Quantcast
Viewing all articles
Browse latest Browse all 1811

အွန်လိုင်းပေါ်က နေ၀င်အုန်းသီးများနှင့် ပါတီနိုင်ငံရေး

Image may be NSFW.
Clik here to view.
Ye Moe's photo.

ပါတီနိုင်ငံရေးအပိုင်းမှာ အပြန်အလှန်ထိုးနှက်တိုက်ခိုက်နေတာတွေကို မြင်ကြည့်ရအောင် (Facebook ပေါ်ကအကြောင်းအရာတွေကိုပဲစဉ်းစားပါမယ်)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို Bikini ၀တ်ကိုယ်ထည်နဲ့တွဲပေးတယ်။ အခြား လွန်ကျူးစွာသော Sexy ရိုင်းရိုင်းပုံတွေမှာ ခေါင်းပြောင်းတပ်ပေးတယ်။ ဟိုမိန်းမကြီးတို့၊ ဘာမကြီး၊ ညာမကြီးတို့ ရုန့်ရင်းစွာ သုံးတယ်။


သမ္မတကြီးဦးသိန်းစိန်ရဲ့ မျက်နှာကို ကိုယ်လုံးတီးကလေးငယ်ရဲ့ပုံမှာ တပ်ပေးတယ်။ အခြားမလျှော်ကန်တဲ့ပုံတွေ ဖန်တီးကြတယ်။ နည်းတူစွာပဲ ရိုင်းပြစွာ မျိုးစုံသုံးနှုန်းခေါ်ဝေါ်ကြတယ်။
သူတို့နေရာတွေမှာ ကိုယ့်မိဘတွေကို ထည့်သွင်းခံစားကြည့်ဘူးရဲ့လား။ ဖော်လံဖားပြီး ပြောနေတာ မဟုတ်ပါဘူး။ ယဉ်ကျေးပါတယ်၊ ဥာဏ်ရည် ဥာဏ်သွေးမြင့်မားပါတယ်၊ သမိုင်းအစဉ်အလာကြီးပါတယ် ဆိုတဲ့ ကျွန်တော်တို့မြန်မာတွေရဲ့ မီဒီယာကတစ်ဆင့်ထိုးနှက်ချက်ကဒီလိုလား? မီဒီယာက တစ်ဆင့် ထိုးနှက်တယ်ပြောရအောင်လည်း ပုံကိုစတင်ဖန်တီးသူတွေကဘယ်သူမှန်းလည်းမသိ။ ပုဂ္ဂိုလ်ရေး အမြင်မကြည်မှုနဲ့ပဲ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုပေါ်ပေါ်တင်တင်စော်ကားရက်တယ်။ အဲဒီဖန်တီးသူကိုယ်နှိုက်ကရော ထိုပုဂ္ဂိုလ်ကြီး နှစ်ယောက်ထက် ဘယ်လောက်များ သာနေလို့ပါလိမ့်။ အင်မတန်နိမ့်ကျတဲ့ အတွေးအခေါ်ပိုင်ရှင် ဖြစ်ကြောင်း သေချာပေါက်ပြောရဲပါတယ်။ ဒါတွေကိုပဲ အချို့က ဘာမသိညာမသိ Share လုပ်ကြ၊ ထိုးနှက်ကြ။ နိုင်ငံရေးကို အမှန်တကယ် လှုပ်ရှားနေသူတွေအနေနဲ့ ဒီလိုလုပ်ပါ့မလားလို့ စဉ်းစားဖို့လိုပါတယ်။ မူရင်းတင်သူကိုများ ဇစ်မြစ်လိုက်ကြည့်ကြရဲ့လား။ အဆိုပါပုဂ္ဂိုလ် (သို့) အဖွဲ့က အမည်ရင်းနဲ့၊ သူ့ဓါတ်ပုံဖော်ပြပြီး Facebook သုံးတဲ့လူရောဟုတ်ရဲ့လား။ သူကဘယ်သူ့ဘက်ကလည်း၊ ဘာကိုရည်ရွယ်တာလည်း။
 Image may be NSFW.
Clik here to view.
Ye Moe's photo.

Facebook ပေါ်မှာ နှစ်ဘက်ငြင်းခုန်တိုက်ခိုက်နေကြတဲ့လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို လိုလားသူနဲ့ ဦးသိန်းစိန်လိုလားသူလို့ ပြောမလား၊ NLD ဘက်တော်သားနဲ့ ပြည်ခိုင်ဖြိုး ဘက်တော်သားလို့ပြောမလား၊ အစိုးရဆန့်ကျင်သူနဲ့ အစိုးရဘက်တော်သားလို့ပြောမလား။ ပြည်သူနဲ့ အစိုးရ နှစ်ခြမ်းကွဲနေတယ်လို့ ပြောမလား။ အမေ့သားသမီးနဲ့ အဖေ့သားသမီးလို့လည်း ဆိုကြပြန်တယ်။ မည်သို့ပင်ဖြစ်စေ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးဟာ ဂုဏ၊ ၀ရ မြင့်မားသူတွေပါ။ ကာယကံရှင်တွေက နိုင်ငံ့အကျိုးအတွက်၊ ရှေ့ရေးအတွက် ဘယ်လိုဘယ်လောက် စိတ်တွေနှစ်ပြီး ကြိုးပမ်းနေကြလည်းဆိုတာ မပြောကြဘူး။ အမှားထောက်၊ အပြစ်ရှာ၊ လက်လွတ် စပယ်ဝေဖန်၊ ဆဲဆို။
နှစ်ဘက်မတူတဲ့ အမြင်တွေကို အပြန်အလှန်ဆွေးနွေးမှ သင့်တင့်ပါလိမ့်မယ်။ ဆွေးနွေးခြင်း ဖြစ်တည်မလာရင် ဒီအခြေအနေတောင်ရောက်လာစရာအကြောင်းမရှိပါဘူး။ လက်ရှိတွေ့နေရတာကတော့ ကလေးချင်းရန်ဖြစ်တာလို ငါနိုင်ပြီးရောဆိုတဲ့ပုံစံနဲ့ ချောင်ပိတ်ရိုက်မယ်၊ စိတ်ဆွမယ်၊ ရိုင်းမယ်၊ ဆဲမယ်၊ အမှားရှာမယ်၊ လှောင်မယ်။ ကဲ အက်ကြောင်းကြီးက ပိုပိုကြီးလာတယ်။ နှစ်ဘက်ဖြစ်နေကြတာ။
"ကဲ ဘက်က နှစ်ဘက်ရော ကရဲ့လား။"?????????????????
 Image may be NSFW.
Clik here to view.
Ye Moe's photo.

 Image may be NSFW.
Clik here to view.
Ye Moe's photo.


ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကိုဖျက်ပြီးတင်တာတွေ၊ နိမ့်ကျသော တိုက်ခိုက်ထိုးနှက်ချက်တွေက သူမကို မလိုလားတဲ့လူကလုပ်တာတော့မှန်တယ်။ အဲဒီမလိုလားသူက အများထင်နေသလို တပ်မတော်၊ ပြည်ခိုင်ဖြိုး၊ အစိုးရ ဒီလိုနေရာတွေကနေ စတင်ထွက်ပေါ်လာတာရော ဟုတ်ပါ့မလား။
ဦးသိန်းစိန်နဲ့ အစိုးရမကောင်းကြောင်း အထိနာစေမယ့် ခပ်နိမ့်နိမ့် ရိုင်းရိုင်းပြပြ တင်လာတဲ့ဟာတွေကရော ဒေါ်အောင်ဆန်းစုကြည်၊ NLD စသည့်နေရာတွေကထွက်လာတာရောဟုတ်ရဲ့လား။ ကင်းဝင်ချင်လို့ နှစ်ဘက်ခွပြီး အက်ကြောင်းကိုထပ်တူးနေတာလား။

KIA နဲ့တိုက်ပွဲဖြစ်ကြတုန်းက Facebook မှာ အစိုးရကို စွာတေးလန်ရန်ပြုတိုက်ခိုက် နေတာကရော ကချင်တိုင်းရင်းသား၊ KIA ဘက်ကလို့ အတိအကျသိနိုင်ပါ့မလား။ ကချင်မဟုတ်ပဲ ကချင်စကား တတ်တဲ့လူတွေ တစ်ပုံကြီးပါ။ ကချင်လိုလို ပုံမှားရိုက်ပြီးသွေးခွဲနေတာလား။ ကာယကံရှင်သာသိမှာပါ။
နောက်တစ်မျိုးကတော့ ဘယ်သူဆိုတာတော့ဖော်ပြပါရဲ့။ သို့ပေမယ့် သတင်းတစ်ခုကို သေသေချာချာ စေ့စေ့ငုငုမသိပဲ တစ်ဘက်စကားအကြားလေးနဲ့ Facebook မှာတင်တယ်။ အများအထင်လွဲကုန်တယ်။

သာဓကအနေနဲ့....... နေပြည်တော်မှာဖြစ်ခဲ့တဲ့ပြဿနာကို Facebook မှာဖွထားတာ။ ရုံးတစ်ရုံးက ညွှန်မှူးတစ်ယောက်ရဲ့ကားနဲ့ အခြားရုံးက ၀န်ထမ်းငယ်တစ်ယောက်ဆိုင်ကယ်တိုက်တဲ့ကိစ္စ။ ဖြစ်ပြီး သိပ်မကြာပါဘူး။ တစ်ရက်လားနှစ်ရက်လားပဲကြာသေးတယ်။ ဒေသခံ ပါတီတစ်ခုက ပုဂ္ဂိုလ်တစ်ယောက်က မဆင်မခြင် Ear Say နဲ့ သူ့ရဲ့ Facebook မှာတင်ပါလေရော။ ဘယ်လူကြီးရဲ့တပည့်၊ ငယ်သူကိုမညှာတာ ဘာညာ စုံလို့ပါပဲ။ တစ်ဖက်က ပုဂ္ဂိုလ်ရဲ့ အကျင့်သီလ၊ စိတ်ထား၊ တစ်ကယ့်အဖြစ်မှန် ဘာကိုမှ မလေ့လာဘူး။ ဒီအကြောင်း ကျွန်တော်အကျဉ်းရေးဘူးပါတယ်။ တစ်ဘက်လူက မူးနေတယ်။ လမ်းလုံးဝမှားတယ်။ ညွှန်မှူးက လမ်းမှန်တယ်။ လုံးဝမသောက်တတ်တဲ့အပြင် ကားကို ဖြည်းဖြည်းပဲမောင်းတတ်တဲ့သူ။ သက်သေ သက်ကန် ပြည့်စုံတယ်။ တစ်ဘက်သတ်မဟုတ်ဘူး။ ဒါပေမယ့် အနှီအကောင့်ပိုင်ရှင်ရဲ့ ပုတ်ခတ်တိုက်ခိုက်ရပြီးရော သတင်းမှားဖြန့်မှုကြောင့် ၀ိုင်းဆဲကြပါလေရော။ အစိုးရ ၀န်ထမ်းလူကြီးဖြစ်ပြီး ဥပဒေကို လက်တလုံးခြားလုပ်တယ် ဘာညာ။ Share သွားကြတာတွေလည်း မှတ်မိသလောက် (၄၀)ကျော်မယ်ထင်တယ်။ Comment ပေါင်းစုံနဲ့ကို တွယ်ကြတာ။ စဉ်းစားကြည့်ရင် ဒီလူ့အကောင့်မှာက friends (၃၀၀) ကျော်ပဲထား၊ Share သွားသူတစ်ဦးချင်းစီမှာ friends (၅၀)နဲ့ပဲ တွက်။ လုံးဝအနိမ့်ဆုံးတွက်ကြည့်တာပါ။ အဲ့ဒီ (၅၀)ကို ထပ် (၅၀)...ထပ် (၅၀).....။ ကဲပြီးပါလေရော။ သတင်းဖြန့်တဲ့လူနဲ့ ပါတီကို မဖော်ပြသေးတာက အကြောင်းရှိပါတယ်။

အမှုကိစ္စအားလုံးပြီးသွားရင်...... နိုင်ငံတော်တိုးတက်ရေးနဲ့ ဒီမိုကရေစီ
ကူးပြောင်းရေးကို အမှန်တစ်ကယ်ကို လိုလားတပ်မက်သူတွေက သမမျှတစွာရှုမြင်သုံးသပ်တယ်၊ ရဲတင်းပွင့်လင်းစွာ ဝေဖန်တင်ပြတယ်၊ သူဘယ်သူဆိုတာလည်း ကွယ်ဝှက်နေခြင်းမရှိဘူး။ သူ့မှာစေတနာဇောသန်နေတာကိုး။ အနှီပုဂ္ဂိုလ်များနဲ့ ဒီလိုနှိုင်းယှဉ်ပြရတာ အလွန်အမင်း အားနာလှပါတယ်။ ခွင့်လွှတ်ပေးဖို့လည်း တောင်းပန်လိုပါတယ်။
နောက်တစ်ခုက အတိုက်အခံဆိုတာကြီးကို သိပ်ပြီးသဘောမတွေ့မိဘူး။ ဘယ်သူ့ကိုတိုက်လို့ ဘယ်သူက ခံရမှာလဲ။ ဘာအတွက်တိုက်မှာလဲ။ ပြည်သူအတွက်လား။ ဒီအတိုက်အခံကြီးက ဘယ်တော့ပြီးမှာလဲ။ ရာသက်ပန်ရှိနေမှာလား။ နောက်အစိုးရတက်ရင် နောက်ထပ်အတိုက်အခံအဖွဲ့ ပေါ်မှာလား။ ဟုတ်ကဲ့ အများအကျိုးအတွက် လိုအပ်ရင်တိုက်ခိုက်ကြမယ်ဆိုတာ နားလည် ပါတယ်။ သို့ပေမယ့် အပြန်အလှန်အားဖြင့်နားလည်မပေးနိုင်တော့ဘူးလား။ တွန်းအားတွေ၊ ဖိအားတွေပေးရင်းနဲ့ပဲ ၂၀၁၅ ....

အဲဒီကနေ ၂၀၂၀ .....အဲဒီကနေ....ဒီလိုပဲသွားရမယ့် ပုံစံလား။
ခေတ်အဆက်ဆက်က အပေါက်တွေကို ကာလတိုအတွင်းဖာထေးနိုင်ဖို့ဆိုတာ ပုံပြင်ထဲက ဖန်ဆင်းရှင်မှမဟုတ်ကြတာ။ ကိုယ့်အလှည့်ကျရင်ရော ဒီလိုအတိုက်အခံပြုလာရင် ဘယ်လိုတုန့်ပြန်မယ်လို့ စဉ်းစားထားပါသလဲ။ ဘယ်နိုင်ငံအစိုးရမှ တင်းပြည့်ကျပ်ပြည့်ဖြည့်ဆည်း ပေးနိုင်မယ်မထင်ပါဘူး။ လူသားကမ္ဘာမှာ ပြီးပြည့်စုံပါပြီ၊ ဘာမှမလိုအပ်တော့ပါဘူးဆိုတဲ့လူတွေချည်း စုစည်းထားတာမှ မဟုတ်တာ။ လူတွေရဲ့ ချိုးဖောက်မှုတွေကို ထိန်းချုပ်နိုင်ဖို့၊ တန်းတူအခွင့်အရေးတွေခံစားနိုင်စေဖို့၊ လူ့အသိုက်အ၀န်းကြီး အေးချမ်းသာယာစေဖို့ ဥပဒေပြဌာန်းကြတယ်။ ဒီဥပဒေဆိုတာလည်း လူကဆွဲတာဖြစ်လေတော့ ဟာကွက်တွေကရှိနေပြန်တယ်။ တစ်ချိန်မဟုတ်တစ်ချိန် အားနည်းချက်ဆိုတာ ရင်ဆိုင်ရမှာမလွဲဧကန်ပါ။ ဒီလိုပါပဲ နေရာတိုင်း၊ ကဏ္ဍတိုင်းမှာ ဟာကွက်တွေတော့ရှိနေမှာပဲ။ ဒီတော့ တစ်ယောက်တည်းတွန်းနေရတဲ့ နွံထဲကလှည်းပေါ်ကို အထုတ်တွေ ထပ်တင်ပေးမလား၊ အထုတ်တွေကို ၀ိုင်းမျှသယ်ချပြီး ပြိုင်တူ တွန်းပေး မလား။

လောလောဆယ်တော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို ဘက်ပေါင်းစုံဖရိုဖရဲဖြစ်အောင် လုပ်နေကြသလိုပါပဲ။ အစိုးရ၀န်ထမ်းကို လူရှေ့သူရှေ့မှာ အရှက်ခွဲမယ်။ တစ်ဖက်သား ပြန်ပြောခွင့်မရအောင် ဒေါသတကြီး၊ ရေပက်မ၀င် အော်ဟစ်မယ်။ တစ်ဖက်က ခြေလှမ်းမှား၊ အပြောမှားပြီဆိုရင် ဗွီဒီယိုမှတ်တမ်းတင်မယ်။ လာလေရော့ Facebook ပေါ်ကို။ ကောင်းပါလေ့။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုချနင်းပြီးမှ အောင်လံထူမှာလား။ အဲဒီတစ်ဖက်သားရဲ့ ဘ၀ရပ်တည်မှု၊ မိသားစုရေး၊ တာဝန်တွေကိုရော မငဲ့ကွက်၊ ထည့်မတွက်ပေးချင်တော့ဘူးလား။ မိုးခါးရေကို မြိန်ရေယှက်ရေ၊ အငမ်းမရရှာဖွေသောက်သုံးနေသူတွေ မရှိတော့ဘူးလို့ မငြင်းပါဘူး။ ဒါပေမယ့် လူတိုင်းတော့မဟုတ်တာသေချာတယ်။ ရာခိုင်နှုန်းတော်တော် များများက မာနရှိရှိ၊ သိက္ခာရှိရှိ ရှာဖွေလာတဲ့ ထမင်း၊ ဟင်းကိုပဲ မိသားစုထံပါး စားသောက်စေလိုပါတယ်။ လုံလောက်ခြင်းမရှိသေးတဲ့၊ လူလတ်တန်းစားဘ၀ကိုတောင် မရောက်နိုင်သေးတဲ့ ၀န်ထမ်းတွေအများကြီးပါ။ အဲဒီဝန်ထမ်းတွေမှာရော ခံစားချက်မရှိဘူးမထင်ပါနဲ့။ ခံစားရပါတယ်။ ဒါပေမယ့် ပြည်သူ့ဝန်ထမ်းဆိုတာတစ်ခုနဲ့တင် အရာရာကို သည်းခံရတာပါပဲ။ တစ်နေ့မှာပြောင်းလဲလာမယ်လို့ ယုံကြည်ထားကြပါတယ်။ ဘ၀ရှေ့ရေးတောင် မတွေးနိုင်တဲ့ ၀န်ထမ်းတစ်ယောက်မှာ လူဆိုတဲ့ ဂုဏ်သိက္ခာတော့ကျန်ပါသေးတယ်။ အဲဒီဂုဏ်သိက္ခာကိုမှ တိုင်းသိပြည်သိ၊ ပယ်ပယ်နယ်နယ် ရိုက်ချိုးရက်တယ်။ အထက်ကဆိုခဲ့သလို မိုးခါးရေကြိုက်တတ်သူ အတ္တသမားများဖြစ်နေခဲ့ရင် အထောက်အထားအချက်အလက်နဲ့ အဂတိကင်းကင်း၊ မှန်မှန်ကန်ကန် တိုင်ကြားလိုက်ရောပေါ့။

ခုတော့ တရားရုံးရှေ့ သေးကော့ပန်းတော့မလားတောင်မသိပါဘူး။
ဒီတော့ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါအ၀င် လူတစ်ဦးချင်းစီကို သိက္ခာပျက်ယွင်းအောင် လုပ်ချင်တာလား။ လုံးဝကို အကောင်းမမြင်တော့တာလား။ အာဏာပိုင်ဖြစ်ချင်တာလား။ နာမည်ကြီးတာလား။ အစိုးရအပါအ၀င် ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့ ဆောင်ရွက်ချက်တွေကို ဖရိုဖရဲဖြစ်စေချင်တာလား။ အဲဒီလိုအပ်ချက်တွေအတွက် Facebook ကနေတစ်ဆင့် မှိုင်းတိုက်နေ တော့မှာလား။

နောက်တစ်မျိုးကတော့ သိပ်ရင်ခုန်စရာမရှိပါဘူး။ နိုင်ငံတော်ကပေးတဲ့လစာစား၊ နိုင်ငံတော်ကထားပေးတဲ့ နေရာမှာနေ။
 နိုင်ငံတော်ရဲ့ အချက်အလက်တွေခိုး။ ခုကျမှ စိတ်နာတာလိုလို၊ ခံစားချက်ရှိတာလိုလို၊ အမှန် တရားကိုပဲမြတ်နိုးတာလိုလိုနဲ့ လူစိတ်ဝင်စားမှုအင်မတန်လိုချင်နေရှာတဲ့ လူ (သို့) အဖွဲ့။ မဆင်မခြင်၊ ဦးနှောက်မဲ့၊ လုပ်ချင်ရာလုပ်လိုက်တာ နာမည်ကျော်၊ ပြည်သူချစ် မင်းသမီးကြီးတစ်လက်အပါအ၀င် ရုပ်ရှင်လောကသားအချို့ရဲ့ ဂုဏ်သိက္ခာ တွေ ကျဆင်းပါလေရော။ သူဖြစ်စေချင်တာက တစ်ခု၊ ဖြစ်သွားတာကတစ်ခု။ ဘယ်လိုပဲပြောပြော Facebook ကို အသုံးချရင်းကနေ တစ်ပါးသူရဲ့ဘ၀ကို စွန်းထင်းသွားစေတာတွေ့ရတယ်။

ဒါ Facebook ပေါ်မှာ မစဉ်းစားမဆင်ခြင်တဲ့ One Click ကြောင့်လား။
အပြင်ပန်းရင့်ပြီး အထဲမှာ လှုပ်နေတဲ့ ရင့်ကျက်သော သူငယ်နာရောဂါသည် "နေ၀င်အုန်းသီး"များ အတွက် နိဗ္ဗာန်အကျိုးမျှော်လို့ ရှုမြင်တင်ပြလိုက်ရပါကြောင်း။
(ယခင်က တင်ခဲ့ဘူးသော ဆောင်းပါးရှည်မှ အပိုင်းတစ်ပိုင်းကို ထုတ်နှုတ်၍ သူငယ်ချင်းဖြစ်သူ၏ "နေ၀င်အုန်းသီး"ဟူသော အသုံးကို စပ်ဟပ်တွဲကပ်၍ ပြန်လည်ဖော်ပြရပါသည်။)
(အထူးတောင်းပန်ချက်။ ပူးတွဲပါပုံများအား မိမိမနှစ်သက်သော်ငြားလည်း ထင်သာမြင်သာစေရန် အသုံးပြုရခြင်းဖြစ်ပါသည်။)


( Credit to ကဖိုး သီ )

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...