"စိန်လိုက်လေ"
မိုးယံထက် ဒီဂျေ၏သံစဉ်နှင့်အတူ ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်သည်..။ ထို့နောက်သံစဉ်နှင့်အတူ မျော့လွင့်သွား တော့သည်။ စည်းချက်နှင့်အတူကခုန်ရင်း နှင်းသီရိကိုလည်း စိန်ခေါ်သည့်အကြည့်နှင့်ကြည့်သည်။ ကောင်မလေးတော့ လွင့်ခနဲ့ပြုံးရင်း ရင်ခွင်ထဲစွေ့ခနဲဝင်လာကာ လိုက်လျောညီ ထွေဖြစ်အောင် ကနေလေသည်။ တစ်ကြိမ်တခါသာ မြင်ဘူးသောသူကို့ ရှိန်နေခြင်းမရှိသွက်လက်လွန်းလှသည်။ မိန်းကလေးကတောင် ရှက်ရွံခြင်းမရှိမှတော့ ဘာထိန်းစရာလိုမလဲ ဟူသောစိတ်နှင့်အတူ ကကွက်တွေကပိုကြမ်းလာသည်။ ပိုဆန်းလာသည်...။ ကနေရင်း ကနေရင်း Dirty Dance အသွင်သို့ပင် ကူးပြောင်းလာသည်။ ကောင်မလေးကလည်း တချက်မတွန့်အေးဆေးပင်..။ စိတ်ထဲတွင် တဖြည်းဖြည်းနှင့် မသင်္ကာစိတ်များကကြီးထွားလာသည်။ ထိုစဉ်အချိန်မှာပင် ဒီဂျေက တန်ပိုချသည့်အနေနှင့် တီးလုံးများကို နှေးချလိုက်ရာ ဆက်မကတော့ပဲ ၀ိုင်းရှိရာသို့သာပြန်လာခဲ့သည်။
"ဟူး"
"ဟိတ်ကောင် ငါ့ညီမနော်ဟွင်း"
"အမ် ငါဘာလုပ်နေလို့တုံး"
"လဒ တ၀ိုင်းလုံးမြင်တယ် ကနေတာများ သူရည်းစားကျနေတာပဲ ပွတ်သီးပွတ်သတ်နဲ့"
"အမ် မင်းညီမကိုလဲ ပြန်မေးဦး ပြိုင်ကနေတာဟ"
"ဘာပြိုင်ကတာတုန်း မင်းနော်မင်း ဟွင်းဟွင်း"
"တိန် ဟေ့ကောင့် သောက်စရာရှိတာသောက် စားချင်ရင် အမြည်းစား အုန်းတော့လာမစားနဲ့"
"အေးပါကွာ အေးပါ ဒီယောက်ဖကတော့ မရခင်ကတည်းက ငါ့ကိုနိုင်စားနေတယ်"
"အာကွာ ဟေ့ကောင် မင်းညီမကြားသွားရင်မကောင်းဘူး"
"အေးပါကွာ အေးပါ မင်းက အကိုထက်တောင် စိတ်ပူနေတတ်ပြီပေါ့"
"တော်တော် မပြောတော့ဘူး ဆေးလိပ်သွားသောက်လိုက်ဦးမယ်"
ဝိုင်းပြောနေကြတာကို မခံနိုင်တော့သဖြင့် ဆေးလိပ်သောက်ရန်အကြောင်းပြပြီး အပြင်သို့ထွက်
လာခဲ့လိုက်သည်။ ဆေးလိပ်သောက်ရင်း ဖုန်းကိုဖွင့်ကာ အွန်လိုင်းပေါ်ပြေးတက်ကြည့်သည်...။
Ying များအွန်လိုင်းတက်လာပြီလားဟူသော မျှော်လင့်ချက်နှင့်သာ..။ သို့သော် သူ့မျှော်လင့်ချက်
တွေက လေထဲမှာပင် ပျောက်ကွယ်သွားသည်။ မထူးခြား သတိရနေကြောင်း လှမ်းပြောပြီးပြီး
လိုင်းကိုပိတ်လိုက်တော့ ရှေ့တွင်ရောက်နေသည်က နှင်းသီရိ..။

"ကိုမိုး ဆေးလိပ်နည်းနည်းတိုက်"
"နင်က ဆေးလိပ်သောက်တတ်လို့လား တော်ကြာနင့်အကိုငါ့ကိုသတ်နေဦးမယ်"
"သောက်တော့ မသောက်တတ်ဘူး ဒါပေမယ့် ကိုမိုးသောက်တာမြင်ပြီး သဘောကျလို့ သောက်ကြည့်
မလို့လေ"
"အာ ငါတောင် မဖြတ်နိုင်လို့ ဆက်သောက်နေတာ မကောင်းဘူး မသောက်နဲ့"
"အမယ် သူ့စကေးလျော့မှာကြောက်လို့လား"
"အာ မဟုတ်ပါဘူးဟာ"
"ဒါဆိုရင်တိုက်"
"ပြီးရောဟာ ရော့ ရော့"
"မီးညှိပေး"
"အေးပါဟာ ရော့"
"ဖူး အဟွတ် အဟွတ်"
"ငါပြောသားပဲ မသောက်တတ်ရင် မသောက်ပါနဲ့လို့"
"မသိဘူးလေ ကိုမိုးသောက်တာ ဘာမှမဖြစ်ပဲကိုး"
"တူမလားဟ ငါသောက်လာတာ ၁၀နှစ်နီးပါးရှိပြီ"
"၁၀နှစ်တောင် ရှိပြီဟုတ်လား "
"အင်းလေ...ဘာဖြစ်လို့တုန်း"
"ဘာမှမဖြစ်ပါဘူး အံသြသွားလို့ပါ"
"အေးလေ ကိုးတန်းထဲက သောက်တာလေ"
"အော်"
ဒီကောင်မလေးတစ်မျိုးတော့ တစ်မျိုးပဲလို့တွေးမိသော်လည်း စိတ်ထဲမှာအလျင်အမြန် ထုတ်ပစ်လိုက်သည်။ ဘာပဲပြောပြော သူငယ်ချင်းညီမမလား..။ စောင့်ထိန်းရမည့် ကျင့်ဝတ်တွေရှိသည်လေ။ ခဏနေတော့ ကလပ်ထဲ ပြန်ဝင်က ပြန်သောက်ဖြစ်သော်လည်း ထပ်မကဖြစ်တော့ နှင်းသီရီလဲသွားမက မောသွားပြီထင်သည်။ သောက်နိုင်သည်ကတော့ သူ့အကိုလိုပင်..တော်တော်လိုက်တဲ့မောင်နှမတွေလို့ စိတ်ထဲမှာတွေးမိသည်။ သောက်ရင်း အရှိန်နဲနဲရလာတော့ ဖုန်းကိုဖွင့်က အင်တာနက်ဖွင့်လိုက်သည်။ မက်ဆေ့တွေမြင်ရပြီလားလို့ ကြည့်မည်လုပ်စဉ်မှာပင်.. နှင်းသီရိက ဖုန်းကို ဆက်ကနဲဆွဲလုသွားသည်။ စိတ်ထဲတွင် ဒေါသထွက်သွားသော်လည်း ဘာမှပြောမနေတော့ပဲ ဖုန်းကို ပြန်လုကာ ပြန်သိမ်းထားလိုက်သည်။
"ဘာလဲ စိတ်ဆိုးတာလား"
"မဟုတ်ပါဘူး"
"ဘာမဟုတ်ပါဘူးလဲ မျက်နှာကြီးကဆူပုတ်နေတာပဲ"
"ထားပါတော့ဟာ"
"ဘာလဲ Ying ဆိုတဲ့ကောင်မလေးဆီက စာကိုမျှော်နေတာလား"
"နင် ဘယ်လိုသိတာလဲ"
"ဟဲဟဲ”
မိုးယံထက်ဦးနှောက်ထဲတွင်ကား အချက်ပေးသံများဆူညံသွားသည်။ ဒီကောင်မလေးက Ying ကိစ္စကိုသိစရာ
အကြောင်းမရှိ..။ သူရဇော်ညီမ၀မ်းကွဲဆိုရင်တောင် ဒီညမှာတွေတာဒီလောက် မသိနိုင်..။ တခုခုတော့ တခုခု
ပဲဟု စိတ်ထဲမှာ ပြောနေမိသည်။ ဒီနေ့အခြေအနေတွေ အကုန်ပြန်သုံးသပ်ကြည့်တော့ အားလုံး ပုံမှန်မဟုတ်
တခုခုတော့လွဲနေသည်။ အမအပျိုဟိုင်းကြီးများကိုပင် သ၀န်တိုလွန်းလှသော သူရဇော် တစ်ယောက် ဒီကောင်
မလေးနှင့်ကြတော့ သိပ်ထူးထူးခြားခြားမရှိလှ ဒီကောင်တွေဘာကြံနေတာလဲ။ သေချာအောင်လုပ်စရာတစ်ခုပဲ
ရှိသည်။

"ဟဲ့ ဦးဇော်နိုင်နဲ့တွေ့ဖြစ်သေးလား"
"ဘယ်သူ ဘယ်သူ"
"ကိုသူ့အဖေလေ "
"အော် ဦးဇော်လား မတွေ့ဖြစ်ပါဘူး အကိုရာ"
"အော် အော်..."
"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး ဟိုကောင်တွေကို ငါပြန်ချင်နေပြီလို့ အပြင်မှာ စောင့်မယ်လို့ ပြောတယ်လို့ သွားပြောချေ"
"ပြန်တော့မှာလား နေပါဦး"
"အင်း မနေတော့ဘူး တော်တော်မူးနေပြီ ပြန်မှဖြစ်တော့မယ်"
သေချာပြီ ဒီကောင်မလေးက ဘယ်လိုနည်းနဲ့မှ သူရဇော်ညီမမဟုတ်။ သူရဇော်အဖေနာမည်က ဦးဇော်နိုင်မှ
မဟုတ်တာ..။ ဒီကောင်တွေ ဘာတွေကြံနေတာလဲ..။ သေချာတာကတော့ အပြင်မှာ ရှင်းမှရမည်..။ ဒီထဲမှာ
တော့ စကားရောဖောရောနှင့် လုပ်သွားနိုင်သည်လေ။ အပြင်ကိုထွက်လာတော့ စိတ်ထဲမှာ တနုတ်နုတ်။ ဒီကောင်
တွေ ဘာလို့ဒီလိုလုပ်တာလဲ မစဉ်းစားတတ်..။ ခဏကြတော့တစ်ဖွဲ့လုံး လိုက်ထွက်လာကြသည်။ ကောင်မလေး
လဲ မျက်နှာမကောင်း။ သေချာသလောက်ရှိပြီပေါ့..။

"ဟေ့ကောင် ငသူ ဒါဘာသဘောလဲ"
"ဘာကို ဘာသဘောလဲတုံး"
"ဒီကောင်မလေးက မင်းညီမမှမဟုတ်တာ"
"မင်းကိုဘယ်သူပြောတုန်း"
"မင်းဗြောင်ငြင်းမနေနဲ့ မင်းအဖေနာမည်တောင် မသိပဲ မင်းညီမ၀မ်းကွဲဘယ်လိုလုပ်ဖြစ်နိုင်ပါတုံး"
"အာ သူက ငါ့အမေဘက်ကလေကွာ ငါ့အဖေကိုမသိတာ ဘာထူးဆန်းလို့တုန်း"
"တော်စမ်းပါကွာ ဟိုက သိသလိုလိုလုပ်ပြသွားတာ ငါမသိဘူးဆိုတော့လေ"
"ဟူး.. အေးကွာ ဒီလိုဆိုတော့လဲ ငါပြောပြရတော့မှာပေါ့"
"အေးရှင်းစမ်းပါဦး"
"မင်း ကိုရီးယားမလေးနဲ့ ပတ်သတ်ပြီး ဖြစ်နေတာတွေ ကြည့်မနေနိုင်တော့လို့ပဲသူငယ်ချင်း"
"ငါ့ဟာဖြစ်တာ မင်းတို့နဲ့ဘာဆိုင်လို့တုန်း"
"ဟာ အဲလိုတော့မပြောနဲ့လေကွာ ဒီလိုဆက်သွား မင်းလဲ အရက်သမားလုံးလုံးဖြစ်လိမ့်မယ်
အခုတောင်နေ့သောက် ညသောက်နဲ့"
"အဲတော့ ဘာဖြစ်တုန်းကွာ မင်းတို့ဘာထိခိုက်လို့တုန်း"
"မထိခိုက်ဘူးထင်လား မင်းတို့အပတ်စဉ်ကကောင် မူးရူးပြီး ပြသနာတက်လို့ တပ်ကထုတ်ပြစ်
လိုက်ရတယ်လို့ ပြောခံရရင် ငါတို့မထိခိုက်ဘူးလား"
"ဘာဆိုင်လဲကွာ"
"မဆိုင်ဘူးပဲထား မင်းဒီလိုဖြစ်နေတာကို မင်းရဲ့ ကိုရီးယားမလေးသိရင် သူဝမ်းသာမယ်ထင်လား"
"......."
"အေး မင်းဘာမှမပြောနိုင်တော့ဘူးမလား... မင်းဒီလိုလုပ်နေမယ့် အစား ကိုရီယား ဘာသာစကား
လေး ဘာလေးသင်တာကမှ ဟုတ်တုတ်တုတ်ရှိသေးတယ် ခုဟာကကွာ"
"အေးပါကွာ..."
"အေးပါကွာလုပ်မနေနဲ့ မင်းဟာမင်းပြန်စဉ်းစား လုပ်သင့်တာကိုလုပ် အဲတာပဲငါပြောချင်တယ်"
"အေး ငါပြုပြင်ပါမယ့် ငသူရာ ခုတော့ငါပြန်ပြီ"
ခေါင်းငိုက်စိုက်ချက ပြန်သွားသော မိုးယံထက်ကို ကြည့်ပြီးသူရဇော်နှင့် သူငယ်ချင်းတစ်သိုက်လက်ဝါး
ခြင်းရိုက်လိုက်ကြသည်။ Plan B နှင့်အောင်မြင်သွားပြီလေ..။ Plan A က နှင်းသီရိကိုစိတ်ဝင်စားလာ
အောင်လုပ်ရန်လေ။ မအောင်မြင်ပါက စိတ်အာရုံလွဲနိုင်ရန်ပေါ့.။ ထို့နေ့က သူရဇော်နှင့် သူငယ်ချင်းတဖွဲ့
ကလပ်ထဲတွင် လက်ကျန်ပုလင်းဖြတ်နေချိန်မှာ ကောင်မလေးတဦးကတော့ သူပျော်မယ်ဆိုရင်ကျေနပ်
ပါတယ်ဟူသော စကားကို တွင်တွင်ပြောရင်း ကန်ဘောင်ပေါ်တွင် မျက်ရည်တွေ တွေတွေစီးလျက်ရှိနေ
သည်ကိုတော့ ဘယ်သူမှ မသိနိုင်တော့ပြီလေ......။