Quantcast
Viewing all articles
Browse latest Browse all 1811

ပြောင်းလဲသွားသော စင်္ကာပူမြန်မာသံရုံး

ပြောင်းလဲသွားသော စင်္ကာပူမြန်မာသံရုံး
=======================
February 6, 2014 at 11:56am

ယခင်မြန်မာသံရုံးကို သွားဖူးအခွန်ဆောင်ဖူးသူတွေအဖို့
အဲဒီခေတ်က ဘယ်လိုဘယ်ညာဆိုတာ
အသည်းထဲစွဲနေအောင် မှတ်မိနေကြသလို
ကွယ်ရာကနေ ကလော်တုတ်ခဲ့ကြတာလည်း မိုးကိုမွန်နေတာပါပဲ။
ဒါ့ကြောင့် အခုလို ပြောင်းလဲကောင်းမွန်လာတဲ့အခါမှာလည်း
ချီးမွမ်းကြိုဆိုကြဖို့ လိုတယ်လို့ ယူဆလို့ ဒီစာကို ရေးဖြစ်ပါတယ်။

(ပြောင်းလဲမှုတွေဟာ အရင်နှစ်ကတည်းက စတင်ခဲ့တယ်လို့ သူငယ်ချင်းတွေကဆိုပါတယ်။)
ယခင်နဲ့ ယခုကွာခြားချက်များကို ပြောပြပါ့မယ်။
လက်ရှိဝန်ထမ်းထဲမှာလည်း အရင်တုန်းကတည်းက
တာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ထမ်းတွေ ရှိကောင်းရှိမှာပါ။
သူတို့ကိုယ်တိုင်လည်း အရင်စနစ် အနေအထားထက်
ယခုစနစ် ယခုအနေအထားကိုပိုပြီး နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။


၁။ ယခင်။ ။ တုံကင်နံပါတ်ယူခြင်း။
ယခင်တုန်းက မနက် အစောကြီး သုံးလေးနာရီထပြီး သံရုံးကိုပြေး
မနက် ငါးနာရီမတိုင်ခင်ကတည်းက တန်းစီပြီး တုံကင်ယူရပါတယ်။
စာမေးပွဲရာသီဆိုရင် ည၁၂နာရီသွားယူရပါတယ်။ (ကိုယ်တွေ့တွေပါ။)

၁။ ယခု။ ။ အခုတော့ Singapore Government နဲ့ အပြိုင်
Online Appointment System နဲ့ Appointment ယူလို့ရပါပြီ။
Appointment Canel လုပ်တာ Redo လုပ်တာ အကုန် Online ကနေ လုပ်ရုံပါပဲ။

၂။ ယခင်။ ။ လိုအပ်သည့် စာရွက်စာတမ်းများ။
အရင်တုန်းက သံရုံးသွားရတော့မယ်ဆိုရင် ကူကြပါဦးကယ်ကြပါဦး ဘာစာရွက်တွေယူသွားရမှာလဲ ဆိုပြီး အချင်းချင်း သိုင်းကြဝိုင်းကြရပါတယ်။ တခုခုလိုနေရင်တရက်ပုတ်တာမို့ အလွဲအကျန်မခံနိုင်ကြပါဘူး။
ဟိုရောက်လို့ရှိရင်လည်း ဘယ်သူ့အဖေခေါ်ရမှန်းမသိ
မျက်စိသူငယ်နားသူငယ်နဲ့ ဘေးကလူတွေပဲ မေးမြန်းပြီး တွေ့တဲ့တန်း ဝင်တန်းစီတာပါပဲ။

၂။ ယခု။ ။ အခုတော့ လိုအပ်တဲ့ စာရွက်စာတမ်းကို တခါတည်း စာရင်းပြုစုပေးထားတယ်။ ဖြည့်ရမယ့် ဖေါင်ကိုတခါတည်း Appointment ယူကတည်းက တွဲပြီး ထုတ်ပေးလိုက်တယ်။
(ကိုယ့်ဘာသာ Print လုပ်ရုံပဲ။)
သံရုံးကိုဘယ်အချိန်ရောက်အောင်လာ ဘယ်ကိုသွားဘာလုပ်ရမယ်ဆိုတာ
အကုန်လုံး အဆင့်ဆင့်ရေးထားပါတယ်။

၃။ ယခင်။ ။ ဘာမဆို ကော်ပီကလည်း အစုံလိုက် အစုံလိုက်ရှိကို ရှိမှဖြစ်ပါတယ်။
သံရုံးက ကော်ပီယာစက်က ဘယ်နှခုနှစ်ကတည်းက ပျက်နေမှန်းမသိပါဘူး။
ကော်ပီမရှိရင် အောချတ်ဘက်ကိုပြေး ..
(အဲဒီနား ဘယ်မှာကော်ပီစက်ရှိမှန်းမသိလို့ ဘယ်ထိပြေးရသလဲဆိုတာတော့ မသိပါဘူး။)

၃။ ယခု။ ။ အခုတော့ ကော်ပီကူးဖို့ကျန်ခဲ့သလား ကိစ္စမရှိဘူး
သံရုံးမှာ ကော်ပီကူးပေးတယ်။
ဘေးမှာကော်ပီလာကူးနေတာ တွေ့ရသလောက်တော့ ပြားနှစ်ဆယ်ပေးရတယ်ထင်တယ်။
SG ICA/MOM နဲ့တပုံစံတည်းဖြစ်သွားပြီ။

၎။ ယခင်။ ။ ကော်ပီယာတင်မဟုတ်ဘူး တခြားဟာတွေဆိုလည်း စုတ်တီးစုတ်ပဲ့နဲ့
ဘေးက နိုင်ငံခြားသားတွေက တအံ့တသြလာကြည့်ပြီး
သနားစရာသတ္တဝါတွေပဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်ခံရတာ အမြဲပါပဲ။
ဓါတ်ပုံရိုက်တော့ ကင်မရာကတော်တော်စုတ်ချာတော့
Passport ထဲက ဓါတ်ပုံက မှုန်ဝါးစုတ်ပြတ်နေတာပါပဲ။

၎။ ယခု။ ။ DSLR ဗျာ 18-55 Kit Lens နဲ့ တခါတည်း PC နဲ့ ချိတ်ထားတယ်။ ဓါတ်ပုံ/လက်ဗွေယူတာ သုံးခန်းရှိတယ်။ မြန်တာမှ ဖျတ်ဖျတ်ဆိုပြီးရိုက်ပြီးသွားပြီ။ လက်ဗွေယူတဲ့စက်ကလည်း ICA ကလို စက်မျိုးဗျ။
မြန်တယ် တခါတည်းDigital လက်ဗွေယူလိုက်ရော။
အစအဆုံးမှ သုံးမိနစ်လောက်ပဲကြာမယ်ထင်တယ်။


၅။ ယခင်။ ။ အရင်တုန်းက အခွန်ဆောင်ရတယ်ဆိုတာ
သတ်မှတ်နှုန်းထားနဲ့ ဆောင်ရတာပါ။ EP/PR 120 နဲ့ တနှစ်ကို ၁၄၄၀ပါ။
စင်္ကာပူအစိုးရကို အခွန်ဆောင်ရတာတောင် တနှစ်ကို ငါးရာ မရှိပါဘူး။
အိမ်ဖေါ် ၂၅၊ သူနာပြု ၃၅၊ အလုပ်ကြမ်းသမား ၄၀၊SPass ၈၀ ဆောင်ရပါတယ်။
Double Taxation ဆိုတာကြီးကို စင်္ကာပူအစိုးရကိုယ်တိုင်က
မြန်မာအလုပ်သမားတွေကိုယ်စား ဆွေးနွေးပေးပေမယ့် ဘာမှ အရာမထင်ခဲ့ပါဘူး။

၅။ ယခု။ ။ အစိုးရအသစ်/ဥပဒေအသစ်တွေထွက်လာပြီး
သင့်လျှော်တဲ့ အခွန်နှုန်းထားလည်း ဖြစ်သွားပါပြီ။
စင်္ကာပူအစိုးရကို အခွန်ဆောင်ထားတဲ့ အထောက်အထားများ သေချာပြနိုင်တယ်ဆိုရင်
၂၀၁၁ အတွင်းမှာ အခွန်ကင်းလွတ်ခွင့် ပေးမယ်လို့လည်းဆိုပါတယ်။
(ကျွန်တော့်စာရွက်စာတမ်းများ Process လုပ်ဆဲပါ။)
ဒီလိုနဲ့ Double Taxationကိစ္စလည်း အဆင်ပြေသွားပါပြီ။
၂၀၁၂ ဇန်န၀ါရီကစပြီး အခွန်ကင်းလွတ်ခွင့်လည်း ရသွားပါပြီ။

၆။ ယခင်။ ။ ပူလောင်အိုက်စပ် ထိုင်စရာမရှိသဖြင့်
သံရုံးခြံဝင်းထဲမှာ မတ်တပ်ရပ်နေကြသော မြန်မာလူမျိုး သံရုံး ဒုက္ခသည်များ
ရုံးဖွင့်ရက် နေ့တိုင်းလိုလိုမြင်ရပါတယ်။
မိုးရွာအစို နေပူအခြောက် ပေါ့ခင်ဗျာ။
ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ မသိပါဘူး။
နေ့လည်မှာ ကောင်တာပိတ်ပြီ ပြန်တော့ဆိုလို့ တနေကုန် နေပူထဲရပ်ပြီး
ဘာမှ မပြီးမြောက်ဘဲ ပြန်ရတာမျိုးလည်းဖြစ်ဖူးပါတယ်။ နောက်နေ့ထပ်လာပေါ့။

၆။ ယခု။ ။ အတွင်းမှာ အဲယားကွန်းကလည်း အေးလို့
အပြင်မှာလည်း အမိုးနဲ့ ထိုင်ခုံနဲ့။
Queue system board ကို ကြည့်ပြီး အဲဒီက ညွှန်တဲ့ Counter ကို သွားရုံပဲ။
Queue ကလည်း မြန်သလားမမေးနဲ့။
၉နာရီခွဲပဲရှိသေးတယ် ၁၀၀ ကျော်နေပြီ။

၇။ ယခင်။ ။ အရင်တုန်းက သံရုံးမှာ ငေါက်တတ်တဲ့သူက တဝက်လောက်ရှိပါတယ်။ ကျန်တဲ့တဝက်လောက်ကတော့ သဘောကောင်းပါတယ်။
ဒါပေမယ့် သူတို့လည်း ကိုယ်တွေလိုပဲ
အငေါက်ခံရတဲ့ လူတန်းစားများဖြစ်နေသလားတော့ မပြောတတ်ဘူး ပြုံးပြုံးရွှင်ရွှင်/ရွှင်ရွှင်ပျပျဖြစ်မနေတာတော့ သတိထားမိတယ်။
ကိုယ့်ရှေ့က လူကို ငေါက်နေပြီဆိုရင် တခန်းလုံးကလူတွေ
မသာအိမ်လာတဲ့ပရိတ်သတ်လို မျက်နှာသေလေးတွေနဲ့ပေါ့ဗျာ။
တခေါက်တော့ အန်တီကြီးတယောက်နဲ့ဝန်ထမ်းတယောက်
အော်ကြီးဟစ်ကျယ်တွေ စကားများကြတာကြုံခဲ့ဖူးပါတယ်။

၇။ ယခု။ ။ အပေါ်က လို အပြောင်းအလဲတွေကြောင့်
လာတဲ့သူတွေလည်း လိုအပ်တာတွေ အကုန်လုံး အဆင်သင့်ယူလာကြလို့ အဆင်မပြေဖြစ်မှုတွေ အများကြီးလျော့နည်းသွားမှာသေချာသလောက်ပါပဲ။
ပြီးတော့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးဟာ
အရင်နဲ့ မိုးနဲ့မြေလောက် ကွာခြားသွားတာလည်း ကိုယ်တွေ့မြင်ခဲ့ရပါတယ်။
(အခုလိုကျပြန်တော့ Officer ကစကားပြောနေတာကို
ဖုန်းကိုကလိနေတဲ့သူက ရှိသေး။ ဘေးကနေ နားရင်းတောင်ဝင်ရိုက်ချင်မိတယ်။) ဝန်ထမ်းတွေကိုယ်တိုင်လည်း အရင်လိုမဟုတ်ဘဲ စိတ်ချမ်းချမ်းသာသာရှိကြမယ်ထင်တယ်။

အခုကြုံခဲ့တာဟာ ကျွန်တော့်ကို ဆက်ဆံတဲ့အတွေ့အကြုံထက်
ဘေးက အလုပ်ကြမ်းသမားတွေ အိမ်ဖေါ်တွေရဲ့ အတွေ့အကြုံကို
ကြည့်/မြင်/ခံစားပြီး ရေးဖြစ်တာပါ။
မနက်ကတင် အိမ်ဖေါ်တစ်ယောက်ကို လိပ်စာတို့ ဘာတို့
အင်္ဂလိပ်လို ကူဖြည့်ပေးခဲ့ပါသေးတယ်။
အရင်က ကျွန်တော်တို့လို Educated Office Worker တွေမဟုတ်တဲ့
အဲဒီလူတွေ မြန်မာသံရုံးထဲမှာ ဘာလုပ်ရမှန်းမသိ
ဘာမှလည်း မလုပ်တတ် ဘယ်သူ့အကူအညီတောင်းရမှန်းမသိ
မျက်ရည်လေး ကလည်ကလည်နဲ့ ငိုမဲ့ငိုမဲ့ဖြစ်နေတာ ကြုံဖူးပါတယ်။

နိဂုံးချုပ်အနေနဲ့ ....
မြန်မာသံရုံးဟာ အခုလို ကြီးမားတဲ့ ပြောင်းလဲမှုကြီးလုပ်လိုက်တာဟာ စင်္ကာပူကဝန်ကြီးဌာနတွေနဲ့တောင် နှိုင်းယှဉ်လို့ရပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့လည်း
မြန်မာသံရုံးဆိုတာ စိတ်ဆင်းရဲစရာနေရာကြီးမဟုတ်တော့ဘူးဆိုတဲ့
အချက်တစ်ချက်နဲ့တင် တော်တော်ပျော်ဖို့ကောင်းနေပါပြီ။
စင်္ကာပူရောက်မြန်မာနိုင်ငံသားများ အခုလိုစိတ်ချမ်းသာ အဆင်ပြေအောင်
ပြောင်းလဲပေးခဲ့တဲ့ သံရုံးတာဝန်ရှိသူများ အားလုံးကို
စင်္ကာပူရောက် မြန်မာများကိုယ်စား ကျေးဇူးတင်ပါတယ်။
မြန်မာပြည်က ရုံးတွေလည်း ဒီလိုပဲ
စနစ်တကျနဲ့ အဆင်ပြေပြေတွေဖြစ်ကုန်ရင်
သိပ်ကောင်းမှာပဲလို့လည်း တွေးမိကြောင်းပါခင်ဗျာ။

Kal

Note : ၂၀၁၄-ဖေဖေါ်ဝါရီ ၁ရက်နေ့မှစပြီး
မြန်မာ Passport အသစ်ထုတ်ပေးတဲ့ ၀န်ဆောင်ခ
ဒေါ်လာ ၁၅၀ ကနေ ၃၅ ဒေါ်လာလို့
ပြောင်းလဲလိုက်ပြီဖြစ်ကြောင်းလည်း အသိပေးပါရစေ။

( Credit to Kalvin Alexander )


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>