================
မိုးယံထက်တစ်ယောက် စိတ်လေလေနှင့်ဖုန်းကိုပိတ်ပြီးထထွက်တော့ ကားရှေ့တွင်မြင်လိုက်
ရသည့်မြင်ကွင်းက ရင်ဘတ်ကိုဝင်ဆောင့်သည်.. သူမ.. သူမ လီနှင့်အတူ.. ကားရှေ့တွင်.....
လက်နောက်ပစ်၍ရပ်ကာ သူ့ကိုကြည့်နေသည်။ ယူနီဖောင်းအဖြူလေးနှင့် လှချင်တိုင်းလှနေ
သော Ying ကိုမြင်တော့ ပျော်ရွှင်မှုတွေအပြည့်နှင့် မိုးယံထက်တစ်ယောက် ကားပေါ်ကခလုတ်
တိုက်လဲကျမတတ် ၀ရုန်းသုံးကားပြေးဆင်းကာ သူမဆီပြေးသွားလိုက်သည်။
"လီ..Ying... "
"ဟုတ်တယ် ငါတို့မင်းကိုစောင့်နေတာ"
"ငါဒီကိုလာမယ်မှန်းဘယ်လိုသိလဲ လီ"
"ကွန်မန်ဒါယန်ပြောတာလေ ဗိုလ်ချုပ်ဈေးမှာ အချိန်လျော့ပြီး ဒီကိုမြန်မြန်လာခဲ့မယ် ဒီမှာစောင့်
နေလို့ ဖုန်းဆက်ပြောလို့"
"ဟာ ပျော်လိုက်တာကွာ ဒီနေ့တော့ မင်းတို့နဲ့ (you) မတွေ့ရတော့ဘူးထင်နေတာ"
"မင်းပြောတဲ့ you ဆိုတာ ငါတို့(us) လို့ဆိုလိုတာလား Ying ကိုဆိုလိုတာလား"
"ဟာ လီ"
"စတာပါကွာသွားမယ် အချိန်အလကားကုန်တယ်"
"အိုကေသွားမယ်"
မနက်ခင်းတစ်ခုလုံးက မိုးယံထက်အတွက် ပြသဒါးဖြစ်နေခဲ့သော်လည်း ယခုတော့ ရက်ရာဇာဖြစ်
နေခဲ့လေပြီ။ လီ နှင့် ကွန်မန်ဒါယန်ကို ထိုင်ရှစ်ခိုးခြင်စိတ်ပေါက်လောက်အောင်ပင် ကျေးဇူးတင်မိ
သည်လေ။ ဘယ်ကိုသွားမလဲရွေးတော့ Ying က ရိုးရာအစားအသောက်စားခြင်သည်ဆိုသဖြင့်
ဆူးလေးလမ်းတစ်လျောက်ရှိ ဆိုင်တွေလိုက်ပြရင်း အစားအသောက်တွေကို ဘယ်လိုလုပ်ထားတာ
ဘယ်လို အရသာရှိတယ် စသဖြင့်ရှင်းပြလိုက် ပျော်တပြုံးပြုံးဖြစ်နေသော Ying မျက်နှာလေးကိုခိုး
ကြည့်လိုက်နှင့် မောရမှန်းကိုမသိတော့ နေပြည်တော်ရုံနားရှိ ကြံရည်ဆိုင်ကိုရောက်တော့ ဂျင်န်နှင့်
နောက်တစ်ယောက် ကြံရည်သောက်နေသည်ကိုတွေ့သဖြင့် ၀င်ထိုင်ကာကြံရည်သောက်ဖြစ်သည်။
သူတို့ကတော့ စက်နှင့်လှည့်သော ကြံရည်စက်ကိုကြည့်ပြီး သဘောတွေကျနေလေသည်။

ကြံရည်သောက်ပြီးတော့ လာလမ်းအတိုင်းပြန်လှည့်လာကြသည်..။ ရခိုင်မုန့်တီဆိုင်ကိုတွေ့တော့
လီက စားချင်သည်ဟုဆိုသဖြင့် ၀င်စားဖြစ်သည်။ ငရုတ်သီးစပ်သဖြင့် ချွေးတွေပြန်နေသော်လည်း
လက်က ပန်းကန်ကိုင်ထိုင်လို့ မအားသဖြင့် မသုတ်နိုင်သော Ying ကို ချွေးတွေသုတ်ပေးဖြစ်သည်။
လီ ကတော့ Ying နောက်မှနေ၍ မျက်နှာကို လက်ကိုချဲပြီး လက်ဝါးနှင့်အုပ်ကာ လက်ကြားမှကြည့်
၍ စနေသေးသည်။ စားပြီးသောက်ပြီး၍ ဆိုင်ကထတော့ လီက ကွန်မန်ဒါယန် နှင့် Foot Message
ဝင်ရန် ချိန်းထားသဖြင့်သွားတော့မည်ဟူ ဆိုကာခွဲထွက်သွားသည်။ ဒါတောင် Ying မမြင်အောင်
မျက်စိတစ်ဖက်ကို မှိတ်ပြသွားသေသည်။ မိုးယံထက်ကတော့ မြှားနတ်မောင်ဆိုတာ တောင်ပံလေး
နှင့်လေးမြှားကိုင်ထားသောသူမဟုတ်ပဲ Sniperကိုင်ထားသော Navy Seal ကိုးဟု ကြံကြံဖန်ဖန်
တွေးမိသည်။

Ying တစ်ယောက်ကတော့ ကလေးလေးလိုပင် ဟိုစားစရာတွေဝယ်လိုက် ဒီစားစရာတွေ့ဝယ်လိုက်
နှင့် အပျော်ကြီးပျော်နေသည် လက်ထဲမှာလဲ အထုတ်တွေက တိုးလို့တွဲလောင်း..။ လမ်းသွားလမ်းလာ
တွေကတော့ ပြုံးစိစိနှင့်ကြည့်သွားသည်။ သူမကတော့ စားစရာတွေကို ဟိုတခု ဒီတခုမြည်းကြည့်ရင်း
သဘောကြတွေ့ရင်သူ့ကိုစားခိုင်းသည်။ အစပိုင်းက ကိုယ့်ဘာသာကိုယ်ယူစားနိုင်သော်လဲ နောက်တော့
လက်နှစ်ဖက်လုံးအထုတ်တွေပြည့်နေသဖြင့် ယူမစားနိုင်တော့ သူမက ခွံကျွေးပြန်သည်။ အကြိမ်ကြိမ်
အခါခါစားဖူးသောအစားအသောက်တွေက အခုမှ အရမ်းကိုအရသာရှိနေတော့သည်။ မြို့တော်ခန်းမရှေ့
ပြန်ရောက်ချိန်တွင်တော့ မိုးယံထက်တွင်ပါလာသော ပိုက်ဆံရော Yingတွင်ရှိသော မြန်မာငွေရောအကုန်
ကုန်လေပြီ...။ အရေးထဲမိကျောင်းကန်ဆန္ဒပြအဖွဲ့တွေကို သူတောင်းစားထင်ပြီး မုန့်ထုတ်တွေပေးဖို့လုပ်
နေသေးသဖြင့် မနည်းရှင်းပြရသေးသည်။ နောက်တော့ ကားနားတွင်အစောင့်ကျန်နေသော ကားသမား
များနှင့် တပ်ထိန်းများကိုသာ အကုန်ဝေပေးလိုက်တော့သည်။

မုန့်တွေဝေပြီးတော့ ဘားလမ်းအတိုင်း ဘာရယ်မဟုတ်လျောက်သွားနေမိသည်။ လမ်းတစ်ဝက်လောက်
ရောက်တော့မှ
ရောက်တော့မှ
"ယံ ပိုက်ဆံလဲခြင်တဲ့ ငွေလဲကောင်တာ ဘယ်နားရှိနိုင်မလဲ"
"အင်း ဒီနားမှာတော့ ရှိပါတယ် အများကြီးပါ.."
"အိုကေ ဒါဆိုငွေလဲမယ် ပြီးမှာ ဆက်လည်ကြတာပေါ့"
"အိုကေ"
ငွေလဲရန်နောက်ကြောင်းပြန်လှည့်လာလိုက်သည်။ နာရီကိုကြည့်တော့ (၃)နာရီထိုးပြီး အင်းဘဏ်တွေ
တော့ဖွင့်နိုင်သေးသည်ဟုဆိုကာ လိုက်ကြည့်တော့ တခုမှမဖွင့်...။ ဘဏ်တွေကိုရှာရင်း ရှာရင်းနှင့်ပင်
ပန်းဆိုးတန်းဘက်ပြန်ရောက်လာသည်..။ နောက်ဆုံးမင်္သကာသဖြင့် ဖုန်းထုတ်ကာ နေ့စွဲကြည့်တော့မှ
တနင်္ဂနွေနေ့ဖြစ်နေမှန်းသိရသည်။ သွားပြီ.. ဒါဆိုဘယ်ဘဏ်မှဖွင့်မှာမဟုတ် ဟုတွေးရင် မိုးယံထက်စိတ်
ပူသွားသည်။ သူငယ်ချင်းတွေဖုန်းဆက်မေးသော်လည်း ရုံးပိတ်ရက်ဖွင့်သော ဆိုင်မသိ။ ဆူးလေဘက်
ပြန်လျောက်၍ အပြင်ဈေးနဲ့လဲမည်ဆိုတော့လည်း ဈေးက မဟားဒရားကွာလွန်းနေတော့ မလဲချင်။ အချိန်
တွေက တဖြည်းဖြည်းကုန်လာသလို မိုးယံထက်တစ်ယောက်စိတ်တွေပိုပိုပူလာသည်။ သူမ၏တောင်းဆို
မှုတစ်ခုကို မဖြည့်ဆည်းနိုင်လိုက်မှာ အရမ်းကြောက်နေမိသည်။ နောက်တော့နိုင်ငံခြားသွားလေ့သွားထ
ရှိသောသူငယ်ချင်းတစ်ယောက်ကို သတိရသဖြင့် ဖုန်းလှမ်းဆက်လိုက်သည်။

"သယ်ရင်း ငနေ ငါပါ ငမိုး"
"အေးပြော သားကြီး ဘာကိတ်"
"မင်း ဘဏ်ပိတ်ရက်ဖွင့်တဲ့ ငွေလဲကောင်တာ သိလား"
"အာ ဘဏ်ပိတ်ရက် ဘယ်ငွေလဲကောင်တာက ဖွင့်မှာတုန်းဟ"
"မရှိတော့ဘူးလားကွာ စဉ်းစားပေးစမ်းပါ ဒီမှာအခုလဲဖို့လိုနေလို့"
"အော်အေး ဆူးလေနားက အပြင်မှာလဲတဲ့သူကော စုံစမ်းပြီးပလား"
"အေး ဈေးမတရားကွာနေလို့ဟ"
"ဒါဆိုလဲကွာ မရဘူးပြောလိုက်ပေါ့"
"မဖြစ်ဘူးဟ ခုဟာက VIP"
"အဲ ခက်ပြီ ဒီလိုလုပ်ကွာ မင်းဘယ်လောက်လဲမှာလဲ"
"တရာ"
"အဲလောက်တော့ ငါ့မှရှိတယ် ငါ့ဆီလာခဲ့လိုက် ဝေးတော့ဝေးတယ်"
"အေးကွာ နောက်ဆုံးမရရင် မင်းဆီပဲလာခဲ့လိုက်မယ်"
မိုးယံထက်တစ်ယောက်စိတ်နဲနဲအေးသွားသော်လည်း အနီးအနားဝန်းကျင်တွင် ရအောင်ရှာမည်ဟု
စိတ်ဆုံးဖြတ်ထားသည်။ နောက်ဆုံးရွေးစရာမရှိတော့မှ သွားမည်ဟုတွေးထားလိုက်သည်။ Call
Center ကလူလဲ စိတ်ညစ်နေလောက်ပြီ။ ဇောကြောင့်ရော လမ်းပတ်လျောက်ထားတာကြောင့်
ရောပါ ချွေးတော်တော်ပြန်နေလေပြီ..။ ဤသည်ကို Yingက သူ့လက်ကိုင်ပုဝါလေးထုတ်ကာချွေး
သုတ်ပေးရင်း

"ယံ အရမ်းပင်ပန်းနေပြီလား"
"ရပါတယ် Ying ရဲ့ အဲလောက်မဟုတ်ပါဘူး"
"မရရင်လဲ ထားလိုက်တော့ မလဲတော့ဘူး"
"မဟုတ်တာ ရအောင်လဲပေးမယ်"
"ယံ အရမ်းပင်ပန်းနေမှာဆိုးလို့ပါ "
"Yingရယ် Yingအတွက်ပဲဟာ မပင်ပန်းပါဘူး"
Ying ၏ သူ့အပေါ်စိုးရိမ်ပေးမှုက မိုးယံထက်အတွက် ခွန်အားသစ်လောင်းပေလိုက်သလိုပင်။
မရရအောင် ငွေလဲလို့ရတဲ့နေရာ ရှာရမည်ဟုလဲ စိတ်ဆုံးဖြတ်လိုက်သည်။ အချစ်အတွက်အသက်
ပင်သေသေမဟုတ်တောင် ငွေလဲကောင်တာတော့ရအောင်ရှာနိုင်ရမည်လေ။ ဆူးလေဘက်တစ်
ခေါက်ပြန်ရောက်တော့မှ ငွေလဲလို့ရတဲ့နေရတွေ့တော့သည်။ ဟိုမှာလိုလက်ညိုးထိုးပြလိုက်တော့
Ying ပျော်သွားသည်က မျက်နှာပေါ်အထင်းသား။ သူမ၏ အပျော်မျက်နှာလေးက မိုးယံထက်၏
မောပန်းမှုများကို ဖယ်ရှားပစ်လိုက်လေသည်။ အမေပြောတဲ့ အမောပြေဆိုတာ ဒါမျိုးကိုပြောတာ
နေမှာဟုလဲ တွေးမိလိုက်သေးသည်။ ငွေလဲတော့ ဆိုဖာပေါ်တွင်ထိုင်ကာ ခဏထိုင်စောင့်ရသည်
Ying က စားပွဲပေါ်က ရေဗူးကိုဖွင့်ပြီး ခွက်ထဲထည့်ကာ ကမ်းပေးသည်။ ယူသောက်လိုက်ပြီး ခွက်ကို
ပြန်ချတော့ လက်ကိုင်ပုဝါနှင့်ချွေးတွေသုတ်ပေးနေပြန်သည်။ လူတွေကတော့ ကွက်ကြည့် ကွက်
ကြည့်.။ အေးလေ ရုပ်ကရွက်ကြမ်းရေကျို အသားက အမဲဘက်ခပ်လုလု နက်ပြာရောင်ဝမ်းဆက်
နှင့် မြန်မာယောက်ျားလေးနှင့် ချောမောပြီး ဖြူဖွေးသောအသားအရေနှင့် အဖြူရောင်ယူနီဖောင်းကို
ဝတ်ထားသော မိန်းကလေးတို့က ကြင်ကြင်နာနာပုံစံတွေဆိုတော့ မကြည့်ခံနိုင်ရိုးလား.

ငွေလဲပြီးတော့ ကောင်တာမှငွေတွေကိုရေတွက်ရင်း အတူထွက်လာဖြစ်ကြသည်။ သူမအရင်ဆုံး
ဦးတည်သည်ကာ တွန်းလှည်းလေးနှင့်ရောင်းသော ရေခဲမုန့်သည်။ လက်နှစ်ချောင်းထောင်ပြပြီး
ရေခဲမုန့်နှစ်ခုမှာကာ သူတခွက် ကိုယ်တစ်ခွက်စားရင် လှမ်းဆက်လျောက်ဖြစ်သည်။ ရေခဲမုန့်ကုန်
တော့ မြို့တော်ခန်းမရှေ့ပြန်ရောက်နေလေပြီ။

"ယံ"
"ပြောလေ Ying"
"ခုနကလဲလိုက်တဲ့ ပိုက်ဆံတွေက ဒီနေ့အကုန်သုံးရမှာ"
"နောက်နေ့ကြတော့ရော"
"နောက်နေ့ကပြန်ရတော့မှာလေ ထွက်ဖြစ် မထွက်ဖြစ်ကမသေချာဘူး"
"အင်းဟုတ်သားပဲ"
"နောက်နေ့ ဒီလိုအတူတူလည်ဖြစ်ဖို့ကမသေချာတော့ဘူး ယံ"
"ဒီတော့"
"ဒီတော့ ဒီနေ့ ဒီပိုက်ဆံတွေ အကုန်သုံးမယ် ကုန်အောင်သုံးဖို့က ယံတာဝန်"
"အိုကေလေ ဘယ်တွေသွားချင်လဲ"
"ဘယ်ဖြစ်ဖြစ် ယံ ခေါ်ရင် ငရဲဆိုလဲသွားမယ်"
"အာ မဟုတ်ဘူးလေ ဘယ်လိုနေရာမျိုးသွားချင်တယ်ဆိုတာ ပြောမှ ဘယ်ခေါ်သွားရမလဲသိမှာလေ"
"အိုကေ ဒါဆို နှစ်ယောက်ထဲ သီးသန့်နေလို့ရပြီး ဘယ်သူမှမနှောင့်ယှက်နိုင်တဲ့နေရာဆို ဘယ်နေရာ
ဖြစ်ဖြစ်ကွာ သွားမယ်"
"အိုကေ"
မိုးယံထက်တစ်ယောက် စိတ်ကိုယတိပြတ်ဆုံးဖြတ်လိုက်ပြီး လမ်းမနားသို့ထွက်လိုက်သည်။
"တက္ကစီ"
"ဘယ်ကိုလဲဆရာ"
"ဟို......."
=============