
သာရဗါ တံခါး ......
ပုဂံ မသွားခင် ပုဂံ အကြောင်း သိထားဖို့ ကောင်းတယ် ။ တို့ များသိပြီးသားပါ လို့ ပြောတဲ့ သူရှိမယ် ။ အဲဒီလူက ဥပမာ မှန်နန်းရာဇ၀င်ထဲ က ပုဂံ အကြောင်း သူငယ်ငယ်ကပဲ ဖတ်ခဲ့ ဖူးတယ် ။ ပုဂံ ဘုရားသမိုင်းတွေ ဖတ်ဖူးမယ် ။ ဒီတော့ သူဘယ်လောက် ပုဂံ အကြောင်း ဘယ်လောက်သိတယ်ဆိုတာ ခန့် မှန်းလို့ အောင် မှန်နန်းရဇ၀င်ထဲ က ပုဂံ အကြောင်း နည်းနည်း ပြန်ပြောကြည်ံ ရအောင်...ဆိုပြီး ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့  အမှာစာလေးတစ်ခုဖတ်ရတော့ သဘောကျလို့ စာဖတ်ရင်း ပြုံးခဲ့ မိပါတယ် ။ ဒေါက်ထာသန်းထွန်း က မြန်မာပြည်တွင်းက ပုံဂံ
ကိုသွားရောက် လည်ပတ်ကြမဲ့ သူတွေ ကို ပုဂံ နဲ့ ပက်သက်ပြီး သာမန်ရိုးကျ သိထားတဲ့ အကြောင်းတွေ အပြင် သုတေသနဆန်ဆန် ဖော်ထုတ်ရေးသားထားတဲ့ ပုဂံ အကြောင်းကို လည်း လေ့လာသိရှိစေချင်တဲ့ စေတနာနဲ့ ရေးထးတဲ့ အမှာစာလေးဖြစ်ပါတယ် ။ ကျတော်တို့ သိသလောက် ပုဂံ ကိုရောက်လာတဲ့ သူတွေ ထဲ မှာ ပုဂံအကြောင်း ပညာရှင်တွေ နဲ့ အထူးတစ်လည်လေ့လာလိုက်စားတဲ့ သူတွေ ကလွဲလို့ အများစုဟာ ပုဂံနဲပက်သက်ပြီး သာမန်ရိုးကျ သိထားတဲ့ သူတွေ ပိုများမယ် ထင်ပါတယ် ။ တစ်ချို့ ဆို ပုံဂံက နာမည်ကြီးဘုရားတစ်ဆူ ကိုရောက်ပြီ ဆိုမှ ဘုရားမှာ အဲဒီဘုရားနဲ့ ပက်သက်တဲ့ ရာဇ၀င်ပြောပြတဲ့ သူကို ရှင်းပြခိုင်းနေတာလည်းတွေ့ ခဲ့ ရဖူးပါတယ် ။ ကျတော် ဆိုလည်းဘာထူးလဲ အရင် နှစ်ခေါက် ပုဂံ ကိုရောက်ခဲ့ တုန်းက ကျတော်တို့ မိသားတစ်စုလုံးကို လိုက်ပို့ တဲ့ ကားသမားက နာမည်ကြီးပြီးလူပြောများတဲ့ ဘုရားတွေ ကို တစ်ရက် နှစ်ရက် အတွင်း လိုက်ပို့တာကို အပြေးအလွှားလေ့ လာဖူးခဲ့ ရတာ ။ ဒီအကြားထဲ ကိုယ်စိတ်ဝင်စားတဲ့ ဘုရား အကြေင်းကိုတော့ အသင့် ပါလာတဲ့ စာအုပ်ဖွင့် ဖတ်ပြီး လေ့လာခဲ့ ရပါတယ် ။

အရှေ့ ဘက်မြို့ ရိုး
အခု ဒီတစ်ခေါက် ပုဂံ ကိုသွားရတာကတော့ ဘုရားစုံအောင်ဖူးဖို့ ရည်ရွယ်ပြီး သွားခဲ့ တာမဟုတ်ပါဘူး ။ ပုဂံအကြောင်း ပညာရှင်တွေ ရေးထားတဲ့ စာတွေ လက်လှန်းမီ သလောက် ဖတ်ခဲ့ ရတော့ စိတ်ဝင်စားမိတဲ့ နေရာလေးတွေ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လေ့လာကြည်ချင်တဲ့ စိတ်ဖြစ်ပေါ်လာလို့ ပါ ။ အဓိက အားဖြစ် ပုဂံ မြို့ ရိုးနဲ့ ကျူံးကြီး ၊ ပညာရှင်တွေ ချီးမွှမ်းပြောဆိုလေ့ ရှိတဲ့ အာနန္ဒာ ဂူဘုရားကြီးနဲ့ ပျူခေတ် လက်ရာနဲ့ ဆင်တူတဲ့ စေတီကြီးတွေ ကိုထပ်ပြီး ကြည့်ချင်လို့ ဖြစ်ပါတယ် ။
ပုဂံ မှာ အာနန္ဒာဘုရားနဲ့ မျက်စောင်းထိုး နားမှာ ရှိတဲ့ သာရဗါ တံခါး လက်ကျန်ကြီး ကို လူတိုင်းသတိပြုကြပါလိမ့်မယ်ထင်ပါတယ် ။ သာရဗါ တံခါးဟာ ပုဂံ မြို့ ရိုးရဲ့  အရှေ့ ဖက်မြို့ ရိုးရဲ့  အလည်တည့်တည့်မှာရှိတဲ့ တခါးဖြစ်ပါတယ် ။ ပုဂံ နိုင်ငံတော်ကြီးကိုစတင်တည်ထောင်တဲ့ အချိန်ကို ပညာရှင်များက အမျိုးမျိုးယူဆပြီး ကောက်ချက်ချနေပေမယ့် အခုချိန်မှာ ပြစရာဆိုလို့ 11 ရာစု အနော်ရထာမင်းကြီးလက်ထက် မှာတည်ထောင်ခဲ့ တယ်လို့ ယူရတဲ့ လက်ရှိ မြို့ ဟောင်းကြီးသာ ကျန်ရှိနေခဲ့ပါတယ် ။ ကျုံးနဲ့ မြို့ ရိုးဆိုတာ များအားဖြင့် မြို့ တော်တည်ဆောက်စဉ် ကတည်းက စတင်တည်ဆောက်ခဲ့ တာဟာ လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်တာကြောင့် ပုဂံမှာ လက်ရှိ ကျန်နေသေးတဲ့ သာရဗါ တံခါး အပါအ၀င် မြို့ ရိုးနဲ့ ကျုံး သုံးဖက်သုံးတန်ဟာ ပုဂံကို စတည်ထောင်စဉ် ကတည်းက မင်းနေပြည်တော်နဲ့ အပြိုင်တည်ဆောက် ခဲ့တာဖြစ်လိမ့် မယ်လို့ ပညာရှင်များက ယူဆခဲ့ ပါတယ် ။

ပုဂံမြို့ ဟောင်း ကောင်းကင်မြေပုံ..
တစ်ကယ်တော့ အဲဒီလို မဟုတ်ပါဘူးတဲ့ ။ 1991 ခုနှစ်မှာ ပုဂံ ကျုံးဟောင်းကြီးကို စတင်ထူးဖော် ခဲ့ တဲ့ တူးဖော်မှု ရလဒ်အရ ပုဂံ ကျုံးနဲ့ မြို့ ရိုးကို တရုပ်ပြေးမင်းလို့ လူသိများတဲ့ နရသီဟပတေ့ မင်း လက်ထက် AD 1284 ခုနှစ်လောက်ရောက်မှာ ရန်သူတွေလာတော့ မယ်ဆိုမှ အပူတပြင်း တူးဖော်တည်ဆောက်ခဲ့ တာသေချာသလောက်ရှိတယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် သာရဗါ တံခါးကြီးကိုတော့ ဘယ်အချိန်မှာ ထည်ဆောက်ခဲ့ တယ်ဆိုတာကတော့ ခန့် မှန်းဖို့ ခက်နေပြန်ပါတယ် တဲ့ ။ ကျုံးကို တူးဖော်ရာမှာ လူသေအရုပ်လောင်းတွေ ကိုတွေ့ ရှိသေးတာမို့ အဲ ဒီခေတ်က အဆောက်အအဦ တစ်ခု ဆောက်လုပ်တဲ့ အခါ လူတွေ ကိုစတေး တဲ့ အလေ့ထ ရှိနေသေးတယ်လို့ ယူဆရမလို ဖြစ်နေပါတယ် ။ ကျုံကိုတူးဖော်စဉ် မှာ ပျုခေတ်အုတ်ချပ်တွေ လို့ ယူဆထားတဲ့ အုတ်ချပ်တွေ တွေ့ ရတာကြောင့် ပုဂံ ခေတ်မတိုင်မှီက ရှိနေခဲ့ တဲ့ ပျူခေတ်ဘုရားပျက်တွေကနေ မြို့ရိုးတည်ဆောက်ရာမှာ ယူသုံးခဲ့ မယ်လို့ ယူဆခဲ့ ပါတယ် ။ “မင်း အမိန့် နဲ့ ဘုရားပျက်တွေက အုတ်ချပ်တွေကို ကာကွယ်ရေးအတွက် ယူသုံးတယ်ဆိုတာ ဒီတစ်ခါ ဘဲ တွေ့ ဖူးသေးတယ် “ ဆိုပြီး ဒေါက်တာသန်းထွန်းက ကောက်ချက်ချထားတာ ကို ဖတ်ခဲ့ ရဖူးပါတယ် ။

အရှေ့ မြောက်ဘက် မြို့ ရိုး....
လက်ရှိ ကျတော်မြင်တွေ့ ခဲ့ တဲ့ ( ကောင်းကင်မြေပုံ အရ နဲ့ မျက်မြင်အရပါ ) ပုဂံ မြို့ ရိုးကြီးဟာ လေးဖက်လေးတန်မဟုတ်ဘဲ တောင်ဖက် ၊ အရှေ့ ဖက်နဲ့ မြောက်ဖက် ဆိုပြီး သုံးမျက်နှာသာရှိပါတယ် ။ အနောက်ဖက်မျက်နှာကတော့ ဧရာဝတီ မြစ်ကမ်းပါးပြိုလို့ ပါသွားတာလား ၊ ဒါမှ မဟုတ် မြစ်ကို အကာအကွယ်ကူပြီး ဒီအတိုင်လွတ်ထားတာလားတော့ မပြောတတ် ပါ ။ အဲဒီ ကျုံးမျက်နှာသုံးဖက်မှာ အရှေ့ ဘက်ကျုံး တစ်ခုသာ မူရင်းအရှည်အတိုင်းရှိနေပါတယ် ။ တောင်ဘက်ကျုံးအတိုင်းအတာဟာ တစ်မိုင်ရဲ့  လေးပုံ သုံးပုံ ရှိနေပေမယ့် အမြောက်ဘက်ကျုံးကတော့ တော်တော်လေးကို တိုနေတာ တွေ့ ရပါတယ် ။ နန်းမြို့ တွင်း အကျယ်ဝန်းဟာ စတုရန်း တစ်မိုင်ပတ်လည်တောင်မရှိပါဘူးတဲ့ ။ ဒါဟာ သရေခတ္တရာမြို့ ဟောင်း အင်းဝမြို့ ဟောင်း အမရပူရမြို့ ဟောင်းနဲ့ မန္တလေး မြို့ ဟောင်းတို့နဲ့ စာရင်အတော်ကိုသေးငယ်လှတယ်လို့ ဆိုနိုင်ပါတယ် ။ ကျုံးရေ ကိုတော့ ဧရာဝတီမြစ်ကနေ သွယ်ယူပုံ ရပါတယ် ။ ဒါဆို မြစ်ရေကျတဲ့ အချိန် ရေခန်းနေပြီး ကျုံးခြောက်ဖြစ်နေမလားဘဲ ။

မြောက်ဘက်မြို့ ရိုး.......
ကျတော်တို့ မြန်မာ နိုင်ငံ မှာ လက်ရှိကျန်နေသေးတဲ့ မြို့ ဟောင်းတွေ မှာ နန်းတော်ရာ ကို နန်းမြို့ ရိုးရဲ့  အလည်တည့်တည့် သို့မဟုတ် အလည်နီးနားပတ်ဝန်းကျင်မှာသာ တွေ့ ရလေ့ရှိပါတယ် ။ အခု ပုဂံ နန်းမြို့ ထဲ မှာတူးဖော်မှု ပြုလုပ်နေတဲ့ နန်းတော်ရာ အရဆိုရင် ပုဂံ နန်းတော်ရာ ဟာ နန်းမြို့ တော်ရဲ့  အလည်တည့်တည့် မှာ မဟုတ်ပဲ အရှေ့ ဖက် ကျုံးနဲ့ တော်တော်ကိုနီးကပ်နေတာကိုတွေ့ ရပါတယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ပညာရှင်တွေ ယူဆခဲ့သလို ပုဂံ မြို့ ရိုးနဲ့ ကျုံးကို ရန်သူလာတော့ မယ်ဆိုတော့ မှ အဆင်ပြေသလို တူးဖော်တည်ဆောက်ခဲ့ တယ်ဆိုတာကို သက်သေပြနေသလို ဖြစ်တယ်လို့ ကျတော်ထင်ပါတယ် ။ တစ်ကယ်ဆို မြို့ ရိုးနဲ့ ကျုံး ကို အခုလက်ရှိ အာနန္ဒာဘုရား တည်ရှိနေတဲ့ နေရာလောက်ထိ ချဲ့ ထွင် တူးဖော်ခဲ့ မှာသာ နန်းတော်ရာ ဟာ မြို့ တော်ရဲ့ အလည်တည့်တည့် လောက်မှာ ကျရောက်လိမ့် မယ်ထင်ပါတယ် ။

တောင်ဘက်မြို့ ရိုး .......
အခုလက်ရှိ နေထားအရ အရှေ့ ဖက် မြို့ ရိုးမှာ ရှိတဲ့ သာရဗါ တံခါး အနီးတစ်ဝိုက် လောက်မှာသာ ကျုံး ဟောင်းနေရာကို သေချာ ပြုပြင်ထားတာကိုတွေ့ ရပါတယ် ..ကျန်တဲ့ နေရာတွေ မှာတော့ ခြုံထူထပ်စွာ ပေါက်ရောက်နေတာမို့ ထင်ရှားစွာ မမြင်နိုင်တော့ ပါဘူး ။ တစ်ကယ်လို့ လက်ရှိကျန်နေသေးတဲ့ မြို့ ရိုးပတ်ပတ်လည်ကိုလည်း သေချာ ရှင်းလင်းပြီး ပြုပြင်ထားမယ်ဆိုရင်တော့ ပုံဂံ ရှေးဟောင်းနယ်မြေမှာ လေ့လာစရာ နေရာတစ်ခုတော့ ထပ်တိုးလာနိုင်တယ်လို့ ကျတော်ထင်မိပါတယ် ။
( ရန်နောင်စိုး )