွားရင်တော့ဖြင့် အမျိုးသမီးလေသူရဲအတွက် အလွန်အန္တရာယ်များတယ်၊ တစ်ဖက်ရန်သူ ကလည်း ဒီဘက်က တပ်သားတွေ စိတ်ဓာတ်ကျအောင်၊ အမျိုးသမီးလေသူရဲကို ဓားစာခံထားပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်တတ်ကြတယ်။ ကြုံလဲကြုံဖူးခဲ့တယ်။ ဒါကြောင့် အမျိုးသမီးလေသူရဲတွေကို တိုက်လေယာဉ်တွေပေါ် မတင်တော့ဘဲ Transport Plane သယ်ယူပို့ဆောင်ရေးလေယာဉ်တွေမှာသာ သုံးတော့တယ်။ သိပ်သုံးလို့ကောင်းတယ် "ဟုမိန့်ကြားခဲ့သည်ကို ဗိုလ်လှသန်းမှ ပြန်လည်ပြောပြခဲ့ပါသည်။

၁၉၅၆ ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့တွင် ဂလိုက်ဒါလေယာဉ်ကို အမြင့်ပေ ၁၂၀၀ ကျော်မှ နေ၍ စီးနင်း ပျံသန်းပြခဲ့သည့် ဗိုလ်လှသန်းကို ထိုစဉ်ကာလ သတင်းခေါင်းကြီးပိုင်းများတွင် တခမ်းတနားဖော်ပြခဲ့ကြသည်။

၁၉၅၆ ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်သော တပ်မတော်(လေ)၏ (၉)နှစ်မြောက် အထိမ်း အမှတ်နှင့် တပ်မတော်လေတပ်ပြပွဲကို မိတ္ထီလာလေ့ကျင့်ရေးလေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပွဲနေ့နှင့် နောက်တစ်နေ့ဖြစ်သော (၁၆)ရက်နေ့တို့တွင် ဗိုလ်လှသန်းမှ စက်မဲ့လေယာဉ်(ဂလိုက်ဒါ)ဖြင့် ပျံသန်းပြသခဲ့ပါသည်။
------------

မောင်ပိုင်

၁၅-၃-၂၀၁၅ (ဒုတိယပိုင်းဆက်ပါဦးမည်ခင်ဗျား..)




မြန်မာတပ်မတော်(လေ)၏ အမျိုးသမီးလေသူရဲနှင့် စစ်သမီးများ (အပိုင်း-၂)

$
0
0
Maung Paing's photo. (၁)

တပ်မတော်(လေ)အတွက် အမျိုးသား အရာရှိများအပြင် အမျိုးသမီး ဗိုလ်မများကို ခေါ်ယူပြီး တာဝန်ထမ်းဆောင်စေခဲ့သည့်။ ထို့ပြင် အမျိုးသားစစ်သည်များနည်းတူ လေယာဉ်စက်ပြင်ခြင်း၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် အမျိုးသမီးစစ်သမီး(ရဲမေ) များခေါ်ယူရန် ဆောင်ရွက်ခဲ့သည်။


စစ်စည်းကမ်းဥပဒေများရေးဆွဲရာ၌ အမျိုးသမီးဗိုလ်လောင်းများခေါ်ယူခဲ့သည့်နည်းတူပင် (He) ဆိုသည့် စကားလုံးအစား (She)အစားထိုး၍ စစ်သမီးစုဆောင်းရေးကိုစတင်ခဲ့သည်။ (ထိုစဉ်ကာလက ကြည်း၊ ရေ၊ လေကို တပူးတစ်ပေါင်းတည်းမလုပ်သေးချိန်ဖြစ်ပြီး မြန်မာစာ ရုံးသုံးအမိန့် မထွက်သေးမီကာလဖြစ်၍ လေတပ်၌ အင်္ဂလိပ်စာ ဖြင့်သာ သုံးနှုန်းနေသောကြောင့် (He) (She) အသုံးအနှုန်းဖြစ်နေခြင်းဖြစ်ပါသည်)။

၁၉၅၇ ခုနှစ် စက်တင်ဘာလတွင် ပထမအသုတ် ရဲမေ(၅၈)ဦးကို ရွေးချယ်နိုင်ခဲ့ သည်။ လျှောက်လွှာများ ခေါ်ယူရာ၌ အောက်မြန်မာပြည်အနေဖြင့် လျှောက်ထားသူများသည် အမှတ်(၆)ဗိုလ်တထောင် အထကတွင် လည်းကောင်း၊ အထက်မြန်မာပြည်မှ လျှောက်ထားသူများကို မိတ္ထီလာလေတပ်စခန်းတွင်လည်းကောင်း၊ ရေးဖြေ စာမေးပွဲ ဖြေဆိုစေ ခဲ့ပါသည်။ ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတို့ကို ဖြေဆိုစေ ခဲ့သည်။
သတ်မှတ်အရည်အချင်းမှာ (၁၀)တန်းအောင်သူများဖြစ်ရပါသည်။ ရေးဖြေစာမေးပွဲအပြင် လူတွေ့ စစ်ဆေးခြင်း (Interview) ပါပြုလုပ်ရသည်။ အောက်မြန်မာပြည်အတွက် မဟာဝိဇယကုန်းမြေရှိ မှတ်တမ်းရုံး၌ လေတပ်အမျိုးသမီးအရာရှိများဖြစ်သည့် ဗိုလ်ယဉ်ယဉ်၊ ဗိုလ်ညိုညိုတို့က လူတွေ့စစ်ဆေးခဲ့ပြီး အထက်မြန်မာပြည် အတွက် မိတ္တီလာလေတပ်စခန်း၌ ဗိုလ်လှသန်း(အမျိုးသမီးအရာရှိ)နှင့် ဗိုလ်မှူး ခင်မြင့်တို့က စစ်ဆေးခဲ့သည်။

ထို့နောက်ရဲဘော်များနည်းတူ စစ်ဆေးမှုအဆင့်ဆင့်ကို ခံယူရသည်။ အဆင့်ဆင့်အောင်မြင်ပြီးသော လေတပ်စစ်သမီး ၅၈ ဦးကို မှော်ဘီလေတပ်စခန်းရှိ "ယုဇန "အဆောင်တွင် နေထိုင်စေခဲ့သည်။ သင်တန်းမှူး အဖြစ် ဗိုလ်ကြီး စောစိုင်ဟုန်း၊ သင်တန်းမှူး၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဗိုလ်လှသန်း၊ ဗိုလ်ယဉ်ယဉ်တို့က နည်းပြဆရာများဖြစ်သည့် ဒုအရာခံဗိုလ် စန်းလွင်၊ တပ်ကြပ်ကြီး ခင်အုံး၊ တပ်ကြပ် သန်းထွန်းတို့နှင့် အခြေခံ စစ်ပညာများကို ၃ လကြာ သင်ကြားပို့ချပေးခဲ့ကြပါသည်။
Maung Paing's photo.
(၂)

ဒုတိယအသုတ် ခေါ်ယူရန်အတွက် ဗိုလ်ကြီး တင်ထွန်း(လေသူရဲ)၊ ဗိုလ် အောင်သွင်(စက်မှုလက်မှုအရာရှိ) နှင့် ဗိုလ်လှသန်းတို့မှ မြစ်ဝကျွန်းပေါ်၊ မော်လမြိုင်နှင့် မုဒုံနယ်များသို့ စုဆောင်းရေး ထွက်ခဲ့ကြသည်။ မော်လမြိုင်မှ အပြန် သိမ်ဆိပ်အရောက်တွင် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဗိုလ်လှသန်းတို့ စီးနင်းလာ သောရထားမှာ ရပ်တန့်ထားခဲ့ရသည်။ တိုက်ပွဲမပြီးမချင်း စုဆောင်းရေးအရာရှိများနှင့် စစ်သမီးအသစ်များမှာ ရထားကြမ်းပြင်တွင် ခေါင်းမထောင်ရဲဘဲ ပြားပြားဝပ်နေခဲ့ကြရသည်။

ထိုသို့ နယ်လှည့်စုဆောင်းရာ ၁၉၅၈ ခုနှစ် ဇူလိုင်လတွင် စစ်သမီး(၅၈)ဦး ရရှိခဲ့သည်။ ပထမအသုတ် သင်တန်းဆင်းခဲ့သော မခင်အေး၊ မမြမေ၊ မအေးအေးစန်းတို့က စစ်သည်နည်းပြဆရာများနှင့်အတူ စစ်ပညာ နည်းပြများအဖြစ်၊ ဆောင်ရွက်ခဲ့ကြသည်။

ပထမအသုတ်နှင့် ဒုတိယအသုတ် သင်တန်းဆင်း လေတပ်စစ်သမီးများမှာ ၁၉၅၈ ခုနှစ် လွတ်လပ်ရေး နေ့ ဗိုလ်ရှုသဘင်အခမ်းအနားမှ စတင်၍ နှစ်စဉ် စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
၁၉၅၉ ခုနှစ်တွင် တတိယအသုတ်အဖြစ် စစ်သမီး(၅၀)ဦးထပ်မံ အင်အားတိုးလာခဲ့ပါသည်။ ၁၉၆၀ ခုနှစ်၌ နောက်ဆုံးအသုတ်ဖြစ်သော စတုတ္ထအသုတ်တွင် စစ်သမီး(၄၉)ဦး ထပ်တိုးလာခဲ့ပါသည်။
ထိုခေတ်ကာလ ရန်ကုန်မြို့လယ်ခေါင်ရှိ ရုပ်ရှင်ရုံတိုင်းတွင် ရုပ်ရှင်မပြခင် နိုင်ငံတော်အလံအား ရုပ်ရှင်ကြည့် မရိတ်သတ်များက အလေးပြုကြပြီးထိုင်ခုံတွင် ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် တပ်မတော်(လေ) စစ်တီးဝိုင်း၏ စစ်ချီဘင်ခရာသံစုံကို ကြားရတော့တာပါပဲ။ ပိတ်ကားပေါ်တွင်တော့ ပျိုပျိုရွယ်ရွယ်၊ တက်တက် ကြွကြွရှိလှသည့် စစ်သမီးတို့သည် ကာကီဝတ်စုံကို ၀တ်ဆင်ရင်း ညီညီညာချီတက်လာသည်ကို ရှုမြင်ရပါ ပေသည်။

"တပ်မတော်….တပ်မတော်…အမျိုးသမီး စစ်သည်တော်…
တပ်မတော်….တပ်မတော်……အမျိုးသမီး စစ်သည်တော်..
တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့…အသက်ပေးလို့ဖြင့်
ဒို့ကာကွယ်မနော်…"
ဟူသော စစ်ချီတေးသံသည်လည်း လွှင့်ပျံလို့ နေခဲ့ပါတော့သည်။

(၃)

အခြေခံစစ်ပညာသင်တန်း (၃)လကြာတက်ရောက်ပြီးသည်နောက် ရဲဘော်များနည်းတူ မိမိတို့ အရည်အချင်းအလျောက် စက်မှုလုပ်ငန်း၊ အုပ်ချုပ်ရေးလုပ်ငန်း၊ ပစ္စည်းထိန်းလုပ်ငန်း စသည့်လုပ်ငန်းတာဝန်များ ကိုတက်ရောက်ကြရပါသည်။

လုပ်ငန်းအလိုက် (၃)လ၊ (၆)လကြာ သင်တန်းတက်ပြီး လုပ်ငန်းစစ်စာမေးပွဲဖြေဆိုကြရသည်။ ၄င်းစာမေးပွဲ အောင်မှတ်အလိုက် တပ်သားကျော် (L.A.C) ၊ တပ်သား(ပ) (A.C 1)၊ တပ်သား(ဒု) (A.C 2) စသည် ဖြင့် ရာထူးဆင့်အတန်း ခွဲခြားသတ်မှတ်ပေးခဲ့ပါသည်။

လုပ်ငန်းလုပ်သက်နှစ်နှစ်ကြာပြီးနောက် အဆင့်မြင့်သင်တန်းအသီးသီးကို ထပ်မံတက်ရောက်စေပြီး တဆင့်တက်၍ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ အရာခံဗိုလ် စသည့်အဆင့်ဆင့်ထိ တက်နိုင်ခွင့်ပေးထားခဲ့ပါသည်။
သို့သော် အလွန်အစကောင်း၍ အကောင်အထည်ဖော်လာခဲ့သည့် လေတပ်အမျိုးသမီးစစ်သမီးများ၏ သမိုင်းသည်ကား အလွန်ကြေဘွယ်ဖြင့် နိဂုံးအဆုံးသတ်ခဲ့ရသည်ဟု ဗိုလ်လှသန်းမှ ၁၉၉၄ ခုနှစ်ထုတ် တပ်မတော် (လေ)မဂ္ဂဇင်းတွင် "အမျိုးသမီးအရာရှိ (၁၁)ယောက်ရှိခဲ့ဖူးသော်လည်း ယခုလက်ဆွဲပြစရာ တစ်ယောက်မှ တပ်ထဲတွင်မရှိတော့ပါ။ အပျိုကြီးဘ၀ဖြင့် ရုတ်တရက်ကွယ်လွန်ရှာသူ ဒေါ်ညိုညိုနှင့် ပင်စင်သက်စေ့၍ အနားယူ သွားသူ ဒေါ်ခိုင်မြင့်မှလွဲ၍ ကျန်(၉)ယောက်မှာ အိမ်ထောင်ပြုသူအမျိုးသမီးအရာရှိများ တပ်မှထွက်ရန် အမိန့် နောက်ပိုင်း ပေါ်ထွက်လာ၍ တပ်တွင် ဆက်လက်အမှုထမ်းထွင့်မရဘဲ ထွက်ခဲ့ရပါသည်။ စစ်သမီးများကဏ္ဍမှာ လည်းထိုအတူပါပေ "
"ကုန်သွယ်ရေးဘက်ရောက်သူရောက်၊ အပြင်အရပ်ဘက် ရုံးစသည်များသို့ ရောက်သူရောက်နှင့် ကစဥ့်ကလျားဖြစ်ကြရပြီး တပ်ထဲ၌တက်ရောက်သင်ကြား၍ အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည့် အလုပ်များနှင့် မဆီမဆိုင်၊ ရရာအလုပ်များ၌ ကကြီးရေးကမှ စကြရပါတော့သည်။ သို့နှင့် ၁၉၆၄ ခုနှစ်ကျခါမှ လက်ရှိအမှုထမ်း နေဆဲအိမ်ထောင်သည် အမျိုးသမီးများသည် ဆက်လက်၍ အမှုထမ်းဆောင်ခွင့် ပြုကြောင်း အမိန့်တစ်ရပ် ထွက်လာပါသော်လည်း အခါနှောင်းပြီဖြစ်၍ ရဲမေခေါ်စစ်သည်မီး ၂၁၉ ယောက်အနက် ယခုလက်ရှိ ၂၁ ယောက် လက်ကျန်လေးမှာလည်း အဘွားကြီး၊ အဘွားလေးအရွယ်တွေ ရောက်လာနေကြပြီဖြစ်ပြီး နောက်ထပ်မျိုးဆက်သစ်များလည်း မရှိတော့သည့်အဖြစ်မှာ နိုင်ငံတော်အကျိုးရှုထောင့်ကပဲ ကြည့်သည်ဖြစ်စေ တစ်ဦးချင်းအလုပ်အကိုင်ဘက်ကပဲ ကြည့်သည်ဖြစ်စေ ယူကြုံးမရ၊ တသသ ဖြစ်ရသည့် ဆုံးရှုံးမှုကြီးတစ်ပါပေ "ဟု မချိတင်ကဲ ဖွင့်ဟရေးသားခဲ့ပါသည်။
 Maung Paing's photo.
(၄)

ဗိုလ်လှသန်း(အမျိုးသမီးလေသူရဲ)၏ စိတ်ဆန္ဒများ၊ နိုင်ငံအတွက် ဖြည့်ဆည်းပေးလိုသည့် စေတနာများ သည် မေတ္တာမှန်၍ အတော်အတင့် ပြည့်ဝလေပြီဟု ဆိုချင်ပါသည်။

ယနေ့ တပ်မတော်(လေ)တွင် စစ်သည်အစားခန့် အမျိုးသမီးများသည် လေယာဉ်ပြင်ဆင်ခြင်း အပိုင်းတို့ တွင်လည်းကောင်း၊ လေကြောင်းထိန်းသိမ်းခြင်းအပိုင်းတို့တွင်လည်းကောင်း ဆောင်ရွက်နေကြပြီဖြစ်ပါသည်။ ထို့ပြင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာလုပ်ငန်းကိစ္စရပ်များအတွက် တပ်ကြပ်ကြီးစာရေး (အမျိုးသမီး)သင်တန်းအား ဖွင့်လှစ်ပို့ချနေပြီဟု သိရှိရပါသည်။

တပ်မတော်(လေ)အတွက် အမျိုးသမီးအရာရှိများလည်း မြင်တွေ့လာရပါပြီ။ သို့သော် အမျိုးသမီး လေသူရဲနှင့် အမျိုးသမီးစက်မှုလက်မှုအရာရှိတို့၏ အခန့်ကဏ္ဍသည်လည်း မြင်တွေ့လာနိုင်စရာ ရှိသည်ဟု မျှော် လင့်ရပါသည်။

မည်သို့ပင်ဆိုစေ အမျိုးသားများနှင့် တန်းတူ မောင်တစ်ထမ်း မယ်တစ်ထမ်း ဆောင်ရွက်နေကြသည့် အမျိုးသမီးစစ်မှုထမ်းများမှာ တိုင်းပြည်အတွက် အဖိုးတန်လှသည့် ရတနာပန်းပွင့်များပင် ဖြစ်သည်ဟုဆိုချင် ပါသည်။။ ထို့ပြင် မြန်မာအမျိုးသမီးတို့၏ ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်သည့် အရည်အချင်း၊ အရည်အသွေးတို့သည်လည်း ချီးကျူးဂုဏ်ယူဖွယ် ကောင်းလှပါပေသည်ဟု ဆိုချင်ပါတော့သည်။

------------


မောင်ပိုင်
၁၇-၃-၂၀၁၅
မှီငြမ်း - "အမျိုးသမီးလေသူရဲ ဗိုလ်လှသန်း"
မျိုးမြင့်(လေ/သု) ၁၉၉၃ ခုနှစ် တပ်မတော်(လေ)မဂ္ဂဇင်း။
"စစ်သမီးတို့အကြောင်း သိကောင်းစရာ"
မလှသန်း(တစ်ခါကဗိုလ်ကြီးမမ) ၁၉၉၄ ခုနှစ် တပ်မတော်(လေ)မဂ္ဂဇင်း။




·

ရန်-မန်း အမြန်လမ်းနှင့် တွေးမိတွေးရာ

$
0
0
'အခုတလော ရန်-မန်း အမြန်လမ်းကို ခဏ ခဏရောက်နေလို့ အမြန်လမ်းမကြီး အကြောင်း ဆန်းစစ်မိတယ်။ ကိုယ်က အင်ဂျ င်နီယာ မဟုတ်တော့ နည်းပညာပိုင်း အမှားတွေ မမြင်တတ်ပါဘူး သာမန်မျက်စေ့ နှင့် အမြင် မတော်တာ လေး တွေပဲ စဉ်းစား ကြည့်မိတာပါ။  လေးလမ်းသွားကို မူလစီမံကိန်း အတိုင်း ရှစ်လမ်းသွား လုပ်ပြီး အဆင့်လည်းထပ်မြှင့် တင်မယ်လို့ တင်ဒါ စခေါ်နေပြီ။  ဒီကိစ္စ ကတော့ ဆီးသီးဗန်း မှောက် လို့ကောက်တာ မဟုတ်ဘဲ ဆီးသီး တောင်းကို ကန်ချနေတာလို့မြင်မိပါတယ်။ အရင် လမ်းဖေါက်တုန်းကလည်း စစ်ထောက် ချုပ်ကြီးနှင့် တကွ GE တပ်မှုးများ (နေရဲမာန် တောင်ပါမယ်ထင်တယ်) ပါတနာ ကုမ္ပဏီများ                                        ကို ဒေါ်လာ သန်း ကြွယ် သူဌေး ကြီးတွေ ဖြစ်စေခဲ့ပါပြီ ။ အခု အလှည့် တော့ အရပ်သား ဆောက် လုပ်ရေး ဝန်ကြီး အလှည့် ပေါ့လေ။  အင်မတန်များ ပြားလှတဲ့ ဘတ်ဂျ တ်ကို မလိုအပ်ဘဲ အလောသုံးဆယ် သုံးချင် လို့ လုပ်တဲ့သဘောပါ ။  ချက်ချင်း သုံးမရတောင် တင်ဒါ အအောင် ပြပြီး နောက် အစိုးရ ဆုံးဖြတ်ခွင့်ကို ကြို အသုံး ချသွား တာပါပဲ။  အမြန်လမ်းက လက်ရှိလေးလမ်းသွား က အနေတော်ပါဘဲ လမ်းကြပ်တဲ့ အဆင့် ကိုမရောက်သေးပါဘူး။  လက်ရှိလမ်းကို ထပ်ပိုးလွှာ အဖြစ် ကတ္တရာကွန်ကရိ AC ခင်းနေတာကိုပဲ ပြီးအောင် အရင် လုပ်သင့်တာပါ။  အခုလို ခင်းနေတဲ့နေရာမှာကိုပဲ ချို့ယွင်း ချက်တွေက အင်ဂျ င်နီယာ မဟုတ်သူ တောင်သိနိုင်တာတွေချည်းပါ။  အရင်လမ်းဖေါက်တုန်းက ကွန်ပက်ရှင် ကောင်းအောင် မကြိတ်ခဲ့လို့ ဒါမှမဟုတ် မြေသား မကောင်းတာကို အစား မထိုးမိလို့ နိုမ့်ကျ သွားတဲ့နေရာကို ပြန်မပြင်ဘဲ အဟိုက် အနိုမ့်တွေ အတိုင်း ပြန်ခင်းထား တာတွေ့ နေရပါတယ် ။ တံတား အဝင် အထွက်တွေ မှာ လမ်းအဖွဲ့နှင့် တံတား အဖွဲ့ ပညာပြိုင် ရင်းဖြစ်ထား တဲ့ အနိမ့်အမြင့် မညီတာတွေ ဘုတွေ ဒစ်တွေ ကို ပြေပြစ်အောင် မလုပ်ဘဲ ကတ္တရာ ထပ်အုပ် ထားပါတယ်။  ကတ္တရာ ကွာလတီ ကောင်း /မကောင်းက တော့ မြေကြီးပေါ်က ကွန်ကရစ် လမ်းပေါ် မှ မဆိုထား နှင့် တံတား ပေါ်က ကြိုတင်အားဖြည့် သံကူကွန်ကရစ် ပေါ်မှာ တောင် လှို င်းတွေ ထ နေပါတယ်။  လမ်းသား ညီ မညီ ကို စက်နှင့် တိုင်းစရာ မလိုပါဘူး လမ်း ပုခုံးနား က စည်း အဝါနှင့် လမ်းလယ်က စည်းအဖြူ  ကိုသာ ကား မောင်းရင်းကြည့်ပါ။မြွေလိမ် မြွေကောက် တွေ့ရပါလိမ့်မယ် ထိုင်းက အမြန်လမ်းတောင် ဒါမျိုး မဖြစ်ပါဘူး။  နောက်ပြီး မိုးရွာ လျှင် လမ်းပေါ် ရေတင် နိုင် ကြောင်း သတိပေး စာ ကပ်ထား တာ ရှက်ဖွယ်ပါ ။ ရေမတင် အောင် လုပ်ဖို့ လမ်းဒီဇိုင်း ဆွဲတဲ့နေရာ မှာ ပါပြီးသားပါ။ မလိုက်နာလို့ ဖြစ်နေတာပေါ့။  ရေဆင်း ပေါက်တွေလည်း ပြောင်းပြန်ဖြစ် နေတာ တွေ သာမန်မျက်စေ့ နှင့် တောင် တွေ့နိုင်ပါတယ်။  လမ်းဘေး ပလက်ဖေါင်း တုံးတွေကို ကြည့် လိုက်တာနှင့် လမ်း အနိမ် အမြင့်မညီတာတွေ  လှိုင်း ထနေတာ တွေအလွယ် သိနိုင်ပါတယ်။  လမ်း အကွေ့အကောက်တွေအတွက် အစောင်း တွေလည်း ဒီဂရီ မမှန်ပါဘူး ။  တချို့နေရာတွေမှာ မလိုအပ်ပဲ လမ်းကွေ့များ နေတာတွေ တွေ့နေရပါတယ် ရှောင်ပြီး လမ်းကွေ့စရာ တောင်၊ ချောင်း ၊ ချောက် တွေ မတွေ့မိဘဲ လမ်းအူ ကြောင်း အဟောင်း ကို မပြင်မိတာလား မြေ ရှင်တွေ အသိမ်း ခံရ သက်သာအောင် ခြံတွေ ရှောင် ဖေါက်ပေး ထား သလား စဉ်းစား စရာပါ။  ဘယ်ရီယာ တုံးတွေကိုလည်း တဆက် တည်းမချ ဘဲ တစ်ခု ခြား ချတာ လွှသွား ပုံဖြစ်ပြီး တိုက်တဲ့ကား လွင့် ထွက်သွား နိင်ပါတယ်။  တကယ်တန်းတော့ တစ်ဆက်တည်း ချတဲ့ အပြင် အတွင်းကို ဟိုက်ထား တဲ့မြောင်းပါမှ တိုက်မိရင် လွင့် ထွက်မသွား ဘဲ ဒရွတ်တိုက် အလိုက်သင့် ပါလာပြီး အရှိန်သေပြီး ရပ်သွား မှာပါ။ တုံး၏ ဒီဇိုင်းကိုက လွဲနေပါတယ် သူများ နိုင်ငံတွေမှာ တွေ့ဖူး သည့် ပုံစံ မျိုးမဟုတ်ပါ။  ကျန်တဲ့လမ်းပြ အမှတ် အသား တွေ အကြောင်းတော့ စာရှည် မှာ စိုးလို့မရေးတော့ ပါဘူး။ အမြန်လမ်း ဖေါက်တဲ့ အင်ဂျင်နီယာ များနှင့် အခုပြင်နေတဲ့ အင်ဂျင်နီယာများ (အခြား အင်ဂျ င်နီယာများ မပါ ဝိုင်းဆော်ကြမှာ စိုးလို့) တကယ် မတတ်တာလား ငတ်တာလား လို့ မေး လိုက်ချင်ပါတယ်ကွယ်။  Photo ကတော့( ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုး ရေး ရံပုံငွေကို တကယ် လိုအပ်နေတဲ့နေရာမှာ မသုံးဘဲ သူဌေး ရပ်ကွက် ရွှေတောင်ကြားက အင်းလျား မြိုင် လမ်းမှာ ရေမြောင်း အလုပ်ပြပြီး ဘုန်းတဲ့ပုံလေးပါဗျာ)'

အခုတလော ရန်-မန်း အမြန်လမ်းကို ခဏ ခဏရောက်နေလို့ အမြန်လမ်းမကြီး အကြောင်း ဆန်းစစ်မိတယ်။
ကိုယ်က အင်ဂျ င်နီယာ မဟုတ်တော့ နည်းပညာပိုင်း အမှားတွေ မမြင်တတ်ပါဘူး
သာမန်မျက်စေ့ နှင့် အမြင် မတော်တာ လေး တွေပဲ စဉ်းစား ကြည့်မိတာပါ။


လေးလမ်းသွားကို မူလစီမံကိန်း အတိုင်း ရှစ်လမ်းသွား လုပ်ပြီး အဆင့်လည်းထပ်မြှင့် တင်မယ်လို့ တင်ဒါ စခေါ်နေပြီ။
ဒီကိစ္စ ကတော့ ဆီးသီးဗန်း မှောက် လို့ကောက်တာ မဟုတ်ဘဲ ဆီးသီး တောင်းကို ကန်ချနေတာလို့မြင်မိပါတယ်။
အရင် လမ်းဖေါက်တုန်းကလည်း စစ်ထောက် ချုပ်ကြီးနှင့် တကွ GE တပ်မှုးများ (နေရဲမာန် တောင်ပါမယ်ထင်တယ်) ပါတနာ ကုမ္ပဏီများ ကို ဒေါ်လာ သန်း ကြွယ် သူဌေး ကြီးတွေ ဖြစ်စေခဲ့ပါပြီ ။ အခု အလှည့် တော့ အရပ်သား ဆောက် လုပ်ရေး ဝန်ကြီး အလှည့် ပေါ့လေ။

အင်မတန်များ ပြားလှတဲ့ ဘတ်ဂျ တ်ကို မလိုအပ်ဘဲ အလောသုံးဆယ် သုံးချင် လို့ လုပ်တဲ့သဘောပါ ။
ချက်ချင်း သုံးမရတောင် တင်ဒါ အအောင် ပြပြီး နောက် အစိုးရ ဆုံးဖြတ်ခွင့်ကို ကြို အသုံး ချသွား တာပါပဲ။
အမြန်လမ်းက လက်ရှိလေးလမ်းသွား က အနေတော်ပါဘဲ လမ်းကြပ်တဲ့ အဆင့် ကိုမရောက်သေးပါဘူး။
လက်ရှိလမ်းကို ထပ်ပိုးလွှာ အဖြစ် ကတ္တရာကွန်ကရိ AC ခင်းနေတာကိုပဲ ပြီးအောင် အရင် လုပ်သင့်တာပါ။

အခုလို ခင်းနေတဲ့နေရာမှာကိုပဲ ချို့ယွင်း ချက်တွေက အင်ဂျ င်နီယာ မဟုတ်သူ တောင်သိနိုင်တာတွေချည်းပါ။
အရင်လမ်းဖေါက်တုန်းက ကွန်ပက်ရှင် ကောင်းအောင် မကြိတ်ခဲ့လို့ ဒါမှမဟုတ် မြေသား မကောင်းတာကို အစား မထိုးမိလို့ နိုမ့်ကျ သွားတဲ့နေရာကို ပြန်မပြင်ဘဲ အဟိုက် အနိုမ့်တွေ အတိုင်း ပြန်ခင်းထား တာတွေ့ နေရပါတယ် ။
တံတား အဝင် အထွက်တွေ မှာ လမ်းအဖွဲ့နှင့် တံတား အဖွဲ့ ပညာပြိုင် ရင်းဖြစ်ထား တဲ့ အနိမ့်အမြင့် မညီတာတွေ ဘုတွေ ဒစ်တွေ ကို ပြေပြစ်အောင် မလုပ်ဘဲ ကတ္တရာ ထပ်အုပ် ထားပါတယ်။

ကတ္တရာ ကွာလတီ ကောင်း /မကောင်းက တော့ မြေကြီးပေါ်က ကွန်ကရစ် လမ်းပေါ် မှ မဆိုထား နှင့် တံတား ပေါ်က ကြိုတင်အားဖြည့် သံကူကွန်ကရစ် ပေါ်မှာ တောင် လှို င်းတွေ ထ နေပါတယ်။

လမ်းသား ညီ မညီ ကို စက်နှင့် တိုင်းစရာ မလိုပါဘူး လမ်း ပုခုံးနား က စည်း အဝါနှင့် လမ်းလယ်က စည်းအဖြူ ကိုသာ ကား မောင်းရင်းကြည့်ပါ။မြွေလိမ် မြွေကောက် တွေ့ရပါလိမ့်မယ် ထိုင်းက အမြန်လမ်းတောင် ဒါမျိုး မဖြစ်ပါဘူး။
နောက်ပြီး မိုးရွာ လျှင် လမ်းပေါ် ရေတင် နိုင် ကြောင်း သတိပေး စာ ကပ်ထား တာ ရှက်ဖွယ်ပါ ။ ရေမတင် အောင် လုပ်ဖို့ လမ်းဒီဇိုင်း ဆွဲတဲ့နေရာ မှာ ပါပြီးသားပါ။ မလိုက်နာလို့ ဖြစ်နေတာပေါ့။ 

ရေဆင်း ပေါက်တွေလည်း ပြောင်းပြန်ဖြစ် နေတာ တွေ သာမန်မျက်စေ့ နှင့် တောင် တွေ့နိုင်ပါတယ်။
လမ်းဘေး ပလက်ဖေါင်း တုံးတွေကို ကြည့် လိုက်တာနှင့် လမ်း အနိမ် အမြင့်မညီတာတွေ
လှိုင်း ထနေတာ တွေအလွယ် သိနိုင်ပါတယ်။

လမ်း အကွေ့အကောက်တွေအတွက် အစောင်း တွေလည်း ဒီဂရီ မမှန်ပါဘူး ။

တချို့နေရာတွေမှာ မလိုအပ်ပဲ လမ်းကွေ့များ နေတာတွေ တွေ့နေရပါတယ် ရှောင်ပြီး လမ်းကွေ့စရာ တောင်၊ ချောင်း ၊ ချောက် တွေ မတွေ့မိဘဲ လမ်းအူ ကြောင်း အဟောင်း ကို မပြင်မိတာလား မြေ ရှင်တွေ အသိမ်း ခံရ သက်သာအောင် ခြံတွေ ရှောင် ဖေါက်ပေး ထား သလား စဉ်းစား စရာပါ။

ဘယ်ရီယာ တုံးတွေကိုလည်း တဆက် တည်းမချ ဘဲ တစ်ခု ခြား ချတာ လွှသွား ပုံဖြစ်ပြီး တိုက်တဲ့ကား လွင့် ထွက်သွား နိင်ပါတယ်။ 

တကယ်တန်းတော့ တစ်ဆက်တည်း ချတဲ့ အပြင် အတွင်းကို ဟိုက်ထား တဲ့မြောင်းပါမှ တိုက်မိရင် လွင့် ထွက်မသွား ဘဲ ဒရွတ်တိုက် အလိုက်သင့် ပါလာပြီး အရှိန်သေပြီး ရပ်သွား မှာပါ။ တုံး၏ ဒီဇိုင်းကိုက လွဲနေပါတယ် သူများ နိုင်ငံတွေမှာ တွေ့ဖူး သည့် ပုံစံ မျိုးမဟုတ်ပါ။

ကျန်တဲ့လမ်းပြ အမှတ် အသား တွေ အကြောင်းတော့ စာရှည် မှာ စိုးလို့မရေးတော့ ပါဘူး။
အမြန်လမ်း ဖေါက်တဲ့ အင်ဂျင်နီယာ များနှင့် အခုပြင်နေတဲ့ အင်ဂျင်နီယာများ (အခြား အင်ဂျ င်နီယာများ မပါ ဝိုင်းဆော်ကြမှာ စိုးလို့)
တကယ် မတတ်တာလား ငတ်တာလား လို့ မေး လိုက်ချင်ပါတယ်ကွယ်။

Photo ကတော့( ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုး ရေး ရံပုံငွေကို တကယ် လိုအပ်နေတဲ့နေရာမှာ မသုံးဘဲ သူဌေး ရပ်ကွက် ရွှေတောင်ကြားက အင်းလျား မြိုင် လမ်းမှာ ရေမြောင်း အလုပ်ပြပြီး ဘုန်းတဲ့ပုံလေးပါဗျာ)

ရေမြေခြားလျက်ကျောက်ဆူးနှစ်လက် အပိုင်း(၁၉)

$
0
0


=====================================
ဆုံးဖြတ်ကို ပိုင်ပိုင်ချမှတ်လိုက်ရင်း မိုးယံထက်တစ်ယောက်သက်ပြင်းရှည်ကြီး
ကိုချလိုက်ရသည်။ ဆုံးဖြတ်ချက်သည်ကား Ying ရှိရာသို့လိုက်သွားရန်ပင်..။
တကယ်တော့ သူမကိုချစ်လွန်းလို့သာဆုံးဖြတ်လိုက်ရသော်လည်း မိုးယံထက်
အတွက်တော့ တော်တော်ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုပင်ဖြစ်လေသည်..။
အေးလေ.... (၁၀)နှစ်နီးပါး အချိန်တွေ ဘ၀တွေပေးဆပ်ပြီးမှ ရရှိခဲ့ခြင်းဖြစ်သော
ဗိုလ်ကြီးဆိုသည့် နေရာတစ်ခု ဒီနှစ်တွေထဲမှာ ရင်းနှီးခဲ့ကြသော ရဲဘော်ရဲဘက်
သူငယ်ချင်းတွေ တပည်တွေ အကိုတွေ ညီတွေအားလုံးကို စွန့်ပစ်ရမည်ဆိုသည်
ကခက်ခဲလှသော အခြေအနေတစ်ခုပင်မဟုတ်ပါလား...။ သို့သော်လည်း သူ့အနေ
နှင့် Ying ကို ဘယ်လိုနည်းနှင့်မှ အဆုံးအရှုံးမခံနိုင်ပါလေ..။ တွေ့ရတာ ခဏဆို
သော်လည်းပဲ ထိုခဏလေးကပင် မိုးယံထက်တစ်ယောက်အတွက် ကြီးမားသော
အချစ်တခုကို တည်ဆောက်ဖို့ လုံလောက်ရုံတင်မက ပိုပင် ပိုလျှံနေသေးသည်လေ။


ထိုနေ့ညက မိုးယံထက်တစ်ယောက် အရက်ကိုတစိမ့်စိမ့်သောက်ရင်း ခေါင်းထဲမှာ
တော့ အစီအစဉ်ပေါင်းများစွာ...။ သူ့အနေနှင့် တခါသာကြိုးစားခွင့်ရှိသည် တခါလွဲ
သည်နှင့် ထောင်ထဲတွင်နှစ်ပေါင်းများစွာ စံနေရမည်လေ။ သူ့အတွက်လိုအပ်သည်
က ငွေ ပတ်စပို့စ်နှင့် လမ်းကြောင်း....။ ငွေကတော့ သိပ်ပူစရာမရှိ မိဘများအမွေ
ပေးသွားခဲ့သော ငွေနှင့်လစာထဲမှ စုထားတာလေးပေါင်းလျှင်တော့ သိန်း(၁၀၀)ခန့်
ရှိသည်..။ ဒါပေမယ့် ငွေဒီလောက်အများကြီးကို ဒါရိုက်ယူသွားလျှင်ဖြစ်ဖြစ် နိုင်ငံ
ခြားငွေသုံး ဘဏ်အကောင့် ပြောင်းရင်ဖြစ်ဖြစ် ဒုက္ခများနိုင်သည်..။ ဒီတော့နိုင်ငံခြား
မှာရှိသည့် မိတ်ဆွေတဦးဦးကိုအကူအညီတောင်းမှရမည်. နိုင်ငံခြားမှမိတ်ဆွေဆို
သည်နှင့် ပူဆာသမျှကို အမြဲမပြတ်ဖြည့်ဆည်းပေးတတ်သော ဆိုးသမျှကိုခံလေရှိ
သော အကိုကြီး ကိုစတန် ကိုသာပြေးမြင်သည်..။ ဟုတ်သည် သူ့ကိုအကူအညီ
တောင်းရင်တော့ ရနိုင်သည်...။ မိုးယံထက်တစ်ယောက် ဖုန်းကို ကောက်ဖွင့်လိုက်
ပြီး ကိုစတန်ကြီးကို လိုက်ရှာလိုက်သည်... ဒီမှာ ညဖက်ဆိုတော့ ဟိုမှာနေ့ဖက်မလို့
သူရှိနေနိုင်သည်လေ... ဟော တွေ့ပါပြီ
"အကိုကြီး"
"ဟေး ညီပြောလေ"
"အားလားအကို အချိန်နည်းနည်းလောက်လိုလို့"
"လောလောဆယ်တော့ အားတယ်ညီရ အလုပ်ပေါ်လာရင်တော့မသိဘူး"
"အိုကေ ရတယ် အကိုကြီး ငါးမိနစ် ဆယ်မိနစ်လောက်ပါ"
"အင်း စကားပလ္လင်တွေ ဘာတွေခံလို့ဆိုတော့ တော်တော်ကြီးတဲ့ ကိစ္စဖြစ်မယ်"
"အင်း အကိုကြီး... ကျွန်တော်ထွက်ခွင့်ကျပြီ"
"ဘယ်လို ဘယ်တုန်းကတင်ထားတာလဲ ကိုယ်တောင်မသိဘူး"
"သုံးလလောက်ရှိပြီအကို ကျန်းမာရေးနဲ့ပဲတင်တာ နှလုံးမကောင်းဘူးဆိုပြီ"
"အော် မြန်သားပဲ... ဘာလဲ တပ်ကထွက်ပြီဆိုတော့ အကို့ဆီမှာလာအလုပ်လုပ်မလို့လား"
"မဟုတ်ဘူး အကိုကြီး နိုင်ငံခြားတော့ထွက်မှာပါ ကိုရီးယားကို"
"အော် ဒါဆို ချစ်သူနောက်လိုက်ပြီး ဆံထုံးနောက် ယောင်ပါတော့မယ်ပေါ့"
"ဟီး အဲလိုပဲဆိုပါတော့..အဲဒါလေ"
"ပြော ညီ အားမနာနဲ့ ကိုဘာကူညီပေးရမလဲ"
"ဒီလိုအကိုရာ ညီ ဂရက်ဂျူတီနဲ့ စုထားတာလေးပေါင်းရင် သိန်းခြောက်ဆယ်လောက်ရှိမယ်"
"အင်း အဲတော့"
"အဲဒါ နိုင်ငံခြားဘဏ်အကောင့်လေး လုပ်ချင်လို့ အကိုကြီးလုပ်ပေးပါလား"
"လုပ်ပေးတာတော့ ဟုတ်ပါပြီ မင်းကဘယ်လိုပြန်ထုတ်မတုံး"
"ကိုရီးယားမှာ ဘဏ်ခွဲရှီတဲ့ ဘဏ်ကိုအပ်မယ်လေကိုကြီး ပြီးရင် Visa ဖြစ်ဖြစ် Masterဖြစ်ဖြစ်
လုပ်ပြီးပြန်ပို့ပေးပေါ့ ညီဒီက Western Unionကနေလွှဲပေးလိုက်မယ်"
"အိုကေညီ.. ကိုလုပ်ပေးမယ် လောလောဆယ်တော့ အလုပ်ပေါ်လာလို့ကွာ နောက်မှပေါ့"
"ဟုတ်အကို ကျေးကျေး"
"ရပါတယ်ကွာ ဘာမှအပန်းကြီးတာမှ မဟုတ်တာ..."
တကယ်တန်းကျတော့ ကိုယ့်အပေါ်အလွန်ကောင်းသော် အကိုတစ်ယောက်ကိုလိမ်ရသဖြင့်
မိုးယံထက်စိတ်မကောင်း ဒါပေမယ့် မတတ်နိုင် အမှန်အတိုင်းဖွင့်ပြောရင်ဘယ်လိုမှကူညီမှာ
မဟုတ်..။ ငွေကိစ္စအဆင်ပြေသွားတော့ ပတ်စပို့ကိစ္စနှင့် ဘယ်လိုသွားမယ်ဆိုတဲ့လမ်းကြောင်း
ကပေါ်လာသည်..ပတ်စပို့က ပြသနာမရှိ သူစစ်တက္ကသိုလ်မတက်ခင်က နိုင်ငံခြားတက္ကသိုလ်
တခုသို့ ၀င်ခွင့်အောင်ထားသဖြင့် လျောက်ထားသော ပတ်စပို့ရှိသည်။ သက်တမ်းပုံမှန်တိုးထား
သဖြင့် သွားမယ်ဆိုသွားလို့ရသည်..။ ဒါပေမယ့် အရာရှိတစ်ယောက်ဖြစ်သည်မို့ ဗီဇာလျောက်
သည်နှင့် ချက်ချင်းသိသွားနိုင်သည်..။ ဒီတော့ အောက်လမ်းကသွားမှရမည်..။ တွေးသာတွေး
သော်လည်တကယ်တန်းကြတော် မဖြစ်နိုင် ထိုင်းတို့ မလေးတို့ဆိုရင်ဖြစ်နိုင်သေးပေမယ့်လည်း
ကိုရီးယားဆိုတာကတော့မလွယ်ကူလှ.. တွေးရင်ခေါင်းတွေရှုပ်လာသဖြင့် ဆက်မတွေးတော့ပဲ
အရက်ကိုသာ ဖိသောက်လိုက်တော့သည်..။ လောလောဆယ် လုပ်စရာက နက်ဖြန်ဘဏ်တွင်
ပိုက်ဆံသွားထုတ်ပြီးပိုက်ဆံလွှဲရန်....။
နောက်နေ့တွင်တော့ ရုံးကိုအချိန်မှီတက်လာနိုင်ခဲ့သည် စိတ်ဒုံးဒုံးချလိုက်၍လားတော့မသိ....
ပေါ့ပါးသွက်လက်နေသည်..။ အလုပ်တွေကိုလဲ ခါတိုင်းထက်ပို အားထည့်လုပ်နေမိသည်...
အေးလေ သိပ်မကြာသော အချိန်ကာလတစ်ခုမှာ ဒီအလုပ်ကို သစ္စာဖောက်ပြီးထွက်သွားတော့
မယ့်သူဆိုတော့ ကိုယ်စိတ်ကိုမသန့်တာလဲပါသည်ပေါ့လေ...။ သူရဇော်ကတော့ နှင်းသီရိကို
ကျိတ်ပြီးကျေးဇူးတင်နေသည်..။ ပထမတခါတုံးကလဲ သူမကူညီပြီးမကြာ အေးဆေးဖြစ်သွား
ခဲ့သလို ခုလဲ အေးဆေးဖြစ်သွားခဲ့ပြီထင်နေလေသည်မဟုတ်လား...။ နေ့လည်ပိုင်းတွင်တော့
အလုပ်လဲပါးသွားပြီမို့ သူရဇော်နှင့်အလုပ်လွှဲခဲ့ကာ ဘဏ်သို့သွားပြီး သိန်း(၆၀)ကျော်ထုတ်ယူ
ကာ ကိုစတန်ကြီးထံသို့လွှဲပေးလိုက်သည်...။ ပိုတဲ့ပိုက်ဆံကိုတော့ ဘလက်လေဘယ်လ်တလုံး
ဝယ်ပြီး သူရဇော်ကိုလက်ဆောင်ပေးလိုက်သည်..။ ဒီရက်ပိုင်းအတွင်းကူညီခဲ့တာ ကျေးဇူးတင်
လို့ဆိုပြီးပေးလိုက်ချင်းဖြစ်သည်။ တကယ်တော့ အရက်ကောင်းကြိုက်တတ်သော သူ့သူငယ်ချင်း
အတွက် နှုတ်ဆက်လက်ဆောင်ပေးခြင်းသာ။
အင်တာနက်ကိုဖွင့်ပြီး ကိုစတန်ကြီးကို ငွေပို့ပြီးကြောင်းလှမ်းပြောလိုက်သည်.. ဟိုဘက်မှာတော့
ညသန်းခေါင်းကျော်သာရှိနေဦးမည်မို့မရှိလောက်သေး... ညကျမှတက်လာလောက်မည်ထင်သည်။
အင်တာနက်သုံးနေရင်းဟိုကြည့်ဒီကြည့်နှင့် Ying များရှိမလားခေါ်ကြည့်သေးသည်..တက်မလာ
သင်တန်းချိန်မို့ သင်တန်းဝင်နေသည်ထင်သည်..။ ထိုအချိန်တွင် မသာကောင် ဟူသော စကားစု
နှင့်အတူ မက်ဆေ့တခုဝင်လာသဖြင့်ကြည့်လိုက်တော့ နိုင်ငံခြားသင်္ဘောလိုက်နေသည့် သူငယ်ချင်း
တဦးဖြစ်သောလူထက်နေ..။ သူငယ်ချင်းဆိုပေမယ့် ငါးနှစ်လောက်တော့ကြီးသည်..။ ခပ်တိုးတိုး
ဆဲရေးရင် ချက်ဘောက်ကိုဖွင့်ကာ ပြန်ဆဲပေးလိုက်သည်..
"ကာလနာ ဘယ်နားသွားသေနေသတုံး ထက်နေ"
"ဒေါင်းချားလေ အခုငါ အိန္ဒိယမှာ အပျော်စီးသဘောင်္နဲ့"
"မိုက်လှပါလား ဘယ်ရာထူးတွေရနေပြီးလဲ စက္ကန်းမိတ်ပဲလား"
"ကျဥ CSO ဖြစ်နေပြီဟ"
"ဘာတုန်းဟ ငါနားလည်အောင်ပြော"
ု"မင်းတို့ရေတပ်ကဆို ဒုစစ်ရေယာဉ်မှူးပေါ့ကွာ"
"ဟာ ထောနေတာပေါ့ ပြန်လာရင် ပွဲကြီးတပွဲနော်"
"စိတ်ချ ဒီလကုန် ငါတို့သင်္ဘော မြန်မာမှကပ်မှာ ပြီးရင် စလုံး ကိုရီးယား ဂျပန် ပြီးမှ ယူအက်စ်ပြန်မယ်"
"ဟေ ကိုရီးယားသွားဦးမှာလား"
"အေးဆို"
"မင်းသင်္ဘောနာမည်ကဘာတုန်း "
"Carnival Magic"
"ok ပြန်ရောက်ရင် ဖုန်းဆက်လိုက်ကွာ..."
"အေးအေး"
စကားစဖြတ်ပြီးတော့ ဖုန်းကိုပိတ်လိုက်ရင်း မိုးယံထက်တစ်ယောက် စဉ်းစားခန်းဝင်နေမိတော့သည်..။
ခုအနေအထားအတိုင်းဆိုရင် ထက်နေ ကိုအကြောင်းပြုပြီး ကိုရီးယားကိုထွက်နိုင်ပြီ ပိုက်ဆံလဲသိပ်မကုန်
တော့... စိတ်လဲချရသည်..။ ပြသနာက ထက်နေ ဘယ်လိုလက်ခံလာအောင်ပြောမလဲဆိုတာပင်....
သူတပ်ကဆိုတာသိပြီး ထွက်ခွင့်ရပြီပြောလဲ ပတ်စပို့နဲ့ ဗီဇာလျှောက်ခိုင်းမှာပင်..။ အမှန်အတိုင်းဖွင့်ပြော
ရင် သူလက်ခံပါ့မလားဆိုတာကလဲရှိသေးသည်..။ဘယ်လိုပြောရမလဲ ဘယ်လိုလုပ်ရမလဲတွေးနေရင်း
ခေါင်းတွေရှုပ်နေစဉ်မှာပင် သူရဇော် အနားရောက်လာသည်။
"သားရီး စီအိုခေါ်နေတယ်"
"အော်အေး"
"ဒါနဲ့ ငါ့ကို ၅၀၀၀ လောက်ခဏချေးစမ်းပါ ဖုန်းဘေလ်ကုန်နေလို့"
"ယူလေ ငါ့ကျောပိုးအိတ်ထဲမှာရှိတယ်"
"အေး ကျေးဇူးကွာ"
သူရဇော်တစ်ယောက် အရမ်းသဘောကောင်းနေသော မိုးယံထက်ကိုကြည့်ပြီးသိပ်မသင်္ကာချင်တော့
ဘလက်လေဘယ်လ်တလုံးဝယ်ပေးရုံတင်မက ပိုက်ဆံချေးတာကိုလဲ တချက်မှပြန်မပြော.. အေးလေ
သူ့ကောင်မလေးနှင့်အဆင်ပြေနေလို့နေမှာပေါ့ဟုသာတွေးလိုက်မိသည်။ မိုးယံထက်ကျောပိုးအိတ်ကို
ဖွင့်ပြီး ပိုက်ဆံအိတ်ကိုထုတ်တော့ ဘဏ်စာအုပ်တခုနှင့်အတူ စက္ကူဖြတ်ပိုင်းများထွက်ကျလာသဖြင့်
ဘာရယ်မဟုတ်ယူကြည့်လိုက်တော့ Western Unionမှ သိန်း(၆၀)ဖိုး ငွေလွှဲထားသော ပြေစာများ
မျက်လုံးပြူးသွားပြီး ဘဏ်စာအုပ်ကိုပါဖွင့်ကြည့်လိုက်တော့ ဒီနေ့မှထုတ်လိုက်ခြင်းဖြစ်သည်ကိုတွေ့လေ
တော့သည်..။ နဂိုကမှ သင်္ကာမကင်းဖြစ်နေသည့် စိတ်များပိုဆိုးသွားပြီး မိုးယံထက်ချထားခဲ့သောဖုန်း
ကိုယူကာ ချက်လစ်များကိုလိုက်ဖတ်ကြည့်လိုက်သည်။ ကိုစတန်ကြီးနှင့်ချက်ထားသော ချက်လစ်စ်
များ... ဒီကောင် ဒီကောင်ဘာတွေလုပ်နေပါလိမ့်.ဟူသော အတွေးနှင့် စီအိုအခန်းဘက်ကိုလှမ်းကြည့်
တော့ အခန်းထဲမှထွက်လာသော မိုးယံထက်ကိုတွေ့လိုက်ရသည်။ မိုးယံထက်မှာ သူဖုန်းကိုဖွင့်ကြည့်နေ
သည်ကို မြင်လိုက်ချိန်တွင် မျက်နှာအကြီးအကျယ် ပျက်သွားသည်ကို မြင်လိုက်ချိန်တွင်တော့
====================================================


Po Sei Don Npg

အခွင့်ထူးခံ ဒီမိုကရေစီ

$
0
0

(လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရေးခဲ့ပြီး ဂျာနယ်တွေက ပယ်ချထားခဲ့တဲ့ ဆောင်းပါး)

ဒီမိုကရေစီရရှိရေး ဦးဆောင်နေသူတွေကို ဒီမိုကရေစီမီဒီယာတွေက ၀ိုင်းအမြှောက် လွန် သွားတဲ့အခါ အခွင့်ထူးခံ ဒီမိုကရေစီခေါင်းဆောင်တွေ ဖြစ်လာပါတော့တယ်။ဗမာတွေရဲ့ သူရဲကောင်း ကိုးကွယ်လွန်ဖြစ်ရပ်တွေကြောင့် ကျန်စစ်သားမင်းရဲ့ စွမ်းရည်တွေကို ချဲ့ ကား လွန်း လိုက်တော့ ပုံပြင်လို ဖြစ်သွားခဲ့ရတယ်။အခုလည်းကြက်တူရွေး ကတော်တော်မယ်ဘော် ကကဲ ကဲဆိုသလိုဒေါ်အောင် ဆန်းစု ကြည်ကိုယ်တိုင်ကအထူးအခွင့်အရေးပေးရင် ကျွန်မကိုစော်ကား တယ်လို့မြင်တယ်၊ဒီလောက်တောင် ညံ့လို့အထူးအခွင့်အရေးပေးထားရမှာလား လို့ပြောထား ရက်နဲ့၁၆.၆.၂၀၁၄ထုတ်အလဲဗင်းဂျာနယ် ၊ ဒေါက်တာ ရန်မျိုးသိမ်းရဲ့ ဆောင်းပါး မှာ ဒေါ်အောင် ဆန်း စုကြည် ဟာ ထူးခြား သူတစ်ဦးဖြစ်လို့  ဗိုလ် ချုပ်အောင်ဆန်း ရဲ့သမီးဖြစ် လို့အထူး ကိစ္စ အနေနဲ့သမ္မတဖြစ်ရေးကိစ္စ မဖြစ်မနေစဉ်းစားပေး သင့်ကြောင်း မြှောက်ပင့် ရေး သားထား တာ ဘ၀င်မကျဖြစ်ရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို အမွှမ်းတင်ပေးသူတွေကြောင့် တချို့ ကိစ္စတွေမှာ ဂုဏ်မြှင့်ေ ပး ရာမရောက်ဘဲ ဂုဏ်နှိမ့် သလိုဖြစ်ခဲ့ရတာတွေရှိပါတယ်။ အခုအရေးအသား က လည်း စေတ နာနဲ့ ဖြစ် စေချင်တာ ရေးပေမယ့် ဒီမိုကရေစီပေတံနဲ့ညီမညီ တိုင်းတာ ပြီးရေး သင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပုံတွေချိတ်ဆွဲ ကိုးကွယ်နေသူတွေ စဉ်းစားစေချင်တာက အခုလို ဗိုလ်ချုပ်ေ အာင်ဆန်းရဲ့ သမီးဖြစ်လို့  အထူးအခွင့်အရေး ပေးရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း က လက်ခံ ပါ့မလား ဆိုတာ ပါပဲ။ပြော တော့ဗိုလ်ချုပ်အောင်ဆန်း လုပ်တော့ သူ့မူဝါဒနဲ့ တလွဲတွေ မဖြစ်သင့် ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDပါတီဟာ လူထုနဲ့ ကင်းကွာလာပြီး အခြေအနေမှန် တွေ မသိမြင်ဖြစ်လာတာ ဂျာနယ်မီဒီယာတွေ ရဲ့ တာဝန်အများကြီးရှိပါတယ်။ဘယ်အဖွဲ့ အစည်း ဘယ် လူ ပုဂ္ဂိုလ်မဆို အားနဲချက် ကိုယ်စီရှိပါတယ်။မိမိအားနဲချက်ကို ရှာဖွေပြုပြင်ပြီး အားသာချက်တွေဖြစ် လာ အောင်အမြဲတမ်းပြုပြင်နေမှ သာ တိုးတက်နေမှာဖြစ်ပါတယ်။ အားနဲချက်ကို ရှာေ ဖွ ထောက်ပြပေးသူ ကိုလည်း ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ အခုလက်ရှိ အခြေ အနေ မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLDကို ဝေဖန် လိုက်တာနဲ့  စစ်ခွေးတွေ စစ်ကျွန်တွေ တရားစွဲမယ်တွေ ပလူပျံသွားပါလိမ့်မယ်။ဂျာ နယ်တွေအများစုကလည်းဒေါ်အောင်ဆန်း စုကြည်နဲ NLDကိုအားနဲချက်ဝေဖန်ချက် မထည့်ရဲကြပါဘူး။ ဒီကိစ္စကို ဂျာနယ်ထုတ်ဝေသူတစ်ဦးနဲ့ ဆွေးနွေး ကြည့် တဲ့အခါ သူ ရှင်းပြ တာက ဒါကတော့ဆရာရယ် စစ်တပ်ထဲမှာ မကောင်းတဲ့ ရဲဘော်မရှိ၊ မကောင်းတဲ့အရာရှိသာရှိတယ် ဆိုသလိုပေါ့၊မကောင်းတဲ့ အစိုးရသာရှိတယ်၊ မကောင်းတဲ့ အ တိုက် အခံ မရှိဘူးပေါ့၊ပြည်သူလူထု အများစုကလည်းအစိုးရမကောင်း ကြောင်းပဲ ဖတ်ချင်ကြတာ၊ ဒီမိုကရေစီအတိုက်အခံတွေမကောင်းကြောင်း ရေးရင်ဂျာနယ် ရောင်းရမှာ မဟုတ်ဘူးတဲ့။ ဂျာနယ်တွေကစီးပွားရေးအရ ပြည်သူလူထု ကို အလို လိုက် ၊ပြည်သူလူထုက အစိုးရကိုမကျေနပ် သမျှ အတိုက်အခံ ဒီမိုကရေစီ တွေကို အလိုလိုက်နဲ့ ဝေဖန်ဆုံးမခံ ရခြင်းမရှိဘဲအလို လိုက်ခံ ထား ရတဲ့ ကလေးကြီးလာတော့လူဆိုးဖြစ်လာသလိုအတိုက် အ ခံဒီမိုက ရေစီ တွေဟာအချိန်ကြာ လို့ သာ လူကြီးဖြစ်လာရပေမယ့်သူငယ်နာမစင်တဲ့ဘ၀ဖြစ်လာပါ တော့ တယ်။


နေပြည်တော် လူထု ဟောပြောပွဲကအပြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၃၆ မပြင်ရေး ဆန္ဒ ပြတဲ့ ဦးဆန်းလွင် (ခ) ဦးစု တို့ရဲ့ အပြန်အလှန်ပြောဆိုချက်တွေလူမှုမီဒီယာ facebook တွေမှာ ပလူပျံနေပေမယ့် ဂျာနယ်လစ်တွေကတော့ ဒီမိုကရေစီ ခေါင်းဆောင်ကို အထူးအခွင့် အရေးပေးတဲ့ အနေနဲ့ ဘာမှ မဖော်ပြခဲ့ကြပါဘူး။facebook မှာ စစ်ခွေးနဲ့ဒီမိုခွေး (သူတို့ အချင်းချင်းနံမည်ပေးထား တာ) အပြန်အလှန် ကိုက် နေကြပေမယ့် ဂျာနယ်တွေမှာတော့ ဒီမိုခွေးတွေက တဖက်သတ် အခွင့် ထူးခံအသာစီးရနေပါတယ်။ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီမိုကရေစီခေါင်းဆောင်အဖြစ်လူထုကအ သိ အမှတ်ပြုထားပြီးသားပါ။ဒီမိုကရေစီပန်းတိုင် ကိုရောက်ေ အာင် ၀ိုင်းဝန်းအကြံညဏ်ပေးဝန်းရံပေးရ မှာ ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ဂုဏ်န္တောအနန္တော ၊ဒေါ်စုလုပ်သမျှကောင်းလေစွ လို့ ၀ိုင်းမြှောက် ပေးနေရင်တော့ အစွန်းရောက် အာဏာရှင် ဒီမိုကရေစီပဲ ရလာပါလိမ့်မယ်။

NLD ဟာ သက်တမ်းရင့်ပါတီကြီးတစ်ခု အဓိက အတိုက်အခံပါတီကြီး တစ်ခု ဖြစ်ပေမယ့် တည်ငြိမ်ရင့်ကျက်တဲ့ပါတီ၊အဖွဲ့စနစ်ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာရှိတဲ့ပါတီ၊မဟာဗျူဟာ နည်းဗျူဟာ ပီပီပြင်ပြင် အကောင်အထည်ဖော်နေတဲ့ပါတီ ဖြစ်မလာတာ ပြည်သူလူထု အများစုရဲ့ အလိုလိုက်မှု မီဒီယာတွေရဲ့ အပြုသဘော ဝေဖန်ချက်မပြုရဲမှုတွေကြောင့်ဖြစ်ပါတယ်။အခုထိလည်း NLDရဲ့ မဟာ ဗျူရည်မှန်းချက်မခိုင်မာမှု၊ နည်းဗျူဟာလွဲချော်နေမှုတွေကို အပြုသေ ဘာ ထောက်ပြေ ၀ဖန် တာတွေ ဂျာနယ်တွေမှာ မဖော်ပြရဲကြပါဘူး။ ဒီလိုလုပ်ရပ်တွေဟာ NLDနဲ့လူထုကိုချစ်ရာ မရောက် ဘဲ နှစ်ရာသာ ကျမယ်ဆိုတာ သတိပြုသင့်ပါတယ်။ NLDကိုယ်တိုင်ကလည်း အဝေဖန် ခံနိင် တဲ့ရင့်ကျက်မှုလိုပါတယ်။ ဆရာတော်ကြီးတပါးပြောသလို သူပြောတာ ဟုတ်သလား ပြန်သုံး သပ်ပြီး ဟုတ်နေရင်ပြင်လိုက်ပါ၊ မဟုတ်ဘူးဆိုရင်တော့ ဒီအတိုင်းပဲနေလိုက်ပါ ဆိုသလို ခံယူတတ်ဖို့ တော့ လိုပါတယ်။

အခုဆောင်းပါးဟာ ၄၃၆ပြင်ရေးမပြင်ရေး၊ ၅၉(စ)ပြင်ရေးမပြင်ရေး မဟုတ်ပါဘူး။ ဒီမိုကရေ စီ သမားတွေအနေနဲ့ အခွင့်ထူးခံ ဒီမိုကရေစီ မဖြစ်ရေး သတိပြုမိဖို့သာ ဖြစ်ပါတယ်။ ၄၃၆ပြင်ရေး ၅၉(စ) ပြင်ရေး မပြင်ရေး ဟာ ပြည်သူလူထု လိုလားချက်နဲ့NLD ရဲ့ စွမ်းဆောင်နိင်တဲ့ စွမ်းရည်ပေါ်မှာမူတည် နေပါတယ်။တော်လှန်ရေးတစ်ရပ်ဟာ အခက်အခဲမျိုးစုံကြားကအောင်မြင်အောင်လုပ်ကြရတာ ဖြစ်ပါ တယ်။ အင်္ဂလိပ် ကသာ ပေါချောင်ကောင်းနဲ့ အလွယ်တကူ လွတ် လပ်ေ ရး ပေးခဲ့ရင် ဗိုလ်ချုပ်အောင် ဆန်း ဆိုတာ ဖြစ်လာစရာမရှိပါဘူး။နည်းမျိုးစုံ ဖိနှိပ်ခံခဲ့ရလို့  NLD ဟာ အခုလို အရည်အချင်းမပြည့် ၀ခဲ့တာ ပါ လို့ ပြောတာ လုံးဝ မှားပါတယ်။နိင်ငံရေးဝမ်းစာ ပြည့်စုံခဲ့ရင် အဖိနှိပ်ခံရလေ ပိုတောက် ပြောင်လာလေ ဖြစ်ရမှာပါ။တိုင်းပြည်အတွက် နိင်ငံသား အား လုံး တန်းတူညီမျှ အခွင့်အရေးအတွက် ပြည်သူ လူထု အများစုက ၅၉(စ)ပြင်ချင်ရင်ပြင် သင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့  အထူးအခွင့် အရေးပေးစဉ်းစား စီစဉ်ပေး တာမျိုး ကတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရှိနေရင် သဘောတူ မတူ အရင်ဆုံးစဉ်းစားကြစေ လိုပါကြောင်းတင်ပြလိုက်ရပါတယ်။ ။



(၁၇.၆.၂၀၁၄)



၈၈ ကိုယ်တွေ့  (၁)

$
0
0

၈၈ မတ်လ အရေးအခင်း စဖြစ်ချိန်မှာ အခု ၀ ဒေသ ဆိုတဲ့ မော်ဖ မှာ ဗက ပ တွေရဲ့ ပန် ယန်း ပန်ဆန်းရင်ဆိုင်ကုန်းတွေ မှာရှေ့ တန်းစစ်ဆင်ရေး တာဝန် ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်တုံးကရှားရှားပါးပါး တပ်စုတစ်စုလုံး မှာရှိ တဲ့ ရေဒီယိုလေး တစ်လုံးနဲ့  သတင်း နားထောင် ရတဲ့အခြေအနေဖြစ် ပါ တယ်။ ဆိုရှယ်လစ်အစိုးရကို အားလုံးစိတ်ပျက်နေချိန် ဖြစ်လို့ အစိုးရပြုတ်ကျမယ့် အရေး ကို ရဲဘော် အများစုကလည်း သိပ်စိတ်မ၀င်စားကြပါဘူး။ ဘယ်အစိုးရ တက်တက် စစ်သား တွေ ကတော့ ရှိနေရမှာဘဲ လို့  သဘောထားကြပါတယ်။ ဒါပေမယ့် တိုင်းပြည် အတွက် ကောင်းရာ ကောင်း ကြောင်း တွေ ဖြစ်လာဖို့ တော့ မျှော်လင့်နေကြပါတယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ စားဝတ် နေ ရေး အကြပ်အတည်း တွေကို ပိုကောင်းအောင် လုပ်ပေးနိင်မယ့် အစိုးရ တစ်ရပ်ကိုတော့ ပေါ်ထွက် လာစေချင်နေကြပါတယ်။


တကယ်တော့ဆိုရှယ်လစ်အစိုးရရဲ့ စီးပွားပျက်ဒဏ်ကိုအခံရဆုံးကစစ်သားတွေ ဖြစ်ပါတယ်။ မိသားစု စားဝတ်နေရေး ကအစ ရှေ့ တန်းအစားအသောက် လက်နက်ခဲယမ်းကနေ ၀န်ထမ်းငှားရမ်းခဆိုတဲ့ အထမ်းသမားခအထိအကုန်ချိုးခြံ ချွေတာ နေရလို့ ပါတီကောင်စီနဲ့ အစိုးရကို စစ်သားတွေကိုယ်တိုင်လည်း တော်တော်စိတ်ပျက်နေကြချိန် ဖြစ်ပါတယ်။ အရပ်သားအစိုးရဖြစ်လာရင် စစ်တပ်က လိုအပ်ချက်တွေတောင်း၊ မရရင် US ARMY လို လိုတဲ့ ထောက်ပံ့မှု မပေးရင် စစ်မတိုက်ဘူး လို့ ပြောပြီး ထိုင်နေရုံပဲ လို့  ပြောဆို နေကြတဲ့အထိ စစ်တပ်ရဲ့ အုပ်ချုပ် ထောက်ပံ့မှု တွေ ညံ့ ဖျင်းနေ တာကို စိတ်ပျက်နေကြချိန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်သည်အရာရှိ အများစု ဟာ အစိုးရအပြောင်းအလဲ ကို လိုလားခဲ့ကြပါတယ်။

မော်ဖဒေသ ဟာရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလှပြီး အစား အသောက်ဆင်းရဲ လွန်းလို့  ပုံမှန်အားဖြင့် ရှေ့ တန်းတပ်တွေကို ၅လ ၆လ ထက်ပို မထားကြပါဘူး။ အခု ၈၈ အရေး မှာ တော့ နောက်တန်းက အစားထိုး လဲလှယ်မယ့် တပ်တွေတက်မလာလို့  (၈)လကျော်ခဲ့ရပြီး သြဂုတ်လ မှ နောက်တန်းကို ပြန်ဆင်းလာ နိင်ပါတော့တယ်။ နောက်တန်း အပြန်လမ်းဖြစ်တဲ့ မိုင်းရှုး လဲချားကနေ တောင်ကြီးမြို့ ကို ညဘက်ဖြတ်ချိန်မှာတော့ သြဂုတ်လ ၈ရက်ကျော် ကာစ ရက်တွေဖြစ်လို့  သမ္မတ ဦးစိန်လွင် ပြုတ်ကျရေး ပိုစတာတွေ ကားလမ်းဘေးဝဲယာ အနှံ့ ပလူပျံအောင် တွေခဲ့ရ ပါတယ်။ တပ်ရင်းဌာနချုပ် ကိုပြန်ရောက်ချိန်မှာတော့ ဒေါက်တာမောင်မောင် သမ္မတ ဖြစ်နေပါပြီ။

မိသားစု နဲ့ (၈) လကျော်ကွဲကွာခဲ့တဲ့ စစ်သည်တွေ ဟာ တပ်ရင်းမှာ (၃)ရက် သာ နေခဲ့ရပြီး ရန်ကုန် ကို ချီတက်ရပါတော့တယ်။ ထောက်ကြံ့ မှာ ၂ရက်လောက်နေပြီး စစ်ကြောင်းတစ်ကြောင်းလုံး ကျိုက္ကဆံကွင်းကို ရွှေ့ခဲ့ကြပါတယ်။ ရှေ့ တန်းစစ်မြေပြင်ဆိုတာ တောထဲ တောင်ထဲ မှာသာ ကြုံဖူးတဲ့ သူတွေ ဖြစ်လို့ မြင်တွေ့ ရသမျှအားလုံး အထူးအ ဆန်းတွေ ဖြစ်နေပါတယ်။ ပါတီညီလာခံ လုပ်ခဲ့တဲ့ ခုံတွေ မှာအိပ်လိုက် တွေ့ သမျှ ဖုံးတွေ လျှောက်ဆက်လိုက်နဲ့ ကျိုက္ကဆံကွင်းထဲကနေ ဘယ်မှမသွားရပါဘူး။ ဒေါက်တာမောင်မောင် အုပ်ချုပ်နေချိန်ဖြစ်ပြီး အားလုံးအုပ်ချုပ်မှုယန္တယားတွေရပ်တန့် နေချိန်ဖြစ်ပါတယ်။ နေ့ စဉ် နဲ့ အမျှဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲနေပြီး ကိုယ့်ရပ်ကွက် ကိုယ်အစိုးရ လုပ်နေ ရချိန်ဖြစ်ပါတယ်။ အစိုးရဌာနတွေ ဘာမှမလုပ်တော့တဲ့ အချိန်ဖြစ်လို့ စစ်စကားနဲ့ ပြောရရင်တော့ လုံခြုံရေးကျိုးပေါက်နေချိန်ဖြစ်ပါတယ်။ ရန်ကုန်မြို့ ထဲမှာ လက်နက်ခဲယမ်းတွေ ဘယ်လောက် ရောက်နေပြီလဲလို့  မပြောနိင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ မြို့ တွင်း တိုက်ပွဲ တွေအကြီးအကျယ်ဖြစ်ချင်လည်းဖြစ်သွားနိင်တယ်လို့ ခန့် မှန်းရပါတယ်။ အမြဲတန်း ရှေ့ တန်းစစ်ဆင်ရေး ထွက်နေကြ အတိုင်း လက်နက်ကြီး လက်နက်ငယ် ဖွဲ့ စည်းပုံ အပြည့် နဲ့ ရန်ကုန်မြို့ ထဲ ၀င်ခဲ့ကြတာဖြစ်ပါတယ်။

ကျိုက္ကဆံ ကွင်းထဲမှာ နေရတာ ဘာမှပြသနာ မရှိပေမယ့် အုပ်ချုပ်မှု ကိစ္စ အပြင်ထွက်ရတာ စစ်ရုံးနဲ့ သက်ဆိုင်ရာကွပ်ကဲမှု တွေဆီသွားလာရာမှာတော့ တော်တော် အခက်အခဲရှိပါတယ်။ အဓိက ကတော့ စစ်မြေပြင်မှာ လုပ်နေကြအတိုင်းမဟုတ်ဘဲ အမိန့် တိတိကျကျ မရှိတာ ပါဘဲ။ ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာ အမြဲ လေ့ကျင့် ခဲ့တဲ့ဘ၀ကနေ ဘာလုပ်ရမယ်ဆိုတာ အမိန့်  တိတိကျကျ ကို ကွပ်ကဲမှု ဌာနက မပေးနိင်ပါဘူး။

မြန်မာ့ အသံ အသံလွှင့်ရုံမှာ ရှိနေတဲ့ ကွပ်ကဲမှု ဌာနက ပေးတဲ့ အမိန့် ကတော့ တစ်ခုတည်းပါဘဲ။ ဘာတွေ ဘယ်လိုဖြစ်နေနေ သူတို့ ဆီက အမိန့်  မရဘဲ လုံးဝ မပစ်ရ ဆိုတာပါဘဲ။ တကယ်တော့ အပြင်ထွက်ရတဲ့ အုပ်ချုပ်မှု ကိစ္စတွေကို ရှေ့ တန်း ရေးထောက်(AQ)က လုပ်ရမှာဖြစ်ပေမယ့် သူကခါတိုင်းရှေ့တန်းထွက်သလိုပဲ အရာရှိစီစစ်ရေး ကဒ် မပါဘူးဆိုတော့ ရန်ကုန်မှာ အ ရာရှိစီစစ်ရေး ကဒ် လိုကောင်း လိုနိင်မယ်လို့ ကြိုတင်မျှော်တွေးမှု ကောင်းကောင်းနဲ့ ယူလာခဲ့မိသူက ကံဆိုးသူမောင်ရှင်ဖြစ်ပြီး ပြသနာ ပေါင်းစုံ ကြုံရတဲ့ အပြင်ကို နေ့ စဉ်ထွက်နေရ ပါတော့တယ်။


ဘင်္ဂလားဒေ့ရှ် ရေတပ်၏ BNS BANGABANDHU ဖရီးဂိတ်စစ်သဘောင်္

$
0
0
Htay Gyi's photo.
ဘင်္ဂလားဒေ့ရှ် ရေတပ်တွင် ဖရီးဂိတ် စစ်သဘောင်္ ၆စီး ဟုသိရှိရသော်လည်း အဆိုပါ ခြောက်စီး
အနက် အမေရိကန်ကမ်းခြေစောင့်တပ်မှ တပ်တော်ဝင်ဖျက်သိမ်းခဲ့သော Hamiltan Class Cutter အတန်းစား ၂စီးနှင့် အင်္ဂလန်နိုင်ငံလုပ်လေ့ကျင့် ရေး ဖရီးဂိတ် Sailbury Class ၁စီး ပါဝင်လျက်ရှိပီး၎င်းသဘောင်္များသည် ခေတ်နောက်ကျလျက်ရှိသောသဘောင်္များဖြစ်ပါသည်။


ကျန် ၃စီးအနက် တရုတ် နိုင်ငံထုတ် ဂျင်ဟူအတန်းစား ပုံစံ ၀၅၃ အိပ်ခ်ျ ၂ အတန်းစား ၂စီးဖြစ်သော BNS ABU BAKER နှင့် BNS ALI HAIDER တို့ ဖြစ်ပါသည်။၎င်းတို့နှင့်အတန်းစားတူ မဟာဗန္ဓုလနှင့် မဟာသီဟသူရ စစ်ရေယာဉ်၂စီးအား မြန်မာ့တပ်မတော် ရေမှပိုင်ဆိုင်ထားရှိပီးဖြစ်ပါသည်။ တကယ်တမ်း သတိထားရမည့် ဘင်္ဂလားဒေ့ရှ်တို့၏ စစ်သဘောင်္မှာ ၄င်းတို့၏အလံဆောင်စစ်သဘောင်္ တောင်ကိုးရီးယားနိုင်ငံ ဒေ၀ူး မှထုတ်လုပ်သော
အူဆန်အတန်းစား ဖရီးဂိတ်စစ်သဘောင်္ BNS BANGABANDHU ပင်ဖြစ်သည်။

ခေတ်မီဖရီးဂိတ်စစ်သဘောင်္ တစ်စီးဖြစ်ကာ တောင်ကိုရီးယားနီုင်ငံမှ ၂၀၀၀ပြည့်နှစ်တွင်
ရေချခဲ့ကာဘင်္ဂလားဒေ့ရှ် ရေတပ်သို့ ၂၀၀၁ ခုနှစ်တွင်တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။
တန်ချိန် ၂၅၀၀ ရှိ ၁၀၃.၇ မီတာဖရီးဂိတ် စစ်ရေယာဉ်ဖြစ်သည်
ရေယာဉ်အမှတ် F-25 ဟု သတ်မှတ်ထားကာ ၄င်းတို့ ၏လွတ်လပ်ရေးဖခင်ကြီး
ရှိတ်မူဂျီဘာရာမန် ဘန်ဂါဘန်ဟူး၏ အမည်အား ဂုဏ်ပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။
အမည်ပြောင်အနေဖြင့် ၄င်းစစ်သဘောင်္အား ဘီဘီ ဟု ခေါ်ကြသည်။

အမြန်နှုန်း ၂၅နော့ ( တစ်နာရီ ၄၆ကီလိုမီတာ)မောင်းနှင်နိုင်ကာမြင်းကောင်ရေ ၂၂၅၀၁စွမ်းအားရှိဒီဇယ်အင်ဂျင် တပ်ဆင်ထားပါသည်။

သဘောင်္သား အရာရှိ ၁၆ဦးအပါအ၀င် ၁၈၆ဦးဖြစ်ပါသည်။
အကွာအဝေး ၄၀၀၀နောတီကယ်မိုင်အထိစစ်ဆင်နိုင်စွမ်းရှိပါသည်။
Htay Gyi's photo.
လက်နက်စနစ်များမှာ ခေတ်မီလက်နက်စနစ်များဖြစ်သော
အကွာအဝေး ၃၅ကီလိုမီတာပစ်ခတ်နိုင်သောအီတလီနိုင်ငံထုတ် အော်တိုမက်
ဘေလာ့ ၄ သေဘာၤဖ်က္ဒံုး ၈လံုး
တရုတ်နိုင်ငံထုတ် HQ-7 (FM-90) တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်(ဒုံး ၈လုံး)
အီတလီနိုင်ငံထုတ် ၇၆ မီလီမီတာ အော်တိုဘရီဒါ ဆူပါရက်ပစ် အမြောက်၁လက်
၄၀မမ အော်တိုဘရီဒါ ၂လက်တွဲ CIWS စနစ်သုံးစက်အမြောက် ၂စုံ
၎င်း CIWS စနစ်သည် တစ်မိနစ်လျင် ကျည် ၄၅၀ တောင့် ပစ်ခတ်နိုင်ကာ
၈၇၀၀ မီတာအကွာအဝေးထိပစ်ခတ်နိုင်ပါသည်။

ရေငုပ်သဘောင်္တိုက်ဖျက်ရေး အီတလီနိုင်ငံထုတ် အပေါ့စားတော်ပီဒိုWhitehead A244S ၆လုံးပစ်ခတ်နိုင်သော ၃၂၄ မီလီမီတာ B-515 တော်ပီဒို ပြွန် ၂ခု
ရေဒါကာကွယ်ရေးSuper Berricade Chaff Launcher ၂လက်ပါဝင်ပါသည်။

အီလက်ထရောနစ်တန်ပြန်စစ်ဆင်ရေးအတွက် Racal Scorpion Jammer စနစ်၁စုံ တပ်ဆင်ထားပါသည်။

Mirador ပစ်မှတ်ခြေရာခံရေဒါစနစ်နှင့် Lirod ပစ်ခတ်မှုထိန်းချုပ်ရေးရေဒါစနစ်များတပ်ဆင်ထားပါသည်။
သဘောင်္နောက်ပိုင်းတွက် ရေငုပ်သဘောင်္တိုက်ဖျက်ရေးရဟတ်ယာဉ် AW-109 Augastawestland တစ်စီး တင်ဆောင်နိုင်သော ဟန်ဂါတစ်လုံးပါဝင်ပါသည်။

BNS BANGABANDHU ဒေသတွင်းခေတ်မီဖရီးဂိတ်စစ်ရေယာဉ်တစ်စီးဖြစ်ပါသည်
ရေငုပ်သဘောင်္တိုက်ဖျက်ရေးစနစ်ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ်များတပ်ဆင်ထားကာ
အတော်အတန်စွမ်းရည်မြင့်မားသည့် စစ်သဘောင်္တစ်စီးဖြစ်ပါသည်။ မလေးရှားလေကြောင်းလိုင်း
MH-370 ရှာဖွေရေးလုပ်ငန်းတွင်ပါဝင်ခဲ့ပါသည်။

မြန်မာ့တပ်မတော်(ရေ) အနေဖြင့်လည်း ပုံစံ-၀၅၃ ဖရီးဂိတ်စစ်ရေယာဉ် ၂စီး အောင်ဇေယျအတန်းစား F-11 ပြည်တွင်းထုတ် ဖရီးဂိတ်၁စီးF-12 ကျန်စစ်သားကိုယ်ပျောက် ဖရီးဂိတ်၁စီး လက်ရှိတပ်တော်ဝင်တာဝန်ပြီးဖြစ်သလို F-14 ဆင်ဖြူရှင်ကိုယ်ပျောက် ဖရီးဂိတ် စစ်ရေယာဉ်ရေချပြီးဖြစ်ကာ ၂၀၁၅ နှစ်ကုန်ပိုင်းတွင်တပ်တော်ဝင်နိုင်မည်ဖြစ်သလို F-15 ဖရီးဂိတ်စစ်ရေယာဉ်သည်လည်း ၂၀၁၆ ခုနှစ်အတွင်းတပ်တော်ဝင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၆ တွင်တပ်မတော်အနေဖြင့် ဖရီးဂိတ်စစ်ရေယာဉ် (၆)စီးအထိပိုင်ဆိုင်လာမည်ဖြစ်ပါသည်။ 

သို့သော်လည်းရန်သူကိုလျော့တွက်မထားပဲအမြဲတမ်းစစ်ရေးသတိ စစ်ရေူးအသိဖြင့်အမြဲတမ်းပြင်ဆင်ထားမှသာ မှန်းဆမရသောရန်သူကို ရင်ဆိုင်နိုင်မည်ဖြစ်ပါသည်။


(ကြယ်နီ)



အပူပိုင်းဒေသနှင့် ဧရာဝတီကို တစ္ဆေဖြူများလက်မှ ကယ်တင်ပေးပါ (အပိုင်း ၁)

$
0
0
NayHtet HtetAung's photo.
နိုင်ငံတကာမှာ မိမိနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နှစ်မျိုးနှစ်စား ခွဲခြားပါတယ်။ ၁။ သာမန်ရင်းနှီးမြှုပ်နှံမှုနှင့် ၂။ သဘာဝသံယံဇာတ အရင်းအနှီးတွေ တူးဖော်မှု ဆိုတဲ့နှစ်မျိုးပါ။ သာမာန် ရင်းနှီးမြှုပ်နှံမှုတွေမှာ ကုန်စည်ထုတ်လုပ်မှုတွေ၊ ဝန်ဆောင်မှုတွေ၊ ကုန်သွယ်ရောင်းဝယ်မှုတွေ ပါဝင်ပါတယ်။ အဲ့ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အခွန်အခတွေ၊အမြတ်ငွေတွေကို ပုံမှန်သတ်မှတ်ချက်တွေအတိုင်းပဲ ပေးဆောင်ရလေ့ရှိပါတယ်။ ဒုတိယမြောက် ဖြစ်တဲ့ မြေအောက်၊ ရေအောက်တွေကနေ သဘာဝအလျှောက် ဖြစ်တည်ရှိနေတဲ့ အရာတွေကို ထုတ်ယူရှာဖွေခြင်းတွေကိုတော့ သာမန် အခွန်အခတွေ အမြတ်တော်ခွန်တွေသာမကပဲ သီးသန့်ထပ်မံ ကန့်သတ် ပေးဆောင်ရမှုဆိုတာရှိပါတယ်။ အဲဒါကတော့ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ သူတို့ရင်းနှီးမြှုပ်နှံမှုရဲ့ တစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ရာခိုင်နှုန်းဝန်းကျင်ကို ဌာနေမူလ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပြန်လည် သုံးစွဲပေးရခြင်းပဲ ဖြစ်ပါတယ်။


သံယံဇာတ ထုတ်ယူခံရတဲ့ နိုင်ငံဟာ သူ့နိုင်ငံရဲ့ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေ ဆီမှ ရာခိုင်နှုန်းဘယ်လောက်ပေးဆောင်ခိုင်းမလဲဆိုတာဟာ.......
NayHtet HtetAung's photo.
၁။ ဒေသတွင်း အမျိုးအစားတူသံယံဇာတ ထွက်ရှိတဲ့ နိုင်ငံတွေရဲ့ ပေးဆောင်ခိုင်းမှု ဈေကွက်အနေအထားနှင့် 

၂။ ထုတ်လုပ်မှုကနေ ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီး ညစ်ညမ်းမှု(Polution)၊ဆိုတဲ့ အချက်နှစ်ချက်ပေါ် မူတည်ပြီး ရင်းနှီးမြုပ်နှံမှု ပမာဏရဲ့ ၁၀%လား၊၁၅%လား၊၂၀%လားဆိုတာကို ကောက်ခံရမှာ ဖြစ်ပါတယ်။ 

သံယံဇာတ ထုတ်ယူခံရတဲ့ နိုင်ငံဟာ သူ့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူသားစွမ်းအားစု ဖွံ့ဖြိုးရေးအတွက် ဘယ်လိုပြန်လည်သုံးစွဲမလဲ၊ ဘယ်လိုကြီးကြပ်ကွပ်ကဲမလဲ ဆိုတာကတော့ အဲ့ဒီနိုင်ငံက ခေါင်းဆောင်တွေနှင့် လုပ်ပိုင်ခွင့်အာဏာ လက်ကိုင်ရထားသူ တစ်စုရဲ့ မိမိနိုင်ငံနှင့် လူမျိုးအပေါ် ဘယ်လောက်ချစ်မြတ်နိုး တန်ဖိုးထားသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

မြန်မာနိုင်ငံမှာ ဒုတိယ အမျိုးအစားရင်းနှီးမြှုပ်နှံမှုတွေအတွက် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံသူတွေဆီကနေ ဒေသခံတွေဘဝ ဖွံဖြိုးတိုးတက်မှုတွေနှင့် အထုတ်လုပ်ခံ ဒေသအတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်မှုတွေ ၊ပြန်လည်ကုစားမှုတွေအတွက် အခွန်ကောက်ခံရရှိမှု ရှိမရှိ မသိရှိပါဘူး။ ရှိခဲ့ရင်ရော ဘယ်လောက်ပမာဏ ကောက်ခံသလဲဆိုတာ ကိုလည်း မသိပါဘူး။ မြန်မာနိုင်ငံအတွက် ပြည်ပနိုင်ငံတွေနှင့်တကွ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးပေးခြင်းဟာ ကျေးဇူးတင်စရာ ကောင်းသလို ထင်ရပေမယ့် တကယ်တမ်းမှာတော့ မြန်မာတွေအတွက် မိအေး ဆယ်ခါနာပြီး မကြာခင်မှာဘဝပျက်ဖို့သာ ရှိတော့တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လို့ ခေါင်းစဉ်တပ်ထားနိုင်ခြေရှိတဲ့ ငွေကြေးတွေကို စိမ်းလန်းစိုပြေရေး ခေါင်းစဉ်ခွဲအောက်ဆွဲထည့်ပြီး သစ်ပင်စိုက်ပစ်လိုက်တဲ့အခါမှာ - - - - - - - - စိုက်တဲ့သစ်ပင်ကလည်း မိုးရေချိန်နည်းတဲ့ဒေသတွေမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ တစ္ဆေဖြူပင် ခေါ် ယူကလစ်ပင်တွေ ဖြစ်နေပါတယ်။
NayHtet HtetAung's photo.
၁။ ဒေသခံတွေနှင့် လူငယ်တွေရဲ့ ပညာရေး စီးပွားရေးနှင့်တကွ မြေလွတ်မြေရိုင်းတွေကို အသုံးပြုခွင့်တွေမှာ(နွားကျောင်းခြင်း ၊နွားအစာရိတ်ယူခြင်း၊ ကလေးငယ်များ ဆော့ကစားခြင်း၊ပွဲလမ်းသဘင်ကျင်းပရန် မြေနေရာရှားပါခြင်း...စသဖြင့် ) နစ်နာထိခိုက်ကုန်ပါတယ်။

၂။ စိုက်တဲ့သစ်ပင်တွေကလည်း အပူပိုင်းဒေသအတွက် သင့်တော်တဲ့ အပင်အမျိုးအစားတွေ မဟုတ်ဘဲ စက်မှုထွန်းကားတဲ့ နိုင်ငံကြီးတွေက စက်မှုလုပ်ငန်းကြီးတွေအတွက် အလွန်လိုအပ်ချက် မြင့်မားတဲ့ ယူကလစ်တွေ ဖြစ်နေပြန်ပါတယ်။ ယူကလစ် ပင်ဟာ သင်္ဘောဆေးထုတ်လုပ်မှုနဲ့ စက္ကူထုတ်လုပ်မှု အထပ်သားထုတ်လုပ်မှုတွေအပါအဝင် စက်မှုလုပ်ငန်း ထုတ်ကုန်တွေ အတွက် အလွန်အသုံးဝင်တဲ့ သစ်ပင်တွေ ဖြစ်နေပါတယ်။ဒီတော့ ဒီယူကလစ်တွေကို ဧကပေါင်းများစွာ စိုက်ပျိုးနေမှုဟာ မြန်မာ နိုင်ငံအလယ်ပိုင်းကို စိမ်းလန်းစိုပြည်စေဖို့ဆိုတဲ့ စေတနာကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။

၃။ ယူကလစ်ပင်တွေဟာ ရေသောက်မြစ်တွေ အလွန်ရှည်လျားရှုပ်ထွေးပြီး မြေအောက်ရေစုပ်ယူမှုနှုန်းမှာလည်း အလွန်မြင့်မားပါတယ်။ လက်ဖျံလုံးလောက်ရှိတဲ့ ယူကလစ် အကိုင်းတစ်ခုကို ဖြတ်ယူလိုက်တဲ့အခါမှာ ထွက်ကျလာတဲ့ရေပမာဏဟာ တစ်လီတာရေသန့်ဘူးရဲ့ အရစ်တစ်ရစ်စာ တစ်လက်မနီးပါး ရရှိခဲ့ပါတယ်။ ရေဟာ အက်ဆစ်ဓါတ်မြင့်မားပြီး ချဉ်နေပါတယ်။ ယူကလစ်ပင်ဟာ အေးမြတဲ့ အရိပ်အာဝါသကို မပေးစွမ်းနိုင်တဲ့ အပြင် အပူငွေ့ကိုပါထုတ်လွှတ်ပါတယ်။ ဒါ့ကြောင့် အပူပိုင်း မိုးနည်းဒေသဟာ တဖြည်းဖြည်း အပူချိန်တွေတိုးလာပြီး မိုးနည်းရာကနေ မိုးခေါင်လာပါတယ်။ ဒီတော့ အညာဒေသလိုနေရာဝန်းကျင်က အခြားသော သစ်ပင်တွေနှင့်တကွ လူသားအပါအဝင် သက်ရှိသတ္တဝါတွေအတွက် ရေရရှိမှုဟာ ခက်ခဲပြတ်တောက်စေနိုင်ပြီး ရှင်သန်ဖို့ရာလည်း ခက်ခဲလာစေပါတယ်။ အမြစ်တိုတဲ့ မြက်ပင်နှင့်တကွ သစ်ပင်ငယ်လေးတွေဟာလည်း ယူကလစ်ပင်နား တဝိုက်တွေမှာ မိုးတွင်းခဏမိုးရွာတုန်းနှင့် မြေအစိုဓါတ်ရှိနေချိန်မှာတော့ ပေါက်နိုင်ပေမယ့် ရေရှည်ရပ်တည်ဖို့ မလွယ်ကူတော့ ပါဘူး။

၎။ ဒီရဲ့ အကျိုးဆက်ကတော့ အညာက ဒေသခံတွေမှာ နွားစာအတွက် မြက်ရှားပါးလာခြင်း ဖြစ်ပြီး တစ်မြို့တစ်ရွာထိ သွားရောက်ရှာဖွေမှုတွေ ပြုလာကြရပါတယ်။ နွားစာအတွက် ကုန်ကျစားရိတ်တွေ မြင့်မားလာပါတယ်။ တောင်သူမိသားစုတွေရဲ့ ဝင်ငွေကို လက်သည်မရှိတဲ့ ဓါးပြတိုက်ခံရတာနဲ့ အလားသဏ္ဍန် တူလာပါတယ်။(7days News ဂျာနယ်က မယ်ငွေဥရေးတဲ့ "ပုဂံ၊ညောင်ဦးနယ်က နွားအတွက် အစာ"ဆိုတဲ့ဆောင်းပါးကို ဖတ်ရှုဖို့ ထပ်မံညွှန်းဆိုချင်ပါတယ်။ )
NayHtet HtetAung's photo.
၅။ ယူကလစ်ပင်ဟာ မြေဆီသြဇာတွေကို အလွန်အမင်းစုပ်ယူပါတယ်။ အက်ဆစ်ဓါတ်လည်း ထုတ်လွှတ်လို့ Acid Soil တွေ ဖြစ်လာစေပါတယ်။ ဒီအတွက် လယ်မြေယာမြေတွေဟာ တဖြည်းဖြည်းခြင်း မသိမသာရော သိသိသာသာပါ အထွက်နှုန်းကျ လာပါမယ်။ နှစ်ကြာလာတာနဲ့အမျှ လယ်ယာမြေတွေပျက်စီးကုန်ပြီး စိုက်ပျိုးစားသောက်လို့ မရတဲ့ အနေအထားတွေကို ရောက်လာတော့မှာပါ။ အညာတောင်သူတွေဟာ အထွက်နှုန်းကျတဲ့အကြောင်းတရားရော နွားစာအတွက်မြက်ရှားပါးတဲ့ အကြောင်းတရားတွေကိုရော မသိနားမလည်ဘဲ မြေသြဇာတွေပိုထည့် မထည့်နိုင် မစိုက်နိုင်တော့ရင် ရရာဈေးနှင့်ရောင်းပြေး ဆိုတာတွေ ဖြစ်လာတော့မှာပါ။

၆။ ဓါးမဦးချ စိုက်ပျိုးစားသောက်ရာကနေ စိုက်စားမရတော့လို့ ပေးတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပြီး တခြားသောလုပ်ငန်းခွင်တွေကို ပြောင်းရွှေ့လုပ်ကိုင်ကြရတော့မှာပါ။ ငွေရှင်ကြေးရှင်တွေဟာ ကိုယ့်မြေကိုယ့်ရေပေါ်က ဒီလယ်ယာမြေတွေကို အလကားနီးပါးဈေးတွေနဲ့ ဝယ်ယူသိမ်းဆည်းပြီး စက်ရုံအလုပ်ရုံကြီးတွေ၊ ဟိုတယ်ကြီးတွေ၊အပမ်းဖြေဥယျာဉ်ကြီးတွေအဖြစ် ပြောင်းလဲပစ်ကြတော့မှာပါ။ ကျေးဇူးရှင်တောင်သူ ဦးကြီးတွေရဲ့ဘဝဟာ လခစား နေ့စား အလုပ်သမားတွေ ဘဝကို အလုံးအရင်းကူးပြောင်းပြီး သားစဉ်မြေးဆက် ကျွန်ခံကြရတော့မှာပါ။ (ယခုလည်း ပုဂံက နိုင်ငံခြားသားပိုင် ဟိုတယ်တစ်ခုထဲ ရောက်ရှိနေတဲ့ ရှေးဟောင်းဘုရားကို ဗမာမလာရ ဆိုလို့ ပြဿ နာ တက်သံ ကြားလိုက်မိပါတယ်။ဘယ်လိုပြီးသွားလဲ မသိပါ။)

၇။ မြန်မာ့အညာဒေသက ကျေးလက်တွေ ရွာတွေ တောင်သူတွေ သူတို့နှင့်အတူတူတွဲပြီး တည်ရှိနေတဲ့ ရိုးသားမှု၊ဖော်ရွေမှု၊ ယဉ်ကျေးမှု၊ဒေသဆိုင်ရာ ရိုးရာထုံးတမ်းတွေ...အစရှိသဖြင့်တွေဟာ တဖြည်းဖြည်း လျောနည်းပျောက်ကွယ် လာကြတော့မှာပါ။

၈။ မြန်မာ့သံယံဇာတတွေကို ထုတ်ယူတဲ့ (ရေနံနှင့်သဘာဝဓါတ်ငွေ့၊ကျောက်မျက်အပါအဝင်...အစရှိသဖြင့်) ကုမ္ပဏီကြီးတွေကလှူဒါန်းခဲ့လျှင်လည်း လှူဒါန်းတဲ့ ငွေကြေးတွေကိုပါ ဒေသခံလူငယ်တွေရဲ့ ပညာရေးနှင့် နည်းပညာတွေ အဆောက်အဦး (infrestructure)တွေနှင့်တကွ သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုတွေမှာ မြှုပ်နှံမပေးဘဲ သစ်ပင်စိုက်တဲ့ ထဲမှာ သုံးစွဲပြခံရတယ်ဆိုရင်လည်း ဒေသခံတွေနဲ့ လူငယ်တွေကို ပိုပြီးနစ်နာထိခိုက်စေပါတယ်။
NayHtet HtetAung's photo.
၉။ မြန်မာတွေဘက်က အရှုံးကြီး ရှုံးရသလောက် အမြတ်ကြီး မြတ်သွားမှာက ရင်းနှီးမြှုပ်နှံသူတွေပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးခဲ့တဲ့ ကျေးဇူးရှင် စာရင်းမှာလည်း ပါဝင်မှာဖြစ်သလို နိုင်ငံတကာမှာလည်း ဒီလိုလှူဒါန်းကူညီခဲ့မှုတွေရဲ့ မှတ်တမ်းတွေကို ပြပြီး နာမည်ကောင်းနှင့်တကွ မြန်မာတို့အဆင့်နဲ့ မမြင်နိုင် မသိနိုင်တဲ့ အခွင့်အရေးတွေပါထပ်မံရယူနိုင်ပါသေးတယ်။ သူတို့နိုင်ငံရဲ့ ရေ၊မြေ၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက် မပျက်စီးစေဘဲ လိုအပ်တဲ့ စက်မှုကုန်ကြမ်းပင်တွေကိုလည်း စိုက်ပျိုးထုတ်လုပ် နိုင်တဲ့အတွက်လည်း ပိုပိုပြီး အမြတ်အစွန်း ကြီးမားစေပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့အချက်အခြာနေရာတွေကို ဈေးပေါပေါနဲ့ အမြောက်အများ ဝယ်ယူရရှိနိုင်ဖို့ ရည်ရွယ်တဲ့ နှစ်ရှည်စီမံကိန်း တစ်ခုလည်း ဖြစ်နိုင်ပါတယ်။

၁၀။ ဓမ္မတာမျိုးဆက်သစ်တောများကို ခုတ်ထွင်ရောင်းချပြီး ယူကလစ်ပင်များကိုသာ စိုက်ပျိုးမှု(MonoCulture)သည် အပင်မှာကျရောက်မည့် အင်းဆက်ဒဏ်ကို ခံနိုင်ရည်မြင့်မားလာခြင်း(Resistant to disease) ဖြစ်လာပါလိမ့်မည်။ထို့ကြောင့် အရွက်စား အင်းဆက်ငယ်များ၏ ရှင်သန်နေထိုင်မှု ပျက်စီးကာ သေဆုံးမှုဖြစ်စေပါတယ်။အင်းဆက်ငယ်များကို စားသောက်ပြီး ရှင်သန်ရမည့် ကျေးငှက်အပါအဝင် သတ္တဝါအများအပြားပါ ရှင်သန်ရပ်တည်ဖို့ ခက်ခဲလာပြီး သဘာဝဂေဟစနစ်ကြီးတစ်ခုလုံး ကိုပါ ထိခိုက်ပျက်စီးစေမှုမျိုး ဖြစ်ပေါ်လာနိုင်ပါသည်။

ယခုဆိုလျှင် ပုဂံညောင်ဦးနှင့် ကျောက်ပန်းတောင်း ဒေသမှ ကျေးရွာတွေဟာ နွားစာအတွက်အခက်အခဲ ဖြစ်ရုံသာမကဘဲ သောက်သုံးရေတွေပါ ခမ်းခြောက်ပြီး အကူအညီပေးကြပါလို့ တောင်းဆိုကုန်ကြပါပြီ။ မြေအောက်ရေနှင့် မိုးရေမရရှိသည့်အတွက် ထန်းပင်တွေမှလည်း ထန်းရည်မထွက်တော့ပါ။ ထွက်သေးသည့် ထန်းပင်ကလည်း အထွက်နှုန်းများကျဆင်းလျှက် ရှိပါတယ်။ ထို့ကြောင့် ထန်းရည်မထွက်တော့သည့် အပင်များကို ရရာဈေးနှုန်းဖြင့် ခုတ်ယူရောင်းချနေကြပါတယ်။ ဒီဖြစ်စဉ်ဟာ အညာဒေသက ထန်းတောယဉ်ကျေးမှုတစ်ရပ်လုံးးး ပျက်သုန်းသွားစေမည့် ဧရာမခြိမ်းခြောက်မှုကြီး တစ်ခုလည်း ဖြစ်နေပါတယ်။ 
ကျောက်တောင်ကတုံးများ၊မြေကြမ်းများ၊စိုက်ပျိုးလို့မကောင်းသော မြေနေရာများနှင့် သဲကန္တာရနီးပါး ဖြစ်နေသော သဲမြေများတွင် ယူကလစ်ပင်များ စိုက်ပျိုးမှုကို ဝေဖန်စရာမရှိပေမယ့် ယခုကဲ့သို့ မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသ စိုက်ပျိုးမြေများဘေးနှင့် ကပ်လျက်ဆက်စပ်ဝန်းကျင်များတွင် အမြောက်အများစိုက်ပျိုးခြင်းများ၊ ဓမ္မတာမျိုးဆက် သစ်တောများကို ခုတ်ထွင်ရှင်းလင်းရောင်းချစေပြီး ယူကလစ်စိုက်ခင်းကြီးများအဖြစ် ပြောင်းလဲပစ်ခြင်းများကို အမျိုးသားရေးအမြင်နှင့် အပြင်းအထန်ကန့်ကွက်ပေးသင့်ပါသည်။ 

အပိုင်း၂ကို ဆက်လက်ဖော်ပြပါမည်။

နေထက်ထက်အောင်
Myanmar Review Journal (April 1;2015)

ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ပါသော Dr.ငြိမ်းမြ၊Dr.ကလျာ၊ကိုခန့်ဇော်ထက် (စိုက်ပျိုးရေးအကြံပေးအဖွဲ့) တို့ကို ကျေးဇူးအထူး တင်ရှိပါတယ်။


Ref;
1.Effects Of Eucalyptus Plantations On Soil Arthropod Communities In A Brazilian Atantic Forest Conservation Unit.By Rodrigo CAMARA;Maria Elizabeth Fernandes CORREIA;Dora Maria VILLELA.
2.Impact Of Eucalyptus Globulus and Eucalyptus Camaldulensis Small Scale Plantations On Chemical And Physical Soil Properties And On Soil Hydrological Parameter In The Highland Of Ethiopia A Comparision With Other Land-Use System. BY Zerfu Hailu; Monika Sieghatdt;Helmuth Schume;Franz Ottner;GethardHlatzel;Biruktayet Assefa And Tenaw TedelaHailu
3. Impact Of Eucalyptus Globulus Plantations On Physiology And Population Densities Of Invetebrates Inhabitiong Iberian Atlantic Streams.
4. Impact Of Pine And Eucalyptus Forest Plantations On Soil Organic Matter Content In SwaZiLand-Case Of Shisel Weni Forests.
5.Water Use,Water Limitation And Water Use Efficiency In A Eucalyptus Plantation.
BY JOSE LUIZ STAPE;DAN BINKLEY; MICHAEL G. RYAN;ANTONIO DO NASCIMENTO GOMES
6.Short-Rotation Eucalypt Plantations In Brazil: Envirinmental Issue.
7.Effect Of Exotic Tree Plantationson Plant Diversity And Biological Soil Fertility In The Congo Savanna. With Special Reference To Eucalypts.
8.Forest Stewardship Series5.Tree Growth And Competition. University of California And Natural Resources. http://anrcatalog.ucdavis.edu.
9.ပြင်ဦးလွင်ကို ဒုက္ခပေးလာမည့် ယူကလစ်တော။ ဒေါက်တာကျော်ထွန်းသန်း (ဧရာဝတီ ဘလော့ဂ် July1;2014 )
10. ကြီးမြန်ယူကလစ်ကုန်ကြမ်း ဂရိတ်ဝေါ ဝယ်ယူမည်။(The Myanmar Times Oct25;2014 )
11.မြန်မာ့စိုက်ပျိုးရေးမှတ်တိုင်အဖြစ် သစ်ပင်များအား တစ်ရှူးမျိုးပွားခြင်း။ သံလျှက်(Dec16;2010)






သိကြားမင်းနှင့် အင်တာဗျူး

$
0
0

……………

လက်စွဲတော် ကင်မရာလေးနှင့် အသံဖမ်းစက်ကိုယူပြီး သင်္ကြန်ကာလ ဦးဦးဖျားဖျားသတင်းရယူဖို့ထွက်လာခဲ့သည်။ လမ်းမတစ်လျှောက် မဏ္ဍပ်များက အပြိုင် အဆိုင်လှပနေသည်။ တစ်နေရာအရောက် မဏ္ဍပ်တစ်ခု၏ ထောင့်တစ်နေရာတွင် ကောင်လေးနှင့် ကောင်မလေး တစ်ယောက် ကုပ်ချောင်းချောင်းပုံစံဖြင့် တွေ့လိုက်ရသည်။ အတွဲတွေလားမသိ။ ဒါမျိုးဆို စိတ်ဝင်စား သည်။
နှစ်ယောက်လုံးအတော်ချောသည်ဟု စိတ်ကတွေးမိသည်။ ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပ လို့နေသည်။ 
"အဟမ်း..အဟမ်း.."ကျွန်တော် ချောင်းဟပ်သံပေးလိုက်တော့ နှစ်ဦးသား လှည့်ကြည့်သည်။
ဗျူးချင်သည့် ၀ါသနာကပေါ်လာပြီး မေးလိုက်သည်။
"ညီလေးတို့ ဘာလုပ်နေတာလဲကွ"
ကောင်မလေးက နှုတ်ခမ်းစူလိုက်သည်။ ကောင်လေးက ဘုကြည့်ကြည့်သည်။ အေးပေါ့ ဒါမျိုးက ဘာလုပ်နေပါတယ်လို့ ပြောလို့ကောင်းသည့် အရာမှ မဟုတ်တာလေ။
"ဘာလုပ်လုပ်ပေါ့ နေပါဦး ခင်ဗျားက ကျုပ်ကိုများ ညီလေးဘာလေးနဲ့ ကျုပ်ကိုများ ဘာထင်နေလဲ "
"ဟုတ်ပါ့ သမီးတို့ကို ဘာထင်နေလဲမသိဘူးနော် ချစ်ကြားကိုကို "
အလိုလို ဘာတုန်းဟ။ ချစ်ကြားကိုကိုတဲ့။ ဒီအခေါ်အဝေါ်ကြားဘူးပေါင်။ ပို့စ်မော်ဒန်အခေါ်ဖြစ်မည် ထင်ပါရဲ့။
"ဟို ဘာမှ မထင်ပါဘူး။ ကိုယ့်ထက် ငယ်တယ်ထင်လို့ ညီလေးလို့ခေါ်တာပါကွယ် "လေပြေလေးသွေး လိုက်ရသည်။ သတင်းထူးလိုချင်တာကိုး။ သူတို့ကိုကြည့်တော့ သင်္ကြန်ကာလကြီးမှာ ဟန်းဖုန်းနဲ့၊ လက်တော့ပ် ဖြင့် တွေ့လိုက်ရ၍ အထူးအဆန်းဖြစ်လို့နေသည်။ ရေစိုပြီ့း ပျက်သွားမှာ မကြောက်ဘူးထင်ပါရဲ့။
"ခင်ဗျားတို့တွေ ဘယ်လောက်တောင် အကုသိုလ်တွေ များနေလဲမသိဘူး။ သိကြားမင်းကို သိကြားမင်း မှန်း မသိဘူး "
"ဒါဆို ညီလေးက..အဲ…အသင်က သိကြားမင်းပေါ့ "
"ဟုတ်တယ် မင်းတို့ တောင့်တလွန်းလို့ ကိုယ်ထင်ပြရတာကွ "
"ဒါဆို အိမ်သာ ဆောက်ခိုင်းဖို့လား "
"တယ်..ငါ့ကိုများ နောက်တီးနောက်တောက်လာလုပ်နေတယ် "
ကျွန်တော်က ဘေးကကောင်မလေးကို လက်ညှိုးညွှန်ရင်း ပြောသည်။
"သင်က သိကြားမင်းဆိုတော့ သူလေးကရော"သိကြားမင်းက ဘုကြည့်ကြည့် ပြန်သည်။
"ငါ့ကို မေးဖို့လာတာလား သူ့ကိုမေးမှာလား "
"ကျွန်တော် မေးမှာကို ဘယ်လိုလုပ်သိသလဲ "
"ငါ့ကို စော်ကားတာများပြီနော် သိကြားမင်းပါဆိုနေ "
"ဟီး …. မေ့သွား လို့ပါ"
သိကြားမင်းက ဟိုကြည့်ဒီကြည့်လုပ်နေသည်။ ကျွန်တော်လည်း သူကြည့်နေသည့် နေရာကိုကြည့်တော့ လူတွေတဖြည်းဖြည်နှင့် များလာသည်ကိုတွေ့ရသည်။ ဒီနေရာမှာ ဗျူးနေလို့မဖြစ်။ တော်ကြာလူတွေ ၀ိုင်းလာ လိမ့်မည်။ ကျွန်တော်တွေးနေတုန်းရှိသေး သိကြားမင်းက ပြောသည်။
"ဒီနေရာမှာ တအားရှုပ်လာလိမ့်မယ်။ တစ်ဆိုင်ဆိုင်သွားရအောင် "
"သိကြားမင်းက ဘယ်ဆိုင်သွားချင်လို့တုန်း ဘီယာလောက်ပဲ ကောင်းမယ်ထင်တယ် "
"ဒီကောင်များပြီ ချစ် နန္ဒာသဇင်သက်မွန်ရွှန်းလဲ့မှုန်ရေ ..မောလိုက်တာ ဒီကောင်ကို မမှတ်နဲ့ စက်လေးလို့ "
နတ်သမီးလေးက စက်ကိုပိတ်လိုက်သည်။ ဆံပင်ကို သပ်တင်လိုက်ရင်း ပြောသည်။
"ချစ်ကြား သွားရအောင် တော်ကြာ မူးမူးရူးရူးနဲ့ သမီးကိုလာဆွဲနေဦးမယ် "
သွားရအောင်ဆိုတော့ ကျွန်တော်ဦးဆောင်ပြီး လူရှင်းရာ ဆိုင်တစ်ဆိုင်သို့ ဦးဆောင်ခေါ်လာခဲ့သည်။ ဆိုင်၌ထိုင်လိုက်ပြီး စားစရာသောက်စရာများကို မှာလိုက်သည်။
"ငါတို့က မစားဘူးနော်"
"၀မ်းသာပါတယ်ဗျာ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်လဲ တစ်ယောက်စာပဲပါတာဗျ။ ဒီလို အလိုက် သိပြီး မစားမသောက်ဘဲ နေနိုင်တဲ့ နတ်လို လူကြီးတွေ အဲလေ လူတွေနဲ့ များများတွေ့ပါစေဗျာ "
"ကဲ မောင်ရင် စကားများမနေနဲ့ ဗျူးစရာရှိတာ မြန်မြန်ဗျူး ကျုပ်တို့ အလုပ်တွေအများကြီး ရှိသေးတယ်"
သူပြောမှပင် အသံဖမ်းစက်ကို ထုတ်ပြီး သေချာစစ်ရသည်။ အသံဖမ်းခလုတ်ကို နှိပ်ပြီး ဗျူးခြင်းကို စတင် လိုက်သည်။
"သိကြားမင်းအနေနဲ့ လူ့ပြည်ကို ဆင်းသက်လာတာ ပျော်ပါသလားခင်ဗျာ "
"ဟ အပျော်လာတာ မဟုတ်ဘူးကွ ကောင်းတဲ့သူတွေ မှတ်သားဖို့ မကောင်းတဲ့သူတွေကို ဘယ်လို ဆုံးမမယ်ဆိုတဲ့ Plan ကိုသိစေချင်လို့ ဆင်းလာတာကွ "
ကျွန်တော် အံ့သြသွားသည်။
"ခင်ဗျာ ဘယ်လို ကျွန်တော်ကြားဖူးတာက မကောင်းတဲ့သူတွေကို ခွေးသားရည်ပုရပိုက်နဲ့ မှတ်တာမဟုတ်ဘူးလား ခင်ဗျ"
"အေး ဟိုးယခင် သိကြားမင်းလက်ထက်က ခွေးသားရည်ပုရပိုက်နဲ့ပေါ့။ ဒါပေမဲ့ မင်းတို့လူသားတွေ မကောင်းတာ လုပ်တိုင်း ရေးမှတ်နေရရင် ခွေတွေအားလုံးသေတောင်လောက်မှာ မဟုတ်ဘူး "
"ဒါဆို ဘယ်လိုလုပ်မှာတုန်း"ကျွန်တော် ကြားဖြတ်ပြောလိုက်သည်။
"ရှင်ကလဲ ရှည်သကိုး။ အဲ စကားပြောတာ စကားကို ဆုံးအောင်နားထောင်ဦးပေါ့ "
အိုး ချိုလိုက်သည့် အသံလေး။ စိတ်ထဲတွေးပြီး ငေးကြည့်မိသည်။ သိကြားမင်းကတော့ တယ်ပြီး ပါးနပ် လှသည်။
"ကဲ ကဲ ဒီကိုအာရုံစိုက် လူ့ပြည်မှာ လူတွေက အားအားရှိတိုင်း မွေးပြီး သန်းပေါင်းများစွာဖြစ်လာတယ်။ ဒီထဲမှာ မကောင်းတဲ့လူတွေကများတော့ ကောင်းတဲ့သူတွေ မှတ်လိုက်ရင် ပြီးတာပဲ။ မကောင်းတဲ့သူတွေ မှတ် နေရင် အချိန်ကုန်တယ်။ ဒါတောင် ဟိုမှာတွေ့လား ကွန်ပျူတာနဲ့ စာရင်းဇယားလုပ် မှတ်သားထားလို့ နောက်ပြီး ငါ့ အတွင်းရေးမှူးမလေးရှိနေလို့ ငါသက်သာတာ "
"သြော် သူက သိကြားမင်းရဲ့ အတွင်းရေးမှူးမလေးလား လှတယ်နော် ခုလိုတွေ့ရတာ ၀မ်းသာပါတယ် နောက်နှစ်တွေမှာလဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ် "
ပြောပြောဆိုဆို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်း ပေးလိုက်သည်။ သိကြားမင်းက ကျွန်တော့် လက်ကိုဖြတ်ခနဲ ရိုက်လိုက်ပြီး"များနေပြီနော် ထပြန်သွားလိုက်မယ် "
"ဒီလိုတော့ မလုပ်ပါနဲ့ မေးပါ့မယ်။ သိကြားမင်းတို့ဆီ ကွန်ပျူတာက ဘယ်လိုရောက်နေတာလဲ "
"ခေတ်နဲ့အညီ ငါတို့လဲ ပြောင်းလဲရတာပေါ့ကွ လူ့ပြည်တောင်တိုးတက်သေးတာ ငါ့တို့ဆီလည်း ဒီထက် အဆပေါင်းများစွာ တိုးတက်အောင်လုပ်ရတာပေါ့ "
"ဒါဆို ဘိလိယက်ခုံတွေ၊ ဂေါက်ကလပ်တွေ ရှိလား၊ ကိုရီးယားကားရော ကြည့်လားဟင် "
"ကြည့်မလား ရှိမလားကွ၊ မင်းတို့ဆီက ချောတယ်ဆိုတာ ငါ့တို့ဆီက အနိမ့်ဆုံးသူလောက်တောင် ရှိတာ မဟုတ်ဘူး။ ဟုတ်တယ်မလား ချစ် နန္ဒာသဇင်သက်မွန်ရွှန်းလဲ့မှုန်ရေ ..ရေ "
"ဟုတ်တာပေါ့ ချစ်ကြားကိုကိုရဲ့ "
သူ့ဟာနှင့်သူတော့ အဟုတ်သားဟ။ ဟိုရောက်ဒီရောက်နှင့် စကားလမ်းကြောင်းလွှဲသွားသည်။ အချိန် ကုန်နေလို့မဖြစ် ဂျာနယ်တိုက်သို့ အမြန်သွားရဦးမည်။ ဒီတော့ ခပ်မြန်မြန်လေး မေးခွန်းတွေ မေးမှဖြစ်မည်။ ကျွန်တော်မေးဖို့ ပြင်လိုက်စဉ် သိကြားမင်းက စပြောသည်။
"မင်းတို့ကြားဖူးတယ်မဟုတ်လား ကောင်းတဲ့သူတွေ အခက်အခဲတွေ့ရင်ဖြစ်ဖြစ်၊ ကျင့်ကြံမှုပြင်းထန်ရင် ဖြစ်ဖြစ် သိကြားမင်းထိုင်တဲ့ ကျောက်ဖျာတင်းတယ်ဆိုတာလေ "
"ကြားဖူးပါတယ် ခပ်ငယ်ငယ်က လူကြီးသူမတွေ ပြောပြတာလေ "
"အေးကွာ ငါလဲ ကျောက်ဖျာပေါ်ထိုင်တာကြာတော့ မထိုင်ချင်တော့ဘူး။ ဒါနဲ့ အကောင်းဆုံးမွေ့ယာ တွေမှာပြီး လဲလှယ်လိုက်တယ်ကွ "
"ဒါဆို "မေးမလို့ပြင်တုန်း သိကြားမင်းက လက်ကာပြရင်း
"မမေးနဲ့ သိတယ်။ ကောင်းတဲ့သူတွေ ကယ်တင်ဖို့ခက်လိမ့်မယ် မဟုတ်လား။ ဒါကြောင့် တစ်ခုခုဖြစ်ရင် အချက်ပေးနိုင်နိုင်တဲ့ ဒီအဆင့်မြင့် ဖူဂျီဆပ်ပြာ အဲ..ယောင်လို့ System တွေ တပ်ဆင်ထားတယ်။ ဒါ့အပြင် မင်းတို့ လူ့ပြည်ကို ငါသိကြားမင်း ဒေါ့ကွန်းကနေ အမြဲကြည့်ပြီး Information တွေ ယူနေတာ၊ မင်းလဲ ကြည့်နေ ပေါ့ကွာ "
သူပြောလိုက်မှ သတိရမိသည်။ စကားရပ်ပြောစဉ်က သူ့အတွင်းရေးမှူးမလေးကို သိကြားမင်း ပြော လိုက်သည့် စကားဖြစ်သည်။
"ဟိုလေ ခုနတုန်းက ကျွန်တော့်ကို မမှတ်နဲ့ဆိုတော့ ကျွန်တော်က မကောင်းတဲ့ အထဲမှာ ပါနေပြီပေါ့နော် "
"အေးပေါ့ကွ မင်းက လူကြီးကို လာနောက် အဲ..သိကြားမင်းကိုမှ လာနောက်နေ၊ စောကားနေတာကိုးကွ "
"ဟဲ အဲဒီလိုတော့ မလုပ်ပါနဲ့ "
ကျွန်တော် ပြောစဉ်ဝယ် သိကြားမင်းခါးတွင် ချိတ်ထားသည့် ဖုန်းက မည်လာသည်။
"ချစ်ကြားရေ ဖုန်းလာနေတယ်..ချစ်ကြားရေ..ဖုန်းလာနေတယ် "
ဖုန်းသံတော့ မိုက်သဟ။ သိကြားမင်းက ဖုန်းကို ဖွင့်လိုက်ပြီး နားထောင်သည်။
"ပြော မာတလိ ပြော၊ အေး..အေး..အေး အဲဒီအတိုင်းပဲလုပ်၊ …ကောင်းပြီ အရေးကြီးရင် ထပ်ဆက်.. ဒါပဲ "ဖုန်းပိတ်ပြီး ခါးကြားပြန်ထည့်သည်။
ကျွန်တော်လည်း ၀သီအတိုင်း နောက်မိပြန်သည်။ "သိကြားမင်းလဲ ခုမှဖုန်းကိုင်နိုင်တော့တယ်နော် "
"တယ်..ဒီကောင်တော့ စိတ်မော၊ လူမော အဲ နတ်မောရတဲ့အထဲ "
"စပ်စုတယ် မထင်ပါနဲ့ ဗျူးတာပေါ့နော်။ ဘာကိစ္စတွေကြောင့် ဒီလောက်မောနေရတာလဲ "
"ဒီလိုကွ ငါ့တို့ဆီကို ရောက်လာတဲ့သူတွေက နည်းတယ်လေ။ အဲဒီတော့ လူတွေလည်း ကောင်းကောင်း နေထိုင်အောင်၊ နတ်ပြည်လည်း အင်အားများလာအောင်လို့ သိကြားမင်းဒေါ့ကွန်းနဲ့ သိကြားမင်း facebook ကနေ ကြော်ငြာမယ်၊ နတ်ပြည်ကို လာရင် လုံးချင်းအိမ်ရာတွေပေးမယ်၊ ရေမီးအစုံပေါ့၊ နတ်သမီး အချောလေးတွေနဲ့လဲ ပျော်ခွင့်ရမယ်ပေါ့ကွာ "
ကျွန်တော်လည်း စိတ်ဝင်စားသွားပြီး "ကံစမ်းမဲရော မပါဘူးလားဟင် "
"တယ် "သိကြားမင်းရွယ်လိုက်သဖြင့် ကျွန်တော် ဇက်ပုလိုက်မိသည်။
အချိန်အတော်လေးလင့်လာသည်မို့ မေးခွန်းတွေကို ခပ်သွက်သွက်လေး မေးလိုက်သည်။
"သိကြားမင်းအနေနဲ့ ဒီလို အကြမ်းဖက်မှုတွေ၊ ဆိုးသွမ်းမှုတွေ ပြည့်နှက်နေတဲ့ လူ့ပြည်ကြီးကို ဘယ်လို ဆုံးမပြီး ကောင်းတဲ့လူတွေကို ဘယ်လိုမြှင့်တင် ပါမလဲခင်ဗျာ"
"အေး ငါလဲ အဲဒါပြောမလို့ပဲ။ ခု ပြောမယ့် အစီအစဉ်တွေက အရေးကြီးတယ်ကွ။ မင်းက တခြားသူတွေ ကို ပြောပြ လက်ဆင့်ကမ်းပေါ့ကွာ "
"ဟုတ်ကဲ့ပါဗျာ"
"ချစ်ရေ ..ငါ့တို့ရဲ့ ပရိုဂရမ်တွေကို ဖွင့်လိုက်ဦး "
အတွင်းရေးမှူးမလေးက ကွန်ပျူတာကို ဟိုနှိပ်ဒီနှိပ်လုပ်ပြီး ကွန်ပျူတာကို ရွှေ့ပေးလိုက်သည်။ သိကြား မင်းက ခဏကြည့်ပြီး ကျွန်တော့်ဘက်ကို ကွန်ပျူတာ လှည့်ပြသည်။
"ကဲ ကြည့် ဒီပုံတွေက တို့စီမှာ ဆောက်နေတဲ့ လက်နက်ထုတ်စက်ရုံတွေပဲ။ အဲဒီလက်နက်ကို ၀ရဇိန် မိုးကြိုးလက်နက်လို့ ခေါ်တယ်။ မင်းတို့စီမှာရှိတဲ့ အနုမြူလက်နက်ထက် အဆများစွာ ပြင်းတယ်။ အသံထက် အဆပေါင်းများစွာ မြန်တယ်။ ရေဒါဖမ်းလို့မမိဘူး။ ဒါပေမယ့် လူအများစုမသေဘူး။ ပစ်ခတ်ခံရတဲ့သူပဲ သေတယ်။ ထိတဲ့သူဟာ လုံးဝပြာအဖြစ် ပြောင်းလဲသွားမယ်။ ငရဲလည်း ခံရမယ်။ တော်ယုံနဲ့ မကျွတ်တော့ဘူး "
ကျွန်တော် ကြက်သီးမွေးညှင်းများပင် ထသွားမိသည်။
"ဒီလက်နက်တွေကို ကြိုတင်ထုတ်လုပ်နေပြီ။ ဒါက မကောင်းတဲ့သူတွေကို ဒဏ်ခတ်ဖို့ပေါ့ကွာ။ ကောင်း တဲ့သူတွေကတော့ ဒီဘ၀မှာ ပစ္စည်းဥစ္စာချမ်းသာချင်လည်း ချမ်းသာမယ်။ ချမ်းသာချင်မှလည်း ချမ်းသာမယ်။ ဒါပေမဲ့ စိတ်ချမ်းသာနေပြီး အနာရောဂါကင်းမယ်။ နောက်နောင်ဘ၀တွေအထိ ပစ္စည်းဥစ္စာရော၊ စိတ်ရော ကိုယ်ပါ ချမ်းချမ်းသာသာနေရမယ်။ ကဲဘာများ မေးချင်သေးလဲ "
"ဟုတ်ကဲ့ မကောင်းတာတွေကို ဘယ်လို ရှောင်ကျဉ်ရမလဲ"
"ဟ ဒါက ဗုဒ္ဓတရားတော်တွေမှာ ဟောကြားထားတာတွေရှိနေတာပဲ။ ရိုသေထိုက်သူကို ရိုသေ၊ သောက်စားမူးယစ် ရမ်းကားမှုကင်းရမယ်၊ လိမ်လည်လှည့်ဖျားတာ၊ သူများဥစ္စာခိုးတာ၊ မတရားအနိုင်ကျင့်ယူတာ၊ သူများသားမယား၊ သမီးပျိုကို စော်ကားဖျက်စီးတာ စတဲ့ အကုသိုလ်တွေကို ဖယ်ရှားပြီး ဘုရားတရားတော်နဲ့ အညီ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားပေါ့ကွာ "
"ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် သိကြားမင်းနဲ့ အတွင်းရေးမှူးမလေးကို အထူး ကျေးဇူးတင်ပါတယ် "
"ဟေ ငါကတော့ ထားပါတော့ကွာ ငါ့အတွင်းရေးမှူးလေးက ဘာမှလဲ မမေး၊ မပြောရဘဲ ကျေးဇူးတင် ရတာတုန်း"
"အဲ ဟိုဒင်း..ဟို..နားထောင်ပေးတဲ့အတွက်ပါ "
နတ်သမီးလေးက လှပစွာပြုံးလိုက်သည်။
"သိကြားမင်းအနေနဲ့ နောက်ဆုံး ဘာများပြောချင်ပါသေးလဲ"
"အေးကွာ နောက်ဆုံးပြောချင်တာကတော့ အပူမီးတွေ တောက်လောင်နေတဲ့ လူ့ပြည်မှာ နေရတာ အားမရလို့ ထပ်ပြီး မီးတွေရဲ့အပူကို ခံချင်တယ်၊ ဒုက္ခမျိုးစုံခံချင်တယ်၊ ဒါ့အပြင် ဆွေတွေမျိုးတွေ အများကြီးရှိတဲ့ နေရာမှာမှ ပျော်ချင်တယ်ဆိုရင်တော့ ငရဲပြည်သွား၊ ဇိမ်ကျကျနဲ့ နတ်သမီးလေးတွေနဲ့ နေချင်တယ်ဆိုရင်တော့ ဒီကိုလာဖို့ ကောင်းမှုကုသိုလ်တွေ လုပ်ပါလို့ ပြောခဲ့ချင်ပါတယ် "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
အသံဖမ်းစက်ကို ပိတ်ပြီး အိတ်ထဲထည့်သည်။ စားပွဲထိုးလေးကို ခေါ်ပြီး ငွေရှင်းလိုက်သည်။
"ကဲ တို့လဲ သွားတော့မယ် "ပြောပြောဆိုဆို နှစ်ယောက်သား လက်တွဲပြီး ထွက်သွားသည်။ တော်တော်လှမ်းလှမ်းရောက်မှ ကျွန်တော်ပြေးလိုက်သွားသည်။
"ခဏ ..ခဏ နေပါဦးဗျ "သိကြားမင်းက လှည့်ကြည့်ရင်း မေးသည်။
"ဟ ဘာဖြစ်လို့လဲကွ"
"ခုန စကားစပြတ်သွားလို့လေ။ ကျွန်တော့် နာမည်ကို မှတ်မမှတ် သိချင်လို့ပါ"
"ပြောပြီးပြီပဲ မင်းကောင်းရင်မှတ်မယ်၊ မကောင်းရင် မမှတ်ဘူးပေါ့ကွာ"
"ကဲပါကွာ..မင်းက မင်းသိသမျှကို ပြန်ဝေငှမယ်။ လူတွေကို ကောင်းမှုလုပ်ဖို့ တိုက်တွန်းမယ်ဆိုတော့ မင်းကို မှတ်သွားပါ့မယ်ကွာ "
သိကြားမင်း စကားလည်းဆုံးရော
"ဟေး…"လို့ အော်ပြီး ၀မ်းသာအားရ ပြေးထွက်လာခဲ့သည်မှာ သူတို့ကိုပင် လှည့်မကြည့်ဖြစ်တော့ပါ။

*********
မောင်ပိုင်
၁၅-၂-၂၀၀၃(စနေနေ့)၊ သံတောင်မြို့တွင် ရေးသားခဲ့သောစာအား
၁၀-၄-၂၀၁၄ ရက်နေ့တွင် ပြန်လည် ပြုပြင်ရေးသားခဲ့ခြင်းဖြစ်ပါသည်။
အဟောင်းလေးပါပဲ
ခါတော်မှီပြန်တင်လိုက်တာ.....
** မြန်မာ့နှစ်သစ်မှာ ကောင်းမှုများ တိုးပွားနိုင်ပါစေ **
Viewing all 1811 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>