Quantcast
Viewing all articles
Browse latest Browse all 1811

ပညာမတတ်တဲ့ သမ္မတတစ်ယောက်ရဲ့ အကြောင်း

Image may be NSFW.
Clik here to view.
Khaing Zaw's photo.
ပညာမတတ်တဲ့ သမ္မတတစ်ယောက်ရဲ့ အကြောင်း!!
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အမေရိကန်တွေရဲ့ သမိုင်းရာဇဝင်မှာ
အတော်ဆုံး သမ္မတဟာ Lincoln ဖြစ်ပြီး ...
ဒုတိယ အတော်ဆုံး သမ္မတကတော့ Washington ကြီး ဖြစ်တယ်လို့ အမေရိကန်သမိုင်းပညာရှင် (ရ၀) % က သတ်မှတ်ထားပါတယ် ။

ဒါပေမဲ့ ...
အမေရိကန် သမိုင်းတလျောက် စစ်ရေးစစ်ရာမှာ ....
အအောင်မြင်ဆုံး သမ္မတကတော့ Andrew Jackson ဖြစ်ပါတယ် ။
ဒါပေမဲ့ Andrew Jackson ဟာ
ပညာတတ် တစ်ယောက်မဟုတ်ခဲ့ပါဘူး ။ သူဟာ အချစ်ကို ဦးစားပေးတဲ့ အချစ်လူမိုက်တစ်ယောက်ပါ ။
အင်္ဂလိပ်တွေဟာ ...
တစ်ယောက်နဲ့တစ်ယောက် မကျေနပ်လို့ သေနတ်စိမ်ခေါ် ပစ်ကြတယ်ဆိုရင် ကျောချင်းကပ်ပြီး ခြေလှမ်း (၇)လှမ်း လှမ်းလို့ ပြည့်တာနဲ့ လှည့်ပြီး ပစ်ကြပါတယ် ။ ရှေးမြန်မာရုပ်ရှင်ထဲက မင်းသားကြီး ကျော်ဆွေတို့ ပစ်ကြသလိုမျိုးပေါ့ ။
အမေရိကန်တွေကတော့ ...
အင်္ဂလိပ်တွေထက် မိုက်တိမိုက်ကမ်း နိုင်ကြပါတယ်။
မျက်နှာချင်းဆိုင် ခြေစုံရပ်ကြပြီး တစ်နှစ်သုံး ဆိုတာနဲ့ ဒိုင်း ... ကနဲ ပစ်ကြတာပါ ။
Andrew Jackson ဟာ သူ့ဘဝမှာ အချစ်အတွက်နဲ့
အဲဒီလို သုံးခါတိတိ ပစ်ခဲ့ဘူးပါတယ် ။ ဒီနေရာမှာ
ပြောချင်တာကတော့ အမေရိကန် သမ္မတတွေထဲမှာ ခေသူတော့ မဟုတ်လေဘူးပေါ့ဗျာ ။
တခါက ဗာဂျီးနီးယားပြည်နယ်မှာ
အင်္ဂလိပ်တပ်အင်အား (၅၀၀၀) လောက်နဲ့ မထင်မှတ်ဘဲ သူဦးစီးတဲ့ အမေရိကန် စစ်သည်အင်အား (၄၀၀)နဲ့ ရင်ဆိုင် တွေ့ကြပါတယ်။
အင်္ဂလိပ်တွေကို ရန်သူဟာ သာလွန်အင်အားနဲ့ သူတို့ကို ရင်ဆိုင်နေတဲ့ ပုံစံမျိုးထင်သွားအောင် Andrew Jacksonဟာ သူ့ရဲ့ စစ်သည်တွေကို နေရာတွေ တပ်တွေ မကြာခဏ ရွေ့ပြောင်းပြီး တစ်နေ့လုံး တစ်ညလုံး လှုပ်ရှားပရိယာယ် ဆင်ထားပါတယ်။
ရန်သူ့ဟာ မိမိတို့ကို အဆမတန်သော သာလွန်အင်အားနဲ့ လာရောက် ရင်ဆိုင်ထားတယ်လို့ အင်္ဂလိပ်တွေဟာ အထင်ရောက်သွားပြီး ထွက်မတိုက် ရဲကြပါဘူး ။
နောက်မှနေ ချီတက်လာလေသော မိမိတို့တပ်များ ရောက်ရှိလာတဲ့ အချိန်မှာ Andrew Jackson ဟာ အင်္ဂလိပ်တပ်တွေကို ချေမှုန်းတိုက်ခိုက် နိုင်ခဲ့ပါတယ်။
ပထမဦးဆုံးသမ္မတဖြစ်တဲ့ Washington ဟာ အမေရိကန်ကို လွတ်လပ်ရေး ရယူပေးခဲ့ပြီး သတ္တမမြောက် သမ္မတဖြစ်တဲ့ Andrew Jackson ဟာ
ရခဲ့ပြီးတဲ့ လွတ်လပ်ရေးကို မဆုံးရှုံးခဲ့အောင် ကာကွယ် ထိန်းသိမ်းပေးတဲ့ သမ္မတပါ ။
သမိုင်းစစ်တမ်းများအရ ဒုတိယအကြိမ် ကျူးကျော်တဲ့ အင်္ဂလိပ်တွေကို တိုက်ထုတ်တဲ့အခါမှာ ရန်သူတပ်သား (၁၀၀၀) ကျဆုံးမှသာ သူ့ရဲ့စစ်သည် လေးဦးဘဲ ကျဆုံးခဲ့ပါတယ် ။
အဲဒီခေတ်ကာလက Atlantic သမုဒရာကြီးထဲမှာ
ပင်လယ်ဓါးပြတွေဟာ အကြီးအကျယ် သောင်းကျန်း ကြပါတယ်။
ရေကြောင်းဘက်မှနေ မဖြစ်မနေ ကျူးကျော်လာမဲ့ အင်္ဂလိပ်တပ်တွေကို တိုက်ထုတ်ဖို့အတွက် ပင်လယ်ဓါးပြတွေနဲ့ အပေးအယူ ပြုလုပ်ခဲ့ပြီး အင်္ဂလိပ် တပ်တွေကို တိုက်ထုတ်တဲ့အခါမှာ ပင်လယ်ဓါးပြတွေကို ပူးပေါင်းပါဝင်စေခဲ့ပါတယ်။
အဆိုပါ ...
ရေတပ်တိုက်ပွဲများကြောင့် အင်္ဂလိပ်တပ်များ အထိနာခဲ့ကြရပါတယ်။
အမှန်တော့ Andrew Jackson ဟာ ...
ကိုးနှစ်သားအရွယ် ကလေးဘဝကတည်းက ...
စစ်အတွင်းမှာ တောက်တိုမယ်ရ ကူညီပေးရသော ကလေးတစ်ယောက် အနေဖြင့် ဖြတ်သန်းခဲ့ ရပါတယ်။
သူ့ရဲ့ အကိုတွေနဲ့ ဦးလေးတွေဟာ တိုင်းပြည်အတွက် အင်္ဂလိပ်တွေကို တိုက်ထုတ်ရင်း အသက်ပေးလှု သွားခဲ့ ကြတာပါ ။
သူဟာ စစ်အတွင်း ...
စစ်မြေပြင်မှာ စစ်သည်စစ်သားတွေနဲ့
ကြီးပြင်းခဲ့ရင်း ....
စာပုဒ်တစ်ခုကို ရေးသားတဲ့အခါမှာ ...
လွတ်လပ်ရေးဆိုတဲ့ စကားလုံးကို စာပိုဒ်ထဲမှာ သုံးကြိမ် သုံးခါတိတိ မှားယွင်းခဲ့လောက်အောင် အနာဂတ် အမေရိကန်တွေရဲ့ သမ္မတလောင်းလေးဟာ ထူးချွန် ပြောင်မြောက်ခဲ့ပါတယ် ။
မည်သို့ပင် ဖြစ်စေကာမူ .....
Andrew Jackson ပညာမတတ်ခဲ့ပါ ....
သို့ပေသော်လည်း ....
ပညာတတ်တွေထက် ထူးချွန်ခဲ့ပါလေသည် ...။
ဘယ်လို ဘာကြောင့် ဆိုတာဖြင့် ....
ဘုရားမှပင် သိလိမ့်ပေမည် ။
လောကကြီးမှာ.. တခါတရံ ...
အသိညာဏ်မရှိလေတဲ့ ပညာတတ်ဆိုသူတွေထက်...
Andrew Jackson လိုလူမျိုးတွေ ...
များစွာ လိုအပ်နေပါသည် ။



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>