Quantcast
Viewing all articles
Browse latest Browse all 1811

_ရွှေဘုံပေါ် စံလျက်ရယ်အပိုင်း(၆)

Image may be NSFW.
Clik here to view.

၆။ သတင်းဆိုး၊သတင်းကောင်း

လအနည်းငယ်ကြာပြီးနောက် မက်(စ်)တစ်ယောက် အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟဝန်ဆောင်မှု လုပ်ငန်း၏ ညွှန်ကြားရေးမှူး ဖြစ်လာသည်။သူ၏ ပထမဆုံးသော ဘုတ်အဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ၎င်းအစည်းအဝေးသည် ကြယ်တာရာအဆောက်အအုံ၏ အထပ်နှစ်ဆယ်တွင် ဖြစ်သည်။ မက်(စ်)မှာ အစည်းအဝေးတက်ရောက်သော အခြားသူများကို မသိချေ။ တက်ရောက်သူများက ဝယ်ယူမှုနှင့် အမြတ်များနှင့် ပတ်သက်၍ပြောဆိုနေကြသည်။


“X5B ကုန်ပစ္စည်းတွေ ရောင်းအားကောင်းနေပါတယ်“ဟု လူတစ်ယောက်က ပြောသည်။

“B3Q ကုန်ပစ္စည်းတွေမှာလည်း ကျွန်တော်တို့ အမြတ်ရနေပါတယ်“ဟု အခြားလူတစ်ယောက်က ဆိုသည်။

မက်(စ်)က သူ၏ စာရွက်များကိုကြည့်လိုက်သည်။ “C7T ပစ္စည်းတွေ ရောင်းအားကောင်းနေပါတယ်။U8D ပစ္စည်းတွေလည်း အမြတ်အစွန်း ရရှိနေပါတယ်“

“ကျေးဇူးတင်ပါတယ်၊ မစ္စတာပရိုက်“ ဟု တစ်စုံတစ်ယောက်က ပြောသည်။

လူတိုင်း မက်(စ်)ကို ပြုံးပြကြသည်။ မက်(စ်) လူတိုင်းကို ပြန်ပြုံးပြသည်။ သို့သော် ယခုအချိန်ထိမက်(စ်) နားမလည်သေး။ “C7T“ နှင့် “U8D“ ပစ္စည်းများ ရောင်းအားကောင်းနေသည်ဟူ၏။ သို့သော်၎င်းတို့သည် မည်သို့သော ပစ္စည်းများ ဖြစ်သနည်း။ မက်(စ်)က မသိသေးချေ။

ယခု မက်(စ်) အလွန်အလုပ်ရှုပ်နေပြီ။အမြဲတမ်း အိမ်ပြန် အလွန်နောက်ကျသည်။

တစ်ညနေခင်းတွင် သူ ညဥ့်နက်သန်းခေါင်အချိန်ခန့်တွင် အိမ်ပြန်ရောက်လာသည်။သူ အလွန် မောပန်းနေပြီ။ သို့သော် အိန်ဂျလာနှင့် ကလေးများ အိမ်တွင် မရှိကြ။ မက်(စ်) အခန်းတိုင်းကို လိုက်ကြည့်သည်။ မည်သူမျှ မရှိ။

“အိန်ဂျလာ …။ မင်း ဘယ်မှာလဲ။စတီဖင် …။ ဂျူလီယက် …။ မင်းတို့ ဘယ်မှာလဲ။အဖေရောက်နေပြီ လေ။ အဖေ ခေါ်နေတယ်လေကွာ ..။“

သို့သော် တုံ့ပြန်သံ လုံးဝ မကြားရ။ မက်(စ်) အိပ်ခန်းထဲသို့ ဝင်သွားပြန်သည်။ အခန်းထဲတွင် သူ စာတစ်စောင်ကိုတွေ့လိုက်သည်။ စာက အိပ်ရာပေါ်မှာ။ မက်(စ်) စာအိတ်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူ ဝမ်းနည်းသွားသည်။ ချက်ချင်း သူသိလိုက်ပါပြီ။သူ စာအိတ်ကို ဖွင့်ပြီး စာကို ဖတ်သည်။ အမှန်ပင် အိန်ဂျလာထံမှ စာ ဖြစ်သည်။

ချစ်တဲ့ မက်(စ်)ရယ် …

    ကျွန်မ ကလေးတွေနဲ့အတူ အဝေးတစ်နေရာဆီ ထွက်သွားပါပြီ။ နှုတ်ဆက်ခဲ့ပါတယ်မက်(စ်)။ ကျွန်မတို့တွေ ရှင့်အကြောင်း     စဉ်းစားဖြစ်ကြမှာပါ။
                                                                                      နှုတ်ဆက်ခဲ့ပါတယ်ရှင်
                                                                                       ချစ်တဲ့ …
                                                                                       အိန်ဂျလာ
စာကြွင်း။  ။ ညွှန်ကြားရေးမှူးများဘုတ်အဖွဲ့မှာရှင် ကံကောင်းပါစေ။

ယခု မက်(စ်)တွင် မိသားစုဟူ၍ မရှိတော့။ ဝမ်းနည်းမှု၊ အထီးကျန်ဆန်မှုများနှင့်သာအဖော်ပြုနေရပြီ။ ထို့ကြောင့် သူ ခရီးထွက်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟဝန်ဆောင်မှုလုပ်ငန်းကိစ္စဖြင့်ခရီးသွားဖြစ်သည်။ ဥရောပတိုက်၊ အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်၊ သြစတြေးလျတိုက်ဟူသောတိုက်ကြီးငါးတိုက်လုံးသို့ ခရီးထွက်ရသည်။ မက်(စ်)မှာ အလုပ်လုပ်ရာတွင် အလွန်တော်သည်။သူ့ဖောက်သည်များက သူ့ကို နှစ်သက်လိုလားကြသည်။

မက်(စ်)က ပေးစာနှင့် စာရွက်စာတမ်းများကို ဖောက်သည်တစ်ဦးချင်းစီထံသို့ယူဆောင်သွားသည်။ ဖောက်သည်များစွာမှာ သိပ္ပံပညာရှင်များဖြစ်သည်။ စာရွက်စာတမ်းများမှာ“ထိပ်တန်းလျှို့ဝှက်ချက်“ ဟူ၍ ရေးသားထားသည်။ မက်(စ်)မှာ သိပ္ပံပညာရှင်တစ်ဦးမဟုတ်သဖြင့်ထိုစာရွက်စာတမ်းများကို နားမလည်ချေ။

သူက စာရွက်စာတမ်းများကို နိုင်ငံခြားတိုင်းပြည်များမှ ဖောက်သည်များထံပြသည်။ဖောက်သည်များက စာရွက်စာတမ်းများကို ဖတ်ပြီးနောက် ဆုံးဖြတ်ချက်ချကြသည်။

ဥပမာ - အာဖရိကလူမျိုး သိပ္ပံပညာရှင်တစ်ယောက်က ဤသို့ ပြောသည်။“ကျေးဇူးတင်ပါတယ်၊ မစ္စတာပရိုက်။ စာရွက်စာတမ်းတွေအတွက် ကျေးဇူးတင်ပါတယ်။ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ စာရွက်စာတမ်းတွေပဲ။ ကျွန်တော် S3B ဆယ့်ငါးခုနဲ့ M2G လေးရာမှာမယ်ဗျာ“

များမကြာမီ မက်(စ်)သည် အခြားညွှန်ကြားရေးမှူးများအကြား အလွန်ရေပန်းစားလာသည်။

တစ်နေ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောသည်။

“မက်(စ်)ရေ။ မင်း အလုပ်လုပ်တာ တအား တော်တာပဲဟေ့“

ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌက ပြောပြန်သည်။ “ဟုတ်တယ်ဗျ။ တကယ့်ကို ပြောင်မြောက်လွန်းပါတယ်“

ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောသည်။ “မင်းအတွက် အံ့သြစရာတစ်ခုတို့ သိထားတယ် … မက်(စ်)“

“အခု ခင်ဗျားဟာ ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌသစ် ဖြစ်သွားပြီဗျ“

“ကျွန်တော် … အပြည်ပြည်ဆိုင်ရာ မိတ်သင်္ဂဟ ဝန်ဆောင်မှုလုပ်ငန်းကြီးရဲ့ဥက္ကဋ္ဌ ဖြစ်သွားပြီ … ဟုတ်ရဲ့လားဗျာ …“

(ဘာသာပြန် အပိုင်း(၇) (နိဂုံးပိုင်း) ကို ဆက်ပါမည်။ )

By: ဇွဲသစ်(ရမ္မာမြေ)
      ၁၆.၃.၂၀၁၄

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>