Quantcast
Viewing all articles
Browse latest Browse all 1811

စစ်သားတို.ရဲ့ဆရာမ


စစ်သားတို.ရဲ့ဆရာမ (ကျောင်းမှာတုန်းက အရွေးခံခဲ့ရတဲ့ လက် ရာဟောင်းလေးပါ  )

စာသင်ခန်းထဲဝင်လာတော့ ဆရာမမျက်နှာထားက ခပ်တင်းတင်း။ ဆရာမရဲ့ အသက်ကလည်း ငယ်ငယ်.. သင်ရမှာကလည်း စစ်သားတွေဆိုတော့ မျက်နှာထားကိုမာထားလိုက်တယ်။ဆွေမျိုးအသိုင်းအ၀ိုင်းထဲမှာတောင် စစ်သားဆိုတာမရှိခဲ့ဘဲ သူငယ်ချင်းတစ်ယောက်စ၊နှစ်ယောက်စသာ
တပ်မတော်ထဲမှာ အသိရှိသူဆိုတော့ စစ်တပ်နဲ.ဆရာမဘ၀ဟာ ပြဒါးတစ်လမ်း၊
သံတစ်လမ်းလို. ပြောလို.ရပါတယ်။ ခုလို စစ်သားတွေကိုစာလာသင်ပေး
ရမယ်လို.လည်း တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။ သင်ရမှာကလည်း "အသုံးလုံး"လို.
အလွယ်တကူခေါ်တဲ့ စာမတတ်သူပပျောက်ရေးသင်တန်း။ "တပ်မတော်ထဲမှာ စာမတတ်သူပပျောက်ရေးစီမံချက်အရ"တာဝန်ရှိသူတွေက ဌာနကို အကူအညီတောင်းလို. လာသင်ပေးရတာပါ။ 

စစ်တပ်ထဲသွားပြီး စစ်သားတွေကို စာသွားသင်ရမယ်ဆိုတော့ ငြင်းပါသေးတယ်။ သင်ရမယ့်သူတွေရဲ့ အသက်တွေကလည်းကြီးနေကြပြီ။ပြီးတော့ ယောကျာ်းကြီး
တွေ.. ယောကျာ်းထဲမှာမှ စစ်မြေပြင်တွေမှာရန်သူနဲ. သူသေကိုယ်သေ
တိုက်ခိုက်သတ်ဖြတ်လာတဲ့ စစ်သားရင့်မာကြီးတွေ။ ဒီလိုလူကြီးတွေက အသက်(၃၀)အရွယ် ဆရာမလေးတစ်ယောက်စကားကို နားထောင်မတဲ့
လား။ ပြီးတော့ အင်တာနက်စာမျက်နှာတွေမှာတွေ.နေရတဲ့စစ်သားတွေရဲ့
ပေါက်တတ်ကရသတင်းတွေက ဆရာမလေးကိုကျောချမ်းစေပါတယ်။
ဒါပေမယ့် ၀န်ထမ်းဆိုတော့လည်း "အထက်လူကြီးရဲ့ Request ဟာ မိမိတို.အတွက် Command ဖြစ်သည်"ဆိုတဲ့အတိုင်း လက်ခံလိုက်ရတော့ပါပဲ။ အတွေ.အကြုံရှိတဲ့ ဆရာမကြီးတွေကတော့ အားပေးရှာပါတယ်။
"ဘာမှစိတ်မပူနဲ. ဆရာမလေး။ ဆရာမလေးထင်ထားတာတွေနဲ. တစ်ခြားစီဖြစ်နေလိမ့်မယ်။ ဆရာမလေးမကြုံဖူးတဲ့ ထားရာနေ၊ စေရာသွား၊
ခိုင်းတာလုပ်တဲ့ ပစ်တိုင်းထောင်လိုလူသားတွေကို ဆရာမလေးတွေ.ရလိမ့်မယ်၊
ဒီတစ်ရက်တော့ သွားသင်ပေးပါ။ ဆရာမလေး အဆင်မပြေရင် နောက်နေ.ကျ လူချိန်းပေးပါမယ်"တဲ့။

ညက ကောင်းကောင်းအိပ်မပျော်ပါဘူး။ မနက်လင်းတော့ ဆုံးဖြတ်ချက်ချ
လိုက်တယ်။ သူတို.တွေ ဘာပဲဖြစ်ပါစေ .. ငါက ဆရာမ။ ဆရာမဆိုတော့ ဆရာ/
ဆရာမတို. ကျင့်သုံးရမယ့် စေတနာ၊၀ါသနာ၊ဂရုဏာဆိုတဲ့ နာ(၃)နာနဲ.သင် မယ်။ ခဏနေတော့ တပ်ကလာကြိုခိုင်းတဲ့ကားနဲ. စစ်တပ်ထဲကို လိုက်ခဲ့လိုက်
ပါတယ်။ ကားမောင်းသမားစစ်သားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကားပေါ်တက်
မယ်လုပ်တော့ ကိုယ့်ထက်အသက်ကြီးတဲ့ကားသမားကကားတံခါး ဖွင့်ပေးနေလို.
အားနာနေရပါသေးတယ်။ ကားပေါ်မှာ ကားသမားနဲ. စကားပြောရင်း ရင်းနှီးသွားပါတယ်။ စိတ်ထဲမှာတော့ တွေးလိုက်မိသေးတယ်။ "ဒီနေ. စာသင်
ရမယ့်စစ်သားကြီးတွေလည်း ဒီကားသမားလို ဖော်ဖော်ရွေရွေဆိုရင်
ကောင်းမယ်"။

စစ်တပ်ထဲအ၀င်ဝဂိတ်ရောက်တော့ ကင်းစောင့်နေတဲ့ရဲဘော်လေး တစ်ယောက်
က အလေးလှမ်းပြုပါတယ်။ "အရာရှိလည်းမပါဘဲနဲ. ဘာလို.အလေးပြုတာလည်း
ဆရာ"လို. ကားသမားကိုမေးကြည့်တော့ အံ့သြဖွယ်ရာစကားတစ်ခွန်းကိုကြား
ရပြန်ပါတယ်။ "ဆရာမလေးကို အလေးပြုတာပါ"တဲ့။စာသင်ခန်းရှေ.ကားရပ်
လိုက်တော့ ကားသမားကပဲ အရင်ဆင်းပြီး ဆရာမလေးတံခါးကို ဖွင့်ပေးနေပြန်
လို."နေပါစေ..နေပါစေ"ပြောနေရပါသေးတယ်။ ဒါပေမယ့် တံခါးကတော့
ဖွင့်ပြီးနေပါပြီ။

စာသင်ခန်းထဲဝင်လိုက်တော့ ဆရာမလေးသင်ခဲ့ဖူးတဲ့စာသင်ခန်းတွေနဲ. ကွာခြားမှုကိုစတွေ.လိုက်ရပါတယ်။ စာသင်ခန်းတစ်ခုလုံးက ငြိမ်သက်နေ
ပါတယ်။ စီနီယာကျပုံပေါက်တဲ့ စစ်သားတစ်ယောက်က ရှေ.ထွက်လာပြီး ရုတ်တရက်အော်လိုက်တော့ လန်.သွားရပါသေးတယ်။ သူအော်လိုက်တာက
"သင်တန်း ရှေ.ကြည့်"တဲ့။ ပြီးတော့ ဆက်အော်တဲ့အသံတွေက "ဦးထုပ်ဆောင်း"
"တန်းထ"ဆိုတဲ့အသံတွေ။ အောက်ကလူတွေ ကလည်းရှေ.ကလူခိုင်းတဲ့
အတိုင်း တသွေမတိမ်းလိုက်လုပ်နေကြပါတယ်။ အဲဒီမှာ ပြဿနာက စတာ။ ရှေ.ကစီနီယာလုပ်တဲ့သူက ရုတ်တရက် ဆရာမလေးရှေ.တည့်တည့်မှာ
ရပ်ပြီး အလေးပြုလိုက်တယ်။ ပြီးတော့ ဆက်တိုက်အော်တော့တာပဲ။ "သင်တန်းသားရှိရင်း ၃၀ ယောက်၊ ခန်းမ၀င် ၃၀ ယောက်၊ ပျက်ကွက်မရှိ၊ ခန်းမ၀င်ပြီးအသင့်"တဲ့။ အော်ပြီးတော့ ဆရာမရှေ.မှာပဲ တောင့်တောင့်ကြီး
ရပ်နေတယ်။ ဆရာမကလည်း ဘာပြန်ပြောရမှန်းမသိဘဲကြောင်ကြည့်နေတယ်။ ဆရာမက ဘာမှပြန်မပြောတော့ သင်တန်းသားခေါင်းဆောင်က ဆရာမကို
မေးတယ်။"ထိုင်ခိုင်းလိုက်ရတော့မလားဆရာမ"တဲ့။ အဲကျမှ သတိရပြီး
"ရပြီ..ရပြီ.. ထိုင်ကြပါရှင်"လို.ကမန်းကတန်း ပြောလိုက်ရတယ်။စာမသင်ရသေး
ခင်မှာပဲ ဌာနကဆရာမကြီးတွေပြောလိုက်တဲ့"ပစ်တိုင်းထောင်လိုလူသားတွေ
ဆိုတာ မှန်နေပြီထင်တယ်"လို. တွေးလိုက်မိပါတယ်။

စာသင်တော့လည်း တစ်ကယ့်ကလေးတွေလို အော်ကြီးဟစ်ကျယ်နဲ. "ကကြီးခခွေး"ကိုလိုက်ဆို နေကြပါတယ်။ ဆရာမလေးရဲ့စိတ်မှာ စစ်သားကြီးတွေ
ကို စစ်သားတွေလို.မမြင်တော့ဘဲ ကိုယ့်တပည့်လေးတွေလိုမြင်လာပါတယ်။
စစ်ယူနီဖောင်းကိုလည်း အစိမ်းရောင်လို.မမြင်တော့ဘဲ အဖြူနဲ.အစိမ်းလို.
မြင်လာပါပြီ။ အထင်နဲ.အမြင်တွေကတော့ တစ်ခြားစီဖြစ်နေပါပြီ။

ညနေသင်တန်းပြီးတဲ့အချိန် စီနီယာစစ်သားက အလေးပြုပြီးသင်တန်းဖြုတ်ခွင့်
တောင်းတဲ့အခါမှာတော့ ဆရာမလေးအနေနဲ.ကြောင်အမ်းအမ်းဖြစ်မနေတော့ဘဲ
"ဆက်လုပ်ပါ"ဆိုတဲ့စကားလေးကို လျှောလျှောလျှုလျှုပြောထွက်ခဲ့ပါတယ်။

ပြန်ဖို.ပြင်တဲ့အချိန်မှာတော့ စာသင်ခန်းရှေ.မှာ ကားက အဆင်သင့်စောင့်နေ
ပါတယ်။ ဆရာမလေးခြင်းကို စီနီယာကျောင်းသားကကိုင်ပြီး ကားနားကို
လိုက်ပို.ပါတယ်။ကျန်တဲ့သင်တန်းသားတစ်ယောက်ကတော့ တံခါးကိုသွားဖွင့်ပေး
နေပါတယ်။ ကားသမားတောင် ဖွင့်ပေးစရာမလိုတော့ပါဘူး။ ကားပေါ်တက်ပြီး ကားထွက်တဲ့အချိန်မှာတော့ ဆရာမလေးက အပြုံးတွေနဲ. လက်ပြပြီးနှုတ်ဆက်
လိုက်ပါတယ်။ အဲချိန်မှာ စီနီယာစစ်သားကြီးဆီက "အလေးပြု"ဆိုတဲ့အသံကြီး
ထွက်လာပါတယ်။ သူ.အော်သံနဲ.အတူ ဘေးကစစ်သားတွေပါ သတိအနေအထား
ရောက်သွားကြပါတယ်။

ဆရာမလေးက ကားပေါ်ကနေ လက်ပြနေရင်းနဲ. စကားတစ်ခွန်းလှမ်းပြော
သွားပါတယ်။ "နောက်နေ.တွေလည်း ဆရာမလေး လာခဲ့အုံးမယ်နော်။အိမ်စာတွေ
သေချာလုပ်ခဲ့ကြပါ"တဲ့။


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...