Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့ ရ -မရ

$
0
0



ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့ ရ -မရ 

ပို့စ်တစ်ခုကကူးလာတာပါ...

(ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့ရ မရ နဲ့ ပတ်သက်ပြီး မကွေးတက္ကသိုလ် ပါချုပ် ကို ဝိုင်းဆဲကြတယ်။

ဒီတော့ ကျနော့် အနေနဲ့ကာ သမိုင်း ကို လူတွေ အမှတ်မမှားဖို့ ပြောရပါတော့မယ်။
ဒါပေမယ့် ဒီကိစ္စဟာ ကျောင်းသား သပိတ် နဲ့ မဆိုင်သလို မကွေးပါချုပ် နဲ့လဲ မဆိုင်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း ဟာ ၁၉၃၆-၃၇ မှာ တကသ နဲ့ ဗကသ ဒုဥက္ကဌ ဖြစ်လာပါတယ်။

၁၉၃၇ ခုနှစ်မှာ ဒုတိယနှစ် ဝိဇ္ဇာစာမေးပွဲ ခုံ နံပတ် ၅၆ ကနေ အောင်မြင်ပြီး ၁၉၃၈ ခုနှစ်မှာ ဥပဒေ ပထမ နှစ်စတက်ပါတယ်။

မှတ်တမ်းမှတ်ရာတွေထဲမှာ တတိယ နှစ် ဝိဇ္ဇာကို ဆက်တက်တယ်လို့ မပါတော့ပါဘူး။ 

အဲ့ဒီနှစ်မှာပဲ ဗကသ ဥက္ကဌ ဖြစ်လာပါတယ်။

၁၉၃၈ ခုနှစ် အစောပိုင်းမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲကနေ ဗကသ နဲ့ တကသ ဥက္ကဌ ဖြစ်လာခဲ့ပြီး အဲ့ဒီနှစ် နိုဝင်ဘာလမှာ တကသ နဲ့ ဗကသ ဥက္ကဌ အဖြစ်က နှုတ်ထွက်ကြောင်း ကြေငြာပြီး နိုင်ငံရေး လောကထဲ စတင်ဝင်ရောက်ဖို့ ဒို့ဗမာအစည်းအရုံးထဲ ဝင်ပါတယ်။ အဲဒီနှစ်မှာ သခင်အောင်ဆန်း တဖြစ်လဲ ကိုအောင်ဆန်း ဟာ စာမေးပွဲ မဖြေခဲ့ပါဘူး။

၁၉၃၉ ခုနှစ် ဇန်နဝါရီ မှာ ရန်ကုန်မြို့တော် အရေးတကြီးလုံခြုံရေးအက်ဥပဒေ နဲ့ ထောင် ၁၅ ရက် ချထားခြင်းခံခဲ့ရပါတယ်။

အဲ့ဒီနောက်မှာ သခင်အောင်ဆန်း ဟာ ကျောင်းဆက်မတက်တော့သလို စာမေးပွဲလဲ ပြန်လည်ဖြေဆိုခြင် မရှိတော့ပါဘူး။

၁၉၄၀ ခုနှစ် တလျှောက်လုံး သခင်အောင်ဆန်းဟာ နိုင်ငံရေး တရားပွဲတွေထဲမှာ သာ ရှိနေခဲ့ပြီး ဇလွန်မှာတရားဟောရာကနေ သတင်းစာများမှာ ဆုငွေ ၅ ကျပ် နဲ့ ဝရမ်း ထုတ်ခံရပါတယ်။

အဲ့ဒီနှစ် သြဂုတ်လ ၈ ရက်နေ့မှာ မြန်မာပြည် ထဲကနေ အမွိုင် ကို စတင်ထွက်ခွာခဲ့ပါတော့တယ်။

အဲ့ဒီ ကာလတွေ နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဟာ ရဲဘော်သုံးကျိပ် ကို ဂျပန်ပြည်လမ်းပေါက်ရေး ကြိုးစားခဲ့ပြီး အင်္ဂလိပ်ခေတ် မြန်မာ့တပ်မတော် ကို ဘန်ကောက်မှာ စတင်ပေါက်ဖွားစေခဲ့ပါတယ်။

ဒါ့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဟာ ကျောင်းမပြီး ခဲ့သလို ဘွဲ့လည်းမရခဲ့ပါဘူးလို့ ပြောနိုင်ပါတယ်။

ဘာကြောင့် အောင်ဆန်း နံမည် နဲ့ ဘွဲ့လက်မှတ် ရှိနေတာလဲ????

ဒီဘွဲ့လက်မှတ်က ၁၉၄၆ ခုနှစ်မှာ ဘုရင်ခံကောင်စီ ဒုတိယဥက္ကဌ ဦးအောင်ဆန်း ကို ရန်ကုန်တက္ကသိုလ်က Honorable ဂုဏ်ထူးဆောင်အနေနဲ့ နဲ့ ပေးခဲ့တာဖြစ်ပါတယ်။

ဘွဲ့လက်မှတ်ပါ ၁၉၄၀ ခုနှစ် ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ် မှာ နောက်ဆုံးရှိခဲ့ချိန် ၁၉၄၀ ခုနှစ် နဲ့ ထုတ်ပေးထားတာပါ။

တကယ်တမ်းမှာတော့ ၁၉၄၀ ခုနှစ် တနှစ်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်း ဟာ ကျောင်းတော်ကြီး ဆီ သွားဖို့မပြောနဲ့ နိုင်ငံရေးတရားပွဲတွေနဲ့ အလုပ်ရှုပ်နေပြီး အင်္ဂလိပ်လက်ကနေလည်း လွတ်အောင် ပြေးနေရ ဝရမ်းအထုတ်ခံထားရတဲ့ အချိန်ပါ။

ဒါ့ကြောင့် မကွေး ပါချုပ်ပြောတာ မမှားပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းမပြီးခဲ့ဘူး။စာမေးပွဲအောင်မှပေးတဲ့ ဘွဲ့မရခဲ့ဘူး။
ကျန်တဲ့ လူတွေလည်း မှန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့ရခဲ့ပါတယ်။ ဂုဏ်ထူးဆောင်အနေနဲ့ ချီးမြင့်ခဲ့တဲ့ ဘွဲ့ဖြစ်ပါတယ်။

တကယ်တော့ စာအုပ်တအုပ် စာရွက်တထပ် နဲ့ ဗိုလ်ချုပ်အကြောင်း ပြောရင် မပြည့်စုံပါဘူး။ လူ့လောက မှာ ၃၃ နှစ်သာ အသက်ရှင်သန်ခွင့် ရခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လုပ်ဆောင်ချက်တွေဟာ အသက် ၁၀၀ ကျော် လောက မှာ အသက်ရှင်နေခဲ့ရသူတွေထက် အဆရာထောင်သောင်းမက အဖိုးတန်လွန်းခဲ့ပါတယ်။

ဒီနေ့မှာတော့ ဒီတိုင်းပြည် နဲ့ ဒီလူမျိုး ကို အင်မတန် ချစ်လှတဲ့ အောင်ဆန်း တမလွန်ကနေ သူ့တိုင်းပြည် နဲ့ သူ့ လူမျိုးတွေကို မျက်ရည်အဝိုင်းသား နဲ့ စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေမှာ အသေအချာပါပဲ။

မောင်ဖြိုး
၀၄၀၂၂၀၁၅၀၁၀၀)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>