Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

အမျိုးသားရေးသမားတွေ အမျိုးကို မျက်လုံးဖွင့်ပြီး ချစ်ကြပါ

$
0
0
 
အမျိုးသားရေးလုပ်တဲ့နေရာမှာ ဆရာစံနဲ. ဗိုလ်ချုပ်အောင်ဆန်းကို ဥပမာယူဖို.လိုပါတယ်။ သူတို.နှစ်ယောက်လုံးဟာ တိုင်းပြည်အတွက် လွတ်လပ်ရေးရအောင်ကြိုးစားခဲ့ကြတာမှန်တယ်။ ဒါပေမယ့် ဆရာစံလက်ထက်မှာ မအောင်မြင်ခဲ့ဘဲ ဗိုလ်ချုပ်အောင်ဆန်းလုပ်မှ အောင်မြင်ခဲ့တယ်။ ဘာဖြစ်လို.ဆရာစံမအောင်မြင်ခဲ့တာလည်းဆိုတော့ အမြင်ကျယ်ကျယ် မကြည့်ဘဲ ပြည်တွင်းကိုပဲ အာရုံစိုက်ပြီး ကြိုးစားခဲ့လို. ဖြစ်ပါတယ်။ နောက်တစ်ချက်က ဆရာစံဦးဆောင်ခဲ့ရတဲ့သူတွေထဲ မှာ ပညာတတ်သှူုဦးရေနည်းခဲ့လို.ပါ။ ဗိုလ်ချုပ်အောင်ဆန်းကျတော့ အမြင်ကျယ်တယ်။ လုပ်သင့်တာကို ကမ္ဘာနဲ. ချီပြီး အမြင်ကျယ်ကျယ်လုပ်တယ်။ ပြီးတော့ ဗိုလ်ချုပ်ဦးဆောင်ခဲ့ရတဲ့သူတွေက ပညာတတ်တွေများတယ်။ အဲအတွက် လွတ်လပ်ရေးရခဲ့တယ်။ ဆိုလိုတာက အမြင်ကျယ်ဖို.နဲ. ပညာရှိဖို.ပါ။ ဒါဟာ အမျိုးသားရေးလုပ်နေတဲ့သူတွေအတွက် အကောင်းဆုံးဥပမာပါပဲ။ ဆရာစံကို စော်ကားတာတော့ မဟုတ်ပါဘူး။ သိသာအောင် ယှဉ်ပြရုံသက်သက်ပါ။

သူတစ်ပါးဘာသာကို ဆဲဆိုကြိမ်းမောင်းစော်ကားပုတ်ခတ်တာ ပညာတတ်တို.ရဲ့ အမျိုးသားရေးလုပ်နည်း မမည်ပါဘူး။ အဲတာဟာ လူမျိုးမုန်းတီးရေးလုပ်နေတာပါ။ တစ်နည်းပြောမယ်ဆိုရင် မျက်ကန်းမျိုးချစ်သဘောမျိုးသက်ရောက်နေပါတယ်။ မျက်ကန်းမျိုးချစ်တွေကနေ တစ်ဆင့် အစွန်းရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ “ပညာမပါဘဲ ကြီးပွါးတိုးတက်ချင်သူဟာ ကုန်းခေါင်ခေါင်က လှေလိုပဲ” လို.ကြားဖူးပါတယ်။ အမျိုးသားရေးသမားဆိုတာ “ပညာရှိပြီး သူ.ဘက်ကိုယ့်ဘက်ကို ကြည့်တတ်ရမယ်။ ဘက်ပေါင်းစုံက တွေးတတ်၊မြင်တတ်ရမယ်။” ဒါမှကိုယ်လုပ်နေတဲ့ အမျိုးသားရေးအလုပ်က အောင်မြင်နိုင်မှာပါ။

အမျိုးသားရေးသမားတွေအနေနဲ. ဖေ့ဘုတ်ပေါ်မှာဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ကိုယ်ရေးတင်လိုက်တဲ့စာတစ်ပုဒ်၊ အလုပ်တစ်ခု ကြောင့် ကိုယ့်အမျိုး၊ဘာသာ၊သာသနာကို ကာကွယ်ရာရောက်မလား? အချင်းချင်း အမုန်းတရားတွေ တိုးပွါးလာစေမလား? ချစ်ကြည်ရင်းနှီးမူတွေရလာစေမလား? ဆိုတာ ပြန်စဉ်းစားသုံးသပ်ဖို.လိုပါတယ်။ ဖေ့ဘုတ်မှာရတဲ့ Like&Comment ကို အောင်မြင်မူလို.မထင်ကြပါနဲ.။ အမှားကြီးမှားသွားပါလိမ့်မယ်။

သေချာတာတစ်ခုကတော့ လောဘနဲ.ဒေါသကို ဦးထိပ်ထားပြီး သူတစ်ပါးတွေကို လူမိုက်ဆန်ဆန်လျှောက်ဆဲဆိုနေတာ ဟာ အမျိုးသားရေးလုပ်နေတာမဟုတ်ပါဘူး။ အမျိုးကိုချစ်သလိုလိုနဲ. ကိုယ့်အမျိုးကို ပြန်နှစ်နေတာပါ။ ကိုယ့်အမျိုးကို ကိုယ့်ဘာသာပြန်နှိမ့်နေတာပါ။

အမျိုးသားရေးလုပ်ခြင်းရဲ့ရည်ရွယ်ချက်ကို အမျိုးသားရေးသမားတွေ သေချာသိပြီး မျက်စိဖွင့်၊နားဖွင့်ပြီး အမျိုးကို ချစ်တတ်ကြပါစေ။



ထိုက် သူ
 
 https://www.facebook.com/htike.thu.14 မှကူးယူဖော်ပြပါသည်

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>