Quantcast
Viewing all articles
Browse latest Browse all 1811

အစ်မ

Image may be NSFW.
Clik here to view.
အစ်မ  ------ အညွန့်အဖူးတွေ မလိုခဲ့ ဘူး အကောင်းစားတွေမပါခဲ့ ဘူး တန်းကြေးကြီး ဆိုတာတွေ နဲ့  မအပ်စပ်ခဲ့ပါဘူး ...  အနစ်နာမှာဘယ်အရာတွေရှိသလဲ ...  ဝေပုံကျဇီးထုပ်လေးတစ်ဝက် ကောက်စိုက်ခလေး တစ်ရာ ၊ နှစ်ရာ ခေါင်းပူအောင် ရွက်လာခဲ့ တဲ့  ထန်းလျှက် ခဲ တစ်လုံး  အဲဒီ အရာတွေအားလုံး  ရှိ တယ် .... ။  စေတနာမှာ ဘယ်အရာတွေပါသလဲ ...  မောင်လေးတွက်ဆိုတဲ့ လွယ်အိတ် လေးတွေပါတယ် ညီမလေးတွက် ဆိုတဲ့  ပိတ်စ ကလေးတွေပါတယ် အစ်မ ရဲ့ အိမ်ထောင်စု စာရင်းက လေးတန်းအောင် ဆိုတဲ့ မှတ်ချက်ကလေးပါ ပါတယ် ...။  မေတ္တာမှာ ဘယ်အရာတွေရှိသလဲ ...  လူလေးဆိုတဲ့ ခေါ်သံလေးတွေပါတယ် ကို့ယို့ကားယား လက်ရေးလေးတွေပါတယ် လက်ဖြစ် အကြော်ဗူးလေးတွေပါတယ် လုံချည်ခါးမှာလိပ်ထားတဲ့  ဈေးဖိုး အကြွေလိပ်ကလေးတွေ ပါပါတယ် ....။  စာအုပ်နဲ့ မှတ်ထားရမဲ့  ဆုံးမ စကား မပြောတတ်သူတွေဆီမှာ ရင်ဘက်နဲ့ မှတ်ထားရမဲ့  အဆုံးအမ တွေ အသေချာရှိတယ် ....။  (ရုပ်ဆိုး)


အညွန့်အဖူးတွေ မလိုခဲ့ ဘူး
အကောင်းစားတွေမပါခဲ့ ဘူး
တန်းကြေးကြီး ဆိုတာတွေ နဲ့
မအပ်စပ်ခဲ့ပါဘူး ...

အနစ်နာမှာဘယ်အရာတွေရှိသလဲ ...

ဝေပုံကျဇီးထုပ်လေးတစ်ဝက်
ကောက်စိုက်ခလေး တစ်ရာ ၊ နှစ်ရာ
ခေါင်းပူအောင် ရွက်လာခဲ့ တဲ့
ထန်းလျှက် ခဲ တစ်လုံး
အဲဒီ အရာတွေအားလုံး ရှိ တယ် .... ။

စေတနာမှာ ဘယ်အရာတွေပါသလဲ ...

မောင်လေးတွက်ဆိုတဲ့
လွယ်အိတ် လေးတွေပါတယ်
ညီမလေးတွက် ဆိုတဲ့
ပိတ်စ ကလေးတွေပါတယ်
အစ်မ ရဲ့ အိမ်ထောင်စု စာရင်းက
လေးတန်းအောင် ဆိုတဲ့ မှတ်ချက်ကလေးပါ ပါတယ် ...။

မေတ္တာမှာ ဘယ်အရာတွေရှိသလဲ ...

လူလေးဆိုတဲ့ ခေါ်သံလေးတွေပါတယ်
ကို့ယို့ကားယား လက်ရေးလေးတွေပါတယ်
လက်ဖြစ် အကြော်ဗူးလေးတွေပါတယ်
လုံချည်ခါးမှာလိပ်ထားတဲ့
ဈေးဖိုး အကြွေလိပ်ကလေးတွေ ပါပါတယ် ....။

စာအုပ်နဲ့ မှတ်ထားရမဲ့
ဆုံးမ စကား မပြောတတ်သူတွေဆီမှာ
ရင်ဘက်နဲ့ မှတ်ထားရမဲ့
အဆုံးအမ တွေ အသေချာရှိတယ် ....။

(ရုပ်ဆိုး)


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>