Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်တော်ချက်သမားယောင်းမကိုင်


၁၉၉၉ တပ်မတော် ရေ စစ်တုရင်ပြိုင်ပွဲ လူသစ်တန်းမှာ ပထမဆု ရတော့ ကျွန်တော့်ကို တပ်မတော် ရေ စစ်တုရင်အသင်းမှာ တွဲဘက်လိုက်တယ်။
 

အသင်းက အသင်းသားတော်တော်များများက နှစ်စဉ် ပြိုင်ပွဲတိုင်းတွေ့နေကျ လဲဖြစ် ကျွန်တော့်ကိုလည်းသံယောဇင်ရှိကြတော့ စစ်တုရင်အသင်းမှာ နှစ်တော်တော်ကြာတွဲ ဖြစ်တယ်။ ဒါပေမည့် ပြိုင်ပွဲမှာ ၀င်ထိုးဖြစ်တာနည်းပါတယ်။ အသင်းရဲ့ စိတ်ဓါတ်မြင့်တင်ပေးတဲ့အလုပ်နဲ့မှတ်တမ်းတင် ဓါတ်ပုံရိုက်တာရယ် ထမင်းချက်တာရယ်ဘဲလုပ်တာများတယ် ကာကွယ်ရေးဝန်ကြီးဌာနအဆင့် မှာ ၂ နှစ်လောက် ၀င်ပြိုင်ဘူးတယ် ဟိုမရောက်ဒီမရောက်အဆင့်ပါဘဲ။ 


ဒါပေမည့် ကွန်ပြူတာ တတ်တာရယ် ကွန်ပြူတာနဲ့ချက်ထိုးတဲ့သူခပ်ရှားရှားထဲမှာလည်းပါ
ဆုံးသွားတဲ့မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ဥက္ကဌ ဆရာဖုန်းမြင့် ကကျွန်တော့်ဦးလေး တော်လေတော့ စစ်တုရင်အသင်းသားတွေ က ကျွန်တော့်ကိုခင်ကြတယ် ရန်ကုန်တိုင်းစစ်ဌာနချုပ်က စစ်တုရင်အသင်းသားတစ်ချို့ဆို ကျွန်တော့်အိမ်အထိ လိုက်လည်ကြတယ်။ ဒါပေမည့် တပ်မတော်ရေအသင်းကနေ ရှားရှားပါးပါး အမှတ်တရ ပြိုင်ပွဲထိုးဘူးတဲ့ ၀မ်းနည်းဘွယ်ရာ မမေ့နိုင်တဲ့နှစ် အကြောင်းပါ။
 

ဆရာကြီးစိန်ထွေးဦး အီလက်ထရောနစ် တက်ကနီရှင် နိုင်ငံခြားပြန် ကွန်ပြူတာလည်းကျွမ်းကျွမ်းကျင်ကျင် ပြင်နိုင်တဲ့ စစ်တုရင်အားကစားလည်းတော်တဲ့ ပညာရှင်တစ်ယောက်ပါ။ ကျွန်တော်တို့ ပြိုင်ပွဲဝင်ဘို့ လေ့ကျင့်တာ သူ့အိမ်မှာပါ သာကေတက သူ့ နေအိမ်မှာ ပြိုင်ပွဲအတွက်လေ့ကျင့် သူ့အိမ်က ချက်ထားတဲ့ ထမင်းကို အားမနာတမ်းစား တစ်ခါတစ်လေ ညလုံးပေါက် ချက်သမားတွေထုံးစံ တစ်ညလုံးမအိပ်ဘဲ သူ့အိမ်မှာချက်ထိုး သူ့ သမီး အပျိုပေါက်နှစ်ယောက်တောင် အားမနာနိုင်လောက်အောင် ထမင်းမေ့ ဟင်းမေ့ သူ့အိမ်က ကွန်ပြူတာနဲ့ စစ်တုရင်ကို အကွက်ရှာ ငြင်းခုန် နောက်ဆုံး ပြိုင်ပွဲ အတွက် လူရွေးပါတယ် ။မေမြို့မှာပြိုင်ရမှာပါ။
 


စစ်တုရင်အားကစားကိုကိုင်ထားတာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် အောက်က စက်မှု လက်မှုအတတ်သင်ကျောင်းက ပါ အသင်းအုပ်ချုပ်သူအရာရှိက ဗိုလ်မှူးမြဝေပါ။အဲဒီနှစ်က ကိုမြ၀င်း ကိုကျော်ဦး ကိုသန်းတင် ကိုဝင်းဇော် ကိုအောင်ခိုင်ဝင်း ကိုအေးကို ကိုဝင်းသိန်း ကိုစိန်ထွေးဦး ကိုသန်းဝင်း ၀င်းဖေဇော် ကိုသန်းထူး ကိုသန်းတင် ထမင်းချက် ကိုဘိုနု နဲ့ ကျွန်တော်ပါတယ် မေမြို့ကိုအသွား ရန်ကုန်မန္တလေး ရထားစီးတော့ လမ်းမှာ ကိုစိန်ထွေးဦးပျော်နေတယ် စစ်တုရင်အဖွဲ့နဲ့လိုက်ရလို့ အဲဒီရထားပေါ်မှာ ကတည်းက သူနမိတ်ပြ စကားတွေပြောခဲ့တာ ကျွန်တော်တို့သတိမထားမိခဲ့ကြဘူး
သူက နိုင်ငံခြား ပညာတော်သင်နှစ်ခေါက်သွားတဲ့ ခရီးစဉ်မှာ တရုတ်ပြည် မဟာ တံတိုင်းကြီးပေါ်တောင် ရောက်ခဲ့ရလို့ သူ့ ဘ၀မှာ သေပျော်ပြီဆိုပြီး ပျော်ပျော်ရွှင်ရွှင် လိုက်လာခဲ့တာပါ ရထားက မန္တလေး မရောက်ခင် လူတိုက်မိလို့ တစ်နာရီလောက်ခရီးဖင့် ခဲ့ရတယ် မေမြို့ကို လပခ က လာကြိုတဲ့ကားနဲ့ တက်တာ ညနေစောင်းလောက်ရောက်တယ် ဗိုလ်သင်တန်ကျောင်းတပ်ထဲက အဆောင်မှာကျွန်တော်တို့ တည်းရတယ် ။ပြိုင်ပွဲမှာ ကြည်းက ၂၁ သင်း ရေတစ်သင်း လေတစ်သင်း စုစုပေါင်း ၂၃သင်းရှိတယ်။ ပြိုင်ပွဲလည်း စရော ၁၉ သင်းနဲ့ တစ်သင်းယှဉ်ပြိုင်ရတယ်။
 


လပခ က သူတို့နယ်ခံဆိုတော့ စွယ်စုံဒိုင်းယူဘို့ကြိုးစားတာ ကျန်တဲ့ အသင်းတွေကို ကြောခြင်းကပ်လိုက်တော့ ကျွန်တော်တို့ အသင်းဟာ ဘောလုံးကွင်းထဲ ၁၉ ယောက် တစ်ယောက် ကစားသလို အပြင်းအထန်ယှဉ်ပြိုင်နေရတယ် ပြိုင်ဘက်ထဲမှာ ရန်ကုန်တိုင်းနဲ့ အလယ်ပိုင်းတိုင်း ကိုကျွန်တော်တို့ ကျော်နိုင်အောင် အသင်းတိုင်းကို အသဲအသန်ကစားနေရတဲ့အချိန် အကြီးတန်း တာထွက်ကောင်း အောင်ပွဲ ဆက်နေပေမည့် အငယ်တန်းကတော့ အလူးအလဲ ဘဲဥမကွဲ ခံနေရတဲ့အချိန် စွယ်စုံဒိုင်းကို မျော်လင့်ချက်နဲလာတဲ့အချိန် တစ်နေ့ ပြိုင်ပွဲပြီး နားတဲ့အချိန် ထမင်းချက် မှတ်တမ်းတင်ဓါတ်ပုံဆရာကျွန်တော်ပြိုင်ပွဲမှာမကစားရတော့ ပြိုင်ပွဲ ကစားနေတဲ့ အငယ်တန်း ကစားသမား ကိုသန်းထူးနဲ့ နွားနို့ကြေး ထိုင်ထိုးနေတာ ကျွန်တော် ၃ ပွဲလောက် အနိုင်ရနေတဲ့အချိန် ကိုစိန်ထွေးဦးက ကျွန်တော့်ကို အတင်းဆွဲမတယ်
ဘော်လုံးကန်ဘို့ စစ်တုရင်သမားတွေဟာ အညောင်းအညာဖြေဘို့ အားကစားကို လုပ်ရတယ် ကျွန်တော်က ချက်ထိုးတာမဲနေတော့ ကိုစိန်ထွေးဦးကို သွားနှင့် ဒီမှာတစ်သင်းလုံးစာ နွားနို့ အနိုင်ရအောင်ထိုးပေးမယ် ဆိုပြီးကျန်ခဲ့တယ်။ 


သိပ်မကြာခင် ဘော်လုံးကစားနေတဲ့ ကွင်းဘက်က လူသံတွေဆူညံပြီး တဖုံးဖုံး ရိုက်သံကြားတော့ ထကြည့်လိုက်သေးတယ် စစ်သည်တွေအများကြီး မြေကြီးကို ရိုက်နှက်နေတာတွေ့တော့ မြွေကိုရိုက်နေတယ်ထင်ပြီး ကျွန်တော်တို့ပြန်ထိုင် ချက်ပြန်ထိုးနေတုန်း အောင်မိုးသူ အပြေးတက်လာပြီး ကိုစိန်ထွေးဦးဓါတ်လိုက်နေကြောင်း အမောတကောတက်ပြောတာနဲ့ ကျွန်တော်ပလာယာ ယူပြီးပြေးဆင်းတော့ ကြည်းတပ်က စစ်တုရင်အားကစားသမားတွေ အများကြီးဟာ ပေါက်တူး ဒါးမ မြက်ရမ်းဒါးတွေနဲ့ မီးကြိုးကိုခုတ်ဖြတ်နေတာ မပြတ်နိုင်ဘူး ကျွန်တော်ယူလာတဲ့ ပလာယာနဲ့ ဖြတ်ပြီး အရေးပေါ် အသက်ကယ် လေမှုတ်သွင်း ရင်ဘတ်က်ုနှလုံးခုန်ဘို့ ကိုအောင်ခိုင်ဝင်းဟာ ငိုယိုပြီး ကြိုးစားပေမည့် အသက်မကယ်နိုင်ခဲ့ဘူး အဲဒီအချိန်မှာ ကိုအောင်ခိုင်ဝင်းရဲ့ ရဲဘော်ရဲဘက် အသက်ကယ်လိုတဲ့ ကြိုးစားမှုကိုကျွန်တော် တွေ့ခဲ့ရတယ်။ စစ်တုရင်အားကစားသမားလည်းဖြစ် အားလုံးသံယောဇင်ဖြစ်တဲ့ သူတစ်ယောက်ဆုံးပါးသွားတော့ အသင်းသားတွေအားလုံးစိတ်ဓါတ်ကျကုန်တယ်။
 


အဲဒီမှာ အသင်းသားတွေ စီတ်ဓါတ်မကျဘို့အားပေးရင်း ကျွန်တော် သက်ပျောက်ဆွမ်းကအစ ရင်ခွဲစစ်ဆေးချက်မှတ်တမ်းယူမျက်မြင်သက်သေအဖြစ်ရော အသင်းသားတွေအိမ်သာစောင့် အဖြစ်ရော မိသားစုတွေ မန္တလေးဆင်းကြို ဈာပနအတွက်ပါ စီစဉ်ရတယ် ပြိုင်ပွဲကလည်းအရှိန်မြင့်နေပြီအငယ်တန်းဟာ အမှတ်ပေးဇယားအောက်ရောက်နေပြီ အသင်းက ကိုဝင်းသိန်း ကိုအေးကို စိတ်ဓါတ်ကျပြီး မပြိုင်တော့ဘူးလုပ်နေတော့ ကျွန်တော် စိတ်ဆိုးပြီး ကိုဝင်းသိန်းအစား အရံခုံကနေတက်ပြိုင်တယ် အသင်းက လူတွေကိုလည်းကျွန်တော်တို့ ကိုစိန်ထွေးဦးကို လက်လွှတ်ဆုံးရှုံးလိုက်ရလို့ ဆုတွေကို သူ့အတွက် အားလုံးသိမ်းမယ် အဓိကက စွယ်စုံဒိုင်း အသင်းအုပ်ချုပ်သူ ဗိုလ်မှူးမြဝေ ကလည်း ကျွန်တော်တို့ကို ရအောင်ယူပေးဘို့ မခံချင်စိတ်နဲ့ တိုက်တွန်းတယ်။

 အဲဒီမှာ ရန်ကုန်တိုင်းအသင်းနဲ့ လေတပ်အသင်းကလည်း ကျွန်တော်တို့ကို သနားပြီးမခံချင်စိတ်နဲ့ ကြောခြင်းကပ် ကူညီပေးတယ် အဲဒီမှာ ပြိုင်ပွဲက အင်အားမျှခြေဖြစ်လာတယ် ၃သင်းနဲ့ ၂၀ သင်း ကျွန်တော်တို့ အသင်းတွေက အသင်းမာတွေဆိုတော့ ပြိုင်ပွဲ အခြေအနေပြောင်းလာတယ် အငယ်တန်းမှာ ထမင်းချက် ကျွန်တော်ကလည်း အမှတ်ယူပေးပြီးပြိုင်ဘက်တွေကို အလဲထိုးရင်း အငယ်တန်းတဖြေးဖြေး အပေါ်တက်လာတယ် နောက်ဆုံးနေ့ နောက်ဆုံးပွဲစဉ်အပြီးမှာ အငယ်တန်းအကြီးတန်း အမြန်ရွေ့ ပြိုင်ပွဲ သုံးခုပေါင်းရလဒ်တွေနဲ့ စွယ်စုံဒိုင်း ရွှေ ငွေ ဆုတံဆိပ် ၁၇ ခု ဒိုင်း ၄ ဒိုင်းမှာ အမြန်ရွေ့ဒိုင်း အကြီးတန်ဒိုင်း နဲ့ စွယ်စုံဒိုင်း သုံးခုပိုက်ပြီး ပြည်တော်ပြန်လှခဲ့ပါတယ်။

 ဆုတွေယူဘို့လုပ်တော့ ကိုစိန်ထွေးဦးကို တစ်ဆု ထည့်ပေးဘို့တိုင်ပင်တုန်း ခန်းမအလယ်က မီးဆိုင်းကြီးတိုက်တိုက်ဆိုင်ဆိုင် ပြုတ်ကျတာရယ် အပြန်ကားလမ်းမှာချူချာနေလို့ ကျွန်တော်တို့ရဲ့ သံယောဇင်မပြတ်နိုင်တဲ့စစ်သည်ကိုတောင်းပန်ပြီး ခရီးစဉ်ချောမွေ့ ရတာမို့ ရန်ကုန်အရောက် သူ့အတွက် ကောင်းမှုတွေ ထပ်မံလုပ်ပေးပြီးလွမ်းဆွတ်တမ်းတခဲ့ရတဲ့ မမေ့နိုင်တဲ့ ဖြစ်ရပ်ကလေးမို့ ကျွန်တော် ပြန်ပြောင်းအတိတ်ဟောင်းက နေ့ရက်ဆီအလည်ပြန်ရောက်ခဲ့ပါတော့တယ် ။

 နားဦးမည်

ဒီပါကို 

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...