တပ်မတော်(ရေ)၏ Light Frigate စစ်ရေယာဉ်တစ်စီးမှ Surface to Surface Anti Ship Guided Missile အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခြင်း
“ အိမ်နီးချင်း အနောက်ဘက်နိုင်ငံ၏ ရေတပ်အင်အားတိုးချဲ့ပြင်ဆင်နေမှုကို ပြန်လည် တုန့်ပြန်နိုင်ရန် မြန်မာ့တပ်မတော်(ရေ)ကိုလည်း အဘက်ဘက်မှ တောင့်တင်းလာအောင်ပြင်ဆင်လျက်ရှိကြောင်း သိရှိရပြီး မတ်လ(၁) ရက်နေ့ကလည်း မြန်မာ့တပ်မတော်(ရေ)၏ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့တပ်မတော်(ရေ)က တည်ဆောက်ခဲ့သော စစ်ရေယာဉ်တစ်စီးမှ ဘင်္ဂလားပင်လယ်အော်အတွင်း ရေပြင်မှရေယာဉ်ပစ် သဘောင်္ဖျက်ပဲ့ထိန်းဒုံးပျံ (Surface to Surface Anti Ship Guided Missile) တစ်လုံးအား တပ်မတော်(ရေ)က ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် ပစ်ခတ်ပြသခဲ့ကြောင်း သတင်းများအရ သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်က တရုတ်မှစစ်ရေယာဉ်လက်နက်များဝယ်ယူ၍ တရုတ်အကူအညီဖြင့် ရေတပ်အင်အားကိုခိုင်မာအောင် ပြုလုပ်နေချိန်တွင် မြန်မာ့တပ်မတော်(ရေ)က ပြည်တွင်းမှာ ကိုယ်တိုင်လုပ် ကိုယ်တိုင်တည်ဆောက်၍ ရေတပ်အင်အားကိုခေတ်မီတောင့်တင်းလာအောင် ပြင်ဆင်နေသည်မှာ ဂုဏ်ယူဖွယ်ရာတစ်ခုဖြစ်သည့်အပြင် မြန်မာ့ပင်လယ်ပြင်လုံခြုံရေးအတွက် စိတ်ချကျေနပ်စရာတစ်ခုဟု ဆိုရပေမည်။”
လူပျော်(ငပလီ)
(Opposite Eye)