Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

အမေ (သို့ မဟုတ်)အနှိုင်းမဲ့

$
0
0
 

အမေ (သို့ မဟုတ်)အနှိုင်းမဲ့
~~~~~~~~~~~~~~~~~
အမေ.....
အဲ့ဒီနေ့ က
မိုးတွေ ရွာနေတယ်နော်...

သားတို့ မောင်နှမ ၃ ယောက်
ကြောက်လွန်းလို့ 
နန်းရှေ့ တိုက်ခန်းကျဉ်းလေးထဲမှာ
စောင်ကြီးခြုံပြီး
အမေ့ကို မျှော်နေကြတယ်လေ...

အဖေ နဲ့အမေ ခရီးထွက်သွားတာ
ရက်ပေါင်းများစွာ ကြာလှပေါ့...
မမကြီးပြောတာတော့
မော်လမြိုင်ဘက်က အထည်စတွေသယ်ပြီး
ပဲခူး၊ရန်ကုန်မှာ ပြန်ရောင်းရတာတဲ့...
ဟုတ်လား အမေ...
အမေ့ခန္ဓာ သေးသေးသွယ်နဲ့
ဒီအထည်တွေ သယ်နိုင်လို့ လား...

အမေ...
အိမ်ရှေ့တံခါး ခေါက်သံကြားလို့ 
ဖွင့်ကြည့်လိုက်တဲ့အခါ...
မိန်းမ ဝဝကြီးတစ်ယောက်
ထီးတစ်ချေင်းဆောင်းပြီး ရပ်နေတာတွေ့တော့
သားတို့ ကြောက်လိုက်ရတာ အမေရယ်...
ညှိုးနွမ်းဝမ်းသာနေတဲ့ မျက်နှာကိုမြင်တော့မှ...
အို.....
အမေ.....
အမေ.....
အမေ.....ပါလား...
တအားကို ဝလာတယ်နော်...
ဖက်ထားရတာလဲ မာတောင့်တောင့်ကြီးနဲ့...
မျက်ရည်ဝိုင်းနေတဲ့ အမေ
သားတို့ ကို ဝအောင်နမ်းပြီး
အခန်းတံခါး ပိတ်ခိုင်းလိုက်တယ်...

အမေ့ခြုံမိုးကာ ချွတ်ချလိုက်တော့
အို...
အမေ့ကိုယ်မှာ
အထပ်ထပ် ရစ်ပတ်ထားတဲ့
ပါတိတ်အထည်စတွေ...အမေ့ခါးမှ
အထပ်ထပ် စည်းနှောင်ထားတဲ့
ယိုးဒယား အထည်စတွေပါလား...
အမေရယ်...
ပိတ်စတွေခွာချရင်း
"စစ်ဆေးရေးတွေ များလွန်းလို့ သမီးရေ"လို့ 
ပြောရင်း အမေနဲ့မမကြီးတို့ မျက်ရည်တွေ ကျနေပေမယ့်
သားနဲ့ညီမလေးကတော့
အမေ့ကိုတွေ့ရလို့ ပျော်နေကြတယ်နော်...
နားမှမလည်သေးတာ...

အမေ...
ငယ်ငယ်တုန်းက သားတို့ ကို
ပုံပြင်တွေ သိပ်မပြောခဲ့ပေမယ့်
သားတို့ အသက်ကြီးလာတဲ့အချိန်
အိပ်မက်ထဲက "အမေ ဝဝကြီး"အကြောင်း
ခဏခဏ ပြောခဲ့ကြတယ်နော်...
သားအိမ်ဦးခန်းထဲက အမေ
ဒီတခါ မျက်ရည်တွေကျစရာ
မလိုတော့ပါဘူး
ကြည်နူးချမ်းမြေ့ပါစေလေ...

နှစ်တွေကြာခဲ့ပါပြီ လေ...
အပြင်မှာ...မိုးတွေရွာနေပြန်ပြီ အမေ...
မိုးရွာရင် အမေပြန်လာပါဦးလား
သားတို့ နဲ့မဝေးလှတဲ့ ညောင်ညိုပင်ရိပ်က
ယောဂီရောင်အုတ်ဂူ လေးမှာ
သွားမေးကြည့်ရင် ကောင်းမလားလို့ 
စဉ်းစားနေတာ့ 
အကြောင်းပြန်ပါဦးလား...အမေရယ်.....ဲo

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>