အပိုင်း(၂၆)၊ မှတ်ပလား-ဟဲ့၊လျှာရှည်တာ။
၁၉၉၈ခုနှစ်ကုန်လောက်က ဟောင်ကောင်ကနေပြန်ရောက်တုန်း လူကြီးနဲ့ စကား စမြည်ပြောရင်း ချစားလာတ်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းဘို့ ကိစ္စ အကြံပြု တင်ပြခဲ့ဘူးပါတယ်။သူက -
“ဘာ လဲကွICRC ဆိုတာ”-တဲ့။ (ICRC = International Committee of Red Cross)
ကျနော်က“ ICRC မဟုတ်ပါဘူးခင်ဗျ၊ ICAC ပါခင်ဗျ” လို့ဖြေတော့၊ “ဘာလဲ၊မင့် ICAC ဆိုတာ? ဘာလုပ်တာလဲ”တဲ့။
“အဘ-ICAC ဆိုတာဟောင်ကောင်မှာဖွဲ့ထားတဲ့ ချစားလာတ်စားမှုတိုက်ဖျက်ရေးေ က်ာမရှင်ပါ။ သူ့အရှည်ကောက် က Independent Commission Against Corruption ပါခင်ဗျ။ သူက ၀န်ကြီးဌာနတခုစာလောက်ကြီးပြီး သူ့ဝန်ထမ်းသတ် သတ်၊ သူ့လက်နက်ကိုင်အဖွဲ့သီးသန့်နဲ့ပါခင်ဗျ။ ဒီအဖွဲ့မှာအရင်အင်္ဂလိပ်အုပ်ချုပ်စဉ် တုန်းက ကော်မီရှင်အဖွဲ့ဝင်(၉)ယောက်လောက်ရှိပြီး ဥက္ကဌရာထူးနေရာကိုတော့ အင်္ဂလန်က တရားသူကြီးချုပ်ဟောင်းတယောက်ကို ငှားရမ်းခန့်ထားပြီး သူ့စိတ် ကြိုက်နဲ့ နောက်ထပ်အဖွဲ့ဝင်(၅)ဦးကိုပြည်ပကနေထပ်မံငှားရမ်းခွင့်ပြု ထားပါတယ် ခင်ဗျ။ ကျန်တဲ့အဖွဲ့ဝင်(၃)ယောက်ကိုဘဲ ဟောင်ကောင်မှာရှိတဲ့ ဌာနေတရားသူကြီး /ရှေ့နေတွေနဲ့ ထည့်သွင်းဖွဲ့စည်းခွင့်ပေးထားတာပါခင်ဗျ။ ဟောင်ကောင်ဌာနေ ပုဂ္ဂိုလ်တွေသိပ်မထည့်တာက သူတို့ကတဆင့် ကော်မရှင်အဖွဲ့ဝင်တွေဆီ ချည်းကပ် လာတ်ထိုးတာကို ကာကွယ်ဘို့လို့ဆိုပါတယ်ခင်ဗျ။
ဟောင်ကောင်ကိုတရုပ်ပြည်အောက်ပြန်လွှဲပြောင်းပြီးနောက်ပိုင်းတော့ဟောင်ကောင်သားတွေထဲကဘဲ တရုပ်အစိုးရကရွေးခန့်ထားပါတယ်ခင်ဗျ။ ဒီအဖွဲ့အနေနဲ့ လာတ် စားကြောင်းတိုင်ကြားလာတဲ့စာမှန်သမျှကို စီစစ်လက်ခံပြီး Case အလိုက်စုံစမ်းေ ရးအဖွဲ့တွေ ထပ်မံသီးခြားဖွဲ့စည်းကာဘယ်သူ့ကိုမဆိုလွတ်လပ်စွာဆင့်ခေါ်စစ်ဆေး ပိုင်ခွင့်ပေးထားပါတယ်ခင်ဗျ။ နောက်ပြီး-ဒီအဖွဲ့ရဲ့စုံစမ်းဖော်ထုတ်တွေ့ရှိချက်အစီရင် ခံစာကိုလည်း ဟောင်ကောင် အထူးဒေသအုပ်ချုပ်ရေးမှူး( Chief of Special Administrative Region) ဖြစ်သူတဦးတည်းထံကိုသာ တင်ပြရပြီး လွပ်လပ်စွာ တ ရား စီရင်ပိုင်ခွင့်ပေးထားပါတယ်ခင်ဗျ။
ICAC အရေးယူခဲ့လို့ ဟောင်ကောင်ရဲချုပ်နဲ့ အတူတခြားရဲ အရာရှိ(၁၁၄)ယောက် ပြုတ်သွားပါတယ်ခင်ဗျ။ Triad လူဆိုးဂိုဏ်တွေဆီကနေ လာတ်ယူခဲ့လို့ပါခင်ဗျ။
ဒါကြောင့် ကျနော်တို့ဆီမှာလည်း ICAC လို အဖွဲ့မျိုးဖွဲ့ပြီး လာတ်စားနေတဲ့ အစိုးရ အရာရှိကြီးတွေကိုစုံစမ်းဖော်ထုတ် အရေးယူနိုင်ပါတယ်ခင်ဗျ”လို့ရှင်းပြလိုက်ပါတယ်။
ဒါကြောင့် ကျနော်တို့ဆီမှာလည်း ICAC လို အဖွဲ့မျိုးဖွဲ့ပြီး လာတ်စားနေတဲ့ အစိုးရ အရာရှိကြီးတွေကိုစုံစမ်းဖော်ထုတ် အရေးယူနိုင်ပါတယ်ခင်ဗျ”လို့ရှင်းပြလိုက်ပါတယ်။
သူကခေတ္တစဉ်းစားပြီး“အင်း- အလုပ်လုပ်ရင်တော့ အမှားအယွင်းနဲနဲရှိမှာဘဲ၊ နည်း နည်းပါးပါးစားတာလောက်ဆိုရင်တော့ မသိမသာထားလိုက်တာပေါ့ကွာ၊ သူစားလို့ ဗိုက်ပြည့်ရင် သူ့ဖာသာသူ ရပ်သွားပါလိမ့်မယ် ။ အခု-သူ့ကိုဖြုတ်လိုက်ပြီး နောက်လူ အသစ်နဲ့အစားထိုးခန့်လိုက်ကာမှ အဲဒီလူအသစ်က အစကနေပြန်စားနေဦးမယ်”တဲ့။
ဒါနဲ့ကျနော်က “အဘခင်ဗျာ၊အခုဖြစ်နေတာက အဲသလိုမဟုတ်ပါဘူး ခင်ဗျ။ လူကြီးေ တွလာတ်စားနေတာက ကိုယ့်အတွက် ဗိုက်ဝရုံတင်မဟုတ်တော့ဘဲ သားစဉ်မြေး ဆက်၊ ပြီးရင်ဆွေစဉ်မျိုးဆက်၊ နောင်ဆယ်သက်ဆယ်ဘ၀ထိဗိုက်ကားနေအောင် ဆက်တိုက်စားနေကြတာခင်ဗျ” လို့လည်းထပ်ကွန့်လိုက်ရော၊ သူကမေးတယ်-
“ အင်း- မင်းပြောသလိုဆိုရင် ရှိတဲ့ဝန်ကြီးအားလုံးတယောက်မကျန်ဖြုတ်ပစ်ရမလိုဖြစ်နေပြီ။ နောက်ပြီး ငါ့ကိုတိုင်ရင်ရော မင့် ICAC က စစ်ဆေးမှာဘဲလား” တဲ့။
ကျနော်ကလည်း” “ဟုတ်” လို့(ဗိုလ်လောင်းတုန်းကလို)လည်းထပ်ဖြေရော သူက-
“ဒါဆိုလည်း ထားလိုက်ပါတော့ကွာ၊ ရှုပ်ကရှုပ်သနဲ့ ”တဲ့လေ။
ကိုင်း-မှတ်ပလား၊ လျှာရှည်တာ။
(လေးလွင်)