နေ့ စဉ်အပြင်မှာ ကားတစ်စီး တပ်စုတစ်စုနဲ့ သွားလာနေရပေမယ့် လမ်းမှာတွေ့ ရတဲ့  ရိုးရိုးသားသားဆန္ဒပြ အဖွဲ့ မျိုးစုံဟာ မိတ်ဆွေ ပုံစံများပါတယ်။ ဒီမိုကရေစီအရေး အစိုးရပြုတ်ကျရေး ရိုးရိုးသားသား ဆန္ဒပြသူတွေ နဲ့ ပြသနာမရှိသလောက်ပါဘဲ။ တကယ် ပြသနာဖြစ်နိင်တာက အကြမ်း ဖက်ရန်ပြုတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ အစိုးရဌာ နဆိုင်ရာ ၀န်ထမ်းတွေပါ ဆန္ဒပြနေကြလို့ ဌာနဆိုင်ရာ ရုံး ဂိုဒေါင်တွေ ဖောက်ထွှင်း ယူနေ ကြတာ ထက် ဆူပူအုံကြွ သူ လူမိုက်ခေါင်း ဆောင်တွေကသူတို့ အမြင် မကြည် သူ ကို လက်ညှိုးထိုး ၀ိုင်းဖမ်း ခေါင်းဖြတ်တဲ့ ကိစ္စကတော်တော် ဆိုးနေပါပြီ။ ဒီအဖွဲ့ တွေ နဲ့ တွေ့ ရင်တော်တော် ပြသနာ တက်နိင်သလို ၀င်ရှင်းရင်လည်း ပိုရှုပ် မယ့်ကိစ္စတွေ ဖြစ်လို့  မကောင်း သူပယ် ကောင်းသူ ကယ်ဖို့ နေနေသာသာ ကိုယ့်တပ်စု ပြသနာ မတက် အောင်တောင် ကြည့်ရှောင် နေရတဲ့ ဘ၀ ဖြစ်ပါတယ်။
အစိုးရကလည်း နံမည်သာ ကျန်တော့ပြီး ဘာမှ အသက်မရှိတော့တဲ့ အချိန်၊ အစိုးရ ဌာနဆိုင်ရာဝန်ထမ်းတွေ ဆန္ဒပြထဲပါကုန်ချိန်၊ သပိတ်အဖွဲ့ တွေ ကပဲ အကုန်ချုပ် ကိုင်ထားချိန်မှာ ဒီမိုကရေစီခေါင်းဆောင်တွေ ဗဟို ကနေ အောက်ခြေအထိ စနစ်တ ကျ ဖွဲ့ စည်း အုပ်ချုပ်နိင်ခဲ့ရင် ကြားဖြတ် အစိုးရ အလိုလိုဖြစ်လာမယ့် ကိစ္စမှာ သပိတ် အဖွဲ့ ပေါင်းစုံ သူတစ်ဗိုလ်ငါတမင်း နဲ့  ထင်ရာ မြင်ရာ အုပ်ချုပ်နေကြလို့  ရိုးရိုးသားသား ဆန္ဒပြသူနဲ့ ဆူပူ အုံကြွ သူတွေရောထွေးလာပါတယ်။ ဆူပူ အုံကြွသူတွေကို ထိန်းချုပ် မယ့် အစိုးရ မရှိတော့သလို၊ ဆန္ဒပြ ခေါင်းဆောင်တွေ ဆိုသူတွေလည်း ဆူပူ အကြမ်း ဖက်မှုတွေကို မထိန်းနိင်ကြလို့  တကယ့်ကို မင်းမဲ့ တိုင်းပြည်ဖြစ်နေပြီး ရိုးရိုးသားသား ဆန္ဒပြမှု ကနေ ဆူပူ အုံကြွ အကြမ်းဖက်သူတွေကိုမထိန်းနိင်တော့ဘဲ ဆန္ဒပြသူ နဲ့ ဆူ ပူအကြမ်းဖက်သူ ခွဲဖို့ ခက်လာပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေကလည်း လမ်းပေါ်ထွက် လာသူများ လာအောင် အကြမ်း ဖက်ခေါင်း ဆောင်တွေကို မှီခိုလာရသလိုဖြစ် လာပြီး အကြမ်းဖက်သမားတွေ ကလည်း လမ်းပေါ်မ ထွက်ရင် ပြည်သူ့ ရန်သူလို စွဲချက်တင် သတ်ပြပေးပြီး အခြားဒုစရိုက် ပေါင်းစုံစိတ် ကြိုက်လုပ်နေရလို့ သူတော် ချင်းးချင်း ပေါင်းဖက်တွေ့ နေပြီး ရိုးရိုးသားသား ဆန္ဒပြသူတွေ သိက္ခာ ကျစရာ ဖြစ်လာ ပါတယ်။ အစောပိုင်းမှာ မိမိသဘောအလျောက် လမ်းပေါ် ထွက်ခဲ့ကြတာများပေမယ့် နောက်ပိုင်းမှာ တော့ အကြောက်တရားကြောင့် လမ်းပေါ်ထွက်ခဲ့ကြတာများပါတယ်။
အခုမြန်မာ့အသံရှေ့မှာ ကြုံတွေ့ ရတဲ့ မြင်ကွင်းကတော့ သာမန်ဆန္ဒပြသူတွေ မဟုတ်ဘဲ ကျောင်းဝတ်စုံ အဖြူအစိမ်းနဲ့ ဆရာမ တွေရယ် အသက်၉နှစ်၁၀နှစ်အရွယ်လောက်ကျောင်းသူ လေးတွေဖြစ်နေလို့ အံ့သြရပါတယ်။ ပုံမှန်အားဖြင့်တော့ ကလေးတွေဟာ ဒီလိုအပြုအမူမျိုးလုပ်စရာ ဘယ်လိုမှစဉ်းစား လို့ မရပါဘူး။ ရိုးရိုးသားသား ဒီမိုကရေစီရေးအတွက် ဆန္ဒပြသူ တွေဟာ ဒီလိုလုပ်မှာမဟုတ်ပါဘူး။ ဆန္ဒပြသူလား ဆူပူသောင်းကျန်းသူလား မသိရတဲ့ ခေါင်းဆောင်တွေရဲ့ ပက်စက်တဲ့အကြံတွေဟာကြောက်စရာ ကောင်းလှပါတယ်။ စစ်တပ်က ဆန္ဒပြ ကျောင်းသူက လေးတွေကို ပစ်သတ်နေပြီလို့ စစ်တပ်နဲလူထုအကြား အမုန်းပွားအောင် ဖန်တီးလာတဲ့ ဇာတ်ကွက်ဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်ပြိုကွဲရင် တိုင်းပြည်ရောလူထုပါ ပိုဒုက္ခရောက်ဖို့ ပဲရှိ ပါတယ်။ သေချာတာကတော့ အခု “ပစ်ရဲရင် ပစ်လေ “ အော်နေတဲ့ ကျောင်းသူလေးတွေထဲမှာ ဆန္ဒပြခေါင်းဆောင် အကြမ်းဖက်ခေါင်း ဆောင်တွေရဲ့ သမီးလေးတွေ မပါတာတော့ သေချာပါတယ်။
တပ်စုမှုးဘာလုပ်မှာလဲ ဆိုတဲ့အဖြေ မရဘဲ မထင်ထားတဲ့မြင်ကွင်းကြောင့် ကြောင် ကြည့်နေမိချိန်မှာ တပ်စုတပ်ကြပ်ကြီးရဲ့ တပ်စုတစ်စုလုံးကို တန်းစီခရာမှုတ်သံကြောင့် တွေးချင်ရာ တွေးနေမိရာက နေပြန်သတိဝင်လာရပါတယ်။ သေနတ်ကိုယ်စီလွယ်ထားတဲ့ ရဲဘော်တွေဟာ တပ်စုတပ်ကြပ်ကြီးရဲ့  အမိန့် အတိုင်း “ရှေ့ကြည့် သတိ ညာညှိ” တွေ အပြီးမှာတော့ လက်ရဲဇက်ရဲရှိလှတဲ့ တပ်စုတပ်ကြပ်ကြီး အကြောင်းသိထားတဲ့ အတွက် “ပစ်ရန်ပြင်” အမိန့်ပေးမှာ စိတ်ပူပြီး မြန်မာ့အသံ အသံလွှင့်ရုံကဆင်းဖို့ ကျန်တဲ့ လှေကားတွေကို အတင်းခုန်ချပြီး တန်းစီရာနေရာကို အပြေးအလွှား ပြေးရပါတော့တယ်။ ။