
(၁) ခေတ်မီလူ့အဖွဲ့အစည်းဆိုတာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံနဲ့ စုဖွဲ့စည်းထားတဲ့ ဗဟုလူ့အဖွဲ့အစည်း (plural society) မျိုးဖြစ်ပြီး၊ နိုင်ငံရေးပါတီကောင်းတစ်ခုက အဲဒီလူတန်းစားအလွှာအသီးသီးတွေကို
(၂) တည်ငြိမ်မှုရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာလည်း လူထုနိုင်ငံရေးပူးပေါင်းပါဝင်မှု
(၃) ပါမောက္ခ ဟန်တင်တန်က သူ့ရဲ့ Political Order in Changing Societies စာအုပ်မှာ “နိုင်ငံတည်ဆောက်ရေးဆိုတာ လူ့အဖွဲ့အစည်းအတွင်း ထိရောက်စွမ်းဆောင်ရည်မြင့်တဲ့ ဗျူရိုကရေစီစနစ်ကို လူ့အဖွဲ့အစည်းအတွင်းမှာ ဖန်တီးရခြင်း၊ တစ်နည်းအားဖြင့် နိုင်ငံရေးလုပ်ငန်းမှာ လူသစ်တွေ အုပ်စုသစ်တွေ ပူးပေါင်းပါဝင်လာအောင် စွမ်းဆောင်ရည်မြင့် ပါတီစနစ်တစ်ခုကို ထူထောင်ခြင်း ဖြစ်တယ်” လို့ ရေးထားတယ်။ ဒါကြောင့် ပါတီတွေဟာ လူထုရဲ့ နိုင်ငံရေးပါဝင်မှု မြင့်တက်လာအောင် အမြဲစည်းရုံးလှုပ်ရှားနေရပါမယ်။
(၄)ပါတီအင်စတီကျူးရှင်း အားကောင်းအောင် တည်ဆောက်နေခြင်းဟာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေခြင်း ဖြစ်တယ်။ ပါတီရဲ့ မူဝါဒနဲ့ စနစ်တွေက လူထုနိုင်ငံရေးပါဝင်မှုနှုန်း မြင့်လာအောင် တိုးချဲ့လုပ်ယူနိုင်စွမ်း ရှိရမယ်။ ပါတီမူဝါဒနဲ့ စနစ် တည်ငြိမ်မှုရှိမှ ပါတီအင်စတီကျူးရှင်း အားကောင်းလာနိုင်ပြီး လူထုယုံကြည်ကိုးစားမှု တာရှည်ခံပါလိမ့်မယ်။
(၅) သို့သော် ပါတီတစ်ခုဟာ လူထုရဲ့ နိုင်ငံရေးပါဝင်မှုနှုန်း မြင့်မားပေမဲ့လည်း ပါတီအင်စတီကျူးရှင်းဆိုင်ရာ ညံ့ဖျင်းခြင်းက ပါတီတွင်း ဖရိုဖရဲဖြစ်မှု၊ အုပ်စုဂိုဏ်းဖွဲ့မှု၊ ပုဂ္ဂိုလ်ရေးထူထောင်မှု၊ အကြမ်းဖက်မှု တို့အထိ ဦးတည်သွားစေနိုင်ပါတယ်။ ရန်ဘက်ပါတီ သို့မဟုတ် အာဏာရအစိုးရတွေရဲ့ ထောင်ချောက်ထဲ အလွယ်တကူ ကျရောက်သွားနိုင်ပါတယ်။ ဒါကြောင့် အားကောင်းတဲ့ပါတီ ဖြစ်ဖို့ဆိုရင် နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းဖွဲ့စည်းဆောင်ရွ
(၆) တစ်ဖက်မှာ လူထုထောက်ခံမှု အတော်အတန်ရထားတဲ့ တော်လှန်ရေးအုပ်စုတွေကလည်း ပါတီရယ် အဖွဲ့အစည်းရယ် သတ်သတ်မှတ်မှတ်မရှိဘဲ လှုပ်ရှားဆောင်ရွက်ခြင်းက လမ်းပေါ်လှုပ်ရှားမှုတွေနဲ့ ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှုတွေကိုပဲ ဦးတည်စေတတ်တယ်။ ဒါကြောင့် ခေတ်မီနိုင်ငံရေးစနစ်ကို လျှောက်လှမ်းလိုတဲ့ ခေါင်းဆောင်တွေဟာ ပါတီစနစ်က တစ်ဆင့်သာ လူ့အဖွဲ့အစည်းတွင်း နိုင်ငံရေးဖွံ့ဖြိုးမှု ရှိလာအောင် တည်ဆောက်ယူရပါမယ်။ ရပြီးသား လူထု ထောက်ခံမှု၊ လူထုလှုပ်ရှားပါဝင်မှုတွေ အချည်းအနှီးမဖြစ်အောင် အဖွဲ့အစည်းဆိုင်ရာ မစ်ရှင် ဗစ်ရှင်များနဲ့ ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။
(၇) ဒီမိုကရေစီ စံနှုန်းတွေအရကြည့်ရင် ဒီမိုကရက်တစ်ပါတီနိုင်ငံရေးကို အထင်သေးသူမည်သူမဆို အာဏာရှင်စရိုက် ရှိသူ ဖြစ်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်များက ဆိုတယ်။ ဒါကြောင့် ပါတီနိုင်ငံရေးဟာ ဒီမိုကရေစီရဲ့ အသက်ဝိညာဉ်ဖြစ်လို့ ဒီမိုကရေစီ လိုလားတဲ့နိုင်ငံရေးသမားတိုင်း ပါတီတည်ဆောက်သူ ဖြစ်နေရမယ်။
(၈) ရွေးကောက်ပွဲနဲ့ လွှတ်တော်ဟာ ပြန်လည်တင်ပြပြောဆိုနိုင်ရေးအတွ
(၉) ခေတ်နောက်ကျတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ အခွင့်ထူးခံလူစုတွေက နိုင်ငံရေးပါတီတွေ ပေါ်ထွက်မလာအောင် ဟန့်တား ထားလေ့ရှိတယ်။ ပါတီသာမက အခြား သမဂ္ဂအဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့အသင်းအဖွဲ့တွေ ပေါ်ထွက်မလာအောင်လည်း ပိတ်ဆို့တားမြစ်ကြတယ်။ သို့သော် အာဏာရအစိုးရတွေက နိုင်ငံရေးပါတီတွေနဲ့ သမဂ္ဂတွေကို ပိုဖိနှိပ်လေလေ၊ လူ့အဖွဲ့အစည်း ပိုမတည်ငြိမ်လေလေပါပဲ။ နိုင်ငံတကာအတွေ့အကြုံတွေအရ လွတ်လပ်တဲ့ နိုင်ငံရေးပါတီတွေ မရှိတဲ့ နိုင်ငံတွေမှာ အာဏာသိမ်းမှုတွေ ပိုကြိမ်ဖန်များပါတယ်။
(၁၀) လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးစနစ် တည်ငြိမ်မှုရှိရေးဟာ နိုင်ငံရေးပါတီတွေရဲ့ ကြံ့ခိုင်အားကောင်းခြင်းအပေါ် တည်မှီပါတယ်။ နိုင်ငံရေးပါတီတွေ အားကောင်းလာတာနဲ့အမျှ နိုင်ငံရေးအတွင်း စစ်ဘက်ရဲ့ ၀င်ရောက်စွက်ဖက်မှုကို လျှော့ချနိုင်မယ်။ နိုင်ငံရေးပါတီတွေ အားမကောင်းခြင်း၊ ခေါင်းဆောင်မှု အစည်းပြေခြင်း၊ လူထုထောက်ခံမှု ကျဆင်းခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ဆောင်ရွက်နိုင်မှုမရှိဘဲ ပုဂ္ဂိုလ်ရေးကိုယ်ကွယ်မှု မြင့်နေခြင်းတို့ဟာ စစ်ဗိုလ်ချုပ်တွေကို အာဏာသိမ်းဖို့ လက်ကမ်းနေသလိုပါပဲ။
(၁၁) အားနည်းတဲ့ ပါတီတစ်ဖွဲ့ဟာ တည်ထောင်သူ ခေါင်းဆောင်ပုဂ္ဂိုလ်အပေါ် အလွန်အမင်း အားကိုးလွန်းပြီး၊ အဲဒီပါတီဟာ ထိုပုဂိုလ် မရှိတဲ့နောက် ပျက်စီး သွားတတ်တယ်။ ပါကစ္စတန်က ဂျင်းနား၊ သိရိလင်္ကာက ဆီနာနာယာကီ၊ မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းတို့ ကွယ်လွန်ပြီးတဲ့နောက် သူတို့ရဲ့ ပါတီတွေဟာ ကြာရှည်မခံဘဲ ပျက်စီးသွားခဲ့ပါတယ်။ အိန္ဒိယက ကွန်ဂရက်ပါတီကတော့ ဂန္ဒီကြီးသေဆုံးခဲ့ပေမဲ့၊ နေရူးရဲ့ ပုဂ္ဂိုလ်ရေးမဆန်မှု၊ အင်စတီကျူးရှင်းဆိုင်ရာ ဖွဲ့စည်းနိုင်ခဲ့မှုကြောင့် ယနေ့ထိ အောင်မြင် ရှင်သန်နေဆဲဖြစ်တယ်။
(၁၂) နိုင်ငံရေးပါတီကောင်းဟာ အခြားမိတ်ဖက်ပါတီတွေနဲ့ တူညီတဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အလုပ်သမား သမဂ္ဂလို အဖွဲ့တွေကို အားပေးဆောင်ရွက်မှု မပြတ်ရှိရပါမယ်။ မိမိပါတီကို ထောက်ခံတဲ့ လူထုတွေနဲ့ သမဂ္ဂတွေကို ပါတီရဲ့ အင်စတီကျူးရှင်းဆိုင်ရာ မူဘောင်အောက်မှာ စည်းရုံးပြီး အားလုံး တိုးတက်ဖွံ့ဖြိုးမှုရှိအောင် ကူညီနေရပါမယ်။ ပါတီရဲ့ အင်စတီကျူးရှင်းဆိုင်ရာ ဖွဲ့စည်းနိုင်မှုကသာ ပုဂိုလ်ရေးဆန်မှုနဲ့ အတွင်းပဋိပက္ခတွေကို လျော့ချပေးနိုင်ပါလိမ့်မယ်။
(၁၃) ပါတီတစ်ဖွဲ့ဟာ မိမိပါတီရဲ့ အတွေးအခေါ်၊ မူဝါဒနဲ့ စနစ်ကို လူထု သဘောပေါက်နားလည်အောင် ရှင်းရှင်းလင်းလင်း တင်ပြထားနိုင်ရမယ်။ မပြတ်မသား ရှုပ်ရှုပ်ထွေးထွေး ပြောဆိုမှုတွေ၊ ကြေငြာချက်တွေနဲ့ ရှေ့နောက်မညီမှုတွေက လူထုကို ကြာရှည် ဖမ်းစားနိုင်ဖို့ ခက်တယ်။ နိုင်ငံတကာပါတီကြီးတွေရဲ့ မူဝါဒတွေကိုလည်း ခွဲခြမ်းစိတ်ဖြာ မိတ်ဆက်ပေးနိုင်ရပါမယ်။
(၁၄) နိုင်ငံရေးပါတီကောင်းတစ်ခုဟာ အလုပ်သမား၊ လယ်သမား၊ ပညာတတ် လူလတ်တန်းစား၊ ကြေးရတတ်များနဲ့ မြို့ပြနေထိုင်သူများ စတဲ့ လူတန်းစားပေါင်းစုံအတွက် ပျော်ဝင်အိုးကြီး (melting pot) ဖြစ်နေရမယ်။ မြို့ပြနဲ့ ကျေးလက်ရဲ့ အသိပညာနဲ့ နေထိုင်မှုဘ၀ ကွာဟချက်တွေကို ဆွဲစေ့ပေးနိုင်မယ့် လမ်းကြောင်းတွေ ရှာဖွေပေးရမယ်။ ကနေ့ နိုင်ငံတိုင်းမှာ နိုင်ငံရေးပါတီတွေအပေါ် လူထုတွေ စိတ်ပျက်မှုရှိလာချိန်မှာ၊ လူမှုရေးလုပ်ငန်းတွေ ပရိဟိတ္တလုပ်ငန်းတွေ၊ လူ့အခွင့်အရေး အကာအကွယ်ပေးမှု၊ မြေယာ စတဲ့ လူထုလိုအပ်ချက်တွေကို ပါတီတွေက တစိုက်မတ်မတ် ကူညီဆောင်ရွက်သင့်ပါတယ်။
(၁၅) ပါတီဝင်စုဆောင်းခြင်း၊ လူထုဆက်ဆံရေးသင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများ၊ နိုင်ငံရေးသိပံ္ပ၊ နိုင်ငံရေးဘောဂဗေဒနဲ့ ဥပဒေသင်တန်းများ ပုံမှန်ပေးရမယ်။ အရည်အချင်းရှိ အမတ်တွေ ၀န်ကြီးတွေ မွေးထုတ်ဖို့ ပြင်ဆင်လေ့ကျင်နေရပါမယ်။ အစိုးရ၀န်ကြီးအဖွဲ့တာဝန် လွှဲပြောင်းယူဖို့၊ ဗျူရိုကရေစီယန္တရားကို ထိထိရောက်စွာ ကိုင်တွယ်နိုင်ဖို့ အသင့်ပြင်ဆင်ပြီးသား ဖြစ်နေရမယ်။ အစိုးရအဖွဲ့အစည်းအတွင်း တာဝန်ယူနိုင်မယ့် ခေါင်းဆောင်များ၊ နိုင်ငံတာကာနဲ့ ဆက်ဆံနိုင်မယ့်သူတွေကို ပါတီက မွေးထုတ်လေ့ကျင့်ပေးထားရမယ်။ နိုင်ငံရေး စီးပွားရေး ဖွံ့ဖြိုးရေး ရွေးချယ်စရာ မူဝါဒသစ်တွေကို ချပြထားရမယ်။ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ အပြန်အလှန် ထိန်းကျောင်းနိုင်တဲ့ မဏ္ဍိုင်သုံးရပ်ထဲ ကျင်လည်စွာ ၀င်ဆန့်နိုင်မယ့် ခေါင်းဆောင်လောင်းတွေ ပျိုးထောင်ထားရမယ်။ ရန်ပုံငွေ ရှာဖွေရေး နည်းလမ်းများအတွက် ရှင်းလင်းပြတ်သားတဲ့ မူဝါဒရှိရပါမယ်။
(၁၄) ပါတီတွင်း ဒီမိုကရေစီကို ပါတီခေါင်းဆောင်တွေ ကိုယ်တိုင်က လိုက်နာ အကောင်အထည်ဖော်ရပါမယ်။ ပွင့်လင်း မြင်သာမှု ရှိရမယ်။ ပါတီ အယူအဆ အာဘော်နဲ့ပတ်သက်ပြီး တစ်ယောက်တစ်ပေါက်ဖြစ်နေခြင်းက ရန်သူနဲ့ လူထုရဲ့ အထင်သေးမှု ဖြစ်စေတယ်။ ပါတီဝင်အားလုံး ပါတီတွင်း ဆန္ဒထုတ်ဖော် ပြောဆိုခွင့် ရှိရမယ်။ တစ်ဦးချင်းအခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ အမျိုးသမီးများ အခွင့်အရေးတွေကို တန်ဖိုးထားရမယ်။ လူသစ်စုဆောင်းရာမှာ ဆရာမွေး တပည့်မွေး အုပ်စုဖွဲ့တာမဖြစ်အောင် သတိထားရမယ်။
(၁၅) ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများ၊ ပါတီအခြေခံဖွဲ့စည်းပုံ၊ ပါတီခေါင်းဆောင်သစ် ရွေးချယ်မှု၊ အစိုးရအဖွဲ့အတွက် ခေါင်းဆောင်ရွေးချယ်မှု နည်းလမ်းတွေ ချမှတ်ထားရမယ်။ ပါတီဖွဲ့စည်းပုံဇယားနဲ့ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ပုံ၊ အစီရင်ခံပုံတွေ ရှိထားရမယ်။ ပါတီတွင်း အင်စတီကျူးရှင်းဆိုင်ရာ ပုံဖော်လုပ်ပ်ကိုင်မှုဖြင့်သာ ပုဂ္ဂိုလ်ရေးထူထောင်သူ၊ ဖျာခင်းသူ၊ ရေပေါ်စီ အချောင်သမားနဲ့ အာဏာငမ်းဖမ်းသူတွေကို လျှော့ချသွားပြီး၊ ပါတီ ရည်မှန်းချက် ပန်းတိုင်နဲ့ မဟာဗျူဟာတွေအတွက် ဖော်ဆောင်ပေးမယ့် အရည်အချင်းမြင့် ဒီမိုကရက်တွေ မွေးထုတ်နိုင်မှာ ဖြစ်ပါတယ်။
(၁၇) အနောက်ဒီမိုကရေစီရဲ့ အားသာချက်က အရည်အချင်းတော်သူကို နေရာမှန် ရွေးချယ်တင်မြှောက်နိုင်ခြင်း ဖြစ်ပြီး၊ အားးနည်းချက်က ပုဂိုလ်ရေးထင်ပေါ်ကျော်ဇောမှုနောက
အထက်ပါ အချက်တွေဟာ ပါတီဆိုင်ရာ စာအုပ်အချို့မှ မှတ်စုများ ဖြစ်ပါတယ်။ ထပ်ဖြည့် ပြင်ဆင်နိုင်ပါတယ်။ မြန်မာ နိုင်ငံရေးသမားတိုင်း စိန်ခေါ်မှုတွေကြားကပဲ အဆင့်မြင့် ဒီမိုကရက်တစ်ပါတီ တည်ဆောက်ရေးကို အာရုံစိုက်သင့်ပါတယ်။ ဒီမိုကရက်တစ်ပါတီကောင်းနဲ့ ဒီမိုကရက်တွေ မရှိရင် ဒီမိုကရေစီ အမှန်တကယ် မပေါ်ထွန်းနိုင်ပါဘူး။ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် အရည်အချင်းပြည့်တဲ့ ဒီမိုကရက်တွေနဲ့ အင်စတီကျူးရှင်း အားကောင်းတဲ့ ဒီမိုကရက်တစ်ပါတီတွေ လိုအပ်နေပါတယ်။ နိုင်ငံရေးသမားတွေ စူပါဒီမိုကရက် ဖြစ်လာမှ စစ်ဘက်ရဲ့ အရပ်ဘက် ၀င်ရောက်စွက်ဖက်မှုကို လျှော့ချသွားနိုင်မှာ ဖြစ်တယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ အင်စတီကျူးရှင်းဆိုင်ရာ အားကောင်းတဲ့ ပါတီတွေ ထွက်ပေါ်ရေးဟာ ယနေ့ သမိုင်း လိုအပ်ချက်ပါ။ ရာစုချီ တည်တံ့ခိုင်မြဲမယ့်် ဒီမိုကရက်တစ်ပါတီကြီး တစ်ခု နှစ်ခုကို အမွေချန်ပေးနိုင်ခဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်တွေကိုသာ နှောင်းမျိုးဆက်တွေက ကျေးဇူးတင် အမြဲအမှတ်ရနေကြမှာ ဖြစ်ပါတယ်။
ရဲမြင့်ကျော်
မတ် ၂၀၁၄
မဇ္ဈိမ သတင်းစာ