![ကျွန်တော် ဘ၀ထဲက အချိုဆုံး ရေ... ------------------------------------ ရေသန့်ဗူးခွံလေး မြင်တော့ အမှတ်မထင် တစ်ခါက ဓားပြကွေ့ကို သတိရတယ် ။မရည်ရွယ်ပဲနဲ့ သတိလည် လာတဲ့ အတိတ်လို့ ဆိုရမှာပေါ့ ။ ကျောင်းပြီးလို့ ၄ နှစ်ကျော်ကျော် ခွဲနေခဲ့တဲ့ မိခင်တပ်ကို ပြန်ရောက်တော့ တပည့်ရဲဘော်တွေက လွဲလို့ တပ်ရေးဗိုလ်ကြီးတပ်ထောက်ဗိုလ်ကြီး ၊ရင်းမှူး ၊ ဒု ရင်းမှူးအားလုံးက အသစ်။ အချိန်က ၂၀၁၂ ခုနှစ် ၃ လပိုင်းလောက်ပေါ့ ။ကျွန်တော်တပ်ဆိုတာက သိန်းနီ တပ်ရဲ့ စကခ ၁၆ လက်အောက်ခံတပ် တစ်တပ် ၊ ရှမ်းပြည်နောက်မြောက်ပိုင်းမှာရှိတယ်။သတင်းပို့ပြီး နောက်တစ်နေ့ပဲ တာဝန်က စရတယ် ။ ကျွန်တော် အပါအ၀င် ၆ ယောက် လူကြီးခရီးစဉ်ရှိလို့ လမ်းလုံခြုံရေးယူရတယ်။ လမ်းလုံခြုံရေးက အင်အားနည်းနေတာကြောင့် ကျွန်တော်တို့ သုံးဖွဲ့ခွဲလိုက်တာပေါ့ ။ ၂ ယောက် ၁ တွဲ ပေါင်း ၃ တွဲပေါ့ ။ ကျွန်တော်အပါ တပ်ကြပ် တစ်ယောက်က တစ်တွဲ ။ကျန်တဲ့ ၂ တွဲကလည်း တာဝန်အသီးသီးပေးလိုက်တယ်။ ဘယ်အချိန်ဆုံမယ် ဆိုတာလဲ ပြောလိုက်တာပေါ့။ နွေကလည်းသူပြယုဂ်ကို အပီအပြင် အကောင်အထည်ဖော်တယ် ။ ပူလိုက်တာလဲ အရမ်းပဲ ။ကျွန်တော် တာဝန်ယူတဲ့နေရာက သိန်းနီ-ကွတ်ခိုင် ကြားက ဓားပြကွေ့ ဆိုတာမှာ တာဝန်ယူလိုက်တယ်။ အဲ့နေရာက SSA ၀မ်ဟိုင်းအဖွဲ့က လက်နက် ခိုးသယ်ဆိုတဲ့ သတင်းတွေ ရနေတာကြောင့်လည်းပါတယ်။ဓားပြကွေ့ ဆိုတာ အဲ့ဒီကွေ့လေးမှာ ဓားပြ တိုက်မှု အဖြစ်များလွန်းလို့ အမည်တွင်လာတာလို့ ဒေသခံတွေ ပြောပြလို့ သိရတယ်။ တကယ်လဲ တိုက်ခိုက်လို့ ကောင်းတဲ့ နေရာတစ်ခုပဲ ။ ဟိုးအရင်ကတော့ သစ်ပင် ပန်းပင်တွေ ရှိကောင်းရှိ မှာပေါ့ ။ အခုတော့ ဘာအပင်မှ မရှိတော့ဘူး ။ တောင်ကတုံးကြီး တွေ ပတ်ပတ်လည်နဲ့။ကျွန်တော်နဲ့ တပည့်က အမြင့်ဆုံး တောင်ကုန်းမှာ နေရာယူလိုက်တယ်။ပတ်ဝန်းကျင် လှုပ်ရှားမှု ကို ကျွန်တော်တို့က ဆီးမိုးပြီးမြင်နိုင်အောင်ပေါ့ ။ အောက်က ကားတွေ သွားနေတာလဲ တွေ့နိုင်တယ်။နေကလဲလည်း ပူလိုက်တာ ကြိုက်ကြိုက်ဆူပဲ ။ ကျွန်တော်နဲ့ ကျွန်တော် တပည့်က ပါလာတဲ့ စစ်မိုးကာလေးတွေကို ၀ါးတန်းလေးထိုးကာပြီး အရိပ်ရအောင်နေရတယ်။လုံခြုံရေး ဆိုပေမယ့် အမှန်တော့ အဲ့ဒီနယ်မြေကို တာဝန်ခံရတာပဲ။ အဲ့ဒီ ကိုယ့်ကိုသတ်မှတ်ပေးထားတဲ့ နေရာမှာ ထိခိုက်မှု တစ်ခုခု ဖြစ်ရင် တာဝန်ယူတဲ့ အရာရှိက အရေးယူခံရတယ်။ ကျွန်တော် တပည့်ဆိုတာက ကျွန်တော်နဲ့ အခုမှသိတဲ့ ရဲဘော်တော့ မဟုတ်ဘူး ။ သူက တပ်ကြပ် ။ ကျွန်တော် ဒုဗိုလ် ဘ၀တုန်းကသူက ကျွန်တော် တပ်စု လစာကြပ် လုပ်လာခဲ့တာဆိုတော့ ဆရာတပည့်တွေလို့ပြောလို့ရတယ်။ဆရာတပည့်ဆိုပေမယ့်.အပြန်အလှန် ရှိသေးတယ်။ ကျွ န်တော်က ရာထူးအရသာ သူ့ဆရာ စစ်သက်နဲ့ အတွေ့အကြုံအရတော့ကျွန်တော်က သူ့တပည့်ပဲ။သူ့စစ်သက်က ကျွန်တော် အသက် ၃ပုံ ၂ ပုံလောက်ရှိတယ်။ တိုက်ပွဲပေါင်းများစွာ တိုက်ဖူးတယ်။ကရင်ဂွင် ၊ ကယားဂွင် ၊သူတော်တော်များများ တိုက်ဖူးတယ်။ပျင်းတဲ့အခါ "ဟေ့ .လစာကြပ်ကြီး ခင်ဗျားတိုက်ပွဲ အတွေ့အကြုံလေးပြောစမ်းပါအုံးဗျ" လို့ နည်းနည်းလေး မဟလိုက်နဲ့ ..တော်ပါတော့ လို့ ပြောယူရလောက်အောင် ပြောတာ။ဒါပေမယ့်ကျွန်တော် သူတို့ကို နားလည်ပါတယ်။ သူတို့ဟာကိုယ့်အထက်အရာရှိက ကိုယ့်အကြောင်းစိတ်ဝင်တစားမေးလာရင် သိပ်ပြောချင်ကြတာလို့ ကျွန်တော် ထင်တယ်။သူတို့ ဒုက္ခတွေအကြောင်း ပြောပြမယ်၊ သူတို့ ဘ၀တွေ အကြောင်း ၊ သူတို့ ရဲ့ တိုက်ပွဲတွေအကြောင်း ၊ သူတို့ ကြုံခဲ့တဲ့ အကောင်း/အဆိုး အရာရှိတွေအကြောင်း အားလုံးအားလုံးသော သူတို့အကြောင်းတွေကို ပြောပြပါလိမ့်မယ်။ ဒါကို ကျွန်တော် တို့က ယုံတာမယုံတာ အပထား သေသေချာချာ နားထောင်ပေးသင့်တယ်လို့ ကြုံတုန်း ညီငယ်တွေကိုလဲ စကားလက်ဆောင်ပါးချင်ပါတယ်။ဒါမှ ငါတို့ ဗိုလ်လုံက ၊ ငါတို့ အရာ ရှိက ငါတို့ပြောတာကို သေချာနားထောင်ပေးတယ်ဆိုတဲ့ ယုံကြည်မှု မျိုးသူတို့စိတ်ထဲမှာ ကိန်းအောင်းသွားမှာပါ။ မဟုတ်ပဲ ငါအရာရှိ ၊ မင်းက လက်အောက်ငယ်သား ငါပြောတာ မင်းလုပ် ၊ စကားမရှည်နဲ့ ဆိုတဲ့ ပုံစံမျိုးသွားမလုပ်မိပါစေနဲ့ ဒါဟာ ခေါင်းဆောင်မှု ရဖို့ ဆန့်ကျင်ဘက် အသွင်ဆောင်တဲ့ ကိစ္စရပ်တွေမို့ သတိထားပြီးရှောင်စေချင်ပါတယ်။ပြန်ဆက်ရရင်...ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက် လုံခြုံရေးယူတယ်ပေါ့ဗျာ ။ လုံခြုံရေးဆိုပေမယ့် နေခင်းဘက်ဆိုတော့ နည်းနည်းပေါ့ပေါ့ပါးပါးပေါ့ ။ ၂ နာရီ တစ်ခါလောက်တော့ ပတ်ဝန်းကျင်ကို ရှင်းတယ်။ ကျန်တဲ့ အချိန်ကတော့ ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက် နေပူကျဲတဲ စစ်မိုးကာ တဲလေးရဲ့ အရိပ်ကိုခိုပြီး တစ်ယောက်တစ်လှည့်မှေးတာပေါ့ (အိပ်လို့တော့ပျော်ပါဘူး)။ ကျွန်တော်တပည့် အိပ်နေတော့ ကျွန်တော်က ကင်းစောင့်ရတာပေါ့ (အမှန်တော့ ရှေ့ထွက်ထိုင်နေ တာပါ :D) ။ တပ်ကြပ် အိပ်နေတာကို အရာရှိက ကင်းစောင့်တယ်ဆိုလို့ ခင်ဗျားတို့က ယုံချင်မှ ယုံမယ်။ဒါပေမယ့် ကျွန်တော် တကယ်လုပ်ဖြစ်ခဲ့တာပါ ။ တပ်တာဝန်တွေ ထမ်းဆောင်တဲ့အခါ အထက်/အောက် ဆိုတဲ့ စကားလုံးထက် ရဲဘော်ရဲဘက် စိတ်ဆိုတာကို ပိုသဘောကြပါတယ်။ ကျွန်တော် တပည့်က ကင်းစောင့်ပြီး ကျွန်တော်က တစ်နေ့ကုန် နေရိပ်ထဲမှာ မှေးနေလို့ မရဘူးလား ။ ရပါတယ်။ ဒါပေမယ့်ဗျာ. သူလည်းလူပဲလက်အောက်ငယ်သားနဲ့ အရာရှိဆိုပေမယ့် သူလည်း နားချင်မှာပေါ့ ။ ပြီးတော့ သူက ကျွန်တော် ထက်တောင် အသက်ကြီးသေးတယ်။ ကျွန်တော်ကမှ သန်တုန်းမြန်တုန်း ၂၃ လို့ ဆိုရမယ်။ သူက တွံ့တေးသိန်းတန်ရဲ့ လေးဆယ်ကျော် ငါးနှစ်အတွင်းမှာ ဖြစ်နေပြီ ။သူက အထက်အရာရှိ ဆိုတဲ့ အသိနဲ့ ညှာရင် ၊ ကိုယ်ကလည်း အသက်ကြီးတဲ့ ကိုယ့်လက်အောက်ငယ်သားပါလားဆိုတဲ့ အသိနဲ့ ညှာရမှာပေါ့။ ဒီတော့ တစ်ယောက်တစ်လှည့် နားဖို့ နားလည်မှု စာချွန်လွှာရေးထိုးထားတာပေါ့ ။ တစ်ချိန်တော့ ကျွန်တော် တပည့်ကျော် တော်တော် အိပ်မောကျနေတယ်။ ကျွန်တော်ကလည်း နေအရမ်းပူတော့ ရေအရမ်းဆာတယ်။ ရေက သောက်စရာလည်းမရှိတော့ဘူး ။ဒါနဲ့ အကြံအိုက်နေရော ။ရေရအောင်ဘယ်လိုကြံရပါ့ လို့ စဉ်းစားမိတော့ ...ကားလမ်း ဘက်ကို ဆင်းဖို့ သတိရတယ် ။အကြံက ကားလမ်းဘက် ဆင်းမယ်..ပြီးရင် ကုန်ကားတွေလာရင် ရေတော့ပါလာမှာပဲ တစ်ဗူးလောက်ပေးဖို့ တောင်းမ ယ်ပေါ့ ။ မြန်မာလူမျိုး တွေ ဒီလောက်တော့ မေတ္တာမခမ်းဘူးဆိုတာယုံလည်းယုံတယ် သိလည်းသိတယ်။ဒါနဲ့ အားနာနာနဲ့ပဲတပည့်ကို လှုပ်နိုးပြီး MA 3 ကို ပေးထားခဲ့တယ် ။ ဒါနဲ့ကျွန်တော် အကျင့် ကိုပြောရအုံးမယ် ။လုံခြုံရေးတို့ ရှေ့တန်းတို့ သွားတဲ့အခါ ကျွန်တော်က ဘယ်တော့ မှ အပွင့်တွေ မတပ်ဘူး။ဒီအတိုင်းပဲ ပေတီပေစုတ်လေးပေါ့ ။ပစ္စတိုကို ခါးကြားထဲ ပြီးကားလမ်းဘက်ကို ဆင်းလိုက်တယ်။ ကုန်ကားတွေ လာရင် တားပြီး ရေဗူးတောင်းကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ကုန်ကားတွေကလည်း မျှော်သာမျှော် ...ပေါ်မလာသော်...ဇာတ်ခင်းနေတဲ့အတိုင်းပဲတစ်စီးမှ ပေါ်မလာဘူး ။ လိုချိန်မို့လို့ ရှားတာလဲ ပါမယ်။ ကျွန်တော် မျှော်တာက မူဆယ်-မန္တလေး သွားတဲ့ ကုန်ကား ။ တွေ့ရတာက မန္တလေး -မူဆယ် သွားတဲ့ ကုန်ကားတွေကြီးပဲ ။ မန္တလေး-မူဆယ် သွားတဲ့ ကုန်ကားတွေ ရော တားလို့ မရဘူးလားလို့ မေးစရာရှိတယ်။ တားရင်တော့ ရပ်ပေးချင်ရပ်ပေးမှာပါ ။ ဒါပေမယ့် အတက်လမ်းက ဘယ်လိုမှ တားဖို့ အဆင်မပြေဘူး ။ အထူးသဖြင့် ဂ ငယ် ကွေ့လိုပုံစံ ဆိုတော့ ကားတွေ ရပ်ပေးဖို့ အဆင်မပြေဘူးပေါ့ ။အဲ့တော့ အားနာတာနဲ့ ပဲ မန္တလေး-မူဆယ် သွားတဲ့ ကုန်ကားတွေဆို မတားဖြစ်ဘူး။ဒီအတိုင်းပဲ ကျွန်တော်ကုန်တင်ကားကို ပေပြီး စောင့်နေတုန်း..ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းမှာ မန္တလေး-မူတယ် သွားမယ့် express တစ်စီး ရပ်ပြီး ကားသမားက ကျွန်တော် ကို ဦးတည်ပြီး လှမ်းခေါ်နေတယ်။ ကျွန်တော်လည်း ပထမတော့ ကြည့်တိကြောင်တောင်ပေါ့ ..။ သူက "ဟေ့..ရဲဘော်..ဟေ့ရဲဘော်" လို့ ခေါ်တာကိုး ဗျ။ အစက ကျွန်တော် ခေါ်တယ် မထင်ဘူး နောက်မှ သူ ကျွန်တော်ကို ကြည့်ပြီး ခေါ်နေတယ်ဆိုတာ သိလိုက်တယ်။နောက်မှကိုယ့်ကိုကိုယ်ပြန်သတိထားမိပြီး..ဟုတ်သားပဲ ငါ အပွင့်မတပ်ထားတော့ ရဲဘော်ပဲ ထင်လို့ဖြစ်မှာပေါ့ဆိုပြီး..ကားနားကို သွားလိုက်တယ်။ ကားသမားက စ ပြောတယ် " ခင်ဗျားတို့ ဒီမှာ ကင်းစောင့်နေတာလား"တဲ့ ..။ ကျွန်တော်ကလည်း "ဟုတ်ပါတယ် ..ဘာကူညီရမလဲ"လို့ ဆိုတော့..သူက "မဟုတ်ပါဘူး...ရပါတယ်..ခင်ဗျားတို့ ပူလိုက်တာဗျာ" တဲ့ ..ပြီးတော့ စပယ်ယာ ကောင်လေးကို "ဟေ့..ရေတစ်ကဒ် လောက် ရဲဘော်ကို ပေးလိုက်ကွာ" လို့ တဆက်တည်းပြောသံကြားတော့..ရင်ထဲမှာ လှိုက်ခနဲ ကြိတ်ပျော်သွားတယ်.။ ဒါပေမယ့် "ဟာ..နေပါစေ ရပါတယ်.."လို့ဘယ်လို ဘယ်လို ငြင်းမိသွားလဲ မသိဘူး။....ကားသမားက ဆက်ပြောတယ်.."ယူသွားပါဗျာ..ခင်ဗျားတို့အခုရေမဆာလည်းနောက်တော့ ဆာမှာပေါ့ ဒီလောက်ပူတာ " "ယူလိုက်ပါ ..ရေတစ်ကဒ်က ဘာမှ တန်ကြေးမရှိပါဘူး ။ခင်ဗျားတို့ ဒီလိုကင်းစောင့်ပေးလို့ ကားတွေ အေးအေးလူလူသွားရတာဗျ ၊ အရင်ကဆို ဒီလို မသွားရဲဘူး..ကဲသွားပြီဗျာ" လို့ ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကားကို ဂီယာထိုးပြီး ထွက်သွားတယ်။ ကျွန်တော် မှာ ရေတစ်ကဒ် နဲ့ အတူ ကား မောင်းသွားတဲ့ နောက်မှာ တစ်စစ နဲ့ ကျန်ခဲ့ တယ်..။ကျွန်တော် တို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့ ရေမို့ ၀မ်းလည်းသာတယ် ၊ ပြီးတော့ ငတ်နေတုန်း ရတဲ့ ရေမို့ ကျေးဇူးလည်းတင်မိပါတယ်။ကိုယ့်အတွေးလေးနဲ့ကိုယ် ကျေနပ်ရင်း..အဲ့ဒီ ရေသန့်ဗူးလေးတစ်ကဒ်ကတော့ကျွန်တော် ဘ၀ မှာ သောက်ဖူးသမျှ ထဲက အချိုဆုံး ရေတွေပါပဲ..။ မောင်စစ်]()
ရေသန့်ဗူးခွံလေး မြင်တော့ အမှတ်မထင် တစ်ခါက ဓားပြကွေ့ကို သတိရတယ် ။မရည်ရွယ်ပဲနဲ့ သတိလည် လာတဲ့ အတိတ်လို့ ဆိုရမှာပေါ့ ။
ကျောင်းပြီးလို့ ၄ နှစ်ကျော်ကျော် ခွဲနေခဲ့တဲ့ မိခင်တပ်ကို ပြန်ရောက်တော့ တပည့်ရဲဘော်တွေက လွဲလို့ တပ်ရေးဗိုလ်ကြီးတပ်ထောက်ဗိုလ်ကြီး ၊ရင်းမှူး ၊ ဒု ရင်းမှူးအားလုံးက အသစ်။ အချိန်က ၂၀၁၂ ခုနှစ် ၃ လပိုင်းလောက်ပေါ့ ။ကျွန်တော်တပ်ဆိုတာက သိန်းနီ
တပ်ရဲ့ စကခ ၁၆ လက်အောက်ခံတပ် တစ်တပ် ၊ ရှမ်းပြည်နောက်မြောက်ပိုင်းမှာရှိတယ်။သတင်းပို့ပြီး နောက်တစ်နေ့ပဲ တာဝန်က စရတယ် ။
ကျွန်တော် အပါအ၀င် ၆ ယောက် လူကြီးခရီးစဉ်ရှိလို့ လမ်းလုံခြုံရေးယူရတယ်။ လမ်းလုံခြုံရေးက အင်အားနည်းနေတာကြောင့် ကျွန်တော်တို့ သုံးဖွဲ့ခွဲလိုက်တာပေါ့ ။ ၂ ယောက် ၁ တွဲ ပေါင်း ၃ တွဲပေါ့ ။ ကျွန်တော်အပါ တပ်ကြပ် တစ်ယောက်က တစ်တွဲ
။ကျန်တဲ့ ၂ တွဲကလည်း တာဝန်အသီးသီးပေးလိုက်တယ်။ ဘယ်အချိန်ဆုံမယ် ဆိုတာလဲ ပြောလိုက်တာပေါ့။
နွေကလည်းသူပြယုဂ်ကို အပီအပြင် အကောင်အထည်ဖော်တယ် ။ ပူလိုက်တာလဲ အရမ်းပဲ ။ကျွန်တော် တာဝန်ယူတဲ့နေရာက သိန်းနီ-ကွတ်ခိုင် ကြားက ဓားပြကွေ့ ဆိုတာမှာ တာဝန်ယူလိုက်တယ်။ အဲ့နေရာက SSA ၀မ်ဟိုင်းအဖွဲ့က လက်နက် ခိုးသယ်ဆိုတဲ့ သတင်းတွေ ရနေတာကြောင့်လည်းပါတယ်။ဓားပြကွေ့ ဆိုတာ အဲ့ဒီကွေ့လေးမှာ ဓားပြ တိုက်မှု အဖြစ်များလွန်းလို့ အမည်တွင်လာတာလို့
ဒေသခံတွေ ပြောပြလို့ သိရတယ်။ တကယ်လဲ တိုက်ခိုက်လို့ ကောင်းတဲ့ နေရာတစ်ခုပဲ ။ ဟိုးအရင်ကတော့ သစ်ပင် ပန်းပင်တွေ ရှိကောင်းရှိ
မှာပေါ့ ။ အခုတော့ ဘာအပင်မှ မရှိတော့ဘူး ။ တောင်ကတုံးကြီး တွေ ပတ်ပတ်လည်နဲ့။ကျွန်တော်နဲ့ တပည့်က အမြင့်ဆုံး
တောင်ကုန်းမှာ နေရာယူလိုက်တယ်။ပတ်ဝန်းကျင် လှုပ်ရှားမှု ကို ကျွန်တော်တို့က ဆီးမိုးပြီးမြင်နိုင်အောင်ပေါ့ ။ အောက်က ကားတွေ သွားနေတာလဲ တွေ့နိုင်တယ်။နေကလဲလည်း ပူလိုက်တာ ကြိုက်ကြိုက်ဆူပဲ ။ ကျွန်တော်နဲ့ ကျွန်တော် တပည့်က ပါလာတဲ့ စစ်မိုးကာလေးတွေကို
ဝါးတန်းလေးထိုးကာပြီး အရိပ်ရအောင်နေရတယ်။လုံခြုံရေး ဆိုပေမယ့် အမှန်တော့ အဲ့ဒီနယ်မြေကို တာဝန်ခံရတာပဲ။ အဲ့ဒီ ကိုယ့်ကိုသတ်မှတ်ပေးထားတဲ့ နေရာမှာ ထိခိုက်မှု တစ်ခုခု ဖြစ်ရင် တာဝန်ယူတဲ့ အရာရှိက အရေးယူခံရတယ်။
ကျွန်တော် တပည့်ဆိုတာက ကျွန်တော်နဲ့ အခုမှသိတဲ့ ရဲဘော်တော့ မဟုတ်ဘူး ။ သူက တပ်ကြပ် ။ ကျွန်တော် ဒုဗိုလ် ဘ၀တုန်းကသူက ကျွန်တော် တပ်စု လစာကြပ် လုပ်လာခဲ့တာဆိုတော့ ဆရာတပည့်တွေလို့ပြောလို့ရတယ်။ဆရာတပည့်ဆိုပေမယ့်.အပြန်အလှန် ရှိသေးတယ်။ ကျွ
န်တော်က ရာထူးအရသာ သူ့ဆရာ စစ်သက်နဲ့ အတွေ့အကြုံအရတော့ကျွန်တော်က သူ့တပည့်ပဲ။သူ့စစ်သက်က ကျွန်တော် အသက် ၃ပုံ ၂ ပုံလောက်ရှိတယ်။ တိုက်ပွဲပေါင်းများစွာ တိုက်ဖူးတယ်။ကရင်ဂွင် ၊ ကယားဂွင် ၊သူတော်တော်များများ တိုက်ဖူးတယ်။ပျင်းတဲ့အခါ "ဟေ့ .လစာကြပ်ကြီး ခင်ဗျားတိုက်ပွဲ အတွေ့အကြုံလေးပြောစမ်းပါအုံးဗျ"လို့ နည်းနည်းလေး မဟလိုက်နဲ့ ..တော်ပါတော့ လို့ ပြောယူရလောက်အောင် ပြောတာ။ဒါပေမယ့်ကျွန်တော် သူတို့ကို နားလည်ပါတယ်။ သူတို့ဟာကိုယ့်အထက်အရာရှိက ကိုယ့်အကြောင်းစိတ်ဝင်တစားမေးလာရင် သိပ်ပြောချင်ကြတာလို့ ကျွန်တော် ထင်တယ်။သူတို့ ဒုက္ခတွေအကြောင်း ပြောပြမယ်၊ သူတို့ ဘ၀တွေ အကြောင်း ၊ သူတို့ ရဲ့ တိုက်ပွဲတွေအကြောင်း ၊ သူတို့ ကြုံခဲ့တဲ့ အကောင်း/အဆိုး အရာရှိတွေအကြောင်း အားလုံးအားလုံးသော သူတို့အကြောင်းတွေကို ပြောပြပါလိမ့်မယ်။ ဒါကို ကျွန်တော် တို့က ယုံတာမယုံတာ အပထား
သေသေချာချာ နားထောင်ပေးသင့်တယ်လို့ ကြုံတုန်း ညီငယ်တွေကိုလဲ စကားလက်ဆောင်ပါးချင်ပါတယ်။ဒါမှ ငါတို့ ဗိုလ်လုံက ၊ ငါတို့ အရာ
ရှိက ငါတို့ပြောတာကို သေချာနားထောင်ပေးတယ်ဆိုတဲ့ ယုံကြည်မှု မျိုးသူတို့စိတ်ထဲမှာ ကိန်းအောင်းသွားမှာပါ။ မဟုတ်ပဲ ငါအရာရှိ ၊ မင်းက
လက်အောက်ငယ်သား ငါပြောတာ မင်းလုပ် ၊ စကားမရှည်နဲ့ ဆိုတဲ့ ပုံစံမျိုးသွားမလုပ်မိပါစေနဲ့ ဒါဟာ ခေါင်းဆောင်မှု ရဖို့ ဆန့်ကျင်ဘက် အသွင်ဆောင်တဲ့ ကိစ္စရပ်တွေမို့ သတိထားပြီးရှောင်စေချင်ပါတယ်။ပြန်ဆက်ရရင်...ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက် လုံခြုံရေးယူတယ်ပေါ့ဗျာ ။ လုံခြုံရေးဆိုပေမယ့် နေခင်းဘက်ဆိုတော့ နည်းနည်းပေါ့ပေါ့ပါးပါးပေါ့ ။ ၂ နာရီ တစ်ခါလောက်တော့ ပတ်ဝန်းကျင်ကို ရှင်းတယ်။
ကျန်တဲ့ အချိန်ကတော့ ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက် နေပူကျဲတဲ စစ်မိုးကာ တဲလေးရဲ့ အရိပ်ကိုခိုပြီး တစ်ယောက်တစ်လှည့်မှေးတာပေါ့ (အိပ်လို့တော့ပျော်ပါဘူး)။ ကျွန်တော်တပည့် အိပ်နေတော့ ကျွန်တော်က ကင်းစောင့်ရတာပေါ့ (အမှန်တော့ ရှေ့ထွက်ထိုင်နေ
တာပါ :D) ။ တပ်ကြပ် အိပ်နေတာကို အရာရှိက ကင်းစောင့်တယ်ဆိုလို့ ခင်ဗျားတို့က ယုံချင်မှ ယုံမယ်။ဒါပေမယ့် ကျွန်တော် တကယ်လုပ်ဖြစ်ခဲ့တာပါ ။ တပ်တာဝန်တွေ ထမ်းဆောင်တဲ့အခါ အထက်/အောက် ဆိုတဲ့ စကားလုံးထက် ရဲဘော်ရဲဘက် စိတ်ဆိုတာကို ပိုသဘောကြပါတယ်။
ကျွန်တော် တပည့်က ကင်းစောင့်ပြီး ကျွန်တော်က တစ်နေ့ကုန် နေရိပ်ထဲမှာ မှေးနေလို့ မရဘူးလား ။ ရပါတယ်။ ဒါပေမယ့်ဗျာ. သူလည်းလူပဲလက်အောက်ငယ်သားနဲ့ အရာရှိဆိုပေမယ့် သူလည်း နားချင်မှာပေါ့ ။ ပြီးတော့ သူက ကျွန်တော် ထက်တောင် အသက်ကြီးသေးတယ်။
ကျွန်တော်ကမှ သန်တုန်းမြန်တုန်း ၂၃ လို့ ဆိုရမယ်။ သူက တွံ့တေးသိန်းတန်ရဲ့ လေးဆယ်ကျော် ငါးနှစ်အတွင်းမှာ ဖြစ်နေပြီ ။သူက အထက်အရာရှိ ဆိုတဲ့ အသိနဲ့ ညှာရင် ၊ ကိုယ်ကလည်း အသက်ကြီးတဲ့ ကိုယ့်လက်အောက်ငယ်သားပါလားဆိုတဲ့ အသိနဲ့ ညှာရမှာပေါ့။
ဒီတော့ တစ်ယောက်တစ်လှည့် နားဖို့ နားလည်မှု စာချွန်လွှာရေးထိုးထားတာပေါ့ ။
တစ်ချိန်တော့ ကျွန်တော် တပည့်ကျော် တော်တော် အိပ်မောကျနေတယ်။ ကျွန်တော်ကလည်း နေအရမ်းပူတော့ ရေအရမ်းဆာတယ်။ ရေက သောက်စရာလည်းမရှိတော့ဘူး ။ဒါနဲ့ အကြံအိုက်နေရော ။ရေရအောင်ဘယ်လိုကြံရပါ့ လို့ စဉ်းစားမိတော့ ...ကားလမ်း ဘက်ကို
ဆင်းဖို့ သတိရတယ် ။အကြံက ကားလမ်းဘက် ဆင်းမယ်..ပြီးရင် ကုန်ကားတွေလာရင် ရေတော့ပါလာမှာပဲ တစ်ဗူးလောက်ပေးဖို့ တောင်းမ
ယ်ပေါ့ ။ မြန်မာလူမျိုး တွေ ဒီလောက်တော့ မေတ္တာမခမ်းဘူးဆိုတာယုံလည်းယုံတယ် သိလည်းသိတယ်။ဒါနဲ့ အားနာနာနဲ့ပဲတပည့်ကို လှုပ်နိုးပြီး
MA 3 ကို ပေးထားခဲ့တယ် ။ ဒါနဲ့ကျွန်တော် အကျင့် ကိုပြောရအုံးမယ် ။လုံခြုံရေးတို့ ရှေ့တန်းတို့ သွားတဲ့အခါ ကျွန်တော်က ဘယ်တော့ မှ အပွင့်တွေ မတပ်ဘူး။ဒီအတိုင်းပဲ ပေတီပေစုတ်လေးပေါ့ ။ပစ္စတိုကို ခါးကြားထဲ ပြီးကားလမ်းဘက်ကို ဆင်းလိုက်တယ်။ ကုန်ကားတွေ လာရင်
တားပြီး ရေဗူးတောင်းကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ကုန်ကားတွေကလည်း မျှော်သာမျှော် ...ပေါ်မလာသော်...ဇာတ်ခင်းနေတဲ့အတိုင်းပဲတစ်စီးမှ ပေါ်မလာဘူး ။ လိုချိန်မို့လို့ ရှားတာလဲ ပါမယ်။ ကျွန်တော် မျှော်တာက မူဆယ်-မန္တလေး သွားတဲ့ ကုန်ကား ။ တွေ့ရတာက မန္တလေး
-မူဆယ် သွားတဲ့ ကုန်ကားတွေကြီးပဲ ။ မန္တလေး-မူဆယ် သွားတဲ့ ကုန်ကားတွေ ရော တားလို့ မရဘူးလားလို့ မေးစရာရှိတယ်။ တားရင်တော့ ရပ်ပေးချင်ရပ်ပေးမှာပါ ။ ဒါပေမယ့် အတက်လမ်းက ဘယ်လိုမှ တားဖို့ အဆင်မပြေဘူး ။ အထူးသဖြင့် ဂ ငယ် ကွေ့လိုပုံစံ ဆိုတော့ ကားတွေ
ရပ်ပေးဖို့ အဆင်မပြေဘူးပေါ့ ။အဲ့တော့ အားနာတာနဲ့ ပဲ မန္တလေး-မူဆယ် သွားတဲ့ ကုန်ကားတွေဆို မတားဖြစ်ဘူး။ဒီအတိုင်းပဲ ကျွန်တော်ကုန်တင်ကားကို ပေပြီး စောင့်နေတုန်း..ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းမှာ မန္တလေး-မူတယ် သွားမယ့် express တစ်စီး ရပ်ပြီး ကားသမားက
ကျွန်တော် ကို ဦးတည်ပြီး လှမ်းခေါ်နေတယ်။ ကျွန်တော်လည်း ပထမတော့ ကြည့်တိကြောင်တောင်ပေါ့ ..။ သူက "ဟေ့..ရဲဘော်..ဟေ့ရဲဘော်"လို့ ခေါ်တာကိုး ဗျ။ အစက ကျွန်တော် ခေါ်တယ် မထင်ဘူး နောက်မှ သူ ကျွန်တော်ကို ကြည့်ပြီး ခေါ်နေတယ်ဆိုတာ သိလိုက်တယ်။နောက်မှကိုယ့်ကိုကိုယ်ပြန်သတိထားမိပြီး..ဟုတ်သားပဲ ငါ အပွင့်မတပ်ထားတော့ ရဲဘော်ပဲ ထင်လို့ဖြစ်မှာပေါ့ဆိုပြီး..ကားနားကို သွားလိုက်တယ်။ ကားသမားက စ ပြောတယ် "ခင်ဗျားတို့ ဒီမှာ ကင်းစောင့်နေတာလား"တဲ့ ..။ ကျွန်တော်ကလည်း "ဟုတ်ပါတယ် ..ဘာကူညီရမလဲ"လို့ ဆိုတော့..သူက "မဟုတ်ပါဘူး...ရပါတယ်..ခင်ဗျားတို့ ပူလိုက်တာဗျာ"တဲ့ ..ပြီးတော့ စပယ်ယာ ကောင်လေးကို "ဟေ့..ရေတစ်ကဒ် လောက် ရဲဘော်ကို ပေးလိုက်ကွာ"လို့ တဆက်တည်းပြောသံကြားတော့..ရင်ထဲမှာ လှိုက်ခနဲ ကြိတ်ပျော်သွားတယ်.။ ဒါပေမယ့် "ဟာ..နေပါစေ ရပါတယ်.."လို့ဘယ်လို ဘယ်လို ငြင်းမိသွားလဲ မသိဘူး။....ကားသမားက ဆက်ပြောတယ်.."ယူသွားပါဗျာ..ခင်ဗျားတို့အခုရေမဆာလည်းနောက်တော့ ဆာမှာပေါ့ ဒီလောက်ပူတာ ""ယူလိုက်ပါ ..ရေတစ်ကဒ်က ဘာမှ တန်ကြေးမရှိပါဘူး ။ခင်ဗျားတို့ ဒီလိုကင်းစောင့်ပေးလို့ ကားတွေ အေးအေးလူလူသွားရတာဗျ ၊ အရင်ကဆို ဒီလို မသွားရဲဘူး..ကဲသွားပြီဗျာ"လို့ ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကားကို ဂီယာထိုးပြီး ထွက်သွားတယ်။
ကျွန်တော် မှာ ရေတစ်ကဒ် နဲ့ အတူ ကား မောင်းသွားတဲ့ နောက်မှာ တစ်စစ နဲ့ ကျန်ခဲ့ တယ်..။ကျွန်တော် တို့ကို ကျေးဇူးတင်တဲ့အနေနဲ့
ပေးတဲ့ ရေမို့ ၀မ်းလည်းသာတယ် ၊ ပြီးတော့ ငတ်နေတုန်း ရတဲ့ ရေမို့ ကျေးဇူးလည်းတင်မိပါတယ်။ကိုယ့်အတွေးလေးနဲ့ကိုယ် ကျေနပ်ရင်း..အဲ့ဒီ ရေသန့်ဗူးလေးတစ်ကဒ်ကတော့ကျွန်တော် ဘ၀ မှာ သောက်ဖူးသမျှ ထဲက အချိုဆုံး ရေတွေပါပဲ..။
ဦး စစ်မင်း
မောင်စစ်