Quantcast
Viewing all articles
Browse latest Browse all 1811

အမျိုးအမည် မသိ ဝေဒနာ



ဒီ တစ်ခေါက် သင်္ကြန် တွင်း Over Sea Trip ခရီးစဉ် မှာ မလေးရှားက
Guide က Mr . Peter Tan ဆိုသူ ဖြစ်ပြီး အသက် ၅၈ နှစ် လောက် ရှိပါပြီ
အသက် အရွယ် နဲ့ မမျှ သွက်လက်စွာ စိတ်ပါဝင်စားစွာ
Guide Service အလုပ်ကို တာဝန် ကျေပြွန် ပါတယ်။
မလေးရှား နိုင်ငံ ။ကွာလာလမ်ပူ မြို့ ကို ၀င်တော့ တွေ့ မြင်သမျှ အဆောက်အဦး
တော်တော် များများကို နာမည်။ ထူးခြားမှု တွေ ပြောပြပါတယ်။
တစ်ခုဘဲ ကျမ နင် သွားတာက UN Office ရုံး အဆောက်အဦး နားက ဖြတ်တော့
UN office လို့ လဲ ပြောသလို Myanmar Refugee တွေ
Early Morning ထဲက Q လုပ်နေတာ။


တစ်ခြား ဥရောပ။အမေရိကား နိုင်ငံ တွေကို သွားဖို့ စောင့် နေတာလို့
သူက လွယ်လွယ် ပေါ့ပေါ့ ပြောလိုက်ပါတယ်။
ကျမ အတွက်တော့ သူပြောလိုက်တဲ့ စကားက တော်တော် လေး
ရင်ခံ သွားစေပါတယ်။

မလေးရှား မှာ ဆေးကုရတာ ဆရာဝန်ခ ပေါ ကြောင်း။
အစိုးရက ကျန်းမာရေး စောင့် ရှောက်မှု ကောင်းကြောင်း။
အများပြည်သူ ၀န်ထမ်းတွေ အတွက် အစိုးရ Housing တွေ ရှိကြောင်းလဲ ပြောပြပါတယ်။
ဒီတစ်ခေါက် ခရီးစဉ် မှာ ကျမ ရ လိုက်တဲ့ အတွေ့ အကြုံ အသစ်
အဆန်း တစ်ခုကို Share ချင်လို့ပါ။
ကျမ က ခရီးသွားလာ နေတဲ့ သူဖြစ်လို့ အိုင်ဖုံး။အိုင်ပက်။
စတာတွေ အတွက် မဖြစ် မနေ လိုအပ်တာက Power Bank ဘဲ ဖြစ်ပါတယ်။
မနှစ်က သင်္ကြန် Over Sea Trip တုံးက စင်္ကာပူ မှာ နေတဲ့
သူငယ်ချင်း တစ်ယောက်ကPower Bank ( 7500 mAh )
တစ်ခု လက်ဆောင် ပေးလိုက်ပါတယ်။
တော်တော်လေးလဲ အသုံးခံ သလို သုံးနေတာလဲ တစ်နှစ် ပြည့် သွားပါပြီ။
ဒီ တစ်ခေါက်တော့ ကောင်းတာလေးများတွေ့ ရင်
ထပ် ၀ယ် မယ်လို့ စိတ်ကူးမိပါတယ်။


မလေးရှားမှာ တည်းတဲ့ နေရာက PUDU Plaza Hotel ပါ။
ဟိုတယ် နဲ့ ဈေးဝယ် စင်တာ Plaza တစ်ဆက်တည်း ဖြစ်နေပါတယ်။
ညဘက် ဟိုတယ်ကို ၇ နာရီ ကျော် ကျော် ပြန် ရောက်တာနဲ့
မြန်မာ နှစ်ဆန်း တစ်ရက် နေ့ နဲ့ ကြုံ ကြိုက်လို့
ပလာဇာ အောက်ဘက် ဆင်းပြီး ခေါင်းလျှော် ရည် ဆိုင် ရှာ
တွေ့ လို့ ခေါင်းဝင်လျှော်တာ ခေါင်းလျှော် ရည် ဆိုင် မှာ
အလုပ်လုပ် နေတဲ့ ၀န်ထမ်း အမျိုးသမီး လေးတွေက မြန်မာတိုင်းရင်းသူ
ချင်းမ လေးတွေ ဖြစ်နေပါတယ်။ဗမာ စကားသံလေး တစ်ဝဲ၀ဲ နဲ့ပါ။
ခေါင်း တစ်ခါလျှော် နှိပ် လုပ်ပေးတာ ရင်းဂစ် ၁၅ ဘဲ ပေးရပါတယ်။
တန်တယ်လို့ဘဲ ပြော နိုင်ပါတယ်။


မလေးရှား ဟိုတယ် တွေ အားလုံးက Three pins အပေါက် တွေ ဆိုတော့
ဖုံးအားသွင်းဖို့ အတွက် မေ့လာတာနဲ့ အသစ် ၀ယ်ချင်လို့
ခေါင်းလျှော်ပြီးတော့ ပလာဇာ ထဲ ပတ် လျှောက် ဖြစ်ပါတယ်။
ဖုံးအပို ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ကို ရောက်ပါတယ်။
power bank တွေလဲ တွေ့ မိသလို
မီးပလပ်အားသွင်းခေါင်းတွေလဲ တွေ့ တော့ ၀င်ပြီး ဈေးမေး ပါတယ်။
ဆိုင် အရောင်းကောင်တာက ကောင်လေး တစ်ယောက်ကို How much
ဘာညာ ပြောရင်းကမြန်မာလူမျိုး မှန်းသိသွားရင်း ကိုယ်ကတော့
ဝမ်းပန်း တစ်သာ နဲ့ ဈေးဝယ် မယ်လို့လဲ စိတ်ကူး မိလိုက်ပါတယ်။
( စကားမစပ်-- ကျမ က ဈေးဝယ်ရင် အများအားဖြင့် ပစ္စည်းမှာ
Prize ကပ်ထားတဲ့ ဆိုင်မျိုး။
ပုံသေ ဈေးနှုန်း သတ်မှတ် ထားတဲ့ ဆိုင် မျိုးကို ပိုသဘောကျပါတယ်။
ဟိုလို ဒီလို လျှောက် ဈေးဆစ်။ ပြန်လှည့်ထွက်။ပြန် ဆစ် ။
အာခြောက်အောင် လုပ်ရတာ မျိုး သြိပ် သဘောမတွေ့ မိပါဘူး။ )
သူ့ ဆိုင် မှာ power bank ( Samsung ) အမျိုးအစား နှစ်ခု ကို တွေ့ ပါတယ်။
( 9000 mAh ) ( 13000 mAh ) ဖြစ်ပါတယ်။
ကျမက ဈေးမေး စုံစမ်းတော့ 9000 mAh ကို 279 RM( ၂၇၉ ရင်းဂစ် ) လို့ ပြောပါတယ်။
Samsung Catalogue စာအုပ်ကို ထုတ်ပြသလို
စာအုပ်ထဲက ဈေးနှုန်းက 9000 mAh ကို
( 279 R ) လို့ ရေးထားတာ မြင်ပါတယ်။


ကျမက Power Bank လိုချင်တာထက် လောလောဆယ် လိုချင်နေတာက
Three pins ခေါင်း ဆိုတော့ three pins ခေါင်း ရှိမရှိ အရင် မေးပါတယ်။
ကျမကို ရှိတယ်။ ၂၀ ရင်းဂစ် လို့ ဆိုပါတယ်။ ရောင်းဖို့ မရှိဘူး။
ဆိုင် သုံးဖို့ဘဲ ရှိတယ်။ရောင်းမရောင်းကို ဆိုင် ပိုင်ရှင်ကို
သွားမေးဦးမယ် လို့ ဆိုပါတယ်။
ပြောပြော ဆိုဆို တစ်ဘက်ခြမ်းက နှစ်ဆိုင် ကျော်ကို ထွက်သွားပါတယ်။
ဒါနဲ့ စောင့် နေရင်းက ကျမလဲ မျက်နှာခြင်းဆိုင်ဘက်ခြမ်း ဆိုင်အတူတူ။
ကောင်တာ အခွဲ မှာ ထိုင် နေတဲ့ Chinese မျက်နှာပေါက် နဲ့
လူ တစ်ယောက် ကို သူထိုင် နေတဲ့ ကောင်တာထဲက
Samsung Power Bank ကို မြင်တော့ ဈေးထပ်မေးပါတယ်။
9000 mAh ကို ၁၃၀ ရင်းဂစ်။ 13000 mAh ကို ၁၆၀ ရင်းဂစ် ဆိုလား။
၁၉၀ ရင်းဂစ် ဆိုလား ။ဈေးပြောပါတယ်။


ဟမ်-- ကျမ နည်းနည်း ကြောင် သွားမိပါတယ်။
တစ်ဆိုင်ထဲ အတူတူ ကိုယ့် မြန်မာ လူမျိုးက ကတ်တစ်လောက် ထုတ်ပြပြီး
ဆမ်ဆောင်း 9000 mAh ကို ( 279 R ) လို့ ဈေးပြောပြီး။
တရုတ်က ၁၃၀ ရင်းဂစ် ဆိုတော့ နည်းနည်း နင် သွား မိပြန်ပါတယ်။
ထားပါတော့ ဆက် စောင့် နေရင်း မြန်မာ ကောင်လေးက မီးခေါင်းလေးကိုင်ပြီး
ဝင်လာပါတယ်။ အမ ဈေးက ၃၀ ရင်းဂစ် တဲ့ ။ယူမလားတဲ့ ။
ကျမလဲ စိတ်ပျက်စွာ နဲ့ မယူတော့ဘူးကျေးဇူးပါဘဲ လုပ် ခဲ့ လိုက်ပါတယ်။
ဒါ နဲ့ဘဲ ဆက်လျှောက် သွားပြီး ဆိုင်တွေ လိုက်ကြည့် တစ်ဆိုင်လုံးမှာ
တရုတ် မျက်နှာပုံစံ မျိုးဘဲ ရှိတဲ့ ဆိုင်ကို သွား အင်္ဂလိပ်လို ပစ္စည်းကိုမေး ။
ဈေးကို မေးတော့ ရင်းဂစ် ၁၅ ရင်းဂစ် ဘဲ ပေးလိုက်ရတဲ့
Three Pins ခေါင်း တစ်ခု ၀ယ်ဖြစ်သွားပါတယ်။
အဲ့ဒီ့ မြန်မာ နှစ်ဆန်း တစ်ရက် နေ့ည ဘာဈေးမှ
ထပ် မ၀ယ်တော့ဘဲ ဟိုတယ် ပြန်လာခဲ့ပါတယ်။
နောက် တစ်နေ့ စိတ်မကျေနပ် သေးလို့
power bank အကြောင်း သေသေချာချာ ထပ်သိချင်လို့
Guide ကို မေးပြီး Samsung ပစ္စည်း သီးသန့် ရောင်းတဲ့ ဆိုင် သွားတော့ မှ
Samsung Power Bank Original အစစ်က 9000 mAh တစ်မျိုးထဲ ရှိတယ်။
279 R ရင်းဂစ်။ မလေးရှား နိုင်ငံ တွင်း အတွက်
၆ လ ဘဲ အာမခံတယ် ဆိုတာ လေ့လာ ခဲ့ ရပါတယ်။

Shopping Mall တွေက ကောင်တာ တစ်ချို့ မှာ ရှိတဲ့
Samsung Power Bank 9000 mAh
/ 13000 mAh က ဈေး ပိုသက်သာ ပြီ့း ၁၃၀- ၁၆၀ ရင်းဂစ် နဲ့ ရောင်းတာပါ။
ဒါကို တစ်ချို့  မသိသူတွေကို ၂၇၉ ရင်းဂစ်ကိုဘဲ လျော့ ရောင်းသလိုလို နဲ့
၂၅၀ ရင်းဂစ် ဆိုပြီး ရောင်းတာပါ။
ပစ္စည်း နှစ်ခုက တူ မလိုလို နဲ့ အတူတူ တွဲ ကြည့်ရင်
ကွဲပြားခြားနားတာကို တွေ့ ရပါတယ်။


Power Bank အများစု အားလုံးနီးပါးကတော့ Made in China တွေဘဲ ဖြစ်ကြပြီး။
China ခြင်း တူတာကို ဈေးပေါရောင်းကွာလာတီ အနိမ့် ပစ္စည်း နဲ့
ပြန် ထပ် တု ထားတာလို့ဘဲ ထင်မိပါတယ်။
ဒါနဲ့ နောက်ဆုံး Samsung တံဆိပ် ကပ် ထားတဲ့ ဆိုင် တစ်ခု မှာ
တရုတ် မျက်နှာ နဲ့ ကောင်လေးနှစ်ယောက်ကို တွေ့ ပါတယ်။
ကိုယ် မရှင်းဘဲ ဖြစ်နေတဲ့ ပစ္စည်း ၂ မျိုး အကြောင်းကို
သူတို့က သေသေချာချာ ရှင်းပြပါတယ်။
သူတို့ ကိုယ်တိုင်ကျတော့ Samsung counter မှာ
Samsung Phone တွေ ရောင်းနေပြီး။
သူတို့ သုံးနေတဲ့ Power Bank က
( Wopow Power Bank ) ဆိုတာ ဖြစ်နေပါတယ်။
ကိုယ်ကလည်း ဒီတစ်ခါတော့ ပေါ်တင်ဘဲ မေးလိုက်ပါတယ်။
နင်တို့ ဆမ်ဆောင်း ပစ္စည်းတွေ ရောင်းပြီး
ဘာလို့ ဒီ power bank ကို သုံးတာလဲ လို့
ဆိုတော့ အခု wopow power bank က
၁၈ လ အာမခံ ချက် ရှိတယ်။
မကောင်းရင် ပြန်ပြင်နေတာ မဟုတ်ဘူး။
အသစ် တစ်လုံး တစ်ခါထဲ ပြန်လဲ ပေးတာ။
ဘယ်သူမှလဲ ပြန်လာလဲတာ မရှိဘူး။
ဒါကြောင့် ဒါကို သုံးတာလို့ ဆိုပါတယ်။
ကိုယ်လဲ သူတို့ သုံးတဲ့ ၁၈ လ အာမခံ
( Wopow Power Bank 9000 mAh ) ကို
၂၁၉ ရင်းဂစ် နဲ့ ၀ယ်လာခဲ့ လိုက်ပါတယ်။


ကောင်းမကောင်း ဆိုတာတော့ စမ်းသုံး ကြည့် ရ မှာပါဘဲ။
စကားတွေ စပ်မိရင်းက ဆိုင်ပိုင်ရှင် မလေး တရုတ်က
မာတီမီဒီယာ နဲ့ ဘွဲ့ ရတာ။
အန်တီ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း
ကောင်းကောင်းသိတယ်။
မြန်မာပြည်ကိုလည်း စိတ်ဝင်စားပြီး
လာလည်ချင်တယ်လို့လဲ ပြောတယ်။
သူ့ ဆိုင် နားမှာ မြန်မာလူမျိုးတွေ အများကြီးဘဲ။
refugee တွေ များတယ်လို့ လဲ သူက ထပ် ပြောဆိုပါတယ်။
ကျမ တို့ တိုင်းပြည် နိုင်ငံရေးက တစ်ကယ် မကောင်းဘူးလား
လို့လဲ မေးသေးတယ်။
ကိုယ်လဲ နည်းနည်းပါးပါး ရှင်းပြ လိုက်ပါတယ်။


နောက် တစ်နေရာ Shopping Mall ထပ် ရောက်လို့
Power Bank တွေ မြင်လို့ ထပ်ကြည့် တော့ မြန်မာ ကောင်လေးတွေ အရောင်းဝန်ထမ်း ဆိုင် ဖြစ်နေတယ်။
အမ မြန်မာလား။ ဘာရှာနေတာလဲ။
တဲ့ ဘာမှ မရှာပါဘူးလို့ ပြောပြီးပြန်ထွက်လာခဲ့တယ်။
စိတ်ထဲ မှာလဲ အမျိုးအမည် မသိသော ဝေဒနာ တစ်ခု ဖြစ်ထွန်းမိပါတယ်။

COPIED FROM CM

 https://www.facebook.com/sylatt?fref=nf မှကူးယူဖော်ပြပါသည်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...