အခန်း(၂)
ရွှေမန်းတလေးမှာရှေ့ပြေးလိုက်ရတာကြာတော့စစ်တိုက်ရသလိုဘဲပျော်လာပါတယ်၊နောက်တခုပါတီဗဟိုကော်မတီဝင်တွေကများသောအားဖြင့်သဘောကောင်းတာများကြသလို ကျနော့ကိုလည်းဗိုလ်သားလေး၊ဗိုလ်ပိစီကွေးလေး လို့ချစ်စနိုးနဲ့တောင်ခေါ်ဝေါ်တတ်ကြပါတယ်၊နောက်တခု powerခေါ်မလား၊အဲသည်တုံးက ဒုဗိုလ်၊ဗိုလ်တယောက်အပေါ်အထက်ဌာနကထားတဲ့ယုံကြည်မှုက အခုအချိန်ထက်ပိုမယ်ထင်ပါတယ်၊
နိုင်ငံတော်ကောင်စီဝင်ဆိုတာ တနိုင်ငံလုံးမှအယောက်(၃၀)လောက်ရှိတာ မှတ်မိသမျှ ဦးစန်းယု၊ဦးအေးကို၊ဦးစိန်လွင်၊ဦးခင်အေး၊ဦးချစ်လှိုင်၊ဦးဂျှပ်တူး၊ဦးစိုး၊ဦးစိုင်းအောင်ထွန်း၊ဦးစန်းမောင်၊ဦးဇော်ဝင်း၊ဦးတင်အောင်၊ဦးထွန်းတင်၊ဦးထွန်းရင်လော၊ဦးဗန်ကူး၊ဦးဘလှ၊ဦးဘသော်၊ဦးဘူးရယ်၊ဒေါက်တာမောင်မောင်၊ဦးမန်းစံမြတ်ရွှေ၊ဦးလှထွန်း၊ဦးဝမ်မမ်းသူဟာရှိန်း၊ဦးသာကျော်၊ဦးသောင်းတင်၊ဦးသန်းစိန်၊သူရဦးအောင်ဖေ၊ဦးအောင်ဆင့်၊ဦးအုန်းကြည် နဲ့ဝန်ကြီးချုပ်တို့ပါဝင်ပါတယ်၊အဲသည်အထဲက တော်တော်များများ ကိုဗိုလ်ဘ၀နဲ့ လုံခြုံရေးအစောင့်လိုက်ခဲ့ရပါတယ်၊
ဦးနေ၀င်း၊ဦးစန်းယု၊ဦးစိန်လွင်၊ဦးအေးကိုတို့လို VVIPတွေကလွဲလို့ ကျန်တဲ့လူတွေကိုကျနော်တို့ ဒုဗိုလ်၊ဗိုလ်တွေဘဲ အစောင့်လိုက်ကြရပါတယ်၊ အပေါ်ကVVIPကြီးတွေကိုသာ တပ်ရင့်းမှုး၊ အဆင့်လောက်ကလိုက်ရတာပါ၊ ဒါပေမဲ့တခုကောင်းတာက ကျနော်လုံခြုံရေးလိုက်ရတဲ့အချိန် ကာလ က ၊လိုက်ရတဲ့လူကြီးတွေက ၀ိစိကိစ်စ အတော်နည်းပါတယ်၊ရောင့်ရဲကြပါတယ်၊ဧည့်ခံကျွှေးမွေးသလိုသာလက်ခံစားသုံးကြပါတယ်၊ဘာလက်ဆောင်ညာလက်ဆောင်တွေလည်းမရကြ၊မယူကြရရှာပါဘူး၊အခုခေတ်လူကြီးတွေလိုညကြရင်တွေ့ခြင်၊ညှိခြင်၊၊ဖင်ဘူးတောင်းထောင်ကန်တော့ခြင်တဲ့ခရိုနီ၊ခရိုပြာတွေလည်း တရုံန်းရုန်းမရှိခဲ့ပါဘူး၊
နောက်ဇနီးသားသမီးပါလာတာအလွန်နည်းပါတယ်၊ tomorrow ဂျာနယ်ကသမီးတော်ပုံပြင်လို ပုံပြင်တွေလည်း မကြုံဘူးခဲ့ပါဘူး၊မျောက်ရှုံးတဲ့မြေးတော်တွေလည်းမထိမ်းခဲ့ရပါဘူး၊ဘာဘဲပြောပြောမဆလခေတ်ကလူကြီးတွေက အထိန်းအကွပ်အရှက်အကြောက်နဲ့ကြည့်ပျော်ရှုပျော်ရှိသေးထင်ပါတယ်၊နောက်ပိုင်းတော့သိတဲ့အတိုင်းပါဘဲ၊
ဦးနေ၀င်းလာရင် လည်းအဲသည်လိုသမီးတော် မြေးတွေမပါတတ်တဲ့အတွက်စိတ်မညစ်ခဲ့ရပါဘူး၊ မပါလာတာလည်းများပါတယ်၊နောက်တခြားခရိုနီတွေလည်းအနားကပ်လို့မရပါဘူး၊ တွေ့လည်းမတွေ့ပါဘူး၊ ဦးနေ၀င်းလာရင်လာရင်းကိစ်စပြီးတာနဲ့ပြန်ပါတယ်၊ သူလာမယ်ဆိုတာနဲ့ နန်းတွင်းက အိမ်တော်ကြီးကို ပြုပြင်သန့်ရှင်းရပါတော့တယ်၊ မရောက်ခင်တပတ်လောက်ကထဲကနန်းတွင်းမှာ တပ်တွေလာပြီး သန့်ရှင်းရေးတွေလုပ်ကြရပါတယ်၊နီးလာလို့(၃)ရက်လောက်အလိုဆိုရင်ကျနော်တို့ရဲ့တပ်ရင်းမှုးအဆင့်တွေက ဦးနေ၀င်းနေမဲ့အိမ်တော်ကြီးမှာသွားအိပ်ရပါတယ်၊
ဦးနေ၀င်းလာရင် လည်းအဲသည်လိုသမီးတော် မြေးတွေမပါတတ်တဲ့အတွက်စိတ်မညစ်ခဲ့ရပါဘူး၊ မပါလာတာလည်းများပါတယ်၊နောက်တခြားခရိုနီတွေလည်းအနားကပ်လို့မရပါဘူး၊ တွေ့လည်းမတွေ့ပါဘူး၊ ဦးနေ၀င်းလာရင်လာရင်းကိစ်စပြီးတာနဲ့ပြန်ပါတယ်၊ သူလာမယ်ဆိုတာနဲ့ နန်းတွင်းက အိမ်တော်ကြီးကို ပြုပြင်သန့်ရှင်းရပါတော့တယ်၊ မရောက်ခင်တပတ်လောက်ကထဲကနန်းတွင်းမှာ တပ်တွေလာပြီး သန့်ရှင်းရေးတွေလုပ်ကြရပါတယ်၊နီးလာလို့(၃)ရက်လောက်အလိုဆိုရင်ကျနော်တို့ရဲ့တပ်ရင်းမှုးအဆင့်တွေက ဦးနေ၀င်းနေမဲ့အိမ်တော်ကြီးမှာသွားအိပ်ရပါတယ်၊
နောက်သိပ်နီးကပ်လာတဲ့ နှစ်ရက်လောက်မှာဗျူဟာမှုးက သွားအိပ်ရပါတယ်၊ အိပ်တယ်ဆိုပေမဲ့လည်း ကင်းစောင့်ရတာပဲါ၊ ဘိုးတော်တွေမကြီးမငယ်နဲ့ သားရေကွင်းလေးတွေလက်ထဲအသင့်ကိုင်လို့တညလုံး ထိုင်ကင်းစောင့်ရပါတယ်၊ တွေ့တာနဲ့အပီချေမှုန်းပစ်ခတ် သုတ်သင်ရပါတယ်၊ တခါတလေလက်မဖြောင့်တာရယ်၊ သားရေပင်ပြတ်တာရယ်ကြောင့် ရန်သူထွက်ပြေးလွတ်မြောက်သွားရင်လည်း စိတ်ရှည်လက်ရှည် ရန်သူထွက်မလာမခြင်း ပြန်စောင့်ကြရပြန်ပါတယ်၊ ကျနော့်တပ်ရင်မှုးကြီးတွေ ၊ဗျူဟာမှုးတွေကိုင်ထားတဲ့လက်နက်က ၈၄မမနောက်ပွင့်လို လေကွဲမဟုတ်ပေမဲ့လေ၀ဲပစ်ခတ်ရတာပါ၊ အနီးအဝေးအပြင်းအပြော့ကို သူတို့လက်တွေက ချိန်ဆပစ်ခတ်နေရတာပါ၊ သူတို့တွေရဲ့လက်နက်ကတော့ ကလေးတွေဆောကစာ့းတဲ့ သားရေကွင်းပါဘဲ၊ သူတို့ချေမှုန်းသုတ်သင်နေရတဲ့ရန်သူကတော့ ဦးနေ၀င်းအိပ်မဲ့ရိပ်သာကြီးက ၀၀ဖီးဖီး အကောင်ကြီးကြီးနဲ့ အသံကျယ်ကျ ယ်စုပ်ထိုးတတ်တဲ့အိမ်မြောင်ကြီးတွေကိုပါဘဲ၊
အခါတပါးကဦးနေ၀င်းလာတော့ တည သည်အိမ်မြောင်အသံကျယ်တွေကိုထည့်သွင်းမထွက်ချက်မိတော့ တညလုံးအိမ်မြောင်စုတ်ထိုးသံတွေ နားမခံသာအောင်ကြားရသတဲ့၊ နောက်တောက်တဲ့အော်သံတောင်ပါသေးဆိုဘဲ၊ နောက်နေ့မနက်ကျတော့ တိုင်းမှုးကိုဦနေ၀င်းကပြောတယ်ဆိုပါတယ် "မင်းရိပ်သာကအိမ်မြောင်တွေက သံစုံတီးဝိုင်းများ ထောင်ထားသလားမသိဘူးကွာ----"လို့ဆိုပါတယ်၊ သိပ်စိတ်ဆိုးတဲ့သဘောနဲ့ ပြောတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သိတယ်မဟုတ်လား၊ ဘောင်းတော်ညိတ်စိတ်တော်သိရမှာ မင်းခယောကျာင်္းတွေရဲ့တာဝန်လေ၊ ဒါကြောင့် နောက်ပိုင်းဦးနေ၀င်းလာမယ်ဆိုတာနဲ့ အိမ်မြောင်တွေလည်းစစ်ဆင်ရေး -သားရေကွင်း-နဲ့တိုးလို့မရှုမလှကျဆုံးရပါတော့တယ်၊
Image may be NSFW.
Clik here to view.
Clik here to view.

နောက်ဦးနေ၀င်းလာရင်ကျနော်တို့တပ်က စီစဉ်ပေးရတာကတော့ တောကောင်သားတို့၊ ဓါတ်စာတို့ပါဘဲ၊ ရတနာပုံနန်းတည်မင်းတုန်းမင်းကြီးရဲ့ ဆောင်တော်ကူးဇတ်လမ်းတွေက ထင်ရှားသလို၊ အဲသည်လိုကူးနိုင်ဖို့ အမြဲအားပေးဆေးဖော်ကျွေးနေတဲ့ ဆေးဆရာကြီးဦးခဲကလည်း ကုန်းဘောင်ခေတ်သမိုင်းမှာ နံမည်ကျော်ပါဘဲ၊ လူဆိုတာသူသူကိုယ်ကိုယ် ကျန်းမာခြင်တယ် အသက်ရှည်ခြင်တယ် ဒါကြောင့်အသက်ရှည်ဆေးတွေ၊အားဆေးတွေ အားအင်တိုးပွားတဲ့ အစားအစာတွေစားခြင်တယ်၊ အဲဒါတွေပြောရင်စိတ်ဝင်စားတယ် သည်လိုပါဘဲ၊ ဦးနေ၀င်းလည်း ကာမဆန်ဒအတွက်မဟုတ်ဘဲ အသက်ရှည်ဖို့၊ကျန်းမာဖို့သည်လို အစားအသောက်တွေ ဆေးဝါးတွေ စိတ်ဝင်စားခဲ့တာလို့ထင်ပါတယ်၊
ကျနော်တို့တပ်ကဦးနေ၀င်းလာမယ်ဆိုတာနဲ့လက်ရွေးစင်စစ်သည်နှစ်ယောက်ကိုမေမြို့ဖက်၊ကုန်းသာရဲယမန်းဖက်၊ကင်းတားဆည်ဖက်သက်ဆိုင်ရာတပ်တွေနဲ့ချိတ်ဆက်စေလွှတ်ရပါတယ်အဲသည်လက်ရွှေးစင်တွေကတော့ ကချင်လူမျိုး တပ်သားဖုန်ဆာနဲ့ ကရင်လူမျိုး ဒုအရာခံဗိုလ်ကြီး(ကျနော်နံမည်မေ့နေတယ်၊မန်းအောင်သိန်းထင်တယ်)တို့ကိုလွှတ်လိုက်ရပါတယ်၊သူတို့ကအလွန်တော်တဲ့မုဆိုးတွေပါ၊တခါမှလည်းအဖေါ်မခေါ်ဘဲတကိုယ်တော်ကြဲကြတဲ့မုဆိုးကျော်နှစ်ယောက်ပါ၊ အရင်အရပ်သားဘ၀ထဲက တောထဲမှာမွေး တောထဲမှာကြီးပြင်းပြီး တပ်ကစစ်ဆင်ရေးမှာ ခေါ်လာ၊တပ်ထဲသွင်းပေးထားကြတာပါ၊
ဖုန်ဆာရဲ့လက်နက်က ကာဘိုင်ဖြစ်ပြီး ကရင်ဆရာကြီးရဲ့လက်စွဲလက်နက်က G3ပါ၊ သူတို့နှစ်ယောက်လုံးရဲ့ သေနတ်ကို တခြားရဲဘော်ကို လျွှဲထုတ်ပေးလို့မရပါဘူး၊ ကရင်ဆရာကြီးဆို မိန်းမသာလဲကိုင်ခြင်ကိုင်မယ်၊ ကျနော့်သေနတ်တော့ တခြားကောင်တွေကိုင်တောင်မကြည့်စေခြင်ဘူးဗိုလ်ကြီးလို့ပြောခဲ့ဘူးပါတယ်၊တကယ်လည်းသားကောင်အထာကိုသိတဲ့သူတွေပါ၊သူတို့ကိုခွဲလွှတ်ပြီးတောကောင်သားစစ်စစ်တွေစုစည်းရပါတယ်၊ဆေးဖက်ဝင်မျောက်ချေးခါး၊ဂျီချေးခါး၊သင်းခွေချပ်၊မြေမနင်းသား၊ဆတ်ဂျိုနု၊ကျောက်သွေးဆိုတာတွေအဲသည်ကျမှ ကျနော်မြင်ဘူးကြားဘူးတချို့လည်း စားဘူးခဲ့ရပါတယ်၊
နောက်မန်းတလေးတိုင်းထဲမှာဘဲ ထင်ရှားတဲ့အစားအစာတွေ သူ့ရာသီနဲ့သူ စုဆောင်းထားရပါတယ်၊ မိုးကုတ်မှာသာထွက်တဲ့ ကြက်သွန်ဖြူလိုအမွှာတွေနဲ့တပ်တရာဥ၊ကြက်ဥနဲ့ကြော်စားရတဲ့ ကျောက်ဂျင်းစတာတွေကို စုဆောင်းရပါတယ်၊ ပြီးရင်ဦးနေ၀င်းစားဖို့သောက်ဖို့စီမံချက်ရေးဆွဲရမဲ့ A1(သို့) Q1တွေစီအစီ၇င်ခံရပါတယ် သူတို့ညွှန်ကြားတဲ့အသား၊ အသီးအရွက်တွေကို သူတို့စီပို့ရပါတယ်၊ ဦးနေ၀င်းကတော့မန်းတလေးရောက်ရင် မျောက်သားစားခြင်တယ်၊ တောဝက်သားနဲ့တီးခြင်တယ်၊ အဲသည်လိုအစားအသောက် မီးလိုတောက်ပြီးမှာမယ်တော့ မထင်ပါဘူး၊ တိုင်းကတာဝန်ရှိသူုတွေက သူတို့အတွေ့အကြုံနဲ့ ဥက္ကဌကြီးကတော့ ဒါဖြင့်ကြိုက်တတ်တယ်၊ သည်ဟင်းနဲ့ဆိုထမင်းပိုစားတယ်စသည်ဖြင့်သူတို့မှတ်သားထားသမျှထဲကကောင်းနိုးရာရာဖွယ်ဖွယ်ရာရာလေးတွေစီစဉ်ထားတာနဲ့တူပါတယ်၊
တနေ့တော့ ဦးနေ၀င်းမန်းတလေးရောက်လာပါတယ်၊တွင်းထဲမှာတညအိပ်ပြီး နောက်နေ့ မုံရွာကြေးစင်တောင်ဖက် ထွက်သွားပါတယ်၊(၃)ရက်လောက်တော့မုံရွာမှာကြာမယ်ထင်ပါတယ်၊မနက်ရဟတ်ယာဉ်ထွက်သွားတာနဲ့ တပ်ရင်းမှုးကြီးကတပ်ကိုပြန်ရောက်လာပါတယ်၊တိုလီမိုလီအရာရှိ(TMO)ကျနော့ကိုခေါ်ပါတယ်၊ ဟေ့ကောင်ဥက္ကဌကြီးမနေ့ကညထမင်းစားပွဲမှာပြောတယ်တဲ့ကွ ငါ့ကွာမင်းတို့ကျွေးတဲ့ တောကောင်သားတွေလည်း သိပ်မစားခြင်တော့ပါဘူး၊ တခါတလေ အသားနဲနဲနဲ့ အသီးအရွက်လတ်လတ်ဆတ်ဆတ်လေးတွေ ချက်ပြုတ်လို့၊ အားလည်းရှိသောက်လို့လည်းကောင်းတဲ့ ၀ါစေ့ပင်ပေါက်ဟင်းချိုလေး သောက်လိုက်ရရင်ကောင်းမှာကွ လို့ဆိုသတဲ့၊အဲသည်တော့သည်နေ့အခုမင်းတပ်စိတ်တစိတ်နဲ့မတရာဖက်ကိုသွား၊ ၀ါစေ့လိုက်ရှာ ဘယ်လောက်ပေးရပေးရ၀ယ်ခဲ့၊ တပ်ရေးဗိုလ်ကြီးဆီကငွေထုတ်သွား၊တပ်ထောက်စီကT2ကားတောင်းသွား၊ ၊မရရအောင်ရှာလာ၊ရလာရင်၊တပ်ရေးဗိုလ်ကြီးစီသတင်းပို့၊သူကတိုင်းကိုသတင်းပို့လို့လာပို့ပါဆိုရင်မင်းဘဲတခါထည်းနန်းတွင်းသွားပို့လိုက်တော့၊ငါတော့ညကအိပ်ရေးပျက်တော့အိမ်ပြန်ခဏနားလိုက်ဦးမယ်၊ဆိုပြီးတပ်ရင်မှုးကြီးကထွက်သွားပါတော့တယ်၊့
သည်ညဦးနေ၀င်းမအိပ်ပေမဲ့ တပ်ရင်းမှုးကြီးတို့ခင်မျာရိပ်သာမှာ သွားအိပ်လို့ အိမ်မြောင်ကင်းစောင့်ရဦးမယ်၊မဟုတ်ပါလား၊ သည်လိုနဲ့ အလွယ်ဆုံးတာဝန်ဖြစ်တဲ့ဝါစေ့ရှာဖွေရေးကိုပူပင်ကြောင့်ကျ မရှိ easy going ဆောင်ရွက်လိုက်မဟဲ့ အတွေးနဲ့ဝါစိုက်ခင်းတွေရှိရာ မတရာဖက်ကို ထွက်လာခဲ့ပါတော့တယ်၊ ဟိုရောက်ရင်ခင်မင်တဲ့ နယ်ခံတယောက်ကို ငွေပေးပြီးသွားဝယ်ခိုင်းလိုက်မယ်၊ ပြီးရင်ပြန်မယ်၊ လမ်းမှာကြာနီကန်ရောက်ရင် အိမ်ရှေ့မင်းထန်းတောက စပယ်ရှယ်ထန်းဖိုညောင်ပတ် ထန်းရေတခွက်တဖလား ၀င်တီးလိုက်ဦးမယ်ဆိုပြီးတော့ ကိုယ်စိတ်ကူးနဲ့ ကိုယ်စီမံချက်ဆွဲလို့ပျော်နေမိပါတယ်၊
မတရာရောက်လို့ ခင်မင်ရင်းနှီးတဲ့နယ်ခံနဲ့တွေ့တဲ့အခါမှာကျနော့အပျော်တွေပျောက်သွားခဲ့ရပါတယ်၊ သူကကျနော့စကားကြားတော့ ဟက်ဟက်ပက်ပက်ရီပါတယ်၊ ဗိုလ်ကြီးရေ သည်အချိန်က၀ါ ရာသီသိမ်းတာ အတော်တောင်ကြာနေပြီ။ ၀ါလည်းမရှိတော့ဘူး၊ ၀ါစေံ့လည်းမရနိုင်တော့ဘူးတဲ့၊ သူ့စကားကကျနော့နားကို မိုးကြိုးပစ်ချလိုက်သလိုပါဘဲ၊ လုပ်ပါဦးဗျာ၊ မရအရရှာပေးစမ်းပါဆိုတော့ ခေါင်းတယမ်းယမ်းနဲ့ ရွာထည်းထွက်သွားပါတော့တယ်၊ အတော်လေးကြာတော့ သူပြန်ရောက်လာပါတယ်၊ လက်ဗလာ၊ ခေါင်းတယမ်းယမ်းနဲ့ပါဘဲ၊ ဘယ်မှာမှမရနိုင်တော့ကြောင်း ပြောပါတယ်၊ ဒါနဲ့ကျနော်လည်း ဆက်သွယ်ရေးစက်ကနေ တပ်ရေးဗိုလ်ကြီ်းစီသတင်းပို့လိုက်ပါတယ်၊ အကိုကြီးကတော့ မသေခြာရင်မပြောတဲ့ကျနော့အကြောင်းသိပေမဲ့ သေသေခြာခြာထပ်မေးပါတယ်၊ မင်းတကယ်သေခြာပြီလား၊ လုံးဝမရနိုင်တော့ဘူးလားဆိုတော့ ကျနော်လည်းပြောလိုက်ပါတယ် "အကိုကြီးသိတဲ့အတိုင်း မတရာဂျပိုးကိုအောင်တိုးကိုယ်တိုင်လှည့်ပတ်ရှာပြီးပြီ ဘယ်မှာမှမရှိတော့ဘူးဖြစ်နေတယ်၊အောင်တိုးကတော့အာမခံတယ်လုံးဝမရနိုင်တော့ဘူးတဲ့"
ကျနော်ပြောတာကိုတပ်ရေးဗိုလ်ကြီုးက သေခြာနားထောင်ပြီးမရှိတာတော့ ဘယ်တတ်နိုင်မလဲ၊ ငါ နန်းတွင်းထဲ တင်ပြလိုက်ဦးမယ် ဆိုပါတယ်၊ ၃၅နဲ့ခဏစောင့်ဆိုလို့ ကျနော်လည်းစက်ဖွင့်လို့ စောင့်နေရပါတယ်၊ ခဏနေတော့ နောက်တန်းကစက်သံထွက်လာပါတယ်၊ တပ်ရေးဗိုလ်ကြီုးပါဘဲ၊ ညီလေးရေဗူးပေါက်တာမလိုခြင်ဘူး ရေပါတာဘဲ လိုခြင်တယ်လို့အထက်ဌာနကညောင်ကမာခရုပါတယ်၊ သည်နေ့ညနေ(၅)နာရီအရောက်
ဝါစေံ့ကိုအပင်ဖေါက်ခြင်တယ်ပြောပါတယ်၊ဒါဘဲဆိုပြီး အကိုကြီုးစက်ပေါ်ကဆင်းသွားပါတယ်၊
ဝါစေံ့ကိုအပင်ဖေါက်ခြင်တယ်ပြောပါတယ်၊ဒါဘဲဆိုပြီး အကိုကြီုးစက်ပေါ်ကဆင်းသွားပါတယ်၊
ကျနော့ရဲ့ စိတ်ပျက်လက်ပျက် ၉၆ပါဆိုတဲ့ အသံလေးတောင်နားထောင်သွားဟန်မတူပါဘူး၊ သူလည်းအတော်စိတ်ပျက်သွားပုံပါဘဲ၊ ကျနော်တော့ ကိုယ်က၉၆ပါ လိုက်နာဆောင်ရွက်ပါမယ်လို့ သတင်းပို့လိုက်ပေမဲ့လည်းဘယ်လိုလိုက်နာဆောင်ရွက်ရမည်မှန်းကို မသိတော့၊ ဘယ်လောက်ငွေပေးပေး ၀ါစေ့ကအခုစိုက်အခုပေါက်မည်တော့မဟုတ်ပါ၊ ကျနော်ခေါင်းကုတ်ဖင်ကုတ် အလုပ်ရှုပ်နေတာကို ဆက်သွယ်ရေးစက်ဘေးထိုင်ပြီး ပြောသမျှကြားနေရတဲ့ မတရာ ကိုအောင်တိုးလည်း စိတ်ပျက်လက်ပျက် ကြည့်နေပါတယ်၊ ကျနော့ရေဗူးကတော့အတော်ပေါက်နေပါပြီ။ရေကလည်းလုံးလုံးမရှိပါ၊
သည်လိုနေတုံး ကိုအောင်တိုးစီက စကားတခွန်းထွက်လာပါတယ်၊ တနေရာတော့ကျန်သေးတယ်၊ ကျနော်တို့ဝါတောင်သူတွေက ၀ါချွေပြီးရင်ဝါစေ့က မြေကြီးထဲကျ နောက်မြေကြီးဖြစ်သွားတော့ အခုအချိန်ဝါစေ့မရှိနိုင်တော့ဘုး၊ ဒါပေမဲ့ဝါစေ့ မြေပေါ်မကျဘဲ သံမံတလင်းပေါ်မှာချွေတဲ့ နေရာတခုတော့ရှိတယ်၊ အဲသည်မှာတော့ဝါစေံ့ကျန်နိုင်တယ်လို့ ဆိုပါတယ်၊ သည်နောက်တော့ ကိုအောင်တိုးလမ်းညျွန်ရာ ပုသိမ်လေးဝါအ၀ယ်စခန်းဆီ ကျနော်တို့မ်ြန်းခဲ့ရပါတော့တယ်၊ ကိုအောင်တိုးရဲ့လမ်းညွှန်ချက်အတိုင်း သည်အချိန်ဝါအ၀ယ်ရပ်ထားချိန်မို့ ၀ါအ၀ယ်ဒိုင်မှုးလေးကို တောင်ပြုံးလမ်းခွဲနားက သူ့အိမ်မှာဝင်ခေါ်ရပါတယ်၊ နောက်တော့ မန်းတလေးနဲ့အနီးဆုံးက ပုသိမ်လေးဝါအ၀ယ်ဒိုင်စခန်းကို ကျနော်တို့ရောက်ခဲ့ရပါတယ်၊ ၀ါအ၀ယ်ဒိုင်က ဂိုဒေါင်ကခပ်သေးသေးပါဘဲ။ အောက်မှာသံမံတလင်းခင်းထားပြီး ဘေးကသစ်သားတွေကာထားတယ်၊ သွပ်မိုးထားတယ်၊ အကြီးကြီးမဟုတ်ပါဘူး၊ ဂိုဒေါင်တံခါးကိုဖွင့်ခိုက်တဲ့အခါမှာတော့ အထဲမှာဟောင်းလောင်းကြီးပါ၊ ကိုအောင်တိုးက အထဲကိုအရင်ပြေးဝင်သွားပြီး နောက်ဆုံးထောင့်ရောက်သွားပါတယ်၊ သည်နောက်တော့ ကိုအောင်တိုးရဲ့တွေ့ပြီတွေ့ပြီဗိုလ်ကြီးရေ-တွေ့ပြီဗျ။ ဆိုတဲ့ ကိုအောင်တိုးရဲ့အသံက ကျနော့်ကို ရွှင်လန်းတက်ကြွစေပါတယ်၊ ဘေးကပြုတင်းကဲလားတွေဖွင့်လိုက်တော့ ဂိုဒေါင်အထဲကမြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရပါတယ်၊
ဂိုဒေါင်ဒေါင့်မှာတံမြက်စည်းတချောင်း၊ အမှိုက်ဂေါ်တခုနဲ့ကံကောင်းထောက်မစွာ ဆန်တပြည်စာလောက်ရှိတဲ့ ကျုံးပြီးလွှင့်ပစ်ဖို့ကျန်သွားတဲ့ ၀ါစေ့မဲမဲလေးတွေ၊ အမှိုက်တွေ၊ စက်ကူစုတ်တွေနဲ့ရောလို့၊ ကိုအောင်တိုးက တံပြက်စည်းနဲ့ဂေါ်ကိုလှမ်းကိုင်လိုက်ပါတယ်၊ ကျုံးတော့မလို့ပါ၊ ကျနော်က ကမန်းကတန်းဟိုး-ကိုအောင်တိုး-ဟိုးထားဆိုပြီးလှမ်းအော်တားရတယ်၊ ပြီးတော့ကျနော့ခေါင်းကတောဆောင်းဦးထုပ်လေးကို ကျနော့အကူရဲဘော် ဂင်ဒိုမန်းကိုလှမ်းပေးရင်း- ဟေ့ကောင်ချယ်လူလင်း-မင်းလက်နဲ့ကျုံးပြီး ဦးထုပ်ထဲထည့်ယူခဲ့ ပြောလိုက်ရတယ်၊ ကိုအောင်တိုးက ကျနော်ဝါစေ့ဘာဖြစ်လို့လိုက်ရှာနေတာလည်းမသိ၊သူအနေနဲ့စိုက်ဖို့လား သည်လိုထင်လို့ အမှိုက်ဂေါ်နဲ့ကျုံးဖို့ပြင်ပေမဲ့ ကျနော်စစ်သားက ကိုယ့်အကြီးအကဲစားဖို့ဆိုတဲ့ အရာကိုသိသိကြီးနဲ့တော့ အမှိုက်ကျုးံးသလိုမကျုံးချင်၊ တတ်နိုင်သမျှ အလေးအနက်ထားပေးရမယ်ထင်ပါတယ်၊
အမှိုက်တွေခဲသလဲတွေနဲ့ ရောထွေးနေတဲ့ ၀ါစေ့တွေကိုဦးထုပ်နဲ့ထုပ်ပိုးပြီးတဲ့အခါမှာတော့ နောက်တန်းက တပ်ရေးဗိုလ်ကြီုးစီစက်ကိုဖွင့်လို့သတင်းပို့လိုက်ပါတော့တယ်၊ သည်လိုသည်ပုံ အမှိုက်ပုံထဲက ကျုံးလာရကြောင်း၊ အခုရဲဘော်တွေကို ဆန်ရွေးသလိုတစေ့ခြင်းရွေးပြီး သန့်စင်ခိုင်းထားကြောင်း တင်ပြလိုက်ပါတယ်။
အမှိုက်တွေခဲသလဲတွေနဲ့ ရောထွေးနေတဲ့ ၀ါစေ့တွေကိုဦးထုပ်နဲ့ထုပ်ပိုးပြီးတဲ့အခါမှာတော့ နောက်တန်းက တပ်ရေးဗိုလ်ကြီုးစီစက်ကိုဖွင့်လို့သတင်းပို့လိုက်ပါတော့တယ်၊ သည်လိုသည်ပုံ အမှိုက်ပုံထဲက ကျုံးလာရကြောင်း၊ အခုရဲဘော်တွေကို ဆန်ရွေးသလိုတစေ့ခြင်းရွေးပြီး သန့်စင်ခိုင်းထားကြောင်း တင်ပြလိုက်ပါတယ်။
တပ်ရောက်ပြီး တပ်ရေးဗိုလ်ကြီးစီသတင်းပို့တော့ ၀ါစေံ့လေးတွေက အတော်သန့်နေပါပြီ၊ ကျနော်ဘဲဆက်ပြီး နန်းတွင်းကိုသွားပေးဖို့စီစဉ်ရင်း "အကိုကြီး သည်ဝါစေံ့တွေကို အမှိုက်ပုံထဲက ကောက်လာတယ်ဆိုတာ သတင်းပို့လိုက်ရမလား"ဆိုတော့၊ ငါ့ညီရာ မင်းလည်းအထက်ဌာနအကြောင်း သိတာဘဲ၊ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာဘဲလိုချင်တယ်၊ လို့ပြောပြီးမှဘဲ ပါလာတဲ့ရေကလည်း ၀ါဝါဖြူဖြူ သူတို့ဂရုစိုက်မှာမဟုတ်ဘူးကွ၊ ရေပါစေခြင်တာလိုရင်းဘဲ၊ မင်သွားတင်ပြလည်း၊ အရေးလုပ်မယ်တော့မထင်နဲ့"လို့ ပြောပါတယ်၊ ကျနော်က သည်ဝါစေ့တွေက ရောကြာပြီဆိုတော့ အပင်ပေါက်ပါမလားမသိဘူးလို့ ကွန့်မိပြန်ပါတယ်၊ အကိုကြီးက "ဒါလည်းမင်းအလုပ်မဟုတ်ဘူးညီလေး မင်းကိုအစေ့ဘဲရှာခိုင်းတာ အပင်ဖေါက်ခိုင်းတာမဟုတ်ဘူး၊ သွားသာပို့လိုက်တော့ကွာ"ဆိုပါတယ်၊
ကျနော်လည်း နန်းတွင်းနမခQ1ကြီးရုံးကို သွားပို့ပါတယ်၊ စိတ်ထဲမနေနိုင်လို့ဦး(၅)ရုံးခန်းဝင်ပြီး ခင်မင်နေတဲ့ အကိုကြီှးဗကသိန်းလွင်(စတသ၁၇)နဲ့ ဗကကျော်လင်းထွန်း(တေဇ၅)တို့ကိုဝင်ပြီး ရင်ဖွင့်မိပါတယ်၊ သူတို့ကလည်း ကျနော့ကိုသနားစရာ သတ္တ၀ါတကောင်လိုကြည့်လို့၊ "ညီလေး ရေဗူးအပေါက်နဲ့ ရေပါအောင်မင်းခပ်ခဲ့ပြီးပြီ၊ မင်းတာဝန်ကျေပြီ တခြားဟာတွေမတွေးနဲ့တော့"လို့ဆိုပါတယ်၊
ကျနော်မှာတော့ သည်ဝါစေ့တွေက ကြာပြီဆိုတော့ အပင်မှပေါက်ပါ့မလား၊
ပေါက်လို့ချက်ပြုတ်ရင်ရော ဦးနေ၀င်းစားချင်တဲ့ လတ်လတ်ဆတ်ဆတ် အရသာမှရှိပါ့မလား၊ အမှိုက်ပုံက ကျုံးလာရတာဆိုတော့မသန့်ရှင်းတဲ့အစားအစာဆိုတော့ ဒါတွေကို နိုင်ငံအကြီးအကဲစားရင် ဘုန်းကံတွေများကျဆင်းသွားမလား စတဲ့အတွေးတွေက အတော်နှိပ်စက်ခဲ့ပါတယ်၊
ကျနော်ကျုံးလာတဲ့ဝါစေ့တွေ့ အပင်ပေါက်မပေါက်၊ ဦးနေ၀င်းစားဖြစ်မဖြစ် အခုထက်ထိ ကျနော်ပြန်မသိရတော့ပါဘူး၊ အခုထက်ထိလည်း သည်ကိစ္စကိုပြန်စဉ်းစားလိုက်တိုင်း စိတ်ထဲမှာမရှင်းမလင်းနဲ့ စိတ်မကောင်းဖြစ်မိပါတယ်၊် ဒါကြောင့်ကျနော် ရေဗူးပေါက်တာမလိုခြင်၊ရေပါတာဘဲလိုခြင်တယ်ဆိုတဲ့ အတွေးအခေါ်ကြီးကိုမုန်းပါသည်။
(မနက်ဖြန်မှ ကျနော်မုန်းသောသည်အယူအဆကိုဘဲ ကျနော်ကိုင်တွယ်ပြီး စစ်မြေပြင်မှာ အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့သော ဖြစ်စဉ်လေးတခု ထပ်မံတင်ပြပါဦးမည်)