(၁၉၉၉)
ကာဂီးလ်စစ်ပွဲသည် ဟိန္ဒူနှင့် မွတ်စလင်အဖွဲ့အစည်းနှစ်ရပ်၏ သမိုင်းကြောင်းအရ မပြေလည်သည့် ကိုးကွယ်ယုံကြည်မှုအပေါ် ဗြိတိသျှတို့၏ နည်းမျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်မှုစနစ်ကျင့် သုံးမှုတို့ကြောင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲဖြစ်ပြီး ပြောက်ကျားစစ်နှင့် သမားရိုးကျစစ်တို့ပေါင်းစပ်အသုံးပြုခဲ့သော စစ်ပွဲဖြစ်ပါသည်။
နောက်ခံသမိုင်း
၁။ ကက်ရှ်မီးယားသည်Himilia နှင့်Karakorum တောင်တန်းကြီးများ၏ အလယ်တွင် ချိုင့်ဝှမ်းအဖြစ်တည်ရှိပြီး ကက်ရှ်မီးယားရှိလူမျိုးအများစုမှာ အင်ဒို ဥရောပအနွယ်ဝင် အာရီယန်မျိုးနွယ်များ ဖြစ်ကြသည်။ အိန္ဒိယအား အရှေ့အိန္ဒိယ ကုမ္ပဏီက သိမ်းပိုက်ပြီးနောက်silkတို့အား အောင်နိုင်သည့် အခါ Panjub နှင့် kashmir ကို သိမ်းယူခဲ့သည်။
၂။ အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား တင်းမာမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပေါ်လာခဲ့ရသည့် နောက်ခံအခြေအနေ များမှာ ဟိန္ဒူနှင့် မွတ်စလင်အဖွဲ့အစည်းနှစ်ရပ်၏ သမိုင်းရေးအရ မပြေလည်သည့် ကိုးကွယ်ယုံကြည်မှုအပေါ် ဗြိတိသျှတို့၏ နည်းမျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်မှု စနစ်ကျင့်သုံးမှုတို့ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ဟိန္ဒူနှင့် မွတ်စလင်များသည် ပဒေသရာဇ်၏ အစဉ်အလာ၊ အတွေးအခေါ်၊ လုပ်ထုံးလုပ်နည်းများကိုသာ လိုက်စားနေကြပြီး အတွေးအခေါ် အမျှော်အမြင် နောက်ကျနေခြင်းတို့ကြောင့် နှစ်ပေါင်းကြာရှည်စွာ နေထိုင်ကြသည့် လူမျိုးစုကြီးများ အနေဖြင့် လူမှုရေး၊ ဘာသာရေး ကိစ္စများတွင် ညှိနှိုင်းမှုမရှိခြင်း တို့ကြောင့် ကိုလိုနီဘ၀သို့ရောက်ခဲ့ ရသည့်အပြင် စည်းလုံးညီညွှတ်မှုမရှိဘဲ ဖြစ်ခဲ့ရသည်။ လူအများစု မွတ်စလင် များကိုသွေးခွဲဖိနှိပ် အုပ်ချုပ်မှုကြောင့်ဟိန္ဒူ၊ မွတ်စလင်၊ ဆစ်ခ်တို့၏ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှု ပျက်ပြားလာပြီး လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် စိတ်ဓာတ်များကိန်းအောင်း လာကာဒေသတွင်းတည်ငြိမ်မှုကို ပျက်စီးလာစေခြင်း ဖြစ်သည်။ လူမျိုးရေးအဓိကရုဏ်းသို့ ဦးတည် လာခဲ့ပြီး ကက်ရှ်မီးယားဒေသတွင် နောင်လွတ်လပ်ရေးလှုပ်ရှားမှု၌ လူမျိုးစု၊ ဘာသာကြီးနှစ်ခုတို့၏ အားပြိုင်ရာဒေသအဖြစ် ကိုလိုနီ အမွေဆိုးမျိုးစေ့ချထားခဲ့ခြင်းပင် ဖြစ်ပါသည်။
၃။ ဗြိတိသျှတို့က ဟိန္ဒူ-မွတ်စလင်တို့အား နှစ်ဘက်စလုံးကို မြှောက်ပင့်မှုပြုလုပ်ခြင်း၊ ဘေးမှသွေးထိုးလှုံ့ဆော်ပေးခြင်းဖြင့် မွတ်စလင်တို့အား သီးခြားမဲဆန္ဒနယ်များ တောင်းခံစေခြင်း အဖြစ် အခြားကိစ္စများတွင် အားပေးအားမြှောက်ပြုခဲ့ကြသည်။ အိန္ဒိယတိုက်ငယ်အတွင်း လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော ဟိန္ဒူနှင့်မွတ်စလင်တို့၏ စိတ်ဝမ်းကွဲမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ လူမျိုးပြုတ်သုတ်သင်မှု အရှိန်ဆက်လက်မြှင့်တက်လာသဖြင့် နန်းရင်းဝန် အက်တလီသည် ၁၉၄၇ ခုနှစ်၊ မတ်လတွင် အရှေ့တောင်အာရှ စစ်သေနာပတိချုပ်ဟောင်း ရေတပ်ဗိုလ်ချုပ်ကြီး လူဝီမောင့်ဘက်တန်အား အင်္ဂလိပ်ဘုရင်၏ အိန္ဒိယဆိုင်ရာ ၂၀ ဦးမြောက် ဘုရင်ခံချုပ်အဖြစ် ခန့်အပ်ပြီးအိန္ဒိယ၏ပြဿနာကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းရန် စေလွှတ် ခဲ့သော်လည်း အိန္ဒိယတိုက်နယ်တစ်ခုလုံးစည်းလုံးညီညွှတ်မှုကို မဖန်တီးနိုင်ဘဲ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအဖြစ်ပေါ်ထွက်လာခဲ့ရပါသည်။ အိန္ဒိယနှင့်ပါကစ္စတန်အား အမြန်ဆုံးလွတ်လပ်ရေးပေးရန်လို သကဲ့သို့ လွတ်လပ်ရေးပေးရန်အတွက် နှစ်နိုင်ငံပိုင်းခြားသတ်မှတ်ရေးကိုလည်း အလျှင်အမြန် ဆောင်ရွက်ရသဖြင့် ပြည့်စုံကောင်းမွန်မှုမရှိခဲ့ပေ။ ဒေသလူထုတို့၏ ဆန္ဒမပါရှိခဲ့ဘဲဆောင်ရွက်ခဲ့ခြင်းဖြစသဖြင့် အကျိုးဆက်အနေနှင့်သွေးထွက် သံယိုမှုများ၊ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ၊ မျိုးဖြုတ် သုတ်သင်မှုများသာဖြစ်ပေါ်လာပြီး နှစ်နိုင်ငံလုံးလူမျိုးများ၏စိတ်တွင်း၌ လွတ်လပ်ရေးနှင့်အတူ မကျေနပ်မှုများသာ သန္ဓေတည်ကြီးထွားလာခဲ့ပါသည်။
၎။ ဘုရင်ခံချုပ် မောင့်ဘက်တန်က ကက်ရှ်မီးယားဒေသအား လူထုဆန္ဒဖြင့် အဆုံးအဖြတ် ပြုကြရန် တိုက်တွန်းခဲ့သည်။ ထိုအချိန်တွင် ကက်ရှ်မီးယားရှိ မွတ်စလင်အများစုတို့သည် ပါကစ္စတန်နှင့် ပူးပေါင်းလိုကြသည်။ ပါကစ္စတန်သည် ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၄ ရက်တွင် လည်းကောင်း၊ အိန္ဒိယသည် ၁၉၄၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင်လည်းကောင်း လွတ်လပ်ရေး ရခဲ့ကြပြီး အိန္ဒိယနိုင်ငံဖြစ်လာမည့်ဒေသတွင် အခြေချနေထိုင်ခဲ့ကြသော မွတ်စလင်များနှင့် ပါကစ္စတန်ဖြစ်လာမည့်ဒေသတွင် အခြေချနေထိုင်ခဲ့ကြသော ဟိန္ဒူလူ့အဖွဲ့အစည်းများ အပြန်အလှန် အလုံးအရင်းလိုက်ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ လွတ်လပ်ရေးမရမီကပင် ဟိန္ဒူပြည်နယ် များတွင် မွတ်စလင်များကို ဘာသာရေးမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာမှ ပါကစ္စတန်အနေဖြင့် မွတ်စလင်များ စုစည်း၍ထွက်ပေါ်လာသောနိုင်ငံဖြစ်ခဲ့သည်။
၅။ လွတ်လပ်ရေးရပြီးချိန် ၁၉၄၇ ခုနှစ် သြဂုတ်လတွင် ကက်ရှ်မီးယားအနေဖြင့် ဗြိတိန်ဘုရင်မ၏ ၅၆၁ ခုသော ပြည်နယ်အဖြစ် ဘုရင်မအား သစ္စာစောင့်သိသမျှ လွတ်လပ်နေမည့် ပြည်နယ်တစ်ခုအဖြစ်ခံယူသည်။ ဗြိတိန်မှကာကွယ်ရေး၊ နိုင်ငံရေးနှင့်ဆက်သွယ်ရေးကို ထိန်းချုပ်ထားရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည့် ပြည်နယ်ဖြစ်လာသည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကက်ရှ်မီးယားနှင့် အိန္ဒိယတို့၏ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံ၏နယ်တစ်ခုအဖြစ် ကက်ရှ်မီးယားဒေသပါဝင်လာခဲ့သည်။ ဂျမူး-ကက်ရှ်မီးယား ပြည်နယ်နှင့်ပတ်သက်၍ အိန္ဒိယသည်အခြားနိုင်ငံများနှင့်ဖြစ်ပေါ်လာသည့်ပြဿနာရပ်များကို နိုင်ငံတကာမှ ဖြေရှင်းရမည့် ပြဿနာအဖြစ်သဘောမထားဘဲနှစ်နိုင်ငံဖြေရှင်းရမည်ဟု သဘောထား ခဲ့သော်လည်း ပါကစ္စတန်က ပြဿနာတိုင်းကို နိုင်ငံတကာပြဿနာအဖြစ်ဖန်တီးလိုခဲ့ပေသည်။
(ဆက်ရန်) — with Htet Aung and 8 others.