Quantcast
Viewing all articles
Browse latest Browse all 1811

တစ်ရှူး ရွက်ကလေးတွေ

တစ်ရှူး ရွက်ကလေးတွေ
--------------------------

သန့်စင်ခြင်း အတွက်
မင်းတို့ရဲ့ ထိုက်တန်မှု က
အညစ်အကြေးတွေ ...

နူးညံ့မှုရဲ့ ရလာဒ်က
လုံးချေ ခံလိုက်ရတဲ့ ဘဝတွေ ပါ ...

အသုံးကျခြင်း ရဲ့ အကျိုးဟာ
အသုံးချ ခံ လိုက်ရခြင်းတွေပါပဲ ....

မောပန်း သူတွေ ကို ချွေးသိပ်စေဖို့
မင်း .... ဘဝပျက်ရလိမ့်မယ် ....

ချစ်သူရဲ့ တစ်ယောက်ရဲ့ ကြင်နာမှု ကို ပြသဖို့
မင်း .... အသုံးချခံရလိမ့်မယ် ....

ရင့်ကျက်သူတစ်ယောက်အဖြစ် ယုံကြည်စေဖို့
မင်း .....သွားလေရာမှာ ဆောင်ထားခံရ မယ် ....

ဒါပေမဲ့
မင်း က ဝါကြန့်ကြန့် စက္ကူဟောင်းလေးတွေလို
မြတ်နိုးခံရမှာမဟုတ်ဘူး ။

ဖြူလွှလွှစာရွက်ကလေးတွေလို
နမ်းရှုံ့ခံရမှာမဟုတ်ဘူး ။

ညစ်ထေးထေး စာရွက်ကလေးတွေလိုလည်း
တန်ဖိုးထားခံရမှာမဟုတ်ဘူး ။

ရေးပြီးသား စာရွက်လေးတွေလိုလည်း
တသသ နဲ့ သိမ်းထားကြမှာမဟုတ်ဘူး ။

အရာဝထ္ထတွေ အတွက် Value ၃ မျိုးရှိတယ်တဲ့
ဖလှယ်ရတန်ဖိုး
အသုံးချတန်ဖိုး
မြတ်နိုးမှု တန်ဖိုးတဲ့ ....

တချို့ က ဖလှယ်ရတန်ဖိုး အတွက်ဖြစ်တည်လာကြ တယ်
တချို့ က မြတ်နိုးမှု တန်ဖိုးအတွက်ဖြစ်တည်လာကြ တယ်
မင်း တို့ ကတော့ ....
အသုံးချတန်ဖိုးအတွက်သာဖြစ်တည်နေကြ တယ် ။

အသုံးချခြင်းအတွက် ပင်
နှလုံးသား က
ပြုံး လိုက်ကြ စမ်းပါ
တစ်ရှူးရွက်ကလေးတို့ ရေ ....

(ရုပ်ဆိုး)


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>