သွေးနဲ့ရင်းတဲ့မြေ(၈)
ခလရ(၇၅)မှစစ်ကူစစ်ကြောင်းရောက်ရှိလာသော်လည်း လူအင်အားမှာ အရာရှိ(၈)ဦး စစ်သည်(၁၇၂)ဦးသာဖြစ်သည်။ အဆိုပါ၁၈၀ တွင်ဒဏ်ရာရှိသူများပါဝင်သည် ။
ထို့ကြောင့် ခလရ(၇၆) အသက်ရှုချောင်ရုံသာရှိသည်။ဂျော်ဖြူ၏အင်အား ၄၀၀ ပွိုင့် ၈၆၅ နှင့်ရှမ်းရွာသစ်ကြား စောင့်ကာတက်လာသမျှစစ်ကူအာြး ဖတ်တောက်ထားသည်။ ၇ရက်နေ့နှင့် ၈ရက်နေ့များတွင် ပို့ဆောင်ရေးလမ်းကြောင်းအား ဖြတ်ထားသောဂျော်ဖြူ၏စစ်ကြော င်းအား တိုက်လေယာဉ်များမှ ဗုံးကြဲစက်သေနတ်ပစ်သော်လည်း ရာသီဥတုကန့်သတ်ချက်များကြော င့် အပြည့်အ၀ မထိရောက်ချေ။
ခလရ(၇၅)နေရာယူထားသည့် ကျောက်တောင်ကုန်းအား ရန်သူအင်အား(၄၀၀) ကနှစ်ဖက် ညှပ်တိုက်သည်။ခလရ(၇၆) ယူထားသော ပင်မခံစစ်နေရာအား နံနက်(၅)နာရီမှ (၆)နာရီအတွင်း ၇ ကြိမ်တိုင်တိုင်လှံစွပ်ထိုး သည်။ မဲသဝေါပင်မကုန်းကိုလည်း ၅ကြိမ်တိုင်တိုင် လှံစွပ်တက်ထိုးသည်။ စင်စစ်တွင်တော့ရန်သူသည် မိမိ ခံစစ်ကြောင်းတစ်လျောက် အား အပြန်အလှန်မကူညီနိုင်စေ ရန် တစ်ပြိုင်နက်ဖြန့်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်။
၈ ရက်နေ့ ၁ရက်တည်းရန်သူအသုံးပြုသော ချေမှုန်းရေး အင်အားမှ ၇၀၀ ခန့်အထိရှိသည်။
တိုက်ပွဲမှာ နိုင်ငံခြားစစ်ပကြံပေးတို့ ၏ နည်းနာများအတိုင်းလက်နက်ကြီးဖိပစ် လက်နက်ကြီးပစ်ခတ်မှုဆုံးသည်နှင့် ကျည်ရောက်လူရောက် တိုက်စစ်ဆင်သည့် သဘောပင်ဖြစ်သည်။
လက်ပစ်ဗုံးပစ်ခတ်မှုများ ပြားလှသဖြင့် စစ်သည်များသည် လေတွင်ဝဲလာသောလက်ပစ်ဗုံးများအား စောင်ကြားများခံကာတန်ပြန် ပစ်ခတ်သောစနစ်ကိုကျင့်သုံးရ တော့သည်။
စစ်သည်များတွင်ခဲယမ်းအခြေအေ နကားကြောက်စရာကောင်းလောက်အောင်နည်းပါးလာသည်။
ရန်သူနှင့် တိုက်ရိုက်ထိတွေ့ မှုမရှိသော ပွိုင့် ၉၆၂ စခန်း ပွိုင့် ၈၆၅ စခန်းနှင့် မောရလီစခန်းများမှခဲယမ်းများအား ထုတ်ယူဖြည့်တင်းနေရသည်။
အောက်တိုဘာ(၉) ရက်နေ့တွင်လညးတစ်နေ့လုံးတို က်ခိုက်ပြန်ရာ ကျည်ဆံမှာ အဓိကပြသနာဖြစ်လာသည်။ မိမပစ်အားလျော့နည်းလာသည်ကို ရိပ်မိသော ရန်သူတပ်ဖွဲ့များသည်
ကဆာနလီနှင့်မဲသဝေါ ပင်မကုန်း ပန်လည် (၁၀) ကိုက် အကွာထိ ချည်းကပ်ကျင်းတူးကာ အခိုင်အမာခြေကုတ်များတည်ဆော က်ကာ ထိုခြေကုပ်များမှလက်နက်ငယ်များ RPG လောင်ချာများ ဖြင့်ပစ်ခတ်ခြင်း လက်ပစ်ဗုံးပစ်သွင်းခြင်း ငရုတ်သီးညှော်တိုက်ခြင်း အော်ဟစ်ဆဲဆိုကာ စစ်သည်များပစ်ကျင်းများမှထွ က်လာစေရန်ဆွပေးပီး လက်ဖြောင့် တပ်သားများဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်းစသည့် နည်းလမ်းပေါင်းစုံဖြင့် ခံစစ်သမားများ အနားမရစေရန် နှောင့်ယှက်လျက်ရှိသည်။
အောက်တိုဘာ (၁၁) ရက်နေ့အထိ ဒဏ်ရာရသူ အရာရှိ(၇)ဦး အခြားအဆင့် (၄၂)ဦးရှိလာပီး ကျဆုံးသူ (၂၆)ဦးအထိရှိလာခဲ့ချေသည်။
အားမတန်မာန်လျော့ရချေပီ
အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်(၉) နာရီမှစတင်ကာ ယခင်ကထက် ပစ်အား အင်အား စြု့ပုံ သုံးကာ ခံစစ်နေရာများအားအတင်းဝင်ဆောင့်သည် ၉ နာရီတွင်တစ်ကြိမ် ၁၀နာရီတွင်တကြိမ် တိုက်စစ်ဆင်သည်။ရဲဘော်များ က အနားထိကပ်ခံကာ အနီးရောက်သည်နှင့်ကျင်းများ မှခုန်ထွက်ကာတေ့ ပစ်ချသည်။ အလောင်းများကကျောက်တောင်ကုန်းပေါ်မှတလိမ့်လိမ့်ကျသည်။သို့သော် ရန်သူသည် ဗကပ ပုံစံလူလှိုင်းချေမှုန်းေ၇း တတန်းကျသည်နောက်တစ်တန်း လက်ပစ်ဗုံးများပစ်သွင်းကာ အတင်းတက်သည်။
ခလရ(၇၅)၏ ကျောက်တောင်ကုန်းတွင်လုံးထွေးသွားတော့သည် အနီးကပ်တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားပီးမွန်းလွဲ ၁၃၀၀ နာရီတွင် ကျောက်တောင်ကုန်းမှ လုံးဝဆုတ်ခွာပေးလိုက်ရတော့သ ည်။
ခလရ(၇၅) မှဗိုလ်မှူးခင်စိုးသည် ကျောက်တောင်ကုန်းအားပြန်လည် တိုက်ခိုက်ရန်စီစဉ်သော်လည်း
၇၅မမ ကျည်လည်းမရှိ ၈၁ မမကျည်လည်းမရှိတော့ယုတ်ဆွအဆုံး ၂လက်မစိန်ပြောင်းနှုင့် ၄၀မမဗုံးသီးများပင်မရှိတော့ စစ်သည်များကိုယ်စီတွင်လည်း ကျည် ၁၅ တောင့်စီခန့်သာရှိတော့သည်။မ ည်သို့မှတန်ပြန်တိုက်ခိုက်ရ န်မဖြစ်နိုင်တော့။
ရန်သူသည် ကဆာနလီ၏ စိုးမိုးကုန်းဖြစ်သောကျောက် တောင်ကုန်းကိုရရှိသွားချေပီ ကဆာနလီကိုဆက်လက် ထိန်းထားရန်အခွင့်အရေးမှာအင်မတန်နည်းပါးလာသည်။
စစ်ကြောင်းမှူး (၂)ဦးဖြစ်သော ဗိုလ်မှူး ထွန်းမြင့်နှင့် ဗိုလ်မှူး ခင်စိုးခေါင်းခြင်းဆိုင်ကာ တိုင်ပင်ရတော့သည်။နောက်ဆုံး တွင် တပ်ရင်း (၂)ရင်းလုံး မဲသဝေါ ပင်မကုန်းသို့ဆုတ်ခွာ
ရန်ဆုံးဖြတ်လိုက်ကြပီးခွာစစ်စီမံချက်အတိုင်းပင် ညနေ ၄နာရီ မိနစ်၂၀တွင် ခလရ(၇၅) မှတပ်ခွဲ(၁)ခွဲနှင့်လူနာများ နောက်ထပ်၁၀မိနစ်အကြာတွင် လက်နက်ကြီးအဖွဲ့များ နှင့်နောက်ဆုံးအဖွဲ့သည် ရန်သူအားအစွမ်းကုန်ဟန့်တားထားပီး ၄နာရီ ၃၅ မိနစ်တွင်စတင်ဆုတ်ခွာတော့သည်။ ရန်သူသည်စိစိညက်ညက်ကြေနေသော ကဆာနလီကြောအားတက်ရောက်သိမ်း ပိုက်လိုက်ပီး ဆုတ်ခွနြေသောမိမိ တပ်ဖွဲ့များအား လိုက်လံပစ်တ်တော့သည်။
ညနေ(၅) နာရီတွင် ကဆာနလီမှခွာစစ်ဆင် လာသောတပ်ဖွဲ့အားလုံးမဲသဝေါပ င်မကုန်းသို့ ရောက်ရှိသွားတော့သည်။
စစ်ဗျူဟာအရေးကြီးမြေဖြစ်သော ကဆာနလီမှ ဆုတ်ခွာရသော်လည်း မိမိအင်အားစုများ အား ရန်သူ့ ပစ်ခတ်မှုအောက်မှအစုစည်းမပျက်စနစ်တကျခွာစစ်ဆင်နိုင်ခြင်းသည် မိမတို့အတွက် အမြတ်ပင်ဖြစ်ပါတော့သည်။
ကြယ်နီ
(ဆက်ရန်)
ခလရ(၇၅)မှစစ်ကူစစ်ကြောင်းရေ
ထို့ကြောင့် ခလရ(၇၆) အသက်ရှုချောင်ရုံသာရှိသည်။ဂေ
ခလရ(၇၅)နေရာယူထားသည့် ကျောက်တောင်ကုန်းအား ရန်သူအင်အား(၄၀၀) ကနှစ်ဖက် ညှပ်တိုက်သည်။ခလရ(၇၆) ယူထားသော ပင်မခံစစ်နေရာအား နံနက်(၅)နာရီမှ (၆)နာရီအတွင်း ၇ ကြိမ်တိုင်တိုင်လှံစွပ်ထိုး
၈ ရက်နေ့ ၁ရက်တည်းရန်သူအသုံးပြုသော ချေမှုန်းရေး အင်အားမှ ၇၀၀ ခန့်အထိရှိသည်။
တိုက်ပွဲမှာ နိုင်ငံခြားစစ်ပကြံပေးတို့ ၏ နည်းနာများအတိုင်းလက်နက်ကြီ
လက်ပစ်ဗုံးပစ်ခတ်မှုများ ပြားလှသဖြင့် စစ်သည်များသည် လေတွင်ဝဲလာသောလက်ပစ်ဗုံးမျာ
စစ်သည်များတွင်ခဲယမ်းအခြေအေ
ရန်သူနှင့် တိုက်ရိုက်ထိတွေ့ မှုမရှိသော ပွိုင့် ၉၆၂ စခန်း ပွိုင့် ၈၆၅ စခန်းနှင့် မောရလီစခန်းများမှခဲယမ်းမျာ
အောက်တိုဘာ(၉) ရက်နေ့တွင်လညးတစ်နေ့လုံးတို
ကဆာနလီနှင့်မဲသဝေါ ပင်မကုန်း ပန်လည် (၁၀) ကိုက် အကွာထိ ချည်းကပ်ကျင်းတူးကာ အခိုင်အမာခြေကုတ်များတည်ဆော
အောက်တိုဘာ (၁၁) ရက်နေ့အထိ ဒဏ်ရာရသူ အရာရှိ(၇)ဦး အခြားအဆင့် (၄၂)ဦးရှိလာပီး ကျဆုံးသူ (၂၆)ဦးအထိရှိလာခဲ့ချေသည်။
အားမတန်မာန်လျော့ရချေပီ
အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်(၉) နာရီမှစတင်ကာ ယခင်ကထက် ပစ်အား အင်အား စြု့ပုံ သုံးကာ ခံစစ်နေရာများအားအတင်းဝင်ဆေ
ခလရ(၇၅)၏ ကျောက်တောင်ကုန်းတွင်လုံးထေ
ခလရ(၇၅) မှဗိုလ်မှူးခင်စိုးသည် ကျောက်တောင်ကုန်းအားပြန်လည်
၇၅မမ ကျည်လည်းမရှိ ၈၁ မမကျည်လည်းမရှိတော့ယုတ်ဆွအဆ
ရန်သူသည် ကဆာနလီ၏ စိုးမိုးကုန်းဖြစ်သောကျောက်
စစ်ကြောင်းမှူး (၂)ဦးဖြစ်သော ဗိုလ်မှူး ထွန်းမြင့်နှင့် ဗိုလ်မှူး ခင်စိုးခေါင်းခြင်းဆိုင်ကာ တိုင်ပင်ရတော့သည်။နောက်ဆုံး
ရန်ဆုံးဖြတ်လိုက်ကြပီးခွာစစ
ညနေ(၅) နာရီတွင် ကဆာနလီမှခွာစစ်ဆင် လာသောတပ်ဖွဲ့အားလုံးမဲသဝေါပ
စစ်ဗျူဟာအရေးကြီးမြေဖြစ်သော
ကြယ်နီ
(ဆက်ရန်)