Image may be NSFW.
Clik here to view.

ဖေဖော်ဝါရီ၏ နှင်းထုကား ကျိုင်းတုံ မြို့ ပေါ် လွှမ်းခြုံထားဆဲ
ပြင်းထန်လှသော ကျိုင်းတုံ ၏ နံနက်ခင်း အအေး ဒဏ်ကို အံတုကာ တလှုပ်လှုပ် အလုပ်များနေသူများက ရဲခေါင် အုပ်ဖွဲ့ မှ အရာရှိ/စစ်သည်များ
အချိန်ကား ၁၉၆၁ ဖေဖော်ဝါရီလ ၁၅ရက် ကျိုင်းတုံ၏ ဆောင်းနံနက်ခင်း
သူတို့ကား မဲခေါင်စစ်ဆင်ရေး ကြီး ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ရဲခေါင်အုပ်ဖွဲ့ Hawker Seafury တိုက်လေယာဉ် ၄စီးဖြင့် ဖွဲ့စည်းထားသော ရဲခေါင်အုပ်ဖွဲ့ ပြည်ပ ကူမင်တန် ကျူးကျော်တို့အား ရင်ဆိုင် နေရသည့် သူတို့ ၏ မျက်နှာပေါ် တွင် ဆောင်း၏အအေးဒဏ် မက တိုင်းပြည်အတွက် ငရဲ ကိုပင်သွားမည့် မာန်ထန် ကိုအထင်းသား----------------
နှင်း မကွဲသေးခင် လေယာဉ်ကွင်းထဲ ရှိ ဆီးဖြူရီများ အနီးတွင် စက်/လက်စစ်သည်များနှင့် အတူ အလုပ်ရှုပ်နေသော လူရွယ်တစ်ဦး -----------------
ဟေ့ ---ပီတာ စောလှချေလားကွ
အဟော--ကို ချစ်နိုင်ပါလား ဒီလိုပဲဗျ ဒီကောင်ကြီးနဲ့ ကျွန်တော်က ည အိပ်ချိန်ပဲခွဲတာလေဗျာ ဒီကောင်ကြီးကို မခွဲနိုင် လို့ စောစောလာတာဗျ
အေးပါဗျာ ခင်ဗျားလည်းဒီလေယာဉ် တွေနဲ့ပဲလုံးနေတာ ချစ်သူရည်းစား ထားဖို့ ကောစဉ်းစားသေးလား
ဒီကောင်ကြီးက ကျွန်တော့် ချစ်သူပဲလေဗျာ ပီတာက လေယာဉ်ကိုယ်ထည် ရှိ ကိုယ်ထည်အမှတ်ကို တယုတယ ပွတ်သတ်ရင်းပြောလိုက်သည်.--------------- အမှတ် UB 466
လာကွာပီ တာ Breakfast သွားစားရအောင် -----ခြေလှမ်းများကို Officer Mess ဆီဦးတည်လိုက်ကြသည်
-
-
-
-
-
နံနက် ၉ နာရီ ပုံမှန်ကင်းလှည့်ရန် ပျံသန်းရန် ရဲခေါင် အုပ်ဖွဲ့ ပျံသန်းလာသည် ဦးဆောင် ဗိုလ် မောင်သိန်း၏ UB-464 ရဲခေါင်-၁ သူ၏ Wing Men ကား ဗိုလ်ချစ်နိုင် ၏ UB-465 ရဲခေါင် ၂
နောက်ဒုဗိုလ်ပီတာ၏ UB-466 ရဲခေါင်-၃
ကျိုင်းတုံ အရှေ့ မြောက် သံလွင်မြစ်တလျောက် ရန်သူ များအပေါ် ဝေဟင်စိုးမိုး ပျံသန်းမှု
ပျံသန်းချိန် ၁နာရီခန့်ရှိပီ ထူးခြားမှု မရှိ ရဲခေါင် အုပ်ဖွဲ့ Return to base----
ထိုအချိန်တွင် ----မြေပြင် ဆွယ်မှ အုပ်မှူးး ၏ အသံ သဲံ့ သဲ့ နားကြပ် ထဲမှကြားလိုက်ရသ်ည်--------
ရဲခေါင်အုပ်ဖွဲ့ - လက်ရှိနေရာအရှေ့မြောက် မြေပုံညွှန်း XXXXXXXXX မှာ ဒီဇက်ခင်းထားတာ ကို တပ်မဟာ ဌာနချုပ်က သတင်းပို့တယ် ရန်သူ့ရိက္ခာချကွင်းဖြစ်နိုင်တယ် မင်းတို့ ဒီနေရာကင်းလှည့်ပါ လေယာဉ်တွေ့ရင်ကျိုင်းတုံ ကို ခေါ်ခဲ့--------ဒါပဲ
သွေးများဆူဝေလာသည် ------------------ ဒုတိယကမ္ဘာစစ်လေသူရဲများကိုအားကျခဲ့ရသော သူ့အိပ်မက်က လက်တကမ်းအလို------ အရှေ့မြောက်ဆီသို့--------------
ရောက်ပီ------စူးရဲသော အကြည့်ဖြင့် ရန်သူကိုရျာဖွေစဉ်
အရှေ့ဘက်ဆီမှ ၀င်လာသော ငွေရောင် သတ္တု ငှက်ကြီးအလား
အင်ဂျင်လေးလုံးတပ် PB-4Y Privateer လေယာဉ်ကြီး ဗိုလ်မောင်သိန်း ၏ အသံ နားကြပ်ထဲပေါ်လာပြန်သည်။
ဟေ့ --ပစ်မှတ်တွေ့ပီ သတိထား ဒီကောင်ကြီးက သာမန်ကုန်တင်လေယာဉ်မဟုတ်ဘူး ဗုံးကြဲလေယာဉ် စက်သေနတ် ၁၂ လက်ပါတယ် ငါ ရေဒီယိုနဲ့ ဆက်မယ် မင်းတို့ အသင့်ပြင်ထား ရဲခေါင် ၂ ညာ က၀င် ရဲခေါင် ၃ဘယ်က၀င်
ပစ်ကွင်းထဲသို့ ၀င်လာချေပီ ၂၀မမ အော်လီကွန် စက်သေနတ် ၄လက်က အသင့်--------------
ဗိုလ်မောင်သိန်း၏ ရန်သူ့ လေယာဉ်အားဆက်သွယ်သော ဆက်သ်ွချက်အားပြန်လည်တုံ့ပြန်လိုက်သည်က M2 Broning စက်သေနတ်ကျည်များ
ပြက်ခနဲဝိုင်းခနဲ စက်သေနတ်ကျည်များက လေယာဉ်၏ ကိုယ်ထည်အနှံမှ မီးကျည်တန်းများလို တ၀င်းဝင်း ဗိုလ်မောင်သိန်းလေယာဉ် ညာဘက်သို့ ဆွဲတက်သည်ကိုမြင်လိုက်ရသည်
စိတ်ကို တည်ငြိမ်အောင် ထားရင်း လေယာဉ်ကြီး၏ ညာဘက် သို့ လက်မကို ဖိညှစ်လိုက်သည်
ဘယ်ညာ တောင်ပန်နှစ်ဘက်မှ အော်လီကွန် Gun များကတာဝန်ကျေစွာ စီးပိုင်သောခံစားချက်ကို လက်ကခံစားလိုက်ရသည်
Image may be NSFW.
Clik here to view.

ကျေနပ်စွာဖြင့် ညာဘက်သို့ဝိုက်အတက်
ရန်သူ့ နှုတ်သီး ဖျားမှ မီးတန်း ၀င်းကနဲ ကိုတွေ့ရသည် လေသူရဲဂေါ်ဂယ်တွင် ရုတ်တရက်ေ၀၀ါးသွားသည် လေယာဉ် Cockpit အတွင်း ညော်နံ့ များဖန်ကွဲစများ ယမ်းနဲ့ များ တရကြမ်းတိုးဝင်လာသော ပြင်ပလေနှင့်အတူ ပြင်းထန်သောနာကျင်မှု ကိုခံစားလိုက်ရသည်
ဗိုလ်မောင်သိန်း၏ လေယာဉ် ဆက်တိုက်ပစ်ခတ် နေသည်ကို သွေးစေ၀၀ါးသော အမြင်ကြား မှ ကျေနပ်စွာပြုံး ကြည့်လိုက်သည် ရန်သူ့ လေယာဉ် ကြီးတဖက်သို့လည်အဆင်း-----------
ဗိုလ်မောင်သိန်း၏ စိုးရိမ်တကြီး သတိပေးသံကိုမကြားနိုင်တော့ သူပြုံး နေသည်
သွေးစများကြားမှပြုံးနေသည် သူ၏ တခုထဲသောအာရုံတွင်ကား
ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏ အသက်ကိုစွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏
ဝုန်း ဟူသော အသံနှင့်အတူ နောက်ဆုံးငြိမ်းချမ်းမှု ကိုခံစားလိုက်ရသည်။
-
-
-
--
-
-
--
-
-
-ဗိုလ်မောင်သိန်း လက်ချက်ဖြင့် လေယာဉ်၏ ကိုယ်ထည် အတွင်းမှ ပေါက်ကွဲမှုများ ထွက်ပေါ် လာပြီးနောက် မီးများ တောက်လောင်၍ ဘယ်ဘက်သို့ စောင်းငဲ့ပြီး ယိုးဒယား နိုင်ငံထဲသို့ တဖြည်းဖြည်း နိမ့်ဆင်းသွားကာ မီးလောင် ပေါက်ကွဲသွားသည်။
လေယာဉ် မပေါက်ကွဲမီ လေယာဉ် အပေါ်မှ လေထီးဖြင့် ခုန်ဆင်းလာသူ သုံးယောက်ကို လှမ်းမြင် လိုက်ရသည်။
တိုက်လေယာဉ် သုံးစင်းအနက် ဗိုလ်ချစ်နိုင်၏ ဆီးဖြူရီ လေယာဉ် နောက်မြီးရှိ (Tail Wheel) နောက်ဘီး ထိမှန် ပြုတ်ထွက်သွားကြောင်း သတင်းပို့သည်။
ဗိုလ်ပီတာ၏ လေယာဉ်လည်း ဘာသံမှမကြား ပျောက်ဆုံးနေသည်။ ဗိုလ်မောင်သိန်းသည် ထိုအနီးတစ်ဝိုက် လှည့်ရှာသေးသည်။ မတွေ့ရ သောကြောင့် ဗိုလ်ချစ်နိုင်၏ လေယာဉ်ကို အနီးကပ် စောင့်ကြပ်ပြီး ကျိုင်းတုံကွင်း အရောက် ဗိုလ်ချစ်နိုင်၏ လေယာဉ်သည် ရှေ့ဘီးနှစ်လုံး ခေါက်တင်ပြီး ဝမ်းဗိုက်ဖြင့် မြေရှပ် ဆင်းရသည်။
ဗိုလ်ချစ်နိုင် အောင်မြင်စွာ ထိန်းကျောင်းပြီး ဆင်းနိုင်ခဲ့သည်။
ဗိုလ်မောင်သိန်းသည် သူ၏ လေယာဉ်ကို ချက်ချင်း ဆီဖြည့်ပြီး နေရောင် မပျောက်မီ တိုက်ပွဲဖြစ်ပွားသော နေရာတွင် ရဲဘော် ဗိုလ်ပီတာကို တွေ့လိုတွေ့ငြား ထိုနေရာ တစ်ဝိုက် ပြန်ရှာသေးသည်။ မတွေ့သဖြင့် နေမဝင်မီ ကျိုင်းတုံသို့ ပြန်ခဲ့ရသည်။
နောက်တစ်ရက်တွင် မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကျိုင်းတုံသို့ ရောက်ရှိ လာခဲ့သည်။ (မှတ်ချက်-အမှန်တကယ် ရောက်ရှိ လာသူမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး ဖြစ်သည်) ထိုနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံရှိ ကောင်ဆယ်လာ ရုံးမှ ဗိုလ်ပီတာ၏ လေယာဉ် အပျက်နှင့် ဗိုလ်ပီတာ အလောင်းကို ထိုင်းနယ်မြေ အတွင်း တောထဲတွင် တွေ့ရှိကြောင်း သတင်း ပေးပို့ပါသည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် ဗိုလ်မှူးကြီး သူရ တင်မောင်အေး အပါအဝင် ရှေ့တန်း တပ်မဟာ(၉)မှ အဖွဲ့တစ်ဖွဲ့ လေယာဉ် ပျက်ကျသည့် နေရာသို့ ထွက်ခွာခဲ့သည်။
လေယာဉ်ပျံသည် ရန်သူ လေယာဉ်မှ ပစ်ခတ်လိုက်သော ကျည်ထိမှန်ပြီး မြေပြင်ပေါ်သို့ အရှိန် ပြင်းစွာဖြင့် ရှပ်ဆင်းသွားသည့် စွတ်ကြောင်းကြီး တွေ့ရှိရပြီး လေယာဉ် အရှေ့ပိုင်း တစ်ခုလုံး မီးလောင်၍ လေယာဉ် ခါးလယ်မှ ကျိုးသွားသည်ကို တွေ့ရှိရသည်။
ဗိုလ်ပီတာ၏ အလောင်းကိုမူ ကျိုးပဲ့နေသော လေယာဉ်ပျံ၏ အတောင်တစ်ခု ပေါ်တွင် တင်ထားသည်ကို တွေ့ရှိရသည်။ လေယာဉ် ကိုယ်ထည်တွင် ဒသမ ၅ မမ ကျည်တစ်ချက် မှန်ထားပြီး ထိုကျည်ဆန်က ဗိုလ်ပီတာကိုပါ ထိမှန်ကာ ၎င်း၏ နံရိုးငါးချောင်း ကျိုးသွားသည်ကို စစ်ဆေး တွေ့ရှိရသည်။
ထိုမြင်ကွင်း တစ်ခုလုံးကို လေ့လာ ဆန်းစစ်ချက်အရ လေယာဉ်ကို စစ်ဆေးသူ အားလုံးက လေယာဉ်သည် မြေပြင်သို့ ကောင်းမွန်စွာ ထိန်းကျောင်းပြီး ဆင်းသက်လာသည့် သဘော တွေ့ရသည့် အတွက် ဤမျှ ပြင်းထန်သော ဒဏ်ရာဖြင့် လေယာဉ်ပျံကို နိုင်နင်းစွာ ထိန်းကျောင်း သက်ဆင်းခဲ့သူ ဗိုလ်ပီတာ၏ သက်လုံကောင်းမှု၊ သတ္တိရှိမှု၊ သတိ ကောင်းမွန်မှု များကို အံ့သြ ချီးမွမ်း ခဲ့ကြသည်။
ဗိုလ်ပီတာ သည် တရုပ်ဖြူ ကျူးကျော်မှု တိုက်ပွဲတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူ သွားသော မြန်မာ့လေသူရဲ တစ်ဦး အဖြစ် တပ်မတော်လေ သမိုင်းတွင် မှတ်တမ်း တင်ခဲ့ ပါသည်။
အရှေ့ တောင်အာရှ တွင် ကမ္ဘာက အသိမှတ်ပြုခဲ့ တဲ့ ပထမဆုံးဝေဟင်စီးချင်းထိုးတိုက်ပွဲ လည်း ဖြစ်ပါတယ်။
(ကြယ်နီ) —