Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ရယ်လီစတိုးနှင့် အမေရိကမှသူခိုးဖမ်းပွဲ

$
0
0


အမေရိကား ရောက်တတ်ရာရာ(၄)

ခုတလောရန်ကုန်မြို့ကအထင်ကရနာမည်ကြီးစူပါမတ်ကက်ကြီးတခုကသူ့ဆိုင်မှာဈေးလာဝယ်တဲ့
တက္ကသိုလ်ဆရာမတဦးကိုဈေးဝယ်ပြီးလို့ဆိုင်အပြင်ရောက်သွားပြီးမှမသင်္ကာလို့လုံခြုံရေးတွေနဲ့အတင်းသွားခေါ်လာပြီးပြန်စစ်၊ဝယ်သူကမှန်နေတော့ဟိုလိုလိုသည်လိုလိုနဲ့ ဝယ်သူအမြဲမှန်သည် ဆိုတဲ့စကားကိုမသိချင်ယောင်
ဆောင်ကာယကံရှင်ဘက်ကလူသိရှင်ကြားတောင်းပန်ဘို့ပြန်တောင်းဆိုတော့ရူးချင်ယောင်ဆောင်၊ကာယကံရှင်
အိမ်လိပ်စာ အတင်းမေးပြီးအောက်လမ်းနည်းနဲ့ တောင်းပန်ဘို့ကြိုးစားနေတဲ့သတင်းတွေကမ္ဘာအနှံ့ ဟိုးလေးတ
ကြော်ပြန့် နှံ့လို့နေပါတယ်။



ဒီတော့လည်း လွန်ခဲ့တဲ့တနှစ်လောက်က ကျွန်တော်ကိုယ်တိုင် ဟောလီးဝုဒ်မင်းသားကြီးအာနိုးကယ်လီ
ဖိုးနီးယားပြည်နယ်ဂါဗနာအဖြစ်နဲ့ ရုံးထိုင်ခဲ့တဲ့မြို့တော် ဆခရာမင်တိုအနီးက ရယ်လီဆိုတဲ့စူပါ မားကက်ကြီးမှာ
ကိုယ်တိုင်ကြုံခဲ့ရတဲ့သူခိုးဖမ်းပွဲကိုပြန်ပြီးသတိရမိတယ်။ကျွန်တော်ကဂျပန်လူမျိုးမစ္စတာအိချိပိုင်အေအက်ဖ်စီဆို
တဲ့ကုမ္ပဏီရဲ့လုပ်ငန်းခွဲငယ်ပိုင်ရှင် ဖရန်ချိုက်ဆီးပေါ့ဗျာ။အေအက်ဖ်စီက ရယ်လီစူပါမတ် အုပ်စုကြီးနဲ့ စာချုပ်ချုပ်
ထားတော့ကျွန်တော်ကအဲဒီရယ်လီဆိုတဲ့အစားအသောက်ရောင်းတဲ့မတ်ကက်ကြီးတခုမှာဂျပန်စာဆူရှီးနဲ့တရုတ်
စာ Hot wok ရောင်းချခွင့်ရတယ်။ရောင်းရငွေရဲ့ ရာခိုင်နှုန်းအများစုကိုကျွန်တော်ကရပြီးအေအက်ဖ်စီကုမ္ပဏီက
လေးပုံတပုံကျော်ယူတယ်။သူက စူပါမတ်ကိုအချိုးကျပြန်ပေးပေါ့။


ဆခရာမင်တို ဆိုတာကလည်းမြို့တော်သာဆိုတယ်ကယ်လီဖိုးနီးယားက နာမည်ကြီး မီဂါစီးတီးတွေဖြစ်တဲ့
အယ်အေ၊ဆန်ဖရန်စစ္စကိုနဲ့ဆန်ဒီရေးဂိုး၊ဆန်ဟိုဆေမြို့တွေထက်အများကြီး ခေါင်တဲ့မြောက်ဖက်အစွန်ကမြို့ပေါ့ဗျာ။
ကျွန်တော့်ဆိုင်က သူ့မြောက်ဖက်ကိုတနာရီနီးပါးကားထပ်မောင်းသွား ရတယ်။ စရောင်းခါစကတော့ မဆိုးဘူးဗျ။
ရောင်းကောင်းတယ်။နေ့စဉ် အရောင်းစာရင်ဆေးရပို့ကိုလည်း မနက်တိုင်းရုပ်ချောချော ဒုမန်နေဂျာအမေရိကန်မလေးရော်ဘင်ကပို့ပေးတော့အားတက်တာပေါ့။ ပိုက်ဆံမမြင်ရပေမဲ့ စာရင်းမြင်ရတာနဲ့အားတက်တာပဲ။ ဒါနဲ့စလုပ်လို့ 
နှစ်လလောက်နေတော့နေ့စဉ်(၁ဝ)နာရလောက်လုပ်ရတာနဲ့ ကိုယ်အလေးချိန်(၂ဝ)ပေါင်လောက်ကျသွားတယ်
ဟာလုပ်ရတာပေါ့။ စူရှီးလိပ်တာရော၊ ရုတ်ထမင်းဟင်းအမျိုးနှစ်ဆယ်လောက် ချက်ရတယ်။တယောက်ထဲဘယ်လုပ်နိုင်မလဲ။
လူငှားရတာပေါ့။မက္ကဆီကန်မလေးတယောက်၊ အမေရိကန်မလေးတယောက်၊ အမေရိကန်ဘဲကြီးတပွေ ငှားထားရတယ်။နာရီပိုင်းနဲ့လေ


ဘလိုင်းကြီးတော့ဆိုင်ဖွင့်လို့မရဘူးဗျ။ သင်တန်းတက်ရသေးတယ်။ အေအက်ဖ်စီကုမ္ပဏီရုံးစိုက်ရာလော့
စ်အင်းဂျလိစ်မှာ တက်ရတယ်။ ပြီးမှ ကယ်လီဖိုးနီးယား အစားအသောက် ကိုင်ဆောင်ခွင့်လက်မှတ် 

California Food Handler Certificate နဲ့ အစားအသောက် ဆိုင်ရာ ဘေးကင်း လုံခြုံ စီမံခန့်ခွဲမှု လက်မှတ်
 Serve Safe Manager Certificate စာမေးပွဲတွေ အောင်လက်မှတ်ရမှ ဒီ အလုပ်လုပ်ရတယ်။ အေအက်ဖ်စီ ကုမ္ပဏီကနေ 
ကျွန်တော့်ကို အစားအသောက်ချက်ပြုတ်နည်းတွေ သင်ပေးတဲ့ညီလေးအေးချမ်းက တချိန်ကကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့
ရေတပ်က စီအိုဟောင်းတယောက်ရဲ့သားလေးဖြစ်နေတယ်။ သူကလည်း Field training အနေ
နဲ့ကျွန်တော့်ဆိုင်မှာသုံးပတ်လောက်လာတွဲလုပ်ပေးရင်းကျွန်တော်ပိန်ကျသွားတာတွေ့ပြီးစိတ်မကောင်းရှာဘူး။
ကျွန်တော့်ကိုလည်း ဘာလို့ဒီအလုပ်မှရွေးရတာလည်း ပင်ပန်းတယ်။ ကိုယ်လုပ်ခဲ့တဲ့အရာရှိအလုပ်၊ကျောင်းဆရာ
အလုပ်တွေနဲ့မအပ်စပ်ပါဘူးဦးရာ တဲ့အားပေးရှာတယ်။ ကျွန်တော်ကလည်း ညီလေးရာမင်းအဖေထက်နှစ်နှစ်ပ
ငယ်တဲ့ မင်းအဖေတို့ဦးတို့ထက်ရာထူးအပုံကြီးကြီးတဲ့လူကြီးတယောက်တောင်ဒို့နိုင်ငံကမြို့ငယ်ငယ်လေးတခုမှာ
အကြောင်းမညီညွတ်တော့ဘောင်းဘီချွတ် ပုဆိုးတိုနဲ့ စစ်စွပ်ကျယ်ကြီးဝတ်ပြီး သမ္မာအာဇီဝကျကျထမင်းဟင်း
ချက်ရောင်းနေသေးတာပဲ။ဒို့အလုပ်က ပင်ပန်းပေမဲ့ ဂုဏ်ရှိပါတယ်ကွ။လောကကြီးမှာအလုပ်မလုပ်ပဲတောပြော
တောင်ပြောဟောက်စားခြောက်စားလုပ်ပြီး ပိုက်ဆံရှာလို့ရတဲ့တိုင်းပြည်မှမဟုတ်ပဲ။အလုပ်လုပ်ရမှာပေါ့ကွလို့ပြန်
ပြောလိုက်ရတယ်။


အဲတလနှစ်လလောက်ရောက်တော့ ရာသီဥတုကလည်းပြောင်း၊ စူပါမတ်ကြီးလည်းလူဝင်နည်း
သွားပြီးကျွန်တော့်ဆိုင်လည်းရောင်းအား Sale ကျလာတာပေါ့။ ဈေးဝယ်သူတွေကိုလည်းဂရုတစိုက်နှုတ်ဆက်ရ
တယ်ဗျ။ဝယ်ဝယ်မဝယ်ဝယ်ပဋ္ဋိသန္ဒာရစကားပြောရတယ်။နမူနာတွေကျွေးမွေးရတယ်။သိတ်ရောင်းကောင်းတဲ့အချိန်

ဂရုစိုက်မကြည့်ဖြစ်ပေမယ့်အရောင်းထိုင်းတဲ့နေ့ဆိုရင်တော့ ဈေးဝယ်တွေကိုဂရုစိုက်ကြည့်မိတယ်။ အမယ်
မောင်မင်းကြီးသားတချို့ ပိုက်ဆံပေးတဲ့ CASHER COUNTER ကို မဖြတ်ပဲ ခပ်တည်တည်နဲ့ထွက်သွားတာတွေ
တွေ့လာရတယ်။ အဲဒါနဲ့တဆိုင်လုံးကအစားအသောက်အရောင်းတာဝန်ခံမန်နေဂျာ ကက်သရင်း ကိုသွားပြောပြ
ရတယ်။သူကမလှမ်းမကမ်းကလိုက်ကြည့်ပြီးငွေမရှင်းပဲငွေရှင်းကောင်တာကိုကျော်သွားတာတွေ့ရင်ထွက်ပေါက်
မရောက်ခင်သွားပြီး ကျေးဇူးပြု၍ငွေပြေစာလေးပြပါဦး။ဈေးဝယ်ရတာအဆင်ပြေပါရဲ့လား။လိုချင်တဲ့ပစ္စည်းအား
လုံးရှာတွေ့ရဲ့လား၊ဘာညာပေါ့ဗျာ။လစ်ချင်တဲ့ကောင်လည်းလစ်ခွင့်မသာတော့ပဲ အော်မေ့သွားလို့၊ငွေမရှင်းခဲ့ရ
သေးဘူး။ပြန်ရှင်းလိုက်ဦးမယ်။ဘာညာသာရကာပေါ့…ဟဲဟဲ လူကြီးရှက်တော့ရယ်တယ်လေ။



အဲကက်သရင်း အလုပ်နားရက် မျိုးတွေဆိုရင်တော့ ပိုက်ဆံမပေးပဲလစ်မဲ့ကောင်မျိုးဆိုရင် သူ့အဝတ်နဲ့
ပုံသဏ္ဍာန်ကို မှတ်ပြီး ငွေရှင်းကောင်တာတာဝန်ခံ မင်းနီးစ် ကိုသွားပြောပြရတယ်။ဈေးရောင်းကောင်းနေတဲ့အ
ချိန်ဆိုတခါတလေသွားမပြောနိုင်ဘူးဗျ။ လတ်တလောဈေးဝယ်ကိုမိတ်ပျက်မှာစိုးလိုသိသိကြီးနဲ့လွှတ်ပေးလိုက်ရ
တာတွေရှိတယ်။ အဲဒီကောင်မျိုးတွေကိုတော့ မှတ်ထားရတာပေါ့ဗျာ။ကိုယ်တိုင်လိုက်ဖမ်းလို့လည်းမရဘူး။အေ
အက်ဖစီ က အော်ပရေးရှင်းမန်နေဂျာအာကီဟီရာ ကိုဖုံးဆက်ပြောပြတော့ လိုက်မကြည့်ဘို့နဲ့ စတိုးကအုပ်ချုပ်
ရေးကိုပဲပြောပြဖို့ အကြံပေးတယ်။ ဘယ်ဗျာတယောက်ကို မိသားစုစားပွဲဆိုတဲ့ Family meal ဝယ်သွားရင် ဒေါ်
လာ(၃ဝ) သုံးယောက်လောက်ခိုးရင် တနေ့ဒေါ်လာတရာလောက်ဆိုတော့ဘယ်မှာရောင်းအားတက်နိုင်ပါတော
မလည်း။ အမေရိကန်ဆိုလို့မခိုးဘူးတော့မထင်နဲ့၊လူတွေပဲဗျာခိုးတဲ့ကောင်လည်းခိုးတာပါပဲ။ 



အဲဒါနဲ့အဲဒီ မင်းနီးစ်ဆိတဲ့ မိန်းမကြီးကရုပ်ပေါက်ဆိုးဆိုးစူပုတ်ပုတ်နဲ့ ရင်ဘတ်မှာလည်းဆီလီကွန်ဆိုလား ပိုက်ကွန်ဆိုလား
အုန်းသီးလုံလောက်ကြီးတွေထည့်ထားသေးတယ်။ ကောင်လေးချောချောတွေဆိုစုန်းမမျက်လုံးကြီးနဲ့ခေါ်တောကြည့်လိုက်လိုက်ကြည့်ရတာအမောသား။မျက်နှာရူးမ ဒင်းကြည့်ရတာ တချက်မှ အပေါက်အလမ်းမတည့်။သူ့သွားပြောလို့
ကျွန်တော်တို့ မသင်္ကာသူက သူတို့အဖြူမျိုးဖြစ်နေရင်မကြိုက်ချင်ဘူး။သူတို့လူမျိုးတွေဒါမျိုးမလုပ်ဘူးပေါ့ဗျာ။အဲ
တခြားလူမျိုးဆိုရင်တော့လိုက်ကြည့်ပါလိမ့်မယ်။ယောက်ျားလေးချောလို့ကတော့နောက်ကနေသူ့ပိုက်ကွန်အုန်း
သီးကြီးနဲ့ထိလုမတတ်လိုက့်တော့တာပါပဲ။



တရက်တော့ထုံးစံအတိုင်းအများကြီးဝယ်ပြီး ငွေမရှင်းပဲခပ်တည်တည်ထွက်သွားဖို့လုပ်တဲ့သကောင့်
သားတယောက်တွေ့လို့ ကက်သရင်းလည်းမရှိတော့ ထုံးစံအတိုင်း မင်းနီးစ်သွားပြောရတယ်။ အလုပ်များချင်
ယောင်ဆောင်ပြီးလိုက်မကြည့်ပေးလို့မျက်စိရှေ့ တင်ပါသွားလေရဲ့။အဲဒါနဲ့စတိုးတခုလုံးကအကြီးဆုံးမန်နေဂျ
ဂျွန်ဖိလစ်ကိုသွားတိုင်လိုက်တယ်။သူလိုက်လာပြီးနောက်ဆိုမဖြစ်စေရပါဘူးတဲ့။စုန်းမကြီးကိုလည်းနောက်ကို
ဂရုစိုက်ကြည့်ပေးဘို့ကျွန်တော့်ရှေ့ တင်ညွှန်ကြားပါတယ်။သူတို့အုပ်ချုပ်ရေးအဖွဲ့တွေကိုယ်တိုင်ကဈေးဝယ်သူ
အပြင်ရောက်သွားရင်လိုက်မဖမ်းရဲတော့ဘူး။ဝယ်သူကလည်းသူ့ပြေစာကိုပစ်လိုက်ပြီဆိုပြီးငြင်းပိုင်ခွင့်ရှိတယ်။
ခပ်ငယ်ငယ်နဲ့ စတိုးမန်နေဂျာရာထူး ရထားသူ တယောက်တက်ကြွပြီး ဆိုင်ပြင်ထွက်သူခိုးလိုက်ဖမ်းတာ၊ခိုးတဲ့
သူကရေကျော်မြောင်းမှာချော်လဲပြီးခြေထောက်ကျိုးသွားလို့သူတို့ကုမ္ပဏီကိုပြန်တရားစွဲတာဒေါ်လာသန်းဝက်
လောက်လျော်လိုက်ရတယ်ဆိုပဲ။


အဲတနေ့တော့ပုံမှန်လာလာလုပ်လို့ကျွန်တော်မျက်နှာမှတ်မိနေတဲ့ ခိုးဆိုးနှိုက်အုပ်စုကတကောင်အင်္ကျီ
ပုံစံပြောင်း လူကြီးလူကောင်းစတိုင်ကြောင်ရှာသီးနဲ့ ဆု နဲ့ရောက်လာပြီးတော်တော်များများဝယ်တယ်။ပြီးတော့
ဝီစကီ ဘယ်မှာဝယ်လို့ရလဲလို့ မေးပြီး ဝီစကီတန်း ဘက်ထွက်သွားတယ်။အဲဒီ ဝီစကီတန်းဆုံးတဲ့ အထိလူမမြင်
အောင်ကွယ် လျှောက်သွားရင် ငွေရှင်းကောင်တာတွေကိုကျော်သွားပြီ။တဖက်ထွက်ပေါက်ကနေငွေမရှင်းပဲအ
လွယ်တကူထွက်သွားရင်ဆိုင်ပြင်ရောက်….ပြီးပြီပေါ့။ကျွန်တော် ချက်ခြင်းဆိုင်ကိုမက္ကဆီကန်မလေးနဲ့ထားခဲ့ပြီး
မင်းနီးစ် ဆီသွားပြောတယ်။သူကအလုပ်များချင်ယောင်ဆောင်ပြီးငွေကောင်တာတခုကနေတခုကိုဟန်ဆောင်
ပြေးပြနေတယ်။အဲဒီအချိန်မှာကြောင်ရှာသီးနဲ့သကောင့်သားကတဖက်ထွက်ပေါက်နားရောက်နေပြီ။ကျွန်တော့်
သီးခံနိုင်စွမ်းကုန်သွားပြီ။ ကဲ စုန်းမကြီးနင်ရူးချင်ယောင်မဆောင်နဲ့။ဟိုကောင်ထွက်သွားတော့မယ်ဒီတခါတော့
ငါအဆုံးမခံနိုင်တော့ဘူး နင်လိုက်ချင်လိုက်မလိုက်ချင်နေငါရအောင်သွားဖမ်းပြမယ်။ပြဿနာဖြစ်လာရင်တော့
နင့်ငါသတင်းပို့ပြီးပြီ။နင်တာဝန်ယူရှင်းပေတော့ဆိုပြီးသကောင့်သားနောက်အပြေးထွက်လိုက်ခဲ့တယ်။ဟို
ကောင်ကရိပ်မိသွားပေမဲ့စားစရာတွေတပုံတပင်နဲ့၊ငွေမရှင်းခဲ့တော့အိတ်လည်းမပါဘူး မနိုင်နမင်းနဲ့မပြေးနိုင်ဘူ
လေ။ပြီးတော့သူလျှောက်သွားနေတဲ့နေရာကကျွန်တော့်ကားရပ်ထားတဲ့ဘက်။ကျွန်တော့်ကားအဝေးထိန်းသော့
ကိုနှိပ်လိုက်တော့သံစုံအချက်ပေးသံတွေထွက်လာပြီးသကောင့်သားကြောင်သွားတယ်။ဆက်မသွားတော့ဘူး။



ကျွန်တော်လည်းပြေစာတွေဘာတွေတောင်းမနေတော့ဘူး။ဟေ့လူမင်းငါ့အစားအစာတွေပိုက်ဆံမပေးသွားဘူး
ငါ့နောက်မှာမန်နေဂျာလိုက်လာပြီမင်းရှင်းပေတော့လို့ပြောလိုက်တော့သူကဟုတ်ပါတယ်လို့ဝန်ခံပြီးမနိုင်မနင်းသယ်လာတဲ့ကျွန်တော့်ဆိုင်ကအစားအသောက်တွေရယ်၊သူတို့ဆိုင်ကမချလာတဲ့ဝီစကီတပုလင်းရယ်ကိုကျွန်
တော့လက်ထဲလာထိုးပေးတယ်။ကျွန်တော်လည်းနောက်က မလိုက်ချင်လိုက်ချင်လိုက်လာတဲ့ စုန်းမကြီးဘက်
လှမ်းပြပြီး နင့်လူကိုငါလက်ဖျားနဲ့တောင်မထိဘူးနော်။သူခိုးကြောင်း လည်းဝန်ခံတယ်။အဲဒါတွေနင်သယ်လာခဲ့
ပေတော့ဆိုပြီးသူ့လက်ထဲထည့်ခိုင်းလိုက်တယ်။နောက်ဆုံးတော့ သူ့ကိုစုန်းမကြီးက ငွေရှင်းကောင်တာပြန်ခေါ်
သွားပြီးငွေပြန်ရှင်းခိုင်းတယ်။ရီစရာတော့အကောင်းသားငွေ(၇ဝ)ဖိုးလောက်ယူတဲ့ကြောင်ရှာသီးနဲ့လူကြီးမင်းရဲ့
ကဒ်ထဲမှာပိုက်ဆံ(၆)ဒေါ်လာပဲရှိတယ်ဗျာ။ဒီတော့ဘာမှမဝယ်နိုင်တော့ပဲအကုန်ပြန်အပ် return လုပ်ပါတယ်ဆို
ပြီးကျေနပ်လိုက်ရတာပေါ့။သူတို့ဝီစကီပုလင်းကအကောင်းအတိုင်းပြန်ရပေမယ့်ကျွန်တော့်ဆူရှီးဘူးတွေနဲ့လိမ်
မော်သီးကြက်ကြော်ဘူးတွေကတော့ပိပြားကုန်လို့ပြန်ရောင်းလို့လည်းမရနိုင်တာနဲ့ နိဗ္ဗာနပစ္စယော ဟောတုဆို
ပြီးအမှိုက်ပုံးထဲပစ်ထည့်လိုက်ရတယ်။



နောက်တနေ့မင်းနီးစ်ရှေ့ တမင်သက်သက်သွားလမ်းသလားပြတော့ အဲဒီလူကဟိုးအဝေးရွာကအိုးမဲ့
အိမ်မဲ့ Homeless မို့ပါတဲ့။ဂျင်းတဲမင်းလိုဟန်ဆောင်ဝတ်စားထားတာတဲ့။တတ်လည်းတတ်နိုင်တဲ့စုန်းမကြီး။
သူ့လင်သူ့အမျိုးဘက်ကရှေ့ နေလိုက်ပေးနေသေးတယ်။



အေးဗျာဆိုလိုတာကတော့တကယ်ခိုးတဲ့လူတွေလည်းရှိပါတယ်။ဒါပေမဲ့သူတို့ကိုလိုက်ဖမ်းရင်းတခုခုထိခိုက်သွား
လို့တရားရင်ဆိုင်ပြီးရှုံးရင်စတိုးဆိုင်ဘက်ကအဆမတန်ပေးလျော်ရပါတယ်။တကယ်မခိုးတဲ့လူကိုကျူးလွန်ခဲ့ရင်
တော့ဆိုဖွယ်ရာမရှိတော့ပါဘူး



တွေးဆဆင်ခြင်အမှန်မြင်၍ကိုယ်ချင်းစာတရားထားနိုင်ကြပါစေ



အောင်လျှမ်းဝေ

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>