Quantcast
Viewing all articles
Browse latest Browse all 1811

သွေးနဲ့ရင်းတဲ့မြေ (၁၄)(ဇတ်သိမ်း)



၁၉၈၈ ဒီဇင်ဘာလ(၁)ရက် 

ဗိုလ်ချုပ်မောင်လှသည် ရှေ့တန်းအမှတ်(၃)ခြေမြန်တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူး တင်ထွန်း နှင့် ခမရ(၃)အမိန့်ပေးအဖွဲ့များအား ပွိုင့် ၈၆၅ သို့ခေါ်လိုက်သည်။

အရှင်းဆုံးပြောရရင် အခုတိုက်ပွဲဝင်တပ်တွေရဲ့ စိတ်ဓာတ်အခြေအနေကိုငါလုံးဝ အားမရဘူး
တပ်တွေစိတ်ဓာတ်မြင့်ပေးဖို့ စံနမူနာ ပြအောင်ပွဲတစ်ခုယူပေးဖို့လိုလိမ့်မယ်။ဒီတာဝန်ကမင်းတို့တပ်ရင်းရဲ့တာဝန်ပဲ ဒါကြောင့်မင်းတို့နောက်ဆုတ်လို့မရဘူး မရရအောင်တိုက်ကြအေးမရရင်မင်းတို့ကိုအရေးယူမယ် တစ်ခြားတပ်နဲ့လဲတိုက်မယ် အေးငါ့ကိုငါလဲ အရေးယူမယ်

ဒီမှာတင်ထွန်း တကယ်စွန့်စားတဲ့သူကိုချီးမြင့် မယ်နောက်တွန့်တဲ့သူကိုပြတ်ပြတ်သားသား အရေးယူမယ် ညှာလို့မရဘူး အေးအသေးစိတ်ပြင်တော့ ဒါပဲ

ခ မရ(၃) တိုက်ခိုက်ရမည့်ကုန်းမှာ ခလရ(၇၅) မှဗိုလ်ကြီးသိန်းလွင်တို့လက်လွှတ်ခဲ့ရသည့် မောရလီနှင့် ပွိုင့် ၈၆၅ ကြားစိုးမိုးကုန်းဖြစ်သည်။

မွန်းလွဲ ၃နာရီမှစတင်ကာ အမြောက်နှင့်လက်နက်ကြီးပစ်ကူစသည် ပွီုင့် ၈၆၅ ၈၆၂ မှ ၇၆ မမတောင်ပေါ်ပစ်အမြောက်များ ၁၂၀ မမစိန်ပြောင်းကြီးများနှင့် သိန်းလွင်ကုန်း ပွိုင့် ၁၆၀၁ ကုန်းများအားဦးနှိမ်ပစ်ခတ်ခြင်း ပိုင်းဖြတ်ပစ်ခတ်ခြင်းများ ဆောင်ရွက်သည် ကျည်ဆန်အားပူစရာမလို ရှမ်းရွာသစ်မှ နစ်ဆန်းပက်ထရိုကားများဖြင့် ကျည်ဆန်ကိုတောက်လျောက်ပို့နေသည်။

ရန်သူမျက်နှာစာကိုအလယ်မှဖြတ်ပစ်ရာရန်သူ ခံစစ်နှစ်ခြမ်းကွဲသွားသည်ဗုံးသီးများ အစုလိုက်အပြုံလိုက်ပစ်ခတ်သည် .ဘယ်နှလုံးပေါက်ကွဲမှန်းမသိ ရန်သူသည် မဲသဝေါတိုက်ပွဲ စကတည်းက ယခုလောက်ပစ်ခတ်မခံရစဖူး ရန်သူသည် Shock Action ရသွားသည်။ 

ညနေ(၄)နာရီတွင် ခမရ(၃)၏ ရှေ့ပြေးလက်ရွေးစင်တပ်စုဖြစ်သော ဗိုလ်မြင့်သူ၏တပ်စိတ်သည်
ရန်သူနှင့်လက်တစ်ကမ်းအကွာသို့ရောက်လာသည်။ ရဲဘော်များသံပြိုင်ဟစ်ကြွေးကာမီးကုန်ယမ်းကုန်ပစါကာဝင်လုံးသည်။

မိနစ်(၂၀) အတွင်းရန်သူ့ရှေ့ခံစစ်စည်းပြိုကျသည် နောက်ထပ်၁၀မိနစ်အတွင်း တောင်ကုန်းအားလက်ရသိမ်းမိတော့သည်။ စခန်းကုန်းတွင်ရန်သူ့သွေးများအိုင်ထွန်းလျက်
ရန်သူသည် သိန်းလွင်ကုန်းနှင့်ပတ်ဝန်းကျင်ကုန်းများကပါ ဆုတ်ခွာက ပွိုင့် ၁၆၀၁ သို့ပေါင်းလေတော့သည်။

ခမရ(၃)သည်မယ်ပေါ်ထချောင်းအရှေ့ဘက် မှ အနောက်ဘက်ရှိ ပွိုင့် ၁၆၀၁ အားရင်ဆိုင်ထိန်းချုပ်ထာျးနိုင်ခဲ့ပြီဖြစ်သည်။ စစ်သည်များအားတိုက်ပွဲဝင်စိတ်ဓာတ်အားမြင့်ပေးနိုင်သော တိုက်ပွဲပင်ဖြစ်သည်။

ပွိုင့် ၁၇၇၈

စက်တင်ဘာလအတွင်းကကျဆုံးခဲ့သော ပွိုင့်၁၇၇၈ တောင်ကုန်းသည် မောရလီအားအ၊ဓိကခြိမ်းခြောက်ခဲ့သောကုန်းဖြစ်သည် ခလရ(၇၉) နှင့် ခလရ(၈၁) မှ တန်ပြန်တိုက်ခိုက်ရာမအောင်မြင်ခဲ့သဖြင့် ခမရ(၇)ပါထပ်ပေါင်းကာ ရင်ဆိုင်ထိန်းချုပ်ထားရသောတောင်ကုန်းဖြစ်သည်။

၁၉၈၈ဒီဇင်ဘာ (၁၆)ရက်

ပွိုင့် ၈၆၅ ပေါ်ရှိလက်နက်ကြီးများအားလုံး တစ်ချိန်တည်းတပြိုင်တည်း စုပြုံကာပစ်ခတ်စေသည်
မိုးကြိုးမုန်တိုင်းတိုက်ခတ်နေသည့်အလားရန်သူသည် ကြံ့ကြ့ခံနေဆဲ။

၁၇၇၈ အား ခမရ(၆) စစ်ကြောင်း(၂)မှဗိုလ်မှူး ရွှေမန်းဦးစီး တပ်ခွဲ(၂)ခွဲက တိုက်မည်
အရံအဖြစ်စစ်ကြောင်း(၁) နှင့်ခမရ(၇)ကအထောက်အကူပြုပေးထားသည်။

ဗိုလ်မှူးရွှေမန်း၏ ပင်မခြေမှုန်းရေးစစ်ကြောင်းသည် နေ့လည်(၁၁)နာရီ မှာပင်ရင်ဆိုင်မျက်နှာစာမှမြောက်ဘက်ချောင်းရိုးအတိုင်း ချည်းကပ်သည်။
ဗိုလ်စောမြသောင်း၏လက်ရွေးစင် တပ်စုက အနောက်ဘက်ကမ်းပါးရံမှကုတ်ကပ်တက်သည်
ဗိုလ်မှူးရွှေမန်းသည် ၈၄မမ နောက်ပွင့်ရိုင်ဖယ်ကြီး ၂လက်ဖြင့် ရန်သူ့ဘန်ကာများအားရှေ့မျက်နှာစာမှပင်ပြောင်ပြောင်တင်းတင်းပစ်ခတ်စေသည်။

ဗိုလ်မျိုးတင့်၏ရှေ့ပြေးတပ်စုသည် ရန်သူနှင့်လုံးထွေးကုန်သည် ရန်သူ့ပစ်ကျင်းများအတွင်းသို့အတင်းပင် လှံစွပ်ထိုးသည်။

ရန်သူသည် ပင်မကုန်းဆီသို့ဆုတ်ကာ ဆက်လက်ခုခံသည်။ကာကင်းကုန်းအားသိမ်းပိုက်မိသညိ။သို့သော် ရန်သူသည် ပင်မကုန်းပေါ်မှ အပေါ်စည်းမှဗိုလ်မှူးရွှေမန်းတို့အားတရစပ်ပစ်သည်။ဗိုလ်ကြီးဥာဏ်လင်းမြင့်၏ တပ်ခွဲ သတ်ကွင်းအတွင်းတိုးမိနေပြန်သည် ရန်သူသည် ပင်မကုန်းနှင့်
ဘေးနံ အံ့ကျော်ကုန်းများမှပါ ၀ိုင်းရံပစ်ခတ်လျက်ရှိရာရှေ့သို့ ၂၅ကိုက်ခန့်သာတိုးနိုင်တော့သည်။

သို့သော်လည်းနောက်ဘက်ကပါးရံမှ ချည်းကပ်လာသောဗိုလ်စောမြသောင်း၏ ကွန်မင်ဒို တပ်စုသည် ညနေ(၄)နာရီတွင် ရန်သူ့ညခံစည်းရိုးသို့ချည်းကပ်မိသည်။

ရန်သူ့ သံဆူးကြိုး အတွင်းသို့ ဘန်ဂလိုတော်ပီဒို ခေါ်ယမ်းဘီလူးများ ကိုဆက်သွင်းပီး
ဖောက်ခွဲလိုက်လေလျင်-------------------

ဝုန်းရန်သူသည်ရုတ်တရက်အငိုက်မိသွားသည် ဗိုလ်စောမြသောင်းတို့လူစု အတင်းပြေးဝင်

ဗိုလ်မှူးရွှေမန်းတို့ မှလည်း အတင်းလုံးလေလျင်ပင်မကုန်းရှိရန်သူတိုကသည်တောင့်မခံနိုင်တော့အံ့ကျော်ကုန်းဘက်သို့
ပြိုဆင်းသွားတော့သည်။ရနသူ့ထံနှစ်လတာ ရောက်ရှိခဲ့သော ၁၇၇၈ သည် ဒုတိယအောင်ပွဲအဖြစ်မိမိလက်တွင်းသို့ပြန်လည်ရောက်ရှိလာချေပီ

အံ့ကျော်

ခမရ(၆)မှ ၁၇၇၈ အားတိုက်နေစဉ်ပင် တစ်ချိန်တည်းမှာပင်ခမရ(၇)စစ်ကြောင်း(၂)သည်လည်း စနေနှစ်ခိုင်ကုန်းဟုအမည်ပြောင်ခေါ်ဝေါ်နေကြသောတောင်ညီနောင်နှင့် လရာဇီယာကုန်းတို့အားတစချိန်တည်းတိုက်သည်စစ်ကြောင်း(၂) ကတိုက်နေချိန်တွင် တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးမြင့်မောင်ဦးစီး စစ်ကြောင်း(၁)ရန်သူ့လကနက်ကြိးကုန်းများဖြစ်သော ဘိနကုန်းနှင့် ၁၆၀၁ အားလက်နက်ကြီးများနှင့်ဦးနှိမ်ပစ်ခတ်သည်။

မွန်းလွဲ (၂)နာရီတွင် လက်ေ၇ွးစင်တပ်စု(၂)စု သည်တောင် ၃လုံးအားတစ်ပြိုင်နက်ရင်ဘောင်တန်းလှံစွပ်ထိုးသည် ရန်သူ အင်အား (၁၀၀) ကဆီးကြို
ပစ်ချသည်။ညနေ(၅)နာရီရန်သူတောင့်မခံနိုင်တော့ ဗိုလ်မှူးလှငွေ၏တပ်စု(၂)စုသည်စနေနှစ်ခိုင်တွင်ချက်ချင်းပြန်လည်စုဖွဲ့သည်

ဗိုလ်ကြီး နေ၀င်းမြင့် ၏တပ်ခွဲ(၅)သည် စနေနှစ်ခိုင်ကုန်းမှဘရာဇီယာထိတောက်လျောက်ဆက်တူးထားသော တူးမြောင်းအတိုင်းချည်းကပ်
ကာ ဆက်လက်တိုက်ခိုက်သည်။ဘရာဇီယာကုန်း အရှေ့ဘက်ခြမ်းကို ၇ရှိသော်လည်းအနောက်ဘက်ခြမ်း မှဗအပြင်းအထန်ခုခံနေဆံ တစ်ညလုံးအပြန်အလှန်ပစ်ခတ်သည

ဒီဇင်ဘာ (၁၇) မနက်၉ နာရီတွင်အနောက်ဘက်ခြမ်းအား စတင်ကျားထိုးသည် ရန်သူများအား ၈၄မမ များ ဘီအေ-၁၀၃ လောင်ချာများနှင့်ပစ်ဖြိုသည် ရန်သူက ကုပ်ကပ်ခုခံသည် ပထမအကြီမ်မရ ပြန်လန်ကျလာသည်။ ဒုတိယအကြိမ် ဖိတိုက်သောအခါတွင်ရန်သူမခံနိုင်တော့အံ့ကျော်ကုန်းဆီသို့ပြိုဆင်းသွားသည်။
နေ့လည် ၁၁ နာရီတွင် ခမရ(၇)သည် ဘရာဇီယာတောင်ကြောကြီးအားရရှိလိုက်ပေသည်။

မဲသဝေါ၏ အသည်းနှလုံးတင်စားရာအံ့ကျော်ကုန်းသာ ကျန်၇ှိတော့ပေပြီရန်သူ(၂၀၀)သည် စနစ်တကျခံစစ်ယူကာအသင့်စောင့်နေသည် သို့သော်လည်ွးှ့ကျော်ကုန်းသည်ကားထီးထီးသာကျန်နေ တော့သည်မှာမလွဲဧကန်သာတည်း

ဒီဇင်ဘာ(၁၈) ရက်နံနက် (၁၀)နာရီခွဲ

နည်းဗျူဟာ(၄၄၂)သည်အမြောက်ပစ်ကူကိုစတင်တော့သည် ၈၁ မမစိန်ပြောင်းကြီး (၂)လက်နှင့် ၆၀ မမစိန်ပြောင်းများမှအံ့ကျော်ကုန်းအားခေါင်းမဖော်နိုင်အောင်ပစ်ခတ်သည်။ချေမှုန်းရေးတပ်ဖွဲ့သည်ဘရာဇီယာကုန်းနှင့် အံ့ကျော်ကုန်းကြားဆက်ကာတူးထားသည့်တူးမြောင်းကြီးအတိုင်းတိတ်တဆိတ် ချည်းကပ်သည်။
မွန်းတည့် ၁၂နာရီတွင်စစ်သည်တစ်ဦးမိုင်းနင်းမိသည်မိုင်းသည်ပဒေသာမိုင်းဖြစ်သဖြင့် စစ်သည်များအများအပြားထိခိုက်ကုန်သည် ရန်သူသည်မိုင်းကွဲသည့်နေရာအားစုပြုံပစ်ခတ်သည်။
၅၇မမ နောက်ပွင့်ဖြင့်တိုက်ရိုက်ပစ်ခတ်သည်။

အပြန်အလှန်ပြင်းပြင်းထန်ထန်ပစ်ခတ်ကာ ဗိုလ်သွင်ကိုကိုဦးစီးသော တပ်စုသည်ရန်သူ့ခြံစည်းရိုးသို့အတင်းတိုးဝင်သည် ရန်သူက ခြံစည်းရိုးရှိရှေ့ထွက်မိုင်းများအား
တပြိုင်နက်ဖောက်ခွဲရာ စစ်သည်များအများအပြားဒဏ်ရာရကျဆုံးရသည်။ခမရ(၇)စစ်ကြောင်း(၂)သည် ၁၈ရက်နေ့တွင် ၄ကြိမ်တိုင်တိုင် အံ့ကျော်ကုန်းအားလှံစွပ်ထိုးရာ 
၎ကြိမ်လုံးလန်ကျလာသည်။

ဒီဇင်ဘာလ(၁၈)ရက်နေ့တိုက်ပွဲသည် ရန်သူမှအပြင်းအထန်ဆုံး အရဲရင့်ဆုံးခုခံသကဲ့သို့ တပ်မတော်ကလည်းအမာဆုံး အစွန့်လွှတ်ဆုံးတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။၁၈ရက်နေ့တွင်တပ်မတော်မှ စစ်သည် (၁၂)ဦးကျဆုံးခဲ့သည်။

ဒီဇင်ဘာ(၁၉)ရက်နေ့

အမှတ်(၁)အမြောက်တပ်ရင်းမှဗိုလ်မှူး အောင်ဝင်းသည် အမြောက်ပစ်ကူအတွက် ရန်သူ့ရှေ့ ကိုက်၂၀၀ ခန့်ထိချည်းကပ်ကာမျက်မြင်လေ့လာသည်။ 

၁၀နာရီခွဲတွင်အမြောက်ပစ်ကူစသည် တိတိကျကျပင်ကျရောက်သည် ၇၅မမ နောက်ပွင့် အားရှေ့သို့ဆွဲကာမျက်နှာစာမှပင် တိုက်ရိုက်ပစ်ရာရန်သူ့ ဘန်ကာများဖွာထွက်ကုန်သည်
ချေးမှုန်းရေးဖြစ်သော ဗိုလ်ကြီးထွန်းတင့်စိုး၏ ခွဲ(၃)နှင့် ဗိုလ်ကြီးတင်ထွန်းအောင်ဦးစီး ခွဲ(၄)သည် ရှေ့မျက်နှာစာမှပင်ချည်းကပ်သည်။ရန်သူနှင့်ကိုက်(၅၀) အကွာတွင်ရန်သူမှစုပြုံပစ်ခတ်သည်။
ခွဲ(၃)နှစ်ကြိမ်ကျားတက်ထိုးသည်မရ ရန်သူ့ပစ်အားအဆမတန်များလှသညါ။ ခွဲ(၄)သည်သတ်ငကွင်းထဲရောက်နေသဖြင့် အတင်းပြန်ဆွဲထုတ်ရသည်။

ချေမှုန်းရေးတပ်ခွဲများအရှိန်တန့်သွားသည်ကိုသိရှိသော ခမရ(၇)တပ်ရင်းမှုး ဒုဗိုလ်မှူးကြီးမြင့်မောင်သည် ငါကိုယ်တိုင်အတူလိုက်မယ်ဟု စက်ထဲတွင်ပြောကာရန်သူနှင့် ၇၅ကိုက်အကွာအထိတက်လာသည်။ တပ်ရင်းမှူးရောက်လာသဖြင့်ရဲဘော်များလည်း အတင်းတက်လေရာ ညနေ ၄နာရီတွင်အံ့ကျော်ကုန်း အားအောင်မြင်စွာသိမ်းပိုကမိတော့သည်။

အံ့ကျော်ကုန်း တိုက်ပွဲသည် အဆုံးအဖြတ်တိုက်ပွဲပင်ဖြစ်သည် အံ့ကျော်ကုန်းကျဆုံးပီးနောက်ပိုင်းရန်သူသည်လုံးဝစိတ်ဓာတ်ကျသွားသည်။ဒီဇင်ဘာ ၂၁တွင် ကဆာနလီတောင်ကြောကြီးအား ခမရ(၄)မှပြန်လည်သိမ်းပိုက်ကာ ခလရ(၇၆)သည် ဒီဇင်ဘာ(၂၂)ရက်နေ့တွင် မဲသဝေါပင်မကုန်းအားပြန်လည်သိမ်းပိုက်ခြင်းဖြင့် ၂လတာ တိုက်ပွဲဆင်ခဲ့ရသောတိုက်ပွဲကြီးကားအသက်ပေါင်းများစွာ ဘ၀ပေါင်းများစွာကို ၀ါးမျိုဖျက်ဆီးကာ
နိဌံတန်ခဲ့ရချေပီ။

မဲသဝေါတိုက်ပွဲကြီးတွင်တပ်မတော်မှအရာရှိ (၁၂)ဦး စစ်သည်(၂၄၅)ဦးကျဆုံးပြီးဒဏ်ရာရအရာရှိ(၉၆)ဦးစစ်သည် (၁၄၂၄)ဦးဖြစ်ပါသည်။အရာရှ(၂)ဦး စစ်သည် (၉)ဦးပျောက်ဆုံးခဲ့ရသည်။ ရန်သူ့အလောင်း (၃၀၄)လောင်း ရရှိခဲ့ပါသည်။

မဲသဝေါတိုက်ပွဲ ဖြစ်ပွားချိန်သည်တိုင်းပြည်အတွက်တကယ့်မိုးထဲရေထဲအခြေအနေပင်ဖြစ်ပါသည်။
၁၉၈၈ တိုက်ပွဲကာလက လက်ဖက်ရည်ဆိုင်များတွင်လက်ဖက်ရည်ကျကျ သောက်ချင်လျင် မဲသဝေါတစ်ခွက်ဟုမှာပြီးသရော်ကျသည်အထိအကျအဆုံးများလှသည်။ရင်နာစရာပင်

ယခုတော့လည်း မဲသဝေါဒေသကြီးက သူမဟုတ်သလိုငြိမ်းချမ်းနေပေပီသြော်----သွေးနှင့်ရင်းသောငြိမ်းချမ်းရေး သွေးနဲ့ရင်းတဲ့မြေ နှစ်ဖက်စစ်သည်များ 

ကျဆုံး သွားသောနှစ်ဖက်စစ်သည်များ၏ ၀ိညာဉ်များ တမလွန်မှ ကျေနပ်ကြပါလိမ့်မည်

(ကြယ်နီ)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>