Quantcast
Viewing all articles
Browse latest Browse all 1811

ရေတပ်သားတဦးရဲ့ ဘဝစာမျက်နှာ (၃)



၂၀၀၁-၂၀၀၄
ရေယာဉ်စုမှူး ဒုမှူးကြီးမြင့်နိုင်က ကျွန်တော့်ကို တရယ ၁၁၂ နဲ့ တာဝန်ထမ်းဆောင်ဘို့ ရေး ကတဆင့်သွား ဘို့လွှတ်တယ် တစ်ယောက်တည်း ပင်လယ်ပြင် ၀ါးကျွန်အနီးကို စက်လှေကြုံနဲ့သွားပြီး ဆက်သွယ်ရေး စစ်သည်ကို သွားချိန်းရတယ် မော်လမြိုင် က ရေးကို လိုင်းကားစီး ရေးက ဇီးဖြူသောင် အဲဒီကမှ လှေကြုံနဲ့ လိုက်ရတယ် စစ်ရေယာဉ်မှူး က ဗိုလ်ကြီးမင်းအောင် သင်္ဘော ရောက်ပြီး မကြာခင် မလိကျွန်းကို စဆရ ထွက်ပြီးမလိကျွန်းစခန်းမှူး ဒုမှူးကြီး ထွန်းထွန်းအောက်မှာ တာဝန်ထမ်းရတယ်။



 ရှင်မော် ရေပြင်တစ်ခွင်ပြဲပြဲစင်အောင် သွားခဲ့ရတယ် စစ်ဆင်ရေးနားတဲ့အချိန် ထုံးစံအတိုင် ကျွန်တော်တို့ဇတ်လိုက် မလိကျွန်းတစ်ခွင် စည်းရုံးရေးစပါတော့တယ် ၀ါသနာကိုး မလိစခန်းအနောက်ဘက်
ကတ်ကြေးကိုက် ဆိုင်လေးမှာ အရက်သောက်တဲ့အခါ ကောင်လေးနှစ်ယောက်နဲ့ ကောင်မလေးနှစ်ယောက် ဒသမတန်းစာမလိုက်နိုင်လို့ စိတ်ညစ်နေကြောင်းပြောသံကြားတော့ကျွန်တော်မနေနိုင်တော့ဘူး အဲဒီကျွန်းမှာ အဲဒီအချိန်က ကျူရှင်မရှိ ကလေးတွေက ဘိတ်အထိကျောင်းသွား တက် ကျောင်းစာမေးပွဲ ဖြေဘို့ ၂ လအလို ကတည်းက သူတို့ကျောင်းမတက် ရတော့ဘူး ဆိုတော့ ပိုးကကြွလာပြီ ကျွန်တော် သူတို့ကို သူတို့အားနည်းတဲ့ အင်္ဂလိပ်စာ နဲ့ အီကို သင်ပေးမယ်လိုံ ကမ်းလှမ်းလိုက်တော့ ၀မ်းသာအားရပါဘဲ အဲဒါနဲ့ ညနေတိုင်း စာသွားသင်ဖြစ်တယ် ဆက်သွယ်ရေး တာဝန်ကို ကုန်းပေါ်မှာတာဝန်ကျတဲ့ ဆက်သွယ်ရေး ဆရာတွေ စီနီယာတွေကို အကူအညီတောင်းရတယ် ချင်းလူမျိုး ကိုငန်ချင်ပေါင် ရယ် ကိုအောင်စိုးဦးရယ် ဇော်ဝင်းရယ် ၀ိုင်းကူပြီး ဆက်သွယ်ရေးတာဝန်ယူ ပေးကြတော့ လွတ်လွတ်လပ်လပ် စာသင်ခွင့်ရတယ် သင်္ဘောက တစ်ချို့ ကတော့ ကျွန်တော့်ကို ဘာညာကြောင်တယ်ထင်ပြီး သိပ်မကြည်ကြဘူး အဲဒီကနေပြောင်းတဲ့အချိန်သူတို့တွေကျွန်တော့်လိပ်စာယူထား ကြပြီး စာမေးပွဲနှစ်ယောက်အောင်တာ လှမ်းအကြောင်းကြားတယ်။ အမှတ်တရလေးတွေပါ။
 


မလိက အပြန် VIP ခရီးစဉ်တစ်ခေါက် ဆက်သွယ်ရေးတာဝန်နဲ့ လိုက်ဘို့ညွှန်ကြားတယ် ခရီးစဉ်အပြီး ကျွန်တော် သတင်းပို့တော့ တိုင်းပြောင်း ဗျူဟာ စစ်ရေယာဉ်စုကို ခေါ်သွားရမဲ့သူတွေပြတယ်၊
အားလုံး ရဲဘော်ကြီးတွေ(အပြစ်ကြောင့် ရာထူးပြုတ်) နောက်နေ့ မနက် ၀၈၀၀
ပြန်လာသတင်းပို့ပြီး သူတိုအားလုံးကို တစ်စုတစ်စည်းတည်းခေါ်သွားဘို့ ညွှန်ကြားတယ်။
 


အဲဒါနဲ့ မုတ္တမကိုသွား ရထားလက်မှတ်ဝယ် ပြန်လာတော့ နှုတ်ဆက်စရာတွေ ရှိတာ နှုတ်ဆက် လေးနှစ်လောက်တာဝန်ထမ်းဆောင်တာဆိုတော့ သံယောဇဉ်က အများသား နောက်တစ်နေ့ မနက် ရေယာဉ်စုမှူး ဒုမှူးကြီး မြင့်နိုင် ရုံးခန်းရှေ့ ရပ်စောင့်နေတုံး ရေယာဉ်စုမှူး ဆီဖုန်းဝင်လာတယ် အရေးပေါ် အခအန တစ်ခုဖြစ်မှန်း ရေယာဉ်စုမှူးမျက်နှာမှာ ပေါ်နေတယ် ရဟတ်ယာဉ်ပျက်ကျတာ အဲဒါနဲ့ ကယ်ဆယ်ရေးအတွက် အားခြင်း မရယ ၃၀၃နဲ့ တရုတ်လှ ရွာဆီ အမြန်ဆုံး ချီတက်ရတယ် အဲဒီမှာ ၂၃ ရက်တိတိကြာတယ်။ ရေယာဉ်စုမှူး ဒုမှူးကြီးမြင့်နိုင်။မှူးကြီးသန်းထိုက် (သုသေသနဂျီဝမ်း) နဲ့ အတူတူ ဆက်သွယ်ရေးတာဝန်ထမ်းဆောင်ရတယ် နိုင်ငံတော် အကြီးအကဲတွေကိစ္စဆိုတော့ အားလုံးရုပ်ရုပ်သဲသဲ နေ့ရောညပါ တရေးမှအိပ်ချိန်မရှိခဲ့ဘူး တာဝန်တွေအားလုံးနီးပါး ပြီးမှ ကျွန်တော်ပြောင်းဘို့စီစဉ်ပေးတယ်။ အဲဒီမှာ လိပ်ခေါင်းနဲ့ အစာအိမ်ရောဂါကျွန်တော်ရခဲ့တယ်။
 


ရန်ကုန်ရောက်တော့ အမှတ်(၁) ဗျူဟာစစ်ရေယာဉ်စု စစ်ရေယာဉ်(၇၇၁)ကိုသတင်း ပို့ ရတယ် သိပ်မကြာပါဘူး စစ်ရေယာဉ် (၇၇၂) ကို သတင်းပို့ဘို့ ညွှန်ကြားတယ်၊ ရန်ကုန်သားလူလည်တွေ ခံရချက်ကမသက်သာဘူး စစ်ရေယာဉ် (၇၇၂) ကို ဆင်မလိုက်သင်္ဘောကျင်းထဲမှာ တော်တော် လိုက်ရှာရတယ် ကျွန်တော်က ၇၇၁ ပုံစံနဲ့လိုက်ရှာနေတာကိုး တကယ်က သင်္ဘောက အောက်ပိုင်းဘဲဆောက်လို့ပြီးသေးတယ် အပေါ်ပိုင်းက ကုန်းပေါ်မှာ ကွန်းသီးပင်ရိပ်မှာတစ်နေ့တစ်နေ့သင်္ဘောဆောက်ပြီးတဲ့အထိ တောက်တိုမယ်ရ ကူညီ လုပ်ရင်း အသစ်စက်စက် သင်္ဘောကြီးကိုဆင်းရတယ် ပထမဦးဆုံးစစ်ရေယာဉ်မှူး ဒုမှူးကြီး တင်အောင်ဆန်း(ယခုအရာရှိချုပ်ရေ)သိပ်မကြာပါဘူး အမှတ်(၂)ဗျူဟာစစ်ရေယာဉ်စု ဖွင့်တယ် ထုံးစံအတိုင်းပေါ့ ကျွန်တော်တို့ဇါတ်လိုက် တပ်အသစ်ဖွင့်တိုင်းပါနေကျ ဟိန်းဇဲကို နောက်တစ်ခေါက်
ဒီတစ်ခါ ကဒိုက်မဟုတ်တော့ဘူး မော်ငန်းလေ၊
 

သင်္ဘောအသစ်ကြီးနဲ့ စစ်ရေယာဉ်မှူး(၄)ဆက် ကျွန်တော် ၃ နှစ်လောက် နေခဲ့ရတယ် အဲဒီသင်္ဘောရဲ အဆင့်မြင့် နည်းပညာသုံးဆက်သွယ်ရေး စနစ်တွေနဲ့ ကျွန်တော်ယဉ်ပါးခဲ့ရတယ်။ ကျွန်တော် ဆင်းခဲ့ရတဲ့သင်္ဘောတွေထဲ အကြာဆုံးနဲ့ သံယောဇင် အဖြစ်ခဲ့ရဆုံးပါ တစ်လောက နည်းပညာတွေနဲ့ အဆင့်မြင့်ထားတဲ့ ကျွန်တော်ချစ်တဲ့ စစ်ရေယာဉ် ၇၇၂ ကို လှပခန့်ညားစွာတွေ့ လိုက်ရလို့ ငယ်မူတောင်ပြန်သွားခဲ့ရတယ်။ အဲဒီသင်္ဘောကြီးကတော့ သခင်အသစ်တွေ လက်ထဲ သူပျော်မွေ့နေမှာပါ။ 

နားဦးမယ်

ဒီပါကို 

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...