. . . "တရုတ်ဆိုတာ နာမည်နဲ့လိုက်အောင် အင်မတန်ယုတ်တဲ့အမျိုးပဲကွ .. မှတ်ထား။ ကုလား .. ပိုဆိုးသေး။ ဘာသာခြားကုလားကို ဘယ်တော့မှ မယုံမိလေနဲ့" .. ငယ်ပေါင်းဖြစ်သော သူငယ်ချင်း၏စကားကို မောင်ဖိုးချိုစဉ်းစား၏။ ဟုတ်လေမည်လော။ မိမိသည် တရုတ်ပြည်သို့လည်းကောင်း ၊ ကုလားပြည်သို့လည်းကောင်း ရောက်ဘူးသူမဟုတ်သဖြင့် မျက်နှာငယ်ရ၏။ သူငယ်ချင်းလုပ်သူမှာကား မြောက်ဘက်တွင် ကြယ်ဂေါင်အထိလည်းကောင်း ၊ အနောက်ဘက်တွင် မိုရေးအထိလည်းကောင်း ရောက်ဘူးသူဖြစ်သဖြင့် ရန်ကုန်သားတစ်ပိုင်းကလေးမော
. . . မိမိ သိသောကုလားများမှာ ရေစည်တွန်းသော အပယား၊ ဆိုက္ကားနင်းသော ရာဂျား နှင့် ရာဂျူးညီနောင်၊ လမ်းထိပ်ကွမ်းယာဆိုင်မှ ဘာဘူရန်ကနား၊ လေဘေးထည်ရောင်းသော မူတူးတို့သာရှိကုန်၏။ တရုတ်ဆိုရာတွင်လည်း အပေါင်ဆိုင်ကိုကျင်တိတ်၊ ကုန်စုံဆိုင်ပိုင်သော ဦးဟုတ်စိန်၊ ခေါက်ဆွဲကြော်ဆိုင်မှ ကိုရှိုးတီ၊ အဖြူဆိုင်မှ ဖောင်းဖောင်း တို့သာဖြစ်ကြ၏။ ဤလူများကို မကောင်းဟုဆိုရန် ခက်လှချေပြီ။ မောင်ဖိုးချိုသည် ရန်ကနား၏ ကွမ်းယာဆိုင်မှဆေးများနှင့်
. . . ကြီးသော် ရာဂျူးတို့ ဆိုက္ကားနှင့် ကျောင်းတက်ပြီး ဦးဟုတ်စိန်ဆိုင်တွင် အမေ၀ယ်ခိုင်းသော ကြက်ဥ၊ငရုတ်သီးမှုန့် ပြေးပြေးဝယ်ရသည်။ ကျောင်းပြေးပြီးခေါက်ဆွဲကြေ
. . . "မင်းကို အရမ်းခင်တဲ့သူငယ်ချင်းမို့လ
. . . ခက်ပြီ။ မောင်ဖိုးချို တွေကာသာနေ၏။
"မင်းမြန်မာ မဟုတ်ဘူးလား ၊ ပြောစမ်း"
"ဗမာ"
"အေးပါ။ ဗမာ မဟုတ်ဘူးလား"
"ဟုတ်ပါတယ် .. သွေးတော့ ရောတာပဲပေါ့ကွာ"
"ထားစမ်းပါ .. မြန်မာဟာ မြန်မာပဲပေါ့။ ကိုယ့်လူမျိုးကိုယ် တန်ဘိုးထားတတ်စမ်းပါ၊ ချစ်တတ်စမ်းပါ။ သာကီဝင်ကွ၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြထန်းနဲ့ နေလာတာ"
"ကြငှန်း ပါ"
"အေးကွာ ငှန်းငှန်း ထန်းထန်း ၊ ငါတို့ဟာ အဲလိုလူမျိုး၊ ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ် ၊ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာအထွန်းကားဆုံး ၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရမယ်"
"မင်း သစ္စာလေးပါး သိသလား"
"ဘာကြီး"
"သစ္စာတရား လေးပါး"
"သိတာပေါ့ဟ"
"ပြောပြစမ်းပါ"
"အာာာ .. နေဦး ၊ အိမ်ရောက်မှ အမေ့မေးပြီး ဖုန်းပြန်ဆက်ပြောမယ်။ .. နေစမ်းပါ .. ငါပြောတာဆုံးအောင် နားထောင်စမ်းပါ။ ဒီ လူမျိုးခြား၊ ဘာသာခြားတွေဟာ ငါတို့တိုင်းပြည်ကို အကွက်ချပြီး သိမ်းယူဖို့ကြံနေတာကွ။ မင်းမြဲမြဲသာ မှတ်ထား၊ မင်းသစ္စာဖောက်လုပ်မှာလား .. ဒါပဲပြော"
"မလုပ်ဘူး"
"ဒါဆို ဒီနေ့စပြီး တရုတ်တွေ ၊ ကုလားတွေကို ဆန့်ကျင်။ ဒီကောင်တွေကို အပြီးနှိမ်ထားရမယ်ကွ .. မှတ်ထား"
. . ခက်သည်။ အကြီးကြီး ခက်တော့သည်။ ယခု ဓာတ်ခဲ ဝယ်ရမည် ၊ အမေက မှာသဖြင့်ငါးသေတ္တာဘူးဝယ်ရမည
"ဟေ့ .. ဖိုးချို ဘယ်တုန်း"
" .. အင်း .. ဟိုဘက်"
"အရေးမကြီးရင် ခဏဝိုင်းကူစမ်းပါကွ၊ ဒီမီးကြိုးကြီးကို ရှင်းမလို့၊ ခဏကိုင်ပေးစမ်းပါ"
. . . မီးကြိုးကိုင်ခြင်းအားဖြင့်
. . . ဓာတ်တိုင်မှ မီးကြိုးများသည်ရှုပ်ထွေးစွာ
"မင်းတခြားသွားဦးမှာလား ၊ အိမ်ပြန်မှာလား"
"ဘာလို့လဲ"
"မသောင်းဖို့ လက်ဘက်ခြောက်ပေးလိုက်မလို့ ... တခြားသွားဦးမယ်ဆို အပြန်ဝင်ယူလိုက် ၊ လက်ဘက်ခြောက်ကောင်းကောင်းရထ
. . . မောင်ဖိုးချိုသက်ပြင်းချ၏။ အမေ့ကိုလက်ဆောင်ပေးမည့်သူထံ
"ညက ဗိုလ်လုပွဲကြည့်သေးလား"
"ကြည့်တာပေါ့ဗျ"
"ငါတို့မြန်မာအသင်းလည်း ဘယ်တော့မှ ဖလားပြန်ရပါမလဲ မသိပါဘူးကွာ ၊ လူတော့ အသံဝင်နေပြီ ၊ ငါတို့တော့ မှီမယ်မထင်တော့ပါဘူး"
"ဦးလေးတို့က မြန်မာအသင်းကို အားပေးတာလား"
"မြန်မာအသင်းအားမပေးလို့ ဘယ်အသင်းအားပေးရမှာတုန်းကွ"
"ငါတို့ဟာ မြန်မာတရုတ်ကွ။ တစ်ကမ္ဘာလုံးမှာ တရုတ်တွေရှိတယ်။ တရုတ်နိုင်ငံသားချည်းဘယ်ဟုတ
. . . "ခက်တယ် ကိုဟုတ်ရေ ၊ ခေတ်ကနော် မလွယ်ဘူး။ ခင်ဗျားတို့ကျုပ်တို့နော် အလိုလိုနေရင်း ဒုတိယတန်းနိုင်ငံသားဖြစ်ကြရ
"ကျနော်တို့ ပိုဆိုးတယ်။ ကုလားဆိုပြီးပြောတယ်နော်။ ဟုတ်ပါတယ် ကုလား ၊ လူမျိုးနော် ကုလား။ ငါ ကုလားစကားမပြော။ ငါတို့ သားသမီးတွေနော် ကုလားစကားမပြော။ တတ်တယ်နော် ၊ ဒါပေမယ့် မြန်မာလိုပဲပြောတယ်။ မြန်မာလုံချည်ဝတ်တယ်။ မြန်မာလုံချည်မဝတ်တဲ့ ကုလားတွေနော် ရှိတယ်။ ငါတို့မပါ။ ငါတို့နော် ဘုရားရှိခိုးတယ်။ ဗစ်ရှနုနော်၊လက်ခ်ျမီးနော် ငါတို့ဘုရား ဟုတ်တယ်။ ရာမာနော် ငါတို့ဘုရား ဟုတ်တယ်။ ဂေါတမနော် ငါတို့ဘုရားပဲ။ ရှိခိုးတယ်။ ငါးပိမကြိုက်လို့ မစားဘူး၊ မုန့်ဟင်းခါးစားတယ်။ အသုပ်သိပ်ကြိုက်တယ်။ ဘယ်မှာလဲ ကုလား။ . . ငါနော် ဇာတ်ပွဲသိပ်ကြိုက်တယ်။ ကိုဟုတ် သိတယ်လေ၊ ရွှေမန်းလာတဲ့နှစ်.. ငါ ဗန်းလေးလွယ်ပြီးကွမ်းယာရောင
"အင်း"
"ငါ့သားနော် ကျောင်းမှာ စာစီစာကုံးဆုရတယ်။ ငါရော ချန်ဒီရော ၈၈မှာ ဒို့အရေးလုပ်တယ်။ ဗမာတွေနော် ၂ရက် ၃ရက် ပြီး ပြန်တယ်။ ငါနဲ့ ချန်ဒီ မပြန်ဘူး။ ဟိုဘက်လမ်းက အဗ္ဗဒူလည်း ပါတယ် ၊ မပြန်ဘူး။ အား .. ချန်ဒီ့ ကို သိပ်သတိရတယ်။ စောစောသေတာလည်းကောင်းတာပဲ။ ဒီလို ခေတ်မျိုးကို သူမကြုံရတော့ဘူး" . . . ကုလားကြီးသည် ပြောရင်းက မျက်ရည်ဝဲလာ၏။ မျက်ရည်သုတ်၏။ မောင်ဖိုးချိုစိတ်တွင် များစွာဂရုဏာသက်မိလေပြီ။
"ဟုတ်ပါ့ ရန်ကနားရယ်။ ငါတို့လောက် ဘုရားတရားလုပ်သူရှိဦးမလား။
"ဟင့်အင်း"
"တရုတ်ဖြူကို တိုက်မလို့ဝင်တာ။ တို့နိုင်ငံကို လာနယ်ချဲ့တယ်ထင်လို့။ ကဲ .. ဘယ်မှာလဲ လူမျိုး .. ပြော"
" . . . "
"တကယ်တော့ ဗမာပြည်ဆိုတာ ပြည်ထောင်စုကွ။ အမျိုးသားနိုင်ငံ မဟုတ်ဘူး။ လူမျိုးပေါင်းစုံ တန်းတူညီမျှ ၊ လူမျိုးစွဲမထည့်ထားတဲ့ ပြည်ထောင်စု။ လူမျိုး အရေးမကြီးဘူး၊ နိုင်ငံသားပဲ အရေးကြီးတာ။ ပြောတာ နားရောလည်ရဲ့လားမသိ"
"လည်ပါတယ်ဗျ"
"ခံစရာရှိရင် အားလုံးတန်းတူခံကြရမယ်။ စံစရာရှိရင်လည်း အားလုံးတန်းတူပဲဖြစ်ရမယ်။ တာဝန်ဆိုလည်း နိုင်ငံသားအားလုံး အတူတူပဲ။ ဗမာမို့လို့ တခြားလူမျိုးတွေထက် ပိုအသာယူမယ်ဆိုရင် မတရားတာပဲ။ တစ်ကမ္ဘာလုံးကလည်း လက်ပိုက်ပြီးကြည့်မနေဘူးကွ။
"ဟုတ်ပ ၊ ကျနော်တို့ လင်မယားဆို စုထားတဲ့ ရာတန်အလိပ်ကလေးတွေ ကိုင်ပြီး ငိုးရတယ်"
"တော်ပြီဗျာ .. ကြာရင် ကျွန်တော်လည်း ငိုးမိတော့မယ်။ အခု ဦးဟုတ်ဆီမှာ ငါးသေတ္တာဝယ်မယ်။ ဘာဘူ့ဆီမှာ ဓာတ်ခဲဝယ်မယ်။ နာရီဓာတ်ခဲအပြားလေး ၂ခုပေး"
"ငါတို့မှာ လူတိုင်းကို ပြောလို့မရဘူးကွ။ ဗမာတိုင်းသွားပြောလို့ဖြစ်တ
"ကိုဟုတ် .. ခင်ဗျား ပြည်မကြီးရောက်ဘူးလား"ရန်ကနားကမေး၏။
"မရောက်ဘူးဘူး"
"ငါလည်း အိန္ဒိယမရောက်ဘူးဘူး။ ခု ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ ငါ့ဇာတိနော်၊ အရှေ့ပါကစ္စတန်တောင် တခါးမှပြန်မရောက်ဘူးပါဘူး ဖိုးချိုရယ်။ ပြန်ဖို့လည်း မစဉ်းစားမိဘူး။ ငါ့ကိုယ်ငါ့နော် မြန်မာပြည်သားလို့ပဲ အောက်မေ့တယ်။ ကြာပြီ။ ဦးနုနော် ဘုရားတရားကို အများကြီးလုပ်တယ်။ နိုင်ငံရေးနဲ့ လူမျိုးရေးမရောဘူး။ ငါတို့နော် ပျော်ပျော်ကြီးပဲ မြန်မာပြည်သားလို့ ခံယူခဲ့တယ်။ အခုနော် .. ငါတို့ ကိုဘယ်သူကမှ မလိုချင်ဘူးလို့ခံစားရတယ်။ အဗ္ဗဒူလာတို့နော် ပိုးဆိုးတယ်။ ငါတို့မှာ အိမ်မရှိသလိုခံစားရတယ်။ ငါတို့က ကိုယ်အိမ်လို့သဘောထားပေမယ့်
"ငါးသေတ္တာက ဘာတံဆိပ်ယူမှာလဲ"
"ကောင်းတာပေးဗျာ"
"ယိုးဒယား ယူပေါ့၊ ပိုကောင်းတယ်"
"အင်း .. နှစ်ဘူးပေး"
"ယိုးဒယားက တစ်ဘူးပဲကျန်တော့တယ်။ မြန်မာတစ်ဘူး၊ ယိုးဒယားတစ်ဘူးယူသွား"
. . . ဓာတ်ခဲနှင့် ငါးသေတ္တာရသော် မောင်ဖိုးချိုပြန်၏။ ဖုန်းဘီလ်ငွေလက်ကျန်နည်းနြေ
"ဖုန်းငွေဖြည့်ကဒ် . . . "
. . . ရန်ကနားနှင့် ဦးဟုတ်စိန် တစ်ဦးကိုတစ်ဦးပြုံးစိစိနှ
. . . မောင်ဖိုးချို ဒေါထချေပြီတည်း။
"ဘာလဲဗျ .. ခင်ဗျားတို့က .. ပြုံးစိစိနဲ့။ ကျွန်တော့်ကို ဖြီးတာလား။ ကျွန်တော်ကတော့ စိတ်မကောင်းဖြစ်လို့။ ခင်ဗျားတို့ ဘာကောင်းသလဲ။ ဒါကြောင့် သူငယ်ချင်းတွေကပြောတာပဲ .. ။ ခုနပြောတာတွေ အလကားပေါ့" .. မောင်ဖိုးချိုအသံက ကျယ်လာပြီ။
"မဟုတ်ဘူး .. ဖိုးချို။ ငါတို့ပြောတာ အမှန်တွေပါကွာ။ မယုံရင် မင်းအမေမေးကြည့်ပါ"
"ဒါဖြင့် ဘာလို့ ခင်ဗျားမျက်စိမှိတ်ပြတာလဲ ဘာဘူ့ကို"
"ဟိုဟာကွာ .. ဟိုဒင်း .. မင်းကို ပေးလိုက်တဲ့ငါးသေတ္တာက အိတ်စပိုင်ဒိတ်နီးနေလို့ပါက
"ခင်ဗျားတို့ဗျာ .. "
"ဘာဘူ ဘာမှမလုပ်ဘူးနော် ၊ ပေးပေး .. ငွေဖြည့်ကဒ် ဘယ်လောက်တန်ယူမလဲ"
. . . ငွေလက်ကျန်ကို အိတ်ထဲမှထုတ်ကြည့်၏။ ဘာဘူပြန်အမ်းထားသော ငါးထောင်တန်တစ်ရွက်သာ အတန်ကြီးကျန်တော့သည်။
"၅၀၀၀တန် .."
. . . ဘာဘူက ပိုက်ဆံကို ခပ်သွက်သွက်လှမ်းယူ၏။ မောင်ဖိုးချို မသင်္ကာသဖြင့် ပိုက်ဆံကိုကြည့်မိသော် ငါးထောင်တန်က နံပါတ်ပျက်လောက်အောင် ထောင့်တွင် အကြီးကြီးစုတ်နေလေသတည်း။
ယက္ခ။
၁၄_၁၉၊ ၆၊ ၁၅။
https://www.facebook.com/
https://www.facebook.com/
http://