Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

မြန်မာ့နိုင်ငံရေးနှင့် တတိယအင်အားစုအပေါ် အမြင်

$
0
0

၂၀၁၅ နီးလာလေ တတိယအင်အားစု ဟူသော အသံ ကြားလာရလေ ဖြစ်သည်။အစိုးရ နှင့် အတိုက်အခံ အပြင် အဘယ်ကြောင့် အင်အားတစ်ရပ် ထပ်မံပေါ်ပေါက်လာသည်၊ မည်သည့် အဖွဲ့အစည်းမှ တတိယ အင်အားစု အဖြစ် ရပ်တည်မည် ဆိုသည်က စိတ်ဝင်စားဖွယ်ရာဖြစ်သည်။၁၉၈၈ မှ စတင်ခဲ့သော အစိုးရနှင့် အတိုက်အခံ အားပြိုင်မှုသည် ၂၀၁၀ အလွန်တွင် ငြီးငွေ့ဖွယ် ဇာတ်လမ်းတွဲ အသွင် ဆောင်လာသည်။ ကန့်သတ်ခေတ်လွန် မြန်မာနိုင်ငံတော်အား အရှိန်အဟုန်ဖြင့် တိုးတက်စေလိုသော အင်အားစုများက အစိုးရနှင့် အတိုက်အခံကြားပါဝါဂိမ်းများ၊ အပေးအယူ အတိုးအဆုတ်များကို ခလုတ်ကန်သင်းအဖြစ် မြင်လာပြီ။သူ့ကြောင့် ငါ့ကြောင့် အပြစ်မြင် လက်ညျိုးထိုးနေမှုများကို စိတ်မရှည်တော့။Blame game များ၊ကိုယ်ရည်သွေးမှုများ ထက် လက်တွေ့ အလုပ်ဖြစ်မှုကို တောင့်တလာကြသည်။တစ်ကယ်လုပ်လျှင် တစ်ကယ်ဖြစ်နိုင်မှန်းလည်း သိလာပြီ။
မြန်မာဆိုသည်က ယုံကြည်မှုသာ ဦးဆောင်လျှင် ၀ါးရင်းဒုတ်သာ လိုအပ်လောက်အောင် စိတ်ဓါတ် ပြင်းထန်သော လူမျိုး။ရခိုင် အရေးအခင်းမှ အစပြုသော အမျိုးသားရေး စိတ်အဟုန်က ဆီးဂိမ်းစ် အပြီးတွင် အမြင့်ဆုံးသို့ ရောက်ရှိတည်ငြိမ်ပြီ။ခြေဥပြင်ရေး မပြင်ရေး၊ ရာထူးလုရေး လုံးပန်းမှုများက သူတို့အတွက် နေ့စဉ် ဘ၀ မဟုတ်။မျှော်လင့်သော အနာဂတ်မဟုတ်။ ဖြစ်ချင်သော အခြေအနေနှင့် လက်ငင်းကြုံတွေ့နေရသော အကြပ်အတည်းများက စကြ၀တေးမင်း ကို မျှော်ယုံမျှဖြင့် မပြေလည်မှန်း သိလာပြီ။ကိုယ့်အား ကိုယ်ကိုး ရုန်းကန်လိုပြီ။စစ်အစိုးရထံ အကြွေးတောင်းသလို တောင်းနေယုံဖြင့် နိုင်ငံတော် ဆင်းရဲတွင်းမှ မတက်။ညီညာကုန်း၍ ရုန်းရမည့်အစား ထန်းလျက်နှင့် အချိုကုန်နေကြသူများကို သံသယ ၀င်လာပြီ။ နိုင်ငံရေးအမြင် ရေစီးက အမြဲ ပြောင်းလဲသည်။အဆိုးအမြင်ထက် အကောင်းကိုသာ မြင်ချင်ပြီ။ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း မ၀င်လိုပြီ။အလင်းရောင် ပျပျ ကို မြင်ရုံမျှဖြင့် အားသွန်လျှောက်လိုပြီ။တို့မြန်မာ သာကီမျိုးမို့ မညှိုးဂုဏ်တေဇာ ဟု ကြွေးကြော်ချင်လှပြိ။

၁၉၈၈ အရေးတော်ပုံသည် သမိုင်းဖြစ်သည်။စစ်အစိုးရသည်လည်း သမိုင်းမှာ ကျန်ခဲ့လေပြီ။နိမ့်ကျသည် ဆိုဆို အကျင့်ရ၍ ခံနိုင်ရည် ပိုရှိလာသည်။ဆက်လက်၍တော့ မပျော်လို မပျော်သင့်။ငိုသောကလေး နို့ပိုစို့ရသည် ဆိုသည်ကလည်း ငယ်စဉ် မိခင် ရင်ခွင်ထဲမှာသာ မှန်သည်။ငွေလမင်း အား လိုချင်စိတ်ဖြင့် ငိုကြွေးနေယုံဖြင့် မရ။ တောင့်တသော အပြောင်းအလဲ ဟူသည် အစိုးရ အမည်အသစ် တစ်ခုထက် ပိုသည်။ရွှေထီးဆောင်းခဲ့ခြင်း၊အိမ်နိမ့်စံခဲ့ခြင်း ဆိုသည်ထက် မြန်မာဟူ၍ သိမ်ငယ်စွာ မနေလိုတော့။ရာဇ၀င်ကို ချွေးဖြင့်ရေးလျှင် ငံငြိငြိ နေမည် ဟု ဆရာမောင်ထင်က သရော်သည်။သွေးဖြင့်ရေးရလျှင်လည်း ညှီစို့စို့ နံပေလိမ့်မည်။ မည်သူ့ကိုမှ အားကိုးမရမှန်းလည်း ဖွတ်ဖွတ်ကျေမှ သိခဲ့ရပြီ။ကဲ...တွင်းဆုံးမကျခင် ရုန်းကြစို့ရဲ့...။ ထို အတွေးအမြင်က လှုပ်နှိုးလေပြီ။လှုပ်လီလှုပ်လဲ့ အစိုးရ နှင့် အသံသာ မည်သော အတိုက်အခံ နှစ်ဖက်လုံးကို အားမရ။အမျိုးသားရေး အမြင်ဖြင့် ကြည့်သော် ဘောင်ထဲ မ၀င်။အာဏာ ထမ်းပိုးနှစ်ဖက်ကို ဘေးသို့သာ ခြေကန်ရုန်းပုံရ၏။ရှေ့သော် မှန်းသလောက် မရွေ့။ မျက်စေ့ဖွင့်ကြည့်၍ မြင်သည်။ အမြင်ကြောင့် တွေးသည်။ ရဟန်းလည်း မနေသာ။လူငယ် လူရွယ် များကလည်း မရွံ့။ စစ်သားဟောင်းကလည်း တစ်တပ်တစ်အား။၈၈ ကျောင်းသားဟောင်းများထဲမှ လည်း နောက်မကျန်။ပညာရှင်လည်း ပါသည်။လေ့လာအားကောင်းသူများ လည်း ပါသည်။နိုင်ငံရေးမျိုးဆက်များကလည်း အားဖြည့်သည်။ပြည်ခိုင်ဖြိုး NLD ပါတီ ထောက်ခံသူအချို့ကလည်း မြင်ပြီ။တူညီသော စိတ်က တိုင်းပြည်ကို တိုးတက်စေချင်ပြီ။ ရာထူး မဟုတ်။အာဏာမဟုတ်။သန့်ရှင်း-တည်မြဲ ဟူ၍ မခွဲ ။နိုင်ငံတော်ကို သန့်ရှင်းစွာ တည်မြဲစေလိုသူများသာ။အမျိုးသားရေးစိတ် အခြေခံကြောင့် အင်အားကို လျော့တွက်၍ မရ။ပါတီစွဲ ဟူသည်က နိုင်ငံချစ်စိတ်ကို လွှမ်းမိုးနိုင်လောက်အောင် မစွမ်းသာ။လွှမ်းမိုးသည်လည်း မဖြစ်သင့်သော အရာ။တတိယ အင်အားစုကား ဤသို့ အခြေတည်လေသည်။အမျိုးသားရေးစိတ် အခြေခံကြောင့် အင်အားကို လျော့တွက်၍ မရ။ဆန္ဒမဲ ချိန်ခွင်လျှာကို အတိမ်းအစောင်း ဖြစ်စေလာနိုင်သည်။အာဏာလိုသူ ပါတီကိုစိတ်ထင်ရာ မလုပ်နိုင်အောင် ထိန်းညှိပေးလို့ရသည်ဟု ယူဆစရာရှိလာသည်။ သို့သော်.... စိန်ခေါ်မှုများက အပြည့်။တိုင်းပြည်၏ ကံကြမ္မာ က သမိုင်းတစ်လျှောက်အကောင်းဘက် မပါ။

တတိယအင်အားစု ဟု တင်စားသော အဖွဲ့အစည်း၏ အင်အားက မျှော်မှန်းမရ။ဖွဲ့စည်းပုံကျစ်လျစ်မှု နှင့် ယုံကြည်ချက် ခိုင်မာမှုက မှတ်ကျောက် တင် မခံရသေး။ဆန္ဒ များ ရှေ့ဆောင်နေကြ၍သာ။တိကျရေရာသော လမ်းစဉ်ရည်ရွယ်ချက်ဖြင့် ဦးဆောင်မည့်သူ ပေါ်မလာသေး။နိုင်ငံရေး ပရိယာယ် မကြွယ်။လှည့်ကွက်များအား ခံနိုင်ရည် ရှိ မရှိ တွက်ဆလို့ မရ။ လတ်တလောမှာတော့ အစိုးရ အတိုက်အခံ နှစ်ဖက်လုံးက အမြင်ကြည်ဖွယ် မမြင်။နိုင်ငံရေးအာဏာ ဆိုသည်က သားအဖ ချင်းပင် စိတ်ဝမ်းကွဲစေတတ်သော အမျိုး။ပခုံးချင်း ယှဉ်လာမည် ထင်မြင်လျှင် အသက်ကို ဖက်ဖြင့် ထုပ်ထားရတတ်သည်။ဆူးကြားမှာ ရှင်သန်ရမည့် ဘ၀။ အားသာချက်က တိုင်းပြည် တိုးတက်စေချင်သော စိတ် စေတနာ အရင်းခံသည်။စဉ်းစားဉာဏ်ဖြင့် ထိန်းညှိသည်။အသက်အရွယ်စုံ လူတန်းစားစုံ ကြောင့် အတွေ့အကြုံ စုံသည်။ကောင်းသော အပြောင်းအလဲ ကို မြင်လိုသည်။ ကောင်းအောင်လည်း ကြိုးစားလိုကြသည်။အကြောက်တရား အမုန်းတရား ပုဂ္ဂိုလ်စွဲ စသည်တို့ကို ရှေ့တန်း မတင်။ ဤသို့သော သဘောထားသည် အစိုးရနှင့် အတိုက်အခံတို့၏ ရှေ့မတိုး နောက်မဆုတ်သော အချိန်တွင် ပိုမို ပေါ်လွင်လာသည်။အထူးသဖြင့် သမ္မတ အရည်အချင်းနှင့် သက်ဆိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) ပြင်ဆင်ရေးနှင့် ပတ်သက်သည်။ မိမိအင်အားကိုလည်းသိ ရန်သူ့အင်အားကိုလည်း သိမှ စစ်ပွဲတစ်ခု အောင်နိုင်ရန် သေချာသည်။၅၉(စ) သည် အစိုးရနှင့် အတိုက်အခံကြားက ကိစ္စတစ်ခုမဟုတ်။ပြည်သူလူထုကြား မတွက်ဆဘဲ ထည့်ပေးလိုက်သည့် ပြဿနာ သို့တည်းမှ မဟုတ်လျှင် ပြည်သူကို တိုက်ရိုက် အားစမ်းခြင်း။ပြည်သူ၏ ဆင်ခြင်နိုင်စွမ်းကို တိုင်းတာခြင်းပင် ဖြစ်သည်။ တတိယအင်အားစု ဟု တင်စားသော အဖွဲ့အစည်းသည် မည်သည့်ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်မည် ဆိုသည်က ၂၀၁၅ အတွက် ကြိုတင် အဆုံးအဖြတ်ပင် ဖြစ်သည်။

မြန်မာ ဆိုသည်က သူရဲကောင်းဝါဒ အားကျသည့် အစဉ်အလာ ရှိသည်။အဖွဲ့အစည်းနှင့် လုပ်ဆောင်ရလျှင် ညီညွတ်မှု အားနည်းသည်။တစ်ယောက်ကောင်းက တစ်သောင်းဗိုလ်ခြေ ညက်ညက်ကျေသည် ဟု ယုံကြည်တတ်ကြသည်။သမိုင်းတွင်လည်း ခေါင်းဆောင်ကောင်း တစ်ဦး ပေါ်ထွက်သည့် သမယမျိုးသာ အောင်လံလွှင့်နိုင်ပေသည်။ထိုခေါင်းဆောင် လွန်သော် ဖရိုဖရဲ ဖြစ်မြဲ နေမြဲသာ။သို့သော် မင်းလောင်းမျှော်သည့် စရိုက်ကို မစွန့်။ခိုင်မာသော Institutions & Society တည်ဆောက်ရန်မလုံးပန်းနိုင်။မကြိုးစားခဲ့။ လက်ရှိ အာဏာရပါတီ နှင့် အတိုက်အခံ ပါတီကြီးပင်လျှင် တစ်ဦးကောင်း အပေါ် မှီခို နေရသလို အခြေအနေ။ သို့သော်... သက်ဆိုင်ရာခေါင်းဆောင်များ အသက် ရ လှပြီ။မှီခိုလွန်းနေ၍ မဖြစ်ပြီ။ မျှော်ကြည့်ပြန်သော် ခေါင်းဆောင်မျိုးဆက် ရှားပါးသည်။အတိုက်အခံ ခေါင်းဆောင်၏ အရည်အချင်းက မွေးရာပါ။နောက် တစ်ယောက် မရနိုင်။နောက် သူ၏ မျိုးဆက် ပြတ်သလောက် ဖြစ်ပြီ။ထည့်တွက်ရန် မရှိနိုင်တော့။ပါတီ အဖွဲ့အစည်းတွင်လည်း မီ မည့်သူမရှိ။ မှီ သည့်သူသာများသည်။ အာဏာရပါတီ ဘက် ကြည့်လျှင်လည်း သမ္မတ သည်ပင် အဂတိ ကင်းရှင်းသည်ဟူသော အမည်ကောင်းကြောင့်သာ။ကျန်သူများ နောက်ကြောင်းရှင်းပါကြောင်းကျမ်းကိုင်ပြလျှင်ပင် ပြည်သူက မယုံ။ယုံကြည်ရမည့် အကြောင်းလည်း မရှိ။ အသို့ဆိုသော် နောက်ခေါင်းဆောင် တစ်ယောက် မျှော် စောင့်ကြမည်လော....။ တိုင်းပြည်က အနာ သည်းလှပြီ။အမှောင့် ပယောဂ ကလည်း အနှောက်အယှက် ပေးသည်။အမြန် ဆေးချက် ထိမှ သက်သာမည်။ဆရာများ သားသေ လည်း ဖြစ်မှာ စိုးရိမ်ရသည်။ဆရာရမ်းကု စမ်းတ၀ါးဝါး ပြုစုလျှင်လည်း ရေတိမ်နစ်မည်။ယခုထက် ပို မဆိုးနိုင် ဟု မြင်သူများကလည်းရှိသည်။တိုင်းပြည်၏ ကံကြမ္မာဟူသည် မျက်စိစုံမှိတ် လက်တည့်စမ်းကောင်းသော အရာ မဟုတ်။အရင်းအနှီးက တိုင်းပြည်ချစ်သည့်စိတ်ဖြင့် ကြည့်လျှင် မတန်တဆ။ အဖွဲ့အစည်းများ ခိုင်မာ အားကောင်းနေခဲ့လျှင် အသွင်ကူးပြောင်းရေးက သည့်ထက် ပို ငြင်သာပေမည်။အတိတ် ကို လက်ညှိုးထိုး ငိုကြွေးနေယုံဖြင့်တော့ မပြီး။လုပ်ငန်းတစ်ခု စတင်ပြုရန် အချိန်ဟူသည် ပစ္စုပ္ပန် လက်ငင်းသာ မဟုတ်တုံလော။နေမင်းကြီး အလင်းရောင် ကို တမ်းတပူဆွေးနေပါက လမင်း အေးရိပ်ကို ခံစားခွင့် လွတ်လေတော့မည်။အမှားများထဲမှ အချို့က နောင်တ ရကြသည်။အချို့က သင်ခန်းစာ ရကြသည်။ခံယူသော စိတ်ပေါ် မူတည်၍ ရလာဒ် ကွာသည်ပင်။

လက်ရှိ နိုင်ငံရေး ပလေယာများက အာဏာရပါတီ၊ အဓိက အတိုက်အခံပါတီ၊ လွှတ်တော် နှင့် တပ်မတော်။ နောက် ပါတီငယ်များ နှင့် တိုင်းရင်းသားပါတီ အဖွဲ့အစည်းများ။ ဤထဲမှ တပ်မတော်က နောက်သို့ အဆုတ်။ပင်ပန်းပြီ။ ဖွဲ့စည်းပုံ ပြည့်အောင် အနားပေးသင့်ပြီ။မူလတာဝန်ကိုသာ ထမ်းဆောင်စေသင့်ပြီ။သူကလည်း တို့တာဝန်အရေးသုံးပါးကိုသာ မထိလျှင် ဝေးဝေးနေလိုပြီ။နာမည်ပျက် မခံလိုပြီ။ခွာစစ်တွင် အခက်ခဲဆုံးဖြစ်သော အအုပ်အစည်းမပျက် ဆုတ်ခွာရေးက အရေးကြီး၍သာ။ဖရိုဖရဲ ဆိုလျှင် ခွာစစ်က ပြေးစစ် ဖြစ်တတ်သည်။ဥပဒေသ တွေအတိုင်း စနစ်တကျ ရှိဖို့ လိုသည်။လျှော့တွက်၍ မရ။အချိန်မရွေး ထိုးစစ်အပြုအမူ ပြောင်းနိုင်အောင် ပြင်ဆင်သည်။နေရာ ၀င်ယူမည့်သူများ လိမ္မာ ပါးနပ်ဖို့ လိုသည်။ဆန္ဒစောလျှင် ထိပ်တိုက် တွေ့တတ်သည်။ တိုင်းရင်းသား ပါတီနှင့် အဖွဲ့အစည်းများကလည်း မိမိသက်ဆိုင်ရာ ပြည်နယ်တွင် ညီညီညွတ်ညွတ် ဖြင့် ကိုယ့်ပြည်နယ်အကျိုး ကိုယ်တိုင် သည်ပိုးဖို့ ပြင်ဆင်ချိန် ရောက်ပြီ။ကိုယ်မြင်ခဲ့သော ချွတ်ယွင်းချက်များ ပြုပြင်နိုင်အောင် ကြိုးစားကြရတော့မည်။ပြည်ထောင်စု စိတ်ဓာတ် မပျောက်ပျက်ရန်သာ အရေးကြီးသည်။ လွှတ်တော် သည်ကား ပုံရိပ် ပေါ်လွင်အောင် ကြိုးစားဆဲ။အာဏာရ ပါတီက အများစု ဖြစ်သည့်အပြင် စမ်းတ၀ါးဝါးကာလမို့ စွမ်းရည် မပြည့်သေး။တစ်ခါတစ်ရံ ကန့်လန့် ဖြစ်လိုက် ၊ဖနောင့်နင်းလိုက် ၊ကြောင် သန်းရှာလိုက်၊ဆိတ်ဖမ်းလိုက် ထလုပ်တတ်သည်က အရုပ်ဆိုးလှသည်။ အစိုးရ အဖွဲ့ ကလည်း သမ္မတ တစ်ခြား ၀န်ကြီးအဖွဲ့ တစ်ခြား။သမ္မတ မှာ ရွေးစရာလူ ရှားသည်။အာဏာရ ပါတီဝင်အများစု၏ စိတ်ဓာတ်၊ အရည်အချင်း၊ ခံယူချက်၊ ကိုယ်ကျင့်တရား .... ပြည်သူက သိသည်။ပြည်ပ နိုင်ငံများကတော့ သမ္မတ အပေါ် မျှော်လင့် ယုံကြည်မှု ထားပေးကြသည်။ရင်းနှီးမြှုပ်နှံမှုများကြောင့် တည်ငြိမ်မှု ကို လိုလားသည်လည်း ပါသည်။လူတွေ ခဏခဏ ပြောင်းပြီး စကားဆိုနေရသော် အလုပ်မဖြစ်။ ဘုရားပေးသော ခေါင်းဆောင် ရှိသည်ဟု တင်စားကြသည့် အတိုက်အခံ ပါတီတွင်လည်း ပြဿနာ မကင်း။လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက်ရှိသော်လည်း သမ္မတ ရာထူးကန့်သတ်ချက်ကအတားအဆီး ဖြစ်နေသည်။ပစ်ရမှာလည်း အဆီနှင့် ၀င်းဝင်း၊ စားရမှာလည်း သဲတစ်ရှပ်ရှပ် ဆိုသလိုပင်။နိုင်ငံတည်ဆောက်ရေး ခေတ်တွင် တော်လှန်ရေးစိတ်သာ အမြစ်စွဲသည့် နောက်လိုက် အချို့ က အစိုးရအနေဖြင့် နေတတ်သူများဖြစ်မလာနိုင်။ကိုယ့် တိုင်းပြည် တော်လှန်ရေး မရှိလျှင် အခြားတိုင်းပြည် တော်လှန်ရေး ဗော်လံတီယာလိုက်သည့် ချေဂွေဗားရား အားကျသူများ အမြင်ပြောင်းရန် လိုသည်။အတွေ့အကြုံ၊ လွှမ်းခြုံကြည့်နိုင်မှု အမြင်၊ အုပ်ချုပ်မှု စွမ်းရည် ပြည့်ဝအောင် ပြုစုပျိုးထောင်ကြရဦးမည်။ အခြားပါတီများတွင် တစည က ကျားအို။အရင် အခြေခံကြောင့်သာ ပျောက်ကွယ်မသွားခြင်းဖြစ်သည်။NLD မပါ၊ ပြည်ခိုင်ဖြိုး မကြိုက်၍သာ ရွေးချယ်ခံရခြင်းဖြစ်လိမ့်မည်။အုပ်ချုပ်မှု၊ စည်းရုံးရေး တို့တွင် အတွေ့အကြုံ အမြင်ရှိကြသော်လည်း အသက်ထောက်လာပြီ။မျိုးဆက်သစ် အားနည်းပြီ။သို့သော် နိုင်ငံရေးကို သူတို့ နားလည်သည်။ ၈၈ မျိုးဆက်ဟောင်းများက ယခုအချိန်မှာ အခြေခံမတူကြတော့။တော်လှန်ရေးခေတ် ကုန်ပြီဟု ဆိုနိုင်ပြီ။တည်ဆောက်ရေးခေတ်နှင့် အရည်အချင်း အံဝင်သူသာ တင်ကျန်မည်။နိုင်ငံတော် တစ်ခု တာဝန်ယူနိုင်မှုက တော်လှန်ရေးထက် ခက်သည်။ဆည်းပူးလေ့လာ မိမိကိုယ် ကိုယ် ထိန်းသိမ်း တည်ဆောက်မှ နောက်တစ်ဆင့် တက်မည်။ဝန်ကြီးချုပ် ဦးနု၊ ဥိးကျော်ငြိမ်း၊ ဦးဗဆွေ တို့သည် လက်နက်ကိုင် တော်လှန်ရေးသမားများမဟုတ်။နိုင်ငံရေးသမားများသာ။သို့သော် ထိပ်ပိုင်းဦးဆောင်သည့်နေရာကို အကျဉ်းခံကာလ အနည်းအများဖြင့် ဆုံးဖြတ်သည်မဟုတ်။ဝါစဉ် ကြောင့် နေရာရခြင်းသည် ရဟန်းတို့ သံဃာစင်ပေါ်ကအလေ့အထ။အရည်အချင်းကသာ နေရာ ရခြင်း မရခြင်းကို စစ်ထုတ်လိမ့်မည်။ NDF ကတော့ လက်တွေ့ အလုပ်ဖြစ်ရေးမူဝါဒကို အကောင်းဆုံး အသုံးချနိုင်သူများဟု ဆိုနိုင်သည်။အတန်အသင့် အင်အားလည်းရှိသည်။သို့သော် စေတနာ၊ စိတ်ဓာတ်၊ လုပ်ရပ်တို့နှင့် စာလျှင် နည်းသေးသည်။စောင့်ကြည့်ရမည့် အထဲတွင် ပါလာပြီ။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အသစ်တည်ထောင်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ များကိုမူ အမျိုးသားရေးအခြေခံ အပြင် အခြားမူဝါဒလမ်းစဉ် နှင့် မဟာဗျူဟာ၊ နည်းဗျူဟာများ၊ အလုပ် လုပ်သည့် အကျိုးဆက်များအား မှတ်ကျောက်တင်ချိန် ပေးရဦးမည်။

တတိယ အင်အားစု ဟူသည်ကား အဖွဲ့အစည်း အကောင်အထည်မရှိသေး။ ရလာဒ် အခြေခံ လက်တွေ့ အလုပ်ဖြစ်ရေး အတွေးအခေါ်ကို အမျိုးသားရေးစိတ်ဖြင့် အခြေခံသည်။အမျိုးသားရေးစိတ်၊ တိုင်းပြည်ချစ်စိတ်ကိုသာ ရှေ့တန်းတင်လိုသော အာသီသ က တွန်းအားဖြစ်သည်။ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အာဃာတ၊ ၀ါဒစွဲ ဘောင်မျာမှ ကင်းလွတ်ရန်သာ လိုအပ်သည်။အစိုးရ တစ်ရပ်၊ အတိုက်အခံ တစ်ရပ်ကို တည့်မတ်ထိန်းသိမ်းပေးနိုင်အောင် သမာသမတ် ရှိရန် ကြိုးစားကြရမည်။အစိုးရ ဖြစ်စေ၊ အတိုက်အခံ ဖြစ်စေ၊ တိုင်းပြည်မျက်နှာကိုသာကြည့်ပြီး ရပ်တည်ထောက်ခံပေးရမည်။စုစည်း ဦးဆောင်နိုင်သူများတော့ လိုအပ်သည်။ နိုင်ငံတော်တာဝန်ဟူသည် မိသားစု တစ်ခုမျှ မဟုတ်၊ ရပ်ကွက် တစ်ခုကိစ္စ မျှသာမဟုတ်၊ လူမှုရေး အသင်းအဖွဲ့ တစ်ခု အခက်အခဲမျှလောက် မက။အချို့သော သဘောတရား မူဝါဒများက ဖတ်လို့ကောင်းသည်။ဗြိတိသျှ လိုရောညှပ်ထားသောကြောင့် လူထူထူမှာ ကိုးကားငြင်းခုန်လို့ ကောင်းသည်။သို့သော် လက်တွေ့ အလုပ်မဖြစ်။အချို့ကျ မှိုင်းမိပြီး အဆိပ်အတောက်ပင် ဖြစ်စေနိုင်သည်။အနည်းဆုံး အစာမကျေ တော့ ဖြစ်တတ်သည်။ အမျိုးသားရေးစိတ် ဆိုသည်မျိုးက သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်တတ်သည်။တက်ကြွနိုးကြားလျက်ရှိသော အမျိုးသားရေးစိတ်ဓာတ်များကို လမ်းကြောင်းမှန်ကန်စွာအားယူနိုင်လျှင် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် ဟူသည် မကြာသောကာလတွင် စာရွက်ပေါ်မှ ရုန်းထလာလိမ့်မည်။ စနစ်ဟူသည် လမ်းစဉ်ဟူသည် ပဒေသာပင် မဟုတ်။မိုးပေါ်က မကျ။မဟာဝေဒဗ္ဗမန္ထာန် လည်း မကယ်နိုင်။ မလုပ်မကိုင် ထိုင်စား အချောင်ဝါး အပျော့နှိုက်ချင်သော သောက်ကျင့်များ လည်း ပြင်ဖို့လိုသည်။ဦးဆောင်မှု တာဝန် မထမ်းဆောင်ဖူးသော၊ ကိုယ်တိုင်ကိုယ်ကျ အခက်အခဲ ကြား တာဝန်မယူဖူးသော သူများကမူ မြင်သမျှ အပြစ်တင်မည်သာ။ ထိုအတွေးအခေါ်များ ပြည်သူလူထုကြား ပြန့်နှံ့အောင်လည်း စည်းရုံးနိုင်ရပေမည်။ကဏ္ဍစုံ၊ နယ်ပယ်စုံ တွင် ပူးပေါင်းဆောင်ရွက်တတ်သော၊ တာဝန်ကိုယ်စီ ယူတတ် ယူနိုင် ယူရဲသော လူမှု အဖွဲ့အစည်းများဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ကြရမည်။အင်စတီကျူးရှင်း ခိုင်မာပြီးသော အဖွဲ့အစည်းများကို ရန်သူ မမွေးဘဲ ကိုယ့်ဖက်ပါအောင် စည်းရုံးပြီး မဟာမိတ် ပြုသင့်က ပြုထားရပေမည်။တိုင်းပြည်အတွက် စေတနာမှန်လျှင် မိတ်ဆွေ မရှားနိုင်။ ခေါင်းဆောင် ဟူသည် တိုင်းပြည်က လိုအပ်သော သမိုင်းအတွက် ရွေးပေးမည်ဖြစ်သည်။။ အဖွဲ့အစည်းများ ခိုင်မာအားကောင်းပါက သံဃာအား ဘုရားမလွန်ဆန်သာ။ စေတနာ မမှန်သော ခေါင်းဆောင်အား သမိုင်းက ကြာရှည် နေရာမပေး။မှန်ကန်သော ခိုင်မာသော အကျိုးထင်သော မူဝါဒ လမ်းစဉ်နောက်သို့ ခေါင်းဆောင် ဆိုသူပါ လိုက်ရမည်သာ။ နိုင်ငံရေး ရေစီးကြောင်းဆိုသည်က ခေတ် နှင့်၊ တိုင်းပြည် လိုအပ်ချက်နှင့် ယှဉ်ကာ ပြောင်းလဲတတ်သည်။ရေစီးကြောင်းကို အရိပ်အကဲ ဖမ်းတတ်သည့်အပြင် ရေဆန် ကျော်ဖြတ်နိုင်သည့် ကံ၊ဉာဏ်၊ ၀ီရိယ နှင့် ပြည့်စုံမှ ခေါင်းဆောင်ကောင်းဖြစ်မည်။ပြောင်းလွယ် ပြင်လွယ် ရှိခြင်းသည် စစ်အောင်ရာသော အကြောင်းတရားများထဲတွင် အပါအ၀င် မဟုတ်ပါလော။ ဆင်ခြင်တုံတရား ပြည့်ဝသော၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ၍ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေလိုသော ပြည်သူလူထုကြီးအတွက်....... တိုင်းပြည်နှင့် လူမျိုးကို အမှန်ချစ်မြတ်နိုးပြီး ကိုယ်ကျိုးမဖက်သော၊ အရည်အချင်း ပြည့်မီသော၊ အမျိုးသားရေးစိတ်နှင့် စရိုက်လက္ခဏာ အပြည့်အ၀ရှိသော ခေါင်းဆောင်ကောင်းများ ရွေးချယ် မွေးထုတ်ပေးနိုင်ရေး၊ အမှန်တစ်ကယ် ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး အဓွန့်ရှည်ကြာ ရပ်တည်နိုင်ရေး စသည်တို့က သည် တတိယ အင်အားစုအပေါ် တိုင်းပြည်က ထားရှိသော မျှော်လင့်ချက်၊ တိုင်းပြည်က ပေးအပ်သော သမိုင်းပေးတာဝန် အဖြစ် ကျရောက်လာပေပြီ။ ချစ်သော အမိမြန်မာပြည်အတွက် တာဝန်ကျေပွန်ကြပါစို့။ ။အင်ဂျင်နီယာ ဆိုသည့် အမျိုးက ချွတ်ယွင်းချက်ကို ပို မြင်လွယ်သည်။သို့သော် Creative Sense ကြောင့် ပြုပြင်တည်ဆောက်ဖို့ရန် အားသန်သည်။အပြုသဘော မြင်တတ်သူများ ဖြစ်တတ်ကြသည်။အင်ဂျင်နီယာ စိတ်အမြင်သည် Revolutionist ထက် Evolutionist or Reformist နှင့် ပို နီးစပ်သည်။

မည်သည့် ပါတီ အဖွဲ့အစည်းဝင်မှ မဟုတ်သည့်အတွက် နိုင်ငံတော်အပေါ် ချစ်မြတ်နိုးမှုဖြင့်သာ ရေးပါသည်။


Thett Maung

လက်ပံတန်းမြို့မရဲစခန်း ယာယီစခန်းမှူး ရဲအုပ်ဝင်းဇော်နှင့် အင်တာဗျူး

$
0
0



လက်ပံတန်း ကျောင်းသားသပိတ် စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွဲစဉ် ရဟန်း၊ ပြည်သူတချို့ကို ဒိုင်း၊ ခမောက်ဖြင့် ကာကွယ်ပေးခဲ့သူ ယာယီစခန်းမှူး ရဲအုပ်ဝင်းဇော်နှင့် အင်တာဗျူး

ဧပြီ ၅ ရက်၊ ၂၀၁၅

ပဲခူးတိုင်းဒေသကြီး လက်ပံတန်း မြို့နယ်တွင် အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ပေးရန် အတွက် သပိတ်မှောက် ကျောင်းသားများက ၂၀၁၅ ခုနှစ်၊ မတ်လ၊ ၁၀ ရက်၌ ဆန္ဒထုတ်ဖော်ရာတွင် ရဲတပ်ဖွဲ့ဝင်များက သပိတ်မှောက် ကျောင်းသားများအား အင်အားသုံး ဖြိုခွင်းခဲ့ကြသည်။ သို့သော်လည်း ကျောင်းသားများနှင့် ရဟန်းသံဃာတော်များအား ရိုက်နှက်ဖမ်းဆီး ဖြိုခွင်းသော တပ်ဖွဲ့ဝင်များထဲတွင် ဖြိုခွင်းခြင်းခံရသော ကျောင်းသားတချို့နှင့် ရဟန်းသံဃာ တချို့အား ဒိုင်း၊ ခမောက်များဖြင့် ကာကွယ်ပေးကာ ထိခိုက်ဒဏ်ရာ မရရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့သော ရဲတပ်ဖွဲ့ဝင်များ ပေါ်ထွက်ခဲ့သည်။ ထိုသို့ကူညီ ဆောင်ရွက်ပေးရာတွင် တစ်ဦး အပါအ၀င်ဖြစ်သော လက်ပံတန်း မြို့မရဲစခန်းမှ ယာယီ စခန်းမှူးဖြစ်သူ ရဲအုပ်ဝင်းဇော်အား Tomorrow သတင်းဂျာနယ်မှ ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်…..

Tomorrow - လက်ပံတန်းမှာ ရဲတပ်ဖွဲ့က အင်းအားသုံးဖြိုခွင်းနေတဲ့ အချိန်မှာ အစ်ကိုအနေနဲ့ ကျောင်းသားတချို့နဲ့ သံဃာတချို့ကို အရိုက်မခံရအောင် ဒိုင်းတွေ ခမောက်တွေနဲ့ ကာကွယ်ပေးခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုခံစားချက်ကြောင့်ပါလဲ

ဖြေ - အဲ့ဒီ အကာအကွယ်ပေးတယ် ဆိုတာက ရဲတပ်ဖွဲ့ဝင် တစ်ယောက်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မို့လို့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အစ်ကိုတို့က ဒီဖြစ်စဉ်မှာ အရာရှိတွေ ဖြစ်နေတဲ့ အတွက် ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးတာကလည်း ကျောင်းသားတွေမှ ကာကွယ်ပေးတာ မဟုတ်ပါဘူး။ ကျောင်းသားတွေရော ပြည်သူတွေပါ ဖမ်းဆီးတဲ့ အခါမှာ ထိခိုက်ဒဏ်ရာ အနာတရ ရရှိမှုတွေ အနည်းဆုံး ဖြစ်အောင်လို့ပါ။ လူမှုကွန်ယက် မျက်နှာစာမှာလည်း ဒိုင်းနဲ့ဆွဲကာပြီး ဆွဲထုတ်ခဲ့တဲ့ ပုံတွေက ထွက်လာတဲ့ အခါကျတော့ ရဲတစ်ယောက်ရဲ့ ဒီလိုလုပ်ဆောင်မှုကို လက်ခံကြတယ်လို့လည်း ကြားရတဲ့အတွက်ရယ် အသိအမှတ် ပြုလို့လည်း ကျွန်တော် အနေနဲ့ ကျေးဇူးတင်ပါတယ်။

Tomorrow - အခုလို ကာကွယ်မှုလုပ်တာ အထက်အမိန့် လွန်ဆန်ပြီး လုပ်ခဲ့တာလား။

ဖြေ - ဒါက အထက်အမိန့်ကို လွန်ဆန်တာ မဟုတ်ပါဘူး။ အထက် အမိန့်ကလည်း ဒီလိုမဟုတ်ပါဘူး။ လူစုကွဲအောင်ပဲ ဖြိုခွင်းတဲ့ အခါကျတော့ ဒီလို လုပ်တာကို အစ်ကို့လိုပဲ အရာရှိတိုင်း လုပ်ကြပါတယ်။ အစ်ကို့လိုပဲ လုပ်တဲ့အရာရှိတွေလည်း ရှိပါတယ်။

Tomorrow - ဒီဓာတ်ပုံထဲမှာပါတဲ့ အစ်ကိုရဲ့ လုပ်ရပ်က တခြားတပ်ဖွဲ့ဝင်တွေ လုပ်ရပ်နဲ့ မတူတဲ့ အတွက် ရဲတပ်ဖွဲ့ အနေနဲ့ အစ်ကို့ကို ဌာနအတွင်း အရေးယူမှုတွေ လုပ်ခဲ့တာရှိလား။

ဖြေ - ဒီလိုလုပ်ရပ်က ရဲတပ်ဖွဲ့ဝင် တစ်ယောက်ရဲ့ လုပ်သင့်တဲ့ အလုပ်ဖြစ်တဲ့ အတွက် အထက် လူကြီးတွေက ဌာနအတွင်း အရေးယူမှုတွေ မလုပ်ကြပါဘူး။ တပ်ဖွဲ့ အကြီးအကဲတွေကလည်း ဒါကို လက်ခံကြပါတယ်။ ပြန်ကြားတဲ့ သတင်းတွေ အရတော့ အထက်လူကြီးတွေက ဒီလိုထိန်းသိမ်း ခဲ့တာကို အကုန်လုံးက ချီးကျူးကြပါတယ်။ ဘာအရေးယူမှု တစ်စုံတစ်ရာမှ အရေးမယူကြပါဘူး။

Tomorrow - ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ အနေနဲ့ နှစ်ဖွဲ့ကွဲနေတယ်လို့ လူမှုကွန်ရက် မျက်နှာစာမှာ တွေ့ရပါတယ်။ ဒီလို နှစ်ဖွဲ့ကွဲခဲ့တယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ - ရဲတပ်ဖွဲ့ နှစ်ဖွဲ့ကွဲနေတယ်လို့တော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရိုက်တယ် ဆိုတာက ဖမ်းတဲ့အခါမှာ ဒီတုတ်တွေက မိုးပေါ်ထောင်နေတာ မြင်နေရတယ်။ ဓာတ်ပုံတွေထဲမှာ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဒီကျောင်းသား တစ်ယောက်ရဲ့ အ၀တ်စကိုပဲဆွဲဆွဲ ဘာကိုပဲဆွဲဆွဲ ဒီထိုးထိုးထောင်ထောင်က ထွက်နေမှာဘဲ။ ဓာတ်ပုံကျတော့လေ။ အဲ့ဒါက ဓာတ်ပုံမြင်ကွင်း တစ်ကွက်မှာ ရိုက်နေတယ်လို့ မြင်ရတယ်။ နောက်ကျောင်းသားတွေကို ထိုင်လိုက်ပါ၊ ထိုင်လိုက်ပါ ပြောတဲ့အချိန်မှာ ထပြီးပြေးတော့ လိုက်ဆွဲတဲ့ အခါမှာ နည်းနည်းတော့ ရုပ်ပျက်သွားတာပေါ့။ ထိုင်လိုက်လို့ ပြောတဲ့အခါမှာ ထိုင်လိုက်ရင်တော့ သိပ်ပြီးဒီလိုမျိုး ဆိုးဆိုးရွားရွားပုံတွေ တက်သွားစရာ မရှိဘူး။ ဒါပေမဲ့ ဖမ်းမိဖို့ အတွက် စွဲရတဲ့ နေရာမှာတော့ ဒီလိုမျိုး မြင်သွားကြတာပေါ့။ ရိုက်တယ်လို့ ထင်ကြတာပါ။ သို့သော်ငြားလည်း ဒီလိုလူအုပ်နဲ့မှာတော့ အနည်းအကျည်းတော့လည်း တစ်ဖက်နဲ့ တစ်ဖက် ဒဏ်ရာ အနာတရတွေတော့ ရှိတက်တာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ဖက်နဲ့ တဖက် တွန်းကြထိုးကြတဲ့ အခါကျတော့ မေ့လဲတာတို့၊ ခေါင်းမူးတာတို့၊ သွေးထွက်လွန်တာတို့တော့ ကျောင်းသားတွေမှ မဟုတ်ပါဘူး။ အစ်ကိုတို့ ရဲတွေလည်း ဖြစ်ကြတာပါပဲ။ ဒီသံဆူးကြိုးတွေ၊ သွပ်ဆူးကြိုးတွေ ဆူးကြတဲ့ အခါကျတော့ ထိခိုက်ဒဏ်ရာ ရတာကတော့ သူတို့မှာလည်း ရှိနိုင်သလို အစ်ကိုတို့မှာလည်း ရှိတာပါပဲ။ မပါအောင် ပြန်ဆွဲတဲ့ အစ်ကိုတို့ ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဒီလောက်တော့ ဖြစ်ကြတာပါပဲ။ ဒါတွေကတော့ အဓိကရုဏ်း တစ်ခုမှာ ဖြစ်တတ်ပါတယ်။

Tomorrow - သပိတ်တွေကို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီး EUက ပေးတဲ့ သင်တန်းက မထိရောက်ဘူးလို့ ထင်ပါတယ်။ ဟုတ်ပါသလား။

ဖြေ - အဲ့ဒီဟာတွေက အင်တာနက် မျက်နှာစာမှာ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ပုံလေးတစ်ပုံ၊ ရုပ်သံဖိုင်လေး တစ်ဖိုင်နဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။ စပြီး တစ်ဖက်နဲ့တစ်ဖက် တွန်းစဉ် အခါက EU နည်းစနစ်ပါပဲ။ အစ်ကိုတို့မှာလည်း EU နည်းစနစ် နဲ့ခါးကို တစ်ယောက်ကျော် တွဲတဲ့ပုံနဲ့ ရင်ဆိုင်ထားတာ ဖြစ်တယ်။ တစ်ဖက်လည်း အဲ့ဒီလူအုပ်ကို ရအောင်တွန်းတယ်။ ဒါ EU နည်းစနစ်တွေပါ။ အဲ့ဒါနဲ့ ပတ်သက်လို့လည်း ဒီဖြစ်စဉ်မှာ EU နည်းစနစ်နဲ့ တားဆီးခဲ့ပါတယ်လို့ ပြောချင်ပါတယ်။

Tomorrow - သပိတ်မှောက်မှုတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ - ပဋိပက္ခ ဖြစ်တဲ့ နေရာမှာတော့ အစ်ကိုတို့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ကတော့ သပိတ်ကို အညင်သာဆုံး တားဆီးမယ်။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တစ်ခုလုံးမှာ အကြမ်းဖက်တယ်လို့ စွပ်စွဲတယ် ဆိုပေမယ့်လည်း ဒီအပေါ်မှာတော့ အစ်ကိုတို့ အနေနဲ့ အတက်နိုင်ဆုံး ညင်ညင်သာသာ တားဆီးခဲ့တာပါ။ ဒီလိုမျိုး ဖြစ်လာတဲ့ ကိစ္စတွေ အားလုံးကလည်း ၁၀ ရက်နေ့ မနက် စတင်ဖြစ်ခဲ့တဲ့ နေရာကနေ ဖြစ်စဉ် တစ်ခုလုံး တစ်ဖက်နဲ့တစ်ဖက် တွန်းကြတဲ့အခါမှာ နှစ်ဖက်စလုံး ဘာပြဿနာမှ မဖြစ်ကြသေးပါဘူး။ တစ်ဖက်ကနေ ပလူပျံလာတဲ့ ရေသန့်ဘူးတွေကနေမှစပြီး ထိခိုက်ဒဏ်ရာ ရခဲ့ရာကနေမှ စပြီး ဖြစ်ကြတာပါ။ အဲ့လိုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး တော့လည်း ဒါကို အကြမ်းဖက်တယ်လို့ ပြောနေတာတွေ ကြားရပါတယ်။ အမှန်တော့ ဒီကိစ္စက အကြမ်းဖက်မှု မဟုတ်ပါဘူး။ တစ်ခြား နိုင်ငံတွေမှာလည်း သူ့ထက်ဆိုးတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ အစ်ကိုတို့ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရတာ ဖြစ်တဲ့အတွက် အပြင်းအထန် ဒဏ်ရာအနာတရ ဖြစ်တာမရှိဘူး။ လူသေဆုံးမှု မရှိဘူး။ ဒီလိုပေတံတွေနဲ့တိုင်းရင် ပြင်းပြင်းထန်ထန် စွပ်စွဲနေသလို အကြမ်းဖက်မှု မမြောက်ပါဘူး။

Tomorrow - အစ်ကို့အနေနဲ့ မီဒီယာကိုရော ဘာပြောချင်ပါသလဲ။

ဖြေ - မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဆိုတာလည်း တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။ မီဒီယာတွေရဲ့ စာမျက်နှာတွေပေါ်မှာလည်း ရဲတပ်ဖွဲ့ ဆောင်ရွက်တဲ့ တရားဥပဒေ စိုးမိုးရေးကို တစ်ဖက်သက် အမြင်နဲ့ မမြင်ဘဲ မျှမျှတတ ရေးသားဖော်ပြမှလည်း ပြည်သူတွေ ယုံကြည်မှုကို ရရှိမှာ ဖြစ်သလို တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေမှာလည်း အောင်မြင်မှာ ဖြစ်တဲ့ အတွက် တစ်ဖက်နဲ့တဖက် ဘက်လိုက်တဲ့ ပုံမျိုးတွေ မလုပ်ဘဲ မျှမျှတတ အရှိကို အရှိအတိုင်း ရေးသား ဖော်ပြစေချင်ပါတယ်လို့ ပြောချင်ပါတယ်။


လူသစ်
Credit:Tomorrow မှ ကူးယူဖော်ပြပါသည်

၈၈ ကိုယ်တွေ့ (၇)

$
0
0


“ သူကြီးဘုရား ရွာသားကောင်းမှု”  ဆိုသလို  "ပညာမတတ်လို့ ဆင်းရဲ ၊ ဆင်းရဲ လို့  ပညာ မတတ် "တဲ့ လက်လုပ်လက်စား အခြေခံလူထု အများစုဟာ မုံ့ ဝေရာမှာ မပါပေမယ့် ဒုတ်ဝေရာ မှာတော့ အမြဲ ရှေ့ က ပါပါတယ်။  မင်းမဲ့ တိုင်းပြည် ဖြစ်နေချိန်မှာ ပညာနဲ့ ဓနရှိသူများတဲ့ မြို့ လယ်ခေါင်က သူတွေဟာ အမြှော်အမြင်ရှိရှိ သပိတ်အဖွဲ့ တွေနဲ့ ပူးပေါင်း လိုအပ်တာထောက်ပံ့၊ လမ်းရပ်ကွက်လုံခြုံရေးကင်း တွေချပြီး မိသားစုနဲ့ ပတ်ဝန်းကျင် လုံခြုံရေးကို ထိန်းသိမ်းနိင်ခဲ့ကြပေမယ့် သာကေတလို လက်လုပ်လက်စား အခြေခံ လူထု အများစု နေထိုင်ရာ ဆင်ခြေဖုံးမြို့ တွေမှာတော့ အရေး အခင်း ကာလတလျောက် ကျီးလန့်စာစား ဘ၀နဲ့ မိသားစု မငတ်အောင် ကြုံသလိုရှာ ကျွေးရသလို အခု အာဏာသိမ်းပြီးချိန် မှာလည်း ရှေ့ ဆုံးက အပစ်ခံရမယ့်သူတွေ ဖြစ်နေပါတယ်။ ၀င်ငွေရစရာ တခြားဘာအလုပ်မှ မရှိလို့  သံလျင်တံတား စီမံကိန်းကြီးသာ ထမင်းအိုးကြီးဖြစ် နေ ချိန်ဖြစ်ပါတယ်။


စစ်တပ်က နိင်ငံတော်တာဝန်ယူလိုက်ပြီးနောက် တန်ဖိုးကြီးမားတဲ့ သံလျင်တံတားစီမံကိန်း ပစ္စည်းတွေ အမြန်ဆုံး ပြန်ထိန်းသိမ်းဖို့  စစ်ရုံးက အလေးအနက်ထားတဲ့အတွက် စီမံကိန်းနေရာ အမြန်ရောက်ရှိဖို့  အရေးကြီးနေပါတယ်။ ကားလမ်းပေါ်တလျှောက် မျက်စေ့တဆုံး ပိတ်ဆို့ နေတဲ့ လူပင်လယ်ကြီးကို ကျော်ဖြတ်ပြီးမှ စီမံကိန်းနေရာက လုယက်နေမှုတွေကို အဆုံးသတ်နိင်မှာဖြစ်လို့  ရှေ့ ပြေးတပ်ခွဲမှုးဟာ စက်လတ် ကိုင်စစ်သည်နဲ့ အတူ ရှေ့ ကို ရောက်လာပါတယ်။ ကားလမ်းပေါ်မှာသာ တပ်ဖြန့် နိင်လို
့ရှေ့ မျက်နှာစာကျဉ်းပြီး လူအုပ်ကြီးကတော့ ကားလမ်းအတိုင်း ဒုနဲ့ ခံနေတဲ့ အခြေအနေဖြစ်ပါတယ်။ “ညီလေးဘယ်လိုလဲ” လို့ ပြောရင်း အခြေအနေကြည့်နေတဲ့ တပ်ခွဲမှုးကို ပြောစရာ အဖြေမရှိပေမယ့် တစ်ခုခုပြန် ဖြေရမယ့် ထုံးစံအတိုင်း “အကိုကြီး မြင်တဲ့ အတိုင်းဘဲ” လို့ ပြောလိုက်မိပါတယ်။

တပ်ခွဲမှုး ဟာ ဘေးမှာရှိနေတဲ့  M79 (40mm) ကိုင် ဒုတပ်စိတ်မှုး ကို သူ့ အနားခေါ် လိုက်ပြီး သူပစ်ချင်တဲ့ နေရာကို သေသေချာချာ ပြနေပါတယ်။ ဒီလိုထိခိုက် ဒဏ်ရာ ရများစေတဲ့ ဗုံးသီးမျိုးနဲ့ ပစ်ခတ်ဖို့ တစ်ခါမှ စိတ်ကူးမရှိခဲ့ဖူးလို့  ဘေးကရပ်ကြည့်ပြီး မျက်လုံးပြူးနေမိပါတယ်။  “ဖောင်”  ဆိုတဲ့ ကျည်ထွက်သံနဲ့ အတူ ဗုံးသီးဟာ လူအုပ်ကြီးရဲ့ခေါင်းပေါ်ကို  ဖြတ်သွားပြီး  နဲနဲကွေ့ နေတဲ့ကားလမ်းကိုကျော်လို့  ဘေးမြေကွက်လပ်မှာ  “ဂျိုင်း” ကနဲ ပေါက်ကွဲပါတော့တယ်။ ကျယ်လောင်တဲ့ ဗုံးသီးပေါက်ကွဲသံကြောင့်ကား
လမ်းပေါ်ကလူတွေဟာ ဘယ်ညာ ခြေဦးတည့်ရာ ပြေးလွှားကြပြီး လူအသေအပျောက်မရှိ ကားလမ်းကြောင်းပွင့် သွားပါတော့တယ်။  (M79 ဗုံးသီးဟာ ပေါက်ကွဲပြီးရင် အလွန်သေးငယ်တဲ့ ဗုံးအစအန Shrapnel လေးတွေ ပြန့်  ထွက်တာဖြစ်လို့ အသက်အန္တရယ်အတွက် စိုးရိမ်စရာသိပ်မရှိဘဲ ထိခိုက်ဒဏ်ရာရမှု  များပြားစေတဲ့ ဗုံးသီး ဖြစ်ပါတယ်)

သံလျင်တံတား စီမံကိန်းထဲမှာတော့ နေ့ စဉ်လုပ်နေကျလား၊ အာဏာသိမ်းလိုက်လို့  နောက်ဆုံးရသမျှ သယ်ဖို့ လားမသိဘဲ ပရွက်ဆိတ်တန်းကြီးလို ပစ္စည်းတွေ သယ်နေကြပါတယ်။ ရှေ့ ဆုံးကားပေါ်က ပစ်ရှင်းရှင်းရင်း မောင်းဝင်သွားချိန်မှာဘဲ အားလုံး ထွက်ပြေးကြပါတယ်။ ပစ္စည်းမျိုးစုံ ပြန့်ကျဲ နေပြီး ဖောက်ထားတဲ့  ဒီဇယ်ဆီလှောင်ကန်က ဒီဇယ်ဆ်ီတွေ ရေပိုက်က ရေကျသလို ဒလဟောကျနေပြီး မြေပြင်မှာ ဒီဇယ်ဆ်ီချောင်းကြီး ဖြစ်နေပါတော့တယ်။ ရောင်းစားရလွယ်တဲ့ စတီးပေပါခွံလိုချင်လို့  အထဲက အဖိုးတန် အရည်အဆီတွေဖောက်ချပြီး လှိမ့်ယူနေကြတာလည်း ရှိပါတယ်။ နေ့ စဉ် ဖောက်ထွှင်းသယ်နေကြ တာတောင် မကုန်နိင် လောက်အောင် စီမံကိန်း ၀င်းထဲမှာ ပစ္စည်းတွေ ကျန်နေပါသေးတယ်။ ( နောက်ပိုင်း ပြန်လိုက် သိမ်းလို့  ရသမျှ လိုက်သိမ်းရတာတွေ ရက်ပေါင်းများစွာ သိမ်းမကုန်နိင်အောင် များလွန်းလို့ ရဲဘော်တွေ ခြေကုန်လက်ပန်းကျပြီး မသိမ်းနိင်လောက်အောင် ဖြစ်ရပါတယ်)

ရုပ်ရှင်မင်းသား ဇော်ဝမ်းအဖွဲ့ လက်နက်ခဲယမ်းတွေနဲ့ မြစ်ထဲက တက်လာပြီး သာကေ တ ၁၀၈ တောင်ဘုရား သပိတ်စခန်းမှာ ရောက်နေတယ် ဆိုတဲ့ အထက် ဌာန သတင်းအရ ၁၀၈ တောင်ဘု၇ား သပိတ်စခန်း ကို ၀င်ရောက်ရှင်းလင်း ရာမှာတော့ တပ်စုတာဝန်ကျတဲ့ဘက် လမ်းကြောင်း ရွေးချယ်ရာမှာ ကျည်ကွယ်မျက်ကွယ် မရှိသလောက် ဖြစ်နေပါတယ်။  ရှေ့ တန်း စစ်မြေပြင်လို မသင်္ကာရင် ပစ်ရှင်းရှင်းလို့ လည်း မဖြစ် ဘဲ ရင်ဘောင်တန်း ချီတက်ရင်လည်း အပစ်ခံရရင် အကျအဆုံး များနိင်လို့  လေ့ကျင့်ရေး ပုံစံအတိုင်း လက်ထောက်ဒူးထောက်၊ လက်လှဲဒူးလှဲတွေ အဆင့်ဆင့်နဲ့ အုတ်တံတိုင်းတွေ ကာရံထားတဲ့  ၀င်းအနီး ကို တဖြည်းဖြည်း ချဉ်းကပ် ရပါတော့တယ်။



"နှင် ရန် ခ ရီး " (အပိုင်း-၁)

$
0
0





(၁)

I have got my leave. Bid me farewell, my brothers! I bow to you all and take me departure.

Here I give back the keys of my door and I give up all claims to my house. I only ask for last kind words from you.

We were neighbors for long, but I received more than I could gave. Now the day has dawned and the lamp that lit my dark corner is out. A summons has come and I am ready for my journey.

Tagore

ကျွန်ုပ်ထွက်ခွာခွင့်ရပြီ။
ကျွန်ုပ်အားနှုတ်ဆက်ကြပါ မိတ်ရင်းဆွေမွန်
အားလုံးကို ကျွန်ုပ်နှိမ့်ချဦးညွှတ်ခဲ့ပါသည်။
ကျွန်ုပ်၏ တံခါးသော့ကို ပြန်အပ်ပြီး
ကျွန်ုပ်၏ အိမ်နှင့်စပ်ဆိုင်မှု မှန်သမျှကိုလည်း စွန့်ခဲ့ပါသည်။
အကြင်နာစကားကိုသာ သင့်ထံမှာ
နောက်ဆုံးတောင်းဆိုပါသည်။
ကျွန်ုပ်တို့ တာရှည်မိတ်ဆွေဖြစ်ခဲ့ကြသည်။
သို့သော် ကျွန်ုပ်သည် အပေးထက်အယူများခဲ့၏။
နေအရုဏ်တက်ချေပြီ
ကျွန်ုပ်၏ မှောင်မိုက်ကျဉ်းမြောင်းသည့် ထောင့်ဆီမှ
မီးအိမ်ငယ်သည် ငြိမ်းပါပြီ။
ကျွန်ုပ်အား ဆင့်ခေါ်စာလည်း ရောက်ပြီ
ခရီးရှည်ချီရန် ကျွန်ုပ်သည် အသင့်….။ ။

တဂိုး

(၂)

"သူငယ်ချင်းက ဘယ်သွားမှာလဲ "
"မြစ်ကြီးနားကို "
"ဟုတ်လား ဒါဆို ရထားလမ်းဆုံးပေါ့ ကျွန်တော်က ဟိုပင်ထိ "
"ဒီက ညီလေးရော ဘယ်အထိတုန်းကွ "
"ခင်ဦးအထိပါ အစ်ကို "
"ဟာကောင်းတာပေါ့ ခရီးအတူသွားကြရတာပေါ့ဗျာ လက်မှတ်ရော ရပြီးကြပြီလားဗျ "
"ဟုတ်ကဲ့ ရပြီးကြပါပြီ "
ပြောလက်စ စကားများကိုဖြတ်လိုက်ကြပြီး ရထားပေါ်သို့ တက်ခဲ့ကြသည်။ မန္တလေးဘူတာကြီးမှာ တော့ ခရီးသည်တွေ မပြတ်လှသေး။ တိုးဝှေ့နေကြဆဲ။ ထိုင်ခုံမှာ ထိုင်လိုက်သည်။ ကိုယ့်ဘေးခုံက ခရီးသည်များ မရောက်သေး။ ပြတင်းပေါက်မှ ခေါင်းထွက်၍ ကြည့်လိုက်သည်။ ဈေးသည်တွေ ပြေးလွှာရောင်းချ နေကြသည်။

ခရီးသည်များလည်း ဟိုမှဒီမှ သွားလာနေကြသည်။
"ပေါ် ..ပူ…ပေါ် "
မကြာမီ ရထားထွက်ခွာတော့မည် ဖြစ်ကြောင်း အချက်ပေးနေပေပြီ။ ရထားသည် ဘူတာမှ တရွေ့ရွေ့ စတင်ထွက်ခွာနေပေပြီ။
"ဟူးအချိန်မီလေးပဲ "အသက် ၄၀ ကျော်ခန့်ရှိမည့် အမျိုးသားတစ်ဦး အမောတကောဖြင့် ပြေးတက် လာခြင်းဖြစ်သည်။
ပြောပြောဆိုဆို ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ခုံမှာ ၀င်ထိုင်လိုက်သည်ကို တွေ့ရသည်။ သူ့အထုတ် အပိုးတွေကို ခုံအောက်ထိုးထည့်နေသည်။ ထိုအချိန်မှာပင် အမျိုးသမီးတစ်ဦး ဘေးနား လာရပ်သည်။
"ဒါ နံပါတ် ၄၆ လား မသိဘူး "
"ဟုတ်ပါတယ် "ကျွန်တော်ပြန်ဖြေလိုက်သည်။ ကျွန်တော်က ခုံအမှတ် ၄၅။ သူက ကျွန်တော့်နှင့် အတူ ကပ်လျက် ထိုင်ရမည်ဖြစ်သည်။
အမျိုးသမီးက သူယူဆောင်လာသည့် ပစ္စည်းတွေကိုနေရာတကျထားသည်။ သူ့နေရာဝင်ထိုင်သည်။ ကျွန်တော်ပြတင်းပေါက်ဘက် ထပ်ရွှေ့ပေးလိုက်သည်။

ရထားကြီးက ပုံမှန် ခုတ်မောင်း၍ နေပေသည်။ ကျွန်တော် အပြင်သို့ ငေးကြည့်ရင်း အတွေးတို့ လွှင့်ပျံ လာပါသည်။

(၃)

လူ့ဘ၀သည် သံသရာဆိုသည့် စက်ဝန်းထဲတွင် လည်ပတ်ပြေးနေသော နေရာလေးတစ်ခု၊ ဘ၀လေး တစ်ခုပင် ဖြစ်လေသည်။
ရခဲလှစွာသော လူဆိုသည့် လက်မှတ်တစ်ခုကို ကျွန်တော်ရရှိလိုက်ပါသည်။ ကျွန်တော် လက်ရှိ ဘ၀ တစ်ခုအနေဖြင့် စတင်ခရီးနှင်ရပေတော့မည်။ ကျွန်တော့်နည်းတူ လက်မှတ်ကိုယ်စီကိုင်ဆောင်ထားသော ဘ၀ တွေသည် ဒီခရီးမှာ ရှေ့ခရီး ဘယ်ဒေသ၊ ဘယ်ခရီးထိ သွားကြမည်လဲ ဆိုသည်မှာ ကျွန်တော်တို့ ဦးတည်ရာ ခြေလှမ်းသည် အရေးကြီးပါလိမ့်မည်။

ကျွန်တော်ကိုယ်တိုင်သည်ပင်လျှင် ဘယ်ခရီးကို သွားဖို့ပြင်ဆင်နေပါသလဲ။ ဒီလူ့ပြည်မှာ မြင့်တက်ရာ နတ်ပြည်လား၊ လူ့ပြည်အောက် နိမ့်ပါးရာ ငရဲပြည်လား၊ တိရစ္ဆာန်ဘုံလား။ ဘယ်ပြည် ဘယ်ဘုံကို ဦးတည်နေပါ သနည်း။

မှန်ကန်သော မဂ်လမ်းဖြင့် နိဗ္ဗာန်ခရီးသို့ သွားဖို့ ဘာတွေ ပြင်ဆင်နေပါသနည်း။
လူ့ဘ၀သည် ရခဲလှပါသည်။ ရရှိလာသော လူ့ဘ၀တွင် ကိုယ်တကယ်ရောက်လိုသော ခရီးပန်းတိုင်ကို ကိုယ်တိုင်လျှောက်ရပါလိမ့်မည်။ မိမိဘ၀ကို ကောင်းစွာအသုံးချသွားဖို့ လိုပါသည်။

အသိဥာဏ်ရှိသော လူသားတစ်ဦး၏ အသိအတွေးသည် တဏှာဝဲဂယက်အတွင်းသာ တစ်ရစ်ဝဲလည်လည်ရှိနေပါက အဆင့်ဆင့်၊ အဘုံဘုံ၊ အပြည်ပြည်မှာ ဒုက္ခ(ဆင်းရဲ)ခရီးကိုသာ လည်ပတ်သွားနေ ကြရဦးမည်ဖြစ်သည်…သြော် ဒီခရီးတွေကိုဖြင့် သွားကြဦးမည်လား…။

(၄)

သွားရပေဦးမည်။ ဒီခရီးအတွက် ဒီရထားစီးမှ သွားရပေဦးမည်ပေါ့။
"ညီလေးက ဘယ်သွားမှာလဲ "ရှေ့ခုံမှ အမျိုးသားက ကျွန်တော့်အားမေးသည်။ သူ့ဘေးနေရာခုံက လစ်ဟာဆဲ။
"မြစ်ကြီးနားထိပါ "
"ဟာ အတော်ပဲပေါ့ ကိုယ်လဲမြစ်ကြီးနားအထိကွ။ ဒီမှာ ခုံတောင်နှစ်နေရာစာ ၀ယ်ထားတာ၊ ဒီလမ်းက သွားရတာမလွယ်ဘူး။ ပင်ပမ်းတယ်၊ ရှေ့ဘူတာတွေဆို ရထားကြပ်တော့မှာ"စကားပြောရင် လက်ထဲမှာ မုန့်ကိုကမ်းပေးသည်။
"ညီလေးစားဦးလေ ဟိုအစ်မရော စားပါဦးလား "
ကျွန်တော်က လက်ကာရင်း "စားအစ်ကို ကျွန်တော်စားလာခဲ့ပြီးပြီ ကျေးရှင်တင်ပါတယ် "
"စားပါ မောင်လေး "ထိုသူမှ အမျိုးသမီးအား ဆက်ပြောသည်။
"အစ်မက ဘယ်သွားမှာလဲ "
"နမ္မားအထိပါ "အမျိုးသမီးက စကားနည်းပုံရသည်။ ဒီလိုနှင့် တိတ်ဆိတ်သွားပြန်သည်။

ရထားတွေပေါ်ကို ဝေ့ကြည့်မိသည်။ တချို့ အပြင်ကိုငေးနေကြသည်။ တချို့ စာအုပ်ဖတ်နေကြပြီး တချို့ကတော့ အုပ်စုလိုက် စကားဖောင်ဖွဲ့နေကြသည်။
တစ်ခုံမှာတော့ ခပ်ရွယ်ရွယ် ကောင်လေးနှင့် ကောင်မလေး။ ရုပ်ရည်သန့်သန့်လေးတွေ။ ကောင်မလေး ကကောင်လေးပုခုံးပေါ် ခေါင်းမှီထားသည်။ အတွဲတွေလား..ကြင်စဦးဇနီးမောင်နှံတွေလားတော့ မသိ။ ကြင်စဦး ဇနီးမောင်နှံဆိုလျှင်ဖြင့် သူတို့ဘ၀တွေ စကြတော့မည် ထင်သည်။

ဆက်၍ လှည့်ပတ်ကြည့်နေမိသည်။ စာဆိုများတင်စားသည့် အလှပဆုံးသော မြင်ကွင်းတစ်ခုဖြစ်သည့် မိခင်က သူ့သားငယ်ကို ရင်ခွင်ထဲထည့် ပွေ့ချီချော့သတ်လျက် နို့ရည်တိုက်ကျွေးနေသည်။ ငေးနေမိစဉ် နောက် ကျောဘက်ခုံမှ စကားသံ ကြားရသည်။
"အရှင်ဘုရားက ဘယ်ကကြွလာတာလဲ ဘုရား"
"ပြင်ဦးလွင်ကပါ ဒကာ "
ဒီရထားတစ်တွဲပေါ်မှာ ရဟန်းသံဃာများလည်း ပါလာသည်ကိုး။ ဘ၀တွေကို အစုံအလင်ပင်။ အကြည့်များကို ရပ်လိုက်ပြီး အိပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ဖတ်နေမိသည်။

တံတားပေါ်ဖြတ်သံကြားမှ အပြင်ကို ခေါင်းပြူကြည့် မိသည်။ သြော် ခုမှ စစ်ကိုင်းတံတား။ စစ်ကိုင်းမြို့ သည်လှပနေပေသည်။ စစ်ကိုင်းတောင်ရိုးသည်လည်း စေတီအဆူဆူတို့ဖြင့် ကျက်သရေရှိလှပေသည်။
ရထားဥသြ ဆွဲသံကြားရသည်။ စစ်ကိုင်းဘူတာ ရောက်တော့မည်။ သြော် ..ဘူတာတစ်ခုသို့ ရောက်ပေ တော့မည်။

(၅)

ဘူတာတစ်ခုရောက်ပြန်ပါပြီ။ သို့မဟုတ် မှတ်တိုင်တစ်ခုသို့ ရောက်ပါပြီ။
ဘ၀ မှတ်တိုင်တစ်ခုသို့ ကျွန်တော်ရောက်ရှိပြီ။ ကိုယ်ရောက်နေသည့် မှတ်တိုင်လေးတွင် ကိုယ့်အမည် သည်ကျန်နေခဲ့မည်လား။ ရောက်ရှိလာ ထွက်ခွာရင်းနှင့်ပင် လွင့်ပြယ်ခံရတော့မည်လား။

ခရီးရှည်သို့ သွားသူသည် လမ်းခုလတ် ခရီးများကို ဖြတ်ကျော်ရပေမည်။ လမ်းခုလတ် ဒီသက်တမ်း လေးတွင် နေ နေရသည့် ကျွန်တော်တို့အဖို့ ဘ၀ရည်မှန်းချက်ပန်းတိုင်ကိုယ်စီ ရှိကြပေလိမ့်မည်။ ကိုယ်သွားလို သည့် ပန်းတိုင်ခရီး ရှိကြပေလိမ့်မည်။ ထို့အပြင် ပန်းတိုင်ငယ်လေးများလည်း ရှိမည်။

မည်သို့ပင်ဆိုစေ ကိုယ်သွားမည့် ပန်းတိုင်သည် ငြိမ်းချမ်းခြင်း၊ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ အနှစ်သာရ ပြည့်ဝခြင်းတို့ ရရှိမှသာလျှင် မိမိလျှောက်လှမ်းသည့်ခရီး၊ မိမိရောက်ရှိမည့် ပန်းတိုင်ခရီးသည် တန်ဖိုးရှိပါလိမ့်မည်။

ကိုယ်ရည်ရွယ်ရာ ပန်းတိုင်သို့လည်း မရောက်မချင်း၊ ရှေ့ဆက်ချီတက်ရပါမည်။ နားသင့်သည် အချိန်တွင် နားရုံမျှအပ ရပ်နေလို့မဖြစ်ပေ။ ပန်းတိုင်းသို့လျှောက်ရာ လမ်းခုလတ်တိုင်းတွင်လည်း ကိုယ့်အမည်၊ ကိုယ့်စရိုက်၊ ကိုယ့်အကျင့်၊ ကိုယ့်အပြုအမူ၊ ကိုယ့်စိတ်နေသဘောထားတို့သည်လည်း ကောင်းမွန်စွာ ကျန်နေ သင့်သည်။ ရှိနေသင့်သည်။

" Care your name on hearts , and not on marble "
"သင်၏ အမည်ကို နှလုံးသားများထဲတွင်သာ ကမ္ဗည်းထိုးပါ။ ကျောက်ပြားပေါ်၌ မရေးထွင်းပါနှင့် "

ကျွန်တော်သည် ၂၉ နှစ်ဆိုသည့် ခရီးများကျော်လွှားခဲ့ပေသည်။ ရှေ့ဆက်၍လည်း ဘယ်၍ ဘယ်မျှ ခရီးနှင်ရဦးမည် မသိချေ။ သေချာသည်က ရှေ့ဆက် ခရီးနှင်ရပေဦးမည်။

(၆)

ဘူတာတစ်ခုမှ ရထားစတင်ထွက်ခွာပြီ ဆိုသည်နှင့် ခရီးသည်များ ပြန်လည်ငြိမ်သက်သွားကြပြန်သည်။ နာရီကြည့်မိသည်။ ၂ နာရီ ခွဲပြီ။ လူကနုံးချင်လာသည်။ နောက်ကိုမှီနေလိုက်သည်။ ဘေးမှ အမျိုးသမီးသည် လည်း ကျောမှီ၍ မှေးနေသည်။ ရှေ့ခုံမှ အမျိုးသားက လှဲလျောင်းနေသည်။ ကျွန်တော် မျက်လုံးမှိတ်လိုက်သည်။

"သား ဟင်းယူသွားဦးမလား။ ဟင်း..လုပ်ပေးထားမယ်လေ .."
"ရတယ်အမေ မယူတော့ပါဘူး "
"ဟိုမှာ စားရသောက်ရတာ အစဉ်ပြေပါ့မလား "
"ပြေပါတယ် အမေ။ ခရီးကဝေးတော့ သယ်ရတာမလွယ်ဘူး "
"အေးပေါ့ကွာ ယူမနေပါနဲ့။ စားသောက်မကောင်းလဲ ၀ယ်စားပေါ့။ အနေအထိုင်တော့ ဆင်ချင်နေ။ ကျန်းမာရေးဂရုစိုက်၊ နေရာဒေသ၊ ရာသီဥတုအပြောင်းအလဲဆိုတော့ "
"ဟုတ်ကဲ့ပါ အဖေ"
အတွေးကို ပြန်စုစည်းလိုက်သည်။

မိဘဆိုသည်မှာ သားသမီးအတွက် အမြဲစိတ်ပူနေတတ်သည်။ ကျွန်တော်တို့သာ အတွေးရောက်ချင်မှ ရောက်တတ်သော်လည်း သားသမီး နေထိုင်ကောင်းရဲ့လား၊ အစားအသောက်အဆင်ပြေရဲ့လားဟု တွေးနေတတ်ပြီး မေတ္တာပို့လွှတ်နေတတ်ပါသည်။
မိဘတို့သည် အသက်တွေကြီးရင့်လာပြီဖြစ်သော်လည်း သားသမီးများ အရွယ်ရောက်လာသည်အထိ အရိပ်တကြည့်ကြည့် ကြည့်နေတတ်သည်။ သူတို့အဖို့ အသက်အရွယ်ကြီးလာ၍ တရားဘာဝနာအားထုတ် ရန်ပင်မေ့နေတတ်သည်။ ဒီအပူအပင်၊ ဒီမီးတွေထဲ၌ ပျော်မွေ့နေကြသည်။

"အဖေနှင့် အမေကျန်းမာပါစေ "
အတွေးနှင့် မေတ္တာပို့သမိသည်။ စိတ်အာရုံများသည် လက်ရှိသို့ ပြန်လည်ရောက်ရှိလာပြန်သည်။ ဈေးသည်များသည် ဟိုမှဒီမှ အတွဲကူး၍ ရောင်းချနေကြရသည်။ ရောင်းချမည့် ၀န်စည်စလှယ်နှင့် ကြပ်ညှပ်နေ သည့် ခရီးသည်များကြားမှာ သွားလာရင်း ရောင်းရသည်ကို ကြည့်ရသည်ပင် မလွယ်လှချေ။

ဘ၀တစ်ခု၏ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေကြရသည်။ မည်သူမျှ လောဘမီး၊ မောဟမီး မသတ်နိုင်ကြသေး။ ကိုယ့်ဝမ်းမီးငြိမ်းရေးအတွက်သာ ကြိုးစားနေကြရသည်။
ဝမ်းမီးငြိမ်းရေးအတွက် ကြိုးစားရင်းပင် တခြားသောမီးတွေက ကူးဆက်လောင်နေတတ်ပြန်သည်။ သူတစ်ပါး ဘ၀မီးတွေကို စဉ်းစားရင်း ကိုယ့်ခန္ဓာကိုယ်သည်ပင် ပူလာချေသည်။ ရေးဘူးထုတ်ပြီး ရေသောက် လိုက်ရသည်။ ရင်ထဲ၊ ၀မ်းထဲတော့ ခဏမျှ အေးချမ်းသွားသည်။

အပူကို ငြိမ်းစေရန်အတွက် အအေးဆိုတာရှိမည်။ လူတွေအတွက်၊ သတ္တ၀ါတွေအတွက် မေတ္တာရေးအေး၊ ဓမ္မရေအေး ရှိပေသည်။ ကိုယ်တိုင် ယူငင်တတ်၊ သုံးဆောင်တတ်ဖို့သာ အရေးကြီးပေသည်။

(၇)

ဆည်းဆာ..ညနေဆည်းဆာ။ ထိုလှပသော ညနေဆည်းဆာနှင့် အပြိုင် တစ်ရာက်တာ ခရီးအတွက် ကျွန်တော်တို့ လိုက်ပါနေသည် တကား။
အရုဏ်ဦးဆည်းဆာသည် နေ့သဏ်မွေးဖွားခြင်းအတွက် သတိပေးနေသလို ညနေဆည်းဆာသည် နေ့တစ်နေ့ကို ခွဲခွာရန် ကြိုတင်အရိပ်အယောင်ပြနေခြင်းပင်။ အနောက်ဘက်မှ တိမ်တို့သည် ရွှေရောင်ပြေးနေ သည်။ တဖြည်းဖြည်း နေမင်းကြီးသည် ငုံ့လျှိုးလာပြီး မှောင်ခြင်းကို ချန်ထားခဲ့တော့သည်။

"အဟွတ်..ဟွတ်..အဟွတ် "
ချောင်းသံကြားရသည်။ ဘေးတိုက်တစ်ဘက်ခုံမှ အသက် ၇၀ ကျော် ၈၀ ခန့်ရှိမည့် အဘွားအိုတစ်ဦး၏ အသံ ဖြစ်သည်။ သမီးဖြစ်ဟန်ရှိသည့် အမျိုးသမီးမှ ဆေးလူးပေးသည်ကို တွေ့ရသည်။ အဘွားအိုသည် ဇရာနှင့် ဝေဒနာ(ရောဂါ) ကို ကြံ့ကြံ့ခံနေသည်။ ချောင်းထိုးဆိုးပြန်သည်။
"အဟွတ်..အဟွတ် "
ကျွန်တော့်ဘေးနားရှိ အမျိုးသမီးက သူ့အိတ်ထဲမှ ပစ္စည်းထုတ်ယူပြီး အဘွားအိုထံ ကမ်းပေးသည်။
"အဘွား ဒီဆေးလေးသောက်လိုက်ပါ။ ကျွန်မ အမေတုန်းကလည်း ဒီဆေးနဲ့ သက်သွားတာ။ အဘွား ဆောင်ထားလိုက်ပါ "
အဘွားအိုဘေးမှ အမျိုးသမီးက လှမ်းယူသည်။
"ကျေးဇူးပါပဲ အစ်မရယ်။ အမေချောင်းဆိုးရင် တော်တော်ဆိုးတယ်။ ဆရာဝန်ကျမပြချင်ဘူး။ "
"ဒီလိုပါပဲကွယ် ရာသီဥတုက အေးလာတာကိုး။ အသက်ကြီးလာရင် မလွယ်ဘူး။ ဖြစ်တတ်ပါတယ် "
"ကျေးဇူးတင်ပါတယ်ကွယ် "အသံတုန်တုန်ဖြင့် ကျေးဇူးတင်ကြောင်း အဘွားကပြောသည်။
"ရပါတယ်အဘွား "

ရှေ့မှ အမျိုးသားနှင့် စကားပြောဖြစ်သည်။ ထို့ဖြင့် ကျွန်တော်တို့ သုံးဦး စကားပြောရင်း မိတ်ဖွဲ့ဖြစ်ကြ သည်။
ကိုယ်မသိသေးသော အကြောင်းအရာ၊ ကိုယ်မသိသေးသော ဘ၀တွေကို သိလိုက်ရသည်။ ဒီကမ္ဘာကြီးမှာ ဘ၀တွေသည် မည်မျှများပြားလိုက်သနည်း။ သူတို့မှတဆင့် သိလိုက်ရသော အကြောင်းအရာတို့ သည်တန်ဖိုးရှိလှသည်။ စိတ်ဝင်စားစရာ ကောင်းလှသည်။

ဒီရထားကြီးပေါ်တွင်ပင် လူအမျိုးမျိုး၊ ဘ၀အထွေထွေ ပါလာကြပေမည်။ ရထားကြီးကို ဦးဆောင်မောင်း နှင်သူ မီးရထားဆရာများ၊ အထက်တန်းလွှာများ၊ ဈေးသည်များ၊ ကျောင်းဆရာ၊ ဆရာဝန်၊ စာရေးစာချီ ဘ၀စုံအောင် ပါနေပါလိမ့်မည်။

တစ်တွဲထဲမှာပင် အိမ်ပြန်သူ၊ တာဝန်အရသွားလာနေရသူ၊ ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေသူ စသည့် ဘ၀အထွေထွေသည်လည်း ပါဝင်မည်မှာ အမှန်ပင်။
ထိုဘ၀အထွေထွေတို့တွင် ပျော်စရာဘ၀များ၊ စိတ်ပျက်စရာဘ၀များ၊ အားကြရသည့် ဘ၀များ၊ နောက်ထပ်မလိုချင်တော့သည် ဘ၀များ စသည် စသည့် ရသမျိုးစုံသော ဘ၀တွေ ပျော်ဝင်နေကြမည်။

ဒါသည်ပင်လျှင် လူ..သို့မဟုတ်..၃၁ ဘုံသား ဘ၀တွေပင် မဟုတ်ပါလော..။

(၈)

ဘ၀မှာ နေဖို့ထက် သေဖို့ခက်သည်။ အသက်ရှင်စဉ်ကာလအတွင်း နေဖို့အတွက် ကြိုးစားရင်း ကြိုးစားရင်း တချို့သေသွားကြသည်။ တချို့ နေဖို့ နေရလည်းရ သေလည်းသေသွားကြသည်။ တချို့မှာ မိမိ နေရာ ဘယ်ဆီမှာပင်မသိသေးခင် သေသွားကြရသည်။

သေဖို့အတွက် အသင့်မဖြစ်လိုက်ရ။ သေဖို့အတွက် အသင့်မပြင်လိုက်ရ။
ဘ၀တစ်ခုရလာသည်နှင့် သေခြင်းသည်ကား ကပ်ပါလာစမြဲ။ သေရေးကောင်းဖို့အတွက် နေစဉ်ကာလ အတွင်း နေရေးကောင်းရမည်။ အနေကောင်းမှသာ အသေကောင်းမည် မဟုတ်ပါလား။

ကျွန်တော်လည်း ယခုအချိန်သေလို့မဖြစ်သေး။ သေဖို့ အဆင်သင့်မဖြစ်သေ။ သေခြင်း၏ တခြားတစ်ဘက်လားရာ ဒီအချိန်သေးသည်အခိုက် သိပ်၍ကောင်းလှမည်မဟုတ်။
ကျင့်ခဲ့သည့်တရားဘာဝနာ၊ ပြုလုပ်ခဲ့သည့် ကောင်းမှု၊ ဆေက်တည်ခဲ့သည် သီလတို့သည် ဘ၀နှင့်ယှဉ် လျှင် မြင်ပင်မမြင်ရ။ ဒီအတွက် လားရာသည် ကောင်းလိမ့်မည်ဟု မမျှော်မှန်းနိုင်။

ထို့ကြောင့် တစ်ဆင့်ထက် တစ်ဆင့် ဒါန၊ သီလ၊ ဘာဝနာတို့ကို မြင့်သထက် မြင့်အောင် ပြုလုပ်သွားဖို့ လိုသေးသည်။ အဆုံးမသိသော စက်ဝန်းအတွင်းတွင် ဘ၀တိုနိုင်သလောက် တိုအောင်ကြိုးစားရင်း တစ်ချိန်၌ ရပ်တံ့သွားအောင် ပြုလုပ်ရပါပေမည်။
သို့မှသာ လူဖြစ်လာရသော ဘ၀သည် မြတ်ပါပေလိမ့်မည်။ ဘ၀အဓိပ္ပါယ်မှန်ကန်ပါလိမ့်မည်။ တန်ဖိုး ရှိပါပေလိမ့်မည်…။

အပိုင်း(၂)ဆက်ရန်…….

******

မောင်ပိုင်

၁၈-၁၀-၂၀၀၅ ရက်နေ့တွင်
ရေးသားခဲ့သော စာအား ပြင်ဆင်ဖြည့်စွက်
ရေးသားခြင်းဖြစ်ပါသည်။

"နှင် ရန် ခ ရီး " (အပိုင်း-၂)

$
0
0


(၉) 
နေအရုဏ် တက်လာပြန်လာလေပြီ။ နေရောင်ခြည်သည် ဖြာထွက်လာသည်။ အလင်းအရုဏ်သည် စိတ်ထဲကြည်နူးသွားစေသည်။ မျက်နှာသစ်၊ သွားတိုက်သည်။ ဆံပင်များကို သပ်တင်လိုက်သည်။
"မောင်လေး ကန်တော့နော် ... ကန်တော့ "
ကျွန်တော့် ဘေးခုံမှအမျိုးသမီး မျက်နှာသစ်ရန်အတွက် ပြတင်းပေါက်သို့ ထွက်လာခြင်းဖြစ်သည်။ ရှေ့ခုံမှအမျိုးသားကတော့ အိပ်မောကျနေဆဲ။ မှန်နှင့် ဘီးထုတ်ပြီး ဆံပင်များကို ဖီးနေသည်။ ပြီးတော့ မျက်နှာ ကို မိတ်ကပ်များ ဟိုတို့ဒီတို့ လုပ်တော့သည်။
ကျွန်တော့်ဗိုက်ထဲကတော့ ပြဿနာစလာသည်။ မနေ့ကစားခဲ့သမျှ ခုတော့ ထွက်ပေါက်ရှာလာပြီ။ နံနက်အိပ်ယာထ အိပ်သာသွားတတ်သည့်အကျင့်သည် နှိုးဆော်လာသည်။ အိမ်သာရှိရာသို့ သွားရသည်။ တချို့သောခရီးသည်များကို ကျော်ခွသွားရသည်။ တချို့မှာ အိပ်၍ကောင်းဆဲပင်။
ယခုမှ နေသာထိုင်သာ ရှိသွားတော့သည်။ စားတုန်းကတော့ လျှာလေးက အရသာတမြမြ၊ နှာခေါင်းက အနံ့လေးခံလျက်။ စွန့်ချိန်ကြတော နှာခေါင်းကတော့ ရှုံ့တွနေပြီ။
ခုံမှာ ပြန်ဝင်ထိုင်စဉ် ဘေးမှ အမျိုးသမီးက
"မောင်လေး.စားဦးလေ "
"ဟာစား..စားအစ်မ "ပြောသာပြောရသည်။ ဗိုက်ထဲက စွန့်ပစ်လိုက်တော့ အစာသစ်ကို ပြန်တောင်း ဆိုချင်လာပြန်သည်။ တံတွေးကိုမျိုချရင်း ပြတင်းပေါက်ဘက် မျက်နှာမူလိုက်သည်။ ရထားသည် တောင်လျှိုတွေထဲ ရောက်နေသည်။ ဖြည်းဖြည်းချင်း သွားနေသည်။ လမ်းချော်က မတွေးရဲစရာ။
နာမည်ကြီး မဲဇာရောက်လာသည်။
တကယ့်ကို ရွှေပြည်ကြီးကို လွမ်းစရာ တောမြိုင်ခြေပင်။ တောရိပ်၊ တောအနံ့က စိတ်ကိုမှိုင်းညို့ညို့ ဖြစ်ပြီး သွားနှင်နေသော ရထားကြီးကို နောက်ပြန်ဆွဲ၍ အိမ်ပြန်ချင်လာသည်။ ရထားသည် ဘယ်ညာလူးသွား သည်။ ကျွန်တော်အထိတ်တလန့် ဖြစ်သွားရသည်။ ရထားကြီးကတော့ သွားနေကြမို့ တရိပ်ရိပ် ပြေးလွှား၍ သွားနေသည်။ မလွယ် ခရီးသွားရသည်မှာ မလွယ်လှပါချေတကား။
"ထမင်းပူပူလေး ရမယ်နှော်…ပူပူလေး..ငါးကြော်၊ ကြက်သားကြော်၊ ကြဥချက် အစုံပါတယ် "
ငြိမ်သက်နေသော တစ်ထွာသောဝမ်းက အသံကြားသည်နှင့် မနေနိုင်။
"ထမင်း တပွဲလောက်ဗျာ "
"ရမယ်အစ်ကို ရမယ်၊ ဘာနဲ့ စားမလဲ မသိဘူး "
"ငါးနဲ့ပဲ ထည့်ပါ "
ထည့်ပြီးသော ထမင်းထုပ်ကို လှမ်းပေးသည်။ ပိုက်ဆံပေး လိုက်သည်။
"အစ်မစားပါဦးဗျာ၊ အစ်ကိုလည်း စားပါဦးလား "ဘေးခုံက အမျိုးသမီးနှင့် ရှေ့ခုံက အမျိုးသားကို မေးလိုက်သည်။
"စားကွဲ့စား "
"စားဗျာ ခုမှ မျက်နှာသစ်ရတယ် ..ဟဲ..ဟဲ "
ဗိုက်ဆာ၍လားတော့ မသိပေ။ စားလို့ကောင်းသည်။ ငါးကြော်မှာ ချိုလို့နေသည်။ ထမင်းပူပူလေးနှင့် လိုက်ဖက်သည်။ အိမ်မှ ထမင်းကြော်နှင့် ငါးရံ့ခြောက်ကို သတိရမိသည်။ သြော် အမေ့လက်ရာသည် အကောင်း ဆုံးသော၊ ခံတွင်းအတွေ့ဆုံးသော စားဖိုမှူး၏ လက်ရာပင်ဖြစ်ပေသည်။ စားပြီးသော ထမင်းထုပ်အခွံကို အပြင်သို့လွှင့်ပစ်ရင်း ငေးကြည့်မိသည်။
မြင့်မားလှသည့် အပင်များ…တောင်တန်းများ..ဟိုး..အဝေးက..ရွာများ။

(၁၀)
နေ့စဉ် ကျွန်တော်တို့သည် မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြုလုပ်ကြသည်။ ကိုယ် ခန္ဓာရဲ့ အညစ် အကြေးများကို သန့်စင်အောင်ပြုကြသည်။ ဖုံးကွယ်ကြသည်။ မိမိရဲ့ စိတ်အညစ်အကြေးတွေအတွက် ဆေးကြောဖူးပါသလား။ အလှအတွက် မှန်ကြည့်သလို ကိုယ့်စိတ်ကို မှန်ထောင်ကြည့်ဖြစ်ခဲ့ရဲ့လား။
စိတ်ထဲ၌ရှိနေသည့် အညစ်အကြေးတို့သည် အစုလိုက်အပုံလိုက် ဖြစ်နေရော့မည်။ သံသရာရှည်စေမည့်
ကိလေသာအပုပ်အသိုးတို့ မည်၍ မည်မျှ စုဆောင်းနေမိပြီလဲ။
ထမင်းတစ်လုတ်တွင် လျှာအရသာ တွေ့စေရေး၊ အာဟာရဖြစ်စေရေးအတွက် ချွေးဒီးဒီးကျအောင် လုပ်ကိုင်ကြရသည်။ စားနေရသော မိနစ်အနည်းငယ်ခန့်တွင် အဟုတ်။ အစာကြေ၍ မစင်ဖြစ်လာတော့ နံလာ သည်။ နှာခေါင်းရှုံ့လာသည်။ စက်ဆုပ်ဖို့ကောင်းလာသည်။
လူကြားသူကြားတွင် ဟိတ်ဟန်ဖြင့် စားသောက်ခဲ့သော အစားအသောက်များကို လူမမြင်သူမမြင်နေရာ တွင် စွန့်ပစ်ကြရတော့သည်။ ထိုစက်ဆုပ်ရွံစရာသော အရာတို့သည် ကျွန်တော်တို့ ၀မ်းဗိုက်အတွင်းမှ ထွက်ကျ လာခြင်းပင်ဖြစ်သည်။ 
သတ္တ၀ါတို့အထဲတွင် လူသည် သေလျှင် ပုပ်စော်အနံဆုံးသော သတ္တ၀ါဖြစ်လိမ့်မည်ထင်သည်။ ဒွါရ အပေါက်တို့မှ ကျလာသော အရာတို့သည်ကား တစ်ခုတစ်လေမျှ မက်မောစရာမရှိ။
မြတ်စွာဘုရားရှင်က ရူပနန္ဒာမင်းသမီးအား ဟောကြားသော တရားတစ်ပုဒ်ရှိပါသည်။
"အာတုရံ အသုစိံ ပုတိံ ၊ ပဿ နန္ဒေ သမုဿယံ
ဥဂ္ဃရနံ္တ ပဂ္ဃရနံ္တ၊ ဗာလာနံ အဘိပတ္ထိတံ"ဟူသော ဂါထာတော်ပင် ဖြစ်သည်။
ရုပ်အဆင်း၌ တပ်မက်ခြင်း ပြင်းပြလှသော အို ရူပနန္ဒာ-
"ကိုးဆယ့် ခြောက်ဖြာသော ဘေးရာဂါဝေဒနာကို နာကျင်ခံခက် နှိပ်စက်တတ်သော၊
ဘာတစ်ခုမှ တင့်တယ်စင်ကြယ်မှုမရှိဘဲ ပကတိသဘောမျိုး မစင်အိုးသဖွယ် ဖြစ်သော၊
မွေးမျိုးနံ့သာ လိမ်းကျံကာဖြင့် မာယာရုပ်ဆောင် အပုပ်ကောင်ကြီးသာလျှင် ဖြစ်သော၊
ခန္ဓာကိုယ်တစ်လျှောက် ဒွါရပေါက်တို့မှ အောက်သို့ယိုကျ၍နေသော
ဤကိုယ်ရုပ်မျိုး အပုပ်အိုးကြီးကို သတိပြု၍ ကြည့်ရှုဆင်ချင်ပါလေ "

ကျွန်တော်တို့သည် မဆင်မခြင်စားသည်။ မိမိခန္ဓာကိုယ်အား ထပ်မံရွံစရာဖြစ်အောင် တခြားသော တိရစ္ဆာန်အပုပ်ကောင်တို့၏ အသားကို ထပ်စားသည်။
တွေ့သမျှစားသည်။ ကိုယ့်ဝမ်းငြိမ်သက်ရန်အတွက် သူတစ်ပါးသော အသက်ဇီဝိန်ကို ချွေကြသည်။ အသားနှင့်မှ မြိန်တတ်ကြပေသည်။

(၁၁)
ဒီတစ်ခါတော့ မမြိန်တော့။ တင်ပါးအောင့်သွားသည်။ ရထားခုန်ခြင်းကြောင့် ဖြစ်သည်။ အတွေးတို့က လွင့်ပျံနေသည်မို့ ရထားခုန်သည်ကို သတိမထားမိလိုက်တော့ အထိနာသွားသည်။ ဒီရထားလမ်းပိုင်းက နည်းနည်းဆိုးပုံရသည်။ ရထားမှာ ပြေးလွှာဆဲပင်။
ဘ၀သည်လည်း ဒီလိုပင်ဖြစ်မည်။ ကြမ်းသည်။ ခက်ခဲသည်။ ပင်ပန်းသည်။ သို့သော် ဘေးမှ အဖော် အပေါင်းများနှင့် ပျော်တတ်ကြသည်။ မည်သို့ကြမ်းစေ ကိုယ့်ခရီးသို့ ကိုယ်တိုင် ရှေ့ဆက် ခရီးနှင်ရဦးမည်။ မှတ်တိုင်ရှိရာသို့ သွားရဦးမည်ဖြစ်သည်။
"ဟိုပင် ရောက်တော့မယ်ကွ "
တစ်ဘက်ခုံမှ အသံကြားရသည်။ ဟိုပင်တဲ့။ ဒါဆိုလျှင် မြစ်ကြီးနားကို သိပ်မလိုတော့ထင်သည်။ နာရီ ကြည့်တော့ ညနေ ၂ နာရီထိုးပြီ။ မြစ်ကြီးနားကို ည ၆ နာရီ ၇ နာရီလောက်ရောက်မည်ထင်သည်။ ရထား ဥသြဆွဲသံကြားရသည်။ အပြင်တွင် လူများရုတ်စုရုတ်စု တွေ့ရသည်။ ရထားရပ်သွားသည်။
မန္တလေးဘူတာတွင် တွေ့သော ကောင်လေးတစ်ဦးနှင့် ပြန်တွေ့သည်။ ကျွန်တော့်ကို မြင်သွားသည်။
"သွားပြီအစ်ကိုရေ…လမ်းတွေ့လည်း ခေါ်ဗျို့ "
"အေး.အေး ညီရေ.."ကျွန်တော် လက်ပြနှုတ်ဆက်လိုက်သည်။
ခရီးသည်တော်တော်များများဆင်းတာ တွေ့ရသည်။ ရထားပေါ်တက်လာသော ခရီးသည်များလည်း တွေ့ရသည်။ သည်လိုပင် ဖြစ်ရမည်။ ဟိုပင်အထိ ၀ယ်ထားသော လက်မှတ်ပိုင်ရှင်များသည် ဟိုပင်ဘူတာတွင် ဆင်းခဲ့ရပေမည်။ ဟိုပင်မှတဆင့် သွားသူများသည်လည်း သူတို့ခရီးအတွက် ရှေ့ဆက်ရမည်။ ရထားကြီး သယ်ဆောင်ရာဆီမှ လိုရာခရီး သွားလိုရာခရီးသို့ သွားရဦးမည်ဖြစ်သည်။
"ရေ..ရေ..ရေမယ်..ရေ.."ကလေးငယ်တစ်ဦး အသံစာစာဖြင့် ရေရောင်းနေတာ တွေ့ရသည်။
"ကလေး..ရေတစ်ဘူးလောက်ကွာ "ရေသန့်တစ်ဘူးပေးသည်။ တချို့ကလေးငယ်များ ရေထမ်းရောင်း၊ ရေရွက်ရောင်းနေကြသည်ကို တွေ့ရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀ကိုရုန်းကန်နေကြ ရသူများဖြစ်သည်။ သူတို့၏ မိဘတွေ ဘယ်ဆီမှာလဲ၊ မည်သည့်အလုပ် လုပ်ကိုင်နေကြပါသလဲ။ 
သူတို့ပြုခဲ့သည့် သူတို့ကံအတိုင်း ရှိနေကြသည်လား။
"သွားပြီ အန်တီ၊ ညီမ သွားပြီ "ရှေ့တစ်ခုံကျော်မှ နှုတ်ဆက်တာ တွေ့ရသည်။ လိုက်လံပို့ဆောင်သူ၊ နှုတ်ဆက်ထွက်ခွာသူများ တွေ့ရသည်။ အချို့မှာ ခဏတာခွဲခွာခြင်း ဖြစ်ပေမည်။ အချို့ကား တစ်ဘ၀လုံးခွဲခွာ ခငြ်းလည်း ဖြစ်နိုင်ပေသည်။ ပြန်လည် ဆုံဆည်းဖို့ဆိုသည်မှာ မရေရာ။ လက်ရှိခွဲခွာခြင်းတွင် ၀မ်းနည်းကြ၊ ခံစား ကြရပေဦးတော့မည်။
"၀င်ရောက်ခဲ့သော လူ့ဘ၀တွင် နွေးထွေးငြိမ်းချမ်းစွာရှင်သန်၍ 
ထွက်ခွာခြင်းအတွက် ပျော်ရွှင်စွာ နှုတ်ဆက်နိုင်ရမည် "
ပြုံးမိသည်။ ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိလိုက်သည်။ အတွေးများသည် ဘ၀နှင့်ယှဉ်၍ ရလာခဲ့ရသည် လားတော့ မသိချေ။ ဒဿနဆန်ဆန်ဖြစ်နေသည်။
"ကဲဗျာ ခရီးသည်များ နှောင့်ယှက်တယ်လို့ မထင်ပါနဲ့ ကျွန်တော်များက… "အာပေါင်အာရင်းအသံ ကြောင့် အတွေးများလွင့်ထွက်သွားတော့သည်။ ဒီတော့ သူပြောတာဆက်နားထောင်ဖို့ပင် ရှိတော့သည်။
"ဒါကတော့ မြစ်ကြီးမြို့ကထွက်တဲ့ ဆေးသစ်ဥ၊ သစ်ဖု၊ သစ်မြစ်များနဲ့ ဖော်စပ်ထားတဲ့ " 
အင်း ကချင်ပြည်နယ်ထဲရောက်လာ၍ ဆေးကြော်ငြာများ ပေါလာခြင်းဖြစ်မည်။ တချို့ လက်တွေ့ပြ သည်။ အာမခံချက်ပေးသည်။ ရနိုင်သည့် နေရာများကို ရွတ်ပြသည်။ သူတို့ကို တစ်ခု သတိထားမိသည်။ ဆေးစွမ်းကောင်းသည် မကောင်းသည် မပြောတတ်၊ အပြောအဟောတော့ အလွန်ကောင်းကြသည်။
ခရီးသည်များ ပြုံးစေ့စေ့ဖြစ်သွားစေသည်။ ပွဲကြသွားစေသည်။
"အစ်ကို မြည်းကြည့်ပါဦးခင်ဗျ၊ လေးထိုးလေအောင့် ရင်ပြည့်ရင်ကယ်လည်းပျောက်၊ အစာလည်းကြေ၊ ခံတွင်းပျက်ခြင်းလဲ ကင်းပါတယ် "ပြောရင်း ဆေးဘူးကို ထိုးပေးသည်။
"ဟာနေကွာ ရတယ် ရတယ်၊ နောက်တစ်ခေါက်မှ ၀ယ်တော့မယ် "
ကျွန်တော် အစာကြေဆေးမြည်း၍မဖြစ်။ ဒီအချိန်ထိ နေ့လည်စာ မစားရသေးသဖြင့် ၀မ်းက ဟာနေသည်။ အစာကြေစရာ အစာမရှိ။ ဆေးမြင်မှ ဗိုက်ဆာလာပြန်သည်။ ခက်ပြီ။ ဘူတာက ဝေးသေးသည် ထင်သည်။ ဈေးသည်တွေတော့ လာနိုင်ကောင်းပါရဲ့။ ဗိုက်ပြည့်နေလျှင် ဘူတာရပ်တာရယ်၊ ဈေးသည်တွေ လာတာရယ် ဖြစ်တတ်သည်။ ဆာချိန်ဆိုလျှင်တော့ ဘယ်တွေကို ရောက်နေမှန်းမသိ။ အဲသလို အလွဲလေးတွေ ကြုံရတတ်သည်။
လျှောက်လှမ်းခဲ့သည့် ဘ၀ခရီးသည်လည်း ဤသို့အလွဲလေးများဖြစ်တတ်သည်။ လိုအပ်လျှင် မရတတ်။ ပိုနေလျှင် ပေါ်လာတတ်ပါသည်။ 
ဗိုက်ဆာနေသည်ကို ခေတ္တမေ့နိုင်အောင် စာအုပ်တစ်အုပ်ထုတ်ဖတ်ရန် ပြင်သည်။
ဆရာချစ်စံဝင်း၏ "ဤခရီးနီးသလား"။
ဟင့်အင်း..ဝေးလွန်းသည်။ ယခုထိမရောက်သေး၊ ကိုယ်လက်တွေလည်း ညောင်းညာလှပြီ။ စာအုပ်ထဲ စိတ်ကိုနစ်လိုက်သည်။

(၁၂)
"သေခြင်းတရားဟူသည် တမလွန်တံခါးကိုဖွင့်သော ရွှေသော့ "
(မီလ်တန်)
သေခြင်းတရား၏ ဟိုဘက်တွင် အဘယ်အရာရှိသနည်း။ တမလွန်တံခါးဖွင့်ပြီးနောက် အဘယ်အရပ်ကို သွားရမည်နည်း။ ဘယ်ကို ရောက်ရှိမည်နည်။ မည်သူကရော သိပါလိမ့်မည်နည်း။ ဘုရား၊ ရဟန္တာမှတစ်ပါး မည်သူမျှကြိုတင်မသိနိုင်ပါပေ။ ထို့ကြောင့် ဘုရားရှင်က ဟောကြားခဲ့ပါသည်။
"ပြုဖွယ်ကိစ္စဟူသမျှကို ယနေ့ပင် ပြုလုပ်အားထုတ်သင့်သည်။
သေမည့်ရက်ကို မည်သမျှ ဧကန်ပိုင်ပိုင် မသိနိုင်
စစ်သည်အင်အား မြောက်မြားလှသော သေမင်းနှင့် အချိန်းအချက်ဆိုသည်မရှိ။
ထို့ကြောင့် ပြုဖွယ်ကိစ္စဟူသမျှကို နေ့ရော ညဥ့်ပါ မပျင်းမရိ အားထုတ်သင့်၏။
ထိုသို့အားထုတ်သူအတွက် နေ့ရက်ဟူသမျှသည် ကောင်းမြတ်သည်သာ ဖြစ်၏။"

အလုပ်တစ်ခုကို နေ့ရွှေ့ညရွှေ့ပြုလုပ်တတ်ကြသည်။ နေ့ကောင်းရက်သာ ရွေးတတ်ကြသည်။ ပြဿဒါးဆိုသည့် ရက်ကို ရှောင်တတ်ကြသည်။ ထို့ကြောင့်လည်း လောကီအလုပ်သည်ပင် မလုပ်ဖြစ်လိုက်၍ နစ်နာသွားရသည်က အများပင်။
လောကုတ္တရာဘက်တွင် သာ၍ဆိုးပါလိမ့်မည်။ တရားဘာဝနာ အားထုတ်ရမည်ကို နေ့ရွှေ့၊ ညရွှေ့ခြင်း၊ အသက်အရွယ်ကို စောင့်စားနေခြင်းတို့ကြောင့် အချိန်မစောင့်သော သေမင်းက ၀င်ရောက်လာသည့်အခါ သေခါနီးအချိန်ကြမှ မျက်ရည်တွေတွေ စီးကျရတော့သည်။
ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာတွင်မဆို တရားအလုပ်ကို အားထုတ်သင့်သည်။ ကုသိုလ်ပြု၍ အကုသိုလ်တရားတို့ကို ရှောင်ရှားသင့်သည်။ အကုသိုလ်မဖြစ်အောင် ထိန်းချုပ်လိုက်နိုင်သော အချိန်အခိုက် အတံ့လေးတို့သည် များစွာ တန်ဖိုးရှိလှပါပေသည်။
"လူတိုင်းသည် အသက်ရှည်ရှည်နေလိုကြသော်လည်း မည်သူမျှ မအိုမင်းလိုကြပါ "
(ဂျိုနာသန်ဆွစ်ဖ်)
လူတွေ၏ သဘောသဘာဝတို့သည် ဒီအတိုင်းပင်ဖြစ်လိမ့်မည်။ လှချင်သည်၊ မအိုချင်ကြ။ စံစားချင်သည်၊ ဒုက္ခမခံချင်ကြ။ နေချင်သည်၊ နာမှာကြောက်သည်။ ရှင်ချင်သည်၊ သေမှာ ကြောက်သည်။ 
သေမည့်အရေး တွေးပူသူကိုပင် အပြစ်တင်ချင်သည်။ သေစေမှသာ သေရော ရှင်ချိန်တွင် လူ့စည်းစိမ် ဆိုတာကြီးကို တစ်ဝကြီးခံစားလိုက်ချင်ကြသူများဖြစ်သည်။ တစ်ဘ၀လုံး စည်းစိမ်အတွက် ပင်ပန်းခံကြ သော်လည်း လူ့ဘ၀ရဲ့ အနှစ်သာရရှိရာ တရားဘ၀နာအားထုတ်ဖို့ အချိန် ၁ နာရီခန့်မျှ မပေးချင်ကြ။ မပေးနိုင်ကြ။ 
ကျွန်တော်တို့ နေထိုင်လှုပ်ရှားနေသည့် နေ့စဉ်ဘာဝတွင် နေ့စဉ်အားထုတ်ရုံနှင့် မပြီးသေး ပြုလုပ်မှုတိုင်း ပြုလုပ်နေစဉ်အတွင်း သတိတရားလေးဖြင့် ထိန်းချုပ်အားထုတ်ကြိုးစားသွားမှသာလျှင် ကျွန်တော်တို့၏ လိုရာ ခရီးပန်းတိုင် မြတ်နိဗ္ဗာန်ကို ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
လုံးဝရပ်နေသူထက် မှန်မှန်လျှောက်နေသူက ပို၍ ခရီးရောက်မည်ဖြစ်သလို လမ်းမှားဘယ်မျှ လျှောက်ခဲ့ ပြီးသော်လည်း လမ်းမှန်သို့ပြင်ဆင် လျှောက်လှမ်းသူမှသာ ရောက်ရှိနိုင်မည်ဖြစ်ပါပေသည်။

(၁၃)
"မောင်လေး သွားမယ်နော် "
"ခင်ဗျာ "
အတွေးတို့ လွှင့်မျောနေသဖြင့် ဘေးမှအမျိုးသမီး နှုတ်ဆက်သည်ကို မသိလိုက်။
"နမ္မားရောက်ပြီလေ အစ်မသွားတော့မယ် "
"သြော် ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော်အထုတ်တွေ ချပေးမယ် "
အထုတ်တွေ ကူချပေးရင်း လက်ပြနှုတ်ဆက်မိသည်။ ရှေ့ခုံမှ အမျိုးသားလည်း နှုတ်ဆက်သည်။
"ရထားက နည်းနည်းကြာဦးမယ် ထင်တယ် ဟိုဘက်ကရထားလာနေတယ်။ စောင့်ရဦးမယ် "
ရှေ့မှ အမျိုးသားက ပြောပြောဆိုဆို အောက်သို့ဆင်းသွားသည်။ ကျွန်တော်လည်း အညောင်းပြေ အညာပြေအဖြစ် အောက်သို့ လိုက်ဆင်းခဲ့သည်။ ဘူတာ ၀န်းကျင်သို့ လိုက်ကြည့်နေမိသည်။
ဆိုင်တစ်ဆိုင် ၀င်ထိုင်လိုက်ပြီး ဗိုက်ဖြည့်လိုက်သည်။ ဘေးဝိုင်းမှ စကားပြောသံများ နားထဲသို့ ရောက်လာသည်။
"အဖေ သား သွားမယ်နော် "
"အေး ..အေး စာကြိုးစာနော် သား၊ ကျောင်းပိတ်ရင် ပြန်လာခဲ့၊ စာလည်းရေး "
"ဟုတ်ကဲ့ပါအဖေ "
"မောင်လေး လိမ်လိမ်မာမာနေ၊ သူငယ်ချင်းနဲ့ တည့်အောင်လည်း နေဦး "
"ဟုတ်ကဲ့ပါ အစ်မရဲ့ အစ်မလည်း လိမ်လိမ်မာမာနေနော် အဖေမသိအောင် ဟိုသွား ဒီသွားမလုပ်နဲ့"
"တယ် ဒီကောင်လေးတော့ "
တစ်ဘက်မှ မိသားစု စကားပြောသံများဖြစ်သည်။ ရထားကြီးက ထွက်ဖို့ အချက်ပေးနေပြီ။ ရထားပေါ်သို့ ပြန်တက်လိုက်သည်။
မိသားစု အရင်းတွေလည်း ခွဲခွာရမည်။ သူငယ်ချင်းတွေလည်း ခွဲခွာရမည်။ မိတ်ဆွေတွေလည်း ခွဲခွာရမည်ပင်။
"ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား
ကွေကွင်းဖို့သာ၊ ဓမ္မသာတည်း
ဘယ်မှာအမြဲ၊ ရှိနိုင်ပဲမို့
ရုပ်ခဲန်ာဆို၊ ခန္ဓာကိုယ်လည်း
ပျိုရာမှအို၊ အိုရာမှနာ
သေသာသေ၍၊ အခြေတကျ
ဘယ်ဘ၀မှ မရကြဘူး "
တကယ့်ကို အခြေတကျမနေရသည့် ဘ၀တွေပင်ဖြစ်၏။ အခြေတကျ မနေရဆိုသည်က လက်ပြနှုတ်ဆက်သူများ သိပါမည်လော။ လောလောလတ်လတ်တွင်၌ပင် မနေရ၍ လက်ပြနှုတ်ဆက်နေပေပြီ။ ရထားကြီး ထွက်ခွာလေပြီ။

(၁၄)
"ဤခရီးနီးသလား
ငါးနာရီလာရ၏။
မီးရထားစီးလာပါ
သတိထားပါ "
ဤခရီးကို သွားနေကြသူများအဖို့ နီးသလားမပြောတတ်ပါ။ ၂၈ နာရီ သို့မဟုတ် တစ်ရက်နှင့် ၄ နာရီ ကျော်ကျော်သွားရသော ခရီးအဖို့တော့ ကျွန်တော့်အနေနှင့် မနီးလှပါ။ ရန်ကုန်-မြစ်ကြီးနားထက်စာလျှင် မန္တလေး-မြစ်ကြီးနာက နီးသည်ဟုတော့ ဆိုလျှင်ရပါပေမည်။
ဒီခရီးအတွက် ရထားစီး၍လာခြင်းသည်လည်း မလွယ်လှပါ။ သတိထားရသည်။ ပင်ပန်းလှသည်။ မည်သို့ရှိစေ ယခုချောချောမွေ့မွေ့ပင် ကိုယ့်ရဲ့ခရီး မြစ်ကြီးနား ဘူတာသို့ပင် ရထားဆိုက်ရောက်ပါပေပြီး
ပစ္စည်းတွေ ယူသည်။ ရှေ့မှ အမျိုးသားအား နှုတ်ဆက်စကားဆိုသည်။
"ကဲဗျာ ဒီကအစ်ကိုလည်း ခရီးသွားဖို့ ကျန်ဦးမယ်၊ ကျွန်တော်လဲ ရှေ့ဆက်သွားရဦးမယ်၊ လိုရာခရီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရောက်ပါစေဗျား "
ကျွန်တော် ခရီးဆက်ရန် ကျန်ပါသေးသည်။ သို့သော် မန္တလေးမှ ဖြတ်ခဲ့သော ရထားလက်မှတ်သည် ဒီဘူတာတွင် ခရီးဆုံးပြီ။ ခရီးဆုံးပေသည်။

(၁၅)
ကျွန်တော်သည် လူဆိုသော လက်မှတ်တစ်ခုကို ရရှိလိုက်ပြန်လေပြီ။
ကျွန်တော် ခရီးနှင်ရပေဦးမည်။ ခရီးနှင်၍ ရောက်ရှိသော အရပ်မှာ ဆက်လက် ခရီးနှင်ရန် ကျန်ဦးမည်လား။ လက်မှတ်အသီးသီးကို စွန့်၍ အေးငြိမ်းရာ အစစ်သို့ ရောက်ရှိရန် လျှောက်လှမ်းမည်လား ဟူသည်မှာ ကျွန်တော်ဖြတ်ခဲ့သော လက်မှတ်၊ ကျွန်တော်ပြုခဲ့သော အပြုအမူတွေပေါ် မူတည်၍ နေပါတော့သည်။
သို့ကြောင့် ခရီးဆက်၍ နှင်ဦးမည်လား….။

******

မောင်ပိုင်
၁၈-၁၀-၂၀၀၅ ရက်နေ့(အင်္ဂါနေ့)တွင်
ရေးသားခဲ့သော စာအား ပြင်ဆင်ဖြည့်စွက်
ရေးသားခြင်းဖြစ်ပါသည်။

သိက္ခာရှိသော ........

$
0
0
Maung Paing's photo.

"သိက္ခာရှိသော ------------ "
--------------------

ဒေါ်အောင်ဆန်းစုကြည်က သိက္ခာရှိသော တပ်မတော်အဖြစ် တည်ဆောက်ဖို့ ပြောတဲ့စကားနဲ့ ပတ်သက်ပြီး မနေ့က Post လေးတစ်ခု ဖတ်လိုက်ရပါတယ်။


လေသူရဲဟောင်းတစ်ဦးက ရေးထားတာလို့ ဆိုပါတယ်။ ဟိုးယခင်က တပ်မတော်သားတွေအနေနဲ့ ရသင့် ရထိုက်တာတွေ အပြည့်အ၀ရပြီး နောက်ပိုင်းကာတွေမှာတော့ ပျက်စီးလာတဲ့အကြောင်းလေးတွေပါ။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လက်တွဲပြီး သိက္ခာရှိသော တပ်မတော်ဖြစ်လာအောင် တည်ဆောက်ကြပါစို့လို့ ဆိုထားတဲ့ Post လေးပါ။

ဒီ Post လေးဖတ်ပြီး ပြောစရာ အချက် (၂) ချက်ရှိလာပါတယ်။ တပ်မတော်နဲ့ ပတ်သက်ပြီး ပြောစရာလေးတွေလဲ ရှိလာပါတယ်။

အရင်ဆုံးပြောရမယ်ဆိုရင်တော့ ကျွန်တော်က အခြားအဆင့်နဲ့ တပ်မတော်က နုတ်ထွက်ခွင့်ရပြီး ခံစားခွင့် စတင်ခံစားနေသူတစ်ဦးပါ။ တပ်မတော်မှာ လောလောလတ်လတ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးအနေနဲ့ လက်ရှိတပ်မတော်ရဲ့ အခြေအနေလေးတွေကို ကိုယ်တိုင်တွေ့ကြုံခဲ့သမျှထဲက ဥာဏ်မီသလောက်လေး ပြောပြချင်တာကြောင့်အတွက်ပါ ရေးဖြစ်သွားတာပါ။

ပြောချင်တဲ့ ပထမ(၁)ချက်က-

တပ်မတော်ထဲက တပ်မတော်သားတစ်ဦးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြောချင် တာပါ။ Post တင်ထားတဲ့သူကတော့ ဟိုးယခင်ရခဲ့တဲ့ ဟာလေးတွေက ရေးထားပြီး ဒါလေးတွေကို အမှတ်ရမိကြောင်းလေးတွေကို ပြောပြထားတာပါ။

လက်ရှိတပ်မတော်ထဲမှာလည်း အရာရှိ/စစ်သည်တွေအနေနဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရှိနေဆဲ ဖြစ်ပါတယ်။ လေသူရဲ တစ်ဦးအနေနဲ့ သာမာန်ရိက္ခာအပြင် လေသူရဲ ရိက္ခာဆိုတာရှိပါတယ်။ လက်ရှိလည်း ထုတ်ပေးထားပြီး စားသုံးနေကြပါတယ်။ နို့ဆီ၊ ဘီစကစ်၊ ယို၊ ကော်ဖီ၊ ချောကလက်စတဲ့ လေသူရဲ ရိက္ခာတွေပါ။

ထို့အတူ လေယာဉ်နဲ့လိုက်ပါရတဲ့ အခြားအဆင့် လေယာဉ်သားတွေအနေနဲ့ လေယာဉ်သားရိက္ခာတွေကို ရရှိနေဆဲ ဖြစ်ပါတယ်။ စစ်သည်တွေအနေနဲ့ သာမာန်ရိက္ခာတွေ ရရှိနေဆဲဖြစ်ပြီး တချို့အခွင့်အရေးလေးတွေ ပျောက်သွားတာတော့ရှိပါတယ်။

အဓိကပြောချင်တာကတော့ ထုတ်ပေးတဲ့ စားနပ်ရိက္ခာ၊ စစ်ဝတ်တွေရဲ့အကြောင်းပါ။ ကျွန်တော်တို့ကို ဆန်၊ ဆီ၊ သကြား၊ ပဲ၊ နို့ဆီ တို့ကို ထုတ်ပေးပါတယ်။ 

ဆန် စားလို့မဖြစ်ပါဘူး။ ဆန်မကောင်းလို့တော့ မဟုတ်ပါဘူး။ ဆန်ကွဲ၊ ကျောက်ခဲများတာပါ။ ပြီးတော့ သတ်မှတ်ထားတဲ့ နှုန်းထားမပြည့်ပါဘူး။ အရည်အသွေးရော၊ အချင်အတွယ်ပါ။

ဆီ စားလို့မသင့်ပါဘူး။ တချို့အင်မတန် မရှိတဲ့ စစ်သည်တွေသာ မဖြစ်မနေစားသောက်နေကြရတာပါ။ သကြား၊ နို့ဆီ၊ ပဲ အဆင်ပြေပါတယ်။ စားလို့သင့်ပါတယ်။

အခြေခံဖြစ်တဲ့ ဆန်၊ ဆီ၊ နို့ဆီ၊ ပဲ၊ သကြားတွေသာ စားသောက်လို့ရတဲ့အနေအထားဆိုရင် မိသားစုတွေ အနေနဲ့ ၀င်ငွေထွက်တဲ့အနေအထားက လျှော့ပါးသွားမှာပါ။ ဒါက အိမ်ထောင်သည် စစ်သည်တွေရဲ့ စားသောက်ကုန် အနေနဲ့ပြောတာပါ။
Maung Paing's photo.
လူပျိုအတွေအနေနဲ့လည်း ဒီရိက္ခာ၊ ဒီနှုန်းထားတွေနဲ့ပဲ ရတာပါ။ ဒါတွေကိုပဲ တချို့တပ်တွေက ကျွေးမွေး ပါတယ်။ ဒီတော့ လူပျိုစစ်သည်တွေအနေနဲ့ စားသောက်လို့ မရပဲဖြစ်ရပါတယ်။ တချို့ကတော့ ဒါကိုပဲ ဒီလိုစားနိုင် တယ်ဆိုတာကို ဂုဏ်ယူပြောတတ်တာတွေရှိပါတယ်။ စစ်သားဆိုတာတော ကျရာနေရာမှာ အဆင်ပြေသလို စား သောက်နိုင်ရမယ်ဆိုတာတော့မှန်ပါတယ်။ ဒါပေမယ့် အမြဲတမ်း စစ်တိုက်နေပြီး၊ အမြဲတမ်း ရှေ့တန်းရောက်နေကြ တာမဟုတ်ပါဘူး။ ဒီတော့ နားချိန်မှာဖြစ်ဖြစ် ရှေ့တန်းမှာပဲဖြစ်ဖြစ် အားဖြစ်မဲ့ အစားအသောက်တွေကိုသာ စားချင် သောက်ချင်ကြမှာပါပဲ။

နောက်ပိုင်းမှာတော့ လူပျိုစားရိပ်သာတွေကို ထပ်ဆောင်းထောက်ပံ့ပြီး စားကောင်း၊ သောက်ကောင်းဖြစ် အောင်ကြပ်မတ်ပြီး ဆောင်ရွက်လာကြပါတယ်။ စစ်သည်တွေအနေနဲ့လည်း အဆင်ပြေလာတာတွေ့ရပါတယ်။ တချို့သော …နေရာလေးတွေတော့ ကျန်နေဦးမှာပါပဲ။

နောက်တစ်ခုက စစ်ဝတ်ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ပါ။ စစ်ဝတ်ပစ္စည်းတွေအနေနဲ့ကတော့ သူ့သက်တမ်း အလိုက်ရှိပါတယ်။ ယူနီဖောင်း၊ စစ်ဖိနပ်၊ ဦးထုတ်၊ စစ်ဝတ်တန်ဆာ၊ ခြင်ထောင်၊ ဆောင်စတဲ့ ပစ္စည်းတွေက သူ့သက်တမ်းပြည့်တာနဲ့ ထုတ်ပေးရပါတယ်။ အသစ်လှဲလည်ရပါတယ်။

လက်ရှိအနေအထားမှာလည်း ဒီလို လှဲလည်ပြီး ထုတ်ပေးနေပါတယ်။ စစ်ဖိနပ်ဖြစ်တဲ့၊ ရှူး၊ တိုက်ခိုက်ရေး ဖိနပ်တွေဆို တော်တော်ကောင်းမွန်လာတာတွေ့ရပါတယ်။ အမြင်အားဖြင့်လည်း သင့်တော်သလို၊ အရည်အသွေး အားဖြင့်လည်း ယခင်(ကျွန်တော်မှီသလောက်)ကထက်စာရင် အများကြီး ကောင်းမွန်လာပါတယ်။

ခြင်ထောင်၊ ဆောင်တွေလည်း ကောင်းမွန်လာပါတယ်။ ထုတ်ပေးရမဲ့ ကာလထက် တစ်ခါတလေကျော် တာကလွှဲရင် အဆင်ပြေပါတယ်။ 

သို့သော်လည်း စစ်ဝတ်တန်ဆာ ( Equipment )ဖြစ်တဲ့ ခါးပတ်၊ သိုင်းကြိုး၊ ကျည်အိတ်စတာ တွေကတော့ တစ်ခါတည်း အပြည့်အစုံမရပဲ၊ အရည်အသွေးလည်း ညံ့ပါတယ်။ ရေဗူး၊ ဟန်းကောတွေကတော့ သင့်တင့်ပါတယ်။

ယူနီဖောင်းတွေကတော့ အဆင်မပြေလှပါဘူး။ ပြင်ဆင်ချုပ်ဝတ်ရင် ရနိုင်ပေမယ့် အရည်အသွေးနဲ့ ချုပ်လုပ်မှုကတော့ ညံ့ပါသေးတယ်။ ခုနောက်ပိုင်းမှာတော့ စစ်သည်တစ်ဦးချင်းရဲ့ ကိုယ်တိုင်းနဲ့ ထုတ်ပေးနိုင်မယ့် အနေအထားတော့ရှိပါတယ်။ စစ်သည်တွေရဲ့ ကိုယ်တိုင်းနဲ့ တောင်းခံမယ်လို့ သိရပါတယ်။ ဒီလိုအနေအထား ဆိုရင်တော့ အဆင်ပြေပါတယ်။

သို့သော်လည်း ဒီယူနီဖောင်းက ပွဲအနေအထား ၀တ်လို့တော့မရပါဘူး။ အကြမ်းဝတ်အဖြစ်တော့ သုံးလို့ ရမှာပါ။

ကျွန်တော့်အမြင်ပြောရရင်တော့ တချို့ကိစ္စတွေက အလယ်မှာ ဖြစ်ပျက်နေကြတာပါ။ အထက်က ကောင်းမွန်တဲ့ ပစ္စည်းတွေထုတ်လုပ်ဖို့၊ ပေးဖို့ ညွှန်ကြားသလို၊ လိုအပ်တာတွေ ထောက်ပံ့ပေးထားမယ် ထင်ပါတယ်။ အဲဒါတွေကို မလိမ့်တပတ်လုပ်ပြီး အထက်ကို ကောင်းတာပြပြီး အောက်ကိုတော့ အရည်အသွေးညံ့ တာတွေကို ထုတ်ပေးပါတယ်။

ဒါတွေက အလယ်လူတွေရဲ့ လူလည်လုပ်တာတွေပါ။ စစ်ဝတ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ထုတ်ပေးသင့် တာတွေက အောက်ခြေလက်ထဲ မရောက်ပဲ ရောင်းချပေးနေတဲ့ ဆိုင်တွေကို ရောက်နေတဲ့ အဖြစ်အပျက်မျိုးတွေ မြင်တွေ့ရမှာပါ။ ဒါတွေက လိုအပ်ချက်တွေပေါ့။

ဒီနေရာမှာ ကြားဖြတ်ပြီးပြောချင်တာက ကျွန်တော်တို့အထဲမှာ စကားလေးတစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုရင် တပ်ချုပ်ကြီးကပြောပါတယ်တဲ့(တကယ်ပြောခဲ့ မပြောခဲ့တော့မသိပါဘူး) "ထုံးတွေကို ဖျက်ပါ "တဲ့။ အဲဒါက အောက်ခြေအဆင့် တစ်ဆင့်ခံတွေက ဟိုးအောက်ခြေကို ဘာခိုင်းလည်းဆိုရင် သစ်ပင်အောက်ခြေတွေမှာ သုတ်ထားတဲ့ ထုံးတွေကို ဖျက်ခိုင်းပါသတဲ့။

အမှန်က တပ်ချုပ်ကြီးပြောတာက မကောင်းတဲ့ အကျင့် ထုံးတမ်းအစဉ်အလာတွေကို ဖျက်ပါလို့ ပြောတာပါ။ ကျွန်တော်တို့ သိသလောက်လည်း တကယ်တမ်း အဲသလိုပြောခဲ့တာပါ။ ဒီတပ်ချုပ်ကြီးလက်ထက်မှာ အပြောင်းအလဲတော်တော်များကို တွေ့မြင်ရပါတယ်။

အုပ်ချုပ်မှု၊ စစ်ဝတ်ပစ္စည်း၊ ပေါင်းသင်းဆက်ဆံမှု စတဲ့ အခြေခံအချက်တွေကအစ နေထိုင်မှု၊ အဆောက်အဦ၊ အ၀တ်အစား၊ အပြင်အဆင်တွေကိုပါ နည်းနည်းခြင်း ပြောင်းနေတာကို တွေ့ရမှာပါ။ ဒါဟာ တပ်ထဲမှာနေတဲ့သူတွေရဲ့ တကယ်ကြုံတွေ့နေရတာပါ။

သို့သော်လည်း တချို့နေရာတွေကတော့ အပေါ်က ပြောင်းပါပြီဆိုသော်လည်း လိုက်ပါဆောင်ရွက်နိုင်မှု မရှိတဲ့ နေရာတွေ၊ လူကြီးတွေကတော့ ကျန်မြဲကျန်နေတာပါပဲ။ ဒါကလည်း နေရာရဖို့၊ ရာထူးရဖို့အတွက် သူ့ထက် ငါလုပ်ဆောင်နေကြတာခြင်းကြောင့်ပါ။

ပြောရရင်တော့ မျက်နှာသနပ်ခါးနဲ့ ပေါင်သေးကြောင်းနဲ့ ဆိုသလိုပါပဲ။ မျက်နှာပိုင်းကတော့ မျက်နှာလှ အောင်ဘယ်လိုပဲ ပြုလုပ်လုပ် အောက်မှာတော့ သေးကြောင်းအရာကြီးက ပေါ်သလို အနံ့ကလည်း ထွက်နေတာ ပါပဲ။

နံပါတ်(၂)အချက်က-

ဒေါ်အောင်ဆန်းစုကြည်နဲ့ သိက္ခာရှိသော တပ်မတော်အဖြစ် အတူတည်ထောင်ကြစို့ ဆိုတာနဲ့ ပတ်သက်ပြီး တော့ပါ။
ကျွန်တော်က နိုင်ငံရေးဆိုတာ စာလုံးပေါင်းတတ်ရုံပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမုန်းမရှိသလို လေးစားအားကျမိတာတွေလဲရှိပါတယ်။

အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် ပထမဆုံး လေးစားပါတယ်။ နောက် ဖိနှိပ်ထားတဲ့ စစ်အစိုးရလက်ထက်တွေမှာ ကြံ့ကြံ့ခံရင်း ကိုယ်ယုံကြည်ရာကို ရဲရဲစွဲကိုင်နေတဲ့ အချက်ပါ။ ပြီးတော့ အမှန်တရားကို ပြောရဲခြင်းပါ။

ကျွန်တော်အနေနဲ့က အမှန်တရားဆိုတာ သိပေမယ့်လည်း အမှန်တရားကို ထုတ်ဖော်ပြောခြင်းဖြင့် ရလာမဲ့နောက်ဆက်တွဲတွေကို ရင်မဆိုင်ရဲတာကြောင့် ရေငုံနှုတ်ပိတ်နေရပါတယ်။ ဒါဟာ စစ်မှန်တဲ့ သတ္တိမရှိခြင်း ကြောင့်လည်း ပါပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှန်တရားကို ရဲရဲ ပြောဆိုလုပ်ဆောင်တဲ့အတွက် လေးစားအားကျမိ ပါတယ်။
သို့သော်လည်း ပြည်သူတွေအနေနဲ့ ယုံကြည်ကိုးစားမှု ပြင်းထန်နေတာကို တွေ့ရပါတယ်။ (ကျွန်တော့ အမြင်ပါ)။ လုပ်နိုင်တာထက် မျှော်လင့်ချက်တွေ တအားများနေတယ်လို့ မြင်မိပါတယ်။ လက်ရှိအတိုင်းအတာအရ ဘာတွေလုပ်ပေးနိုင်သလဲ၊ ဘာတွေ လုပ်ပေးပြီးပြီလဲဆိုတာကိုတော့ အမှန်အတိုင်း မြင် အောင်ကြည့်ကြရမှာပါ။

သိက္ခာရှိသော တပ်မတော်ဖြစ်ဖို့ဆိုရာမှာ တပ်ချုပ်ကြီးကအစ အောက်ခြေရဲဘော်အထိ အတူတူ လက်တွဲ တည်ဆောက်ရမှာပါ။ ဒီနေရာမှာတော့ ခေါင်းဆောင်ပိုင်းကတော့ အဓိကအရေးကြီးတာပေါ့လေ။ အထက်ကဆို ခဲ့သလို ခေါင်းဆောင်ပိုင်းက ပြုပြင်ပြောင်းလဲပါသော်လည်း အောက်က လိုက်ပါမလာတာတွေ ရှိနေဦးမှာပါပဲ။

ဒါတွေကို ဖော်ထုတ်ပြီး လိုက်ပါလာအောင်ဆောင်ရွက်ရမှာပါ။ ပြည်သူကိုးစားယုံကြည်ရတဲ့ တပ်မတော် ဖြစ်ဖို့ ရဲဘော်ကအစ ဟိုးထိပ်ပိုင်းအထိ ပြုပြင်ပြောင်းလဲကြရမှာပါ။ 

အနေအထိုင်၊ အပြုအမူ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ အဆင့်အတန်းရှိရှိ ဆောင်ရွက်ကြမှသာလျှင် သိက္ခာ ရှိသောတပ်မတော်တစ်ရပ်နေဖြင့် မြင်ကြရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး ဆောင်ရွက်စို့ဆိုတာကတော့ နည်းနည်းလွှဲနေတယ် ထင်လို့ပါ။ တပ်မတော်ကြီး သိက္ခာရှိရှိမြင်ရဖို့ ဘယ်အထိ ဆောင်ရွက်နိုင်မှာပါလဲ။ ဘယ်အတိုင်းအတာအထိ လုပ်ခွင့်ရှိပါ သလဲဆိုတာတော့ တွေးရမှာပါ။

လောလောဆယ်လက်တွဲရမှာတော့ တပ်ချုပ်ကြီးနဲ့ပါ။ ခေတ်မီပြီး အဆင့်အတန်းရှိတဲ့ တပ်မတော်ကြီး တစ်ရပ်ဖြစ်ဖို့ တပ်မတော်သားအားလုံး အကျင့်သိက္ခာတွေကို ဆောက်တည်ရမှာပါ။ ပြုမူပြောဆို၊ နေထိုင်ကျင့်ကြံ သွားကြရမှာပါ။ ဒါမှသာလည်း ပြည်သူက ယုံကြည်ကိုးစားတဲ့ နိုင်ငံ့အတွက် တပ်မတော်ဖြစ်လာမှာပါ။

အဆင့်အတန်းမီတယ်ဆိုရာမှာလည်း စစ်လက်နက်ပစ္စည်းတွေ မီရုံနဲ့တော့ မဖြစ်ပါဘူး၊ အတွေးအခေါ် အကျင့်စရိုက်တွေပါ မီဖို့လိုပါတယ်။ ရတဲ့လစာ၊ အခွင့်အအရေး၊ ထောက်ပံ့မှုတွေက ရသင့်ရထိုက်တာတွေနဲ့အညီ ပြည့်ဝရင်တော့ လူရဲ့အတွေးအခေါ် အကျင့်ပါပြောင်းလဲနိုင်မယ်ထင်ပါတယ်။ ပြောင်းလဲနိုင်တယ်ထင်ပါတယ်။
ဒီလိုမြင်တွေ့လာမယ်လို့လဲ ယုံကြည်ပါတယ်။ အနေအထားတွေလည်း ရှိပါတယ်။ လက်တွေ့ဖြစ်နေ တာလည်း ရှိပါတယ်။

တချို့ကတော့ ဘေးထိုင်ဘုပြောနေကြဦးမှာပဲ။ ကိုယ်တိုင်လုပ်ပါဆိုတော့လည်း မပါဝင်..၊ သူများလုပ်တော့လည်း မကူညီ..ကြပဲ ..ဘယ်နေရာက ယိုထွက်လာမလဲဆိုတာပဲ စောင့်ကြည့်နေကြရင်း သူ့တို့ သမိုင်းကို သူတို့ရေးနေကြတာပါ။
ပြောရရင်တော့ တပ်ထဲမှာ ကျရာတာဝန်ကို ထမ်းဆောင်နေတဲ့ ရဲဘော်လေးတွေလောက်တောင် သမိုင်းမလှတဲ့ လူ့အတ္တတွေပါပဲ။

ဒါကြောင့်မို့ တပ်မတော်တင်မဟုတ်ပါဘူး မြန်မာနိုင်ငံတော်ကြီးထဲက သက်ဆိုင်ရာကဏ္ဍအားလုံးသော အဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းတွေထဲမှာ ပါဝင်လုပ်ရှားနေကြတဲ့ သူတွေ သိက္ခာရှိကြပါစေ၊ ကိုယ့်လိပ်ပြာ ကိုယ်လုံကြပါစေ၊ ကိုယ့်လိပ်ပြာ ကိုယ် ယုံကြပါစေလို့သာ…။
-----------


မောင်ပိုင်
၂၀-၄-၂၀၁၅။



ကမ္ဘာ့အကြီးဆုံး စစ္သေဘာၤၾကီး မဟာပီတာ

$
0
0
Htay Gyi's photo.

ကမာၻ႕အၾကီးဆံုးစစ္သေဘာၤၾကီး(ေလယာဥ္တင္သေဘာၤမ်ားမွအပ) မဟာပီတာ (Peter the Great)

ကမ္ဘာ့ပေါ်တွင်ရှိသမျှသော စစ်သဘောင်္ များတွင် လေယာဉ်တင်သဘောင်္များမှအပအကြီးမားဆုံး စစ်သဘောင်္ကြီးမှာ ရုရှားရေတပ်မတော်မြောက်ဘက်စစ်ရေယာဉ်စု၏ အလံဆောင် စစ်သဘောင်္
ကြီးဖြစ်သော တိုက်ပွဲဝင်ကရူဇာ မဟာပီတာစစ်သဘောင်္ကြီးဖြစ်သည်။


ဒုတိယကမ္ဘာစစ်နှင့် ကိုရီးယားစစ်ပွဲကာလများတွင် တိုက်သဘောင်္ Battleship များအား အမြောက်
အများအသုံးပြုခဲ့ကြသော်လည်း ရေကြောင်းဆိုင်ရာစစ်နည်းဗျူဟာစစ်မဟာဗျူ ဟာ အပြောင်းအလဲ
များအရ Battleship များကဲ့သို့ အရွယ်အစားမကြီးမားပဲ ဘက်စုံလက်နက်စနစ်များပေါင်းစပ် တပ်
ဆင်ထားသော Cruiser စစ်သဘောင်္များ Destroyer များနှင့် Frigate များအားပိုမို အားထား
အသုံးပြုလာသည်ကိုတွေ့ရပါသည်။

ရု၇ှားတပ်မတော်တွင် Kirov အတန်းစား Battle Cruiser ၄စီးအားအသုံးပြုခဲ့သော်လည်း ယခုအချိန်တွင် ကိုယ်ထည်အမှတ် ၀၉၉ မဟာပီတာ စစ်သဘောင်္ကြီးသာ ဆက်လက်တာဝန်
ထမ်းဆောင်လျက်ရှိပါသည်။

မဟာပီတာစစ်သဘောင်္ကြီးသည် Kirov အတန်းစား စစ်သဘော်များတွင် နောက်ဆုံးတပ်တော်ဝင်ခဲ့သော စစ်သဘော်ဖြစ်ပီး ၁၉၉၆ ခုနှစ်တွင် တပ်တော်ဝင်ခဲ့
ခြင်းဖြစ်သည်။

အဆိုပါစစ်သဘောင်္ကြီးသည် တန်ချိန် ၂၈၀၀၀ အလေးချိန် အလျား ၂၅၂ မီတာအရှည်ရှိနူကလီးယားစွမ်းအင်သုံး တိုက်ပွဲဝင်ကရူဇာ အ တန်းစားဖြစ်ပါသည်။
Htay Gyi's photo.
ေ၇တပ်သား ၇၂၇ ဦးနှင့် လေယာဉ်အဖွဲ့သား၁၈ ဦး သည် သဘောင်္ကြီးပေါ်တွင် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။
ရေဒါနှင့် အာရုံခံကိရိယာများအနေဖြင့် ကီလိုမီတာ ၈၀၀ အထိထောက်လှမ်းနိုင်သော
MR-800 သုံးဘက်မြင်ထောက်လှမ်းရေးရေဒါစနစ် ၁စုံ MR-710 ရေဒါစနစ် ၁စုံPalm from ရေကြောင်းပြရေဒါစနစ် ၂စုံ SA-N-4 ဒုံးပျံထိန်းချုပ်ရေးEye bowl ရေဒါစနစ် ၂စုံ AK-360 CIWS စနစ် များအတွက် Bass Tilt အာရုံခံ ရေဒါ ၄စုံ Hose Jaw ကိုယ်ထည် ဆိုနာစနစ် ၁စုံ နှင့် Hose Tail ရေနက်ပိုင်းထောက်လှမ်းရေးဆိုနာစနစ် ၁စုံတပ်ဆင်ထားရှိပါသည်။

လက်နက်ပိုင်းဆိုင်ရာအနေဖြင့်
P-700 Granit သဘောင်္ဖျက်ဒုံး(အသံထက် ၂ဆမြန်ကီလိုမီတာ ၇၀၀ထိပစ်ခတ်နိုင်)-၂၀လုံး
3K95 Kinzal (Tor)တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးဒုံး ၁၂၈လုံး
S-300 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးစနစ် ၉၆လုံး
SA-N-4 Geko တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးဒုံး ၄၄လုံး
RBU-1000(Smerch 3) ၃၀၅မီလီမီတာ ရေငုပ်သဘောင်္ဖျက် RDC ဒုံးများ
RBU-12000 ၂၅၄ မီလီမီတာ ရေငုပ်သဘောင်္ဖျက် RDC ဒုံးများ
AK-360 CIWS စနစ် သုံးစက်အမြောက် ၁၂စုံ
၁၃၀ မမ AK-130 နှစ်လက်တွဲ အမြောက်ကြီး ၁စုံ
Kashton ဒုံးအမြောက်ယှဉ်တွဲ လေကြောင်းရန်ကာကွယ်ရေးစနစ်(မြန်မာ့တပ်မတော်တွင်အသုံးပြုလျက်ရှိသော Tanguska စနစ်၏ရေတပ်ပုံစံ) ၆စုံ
၅၃၃ မမ တော်ပီဒို ပြွန် ၁၀ခု
SS-N-15 ရေငုပ်သဘောင်္ဖျက်ဒုံး ၂၄ လုံး
နှင့် ရေယှဉ်ကိုယ်ထည် ထဲတွင် KA-27 Kamov ရဟတ်ယာဉ် ၃စီးတင်ဆောင် ထားရှိပါသည်။
Htay Gyi's photo.
အချုပ်အားဖြင့် Kirov အတန်းစား Battle Cruiser ကြီး Peter the Great ကမ္ဘာ့အကြီးဆုံးနူးကလီးယားစွမ်းအင်သုံး စစ်သဘောင်္ကြီးဖြစ်သည်သာမက
၎င်းတွင်ကြောက်ခမန်းလိလိ တပ်ဆင်ထားသော ဘက်စုံလက်နက်စနစ်များအရ
Combined Fleet ပင်မလိုပဲ အတော်အသင့် အင်အားရှိသောရေတပ်တစ်ခုကဲ့သို့ပင်
တစ်စီးတည်းစစ်ကစားနိုင်စွမ်းရှိကြောင်းသုံးသပ်နိုင်ပါသည်။

ထိုကဲ့သို့သောစွမ်းရည်မျိုးအား US Navy တွင်ပင်မတွေ့ရှိရပါ။ထို့ကြောင့် မဟာပီတာ
စစ္သေဘာၤၾကီးအား စစ္သေဘာၤ ဟုသာမကပဲ ရေတပ်အငယ်စားအဖြစ်ပါတင်စားနိုင်
ပါကြောင်းတင်ပြအပ်ပါသည်ခင်ဗျား ....။


(ကြယ်နီ)




စူပါမားကက်၌..လူတကာ..ကြိတ်ကြိတ်တိုးစေသော်ဝ်

$
0
0



"စူပါမားကက်၌..လူတကာ..ကြိတ်ကြိတ်တိုးစေသော်ဝ် "
-------------------

(၁)
"ဟိုမှာကြည့် "
ဟု ဆရာမင်းလူက ညွှန်ပြသဖြင့် ကျွန်တော်ကြည့်လိုက်သည်။
ကျွန်တော် ရင်သပ်ရှုမောသွားရ၏။ အနော်ရထာလမ်း၏ တစ်ဖက် ၃၃ လမ်းထိပ်မှာ ရောင်ပြန်ကြီးများ တပ်ဆင်ထားသော မြင့်မြင့်မားမား အဆောက်အအုံကြီးကို လှမ်းမြင်ရသည်။ ဗီသုကာပုံစံကိုက အဓိပ္ပာယ် ပြည့်ဝလှသည်။ စွယ်စုံကျမ်းကဲ့သို့ စာအုပ်ထူထူကြီးတစ်အုပ်ကို အလယ်မှ ဖွင့်ပြီး ထောင်ထားသည့် ပုံစံမျိုး။
အဆောက်အအုံကြီးမှာ အတွင်းဘက်သို့ ထောင့်ကိုချိုးပြီး ဆောက်ထားသဖြင့် ရှေ့မှာ ကားရပ်ရန် ကွက်လပ်ရှိနေသည်။

ဆရာမင်းလူနှင့် ကျွန်တော် (တက်သစ်စ စာရေးဆရာပေါက်စဖြစ်တဲ့အပြင် နာမည်ရကာစ ဖြစ်တဲ့ ကျွန်တော် မောင်ပိုင်) စာနယ်ဇင်း စူပါမားကတ်သို့ လာခဲ့ကြခြင်းဖြစ်သည်။ နယ်မှ တက်လာသော ကျွန်တော့်ကို ဆရာမင်းလူက ဦးဆောင်၍ ခေါ်ဆောင်လာခဲ့ခြင်းပင်။
ကားပါကင်တွင် ကားကိုရပ်လိုက်သည်။ ကားတွေကတော့ ပြည့်နေပြီး စနစ်တကျစီထားသည်မှာ ကြည့်လို့ လှ၏။
ဆရာမင်းလူက ရှေ့မှာ သွက်သွက်လျှောက်သဖြင့် ဆရာ့နောက်မှ သွက်သွက်ကလေး ကျွန်တော် လိုက်ရသည်။ ဆရာက မြေညီထပ်ရောက်တော့ ပြောပြသည်။
"ဒီမြေညီထပ်မှာ သတင်းစာတွေ၊ ဂျာနယ်တွေ၊ အခုလ နောက်ဆုံးထုတ်တဲ့ ၀တ္ထုစာအုပ်တွေ ရောင်းတဲ့ စာအုပ်တွေ ရောင်းတဲ့ဆိုင်တွေရှိတယ်၊ ကားရင့်ဖြစ်တဲ့ စာနယ်ဇင်းတွေ ရောင်းတဲ့နေရာဆိုပါတော့ "

ဆိုင်တန်းများ၏အလယ်တွင် ကျောချင်းကပ်၍ ချထားသော ခုံတန်းရှည်များ ရှိ၏။ လူအချို့ထိုင်ပြီး သတင်းစာများ၊ ဂျာနယ်များ ဖတ်နေကြသည်။
"အဲဒါ ငှားဖတ်တဲ့လူတွေ၊ သတင်းစာတစ်စောင် နှစ်ကျပ်၊ ဂျာနယ်တစ်စောင် ငါးကျပ်နဲ့ ငှားဖတ်လို့ရတယ်၊ ဖတ်ပြီး ပြန်အပ်ခဲ့ရုံပဲ၊ အကုန်အကျ သက်သက်သာသာနဲ့ ဖတ်လို့ရတာပေါ့ "
"ကောင်းတာပေါ့ ဆရာ "
မြေညီထပ်တွင်တော့  လူများ စည်ကားလှသည်။ သတင်းထူး၊ သတင်းဦး အစုံကို အချိန်နှင့် တပြေးညီ ထုတ်နေသည့် သတင်းစာ၊ ဂျာနယ်တို့က အရောင်းသွက်လှသည်။ ကိုယ်ပိုင် ၀ယ်ယူခြင်းမရှိပဲ ငှားဖတ်၍ ရတော့လည်း အဆင်ပြေသည်။ ပြီးလျှင် ပြန်လည်အပ်ခဲ့ရုံသာ။
ကျွန်တော်လည်း လောလောလတ်လတ်ထွက်ရှိလာသော စာအုပ်တန်းကို လိုက်ကြည့်နေမိသည်။

(၂)
မြေညီထပ်မှ တဆင့် ရွေ့လျားစက်လှေကားဖြင့် ပထမထပ်သို့ တက်လာခဲ့ကြသည်။
"ဆရာ မောနေဦးမယ်နော် "
"ဒါမျိုးကတော့ မမောဘူးဟေ့ အသက်အရွယ်ကို နောက်ချန်ထားခဲ့တယ် "
ဆရာမင်းလူကတော့ တကယ့် စာရေးဆရာပီသပါပေသည်။ စာအုပ်များ ဖတ်ရှုရမည်၊ ၀ယ်ရမည်၊ ကြည့်ရှုရမည် ဆိုလျှင်တော့ လူငယ်တွေလို လစ်ခနဲ၊ လစ်ခနဲ နေတော့သည်။
တစ်ပတ်လျှင် တစ်ကြိမ် စာအုပ်ဈေးဝယ်ထွက်သည်ဟုလည်း ဆိုသည်။

"ဒီအထပ်မှာတော့ ရေရှည်ဆိုင်ပေါ်တင်ပြီး ရောင်းရတဲ့ စာအုပ်စာတမ်းတွေရှိတယ်။ ကျမ်းစာအုပ်၊ အဘိဓာန်၊ ပညာရပ်ဆိုင်ရာစာအုပ်တွေ၊ ခေတ်ဟောင်းစာပေပညာရှင်ကြီးများရဲ့ စာအုပ်တွေ၊ ဂန္ထ၀င်ဝတ္ထုကြီးတွေကို ရောင်းချကြတာကွ "
အရောင်းဝန်ထမ်း လှပျိုဖြူလေးတွေကလည်း စာအုပ်စာစောင်တွေနည်းတူ ရင့်ကျက်နေသည့် သဏ္ဍာန်ရှိသည်။ စာအုပ်လေးတွေ လက်ကကိုင်ရင်း ဈေးဝယ်သူများကို မျက်မှန်ပေါ်မှ ကျော်ကြည့်ရင်း အပြုံး တို့က ပွင့်လန်းနေကြသည်။

စာအုပ်ဆိုင်များ၏ ကောင်တာပေါ်တွင် ရနိုင်သည့် စာအုပ်များ ကတ်တလောက်စာရင်းကို ချပေးထားသည်။ စာအုပ်ဝယ်လျှင် ၄င်းတို့ ဆိုင်အမှတ်တံဆိပ်ပါသည့် ပလတ်စတစ် လက်ဆွဲအိတ်ငယ် ကလေးများနှင့် ထည့်ပေးသည်။
တစ်စုံတစ်ယောက်ကို စာအုပ်လက်ဆောင်ပို့ချင်လျှင်လည်း လိပ်စာ၊ စာအုပ်ဖိုး၊ စာပို့ခတို့ ပေးထားခဲ့လျှင် စာအုပ်ဆိုင်က တာဝန်ယူ ပို့ပေးသည်ဆို၏။
"ကောင်းလိုက်တဲ့ နည်းစနစ်တွေ "ဟု စိတ်ထဲက ချီးကျူးမိသည်။
"ကဲ ဒုတိယထပ် ဆက်တက်ရအောင် "
ပြောပြောဆိုဆို ဆရာမင်းလူကတော့ ခပ်သွက်သွက်လေး တက်သွားပြန်သည်။ ငေးမောလို့ မ၀သေး သော်လည်း ဆရာ့နောက်က အမြန်လိုက်ခဲ့ရသည်။

ဒုတိယထပ်တွင် နိုင်ငံခြားဘာသာဖြင့် ထုတ်ဝေသော စာနယ်ဇင်းများ ရှိ၏။ အထူးသဖြင့်တော့ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော စာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများ ရောင်းသည်။
ဒီအထပ်ကတော့ ကျွန်တော်နှင့် နည်းနည်းအလှမ်းဝေးသဖြင့် ဝေ့၀ဲကြည့်ပြီး ဆက်တက်ခဲ့သည်။
တတိယထပ်မှာတော့ စာရေးကိရိယာများ ရောင်းသည်။ စာရေးစက္ကူများ၊ ဘောလ်ပင်၊ ဖောင်တိန်မျိုးစုံ၊ စက္ကူချုပ်စက်၊ ဖောက်စက်များ၊ လက်နှိပ်စက်များ၊ မိတ္တူကူးစက်များ၊ ကွန်ပျူတာများ၊ အီလက် ထရွန်းနစ်အဘိဓာန်များ စုံစုံလင်လင် ရှိ၏။
"လိုအပ်တာလေး နည်းနည်းဝယ်လိုက်ဦးမယ်ကွာ "
"ဟုတ်ကဲ့ဆရာ "

စာရေးရန် လိုအပ်သည့် စာရေးစက္ကူများ၊ ဘောလ်ပင်များ၊ ဖောင်တိန်များကို ဆရာက ကြည့်ရှု၍ ၀ယ်ရင်း ပစ္စည်းများကိုကောင်တာပေါ် တင်ပေးသည်။ ဆရာက ကျသင့်ငွေများ ရှင်းပေးပြီး ပစ္စည်းထုပ်ကို ယူ သည်။
"ကျွန်တော့်ကိုပေးဆရာ ကျွန်တော်သယ်ခဲ့မယ် "
ဆရာ့လက်ထဲမှ အထုပ်ကို ကျွန်တော်ယူလိုက်သည်။ ဆရာကတော့ နောက်တစ်ထပ်သို့ တက်ရန် ခြေလှမ်းပြင်လိုက်သည်။ ကျွန်တော်လည်း ဆရာ့နောက်မှ ထပ်ကြပ်မကွာ။

(၃)
စတုတ္ထထပ်သည် စာပေပြတိုက်ဖြစ်သည်။
ပြတိုက်ကြီးမှာ စာပေနှင့်ပတ်သက်သော ပစ္စည်းမျိုးစုံကို ပြသထားသည်။ စက္ကူဖြစ်ပေါ်လာပုံ အဆင့်ဆင့်၊ ပေရွက်မှ ပေစာပြုလုပ်ပုံ၊ ပုရပိုက် ပြုလုပ်ပုံ၊ ကညစ်များ၊ ကံ့ကူဆံများ၊ ကျောက်စာ နမူနာများ၊ ရှားပါးစာအုပ်များ၊ မင်းတုန်းမင်းကြီးလက်ထက် ရတနာပုံသတင်းစာ ရိုက်နှိပ်ခဲ့သည့် ပုံနှိပ်စက်၊ နိုင်ငံကျော် စာရေးဆရာကြီးများ၏ ဓာတ်ပုံများ ၊ လက်ရေးမူများ ပြီးတော့--
စာရေးဆရာကြီးများ သက်ရှိထင်ရှား ရှိစဉ်က အသုံးပြုခဲ့သော ပစ္စည်းများ။

ထိုပြခန်းမှာ အလွန်စိတ်ဝင်စားဖို့ ကောင်းသည်။ ဆရာကြီး ဂျိမ်းစ်လှကျော်၏ "မှတ်စုစာအုပ် "၊ ဆရာကြီးရွှေဥဒေါင်း၏ "ဆေးတံ "၊ ဆရာကြီး ပီမိုးနင်း၏ "ခေါင်းပေါင်း "၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ "ကွမ်းအစ်"၊ ဆရာ ဗဂျီအောင်စိုး၏ ” ရိုးရာခေတ်သစ်ပန်းချီများ ရေးဆွဲခဲ့သော ကလောင်တံ "၊ ဆရာသော်တာဆွေ၏ "ဈေးဝယ်ထွက်သည့် ခြင်းတောင်း "၊ ဆရာမြသန်းတင့်၏ "မျက်မှန်ထူထူကြီး "၊ ဆရာ သာဓု၏ "အမြတ်တနိုးလွယ်ခဲ့သော လွယ်အိတ် "စသည်တို့ကို ပြသထားသည်။
ကျွန်တော့် တအံ့တသြ လိုက်ကြည့်နေမိသည်။ ရုပ်ရှင်ပြတိုက် ဖွင့်လှစ်စဉ်ကတည်းက ဒီလို ပြတိုက်များ စာပေနယ်မှာ ဖြစ်ပေါ်လာလျှင် ကောင်းလေစွဟု ကျွန်တော်တွေးခဲ့ဖူးသည်။ ယခုတော့ တကယ် မြင်တွေ့ရပေပြီ။

ဆရာမင်းလူကို အထူးကျေးဇူးတင်ရမည်။ ဆရာခေါ်ဆောင်လာပေးလို့သာပေါ့။ ဆရာကတော့ ဆရာ့ ဖခင်ဖြစ်သည့် ဆရာ သာဓု၏ ဓာတ်ပုံရှေ့တွေ ငေးမော၍ ရပ်ကြည့်နေသည်။ ဆရာလည်း အဖေကို သတိရနေမှာပေါ့။
"ဆရာ "
"ဟေ "ဟု ထူးသော်လည်း ဆရာ့မျက်လုံးများက မခွာနိုင်သေး။
"ဒီပြတိုက်မှာ နောင်ဆိုရင်တော့ စိတ်ဝင်စားစရာ တစ်နေရာ တိုးလာဦးမယ်ထင်တယ် ဆရာ "
ဆရာက ခပ်ပြုံးပြုံးဖြင့် ကျွန်တော့်ကို ကြည့်သည်။
"လုပ်ပါဦးကွာ ဘာတိုးလာမှာလဲ "
"ခွက်တစ်ခွက်ကို ကိုင်ထားတဲ့ မျောက်တစ်ကောင်ရဲ့ပုံ ဖြစ်မယ်ထင်တယ် ဆရာ။ "
"ဟုတ်လား..ဘယ်လိုတုန်းကွ "
"ဆရာမျောက်လူနှင့် သူသောက်နေကျ ခွက် ဆိုပြီးတော့လေ "
"ဟား…ဟား..ဟား.."
ဆရာကတော့ တဟားဟားဖြင့် သဘောကျသွားသည်။
"ကန်တော့နော်ဆရာ "
"အေးပါကွာ..အေးပါ…ရပါတယ် ငါကလည်း သူများတွေကို စာနဲ့ ကလိထားပြီး ကိုယ့်ကိုယ်ကိုယ် မျောက်လူလုပ်ထားတော့ ခံရမှာပေါ့…အေး..ခုကတည်းက ပါမစ်တောင်းထားလိုက်မယ် "
ကျွန်တော့် ပုခုံးကို ပုတ်ရင်း ရယ်နေသည့် အရှိန်က မပြေသေးပဲ ဆို၏။ နောက်တစ်ဆင့်အပေါ်ထပ်သို့ ဆက်တက်ခဲ့ကြသည်။

(၄)
"ဒီအထပ်ကတော့ စာကြည့်တိုက်၊ မင်းသေချာလိုက်ကြည့်လိုက်ဦး ဟိုဘက်အခန်းမှာ ငါ သွားနားလိုက်ဦးမယ် "
"ဟုတ်ကဲ့ဆရာ "
ဆရာက စာကြည့်တိုက်ဘေးနားအခန်းကို ၀င်သွားသည်။ ကျွန်တော်လိုက်ပြီး လေ့လာလိုက်သည်။

ပဉ္စမထပ်ကတော့ စာကြည့်တိုက်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နှင့် အတော်ဆင်သည်။ ကတ်တလောက်ကတော့ သုံးနေကျပုံစံအပြင် ကွန်ပျူတာနှင့်ပါ အလွယ်တကူ ရှာလို့ရအောင် စီစဉ်ပေးထား သည်။ အင်တာနက်နှင့် ချိတ်ထားသော ကွန်ပျူတာလည်းရှိသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ စာကြည့်တိုက်ကြီး များနှင့် တိုက်ရိုက်ဆက်သွယ်မှုရှိသည်။ ဖတ်လိုသော စာနယ်ဇင်းမှန်သမျှ ထုတ်ယူနိုင်သည်။ စာရွက် ကူးယူ သွားလိုလျှင် တစ်မျက်နှာ တစ်ဆယ်နှုန်းဖြင့် ကူးပေးသည်။
ကျွန်တော်လည်း စာအုပ်များကို လှန်လောကြည့်ရင်း နှစ်သက်သည့် စာအချို့ကို မိတ္တူကူးခိုင်းလိုက်သည်။

စာကြည့်တိုက်ဝန်ထမ်းများက စာရွက်ကို စနစ်တကျ ခေါက်ပြီး စာအုပ်ပုံသဏ္ဍာန်ချုပ်သည်။ အဆင်ပြေလှ သည်။ ကိုယ်လိုချင်သည့် စာတွေကတော့ စာအုပ်အဖြစ် လက်ထဲရောက်လာသည်။ သေသေသပ်သပ်လည်း ရှိလှသည်။
စာကြည့်တိုက်နှင့် ကပ်လျက် အခန်းမှာ စာနယ်ဇင်းသမားများ နားနေခန်းရှိ၏။ ဆက်တီကုလားထိုင်များ၊ ပက်လက်ကုလားထိုင်များ ချပေးထားသည်။ စာပေသမားများ နားနားနေနေ အပန်းဖြေနိုင်သည်။ စာအကြောင်း၊ ပေအကြောင်း ဆွေးနွေးငြင်းခုံနိုင်သည်။

ကျွန်တော် ၀င်ကြည့်မိတော့ ဆရာက စကားဝိုင်းဖွဲနေကြသည်။ စကားကောင်းနေကြသဖြင့် ကျွန်တော်တစ်ယောက်ထဲ နောက်တစ်ထပ်သို့ ဆက်တက်ခဲ့သည်။

(၅)
အပေါ်ဆုံးခေါင်မိုးပြန့်တွင်တော့ လမ်းဘေးစာအုပ်ဆိုင်တန်းတွေ ရှိသည်။ ခေါင်မိုးပေါ်မှာပင် ကတ္တရာ လမ်း၊ ပလက်ဖောင်း စသည်တို့ကို ပုံတူပြုလုပ်ထား၏။ ခရေပင်၊ ရေတမာပင်များလည်း လမ်းဘေးမှာ ရှိသည်။ ပလက်ဖောင်းပေါ်မှာတော့ စာအုပ်အဟောင်းဆိုင်ကလေးများ ချခင်းထားကြ၏။ တကယ့်ကို တူအောင် ပြုလုပ် ထားလေသည်။
စာအုပ်အဟောင်းဆိုင်တန်းတွေကို တစ်ဆိုင်ပြီး တစ်ဆိုင် ၀င်မွှေနေဖြစ်သည်။ တချို့ စာအုပ်မှာ ဈေးကြီးသော်လည်း ထပ်ပြီး မထုတ်ဝေဖြစ်သော ရှားပါးစာအုပ်များကို တွေ့ရသည်။ စာအုပ်တွေကတော့ လိုချင်စရာတွေပင်။

"လမ်းဘေးဆိုင်မှာ ၀င်မွှေရမှ အရသာတွေ့တတ်တဲ့ လူတွေအတွက် လုပ်ပေးထားတာလေ "
ဟု ဆရာက ပြောရင်းဘေးဝင်ထိုင်သည်။ စာအုပ်များကို အာရုံရောက်နေသဖြင့် ဆရာ တက်လာ သည်ကို မသိလိုက်။
"ကဲလာ လက်ဖက်ရည်သောက်ရင်း နားရအောင် "
ဆရာက ပြောပြောဆိုဆို ရှေ့မှထွက်သွားသဖြင့် ကျွန်တော် ထလိုက်လာရသည်။
စာအုပ်ဆိုင်တန်း၏ တစ်ဖက်အစွန်ဆုံးမှာ လမ်းဘေး လက်ဖက်ရည်ဆိုင်ကလေး။ ဆိုင်းဘုတ် ခပ်သေး သေးတစ်ခုကိုလည်း ချိတ်ဆွဲထား၏။
"လေထန်ကုန်း "

လက်ဖက်ရည် သောက်ရင်း စကားပြောနေမိသည်။ စာနယ်ဇင်း စူပါမားကက်၏ အကြောင်းကို ကျွန်တော်တဖွဖွ ချီးကျူးနေမိခြင်းပင်။ ဆရာက တစ်နေရာသို့ လက်ညှိုးညွှန်ပြသည်။
ဆရာ ညွှန်ပြသည့် နောက်ဆိုင်တစ်ဆိုင်ကတော့ စားပွဲခုံတွေ၊ ကုလားထိုင်တွေ စီထားသည်။
"စာပေသမားတွေအတွက် သီးသန့်ဆိုင်ပေါ့၊ အရက်ဆိုင်လေ "
"တယ်ဟုတ်ပါလား "
"ဟုတ်ရုံတင် ဘယ်ကမလဲ၊ မဂ္ဂဇင်းတိုက် တစ်ခုခု၊ ဒါမှမဟုတ် စာပေတိုက်တစ်ခုခုက ငွေရေးကြေးရေး အတွက် တာဝန်ယူမယ်လို့ ထောက်ခံပေးရင် အဲဒီဆိုင်မှာ အကြွေးသောက်လို့ရတဲ့ ကတ်ပြား ထုတ်ပေးထားတယ်၊ အဲဒီကတ်ကို ဘီအီးကတ်လို့ခေါ်တယ် "
"တော်တော်အကွက်စေ့အောင် လုပ်ပေးထားတာပဲ၊ ဒါနဲ့ အဲဒီဆိုင်ရဲ့ နာမည်ကကော "
"လေရူးသုန်သုန်တဲ့ "
သိုင်းကွက်နင်းပြီး ပြန်လာမည့် ခြေလှမ်းတို့နှင့် လေရူးသုန်သုန် အမည်ကား လိုက်ဖက်လှစွာပါတကား။

"ဆရာရော ညနေဆို ရီးလေ့လေ့ ပဲလား "
"မလေ့တော့ပါဘူးကွာ ကျန်းမာရေးလေ၊ ကျန်းမာရေး ဆင်ခြင်မှ ရမှာ "
အမိုးထပ်ဆီက လမ်းဘေးဆိုင်တန်းတွေကိုကြည့်ရင်း ကျွန်တော် သဘောကျနေမိသည်။ စာပေလောက၏ စာနယ်ဇင်းစူပါမားကတ်ကြီးသည်ကာ ကမ္ဘာပေါ်တွင် ရှားမည်ထင်သည်။ ကျေနပ်အားရစရာ ကောင်းလှသည်။ စာပေလောကသားတို့နှင့် စာပေ၀ါသနာရှင်၊ စာဖတ်သူတို့အတွက် အတော်အဆင်ပြေ အသုံးဝင်လှသော စူပါမားကတ်ကြီးပါတကား။

(၆)
"ပန်းဆိုးတန်း ပါလား "
ဟူသော အသံကြားလိုက်မှ ဆရာမင်းလူ၏ စိတ်ကူးအတွေးတို့ လွှင့်စင်သွားကုန်တော့၏။
ထို့အတူ ဆရာမင်းလူ၏ ၁၉၉၉ ခုနှစ် ဇွန်လထုတ် ကလျာမဂ္ဂဇင်းပါ "စာနယ်ဇင်း စူပါမားကတ် "ကို ဖတ်ရင်း ကိုယ်တိုင်ပါဝင် လိုက်ပါစီးမျှောနေသော ကျွန်တော့်ခံစားမှုတို့သည်လည်း ရပ်တန့်သွားရသည်။
သြော် ဒီလို စူပါမားကတ်ကြီးတစ်ခုလောက်များ စာပေလောကအတွက် ဖြစ်ပေါ်လာပါက ကောင်းမွန် လှစွာပါတကား။ သို့သော် ..သို့သော်ဆိုသည့်အတွက် ဆရာစိတ်ကူးခဲ့သော ခုနှစ်နှင့် ယခု ရောက်ရှိ ခုနှစ်တွက် ကြည့်လျှင် ၁၆ နှစ်မျှ ကြာမြင့်ခဲ့ပြီ။

လူသုံးကုန် ရောင်းဝယ်စင်တာကြီးတွေ တစ်ခုပြီး တစ်ခု နိုင်ငံအ၀ှမ်း ဖွင့်လှစ်ကြသည်မှာ အားရစရာ ကောင်းလှသည်။
စာပေလောကအတွင်းတွင်မတော့ စာအုပ်ထုတ်ဝေပေးသည့် စာအုပ်တိုက်ကြီးတို့သည် တစ်ခုပြီး တစ်ခုပိတ်လာနိုင်သည့် အနေအထားသည်ကား ရင်နာစရာ၊ ၀မ်းနည်းစရာကောင်းလှသည်။ တစိမ့်စိမ့်တွေး ကြည့်ပါလျှင် တိုင်းပြည်နိုင်ငံအတွက် ရင်လေးစရာလည်း ကောင်းလှပါပေ၏။

(၇)
ရပ်ကွက်အတွင်းရှိ စာအုပ်ဆိုင်လေးတွေ တွက်ချေမကိုက်သဖြင့် ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင် ပိတ်သွားသည်။ မဂ္ဂဇင်းတစ်အုပ်ဝယ်လျှင် ၂၀၀၀ ၊ ၃၀၀၀ ကျပ်ခန့် ပေးရသည်။ ငှားလျှင် တစ်အုပ် ၂၀၀ ။ လက်ဖက်ရည်တစ်ခွက် ၁၅၀ ၊ ဂျာနယ်တစ်စောင် ၄၀၀၊ ၅၀၀ ပေးသောက်ကြ၊ ၀ယ်ဖတ်ကြသော်လည်း စာအုပ် ၂၀၀ ကို ငှားသူရှားပါလာသည်။

လူ ၁၀ ဦးခန့်ငှားလျှင်ပင် အရင်းကြေနိုင်သော်လည်း(ဒါတောင် စာအုပ်အဖုံးချုပ်ခ မပါ) ၁၀ ဦးပင် ပြည့်အောင် မငှားနိုင်တော့ စာပေ၀ါသနာကြီးလွန်းသော စာအုပ်ဆိုင်မှအပ စီးပွားရေးအရတွက်ချေမကိုက် သဖြင့် စာအုပ်အငှားဆိုင်များပိတ်သွားကြရသည်။
ခေတ်ရေစီးကြောင်း တိုးတက်ပြောင်းလဲဖြစ်ထွန်းလာခြင်းသည်လည်း အပါအ၀င်ပင်။ စာအုပ်တစ်အုပ် ထောင်ချီပေးမ၀ယ်တော့။ အင်တာနက်တွင် အခမဲ့ ဒေါင်းလုတ်ယူပြီး ဖတ်ကြသည်။
ဖတ်ရသည့် အရသာခြင်းတော့မတူ။ ခံစားရမှုခြင်းမတူ။ ကွန်ပျူတာဖြင့် ဖတ်လျှင်ပင် စာမျက်နှာ ၁၀ မျက်နှာခန့် ရောက်သည်နှင့် မျက်လုံးက ၀ါးချင်လာသည်။ ညောင်းချင်လာသည်။ ဖတ်ရင်း တွေးရသည့် အရသာလည်း ကွာခြားလာသည်။

လူတိုင်းကိုယ်စီ ဖုန်းကိုင်နိုင်သည့် အခြေအနေဖြစ်လာသည့်အခါ ဖုန်းထဲထည့်၍ အလွယ်တကူ စာဖတ် လာနိုင်သည်။ သို့သော် စာအုပ်ဖတ်ဖြစ်သည့်အချိန်ကတော့ဖြင့် အတော်နည်းပါး ပါလိမ့်မည်။
စာအုပ်အရောင်းများကျဆင်းလာခြင်းတွင် စာအုပ်ဈေးကြီးမြင့်ခြင်းသည်လည်း တစ်ခုပါဝင်မည် ထင်သည်။ အင်မတန် နာမည်ကြီးပြီး ကောင်းမွန်လှသော (စက္ကူအရည်အသွေး၊ စာပေအရည်အသွေး) စာအုပ်တစ်ခုသည် ၅၀၀၀၊ ၆၀၀၀ ခန့်ဖြစ်လာသည်။ ဒီတော့ စာအုပ်တစ်အုပ် ၂၀၀၀၊ ၃၀၀၀ ကိုပင်လက်တွန့် နေသူများအဖို့ ထိုစာအုပ်တို့သည်ကား အလှမ်းဝေးသွားသည်။

စာပေကို တကယ်မြတ်နိုးသော်လည်း စာအုပ်ဝယ်ယူနိုင်ရန်အတွက် ခက်ခဲလာသည်ဟု ဆိုနိုင်မည် ထင်ပါသည်။
စာရေးသူ၊ စာအုပ်ထုတ်ဝေသူဘက်ကကြည့်လျှင်လည်း ဤသို့ ပြုလုပ်မှ အရင်းလောက် ကျနိုင်မည့် အနေအထားဖြစ်သည်။ ထုတ်လုပ်မှုစရိတ်စကများ မြင့်မားလာခြင်းကြောင့်လည်း ဖြစ်သည်။
ထို့ပြင် လူပေါင်း သန်း ၅၀ ကျော်ရှိသည့် နိုင်ငံတွင် စာအုပ်ရေ ၅၀၀ ရိုက်သော စာအုပ်ပင်လျှင် ရောင်း၍ မကုန်နိုင်။ ဒီလိုဖြင့် စာအုပ်လောကကြီးသည် သံသရာလည်ရင်း အကျဘက်သို့ ဦးတည် လာတော့သည်ဟု ထင်ပါသည်။

(၈)
" The room without books is a body without a soul. "
"စာအုပ်များမရှိသော အခန်းသည် အသက်မရှိသော ခန္ဓာကိုယ်နှင့် တူ၏ "ဟု ဆိုပါသည်။
ကျွန်တော်တို့နိုင်ငံရှိ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင် အရက်ဆိုင်၊ ဘီယာဆိုင် မရှိသော ရပ်ကွက်၊ မြို့နယ်သည်ကား ရှားမည်ထင်သည်။ ရပ်ကွက်တိုင်းမရှိသည်ထား မြို့တိုင်းတွင်ရှိမည်။
ရှိသည့်ဆိုင်တိုင်းသည်လည်း အရင်းပြုတ်၍ ပိတ်လိုက်ရသည်ကား ပို၍ ခပ်ရှားရှားပင်ဖြစ်မည်။ အသစ်တစ်ဆိုင်ပြီးတစ်ဆိုင် ပေါ်လာသည်။ ဖွင့်လိုက်သည့်ဆိုင်တိုင်းတွင်လည်း အနည်းနှင့် အများ လူစည်သည်။

သို့သော် မြို့တိုင်းတွင် စာကြည့်တိုက်ရှိသည်ကား ရှားသည်။ ရှိသည့် စာကြည့်တိုက်တို့သည်လည်း ဖွင့်ရက်နှင့် ပိတ်ရက် ပိတ်ရက်က ပိုနေသည့်အနေအထားရှိသည်။
လူမစည်ကားရသည့် အရပ်ပမာ စာကြည့်တိုက်တို့သည်လည်း သွေ့ခြောက်နေတတ်ပါသည်။ ဘာကြောင့် စာဖတ်သူများ နည်းပါး၍ သွားကြပါသလဲ။ သူ့အကြောင်းတရားနှင့် သူတို့တော့ ရှိနေပါလိမ့်မည်။
ထိုသို့ဖြင့် ကျွန်တော်တို့၏ အနာဂတ် တိုင်းပြည်ကြီးသည် ခန္ဓာရှိသော်လည်း အသက်မဲ့သည့် ခန္ဓာပမာ အပုပ်နံ့တို့ ကြိုင်လှိုင်လာနိုင်ပါတော့သည်။ ဤသို့ဖြင့် စာအုပ်စာပေ သံသရာကြီးသည်ကား….

(၉)
အားရပါးရရယ်နေသော ဆရာဖေမြင့်၏ အရုပ်ပါးစပ်နေရာတွင် အပေါက်ဖောက်ထားသည်။ ထိုအပေါက်ထဲသို့ တင်းနစ်ဘောလုံးကို ၀င်အောင်ပစ်ရမည်။ ၀င်သွားလျှင် ဆုကြေးအဖြစ် ဆရာဖေမြင့်၏ "နှလုံးသား အာဟာရ "စာအုပ်တစ်အုပ် ရရှိမည်။ ပရိသတ်တွေက-
"ဘောလုံးကို သုံးလုံးတစ်ရာနဲ့ ၀ယ်ပြီးတော့ ၀င်အောင်ပစ်နိုင်မှ စာအုပ်တစ်အုပ်ဆိုတော့ မတန်ဘူးကွ၊ ဘီယာဘူးတို့၊ ဖျော်ရည်ပုလင်းတို့ ပေးမယ်ဆိုရင် တော်သေးတယ် "ဟု ၀ိုင်းပြီး ဝေဖန်ကြသည်။

"အမျိုးသမီး ထုတ်ဝေသူများ စာအုပ်အရောင်းဆိုင် ၀ယ်ယူအားပေးသူ ပရိသတ်ကြီးကို စာအုပ်ယိမ်းဖြင့် ဖျော်ဖြေမည် "
"တစ္ဆေသရဲ ၀တ္ထုရေးသူတွေ စုပြီး ပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ သရဲရထားအစီအစဉ်ပြုလုပ်ထားသည်။ စာရေးဆရာများကိုယ်တိုင် သရဲများအဖြစ် ခြောက်လှန့်ပေးမည်ဖြစ်သည်။ "
"သစ္စာနီ၊ မင်းလူ၊ ပဉ္စမံဒီရိုင်း…သုံးအုပ်တစ်ထောင်၊ သုံးအုပ် တစ်ထောင် "
"စာအုပ်ဝယ်သူတိုင်းကို သားစိုး၏ လုံးဝ မစီစဉ်ရသေားသော စီဒီတစ်ချပ် လက်ဆောင်ပေးမည် "

သို့ကလို ထိုသို့ ဆရာမင်းလူ၏ "စာပေ ငွေပေါ် အရင်းပြုတ် ဈေးပွဲတော်ကြီး "ထဲက အတိုင်း စာအုပ်များကို Stage Show တွေ၊ ကံစမ်းမဲတွေ၊ Miss တွေ၊ Fashion ပွဲတွေ၊ အဆိုပြိုင်ပွဲတွေ လုပ်ပြီး ရောင်းရမည့်အနေအထားရှိသည်။
ထိုအခါ ..
"စာအုပ် Stage Show အထူးဈေးရောင်းပွဲတော်ကြီးကို ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်၊ ဖျော်ဖြေတင်ဆက်မည့် အဆိုတော်တွေကတော့ လွှမ်းပိုင်၊ ရဲရင့်အောင်၊ ဝေလ၊ ဂျောက်ဂျက်၊ ထက်ထက်၊ အိမ့်ချစ်၊ နီနီခင်ဇော်စတဲ့ နာမည်ကြီးအဆိုတော်တွေက ဖျော်ဖြေတင်ဆက်သွားမှာပါ။ အထူးအစီအစဉ် အနေနဲ့ကတော့ ပွဲဝင်လက်မှတ်ပါ နံပါတ်တွေကို ကံစမ်းမဲ ဖောက်ပေးဦးမှာ ဖြစ်ပါတယ်။ "

"ကွင်းဝင်ကြေးနဲ့ ကွင်းဝင်လက်မှတ်အနေနဲ့ကတော့ စာရေးဆရာ မောင်ပိုင်၏ "ဘ၀အရောင် "စာအုပ်ဖြင့် ၀င်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစီအစဉ်ကောင်းတွေကို လက်မလွှတ်ရလေအောင် ဘ၀အရောင် စာအုပ်ကို လက်မလွှတ်တမ်း ပြေး၍ ဆောင်ထားကြပါတော့၊ ၀ယ်ထားကြပါတော့ "

(၁၀)
ဆရာမင်းလူ၏ စာနယ်ဇင်း စူပါမားကတ်ကြီးထဲ၌ လူအများ ကြိတ်ကြိတ်တိုး စည်ကားပါစေသော်ဝ်.. စည်ကားပါစေသော်ဝ်… စည်ကားပါစေသော်ဝ်..။

************

မောင်ပိုင်
၂၁-၄-၂၀၁၅

ဆရာမင်းလူ၏ စာများကို ဖတ်ရှုရင်း ထပ်ဆင့်ခံစား
ရေးမိပါသည်။
တမလွန်က ဆရာ နားလည်ခွင့်လွှတ်နိုင်ပါစေသား။
သို့မဟုတ်က သာဓုဟု (ဆရာ့အဖေအမည်ကို) ခေါ်နိုင်ပါစေသား။

ရွှေမလို၊ငွေမလို ရေ ကိုသာအလိုရှိပါသည်(၁)

$
0
0

×××××××××××××××××××××××××
သည်အချိန်ရောက်လာရင် ကျနော့်စိတ်တွေဖေါက်ဖေါက်လာတယ် ဆိုတဲ့ ကျနော်တို့ငယ်ငယ်က ကောလိပ်ဂျင်နေ၀င်းလားမသိဘူး ဆိုခဲ့တဲ့ ရုပ်ရှင်ဇတ်ဝင်သီချင်းလေးတပိုင်းတစကို သတိရမိပါတယ်၊
သည်အချိန်ရောက်တဲ့အခါတိုင်း ကျနော်တို့မဟာရန်ကုန်ရွှေမြို့တော်ကြီးရဲ့ တခေါ်တအော်လောက် အကွာအဝေးက ကြည့်မြင်တိုင်တဖက်ကမ်းနေပြည်သူတွေမှာလည်း သောကတွေရောက် အမောတွေဖောက်ဖောက်လာရတဲ့အချိန်ပါဘဲ၊ 


မနက်မိုးလင်းတာနဲ့မျက်နှာသစ်ဖို့အသာထားထမင်းချက်ဖို့ရေ
တခွက်ရဖို့အရေးအလုအယက်တန်းစီဖို့ပြင်ကြရပါပြီ၊ရေအလှုရှင်တွေလှုတဲ့ ရေသမာန်တစီးလာရင် ကိုယ့်တအိမ်ထောင်အတွက်ဝေစုက ငါးဂါလံဝင်ရေပုံးနှစ်ပုံးပါ၊ညကထဲက ကျေးရွာလူကြီးအိမ်မှာ သည်နှစ်ပုံးအတွက် တုံကင်စာရွက်ပိုင်းလေးတရွက်ရပါတယ်၊ဒါဆို ရေနှစ်ပုံးတော့သေခြာသွားပါပြီ၊မနက်မိုးလင်းတာနဲ့ ကို့အိမ်ကရေပုံးနှစ်လုံးကို ရေသမာန်လာမဲ့လမ်းမှာတန်းစီရပါတယ်၊ သည်နောက်တော့ ရေသမာန်လာမဲ့အချိန်ကိုလည်ပင်းညောင်ရေအိုးဖြစ်အောင်မြော်ကြရပါတော့တယ်၊

ရပ်ရွာလူကြီးတွေစီကိုသမာန်လာမဲ့အချိန်လေးကပ်မေးလို့ အချိန်ရရင်အိမ်ပြန်ပြေး ပြီးချက်ရေးပြုတ်ရေး စီစဉ်ရပါတယ်၊ခလေးတဖက်နဲ့သားသယ်အမေတွေဆိုလည်းနို့တွဲလွဲနဲ့ရေသမာန်အဆိုက် ကိုခလေးနို့တိုက်ရင်းမြော်နေကြရပါတယ်၊ တချို့ပေါက်ပေါက်ရောက်ရောက်ရွာသားတွေကတော့ လက်ထဲကဖုန်းတလုံးနဲ့သမာန်ပေါ်ကအချိတ်အဆက်ရှိတဲ့လှေထိုးသားတွေစီဆက်လို့ ရောက်နိုင်မဲ့အချိန်ကိုမေးကြပါတယ်၊ ရေသမာန်စက်လှေတွေခင်မျာလည်း တတ်နိုင်သမျှအမြန်ပို့ပေးခြင်ပေမဲ့
တဖက်ကမ်းမဟာရန်ကုန်ရွှေမြို့တော်အခြမ်းကရေသွားထဲ့တဲ့အခါ ရေ၀ယ်ရတဲ့နေရာ သူတို့အခေါ်ရေတိုင်က ၂ခုဘဲရှိတဲ့အတွက်ရေစက်လှေတွေခင်မျာ အလှည့်ကျတန်းစီစောင့်ရပါတယ်၊ လိုခြင်တိုင်းယူဖို့၊ အချိန်ကိုက်ပို့ပေးဖို့မရတော့ပါဘူး

သည်တော့ သည်ရေအခက်အခဲဟာ ဘ၀တွေကိုလည်းစား၊အချိန်တွေကိုလည်းစား၊ နိုင်ငံတော်ဘဏာတွေကိုလည်းစားနဲ့လူလားမြောက်နေခဲ့တာကြာပါပြီ၊
သည်အခက်အခဲကအခုမှဖြစ်လာတာလားဆိုတော့ မဟုတ်ရပါဘူး၊နှစ်ပေါင်းများစွာကြာခဲ့ပါပြီ၊ဒါပေမဲ့ အရင်ကသည်လောက်မခက်ခဲခဲ့ပါဘူး ရှေးလူကြီးတွေကအမြော်အမြင်နဲ့ရွာတွေရွာတွေမှာမိုးရေလှောင်ကန်ကြီးတွေ တူးဖော်လို့ရွာလူထုအတွက်ရေစုဖို့ ကိုယ့်အားကိုယ်ကိုးကြိုးစားခဲ့ပါတယ်၊ဒါကြောင့်သည်ရွာတွေမှာ တဧက၊ဧက၀က်လောက် ရေလှောင်ကန်ကြီးတွေတွေ့နေရတာပါ၊သည်ကန်ကြီးတွေကို မခန်းခြောက်ဖို့၊ရေနေဖို့၊မိုးရွာရင်ရေအပြည့်ရဖို့ ရွှေတွင်းကြီးတွေလိုဘဲ ရွာသူရွာသားတွေက ဂရုစိုက်ခဲ့ကြပါတယ်၊ဒီကန်ကြီးတွေကရေနဲ့ဘဲခေတ်အဆက်ဆက် အသက်ဆက်ခဲ့ကြပါတယ်၊
ဒါပေမဲ့ အခုနောက်ပိုင်း(၁၀)စုနှစ်တွေမှာတော့ သည်ရေကန်ကြီးတွေရဲ့ကျန်းမာရေးက ချူခြာ လာခဲ့ပါပြီ၊အိုမင်းမစွမ်းဖြစ်လာခဲ့ပါပြီ၊မိအိုဖအိုတွေကိုမသိတတ်တဲ့သားသမီးတွေလို သည်ရွာတွေမှာပျံကျလာနေတဲ့ သူတွေများလာ၊အချိန်တန်ရေခပ်ရပြီးရော ကန်ပြင်ဖို့က ငါတို့အလုပ်မဟုတ်
အစိုးရအလုပ်လို့မြင်လာတဲ့အခါမှာ သည်အဖိုးကန် အဖွားကန်ကြီးတွေက ဆန်ငင်ဆန့်ငင်နဲ့အသက်ထွက်ဖို့ပြင်နေရပါပြီ၊သည်လို ကျေးရွာဓလေ့မိသားစု စံနှုန်းတွေကျဆင်းလာတဲ့အပြင်
Golbal Warning ဆိုတဲ့ကမာကြီးပူနွေးမှုမြင့်တက်လာတာ၊Population လူဦးရေတိုးပွားလာတာတွေဟာ
ဒေသတွင်းရေအခက်အခဲကိုမရှုနိုင်မကယ်နိုင်အဖြစ်ကိုတွန်းပို့နေပါတော့တယ်၊

သည်ရေအခက်အခဲက တနှစ်ပတ်လုံးဖြစ်နေတာတော့ မဟုတ်ပါဘူး၊မတ်လကနေသြဂုတ်လလောက် အထိတော့အပေါ်ကကျနော်ပြောခဲ့သလို ရေကိုတန်းစီတိုးစားနေရတာပါ၊မိုးဦးစောမယ်၊မိုးကောင်းမယ်ဆိုရင်တော့ ကန်တွေထည်းရေပြည့်လို့နောက်ပိုင်း(၆)လ(၇)လတော့ရေအရေးစိတ်အေးရတယ်လို့ဆိုပါတယ်၊
ကျနော် က ခင်ဗျားတို့မြစ်ဘေးမှာနေပြီးမြစ်ရေသောက်၊မြစ်ရေသုံးလို့မရဘူးလားမေးတော့၊ ကျနော့ကို သောက်တာသုံးတာပေါ့ဆရာရယ် ဒါပေမဲ့ အခုမတ်လ ကနေ နွေကာလတလျောက်လုံးမြစ်ရေက ရေငန်ထိုးနေတာလေ မြစ်ရေကိုဆရာနဲနဲမြည်းကြည့်ပါလား ဆိုပြီးရေခွက်လေးနဲ့အနည်စစ်ထားတဲ့ ရေအိုးထဲကခပ်ပေးပါတယ်၊ 

ကျနော်လည်းအရင်ကစစ်သားမဟုတ်လားတောထဲတောင်ထဲတွေ့သမျှရေ တပိသာပြည့်ရင်သန့်တာဘဲကွဆိုပြီးေ သာက်ခဲ့ဘူးသူဆိုတော့ ဘာရမလည်းရဲရဲကြီးသောက်ပြလိုက်မဟဲ့စိတ်ကူးနဲ့ပေါ့၊ တငုံလောက်ငုံကြည့် မိပါတယ်၊ပင်လယ်ရေအလားငန်နေတော့အမြန်ဘဲပြန်ထွေးထုတ် လိုက်ရပါတယ်၊ ခုသူတို့စုထားတဲ့မြစ်ရေက သောက်ဖို့တော့မဟုတ်ပါဘူး၊အ၀တ်အစားလေးတွေလျှော်ဖို့ ၊ ခြေလက်ဆေးဖို့ပါဘဲ၊သောက်ရေသုံးရေတော့
စည်ပင်ကဝေပေးတဲ့ရေစက်လှေနဲ့ အလှုရှင်တွေရဲ့ရေစက်လှေတွေကိုမြော်ကြရပါတယ်၊ 

တခါတလေစည်ပင်စက်လှေနောက်ကျတာ၊အလှုရှင်မပေါ်ပေါက်တော့တာမျိုးဆိုရင်နောင်ခါလားနောင်ခါဈေး သည်ခံထားတဲ့မြစ်ရေငန်တွတ်တွတ်နဲ့ဘဲချက်ကြပြုတ်ကြသောက်ကြသုံးကြရပါတယ်။ သည်အခါမှာ အခန့်မသင့်ရင်ဝမ်းပျက် ၀မ်းလျောတွေဖြစ်ကြ အရေပြားရောဂါတွေဖြစ်ကြနဲ့ ကျီးလန့်စာစားဖြစ်ကြရ ပါတယ်၊မြစ်ဆိပ်ကိုရေဆင်းခပ်တဲ့ ကလေးသူငယ် သက်ကြီးရွယ်အိုတွေ ဆိုလည်း နှစ်စဉ် ဆိုသလိုမြစ်ထဲပြုတ်ကျသေဆုံးကြရပါတယ်၊ 

တလောကဘဲဆိပ်ကြီးရွာက(၃)တန်းကျောင်းသူ မဇင်မာထွန်းဆိုတဲ့ကလေးလေးရေခပ်ဆင်းရင်း အ၀တ်လျှော်ရင်း သူ့အကျီင်္လေးရေထဲကျလို့လှမ်းဆွဲလိုက်တာရေထဲပါသွားပါတယ်၊အလောင်းကိုတော့ရွှေပြည်သာတံတားနားမှာသွားဆယ်ရတယ်ဆိုပါတယ်၊ခေတ်အဆက်ဆက်ရေ အတွက်ပေးခဲ့ရတဲ့အသက်တွေကမနည်းတော့ပါဘူး။

(ဆက်ရေးပါဦးမည်)


Khin Mg Thant 

ရွှေမလို၊ငွေမလို ရေ ကိုသာအလိုရှိပါသည်(၂)

$
0
0

×××××××××××××××××××××××××
ကျနော်တို့ကြည့်မြင်တိုင်တဖက်ကမ်းမှာရေအခက်အခဲရှိတဲ့ရွာအတော်များပေမဲ့အဆိုးဝါးဆုံးခံစားနေရတာက (၁၁)ရွာရှိပါတယ်၊တချို့ရွာတွေက ကုသိုလ်ကံကောင်းတော့ ရေတွင်းတူးလို့ရကြလို့ပါ၊ သူတို့အပြော အပေါ်ရေကြောပေါက်တယ်ဆိုလားပါဘဲ၊ဒါပေမဲ့ တွင်းတိမ်တွေသာများပါတယ်၊ သည်ရတယ်ဆိုတဲ့ရေကလည်း တင်းပြည့်ကြပ်ပြည့်သောက်သုံးရေဆိုပြီးရတဲ့ရေတွင်းကရှားပါတယ်၊ညသိပ်ပြီးမှသုံးလို့ရတယ်၊
အပေါ်ယံတက်လာတဲ့ ရေဂျိုးတွေဖယ်ပြီးမှသုံးလို့ရတယ် ပြောကြပါတယ်၊ သည်ရေထဲမှာထုံးဓါတ်များနေသလား၊ အာဆင်နစ်ပါနေသလား၊ဘယ်သူမှမသိပါဘူး၊ရေဆိုတာနဲ့သုံးဖို့သောက်ဖို့သာစဉ်းစာနိုင်ကြပါတယ်၊


ကျန်မာရေး ဗဟုသုတ ဆိုတာလည်းနည်းလွန်းတော့ ရေရှည်မှာပြသာနာတွေကြုံလာ၊ ရောဂါဘယတွေ ထူပြောလာရတာပါ၊ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျနော်တို့အရပ်ဒေသကို သေသေခြာခြာကွင်းဆင်းပြီး ရေ အရည်အသွေးစစ်ဆေးပေးတာ၊ကျန်းမာရေးဗဟုသုတဖြန့်ဝေပေးတာ၊ကျန်းမာရေးစောင့်ရှောက်ပေးတာတွေ
လုပ်ပေးစေခြင်ပါတယ်၊တနေ့က စက်ဆန်းအေးရွာဖက် စာကြည့်တိုက်လေးဆောက်နေတယ်၊ လာကြည့်ပေးဦး၊စာအုပ်ဘီဒိုနဲ့ စာအုပ်တွေလှုပါဦးလို့ မိတ်ဆွေကြီးကိုတင်စိန်ဖိတ်ခေါ်လို့ သွားခဲ့ပါတယ်၊စာကြည့်တိုက်သွားရာလမ်းမှာ ကျန်မာရေးဝန်ကြီးဌာနက ဆောက်ပေးထားတဲ့ (၁၆)ကုတင်ဆန့်ဆေးရုံအသစ်လေး(မဖွင့်ရသေး)ကိုတွေ့တော့ အားတက်မိပါတယ်၊

တနှစ်တနှစ် အသည်းအသန်လူနာတွေ လမ်းပေါ်မရောက်ခင် ကန်သင်းရိုးပေါ်မှာဘဲအသက်ပြောက်ခဲ့ရတာတွေ၊ တဖက်ကမ်းကူးဖို့သမာန်စက်လှေပေါ်မှာဘဲသေခဲ့ရသူတွေကို ပြန်မြင်လာခဲ့ပါတယ်၊ သည်ဆေးရုံလေးပေါ်ပေါက်လာအောင် ကြိုးပမ်းအားထုတ်ပေးခဲ့သူများကိုလည်း ကျေးဇူးတင်မိပါတယ်၊ ဆေးရုံတည်ဆောက်ပြီးဝေဒနာတွေကုသပေးသလိုဘဲ ရောဂါဘယတွေမဖြစ်အောင် ကြိုတင်ပြီး အသိပညာပေးတာ၊ကျန်းမာရေးစောင့်ရှောက်တာတွေ လုပ်ပေးပါလို့လည်းတောင်းဆိုခြင်ပါတယ်၊
ရေကိစ်စကိုဆက်ရရင်တော့ ရေအခက်အခဲဖြစ်နေတဲ့ရွာ(၁၁)ရွာ မှာအရမ်းခက်ခဲတယ်လို့ကြားရတာတော့ ဂျောင်ဝိုင်းလေး၊ဆိပ်ကြီး၊ဦးမြ ငါးစင်၊ပန်းပင်ချောင်စတဲ့ရွာတွေပါဘဲ၊တခြားရွာတွေက လည်းအခက်အခဲရှိပေမဲ့ ကျနော်အစကတင်ပြထားသလိုဘဲ ရေတွင်းအနည်းငယ်ရှိတာရယ်၊တချိုကကြတော့လည်းချောင်လည်တော့ ရေ၀ယ်သုံးနိုင်တာတွေကြောင့်နဲနဲခုသာခံသာဖြစ်နေတာပါ၊

သည်လိုရေပြတ်လပ်တာကို ရန်ကုန်မြို့တော်စည်ပင်သာယာနဲ့ တာဝန်ရှိသူတွေကကြည့်နေသလားဆိုတော့၊ အဲသည်လိုလည်းမဟုတ်ပါဘူး၊ နှစ်စဉ်ဖြစ်နေတဲ့ သည်အခက်အခဲကို နှစ်စဉ်ရေသမာန်တွေနေ့တိုင်း ပေးပို့ဖြည့်ဆည်းပေးနေပါတယ်၊ အခမဲ့ပေးဝေတာပါ၊

တနေ့ကစံတော်ချိန်သတင်းစာမှာ အခုမတ်လ ကနေ ဧပြီ ၂၂ရက်နေ့အထိ သည်ဖက်ဒေသကိုရေဂါလံပေါင်း
၁၉သိန်းကျော်ဖြန့်ဖြူးကူညီထားတယ်လို့ပါပါတယ်၊ဒါပေမဲ့ ဆင့်ပါးစပ်နှမ်းပက်သလိုဖြစ်နေတာတော့ အမှန်ပါဘဲ၊စည်ပင်အနေနဲ့လည်းသူရသမျှဘတ်ဂျတ်တွေထည်းက အကန့်အသတ်နဲ့ဆောင်ရွက်ပေးနေ
ရတာကိုလည်း သဘောပေါက်ပါတယ်၊ဒါပေမဲ့မလောက်တာကတော့မလောက်တာပါဘဲ၊

ကျနော်သွားလှုတဲ့ ဆိပ်ကြီးရွာမှာစည်ပင်ရေအလှုကိုစုံစမ်းကြည့်ပါတယ်၊နေ့စဉ်လာလှုပါတယ်တဲ့၊
ခွဲတမ်းအရဆိပ်ကြီးက ၄၀၀၀ဂါလံ၊ဦးမြ ၄၀၀၀ ငါးစင်၄၀၀၀ စက်လှေတစင်းစီရပါတယ်၊အဲသည်ရွာ(၃)ရွာမှာဘုစုခရုအပါအ၀င်၁၈၀၀၀လောက်ရှိပါတယ်၊ လူတယောက်ရတာ ၁ဂါလံမပြည့်ပါဘူး၊.၆၅ဂါလံပဲရတာပါ၊ ဒါကသချာင်္နည်းနဲ့တွက်ချလိုက်တာပါ၊တကယ့်တကယ်စည်ပင်ကဂါလံ၄၀၀၀ ဟာသမာန်အခြေအနေ ကြောင့်ဂါလံ၄၀၀၀မပြည့်တာတွေ၊ပြည့်တော့လည်းရေလှောင်ကန်မရှိတော့ စက်လှေက တိုက်ရိုက်မောင်းတင်ပေးတဲ့ရေကို ပိုက်ကနေပုံးထဲတိုက်ရိုက်မောင်းထည့်ပေးရတော့ ဖိတ်တချို့စင်တချို့နဲ့မပြည့်ဝတာတွေကြောင့်လူတယောက်အတွက်ကိုယ်တာဟာဂါလံဝက်လောက်တောင်
မသေခြာပါဘူး၊ သည်တော့ စဉ်းစားကြည့်ကြပါ၊လူတယောက်ရတဲ့ရေ ဂါလံဝက်က ရေချိုးဖို့မပြောနဲ့ သောက်ဖို့စားဖို့တောင်အဆင်ပြေပါ့မလားလို့လေ၊သည်လိုအခြေအနေတွေကြောင့်အလှုရှင်တွေကို
အမောတကောမြော်နေ၊ရေသမာန်ရောက်လာတော့လည်းအလုအယက်ခပ်နေကြရတာပါ၊ သည်လိုပါဘဲ ဂျောင်ဝိုင်းလေးဖက်ဆိုလည်းရေအတွက်အရမ်းခက်ခဲနေပါပြီ၊ 

ကျနော်မရောက်သေးလို့နောက်နေ့တော့ဂျောင်ဝိုင်းလေးကိုသွားပါဦးမယ်၊ စည်ပင်က ရေလှုနေတာကို လေ့လာကြည့်တော့ သူလည်းမနိုင်ရင်ကာလုပ်နေရတာတွေ့ရပါတယ်၊သည်ကျေးရွာ၁၁ရွာလူဦးရေသိန်းဂဏန်းကို စက်လှေ (၃)ဖွဲ့ခွဲပြီးတာဝန်ပေးထားတာတွေ့ရပါတယ်၊စက်ဆန်းဖက်မှာ ဦးပါကြီးစက်လှေအုပ်စု၊အလတ်ချောင်းဖက်မှာ ဦးစောမြရွှေစက်လှေအုပ်စု၊သည်ဆိပ်ကြီးဦးမြငါးစင်ဖက်မှာက ဦးဟန်တင်စက်လှေအုပ်စုဆိုပြီး တာဝန်ပေးထားတာပါ၊အကြမ်းဖျင်းတဖွဲ့ကို တနေ့ရေဂါလံ၂၀၀၀၀ကျော် လိုက်လံဖြန့်ဝေပေးရပါတယ်၊
စက်လှေတစီးကိုရေဂါလံ၄၀၀၀ပါပါတယ်၊ပီပါနဲ့တွက်ရင်တော့၊အလုံး၈၀၊သမာန်တစီးကိုရေအထမ်းပေါင်း ၄၈၀ပါပါတယ်၊သမာန်တစီးဝင်တိုင်း လူ ဦးရေ၄၈၀သာ ရေတထမ်း(၂)ပုံးရတယ်ဆိုတဲ့သဘောပါဘဲ လက်ရှိရွာတရွာမှာလူဦရေ၆၀၀၀အထက်ရှိပါတယ်၊အဲသည်လူဦးရေ၆၀၀၀လောက်ကို ရေသမာန်တစီးနဲ့အချိုးသာချကြည့်လိုက်ပါ၊ဆင့်ပါးစပ်နှမ်းပက်မပက်စဉ်းစားသာကြည့်ပါတော့၊
လှေသမားတွေဖက်က ရောအရမ်းအကျိုးအမြတ်ရနေတဲ့လုပ်ငန်းလား၊ဒေသခံတွေရဲ့ရေဒုတ်ခ ကသူတို့တွေအတွက်ရွှေထုတ်ရနေတဲ့သဘောလားကျနော်စောကြောလေ့လာမိပါတယ်၊ 

ကျနော်တို့ကြည့်မြင်တိုင်သည်ဖက်ကမ်းကနေ တဖက်ကမ်းအဲသည့်ရွာတွေကူးတဲ့အခါ သမာန်စက်လှေဆိပ်တွေရှိပါတယ်၊မီးလောင်သွားတဲ့ဘလုပ်ညွန့်နဲ့စက်ဆန်း၊အေးရွာ၊၊၀ါးရုံဆိပ်ရွာတွေကို
ကြည့်မြင်တိုင်ကမ်းနားဈေးအနီးကစီးလို့ရပြီး၊အလတ်ချောင်း၊ဆိပ်ကြီးဦးမြငါးစင်၊ရွာတွေကို ဗားကရာလှေဆိပ်ကစီးကြရပါတယ်၊တခြားလှေတွေက လူ(၅)ယောက်တင်ပြီးတယောက်(၂၀၀ကျပ်)နှုန်းနဲ့
စင်းလုံးဌား(၁၀၀၀ကျပ်)နဲ့သွားလို့ရပေမဲ့၊ဗားကရာဦးမြငါးစင်ခရီးကတော့သမာန်လည်းပိုကြီးသလို လူလည်း(၁၀)ယောက်အထိတင်ပါတယ်၊ခရီးလည်းပိုရှည်လို့ စင်းလုံးဌား(၂၀၀၀)ကျပ်နဲ့မှထွက်ပါတယ်၊လှေကတော့ပေါပါတယ်၊ တစီးထွက်တစီးဆိုက်ပါဘဲ၊ 

ကျနော်နှိုင်းယှဉ်ပြခြင်တာက သည်စက်လှေတစီးလူ(၁၀)ယောက်တင်တယ်၊တဖက်ကမ်းနဲ့တဖက်ကမ်း
လူတင်ပြန်ထွက် နာရီဝက်မကြာဘူး၊တနာရီ(၂)ခေါက်ရတယ်ဘဲဆိုဦး၄၀၀၀ရပြီ၊ရေစက်လှေက ရေဂါလံ၄၀၀၀လည်းတင်ရသေးတယ်၊စက်လှေထဲရေပြည့်ဖို့ ကြည့်မြင်တိုင်မြို့ဖက်အခြမ်းက ရေရောင်းတဲ့အ၀ီဇိတွင်းပိုင်ရှင်တွေစီမှာ စက်လှေတစီးရေဂါလံ၄၀၀၀အတွက် ၈၀၀၀ကျပ်ပေးဝယ်ရတယ်၊ တန်းစီရတယ်၊ရေပြည့်တော့ဝန်နဲ့မြစ်ကိုဖြတ်ရတယ်၊ရေယူတဲ့ရေတိုင်နဲ့ရေချပေးရမဲ့ရွာအကွာအဝေးက သာမန်စက်လှေတွေထက်ခရီးပိုရှည်တယ်၊နောက်ရေစက်လှေပေါ်မှာက စက်မောင်းတဲ့သူ၊ ရေဖြည့်ရေပိုက်သယ်၊ရေစုပ်စက်နှိုး စတဲ့လုပ်သား(၅)ယောက်လောက်ကပါရသေးတယ်၊
စက်လှေတခေါက်ရေပို့ရင်သူတို့ကို၃၀၀၀၀ကျပ်ပေး၇တာကျနော်တွက်ကြည့်မိပါတယ်၊အ၀ီဇိရေဖိုး၈၀၀၀၊
စက်သုံးဆီအနည်းဆုံး(၂)ဂါလံ၊အလုပ်သမားခ၊ပိုက်၊ရေလှောင်ကန်ပျက်စီးရင်ပြုပြင်ရတဲ့ကုန်ကျစားရိတ်တွေ ၊တွက်ကြည့်ရင်းနဲ့မျက်လုံးပြူးလာတယ်၊ကျနော်သာဆိုသည်စီးပွားရေးမျိုးလုပ်ဖို့မတွေးရဲပါဘူးဗျာ၊

ဒါနဲ့ဆိပ်ကြီး၊ဦးမြ-ငါးစင်ကို ရေပို့နေတဲ့စက်လှေတွေပိုင်တဲ့ ဦးဟန်တင်ကိုမေးမိပါတယ်၊ အခုလိုရေလှုတဲ့
လူတွေကို ရေသယ်ပေးနေတာမြတ်ရဲ့လားလို့၊ သူကလည်းရှင်းရှင်းပါဘဲ၊ ဘယ်မြတ်လိမ့်မတုန်း စာရေးဆရာရယ်တဲ့၊သည်ကြားထဲ ဘုန်းကြီးကျောင်းအတွက်က ကျနော်ရေပြတ်တာနဲ့လှုတယ်၊ ရွာမှာလှုအတန်းရှိရင်လှုတယ်၊အလှုရှင်မပေါ်တဲ့ရက်တွေအတွက်ကျနော်လှုတယ်၊ဒါတွေကတော့ 
အိပ်စိုက်ရတာပေါ့တဲ့၊ ဒါဆိုခင်ဗျားကအမြတ်မရှိတဲ့ သည်လုပ်ငန်းကို ဘာလို့လုပ်နေရတာလည်းဆိုတော့၊ ကျနော်ကသည်ရွာသားလေဆရာတဲ့၊ကျနော်ငယ်ငယ်က သည်လိုဘဲ ရေစက်လှေလာပြီဆိုရင် 
ကစားနေသမျှချထား အဖေအမေ ကို ရေ၀ိုင်းသယ်ဖို့အပြေးအလွှားသွားကြရတယ်၊နှစ်ပေါင်း(၄၀)ကျော်ပေါ့ဆရာ၊အခုထိလည်းကျနော့မြေးတွေခေတ်အထိခလေးတွေမှာရေသယ်နေရတုံး၊ကျနော်တို့မှ 
မျိုးရိုးစဉ်ဆက် ထိန်းတယ်ဆိုရမလားဘဲဆရာရေ၊အရင်အဖိုးခေတ်ကထည်းက သမာန်ခပ်တဲ့မျိုးရိုးက အခုထိသမာန်ခပ်တုံး၊ ထွန်းထွန်းပေါက်ပေါက်တယောက်တလေတော့ရှိပေမဲ့၊ အများစုကဒုံရင်းဒုံရင်းပါဘဲဆရာ၊ ကျနော်လည်းအရင်သမာန်ခတ်စားရတဲ့သူပါဘဲ ဒါပေမဲ့ ကြိုးစားပြီးရုန်းထွက်နိုင်လို့သာ သည်ဘ၀က
လွတ်ပြီးလှေလေး(၃)(၄)စီးပိုင်၊လုပ်ငန်းလေးတွေချိတ်ဆက်မိလာတာပါ၊ကျနော်နဲနဲအသက်ရှုချောင်လာတော့ ကြပ်တည်းနေဆဲ ဖွားဘက်တော်ရွာသူ၊ရွာသားတွေကိုကူညီခြင်တဲ့စိတ်နဲ့သည်လုပ်ငန်းကိုလုပ်ဖြစ်ခဲ့တာ၊ 
သည်ရေအလှု ကိုလည်းနှစ်စဉ်နှစ်တိုင်းမငြီးမငြူတာဝန်ထမ်းခဲ့ပါတယ်ဆရာ လို့ရှည်ရှည်ဝေးဝေးဘဲရှင်းပြပါတယ်၊

နောက်သူပြောတာက ကျနော်အနစ်နာခံရတာသည်ရေအပြတ်ဆုံး(၄)(၅)လလောက်ပါ၊ သည်လောက်ကတော့ ကျနော်ခံသာပါတယ်၊နောက်ကျန်တဲ့လတွေမှာ ကျနော့ရေစက်လှေတွေက သည်ဆိပ်ကမ်းက ပင်လယ်ကူးသဘောင်္ကြီးတွေ ကိုရေချိုရောင်းရတယ်၊နောက်ဆုံးသီလ၀ါအထိသဘောင်္ကြီးတွေစီ ရေချိုပို့ရပါတယ်၊သည်သဘောင်္ကြီးတွေဆိုတစီးတစီးရေဂါလံ၂သောင်း၊သုံးသောင်းပို့ရပါတယ်၊
ကျနော့ရပ်ရွာအပေါ်စေတနာထားခဲ့လို့လား၊မတောင်းဘဲပြည့်တဲ့ရေအကျိုး(၁၀)ပါးကြောင့်လား မသိဘူး၊ သည်ရေအလှုတာဝန်ကို ပါဝင်ထမ်းဆောင်ခဲ့တဲ့နောက်ပိုင်း ကျနော်လည်းစီးပွားတက်လာတာဘဲ ဆရာရေ၊အခုဆိုသဲလှေ၊သဲစုတ်ဖောင်၊အုတ်သယ်လှေတွေနဲ့ အုတ်သဲရောင်းတဲ့ လုပ်ငန်းတခုတောင် ထပ်ထောင်ထားနိုင်ပါပြီ၊ အားတက်သရောပြောနေတဲ့ ကိုဟန်တင်မျက်နှာကိုကြည့်ရင်းစေတနာကောင်းရင် ကံကောင်းတယ်ဆိုတဲ့စကားလေးပြန်တွေးမိပါတယ်၊

တနေ့က ကျနော့post မှာ ma su su maw ရေးပေးတဲံ့လင်္ကာလေးလည်းပြန်သတိရမိပါတယ်၊ 

သက်ရှည် ဆင်းလှ
ချမ်းသာရ ဗလ
ဥာဏ်ပညာ---
ကြည်လင် သန့်ရှင်း
ကျော်ဇောခြင်း
ခပင်း ခြွေရံဖြာ-------
ရေမငတ်သား
လျှင်စွာသွား
ဆယ်ပါးရေအကျိုးသာ----တဲ့ဗျာ၊

ကိုဟန်တင်ကလက်တွေ့ပြနေတာပါဘဲချုံကြားကဘုံဖြားကိုရေ အကျိုးဆယ်ပါးလှေကားနဲ့တက်သွားခဲ့သူ 
ကိုဟန်တင် လို့ဘဲဆိုခြင်ပါတော့တယ်၊

(အပိုင်း(၃)ကိုဆက်ရေးပါမယ် အပိုင်း(၃)ကတော့လှုခြင်တန်းခြင် ရေအကျိုးဆယ်ပါး မတောင်းဘဲရခြင်တဲ့ မိတ်ဆွေများအတွက်လှုနိုင်တဲ့နည်းလမ်းတွေ သွားရောက်ရာလမ်းကြောင်းတွေ ဆက်သွယ်ရမဲ့ဖုန်းနံပတ်တွေ
စတဲ့နတ်လမ်းညွှန်အခန်းပါဘဲ ၊အားလုံးကိုကျေးဇူးတင်ပါတယ်၊)

Khin Mg Thant 

ခြင်းကျား နှင့်အနာဂတ်

$
0
0



ယနေ့ လူမှုမီဒီယာ FB ပေါ်မှာ လောက်ကိုင်စစ်ပွဲနဲ့ပတ်သတ်လို့ရေပန်းစား နေတဲ့အကြောင်းအရာ ကတော့ ခြင်းကျားတပ်မတော်ဆိုတာပါပဲ။ တပ်မတော်သားတွေ ခြင်းတောင်းထဲပစ္စည်း ထည့် လွယ်တဲ့ပုံတွေ ကိုတွေ့လာတာနဲ့အမျှ FB သုံးစွဲသူတွေအကြားမှာ ဝေဖန်သံ လှောင်ပြောင်သံ
ကရုဏာဒေါသော နဲ့ပြောတာတွေ တစ်ဖက်က တပ်မတော်သားသုံးစွဲ သူတွေ က ကာကွယ်တုံ့ ပြန်
ပြောဆိုမှု တွေ နဲ့ စီညံခဲ့ပါတယ်။

ဒီမှာတစ်ခုပြောလိုတာကတော့ တစ်ဖက်ကဝေဖန်သူတွေ ကြားမှာတမင် အဖျက်သဘောနဲ့လှောင်
ပြောင် သူတွေရှိသလို နိုင်ငံရေး အောက်လုံးသဘောနဲ့ တပ်မတော်အပေါ် အပုတ်ချ မှုတွေ လည်းတွေ့ရပါတယ်။ သို့သော်လည်း အရပ်သားဖြစ်သော်ငြား တပ်မတော်အပေါ် သံယောဇဉ် ရှိတဲ့
တပ်မတော်ကိုအင်အား တောင့်တင်းစေချင်တဲ့ တစ်လျောက်လုံး တပ်ဘက်က ရပ်တည်ခဲ့တဲ့ ကိုယ့်
ထမင်းကိုစားပီးကြီးတော်နွား ကျောင်းခဲ့ကြတဲ့ အရပ်သားလူငယ်တွေကတော့ အပြုသဘော တကယ်ပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်း ထောက်ပြမှုတွေရှိခဲ့ပါတယ်။ ဒီအပေါ်ကိုတစ်ဖက်က မခံချင်စိတ်မာန နဲ့ တုံ့ပြန်လိုက် တဲ့အခါဝါးလုံးရှည်နဲ့ သိမ်းယမ်းသလို ဖြစ်တာကြောင့် မိမိတို့ ဘက်တော်သား ပြည်သူတွေရဲ့ စိတ်ကို ရိုက်ချိုးမိသလို ဖြစ်သွားတယ်ဆိုတာ သတိချပ် စေချင်ပါတယ်။ အများဆုံး တွေ့ရသောစကားလုံးကတော့ ကျည်လွတ်မြေ ကနေပီးလာမဝေဖန်နဲ့ဆိုတဲ့စကားပါတယ်။

စစ်သားလောကမှာအထက်ကိုဝေဖန်ဖို့ဆိုတာအခွင့်အရေးနည်းလှပါတယ်။ မလုပ်သင့်တဲ့ အလုပ်လို့လည်း ယူဆထားပါတယ်။ အခုပြည်သူအချို့ရဲ့ အပြုသဘောဝေဖန်မှုတွေဟာ ကိုယ့်ကိုယ်စားပြောပေး နေပါလားဆိုလားကို နားလည်သင့်ပါတယ် လှောင်ပြောင်မှု အပျက်သဘောပြောနေတာတွေကိုတော့ မဆိုလိုပါဘူးဗျာ။

US မှာ RAND ဆိုတဲ့ Think Tank အဖွဲ့ရှိပါတယ် ရှင်းအောင်ပြော၇ရင်တော့ အမေရိကန်အစိုးရဲ့ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာတွေချမှတ်ရာမှာ အကြံပေးအဖွဲ့ ပေါ့ဗျာ။ စစ်နည်းဗျူဟာ စစ်မဟာဗျူဟာက အစ နောက်ဆုံးစစ်လက်နက်ပစ္စည်း တွေ ထုတ်လုပ်မှုအဆုံး RAND ဆီက အရင်းတည်လာတယ်လို့ဆိုလို့ရပါတယ်။ ထူးခြားတာက RAND မှာ Inservice စစ်မှု ထမ်းတစ်ဦးမှမပါတာပါပဲ။ စစ်မှုထမ်းဟောင်းတွေ အရပ်သားပညာရှင်တွေ နဲ့ ဖွဲ့စည်းထားတာပါ။

စစ်သားသာစစ်ပညာကိုတတ်ကျွမ်းတယ်ဆိုတဲ့ အယူအဆကိုဖျောက်သင့်ပါပီ။ ကျတော်ကျုံခဲ့ဖူးသောအချို့သော အရပ်သားလူငယ်တွေဟာ တပ်ထဲက အရာရှိအများစုထက် စစ်ပညာကို ပိုမိုစိတ်ဝင်စား လေ့လာကြတာတွေ့ရပါတယ်။ သူတို့မှာလက်တွေ့မရှိတာပဲရှိပါတယ်။ သူတို့ကိုတပ်မတော်အတွက် ဘယ်လိုအကျိုးရှိအောင် အသုံးချ ရမလဲဆိုတာ ကိုစဉ်းစားရပါမယ်။ သူတို့ကိုစိတ်ပျက်သွားအောင် စိတ်ကုန်သွားအောင်တော့မလုပ်သင့်ပါဘူး။

စကားက ချော်သွားပြန်တော့ ခြင်းကျားကိစ္စ ပြန်ဆက်လိုက်ရအောင် တစ်ဘက်ကကာကွယ်ရေးသား
နေတဲ့ တပ်မတော်သားတွေရဲ့ မခံချင်စိတ်ကိုနားလည်ပါတယ်။ သို့သော် သူတို့ကိုယ်တိုင်ကရော ကိုယ့်စစ်သည်တွေ ဒီလိုပုံမျိုး နဲ့ မြင်ချင်ပါ့မလား-----?

ဒီကိစ္စက မတတ်သာလွန်းလို့ အဆင်အပြေဆုံးနည်းလမ်းကို စစ်သားနည်းနဲ့ ဖြေရှင်းနေရတယ် ဆိုတာကို သဘောပေါက်ရမှာပါ။ ၂၀၀၀ပြည့်နှစ်နောက်ပိုင်း အထမ်းသမားတွေအသုံးပြုခွင့် မရ
တော့ကတည်းက ပစ္စည်းများများဆန့် ပြီးအဆင်ပြေတဲ့ ခြင်းတောင်းတွေကိုတီထွင်လာခဲ့ကြတာပါ
ကျတော် ၁၉၈၄ ကတည်းက တပ်ထဲမှာမွေးတပ်ထဲမှာကြီးခဲ့တာ ၂၀၁၄ ခုနှစ်တပ်မတော်က အငြိမ်းစားယူတော့မှ တပ်နဲ့ကင်းကွာခဲ့တယ်လို့ ဆိုရမှာပါ။  ကျတော်ငယ်စဉ်က အဖေတို့ ရှေ့တန်းသွားရင် ဒီခြင်းကျားဆိုတာတွေကို မတွေ့ခဲ့ဖူးပါ။နောက်ပိုင်းကာလတွေမှတွေ့လာရတဲ့ တပ်မတော်ရဲ့ဒေသန္တရ ဖန်တီးမှုတစ်ခုပါပဲ။ ဒါလဲ ခေတ်အခြေအနေရပေါ့ဗျာ။

ဒီမှာတစ်ခုပြောလိုတာကစစ်နည်းဗျူဟာ အသုံးချမှု ကျတော်တို့က ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းေးစစ်ပွဲကိုဆင်နွဲနေရတာပါ။ ယခင် ကရင်ပြည်နယ်စစ်ဆင်ရေးတွေမှကြတည်းက ရှေ့တန်းထွက်ရင် ကားလမ်းပေါက်တဲ့အထိပဲကားနဲံပို့ ကျန်တဲ့ ရည်မှန်းချက်ကို ခြေလျင်ချီတက်ကြရတာပါ
စစ်ကြောင်းကြီးတစ်ကြောင်းမှာ ၈၁မမ စိန်ပြောင်းတွေ ၆၀မမစိန်ပြောင်းတွေ . ၅စက်သေနတ်ကြီးတွေ ၇၅မမ နောက်ပွင့်စတဲ့လေးလံတဲ့ လက်နက်ကြီးတွေကို လူနဲ့သယ်ရပါတယ်ယခင်က လားတွေနဲ့ သယ်ကြသော်လည်းနောက်ပိုင်း မှာတော့ မတွေ့ရသလောက် ဖြစ်လာပါတယ်အဲတော့ ခြင်းကျားတွေ နေရာယူလာတယ်ဆိုလဲ မမှားပါခင်ဗျာ။

အမေရိကန်တပ်မတော်ရဲ့ ဗီယက်နမ်စစ်ပွဲ ဗြိတိသျှ တပ်မတော်ရဲ့ မလေးရှားကျွန်းဆွယ် ကွန်မြူနစ်သောင်းကျန်းမှု နှိမ်နင်းရေးစစ်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ နည်းဗျူဟာလေးတစ်ခု တင်ပြပါရစေ။
ပထမတပ်တွေ ရန်သူ့နယ်မြေကို Air Lift နဲ့ ချီတက်ပါတယ်။ အခိုင်အမာခြေကုပ်စခန်းတွေဆောက်
ရန်သူ့ နယ်ကိုလွှမ်းမိုးတယ်။ တပ်မအဆင့်ထိစခန်းကြီးတွေ မှလေယာဉ်ကွင်းတွေပါဖောက်တယ
ကြီးမားတဲ့လက်နက်မှန်သမျှ လေကြောင်းကချတယ်။ ခြေလျင်နဲ့ချီတက်တာဆိုလို့ M-60 စက်လက် M-79 လောင်ချာသာအကြီးဆုံးတပ်ဆင်ထားတဲ့ Combat Patrol ခေါ် တိုက်ကင်းတွေ Search and destoryed Unit ရှာဖွေသုတ်သင်ရေးအဖွဲ့ ငယ်ပေါင်းများစွာဖြန့်ခွဲကာ နယ်မြေကိုပိုက်စိတ်တိုက်တယ်။ အဖွဲ့ငယ်တိုင်းမှာ ဆက်သွယရေးစနစ်ကောင်းကောင်းတပ်ဆင်ထားတယ်။ ရွာတွေကို ကန့်သတ်ရွာ လုပ်ပစ်တယ် ရွတြွေကိုသံဆူးကြိုးကာ ကင်းတွေချ အ၀င်အထွက်က အစ စီစစ်တယ်။ ရွာပုန်းမှန်သမျှ ရှင်း No manland လုပ်ပီး ရန်သူ့ကို အဘက်ဘက်ကဖြတ်တောက်တယ် လှည့်ကင်းတိုက်ကင်းငယ်တွေ ကလည်း ထိတွေ့မှုဖြစ်တာနဲ့ ဆက်သွယ်ရေးကတစ်ဆင့် မြေပုံညွှန်းပေးတယ်။  လေယာဉ် သို့ အမြောက်နဲ့ တစ်ခါတည်းခြေမှုန်းတယ်။ ဆိုတော့ Integrated combat units ဖြစ်ဖို့လိုပါတယ်။ 
ဒါ ၁၉၆၉ လောက်ကပါ။

ကျတော်ဝေဖန်းခြင်းအပြစ်တင်ခြင်းမဟုတ်ပါ မလွယ်မှန်းသိပေမယ့် မလွယ်ဘူးဆိုပီးမလုပ်ရင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါ။ ကြိုးစားကြည့်ဖို့လိုပါမည် အရာရှိစစ်သည်အားလုံး အထိအခိုက် နည်းနိုင်သမျှနည်းဖို့ဘက်ပေါင်းစုံကစဉ်းစားရပါမည်ဒစေတနာမှန်ဖို့တော့လိုပါမည်။

ကောင်းကျိုးရည်ကာ

သင့်

ကြယ်နီ
 —

အောင် မြင် ရေး သော့ချက် EQ လား IQ လား

$
0
0

Nyi Thuta's photo.
………………………………………………………
၂၁ ရာစုမှာ အောင် မြင် ချင် တဲ့သူ
တစ်ယောက်ဖြစ်ဖို့
ဦးနှောက်နဲ့ နှလုံးသားကို ပေါင်းစပ်လုပ်ကိုင် တတ်ဖို့အ ရေးကြီလာပါပြီ။ ပညာတွေ တတ်ထားပြီး IQ မြင့် ရုံနဲ့ အောင် မြင် နိုင် တဲ့ခေတ် မဟုတ် တော့ပါဘူး။နိုင် ငံ့ခေါင်းဆောင် လုပ်လိုသူများအတွက် လည်းEQ ဟာ အောင် မြင် မှူ ရဲ့ သော့ချက် တစ်ခုလိုဖြစ်လာပါတယ်။ဒီနေ့ခေတ်မှာ ပြဿနာ အများစုကို ဖြေ ရှင်း နိုင် ဖို့ ဥာဏ် ရည် ထက် မြက် နေ ရုံနဲ့ မပြီးတော့ ပါဘူး။နှလုံးရည် စွမ်း ရည်ပါ ပြည့်ဝဖို့လို အပ် ပါတယ်။လူမှူဆက်ဆံရေးမှာပဲဖြစ်ဖြစ် ။ လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ် EQ ကောင်းသူတွေဟာ ပိုပြီးအောင်မြင်ကြပါတယ်။တကယ်တော့ EQနဲ့ပက်သက်တဲ့သဘောတရားတွေကို ဗုဒ္ဓဘုရားသက်ရှိထင်ရှားရှိစဉ်ကတည်းက ဟောကြားခဲ့ပြီးဖြစ်ပါတယ်။ 


ဗုဒ္ဓဘာသာဝင် တွေ အ နေ နဲ့ လည်းသိပ်မစိမ်းလှပါဘူး။
သတိပဌာန် တရား အားထုတ်ဖူးသူများ။ ဝိပဿနာ ရှူမှတ်ဖူးသူများအလွယ် တကူ လေ့ကျင့်နိုင် ပါတယ်။ဘာသာရေးကျင့်စဉ်ကို မိမိ ရဲ့ နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင် တွေမှာ ပြန်အသုံးချနိုင် ခဲ့ရင် လောကီ ရော ။ လောကုတ္တရာ နှစ်ဖြာ အကျိုးခံစားနိုင်ကြမှာသေချာပါတယ်။

EQဟာ မြင် လွယ်တဲ့ ရုပ်ပိုင်းဆိုင် ရာ ဂုဏ်သတ္တိမဟုတ်ပါဘူး။ အင် မတန် သိမ် မွေ့တဲ့စွမ်းရည်တစ်မျိုးပါ။ခေါင်းဆောင် တွေနဲ့အောင် မြင် လိုသူတွေသာမကပဲ သာမန် လူတွေမှာလည်း EQ ကောင်းဖို့လိုအပ် ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျနော် တို့နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသနာအများစုကို EQက ဖြေရှင်း ပေးနိုင် လို့ပါ။
လူမှူဆက် ဆံရေး နယ်ပယ် အပါ အဝင် စီးပွါးရေး နိုင် ငံရေး နယ်ပယ် များထိ တိုင် အောင် EQ စွမ်းရည် ဟာ အသုံးဝင် လှပါတယ်။

ငွေကုန်ကြေးကျ မရှိဘဲ မြှင့်တင် နိုင် တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင် ငံ တွေမှာ အထူး အ လေး ပေးမြှင့် တင်
ပေးသင့်တဲ့ အရည်အချင်း တစ်ရပ်ဖြစ်ပ်တယ်။ကျနော့်အမြင်အရဆိုရင်
ကလေးငယ်တွေကို EQ ကောင်းလာအောင် စာသင်ကျောင်းတွေကနေစပြီး လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ EQ ကောင်းတဲ့သူတွေဟာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင်ကြိုးစားတတ်သူတွေဖြစ်လာနိုင်တဲ့တွက် EQကောင်းဖို့ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်အမြဲတမ်းပြောလေ့ရှိပါတယ်။လူတစ်ယောက် ပညာတတ်ဖို့အရေးကြီးတယ်။ဒါမှသာလျင် အကောင်းအဆိုး ။ အမှန်အမှားကို ခွဲခြားနိုင်မယ်လို့ဆိုပါတယ်။ဒါပေမယ့်လည်း ပညာဥာဏ်ရှိပြီး ကိုယ့်ရဲ့စိတ်ဖြစ်စဉ်ကို သေချာနားမလည်တဲ့အခါ ဒါမှမဟုတ် တခြားတွေရဲ့စိတ်ခံစားမှူကို သေချာနားမလည်ပေးနိုင်ခဲ့ဘူးဆိုရင် အမးတွေအများကြီးလုပ်မိနိုင်ပါတယ်။ဒါကြောင့် လူတစ်ယောက် ပညာတတ်ရုံနဲ့မပြည့်စုံတော့ဘဲ မိမိရဲ့စိတ်ဖြစ်စဉ်ကို ထိန်းချုပ်ကာ စီမံခန့်ခွဲနိုင်သူတစ်ယောက်ဖြစ်ဖို့ပါ လိုအပ်လာပါတယ်။အခုဆောင်းပါးဟာ မြတ်ဗုဒ္ဓရဲ့သတိပဌာန်ကျင့်စဉ်ကို ကျနော်ကိုယ်တိုင် ကျင့်ကြံပြီး လက်တွေ့ခံစားရတဲ့အတွေ့အကြုံကို အခြေခံပြီးရေးထားသားခြင်းဖြစ်ပါတယ်။ကျွန်တော်တို့တွေ မိမိရဲ့စိတ်ဖြစ်စဉ်ကို စီမံခန့်
ခခွဲနိုင်သူတစ်ယောက်ဖြစ်လာဖို့ ဒါမှမဟုတ် နှလုံးရည်စွမ်းရည်(EQ) ကောင်းသူတစ်ယောက်ဖြစ်လာဖို့ ဘာတွေလိုအပ်မလဲဆိုတာကို ကျွန်တော်တင်ပြချင်ပါတယ်။

EQ ဆိုသည် မှာ

EQ (Emotional Quotient)ဆိုတာ နှလုံးရည် စွမ်းရည် တစ်ခုပါပဲ။ စိတ်ခံစားမှူ တွေကို စီမံထိန်းချုပ်ပြီး ခန့်ခွဲ နိုင် တဲ့စွမ်းရည် တစ် ရပ် ဖြစ်ပ်တယ်။။EQ ကောင်းတဲ့သူဆိုတာဟာ မိမိစိတ်ကို သိရှိထိန်းချုပ်နိုင် ပြီး သူတပါးစိတ်ကို ခံစားနားလည်နိုင် ။ စီမံခန့်ခွဲနိုင် တဲ့ အရည်အချင်း ကောင်း ရှိသူကို ဆိုလိုတာပါ။EQ မှာ အဆင့် ၄ဆင့် ရှိပါတယ်။

အဆင့်(၁) မိမိစိတ်ဖြစ်စဉ် (Process of Mind)ကို စောင့်ကြည့်မှတ်တမ်းတင် ခြင်း

အဆင့် (၂) ဖြစ်နေတဲ့စိတ် ရဲ့ Tempoကို ထိန်းချုပ်ခြင်း

အဆင့်(၃) သူတစ်ပါးစိတ်ကို နားလည်အောင် ကြည့်ခြင်း (ကိုယ်ချင်းစာကြည့်ခြင်း)

အဆင့်(၄) မိမိနားလည်ထားတဲ့ သူတစ်ပါးစိတ်ကို စီမံခန့်ခွဲခြင်း တို့ဖြစ်ပါတယ်။

အဆင့်(၁) မိမိစိတ်ဖြစ်စဉ်(Process of Mind)ကို စောင့်ကြည့်မှတ်တမ်း တင် ခြင်း

ကျနော်တို့စိတ်ကိုသိအောင် လုပ်ဖို့အတွက် ကျနော်တို့ရဲ့ စိတ်ဖြစ်စဉ်(Process of Mind)ကို နားလည် ရပါမယ်။ ဗုဒ္ဓရဲ့ ဟောကြားချက်အရ စိတ်ဟာ စက္ကန့်ပိုင်းတွင်းမှာပဲ လျင်မြန်စွာ ဖြစ်ပျက် ပြောင်းလဲနေပါတယ်။အင် မတန် မြန်လွန်းပြီး သိမ်မွေ့တဲ့အတွက် စိတ်မှာဘာတွေဖြစ်နေလဲဆိုတာကို စောင့်မကြည့်ဘဲ အလွယ်တကူမသိနိုင် ပါဘူး။ကျနော်တို့စိတ်ကို TVကြည့်သလို ပြန်ပြီးစောင့်ကြည့်ရပါမယ်။ စောင့်ကြည့်တဲ့နေရာမှာ သတိကပ်ပြီး စောင့်ကြည့်ပါ။ ဒီလိုစောင့်ကြည့်နိုင်ဖို့ တစ်နေ့ကို ငါးမိနစ်လောက်တော့ အချိန်ပေးပါ။ကိုယ်လုပ်နိုင်တဲ့အချိန်အတွင်းမှာ သေသေချာချာ အာရုံစူးစိုက်ပြီးလုပ်ပါ။ကိုယ့်စိတ်ကတွေးနေသမျှ ။ ခံစယးနေသမျှကို လိုက်လံမှတ်သားပါ။အ လေ့အကျင့် ရလာ ရင် စိတ်မှာဖြစ်နေတဲ့ အညစ်အ ကြေး(လောဘ။ ဒေါသ ။မောဟ)တွေရှိနေတာကို သိမြင် လာ ပါမယ်။တစ်ခြားသူတွေက ကိုယ့်ကို အထင်လားစေချင်တဲ့စိတ် ။ တခြားသူက ကိုယ့်ထက်သာသွားတဲ့အခါ မနာလိုဝန်တိုဖြစ်မိတဲ့စိတ် စသည်ဖြင့် မြင်အောင်ရှာကြည့်ပါ။

အများစုကတော့ ကိုယ့်ကိုယ်ကို လူကောင်းလို့ပဲ သတ်မှတ်ထားကြပါတယ်။ အဲ့ဒီလို ထင်နေရတာက ကိုယ့်ရဲ့စိတ်ကို သေချာစောင့်မကြည့်ဖူးသေးကြလို့ပါ။တကယ်သာစောင့်ကြည့်လေ့လာမယ်ဆိုရင် သာမန်ပုထုဇဉ်တွေရဲ့ စိတ်ထဲမှာ မကောင်းတဲ့စိတ်တွေ ဖြစ်နေတာကို သိလာပါလိမ့်မယ်။နာက် တစ်ဆင့် အ နေ နဲ့ စိတ် ရဲ့ Tempo အနိမ့်အမြင့်ကို ပါ နားလည်လာပါလိမ့်မယ်။ဒေါသဖြစ်တာဟာ အရှိန်ဘယ်လောက်လဲ ။ လောဘဘယ်လောက်များနေလဲ စသည်ဖြင့် သိလာမှာဖြစ်ပါတယ်။ စိတ် ရဲ့ Tempo ဟာ အ ခြေ အ နေ ပေါ်မူတည်ပြီး ကွာခြားသွားပါတယ်။မနက်ခင်းမှာဖြစ်တဲ့ ပမာဏချင်းလည်းမတူပါဘူး။နေ့လည်မှာဖြစ်တဲ့ Tempo မတူသလို ပူလွန်းတဲ့အခါ ။ အေးလွန်းတဲ့အခါ မှာလည်း Tempo မတူပါဘူး။ အစာစားချင် တဲ့အခါ ။ စားနေတဲ့အခါ ။ စားပြီးတဲ့အခါ မှာ ဖြစ်နေတဲ့ Tempo တွေဟာ တစ်ခုနဲ့တစ်ခု မတူတာ ကို သတိပြုမိလာပါလိမ့်မယ်။သတိပြုမိလာတာနဲ့အမျှ ဒေါသဖြစ်နေတယ် ဆို ရင် ဒေါသဖြစ်နေတာကိုသိပြီး အရမ်းဖြစ်နေလား ။ နည်းနည်းပဲ လား စသည်ဖြင့် သတိနဲ့ မြင် အောင် ကြည့်ပါ။တိုးလာရင် တိုးလာတာကို သိပါ။လျော့သွားရင် လျော့လာတာကိုသိပါ။ ဘာ ကြောင့်တိုးလာသလဲ ။ ဘာကြောင့် လျော့လာသလဲဆိုတာကို မြင် အောင် ကြည့်ပါ။ဒီလိုပဲ လောဘကိုလည်း မြင် အောင် ကြည့်ပါ။ မနာလိုစိတ် ကအစ သူများကို ကဲ့ရဲ့ရှူတ်ချ ချင် တဲ့ စိတ် စသည် ဖြင့်စိတ်မှာ ဖြစ်နေတဲ့အညစ်အ ကြေးကို မြင် အောင် ကြည့်ရပါမယ်။ တဆက်တည်းမှာပဲ ဘယ်လောက် ဖြစ်နေလဲဆိုတဲ့ Tempo အနိမ့်အမြင့်ကိုပါ သိပါစေ။

အဆင့်(၂)ဖြစ်နေတဲ့ စိတ် ရဲ့ Tempoကို ထိန်းချုပ်ခြင်း

ခုနက ကြည့်ထားတဲ့ လောဘ ။ဒေါသ။ မနာလိုစိတ် ။ ချီးမွမ်းခံလိုစိတ် စတဲ့ စိတ် တွေရဲ့ Tempoကို ပုံမှန်ဖြစ် အောင် ကိုယ်တိုင် လှူံ့ဆော် (Auto Suggestion)နည်း နဲ့ ထိန်းချုပ် ရပါမယ်။ဒေါသဖြစ်နေပြီဆို ရင် ''ငါဒေါသဖြစ်နေပြီ ဒါဟာ မ ကောင်းဘူး မှားနိုင် တယ် လျော့လျော့ ''စသည်ဖြင့် ကိုယ့်ဘာသာထိန်းချုပ် ရပါမယ်။လောဘပဲဖြစ်ဖြစ် ။ မနာလိုစိတ်ပဲဖြစ်ဖြစ် အဖျက်စိတ် မှန်သမျှကို လျော့ရမယ် ဆိုပြီး တိုက်တွန်း ရပါမယ်။စိတ်ကောင်းစေတနာ ကောင်း (Good Will)ကို တော့ လှူံ့ဆော် ပြီး မြှင့်ပေးပါ။ကိုယ့်စိတ်မှာဘာဖြစ်နေလဲ ။ Tempoဘယ်လောက်လည်းဆိုတာ မသိဘဲနဲ့တော့ ထိန်းချုပ်လို့ မရနိုင် ပါ။ ဒါ ကြောင့် စိတ်ကို စောင့်ကြည့်ပြီး စိတ်ထဲမှာ ဖြစ်နေတာ တွေကို သတိ လေးထားပြီး မြင် အောင် ကြည့်နိုင် မှသာ ဖြစ် နေတဲ့စိတ်နဲ့ Tempoကို ထိန်းညှိနိုင် မှာဖြစ်ပါတယ်။

အဆင့်(၃) သူတပါးစိတ်ကို နားလည်အောင် ကြည့်ခြင်း(ကိုယ်ချင်းစာခြင်း)

ကျနော်တို့စိတ်မှာ ဖြစ်တတ်တဲ့စိတ်ဖြစ်စဉ်နဲ့ Tempoကို နားလည်လာတဲ့အခါ သူတပါးရဲ့ စိတ်ဖြစ်စဉ်(Process of Mind)ကို မြင် အောင် ကြည့်ဖို့ လွယ်သွားပါပြီ။ သူ့နေရာမှာ ငါ သာဆို ရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ် နဲ့ ကြည့်ရပါမယ်။ ဆရာက တပည့်ကို ။ မိဘက သားသမီးကို ။ ခေါင်းဆောင် က လက် အောက် ငယ်သားကို ။ဈေးသည်က ဝယ်သူကို စသည်ဖြင့် သူတပါးစိတ်မှာ ဘာတွေခံစားနေရမလဲ ။ဘာတွေမျော်လင့်နေမလဲ ။ဘာတွေတောင့်တ နေမလဲ ဆိုတာကိုမြင် အောင် ကြည့်ပါ။ သူတပါးစိတ် ရဲ့ လိုလားချက်ကို ကိုယ့်ခံစားချက်နဲ့ နှိုင်းပြီးscan ဖတ်ကြည့်တဲ့သ ဘောပါပဲ။

အဆင့်(၄) မိမိနားလည်ထားတဲ့ သူတပါးစိတ်ကို စီမံခန့်ခွဲခြင်း

ကိုယ် နဲ့ဆက်ဆံနေတဲ မိသားစု ။ သူ ငယ်ချင်း ။ လုပ်ဖော်ကိုင် ဖက် စသည်ကို ကိုယ်ချင်းစာစိတ်နဲ့ Scan ဖတ်ပြီးတဲ့အခါမှာ သူတို့စိတ်မှာ ဖြစ်နေတဲ့ လိုလားမှူ ။ တောင့်တမှူ ။ မျော်လင့် ချက် တွေကို သူတို့ကျေနပ် အောင် ဒါမှမဟုတ် အဆင် ပြေဆုံးဖြစ်အောင် စီမံခန့်ခွဲရပါမယ်။သူတို့ဖြစ်နေတယ်ဆိုပါတော့ ဒေါသဖြစ် နေတဲ့ စိတ် ရဲ့ Tempoကို ဘယ်လိုလျော့ယူမလဲ။ လောဘတက် နေတဲ့ သူရဲ့Tempoကို ဘယ်လိုအ ပေးအယူ လုပ်မလဲ စသည်ဖြင့် ကိုယ် နဲ့ ဆက်ဆံနေ ရတဲ့သူရဲ့ ဖြစ်နေတဲ့ စိတ်နဲ့ Tempoကို ထိန်းညှိ ရမှာ ဖြစ်ပါတယ်။အစပိုင်းမှာ ခက် နေပါလိမ့်မယ်။အ လေ့အကျင့် ရလာတဲ့အခါ လွယ်လွယ်ကူကူစီမံ ခန့်ခွဲသွားနိုင် မှာပါ။ဒီလိုစီမံခန့်ခွဲတဲ့နေရာမှာ မကောင်းတဲ့စိတ်ကို နားလည်ခွင့်လွတ်ပေးခိုင်တာမဟုတ်ပါဘူး။ဥပမာ လောဘ ရှိတဲ့သူတစ်ယောက်နဲ့ဆက်ဆံရတဲ့အခါ သူရဲ့လောဘဟာ လိုချင်တပ်မက်တဲ့စိတ်များနေလို့ဆိုတာကို ကိုယ်က နားလည်ပြီး သူရဲ့လိုချင်တပ်မက်စိတ် လျော့လာအောင် ထိန်းကျောင်းပြီး ဆက်ဆံဖို့ဆိုလိုတာဖြစ်ပါတယ်။
မိဘက သားသမီးနေရာ။
ဆရာက တပည့်နေရာ ။ ခေါင်းဆောင် က လက် အောက် ငယ်သား နေရာစသည်ဖြင့် သူ့နေရာမှာ ငါသာဆိုရင် စိတ် ထားပြီး သူ့ခံစားမှူကို နားလည် အောင်
လုပ်ပြီး တဖက်သူခံစားမှူကို တုန့်ပြန် စီမံ ခန့်ခွဲ ရတာ ဖြစ် ပါတယ်။

EQ ရဲ့ အသက်ဟာ သတိ ပါပဲ။သတိ ရှိနေဖို့အင် မတန် လိုပါတယ်။EQကို လူမှူဆက်ဆံရေးမှာ အသုံးချနိုင် သလို လုပ်ငန်းခွင် မှာလည်း အသုံးချနိုင် ပါတယ်။ခေါင်းဆောင် ဖြစ်ချင် တဲ့သူ အောင်မြင် ချင် တဲ့သူတွေအတွက် တော့ EQ စွမ်းရည် ဟာ မဖြစ် မ နေ မြှင့်တင် ရမယ့် စွမ်းရည် တစ် ရပ် ပါပဲ။လူငယ် တွေရဲ့ လူသားအရင်ူအမြစ်ကို မြှင့် တင် တဲ့နေ ရာမှာ EQကိုပါ တပါတည်း မြှင့်တင် ပေး ရပါမယ်။ ဒီနေ့ခတ်ဟာ ပညာတတ် ရုံနဲ့ ပြီးတဲ့ ခေတ် မဟုတ် တော့ ပါဘူး။တတ်ထားတဲ့ ပညာကို EQ စွမ်းရည် နဲ့ ပေါင်းစပ် မှသာ အောင် မြင် လာနိုင် တဲ့ ခေတ် ရောက် ပါပြီ။ ဒါ ကြောင့် ဦးနှောက်နဲ့နှလုံးသားစွမ်းရည် ပေါင်းစပ်လုပ်ကိုင် နိုင် ဖို့ အထူးလိုအပ် ကြောင်း မီးမောင်းထိုးပြလိုပါတယ်။

ကျွန် တော် အမြင် အ ရပညာကို ဖောဖောသီသီ မသင် နိုင် တဲ့ မြန်မာနိုင် ငံမှာ EQမြှင့်တင် ရေး ဟာ ငွေကုန် ကြေးကျမရှိဘဲနဲ့ လူသားအရင်းမြစ်ကို မြှင့်ပေးနိုင် တဲ့ နည်းလမ်း အဖြစ် ယုံကြည်မိပါတယ်။EQဟာ ငွေမကုန်ဘဲနဲ့ နားလည်တတ်မြောက်နိုင် တဲ့ စွမ်းရည်တစ် ရပ် ဖြစ်တာ ကြောင့် ကျွန် တော်တို့လို ဖွံ့ဖြိုးဆဲ နိုင် ငံတွေအတွက် အကျိုးရှိလှ ပါတယ်။ဒါ ကြောင့် မိမိကိုယ် တိုင် လည်း EQကောင်းအောင် မြှင့်ယူပြီး မိမိပတ်ဝန်းကျင် နဲ့ နောက် မျိုးဆက် ကိုလည်း EQ ကောင်းလာအောင် မြှင့် တင် ပေးစေချင် ပါတယ်။ဦးနှောက်နဲ့ နှလုံးသားစွမ်းရည် ပေါင်းစပ် လုပ်ကိုင် ခြင်းဖြင့် အောင် မြင် သော လူမှူဝန်းကျင်တစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်ကြပါစေခင်ဗျာ။








“Moral Authority”၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာ့နိုင်ငံရေး

$
0
0



(လွန်ခဲ့သော ၂ နှစ်က ကူးယူသိမ်းဆည်းထားတဲ့ ဆောင်းပါးတပုဒ်ကို ပြန်လည်မျှ ဝေပေးလိုက်ပါတယ်)


ငြိမ်းချမ်းအေး

မတ်လ ၂၁၊ ၂၀၁၃

ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရှိ ရပ်တည်ချက်၊ ဗမာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်း၊ ဖွံ့ဖြိုးတက်မှု အလားအလာ စတဲ့ ဗမာ့အရေးကိစ္စတွေ ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အောက်စဖို့ဒ် တက္ကသိုလ် အရှေ့တောင်အာရှရေးရာ ဆွေးနွေးပွဲ အစီအစဉ် အနေနဲ့ ပညာရှင်များက ဆွေးနွေးသုံးသပ်ခဲ့ကြရာမှာ “She had lost “moral authority” by failing to be more vocal on human rights abuses.” ဆိုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ အပေါ် ဒေါ်ဆောင်ဆန်းစုကြည် အနေနဲ့ အရင်လို ခပ်မာမာရပ် အသံမထွက်တော့တာကြောင့် သူ့ရဲ့ “Moral Authority” ဆုံးရှုံးခဲ့ရတယ် လို့ သုံးသပ်ထားတာ တခုပါခဲ့တယ်။  သတင်းဌာနတခုက အဆိုပါ ဆွေးနွေးပွဲ သတင်းကို ရေးသားရာမှာ “Moral Authority” ကို “စိတ်ပိုင်းဆိုင်ရာ သြဇာညောင်းမှု” လို့ ဘာသာပြန်ထားတာလည်း သတိထားလိုက်မိတယ်။ သတင်းအနေနဲ့ ဘာသာပြန်ရတာဖြစ်လို့ လိုတိုရှင်း ချုံ့ပြန်ရတဲ့အတွက် “Moral Authority” ရဲ့ အဓိပ္ပာယ် ကို ဘာသာပြန်ချက်က တစိတ်တပိုင်းသာ ဖောင်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ “Moral Authority” အကြောင်း အကျယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြစ်ပေါ်လာခဲ့တဲ့ နောက်ခံ၊ လက်ရှိ အခြေအနေ၊ အနာဂတ် နဲ့ ဗမာ့နိုင်ငံရေးဓလေ့ကို ဆွေးနွေးချင်ပါတယ်။



ပထမဦးဆုံး အနေနဲ့ “Moral Authority” ကို အတို ဘာသာပြန်ရရင် “ကျင့်ဝတ် ပိုင်းဆိုင်ရာ စံနမူနာပြု ဦးဆောင် လမ်းပြ၊ လွှမ်းမိုး ချုပ်ကိုင်၊ သြဇာညောင်းနိုင်မှု” လို့ စာရေးသူအနေနဲ့ ဆိုပါမယ်။  အဓိပ္ပာယ်ကို အကျယ် အနက်ဖွင့်ရင် ၀ိဇ္ဇာ (ပညာ) နဲ့ စာရဏ (အကျင့်) ကို ထပ်တူပြု သိမြင် ကျင့်ကြံ စံပြ လုပ်ဆောင်နိုင်မှုကနေ သီလ၊ သမာဓိ၊ စာရိတ္တ၊ ကျင့်ဝတ် ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ ဖော်ထုတ်နိုင်၊ လူသားတွေအပေါ် ရှေ့ဆောင် လမ်းညွှန် သင်ပြနိုင်၊ လူသားတွေအတွက် စိတ္တ အာဟာရ ခွန်အားကို ဖြည့်စွက်နိုင်ကာ လူသားတွေက ပြန်လည် စံနမူနာပြု လိုက်လံ အတုယူ၊ ရိုသေ၊ မြတ်နိုး၊ ကိုးစားမှု ခံယူရခြင်းနဲ့အတူ လူသားတွေအပေါ် လွှမ်းမိုးနိုင်မှု သြဇာ ဖြစ်ပေါ်လာပါတယ်။


ဒါတွေ အားလုံးဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ “စံနှုန်း၊ သတ်မှတ်ချက် (Norm)” တွေ၊ “မူဝါဒ (Principle)” တွေ နဲ့ တန်ဖိုး (Value) တွေကို အခြေခံပြီး စံနမူပြု ရေရှည် ကျင့်ကြံ လုပ်ဆောင်ပြနိုင်မှု ရလဒ် ဖြစ်ပါတယ်။ တနည်းအားဖြင့် ဒီ ရလဒ်ဟာ အသိအမြင်၊ ဗဟုသုတ များပြားခြင်း၊ အကျင့် သီလ စင်ကြယ်ခြင်း၊ ကျိုးကြောင်း ဆင်ခြင် ပိုင်းဖြတ် နိုင်မှု ရှိခြင်း၊ ဦးဆောင် လမ်းညွှန် နိုင်စွမ်း ရှိခြင်း၊ မိမိအလုပ်ကို တစိုက်မတ်မတ် စူးနစ် စွဲမြဲ လုပ်ကိုင်မှု ရှိခြင်း၊ လူသား အကျိုး ဆောင်ရွက်နိုင်မှု ရှိခြင်း၊ လူသားတွေရဲ့ ဒုက္ခဆင်းရဲ ကို ကယ်တင် လွတ်မြောက် နိုင်စေတဲ့ စွမ်းပကား ရှိခြင်း၊ လူသားတွေကို ဉာဏ်ပညာ အလင်း ဖွင့်ပေး နိုင်စွမ်းရှိခြင်း စတဲ့ အသိ/အတတ် ပညာ တင်မကတဲ့ ဖြောင့်မတ် မှန်ကန် ဆင်ခြင်ဆုံးဖြတ်နိုင်မှု ဉာဏ်ပညာ၊ ကျင့်ဝတ် အလုပ် နဲ့ အထုံ ပါရမီ တို့ ပေါင်းစပ်ထားခြင်းလည်း ဖြစ်ပါတယ်။


ဆိုခဲ့တဲ့ ကျင့်ဝတ် “စံနှုန်း၊ သတ်မှတ်ချက် နဲ့ မူ” တွေဟာ လူလုပ် ဥပဒေ ဆိုတာတွေထက် ပိုလေးနက်ပြီး အခြေခံကျသလို လူသားတွေရဲ့ အတွင်း အဇ္ဈတ္တသန္တာန် (Inner Nature) ကို လွှမ်းမိုးနိုင်၊ ကာလကြာရှည် စွဲမြဲနိုင်စွမ်းလည်း ရှိပါတယ်။


အထက်မှာ ဆိုခဲ့တဲ့ ဖွင့်ဆိုချက် အရ လူသားတွေအပေါ် “Moral Authority” အရှိဆုံးကတော့ ကမ္ဘာမှာ ပွင့်တော်မူခဲ့တဲ့ ဘာသာတရား အသီးသီးရဲ့ ဘုရားတွေ ဖြစ်ပါတယ်။ ဗုဒ္ဓ ရဲ့ ဘုရားဂုဏ်တော် (၉) ပါး ဟာ ဘုရားရှင်ရဲ့ “Moral Authority” ရှိမှုကို ညွှန်းဆိုထားခြင်းလို့ ဆိုနိုင်ပါတယ်။ ခေတ်အဆက်ဆက် နဲ့ မျက်မှောက်ခေတ် ကမ္ဘာရဲ့ ထေကြီးဝါကြီး ရဟန်းသံဃာတော်တွေ၊ ဘာသာတရားအသီးသီးမှ ကြီးမြတ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဟာလည်း လူသားတွေအပေါ် “Moral Authority” သြဇာကြီးတယ်လို့ ဆိုနိုင်ပါတယ်။


ဒါ့အပြင် ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေ နဲ့ မသက်ဆိုင်တဲ့ အခြား လူသားအကျိုးပြု စွမ်းဆောင်နိုင်စွမ်း ရှိတဲ့ သာမန် လူသား ပုဂ္ဂိုလ်တွေမှာလည်း “Moral Authority” သြဇာ ရှိနိုင်ပါတယ်။ အကြောင်းက လုပ်ရပ်တခုခု၊ ဖြစ်စဉ်တခုခု၊ အကြောင်း ကိစ္စ တခုခု ကနေပြီး ကမ္ဘာ့ လူသား အကျိုးပြု နဲ့ လောကီ ရေးရာ လွတ်မြောက်၊ ငြိမ်းချမ်းရာ လုပ်ငန်းတွေ စွမ်းဆောင်ပေးနိုင်စွမ်းတဲ့ လူပုဂ္ဂိုလ်တွေမှာလည်း သူမတူ ထူးခြား၊ ရှားပါးတဲ့ “သီလ၊ သမာဓိ၊ ပညာ” ရှိနေလို့ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်မျိုးတွေဟာ မနှိုင်းအပ်ပေမယ့် ဘုရားဂုဏ်တော် (၉) ပါး နဲ့ မြင်သာအောင် ဆိုရရင် “သုဂတိ (သီလ၊ သမာဓိ၊ ပညာ ကို အခြေခံပြီး ကောင်းမြတ်သော စကား နဲ့ အလုပ်ကိုသာ ဆိုခြင်း၊ ပြုခြင်း၊ သွားခြင်း၊ လာခြင်း)” ဆိုတဲ့ ဂုဏ်နဲ့ ပြည့်စုံနေလို့ ဖြစ်ပါတယ်။ အတုမရှိတဲ့ ဘုရား လို “သတ္တ၊ သြကာသ၊ သင်္ခါရ” ဆိုတဲ့ လောကသုံးခွင်ကို အကုန်အစင် သိမြင်နိုင်မှု “လောကဝိဒူ” ဂုဏ်မြောက်၊ သစ္စာလေးပါး အမှန်တရားကို ပိုင်းခြား သိမြင်နိုင်မှု မရှိပေမယ့် အဆိုပါ လူသားအကျိုးပြု လူပုဂ္ဂိုလ်တွေမှာ လူသား အတိုင်းအတာအရ “သီလ၊ သမာဓိ၊ ပညာ” အလုပ်၊ “၀ိဇ္ဇာ စရဏ သမ္ပန္န” ဆိုတဲ့ အသိဉာဏ် ပညာ (၀ိဇ္ဇာ) နဲ့ အကျင့်တရား (စရဏ) ပြည့်စုံနေလို့ ဖြစ်ပါတယ်။


ဥဒါဟရုဏ် ပြုရရင် မဟတ္တမဂန္ဒီ (၁၈၆၉-၁၉၄၈) လို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးမျိုး၊ မာသာထရီဆာ (၁၉၁၀-၁၉၉၇) လို ကြီးမားတဲ့ ကရုဏာရှင်ကြီးမျိုး ကို “Moral Authority” သြဇာကြီးတဲ့ လူသား ပုဂ္ဂိုလ်တွေလို့ ဆိုနိုင်ပါတယ်။


ဂန္ဒီကြီး ရဲ့ အတွေးအခေါ်၊ အကျင့်အကြံ၊ လမ်းညွှန်မှု နဲ့ အကြမ်းမဖက်ရေး တရားတွေဟာ ကမ္ဘာအရပ်ရပ်က ခေတ်အဆက်ဆက် လွတ်မြောက်ရေး၊ လူ့အခွင့်အရေး၊ ပြည်သူ့ရေးရာ အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဖိနှိပ်မှု ဆန့်ကျင်ရေး တိုက်ပွဲတွေကို ကြီးစွာသော လွှမ်းမိုးမှု၊ နမူနာပြုနိုင်မှု ဖြစ်ပေါ်စေခဲ့သလို ကမ္ဘာ့လူသားများစွာရဲ့ အကျိုးကို ဖြစ်ထွန်းစေခဲ့ပါတယ်။ ဒါ့အပြင် ဂန္ဒီကြီး နဲ့ သူ့ လမ်းစဉ်ရဲ့ ရှေ့ဆောင်မှုကနေ တဆင့် မင်ဒဲလား (၁၉၁၈-) လို၊ မာတင်လူသာကင်းဂျူနီယာ (၁၉၂၉-၁၉၆၈) လိုမျိုး “Moral Authority” ရှိ စံနမူနာပြုစရာ ပုဂ္ဂိုလ်မျိုးတွေ ကမ္ဘာ့သမိုင်းမှာ ထပ်မံ ပေါ်ထွန်းခဲ့ပြီး သူတို့ကြောင့် လူသားများစွာဟာ တရားမျှတမှု နဲ့ လွတ်မြောက် ငြိမ်းချမ်းရေး သုခ ချမ်းသာ ကို ခံစားနိုင်ခဲ့ပါတယ်။


အလားတူပဲ မာသာထရီဆာ ရဲ့ ကြီးမားတဲ့ မေတ္တာတရားနဲ့ ယှဉ်တဲ့ ဘာသာရေးအခြေပြု လူမှုရေးလုပ်ငန်းတွေဟာလည်း လူသားများစွာကို ဒုက္ခဆင်းရဲက လွတ်စေခဲ့ရုံသာမကဘဲ ကမ္ဘာအနှံ့က လူမှုရေး နဲ့ ဘာသာရေး လုပ်ငန်းတွေကိုပါ ရှေ့ဆောင်လမ်းပြ နိုင်ခဲ့ပါတယ်။


ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်တွေကို လေ့လာကြည့်ရင်လည်း နှစ်တချို့မှာ အငြင်းပွားဖွယ် ဆုရွေးချယ်မှု သမိုင်းဖြစ်စဉ်တွေ ရှိခဲ့ပြီး အင်အားကြီး ကမ္ဘာ့နိုင်ငံတချို့၊ အထူးသဖြင့် အနောက်အုပ်စုရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ တစိတ်တပိုင်း ပါဝင်ပတ်သက် လွှမ်းမိုးမှု ရှိခဲ့ပေမယ့် ယေဘုယျ သဘော အနေနဲ့ ငြိမ်းချမ်းရေး ဆုရှင်တွေဟာ ကမ္ဘာမှာ အထိုက်အလျောက် “Moral Authority” သြဇာကြီးသူတွေလို့ ဆိုနိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်ခြင်း၊ တရားမျှတမှုကို ကိုယ်စားပြုခြင်း၊ လူသား (အမျိုးသမီး/အမျိုးသား/လူမျိုး/ဘာသာ/ အသားအရောင် မခွဲ တန်းတူ) အခွင့်အရေး အပြည့်အဝ ရရှိအောင် ကြိုးစားဆောင်ရွက်ခြင်း၊ လူသား တန်ဖိုးကို မြှင့်တင်ပေးနိုင်ခြင်း၊ လူသားတွေရဲ့ လူမှုစီးပွား ဘဝ တိုးတက်အောင် ကြံဆောင်ခြင်း၊ သတ္တ၊ ရုက္ခ လောက၊ ကမ္ဘာ့ ပထဝီမြေကြီး နဲ့ သဘာဝ ပတ်ဝန်းကျင်ကို စည်ပင်ဝပြော ရှင်သန်အောင် လုပ်ဆောင်ခြင်းတို့ကြောင့် လူသား နဲ့ ကမ္ဘာမြေအပေါ် ကျေးဇူးပြုနိုင်ခြင်းနဲ့အတူ သူတို့ရဲ့ “Moral Authority” ဟာလည်း ကမ္ဘာ့ လူသားများအကြားမှာ ကြီးမားလှပါတယ်။


ဆိုခဲ့တဲ့ နောက်ခံအခြေအနေနဲ့ သဘောမှာ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် တယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး ခေါင်းဆောင် ဆိုတာထက်ပိုတဲ့ ဗမာ့လူထု ကိုးစားပြု ခေါင်းဆောင် အနေအထား အပြင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ဒီမိုကရေစီ ရဲ့ သင်္ကေတ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်၊ အမှန်တရာ နဲ့ တရားမျှတမှုရဲ့ ပုံရိပ် အနေနဲ့ နိုင်ငံတကာမှာ၊ ကမ္ဘာ့ လူသားတွေ အပေါ်မှာ “Moral Authority” ရှိပါတယ်။ သူရေးတဲ့ စာတွေ၊ သူပြောတဲ့ မိန့်ခွန်းတွေ ကို ထင်ရှားတဲ့ အရှေ့၊ အနောက် ကမ္ဘာ့ခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ အနှံ့က လူသား အတော်များများဟာ ဂရုတစိုက် ဖတ်ရှု၊ ကြားနာကြသလို သူ့ရဲ့ လုပ်ရပ် နဲ့ ခံယူချက်၊ သဘာထားတွေကိုလည်း လေးစား အသိအမှတ်ပြု၊ စံနမူနာယူမှုတွေ ရှိပါတယ်။


ဒီလို အနေအထားမှာ ကမ္ဘာ့ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေ၊ ရုပ်သံ နဲ့ စာနယ်ဇင်း မီဒီယာတွေ၊ နိုင်ငံတကာက ခေါင်းဆောင်တွေ၊ သံတမန်နဲ့ ထင်ရှားကျော်ကြားသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ သူ့ရဲ့ အမြင်၊ သဘောထား၊ ဟောပြောချက်တွေကို ရယူခြင်းတွေ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်း အမြောက်အမြား ပြုလုပ်ခဲ့ခြင်းနဲ့အတူ သူ့ရဲ့ သြဇာ၊ လွှမ်းမိုးနိုင်မှု နဲ့ “Moral Authority” ဟာလည်း ကြီးမား ခိုင်မာ လာပါတယ်။


သူဟာ ရုပ်ရည် ပြေပြစ်ခြင်း၊ ဘာသာစကား ကျွမ်းကျင်ခြင်း၊ သိက္ခာ၊ သမာဓိ၊ ပညာ ပြည့်စုံခြင်း၊ တကိုယ်ရေ အားဖြင့် အရည်အချင်း ကြွယ်ဝခြင်း၊ ပုဂ္ဂလိက မိသားစုဘဝ စွန့်လွှတ်အနစ်နာခံမှု တို့အပြင် လူအများကို သြဇာစူး၊ စွဲဆောင်နိုင်စွမ်းတဲ့ အထုံ ပါရမီ အရည်အသွေးများဖြစ်တဲ့ အလိုအလျောက် မျက်နှာပွင့်လန်း၊ ကျော်စောထင်ရှား အကြီးအမှူး ခေါင်းဆောင် နေရာရယူနိုင်ခြင်း ဖြစ်စေမှု မွေးရာပါ “Charisma” နဲ့လည်း ပြည့်စုံနေပြန်ပါတယ်။ ဖန်တီးတည်ဆောက် လုပ်ယူလို့မရတဲ့ သဘာဝ ခရစ်စမား အရည်အသွေး ရှိတဲ့ ခေါင်းဆောင် (Charismatic Leader) မျိုးရဲ့ သြဇာလွှမ်းမိုး သက်ရောက်မှုက လွတ်ကင်းအောင် နေနိုင်တဲ့ လူသာမန် ဆိုတာ အင်မတန် ရှားလှပါတယ်။


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်အနေနဲ့ဆိုပြန်ရင်လည်း ဗမာလူထု အကြွင်းမဲ့ အလုံးစုံ လေးစားချစ်ခင်မြတ်နိုးရတဲ့ လွတ်လပ်ရေးဖခင်ကြီး နဲ့ အာဇာနည် သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက် ဖြစ်နေခြင်းဟာလည်း သူ့ရဲ ဗမာလူထုအပေါ် သြဇာသက်ရောက်မှုကို အထွပ်အထိပ် ဖြစ်စေပါတယ်။ ဗမာလူထုအနေနဲ့ မျိုးဆက် နှစ်ဆက်/သုံးဆက် ဒဏ္ဍာရီလာ သူရဲကောင်းလို လေးစားအားကျ၊ နှမြောတသ လွမ်းဆွတ်ရင်းနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်နေရတဲ့ ဗိုလ်ချုပ်အောင်ဆန်း အစား သူ့ရဲ့ မျိုးဆက်သစ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ပြီးတော့ လူပုဂ္ဂိုလ် အခြေပြု ကိုးကွယ်စရာ ဖြစ်လာခဲ့ပါတယ်။


ဒီလို နောက်ခံကားချပ် အနေအထားမှာ ဗမာလူထု အနေနဲ့ သူ့ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ မဟာလူသား ဆန်ဆန် သာမန်ထက်ပိုတဲ့ အလေးထား၊ ဂုဏ်ပြုဆက်ဆံမှုတွေနဲ့အတူ ဘုရားတဆူ ဂူတလုံးသဖွယ် ပူဇော်ဆည်းကပ်၊ အမြတ်တနိုးထားကာ နတ်ဘုရားဆန်ဆန် ကိုးကွယ်မှု (Divine Worship) တွေလည်း ရှိလာပါတယ်။  ဒီလို ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု၊ ချဉ်းကပ်မှု နဲ့ ဝိုင်းဝန်းမှုမှာ အစစ်အမှန် ချစ်ခင်မြတ်နိုး၊ လေးစား တန်ဖိုးထားမှုကြောင့် ကိုးကွယ်နေသူ နောက်လိုက် (Followers) တွေ ရှိသလို လက်ရှိအခြေအနေ ဗမာ့နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နဂိုရှိရင်း သြဇာအပြင် အာဏာ ပါ တက်လာမှုကြောင့် သာပေါင်းညာစား ဖော်လံဖား အခွင့်အရေးသမား (Sycophants) တွေလည်း များပြားလာတာ သဘာဝပဲ ဖြစ်ပါတယ်။ (စကားချပ် – “Sycophants” တွေအကြောင်းက “Moral Authority” နဲ့ မသက်ဆိုင်တဲ့အတွက် ဒီဆောင်းပါးမှာ အကျယ် မဆွေးနွေးတော့ပါ။)


ဗမာလူထုရဲ့ ယေဘုယျ အခြေအနေကို တဘက်က ပြန်သုံးသပ်ကြည့်ပြန်ရင်လည်း ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးဒဏ် ခံခဲ့ရခြင်းကြောင့် ပညာရေး နိမ့်ကျ၊ လွတ်လပ်စွာ ကိုယ်ပိုင် တွေးခေါ်စဉ်းစာဆင်ခြင်နိုင်မှု အမျှော်အမြင်နည်းပါး၊ လွတ်လွတ်လပ်လပ် မေးခွန်းထုတ် ပြန်လည် ဆွေးနွေးမှုနိုင်မှု၊ အမြင်သစ်၊ အတွေးသစ်၊ အလုပ်သစ်ကို ကိုယ်ပိုင်စူးစမ်း ရှာဖွေလိုမှု ဓလေ့ ဆိတ်သုဉ်းခြင်းနဲ့အတူ အလုံးစုံ အမိန့်နာခံတတ်မှုဟာ နေရာ၊ ကိစ္စ တိုင်းလိုလိုမှာ အရည်အသွေးတခု (သို့) လိုအပ်မှု တခုလို ဖြစ်လာကာ သာမန်ထက် ထူးကဲတဲ့ စွမ်းရည်ရှိတဲ့၊ သြဇာရှိတဲ့၊ အာဏာရှိတဲ့ ခေါင်းဆောင်ရဲ့ စကားကိုသာ တသွေမတိမ်း နာခံလိုစိတ်ဟာ လူအများကြားမှာ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုတခုလို အမြစ်တွယ်လို့လာခဲ့ပါတယ်။


နဂို ရှိရင်းစွဲ ဗမာ့ဓလေ့ကို ကြည့်ပြန်ရင်လည်း အထက်လူကြီး၊ အကြီးအမှူး ကို မိဘ၊ ဆရာ နည်းတူ ရိုသေ ကိုးကွယ် ဆည်းကပ်ရလေ့ရှိတာကြောင့် အထက်လူကြီး (သို့) ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက် နဲ့ သဘောထားတွေကို ပြန်လည် ဝေဖန်ဆန်းစစ်လိုမှု အင်မတန် နည်းပါးလှပါတယ်။


ဗမာပြည် တည်ရာ အာရှတိုက်တခုလုံးရဲ့ ဓလေ့မှာလည်း အမိန့်နာခံမှု၊ ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ကိုးကွယ်မှုဟာ ကျယ်ကျယ်ပြန့်ပြန့် ရှင်သန်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အာရှ လူ့အဖွဲ့အစည်းမှာ မျိုးရိုး မိသားစုနောက်ခံဟာ အင်မတန် အရေးပါပြီး ထင်ရှားကျော်ကြား၊ သြဇာစူးစေမှု နဲ့ ခေါင်းဆောင်ဖြစ်စေမှုကို ပြင်းပြင်းထန်ထန် တွန်းအားဖြစ် အကျိုးသက်ရောက်လေ့ ရှိပါတယ်။


မျိုးရိုးနောက်ခံကြောင့် သြဇာထက်မြက် ခေါင်းဆောင်နေရာယူနိုင်မှုအပြင် ပင်ကိုယ်အရည်အသွေးနဲ့ ကျင့်ဝတ်၊ ခံယူချက်၊ အလုပ်ကြောင့် ဗမာလူထု နဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာပါ “Moral Authority” သြဇာရှိ အရာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးအတွက် အထက်မှာ ဆွေးနွေးခဲ့တဲ့ အခြေအနေအားလုံးဟာ အကြွင်းမဲ့ နာခံတော် နောက်လိုက် အများအပြားကို မွေးဖွားစေခဲ့ပါတယ်။


ဒီလို လူပုဂ္ဂိုလ်စွဲ ကိုးကွယ်ယုံကြည် နောက်လိုက်မှု၊ အကြွင်းမဲ့ ထောက်ခံမှု နဲ့ အလုံးစုံ အမိန့်နာခံမှု ရဲ့ သဘောဟာ အကိုးကွယ်ခံ ပုဂ္ဂိုလ်ရဲ့ “Moral Authority” သြဇာ အားပြည့်နေသမျှ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရပ်တည်ချက်၊ သဘောထား မပြောင်းလဲသမျှ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေလို့ မဆိုနိုင်ဘူးလို့ ယူဆပါတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေကစလို့ ပြောင်းလဲလာတဲ့ နိုင်ငံရေးလမ်းကြောင်း သဘောအရ ပါတီနိုင်ငံရေး၊ ရွေးကောက်ပွဲ နဲ့ လူအများစု (သို့) တိုင်းပြည်မှာ အရေးပါ၊ အရာရောက်တဲ့ လူတန်းစားတစု ထောက်ခံမှုကို ပိုမိုအရေးပေးဖို့ အခြေအနေတွေက တောင်းဆိုလို့ လိုအပ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ “Moral Authority” ရှိသူ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ငြိမ်းချမ်းရေး ရဲ့ သင်္ကေတ ပြယုဂ် အနေအထားကနေ ယုတ်လျော့လို့ လာနေပါပြီ။ ဒီသဘောကို စံနှုန်း၊ မူတွေ အလေးပေးရတဲ့ “Normative Approach” ကနေ မူဝါဒ၊ အတွေးအခေါ်၊ စံသတ်မှတ်ချက်တွေထက် လက်တွေ့ အလုပ်ဖြစ်ရေးကို ဦးစားပေး စဉ်းစားလုပ်ဆောင်ရတဲ့ “Pragmatic Approach” ကို ပြောင်းပြီး ပါတီ နဲ့ အာဏာ နိုင်ငံရေး လမ်းကြောင်းကို စတင်ခဲ့တဲ့ မနှစ်ကတည်းက နိုင်ငံတကာ ခေါင်းဆောင်တချို့ (ဥပမာ – ဟီလာရီ ကလင်တန်) ၊ ပညာရှင် နဲ့ လေ့လာသူ တချို့က သတိပေးပြောဆို၊ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။


ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး ကစားမှုတွေ၊ နိုင်ငံရေးသဘောအရ အပေး-အယူ၊ အလျှော့-အတင်းပြုလုပ် ဈေးဆစ်ရမှုတွေ၊ ဈေးဆစ်ခံရမှုတွေ၊ ငဲ့ကွက်ရမှုတွေ မဖြစ်မနေ ကြုံလာ၊ လုပ်လာရပါတော့တယ်။ ဒီအနေအထား နဲ့ သဘောမှာ နိုင်ငံရေး သမား တယောက်ကို “ပုဂ္ဂိုလ်ကိုခင်လို့ တရားမင်” ဆိုသလို လူပုဂ္ဂိုလ်ဗဟိုပြု ထောက်ခံမှု နဲ့ နတ်ဘုရားဆန်ဆန်း ချီးပ ကိုးကွယ်မှုတွေဟာ ကောင်းမွန်ပြည့်စုံ၊ တော်တည့်မှန်ကန် တဲ့ အနာဂတ် တိုင်းပြည် နဲ့ နိုင်ငံရေးဓလေ့ ဖြစ်ဖို့အတွက် ကြီးမားတဲ့ ဟန့်တားမှု၊ အနှောင့်အယှက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ တန်ခိုးရှင် မဟုတ်တဲ့ ပုထုဇဉ် လူသားတယောက်သာ ဖြစ်တဲ့အတွက် အားသာချက် ရှိသလို၊ အားနည်ချက်လည်း ရှိမှာ ဖြစ်ပါတယ်။  ဆုံးဖြတ်ချက် အမှားအယွင်း နဲ့ မူဝါဒ အလွဲတွေလည်း ချမှတ်နိုင်ပါတယ်။ ဒါကြောင့် လူကို မူတည်ပြီး နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ရောထွေးယှက်တင်ဖြစ်ကာ လူ နဲ့ နိုင်ငံရေး မကွဲရင် နိုင်ငံမှာ အကောင်းထက် အဆိုးဖြစ်ဖို့က ပိုများပါတယ်။ ဒီလို အခြေအနေမျိုးကို ဒီမိုကရေစီ အကျင့်၊ အလေ့အထ နဲ့ ဓလေ့ မရင့်သန်တဲ့ နိုင်ငံတွေမှာ များသောအားဖြင့် တွေ့ရတတ်ပါတယ်။ ဒီမိုကရေစီစနစ် အမြစ်တွယ်နေပြီဖြစ်တဲ့ အနောက် နိုင်ငံကြီးတွေမှာ နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေးနဲ့ တသီးတခြား ဖြစ်နေပြီး “လူ” ကို ကိုးကွယ်တဲ့ကိစ္စ မရှိသလောက် နည်းကာ “မူ” ကို သာကြည့် ဝေဖန်သုံးသပ်၊ ဝါဒ၊ လမ်းစဉ် နဲ့ ရပ်တည်ချက်ကိုသာ အလေးပေးစဉ်းစာတဲ့ နိုင်ငံရေးဓလေ့သာ ရှင်သန်ပါတယ်။ ဒါဟာ ပိုမိုကောင်းမွန် လွတ်လပ်၊ မျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတခု ဖြစ်ပါတယ်။


လက်ရှိ ဖြစ်ပေါ်နေတဲ့ ဗမာ့ နိုင်ငံရေးလားရာကို သုံးသပ်ကြည့်ပြန်ရင်လည်း လက်နက်ကိုင် အဖွဲ့အစည်း၊ စစ်တပ်ဗဟိုပြု စစ်အုပ်စု တခုလုံးရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရင်းနဲ့ ကျောထောက်နောက်ခံ ပြုထားတဲ့ လက်ရှိ အစိုးရမှာ လုပ်ပိုင်ခွင့် နဲ့ အာဏာ အပြည့်ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို လူထု နဲ့ နိုင်ငံတကာ အပေါ် လွှမ်းမိုးနိုင်တဲ့ သြဇာ နဲ့ “Moral Authority” မျိုးတော့ မရှိပါဘူး။  ဒါကြောင့် လက်ရှိ အစိုးရ နဲ့ စစ်အုပ်စု အနေနဲ့ သူတို့ စိတ်ကြိုက် ဖန်တီးထားတဲ့ နိုင်ငံရေးအရွေ့ကို လူအများ နဲ့ နိုင်ငံတကာက ပိုမိုထောက်ခံ အသိအမှတ်ပြုလာဖို့ရာအတွက် လူထု နဲ့ ကမ္ဘာ အပေါ် သြဇာညောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပူးပေါင်းမှုကို အလိုရှိပါတယ်။  ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ရွေးချယ်လိုက်တဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ်မူတည်ပြီး အစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်လာရပါတယ်။


ဒီအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဇာပိုင် အဖြစ်ကနေ အာဏာရှိသူ နဲ့ အခြေအနေအရ ပူးပေါင်းနေရတဲ့အတွက် အာဏာပိုင်အဖြစ်ကို ကူးပြောင်းသွားနေပါတယ်။ လက်ရှိ အာဏာရ အစိုးရရဲ့ လွှတ်တော်မှာလည်း လွှတ်တော်အမတ် နေရာအပြင် အခြား ရာထူး နဲ့ တာဝန်တွေကိုပါ ပူးတွဲ တာဝန်ယူ လုပ်ဆောင်နေရတဲ့အတွက် သူဟာ အတိုက်အခံပါတီရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် အနေအထားထက် အာဏာရ အစိုးရရဲ့ တစိတ်တပိုင်း အဖြစ် ပိုမို ရှုမြင်နိုင်စရာ ဖြစ်လာနေပါတယ်။


ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဟိုအရင် အစဉ်တစိုက် ထောက်ခံလာခဲ့တဲ့ နောက်လိုက်တွေထဲက လူပုဂ္ဂိုလ်စွဲ ကိုးကွယ်သူတွေကလွဲလို့ လက်ရှိ မူဝါဒ၊ လုပ်ရပ် နဲ့ သဘာကိုသာ သုံးသပ်လေ့လာပြီး ထောက်ခံခဲ့တဲ့ ကျန် လူအများကြားမှာ သူ့ရဲ့ လက်ရှိ အနေအထား အပေါ် ပြန်လည် မေးခွန်းထုတ်မှု နဲ့ ဝေဖန်ပိုင်းခြားမှုတွေ တိုးလာပါတယ်။


“စံနှုန်း၊ သတ်မှတ်ချက် နဲ့ မူ”ကို အလျှော့-အတင်း၊ အပေး-အယူ လုပ်ရတဲ့ နိုင်ငံရေးသမားဘဝကို အခြေအနေ၊ အတိုင်းအတာတခုအထိ နားလည်လက်ခံပေးနိုင်စရာလည်း ရှိပါတယ်။ ဒါပေမယ့် မူဝါဒ နဲ့ စံနှုန်း သတ်မှတ်ချက် ခိုင်ခိုင်မာမာ မရှိတဲ့ နိုင်ငံရေး လမ်းစဉ်ဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးမများနိုင်ပါ။  ဂန္ဒီကြီးရဲ့ လှုမှုအပြစ် (၇) ပါး အရ ဆိုရင်လည်း ဒါဟာ လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်စေတဲ့ အပြစ် ဖြစ်ပါတယ်။


အခုအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ “စံနှုန်း၊ သတ်မှတ်ချက်၊ မူ (Principles)” တွေကို လုံးလုံး ပစ်ပယ် မျက်ကွယ်ပြုထားတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ မျက်မှောက် နဲ့ အနာဂတ် နိုင်ငံရေး မှာ အထက်မှာ ဆွေးနွေးခဲ့တဲ့ ပါတီ နဲ့ အာဏာ နိုင်ငံရေး သဘောကြောင့် ဟိုယခင် ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ခေါင်းဆောင် ဘဝကလို မတရားမှု မှန်သမျှ ဆန့်ကျင်ပြောဆိုရဲတဲ့၊ တရားမှုကို ရဲရဲဝင့်ဝင့် ပုံဖော်နိုင်တဲ့၊ ကျင့်ဝတ် ပိုင်းဆိုင်ရာ ကို အလေးပေးတဲ့၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ တန်းတူညီမျှရေး၊ လူမှုတရားမျှတမှု ကို ဖော်ဆောင်တဲ့၊ မူဝါဒ ကို အထိအပါးမခံတဲ့ အနေအထားမျိုး၊ ရပ်တည်ချက်မျိုး နဲ့ သဘောထားမျိုးတော့ လျော့နည်းလာမှာ ဖြစ်ပါတယ်။ အလားတူပဲ တွဲလျက် သူ့ရဲ့ “Moral Authority” လည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။


ဒီလိုအနေထားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ခံယူချင်တဲ့ သူ့ရဲ့ ပါတီဝင် နဲ့ နောက်လိုက် လူထုအနေနဲ့ လူပုဂ္ဂိုလ်ဗဟိုပြုမှု၊ မစဉ်းစား၊ မဆင်ခြင် မျက်စိမှိတ် ထောက်ခံမှု၊ နတ်ဘုရား နဲ့ မဟာလူသား ဆန်ဆန် ကိုးကွယ်ဆည်းကပ်မှုတွေကို လျှော့ချပစ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း မူဝါဒ၊ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့် ပိုင်းဆိုင်ရာကို ဗဟိုခေါင်းဆောင်ပိုင်းက အပြည့်အဝ ထိန်းချုပ်ထားမှုကို လျှော့ချဖို့ အရေးတကြီး လိုအပ်လှပါတယ်။


စစ်အုပ်စု ရဲ့ အကျိုးစီးပွားအတွက် အာဏာ ရေရှည်တည်တံ့ ခိုင်မြဲရေးကို ရှေးရှုကာ စိတ်ကြိုက် ဖန်တီးထားတဲ့ မျက်မှောက် နဲ့ အနာဂတ် ဗမာ့ နိုင်ငံရေး လမ်းခရီးမှာ အမျိုးမျိုးသော လှည့်ကွက်တွေ၊ ထောင်ခြောက်တွေ၊ ခါးအောင်ပိုင်း လက်သီးပုန်း ထိုးကွက်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီအခြေအနေဟာ “ပြည်ထဲအရေး ပေါက်နှင့်ကျေး၊ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” ဆိုတာထက် ပိုမို ရှုပ်ထွေးမှာ သေချာလှပါတယ်။ ဒါကြောင့် ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက် ကို ပြန်လည် မေးခွန်းထုတ်တတ်မှု၊ ဝေဖန်နိုင်မှု၊ သုံးသပ်နိုင်မှု ရှိဖို့ ဗမာ့နိုင်ငံရေး ဓလေ့ နဲ့ လူ့အဖွဲ့အစည်းမှာ လိုနေပါတယ်။ ခေါင်းဆောင်တယောက်တည်းရဲ့ သဘော၊ ဆန္ဒ၊ ဆုံးဖြတ်ချက် နဲ့ သွားနေရင် ဗမာပြည်ရဲ့ အနာဂတ် နဲ့ ဒီမိုကရေစီအရေးဟာ ပြည့်စုံကောင်းမွန် သန်စွမ်းတဲ့ အနေအထားမျိုး၊ အခြေအနေမျိုး ဘယ်လိုမှ ဖြစ်မလာနိုင်ပါ။


နိဂုံချုပ်ရရင် စာရေးသူ အနေနဲ့တော့ စိတ်ကူးယဉ်၊ လက်တွေ့မကျဘူးပဲဆိုဆို ပြစ်မျိုးမထင်၊ မူဝါဒ၊ ကျင့်ဝတ် ခိုင်မာ၊ “Moral Authority” အပြည့်ရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပဲ မြင်ချင်ပါတယ်။ ဗမာ့ နိုင်ငံရေး အခင်းအကျင်းဟာ ဆိုခဲ့သလို မဖြစ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး နိုင်ငံရေးမှာ လူစွဲကင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကင်း၊ ဘက်ပေါင်းစုံက အမြင်ပေါင်းစုံ နဲ့ လူတိုင်း အသံကျယ်ကျယ်ထွက်၊ ခေါင်းဆောင်အပေါ် အကျိုး/အကြောင်း ထောက်ပြ၊ ခေါင်းဆောင်ကလည်း လက်ခံစဉ်းစား သုံးသပ် တဲ့ နိုင်ငံရေး အလေ့အကျင့်ကောင်း၊ ဓလေ့ကောင်းတွေ ရှင်သန်၊ ထွန်းကား၊ အမြစ်တွယ် စေချင်ပါတယ်။  ဝေဖန်ပိုင်းခြား၊ ကျိုးကြောင်း ဆင်ခြင်သုံးသပ်မှု “ဝိဘဇ္ဇ” သဘောဟာ ဘာသာတရားရဲ့ အဆုံးအမနဲ့လည်း ညီပါတယ်။  ကြိုးစားဖော်ဆောင် စေချင်ပါတယ်။

ငြိမ်းချမ်းအေး

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း

$
0
0

 ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )(ဘာသာပြန် - @Spring Flowers ) အစအဆုံး ဖြစ်ပါတယ.်။

ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။ ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို ( professional army ) မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ ) နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ ( ရယ်သံများ ) ။


လူတိုင်းမှာ လွတ်လပ်ခွင့်ရှိရမယ်လို့ ကျမယုံကြည်ပါတယ်...... ဒါကဘဲ လူသား ဆိုတဲ့အဓိပ္ပါယ် ပါဘဲ ။ ကိုယ်ဘယ်သူဆိုတဲ့ Identity ကို ပြဖို့ လွတ်လပ်ချင်ကြပါတယ် ။ ကိုယ်ယုံကြည်ရာကို လုပ်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ဥပဒေရှေ့မှောက်မှာ အားလုံး သာတူညီမျှရှိတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ နေနိုင်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ကျမဒီ Sandhurst တက္ကသိုလ်ကိုလာရဲ့အကြောင်းက စစ်ရေးသဘောအားဖြင့်ရော လူသားဆန်ဆန်ကြည့်ရင်ပါ ''ခေါင်းဆောင်မှု Leadership ''ဆိုတာ ဘာလဲဆိုတာကို သိချင်လို့ပါ ။

ဘာလို့လည်းဆိုတော့ စစ်သား ဆိုတာလည်း လူသားတွေဘဲ ဆိုတဲ့ အချက်ကို ငြင်းလို့မှ မရတာလေ ။ စစ်သားတွေထဲမှာ ကျမ ပထမဆုံး သိကျွမ်းခဲ့ရသူက ဗိုလ်ချုပ် စလင်း ( General William Slim ) ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမ ငယ်ငယ်လေးတုန်းက သူ့ရဲ့ ကိုယ်တိုင်ရေးအထုပတ္တိကို ဖတ်မိပါတယ် ။ မြန်မာပြည်အကြောင်း ထဲထဲဝင်ဝင် သိချင်လို့ ကျမ ဖတ်ဖြစ်တာပါ ။ ကျမ သူ့ကို သဘောကျခဲ့ပါတယ် .....ဘာလို့လည်းဆိုတော့ သူက ကျမ ဖေဖေ ကို သဘောကျသူ ဖြစ်နေတာကိုး ( ရယ်သံများ ) ။ လူတစ်ယောက်ကို သဘောကျဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ဆိုပါတော့ရှင် ။

အဲဒီမှာ Slim က သေသေချာချာထောက်ပြပါတယ်......သူ ဖေဖေ့ကို သဘောကျရတာက ဖေဖေဟာ အလုပ်တွဲ လုပ်လို့ ရမယ်သူ ဖြစ်လို့ပါ တဲ့ ။ ဒီအချက်ကိုလည်း ကျမ သဘောကျပါတယ် ။ စစ်တပ်ဆိုတာ တာဝန်ကျေတဲ့အလုပ်ကို လုပ်နေတာဘဲ ဖြစ်သင့်ပါတယ် ။ စစ်တပ်ရဲ့တာဝန်ဟာ ဘာတွေလဲ ၊ စစ်တပ်ရဲ့ ၀တ္တရားတွေဟာ ဘာလဲ ၊ စစ်တပ်ဟာ ဘာတွေကို မလုပ်ရဘူးလဲ ဆိုတာကို တိုင်းပြည်တစ်ပြည်ရဲ့ အဖွဲ့အစည်းတိုင်းဟာ သိကို သိနေရပါမယ် ။ ဒါသိပ်ကို အရေးကြီးပါတယ် ။

ကုန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ....တိတိကျကျပြောရရင် ကုန်ခဲ့တဲ့ အနှစ်ငါးဆယ်ကာလဆိုတာ တကယ်တော့ အလွန်ရှည်ကြာတဲ့ ကာလတစ်ခုပါဘဲ ။ လူကြီးမင်းတို့ဗိုလ်လောင်းတွေထဲက ဘယ်သူမှ အသက်ငါးဆယ်အရွယ် ရှိမယ်မထင်ပါဘူး ။ ဒီအနှစ်ငါးဆယ်ကာလမှာ ကျမတို့ စစ်တပ်ဟာ နိုင်ငံရေးထဲ ပါလာခဲ့တယ် ။ ဒါဟာ တိုးတက်မှု တစ်ခုမဟုတ်ပါဘူး ။ စစ်တပ်ကို ဖွဲ့စည်းထားခြင်းဟာ နိုင်ငံရေးထဲကို ၀င်ပါဖို့ ဖွဲ့စည်းခဲ့တာ မဟုတ်ပါဘူး ။

အသစ်ဖွဲ့စည်းလိုက်တဲ့ ဗမာလွတ်လပ်ရေးတပ်မတော် ( BIA ) ရဲ့ အစပိုင်းကာလတွေမှာ ကျမ အဖေက ပြောခဲ့ပါတယ် ။ ''တိုင်းပြည်သည် တပ်ရဲ့ ကျေးကျွန်မဖြစ်ရဘူး ။ တပ်ဟာ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးဖြစ်ရမယ် ''လို့ပါ ။ ဒါကဘဲ ဒီ ဆင်းဟပ်စ် စစ်တက္ကသိုလ်မှာ သင်ကြားပေးနေတာ မဟုတ်လား ။ လူကြီးမင်းတို့ဟာ ခေါင်းဆောင်ဖို့ရာအတွက် အလုပ်လုပ်ပေးဆပ်နေကြတာပါ ။
ဒီနေ့မနက်က ကျမတို့ နည်းနည်းဆွေးနွေးဖြစ်ပါသေးတယ်...... ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် ( serve to lead ) ဆိုတာ အလုပ်အကျွေးပြုဖို့အတွက် ခေါင်းဆောင်တယ် ( lead to serve ) ဆိုတာနဲ့ တူသလား ဆိုတဲ့အကြောင်းကိုပါ ။ နောက်ဆုံးတော့ မတူဘူးဆိုတာ ကျမတို့အားလုံး လက်ခံလိုက်ကြပါတယ် ။ ''အလုပ်အကျွေးပြုတယ် ''ဆိုတာကို ''ခေါင်းဆောင်တယ် ''ဆိုတာရဲ့ ရှေ့က ထားတာ ပိုကောင်းပါတယ် ။ ဘာလို့လည်းဆိုတော့ အဓိကအရေးပါတာက အလုပ်အကျွေးပြုမှုပါဘဲ ။ မှန်မှန်ကန်ကန် အလုပ်အကျွေးပြုဖို့ရာအတွက် အလုပ်အကျွေးပြုခြင်းဆိုတာ ဘာလဲဆိုတာကို သိဖို့လိုပါတယ် ။

အစောပိုင်းက ပြောခဲ့သလိုဘဲ ကျမဘ၀မှာ ပထမဆုံး သိကျွမ်းရင်းနှီးခဲ့တဲ့ အင်္ဂလိပ် စစ်သားဟာ ဗိုလ်ချုပ် Slim ပါ ။ သူ့အကြောင်းကို နည်းနည်း ပြောပြချင်ပါတယ် ။ ဘာလို့လဲဆိုတော့ အိန္ဒိယစစ်တပ်အကြောင်းကို ရေးထားတဲ့ စာအုပ်တစ်အုပ်မှာ ဖိလစ်မေဆင်က သူ့ကို ပြည့်ဝတဲ့ လူတစ်ယောက်လို့ ရေးထားတယ် ။ ပြည့်ဝတဲ့လူ လို့ အပြောခံရတာ လူတစ်ယောက်အတွက် အကြီးကျယ်ဆုံး ချီးကျူးခံရမှုဘဲ လို့ ကျမထင်ပါတယ် ။

ဖိလစ်မေဆင်က Slim အကြောင်းကို ဒီလို ရေးပါတယ် ''စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ကတော့ Slim ရဲ့ အောင်မြင်မှုက သိပ်ပြီး ပြောမစရာ မရှိပါဘူး ။ ဘာလို့လည်းဆိုတော့ သူ့က သိပ်ကျွမ်းကျင်တဲ့ ဗျူဟာသမားတစ်ယောက်သာပါ ။ စီမံခန့်ခွဲတဲ့ နေရာမှာ သိပ်တော်ပါတယ် ။ သူ့ရဲ့ သီလသမာဓိနဲ့ လူသားဆန်တဲ့နည်းလမ်းတွေကြောင့် သူ့ဟာ ပြည့်ဝတဲ့လူ တစ်ယောက်ဖြစ်ပါတယ် .။ သမာဓိရှိတယ် ။ ပွင့်လင်းဖြောင့်မတ်တဲ့ လမ်းစဉ်ကို ရိုးရိုးသားသား ၊ သတ္တိ ၊ အင်အား ၊ စွမ်းဆောင်ရည်တွေနဲ့ လိုက်ခဲ့သူ ပါ ''တဲ့ ။

အဲဒီ ပြည့်ဝတဲ့လူတစ်ယောက်လို့ ချီးကျူးမှုကို ကျမ သဘောတူပါတယ် ။ လူတစ်ယောက်ဟာ စစ်သားဖြစ်ဖြစ် ၊ အရပ်သားဖြစ်ဖြစ် ပြည့်ဝတဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ် ။ ကျမတို့တိုင်းပြည်မှာ လိုနေတာက ပြည်သူတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့ စစ်တပ် တစ်ခုပါ ။ ''စစ်တပ်အပေါ်မှာ ပြည်သူ့အာဏာရဲ့ အရေးပါပုံ ''ကို အသိအမှတ်ပြုတဲ့ စစ်တပ်တစ်ခုပါဘဲ ။
လူကြီးမင်းတို့အားလုံးဟာ ခေါင်းဆောင်ဖို့ လေ့ကျင့်ပေးထားခြင်း ခံရသူတွေပါ ။ စိတ်ဝင်စားစရာကောင်းတာက လူကြီးမင်းတို့ အားလုံးဟာ ပြည်သူ့အာဏာအောက်မှာ ခေါင်းဆောင်မှုကို လုပ်ကြဖို့ လေ့ကျင့်ပေးထားခြင်း ခံရတာပါဘဲ ။ ဒီအချက်ဟာ သိပ်ပြီး သိသာနေသာမျိုး ဖြစ်မနေတာလည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ဒီနည်းနဲ့ သင်ကြားလ့ကျင့်ပေးတာကို လူကြီးမင်းတို့ နေ့တိုင်း ကြုံရပါတယ် ။ ခေါင်းဆောင်ဖြစ်ဖို့ လေ့ကျင့်သင်ကြားပေးတာပေမယ့် လူကြီးမင်းတို့ဟာ နောက်လိုက်ကောင်းတွေလည်း ဖြစ်ကို ဖြစ်ရပါဦးမယ် ။
ခေါင်းဆောင်ကောင်းဖြစ်ဖို့ရာအတွက် နောက်လိုက်ကောင်း ဖြစ်ဖို့ လိုသလား ဆိုတာကိုလည်း ကျမတို့ ဒီနေ့ မနက်က ဆွေးနွေးခဲ့ကြပါသေးတယ် ။ အဖြေက ''လိုပါတယ် ''တဲ့ ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို ခေါင်းဆောင်နေသူတစ်ယောက်ဆီမှာ ဘယ်လိုအရည်အသွေးမျိုးတွေဟာ လိုလားအပ်သလဲဆိုတာကို မသိဘဲ ကိုယ့်ဆီမှာ ဒီလို အရည်အသွေးမျိုးတွေ ရှိလာအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ။ နောက်ဆုံးတော့ ခေါင်းဆောင်မှုဆိုတာ သင့်တော်မှန်ကန်တဲ့အချိန်မှာ သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်တာကို ပြောတာပါဘဲ ။ တခါတလေမှာ ဒီဆုံးဖြတ်ချက်တွေဟာ သိပ်ကို ကြီးလေးတဲ့ ဖိအားပေးမှုတွေအောက်မှာ ချရတာမျိုး ရှိပါတယ် ။

လူတွေက မေးကောင်း မေးချင်ကြပါလိမ့်မယ်......တကယ်လို့ ခန္ဒာကိုယ်ပင်ပန်းဆင်းရဲမှုဟာ ခေါင်းဆောင်မှု အရည်အသွေးတွေကို တိုးတက်စေဖို့ရာ လိုအပ်သလား ဆိုတာပါ ။ ကျမကတော့ လိုတယ် လို့ ထင်ပါတယ် ။ ကိုယ်ခန္ဒာပင်ပန်းဆင်းရဲခြင်းဆိုတဲ့ အချက်က အရမ်းကောင်းမွန်နေလို့ သဘောကျစရာကောင်းနေလို့ မဟုတ်ပါဘူး ၊ အကြောင်းကတော့ ဖိအားရဲ့အောက်မှာ အမူအရာမပျက် တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်း ( Grace under pressure ) ဆိုတာကို ရဖို့ လေ့ကျင့်ရလို့ပါဘဲ ။ အလွန်တရာဖိအားကြီးမားတဲ့ အခြေအနေတွေမှာတောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ အေးဆေးတည်ငြိမ်တဲ့ စိတ်တစ်ခုကို ထိန်းထားနိုင်ရပါမယ် ။
ခေါင်းဆောင်နေရာကို ရောက်နေသူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်လိုက်တွေအားလုံးအတွက် သိပ်ကို အရေးကြီးပါတယ် ။ သေရေးရှင်ရေးလည်း ဖြစ်သွားနိုင်ပါတယ် ။ ဒီလို သေရေးရှင်ရေး ဖြစ်သွားနိုင်တာဟာ ဆုံးဖြတ်ချက်ချသူ တစ်ယောက်တည်းအတွက် မဟုတ်ဘဲ သူ့ဆုံးဖြတ်ရဲ့ လွှမ်းမိုးမှုကို ခံရတဲ့လူတိုင်းအတွက် ဖြစ်သွားနိုင်တာပါ ။

ဒီတော့ ခေါင်းဆောင်မှု ဆိုတာ စိတ်ပါဘဲ ။ ဒါကြောင့်ဘဲ ဖိလစ်မေဆင်က Slim ဟာ သူ့ရဲ့ သမာဓိရှိပြီး လူသားဆန်တဲ့ အရည်အသွေးတွေကြောင့် စစ်ဗိုလ်ချုပ်ကောင်း တစ်ယောက်ဖြစ်တယ်လို့ ပြောတာကို ကျမ သဘောတူမိတာပါ ။ တနည်းအားဖြင့်ဆိုရင် သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါဘဲ ၊ လူသားတွေရဲ့ ခေါင်းဆောင်ပါ ၊ စိတ်ချယုံကြည်ရခြင်း ကို ဖြစ်စေတဲ့ လူတစ်ယောက်ပါ ။
Slim ရဲ့စာအုပ်နာမည်က ကျရှုံးခြင်းမှသည် အောင်မြင်ခြင်းဆီသို့ Defeat into Victory လို့ အမည်ရပါတယ် ။ ဖတ်ဖူးတဲ့လူများ သိကြမှာပါ .... Slim ဟာ တပ်မ ၁၄ ( Fourteenth Army ) ကို ခေါင်းဆောင်လက်လွှဲယူလိုက်ရချိန်မှာ မြန်မာပြည်ထဲမှာ တိုက်ပွဲတွေ အရမ်းကို ဆိုးဝါး ပြင်းထန်နေချိန်ပါဘဲ ။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ အနိုင်ရခဲ့ပါတယ် ။
ရှုံးနိမ့်နေတာကို အောင်နိုင်အောင် ကမ္ဘာအရပ်ရပ်မှာ ကြိုးစားနေကြတာပါဘဲ ...။ ရှုံးနိမ့်ခြင်းဆိုတာ နိုင်ငံရေးမျက်နှာဖုံး ၊ စီးပွားရေး မျက်နှာဖုံး ၊ စစ်မျက်နှာဖုံး စသည်ဖြင့် မျက်နှာဖုံး အမျိုးမျိုးစွပ်ပြီး လာတတ်ပါတယ် ။ ရှုံးနိမ့်ခြင်းဆိုတာ ကျမတို့အားလုံး တနည်းနည်းနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အရာပါဘဲ ။ ရှုံးနိမ့်ခြင်းကို ကျမတို့ အောင်နိုင်ခြင်း အဖြစ်သို့ ပြောင်းလဲပစ်ရပါမယ် ။
ဒါပေမယ့် အဲလိုပြောင်းလဲတဲ့နေရာမှာ ကျမတို့ရဲ့ ရိုးသားဖြောင့်မတ်ခြင်းကို လုံးဝ အထိခိုက်ခံလို့ မဖြစ်ပါဘူး ။ ဘယ်လိုဘဲရရ အောင်မြင်မှုရရင်ပြီးရော ဆိုတာ ခေါင်းဆောင်းကောင်းတစ်ယောက် လုပ်ရမယ့်အရာမဟုတ်ပါဘူး ။ ခေါင်းဆောင်ကောင်းဆိုတာ သူလည်း သိက္ခာရှိ ၊ သူ့ကို ယုံကြည်ခဲ့သူများလည်း သိက္ခာရှိမယ့် အောင်မြင်မှုမျိုးကိုသာ ရဖို့ ကြိုးစားတတ်ကြပါတယ် ။

ကျမအတွက်တော့ ခေါင်းဆောင်မှုဆိုတာ အလုပ်အကျွေးပြုခြင်းပါဘဲ.......အလုပ်အကျွေးပြုတယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်ကို ယုံကြည်ခဲ့သူများကို အမြဲတမ်းရှေ့တင်စဉ်းစားတာကို ဆိုလိုတာပါ ။ သူတို့ကသာလျှင် တကယ်အရေးပါသူများပါ .....။ ခေါင်းဆောင်နေရာမှာ ရောက်နေတဲ့ ကိုယ်သာလျှင် အရေးပါနေတာမဟုတ်ပါဘူး ....။
ဒါပေမယ့် ကိုယ့်ရဲ့ တန်ဖိုးဆိုတာကိုတော့ကိုယ့်ခေါင်းဆောင်မှုကို လက်ခံခဲ့သူများအတွက် ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်ခဲ့တယ် ဆိုတာကဘဲ ဆုံးဖြတ်တာပါ ။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိအပ်တဲ့ အရည်အသွေးတွေနဲ့ပတ်သက်ပြီး ကျမလက်ခံယုံကြည်သလို လူကြီးမင်းတို့အားလုံးလက်ခံယုံကြည်သလားဆိုတာတော့ ကျမ မသိဘူးပေါ့လေ ။

ကျမတို့ကမ္ဘာကြီးမှာ စစ်တပ်ဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ် ။ ဒါပေမယ့် ကမ္ဘာကြီးတစ်ခုလုံးဟာ စစ်တပ်တွေနဲ့ချည်း ဖွဲ့စည်းထားတာတော့ မဟုတ်ပါဘူး ။ စစ်သားတွေနဲ့ချည်းဘဲလည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။ စစ်တပ်တို့ ၊ စစ်သားတို့ဆိုတာ ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ် ။
ဒါပေမယ့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် စစ်တပ်ဟာ ကမ္ဘာကြီးရဲ့ အရေးပါတဲ့အစိတ်အပိုင်းတော့ ဖြစ်ပါတယ် ။ ကျမကိုယ်တိုင် စစ်တပ်အပေါ်မှာ ကြီးမားတဲ့ မေတ္တာရှိပါတယ် ။ ဒါကဘဲ ကျမကို အကြီးအကျယ် ဝေဖန်ခံရမှုတွေ ဖြစ်စေခဲ့ပါတယ် ။ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အာဏာရှင်လက်အောက်မှာ ဒုက္ခခံလာရပြီးတဲ့နောက်မှာ ကျမတို့ ပြည်သူတွေနဲ့ ကျမကို ဒီမိုကရေစီလှုပ်ရှားမှုမှာ ထောက်ခံအားပေးခဲ့သူများဟာ ကျမက စစ်တပ်အပေါ် ကြီးမားတဲ့ မေတ္တာရှိတယ် ၊ ကြီးမားတဲ့ မျှော်လင့်ချက်လည်း ရှိတယ်လို့ ပြောရင် တခါတလေ စိတ်ဆိုးကြပါတယ် ။
ဒါပေမယ့် ကိုယ်ကျိုးမဖက်အများအကျိုးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအပေါ် ချစ်ခင်မှုရှိတာ ၊ လေးစားမှု ရှိတာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါ ။ ''ကိုယ်ကျိုးမကြည့်ဘူး ''ဆိုတဲ့ စကားဟာ စစ်တပ်ရယ် ၊ ခေါင်းဆောင်လုပ်သူတွေရယ်အတွက် အဓိက စကားလုံးပါဘဲ ။ ဆိုလိုတာက ''ငါ ''ဆိုတဲ့ အတ္တအရင်မလာဘဲ သူများကို ကိုယ့်ရှေ့မှာ ဦးစားပေးတာတာကို ဆိုလိုတာပါ ။ မိမိအကျိုးအတွက် ခေါင်းဆောင်လုပ်ချင်တာမျိုး မဖြစ်သင့်ပါဘူး ။ ဒါကြောင့်ဘဲ ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် ( serve to lead ) လို့ ကျမတို့ ပြောကြတာပါ ။

ဗိုလ်ချုပ် ဒေးဗစ်ရစ်ချက် ( General David Richards ) လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က မြန်မာပြည် လာတုန်း ကျမတို့သူ့ကို လွှတ်တော်မှာ လက်ခံတွေ့ခဲ့ကြပါတယ် ။ ဒါနဲ့ သူကို မေးကြည့်မိကြပါတယ် ''အင်္ဂလိပ်လူမျိုးတွေဟာ သူတို့စစ်တပ်ကို ချစ်ခင်ကြသလား ''လို့ပါ ။
သူက သိပ်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောပါတယ် ''စစ်တမ်းတွေအရ အင်္ဂလိပ်တွေဟာ စစ်တပ်ကို ဆရာဝန်တွေထက် ပိုပြီး လေးစားကြပါတယ် ''တဲ့ ။ ဘာကြောင့်လဲ လို့ ပြန်မေးကြည့်တော့ သူက ''ငါတို့ကို ပြည်သူတွေက ကိုယ်ကျိုးမဖက်သူ ( selfless ) တွေလို့ မြင်ကြတယ် ။ ငါတို့ဟာ တိုင်းပြည်အတွက် ပေးဆပ်ထားကြသူတွေလေ"'တဲ့ ။

သူက ထပ်ပြောသေးတယ် ''ငါတို့ပြည်သူတွေအတွက်သာ မဟုတ်ဘူး ၊ ကမ္ဘာအရပ်ရပ်က ကာကွယ်မှုလိုအပ်နေသူတွေ အားလုံးအတွက် ငါတို့ ပေးဆပ်ထားလို့ပါ ။ သူတို့ဘ၀အတွက် ပိုပြီး စိတ်ချလုံခြုံမှုကို ပေးဖို့ စစ်ရေးနဲ့အကာအကွယ်ပေးတာမျိုးပေါ့ ''တဲ့ ။
ဒီတော့ ကိုယ်ကျိုးမဖက် ( selfless ) ဆိုတဲ့စကားဟာ လေးစားအပ်တဲ့ ဂုဏ်ရှိတဲ့ စစ်တပ်တစ်ခုအတွက် အဓိကပါဘဲ ။ မြန်မာစစ်တပ်ကို ကျမ အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ် ။ ကျမ ဒီကို ရောက်လာတာရတဲ့ အဓိက အကြောင်းရင်းက ဒါပါဘဲ ... ..... ခေါင်းဆောင်တွေဖြစ်ဖို့ အလုပ်အကျွေးပြုခြင်းကို သင်ယူနေကြတဲ့ လူကြီးမင်းတို့ဆီက လာလေ့လာတာပါ ။

နိုင်ငံရေးအာဏာကို ဆယ်စုနှစ်များစွာ ယူထားတဲ့ စစ်တပ်တစ်ခုကို နိုင်ငံရေးအာဏာစိတ်မ၀င်စားဘဲ ပြည်သူ့ဆန္ဒကို ဒီမိုကရေစီနည်းလမ်းအတိုင်း မြှင့်တင်ဖော်ဆောင်ပေးတဲ့ စစ်တပ် ၊ ကျွမ်းကျင်ပြီး အရည်အသွေး ပြည့်ဝတဲ့ စစ်တပ်ဆိုတာထက် ပိုဂုဏ်ရှိတာ ဘာမှ မရှိပါဘူး ဆိုတာ နားလည်အောင် လုပ်ဖို့ ဘာများ လိုအပ်တယ်လို့ လူကြိးမင်းတို့ ထင်ပါသလဲ ။
မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းပေါ်ကို ရောက်ဖို့ စတင်နေပါပြီ ။ ဒါပေမယ့် အခုမှ စတာပါ ။ ပန်းတိုင်ကို လုံးဝ မနီးသေးပါဘူး ။ အပြောင်းအလဲတွေ အများကြီးလုပ်ဖို့ လိုသေးပါတယ် ။ ကျမတို့ဟာ ကျမတို့ရဲ့ စစ်တပ်ကို အပြုသဘောဆောင်တဲ့နည်းနဲ့ ဒီပြောင်းလဲမှုတွေ ဖြစ်အောင် လုပ်ရာမှာ တက်ကြွစွာ ပါဝင်စေချင်ပါတယ် ။ ကျမတို့အားလုံး စိတ်ချလုံခြုံမှုရှိတဲ့ နိုင်ငံတစ်ခု ဖြစ်အောင် လုပ်ရာမှာ ပါဝင်စေချင်ပါတယ် ။

မြန်မာပြည်ဆိုတာ တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိုင်ငံပါ ။ UK ကတော့ Welsh လူမျိုးတွေ ၊ အိုင်းရစ်စ်လူမျိုးတွေ ၊ စကော့လူမျိုးတွေလောက်သာ ရှိတာပါ ။ ကျမတို့မှာ အဲဒီထက် အများကြီး ပိုရှိပါတယ် ( ရယ်သံများ ) ။ ဒါကဘဲ ပြသာနာပါ ။ တိုင်းရင်းသားတချို့ဟာ ဆယ်စုနှစ်ပေါင်းများစွာအကြာကတည်းက လက်နက်ကိုင်လာကြတာ အခုထိ ကျမတို့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရး လုပ်ဖို့ လိုနေပါသေးတယ် ။ အပစ်အခတ်ရပ်စဲတယ်ဆိုတာ ကြာရှည်ငြိမ်းချမ်းရေးရနိုင်မယ့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ပထမအဆင့်ဘဲ ရှိသေးတာပါ ။
ဒီတော့ အခု ကျမ ဒီကို ရောက်လာတာဟာ ကျမဆန္ဒအရ လူကြီးမင်းတို့ဆီက လေ့လာဖို့ ရောက်လာတာပါ ။ သင်ပေးဖို့ မဟုတ်ပါဘူး ။ လူကြီးမင်းတို့ကို သင်ပေးစရာ ကျမမှာ သိပ်လည်း မရှိဘူး ထင်လို့ပါ ။ ဒါပေမယ့် စိတ်ချလုံခြုံအေးချမ်းတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ ဘာတွေလိုမလဲဆိုတဲ့အပေါ် အမြင်တွေ ဖလှယ်ပြီး အိုင်ဒီယာတွေ ဝေငှတာတော့ လုပ်လို့ရမယ်လို့ ကျမ လုံးဝ မျှော်လင့်ပါတယ် ။

တစ်နည်းအားဖြင့်ပြောရရင် စစ်ရေးဗျူဟာအသစ်တစ်ရပ်ဆိုတာဟာ စစ်မတိုက်ရအောင် လုပ်တာပါဘဲ ။ ပဋိပက္ခ တွေကို ဖြေရှင်းဖို့အတွက် ပြသနာရဲ့အရင်းအမြစ်ကို သွားရမှာပါ ။ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လူကြီးမင်းတို့ ဘယ်လောက်တောင် ကြိုးစားနေတယ်ဆိုတာ သိရတာ ကျမသိပ်ကို အားတက်မိပါတယ် ။ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်ဆိုတာ ဒီလိုဘဲ လုပ်သင့်ပါတယ် ။ စစ်တပ်ဆိုတာ ပဋိပက္ခဖြစ်တဲ့နေရာမှာ ပြည်သူကို ကြားဝင်ကာကွယ်ပေးဖို့ သွားတာဘဲ ဖြစ်သင့်ပါတယ် ။ ပဋိပက္ခကို ပိုဆိုးအောင် လုပ်ဖို့ ၊ ပြသနာကို တစ်နည်းနည်းနဲ့ အားပေးဖို့ သွားတာ မဖြစ်သင့်ပါဘူး ။ ပြေလည်အောင် ဖြေရှင်းဖို့သွားတာမျိုးဘဲ ဖြစ်သင့်ပါတယ် ။

ကျမအမြဲလိုလို စိတ်ဝင်စားမိခဲ့တာက ရှေးခေတ် ဂရိတွေဟာ သူတို့ သူရဲကောင်းတွေကို သူတို့နတ်ဘုရားတွေထက် ပိုပြီး လေးစားရိုသေကြတာကိုပါဘဲ ။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ဟီးရိုးတွေဟာ လူသားတွေလိုဘဲ သေမျိုးတွေ ဖြစ်ကြလို့ လို့ ကျမထင်ပါတယ် ။ သင်္ခါရသဘောရှိတဲ့အတွက် သူတို့ ယုံကြည်ရာကို လုပ်တဲ့အခါ ၊ သို့မဟုတ် သူတို့ ကာကွယ်စောင့်ချင်သူတွေကို ကာကွယ်မှု ပေးကြတဲ့အခါ နတ်ဘုရားတွေထက် ပိုပြီး ပေးဆပ်စွန့်လွှတ်ရပါတယ် ။ သေမျိုးလည်း မဟုတ် ၊ ထိခိုက်ခံစားလွယ်တာမျိုးလည်း မရှိတဲ့ နတ်ဘုရားတွေထက် ပိုပြီး ပေးဆပ်ရပါတယ် ။
ယူလစ်ဆီ ( Ulysses ) ကို နတ်ဘုရားမရဲ့ အကျဉ်းစံအနေနဲ့ နေမလား ၊ သူ့တိုင်းပြည်ကို ပြန်မလားလို့ ရွေးခိုင်းတော့ သူ့တိုင်းပြည်ကို ပြန်ဖို့ရွေးလိုက်ပါတယ် ။ ဘာလို့လည်းဆိုတော့ လူသားတစ်ယောက်ရဲ့ ဘ၀ကို အပြည့်အ၀နေချင်လို့ပါဘဲ တဲ့ ။ ဒီအတွက် သူဟာ သေခြင်းတရားကို လက်ခံဖို့ ပြင်ဆင်ထားခဲ့တယ် ။ မသေဘဲနေဖို့ ၊ သတ္တိရှိတဲ့ လူသားတစ်ယောက်ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေကို ရင်မဆိုင်ဘဲ နေဖို့ထက် စာရင် သေခြင်းသဘောသဘာဝရှိတဲ့ လူသားအဖြစ်ကို ရွေးခဲ့တယ် ။

ယူလစ်ဆီလိုဘဲ ကျမတို့ဟာ ဘ၀ခရီးကို သေမျိုးတွေအဖြစ် ဖြတ်သန်းနေသူတွေပါ ။ တနေ့သေရမယ့်လူတွေအဖြစ် ကျမတို့ အကောင်းဆုံး ကျင့်ကြံနေထိုင်ကြရပါမယ် ။ တနေ့သေရမယ်ဆိုတာကို သိရှိလက်ခံထားပြီး ကိုယ့်ရဲ့ မွေးရာပါ စွမ်းရည်တွေကို အကောင်းဆုံး အသုံးချတတ်ရပါမယ် ။ ဒါကဘဲ ဆင်းဟပ်က ကျမကို ဖြည်းဖြည်းချင်း မိတ်ဆက်သင်ကြားပေးလိုက်တဲ့ skill တွေထဲက တစ်ခုလို့ ကျမထင်ပါတယ် ။

ဒီတော့ ဆက်ပြောရရင် ဘ၀ကို ရှေ့ဆက်ရင်းနဲ့ လူကြီးမင်းတို့ဟာ ဘ၀ဆိုတာ ဘာလဲဆိုတာ မေးခွန်းထုတ်စေချင်ပါတယ် ။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကျမတို့ အားလုံး သေရမှာပါ ။
-ပြန်လှည့်ကြည့်ချင်စရာ ဘာတွေများ ရှိချင်ပါသလဲ ။
-ဘယ်လို ဘ၀မျိုးကို ငါ နေခဲ့တယ်လို့ ပြောချင်ပါသလဲ ။
-ကိုယ့်မျိုးဆက်တွေကို ဘယ်လို အမွေအနှစ်မျိုး ထားခဲ့ချင်ပါသလဲ ။
-လူသားတစ်ယောက်အဖြစ် အဓိပ္ပါယ်ရှိ ၊ တန်ဖိုးရှိစေတဲ့ အရာကရော ဘာလဲ ။
ဒါဟာ ခေါင်းဆောင်ဖို့ အလုပ်အကျွေးပြုကြတဲ့ ကျမတို့အားလုံး ဖြေဖို့လိုတဲ့ မေးခွန်းတွေထဲက တစ်ခုပါဘဲ ။ လူသားတစ်ယောက်အနေနဲ့ ကိုယ်ဘာလိုချင်တယ်ဆိုတာကို သိမှ ၊ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေဟာ ဘာလဲဆိုတာကို သိမှ တခြားလူတွေရဲ့ မျှော်မှန်းချက်ကို ဖြည်ပေးလို့ ရမှာပါ ။

ခေါင်ဆောင်ကောင်းဆိုတာ နောက်လိုက်တွေရဲ့ အကောင်းဆုံးအရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးတတ်ရပါတယ် ။ တစ်ဦးချင်းစီရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ပြုစုပျိုးထောင်ပေးဖို့ အဲ့ဒီတစ်ဦးတစ်ယောက်ဟာ ဘာကိုများ စွမ်းဆောင်နိုင်မလဲဆိုတာကိုလည်း နားလည်ထားရပါမယ် ။ ဒါကို လေးစားတတ်ရပါမယ် ။ ပျိုးထောင်ပေးတတ်ရပါမယ် ။ ခေါင်းဆောင်ကောင်းဆိုတာ ပျိုးထောင်ပေးခြင်း အမှုကိုလည်း ပြုတတ်ရပါမယ် ။ ပျိုးထောင်ပေးခြင်း ( nurturing ) ဆိုတာ အရမ်းအရေးကြီးပါတယ် ။
လူတွေကို ( ၄၄ ) ပတ်အတွင်းမှာ ခေါင်းဆောင်တွေ အဖြစ်ပြောင်းလဲ ပေးဖို့ ဖြစ်နိုင်ပါသလား လို့ ကျမ စဉ်းစားနေမိတယ် ။ လူကြီးမင်းတို့က ကျမထက်ပိုပြီး ပြည့်စုံတဲ့ အဖြေကို ပေးနိုင်မယ်ဆိုတာ ကျမ ယုံပါတယ် ။ ကျမကတော့ လူကြီးမင်းတို့လို ( ၄၄ ) ပတ် လေ့ကျင့်ရေးတွေကို လုပ်ဖို့ဆန္ဒ လုံးဝ မရှိပါဘူး...... ကျမအထင်တော့ အိမ်အကျယ်ချုပ် ( ၁၅ ) နှစ်ကမှ ပိုလွယ်ဦးမလားဘဲ ( ရယ်သံများ ) ။ ဒါတွေလုပ်ဖို့ ဘယ်လို အရည်အချင်းမျိုး ခံနိုင်ရည်မျိုးတွေများ လိုမလဲ ဆိုတာ လူကြီးမင်းတို့ အမြင်ကို သိချင်လှပါဘိ ။

ဗိုလ်လောင်းရွေးချယ်ရေး သင်တန်းတွေမှာ ကျမ၀င်ပြီး ဆွေးနွေးဖြစ်ပါတယ် ။ ဒီရွေးချယ်ေ၇းသင်တန်းတွေဟာ သိပ်ကို အရေးကြီးတယ်လို့ ကျမသိထားပါတယ် ။ ဒီမှာရောက်လာတဲ့ သင်တန်းသားတွေဟာ တခြားလူတွေထက် ပိုပြီး ခေါင်းဆောင်နိုင်စွမ်း မြင့်မားတယ်လို့ ပြောလို့ရပါတယ် ။ ဒီတော့ ဒီခေါင်းဆောင်မှု အရည်အသွေးတွေဆိုတာ ဘာလဲ ဆိုတာကို ရွေးချယ်ရေးအဖွဲ့က လူတွေရဲ့ အမြင်ထက် လူကြီးမင်းကိုယ်တိုင်ရဲ့ အမြင်ကို ကျမ ပိုပြီး သိချင်မိပါတယ် ။
ခေါင်းဆောင်ဆိုတာ မိမိကိုယ်ကို ယုံကြည်မှုတော့ ရှိရပါတယ် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆိုတာက ဘ၀င်မြင့်ခြင်းနဲ့တော့ ကွဲပါတယ် ။ အတ္တကြီးခြင်းနဲ့လည်း မတူပါဘူး ။ ကိုယ်ကိုယ်ကိုမှ ယုံကြည်မှုမရှိရင် ဘယ်သူကမှ လာရှိပေးမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ် ကို မဦးဆောင်နိုင်ဘဲနဲ့ တခြားလူတွေကိုလည်း ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး ။

ထိန်းချုပ်နိုင်စွမ်းဆိုတာလည်း ဒီလို ပါဘဲ ။ တခြားလူတွေကို မထိန်းနိုင်ခင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိရပါတယ် ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗိုလ်မှူးတစ်ယောက်ပြောတာကို ကျမဖတ်ဖူးပါတယ်......စစ်ဖြစ်လို့ အရပ်သားတွေ စစ်ထဲဝင်ရတဲ့အခါ သူထင်တာက စစ်သားကောင်းဖြစ်မယ့်သူဆိုတာ ဆောက်လုပ်ရေးတတ်သူတွေ သို့မဟုတ် အလုပ်ကြမ်းကြမ်းနဲ့အကျွမ်းဝင်သူတွေဖြစ်မယ်လို့ ထင်ခဲ့မိသတဲ့ ။ ဒါပေမယ့် တကယ်လည်းကျရော ကဗျာဆရာတွေက အားကစားသမားတွေ အင်ဂျင်နီယာတွေထက်ပိုပြီး စစ်သားကောင်းဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုတယ် ။ အန္တရာယ်အများဆုံး တာဝန် တွေအတွင်းမှာ သူသိပ်ကို အားထားယုံကြည်ခဲ့ရသူတွေဟာ ကဗျာဆရာတွေပါဘဲတဲ့ ။
ဒီလိုနဲ့သူက နောက်ဆုံးမှာ အတော်ဆုံးစစ်သားမှာ အရည်အချင်းသုံးရပ်ရှိတယ်လို့ လက်ခံလိုက်ပါတယ် ။
-လေ့ကျင့်ထားတဲ့ စိတ်ဓါတ်တစ်ခုရယ် ၊
-ဆင်းရဲပင်ပန်းမှုဒုက္ခကို သည်းခံနိုင်စွမ်းရယ် ၊
-ဟာသဥာဏ်ရယ် ရှိရမယ်လို့ပါဘဲ ။ ဟာသဥာဏ်ရှိဖို့က သိပ်အရေးကြီးတယ်နော် ။ (ရယ်သံများ )
လေ့ကျင့်ထားတဲ့ စိတ်ဓါတ်ဆိုတာ စောစောက ကျမပြောခဲ့တဲ့ ဆုံးဖြတ်ချက်ချခြင်း အပိုင်းကို ပြန်ပြောရမှာပါ ။ အလွန်တရာ ဖိအားများပင်ပန်းတဲ့ အခြေအနေမျိုးတွေမှာ သူများအတွက်ရော ကိုယ့်အတွက်ပါ ဆုံးဖြတ်ချက်မှန်ကို ချနိုင်ဖို့ ကိုယ့်စိတ်ကိုကိုယ် တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ် ။ ဒါဟာ ခေါင်းဆောင်ကောင်းတစ်ယောက်လုပ်ကို လုပ်ရမယ့်ကိစ္စပါ ....ဒါကဘဲ ကိုယ်ကျိုးမဖက်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ ။

ကျမတို့အားလုံးဟာ လူသားတွေပါ ။ ဘယ်လူသားမှ ရာနှုန်းပြည့်ကိုယ်ကျိုးမဖက်တာကို မလုပ်နိုင်ကြပါဘူး ။ အတ္တ ဆိုတာ အမြဲရှိပြီးသားပါ ။ ကိုယ့်အတ္တကို အခြေခံပြီးတော့ဘဲ သူများတွေနဲ့ ဆက်ဆံကြတာပါ ။ ဒီတော့ ကိုယ်ကျိုးမဖက်ဘူးဆိုတာ ပုံသေကားကျ ရာနှုန်းပြည့်သဘောမဟုတ်ပါဘူး ။ ကိုယ်ကျိုးမဖက်ဘူးဆိုတာ ''အတ္တရှိတာကို အသိအမှတ်ပြုတယ် ၊ ဒါပေမယ့် အတ္တကို ကိုယ်နောက်လိုက်တွေရဲ့ အကျိုးနဲ့ ယှဉ်ရင် နောက်မှာ ထားရတာ ''ကို ပြောတာပါ ။
ဒီတော့ တာဝန်ယူလိုစိတ်ရှိခြင်းဟာ ဦးဆောင်အလုပ်အကျွေးပြုဖို့အတွက် ( serve to lead ) အကြီးကျယ်ဆုံး လိုအပ်ချက်တွေထဲက တစ်ခုပါဘဲ ။ ဒါကို စံတစ်ခုအနေနဲ့ကို ထားရပါမယ် ။ ဒါပေမယ့် ဒီတာဝန်ယူလိုစိတ်ရှိခြင်းကို အလုပ်အဖြစ်ပြောင်းလဲဖို့အတွက် ကိုယ်ရောစိတ်ပါ ကျွမ်းကျင်မှုတွေ လိုအပ်ပါသေးတယ် ။

ရိုးရိုးစင်းစင်း ဗုဒ္ဓဘာသာအဆိုတစ်ခု ရှိပါတယ် ။ အထူးသဖြင့် မဟာယာနတွေ ပြောလေ့ရှိတာပါ ။ ဗောဒိသတ္တ ဖြစ်ဖို့အတွက် အရည်အချင်း နှစ်ခု လိုအပ်ပါတယ် တဲ့ ။ ဗောဓိသတ္တဆိုတာ ( မဟာယာနမှာ ) ကယ်တင်ရှင်ဘုရားလောင်းကို ပြောတာပါ ။ အဲဒီအရည်အချင်းနှစ်ခုကတော့ ဥာဏ်ပညာနဲ့ မေတ္တာပါဘဲ တဲ့ ။ ဒါကို သိပ်ကို ရိုးရိုးစင်းစင်း ရှင်းပြထားပါတယ် ။ ''လူတစ်ယောက်ဟာ တစ်လောကလုံးမှာ မေတ္တာအကြီးမားဆုံးလူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့် မှန်ကန်တဲ့ ဥာဏ်ပညာသာမရှိရင် ကယ်တင်ချင်တဲ့လူကို မကယ်တင်နိုင်ပါဘူးတဲ့ ။ တစ်ဖက်ကလည်း အဲဒီလူဟာ ဥာဏ်ပညာအကြီးဆုံးလူ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ ဒါပေမယ့် မေတ္တာမရှိပြန်ရင်လည်း မကယ်တင်နိုင်ပါဘူး ''တဲ့ ။

တစ်နည်းအားဖြင့် စစ်သားအနေနဲ့ အသက်မွေးဝမ်းကျောင်းမှုမှာလည်း ဒီလိုပါဘဲ ။ စောင့်ရှောက်ပေးလိုစိတ် ၊ ကာကွယ်ပေးလိုစိတ် ၊ ပြည်သူအတွက်အကောင်းဆုံးလုပ်ပေးလိုစိတ် ရှိရပါမယ် ။ ဒီလိုလုပ်ဖို့လည်း ကျွမ်းကျင်မှုနဲ့ အရည်အချင်း ရှိရပါမယ် ။ ပေးဆပ်ချင်တယ် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး ။

ဘယ်လိုနည်းနဲ့အကောင်းဆုံး ပေးဆပ်အလုပ်လုပ်နိုင်မလဲဆိုတာကိုလည်း သိမှ ဖြစ်မှာပါ ။
လူကြီးမင်းတို့ကို ဆင်းဟပ်မှာ ဒါတွေကို သင်ပေးတယ်လို့ ကျမ ထင်ပါတယ် ။ ကျမလည်း လူကြီးမင်းတို့ဆီက ဒါတွေကို ပြန်ကြားချင်ပါတယ် ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ဆင်းဟပ်မှာ သင်တာကို လူကြီးမင်းတို့အနေနဲ့ ဘယ်လို ထင်ပါသလဲ ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ကိုယ့်အရည်အသွေးကို အကောင်းဆုံး အသုံးပြုတတ်အောင် ဆင်းဟပ်က သင်ပေးတဲ့အပေါ် လူကြီးမင်းတို့ရဲ့ အမြင်ကို ပြောပြပါ ။

နိဂုံးချုပ်အနေနဲ့ ယူလစ်ဆီ အကြောင်းကို ဆက်ပြောရင်း ကဗျာဆရာ တင်နစ်ဆင် ( Tennyson ) ရဲ့ နာမည်ကြီးကဗျာ ''ယူလစ်ဆီ ''ထဲက တစ်ပိုဒ်ကို ဖတ်ပြချင်ပါတယ် ။ ငယ်ငယ်တုန်းက ယူလစ်ဆီအကြောင်းကို ဖတ်တိုင်း ကျမတစ်ခါမှ သူ့ကို သဘောမကျခဲ့ဖူးပါဘူး ။ သိပ်ပြီး မောက်မာတယ် ၊ ရဲတင်းလွန်းတယ်လို့ ထင်ခဲ့လို့ပါ ။ ဒါပေမယ့် တင်နစ်ဆင်ရဲ့ ''ယူလစ်ဆီ ''ကဗျာကို ဖတ်တော့ စိတ်ပြောင်းသွားခဲ့တယ် ။ ယူလစ်ဆီကို အမြင်သစ်တစ်မျိုးနဲ့ ကြည့်တတ်လာခဲ့တယ် ။ ဒီအပိုဒ်က ယူလစ်ဆီ အိုမင်းမစွမ်း ဖြစ်လာချိန်မှာ ကိုယ်တိုင်းရေးထားတဲ့ပုံစံနဲ့ ရေးထားတာပါ ။ အဆုံးသတ်က သိပ်ကို နာမည်ကြီးတော့ လူကြီးမင်းတို့ထဲက အများစုလည်း သိပြီးသား ဖြစ်မှာပါ ။ ဖတ်ပြပါရစေ ။

We are not now that strength which in old days
Moved earth and heaven; that which we are, we are;
One equal temper of heroic hearts,Made weak by time and fate, but strong in will
To strive, to seek, to find, and not to yield.

ယခင်ကလို ၊ တောင်မြင်းမိုရ်နဲ့
ကမ္ဘာမြေပြင် ၊ ရွှေ့ပစ်ချင်ရဲ့
ထိုသည့်အင်အား ၊ ယခုများဝယ်
ပျောက်ဆုံးခဲ့ပြီ ၊ ခန်းခဲ့ပြီလေ ။
အချိန် ကြမ္မာ ထိုနှစ်ဖြာကြောင့်
ငါတို့သည်ကား ၊ ချည့်နဲ့အားအင်
မှေးကာမှိန်ငြား ၊ သတ္တိအားမူ
မပျက်မူခဲ့ ၊ စည်းလုံးလျက်ပင်
အားထုတ်ကြိုးပမ်း ၊ ဖွေရှာစွမ်းလျက်
မပေးအရှုံး ၊ စိတ်နှလုံးသည်
သက်ဆုံးထိတိုင်ရှိမည်တည်း ။

ကျမအတွက်တော့ ခေါင်းဆောင်ကောင်းတို့ရဲ့ ကြာရှည်ခံမယ့်အရည်အချင်းတွေဟာ ဒါတွေပါဘဲ ။ ယူလစ်ဆီဟာ အချိန်ရဲ့ တိုက်စားမှုကြောင့် နွမ်းနယ်ကောင်း နွမ်းနယ်ခဲ့ပါလိမ့်မယ် ။ တခါတလေမှာ လူတွေဟာ အခြေအနေတွေကြောင့် မီးဇာကုန် ဆီခမ်းဖြစ်ရတာတွေလည်း ရှိတာပါဘဲ ။ ဒါပေမယ့် စိတ်ဆန္ဒ ( will ) ကတော့ ရှိနေရပါမယ် ။ အားထုတ်ချင် ၊ ရှာဖွေချင် ၊ ကြိုးစားချင်တဲ့ စိတ် ၊ အရှုံးမပေးချင်တဲ့ စိတ်ကတော့ ရှိနေရပါမယ် ။

အားထုတ်ကြိုးပမ်းတယ် ( strive ) ဆိုတဲ့ စကားကို ရှေ့တင်ထားတာကို ကျမ ၀မ်းသာမိတယ် ။ ဘယ်လောက်ဘဲ အားနည်းနေပါစေ ..... ပိုကောင်းမွန်တဲ့အရာတစ်ခုကို ရဖို့ အားထုတ်ကြိုးပမ်းလိုတဲ့စိတ်ဆန္ဒနဲ့ အရည်အချင်း ရှိဖို့လိုပါတယ် ။ ကိုယ်လိုချင်တာကို တွေ့ဖို့ရာအတွက် ကြိုးပမ်းအားထုတ်ရပါတယ် ။ ရည်ရွယ်ချက်မဲ့စွာလုပ်နေတာမျိုး မဖြစ်ရပါဘူး ။ ပန်းတိုင်တော့ရှိရပါတယ် ။ မူတွေ စံတွေလည်း ရှိရပါမယ် ။ ဒီကမ္ဘာကြီးဆီက ကိုယ်ဘာကို လိုချင်တာလဲ ၊ သူများဆီကရော ဘာလိုချင်သလဲ ၊ မိမိကိုယ်တိုင်ဆီကရော ဘာကို လိုချင်တာလဲ ဆိုတာ သိရပါမယ် ။ ကိုယ့်အသိုင်းအ၀ိုင်းဆီကရော ဘာကို လိုချင်တာလဲ ။ ဒါတွေကို သိရပါမယ် ။

ကျမအတွက်တော့ Leader ဆိုတာ အလုပ်အကြွေးပြုချင်တဲ့စိတ်တစ်ခုတည်းနဲ့ မရပါဘူး ။ ဘာကြောင့် serve လုပ်နေတာလဲဆိုတာလည်း သိရပါမယ် ။ ကိုယ်ဘာအတွက် serve လုပ်နေသလဲဆိုတဲ့ စံတွေလည်း ရှိရပါမယ် ။ နောက်ဆုံးပန်းတိုင်ကိုလည်း သိရပါမယ် ။ ကိုယ်ဘယ်ကို ဦးတည်သွားနေသလဲဆိုတာလည်း သိရပါမယ် ။ ကိုယ်ဘယ်သွားနေမှန်းမသိရင် နောက်က လိုက်တဲ့သူတွေက ဘယ်လိုလုပ်သိမှာပါလဲ ။ သိတယ်ဆိုတဲ့နေရာမှာလည်း တစ်နှစ်အတွက်သာ ၊ နောက်တစ်နှစ်အတွက် ၊ အခု serve လုပ်နေရတဲ့အချိန်ကလေးအတွက်သာ မဟုတ်ဘဲ အနာဂတ်ရေရှည်မြင်တတ်ရပါမယ် ။ ပန်းတိုင်ရဲ့အလွန်အထိ မြင်တတ်ရပါမယ် ။

ဒီတော့ ကျမအတွက် အဆုံးစွန်သော ပန်းတိုင်ဟာ အလုပ်အကျွေးပြုခြင်းပါဘဲ ...တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို အကျိုးပြုစေမယ့် တက်မြက်စူးရှတဲ့အမျှော်အမြင် ( vision ) ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမတို့တစ်ဦးချင်းစီဟာ ဒီကမ္ဘာကြီးကို ဖွဲ့စည်းထားတဲ့ လူသားမျိုးနွယ်ထဲမှာ ပါနေတယ်လေ ။
ကျေးဇူးတင်ပါတယ် ။
ဘာသာပြန်မှူရင်းလိပ်စာ http://goo.gl/jLbfK0
အသံဖိုင်
ပြန်လည်မျှဝေပေးပါတယ်။
1.110.2013
ကိုထွန်းဝေ
၂ကြိမ်မြောက်ပြန်တင်ခြင်းပါ
7.5.2015

 Tun Wai  Facebook အကောင့်မှ ကူးယူဖော်ပြပါသည်။

ရွှေမလို၊ငွေမလို ရေ ကိုသာအလိုရှိပါသည်(၃)

$
0
0

×××××××××××××××××××××××
အလုပ်တွေရှုပ်နေတာနဲ့ဘဲ ကြည့်မြင်တိုင်တဖက်ကမ်းက ရေအခက်အခဲဖြစ်နေတဲ့ရွာတွေကို ရေသွားလှုခြင်လို့မေးနေတဲ့စေတနာရှင်တွေကိုဘာတွေ
လှုလို့ရတယ်၊ဘာတွေလိုအပ်နေတယ်၊ကိုယ်တိုင်ကိုယ်ကျလှုလိုသူတွေအတွက်ဘယ်လိုသွားလို့ရတယ်စသည်ဖြင့်
တင်ပေးပါ့မယ်လို့အပိုဒ်(၂)မှာကျနော်ရေးခဲ့တဲ့ ကတိကိုမဖြည့်စည်းနိုင်ခဲ့ပါဘူး၊


ဘယ်လောက်အလုပ်များသလည်းဆိုရင် ၂၊၅၊၂၀၁၅ ကဆုန်လပြည့်နေ့မှာကျရောက်တဲ့ ကျနော့မိန်းမရဲ မွေးနေ့ပွဲတောင်ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး၊သမီးတွေက မွေးနေ့ကိတ်တွေမှာထားတယ်၊ မနက်မအားရင်ညတော့မွေးနေ့ကိတ်ခွဲဖို့အဖေ စောစောပြန်လာခဲ့ဆိုပေမဲ့လည်း၊ကျနော်အိမ်ပြန်ရောက်တော့
ည(၁၀)နာရီထိုးနေပါပြီး၊သမီးသူငယ်ချင်းတွေ ဆွေမျိုးတွေတပုံတမခွဲဝေစားသောက်လို့ မွေးနေ့ကိတ်အကြီးလည်း ကုန်သွားပါပြီ၊ကျနော့မိန်းမကတော့ရင်ထဲမှာဘယ်လိုရှိမယ် မသိပေမဲ့မျက်နှာကတော့ အပြုံးမပျက်ရှာပါဘူး၊ ကျနော့အတွက်သမီးတွေအကုန်စားပြစ်မှာစိုးလို့ဖွက်ချန်ထားတဲ့ကိတ်မုန့်တပိုင်းကိုဗူးလေးနဲ့ထည့်ပေးလို့ပေါ့၊
မိန်းမမှာလုပ်ခြင်ရာလုပ်တတ်တဲ့ကျနော့ကိုခွင့်လွှတ်ပေးနေရပေါင်းလည်းမနည်းတော့ပါဘူး၊

ကျနော်ရေးဘူးမယ်ထင်ပါတယ်၊ရန်ကုန်မှာမင်္ဂလာဆောင်ပြီး မန်းတလေးကို ဟန်းနီမွန်းခရီးထွက်တဲ့အခိုက်မှာ မန်းတလေးရောက်ရောက်ခြင်းဘဲ စစ်ကိုင်းကရွှေဟသာင်္ဆရာတော်ကြီးသွားဖူးမိပြီးနောက်နေ့ ဘုန်းကြီးဝတ်လိုက်တယ်၊မိန်းမကိုသူငယ်ချင်းလင်မယားအိမ်မှာထားပြီးဟန်းနီးမွန်းခရီးကိုဘုန်းကြီးလူထွက်မှ ခရီးဆက်ရတယ်ဆိုတာရေးခဲ့ဘူးပါတယ်၊ အဲသည်ကထဲက ကျနော့မိန်းမခင်မျာ ကျနော့ကို ခွင့်လွှတ်ခဲ့တာပါ၊
ဟိုတလောက ကိုရဲကျော်သူရ မင်္ဂလာဆောင် လက်ဖွဲ့သွားပေးရင်းကိုရဲကိုတောင်မြောက်ပေးလိုက်မိသေးတယ်၊ကိုရဲ ပြည်ကိုဟန်းနီးမွန်းထွက်မယ်ဆိုရင် အတော်ဘဲ အဲသည်မှာ ၀ိဇာဆရာတော်ကြီးတပါးရှိတယ်ပြောတယ်၊ သွားဖူးပြီးရဟန်းခဏ၀တ်လိုက်ပါလား၊အဲ့ဒါအိမ်ထောင်သက်တ လျှောက်လုံးကံကောင်းတတ်တယ် ၊ကိုရဲရဲ့မစပယ်ကိုကျနော့်သူငယ်ချင်း လင်မယားအိမ်မှာထားလို့ရတယ်ပြောတော့ ဘုရားဘုရားမလုပ်ပါနဲ့ကိုသန့်ရယ် အိမ်ထောင်သက်တလျှောက်လုံးကံကောင်းတာကနောက်၊ အခုတခါထဲစိတ်ဆိုးပြီးကွဲသွားမှ ရှားရှားပါးပါးရှာယူထားရတာဗျဆိုပါတယ်၊နောက်ခင်ရင်အဲ့သည်လိုမကြည့်စားပါနဲ့ဗျာတဲ့၊တဆိတ်ရှိ
တိုက်မယ်ခိုက်မယ်ဆိုတဲ့ ရဲဘော်ကြီးက မိန်းမတော့အကြောက်သားဗျ ၊ပြောရင်လည်းကြောက်တာမဟုတ်ဘူးချစ်တာလို့ပြောဦးမယ်၊
ကဲပြောရင်းပေကရှည်နေမိပြန်ပါပြီ၊

ရေရှားပါးတဲ့ ကြည့်မြင့်တိုင်တဖက်ကမ်းကရွာတွေမှာ လှုမယ်ဆိုရင်

(၁)ကန်တွေပြုပြင်ရေးမှာလှုလို့ရပါတယ်။
××××××××××××××××××××××××

(၂)လက်ခံရေကန်တွေတည်ဆောက်ပေးလို့ရပါတယ်။
×××××××××××××××××××××××××××××
ရေသမာန်စက်လှေကလာတဲ့ရေကိုမီးသတ်ပိုက်နဲ့တိုက်ရိုက်သွယ်တန်းပြီးရွာသူရွာသားတွေပုံးတွေထည်း
ထဲ့ပေးလှုတဲ့အခါ ဖိတ်တချို့စဉ်တချို့နဲ့ကုန်းတ၀က် ပုံးတ၀က်ဖြစ်နေတာကြောင့် ရပ်ကွက်(၄)ခု လူဦးရေ(၅၀၀၀)
လောက်အတွက် ရေသမာန်တစီးစာ ဂါလံ(၄၀၀၀)လောက်ဆန့်တဲ့ လက်ခံရေကန် အုတ်ကန်၊ဖိုင်ဘာကန်၊ သံကန်တွေလည်းအဆင်ပြေသလိုလှုနိုင်ပါတယ်၊တချို့ရပ်ကွက်တွေမှာတော့လက်ခံကန်တွေကိုတဦးခြင်းရော
အစုအဖွဲ့န့လာရောက် တည်ဆောက်လှုဒါန်ပေးထားတာတွေ့ရပါတယ်၊ 

အဲသည်တော့ ကံမကောင်းလို့ ကံဟောင်းဆယ်ခြင်တယ်ဆိုရင် ကန်မြေတပေအနက်တူးဖို့မြေကြီး တကျင်းတူးခ၆၀၀၀ကျပ်နဲ့ လှုဒါန်းနိုင်ပါတယ်၊ပုံမှာပါတဲ့ဆိပ်ကြီး၇ွာ စိတ်တ၀ိဟာရကျောင်းမှာဆိုရင်ပတ်ပတ်လည်မှာ ကျေးရွာသောက်ရေကန်(၃)ကန်ရှိပါတယ်၊(၃)ကန်စလုံးရေ
ခမ်းခြောက်ပြီးကောနေပါပြီ၊အဲသည်တော့ မိုးရွာရင်ရေပြန်လှောင်ဖို့တူးနေကြတာတွေ့ရပါတယ်၊မြေလာတူးတဲ့အဖွဲ့ကိုမေးတော့ခနောင်တိုဘက်ကပါတဲ့ သူတို့လည်းအပြင်ဆောက်လုပ်ရေးဆိုဒ်တွေမှာမြေတကျင်းတူးခ ၈၅၀၀လောက်ရတယ်၊ သည်မှာတော့ ကုသိုလ်လည်းရ၀မ်းလည်းဝတကျင်း၆၀၀၀ကျပ်နဲ့တူးပေးနေတာပြောပါတယ်၊ကျနော်ကအတူပါလာတဲ့ကျေးရွာ
လူကြီးကိုမေးကြည့်ပါတယ်၊သည်လိုလူနဲ့တူးနေတော့မကြာဘူးလား၊ ဘက်ဟိုးဌားပြီးဂျူတီနဲ့စက်နဲ့တူးလိုက်ရင်ကုန် တာလည်းအတူတူလောက်နဲ့မြန်မြန်ပြီးမသွားဘူးလား ဆိုတော့ပြီးတော့ပြီးပါတယ် ၊ ဒါပေမဲ့ဘက်ဟိုးသမားကလည်း စိတ်ရှည်မှ စေတနာရှိမှဖြစ်မှာ နို့မို့ကန်ပျက်တတ်တယ်ဆိုပါတယ်၊ ကျနော်က ဘယ်လိုကန်ပျက်တာလည်းဆိုတော့ ရေကန်တို့ ငါးကန်တို့ဆိုတာ အောက်ကိုနက်တိုင်းလည်းမကောင်းဘူး စာရေးဆရာတဲ့၊ အောက်ကို အတင်းနက်လိုက်ရင်အောက်ခြေပေါက်ပြီးကန်ကရေတွေအဲ့သည်ကနေအကုန်ထွက်ကုန်ရော၊ကန်ပျက်ရောတဲ့၊
အင်းဒါလည်းလက်တွေ့ဘ၀ကပေးတဲ့ဗဟုသုတပေါ့လေ၊ ကျနော်မေးကြည့်တော့ အခုကန်တူးနေတာမတည်အလှုရှင်တွေက သူတို့ရွာဇာတိတွေဘဲလို့ပြောပါတယ်၊လောလောဆယ်၊မတည်အလှုရှင်(၂)ဦးနဲ့တူးနေပါတယ်၊အဲသည်ရွာက
 ဒေါ်ဝင်းမာဆိုသူက မြေကျင်း(၁၀၀)ငွေကျပ်(၆)သိန်းဖိုး၊နောက်အဲ့ဒီကျောင်းကဆရာတော်ကမြေကျင်း(၅၀)
(၃)သိန်းဖိုးအသီးသီးလှုဒါန်းထားကြပါတယ်၊

နောက်တခု ကံစုဖို့ ကံလှောင်ဖို့ရေစုကန်လှုခြင်တယ်ဆိုရင် အဲသည်ဆိပ်ကြီး(၁)ရပ်ကွက်ထိပ်မှာ စေတနာရှင်တွေ လှုထားတဲ့ရေလှောင်ကန်လိုမျိုးဂါလံ(၄၀၀၀)လောက်ဆန့်တဲ့ အုတ်ရေကန်မျိုးတည်ဆောက်လှုဒါန်းနိုင်ပါတယ်၊ ကျနော်မေးကြည့်တော့(၁၃)သိန်းလောက်ကုန်ကျတယ်ပြောပါတယ်၊ ကိုယ်တိုင်ကြီးကြပ်ပြီး တွက်ချက်လှုဒါန်းနိုင်ပါတယ်၊ မိတ်ဆွေအင်ဂျင်နီယာများအနေနဲ့လည်း ရေဂါလံအလိုက်ကုန်ကျစားရိတ်ကို ပုံဆွဲတွက်ချက်ပေးပြီး ပညာဒါနပြုနိုင်ပါတယ်၊

(၃) မတောင်းဘဲနဲ့ပြည့်တဲ့ ဆုဆယ်ပါးအတွက် ရေလှုနိုင်ပါတယ်။

ရေကိုရေလမ်းကလှုရင် ဂါလံ(၄၀၀၀)ပါရေသမာန်စက်လှေတစီးကိုငွေ(၃၀၀၀၀)နဲ့ ရေအလှုကုသိုလ်ပြု အဖွဲ့ဝင်တွေနဲ့ရော ရေသမာန်တွေပိုင်ရှင်နဲ့ရောချိတ်ဆက်လှုဒါန်းနိုင်ပါတယ၊်
ဖုန်းနံပတ်တွေအောက်မှာ ဖေါ်ပြထားပါတယ်၊ကြည့်မြင်တိုင် ကမ်းနားလမ်းဗားကရာလှေဆိပ်ကနေ
သမာန်စက်လှေစီးပြီး ဦးမြငါးစင် နဲ့ဆိပ်ကြီးရွာတွေကရေသမာန်ဆိုက်ရာ ရွာသူရွာသားတွေရေအလှုကို အမောတကောလက်ခံနေရာ တဖက်ကမ်းလှေဆိပ်အထိ စီးသွားနိုင်ပါတယ်၊ ကိုယ်တိုင်ကိုယ်ကျ လှုဒါန်းနိုင်ပါတယ်၊တယောက်မှ၂၀၀ ကျပ်လှေစီးလုံးဌားစီးမှ ၂၀၀၀ ကျပ်ရယ်ပါ၊အခက်အခဲရှိရင်ပြောပါ ကျနော်တို့အဖွဲ့က လှေဆိပ်ကိုလာကြိုပေးပါ့မယ်၊ သည်လိုသမာန်နဲ့လာလှုတဲ့အခါ ကမ်းစပ်နဲ့ နီးတဲ့အိမ်တွေကပြည့်ပြည့်၀၀ရကြပေမဲ့ ကမ်းစပ်နဲ့ဝေးပြီးကုန်းတွင်းပိုင်းကျတဲ့ ရပ်ကွက်တွေဆို စက်လှေကလှုသလောက်မရကြပါဘူး၊ ရွာကရေအလှုကြီးကြပ်ပေးတဲ့ ကျနော်တို့စေတနာ့ဝန်ထမ်း အဖွဲ့တွေကဘယ်သူဘယ်သူမှမျက်နှာမလိုက်ဘဲ ညကထဲကအိမ်တွေကိုအလှုရှင်ရသမျှစက်လှေအင်အားအလိုက် တုံကင်စာရွက်လေးတွေဝေပါတယ်၊မနက်ကျတော့တုံကင်တစောင်ကိုရေတထမ်းဝေပါတယ်၊လူဦးရေများလို့
တုံကင် (၂)ထမ်းရလာတော့ ၊ရေလက်ခံပြီးအိမ်ကိုအပြေးသယ်၊အိမ်မှာလည်း ရှိသမျှအိုးခွက်ပန်းကန်တွေထဲ ခွဲထည့်ရတယ်၊သည်ဖက်ရွာတွေမှာသံစည်ပိုင်းခါးပြတ်လောက်တောင်မ၀ယ်နိုင်တဲ့သူတွေများပါတယ်၊
သည်လိုကသောကမြောထည့်ပြန်ပြေး မြစ်ကမ်းနံဘေးရောက်တော့ သမာန်ကရေကုန်လို့ ကမ်းကခွာနေပြီ၊ လက်ခံရေကန်မရှိတော့ဖိတ်တချှိုစင်တချို့နဲ့ဘဲ အလဟသဖြစ်ခဲ့ရတာပေါ့၊ကုန်းတွင်းပိုင်းကျတဲ့အိမ်တွေခင်မျာလည်း သူများ(၂)ခွက်ရရင်သူကတခွက်ဆိုတော့ပိုခြွေတာရတော့တာပေါ့၊ 

အဲသည်အိမ်တွေအတွက်ရေလှုပေးဖို့ရပ်ရွာကတောင်းဆိုနေကြပါတယ်၊ဆရာတော်ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော)်
လာလှုတုံးကတော့ ကားတွေနဲ့ရေသန့်ဗူးကြီးတွေတင်ပြီး လာလှုသွားကြတာပါ၊လှိုင်သာယာဖက်ကိုကားနဲ့လာ အဲသည်ကနေတွံတေးကားလမ်းအတိုင်းဆိပ်ကြီးခနောင်တိုလမ်းခွဲ၊အဲသည်လမ်းခွဲကနေခနောင်တိုကြိုးတံတား
ရောက်တော့ ဘယ်ဖက်ကိုချိုးလို့ကြည့်မြင်တိုင်နယ်မြေအတွင်းဝင်လိုက်တာနဲ့ရေရှားပါးဆင်းရဲလှတဲ့ ရွာတွေကိုစတွေ့နိုင်ပါပြီ၊

သည်တော့ အဲသည်လိုကားတွေနဲ့ ရေသန့်ဗူးကြီးတွေနဲ့ ကားလမ်းဖက်ကလာလှုခြင်လည်း ကျနော်တို့ အကူအညီပေးပါ့မယ်၊ နောက်ကျနော်တို့အနေနဲ့တွံတေးဖက်က မီးသတ်ဦးစီးတွေနဲ့ ချိတ်ဆက်ကြည့်ဖို့ ကြိုးစားနေပါတယ်၊ကုန်းတွင်းပိုင်းရွာတွေကိုရေဘောက်ဆာတွေနဲ့လှုဖို့ပါ၊ဘောက်ဆာတစီးဂါလံ(၂၈၀၀) 
လောက်ကို ဘယ်လောက်ကုန်ကျမလည်းတွက်ချက်ပြီးတင်ပေးပါ့မယ်၊မီးသတ်က face book friend တွေလည်း တတ်နိုင်သမျှနှုတ်နဲ့စောင်မခြင်းပြုလို့ ကုသိုလ်ယူနိုင်ပါတယ်၊ဘောက်စာကားအပိုင်ရှိပြီးပိုလျှံနေတဲ့ လုပ်ငန်းရှင်တွေရှိရင်လည်း၊ရေကားအတွက်ကျနော်တို့ကိုလချုပ်နဲ့ဌားပေးနိုင်ရင်ကျနော်တို့အဖွဲ့ ကတာဝန်ယူပြီိးကုန်းတွင်းပိုင်းရွာတွေကိုရေဖြန့်ဝေပေးနိုင်မှာဖြစ်ပါတယ်၊အလကားကုသိုလ်ဖြစ် --ဖြစ်စေ၊ သက်သာသောနှုန်းထားနဲ့ဖြစ်စေ (၃)လလောက်ဌားပေးနိုင်ရင် ဌားပေးဖို့ကျနော်တို့ မေတာရပ်ခံခြင်ပါတယ်၊ ကုသိုလ်လဲရ၀မ်းလည်းဝစေမှာပါ၊

ကဲ--- ကံမြင့်ကံတင့်စေဖို့ ကန်အဆင့်မြင့်တဲ့အရေးမှာလှုမလား--------
ကံကောင်းဖို့ကန်အဟောင်းပြင်လှုမလား၊
ကံလှောင် ကံစုဖို့ ကန်ပြုလှုတဲ့အလှု လှုမှာလား၊
မတောင့်မတ ကြောင့်ကျစိုက်ဖို့မလိုတဲ့ အကျိုးဆယ်ပါးတလုံးတ၀ထည်းပြည့်စုံစေဖို့
သောက်ရေသုံးရေလှုမလား အောက်ပါဖုန်းအမှတ်တွေကိုဆက်သွယ်လိုက်ပါ၊
ဥိးမြလွင်(အလတ်ချောင်းရွာ) အဖွဲ့ဝင် ဒေသဖွံဖြိုးတိုးတက်ရေးကော်မတီဝင်(၀၉၇၃၀၄၁၂၇၃)အလတ်ချောင်းရွာ
ဦးကျော်ဝင်း (ဆိပ်ကြီးရွာ) ၀၉၂၅၁၀၃၄၁၁၈
ဦးအောင်သိန်း(ဆိပ်ကြီးရွာ)၀၉၂၅၀၀၂၄၇၁၉
ဦးပြာ(ဦးမြ-ငါးစင်)၀၉၃၁၀၅၇၈၅၉
ဦးဝင်းနိုင်(ဦးမြ-ငါးစင်)၀၉၃၀၂၃၃၆၃၆
ရေသယ်စက်လှေနဲ့တိုက်ရိုက်ချိတ်ဆက်လှုဒါန်းလိုပါက ဦးဟန်တင်နှင့်သားများသောက်သုံးရေပို့ဆောင်ရေး
စက်လှေအဖွဲ့-၀၉၄၂၀၂၁၃၇၀၈၊၀၉၄၂၀၂၂၈၀၅၄၊၀၉၇၃၀၆၅၉၆၁ တို့ကိုဆက်သွယ်လှုဒါန်းနိုင်ပါတယ်၊

လတ်တလော ကျနော်တို့ရေအလှုအဖွဲ့လေးမှာတဖက်ကမ်းက ရွာသူရွာသားတွေသာဖြစ်တဲ့အတွက် အဝေးကငွေပေးပြီးရေလှုလိုသူတွေအတွက် ကျနော်ကကြားခံဆောင်ရွက်ပေးနေပါတယ်၊ ဒါကြောင့် ငွေပေးပို့လှုဒါန်းလိုတယ်ဆိုရင်တော့  ဦးခင်မောင်သန့် ၉/မကန(နိုင်)၀၀ရ၁၀၄ ကြည့်မြင်တိုင်၊ KBZဘဏ်ကိုငွေလွှဲပို့နိုင်ပါတယ်၊ဖုန်းအမှတ်၀၉၇၉၃၆၅၅၀၁၁ကိုပေးပို့နိုင်ပါတယ်၊ပေးပို့တဲ့အခါ အလှုရှင်အမည်ကိုတပါထည်းဖြစ်စေ၊အွန်လိုင်းဖေ့စ်ဘုတ်မှဖြစ်စေအကြောင်းကြားပေးစေခြင်ပါတယ်၊
ကျနော့အနေနဲ့ငွေကြေးကိုစာရင်းပြုစုအပ်နှံပေးရတဲ့အတွက်ဖြစ်ပါတယ်၊အလှုရှင်တွေပေးပို့လာတဲ့ငွေကို
သတ်မှတ်လှုဒါန်းလိုတဲ့အကြောင်းခြင်းရာအလိုက် ရေကန်တူးခြင်း၊ရေကန်တည်ဆောက်ခြင်း၊တို့ကိုမဖော်ပြပါက
 ရေလှုဒါန်းသည်နေရာများမှာသာအသုံးပြုမှာဖြစ်ပါတယ်၊အလှုရှင်များဧ။်ငွေကိုရေလှုဒါန်းမှုတွင်သာ
အသုံးပြုမည်ဖြစ်ပြီး လမ်းစရိတ်၊စားစရိတ် အခြားကုန်ကျစားရိတ်များ အားအသုံးပြုမည်မဟုတ်ပါ၊ အခြားကုန်ငွေများကိုမိမိတို့ရေအလှုအဖွဲ့မှစိုက်ထုတ်လှုဒါန်းပါမယ်၊

ယခုသည်အပတ်ကျနော့ထံ အထက်ပါအတိုင်းဘဏ်မှငွေလွှဲပို့လှုဒါန်းထားသူများမှာ-
ဗိုလ်ကြီးဥာဏ်ထွန်းအောင်(တေဇ၉)မိသားစု ရန်ကုန်စည်ပင်=၁၀၀၀၀၀
ဗိုလ်မှုးနှင်းဇော်+ဒေါ်ဌေးဌေးဝင်းမိသားစု =၅၀၀၀၀
ဖေ့ဘုတ်မိတ်ဆွေ ကိုဦး(Ko Oo) ချက်ဘောက်က ပေးထားတဲ့ငွေပို့လွှာကဖတ်မရလို့အမည်ရင်းစီစစ်တောင်းခံဆဲက=၅၀၀၀၀
(ကိုသန်းထွန်းဦး-မပိုင်ပိုင်စိုး ယုဇနတာဝါ မိသားစု )
စုစုပေါင်းငွေသား(၂၀၀၀၀၀)ရပါပြီ
ကျနော်သူငယ်ချင်းတယောက်ကတော့ ရေလှောင်ဖို့အုတ်ရေကန်တော့မတတ်နိုင်ဘူး၊ တရာသီလှောင်လို့ရမဲ့
သမာန်တစင်းစာဂါလံ၄၀၀၀လောက်ရေထဲ့နိုင်တဲ့မိုးကာစမီးကပ်ချုပ်ထားတဲ့ ယာယီကန်(၂သိန်း)တန်လောက်လှုမယ်ပြောထားပါတယ်၊မိုးကာကန်၁၅၀၀၀၀+ဘေးဘောင်သစ်သား+၀ါး+မြော
ကုန်ကျစားရိတ်၅၀၀၀၀ခန့်မှန်း) တွက်ချက်ထားတာပါ၊ 

သူ့ကိုစောင့်ရင်းတခြားအလှုရှင်တွေပါစုပေါင်းလို့လာမဲ့တနင်္ဂနွေနေ့မှာ သွားလှုကြမယ်လို့ အကြမ်းဖျင်းစီစဉ်ထားပါတယ်၊အလှုရှင်များရော၊စိတ်ပါဝင်စားတဲ့လူတွေရောလိုက်ခြင်ရင်လိုက်ခဲ့ပါလို့ဖိတ်ခေါ်ပါတယ်၊
အချိန်နေရာထပ်မံတင်ပြပေးပါ့မယ်၊

စေတနာရှင်များ သံသရာခရီးလမ်းတလျှောက် ရေလိုအေးလို့ပန်းလိုမွှေးကြပါစေဗျား၊--------




"အပျိုတော် ၁၂ ခန်း "

$
0
0
Maung Paing's photo.

---------------
ကုလားကားဆိုရင် အက မပါမပြီးလို့ ဆိုရမယ်ထင်တယ်။
ကုလားကားတိုင်း အက ပါတယ်။ သူတို့အကကလည်း လူများသလောက်
ညီပြီး လှလို့။


မင်းသမီးတွေဆိုရင် ခန္ဓာကိုယ် တစ်ဆစ်ချင်းလှုပ်ကတာတွေဆိုရင်
တကယ့်အံ့မခန်းပါပဲ။

တိုင်းတပါး သီချင်းခွေတွေ၊ ဗွီဒီယိုတွေမှာလည်း အကတွေ တော်တော်များများ
တွေ့ရပါတယ်။ မြူးတယ်၊ စနစ်ကျတယ်၊ ညီညာတယ်၊ လှတယ်၊ စည်းဝါးကျတယ်ပေါ့။
ဒီတော့ လူကြိုက်လည်း များလှတယ်ပေါ့။

မြန်မာအကတွေဆိုရင် နောက်ပိုင်း လူငယ်တွေ(လူကြီးတွေပါ)ကပါ ပျင်းစရာ
ကောင်းလိုက်တာလို့ မြင်လာကြတယ်။ အငြိမ့်ဆိုရင် လူရွှင်တော်ပဲကြည့်တယ်။
ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေဆို ကြည့်တဲ့သူ နည်းပါးလှတယ်။

မြန်မာအကက စိတ်ဝင်စားစရာမကောင်းဘူးလား.. မြန်မာအကကို မတီထွင်
ကြဘူးလားလို့…မြန်မာနဲ့ပတ်သက်ရင် စာပေ၊ ဂီတ၊ လူမျိုး၊ ဘာသာအားလုံးကို ချစ်စိတ်ဝင်တဲ့သူဆိုတော့
အားမလို အားမရဖြစ်မိတယ်..။

ဒါနဲ့ စာတွေ ရှာဖတ်မိတော့ စိတ်ဝင်စားစရာသွားတွေ့ရတယ်… "အပျိုတော် ၁၂ ခန်း "အကတဲ့..
ဇာတ်လောကမှာ အပျိုတော် ကကြိုးစုံလျှင် မင်းသမီး အကတန်းကုန်သည် လို့ ဆိုစကား
ရှိကြတယ်။

"အပျိုတော် ၁၂ ခန်း "ရဲ့ ကကြိုးကကွက်တွေက --

(၁) ၀ိနမတိ - လက်၊ ကျောပြင်တို့က လှုပ်ကရသော အက။
(၂) ၀ိလာသတိ - ရှေ့သို့ တက်၍ မြူးမြူးကြွကြွ ကရသော အက။
(၃) ၀ိလစ္စတိ - နောက်ကို ဆုတ်၍ ကရသော အက။
(၄) ဥရုံဝိရတိ - ပေါင်၊ ခြေသလုံးကို ဖွင့်၍ ကရသော အက။
(၅) ကဋိစာလေတိ - ခါးကိုလှုပ်၍ ကရသော အက။
(၆) ဂူယှံဘဏ္ဍံ - လျှို့ဝှက်အတွင်းသားကို လှုပ်၍ ကရသော အက။
(၇) ထနံ - သားမြတ်ရင်လွှမ်းတန်ဆာကို လှုပ်၍ ကရသော အက။
(၈) ကစံ္ဆ - လက်ကတီးတို့ကို မြှောက်၍ ကရသော အက။
(၉) နာဘိ - ချက် သို့မဟုတ် ၀မ်းပြင်ကို လှုပ်၍ ကရသော အက။
(၁၀) ပါဒေန - ခြေတစ်ဖက်အပေါ် ခြေတစ်ဖက် နင်း၍ ကရသော အက။
(၁၁) ဘမုကံ - မျက်လုံးတို့ကို လှုပ်၍ ကရသော အက။
(၁၂) အက္ခိံ - မျက်စိ(စေ့)တို့ကို လှုပ်၍ ကရသော အက။

ကဲ ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းသလဲ။ တကယ်တတ်။ တကယ် ကျကျနန
ထုတ်ဖော်ပြသကြရင် မြန်မာအကဆိုတာ ပျင်းစရာမဟုတ်သလို အဆင့်အတန်းလည်း မီလှပါတယ်။
ဒါတောင် အပျိုတော် ၁၂ ခန်း ကကြိုး ကကွက်ပဲရှိပါသေးတယ်။

နတ်အက၊ မြင်းက၊ မျောက်အက၊ ဘီလူးအက၊ ဇော်ဂျီအက၊ ၀န်အက၊ နေရာတော်ခင်းအက ဆိုတဲ့
"ခုနှစ်ထွေအက " --
ပလို့ဂျိ…ဟူသော ပတ်ဆစ်ချိုးအရ စည်းချက်ကျကျ ကပြရာတွင် ပတ်မဆစ်ဖြင့်ကရတဲ့..
မျက်ခုံးပလို့၊ မေးပလို့၊ ပုခုံးပလို့၊ ရင်ပလို့၊ တင်ပလို့၊ လက်ရုံးပလို့၊ လက်စုံပလို့၊ တခြားပလို့(လက်တစ်ဖက်စီ)၊
အရုပ်ကြိုးလိမ်ပလို့၊ နတ်ယိုင်အကနဲ့ ဘယ်ခြေညာလက်ပလို့၊ စုံပလို့ ဆိုတဲ့…"ပလို့အက "တွေရှိပါသေးတယ်။

ဒါ့အပြင် ကျယ်ပြန့်လှတဲ့ မြန်မာ့အက နည်းစနစ်များစွာ၊ နည်းမျိုးစုံစွာ ရှိပါသေးတယ်။
ဖတ်မိတာလေးတွေကို စိတ်ဝင်စားသူတွေ ဗဟုသုတရစေဖို့နဲ့ မြန်မာအကတွေကို အထင်အမြင် မသေး
စေဖို့ တင်ပြလိုက်ရတာပါ။

သိတတ်သူများ ဖော်ထုတ်နိုင်ပါစေ..။
-----
မောင်ပိုင်
၅-၅-၂၀၁၅။
— with Khin Soe Lwin and 5 others.


တတိယအင်အားစုပေါ်လာဖို့ မလွယ်ဘူးလို့ ကျွန်တော်တော့ ထင်တယ်

$
0
0


တတိယအင်အားစု နာမည်သတင်းပြေးနေသည့် အြေငသညေူ ပါတီြျွှီု မှာ နိုင်ငံရေး စီမံခန့်ခွဲမှု မဟာတန်း ကျောင်းသား ၆ဝ ခန့် ပါဝင်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအကြံပေး၊ြျွှီု ကျောင်းအုပ် ဒေါက်တာ နေဇင်လတ်က ပါတီနာယကအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
တတိယအင်အားစု နာမည်သတင်းပြေးနေသည့် National  ပါတီ MDRI  မှာ နိုင်ငံရေး စီမံခန့်ခွဲမှု မဟာတန်း ကျောင်းသား ၆ဝ ခန့် ပါဝင်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအကြံပေး၊ MDRI ကျောင်းအုပ် ဒေါက်တာ နေဇင်လတ်က ပါတီနာယကအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
လက်ရှိ တတိယအင်အားစုလို့ နာမည်ကြီးနေတဲ့ နိုင်ငံရေးပါတီအပေါ် မှာ ဘယ်လိုမြင်ပါသလဲ။
ပါတီမူဝါဒတွေကိုတော့ ကျွန် တော်တော့ မသိသေးဘူး။ ပါတီ နာမည်တောင် မသိသေးဘူး။ ပါတီ ထောင်မယ့်လူတွေ၊ ပါတီကိုမှတ်ပုံ တင်မယ့်လူတွေကိုပဲ သိတာကိုး။ ပါတီရဲ့ရည်ရွယ်ချက်၊ မူဝါဒတွေ ကိုတော့ တရားဝင်ထုတ်ပြန်ပြီးမှ သိမှာကိုး။ ဒါပေမယ့်လည်း ယေဘု ယျအားဖြင့်တော့ လက်ရှိ အာဏာရ ပါတီနဲ့လက်တွဲသွားမယ်လို့ ပြောတဲ့ အတွက် တတိယအင်အားစုလို့ မမြင်ဘူး။

နောက်တစ်ခုကတော့ ငါးနှစ် တာ ကာလအတွင်းမှာ နိုင်ငံရေးကို တစ်စုံတစ်ရာထက်သန်တဲ့သူတွေ အင်အားစုက သီးခြားပါတီတစ်ရပ် ထောင်တဲ့သဘောလို့ မြင်ပါတယ်။
တကယ်တမ်းက လက်ရှိမှာ အင်အားကြီးနိုင်ငံရေးပါတီက နှစ်ရပ် ရှိတာပေါ့ဗျာ။ ဒါပေမယ့် ဘယ်ပါတီ ကိုပဲကြည့်ကြည့် သူတို့နဲ့ နီးစပ်တဲ့ နိုင်ငံရေးပလက်ဖောင်းတူတဲ့သူတွေ က ဒီပါတီကြီးနှစ်ခုစလုံးထဲကို ဝင်လို့ မရတဲ့ အနေအထားတွေ ဖြစ်နေ တယ်။ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ဖွံ့ ဖြိုးမှုအနေအထားကို ပြန်စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ ဥပမာ ၈၈ မျိုး ဆက်ပွင့်လင်းလူ့အဖွဲ့အစည်းဆိုပါ တော့။ ကျွန်တော်ထင်ခဲ့တာက အင်န် အယ်လ်ဒီပါတီနဲ့နီးစပ်တယ်။ အင်န် အယ်လ်ဒီပါတီထဲကို ရောက်နိုင်တယ် လို့ တွေးထင်ထားခဲ့တာပေါ့။ ဒါပေ မယ့် ခုထက်ထိ ၈၈ မျိုးဆက် အင်အားစုတွေနဲ့ အင်န်အယ်လ်ဒီ ပါတီတို့ တရားဝင်ပေါင်းစည်းတာ မတွေ့ရသေးဘူး။ ပါတီတွေအနေနဲ့ ကိုယ့်နဲ့အယူအဆတူတယ်၊ အသွေး အရောင်တူတဲ့သူတွေကို လက်ကမ်း ကြိုဆိုတဲ့အနေအထားသာရှိရင် ဒီလိုသီးခြားပါတီတွေ ထွက်ပေါ်လာ စရာအကြောင်းရှိမှာ မဟုတ်ဘူး။
တတိယအင်အားစုလို့ ဖြစ်မြောက် ဖို့ ဘယ်လို အင်္ဂါရပ်တွေရှိရမလဲ။
နိုင်ငံရေးမှာ ယေဘုယျအားဖြင့် ဘက်နှစ်ဖက်တော့ရှိတာပေါ့ဗျာ။
ဘက်တစ်ဖက်မှာ ပြည်ခိုင်ဖြိုး ပါတီရှိတယ်။ အာဏာရပါတီလည်း ဖြစ်တယ်။ အရင်စစ်အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေ ဦးဆောင်တဲ့ပါတီ တွေဖြစ်တယ်။ ကျန်ဘက်တစ်ဖက် ကလည်း ၁၉၉ဝ ရွေးကောက်ပွဲမှာ အများစုအနိုင်ရခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေပါဝင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ရှိတယ် ပေါ့။ အဲဒီနိုင်ငံရေးပါတီ နှစ်ခုစလုံးနဲ့ မတူတဲ့ ဒီပါတီတွေရဲ့ရည်ရွယ်ချက် တွေနဲ့ မတူတဲ့ နိုင်ငံရေး ပလက် ဖောင်း၊ မူဝါဒတွေ ရှိရင်တော့ တတိယအင်အားစုလို့ပြောလို့ ရနိုင် တယ်။ ဒါပေမယ့်လည်း ပြဿနာက ပုဂ္ဂိုလ်ရေးအမြင်အားဖြင့် မတူသော် လည်း မူဝါဒအားဖြင့် နည်းနည်းလေး သိပ်မကွဲတာတာတွေကလည်း မြန်မာ့နိုင်ငံရေးမှာ တစ်ခါတလေ တွေ့ရတာမျိုးတွေ ရှိတာပေါ့။
ဥပမာအားဖြင့် အင်န်ဒီအက်ဖ်တို့၊ ဦးသိန်းညွန့်တို့ ဦးဆောင်တဲ့ အင်န် အင်န်ဒီပီပါတီတွေက အင်န်အယ်လ် ဒီပါတီကြီးကနေ လွင့်စဉ်ထွက်လာ တဲ့ပါတီတွေပဲ။ သူတို့တွေရဲ့ ပါတီ ကိုကြည့်လိုက်ရင် ဒီမိုကရေစီ တည် ဆောက်ရေးကို ဦးတည်တယ်။
ကြိုးပမ်းတယ်။ စစ်အစိုးရလက်ထက် မှာ ဒီမိုကရေစီအရေးအတွက် ကြိုး ပမ်းလာတဲ့သူတွေပဲ။ ဒါပေမယ့် လည်း ၂ဝ၁ဝ ရွေးကောက်ပွဲရောက် လာတော့ ပုဂ္ဂိုလ်ရေး အမြင်မတူတာ တွေရှိတယ်။ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်တွေ မတူတာ တွေဖြစ်လာတော့ သီးခြားပါတီတွေ ဖြစ်လာတဲ့သဘော တွေ့ရပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တတိယပါတီလို့ တကယ်တမ်းဖြစ် ဖြစ်မြောက်မြောက်ဖြစ်လာဖို့ ခဲယဉ်း မယ့်အနေအထားမှာ ရှိတယ်လို့ ပြောလို့ရနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရေချိန်နဲ့ နိုင်ငံရေးရေခံမြေခံတွေက တတိယအင်အားစုကို လက်ခံနိုင်တဲ့ အနေအထားမရှိသေးဘူး ဖြစ်နေ တယ်။ အဲဒါဘာကြောင့်ဖြစ်သလဲ ဆိုတော့ ကျွန်တော်တို့က နိုင်ငံရေးကို စဉ်းစားရင် ‘ဘက်’ ကိုပဲစဉ်းစားတာ ကိုး။ ဒီလိုဘက်ကို ဦးတည်စဉ်းစား လေ့ရှိတဲ့အခါကျတော့ တတိယ အင်အားစုပေါ်လာဖို့ မလွယ်ဘူးလို့ ကျွန်တော်တော့ ထင်ပါတယ်။ လော လောဆယ်အခြေအနေမှာပေါ့။
၂ဝ၁ဝ ရွေးကောက်ပွဲ ကာလ ဝန်းကျင်တုန်းက မြန်မာအီးဂရက်စ်က တိုက်ရိုက်သော်လည်းကောင်း၊ သွယ် ဝိုက်သော်လည်းကောင်း အင်န်ဒီအက်ဖ် ကို ရွေးကောက်ပွဲမှာ ပါဝင်ကူညီပေး ခဲ့တယ်။ ခု ၂ဝ၁၅ ရွေးကောက်ပွဲကာလ နီးကပ်လာတော့ အင်န်ဒီအာအိုင်က ကျောင်းသားတွေ နိုင်ငံရေးပါတီ တစ်ခုထူထောင်ဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်နှစ်ခုစလုံး မှာ ဘယ်လိုကွာခြားချက်တွေရှိမယ် လို့ ထင်ပါသလဲ။
ဖြစ်စဉ်ကတော့ တူတယ်လို့ တော့ ပြောလို့ရတယ်။ ဖြစ်ပုံက တော့ လူအများနားလည်နေသလို မျိုးတော့ မဟုတ်ဘူးလို့ ထင်တယ်။ ၂ဝ၁ဝ မတိုင်ခင်မှာ နိုင်ငံရေးသင် တန်းတွေ မြန်မာအီးဂရက်စ်ကဖွင့် တယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ လူငယ် တော်တော်များများက နိုင်ငံရေးဆို တဲ့ အတွေးအခေါ်၊ အယူအဆတွေ ကို စူးစမ်းလာတဲ့ လူငယ်ထုတစ်ရပ် ပေါ်လာတယ်ပေါ့။ ဒီလူငယ်ထုက ၂ဝ၁ဝ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အခါကျတော့ လူငယ်တွေရဲ့ နိုင်ငံ ရေးရည်မှန်းချက်၊ အာသီသတွေကို ပိုပြီးတော့မှ ပြင်းထန်လာတဲ့အချိန် မှာ အင်န်ဒီအက်ဖ်ပါတီပေါ်လာတဲ့ အချိန်မှာ လူငယ်တွေခြေစုံပစ်ဝင် လာတဲ့သဘောဖြစ်သွားတယ်။ ဆိုလို တာကတော့ဗျာ။ မြန်မာအီးဂရက်စ် က အင်န်ဒီအက်ဖ်ပါတီကို တိုက်ရိုက် ထောင်ပြီးတော့မှ ရွေးကောက်ပွဲကို ဝင်တာမဟုတ်ပေမယ့်၊ မြန်မာအီး ဂရက်စ်က မွေးထုတ်ပေးလိုက်တဲ့ သင်တန်းသားတွေအများစုက နိုင်ငံ ရေးအာသီသတွေ ပြင်းထန်လာပြီး တော့မှ နိုင်ငံရေးပါတီတစ်ရပ်ရပ်ရဲ့ အောက်ကို ခြေစုံပစ်ဝင်လိုက်တဲ့ သဘောဖြစ်လိမ့်မယ်နဲ့တူတယ်။
ခုဖြစ်တဲ့ ဖြစ်စဉ်ကလည်း အလား တူပါပဲ။ အင်န်ဒီအာအိုင်အဖွဲ့က ဒီပါတီကြီးကို ထောင်တာလို့ ကျွန် တော်တော့ မထင်ဘူး။ အင်န်ဒီအာရ် အိုင်ကို ကျွန်တော်နားလည်ထားတာ က ဥာဏ်ကြီးရှင်အဖွဲ့၊ သုတေသန အင်စတီကျူးရှင်အဖွဲ့ တစ်ခုပါပဲ။
တစ်စုံတစ်ရာအားဖြင့် သမ္မတရုံးနဲ့ နီးစပ်တယ်။ သမ္မတအကြံပေးတွေ ဦးဆောင်နေတဲ့ အင်စတီကျူးရှင်း တစ်ခုပါပဲ။ ဒီအင်စတီကျူးရှင်းကနေ ပြီး ပါတီထောင်တယ်လို့တော့ ကျွန်တော်တော့ မမြင်ဘူး။ ဒါပေမယ့် အင်န်ဒီအာရ်အိုင်ကဖွင့်တဲ့ သင်တန်း တွေကတော့ အမျိုးမျိုးရှိတာပေါ့ ဗျာ။ သင်တန်းတွေမှာ တက်လာတဲ့ သင်တန်းသားတွေထဲမှာ သူတို့ပဲ ပါတဲ့ နိုင်ငံရေးပါတီတစ်ရပ်ရှိနိုင်ရင် ကောင်းတယ်ဆိုတဲ့ ဒီပါတီကို ထူ ထောင်လိုက်တယ်လို့ ထင်တယ်။
မြန်မာအီးဂရက်စ်ကလည်း ပါတီ ထောင်ခဲ့တာမဟုတ်ဘူး။ အင်န်ဒီ အာရ်အိုင်ကလည်း ပါတီထောင်တာ မဟုတ်ဘူး။ ဒါပေမယ့်လည်း မြန်မာ အီးဂရက်စ်က မွေးထုတ်ပေးလိုက်တဲ့ သူတွေက ဒီပါတီတွေမှာ ပါခဲ့တယ်။ အင်န်ဒီအာရ်အိုင်က မွေးထုတ်ပေး လိုက်တဲ့ ဒီလူတွေကလည်း အခု အသစ်ထောင်မယ့်ပါတီမှာ ပါမယ့် သဘောတော့ ရှိပါတယ်။ ဒီလိုဖြစ်စဉ် ပုံသဏ္ဌာန်ကတော့ တူပေမယ့် လူ အများထင်သလို ဒီအဖွဲ့အစည်းတွေ၊ ဒီအင်စတီကျူးရှင်းတွေက ပါတီတွေ ထောင်တယ်လို့တော့ ကျွန်တော် တော့ မမြင်ဘူး။
အသစ်ပေါ်လာတဲ့ပါတီက ဘယ် လိုသောမူဝါဒ၊ ဘယ်လိုအကောင် အထည်ဖော်ချပြမှ တတိယအင်အားစု လို့ ပြောလို့ရနိုင်မလဲ။
ခုက နည်းနည်းလေး အကြမ်း ဖျင်းပြောပြီးပါပြီ။ ရှိပြီးသားပါတီတွေ နဲ့ ပလက်ဖောင်းမတူတဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေရှိရမှာပေါ့။ ပြဿနာက မြန်မာ့နိုင်ငံရေးမှာ တတိယအင်အား စုပေါ်ပေါက်လာဖို့က သိပ်တော့မဖြစ် နိုင်ဘူး။
ဥပမာတစ်ခုပြောမယ်ဗျာ။ အနောက်တိုင်းအယူအဆပေါ့ဗျာ။ အင်္ဂလန်မှာဆိုရင် ကွန်ဆားဗစ် တစ်ပါတီရှိတယ်။ တစ်ဖက်ကွန် ဆားဗစ်တစ်ပါတီကို ဆန့်ကျင်တဲ့ လေဘာပါတီလည်းရှိတယ်။ ဘာကွာ လဲဆိုတော့ ကွန်ဆားဗစ်တစ်ပါတီက သက်ဦးဆံပိုင်ခေတ်ကတည်း မှူးကြီး မတ်ရာ၊ အထက်တန်းလွှာတွေနဲ့ နီးစပ်တယ်ပေါ့။ နောက်ပိုင်းအရင်း ရှင်ခေတ်မှာ ချမ်းသာကြွယ်ဝတဲ့သူ တွေနဲ့ နီးစပ်လာတာပေါ့ဗျာ။ အဲဒီ ပါတီရဲ့မူဝါဒက ဘာလဲဆိုတော့ အစိုးရက စီးပွားရေးလုပ်ငန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပါနေတာကို သဘောမကျဘူး။ ဆိုပါတော့ အလုပ် ရှင်နဲ့အလုပ်သမားတို့ ပြဿနာဖြစ် ရင် ကွန်ဆားဗစ်တစ်ပါတီက အလုပ် ရှင်ဘက် အလေးသာတဲ့မူဝါဒတွေ ထားတယ်။ သူနဲ့ဆန့်ကျင်ဘက်က လေဘာပါတီဆိုတဲ့ လက်ဝဲဆန်တဲ့ ပါတီပေါ်လာတယ်။ ဒီပါတီက အလုပ်သမားဆိုတဲ့ လူတန်းစားရဲ့ ထောက်ခံမှုကို ရတယ်။ အလုပ် သမားတွေ၊ သာမန်ပြည်သူလူထု တွေကို ပိုပြီးတော့မှ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုပြီးပေးရမယ်။
ပညာရေး ထောက်ပံ့မှုတွေပေးရ မယ်။ အဲဒီပါတီနှစ်ခုစလုံးနဲ့ မတူတဲ့ လစ်ဘရယ်ပါတီဆိုတာ ပေါ်လာပါ တယ်။ အဲဒီလစ်ဘရယ်ပါတီ ဘာ ကြောင့် ပေါ်လာလဲ ဆိုတော့ အင်္ဂလန် လူ့အဖွဲ့အစည်းမှာ အင်မတန်ချမ်း သာတဲ့လူတွေချည်းပဲ ရှိတာမဟုတ် ဘူး။ သိပ်ပြီးဆင်းရဲတဲ့ အောက်ခြေ နင်းပြားပဲရှိတာမဟုတ်ဘူး။ ပညာ တတ်တွေရှိတယ်။ လူလတ်တန်းစား ရှိလာတယ်။ အဲဒီပညာတတ်တွေက ဆင်းရဲသားတွေကို သိပ်ပြီးငွေကြေး ပံ့ပိုးနေတဲ့ မူဝါဒကိုလည်း သိပ်ပြီး မကြိုက်ဘူး။ သူဌေးတွေကိုအားပေး တဲ့မူဝါဒကိုလည်း မကြိုက်ဘူး။
ဟိုဘက်ကိုရော ဒီဘက်ကိုပါ မျှမျှ တတ စဉ်းစားတဲ့ လစ်ဘရယ်ပါတီ ဆိုတဲ့ တတိယအင်အားစု၊ တတိယ ပါတီ ပေါ်လာတယ်။ ခုလက်ရှိ အင်္ဂလန်မှာတော့ လစ်ဘရယ်ပါတီနဲ့ ကွန်ဆားဗစ်တစ်ပါတီတို့ ပေါင်းပြီး တော့ ညွန့်ပေါင်းအစိုးရဖွဲ့နေတာ ပေါ့။ သူဌေးတွေကိုအားပြုတဲ့၊ သူဌေး တွေရဲ့ အကျိုးစီးပွားကိုဖော်ဆောင် ပေးတဲ့ ကွန်ဆားဗစ်တစ်ပါတီက နည်းနည်းလေးတော့ အလယ်လေး ကို ရွေ့လာတဲ့ သဘောပေါ့။
ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့ ရေ ခံမြေခံ၊ လက်ရှိအခြေအနေအရ လူ တန်းစားအကျိုးစီးပွားကို ဖော်ဆောင် တဲ့ ပါတီတွေမရှိဘဲနဲ့ ခေါင်းဆောင် လုပ်သူတွေရဲ့ အမြင်သဘောထား၊ ခေါင်းဆောင်လုပ်တဲ့သူတွေရဲ့ ဦး ဆောင်မှုနောက်ကိုပဲ လိုက်နေတဲ့ နိုင်ငံရေးပါတီက သိပ်ကိုများနေတဲ့ အခါကျတော့ နိုင်ငံရေးအတွေး အခေါ်ကို အခြေခံတဲ့၊ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေးပါတီမျိုးက ဒီနိုင်ငံရေး ရေခံမြေခံမှာ မရှိနိုင်သေး တဲ့ အနေအထားမှာ ရှိနေတယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း အင်န် အယ်လ်ဒီပါတီကိုပဲ ကြည့်ကြည့်၊ ပြည်ခိုင်ဖြိုးပါတီကိုပဲ ကြည့်ကြည့် ဘယ်လူတန်းစားရဲ့ အကျိုးစီးပွားကို ဖော်ဆောင်မှာလဲ၊ ဘယ်သူတွေရဲ့ ထောက်ခံမှုရယူမှာလဲပြောရင် ပြတ် ပြတ်သားသား မရှိဘူး။ ဆိုလိုတာက တော့ ပါတီတွေရဲ့မူဝါဒက ခေါင်း ဆောင်လုပ်သူတွေရဲ့ သဘောထား၊ ခေါင်းဆောင်လုပ်တဲ့သူတွေရဲ့ နှုတ် ထွက်စကားတွေကပဲ။ ပါတီရဲ့ မူဝါဒ သဘောထားမျိုးဖြစ်နေတာကို တွေ့ ရတယ်။ ဒါကြောင့် တတိယအင် အားစုရယ်လို့ ပီပီပြင်ပြင်ပေါ်လာဖို့ ကတော့ လက်ရှိ ရေခံမြေခံမှာတော့ မလွယ်တဲ့အနေအထားမျိုးလို့ ထင် ပါတယ်။
ကိုဇန်
http://www.thetradetimesmedia.com/?p=13512  မှကူးယူဖော်ပြပါသည်။

မြန်မာနိုင်ငံရဲ့ပထမဆုံးသော အသံထက်မြန်သောလေသူရဲ (သို့မဟုတ်) ဗိုလ်မှူးချုပ်သူရမြင့်သိန်း

$
0
0

အခန်း(၁)
အချိန်က၁၉၉၀ခုနှစ်နွေရာသီကာလ၊ ရှမ်းတဲလေတပ်စခန်း၏ ကောင်းကင်ယံတွင် မိုးသားများကင်းစင်ကြည်လင်နေသည်။ သူတစ်ယောက်ထဲမည်သူနှင့်မှ စကားမပြောပဲရုံးခန်းထဲတွင် တိတ်ဆိတ်စွာထိုင်နေသည်။ မနေ့ညကသူကောင်းကောင်းအိပ်မပျော်၊ ပြူတင်းပေါက်မှ အပြင်ကိုငေးကြည့်တော့ လေယာဉ် ၁၂ စီး လှပသေသပ်စွာ ရပ်နားထားကြသည်။


 လူတွေကလည်းပျားပန်းခတ်ပမာ အားမာန်ပြည့်ဝစွာအလုပ်လုပ်နေကြသည်။ အရင်က အကြောင်းများသူ့ခေါင်းထဲမတွေးပဲဝင်လာတော့သည်။ ၈၈အရေးအခင်းကြောင့် တိုင်းပြည်၏အခြေအနေ အလွန်အမင်းယိမ်းယိုင်ခဲ့ရသည်။ထိုအခြေအနေကို အခွင့်ကောင်းယူပြီးပြည်တွင်း သောင်းကျန်းသူများ တပြိုင်နက်တည်းထကြွခဲ့ကြ၏။တပ်မတော်က နိုင်ငံတော်တည်ငြိမ်ရေးတာဝန်အပြင် သောင်းကျန်းသူ ဒဏ်ကိုလည်းခါးစီးခံရသည်။ထိုထက်ဆိုးသည်က အမေရိကန် လေယာဉ်တင်သင်္ဘောသည် ဘင်္ဂလားပင်လယ်အော်အတွင်းဝင်ရောက်ကာ မြန်မာနိုင်ငံအနီးတွင်စစ်ရေး လေ့ကျင့်မူပြုလုပ်နေကြောင်းကြယ်ငါးပွင့်သင်္ဘောမှ ပေးပို့ချက်အရသိရှိလာရ၏။ ထို့အပြင်ယိုးဒယားတပ်ဖွဲ့မှလည်း နယ်စပ်တလျှောက်သောင်းကျန်းသူများဘက်မှ ပေါ်ပေါ်ထင်ထင်ထောက်ပံ့လာခဲ့သည်။

သို့သော်တပ်မတော်၏ အခြေအနေကိုပြန်ကြည့်လျှင်လည်း ဆိုရှယ်လစ်စနစ်စီးပွားရေးမအောင်မြင်မူကြောင့်တပ်မတော်သည်များစွာခေတ်နောက်ကျနေခဲ့သည်။ ရှားမန်း၊ ကော့မတ်၊ ဘရင်းကယ်ရီယာအစရှိသော စစ်ကျန်တင့်များ၊ရေတပ်တွင်လည်းခေတ်မမှီတာ့သော သင်္ဘောအနည်းငယ်နှင့်ကင်းလှည့်ရေယာဉ်အချို့၊လေတပ်တွင်လည်း၁၉၆၃ခုနှစ်က၀ယ်ခဲ့သည့်ပထမမျိုးဆက် တိုက်လေယာဉ် T33သာရှိပြီးထိုလေယာဉ်များက အနားပေးလိုက်ရပြီ။လောလောဆယ် PC7 အမောင်းသင်လေယာဉ်ကိုသာလက်နက်တပ်ဆင်ထားပြီး အသုံးပြုနေရသည့်အခြေအနေ။ ထို့အတွက် တပ်မတော်အကြီးအကဲများက တပ်မတော်ကို ပြည်ပကျုးကျော်မူကိုကာကွယ်ရန်အတွက် အင်အားဖြည့်တင်းရန် ကြိုးပမ်းလာခဲ့သည်။ ၁၉၈၉ခုနှစ်နှစ်ကုန်ပိုင်းတွင်သူဦးဆောင်သော T33ဂျက်တိုက်လေယာဉ်မောင်းဖူးသည့် PC7,PC9 တိုက်လေသူရဲ၁၄ဦးကိုရွေးချယ်ခဲ့သည်။ ထိုထဲမှသူ့ကို ဦးဆောင်စေပြီး တိုက်လေသူရဲ ၁၂ဦးကို တရုတ်နိုင်ငံသို့စေလွှတ်ကာ တိုက်လေယာဉ်သင်တန်း တက်ရောက်စေမည်ဖြစ်သည်။ သူတို့ သယ်ဆောင်ရမည့် တိုက်လေယာဉ်က မြန်မာပြည်ရဲ.ပထမဆုံး အသံထက်မြန်သောတိုက်လေယာဉ်ဖြစ်လာမယ့် F7 SUPER SONIC 2 MACH FIGHTER.........
သူတို့၁၂ဦးထဲမှ ဗိုလ်မှုးအောင်ကျော်စိုးသည် တရုတ်နိုင်ငံ၏ ရာသီဥတုဒဏ်ကို မခံနိုင်သောကြောင့် အပြင်းအထန်ဖျားကာ မြန်မာနိုင်ငံသို့ပြန်ခဲ့ရသည်။ သူအစားရောက်ရှိလာသူက နောင်တချိန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်လာမည့် ဗိုလ်မှူးမြတ်ဟိန်း၊ သူတို့ ၁၉၉၀ခုနှစ် ဇန်န၀ါရီလ ဒုတိယအပတ်ထဲတွင်ထို F7 တိုက်လေယာဉ်များကို တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံရှမ်းတဲလေတပ်စခန်း ဆီကိုတိုက်ရိုက်ပျံသန်း သယ်ဆောင်ခဲ့ကြသည်။ထိုအချိန်တွင်တရုတ်လေတပ်တွင် မြန်မာနိုင်ငံမှဝယ်ယူသော F7 တိုက်လေယာဉ်မှာ အဆင့်အမြင့်ဆုံးဖြစ်သည်။ ထိုကြောင့်တရုတ်လေတပ်မှမြန်မာ့တပ်မတော်(လေ) လေသူရဲများအား super sonic flight ကိုမသင်ပေးခဲ့ပေ။

အခန်း(၂)

"ဆရာ၊လေယာဉ်အဆင်သင့်ဖြစ်ပါပြီ "ဟူသောအသံကြားမှ သူအတွေးတွေလွင့်ပျောက်သွားသည်။
ရှမ်းတဲလေယာဉ်ရုံမှ အာကာသယာဉ်မှူးဝတ်စုံကဲ့သို.ဆင်ယင်ထားသော တိုက်လေသူရဲတစ်ဦးအေးဆေးတည်ငြိမ်စွာလမ်းလျှောက်လာသည်။ထိုသူသည် နိုင်ငံတော်နှင့် တပ်မတော်(လေ)အတွက် ကြီးကျယ်သော စွန့်စားမှုတစ်ခုကိုလုပ်တော့မည်။ ထိုသူမှာအခြားသူမဟုတ်၊ တိုက်ပွဲပေါင်းများစွာကို ရဲရင့်စွာတိုက်ခိုက်မှုကြောင့် သူရဟူသောဘွဲ့ထူးကိုရရှိသော ဒုတိယဗိုလ်မှူးကြီး သူရမြင့်သိန်းပင်၊ သူလုပ်ဆောင်မည့်စွန်စားခန်းက မည်သူမှမသင်ပေးလိုက်သောပျံသန်းမှု တစ်ရပ် ကိုပျံသန်းစွန့်စားခြင်း(သို့မဟုတ်)super sonic flight...................................။
လေယာဉ်ကိုစက်စတင်နှိုးလိုက်သည်။ ထိုလေယာဉ်မောင်းခန်းထဲကလေသူရဲကတော့မသိ။ မြေပြင်မှသူ့အားလူတိုင်းကစိတ်ပူနေကြသည်။ သို့သော် သူကတော့တည်ငြိမ်စွာပင်.....................။
လေယာဉ်လေထဲတက်သွားတော့ လေကြောင်းထိန်းတပ်ကြပ်ကြီးစိုးအောင်က သူသိပ်ခင်ရသော ဗိုလ်မှူးကြီးအတွက် အရမ်းကိုစိတ်ပူနေမိသည်။ "TOWER-EAGLE(1)"ဆိုသောသူရဲ့လေသံခပ်အေးအေးကိုကြားလိုက်ရသည်။ "EAGLE-1,GO AHEAD SIR"ဟု တပ်ကြပ်ကြီးစိုးအောင်က ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။ "EAGLE-1,NOW REACHING SUPER SONIC AREA,MAINTING FLIGHT LEVEL 25000"ဟုပျံသန်းရမည့်super sonic area သို.ရောက်ရှိကြောင်း အမြင့်ပေ ၂၅၀၀၀ သတင်းပို့လာသည်။ဆက်လက်ပြီး "REQUEST,START FLY TO SUPER SONIC FLIGHT"ဟုပြတ်သားစွာ ဆက်သွယ်ရေးစက်မှ သတင်းပို့လာသည်။ တပ်ကြပ်ကြီးစိုးအောင်မှပြန်လည်ပြီး "ROGER SIR, START UP APPROVE TO SUPER SONIC FLIGHT"ဟု အသံထက်မြန်သော ပျံသန်းမူကိုခွင့်ပြုလိုက်သည်။

သူ လေယာဉ်မောင်းခန်းအတွင်းစစ်ဆေးရမည့် အချက်အလက်အားလုံးကို စစ်ဆေးပြီးပြီ။ သူ့စိတ်ကိုပြန်မေးကြည့်သည်။ သူအသင့်ဖြစ်နေပြီ။ ပါဝါတံကိုအဆုံးထိမြှင့်တင်လိုက်သည်။အင်ဂျင်အခြေအနေကိုစစ်လိုက်သည်။အိုကေ။ အမြင့်ဆုံးစက်အားဖြစ်သည့် အပိုဆီလောင်ကျွမ်းမူစနစ်ကို စတင်လိုက်သည်။ ကျယ်လောင်သောအင်ဂျင်အားပေါက်ကွဲသံနှင့်အတူ လေယာဉ်ကတရှိန်ထိုး speed များတက်လာသည်။0.5 mach,0.6 mach,0.7 mach,0.8 mach,0.9 mach,1 mach,1.1 mach ,1.2 mach,1.3 mach...............................

အခန်း(၃)

လေကြောင်းထိန်းမျှော်စင်မှတပ်ကြပ်ကြီးစိုးအောင် စကားပြောခွက်ကိုကိုင်ပြီး စိတ်ပူနေပြီ။ ရုတ်တရက်.........................
ဝုန်း.........................

ရှမ်းတဲလေတပ်စခန်းထက်တွင်ကျယ်လောင်ပြင်းထန်သောပေါက်ကွဲမူနှင့်အတူမြေကြီးတွေတုန်ခါကုန်သည်။ ပြတင်းပေါက်မှမှန်တချို.ကွဲကျကုန်၏။........................

လေကြောင်းထိန်းမျှော်စင်မှဆရာစိုးအောင် တုန်လှုပ်ခြောက်ခြားသွားသည်။ "ဟာ.............ဗိုလ်မှူးကြီး.............."ဟု တုန်လှုပ်စွာ ရေရွတ်ကာ ဆက်သွယ်ရေးစက်မှနေပြီးသူချစ်သော အုပ်မှူးအားဆက်သွယ်ရန် ကြိုးစားလိုက်သည်။

ဆရာစိုးအောင်၏လက်ပေါ်နွေးထွေးသောလက်တစ်စုံ ကျလာသည်။ ဆရာစိုးအောင်လှည့်ကြည့်လိုက်သည်။ ထိုသူသည် တခြားသူမဟုတ် dakota, T33 စသောလေယာဉ်များဖြင့် ဗန်ကောက်ပိုစ့်သတင်းစာက ပါချီးကျုးရသောအလွန်ရဲရင့်ပြီး စိတ်သဘောထား ကောင်းမွန်သော အနာဂတ်လေတပ်ကို တိုးတက်စေသူ ဦးစီးချုပ်(လေ)တစ်ဦးဖြစ်လာမည့် ဗိုလ်မှူးချုပ်ကျော်သန်းပင်။သူအဆရာစိုးအောင်အားပြုံးပြီး ခေါင်းရမ်းပြလိုက်သည်။ ဆရာကြီးစိုးအာင် သဘောပေါက်လိုက်သည်............ရှမ်းတဲကောင်းကင်ကြီးက ပြာနှမ်းနေသည်။

အခန်း(၄)

သူ့ထံကျယ်လောင်သောအသံနှင့်အတူ အရှိန်ပြင်းပြင်းဆောင့်ထွက်သွားသည်။ သူတုန်လှုပ်သွားမိသည်။သူအမြန်နှုန်းပြဒိုင်ခွက်ကို ကြည့်လိုက်သည်။
ဟာ............

သူလေယာဉ်ကိုယ်ထည်၏ဘေးကိုလေယာဉ်ပေါင်းမိုးမှ ကြည့်လိုက်သည်။လေယာဉ်မောင်းခန်းနောက် လေယာဉ်တောင်ပံ ဆက်ရာနေရာပတ်ချာလည်တွင် မှိုပွင့်ကဲ့သို့ဖြူဖွေးသောအလုံးကြီးကိုတွေ.ရသည်။ သူ၏ရင်ထဲ လှိုက်ကနဲတစ်ချက်ဖြစ်သွားသည်

သူအောင်မြင်ပြီ။ အသံရဲ့အမြန်နှုန်းကိုသူချိုးဖျက်လိုက်ပြီ။ နိုင်ငံတော်အတွက် သူတာဝန်တစ်ခုကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီ။ မြန်မာ့တပ်မတော်(လေ)သည် ခေတ်တစ်ခေတ်ကိုချိုးဖျက်လိုက်ပြီ။

အခန်း(၅)

ရှမ်းတဲလေယာဉ်ပြေးလမ်းထိပ်ကိုတိုက်လေယာဉ်တစ်စီး ချဉ်းကပ်လာသည်။သူ့ကိုဂုဏ်ယူစွာဖြင့်ဆီးကြိုမည့်သူများ စောင့်နေလေကြလေပြီဖြစ်လေသည်။ သူတို့၏ မျက်နှာများပေါ်၌ကား မြန်မာ့တပ်မတော်(လေ)၏ အသံထက်မြန် တိုက်လေယာဉ် ခေတ်တစ်ခေတ် စတင်ခြင်းအတွက် ဂုဏ်ယူအပြုံးများစွာ ရှိနေကြလေတော့သည်။
credit : Myanmar Defence Weapons

အမှတ်တရ မေ (၉)

$
0
0

မေလ (၉)ရက်နေ့ သည် ဒုတိယကမ္ဘာစစ်ကြီး (ရုရှားတို့က မဟာမျိုးချစ် စစ်ပွဲဟုခေါ်ကြသည်။)တွင် နာဇီတို့ကို အောင်မြင်သောနေ့ဖြစ်သည်။ နှစ်စဉ် ရှုရှားတို့သည် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားများကို ခမ်းနားစွာ ကျင်းပလေ့ရှိသည်။


ရုရှားတို့သည် နှစ်စဉ် Victory Day Parade များတွင် လက်နက်အသစ်များကို ထုတ်ဖော်ပြသလေ့ရှိသောကြောင့် ကမ္ဘာက စောင့်ကြည့်ရသော ပွဲဟုဆိုလျှင်မှားမည် မဟုတ်ပေ။

စစ်အေးတိုက်ပွဲ ပြင်းထန်စဉ် အချိန်ကာလများကဆိုလျှင် ထိုစဉ်က အမှန်တကယ်မရှိသော လက်နက်များကို အတုလုပ် ထည့်သွင်းပြသကာ ပြိုင်ဘက်နိုင်ငံများကို လှည့်စားခဲ့ဘူးသည်။

လွန်ခဲ့သော ၅နှစ်နှင့် ၆နှစ်က ယခုလို မေ (၉)ရက် နံနက်ဆိုလျှင် ကျွန်တော်တို့ အစောကြီး အိပ်ရာက ထပြီး မြို့လယ်က ရင်ပြင်နီ (Red Square)ကို သွားကြသည်။ စစ်ရေးပြ အခမ်းအနားက နံနက် (၁၀)နာရီမှ စတင်မည်ဖြစ်သော်လည်း မိုးမလင်းမီ ဝေလီဝေလင်း အချိန်တွင်ပင် ရင်ပြင်နီသို့ ဦးတိုက်ရာ ရိပ်သာလမ်းမကြီး ဝဲ/ယာတွင် ကြက်ပျံမကျ စည်းကားနေလေ့ရှိသည်။

နံနက်စောစောပင် လမ်းမကြီးပေါ်တွင် နေရာယူထားပြီး ဖြစ်သော တင့်၊ သံချပ်ကာ၊ အမြောက် စသည့် ယာဉ်ယန္တရားများနှင့် ယှဉ်တွဲ ဓာတ်ပုံရိုက်ကြသည်။ စစ်ရေးပြပွဲစတင်သည်နှင့် တပ်များ ချီတက်ဝင်ရောက်သွားကြခြင်းကို စောင့်ကြည့်ကြသကဲ့သို့ ပြန်ထွက်အလာကိုလည်း စောင့်မျှော်ကြသည်။ ပြန်ထွက်လာသည်နှင့် ကားများပေါ်မှ စစ်သည်များကို လမ်းဘေး ဝဲ/ယာမှာ ပြည်သူများက ပျော်ရွှင်စွာ အော်ဟစ် ကြိုဆို ဂုဏ်ပြုကြသည်မှာ သူ့တို့နိုင်ငံသားမဟုတ်သော ကျွန်တော်တို့လို ပညာတော်သင်များအတွက်ပင် ကြက်သီးထစရာ။ ထိုနို်င်ငံတွင် တပ်မတော်သားဖြစ်ရသည်မှာ မေ (၉) တစ်ရက်တည်းနှင့်ပင် တန်နေပြီဟု အချင်းချင်း ပြောမိကြသည်။

စစ်ရေးပြအခမ်းအနားပြီးသည်နှင့် ကျွန်တော်တို့ဆက်သွားသည်က Victory Park။ ထိုနေရာကို ဒုတိယ ကမ္ဘာစစ်ပြန်ကြီးများက ယူနီဖောင်း အပြည့်အစုံဝတ်ပြီး လာကြသည်။ ထိုအဖိုး၊ အဘွားအိုများကို လူငယ်တို့က ပန်းစည်းများပေးပြီး ဂုဏ်ပြုကြသည်။ ဓာတ်ပုံတွေတွဲရိုက်ကြသည်။ ပန်းခြံကြီးအတွင်းတွင်လည်း ရုရှားတပ်မတော်က စစ်မြေသုံး ရွက်ဖျင်တဲများထိုးကာ တပ်ပုံစံ အစားအစာများကို လာသူများအား အခမဲ့ ကျွေးမွေးပါသည်။

Cultural Park တွင်လည်း ထိုပုံစံမျိုးပြုလုပ်ပါသည်။

ယခုနှစ် မေလ (၉)ရက်နေ့ Victory Day Parade သည် (၁၀)စုနှစ် တစ်ခုအတွင်း အကြီးကျယ်ဆုံးဖြစ်လာပါမည်။ ပါဝင်မည့် လက်နက်စနစ်အများစုသည်လည်း အသစ်များ ဖြစ်ပါသည်။ 

1. T -14 Armata Tank
2. BMP T 15 Armata IFV
3. BMP - Kurganez 25 IFV
4. BTR - Kurganez 25 APC
5. BTR - MDM (Rakushka)
6. BMD - 4M
7. BTR - Boomerang (wheeled armored personnel carrier)
8. Kornet - D (Anti-tank Guided Missile)
9. Typhoon - K (Mine-Resistant Ambush Protected (MRAP) armored vehicle)
10. Typhoon - U (Mine-Resistant Ambush Protected (MRAP) armored vehicle)
11. Coalition – SV Self-propelled artillery

(ပညာတော်သင်ဘဝ ကြုံခဲ့ဘူးသော Victory Day အား အမှတ်တရ ရေးဖွဲ့ပါသည်။)

ဒေါက်တာ နိုင်ဆွေဦး
(9th May, 2015)

ရေမြေခြားလျက်ကျောက်ဆူးနှစ်လက် အပိုင်း(၂၀)

$
0
0


--------------------------------------------------------------------------------
မိုးယံထက်တစ်ယောက် အုပ်မှူးရုံးခန်းထဲမှထွက်လာချိန်တွင်ဖုန်းကိုကြည့်နေသော
သူရဇော်ကိုတွေ့လိုက်ရ၍ထိတ်လန့်သွားသည်။ ဒါပေမယ့် မျက်နှာကိုဟန်မပျက်ထိန်း
ရင်းဖုန်းကိုအသာဆွဲယူလိုက်သည်။ ပြီးတော့မှာအသာအယာပြုံးပြလိုက်ရင်း.

"ဆေးထိုးနေတာလေခိခိ"
"ဟေ့ကောင် နိုင်ငံခြားကိုပိုက်ဆံလွဲတာကဘာသဘောလဲ"
"ငါကားဝယ်မလို့လေ...."
"ဟုတ်လို့လား...."
"မယုံလို့လား...ဒီမှာကြည့်"
ပြောပြောဆိုဆိုနှင့် ဖုန်းထဲက ဘရောက်ဆာတွင် အွန်လိုင်းကားအရောင်းအ၀ယ် ဆိုဒ်
တခုကိုရှာပြီးပြလိုက်သည် ရှာကတည်းက ဒေါ်လာ၅၀၀၀တန် စက္ကန်းဟန်းကားကိုရှာ
သည်မို့အေးဆေးထွက်လာသည်...။ သူရဇော်ကတော့ ဖုန်းကိုကြည့်ရင်းခေါင်းငြိမ့်လိုက်
ရပေမယ့် သိပ်တော့မသင်္ကာ...။ ဒါကိုလဲ မိုးယံထက်တစ်ယောက်ကရိပ်မိသည်.... သူ့
အစီအစဉ်တွေပျက်လို့မဖြစ်...။ ဒါကြောင့် ဒီကောင်ကိုရှောင်ရတော့မည်ဟု တွေးလိုက်
မိသည်။ သူလိုအပ်တာတွေကြိုပြင်ဆင်ရန်နှင့် ရှောင်ဖို့အတွက် ခွင့်တင်မှဖြစ်တော့မည်
အကြောင်းပြချက်ကတော့ နယ်ရှိ ညီမ၀မ်းကွဲတစ်ယောက် မင်္ဂလာဆောင်ရှိလို့ဆိုပြီး..
တင်ရမည်...။ အမှန်တော့ မိဘများမရှိကတည်းက ဘယ်သူ့ကိုမှအဆက်အသွယ်မလုပ်
တာကြာပြီလေ...အရင်ကြိုသတင်းပို့တော့ အုပ်မှူးကခွင့်ပြုသည်..။ အေးလေ ဒီကိုရောက်
နေတာ နှစ်တွေချီနေပြီဖြစ်သော မိုးယံထက်က တခါမှခွင့်မယူသေးသည်ကိုး... ခွင့်ဖောင်
ကိုဖြည့်နေတုန်း ဖုန်းလာလို့ယူကြည့်လိုက်တော့ တပတ်စဉ်ထဲသူငယ်ချင်း ဇွဲခန့်..သူလဲ
ကိုယ်လိုပဲ ချစ်ဒုက္ခသမား.. ကောင်မလေးက ဒုက္ခိတလေး.. အစသိတုန်းက ကန့်ကွက်
သေးတော်လဲ ကိုယ်ချင်းစာသမို့ လက်ထပ်ခွင့်ရနိုင်မည့်နည်းးလမ်းလေးတွေပြောပြလိုက်
သေးသည်..ကြည့်ရတာမင်္ဂလာဆောင်ဖိတ်မလို့ထင်သည်...
"အေး ငဇွဲ ပြော"
"အေး ဖက်တီးမင်းတပ်မှာပဲလား"
"အေးလေ ဘာလဲဖိတ်စာလာပို့မလို့လား"
"မဟုတ်ဘူးသားကြီး လက်ထပ်ခွင့်မရဘူးကွာ "
"ဟာကွာ မင်းငါပြောသလိုမလုပ်ဘူးလား"
"အေးကွာ..."
"ကျဥပဲ..သေလေသေသေ"
"အေးပါကွာ အခုတိုင်ပင်စရာရှိလို့ပါ"
"ပြောလဲ နားမှမထောင်ပဲ"
"အေးပါကွာ ဒီတခါနားထောင်ပါမယ်"
"ပြီးရော ပြော ဘာတိုင်ပင်မှာလဲ"
"ငါမိန်းမခိုးလာပြီ.."
"ဟေ.. ငါနိုးမ ရေး-၃စပ်ပြီ"
"အေးအဲဒါကွာ.. ငါသိပြီ ညနေ ငါ့အိမ်မင်းတို့နှစ်ယောက်လုံးလာခဲ့"
"ဘာလုပ်မို့တုန်း...."
"လျှာမရှည်နဲ့ လာဆိုလာခဲ့"
"အေးပါကွာ အေးပါ...."
အင်း တစ်ကောင်ကတော့ အချစ်အတွက်အရာရာကိုစွန့်လွှတ်ဖို့ပြင်ဆင်သွားလေပြီ....
ဒါဆိုငါရော... ငါလဲမထူးပါဘူးဟုတွေးရင်း...မိုးယံထက်တစ်ယောက်ပြုံးမိသွားသည်..
ခွင့်ဖောင်ကိုဖြည့်ပြီးတော့ အုပ်မှူးထံတင်ပြလိုက်သည်။ အတည်ပြုလက်မှတ်ထိုးပြီး
အထက်ရုံးဌာနကိုဆက်ပို့လိုက်သည်.။ နှစ်ရက်သုံးရက်လောက်ဆိုရလောက်ပါပြီ....
အလုပ်တခုတော့ပြီးပြီလေ... အုပ်မှူးကိုသတင်းပို့ပြီးလုပ်ငန်းလက်ကျန်တွေကိုသူရ
ဇော်ကိုလွှဲကာ မြို့ထဲကိုထွက်လာခဲ့သည်.. အိမ်ခြံမြေအကျိုးဆောင်ကိုသွားပြီးသူ့ရဲ့တိုက်
ခန်းကိုရောင်းရန် စပ်ဟပ်ထားခဲ့သည်...။ ပြီးတော့ စားစရာသောက်စရာလေးဝယ်ပြီး
အိမ်သို့ပြန်ရသည်..။ ဇွဲခန့်တို့စုံတွဲလာမယ်ဆိုတော့ အခန်းလဲရှင်းရဥိးမည်.ဧည့်ခံဖို့လဲ
ပြင်ဆင်ရဦးမည်လေ...။ ညနေ(၆)နာရီလောက်တွင်တော့ဇွဲခန့်တို့စုံတွဲရောက်လာသည်
သူ့အခန်းက ပထမထပ်မှာမလို့ ဇွဲခန့်က သူ့ကောင်မလေးကိုစွေ့ခနဲပွေ့ကာရှေ့ကတက်
သွားသလို သူလဲ ၀ှီးချဲထမ်းကာနောက်ကလိုက်တက်ရသည်..။ ကောင်မလေးမျက်နှာက
တော့ နီရဲလျက်...။ အခန်းရောက်တော့ စားရင်းသောက်ရင်းလာရင်း ကိစ္စကိုပြောရသည်
"ကဲငဇွဲ မင်းဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ"
"မနက်ဖြန်ရုံးတက်လက်မှတ်ထိုးမယ်ကွာ အဲဒါဆို အဘလဲငြင်းလို့မရတော့ဘူးပေါ့"
"ဟာ ဖြစ်မလားကွ မိန်းမခိုးလာတာတင် တမှုဖြစ်နေပြီ ခွင့်ပြုချက်မရှိပဲ လက်ထပ်လို့က
တော့ အမှုတွဲက A-4 တစ်ထုတ်စာဖြစ်သွားမယ်.. "
"အေးတော့ငါကဘာလိုလုပ်ရမလဲ...."
"လက်မှတ်မထိုးနဲ့ ဒီအတိုင်းခေါ်သွား ဟိုရောက်ရင် မိန်းမခိုးလာတယ်ဆိုပြီးသတင်းပို့လိုက်
မင်းဆရာနဲ့ ပိစ်တယ်မလား.."
"အေး အဘက ငါ့ကို အိုင်ပီလာပါတယ်"
"အဲလောက်ဆိုရပြီ... ပထမမင်းကိုဆဲလိမ့်မယ် ပြီးရင် မင်းကောင်မလေးကျန်းမာရေးကိုထောက်
ပြပြီးပြောလိမ့်မယ် နောက်ပြန်ပို့ဖို့ပြောလိမ့်မယ်.."
"အဲလိုဆိုငါကဘာလုပ်ရမလဲ"
"လွယ်ပါတယ် ဘာပြောပြော လက်ထပ်ပါမယ်ဆိုတာကိုပဲ အသားပေးပြော ချက်ချင်းကြီးတော့
မင်းကောင်မလေးနဲ့ဝင်မတွေ့နဲ့ ခိုးလာတာအရင်သတင်းပို့ နဲနဲဆဲလိမ့်မယ် ပြီးမှ မင်းကောင်မလေး
ကိုခေါ်ပြ အဲခါကြရင် မင်းကောင်မလေး ကျန်းမာရေးကို အကြောင်းပြပြီး တားလိမ့်မယ်... မင်းက
ဘယ်လိုပဲဖြစ်ဖြစ်ယူမယ်ဆိုတာကို ပေါ်အောင်ပြောရမယ်... ပြန်ပို့ဖို့ပြောရင် ပြန်လို့မရတော့ဘူး
လို့ပြော... နောက်ဆုံးကျရင် သဘောတူလိမ့်မယ်"
"အိုကေကွာ ဒီတခါတော့ မင်းစကားကိုသေချာနားထောင်ပါ့မယ်"
"အေး နားထောင်ရင်တော့ အောင်မြင်မှာပဲ.. ကဲစားစား ပျော်ပျော်ပါးပါးပေါ့ လောလောဆယ်စိတ်
ညစ်စရာတွေမေ့ထားလိုက် အိုကေလား"
"အိုကေ အိုကေ"
ဒီလိုနဲ့ ဇွဲခန့်တို့တော့ပြန်သွားလေပြီ။ မိုးယံထက်တစ်ယောက်တော့ သူတို့ပြန်ပြန်သွားချင်း အ၀တ်
အစားတွေလိုက်ဝယ်သည်... ကိုရီးယားမှာက ဒိထက်အများကြီးအေးမယ်လေ... အနောက်တိုင်း
ဝတ်စုံတစုံကိုလဲ ၀ယ်ဖြစ်အောင်ဝယ်လိုက်သည်..။ စဉ်းစားလို့ရသမျှကို.. ချက်လစ်စ်လေးတွေလုပ်
ပြီး..တခုခြင်းလိုက်လုပ်နေရသည်...လိုအပ်တာတွေဝယ်ပြီးအိမ်ရောက်တော့ လူလဲတော်တော်ပင်
ပန်းနေပြီး ရေမိုးချိုးပြီး အိပ်ရန်ပြင်နေတုန်း ဖုန်းက၀င်လာသည်.. မွေးစားအမေ မေချို့ဖုန်း.......
ဘာထူးလို့ပါလိမ့်လို့တွေးပြီးဖုန်းကိုင်လိုက်သည်
"ဟယ်လို မေချိုပြောပါ"
"သားလေး အခုဘယ်မှာလဲ အားလား"
"အားတယ် မေချို..အိမ်မှာပဲ"
"အဲဒါဆို အမေခွမ်ဘူ အိမ်ကိုလာခဲ့ပါလား အမေတို့တွေရောက်နေတယ်"
"ဟုတ်မေချိုလာခဲ့မယ်..."
ချက်ချင်းအ၀တ်အစားလဲ ထထွက်ရတော့မသည်... မွေးစားအမေတွေဆိုပေမယ့်မတွေ့ရတာက
ကြာပြီလေ... လမ်းမှာမုန့်ဆိုင်ဝင်ပြီး ကိတ်မုန့်လေး အအေးလေးဝယ်ရသေးသည်.. ကန်တော့ရ
မယ်လေ...။ အမေခွမ်ဘူအိမ်ရောက်တော့ မေချိုပြောသလိုပင် လူတွေစုံနေသည်... ဒါပေမယ့်
မျက်နှာထားများအရင်လိုမဟုတ်တခုခုတော့လွဲနေပြီ လွတ်တဲ့နေရာဝင်ထိုင်လိုက်ခြင်းမှာပင်မေချို
စကားစလာသည်..
"သား သားဘာတွေလုပ်နေတာလဲ"
"ဗျာ မေချို သားဘာလုပ်လို့လဲ..."
"သားလုပ်တာ သားသိမှာပေါ့"
"ဗျာ..."
"ကဲ သား အမေပွင့်ပွင့်လင်းလင်းပဲမေးမယ်"
"ဟုတ်မေးပါ အမေခွမ်းဘူး"
"ဒီနေ့ သား ပိုက်ဆံထုတ်တယ် ပြီးတော့ နိုင်ငံခြားကို ပိုက်ဆံပို့တယ်တယ် ပြီးတော့ သားအိမ်ကို
ဖို့လုပ်နေတယ်... အဲဒါဘာဖြစ်လို့လဲ"
"ဗျာ အမေဘယ်လိုသိ"
"သားပိုက်ဆံထုတ်တာကို ဖေယောင်တွေ့လိုက်တယ် နိုင်ငံခြားကိုပိုက်ဆံလွဲတာကို မေချိုတွေ့လိုက်
တယ် အိမ်ရောင်းဖို့ အကျိုးဆောင်ကို ဆက်သွယ်ပြီးအထွက်မှာ အမေတွေ့လိုက်တယ် မင်္သကာလို့
စုံစမ်းကြည့်တာ အိမ်ရောင်းဖို့လုပ်နေမှန်းသိရတယ် ကဲပြောသား ဘာတွေလုပ်နေတာလဲ"
"..............."
"အေး မောင်မိုး ပြောစရာမရှိတော့ဘူးမလား.. မင်းမပြောရင်ငါပြောမယ်"
"ဟုတ် ဖေရောင်"
"မင်း ကိုရီးယားကိုထွက်မလို့မလား...."
"ဗျာ...."
"အေး ဘယ်လိုသိလဲမေးမလို့မလား... မင်းဖြစ်နေတဲ့အခြေအနေရယ် ဒီနေ့လုပ်နေတဲ့ဟာတွေရယ်
ဆက်စပ်တွေးလိုက်ရင် အဖြေကဒါပဲရှိတယ်"
"ဟုတ်ပါတယ် ဖေရောင်"
"မင်း ဘာအချိုးချိုးတာလဲ စိုင်းသိန်းဝင်းအချိုးချိုးမလို့လား"
"မဟုတ်ပါဘူး ဖေရောင် သူ့ကိုချစ်စိတ်နဲ့ ဒီလိုဆုံးဖြတ်ပေမယ့် တပ်ကိုတော့ သစ္စာရှိနေဆဲပါပဲ"
"ဘာ မင်းအဲလိုထွက်ပြေးဖို့လုပ်တာ သစ္စာရှိတာလား"
"နေပါဦး ယောက်ျားရယ် မိန်းမပြောပါဦးမယ်... သား.. သားအချစ်နဲ့ပတ်သတ်ပြီး ခံစားနေရတယ်
ဆိုတာ အမေသိတယ်.. ဒါပေမယ့် ဒီလိုဆုံးဖြတ်တာမကောင်းဘူး အနည်းဆုံးထွက်ခွင့်အရင်တင်
ပြီးမှ သွားပေါ့"
"အမေရယ်ထွက်ခွင့်တင်ရင် ရဖို့ကမဖြစ်နိုင်ဘူးလေ ပြီးတော့ ကျွန်တော့်မှာအချိန်သိပ်မရှိတော့ဘူး"
"ဘာလို့လဲ"
"သူ့ကို သူ့အိမ်က အိမ်ထောင်ချပေးတော့မယ် အမေ"
"ဒါဆိုလဲ သားရယ်မေ့ပစ်လိုက်ပါ ဒီမှာ အမေတို့ သားနဲ့သင့်တော်မယ့်သူရှာပေးမယ်လေ"
"မေ့လို့ မရလို့ပေါ့မေချိုရယ်....ရရင် သားဒီလိုဆုံးဖြတ်ပါ့မလား..."
"သား သေချာစဉ်းစားနော် အခုလဲ သားသတင်းကြားပြီး မေညို မူးလဲသွားလို့ ဆရာဝန်ခေါ်ထားရတယ်"
"ဗျာ... အမေတို့ကလဲ ဘာလို့ပြောလိုက်တာလဲ"
"မပြောလို့ရမလား မွေးစားအမေသုံးယောက်ရှိတာ သူလဲသိသင့်တာပေါ့"
"ဟင်း...."
"ကဲ..သား... မင်းစဉ်းစား မင်းသတင်းကွန်ဖမ်းမဖြစ်သေးတာကိုတောင် ကြားပြီဒီလိုဖြစ်သွားတယ်ဆိုရင်
တကယ်သာဖြစ်သွားရင် မေချိုဘယ်လိုဖြစ်သွားမလဲ သားဆုံးဖြတ်ချက်ကိုပြင်လိုက်ပါသားရယ်"
"သား မေညိုကိုတော့ သနားပါတယ် ချစ်လဲချစ်ပါတယ် ဒါပေမယ့် သား သူ့ကိုအဆုံးအရှုံးမခံပါရစေနဲ့
ဗျာ သားသူနဲ့ဝေးရရင် ရူးလိမ့်မယ်..."
"ဘာ... မင်းက.. ကိုယ့်အမေတွေကိုတောင် ဂရုမစိုက်ပဲလုပ်ချင်တာလုပ်တော့မယ်ပေါ့"
"မဟုတ်ပါဘူးဗျာ... ကျွှန်တော် ကျွန်တော်"
"တော်တော့ ဟေ့ကောင် ၀မ်းနဲ့လွယ်ပြီး မွေးမထားပေမယ့် မင်းမွေးစားအမေတွေက မင်းကိုသားသမီး
အရင်းလို ချစ်တာမင်းသိတယ် ဒါကိုတောင်မင်းလုပ်ချင်တာလုပ်မယ်ပေါ့ဟုတ်လား"
"အဖေထင်ချင်သလိုထင်ပါတော့ ကျွန်တော်ဘာအကြောင်းနဲ့ဖြစ်ဖြစ် သူ့ကိုမစွန့်လွှတ်နိုင်ဘူး..."
"ဘာကွ"
"ခွပ်""ခွပ်""ခွပ်""ယောကျာ်းမလုပ်ပါနဲ့""မလုပ်နဲ့လေ""ဟဲ့ဟဲ့ဆွဲပါဦး"
"ဟေ့ကောင်မှတ်ထား တခြားအပြစ်လုပ်ရင်တောင် ငါခွင့်လွှတ်ရင် ခွင့်လွှတ်မယ် တပ်ပြေးလုပ်မယ်
ဆိုတာတော့ တသက်လုံးခွင့်မလွှတ်ဘူး မင်းလိုကောင်မျိုးရှိနေတာ ကျောင်းသိက္ခာကျတယ် ထွက်
သွားကွာ ထွက်သွား.. မင်းမျက်နှာငါမမြင်ချင်ဘူးထွက်သွား ခုချိန်ကစပြီး မင်းနဲ့ငါတို့နဲ့ ခုချိန်ကစပြီး
ဘာမှမဆိုင်တော့ဘူးသွားတော့"
"ဟုတ်ကဲ့ပါ ဖေရောင် အဖေတို့အမေတို့ကို စိတ်ဆင်းရဲစေခဲ့တာ တောင်းပန်ပါတယ် ဒါပေမယ့်လဲ
သားမိုက်ကို ခွင့်မလွှတ်ကျပါနဲ့ဗျာ နောက်ဆုံးအနေနဲ့ သားကန်တော့ခဲ့ပါတယ်"
"ဘာမှကန်တော့မနေနဲ့ သွားစမ်း သွား"
မွေးစားအဖေ၏ ဂရုဏာဒေါသလက်သီးချက်များကြောင့် ကျလာသောနှာခေါင်းသွေးများကို မျက်ရည်
များနှင့် ရောသုတ်ရင်းမိုးယံထက်တစ်ယောက်ထွက်ခွာလာခဲ့ရတော့သည်...။ အော် Yingရေ မင်းနဲ့နီးရဖို့
ငါ့ရဲ့အနီးဆုံးမိသားစုတွေကို ငါစွန့်လွှတ်ခဲ့ရပါပြီ..ဒါပေမယ့် ငါနောင်တမရဘူးသိလား မင်းရှိရာကို ဘယ်လို
အခက်အခဲရှိရှိ ငါရောက်အောင်ခဲ့မယ်......။ မိုးယံထက်တစ်ယောက် သူ့ကို့မြန်မာနိုင်ငံမှမထွက်ဖြစ်အောင်
ချည်ထားသော နှောင်ကြိုးများထဲမှ အကြီးဆုံးကြိုးကိုဖြတ်ခဲ့လေပြီ..။ သူ့အတွက်တော့ ... သူမနဲ့ဆုံရဖို့
ဘာမဆိုရင်ဆိုင်ဖို့အသင့်ဖြစ်နေလေပြီ....
=====================================================
အပိုင်း(၁၉)
https://www.facebook.com/pshlaing/posts/10200294106151076
ထပ်ပြီးအဆက်ပြတ်သွားလို့တောင်းပန်ပါတယ်ဗျာ အလုပ်တွေကလုံးဝမအားဖြစ်နေလို့ပါဗျာ...

Viewing all 1811 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>