"လည်ပြန်သုံးဆယ့်တစ် "
-----------------
မှန်တင်ခုံရှေ့ ထိုင်နေမိတာ အတော်လေးကြာမြင့်ပြီထင်သည်။ သို့သော် ကျွန်တော်မထမိသေး။ ယောကျာ်းတစ်ဦးဖြစ်လျက် ဇိမ်ပြေနပြေ အလှပြင်နေမိတာတော့မဟုတ်။ မှန်ထဲက ကိုယ့်မျက်နှာကို သေချာကြည့်နေမိတာပါ။
သာမန်အားဖြင့်တော့ ဒီမျက်နှာပေါ်မှာ ဘာမှထူးခြားမှုမရှိလို့ သတ်မှတ်လျှင်လည်း ရသည်ပေါ့လေ။
သို့ပေမဲ့ ဒီနေ့ကဖြင့် အသက် ၃၁ နှစ်ပြည့်သည့်နေ့ ဆိုတော့လဲ စိတ်ထဲမှာ ထူးခြားနေသလိုထင်မိသည်။ အသက် ၁၉၊ ၂၀ နှစ်ကလို နုပျိုသည့် ရုပ်မရှိတော့သည်က အမှန်။
အသက်ကြီးရင့်မှု၏ အသွင်သဏ္ဍာန် နဖူးရည်လေးတွေ တွန့်နေသလိုလို၊ ပါးပြင်တွေကလည်း လျော့တိ လျော့ရဲ နိုင်နေသလိုလိုပါပဲ။ အင်း ကိုယ့်ကိုယ်ကို "သလိုလို"ဆိုရယ်ဖြင့် သက်ညှာစွာတွေးမိလေတော့လဲ မှန်မျက်နှာပြင်ပေါ်မှာ ပေါ်နေသည့် အမှန်တရားကိုတော့ ညာလို့မရ ၊ ညှာလို့မရပါတကား။
၃၁ ဆိုသည်က ကြားကာလအသက်အပိုင်းအခြား ဖြစ်မည်ထင်သည်။ လူကြီးသူမများကတော့ ငယ်သေးသည်ပေါ့။ ၃၁ ပဲ ရှိသေးတာပေါ့။ နုငယ်လန်းဆန်းတက်ကြွနေသည့် ၁၉ နှစ် ၂၀ နှစ် လူငယ်တွေကတော့ ၃၁ နှစ်တောင် ရှိပြီလား ဆိုချင်စရာထင်ပါရဲ့။
စိတ်ထဲရှိသလို အမှန်အတိုင်းဆိုရလျှင်ဖြင့် ၃၁ နှစ်ဆိုတာ ကြီးရင့်ပြီလို့ ထင်မိသည်။ နိမ့်ပါးလာသည့် လူ့သက်တမ်းအားဖြင့် သက်တမ်းတစ်ဝက် ကျိုးလုပြီဆိုလျှင်ဖြင့်လည်း ရသည်။ နောက်ထပ် ဘယ်၍မျှနေရမည် ဆိုသည်က မသေချာ။
သေချာသည်ကတော့ လူ့ဘ၀ကြီးမှာ ၃၁ နှစ် ရှင်သန်ကြီးပြင်းခဲ့ပြီးပြီ ။
၃၁ ဘုံထဲမှာ ရခဲလှသည့် လူဘုံကို ရရှိခဲ့သည်။ ထိုလူ့ဘုံထဲတွင်မှ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ သာသနာ တော်နှင့်ကြုံကြိုက်ရသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အမြတ်ဆုံးပန်းတိုင်ဖြစ်သည့် မြတ်နိဗ္ဗာန်သို့ ရောက်ရှိရာသို့ လမ်းညွှန်ပြသရာ ဆရာ သမားတို့သည်ကလည်း ကျွန်တော်အမိမြန်မာပြည်ကြီး တွင် များစွာပေါ်ထွက်လျက်ရှိသည်။
ထို့အပြင် အဖေ၊ အမေက ကျန်းမာသန်စွမ်းသောဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ မွေးဖွားကျွေးမွေးစောင့်ရှောက် ပေးခဲ့သည်။ မြတ်ဓမ္မတို့ကို နားထောင်နိုင်သည့် နားတို့မှလည်း ကောင်းမွန်သည်။ ဥာဏ်ရည်အားဖြင့်လည်း သက်ဝင်ယုံကြည်မှုအဆင့်ထိ ရှိနေသည်။
သို့အတွက် ဘာတွေလိုနေပါသနည်း။ အလုပ်။ အလုပ်ပင်ဖြစ်လိမ့်မည်။ တကယ် လက်တွေ့ကျကျလုပ် ဖို့လိုဦးမည်။
၃၁ နှစ်ကို နေ့ရက်ဖြင့် တွက်ကြည့်လျှင် ပျမ်းမျှ ၁၁၃၂၂ ရက်ရှိသည်။ ထိုရက်ပေါင်း တစ်သောင်းကျော် တွင် ဒါနအဘယ်မျှ ပြုပြီးသွားပြီနည်း၊ သီလ ဘယ်နှရက်မျှဆောက်တည်ခဲ့ပြီန ည်း။
တရားစခန်း ၂ ကြိမ်သာ ၀င်ခဲ့ဘူးသည်။ ၁၀ ရက်စခန်းဖြစ်သည့် အတွက် ရက်ပေါင်း ၂၀ သာရှိသည်။ လှုပ်ရှားရုန်းကန်ခဲ့သည့် ကျန်ဘ၀အချိန်တွင် ဒါန အနည်းအကျဉ်းမျှ ပြုခဲ့သော်လည်း မှန်မှန်ကန်ကန် သီလအားဖြင့် ဆောက်တည်မှု မရှိခဲ့။
သို့ဆိုလျှင် ရှင်သန်ခဲ့ရာ ၃၁ နှစ်တွင် အစွန်းရက်တွေပင် ပြည့်မှီအောင် ဆောက်တည်မှု မရှိခဲ့သည့် သီလသည် အဘယ်မျှ မြဲမြံလေမည်နည်း။
သြော် ပုထုဇဉ်လေ။ ပုထုဇဉ်လေဖြင့် အများမိုးခါးရေသောက်လျှင်ဖြ င့် သောက်ခဲ့လေသည်ကတော့ သက်ပြည့်နီးပါးပင် ဖြစ်လိမ့်မည်။
ဒီတော့ လောကုတ္တရာဘက်မှတွေးလျှင် အရိပ်အပါးပင်မရှိလေပြီမို့ လောကီဘက်သို့ ပြန်ကြည့်မိပြန် သည်။ ဘ၀တစ်နေ့တာကို မည်သို့ ဖြတ်ကျော်လာခဲ့သနည်း။
ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရရှိရမည်ဟု ဆိုပါသည်။ တစ်နေ့ တစ်နေ့ ရှင်သန်ကြီးပြင်းရာ လောကီ နယ်ပယ်တွင် ဘာတွေက ပို၍ ရနေသနည်း။
ပညာဟုဆိုရသော ပညတ်ပညာအားဖြင့်တော့ ခပ်တည်တည်ဘောင်သွင်း ချိတ်ဆွဲထားသည်ပေါ့။ ထို ပညာဖြင့် လူသား အဘယ်နှဦးမျှကို အကျိုးကျေးဇူးပြုခဲ့ပြီးပြီ နည်း။ ဟယ် ရှက်ဖွယ်လိလိ ကောင်းလေစွဟုသာ မှတ်ချက်ပြုမိသည်။
ခေတ်စကားတွင် "ပညာပေး "သည်ဟုဆိုသည်။ "ပညာပေး လိုက်သည် "ဆိုလျှင် ကိုယ်က အသာ ခပ်ပြုံးပြုံးပေါ့။ "ပညာပေးခံလိုက်ရပြီ "ဆိုလျှင်ဖြင့် ရင်ထုမနာနှင့်အတူ ဒေါသခံပြင်းမှုတို့က ပါလာပါလေပြီ။
ဘ၀ကလည်း ကိုယ်ခံပညာပေါင်းများစွာ ခံယူခဲ့ရသည်က ခပ်များများရယ်။ ဒီတော့ကား ထုလေမာလေ ဆိုသလို လောဘ၊ ဒေါသတို့က အသားတကျဖြစ်လာသည်။ အသားမာတက်လာသည့် ကိုယ့် လောဘ၊ ဒေါက ကိုပင် အမှန်ထင်လာတော့ ပညတ်ပညာသည် သုံးစား၍ မရတော့။ ကုသိုလ်နှင့် ပညာကတော့ ခပ်ကင်းကင်း ရယ်လို့ ဖြစ်လာသလိုပင်။
ကုသိုလ်၊ ပညာ မရလေတော့ ဥစ္စာကရော "၀င်လာမစဲ တသဲသဲ "လေလား။ ၀မ်းဝ၊ ခါးလှတယ် ဆိုယုံ။ "မရှိသူအားဖြင့် ချမ်းသာတယ် "လို့ ဆိုနိုင်သည်ပေါ့။
သည်လိုဆိုလျှင်ဖြင့် ရှင်သန်ခဲ့ရာ ၃၁ နှစ်သည် ဘာတွေအနှစ်သာရ ရှိသနည်း။ လူ့ဘ၀အနှစ်သာရ အစစ်ဘာတွေ ရရှိခဲ့သနည်း။ ရှင်သန်ခဲ့ရာဘ၀သည် အကျိုးရှိပါ၏လော။
မှန်ထဲကပေါ်နေသည့် အမည်နာမအားဖြင့် မောင်ပိုင်ဟုဆိုသည့် ရုပ်ကို စိတ်က မေးခွန်းတွေ တသီကြီးမေးနေမိသည်။
"ကိုယ့် အထုပ် ကိုယ်ထမ်း ကိုယ်လမ်း ကိုယ်လျှောက် "ဟုဆိုသည်။
"၃၁ နှစ်တာ ကာလအတွင်း ဘယ်အထုပ်ကို မောင်ပိုင် …မင်း..ထုပ်ခဲ့ပြီနည်း "
"ဘယ်လမ်းကိုဖြင့် လျှောက်ခဲ့ပြီနည်း၊ ဘယ်လမ်းကို ရှေ့ဆက်လျှောက်မည်နည်း "
စိတ်ထဲ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်နေမိရင်း ငယ်ငယ်က သင်ကြားခဲ့ရသည့် "ဦးပေါင်ကျားနှင့် မြင်းကျားရှင် "က စိတ်ထဲပေါ်လာသည့်။
"ဟယ် အမတ်တို့ နင်တို့ ငါ့ကို အိုပြီဟူ၍ မှတ်ကြသည်။ ငါမအိုသေး "
အလောင်းစည်သူမင်းကြီးကတော့ သူစွမ်းနိုင်ကြောင်းကို ပြသခဲ့ပြီး "ငါမအိုသေး"ဟုဆိုခဲ့လေပြီ။
ကျွန်တော် ရုပ်အားဖြင့် "ငါမအိုသေး "ဟု ဆိုလျှင်ရနိုင်ပါသည်။ (ပါးရည်၊ နဖူးရည် နည်းနည်းတွန့်လာ သည်ကလွှဲလျှင်ပေါ့)။ စိတ်ကလည်း "ငါမအိုသေး "ဟု တွေးမိသည်။
မှန်ကိုကြည့်နေစဉ် ခေါင်းပေါ်၌ ဖြတ်ခနဲအရာတစ်ခုကို တွေ့လိုက်ရသည်။ မှန်ရှေ့သို့ ထပ်တိုးပြီး ခေါင်းကို လက်ဖြင့် သပ်ကြည့်သည်။ ခုနင်က ဖြတ်ခနဲမြင်လိုက်ရသော်လည်း သေချာရှာသည် ဆိုကာမှ မျက်လုံးက ခပ်ဝါးဝါးဖြစ်လာသည်။
ဟော တွေ့ပါလေပြီ။ ဆံပင်ဖြူတစ်ချောင်း။
၃၁ နှစ်၏ စရိုက်လက္ခဏာတွေလား။ ဇရာကိုဖြင့် အရောင်သချင်လို့ မရပါလား။ အမှန်တရားကိုသာ ပြသနေပါသည်တကား။
သြော် လည်ပြန်ကြည့်မိသည့် ၃၁ ကတော့ ခပ်ညောင်းညောင်း ခပ်စောင်းစောင်းရယ်ပေါ့။
****************
မောင်ပိုင်
(၂၄ ဇူလိုင်တွင် ပြည့်ခဲ့ပြီးသော ၃၁ ကို ပြန်ကြည့်မိခြင်းဖြစ်ပါသည်) ။
၃၁-၈-၂၀၁၄။
—
-----------------
မှန်တင်ခုံရှေ့ ထိုင်နေမိတာ အတော်လေးကြာမြင့်ပြီထင်သည်။
သာမန်အားဖြင့်တော့ ဒီမျက်နှာပေါ်မှာ ဘာမှထူးခြားမှုမရှိလို့ သတ်မှတ်လျှင်လည်း ရသည်ပေါ့လေ။
သို့ပေမဲ့ ဒီနေ့ကဖြင့် အသက် ၃၁ နှစ်ပြည့်သည့်နေ့ ဆိုတော့လဲ စိတ်ထဲမှာ ထူးခြားနေသလိုထင်မိသည်။ အသက် ၁၉၊ ၂၀ နှစ်ကလို နုပျိုသည့် ရုပ်မရှိတော့သည်က အမှန်။
အသက်ကြီးရင့်မှု၏ အသွင်သဏ္ဍာန် နဖူးရည်လေးတွေ တွန့်နေသလိုလို၊ ပါးပြင်တွေကလည်း လျော့တိ လျော့ရဲ နိုင်နေသလိုလိုပါပဲ။ အင်း ကိုယ့်ကိုယ်ကို "သလိုလို"ဆိုရယ်ဖြင့် သက်ညှာစွာတွေးမိလေတော့လဲ မှန်မျက်နှာပြင်ပေါ်မှာ ပေါ်နေသည့် အမှန်တရားကိုတော့ ညာလို့မရ ၊ ညှာလို့မရပါတကား။
၃၁ ဆိုသည်က ကြားကာလအသက်အပိုင်းအခြား ဖြစ်မည်ထင်သည်။ လူကြီးသူမများကတော့ ငယ်သေးသည်ပေါ့။ ၃၁ ပဲ ရှိသေးတာပေါ့။ နုငယ်လန်းဆန်းတက်ကြွနေသည့် ၁၉ နှစ် ၂၀ နှစ် လူငယ်တွေကတော့ ၃၁ နှစ်တောင် ရှိပြီလား ဆိုချင်စရာထင်ပါရဲ့။
စိတ်ထဲရှိသလို အမှန်အတိုင်းဆိုရလျှင်ဖြင့်
သေချာသည်ကတော့ လူ့ဘ၀ကြီးမှာ ၃၁ နှစ် ရှင်သန်ကြီးပြင်းခဲ့ပြီးပြီ
၃၁ ဘုံထဲမှာ ရခဲလှသည့် လူဘုံကို ရရှိခဲ့သည်။ ထိုလူ့ဘုံထဲတွင်မှ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ သာသနာ တော်နှင့်ကြုံကြိုက်ရသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အမြတ်ဆုံးပန်းတိုင်ဖြစ်သည့်
ထို့အပြင် အဖေ၊ အမေက ကျန်းမာသန်စွမ်းသောဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ မွေးဖွားကျွေးမွေးစောင့်ရှေ
သို့အတွက် ဘာတွေလိုနေပါသနည်း။ အလုပ်။ အလုပ်ပင်ဖြစ်လိမ့်မည်။ တကယ် လက်တွေ့ကျကျလုပ် ဖို့လိုဦးမည်။
၃၁ နှစ်ကို နေ့ရက်ဖြင့် တွက်ကြည့်လျှင် ပျမ်းမျှ ၁၁၃၂၂ ရက်ရှိသည်။ ထိုရက်ပေါင်း တစ်သောင်းကျော် တွင် ဒါနအဘယ်မျှ ပြုပြီးသွားပြီနည်း၊ သီလ ဘယ်နှရက်မျှဆောက်တည်ခဲ့ပြီန
တရားစခန်း ၂ ကြိမ်သာ ၀င်ခဲ့ဘူးသည်။ ၁၀ ရက်စခန်းဖြစ်သည့် အတွက် ရက်ပေါင်း ၂၀ သာရှိသည်။ လှုပ်ရှားရုန်းကန်ခဲ့သည့် ကျန်ဘ၀အချိန်တွင် ဒါန အနည်းအကျဉ်းမျှ ပြုခဲ့သော်လည်း မှန်မှန်ကန်ကန် သီလအားဖြင့် ဆောက်တည်မှု မရှိခဲ့။
သို့ဆိုလျှင် ရှင်သန်ခဲ့ရာ ၃၁ နှစ်တွင် အစွန်းရက်တွေပင် ပြည့်မှီအောင် ဆောက်တည်မှု မရှိခဲ့သည့် သီလသည် အဘယ်မျှ မြဲမြံလေမည်နည်း။
သြော် ပုထုဇဉ်လေ။ ပုထုဇဉ်လေဖြင့် အများမိုးခါးရေသောက်လျှင်ဖြ
ဒီတော့ လောကုတ္တရာဘက်မှတွေးလျှင် အရိပ်အပါးပင်မရှိလေပြီမို့ လောကီဘက်သို့ ပြန်ကြည့်မိပြန် သည်။ ဘ၀တစ်နေ့တာကို မည်သို့ ဖြတ်ကျော်လာခဲ့သနည်း။
ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရရှိရမည်ဟု ဆိုပါသည်။ တစ်နေ့ တစ်နေ့ ရှင်သန်ကြီးပြင်းရာ လောကီ နယ်ပယ်တွင် ဘာတွေက ပို၍ ရနေသနည်း။
ပညာဟုဆိုရသော ပညတ်ပညာအားဖြင့်တော့ ခပ်တည်တည်ဘောင်သွင်း ချိတ်ဆွဲထားသည်ပေါ့။ ထို ပညာဖြင့် လူသား အဘယ်နှဦးမျှကို အကျိုးကျေးဇူးပြုခဲ့ပြီးပြီ
ခေတ်စကားတွင် "ပညာပေး "သည်ဟုဆိုသည်။ "ပညာပေး လိုက်သည် "ဆိုလျှင် ကိုယ်က အသာ ခပ်ပြုံးပြုံးပေါ့။ "ပညာပေးခံလိုက်ရပြီ "ဆိုလျှင်ဖြင့် ရင်ထုမနာနှင့်အတူ ဒေါသခံပြင်းမှုတို့က ပါလာပါလေပြီ။
ဘ၀ကလည်း ကိုယ်ခံပညာပေါင်းများစွာ ခံယူခဲ့ရသည်က ခပ်များများရယ်။ ဒီတော့ကား ထုလေမာလေ ဆိုသလို လောဘ၊ ဒေါသတို့က အသားတကျဖြစ်လာသည်။ အသားမာတက်လာသည့် ကိုယ့် လောဘ၊ ဒေါက ကိုပင် အမှန်ထင်လာတော့ ပညတ်ပညာသည် သုံးစား၍ မရတော့။ ကုသိုလ်နှင့် ပညာကတော့ ခပ်ကင်းကင်း ရယ်လို့ ဖြစ်လာသလိုပင်။
ကုသိုလ်၊ ပညာ မရလေတော့ ဥစ္စာကရော "၀င်လာမစဲ တသဲသဲ "လေလား။ ၀မ်းဝ၊ ခါးလှတယ် ဆိုယုံ။ "မရှိသူအားဖြင့် ချမ်းသာတယ် "လို့ ဆိုနိုင်သည်ပေါ့။
သည်လိုဆိုလျှင်ဖြင့် ရှင်သန်ခဲ့ရာ ၃၁ နှစ်သည် ဘာတွေအနှစ်သာရ ရှိသနည်း။ လူ့ဘ၀အနှစ်သာရ အစစ်ဘာတွေ ရရှိခဲ့သနည်း။ ရှင်သန်ခဲ့ရာဘ၀သည် အကျိုးရှိပါ၏လော။
မှန်ထဲကပေါ်နေသည့် အမည်နာမအားဖြင့် မောင်ပိုင်ဟုဆိုသည့် ရုပ်ကို စိတ်က မေးခွန်းတွေ တသီကြီးမေးနေမိသည်။
"ကိုယ့် အထုပ် ကိုယ်ထမ်း ကိုယ်လမ်း ကိုယ်လျှောက် "ဟုဆိုသည်။
"၃၁ နှစ်တာ ကာလအတွင်း ဘယ်အထုပ်ကို မောင်ပိုင် …မင်း..ထုပ်ခဲ့ပြီနည်း "
"ဘယ်လမ်းကိုဖြင့် လျှောက်ခဲ့ပြီနည်း၊ ဘယ်လမ်းကို ရှေ့ဆက်လျှောက်မည်နည်း "
စိတ်ထဲ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်နေမိရင်း ငယ်ငယ်က သင်ကြားခဲ့ရသည့် "ဦးပေါင်ကျားနှင့် မြင်းကျားရှင် "က စိတ်ထဲပေါ်လာသည့်။
"ဟယ် အမတ်တို့ နင်တို့ ငါ့ကို အိုပြီဟူ၍ မှတ်ကြသည်။ ငါမအိုသေး "
အလောင်းစည်သူမင်းကြီးကတော့ သူစွမ်းနိုင်ကြောင်းကို ပြသခဲ့ပြီး "ငါမအိုသေး"ဟုဆိုခဲ့လေပြီ။
ကျွန်တော် ရုပ်အားဖြင့် "ငါမအိုသေး "ဟု ဆိုလျှင်ရနိုင်ပါသည်။ (ပါးရည်၊ နဖူးရည် နည်းနည်းတွန့်လာ သည်ကလွှဲလျှင်ပေါ့)။ စိတ်ကလည်း "ငါမအိုသေး "ဟု တွေးမိသည်။
မှန်ကိုကြည့်နေစဉ် ခေါင်းပေါ်၌ ဖြတ်ခနဲအရာတစ်ခုကို တွေ့လိုက်ရသည်။ မှန်ရှေ့သို့ ထပ်တိုးပြီး ခေါင်းကို လက်ဖြင့် သပ်ကြည့်သည်။ ခုနင်က ဖြတ်ခနဲမြင်လိုက်ရသော်လည်း သေချာရှာသည် ဆိုကာမှ မျက်လုံးက ခပ်ဝါးဝါးဖြစ်လာသည်။
ဟော တွေ့ပါလေပြီ။ ဆံပင်ဖြူတစ်ချောင်း။
၃၁ နှစ်၏ စရိုက်လက္ခဏာတွေလား။ ဇရာကိုဖြင့် အရောင်သချင်လို့ မရပါလား။ အမှန်တရားကိုသာ ပြသနေပါသည်တကား။
သြော် လည်ပြန်ကြည့်မိသည့် ၃၁ ကတော့ ခပ်ညောင်းညောင်း ခပ်စောင်းစောင်းရယ်ပေါ့။
****************
မောင်ပိုင်
(၂၄ ဇူလိုင်တွင် ပြည့်ခဲ့ပြီးသော ၃၁ ကို ပြန်ကြည့်မိခြင်းဖြစ်ပါသည်)
၃၁-၈-၂၀၁၄။