Quantcast
Viewing all articles
Browse latest Browse all 1811

ကိုရီးယား ဧည့်လမ်းညွှန်ဆိုတာ

Image may be NSFW.
Clik here to view.
Photo: ကိုရီးယား ဧည့်လမ်းညွှန်ဆိုတာ . . . .  ကျွန်မတို့ ဧည့်လမ်းညွှန် တွေ ဟာ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာန၏ ဧည့်လမ်းညွှန် သင်တန်း တက် ရောက်ခွင့် ရ ရန် အထူးကြိုးစား အားထုတ်ကြရပါတယ်။အင်္ဂလိပ်လို မေး မြန်းသမျှေ သာ မြန်မာနိုင်ငံ ရဲ့ သမိုင်း ကြောင်းများ အပါအဝင် အထွေထွေ ဗဟုသုတ မေးခွန်းတွေနဲ့ ခက်ခဲသော အက်ဆေးခေါင်းစဉ် တွေကိုဖြေဆို ကျော်လွှားခဲ့ ရပါတယ်။ ၂၀၀၆ခုနှစ်လိုခရီး သည်အဝင်နည်းတဲ့အချိန်အခါဖြစ်နေခဲ့ တော့သင်တန်းတက်ခွင့်ဖောင် လူတစ် ထောင် ပြည့်မှ သာ ခေါ်ယူစစ်ဆေး ပေးခဲ့  ပြီး လူတစ် ရာကိုသာ ရွေးချယ် ခေါ်ယူခဲ့ ပါတယ်။ အဲ့ဒီလူတစ်ရာဟာ သုံးလထရိန်နင်မှာဘာ သာ ရပ် ပေါင်း များစွာကို ကောင်းစွာ ဆည်းပူးခဲ့  ရပါတယ်။ ပြီး တော့ လိုင်စင်တက်စ် ဆိုတဲ့ လူေ တွ့စစ် ဆေးမှုကို ခက်ခဲစွာ ဖြတ် ကျော်ခဲ့  ရပါတယ်။ တစ်ချို့ဆို ရင် လိုင်စင်တက်စ်မှာတင် နှစ်နှစ် သုံးနှစ် ဖြေဆိုခဲ့ ကြရပါတယ်။ ကျွန်မတို့Other Language တွေ ဟာ လူ တွေ့ စစ် ဆေးမှုမှာ အင်္ဂလိပ်လိုေ ရာ ဖြေဆို ရ ပြီး ၊ သက်ဆို င် ရာ ဘာ သာစကား တွေကိုလည်း နိုင်ငံ ခြားဘာ သာတက္ကသိုလ်က ပါမောက္ခတွေ ရှေ့မှောက်မှာမူ ရင်းဘွဲ့လက်မှတ်ကို ပြသ ပြီး ဖြေဆိုခဲ့  ရပါတယ်။  မြန်မာလူမျိုး တွေ ရဲ့ နွားလှည်းဒီဇိုင်းမှာ အောက်ပြည် အောက်ရွာက လှည်းဒီဇိုင်း အထက် ပြည် အညာက လှည်းဒီဇိုင်းတွေ ၊ လူနေအိမ် တွေရဲ့ ဒီဇိုင်းကွဲပြားချက်တွေ ၊ စေတီပုထိုးတွေ ရဲ့ ဗိသုကာလက်ရာတွေကို မြင်လိုက်တာနဲ့ ခွဲ ခြား တတ်အောင်တွေထိ သင်ယူခဲ့ရပါတယ်။ အရင်ကတစ်ပင်တိုင် အက ဆိုရင်ဘာမှန်းမသိခဲ့ရာကနေ ကကွက် ဆယ့်ခြောက်ကွက် ရှိတာ တွေသိလ ရ ပြီး... တစ်ကွက် ခြင်း ရဲ့ အနက်အဓိပ္ပါယ် တွေကို သင်ယူခဲ့ ရတော့မှ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ကြီးကျယ် မြင့်မားတဲ့ အနုပညာ အစွမ်း တွေကို သိ ရှိခဲ့ ရပါတယ်။အဲ့ဒီကကွက် တွေထဲက လေး တော်တင်တဲ့ ကကွက်ကိုတော့ တော်တော်ကြီး ချီးကျူးအံ့သြ ဂုဏ်ယူမိခဲ့ပါတယ် . . .။ဘာလို့လည်း ဆိုတော့ တစ်ပင်တိုင်မင်းသမီးဟာ နိုင်ငံ တော်မှာ အကြောင်းအမျိုမျိုး ကြောင့် ထီးမွေနန်မွေ ဆက်ခံမယ့် မင်းသားမရှိ တော့ရင် သော်လည်းကောင်း ဘုရင်နဲ့တကွမင်းညီမင်းသားတွေ ရှေ့တန်းစစ် မြေပြင်ကို ထွက်ကြရရင် သော်လည်းကောင်းတိုင်း ပြည်ကို တာဝန် ယူ အုပ်ချုပ်ခွင့် ရှိတဲ့ အိမ်ရှေ့မင်းသမီး ဖြစ်ပါတယ်တဲ့။ဒီတော့သူမဟာ လိုအပ်ရင် နိုင်ငံတော်ကို ကာကွယ်ဖို့ အဌာရဿပညာ ရပ်တွေကိုလည်း တတ်မြောက်အောင် သင် ယူထားပါတယ် ဆို ပြီး သူမရဲ့ လက်ရုံး ရည်နှင့် နှလုံး ရည်ဆိုင်ရာ ပညာစွမ်းကို ပြသတဲ့ ပြကွက် ဖြစ်နေလို့ပါပဲ။            တိုင်း ရင်းသားလူမျိုး တွေရဲ့ ရိုးရာ ဓလေ့စရိုက်တွေ ၊ လူနေမှုဘဝတွေ၊ ခရီးသွားရာမှာ ယဉ်ကျေးမှု၊ဓလေ့ နှင့် အတွေးအခေါ်မတူတဲ့ အပေါ်မှာ နားလည်စာနာတတ်ဖို့နှင့် လိုက်နာ ရန်အချက်တွေ ၊ ရှောင်ကျဉ် ရမယ့်အချက် တွေ . . . .စတာေ တွကိုလည်း အသေးစိတ် သင်ယူခဲ့ ရပါတယ်။ ဒေသခံ တွေနဲ့ ပြောဆိုဆက်ဆံရာမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေ . . . ၊ ဧည့်သည်အပေါ်မှာ သည်းခံပြီးအစစအရာရာ တာဝန်ယူစောင့် ရှောက်မှုပေးဖို့တွေ . . . ၊နိုင်ငံနဲ့ လူမျိုး ဂုဏ် သိက္ခာကျဆင်းစေမည့်  အချက်အလက်နှင် အပြုအမူ တွေကို ကိုယ်တိုင် မလုပ်မိ မပြောမိဖို့တွေ . .. ၊ဧည့်လမ်းညွှန် တွေဟာ နိုင်ငံတော်ရဲ့မျက်နှာဖုံး တစ် ယောက်အဖြစ်ခံ ယူပြီး ကိုယ်ရည်ကိုယ် သွေးတွေ၊ အတွေးအခေါ်တွေ ၊ အပြုအမူ တွေ.. ကောင်းမွန်အဆင့်ရှိဖို့တွေထိ သင်ကြားပေးခဲ့သလို လူရှေ့သူရှေ့ ထွက်ပြီး စကားမပြောရဲတဲ့ မြန်မာလူငယ်တွေကို လည်း ပြောရဲဆိုရဲ ဖြစ်လာအောင် ၊ သတ္တိရှိ လာအောင် ၊ ရုတ်တရက်ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ရင်ဆိုင် ဖြေရှင်းတတ် အောင် . . . စတာ တွေထိ အသေးစိတ် သင်ပြီး နဂိုရှိ ပြီးသား လူငယ်တွေရဲ့ အရည်အသွေးကို နဂိုင်းထွက်လာအောင် သင်တန်းကျောင်းကြီးက ပေါလစ်ရှ်တင် ပေးခဲ့ပါတယ်။အဓိကသင်ကြား ပေးခဲ့တာ ကတော့ ကိုယ့်နိုင်ငံနဲ့ လူမျိုးကိုချစ်ခင်၊ ကာကွယ်စောင့်ရှောက်လိုစိတ်တွေပါပဲ။  ကျွန်မလည်း ဒီသင်တန်းကျောင်းကြီးကို တက်ခွင့်ရခဲ့တာတွေ ၊ ဧည့်လမ်းညွှန် ဖြစ်ခွင့် ရခဲ့တာတွေကို သိပ်ကို ဂုဏ်ယူခဲ့ မိပါတယ်။ကျွန်မဟာပညာတတ်လူငယ်  ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ အသက်မွေးဝမ်းကြောင်း ပြုခွင့်ရ ပြီး ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်နိုင် တောမယ်လို့ မျှော်လင့်ချက် တွေနဲ့ ပျှော်ရွှင်ခဲ့ရပါတယ်။တကယ်တမ်း လုပ်ငန်းခွင် ထဲကို ဝင်လိုက်တဲ့အခါမှာတော့ ကိုရီးယားခရီးသွား ကုမ္ပဏီ တွေဟာ ကိုရီးယားဂိုက် ဖြစ်တဲ့ ကျွန်မ တို့တစ် တွေကို ခါးခါးသီးသီး ငြင်ပယ်ခဲ့ ကြပါတယ်။ ကျွန်မရဲ့ ပထမဆုံး ဈေးဦး ပေါက် ဧည့်လမ်းညွှန်လုပ်တဲ့ နေ့ရဲ့  ဒုတိယ မြောက် နေ့မှာ မနက်စောစော ကန် တော်ကြီး ဟိုတယ် ရဲ့ ဧည့်ခန်းမမှာ ရှက်ရွံ့နာကျည် ဖွယ်ရာ အတွေ့အကြုံကို ရရှိခဲ့ ပြီး ကိုရီးယား Tour Leaderဟာ ဒေါ်လာတစ်ဆယ်ကို ခပ် ရိုင်းရိုင်း အမူအရာနဲ့ လက်ထဲထိုးထည့် သွားတာကို ခံစားခဲ့ ရပါတယ်။  ကိုရီးယားဆိုရင် စိတ်နာလွန်းလို့ ကိုရီးယား ဇာတ်လမ်းတွဲ တွေ ရုပ်ရှင်တွေကို မကြည့်ချင်တော့တဲ့ကျွန်မဟာ ဧည့်လမ်းညွှန်ဘဝကို စွန့်လွှတ်ပြီး တခြားလမ်း ကြောင်းတစ်ခုကို ပြောင်းလဲပြီး သင်ယူဆည်းပူး လုပ်ကိုင်ခဲ့တာ ၂၀၀၈ ခုနှစ်ကတည်းကပါပဲ။၂ ၀၁၂ခုနှစ် အကုန် လောက်မှာ ကျွန်မရဲ့ ခင်မင်အရင်းနှီးသော သူငယ်ချင်းက ကျွန်မကို တိုင်ပင်ရင်း ရင်ဖွင့် ခဲ့ပါတယ်။ သူတို့အင်္ဂလိပ်ဂိုက် တွေကို ကိုရီးယား ကုမ္ပဏီ တွေက ဟန် ပြအဖြစ် ငှားရမ်း ကြောင်း ၊ ဧည့် နားတဲ့ရာသီမှာ ဝင် ငွေရဖို့လိုက်ပါရ ကြောင်း၊ကိုရီးယား Tour Leader တွေ သည်ဧည့်သည် တွေနဲ့ မြန်မာ ဧည့်လမ်းညွှန်ကို လုံးဝစကားအပြော အရင်းနှီး မခံကြော င်း ၊ မြန်မာဧည့်လမ်းညွှန်တွေ ကို လူလိုသူလို မဆက်ဆံ ကြောင်း ၊ လက် အောက်ငယ် သားအွင် ရိုင်းစိုင်း စွာ ဆက်ဆံခံရကြောင်း၊ .. . . . ၊ . . . .၊.. . . . . . . . . စတာ တွေကို ပြောပြပြီး ငါတို့ဒီလိုပဲ ငြိမ်ခံသင့် သလားးး? ဒါမှမဟုတ် ဘာလုပ် သင့် လဲ . . ..?လို့ ကျွန်မနှင့် တိုင်ပင်ခဲ့ ကြပါတယ်။  ဘာ သာစကား ပေါင်းစုံက ဧည့် လမ်းညွှန် တွေ သာမကဘူး ထိုင်းဘာ သာ ဧည့် လမ်းညွှန်နဲ့ တရုတ်ဘာ သာ ဧည့် လမ်းညွှန် တွေ တောင် သိက္ခာ ရှိ ရှိ နဲ့ မြန်မာ ပြည် ရဲ့ ဧည့်လမ်းညွှန် တွေ အဖြစ် ခေါင်းမော့ ပြီး ရပ်တည်နိုင် နေပေမယ့် ကို ရီး ယား ဧည့်လမ်းညွှန်တွေ ကတော့  ဂုဏ်သိက္ခာ တွေပဲ့ပြီး ရင်း ပဲ့ ၊ကျပြီးရင်း ကျပြီး ဧည့်လမ်းညွှန် လိုင်စင်နဲ့ဧည့်လမ်း ညွှန်ဘဝတွေကို အနှေးနှင့် အမြန် စွန့်ပစ်ကုန်ကြ ရပါတယ်။ ကျွန်မလည်းအဲဒီလိုစွန့်ပစ်ခဲ့ တဲ့  ဧည့် လမ်းညွှန် လိုင်စင် လေးကိုတစ် ရက်လွန် ကြေး ငါး ရာကျပ်နှုန်းနဲ့ ဒဏ် ငွေ တွေ တစ်နင့် တစ်ပိုးဆောင် သက်တမ်း ပြန်တိုး ပြီး ကျွန်မဟာ ၂၀၁၃ခုနှစ်လည်ခန့်မှာ တိုးဂိုက် ပြန်လုပ်ဖို့ ဆုံး ဖြတ်ခဲ့ပါတယ် ။ရှက်စရာ ကောင်း တာကတော့ ကိုရီးယားလို နားလည် ရင်မခေါ်ရဘူး ဆိုတဲ့ ခိုင်မာအား ကောင်းပြီး အတုယူသင့်တဲ့ ကိုရီးယားကုမ္ပဏီတွေ ရဲ့သံမဏိစည်းကမ်း ကြောင့် ကျွန်မဟာ အင်္ဂလိပ်ဧည့်လမ်းညွှန် ပါလို့ ညာ ပြီး ကိုရီး ယားတိုးလီဒါ(Tour Leader)တွေနဲ့ အတူတူ ကုပ် ချောင်း ချောင်းနဲ့ လိုက်ပါခဲ့ရပါတယ်။  မြန်မာနိုင်ငံ သားတစ် ဦး တစ်ေ ယာက်က နာမည်ခံ ပေးထာ ပြီး ကို ရီး ယားလူမျိုး တွေ ပိုင်ဆိုင်တဲ့ ခရီး သွားကုမ္ပဏီ တွေမှာ အဆင့်  မြင့် ပညာ မသင် ယူဘူးတဲ့ ၊ မြန်မာ့ဟိုတယ်နှင့် ခရီး သွား ဝန်ကြီးဌာနမှာ သင်တန်း မတက်ဘူးတဲ့ ၊ တရားဝင်လိုင်စင်မရှိတဲ့ ... Tour Leader ဆိုတာ တွေ ရှိကြပါတယ်။ Tour Leader ဆိုတာ တွေ ဟာ မြန်မာ ပြည်မှာအလုပ်လုပ်ဖူး ပြီး မြန်မာစကားေ ပြာ သင်ယူထားတဲ့မြန်မာ ရည်ဝနေတဲ့ ကိုရီးယားလူမျိုး တွေ ဖြစ်ကြပါတယ်။ သူတို့ဟာေ ရွှတိဂုံဘု ရားတက်တဲ့  နေ့နှင့် ပဲခူးေ ရွှမော် ဓောဘု ရား သွားတဲ့  နေ့တွေမှာ မြန်မာလူမျိုး English Guideတွေ ကို ဟန် ပြအဖြစ် ခေါ်ယူခဲ့ ကြ ပါတယ်။ အဲ့ ဒီ နောက်မှာ တော့  အတင့် ရဲ သထက် ရဲလာ ပြီး တော့  မြန်မာ ဧည့် လမ်းညွှန်တွေကို နှစ် ပေါင်းအတော်ကြာ အောင် လုံးဝမခေါ်တော့ ပါဘူး။ ပြီးခဲ့ တဲ့ ၂၀ ၁ ၂နှစ်ကမှ ပြန်စပြီး ကို ရီး ယား ဘာ သာစကား မတတ်ကျွမ်းတဲ့  English Guide တွေကို မလွှဲ သာလို့ ဟန် ပြအဖြစ် ပြန်လည် ခေါ်ယူခဲ့ပါတယ်။  ကိုရီး ယားလူမျိုးတွေ ဟာ သူတို့ကို မလှန် ရဲတဲ့  မြန်မာလူမျိုးတစ် ယောက်ကိ နာမည်ခံခိုင်း ပြီး လုပ်ကိုင် နေတဲ့ကိုရီး ယားစား သောက်ဆိုင် တွေ၊ကို ရီး ယား လူမျိုးပိုင် ( သို့မဟုတ် )ကို ရီး ယားလူမျိုး ရှယ် ယာပါတဲ့ ဟိုတယ် တွေမှာပဲ ကိုရီး ယား ခရီး သည်တွေကို တည်းခိုစား သောက်ကြစေပါတယ်။ကိုရီး ယားလူမျိုး တွေ နေထိုင် ရာ နေရာ တွေနှင့်စား သောက်ဆိုင် တွေမှာ တရား မဝင်တည်းခိုခန်း တွေဖွင့်ထားပြီး တော့  တစ် ရက်ကို ဒေါ်လာနှစ်ဆယ်နှုန်းနဲ့ တည်းခိုခွင့် ပြုထားတယ်လို့လည်းသိရှိရ ပါတယ်။တစ်ချို့ ကိုရီး ယားလူမျိုး တွေ ဟာ မြန်မာ ပြည်မှာစီးပွားလမ်း ဖြောင့်လာ တော့ အရည်အချင်းရှိ ပြီး လုပ်တတ် ကိုင်တတ် ရှိတဲ့ မြန်မာတိုင်း ရင်း သူ တွေကို လက်ထပ် ပြီး ဇနီး သည် နာမည်နှင့်စီးပွားေ ရး လုပ်ငန်း တွေတည် ထောင် ကြပါတယ်။ဧည့်  သည် ပြည့်လို့ တည်းမရ ၊စားမရမှ သာ တစ် ခြား နေရာဌာနကို စဥ်းစားကြပါတယ် ။ နိုင်ငံ ခြား သားခရီး သည် တွေ ပေး ဆောင် ရတဲ့ Zone Fee ကို မပေး ဆောင်ပဲ အမြဲေ ရှာင် လေ့ ရှိပါတယ်။မလွှဲ သာမှ သာ ဆောင်ကြပါတယ်။အဲ့ လို ပေး ဆောင် ရာမှာလည်း ဧည့်  သည်အေ ရအတွက် လျှော့ဆောင် ပေးဖို့ ဝန်ထမ်း တွေကိုညှိနှိုင်းလေ့ ရှိပါတ ယ်။ ဝန်ထမ်း တွေက လက်မခံ ရင် ဟန် ပြခေါ်လာ တဲ့  မြန်မာဂိုက်ကိုထပ် ပြီး ညှိနှိုင်းခိုင်း တတ်ပါတယ်။ ကင်မရာဖီး လည်းမပေးဘဲ အမြဲ ရှောင်ပါတယ်။         ကို ရီး ယား Tour Leader တွေ ဟာ သူတို့တစ်ေ ယာက်စာ အတွက်လည်းဇုံဖီးကို လုံးဝပေး ဆောင် ခြင်းမရှိပါဘူး။ Tour Leader တစ်ေ ယာက်စာလွတ် ငြိမ်းခွင့် ပေးတဲ့သဘော ကောင်းတဲ့  ဝန်ထမ်း တွေ ရှိသလို(ေ ရွှတိဂုံဘု ရားမှာလည်းလွတ် ငြိမ်း ခွင့် ပေး ပြီး မကောက်ဘူးလို့ ပြောပါတယ်။) စည်းကမ်း အတိုင်း တင်းကျပ်တဲ့ အင်းဝမယ်နုအုတ် ကျောင်းကလို ဝန်ထမ်း တွေလည်း ရှိပါတယ်။ မင်းကွန်းကိုလည်း Zone Fee ကောင်တာပိတ်တဲ့ အချိန်မှ သေချာနောက်ကျပြီး သွားတဲ့  Tour Leader တွေလည်း အများကြီး ရှိပါတယ်။မန္တလေး မြို့ကို လည်ပတ် ရင် ဇုံဖီးမပေး ရတဲ့  နေရာ တွေကိုပဲေ ရွး ပြီး လည်ပတ်ပါတယ် (မဟာဂန္ဓာ ရုံ ၊ ဦးပိန်တံတား ၊ မဟာ မြတ်မုနိ ၊ ကု သိုလ် တော်ဘု ရား) စတဲ့နေရာ တွေ ကို သာ လည်ပတ် ပါတယ်။Zone Fee ကောက်တဲ့နေရာ တွေကိုလုံးဝေ ရှာ င်ကျဥ် ပါတယ်။ဧည့်  သည် တွေက အင်းဝမြို့ကို လည်ပတ်မယ့်  နေ့မျိုးကြမှ မလွှဲ သာ စွာနဲ့ Zone Fee ပေး ဆောင်ကြပါတယ်။ ဒီ တော့ကို ရီး ယားခရီး သည် တွေ လာေ ရာက် ခြင်းဟာ ကျွန်မတို့နိုင်ငံကို အမှိုက်ဖွ ရုံ သက်သက်အဆင့်မျိုး ဖြစ် နေပြီး မြန်မာနိုင်ငံ တော်က ပြည်ပခရီးသွား တွေဆီက ရရှိ ရမယ့် ဝင် ငွေကို အကြီးအကျယ် ထိခိုက်ကာ တိုင်း ပြည်ဝင်ငွေကို အများကြီး နစ်နာဆုံး ရှုံးစေပါတယ်။  ပြီးခဲ့ တဲ့  ဖေဖော်ဝါရီ ၆ ရက် နေ့က မဟာ မြတ်မုနိဘု ရားမှာ ကို ရီး ယား ဧည့် သည် တွေကို ရှင်း ပြနေတဲ့ ကို ရီး ယားTour Leader ကို မြင် တော့  Tour Police အရာ ရှိကို ကျော်မင်း ရောက်လာ ပြီး မြန်မာ ဧည့် လမ်းညွှန် ပါသလားလို့ လာမေးပါတယ်။ ဒီ တော့ Tour Leader က နောက်နားမှာ မတ်တပ် ရပ် နေတဲ့  ကျွန်မကို လက်ညှိုး ထိုး ပြပါတယ်။ ကို ကျော်မင်းက ကို ရီး ယားTour Leader တွေအကြောင်း သူလည်း တော် တော် လေး သိထားပါတယ်တဲ့  ၊ဒါ့ ကြောင့်  သူ့လုပ် ပိုင်ခွင့်  ရှိ သ လောက်ထဲကနေ ကို ယ့် နိုင်ငံ သား ဧည့် လမ်းညွှန် တွေကို စောင့်ေ ရှာက်တာပါတဲ့ ။ မြန်မာ ဧည့် လမ်းညွှန်တစ် ယောက် အဖြစ် နဲ့ ကျွန်မအလုပ်ကတော့  Zone Fee တွေကို ဆောင် ပေး ရပါတယ် ၊ကို ရီး ယား ဧည့် သည် တွေ အိမ် သာ သွားချင် ရင် လိုက်ပို့ရပါတယ်။ သက်ကြီး ရွ ယ်အို တွေပါလို့ လမ်းမလျှောက် နိုင် တော့  ရင် တွဲ ပေး ရပါတယ်။ ဧည့် လမ်းညွှန်အလုပ် ဆိုတာ ဟာ ဝန် ဆောင်မှုပေး ရတဲ့  အလုပ်တစ်ခုပါ။ ဒီ တော့  ကို ယ့်  ဧည့်  သည် တွေ ရဲ့လိုအပ်ချက် တွေကို ဖြည့် ဆည်း ပေးဖို့ တာဝန် ရှိ သလို ကူညီ စောင့် ရှောက်ဖို့လည်းတာဝန် ရှိပါတယ်။ ဒါပေမယ့်  ယခုလုပ် ဆောင် ပေး ရ သမျှတွေ ဟာ ကို ရီး ယားTour Leader မလုပ်ချင်တဲ့  အလုပ်မှန် သမျှကို လုပ် ပေး နေရ ခြင်း ဖြစ်တဲ့ အတွက် ဂုဏ် သိက္ခာပိုင်းကနေ ကြည့် ပြီး ပြော ရ ခြင်း ဖြစ်ပါတယ်။ တခြားနိုင်ငံတကာ ဧည့်  သည် တွေကို ဦး ဆောင် ပြီးဝင့်ကြွားစွာ ရှင်း ပြနေတဲ့  ဧည့် လမ်းညွှန် အချင်းချင်းကြားမှာအားငယ်မကျေနပ် စိတ် တွေကို မြိုသိပ် ပြီး နေရပါတယ်။ ကို ရီး ယားလူမျိုး Tour Leader က စာအုပ်ထဲက ဖတ်လာတဲ့  မြန်မာနိုင်ငံအကြောင်း တွေကို ရှင်း ပြလိုက် ပြီး ရင် သူ့စိတ်နဲ့သူဝေဖန်လိုက်နဲ့. .. . ပြော သမျှကို ဘာမှနားမလည်ချင်ေ ယာင် ဆောင် ပြီး နေပေး ရပါတယ်။ဒီနိုင်ငံ ရဲ့ အစိုး ရနဲ့ လုပ် ရပ် တွေကိုလည်း ဝေဖန်ပါတယ် . . . ၊နိုင်ငံ သား ဖြစ်ခွင့်  ပေး ခြင်း ၊မှတ်ပုံတင်နဲ့ပတ် သတ်တဲ့ စည်းမျဥ်း၊ စည်းကမ်း တွေနှင့်  နိုင်ငံ ခြား သားနှင့်နိုင်ငံ သားကို ခွဲ ခြားဆက်ဆံမှု၊မှတ်ပုံတင် ပေါ်မှာ လူမျိုးနှင့် ဘာ သာ ဖော် ပြမှုတွေ ၊ မြန်မာနဲ့ ယိုးဒယား မတည့် ကြောင်း၊ မြန်မာ တွေက စစ်တိုက် ပြီး အနိုင်ကျင့် ခဲ့ လို့ယိုးဒယား တွေက မြန်မာကို မုန်းတီး ကြောင်း .. .စသ ဖြင့်  တွေကို ပြော လေ့ ရှိပါတယ်။သူတို့ဝေဖန်တာ ဟာ မှားတယ် မှန်တယ် နောက်ထားပါဦး အရင်ဆုံး ဖြစ်လာတဲ့  အကျိုးဆက်ကတော့ ဒီနိုင်ငံ ဒီလူမျိုးကိုပါ အထင်ေ သး သွား ပြီးလူလို သူလို မဆက်ဆံချင်ကြတော့ တာပါပဲ။ ကို ရီး ယား Tour Leader တွေ ရဲ့ နှိမ်နှိမ်ချိုးချိုး အထင် တစ်ေ သး ဆက်ဆံမှုကိုတစ် နေကုန် ရင်ဆိုင်ရပြီး .....ညစာစား ပြီးလို့ ဟိုတယ် ပြန်ေ ရာက်တဲ့ အထိလည်း ကျွန်မရဲ့ ဂိုက်ဖီးကိုမပေးဘဲ အချိ န်ဆွဲထားပါတယ်။ သူတို့တွေ Check In ဝင် ပြီး ဓါတ် လှေကားဆီ တက်ခါနီးမှပဲမပေးချင် ပေးချင်နဲ့ ပေသွား လေ့ ရှိပါတယ်။  ပြီးခဲ့ တဲ့  ခရီးစဥ်တစ်ခုမှာ စကားေ ပြာညင် သာနူးညံ့ပြီး အမူအရာ သိမ် မွေ့ တဲ့  ကို ရီး ယား Tour Leader တစ်ေ ယာက်ကို တွေ့ရပါတယ်။အမရပူ ရစားေ သာက်ဆိုင်မှာ နေ့လည်စာစားကြတော့  ဧည့်  သည်ထဲက မိန်းမပျိုလေး တစ်ေ ယာက်နဲ့ကျွန်မက အင်္ဂလိပ်လို စကားလက်ဆုံကြကြပါတယ်။ကို ရီး ယားလူမျိုး တွေ အသားအေ ရလှပကြောင်း ၊ ကို ရီး ယား ကော်စမတ်တစ် တွေ သုံးလို့ကောင်း ကြောင်းနှင့်  အခုငါ့ေ ရှ့ထိုင် နေတဲ့  မင်းက မိန်းကလေးချင်း အားကျစရာ ကောင်း အောင် လှ ကြောင်း တွေကိုကျွန်မကချီးကျူး ပြောဆို တော့  လူ သား ဖြစ်တဲ့  သူမခမျာလည်း သဘော တွေကျတော့ တာ ပေါ့။ ဒီအချိန်မှာ ပဲ Tour Leader ရောက်လာ ပြီးအဲ့ ဒီမိန်းကလေးကို ကို ရီး ယားဘာ သာစကားနဲ့ နူးနူးညံ့ ညံ့ လေး ပြောလာပါတယ် . . .. ပြောတဲ့ စကားက မြန်မာ ဧည့် လမ်းညွှန်တွေနဲ့ မရောဖို့၊ မြန်မာ ဧည့် လမ်းညွှန်တွေ ဟာ လာအိုနဲ့ ကမ္ဘောဒီး ယား ဧည့် လမ်းညွှန်တွေထက် ဆိုး ကြောင်း ၊ မရင်းနှီး သင့် ကြောင်း အပါအဝင် . . . .ဂုဏ် သိက္ခာကျဆင်း စေအောင် ပြောပါတော့ တယ်။ကျွန်မက နားလည် နေတော့  အသည်းတဆတ်ဆတ်တုန် အောင် ဝမ်းပန်းတနည်း ခံစား ရပါတယ်။ အဲ့ဒီ နောက်မှာ တော့  ကို ရီး ယား အမျိုး သမီး ဟာကျွန်မကိုစကားမေ ပြာတော့  သလို မျက်လုံး ခြင်း တောင် အဆုံမခံ တော့ ပါဘူး။  မြန်မာနိုင်ငံ သား မြန်မာလူမျိုးေ တွက ဘာ သာစကားတစ်ခုခုတတ်ကျွမ်းေ သ်ာလည်း တက္ကသိုလ်ဝင်တန်း မအောင် မြင် ရင် . . . ဝန်ကြီးဌာနရဲ့ သင်တန်း ကျောင်းကို တက်ခွင့် မရှိပါဘူး။ သင်တန်း ကျောင်းမတက် ရလို့ဧည့် လမ်း ညွှန် လိုင်စင်မရှိ ရင် . . . ဧည့် လမ်းညွှန်လုပ်စားခွင့် မရှိပါဘူး။ ဒီ တော့ ကျွန်မမေးချင်တာက ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံ သား တွေကိုတော့  ဒီလို တွေ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတယ်။ နိုင်ငံ ခြား သား တွေကတော့  ကို ယ့် နိုင်ငံ သား တွေကို ကျော် ပြီး မြန်မာနိုင်ငံထဲမှာ လက်တစ်လုံး ခြားေ ရာ ၊ ဗြောင်ေ ရာ လုပ်ပိုင်ခွင့်  တွေ ရ ယူနေတာကို မထိန်းချုပ်ဘဲလွှတ်ထားတာ ဟာ ဘာ ဖြစ်လို့လဲ? နိုင်ငံ ခြား သားတစ် ဦးနဲ့ မြန်မာနို င်ငံ သူတစ် ဦး လက်ထပ် ခြင်း ဟာတရားဝင်ပါသလား? နိုင်ငံ ခြား သားပိုင်လုပ်ငန်း တွေကို ဒီနိုင်ငံ သား တွေက အမည်ခံ ပေးတာ တွေကေ ရာ ဥပဒေနဲ့ ညီညွတ်ပါသလား? အဲ့ ဒီလိုနာမည်ခံမှုအမျိုးမျိုးနဲ့ ပိုင်ဆိုင် မှုတွေကေ ရာတရားဝင်ပါသလား? ဒါတွေကို တားဆီး ချုပ်ကိုင်နိုင်တဲ့  ဥပဒေ တွေ မြန်မာ ပြည်မှာ မရှိလို့လား? ရှိ ရဲ့သားနဲ့ အေ ရး ယူ မှုမပြုဘဲ မသိချင်ေ ယာင် ဆောင် ပြီး ခွင့် ပြုထားတာလား? ဆိုတာတွေကို သိချင်ပါတယ်။ ပြီး တော့  အထူးစုံစမ်းစစ် ဆေးေ ရးဌာနနဲ့ ဟိုတယ်ခရီး ဝန်ကြီးဌာနတွေ ဟာ ဘယ်လိုအခါတွေမှာ အေ ရး ယူ စုံစမ်းမှုတွေလုပ်တာလဲ . .?နိုင်ငံသား တွေ ရဲ့ အခွင့် အေ ရးကိုဘယ်အချိန် တွေမှာ ဘယ်လိုပုံစံမျိုးနဲ့ စောင့်ေ ရှာက် ကာကွ ယ် သလဲ . . .?ဆိုတာလည်း သိချင်ပါတယ်။  ကျွန်မတို့ မြန်မာနိုင်ငံ သား တွေ ဟာ သူများတိုင်း ပြည် တွေမှာ အလုပ်အကို င် သွားလုပ် ရင် အနှိမ်ခံ ၊အနိုင်ကျင့် ခံ ရ ရုံ သာမကဘူး ၊ ပြည်တွင်းမှာပါ အစော်ကားခံ နေရပါလားလို့ တွေးမိ တော့ မြန်မာနိုင်ငံ ရဲ့အုပ်ချုပ်ေ ရးတရားစီ ရင်ေ ရးနဲ့ ဥပဒေတွေအပေါ်မှာ ယုံကြည်မှုနည်း ပြီးသံ သ ယ တွေ များလာပါတယ်။ဂရိပညာ ရှင်ကြီး ဆော့ ခရတ်တိကတော့  နိုင်ငံ တော် ၊ ပြည် သူနှင့်  ဘု ရင်ကို ကာကွ ယ် စောင့်ေ ရှာက်မှုပေးနိုင်တဲ့ အ ရာ ဟာ ဥပဒေပါပဲလို့ေ ပြာ သွားခဲ့ ဖူးပါတယ် ။ ဒီ တော့  မြန်မာနိုင်ငံ သား တွေ ရဲ့ Citizen Right ဆုံး ရှုံး နေရမှုတွေကို ဘယ်လို ဥပဒေတွေကို အသုံး ပြုပြီး ဘယ် အာဏာပိုင် အဖွဲ့အစည်းက ကာကွ ယ် ပေးမှာလဲဆိုတဲ့  မေးခွန်းကို ကို ရီးယားဘာ သာ ဧည့်လမ်းညွှန်တစ် ဦးအနေနှင့်ရော နိုင်ငံ သားတစ် ဦးအနေနဲ့ရော မေး ရပါလိမ့်မယ် ။ မြန်မာနိုင်ငံ သား တစ် ဦးချင်းဆီ ရဲ့ ဘဝတွေမလှ ရင် ဒီ မြန်မာနိုင်ငံ ရဲ့ အနာဂတ်ေ ရာ ပစ္စုပ္ပန်ေ ရာ ဟာလည်း လှပဖို့ အကြောင်းအချက် ရှိမယ်လို့ မထင်ပါဘူး။  နေထက်ထက်အောင်

ကျွန်မတို့ ဧည့်လမ်းညွှန် တွေ ဟာ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာန၏ ဧည့်လမ်းညွှန် သင်တန်း တက် ရောက်ခွင့် ရ ရန် အထူးကြိုးစား အားထုတ်ကြရပါတယ်။အင်္ဂလိပ်လို မေး မြန်းသမျှေ သာ မြန်မာနိုင်ငံ ရဲ့ သမိုင်း ကြောင်းများ အပါအဝင် အထွေထွေ ဗဟုသုတ မေးခွန်းတွေနဲ့ ခက်ခဲသော အက်ဆေးခေါင်းစဉ် တွေကိုဖြေဆို ကျော်လွှားခဲ့ ရပါတယ်။ ၂၀၀၆ခုနှစ်လိုခရီး သည်အဝင်နည်းတဲ့အချိန်အခါဖြစ်နေခဲ့ တော့သင်တန်းတက်ခွင့်ဖောင် လူတစ် ထောင် ပြည့်မှ သာ ခေါ်ယူစစ်ဆေး ပေးခဲ့  ပြီး လူတစ် ရာကိုသာ ရွေးချယ် ခေါ်ယူခဲ့ ပါတယ်။ အဲ့ဒီလူတစ်ရာဟာ သုံးလထရိန်နင်မှာဘာ သာ ရပ် ပေါင်း များစွာကို ကောင်းစွာ ဆည်းပူးခဲ့  ရပါတယ်။ ပြီး တော့ လိုင်စင်တက်စ် ဆိုတဲ့ လူေ တွ့စစ် ဆေးမှုကို ခက်ခဲစွာ ဖြတ် ကျော်ခဲ့  ရပါတယ်။ တစ်ချို့ဆို ရင် လိုင်စင်တက်စ်မှာတင် နှစ်နှစ် သုံးနှစ် ဖြေဆိုခဲ့ ကြရပါတယ်။ ကျွန်မတို့Other Language တွေ ဟာ လူ တွေ့ စစ် ဆေးမှုမှာ အင်္ဂလိပ်လိုေ ရာ ဖြေဆို ရ ပြီး ၊ သက်ဆို င် ရာ ဘာ သာစကား တွေကိုလည်း နိုင်ငံ ခြားဘာ သာတက္ကသိုလ်က ပါမောက္ခတွေ ရှေ့မှောက်မှာမူ ရင်းဘွဲ့လက်မှတ်ကို ပြသ ပြီး ဖြေဆိုခဲ့  ရပါတယ်။

မြန်မာလူမျိုး တွေ ရဲ့ နွားလှည်းဒီဇိုင်းမှာ အောက်ပြည် အောက်ရွာက လှည်းဒီဇိုင်း အထက် ပြည် အညာက လှည်းဒီဇိုင်းတွေ ၊ လူနေအိမ် တွေရဲ့ ဒီဇိုင်းကွဲပြားချက်တွေ ၊ စေတီပုထိုးတွေ ရဲ့ ဗိသုကာလက်ရာတွေကို မြင်လိုက်တာနဲ့ ခွဲ ခြား တတ်အောင်တွေထိ သင်ယူခဲ့ရပါတယ်။ အရင်ကတစ်ပင်တိုင် အက ဆိုရင်ဘာမှန်းမသိခဲ့ရာကနေ ကကွက် ဆယ့်ခြောက်ကွက် ရှိတာ တွေသိလ ရ ပြီး... တစ်ကွက် ခြင်း ရဲ့ အနက်အဓိပ္ပါယ် တွေကို သင်ယူခဲ့ ရတော့မှ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ကြီးကျယ် မြင့်မားတဲ့ အနုပညာ အစွမ်း တွေကို သိ ရှိခဲ့ ရပါတယ်။အဲ့ဒီကကွက် တွေထဲက လေး တော်တင်တဲ့ ကကွက်ကိုတော့ တော်တော်ကြီး ချီးကျူးအံ့သြ ဂုဏ်ယူမိခဲ့ပါတယ် . . .။ဘာလို့လည်း ဆိုတော့ တစ်ပင်တိုင်မင်းသမီးဟာ နိုင်ငံ တော်မှာ အကြောင်းအမျိုမျိုး ကြောင့် ထီးမွေနန်မွေ ဆက်ခံမယ့် မင်းသားမရှိ တော့ရင် သော်လည်းကောင်း ဘုရင်နဲ့တကွမင်းညီမင်းသားတွေ ရှေ့တန်းစစ် မြေပြင်ကို ထွက်ကြရရင် သော်လည်းကောင်းတိုင်း ပြည်ကို တာဝန် ယူ အုပ်ချုပ်ခွင့် ရှိတဲ့ အိမ်ရှေ့မင်းသမီး ဖြစ်ပါတယ်တဲ့။ဒီတော့သူမဟာ လိုအပ်ရင် နိုင်ငံတော်ကို ကာကွယ်ဖို့ အဌာရဿပညာ ရပ်တွေကိုလည်း တတ်မြောက်အောင် သင် ယူထားပါတယ် ဆို ပြီး သူမရဲ့ လက်ရုံး ရည်နှင့် နှလုံး ရည်ဆိုင်ရာ ပညာစွမ်းကို ပြသတဲ့ ပြကွက် ဖြစ်နေလို့ပါပဲ။

တိုင်း ရင်းသားလူမျိုး တွေရဲ့ ရိုးရာ ဓလေ့စရိုက်တွေ ၊ လူနေမှုဘဝတွေ၊ ခရီးသွားရာမှာ ယဉ်ကျေးမှု၊ဓလေ့ နှင့် အတွေးအခေါ်မတူတဲ့ အပေါ်မှာ နားလည်စာနာတတ်ဖို့နှင့် လိုက်နာ ရန်အချက်တွေ ၊ ရှောင်ကျဉ် ရမယ့်အချက် တွေ . . . .စတာေ တွကိုလည်း အသေးစိတ် သင်ယူခဲ့ ရပါတယ်။ ဒေသခံ တွေနဲ့ ပြောဆိုဆက်ဆံရာမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေ . . . ၊ ဧည့်သည်အပေါ်မှာ သည်းခံပြီးအစစအရာရာ တာဝန်ယူစောင့် ရှောက်မှုပေးဖို့တွေ . . . ၊နိုင်ငံနဲ့ လူမျိုး ဂုဏ် သိက္ခာကျဆင်းစေမည့်  အချက်အလက်နှင် အပြုအမူ တွေကို ကိုယ်တိုင် မလုပ်မိ မပြောမိဖို့တွေ . .. ၊ဧည့်လမ်းညွှန် တွေဟာ နိုင်ငံတော်ရဲ့မျက်နှာဖုံး တစ် ယောက်အဖြစ်ခံ ယူပြီး ကိုယ်ရည်ကိုယ် သွေးတွေ၊ အတွေးအခေါ်တွေ ၊ အပြုအမူ တွေ.. ကောင်းမွန်အဆင့်ရှိဖို့တွေထိ သင်ကြားပေးခဲ့သလို လူရှေ့သူရှေ့ ထွက်ပြီး စကားမပြောရဲတဲ့ မြန်မာလူငယ်တွေကို လည်း ပြောရဲဆိုရဲ ဖြစ်လာအောင် ၊ သတ္တိရှိ လာအောင် ၊ ရုတ်တရက်ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ရင်ဆိုင် ဖြေရှင်းတတ် အောင် . . . စတာ တွေထိ အသေးစိတ် သင်ပြီး နဂိုရှိ ပြီးသား လူငယ်တွေရဲ့ အရည်အသွေးကို နဂိုင်းထွက်လာအောင် သင်တန်းကျောင်းကြီးက ပေါလစ်ရှ်တင် ပေးခဲ့ပါတယ်။အဓိကသင်ကြား ပေးခဲ့တာ ကတော့ ကိုယ့်နိုင်ငံနဲ့ လူမျိုးကိုချစ်ခင်၊ ကာကွယ်စောင့်ရှောက်လိုစိတ်တွေပါပဲ။

ကျွန်မလည်း ဒီသင်တန်းကျောင်းကြီးကို တက်ခွင့်ရခဲ့တာတွေ ၊ ဧည့်လမ်းညွှန် ဖြစ်ခွင့် ရခဲ့တာတွေကို သိပ်ကို ဂုဏ်ယူခဲ့ မိပါတယ်။ကျွန်မဟာပညာတတ်လူငယ် ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ အသက်မွေးဝမ်းကြောင်း ပြုခွင့်ရ ပြီး ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်နိုင် တောမယ်လို့ မျှော်လင့်ချက် တွေနဲ့ ပျှော်ရွှင်ခဲ့ရပါတယ်။တကယ်တမ်း လုပ်ငန်းခွင် ထဲကို ဝင်လိုက်တဲ့အခါမှာတော့ ကိုရီးယားခရီးသွား ကုမ္ပဏီ တွေဟာ ကိုရီးယားဂိုက် ဖြစ်တဲ့ ကျွန်မ တို့တစ် တွေကို ခါးခါးသီးသီး ငြင်ပယ်ခဲ့ ကြပါတယ်။ ကျွန်မရဲ့ ပထမဆုံး ဈေးဦး ပေါက် ဧည့်လမ်းညွှန်လုပ်တဲ့ နေ့ရဲ့ ဒုတိယ မြောက် နေ့မှာ မနက်စောစော ကန် တော်ကြီး ဟိုတယ် ရဲ့ ဧည့်ခန်းမမှာ ရှက်ရွံ့နာကျည် ဖွယ်ရာ အတွေ့အကြုံကို ရရှိခဲ့ ပြီး ကိုရီးယား Tour Leaderဟာ ဒေါ်လာတစ်ဆယ်ကို ခပ် ရိုင်းရိုင်း အမူအရာနဲ့ လက်ထဲထိုးထည့် သွားတာကို ခံစားခဲ့ ရပါတယ်။

ကိုရီးယားဆိုရင် စိတ်နာလွန်းလို့ ကိုရီးယား ဇာတ်လမ်းတွဲ တွေ ရုပ်ရှင်တွေကို မကြည့်ချင်တော့တဲ့ကျွန်မဟာ ဧည့်လမ်းညွှန်ဘဝကို စွန့်လွှတ်ပြီး တခြားလမ်း ကြောင်းတစ်ခုကို ပြောင်းလဲပြီး သင်ယူဆည်းပူး လုပ်ကိုင်ခဲ့တာ ၂၀၀၈ ခုနှစ်ကတည်းကပါပဲ။၂ ၀၁၂ခုနှစ် အကုန် လောက်မှာ ကျွန်မရဲ့ ခင်မင်အရင်းနှီးသော သူငယ်ချင်းက ကျွန်မကို တိုင်ပင်ရင်း ရင်ဖွင့် ခဲ့ပါတယ်။ သူတို့အင်္ဂလိပ်ဂိုက် တွေကို ကိုရီးယား ကုမ္ပဏီ တွေက ဟန် ပြအဖြစ် ငှားရမ်း ကြောင်း ၊ ဧည့် နားတဲ့ရာသီမှာ ဝင် ငွေရဖို့လိုက်ပါရ ကြောင်း၊ကိုရီးယား Tour Leader တွေ သည်ဧည့်သည် တွေနဲ့ မြန်မာ ဧည့်လမ်းညွှန်ကို လုံးဝစကားအပြော အရင်းနှီး မခံကြော င်း ၊ မြန်မာဧည့်လမ်းညွှန်တွေ ကို လူလိုသူလို မဆက်ဆံ ကြောင်း ၊ လက် အောက်ငယ် သားအွင် ရိုင်းစိုင်း စွာ ဆက်ဆံခံရကြောင်း၊ .. . . . ၊ . . . .၊.. . . . . . . . . စတာ တွေကို ပြောပြပြီး ငါတို့ဒီလိုပဲ ငြိမ်ခံသင့် သလားးး? ဒါမှမဟုတ် ဘာလုပ် သင့် လဲ . . ..?လို့ ကျွန်မနှင့် တိုင်ပင်ခဲ့ ကြပါတယ်။

ဘာ သာစကား ပေါင်းစုံက ဧည့် လမ်းညွှန် တွေ သာမကဘူး ထိုင်းဘာ သာ ဧည့် လမ်းညွှန်နဲ့ တရုတ်ဘာ သာ ဧည့် လမ်းညွှန် တွေ တောင် သိက္ခာ ရှိ ရှိ နဲ့ မြန်မာ ပြည် ရဲ့ ဧည့်လမ်းညွှန် တွေ အဖြစ် ခေါင်းမော့ ပြီး ရပ်တည်နိုင် နေပေမယ့် ကို ရီး ယား ဧည့်လမ်းညွှန်တွေ ကတော့  ဂုဏ်သိက္ခာ တွေပဲ့ပြီး ရင်း ပဲ့ ၊ကျပြီးရင်း ကျပြီး ဧည့်လမ်းညွှန် လိုင်စင်နဲ့ဧည့်လမ်း ညွှန်ဘဝတွေကို အနှေးနှင့် အမြန် စွန့်ပစ်ကုန်ကြ ရပါတယ်။ ကျွန်မလည်းအဲဒီလိုစွန့်ပစ်ခဲ့ တဲ့  ဧည့် လမ်းညွှန် လိုင်စင် လေးကိုတစ် ရက်လွန် ကြေး ငါး ရာကျပ်နှုန်းနဲ့ ဒဏ် ငွေ တွေ တစ်နင့် တစ်ပိုးဆောင် သက်တမ်း ပြန်တိုး ပြီး ကျွန်မဟာ ၂၀၁၃ခုနှစ်လည်ခန့်မှာ တိုးဂိုက် ပြန်လုပ်ဖို့ ဆုံး ဖြတ်ခဲ့ပါတယ် ။ရှက်စရာ ကောင်း တာကတော့ ကိုရီးယားလို နားလည် ရင်မခေါ်ရဘူး ဆိုတဲ့ ခိုင်မာအား ကောင်းပြီး အတုယူသင့်တဲ့ ကိုရီးယားကုမ္ပဏီတွေ ရဲ့သံမဏိစည်းကမ်း ကြောင့် ကျွန်မဟာ အင်္ဂလိပ်ဧည့်လမ်းညွှန် ပါလို့ ညာ ပြီး ကိုရီး ယားတိုးလီဒါ(Tour Leader)တွေနဲ့ အတူတူ ကုပ် ချောင်း ချောင်းနဲ့ လိုက်ပါခဲ့ရပါတယ်။

မြန်မာနိုင်ငံ သားတစ် ဦး တစ်ေ ယာက်က နာမည်ခံ ပေးထာ ပြီး ကို ရီး ယားလူမျိုး တွေ ပိုင်ဆိုင်တဲ့ ခရီး သွားကုမ္ပဏီ တွေမှာ အဆင့်  မြင့် ပညာ မသင် ယူဘူးတဲ့ ၊ မြန်မာ့ဟိုတယ်နှင့် ခရီး သွား ဝန်ကြီးဌာနမှာ သင်တန်း မတက်ဘူးတဲ့ ၊ တရားဝင်လိုင်စင်မရှိတဲ့ ... Tour Leader ဆိုတာ တွေ ရှိကြပါတယ်။ Tour Leader ဆိုတာ တွေ ဟာ မြန်မာ ပြည်မှာအလုပ်လုပ်ဖူး ပြီး မြန်မာစကားေ ပြာ သင်ယူထားတဲ့မြန်မာ ရည်ဝနေတဲ့ ကိုရီးယားလူမျိုး တွေ ဖြစ်ကြပါတယ်။ သူတို့ဟာေ ရွှတိဂုံဘု ရားတက်တဲ့  နေ့နှင့် ပဲခူးေ ရွှမော် ဓောဘု ရား သွားတဲ့  နေ့တွေမှာ မြန်မာလူမျိုး English Guideတွေ ကို ဟန် ပြအဖြစ် ခေါ်ယူခဲ့ ကြ ပါတယ်။ အဲ့ ဒီ နောက်မှာ တော့  အတင့် ရဲ သထက် ရဲလာ ပြီး တော့  မြန်မာ ဧည့် လမ်းညွှန်တွေကို နှစ် ပေါင်းအတော်ကြာ အောင် လုံးဝမခေါ်တော့ ပါဘူး။ ပြီးခဲ့ တဲ့ ၂၀ ၁ ၂နှစ်ကမှ ပြန်စပြီး ကို ရီး ယား ဘာ သာစကား မတတ်ကျွမ်းတဲ့  English Guide တွေကို မလွှဲ သာလို့ ဟန် ပြအဖြစ် ပြန်လည် ခေါ်ယူခဲ့ပါတယ်။

ကိုရီး ယားလူမျိုးတွေ ဟာ သူတို့ကို မလှန် ရဲတဲ့  မြန်မာလူမျိုးတစ် ယောက်ကိ နာမည်ခံခိုင်း ပြီး လုပ်ကိုင် နေတဲ့ကိုရီး ယားစား သောက်ဆိုင် တွေ၊ကို ရီး ယား လူမျိုးပိုင် ( သို့မဟုတ် )ကို ရီး ယားလူမျိုး ရှယ် ယာပါတဲ့ ဟိုတယ် တွေမှာပဲ ကိုရီး ယား ခရီး သည်တွေကို တည်းခိုစား သောက်ကြစေပါတယ်။ကိုရီး ယားလူမျိုး တွေ နေထိုင် ရာ နေရာ တွေနှင့်စား သောက်ဆိုင် တွေမှာ တရား မဝင်တည်းခိုခန်း တွေဖွင့်ထားပြီး တော့  တစ် ရက်ကို ဒေါ်လာနှစ်ဆယ်နှုန်းနဲ့ တည်းခိုခွင့် ပြုထားတယ်လို့လည်းသိရှိရ ပါတယ်။တစ်ချို့ ကိုရီး ယားလူမျိုး တွေ ဟာ မြန်မာ ပြည်မှာစီးပွားလမ်း ဖြောင့်လာ တော့ အရည်အချင်းရှိ ပြီး လုပ်တတ် ကိုင်တတ် ရှိတဲ့ မြန်မာတိုင်း ရင်း သူ တွေကို လက်ထပ် ပြီး ဇနီး သည် နာမည်နှင့်စီးပွားေ ရး လုပ်ငန်း တွေတည် ထောင် ကြပါတယ်။ဧည့်  သည် ပြည့်လို့ တည်းမရ ၊စားမရမှ သာ တစ် ခြား နေရာဌာနကို စဥ်းစားကြပါတယ် ။ နိုင်ငံ ခြား သားခရီး သည် တွေ ပေး ဆောင် ရတဲ့ Zone Fee ကို မပေး ဆောင်ပဲ အမြဲေ ရှာင် လေ့ ရှိပါတယ်။မလွှဲ သာမှ သာ ဆောင်ကြပါတယ်။အဲ့ လို ပေး ဆောင် ရာမှာလည်း ဧည့်  သည်အေ ရအတွက် လျှော့ဆောင် ပေးဖို့ ဝန်ထမ်း တွေကိုညှိနှိုင်းလေ့ ရှိပါတ ယ်။ ဝန်ထမ်း တွေက လက်မခံ ရင် ဟန် ပြခေါ်လာ တဲ့  မြန်မာဂိုက်ကိုထပ် ပြီး ညှိနှိုင်းခိုင်း တတ်ပါတယ်။ ကင်မရာဖီး လည်းမပေးဘဲ အမြဲ ရှောင်ပါတယ်။

ကို ရီး ယား Tour Leader တွေ ဟာ သူတို့တစ်ေ ယာက်စာ အတွက်လည်းဇုံဖီးကို လုံးဝပေး ဆောင် ခြင်းမရှိပါဘူး။ Tour Leader တစ်ေ ယာက်စာလွတ် ငြိမ်းခွင့် ပေးတဲ့သဘော ကောင်းတဲ့  ဝန်ထမ်း တွေ ရှိသလို(ေ ရွှတိဂုံဘု ရားမှာလည်းလွတ် ငြိမ်း ခွင့် ပေး ပြီး မကောက်ဘူးလို့ ပြောပါတယ်။) စည်းကမ်း အတိုင်း တင်းကျပ်တဲ့ အင်းဝမယ်နုအုတ် ကျောင်းကလို ဝန်ထမ်း တွေလည်း ရှိပါတယ်။ မင်းကွန်းကိုလည်း Zone Fee ကောင်တာပိတ်တဲ့ အချိန်မှ သေချာနောက်ကျပြီး သွားတဲ့  Tour Leader တွေလည်း အများကြီး ရှိပါတယ်။မန္တလေး မြို့ကို လည်ပတ် ရင် ဇုံဖီးမပေး ရတဲ့  နေရာ တွေကိုပဲေ ရွး ပြီး လည်ပတ်ပါတယ် (မဟာဂန္ဓာ ရုံ ၊ ဦးပိန်တံတား ၊ မဟာ မြတ်မုနိ ၊ ကု သိုလ် တော်ဘု ရား) စတဲ့နေရာ တွေ ကို သာ လည်ပတ် ပါတယ်။Zone Fee ကောက်တဲ့နေရာ တွေကိုလုံးဝေ ရှာ င်ကျဥ် ပါတယ်။ဧည့်  သည် တွေက အင်းဝမြို့ကို လည်ပတ်မယ့်  နေ့မျိုးကြမှ မလွှဲ သာ စွာနဲ့ Zone Fee ပေး ဆောင်ကြပါတယ်။ ဒီ တော့ကို ရီး ယားခရီး သည် တွေ လာေ ရာက် ခြင်းဟာ ကျွန်မတို့နိုင်ငံကို အမှိုက်ဖွ ရုံ သက်သက်အဆင့်မျိုး ဖြစ် နေပြီး မြန်မာနိုင်ငံ တော်က ပြည်ပခရီးသွား တွေဆီက ရရှိ ရမယ့် ဝင် ငွေကို အကြီးအကျယ် ထိခိုက်ကာ တိုင်း ပြည်ဝင်ငွေကို အများကြီး နစ်နာဆုံး ရှုံးစေပါတယ်။

ပြီးခဲ့ တဲ့  ဖေဖော်ဝါရီ ၆ ရက် နေ့က မဟာ မြတ်မုနိဘု ရားမှာ ကို ရီး ယား ဧည့် သည် တွေကို ရှင်း ပြနေတဲ့ ကို ရီး ယားTour Leader ကို မြင် တော့  Tour Police အရာ ရှိကို ကျော်မင်း ရောက်လာ ပြီး မြန်မာ ဧည့် လမ်းညွှန် ပါသလားလို့ လာမေးပါတယ်။ ဒီ တော့ Tour Leader က နောက်နားမှာ မတ်တပ် ရပ် နေတဲ့  ကျွန်မကို လက်ညှိုး ထိုး ပြပါတယ်။ ကို ကျော်မင်းက ကို ရီး ယားTour Leader တွေအကြောင်း သူလည်း တော် တော် လေး သိထားပါတယ်တဲ့  ၊ဒါ့ ကြောင့်  သူ့လုပ် ပိုင်ခွင့်  ရှိ သ လောက်ထဲကနေ ကို ယ့် နိုင်ငံ သား ဧည့် လမ်းညွှန် တွေကို စောင့်ေ ရှာက်တာပါတဲ့ ။ မြန်မာ ဧည့် လမ်းညွှန်တစ် ယောက် အဖြစ် နဲ့ ကျွန်မအလုပ်ကတော့  Zone Fee တွေကို ဆောင် ပေး ရပါတယ် ၊ကို ရီး ယား ဧည့် သည် တွေ အိမ် သာ သွားချင် ရင် လိုက်ပို့ရပါတယ်။ သက်ကြီး ရွ ယ်အို တွေပါလို့ လမ်းမလျှောက် နိုင် တော့  ရင် တွဲ ပေး ရပါတယ်။ ဧည့် လမ်းညွှန်အလုပ် ဆိုတာ ဟာ ဝန် ဆောင်မှုပေး ရတဲ့  အလုပ်တစ်ခုပါ။ ဒီ တော့  ကို ယ့်  ဧည့်  သည် တွေ ရဲ့လိုအပ်ချက် တွေကို ဖြည့် ဆည်း ပေးဖို့ တာဝန် ရှိ သလို ကူညီ စောင့် ရှောက်ဖို့လည်းတာဝန် ရှိပါတယ်။ ဒါပေမယ့်  ယခုလုပ် ဆောင် ပေး ရ သမျှတွေ ဟာ ကို ရီး ယားTour Leader မလုပ်ချင်တဲ့  အလုပ်မှန် သမျှကို လုပ် ပေး နေရ ခြင်း ဖြစ်တဲ့ အတွက် ဂုဏ် သိက္ခာပိုင်းကနေ ကြည့် ပြီး ပြော ရ ခြင်း ဖြစ်ပါတယ်။ တခြားနိုင်ငံတကာ ဧည့်  သည် တွေကို ဦး ဆောင် ပြီးဝင့်ကြွားစွာ ရှင်း ပြနေတဲ့  ဧည့် လမ်းညွှန် အချင်းချင်းကြားမှာအားငယ်မကျေနပ် စိတ် တွေကို မြိုသိပ် ပြီး နေရပါတယ်။ ကို ရီး ယားလူမျိုး Tour Leader က စာအုပ်ထဲက ဖတ်လာတဲ့  မြန်မာနိုင်ငံအကြောင်း တွေကို ရှင်း ပြလိုက် ပြီး ရင် သူ့စိတ်နဲ့သူဝေဖန်လိုက်နဲ့. .. . ပြော သမျှကို ဘာမှနားမလည်ချင်ေ ယာင် ဆောင် ပြီး နေပေး ရပါတယ်။ဒီနိုင်ငံ ရဲ့ အစိုး ရနဲ့ လုပ် ရပ် တွေကိုလည်း ဝေဖန်ပါတယ် . . . ၊နိုင်ငံ သား ဖြစ်ခွင့်  ပေး ခြင်း ၊မှတ်ပုံတင်နဲ့ပတ် သတ်တဲ့ စည်းမျဥ်း၊ စည်းကမ်း တွေနှင့်  နိုင်ငံ ခြား သားနှင့်နိုင်ငံ သားကို ခွဲ ခြားဆက်ဆံမှု၊မှတ်ပုံတင် ပေါ်မှာ လူမျိုးနှင့် ဘာ သာ ဖော် ပြမှုတွေ ၊ မြန်မာနဲ့ ယိုးဒယား မတည့် ကြောင်း၊ မြန်မာ တွေက စစ်တိုက် ပြီး အနိုင်ကျင့် ခဲ့ လို့ယိုးဒယား တွေက မြန်မာကို မုန်းတီး ကြောင်း .. .စသ ဖြင့်  တွေကို ပြော လေ့ ရှိပါတယ်။သူတို့ဝေဖန်တာ ဟာ မှားတယ် မှန်တယ် နောက်ထားပါဦး အရင်ဆုံး ဖြစ်လာတဲ့  အကျိုးဆက်ကတော့ ဒီနိုင်ငံ ဒီလူမျိုးကိုပါ အထင်ေ သး သွား ပြီးလူလို သူလို မဆက်ဆံချင်ကြတော့ တာပါပဲ။ ကို ရီး ယား Tour Leader တွေ ရဲ့ နှိမ်နှိမ်ချိုးချိုး အထင် တစ်ေ သး ဆက်ဆံမှုကိုတစ် နေကုန် ရင်ဆိုင်ရပြီး .....ညစာစား ပြီးလို့ ဟိုတယ် ပြန်ေ ရာက်တဲ့ အထိလည်း ကျွန်မရဲ့ ဂိုက်ဖီးကိုမပေးဘဲ အချိ န်ဆွဲထားပါတယ်။ သူတို့တွေ Check In ဝင် ပြီး ဓါတ် လှေကားဆီ တက်ခါနီးမှပဲမပေးချင် ပေးချင်နဲ့ ပေသွား လေ့ ရှိပါတယ်။

ပြီးခဲ့ တဲ့  ခရီးစဥ်တစ်ခုမှာ စကားေ ပြာညင် သာနူးညံ့ပြီး အမူအရာ သိမ် မွေ့ တဲ့  ကို ရီး ယား Tour Leader တစ်ေ ယာက်ကို တွေ့ရပါတယ်။အမရပူ ရစားေ သာက်ဆိုင်မှာ နေ့လည်စာစားကြတော့  ဧည့်  သည်ထဲက မိန်းမပျိုလေး တစ်ေ ယာက်နဲ့ကျွန်မက အင်္ဂလိပ်လို စကားလက်ဆုံကြကြပါတယ်။ကို ရီး ယားလူမျိုး တွေ အသားအေ ရလှပကြောင်း ၊ ကို ရီး ယား ကော်စမတ်တစ် တွေ သုံးလို့ကောင်း ကြောင်းနှင့်  အခုငါ့ေ ရှ့ထိုင် နေတဲ့  မင်းက မိန်းကလေးချင်း အားကျစရာ ကောင်း အောင် လှ ကြောင်း တွေကိုကျွန်မကချီးကျူး ပြောဆို တော့  လူ သား ဖြစ်တဲ့  သူမခမျာလည်း သဘော တွေကျတော့ တာ ပေါ့။ ဒီအချိန်မှာ ပဲ Tour Leader ရောက်လာ ပြီးအဲ့ ဒီမိန်းကလေးကို ကို ရီး ယားဘာ သာစကားနဲ့ နူးနူးညံ့ ညံ့ လေး ပြောလာပါတယ် . . .. ပြောတဲ့ စကားက မြန်မာ ဧည့် လမ်းညွှန်တွေနဲ့ မရောဖို့၊ မြန်မာ ဧည့် လမ်းညွှန်တွေ ဟာ လာအိုနဲ့ ကမ္ဘောဒီး ယား ဧည့် လမ်းညွှန်တွေထက် ဆိုး ကြောင်း ၊ မရင်းနှီး သင့် ကြောင်း အပါအဝင် . . . .ဂုဏ် သိက္ခာကျဆင်း စေအောင် ပြောပါတော့ တယ်။ကျွန်မက နားလည် နေတော့  အသည်းတဆတ်ဆတ်တုန် အောင် ဝမ်းပန်းတနည်း ခံစား ရပါတယ်။ အဲ့ဒီ နောက်မှာ တော့  ကို ရီး ယား အမျိုး သမီး ဟာကျွန်မကိုစကားမေ ပြာတော့  သလို မျက်လုံး ခြင်း တောင် အဆုံမခံ တော့ ပါဘူး။

မြန်မာနိုင်ငံ သား မြန်မာလူမျိုးေ တွက ဘာ သာစကားတစ်ခုခုတတ်ကျွမ်းေ သ်ာလည်း တက္ကသိုလ်ဝင်တန်း မအောင် မြင် ရင် . . . ဝန်ကြီးဌာနရဲ့ သင်တန်း ကျောင်းကို တက်ခွင့် မရှိပါဘူး။ သင်တန်း ကျောင်းမတက် ရလို့ဧည့် လမ်း ညွှန် လိုင်စင်မရှိ ရင် . . . ဧည့် လမ်းညွှန်လုပ်စားခွင့် မရှိပါဘူး။ ဒီ တော့ ကျွန်မမေးချင်တာက ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံ သား တွေကိုတော့  ဒီလို တွေ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတယ်။ နိုင်ငံ ခြား သား တွေကတော့  ကို ယ့် နိုင်ငံ သား တွေကို ကျော် ပြီး မြန်မာနိုင်ငံထဲမှာ လက်တစ်လုံး ခြားေ ရာ ၊ ဗြောင်ေ ရာ လုပ်ပိုင်ခွင့်  တွေ ရ ယူနေတာကို မထိန်းချုပ်ဘဲလွှတ်ထားတာ ဟာ ဘာ ဖြစ်လို့လဲ? နိုင်ငံ ခြား သားတစ် ဦးနဲ့ မြန်မာနို င်ငံ သူတစ် ဦး လက်ထပ် ခြင်း ဟာတရားဝင်ပါသလား? နိုင်ငံ ခြား သားပိုင်လုပ်ငန်း တွေကို ဒီနိုင်ငံ သား တွေက အမည်ခံ ပေးတာ တွေကေ ရာ ဥပဒေနဲ့ ညီညွတ်ပါသလား? အဲ့ ဒီလိုနာမည်ခံမှုအမျိုးမျိုးနဲ့ ပိုင်ဆိုင် မှုတွေကေ ရာတရားဝင်ပါသလား? ဒါတွေကို တားဆီး ချုပ်ကိုင်နိုင်တဲ့  ဥပဒေ တွေ မြန်မာ ပြည်မှာ မရှိလို့လား? ရှိ ရဲ့သားနဲ့ အေ ရး ယူ မှုမပြုဘဲ မသိချင်ေ ယာင် ဆောင် ပြီး ခွင့် ပြုထားတာလား? ဆိုတာတွေကို သိချင်ပါတယ်။ ပြီး တော့  အထူးစုံစမ်းစစ် ဆေးေ ရးဌာနနဲ့ ဟိုတယ်ခရီး ဝန်ကြီးဌာနတွေ ဟာ ဘယ်လိုအခါတွေမှာ အေ ရး ယူ စုံစမ်းမှုတွေလုပ်တာလဲ . .?နိုင်ငံသား တွေ ရဲ့ အခွင့် အေ ရးကိုဘယ်အချိန် တွေမှာ ဘယ်လိုပုံစံမျိုးနဲ့ စောင့်ေ ရှာက် ကာကွ ယ် သလဲ . . .?ဆိုတာလည်း သိချင်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံ သား တွေ ဟာ သူများတိုင်း ပြည် တွေမှာ အလုပ်အကို င် သွားလုပ် ရင် အနှိမ်ခံ ၊အနိုင်ကျင့် ခံ ရ ရုံ သာမကဘူး ၊ ပြည်တွင်းမှာပါ အစော်ကားခံ နေရပါလားလို့ တွေးမိ တော့ မြန်မာနိုင်ငံ ရဲ့အုပ်ချုပ်ေ ရးတရားစီ ရင်ေ ရးနဲ့ ဥပဒေတွေအပေါ်မှာ ယုံကြည်မှုနည်း ပြီးသံ သ ယ တွေ များလာပါတယ်။ဂရိပညာ ရှင်ကြီး ဆော့ ခရတ်တိကတော့  နိုင်ငံ တော် ၊ ပြည် သူနှင့်  ဘု ရင်ကို ကာကွ ယ် စောင့်ေ ရှာက်မှုပေးနိုင်တဲ့ အ ရာ ဟာ ဥပဒေပါပဲလို့ေ ပြာ သွားခဲ့ ဖူးပါတယ် ။ ဒီ တော့  မြန်မာနိုင်ငံ သား တွေ ရဲ့ Citizen Right ဆုံး ရှုံး နေရမှုတွေကို ဘယ်လို ဥပဒေတွေကို အသုံး ပြုပြီး ဘယ် အာဏာပိုင် အဖွဲ့အစည်းက ကာကွ ယ် ပေးမှာလဲဆိုတဲ့  မေးခွန်းကို ကို ရီးယားဘာ သာ ဧည့်လမ်းညွှန်တစ် ဦးအနေနှင့်ရော နိုင်ငံ သားတစ် ဦးအနေနဲ့ရော မေး ရပါလိမ့်မယ် ။ မြန်မာနိုင်ငံ သား တစ် ဦးချင်းဆီ ရဲ့ ဘဝတွေမလှ ရင် ဒီ မြန်မာနိုင်ငံ ရဲ့ အနာဂတ်ေ ရာ ပစ္စုပ္ပန်ေ ရာ ဟာလည်း လှပဖို့ အကြောင်းအချက် ရှိမယ်လို့ မထင်ပါဘူး။

နေထက်ထက်အောင်
 
 


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...